12/31/14


မဘသများကလူတစ်ဦးအားထောင်ကျစေလိုတဲ့ဆန္ဒဖြင့်အင်အားပြ ဖိအားပေးတာဟာမြတ်ဗုဒ္ဓတရားတော်ဝိနည်းတော်များနဲ့ညီပါသလား။သံဃာတော်များ
လိုက်နာကျင့်ကြံရမည့်ဝိနည်းတော်အားဖောက်ဖျက်ကျူးလွန်ခြင်းဟာ သံဃာစစ်သံဃာမှန်ဟု မည်သို့ ကိုးကွယ်ဆည်းကပ် ရပါမည်လဲ၊

ဘုရားသားတော်စစ်စစ်သံဃာတော်အများစုကိုစော်ကားနေခြင်းဖြစ်သည်ဟု NAY Ooမှသုံးသပ်ပါသည်။ ဘာသာ သာသနာခုတုံးလုပ်နေခြင်းကို
ရပ်တန့်ရန် အချိန်ရောက်ပါပြီ။ အမျိုးစောင့်လိုပါက လက်ရှိလက်ပံတောင်းစီမံကိန်းမှတရုတ် လူမျိုးများနှင့် ဦးပိုင်တို့ ဒေသခံများအပေါ်မတရားအနိုင်ကျင့်နေခြင်းများကို ကာကွယ်ပါ။

NAY Oo



- ဝေဖန်မှုကို ဗုဒ္ဓကကြိုဆိုတယ် မြတ်စွာဘုရားကပြောပြီးသားပဲ မြတ်စွာဘုရားရဲ့ဝါဒက ဝေဖန်ရေးဝါဒ ၊ ဝေဖန်တာကိုလက်မခံရင် သာသနာကွယ်မယ်လို့ ပြောပြီးသား ...

- သူဝေဖန်သွားတဲ့အထဲမှာ သင်္ကန်းပတ်ထားတိုင်းမယုံနဲ့လို့ပြောတယ် ၊ ဒါမှန်တယ် ၊ ဘာမမှန်တာရှိမှာလဲ ၊ ဘယ်သူကအာမခံနိုင်မှာမို့လဲ ၊ အတုဝင်လုပ်နေကြတာလဲ ကြားနေရတာပဲ ၊ ပတ်ချွတ်တွေကလဲ ကျုပ်တို့ဆီပေါတာမှ လိုချင်ရင်လာခဲ့ ၊ ပြမယ်ပတ်ချွတ်တွေ ၊ အများကြီးရှိတယ် ၊ တသိုက်ကြီးကိုရှိတယ် ...။

- ဒါကြောင့်သာသနာမတိုးတက်တာပဲ ၊ ဒါလဲမှန်တယ် ၊ ဒီဟာတွေကြောင့်မတိုးတက်တာ သူပြောတာ သိပ်မှန်မှမှန် ..။

- ဗုဒ္ဓက ဒီလိုပြောတယ် ၊ သာသနာတော်ဟာ ဒီလိုတစ်ယောက်တစ်ယောက်ဝေဖန်ကြလို့ တစ်ယောက်တစ်ယောက်ပြုပြင်ကြလို့ ၊ ပြုပြင်အောင်လုပ်လာကြလို့ ၊ သာသနာတော်ကြီးတိုးတက်တာလို့ ဒီလိုပြောတယ် ..။

- ဒါဟာ ဘာသာရေးလွတ်လပ်ခွင့်ကိုလဲ ထိခိုက်နေတယ် ..။ လွတ်လပ်စွာကိုးကွယ်ခွင့်ကို ခုချိန်ထိမရှိသေးဘူးလို့ပြောချင်တယ် ...။

- ပုဒ်မကို လိုသလိုသုံးနေကြတာ ၊ ဥပဒေကို လက်တလုံးကြား လုပ်စားနေကြတာ အဲ့ဒါတော်တော်စိတ်ပျက်ဖို့ကောင်းတယ် ...။

- တခါတလေမြင်တယ် ဒီဥပဒေဝန်ထမ်းတွေကြောင့်များ ဘုန်းကြီးတို့နိုင်ငံတိုးတက်မှုထိခိုက်နေသလားလို့ ၊ ထိခိုက်နေသလားမဟုတ်ပါဘူး ထိကိုထိခိုက်နေတာပါ ...။

ဆရာထင်လင်းဦးအမှုနဲ့ပါတ်သက်ပြီး အမှန်တရားဖက်မှမိန့်ကြားပေးခဲ့သော မြဝတီဆရာတော်အား ရိုသေစွာဖြင့်ရှိခိုးကန်တော့လိုက်ပါသည်...။ (စောဖြိုးလေး)

(ကိုနေမျိုးဇင်ဆီမှ ကူးယူဖော်ပြပါသည်)

တရားရုံးသို့ ချုပ်မိန့်တောင်းခံရန် ခေါ်ဆောင်လာစဉ် မီဒီယာများနှင့် ပြည်သူများကို တရားရုံးအတွင်းသို့ ၀င်ခွင့်မပြုဘဲ တံခါးပိတ်ထားသည့်အတွက် ဒေါ်နော်အုံးလှမှ တရားရုံးရှေ့တွင် မြေပြင်ပေါ်သို့လှဲအိပ်ပြီး ဆန္ဒပြခဲ့သဖြင့် ရုန့်ရင်းဆန်ခတ် ဖြစ်ပွားခဲ့ပုံ

ဒီနေ့ ဗမာနိုင်ငံရဲ့အခြေအနေဟာ အင်အားဟာကွက်များရှိနေခြင်းကို ဖော်ပြရာရောက်နေကြောင်း တွေ့နေရပါတယ်။ အစိုးရဆန့်ကျင်တယ်ပဲပြောပြော ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများပဲဆိုဆို အကုန်လုံးသိမ်းကြုံးပြီး နှိပ်ကွပ်ခံနေရတဲ့အနေအထားဖြစ်ပါတယ်။

စစ်တစ်ဖြစ်လဲအစိုးရလည်း ခုချိန်မှာ မင်းသားမျက်နှာဖုံးကွာကြခဲ့ပြီးပြီမို့ ခုလိုပဲ မရှက်နိုင် မကြောက်နိုင်ဘဲ အစွမ်းကုန် အစွယ်ဖွေးဖွေးထုတ်ပြလိုက်၊ လက်သည်းခြေသည်းတွေထုတ်ပြလိုက်နဲ့ ဘီလူးမှန်းသိအောင် မိုက်ရိုင်းပြနေတာဖြစ်ပါတယ်။ ကျောင်းသားသမဂ္ဂဖွဲ့စည်းရေးနဲ့ ပညာရေးဥပဒေကန့်ကွက်ပွဲကိစ္စတွေ၊ လက်ပံတောင်းတောင်ကိစ္စတွေနဲ့ တစ်ပြည်လုံးအနှံ့ဖြစ်နေတဲ့ မြေယာမှုခင်းတွေအရေးမှာ ပြည်သူတွေအပေါ်လုံးဝဂရုမစိုက်တော့ပဲ သူတို့ရဲ့တစ်ဖက်သတ်အတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံကိုကျော်ပြီးတော့တောင် ပြည်သူတို့ရဲ့မူလအခွင့်အရေးတွေကို မျက်ကွယ်ပြုလုပ်ကိုင်နေကြတာတွေ့ရပါတယ်။ ခုချိန်မှာ ပြည်သူတို့ရဲ့အခွင့်အရေးဆိုတဲ့ နာဂစ်ဖွဲ့စည်းပုံအခန်း ၈ ပုဒ်မ ၃၄၇ ကနေ ၃၇၈ အထိပြဋ္ဌာန်းထားချက်တွေဟာဆိုလို့ရှိရင် စာအုပ်စိမ်းကြီးထဲမှာပဲ လူမသိ သူမသိပျောက်ကွယ်နေရပြီဖြစ်ပါတယ်။

ရန်ကုန်က တရုတ်သံရုံးရှေ့ဦးဆောင်ဆန္ဒပြသူတွေအပေါ် တရားစွဲတဲ့အနေအထားမှာ အစိုးရရဲ့သဘောထားကို ရှင်းရှင်းမြင်နေရပြီဖြစ်ပါတယ်။ နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ တရားစွဲခဲ့တာကြောင့် အတော်မျက်စိလယ်ရပါတယ်။ တရုတ်သံရုံးရှေ့ဆန္ဒပြသူတွေဟာ ဗမာအစိုးရအားကိုးနဲ့ ဗမာပြည်သူတွေအပေါ် စော်ကားနေတဲ့ တရုတ်ကုမ္ပဏီကို မျိုးချစ်စိတ်အပြည်နဲ့ သွားရောက်ဆန္ဒပြတာဖြစ်ပေမယ့် အစိုးရကတော့ သူ့ကျေးဇူးရှင်ကို နေပျောက်မထိုးအောင်ကာကွယ်နေပုံနဲ့ ကိုယ့်ပြည်သူတွေကိုနှိပ်ကွပ်ပြနေပုံတွေကတော့ ပြည်ပအားကိုး ပုဆိန်ရိုးလို့ တစ်ချိန်တုန်းက လိပ်ခေါင်းထွက်မတက်အော်ခဲ့သူတွေရဲ့ လက်ရှိဖြစ်နေပုံတွေအဖြစ် မြင်နေရပါတယ်။ ဒါပေမယ့်လည်း ရှက်တက်ပုံမရကြပါ။ ဘယ်လိုပြောပြော ဘယ်လိုရေးရေး ခုချိန်ထိ တိုင်းပြည်မျက်နှာ မကြည့်နိုင်ပဲ ပထွေးမျက်နှာသာ တစိမ့်စိမ့်ကြည့်ပြီး ပထွေးမျက်နှာညိုမှာစိုးနေပုံရသလို တစ်ဖက်မှာလည်း ပြည်သူတွေကို ပြဿနာတစ်စနဲ့ အလုပ်ရှုပ်အောင် အလုပ်ပေးထားပုံလည်းရပါတယ်။

ခုချိန်ဟာ အခြေအနေတစ်ရပ်ကို တောင်းဆိုလာပြီဆိုတာ တစ်နေ့တစ်ခြားထင်ရှားလို့လာပါတယ်။ ဘယ်လိုအခြေအနေလည်းဆိုတော့ ပြည်သူတွေဟာ စစ်အစိုးရရဲ့ အပြုခံအနေအထားကနေ အဖြစ်အပျက်နဲ့ကိစ္စတိုင်းမှာ ဖန်တီးသူ၊ ကိုင်တွယ်သူ၊ အဆုံးအဖြတ်ပေးသူအဖြစ်ကိုရောက်အောင် ကြိုးပမ်းကြဖို့ တောင်းဆိုလာချိန်ဖြစ်ပါတယ်။ ရှင်းရှင်းပြောရရင် ပြည်သူတို့ရဲ့စွမ်းအားကို တောင်းဆိုလာချိန်ဖြစ်ပါတယ်။ ထပ်ပြီးရှင်းအောင်ပြောရရင် စစ်အစိုးရက ပြည်သူတို့ကို စိန်ခေါ်လာချိန်ဖြစ်တဲ့အတွက် ပြည်သူတို့က တုန့်ပြန်ရမဲ့အချိန်လည်းဖြစ်ပါတယ်။

ဗမာပြည်သူတွေကို သမိုင်းကပေးအပ်လိုက်တဲ့ လက်ဆောင်တစ်ခုဖြစ်တဲ့ ဒီမိုကရေစီလူထုခေါင်းဆောင်ရှိနေပါရက်နဲ့ ပြည်သူတွေဟာ အကွဲကွဲအပြားပြား ဖြစ်နေရမယ့်အချိန်လည်းမဟုတ်တော့ပါ။ ဒီအချိန်ဟာ မျက်စိတွေလည်နေရမယ့်အချိန်မဟုတ်တော့ပါ။ ဒါပေမယ့် မျက်စိတွေလည်နေတဲ့အထဲမှာ ထင်ရှားသူလူပုဂ္ဂိုလ်တွေ၊ ထင်ရှားတဲ့ဘာသာရေးခေါင်းဆောင် ဆရာတော်ကြီးတွေပါဝင်နေတာကိုတော့ အတော်စိတ်ပျက်စရာတွေ့နေရပေမယ့် ပြည်သူတွေကို ဓမ္မရဲ့ဘက်မှာ မြဲမြံကြဖို့၊ ရပ်တည်ချက်ခိုင်မာကြဖို့ လှုံ့ဆော်စည်းရုံးဖို့လိုအပ်နေတာဟာ ဒီနေ့ခေတ်ရဲ့ တောင်းဆိုချက် အမှန်လည်းဖြစ်ပါတယ်။

ဒါကြောင့် နောက်ထပ်လည်း ဆက်လက်ပေါ်ထွက်လာဦးမဲ့ စစ်အစိုးရရဲ့ ရက်စက်ယုတ်မာတဲ့ လုပ်ရပ်တွေနဲ့ ရင်ဆိုင်ရဦးမယ့် ပြည်သူတွေအဖို့ သွေးစည်းညီညွတ်ကြဖို့၊ စစ်အစိုးရရဲ့ ယုတ်မာမှုကို ဖော်ထုတ်ဖွင့်ချပြီး ပြည်သူတွေကို အသိပေးဖို့၊ လူထုခေါင်းဆောင်နဲ့ တစ်သားတည်းရှိနေကြဖို့ လိုအပ်ပြီဖြစ်ကြောင်းပြောလိုပါတယ်။
********************************
လေးစားစွာဖြင့်

Ko Soe Win


နယူးယောက်၊ ဒီဇင်ဘာ ၃၁။ အမေရိကန်နိုင်ငံ အိုင်ဒါဟို ပြည်နယ်ရှိဟေဒင်မြို့ ဝဲလ်မတ် စတိုးဆိုင်ကြီး အတွင်း ဈေးဝယ်နေသည့် မိခင်တစ်ဦးသည် လက်ကိုင် အိတ် အတွင်းဘေးကင်း ရန်ကာ စေရန် အတွက် လိုရမယ်ရ ဆောင်ထားသည့် သေနတ်ကို သားငယ် နှစ်နှစ်သား လေးက စမ်းမိပြီး ယူ၍ ဆော့ကစား ရန်ကျိုး ပမ်းစဉ် ကျည်ထွက်သွားရာမှ ဒဏ်ရာရကာ သေဆုံးသွားခဲ့သည်။

2456558900000578-2891673-image-a-1 1419985471752
ဟေဒင်မြို့မှ ဝဲလ်မတ် စတိုးဆိုင် ကြီးသို့ အသက် ၂၉နှစ်ရှိ ဗာရွန်နီကာ ဆိုသည့် အမျိုးသမီးသည် ကလေး တစ်သိုက်နှင့် ဈေးလာဝယ် ချိန်တွင် ယင်းသို့ သား ငယ် နှစ်နှစ်သားက သေနတ်ဖြင့် မတော်တဆ ပစ်ခတ်မိကာ သေဆုံးခြင်း ဖြစ်သည်ဟု တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဗာရွန်နီကာ သည် လိုင်စင်ဖြင့် သေနတ် ကိုင်ဆောင်သူ ဖြစ်ကြောင်း၊ စတိုးဆိုင်ကြီး၏ နောက်ဖက် နားတွင် သေနတ် ပစ်ခတ်မှု ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်းတာ ဝန်ရှိသူ များက ပြောသည်။ ပစ်ခတ်မှု ဖြစ်ပွားသဖြင့် ယင်းစတိုးဆိုင်ကြီးကို ပိတ်ထားခဲ့ပြီး သိပ်မကြာမီ ပြန်ဖွင့်ဖွယ်ရှိသည်။
သားငယ် ဖြစ်သူသည် စတိုးဆိုင်ကြီးတွင် အသုံးပြုသည့် ဈေးဝယ်လှည်း ပေါ်တွင် ထိုင်ကာ လိုက်ပါ လာခဲ့ခြင်း ဖြစ်ပြီး သေနတ်ကို စမ်းမိကာ ဆွဲထုတ် ချိန်ရွယ် စဉ်တွင် ကျည်ထွက်သွားခြင်း ဖြစ်သည်။ မျက်မြင်များနှင့် စီစီတီဗီ မှတ်တမ်းများ အရ သေနတ် ပစ်ခတ်မှုသည် မတော်တဆ ဖြစ်ခဲ့ခြင်းသာ ဖြစ်သည်ကို ရဲများ က စစ်ဆေးနိုင်ခဲ့သည်။ ဗာရွန်နီကာတို့ မိသားတစ်စုသည် ဘလက်ဖုမြို့ မှ ဆွေမျိုး သားချင်းများ ရှိရာ ဟေဒင်သို့  အလည်လာခြင်း ဖြစ်သည်။
   
ကလေးမှာ အသက် နှစ်နှစ်သာ ရှိသောကြောင့် သေနတ်အတွင်း ကျည်ရှိမရှိနှင့် သူ၏ လုပ်ရပ် အတွက် အကျိုးအပြစ်တို့ကို သုံးသပ် နိုင်ခြင်း မရှိခဲ့ပေ။  ပစ်ခတ် မှုဖြစ်ပွား၍ ဆေးဝန်ထမ်းများ အပြေးအလွား ရောက်ရှိ လာခဲ့သော်လည်း ဗာရွန်နီကာ၏ အသက်ကို အချိန်မီ ကယ်တင်နိုင်ခြင်း မရှိခဲ့ကြောင်း တာဝန် ရှိသူများ က ပြောသည်။
Ref: BBC
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-10-20-16-16-10/item/36039-2014-12-31-09-12-26

၂၀၁၅ ခုနှစ်မှာ မြန်မာပြည်ရဲ့ အနေအထားဟာ အပြောင်းအလဲတွေ ဖြစ်လာပြီး အဆိုးထဲက အကောင်းပြန် ဖြစ်မယ်လို့ မြန်မာ့နက္ခတ်ပညာရှင် စံဇာဏီဘိုက ဟောကိန်းထုတ်လိုက်ပါတယ်။

၂၀၁၅ ခုနှစ်ထဲ တနိုင်ငံလုံး အပစ်ရပ်လက်မှတ်ထိုးနိုင်ဖို့ ရှိပြီး ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေ အကျပ်အတည်း ကြုံနိုင်တယ်လို့လည်း သူက ဟောကိန်း ထုတ်ပါတယ်။

မြန်မာ့နက္ခတ်ပညာရှင် စံဇာဏီဘိုကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

ဆရာတို့ နက္ခပညာအရ မြန်မာပြည်နိုင်ငံရေးအပေါ် တွက်ချက်ရထားတာတွေ ပြောပြပါ။

“နံပတ် ၁ – စစ်ဘက်က အာဏာသိမ်းတာမျိုး မမြင်ပါဘူး၊ နံပတ် ၂ – ရွေးကောက်ပွဲ ကျင်းပမှာ မြင်ပါတယ်။ နံပတ် ၃ – နိုင်ငံရေးနဲ့ ပတ်သက်တဲ့ လမ်းကြောင်းအနေအထားတွေမှာ ဇန်န၀ါရီ ၂၁ နဲ့ ဖေဖော်ဝါရီ ၁၉ ကြားမှာ ၁ ကြိမ်၊ မေ ၂၀ နဲ့ ဇွန် ၂၀ ကြားမှာ ၁ ကြိမ် နည်းနည်းလေး အနှောင့်အယှက်တွေ ရှိတယ်။ အဲဒါကတော့ နိုင်ငံရေးအရ ဖိနှိပ်မှုလေးတွေ အနည်းငယ် ရှိလိမ့်မယ်။ နိုင်ငံရေးဖိနှိပ်မှုနဲ့ ပတ်သက်တဲ့အတွက် အဖမ်းအဆီး ရှိနိုင်တာ သတိထားရမှာပေါ့။ အောက်တိုဘာ ၂၁နဲ့ နိုဝင်ဘာ ၂၀ ကြားမှာတော့ လမ်းကြောင်း ပြောင်းပြီးတော့ စီမံမှုအသစ်တွေနဲ့ ရွေးကောက်ပွဲဘက်ကို ဦးတည်တာ တွေ့ရတယ်။”

ဖွဲ့စည်းပုံနဲ့ ပတ်သက်လို့ရောခင်ဗျ။

“ဖွဲ့စည်းပုံနဲ့ ပတ်သက်လို့ အပြောင်းအလဲ တစုံတရာ မမြင်ပါဘူး။ ဒါပေမယ့် ကျနော့်အမြင်မှာ ပြည်တွင်းငြိမ်းချမ်းရေးကို သွားတဲ့လမ်းကြောင်းမှာ ဖွဲ့စည်းပုံတခုလုံးကို ပြန်လည် ပြင်ဆင်ရမှာ တွေ့ရပါတယ်။ တခြားသော အကြောင်းအရာနဲ့ ဖွဲ့စည်းပုံ ပြင်ဆင်မှာ မတွေ့ရပါဘူး။ ချွင်းချက်အနေနဲ့ ၂၀၁၅ ဧပြီ ၂၁နဲ့ မေ ၂၀ အကူးမှာတော့ အပြောင်းအလဲ တစုံတရာ ရှိနိုင်တယ်ဆိုတဲ့ အမှတ်အသားကို တွေ့ရတယ်။”

အဲဒီအပြောင်းအလဲက ဘာပါလဲ။

“အဲဒီ အပြောင်းအလဲက မူဝါဒဆိုင်ရာရဲ့ အခြေခံနဲ့ ပတ်သက်တဲ့အပြောင်းအလဲ ဖြစ်နိုင်တယ်။ ဥပဒေသကြီးတခုလုံးကို ပြောင်းလဲတဲ့ အပြောင်းအလဲမျိုး မဟုတ်ဘူး။ ကြေညာချက်တခု သို့မဟုတ် ဥပဒေကဲ့သို့ပြုသော အပြောင်းအလဲ တစုံတရာကို ပြဋ္ဌာန်းတာမျိုး ကျနော် မြင်တယ်။”

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ ဆရာတို့ ပညာအရ ဘယ်လို မြင်ရလဲ။

“ကျနော်တို့အမြင်အရ သူ့ရဲ့ အခြေအနေ အနေအထားက အထူးကောင်းတာ တွေ့ရပါတယ်။ ခေါင်းဆောင်မှု အပြည့်အ၀ပေးနိုင်တဲ့ အရည်အသွေးကို တွေ့ရတယ်။ ခေါင်းဆောင်မှု အနေအထားကို ရရှိမယ့် ကံကြမ္မာကိုလည်း တွေ့ရတယ်။ ခေါင်းဆောင်မှု တခုကို ရနိုင်တဲ့ ထောက်ခံမှုရဖို့ကိုလဲ တွေ့ရတယ်။”

ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ရောခင်ဗျ။

“ပြည်တွင်းငြိမ်းချမ်းရေးရဖို့ လမ်းစလေးတွေ ကောင်းတယ်။ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ဖေဖော်ဝါရီ ၁၇ နဲ့ မတ် ၂၀ ကြားမှာ ၁ ကြိမ်၊ ဧပြီ ၂၀နဲ့ မေ ၂၀ ကြားမှာ ၁ ကြိမ်၊ ဇူလိုင် ၂၁နဲ့ သြဂုတ် ၂၀ ကြားမှာ ၁ ကြိမ်၊ အဲဒီဆွေးနွေးမှုတွေကနေ တစုံတရာ ရလာမယ်၊ အပစ်အခတ်ရပ်စဲမှုအထိ ရနိုင်မယ်။”

၂၀၁၅မှာ မြန်မာ့စီးပွားရေး ထူးထူးခြာခြား တိုးတက်ပြောင်းလဲမှာ တွေ့ရလား၊

“၂၀၁၅မှာ မြန်မာပြည်တင်မဟုတ်ဘူး ကမ္ဘာ့မှာပါ အလုပ်လက်မဲ့ဦးရေ များလာမယ်။ ကုန်ဈေးနှုန်းတွေ မြင့်တက်လာမယ်။ အကျပ်အတည်း တစုံတရာ ဖြစ်ပေါ်မယ့်နှစ်။ မြန်မာပြည်မှာလည်း ဒီဂယက်နဲ့ တိုက်ဆိုင်နိုင်တယ်။ ဘာလို့ဆိုတော့ မြန်မာပြည်ရဲ့ ဇာတာကို စစ်လိုက်တော့ သူဌေးသူကြွယ်တွေရဲ့ စီးပွားယိုယွင်းခြင်း၊ အောက်ခြေလူတန်းစာတွေရဲ့ စီးပွားယိုယွင်းခြင်း ဒီ ၂ နေရာမှာ တွေ့တယ်။ စီးပွားရေးအနေနဲ့ စီးဆင်းမှုနဲ့ လည်ပတ်မှုနဲ့ စီးပွားဖြစ်ထွန်းမှုတို့က ရှိနေမယ်။ ကျနော်တို့ ပြောနေတဲ့ကိစ္စက အလုပ်လက်မဲ့ပြဿ နာရယ် ကုန်ဈေးနှုန်းကြီးမြင့်မှု ပြဿ နာရယ် တွက်ချက်လို့ ရထားပါတယ်။ ပြည်တွင်းမှာ လာရောက် ရင်းနှီးမြှုပ်နှံမှုတွေလည်း ရှိမယ်။ ဒါပေမယ့် ပြည်တွင်းမှာ လက်ရှိလုပ်နေကြတဲ့ စီးပွားရေး လုပ်ငန်းတွေ အကျပ်အတည်း ကြုံမယ်။ ဘဏ်လုပ်ငန်းမှာလည်း အခြေအနေအဆိုးရှိတယ်။”

လူမှုရေးအပိုင်း နိုင်ငံမှာဖြစ်တတ်တဲ့ လူမျိုးရေးဘာသာရေးပဋိပက္ခ ဘယ်လိုဖြစ်လာနိုင်မလဲ။

“စနေဂြုင်္ိဟ် တူရာသီမှာ တည်တာရှိတယ်။ ကြာသပတေးင်္ဂြိုဟ် ကရကဋ်ရာသီမှာ နောက်ပြန် သွားနေတဲ့ အနေအထားတွေရှိတော့ အဲ့ဒီ အနေအထားတွေအရဆို ကမ္ဘာမှာလည်း အစွန်းရောက်တွေ တဘက်စွန်းကို သွားနေကြမယ်။ ပြည်တွင်းမှာလည်း အဲ့ဒီ အစွန်းရောက်ဝါဒ တွေကို နည်းနည်းတော့ အားလုံးက ၀ိုင်းပြီး ထိန်းဖို့ လိုပါမယ်။ လူမျိုးရေးပြဿ နာ မဟုတ်ဘူး။ အမျိုးသားရေးပြသနာအထိ ကျယ်ပြန့်လာစရာ အကြောင်းရှိတယ်။”

အဲ့ဒီတော့ ဆရာတို့ နကတပညာအရ ၂၀၁၅ မြန်မာပြည်အခြေအနေကို ခြုံပြီး ပြောမယ်ဆိုရင် ဘယ်လို ပြောလို့ရမလဲ။

“၂၀၁၄ ထက် ပိုပြီး သာလာမယ်။ အနာဂတ်အသစ်တခုကို စတင်ပြီးဖြစ်ပေါ်ဖို့အတွက် အခြေတည်တဲ့ နှစ်တခု ဖြစ်မယ်။ အဲ့ဒီအတွက်ကြောင့် မြန်မာပြည်ရဲ့ ကံဇာတာ ညှိုးမှိန်မယ်လို့ မဆိုလိုဘူး၊ ကံဇာတာ မြန်မာပြည်က ကောင်းတယ်။ ပြည်သူတွေရဲ့ ကံကြမ္မာကို ပိုပြီးတော့ တောက်ပြောင်ငြိမ်းချမ်းအေးချမ်းတဲ့ အနာဂတ်တခုကို စဉ်းစားဖန်တီးနိုင်တဲ့ ကံကြမ္မာကို ပိုင်ဆိုင်တဲ့ နှစ်တခုဖြစ်တယ်။ လာမယ့် ၂၀၁၅ ခုနှစ်ရဲ့ သဘာဝက နံပတ် ၈ ဂဏန်းကို ကိုယ်စားပြုတယ်။ မြန်မာပြည်က နံပတ် ၄ နဲ့ စတင်ပြီးတော့ လွတ်လပ်ရေးရရှိခဲ့တယ်။ မြန်မာပြည်ဟာ ၄ ဂဏန်းနဲ့ ၈ ဂဏန်းတို့ ပူးတွဲပြီးတော့ စတင်ဖြစ်တည်လာတာ။ အခု ၈ ဂဏန်းကို ရောက်တဲ့ကာလမှာ မြန်မာပြည်ရဲ့ အနေအထားဟာ အပြောင်းအလဲတွေ ဖြစ်လာပြီးတော့ အဆိုးထဲကအကောင်း ပြန်ဖြစ်မယ့်သဘော ကျနော် တွေ့တယ်။”
dvb
http://burmese.dvb.no/archives/75663

သာသာနာညှိုးနွမ်းစေမှု အပါအ၀င် ပုဒ်မ ၂ ခုနဲ့ တရားစွဲခံရတဲ့ စာရေးဆရာထင်လင်းဦး အမှုကို ဒီကနေ့ ချောင်းဦးမြို့နယ်တရားရုံးမှာ ထပ်မံရုံးထုတ်ပြီး တရားလိုပြသက်သေ သုံးပန်လှ ရွာအုပ်ချုပ်ရေးမှူးကို စစ်မေးပါတယ်။
စာရေးဆရာ ထင်လင်းဦးကို ရုံးထုတ်လာစဉ် (ဓာတ်ပုံ - အဂ္ဂသီဟ)

စာရေးဆရာထင်လင်းဦး အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ မန္တလေးမြို့က တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦး က တတိယအကြိမ် အာမခံတင်တာလည်း ပယ်ချခံရတယ်လို့ ပြောပါတယ်။

“ဒီနေ့ရုံးချိန်းမှာ တရားလိုပြသက်သေတယောက်ဖြစ်တဲ့ သုံးပန်လှရွာအုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်ကို စစ်ပါတယ်။ ပြီးတော့ ကျနော်တို့ တတိယအကြိမ်အာမခံလျှောက်ပါတယ်။ ပယ်ပါတယ်။ ဇန်န၀ါရီ ၈ ရက်နေ့ကို ရုံးချိန်း ပြန်ချိန်းပါတယ်။ အာမခံ ဘာညာကတော့ ဘေးပမ်းက ဖိအားရှိနိုင်ပါတယ်။ အခု အမှုစစ်ပြီးတော့ကို သံဃာအပါး ၂၀ လောက်ကလာပြီး အမျိုးဘာသာ သာသနာ အောင်ရမည်ဆိုပြီးတော့ လာထိုင်ကြွေးကျော်နေတာတွေ ရှိတဲ့အခါကျတော့ အဲ့ဒီအပေါ်မှာ ဒါရုံးက မသင့်တော်ဘူး။ အာမခံပေးလိုက်ရင် တစုံတရာ မလိုလားအပ်တဲ့ ပြဿ နာဖြစ်နိုင်တယ် ဆိုပြီးတော့ မပေးတာ ဖြစ်နိုင်တာပေါ့။”

ဒီနေ့ရုံးချိန်းအပြီးမှာ ဦးထင်လင်းဦးရဲ့ ဇနီး ဒေါ်စောစန္ဒာနဲ့ မြို့ခံတချို့၊ ရှေ့နေဦးသိန်းသန်းဦး တို့ဟာ ချောင်ဦးမြို့နယ် သံဃာ့ဝန်ဆောင်ဆရာတော်တွေကို ၀န်ချတောင်းပန်ဖို့ ကန်တော့ပြီး တွေ့ဆုံခဲ့ကြပါတယ်။

ကံဆောင်ထားတဲ့ ချောင်ဦးသံဃာတော်တွေ ဆုံတဲ့နေ့မှာ ၀န်ချတောင်းပန်ကန်တော့ဖို့ စီစဉ်နေတာဖြစ်ပြီး မကြာခင် ၀န်ချတောင်းပန် ကန်တော့ဖြစ်မယ်လို့လည်း ဆိုပါတယ်။

စာရေးဆရာထင်လင်းဦးရဲ့ ဒီနေ့ ရုံးချိန်းကို အမျိုးဘာသာသာသနာအဖွဲ့က မဘသ ဆရာတော်တချို့နဲ့ ဦးထင်လင်းဦးကို ထောက်ခံတဲ့ သံဃာတော်တချို့ လာရောက်ခဲ့ကြပါတယ်။

အောက်တိုဘာ ၂၃ ရက် စစ်ကိုင်းတိုင်း မုံရွာခရိုင် ချောင်းဦးမြို့နယ် သုံးပန်လှကျေးရွာ စာပေဟောပြောပွဲမှာ ဟောပြောချက်နဲ့ပတ်သက်လို့ ဘာသာသာသနာ ယုံကြည်မှုကို စော်ကားမှု ပုဒ်မ ၂၉၅ (က)၊ ဘာသာရေးကို စိတ်နာစေရန် တမင်ကြံရွယ်၍ စကားပြောဆိုမှု ပုဒ်မ ၂၉၈ တွေနဲ့ စွဲဆိုခဲ့တာ ဖြစ်ပါတယ်။

Dvb
http://burmese.dvb.no/archives/75666

နာရေးလာထား … အခမဲ့
ကျန်းမာရေးလား … အခမဲ့
ပညာရေးကော … အခမဲ့
အရေးပေါ်လည်း … အခမဲ့
စိမ်းလန်းရေးကော … အခမဲ့
မုန်တိုင်းဒဏ်လည်း … အခမဲ့
စစ်ဘေးရှောင်လည်း … အခမဲ့
အမှိုက်ကောက်မလား … အခမဲ့
အားလုံး အားလုံး … အခမဲ့
အခမဲ့ဆိုတာ တန်ဖိုးမဲ့မဟုတ်။
အခမဲ့ ပေးဆပ်သူတွေဟာ အလကားလူတွေမဟုတ်။
အလကားလူဆိုတိုင်းလဲ တန်ဖိုးမဲ့မဟုတ်။
အခမဲ့ … အခမဲ့ … ပရဟိတ အခမဲ့
ဗြဟ္မစိုရ်တရားတွေ လက်ကိုင်ပြု၊ စာနာစိတ်တွေ မွေးဖွား၊ အတ္တများကို ဖြုတ်ခဲ့ကြတဲ့ အခမဲ့လူသားများ ဖြစ်တယ်။

ဒီကျင့်ဝတ်တွေကို ကျွန်တော်တို့တင်မက မင်းအစိုးရ၊ ပြည်သူလူထုတွေအားလုံး လူမျိုးဘာသာမရွေး ယခု ၂ဝ၁၅ နှစ်သစ်မှစပြီး ကျင့်သုံးကြမည်ဆိုပါက ကျွန်တော်တို့ (အခမဲ့လူသားများ)၏ အခမဲ့ခြေ လှမ်းမှတ်တိုင် (၁၄) နှစ်ခရီး လျှောက်လှမ်းရကျိုး နပ်ပေပြီ။

(ဇန်နဝါရီလ (၁) ရက်နေ့သည် နှစ်သစ်မင်္ဂလာရက်မြတ်ဖြစ်သလို ကျွန်တော်တို့ နာရေးကူညီမှုအသင်း - ရန်ကုန်၏ အခမဲ့ ကူညီဖေးမမှု ၁၄ နှစ်ပြည့်သော မင်္ဂလာ ရက်မြတ်လည်း ဖြစ်ပေသည်။)

ကမ္ဘာ့နိုင်ငံအသီးသီးနှင့် မြန်မာနိုင်ငံအတွင်းရှိ အခမဲ့ ပေးဆပ်သူ လူသားများအားလုံး ကို လေးစားဦးညွတ်ပါသည်။

ဗြဟ္မစိုရ်တရားကမ္ဘာလွှမ်းစေရမည်။

ကျော်သူ

မြန်မာပြည်အပြောင်းအလဲဟာ အောင်မြင်မယ်လို့ အာမ မခံနိုင်ဘူးလို့ အမေရိကန် သမ္မတ ဘာရတ် အိုဘားမားက အမေရိကန်အခြေစိုက် အန်ပီအာ မီဒီယာနဲ့ အင်တာဗျူးမှာ ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေးမူဝါဒအကြောင်းနဲ့ ပြည်တွင်း ပေါ်လစီတွေအကြောင်း ကျယ်ကျယ်ပြန့်ပြန့် မေးမြန်းဖြေကြားချက်ထဲမှာ မြန်မာပြည်အကြောင်းကို ထည့်သွင်း ပြောကြားသွားတာ ဖြစ်ပါတယ်။။

မြန်မာပြည်မှာ ပွင့်လင်းနိုင်တဲ့ အခွင့်အရေး ရှိနေတာကို အမေရိကန်က အမိအရ ယူဖို့ ကြိုးစားခဲ့တာ ဖြစ်ပြီး ဒီအတွက်လည်း ယုံကြည်မှုအပြည့်နဲ့ ကျေကျေနပ်နပ် ရှိတယ်လို့ သမ္မတ အိုးဘားမားက ဆိုပါတယ်။

မြန်မာပြည်မှာ လောလောဆယ် ဖွဲ့စည်းပုံ ပြင်ဆင်ဖို့နဲ့ ရွေးကောက်ပွဲကို ကျင်းပဖို့ ပြင်ဆင်နေတဲ့အချိန်မှာပဲ တိုင်းရင်းသားတွေ ရင်ကြားစေ့ရေး၊ စစ်တပ်အာဏာ လျော့ချရေး ကိစ္စတွေ စတဲ့ လောလောဆယ် ပြသနာပေါင်းစုံ ကြုံနေရတယ်လို့လည်း သမ္မတ အိုဘားမားက ပြောပါတယ်။

မြန်မာပြည် အပြောင်းအလဲ ဖြစ်ဖို့ မျှော်လင့်ချက် ရှိပေမယ့်၊ နောက်ဆုံးကျတော့ အပြောင်းအလဲ အောင်မြင်ဖို့ဟာ မြန်မာပြည်သူတွေနဲ့ မြန်မာခေါင်းဆောင်တွေ အပေါ်မှာပဲ မူတည်တယ်လို့ ဆိုပါတယ်။

DVB
http://burmese.dvb.no/archives/75643

အသက် ၇၀ ရှိပြီဖြစ်တဲ့ စန္ဒယားတင်ဝင်းလှိုင်က တနင်္ဂနွေနေ့မှာပြုလုပ်ခဲ့တဲ့ ရုပ်ရှင်အကယ်ဒမီပေးပွဲမှာ စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှုးကြီးသန်းရွှေ၊ သူ့ရဲ.ဇနီးဖြစ်သူ ဒေါ်ကြိုင်ကြိုင်နဲ့ မြေးဖြစ်သူ နေရွှေသွေး ကို သရော်တယ်လို့ယူဆရတဲ့ စကားတွေ ပြောဆိုခဲ့ပါတယ်။

“ကျွန်တော်တို့နိုင်ငံမှာ မြေးက အဖွားရဲ့အသည်းဖြစ်နေတယ်၊ အဘိုးရဲ့အသည်း ဖြစ်နေတယ်။ အဲဒီအဘိုးနဲ့အဘွားက ငကြောင်ကြီးဆို သွားပြီပဲ၊ ငပေါမကြီးဆို သွားပြီပဲ။ ဒီမှာတော့ ဘုရင်နဲ့ ဘုရင်မပေါ့လေ။ အစဉ်အလာပေါ့။ ဗမာမှာ ဒါပဲ ဂုဏ်လုပ်နေရတာ” လို့သူကပြောဆိုခဲ့ပါတယ်။

ဒီလိုစကားမျိုးတွေကို ဒီလိုအခမ်းအနားမျိုးမှာ မပြောဆိုသင့်ကြောင်းအချို. ကထင်မြင်သလို၊ အခြားတစ်ဖက်မှာ တော့ နှစ်ပေါင်းများစွာ လွတ်လပ်စွာပြောဆိုခွင့်မရှိ၊ ကဏ္ဍအသီးသီးမှာ စစ်အစိုးရရဲ. ကျဉ်ဖယ်ခြင်းခံခဲ့ရတဲ့ ပညာရှင်တွေရဲ. ခံစားချက်တွေ ပွင့်အံကျလာခြင်းဖြစ်ကြောင်း ယူဆသူတွေလည်းရှိပါတယ်။

“သူဘာတွေကြောင့် ဒီလို လုပ်တယ်ပြောတယ်ဆိုတာ ကျနော်တို့ က နားအလည်ဆုံးပါ၊ ဆရာတို့ ကျနော်တို့ professional မာနကို တသက်လုံးဖက်တွယ်ပြီး လူကြီးတွေနဲ့ အတိုက်အခံ ဖြစ်ခဲ့ရသလို သူလဲ မှန်ကန်တဲ့ ပညာရှင်မာနနဲ့ တစ်သက်လုံး အဲဒီလောကက လူတွေနဲ့ ရန်ဖြစ်နေခဲ့ရတာပါ၊ ပင်ကိုယ် အင်မတန် မာန်မာန မရှိတဲ့လူပါ” လို့ သစ်တောနဲ့ပတ်ဝန်ကျင်ရေးရာပညာရှင် ဦးမောင်မောင်သန်းက သူ့ရဲ. Facebook ပေါ်မှာရေးသားထားပါတယ်။

တကယ်တော့ ရုပ်ရှင်ဆုပေးပွဲတွေမှာ ခုလိုနိုင်ငံရေးအရ သရော်တယ်ဆိုတာ မြန်မာနိုင်ငံ အနုပညာလောကသားတွေအတွက် အထူးအဆန်းလို့ ထင်ရပေမယ့်၊ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာတော့ အနုပညာသည်တွေဟာ နိုင်ငံရေးကိစ္စတွေကိုမှတ်ချက်ပေးတာ၊ သရော်တာ ရှုံ.ချတာဟာ ထုံးစံဆိုသလိုဖြစ်နေပါပြီ။

ဥပမာဆိုရရင် နာမည်ကျော်ရုပ်ရှင် မင်းသားကြီး ရစ်ချက်ဂီရိဟာ ၁၉၉၃ အော်စကာရုပ်ရှင်ပေးပွဲမှာ တရုတ်အစိုးရကို တိဘက်အရေးနဲ့ပတ်သက်ပြီး ရှုံ.ချပြောဆိုခဲ့လို့ ဟိုးလေးတကျော်ဖြစ်ခဲ့ပါတယ်။ အလားတူ ကမ္ဘာကျော်အဆိုတော် ဘိုနို၊ ရုပ်ရှင်ဒါရိုက်တာ မိုက်ကယ်မိုး အစရှိတဲ့အနုပညာသည် တွေဟာလည်း အနုပညာအခမ်းအနားတွေမှာ သူတို့ရဲ.နိုင်ငံရေးခံစားချက်တွေကို မကြာခဏထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။

စန္ဒယားတင်ဝင်းလှိုင်ကတော့ သူပြောဆိုခဲ့တာနဲပတ်သတ်ပြီး ခုလိုအငြင်းပွားဖွယ် ဖြစ်နေတာဟာ မြန်မာနိုင်ငံမှာ အမှန်တကယ်လွတ်လပ်မှုမရှိသေးလို့ ဖြစ်ရတာလို့ မဇ္စိုမသတင်းဌာနကိုပြောဆိုပါတယ်။

“အခုဟာက ကူးပြောင်းစဖြစ်နေတယ် ဆိုတော့ ဘောင်းဘီတစ်ဝက်၊ ပုဆိုးတစ်ဝက် ဖြစ်နေတယ်။ အဲဒီတော့ ဘောင်းဘီကလည်း ကျွတ်ကျွတ်လွတ်လွတ်ကြီး မကျွတ်သေးဘူး။ ပုဆိုးကလည်း သိသိသာသာ ခါးမှာ မချည်နိုင်သေးဘူး။ ဒါကတော့ လွတ်လပ်သောနိုင်ငံမှာက ၀ီစီက သိပ်ပြဿနာမရှိပါဘူး။ လွတ်လွတ် လပ်လပ်မဖြစ်သေးတဲ့ နိုင်ငံမှာတော့ ၀ီစီဟာ ပြဿနာရှိနေသေးသယောင်ယောင် ရှိနေသေးတယ်" ဟု၎င်းကဆိုသည်။

အစိုးရပိုင်မြန်မာ့အသံနဲ. ပုဂ္ဂလိကတစ်ပိုင်းဖြစ်တဲ့ MRTV-4 တို့က ဒီဆုပေးပွဲကို ပြန်လည်ထုတ်လွှင့်တဲ့အခါမှာ စန္ဒယားတင်ဝင်းလှိုင်ရဲ.စကားတွေကို ဖြတ်တောက်ပြီးလွှင့်ခဲ့တာဟာ သတင်းမီဒီယာလွတ်လပ်ခွင့် ရနေပါပြီလို့ကြွေးကြော်နေတဲ့ အာဏာပိုင်တွေရဲ. မရိုးသားတဲ့စရိုက်လက္ခဏာကို လည်းပြသနေပါတယ်။

အာဏာပိုင်တွေနဲ့သင့်မြတ်အောင်နေရမယ်၊ “လူကြီးတွေ” ရှေ.မှာ ဒီလိုမပြောရဘူးဆိုတဲ့ သေးသိမ်တဲ့စိတ်၊ အာဏာချုပ်ကိုင်ထားသူတွေကို ခယချင်တဲ့ ကျွန်စိတ်တွေဟာ မြန်မာပြည်မှာ ခေါက်ရိုးကျိုးအမြစ်နက်နက် တွယ်နေပြီဆိုတာ စန္ဒယားတင်ဝင်းလှိုင်ရဲ. အဖြစ်အပျက်ပေါ်အခြေခံတဲ့ တုံ.ပြန်သံတွေက ပဲ့တင်ထပ်နေပါတယ်။

တကယ်တော့ စန္ဒယားတင်ဝင်းလှိုင်မမှားပါ၊ အာဏာရှင်တွေအပေါ် ကျွန်စိတ်ထားသူတွေသာ ဒီကျွန်စိတ်တွေကို ခ၀ါချဖို့ကြိုးစားသင့် ပြီဖြစ်ပါတယ်။

စန္ဒယားတင်ဝင်းလှိုင်ပြောသွားတဲ့စကားအပြည့်အစုံကို DVB Debate များကို တင်ဆက်ပေးနေတဲ့ ကိုမျိုးသာထက်ရဲ. ဖေ့စ်ဘွတ်ပေါ်မှာရေးထားတာကိုလည်း သူ့ရဲ.မှတ်ချက်နဲ.အတူ အောက်မှာကူးယူဖော်ပြလိုက်ပါတယ်။

======

``ကတညုတ ကတဝေဒီ``

ကတညုတက ကျေးဇူးကို အဖန်ဖန် အောက်မေ့တာပေါ့လေ။ အဲဒီမှာတင် မပြီးဘူး၊ ကတဝေဒီက ဆပ်တာပေါ့နော်။ သမ္မဇဉ်ပါပဲခင်ဗျာ။ ကျွန်တော့်ရှေ့က ယူသွားတဲ့ ကျွန်တော့်ဆရာတွေလည်း ဒီလိုပဲ ပြောတာပါပဲ။ သူတို့ ကျေးဇူးတွေ ကျွန်တော်တို့က တသက်လုံး ဆပ်လို့ မကုန်ပါဘူး။

သို့သော် ဒီမှာတော့ အထူးသဖြင့် ပြောချင်တာကတော့... အတိုလေးပေါ့လေ၊ ထိလည်း ထိအောင်၊ စူးလည်း စူးရှအောင်... ကျွန်တော်ကတော့ Just surfing on that very easy matter (လွယ်လွယ်ကလေး လှိုင်းစီးရုံပါ) ဒီလောက်ပါပဲ။

တကယ်တော်တာကတော့ ပန်းချီဦးစိုးမိုးပါခင်ဗျာ။ တကယ်ကောင်းတာက ဇာတ်ညွှန်းဆရာပါခင်ဗျာ။ နောက် ဘေးက ပံ့ပိုးကြတဲ့ (ကျွန်တော်) ကြိုက်သလောက်ပေါ့။ ကျွန်တော် ဒီနေ့ တီးပြီးသားဟာကို မနက်ဖြန် ပြန်ဖျက်ရင် ဖျက်ပါတယ်။ ဒါ အခု ၀န်ခံတာပါခင်ဗျာ။

ဒီအတွက် ကျွန်တော် သိတာကတော့ ကျွန်တော်တို့ရဲ့ ပရိုဂျူဆာက စစ်ကားနဲ့ ဆရာကြီးတွေ တစ်အုပ်ကြီး လာတယ်ပေါ့လေ၊ အစည်းအဝေးလုပ်ရင်...။ အဲဒီဆရာကြီးတွေ၊ စစ်ဘက်က တာဝန်ရှိတဲ့ ဆရာကြီးတွေ မဟုတ်ဘဲနဲ့ ကျွန်တော့်ဆီ တစ်ခါလောက်ပဲ အသားအင်မတန်ဖြူတဲ့ ပုဂ္ဂိုလ်က ပန်းချီစိုးမိုးတို့နဲ့ ပါလာပါတယ်။

ပန်းချီစိုးမိုးက ကျွန်တော့်ကျေးဇူးရှင်ပါ၊ ဒီအချိန်ကစပြီး အစ်ကိုလို့ခေါ်မှ ဖြစ်ပါတော့မယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက ကျွန်တော့်ကို ဒုတိယ (အကြိမ်) ကြိုးစားပေးတာပါ။
ကျွန်တော်က လွန်ခဲ့တဲ့ ဇာတ်ကားတစ်ကားပေါ့လေ၊ ဒါလေးတော့ ပြောခွင့်ပြုပါ၊ လေရှည်တယ်ထင်ရင်လည်း ခွင့်လွှတ်ပေးပါ။ ကိုကြည်စိုးထွန်းက ၁၉၉၉ လောက်မှာ ကျွန်တော့်ကို... မောင်လျှမ်းထက်တို့ပါတဲ့ ကားလေးကို ကျွန်တော်နဲ့ သီချင်းသွင်းပါတယ်။ သီချင်းသွင်းလည်းပြီးရော ကျွန်တော်က အင်္ဂလန်သွားပါတယ်။

ကျွန်တော်က စာဂျပိုး Book Worm ဆိုတော့ ဒိုင်ယာနာရှိတဲ့ ဒိုင်ယာနာမြို့ (ဝေလပြည်) ကို သွားပြီး Library စာကြည့်တိုက်ကြီးမှာ ကျွန်တော် ပျော်ပျော်ကြီး သုံးပတ်လောက် သွားပြီး နေနေပါတယ်။ ဝေလစာကြည့်တိုက်ဆိုတာ (ယူကေနိုင်ငံရဲ့) အစိတ်အပိုင်း တစ်ခုပဲလေ။

အဲဒါကို ကျွန်တော် ပျော်နေတာနဲ့ ကိုကြည်စိုးထွန်းက လှမ်းပြီးဖုန်းဆက်ပါတယ်။ ကျွန်တော့်အိမ်ကလည်း ပြောပါတယ်။ လာပါ၊ ရုပ်ရှင် (ကားအတွက် အသံ) သွင်းရအောင်၊ ကျိန်းသေ ဒီတစ်ခေါက်ကတော့ ၀ါစဉ်အရလည်း အသက်အရလည်း... အစ်ကိုကြီး ဦးကြီးမြင့် ပြောခဲ့သလို ``မင်း... ထိုင်သာ စောင့်နေပါ၊ မင်းအလှည့်ကျရင် ရောက်လာမှာပေါ့ကွာ`` ဆိုတဲ့အခါ ``အစ်ကိုရယ် ဒါက ထိုင်စောင့်တာတော့ မရပါဘူး၊ ကံအလှည့်ဖြစ်ရင် ဖြစ်ပါလိမ့်မယ်။ ကျန်တဲ့အလှည့်ကတော့ မရပါဘူး`` လို့...၊ ပစ္စုပ္ပန်မှာ ဘယ်လောက်လုပ်လုပ်ပေါ့လေ၊ မယ်နုအုတ်ကျောင်း ဆရာတော်ဘုရား ပြောသလိုပါပဲ။

အခုဘယ်လောက်လုပ်လုပ် ငွေဖလားထဲမှာ...၊ သူ့မြေးလေးလည်း ပါတယ်ပေါ့။ ကိုယ်တော်ဘုရားနဲ့ ကိုယ်တော်ဘုရားရဲ့ မိဖုရားကြီးနဲ့ အခုလုပ်နေတဲ့ ကုသိုလ်တွေဟာ ဘယ်လိုများ ရှိမလဲဆိုတဲ့ အခါကျတော့ အဲဒီ မယ်နုအုတ်ကျောင်းဆရာတော်... (အဲဒီဆရာတော်က) သူ့အမေကို အိမ်ရှေ့ (ကျောင်းရှေ့) ကနေပြီးတော့ (အသုဘ) ချသွားတဲ့အခါမှာတောင် ဒကာမကြီးရေ... သွားနှင့်၊ ကိုယ်တော်တော့ နောက်မှ လိုက်တော့မယ်ဆိုပြီးတော့ စာကြည့်မပျက်ဘူးပေါ့၊ အဲဒီကိုယ်တော်ပေါ့။

နန်းမတော်မယ်နုကတော့ အင်မတန် ထင်ရှားပါတယ်။ ဒီခေတ်မှာလည်း နန်းမတော်မယ်နုနဲ့ အင်မတန်နီးတဲ့ အန်တီကြီးတွေ ရှိပါတယ်။ အဲဒီလို အင်မတန်ဝင်ပြီးတော့ တွင်ကျယ်ပြီးတော့ စွာကျယ်စွာကျယ် အန်တီကြီးတွေ ရှိပါတယ်။ အဲဒါ စွာကျယ်စွာကျယ် အန်တီကြီးကို ပြောတယ်။

တပည့်တော် အခုသွားရတော့မယ်၊ တပည့်တော်ကို လည်ပင်းကို နင်းတော့မယ်၊ ဘာနဲ့နင်းမလဲ မသိတော့ဘူးဆိုတော့ (ဟေး....ပရိသတ်များအော်သံ) အဲဒီလို Applauds (အားပေးလက်ခုပ်တီး) လာတဲ့အခါမှာ Just for Minute , Just for Second (မိနစ်ပိုင်း၊ စက္ကန့်ပိုင်းလောက်) ခဏလေး နားပေးရမယ်ဆိုတာ လူမသိဘဲ ကျွန်တော်သိထားတဲ့ ကျွန်တော့်ဆရာတွေက သင်ထားပါတယ်ခင်ဗျာ။ ကျွန်တော် ဘယ်လောက်တော်တော် မဖြစ်ပါဘူးလို့...။

ခုနပြောတဲ့ ရေဖလားထဲကို ဘုရင်ကြီးနဲ့ ဘုရင်မရှေ့မှာ ရေတွေထည့်လိုက်တယ်။ ဟောဒီမှာ ကြည့်ကြ၊ ဘုရင်ဆိုတဲ့လူ၊ ဘုရင်မဆိုတဲ့လူ ဘယ်တုန်းက ကံတွေ သံသရာမှာ ပါလာတဲ့အတွက် ဘုရင်နဲ့ဘုရင်မ ဖြစ်တယ်ဆိုတာက နင်တို့တစ်ခါတည်း သိကြ။ နို့မို့ဆိုရင် ဘ၀င်မြင့်နေမှာစိုးလို့၊ သူတို့က ဘယ်တော့မှ ဒီနေရာက ဖယ်တာမဟုတ်ဘူး။

သူ့မြေးလေးက မျောက်ရှုံးအောင် ဆော့တယ်။ မြေးမျောက်ရှုံးအောင်ဆော့တာ ကျွန်တော်တို့နိုင်ငံမှာ ရှိပါတယ်။ အစဉ်အလာရှိပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ မြေးက အဖွားရဲ့အသည်းဖြစ်နေတယ်၊ အဘိုးရဲ့အသည်း ဖြစ်နေတယ်။ အဲဒီအဘိုးနဲ့အဘွားက ငကြောင်ကြီးဆို သွားပြီပဲ၊ ငပေါမကြီးဆို သွားပြီပဲ။ ဒီမှာတော့ ဘုရင်နဲ့ ဘုရင်မပေါ့လေ။ အစဉ်အလာပေါ့။ ဗမာမှာ ဒါပဲ ဂုဏ်လုပ်နေရတာ။

အဲဒီမျောက်ကလေးက ဒီကလေးက ဘယ်သူလဲကွ၊ အသွန်အသင် အဆုံးအမ မရှိဘူးလားကွ ဆိုပြီးတော့ အဲဒီလိုပြန်ပြီး ဟောက်ရဲတာ ပြောရဲတာ ချက်ချင်း Comment (မှတ်ချက်) ပေးရဲတာ ဒီအုတ်ကျောင်းဆရာတော်ပဲ ရှိပါတယ်။

သူက (ဆရာတော်က) ကြည့်ကြည့်ဆိုပြီး ရေကို ပြတယ်၊ အဲဒီလောက်ပဲ မင်းတို့ ရမယ်တဲ့၊ မင်းတို့ ခု ဘယ်လောက်လှူလှူ အဲဒီလောက်ပဲ ရမယ်ဆိုပြီး ပြတဲ့အခါကျတော့ အထဲမှာ ရေမရှိပါဘူး။ ဒါကို နားလည်ရမှာက ဥာဏ်သိ သိရမယ်။ ဘယ်လိုဥာဏ်သိ သိရမလဲ ရေတော့ မရှိဘူး၊ အထဲမှာ စိုနေတယ်။ အစိုဓာတ်ကလေး ကျန်ခဲ့တယ်။ ဒါပဲရမယ်။ ပစ္စုပ္ပန်မှာ ကျွန်တော် ဘယ်လောက် ကြိုးစားကြိုးစား ကျွန်တော် အဲဒီလောက်ပဲ ရနိုင်ပါတယ်။

ကျွန်တော့်မှာ သီးခြားဂုဏ်ရည် ရှိပါတယ်။ ကျွန်တော်ဟာ လက်တီးမှာ (ကျွန်တော်တို့ ဂီတနဲ့ လက်တီးလို့ ခေါ်ပါတယ်) Virtuoso ပါ၊ ဒါဟာ ကျွန်တော့်ရဲ့ ရပ်တည်တဲ့ ကိစ္စပါ။ ဒါဟာ ကျွန်တော်ရဲ့ ဘယ်မှာမှ မျက်နှာမငယ်တဲ့ ကိစ္စပါ။ ဒါပေမဲ့ အဲဒီလောက်နဲ့ မရပါဘူး။

ဒီရုပ်ရှင်နောက်ခံ တေးဂီတဆိုတဲ့ဟာက ဒီလိုတစ်ယောက်တည်း တီးလို့ မရပါဘူး။ အားလုံးကောင်းလို့ပါ။ ရုပ်ရှင်နောက်ခံတေးဂီတဆိုတဲ့ဟာက နိုင်ငံတော်ဟောင်းဖြစ်ဖြစ်၊ အသစ်ဖြစ်ဖြစ်၊ မဟောင်းတဟောင်း၊ မသစ်တသစ်ဖြစ်ဖြစ် တည်သလိုပဲ... အားလုံးကောင်းမှ ရတာပါခင်ဗျာ။

အဲဒီအတွက် ကျွန်တော့် သံသရာက ပါလာတဲ့အတွက် ကျွန်တော့်ကို ၁၉၉၉ က အကယ်ဒမီရဖို့ ကြိုးစားပေးခဲ့တဲ့ ကိုကြည်စိုးထွန်းလည်း သူ့စေတနာ အကောင်အထည် မဖော်နိုင်ခဲ့ပါဘူး။ ဒုတိယ ခုနက ကျွန်တော့်ကို လာပြီးတော့ နှုတ်ဆက်တဲ့ လူကောင်သေးသေးလေးပေါ့လေ၊ လူကောင်သေးသေးလေးက ဘယ်လိုမှ မကြီးနိုင်ဘူး။ သူ့မှာ ပညာကြီးပါတယ်။ ပဋိဘာနဥာဏ်ကြီးတယ်။ လူက မကြီးဘူး၊ ပညာက ကြီးတယ်။ သူက ဘာမှ ထပ်ကြီးလို့ မရတော့ အင်္ကျီအပွ အမြဲတမ်းဝတ်တယ်။ နောက်ပြီးတော့ သူ့ကိုယ်သူ မကြီးကြီးအောင် နှုတ်ခမ်းမွေး တပ်ရတယ်။ အဲဒီ ခင်မောင်ကြီး... သူ အကယ်ဒမီရပြီး နောက်နေ့မနက်ကို သူ့အိမ်ကိုသွားပြီး အောက်ကနေ ကြိုးဆွဲတာ ကျွန်တော်ပါခင်ဗျာ။

ကျွန်တော်တို့မှာ အဘိဇ္ဈာ၊ မစ္ဆရိယ မရှိပါဘူး။ ကျွန်တော်ပြောချင်တာက အဲဒီ သူ ရတဲ့ ကားဟာ ကျွန်တော့်ကို အရင်အပ်တာပါ။ ဒါပေမဲ့ ကျွန်တော့်မှာလည်း အားလုံးဟာ အပြစ်ကလေးတွေ ရှိနေတဲ့အတွက် Filthy (ညစ်ကျယ်)၊ ကျွန်တော့်ကိုကြည့်ပါ။

ဂီတမှူးတွေထဲမှာ ကျွန်တော့်ရုပ်ရည်နဲ့ ကျွန်တော့်ပုံမျိုး မရှိပါဘူး။ ကျွန်တော့်နောက်မှာ လည်း ကျွန်တော့်နောက်က တီးနေတဲ့ ပထမပေးခဲ့တဲ့ ကလေးတွေကလည်း အသံကျယ်နေပါတယ်။ မောင်လှအေး၊ ဗိုလ်တာထွန်းညွန့် ရှိတယ်။ ကျွန်တော့်ဥာဏ်နဲ့ Velocity (အလျင်) နှုန်းကို မမီသေးပါဘူး။

သို့သော် ကျွန်တော့်သမီးကြီးအသက်က ၄၈ နှစ်ပါ၊ နောက်နှစ်နှစ်ဆို ၅၀ ပြည့်ပါပြီ။ ကျွန်တော်က ၇၀ ပါ။ နွေပေါက်တာနဲ့ ၇၀ ကို နင်းပါပြီ။ ကျွန်တော့်ကို ဦးအောင်မြင့်မြတ်က ပြောတယ်၊ တွဲမယ့်ကလေး ခေါ်လာပါတဲ့။ ဘာမှမလိုပါဘူးခင်ဗျ၊ အေးဆေးပါ၊ ပါးပါးလေး... (ခြေထောက်တစ်ဖက်တည်းဖြင့် စင်ပေါ်တွင် စက္ကန့်ပိုင်း ရပ်ပြ)။ ကျွန်တော့်အမူအရာတွေ မကျစ်လစ်ဘူးဆိုရင် ခွင့်လွှတ်ပါ။

ကျွန်တော် ပြောချင်တာက ကျွန်တော်ဟာ တော်တာကတော့ တော်နေတာပဲ၊ ကျွန်တော် ၂၀၀၅ မှာ ကိုပွား (ဒါရိုက်တာမီးပွား) ရဲ့ ``မင်္ဂလာပါ`` ကို စ တီးပါတယ်။ အဲဒီ ၂၀၀၅ နဲ့ ၂၀၁၃ ကြားမှာ ဘာမှ မတီးပါဘူး။ တခြားဟာပဲ တီးပါတယ်၊ ဘာမှ မတီးပါဘူး။ စန္ဒရား မတီးပါဘူး၊ ရုပ်ရှင် မတီးပါဘူး။ ဒါပေမဲ့ ပြန်တီးတဲ့ အခါမှာ ဒီလို (အခု အကယ်ဒမီဆု ရသလို) ထွက်ပါတယ်။

ကျွန်တော် ပြောပါတယ်၊ ကျွန်တော့်ကြောင့် မဟုတ်ပါဘူး။ Just surfing on that easy matter. အဆင်ပြေအောင် လုပ်ထားတာက ကျွန်တော့်အစ်ကို၊ ကျွန်တော့်ကို ဒီပညာ သင်ထားပေးတာ မဟုတ်ပေမယ့် ကျွန်တော်တို့ကို ကောင်းကောင်းလေး ပညာပေးနိုင်တဲ့ ပန်းချီစိုးမိုး။ သူကောင်းလို့၊ သူ့ဇာတ်ကား အခင်းအကျင်း၊ သူ့အရုပ် Rhythm ရီသမ်တွေ အရမ်းကောင်းတဲ့အတွက် အခင်းအကျင်းတွေ ကောင်းတဲ့အတွက် ကျွန်တော်က လှိုင်းစီးသလို အိပဲ့အိပဲ့နဲ့ လိုက်ရုံပါပဲ။ သိပ်ဘာမှ ခက်တာမဟုတ်ပါဘူး။ ကျွန်တော့်ကျေးဇူးရှင်အစစ်တွေက အဲဒီပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။

နောက်ပြီးတော့ ကျွန်တော် ငွေကို ရေလို သုံးခဲ့လို့...၊ ရေလိုသုံးတဲ့အလား မတရား ဖြုန်းခဲ့ပါတယ်။ အဲဒီအတွက်လည်း တောင်းပန်ပါတယ်။ ဘယ်သူ့ကိုလဲ၊ ပိုက်ဆံတွေ... ပိုက်ဆံတွေ ဘယ်ကရမှန်း မသိဘဲနဲ့ ပိုက်ဆံတွေ သိမ်းဖို့နေရာ မရှိတဲ့လူ၊ ကျွန်တော်တို့က ပိုက်ဆံကို ရှာလို့ မရတဲ့လူ၊ သူတို့က သိမ်းဖို့နေရာ ခက်နေတဲ့လူ၊ ပိုက်ဆံထားဖို့နေရာတွေ လိုက်သိမ်းမှ ရမယ့်လူ၊ အဲဒီလူက ဘယ်သူလဲဆိုတော့ အဲဒီ...

(အဲဒီမှာ ဟာသသရုပ်ဆောင် ဇော်ဇော်အောင်က ရေသန့်ပုလင်းကို စန္ဒရားတင်ဝင်းလှိုင်ကို ကမ်းပြီး ကန်တော့ပါတယ်။ စန္ဒရား တင်ဝင်းလှိုင်ကလည်း ကရမလို ထိုင်ရမလိုနဲ့ ကွတကွတ ဖြစ်ပါတယ်။ ဇော်ဇော်အောင်က ပြောနေတာ ကြာလို့ ရေသောက်ဦးဆိုပြီး သရော်တာလား၊ ထိုင်ကန်တော့တော့ ပြောတာကိုပဲ သဘောကျသလား ပရိသတ်အနေနဲ့ ခန့်မှန်းရ ခက်ပါတယ်။

အစီအစဉ်ရဲ့ အခမ်းအနားမှူး မတင်မိုးလွင်က ရုပ်ရှင်လောကသားတွေ ပထမဆုံး ဦးစီး ကျင်းပတာမို့ ပျော်ကြလို့ပါ၊ ရှေ့တန်းက ထိုင်နေတဲ့ ဧည့်သည်တော်တွေ နားလည် ခွင့်လွှတ်ပေးပါလို့ ၀င်ပြောပါတယ်။ အကယ်ဒမီပွဲတက်တဲ့ ဧည့်သည်တော်တွေတော့ ဒုက္ခနဲ့လှလှ တွေ့တာပါပဲ)။

(စန္ဒရားတင်ဝင်းလှိုင်က စကားဆက်ပါတယ်) ကျွန်တော်တို့ အမူအယာများ မကျစ်လစ်တာရှိရင် ခွင့်လွှတ်ပေးပါခင်ဗျာ။ ကျွန်တော် ရှင်ပေါလုကျောင်းသား ဖြစ်ပါတယ်။ ကျွန်တော် မဟာဝိဇ္ဇာ (ဂုဏ်ထူး) ဖြစ်ပါတယ်။

(အဲဒီမှာ အခမ်းအနားမှူး ရန်အောင်က တစ်ခါ အစ်ကိုကြီးကို ဆုဆက်လက်ချီးမြှင့်ဖို့ ရှိပါတယ်။ ဆုချီးမြှင့်ဖို့ ဥက္ကဋ္ဌ လူမင်းကို ခေါ်ပြန်ပါတယ်)။ (စန္ဒရားတင်ဝင်းလှိုင်ဟာ စကားတန်းလန်းနဲ့ အပြီးမသတ်နိုင်ဘဲ စင်ပေါ်ကနေ ဆင်းသွားရပါတယ်။ သူ့ဆီကနေ စကားတွေ ကြားချင်ပါသေးတယ်။)

The Yangon Globe


ဒေါ်နော်အုန်းလှ၊ ဦးနေမျိုးဇင် နဲ့လက်ပံတောင်း ကြေးနီစီမံကိန်း ဖျက်သိမ်းရေး ဆန္ဒပြသူ တချို့တို့ကိုဖမ်းဆီးပြီး ပုဒ်မတွေ အများကြီးတပ်လိုက်တာဟာ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် တက်ကြွလှုပ်ရှားသူတွေကိုကြိုတင် ရှင်းလင်းတဲ့ သဘောဖြစ်နေပြီလို့  ရှေ့နေ ဦးရောဘတ် စန်းအောင် က ပြောလိုက်ပါတယ်။

RFA


လက်ပံတောင်းတောင် အဓိကရုဏ်း အတွင်း တောင်သူ ဒေါ်ခင်ဝင်း သေဆုံး ခဲ့ရမှုကို အာဏာပိုင်တွေ အနေနဲ့ ပြတ်ပြတ်သားသား ကိုင်တွယ် အရေးယူရမှာ ဖြစ်သလို တဖက်ကလည်း ပြေလည်ရေးကို ဦးတည်ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။

ရန်ကုန်မြို့မှာ ဒီကနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ  လက်ပံတောင်းဒေသမှာ လုံခြုံရေးတွေနဲ့ ရွာသားတွေအကြား တင်းမာမှုလျော့ကျအောင် ဘယ်လိုဆောင်ရွက်သင့်သလဲဆိုတဲ့ မေးမြန်းချက်ကို ဖြေဆိုခဲ့တာဖြစ်ပါတယ်။

ဒေသခံတောင်သူတွေကို ဘယ်လို သတင်းစကားပါးချင်သလဲလို့မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က

“ဒါက တဖက်သတ် message (သတင်းစကား) ပေးလို့မရဘူး။ ဒါ နှစ်ဘက်စလုံးနဲ့ဆိုင်တဲ့ကိစ္စ။ ပဋိပက္ခဆိုတာ နှစ်ဘက်နဲ့ဆိုင်တဲ့ကိစ္စပဲ။ တစ်ဖက်ကိုပဲကြည့်ပြီး ဟိုလိုနေ၊ ဒီလိုနေ၊ ဟိုလိုလုပ်၊ ဒီလိုလုပ်ပြောလို့ ဘယ်ဖြစ်မလဲ။ နံပါတ် ၁ ကတော့ ဘယ်လိုမှ လွှဲရှောင်လို့မရတဲ့ကိစ္စကတော့ အမျိုးသမီးတယောက်ဟာ အသက်ဆုံးရှုံးသွားတယ်။ လူတယောက်ရဲ့အသက်ဆိုတာ  တန်ဖိုးဖြတ်လို့ရတာ မဟုတ်ဘူး။ အဲတော့ ဒီဟာနဲ့ပတ်သက်လို့ အာဏာပိုင်တွေအနေနဲ့ မှန်မှန်ကန်ကန် ထိထိရောက်ရောက် အရေးယူဖို့ဟာ ဒါ လုပ်ကိုလုပ်ရမယ်။ နိုင်ငံသားများရဲ့ အခွင့်အရေးကို ကာကွယ်သောအားဖြင့်ကို လုပ်ရမယ်။ အသက်ရှင်ခြင်းထက်ပိုပြီးတော့ အရေးကြီးတဲ့အခွင့်အရေး ရှိတော့မလား။ အသက်ရှင်ခြင်းကို ထိခိုက်တဲ့ကိစ္စတွေဆိုလို့ရှိရင် ဒါဟာ ပြတ်ပြတ်သားသား ကိုင်တွယ်ရမယ်။ ဒါပေမယ့် တဖက်ကလည်း ပြေလည်ရေးကို ဦးတည်ရမယ်။ နောက်ဆုံးကျတော့ နှစ်ဘက်စလုံးဟာ ပြေလည်ရေးကို ဦးတည်ရမယ်ပေါ့။ ဒီဆန္ဒပြတာပဲဖြစ်ဖြစ်၊ တောင်းဆိုတာပဲဖြစ်ဖြစ် တကယ်ကျတော့ အခြေအနေတွေပိုပြီးတော့ ကောင်းလာအောင်လို့  ပြေလည်လာအောင်လို့၊ တည်ငြိမ်လာအောင်လို့ ဒါကိုပဲ ဦးတည်ရမယ်။ အာဏာပိုင်တွေဘက်ကတော့ မှန်မှန်ကန်ကန် တရားမျှမျှတတနဲ့ ခံခဲ့ရတဲ့သူတွေ ကျေနပ်အောင်လို့ လုပ်ကိုလုပ်ပေးရမယ်။ ဒါဟာ တရားဥပဒေစိုးမိုးရေးသဘောတရားအရကို လုပ်ပေးရမယ်။ ပြည်သူတွေအနေနဲ့လည်း ဒါ ငါတို့ရဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေအချင်းချင်းပဲ၊ ငါတို့ ဒီနိုင်ငံထဲမှာ တည်ငြိမ်မှုအတွက် အားလုံးကနေပြီးတော့ လုပ်ရမယ်ဆိုတဲ့ အမြင်လည်း ရှိဖို့လိုပါတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံက ရင်းနှီးမြှုပ်နှံကြတဲ့ မည်သည့်နိုင်ငံခြားကုမ္ပဏီမဆို မိမိကုမ္ပဏီအကျိုးကိုကြည့်သလို မြန်မာနိုင်ငံအကျိုးကိုလည်း ကြည့်ပြီး ဆောင်ရွက်ဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

သူက “အပြင်ကနေလာပြီးရင်းနှီးတဲ့ ကုမ္ပဏီတွေက မိမိတို့အကျိုးကိုကြည့်ပြီး လာပြီးရင်းနှီးတယ်ဆိုတာ သဘာဝကျပါတယ်။ စီးပွားရေးဆိုတာ ဒီလိုပါပဲ။ ဒါပေမယ့် လာပြီးရင်းနှီးတဲ့နိုင်ငံရဲ့ အကျိုးကိုလည်း ကြည့်ရမယ်။ အများအကျိုး၊ ကိုယ့်အကျိုး အကျိုးနှစ်သွယ်ကြည့်ရမယ်။ တဖက်သတ်ကြီးပဲ ကြည့်လို့မရဘူး ဒါကြောင့်မို့လို့ နိုင်ငံခြားကုမ္ပဏီတွေကလာပြီး ရင်းနှီးမြှုပ်နှံတဲ့အခါကျလို့ရှိရင် ဒီနိုင်ငံရဲ့ အစိုးရကလည်း ကိုယ့်ရဲ့နိုင်ငံ။ ကိုယ့်ရဲ့နိုင်ငံသူ နိုင်ငံသားတွေကို စောင့်ရှောက်နိုင်ဖို့ ဥပဒေအရ လုပ်သင့်လုပ်ထိုက်တာကိုလုပ်ရမယ်။ လာရောက်ရင်းနှီးမြှုပ်နှံတဲ့ကုမ္ပဏီတွေကလည်း ဒီနိုင်ငံက ပြည်သူပြည်သားတွေနဲ့ အဆင်ပြေအောင်လို့၊ နှစ်ဘက်စလုံး အကျိုးရှိအောင်လို့ စဉ်းစားပြီးတော့ လုပ်ရမယ်၊ ကိုယ့်ဖက်ချည်းပဲ ကြည့်လို့မရဘူး။

လက်ရှိကာလ ဆန္ဒပြပွဲတွေဖြစ်နေတဲ့ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကိစ္စကို အစိုးရကိုင်တွယ်နေပုံပေါ်အမြင်နဲ့ ပတ်သက်လို့ မေးမြန်းရာမှာ  “ အန်တီတို့ အစီရင်ခံစာထဲမှာ ဘယ်လို ဘယ်လို ဘယ်လို ဖြေရှင်းသင့်ပါတယ်ဆိုတာ အသေးစိတ်ကို အကြံပြုထားပါတယ်။ အစီရင်ခံစာကို ဖတ်လိုက်ရင် သိပါတယ်။ ဒါပေမယ့် အစီရင်ခံစာက အကြံပြုချက်တွေအတိုင်း အစီရင်ခံစာပါ အကြံပြုချက်တွေကို ဖော်ထုတ်ရေးကော်မတီကတော့ တိတိကျကျ မလုပ်သွားဘူးဆိုတာကတော့ မြင်ရပါတယ်။” “အစီရင်ခံစာတင်ပြီးတဲ့နေ့မှာပဲ သမ္မတက အဲဒီ အကောင်အထည်ဖော်ရေးကော်မတီကို ဖွဲ့လိုက်တယ်။ အဲဒီတော့ အဲဒီကော်မတီက ဘယ်လောက်ထိ တိတိကျကျ အကောင်အထည်ဖော်လဲဆိုတာကတော့ ဖတ်ပြီးတော့ သူတို့ရဲ့ လုပ်ရပ်တွေနဲ့ နှိုင်းယှဉ်ပြီးလို့ ရှိလို့ရှိရင် သိပါလိမ့်မယ်။ အန်တီဆိုရင် ဘယ်လိုလုပ်မလဲဆိုတော့ အစီရင်ခံစာအတိုင်းလုပ်မှာပေါ့။ အန်တီတို့တင်တဲ့ အစီရင်ခံစာပဲ” လို့ ပြောပါတယ်။

ကြေးနီစီမံကိန်း အဆင်ပြေအောင် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတဲ့မေးခွန်းကိုတော့ သူက “ကျမတို့ကနေပြီးတော့ ဒီကိတ်စဟာ ကြေးနီစီမံကိန်းကိစ္စဟာ အဆင်ပြေအောင် ဘယ်လိုလုပ်ရမလဲဆိုတာဟာ အစီရင်ခံစာထဲမှာ ပါပြီးသားပါ။ အစီရင်ခံစာဟာ အားလုံးအတွက် အဆင်ပြေအောင် ဦးတည်ချက်နဲ့ ရေးပြီးတော့ အကြံပြုခဲ့တာဖြစ်ပါတယ်။ အဲဒီအကြံပြုချက်တွေအတိုင်း တိတိကျကျ မှန်မှန်ကန်ကန်လုပ်သွားမယ်ဆိုလို့ရှိရင်တော့ အဆင်ပြေမယ်လို့အန်တီတို့ ယုံကြည်ပါတယ်။ ဒါပေမယ့် ဒီလို တိတိကျကျ မှန်မှန်ကန်ကန် လုပ်သွားတာမရှိလို့ ပြသနာတွေကလည်းဆက်ပြီးတော့ ဖြစ်နေတယ်လို့ ဒီလိုပဲမြင်ပါတယ်။” လို့ ပြောပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ရွေးကောက်ပွဲဝင်မ၀င်သဘောထားနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က “ရွေးကောက်ပွဲကို ဘယ်တော့ကျင်းပမလဲ။ ကျင်းပမယ်ဆိုတာ တရားဝင်ကြေညာတဲ့အခါကျလို့ရှိရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီရွေးကောက်ပွဲမှာ ၀င်ပြီးတော့ ယှဉ်ပြိုင်မှာလား၊ မယှဉ်ပြိုင်မှာလားဆိုတာ တရားဝင်ကြေညာမှာဖြစ်ပါတယ်။ အခုအချိန်က သိပ်စောသေးကြောင်း”ဖြေဆိုခဲ့ပါတယ်။

By အေးနိုင် (ဒီဗွီဘီ)
http://burmese.dvb.no/archives/75597

ပုဒ်မ ၁၄၄ ထုတ်ထားတဲ့ နေရာဖြစ်လို ဆည်တဲ သပိတ် စခန်းကနေ လူစု ခွဲဖို့ ရဲတွေက တောင်းဆို နေပါတယ်။
လက်ပံတောင်း ကြေးနီ စီမံကိန်း ရဲ့ လတ်တလော ပဋိပက္ခမှာ သပိတ်စခန်း ဖွင့်ထားတဲ့ ဒေသခံ တွေနဲ့ ရဲတွေ အကြား အခြေအနေ တင်းမာဆဲ ဖြစ်ပြီး ထိပ်တိုက် ရင်ဆိုင် နေကြ ပါ တယ်။

တရုတ်ပိုင် ဝမ်ပေါင် ကုမ္ပဏီ က မြန်မာရဲ အစောင့်အရှောက် နဲ့ စိုက်ပျိုး မြေတွေပေါ် ခတ်လာခဲ့တဲ့ သံဆူးကြိုး တွေကို ဆည်တဲရွာ မြောက်ဘက်မှာ ဒေသခံတွေက ပြန်လည် ဖယ်ရှားခဲ့ပြီး သပိတ် စခန်း ဖွင့်ထားကြပါတယ်။

အဲဒီ့ နေရာကို မီးသတ်ကား ၂ စင်း ရောက် လာ ပြီး ရဲတွေက ဒေသခံ ဆန္ဒပြ သမားတွေကို လူစု ခွဲခိုင်း ခဲ့ပါတယ်။

ဒါပေမယ့် ဒေသခံ ၁၀ဝ ကျော် ဟာ လူစုမခွဲပဲ ညလုံးပေါက် သပိတ်စခန်း ထဲမှာ ရှိနေ ကြသလို တစ်ဖက်မှာလည်း မြေကော်စက်နဲ့ မြေကြီးတွေကို တူးယူ စုပုံထားတဲ့ မြေစာပုံ အရံအတား တွေရဲ့ အနောက်မှာ ရဲတွေက အသင့် အနေအထား ရှိနေခဲ့ပါတယ်။

အဲဒီ့ နယ်မြေဟာ ပုဒ်မ ၁၄၄ ထုတ် ထားတာ ဖြစ်လို့ ဒေသခံ တွေ ဖယ်ရှား ပေးပါ ဆိုပြီး ရဲတွေ က ပြောနေ ပါ တယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၂ ရက် နေ့က ရဲရဲ့ ပစ်ခတ် မှုကြောင့် ဒေသခံ တောင်သူ ဒေါ်ခင်ဝင်း သေဆုံးခဲ့တဲ့ နောက် မြန်မာ စစ်တပ်ပိုင် ဦးပိုင် ကုမ္ပဏီနဲ့ တရုတ်ပိုင် ဝမ်ပေါင် ကုမ္ပဏီတို့ ဖက်စပ် လုပ်ကိုင် နေတဲ့ လက်ပံတောင်း တောင် ကြေးနီ စီမံကိန်း ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲ တွေ ရန်ကုန် မန္တလေး မြို့ကြီး တွေ မှာ ပေါ်ပေါက် လာပါတယ်။

ရန်ကုန် တရုတ်သံရုံး ရှေ့မှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ နဲ့ တင်းမာမှု တွေ ရှိခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်နေ့ ဆန္ဒပြပွဲကို ဦးဆောင်ခဲ့တဲ့ နော်အုန်းလှ၊ ကိုနေမျိုးဇင်နဲ့ ဒေါ်စိန်ထွေး တို့ကို အာဏာပိုင် တွေက နောက်တနေ့မှာ ဖမ်းဆီး လိုက်ပြီး အင်းစိန် ထောင်ကို ပို့လိုက် ကြပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/burma/2014/12/141230_letpadaung_situation


စစ်ကိုင်းတိုင်း ဒေသကြီး၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း အနီးက ဆည် တည်းရွာ မြောက်ဘက်မှာ မနေ့ညက စတင်ဖွင့်ထားတဲ့ သပိတ်စခန်းကို ဖျက်သိမ်းပေးဖို့ လုံခြုံရေး ရဲတပ်ဖွဲ့ ၀င်တွေက ဒီနေ့ အသံချဲ့စက်တွေနဲ့ လိုက်လံ ကြေညာ ခဲ့ပါတယ်။

သပိတ်စခန်း ဖွင့်ထားတဲ့ နေရာက ပုဒ်မ ၁၄၄ ထုတ်ထား တဲ့နေရာဖြစ်တဲ့ အတွက် သပိတ်စခန်းကို ဖျက်ပေးဖို့ နဲ့ ခြံစည်းရိုး ခတ်တာကို မနှောင့်ယှက်ဖို့ ကြေညာ တာဖြစ်တယ်လို့ ဆည်တည်း ကျေးရွာသူ မနွယ်နွယ်ဝင်း က ပြောပါတယ်။

" အခုစခန်းချထားတဲ့ နေရာက ပုဒ်မ ၁၄၄ ထုတ် ထားတဲ့နေရာဖြစ်တယ်၊ စီမံကိန်း ဧရိယာ လဲဖြစ်တယ်၊ အဲ့တော့ ခြံစည်းရိုးပြန်ခတ်မယ်ပေါ့၊ အဲ့လိုခတ်တဲ့ အခါမှာ လာပြီး တော့မနှောက်ယှက် ဖို့ရယ်၊ လူစုအမြန်ခွဲပေးဖို့ဆိုပြီးတော့ အော်တယ်၊ ညီမ တို့ဘက် ကတော့ လျော်ကြေးလုံးဝ ယူထားခြင်း မရှိတဲ့ လယ်ယာတွေကို ခြံစည်းရိုးခတ်တာကို လက်မခံနိုင်ဘူး၊ ညီမတို့အနေနဲ့ ငြိမ်းချမ်းစွာ တောင်းဆို သွားမယ်ပေါ့၊ ဆက်ပြီးသူတို့က လူစုခွဲခိုင်းလဲ ညီမတို့ ဆက်ပြီးတောင်းဆို သွားမှာပဲ၊ သူတို့ကတော့ လုံထိန်းအင်အား အပြည့်နဲ့ နေရာယူထားတယ်၊ ညီမတို့ ဒေသခံတွေ ကတော့ လူစုမခွဲဘူး၊ ဒီတိုင်း ပဲ နေနေတယ်၊ ညီမတို့မနေ့က ဖြိုထားတဲ့နေရာတွေကို သူတို့ကခြံစည်းရိုးပြန်လာခတ်တယ် ဆိုရင် ညီမတို့ကတော့ ငြိမ်းချမ်းစွာ တောင်းဆို ပြီးတော့ သူတို့ကိုအကြမ်းမဖက်ဖို့ ညီမတို့ကတော့ ငြိမ်းချမ်း စွာ ဆန္ဒပြသွားမှာပါ"

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဧရိယာအဖြစ် ၀မ်ပေါင်ကုမ္ပဏီက ခြံစည်းရိုး ခတ်ထားတဲ့ လယ်ယာမြေတွေ ထဲက လျော်ကြေးမယူထားတဲ့ ဆည်တည်းရွာ မြောက်ဘက်က ခြံစည်းရိုးတွေကို ဒေသခံ ၂၀၀ လောက်က မနေ့က ဖြိုဖျက်ပြီး သပိတ်စခန်းဖွင့်ဆန္ဒပြနေကြတာဖြစ်ပါတယ်။

ဒေသခံတွေရဲ့ သပိတ်စခန်းအနီးမှာ ရဲတပ်ဖွဲ့အင်အား ၂ဝဝ ကျော်လောက်ကို လုံခြုံရေးချထားပါတယ်။

ဒီလ ၂၂ ရက်နေ့က လျော်ကြေးမယူထားတဲ့ လယ်ယာမြေနေရာတွေကို ဝမ်ပေါင် ကုမ္ပဏီက ခြံစည်းရိုး ခတ်တာကို တားမြစ်ခဲ့တဲ့ လယ်သမားတွေနဲ့ ရဲတပ်ဖွဲ့ ၀င်တွေအကြား ပဋိပက္ခဖြစ်ပွားခဲ့ပြီး မိုးကြိုးပြင် အလယ်ရွာကတောင် သူ ဒေါ်ခင်ဝင်း သေနတ်မှန်သေဆုံးခဲ့သလို ရွာသား ၁ဝ ယောက်ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီအတောအတွင်း ကျောက်ပန်းတောင်းမြို့နယ်က သံဃာတော် အပါး ၂ဝဝ ကျော်လောက်နဲ့ ဒေသခံ ၅ဝ လောက် က လက်ပံတောင်းတောင်မှာ ပဋိပက္ခတွေ ထပ်မံမပေါ်ပေါက်ဖို့အတွက် ဒီနေ့ ကျောက်ပန်းတောင်းမြို့ကို တစ်ပတ် ပတ်ပြီး မေတ္တာသုတ်ရွတ်ဖတ်ခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127

ယမန်နေ့က ပြုလုပ်ခဲ့သည့် လက်ပတောင်းတောင် ကြေးနီစီမံကိန်း ကန့်ကွက်ဆန္ဒပြမှုအား ဦးဆောင်သူ ကိုနေမျိုးဇင်၊ ဒေါ်နော်အုန်းလှ၊ ဒေါ်စိန်ထွေးတို့အား ရန်ကုန်အနောက်ပိုင်းခရိုင် ဒဂုံရဲစခန်းတွင် စစ်ဆေးမေးမြန်းပြီးနောက် ပုဒ်မ အနည်းဆုံး ၈ ခုဖြင့် တရားစွဲဆိုပြီး အင်းစိန်ထောင်တွင်ချုပ်နှောင်လိုက်သည်။

ရန်ကုန်မြို.တော်ခန်းမမှ ဒဂုံမြို.နယ်ရှိ တရုတ်နိုင်ငံသံရုံးအား ဆန္ဒပြချီတက်မှုတွင် ပါဝင်ခဲ့သည့် ၄င်းတို့ ၃ ဦးအား ယနေ့မနက်တွင် ရဲများကလာရောက်ခေါ်ယူခဲ့ပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ၊ တာဝန်ဝတ္တရားနှောက်ယှက်မှု၊ တရားမ၀င်စီတန်းလှည့်လည်မှု၊ ပုတ်ခတ်ဆဲဆိုမှုအများအပြင် စုစုပေါင်း ပုမ်မ ၈ ခုဖြင့် အမှုဖွင့်ပြီး ဒဂုံမြို.နယ်တရားရုံးတွင် ယနေ့နေ့လည်တွင် တရားစွဲဆိုခဲ့သည်။

တရားစွဲဆိုမှုအား နေ့လည် ၁ နာရီခွဲခန့်တွင်ပြုလုပ်ရာ မီဒီယာများနှင့်လာရောက်ကြည့်ရူသူများကို ဒဂုံမြို့နယ်တရားရုံးအတွင်းသို့ ဝင်ရောက်ခွင့် မပြုသောကြောင့် ဒေါ်နော်အုံးလှက တရားရုံးရှေ့တွင် မိနစ် အတော်ကြာ လှဲအိပ်ဆန္ဒပြတောင်းဆိုခဲ့သည်။ ရဲတပ်ဖွဲ.က သူ၏တောင်းဆိုချက်ကို လိုက်လျောပြီးမှသာ ဒေါ်နော်အုံးလှက တရားရုံးတွင်းသို့ ၀င်ရောက်သွားခဲ့သည်။

စွဲဆိုထားသည့်အမှုများမှာ ၎င်းတို့အမှန်တကယ် ကျူးလွန်ခဲ့ခြင်းမရှိသည့် ဆဲဆိုခဲ့ခြင်း၊နိုင်ငံတော်အကြည်ညိုပျက်စေခြင်း၊ကိုယ်ထိလက်ရောက်လုပ်ခဲ့ ခြင်းများလည်းမရှိခဲ့ကြောင်းတရားရုံးသို့ ရှင်းပြခဲ့ပြီးဖြစ်ကြောင်း တရားခွင်မှထွက်လာပြီှး ၄င်းတို့ ၃ဦးအား အင်းစိန်ထောင်သို့မပို့မီ ကိုနေမျိုးဇင်ကပြောသည်။

“ကျွန်တော်တို့ ဆိုတာ တစ်ခုပဲရှိပါတယ်။နိုင်ငံတော်သီချင်းပါ။နိုင်ငံတော်သီချင်းဆိုတာ နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြစ်လား၊မဖြစ်လားမေးတော့ တရားသူကြီး မင်းစဉ်းစားပါဆို တော့ ဘာမှမပြောဘဲ လှည့်ပြန်သွားပါတယ် ” ဟု ၎င်းကပြောသည်။

အလားတူ ဒေါ်နော်အုန်းလှကလည်း ဆန္ဒပြခဲ့သည့်အကြောင်းနှင့်ပတ်သက်၍
“ ကျွန်မတို့နိုင်ငံသားကိုသေနတ်နဲ့ပစ်သတ်တာမကျေနပ်လို့ ကျွန်မတို့ကဆန္ဒပြတာ။ဒါကို မကျေနပ်တဲ့ အစိုးရသည် ကြိုက်သလိုလုပ် သေဒဏ်လဲပေးနိုင်တယ်ခံမယ်” ဟု၎င်းက ပြောသည်။

တရားတွင်စွဲချက်တင်ပြီးနောက် ၄င်းတို့ ၃ ဦးအား ရမန် ၂ ပတ်ပေး၍ ရန်ကုန်အင်းစိန်ထောင်သို့ ချုပ်နှောင်ရန်ခေါ်ဆောင်သွားခဲ့သည်။
နိုင်ငံရေးအမှုများကိုရှေ.နေလိုက်ပေးသူ ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ဒေါ်နော်အုန်းလှနှင့် ကိုနေမျိုးဇင်တို့၏အမှုများအားလိုက်ပေးမည်ဖြစ်ပြီး ယနေ့၎င်းတို့ကိုစွဲဆိုလိုက်သောစွဲချက်များအရ ဥပဒေကြောင်းအရ ထောင်ဒဏ် ၈ နှစ်ထိချနိုင်ကြောင်း သူကဆိုသည်။

ဒီမိုကရေစီအမျိုးသမီးကွန်ရက်မှ ဒေါ်နော်အုံးလှကို ရန်ကုန် စမ်းချောင်းမြို့နယ်ရှိနေအိမ်တွင် ယနေ့ နံနက်ပိုင်းက လာရောက်ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ပြီး မြန်မာ့လူမှုဘဝဖွံ့ဖြိုးရေးအသင်းမှ ကိုနေမျိုးဇင် ကိုမူ ၄င်းနေထိုင်ရာ တောင်ဒဂုံမြို.နယ်တွင် ရဲများက ခေါ်ဆောင်သွားခြင်းဖြစ်သည်။ အလားတူ ယမန်နေ့ဆန္ဒပြမှုတွင် အနီရောင်အလံကိုကိုင်လျက် ရဲများ၏ပိတ်ဆို့မှုကို ကျော်ဖြတ်၍ တရုတ်သံရုံးရှေ.သို့သွားရောက်ကြိုးပမ်းသူ ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ.မှ ဒေါ်စိန်ထွေးအား ရန်ကုန်မြို.လမ်းမတစ်နေရာတွင် ရဲများကဖမ်းဆီးခဲ့သည်။

ယမန်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့သော ဆန္ဒပြပွဲတွင် စစ်ကိုင်းတိုင်မုံရွာခရိုင် ယင်းမာပင်မြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဖျက်သိမ်းရေးအပြင် “သိန်းစိန်အစိုးရဖြုတ်ချရေး” လူသတ်အစိုးရအလိုမရှိဟူသော ကြွေးကြော်ချက်များ ဟစ်ကြွေးခဲ့သည်။

လူအင်အားရာချီရှိသည့်ဆန္ဒပြပွဲတွင် ကိုနေမျိုးဇင်ဦးဆောင်သော မြန်မာလူမှုဘ၀ဖွံ့ဖြိုးရေးအသင်း၊ ဒေါ်နော်အုန်းလှ၏ ဒီမိုကရေစီနှင့် အမျိုးသမီးကွန်ယက် နှင့် ဦးဘမြင့်ဦးဆောင်သော ဒီမိုကရေစီမြှင့်တင်ရေးအဖွဲ.တို့အပြင် အကျဉ်းကျခံနေရသူ ဦးထင်ကျော်၏ ဒီမိုကရေစီစဉ်ဆက်မပြတ် လှုပ်ရှားမှုအဖွဲ.နှင့် Generation Youth အဖွဲ့တို့လည်းပါဝင်ခဲ့သည်။

ဆန္ဒပြရာတွင်ပါဝင်သူအချို.ကိုလည်း ဒဂုံမြို.နယ်တရားရုံးတွင် အဝေးရောက် တရားစွဲဆိုခဲ့ကြောင်းသိရပြီး၊ ယနေ့ညနေတွင် ဆန္ဒပြခဲ့သူတစ်ဦးဖြစ်သည့် ကိုတင်ထွဋ်ပိုင်ကို ရဲများက ရန်ကုန်တွင်ဖမ်းဆီးခဲ့သည်။ ထို့ပြင် ဒေါ်နော်အုန်းလှနှင့်တွဲ၍ နိုင်ငံရေးလှုပ်ရှားသူ ကိုမင်းနေထူး၏အိမ်ကိုလည်း ရဲများကလာရောက်စုံစမ်းခဲ့သော်လည်း ၄င်းတို့ကို အိမ်တွင်မတွေ့ရှိခဲ့ကြောင်းသိရသည်။

The Yangon Globe


တနင်္ဂနွေနေ့က မုန်တိုင်း ကျနေချိန်အတွင်း ပျက်ကျသွားတဲ့ AirAsia လေကြောင်းလိုင်းက ခရီးသည်တင် ဂျက်လေယာဉ်ရဲ့ အပျက်အစီး အစအနတွေကို တွေ့ရတဲ့ ပင်လယ်ထဲကနေ အလောင်း ၄၀ ထက်မနည်းကို ပြန်ဆယ်ယူရရှိထားပြီလို့ အင်ဒိုနီးရှား တာဝန်ရှိ သူတွေက ပြောပါတယ်။

Borneo ကျွန်းအနောက် တောင်ဘက် မိုင် ၁၀၀ အကွာလောက်မှာ ကယ်ဆယ်ရေး ရဟတ်ယာဉ်တွေက Java ပင်လယ်ထဲမှာ မျောနေတဲ့ ရုပ်အလောင်းတွေ ဆွဲတင်နေတာကို ဒေသတွင်း ရုပ်သံသတင်းဌာနတွေက ဒီနေ့ ထုတ်လွှင့်ပြသပါတယ်။

အသက်ကယ်အင်္ကျီမပါတဲ့ ရုပ်အလောင်းတွေ Java ပင်လယ်ထဲမှာ မျောနေတဲ့ပုံတွေကို တွေ့ရတော့ ဒီလေယာဉ်ခရီးစဉ်မှာ ပါသွားကြသူ ၁၆၂ ဦးရဲ့ မိသားစုတွေ အချင်းချင်းပွေ့ဖက်ပြီး ငိုကြွေးခဲ့ကြပါတယ်။ ညရောက်လာတဲ့အထိ  လေယာဉ်ပျက်ကျတဲ့ထဲမှာ ပါသွားတဲ့ ခရီးသည်တွေထဲက လေးပုံ တပုံလောက်ရဲ့ အလောင်းတွေကိုပဲ ကယ်ဆယ်ရေး လုပ်သားတွေ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

အသက်ရှင် ကျန်ရစ်သူတယောက်မှ ရှာမတွေ့ပါဘူး။ လိမ္မော်ရောင် အသက်ကယ်ဝတ်စုံတစုံ၊ ခရီးဆောင်သေတ္တာ၊ အနီနဲ့ အဖြူရောင်သုတ်ထားတဲ့ အရေးပေါ်တံခါးလို့ ယူဆရတာတွေ အပါအဝင် လေယာဉ်ကနေ ပြုတ်ကျတဲ့ ပစ္စည်းတွေကို ရှာတွေ့ခဲ့ပြီး မကြာခင်မှာပဲ ရုပ်အလောင်းတွေ တွေ့ရှိတာပါ။

ရေမျက်နှာပြင်အောက်မှာ အရိပ်ကြီးတခုကို တာဝန်ရှိသူတွေ တွေ့ရှိထားပြီး ပျက်ကျတဲ့ လေယာဉ်ကိုယ်ထည်လို့ ယူဆရပါတယ်။ ပင်လယ်ထဲမှာ တွေ့ရတဲ့ အပျက်အစီးတွေဟာ အင်ဒိုနီးရှားနိုင်ငံ Surabaya မြို့ကနေ စင်္ကာပူနိုင်ငံဆီကို တနင်္ဂနွေနေ့က ပျံသန်းတဲ့ နှစ်နာရီကြာ ခရီးတိုအတွင်း လမ်းထက်ဝက်လောက်မှာ ပျောက်ဆုံးသွားတဲ့ Airbus A320-200 လေယာဉ်ရဲ့ အပျက်အစီး အပိုင်းအစတွေ ဖြစ်တယ်လို့ Air Asia က အင်္ဂါနေ့ညပိုင်းမှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ အတည်ပြုသွားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/air-asia-update/2578843.html

(ရန်ကုန်မြို.ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးချုပ်တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ဒေါ်အောင်ဆန်းစုကြည်အားတွေ့ရစဉ်။ ဓာတ်ပုံ-ရဲကိုကို/Yangon Globe)

တစ်ကျော့ပြန် လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ပဋ္ဋိပက္ခတွင် ဒေသခံတောင်သူဒေါ်ခင်ဝင်း သေဆုံးခဲ့မှုအား တရားဥပဒေအတိုင်း ထိရောက်စွာအရေးယူပေးရန် အစိုးရအာဏာပိုင်များကို အမျိုးသားရေးဒီမိုကရေစီအဖွဲ.ချုပ်ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုလိုက်သည်။

"လက်ပံတောင်းတောင်ကိစ္စနဲ့ပတ်သက်ပြီး ဘယ်လိုရှောင်လွှဲလို့မှမရတဲ့ တစ်ခုကတော့ အမျိုးသမီးတစ်ယောက် သေဆုံးသွားတယ်။ လူတစ်ယောက်ရဲ့ အသက်ဆိုတာက တန်ဖိုးဖြတ်လို့မရဘူးလေ။ အဲဒီတော့ဒီကိစ္စ နဲ့ပတ် သက်ပြီးတော့ အာဏာပိုင်တွေဘက်ကတော့ မှန်မှန်ကန်ကန် တရားမျှမျှတတနဲ့ ခံခဲ့ရတဲ့သူတွေကျေနပ် အောင်လို့ အရေးယူပေးဖိုလုပ်ပေးရမယ်" ဟု၎င်းက ယနေ့ရန်ကုန်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

မုံရွာခရိုင်ဆားလင်းကြီးမြို.နယ်ရှိ လက်ပတောင်းတောင်စီမံကိန်းအား ဆန့်ကျင့်သည့် ဆန္ဒပြသပိတ်များကို လွန်ခဲ့သည် နှစ်နှစ်ကျော်က အစိုးရကအကြမ်းဖက်ဖြိုခွင်းပြီးနောက် သမ္မတဦးသိန်းစိန်ဖွဲ.ပေးလိုက်သော ကြေးနီစီမံကိန်းစုံစမ်းရေးကော်မရှင်တွင် ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဌတာဝန်ယူခဲ့သည်။

သို့သော် ထိုကော်မရှင်၏ အကြံပြုချက်များအား အစိုးရသတ္တုတွင်းဝန်ကြီးဌာန တာဝန်ရှိသူများ၊ စီမံကိန်းအား တရုတ်နိုင်ငံဝမ်ပေါင်ကုမ္ဗဏီနှင့် ဖက်စပ်လုပ်ကိုင်သော စစ်တပ်ပိုင်မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်မှ အရာရှိများဖြင့် ဖွဲ့ထားသော စီမံကိန်းဖော်ဆောင်ရေး ကော်မတီသည် လိုက်နာမှုမရှိသောကြောင့် ယခုကဲ့သို့ ပဋ္ဋိပက္ခဖြစ်ပွားရခြင်းကြောင်း၊ ထို့ကြောင့် ပဋိပက္ခများဖြစ်ပေါ်လာရခြင်းသည် အစိုးရအာဏာပိုင်များတွင်သာ တာဝန်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

ယနေ့ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အစိုးရသည် ၀န်ထမ်းလစာတိုးမြှင့်ရေးနှင့် ပတ်သက်၍ သမ္မတရုံးအင်တာနက်စာမျက်နှာမှ တဆင့်စစ်တမ်းကောက်ယူမှုကို ပြုလုပ်နေသ်ာလည်း နိုင်ငံတော်အတွက် အရေးကြီးသည့် ဖွဲ.စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ကိစ္စအား အဘယ့်ကြောင့် အလားတူမပြုလုပ်ရသနည်းဟုလည်း သူမက မေးခွန်းထုတ်ခဲ့သည်။

"စစ်တမ်းကောက်တဲ့ကိစ္စမှာ ကောက်ချင်တဲ့အရာကိုကောက်ပြီး မကောက်ချင်တဲ့ အရာကို မကောက်ဘူးဆိုတဲ့အပေါ် အန်တီကသဘောမကြဘူး။ အဲဒီတော့ ဒီလစာတိုးရေးဆိုတဲ့ ကိစ္စကို စစ်တမ်းကောက်လိုရှိရင် ဘာဖြစ်လို့ ဖွဲစည်းပုံအခြေခံဥပဒေဆိုတဲ့ကိစ္စကို စစ်တမ်းမကောက်တာလဲ။ တကယ်တစ်တိုင်းပြည်လုံးအတွက် အရေးကြီး တဲ့ကိစ္စကြတော့ စစ်တမ်းမကောက်ဘဲနဲ့ အခုအစိုးရအလုပ်သမားတွေ လစာတိုးဖိုကြတော့ စစ်တမ်းကောက်ရ တာလည်းဆိုတာ အန်တီကပြန်မေးချင်တယ်" ဟုဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
-------



လက်ပံတောင်းအရေးနဲ့ပတ်သက်လို့ တရုတ်သံရုံးရှေ့ကိုသွားပြီး ဆန္ဒပြဖို့ကြိုးစားတဲ့ တက်ကြွလှုပ်ရှားသူ ၃ ဦးကို ဒဂုံမြို့နယ် တရားရုံးမှာပဲ နိုင်ငံတော်ကို အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ အပါအ၀င် ပုဒ်မ ၇ ခုနဲ့ တရားစွဲဆိုခဲ့ပြီး အင်းစိန်ထောင်ကို ပိုခဲ့တယ်လို့ တရားရုံးကို တက်ရောက်သူတွေက ဆိုပါတယ်။

လက်ပံတောင်းမှာလည်း သပိတ်စခန်းဖွင့်ထားတဲ့ ဒေသခံတွေကို လူစုခွဲပေးဖို့ အာဏာပိုင်တွေက တောင်းဆိုနေပြီး မီးသတ်ကားတွေနဲ့ လုံခြုံရေးအင်အားတွေ ချထားတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ဒီဇင်ဘာလ ၂၉ ရက်နေ့က တရုတ်သံရုံးရှေ့သွားပြီး ဆန္ဒပြဖို့ ကြိုးစားကြတဲ့ ရာနဲ့ချီရှိတဲ့ အင်အားစုတွေထဲက မနော်အုန်းလှ၊ ဗိုလ်ကြီးဟောင်း နေမျိုးဇင်၊ ဒေါ်စိန်ထွေးတို့ ၃ ဦးကို ဒဂုံတရားရုံးကနေ ပုဒ်မ ၇ ခုနဲ့ တရားစွဲဆိုပြီး အင်းစိန်ထောင်ကြီးချုပ်ကို ပို့လိုက်တယ်လို့ တရားရုံးမှာ သွားရောက် နားထောင်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသူဟောင်း မသန္တာက ဆိုပါတယ်။

“ပုဒ်မအားလုံး ၇ ခုနဲ့ တရားစွဲဆိုပြီး အခု အင်းစိန်ထောင် ထောင်ကြီးချုပ်ကို ပို့လိုက်တယ်။ အခုလောလောဆယ် ၃ ယောက်။ ကိုနေမျိုးဇင်ရယ်၊ ဒေါ်စိန်ထွေးရယ်၊ ဒေါ်နော်အုန်းလှရယ်ပေါ့နော်။ တရားရုံးမှာကြားရတာတော့ ကျန်တဲ့ ၄ ယောက် နာမည်တွေကိုလည်း ကြားတယ်။ ဒါပေမဲ့ အဲ့ဒီ ၄ ယောက်နာမည်တွေက ကိုတင်ထွတ်ပိုင်ပါတယ်၊ နောက်ပြီးတော့ ကိုသန်းဆွေ ပန်းပဲတန်းဆိုတာ ပါတယ်။ နောက်တခါ ဒေါက်တာမြတ်နုခိုင်ပါတယ်။ ဒေါ်စမ်းစမ်းမြင့် တောင်ဒဂုံဆိုတာပါတယ်။”

ဒီအထဲမှာ တရားစွဲဆိုခံရတဲ့ နောက်ထပ် ၄ ဦးမှာပါတဲ့ ကိုသန်းဆွေကတော့ သူ့ကိုလည်း ရဲစခန်းကိုလာဖို့ ဖုန်းဆက်နေကြောင်းနဲ့ သူတို့ဆန္ဒပြတာဟာ လက်ပံတောင်းအရေးကို ဖြေရှင်ပေးဖို့ တောင်းဆိုခဲ့တာဖြစ်ကြောင်း ပြောပြပါတယ်။

“လက်ပံတောင်းကိစ္စကိုလည်း အရေးယူဆောင်ရွက်ခြင်း မရှိဘူး။ ပစ်ခတ်တဲ့သူတွေကိုရော၊ အမိန့်ပေးတဲ့သူတွေကိုပါ သူတို့က အရေးမယူဘူး။ ဒေါ်ခင်ဝင်း သေတဲ့ကိစ္စမှာလည်း တိတိကျကျ ဘယ်သူပစ်လို့၊ ဘယ်ဝါအမိန့်ပေးတာလဲ အခုအချိန်ထိ မရှိတဲ့အပြင် ဒီဆန္ဒပြတဲ့သူတွေကျတော့ သူတို့က နှိပ်ကွပ်နေတယ်ဆိုတာကျတော့ ခုနကလိုပေါ့ မတရားဘူးပေါ့နော်။ ဒါ ဥပဒေအရ မတရားဘူးလို့ ကျနော်တို့က ထင်တာပေါ့လေ။”

တရားစွဲဆိုခံထားရသူတွေနဲ့ ပတ်သက်လို့ အာမခံပေးလို့ မရအောင် လုပ်ထားတဲ့အတွက် ဥပဒေကြောင်းအရ တရားမျှတမှုမရှိဘူးလို့ တရာလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင် က ဆိုပါတယ်။

“အဲ့ဒီဟာတွေမှာ အာမခံပေးလို့မရအောင်ဆိုပြီးတော့ သူက ၅၀၅ (ခ) ကို တပ်လိုက်တာ။ တကယ်တမ်းပြောမယ်ဆိုရင်တော့ ငြိမ်စုစီဥပဒေပုဒ်မ ၁၈ လောက်နဲ့ လုံလောက်ပါရဲ့သားနဲ့ အခုလို ဆန္ဒဖော်ထုတ်မှုတရပ်ကို အာမခံပေးလို့မရအောင် ပုဒ်မတွေတပ်တာကတော့ ဒါ အစပျိုးကတည်းကိုက တရားမျှတမှု မရှိဘူးပေါ့။ အမှုကို ပြည့်စုံစွာ တည်ဆောက်ပြီးတော့ ရုံးတင်တရားစွဲရမယ့် တာဝန်က တရားစွဲအဖွဲ့အစည်းဖြစ်တဲ့ ရဲတပ်ဖွဲ့ရဲ့ တာဝန်ပဲ။ ဟို လွန်ခဲ့တဲ့ အားကစားပွဲတုန်းကလည်း မြန်မာနိုင်ငံတော်အလံကို သုဝဏ္ဏအားကစားကွင်းနားမှာ မီးရှို့တုန်းက ၅ သောင်းစီ ပေးပြီးတော့ ပြန်လွှတ်တယ်ပေါ့နော်။ အဲ့ဒါနဲ့ မရှေးမနှောင်းမှာဖြစ်ခဲ့တဲ့ တရုတ်နိုင်ငံ သံရုံးအနီးမှာ တရုတ်အလံကို မီးရှို့တုန်းက လူတွေကို ဖမ်းပြီးတော့ တရားစွဲဆိုခဲ့တယ်။ အခုလည်း တခါ တရုတ်သံရုံးရှေ့မှာ ဖြစ်ရကောင်းလားဆိုပြီးတော့ တရားစွဲဆိုပြန်တာကို တွေ့ရတယ်။ မဖြစ်သင့်ဘူးပေါ့ဗျာ။ တရုတ်နိုင်ငံ တရုတ်သံရုံးနဲ့ ပတ်သက်လို့ရှိရင် လက်မခံဘူး အရေးယူမယ်ဆိုတဲ့ သဘောတွေဖြစ်လာတယ်။”

လက်ပံတောင်းမှာတော့ မြေယာသိမ်းခံထားရတဲ့ ဒေသခံတွေက မြန်မာဝမ်ပေါင် ခြံစည်းရိုးခတ်ထားတဲ့ ကိုက် ၅၀ ခန့်အကွာမှာ သပိတ်စခန်းဖွင့် ဆန္ဒပြနေကြပါတယ်။ မနေ့ကတော့ ခြံစည်းရိုးတွေကိုဖျက်ပြီး သူတို့လယ်မြေတွေကို ပြန်ပေးဖို့အတွက် တောင်းဆိုနေတာပါ။ အာဏာပိုင်တွေဘက်က ဒီကနေ့မနက်ပိုင်းက လူစုခွဲဖို့ပြောဆိုနေပြီး မီးသတ်ကားတွေနဲ့ လုံခြုံရေးအင်အားတွေ ညနေပိုင်းမှာ တိုးချဲ့ချထားတာရှိတယ်လို့ ဆည်တဲရွာ ဒေသခံတဦးက ဆိုပါတယ်။

“သပိတ်စခန်း နောက်ဆုံးအခြေအနေက အခု ဒီ ကျမတို့နဲ့ မျက်နှာချင်းဆိုင်ပေါ့နော် အာဏာပိုင်တွေဘက်က အခုလောလောဆယ်မှာ မီးသတ်ကားတွေနဲ့ ဓာတ်ဆီကားတွေ ချထားတာတွေ့ရတယ်။ အင်အားတော်တော်များများလည်း ထပ်ချထားတယ်အမ။ မနက်ကတော့ စပီကာနဲ့အော်ပြီးတော့ လူစုခွဲခိုင်းတာတော့ ရှိတယ်အမ။”

လက်ပံတောင်းအရေးနဲ့ပတ်သက်လို့ ပြည်တွင်းပြည်ပ တက်ကြွလှုပ်ရှားသူတွေ နိုင်ငံရေးအဖွဲ့အစည်းတွေ အရပ်ဘက်အဖွဲ့အစည်းတွေအပြင် အမေရိကန်နိုင်ငံကလည်း သေချာစွာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ပေးဖို့ တောင်းဆိုနေတာ ဖြစ်ပါတယ်။
VOA

ရန်ကုန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြားနေစဉ်။ ဒီဇင်ဘာလ ၃၀၊ ၂၀၁၄ (AP-ကိုခင်မောင်ဝင်း)

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲဝင်မယ်၊ မ၀င်ဘူးဆိုတာကို ဆုံးဖြတ်ချက် မချရသေးသလို စောင့်ကြည်အုန်းမှာဖြစ်တဲ့အကြောင်း အတိုက်အခံခေါင်းဆောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ အဖွဲ့ချုပ်ရုံးမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

လက်ပံတောင်းအရေးကိစ္စ၊ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အပါအ၀င်၊ မျိုးစောင့်ဥပဒေနဲ့ ပတ်သက်တဲ့ အချက်တွေကိုပါ ဒီနေ့ သတင်းစာရှင်းလင်းပွဲအတွင်း သူရဲ့သဘောထားတွေကို ပြောဆိုခဲ့တာပါ။ အပြည့်အစုံကို သတင်းစာရှင်းလင်းပွဲ ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုအောင်ရဲမောင်မောင် က ပြောပြမှာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲ ၀င် မ၀င် ဆုံးဖြတ်ချက် မချရသေးဘူးလို့ အတိုက်အခံခေါင်းဆောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့သတင်းစာရှင်းလင်းပွဲအတွင်း အခုလို ပြောဆိုသွားခဲ့တာပါ။

“နိုင်ငံရေးမှာဆိုရင် အချိန်ကာလဆိုတာက အင်မတန်မှကို အရေးပါပါတယ်။ နိုင်ငံရေးမှာဆိုရင် တရက်ကလေးတောင်မှ အများကြီး ပြောင်းလဲသွားနိုင်တွေ ရှိပါတယ်။ အဲ့ဒါကြောင့်မို့လို့ ဘယ်လိုဘယ်လို အခြေအနေတွေ ဖြစ်ပေါ်လာမလဲဆိုတာဟာ အန်တီ ခဏခဏပြောတယ် အန်တီက ဗေဒင်ဆရာမဟုတ်ဘူး။ နိုင်ငံရေးသမားပဲ။ နိုင်ငံရေးသမားဆိုတော့ ဘယ်လိုအခြေအနေတွေ ဖြစ်လာနိုင်မလဲဆိုတာတော့ တွက်ဆတာတော့ တွက်ဆတာပဲ။ ဒါ တွက်ဆရမှာပဲ။ ဒါပေမဲ့ တွက်ဆတဲ့အတိုင်း ဖြစ်လာမယ်လို့လည်း အသေမှတ်ယူလို့ မရဘူး။ အဲတော့ အခြေအနေအပေါ်မှာ အခြေခံပြီးတော့မှ ဆုံးဖြတ်ချက်ချရတာပေါ့။ အခုအချိန်က သိပ်စောပါသေးတယ်။ ရွေးကောက်ပွဲက ကျင်းပမှာလား။ ဘယ်တော့ကျင်းပမှာလဲဆိုတာ တရားဝင် ကြေညာတာမရှိသေးပါဘူး။”

၂၀၁၀ တုန်းက ရွေးကောက်ပွဲ မ၀င်ခဲ့တာနဲ့ ၂၀၁၂ မှာ ရွေးကောက်ပွဲ ၀င်ခဲ့တာတွေကလည်း မြန်မာ့နိုင်ငံရေး အခြေအနေတွေပေါ်မှာကြည့်ပြီး ဆုံးဖြတ်ချက်ချခဲ့တာလို့ သူကပြောပါတယ်။

“ဥပမာ ၂၀၁၀ တုန်းက အန်တီတို့ ရွေးကောက်ပွဲမ၀င်ခဲ့ဘူး။ ၂၀၁၁ နှစ်ကုန်ပိုင်းမှာ ၁ နှစ်လောက်အတွင်းမှာပဲ ကြားဖြတ်ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့တယ်။ အဲ့ဒါကလည်း အခြေအနေအရပေါ့နော်။ ၂၀၁၀ တုန်းက မေးတုန်းကလည်း အန်တီတို့ မဖြေနိုင်ဘူးလေ။ ဘယ်လိုအခြေအနေတွေမှာ ရွေးကောက်ပွဲဝင်မလဲဆိုတာ။ ဒါကတော့ အခြေအနေတွေအပေါ်မှာ မူတည်ပြီးတော့ ကြည့်ရမှာပေါ့။ လက်ခံစရာမကောင်းဘူးလို့ အဲ့ဒီတုန်းကတော့ နည်းနည်းပိုပြီးတော့ ရှင်းတာက ဒီလက်မခံနိုင်တဲ့အထဲမှာဆိုရင် အကျဉ်းကျနေတဲ့ အန်တီတို့ရဲ့ အဖွဲ့ချုပ်ဝင်တွေ ထုတ်ပစ်ရမယ့်ကိစ္စတွေ ဘာတွေ ဒါတွေ ကျမတို့ လက်မခံနိုင်ဘူး။ ဒါကြောင့်မို့လို့ ကျမတို့ မ၀င်ဘူးဆိုပြီးတော့ တိတိကျကျ ပြောခဲ့လို့ရတယ်။ အခုကျတော့ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ဘယ်လိုစည်းမျဉ်းစည်းကမ်း ဥပဒေတွေ ထုတ်ဦးမှာလဲဆိုတာလည်း အန်တီတို့က မသိသေးဘူးလေ။ အဲ့ဒါတွေကို စောင့်ကြည့်ပြီးမှ ဆုံးဖြတ်ရမှာပေါ့။”

ဒီကနေ့ သတင်းစာရှင်းလင်းပွဲအတွင်းမှာ လတ်တလော အငြင်းပွားစရာတွေဖြစ်နေတဲ့ လက်ပံတောင်းကြေးနီစီမံကိန်း အရေးနဲ့ပတ်သက်ပြီးလည်း ဒေါ်အောင်ဆန်းစုကြည်က အခုလို မှတ်ချက်ပေးခဲ့ပါတယ်။

“အစီရင်ခံစာဟာ အားလုံးအတွက် အဆင်ပြေအောင်ဆိုတဲ့ ဦးတည်ချက်နဲ့ ရေးပြီးတော့ အကြံပြုခဲ့တာဖြစ်ပါတယ်။ အဲ့ဒီထဲက အကြံပြုချက်တွေအတိုင်း တိတိကျကျ မှန်မှန်ကန်ကန် လုပ်သွားမယ်ဆိုရင်တော့ အဆင်ပြေမယ်လို့ အန်တီတို့ ယုံကြည်ပါတယ်။ ဒါပေမဲ့ ဒီလို တိတိကျကျ မှန်မှန်ကန်ကန် လုပ်သွားတာမရှိလို့ ပြဿနာတွေက ထပ်ပြီးဖြစ်နေတယ်လို့ ဒီလိုပဲ မြင်ပါတယ်။”

သမ္မတ ဦးသိန်းစိန် အစိုးရအနေနဲ့ လတ်တလော အစိုးရ၀န်ထမ်းတွေကို လစာတိုးပေးသင့်၊ မသင့် သူတို့ရဲ့သမ္မတရုံး ၀ပ်ဆိုဒ်ကနေ စစ်တမ်းကောက်ယူနေတာပါ။ လစာတိုးပေးသင့်၊ မသင့် စစ်တမ်းကောက်သလို ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်သင့် မပြင်သင့်ကိုလည်း စစ်တမ်း ဘာကြောင့် အစိုးရက မကောက်သလဲ ဆိုတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းထုတ်ခဲ့ပါတယ်။

“ပထမဆုံးပြောချင်တာကလေ စစ်တမ်းကောက်တဲ့အခါမှာ ကောက်ချင်တဲ့ကိစ္စကျတော့ ကောက်ပြီး၊ မကောက်ချင်တဲ့ကိစ္စကျတော့ မကောက်ထားဘူး။ အဲ့ဒါ အန်တီတော့ သဘောမကျဘူး။ အဲ့ဒီတော့ ဒီလစာတိုးရေးဆိုတဲ့ကိစ္စကို စစ်တမ်းကောက်လို့ရှိရင် သူက ဘာဖြစ်လို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးကိစ္စကို စစ်တမ်းမကောက်သလဲ။ တကယ် တတိုင်းပြည်လုံးအတွက် အရေးကြီးတဲ့ကိစ္စကျတော့ စစ်တမ်းမကောက်ဘဲနဲ့ ဒီဟာကျမှ ဘာလို့ စစ်တမ်းကောက်သလဲဆိုတာ အဲ့ဒါကို အန်တီက မေးချင်တယ်။”

စစ်အစိုးရ ဗိုလ်ချုပ်ကြီးဟောင်းဖြစ်တဲ့ သူရဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဆက်ဆံရေးဟာ ကောင်းမွန်ခဲ့ပေမဲ့လို့ နောက်ထပ် စစ်ဗိုလ်ချုပ်ဟောင်းတဦးဖြစ်တဲ့ ဦးသိန်းစိန်နဲ့ကျတော့ ဘာကြောင့် ဆက်ဆံရေးမကောင်းသလဲလို့ မေးခွန်းထုတ်မှုတွေ ရှိခဲ့ပါတယ်။ ဒီမေးခွန်းနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဦးသိန်းစိန်က သူမကို ဖိတ်ခေါ်မှု နည်းခဲ့တာကြောင့်လို့ ပြန်ဖြေခဲ့ပါတယ်။

ပြည်တွင်းနဲ့ နိုင်ငံတကာကမှာ ဝေဖန်နေတဲ့ မျိုးစောင့်ဥပဒေတွေဟာ လာမယ့် လွှတ်တော်မှာ ဆွေးနွေးဖို့တွေ ရှိလာတော့မှာ ဖြစ်တဲ့အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း လေ့လာနေသလို၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ဒီဥပဒေတွေအပေါ်မှာ လေ့လာဆန်းစစ်နေတယ်လို့ ပြောပါတယ်။

“တရားဥပဒေနဲ့ပတ်သက်တဲ့ ဥပဒေအထောက်အကူပြု အဖွဲ့ကနေလည်း ဒါတွေကို လေ့လာပါတယ်။ နောက်ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ကလည်း လေ့လာပါမယ်။ ဒါမျိုးဆိုတာက အင်မတန်မှ နက်နဲတယ်၊ အင်မတန်မှ သိမ်မွေ့တယ်၊ အင်မတန်မှ အမှားအယွင်း အတိမ်းအစောင်း မခံပါဘူး။ ဒါကြောင့်မို့လို့ လက်လွတ်စပယ် ပြောလို့မဖြစ်ပါဘူး။ သေသေချာချာ ဥပဒေပိုင်းဆိုင်ရာကနေပြီးတော့ စိစစ်လေ့လာပြီးမှ ဘယ်လိုဆိုတာကို အန်တီတို့ ပြောလို့ရမှာဖြစ်ပါတယ်။”

ဒီကနေ့ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်းမှာ ထိုင်းနိုင်ငံ လိပ်ကျွန်းကိစ္စမှာ လူသတ်တရားခံအဖြစ် တရားစွဲခံထားရတဲ့ မြန်မာလူငယ် ၂ ဦးရဲ့အရေးမှာ တရားဥပဒေအတိုင်း အခွင့်အရေး အပြည့်အ၀ရဖို့ လိုပြီးတော့ လက်ရှိအချိန်မှာ သူတို့ ၂ ဦးအတွက် တရားဥပဒေအရ ခုခံ ကာကွယ်ခွင့် အပြည့်အ၀ရရေးကိုသာ စောင့်ကြည်ပေးရမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
VOA
http://burmese.voanews.com/content/suu-kyi-presser/2578722.html