April 2015

အသတ်ဖြတ်ခံလိုက်ရတဲ့ ကချင်တိုင်းရင်းသူ စေတနာ့ ၀န်ထမ်းဆရာမနှစ်ဦး၊ လက်ပံတောင်းဒေသခံ ဒေါ်ခင်ဝင်း နဲ့ အလွတ်သတင်းထောက် ကိုပါကြီးတို့ အတွက် အောက်မေ့ဖွယ်အခမ်းအနားတစ်ရပ်ကို ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် တီးတိန်ချင်း နှစ်ခြင်း အသင်းတော်ခန်းမမှာ ကျင်းပခဲ့ပါတယ်။

အသတ်ခံရတဲ့ ကချင်ဆရာမနှစ်ဦး သေဆုံးတဲ့ရက် ၁၀၀ ပြည့်မှာ ဆုတောင်းပွဲ ကျင်းပတာဖြစ်တယ်လို့ ဂရုဏာရှင်အမျိုးသမီးကွန်ရက်က ဒါရိုက်တာ အမ်ဂျာဆိုင်း က ပြောပါတယ်။

"ပတ်ဝန်းကျင်မှာ အသက်ပေး ပြီးတော့ နိုင်ငံတော်အေးချမ်းဖို့အတွက် ပါဝင်သွား ကြတဲ့သူတွေရှိတယ်ဆိုတာကို ကျမတို့ဖော်ပြ ချင်တယ်၊ ဆရာမလေး ၂ ယောက်ရဲ့ရက် ၁၀၀ ပြည့်မှာ ကိုပါကြီးတို့၊ ဒေါ်ခင်ဝင်းတို့ အားလုံးဟာ တန်းတူ ဖြစ်တယ်ဆိုတဲ့ အကြောင်း၊ ဒီလိုလုပ်တာ အမှုမှန်ပေါ်ခြင်း၊ မပေါ်ခြင်း ထက်ကို အဓိက ကတော့ ကျမတို့ပတ်ဝန်းကျင်မှာ ဒီလိုအဖြစ်မျိုးနောက်နောင် ထက်ပြီးတော့ မကြုံတွေ့ရပါစေနဲ့၊ လူတိုင်းဟာ တစ်ယောက်နဲ့ တစ်ယောက် ဂရုဏာထားပြီးချစ်ချင်းမေတ္တာ နဲ့ လျှောက်လှမ်းနိုင်ပါစေဆိုတဲ့ စိတ်ကလေးနဲ့ ဒီပွဲလေးကိုဖြစ်အောင်လုပ်တာပါ"

အခမ်းအနားမှာ သတ်ဖြတ်ခံရသူ ကချင်ဆရာမနှစ်ဦးဖြစ်တဲ့ မရန်လုရာနဲ့ တန်ဘောင်ခေါန်နန်စင်၊ လက်ပံတောင်းဒေ သခံ ဒေါ်ခင်ဝင်း၊ အလွတ်သတင်းထောက် ကိုပါကြီးတို့ရဲ့ မိသားစုဝင်တွေ တက်ရောက်ခဲ့ပြီး ဆုတောင်း စကားတွေ ပြောကြားခဲ့ကြပါတယ်။

ကချင်ကျောင်းဆရာမနှစ်ဦးဟာ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်၊ ပန်ဆိုင်း ကြူကုတ်မြို့ ကောင်းခါးကျေးရွာမှာ ဇန်န၀ါရီလ ၁၉ ရက်နေ့က သတ်ဖြတ်ခံခဲ့ရ တာဖြစ်ပါတယ်။

တက်ရောက်လာကြသူတွေက အလှူငွေတွေ ထည့်ဝင်ကြပြီး သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကို တစ်ပါ တည်းပေးအပ်လှူဒါန်းခဲ့ကြပါတယ်။

ဒီနေ့အခမ်းအနားကို ဂရုဏာရှင်အမျိုးသမီးကွန်ရက်က ဦးဆောင်ကျင်းပခဲ့တာဖြစ်ပြီး ဘာသာကြီးလေးခု က ခေါင်းဆောင်တွေ တက်ရောက်ဆုတောင်းပေးခဲ့ကြပါတယ်။

RFA

ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆန်းမြို့မှာကျင်းပမယ့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ညီလာခံမှာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရပ်တန့်ရေးအတွက် အသေးစိတ်ဆွေးနွေး ကြမယ်လို့ ညီလာခံကျင်းပရေးကော်မတီက ပြောပါတယ်။

လတ်တလောဖြစ်နေတဲ့ တိုက်ပွဲတွေ အမြန်ဆုံးရပ် စဲနိုင်ရေးနဲ့ ငြိမ်းချမ်းရေးကို နိုင်ငံရေးနည်းလမ်း နဲ့ ဆွေးနွေးနိုင်တဲ့အထိ အဓိကဆွေးနွေးကြမယ်လို့ ညီလာခံ ကျင်းပရေးကော်မတီ UWSA ရဲ့ ပြောခွင့်ရသူ ဦးအောင်မြင့်က ပြောပါတယ်။

"ကျနော်တို့အစည်းအဝေးရဲ့ရည်မှန်းချက်ကလည်း တစ်တိုင်းတစ်ပြည်လုံးရဲ့ ရေရှည်ငြိမ်း ချမ်းရေးပေါ့နော်၊ ထာဝရငြိမ်းချမ်းရေးအတွက်ကို ဦးတည် ပြီးတော့ ခေါ်ယူဆွေးနွေးကျမှာဖြစ်ပါတယ်၊ ဒါကြောင့်မို့လို့ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေ မြန်မြန်လေး ရပ်စဲနိုင်အောင် ဒီတွေ့ဆုံဆွေးနွေးရေးကနေတစ်ခါတည်း ငြိမ်းချမ်းရေးရရှိနိုင်အောင် ခြေလှမ်း လှမ်းနိုင်အောင် ဆွေးနွေးဖို့ရည်မှန်းချက်ထားရှိပါတယ်၊ ငြိမ်းချမ်းရေးမလိုချင်ဘူးဆိုတဲ့အဖွဲ့အစည်းကတော့ မရှိပါဘူး"

မေလ ၁ ရက်နေ့ကနေ ၃ ရက်ကြာကျင်းပမယ့် ပန်ဆန်းညီလာခံမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့ကို ဖိတ်ကြားထားပြီး အစိုးရနဲ့ တိုက်ပွဲတွေဖြစ် ပွားနေတဲ့ ကိုးကန့်လက်နက်ကိုင် MNDAA ၊ ရခိုင်တပ်မတော် AA နဲ့ တအာင်းပလောင် လွတ်မြောက်ရေးတပ်မတော် TNLA အဖွဲ့တို့လည်း တက်ရောက်မှာဖြစ်ပါတယ်။

လောက်ကိုင်ဒေသမှာ အစိုးရနဲ့ MNDAA ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့တို့ တိုက်ပွဲတွေဖြစ်ပွားနေတာ ၂ လကျော် ကြာနေပြီဖြစ်ပါတယ်။ ဒ့ါအပြင် ရခိုင်ပြည် နယ် ကျောက်တော်မြို့နယ်မှာလည်း ရခိုင်တပ်မတော် AA နဲ့ အစိုးရ တပ်မတော်တို့ တိုက်ပွဲတွေဖြစ်နေပါတယ်။

ပန်ဆန်းညီလာခံကို ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ၊ မိုင်းလားနဲ့ KIO ကချင်လွတ်မြောက်ရေး တပ်မတော်တို့က ဦးဆောင်ကျင်းပတာဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့၁၂ ဖွဲ့ တက်ရောက်မှာ ဖြစ်ပါတယ်။

RFA

လာမယ့် ၂ဝ၁၅ရွေးကောက်ပွဲအပြီး သမ္မတရွေးချယ်ရာမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်သင့်တယ်လို့ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်က ပြောဆိုလိုက်တယ်လို့ Yonhap သတင်းဌာနက ဆိုပါတယ်။

"ကျနော့်ပုဂ္ဂလိကအမြင်အရ ခေါင်းဆောင်ရွေးချယ်ရာမှာ လူတိုင်းပါဝင်သင့်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ တော်တဲ့သူတစ်ယောက်ဖြစ်ပြီး နိုင်ငံအတွင်းမှာလည်း နိုင်ငံရေးပုံရိပ်ရှိသူဖြစ်ပါတယ်။ ကျနော့်အနေနဲ့ တိုင်းပြည်ခေါင်းဆောင်အဖြစ် ရွေးချယ်ရာမှာ သူ့ကို ပါစေချင်ပါတယ်"လို့ တောင်ကိုရီးယား သတင်းဌာန Yonhap က ရေးသားခဲ့ပါတယ်။

နောက်ထပ် သမ္မတက ဘယ်သူပဲဖြစ်ဖြစ် တိုင်းပြည်ကောင်းဖို့အတွက် လုပ်ရမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် ရွေးချယ်ခံစေလိုတာက နိုင်ငံတော်အကျိုးစီးပွားအတွက်ဖြစ်ပြီး ပုဂ္ဂိုလ်ရေးကြောင့် မဟုတ်ပါဘူးလို့ ဦးခင်အောင်မြင့်ရဲ့ ပြောဆိုချက်ကို ဖော်ပြထားပါတယ်။

"ကျနော်တို့တွေဟာ ပြဿနာတစ်ခုကို ကြည့်မယ်ဆိုရင် တစ်ဦးတစ်ယောက်အမြင်ကနေ ချဉ်းကပ်တာထက် တစ်နိုင်ငံလုံးရဲ့ အမျိုးသားအကျိုးစီးပွားကနေ ချဉ်းကပ်ရမှာဖြစ်ပါတယ်"လို့ Yonhap သတင်းဌာနနဲ့တွေ့ဆုံပြီး ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေး ၆ပွင့်ဆိုင် ဆွေးနွေးပွဲမှာ ပါဝင်သူတစ်ဦးဖြစ်တဲ့ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်ဟာ တောင်ကိုရီးယားနိုင်ငံ လွှတ်တော်ဥက္ကဌ Chung Eui-hwa နဲ့တွေ့ဆုံဖို့ ဆိုးလ်မြို့ကို ရောက်ရှိနေတာဖြစ်ပါတယ်။

"ဒီမိုကရေစီအသွင်ပြောင်းလဲရေးဖြစ်စဉ်မှာ နိုင်ငံရဲ့ကံကြမ္မာကို ဆုံးဖြတ်ရာမှာ တစ်ဦးတစ်ယောက်၊ ဒါမှမဟုတ် အခြားတစ်ယောက်အပေါ် အာရုံထားရတယ်ဆိုတာ မဖြစ်သင့်ဘူး"လို့ ဦးခင်အောင်မြင့်က ပြောဆိုခဲ့ပါတယ်။ အဲဒီ တစ်ဦးတစ်ယောက်ဆိုတာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကိုတော့ ထုတ်မပြောခဲ့ပါဘူး။

"လာမယ့် ရွေးကောက်ပွဲဟာ ကျနော်တို့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ ဒုတိယအကြိမ် ရွေးကောက်ပွဲဖြစ်ပြီး တိုင်းပြည်အတွက် အင်မတန်ကို အရေးကြီးပါတယ်။ ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲလွန်ကာလတွေဟာ တည်ငြိမ်ဖို့ လိုပါတယ်။"လို့ ဦးခင်အောင်မြင့်က ဆိုပါတယ်။
.
Credit : Kamayut Media

လာမယ့်မေလ ၁ ရက်နေ့ကျရောက်မယ့် အပြည်ပြည် ဆိုင်ရာ အလုပ်သမားနေ့နဲ့ မေလ ၂ ရက်နေ့မှာ ကျရောက်မယ့် ကဆုန်လပြည့်နေ့တွေမှာ မြန်မာ-ယန်စီ၊ မြန်မာ-ဝမ်ပေါင် နဲ့ စီနိုဝမ် စတဲ့ တရုတ်ကြေးနီ ထုတ်လုပ်ရေးကုမ္ပဏီတွေမှာ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားစုစုပေါင်း ၁ သောင်းလောက် အလုပ်မဆင်း ဘဲ ဆန္ဒပြကြမယ်လို့ သိရပါတယ်။

အလုပ်သမားတွေတောင်းဆိုနေတဲ့ အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ရေး အဆင်မပြေသေးတာကြောင့် ခုလိုဆန္ဒပြရ တာဖြစ်တယ်လို့ မြန်မာ-၀မ်ပေါင်ကုမ္ပဏီလက်အောက်ခံ စီနိုဝမ်းကုမ္ပဏီက ယန္တယားကြီးမောင်းလုပ်သား ဦးဌေးအောင် က ပြောပါတယ်။

"ကျနော်တို့က ယန်စီက ၆၀၀၀ လောက်ရှိတယ်၊ စီနိုဝမ်က ၂၀၀၀နဲ့ ဝမ်ပေါင်က ၄၀၀၀ ကျော်လောက်ရှိတယ်၊ တစ်သောင်းလောက် ပါ၊ ကျနော်တို့တောင်းဆိုထားတဲ့ လစာတိုးဖို့ရာခိုင်နှုန်း သတ်မှတ်ထားတဲ့ ရာခိုင်နှုန်းမရလို့ ကျနော် တို့တောင်းဆို ဆန္ဒပြတာပါ၊ ကျနော်တို့ တောင်းဆိုထားတာ မရမချင်း အများပြည်သူရုံးပိတ်ရက်တွေ မှာ တောင်းဆို ဆန္ဒပြသွားမှာဘဲ"

အဲဒီအလုပ်သမား ၁ သောင်းလောက်ဟာ သူတို့တောင်းဆိုထားတဲ့ လုပ်ခလစာ သတ်မှတ်ချက် မရမချင်း အချိန် ပိုကြေးနှစ်ဆရတဲ့ ရုံးပိတ်ရက်တိုင်း အလုပ်မဆင်းဘဲ ဆက်လက်ဆန္ဒပြသွားမယ်လို့ ပြောပါတယ်။

ဒီအတောအတွင်း မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ကလည်း မေလ ၁ ရက်၊ အပြည်ပြည်ဆိုင်ရာ အလုပ် သမားနေ့အခမ်းအနားကို မန္တလေးမြို့မှာ ကျင်းပသွား မှာဖြစ်ပြီး၊ အခမ်းအနားအပြီးမှာ အလုပ်သမားနှီးနှောဖလှယ်ပွဲ တစ်ခု ဆက်လက်ကျင်းပမယ်လို့ သိရပါတယ်။

အဲဒီပွဲမှာ ပြည်နယ်နဲ့ တိုင်းအသီးသီးက အလုပ်သမားတွေရဲ့ ပြသနာတွေကို အဓိကထားဆွေးနွေးသွားမယ်လို့ မြန် မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဌ ဦးအောင်လင်း ကပြောပါတယ်။

"မနက်ပိုင်းမှာ လုပ်နေကျအတိုင်းဘဲ အခမ်းအနားဖွင့်လှစ်ပွဲလုပ်ပါမယ်၊ အခမ်းအနားဖွင့်လှစ်ပွဲလုပ်ပြီး ရင်တော့ အလုပ်သမားထု နှီးနောဖလှယ်ပွဲ လုပ်ပါမယ်၊ အလုပ်သမားတွေအသံကို နားထောင်ပါမယ် "

မေလ ၁ရက် မန္တလေးမြို့မှာကျင်းပမယ့် ကမ္ဘာ့အလုပ်သမားနေ့နဲ့ အလုပ်သမား နှီးနှောဖလှယ်ပွဲကို ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းတို့က အလုပ်သမားသမဂ္ဂဝင် ၂၀၀၀ ကျော်တက်ရောက်မယ်လို့ သိရပါတယ်။

RFA



နီပေါနိုင်ငံမှာ ဧပြီ ၂၅ ရက်က လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် ဘေးဒုက္ခရောက်နေသူတွေ ရှိရာ အစွန်အဖျား ဒေသက ရွာတွေကို အကူအညီတွေ စတင်ရောက်ရှိနေပြီ ဖြစ်ပေမယ့် ဒေသအများအပြားမှာ သောက်သုံး ရေနဲ့ အစားအသောက်တွေ လိုအပ်နေဆဲ ဖြစ်ပါတယ်။

ခတ္တမန္ဒူ မြို့ ချိုင့်ဝှမ်းဒေသရှိ Dhading နဲ့ Gorkha ဒေသတွေကို ကူညီ ကယ်ဆယ်ရေး အထောက်အပံ့တွေ ရောက်ရှိနေပြီ ဖြစ်ပါတယ်။

ပြင်းအား 7.8-magnitude ရှိတဲ့ ငလျှင်ကြီးလှုပ်ခတ်ခဲ့တဲ့အတွက် သေဆုံးသူပေါင်း ၅ ထောင်ကျော် ရှိသွားပြီ ဖြစ်ပြီး နီပေါနိုင်ငံမှာ ၀မ်းနည်းပူဆွေးတဲ့အထိမ်းအမှတ်အဖြစ် ၃ ရက် ကြေညာထားပါတယ်။

နီပေါနိုင်ငံရှိ ခရိုင် ၃၉ ခုမှာ ထိခိုက်ပျက်စီးမှုနဲ့ ကြုံတွေ့နေရသူ အရေအတွက်ဟာ ၈ သန်းကျော် လိမ့်မယ်လို့ ခန့်မှန်းပြီး ထိခိုက်ဒဏ်ရာသူပေါင်း ၁ သောင်းကျော် ရှိတယ်လို့ ကုလသမ္မဂ ကပြောပါတယ်။

ငလျင်ဒဏ် အပြင်ထန်ဆုံးခံခဲ့ရတဲ့ Gorkha ဒေသမှာတော့ ဆာလောင်မွတ်သိပ်နေကြတဲ့ သူတွေဟာ ရောက်လာတဲ့ ကယ်ဆယ်ရေး ရဟတ်ယာဉ်တွေထံ အပြေးအလွှားသွားရောက်ပြီး သူတို့ကို သယ်ဆောင်ပေးဖို့ ပြောဆိုနေကြတယ်လို့ သိရပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese


 ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ဖတ်ကာ – နမ့်ခမ်းသွားလမ်း ၁၂ မိုင်ကနေ မူဆယ်မြို့နယ် ရဲစခန်းမှာ ခေါ်ယူစစ်ဆေးခဲ့တဲ့ နိုင်ငံခြားသား ၂ ဦးကို ဒီကနေ့ ညနေ ၃ နာရီလောက်မှာ ပြန်လွှတ်ပေးလိုက်ပြီလို့ ပြည်နယ်ရဲတပ်ဖွဲ့က ပြောပါတယ်။

သူတို့ဟာ လက်နက်ကိုင်အဖွဲ့တွေ လှုပ်ရှားတဲ့ နယ်မြေထဲကို ၀င်ရောက်သွားတဲ့အတွက် လုံခြုံရေးအရ ခေါ်ယူစစ်ဆေးခဲ့တာလို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ ဒုပြည်နယ်ရဲမှူး အောင်မြတ်မိုးက ဒီဗွီဘီကို ပြောပါတယ်။

“လက်နက်ကိုင်သောင်းကျန်းသူတွေ လှုပ်ရှားတဲ့ နယ်မြေကိုရောက်သွားလို့ ပြည်သူ့စစ်အဖွဲ့ကနေ တွေ့ရှိခေါ်ဆောင်ခဲ့ပြီး ကျနော်တို့ လိုအပ်တဲ့စစ်ဆေးမှုတွေ လုပ်ပါတယ်။ အဲဒီနယ်မြေမှာ တိုက်ပွဲတွေလည်း မကြာခဏဖြစ်နေတယ်။ နှစ်ဘက်ပစ်ခတ်တဲ့ကြားထဲ ရောက်သွားရင် အသက် အန္တရာယ်ရှိမှာစိုးလို့လေ။ တခြားနိုင်ငံသားတွေ တစုံတခု ဒုက္ခရောက်မှာစိုးလို့ သူတို့ဘယ်တွေ သွားခဲ့သလဲ၊ ဘာတွေလုပ်ခဲ့သလဲ စိစစ်တဲ့သဘောပါ။ အမေရိကန်နိုင်ငံသားတယောက်နဲ့ သြစတြီးယားနိုင်ငံသားတယောက်ပေါ့။ သူတို့မှာ တရားဝင်ဗီဇာပါတယ်၊ ပတ်စပို့ပါတယ်။ အခုတော့ ပြန်လွှတ်ပေး လိုက်ပါတယ်။ လ၀ကကို လွှဲပေးလိုက်ပါတယ်။ လ၀က က လားရှိုးကို လိုက်ပို့တယ်။ ကားငှားပြီး လမ်းစရိတ်တွေ ဘာတွေပါ ထောက်ပံ့ပေးလိုက်ပါတယ်။”

ပြန်လွှတ်ပေးလိုက်တဲ့ နိုင်ငံခြားသား ၂ ဦးကတော့ အမေရိကန် နိုင်ငံသား Mr.Nazaryan Khachaturn နဲ့ သြစတြီးယားနိုင်ငံသား Mr. Christian Johnnex Viets တို့ဖြစ်ပြီး သတင်းစုဆောင်းကာ တခြားသတင်းဌာနကို ပေးပို့ရောင်းချနေသူတွေ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံထဲကို ၂၀၁၃ ခုနှစ်ကတည်းက ရောက်ရှိကာ ထိုင်းနိုင်ငံမှာ ဗီဇာတိုးပြီး ၀င်ထွက်သွားလာနေတာလို့ ပြည်နယ်ရဲ အရာရှိက ပြောပါတယ်။

အဆိုပါ နိုင်ငံခြားသား ၂ ဦးဟာ သွားလာဖို့ မိုင်းညီလေး လို့ခေါ်တဲ့ ပလောင်လူငယ်တဦးရဲ့ ပါဂျရိုကားကို ငှားရမ်းခဲ့ကြောင်း၊ ကားပေါ်မှာ ကျည်ဆန် ၂၂ တောင့်နဲ့ စိတ်ကြွဆေးပြား ၄၀ ပြား တွေ့ရှိတဲ့အတွက် မိုင်းညီလေးကို မူးယစ်မှု၊ လက်နက်မှုနဲ့ အမှုဖွင့်ထားကြောင်း၊ သူဟာ တီအန်အယ်လ်အေ ပလောင်လက်နက်ကိုင်အဖွဲ့ဝင်လို့ သံသယရှိပြီး ဆက်လက်စစ်ဆေးနေကြောင်း၊ ဒါပေမယ့် မိုင်ညီလေးကတော့ ခုထိဝန်မခံသေးဘူးလို့ ဆိုပါတယ်။

နိုင်ငံခြားသားတွေအနေနဲ့ မူဆယ်ခရိုင်ထဲကို သွားလာခွင့်ရှိပေမယ့်လည်း အခုလို လက်နက်ကိုင်အဖွဲ့တွေရှိတဲ့နေရာ၊ တိုက်ပွဲဖြစ်တတ်တဲ့နေရာတွေကို ရှောင်ရှားသင့်ကြောင်း၊ မသွားမဖြစ် သွားလာမယ်ဆိုရင် ရဲစခန်းတွေ၊ ဒေသခံအာဏာပိုင်အဖွဲ့အစည်းတွေနဲ့ အရင် တွေ့ဆုံမေးမြန်းသင့်တယ်လို့ ပြည်နယ်ဒုရဲမှူးက ပြောပါတယ်။

ရန်ကုန်မှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကတော့ ဖမ်းဆီးခံခဲ့ရသူတွေနဲ့ အဆက်အသွယ်ရပြီး လိုအပ်တဲ့ အကူအညီတွေပေးနေပြီလို့ ဒီဗွီဘီကို ပြောပါတယ်။

 By နန်းမြနဒီ (ဒီဗွီဘီ)
http://burmese.dvb.no


 ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ မကြာခင်က ရရှိလိုက်တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကနေ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဖြစ်ထွန်းလာနိုင်ပါ့မလားဆိုတာ လူအတော်များများ သံသယ ရှိကြတာကို တွေ့ရပါတယ်။ တကယ့်အလားအလာ ဘယ်လို ဖြစ်လာနိုင်ပါသလဲ လက်ပူတိုက် ငြိမ်းချမ်းရေး မဖြစ်ရလေအောင် ဘယ်လိုလုပ်သင့်ပါသလဲ။ ညီညွတ်သော တိုင်းရင်းသားများ မဟာမိတ်အဖွဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးစိုင်းညွန့်လွင်နဲ့ မြန်မာငြိမ်းချမ်းရေးစင်တာ (Myanmar Peace Center) အဖွဲ့ဝင် ဒေါက်တာ အင်ဒရူး ငွန်ကျုံးလျန် ("Andrew" Ngun Cung Lian) တို့နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ မကြာသေးခင်မှာ မြန်မာနိုင်ငံမှာ အပစ်အခတ်ရပ်စဲဖို့ အရေးကြီးတဲ့ သဘောတူညီမှုတခု ရတယ်လို့ သိရပါတယ်။ ဒီ သဘောတူညီချက်ဟာ ဘယ်လောက် စစ်မှန်သလဲ။ အမှန်တကယ် တိုင်းရင်းသားတွေ မျှော်မှန်းတဲ့ ငြိမ်းချမ်းရေးကို ရနိုင်တဲ့ အလားအလာ ရှိသလား။ သို့တည်းမဟုတ် မှားယွင်းသော မျှော်လင့်ချက်များ (False Hope) များ ဖြစ်နေသလားဆိုတာကို ဆန်းစစ်ချင်ပါတယ်။ ပထမဦးဆုံး ဒေါက်တာအင်ဒရူး … ဒီသဘောတူညီချက်က ဘယ်လောက်အထိ ခိုင်မာစိတ်ချရသလဲဆိုတာကို အကျဉ်းရုံး ပြောပြပါလား။

ဒေါက်တာ အင်ဒရူး ။ ။ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲမှု မူကြမ်းအပေါ် သဘောတူညီချက်ဆိုတာ ကျနော်တို့သမိုင်းမှာ မရှိခဲ့ဘူးတဲ့ အရာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်ရှေ့ အဆက်ဆက်က အစိုးရလက်ထက်မှာ တဖွဲ့ချင်းနဲ့ ဆွေးနွေးလာခဲ့တယ်။ ဒါပေမဲ့ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ (၁၆) ဖွဲ့ကို ဘောင်ခတ်ပြီးတော့ ဆွေးနွေးလာပြီးတော့ အခုနပြောတဲ့ NCA (Nationwide Ceasefire Agreement) ကို လက်မှတ်ရေးထိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ကျနော့်အမြင်မှာတော့ သဘောတူညီချက် လက်မှတ် ရေးထိုးလိုက်တာနဲ့ အကုန် လုံးက ပြည့်စုံတာ မဟုတ်ပါဘူး။ အဲဒီပြည့်စုံအောင်လို့ ကျနော်တို့စပြီး စကားပြောကြစို့ဆိုတဲ့ အနေအထားတခုကို ဖန်တီးလိုက်နိုင်တဲ့အတွက် ဒီ NCA ဆိုတာ ကျနော်တို့ မြန်မာနိုင်ငံအတွက် အနာဂတ်မှာ အကောင်းဆုံးသော သမ္မတကြီး ပြောသလို ငြိမ်းချမ်းရေး ဆွေးနွေးရေး လမ်းကြောင်းကို ရောက်နိုင်ဖို့ တံခါးဖွင့်ပါတယ်ဆိုတဲ့ ပြောဆိုချက်ကို အဲဒီလိုပဲ ရှုမြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးစိုင်းညွန့်လွင်ကို မေးချင်ပါတယ်။ စည်းလုံးညီညွှတ်သော တိုင်းရင်းသားမဟာမိတ်အဖွဲ့ရဲ့  ခေါင်းဆောင်တဦးအနေနဲ့ ဘယ်လို သုံးသပ်လိုပါလဲ။ ဒီသဘောတူညီချက်ကို။

ဦးစိုင်းညွန့်လွင် ။ ။ ကျနော်တို့အနေနဲ့ ဒါကို ကြိုဆိုရမှာပါ။ အင်ဒရူး ပြောသလိုပါပဲ တံခါးဖွင့်တဲ့ အခြေအနေတော့ ရောက်သွားပြီ။ သို့သော် ရာနှုန်းပြည့်တော့ စိတ်ချရတဲ့ အနေအထားမျိုး မရှိသေးပါဘူး။ လက်မှတ်မထိုးခင်မှာ အချိန်မရွေး တဘက်ဖက်က အမှားအယွင်းတခုခု ပြုမိခဲ့လို့ရှိရင် ပျက်သွားနိုင်တဲ့ အနေအထားရှိတယ်။ ဒီလို အခြေအနေကောင်းကြီး ရခဲ့တဲ့ဟာကို ဆက်လက်သယ်ဆောင်သွားဖို့ လိုပါတယ်။ အပြီးသတ် ဆွေးနွေးပွဲရမှ တပြည်လုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုတာ ကြေညာတယ်ဆိုရင် ပိုမှန်ပါတယ်။ အခုဆိုရင် တချို့ နေရာတွေမှာ ပစ်ခတ်တိုက်ခိုက်မှုတွေက ရှိနေတုန်းပဲ။

ဦးကျော်ဇံသာ ။ ။ အခု ရရှိတဲ့ သဘောတူညီမှုနဲ့ ပတ်သက်ပြီး အခြေခံ ကွဲလွဲမှုတခု အစဉ်အလာအားဖြင့် လူတိုင်းစိတ်ထဲမှာ စွဲမြဲနေတာက တိုင်းရင်းသားတွေ လိုချင်တဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို မြန်မာနိုင်ငံအစိုးရဘက်က သဘောထား တင်းမာသူ တချို့ ။ အထူးသဖြင့် တပ်မတော်ပိုင်းက တချို့ က သိပ်သဘောမတူဘူး။ ဘဝင်မကျဘူး။ မယုံကြည်ဘူး။ ဒါပေးလိုက်ရင် ပြည်ထောင်စု ပြိုကွဲမယ်ဆိုတဲ့စိတ် ရှိနေတယ်လို့ ယူဆခဲ့ကြပါတယ်။ ဒီကိစ္စ ဘယ်လောက်အထိ ပွင့်လင်းသွားကြပြီလဲ။ ဒီကိစ္စကို ဆက်လက်ဆွေးနွေးဖို့ လမ်းပွင့်သွားတာလား။ ဒီကိစ္စကို လက်ခံတဲ့အဆင့် ရောက်သွားပြီလား။

ဒေါက်တာ အင်ဒရူး ။ ။ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုတာ ၁၉၆၂ ကနေ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ စတင်တဲ့အချိန်အထိ ပြောလို့ဆိုလို့ မရတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနောက်ပိုင်းမှာက ဘာဖြစ်လဲဆို သမ္မတကြီးကိုယ်တိုင်က ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကို တည်ထောင်မယ်ဆိုတဲ့ကိစ္စမှာ တပ်မတော်ဘက်ကလည်း အပြည့်အဝ ထောက်ခံလာတယ်။ ကျနော်တို့ အစည်းအဝေး တပ်မတော်နဲ့တွဲပြီး လုပ်တဲ့အချိန်မှာ ဘယ်တော့မှ ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကို ကန့်ကွက်တယ်။ မလိုလားဘူး။ ဒါ ပြည်ထောင်စု ပြိုကွဲရေးဆိုတဲ့ဟာ မပြောပါဘူး။ အဲဒီတော့ ကျနော်တို့က ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ထောင်ဖို့က ဒီ အပစ်အခတ်ရပ်စဲရေး စာချုပ် NCA မှာ သဘောတူပြီးပါပြီ။ ဒါပေမဲ့ အကောင်အထည်ဖော်တဲ့ အပိုင်းကတော့ (၁၀) နှစ်ကြာရင်ကြာမယ်။ အနှစ် (၂၀) ကြာရင်ကြာမယ်။ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့အားလုံးက တည်ဆောက်ရမယ့်စနစ် ဖြစ်လို့ပါ။

ဦးကျော်ဇံသာ ။ ။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဦးစိုင်းညွန့်လွင်ရဲ့  သဘောထားကိုလည်း သိချင်ပါတယ်။ အစိုးရဘက်က ဒါကို ယုံကြည်ပြီဆိုတာ တကယ်ပဲ စစ်မှန်တဲ့ ယုံကြည်မှုလို့ ထင်ပါသလား။

ဦးစိုင်းညွှန့်လွင် ။ ။ အစိုးရဘက်က ဒီဟာကိုဖြစ်အောင် အလေးအနက်ထားပြီး လုပ်နေတယ်ဆိုတာကို ကျနော် တော်တော်လေး ယုံကြည် ပါတယ်။ သို့သော်လည်း နိုင်ငံရေးသဘောတူညီမှုရတဲ့ အချိန်အထိကို သွားဖို့ကတော့ နည်းနည်းတော့ သံသယရှိသေးတယ်။ အများကြီး ဆွေးနွေးရအုံးမှာဖြစ်တယ်။ အခု NCA မူကြမ်းမှာ တချို့ ကိစ္စတွေက မကျော်လွှာနိုင်ဘူး။ ဒါကို မူဘောင်ရေးတဲ့ အချိန်မှ ဆွေးနွေးမယ်။ ဒါမှမဟုတ် နိုင်ငံရေးတွေ့ဆုံဆွေးနွေးတဲ့အချိန်မှ ဆွေးနွေးမယ်ဆိုပြီး ကျော်လွှားသွားတယ်။ ကျော်လွှားတဲ့ကိစ္စတွေက တကယ့်နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေမှာ လာပြီးတော့ အခက်အခဲ ဖြစ်နိုင်တယ်။ အဲဒီအချိန်ကြရင် ကျနော်တို့ ဆွေးနွေးဘက်တွေက ဘယ်လောက်အထိ ရင့်ကျက်မှု ရှိသလဲ။ ဘယ်လောက်အထိ တိုင်းပြည်အပေါ်မှာ စေတနာ ရှိသလဲ။ ဒီအပေါ်မှာ အများကြီး မူတည်သွားပါပြီ။

ဦးကျော်ဇံသာ ။ ။ ကျနော်လည်း အဲဒါကို ပြောချင်ပါတယ်။ အခု ရွေးကောက်ပွဲ နီးကပ်လာတဲ့အချိန်မှာ ဒါလုပ်ပေးလိုက်ခြင်းအားဖြင့် အာဏာလက်ရှိ အင်အားစုဘက်က အရေးသာသွားတာပေါ့။ ဘာပဲဖြစ်ဖြစ် ဒါကို လုပ်ပေးနိုင်တယ်ဆိုတာ။ ဒီလိုကြောင့် လုပ်တယ်ဆိုတာ မပြေးသော်လည်း ကန်ရာရှိ။ အဲဒီလို လက်ပူတိုက်ပြီးတော့ လုပ်လိုက်တဲ့အတွက်ကြောင့် အရေးကြီးတာကို သဘောတူညီမှု မရဘဲနဲ့ နောက်ဆွေးနွေးမယ်ဆိုပြီ ပစ်ထားလိုက်တာလား။ တကယ်တမ်းကော နောက်ကို ဆွေးနွေးပွဲနဲ့ အဖြေရှာနိုင်မလား။ လက်နက်ကိုင်ပဋိပက္ခဆီကို ပြန်မရောက်သွားနိုင်တော့ဘူးလားဆိုတာ အရေးကြီးတယ်လို့ ထင်ပါတယ်။ ဒေါက်တာ အင်ရူး သဘောကို ပြောပါ။

ဒေါက်တာ အင်ဒရူး ။ ။ နံပါတ်တစ်အချက်က အပစ်အခတ်ရပ်စဲဖို့ လိုပါတယ်။ အပစ်အခတ်ရပ်စဲပြီးမှ နိုင်ငံရေးစားပွဲဝိုင်းမှာ အမြင်မတူတဲ့ ဖက်ဒရယ်ကိစ္စနဲ့ ပတ်သက်ပြီးတော့ အစိုးရဘက်ကအမြင်၊ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်ဘက်ကအမြင်၊ ကျန်တဲ့အုပ်စု အဖွဲ့အစည်းတွေ အမြင်တွေအားလုံးကို ဆွေးနွေးပြီးတော့ အဖြေရှာရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလို အဖြေရှာနိုင်ဖို့ အခင်းအကျင်းတခုကို ကျနော်တို့ လွတ်လပ်ရေးရပြီးတဲ့အချိန်ကနေ ဒီနေ့အထိ မရခဲ့ပါဘူး။ အခုန အန်ကယ်ပြောတဲ့အထဲမှာ လက်ရှိ ဖြစ်နေတဲ့ အနေအထားမှာ ဦးဆောင်နေတဲ့သူတွေက အခွင့်အရေးယူတယ်ဆိုတဲ့ဟာမျိုး ဒါမှမဟုတ် သူတို့ရဲ့  ရေရှည်အကျိုးအမြတ်ဆိုတာမျိုး ကျနော် မမြင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ယူချင်လဲ ယူလို့မရဘူး။ စိတ်ထားစေတနာကောင်းနဲ့ အုတ်မြစ်ချပြီးတော့ ကျနော်တို့ ရှေ့ ဆက်ပြီးတော့ သွားရမယ် ဆိုတဲ့ လမ်းကြောင်းအမှန်ပေါ်ကို တင်ပေးနိုင်တာ အခုန အန်ကယ်စိုင်းညွန့်လွင် ပြောသလိုပဲ ကျနော်ကတော့ ထောက်ခံပါတယ်။

ဦးကျော်ဇံသာ ။ ။ တချို့ ကို ကျော်သွားတယ်ဆိုလို့ လက်ပူတိုက်ပြီးတော့ ပြီစလွယ်ရအောင် လုပ်သလားဆိုတဲ့ မေးခွန်းကို မေးခဲ့တာပါ။ ဦးစိုင်းညွှန့်လွင် ဘာပြောချင်ပါလဲ။

ဦးစိုင်းညွှန့်လွင် ။ ။ အပစ်အခတ်ရပ်စဲပြီးမှ နိုင်ငံရေးဆွေးနွေးတယ် စသဖြင့် ဒီအယူအဆကို မငြင်းဆန်လိုပါဘူး။ တယောက်နဲ့တယောက် ပစ်ခတ်တိုက်ခတ်တာတွေ ရပ်သွားပြီးမှ ဆွေးနွေးတာ အကောင်းဆုံးပေါ့။ တကယ်လို့သာ အဲဒီလို အခြေအနေမျိုးမပေးဘဲ ဆွေးနွေးပွဲတွေ လုပ်လို့ရပါတယ်။ ကမ္ဘာစစ်ကြီးတွေမှာလည်း ဆွေးနွေးပွဲတွေပြီးမှ အပစ်အခတ်ရပ်စဲသွားတာတွေလည်း ရှိခဲ့ဖူးပါတယ်။ အဓိကတော့ နိုင်ငံတော်ပေါ် ဘယ်လို စေတနာထားလဲ။ တယောက်နဲ့တယောက် ဘယ်လောက်အထိ အမြင်တွေ ဖလှယ်နိုင်မလဲ။ အပေးအယူတွေ ဘယ်လောက်အထိ မျှနိုင်မလဲ။ တယောက်က အသာစီးယူပြီး တယောက်ကို နှိမ်ထားရင်တော့ ဒါက မဖြစ်နိုင်ဘူး။ ဒီလို အနေအထားတွေကို ကျော်လွှားနိုင်ရင်တော့ ကျနော်ထင်တယ် ကောင်းတဲ့အနေအထားကို ရောက်သွားမယ်လို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒီလို အပစ်အခတ်ရပ်စဲရေးကို ဒေါက်တာအင်ဒရူး က ပြောတယ် မြန်မာ့သမိုင်းမှာ လွတ်လပ်ရေးရပြီးကတည်းက ဒီလို အခွင့်အလမ်းမျိုး မရခဲ့ဘူး။ တကယ်တော့ နဝတ၊ နအဖ လက်ထက်ကလဲ တိုင်းရင်းသား အင်အားစုတချို့ နဲ့ အပစ်အခတ်ရပ်စဲရေး နှစ်အတော်ကြာ (၁၄) နှစ်၊ (၁၇) နှစ်ကြာ ရခဲ့တယ်ဆိုတာကို သိပါတယ်။ အဲဒီတုန်းက အပစ်ရပ်စဲရေးအဖွဲ့တွေကို နောက်မကြာခင်မှာ အစိုးရတွေ့မယ်။ ငြိမ်အဖွဲ့ဆိုပြီး ဆိုင်ဘုတ်တပ်လိုက်တယ်။ နောက်ပိုင်းမှာ နိုင်ငံရေးသဘောတူညီမှုအဆင့်ကို တိုးတက်မလာခဲ့ဘူး။ ဆိုတော့ အခုအခြေအနေဟာ ယခင်လို မဖြစ်တော့ဘဲနဲ့ တကယ်ရှေ့ ကို တိုးသွားမယ်ဆိုတာ ဘယ်ဖက်က ပိုပြီးပြောင်းလဲလာလို့လဲ။

ဒေါက်တာ အင်ဒရူး ။ ။ အရင် တပ်မတော်အစိုးရလက်ထက်တုန်းက လုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ အခုလုပ်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်က တော်တော်ကွာပါတယ်။ နံပါတ်တစ်အချက်က ဘာလဲဆိုရင် အရင် တပ်မတော်အစိုးရလက်ထက်တုန်းက လုပ်ထားတဲ့ကိစ္စက နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းအရ ဖြေရှင်းနိုင်တဲ့ အနေအထား မရောက်မချင်း ဘာမှ နိုင်ငံရေးကိစ္စကို မဆွေးနွေးဘူး။ အခုကတော့ နိုင်ငံရေး ပြဿနာကို အခုအချိန်ကနေ စပြီဆွေးနွေးမယ်။ ဘာကွာလဲဆိုတော့ အရင်တုန်းက Disarmament လက်နက်ကို အရင်ဖြုတ်ပြီးမှ ဒါမှမဟုတ် တပ်မတော်ရဲ့ အောက်ကို ဝင်ပြီးမှ နိုင်ငံရေးဆွေးနွေးမယ်။ အခုအချိန်မှာ ဖြစ်နေတဲ့ ဆွေးနွေးပွဲက SSR လိုခေါ်တဲ့ Security Sector Reform ကို base လုပ်ပြီးတော့ ခင်များတို့လက်ထဲမှာ သေနတ်ကိုင်ထားပါ။ ကျနော်တို့ နိုင်ငံရေးကို အရင်ဆွေးနွေးပြီးမှ အားလုံးသဘောတူတဲ့ အခါကျရင် ကျနော်တို့တိုင်းပြည်မှာ နိုင်ငံရေးပြဿနာကို ဘယ်လို ဖြေရှင်းမလဲဆိုတဲ့ ကိစ္စ အဲဒီနှစ်ချက်က ကွာပါတယ်။ တကယ်တမ်း ပြောရရင် လက်နက်ကိုင်နေတဲ့လူ နှစ်ဘက်ရှိနေသေးတော့ ငြိမ်းချမ်းရေး ဘယ်လောက် စာချုပ်ထိုးထိုး ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိမှာပါ။ ဒါပေမဲ့ အရင်တုန်းကလို မဟုတ်ဘဲနဲ့ ထိတွေ့ရင်ဆိုင်မှုလေးတွေ ကျနော်တို့ ကြုံတွေ့ရအုံးမှာပါ။

ဦးကျော်ဇံသာ ။ ။ ဦးစိုင်းညွှန့်လွင် သဘောတူပါလား။ အရင်တုန်းက ရခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်နဲ့ အခု သဘောတူညီချက် မတူတော့ဘူး။ အခုက သိပ်သာတယ်ဆိုတဲ့ ဒေါက်တာအင်ဒရူးရဲ့  ပြောကြားချက်ကို လက်ခံပါလား။

ဦးစိုင်းညွှန့်လွင် ။ ။ ကျနော် မငြင်းလိုပါဘူး။ ဒါကိုပဲ ထောက်ခံပါတယ်။ ကြိုလည်းကြိုဆိုပါတယ်။ သို့သော် ကျနော် တချက်ပြောလိုတာက ဟိုအရင်အစိုးရနဲ့ အခုအစိုးရက ပုဂ္ဂိုလ်တွေက သိပ်မကွာဘူး။ နဂိုကလူတွေ ဖြစ်နေတယ်။ အဲဒီတချက်ကတော့ ကျနော်ထင်တယ် ပြည်သူလူထုနဲ့ ဆွေးနွေးဘက် လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ သံသယဖြစ်စရာ ရှိတယ်။ အဲဒီမှာ ယုံကြည်ဖို့ တည်ဆောက်ဖို့ အများကြီးလိုတယ်လို့ ကျနော်ထင်တယ်။

ဦးကျော်ဇံသာ ။ ။ လူမပြောင်းဘဲနဲ့ မူလောက်ပြောင်းပြနေတဲ့ သဘောလို့ ဟုတ်ပါတယ်။ မှန်ပါတယ်။ လူတော်တော်များများ အဲဒီလို ထင်ကြပါတယ်။ ဒီ သံသယကို ပျောက်အောင် တကယ်လုပ်နိုင်မယ် ထင်ပါသလား။ ကိုအင်ဒရူး တိုတိုလေး ပြောပေးပါ ဒီကိစ္စကို။

 ဒေါက်တာ အင်ဒရူး ။ ။ အရင် အစိုးရနဲ့ အခု အစိုးရ လူကတော့ တူပါတယ်။ ဒါပေမဲ့ လူတူပေမယ့် မူဝါဒ ပေါ်လစီ အတွေးအခေါ် ပြောင်းသွားတယ်ဆိုတာ ခေတ်ကာလရေစီးကြောင်း ပြောင်းလဲပုံကို ကြည့်ပြီးတော့ အရင်တုန်းကရှိတဲ့ဟာကို ပြောင်းမယ့်လူတွေ ဒီစနစ်ထဲမှာ ဝင်လာတဲ့အတွက် အခုအချိန်အထိ (၃) နှစ် (၄) နှစ်အတွင်းမှာ ငြိမ်းချမ်းရေးဖြစ်စဉ်တွေ ဒီလောက် တိုးတက်တာ ဖြစ်ပါတယ်ဆိုတာကို ပြောချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် နောက်ဆုံးတခု မေးချင်တာက အပစ်ရပ်စဲမှု သဘောတူညီမှုမှ ငြိမ်းချမ်းရေးလမ်းကြောင်းကို ချီတက်တဲ့နေရာမှာ အဓိက စိန်ခေါ်မှုက ဘာကို ရင်ဆိုင်ရတယ်လို့ ထင်ပါလဲ။

ဒေါက်တာ အင်ဒရူး ။ ။ ကျနော် ထင်တာကတော့ အစိုးရ နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အပြင် ပါဝင်ထိုက်ပါဝင်သင့်တဲ့ လူတွေက ကိုယ်ဘယ်အခန်းကဏ္ဍ၊ ဘယ်လိုက ပါဝင်မယ်ဆိုတာ နားမလည်ပြီတော့ ငါ မပါရကောင်းလား။ သူမပါရ ကောင်းလားဆိုပြီး ကျနော်တို့ ပြဿနာတွေတွေ့တယ်။ ဒီဟာက ကျနော်တို့ရဲ့  အဓိက စိန်ခေါ်မှုပါ။

ဦးကျော်ဇံသာ ။ ။ ဦးစိုင်းညွှန့်လွင် ဘယ်လို မြင်ပါလဲ။

ဦးစိုင်းညွှန့်လွင် ။ ။ ဘယ်နှစ်ဖွဲ့နဲ့ အပစ်အခတ်ရပ်စဲတယ်။ ကမ္ဘာ့စံချိန်သစ်တင်လို့ ဂရင်းနစ်စံချိန်တင်ဖို့ ကြိုးစားတာထက် တပြည်လုံးမှာ သေနတ်သံတချက်မှ မဖောက်ဘဲနဲ့ အပစ်အခတ်ရပ်စဲမယ်ဆိုရင် ပိုကောင်းပါတယ်။ အဲဒါကို ပိုကြိုးစားသင့်တယ်လို့ ထင်တယ်။ ဘယ် နှစ်ဖွဲ့တော့ ကျနော်တို့ ရသွားပြီ။ ကျန်တဲ့အဖွဲ့တော့ ကျန်ရင်ကျန်ပါစေဆိုတာကိုတော့ ကျနော် သိပ်မကြိုက်ပါဘူး။ ကျနော် ပုဂ္ဂိုလ်ရေး အနေနဲ့ ပြောမယ် Stakeholders အားလုံးကိုတော့ ဖိတ်ခေါ်ဆွေးနွေးသင့်တယ်။ ညှိနှိုင်းသင့်တယ်။ ကိုယ်လိုဘတခုတည်း မဟုတ်ဘဲနဲ့ နိုင်ငံတော်အတွက် နိုင်ငံတော်မှာ ဘာတွေလိုသလဲဆိုတဲ့ကိစ္စပေါ်မှာ အဲဒီအထိုင်နဲ့ စဉ်းစားသင့်ပြီ။ ကိုယ့်အထိုင်နဲ့ စဉ်းစားခဲ့တာ မှားခဲ့ကြပြီ။ ဒီနေ့ ဘယ်သူမှားလဲ ငါမှားလား၊ မင်းမှားလား မပြောတော့ဘူး။ အားလုံးသည် ကိုယ်အထိုင်နဲ့ကိုယ် မထိုင်တော့ဘဲနဲ့ နိုင်ငံတော်ကောင်းဖို့၊ တိုင်းပြည်နဲ့လူမျိုးကောင်းဖို့ အဲဒီအထိုင်ပေါ်မှာ ထိုင်သင့်တယ်လို့ ကျနော်တော့ ယူဆပါတယ်။

ဦးကျော်ဇံသာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

Kathmandu မြို့က ငလျင်ဒုက္ခသည်တွေ ယာယီတဲတွေနဲ့ နေထိုင်နေရဆဲ ဖြစ်ပါတယ်။ (Credit: AFP) 
 နီပေါနိုင်ငံ ​တောတောင်ဒေသက ​ငလျင်ဒုက္ခသည်တွေဟာ ​အကူအညီတွေ ​ရဖို့ ​စောင့်ဆိုင်းနေကြချိန်မှာပဲ ​နီပေါနိုင်ငံ ​ဝန်ကြီးချုပ်က ​ငလျင်ကြောင့် ​သေဆုံးသူ ​အယောက် ​၁၀၀၀၀ ​(တစ်သောင်း) ​ရှိနိုင်တယ်လို့ ​ပြောဆိုလိုက်ပါတယ်။

လွန်ခဲ့တဲ့ ​စနေနေ့က ​လှုပ်ခတ်ခဲ့တဲ့ ​၇.၉ ​ပြင်းအားရှိတဲ့ ​မြေငလျင်ကြောင့် ​အခုဆိုရင် ​သေဆုံးသူ ​အယောက်ပေါင်း ​၅၀၀၀ ​ကျော်သွားပြီ ​ဖြစ်ပါတယ်။

နိုင်ငံတကာက ​အကူအညီတွေ ​ရောက်ရှိနေပေမယ့်လည်း ​နီပေါရဲ့ ​တောတောင်ဒေသဆီကို ​အကူအညီတွေ ​ပေးဖို့ ​အခက်အခဲ ​ဖြစ်ပေါ်နေဆဲ ​ဖြစ်ပါတယ်။

တချို့ဒေသမှာဆိုရင် ​ရွာလုံးကျွတ် ​ပျက်စီးကုန်တဲ့ ​သတင်းတွေကြောင့် ​သေဆုံးသူ ​အယောက်ပေါင်း ​တစ်သောင်းရှိနိုင်တယ်လို့ ​နီပေါဝန်ကြီးချုပ်က ​ပြောပါတယ်။

အဲဒီ ​ခန့်မှန်းချက်က ​မှန်ကန်မယ်ဆိုရင် ​၁၉၃၄ ​ခုနှစ်က ​ဖြစ်ပေါ်ခဲ့တဲ့ ​မြေငလျင်ကြောင့် ​သေဆုံးရတဲ့ ​လူဦးရေထက် ​ပိုများသွားမှာ ​ဖြစ်ပါတယ်။

အဲဒီတုန်းက ​ဖြစ်ခဲ့တဲ့ ​မြေငလျင် ​လှုပ်ခတ်မှုကြောင့် ​လူပေါင်း ​၈၅၀၀ ​သေဆုံးခဲ့ရပါတယ်။

အခုလောလောဆယ် ​မြေငလျင်ကြောင့် ​လူပေါင်း ​တစ်သောင်းနီးပါး ​ဒဏ်ရာ ​ရရှိနေတယ်လို့လည်း ​ပြည်ထဲရေးရာ ​ဝန်ကြီးက ​ပြောပါတယ်။

အခုဆိုရင် ​နီပေါအစိုးရနဲ့ ​နီပေါ ​စစ်တပ်တွေက ​အခြေအနေကို ​ထိန်းသိမ်းနိုင်တဲ့ ​အခြေအနေ ​ရှိလာတဲ့အတွက် ​နိုင်ငံတကာ ​အကူအညီ ​မလိုအပ်တော့ဘူးလို့ ​နီပေါအစိုးရက ​ပြောခဲ့တယ်လို့ ​ကုလသမဂ္ဂရဲ့ ​နိုင်ငံတကာ ​ဖွံ့ဖြိုးရေး ​အကြီးအကဲက ​ပြောပါတယ်။

ဒါပေမဲ့လည်း ​အခုအချိန်အထိ ​နိုင်ငံတကာက ​ပို့ပေးတဲ့ ​အကူအညီ ​ပစ္စည်းတွေကို ​ဒုက္ခသည်တွေကို ​ပေးနိုင်တဲ့ ​အခြေအနေ ​မရှိသေးပါဘူး။

သြစတြေးလျနိုင်ငံကလည်း ​မနေ့တုန်းကပဲ ​ကီလိုဂရမ် ​တစ်သောင်းခွဲရှိတဲ့ ​မိုးကာတွေ၊ ​စောင်တွေနဲ့ ​ရေသန့်စင် ​ဆေးပြားတွေ ​တင်ဆောင်ထားတဲ့ ​လေယာဉ် ​နှစ်စင်းကို ​ပို့ဆောင်ခဲ့ပါတယ်။

အပြန်မှာတော့ ​နီပေါနိုင်ငံမှာ ​ပိတ်မိနေတဲ့ ​သြစတြေးလျနိုင်ငံသားတွေကို ​သယ်ဆောင်လာမှာ ​ဖြစ်ပါတယ်။

သြစတြေးလျ ​စစ်သား ​အယောက် ​၇၀ ​နဲ့ ​လူဝင်မှုကြီးကြပ်ရေး ​အရာရှိ ​တချို့လည်း ​အဲဒီ ​လေယာဉ်ပေါ်မှာ ​လိုက်ပါသွားပြီး ​အကူအညီတွေ ​ပေးမှာ ​ဖြစ်ပါတယ်။

နီပေါရဲ့ ​မြို့တော် ​Kathmandu ​မြို့မှာတော့ ​လူတွေဟာ ​အလဟာပြင်မှာပဲ ​လေးရက်မြောက်အဖြစ် ​အိပ်ခဲ့ကြရပါတယ်။

ယာယီတဲတွေနဲ့ ​ကွင်းပြင်မှာ ​နေထိုင်ကြတာ ​ဖြစ်ပြီး ​မိုးတွေလည်း ​ရွာသွန်းနေတဲ့အတွက် ​အသက်ရှင် ​ကျန်ရစ်သူတွေ ​ရေကနေ ​ပေါက်ဖွားလာမယ့် ​ရောဂါတွေ ​ကူးစက်ခံရမှာကိုလည်း ​စိုးရိမ်နေကြပါတယ်။
မြေငလျင်ကြောင့် ​ဖြစ်ပေါ်တဲ့ ​အပျက်အစီးတွေအကြား ​ပိတ်မိမယ် ​ဆိုရင်တောင် ​၇၂ ​နာရီနောက်ပိုင်း ​အသက်ရှင်ဖို့ ​ခက်ခဲမယ်လို့ ​ပြောကြပါတယ်။

အသက်ရှင်မယ့်လူတွေ ​တွေ့ဖို့ ​မရှိတော့ဘူးလို့ ​ယူဆကြချိန်မှာပဲ ​မနေ့တုန်းက ​မြေငလျင်ဖြစ်ပြီး ​နာရီပေါင်း ​၈၀ ​မှာပဲ ​အသက် ​၂၈ ​နှစ်အရွယ် ​လူငယ်တစ်ယောက်ကို ​ကူညီကယ်ဆယ်ရေး ​သမားတွေက ​အသက်ရှင်လျက် ​ကယ်ဆယ်နိုင်ခဲ့ပါတယ်။

အဲဒီလူဟာ ​သေဆုံးနေတဲ့ ​လူသုံးယောက် ​ကြားမှာ ​သုံးရက်လောက် ​နေခဲ့ရပြီးမှ ​ကယ်ဆယ်ရေး ​သမားတွေနဲ့ ​တွေ့ခဲ့တာ ​ဖြစ်ပါတယ်။

တချို့နေရာမှာ ​မြေပြိုမှုတွေလည်း ​ဖြစ်ပေါ်ခဲ့တဲ့အတွက် ​ရဟတ်ယာဉ် ​ရပ်နားဖို့ ​နေရာတောင် ​ရှာမတွေ့လို့ ​စစ်သားတွေက ​ခြေကျင်နဲ့ ​တက်ပြီး ​ကယ်ဆယ်ရေးလုပ်ဖို့ ​ကြိုးစားနေကြရပါတယ်။

ကုလသမဂ္ဂရဲ့ ​ခန့်မှန်းချက်အရ ​လူပေါင်း ​၈ ​သန်းလောက် ​ငလျင်ရဲ့ ​ထိခိုက်မှုဒဏ်ကို ​ခံခဲ့ရတာ ​ဖြစ်ပြီး ​လူပေါင်း ​၁.၄ ​သန်းက ​အစားအသောက်အတွက် ​အကူအညီတွေ ​လိုအပ်နေတယ်လို့ ​ဆိုပါတယ်။ ​ 

ABC Radio Australia
http://www.radioaustralia.net.au/burmese


နီပေါနိုင်ငံမှာ ဧပြီလ ၂၅ ရက်နေ့က လှုပ်ခတ်သွားတဲ့ ငလျင်ကြောင့် သေဆုံးသူတွေနဲ့၊ ဒဏ်ရာရသူတွေအတွက် ဝတ်ပြုဆုတောင်း ပွဲတခုကို ရန်ကုန်မြို့ ရွှေတိဂုံဘုရားမှာ ဒီကနေ့ညနေပိုင်းက ပြုလုပ်ခဲ့ပါတယ်။
RFA

ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးအပါအ၀င် ပြည့်တန်ဆာပုဒ်မများဖြင့် ဖမ်းဆီးခံခဲ့ရသည့် အခြားအမျိုးသမီးများကို ဧပြီ ၂၈ ရက်နေ့က ကျောက်တံတားမြို့နယ် တရားရုံးတွင် ဧပြီ ၂၈ ရက်နေ့က ရုံးထုတ် စစ်ဆေးခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၆ ရက်နေ့ခန့်က လှိုင်သာယာနေအိမ်မှ သားဖြစ်သူအတွက် ကျောင်းစာအုပ်များဝယ်ရန် မြို့ထဲသို့လာစဉ် ပြည့်တန်ဆာပုဒ်မဖြင့် ဖမ်းဆီးခံရသည့် တပ်မတော်အရာရှိတဦး၏ အမျိုးသမီးဖြစ်ပြီး ယခုအချိန်၌ ကိုယ်ဝန် ၅ လခန့်ရှိပြီ ဖြစ်ကြောင်း သိရသည်။

''စာအုပ်ဝယ်ဖို့လာရင်း အဖမ်းခံရတာပါ။ အသားမဲမဲ လူတယောက်က လက်ကို အတင်းဆွဲကိုင်ပြီး မေးစရာရှိတယ်ပြောပြီး စခန်းကို ခေါ်သွားတာပါ။ စခန်းရောက်တော့ နင်တို့လူမှားမယ်နော်၊ ငါက အရပ်သားလဲမဟုတ်ဘူး။ ၀န်ထမ်းအမျိုးသမီးပါ။ ငါ့ယောကျာ်းကို ခေါ်ပေးပါလို့ပြောတော့ မခေါ်ပေးဘူး။ ဖုန်းကိုပိတ်လိုက်တယ်။ စာရွက်အခေါက်ပေါ်မှာ လက်မှတ်ထိုးခိုင်းတော့ မထိုးပေးခဲ့ဘူး။ နာမည်မေးတယ်။ ကျွန်မက မပြောတော့ သူတို့ဘာသာ နာမည်ရေးမှတ်လိုက်တယ်''ဟု ထိုနေ့က ကျောက်တံတားမြို့မရဲစခန်းတွင် ဖြစ်ပွားခဲ့ပုံများကို မသန်းဌေး (အမည်လွဲ)က ပြန်လည်ပြောကြားသည်။

ထိုဖြစ်စဉ်နည်းတူ ယခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့ကလည်း အသက် ၂၁ နှစ်အရွယ်ခန့်ရှိ မသက်သက်ဝေသည် ပြည့် တန်ဆာပုဒ်မဖြင့် မှားယွင်းဖမ်းဆီးခံခဲ့ရပြီး ယခုရုံးချိန်းတွင် သူမလည်းပါဝင်သည်ဟု ဆိုသည်။
''ကျွန်မအမျိုးသားက လမ်း ၅၀ မှာ ဆေးသုတ်နေတာပါ။ အဲဒီနေ့က ဒဂုံကနေပြီး မြို့ထဲကိုအလာ ဘားလမ်းမှတ်တိုင်မှာ ကျွန်မနဲ့မသိတဲ့လူတယောက်က ဘယ်သွားမလို့လဲ၊ ဘာလုပ်နေလဲဆိုပြီးမေးတယ်။ ကျွန်မလည်း ကိုယ့်လမ်းကိုယ် ဆက်သွားတဲ့အချိန် နောက်ကနေ လက်လှမ်းဆွဲ၊ ကုပ်ကိုကိုင်ဆွဲတယ်။ အဲဒီအချိန်မှာ နောက်တယောက်ရောက်လာပြီး တက္ကစီပေါ် ဆွဲခေါ်တယ်။ ပြီးတော့ စခန်းကိုခေါ်သွားတယ်။ နေ့လယ် ၁ နာရီ လောက်ကပါ။ စခန်းရောက်တော့ ကျွန်မ ဈေးဝယ်ဖို့ပါလာတဲ့ ပိုက်ဆံတွေကို ယူသွားတယ်။ စာရွက်တ၀က်ခေါက်ထားတဲ့အပေါ်မှာ လက်မှတ်ထိုးခိုင်းတယ်။ ကျွန်မက ခုန လူတွေ ကျွန်မလက်ကို အတင်းဆွဲပြီးခေါ် လာတဲ့အကြောင်း ပြောပြတယ်။ ဒါပေမဲ့ နားမထောင်ဘူး။ အချုပ်ထဲမှာထည့်ထား တယ်။ မိသားစုနဲ့ ဆက်သွယ်ခွင့်မပေးခဲ့ဘူး''ဟု ကျောက်တံတားရဲစခန်းတွင် သူမ ကြုံတွေ့ခဲ့ရသည်များကို ပြန်လည်ပြောပြ သည်။

အင်းစိန်ထောင်မ အချုပ်အဆောင်၌ ၁၈ ရက်ခန့်နေခဲ့ရပြီး မသက်သက်ဝေသည် အင်းစိန်ထောင်အတွင်း ၅၅ ရက် ကြာ နေထိုင်ခဲ့ရသည်ဟု သိရသည်။

မသက်သက်ဝေ၏ အမျိုးသားဖြစ်သူ ကိုဝေလင်းထွန်းက- ''ဖြစ်ဖြစ်ချင်းမှာ တော်တော်စိတ်ပူခဲ့ရပါတယ်။ ငွေကြေးလည်း အဆင်မပြေတော့ ထောင်ဝင်စာ တွေ့ဖို့တောင် အခက်အခဲဖြစ်ခဲ့ရတယ်။ ပတ်ဝန်းကျင်အလယ်မှာလည်း မသင်္ကာတဲ့ မျက်လုံးတွေနဲ့ ကြည့်ခံခဲ့ရတယ်။ တကယ်ဆို မတရားမှားပြီး အဖမ်းခံခဲ့ရတာပါ''ဟု ပြောသည်။

ယခုဖြစ်စဉ်များနှင့်ပတ်သက်၍ လိုက်လံကူညီပေးနေသည့် နိုင်ငံရေးလှုပ်ရှားသူ ကိုမင်းမင်းက- ''အမှန်တရား ပေါ်ပေါက်တဲ့အထိ ဆောင်ရွက်သွားမယ်။ မိကောင်းဖခင်သားသမီးတွေ အလုပ်သွား၊ အလုပ်ပြန်၊ လမ်းသွားလမ်းလာတွေကို အမှုလိုတိုင်းဖမ်းမယ်ဆိုရင် မကောင်းဘူးပေါ့။ လုပ်တဲ့လူတွေကျတော့ ပေါ်တင်လုပ်နေပြီး မဟုတ်တဲ့လူတွေကျတော့ ဒီလိုဖြစ် နေတာ။ တာဝန်ရှိတဲ့လူတွေကို အရေးယူသင့်ပါတယ်။ ကာကယံရှင်တွေအတွက် ဘယ်လိုလုပ်မလဲ။ ဒီလိုဖြစ်စဉ်ကို လုံးဝ ရှုတ်ချတယ်။ လိုအပ်ရင်ဆန္ဒ ဖော်ထုတ်သွားပါမယ်''ဟု ဆိုသည်။

အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်၍ ကျောက်တံတားမြို့မရဲစခန်းမှူးကို ဆက်သွယ်မေးမြန်းရာ ယခုဖြစ်စဉ်ကို အမှုကိုင် ရဲအရာရှိကသာ သိရှိပြီး ၎င်းတို့အနေနှင့် ဥပဒေအရသာဆောင်ရွက်ခြင်းဖြစ်သည်ဟု ပြောသည်။

ရန်ကုန်တွင် ယခုနှစ် ပထမ ၄ လအတွင်း ဖမ်းဆီးအရေးယူထားသည့် ပြည့်တန်ဆာမှုပေါင်း ၂၅၈ မှုရှိကြောင်း သိရသည်။

မင်းဗညား
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal?fref=photo



ရိုက်တာ (ပေကျင်း)။ ။ သောင်းကျန်းမှု တိုက်ဖျက်ရေး စစ်ဆင်ရေးများ ပြုလုပ်စဉ် နောက်ထပ်လက်နက်ကြီးကျည်များ တရုတ်ပိုင်နက်သို့ ကျရောက်ပြီးနောက် သူပုန်များနှင့် တိုက်ခိုက်ရာမှ ကျည်များ နယ်စပ်ကို ကျော်၍ မကျရောက်စေရန် မြန်မာနိုင်ငံက အရေးယူ ဆောင်ရွက်ရန် တရုတ်က ဧပြီ ၂၈ ရက်တွင် တောင်းဆိုမှုများ ထပ်မံပြုလုပ်ခဲ့သည်။


(ဓာတ်ပုံ - အီးပီအေ)

မြန်မာနိုင်ငံအရှေ့မြောက်ပိုင်း ကိုးကန့်ဒေသတိုက်ပွဲများကြောင့် လူထောင်ပေါင်းများစွာမှာ တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးခဲ့ကြသည်။ ယင်းသို့ ထွက်ပြေးသူ အများအပြားမှာ တရုတ်လူမျိုးများ ဖြစ်သည်။

"မကြာသေးခင်က မြန်မာဘက်က အမြောက်ဆန်ချို့ တရုတ်ဘက်ကို ကျရောက်ခဲ့ပါတယ်။ အဆောက်အအုံပိုင်း ပျက်စီးခဲ့ပြီး ကံကောင်းတာက လူသေဆုံးမှု၊ ဒဏ်ရာရမှု မရှိခဲ့ပါဘူး" ဟု တရုတ်နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟောင်လေက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ သို့သော်လည်း မည်သည့်နေ့က အမြောက်ဆန်ကျသည်ကိုမူ ပြောကြားခဲ့ခြင်း မရှိပေ။

တရုတ်က မြန်မာကို ပြင်းပြင်းထန်ထန် သတိပေးခဲ့ပြီး အလားတူအဖြစ်မျိုး ထပ်မဖြစ်စေရန် တောင်းဆိုခဲ့သည်ဟု ဟောင်က ဆိုသည်။ သက်ဆိုင်ရာ ပုဂ္ဂိုလ်ကို ထိန်းချုပ်ရန် ကြိုးစားမည်ဟု မြန်မာက ပြောကြားခဲ့သည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်သမ္မတ ရှီကျင်ပင်းသည် မြန်မာအာဏာရပါတီ၏ ဥက္ကဋ္ဌ ဦးရွှေမန်းနှင့် တနင်္လာနေ့က ပေကျင်းတွင် တွေ့ဆုံခဲ့ပြီး နယ်စပ်တစ်လျှောက် ငြိမ်းချမ်းရေးရှိရန် ထပ်မံတောင်းဆိုခဲ့သည်ဟု ဟောင်က ပြောကြားခဲ့သည်။

နယ်စပ်အခြေအနေ ပုံမှန်ပြန်ဖြစ်ရန် သက်ဆိုင်ရာအဖွဲ့အစည်းများက အမြန်ဆုံး ပြုလုပ်နိုင်မည်ဟု တရုတ်က မျှော်လင့်ကြောင်းလည်း
ဟောင်က ပြောကြားခဲ့သည်။ ကိုးကန့်ဒေသ၏ အဓိက သူပုန်အုပ်စု MNDAA ကို တရုတ်လူမျိုး တပ်မှူး ဖုန်ကြားရှင်က ဦးဆောင်လျက်ရှိသည်။

Mizzima
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/43834-2015-04-29-02-23-44



ကော့မှူး၊ ဧပြီ ၂၇။ ။ မဲဆန္ဒနယ် တူနေသည့် အာဏာ ရပါတီမှ အမျိုးသား လွှတ်တော် အမတ်ဖြစ်သောဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေ၏ ကူညီပံ့ပိုးသမျှ အားလုံးကိုယူပြီး ၂၀၁၅ရွေးကောက်ပွဲတွင်မူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ကို သာ မဲပေးရန် NLD၏ ဥက္ကဋ္ဌဖြစ်သူ အတိုက်အခံခေါင်းဆောင်ဒေါ်အောင် ဆန်းစုကြည် ကကော့မှူးဒေသခံ များကိုပြောဆို လိုက်သည်။


ကော့မှူးမြို့နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အေင်ဆန်းစုကြည်က ကော့မှူး မဲဆန္ဒရှင်ပြည်သူ များနှင့် ဧပြီ ၂၇ရက်က သွားရောက် တွေ့ဆုံခဲ့သည်။ (ဓာတ်ပုံ-ဟောင်ဆာ(ရာမည))

ကော့မှူးမြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ပါတီဝင်များအပါအ၀င် ပါတီဝင်မဟုတ်သူ စုစုပေါင်း ၁၅၀ဦးခန့်နှင့် ဧပြီလ ၂၇ရက်၊ မွန်းလွှဲပိုင်း ကတွေ့ဆုံ စဉ် အထက်ပါ အတိုင်းပြော ဆိုလိုက်ခြင်းဖြစ်သည်။

ထိုသို့တွေ့ ဆုံစဉ်ကော့မှူး မြို့နယ်၊ အဖျောက်ကျေးရွာ မှဒေသခံ တစ်ဦးက ၎င်းတို့ကျေးရွာတွင် လူနာများ အားဆေးရုံသို့ အခမဲ့ ပို့ဆောင်နိုင်ရန် ကားတစ်စီး ထူထောင်ထားကြောင်း၊ ထိုကားအတွက် အောက်စီဂျင်ဗူးများလို အပ်နေသည့်အတွက် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အထောက်အပံ့နှင့် အကြံဥာဏ်ပေး ရန်ဒေါ်အောင်ဆန်းစုကြည်အား တင်ပြခဲ့သည်။

၎င်းတို့၏ လူနာတင်ကားအတွက် လိုအပ်ချက်များကို ငွေကျပ် သိန်း(၅၀)လှူဒါန်းသွားမည်ဟု ကော့မှူးမြို့နယ် အပါအဝင် မြို့နယ် ၃ခု၏ အမျိုးသား လွှတ်တော် အမတ်ဖြစ်သူ ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေက ဧပြီလ ၂၆ရက်တွင် ကတိပေးခဲ့ကြောင်းလည်း အဆိုပါ ဒေသခံက တင်ပြခဲ့သည်။

အဆိုပါဒေသခံ၏ တင်ပြချက် အပေါ်ကော့မှူးမြို့နယ် မှပြည်သူ့ လွှတ်တော် အမတ်လည်းဖြစ် သူဒေါ်အောင်ဆန်းစုကြည်က " ဒီမှာ အားလုံး ရှိတုန်း၊ သတင်းထောက်တွေလည်း ရှိတုန်း ပွင့်ပွင့်လင်းလင်းပဲ ပြောပါမယ်။ ဦးခင်ရွှေပေးသမျှ ယူသာယူ၊ မဲထည့်ရင်သာ NLDကို မဲထည့်" ဟုပြောဆို ခဲ့ခြင်းဖြစ်သည်။

လူနာတင်ကားတွင် လိုအပ်သည့် အောက်စီဂျင်ဗူးအတွက်ကိုမူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကျန်းမာရေးကွန်ယက်ကိုပြော လိုက်မည်ဟုဒေါ်အောင် ဆန်းစု ကြည်ကပြော ဆိုသွားသည်။

ဇေကမ္ဘာ ဦးခင်ရွှေသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက သပိတ်မှောက် ခဲ့သည့် ၂၀၁၀ရွေးကောက်ပွဲ တွင်ပြည်ခိုင် ဖြိုးပါတီ ကိုယ်စားပြု ကာကော့မှူး၊ တွံတေး စသည့်မြို့နယ်သုံးခုတွင် ၀င်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိကာ အမျိုးသား လွှတ်တော် အမတ်ဖြစ်လာ သူဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်မှာမူ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ကော့မှူးမြို့နယ်တွင် ၀င်ရောက် ယှဉ်ပြိုင် ခဲ့ပြီး မဲအပြတ် အသတ်ဖြင့် အနိုင်ရရှိ ကာပြည်သူ့ လွှတ်တော် အမတ်ဖြစ် လာသည့် အတိုက်အခံခေါင်းဆောင် တစ်ဦးဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က NLDကိုသာ မဲပေးရန် အထက်ပါ အတိုင်းပြောဆို ခဲ့သော်လည်း ၎င်းတို့ ပါတီ အနေဖြင့် ယခုနှစ် ကုန်ပိုင်းတွင် ကျင်းပရန် ရှိနေသည့် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင် ရန် တရားဝင်ကြေငြာ ထားခြင်း မရှိသေးပေ။

ထို့ပြင် ၂၀၁၅အထွေထွေရွေးကောက်ပွဲကို သပိတ်မှောက်ရန် နည်းလမ်းတစ်ခုအဖြစ် သုံးနိုင်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ယခုလဆန်းပိုင်း ကနိုင်ငံခြား သတင်းဌာန ရိုက်တာနှင့်တွေ့ ဆုံစဉ်ပြောဆို ထားသေးသည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/43751-nld


(ဂျကာတာ)။ ။ အင်ဒိုနီးရှားနိုင်ငံတွင် မူးယစ်ဆေးဝါးမှောင်ခိုမှုဖြင့် ဖမ်းမိထားသည့် သြစတြေးလျနိုင်ငံသား နှစ်ဦးကို ကွပ်မျက်လိုက်၍
သြစတြေးလျ သံအမတ်ဖြစ်သူကို သြစတြေးလျနိုင်ငံက ပြန်လည်ခေါ်ယူလိုက်သည်။

အင်ဒရူးချန်းနှင့် မိုင်ုရန်ဆူကူမာရန်းတို့ နှစ်ဦးသည် မူးယစ်မှုဖြင့် အင်ဒိုနီးရှားနိုင်ငံက သေဒဏ်ပေးကွပ်မျက်သည့် လူရှစ်ဦးတွင်
အပါအဝင်ဖြစ်ခဲ့သည်။ ၎င်းတို့ကို ဗုဒ္ဓဟူးနေ့ ညလယ်က နုဆာကမ်ဘန်ဂန်းတစ်ကျွန်းတွင် သေနတ်ဖြင့် ပစ်သတ်သေဒဏ် စီရင်လိုက်ခြင်း ဖြစ်သည်။

ထိုသို့ကွပ်မျက်စီရင်သည့် အထဲတွင် ဘရာဇီးနိုင်ငံသား ရိုဒရီဂိုဂူလတ်တီလည်း ပါဝင်သဖြင့် ဘရာဇီးအစိုးရကလည်း ယင်းကိစ္စအပေါ်
အလွန်စိတ်ပျက်ခြောက်ခြားကြောင်း ဖော်ပြသည်။

သြစတြေးလျနိုင်ငံသည် ၂၀၀၆ ခုနှစ်ကတည်းက ဖမ်းဆီးပြစ်ဒဏ်ပေးခြင်းခံရသည့် ၎င်းတို့ နိုင်ငံသား နှစ်ဦး၏ သေဒဏ်မှ လွတ်ငြိမ်းရန် သံတမန်ရေးအရ ရေရှည်စည်းရုံး လုပ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။

သေဒဏ်ပေးကွပ်မျက်မှုသည် ရက်စက်ကြမ်းကြုတ်ပြီး လိုလည်းမလိုအပ်သည့် လုပ်ရပ်ဖြစ်ကြောင်း၊ ချန်းနှင့် ဆူကူမာရန်းတို့နှစ်ဦးက
အကျဉ်းထောင်ကျနေစဉ် ပြန်လည်ထူထောင်ကာ ကောင်းကောင်းမွန်မွန် နေထိုင်လာသူများဖြစ်ကြောင်း သြစတြေးလျဝန်ကြီးချုပ်
တိုနီအဘော့က ပြောခဲ့သည်။

REF : BBC
Mizzima News

အင်ဒိုနီးရှားမှာ သေဒဏ်ပေးခံရတဲ့ အကျဉ်းသားတွေရဲ့ ရုပ်အလောင်းတွေကို အကျဉ်းထောင် ပြင်ဘက် ယူဆောင် မြှုပ်နှံတာကို တွေ့ရသလို ဖိလစ်ပိုင်နဲ့ တခြား နိုင်ငံတွေက အင်ဒိုနီးရှား သံရုံးတွေမှာ ဆန္ဒပြတာတွေ ရှိခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ မူးယစ်ဆေး မှောင်ခိုသူတွေအဖြစ် ပြစ်မှုထင်ရှားခဲ့သူ ၈ဦးကို ဒီကနေ့မနက် လင်းအားကြီးအချိန်က နူစာခမ်ဘဲန်ဂဲန် ကျွန်းမှာရှိတဲ့ ဘက်စိ အကျဉ်းထောင်မှာ လက်ဖြောင့် တပ်သားတွေက ကွပ်မျက် စီရင်လိုက်ပြီ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပြစ်မှု ထင်ရှားခဲ့သူတွေထဲက ၉ယောက်မြောက် တရားခံဖြစ်သူ ဖိလစ်ပိုင် အမျိုးသမီးကိုတော့ ကွပ်မျက်ခါနီး ကလေးမှာတင် အချိန် ရွှေ့ဆိုင်းလိုက်ပါတယ်။
ကွပ်မျက်ခံခဲ့ရသူတွေထဲမှာ သြစတြေးလျ နိုင်ငံသားတွေ ဖြစ်တဲ့ Andrew Chan နဲ့ မြူရဲန် ဆူကူမာရဲန် တို့ ပါဝင်ပါတယ်။

Andrew Chan နဲ့ မြူရဲန် ဆူကူမာရဲန် တို့ကို နောက်သြစတြေးလျ နိုင်ငံသား ၇ဦးနဲ့အတူ ၂၀၀၅ခုနှစ်တုန်းက အင်ဒိုနီးရှားနိုင်ငံကနေ သြစတြေးလျနိုင်ငံထဲ ဘိန်းဖြူ ၈ကီလိုကျော် ခိုးသွင်းဖို့ ကြိုးစားခဲ့မှုနဲ့ ဘာလီကျွန်းမှာ ဖမ်းဆီးခဲ့တာပါ။

နောက်ပိုင်းမှာ သူတို့ နှစ်ဦးဟာ အဲဒီအုပ်စုရဲ့ ခေါင်းဆောင်တွေ ဖြစ်တယ်ဆိုတာ ဖေါ်ထုတ် တွေ့ရှိခဲ့ပြီး သေဒဏ် ချမှတ်ခဲ့တာပါ။ ကျန်တဲ့ ၇ဦးကတော့ လောလောဆယ် ထောင်ထဲမှာ တသက်တကျွန်း ဒါမှမဟုတ် ထောင်ဒဏ် အနှစ်၂၀ ကျခံနေရပါတယ်။

သူတို့ရဲ့ အမှုကို အရေးယူ အပြစ်ပေးရာမှာ ချို့ယွင်းမှုတွေ ရှိတယ်ဆိုပြီး ကွပ်မျက် စီရင်မှုကို အချိန်ရွှေ့ဆိုင်းပေးဖို့ အင်ဒိုနီးရှား အစိုးရကို သြစတြေးလျ အစိုးရက ပန်ကြားထားခဲ့တာပါ။
အခုလို သြစတြေးလျ နိုင်ငံသား နှစ်ဦး ကွပ်မျက် စီရင်ခံခဲ့ရတာနဲ့ ပတ်သက်လို့ အကြီးအကျယ် စိတ်မကောင်းဖြစ်မိတယ်လို့ သြစတြေးလျ ဝန်ကြီးချုပ် တိုနီ Abbot က သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

ဒီစီရင် ကွပ်မျက်မှုတွေဟာ မလိုအပ်ပဲ လုပ်ခဲ့တဲ့ အတော်လေး ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေ ဖြစ်ပါတယ်။ ရက်စက် ကြမ်းကြုတ်တယ် လို့ ပြောရတာဟာ Andrew Chan ရော၊ မြူရဲန် ဆူကူမာရဲန် တို့ နှစ်ဦးစလုံးဟာ ကွပ်မျက်မခံရခင် အကျဉ်းထောင်ထဲမှာ ဆယ်စုနှစ်ကြာ နေခဲ့ကြရပြီးပါပြီ။ မလိုအပ်ဘူးလို့ ပြောရတာက အဲဒီ သြစတြေးလျ နိုင်ငံသား လူငယ်လေး နှစ်ဦးဟာ ထောင်ထဲမှာ ထိန်းသိမ်းခံနေရစဉ်ကာလအတွင်း လူသစ် စိတ်သစ် ပြောင်းလဲသွားခဲ့ကြပြီးပါပြီ။ သြစတြေးလျ အစိုးရအနေနဲ့ အင်ဒိုနီးရှား နိုင်ငံရဲ့ တရားရေးစနစ်ကို ရော၊ အချုပ်အခြာ အာဏာပိုင်ခွင့်ကိုပါ လေးစားပေမယ့်အခုဒီလုပ်ရပ်ကိုတော့ အကြီးအကျယ် ရှုတ်ချ ပါတယ်လို့ သြစတြေးလျ ဝန်ကြီးချုပ် တိုနီ Abbot က ပြောသွားပါတယ်။

အခု ကွပ်မျက်ခံရသူတွေထဲမှာ ဘရာဇီးနိုင်ငံသား တဦး၊ အင်ဒိုနီးရှား နိုင်ငံသား တဦးနဲ့ နိုင်ဂျီးရီးယား နိုင်ငံသားတွေလည်း ပါပါတယ်။

ဖိလစ်ပိုင် အမျိုးသမီး မေရီ ဂျိန်း ဗယ်လ်လိုဆို ကိုတော့ ကွပ်မျက်ခါနီးလေးမှာတင် ဖိလစ်ပိုင် သမ္မတရဲ့ မေတ္တာရပ်ခံချက်နဲ့ အချိန်ရွှေ့ဆိုင်းလိုက်တယ်လို့ အင်ဒိုနီးရှား အစိုးရ ရှေ့နေချုပ်ရုံးရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ဘီဘီစီကို ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံထဲ ဘိန်းဖြူ ခိုးသွင်းဖို့ ဗယ်လ်လိုဆို ကို ထောင်ချောက်ဆင်ခဲ့တယ်လို့ ယူဆရသူတဦးက ဖိလစ်ပိုင်ရဲတွေဆီ လာအဖမ်းခံခဲ့အပြီးမှာ ဖိလစ်ပိုင် သမ္မတက အခုလို မေတ္တာ ရပ်ခံခဲ့တာလို့ ဆိုပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ လုပ်မယ့် တရားခွင်မှာ မေရီ ဂျိန်း ဗယ်လ်လိုဆို ကို သက်သေအဖြစ် ထွက်ဆိုဖို့ အင်ဒိုနီးရှား အစိုးရက ခွင့်ပြုမယ်လို့လည်း အဲဒီ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာပေါ်မှာ အတင်းကြပ်ဆုံး လို့ ဆိုရမယ့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ဥပဒေတွေ ပြဋ္ဌာန်းထားတာ ဖြစ်ပြီး ကွပ်မျက် စီရင် ပြစ်ဒဏ်ပေးမှုတွေကို ၄နှစ်ကြာ ယာယီ ဆိုင်းငံ့ထားတာ ပြီးခဲ့တဲ့ ၂၀၁၃ခုနှစ်က ပြီးဆုံးသွားခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ မူးယစ်ဆေး ပြဿနာ ကြီးမားနေတာကြောင့် အစိုးရအနေနဲ့ တင်းတင်းကြပ်ကြပ် ကိုင်တွယ် အရေးယူတာ ဖြစ်တယ်လို့ အင်ဒိုနီးရှားအစိုးရက ပြောပါတယ်။
အင်ဒိုနီးရှား မူးယစ်ဆေး တိုက်ဖျက်ရေး အေဂျင်စီ ရဲ့ ကိန်းဂဏန်းတွေအရ အင်ဒိုနီးရှားနိုင်ငံမှာ မူးယစ်ဆေးကြောင့် တနေ့ကို အင်ဒိုနီးရှားလူမျိုး ၃၃ဦး သေဆုံးနေရတယ်လို့ သိရပါတယ်။

BBC

ခတ္တမန္ဓူ ကိုရောက်နေတဲ့ ဗွီအိုအေ ဗီဒီယိုသတင်းထောက် ကိုဇင်လတ်နဲ့ ဗွီအိုအေ သတင်းထောက် Steven Herman။
 ကြီးမားတဲ့ ငလျင်ဒဏ် ခံခဲ့ရတဲ့ နီပေါလ်နိုင်ငံမှာ ကျန်ရစ်ခဲ့တဲ့ ကပ်ဘေးဒုက္ခသည်တွေ အတွက် ရေနဲ့ အခြေခံ အစားအစာ လိုအပ်မှုတွေ အတော့်ကို ကြီးမားနေပြီး နိုင်ငံတကာ အကူအညီပေးရေး အတွက် လည်း လေဆိပ်အပါအဝင် လမ်းပမ်း ဆက်သွယ်ရေး ကြုံနေရတယ်လို့ နီပေါလ်နိုင်ငံ ခတ္တမန္ဓူ မြို့ ကို ဒီကနေ့ ရောက်သွားတဲ့ ဗွီအိုအေ ဗီဒီယိုသတင်းထောက် ကိုဇင်လတ်က ပြောပါတယ်။ ခတ္တမန္ဓူမြို့အခြေအနေနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့ပတ်သက်ပြီး ခတ္တမန္ဓူ ကိုရောက်နေတဲ့ ကိုဇင်လတ်ကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

"ကျနော်တို့က ဒီကနေ့ နေ့လည်ကမှ ခတ္တမန္ဓူ မြို့ ကို ရောက်တာပေါ့။ အခုနေ့လည် ဒီမြို့ထဲကို ပတ်ကြည့်တာတော့ ရှေးဟောင်း အဆောက်အဦး တော်တော် များများကတော့ တော်တော်ကို ပြိုကျသွားတာတွေ့ရတယ်။ ပြီးတော့ ခတ္တမန္ဓူ မြို့ ထဲက အိမ်တွေကျတော့ လူနေသိပ်သည်းတော့ လူနေအိမ်တွေက တလုံးနဲ့ တလုံး ဆက်နေတော့ ဆက်နေတဲ့ အိမ်တွေကတော့ မပြိုဘူး။ ဒါပေမဲ့ အဲ့လို သီးခြားရှိနေတဲ့ အိမ်တွေ မခိုင်တဲ့ အိမ်တွေကတော့ လုံးဝကို ပြိုကျသွားတယ်။ ဒီနေ့အထိတော့ မြို့ထဲမှာတော့ လူသေအလောင်းတွေက ဒီနေ့ အထိတော့ ဖော်နေ တာတွေ့နေတုန်းပဲ။

နောက်တခုက လျှပ်စစ်မီးမရဘူး။ သောက်သုံးရေတွေ ရှားတယ်။ ရေလုံးဝ မရှိတော့ဘူး။ အဲ့ဒီ့အတွက် သူတို့အခက်အခဲဖြစ်နေတာတော့ တွေ့ရတယ်။ ကျနော် မနက်က လေယာဉ်ကွင်းရောက်တုန်းကတော့ အမေရိကန် USAID လေယာဉ် တစ်စီး တွေ့တယ်။ ပြီးတော့ ကျနော်တို့ အခုလေယာဉ်နဲ့အတူတူ ဂျပန် ကယ်ဆယ်ရေး အဖွဲ့တွေ ပါလာတယ်။ အခု ညနေ မြို့ထဲမှာ တွေ့တာတော့ ဂျာမနီက ကယ်ဆယ်ရေးအဖွဲ့တွေ တွေ့တယ်။

ခက်တာက ဒီမှာ လေယာဉ်ကွင်းက သေးတော့ လေယာဉ်တွေ ဆိုက်လို့မရဘူး။ မနေ့က ကျနော်တို့ လေယာဉ်နဲ့ လာတာဆိုရင် လေယာဉ်နဲ့လာတာ ၁၅နာရီလောက် ပတ်ပြီးမှ ပြန်ဆင်းလိုက် ကလ္ကကတ္တားမှာပြန်ဆင်းပြီးတော့ လေယာဉ် ဆီဖြည့်လိုက် ပြန်ပြီးတော့ ခတ္တမန္ဓူ ကို ဆင်းဖို့အတွက် စောင့်ပြီးတော့ အပေါ်မှာ ပတ်ပျံလိုက်နဲ့ ၁၅နာရီလောက် လေထဲမှာ နေပြီးတော့ လေယာဉ်ဆင်းလို့မရလို့ ကျနော်တို့ ဘန်ကောက်အထိ ပြန်သွားရတယ်။ ဒီနေ့မနက်မှာ နောက်တခေါက် ကျနော်တို့ ဘန်ကောက်ကနေ ပြန်လာတာ။

မေး။    ။ ဘာကြောင့် လေယာဉ် မဆင်းနိုင်ရတာလဲ။ လေယာဉ်ကျပ်နေ လို့လား။ လေယာဉ်မဆင်းနိုင်လို့လား။ အောက်က အခြေအနေကြောင့်လား။

" ဟုတ်ကဲ့။ လေယာဉ်မဆင်းနိုင်တာက ခတ္တမန္ဓူ မှာ ရှိတဲ့ လေယာဉ်ကွင်းက One Way တလိုင်းပဲဗျ။ လေယာဉ်တွေ ပတ်ကင်ထိုးဖို့အတွက် နေရာလည်း အလုံအလောက်မရှိဘူး။ လေယာဉ်ကွင်းက အရမ်းသေးတယ်ပေါ့။ လေယာဉ်ကွင်း ရဲ့ တချို့ Facility ကလည်း အကုန်လုံး Full Functions မ Run နိုင်ဘူးပေါ့နော်။ အဲ့ဒီ့တော့ လေယာဉ်တွေ အဆင်းအတက်က များများ လုပ်လို့မရဘူး။ လေယာဉ်တွေ ထားဖို့လည်း အခက်အခဲရှိတယ်။ အဲ့ဒီ့တော့ နိုင်ငံတကာ အကူအညီလာတဲ့ လေယာဉ်တွေကလည်း အရမ်းကြီးတယ်ပေါ့။ လေယာဉ်ကွင်းက သူက ဘယ်လိုမှကို Handle မလုပ်နိုင်ဘူးဖြစ်နေတာပေါ့။ "

မေး။     ။ ခုနက ကိုဇင်လတ်ပြောသွားတဲ့အထဲမှာ ရေတို့ လျှပ်စစ်မီးတို့ အတော်လေး အခက်အခဲဖြစ်နေတယ်ဆိုတော့ အဲ့ဒီ့အတွက်ကို ဘာတွေများ အထောက်အပံ့ပေးဖို့ လုပ်နေကြတာ တွေ့ရလဲ။

"အချင်းချင်း ကူညီနေကြတာများတယ်။ ဘောလုံးကွင်းထဲမှာ ကမ့်ထဲမှာ ရွက်ဖျင်တဲတွေ နဲ့ နေကြတယ်။ အဲ့ဒီ့မှာ သောက်သုံးရေတို့ အိမ်သာကအစ ဘာမှ မရှိဘူး။ အဲ့ဒီ့တော့ ရေလာလှူတဲ့သူရှိရင် အလုအယက် အဲ့လိုယူရတာမျိုး ရှိတယ်။ ပြီးတော့ လမ်းဘေးမှာ ကျနော်တွေ့ခဲ့ရတာက ရေပိုက် လိုင်းတွေ ပေါက်ပြီးတော့ ရေလိုင်းတွေ ပေါက်ပြီး ရေတွေ လျှံထွက်နေတယ်။ အဲ့ဒီ့နေရာကနေ အလုအယက် သွားခပ်ရတာမျိုးတွေတော့ ရှိတယ်။ စနစ်တကျ စီမံပေးတာမျိုးတော့ အခုလောလောဆယ်မှာ မရှိဘူး။"

မေး။    ။ နိုင်ငံတကာ ကယ်ဆယ်ရေး လုပ်သားတွေ ရောက်တဲ့အချိန်မှာ ငလျင်ထပ်လှုပ်တာ အထိအခိုက်ရှိတယ်ဆိုတော့ နိုင်ငံတကာ ကယ်ဆယ်ရေးလုပ်သားတွေရော စိုးရိမ်ကြောင့်ကြမှု ဖြစ်နေကြလား။

" ငလျင်နဲ့ပတ်သက်လို့ ဒီနေ့တောင်မှ နည်းနည်း aftershock လှုပ်သွားသေးတယ်ပြောတယ်။ ဒါပေမဲ့ ကယ်ဆယ်ရေးသမားတွေကတော့ အများကြီးလည်း မရောက်သေးဘူး။ ဥပမာ အယောက်ခြောက်ဆယ် ခုနှစ်ဆယ် အသုတ်လိုက်လေးတော့ ရောက်နေတယ်။ သူတို့က လောလောဆယ်တော့ ဒီမြို့တော်ခတ္တမန္ဓူ မှာပဲ နေကြတာပေါ့။ အခြားရွာတွေမှာဖြစ်တာကတော့ ပိုများတယ်ပြောတယ်။ ရွာတွေ ခတ္တမန္ဓူ ရဲ့အပြင်ဘက်မှာ ရှိတဲ့ ရွာတွေကျတော့ အိမ်တွေ အဆောက်အဦးတွေ ဆောက်ထားတာလည်း မခိုင်တော့ တချို့ဆို ရွာလုံးကျွတ်ပြိုသွားတာမျိုးတွေ ရှိတယ်ပြောတယ်။

အဲ့ဒီ့နေရာတွေတော့ ကျနော်လည်း မနက်ဖြန်မှ ရောက်မှာဆိုတော့ သေချာ အတိအကျတော့ ပြောလို့မရသေးဘူး။ "

မေး။    ။ ခတ္တမန္ဓူ မြို့ထဲမှာရော ပုံမှန်အစိုးရလုပ်ငန်း တွေ စီးပွားရေး အခြေအနေတွေရော အခု အဲ့ဒီ့အခြေအနေ ဘယ်လိုရှိလဲ။

"စီးပွားရေးလုပ်ငန်းတွေကတော့ အကုန်ပိတ်ထားတယ်။ ဘာဆိုင်မှ မဖွင့်ဘူး။ ကယ်ဆယ်ရေး စစ်တပ်အဖွဲ့တွေတော့ တွေ့တယ်။ အများကြီးတော့ သေချာ စနစ်တကျ အများကြီးတော့ မတွေ့သေးဘူး။ ပုံမှန်အနေအထားတော့ မရှိသေးဘူး။ ဒီမှာ ရှိတဲ့ ပြည်သူတွေတော်တော်များများကလည်း နောက်ထပ် ငလျင်အကြီးကြီးများ ထပ်လှုပ်ဦးမလားဆိုတဲ့ဟာမျိုးတွေ စိုးရိမ်နေတော့ အိမ်တွေမှာ မနေကြဘူး။ လမ်းမပေါ်မှာ ရွက်ဖျင်တဲလေးတွေ ထိုးပြီးတော့ နေကြတာ များတယ်။ နောက်ပြီးတော့ ဒီမှာက ရာသီဥတုက နည်းနည်း ဆိုးနေတယ်။ ညဘက် အရမ်းအေးတယ်။ ပြီးတော့ မိုးလည်းရွာနေတယ်။"

မေး။    ။ အခုသေဆုံးတဲ့သူတွေရဲ့စာရင်းထုတ်ပြန်ပေးတာတို့ မိသားစုတွေ တွေ့နိုင်အောင် လုပ်ပေးနေတာတို့ အဲ့ဒီ့အခြေအနေတွေရော ရောက်ပြီလား။

"လောလောဆယ်တော့ အဲ့လိုမျိုးစင်တာတော့ မတွေ့ဘူး။ နေ့လည်က ကျနော်တို့ရောက်တဲ့ ခတ္တမန္ဓူ မှာအကြီးဆုံးဆိုတဲ့ ကမ့်ထဲကို ရောက်တယ်။"

မေး။    ။ ကိုဇင်လတ်တို့ မနက်ဖြန်လောက်ဆိုရင်တော့ ခတ္တမန္ဓူ မြို့ပြင်က ထိခိုက်တဲ့အခြေအနေ သွားကြည့်မယ်ဆိုတော့ အဲ့ဒီ့သွားဖို့ရော ခရီးသွားလာရေးအခက်အခဲတွေ ဘာတွေရှိလား။

" ခရီးသွားလာရေးက လောလောဆယ် ကျနော်ကြားတာကတော့ ကားနဲ့တော့ သွားလို့မရဘူး။ လမ်းတွေကလည်း ပျက်နေတယ်။ အဲ့လို အဆောက်အဦးပြိုတာတွေလည်း ရှိတယ်ဆိုတော့ ကျနော်တို့ ဆိုင်ကယ်နဲ့တော့ စမ်းပြီးသွားကြည့်မယ်ပေါ့။ အခက်အခဲကတော့ မနက်ဖြန်လောက်မှ သိရမယ်။ လောလောဆယ် ဒီကမြို့ခံတွေ ပြောတာကတော့ ကားနဲ့တော့ သွားလို့မရဘူး။ ဒါပေမဲ့ ဆိုင်ကယ်နဲ့ဆိုရင်တော့ သွားလို့ရနိုင်တယ်ပြောတယ်။"

နီပေါလ်နိုင်င့ ခတ္တမန္ဓူ ကိုရောက်နေတဲ့ ဗွီအိုအေ ဗီဒီယိုသတင်းထောက် ကိုဇင်လတ်ကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။

သားညွန့်ဦး / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

မြန်မာတပ်မတော်နှင့် ကိုးကန့် တပ်ဖွဲ့ များ တိုက်ခိုက်ရာမှာ တရုတ် နယ်စပ်ကို ကျော်ပြီး တိုက်ခိုက်တာကို မလုပ်ရန် တရုတ်အစိုးရက ထပ်ထလဲလဲ တောင်းဆိုလိုက်ပါသည်။ မြန်မာနှင့်ကိုးကန့် တပ်ဖွဲ့ များ အပြန်အလှန် တိုက်ခိုက်မှုကြောင့် ယခုရက်ပိုင်းအတွင်း လက်နက်ကြီး ကျည်ဆန်များ တရုတ်နိုင်ငံ ပိုင်နက်ထဲသို့ ကျရောက်လာအပြီးမှာ ယခုလို ထပ်မံ ပြောကြားတာဖြစ်ပါသည်။

ပြီးခဲ့သည့်လက မြန်မာအစိုးရတပ်များနှင့် ကိုးကန့် သူပုန်များအကြား တိုက်ပွဲများက ဗုံးကျည်ဆန်များသည် တရုတ်ယူနန်ပြည်နယ် ထဲသို့ ကျရောက် ခဲ့ပြီး လူ ၅ ဦးသေဆုံးခဲ့သဖြင့် တရုတ်အစိုးရ ဒေါ်သ အလွန်အမင်း ထွက်ခဲ့ ပါသည်။

ကိုးကန့် ဒေသက တိုက်ပွဲများကို ရှောင်ကြဉ်ရန် တရုတ်လူမျိုး အများစုဖြစ် သည့် ဒုက္ခသည်များသည် လူဦးရေ ထောင်ချီပြီး တရုတ်နိုင်ငံဘက် သို့ ထွက်ပြေး တိမ်းရှောင်ခဲ့သည်။

"မကြာသေးခင်က မြန်မာဘက်က ဗုံးဆန်တွေလာကြပြီး တရုတ်ဘက်ကို လာပြီး ပျက်စီးစေတယ် ကံကောင်းလို့ ဒဏ်ရာရ သေဆုံးတာ မရှိခဲ့တာ " ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောခွင့်ရ ပုဂိုလ် ဟွန်လီက နေ့စဉ် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားသည်။ သို့ သော် ဘယ်နေ့ ကဖြစ်ခဲ့သလဲ ဆိုသည့် ရက်အတိအကျကိုမှုပြောကြားခြင်းမရှိပါ။

" တရုတ်က မြန်မာဘက်က တာဝန်ရှိသူတွေကို တရားဝင် အကြောင်းကြား ခဲ့ ပြီးနောက်တခါ အဲလိုဖြစ်မှာကို ထိထိရောက်ရောက် ကာကွယ်ပေးပါ လို့ တောင်းဆိုထားတယ် ။ မြန်မာဘက် ကလည်း နောက်တခါ အဲလို မဖြစ်အောင် သက်ဆိုင်ရာတာဝန်ရှိသူကိုပြင်းပြင်းထန်ထန် အရေးယူမယ် လို့ ပြောပါတယ်"

တင်္နလာနေ့က တရုတ်သမ္မတ ဇီကျန်ပင်းသည် ဘေဂျင်းမှာရောက်နေသော လွှတ်တော်နာယက သူရ ဦးရွှေမန်းနှင့်လည်း တွေ့ ဆုံရာ အဆိုပါ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုများအား ကန့်ကွက်ခဲ့ပြီး နယ်စပ် တလျှောက် ငြိမ်းချမ်းရေးအတွက် တောင်းဆိုခဲ့သည်ဟု ဟွန်လီက ပြော ပါသည်။

" နယ်စပ်ကို အခြေအနေပုံမှန်ပြန်ရောက်ဖို့ သက်ဆိုင်ရာ တာဝန်ရှိ တဲ့ သူတွေက အခြေအနေကို အေးချမ်းတည်ငြိမ်အောင် လုပ်နိုင်မယ် လို့ တရုတ်နိုင်ငံကမျှော်လင့်ပါတယ်"

တရုတ်နယ်စပ်နှင့် မီတာ၅၀၀ ကွာဝေးသောနေရာမှာ အခြေချခုခံနေသည့် ဖုန်ကြားရှင် ဦး ဆောင်သော MNDAA ကိုးကန့် တပ်ဖွဲ့ များနှင့် မြန်မာ စစ်တပ် တိုက်ပွဲများဖြစ်နေကြသည်ဟု မြန်မာပြန်ကြားရေး ၀န်ကြီးဌာနက တင်္နလာနေ့ က ပြောကြားပါသည်။

MNDAA တာဝန်ရှိသူက ပြောကြားရာတွင် မေလတွင် ပန်ဆန်းမြို့  ၀ တပ်ဖွဲ့ ဌာနချူပ်၌ ကျင်းပမည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များနှင့် ဆွေးနွေး ပွဲသို့  ကိုယ်စားလှယ်စေလွှတ်မည်ဟု ဆိုပါသည်။

မြန်မာအစိုးရကတော့ ကိုးကန့်တပ်ဖွဲ့ MNDAA ကို အဆိုပါဆွေးနွေးပွဲတွင် ပါဝင်ထည့်သွင်းရန် ငြင်းဆိုထားပါသည်။

MNDAA သည်ယခင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ အဖွဲ့ ဟောင်းတခုဖြစ်ပြီး တရုတ်က နောက်ခံ ပံပိုးနေသော ပျောက်ကြားသူပုန်တပ်ဖွဲ့ ဖြစ်ပါသညိ။ ၁၉၈၉ခုနှစ်အထိ မြန်မာအစိုးရနှင့် တိုက်ခိုက်ခဲ့ပြီး ၂၀၀၉ခုနှစ် အထိ ငြိမ်းချမ်းရေး ယူပြီး အပစ်အခတ်ရပ်စဲခဲ့ဖူးပါသည်။

လင်းလင်း
ကိုးကား - ရိုက်တာသတင်း

The Ladies News Journal

လွန်ခဲ့တဲ့ နှစ်ဆန်း ဇန်န၀ါရီလ ၂၆ရက်နေ့က မြင်းခြံဒီဂရီကောလိပ်မှာ စိုက်ထူးထားတဲ့ နိုင်ငံတော်အလံ ကို ဖြုတ်ချခဲ့ပြီး ခွပ်ဒေါင်းအလံကို တင်ခဲ့တဲ့အထဲမှာ ပါဝင်တယ်ဆိုပြီး ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တစ်ဦးကို မြင်းခြံမြို့နယ် မြို့မရဲစခန်းက မနေ့က ဖမ်းဆီးလိုက်ပါတယ်။

ဖမ်းဆီးခံထားရတဲ့ ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုဇင်ကိုသန့်ဟာ ကျောင်းသားသပိတ် စစ်ကြောင်းမှာ ပါဝင်ခဲ့ခြင်းမရှိသလို အလံဖြုတ်ချရာမှာလည်း မပါဝင်ခဲ့ဘူးလို့ မန္တလေးမြို့တောင်ခွင် မင်းကြီး ကျောင်းတိုက်မှာ ဒီကနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုနိုင်ရဲဝေက ပြောပါတယ်။

"ကိုဇင်ကိုသန့်ကို ဖမ်းဝရမ်းထုတ်ထားတယ်ပေါ့နော်၊ ပညာရေးသပိတ်စစ်ကြောင်း စပြီးထွက်ခွာပြီဆိုကတည်းက ကျနော်တို့နဲ့ ပါဝင်ပတ်သက်ခြင်းမရှိတဲ့အတွက် ကျနော်တို့က ဒါဟာအခြား ဇင်ကိုသန့် တစ်ယောက်လို့ ယူဆတဲ့အတွက် အသိပေးတာ ရှောင်ခိုင်းတာလည်းမရှိဘူးပေါ့နော်"

မန္တလေးတိုင်းဒေသကြီး အုန်းချောကျေးရွာမှာနေထိုင်တဲ့ ကိုဇင်ကိုသန့်ကို ကျေးရွာရဲစခန်းထံ ဆင့်ခေါ်ပြီး မြင်းခြံမြို့နယ် မြို့မရဲစခန်းက လာရောက်ဖမ်းဆီးသွားတာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၀ရက်နေ့က မန္တလေးမြို့ကနေ စတင်ချီတက်လာတဲ့ ပင်မကျောင်းသား သပိတ်စစ်ကြောင်းဟာ မြင်းခြံမြို့ကို ဇန်န၀ါရီလ ၂၆ရက်နေ့မှာ ရောက်ရှိခဲ့တာဖြစ်ပါတယ်။

သပိတ်စစ်ကြောင်းမှာ ပါဝင်ခဲ့သူတချို့က မြင်းခြံဒီဂရီကောလိပ်မှာရှိတဲ့ နိုင်ငံတော်အလံကို ဖြုတ်ချပြီး ခွပ်ဒေါင်းအလံကို လွှင့်တင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီအမှုနဲ့ပတ်သက်လို့ မုံရွာနည်းပညာတက္ကသိုလ်က စက်မှုအင်ဂျင်နီယာ တတိယနှစ်ကျောင်းသား ကိုစိုးလှိုင်ကို ပြီးခဲ့တဲ့မတ်လက ဖမ်းဆီးပြီး မြင်းခြံအကျဉ်းထောင်မှာ ထိန်းသိမ်းထားပြီး မိတ္ထီလာ နည်းပညာတက္ကသိုလ် က ကျောင်းသား ကိုမြတ်မင်းသူကိုလည်း ဖမ်းဝရမ်းထုတ်ထားတယ်လို့ သိရပါတယ်။

RFA


မြန်မာတရုတ်နယ်စပ်မှာ မြန်မာစစ်တပ်နဲ့ ကိုးကန့်လက်နှက်ကိုင်တပ်တွေ တိုက်ပွဲတွေဖြစ်နေကြတာမှာ တရုတ်နိုင်ငံထဲ လက်နက်ကြီးကျည်တွေ တရုတ်နိုင်ငံဘက် ကျ မလာစေဖို့တရုတ်အစိုးရက မြန်မာအစိုးရကို ဒီကနေ့ ထပ်ပြီး သတိပေးသွားပါတယ်။ ကိုးကန့်နဲ့ဖြစ်နေတဲ့ နယ်စပ်တိုကိပွဲကနေ တရုတ်နိုင်ငံဖက်ကို လက်နှက်ကြီး ကျည်ဆံတွေ ထပ်ပြီးကျလာခဲ့ပြီးနောက် အခုလို တရုတ်တို့ ထပ်ပြီးသတိပေးသွားတာပါ။

သိပ်မကြာခင်တုန်းကပဲ မြန်မာဘက်က လက်နှက်ကြီး ကျည်တွေ ကျလာခဲ့တယ်၊ နေအိမ် အဆောက်အဦးတွေ ထိခိုက်မှုရှိခဲ့ပေမယ့် ကံကောင်းထောက်မစွာပဲ လူအသေအပျောက်မရှိခဲ့ဘူးလို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ Hong Lei က နေ့စဉ်ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ရက်အတိအကျမဖော်ပြပဲ ဒီကနေ့ပဲ ပြောသွားခဲ့ပါတယ်။

ဒီရက်ပိုင်းအတွင်းမှာပဲ ကိုးကန့်ဒေသမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး၊ နှစ်ဖက် အထိအခိုက် အကျအဆုံးလည်းများနေပါတယ်။ နယ်စပ်အခြေအနေ ပုံမှန်ပြန်ဖြစ်ဖို့ ဒီကိစ္စနဲ့ ပတ်သတ်နေကြသူတွေအားလုံး အခြေအနေကို အမြန်ဆုံး ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ကြဖို့ တရုတ်ဘက်က မျှော်လင့်ပါတယ်လို့ Mr. Hongကပဲ ပြောသွားတာပါ။

တရုတ်သမ္မတ Xi Jinping ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနဲ့ မနေ့က တွေ့ဆုံစဉ်မှာတော့ တရုတ်မြန်မာနယ်စပ်မှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးရှိအောင်လုပ်ဆောင်ဖို့ တရုတ်သမ္မတက ထပ်ပြီးတောင်းဆိုသွားတာပါ။ ကိုးကန့်သူပုန်တွေဟာ တရုတ်နယ်စပ်မျဉ်းနဲ့ ကိုက် ၅၀၀ လောက် အကွာနီးနီးမှာကို ကတုတ်ကျဉ်းတွေထဲမှာ နေရာယူထားကြတယ်လို့ မြန်မာ ပြန်ကြားရေးဝန်ကြီးဌာက တင်္နလာနေ့ကပဲ ပြောသွားတာပါ။

အရင်လက တရုတ်နိုင်ငံအနောက်တောင်ပိုင်း Yunnan ပြည်နယ်ထဲကို ကိုးကန့်တိုက်ပွဲကနေ လက်နှက်ကြီး ကျည်ကျလာခဲ့ပြီး တရုတ်နိုင်ငံသား ၅ ဦးသေဆုံးခဲ့ရလို့ တရုတ်အစိုးရ အမျက်ဒေါသထွက်ခဲ့ရပါတယ်။
VOA
http://burmese.voanews.com/content/china-myanmar-shelling/2739403.html


လက်ပံတန်း ကျောင်းသားသပိတ်ကို ဖြိုခွဲစဉ်တုန်းက ရဲတပ်ဖွဲ့က တရားမ၀င် သိမ်းယူထားခဲ့တဲ့ ကျောင်းသားတွေရဲ့ ပစ္စည်းတွေပြန်မရသေးတာကြောင့် တရားဥဒေအတိုင်း အမှုဖွင့်တိုင်ကြားသွားမှာ ဖြစ်တယ်လို့ သက်ဆိုင်သူတွေက ပြောကြားခဲ့ပါတယ်။ ကိုမင်းညိုက ပေးပို့ထားပါ။

ရိုက်ကူး-ဇေယျ၊၊ ရန်နိုင်၊ ဥာဏ်ကြီး DVB TV

ချင်းပြည်နယ် ပလက်ဝမြို့နယ် ပြိုင်ဆိုကျေးရွာ အနီး တစ်ဝိုက်မှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ စစ်ရေးတင်းမာမှုတွေ ရှိနေတာကြောင့် ရွာခံ ၃၀၀ ကျော်ဟာ ကုလားတန်မြစ်ကမ်းနား က ကြွေတောင်ကျေးရွာကို မနေ့က ထွက်ပြေး တိမ်းရှောင်လာကြပါတယ်။

လုံခြုံရေးအရ စိုးရိမ်ထိတ်လန့်နေရတာကြောင့် ထွက်ပြေးလာကြတာဖြစ်တယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ပလက်ဝမြို့နယ် ခူမီးလူငယ်အသင်း ဥက္ကဌ ဦးစတီဗင်က ပြောပါတယ်။

"တိုက်ပွဲအခြေအနေက အခုထိမငြိမ်ဘူးဖြစ်နေတယ်၊ တပ်တွေကလည်း အင်အားတိုးချဲ့နေတယ်၊ လုံခြုံရေးအရ လုံးဝစိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတဲ့အတွက်ကြောင့် သူတို့တိမ်းရှောင်ရတဲ့ သဘောပေါ့နော်၊ "

အဲဒီ ပြိုင်ဆိုကျေးရွာအနီးမှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တို့ ပြီးခဲ့တဲ့ မတ်လကုန်နဲ့ ဧပြီလ ဒုတိယပတ်အတွင်းမှာ တိုက်ပွဲ ၃ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပါတယ်။

ပြိုင်ဆိုကျေးရွာကနေ ခြေကျင်ခရီးနဲ့ ၂ရက်ကြာထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေဟာ ကုလားတန်မြစ် အနီး ကြွေတောင်ကျေးရွာမှာရှိတဲ့ လောက်တင်ကမ်းစပ်မှာ ယာယီတဲတွေနဲ့ နေထိုင်နေကြရတယ်လို့လည်း သိရပါတယ်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်းမှာလည်း အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ဟာ ပြီးခဲ့တဲ့ ဧပြီလ ၁၇၊ ၁၈ ရက်နေ့တို့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် စစ်ပြေးဒုက္ခသည် ၅၀၀ နီးပါးရှိပါတယ်။

ရက္ခိုင့်တပ်မတော် AA နဲ့ ဆက်နွယ်မှုရှိတယ်ဆိုပြီး တိုက်ပွဲဖြစ်ပွားရာ ပီချောင်းဒေသအနီးတ၀ိုက်မှာရှိ တဲ့ ကျေးရွာအတော်များများက ဒေသခံတွေကို အစိုးရတပ်မတော်က လိုက်လံဖမ်းဆီး စစ်ဆေးနေပါတယ်။


RFA

ကိုးကန့်တပ်ဖွဲ့ဝင် တချို့ကိုတွေ့ရစဉ်။ Photo: AFP

 ပြည်တွင်းငြိမ်းချမ်းရေး အတွက် ကိုးကန့်တပ်ဖွဲ့အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံးနဲ့ တွေ့ဆုံဆွေးနွေးဖို့ တိုက်တွန်းမှုတွေ ရှိပေမယ့် မြန်မာအစိုးရ အနေနဲ့ ဦးဖုန်ကြားရှင်ဦးဆောင်တဲ့ ကိုးကန့်အဖွဲ့နဲ ဆွေးနွေးဖို့ လုံးဝအစီအစဉ် မရှိကြောင်း နိုင်ငံတော်သမ္မတရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောကြားလိုက်ပါတယ်။

ကိုးကန့်ဒေသမှာ အခုရက်ပိုင်းအတွင်း တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေတာနဲ့ ပတ်သက်လို့ RFA က ဆက်သွယ်မေးမြန်းရာမှာ မလေးရှားနိုင်ငံ အာဆီယံထိပ်သီးညီလာခံကနေ ဒီကနေ့ ပြန်လည်ရောက်ရှိလာတဲ့ ဝန်ကြီးဦးရဲထွဋ်က အခုလို ပြောကြားလိုက်တာပါ။

"၂ဝ၁၁ ခုနှစ်မှာ နိုင်ငံတော်သမ္မတကြီး တာဝန်ယူပြီးတဲ့အခါ မိုင်းလားဒေသမှာ ခိုလှုံနေတဲ့ ဦးဖုန်ကြားရှင်က သူလက်နက်ကိုင်လမ်းစဉ်တွေကိုလည်း မလုပ်ချင်တော့ဘူးတဲ့၊ သူအေးအေးဆေးဆေး နိုင်ငံရေးပဲလုပ်တော့မယ်တဲ့၊ ဒါကြောင့် သူ့ကိုတရားခံပြေးအဖြစ်နဲ့ ကြေညာထားတာကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပါဆိုပြီး သမ္မတကြီးဆီကို ဆက်သွယ်ပြီးတော့မှ တင်ပြခဲ့တယ်၊ ဒါကြောင့် သမ္မတကြီးက သူ့ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တယ်၊ ဒါပေမဲ့ ၂ဝ၁၅ ထဲဝင်တဲ့အခါကျတော့ အဲ့ကတိကိုချိုးဖောက်ပြီးတော့မှ ဒီဒေသမှာ မတည်မငြိမ်မှုတွေဖြစ်အောင် လက်နက်ကိုင်တိုက်ပွဲတွေကို ပြန်ပြီးတော့ဖော်ဆောင်လာခဲ့တယ်၊ သူတို့နဲ့ ကျနော်တို့ မဆွေးနွေးနိုင်သေးဘူးဆိုတာ အဲ့ဒါကအဓိကအကြောင်းအရာပါပဲ"

ဒါ့အပြင် နိုင်ငံတော်သမ္မတဦးသိန်းစိန်နဲ့ တရုတ်သမ္မတ ဇီကျင်းပင်တို့ ပြီးခဲ့တဲ့ သီတင်းပတ်က အင်ဒိုနီးရှား နိုင်ငံမှာ သီးသန့်တွေ့ဆုံပြီး ကိုးကန့်ဒေသစစ်ပွဲနဲ့ ပတ်သက်လို့ ဆွေးနွေးကြရာမှာ မြန်မာစစ်တပ်က ပစ်ခတ်လိုက်တဲ့ဗုံးကြောင့် တရုတ်နိုင်ငံသားတွေ သေဆုံးခဲ့ရမှုအပေါ် လျော်ကြေးငွေပေးအပ်ရေးကိစ္စတွေကိုလဲ ဆွေးနွေးခဲ့တယ်လို့ ဝန်ကြီးဦးရဲထွဋ်က ပြောပါတယ်။

"စစ်ဆေးချက်တွေအရ ကျနော်တို့ဘက်ကကျတာ မှန်ကန်တဲ့အတွက်ကြောင့်မို့ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ စိတ်မကောင်းဘူး ဆိုတဲ့အကြောင်းပြောတယ်၊ ဒီပြဿနာကို နှစ်နိုင်ငံချစ်ကြည်ရေးကို အခြေခံပြီးတော့မှ အစိုးရချင်း၊ တပ်မတော်ချင်း၊ ပြည်သူချင်းမှာ ဖြေရှုင်းဆောင်ရွက်နိုင်ခဲ့တယ်၊ နောက်ဒါမျိုးထပ်ပြီးတော့ မဖြစ်ဖို့အတွက် နယ်စပ်ဒေသမှာ တည်ငြိမ်အေးချမ်းဖို့ လိုတယ်ဆိုတာ ကျနော်တို့ပြောပါတယ်၊ နောက်တရုတ်ဘက်က သေဆုံးသူများနဲ့ ပတ်သက်တဲ့ လျော်ကြေးပေါ့နော် ဒါလည်းဆက်ပြီးတော့ ဖြေရှင်းသွားဖို့ကိစ္စ ပြောပါတယ်"

နိုင်ငံတော်သမ္မတဦးသိန်းစိန်ဟာ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာ ဧပြီလ ၂၂ ရက်နေ့က ကျင်းပတဲ့ အာရှ-အာဖရိက ထိပ်သီးညီလာခံကိုတက်ရောက်ခဲ့ရာမှာ တရုတ်သမ္မတနဲ့ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့သလို၊ ဧပြီ ၂၇ ရက်နေ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်မှာကျင်းပတဲ့ အာဆီယံထိပ်သီး ညီလာခံမှာလည်း ဒေသတွင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ကွာလာလမ်ပူမြို့မှာ မနေ့က ကျင်းပတဲ့ အာဆီယံထိပ်သီး ညီလာခံမှာ တောင်တရုတ်ပင်လယ်ပြင် ပိုင်နက်အငြင်းပွားမှုကိစ္စ၊ ဒေသတွင်းတည်ငြိမ်အေးချမ်းရေးအတွက် အာဆီယံနိုင်ငံတွေအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး စတဲ့ကိစ္စရပ်တွေကို အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

PHOTO - REUTERS

 ခတ္တမန္ဒူ ၊ ဧပြီ ၂၈။

 နီပေါနိုင်ငံတွင် ဧပြီလ ၂၅ ရက်က လှုပ် ခတ် ခဲ့သည့် ငလျင် ကြောင့် သေဆုံးသူ ၁၀၀၀၀ ထိ ရှိ လာနိုင်သည် ဟု နီပေါဝန်ကြီးချုပ်ကပြောကြောင်း ဧပြီလ ၂၈ ရက် CNN သတင်း တွင်ဖော်ပြသည်။

နီပေါနိုင်ငံတွင် ဧပြီ၂၅ရက်နေ့က ပြင်းအား ၇.၈ ရှိ ငလျင်လှုပ်ရာ မြို့တော် ခတ္တမန္ဒူအပါအ၀င် နေရာအနှံ့အပြားတွင် အဆောက်အဦများ ပြိုကျ၍ လူအများ သေကြေထိခိုက်မှုများရှိသည်။ ၂၆ ရက်နေ့တွင် တစ်ဖန် ပြင်းအား ၆.၇ရှိ နောက်ဆက်တွဲ ငလျင်လှုပ်ခဲ့ပြန်ရာ ပျက်စီးမှုများ ထပ်မံရှိခဲ့သည်။ အခုထိ သေဆုံးသူ (၄၄၀၀)ရှိနေပြီဖြစ်ရာ သေဆုံးသူ တစ်သောင်းအထိ ရောက်သွားနိုင်သည်ဟု နီပေါဝန်ကြီးချုပ် “ဘူရှီကွိုင်နာလာ”ကပြောသည်။

ခတ္တမန္ဒူ မြို့တော်၏ အနောက်ဘက်တွင် ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် အနီးအနား အိန္ဒိယ နှင့် တရုတ်နိုင်ငံတို့တွင်လည်း ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။

အိန္ဒိယတွင် ၇၂ ဦး နှင့် တရုတ်ပြည်တွင် ၂၅ ဦး သေဆုံးကြောင်း သိရှိရသည်။

ရာစုနှစ်ပေါင်းများစွာ ငလျင်ဒဏ်အမျိုးမျိုးကို ကြံ့ကြံ့ခံခဲ့သော ဘာသာရေးနှင့် ယဉ်ကျေးမှု အဆောက်အအုံများ ပျက်စီးကုန်သည်။

ဧ၀ရတ်တောာင်တွင် ရေခဲတောင်များပြိုကျ၍ တောင်တက်သမား ၁၇ ဦး သေဆုံးခဲ့သည်ဟုလည်း CNN သတင်း တွင်ဖော်ပြသည်။

Oriental News
https://www.facebook.com/orientalnewsmyanmar


 မိုဘိုင်းလ် ဆက်သွယ်ရေး ကဏ္ဍကို လက်ဝါးကြီး အုပ်နိုင်ဖို့ ကြိုးစားနေတဲ့ Facebook ဟာ ယင်းတို့ရဲ့ နောက်ဆုံး ခြေလှမ်းအဖြစ် Facebook Messenger ပေါ်၌ Video Chat ပြုလုပ်နိုင်ရန် ဖန်တီးလိုက်ပြီ ဖြစ်ပါတယ်။

Facebook Messenger ဟာ လတ်တလောမှာ လူသုံးအများဆုံး ဆက်သွယ်ရေး နည်းပညာအဖြစ် ရပ်တည်နေပြီး သန်းရာနှင့်ချီတဲ့ Facebook သုံးစွဲသူများက နေ့စဉ်အသုံးပြုနေတာဖြစ်လို့ Video Chat အား ထည့်သွင်းပေးလိုက်ခြင်းဖြင့် Facebook အနေနဲ့ Apple FaceTime ၊ Google+… Hangouts နဲ့ Skype တို့ကို ထိပ်တိုက်ရင်ဆိုင် သွားနိုင်ပြီ ဖြစ်ပါတယ်။

Video Chat အား အသုံးပြုရန် သီးသန့် App ထည့်သွင်းရန် မလိုအပ်ပဲ Messenger ပေါ်မှ ဗီဒီယိုကင်မရာ ပုံလေးအား နှိပ်လိုက်ရုံနဲ့ Video Chat အဖြစ် သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ စာရိုက်ပြီး ပြောဆိုနေရာက ရုပ်ကြည့်ပြီး တိုက်ရိုက်ပြောဆို ဆက်သွယ်နိုင်ရန် ချက်ခြင်းဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

Facebook Messenger ဟာ iOS ကော Android OS ပေါ်ပါ အသုံးပြုနိုင်တာကြောင့် လက်ရှိ အသုံးအများဆုံး Video Chat ဖြစ်တဲ့ Apple FaceTime ထက် တစ်ပန်းသာနေမှာ ဖြစ်ပါတယ်။ Viber အနေနဲ့လည်း လွန်ခဲ့တဲ့ ၆ လ ခန့်က စတင်ပြီး Video Chat ဝန်ဆောင်မှုအား စတင်ခဲ့သော်လည်း ၁.၁ ဘီလီယံ အင်အားရှိတဲ့ Facebook သုံးစွဲသူများကို မမှီတာ သေချာနေပါတယ်။

Facebook Messenger App ဟာ သာမန် ဆက်သွယ်ရေး ဝန်ဆောင်မှု Application တစ်ခုအဖြစ် စတင်ခဲ့ရာမှ လက်ရှိအချိန်မှာ ဖုန်းကဲ့သို့ ဆက်သွယ်ပြောဆိုခြင်း၊ အသံ၊ ရုပ်ပုံနဲ့ အခြား ဖိုင်များ ပေးပို့ခြင်း၊ မိတ်ဆွေအခြင်းခြင်း ငွေလွှဲမှုအထိ များပြားလှတဲ့ ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက် ရှိနေပါတယ်။ Messenger ကို အဆင့်မြှင့်တင်နိုင်ဖို့ Facebook CEO Mark Zuckerberg ဟာ ရင်းနှီးမြှုပ်နှံမှု အတော်များများ ပြုလုပ်ထားပြီး ပြီးခဲ့တဲ့နှစ်ကလည်း နာမည်ကျော် WhatsApp အား ဒေါ်လာ ၁၉ ဘီလီယံနဲ့ ဝယ်ယူခဲ့ပါတယ်။

Facebook ရဲ့ အဆိုအရ ကမ္ဘာတစ်ဝန်း အသံဖြင့် ဆက်သွယ်ပြောဆိုမှုများ အားလုံးရဲ့ ၁၀ ရာခိုင်နှုန်းဟာ Messenger ကို အသုံးပြုပြီး ဆောင်ရွက်ခဲ့တယ်လို့လည်း သိရပါတယ်။ ယင်းဝန်ဆောင်မှုကို လွန်ခဲ့တဲ့ ၂ နှစ်က စတင်ခဲ့တာဖြစ်ပါတယ်။

Social Action for Women - SAW

(ဓာတ်ပုံ- အမ်အေတီ)

 ထိုင်းနိုင်ငံ ဘန်ကောက်အနီး မဟာချိုင်တွင် ပလာထပ်ကျင်မှာ မြန်မာအလုပ်သမား ၂၁ ဦး ကို တင်ဆောင်လာတဲ့ ကား ဧပြီ ၂၈ ရက်က ညက တိမ်းမှောက်ခဲ့သဖြင့် ၉ ဦး သေဆုံးခဲ့ပါတယ်။

၁၂ ဦးကို ဆေးရုံပို့ဆောင်ခဲ့သလို ၉ ဦးက အရေးပေါ် ကုသခံနေရတယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့(အမ်အေတီ) ဒါရိုက်တာ ဦးကျော်သောင်းက ပြောပါတယ်။

“ပွဲချင်းပြီး ၈ ယောက် သေတယ်၊ ဆေးရုံပေါ်မှာ ၁ ယောက်သေတယ်။ အရေးပေါ် လူနာက ၄ ယောက်၊ ည ၈ နာရီကျော် ၉ နာရီလောက်မှာ အလုပ်က ပြန်လာတဲ့ ကားက မဆင်မခြင် မောင်းပြီးတော့ ကားက အရှိန်လွန်ပြီး လမ်းထဲက အုတ်နံရံကို ၀င်ဆောင့်တော့ အလုပ်သမားခေါင်းတွေ အကုန် ကိုင်ရိုက်သတ်သလို သေကုန်တာ။ ကားသမားက ဘာမှ မဖြစ်ဘူး။ ထိုင်းမှာ ကားသမားတွေ အတွက် ခါးပတ်ကြိုးပါတယ်။ အလုပ်သမားတွေမှာက အကာအကွယ်ဘာမှ မရှိဘူး”လို့ သူက ပြောပါတယ်။

ကားမောင်းတဲ့သူတွေက မြန်မာတွေဖြစ်ပြီး တစုံတရာ ထိခိုက်မှုမရှိသလို ကားကို မဆင်မခြင် မောင်းနှင်တဲ့ အတွက် ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

ဧပြီ ၂၇ ရက်ကလည်း ထိုင်းနိုင်ငံ အလယ်ပိုင်း ချောင်ပူရီးမြို့ ခွေး အစားအစာ ထုတ်လုပ်တဲ့ စက်ရုံမှာ အသက် ၃၉ နှစ် မြန်မာအလုပ်သမား တဦး အစာကြိတ်စက်ထဲ ပြုတ်ကျပြီး သေဆုံးသွားတယ်လို့ ထိုင်း ခေါင်ဆွတ် သတင်းက ရေးပါတယ်။

ဒါ့အပြင် တာ့ခ်ခရိုင် မဲဆောက်မြို့က ကားရေဆေးဆိုင်မှာ အသက် ၁၆ နှစ် မြန်မာအလုပ်သမားတစ်ဦး တိုက်ခေါင်မိုးပေါ်မှာ လျှပ်စစ်ကြိုးသွယ်တန်းနေရင်း ၀ိုင်ယာ ရှော့ခ်ဖြစ်လို့ ပြုတ်ကျသေဆုံးခဲ့ပါတယ်။

သွားရောက်ကူညီတဲ့ ထိုင်းလူမျိုး ဆိုင်ပိုင်ရှင် သားအဖပါ ဓာတ်လိုက်ပြီး ဒဏ်ရာရှိသွားတယ်လို့ မဲဆောက်ဒေသတွင်း သတင်းဌာနမှာ ဖော်ပြပါတယ်။

  By ဒီဗွီဘီ
http://burmese.dvb.no



 နီပေါနိုင်ငံမှာ ဧပြီ၂၅ ရက်က လှုပ်ခတ်သွားခဲ့တဲ့ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုနဲ့ ကြုံတွေ့နေရတဲ့သူ ၈ သန်းထိ ရှိသွားပြီလို့ ကုလသမ္မဂ က ပြောကြားလိုက်ပါတယ်။

နီပေါနိုင်ငံအတွက် ကနဦး အလှူငွေ ဒေါ်လာ ၁ သန်း အပေါ် နောက်ထပ် အကူအညီတွေ လာအုံးမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောကြားခဲ့ပါတယ်။

ရွာလုံးကျွတ် ပျက်စီး ပျောက်ကွယ်ကုန်တဲ့အထိ မမြင်ရက်စရာ အနိဌာရုံ ဒုက္ခ မြင်ကွင်းတွေကြောင့် အမေရိကန်က နီပေါကို နောက်ထပ် ဒေါ်လာ ၉ သန်း ထပ်ပြီးတော့ ကူညီထောက်ပံ့ ပေးသွားမှာ ဖြစ်တယ်လို့လည်း ဂျွန်ကယ်ရီက ပြောကြားခဲ့ပါတယ်။

အစားအစာ ရေနဲ့ လျှပ်စစ်မီးတွေ ပြတ်တောက်နေတဲ့အတွက် နီပေါမှာ ကူးစက်ရောဂါတွေ ဖြစ်လာမှာကိုလည်း စိုးရိမ်ပူပန်နေကြတာ ဖြစ်ပါတယ်။

နီပေါမှာ စောင်ကနေ ရဟတ်ယာဉ်အထိ အရေးတကြီး လိုအပ်နေသလို ဆရာဝန်နဲ့ ကားမောင်းသမားတွေလည်း အများအပြား လိုအပ်နေတာ ဖြစ်ပါတယ်။

နိုင်ငံတကာ ကယ်ဆယ်ရေး ဆောင်ရွက်မှုတွေလည်း နီပေါမှာ စတင် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

အရေးကြီးတာက မုတ်သုန်မိုးတွေ မရွာသွန်းခင်မှာ ဒုက္ခသည်တွေကို ရွက်ဖျင်တဲတွေ အမြန်ထောက်ပံ့ပေးဖို့ လိုတယ်လို့ Care ကူညီကယ်ဆယ်ရေးအဖွဲ့က ပြောခွင့်ရသူက ပြောခဲ့ပါတယ်။

ခတ္တမန္ဒူ မြို့တော်ရဲ့ လမ်းမတွေပေါ်မှာတော့ သိန်းနဲ့ချီတဲ့သူတွေဟာ တတိယမြောက်ညအဖြစ် အိမ်တွေအပြင်ဘက်မှာ ထွက်ပြီး အိပ်ခဲ့ကြရတာ ဖြစ်ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese

John McCain Institute Forum တွင် မဇင်မာအောင် ပါဝင် ဆွေးနွေးနေစဉ်။ 
ရီပတ်ဘလီကန်ခေါင်းဆောင် Jonh McCain ဦးဆောင်ကျင်းပတဲ့ Sedona ဆွေးနွေးပွဲမှာ မြန်မာပြည်ဆိုင်ရာ အမေရိကန်နိုင်ငံခြားရေးမူဝါဒ ပြန် လည် သုံးသပ်ရေးဆိုင်ရာ အကြောင်းတွေကို ဆွေးနွေးခဲ့ကြပြီး ဒီဆွေးပွဲရလဒ်ကို စာတမ်းပြုစုကာ ၀ါရှင်တန်နိုင်ငံရေး အသိုင်းအဝိုင်းကို Jonh McCain က တိုက်တွန်းသွားဖို့ မျှော်လင့်နေကြပါတယ်။ အိုဘားမား အစိုးရဟာ ဒီမိုကရေစီအင်အားစုတွေရဲ့ အသံထက် မြန်မာအစိုးရနဲ့သာ ပိုပြီး နီးစပ်လာတဲ့အပေါ် စိုးရိမ်နေတာကြောင့် အမေရိကန် နိုင်ငံခြားရေးမူဝါဒကို ပြန်လည်သုံးသပ်ဖို့ Sedona ဆွေးနွေးပွဲမှာ တိုက်တွန်းပြောဆို ခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ ကိုဥာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စု အာရီဇိုးနားပြည်နယ် Sedona မြို့မှာ Jonh McCain Institute က ကြီးမှူးကျင်းပတဲ့ Sedona Forum ဆွေးနွေးပွဲမှာ လူ့အခွင့်အရေး ချိုးဖေါက်ခံရမှု ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ လူကုန်ကူးမှုနဲ့ ကမ္ဘာ့စီးပွားရေး စတဲ့ကဏ္ဍတွေမှာ အမေရိကန်ရဲ့ဦးဆောင်မှုနဲ့ ပတ်သက်လို့ ဧပြီလ ၂၅ ရက်နဲ့ ၂၆ နှစ်ရက်ကြာ ၀ိုင်းဝန်း ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲအတွင်း မြန်မာနိုင်ငံရဲ့ အသွင်းကူးပြောင်းရေးမှာ အမေရိကန်အစိုးရရဲ့ အခန်းကဏ္ဍအရေးကြီးပုံကို ဆွေးနွေးခဲ့ကြပြီး ဒီဆွေးနွေး ချက်တွေကို နိုင်ငံရေးသြဇာကြီးမားတဲ့ ရီပတ်ဘလီကန်ခေါင်းဆောင် Jonh McCain က အမေရိကန်အစိုးရကို ပြန်လည်တိုက်တွန်းသွားဖို့ မျှော်လင့်ကြောင်း Sedona ဆွေးနွေးပွဲမှာ ကိုယ်တိုင် တက်ရောက်ဆွေးနွေးသူ ရန်ကုန်နိုင်ငံရေးသိပံ္ပကျောင်း အုပ်ချုပ်မှု ဒါရိုက်တာအဖွဲ့ဝင် မဇင်မာအောင်က VOA ကို ပြောပါတယ်။

 “ဒီ ဆီးနိတ်တာ Jonh McCain ကလည်း အားလုံး သိတဲ့အတိုင်းပဲ၊ မြန်မာ့အရေးနဲ့ ပတ်သက်ရင်ကော သူက စိတ်ပါဝင်စားမှု ရှိပြီးတော့ အမေရိကန်နိုင်ငံရေးလောကမှာလည်း သြဇာရှိတဲ့ ဆီးနိတ်တာ တယောက် ဖြစ်တယ်ပေါ့နော်။ ဆိုတော့ ဒီဟာတွေကို သူတို့ Document လုပ်ပြီးတဲ့အခါမှာ ဒီ ၀ါရှင်တန် Politics မှာတော့ တစုံတရာ Input လုပ်ဖို့ ကြိုးစားတဲ့ ဖိုရမ် မျိုးပါ။ ဖိုရမ်ကနေပြီးတော့ အသံတွေ နားထောင်မယ်။ ပြန်လည် သုံးသပ်မယ်။ သုံးသပ်ပြီးတော့ ဒါတွေကို အခြေခံပြီးတော့ ဆီနိတ်တာ Jonh McCain အနေနဲ့ ဒီ ၀ါရှင်တန် Politics မှာ တစုံတရာ Input ပေးနိုင်ဖို့လို့ အထောက်အပံ့ ဖြစ်စေတဲ့ ဖိုရမ်မျိုးပါ။ ဒီဖိုရမ်က။”

မြန်မာပြည်နဲ့ပတ်သက်လို့ အိုဘားမားအစိုးရရဲ့ ဆက်ဆံမှုတွေဟာ နေပြည်တော်မြန်မာအစိုးရနဲ့သာ ပိုနီးစပ်နေတာကို သတိပြုမိတာကြောင့် အခြေနေမှန်တွေကို လေ့လာပြီး ပြန်လည်သုံးသပ်မှုတွေ လုပ်သင့်တယ်လို့ Sedona Forum မှာ သူဆွေးနွေးခဲ့ကြောင်း မဇင်မာအောင်က ပြောပါတယ်။

“ကျမ ပါခဲ့တဲ့ Panel က ဒီ လူ့အခွင့်အရေးနဲ့ အမေရိကန်ရဲ့ အခန်းကဏ္ဍပေါ့နော်။ ဆိုတော့ မြန်မာ အသွင်ကူးပြောင်းရေးမှာ ရပ်တည်နေတဲ့ အမေရိကန် အစိုးရရဲ့ အခန်းကဏ္ဍနဲ့ ရပ်တည်ချက်တွေအပေါ်မှာ ဘာပြောချင်သလဲဆိုတဲ့ဟာပါ၊ အဓိက ကတော့လေ။ ဆိုတော့ ကျမကတော့ အဓိက ကတော့ အမေရိကန် အခန်းကဏ္ဍက (Still) အရမ်း အရေးကြီးတယ်။ သူ့ရဲ့ ရပ်တည်ချက် မှားရင်၊ ဒါမှမဟုတ်လဲ Information မှန်မှန်ကန်ကန် မရဘဲနဲ့ ဆုံးဖြတ်ချက်တွေ၊ သုံးသပ်ချက်တွေ၊ မှားမယ်ဆိုလို့ရှိရင် ဒီမိုကရက်တစ် အင်အားစုတွေအတွက် စိတ်ပျက်စရာ ဖြစ်လာနိုင်ဖွယ်ရာ ရှိတယ်ဆိုတာမျိုး ဒါကို သတိထားဖို့နဲ့၊ နောက်ပြီးတော့ အမေရိကန်က လာကြတဲ့၊ ဘယ်လိုပြောမလဲ၊ ၀ါရှင်တန်က ပုဂ္ဂိုလ်တွေ အနေနဲ့ ဆိုလို့ရှိရင်လည်း အစိုးရနဲ့ချည်းပဲ၊ နေပြည်တော်နဲ့ချည်းပဲ လုံးလား ထွေးလား လုပ်နေတာထက်စာလို့ရှိရင် အောက်ခြေမှာ တကယ့် ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ဒီထက်ပိုပြီးတော့ သိဖို့လို့ လိုအပ်တယ် ဆိုတဲ့ အသံတွေကို နားထောင်ဖို့ ဆိုတာမျိုးပဲ ကျမက ပြောခဲ့ပါတယ်။”

အမေရိကန်ပြည်ထောင်စုက ကမ္ဘာလုံးဆိုင်ရာ ပထ၀ီနိုင်ငံရေးကို စဉ်းစားရတာ မှန်ပေမယ့် မြန်မာပြည်အရေးမှာ လက်တွေ့ အခြေအနေတွေနဲ့ ကွာဟသွာတာမျိုး မဖြစ်သင့်ဘူးလို့ မဇင်မာအောင်က သုံးသပ်ပါတယ်။

“အမေရိကန်ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ မြန်မာပြည်ကတကယ်တော့ Geopolitics အရသာ သူတို့ စိတ်ဝင်စားစရာ ကောင်းနေတာ။ ကျွန်မတို့ စိုးရိမ်တာသည် ဒေသတွင်း နိုင်ငံရေးပေါ့နော်။ ပြောရမယ်ဆိုရင် ကျွန်မတို့ နိုင်ငံလေးတခုရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဟာ နိုင်ငံကြီးတွေရဲ့ ဦးစားပေးဖြစ်တဲ့ ဒေသတွင်း နိုင်ငံရေးချိန်ခွင်လျှာပေါ့ ၊ အဲဒီချိန်ခွင်လျှာနဲ့ ချိန်လိုက်လို့ရှိရင် ဒုတိယတန်းစားလောက် ဖြစ်သွား တယ်ပေါ့။ ဒါ Real Politics မှာ ဒီအတိုင်းပဲ။ ကျွန်မစိုးရိမ်တာလည်း ဒီအတိုင်းပါပဲ။ အဲဒါတော့ ဒီဖက်မှာလဲ ကျွန်မပြောဖြစ်တယ်။ ဆိုလိုတာက စစ်ရေးအရ၊ နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ လွှမ်းမိုးလာတဲ့ တရုတ်ကိုပဲ Counter လုပ်ဖို့၊ ဒါမှမဟုတ် ထိန်းညှိဖို့လို့ လုပ်တယ် .. အဲဒါက ပိုများ တယ်လို့ ကျွန်မက မြင်တယ်။”

တကယ်တော့ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးမှာ အကြီးအကျယ် စိန်ခေါ်မှုရှိနေဆဲပဲလို့ မဇင်မာအောင်က ထောက်ပြပါတယ်။

“ကျွန်မတို့ စိန်ခေါ်မှုတွေ ရှိနေသေးတုန်းပဲလို့ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးကို ရိုးရိုးရှင်းရှင်း ဖြောင့်ဖြောင့်နဲ့ လုပ်နေတာထက် စာလို့ရှိရင် ကိုယ့် ရှိရင်းစွဲအာဏာကို ဘယ်လို ဆက်ပြီးတော့ တည်မြဲအောင် လုပ်ရမလဲ။ တဖက်ကလည်း ဒီမိုကရက်တစ် အင်အားစုတွေရဲ့ အကြိုက်ပေါ့ .. အထူးသဖြင့် နိုင်ငံတကာရဲ့ အကြိုက်လည်း ဖြစ်ရအောင် ဆိုတဲ့ဟာမျိုးကို သူက Strategy-ဗျူဟာ ပြောင်းသွားတာပဲ ဖြစ်တယ်။ ရည်ရွယ်ချက်က မပြောင်းသွားဘူး ပေါ့နော်…ဆိုတာကို သွားတွေ့ရတယ်။ ဒါ ကျွန်မတို့အတွက်ကတော့ အထူးသဖြင့် ဒီမိုကရက်တစ် အင်အားစုတွေ အတွက်ကတော့ အကြီးအကျယ် စိန်ခေါ်မှုတွေ ရှိနေတုန်းပဲ။”

အာရီဇိုးနားပြည်နယ် Sedona Forum ဆွေးနွေးပွဲမှာ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း Tony Blair လဲလည်းတက်ရောက်ပြီး နိုင်ငံတကာ အကြမ်းဖက်မှု တိုက်ဖျက်ရေးမှာ သူပါဝင်ခဲ့ရတဲ့ အခြေအနေတွေကို ဆွေးနွေးသွားခဲ့သလို၊ John McCain ရဲ့ဇနီး Cyndy McCain ကလည်း လူကုန်ကူးမှုတိုက်ဖျက်ရေး အခြေနေတွေကို ဆွေးနွေးသွားခဲ့တယ်လို့ သိရပါတယ်။

ကိုဉာဏ်ဝင်းအောင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


 နီပေါငလျင်ကြောင့် သေဆုံးသူဦးရေဟာ ၅၀၀၀ အထိ ရှိနိုင်တယ်လို့  ပြည်ထဲရေး ဌာန အကြီးတန်း အရာရှိတယောက်က ပြောပါတယ်။ ဒါကြောင့် ဒါဟာ ၁၉၃၄ ခုနှစ်က လူ ၈၅၀၀ သေဆုံးခဲ့တဲ့ ငလျင်နောက်ပိုင်း အဆိုးရွားဆုံးဖြစ်ပါတယ်။
ဧပြီ ၂၅ ရက်နေ့က ၇ ဒသမ ၉ ရှိတဲ့ ငလျင်လှုပ်ခဲ့ပြီးနောက် အသေအပျောက်စာရင်းဟာ နာရီနဲ့အမျှ တိုးနေတာ ဧပြီ ၂၇ ရက်နေ့အထိ ၄၀၀ နီးပါး ရှိပြီ ဖြစ်ပါတယ်။ လူ အနည်းဆုံး ၆၅၀၀ လည်း ဒဏ်ရာရထားပါတယ်။

ဝေးလံခေါင်ဖျားဒေသတွေက လူသေစာရင်းတွေ ဆက်တက်လာနိုင်တာကြောင့် ထပ်တိုးဖို့ ရှိတယ်လို့ အရာရှိတွေက ပြောပါတယ်။ ငလျင်လှုပ်ပြီးနောက် စိုးရိမ် ထိတ်လန့်နေတဲ့ ပြည်သူတွေဟာ အိမ်ထဲမှာ မနေရဲတော့ဘဲ လေဟာပြင်မှာပဲ ယာယီ နေထိုင်နေကြပါတယ်။

ဒုက္ခသည်တွေကို အကူအညီပေးဖို့ အိန္ဒိယက ရဟတ်ယာဉ်တွေ၊ ဆေးဝါးအကူအညီတွေ၊ ကယ်ဆယ်ရေး ၀န်ထမ်းတွေကို စေလွှတ်ထားပါတယ်။  ဒါအပြင် ပြင်သစ်၊ ဂျာမနီ၊ စပိန်နဲ့ တရုတ်တို့က စေလွှတ်လိုက်တဲ့ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး အဖွဲ့တွေလည်း နီပေါမှာ ရောက်နေကြပါပြီ။ ဗြိတိန်ကလည်း အရေးပေါ် အကူအညီတွေနဲ့ ကျွမ်းကျင်သူ အဖွဲ့တဖွဲ့ကို စေလွှတ်ထားပါတယ်။

အကူအညီတွေဟာ အခုမှ စရောက်ခါစဖြစ်ပြီး ပြင်ပက အကူအညီရမှ အသက်ဆက်နိုင်မယ့် ဒုက္ခသည်ဦးရေက သိန်းချီပြီး ရှိနေပါတယ်။ ငလျင်အလွန်မှာ ကလေးငယ်တသန်းလောက် အေ၇းပေါ် အကူအညီလိုအပ်နေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

 By ဒီဗွီဘီ
http://burmese.dvb.no



နီပေါမှ ရှေးဟောင်းအမွေအနှစ် 
 နီပေါ နိုင်ငံ မှာ ငလျင်ဒဏ်ကြောင့် လူအသေအပျောက် ၄၀၀၀ နီးပါး ရှိနေပြီ ဖြစ်သလို ရှေးဟောင်း စေတီ ပုထိုးတော် တွေ နဲ့ အဆောက်အအုံ တွေပါ ပြိုကျ ပျက်စီး ကုန်ပါတယ်။ လောလောဆယ် မှာတော့ ဒုက္ခရောက်နေကြတဲ့ သူတွေ ကို ဦးစားပေး ကူညီနေရသလို၊ အဆောက်အဦး အပြိုအပျက်တွေ အောက် မှာ အသက်ရှင် ကျန်ရစ်ဖွယ် ရှိသူတွေ ကို ကျွမ်းကျင်သူတွေ နဲ့ ရှာဖွေ ကယ်ဆယ်ရေး လုပ်နေရပါတယ်။

ဒါ့အပြင် ဟိမဝန္တာ တောင်တန်းပေါ် မှာ သောင်တင်နေတဲ့ တောင်တက် သမားတွေ ကိုလည်း ရဟတ်ယာဉ် တွေနဲ့ တင်ဆောင် ခေါ်လာရပါသေးတယ်။ ရဟတ်ယာဉ် ကလည်း လူအများအပြား တင်လို့ မရလို့ တောင်ပေါ် က လူတွေ အားလုံး ကို မခေါ်နိုင်သေးပါဘူး။

နောက်ဆက်တွဲ ငလျင် ကို ကြောက်နေကြဆဲ ဖြစ်တဲ့ အတွက် မိမိ တို့ရဲ့ နေအိမ်ထဲ ပြန်မဝင်ကြသေးပဲ မြေကွက်လွတ်တွေ မှာ တဲထိုးနေသူတွေ လည်း အများအပြား ရှိနေ ကြပါတယ်။ အစားအသောက် အခက်အခဲ၊ သောက်သုံးရေ ပြတ်လပ်မှု၊ လျှပ်စစ် ပြတ်တောက်မှုတွေ စတာတွေ ကြောင့် ဒုက္ခမျိုးစုံ တွေ့နေရပါတယ်။ ဒီထက်စိုးရိမ်နေတာက ရောဂါဘယ တွေ ပြန့်ကုန်မှာလည်း နိုင်ငံတကာ က ထည့်တွက်နေရပါတယ်။

ကုလသမဂ္ဂ ရှေးဟောင်းယဉ်ကျေးမှု ထိန်းသိမ်းမှု အဖွဲ့ ယူနက်စ်ကို ကတော့ လက်ရှိ ရှေးမူလက်ရာ အပျက်အစီး ရဲ့ အတိုင်းအဆ ကို တွက်ချက်ဖို့ မလွယ်သေးတဲ့ အကြောင်း ညွှန်မှူး ကီရှိုး ရာအို က ခတ္တမန်ဒူ မြို့တော်မှာ ဆိုရင် ဒါဘာအရပ် ရှေးဟောင်း နန်းတော်ရှေ့ ရှိ ၃ ရာစုနှစ် က အဆောက်အအုံတွေ ဟာ ရစရာ မရှိအောင် ပြိုကျ ပျက်စီး ကုန်ပါတယ်။ ပါတန် နဲ့ ဘဒ်တာပါ မှာလည်း အလားတူပါပဲ။ ယူနက်စကို အဖွဲ့ရုံး ဟာ ဒီမှာ ဖွင့်ထားလို့ ရုံးဝန်ထမ်းတွေ ရှိနေပေမဲ့လည်း လောလောဆယ် မှာ ဘာမှ မလုပ်နိုင်သေးပါဘူး လို့ ပြောတာပါ။

ပြန်လည် ပြုပြင်တည်ဆောက်ရေး အပိုင်းမှာလည်း အချိန်ရော ငွေပါ အများကြီးကုန်ကျဖို့ ရှိနေတဲ့ အကြောင်း၊ တခု ကံကောင်းတာ က ဒီရှေးဟောင်း အဆောက်အအုံ တွေ နဲ့ ပတ်သက်လို့ အတိအကျ မှတ်တမ်းတင်ထား တာတွေ ရှိလို့ နိုင်ငံတကာ အဖွဲ့တွေ ရဲ့ အကူအညီတွေ နဲ့ ပြန်လည် တည်ဆောက်နိုင်မယ် လို့ မြှော်လင့်ပုံ လည်း ရှင်းပြပါတယ်။

BBC Burmese
http://www.bbc.com/burmese


ကျောင်းသားသပိတ်လှုပ်ရှားမှုဓာတ်ပုံပြပွဲ

အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ခဲ့ကြတဲ့ ကျောင်းသားသပိတ်လှုပ်ရှားမှုတွေကို ရိုက်ကူးခဲ့ ကြတဲ့ဓာတ်ပုံဆရာ ၅ ဦးရဲ့ မှတ်တမ်းတင်ဓာတ်ပုံပြပွဲကို ရန်ကုန်မြို့ ဒဂုံမြို့နယ် နဝဒေလမ်းမှာရှိတဲ့ Think Art Gallery မှာပြသခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်လွင်ဦးက တင်ပြထားပါတယ်။

မြန်မာနိုင်ငံအနောက်ခြမ်း ရခိုင်ဒေသမှာ မကြုံစဖူး တိုက်ပွဲတွေဖြစ်ပွားပြီး ဒေသခံတွေ ရာနဲ့ချီ ထွက်ပြေးနေရတဲ့အပေါ် စိုးရိမ်ပူပန်ကြောင်း အမေရိကန်အစိုးရက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ကျောက်တော်မြို့နယ်အတွင်း မကြာသေးခင်က ဖြစ်ပွား ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံရခိုင်ပြည်သူတွေ ရာနဲ့ချီထွက်ပြေးနေကြရတယ်ဆိုတဲ့ သတင်းတွေ အပေါ်မှာ စိုးရိမ်ပူပန်မိကြောင်း၊ သက်ဆိုင်ရာအဖွဲ့ အစည်းတွေ အားလုံးအနေနဲ့ ရန်လိုမှုတွေ အဆုံး သတ်ပြီး အရပ်သားပြည်သူတွေကို ကာကွယ်ပေးဖို့ ဒုက္ခရောက်နေသူတွေကို နိုင်ငံတကာစံနဲ့အညီ လိုအပ်တဲ့အကူအညီတွေ အချိန်မီပေးပို့ကူညီနိုင်ဖို့ လိုအပ်ကြောင်း ရန်ကုန်မြို့ အမေရိကန်သံရုံးရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာ တိုက်တွန်းဖော်ပြထားတာပါ။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်း အစိုးရတပ်တွေနဲ့ AA ရခိုင့်တပ်မတော်တို့အကြား ဧပြီလ ၁၇ ရက်နေ့ကစလို့ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

RFA

ကော့မှူးမြို့နယ်မှာ ဧပြီလ ၂၇ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေသခံတွေ တွေ့ဆုံကြစဉ်။ Photo: Kyaw Zaw Win, Kyaw Lwin Oo/RFA
ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်မှာ တည်ထောင်ထားတဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းဟာ ဘယ်ပါတီဝင်ကိုမဆို အကူအညီပေးမှာဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ မသက်ဆိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ကော့မှူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ဒေသခံတွေနဲ့ ဒီကနေ့ တွေ့ဆုံစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောကြားခဲ့တာပါ။

"ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ NLD လုံးဝမတူပါဘူးဆိုတာ ကျမပြတ်ပြတ်သားသားပြောပါရစေ၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ပြည်သူတွေကိုကူတဲ့အခါမှာ ဘယ်ပါတီဝင်ဆိုတာ ကျမတို့ကြည့်တာမဟုတ်ဘူး၊ ဒါနဲ့ဘာမှမဆိုင်ဘူး၊ ပြည်သူတွေအတွက် အထောက်အကူဖြစ်မယ့် ကျမတို့နိုင်ငံ တိုးတက်ရေးအတွက် အထောက်အကူဖြစ်မယ့်လုပ်ငန်းတွေကိစ္စတွေ ကျမတို့အကောင်အထည်ဖော်တာ"

ဒါ့အပြင် ဒေသခံတွေတင်ပြကြတဲ့ ရေရှားပါးမှုပြဿနာနဲ့ လယ်ယာမြေ သိမ်းဆည်းခံရမှု ပြဿနာတွေကို ဒေါ်အောင်ဆန်းစုကြည်က မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့ တွေ့ဆုံရာမှာ ဆွေးနွေးပြောဆိုခဲ့ပါတယ်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဧပြီလမှာ ဖွဲ့စည်းထူထောင်ခဲ့တာဖြစ်ပြီး အဲဒီဖောင်ဒေးရှင်းက လူငယ်တွေ ဟိုတယ်လုပ်ငန်းစီမံခန့်ခွဲမှု အတတ်ပညာ၊ ရွေ့လျားစာကြည့်တိုက်နဲ့ ပညာရေးလုပ်ငန်းတွေကို အဓိကထား ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

၁၀ - ၁၀ မှတ်တမ်း

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့၊ ကျွန်းကလေး လမ်းဆုံအနီး အမျိုးသား ပညာရေး ပြုပြင်ရေးနှင့် စပ်လျဉ်းပြီး ဆန္ဒပြ ကျောင်းသားများ ပင်မ သပိတ်စစ်ကြောင်းကို ပိတ်ဆို့ ထားကာ ၁၀.၃.၂၀၁၅ နေ့တွင် အကြမ်းဖက် ဖြိုခွဲခဲ့ပြီး ကျောင်းသားများနှင့် ၀န်းရံသူ အချို့ကို ဖမ်းဆီးခံခဲ့ရသည်။
၇.၄.၂၀၁၅ နေ့က တတိယ အကြိမ်မြောက် လက်ပံတန်းမြို့၌ ရုံးထုတ်ရာတွင် သွားရောက် သတင်းယူခဲ့ရာ ထိုနေ့ ရုံးထုတ်စစ်ဆေးရာတွင် အများပြည်သူများ ၀င်ရောက် နားဆင်ခွင့် မရဘဲ ပွင့်လင်းမြင်သာမှု မရှိခဲ့ပေ။ မီဒီယာ အချို့နှင့် နီးစပ်သူ မိတ်ဆွေများ၊ ကျောင်းသားများအား ကူညီ အကျိုးဆောင်ပေးသည့် ဥပဒေ ပညာရှင်များနှင့် မိဘဆွေမျိုးများသာ ၀င်ခွင့် ရခဲ့သည်။
တရားရုံးအတွင်း၌ နှစ်ယောက်တစ်တွဲ လက်ထိပ်ခတ်ထားခြင်း ခံရပြီး ဥပဒေ အကျိုးဆောင်များက တောင်းဆိုမှသာ လက်ထိပ်များကို ဖြုတ်ပေးခဲ့သော်လည်း တရားရုံး အပြင်ဘက်ရှိ မိဘများ၊ ဥပဒေ ပညာရှင်များ၊ မိတ်ဆွေများ၊ မီဒီယာများနှင့် တွေ့ဆုံရာတွင် လက်ထိပ်ကို ပြန်လည် ခတ်ပြီးမှ တွေ့ဆုံရသည်။ တရားရုံးသို့ ရောက်ရှိရန် သံဆူးကြိုးများ သုံးဆင့် ပိတ်ဆို့ ကာရံထားပြီး ရဲများက တင်းတင်းကြပ်ကြပ် ကိုင်တွယ်ခဲ့သည်။

ကျောင်းသားခေါင်းဆောင် ကိုမင်းသွေးသစ်က သူ့မိခင် ဒေါ်ခင်ခင်ယု၊ မိတ်ဆွေများနှင့် တရားရုံး အပြင်သို့ လာရောက်တွေ့ဆုံရာတွင် ၎င်းနှင့်အတူတွဲ၍ လက်ထိပ်ခတ်ထားသူ ကျောင်းသား တစ်ဦး၏ လက်တစ်ဖက်မှာ သေးငယ်၍ တိုနေသည်။ အင်္ကျီ လက်ရှည်ဖြင့် ဖုံးနေသောကြောင့် သတိထား မကြည့်ပါက မသိနိုင်ပေ။ သန်မာသည့် လက်တစ်ဖက်ကို လက်ထိပ်ခတ်ထားသောကြောင့် မသန်မာ သေးငယ်ပြီး တို၍နေသည့်လက်ဖြင့် ဘယ်လို အသုံးပြုမလဲ ကိုမင်းသွေးသစ်က ကူညီမှ ရနိုင်မည်ဟု စဉ်းစားမိသည်။ ထိုကျောင်းသားလေးကိုကြည့်ပြီး စိတ်မကောင်း ဖြစ်မိသည်။ မိမိကိုယ်တိုင်လည်း ဘာကြောင့်မှန်းမသိ လိပ်ပြာမလုံ ရှက်မိသည်။ ကိုမင်းသွေးသစ်ကို အကြမ်းဖက် ဖြိုခွဲမှု မတိုင်ခင်ညများနှင့် ဖြိုခွဲသည့်နေ့ ဖြစ်စဉ်များကို မေးမြန်းနေချိန်တွင် ၀င်ခွင့်မရသည့် ပြည်သူများမှ ၀င်ခွင့်ပေးရန် တောင်းဆိုသည့်အသံများ၊ ရဲများမှ ပြန်လည် အော်ဟစ်သံများဖြင့် ဆူညံနေသောကြောင့် ကိုမင်းသွေးသစ်က အသံကို မြှင့်၍ ပြောနေ ရသည်။ အနားရှိ ၎င်း၏ မိခင် ဒေါ်ခင်ခင်ယုနှင့် ဥပဒေ ပညာရှင် ဦးရောဘတ်စန်းအောင်တို့ကလည်း ၀င်ရောက် မေးမြန်း ပြောဆိုကြသည်။

တွေ့ခွင့်ရရှိသည့် အချိန်တိုအတွင်း ကိုမင်းသွေးသစ်ကို အဓိကထား မေးမြန်းရာ တွဲ၍ လက်ထိပ်ခတ်ထားသည့် ကျောင်းသားမှာ ပြောချင်ပုံရသည်။ ၎င်း၏ လက်ငယ် ကလေးဖြင့် ဟန်ပြသော်လည်း သူ၏ နာမည်တောင် မမေးဖြစ်ခဲ့၍ မီဒီယာသမား တစ်ဦး အနေဖြင့် တာဝန်မကျေဟု ခံစားမိသည်။

ကိုမင်းသွေးသစ် ပြောကြားခဲ့သည်များမှာ ဖြိုခွဲမှု မတိုင်ခင်ည၊ မတ်လ ၉ ရက် ညဦးတွင် ပူလောင်အိုက်စပ်ခြင်းနှင့် ဆူဆူညံညံ အသံများက နိုးထစေခဲ့ကြောင်း၊ ၎င်း၏ ကျိန်းစပ်နေသော မျက်လုံးများကို အားယူဖွင့်လိုက်ရင်း ခေါင်းပေါ်ထိ လုံအောင် ဆွဲခြုံထားသော စောင်ကို ခွာချ၍ အိပ်ရာမှ ထခဲ့ကြောင်း၊ အိပ်ရေး မ၀သည်မှာ ၂၀၁၅ ခု၊ မတ်လ ၉ ရက်နှင့် ၁၀ ရက်နေ့များတွင် တစ်ညလုံး အလှူရှင်များဝန်းရံ၊ ပြည်သူများက လက်ပံတန်းမြို့တွင် ပိတ်ဆို့ တားဆီးခံထားရသော ပင်မ သပိတ်စစ်ကြောင်းထဲသို့ တဖွဲဖွဲ လာ ရောက် ပူးပေါင်းခဲ့ကြသဖြင့် တစ်ညလုံး မအိပ်စက်ခဲ့ရဘဲ ၁၀.၁၀.၂၀၁၅ နံနက် ၆ နာရီကျော်မှ အိပ်စက်ခဲ့ရကြောင်း၊ မျက်လုံးများ ကျိန်းစပ်ပြီး ခေါင်းများ ကိုက်နေကြောင်း၊ မနက်ပိုင်း အိပ်ခါနီး သပိတ်စစ်ကြောင်း စခန်းချရာ လမ်းမပေါ်မှာ ကျောင်းသား ကျောင်းသူများဖြင့် နေရာပြည့်နေသောကြောင့် ပြန်ကြားရေး ကားခေါင်မိုးပေါ် တက်အိပ်ရကြောင်း၊ မအိပ်ခင် ကားခေါင်မိုး ပေါ်မှနေ၍ သပိတ် စစ်ကြောင်းကို ကြည့်ရာ လမ်းမပေါ်တွင် နံနက်ခင်း နှင်းမှုန်များကြားထဲ မောပန်းစွာ အိပ်မောကျနေကြသော ကျောင်းသား ကျောင်း သူများ၏ အပြစ်ကင်း ဖြူစင်သော အိပ်စက်နေမှု မြင်ကွင်းများကြောင့် စိတ်မကောင်းခြင်းကြီးစွာ ဖြစ်မိကြောင်း ပြောသည်။

ထိုနံနက် ၁၀ နာရီတွင် ပိတ်ဆို့ထားသော အတားအဆီးများကို နှစ်ဖက်ညှိနှိုင်း ဖယ်ရှား အောင်မြင်ပြီး ကျောင်းသား ကျောင်းသူများ အားလုံး မိဘရင်ခွင်ကို ပြန်လည် ရောက်ရှိပါစေလို့ ဆုတောင်းခဲ့သည်ဟု သူကဆိုသည်။

မည်သို့ဖြစ်မည် မသိသည့် အခြေအနေကြောင့် facebook ကို ဖွင့်ကာ ၎င်း၏ account မှ မိဘ၊ မိတ်ဆွေ၊ သူငယ်ချင်းများအား နှုတ်ဆက်စကား တချို့ ရေးသားကာ အိပ်စက်ခဲ့သည်ဟု လက်ထိပ်လွတ်နေသော လက်တစ်ဖက်ဖြင့် ရင်ဘတ်ကို ပုတ်၍ ပြောကြားသည်။

၂ နာရီခန့် အိပ်စက်ပြီး နံနက် ၁၀ နာရီ မထိုးခင် အိပ်ရာမှထကာ ပြန်ကြားရေး ကား ခေါင်မိုးပေါ်မှဆင်းပြီး မျက်နှာသစ် သွားတိုက်ရန် အောင်မြေဗိမာန် ဘုန်းကြီးကျောင်းဝင်း အတွင်းသို့ ၀င်ခဲ့ကြောင်း၊ သပိတ်စစ်ကြောင်းမှာလည်း အလံကိုင် ကျောင်းသားတချို့မှလွဲ၍ လူမစုံသေးကြောင်း၊ အောင်မြေဗိမာန် ဘုန်းကြီးကျောင်းတွင် မျက်နှာသစ် ရေချိုးနေစဉ်အတွင်း ကျောင်းသား ရဲဘော်များက တစ်ယောက်ပြီး တစ်ယောက် လာရောက် နောက်ပြောင်နေ ကြသည်ဟု ပြောသည်။ နောက်ပြောင်နေကြ သည့် အကြောင်းအရာများမှာ “၁၀/၁၀ အတွက် အလုံးစုံ ပြင်ဆင်ပြီးပြီလား”ဆိုသည့် ကိစ္စဖြစ်သည်။ ရဲဘော်များကို ပြန်လည် ကျီစယ်ပြောဆိုရင်း ထမင်းစားခန်းထဲဝင်ကာ နံနက်စာ စားပြီး သပိတ်စစ်ကြောင်း ရှိရာ လမ်းမပေါ်သို့ ပြန်ထွက်ခဲ့သည်ဟု ပြောသည်။

ထိုနေ့ ကျောင်းသား ကျောင်းသူများ၏ ဆုံးဖြတ်ချက်သည် သပိတ်စစ်ကြောင်း၏ မူလ ရည်မှန်းချက် ဖြစ်သော ရန်ကုန်သို့ ကားများဖြင့် သွားမည်။ ရန်ကုန်သို့ရောက်လျှင် ရွှေတိဂုံ စေတီတော်ကြီးအား ဦးတိုက်ဖူးမြော်၍ ရန်ကုန် မဟုတ်သည့်နယ်မှ ကျောင်းသားများ လူစုခွဲ၍ မိဘရင်ခွင်သို့ ပြန်ကြမည်။ ထိုဆုံးဖြတ်ချက်များ ရရှိအောင်မြင်စေရန် သက်ဆိုင်ရာ အာဏာပိုင်များနှင့် ညှိနှိုင်း ဆောင်ရွက်မည်။ ညှိနှိုင်း ဆောင်ရွက်မှု အဆင်မပြေပါက ရုတ်ရုတ် သဲသဲ အခြေအနေမှ ရှောင်လွှဲနိုင်ရန်အတွက် လည်းကောင်း၊ ၁၁.၃.၂၀၁၅ တွင် စတင်မည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုနေသည့် အချိန်အတွင်း သပိတ်စစ်ကြောင်း လမ်းပေါ်တွင် မရှိစေရေးအတွက် လည်းကောင်း၊ ကျောင်းသား ကျောင်းသူများ ၄ ယောက် တစ်တန်းစီ တန်းစီ၍ ပိတ်ဆို့ထားသော အတားအဆီးများထဲသို့ အေးဆေးစွာ ၀င်ရောက်ရန် စီစဉ် ဆောင်ရွက်မည် ဖြစ်ကြောင်း ထိုနေ့ အစီအစဉ်ကို ပြောကြားသည်။ ဆက်လက်ပြီး ညှိနှိုင်းမှု အဆင်မပြေဘဲ ၄ ယောက် တစ်တန်း တိုးရပါက သပိတ်စစ်ကြောင်းအား ပိတ်ဆို့ တားဆီးထားသော အာဏာပိုင်များ၏ ဆုံးဖြတ် ချက်အတိုင်း ငြိမ်းချမ်းစွာ လိုက်နာရန် သပိတ် စစ်ကြောင်း တစ်ခုလုံးမှ ကျောင်းသား ကျောင်းသူများနှင့် လာရောက် ၀န်းရံပေးသော ပြည်သူများအား ရှင်းပြ စည်းရုံးထားပြီး ဖြစ်ကြောင်း ပြောသည်။

နံနက် ၁၀ နာရီထိုးပြီး နေပြီဖြစ်သော် လည်း ပဲခူးတိုင်း နယ်လုံဝန်ကြီး ဦးသက်ထွန်းနှင့် ၀င်ရောက် ညှိနှိုင်း ပေးနေသော NNER အဖွဲ့တို့၏ အစည်းအဝေးမှ ရှင်းလင်းသော အကြောင်းပြန်ချက် တစ်စုံတစ်ရာ မရရှိသေးသည့်အတွက် သပိတ်စစ်ကြောင်းမှ ကျောင်းသား ကျောင်းသူများသည် ကျောင်း သားသမဂ္ဂ သီချင်းများအား စိတ်အား တက်ကြွစွာ သီဆိုရင်း စောင့်စားနေကြကြောင်း ပြောသည်။
နံနက် ၁၀ နာရီ ၃၀ မိနစ် ၀န်းကျင်ခန့် လောက်မှာ “ကျွန်တော်နှင့် ကိုအောင်မှိုင်း တို့ကို NNER မှ ဆရာ ဒေါက်တာသိန်းလွင်နှင့် ဒေါ်ညိုညိုသင်းတို့က နယ်လုံဝန်ကြီးနှင့် လာရောက် ဆွေးနွေးဖို့ အကြောင်းကြားပါတယ်။ သပိတ်စစ်ကြောင်းကို ပိတ်ဆို့ တားဆီးထားတဲ့ ရဲတပ်ဖွဲ့တွေကို ကျော်ဖြတ်ပြီး ကျွန်းကလေး တာဆုံလမ်းထိပ်က ကုန်စုံဆိုင်ဖွင့်ထားတဲ့ အိမ်တစ်အိမ် အောက်ထပ်မှာ စည်းဝေး ညှိနှိုင်းနေတဲ့ နေရာကို သွားပါတယ်” ဟု ပြောသည်။

အဆိုပါ ဆွေးနွေးညှိနှိုင်းပွဲတွင် နယ်လုံ ၀န်ကြီး ဦးသက်ထွန်းက သပိတ်စစ်ကြောင်းမှ ကျောင်းသား ကျောင်းသူများအား အဆီးအတားများထဲမှ ထွက်ခွာခွင့် ပြုမည်ဖြစ်ကြောင်း ပြောကြားကြောင်း၊ ထို သဘောတူညီချက်ကို ယခု ဆွေးနွေးရာသို့ မလာခင်ကတည်းက သိရှိပြီးဖြစ်သဖြင့် သပိတ်စစ်ကြောင်းတွင် ကြေညာပြီးဖြစ်ကြောင်း၊ သို့သော် ဦးသက်ထွန်းက နောက်ဆက်တွဲ စည်းကမ်း သတ်မှတ်ချက်များဖြစ်သည့် အလံမထောင်ရ၊ ကြွေးကြော်သံ မအော်ရ၊ သီးချင်းမဆိုရ၊ ယာဉ်တန်းဖြင့် မသွားရ၊ ပဲခူးတိုင်း နယ်မြေမှ ရန်ကုန်တိုင်း အတွင်းဝင်လျှင် ရန်ကုန်တိုင်းဒေသ အာဏာပိုင်များနှင့် ဆက်လက် ညှိနှိုင်းပါ စသည်ဖြင့် ထပ်မံပြောကြားကြောင်း ကိုမင်းသွေးသစ်က ပြောသည်။

၎င်းနှင့် ကိုအောင်မှိုင်းဆန်းတို့မှ ဤအချက်များကို နှစ်ဦးတည်းသဘောဖြင့် လက်ခံ သဘောတူလို့ မရသောကြောင့် သပိတ်စစ်ကြောင်းမှ ကျောင်းသား ကျောင်းသူများ၏ သဘောဆန္ဒကို မေးမြန်းရယူပြီးမှ ပြန်လည် အကြောင်းကြားမည်ဖြစ်ကြောင်း၊ ကျောင်းသားထုဘက်မှ ပြန်လည် တင်ပြလာသော အချက်များ ရှိပါက ထပ်မံညှိနှိုင်း ဆွေးနွေးပေး စေလိုကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။ ယင်းသို့ ပြောကြားချက်ကြောင့် နယ်လုံ ၀န်ကြီးက “ငါတို့ဘက်က ပေးနိုင်တာ ဒါ အကုန်ပဲ” ဟု ယတိပြတ် ပြောကြောင်း၊ ယင်း နောက် ၎င်းနှင့် ကိုအောင်မှိုင်းဆန်းတို့ သပိတ်စစ်ကြောင်း ပြန်၍ အာဏာပိုင်များ၏ ပြောကြားချက်အား ကျောင်းသားများ၏ သဘောထား တောင်းခံရာ ကျောင်းသားအားလုံးက သဘော မတူကြောင်း တညီတညွတ်တည်း ဆုံးဖြတ်သည်ဟု ပြောသည်။

ကြွေးကြော်သံ မအော်ရ၊ သီချင်း မဆိုရ ဆိုသော အချက်များအား ကျောင်းသားများ ဘက်က လိုက်လျောနိုင်သော်လည်း ယာဉ်တန်းဖြင့် သွားမည်ဖြစ်ပြီး ရှေ့ဆုံးကားတွင် အနည်းဆုံး အလံတစ်လက် ထောင်မှရမည်ဟု ကျောင်းသားများ၏ သဘောထားများအား ကြားလာသည့်အတွက် ထပ်မံ ညှိနှိုင်းပေးရန် အာဏာပိုင်များသို့ အကြောင်းကြားပြီး နေ့လယ် ၁၁ နာရီ ၄၅ မိနစ်အထိ အကြောင်း ပြန်ကြားချက်ကို စောင့်ဆိုင်းမည်ဟု အကြောင်းကြားခဲ့ကြောင်း ပြောသည်။

နေ့လယ် ၁၂ နာရီ ကျော်လာသည် အထိ အာဏာပိုင်များဘက်မှ တစ်စုံတစ်ရာ အကြောင်း ပြန်ကြားခြင်း မရှိသည့်အတွက် အများစု သဘောဆန္ဒအရ ကျောင်းသားများ ဆုံးဖြတ်ထားသော ဒုတိယ လမ်းကြောင်း ဖြစ်သည့် ၄ ယောက် တစ်တန်း တန်းစီ၍ အဖမ်းခံရန် ပြင်ဆင်နေကြပြီ ဖြစ်သော်လည်း အာဏာပိုင်များဘက်မှ ကာဆီးထားသော သံဆူးကြိုးများအား အလယ်နှစ်ခုသာ ဖွင့်ပေးကာ လူများကာ၍ ပိတ်ထားကြသဖြင့် ၄ ယောက် တစ်တန်းဝင်မည့် အစီအစဉ်မှာလည်း ပျက်သွားပြီး ထိုအခြေအနေတွင် ရပ်မိရပ်ဖ ဆိုသူများ၏ ကြေညာချက်ကြောင့် လူချင်း တိုးကုန်ကြောင်း အဓိကရုဏ်း စတင် ဖြစ်သွားသည့် အခြေအနေကို ပြောဆိုသည်။ ထိုသို့ တိုးနေစဉ် တစ်လျှောက်လုံးလည်း ဒေါသ မထွက်ကြရန်နှင့် ကိုယ်ထိလက်ရောက် မကျူးလွန်ကြရန် မိုက်ကရိုဖုန်းမှတစ်ဆင့် အော်ဟစ် သတိပေးကြောင်း၊ ရဲတပ်ဖွဲ့ဝင် များနှင့် ကျောင်းသားများအကြားတွင် မည်သည့် ပြဿနာ တစ်စုံတစ်ရာမျှ မရှိခဲ့ကြောင်း၊ ထိုသို့သော အခြေအနေတွင် ရဲတပ်ဖွဲ့ အတားအဆီး ပြင်ပဖြစ်သော လက်ပံတန်း တာဆုံတွင် ကျောင်းသားများအား လာရောက် ၀န်းရံကြသော ပြည်သူများကို ရဲတပ်ဖွဲ့မှ ၀င်ရောက် ရိုက်နှက်၍ ပြည်သူ ၁၀ ဦးခန့်အား ဖမ်းဆီး သွားပြီဟူသော သတင်းစကား ကြားရပြီး မကြာခင်တွင် ရှေ့မှ စီတန်းကာရံထားသော ရဲတပ်ဖွဲ့ဝင်များ၏ အနောက်ဘက်မှ ပစ်ပေါက် လိုက်သော အုတ်ခဲများမှာ သပိတ်တပ်ဦးရှေ့တွင် ရှိသော ကျောင်းသား ကျောင်းသူများ အပေါ်သို့ မိုးသီးမိုးပေါက်များပမာ ကျရောက်ခဲ့ကြောင်း၊ ကျောင်းသားတချို့ ခေါင်းကွဲသွားပြီး ထိုသို့သော ကစဥ့်ကလျား အခြေအနေတွင် နံပါတ်တုတ်ကိုင် ရဲတပ်ဖွဲ့က ကျောင်းသား ကျောင်းသူများကို ၀ရုန်းသုံးကား ၀င်ရောက် ရိုက်နှက်သည့်အတွက် သပိတ်စစ်ကြောင်းမှ ကျောင်းသား ကျောင်းသူများမှာ ထိပ်ပေါက် ခေါင်းကွဲဖြင့် အောင်မြေဗိမာန် ဘုန်းကြီးကျောင်းတွင်းသို့ ပြေးဝင်ခဲ့ရသည်ဟု ကိုမင်းသွေးသစ်က ပြောသည်။

ရဲတပ်ဖွဲ့ဝင်များဘက်မှ ခဲများ စတင် ပေါက်သည့် အချိန်တွင် ၎င်း၏ ရှေ့တွင် ကျောင်းသားတစ်ဦး ရောက်နေသည့်အတွက် ၎င်းအား ဦးတည်ပစ်ပေါက်သည့် အုတ်ခဲ နှစ်လုံး သုံးလုံးခန့်အား ရှောင်တိမ်းရင်း နောက်ဆုတ်ကာ ပြန်ကြားရေးကား၏ နောက်နားသို့ ရောက်ရှိသွားကြောင်း၊ လှမ်းပစ်လိုက်သော အုတ်ခဲ တစ်လုံးမှာ ၎င်း၏ နားထင် နားမှ ကပ်ဖြတ်သွားကာ အနောက်တွင် ရပ်နေသော ပြည်မြို့မှ ဖိုးသားခေါ် စန်းမြတ်သူ၏ ဦးခေါင်းအား ထိမှန်သွားကြောင်း လှစ်ခနဲ တွေ့လိုက်ရသည်ဟု ပြောသည်။ ရဲတပ်ဖွဲ့ဝင်များကို ရိုက်နှက်ခြင်း မပြုရန် လိုက်လံ တားဆီးနေချိန်တွင် တချို့ ရဲများက မင်းသွေးသစ်အား ကျော်၍ အောင်မြေ ဗိမာန် ဘုန်းကြီးကျောင်းတွင်းသို့ ပြေးနေကြသော ကျောင်းသား ကျောင်းသူများအား လိုက်လံ ရိုက်နှက် နေကြသဖြင့် ၎င်းမှ လိုက်တားရာ အတားခံရသော ရဲများက ကျောင်းသားများ နောက်သို့ ဆက်လက် မလိုက်တော့ဘဲ ၎င်းအား ဘယ်ညာ ချုပ်ကိုင်ပြီး ၀ိုင်းဝန်း ရိုက်နှက်ကြကြောင်း ပြောသည်။ ထို့ပြင် လက် နှစ်ဖက်လုံး ချုပ်ထားပြီး ၀မ်းဗိုက်အား စစ်ဖိနပ်ဖြင့် ခုန်ကန်ကြောင်း၊ အရှေ့တည့်တည့်မှ အရှိန်ဖြင့် ပြေးလာပြီး ဦးခေါင်းအား နံပါတ်တုတ်ဖြင့် ခုန်၍ ရိုက်နှက်ကြောင်း၊ ကျောဘက်မှလည်း တဘုန်းဘုန်း ရိုက်နှက်၍ လဲကျသွား သောအခါ ခြေထောက်များဖြင့် နံစောင်းအား ၀ိုင်းကန် လက်စွမ်းပြ တရွတ်တိုက် ဆွဲခေါ်ကြကြောင်း၊ မူလ သံဆူးကြိုး အတားအဆီးများ ချထားရာနေရာ အနောက်ဘက်ရှိ ဆိုင်ခန်း တစ်ခုထဲသို့ ဆွဲခေါ်ကာ ဆိုင်ခန်းထဲတွင် ရဲများ၏ ဘယ်နှချက်မှန်းမသိသော အရိုက်အနှက် အကန်အကျောက်များကို ခံနေရကြောင်း၊ ထိုအချိန်တွင် ရဲတပ်ဖွဲ့များထဲမှ စိတ်သဘောထား ကောင်းမွန်သူတချို့က လက်လွန်မယ်ဟု ၀င်ရောက် တားဆီးသဖြင့် ရိုက်ချင်သူနှင့် တားဆီးသူ ရဲများ အချင်းချင်း လဲနေသော ၎င်း၏ဘေးတွင် ထိုးကြကြိတ်ကြကာ ဆွဲကြ လွဲကြကြောင်း ပြောကြားသည်။

“ဆိုင်ခန်းထဲက ကွပ်ပျစ်ပေါ်မှာ ကျွန်တော် အဖမ်းခံရတာကို မြင်လို့ ပြန်လှည့်လာရင်း အဖမ်းခံလိုက်ရတဲ့ မိတ်္ထီလာခရိုင် “ဗကသ” က ကိုခန့်အောင်တို့ကို ကျွန်တော်တို့ရဲ့ အရှေ့မှာ ရဲတပ်ဖွဲ့ဝင် တချို့ ပိတ်ကာထားပါတယ်။ ခဏနေတော့ သပိတ်စစ်ကြောင်းကို လာရောက် ၀န်းရံပေးတဲ့ မြင်းခြံမြို့က ဆရာတော် ဦးမေတ္တာ နန္ဒ၊ Reporter Journal က သတင်းထောက် တစ်ယောက်နဲ့ မင်္ဂလာဒုံမြို့နယ်က ဦးမောင်မောင်သိမ်းတို့ကိုပါ ထပ်မံ ဖမ်းဆီးလာကြပါတယ်။ ညက အိပ်ရေးပျက်ထားတဲ့ အတွက်ရော အရိုက်ခံထားရတာရယ်ကြောင့် ခေါင်းတစ်ခုလုံး ဒေါင်ချာစိုင်းအောင် မူးနေပါတယ်။ ဖမ်းဆီး ခံထားရတဲ့ ကျွန်တော်တို့ တစ်ဦးချင်းစီကို ဦးမေတ္တာနန္ဒက လွဲလို့ လက်နှစ်ဖက်ပူးပြီး မီးကြိုးချည်တဲ့ ကော်ပတ်ကြိုးတွေနဲ့ ချည်နှောင်လိုက်ပါတယ်။

“ဒီလိုနဲ့ အဲဒီဆိုင်ထဲမှာ ကျွန်တော်တို့ အဖမ်းခံထားရစဉ်မှာ ပြန်ကြားရေးကားကို ရဲများ ၀ိုင်းဝန်း ဖျက်ဆီးနေတဲ့ အသံများကိုလည်း ကြားနေရပါတယ်။ ပြန်ကြားရေး ကားပေါ်မှာ တင်ထားတဲ့ သံသပိတ်ကြီးကို လည်း ရဲတွေ ခြေထောက်နဲ့ ၀ိုင်းနင်းထားကြလို့ ပိပြားနေတာကို လမ်းမပေါ်မှာ တွေ့နေရပါတယ်။ ကျွန်တော်တို့ကို ဖမ်းထားတဲ့ ဆိုင်ခန်းထဲက ကွပ်ပျစ်လေးမှာ ထိုင်နေကြတုန်း နယ်လုံဝန်ကြီး ဦးသက်ထွန်း ပျာယာပျာယာနဲ့ ဆိုင်ခန်းဝကို ရောက်လာပါတယ်။ စုတ်ပြတ် ပေရေနေတဲ့ ကျွန်တော်တို့ကို လှမ်းကြည့်ပြီး ရဲအရာရှိ တစ်ယောက်ကို “သူတို့ကို ပြော လိုက်၊ စိတ်မပူနဲ့ ဘာမှ မဖြစ်စေရဘူး” လို့ ပြောပြီး ကျွန်တော့်ကို တစ်ချက်ကြည့်ပြီး ပြန်ထွက်သွားပါတယ်။ နယ်လုံဝန်ကြီး ပြန်သွားပြီး သိပ်မကြာပါဘူး။ Light Truck ကားတစ်စီး ဆိုင်ခန်းရှေ့ကို ဖင်ထိုးဆိုက်လာ ပါတယ်။ ဆိုင်ခန်းဝနဲ့ Light Truck ကားထိကို ရဲအင်အား တစ်ဖက်ကို ၁၅ ယောက် လောက်စီ ဘယ်ညာနှစ်ဖက်ခွဲ တန်းစီနေရာယူပြီး ကျွန်တော်တို့ကို တစ်ယောက်စီ ရဲတွေကြားက ဖြတ်ပြီး ကားပေါ် တက်ခိုင်းပါတယ်။ ကျွန်တော့်ကို နောက်ဆုံးမှ တက်ဖို့ပြော ကတည်းက ကျွန်တော့် ကံကြမ္မာကို ကျွန်တော် ရိပ်မိနေပါတယ်” ဟု ပြောသည်။

ဆက်လက်၍ ကိုမင်းသွေးသစ်က “ထင်တဲ့ အတိုင်းပါပဲ၊ အားလုံး ကားပေါ်ရောက်ပြီးလို့ ကျွန်တော့် အလှည့်မှာ ခြေလှမ်း သုံးလှမ်းလောက်ပဲ လှမ်းရပါသေးတယ်၊ နောက်က နံပါတ်တုတ်နဲ့ နောက်စေ့ကို အရိုက်ခံလိုက်ရပြီး ခြေထောက်ကိုလည်း ဖြတ်ကန်ခံလိုက် ရတဲ့အတွက် ကျွန်တော် လဲကျသွားပါတယ်၊ လဲကျသွားပြီး နောက်ပိုင်း ကျွန်တော့်ကို မြေကြီးပေါ်မှာ လှိမ့်ကန်ကြ ၀ိုင်းရိုက်ကြနဲ့ တတိယနဲ့ နောက်ဆုံးအကြိမ် ရိုက်နှက်ခံရ အပြီးမှာ ကားပေါ်ကို ဘယ်လိုရောက်လို့ ရောက်မှန်းမသိဘဲ ရောက်သွားပါတယ်၊ ကားပေါ် ထိုင်နေတုန်းမှာလည်း သက်သာရာ မရပါ ဘူး၊ Light Truck နောက်ခန်းထဲမှာ ထိုင်နေတဲ့ ကျွန်တော့် ခေါင်းနဲ့ ကျောပြင်ကို ကားအပြင်က လက်ထည့်ပြီး ရိုက်တဲ့သူကရိုက်၊ နံကြားကို နံပါတ်တုတ်နဲ့ ထိုးသူက ထိုးပါတယ်။ တစ်ချီမှာ အရိုက်ခံထားရတဲ့ နောက်စေ့နေရာကို တုတ်ချက် ခပ်ပြင်းပြင်း တစ်ခုကျတော့ ကျွန်တော်လည်း ထိုင်ရက်ကနေ အရှေ့ကို အရှိန်နဲ့ ငိုက်ကျသွားပါတယ်။ အဲဒီ ခဏမှာ စီခနဲ နားထဲက လေထွက်သံတွေ ကြားရပြီး လောကကြီးနဲ့ ခဏ အဆက်ပြတ်သွားပါတယ်”ဟု ပြောသည်။

“နားထဲမှာ ကားစက်သံကို အဝေးကြီးက လာသလို ကြားနေရကြောင်း၊ အသံက တဖြည်းဖြည်း နီးလာပြီး စိတ်နဲ့ ကိုယ်နဲ့ ပြန်ကပ်မိကြောင်း၊ ကားစက်သံသည် အဝေး ကြီးက လာတာမဟုတ်ဘဲ စီးလာသည့် Light Truck ကားစက်သံဖြစ်ကြောင်း ပြောသည်။

“ခေတ္တခဏ သတိကင်းကွာသွားပြီးသည့် နောက် စိတ်နဲ့ကိုယ်နဲ့ ပြန်ကပ်သောအချိန်တွင် ပထမဆုံး စတင်ကြားရသည့် အသံဖြစ်ကြောင်း၊ တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေသည့် ဒဏ်ကြောင့် ထိုင်ရက်သား အရှေ့ကို ငိုက်ကျနေသည့် အနေအထားမှ ခေါင်းမထောင် နိုင်သေးသည့်အတွက် ထိုအနေအထားမှာသာ နေလိုက်ရကြောင်း၊ ၎င်းနံဘေးမှာ ပါလာသည့် ရဲများထဲမှ တစ်ယောက်က “သူ့လူတွေ အခြေအနေကို မြင်ရအောင် ဆရာကြီးကို ခေါင်းထောင် ပေးလိုက်ပါဦး” ဆိုသည့် အသံ တစ်သံကိုကြားရကြောင်း၊ ရှေ့စိုက် ကျနေ သည့် ၎င်း၏ ခေါင်းအား ထူမတ်ပေးသည့်အတွက် ဝေေ၀၀ါးဝါး မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်သည့်အခါ ၎င်းတို့အား တင်လာသည့် Light Truck ကားသည် အောင်မြေဗိမာန် ဘုန်းကြီးကျောင်း ၀င်းထဲသို့ ရောက်နေကြောင်း၊ ၎င်းတို့ကို တင်ထားသည့် Light Truck ၏ အရှေ့မှာ အချုပ်ကား ၂ စီးကို တွေ့ရကြောင်း၊ ၎င်းတို့ ကား၏ ဘယ်ဘက်ခြမ်းတွင် သပိတ်စစ်ကြောင်းက ကျောင်းသူ မိန်းကလေးများကို ခြေဆင်း ထိုင်လျက် အနေအထားနှင့် လက်များကို ကြိုးတုပ် ခံထားရသည်ကို တွေ့ရသည်”ဟု ပြောသည်။

ဆက်လက်၍ “ကျွန်တော်တို့ကို Light Truck ကားပေါ်က ဆင်းခိုင်းပြီး အချုပ်ကားထဲကို ၀င်ခိုင်းပါတယ်၊ Light Truck ကား ထဲကနေ အချုပ်ကားထဲကို လမ်းလျှောက် သွားရပါတယ်၊ ကျွန်တော့်ဟာ ကျွန်တော်တော့ ခြေလှမ်းမှန်မှန် လှမ်းနေတယ်လို့ ထင်ပေမယ့် အဲဒီအချိန်က အချုပ်ကားပေါ်ကနေ ကျွန်တော် လာတာကို ကြည့်နေကြတဲ့ ကျောင်းသားတွေ ပြောပြလို့ နောက်မှ ပြန်သိ ရတာက ကျွန်တော် အဲဒီအချိန် လမ်းလျှောက် ပုံက မမှန်တော့ဘဲ ခြေလှမ်းတွေလည်း ဒယိမ်း ဒယိုင် ဖြစ်နေတယ်လို့ ပြောကြတယ်။ အချုပ်ကားထဲမှာ လူတွေ ပြွတ်သိပ်ကျပ်ညပ်နေပြီး မတ်တတ်မရပ်နိုင်တဲ့ ကျွန်တော့် အခြေအနေကို မြင်ရလို့ ကျပ်နေတဲ့ကြားကပဲ ထိုင်နိုင်ဖို့ နေရာ တစ်နေရာစာ ဖယ်ပေးကြတယ်။ အချုပ်ကားပေါ်က လူအားလုံးလည်း ထိခိုက်ဒဏ်ရာ ကိုယ်စီနဲ့ တစ်ယောက်မှ လူကောင်း မရှိပါဘူး။ ကျွန်တော့်ကျောင်းသား ရဲဘော်တွေ စီစဉ်ပေးတဲ့ နေရာမှာ ထိုင်ပြီး သူတို့လာတိုက်တဲ့ ရေကို သောက်ပြီး မွန်းကျပ်ပိတ်လှောင်နေတဲ့ အချုပ်ကားပေါ်မှာ ငုတ်တုတ်မှေးရင်း လိုက်ခဲ့တယ်” ဟု ပြောသည်။

နာရီဝက်လောက် အကြာမှာ သာယာ ၀တီထောင်ရှေ့ကို အချုပ်ကားများ ထိုးဆိုက်ပြီး တစ်ယာက်ချင်းစီ ထောင်ဘူးဝမှ တစ်ဆင့် ထောင်တွင်းကို သွင်းကြောင်း၊ ထောင်ဘူးဝ အတွင်းဘက် မြေကွက်လပ်မှာ ခေါင်းပေါ် လက်နှစ်ဖက်တင်ပြီး နှစ်ယောက် တစ်တွဲစီ အားလုံးကို ထိုင်ခိုင်းကာ တစ်ယောက်ချင်းစီ ရှာဖွေရေးလုပ်၊ နာမည်စာရင်းယူပြီး Main Jail ဘေးက မြေကွက်လပ်တွင် ထိခိုက်ဒဏ်ရာ ရနေသူများကို ဆေးမှူးက တစ်ဦးချင်းစီ ကြည့်ရှု စမ်းသပ်ပြီး ဆေးပေး ဆေးထည့် လုပ်ပေး ကြောင်း၊ တစ်ဦးချင်းစီ၏ ထိပ်ပေါက် ခေါင်းကွဲ ဒဏ်ရာများကို ဓာတ်ပုံရိုက် မှတ်တမ်းတင် ကြောင်း၊ ဒဏ်ရာရထားသူ အားလုံးကို အင်္ကျီ ချွတ်ခိုင်းသည့်အတွက် ကျောမှာ အရှိုးရာချင်း ထပ်နေသည့် ၎င်း၏ ကျောပြင်ပေါ်က ဒဏ်ရာများကို ထောင်ဝန်ထမ်း တစ်ဦးက ဓာတ်ပုံ လာရိုက်သွားကြောင်း၊ ဒဏ်ရာရသူများ အားလုံးကို ဆေးထည့်၊ မှတ်တမ်းဓာတ်ပုံ ရိုက်အပြီးတွင် ညစ်ပေ စုတ်ပြတ်နေကြသည့် ကျောင်းသားအားလုံးကို အုတ်ရေကန်မှာ ရေချိုးစေကြောင်း၊ ပြီးနောက် အုပ်စုနှစ်စုခွဲကာ အဆောင် ၁၀၊ အခန်း ၁ ထဲ သို့ တစ်စု၊ အဆောင် ၁၀၊ အခန်း ၃ ထဲသို့ တစ်စု ထည့်သွင်းပြီး တိုက်ခန်းတံခါးများကို သော့ခတ် ပိတ်လိုက်ကြောင်း ကိုမင်းသွေးသစ်က ပြည်သူ့အရေးသို့ ပြောသည်။

မင်းသွေးသစ် ပြောပြီး ကျော်ကျော်ဦး ရေးသည်