August 2015
 ကချင်ပြည်နယ် မိုးကောင်းမြို့နယ် တောင်နီဘူတာနှင့် ဆားမှော်ဘူတာခြားတွင် ယနေ့နံနက် ၁၀:၂၀
နာရီအချိန်ခန့်က အဆန်ကုန်ရထားအမှတ် ( ၄၃)သည် ဆိုင်းစီးရေပေါက် တံတားတွင် တံတားကျိုးကျကာ ရထား တွဲသုံးတွဲ တိမ်းမှောက်ခဲ့ပါတယ် ။
၎င်း ကုန်ရထားမောင်းနှင်သူမှာ ဦးနေမျိုးထွန်း ဟုသိရပြီ လူအသေအပျောက်တော့ မရှိကြောင့် သိရပါတယ် ။
Credit Adore You
စိန်မြင့် (fb)
 ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဧရာဝဏ် နတ်ကွန်း ဗုံးဖောက်ခွဲ တိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်သူလို့ သံသယရှိသူတစ်ဦးကို ဖမ်းဆီးခဲ့ပြီးတဲ့နောက် ဗုံးလုပ်ရာမှာသုံးတဲ့ ပစ္စည်းတွေကို နောက်ထပ် တိုက်ခန်းတစ်ခုမှာ တွေ့ရှိခဲ့တယ်လို့ ထိုင်းရဲတွေက ပြောပါတယ်။
ဗုံးလုပ်ရာမှာ သုံးတဲ့ပစ္စည်း အစိတ်အပိုင်းတွေနဲ့ ဓာတ်အားသွင်းကိရိယာ တွေကို တွေ့ရှိခဲ့တယ်လို့ ရဲပြောခွင့်ရပုဂ္ဂိုလ် Prawut Thavornsiri က ပြောပါတယ်။
အသက် ၂၆ နှစ်အရွယ် ထိုင်းအမျိုးသမီးတစ်ဦးနဲ့ နိုင်ငံခြားသား အမျိုးသားတစ်ဦးတို့ကို ထိုင်းရဲက နောက်ထပ် ဖမ်းဝရမ်း ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်နေ့က ဧရာဝဏ်နတ်ကွန်း ဗုံးဖောက်ခွဲမှုကြောင့် လူ ၂၀ သေဆုံးခဲ့ပြီး ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။
ဗုံးလုပ်ရာမှာသုံးတဲ့ပစ္စည်းတွေကို နိုင်ငံခြားသား တစ်ဦးနေထိုင်တဲ့ ဘန်ကောက်မြို့ ဆင်ခြေဖုံးရှိ Nong Jok အရပ်က တိုက်ခန်းတစ်ခုမှာ ပြီးခဲ့တဲ့ စနေ့နေ့က ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး အဲဒီသူကို ဖမ်းဆီးခဲ့ပါတယ်။
ဘန်ကောက်မြို့ မင်ဘူရီမြို့နယ်ရှိ တိုက်ခန်းမှာ အခု ဒုတိယအကြိမ် ရှာဖွေတွေ့ရှိမှုဟာ အဆိုပါ ဖမ်းဆီးထားတဲ့ သံသယရှိသူ နိုင်ငံခြားသားထံမှ သတင်းအရ ရှာဖွေခဲ့တာလို့ ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြပါတယ်။
ဓာတ်မြေသြဇာအိတ်တွေ၊ နာရီတွေနဲ့ ရေဒီယိုထိန်းချုပ်မှု ပစ္စည်းတွေ တွေကို တွေ့ရှိခဲ့ပြီး ဒါတွေဟာ ဗုံးလုပ်တဲ့ ပစ္စည်းတွေဖြစ်ကြောင်း၊ ယူရီးယား ဓာတ်မြေသြဇာနဲ့ ယမ်းမှုန့်တွေကို ဗုံးလုပ်ချင်သူတွေက လွဲပြီး ဘယ်သူမှ သိုလှောင်ထားမှာမဟုတ်ကြောင်း ရဲအရာရှိ မစ္စတာ Prawut က ပြောပါတယ်။
ပြီးခဲ့တဲ့ စနေနေ့က ဖမ်းဆီးမိခဲ့တဲ့ အသက် ၂၈နှစ်အရွယ် နိုင်ငံခြားသားတစ်ဦးထံက ဘောဘယ်ရင်တွေမှာ သုံးတဲ့ဘောစေ့ တွေအပါအဝင် ဗုံးလုပ်ရာမှာ သုံးနိုင် တဲ့ ပစ္စည်းတွေနဲ့အတူ နိုင်ငံကူးလက်မှတ်စာအုပ် ၁၀ အုပ်ကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။
အဆိုပါ ဖမ်းဆီးထားတဲ့သူဟာ ထိုင်းရဲကထုတ်ပြန်ထားတဲ့ စီစီတီဗီ စောင့်ကြည့် ကင်မရာထဲက လူမဟုတ်ဘူးလို့လည်း သိရပါတယ်။
BBC Burmese
https://www.facebook.com/bbcburmese
 မလေးရှားနိုင်ငံ ၀န်ကြီးချုပ် နာဂျစ် ရာဇက်က ရာထူးက နှုတ်ထွက်ဖို့ ငြင်းဆိုလိုက်ပြီး အမျိုးသားစည်းလုံးညီညွတ်ဖို့ တောင်းဆိုလိုက်ပါတယ်။
ဝန်ကြီးချုပ် နာဂျစ် ရာဇက်ကို ရာထူးကနေ နှုတ်ထွက်ပေးဖို့ တောင်းဆိုဆန္ဒပြမှုတွေ အပြီးမှာ အခုလို ငြင်းဆိုလိုက်တာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ် နာဂျစ် ရာဇက်ဟာ သူ့ကိုယ်ပိုင် ဘဏ်စာရင်းထဲ ဒေါ်လာသန်း ရာပေါင်းများစွာ ရှိနေတာနဲ့ ပတ်သက်လို့ အများပြည်သူုပိုင်ငွေထဲမှ ယူတယ်ဆိုပြီး ဆန္ဒပြသူတွေက စွပ်စွဲပြောဆိုကာ ရာထူးမှ ဆင်းပေးဖို့ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။
မစ္စတာ နာဂျစ် ရာဇက်ကတော့ ဒီမိုကရေစီအခြေခံတဲ့ နိုင်ငံမှာ အခုလို ဆန္ဒပြတောင်းဆိုမှုတွေဟာ မှန်ကန်တဲ့ ဖော်ထုတ်တောင်းဆိုမှုတွေ မဟုတ်ဘူးလို့ ပြောဆိုခဲ့ပြီး အများပြည်သူပိုင်ငွေထဲမှာ ဒေါ်လာ သန်း ၇၀၀ ယူတယ်ဆိုတဲ့စွပ်စွဲချက်ကို ငြင်းဆိုခဲ့ပါတယ်။
မလေးရှား လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေး ဧဂျင်စီကတော့ မစ္စတာ နာဂျစ်ရာဇက် ရဲ့ငွေတွေဟာ နိုင်ငံခြား အလှူရှင်တွေထံမှ ငွေတွေဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ စနေ့ တနင်္ဂနွေ နှစ်ရက်မှာ ကွာလာလမ်ပူမြို့ လမ်းမတွေမှာ လက်ရှိဝန်ကြီးချုပ် နာဂျစ်ရာဇက်ကို ရာထူးကနေ ဖြုတ်ချဖို့ တောင်းဆို ဆန္ဒပြခဲ့ကြတဲ့ လူထောင်ပေါင်းများစွာထဲမှာ ၀န်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်ဒ်လည်း ပါဝင်ခဲ့ပါတယ်။
BBC Burmese
https://www.facebook.com/bbcburmese
 မြေပြိုမှု တွေ၊ ရေကြီးမှု တွေ ဆိုးဆိုးရွားရွား ခံခဲ့ရတဲ့ စစ်ကိုင်းတိုင်း ဒေသကြီးနဲ့ ချင်းပြည်နယ် ထဲ က ကျေးရွာတွေ ကို ရွာလုံးကျွတ် ရွှေ့ပြောင်း ရပါလိမ့်မယ်။
ချင်းပြည်နယ် တွန်းဇံမြို့နယ် ထဲ က ဟားခါးလေးနဲ့ တူခီးဇံ ၂ ရွာ ကို ရွှေ့ ပြောင်း မယ်လို့ ချင်းပြည်နယ် အစိုးရ အဖွဲ့က ညွှန်ကြားရေးမှုး ဦးတင်မောင်စိုး က ဘီဘီစီ ကို အတည်ပြု ပြောကြားပါတယ်။
အဲဒီ့ရွာ တွေမှာ လူဆက်နေဖို့ မသင့်တော့ဘူး ဆိုပြီး ဦးတင်မောင်စိုး က ဆိုပါတယ်။
ရေကြီးမှု ကြောင့် အဲဒီ့ ရွာတွေ မှာ အိမ်တွေ ရေထဲ မျောပါ ကုန်တာ၊ လုံးဝပြိုကျ ပျက်စီး သွားတာ အပြင် ရေ ပြန် အကျ မှာလည်း ရွှံ့နွံတွေ လူတစ်ရပ် မက နစ်မြုပ် နေတာ တွေ ဖြစ်ပေါ် ခဲ့တဲ့ အတွက် တူခီးဇံ နဲ့ တစ်မိုင်ခွဲ အကွာမှာ ဒုက္ခသည် ယာယီ စခန်း ဖွင့်လှစ် ပေးထား ရတယ် လို့ လည်း ဦးတင်မောင်စိုး က ပြောပါတယ်။
စစ်ကိုင်းတိုင်း အထက်ပိုင်းမှာ ဆိုရင်လည်း ကလေးမြို့နယ် ထဲ က ရွာ ၁၃ ရွာ အပါအဝင်၊ ကလေးဝ နဲ့ တမူး မြို့ နယ် ထဲ က ရွာတွေ နဲ့ ပါဆိုရင် စုစုပေါင်း ၁၇ ရွာ ပြောင်းရမယ် လို့ ဒေသခံ အာဏာပိုင်တွေက ဆိုပေမယ့် အသေးစိတ် အစီအစဉ် တွေ ကို တော့ မပြောသေးပါဘူး။
ကလေးမြို့နယ် ထဲ ရေကြီးတုန်းက အပျက်အစီး အဆုံးရှုံး အများဆုံး ဖြစ်ခဲ့တဲ့ နေရဉ္စရာ မြစ်နဲ မြစ်သာမြစ်တွေ နံဘေး တည်ရှိတဲ့ နန်းဆောင်းပု၊ နန်းကျင်ဆောင်၊ မော်လိုက်ကလေး၊ အောင်မြင်သာ၊ ကျီကုန်း နဲ့ သဖန်းအိုင် စတဲ့ ရွာတွေ ပြောင်းရမယ့် အထဲ ပါမှာ ဖြစ်ပါတယ်။
လယ်အလုပ် လုပ်ကိုင် စားသောက်ရတဲ့ ရွာသားတွေ အနေနဲ့ ကလည်း သူတို့လယ်တွေ ကို ထားပြီး အဝေးကြီး ကို ထွက် မသွား နိုင်ကြတဲ့ အတွက် တမူး-ကလေး ကားလမ်း ပတ်ဝန်းကျင် မှာ ပဲ အာဏာပိုင် တွေ က မြေနေရာလွတ် တွေ လိုက်လံ ကြည့်ရှု့ နေကြတယ် လို့ ရေဘေး ဒုက္ခသည်တွေ ကို ကူညီကယ်ဆယ်ရေး လုပ်ဆောင် နေတဲ့ ကလေးမြို့ ၈၈ ပွင့်လင်း လူ့အဖွဲ စည်းက ဦး ဘကြူး က ပြောပါတယ်။
BBC Burmese
http://www.bbc.com/burmese
 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သြဂုတ်လ ၃၀ ရက်နေ့က နေပြည်တော် ဥတ္တရသီရိမြို့နယ် တောင် ညိုကျေးရွာ၊ ဇမ္ဗူသီရိမြို့နယ် သပြေကုန်းရပ်ကွက်နဲ့ ဒက္ခိဏသီရိမြို့နယ်တွေမှာ ဒေသခံတွေကို ရွေးကောက်ပွဲနဲ့ပတ်သက် ပြီး ဟောပြောနေစဉ်။ Photo: Win Naung Toe/ RFA
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မဲဆန္ဒရှင် ပြည်သူတွေ အနေနဲ့  ခြိမ်းခြောက်မှုတွေ ကို စိုးရိမ်ကြောက်လန့်ခြင်း မရှိပဲ လာမယ့်ရွေးကောက်ပွဲမှာ ပြတ်ပြတ်သားသား မဲသွားပေးကြဖို့ တိုက်တွန်းလိုက် ပါတယ်။
နေပြည်တော်မှာရှိတဲ့ မဲဆန္ဒနယ်တွေကို မနေ့က လှည့်လည်သွားရောက်စဉ် ဒေါ်အောင်ဆန်းစုကြည် က ရွေးကောက်ပွဲမှာ မိမိ ဘယ်ပါတီ မဲပေးသလဲဆိုတာကို ဘယ်သူမှ မသိနိုင်တဲ့အတွက် ကြောက်ရွံ့စရာ မရှိကြောင်း ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဒက္ခိဏသီရိမြို့နယ်၊ ရွှေခဲအင်းကျေးရွာမှာ ကျင်းပတဲ့ ဟောပြောပွဲမှာ ဒေသခံတွေက ရွေးကောက်ပွဲ ရလဒ်တွေအပေါ် ၁၉၉ဝ ရွေးကောက်ပွဲတုံးကလို အစိုးရက အသိအမှတ်မပြုပဲ ဥပက္ခာပြုတာမျိုး ဖြစ်ပေါ်နိုင်မယ့် အလားအလာနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည် က အခုအချိန်မှာ ကြိုတင် စိုးရိမ်ဖို့ မလိုဘူး လို့ ပြောကြားခဲ့ပါတယ်။
"ဒီဟာတွေကို စဉ်းစားပြီးပြီဆိုရင် အရေးကြီးတာ ပြည်သူဟာ တည်တည်ငြိမ်ငြိမ် ခိုင်ခိုင်မာမာ ပြတ်ပြတ် သားသားနဲ့ ကိုယ်မဲပေးတဲ့ ပါတီဘက်က ရပ်တည်မယ် ဆိုတာ ရှင်းလင်းအောင်လုပ်ဖို့ဘဲအရေးကြီးပါတယ်၊ မဲထည့်ပြီးတော့ ဒီမဲလိပ်ကြောင့် ဖြစ်ပေါ် လာတဲ့ရလာဒ်ကို မလေးစားတဲ့ သူတွေဟာပြည်သူကိုစော်ကား ရာရောက်ပါတယ်၊ ဒါကြောင့်မို့လို့ဒါတွေကို သိပ်ပြီးတော့မစိုးရိမ်ပါနဲ့ တစ်ကမ္ဘာလုံးကကြည့်နေပါတယ်၊ တစ်ကမ္ဘာလုံးက မြန်မာနိုင်ငံရဲ့၂၀၁၅ ရွေးကောက်ပွဲဟာ ဘယ်လောက်တရားမျှတမလဲ၊ အခုထဲကစပြီးနည်း နည်းမမျှတတာလေးတွေတော့ ရှိတယ်နော်"
ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်ရှိ ဥတ္တရသီရိ၊ ဇဗ္ဗူသီရိနဲ့ ဒက္ခိဏသီရိမြို့နယ် တွေက နေရာ ၅ နေရာ မှာ ရွေးကောက်ပွဲဆိုင်ရာ ပညာပေး ဟောပြော ပွဲတွေပြုလုပ်ခဲ့ပါတယ်။  ဇဗ္ဗူသီရိမြို့နယ် သပြေကုန်းရပ်ကွက်ကို မနေ့က ရောက်ရှိစဉ် လူ ၂ဝ ခန့်က ရခိုင်ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာမူစလင်တွေ ကို ဒေါ်အောင်ဆန်းစု ကြည် ထောက်ခံအားပေးတယ်ဆိုပြီး ဆန္ဒပြခဲ့ကြပါတယ်။ နိုင်ငံတကာအသိုင်းအဝန်းမှာတော့ ဒေါ်အောင်ဆန်းစု ကြည် အနေနဲ့ ရိုဟင်ဂျာတွေကို အကာအကွယ်ပေးဖို့ ပျက်ကွက်တယ်ဆိုပြီး ဝေဖန်နေကြတယ်လို့ AP သတင်း မှာဖေါ်ပြထားပါတယ်။
RFA Burmese
http://www.rfa.org/burmese
အာ​ရှ ​အ​ဝေး​ပြေး​လမ်း​မ ​ရဲ့ ​အ​စိတ်​အ​ပိုင်း ​ဖြစ်​တဲ့ ​က​ရင်​ပြည်​နယ်​ထဲ​က ​မြ​ဝ​တီ ​သ​င်္ဃာန်း​ညီ​နောင် ​နဲ့ ​ကော့​က​ရိတ်​ကြား ​လမ်း​သစ် ​ကို ​ဩ​ဂုတ်​လ ၃၀ ​ရက်​နေ့ ​မှာ ​ဖွင့်​လှစ် ​လိုက် ​ပြီ ​ဖြစ်​ပါ​တယ်။
ထိုင်း ​ကု​မ္န​ဏီ ​က ​ဖောက်​လုပ်​ပေး​ခဲ့​တဲ့ ​အဲ​ဒီ့​လမ်း ​ကို ​ဒု​တိ​ယ​ဝန်​ကြီး​ချုပ် ​ဆုမ်​ကစ် ​ကျ​ဆူ​ရီ​ပိ​ထပ် Somkid Jatusripitak ​နဲ့ ​မြန်​မာ ​ဒု​တိ​ယ ​သ​မ္မ​တ ​ဦး​ဥာဏ်​ထွန်း ​တို့ ​က ​လာ​ရောက် ​ဖွင့်​လှစ် ​ပေး​ခဲ့​တာ​ပါ။
လမ်း​ဖွင့်​တဲ့ ​အ​ခမ်း​အ​နား ​အ​ပြီး​မှာ​ပဲ ​မြ​ဝ​တီ​ရဲ့ ​တစ်​ဖက်​ကမ်း ​ထိုင်း​နိုင်​ငံ ​မဲ​ဆောက် ​ဘက်​ကို ​ကူး​ပြီး ​ထိုင်း-​မြန်​မာ ​ချစ်​ကြည်​ရေး ​တံ​တား​သစ် ​အ​မှတ် ၂ ​တည်​ဆောက် ​ဖို့ ​ပ​န္နက်​တင် ​အ​ခမ်း ​အ​နား ​ကို​လည်း ​ကျင်း​ပ ​ခဲ့ ​ပါ​တယ်။
ဥ​ရော​ပ ​အ​ထိ ​ဆက်​သွယ် ​နိုင်​မယ့် ​အ​ရှေ့-​အ​နောက် ​ကုန်​သွယ်​ရေး ​စ​င်္က​နြ် ​ရဲ့ ​အ​စိတ်​အ​ပိုင်း ​တွေ ​ဖြစ်​တဲ့ ​အ​ခု ​လမ်း၊ ​တံ​တား ​အ​သစ်​တွေ ​ဟာ ​ထိုင်း-​မြန်​မာ ​နှစ်​နိုင်​ငံ​ကြား ​ကုန်​သွယ်​ရေး ​တိုး​တက် ​စေ​ဖို့​သာ ​မ​က​ပဲ ​မဲ​ခေါင်​မြစ်​ဝှမ်း ​ဒေ​သ​တွင်း ​နိုင်​ငံ​တွေ ​အား​လုံး ​ရဲ့ ​စီး​ပွာ​ရေး ​ဖွံ့​ဖြိုး​ဖို့​ရာ ​လည်း ​အ​ကျိုး ​ရှိ​စေ​မှာ ​ဖြစ်​တယ် ​လို့ ​ဦး​ဥာဏ်​ထွန်း​က ​ပြော​ပါ​တယ်။
ဒေါ​န​တောင်​ခြေ ​မှာ ​လုပ်​ခဲ့​တဲ့ ​အဲ​ဒီ့ ​အ​ခမ်း​အ​နား ​ကို ​က​ရင်​အ​မျိုး​သား ​အ​စည်း​အ​ရုံး​ရဲ့ ​ဥ​က္က​ဌ ​စော​မူ​တူး​ဆေး​ဖိုး ​လည်း ​တက်​ရောက်​ခဲ့​ပါ​တယ်။
အဲ​ဒီ့​ဒေ​သ ​မှာ ​အ​စိုး​ရ ​နဲ့ ​ဒီ​ကေ​ဘီ​အေ ​လက်​နက်​ကိုင် ​အ​ဖွဲ့​ခွဲ ​တ​ချို့ ​အ​ကြား​မှာ ​ပြီး​ခဲ့​တဲ့ ​လ​ပိုင်း ​က​မှ ​တိုက်​ပွဲ ​တ​ချို့ ​ဖြစ်​ပေါ် ​ခဲ့​သ​လို၊ ​ဖွင့်​ပွဲ ​အ​ကြို ​တစ်​ရက် ​မှာ​လည်း ​ကော့​က​ရိတ် ​မြို့ ​အ​နီး​မှာ RPG ​ပု​ခုန်း​ထမ်း ​လောင်​ချာ ​နဲ့ ​စက်​သေ​နတ် ​သံ​တွေ ​ထွက် ​ပေါ် ​လာ​ခဲ့​တဲ့ ​အ​တွက် ​လုံ​ခြုံ​ရေး ​အ​ထူး ​တင်း​ကြပ် ​ချ​ထား ​ပါ​တယ်။
BBC Burmese
http://www.bbc.com/burmese
 မြို့သစ် သြဂုတ် ၃ဝ
 ပဲခူးရိုးမပျော် ဆင်ခြောက်ကောင် သည် သြဂုတ် ၁၈ ရက် နံနက် ၆ နာရီမှစ၍ နတ်မောက်မြို့နယ် ရွှေနတ်ကယ်တောင်သို့ မျက်စိလည် လမ်းပျောက်ကာ ရောက်ရှိလာပြီး သြဂုတ် ၃ဝ ရက်အထိ မိမိတို့ ဒေသသို့ ပြန်လည်မရောက်ရှိသေး ပေ။ ဆင်ခြောက်ကောင်အုပ်အနက်မှ ဆင်ငယ်တစ်ကောင် သည် သြဂုတ် ၂၆ ရက်က ညောင်ဦးမြို့နယ် တူရင်းတောင်ခြေ၌ မျက်ခြည်ပြတ်၍ ကွဲကျန်ရစ်ခဲ့သည်။
'' သူတို့တွေရဲ့ မွေးရပ်၊ နေရပ်၊ ကျက်စားနေတဲ့အရပ်ဆီမှာ သစ်ခုတ် တဲ့လုပ်ငန်းတွေ ရှိနေသလား။ ဒါမှ မဟုတ် သူတို့ကျက်စားတဲ့ နေရာ တွေမှာ တောင်ယာတွေ ခုတ်နေ ကြသလား။ ပြီးတော့ တောတွေ ခုတ်နေကြသလား။ လူနေအိမ်တွေပဲ ဆောက်နေကြတာလား။ ဒါကြောင့်မို့ သူတို့လည်း နေစရာမရှိတော့တာလို့ ထင်ပါရဲ့။ နောက်ထပ်သူတို့ နေတဲ့ နေရာနဲ့ တခြားဝေးတဲ့နေရာ ရွှေ့ သွားမယ်။ နောက်ထပ်ဘယ်နေရာများ ရွှေ့လို့ရမလဲဆိုတဲ့ သဘောမျိုးနဲ့ ထွက်လာတယ်လို့ ထင်ပါတယ်။ ဒါကိုလည်း လေ့လာမှုတွေလုပ်ဖို့ သက်ဆိုင်ရာလူကြီးတွေ အစည်း အဝေးလုပ်နေကြပါတယ်'' Wildlife Conservation Society (WCS) မှ ဦးစောထူးသာဘုန်းက မြန်မာ့အလင်းသို့ ပြောသည်။
သူတို့မွေးဖွားရာနေရပ်ကို စွန့်ခွာ လာရခြင်းမှာ သူတို့အတွက် အစာ ရေစာရှားပါးလာခြင်း၊ သစ်တောများ ပြုန်းတီးလာခြင်းကြောင့် ဖြစ်မည် ထင်ပါကြောင်း၊ မိမိတို့နေစရာ တောအုပ်ကလေးများ တွေ့မည်လား ဆိုသည့်ရည်ရွယ်ချက်ဖြင့် မိုင်ရာချီ သည့်ခရီးကြမ်းကို အသက်စွန့်ပြီး ရေကြည်ရာမြက်နုရာကို လိုက်ရှာနေ သည်ဟုထင်ရကြောင်း ပညာရှင်အချို့ က သုံးသပ်နေသည်ကိုလည်း သိရ သည်။
ယခုအချိန်အထိ ဘယ်စိုက်ခင်း၊ ဘယ်ပြည်သူကိုမှ ထိခိုက်မှုမပြု၊ အန္တရာယ်မပြုဘဲ သူတို့လိုလားသည့် လမ်းကြောင်းကိုသာ အေးအေးချမ်း ချမ်းနှင့်လိုက်ရှာနေကြောင်း၊ သို့သော် အထူးအဆန်းမြင်လျှင် စူးစမ်းချင် သည့် လူများ၊ ကြည့်ချင်သည့်လူများ၊ စနောက်ချင်သည့် လူများကြောင့် ဆင်အုပ်က လူများနောက်သို့လိုက် ခြင်း၊ တက်နင်းမိခြင်း၊ နှာမောင်းနှင့် ရိုက်မိခဲ့ခြင်း စသည့်ဖြစ်ရပ်များ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
စိုက်ခင်းများ၊ အိုးအိမ်များကို ဖျက်ဆီးခြင်းမပြု၊ ပြုလျှင်ဖြစ်လာမည့် အန္တရာယ်ကိုလည်း နားလည်ပုံရသော ဆင်အုပ်ကြီးမှာ မိမိတို့၏မိသားစု ဝင်ဆင်ငယ်တစ်ကောင်ကို ဆုံးရှုံး ချန်ထားခဲ့ရပြီး လာရာလမ်းဆီသို့ မနားမနေ၊ မစားမသောက် ခရီး ကြမ်းနှင်လာခဲ့ရာ ပဲခူးရိုးမထဲ ပြန် ရောက်တော့မည်ဖြစ်သည်။
''အဓိကက လူတွေပါ။ ဆင်တွေ၊ တောရိုင်းတိရစ္ဆာန်တွေ ကျက်စားတဲ့ နေရာ၊ တောတောင်တွေကို မဖျက် ဆီးကြဖို့ပါပဲ။ ဖျက်ဆီးရင်တော့ အနာဂတ်မှာ လူနဲ့ တောရိုင်း တိရစ္ဆာန်တွေကြား အန္တရာယ်ဖြစ် နေမှာပဲ။ တောတွေပြုန်းတီးသွားရင် ရာသီဥတုဖောက်ပြန်မယ်။ ရာသီ ဥတုဖောက်ပြန်မယ်ဆိုတာက သစ် တောတွေ ခုတ်လိုက်တဲ့အတွက် မိုးရွာရင် တောင်ပေါ်ကရေ တွေကိုမထိန်းနိုင်တော့ဘူး။ သဲနုန်း တွေလည်းကျတယ်။ မြေပြိုမယ်။ တောင်ပြိုမယ်။ သဘာဝပတ်ဝန်းကျင် ကို အများကြီး ပျက်စီးစေတယ်။ ဒါကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့က ပြည်သူတွေမှာ အဓိကတာဝန်ကျပါတယ်။ အခုက သိနေကြပြီး ထိန်းသိမ်းဖို့ မလုပ်ကြ တာပါ'' ဟု ဦးစောထူးသာဘုန်းက ပြောသည်။
အဆိုပါဆင်အုပ်ကို သြဂုတ် ၂၉ ရက်ညနေ ၆ နာရီက မြို့သစ်မြို့နယ် ပုလင်းပြားကြီး ကျေးရွာအနီး လေသာတောင်အောက်ခြေရှိ လျှို မြောင်အတွင်းမှ ကွန်ဂျီဆင် ငါးကောင်ဖြင့် မူလဒေသပဲခူးရိုးမ စတုံကြိုးဝိုင်းအတွင်းသို့ ဦးတည်၍ ထိန်းကျောင်းမောင်းနှင်ခဲ့သည်။
''အခုအချိန်အထိတော့ လမ်း ကြောင်းသွေဖည်သွားတာ မရှိသေး ဘူး။ သြဂုတ် ၂၉ ရက်ညက ပုလင်း ပြားကြီးကျေးရွာအနီးရှိ လျှိုထဲက နေပြီး မောင်းလာတာ ဒီနေ့မနက်မှာ မြို့သစ်မြို့နယ်နဲ့ နတ်မောက်မြို့နယ် နယ်စပ်ရှိ အိုင်မဲအုပ်စုနဲ့ ကွင်းကြီး အုပ်စုကြားက လျှိုထဲမှာရှိနေတယ်။နတ်မောက်နယ်ထဲ ပြန်ဝင်တာ မဟုတ်ပါဘူး။ မြေပုံအရ လမ်း ကြောင်းက အခုလိုကွေ့နေတဲ့သဘော ပါ။ အခု လေသာတောင်အရှေ့ဘက် ကြောအတိုင်း သွားနေတာဆိုတော့ သူတို့ကျက်စားတယ်လို့ထင်ထားတဲ့ ပဲခူးရိုးမ စတုံကြိုးဝိုင်းအတွင်းက စံပယ်တောင်ကို ရောက်မယ်လို့ ထင်ပါတယ်။ ဆင်အုပ်က နေ့ခင်းဆို လျှိုထဲမှာနားနေတာ။ ညဘက်မှပဲ သူတို့ ဆက်လျှောက်မယ်ထင်တယ်။ သူတို့နေတဲ့ဆီကို ရောက်မယ့်အချိန်ကိုတော့မှန်းလို့မရသေးပါဘူး။ ညကို မနားဘဲ လေသာတောင် အရှေ့ ဘက်ခြမ်း လမ်းကြောင်းအတိုင်း လျှောက်မယ်ဆိုရင်တော့ မနက်ကို ရောက်မယ်ထင်ပါတယ်။ ဒီဘက်မှာ က ဒေသခံတွေလိုက်ကြည့်တာတွေတော့မရှိဘူး။ ရွာတွေနဲ့ကလည်း ဝေး တယ်လေ။ အနီးစပ်ဆုံးရှိတဲ့ ရွာတွေ ကိုလည်း ဆင်အုပ်လာရင် အပြင် ထွက်မကြည့်ဖို့၊ နောက်က မလိုက်ဖို့ကို အသိပေးထားပါတယ်။ အခုချိန်အထိ ဘာအန္တရာယ်မှ မရှိပါဘူး'' ဟု မြို့သစ်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြန်လည် ဖြေကြားသည်။
သတင်း ဇူလိုင်မိုး(မြန်မာ့အလင်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Winn Ko
'ဟုတ်ကဲ့၊ ၀တ်စုံကတော့ အစုံ ၅၀ ထုတ်ပေးထားတာပါ၊ ဘာလုပ်ရမယ်ဆိုတာတော့ ကြိုပြောမထားဘူး၊ ဒီနေ့ရောက်မှ သိတယ်၊ ဒေါ်စုကို ကန့်ကွက်ဖို့ ဆိုင်းဘုတ်ကိုင်ပြီး အော်ရမယ် ဆိုတော့ အားလုံး မလုပ်ဘူး ပြောတယ်၊ ဒါပေမယ့် မရဘူး၊ မလုပ်ရင် အ၀တ်အစားဖိုး၊ အထည် ၅၀ စာ ရော်ပေးရမယ်တဲ့၊ ရော်မယ်ပြောတော့ တစုံကို ၃၀၀၀၀ ကျမယ်တဲ့၊ ကျွန်တော်တို့ မရှိ ဆင်းရဲသားမှာ အဲ့လောက် ငွေ မရှိလို့ ပဲ ရတဲ့ အလုပ်ကို ကောက်လုပ်နေရတာ၊ အခု ဆန္ဒပြတဲ့အထဲမှာ ကုလားလည်း ပါတယ်၊ ကျွန်တော်တို့ ၁၈ ရက်က လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်၊ စိတ်ချပါ လုပ်တာ စိတ်ပါလို့ လုပ်တာ မဟုတ်ဘူး ဆိုတာကို ကျိမ်ရဲတယ်၊ မဲပေးရင်လည်း NLD ကို မဲပေးမှာပါ၊ အခုလုပ်ရပ်အတွက် နောင်တရနေပါပြီ၊ ချစ်ညီတို့ကို ထပ်ပြီး မဆဲပါနဲ့တော့ဗျာ၊ တောင်းပန်ပါတယ်၊'
-----------------------------------
ဆန္ဒပြခြင်းသည် လွပ်လပ်စွာ ကွဲလွဲကြခြင်း ဖြစ်၍ သွေးရိုးသားရိုးဆိုက မည်သို့မျှ ပြောရန် အကြောင်းမရှိ၊ သို့သော် နောက်ကွယ်က လုပ်ရပ်များရှိလာသည့်အတွက် ဝေဖန် ဆန်းစစ် နိုင်ရန် တင်ပြလိုက်ရပေသည်။
BrainWave ဉာဏ်လှိုင်း
ဖွတ်ဦးစော
ဒီနေ့ ဒေါ်စု နေပြည်တော်ဘက်သွားတော့ လူနှစ်ဆယ်ခန့် ဆန္ဒပြကြပါသတဲ့။ ဒန်ပေါက်ကြွေး မကြွေးမသိပေမဲ့ စပို့ရှပ်တော့ပေးတာ သေချာပါတယ်။ စပို့ရှပ်ဆင်တူနဲ့ဗျား။
ဆန္ဒပြတဲ့ သူတယောက်ကတော့ တပ်ကုန်းက ဖွတ်ဦးစော ပါဗျား။ ဟိုးတမြန်မနှစ်က ဒေါ်စုသွားတုံးက သူ့အဖေသေရတာ ဒေါ်စုအဖေ ဗိုလ်ချုပ်က ဂျပန်တွေကို ခေါ်လာလို့ဆိုပြီး ရူးကြောင်ကြောင် ပြောတဲ့သူပါ။ ကိုင်ထားတာက လူလိုသိပါတဲ့။ လူတိုင်းသိနေတဲ့ ကိစ္စကို သူမသိပုံထောက်တော့ ဒီလူ ဖွတ်ကျားဘဲဖြစ်မယ်။ ဖွတ်ဦးစောမဖြစ်စေနဲ့။
လူနဲနဲလေးမို့ ဂရုစိုက်စရာ မလိုပေမဲ့ ဒေါ်စုလုံခြုံရေးအတွက်တော့ စိတ်ပူတယ်ဗျာ။ အဲဒီလို အူကြောင်ကြောင်လူတယောက်က ခေတ်သစ်ဦးစော ဖြစ်ချင်တာနဲ့ ထပြီး တခုခုလုပ်မှာ စိုးမိပါတယ်။
နောက် ဒီခေတ်မှာ ငွေရာဂဏန်းလောက်အတွက်နဲ့ လူသတ်မှုတွေ တွေ့နေရတော့ ပိုဆိုးပါတယ်။ ဆေးသမားကို ဖမ်းထား၊ နှစ်ရက်လောက်ဆေးဖြတ်ထားပြီး ဆေးကြောင်ယင်းထမှ မတော်တရော် လုပ်ခိုင်းရင် ဘာမဆို ဖြစ်သွားနိုင်ပါတယ်။
ဒေါ်စုဘေးက ကိုယ်ရံတော်တွေကို မယုံလို့ မဟုတ်ပါ။ နိုင်ငံခြားက ရုပ်ရှင်မင်းသား မင်းသမီးတွေဘေးက ပါပါလာတဲ့ ခပ်ထွားထွား လူရှိန်လောက်တဲ့ ပရော်ဖက်ရှင်နယ် ဘော်ဒီဂတ်မျိုး သုံးစေချင်တယ်။
စိတ်တော့ မရှိကြနဲ့ဗျာ။ ဒေါ်စုလိုမျိုး ကမ္ဘာသိ တိုင်းပြည်က အားကိုးရမဲ့ အမေမျိုး ဘယ်တော့မှ အစားပြန်မရနိုင်မှန်း သေချာလို့ဗျို့။ ရောက်လေရာနေရာတိုင်းက ဒေါ်စုကိုချစ်သူများ ဝိုင်းဝန်းစောင့်ပေးကြပါ။
 kachin-flooding-620.jpg ကချင်ပြည်နယ် မိုးကောင်းမြို့ပေါ်ရပ်ကွက်မှာ ရေကြီးရေလျှံနေသည်ကို တွေ့ရစဉ်
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ဒီရက်ပိုင်းအတွင်း မိုးသည်း ထန်စွာရွာသွန်းနေတာကြောင့် ဥရုချောင်းရေကြီးလာပြီး ဖားကန့်မြို့နဲ့ ဆိပ်မူ၊ လုံးခင်း စတဲ့ကျေးရွာတွေဟာ ဒုတိယအကြိမ် ရေနစ်မြှုပ်နေပါတယ်။
ဖားကန့်မြို့ပေါ်က ငှက်ပျောတော၊ အေးမြသာယာ၊ မြို့မ၊ မရှီကထောင် စတဲ့ ရပ်ကွက်တွေ ရေမြှုပ်နေသလို မရှီကထောင်ကြိုးတံတားလည်း ရေမြှုပ်နေပြီလို့ ငှက်ပျောတောရပ်ကွက်မှာ နေထိုင်တဲ့ ဦးစောနွဲ့မြင့်ဆွေ က ပြောပါတယ်။
"ချောင်းဘေးနားနီးတာတွေအကုန်မြှုပ်နေတယ်၊ တချို့ဆို အိမ်ခေါင်မိုးလေးတွေ ဘဲပေါ်နေတယ်၊ အခုကျနော် တို့ အိမ်အပေါ်ထပ်ရောက်နေတယ်၊အောက် ထပ်တော့အကုန်မြှုပ်နေပြီ၊ အနိမ့်ပိုင်းရောအကုန်မြှုပ်နေပြီ၊ ကြိုးတံတားလဲမြှုပ်သွားပြီ၊ သစ်တုံးကြီးအတုံးကြီးတွေ၊ အမှိုက်သရိုက်တွေ၊ ကြိုးတံတားမှာ သွားညိနေတယ်"
ဒီတစ်ကြိမ်ရေကြီးမှုဟာ ပြီးခဲ့တဲ့ဇူလိုင်လအတွင်းက ရေကြီးတာထက်ပိုဆိုးတယ်လို့ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး က ပြောပါတယ်။
ရေဘေးကြောင့် မြို့ပေါ်က လူတစ်ချို့ဟာ မြို့မရပ်ကွက်မှာရှိတဲ့ အောင်ဇေယျုံ ဘုန်းတော်ကြီး ကျောင်းမှာ ခိုလှုံနေကြပါတယ်။
ဖားကန့်ဒေသမှာ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီတွေက စက်ယန္တရားတွေနဲ့ တူးဖော် လုပ်ကိုင်ကြပြီး မြေစာတွေ ကို စည်းကမ်းမဲ့စွန့်ပစ်တာတွေကြောင့် မိုးကြီးတိုင်း ဖားကန့်မြို့နယ်အတွင်းမှာ မကြာခဏ ရေကြီးလေ့ရှိတယ် လို့ ဒေသခံတွေက ပြောပါတယ်။
ချင်းပြည်နယ် တွန်းဇံမြို့မှာလည်း တောင်ပေါ်ရေကန်ကျိုးပေါက်ပြီး ရွှံ့မြေတွေ ဖုံးလွှမ်းခံခဲ့ရတဲ့ ကျေးရွာတွေ ကို ပြန်လည်နေရာချထားရေးနဲ့ ပြန်လည်ထူထောင်ရေး အတွက် ပြည်နယ်အစိုးရအဖွဲ့က စီစဉ်ဆောင်ရွက်နေတာနဲ့ ပတ်သက်လို့ ပြည်နယ် လျှပ်စစ်စက်မှုဝန်ကြီး ဦးကျင်လင်းပေါင်ကို ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားပါတယ်။
RFA
http://www.rfa.org/burmese/news/hpakant-floodings-08302015115123.html
နေ​ပြည်​တော် ​က ​မြို့​နယ် ၃ ​ခု​မှာ ​အ​မျိုး​သား ​ဒီ​မို​က​ရေ​စီ ​အ​ဖွဲ့​ချုပ် ​ဥ​က္က​ဋ္ဌ ​ဒေါ်​အောင်​ဆန်း ​စု​ကြည် ​မဲ​ဆွယ်​မယ့် ​ကိ​စ္စ​ကို ​ခ​ရိုင် ​အာ​ဏာ​ပိုင် ​တွေ​က ​တား​မြစ် ​ထား​ပေ​မယ့် ​ဒေါ်​အောင်​ဆန်း ​စု​ကြည် ​က ​မူ​လ ​စီ​စဉ် ​ထား​တဲ့ ​အ​တိုင်း ​ဟော​ပြော ​ခဲ့​ပါ​တယ်။
မ​နက် ၈ ​နာ​ရီ​မှာ ​ဥ​တ္တ​ရ ​သီ​ရိ ​မြို့​နယ် ​တောင်​ညို​ရွာ​က ​စ​ပြီး ​ည​နေ​ပိုင်း ​ဒ​က္ခိ​ဏ​သီ​ရိ ​မြို့​နယ် ​ညောင်​ကုန်း ​ကျေး​ရွာ​ထိ ၅ ​နေ​ရာ​မှာ ​လူ​ထု​နဲ့ ​တွေ့​ဆုံ​ခဲ့​တာ​ပါ။
ခ​ရိုင် ​အာ​ဏာ​ပိုင် ​တွေ​က ​မဲ​ဆွယ်​မှု​ကို ​တား​ပေ​မယ့် ​ဒေါ်​အောင်​ဆန်း ​စု​ကြည် ​က ​သူ့​အ​နေ​နဲ့ ​ကိုယ်​စား​လှယ်​တွေ ​အ​တွက် ​မဲ​ဆွယ်​တာ ​မ​ဟုတ်​ကြောင်း ​လူ​ထု​ကို ​ရှင်း​ပြ​ပါ​တယ်။
နိုင်​ငံ ​ပြောင်း​လဲ​ဖို့ ​ဆို​တာ ​စ​နစ် ​ပြောင်း​နိုင်​မှ ​ပြောင်း​နိုင် ​မှာ​မို့ ​ဒီ​စ​နစ် ​ပြောင်း​ဖို့ ​လူ​ထု ​ဘက်​က ​အ​မြဲ ​ရပ်​ခဲ့​တဲ့ ​ပါ​တီ​ကို ​ရွေး​ချယ်​ဖို့ ​လို​တဲ့ ​အ​ကြောင်း ​ကို​လည်း ​ပြော​ခဲ့​ပါ​တယ်။
ဒေ​သ​ခံ ​တွေ​က ​သူ​တို့​ရဲ့ ​လယ်​တွေ ​ယာ​တွေ ​သိမ်း​ခံ​ရ ​တဲ့​ကိ​စ္စ ​ကူ​ညီ​ပေး​ဖို့ ​ပြော​တဲ့ ​အ​ခါ ​မှာ​တော့ ​သူ ​အ​စိုး​ရ ​ဖြစ်​မှ ​ကူ​ညီ ​နိုင်​မှာ​မို့ ​အ​စိုး​ရ ​ဖြစ်​အောင် NLD ​ပါ​တီ​ကို ​မဲ​ပေး​ပါ​လို့ ​ဆို​ခဲ့​ပါ​တယ် ။
ဒေါ်​အောင်​ဆန်း ​စု​ကြည် ​ဟော​တဲ့ ​နေ​ရာ​တိုင်း​မှာ ​လူ ၂​ဝ​ဝ ​က​နေ ၅​ဝ​ဝ ​ကြား ​လာ​ရောက် ​နား​ထောင်​ကြ ​တယ် ​လို့ ​ဒေ​သ​ခံ ​သ​တင်း​ထောက် ​တွေ​က ​ပြော​ပါ​တယ်။
ဇ​မ္ဗူ​သီ​ရိ ​မြို့​နယ် ​သ​ပြေ​ကုန်း ​ရပ်​ကွက် ​အုပ်​ချုပ်​ရေး​မှူး ​ရုံး ​နား​မှာ ​တော့ ​တူ​ညီ​ဝတ်​စုံ ​ဝတ်​ထား ​တဲ့ ​လူ ၁​ဝ ​ယောက် ​ကျော်​က ​ရို​ဟင်​ဂျာ ​ထောက်​ခံ ​တဲ့ NLD ​ပါ​တီ​အ​လို​မ​ရှိ ​ဆို​တဲ့ ​စာ​တန်း​တွေ​ကိုင်​ပြီး ​ဆ​န္ဒ​ပြ ​ခဲ့​ကြ​ပါ​တယ်။
နိုင်​ငံ​ရေး ​သ​မား ​တွေ​ကို ​ဝေ​ဖန်​တဲ့ ​ဆောင်း​ပါး ​တွေ ​ရေး​တဲ့ ​ငါး​မင်း​ဆွေ ​ဆို​တဲ့​သူ ​က​လည်း ​လောက်​ကိုင် ​တိုက်​ပွဲ ​မှာ ​တိုက်​ခဲ့​တာ NLD ​နဲ့ ၈၈​တွေ ​မ​ဟုတ်၊ ​တပ်​မ​တော်​သား ​တွေ​သာ ​ဖြစ်​ပြီး ​တပ်​မ​တော်​သား ​တွေ​ပဲ ​သေ​ခဲ့ ​တာ​မို့ ​ဘယ်​သူ့​ကို ​မဲ​ပေး​မ​လဲ ​စဉ်း​စား​ပါ ​ဆို​တဲ့ ​စာ​ရွက်​တွေ​ကို ​ဟော​ပြော​ပွဲ ​တွေ ​နား​မှာ ​ဝေ​ခဲ့​ပါ​တယ်။
အ​ရင် ​ရက်​က ​မဲ​ဆွယ်​စည်း​ရုံး ​ဟော​ပြော​ခွင့် ​ပိတ်​ပင်​ခဲ့​တဲ့ ​အာ​ဏာ​ပိုင် ​တွေ​က​တော့ ​တား​မြစ်​တာ​မျိုး ​မ​ရှိ​ခဲ့​ဘူး​လို့ ​သိ​ရ​ပါ​တယ် ။
RFA Burmese
http://www.bbc.com/burmese
 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သြဂုတ်လ ၃၀ ရက်နေ့က နေပြည်တော် ဥတ္တရသီရိမြို့နယ် တောင် ညိုကျေးရွာ၊ ဇမ္ဗူသီရိမြို့နယ် သပြေကုန်းရပ်ကွက်နဲ့ ဒက္ခိဏသီရိမြို့နယ်တွေမှာ ဒေသခံတွေကို ရွေးကောက်ပွဲနဲ့ပတ်သက် ပြီး ဟောပြောနေစဉ်။ Photo: Win Naung Toe/ RFA
လာမယ့်ရွေးကောက်ပွဲ ရလာဒ်ကို ဘယ်လို အကောင်အထည် ဖေါ်ပေး မလဲဆိုတာ အခုအချိန်မှာ စိုးရိမ်မနေ ကြဘဲ ပြတ်ပြတ်သားသား ရပ်တည်မဲပေးကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်ပါတယ်။
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရွှေခဲအင်းကျေးရွာမှာ တနင်္ဂနွေနေ့က ကျင်းပတဲ့ ရွေးကောက်ပွဲမှာ ဒေသခံ တစ်ဦးက ရွေးကောက်ပွဲပြီးရင် ၁၉၉၀ တုန်းကလို ထိန်းသိမ်း တာတွေ ဖြစ်လာဦးမလားလို့ မေးမြန်းရာ မှာ ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
"ဒီဟာတွေကို စဉ်းစားပြီးပြီဆိုရင် အရေးကြီးတာ ပြည်သူဟာ တည်တည်ငြိမ်ငြိမ် ခိုင်ခိုင်မာမာ ပြတ်ပြတ် သားသားနဲ့ ကိုယ်မဲပေးတဲ့ပါတီဘက်ကရပ်တည်မယ် ဆိုတာ ရှင်းလင်းအောင်လုပ်ဖို့ဘဲအရေးကြီးပါတယ်၊ မဲထည့်ပြီးတော့ ဒီမဲလိပ်ကြောင့် ဖြစ်ပေါ် လာတဲ့ရလာဒ်ကို မလေးစားတဲ့သူတွေဟာပြည်သူကိုစော်ကား ရာရောက်ပါတယ်၊ ဒါကြောင့်မို့လို့ဒါတွေကို သိပ်ပြီးတော့မစိုးရိမ်ပါနဲ့ တစ်ကမ္ဘာလုံးကကြည့်နေပါတယ်၊ တစ်ကမ္ဘာလုံးက မြန်မာနိုင်ငံရဲ့၂၀၁၅ ရွေးကောက်ပွဲဟာ ဘယ်လောက်တရားမျှတမလဲ၊ အခုထဲကစပြီးနည်း နည်းမမျှတတာလေးတွေတော့ရှိတယ်နော်"
ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်က ဥတ္တရသီရိ၊ ဇဗ္ဗူသီရိနဲ့ ဒက္ခိဏသီရိ မြို့နယ်တွေက နေရာ ၅ နေရာမှာ မဲဆန္ဒပညာပေးဟောပြောပွဲတွေ ကျင်းပခဲ့ တာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် သပြေကုန်းရပ်ကွက်ကို ရောက်ရှိစဉ်မှာ ဇမ္ဗူသီရိလူငယ်အဖွဲ့ဆိုတဲ့ လူ ၂၀ လောက်က ဆန္ဒပြခဲ့ကြပါတယ်။ "ရိုဟင်ဂျာကို ထောက်ခံတဲ့ အန်အယ်လ်ပါတီ အလိုမရှိ" ၊ "အမျိုးကို ချစ်လျှင် လူလိုသိပါ" စတဲ့ ပိုစတာတွေ ကိုင်ဆောင်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ဝန်ကြီးချုပ် နုတ်ထွက်ပေးဖို့ တောင်းဆိုနေကြသူများ။ (သြဂုတ် ၃၀၊ ၂၀၁၅)
 မလေးရှားနိုင်ငံမြို့တော် ကွာလာလမ်ပူမှာ ဒုတိယမြောက်နေ့အဖြစ် ဒီကနေ့ ဆက်လက် ဆန္ဒပြနေပါတယ်။ ငွေကြေးအလွဲသုံးစားလုပ်မှုကြောင့် ဝန်ကြီးချုပ်ရာထူးက နုတ်ထွက်ပေးဖို့ အခုလို ဆန္ဒပြတောင်းဆိုနေကြတာပါ။
အစိုးရပိုင် 1MDB ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကနေ ဝန်ကြီးချုပ် Najib Razak ရဲ့ ကိုယ်ပိုင်ဘဏ်ထဲကို ဒေါ်လာ သန်း ၇၀၀ လွှဲပြောင်းထည့်ပေးခဲ့တဲ့ကိစ္စ လူသိရှင်ကြား ထွက်ပေါ်လာခဲ့ပြီးနောက် လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အဓိကဆောင်ရွက်နေတဲ့ အဖွဲ့ကြီးဖြစ်တဲ့ ဘာဆီ (Bersih) က ဝန်ကြီးချုပ်ကို ရာထူးကနေ ဆင်းပေးဖို့ တောင်းဆိုနေတာပါ။ စီစဉ်သူတွေက ဒီဆန္ဒပြပွဲမှာ လူ ၂ သိန်းလောက်ပါဝင်တယ်လို့ ပြောပေမယ့် ရဲတပ်ဖွဲ့က ဆန္ဒပြသူဦးရေဟာ ၃ သောင်း အောက်မှာရှိတယ်လို့ ဆိုပါတယ်။
စနေနေ့က ဆန္ဒပြပွဲကို ခဏတာလာရောက်တဲ့ အသက် ၉ဝ အရွယ် မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက် ကလည်း ဝန်ကြီးချုပ် နဂျစ်ဘ် နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အဝါရောင်ဝတ် ဆန္ဒပြသူတွေဟာ အာဏာပိုင်တွေ တားမြစ်ထားတဲ့ကြားက ကွာလာလမ်ပူက လွတ်လပ်ရေးရင်ပြင်မှာ ညအိပ်ပြီး စခန်းချခဲ့ကြပါတယ်။ ဆန္ဒပြပွဲကို ဦးဆောင်စီစဉ်ခဲ့တဲ့ Bersih အဖွဲ့ Website ထဲဝင်ကြည့်လို့မရအောင် အစိုးရကပိတ်ထားခဲ့သလို ဆန္ဒပြမှုကိုလည်း တရားမဝင်အဖြစ် ကြေညာထားပြီး လွတ်လပ်ရေးရင်ပြင်မှာ ဆန္ဒပြဖို့လည်း ခွင့်ပြုချက်မပေးခဲ့ပါဘူး။ ဒါ့အပြင် Bersih အဖွဲ့ရဲ့အထိမ်းအမှတ် အဝါရောင်နဲ့ အဖွဲ့ရဲ့ အမှတ်တံဆိပ် သုံးစွဲမှုကို အစိုးရက တင်းကျပ်စွာ တားဆီးပိတ်ပင်ထားပေမယ့် ဆန္ဒပြသူတွေက လက်မခံဘဲ ဆက်လက် ဝတ်ဆင် အသုံးပြုခဲ့ကြပါတယ်ခင်ဗျာ။
ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com
ဝန်ကြီးချုပ်ရှင်ဇိုအာဘေးနုတ်ထွက်ဖို့ တောင်းဆိုဆန္ဒပြနေကြတဲ့ ပြင်ဆင်ပြောင်းလဲမယ့် လုံခြုံရေးဆိုင်ရာဥပဒေကို ကန့်ကွက်နေကြတဲ့ ဂျပန်ပြည်သူတွေ။ (သြဂုတ် ၃၀၊ ၂၀၁၅)
ဝန်ကြီးချုပ်ရှင်ဇိုအာဘေးနုတ်ထွက်ဖို့ တောင်းဆိုဆန္ဒပြနေကြတဲ့ ပြင်ဆင်ပြောင်းလဲမယ့် လုံခြုံရေးဆိုင်ရာဥပဒေကို ကန့်ကွက်နေကြတဲ့ ဂျပန်ပြည်သူတွေ။ (သြဂုတ် ၃၀၊ ၂၀၁၅)
ဂျပန်လွှတ်တော်ရှေ့မှာ ဒီကနေ့ လူတွေသောင်းနဲ့ ချီ ဆန္ဒပြခဲ့ကြပါတယ်။ နောက်လမှာ အတည်ပြုပြဌာန်းဖို့ရှိတဲ့ လုံခြုံရေးဆိုင်ရာ ဥပဒေနဲ့ ပတ်သက်လို့ ဆန့်ကျင်ပြီး ဆန္ဒပြကြတာပါ။
ဂျပန်ဒိုင်ယက် လွှတ်တော်ရှေ့က လမ်းတွေပေါ်မှာပိတ်ဆို့ပြီး စစ်ပွဲတွေမှာပါဝင်ခွင့်ဥပဒေ အလိုမရှိ၊ ဒီဥပဒေကို ဖျက်သိမ်းပစ်၊ ဝန်ကြီးချုပ် အာဘေး နုတ်ထွက်ပေး ဆိုပြီးတော့ ဆန္ဒပြသူတွေက အော်ဟစ်ကြွေးကျော်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး ပြဌာန်းခဲ့တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပေဒေကို ပြင်ဆင်ပြီးပြဌာန်းမယ့် ဒီဥပဒေအရ ဂျပန်ရစစ်တပ်ရဲ့အခန်းကဏ္ဍကို ချဲ့ထွင်နိုင်မှာပါ။
ဂျပန်နိုင်ငံကို လာရောက်တိုက်ခိုက်တာမဟုတ်ပေမယ့် သူတို့ရဲ့မဟာမိတ်တွေကို တခြားသူတွေက လာတိုက်ရာမှာ မဟာမိတ်တွေဘက်ကနေ ဂျပန်အနေနဲ့ ဝင်ရောက်တိုက်ခိုက်ခွင့်ဥပဒေကို လွန်ခဲ့တဲ့ဇူလိုင်လအတွင်း အောက်လွှတ်တော်ကနေ အတည်ပြုပေးခဲ့ပါတယ်။ အထက်လွှတ်တော်မှာတော့ ဒီဥပဒေနဲ့ပတ်သက်လို့ အကြိတ်အနယ်ဆွေးနွေးနေပြီး လာမယ့် စက်တင်ဘာနှောင်းပိုင်းမှာ အတည်ပြုပေးနိုင်မယ်လို့ ခန့်မှန်ထားတာပါ။
ဒေသတွင်း တရုတ်နိုင်ငံရဲ့အင်အားချဲ့ထွင်လာမှုအပေါ် ချိန်ခွင်လျှာညှိဖို့နဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်နိုင်ဖို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေးဟာ ဂျပန်စစ်တပ်ရဲ့အခန်းကဏ္ဍကို တိုးချဲ့ချင်နေတာပါ။ အများအားဖြင့် ဂျပန်နိုင်ငံက ဆန္ဒပြမှုတွေမှာအလုပ်သမားသမဂ္ဂနဲ့ လက်ဝဲ လှုပ်ရှားသူတွေသာ ဆန္ဒပြလေ့ရှိပေမယ့် အခုအခါ ဆန္ဒပြသူကျောင်းသားတွေ၊ ငယ်ရွယ်တဲ့မိခင်တွေပါ ပါဝင်လာတာတွေ့ရပါတယ်။ ကောက်ယူရရှိတဲ့ လူထုဆန္ဒစစ်တမ်းတွေအရ ဂျပန်နိုင်ငံရဲ့ လူဦးရေ အများစုဟာ ဒီဥပဒေကြမ်းနဲ့ ပတ်သက်လို့ ဆန့်ကျင်ပါတယ်ခင်ဗျာ။
VOA
 နိုင်ငံတနိုင်ငံမှာ ဒီမိုကရေစီစနစ် ကျင့်သုံးနိုင်ဖို့ ပြည်သူလူထုရဲ့ဆန္ဒနဲ့ကိုက်ညီတဲ့ အစိုးရအဖွဲ့ ထူထောင်နိုင်အောင် ရွေးကောက်ပွဲတွေကို ကျင်းပရတာဖြစ်ပြီး လာမယ့်ရွေးကောက်ပွဲမှာ ပြည်သူ့အကျိုး တကယ်လိုလားသူကို ရွေးချယ်ကြဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။ နေပြည်တော်က မြို့နယ်တွေမှာ ဒေါ်အောင်ဆန်းစုကြည်က ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံပြီး ရွေးကောက်ပွဲဟာ နိုင်ငံအတွက် ဘယ့်လောက် အရေးပါသလဲဆိုတာ အရေးတကြီး သိသင့်သိထိုက်ပါတယ်ဆိုတဲ့ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဟောပြောပွဲမှာ ပြောဆိုလိုက်တာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန် တင်ဆက်ထားပါတယ်။
၂၀၁၀ ကနေ စလို့ တာဝန်ယူခဲ့တဲ့ အရပ်သား အစိုးရ ငါးနှစ်သက်တမ်းကုန်လို့ ၂၀၁၅ မှာ နောက်အစိုးရသစ် တက်လာမယ့် နိုင်ငံရဲ့ အရေးကြီးတဲ့ အလှည့်အပြောင်း အချိုးအကွေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ အောင်နိုင်ပြီးတော့ အစိုးရသစ်တရပ် ဖွဲ့စည်းပြီး နိုင်ငံကို တာဝန်ယူ အုပ်ချုပ်မယ့်သူဟာ အများပြည်သူအကျိုးကို အမှန်တကယ်လိုလားတဲ့ ပါတီအဖွဲ့အစည်းက ခေါင်းဆောင်တွေဖြစ်သင့်ပါတယ် လို့လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။
နေပြည်တော်က ရပ်ကွက်တချို့မှာ လှည့်လည်ပြီး ရွေးကောက်ပွဲအသိပညာပေး ဟောပြောနေတဲ့ ဒေါ်အောင်ဆန်းစုကြည်။ (သြဂုတ် ၃၀၊ ၂၀၁၅)
“အများပြည်သူ၊ ပြည်သူလူထုကနေ မဲပေးပြီးတော့ ဘယ်သူတွေကို သူတို့ရဲ့နိုင်ငံအတွက်၊ မိမိတို့ရဲ့နိုင်ငံအတွက် တာဝန်ယူခွင့်ပေးမယ်ဆိုတာကို ဆုံးဖြတ်တာပါ။ ရွေးကောက်ပွဲဆိုတာ ရိုးရိုးလေးပြောရင် ကိုယ့်နိုင်ငံအတွက်တာဝန်ယူဖို့ ဘယ်သူတွေကို ရွေးမယ်ဆိုတာ အဲဒါအဓိကကို ရွေးရမယ်။ အဲဒီလိုပုဂ္ဂိုလ်တွေကို ရွေးရမှာဖြစ်တယ်။ ”
ဒါကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် ဥတ္တရသီရိမြို့နယ်မှာ လူထုကို ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဟောပြောခဲ့တာဖြစ်ပါတယ်။
နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ၂၀၁၅ ရွေးကောက်ပွဲဟာ တိုင်းပြည်အတွက် အလွန်အရေးကြီးတဲ့ အဆုံးအဖြတ် ရွေးကောက်ပွဲ ဖြစ်တာကြောင့် ပြည်သူလူထု အနေနဲ့ မိမိတို့ရဲ့ နိုင်ငံကို အုပ်ချုပ်မယ့် အစိုးရတရပ်ကို ကိုယ်တိုင်ရွေးချယ်နိုင်တဲ့ အရေးပါတဲ့အခန်းကဏ္ဍကို ပြတ်ပြတ်သားသားသိရှိထားဖို့ လိုအပ်တယ်လို့လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်လည်းဖြစ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဦးဝင်းမြင့်ကပြောပါတယ်။
“ကျနော်တို့ ဒီရွေးကောက်ပွဲက သာမန်ရွေးကောက်ပွဲမဟုတ်ဘူးဗျ။ အလွန်အရေးကြီးတဲ့ရွေးကောက်ပွဲ။ မဲဆန္ဒရှင် ပြည်သူလူထုတွေက ဒီမိုကရေစီရရှိရေးဆိုတဲ့ ရည်မှန်းချက်ကို ပြတ်ပြတ်သားသား ဆုံးဖြတ်ထားဖို့ လိုတယ်။ နောက်တခုက ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်ပြည်သူလူထုတွေက မိမိတို့ရဲ့ မဲပေးပိုင်ခွင့်အခွင့်အရေး ရရှိဖို့အတွက်ကို ဝါယမစိုက်ထုတ်ဖို့လည်း လိုတယ်ဗျ။ ဘာလို့လဲဆိုတော့ ဒီရွေးကောက်ပွဲက မြန်မာ့နိုင်ငံရေး သမိုင်းတခုမှာ ဒီမိုကရေစီစနစ်ကို ပြောင်းလဲမယ့် အချိုးအကွေ့တခုဗျ။ အလှည့်အပြောင်းတခုဗျ။ အဲဒီအပြောင်းအလဲ၊ အလှည့်အပြောင်းတခုက ကျနော်တို့နိုင်ငံ ဒီမိုကရေစီရရှိရေးနဲ့ ပြည်သူလူထုတွေ၊ အနာဂါတ်မျိုးဆက်သစ်လူငယ်တွေရဲ့ ဘဝကံကြမ္မာတွေနဲ့လည်း ပတ်သက်တယ်ဗျ။ ဒါကြောင့်မို့လို့ ရွေးကောက်ပွဲမှာ ကျနော်တို့နိုင်ငံအတွက်၊ ကျနော်တို့ ပြည်သူလူထုအားလုံးအတွက် လူမှုဒုက္ခအသီးသီးနဲ့ဆက်စပ်နေတဲ့ ရွေးကောက်ပွဲအလှည့်အပြောင်းဗျ။ ဒါကြောင့်မို့လို့ ဒါကို ပညာပေးလုပ်ငန်းတွေ လုပ်နေတာ။”
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဖြစ်တာနဲ့အညီ ပြည်သူကို ဗဟိုပြုတဲ့ ပြည်သူ့အကျိုးကို လိုလားတဲ့ ပါတီအဖွဲ့အစည်းကို မဲဆန္ဒရှင်ပြည်သူတွေဘက်က လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိသလို မဲဆန္ဒရှင်တွေအနေနဲ့ ရွေးကောက်ပွဲမှာ မိမိတို့ရဲ့ အနာဂတ်အတွက် မဲပေးမမှားဖို့လိုတယ်ဆိုတာကိုလည်း သိရှိထားသင့်တယ်လို့ အတိုက်အခံအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်က ပြောဆိုထားပါတယ်။
“ပြည်သူသာအမိ၊ ပြည်သူသာအဖ-ဗျ။ အချုပ်အခြာအာဏာဆိုတာ ပြည်သူလူထုထံက ဆင်းသက်တာ။ ပြည်သူလူထုက ကိုယ့်ရဲ့အချုပ်အခြာအာဏာကို လက်တွေ့ကျကျ ကျင့်သုံးဖို့ဆိုတဲ့ မဲတစ်မဲချင်း၊ တစ်မဲချင်းက အင်မတန် တန်ဖိုးရှိတဲ့အခါကျတော့ ဒီဟာက မပေးလည်း ဘာမှမဖြစ်ဘူးလို့ တွက်လို့မရဘူးဗျ။ ရွေးကောက်ပွဲမှာ အနိုင်အရှုံးက တစ်မဲနဲ့လည်း အနိုင်အရှုံးဖြစ်တာကိုး။ ဒါကြောင့်မို့လို့ ပြည်သူလူထုဟာ ကိုယ့်ဘဝ ကံကြမ္မာတွေနဲ့ပတ်သက်ဖို့၊ နောက်တခုက ကိုယ့်ရဲ့အနာဂတ်နဲ့ပတ်သက်ဖို့၊ ကိုယ့်ရဲ့မျိုးဆက်တွေနဲ့ပတ်သက်ဖို့- ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ဖို့- လူ့အခွင့်အရေးခံစားဖို့ဆိုရင် ပြည်သူလူထုအားလုံးက ကိုယ့်ရဲ့နိုင်ငံသားအခွင့်အရေး၊ မွေးရာပါအခွင့်အရေး၊ ကိုယ်ရရှိတဲ့အခွင့်အရေးကို လက်တွေ့ကျကျ၊ အကျိုးရှိရှိ အသုံးချပြီးတော့ လုပ်ဖို့လိုတယ်ဗျ။”
ဒေါ်အောင်ဆန်းစုကြည်ဟာ အရင်သီတင်းပတ်တွေတုန်းကတော့ မဲဆန္ဒရှင်တွေနဲ့တွေ့ဆုံပြီး မဲပေးနိုင်ခွင့် နိုင်ငံသားအခွင့်အရေး၊ မဲဆန္ဒရှင် စာရင်းထုတ်ပြန်တာတွေကို အလေးအနက်ထား သွားရောက်ကြည့်ရှု့ကြဖို့နဲ့ မှားယွင်းမှုရှိရင် သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်တွေကို အချိန်မှီအကြောင်းကြားဖို့စတဲ့ ဆွေးနွေးမှုတွေလုပ်ခဲ့တာပါ။
ဒီတကြိမ်မှာတော့ ရွေးချယ် တင်မြှောက်ပေးခွင့်ရှိတဲ့ ပြည်သူတွေရဲ့ မဲဟာ မကြာခင်ကျင်းပတော့မယ့်ရွေးကောက်ပွဲဟာ ဘယ်လောက် အရေးကြီးတယ်ဆိုတာနဲ့ အစိုးရတရပ်ကို အမှန်တကယ် ဦးဆောင်နိုင်စွမ်းရှိသူတွေကို ရွေးချယ်နိုင်မယ့် ရွေးကောက်ပွဲဖြစ်ဖို့အရေး ပြည်သူတွေကို တင်ပြဆွေးနွေးခဲ့တာဖြစ်ပါတယ်။
အဲ့သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌရဲ့ နေပြည်တော်က ဥတ္တရသီရိမြို့နယ်၊ ဇဗ္ဗူသီရိမြို့နယ်နဲ့ ဒက္ခိဏသီရိမြို့နယ်တွေမှာ ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံဟောပြောနေစဉ်မှာပဲ ဇဗ္ဗူသီရိမြို့နယ် သပြေကုန်းရပ်ကွက်ထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဆန့်ကျင်ကန့်ကွက်တဲ့ လှုပ်ရှားမှုတခုကို လူတစုက ပြုလုပ်ခဲ့ပါတယ်။ ဒီလိုဆန့်ကျင်ကန့်ကွက်တဲ့ လှုပ်ရှားမှုနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်ကတော့ တရားဝင်တုံ့ပြန်ပြောကြားခြင်းမရှိသေးပါဘူး။
မဆုမွန် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
ဓါတ်ပုံ - အင်တာနက်
 ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွှန့်မြို့နယ်မှာ သန်းခေါင်းစာရင်း အတုတစ်ခုကို တွေ့ခဲ့တာကြောင့် စပ်ဆက်ရှာဖွေခဲ့ရာမှာ တောင်ဒဂုံနဲ့ ရွှေပြည်သာမြို့နယ်တွေမှာလည်း နိုင်ငံသားစိစစ်ရေး ကဒ်ပြားအတု ၁ဝဝ ကျော် လုပ်ပေးနေသူတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သိရပါတယ်။
လက်ရှိမှာ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သန်းခေါင်စာရင်းနဲ့ နိုင်ငံသား စိစစ်ရေးကဒ်ပြား အတုလုပ်တယ်လို့ သံသယရှိသူ ၅ ဦးကို စစ်ဆေးနေတယ်လို့ မင်္ဂလာတောင်ညွှန့်ရဲစခန်းမှူး ဒုရဲမှူး သန်းဦး က ပြောပါတယ်။
"ဖမ်းဆီးထိန်းသိမ်းတာ မရှိပါဘူးခင်ဗျ၊ ရဲစစ်ဆေးချက်နဲ့ပဲ ပတ်သက်ပြီးတော့ပဲ ကျနော်တို့ အခုစွပ်စွဲခံရသူ ၅ ဦးပေါ့ဗျာ သူတို့ကို ကျနော်တို့က စုံစမ်းစစ်ဆေးဆဲဖြစ်ပါတယ်၊ ဒီဥစ္စာနဲ့ပတ်သက်လို့ ပြစ်မှုထင်ရှားတယ်ဆိုရင် တရားစွဲခံရမယ် နောက်ပြီး ဆက်ပြီးတော့ အရေးယူခံရမှာပေါ့ဗျာ"
ပြီးခဲ့တဲ့ သြဂုတ်လ ၂၇ ရက်နေ့က မင်္ဂလာတောင်ညွှန့်မြို့နယ် သပြေကုန်းရပ်ကွက်မှာ နေထိုင်သူ အမျိုးသမီးတစ်ဦးဟာ ပင်စင်ကိစ္စဆောင်ရွက်ဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးထောက်ခံစာ သွားရောက် လျှောက်ထားခဲ့ရာမှာ သန်းခေါင်စာရင်းအတုဖြစ်နေတာကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ဦးစီးဌာနကို တိုင်ကြားခဲ့တာဖြစ်ပါတယ်။
အဲ့ဒီကတဆင့် မင်္ဂလာတောင်ညွှန့်ရဲစခန်းက စစ်ဆေးရာမှာ မင်္ဂလာတောင်ညွှန့်မြို့နယ် အတွင်းနေထိုင်တဲ့ အမျိုးသမီးတစ်ဦးက သန်းခေါင်စာရင်းအတု ပြုလုပ်ပေးခဲ့တာကို စစ်ဆေးတွေ့ရှိရပြီး တောင်ဒဂုံနဲ့ ရွှေပြည်သာမြို့နယ်တွေက နိုင်ငံသားစိစစ်ရေးကဒ်ပြားအတု ပြုလုပ်သူ ၂ ဦးနဲ့ နိုင်ငံသားစိစစ်ရေး ကဒ်ပြားအတုတွေကိုလည်း ဆက်စပ်ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံသားစိစစ်ရေးကဒ်ပြားနဲ့ သန်းခေါင်စာရင်းအတုပြုလုပ်တဲ့ သံသယရှိသူတွေဟာ အမှုအမှန်တကယ် ကျူးလွန်သူတွေဖြစ်မယ်ဆိုရင် ပြစ်မှုဆိုင်ရာပုဒ်မ ၄၂ဝ ၊၄၆၈ တို့နဲ့ အရေးယူခံရမှာ ဖြစ်တယ်လို့ ဒုရဲမှူးသန်းဦးက ပြောပါတယ်။
လိမ်လည်မှု၊ စာချုပ်စာတမ်းအတု ပြုလုပ်မှုတွေအရ အရေးယူတဲ့ ပြစ်မှုဆိုင်ရာပုဒ်မ ၄၂ဝ အရ ထောင်ဒဏ်ချမှတ်မယ်ဆိုရင် ၇ နှစ်ကျခံရနိုင်ပြီး ပုဒ်မ ၄၆၈ အရ ထောင်ဒဏ်ချမှတ်မယ်ဆိုရင်လည်း ထောင်ဒဏ် ၇ နှစ် ချမှတ်ခံရနိုင်တယ်လို့ ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။
RFA Burmese
https://www.facebook.com/pages/RFA-Burmese
 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ နေပြည်တော်ကောင်စီ နယ်မြေက ဥတ္တရသီရိ၊ ဇမ္ဗူသီရိနဲ့ ဒက္ခိဏသီရိမြို့နယ်တွေက နေရာငါးနေရာမှာ မဲပေးကြဖို့ကို အသိပညာပေးဟောပြောပွဲတွေ ပြုလုပ်ခဲ့ပါတယ်။ RFA သတင်းထောက် ကိုဝင်းကိုကိုလတ်နဲ့ ကိုဝင်းနောင်တိုးတို့က ပေးပို့ပြီး RFA သတင်းထောက် မဇာဏီထွဏ်းက တင်ဆက်ထားပါတယ်။
RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=ts
လာမည့် ရွေးကောက်ပွဲ၌ ၂၆ ရာခိုင်နှုန်း အနိုင်ရရုံဖြင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းနှင့်ပေါင်း၍ အစိုးရ ဖွဲ့နိုင်မည် ဟူသော ပြောဆိုမှုသည် တပ်မတော်ကို စော်ကားခြင်း ဖြစ်သည် ဟု ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်လိုက်သည်။ ၂၆ ရာခိုင်နှုန်း ဆိုသည်မှာ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း၏ ၂၆ ရာခိုင်နှုန်းကို ဆိုလိုခြင်းဖြစ်သည်။ ကြံ့ခိုင်ရေးပါတီ အနေနှင့် ယခင် တပ်မတော် ခေါင်းဆောင်များက မွေးထုတ် ထားခဲ့သော ပါတီဖြစ်သဖြင့် တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းသည် ကြံ့ခိုင်ရေးပါတီ အစိုးရဖွဲ့နိုင်ရန် အပြည့်အ၀ ပံ့ပိုးမည်ဟူသော သဘောဖြစ်သည်။ တပ်မတော်ကို ကြံ့ခိုင်ရေးပါတီက ခါးပိုက်ဆောင်တပ်ဖွဲ့ ပုံစံမျိုး သဘောထားသည့် ပြောဆိုမှုဖြစ်သဖြင့် ယင်းကဲ့သို့ ဝေဖန်ခံရ ခြင်းဖြစ်သည်။
အမှန်တကယ်အားဖြင့် တပ်မတော်သည် နိုင်ငံနှင့်ပြည်သူတို့၏ ဘဏ္ဍာငွေဖြင့် ရပ်တည် ရှင်သန်သော နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်းဖြစ်သည်။ ယခုကဲ့သို့ ပါတီအဖွဲ့အစည်း တစ်ခုခု၏ လက်ဝေခံပုံစံမျိုး၊ ခါးပိုက်ဆောင် တပ် အသွင်မျိုး ပြောဆိုခံနေရသည်မှာ နိုင်ငံနှင့်ပြည်သူအတွက် လွန်စွာကြီး မားသော နစ်နာဆုံးရှုံးမှုပင် ဖြစ်သည်။ တပ်မတော်သည် နိုင်ငံနှင့် နိုင်ငံသား တို့၏ လူမှုဘ၀ အသက်အိုးအိမ်များ လုံခြုံစိတ်ချမှု ရှိစေရေး အတွက် ပြည်သူ လူထုဘက်မှ မားမားမတ်မတ် ရပ်တည် ရသော နိုင်ငံ့ ၀န်ထမ်း အဖွဲ့အစည်း ဖြစ်ရမည့်အစား အာဏာရှင်ဆန်သော စစ်ခေါင်းဆောင် များကြောင့် လူတစ်စု၊ အဖွဲ့အစည်းတစ်ခု၏ အသုံးချခံ ရောက်ခဲ့ရသည်။ လက်ရှိ အခြေအနေအရလည်း တပ်မတော်ကို လူတစ်စု၊ အဖွဲ့အစည်း တစ်ခု၏ လက်ဝေခံ ခါးပိုက်ဆောင်တပ် မဟုတ်ကြောင်း ပြည်သူလူထုက ယုံကြည်လက်ခံရန် ခက်ခဲနေဦးမည်ဖြစ်သည်။
တပ်မတော် ခေါင်းဆောင်များအတွက် အခွင့်ထူးခံဖြစ်စေသော ၂၀၀၈ အခြေခံ ဥပဒေ ပြင်ဆင်ရေး ကို ငြင်းပယ်ထားခြင်း၊ တပ်မတော်ခေါင်းဆောင် များစွာ အငြိမ်းစားယူ၍ စစ်အာဏာရှင် က မွေးထုတ်ထားသော ကြံ့ခိုင်ရေးပါတီသို့ ၀င်ရောက်နေရာယူခြင်း၊ အရပ်ဘက် နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်းများသို့ တပ်မတော် အရာရှိများကို ရွှေ့ပြောင်း နေရာပေးခြင်း၊ ရွေးကောက်ပွဲ ကော်မရှင် အဆင့်ဆင့်၌ပင် တပ်မတော်သား အရာရှိများစွာ ပြောင်းရွှေ့နေရာ ချထားခြင်း၊ တပ်မတော် ခေါင်းဆောင်များစွာ အာဏာမဏ္ဍိုင် အားလုံး၌ နေရာ ယူထားခြင်းစသော အကြောင်းတရားများကြောင့် လူထုက တပ်မတော် ခေါင်းဆောင်များအပေါ် ယုံကြည်မှု ပျောက်ဆုံးနေရခြင်းဖြစ် သည်။ လူထုက ယုံကြည် လေးစားတန်ဖိုးထားသော တပ်မတော်အဖြစ် ပုံရိပ်ကောင်းကို ပြန်လည် ဖော်ဆောင်ရန်မှာ လက်ရှိ တပ်မတော် ခေါင်းဆောင်များ၏ တာဝန်ပင်ဖြစ်သည်။
လက်ရှိတပ်မတော် ခေါင်းဆောင်များ ရပ်တည်မှု မှန်ကန်မှသာ လူထုယုံကြည် ကိုးစားသော တပ်မတော် ဖြစ်လာနိုင်မည်။ တပ်မတော် ခေါင်းဆောင်များ ရပ်တည်မှုမှန်ကန်ရေး ဆိုသည်မှာ အပြောသက်သက် လူကြားကောင်းရုံ ရွတ်ဆိုပြရုံနှင့် မလုံလောက်ပေ။ လက်တွေ့ကျကျ အကောင်အထည် ဖော်ပြရန်လိုအပ်သည်။ နိုင်ငံကို ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ရောက်ရှိအောင် ထိန်းကျောင်း တည့်မတ် ပေးနေသည်ဟု ပြောဆို တတ်သော တပ်မတော် ခေါင်းဆောင်များသည် ကိုယ်တိုင်လည်း လက်တွေ့ကျကျ ဒီမိုကရေစီပုံစံ ပြုပြင် ပြောင်းလဲနိုင်ရန် လိုအပ်မည်ဖြစ်သည်။ လာမည့်ရွေးကောက်ပွဲလွန် ကာလတွင် လက်ရှိ တပ်မတော် ခေါင်းဆောင်များအနေနှင့် ပါတီအဖွဲ့အစည်း တစ်ရပ်အတွက် မရပ်တည်ဘဲ ပြည်သူလူထုဘက်မှ ရပ်တည်၍ ပြည်သူ့ တပ်မတော်ဖြစ်ကြောင်း သက်သေပြရမည်ဖြစ်သည်။ ဆိုရလျှင် မဲဆန္ဒရှင်ပြည်သူ အများစု၏ ထောက်ခံမှုရသော ပါတီအဖွဲ့အစည်း၏ ရွေးကောက်ပွဲ အနိုင်ရလဒ်ကို အသိအမှတ်ပြု၍ မှန်ကန်မျှတစွာ ရပ်တည်ပေးမှသာ အဂတိကင်းသော ပြည်သူ့ တပ်မတော် ဖြစ်ပေလိမ့်မည်။ လာမည့် ရွေးကောက်ပွဲ၌ ကိုယ်စားလှယ်နေရာ အများစု (၅၀ ရာခိုင်နှုန်းကျော်) ရရှိသောပါတီ သို့မဟုတ် မဟာမိတ်ပါတီများ အစုအဖွဲ့ကို အစိုးရဖွဲ့နိုင်ရန် ကြားနေ ရပ်တည်ပေးမည်ဆိုပါက မြန်မာ့ဒီမိုကရေစီ လမ်းကြောင်းကို ထိန်းကျောင်း တည့်မတ်သော အဖွဲ့အစည်းအဖြစ် တပ်မတော်ကို အသိအမှတ် ပြုနိုင်မည်ဖြစ်သည်။
သဘောတရားအရ မဲဆန္ဒရှင် ပြည်သူအများစု (၅၀ ရာခိုင်နှုန်းကျော်) ထောက်ခံသော နိုင်ငံရေး အုပ်စုကသာ တိုင်းပြည်အုပ်ချုပ် စီမံခွင့်ရသင့်သည်မှာ အငြင်းပွားစရာမရှိပေ။ သို့သော် တပ်မတော်၏ ဘက်လိုက် ရပ်တည် မှုကြောင့် ကိုယ်စားလှယ် အနည်းစု ရရှိသော နိုင်ငံရေးအုပ်စုက အစိုးရဖွဲ့ခွင့် ရရှိသွားမည်ဆိုပါက မဲဆန္ဒရှင် ပြည်သူများအပေါ် အနိုင်ကျင့် စော်ကားရာ ရောက်မည်ဖြစ် ပါသည်။ သို့ဖြစ်ပါ၍ တပ်မတော် ခေါင်းဆောင်များ အနေနှင့် တပ်မတော် ပုံရိပ်ကောင်းကို ပြန်လည် တည်ဆောက်နိုင်ရန် အလို့ငှာ ရပ်တည်ချက် မှန်ကန်ပါစေ ကြောင်း တိုက်တွန်း လိုက်ရပါသည်။
အယ်ဒီတာ(၂၆-၈-၂၀၁၅)
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
“ကျွန်တော်ယူထားတဲ့ လစာနှင့်လျော်ညီစွာ ကျွန်တော့် လုပ်ဆောင်ချက်တွေ ထိုက်တန်ရဲ့လား ဆိုတဲ့မေးခွန်း ကျွန်တော့်ကိုယ် ကျွန်တော် နေ့ စဉ်မေးမိတယ်” – အမေရိကန်သမ္မတဘားရက် အိုဘားမား
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
၁. ရုရှားသမ္မတ ဗလာဒီမီယာပူတင်
ရုရှားနိုင်ငံအပေါ် အမေရိကန် ဦးဆောင်သည့် EU အဖွဲ့ဝင်များက စီးပွားရေး ပိတ်ဆို့မှုများဖြင့် အရေးယူ ဆောင်ရွက်သည့် အတွက်ကြောင့် လည်းကောင်း၊ ရုရှားနိုင်ငံ၏ စီးပွားရေးကို အဓိက ရိုက်ခတ်ထိုးချနေ သည့် နိုင်ငံတကာ ရေနံဈေးနှုန်းများကြောင့် လည်းကောင်း ရုရှားသမ္မတ မစ္စတာဗလာဒီမီယာပူတင်သည် လွန်ခဲ့သည့် မတ်လအတွင်းက သူကိုယ်တိုင် အပါအ၀င်အစိုးရ ၀န်ထမ်းအားလုံး၏ လစာငွေကို ၁၀ ရာခိုင်နှုန်း အထိ လျှော့ချ လိုက်ပြီး တိုင်းပြည်၏ စီးပွားရေးစိန်ခေါ်မှု အသီးသီးကို တန်ပြန်လိုက်ပြီ ဖြစ်သည်။…
အဖွဲ့အစည်းကြီးတစ်ခု၏ ဖော်ပြချက်အရ ရုရှားသမ္မတ ပူတင်သည် ချမ်းသာကြွယ်ဝမှု အမေရိကန် ဒေါ်လာ ၇၈ ဘီလီယံဖြင့် ကမ္ဘာပေါ်တွင် ဒုတိယအချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ဦးအဖြစ် သတ်မှတ်ခံရသော် လည်း နိုင်ငံတကာ ဖိအားများနှင့်အတူ တိုင်းပြည်၏ စီးပွားရေးကြောင့် အခြေအနေအရပ်ရပ်က တောင်းဆို လာသည့်အခါ သမ္မတ ဦးဆောင်သည့် အစိုးရအဖွဲ့က လစာငွေလျှော့ယူသည့် မစ္စတာပူတင်၏ စိတ်ဓာတ်ကိုတော့ အသိအမှတ် ပြုရမည်ဖြစ်သည်။ တိုင်းပြည်က စိန်ခေါ်မှု အမျိုးမျိုး၊ နိုင်ငံရေး၊ ပြည်တွင်းရေး၊ လူမျိုးရေးစသည့် အခက်အခဲ အကျပ်အတည်း အမျိုးမျိုး ကြုံတွေ့နေချိန် လစာလျှော့ယူဖို့ မစဉ်းစားသည့် သမ္မတနှင့် သူ၏အစိုးရအဖွဲ့ ထက်စာလျှင် မစ္စတာပူတင်သည် မည်သို့သော ပုဂ္ဂိုလ်ဖြစ်နေပါစေ၊ ယင်းလုပ်ရပ်ကိုတော့ ချီးကျူးရမည်ဖြစ် သည်။ မစ္စတာပူတင်၏ လစာသည် ၂၀၁၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၈၇၀၀၀ ရှိပါသည်။ လျှော့ယူ လိုက်သည့်အတွက် မစ္စတာပူတင်၏ လစာသည် အမေရိကန် ဒေါ်လာ ၁၃၆၀၀၀ သာ ရှိပါတော့သည်။
၂. အမေရိကန်ပြည်ထောင်စုသမ္မတ ဘားရက်အိုဘားမား
အမေရိကန် ပြည်ထောင်စု၏ ၄၄ ဦးမြောက် သမ္မတဖြစ်ပြီး ဒုတိယသမ္မတ သက်တမ်းကို ထမ်းဆောင်နေသည့် အမေရိကန် ပြည်ထောင်စု၏ ပထမဦးဆုံး လူမည်း (အမေရိကန်-အာဖရိကန်) သမ္မတဘားရက် အိုဘားမား၏ လစာသည် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၄၀၀၀၀၀ ဖြစ်သည်။ တစ်နှစ်လျှင် ပုဂ္ဂိုလ်ရေး သီးခြားအသုံးစရိတ် ၅၀၀၀၀၊ အမြတ်ခွန် ကင်းလွတ်ပြီး ခရီးသွားလာစရိတ်က တစ်နှစ်လျှင် ဒေါ်လာ ၁၀၀၀၀၀ နှင့်အတူ နှစ်စဉ် ဧည့်ခံ ကျွေးမွေးစရိတ် အမေရိကန်ဒေါ်လာ ၁၉၀၀၀ စသည့် စရိတ်စကများကိုလည်း သီးခြားခံစားခွင့် ရရှိ ခဲ့ပါသည်။ အမေရိကန် သမ္မတများ၏ လစာသည် ၂၀၀၁ ခုနှစ် သမ္မတ ဂျော့ခ်ျဘွတ်ရှ် စတင် တာဝန် ထမ်းဆောင်ပြီးချိန် နောက်ပိုင်း သမ္မတလစာ နှစ်ဆတိုးပြီး ဒေါ်လာ(၄)သိန်း စတင်ရရှိခဲ့ခြင်း ဖြစ်သည်။
တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၄ သိန်းရရှိသည့် အမေရိကန်သမ္မတ အိုဘားမား၏ လစာသည် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ကျပ် ၂၂၀၀၀ သာ ရရှိသည့် တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်နှင့် နှိုင်းစာလျှင် ၁၉ ဆ နီးပါးခန့် များနေသည့်အပေါ် မေးခွန်းများ ပေါ်ထွက်လာသည်။ တရုတ်သမ္မတသည် တစ်လလျှင် ဒေါ်လာ နှစ်သောင်းနီးပါးနှင့် တကယ်ပင် ရပ်တည်နေသလား ဆိုသည့် မေးခွန်းဖြစ်သည်။ ထို့ပြင် နှစ်နိုင်ငံစလုံးသည် ကမ္ဘာပေါ်တွင် စီးပွားရေးအင်အား အကြီးဆုံးပထမနှင့် ဒုတိယနှစ်နိုင်ငံစလုံး၏ ခေါင်းဆောင်များ၏ လစာများသည် ဤမျှကွာဟချက် ရှိနေသလားဆိုသည့် မေးခွန်းဖြစ်သည်။
လစာကောင်းကောင်းပေးလျှင် ကိုယ်စားလှယ်လောင်း လူတော်လူကောင်း များကို များများဆွဲဆောင်နိုင်ကြောင်း Lawrence Lessig က သူ၏ Republic Lost စာအုပ်တွင် ရေးသားထားသည်။ talent ကောင်းသူတွေကို လစာ ကောင်းကောင်းပေးခြင်းသည် အဂတိလိုက်စားမှုကို နှိမ်နင်းရာတွင် အဓိကနည်းလမ်း ဖြစ်သည်ဟု ဆိုသည်။
သို့ရာတွင် သီးခြားဟောပြောပွဲများတွင် လည်းကောင်း၊ စာရေးသား ထုတ်ဝေရာတွင်လည်းကောင်း အိုဘားမား ရရှိသည့် ဟောပြောခ၊ စာရေးသားခ အစရှိသည်တို့ သည် သူရရှိသည့် လစာနှင့်နှိုင်းယှဉ်လျှင် မဖြစ် စလောက်သာ ရှိသည်ဟု ဆိုသည်။
အမေရိကန် ပြည်ထောင်စုတွင်လည်း အဂတိလိုက်စားမှု ကင်းရှင်းသည်ဟု မဆိုနိုင်ပါ။ ၂၀၀၅ ခုနှစ်အတွက် နိုင်ငံပေါင်း ၁၅၈ နိုင်ငံ၏ အဂတိလိုက်စားမှု သုံးသပ်ချက်ညွှန်းကိန်း (Corruption Perception Index – CPI) များအရ အမေရိကန် ပြည်ထောင်စုသည် အဆင့် ၁၇ နေရာ (သို့) အဂတိ လိုက်စားသည့် နိုင်ငံ ၁၇/၁၅၈ နေရာ တွင် ရှိနေခြင်းဖြစ်သည်။
၃. ကနေဒါနိုင်ငံဝန်ကြီးချုပ် Stephen Harper
စီးပွားရေးအရ ရင်းနှီးမြှုပ်နှံမှု လုပ်ကိုင်ရန် အထူးသင့်တော် သည့် နိုင်ငံစာရင်းတွင် ပါဝင်ပြီး အဂတိ လိုက်စားမှု (CPI) သတ်မှတ်သည့်အဆင့် ၁၄/၁၅၈ တွင် စာရင်းပေါက်နေသည့် ကနေဒါနိုင်ငံ ၀န်ကြီးချုပ်၏ လစာသည် အမေရိကန်ဒေါ်လာ ၂၆၀၀၀၀ ရှိသည်။ Stephen Harper သည် လစာငွေ ဒုတိယ အများဆုံးရရှိသည့် နိုင်ငံ့ ခေါင်းဆောင် တစ်ဦး ဖြစ်သည်။
၎. ဂျာမနီအဓိပတိ အန်ဂဲလာမာကဲလ်
နိုင်ငံတကာမှာ အမျိုးသမီးသမ္မတများ၊ ၀န်ကြီးချုပ်များ ရှိပါသည်။ သို့သော် ရှားပါသည်။ ယင်းရှားပါးသည့် အရေ အတွက်အတွင်း ၀န်ကြီးချုပ် သက်တမ်းတစ်ဆက်တည်း တစ်ကြိမ်နှစ်ကြိမ် တာဝန်ထမ်းဆောင်ခွင့် ရသည့် အမျိုးသမီးနိုင်ငံရေး ခေါင်းဆောင်များ ပိုရှားပါသည်။ အရှားပါးဆုံးကတော့ ဆက်တိုက် ၃ ကြိမ် (Hat Trick) တာဝန် ထမ်းဆောင်ခွင့်ရသည့် အမျိုးသမီးဝန်ကြီးချုပ်ပဲ ဖြစ်ပါသည်။ သမိုင်းတွင် ကွယ်လွန်သူ ဗြိတိသျှ ၀န်ကြီးချုပ် မာဂရက်သက်ချာသည် ဗြိတိန်ဝန်ကြီးချုပ်အဖြစ် ၅ နှစ်သက်တမ်း ၃ ကြိမ်တာဝန် ထမ်းဆောင်ခွင့် ရခဲ့ပါသည်။ ယခု ဂျာမနီအဓိပတိ အန်ဂဲလာမာကဲလ်သည် သက်ရှိအကျော်ဇေယျ (Living Legendary) ဖြစ် ပါသည်။ ကွယ်လွန်သူ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာသည် ဆက်တိုက် ၃ ကြိမ် တာဝန် ထမ်းဆောင်ပြီး ထိုအချိန်က သူ၏ငယ်မွေးခြံပေါက် ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဂျွန်မေဂျာကို လွှဲပြောင်းပေးပြီး အနားယူခဲ့သည်။
အန်ဂဲလာမာကဲလ်ကတော့ ၅ နှစ်သက်တမ်းကို ၃ ကြိမ်ဆက်တိုက် တာဝန်ထမ်းဆောင်ပြီး ၄ ကြိမ်ဆက်တိုက် တာဝန်ထမ်းဆောင်ခွင့် ရရှိရေးကို ယခုအချိန်မှ စတင်ပြီး မဲဆွယ်စည်းရုံးမှုတွေ ဆောင်ရွက်နေသည်။ သူ၏ လစာမှာ တစ်နှစ်လျှင် အမေရိကန် ၂၃၄၀၀၀ ဖြစ်သည်။
ဂျာမနီနိုင်ငံသည် TI (Transparency International) ခေါ် နိုင်ငံတကာ ပွင့်လင်းမြင်သာမှု အဖွဲ့အစည်းက သတ်မှတ်သည့် အဂတိလိုက်စားမှု သုံးသပ်ချက် ညွှန်းကိန်း (CPI) တွင် အဆင့်အားဖြင့် ၁၆/၁၅၈ တွင် စာရင်းပေါက်ပါသည်။
ကနဦးက ဂျာမနီအဓိပတိ၏ လစာသည် အမေရိကန်ဒေါ်လာ ၂၁၆၀၀၀ ကနေ ယခုနှစ် မတ်လပိုင်းကစတင်ပြီး သူနှင့်သူ့ ၀န်ကြီးတစ်ဖွဲ့လုံး၏ လစာသည် ၂ ဒသမ ၂ ရာခိုင်နှုန်း တိုးသွားခြင်းဖြစ်သည်။
၅. တောင်အာဖရိကသမ္မတ ဂျက်ကော့ဇူးမား
တောင်အာဖရိကနိုင်ငံ တာဝန်ယူမှု တာဝန်ခံမှုဆိုင်ရာ တက္ကသိုလ် (Institute for Accountability) ညွှန်ကြားရေးမှူး Paul Hoffman က တောင်အာဖရိက သမ္မတ Jacob Zuma အနေနှင့် သူတိုင်းပြည်က ယူသည့်လစာနှင့် သူ့တိုင်းပြည်အပေါ် အလုပ်အကျွေးပြုသည့် သက်ရောက်မှု (Effectiveness) တစ်ထပ်တည်း ကျ၊ မကျ ဆိုသည့် မေးခွန်းအား သမ္မတ ဂျက်ကော့ဇူးမား ကို မေးရမည်ဟုဆိုသည်။
ပြည်သူတွေက ဆာလောင်မွတ်သိပ်မှုတွေနှင့် တစ်နေကုန်ပြီး နောက် တစ်နေ့ အတွက် စိုးရိမ် ပူပန်မှုတွေနှင့် အိပ်ရာဝင် နေရသည့်အချိန်မှာ သမ္မတ ဂျက်ကော့ဇူးမားက တစ်နှစ်ဒေါ်လာ ၂၂၃၅၀၀ ရယူနေသည်ကတော့ မဆီလျော်ကြောင်း Hoffman က ဝေဖန်သည်။ Jacob Zuma သည် ကမ္ဘာပေါ်တွင် စတုတ္ထလစာ အများဆုံး နိုင်ငံ့အကြီးအကဲ တစ်ဦးဖြစ်သည်။
တောင်အာဖရိကနိုင်ငံသည် ကမ္ဘာပေါ်တွင် အဂတိလိုက်စားမှု အရှိဆုံး နိုင်ငံပေါင်း ၁၅၈ နိုင်ငံတွင် ပေးမှတ် ၁၀၌ ရမှတ် ၄ ဒသမ ၅မှတ်ဖြင့် CPI အဆင့် ၄၆ နေရာတွင် ရပ်တည်လျက်ရှိသည်။
၆. ဗြိတိန်ဝန်ကြီးချုပ် David Cameron
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၏ လစာသည် တစ်နှစ်လျှင် ပေါင်စတာလင် ၁၄၂၅၀၀ ရရှိသည်။ ယင်းပမာဏတွင် ပါလီမန်အဖွဲ့ဝင်အဖြစ် ခံစားခွင့်ပြုသည့် ခွင့်ပြုငွေပေါင် ၆၇၀၆၀ ပါဝင်သည်။ အဂတိ လိုက်စားမှု (CPI) ညွှန်းကိန်းများအရ ၁၁/၁၅၈ တွင်ရှိသည်။
၇. ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး (Shinzo Abe)
ဂျပန်နိုင်ငံသည် ကမ္ဘာပေါ်တွင် စီးပွားရေးအရ တတိယအင်အားကြီး နိုင်ငံ တစ်နိုင်ငံဖြစ်သည်။ သို့ရာတွင် အဂတိလိုက်စားမှု လုံးဝကင်းရှင်း သည့် နိုင်ငံမဟုတ်ပေ။ အမှန်တော့ ကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံမှာမှ အဂတိ လိုက်စားမှု လုံးဝမရှိသည့် နိုင်ငံမရှိပါပေ။ နည်းနည်းဝါးတာနှင့် မဆံ့မပြဲဝါးတာ””ပဲ ကွာပါသည်။ ဂျပန်နိုင်ငံသည် နိုင်ငံပေါင်း ၁၅၈ နိုင်ငံတွင် အဂတိလိုက်စားသည့် အဆင့်နေရာ ၂၁ တွင်ရှိသည်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ တစ်နှစ်လစာသည် အမေရိကန်ဒေါ်လာ ၂၀၂၇၀၀ ဖြစ်သည်။
အာဘေးသည် စစ်ပြီးခေတ် ဂျပန်ဝန်ကြီးချုပ်များထဲတွင် အသက်အငယ်ဆုံး ဖြစ်ပြီးကမ္ဘာပေါ်တွင် ဆဋ္ဌမမြောက် လစာအများဆုံး နိုင်ငံအကြီးအကဲ တစ်ဦးဖြစ်သည်။
၈. ပြင်သစ်သမ္မတ ဖရန်ဆွာဟော်လန်း (Francois Hollande)
၂၀၁၂ ခုနှစ်၊ သူပြင်သစ်သမ္မတအဖြစ် တာဝန်စတင်ယူချိန်မှာ လစာကို ၃၀ ရာခိုင်နှုန်းလျှော့ချ ဖြတ်တောက် ခဲ့သည်။ ယင်းလုပ်ရပ်သည် သူဆက်ခံခဲ့သည့် ယခင် သမ္မတ နစ်ကလပ်စ်ဆာကိုဇီနှင့် လုံးဝဆန့်ကျင်ခဲ့သည်။ သူ့အရင်သမ္မတ နစ်ကလပ်စ်ဆာကိုဇီ ပြင်သစ် သမ္မတအဖြစ် စတင်တာဝန် ထမ်းဆောင်ချိန်မှာတော့ သူ့လစာကို သူကိုယ်တိုင် ၁၇၀ ရာခိုင်နှုန်း တိုးမြှင့်ခဲ့သည်။ ယခု တာဝန်ထမ်းဆောင်နေ သည့် ပြင်သစ်သမ္မတ ဖရန်ဆွာ ဟော်လန်းက ၃၀ ရာခိုင်နှုန်း လစာ မဖြတ်မတောက်ဘဲ ခံစားမည်ဆိုလျှင် သူ၏ တစ်နှစ်လစာသည် ယူရို (Euro) ၂၅၅၆၀၀ ဖြစ်ပါသည်။ သို့သော် သူအမှန်တကယ် ခံစားသော လစာငွေကား အမေရိကန်ဒေါ်လာ ၁၉၄၃၀၀ သာ ဖြစ်သည်။
ဆက်လက်ဖော်ပြပါမည်
မြန်မာသံတော်ဆင့်သတင်းဌာန - https://www.facebook.com/myanmarherald
ဂျပန် နိုင်ငံ တိုကျို မြို့ လွှတ်တော် ခန်းမ ရှေ့တွင် သြဂုတ်လ ၃၀ ရက်နေ့ ညနေပိုင်း က ဂျပန် ပြည်သူများ လုံခြုံရေး ဥပဒေ မူကြမ်း ( Security Bill) အား ကန့်ကွက် ကြောင်း ဆန္ဒပြ နေစဉ်(ဆင်ဟွာ)     တိုကျို ၊ သြဂုတ် ၃၀ ရက်(ဆင်ဟွာ)
    ဂျပန် နိုင်ငံ တိုကျို မြို့ လွှတ်တော် ခန်းမ ရှေ့တွင် သြဂုတ်လ ၃၀ ရက်နေ့ ညနေပိုင်း က ဂျပန် ပြည်သူပေါင်း ၁၂၀၀၀၀ ကျော် မှ ရှင်ဇိုအာဘေး အစိုးရ မှ တင်သွင်းသည့် လုံခြုံရေး ဥပဒေ မူကြမ်း ( Security Bill) အား ကန့်ကွက် ကြောင်း ဆန္ဒပြ ခဲ့ကြသည်။
ယခု ပြုလုပ် သည့် ဆန္ဒပြမှု သည် လတ်သလော အချိန်ကာလ အတွင်း လူအင်အား အများဆုံး နှင့် ပမာဏ အကြီးဆုံး ဆန္ဒပြမှု ဖြစ်ပြီး ဆန္ဒပြ ပြည်သူ များမှ လွှတ်တော် ခန်းမ ရှေ့တွင် “ဖက်ဆစ်ဝါဒလက်မခံကြောင်း” ၊ “ရှင်ဇိုအာဘေး ရာထူးမှ နှုတ်ထွက်စေလိုကြောင်း” နှင့် “လုံခြုံရေး ဥပဒေ မူကြမ်း ဖျက်သိမ်းပေးရန်” စသည် တို့ကို ကြွေးကြော် ဆန္ဒပြ ခဲ့ကြသည်။
ဆန္ဒပြမှု မဖြစ်ပွား မှီ တစ်နာရီ အလို ခန့်တွင် ဂျပန် နိုင်ငံ ရှိ အသက်အရွယ်စုံ ပြည်သူ များသည် လွှတ်တော် ခန်းမ ရှေ့သို့ လာရောက် စုဝေး ခဲ့ကြပြီး လွှတ်တော် ခန်းမ ရှေ့ရှိ လူသွားလမ်း ၊ ကားလမ်း နှင့် အနီးရှိ ပန်းခြံ များတွင် လူများဖြင့် ပြည့်နှက်နေခဲ့ပြီး အချို့ နေရာများတွင် ဆန္ဒပြသူ များ နှင့် ရဲ များ ပဋိပက္ခ ဖြစ်ပွား ခဲ့ကြသည်။
လုံခြုံရေး ဥပဒေ အား ဆန့်ကျင် သည့် ပါတီများ မှ ခေါင်းဆောင် များ နှင့် အရပ်ဘက် အဖွဲ့အစည်း မှ ကိုယ်စားလှယ် များမှ ဆန္ဒပြပွဲ တွင် လုံခြုံရေး ဥပဒေ အား ဝေဖန်သည့် မိန့်ခွန်း များ ပြောကြား ခဲ့ကြပြီး ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး အား ရာထူး မှ နှုတ်ထွက် ပေးရန် တောင်းဆို ခဲ့ကြသည်။
ဆန္ဒပြ ပွဲ စီစဉ် သူ မှ ယနေ့တွင် ဂျပန် နိုင်ငံအတွင်းရှိ နေရာ ပေါင်း ၃၀၀ ကျော်ခန့်တွင် လုံခြုံရေး ဥပဒေ အား ဆန့်ကျင် သည့် ဆန္ဒပြမှု များ ပြုလုပ်ခဲ့ကြကြောင်း သိရှိခဲ့ရသည်။
(Xinhua)
http://www.xinhuamyanmar.com
အခုအချိန်မှာဘာမှ ကျမတို့ ၀က်ကလေးတွေလည်းမပေးနိုင်ဘူး ကြက်ကလေးတွေလည်းမပေးနိုင်ဘူး ..ကျမတို့အစိုးရဖြစ်ရင်ပေးမလားဆိုတော့ အဲလိုလည်းမဟုတ်ဘူး..ပြည်သူလူထု ဟာ ကို့ဘာကို ၀က်ကလေးတွေ ကြက်ကလေးတွေဝယ်နိုင်တဲံ့အဆင့်ဖြစ်အောင် ကျမတို့ကြိုးစားလုပ်မယ်..လက်ဖြန့်တောင်းတဲ့ပြည်သူမျိုး လုံးဝမဖြစ်စေချင်ဘူး ...ကို့ဘ၀ကို ထူထောင်နိုင်တဲ့ပြည်သူတွေဘဲဖြစ်စေချင်တယ်
ပြည်သူလူထုကြီးတရပ်လုံးရဲ့ဂုဏ်သိက္ခာကိုမြှင့်တင်ချင်ရင် NLD ကိုမဲပေးပါ။
Posted by Yiyi Myint on Sunday, August 30, 2015
Yi Yi Myint
2015 မှာ NLD အနိုင်ရခဲ့လျှင် 1990ရွေးကောက်ပွဲတုန်းကလို အစိုးရဖွဲ့ခွင့်မပေးပဲ အမေစုကို အကျယ်ချုပ်နဲ့ ပြန်ထားနိုင်သေးသလား လို့ရွှေခဲအင်း ရွာဒေသခံမှ မေးမြန်းခဲ့သည်ကို
ဒေါ်အောင်ဆန်းစုကြည် ပြန်လည်ဖြေကြားခြင်း
2015 မှာ NLD အနိုင်ရခဲ့လျှင် 1990ရွေးကောက်ပွဲတုန်းကလို အစိုးရဖွဲ့ခွင့်မပေးပဲ အမေစုကို အကျယ်ချုပ်နဲ့ ပြန်ထားနိုင်သေးသလား လို့ရွှေခဲအင်း ရွာဒေသခံမှ မေးမြန်းခဲ့သည်ကိုဒေါ်အောင်ဆန်းစုကြည် ပြန်လည်ဖြေကြားခြင်း
Posted by Aye Mya Mya Myo on Sunday, August 30, 2015
Video..Aye Mya Mya Myo
Dear friends of the Ramon Magsaysay Award Foundation,
Since 1958, the Ramon Magsaysay Award has been bestowed to more than 300 outstanding men, women and organizations whose selfless service has offered their societies, Asia, and the world successful solutions to some of the most intractable problems of human development.  Our illustrious community of Magsaysay Awardees includes global icons like the Dalai Lama, Mother Teresa and Corazon Aquino among others.
We continue to celebrate Greatness of Spirit and Transformative Leadership through the 57th Ramon Magsaysay Award.  This year, five individuals, whose Greatness of Spirit has transformed their respective societies for the better, will receive Asia’s Premier Prize and Highest Honor.  We invite you to join the 2015 Ramon Magsaysay Awardees ANSHU GUPTA (India), SANJIV CHATURVEDI (India), KYAW THU (Myanmar), KOMMALY CHANTHAVONG (Laos) and LIGAYA FERNANDO-AMILBANGSA (The Philippines) in their respective public events through our various live digital coverages.  
Please refer to the links below:
Livestreaming via UStream: http://festival.rmaf.org.ph/?page_id=631
Live Podcast: http://www.podcast.ph/ (Podcasts will also be uploaded in the Ramon Magsaysay Award channel three hours after the events)
Live Tweeting via Twitter: https://twitter.com/rmafoundation
For a schedule of their public events and what kind of coverage we have for them, please refer to the chart below:
August 31
4:30-6:00 PM
Presentation Ceremonies
(Livestream)
4:30-6:00 PM
Presentation Ceremonies
(Livestream)
4:30-6:00 PM
Presentation Ceremonies
(Livestream)
4:30-6:00 PM
Presentation Ceremonies
(Livestream)
4:30-6:00 PM
Presentation Ceremonies
(Livestream)
September 1 (AM)
September 1 (PM)
2:00-4:00 PM
Public Lecture
(Livestream, Live Tweet, Live Podcast)
10:00 AM-12:00 NN
Public Lecture
(Livestream, Live Tweet, Live Podcast)
September 2 (AM)
10:00 AM-12:00NN
Public Lecture
(Livestream)
10:00 AM-12:00 NN
Public Lecture
(Live Tweet, Live Podcast)
September 2 (PM)
For any concerns during these events, you may get in touch with the Ramon Magsaysay Award Foundation team by sending us a direct message via our Facebook Fan Page: https://www.facebook.com/rmafoundation
For more information on the 57th Ramon Magsaysay Awards Festival Week Events, please log on to: http://festival.rmaf.org.ph/
Thank you and we look forward to seeing you in the virtual space to celebrate Asia’s Premier Prize and Highest Honor.
Vic
Victor John DJ. Platon
Partnership Development Officer
Ramon Magsaysay Award Foundation
Ramon Magsaysay Center
1680 Roxas Boulevard, Manila
Tel. No.: (632) 521-3166 to 75 local 189
Mobile No.: (0920) 921-3824
Fax No.: (632) 521-8105
--
နာရေးကူညီမှုအသင်း(ရန်ကုန်)
အမှတ် (၁၃/က)၊ ဗိုလ်မှူးဗထူးလမ်း၊ (၄၂) ရပ်ကွက်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ရန်ကုန်မြို့။
29 August 2015
တရားခံဟာ မိသားစုဝင်တွေကိုတောင် မုဒိန်းကျင့်ဘို့ ကြိုးစားခဲ့လို့  အိမ်ကနေနှင်ချထားသူ ဖြစ်ပါတယ်။
မုဒိန်းသမား ဖိုင်ဖွန်ကြောင့် အဖွားအိုတွေဟာ သေသူသေ နာတာရှည် ဒဏ်ရာတွေနဲ့  ဆေးရုံတက်ကုနေရသူတွေနဲ့  ဖြစ်ခဲ့တာကြောင့် သူကို ရဲက အလိုရှိနေတာ ကြာပါပြီ။
ဖိုင်ဖွန် နောက်ဆုံး အသက် ၈၁ နှစ်အဖွားအိုနေအိမ်ကို ညပိုင်း မှာဝင်ရောက်ပြီး မုဒိန်းကျင့် ဘို့  ကြိုးစားတာကို အဖွားအိုက ရှိမမျှ အားနှင့် ရုန်းကန်ခုခံခဲ့တယ်။
ပြီးရင်ဘေးအိမ်ကို အော်ပြီး အကူညီတောင်းခဲ့လို့  ရပ်ကွက်က သူတွေက အခင်းဖြစ်တဲ့ နေအိမ်တ၀ိုက် လူအုပ်နဲ့ ဝိုင်းထားပြီး ပိုက်စိတ်တိုက် ရှာတော့မှ မျက်ရိုင်းပင်တွေကြားထဲမှာ ပုန်းနေတဲ့ မုဒိန်းသမားကို ရှာတွေ့ ခဲ့ပါတယ်။
အရက်မူးသလို -ရူးသလို -ဆေးကြောင်သလိုနဲ့  ဟန်ဆောင်နေပေမယ့် သူကျူးလွန်ခဲ့တဲ့ အမှုတွေမှာ သက်သေ DNA မှတ်တမ်းကို ရဲက ရထားတာကြောင့် အမှုဟောင်းတွေ တသီးကြီး ဖေါ်ထုတ်နိုင်ခဲ့တယ်လို့  အမှုလိုက်အရာရှိတဦးက ထုတ်ဖေါ်ပြောဆို ခဲ့ပါတယ်။
Social Action for Women - SAW
Community Organization
https://www.facebook.com/pages/Social-Action-for-Women-SAW
 ရွေး​ကောက်​ပွဲ ​မဲ ​ဆွယ်​တဲ့ ​ကာ​လ ​မ​တိုင်​ခင် ​မဲ​ဆွယ် ​စည်း​ရုံး ​မှု ​တွေ ​မ​လုပ်​ရ ​ဘူး ​ဆို​တဲ ​စည်း​မျည်း ​ဥ​ပ​ဒေ ​တွေ ​နဲ့ ​ငြိ​စွန်း ​တဲ့ ​အ​တွက် ​ပိတ်​ပင် ​တာ ​ဖြစ်​တယ် ​လို့ ​ခ​ရိုင် ​အ​ဆင့် ​အာ​ဏာ​ပိုင် ​တွေ ​က ​အ​ကြောင်း​ပြ ​ချက် ​ပေး။
 အ​မျိုး​သား ​ဒီ​မို​က​ရေ​စီ ​အ​ဖွဲ့​ချုပ် NLD ​ပါ​တီ ​ရဲ့ ​ဥ​က္က​ဌ ​ဒေါ်​အောင်​ဆန်း ​စု​ကြည် ​ဟာ ​ဩ​ဂုတ်​လ ၃၀ ​ရက် ​နေ့ ​နေ​ပြည်​တော် ၃ ​မြို့​နယ် ​မှာ ​ဟော​ပြော​ပွဲ ​တွေ ​လုပ်​ဖို့ ​စီ​စဉ် ​ထား ​ပေ​မယ့် ​အာ​ဏာ​ပိုင် ​တွေ ​က ​ပိတ်​ပင် ​လိုက်​ပါ​တယ်။
ရွေး​ကောက်​ပွဲ ​မဲ ​ဆွယ်​ဖို့ ​သတ်​မှတ်​ကာ​လ ​မ​တိုင်​ခင် ​မဲ​ဆွယ် ​စည်း​ရုံး ​မှု ​တွေ ​မ​လုပ်​ရ ​ဘူး ​ဆို​တဲ ​စည်း​မျည်း ​ဥ​ပ​ဒေ ​တွေ ​နဲ့ ​ငြိ​စွန်း ​တဲ့ ​အ​တွက် ​ပိတ်​ပင် ​တာ ​ဖြစ်​တယ် ​လို့ ​ခ​ရိုင် ​အ​ဆင့် ​အာ​ဏာ​ပိုင် ​တွေ ​က ​အ​ကြောင်း​ပြ ​ချက် ​ပေး ​ကြောင်း NLD ​ရဲ့ ​နေ​ပြည်​တော် ​အ​မတ် ​တစ်​ဦး ​ဖြစ်​တဲ့ ​ဦး​မင်း​သူ ​က ​ဘီ​ဘီ​စီ ​ကို ​ပြော​ပါ​တယ်။
ဒေါ်​အောင်​ဆန်း​စု​ကြည် ​အ​နေ​နဲ့ ​ရွေး​ကောက်​ပွဲ​ဆိုင်​ရာ ​အ​သိ​ပ​ညာ​ပေး​ပွဲ ​တွေ ​အ​ဖြစ် ​လူ​ထု ​ပ​ရိ​သတ် ​ကို ​ဟော​ပြော​ဖို့ ​စီ​စဉ် ​ထား​တာ ​ဖြစ်​တယ် ​လို့ ​ဦး​မင်း​သူ​က ​ဆို​ပါ​တယ်။
အ​ခု​လို ​ပိတ်​ပင်​ခံ​ရ​တဲ့ ​နောက် ​ရွေး​ကောက်​ပွဲ ​ဥ​ပ​ဒေ၊ ​နိုင်​ငံ​ရေး​ပါ​တီ ​များ ​မှတ်​ပုံ​တင်​ခြင်း ​ဥ​ပ​ဒေ ​စ​တာ​တွေ ​နဲ့ ​အ​ညီ ​ပါ​တီ ​ရုံး​ခန်း ​တွေ​ထဲ ​မှာ​ပဲ ​ပွဲ​တွေ ​ကို ​ဖြစ်​မြောက်​အောင် ​လုပ်​ဆောင် ​ဖို့ ​အာ​ဏာ​ပိုင် ​အုပ်​ချုပ်​ရေး​မှုး ​တွေ ​နဲ့ ​ညှိ​နှိုင်း​ပြီး​ပြီ ​ဖြစ်​တယ် ​လို့ ​ဦး​မင်း​သူ ​က ​ဆို​ပါ​တယ်။
ပြောင်း​လဲ​ဖို့ ​အ​ချိန်​တန်​ပြီ ​ကွှေး​ကြော်​သံ ​ပို​စ​တာ​တွေ ​နဲ့ ​အ​တူ ​ပန်း​ရဲ့​လမ်း ​ဂီ​တ ​အ​ဖွဲ့​နဲ့ ​မြို့​ပေါ်​မှာ ​လှည့်​လည် ​ဖို့ ​မူ​လ ​အ​စီ​အ​စဉ် ​ဟာ​လည်း ​ဘယ် ​ကိုယ်​စား​လှယ်​လောင်း ​ကို ​မဲ ​ပေး​ပါ ​ဆို​တဲ့ ​ပု​ဂ္ဂိုလ်​ရေး ​မဲ​ဆွယ်​ဖို့ ​မ​ဟုတ် ​ကြောင်း ​ဦး​မင်း​သူ ​က ​ပြော​ပါ​တယ်။
BBC Burmese
http://www.bbc.com/burmese
 ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် အငြိမ်းစားဗိုလ်ချုပ်ကြီး ဦးလှဌေးဝင်းနဲ့အဖွဲ့ဟာ ဇေယျာသီရိမြို့နယ်၊ ကျောက်ချက်ရွာ ဓမ္မသုခလယ်ပြင်ဦးဘုန်းကြီးကျောင်းမှာ သြဂုတ်လ ၂၉ ရက်နေ့က ဒေသခံတွေကို အခမဲ့ဆေးဝါးကုသပေးစဉ်။ Photo: Win Ko Ko Latt/RFA
လာမယ့် ရွေးကောက်ပွဲမှာ နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ၀င်ရောက်ယှဉ်ပြိုင်မယ့် အငြိမ်းစားဗိုလ်ချုပ်ကြီး ဦးလှဌေးဝင်းဟာ ဇေယျာသီရိ မြို့နယ်၊ ကျောက်ချက်ရွာ ဓမ္မသုခလယ်ပြင်ဦးဘုန်းကြီးကျောင်းမှာ ဒီနေ့ ဒေသခံ ၅ဝဝ လောက်ကို အခမဲ့ဆေး ဝါးကုသပေးခဲ့ပါတယ်။
အဲဒီဆေးကုသမှုအစီအစဉ်မှာ ဘယ်လိုရောဂါတွေကို စစ်ဆေးပေးတယ်ဆိုတာကို ကျောက်ချုပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်တင်က အခုလို ပြောပါတယ်။
"ဆေးကုသတဲ့အစီအစဉ်က ရောဂါအနေနဲ့ မျက်စိပါမယ် အထွေထွေရောဂါပါမယ်၊ အမျိုးရောဂါပါမယ်၊ နား နှခေါင်းပါမယ် နောက် အရိုးအကြောပါမယ်ပေါ့၊ အဲ့ဒါတွေကို ကျနော်တို့က ဒေသခံတွေကို ကြိုတင်တင်ပြီးတော့ စာရင်းကောက်ထားတယ်လေ၊ သူတို့ကုသလိုတဲ့ရောဂါတွေပေါ့ ဆေးပေးထားတဲ့ ၅ဝဝ ကျော်ကိုပေါ့ ပေးထားတဲ့ဆေးအတိုင်း မကဘူးလာမယ်၊ ကျနော်တို့ ဗိုလ်ချုပ်ကြီး အငြိမ်းစား ဦးလှဌေးဝင်း ဇနီးက ဒေါ်မာမာဝေ"
ဒေသခံ ၅၀၀ ကျော်ကို ဆေးကုသမှုတွေပြုလုပ်ပေးခဲ့ပြီး ကုန်ကျစရိတ်တွေအားလုံးကို အငြိမ်းစား ဗိုလ်ချုပ်ကြီး လှဌေးဝင်းနဲ့ ဇနီး ဒေါ်မာမာဝေ မိသားစုက အကုန်ကျခံခဲ့တာလို့ သိရပါတယ်။
ဇေယျာသီရိမဲဆန္ဒနယ်ဟာ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း ပြီးခဲ့တဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲတုန်းက အနိုင်ရခဲ့တဲ့ မဲဆန္ဒနယ်ဖြစ်ပါတယ်။ လာမယ့် ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒေါ်ခင်မျိုးသွင်က ဗိုလ်ချုပ်ကြီးဟောင်း ဦးလှဌေးဝင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
ဓါတ်ပုံ - ThantZin Lynn
  ချင်းပြည်နယ် တွန်းဇံမြို့နယ်မှာ မနေ့က မိုးကြီးပြီးတောင်ပေါ်ရေကန် ကျိုးပေါက်လို့ ဟားခါးလေးနဲ့ တွီးခိဖန်ကျေးရွာတို့ဟာ ရေနဲ့အတူပါလာတဲ့ နုန်းတွေ ၇ ပေ လောက်ထိ ဖုံးသွားတယ်လို့ သိရပါတယ်။
ကျေးရွာနှစ်ခုလုံး နစ်မြုပ်သွားတဲ့အတွက် မြေနေရာအသစ်ရှာပြီး ပြန်လည်နေရာချထားပေးဖို့ စီစဉ်နေတယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှုး ဦးတင်မောင်စိုးက ပြောပါတယ်။
"တွီးခိဖန်နဲ့ကပ်နေတာပေါ့ ဟားခါးလေးကျေးရွာဆိုတာတော့ ဟားခါးလေးကျေးရွာမှာ လူနေအိမ်ပါပျက်စီးသွား တာက ၃၈ လုံးပေါ့လေ၊ ကျန်တဲ့ ၂၂ လုံးကတော့ ရွှံ့နွံ့က ၇ ပေလောက် ဖုံးသွားတာပေါ့၊ ပြန်လည်ထူထောင်ရေး ကတော့ ကျနော်တို့က ဒီနေရာကိုပြန်ရွေးပေးရမှာပေါ့ လက်ရှိနေရာမှာ နေလို့မရတော့ပဲ၊ ဒီရွာက ရပ်မိ ရပ်ဖတွေနဲ့ညှိပြီးတော့မှ ဘယ်နေရာကိုပေါ့နော် သူတို့ရေရှည်မှာ နေနိုင်မယ်ဆိုရင် မြေနေရာ ရရေးပေါ်မူတည်ပြီးတော့ ကျနော်တို့ တည်ဆောက်တာတို့ ခုနကပြောတဲ့ တည်ဆောက်ရေးလုပ်ငန်းတွေ ဆက်လုပ်ပေးရမှာပေါ့လေ တွီးခိဖန်ရော ဟားခါးလေးအတွက်ရောပေါ့"
တောင်ပေါ်ရေကန် ကျိုးပေါက်တာကြောင့် တွီခိဇန်ကျေးရွာမှာ နေအိမ် ၄ဝ နီးပါး ၊ဟားခါးလေးကျေးရွာမှာ နေအိမ် ၅ဝ ကျော်တို့ ရေမြုပ်ပျက်စီးခဲ့တာဖြစ်ပါတယ်။
လက်ရှိချိန်မှာ နေအိမ်ပျက်စီးဆုံးရှုံးခဲ့တဲ့ အိမ်ထောင်စု ၁ဝဝ ကျော်အတွက် ပြည်နယ်အစိုးရအဖွဲ့ကနေ တွီခိဇန်ရွာရဲ့ မြေမြင့်ရာမှာရှိတဲ့ ဘုန်းကြီးကျောင်းမှာ ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။
ရေနစ်မြုပ်မှုကြောင့် လူအသေအပျောက်မရှိဘူးလို့တော့ ချင်းပြည်နယ်အစိုးရအဖွဲ့ကပြောပါတယ်။ ဒါပေမယ့် အင်တာနက်ဖေ့စ်ဘွတ် စာမျက်နှာတွေမှာ ရေးသားကြတာက သေဆုံးသူ ၂ဝ ကျော်လောက်အထိ ရှိတယ်လို့ ပြောကြပါတယ်။
မိုးများတဲ့အတွက် ချင်းပြည်နယ်မှာ ဇူလိုင်နဲ့ သြဂုတ်လအတွင်း မြေပြိုပြီး လူ ၅ ဦး သေဆုံးခဲ့သလို နေအိမ်ပေါင်း ၂၆ဝဝ ကျော်လည်း ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
RFA Burmese
http://www.rfa.org/burmese
(၁) မကြာမီမှာ ကိုကျော်သူကို မနီလာမှာ တရားဝင် အခမ်းအနားနဲ့ အာရှမှာ အမြင့်ဆုံးဆု ဖြစ်တဲ့ Ramon Magsaysay ဆုကို ပေးအပ်တော့မှာ ဖြစ်ပါတယ်။ ကိုကျော်သူလို ဆင်းရဲချမ်းသာမရွေး ပရဟိတ အကျိုးဆောင်ရွက်ခဲ့တာ ရပ်သိရွာသိ ဖြစ်ပေမယ့် အစိုးရမင်းများကတော့ ဆုပေးဘို့ နေနေသာသာ တယောက်ကမှ ဖက်လှဲတကင်း လုပ်ဖေါ်မရပါဘူး။
အဲ့ ..တနိုင်ငံလုံး သစ်ပင်မှန်သမျ ခုတ်လို့ရတာ ပြောင်အောင်ခုတ်တဲ့ တေဇလို လူမျိုး ကျတော့ လူမှုထူးခ္ဈန် အမြင့်ဆုံးဆု ပေးခဲု့ပြန်ပါတယ်။ အဲ့သည့်အချိန်မှာ ပြည်တွင်းမှာသဘာဝ ပါတ်ဝန်းကျင် ထိမ်းသိမ်းရေး သစ်တောများ မပြုန်းတီးရေး ကမ္ဘာက သိအောင် အော်ဟစ် ပြောဆိုနေတဲ့ ကစောဝါ ဆိုတဲ့ ကရင်အမျိုးသားလေးကိုကျ သိဘို့နေနေသာသာ ကြားတောင်ကြားဘူး ကြမယ် မထငိပါဘူး။ ကစောဝါလည်း ၂၀၀၉ ခုနှစ်မှာ ကိုကျော်သူလိုပဲ ဆုချီးမြှင့် ခံခဲ့ရပါတယ်။
ဒါ့အပြင် ဘိန်းလုပ်ငန်းတွေနဲ့ကြီးပွားချမ်းသာလာတဲ့ ငွေတွေနဲ့ ပြည်တွင်း စီးပွားရေးတွေကို လက်ဝါးကြီးအုပ်ထားတဲ့ နိုင်ငံတကာမူးယစ်ရာဇာကြီးရဲ့ သားဖြစ်သူ စတီဗင်လောကို နိုင်ငံတွင်း အခွန်အများဆုံး ပေးဆောင်နိုင်ူအဖြစ် ဆုတံဆိပ်တွေ ချီးမြှင့်ခဲ့ပြန်ပါတယ်။
သူတို့ကြောင် ဖြစ်ခဲ့တဲ့ ဘိန်းစိုက်နယ်လုပွဲတွေကြောင့် ထွက်ပြေး တိမ်းရှောင်လာကြတဲ့ တိုင်းရင်းသားတွေကို မေတ္တာ နဲ့ စောင့်ရှောက်ပေးခဲ့တဲ့ ကချင် တိုင်းရင်းသူလေး လဖိုင်ဆိုင်းရောကိုလည်း သိတောင်သိကြမယ် မထင်ပါဘူး။ သူလည်း ၂၀၁၃ မှာ ကိုကျော်သူလိုပဲ ဆုရရှိခဲ့ဘူးပါတယ်။
သိကြားမင်းကြီး ဖြစ်နေပါစေ။ သူတော်စင်ကြီး ဖြစ်နေပါစေ မလိုရင် မလိုသလို ချောင်ထိုးထား၊ အကျင့်ပျက် ချစားတဲ့ လူတွေကို ပိုးမွေးသလို မွေးထား ကပ်ပါးယပ်ပါးများကိုသာ ဗြောင်ကျကျ နေရာ ပေးနေဆဲအဖြစ်တွေက အတော့်ကို တိုင်းပြည်အတွက် စိတ်မကောင်း ဖြစ်ရပါတယ်။
အို..အသင်လောက ဗုဒ္ဓဘာသာ စစ်စစ်ထွန်းကားသော မြန်မာပြည်တွင် အဘယ်အတွက်ကြောင့် အခုလို အဓမ္မါဒီတို့ နှစ်ပရိဒေသကြာစွာ ကြီးစိုးနေကြပေသနည်း။
(၂) ကပ်ပါး ရပ်ပါး အကြောင်း ဆိုလို့ သမ္မတရုံးက ကိုမှုးဇော်က သမ္မတကြီးရဲ့ မနက်စာလေးပါဆိုပြီး ပို့စ်တင်လာပါတယ်။ (ပုံမှာကြည့်ပါလေ)
မကြာခင်က ဖြစ်ခဲ့တဲ့ နိုင်ငံအ၀ှမ်း ရေကြီးမှုတွေကြောင့်လူတသန်းနီးပါးလောက် အစာရေစာ ချို့တဲ့ သောက်သုံးရေ ပြတ်လတ်နေချိန်မှာ မစဉ်းစား မဆင်ခြင် ဖားလိုဇော သက်သက်နဲ့ တင်လိုက်တဲ့ ပို့စ်ပါ။ ဒီလို ပို့စ်မျိုးဟာ အခြားနိုင်ငံတွေမှာတော့ သမ္မတကို အကြီးအကျယ် ဒုက္ခရောက်စေမယ့် အနေအထား ဖြစ်ပေမယ့် ကိုမှုးဇော်တို့ ကိုရဲထွတ်တို့ကတော့ဗျာ ဒီသမ္မတ ကြီးကို အခ္ဈန်နဲ့ကို တခုပြီးတခု မ နေ လေရဲ့။ ဘာမှ မဖြစ်မှန်းလည်း သိနေလို့ ထင်ပါတယိ။
အခု စားနေတဲ့ မုန့်တွေက ဂျပန်ကလာတဲ့ မုန်လုပ်တဲ့ စက်နဲ့ အထူးပြု လုပ်ထားတာ ဖြစ်ကြောင်းလည်း ထပ်ကွန့်ထားသေးဗျ။
ဒါတင် မကသေးပါဘူး။ သမ္မတကြီးက သာမန်ရှပ်အကျီလက်တိုလေး၊၊ ချည်ပုဆိုးလေးနဲ့ မိုးတွင်းစီး ညှပ်ဖိနပ်လေးနဲ့ ဆိုတာကလည်း ပါသေးတယ် ခင်ဗျ။ ခက်တာက မိုးတွင်းစီး ညှပ်ဖိနပ်နဲ့ နင်းထားတဲ့ မြေကြီးက တဧက ကို မတန်မဆ ဈေးပေါပေါ နဲ့ ၀ယ်ထားပြီးဧကပေါင်း များစွာပိုင်တဲ့ မြေပိုင်ရှင် သမ္မတကြီးဆိုတာ မေ့နေတယ် ထင်ပါရဲ့။
(၃) ပိုင်ဆိုင်မှု ဆိုလို့ မနေ့ကပဲ အလဲဗင်း ဂျာနယ်မှာ ပိုက်ဆံကို ရုတ်တရက်ချမ်းသာလာသူတွေ၊ ၀န်ကြီးတွေပါ မကျန် စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့ပြီး စစ်ဆေးသွားမယ်ဆိုလို့ ဘယ်အဖွဲ့ကများ စုံစမ်းစစ်ဆေးပါ့ မလဲလို့ ဆက်ဖတ်ကြည့်တော့ ကာလကြာမြင့်စွာက ရှိနေပြီးတဲ့ ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေးက လို့ သိရပါတယ်။ တမှုမှလည်း ဖေါ်ထုတ် အရေးယူနိုင်ခဲ့ခြင်းမရှိတဲ့ စုံစမ်းရေး ဌာန ကြီး သက်သက်ပါ။ ဦးဆောင်မယ့် သူက ပြည်ထဲရေးဝန်ကြီး နဲ့ အခြားဌာနဆိုင်ရာ အကြီးအကဲ တွေဆိုတော့လည်း ထပ်ဖတ်နေရင် နေရင်းထိုင်ရင်း ကိုယ့် အသိညဏ်ကို စော်ကားခံရတော့မယ်ဆိုပြီး အသာချထားလိုက်ရပါတယ်။
( ၄) နောက်တခု က ရွေးကောက်ပွဲ မဲဆွယ် မိန့်ခွန်းတွေကို ၁၅ မိနစ်ကြာ အစိုးရပိုင် မီဒီယာများက ထုတ်လွှင့်ခွင့် ပြု မယ့် အရေးမှာ တပ်မတော် ကို ဝေဖန်ခြင်း နဲ့ အစိတ်သား ဖွဲ့စည်းပုံကို ရှုတ်ချပြောဆိုခြင်းတို့ကို လုံးဝခွင့်ပြုမှာ မဟုတ်ကြောင်းနဲ့ ထုတ်လွှင့်ပြောကြားမယ့် မိန့်ခွန်းများကို ဦးရဲထွတ်ရဲ့ ပြန်ကြားရေး ၀န်ကြီးဌာနက ကြိုတင် စီစစ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီအတွက် လွတ်လပ်ပြီး တရားမျတတဲ့ ရွေးကောက်ပွဲ ဖြစ်ပေါ်ရေးမှာ လွတ်လပ်မှု ရှိမရှိကို မေးခွန်းထုတ်စရာ ဖြစ်လာရပါပြီ။ လူထုကြီးက ထွက်လာသော စကားများကိုကြည့်၍ စိုးရိမ်ပူပန်မှု ဒီရေ မြင့်သည်ထက် မြင့်လာနေပေပြီ။ မိမိတို့ ဘ၀ လွတ်မြောက်ရေး အတွက် စည်းလုံးညီညွတ်မှုကို ကျစ်လစ်သည်ထက် ကျစ်လစ်အောင် တည်ဆောက်ကြရန်သာ ရှိပေတော့သည်။
(၅) တရုတ်မှာ အခုလာမယ့် စက်တင်ဘာ (၃) ရက်နေ့မှာ ဂျပန် လက်နက်ချခြင်းနဲ့အတူ ပြီးဆုံးခဲ့တဲ့ ဒုတိယ ကမ္ဘာစစ် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားကို မြို့တော် ပီကင်းမှာ ကြီးကျယ်ခမိးနားစွာ ကျင်းပသွားမှာ ဖြစ်ပြီး ဦးသိန်းစိန်အပါအ၀င် အခြား နိုင်ငံအကြီးအကဲ ၃၀ နီးပါး တက်ရောက်ရန်ရှိနေပါတယ်။
တရုတ်နိုင်ငံသားများ အများစု နေထိုင်ရာ မန္တလေး မှာလည်း တရုတ်ကောင်စစ်ဝန်ရုံးရဲ့ ကြီးကြပ်မှုနဲ့ ပြခန်းဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။ အစိုးရက ခွင်ပြုတာလည်း အံအားသင့်မိပါတယ်။
ပီကင်းရဲ့ ပြုမူချက်ဟာ ဂျပန်ကို အရှက်တကွဲ ဖြစ်အောင် ရည်ရွယ်ခဲ့တာ ဖြစ်လို့ မြန်မာအစိုးရ အနေနဲ့ မိမိတို့ အပေါ် အကူအညီ တွေကို ဘာနှောင်ကြိုး မှ မပါပဲ စိတ်ရင်းစေတနာ ကောင်းစွာနဲ့ တောက်လျောက်ကူညီခဲ့တဲ့ ဂျပန် မျက်နှာထောက်ပြီုး သတိထားပြု လုပ်သင့်ပါတယ်။
အခု အခမ်းအနားကို အမေရိကန် အပါအ၀င် အနောက်အုပ်စု နိုင်ငံများနဲ့ ဘရူးနိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖီလစ်ပိုင်၊စင်္ကာပူနိုင်ငံ ခေါင်းဆောင်တွေ တက်ရောက်ဘို့ စာရင်းပေးထားခြင်း မရှိဘူးလို့လည်း သိရပါတယ်။
BrainWave ဉာဏ်လှိုင်း
HSW