01/03/15

အကယ်ဒမီ ရွှေစင်ရုပ်တု ပြန်လည်သိမ်းဆည်း မည်ဟု ထွက်ပေါ်နေသည့် သတင်း များမှာ ကောလာဟလသာဖြစ် ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံးဒုဥက္ကဋ္ဌ-၂ ဦးအေးကြူလေး၏ပြောပြချက်အရ သိရသည်။

''အကယ်ဒမီရွှေစင်ရုပ်တု ပြန် သိမ်းမယ်ဆိုပြီးတော့ ထွက်ပေါ်နေ တဲ့ သတင်းတွေက မဟုတ်ပါဘူး။ ဘယ်တုန်းကမှလဲ အဲဒီလိုအဖြစ်အ ပျက်မျိုးမရှိခဲ့ပါဘူး။ အကယ်ဒမီဆု ဆိုတာက ပေးချင်တိုင်းပေးပြီးတော့ ပြန်သိမ်းချင်တိုင်း ပြန်သိမ်းလို့ရတဲ့ ပစ္စည်းမဟုတ်ပါဘူး။ အကယ်ဒမီဆု ပေးဖို့အတွက်ကို အကယ်ဒမီစိစစ် ရေးဘုတ်အဖွဲ့က တာဝန်ရှိသူတွေ အားလုံးရဲ့ဆုံးဖြတ်ချက်နဲ့ ပေးခဲ့တာ ပါ။ တစ်ဦးတစ်ယောက်တည်းရဲ့ဆုံး ဖြတ်ချက်နဲ့ ပေးခဲ့တာမဟုတ်ပါဘူး''ဟု ယင်းကဆက်လက်ပြောသည်။

၂ဝ၁၃ခုနှစ် မြန်မာ့ရုပ်ရှင်ထူး ချွန်ဆုပေးအပ်ပွဲတွင် ''ကြယ်စင် မော်ကွန်း''ရုပ်ရှင်ဇာတ်ကားဖြင့် အ ကောင်းဆုံးတေးဂီတဆုရရှိခဲ့သည့် အကယ်ဒမီစန္ဒရားတင်ဝင်းလှိုင် အားပေးအပ်ခဲ့သည့် အကယ်ဒမီရွှေ စင်ရုပ်တုအား နောက်နှစ်ပတ်ခန့်အ ကြာတွင် ပြန်လည်သိမ်းဆည်းမည် ဟု သတင်းများထွက်ပေါ်နေလျက်ရှိ နေခြင်းနှင့်ပတ်သက်ပြီး ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အကယ်ဒမီစင်မြင့်ပေါ်တွင် အကယ်ဒမီစန္ဒရားတင်ဝင်းလှိုင် ပြောကြားခဲ့သည့် ကျေးဇူးတင်စကား နှင့်အတူ တခြားသော စကားများ ကြောင့် အကယ်ဒမီရွှေစင်ရုပ်တုအား ပြန်လည်သိမ်းဆည်းမည်ဟူသော သတင်းများ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ယင်းကဆက်လက်၍ ''အစည်း အရုံးကတော့ အကယ်ဒမီဆုကို လုံး ဝပြန်သိမ်းမှာမဟုတ်ပါဘူး။ အစည်း အရုံးကပေးထားတာဖြစ်တဲ့အတွက် တခြားသူတွေလဲ ပြန်သိမ်းလို့မရပါ ဘူး''ဟု ပြောသည်။

၂ဝ၁၃ခုနှစ် မြန်မာ့ရုပ်ရှင်ထူး ချွန်ဆုပေးပွဲနှင့်ပတ်သက်၍လည်း အကယ်ဒမီ ကြိုတင်ခန့်မှန်းချက်နှင့် လွဲခဲ့သည့် သရုပ်ဆောင်သိင်္ဂီထွန်းမှ လည်း မြန်မာ့နိုင်ငံရုပ်ရှင်အစည်း အရုံးမှတာဝန်ရှိသူများနှင့်ပတ်သက် သည့် သတင်းစာရှင်းလင်းပွဲအား ယခုလအတွင်းပြုလုပ်နိုင်ရန်အတွက် စာရွက်စာတမ်းများ၊ အထောက်အ ထားများစုဆောင်းလျက်ရှိနေကြောင်း သိရသည်။

NN

- ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။

|─────----------------Yangon Media Group ----------─

မြန်မာပြည်သူလူထုဟာ
ဒီမိုကရေစီနဲ့ မတန်သေးဘူးပြောတာ ရှိပါတယ်
ကျမပွင့်ပွင့်လင်းလင်းပြောပါမယ်
အဲ့ဒီလိုပြောသူတွေဟာ မပေးချင်သူတွေပါ
ပဲခူးမြို.တွင် ယနေ.ကျင်းပနေသောဗိုလ်ချုပ်အောင်းဆန်းနှစ်တစ်ရာပြည့်ပွဲတွင်ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းပြောကြား။
သတင်းဓါတ်ပုံ- Yiyimyint Myint.
ယနေ. ပဲခူးမြို.တွင် ကျင်းပသည့် ဗိုလ်ချုပ်အောင်ဆန်းနှစ်တစ်ရာပြည့် အခန်းအနားသို.တက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်မှဖခင်ဗိုလ်ချုပ်အောင်ဆန်း
နှင်မိခင်ကြီးဒေါ်ခင်ကြည်အတွက်ရည်စူး၍ရွှေသင်္ကန်းကပ်လှူ။

သတင်းဓါတ်ပုံ- KyawAyeWin

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်နှစ် များအတွင်း ပြောင်းလဲမှု အများအ ပြား ဖြစ်ပေါ် ခဲ့သော်လည်း စစ်တပ် တွင်မူ ပြောင်းလဲမှုအနည်းငယ်သာ ရှိခဲ့ သည်။ မြန်မာနိုင်ငံ သည် ၂၀၁၅ တွင် ရွေးကောက်ပွဲကျင်းပရန် စီစဉ် ထား သည်။ ပြီးခဲ့သည့်နှစ်များအတွင်း စီးပွားရေးကဏ္ဍ၌ အဓိကပြောင်းလဲ မှုများရှိ ခဲ့ကာ အစိုးရ၏ ထိန်းချုပ်မှု လျှော့ချခဲ့သည်။ မြေယာမူဝါဒသစ် နှင့် ဘဏ်စနစ် သစ်များ ချမှတ်အသုံး ပြုခဲ့ပြီး ငွေကြေးတန်ဖိုးအား အစိုးရ က သတ်မှတ်သည့် ပုံစံအစား ဈေး ကွက်အပေါ် မူတည်သည့်ပုံစံသို့ပြောင်း လဲခဲ့သည်။

ပြုပြင်ပြောင်းလဲမှုများကြောင့် စီး ပွားရေးလုပ်ဆောင်နိုင်စွမ်းတိုးတက် လာသော် လည်း စီးပွားရေးနှင့် နိုင်ငံ ရေးအပေါ် စစ်တပ်၏ လွှမ်းမိုးမှု မှာ ပြောင်းလဲမှုမရှိ ဟု စီးပွားရေးပညာရှင် ရှောင်တာနယ်ကဆိုသည်။ မြန်မာ နိုင်ငံတွင် အကြီးဆုံး စီးပွားရေးများ နှင့် အကျိုးအမြတ်အများဆုံး လုပ် ငန်းများအား စစ်တပ်က ချုပ်ကိုင် ထားဆဲဖြစ်သည်။ စစ်တပ်သည် နိုင် ငံရေးအပေါ် လွှမ်းမိုးမှုရှိသလို စီးပွား ရေးအပေါ်လည်း လွှမ်းမိုးမှုရှိသည်။

လွှတ်တော်အမတ်နေရာ ၂၅ ရာခိုင် နှုန်းအား စစ်တပ်ကရယူထားပြီး အ ခြေခံ ဥပဒေပြင်ဆင်ရန် ကြိုးစားမှုများ ကို ပယ်ချနိုင်စွမ်းရှိသည်။ ထိုလွှမ်းမိုးမှု က လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် စစ်တပ်က တာဝန်ယူလို စိတ်မရှိကြောင်း ပြသ ရာ ရောက်သည်ဟုဆိုသည်။ ဟား ဗတ် ကမ္ဘာလုံးဆိုင်ရာ တရားမျှတမှု အဖွဲ့မှ ရန်ကုန်အခြေစိုက် မတ်သယူး ဘူဂါက ထိပ်တန်း စစ်ဘက် အရာရှိ များအား အရပ်ဘက်တရားစီရင်ရေး စနစ်က အရေးယူကိုင်တွယ်နိုင်ချိန် မရောက်မချင်း စစ်တပ်က အရေးယူ ခံရရန် စိုးရိမ်စရာမလိုဘဲ စိတ်တိုင်း ကျ လုပ်ဆောင်နေမည်ဟု ပြောကြား ခဲ့သည်။

မတ်သယူးဘူဂါက “စစ်တပ် က အခိုင်အမာနေရာယူထားပြီး ဒါ ကို မပြောင်းလဲ ချင်ကြောင်း ပြော ကြားထားတဲ့အပြင် ပြောင်းလဲချင်တဲ့ သူတွေကို ခြိမ်းခြောက်နေ ပါတယ်။ အစိုးရအဖွဲ့ထဲက ပြုပြင်ပြောင်းလဲရေး သမားတွေနဲ့ အတိုက်အခံ နိုင်ငံရေး သမားတွေဟာ စစ်တပ်ရဲ့ လူ့အခွင့် အရေးချိုးဖောက်မှုကို ဆန့်ကျင်ကိုင် တွယ်နိုင်လောက်အောင် အင်အားမ ကောင်းပါဘူး။ လူ့အခွင့်အရေး ချိုး ဖောက်မှု မှတ်တမ်းရှိသူတွေကို စစ် တပ်က အဓိကနေရာတွေ မှာ ခန့်အပ် နေပါတယ်” ဟု ပြောကြားခဲ့သည်။ အတိုက်အခံ များမှာ လွှတ်တော်တွင်း အမတ်နေရာအချို့ ရယူနိုင်သော် လည်း စစ်တပ်၏ လွှမ်းမိုးမှုကို တား ဆီးနိုင်ခြင်းမရှိပေ။

နိုင်ငံတွင် စစ်တပ်၏လွှမ်းမိုးမှု များပြားနေခြင်းနှင့်ပတ်သက်၍ စစ် ဗိုလ်ချုပ်များ က ကာကွယ်ပြောကြား လျက်ရှိပြီး နိုင်ငံ၏ အချိုဒေသများမှ တိုင်းရင်းသား လက်နက်ကိုင်များအ ပေါ် အပြစ်ဖို့ထားသည်။ မြန်မာနိုင်ငံ သည် အစိုးရ ဘတ်ဂျက် ၏ ၂၃.၂ ရာခိုင်နှုန်းအား ကာကွယ်ရေးအတွက် အသုံးပြုပြီး အရှေ့တောင်အာရှတွင် အမြင့်ဆုံးအချိုးအစားဖြစ်သည်။ အ စိုးရအား ဆန့်ကျင်နေ သည့် လက် နက်ကိုင်တပ်ဖွဲ့များအား တိုက်ခိုက် ရန် ထိုငွေကို အသုံးပြု သည်ဟု စစ် တပ်ကဆိုသည်။ သို့သော် စစ်တပ်၏ စီးပွားရေး အကျိုး စီးပွားများက ထို လက်နက်ကိုင်အဖွဲ့များ ပုန်ကန်စေ သည့် အကြောင်းရင်း တစ်ရပ်ဖြစ် သည်ဟု မတ်သယူးဘူဂါကဆိုသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမှာ စီးပွားရေး၊ အကျိုးစီးပွား များကြောင့် နှောင့်နှေးနေပြီး အစိုးရနှင့်စစ်တပ်အ ပေါ် ယုံကြည်မှုကျဆင်းစေ သည် ဟု ၎င်းင်းကဆိုသည်။ သမ္မတဦးသိန်းစိန်၏ အစိုးရအဖွဲ့က လာမည့်နှစ်ရွေးကောက် ပွဲမတိုင်မီ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်ရရှိလို သည်။ အစိုးရအပေါ် စစ်တပ်လွှမ်း မိုးမှုလျှော့ချရန် အတွက် အခြေခံဥပ ဒေပြင်ဆင်ရန် လိုအပ်သော်လည်း စစ်တပ်က ၂၀၁၅ မတိုင်မီ မပြင်လို ကြောင်း ရှင်းရှင်းလင်းလင်းဖော်ပြခဲ့သည်။

KHTun

The Ladies News Journal

၂ နှစ်ကျော်လာသည့်တိုင် ပြီးဆုံးနိုင်မှုမရှိသေးသည့် လက်ပံတောင်းတောင် လိပ်ခဲတည်းလည်းအခြေအနေတွင် ဒေါ်ခင်ဝင်းသည် မိမိဆန္ဒကိုထုတ်ဖော်ရင်း ပထမဆုံးအသက်ပေးတိုက်ပွဲဝင်သွားခဲ့သည့် သူရဲကောင်း ဖြစ်လာခဲ့သည်။

“မြေယာစနစ်ဆိုးကို အသက်စွန့်တိုက်ပွဲဝင်ခဲ့သော သူရဲကောင်း ဒေါ်ခင်ဝင်း” ဟု ဒေါ်ခင်ဝင်းမြှုပ်နှံရာ အုတ်ဂူတွင် လက်ပံတောင်းပြည်သူ များက ကမ္ပည်းမော်ကွန်းထိုးခဲ့ကြသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ၂၀၁၀ ပြည့်နှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့သည်။ လက်ပံတောင်းပြည်သူများသည် ထိုအချိန်ကတည်းက ကန့်ကွက်ဆန္ဒထုတ်ဖော်ချင်ခဲ့ကြသော်လည်း အထမမြောက်ခဲ့ပေ။ ဆိုးဝါးဖိနှိပ်လွန်းသည့် စစ်အုပ်ချုပ်ရေးစနစ်မှ တစုံတရာ လွတ်မြောက်မှုမရှိသေးသည့်အခြေအနေများကြောင့် ဆန္ဒမှန် ကို မျိုသိပ်ခဲ့ကြရသည်။

ပွင့်လင်းလွတ်လပ်မှု အနည်းငယ်ရှိလာသည့် ၂၀၁၂ ခုနှစ်တွင် စီမံကိန်း အပြီးတိုင်ရပ်ဆိုင်းရေး သပိတ်စခန်းဖွင့်၍ တောင်းဆိုခဲ့ကြသည်။ သံဃာတော်များပါဝင်ခဲ့သည့် အဆိုပါသပိတ်စခန်းဖွင့်တောင်းဆိုမှုကို ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၉ ရက်နေ့တွင် ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းခဲ့သည်။ မီးလောင်ဗုံးအသုံးပြုခဲ့သည့် အဆိုပါအကြမ်းဖက်မှုတွင် သံဃာတော်များအပါအ၀င် ၄၀ ဦးကျော် ဒဏ်ရာရခဲ့သည်။ ဒီမိုကရေစီသို့ သွားနေပါသည်ဆိုသော ဦးသိန်းစိန်အစိုးရသည် စစ်အုပ်ချုပ်ရေးဆန်ဆန် အကြမ်းဖက်ဖြိုခွင်းသည့်လုပ်ရပ်ကြောင့် နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့် ပြည်သူများ၏ ကန့်ကွက်ရှုတ်ချခြင်းကို ခံခဲ့ရသည်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့တွင် ဦးသိန်းစိန်က ဒေါ်အောင် ဆန်းစုကြည်ဦးဆောင်သည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပြန်လည်သုံးသပ်ရန် စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းပေးခဲ့သည်။ ကော်မရှင်က လိုအပ်ချက်အားနည်းချက်များကို ပြင်ဆင်ဖြည့်စွက်၍ စီမံကိန်း ဆက်လက်အကောင်အထည်ဖော်သင့်သည်ဟု အစီရင်ခံခဲ့သည်။သို့သော် စီမံကိန်းလုံးဝရပ်ဆိုင်းရေးကိုသာ လိုလားနေသည့် လက်ပံ တောင်းပြည်သူများက လက်မခံခဲ့ကြပေ။ “ဒေါ်အောင်ဆန်းစုကြည်အလို မရှိ” ဟူသော ဆန္ဒထုတ်ဖော်မှုများဖြစ်ပေါ်ခဲ့သည်။ “အာဏာရရေးအတွက် စစ်ဗိုလ်များကို လိုက်လျောလွန်းနေသည်” ဟူသော ဝေဖန်သံလျှံထွက်နေခဲ့သည်။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်အနေနှင့် လက်ပံတောင်း ပြည်သူများ၏ဆန်္ဒကို လုံးဝလျစ်လျူရှုခဲ့သည်မဟုတ်ပေ။ ပြည်သူများ၏ ဆန္ဒကို အလေးအနက်စဉ်းစားခဲ့သလို တဖက်က အနာဂတ် မြန်မာ-တရုတ် ဆက်ဆံရေးသည်လည်း အလေးအနက်စဉ်းစားစရာ ဖြစ်နေခဲ့သည်။ ပြည်သူများလည်း နစ်နာမှုမရှိအောင် တရုတ်နှင့်လည်း ဆက်ဆံ ရေးမပျက်အောင် အကောင်းဆုံးဟုထင်ရသည့် လိုအပ်ချက် အားနည်းချက်များကို ဖြည့်စွက်ပြင်ဆင်၍ ဆက်လက်အကောင်အထည်ဖော်ရေးကို ရွေးချယ်ခဲ့သည်။ သို့တိုင် အောင်ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူများ၏ ပိုမိုတိုးပွားလာသော ယုံကြည်မှုကိုမရခဲ့ပေ။ ဆုံးဖြတ်လုပ်ကိုင်ရ ခက်ခဲသည့်အလုပ်တခုကို စိတ်ရင်းစေတနာအပြည့်ဖြင့် လုပ်ကိုင်ခဲ့သော်လည်း ပြည်သူများ၏ ယုံကြည်မှုကျဆင်းခြင်းကိုသာ ရရှိခဲ့သည်။

ကော်မရှင်၏ အစီရင်ခံစာအရ အကောင်အထည်ဖော်မှုကော်မတီ ကို ၂၀၁၃ ခုနှစ် မတ်လတွင်ဖွဲ့စည်းခဲ့သည်။ သို့သော် ပဋိပက္ခများသည်ကား ပြီးဆုံးမသွားခဲ့ပေ။ ၂၀၁၂ ခုနှစ်နိုဝင်ဘာမှ လက်ရှိအချိန်ထိ ဒေသခံ ပြည်သူများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား ထိပ်တိုက်တွေ့မှုငါးကြိမ်ထက် မနည်း ဖြစ်ပွားခဲ့သည်။ ဆန်္ဒထုတ်ဖော်မှုများသည်လည်း ၂၀၁၃ ခုနှစ် မတ်လမှ လက်ရှိအချိန်ထိ အကြိမ်ရေ ၁၀၀ နီးပါးရှိခဲ့သည်။

ထိုသို့ ပဋိပက္ခများ ဆက်လက်ဖြစ်ပေါ်နေခြင်းနဲ့ပတ်သက်၍ ကော်မရှင်၏အကြံပြုချက်များကို ပြည့်ဝစွာ အကောင်အထည်ဖော်နိုင်မှု မရှိခြင်းကြောင့်ဖြစ်သည်ဟု NLD က ဒီဇင်ဘာ ၂၄ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

၂ နှစ်ကျော်လာခဲ့သည့် လက်ပံတောင်းတောင် လိပ်ခဲတည်းလည်း အခြေအနေတွင် ရဲတပ်ဖွဲ့မှ ညအချိန် ဆည်တည်းရွာအား ၀င်ရောက်စီးနင်းခြင်း၊ ဇီးတောရွာဘုန်းတော်ကြီး ကျောင်းအားဝင်ရောက်စီးနင်းခြင်း နှင့် ကျောက်ဖြူတိုင်ရွာအား ၀င်ရောက်စီးနင်းခြင်းစသည့် အာဏာရှင် ဆန်ဆန်ဖြစ်စဉ်များမှာ နာမည်ကြီးခဲ့သည်။ မီးလောင်ဗုံးဖြင့် ဖြိုခွင်းမှုမှာ နာမည်ကြီးရုံမက ကမ္ဘာကပင် ထိတ်လန့်တုန်လှုပ်ခဲ့သည်။ သို့သော် လူအသေအပျောက် မရှိခဲ့ပေ။

ဒီဇင်ဘာ ၂၂ ရက်နေ့က ကျည်ဆန်ထိမှန်ကာ ဦးခေါင်းပွင့်သေဆုံးခဲ့သည့် အသက် ၅၆ နှစ်အရွယ် ဒေါ်ခင်ဝင်းမှာ လက်ပံတောင်းတောင် လိပ်ခဲတည်းလည်း အခြေအနေတွင် ပထမဆုံး သေဆုံးသူဖြစ်လာခဲ့ သည်။

လက်ပံတောင်း ပဋိပက္ခနှင့် ပတ်သက်၍ ဒီဇင်ဘာ ၂၄ ရက်နေ့က ဘေဂျင်းရှိ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက စီမံကိန်းကိုကန့်ကွက်သည့် ဒေသခံ အမျိုးသမီးတဦးသေဆုံးခဲ့ပြီး ရွာသားများရဲများနှင့် တရုတ်လုပ်သား အချို့ဒဏ်ရာရခဲ့သည့် လက်ပံတောင်းတောင် အဓိကရုဏ်းဖြစ်ရပ် အပေါ် စိုးရိမ်ဝမ်းနည်းရသည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။ ထို့အပြင် ရန်ကုန်ရှိ တရုတ်သံရုံးကလည်း သေကျေထိခိုက်မှုများကို စိုးရိမ်မိ ကြောင်းနှင့် ယင်းအဖြစ်အပျက်များကို အာဏာပိုင်များထံမှ စုံစမ်း စစ်ဆေးမှုရလဒ်များရရှိရန် မျှော်လင့်ကြောင်းထုတ်ပြန်ခဲ့သည်ကိုတွေ့ရ သည်။

အကြိမ်ရေ ၁၀၀ နီးပါးဖြစ်ပေါ်ခဲ့သည့် ဆန်္ဒထုတ်ဖော်မှုများ၊ ငါးကြိမ် ထက်မနည်း ဖြစ်ပေါ်ခဲ့သည့် ထိပ်တိုက်ပဋိပက္ခများနှင့် ပတ်သက်၍ အစိုးရတွင် အဓိကတာဝန်ရှိခဲ့သော်လည်း လျစ်လျူရှုခဲ့သည်။ ယခု ဒေါ်ခင်ဝင်း သေဆုံးမှုနဲ့ပတ်သက်၍လည်း တပတ်ကျော်လာသည့်တိုင် တာဝန်ယူ တာဝန်ခံမှုအပေါ် အခြေခံသည့်ဖြေရှင်းဆောင်ရွက်ပေးမှုများ မရှိသေး သည်ကို တွေ့ရသည်။

ဦးသိန်းစိန်အစိုးရအနေဖြင့် ၂ နှစ်ကျော်လာသည့်တိုင် ပဋိပက်္ခများ မကြာခဏထဖြစ်နေသည့် လက်ပံတောင်းတောင်စီမံကိန်းအပေါ် ပြန်လည် သုံးသပ်ရန် လိုအပ်လာသည်။ စီမံကိန်းအပြီးတိုင်ရပ်ဆိုင်းရေး တောင်းဆိုမှု အပေါ် လိုက်လျောပေးရန်မဖြစ်နိုင်သော်လည်း ထိုတောင်းဆိုသူများနဲ့ မျက်နှာချင်းဆိုင် ဆွေးနွေးအဖြေရှာသင့်သည်။ မူလမြေပိုင်ရှင်ဖြစ်သည့် ထိုတောင်းဆိုသူများ၏ဆန္ဒအပေါ် ဖြစ်နိုင်သမျှ လိုက်လျောဖြည့်ဆည်း ပေးသင့်သည်။ နိုင်ငံရေးအမြတ်ထုတ်မှုများပါနေသည်ဟူသော ခိုင်လုံမှု မရှိသည့် မြန်မာဝမ်ပေါင်ကုမ္ပဏီ၏ အကြောင်းပြချက်မျိုးဖြင့် စီမံကိန်း ရပ်ဆိုင်းရေးတောင်းဆိုသူများနဲ့ တွေ့ဆုံဆွေးနွေးရေးအပေါ် ငြင်းပယ်နေ သမျှ အလုပ်ဖြစ်လိမ့်မည်မဟုတ်ပေ။ ထို့အတူ စစ်အုပ်ချုပ်ရေးဆန်ဆန် အကြမ်းဖက်ဖြေရှင်းမှုများဖြင့်လည်း လက်ပံတောင်းတောင် ပဋိပက္ခများ ပြေလည်သွားစရာ အကြောင်းမရှိပါကြောင်း။

တင်အောင်ငြိမ်း
News Watch(စောင့်ကြည့်သတင်းဂျာနယ်)


**** ပွင့်လင်းမြင်သာမှုလည်းရှိ၊ စီမံခန့်ခွဲမှုတွေ မမှားခဲ့ရင် တရုတ် လည်း ကြောက်မနေ ရပါဘူး ****

လက်ပံတောင်းတောင် အကြမ်းဖက်နှိမ်နင်းမှုမှာ သံဃာတော်တွေ မီးလောင်ဗုံးသင့် ဒဏ်ရာရလို့ ဆန့်ကျင်ဆန္ဒပြပွဲတွေ ဆက်တိုက် ဆိုသလို ဖြစ်နေပြီး တရုတ်ဆန့်ကျင်ရေး စိတ်ထားတွေ တစ်စတစ်စပွားနေချိန် မိတ်္ထီလာကစလိုက်တဲ့ အဓိက ရုဏ်းတွေဟာ တရုတ်စီမံကိန်းတွေ ရဲ့ပဋိပက္ခဂယက်တွေကို ဖုံးလွှမ်း သွားပါတယ်။ ဒါဟာ တိုက်ဆိုင်မှုသက် သက်လားဆိုတာ . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်မှာရှိတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာမှာ ဒီဇင် ဘာ၂၂ရက်က စီမံကိန်းလုပ်ကိုင်ခွင့်ရထားတဲ့ တရုတ်နိုင်ငံပိုင် ၀မ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးခတ်ဖို့ ပြင်ဆင်ရာ ကနေ ဒေသခံတောင်သူတွေ နဲ့ရဲတပ်ဖွဲ့ဝင်တွေ ထိပ်တိုက်တွေ့ပြီး ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းရာမှာ အသက် ၅၆နှစ် အရွယ် ဒေသခံတောင်သူတစ်ဦး သေနတ်ထိမှန်သေဆုံးပြီး ဒေသခံတောင်သူ၄၀ကျော်လည်း ထိခိုက် ဒဏ်ရာရကုန်ကြပါတယ်။

အဲဒီနေ့က၀မ်ပေါင်ကုမ္ပဏီက ခြံစည်း ရိုးခတ်တဲ့မြေနေရာတွေ ဟာဒေသခံတောင် သူတွေ မြေယာလျော်ကြေးရ ယူထားခြင်း မရှိတဲ့ မြေနေရာတွေဖြစ်ပြီး ခြံစည်းရိုးခတ်တာကြောင့် ဒေသခံတွေရဲ့ စိုက်ပျိုးပြီးသား စိုက်ခင်းသီး နှံတွေ ပျက်စီးသွားရာက နှစ်ဖက်တင်းမာ မှုတွေဖြစ်ပြီး ကြေကွဲဖွယ်ရာ သေဆုံး၊ ဒဏ်ရာရတဲ့ ရုပ်ပျက်ဆင်းပျက် အဖြစ်ဆိုးကြီး ပေါ်ပေါက်ခဲ့တာပါ။ …မိမိစိုက် ခင်းတွေကို ဘူဒိုဇာနဲ့ထိုးကော်ချိန် ဘူဒိုဇာ ရှေ့သေမှာ မကြောက်ဝင် တားသူကတား၊ စိုက်ခင်းတွေ ပျက်စီးသွားလို့ ငိုယိုနေသူ တွေက ငိုယိုနဲ့ ကြည့်ရတဲ့မြင်ကွင်းတွေက အတော်ကို အကြည့်ရဆိုးလှပါတယ်။ ပြီး တော့ တရုတ်စီမံကိန်းတွေနဲ့ ပတ်သက်ပြီး ပထမဆုံးပြည်သူသေဆုံးတဲ့ ဖြစ်စဉ် လည်း ဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာ ရသူတွေထဲမှာ လည်းလက်ဖြတ်ရတော့မယ့်အထိ ဒုက်္ခိတ ရောက်ရတော့ မယ့် အခြေအနေ ဆိုးရွားမှုတောင်ရှိနေ ပါတယ်။ မြန်မာအစိုးရ၊ မြန် မာရဲတပ်ဖွဲ့ဟာ တရုတ်စီမံကိန်းတွေနဲ့ပတ် သက်ပြီးလူသေဆုံးလောက်အောင်၊ ကိုယ့် သွေးကိုယ့်သားအချင်းချင်း သတ်ဖြတ်ရ လောက်အောင်ပြူးတူး ပျာတာနဲ့ တရုတ်နိုင်ငံဘက်က ဘာကြောင့်ဒီလောက် ကာကွယ်နေရတာလဲ ဆိုတာ မေးခွန်းထုတ်စရာ ကောင်း နေပါ တယ်။

လက်ပံတောင်းတောင်စီမံကိန်း ဆန္ဒပြသပိတ်စခန်းကို ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာ ၂၉ရက်မှာလည်း မြန်မာ့ရဲတပ်ဖွဲ့ ကအကြမ်း ဖက်နှိမ်နင်းခဲ့ဖူးပါသေးတယ်။ မနက်ဝေလီ ဝေလင်း ၃ နာရီလောက်မှာ သပိတ်စခန်းကို မီးလောင်ဗုံး နဲ့ ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် သံဃာတော်အပါး ၈၀ ကျော်နဲ့ ဒေသခံတွေ မီးလောင်ဒဏ်ရာတွေ ရခဲ့ပါ သေး တယ်။ အဲဒီတုန်းကလည်း ပါဝင်ပတ်သက်သူတွေကို အရေးယူပေးဖို့ ဆန္ဒပြမှုတွေ ကြိမ်ဖန် များစွာ ပေါ်ပေါက်ခဲ့ ပေမယ့် အခု ၂နှစ်ကျော်ကြာတဲ့အထိ အရေးယူမှု တစ်စုံတစ်ရာ လုံးဝမရှိခဲ့ပါဘူး။

လက်ရှိဖြစ်စဉ် ဒီဇင်ဘာ ၂၂ ရက် လူသေဆုံးပြီး နောက်တစ်ရက် မှာလည်း နှစ်ဖက်ထပ်ပြီး တင်းမာ မှုတွေဖြစ်လို့ သေနတ် ပစ်ဖောက်ဖြိုခွဲတာ၂ယောက် ဒဏ်ရာရသွားပါသေးတယ်။ လက်ရှိလက်ပံတောင်း လူသေဆုံးမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရန်ကုန်၊ မန္တလေးမြို့ကြီးတွေမှာ ဆန္ဒပြကန့်ကွက်မှုတွေ အရှိန်အဟုန်မြင့်နေပြီး ဆက်လက် အရှိန် အဟုန်မြင့်မယ့် အလားအလာတွေ လည်း မြင်တွေ့နေရပါတယ်။ လက်ရှိဆန္ဒပြ မှုဖြစ်စဉ်တွေမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဟာ ရန်ကုန်တရုတ်သံရုံးနဲ့ မန္တလေးကောင်စစ်ဝန်ရုံးတို့မှာ လုံခြုံရေးအပြည့် ယူထားတာ ဟာလိုတာ ထက်ပိုနေတယ်လို့တောင် ယူဆ ရပါတယ်။ ဒီဇင်ဘာ ၂၉ရက် ဆန္ဒပြပွဲမှာဆို ဆန္ဒပြသူတွေဟာ မြို့နယ်တွေ ဖြတ်ပြီး တရုတ်သံရုံးဆီ ချီတက်ကြရာမှာ လမ်းတစ်လျှောက်မြို့နယ်တွေမှာ လုံခြုံရေးယူထားခြင်းမျိုးမရှိဘဲ တရုတ်သံရုံးရှေ့မှာသာ လမ်းမကြီး နှစ်ဖက်ထိပ်ကိုသံဆူးကြိုးတစ်ထပ်၊ ရဲကားတွေ ကန့်လန့်ဖြတ်ပိတ်ပြီးတစ် ထပ်၊ အ၀ါရောင်ရဲစည်း တစ်ထပ်အဆင့်ဆင့်ပိတ်ပြီး ရဲတပ်ဖွဲ့ဝင် ရာဂဏန်းကို ဒိုင်းတွေနဲ့ အပြည့်အ၀ လုံခြုံရေး ယူပေးထားတာ တွေ့ရပါတယ်။

တရုတ်စီမံကိန်းတွေကိုမှ ဘာကြောင့် အကဲပို ကာကွယ်နေရတာလဲ

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ပြောကြားခဲ့ဖူးတဲ့ ““တရုတ်ကိုကြောက်နေရတယ်””ဆိုတဲ့စကားကို ပြန် သတိရရင်း တရုတ်စီမံကိန်းတွေနဲ့ ပတ်သက်ရင်မြန်မာ အစိုးရရဲ့အကဲပို အကာအကွယ်ပေးနေရမှုကို သုံးသပ် ကြည့်ချင်ပါတယ်။

၂၀၁၁၊ စက်တင်ဘာ ၃၀မှာ သမ္မတ ဦးသိန်းစိန်ဟာ တရုတ်ရဲ့၃ ဒသမ ၈ဘီလီ ယံတန်ဖိုးရှိတဲ့ မြစ်ဆုံဆည် စီမံကိန်းကို ဆိုင်းငံ့ကြောင်း ကြေညာခဲ့ပါတယ်။ ဒီစီမံကိန်းဆိုင်းငံ့မှုနဲ့ ပတ်သက်ပြီးဂျော့တောင်း တက္ကသိုလ်က မြန်မာ့အရေး ကျွမ်းကျင်သူ ဒေးဗစ်စတိန်းဘက်က ““မြစ်ဆုံဆည် ရပ်ဆိုင်းလိုက်ခြင်းဟာ တရုတ်ကို အတော် အထိ နာစေခဲ့ပါတယ်။ တခြားစီမံကိန်းတွေရဲ့ အလားအလာကိုလည်း စောင့်ကြည့်ရမယ့် အနေအထားဖြစ် သွားပါပြီ””လို့ မြစ်ဆုံဆည် စီမံကိန်းဆိုင်းငံ့အပြီး သုံးသပ်ပြခဲ့ဖူးပါတယ်။

မြစ်ဆုံအရေးနဲ့ ပတ်သက်လို့ တရုတ်မှာလည်း မြန်မာအစိုးရ ကို မေးစရာမေးခွန်း၂ခု ပေါ်လာပါတယ်။

(၁) မြစ်ဆုံဆည်ကို အပြီးရပ်ဆိုင်းလိုက်မှာလား။

(၂)ရပ်ဆိုင်းပစ်လိုက်ရင် လျော်ကြေးအစီအစဉ်က ဘယ်လိုအစီအမံလဲဆိုတဲ့မေး ခွန်း၂ခုပါ။

တကယ်လို့ မြစ်ဆုံဆည်အပြီးရပ်ဆိုင်းလိုက်လို့ စာချုပ်ဖောက်ဖျက်မှု အတွက် လျော်ကြေးအစီအစဉ်ဟာ ငွေကြေး မဟုတ်ဘဲ မြန်မာပြည်တွင်းက တခြားသောတရုတ်အကျိုးစီးပွားတွေကို ကာကွယ်ပေးရမယ် ဆိုတဲ့ တောင်းဆိုချက်သာ ဆိုရင်အခုဖြစ်နေတဲ့ ပဋိပက္ခတွေကို မြန်မာ အစိုးရကိုင်တွယ် ဖြေရှင်းနေပုံဟာ ဒီအချက်က အခြေခံတာလို့ ပြောလို့ရပါတယ်။

နောက်တရုတ်ရဲ့ မြန်မာအပေါ်ချမှတ်ထားတဲ့ ဗျူဟာ(၄)ရပ်မှာ စွမ်းအင်လုံခြုံမှု (Energy Security) နဲ့ ပထ၀ီဗျူ ဟာအရ အသုံးဝင်မှု (Geostrategic Utility) ဆိုပြီး ဗျူဟာ ၂ရပ် ပါဝင်နေပါတယ်။ ဒီဗျူဟာ ၂ရပ်နဲ့ မြစ်ဆုံဆည် ဆိုင်းငံ့ခြင်း အပေးအယူသာ တိုက်ဆိုင်ခဲ့ရိုးမှန်ရင် လက်ပံတောင်း စီမံကိန်းထက်ကို အရေးပါတဲ့ အမျိုးသားရေး အဆင့် တရုတ်စီမံကိန်းကြီးတွေ ရှိပါသေးတယ်။ မြစ်ဆုံဆည်စီမံကိန်းနဲ့ ရွှေ ဂက်စ်ပိုက်လိုင်းစီမံကိန်း တွေပဲဖြစ် ပါတယ်။ မြစ်ဆုံနဲ့ ရွှေဂက်စ်ပိုက်လိုင်း ၂ခုမှာ ရွှေဂက်စ်ပိုက်လိုင်းက တရုတ်နိုင်ငံရဲ့ အမျိုးသားရေးအဆင့် အနေ နဲ့ပိုပြီး မဟာဗျူဟာ ရည်မှန်းချက်တစ်ရပ် ဖြစ်ပါတယ်။ အမှန်က စွမ်းအင်လုံခြုံရေး အတွက် ရွှေဂက်စ်ပိုက်လိုင်း က အမျိုးသားရေးအဆင့် ဆိုပေမယ့် ရွှေဂက်စ်ပိုက်လိုင်းတစ်လျှောက် မြန်မာ့ခါးလယ်ကိုဖြတ်ပြီးဖောက်မယ့် ကျောက်ဖြူ-ယူနန် မီးရထားလမ်းဟာဆိုရင် ပိုလို့တောင် ပထ၀ီဗျူဟာအရ အရေးပါနေတယ်လို့ဆို ရမှာဖြစ်ပါ တယ်။ တရုတ်အစိုးရ ထိပ်တန်း အကြံပေးတစ်ဦးကဆိုရင် ““ပိုက်လိုင်းနဲ့ပတ် သက်ပြီး ဖြစ်ပေါ်လာမယ့် ဘေး အန္တရာယ်တွေ (Potential risk) တွေကို ကြိုတင်ဟန့်တားမယ့် အစီအမံတွေ အားလုံးစီစဉ်ထား ရှိပြီးပါပြီ”” ဆိုပြီး ပြောကြားခဲ့ဖူးပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကို ကိုးကားတဲ့ သတင်းတစ်ရပ်မှာလည်း ““တရုတ် ခေါင်းဆောင်များသည် ပိုက်လိုင်းစီမံချက် အထမြောက်စေရန်လိုအပ်ချက် မှန်သမျှကို အလေးထားပြီး အကြိမ်ကြိမ် ပြန်လည် အာရုံစိုက်စီမံထားသည်””ဆိုပြီး ဖော်ပြခဲ့ဖူး ပါတယ်။

ဆိုရရင် တရုတ်နိုင်ငံဟာ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခစီမံကိန်းဖြစ်တဲ့ လက်ပံတောင်းထက်ကို ပိုပြီး မဟာဗျူ ဟာကျတဲ့ စီမံကိန်းကြီးတွေပြုလုပ်ဖို့ အစီအမံတွေ ရှိနေပါတယ်။ လက်ပံတောင်းထက် ပိုပြီး မဟာဗျူဟာကျတဲ့ စီမံကိန်းကြီးတွေမှာ အခုလို ကန့်ကွက်ဆန္ဒပြမှုတွေ ကြုံမှာကို တရုတ်အစိုးရအနေနဲ့ သောကတင်ကြိုပွား နေနိုင် သလို ““တရုတ်ကို ကြောက်နေရပါတယ်”“ဆိုတဲ့မြန်မာအစိုးရကိုလည်း ဖိအားပေးမှုတွေ ကြုံလာရနိုင်ပါတယ်။ ဒီအခါ မြန်မာအစိုးရအနေနဲ့ ““တို့ပြည်သူကို ကာကွယ်မလေ””ဆိုတာကိုလျစ်လျူရှုပြီး“တရုတ် ပြည်ကြီးကို ကာကွယ်မလေ””ဆိုတဲ့ကြောက် အားဝင်နေတယ်လို့ ပြည်သူအပေါင်း ထင်မှတ်ယူဆမှာကိုလည်း အထူးဂရုမူ သင့်ပါတယ်။ အမှန်တော့ ဒီတရုတ်စီမံကိန်း ပဋိပက္ခတွေဟာ အရင်စစ်အာဏာရှင်ခေတ်ရဲ့ ဆိုးမွေကိုလက်ရှိ အရပ်သားတစ်ပိုင်း အစိုးရအနေနဲ့ ဆက်ခံနေရတာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိအစိုးရနဲ့ လွှတ်တော်ဟာ လည်း အရင်အာဏာရှင်ခေတ်က စစ်ဗိုလ် ချုပ်ဟောင်းတွေနဲ့သာ စုဖွဲ့ထားတာဖြစ်လို့ လက်ရှိတာဝန်ရှိ သူတွေ အနေနဲ့ လက်ရှိစီမံ ခန့်ခွဲပုံအမှားတွေကို တာဝန်ယူမှုရှိရှိ တာ ၀န် ခံဖြေရှင်းဖို့ လိုအပ်ပါတယ်။

လက်ပံတောင်းတောင်နှိမ်နင်းမှုတွေဟာ နောင်စီမံကိန်းကြီးတွေအတွက် အဟန့်လား

၂၀၁၂၊ နိုဝင်ဘာ ၂၉ရက် လက်ပံတောင်းတောင် အကြမ်းဖက်နှိမ်နင်းမှုမှာ သံဃာတော်တွေ မီးလောင်ဗုံးသင့် ဒဏ် ရာရလို့ ဆန့်ကျင်ဆန္ဒပြပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်နေပြီး တရုတ်ဆန့်ကျင်ရေး စိတ်ထားတွေ တစ်စ တစ်စပွားနေချိန် ၃ လအကြာမှာ မိတ်္ထီလာအဓိကရုဏ်းဖြစ်ပြီး မွတ်ဆလင်ဘာသာဝင်တွေနဲ့ ဗုဒ္ဓဘာသာ ၀င်တွေ ကြားမှာ သွေးခွဲလှုံ့ဆော်အုပ်စုတွေကြောင့် အဓိကရုဏ်းတွေ မြန်မာပြည်အနှံ့က မြို့တွေဆီ ကူးစက် ပျံ့နှံ့ကုန်ပါ တယ်။ မိတ်္ထီလာကစလိုက်တဲ့ အဓိကရုဏ်းတွေဟာ တရုတ်စီမံကိန်းတွေရဲ့ ပဋိပက္ခဂယက်တွေကို ဖုံးလွှမ်းသွား ပါတယ်။ ဒါဟာ တိုက်ဆိုင်မှုသက်သက်လား ဆိုတာလည်း စဉ်းစားစရာ ကောင်းလှပါတယ်။

လက်ပံတောင်းတောင် အကြမ်းဖက်နှိမ်နင်းမှု ဖြစ်စဉ်တွေဟာ မဟာဗျူဟာကျ တရုတ်စီမံကိန်းကြီးတွေ အပေါ် ပေါ်ထွက်လာနိုင်ခြေရှိတဲ့ ဆန္ဒပြကန့်ကွက်မှုတွေအတွက် တင်ကြို““အချက်ပြအဟန့်””လား ဆိုတာလည်း စဉ်းစားဖွယ်ကောင်းပါတယ်။

ဝမ်ပေါင်ကုမ္ပဏီနဲ့ တရုတ်အစိုးရက လက်ပံတောင်း ပဋိပက္ခလူသေဆုံးမှုအတွက် ၀မ်းနည်းကြောင်း စကားတွေ အသီးသီးဆိုခဲ့ပေမယ့် မြန်မာအစိုးရဘက်ကတော့ ၀မ်းနည်းကြောင်း စကားတောင် မပါးတာဟာလည်း စိတ်မ ချမ်း မြေ့ဖွယ်ရာပါပဲ။ တရုတ်ဘက်က ၀မ်းနည်းကြောင်း စကားဆိုပေမယ့် ၀မ်ပေါင်ကုမ္ပဏီကတော အင်တာဗျူး တစ်ခုမှာ ““ဒီပဋိပက္ခရဲ့ဖြစ်စဉ်မှာ နောက်ကွယ်က သွေးထိုးလှုံ့ဆော်မှု တွေရှိကြောင်း၊ ဒေသခံဆန္ဒ ပြသူတွေ ဟာ နေ့တွက်ခယူပြီး ဆန္ဒပြနေကြ တာ ဖြစ်ကြောင်း”” ပြောကြားသွားတာကတော့ တရားမျှတမှု လိုလားတဲ့ နိုင်ငံအ၀န်းက ဆန္ဒပြကန့်ကွက်သူတွေကို ပျားအုံကို တုတ်နဲ့ထိုးလိုက်သလို ဖြစ်သွားဖွယ်ရှိပြီး တ ရုတ်ဆန့်ကျင် ရေး ဆန္ဒပြမှုတွေ အရှိန်မြင့်လာနိုင်စရာ အကြောင်းအချက်တွေ ရှိနေတာကတော့ ရတက်မအေးစရာပါပဲ။

မြန်မာအစိုးရကတော့ စုံစမ်းရေးကော်မရှင်ဖွဲ့မယ်ဆိုတာမျိုး သာ ပြောပြီး နှုတ် ဆိတ်နေပါတယ်။ အဓိကရုဏ်း နှိမ် နင်းရေး သင်တန်းတွေကို ဥရောပ သမဂ္ဂက ငွေကုန်ကြေးကျခံ တက်ရောက်ပြီးသား ရဲတပ်ဖွဲ့အနေနဲ့ ပဋိပက်္ခဖြေ ရှင်းနည်းအမှားတွေကို ပြန်လည်သုံးသပ်သင့်သလို အစိုးရအနေနဲ့လည်း တာဝန်ခံမှုရှိရှိထိထိရောက် ရောက် ကိုင်တွယ် ဖြေရှင်းမှုတွေကို အရေးတကြီး မလုပ်ဆောင်နိုင်ဘူးဆိုရင် တရုတ် စီမံကိန်းတွေနဲ့ပတ်သက်ပြီး ပဋိ ပက္ခဂယက် တွေဟာ၂၀၁၅အတွင်း ပိုမိုကြီးမားလာနိုင်ပါကြောင်းနဲ့ လက်ရှိပဋိပက်္ခကို ရှောင်လွှဲဖို့ တခြားသော ပဋိပက်္ခတွေနဲ့ အာရုံလွှဲခြင်း နည်းလမ်းတွေ အစားထိုးမရိုးမသား နည်းလမ်းတွေ အသုံးပြုနိုင်ခြေ ကို ပြည်သူတွေ အထူးဂရုမူ စောင့်ကြည့်သင့်ပါကြောင်း သုံးသပ်လိုက်ရပါတယ်။

လင်းထိုက် (Y.I.T)
၂၉-၁၂-၂၀၁၄
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald


မြန်မာဓလေ့ စရိုက်ပီပီ ““ဟေ့”” ဆိုတာနဲ့ လူစုရုံး တတ်တော့ ကျွန်တော်တို့ စမ်းချောင်း မြို့နယ်က စည်ပင်က တော်တော်၊ ရပ်ကွက်လူကြီးက ကဲကဲ ပြောရ မလား တော့မသိ။ ရပ်ကွက်လူကြီးတွေ လမ်း သလားနေတာ၊ လုံခြုံရေးကျ တဲ့ နှစ်ရစ်နဲ့ရဲသားက လမ်းဘေးက ထမင်းဆိုင်မှာ ခပ်မှိုင်မှိုင် ထိုင်နေ တာ။ မြင်ကွင်းကတော့ လှပါ ပေ့လို့ပဲ ပြောရမယ် … မဲပေးခွင့်မရတဲ့ ရပ်ကွက်ထဲက လူတွေက ပြောကြ၊ ဆိုကြ၊ ပြန်ကုန်ကြနဲ့ ပွက်လော ရိုက်ကုန်ပါကော …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဖြတ်သန်းခဲ့ရသော သတင်းထောက်ဘ၀ အတွေ့အကြုံ

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအဆင့်ဆင့် ရွေးကောက်ပွဲကတော့ ပြီးသွားပါပြီ။ အခု ဆောင်း ပါးရေး နေချိန်မှာ ဘယ်သူတွေ အနိုင်ရတယ်၊ ဘယ်သူတွေ ရှုံးနိမ့်တယ်ဆိုတာကိုတော့ စည်ပင်ရွေးကောက် ပွဲ ကော်မရှင်ဥက္ကဋ္ဌကြီးက မထုတ်ပြန်သေးပါဘူး။

ဘယ်သူအနိုင်ရတယ်၊ မရဘူးဆိုတာ ထားချေဦး။ စည်ပင်ရွေးကောက်ပွဲ လုပ်တဲ့ နေ့ကတော့ ရပ်ကွက်ထဲမှာ ရှိတဲ့ မဲရုံတွေ မှာတော့ ကြိတ်ကြိတ်ကို တိုးလို့။ ကျွန်တော့်ကို မဲပေးပါ၊ ကျွန်မကို မဲပေးပါဆိုတဲ့ ဗီနိုင်းဆိုင်း ဘုတ်တွေကလည်း ပလူကို ပျံလို့။ ဒါနဲ့တစ်ခု ထူးထူးခြားခြားရှိတာကတော့ မဲရုံနဲ့ကိုက် ၅၀ (ပေ ၁၅၀)အတွင်း အဲဒီလိုမျိုး ဆိုင်းဘုတ်တွေ မရှိရဘူးလို့ သိထားပေမယ့်လည်း မဲပေးတဲ့ ရုံရှေ့နဲ့ မဲရုံ ဘေးတွေမှာတောင် ကြော်ငြာ ဗီနိုင်းဘုတ်တွေက ပလူကိုပျံလို့။ ကော်မရှင်ဥက္ကဋ္ဌကပဲ မပြောထားလို့လား၊ ဒါမှမဟုတ် မဲရုံ တာဝန်ရှိ သူတွေက မသိကြလို့လားတော့ မသိပါဘူး။ မဲရုံစည်းကမ်းကို နားမလည် ကြလို့ဘဲလို့ပဲ တေးမှတ်ထားလိုက်ပါ တယ်။ ဒါပေမဲ့ တချို့မဲရုံမှူးတွေကတော့ တော်ရှာ ပါတယ်။ ကျွန်တော်တို့ တိုက်က သတင်း ထောက်တွေက ““ခင်ဗျားတို့ ဒီလိုလုပ် လို့မရဘူးလေ”” ဆိုပြီး သတင်းသွားယူရင်းနဲ့ ပြောတော့ အဲဒီဗီနိုင်းစတွေကို ဖြုတ်ချ ပစ်တာမျိုးလည်း ရှိပါ့။…

မြန်မာဓလေ့ စရိုက်ပီပီ ““ဟေ့”” ဆို တာနဲ့ လူစုရုံးတတ်တော့ ကျွန်တော်တို့ စမ်းချောင်းမြို့နယ်က မဲရုံမှာဆို လူတွေက ကြိတ်ကြိတ်တိုး။ စည်ပင်က တော်တော်၊ ရပ်ကွက်လူကြီးက ကဲကဲ ပြောရမလား တော့မသိ။ ရပ်ကွက်လူကြီးတွေ လမ်းသလားနေတာ၊ လုံခြုံရေးကျတဲ့ နှစ်ရစ်နဲ့ ရဲ သားက လမ်းဘေးက ထမင်းဆိုင်မှာ ခပ် မှိုင်မှိုင်ထိုင်နေတာ။ မြင်ကွင်းကတော့ လှ ပါပေ့လို့ပဲ ပြောရမယ်။ မဲရုံနားနေပြီး မဲဆွယ် ဗီနိုင်းစတွေချိတ်ဖို့ လမ်းဘေးက ကုန်စုံဆိုင်ကိုဝင်ပြီး ကြိုးဝယ်တဲ့သူက၀ယ်၊ ဟိုလူလာပါ ဒီလူလာပါနဲ့ အော်ငေါက်နေ တဲ့ လူကြီး များက တစ်မျိုး။ မြင်ကွင်းကတော့ တက်ကြွလှတယ်ပဲ ပြောရမယ်။

အချိန်က တစ်စတစ်စနဲ့ မဲပေးဖို့ အချိန်ရောက်လာတော့ ထုံးစံအတိုင်းဝရုန်း သုန်းကားနဲ့ စည်ပင်ကို အမျိုးမျိုး သော အခွန်အခတွေပေးနေရတဲ့ ပြည်သူတွေ လည်း တဖွဲဖွဲရောက်လာပေါ့။ ကျွန်တော် တို့ နေတဲ့တိုက်ခန်းက ရှစ်ထပ်တိုက်ပါ။ အခန်းတိုင်းမှာလည်း မိသားစုကိုယ်စီ နေကြသလို အဲဒီထဲက အများစုဟာသန်းခေါင် စာရင်း ပေါက် နေထိုင်နေကြသူတွေပါ။ ဒီ တော့ သန်းခေါင်စာရင်းတစ်ခုကို မဲတစ်မဲ ပေးရမယ်ဆိုတော့ အိမ်က အဒေါ်ကလည်း တက်တက်ကြွကြွပေါ့။ ဒီတော့ မဲပေးမယ် ဆိုပြီး သွားလည်းသွားကော ပြဿနာ တက်လာပါ လေကော။

ဘယ်နှယ့်။ သန်းခေါင်စာရင်း ပေါက်ပေမယ့် မဲရုံမှာကျတော့ မဲပေးဖို့ စာရင်းထဲ ပါမလာဘူးတဲ့။ ဒါတင်လား မဟုတ်။ တခြားတိုက်ခန်းက သန်းခေါင် စာရင်းပေါက် မိသားစုတွေလည်း မဲပေးရမယ့်စာရင်းမှာ မပါဘူး။ တစ် တိုက်လုံးမှာ တစ်ယောက် တည်းပါတယ်။ အဲဒီလူကလည်း သူ့ကို စည်ပင်ကလာပြီး လူစာရင်းကောက်တာ မရှိတာကြောင့် မဲမပေးဘူးတဲ့ဗျာ။ ကောင်း ရော။

နဂိုကတော့ လူအားလုံး မဲမပေးရဘူး၊ သန်းခေါင်စာရင်းတစ်ခုမှာ တစ်ယောက်ပဲ မဲပေးရမယ်။ အဲဒီ တစ် ယောက်ကလည်း စည်ပင် အဆင့်ဆင့်အလိုက် မဲခုနစ်မဲ ပေးရမယ် ဆိုတာကို စည်ပင်ကော် မရှင်က ပြောထား တာမဟုတ်လား။ အိမ်က အဒေါ်ကိုတောင် အဲဒီမဲပေးပုံ၊ မဲပေးနည်းကို သင်ပေးလိုက်ရတာ။ သိတဲ့အတိုင်းလေ။ ကိုယ်က ဒီမဲပေးနည်းကိုတောင် သတင်း ထောက်ဖြစ်လို့သိရတာ။ အိမ်က အဒေါ် က ဘယ်နှယ့်သိပါ့မလဲ။ ရပ်ကွက်ထဲလာပြီး၊ မြို့နယ်ထဲလာပြီး မဲပေးပုံအဆင့်ဆင့်ကို ပြည်သူ အားလုံးသိအောင် ချပြ၊ ရှင်းပြခဲ့ တာလည်း မဟုတ်။

ဒါနဲ့ အဒေါ်က မဲပေးဖို့ တာဝန်ကျေ အောင်လာပေမယ့် နင်တို့ဘက်က မဲပေး ရမယ့်စာရင်းထဲ မထည့်ထားလို့ မဲမပေး တာနော် ဆိုပြီး ပြောတော့ မဲရုံက တာဝန် ရှိသူက ““အဲဒါ ကျွန်တော်တို့ လုပ်တာ မဟုတ်ပါဘူးဗျာ။ စည်ပင်ကနေ လာပြီး မဲပေးရမယ့် စာရင်းကိုကောက်ပြီး ပေးတာပါ””တဲ့။ အေးပေါ့လေ။ သူကလည်း မဲရုံ စောင့်ဖို့ တာဝန်ပဲရှိတာဆိုတော့ ထားပါ လေ။ ဒါနဲ့ စည်ပင်ကကော ဘာလို့များ မဲပေးရမယ့်လူစာရင်းကို လာမကောက်ခဲ့ တာပါလိမ့်။ တိုက်တစ်တိုက်မှာ တစ် မိသားစုပဲနေတယ်လို့များ ထင်ပြီး တစ် တိုက်လုံးထဲက တစ်ယောက်ကိုပဲ မဲစာရင်း ထဲ ထည့်လိုက်လေလားမသိ။

ကျွန်တော့်အဒေါ်က မဲမပေးလို့ ပြော နေစဉ်တုန်းပဲ ကျန်တဲ့ သူတွေကလည်း အသံတွေ ထွက်လာပါကော။

““ဟုတ်တယ်။ ကျွန်တော်တို့/ ကျွန်မ တို့လည်း မဲပေးဖို့ လာတာပဲ။ သူတို့ပဲ ညညကျရင် လိုက်အော်တယ်လေ။ မဲပေး ကြပါဆိုပြီး။ အခုကျတော့ မဲပေးရမယ့် စာရင်းထဲမှာ မပါဘူး။ ကျွန်တော်/ ကျွန်မတို့ တာဝန်ကျေတယ် နော်။ နဂိုတုန်းက စည်ပင်ခွန် ကောက်ဖို့ကျရင် တစ်အိမ်တက် တစ်အိမ်ဆင်းလုပ်ပြီး လိုက်ကောက်တာ။ အခုကျ တော့ မဲပေးဖို့ စာရင်းတွေလည်း လာမကောက်ဘူး၊ မဲပေးရမယ့်စာရင်းထဲ လည်း မပါဘူး””ဆိုပြီး မဲပေးခွင့်မရတဲ့ ရပ် ကွက်ထဲက လူတွေက ပြောကြ၊ ဆို ကြ၊ ပြန်ကုန်ကြနဲ့ ပွက်လောရိုက်ကုန်ပါကော။

ဟုတ်ပါ့ဗျာ။ ကျွန်တော်လည်း သူတို့ ပြောမှပဲ သတိထားမိတယ်။ ရပ်ကွက်ထဲ စည်ပင်ကနေ ကောက်နေ တဲ့ ရေခွန်၊ မြေ ခွန်၊ အမှိုက်ခွန်စတဲ့ စတဲ့ အခွန်တွေ ကောက်တဲ့အခါကျတော့ စည်ပင်ဝန်ထမ်း တွေက တိကျသဗျ။ ဒါတင်လား မဟုတ်။ တစ်လောကပဲ ကျွန်တော်တို့ရုံးရှိတဲ့ ဗိုလ် တထောင်မြို့နယ်မှာ စည်ပင်ဝန်ထမ်းအမျိုး သမီးက ဆိုက်ကားကြီးစီးပြီး ရပ်ကွက်ထဲက တိုက်ခန်းတွေမှာ ဘယ်အခန်းက နေ ကာ(Sun Shape)တွေ တပ်ထားလဲ ဆိုတာ လိုက်ကြည့်ပြီး အခွန်ဆောင်ရမယ်ဆိုပြီး စနည်းနာလိုက်ကြည့်ပြီး ပြောနေတာ တွေ့ပါ့။ ပြောချင်တာက အခွန်ကောက်ဖို့ ဆိုရင် တကယ့်ကို ပင်ပင်ပန်းပန်းနဲ့ ရုံးထဲမထိုင်ဘဲ အလုပ်လုပ်နေတာကို ချီးကျူးချင်လို့ပါ။

ဒါပေမဲ့ တကယ့်ကို အရေးကြီးတဲ့ စည်ပင်ရွေးကောက်ပွဲမှာကျတော့ ကျွန် တော်တို့မြို့နယ်က စည်ပင်များကျ တော့ ဘယ်အချိန်မဲပေးဖို့ လူစာရင်းလာစုဆောင်း သွားတယ်ဆိုတာ မသိ၊ ဘယ်လိုမျိုး မဲစာရင်း ပြုစုလိုက် တယ်ဆိုတာ မသိနဲ့ ရပ်ကွက်ထဲက လူတွေကတော့ မဲပေးသူ ပေးရ၊ မပေးရသူ မပေးရနဲ့ အတော့်ကို ရုပ်ပျက် ခဲ့ပါတယ်။

ဒီနေရာမှာတင် မဲမပေးလိုက်ရတဲ့ မကျေမနပ်နဲ့ ပြောနေသူ တစ်ယောက်ရဲ့ စကားတစ်ခွန်း ကတော့ ရွေး ကောက်ပွဲနဲ့ ပတ်သက်ပြီး ပြည်သူတွေ မဲပေးခွင့်ရအောင် မလုပ်ပေးနိုင်တဲ့ စည်ပင်ရဲ့ တာဝန်လစ် ဟင်းမှုကို ထင်းခနဲ လင်းခနဲနဲ့ကို သိမြင်စေခဲ့ပါတယ်။ အဲဒီစကားကတော့ဒီလိုပါ။

““မဲမပေးတော့လည်း မပေးလို့၊ ပေးဖို့လာပြန်တော့လည်း မပါဘူး။ တာဝန်ကျ သူကို မေးတော့လည်း စည်ပင်က လုပ်တာတဲ့။ အေးလေ။ စည်ပင်ရွေးကောက်ပွဲ ဆိုတော့ စည်ပင်ကလုပ်တာပေါ့။ တစ်အိမ် တက် တစ်အိမ်ဆင်း အခွန်ကောက်ဖို့ ကျတော့လာတယ်။ အဲဒီကျမှ မေးပစ်လိုက် ဦးမယ်။ မဲပေးဖို့ လူစာရင်းကောက်တုန်းက ကျ တော့ ချန်ခဲ့ပြီး အခုကျမှ အခွန်လာ ကောက်တာ တာဝန်အရလားဆိုပြီး””။

အောင်ထွန်းလင်း
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.