01/09/15


ပဲရစ်၊ ဇန်န၀ါရီ၊ ၈

ယမန်နေ့က ဖြစ်ပွားခဲ့သည့် ပဲရစ်မြို့ရှိ ချာလီဟပ်ဘ်ဒို မဂ္ဂဇင်းဌာန တိုက်ခိုက်မှုတွင် ပါဝင်သော အသက် ၁၈ နှစ်အရွယ် အမျိုးသားတဦးသည် ပြင်သစ်နိုင်ငံ မြောက်ပိုင်းမှ ရဲစခန်းတခုတွင် ကိုယ်တိုင်လာရောက် ဖမ်းဆီးခံခဲ့သည်။

လူပေါင်း ၁၂ ဦးကို သတ်ဖြတ်ခဲ့သည့် အစ္စလာမ္မစ် လက်နက်ကိုင်များဟု သံသယရှိသူ ပြင်သစ်နိုင်ငံသား သုံးဦးကို ရဲများက လိုက်လံရှာဖွေလျက်ရှိသည်။

အဆိုပါက အမျိုးသားသည် ပြင်သစ်နိုင်ငံမြောက်ပိုင်း ချာလီဗဲလီမြို့ရှိ ရဲဌာနတခုတွင် ကိုယ်တိုင်လာရောက်၍ အဖမ်းခံခဲ့ခြင်း ဖြစ်သော်လည်း မည်သူမည်ဝါ ဖြစ်ကြောင်းကိုမူ တာဝန်ရှိသည့် ရဲအရာရှိမှ ထုတ်ဖော်ပြောကြားခြင်းမပြုခဲ့ပေ။

အဆိုပါ အမျိုးသားသည် ၎င်း၏ အမည်ကို လူမှုကွန်ရက်၌ တွေ့ရှိခဲ့ပြီးနောက် ရဲဌာနသို့ ကိုယ်တိုင်သွားရောက်၍ အဖမ်းခံခဲ့ခြင်း ဖြစ်သည်ဟု BFM ရုပ်သံသတင်းဌာနက ဖော်ပြသည်။ ယမန်နေ့က ပစ်ခတ်သွားသူ နှစ်ဦးနှင့် အဆက်အစပ်ရှိသော အခြားသူများကိုလည်း ဖမ်းဆီးမှုများ ရှိခဲ့သည်ဟု ယင်းသတင်းဌာနက ဖော်ပြထားသည်။

ကျော်လင်းထွန်း
__Ref: Reuters
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

ပြင်သစ်ရဲလုံခြုံရေးတွေနဲ့ မူခင်းစစ်ဆေးရေးအဖွဲ့ စစ်ဆေးနေစဉ်။ (ဇန်နဝါရီလ-၂၀၁၅)
ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်မှာ ရှိတဲ့Charlie Hebdo (ချာလီ ဟဘ်ဒို) မဂ္ဂဇင်းရဲ့ ရုံးချုပ်မှာလူ ၁၂ ဦး သေဆုံးခဲ့ရတဲ့ ပစ်ခတ်မှုရဲ့ လက်သည် အဖြစ် သံသယရှိထားသူ ၂ ဦးကို ရှာဖွေမှုအတွင်း လူ ၇ ဦးကို ဖမ်းဆီးထားပြီလို့ ပြင်သစ် တာဝန်ရှိသူတို့ က ပြောပါတယ်။ Charlie Hebdo မဂ္ဂဇင်းကတော့ သရော်စာတွေ ရေးသားပြီး အပတ်စဉ် ထုတ်ဝေနေတာလည်း ဖြစ်ပါတယ်။ အခု သံသယ ရှိထားသူ ၂ ဦးတို့ဟာ ထောက်လှမ်းရေး အချက်အလက်တွေကို သိရှိထားသူ ဖြစ်တယ် လို့ ပြင်သစ် ၀န်ကြီးချုပ် Manuel Valls က ဒီကနေ့မှာဘဲ သတင်းထောက်တွေ ကို ပြောပါတယ်။

သူတို့ဟာ စစ်သားတွေလိုဘဲ လှုပ်ရှား ဆောင်ရွက်ခဲ့တယ်လို့လည်း သူက ထပ်လောင်း ပြောပါတယ်။ ဒုတိယ အကျော့ တိုက်ခိုက်မှုတွေကို ကြိုတင် ကာကွယ်နိုင်ရေးက အစိုးရရဲ့ အဓိက စိုးရိမ်ချက် ဖြစ်တယ်လို့လည်း ပြောပါတယ်။ ပဲရစ်မြို့ တော် တောင်ပိုင်းမှာ ဒီကနေ့ ရဲမေ တဦး အသေ ပစ်သတ်ခံရတယ်လို့ ရဲတို့က ပြောပါတယ်။ ဒါပေမယ့်လည်း ဒီပစ်ခတ်မှုဟာ Charlie Hebdo မဂ္ဂဇင်းတိုက်ကို ၀င်ရောက် ပစ်ခတ်သူတွေကို ရှာဖွေမှုနဲ့ သက်ဆိုင်မှု ရှိသလား၊ မရှိဘူးလားဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

မနေ့ ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းမှာတော့ အသက် ၁၈ နှစ်အရွယ် Mamyd Mourad က အာဏာပိုင်တို့ထံမှာ လက်နက်ချ ဖမ်းဆီးခံခဲ့ပါတယ်။ ညီအကို နှစ်ဦး ဖြစ်တဲ့ Said (ဆာအိဒ်) နဲ့ Cherif Kouachi (ရှာရစ်ဖ် ကော့ချီ) တို့ နှစ်ဦးကိုတော့ ရဲတွေက ဆက်ပြီး ရှာဖွေနေကြပါတယ်။ ဒီညီအကို နှစ်ယောက်လုံးတို့ဟာ ပဲရစ်မြို့တော်မှာ နေထိုင်သူတွေ ဖြစ်ပြီး Cherif ကတော့ အကြမ်းဖက်မှု စွဲချက်နဲ့ ထောင်ကျခဲ့ဖူးပါတယ်။

ဒီနှစ်ယောက်တို့ဟာ လက်နက်ကိုင်ဆောင်ထားပြီး အန္တရာယ် ရှိတယ်လို့ ပြင်သစ် အာဏာပိုင်တို့က သတိပေးထားပါတယ်။မူဆလင် အစွန်းရောက်တွေကို အခါအားလျော်စွာ လှောင်ပြောင်တဲ့ ကာတွန်းတွေ ဖော်ပြလေ့ ရှိတဲ့ အပတ်စဉ် သရော်စာ မဂ္ဂဇင်း Charlie Hebdo (ချာလီ ဟဘ်ဒို) ရုံးမှာ မနေ့က ပစ်ခတ်မှု အပြီးမှာ သံသယ ရှိခံထားရသူတွေထဲက တဦးရဲ့မှတ်ပုံတင် ID ကဒ်ကို ကားထဲကနေ ရဲတွေ တွေ့ရှိပြီး ဘယ်သူတွေ ဖြစ်တယ် ဆိုတာကို ဖော်ထုတ်ခဲ့ တာ ဖြစ်ပါတယ်။သေဆုံးခဲ့ရသူတွေ အတွက် နိုင်ငံတ၀ှမ်း တရက်တာ ၀မ်းနည်းကြေကွဲမှု အဖြစ် သတ်မှတ်ပြီး ပြင်သစ် နိုင်ငံ တ၀ှမ်းမှာ အလံတွေကို တိုက်တ၀က်သာ လွှင့်ထူထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/france-man-hunt-contiues-for-the-suspects/2590157.html


ပဲရစ်၊ ဇန်န၀ါရီ ၈

ချာလီဟတ်ဘ်ဒို မဂ္ဂဇင်းဌာနကို တိုက်ခိုက်ခဲ့သည်ဟု သံသရှိသော ညီအစ်ကို နှစ်ဦးတို့၏ အမည်များအား ပြင်သစ်ရဲဌာနက ထုတ်ဖော်ပြောကြားလိုက်ပြီး ရှာဖွေမှုများ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်သည်။

ရှရစ်ဖ်နှင့် ဆတ်ကွာချီတို့၏ ဓာတ်ပုံများကို ထုတ်ပြန်၍ ၎င်းတို့သည် လက်နက်ကိုင်များဖြစ်ကာ အန္တရာယ်ရှိကြောင်းနှင့် ဖမ်းဝရမ်းထုတ်ထားပြီး ဖြစ်ကြောင်း ရဲအရာရှိများက ပြောကြားလိုက်ခြင်း ဖြစ်သည်။ သံသယရှိထားသူ သုံးဦးအနက် တဦး လာရောက် ဖမ်းဆီးခံထားကာ အဆိုပါ နှစ်ဦးမှာ လွတ်မြောက်နေခြင်း ဖြစ်သည်။

သရော်စာများကို ရုပ်ပြကာတွန်းတို့နှင့် ချယ်မှုန်းဖော်ပြသည့် အပတ်စဉ်ထုတ် အထက်ပါ မဂ္ဂဇင်းဌာနတွင် အလုပ်လုပ်နေသော အယ်ဒီတာနှင့် ကာတွန်းဆရာ စုစုပေါင်း ၁၂ ဦး ယမန်နေ့က သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်။

ယနေ့ မွန်းတည့်ချိန်က နိုင်ငံတ၀န်းလုံးတွင် အဆိုပါ ဖြစ်စဉ်အတွက် ၀မ်းနည်း ကြေကွဲခြင်း အထိမ်းအမှတ်အဖြစ် ပြည်သူများ တမိနစ် တိတိ ငြိမ်သက်နေခဲ့ကြကာ ပဲရစ်မြို့ရှိ နော်တာဒိမ်း ဘုရားကျောင်းတွင်းလည်း ခေါင်းလောင်းများ ထိုးခဲ့ကြသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက မြို့တော် အရှေ့ပိုင်းတွင် အဓိက တပ်ဖြန့်၍ တညလုံး ရှာဖွေမှုများ ပြုလုပ်ခဲ့သော်လည်း ဖမ်းဆီးနိုင်ခဲ့ခြင်း မရှိပေ။

ပြင်သစ်နိုင်ငံသည် အကြမ်းဖက်မှု သတိပေးနှိုးဆော်ချက်များ အမြင့်မားဆုံး ပြုလုပ်ထားရပြီး ရဲတပ်ဖွဲ့ဝင်အများအပြားကိုလည်း သတင်းမီဒီယာ ဌာနများ၊ ဘာသာရေး အဆောက်အအုံများ၊ ခရီးသွားလာရေး ဌာနများနှင့် အခြား ထိခိုက်လွယ်သည့် နေရာများတွင် တပ်ဖြန့်၍ လုံခြုံရေး ချထားလျက်ရှိသည်။

ကျော်လင်းထွန်း
__Ref: BBC
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


ရခိုင်ပြည်နယ်ကို ဒီကနေ့ လာရောက်ဖို့ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး သံကိုယ်စားလှယ် မစ္စယန်ဟီးလီကို ဆန္ဒပြဖို့ ရာနဲ့ချီတဲ့ ဒေသခံတွေ ဒီကနေ့မနက်ကတည်းက စစ်တွေလေ ဆိပ်မှာ စောင့်ဆိုင်း နေကြပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်ရဲ့ အစီရင်ခံစာမှာ ရိုဟင်ဂျာ စကားလုံးကို မြန်မာအစိုးရက လက်ခံဖို့နဲ့ နိုင်ငံသားအဖြစ် သတ်မှတ်ပြီး ခရီးသွားလာခွင့်၊ နေထိုင်ခွင့် ပေးဖို့ ဖော်ပြခဲ့တာကို မကျေနပ်လို့ ဆန္ဒပြတာလို့ ဆန္ဒပြရာမှာ ပါဝင်တဲ့ ကိုသွင်က ပြောပါတယ်။

“‘ဒါဟာ နိုင်ငံတနိုင်ငံ အမျိုးသား လုံခြုံရေး ကိစ္စကို လုံးဝထည့် မစဉ်းစားဘဲနဲ့ လိုအပ်တာထက်ပိုပြီးတော့ နိုင်ငံတနိုင်ငံအပေါ် ၀င်ရောက်စွက်ဖက်တယ်၊ ဖိအားပေးတယ် ဒါဟာ ကျနော်တို့ လုံးဝ လက်မခံဘူးဆိုတဲ့ ကိစ္စပေါ်မူတည်ပြီးတော့ပါ။”

မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေတွေကို စုံစမ်းလေ့လာဖို့ လာရောက်တဲ့ ယန်ဟေးလီဟာ ဒီကနေ့မနက်က အရပ်ဘက် လူ့အဖွဲ့အစည်းတွေ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်၊ လူ့အခွင့်အရေးလှုပ်၇ှားသူတွေနဲ့ ဒီကနေ့ ရန်ကုန်မှာတွေ့ ဆုံခဲ့ ပါတယ်။

လူ့အခွင့်အရေးသံတမန်နဲ့ တွေ့ဆုံခဲ့တဲ့ ညီမျှခြင်းမြန်မာက ညွန်ကြားရေးမှူး ဦးအောင်မျိုးမင်းက လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေအပါအ၀င် မျိုးစောင့် ဥပဒေတွေကိစ္စနဲ့ ရပ်အကြောင်းနဲ့ အမျိုးသမီးကိစ္စတွေကို အဓိကထား ဆွေးနွေးဖြစ်တယ်လို့ ပြောပါတယ်။

“ဒီဥပဒေရဲ့ မူလထဲမှာတော့ ကာကွယ်မှုလို့ ပြောတယ်၊ ဒါပေမယ့် ကာကွယ်မှုပုံစံမဟုတ်ဘဲနဲ့ ထိန်းချုပ်မှု ပုံစံ ဖြစ်နေတဲ့ အကြောင်းတွေ ကျနော်တို့ ပြောတာ ရှိတယ်၊ လူတစုကိုပဲကာကွယ်ပေးတဲ့ ရည်ရွယ်ချက်ရှိတဲ့ ဥပဒေမျိုးက ကျနော်တို့ တိုင်းပြည်မှာလို တိုင်းရင်းသား လူမျိုးပေါင်းစုံ ဘာသာရေး လူမျိုးပေါင်းစုံ ရှိနေတဲ့ နေရာမျိုးမှာ ကောင်းကျိုးထက်ပိုဆိုးကျိုးဖြစ်စေမယ် ” လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။

ဒါ့အပြင် ကျားမ တန်းတူညီမျှရေး ကွန်ယက်ရဲ့ တွဲဖက် ဥက္ကဋ္ဌ ဒေါ်သံစည်ထွန်းသိန်းက နိုင်ငံတော်နဲ့ ပူးပေါင်းပြီးတော့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်တဲ့ ဥပဒေကို ရေးဆွဲနေတဲ့ ကိစ္စကိုဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

“အဓိကကတော့ မြန်မာပြည်မှာ အခုလုပ်နေတဲ့ အမျိုးသမီး အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေကို အမြန်ဆုံးပြီးမြောက်အောင်လုပ်ပြီးတော့ ဒီဥပဒေကို အမြန်ဆုံး အတည်ဖြစ်သွားအောင် လုပ်မှာပေါ့နော် အဲဒါကြိုးစားဖို့လုပ်နေတယ်ဆိုတာကို ပြောခဲ့တာ” လို့ ဒေါ်သံစည်ထွန်းသိန်းက ပြောပါတယ်။

မစ္စယန်ဟီးလီဟာ ဇန်န၀ါရီလ ၆ ရက်ညနေ ကတည်းက မြန်မာနိုင်ငံမှာ ရောက်၇ှိနေတာ ဖြစ်ပြီး မနေ့ကတော့ အင်းစိန်ထောင်ကို သွားရောက်လေ့လာခဲ့တဲ့ အပြင်ေ၇ှ့နေ့များကွန်ယက် ။ လက်ပံတောင်းတောင် အရေးလှုပ်ရှားသူတွေနဲ့ မိကျောင်းကန် သပိတ် စခန်းက ဆန္ဒပြသူတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

By ကို​ထွေး​ (ဒီဗွီဘီ)
http://burmese.dvb.no/archives/76334

ပဋိပက္ခဖြစ်ပွားစဉ်က
လက်ပံတောင်းတောင်ဒေသ အဓိကရုဏ်း အတွင်း ဒဏ်ရာရရှိသူတွေကို တိုင်းဒေသကြီး အစိုးရရဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က ဒီကနေ့ ခေါ်ယူမေးမြန်းပါတယ်။

အဓိကရုဏ်းဖြစ်စဉ်အတွင်း ဒဏ်ရာခဲ့သူတွေကို ဆားလင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးမှာ တဦးချင်း မေးမြန်းတာဖြစ်ပါတယ်။

မေးမြန်းခံရသူ ရွာသူ ဒေါ်ဖြူက  “သူတို့က ဘာတွေမြင်လို့ ဘာတွေလုပ်ထားတုန်း မေးတာ။ ဘာတွေ လုပ်စားကိုင်စားလဲဆိုတော မေးတာ။ အဲဒီနေ့ကတော့ ခရမ်းချဉ်သီးသွားကောက်တာကနေ ပြန်လာတာ။ သူတို့ ရုန်းရင်းဆန်ခတ်နဲ့ သံဆူးကြိုးခတ်တယ်ဆိုပြီး ၀င်တားကြတာ။ သူတို့ရဲတွေဘက်က တရုတ်တွေဘက်ကို ကာကွယ်ပေးပြီး ဘတ်ခွ (လေးခွ) နဲ့ ပစ်လို့ ဒဏ်ရာရခဲ့တာပါ။ နောက်သူတို့က ဒီဟာကြီးကို ဖျက်သိမ်းတာ ကြိုက်သလား၊ မဖျက်သိမ်းတာကြိုက်သလားလို့ မေးတယ်။ ကျမကတော့ ဖျက်သိမ်းတာကြိုက်တယ်လို့ ပြန်ဖြေတယ်။”

ဒီဇင်ဘာ ၂၂ ရက်နေ့ အဓိကရုဏ်းအတွင်း လေးခွထိမှန်ခဲ့တဲ့ ကိုစိုးနိုင်ဝင်းက မသက်သာသေးဘူးလို့ ပြောပါတယ်။

“ကျနော်က လေးခွနဲ့ မျက်လုံးမှာ ဒဏ်ရာရတာ။ အခုထက်ထိ ဝေေ၀၀ါးဝါးပဲမြင်ရတယ်။”

ဒီဇင်ဘာ ၂၄ ရက်နေ့က ဖွဲ့တဲ့ ဒီစုံစမ်းစစ်ဆေးရေးအဖွဲ့မှာ စစ်ကိုင်းတိုင်းဒေသ ကြီးအစိုးရရုံး ညွှန်ကြားရေးမှူး ဦးကျော်သူအောင်၊ ခရိုင်ဥပဒေအရာရှိနဲ့ ဒုရဲမှူးကြီးတဦးတို့ ပါဝင်ပါတယ်။

လွန်ခဲ့တဲ့ရက်ပိုင်းက ရဲတပ်ဖွဲ့နဲ့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကလည်း ရွာသားတွေကို သီးခြားစီ ခေါ်ယူမေးမြန်းခဲ့ပါသေးတယ်။

မနှစ်ဒီဇင်ဘာလ ၂၂ ရက်နေ့က လျော်ကြေးမယူတဲ့ မြေယာတွေပေါ်မှာ ၀မ်ပေါင် ကုမ္ပဏီက ခြံစည်းရိုးခတ်တဲ့အတွက် ဒေသခံတွေနဲ့ ပဋိပက္ခဖြစ်ပွားပြီး ရဲက သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ ဒေါ်ခင်ဝင်းသေဆုံးခဲ့ပြီး ဒေသခံ ၂၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။

ဇန်န၀ါရီလ ၅ ရက်နေ့က ဆားလင်းကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးက ဒေါ်ခင်ဝင်းရဲ့သမီး မ၀င်းခိုင်ကို ခေါ်ယူပြီး လျော်ကြေးပေးမယ်လို့ကမ်းလှမ်းခဲ့ပါတယ်။ ဒီကမ်းလှမ်းချက်ကို မ၀င်းခိုင်က ငြင်းပယ်ခဲ့ပါတယ်။

မ၀င်းခိုင်က “အစိုးရဘက်က လျော်ကြေးပေးရင်ယူမလားလို့ ကျမကိုမေးပါတယ်။ ကျမအနေနဲ့ကတော့ မယူနိုင်ဘူးပါဘူး။ အဲလို လျော်ကြေးပေးစတမ်းဆိုရင် ကျမအမေကို သတ်တဲ့တရားခံကို ခေါ်ပေးပါ။ ကျမကိုယ်တိုင် သတ်ပြီး လျော်ကြေးလည်းပေးမယ်လို့ ပြောလိုက်ပါတယ်ရှင်။ သူတို့ကတော့ ယူယူ မယူယူ အစိုးရကတော့ ပေးမှာပဲလို့ ပြောသွား ပါတယ်။”

သူ့အနေနဲ့ မိခင်သေဆုံးမှုကို ဥပဒေအရ အရေးယူပေးဖို့သာ လိုလားကြောင်းလည်း ဒီဗွီဘီကို ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တာဝန်ရှိသူတွေနဲ့ ဒီဇင်ဘာ ၂၄ ရက်နေ့တွေ့ဆုံစဉ်မှာ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးသာအေးက ဒီကိစ္စကို စုံစမ်းရေးက်ာမရှင် အစီရင်ခံစာထွက်လာပြီးမှ အမြန်ဆုံးဖြေရှင်းမှာဖြစ်ပြီး နှစ်ပတ်အတွင်း ဖြေရှင်းပါ့မယ်လို့ ကတိပြုပြောဆိုခဲ့ပါတယ်။

By နော်နိုရင်း (ဒီဗွီဘီ)
http://burmese.dvb.no/archives/76369


သာသာနာ ညှိုးနွမ်းစေမှု အပါအ၀င် ပုဒ်မ ၂ ခုနဲ့ တရားစွဲခံရတဲ့ စာရေးဆရာ ထင်လင်းဦး အမှုကို ဒီဇင်ဘာ ၈ ရက်နေ့ ချောင်းဦးမြို့နယ် တရားရုံးမှာ ထပ်မံရုံးထုတ်ပြီး တရားလိုပြသက်သေ ၂ ဦးကို စစ်ဆေးပါတယ်။

စာရေးဆရာထင်လင်းဦး အမှုကို လိုက်ပါ ဆောင်ရွက် ပေးနေတဲ့ မန္တလေးမြို့က တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက အာမခံ ထပ်မံတင်သွင်းတာလည်း ပယ်ချခံရတယ်လို့ ပြောပါတယ်။

စာရေးဆရာထင်လင်းဦးရဲ့ ဒီနေ့ ရုံးချိန်းကို သူ့ကို ဆန့်ကျင်သူတွေနဲ့ ထောက်ခံသူတွေပါ လာရောက်ခဲ့တဲ့အတွက် နောင်မှာ ပြဿနာ  မဖြစ်စေဖို့ အတွက် မန္တလေးတိုင်း တရားရုံးမှာ ပြောင်းစစ်ဆေးသွားဖို့ လျှောက်ထားမယ်လို့ သူက ပြောပါတယ်။

“တဖက်ကလာပြီးတော့ အင်အားပြတာ၊ ခြိမ်းခြောက်တာ ဒါမျိုးတွေလည်း ရှိနေတော့ ရုံးပြောင်းလျှောက်ဖို့အတွက် စိတ်ကူးနေပါတယ်၊ ဒီမှာဆိုရင် လုံခြုံရေးလည်း မပေးနိုင်ဘူး၊ တရားမျှတမှု ရမယ်လို့ မယုံဘူး” ဦးသိန်းသန်းဦးက ပြောပါတယ်။

ဒီဇင်ဘာ ၁၅ နဲ့ ၂၃ ရက်နေ့ကို ထပ်မံရုံးချိန်းခဲ့တယ်လို့လည်း ဆိုပါတယ်။

အောက်တိုဘာ ၂၃ ရက် စစ်ကိုင်းတိုင်း မုံရွာခရိုင် ချောင်းဦးမြို့နယ် သုံးပန်လှကျေးရွာ စာပေဟောပြောပွဲမှာ ဟောပြောချက်နဲ့ပတ်သက်လို့ ဘာသာသာသနာ ယုံကြည်မှုကို စော်ကားမှု ပုဒ်မ ၂၉၅ (က)၊ ဘာသာရေးကို စိတ်နာစေရန် တမင်ကြံရွယ်၍ စကားပြောဆိုမှု ပုဒ်မ ၂၉၈ တွေနဲ့ စွဲဆိုခဲ့တာ ဖြစ်ပါတယ်။

By webteam (ဒီဗွီဘီ)
http://burmese.dvb.no/archives/76346

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.