01/14/15

 
ရော်နယ်ဒို တတိယအကြိမ် အကောင်းဆုံး ဘောလုံးသမားဆုရ
ကမ္ဘာ ဘောလုံးအဖွဲ့ချုပ်ရဲ့ ၂၀၁၄ခုနှစ်အတွက် FIFA Ballon d’Or ဘလွန်ဒေါ တနှစ်တာအတွင်း အကောင်းဆုံး ဘောလုံးသမားဆုကို ရီးယယ်မက်ဒရစ်က တိုက်စစ်မှုး Cristiano Ronaldo ရော်နယ်ဒို ရသွားခဲ့ပါတယ်။

ဘာစီလိုနားက မက်ဆီ၊ ဘိုင်ယန်မြူးနစ်က ဂိုးသမား မင်ဝဲနွိုင်ယာတို့ကို ကျော်ပြီး ရော်နယ်ဒိုက မဲအများဆုံးနဲ့ ရွေးချယ်ခံခဲ့ရတာပါ။

ဒါဟာ ရော်နယ်ဒို အဖို့ ဘလွန်ဒေါ အကောင်ဆုံး ဘောလုံးသမားဆုကို တတိယအကြိမ်ရခဲ့တာဖြစ်ပြီး ဒုတိယနှစ် ဆက်တိုက် ရရှိခဲ့တာလဲ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ၂၀၁၄ စပိန်လာလီဂါမှာ ရီးယယ်မက်ဒရစ်အတွက် ၄၃ပွဲမှာ ၅၂ ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

အကောင်းဆုံး ဂိုးသွင်းသူဆုကိုတော့ ကိုလံဘီယာ ဘောလုံးသမား James Rodriguez ရိုဒရီဂက်က ရသွားပါတယ်။

၂၀၁၄ ကမ္ဘာ့ဘောလုံးပြိုင်ပွဲမှာ ဥရုဂွေးနဲ့ ကစားတဲ့ပွဲမှာ ရိုဒရီဂက် ဘောလုံးကို မြေမကျဘဲ တိုက်ရိုက် ကန်သွင်းခဲ့တဲ့ ဂိုးအတွက် ရခဲ့တာဖြစ်ပါတယ်။

သူကလည်း ရော်ဘင် ဗင်ပါစီနဲ့ အိုင်းရစ်ခ်ျ အမျိုးသမီး ဘောလုံးသမား စတက်ဖနီ ရို့ခ်တို့ထက် မဲပိုရပြီး ရွေးချယ်ခဲခဲ့ရတာပါ။

၂၀၁၄ အတွက် အကောင်းဆုံးနည်းပြဆုကို ၂၀၁၄ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ဖိုင်နယ်မှာ အာဂျင်တီးနားကို ၁ ဂိုးဂိုးမရှိနဲ့ နိုင်ပြီး ဗိုလ်စွဲအောင်စွမ်းဆောင်ခဲ့တဲ့ ဂျာမဏီအသင်းနည်းပြ Joachim Low ဂျိုအာခင်လို က ရရှိခဲ့ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2015/01/150112_ballondor


လွတ်လပ် တရားမျှတတဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွေ အောင်မြင်စွာ ကျင်းပရေးနဲ့ မြင်သာတဲ့ အသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်တွေ ပေါ်ပေါက်လာဖို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ ပြုပြင် ပြောင်းလဲရေးဟာ အရေးအကြီးဆုံး ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော် သမ္မတနဲ့ ကာကွယ်ရေး ဦးစီးချုပ်တို့ ပါဝင်တက်ရောက်တဲ့ နိုင်ငံရေး အင်အားစုများ တွေ့ဆုံပွဲမှာ တင်ပြဆွေးနွေး ပါတယ်။

ဇန်န၀ါရီလ ၁၂ ရက်နေ့က သမ္မတအိမ်တော်မှာ ဖိတ်ခေါ်ကျင်းပတဲ့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်နဲ့ နိုင်ငံရေးပါတီတွေက တာဝန်ရှိသူတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ တိုင်းဒေသကြီး အမတ်တွေအပါအ၀င် ၄၈ ဦး တွေ့ဆုံရာမှာ ဆွေးနွေး ခဲ့တာ ဖြစ်ပါတယ်။

ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ ရပ်တန့်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်လိုက်ပြီး ဒီလိုဖြစ်ရတာဟာ ပြည်ထောင်စုအစိုးရက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကို စိတ်အားထက်သန်မှု မရှိတာကြောင့်လို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ ဒုတိယသမ္မတတွေရဲ့ ရှေ့မှောက်မှာ ဝေဖန်ခဲ့တာပါ။

ပြည်ထောင်စုအစိုးရက ၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးဖြစ်မြောက်စေဖို့ ဆောင်ရွက်မှုမရှိတာ၊ ဗဟိုချုပ်ကိုင်မှု ဆက်ကျင့်သုံးနေမှုနဲ့ လွှတ်တော်နဲ့ ပူးပေါင်းဆောင်ရွက်မှုအားနည်းတာ၊ တရားစီရင်ရေး မဏ္ဍိုင်ကို အုပ်ချုပ်ရေးမဏ္ဍိုင်က ၀င်စွက်တာတွေဟာလည်း ပြုပြင်ပြောင်းလဲမှုကို ရပ်တန့်စေတယ်လို့ ထောက်ပြခဲ့ပါတယ်။

ရွေးကောက်ပွဲ တရားမျှမျှတတဖြစ်အောင် အစိုးရက ဘက်လိုက်မှုကင်းရှင်းဖို့၊ အုပ်ချုပ်ရေး အာဏာပိုင်တွေက ပါတီတွေကို ခွဲခြားဘက်လိုက်မှုတွေ ရပ်တန့်ဖို့လိုအပ်သလို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကလည်း စည်းမျဉ်းစည်းကမ်းဥပဒေနဲ့ မကိုက်ညီတဲ့ အပြုအမူ၊ အပြောအဆိုတွေကို ထိထိရောက်ရောက် ဟန့်တားဆောင်ရွက်ဖို့ကိုလည်း သူက တင်ပြခဲ့ပါ တယ်။

ငြိမ်းချမ်းရေးဖြစ်စ်စဉ်ကို အကြောင်းပြပြီး အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးဆွေးနွေးပွဲတွေ (ဥပမာ (၆) ပွင့်ဆိုင်ဆွေးနွေးပွဲ) ကို ရှောင်ရှားခြင်းမျိုး မဖြစ်သင့်ပဲ တပြိုင်တည်း ဆောင်ရွက်သင့်တယ်လို့ သူက အကြံပြုပါတယ်။

တခြားနိုင်ငံရေးပါတီများနည်းတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လည်း နိုင်ငံရေးမူဘောင် (Political Framwork) ချထားပြီးဖြစ်ကြောင်းနဲ့ အပစ်အခတ်ရပ်စဲရေးပြီးပြတ်တဲ့အခါ တင်ပြဖို့ အသင့်ရှိနေပြီလို့ သူက ပြောပါတယ်။ လက်ရှိနိုင်ငံရေးအခြေအနေအရ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဦးတည်တဲ့ အနှစ်သာရရှိတဲ့ ဆွေးနွေးပွဲတွေ အမြန်ဆုံးစတင်ဖို့သာ အဓိကကျပါတယ်လို့ သူက တင်ပြခဲ့ပါတယ်။

ဒီအစည်းအဝေးကို အနှစ်သာရရှိတဲ့ တွေ့ဆုံဆွေးနွေးပွဲလို့ သတ်မှတ်ဖို့ခက်ခဲကြောင်းနဲ့ နိုင်ငံရေးအနှစ်သာရရှိပြီး အဓိပ္ပါယ်ပြည့်ဝတဲ့ တွေ့ဆုံဆွေးနွေးပွဲတွေကို အမြန်ဆုံးစတင်ပြီး စဉ်ဆက်မပြတ် ဆောင်ရွက်သင့်တယ်လို့ သူက အကြံပြုတင်ပြခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မနှစ်နိုဝင်ဘာလလယ်ပိုင်းက ရန်ကုန်မြို့နေအိမ်မှာ ကျင်းပတဲ့ အမေရိကန်သမ္မတ အိုဘားမားနဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာလည်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးဟာ အခက်အခဲ အတားအဆီးတွေများတဲ့ ခရီးလမ်းကြမ်းနဲ့ ရင်ဆိုင်ကြုံ တွေ့နေ ရပြီး အကောင်းသိပ်မမြင်ကြဖို့ သတိပေးခဲ့ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/76992


(၉-၁-၂၀၁၅) နေ့ တွင် ကျင်းပ ပြုလုပ်သော ဗဟိုအလုပ်မှုဆောင် အဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက် အရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ၏ ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီ (၁၂)ရက်နေ့  နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော် ငုရွှေခန်းမမှာ နိုင်ငံတော် သမ္မတ၊ နိုင်ငံရေး ခေါင်းဆောင်များ၊ တိုင်းရင်းသားရေးရာ ၀န်ကြီးများ၊ တိုင်းရင်းသား ကိုယ်စားလှယ် ခေါင်းဆောင်များ တွေ့ ဆုံပွဲတွင် ဆွေးနွေး ချက်များမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။

ဓာတ်ပုံ – ကိုမင်းနေထူး
ရန်ကုန်မြို့ တရုတ်သံရုံးရှေ့မှာ ဒီဇင်ဘာလ ၂၉ ရက်နေ့ညက ဆန္ဒပြလို့ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ နော်အုန်းလှ၊ ဦးနေမျိုးဇင်၊ ဒေါ်စိန်ဌေးနဲ့ တင်ထွဋ်ပိုင် တို့ကို ဒီကနေ့ ဒဂုံမြို့ နယ် တရားရုံးမှာ ရုံးထုတ်ခဲ့ပေမယ့်အမှု စစ်ဆေးခြင်းမရှိခဲ့ဘူးလို့ ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။

“၄ ယောက်ကိုပဲ ဖမ်းမိသေးတဲ့အတွက် အမှုကို စစစ်လို့ မရသေးဘူး။ အဲတော့ ၂၀ ရက်နေ့ကိုပြန်ချိန်းတယ်။ ချိန်းပြီးမှ ဒေါ်ဆန်းဆန်းဝင်း (ခေါ်) ဒေါ်လေးလေးက လာပြီး သူ့ကို အမှုထဲထည့်ထားတယ်ဆိုလို့ လာပြီးအဖမ်းခံတယ်။ အဲတော့ သူ့ကိုပါ ပေါင်းလိုက်တော့ ၄ ယောက်ဖြစ်သွားတယ်။”

ဒါပေမယ့် အမှုထဲမှာ ပန်းဘဲတန်းက ကိုသန့်ဇင်နဲ့ ဒေါ်မြညွှန်ဆိုတဲ့သူ ၂ ယောက်ကျန်နေသေး တယ်လို့ ဆိုပါတယ်။

သူတို့ ၇ ဦးကို ၀တ်ရားနှောင့်ယှက်မှု ပုဒ်မ ၃၅၃၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) အပါအ၀င် ပုဒ်မ ၅ ခုတပ်ပြီး ဒဂုံမြို့နယ်က တရားစွဲဆိုတာလို့ ရှေ့နေ ဦးရောဘတ် ဆန်းအောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၂ ရက်နေ့က ဖြစ်တဲ့ လက်ပံတောင်းဒေသ အဓိကရုဏ်းမှာ မိုးကြိုးပြင် အလယ်ရွာသူ ဒေါ်ခင်ဝင်း သေနတ်ထိမှန် သေဆုံးရတဲ့ ဖြစ်ရပ်အမှုမှန်ပေါ်ပေါက်ရေးနဲ့ ကြေးနီစီမံကိန်း ရပ်ဆိုင်းပေးရေးအတွက် တရုတ်သံရုံးရှေ့မှာ လူရာနဲ့ ချီဆန္ဒပြခဲ့ကြပါတယ်။

ဒီဆန္ဒပြမှုအတွင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက ဒဂုံမြို့နယ်ရှိ တရုတ်သံရုံးရှေ့ကို ဖြတ်လျှောက် ဆန္ဒပြဖို့ ခွင့်တောင်းတာကို လုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့က ခွင့်မပြုတဲ့အတွက် ဖြတ်ကျော်ဖို့ ကြိုးစားရာကနေ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။

By နော်နိုရင်း (ဒီဗွီဘီ)
http://burmese.dvb.no/archives/77021

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.