01/16/15

ဆိုနီရုပ်ရှင်ထုတ်လုပ်ရေးက ဖြန်ချိ ပြီး အငြင်းပွားစရာအခြေအနေတွေရှိခဲ့၍ ရုံတင်ပြသရန် အခက်အခဲရှိခဲ့သည့် The Interviewဇာတ်ကား DVD အခွေများကို ရောင်းချသည့် အခွေဆိုင်များကို ရဲတွေကလိုက်လံဖမ်းဆီးသည့်အတွက် ယခုရက်ပိုင်းအခွေဆိုင်တွေ ပိတ်ထားရသည်ဟု ဗိုလ်တထောင်မြို့နယ်မှ အခွေဆိုင်က တာဝန်ခံတဦးက ပြောပါသည်။

“၂ ရက် ၃ ရက်လောက်တော့ရှိပြီ Interviewနဲ့ပတ်သက်ပြီးတော့ အဲဒီ အခွေတွေ ဖမ်းနေတာ။ လမ်းဘေးဆိုင် တွေမှာတော့ ဖမ်းတာရှိတယ် အစ်ကို။ ဒီမြန်မာ Copy နဲ့ပတ်သက်လို့ရှိရင် အချို့ပါတဲ့ဆိုင်တွေက Interview ကိုအဓိက လိုက်ဖမ်းနေတာ” ဟု ပြောပါသည်။

ပုံမှန်အားဖြင့် ရန်ကုန်မြို့ပေါ် မှ အခွေဆိုင်ဒိုင်ကြီးများနှင့် လမ်းဘေးမှာ ရောင်းချသည့် အခွေဆိုင်များသည် နိုင်ငံ ခြားရုပ်ရှင်ဇာတ်ကားများကို ရဲလိုင်းကြေးပေးပြီး ရောင်းချခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ရန်ကုန်မြို့ပေါ်က အခွေဆိုင်အတော်များများ ဖွင့်ခွင့်မရသည့်အတွက် ဆိုင်မထွက်နိုင်ကြောင်းလည်း အခွေရောင်းချသူများက ပြောပါသည်။ The Interview မှလွဲ၍ အခြားအခွေများ ၀ယ်ယူနိုင်သည်။
သို့သော် The Interview ဇာတ်ကားကို နိုင်ငံတကာမှာ စတင်ပြသချိန်ကစ၍ ပြည်တွင်းရုပ်ရှင်ပရိသတ်များကလည်း အထူးစိတ်ဝင်စားမှုရှိခဲ့ရာ ခိုးကူးခွေအရောင်းဆိုင်များမှာလည်း ထိုအခွေမျာရောင်းသွက်ခဲ့သည်။

အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့က ရဲမှူးကြီးဝင်းကြည်က စီမံချက်အရ ခိုးကူးခွေဆိုင်တွေကို ဒီရက်ပိုင်းလိုက်ဖမ်းခြင်း ဖြစ်ပြီး The Interview နှင့် ပတ်သက်မှု မရှိဟု ပြန်လည်ဖြေဆိုပါသည်။

“မဟုတ်ဘူးလေ။ ကျွန်တော်တို့ ကြိုတင်ကာကွယ်မှု ၁၀ မျိုးရှိတယ်။ အဲဒီ ၁၀ မျိုးမှာ ဗီဒီယိုဆင်ဆာမဲ့တွေနဲ့ပတ်သက်လို့ ဒါလည်း တမှုအနေနဲ့ဖမ်းရတာ ပေါ့။ ကျွန်တော်တို့က လစဉ်၊ အပတ်စဉ်၊ နေ့စဉ်နီးပါး ကျွန်တော်တို့မဖမ်းလို့မရဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်မြန်မာခိုးကူး ခွေတွေ နောက်မြန်မာသီချင်းခွေတွေ အဲဒါ တွေခိုးကူးချိန်မှာ ရုပ်ရှင်နဲ့ဗီဒီယိုအစည်း အရုံးက ထိခိုက်နစ်နာမှုတွေ အများကြီးရှိ တာပေါ့နော်။ အဲဒါကြောင့် ကျွန်တော်တို့ ဥပဒေနဲ့အညီအရေးယူတာပါ။ လမ်းဘေး ရောင်းရောင်း၊ အိမ်ထဲမှာပဲ ထည့်ရောင်း ရောင်း၊ ဆိုင်မှာတင်တင်ဆင်ဆာမဲ့ဗီဒီယို ဆိုအကုန်ဖမ်းတယ်။ ညစ်ညမ်းဗီဒီယိုဆို အကုန်ဖမ်းတယ်”ဟု ပြောပါသည်။

ပြီးခဲ့သည့် နှစ်ပိုင်းတွေတုန်းက မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအီရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိစာအုပ်ကို ဘာသာ ပြန်ပြီး မြန်မာဘာသာနဲ့တရားဝင်စာအုပ် ထုတ်ခဲ့ချိန်ကလည်း မြောက်ကိုရီးယားသံရုံးက စာရေးသူဦးဟိန်းလတ်ဆီက စာအုပ် ၄၀၀ ကျော်ကို လာရောက်သိမ်းယူပြီး ဆက်လက်မဖြန့်ချိဖို့ ဖိအားပေးခြင်း ကြုံခဲ့ရဖူးသည်ဟု ဦးဟိန်းလတ်က ပြောပါသည်။

“လက်ရှိခေါင်းဆောင်ရဲ့ အဖေ ကင်ဂျုံအီအကြောင်းကို ကျွန်တော်ရေးတယ်။ ချစ်လှစွာသောခေါင်းဆောင်ဆိုပြီး ရေးတယ်။ အဲဒီတုန်းက စာပေစိစစ်ရေးကလည်းရှိသေးတော့ စာပေစိစစ်ရေးကို တင်တယ်။ သူတို့ကလည်း သေချာဖတ်တယ်။ ဖြတ်စရာရှိတာလည်း ဖြတ်တယ်။ ဖြတ်တောက်ပြီးတော့ သူတို့ချပေးတဲ့ဟာကို ကျွန်တော် စာအုပ်ထုတ်တယ်။ စာအုပ် ထုတ်ပြီး ၁ လလောက်လည်းကြာရော မြောက်ကိုရီးယားသံရုံးက ကျွန်တော့်ကို လာမေးတယ်။ အဲဒီစာအုပ်ကို ခွင့်မပြုနိုင် ဘူးတဲ့၊ ကျန်တဲ့သူတွေရေးလို့ မရဘူးဆို ပြီးတော့ စာအုပ် ၄၀၀ သိမ်းသွားတယ်ပေါ့ နော်။ ဖျက်ဆီးပစ်တာပေါ့နော်။ ကျွန်တော်လည်း အရှည်အရှည် မဖြစ်ချင်တော့လေ။ စာပေစိစစ်ရေးကို ခွင့်ပြုပြီးထုတ်တာပဲ၊ နိုင်ငံတော် အချုပ်အခြာအာဏာကို စော်ကားတာလို့ ပြောနေလည်း မရဘူး။ စကားနည်းရန်စဲ မပြောချင်လို့ ကျွန်တော်လည်း ပေးလိုက်တယ်”ဟု ပြောပါသည်။

နိုင်ငံတကာ ဇာတ်ကားများကို မြန်မာနိုင်ငံကရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသလေ့ရှိသည့်အတွက် The Interview ဇာတ်ကားကိုလည်း ရုံတင်မလားဆိုပြီး အများက စိတ်ဝင်စားနေကြပါသည်။ သို့သော်ယနေ့ထိတော့ မြန်မာနိုင်ငံက ပုဂ္ဂလိ ကရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသခြင်းမျိုး လုံးဝမရှိသေးပါ။
အခုအာဏာပိုင်ရဲတွေက အခွေဆိုင်တွေကို စီမံချက်နဲ့ လိုက်ဖမ်းနေတာဟာ မြောက်ကိုရီးယားသံရုံးရဲ့ ဖိအားပေးတာ ကြောင့်လို့လည်း သတင်းမီဒီယာအချို့မှာ ရေးသားဖော်ပြတာကို တွေ့ရပါသည်။

ယင်းကိစ္စနဲ့ပတ်သက်ပြီး မြောက်ကိုရီးယား သံရုံးကိုဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပါ။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ကိုလုပ်ကြံမည့်အစီ အစဉ်အကြောင်း ဟာသလုပ်ရိုက်ကူးထားသည့် ရုပ်ရှင်ထဲမှာ အမေရိကန်သတင်း ထောက် ၂ ယောက်က မြောက်ကိုရီးယား ခေါင်းဆောင်ကို အင်တာဗျူးလုပ်အပြီးမှာ လုပ်ကြံဖို့ ကြံစည်သည့်အကြောင်း ဟာသလုပ်ရိုက်ကူးထားခြင်း ဖြစ်သည်။ မြောက် ကိုရီးယားက ဒီရုပ်ရှင်အတွက် ဝေဖန်ရှုတ်ချခဲ့သလို ဆိုနီရုပ်ရှင်ကုမ္ပဏီ၏ ကွန်ပျူတာကွန်ယက်ကို ယခုလအစောပိုင်းက တိုက်ခိုက်ခံခဲ့ရပြီး အဖိုးတန်သတင်းအချက်အလက်များ ခိုးယူခံခဲ့ရပါသည်။ ဆိုက်ဘာတိုက်ခိုက်မှုကို မြောက်ကိုရီးယား က လုပ်ဆောင်သည်ဟု အမေရိကန်အစိုးရကစွပ်စွဲသော်လည်း မြောက်ကိုရီးယားက ငြင်းဆိုပါသည်။အမေရိကန် သမ္မတ Barack Obama ကလည်း ဆိုနီက ဒီဇာတ်ကားကို ရုံတင်ပြသဖို့နှင့် ဖြန့်ချိရန် ဆုံးဖြတ်ခဲ့တဲ့အပေါ်မှာ ကြိုဆိုကြောင်းလည်း ပြောခဲ့ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ၀န်ကြီးဦးရဲထွဋ်ကို News Watch ကမေးမြန်းရာ “အစိုးရအဖွဲ့ကလည်း ညွှန်ကြား ထားတာမရှိဘူး။ တိုင်းဒေသကြီးကလည်း ညွှန်ကြားထားတာမရှိဘူး။ ရန်ကုန်တိုင်း ဒေသကြီးရဲတပ်နဲ့ မြန်မာနိုင်ငံရုပ်ရှင် အ စည်းအရုံးက ဆင်ဆာမဲ့အခွေတွေကို ဖမ်း တာတော့ရှိတယ်။ တခုတည်း ရည်ရွယ် ပြီးတော့ ဖမ်းတာမရှိဘူး။ အဖမ်းခံရတဲ့ သူတွေက သူတို့ရဲ့ပြစ်မှုကို ဖုံးကွယ်ချင်ရုံ သက်သက်နဲ့ပြောတာဖြစ်မယ်”ဟု ပြောကြားခဲ့သည်။

ရဲကျော်အောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal?ref=br_tf

“ အညာသီရံကျားရဲ့ ရင်ကွဲအလွမ်းများ "

 သီဟပူရမြို့တဲ့လား
င်္ခြသေ့တပိုင်း၊ ငါးတစ်ပိုင်း
လူလုပ်ခြတောင်ပို့တွေ အပြိုင်းရိုင်းနဲ့
ကွန်ကရစ်တောကြီး ညို့ဆိုင်းနေတဲ့ မြို့။

 အီကွေတာ နဲ့ မလှမ်းမကမ်းမှာ
အရှေ့နဲ့အနောက် သမူဟပြု
ခေတ်ပြိုင်သောကတွေ စုစုပြီးပေါက်ကွဲ
ဘူဇွာ ဂလေဒီရေတာတွေ အလံလုတဲ့ပွဲမို့
သဲသဲမဲမဲ ရှင်သန်မှုအတွက်စစ်ခင်း
ဈေးကွက်စီးပွားရေးပြိုင်ကွင်း
ဒါဝင်ရဲ့စံနစ်တွင်းမှာ
အင်ဖော်မေးရှင်းပွဲစား
ပဲများတဲ့ရှယ်ယာမုဆိုး
နှုတ်ဆိုးတဲ့ ဒေါ်လာကျွန်
အင်တာနက်ကုန်သည်
လူလည် လူကြွယ်တွေ ပေါတဲ့မြို့ ။

 ၀ဋ်နာလား....ကံနာလား
ကွဲကွဲပြားပြား ကျုပ်မသိ
တရိရိ ဆွေးမိတာက
ကိုယ့်နောက်မှ မွေးလာတဲ့ အဲ့ဒီမြို့မှာ...
မချိတင်ကဲ....
ကိုယ့်ကိုယ်ကို ရောင်းစား .....
အားတော့ အနာသား ။

 ယုံပါ့မလား .....
အဆီတထပ် အသားတထပ် မနက်ဖြန်အတွက်
သဲတရှပ်ရှပ် ဖုံတသောသော
သူပိုင်တောကို စွန့်ခဲ့လို့ ....
အမျိုးပစ်ကျားဘဲ ခေါ်ခေါ် ....
ဒွေးတော်လွမ်းကျားလို့ဆိုဆို.....
ဆိုချင်သူ သဘောတိုင်းရှိစေ။
ဒါပေသိ …..
နာတာရှည် နှလုံးသားနဲ့
ဒီ အညတြကျားဟာ
ဇာတ်တူသား အမျှင်တဖတ် မစားခဲ့ ။

 အနှစ် ၃၀လုံးလုံး
ပြုံးပြုံးကြီး ရှုခဲ့တဲ့ အောက်ဆီဂျင်တွေအတွက်
မှီဝဲဖူးတဲ့ မြေဆီတွေအတွက်
နှမ်းတလုံး သဲတပွင့်
ဖြစ်ခွင့်မကြုံလေသမျှ
ပ၀တ္တိသားတို့ ထုံးစံအရ
အများယိုတဲ့ချီး ကျုံးကျုံးပက်တဲ့ပြီး
ရှင်းခဲ့ရ ...လင်းခဲ့ရ ။

 ဟောဒီမှာ
၁၂ရာသီပတ်လုံး
အသူရာနဲ့သိကြား နပန်းလုံး
ဒိန်းဒလိန်း ဒုံးသံညံ
ဂိမာန်နဲ့ ဟေမန္တ
တလွမ်းသသ မေ့မရဘူး ။

 နိုးမန်းနီး ...နိုးဟန်းနီးတဲ့....
ကိန်းခန်းကြီးတဲ့ ဆိုရိုးစကား
ဒီမြို့သားတွေ နှုတ်ဖျားခိုနား
ဗြဟ္မစိုရ်တရား….
လောကပါလတရား….
ခင်ဗျားဘယ်မှာလဲ ။

 သိမှာ မဟုတ်ဘူး
ဟောက်ပက်ကြီးဖြစ်နေတဲ့ ရင်ဘတ်
ထူးခတ်ထားတဲ့ သစ္စာ
အသက်မပါတဲ့ အသက်မွေးမှု့
ပစ္စုပ္ပန် အတုတွေနဲ့
မိဝေး ဖဝေး
ဇနီးဝေး သမီးဝေး
ဧရာဝတီနဲ့ဝေး
ရိုးမတွေနဲ့ဝေး
မုန့်ဟင်းခါးနဲ့ဝေး
ပင်ပျိုရွက်နုနဲ့ ဝေး
အင်ဥနဲ့ ဝေး
ငါးပိရည်ကျိုနဲ့ဝေး၊ အညာဘုရားပွဲနဲ့ ဝေး
ထုံးဖွေးဖွေးစေတီနဲ့ဝေး
ဝေး ….. ဝေး …ဝေး …..
ဝေးခြင်းများစွာ မွှမ်းထုံ
လွမ်းရုံသာ တတ်နိုင်ခဲ့ ။ ။

မင်းကောင်းချစ်


A 28 minute video documentary titled “Save The Madae Island” on China state-owned company CNPC’s human rights abuses in Madae Island, Burma (Myanmar) English language is now available at:

Brief Background
On remote Madae Island on Myanmar’s western coast, the Chinese state-owned China National Petroleum Corporation (CNPC), is constructing a huge seaport, oil terminal and oil and gas pipeline to China for shipping more than 80% of China’s imported oil from the Middle East and Africa without people’s consent, and without implementation of EIA, SIA and FPIC. The construction of these projects has resulted in human rights abuses, massive land confiscation, environmental destruction and destruction of the islanders’ livelihoods and farmlands. Islanders are living in fear of an accident or explosion resulting from the oil terminal, oil and gas pipeline and China’s oil tankers which plan to dock in this area in 2015.
Madae Island is a small island located in the Kyauk Phyu township of Arakan State, on the West coast of Myanmar. The island has been inhabited by indigenous peoples for centuries. Over 800 households and 3000 people live in four villages on Madae Island, mostly consisting of fishermen and farmers.
CNPC’s projects on Madae Island is not benefiting local Madae islanders, Arakan State or the rest of the people in Myanmar.
The video documentary was conducted in late 2013 and 2014.

http://arakanoilwatch.org/

ကချင်ပြည်နယ် ဖားကန့်မြို့အနီး တိုက်ပွဲ ဖြစ်ပွားလျက်ရှိရာ ကြာသပတေးနေ့ နေ့ခင်းပိုင်းက ကချင်လွတ်မြောက်ရေးတပ် (KIA) ၏ မဟာဗျူဟာမြောက် စခန်းတစ်ခု ကျဆုံးသွားပြီး အရပ်သား အများအပြား ထိုဒေသတွင် ပိတ်မိနေကြောင်း သိရသည်။

နံနက် ၆ နာရီခွဲမှ စတင်၍ ဖားကန့်အခြေပြု မြန်မာ့တပ်မတော် (၆၆) တပ်မက ဥရုချောင်းတစ်ဖက်ရှိ KIA တပ်ရင်း ၆ စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာမှ နှစ်ဘက် ပစ်ခတ်မှုများ နေ့လယ် ၁ နာရီခွဲအထိ ဖြစ်ပွားခဲ့ကြောင်း မြစ်ကြီးနားမြို့ရှိ KIA ဆက်ဆံရေးရုံး တာဝန်ခံ ဦးဒေါင်းခါးက ပြောဆိုသည်။

လက်နက်ကြီးဖြင့် အဆက်မပြတ်ပစ်ခတ်မှုကြောင့် ဖားကန့်မြို့မှ ၅ မိုင်ခန့်အကွာ ဥရုမြစ်အနီး အောင်ဘာလေကျေးရွာတွင် တည်ရှိသည့် KIA တပ်ရင်း ၆ မှာ ထိုနေရာမှ အရှေ့မြောက်ဖက်ရှိ ဒွန်ကပ်ပုံ တောင်ဖက်စီသို့ ဆုတ်ခွာခဲ့ကြောင်း ဦးဒေါင်းခါးကပြောကြားသည်။

အစိုးရသတင်းထုတ်ပြန်ချက်တစ်ခုတွင် ဗုဒ္ဒဟူးနေ့က ဖားကန့်ဒေသသို့ ကွင်းဆင်း လေ့လာနေသည့် ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကမန်ဒူးနော်၊ ရဲတပ်ဖွဲ့ဝင်သုံးဦးတို့ကို KIA အဖွဲ့က ဖမ်းဆီးခဲ့ကြောင်း၊ နောက်ပိုင်းတွင် ဝန်ကြီးကိုသာ ပြန်လွှတ်ပေးပြီး ရဲတပ်ဖွဲ့ဝင်များကို ဆက်လက် ထိန်းသိမ်းထားသဖြင့် အစိုးရတပ်က KIA အဖွဲ့ကို လိုက်လံရှင်းလင်းတိုက်ခိုက်နေကြောင်း ဖော်ပြထားသည်။

ရဲအဖွဲ့ဝင်များ လွတ်မြောက်ရေးအတွက် ကချင်ပြည်နယ် လြုံခုံရေး နှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှုးကြီးသန်းအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က ဗုဒ္ဒဟူးနေ့မှ စတင်၍ ညှိနှိုင်းနေပြီဖြစ်ကြောင်း၊ သို့သော်လည်း ယခုအချိန်ထိ လွှတ်ပေးခြင်း မရှိသေးကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာမှ တာဝန်ရှိသူ ဦးလှမောင်ရွှေက ပြောသည်။

ဦးဒေါင်းခါးကမူ အောက်ခြေတပ်ဖွဲ့ဝင်များကြား နားလည်မှုလွဲခြင်းသာဖြစ်၍ ရဲတပ်ဖွဲ့ဝင်များကို ပြန်လွှတ်ပေးရန် KIA က အမိန့်ထုတ်ပြန်ထားပြီးဖြစ်သော်လည်း ယခုဖြစ်ပွားနေသော တိုက်ပွဲများကြောင့် လတ်တလော လွှတ်ပေးနိုင်ဖွယ် မရှိကြောင်း၊ အထိန်းသိမ်းခံထား ရသူများသည် ဆုတ်ခွာသွားသော KIA အဖွဲ့များနှင့် ပါသွားကြောင်း ပြောပြသည်။

“ဒီ အဖမ်းခံရတဲ့ ရဲကိစ္စက ပြည်နယ်အာဏာပိုင်အဆင့်နဲ့ ရှင်းလို့ရတယ်။ ဒီကိစ္စကို အကြောင်းပြပြီး တပ်မတော်က ဖားကန့်ဒေသ စိုးမိုးရေး လုပ်တယ်လို့ပဲ ကျနော်တို့ ဆိုချင်တယ်။ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆိုတာနဲ့ စစ်တပ်ရဲ့လှုပ်ရှားမှုနဲ့က ဆန့်ကျင်နေတယ်။ ကျနော်တို့ဘက်ကတော့ ခုခံတုံ့ပြန်သွားမှာပဲ” ဦးဒေါင်းခါးက ပြောသည်။

တိုက်ပွဲအတွင်း အောင်ဘာလေရွာတွင်းသို့ လက်နက်ကြီးကျည်ဆံ ၁၀ လုံးခန့်ကျရောက်ခဲ့သော်လည်း ထိခိုက်သေဆုံးမှုမရှိကြောင်း၊ ရွာသား ၅၀၀ ခန့် ရွာရှိ ခရစ်ယာန်ဘုရားကျောင်းတွင် ခိုလှုံနေကြောင်း ဖားကန့်နယ်ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးအဖွဲ့မှ ဦးတူးရော်က ပြောကြားသည်။ ရွာသူရွာသားများက အောင်ဘာလေရွာမှ ဖားကန့်ဒုက္ခသည် စခန်းရှိရာသို့ သွားလိုသော်လည်း စစ်တပ်က သွားခွင့် ပိတ်ပင်ထားကြောင်းလည်း ၄င်းကပြောကြားသည်။

မြစ်ကြီးနားမှ ဖားကန့်သွားရာလမ်းရှိ ကာမိုင်းစစ်ဆေးရေးဂိတ်ကို အစိုးရတပ်က ပိတ်လိုက်သဖြင့် ဆိုင်ကယ်၊ ကားများဖြင့်သွားလာနေသော ခရီးသည် တစ်ထောင်ခန့် လမ်းတွင် သောင်တင်နေကြောင်းလည်း သိရသည်။

မြစ်ကြီးနားမှ ဖားကန့်သွားရာလမ်းရှိ ကာမိုင်းစစ်ဆေးရေးဂိတ်ကို အစိုးရတပ်က ပိတ်လိုက်သဖြင့် ဆိုင်ကယ်၊ ကားများဖြင့်သွားလာနေသော ခရီးသည် တစ်ထောင်ခန့် လမ်းတွင် သောင်တင်နေကြောင်းလည်း သိရသည်။

တရုတ်မြန်မာနယ်စပ် ကချင်ပြည်နယ်လိုင်ဇာမြို့အနီး အခြေစိုက်သည့် KIA နှင့် အစိုးရ တို့ကြားချုပ်ဆိုထားသည့် ၁၇ နှစ်ကြာ ငြိမ်းချမ်းရေးစာချုပ်ပျက်ပြယ်ပြီး ၂၀၁၁ ဇွန်လမှစ၍ တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။

နှစ်ဦးနှစ်ဖက်ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်၍ အပစ်အခတ်ရပ်စဲရေး၊ ခိုင်မာသော နိုင်ငံရေးဆွေးနွေးပွဲများဆီသို့ လျှောက်လှမ်းရေးကြိုးပမ်းနေသည်ဟု ဆိုသော်လည်း KIA တပ်ဖွဲ့များ လှုပ်ရှားသော ကချင်နှင့် ရှမ်းပြည်နယ်တွင် တိုက်ပွဲများ မကြာခဏဖြစ်ပွားနေခြင်းဖြစ်သည်။

၂၀၁၄ နိုဝင်ဘာလတွင် အစိုးရတပ်၏ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် လိုင်ဇာရှိ KIA ဗိုလ်သင်တန်းကျောင်း တက်ရောက်နေသော သင်တန်းသား အများအပြား ထိခိုက်သေဆုံးပြီးနောက် နှစ်ဘက် စစ်ရေးတင်းမာမှု ပြင်းထန်လျက်ရှိသည်။

မြစ်ကြီးနားမြို့ အနောက်ဘက် မိုင်၁၀၀ ခန့်တွင် တည်ရှိသော ဖားကန့်မြို့သည် နှစ်စဉ် ဒေါ်လာသန်းပေါင်းများစွာ ပမာဏရှိသော ကျောက်စိမ်း ထွက်ရှိရာ ဒေသဖြစ်သည့်အားလျော်စွာ အစိုးရစစ်တပ်၊ စစ်တပ်နှင့် ဆက်စပ်မှုရှိသော ကုမ္မဏီများ ၀င်ရောက်နေရာယူထားရုံသာမက၊ KIA ကလည်း ကျောက်စိမ်းကုမ္မဏီများထံမှ အခွန်ကောက်ခံလျက်ရှိရာ နှစ်ဘက်စလုံးအတွက် စီးပွားရေးအရ မဟာဗျူဟာကျသောမြို့ဖြစ်သည်။

http://ygnglobe.com/mm/articles/local/451

ကချင်ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကမန်နော်ဒူးသည် ဇန်န၀ါရီ ၁၃ ရက်နေ့က မြစ်ကြီးနားမြို.မှ မိုင် ၁၀၀ ခန့်ကွာဝေးသည့် ဖားကန့်မြို.သို့ လုပ်ငန်းတာဝန်ဖြင့်ထွက်ခွာခဲ့သည်။ ဖားကန့်မြို.တွင် တစ်ညတာနေပြီးနောက် ဇန်န၀ါရီ ၁၄ ရက်နေ့တွင် မြစ်ကြီးနားမြို.သို့ပြန်လည်ထွက်ခွာလာရာ လမ်းခရီးတွင် ဟွေလုံဟူခေါ်သော ရွာတစ်ရွာအနီးတွင် ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အေအဖွဲ့များ၏ ခေတ္တဖမ်းဆီး ခြင်းခံခဲ့ရသည်။ သို့သော် အနည်းငယ်စစ်ဆေးမေးမြန်းပြီးနောက် ၄င်းအား အတူလိုက်ပါလာသော ဌာနဆိုင်ရာဝန်ထမ်းများနှင့်အတူ ပြန်လွှတ်ပေးခဲ့သည်။ သို့သော် လုံခြုံရေးလိုက်ပါလာသော ဒုရဲအုပ်မြင့်စိုး နှင့် ရဲတပ်ဖွဲ့ဝင် နှစ်ဦးအား ကေအိုင်အေ အဖွဲ.က ဖမ်းဆီးခဲ့ရာ ယခုတိုင်လွတ်မြောက်ခြင်းမရှိသေးပေ၊ ထိုကိစ္စနှင့်ပတ်သက်၍ အစိုးရစစ်ကြောင်းများမှ ဖားကန့်ရှိ ကေအိုင်အေအဖွဲ.များအား ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု သိရှိရသည်။

မြစ်ကြီးနားနေအိမ်သို့ပြန်ရောက်ပြီဖြစ်သော ဦးကမန်နော်ဒီးအား ၄င်းမည်သို့မည် ပုံဖမ်းဆီးခံခဲ့ရပုံကို Yangon Globe က မေးမြန်းထားသည် များအား ဖော်ပြလိုက်ပါသည်။

မေး။ ။ ဦးနော်ဒီး ဘယ်လိုကနေဘယ်လိုဖမ်းခံရတယ်ဆိုတာပြောပြပါ ခင်ဗျား။

ဖြေ။ ။ ကျနော်က လမ်းပန်းဆက်သွယ်ရေးဝန်ကြီးပါ။ လမ်းတွေပြုပြင်စစ်ဆေးဖို့ဆိုပြီး ကျနော်ရယ်၊ ပြည်နယ်အင်ဂျင်နီယာမှုးကြီးရယ်၊ ခရိုင်အင်ဂျင်နီယာမှုးကြီးရယ် စုစုပေါင်း ၁၃ ဦးရှိမယ်။ ကျနော်တို့က ဇန်န၀ါရီ ၁၃ မှာ ဖားကန့်ကို သွားပြီး အစည်းအဝေးသွားလုပ်တယ်။ ပြီးတော့ ၁၄ ရက်နေ့မနက် ၁၀ နာရီလောက်မှာ ကားသုံးစီးနဲ့ မြစ်ကြီးနားကို ပြန်ထွက်လာတော့ လမ်းမှာ ဟွေ့လုံဆိုတဲ့ရွာနားရောက်တဲ့အခါ KIA အဖွဲ. အင်အား ၂၃ ယောက်လောက်က သေနတ်တွေပစ်ဖောက်ပြီး တားတယ်။ တခြားခရီးသည်တွေလည်း ဆိုင်ကယ်တွေ၊ ကားတွေနဲ့သွားနေတယ်။ ကျနော်တို့အားလုံးကိုပဲ ရွေးပြီးတားသလိုဖြစ်နေတယ်။ သူတို့က ကျနော့်ကိုရော ပွိုင့်ကားပေါ်မှာ ပါလာတဲ့ ရဲသုံးယောက်ကိုရော အားလုံးကို မြေကြီးပေါ်မှာ ၄၅ မိနစ်လောက်ထိုင်ခိုင်ပြီးစစ်မေးတယ်။

မေး။ ။ ဘာတွေစစ်မေးလဲခင်ဗျာ့။ အန်ကယ်တို့က သူတို့စိတ်အနှောက် အယှက်ဖြစ်အောင် ဖားကန့်မှာ တစ်ခုခုလုပ်ခဲ့တာရှိလို့လား။

ဖြေ။ ။ ကျနော့်ကို ခင်ဗျားဘာလဲလို့မေးတော့ ကျနော်က လမ်းပန်းဆက်သွယ်ရေးဝန်ကြီးလို့ ပြောတာ သူတို့နားမလည်ဘူး။ ဒါနဲ့ ကျနော်က ဆောက်လုပ်ရေးဝန်ကြီးလို့ပြောတော့ သူတို့က လမ်းဗိုလ်လား မေးတော့ ဟုတ်တယ်လို့ ပြန်ဖြေလိုက်တာ သူတို့လည်း ဆက်မမေးတော့ဘူး။သူတို့က ရဲတွေ သေနတ်ကိုင်ထားတာတွေ့တော့ ခင်ဗျားတို့ ကကျုပ်တို့ကို ပစ်ဖို့မှတ်လားဘာလားဆိုပြီး ပြောတယ်။ ပြီးတော့ သူတို့ ၃ ယောက်ကို လက်နောက်ပြန်ကြိုးတုတ်ပြီးခေါ်သွားတယ်။ ကျနော်တို့ထွက်လာတဲ့ အချိန်မှာ နေ့လည် ၁၂ နာရီခွဲလောက်ရှိပါပြီ။ တကယ်တော့် ကျနော်တို့က ဖားကန့်မှာ အစည်းအဝေးလုပ်ခဲ့တာပဲရှိတယ် သူတို့အဖွဲ့ စိတ်အနှောက်အယှက် ဖြစ်အောင်ဘာမှမလုပ်ခဲ့ဘူး။

မေး။ ။ အန်ကယ့်ကို လွှတ်ပေးလိုက်တာ ကချင်မို့လို့လားခင်ဗျ။

ဖြေ။ ။ မဟုတ်ဘူးဗျ။ လွတ်လာတဲ့အထဲက ၃ ယောက်ပဲ ကချင်၊ ကျန်တဲ့ အင်ဂျီနီယာအဖွဲ့တွေဘာတွေက အားလုံးဗမာချည်းပဲ။ ဖမ်းသွားတဲ့ ရဲတစ်ယောက်က ကချင်ပဲ။ သူ့နာမည်ဆိုင်းလလား ဘာလားတော့မသိဘူး။ သူတို့က လွှတ်ပေးတာ ကချင်ရယ်၊ ဗမာရယ်မဟုတ်ဘူး။ ရဲဝန်ထမ်းတွေဖမ်းတယ်။ အရပ်သားကိုလွှတ်ပေးတယ်ဆိုတဲ့သဘောဗျ။

မေး။ ။ အန်ကယ့်က ကချင်ဆိုတော့ အခြေအနေကို ပြေလည်အောင် မရှင်းပြဘူးလားခင်ဗျ။

ဖြေ။ ။ ကျနော်က ရှင်းပြဖို့ကြိုးစားပါသေးတယ်။ သူတို့က အရှင်းပြမခံဘူးဗျ။ ရိုက်မယ်ဘာမယ်ပုံစံနဲ့ဗျ။ ဘာပဲဖြစ်ဖြစ် ခုကျနော်တို့ကိစ္စကို အကြောင်းပြုပြီး စစ်တွေဖြစ်တယ်၊ လူတွေထွက်ပြေးနေရတယ်ကြားတော့ ကျနော်စိတ်မကောင်းပါဘူး။

http://ygnglobe.com/mm/articles/interviews/453



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက် ၄ နှစ်ပြည့် ရန်ပုံငွေရှာဖွေရေး ဂီတပွဲကို Iron Cross တီးဝိုင်းနဲ့အတူ မန္တလေးမြို့ Mandalay Hill ဟိုတယ်မှာ ၂ဝ၁၅ ဇန်နဝါရီလ ၁၄ ရက် မနေ့ညက ကျင်းပခဲ့ပါတယ်။

RFA Burmese

သာသနာညှိးနွမ်းစေမှုနဲ့ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ စာရေးဆရာ ဦးထင်လင်းဦးက ချောင်းဦးမြို့နယ် တရားရုံးအနီးမှာရှိတဲ့ ကမ္ဘာအေးဆုတောင်းပြည့် ရဲတပ်ဖွဲ့ဓမ္မာရုံမှာ မြို့နယ်မဟာဓမ္မာရုံ ပါဠိတက္ကသိုလ်ကျောင်းတိုက် ဆရာတော် ဥူးဝရသဗ္ဗောဓိ ဦးဆောင်တဲ့ သံဃာတော်အပါး ၃၀ နီးပါးကို ဒီနေ့ ကန်တော့တောင်းပန်ခဲ့ပါတယ်။

သံဃာတော်တွေကို ကန်တော့တောင်းပန်တာဟာ အပြစ်ရှိလို့တောင်းပန်တာ မဟုတ်ကြောင်း ဦးထင်လင်းဦးက အခုလိုပြောပါတယ်။

"ဝန်ချတောင်းပန်တယ်ဆိုတာက မှားလို့ဗျ၊ ကန်တော့တောင်းပန်တယ်ဆိုတာက ကိုယ်ပြောဆိုမိတဲ့ကိစ္စမှာ တချို့စကားလုံးတွေ ဆရာတော်သံဃာတော်တွေ စိတ်မကောင်းဖြစ်ရတယ်ဆိုရင် အဲဒီ့သံဃာတော်တွေရဲ့ အဆုံးမခံ ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ ကန်တော့ပြီးတော့ တောင်းပန်တာဖြစ်တယ်ဗျ၊ အဲ့စကားလုံးလေးကကွာပါတယ်၊ ကျနော်မှားတာတစ်ခုမှ မပြောခဲ့ဘူးဗျ"

ချောင်းဦးမြို့နယ် တရားရုံးမှာ ဦးထင်လင်းဦးကို ဒီနေ့ ရုံးထုတ်စစ်ဆေးခဲ့ရာ တရားလိုပြသက်သေ ၅ ဦးထဲက ကျန်တဲ့ ၂ ဦးကို စစ်ဆေးခဲ့ပါတယ်။ ဒါ့အပြင် ဦးထင်လင်းဦးအမှုကို မုံရွာခရိုင်တရားရုံးထံ ပြောင်းရွှေ့စစ်ဆေးပေးဖို့ ဦးထင်လင်းဦးရဲ့ရှေ့နေက တရားရုံးမှာ တင်ပြလျှောက်ထားခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ချောင်းဦးမြို့နယ် သုံးပန်လှကျေးရွာမှာကျင်းပတဲ့ စာပေဟောပြောပွဲမှာ ဦးထင်လင်းဦးက ဘာသာ၊ သာသနာ လူမျိုးရေးအယူဝါဒတွေအကြောင်း ဟောပြောခဲ့တာကြောင့် ချောင်းဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ဦးစီးမှူး ဦးဦးထွန်းခိုင်က တရားလိုလုပ်ပြီး ပုဒ်မ ၂၉၅ (က) ဘာသာ သာသနာ ညှိုးနွမ်းစေမှု ၊ ပုဒ်မ ၂၉၈ ဘာသာ သာသနာကို စော်ကားပုတ်ခတ်ပြောဆိုမှုတို့နဲ့ တရားစွဲခဲ့တာ ဖြစ်ပါတယ်။

RFA


ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကမန်းဒူနော်နဲ့ လုံခြုံရေးလိုက်ပါခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် ၃ ဦးကို ကေအိုင်အေတပ်မဟာ ၂ လက်အောက်ခံတပ်သားတွေက မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ဝှေခါ-ဝေလုံ တောင်ကြောပေါ်မှာ မနေ့က စစ်ဆေးထိန်းသိမ်းခဲ့ပါတယ်။ အဲဒီထဲက ၀န်ကြီး ဦးကမန်းဒူနော်ကို ပြန်လည်လွှတ်ပေးခဲ့ပေမဲ့ ရဲတပ်ဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးထားဆဲဖြစ်ပါတယ်။

ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကမန်းဒူနော်ကို RFA သတင်းထောက် ကိုကျော်မျိုးမင်းက တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

RFA

Iron Cross ဖျော်ဖြေ တင်ဆက်ပွဲ
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD မန္တလေး က ကြီးမှူး ကျင်းပတဲ့ အထက်မြန်မာပြည် NLD ရဲ့ အခမဲ့ ပညာရေး ကျောင်းတွေ အတွက် ရံပုံငွေ ရှာတဲ့ ပွဲ ကို နာမည်ကျော် ရော့ခ်ဂီတ အဖွဲ့ Iron Cross က ဖျော်ဖြေ တင်ဆက် ပါတယ်။

ဒီ အခန်းအနား ကို Mandalay Hill Resort ကွင်းပြင် မှာ ကျင်းပရာမှာ ကွင်းပြည့်၊ ထိုင်ခုံ မလပ်၊ အားပေးကြည့်ရှု ကြပါတယ်။ ဒီပွဲရဲ့ ရံပုံငွေ ကိုလည်း ကျပ်သိန်းပေါင်း ၆၀ဝ မှ ၈၀ဝ အထိ ခန့်မှန်းထားပြီး အထက်မြန်မာပြည် က ကျောင်းပေါင်း ၉၀ ကျော် ရဲ့ ပညာသင်စရိတ်၊ ကျောင်းဆရာ တွေ သင်တန်းစရိတ်၊ စစ်ဖြစ်ပွားနေတဲ့ နယ်မြေ က ကျောင်းသားတွေ ကို ထောက်ပံ့ ဖို့ ဖြစ်ကြောင်း အထက်မြန်မာပြည် ပညာရေး ရံပုံငွေ အဖွဲ့ရဲ့ ဘဏ္ဍဍာရေးမှူး ဦးမျိုးနိုင် က ဘီဘီစီ ကို ပြောပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ နာယက ဦးတင်ဦး ကတော့ ဒေါ်အောင်ဆန်းစုကြည် ရည်မှန်းတဲ့ မြန်မာ့ပညာရေး ထွန်းတောက် လာဖို့ ကြောက်စိတ် တွေ ကို ဖယ်ရှား ယင်း အားပေးကြပါ လို့ ဒီ အခန်းအနား မှာ ပြောကြားသွားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/burma/2015/01/150115_nld_mdy_education

ဓာတ်ပုံ – Jade Land Kachin 
ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ)က ကချင်ပြည်နယ် လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီး ဦးကမန်းဒူးနော်ကို လမ်းမှာ တားဆီး မေးမြန်းမှု ဖြစ်ပွား ပြီးနောက် တပ်မတော်နဲ့ ကေအိုင်အေ အကြား တိုက်ပွဲတွေ ဖြစ်ပွားပါတယ်။

မနေ့က ဖားကန့်မြို့နယ် ဟွေလုံကျေးရွာအနီးမှာ ကေအိုင်အေက မိုးကောင်း-ကာမိုင်း -ဖား ကန့် လမ်းကြောင်း စစ်ဆေးကြည့်ရှုနေတဲ့ ပြည်နယ်ဝန်ကြီးအဖွဲ့ကို တားဆီး စစ်ဆေးမေးမြန်ခဲ့ပြီး လုံခြုံရေး ရဲ ၃ ဦးကို ဖမ်းဆီးခဲ့တယ်လို့ အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။ ကေအိုင်အိုဘက်ကတော့ ပြည်နယ်ဝန်ကြီးကို မေးမြန်းတာသာဖြစ်ပြီး ရဲတွေကိုလည်း ပြန်လွှတ်ပေးမှာပါလို့ ဒီဗွီဘီကို ဖြေပါ တယ်။

ဒီဖမ်းဆီးမှုအဖြစ်အပျက်ဟာ လွန်ခဲ့တဲ့ လပိုင်းက ကေအိုင်အို ဗိုလ်သင်တန်းကျောင်း ပစ်ခတ်ခံရမှုနဲ့ ကေအိုင်အေ စခန်းတချို့ကို တပ်မတော်ဘက်က ၀င်ရောက်စီးနင်း၊ ရဲဘော်တချို့ကို ဖမ်းဆီးမှုတွေ ဖြစ်ပွားအပြီး နှစ်ဘက်အကြား အတင်းမာဆုံးအခြေအနေဖြစ်ပါတယ်။

ဒီကနေ့ ဇန်န၀ါရီလ ၁၅ ရက် မနက်အရုဏ်တက်ကစပြီး ဖားကန့်မြို ဥရုချောင်းအနီးမှာ တိုက်ပွဲဖြစ်လို့ သူတို့ရွာသားတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေကြတယ်လို့ ဖားကန့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် ဦးသန်းနိုင်က ပြောပါတယ်။

သူက “အခုကျနော်တို့ ကံဆီးခွင် အောင်ဘာလေရွာအ၀င်နားမှာ တိုက်ပွဲဖြစ်နေတယ်ဗျ။ အသံတွေ ကြားနေရတယ်။ အကျယ်ကြီးပဲ။ ကျည်ဆံတွေရော၊ လက်နက်ကြီးတွေရော၊ အဲဒါကြောင့် ရွာသားတွေ တောရဘုန်းကြီးကျောင်း ဘက်ပြေးနေကြတယ်။ ဆိုင်ကယ်တွေ ကားတွေ စက်ဘီးတွေနဲ့ ကလေးတွေလည်း ကျောင်းပိတ်ထားရတယ်။ ကျနော်လည်း ပြေးရတော့မယ်။ လုံးခင်းဘက် ဖားကန့်ဘက်လည်း သွားလို့မရဘူး။”

ဒါ့အပြင် အဲဒီအနီးတ၀ိုက်က ကံဆီးခေါနဲ့ ငှက်ပျောတောရွာက လူတွေလည်း ကျည်လွတ်ရာ ထွက်ပြေးနေကြပြီလို့ ဆိုပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားအခြေစိုက် ကေအိုင်အို နည်းပညာအဖွဲ့က ဦးဒေါင်းခါးက ဒီတိုက်ပွဲဟာ အစိုးရတပ် ဘက်က လက်နက်ကြီးနဲ့ စတင်ပစ်ခတ်ခဲ့တာလို့ ပြောပါတယ်။

“ဒီကနေ့မနက် ၆ နာရီခွဲလောက်ကစပြီး ကျနော်တို့ ကေအိုင်အေ တပ်ရင်း ၆ ရှိရာဘက်ကို အစိုးရတပ်က လက်နက်ကြီးနဲ့ စပြီး ပစ်ခတ်ခဲ့တယ်လို့ အကြောင်းကြားပါတယ်ခင်ဗျ။ မနက် ၉ နာရီထိ မငြိမ်သေးဘူး။ ထိခိုက်ဒဏ်ရာရစာရင်းတွေလည်း မသိရပါဘူး။”

အစိုးရဘက်၊ တပ်မတော်ဘက်ကတော့ တိုက်ပွဲသတင်းထုတ်ပြန်မှု မရှိသေးတာပါဘူး။

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ဘက်မှာလည်း နယ်မြေရှင်းလင်းရေးလုပ်တဲ့ အစိုးရ တပ်နဲ့ တာမိုးညဲရွာအနီးတောင်ကုန်းတ၀ိုက်မှာ ကေအိုအေနဲ့ တိုက်ပွဲတွေ ဖြစ်နေတာ ၃ ရက်ရှိပြီလို့ ဦးဒေါင်းခါးက ပြောပါတယ်။

လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနဲ့အဖွဲ့ကို တားဆီးမှုဖြစ်စဉ်မှာတော့ ခေတ္တခေါ်ယူစစ်ဆေး ထားတာဘဲဖြစ်ပြီး ၀န်ကြီးဖြစ်ကြောင်းသိရတဲ့အတွက် မနေ့ကဘဲ ပြန်လွှတ်ပေးလိုက်ပြီလို့ သူက ဆက်ပြောပါတယ်။ ဖမ်းဆီးခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် ၃ ဦးကိုလည်း ပြန်လွှတ်ဖို့ ဌာနချုပ်က ညွှန်ကြားထား ပြီးဖြစ်ပေမယ့် လတ်တလောမှာ တိုက်ပွဲတွေဖြစ်နေတာကြောင့် ကေအိုင်အေ တပ်မဟာ ၆ မှာဘဲ ထိန်းသိမ်း ထားတယ်လို့ ဦးဒေါင်းခါးက ပြောသွားပါတယ်။

ရဲတပ်ဖွဲ့ဝင် ၃ ဦး အမြန်ဆုံးပြန်လည် လွှဲပြောင်းပေးနိုင်ရေးအတွက် မြစ်ကြီးနားမြိုက ပဋိပက္ခ ဖြေရှင်းရေး ညှိနှိုင်းရေးအဖွဲ့နဲ့ ကေအိုင်အေ နည်းပညာဆိုင်ရာ အကြံပေးအဖွဲတို့ကို ဆက်သွယ်ထားတယ်လို့ အစိုးရ ထုတ်ပြန်ပါတယ်။
တပ်မတော်အစိုးရလက်ထက် ၁၉၉၄ ခုနှစ်မှာ အပစ်အခတ်ရပ်စဲခဲ့တဲ့ ကေအိုင်အိုအဖွဲ့ဟာ တပ်မတော်အစိုးရအဆုံးမသတ်ခင်မှာ နယ်ခြားစောင့်ပြောင်းရေး ဖိအားပေးမှုကို ငြင်းဆန်ရာက တိုက်ပွဲတွေပြန်ဖြစ်နေတာဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန်က လာမယ့်ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ရေးထိုးနိုင်ဖို့ မျှော်လင့်ကြောင်း ကြေညာထားချိန်မှာ ကချင်လွတ်လပ်ရေးတပ်မတော်၊ ရခိုင်တပ်မတော်နဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော်တွေက အစိုးရနဲ့ အပစ်ရပ်လက်မှတ် မရေးထိုးနိုင်သေးဘဲ ဖြစ်နေပါတယ်။

By နန်းမြနဒီ (ဒီဗွီဘီ)
http://burmese.dvb.no/archives/77165

ဆရာထင်လင်းဦး သံဃာတော်များကို တောင်းပန်စဉ်


သာသနာ ညှိုးနွမ်းစေမှု အပါအ၀င် ပုဒ်မ ၂ ခုနဲ့ တရားစွဲခံရတဲ့ စာရေးဆရာ ထင်လင်းဦး က  ချောင်းဦး မြို့နယ်မှာ သံဃာတော်တွေကို အခမ်းအနားနဲ့ ၀န်ချတောင်းပန် လိုက်ပါတယ်။

ဒီကနေ့ နေ့ခင်း သူရဲ့ရုံးချိန်းအပြီးမှာ သံဃာတော်တွေကို တောင်းပန်တဲ့ အခမ်းအနား လုပ်ဆောင်ခဲ့တာလို့ စာရေးဆရာ ထင်လင်းဦး အမှုကို လိုက်ပါ ဆောင်ရွက် ပေးနေတဲ့ မန္တလေးမြို့က တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။

“ကျနော်တို့ ရုံးချိန်းအပြီး ၁ နာရီ ၁၀ မိနစ်မှာ ချောင်းဦးမြို့နယ် ရဲစခန်း ရဲဓမ္မာရုံမှာ ချောင်းဦးမြို့နယ် သံဃာ့ဝန်ဆောင် သပိတ်တော်ပြုတော်မူထားတဲ့ သံဃာတော်တွေအားလုံး ကျနော်တို့ အခမ်းအနားနဲ့ ဒီဘုရားပညတ်ထားတဲ့ ၀ိနည်းတော်နဲ့ သပိတ်ကံဆောင်တာ တောင်းပန်တာ၊ သပိတ်လန်ဖို့အတွက် လက်ခံတာကို အဲမှာ ကျနော်တို့ လုပ်ပါတယ်။ ”

ချောင်းဦးမြို့မှာရှိတဲ့ သံဃာတော် အပါ ၃၀ လောက်ကို ပင့်ဖိတ်ပြီး တောင်းပန်ခဲ့တာဖြစ်ပြီး သံဃာတော်တွေကလည်း ကျေနပ်အသိအမှတ်ပြုတယ်လို့လည်း ရှေ့နေဦးသိန်းသန်းဦးက ပြောပါတယ်။

“ဗုဒ္ဓဘာသာဖြစ် လို့ တောင်းပန်ရ တာပေါ့။ ဗုဒ္ဓဘာသာမှာ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ သံဃာက စိတ်နှလုံးမသာလို့ ဒီလိုသပိတ်ကံဆောင် ထား လို့ရှိရင် သံဃာဝန်သိပ်ကြီး ပါတယ်။ ဒါကြောင့် ရှိခိုးတောင်းပန်ဖို့ သိပ်အရေးကြီးပါတယ်။  မှားတာမှန်တာက ပြဿ  နာမရှိဘူး၊ သံဃာတော်က သူ့ဟောပြောချက် အပေါ်မှာ စိတ်နှလုံးမသာဖြစ် တယ်။ ဒီလိုအကျိုးဆက်ရှိရင် ဗုဒ္ဓဘာသာဝင်တိုင်းက ၀န်ချတောင်းပန်ဖို့ရှိ တယ်။ ဒါကြောင့်မို့ ဦးထင်လင်းဦးက ၀န်ချတောင်းပန် တာပါ။ ဆရာတော်ကြီးတွေ ကလည်းပဲ ၀န်ချတောင်းပန်ရင် သူတော်ကောင်း ပဲဆိုတာ အသိအမှတ် ပြုပါတယ်။ ဒီလိုသပိတ်ကံဆောင်တာရှိပါတယ်။  ဘုန်းကြီးရဟန်းကို ၀န်ချတောင်းပန်ရမှန်း မသိတဲ့ သူတော်ကောင်းမဟုတ်တဲ့လူတွေ အများကြီးရှိပါသေးတယ်”  လို့ ပြောပါတယ်။

ဦးထင်လင်းဦးရဲ့  ဒီကနေ့ ရုံးချိန်းမှာ တရားလိုပြသက်သေ ၂ ယောက်စစ်ဆေးခဲ့ပြီး  အာမခံလျှောက်တာ  ပယ်ချခံရပါတယ်။ ဒီမှုကို မုံရွာမြို့နယ်တရားရုံးမှာ  ရုံးပြောင်းစစ်ဆေးဖို့ လျောက်ခဲ့တယ်လို့လည်း ရှေ့နေကပြောပါတယ်။

ဦးထင်လင်းဦးဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက် စစ်ကိုင်းတိုင်း မုံရွာခရိုင် ချောင်းဦးမြို့နယ် သုံးပန်လှကျေးရွာ စာပေ ဟောပြောပွဲမှာ ဟောပြောချက်နဲ့ပတ်သက်လို့ ဘာသာသာသနာ ယုံကြည်မှုကို စော်ကားမှု ပုဒ်မ ၂၉၅ (က)၊ ဘာသာရေးကို စိတ်နာစေရန် တမင်ကြံရွယ်၍ စကားပြောဆိုမှု ပုဒ်မ ၂၉၈ တွေနဲ့ တရားစွဲဆိုခံရတာ ဖြစ်ပါတယ်။

By နော်နိုရင်း (ဒီဗွီဘီ)
http://burmese.dvb.no/archives/77194


နိုင်ငံခြားသားများ အများဆုံး လာရောက် လေ့လာကြတဲ့ ဗားကရာ ကျောင်းတိုက်ဟာ အင်းဝမြို့ဟောင်း စည်တိုပုံ မြို့ရိုးရဲ့အပြင်ဘက် တတိယမြို့ရိုးအတွင်း လောကသရဖူ ဘုရားကြီးရဲ့ တောင်ဘက်မှာ တည်ရှိပါတယ်။

ဘကြီးတော်ဘုရား လက်ထက် မြန်မာသက္ကရာဇ် ၁၁၉၆ ခုနှစ် စတုတ္ထအင်းဝမြို့တည်ခဲ့တဲ့နှစ်မှာ တည်ဆောက်ခဲ့တဲ့ ကျောင်းတိုက်ဖြစ်ပါတယ်။ယခုအခါမှာ နိုင်ငံခြားသားများ အများဆုံး လာရောက် လေ့လာကြတဲ့နေရာတစ်ခုဖြစ်လာခဲ့ပါတယ်။ သစ်သားကျွန်းတိုင်ပေါင်း ၂၆၇လုံးဖြင့် တည်ဆောက်ထား တာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ အကြီးဆုံးကျွန်းတိုင်ရဲ့ လုံးပတ်က ကိုးပေရှိပြီး အမြင့်ပေ ၆ဝရှိပါ တယ်။ ဗားကရာကျောင်းတိုက်ရဲ့ အကျယ်အဝန်းက အလျား ၁၈၈ ပေ၊ အနံ ၁ဝ၃ပေ တည်ရှိတဲ့ သစ်သားကျောင်းကြီးဖြစ်ပါတယ်။ ယနေ့ခေတ်မှာ မြင်တွေ့နိုင်ရန် အလွန်ရှားပါးတဲ့ ရှေးဟောင်းဗိသု ကာလက်ရာ၊ ပန်းပုလက်ရာ၊ အနု ပညာအမွေအနှစ်များကို တွေ့ရှိ နိုင်ပါတယ်။ ထို့ပြင် ကြမ်းခင်း ဇောင်းများတွင်လည်း အသေးစိတ် ဗိသုကာလက်ရာများဖြင့် ထုံမွှမ်း ခြယ်သထားသည်ကိုလည်း တွေ့ ခဲ့ရပါတယ်။ နိုင်ငံခြားသားတချို့ ကတော့ အသေးစိတ်ဓာတ်ပုံ မှတ် တမ်းတင်နေတာကို တွေ့ရပါ တယ်။ ကျောင်းတော်ရဲ့ ဘေးပတ် ပတ်လည်တွင် အုတ်လှေကား ငါးစင်းဖြင့် တပ်ဆင်ထားသည်ကို တွေ့မြင်နိုင်မှာပါ။ပြာသာဒ်ဆောင်တွင် ကိန္နရာရုပ်တုများ၊ ပွတ်လုံး များ၊ နတ်ရုပ်များဖြင့် တန်ဆာဆင် ထားသလို အတွင်းဆောင်လက် ရန်းများကို ဒေါင်းရုပ်များ၊ ပွတ်လုံး များဖြင့်တန်ဆာဆင်ထားပါတယ်။ ဒါ့ပြင် လက်ရန်းထိပ်ပိုင်းများကို လည်း ခြင်္သေ့ကိုယ်ထည်၊ ဘီလူး ခေါင်းပုံများ၊ရုပ်တုများဖြင့် တန်ဆာ ဆင်ထားပါတယ်။ အနုစိတ် ဗိသုကာလက်ရာများကို တွေ့မြင် လိုရင်ဖြင့် ဗားကရာကျောင်းတိုက်သို့ သွားရောက်လေ့လာနိုင်ပါတယ်။ ယခုလက်ရှိမှာ တော့ ဗားကရာကျောင်းတိုက်သို့ ပြည်တွင်းဘုရားဖူးများ၊အနီးပတ်ဝန်းကျင်မှဧည့်သည်များလည်းလာရောက်လေ့လာကြ တာကို တွေ့မြင်ရပါတယ်။ ''အင်းဝမြို့ဟောင်းကို လာ ရောက်လေ့လာကြတဲ့ နိုင်ငံခြား ခရီးသွားဧည့်သည် တစ်နေ့ကို၂ဝဝ ဝန်းကျင်လာရောက်ကြ ပါတယ်'' ဟု ဇုန်ဝင်ကြေးကောက်ခံသော ယဉ်ကျေးမှုဝန်ကြီးဌာနက တာဝန် ရှိသူတစ်ဦးကပြောပါတယ်။

ဒုတိယ ကမ္ဘာစစ် အတွင်းက ဗားကရာ ကျောင်းတိုက်ကြီး၏ လက်ရာတချို့ပျက်စီး ခဲ့ရလို့ အနောက်ဘက်ဘောဂ ဆောင်ခေါ် ကျက်သရေ တိုက်မှာလည်း မီးလောင်ပျက်စီးခဲ့ရတယ်လို့ သမိုင်းမှတ်တမ်းများမှာ ဖော်ပြထားပါတယ်။ ယခုလက်ရှိဗားကရာ ကျောင်းတိုက်ရဲ့ အနောက်ဘက်အဆောင်တွင်ကိုရင်ငယ်များနှင့် ဒေသခံကလေးငယ်များကိုစာပေ ပညာရပ်များ သင်ကြားပို့ချပေးနေတာ ကိုတွေ့မြင်ရမှာဖြစ်သလိုရှေးဟောင်း မြန်မာ့ဗိသုကာလက်ရာများကို လေ့လာလိုပါက ဗားကရာကျောင်း တိုက်သို့ သွားရောက်လေ့လာနိုင်ပါ တယ်လို့ရေးသားလိုက်ရပါတယ်။

ယဉ်ယဉ်လှ
The Union Daily
http://uniondaily.net/News/DetailView.aspx…

အကြမ်းဖက် သမားများက ရဲအရာရှိ Ahmed Merabet ကို ပစ်သတ်နေပုံ ရုပ်သံဖိုင်ကို ဆက်လက် တင်မရ၊ ပြမရ၊ ကြည့်မရအောင် လုပ်ဆောင်ထားမည်
ဝါရှင်တန် ၊ ၁၅-၁-၂၀၁၅

ကမ္ဘာပေါ်တွင် လူသုံး အများဆုံး လူမှုကွန်ရက် အင်တာနက် စာမျက်နှာအဖြစ် ရပ်တည်နေဆဲ ဖြစ်သည့် Facebook က User များအနေဖြင့် ရုန့်ရင်း ကြမ်းတမ်းပြီး မဖွယ်မရာ ပြကွင်းပြကွက် နှင့် ပုံရိပ်များ ပါဝင်သော ရုပ်သံနှင့် ဓာတ်ပုံများ ကို တင်ထားခွင့် မပြုတော့ဘဲ ကန့်သတ်တားမြစ် လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

Facebook ၏ တားမြစ် ကန့်သတ်ချက် နှင့် ငြိစွန်းသည့် ရုပ်သံ၊ ရုပ်ပုံတက်လာလျှင် အထိတ်တလန့် ဖြစ်စေနိုင်သော ဟု အဓိပ္ပာယ် ရသည့် Shock ကို လည်းကောင်း၊ အရှက်ရ စေသောဟု အဓိပ္ပာယ် ရသည့် Offend ကို လည်းကောင်း၊ စိတ် အနှောင့်အယှက် ဖြစ်စေသောဟု အဓိပ္ပာယ် ရသည့် Upset ကို လည်းကောင်း ကွန်ပျူတာနှင့် ဖုန်းစကရင် များတွင် စာတန်းပြေး လေးဖြင့် တောက်လျှောက် ထိုးပြ သတိပေး နေမည်ဖြစ်ပြီး အဆိုပါ ရုပ်သံနှင့် ရုပ်ပုံများ ကိုလည်း အလိုအလျောက် ပွင့်လာစေမည် မဟုတ်တော့ဘဲ ကြည့်ရှု လိုသူက ကလစ်ခေါက် မှသာ ပွင့်လာ တော့မည်ဖြစ်သည်။

ထို့ပြင် Facebook သည် အသက် ၁၈ နှစ်အောက် User များထံ၌ အဆိုပါ မဖွယ်မရာ ရုပ်သံ၊ ရုပ်ပုံနှင့် အခြား ဂရပ်ဖစ်ပုံရိပ်များ မပွင့်အောင် ပိတ်ပင် ထားမည် ဖြစ်သည်။

'' Facebook ကို အသုံးပြုလို့ အန္တရာယ်နဲ့ ကြုံတွေ့ရတယ် ဆိုတာမျိုး မဖြစ်စေချင်လို့ အခုလို စတင် ကန့်သတ်ရတာ ဖြစ်ပါတယ်။ ငယ်ရွယ်နုနယ် အသိမကြွယ် သေးတဲ့ ကလေးငယ် တွေဟာ Facebook ကို အသုံးပြုပြီး အမဲလိုက် နေတဲ့ မနုဿမုဆိုး တွေရဲ့သားကောင် အချိန်မရွေး ဖြစ်သွား နိုင်ပါတယ်။ ဒါကို ထိရောက်စွာ ဟန့်တားချင်လို့ အခုလို ကန့်သတ် ပိတ်ပင် တားမြစ်ချက် တွေကို အကောင် အထည်ဖော် ဆောင်ရွက် ရတာ ဖြစ်ပါတယ် '' ဟု Facebook မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

Facebook သည် ရုန့်ရင်း ကြမ်းတမ်းသော လူသတ်၊ မုဒိမ်းကျင့်၊ လိင်စိတ်နှိုးဆွ ပေးသော ရုပ်သံဖိုင် နှင့် ရုပ်ပုံဖိုင်များကို ထိန်းချုပ်ရာတွင် အားနည်းသည် ဟု နိုင်ငံတကာ၏ ဝေဖန်ပြစ်တင် မှုကို လွန်ခဲ့သော နှစ်ပိုင်းကပင် စတင်ခံစား ခဲ့ရသည့် အတွက် ယခုဖော်ပြပါ အတိုင်း စတင် အရေးယူ ဆောင်ရွက်ခြင်း လည်း ဖြစ်နိုင်ကြောင်း လေ့လာ စောင့်ကြည့်သူ များက သုံးသပ် ထားသည်။

ပထမဆုံး အနေဖြင့် ပြင်သစ်နိုင်ငံ ပါရီမြို့ ချာလီဟက်ဗဒို ဂျာနယ်တိုက် အရေးတွင် အကြမ်းဖက် သမားများက ရဲအရာရှိ Ahmed Merabet ကို ပစ်သတ်နေပုံ ရုပ်သံဖိုင်ကို ဆက်လက် တင်မရ၊ ပြမရ၊ ကြည့်မရအောင် ပိတ်ချ ထားတော့မည် ဖြစ်ကြောင်း သိရသည်။

#PyiChitThar
http://www.pyichitthar.com/2015/01/facebook.html

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.