01/17/15

ဘယ်လ်ဂျီယမ်နိုင်ငံ အရှေ့ပိုင်းက ဗာဗီယားစ်မြို့ (Verviers) မှာ အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ် အဖွဲ့ဝင်လို့ သံသယရှိသူ ၂ ဦးကို ဘယ်လ်ဂျီယမ် အထူးလုံခြုံရေးတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၅ ရက်နေ့က အသေပစ်သတ်လိုက်ကြပါတယ်။
Untitled-5 copyသူတို့ ၂ ဦး အကြမ်းဖက်တိုက်ခိုက်မှုကြီးတခု လုပ်တော့မယ့်အချိန်မှာ ဘယ်လ်ဂျီယမ် လုံခြုံရေးတပ်ဖွဲ့တွေကို သူတို့တွေက အရင်ပစ်ခတ်ခဲ့တာလို့ ဘယ်လ်ဂျီယမ်အစိုးရရှေ့နေ အဲရစ် ဗန် ဒါ စပိုင့်တ် (Eric Van Der Sypt) က ပြောဆိုခဲ့ပါတယ်။

တိုက်ခိုက်မှုအပြီး အေကေ ၄၇ သေနတ် ၄ လက်၊ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ ရဲဝတ်စုံတွေပါ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ရဲဌာနတခုကို စီးနင်းတိုက်ခိုက်ဖို့ ပြင်ဆင်ပုံရတယ်လို့ သတင်းတွေမှာ ဖော်ပြ ကြပါတယ်။
ဒီဖြစ်ပျက်မှုအပြီးမှာ ဘယ်လ်ဂျီယမ်နိုင်ငံရဲ့ လုံခြုံရေးကိုလည်း ဒုတိယအမြင့်ဆုံး သတ်မှတ်ထားလိုက်ပြီး ဘရက်ဆဲလ်မြို့တော်မှာလည်း ရှာဖွေရေးတွေ လုပ်ဆောင်နေပါတယ်။
ပစ်ခတ်မှုအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် ထိခိုက်မှု မရှိခဲ့ဘူးလို့ ဒေသခံမီဒီယာတွေမှာ ဖော်ပြပါတယ်။
ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့ နေရာတ၀ိုက်ကိုလည်း လုံခြုံရေးတပ်ဖွဲ့တွေက ပိတ်ဆို့ ထားလိုက်ပါတယ်။
ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် လူ ၁၇ ဦး သေဆုံးခဲ့တဲ့အမှု ဖြစ်ပွားခဲ့အပြီး ၁ ပတ်အကြာမှာ အခုလို ဘယ်လ်ဂျီယမ်နိုင်ငံမှာလည်း ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။

အရင် ၁ ပတ် ပါရီမြို့တော်တိုက်ခိုက်မှုကိုတော့ ယီမင်နိုင်ငံ အယ်လ်ကိုင်ဒါအဖွဲ့ခွဲက လုပ်ဆောင်ခဲ့တာလို့ ကြေညာထားပါတယ်။
 DVB
http://burmese.dvb.no/archives/77379
အခု တိုက်ခိုက်မှုဟာ ပြင်သစ်တိုက်ခိုက်မှုနဲ့တော့ ဆက်စပ်မှု မရှိဘူးလို့ အစိုးရရှေ့နေက ပြောဆိုပါတယ်။
ဘယ်လ်ဂျီယမ်နိုင်ငံ တောင်ပိုင်းက ရှာလီဟွာမြို့မှာတော့ ပါရီမြို့တော်က တိုက်ခိုက်ခဲ့သူကို လက်နက်တွေ ရောင်းခဲ့တယ်လို့ သံသယရှိသူတဦးကို ရဲတွေက ထိန်းသိမ်းထားပါတယ်။
အီရတ်နဲ့ ဆီးရီးယားနိုင်ငံမှာ ရှိတဲ့ အိုင်အက်စ် အကြမ်းဖက်တွေနဲ့ ပူးပေါင်းတိုက်ခိုက်ဖို့ ဘယ်လ်ဂျီယမ်နိုင်ငံက ထွက်ခွာသွားသူ ၃၀၀ ကျော် ရှိတယ်လို့လည်း အာဏာပိုင်တွေက ပြောဆိုပါတယ်။


အာဇာနည်ခေါင်းဆောင်တဦးဖြစ်သူ သခင်မြ နေထိုင်သွားရာနေရာကို သခင်မြအမှတ်တရအဖြစ် ထုံးဘိုမြို့နေ ဒေသခံများက ပန်းခြံဆောက်လုပ်ရန် ရည်ရွယ်ထားသော်လည်း ယခင်ထောက်လှမ်းရေးခေတ်က အဆောက်အဦ ၀င်ဆောက်သွားပြီး မည်ကဲ့သို့ရောင်းစားသွားကြောင်း မသိရ၍ ဒေသခံများ မချင့်မရဲဖြစ်နေရကြောင်း ထုံးဘိုတိုက်နယ်ဒေသခံတဦး က ပြောသည်။

“သခင်မြတို့က ဒီထုံးဘိုဆုံတန်း ရပ်ကွက်မှာ သူ့မိဘတွေနေတယ်။ နောက်ပိုင်းကျတော့ သခင်မြက သူ့ဦးလေးတ၀မ်း ကွဲဖြစ်တဲ့ ဦးမောင်မြနဲ့ အဲဒီနေရာကအိမ်လေးမှာ (ထောက်လှမ်းရေးဟောင်း ရောင်းသွားသောနေအိမ်နေရာ) လာနေတာ။ သခင်မြက ဒီထုံးဘိုမှာ ခဏပဲနေ သွားတာ။ ဒီမှာ မူလတန်းကျောင်းတွေ ဘာတွေတက်သွားပြီး နောက်မှ သာယာဝတီကိုပြောင်းပြီး ခုနစ်တန်းတက်တယ် လို့သိရတယ်။ ထုံးဘိုမြို့က ၁၉၆၆/၆၇ လောက်တုန်းက မီးလောင်သွားသေးတယ်။ အဲဒီမှာ ဦးလေးဥက္ကဋ္ဌဖြစ်တုန်းက ဒီနေရာလေးကို ရပ်ကွက်ပိုင်မြေအဖြစ် သတ်မှတ်ပြီး သခင်မြအမှတ်တရပန်းခြံ လေးလုပ်ဖို့ ခြံလေးခတ်ထားသေးတယ်။ အဲဒီကနေ ထောက်လှမ်းရေးကာလကြီးစိုးလာတော့ သူတို့က တခြမ်းခြမ်းပြီးယူသွားတယ်။ ဖဲ့ယူပြီးတော့ ဒါတည့်တည့် ပြောရရင်တော့ ကျွန်တော်တို့မြေကို ရောင်းစားသွားတယ်။ အဲဒီထောက်လှမ်းရေးလက်ထက်က ကျွန်တော်တို့ကိုမြေနေရာပေးပါဆိုလို့ ကျွန်တော်တို့ မြေနေရာပေးခဲ့တယ်။ကျွန်တော်တို့ပေးခဲ့တဲ့ မြေတင်မဟုတ်ဘူး သခင်မြနေခဲ့တဲ့မြေနေရာ ကျွန်တော်ထင်ပါတယ် ပေ(၄၀) လောက်တော့ပါမယ်။ အဲဒါနဲ့ နောက်ပိုင်းကျတော့ တောင်ငူဘက်မှာ လေလံတင် ရောင်းစားသွားတယ်လို့ကြားတယ်။ ကျွန်တော်တို့က အရင်ကတည်းက သခင်မြအမှတ်တရ ရုပ်တုလေး ဘာလေးအထိလုပ်ဖို့ရှိတယ်။ ကျွန်တော်က ပန်းခြံလေးလုပ်မယ်ဆိုပြီး ၀င်းလေးခတ်ထားတာ။ ပန်းခြံဘ၀တောင် မရောက်လိုက်ပါဘူး။ အဲဒီအချိန်တုန်းက သူတို့ကို ဘယ်သူမှ ဘာမှပြောရဲတာမဟုတ်ဘူးလေ။ အခုလို ပွင့်လင်းလာလို့သာပြော ရဲတာ။ ဖြစ်နိုင်ရင်တော့ ဒီနေရာလေးကို သခင်မြ အမှတ်တရပန်းခြံလေး လုပ်ချင်တာပေါ့”ဟု သခင်မြ၏ တူမ တ၀မ်းကွဲ၏ အမျိုးသားဖြစ်သူ ဦးဉာဏ်ရှင်က ပြောသည်။

“ဒီနေရာလေးက သခင်မြနေခဲ့တဲ့ နေရာလေးဖြစ်တယ်။ ကျွန်တော်တို့က နဂို ကတည်းက ဒီနေရာလေးကို သခင်မြရဲ့ အမှတ်တရပန်းခြံလေးဖြစ်ဖို့ ရည်ရွယ်ခဲ့ တယ်။ သို့သော်လည်း ထောက်လှမ်းရေး (၁၁)က ပုဂ္ဂလိကလက်ထဲကို ရောင်းချ လိုက်တဲ့အတွက် ကျွန်တော်တို့ရည်ရွယ် ထားတဲ့ သခင်မြပန်းခြံလေးပျက်ခဲ့ရတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ဒီဒေသမှာ မွေးပြီး နိုင်ငံတော်အာဇာနည်တဦးဖြစ်တဲ့ သခင်မြအမှတ်တရအနေနဲ့ ဒီနေရာလေး မှာ အမှတ်တရပန်းခြံလေးဖြစ်ချင်ပါတယ်။ နဂိုကတည်းက ထောက်လှမ်းရေးတပ်က အသုံးပြုမယ်ဆိုလို့ပေးခဲ့တာ။ အဲဒါကို အခုလို ပုဂ္ဂလိကကိုရောင်းစားတယ်ဆိုတော့ သူတို့ မှာပဲ တာဝန်ရှိတယ်လို့ ထင်ပါတယ်။”ဟု ထုံးဘိုတိုက်နယ် အုပ် ချုပ်ရေးမှူးလည်းဖြစ်၊ ပန်းတောင်းမြို့နယ် အထောက်အကူပြုအဖွဲ့ အတွင်းရေးမှူးလည်းဖြစ်သူ ဦးသန်းလွင်က ပြောသည်။

ကိုလေး(ပြည်)
https://www.facebook.com/NewsWatchJournal?fref=photo


(ဓာတ်ပုံ-နေမျိုးလင်း/Facebook) 
 
 

မန္တလေးမြို့တွင် ရာပေါင်းများစွာသော ရဟန်း၊ ပြည်သူများ သောကြာနေ့ နံနက်ပိုင်းတွင်  လူထုအစည်းအဝေး ပြုလုပ်ကာ  လက်ရှိဖြစ်ပွားနေသောပြဿနာများ  အမြန်ဆုံး ဖြေရှင်းပေးရန်  အစိုးရနှင့် လွှတ်တော်ကို တောင်းဆိုလိုက်သည်။

 
ဆန္ဒပြတောင်းဆိုသူများ ဦးပွားဘုရားဘေးတွင် စုစည်းမှု မပြုခင်   မြို့အတွင်း ချီတက်ခဲ့ကြသည်ဟု   လူထုအစည်းအဝေးပွဲ ပြန်ကြားရေး တာဝန်ခံ ဦးသိန်းအောင်မြင့်ကပြောကြားသည်။
 
"ပြုပြင်ပြောင်းလဲရေးတွေ လုပ်ပေးနေပါတယ်လို့ ပြောနေတဲ့ သမ္မတက ပြည်သူတွေခံစားနေတဲ့ ဒုက္ခတွေနဲ့က တခြားစီပဲ။  အခုဆိုရင် လေးနှစ်ကျော်ကာလထဲ ရောက်နေပြီ။  ဖြစ်ပွားနေတဲ့ ပြသနာတွေကို ဖြေရှင်းပေးတာ မရှိသေးဘူး" ဟု ဦးသိန်းအောင်မြင့်ကပြောကြားသည်။
 
အထက်မြန်မာပြည် ရွှေဝါရောင် သံဃာတော်အဖွဲ့မှ ဆရာတော်ဦးသောဘိတက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဒေသ တောင်သူများ တောင်းဆိုချက်ကို   မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်၊ ၀မ်ပေါင်ကုမ္ပဏီတို့က  လိုက်လျောမှု မရှိခြင်း၊  အငြင်းပွားဖွယ် ပညာရေးဥပဒေ၊ လယ်မြေ သိမ်းဆည်းမှု၊   သာသနာပိုင်နယ်မြေများကို အစိုးရက အာဏာသုံး  ပြောင်းရွှေ့ ဖျက်ဆီးမှုတို့နှင့် ပတ်သက်ပြီး    ဆွေးနွေးပွဲမှတဆင့် တောင်းဆိုထားကြောင်း   မိန့်ကြားသည်။
 
"အစိုးရက ငါ့မှာ အာဏာရှိတယ်၊ ငါတို့ မလုပ်ပေးရင် ဘာတတ်နိုင်မလဲ လို့ ထင်နေတယ်။  ပြည်သူတွေခံစားနေတဲ့ ဒုက္ဒတွေကို ဖြေရှင်းပေးဖို့က နိုင်ငံခေါင်းဆောင်မှာ တာဝန်ရှိတယ်လေ။ ဒါကို မသိသလိုနေတဲ့အတွက် ဦးဇင်းတို့က ဦးဆောင်ပြီး အစိုးရကိုတိုက်တွန်းရတာ" ဟု ဆရာတော် ဦးသောဘိတက မိန့်ကြားသည်။
 
မန္တလေး လူထုစည်းဝေးပွဲမှ ထွက်လာသော တောင်းဆိုချက်များကို အစိုးရက ကိုင်တွယ်ဖြေရှင်းခြင်း မရှိပါက   ပြည်သူလူထုနှင့်အတူ    လမ်းပေါ်ထွက်ပြီး ဆက်လက် တောင်းဆို ဆန္ဒပြသွားကြမည်ဟု    ဆိုသည်။
 

 (KAF) တပ်မတော်တွင် ရာထူးခန့်အပ်ခြင်းခံရသည့် ကရင်တပ်မှူးနှစ်ဦး။

ကော်သူးလေတပ်မတော် (KAF) တွင် အဆင့်မြင့် ရာထူးများခန့်အပ်

ဇန်န၀ါရီ - ၁၆ - ၂၀၁၅

ယခင်နှစ်ကုန်ပိုင်းက ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (ဒီကေဘီအေ) ဌာနချုပ်တွင် ဖွဲ့စည်းလိုက်သည့် ကော်သူးလေတပ်မတော် KAWTHOOLEI ARMED FORCES (KAF) တွင် ယခင်က ဒီကေဘီအေနှင့် ကရင်ငြိမ်းချမ်းရေး ကောင်စီမှ တပ်မှူးဟောင်းနှစ်ဦးကို အဆင့်မြင့်ရာထူးနှင့် တာဝန်များခန့်အပ်လိုက်သည်ဟု သိရသည်။

အဆိုရာ ရာထူးခန့်အပ်ခြင်း ထုတ်ပြန်ချက်ကို (KAF) မှ ဗိုလ်ချုပ်ဒေါက်တာတီမသီ က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ယင်းထုတ်ပြန်ချက်တွင် (KAF) တပ်မတော်၏ ဗျူ ဟာမှူးအဖြစ် ဗိုလ်မှူးကြီးဆန်းအောင် - (KAF) နယ်စပ်အထူးဗျူ ဟာမှူးနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး နယ်စပ်လုံခြုံ ရေးနှင့်ဖွံ့ဖြိုးရေး ဌာနမှူးအဖြစ် ဗိုလ်မှူးကြီးတိုက်ဂါး တို့ကို ခန့်အပ်လိုက်သည်ဟု ပါရှိသည်။

ဗိုလ်မှူးကြီးတိုက်ဂါးက " ကရင်တမျိုးသားလုံးအတွက် လုပ်ဆောင်သွားဘို့ အရံသင့်ပါဘဲ "ဟု ဆိုသည်။

ဗိုလ်မှူးကြီးရာထူးခန့်အပ်ခံရသည့် စောဆန်းအောင်မှာ လတ်တလော သာသနာ့ဘောင်အတွင်း ရောက်ရှိနေသည်ဟု သိရသည်။

အသေးစိတ်သိရှိလိုပါက drtimothy.kawthoolei@gmail.com သို့ ဆက်သွယ်နိုင်သည်ဟု ဗိုလ်ချုပ်တီမသီက ကရင်အမျိုးသား(မီဒီယာ) ကို ယနေ့တွင်ပြောဆိုခဲ့သည်။

ကော်သူးလေတပ်မတော် ဖွဲ့စည်းကြောင်းကို KNLA - DKBA - KNDO - KNU/KNLA PC မှ ခေါင်းဆောင်အချို့  ယမန်နှစ်ကုန်ပိုင်းက သဘောတူ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။

သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသား(မီဒီယာ)
https://www.facebook.com/profile.php?id=100004061645399&fref=ts

KIA တပ်ရင်း ၆ ရှေ့တန်းစခန်း အောင်ဘာလေမှာ နေရာယူထားတဲ့ အစိုးရ တပ်မ ၆၆ စစ်သား ၂ ဦး
ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ (KIA) ၏ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်နှင့် အစိုးရ စစ်တပ်တို့ ဇန်နဝါရီလ ၁၅ ရက် နံနက် ၆ နာရီမှစတင်၍ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေသည်ဟု KIA တပ်ရင်း ၆ မှ ဗိုလ်မှူး တန်ဆန့်က ပြောသည်။

“တိုက်ပွဲက ဒီမနက် ၆ နာရီခွဲကနေစဖြစ်တာ။ အောင်ဘာလေရွာဘက် ဝင်လာလို့ တိုက်ပွဲ ဖြစ်တာလား၊ အားလုံး ၃၀၀ လောက်ရှိမယ်။ ကျနော်တို့က ဒီမနက်ကနေ ခုထိခုခံတိုက်ခိုက်နေပါတယ်။ လက်နက်ကြီး ၈၁ နဲ့ ၁၀၅ မမလည်း ပစ်တယ်။ ၈၁ က ပစ်တာ ပိုများတယ်။ (ဥရုချောင်း) ဟိုဘက်ကမ်း ဂင်စီကနေ ဒီဘက်ကို ပစ်တာ။ ၁၀၅ မမနဲ့ ဆန်ခါဗျူဟာကုန်းကနေလည်း ပစ်တယ်” ဟု ဗိုလ်မှူးတန်ဆန့်က ပြောသည်။

အစိုးရ၏ တပ်မ ၆၆ လက်အောက်ခံ တပ်ရင်း ခမရ (၁) အပါအဝင် တပ်ရင်း ၃ ရင်းမှ အင်အား ၃၀၀ ခန့်သည် ထိုးစစ် ဆင်လာသဖြင့် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ အစိုးရ စစ်တပ်ဘက်မှ ၈၁ မမနှင့် ၁၀၅ မမ လက်နက်ကြီးများဖြင့် အကြိမ်ပေါင်း ၆၀ ခန့်ထိ ပစ်ခတ်ခဲ့သည်ဟု သူက ပြောသည်။

နှစ်ဖက် တိုက်ပွဲများ ပြင်းထန်နေဆဲ ဖြစ်ပြီး လက်ရှိ အောင်ဘာလေကျေးရွာသားများ၊ ကျောင်းသားများ အပါအဝင် ၁၀၀၀ ခန့် ပိတ်မိနေသည်ဟု ဒေသခံများနှင့် ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက် (KDNG) တာဝန်ခံ ကိုစာဂျီးက ကချင်သတင်းဌာနသို့ ပြောသည်။

အဆိုပါ ပိတ်မိနေသော ရွာသားများအား ကျေးရွာရှိ ဘုရားကျောင်းတွင် ခိုအောင်းနေပြီး ဖားကန့်မြို့ပေါ်မှ ရပ်မိရပ်ဖများ၊ ဘာသာရေးခေါင်းဆောင်များက ခေါ်ယူရန် သွားရောက်ခဲ့သော်လည်း အစိုးရ စစ်တပ်က ဖြတ်သန်းခွင့် တားမြစ်ထားသဖြင့် ရွာသားများ ထွက်ခွာခွင့်မရဘဲ စိုးရိမ်ရမည့် အနေအထား ရှိနေသည်ဟု သူက ပြောသည်။

“လမ်းကြောတလျှောက်မှာ စစ်သားတွေ ချထားတယ်။ သန်းခေါင်းကျေးရွာက လူတွေလည်း ဖားကန့်ဘက် ဆင်းလာလို့ မရဘူး။ အားလုံး ပိတ်ထားတယ်။ အဲဒီရွာပတ်ဝန်းကျင်မှာ စစ်တပ်က ဝန်းရံထားလိုက်တယ်။ အခုက အမြောက်နဲ့လှမ်းထုနေတယ်။ ကျောင်းသားတွေ ပညာရေးအတွက်က ဆုံးရှုံးမယ်။ သေနတ်သံ၊ ဗုံးသံ အောက်မှာ အန္တရယ်ကြီးမားတဲ့ နေရာမှာ ရောက်နေပြီ” ဟု သူက ဆက်ပြောသည်။

မွန်းလွဲ ၂ နာရီထိ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကာ အောင်ဘာလေကျေးရွာ ခေါ် သန်းခေါင်းကျေးရွာတွင် အိမ်ခြေ ၄၀၀ ကျော်ရှိပြီး ဒေသခံ ၁၀၀၀ ခန့်သည် ကျောင်းသူကျောင်းသား ၂၀၀ နှင့် ဆရာ၊ ဆရာမ ၂၁ ဦးလည်း ပိတ်မိနေသဖြင့် စိုးရိမ်ရမည့် အခြေအနေတွင် ရှိနေသည်ဟု သူက ပြောသည်။

ဇန်ဝါရီလ ၁၄ ရက်က မိုးကောင်း-ကားမိုင်း-ဖားကန့် လမ်းကြောင်းတွင် စစ်ဆေးကြည့်ရှုနေသည့် ကချင်ပြည်နယ် အစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကမန်းဒူနော်နှင့်အတူ လိုက်ပါသွားခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ သုံးဦးအား ဖားကန့်မြို့နယ် ဟွေလုံကျေးရွာအနီးတွင် KIA တပ်ဖွဲ့များ ထိန်းသိမ်းခဲ့သည်။

KIA နှင့် ရဲတပ်ဖွဲ့များ ထိပ်တိုက်တွေ့ဆုံခဲ့သဖြင့် ထိန်းသိမ်းထားခြင်း ဖြစ်ပြီး ၄င်းတို့ကို ဇန်နဝါရီလ ၁၅ ရက်တွင် ပြန်လည် လွှတ်ပေးမည်ဟု ကချင်ပြည်နယ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် ဖားကန့် တပ်မမှူးများသို့ အကြောင်းကြားခဲ့ပြီး ဖြစ်ကြေင်း၊ သို့သော် အစိုးရ စစ်တပ်က ထိုးစစ်ဆင်လာသဖြင့် ယခုထိ တိုက်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်သည်ဟု ဗိုလ်မှူးတန်ဆန့်က ပြောသည်။

လက်ရှိ အစိုးရ လုံခြုံရေးတပ်ဖွဲ့ (၃)ဦးကို ဖားကန့်မြို့နယ် ဂွေခါရှိ KIA ၏ တပ်ရင်း ၆ လက်အောက်ခံ ပြည်သူ့ စစ်တပ်ဖွဲ့များနှင့်အတူ ထိန်းသိမ်းထားပြီး KIA ဗဟိုမှ ညွန်ကြားချက်ရပါက ပြန်လည် လွှတ်ပေးလိုက်မည် ဖြစ်သော်လည်း လက်ရှိ တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု သူက ဆိုသည်။

KIA က ဖမ်းဆီးထားသည့် ရဲ (၃)ဦးကို ပြန်လည် လွှတ်ပေးရန် KIO ၏ နည်းပညာ အထောက်အကူပြု အဖွဲ့နှင့် ပဋိပက္ခ ညှိနှိုင်းရေးရုံးကို အကြောင်းကြားထားပြီး နယ်မြေခံ တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေသည်ဟု အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၁၄ ရက်က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၁၄ က ဖားကန့် တပ်မ ၆၆ တပ်မမှူးက KIA ၏ တပ်ရင်း ၆ နေရာမှ ဆုတ်ခွာပေးရန် အကြိမ်ကြိမ် ပြောဆိုခဲ့သော်လည်း KIA ဘက်မှ ဆုတ်ခွာပေးခြင်းမရှိဘဲ စစ်ရေးတင်မာမှုများ ရှိခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်ဆိုင်းရေး လက်မှတ်ရေးထိုးရန် လာမည့် ဖေဖော်ဝါရီလ  ၁၂ ရက် ပြည်ထောင်စုနေ့တွင် လက်မှတ်ရေးထိုးရန် နေပြည်တော်ရောက် တိုင်းရင်းသား လက်နက်ကိုင် ၁၂ ဖွဲ့နှင့် တွေ့ဆုံစဉ် သမ္မတ ဦးသိန်းစိန်က ဇန်နဝါရီလ ၅ ရက်က တိုက်တွန်းခဲ့သည်။

Kachinnews
http://burmese.kachinnews.com


လာမယ့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ အလွန်ကာလမှာ နိုင်ငံရေး ဦးဆောင်မှု ဆက်လက်ရရှိဖို့ အတွက် ကြိုးစား ဆောင်ရွက်ကြဖို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ သူရဦးရွှေမန်းက ဗဟိုကော်မတီဝင်တွေကို ဒီနေ့ တိုက်တွန်း ပြောကြား လိုက်ပါတယ်။

နေပြည်တော် ပါတီဗဟိုဌာနချုပ်မှာကျင်းပတဲ့ တတိယအကြိမ်မြောက် ဗဟိုကော်မတီဝင် အစည်းအဝေးမှာ သူရဦးရွှေမန်းက အခုလို ထည့်သွင်းပြောကြား လိုက်တာ ဖြစ်ပါတယ်။

ယခုအခါ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဟာ မြန်မာ့နိုင်ငံရေးဇတ်ခုံပေါ်မှာ ဦးဆောင်လှုပ်ရှားနေတဲ့ပါတီအဖြစ် ရပ်တည်လျှက်ရှိပါတယ်၊ ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေးမှာ ဗဟိုကော်မတီဝင်များအပါအဝင် လူငယ်အားလုံး ညီညွှတ်တူညီစွာဖြင့် နိုင်ငံရေးဦးဆောင်မှုရယူနိုင်ရန် အစွမ်းကုန် ကြိုးပမ်းအားထုတ်ရမယ့်အချိန်ဖြစ်ပါတယ်၊ အဲတော့ ၂ဝ၁၅ ရွေးကောက်ပွဲမှာ မိမိတို့ပါတီနိုင်ရေး၊ ၂ဝ၁၅ ခုနှစ်တွင် နိုင်ငံရေးဦးဆောင်မှုရယူနိုင်ရန် ဖိဖိစီးစီးညီညီညွှတ်ညွှတ်ဖြင့် ပါတီအောင်နိုင်ရေးသည် အဓိက၊ ပါတီအောင်နိုင်ရေးသည် ပဓါနမှတ်ယူပြီး အင်တိုက်အားတိုက်ဆောင်ရွက်ကြရမှာဖြစ်ပါတယ်

ဒါ့အပြင် ၂၀၁၅ ရွေးကောက်ပွဲဟာ နိုင်ငံရေးပါတီအသီးသီးက အကြိတ်အနယ်ယှဉ်ပြိုင်ရမယ့် ရွေးကောက်ပွဲ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ပါတီဝင်တွေအနေနဲ့ လာမယ့်ရွေးကောက်ပွဲမှာ ပြည်သူတွေ လိုလားနှစ်ခြိုက်ထောက်ခံလာအောင် ကြိုးပမ်းကြဖို့၊ တရားမျှတတဲ့ အောင်နိုင်ရေးစိတ်ဓာတ်နဲ့ လှုပ်ရှားဆောင်ရွက်ကြဖို့လည်း တိုက်တွန်းပြောကြားခဲ့ပါတယ်။

သူရဦးရွှေမန်းက အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးတို့ဟာ နိုင်ငံအတွက် ရင်ဆိုင်ကျော်လွှားရမယ့် စိန်ခေါ်မှုတွေဖြစ်တယ်လို့လည်း ပြောပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf


မြန်မာအနေနဲ့ လူ့အခွင့်အရေးကို လေးစား လိုက်နာပြီး အားလုံး ပါဝင်တဲ့ ပွင့်လင်းမြင်သာ အများလက်ခံတဲ့ ရွေးကောက်ပွဲ ဖြစ်မယ်ဆိုရင် မြန်မာအပေါ် ချမှတ်ထားတဲ့ ကျန်နေသေးတဲ့ စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေးအရ ပိတ်ပင်ကန့်သတ်မှုတွေ အားလုံးကို အဆုံးသတ်သွားအောင် ဆက်လုပ်သွားမယ်လို့ အမေရိကန်က ပြောကြားလိုက်ပါတယ်။

ဇန်န၀ါရီလ ၁၄ – ၁၅ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ ဒုတိယအကြိမ် မြန်မာ- အမေရိကန် လူ့အခွင့်အရေးဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ရန်ကုန် အခြေစိုက် အမေရိကန် သံရုံးရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာ ခုလိုဖော်ပြထားတာပါ။

လူ့အခွင့်အရေးကိုလေးစားလိုက်နာဖို့၊ ပွင့်လင်းမြင်သာမှု အများယုံကြည်လက်ခံပြီး အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့၊ ဒီမိုကရေစီအစိုးရဖြစ်ဖို့၊ ဥပဒေအောက်မှာ အားလုံး တန်းတူညီမျှ အကာအကွယ်ပေးရေး စတာတွေကို နှစ်နိုင်ငံ လူ့အခွင့်အရေးဆွေးနွေးပွဲမှာ သဘောတူညီခဲ့ပြီး ဒီဘုံသဘောထားအမြင်တွေအတိုင်း မြန်မာက အကောင်ထည်ဖော် လုပ်ဆောင်မယ်ဆိုရင် ကျန်နေတဲ့ စီးပွားရေး နိုင်ငံရေး စစ်ရေး ပိတ်ဆို့မှုတွေကို အဆုံးသတ်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာအစိုးရက ပြည်ထောင်စုလွှတ်တော်နဲ့ အတူ လုပ်ဆောင်နေတဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး ကြိုးပမ်းချက်တွေကို အသိအမှတ်ပြုသလို အမျိုးသားအကျိုးစီးပွားနဲ့ နိုင်ငံတကာ လူ့ အခွင့်အရေး စံနှုန်းတွေနဲ့ အညီပြင်ဆင်သွားမှာကို ၂ ဖက်အစိုးရက သဘောတူညီတယ်လို့လည်း ရေးပါတယ်။

လူသားချင်းစာနာ ကူညီထောက်ပံ့တဲ့ အဖွဲ့အစည်းတွေ ပြည်တွင်း ရွှေ့ပြောင်း ဒုက္ခသည်ဆီကို အတားအဆီးမရှိ သွားရောက်နိုင်ဖို့လည်း ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးကို အမြန်ဆုံး ဖွင့်လှစ်ဖို့ ကိုလည်း အမေရိကန်ပြည်ထောင်စုက အားပေးတယ်လို့ ဆိုပါတယ်။

အမေရိကန် အစိုးရရဲ့ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး တွမ်မာလင်နော့စကီးဟာ ဇန်န၀ါရီ ၁၁ ရက်နေ့က မြန်မာနိုင်ငံကို လာရောက်ခဲ့တာ ဖြစ်ပါတယ်။

ခရီးစဉ်အတွင်းမှာ မြန်မာပြည်အခြေအနေမှန်ကို နားလည်ဖို့ နယ်ပယ်စုံက အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့သလို ကချင်ပြည်နယ် မြစ်ကြီးနားကိုလည်း သွားရောက်ခဲ့ပါတယ်။

ဒါအပြင် အစိုးရခေါင်းဆောင်တွေနဲ့ နေပြည်တော်မှာ ဇန်န၀ါရီ ၁၄-၁၅ ရက်နေ့မှာ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/77402


အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး ဗဟို ဥက္ကဋ္ဌ ဆရာတော်ဖြစ်သည့် အရှင်တိလောကာဘိဝံသမှ သီတဂူ ဆရာတော် ဘုရားကြီးသည် မဘသဗဟို ဒုဥက္ကဋ္ဌ ဆရာတော် အဖြစ်မှ အကျိုးတော် ဆောင်နေဆဲ ဟု News Watch သို့ ဇန်န၀ါရီ ၁၄ရက်နေ့ က မိန့်ကြား လိုက်သည်။

မဘသ ဗဟိုဥက္ကဋ္ဌ ဆရာတော် အရှင်တိလောကဘိဝံသမှ မိန့်ကြားချက်အပြည့်အစုံမှာ“ဇာစ်မြစ်က စပြောရမယ်ဆိုရင် မဘသဖွဲ့ဖို့ ဆရာတော်တွေတိုင်ပင်ပြီးတော့ ဆရာတော်ကြီးကို သွားတိုင်ပင် လျှောက်ထား ခဲ့ကြတယ်။ အင်းစိန်ဆရာတော်ကို ဦးဆောင်ခိုင်းတယ်။ သူလည်း အားပေးမယ်၊ ပထမဆုံး ပြောခဲ့တယ်။ မှော်ဘီမှာလုပ်တဲ့ ပထမသံဃာညီလာခံမှာ သီတဂူဆရာတော်တက်ပြီး မိန့်ခွန်း ပြောပေးတယ်။ ဒီ မ.ဘ.သ ဖွဲ့စည်းတဲ့ ပထမအစည်းအဝေးမှာလည်း ဆရာတော်ကြီးကိုယ်တိုင်တက်ပြီး လမ်းညွှန်မှုတွေပေးတယ်၊ ဆရာတော်ကြီးလမ်းညွှန်တဲ့အတိုင်း လိုက်ဆောင်ရွက်တယ်။ အဲဒီတုန်းက ဆရာတော်ကြီးကိုယ်တိုင် ဒုဥက္ကဋ္ဌဆိုပြီး လက်မှတ်ထိုးပြီး ယူတယ်။ ဒီဘက်ဖြတ်သန်းလာတဲ့(၂)နှစ် သက်တမ်းတခုမှာတော့ ဒို့တွေကြားထဲ ဘာပြဿနာမှမရှိပါဘူး။ ဒို့အဖွဲ့အနေနဲ့တော့ပေါ့။ ဒါပေမဲ့ တဦးတယောက်ကို မကြိုက်တာတွေ ရှိကောင်းရှိနိုင်မယ်၊ ဒို့လည်း သူ့ရဲ့ သြ၀ါဒကိုခံယူပြီး လုပ်တာများပါတယ်။ အခုလက်ရှိ မ.ဘ.သ အဖွဲ့ထဲ သူမ ပါဝင်တော့ဘူးပြောတာ မဟုတ်ပါဘူး။ ကြေညာချက်က သီတဂူရဲ့လုပ်ငန်းတွေ အဓိကဆောင်ရွက်တယ်လို့ သဘောမျိုး ပြောတာပါ။ ကျန်တဲ့တာဝန် ယူထားတာမရှိဘူးလို့ ဆရာတော်ကြီးက ပြောတာပါ။ ဒီဟာကိုမလုပ်တော့ပါဘူးလို့ ဒို့ကိုလည်း အကြောင်းမကြားဘူး။ နုတ်ထွက်ခွင့်လည်း မတောင်းဘူး။ သူဟာကြေညာတဲ့သဘောပဲရှိတယ်။ ဒို့နဲ့ဆန့်ကျင် ဘက်လုပ်သွားဖို့မရှိဘူး။ အဲဒီသဘောပဲရှိတယ်။ ဒို့နဲ့ ဆန့်ကျင်ဘက် လုပ်သွားဖို့မရှိဘူး။ အဲဒီသဘောလေးရှိတယ်။ သူလည်းပဲ သူ့အခြေအနေအရ ပြည်တွင်းပြည်ပသတင်းတွေ တအားပျံ့နေတော့ ထိန်းသိမ်းတဲ့ ပုံစံမျိုးလို့ ယူဆတယ်လို့၊ သို့သော် ဒို့နဲ့တော့ ကွဲလွဲမှုတော့ ဘာမှမရှိပါဘူး”ဟု မိန့်ကြားခဲ့သည်။

မ.ဘ.သ အဖွဲ့ကြီးသည် မည်သည့်နိုင်ငံရေး၊ မည်သည့်ပါတီအတွက်မျှ ပြုလုပ်ခြင်းမရှိဘဲ အမျိုးသားရေးနှင့်ဘာသာ သာသနာရေးအတွက်သာလျှင် ရှေ့တန်းတင်အလုပ်လုပ်သည်ဟု မိန့်ကြားခဲ့သည်။ ဆရာတော်မှ “အမျိုးဘာသာကိုလုပ်တဲ့အခါမှာ သူများဘာသာ၊ သူများလူမျိုး ဘယ်သူနဲ့မဆို သူတို့ကိုဆန့်ကျင်ဖို့၊ တိုက်ခိုက်ဖို့ မဟုတ်ဘူး။ ကိုယ့်လူမျိုး ကိုယ့်ဘာသာဝင်တွေ ကိုယ့်ဟာကိုယ်နေတတ်အောင် သတိထားတတ်အောင် စည်းရုံးလှုံ့ဆော်ပေးတာ၊ လူမျိုးခြား ဘာသာခြား အစိုးရနဲ့ မဆိုင်ဘူး။ ဒါပေမဲ့လက်ရှိအခြေအနေကို ပြန်သုံးသပ်ကြည့်တဲ့အခါ လက်ရှိအာဏာရနေတဲ့ ပုဂ်္ဂိုလ်တွေ သူပြုတ်ကိုယ်ပြုတ်ဆိုတဲ့ ပုံစံမျိုးတိုက်ခိုက်နေတဲ့သဘောတို့က ဒီလုပ်ရပ်တွေနိုင်ငံရေးမှာ အချင်းချင်းတယောက်နဲ့ တယောက် ရန်ဖြစ်ပုတ်ခတ်နေတာ တိုင်းပြည်နာရုံပဲရှိမယ်။ ညီညွတ်ကြပါ။ တခုတော့ရှိတာက ဒို့က သူတို့နဲ့ မပူးပေါင်းတဲ့အခါမှာ လုပ်ရပ်တွေ မှေးမှိန်အောင်၊ ပျက်ပြားအောင်၊ နာမည်ပျက်အောင် နည်းအမျိုးမျိုးနဲ့ ဖန်တီးတာတွေရှိတယ်။ အထူးသဖြင့် အများက လက်ရှိ အာဏာရှင်ကို မုန်းတီးနေတော့ အဲဒါကိုအာဏာရှင်ခိုင်းလို့ လုပ်တယ်။ အာဏာရှင် လက်ကိုင်တုတ် လုပ်တယ်။ မဖြစ်ဖြစ်အောင် ဖန်တီးတယ်။ ဒို့က အာဏာရှင်အတွက်လည်း မလုပ်ဘူး။ ဘယ်သူ့မျက်နှာမှ မထောက်ဘူး။ သို့သော် ဘာသာရေးမျက်နှာပဲထောက်တယ်။ သူများကိုဆန့်ကျင်တိုက်ခိုက်နေတာမဟုတ်ဘူး။ ဘာသာသာသနာကိုပဲ ကြည့်တယ်။ သူများပြောတာတွေကို မှားတယ်၊ မှန်တယ် မပြောဘူး။ သို့သော် စွပ်စွဲပုတ်ခတ်တဲ့အပေါ် မဟုတ်ရင်မဟုတ်တဲ့အကြောင်း ရှင်းပြဖို့လိုအပ်တယ်”ဟုမိန့်ကြားခဲ့သည်။

၂၀၁၅ ဇန်န၀ါရီ ၁၃ ရက်က သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ ထုတ်ပြန်ချက်အရ သီတဂူဆရာတော်ကြီးသည် International Association of Theravada Buddhist University(ATBU) ပြည်ပြည်ဆိုင်ရာ ထေရ၀ါဒတက္ကသိုလ်များအဖွဲ့၏ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြုအဖွဲ့၏ အဓိကပတိ၊ မန္တလေးမလွန်ဆန်လှူအသင်းကြီး၏ သြ၀ါဒစရိယ ရန်ကုန် အဘိဓမ္မာပြန့်ပွားရေးအသင်းကြီး၏ သြ၀ါဒစရိယမှတပါး မြန်မာနိုင်ငံအတွင်း မည်သည့် ဘာသာရေး အသင်းအဖွဲ့၊ လူမှုရေးအဖွဲ့၊ နိုင်ငံရေးအဖွဲ့များတွင် ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခြင်း မရှိကြောင်း စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။

ကိုခက်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.