01/24/15


ဂျပန်ဓားစာခံ ၂ ဦးအတွက် နောက်ဆုံး ပေးထားတဲ့ သတ်မှတ်ချိန် ပြည့်ပြီး ပြန်ပေး ဆွဲထားတဲ့ အိုင်အက်စ်အဖွဲ့နဲ့ ဆက်သွယ်ဖို့ ကြိုးစား ပေမယ့် မရဘူးလို့ ဂျပန်အစိုးရပြောခွင့်ရနဲ့ အစိုးရ အဖွဲ့ အတွင်းဝန်ချုပ် ယိုရှိဟိဒဲ ဆုငက ဇန်န၀ါရီလ ၂၃ ရက်နေ့ ညနေပိုင်းသတင်းစာ ရှင်းလင်းပွဲမှာ ရှင်းပြပါတယ်။

အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ်အကြမ်းဖက်အုပ်စုဟာ ဇန်န၀ါရီ ၂၀ ရက်နေ့က ဂျပန်နိုင်ငံသား ဓားစာခံ ၂ ဦးကို ပြပြီး အမေရိကန်ဒေါ်လာ သန်း ၂၀၀ မရရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်ထားတဲ့ ရုပ်သံကို အင်တာနက်ပေါ်တင်ခဲ့တာ ဇန်န၀ါရီ ၂၃ ရက် ဂျပန်စံတော်ချိန် နေ့လယ် ၃ နာရီမှာ အချိန်ပြည့်သွားပြီ ဖြစ်ပါတယ်။

ဒါပေမယ့် နောက်ဆုံးအချိန်ထိ အိုင်အက်စ်အဖွဲ့နဲ့ ဆက်သွယ်ဖို့ နည်းလမ်းစုံအစွမ်းကုန်ကြိုးစားခဲ့ပေမယ့် ပြန်လည်ဆက်သွယ်လာခြင်းမရှိခဲ့ဘူးလို့ ပြောခွင့်ရက ဆိုပါတယ်။

ပြန်ပေးတွေ တောင်းထားတဲ့ငွေကို ပေးတယ်မပေးဘူးဆိုတဲ့ ကိစ္စတွေကိုတော့ အတိအကျ ဖြေကြားခြင်း မရှိခဲ့ပါဘူး။

သတင်းထောက် ခန်ဂျီဂိုတိုစံ၏ မိခင်

ဂျပန်အစိုးရ ၀က်ဘ်ဆိုဒ်မှာတော့ ဂျပန်နိုင်ငံအနေနဲ့ အကူအညီပေးမယ့် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ဟာ စစ်ဘက်ဆိုင်ရာထောက်ပံ့မှုအတွက် မဟုတ်ဘဲ ဒုက္ခသည်တွေကို ကူညီဖို့ လူသားချင်းစာနာတဲ့ အထောက်အပံ့ဖြစ်ကြောင်းလည်း အာရေဗီးယားဘာသာစကားနဲ့ တင်ထားတာ တွေ့ရပါတယ်။

ဓားစာခံဂျပန်နိုင်ငံသား၂ ဦးထဲက သတင်းထောက်ခန်ဂျီဂိုတိုစံရဲ့ မိခင်ဖြစ်သူက တိုကျိုမြို့ နိုင်ငံခြားသတင်းထောက်ကလပ်မှာ သတ်မှတ်ချိန်မတိုင်မီ ၅ နာရီအလို ဇန်န၀ါရီ ၂၃ ရက် မနက် ၉ နာရီခွဲမှာ သတင်းစာရှင်းလင်းပွဲတခုပြုလုပ်ခဲ့ပါတယ်။

“သားဖြစ်သူ ခန်ဂျီဟာ အစ္စလာမ္မစ်နိုင်ငံတော် အဖွဲ့ရဲ့ ရန်သူမဟုတ်ပါဘူး/ ၁၄ ရက်သား သမီးငယ်တယောက်ရဲ့ ဖခင်၊ ကလေးတွေကိုကြင်နာတတ်သူ အကူအညီပေးချင်တဦးပါ” လို့ ပြောကြားခဲ့ပါတယ်။

ဂျပန်သတင်းထောက် ကလပ်ကလည်း ဂျပန်နိုင်ငံသား ၂ ဦးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့ကို တောင်းဆိုလိုက်ပါတယ်။

ဂျပန်အစိုးရအနေနဲ့လည်း နိုင်ငံသား ၂ ဦး ဘေးကင်းစွာ လွတ်မြောက်ရေးအတွက် နည်းလမ်းပေါင်းစုံရှာဖွေပြီး သံတမန်နည်းအရ ဖြေရှင်းသင့်တယ်လို့လည်း ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။

ဂျပန်သတင်းဌာနတွေကတော့ အရင်နှစ်က ပြင်သစ်နိုင်ငံသားဓားစာခံတွေ လွတ်မြောက်လာခဲ့ဘူးတဲ့ တူရကီနိုင်ငံနယ်စပ်မှာ ပြန်လည်လွတ်မြောက်လားမလားလို့ ကင်မရာတွေ အသင့်ပြင်ရင်း စောင့်မျှော်နေကြပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/78375

ရဲဘော်သုံးကျိပ်ဝင်တွေရဲ့ ဂုဏ်ပြုပန်းပု ရုပ်တုကြီးတွေဟာ စစ်ရေးပြ ကွင်းကြီးရဲ့ လူမြင်ကွင်း သတ်သတ် မှတ်မှတ် တစ်နေရာရာ၊ သို့တည်းမဟုတ် စစ်ရေးပြ ကွင်းကြီးရဲ့ပတ်လည်မှာ ခန့်ခန့်ညားညား ထုလုပ်ထား ရှိသင့်ပြီ . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၂၀၁၅ ခုနှစ်အတွက် ဦးဦးဖျားဖျား စစ်ရေးပြအခမ်းအနားကြီး တစ်ခုကတော့ “ဗိုလ်ရှုသဘင်” “ဗိုလ်ရှုခံ”ဆိုတဲ့ အကြောင်း ပြချက်တစ်ခုကို မူတည်လို့ ပြည်သူလူထု ပိုက်ဆံသန်းပေါင်း“၆”ထောင်ကျော် အကုန် အကျခံရင်းပြီး ဆုံးသွားခဲ့ပါပြီ။ အဓိကအကဲ ခတ်မိကြတာကတော့ ““စစ်လက်နက် စစ်ယန္တရား””ပြပွဲကြီးလို့လည်း ယူဆနိုင်တဲ့ အဲဒီဗိုလ်ရှုသဘင် ဆင်ယင်ကျင်းပရာမှာ မကြာခင်မတ်လ““၂၇””ရက်နေ့မှာ ကျင်းပ ဦးမယ့် စစ်ရေးပြပွဲကြီးလိုပဲ ဒီနှစ်ကစလို့ မြန်မာနိုင်ငံအနေနဲ့ နှစ်စဉ်နှစ်တိုင်း တရား ၀င်စစ်ရေးပြအခမ်းအနား၊ တစ်နှစ်ကို “၂” ကြိမ်ကျင်းပ သွားတော့မယ်ဆိုတဲ့ အဓိပ္ပာယ် အသွင်သဏ္ဌာန်ကို အကဲခတ်မိလိုက်ကြ ခြင်းပဲဖြစ်ပါတယ်။ စစ်သွေးတကြွကြွနဲ့ စစ်ရေးပြကြတာကတော့ သက်ဆိုင်ရာအခမ်း အနားကျင်းပရေး တာဝန်ရှိသူတွေရဲ့ ဦးဆောင်မှုအရိပ် အာဝါသ အောက်က ““ပြယုဂ်””တစ်ခုသက်သက်ပါပဲ။…

ဒါပေမဲ့ ဘယ်လိုစစ်ရေးပြ အခမ်းအနားကြီးမျိုးပဲ ကျင်းပသည်ဖြစ် ပါစေ၊ ပိုက်ဆံတွေအများကြီး ကုန်ကျပြီး ကုန်ရ ကျိုးနပ်ဖို့အတွက် အပြင် အဆင်လေးတွေ၊ အထိမ်းအမှတ် လေး တွေ၊ သမိုင်းကြောင်းဖော်ထုတ်မှုလေးတွေ အပြင် ဂုဏ်ပြုထိုက် ဂုဏ်ပြုအပ်သူတွေကိုလည်း နောင်လာ နောက် သား မြန်မာ့ကြည်း၊ ရေ၊ လေ စစ်သည် စစ်သမီးများ သိကြရလေ အောင်ဖော်ဆောင်ဖို့ လိုအပ်နေသေးတယ် လို့ ပြည်သူလူထုတစ်ယောက်အနေနဲ့ မြင် မိပါတယ်။ တကယ်တော့ ပြည်သူလူထု ဆိုတာကလည်း ရန်ကုန်မြို့ တော်ကြီးနဲ့ မန္တလေးရွှေမြို့တော်ကြီး ““၂””မြို့ကို သာ ရှေးအခါကတည်းက အထက်မြန်မာပြည် ရဲ့မြို့တော်ကြီး နဲ့ အောက်မြန်မာပြည်ရဲ့ မြို့တော်ကြီးဆိုပြီး ခံစားမှုရှိထားခဲ့ကြတာ ကြာလှပါပြီ။

ဒါပေမဲ့ ပြည်သူလူထုကြီးတစ် ရပ်လုံးရဲ့ သဘောတူညီမှုဆန္ဒကို လုံးဝမရယူဘဲ န၀တနဲ့ နအဖ စစ်အာဏာရှင်များ ကြီးစိုးခဲ့ကြတဲ့လက်ထက်မှာ ပြည်သူ့ ဘဏ္ဍာတွေကို ရေလိုသုံးစွဲရင်း ကွင်းပြောင်ပြောင် လွင်တီးခေါင်အရပ်မှာ ““နေပြည်တော်”” ဆိုတာကြီး ကို ဖန်တီးတည်ဆောက်ခဲ့ကြ ပြန် တယ်။ နိုင်ငံတော်အခမ်းအနားကြီးတွေ ကိုလည်း နေပြည်တော်မှာပဲ ကျင်းပဖို့ ““အရွေ့သဘော”” ဆောင်လာခဲ့ကြတယ်။ ဒါကြောင့်လည်း ပထမစစ်ရေးပြ အခမ်း အနားလို့ဆိုရမယ့် “တပ်မ တော်နေ့”ကျင်းပရာမှာ ဟိုတုန်းခါကလို ရန်ကုန်မြို့မှာရှိတဲ့ ဦးဝိစာရလမ်းက “တော်လှန်ရေးပန်းခြံ” ရှုခင်းကို ပြည်ဖုံးကားချပြီး “နေပြည်တော် စစ်ရေး ပြကွင်းကြီး”ဆီရွေ့အောင် ရွှေ့ ကျင်းပခဲ့ကြတယ်။ ထိုနည်းတူစွာပဲ ဟိုတုန်းက ရန်ကုန်ပြည် လမ်းမကြီးမှာတခမ်းတနား ကျင်းပခဲ့ကြ ဖူးပြီး နှစ်ပေါင်းများစွာ တိမ်မြုပ်ပျော

က်ကွယ် ခဲ့ရတဲ့ ““ဗိုလ်ရှုသဘင် အခမ်းအနား””ဆိုတာ နေပြည်တော်မှာ ဘွားခနဲပြန်ပေါ်လာပြန်တယ်။ ဘာပဲဖြစ် ဖြစ်ဒီ အခမ်းအနားကြီး““၂””ခုလုံးမှာ လက် ရှိမြန်မာအုပ်ချုပ်သူအဖွဲ့အစည်းက ပြချင် ကြတာကတော့ ““ဒီမှာ ဒါတွေ ရှိတယ်”” ဆိုတဲ့သဘောနဲ့ စစ်တပ်ရဲ့ လူအင်အား၊ လက်နက်အင်အား၊ စစ်ယန္တရားအင်အားတွေကို တစ်စိတ် တစ်ဒေသအားဖြင့် ထုတ်ပြလိုက်တဲ့ သဘောပါပဲ။ ဘယ်လိုပဲ ဖြစ်ပါစေ၊ ဘယ်နေရာဘယ်ဒေသ မှာပဲဖြစ်ပါစေ။ ပြည်သူလူထုဘက်က စိတ်ဝင်စားသည်ပဲ ဖြစ်ဖြစ်၊ စိတ်မ၀င်စားသည်ပဲဖြစ်ဖြစ် လုပ်ချင်ကြ တာကို ဖြစ်အောင် လုပ်ပြီး ပြချင်ကြတာကို ဖြစ်အောင်ပြကြတဲ့ စစ်အုပ်စုရဲ့ သဘောသဘာဝ ကိုလည်း ပြည်သူ လူထုက အတွေ့ အကြုံ အများကြီးရခဲ့ပြီးပြီမို့ ““တို့ ပိုက်ဆံတွေတော့ ကုန်ပြန်ပါပြီကွာ””လို့ပဲ ရင်ထဲက ခံစားနေကြရတာလွဲလို့ သိပ်ပြီး ဒီလိုပွဲလမ်းသဘင် အခမ်းအနားကြီးတွေပေါ်မှာ အာရုံခံစားချင်စိတ် မရှိကြတော့ သလောက်ပါပဲ။

ပိုက် ဆံတွေကတော့ ကုန်ပြီးရင်း ကုန်နေရင်းပါပဲ။ ကုန်နေမှတော့ မကုန်ပါရစေနဲ့ ပြောလို့လည်းရမှ မရတာ ကိုး။ ပိုက်ဆံတွေ ကုန်သလောက်ကုန်ရ ကျိုးနပ်လောက်တဲ့ မြင်ကွင်းပြကွင်းလေး တွေကလည်း ချို့ယွင်း လစ်ဟာ နေသေးတာကို သတိထားလိုက်မိတယ်။ ဥပမာ ပြောရရင် ဟိုရှေးယခင်က မြန်မာ့သူရဲ ကောင်း စစ်သည်တော် ကြီး တွေလို့ ဆိုရမယ့် ဘုရင့်နောင်၊ အလောင်းဘုရား၊ ကျန် စစ်သား … စသဖြင့်ပေါ့လေ။ သူတို့တစ် တွေရဲ့ကြီး မားတဲ့ ရုပ်တုကြီးတွေကို နှောင်းလူတွေ ဇာတိမာန်တက်ကြွစေဖို့ ပန်းပု လက်ရာကောင်းတွေနဲ့ တည်ဖွဲ့ပြသ ထား တာတော့ဟုတ်ပါရဲ့။

ဒါပေမဲ့ ဒီမြန်မာစစ်သည်တော် ဟောင်းကြီးတွေ ဆိုတာကသိပ္ပံ ခေတ်အရ သူတို့ရဲ့ ရုပ်ပုံ လွှာအစစ်ကို ဓာတ်ပုံနဲ့ပြစရာကြည့်စရာ မရှိခဲ့ဘူး။ ဒီမြန်မာ ရှေးဟောင်းစစ်သည်တော်ကြီးတွေ ပေါ် ပေါက် ခဲ့တုန်းက မြန်မာပြည် မှာဓာတ်ပုံရိုက် ကူးရေးအတတ်ပညာ၊ နည်းပညာပိုင်းမပေါ် ပေါက်သေးတဲ့ ကာလ။ ဒီတော့ နှစ်ပေါင်း များစွာကြာလာတဲ့အခါမှာ သမိုင်းကြောင်း အရ ရာဇ၀င်စာအုပ်တွေအရ၊ ဘယ်ခေတ် ဘယ်ကာလမှာ ဘယ်လို ထွန်းပြောင်တဲ့ မြန်မာစစ်ခေါင်းဆောင် စစ်သူရဲကောင်း ကြီးတွေ ပေါ်ပေါက်ခဲ့ကြဖူးတယ် ဆိုတာ လောက်ပဲ သိကြရ တာကိုး။ သူတို့ရဲ့ ရုပ်ပုံလွှာကိုတော့ ပန်းချီဆရာ၊ ပန်းပုဆရာတွေ ကမှန်းဆပြီး ယောင်ထုံး ကြီးတွေ၊ ခေါင်း ပေါင်းကြီးတွေ၊ မေးရိုးကားကား၊ မျက်လုံး တောက်တောက်၊ မျက်ခုံးထူထူ၊ အရပ်အ မောင်း ဗလ ကောင်းကောင်း၊ ဓား၊ လှံ၊ လက်နက်၊မြင်းကြီးတွေနဲ့ပေါ့၊ ဆင်ကြီးတွေ နဲ့ပေါ့။ ဒီလောက် ပဲ ရေးဆွဲထု လုပ်နိုင်ကြ တယ်။ ကောင်းပါတယ်။

သူတို့ကို ဂုဏ်ပြု ရည်ညွှန်းပြီး ဒီလိုပန်းချီကားကြီးတွေကို စစ်သမိုင်းပြတိုက် လိုနေရာ မျိုးမှာ ချိတ်ဆွဲ ပြသထားတာလည်း ရှိသင့်ပါတယ်။ ထို နည်းတူစွာပဲ စစ်ရေးပြအခမ်း အနားကျင်းပ တော့မယ် စစ်ရေးပြကွင်းကြီးရဲ့ ပတ်လည်မှာ သူတို့ထဲကတချို့ရဲ့ ရုပ်တုပန်းပုလက်ရာ ကြီးတွေကို တခမ်းတနားပြသ ထားတာလည်း တကယ်ရှိသင့်ရှိ ထိုက်ပါပေတယ်။ ဒါပေမဲ့အမျိုးသားခေါင်းဆောင်ကြီး၊မြန်မာ့ လွတ်လပ်ရေးရဲ့ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တည်ထောင်ခဲ့တဲ့ မြန်မာ့ တပ်မတော်ကြီးရဲ့ ပထမဆုံး သွေးသောက် ရဲဘော်ကြီးများဖြစ်ကြတဲ့ ဗိုလ်ချုပ်အပါအ၀င် ရဲဘော်သုံးကျိပ်ဝင်တွေရဲ့ ဓာတ်ပုံ၊ တစ်ပုံချင်းစီကို မူတည်ပြီး ဂုဏ်ပြုပန်းပု ရုပ်တုကြီးတွေဟာ စစ်ရေးပြကွင်းကြီးရဲ့ အ၀င်ဝ သို့မဟုတ် စစ်ရေးပြကွင်းကြီးရဲ့ အတွင်းပိုင်း၊ လူမြင်ကွင်း သတ်သတ်မှတ်မှတ် တစ်နေရာရာ၊ သို့တည်းမဟုတ် စစ်ရေးပြကွင်းကြီးရဲ့ပတ်လည်မှာ ခန့်ခန့်ညား ညား ထုလုပ်ထားရှိသင့်ပြီလို့ ပြည်သူလူ ထုတစ်ယောက်အနေနဲ့ ထင်မြင်ယူဆမိ ကြောင်းပါ။

ဗိုလ်ချုပ်အောင် ဆန်း အပါအ၀င် ရဲဘော်သုံးကျိပ်ဝင်တွေရဲ့ သမိုင်းဝင်ဓာတ်ပုံတွေကို အလွန်လက်ရာမြောက်လှတဲ့ ပန်းပု အနုပညာရှင်ကြီးများကသာ ရုပ်တုတစ်ခုချင်းစီ ထုလုပ်လိုက်မယ်ဆိုရင် တကယ့်ကို သက်ဝင်ပီပြင် နေ မှာ သေချာ လှပါတယ်။ ပန်းပုရုပ်တုကြီး တစ်ခုချင်းစီရဲ့ အောက်မှာလည်း ကျောက်ဖြူကျောက် သားနဲ့ သူတို့ရဲ့ ကိုယ်ရေး အချက်အလက်အကျဉ်းကို အက္ခရာစာလုံးတွေထွင်းပြီး ဖော်ပြထားလိုက်မယ် ဆိုရင် နောင် လာ နောက်သားအား လုံးအတွက် ဇာတိမာန်တက်ကြွ ဗဟုသုတတွေလည်း ရနိုင်ကြမှာ ဖြစ်ပါတယ်။ ဒီလိုမျိုးအတွေးရပြီး ဒီလို ပုဂ်္ဂိုလ် ကြီးတွေရဲ့ ရုပ်တုကြီးတွေနဲ့ ဂုဏ်ပြု ဖော်ထုတ်ပေး လိုက်မယ်ဆိုရင် မြန်မာ့ တပ်မတော်ရဲ့၊ မြန်မာ့လွတ်လပ် ရေးတပ်မတော်ရဲ့၊ မြန်မာ့မျိုးချစ်တပ်မတော်ရဲ့၊ မြန်မာ့ကာကွယ်ရေးတပ်မတော်ရဲ့ဆိုတဲ့ မီဒီယာ ပေါင်းစုံထဲမှာ ကြားနေ၊ မြင်နေရသမျှ စကားလုံးလှလှတွေဟာ ပိုပြီး အဓိပ္ပာယ် သက်ဝင် လာမှာဖြစ်ကြောင်းပါဗျာ။

photo-wikipedia.org

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

တွေ့ဆုံဆွေးနွေးခြင်းကို ငြင်းနေရသည်မှာ ထိုတွေ့ဆုံဆွေးနွေးခြင်း ခေါင်းစဉ်သည် “၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ အတွက် တွေ့ဆုံဆွေးနွေးလိုခြင်း” ဖြစ်နေရာ စစ်အစိုးရ၏ အမွေကို ဆက်ခံသော အစိုးရသစ်အဖို့ ခေါင်းခြောက်စရာဖြစ်နေ . . .
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ယခုနှစ် ဇန်န၀ါရီလ ၁၂ ရက်နေ့က သမ္မတ အိမ်တော်တွင် သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး ခေါင်းဆောင်များ၊ ပြည်နယ်၊ တိုင်းများမှ တိုင်းရင်းသားရေးရာ ၀န်ကြီးများ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်များ ၏ တွေ့ဆုံပွဲနှင့် ပတ်သက်ပြီး ဇန်န၀ါရီလ ၁၃ ရက်တွင် NLD ပါတီ က သဘောထား ထုတ်ပြန်ခဲ့သည်။ ထို ၄၈ ဦး တွေ့ဆုံပွဲမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု ဆက်လက် ဖြစ်ထွန်းရေး၊ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပနိုင်ရေး၊ ၂၀၁၅ တွင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပနိုင်ရေးတို့ကို အခြေခံဆွေးနွေးဖို့ သမ္မတက တင်ပြခဲ့သဖြင့် သွားရောက် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။ ထိုဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က တင်ပြခဲ့ရာတွင် ပြုပြင်ပြောင်းလဲမှုများ ရပ်တန့်နေခြင်းမှာ ““(၁) ပြုပြင်ပြောင်းလဲလိုသော ဆန္ဒ အားနည်းခြင်း (၂) ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍ ပြည်ထောင်စု အစိုးရက ဆန္ဒထက်သန်မှု မရှိခြင်း [ဤကိစ္စနှင့် ပတ်သက်၍ ပြည်သူလူထု၏ ဆန္ဒကို အလေးထားမှု အားနည်းခြင်း၊] (၃) လူတစ်ဦးချင်းစီ၏ အခွင့်အရေးများကို အလေးထား ဆောင်ရွက်မှု အားနည်းခြင်း၊ (၄) နိုင်ငံ၏ လူဦးရေအများစုဖြစ်သော တောင်သူ လယ်သမားများ၏ ရေရှည်အကျိုး ဖြစ်စေ မည့် ဆောင်ရွက်မှုများ အားနည်းခြင်း၊ (၅) ဗဟိုချုပ်ကိုင်မှု ဆက်လက်ကျင့်သုံးနေခြင်းနှင့် လွှတ်တော်နှင့် ပူးပေါင်း ဆောင်ရွက်မှု အားနည်းခြင်း၊ (၆) အဂတိ လိုက်စားမှု မထိန်းချုပ်နိုင်ခြင်း၊ (၇) တရားစီရင်ရေး မဏ္ဍိုင်ကို အုပ်ချုပ်ရေးမဏ္ဍိုင်က ၀င်ရောက် စွက်ဖက်ခြင်းနှင့် (၈)ပြည်ထောင်စု လွှတ်တော်၏ အတည်ပြုချက်နှင့်အညီ ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ဖြစ်မြောက်စေရန် ပြည်ထောင်စု အစိုးရက ယခုအထိ ဆောင်ရွက်မှုမရှိခြင်း၊

ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး ဆွေးနွေးပွဲများကို တစ်ပြိုင်နက် ညှိနှိုင်း ဆောင်ရွက်သင့်ကြောင်း၊ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အကြောင်းပြုပြီး ၆ ပွင့်ဆိုင် တွေ့ဆုံရေးလို အမျိုးသား ပြန်လည် ညီညွတ်ရေး ဆွေးနွေးပွဲများကို ရှောင်ရှားခြင်းမျိုး မဖြစ်သင့်ကြောင်း””၊ ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးခဲ့သည်ဟု NLD ၏ ထုတ်ပြန်ချက်တွင် ပါရှိလေသည်။ ဆက်လက်၍ လွတ်လပ်ပြီး တရားမျှတသော ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး၊ မြင်သာသော အသွင်ပြောင်းမှု နိုင်ငံရေး လုပ်ငန်းစဉ်များ ပေါ်ပေါက်ရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်သူများ၏ ဆန္ဒနှင့်အညီ ပြုပြင်ပြောင်းလဲရေးမှာ အရေးအကြီးဆုံး လိုအပ်ချက်ဖြစ်သည်။ ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင်က စည်းမျဉ်းစည်းကမ်း ဥပဒေနှင့် မကိုက်ညီသော အပြုအမူ၊ အပြောအဆိုများကို ထိရောက်စွာ ဟန့်တား ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အုပ်ချုပ်ရေး အာဏာပိုင်များက နိုင်ငံရေး ပါတီများအပေါ် ဘက်လိုက်ခြင်းများ ရပ်တန့်ရန် လိုအပ်သည်ဟု NLD ၏ ထုတ်ပြန်ကြေညာချက်၌ ပါရှိလေသည်။

ဇန်န၀ါရီ ၁၂ရက်နေ့က တွေ့ဆုံသော ၄၈ ဦး တွေ့ဆုံပွဲမှာ ယခင်တွေ့ဆုံခဲ့သော ၁၄ ဦးတွေ့ဆုံပွဲနှင့် သိသိသာသာ ထူးခြား တိုးတက်သည်ဟု မဆိုနိုင်ပေ။ သမ္မတက အကြောင်းအရာ ၃ ခုကို အခြေခံဆွေးနွေးရန် ကြိုတင် အချက်အလက် ပေးလိုက်သည်ကသာ ထူးခြားမှုရှိ၏။ မတူသည့် သဘောထားများကို ဆွေးနွေးခြင်း၊ လက်ခံခြင်း၊ လက်မခံခြင်း၊ အတည်ပြုခြင်း သဘောထားများ မပါဝင်ပေ။ ၄ ပွင့်ဆိုင် တွေ့ဆုံရေးကို ဒေါ်အောင်ဆန်းစုကြည် စတင်တောင်းဆိုစဉ်က သမ္မတနှင့် ကာကွယ်ရေး ဦးစီးချုပ်က ၄ ပွင့်ဆိုင် တွေ့ဆုံဖို့မှာ ဘောင်ကျဉ်းသည်။ နိုင်ငံရေးပါတီ ၆၅ ပါတီစလုံး ပါဝင် ဆွေးနွေးမှသာ ဒီမိုကရေစီကျသည်ဟု အကြောင်းပြကာ ငြင်းဆိုခဲ့၏။ ထိုသို့ ငြင်းဆို လိုက်ခြင်းမှာ ယခင်စစ်အစိုးရ ကာလတစ်လျှောက်လုံး စစ်အာဏာရှင်များက တွေ့ဆုံ ဆွေးနွေးရေးကို ငြင်းဆိုခဲ့သည်နှင့် ဘာမျှထူးခြား ပြောင်းလဲခြင်း မရှိပေ။ ယခင်က ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံခဲ့ခြင်းမှာလည်း စကားပြောဆို ဓာတ်ပုံရိုက် မီဒီယာများထံ ချပြကာ တွေ့ဆုံ ဆွေးနွေးသည့် သဘော သက်ရောက်အောင် ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေး၊ ဗိုလ်ခင်ညွန့်တို့က ဒေါ်စုနှင့် တွေ့လိုက်သည်ဟု အဆုံးသတ်ကာ နောက်ဆုံး နေအိမ်အကျယ်ချုပ် ချလိုက်ပါသည်။ ဘာမှ မည်မည်ရရ ဆွေးနွေးခဲ့ခြင်း မရှိသော ကြောင့် တိုင်းပြည်မှာ အနာကြီးနာခဲ့ရပါသည်။ ထိုကဲ့သို့ တွေ့ဆုံ ဆွေးနွေးခြင်းများသည် ဒီမိုကရေစီ ပြောင်းလဲရေးအတွက် ညှိနှိုင်း မရခဲ့သဖြင့် အနှစ် ၂၀ ကျော်၊ ၃၀ နီးပါး ပြည်သူများ ဒုက္ခပင်လယ်ဝေခဲ့ရခြင်း ဖြစ်လေသည်။ ၁၄ ပွင့်ဆိုင် တွေ့ဆုံရေးသည် ၄ ပွင့်ဆိုင် တွေ့ဆုံရေးအား ပြည်သူလူထုကိုရော၊ ကမ္ဘာကိုရော မျက်စိလည်အောင် ထိုးနှက်ခြင်းဖြစ်သလို ယခု ၄၈ ဦး တွေ့ဆုံပွဲမှာ လွှတ်တော်က တစ်ခဲနက် တောင်းဆို ခဲ့သော ၆ ပွင့်ဆိုင် တွေ့ဆုံရေးကို တန်ပြန်လိုက်ခြင်းဖြစ်သည်ဟု နိုင်ငံရေး အကဲဖြတ်သူများက သုံးသပ် ကြသည်။ တိုက်ဆိုင်မှုပင် ဆိုဆို၊ ရည်ရွယ်ချက်ရှိရှိပင် လုပ်လုပ်၊ ပြည်ထောင်စု လွှတ်တော်က တညီ တညွတ်တည်း တောင်းဆိုသော ၆ ပွင့်ဆိုင် တွေ့ဆုံရေးကို အစိုးရနှင့် စစ်တပ်ကလက်ခံပြီး ခေါင်းညိတ်ခြင်းမ ပြုခဲ့သဖြင့် ၆ ပွင့်ဆိုင်ကို လက်မခံဟု လူထုက ယူဆနေကြပါသည်။ ထို့ကြောင့် ၄၈ ဦး တွေ့ဆုံပွဲမှာ ၆ ပွင့်ဆိုင် တွေ့ဆုံမှုကို ထိုးနှက်လိုက်ခြင်းများ ဖြစ်နေသလားဟု သံသယ ဖြစ်လာကြပါသည်။

စင်စစ်အားဖြင့် ယခင်စစ်အစိုးရ၏ တာဝန်ကို ယူလာရသော ယခုအစိုးရသစ်အဖို့ တွေ့ဆုံဆွေးနွေးခြင်းကို ငြင်းနေရသည်မှာ ထိုတွေ့ဆုံ ဆွေးနွေးခြင်း ခေါင်းစဉ်သည် “၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ အတွက် တွေ့ဆုံ ဆွေးနွေးလိုခြင်း” ဖြစ်နေရာ စစ်အစိုးရ၏အမွေကို ဆက်ခံသော အစိုးရသစ်အဖို့ ခေါင်းခြောက်စရာ ဖြစ်နေရ ပါတော့သည်။ ထိုခေါင်းစဉ် မဟုတ်ဘဲ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေး လိုပါသည်၊ သို့မဟုတ် စီးပွားရေး ပြုပြင် ပြောင်းလဲရေးအတွက်၊ ဒီမိုကရေစီ တည်ဆောက် ရေးအတွက် စသည်စသည်ဖြင့် တခြား အကြောင်း အရာများနှင့် ပတ်သက်ပြီး တွေ့ဆုံဆွေးနွေး လိုပါသည်ဆိုလျှင် သမ္မတနှင့် ကာကွယ်ရေး ဦးစီးချုပ်တို့က လွယ်ကူစွာပင် လက်ခံကြပေမည်။ ယခုမူ သူတို့ မတို့ရဲ၊ မထိရဲသော ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ ဖြစ်သဖြင့် တွေ့ဆုံ ဆွေးနွေးဖို့ ကို ငြင်းဆန်နေကြခြင်းဖြစ်၏။ ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ အလွန် ခက်ခဲသော ကိစ္စဖြစ်သည်ကို နားလည် သဘောပေါက်ဖို့ လိုလေသည်။ သို့သော် ဒီမိုကရေစီ အင်အားစုများ အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ မဖြစ်မနေ အောင်မြင်အောင် လုပ်ရမည့်အလုပ် ဖြစ်နေပါသည်။ ယခင် စစ်အစိုးရနှင့် ပတ်သက်သူများက ၂၀၀၈ ဖွဲ့စည်းပုံကို အကန့်အသတ်များဖြင့် ဒီမိုကရေစီ လမ်းကြောင်း ကို သွားလိုကြ၏။

ထို့ကြောင့်လည်း စည်းကမ်းပြည့်ဝသော ဒီမိုကရေစီတို့၊ လမ်းညွှန်ဒီမိုကရေစီတို့ စသော သတ်မှတ်ချက်များဖြင့် ဒီမိုကရေစီကို ပုံဖော်နေကြပါသည်။ ဒီမိုကရေစီ လိုလားသူများကမူ အာဏာကို ပြည်သူကသာ ချုပ်ကိုင်ရမည်။ အာဏာကို ပြည်သူ့ထံကသာ သွားရမည်။ ပြည်သူ့အစိုးရဖြစ်ရမည်။ ထိုအစိုးရကို ပြည်သူက ရွေးချယ် တင်မြှောက် ရမည်ဆိုသည့် ဒီမိုကရေစီ ထုံးတမ်းစဉ်လာအတိုင်း၊ လွှတ်တော်တွင်လည်း ပြည်သူရွေးချယ် တင်မြှောက်သည့်အတိုင်း ခွဲတမ်းနှင့် မဟုတ်ဘဲ ပြည်သူက ရွေးချယ် တင်မြှောက်သော လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ရပေမည်။ အစိုးရအဖွဲ့ကို လွှတ်တော်က ဖွဲ့စည်းခွင့်ရှိသည်။ ခွဲတမ်းဖြင့် တက်လာသော ကိုယ်စားလှယ် ဟူ၍မရှိပေ။ ထိုအခါတွင် ၂၀၀၈ ဖွဲ့စည်းပုံကို ကာကွယ် လိုသူများနှင့် ဖွဲ့စည်းပုံကို ဖျက်သိမ်း ပြင်ဆင်လိုသူများကြား ပဋိပက္ခ ဖြစ်လာရသည်မှာ အဆန်းမဟုတ်တော့ပေ။ လက်ရှိအစိုးရတွင် ပါဝင်နေသူများ၊ စစ်တပ်ကို ဦးဆောင်နေသူများအဖို့ စစ်အစိုးရက အစိုးရသစ်ကို ပြောင်းပေးတော့မည် ဆိုသောအခါတွင် အကျိုးစီးပွား ကာကွယ်ရေးအတွက် ကတိသစ္စာပြု၊ အာမခံချက်များ ပေးခဲ့ရလေသလားမသိပေ။ ထိုသို့ တစ်ဖက်နှင့် တစ်ဖက် သံသယစိတ်များ ရှိနေလျှင် ညှိနှိုင်းဆွေးနွေးသည်က အကောင်းဆုံး ဖြစ်ပေမည်။ ၂၀၀၈ ဖွဲ့စည်းပုံမှာ ပြင်မှဖြစ်မည့် ဖွဲ့စည်းပုံ၊ လူထုကိုလည်း အခြေမခံသော ဖွဲ့စည်းပုံဟု အထိုက်အလျောက် သဘောပေါက် လက်ခံမည်ဆိုလျှင် ဘယ်ဟာပြင်မည်၊ ဘယ်ဟာမပြင်၊ ဘယ်တော့ ပြင်မည်၊ ဘယ်လိုပြင်မည် စသည်ဖြင့် ညှိနှိုင်းဆောင်ရွက်လျှင် ပြဿနာ အတော်များများကို ဖြေရှင်းနိုင်ကြပေမည်။ ထိုဖြေရှင်းချက်မှာ လူတစ်အုပ်တစ်မကြီးနှင့် ဖြေရှင်း၍ မရပေ။ လူများပြီး ပွဲမစည်သည့် သင်ခန်းစာကိုလည်း သမိုင်းတွင် ရရှိခဲ့ကြပြီး ဖြစ်ပါသည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၊ တိုင်းရင်းသား နိုင်ငံရေးပါတီများ ကလည်း ထိုက်သင့်သော သူတို့ကို ကိုယ်စားပြုသည့် ကိုယ်စားလှယ် ၁ ဦး၊ ၂ ဦး ပေးလိုက်လျှင် လက်ခံကြမည်ဖြစ်သည်။ ယခုဆိုလျှင် ဖက်ဒရယ် ပြည်ထောင်စု၊ ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်၊ တန်းတူညီမျှခွင့်၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် စသည်တို့မှာ တိုင်းရင်းသားတို့၏ အာသီသပြင်းပြသော ဆန္ဒများ ဖြစ်ပါသည်။ လက်နက်ကိုင် တပ်ဖွဲ့ အားလုံးကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ကိုယ်စားပြုသည်။ တစ်နိုင်ငံလုံး အုပ်ချုပ်မှု အားလုံးကို သမ္မတက ကိုယ်စားပြုသည်။ လွှတ်တော်များကိုလည်း လွှတ်တော်ဥက္ကဋ္ဌက ကိုယ်စားပြုသည်။ ဒီမိုကရေစီ လှုပ်ရှားမှု အားလုံးကို ဒေါ်အောင်ဆန်း စုကြည်က ကိုယ်စားပြုသည် ဆိုသည်ကို ငြင်းမရပေ။ ထို့ကြောင့် ၄၈ ဦး တွေ့ဆုံပွဲသည် သင်္ကြန်အမြောက်များလို ဖြစ်နေသည်ဟု ဆိုရပေသည်။ ထို့ ကြောင့် ၆ ပွင့်ဆိုင် တွေ့ဆုံရေးကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့ လိုအပ်ပါတော့သည်။

မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald


ကျောင်းသားတွေရဲ့အမျိုးသား ပညာရေး ဥပဒေ သပိတ်ကို လူထုလူတန်းစား အလွှာ အသီးသီးက ထောက်ခံ လက်တွဲ ပါဝင်ဖို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်က ပန်ကြားချက် ၄ စောင်ကို မနေ့က ထုတ်ပြန်လိုက်ပါတယ်။

ကျောင်းသူကျောင်းသားတွေ၊ ဆရာဆရာမတွေ၊ အလုပ်သမား၊ လယ်သမားနဲ့ ပြည်သူတွေ၊ တပ်မတော်မိသားစုတွေကို ရည်ညွှန်းပြီး ပန်ကြားချက်အသီးသီးထုတ်လိုက်တာပါ။

ကျောင်းသူ ကျောင်းသားတွေအတွက် ပန်ကြားချက်မှာ မန္တလေးကနေ ရန်ကုန်ကိုချီတက်လာတဲ့ သပိတ်စစ်ကြောင်းမှာ လိုက်ပါချီတက်ဖို့ တိုက်တွန်းထားပြီး၊ တပ်မတော်မိသားစုတွေအတွက် ပန်ကြားချက်မှာတော့ ကျောင်းသားထုတစ်ရပ်လုံး ပညာရေးအဆင့်မြင့်လာရင် တပ်မတော်သားတွေရဲ့ သားသမီးတွေလည်း အကျိုးခံစားခွင့် ရလာမှာဖြစ်တဲ့အတွက်၊ အမျိုးသားလက္ခဏာဆောင်တဲ့ ဒီလှုပ်ရှားမှုကို ဖြိုခွဲဆန့်ကျင်တိုက်ခိုက်မှုမလုပ်ပဲ ထောက်ခံအားပေးဖို့ တိုက်တွန်းထားပါတယ်။

အလားတူ၊ ဆရာဆရာမတွေ၊ အလုပ်သမား၊ လယ်သမားတွေ ပြည်သူတွေအတွက် ပန်ကြားချက်မှာလည်း သပိတ်မှောက်ကျောင်းသားတွေနဲ့ အတူလက်တွဲပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။

သပိတ်မှောက်ကျောင်းသားတွေဟာ မနေ့ညကတော့ နွားထိုးကြီးမြို့နယ် ပြင်စည်ရွာ ရွှေမုဓေါ ဘုန်းကြီးကျောင်းမှာ ညအိပ်ရပ်နားခဲ့ပါတယ်။ ဒီနေ့မနက် ၉ နာရီမှာတော့ ပြင်စည်ကနေ နွားထိုးကြီးမြို့ကို ဆက်လက်ချီတက်ကြမယ်လို့ ကြေညာထားပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုလူငယ်အဖွဲ့နဲ့ တိုင်းရင်းသား ပါတီ အသီးသီးက လူငယ်တွေ ပူးပေါင်းပြီး လာမယ့်ဖေဖော်ဝါရီလ ၁၂ ရက်နဲ့ ၁၃ ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁ဝဝ ပြည့် မွေးနေ့ဂုဏ်ပြုပွဲကို ရှမ်းပြည်နယ်၊ ပင်လုံမြို့မှာ ကျင်းပဖို့ ပြင်ဆင်နေပါတယ်။

ပင်လုံမြို့ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လွတ်လပ်ရေးကြိုးစားမှု သမိုင်းတွေထဲက အရေးကြီးတဲ့ မြို့ဖြစ်တာကြောင့် ဗိုလ်ချုပ်နှစ် ၁ဝဝ ပြည့်မွေးနေ့ဂုဏ်ပြုပွဲကို ပင်လုံမြို့မှာ ကျင်းပဖို့ စီစဉ်တာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုလူငယ်အဖွဲ့ တာဝန်ခံ ဒေါက်တာစိုးမိုးသူက ပြောပါတယ်။

"ဗိုလ်ချုပ်အောင်ဆန်းရဲ့ လွတ်လပ်ရေးလှုပ်ရှားမှုသမိုင်းမှာ အရမ်းအရေးကြီးတဲ့ မြို့တစ်မြို့ကျန်နေပါသေးတယ်၊ ကျနော်တို့မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရသွားတာက အဓိကကပင်လုံစာချုပ်နဲ့ ဗိုလ်ချုပ်အောင်ဆန်းက တိုင်းရင်းသားအားလုံးကို စုစည်းနိုင်ခဲ့လို့သာ ကျနော်တို့အင်အား အကြီးကြီးတစ်ခုဖြစ်ပြီးတော့ အောင်ဆန်းအက်တလီ စာချုပ်ဆိုတာ ဖြစ်ပေါ်လာတာပါဖြစ်ပါတယ်၊ ပင်လုံစာချုပ်ချုပ်ဆိုထားတဲ့ မြန်မာနိုင်ငံရဲ့ သမိုင်းဝင်မြို့တစ်မြို့ဖြစ်ပါတယ်၊ ပြည်တောင်စုနေ့က ဖေဖော်ဝါရီ ၁၂ နေ့ပါ၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ပါ၊ ဒီနှစ်ရက်ပေါင်းပြီးတော့ မြန်မာနိုင်ငံရဲ့ နေရာတစ်ခုဖြစ်တဲ့ ပင်လုံမှာသွားပြီး ကျင်းပနေတာဖြစ်ပါတယ်"

၂ ရက်ကြာ အခမ်းအနားမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းတွေကို ထုတ်လွှင့်ပြသမှာဖြစ်ပြီး တိုင်းရင်းသားပေါင်းစုံရဲ့ ရိုးရာအကတွေကို ထည့်သွင်းဖျော်ဖြေသွားမယ်လို့ သိရပါတယ်။ အဲ့ဒီ ဂုဏ်ပြုပွဲအပြီးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုလူငယ်အဖွဲ့နဲ့ တိုင်းရင်းသားလူငယ်တွေ ဘုံသဘောတူညီချက် ထုတ်ပြန်သွားမယ်လို့လည်း သိရပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127


ဂျန္နဝါရီလ ၂၃ ရက် ၂၀၁၅

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်နှင့် မူစယ်မြို့ကြား လားရှိုး- မူစယ်ကားလမ်းတွင် မြန်မာ့ တပ်မ တော်၏ စစ်ယာဉ်တန်းအား ခြုံခိုတိုက်ခိုက်မှု ဖြစ်စဉ်တရပ်ကို ပြီးခဲ့သည့် ကြာတပတေးနေ့က ဖြစ်ပွါးခဲ့သည်။

ကွတ်ခိုင်မှ ၁၀ မိုင်ခန့်အကွာရှိ နမ့်ကွတ်တွင် ပစ်ခတ်မှု ဖြစ်ပွါးခဲ့ခြင်း ဖြစ်ပြီး မြန်မာ့တပ်မတော် စစ်ကြောင်း၏ စစ်ယာဉ်တန်း ၃ စီးအား အမည်မသိ လက်နက်ကိုင်အဖွဲ့က ပတ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း မူစယ်-လားရှိုး ကားဆရာတဦးကပြောသည်။

“ ဘယ်တပ်ကလည်းတော့ မတွေ့မိဘူး။ ကား ၃ စီးလူအင်အား ၅၀ နဲ့ ၆၀ ကြားရှိတယ်။ လက် နက်ကြီးနဲ့ပစ်တာမဟုတ်ဘူး။ ကားမှန်တွေကွဲကုန်တာလေ။ တယောက်သေတယ် တယောက် ဒဏ်ရာရတယ်။ ဆရာမ ၂ ယောက်ရဲ့အလောင်းကို မူစယ်ကနေသယ်သွားပြီးနောက် တနေ့မှာ ဘဲဖြစ်တာလေ။ မူစယ် ၁၀၅ မိုင်မှာလည်း ဆန္ဒပြတယ်လေအဲဒီနေ့က ” ဟု အဆိုပါကားဆရာ ကပြောသည်။

ချောင်းမြောင်းပစ်ခတ်ခံရသည့်နေရာမှစ၍ မြန်မာစစ်သားတို့ ကားမစီးရဲဘဲ ခြေကျင်ဖြင့် မူစယ်သို့ဆက်တက်ကြောင်း၊ မှန်ကွဲကုန်သော စစ်ကားများမှာ ကားအလွှတ်ဖြင့်သာ တက်သွား ကြောင်း ပြောဆိုပါသည်။

အဆိုပါဒေသတွင် မြန်မာ့တပ်မတော်အပြင်၊ ကချင်တပ်မတော်၊ တအာန်းတပ်မတော်၊ သျှမ်းပြည်တပ်မတော်တို့အပြင် ဌာနေပြည်သူ့စစ်များလည်း လှုပ်ရှားရာဒေသ ဖြစ်ပါသည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese

ဓာတ်ပုံ – အိမမမွန်
အင်းစိန်မြို့နယ် ရွာမဘုန်းကြီး ကျောင်းတိုက် ကျောင်းထိုင် ဆရာတော်ကို ကျောင်းဝင်း အတွင်း ဗုံးထောင်ထားတယ်လို့ ဖုန်းဆက်ခြိမ်းခြောက်မှု မနေ့ည ၁၁ နာရီလောက်က ဖြစ်ပွား ခဲ့ပါတယ်။

ဒီခြိမ်းခြောက်မူကြောင့် သက်ဆိုင်ရာက ရှာဖွေရေးကိရိယာတွေနဲ့ ၀င်ရောက်ရှာဖွေခဲ့ပေမယ့် တစုံတရာ မတွေ့ရဘူးလို့ အင်းစိန်မြို့နယ်စခန်းမှူး ဒုရဲအုပ် မျိုးမြင့်ကြိုင်က ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သတ်ပြီး သက်ဆိုင်ရာက တစ်စုံတစ်ရာထုတ်ပြန်ခြင်းမရှိသလို ကျောင်းထိုင်ဆရာတော် ကလည်း သတင်းစာရှင်းလင်းပွဲ လုပ်သွားမယ်လို့ ဆိုပါတယ်။

ခြိမ်းခြောက်ခံရတဲ့ အင်းစိန်ရွာမကျောင်းတိုက်က ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသဟာ
မဘသ ဥက္ကဋ္ဌ ဖြစ်ပြီး အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဥပဒေတင်သွင်းရာမှာ
ဦးဆောင်ပါဝင်သူလို့ သိရပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/78359


အောင်ဆန်း မျိုးဆက်ဆိုတာ စွန့်လွှတ်အနစ်နာခံပြီး အများအတွက် အကျိုးပြုနိုင်တဲ့ စိတ်ဓာတ်ရှိသူတွေကို ဆိုလိုတာဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မနေ့က ပြောပါတယ်။

နေပြည်တော် ပျဉ်းမနားမြို့တပေါင်းကွင်းမှာ မနေ့ညကကျင်းပခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့်မွေးနေ့ အကြိုဂုဏ်ပြုပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာဖြစ်ပါတယ်။

"ကိုယ့်ကိုအားကိုးပြီးတော့ ကိုယ်ကနေပြီးတော့ တစ်ခုခုလုပ်ပေးမယ်လို့ မျှော်လင့်တဲ့သူတွေ အပေါ်မှာလည်း ဂရုဏာမေတ္တာထားပြီးတော့ ကြိုးစားပြီးတော့ သူတို့ရဲ့လိုအပ်ချက်တွေကို ဖြည့်စည်းပေးနိုင်ရမယ်၊ ဒီလိုစိတ်ဓါတ်တွေနဲ့ ကျမတို့လူငယ်တွေဟာ ကျမတို့နိုင်ငံရဲ့အကျိုးကို ထမ်းဆောင်သွားမယ်ဆိုလို့ရှိရင် အားလုံးဟာ အောင်ဆန်းမျိုးဆက်တွေပဲလို့ ကျမပြောချင်ပါတယ်၊ ကျမတို့ အောင်ဆန်းမျိုးဆက်ဆိုတာ ဒါပါပဲ၊ သွေးနဲ့မဆိုင်ပါဘူး၊ စိတ်ဓါတ်နဲ့ဆိုင်ပါတယ်၊ မြင့်မြတ်ရမယ်၊ ဖြူစင်ရမယ်၊ စွန့်လွှတ်ချင်တဲ့စိတ်ရှိရမယ်၊ စွန့်စားနိုင်တဲ့သတ္တိရှိရမယ်၊ စိတ်ဓါတ်ဆိုတာအမျိုးမျိုးပေါ့၊ လူတိုင်းလူတိုင်းဟာ ပုံစံတစ်မျိုးထဲထွက်လာတာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဘယ်လိုပုံစံပဲဖြစ်ဖြစ် အများအတွက် အကျိုးပြုနိုင်မယ့်ပုံစံတော့ဖြစ်အောင် ကိုယ့်ကိုကိုယ်လုပ်ယူနိုင်ပါတယ်"

ဒါ့အပြင် ဗိုလ်ချုပ်အောင်ဆန်းထားခဲ့တဲ့ လွတ်လပ်ရေးအမွေကို အားလုံးခွဲဝေခံစားသလို တာဝန်တွေကို ခွဲဝေယူပြီး ဗိုလ်ချုပ်ရာပြည့်ဂုဏ်ပြုပွဲတွေကို ကျင်းပကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

အဲဒီဂုဏ်ပြုဖျော်ဖြေပွဲကို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေးပါတီက လွှတ်တော်ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

ဖျော်ဖြေပွဲမှာ Lazy Club တီးဝိုင်းနဲ့အတူ အနုပညာရှင်တွေက တေးသီချင်းတွေနဲ့ ဖျော်ဖြေခဲ့ကြပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127


ကြာသပတေးနေ့ နံနက်ပိုင်းက ကျောက်ဆည်မှ ထွက်ခွာရန် ပြင်ဆင်နေသည့် သပိတ်မှောက်ကျောင်းသားများ (ဓာတ်ပုံ - ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီ)
ဗဟိုချုပ်ကိုင်မှုများလွန်းပြီး ပွင့်လင်းမြင်သာမှုမရှိဟု ကျောင်းသားအများအပြား နှင့် ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER)တို့က ယူဆကြသည့် အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်သည့် လှုပ်ရှားမှုက   ဒီဇင်ဘာ  ၁၄ရက်နေ့မှ စတင် ပေါ်ပေါက်လာသည်။
  
ရန်ကုန်မြို့နှင့် မြို့ကြီးတချို့တွင် လေးရက်ကြာ သပိတ်မှောက် တောင်းဆိုပြီးနောက်  ဆွေးနွေးညှိနှိုင်းရန် အစိုးရကို တောင်းဆိုခဲ့သည်။ အစိုးရထံမှ  တုန့်ပြန်မှုကို ရက်၆၀ကျော်ကြာ စောင့်ဆိုင်းခဲ့ပြီးနောက်   မြို့ကြီးတချို့မှ တက္ကသိုလ်ကျောင်းသားများက ဇန်နဝါရီ  ၂၀ရက်နေ့တွင် တစ်ကျော့ပြန် ကျောင်းသားသပိတ်ကို မြန်မာနိုင်ငံ၏ နောက်ဆုံးမင်းဆက်ထီးနန်းစိုက်ခဲ့ရာ မန္တလေးမြိုမှ စတင်ခဲ့ကြသည်။
မြန်မာပြည်ဒေသအသီးသီးရှိတက္ကသိုလ်များမှ သပိတ်မှောက်ကျောင်းသားများသည် မြန်မာနိုင်ငံ၏ အဓိက စီးပွားရေးမြို့တော်ကြီးတစ်ခုဖြစ်သည့် ရန်ကုန်မြို့သို့ ချီတက်ပြီး အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး အစိုးရက လိုက်လျောရန်အတွက် သပိတ်စခန်းဖွင့်လှစ်၍ တောင်းဆိုကြမည်ဖြစ်သည်။

အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး သပိတ်မှောက်ကျောင်းသားများ၏ ကိုယ်စားပြုအဖွဲ့အစည်းဖြစ်သည့် ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီက  ဥပဒေပြင်ဆင်ရေးအတွက် အချက် ၁၁ချက် တောင်းဆိုထားသည်။
  
တောင်းဆိုချက် ၁၁ချက်ကို အကောင်အထည်ဖော်နိုင်ရန် အတွက် အစိုးရ၊ လွှတ်တော် ပညာရေးမြှင့်တင်ရေးကော်မတီ၊  ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာ ကွန်ရက်(NNER)နှင့်ကျောင်းသားသပိတ်ကော်မတီတို့ လေးပွင့်ဆိုင်တွေ့ဆုံသည့် နည်းလမ်းဖြင့် အဖြေရှာရန် အစိုးရကိုတောင်းဆိုထားသည်။

၂၀၁၄ နှစ်လယ်ပိုင်း ဥပဒေကြမ်းကာလမှ စတင်ပြီး တက္ကသိုလ်ကျောင်းသားသမဂ္ဂများ၊ NNER, ဆရာများသမဂ္ဂ၊ ဥပဒေပညာရှင်များကပါ  ပြင်းပြင်းထန်ထန် ကန့်ကွက်လာခဲ့သည့်ကြားမှ အငြင်းပွားဖွယ်ရာ အမျိုးသားပညာရေးဥပဒေကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ခြင်းဖြစ်သည်။
ယခုအခါ သမ္မတက ဥပဒေနှင့် ပတ်သက်ပြီး လွှတ်တော်နှင့် ချိတ်ဆက်ဆောင်ရွက်နေသည်ကို တွေ့ရသည်။ ရက် ၆၀ အတွင်း  အကြောင်းပြန်မှု တစုံတရာမရှိခဲ့သော်လည်း  တစ်ကျော့ပြန်ကျောင်းသားသပိတ်များ စတင်ဖြစ်ပွားချိန်တွင်  သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ ပညာရေးဥပဒေနှင့်သက်ဆိုင်သည့် သူ၏သဘောထားကို ပေးပို့ခဲ့ခြင်းဖြစ်သည်။လွှတ်တော်သို့ စာပို့ ခြင်းမှာ   နိုင်ငံရေးလှည့်ကွက်တစ်ခုများဖြစ်လေမလားဟု တချို့က သံသယရှိနေသည်။
  
စာပါအချက်များတွင် အမျိုးသား ပညာရေးဥပဒေနှင့် သက်ဆိုင်သည့်အချက်များ ပါဝင်သော်လည်း သပိတ်မှောက်ကျောင်းသားများ အဓိကတောင်း ဆိုနေသည့် အခြေခံကျသည့်  အချက်များ ပါဝင်မှုမရှိသေးဟု NNERမှ ဒေါ်သူသူမာက ဆိုသည်။ သမ္မတ၏စာသည်   ကျောင်းသားနှင့် လူထုကို သွေးခွဲလိုခြင်းကဲ့သို့သော ရည်ရွယ်ချက်များပါဝင်နိုင်သည့်ဟု NNERမှ ဒေါ်သူသူမာကသုံးသပ်သည်။
  
“ပိုမိုရူပ်ထွေးတဲ့ အခြေအနေတစ်ခုထဲကို ပို့လိုက်တယ်လို့ပဲ ပြောချင်ပါတယ်။ ကျောင်းသားနဲ့ လူထု ပေါင်းမှာကို တော်တော်ကြောက်တယ် ထင်တယ်။ဒီတော့ ဒါကို အားပျော့အောင်လုပ်မယ်။ အထင်မှားအောင်လုပ်မယ်။  သွေးခွဲမယ်ပေါ့နော်။ ဒါတွေရဲ့ ပထမဆုံးခြေလှမ်းလို့ မြင်တယ်” ဟု ၎င်းက ဆိုသည်။
သပိတ်မှောက်ကျောင်းသားများ ရန်ကုန်မြို့သို့ချီတက်ရာ လမ်းတစ်လျှောက်တွင်လည်း ဒေသဆိုင်ရာ အာဏာပိုင်များက သမ္မတ ပေးပို့သည့် စာအကြောင်း ဖော်ပြထားသည့်  သတင်းစာကို သပိတ်မှောက်ကျောင်းသားများအကြား လိုက်လံဝေငှလျက်ရှိသည်။
  
 မန္တလေးတိုင်း နယ်/လုံ ဝန်ကြီးက သပိတ်ခရီးစဉ်ကို တားမြစ်ခဲ့သည် (ဓာတ်ပုံ - ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီ)
ကျောင်းသားသပိတ်စစ်ကြောင်း၏တတိယနေ့ ခရီးစဉ်အစတွင်လည်း မန္တလေးတိုင်းနယ်/လုံဝန်ကြီးက ကျောင်းသားများကို ခွင့်ပြုချက်ယူပြီးမှ ဆန္ဒပြရန်၊    သပိတ် ရပ်ဆိုင်း  လူစုခွဲပြီး လွှတ်တော်အခြေအနေကိုစောင့်ကြည့်ရန် ပြောဆိုခဲ့သည်။
  
ပညာရေးဥပဒေ သပိတ်မှောက်ကော်မတီမှ ကိုရဲဇာနည်ထွန်းမြက  သမ္မတ၏ သဝဏ်လွှာကို ပြန်လည်တုံ့ပြန်ရန်အတွက် တိုင်ပင်နေသည်ဟုဆိုသည်။
“ဒီသဝဏ်လွှာကို သေသေချာချာဖတ်ကြည့်ရင် သူက ပေးတာမဟုတ်ဘူးဗျ။  လွှတ်တော်မှာ ပြန်ဆွေးနွေးဖို့ လိုပြီ ဆိုတဲ့အကြောင်း ပြောတာ။ကျွန်တော်တို့ တောင်းဆိုနေတာက   လွှတ်တော်၊ အစိုးရ၊ သပိတ်မှောက်ကောင်စီ၊ NNER တို့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး။ဒီလိုလေးပွင့် ဆိုင်တွေ့ဆုံပြီးတော့ အဖြေရှာရမှာ” ဟု ၎င်းက သမ္မတ၏သဝဏ်လွှာအပေါ်ထားရှိသည့် ၎င်း၏မကျေနပ်ချက်ကိုပြောသည်။

မန္တလေးစစ်ကြောင်းမှာ မိုင်လေးရာကျော်ကွာဝေးသည့် ရန်ကုန်မြို့အထိ လမ်းလျှောက်ဆန္ဒပြချီတက်သွားမည်ဖြစ်ပြီး ထားဝယ်စစ်ကြောင်းမှာ ပညာရေးဥပဒေ ကန့်ကွက်ပွဲများကို  ထားဝယ်မြို့တွင်ပြု လုပ် ပြီးနောက် မော်တော်ယာဉ်များဖြင့် ရန်ကုန်မြို့သို့ ချီတက်ကြမည်ဖြစ်သည်။   ပခုက္ကူ၊ မုံရွာ၊ တောင်ငူ၊ ပြည်စသည့် မြေလတ်မြို့များတွင်လည်း အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး ဆန္ဒပြတောင်းဆိုနေကြပြီဖြစ်သည်။
သမ္မတက စာပေးပို့ပြီး  ၂ရက်ကြာလာချိန်အထိ လွှတ်တော်တွင် ထိုကိစ္စအကြောင်း ဆွေးနွေးမည့် အရိပ်အယောင် မတွေ့ရသေးပေ။ သမ္မတ၏ သဝဏ်လွှာကို  ဖတ်ကြားပြပြီး လွှတ်တော်က မှတ်တမ်းတင်ထားသည်ဟု  အင်္ဂါနေ့က သိရသည်။ စာကို လေ့လာဆဲဖြစ်သည်ဟု   ဥပဒေ အတည်ပြုရေးဆွဲရာတွင် အဓိကပါဝင်သည့် ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီ အတွင်းရေးမှူး ဒေါက်တာမြဦးက ပြောသည်။

“ကျွန်တော်ကတော့ ဥပဒေနဲ့ပတ်သက်ပြီး လုပ်ထုံးလုပ်နည်းအတိုင်းသွားရုံပဲပေါ့။ဥပဒေမှာ အစပြောကတည်းက အားလုံး ပါရမယ်ဆိုတော့ အားလုံး ပါဝင်နိုင်အောင် အဆင့်ဆင့်တော့ လုပ်ခဲ့ကြတာပဲ။ လုပ်ခဲ့ကြတဲ့အထဲမှာ ကျွန်တော့ ယုံကြည်ချက်လည်း ရာနှုန်းပြည့်တော့ မပါဝင်နိုင်ဘူးပေါ့ဗျာ” ဟု ဒေါက်တာမြဦးက ရှင်းပြသည်။  အားလုံး၏ ဆန္ဒများကို ရာနှုန်းပြည့် ပုံဖော်နိုင်ရန်မှာ ခက်ခဲသည်ဟု ဆိုသည်။    
“ရှိပြီးသားပညာရေးဥပဒေက  ပူးပေါင်းပြီးတော့လေ ဘယ်လောက်တိုးတက်အောင်လုပ်မလဲ။  ပြင်တာက အချိန်မရွေးပြင်လို့ရတယ်လေ” ဟု ၎င်း၏ ဆန္ဒကိုပြောသည်။

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်(ဗကသ)ကမူ  ဤဥပဒေသည်  အသစ်မဟုတ်ဟု ဆိုသည်။

ဗကသများအဖွဲ့ချုပ် အတွင်းရေးမှူး ကိုမင်းသွေးသစ်က “အခုပြဋ္ဌာန်းလိုက်တဲ့ ဥပဒေက ၂၀၀၀ ပြည့်နှစ်က ဗိုလ်ချုပ်ခင်ညွန့်လက်ထက်မှာ ရေးဆွဲခဲ့တဲ့ နှစ် ၃၀ ပညာရေး စီမံကိန်းရဲ့ အပိုင်းအစတစ်ချို့ကိုပြင်ပြီးတော့ ရေးဆွဲလိုက်တဲ့ ဥပဒေဖြစ်နေတယ်”ဟု ဒီဇင်ဘာလ ၁၈ရက်နေ့က ရန်ကုန်မြို့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
အောက်မြန်မာပြည် ပညာရေးညာဋ္ဌာန ညွန်ကြားရေးမှူး ဦးဇော်ဌေးက   ဥပဒေ ပြင်ဆင်ရေးမှာ အခက်အခဲ ကြီးကြီးမားမား မရှိဟု ဆိုသည်။

“အကောင်အထည်ဖော်လို့ရအောင် နည်းဥပဒေနဲ့ ကဏ္ဍအလိုက်ဥပဒေမှာ ပြဋ္ဌာန်းဖို့ပဲ လိုတယ်။ သူတို့ (သပိတ်မှောက်နေသူတွေ) နားလည်သဘောပေါက်သွားမယ်လို့လည်း ယုံကြည်ပါတယ်” ဟုဒီဇင်ဘာလ ၁၆ ရက်နေ့က Yangon Globe ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့သည်။

ခေတ်အဆက်ဆက် ကျောင်းသားအခွင့်အရေးလှုပ်ရှားမှုများအတွင်း  ကျောင်းထုတ်ခံခဲ့ရပြီး   နှစ်ရှည်ထောင်ဒဏ်အပြစ်ပေးခြင်းခံခဲ့ရသော  တက္ကသိုလ်ကျောင်းသားများမှာလည်း ယခုအချိန်ထိ တက္ကသိုလ်ပြန်လည်တက်ရောက်ခွင့် မရခြင်းများလည်း ရှိနေသေးသည်။
သပိတ်မှောက်ကျောင်းသားများက ၎င်းတို့တောင်းဆိုချက် ၁၁ချက်တွင် နံပတ် ၉အချက်အနေဖြင့် ထိုအချက်ကိုထည့်သွင်းတောင်းဆိုထားသည်။
၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုပြုံးချိုက ၎င်းတို့ကျောင်းသားလှုပ်ရှားမှုကာလများတွင် ကျောင်းထုတ်ခံရသူများ ရှိခဲ့ပြီး အစိုးရက တက္ကသိုလ်ပြန်လည်တက်ရောက်ခွင့် မပေးခဲ့ခြင်းကြောင့်  များစွာဆုံးရှုံးခဲ့သည်ဟု ဆိုသည်။
၎င်းတို့ဖြတ်သန်းခဲ့ရသည့်ကာလတွင် အစိုးရကအကြမ်းဖက်ဖြိုခွဲခြင်း၊ နှစ်ရှည်ထောင်ဒဏ် ပေးခြင်းတို့ကြောင့် ယခု ကျောင်းသားသပိတ်တွင်လည်း အလားတူ  ဖြစ်ရပ်မျိုးဖြစ်ပေါ်လာမည်ကို စိုးရိမ်မိကြောင်းပြောသည်။
“ကျောင်းသားထုဆိုတဲ့အလွှာက အမြဲတမ်း တည်ရှိနေမှာပဲဖြစ်တယ်။တကယ် တိုင်းပြည်အတွက် ကြည့်မယ်ဆိုရင်လဲ ပညာတတ်လူငယ်တွေရဲ့အခန်းကဏ္ဍကို အလေးထား ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်ကြီးတစ်ခုဖြစ်တဲ့အတွက် အရင်ကလို ကိုင်တွယ်ဆောင်ရွက်မှုတွေကနေ ရှောင်ရှားပြီးတော့ ပေါင်းစပ်ညှိနှိုင်းနိုင်မယ့် အလေ့အထကောင်းတွေက ပိုပြီးသဘာဝကျပါလိမ့်မယ်” ဟု ၎င်းက ဆိုသည်။

https://www.facebook.com/TheYangonGlobe


(ဓာတ်ပုံ-သေဆုံးသူ ကချင်ကျောင်းဆရာမနှစ်ဦး၏ ရုပ်ကလပ်အား မူဆယ်၊ လားရှို.မြို.များမှ မြစ်ကြီးနားမြို.သို့ကားဖြင့်သယ်ဆောင်လာရာ မန္တလေး၌ တစ်ထောက်နားစဉ်တွေ့ရစဉ်။) 
ဇန်န၀ါရီ ၁၉  ရက်နေ့က  မူဆယ်မြို့အနီးရှိ ကြူကုတ်၊ ကောင်းခါးရွာရှိ ခရစ်ယာန် ဘုရားကျောင်းဝင်းအတွင်း သေဆုံးလျက် တွေ့ရှိရသော ကချင်အမျိုးသမီးနှစ်ဦး၏ အမှုအား  အထူးစုံစမ်းမှုပြုလုပ်နေရာ ထိုဒေသရောက် တပ်မတော်သားအယောက် ၃၀ ကို စစ်ဆေးမေးမြန်းပြီး၊ ၎င်းတို့၏ ဆံပင်နမူနာများကိုလည်း ယူခဲ့သည်ဟု  ရဲတပ်ဖွဲ့က  ဆိုသည်။ 
 
 ယခုအမှုအား အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ (CID) နှင့် လာရှိုး၊ မူဆယ်နယ်မြေခံရဲတပ်ဖွဲ့ဝင်များက အဖွဲ့ဖွဲ့၍ စစ်ဆေးနေကြောင်း၊  သေဆုံးသူတို့၏  လက်ထဲတွင် ဆံပင်ဆံနွယ်များ တွေ့ရှိခဲ့ကြောင်း  လားရှိုးခရိုင် ရဲမှုးကြီးအောင်မြတ်မိုးက ပြောကြားသည်။ 
 
“လောလောဆယ်တော့ ဆရာမတွေ လက်ထဲက ဆံပင်စတွေနဲ့ တပ်မတော်သားတွေရဲ့ ဆံပင်နမူနာ DNA ဓာတု စစ်ဆေးမှု ပြုလုပ်မှာပါ” ဟု ရဲမှုးကြီး အောင်မြတ်မိုးက ဆိုသည်။ 
 
ထိုဒေသရှိ အရပ်သား ၁၀ ဦးခန့်ကိုလည်း စစ်ဆေးပြီး ဆံပင်နမူနာ ယူထားသည်ဟု ဆိုသည်။ 
 
“တပ်မတော်က လုံခြုံရေး ပေးထားပေမယ့် ဥပဒေ မစိုးမိုးတဲ့နယ်မြေဖြစ်တော့ စုံစမ်းရတာ အခက်အခဲတော့ ရှိပါတယ်” ဟု  ခရိုင် ရဲမှုးကြီးက ဒေသ အခြေအနေအကြောင်း ဆက်ပြောပြသည်။
 
 ရုပ်အလောင်းအား စစ်ဆေးသည့်အခါ  မိန်းမအင်္ဂါများတွင် ထိုးသွင်းဒဏ်ရာများ ရှိနေသည်ဟူသော   မှုခင်းစစ်ဆရာဝန်တို့၏ စစ်ဆေး တွေ့ရှိချက်ကြောင့်    လူသတ်မှုဖြင့် အမှုဖွင့်ထားရာမှ  မုဒိမ်းမှုကိုလည်း ယနေ့ ထည့်သွင်းလိုက်သည်ဟု သူက ပြောသည်။
 
ဆရာမနှစ်ဦးမှာ ဇန်န၀ါရီ ၁၉  ရက်နေ့ မနက် ၁ နာရီခန့်တွင် မုဒိမ်းကျင့်၊ ညှဉ်းဆဲ၊ သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကြောင်း၊ ဖြစ်ပွားရာ ကောင်းခါးကျေးရွာအနီးတွင် အစိုးရတပ် ခမရ (၅၀၃) မှလွဲ၍ အခြားမည်သည့် လက်နက်ကိုင်တပ်ဖွဲ့ သို့မဟုတ် လက်နက်ကိုင်ဂိုဏ်းများလည်း မရှိကြောင်း ကချင်နှစ်ခြင်းအသင်းတော် (KBC) က ဆိုသည်။ 
 
အခင်းဖြစ်ပွားရာအချိန်ခန့်တွင် ဆရာမနှစ်ဦး၏ အော်ဟစ်သံကို ရွာသူရွာသားများက ကြားရကြောင်း၊ သို့သော် ကြောက်ရွံ.စိုးရိမ်သဖြင့် ဆရာမများရှိရာအိမ်သို့ မသွားခဲ့ကြကြောင်း၊ မနက်မိုးလင်းမှသွားရောက်သည်တွင် ၀မ်းနည်းစရာ အခြေအနေအား တွေ့ရှိခဲ့ကြောင်းလည်း အင်္ဂါနေ့က ထုတ်ပြန်သည့် KBC ၏ ကြေညာချက်တွင် ဖော်ပြထားသည်။ 
 
 အသက် ၂၀ ခန့်   ရှိကြသော မရန်လုလာ၊  တန်ဘောင် ခေါန်နန်ဆင်တို့နှစ်ဦးသည်  မြန်မာပြည်မြောက်ပိုင်း ကချင်လူထုကြားတွင် လှုပ်ရှားမှုအကောင်းဆုံးအဖွဲ့အစည်းဖြစ်သည့်  KBC အား ကိုယ်စားပြုကာ ကောင်းခါးကျေးရွာတွင် ကလေးသူငယ်များအား စေတနာ့ဝန်ထမ်း  စာသင်ကြားနေသူများဖြစ်သည်။ 
 
၎င်းတို့၏ ရုပ်ကလာပ်များကို မူဆယ်မှ လားရှိုးမြို့သို့ ဗုဒ္ဓဟူးနေ့က သယ်ဆောင်ခဲ့ပြီး ယနေ့တွင် လားရှိုးမှ မန္တလေးမြို့သို့ဖြတ်ကာ မြစ်ကြားနားမြို့သို့ပို့ဆောင်မည်ဖြစ်ပြီး  သောကြာနေ့တွင် ဘာသာရေးအခမ်းအနားဖြင့် မြုပ်နှံသဂြိုဟ်မည်ဟု သိရသည်။ 
 
ယခုအမှု စုံစမ်းရာတွင် တရားခံ အစစ်အမှန် ဖော်ထုတ်ပေးနိုင်ရေးအတွက်  နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ယနေ့ ပြုလုပ်သည့် ရန်ကုန်မြို့ သတင်းစာရှင်းလင်းပွဲတွင် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေးက “စစ်သားပဲဖြစ်ဖြစ် အရပ်သားပဲဖြစ်ဖြစ်၊ အရေးယူပေးဖို့ အစိုးရကို တိုက်တွန်းတောင်းဆိုသွားမှာဖြစ်ပါတယ်”ဟု  ပြောသည်။ 
 
ကချင်လူမျိုးများသည် ကချင်ပြည်နယ်တွင်မက ရှမ်းပြည်နယ် မြောက်ပိုင်းရှိမြို့ရွာများတွင်လည်း နေထိုင်ကြသည်။  KIA နှင့် အစိုးရစစ်တပ်တို့အကြား တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့သည့် ၂၀၁၁ ဇွန်လနောက်ပိုင်း ကချင်ဒေသတွင် အဓမ္ဓပြုကျင့်မှုပေါင်း ၇၀ ကျော် ရှိသည်ဟု ထိုင်းအခြေစိုက် ကချင်အမျိုးသမီးအစည်းအရုံးက မှတ်တမ်းတင်ထားသည်။
 
 စစ်မြေပြင်နှင့်နီးသည့် ဒေသတွင် စစ်သားများက အမျိုးသမီးတို့ကို မုဒိမ်းကျင့်သတ်ဖြတ်မှုများပြုလုပ်သည်ဟု လူအခွင့်အရေးအဖွဲ့များက  စွပ်စွဲထားသည်။

“ယူရေနီယံနဲ့ ပတ်သက်ပြီး နှစ်ပေါင်းများစွာ ဆရာအနီးကပ်လုပ်ခဲ့တာတောင် Radiation မသင့်ရင် ဦးတေဇ ခဏလေးနဲ့တော့ မသင့်နိုင်ပါဘူး။ ဒရာမာဇာတ်ကားရိုက်တာလား မသိဘူးပေါ့”
----- ----- ----- -----
မကြာသေးမီရက်ပိုင်းအတွင်းက ထူးကုမ္ပဏီဥက္ကဋ္ဌဦးတေဇက ယူရေနီယံသတ္တုတမျိုးကိုတွေ့ရှိခဲ့ပြီး ၎င်းကိုယ်တိုင်နှင့် ၀န်ထမ်းအချို့လည်း ရေဒီယိုသတ်္တိကြွဒဏ်သင့်ခဲ့ရတဲ့အကြောင်း သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပြီး ရှင်းလင်းပြောကြားခဲ့တာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံရဲ့ ပညာရေးလောက မှ နျူကလီးယားရူပဗေဒပညာရှင် ဆရာကြီး ဒေါက်တာတင်အောင်ကို ယူရေနီယံသတ်္တိကြွစက်သင့်တတ်တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

x ယူရေနီယံဓာတ်သတ္တုနဲ့ပတ်သက်ပြီး Radiation သင့် ခံစားရတယ်လို့ ဦးတေဇက ပြောပါတယ်ဆရာ၊ ဘယ်လို အခြေအနေမျိုးမှာ ဒါမျိုးဖြစ်တတ်တာလဲ ဆရာ။

- ယူရေနီယံဆိုတာ နှစ်မျိုးရှိတယ်။ သဘာဝယူရေနီယံ (Natural Uranium)နဲ့ လုပ်ထားတဲ့ Isotope တွေ အများကြီးပေါ့။ နေရာတိုင်းမှာ တွေ့နိုင်တာပါပဲ။ သူက အန္တရာယ်မရှိဘူးလို့တော့ ဆရာ မဆိုလိုပါဘူး။ ဒါပေမဲ့ ဟီရိုရှီးမားတုန်းကတောင် လွတ်တဲ့လူရှိခဲ့ဖူးတယ်။ မြန်မာတယောက်တောင်ပါတယ်လို့ သိရတယ်။ ဆရာ သိပ်မသေချာလို့။ ဂျပန်လူမျိုးထဲကတော့ လွတ်ခဲ့တာရှိတယ်။ ဆရာတို့တွေက ရေဒီယိုသတ်္တိကြွလို့ ပြောလိုက်ရင် ကြောက်ကြတယ်။ သြစတြေးလျမှာ ဆရာတို့ သုတေသနလုပ်ခဲ့ရတုန်းကဆိုရင် အနီးကပ်ပဲ။ ဟိုက်ဒရိုဂျင်ဗုံးထုတ်ခဲ့တဲ့ အက်ဒ၀ပ် တေလာ က ဘာပဲပြောလဲဆိုတော့ သူ Research လုပ်ရင်းနဲ့ ခြေအိတ် အမြဲတမ်းစွပ်ထားတာတောင် မျိုးရိုးဗီဇဆိုင်ရာကိစ္စမှာ ထိခိုက်နိုင်တယ်တဲ့။ သူတဖက်စွန်းကျတယ်လို့ ဆရာထင်တယ်။ သူပြောတာ ဆရာနားနဲ့ဆတ် ဆတ်ကြားခဲ့တာနော်။ Seminar တခုမှာပြောတာ။ အန္တရာယ်မရှိဘူးလို့ ဆရာ မဆိုလိုဘူး။ X-Ray မှာတောင်ရှိတာပဲ။ ကိုယ်ဝန်ဆောင်တွေ ခဏခဏ မရိုက်သင့်ဘူးဆိုတာ။ ဒါပေမဲ့ ချင့်ချင့်ချိန်ချိန်လေးတော့ ရှိရမယ်ပေါ့။
ယူရေနီယံနဲ့ပတ်သက်ပြီး နှစ်ပေါင်းများစွာ ဆရာနီးနီးကပ်ကပ်လုပ် ခဲ့တာတောင် Radiation မသင့်ရင် ဦးတေဇ ခဏလေးနဲ့တော့ မသင့်နိုင်ပါဘူး။ ဒရာမာဇာတ်ကားရိုက်တာလားတော့ မသိဘူးပေါ့။

x နေရာတိုင်းမှာ တွေ့နိုင်တယ်ဆိုတာနဲ့ ပတ်သက်ပြီး ရှင်းပြပါ ဦးဆရာ။

- နေရာတိုင်းမှာ တွေ့နိုင်တယ်ဆိုတာက ဟိုမှာ ဆရာ သုတေသနလုပ်တဲ့ အချိန်တုန်းက ဓာတုဗေဒပါမောက္ခဆရာတယောက်ရှိတယ်။ လိုတဲ့ အချက်အလက်ကို ဆရာ သူ့ဆီက အကူအညီယူရတယ်။ အဲဒီမှာ သူက ဘာပြောလဲဆိုတော့ ဒြပ်စင်ဟိုက်ဒရိုဂျင် ၁ ကနေ ယူရေနီယံ ၉၂ အထိ သဘာဝဒြပ်စင်တွေကို နေရာတိုင်းမှာ တွေ့နိုင်တယ်တဲ့။ မင်းသောက်နေတဲ့ရေထဲမှာတောင် ရေတစက်ထဲမှာ အများကြီးပါတယ်။ အားလုံးနီးပါး ပါတယ်တဲ့။ ဆိုတော့ ယူရေနီယံတွေကို တွေ့မှာပဲ။ ရှိကိုရှိမှာပဲ။ သက်ရောက်မှုကတော့ သူ့မှာ အဆင့်တွေရှိတယ်။ ထိမိတိုင်းဖြစ်တာတော့ မဟုတ်ဘူး။ အခုဦးတေဇမှာ Radiation သင့်နေတယ်ဆိုရင်တော့ Body Count ကို တိုင်းပေါ့။ ဆရာဆိုရင် သူ့ Effect အရ အသက် ၃၀ ကျော်ရင် ကလေးမရနိုင်ဘူးလို့ပြောပေမယ့် ဆရာအသက် ၃၃နှစ်မှ ကလေးယူခဲ့တာ။

x ဒါဆို Radiation သင့်သွားပြီဆိုရင် ဘာတွေဆက်လုပ် ဖို့ လိုအပ်လဲ ဆရာ။

- ဘာဆက်လုပ်ရမလဲဆိုတော့ သိပံ္ပနဲ့ နည်းပညာဝန်ကြီးဌာနအောက်မှာ အဲဒါတိုင်းတဲ့ AEC ဌာနဆိုတာရှိတယ်။ အဲဒီမှာ တိုင်းကြည့် ရမယ်။ အဲဒီယူရေနီယံများကိုလည်း AEC ကို ဖို့ရမယ်။ အဲဒီမှာ အက်ဆေးလုပ်တယ်ခေါ်တယ်။ ဘယ်လောက်ပါဝင်မှုရှိလည်းပေါ့။ အဲဒါတွေလုပ် ပြီးပြီလား ဆရာမသိဘူး။ ဆရာတို့ လုပ်ခဲ့တုန်းကဆိုရင် အိတ်ထဲမှာ သက်ရောက်မှုကို တိုင်းတာတဲ့ ဖလင်ပြားလေးတွေရှိတယ်။ နောက် အရေးပေါ်သုံးတဲ့ ဖောင်တိန်လိုမျိုးဟာလည်း ရှိတယ်။ အကာအကွယ်တွေတော့ လုပ်ရတယ်။ အေပရွန်လိုဟာမျိုးပေါ့။ နောက်အမြဲတမ်းံနေူအ့ ဗျငျအညေအ နှစ်ယောက်ရှိတယ်။ တကယ်လို့ဦးတေဇမှာ Radiation သင့်သွားဆိုရင်တောင် ခန္ဓာကိုယ်ထဲမရောက်နိုင်သေးဘူး။ အ၀တ်အစားမှာပဲ ရှိမယ်။ ဒီကွန်လုပ်ရတာပေါ့။ Decontamination ခေါ်တယ်။ Unit တခုရှိတယ်။ ဆရာတို့ မြင်ဖူးတယ် Lab ထဲမှာ လွတ်ကျပြီး ကွဲသွားတာမျိုး။ ချက်ချင်း Chemical တွေဖြန်းပြီးတော့ ရှင်းလိုက်တာပဲ။

x ကျွန်တော်တို့ကြားသိရသလောက်တော့ ဦးတေဇအနေနဲ့ Radiation သင့်တယ်ဆိုတာ သူ့ရဲ့ ဂျပန်က ဆရာဝန်ကပြော တာလို့ဆိုပါတယ်။ အဲဒီအတွက် သောက်ရမဲ့ သောက်ရမယ့် ဆေး ၄ မျိုးရှိတယ်လို့လည်း ပြောပါတယ်။ ဆရာပြောသလိုဆိုရင် . . . ။

- ဆရာတို့ ဟာသလေးကြားဖူးတာတခုရှိတယ်လေ။ ပညာရှင်တယောက်က လူလုပ်တဲ့ စိန်ရပြီဆိုပြီး ပြောခဲ့ဖူးတာ။ အမှန်တော့ သူ့ တပည့်တယောက်က သူ Lab ထဲမှာ စိန်တလုံးသွားထည့်ခဲ့လို့ဆိုပဲ။ အဲဒီပညာရှင်ကတော့ သူလုပ်လို့ စိန်ဖြစ်ပြီဆိုပြီး လျှောက်ပြောတာ။ အခုလည်း ဦးတေဇက အဲဒီလိုဖြစ်နေဦးမယ်။ ဆရာပြောချင်တာက ဒါမျိုးတွေ ချင့်ချင့်ချိန်ချိန်နဲ့ သုံးပါ။ တကယ်ဖြစ်တာဆိုရင်တော့ AEC မှာ သွားစစ်ဆေးပါ။ နောက် ဒီထက်ပိုပြီးသိချင်ရင် ဒေါက်တာကိုကိုဦးတို့ရှိတယ်။ သိပံ္ပနည်းပညာဝန်ကြီး ထင်တယ်။ သူဆို Nuclear Physics မှာ ဆရာတို့ထက် ပိုသိတယ်။ သူ့ကိုလည်း မေးပေါ့။

နဒီ(IR) တွေ့ဆုံမေမြန်းသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

အီရတ် စစ်မျက်နှာစာတွင် အိုင်စစ် (ISIS) တို့ ယခင်က တကြိမ်တခါမျှ မကြုံခဲ့ဖူးသည့် ကျဆုံးမှုများကို ဗုဒ္ဓဟူးနေ့က ရင်ဆိုင်လိုက်ရသည်။ မောဆူလ်မြို့ မြောက်ပိုင်းမှ အန်ဘာမြို့ အနောက်ဘက်နှင့် ဒီယာလာမြို့ အရှေ့ဘက်အထိ အီရတ်အစိုးရတပ်ဖွဲ့များ၊ ရှီအိုက်လက်နက်ကိုင်များ၊ ဆွန်နီလူမျိုးစုများနှင့် ကာဒစ်ရှ်တပ်ဖွဲ့များနှင့် ရင်ဆိုင်အတွေ့တွင် ယခုလို ကျဆုံးခဲ့ရခြင်း ဖြစ်သည်။

အမေရိကန် ဦးဆောင်လျက် လေကြောင်းမှ တိုက်ခိုက်မှုများ စတင်စဉ်အခါကတည်းက အိုင်စစ်၏ အီရတ်တခွင် အရှိန်အဟုန်ဖြင့် အင်အားကြီးနေမှု တစတစ ဆုတ်ယုတ်လာခဲ့ခြင်း ဖြစ်ပြီး ယမန်နှစ် ဇွန်လက သိမ်းပိုက်ထားသော မြို့များကိုလည်း တဖြည်းဖြည်း လက်လွှတ်လိုက်ရသည်။ စီရင်စုမြို့ကြီးများ ဖြစ်ကြသော မောဆူလ်နှင့် တီကရစ်တို့အပါအ၀င် ဘဂ္ဂဒတ်မြို့နောက်ပိုင်းရှိ ဖယ်လူဂျာမြို့နှင့် အခြား မြို့များကိုမူ ထိန်းချုပ်ထားနိုင်သေးသည်။

နိုင်ဗက်ရှ်စီရင်စုနယ်ရှိ မောဆူလ်မြို့လွတ်မြောက်ရေးမှာ အခရာကျသော အနေအထားတွင် ရှိနေသည်။ အိုင်စစ်တို့ သိမ်းပိုက်ထားသော မြို့များအနက် ယင်းမြို့မှာ အကြီးမားဆုံးလည်း ဖြစ်သည်။ ယင်းမြို့အား ပြီးခဲ့သည့် ဇွန်လအတွင်း သိမ်းပိုက်နိုင်ပြီးချိန်မှစ၍ အိုင်စစ်သည် ကမ္ဘာ့ဦးဆောင် အကြမ်းဖက်အဖွဲ့အစည်းတရပ် ဖြစ်လာခဲ့သည်။ တပ်ဖွဲ့ဝင်အင်အား ထောင်ပေါင်းများစွာတို့ကို ထပ်မံစုစည်းနိုင်လာချိန်တွင် အယ်လ်ကိုင်ဒါထက်ပင် အင်အားကြီးမားလာပြီး အကြမ်းဖက်တိုက်ခိုက်မှုပေါင်း များစွာတို့ကိုလည်း ပိုမိုကျူးလွန်လာကြသည်။ ယမန်နှစ် မေလတွင် ဘယ်လ်ဂျီယံရှိ ဂျူးပြတိုက် ပစ်ခတ်ခံရခြင်း၊ ဒီဇင်ဘာတွင် ဆစ်ဒနီမြို့မှ ကော်ဖီဆိုင်တခု ၀င်ရောက်စီးနင်းခံရခြင်း၊ ပါရီအကြမ်းဖက်မှုနှင့် ယခုလအစောပိုင်းက အမေရိကန် လွှတ်တော်အဆောက်အအုံအား ဖောက်ခွဲရန် အိုင်စစ်ကို ယုံကြည်သူတဦးက ကြိုးပမ်းခြင်းတို့ ပေါ်ပေါက်ခဲ့သည်။

သို့ရာတွင် ပြီးခဲ့သည့် အင်္ဂါနေ့က ကာဒစ်ရှ်တပ်ဖွဲ့များသည် မောဆူလ် ရေကာတာတခုအနီးရှိ ရွာ ၇ ရွာကို ပြန်လည် တိုက်ခိုက်၍ အိုင်စစ် တို့ လက်တွင်းမှ လွတ်မြောက်စေခဲ့သည်။

"အိုင်စစ်ဘက်က ၂၀၀ ကျော် ကျရှုံးတယ်၊ ကာဒစ်ရှ်နဲ့ ညွန့်ပေါင်းအဖွဲ့က အိုင်စစ်ရဲ့ ကားဗုံး ၁၄ လုံးကို ဖျက်ဆီးပစ်နိုင်ခဲ့ပါတယ်" ဟု ကာဒစ်ရှ်ဒေသဆိုင်ရာ လုံခြုံရေးကောင်စီဥက္ကဋ္ဌ ဘာဇန်နီက ပြောကြားသည်။

မောဆူလ်မြို့နှင့် ဆယ်မိုင်အကွာသို့ ကာဒစ်ရှ်များ ချဉ်းကပ်လာနိုင်ပြီး မောဆူမြောက်ပိုင်းတွင် လေကြောင်း တိုက်ခိုက်မှုကြောင့် အိုင်စစ်အဖွဲ့ဝင် ၃၀ ဦးကျော် ကျဆုံးပြီး အမြောက်ကြီး ၁၀ လက်ကိုလည်း ဖျက်ဆီးနိုင်ခဲ့သည်။

တချိန်တည်းမှာပင် မောဆူလ်မြို့တွင်းမှ အိုင်စစ် တို့ကလည်း အပြင်းအထန် ခုခံနေရပြီး ဘဂ္ဂဒတ်မြို့နောက်ပိုင်း စီရင်စုနယ် အယ်လ်အန်ဘာသို့ ထိုးစစ်ဆင်နေကြောင်း သိရသည်။ ပထ၀ီဝင်အရ အယ်လ်အန်ဘာသည် ဘဂ္ဂဒတ်၏ အကြီးဆုံး စီရင်စုနယ် ဖြစ်သည်။ အိုင်စစ် တို့သည် ဗုဒ္ဓဟူးနေ့က ဘဂ္ဂဒတ်မြို့အနောက်ဘက် မိုင် ၇၀ အကွာရှိ အယ်လ်ရာမဒီမြို့သို့ ကားဗုံး ၇ လုံး အသုံးပြုကာ တိုက်ခိုက်ခဲ့သည်။

ယမန်နှစ် ဇန်န၀ါရီ လကတည်းက အယ်ရာမဒီသည် အိုင်စစ်တဖက်၊ အီရတ်အစိုးရတဖက် ထိန်းချုပ်ထားပြီး နှစ်ခြမ်းကွဲနေခဲ့သည်။ ၂၀၁၄ ခုနှစ် တလျှောက်လုံး အိုင်စစ်သည် အစိုးရပိုင် ဒေသအများအပြားကို ထိုးစစ်ဆင်ခဲ့သည်။ ဗုဒ္ဓဟူးနေ့ ထိုးစစ်မှာ အပြင်းထန်ဆုံး ဖြစ်သော်လည်း အီရတ် စစ်တပ်၊ ရဲတပ်ဖွဲ့၊ အထူးတပ်ဖွဲ့ဝင်များနှင့် ဆွန်နီလူမျိုးစုများက တွန်းလှန် တိုက်ခိုက်နိုင်ခဲ့သည်။

အိုင်စစ် (ISIS) သည် အမေရိကန် ညွန့်ပေါင်းအဖွဲ့နှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအရပ်ရပ်တွင် စုစုပေါင်း ၎င်းတို့၏ တပ်ဖွဲ့ဝင် ၆၀၀၀ ကျော်ကို ဆုံးရှုံးခဲ့သည်ဟု ကန်သံတမန်ရေးရာ အရာရှိများက ယမန်နေ့က ပြောကြားခဲ့သည်။

ကျော်လင်းထွန်း

__Ref: CNN, TFT
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

(1)

၂၀၁၀ ဒီဇင်ဘာလတုန်းက ..

Wikilakes website ကဖွင့်ချခဲ့တဲ့..
အမေရိကန်သံရုံးမှတ်တမ်းတစ်ခုမှာ..
စင်္ကာံပူဝန်ကြီးချုပ် လီကွမ်ယုက..

" မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေဟာ
(Stupid and Dense )
အသိဥာဏ်နည်းပြီး ပြောရ ဆိုရ
ခက်တဲ့သူတွေဖြစ်တယ်၊
မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ..
ဆက်ဆံရတာဟာ...
ဘာမှ နားမလည်နိုင်တဲ့ ..
လူသေကောင်တွေကို
စကားပြောရ သလိုပါပဲ " ဆိုပြီး..

အမေရိကန်သံတမန်တွေကို ..
၂၀၀၇ ခုနှစ်တုန်းကပြာဆိုခဲ့တယ်လို့
အဲဒီ အမေရိကန် သံတမန်ရေး
လျှို့ဝှက်မှတ်တမ်းမှာ ဖော်ပြခဲ့ပါတယ်။

" ဒီ မြန်မာစစ်ဗိုလ်ချုပ်တွေဟာ
တိုင်းပြည်ရဲ့ သဘာဝ သယံဇာတ အရင်းအမြစ်တွေ
စီမံအသုံးချတဲ့နေရာမှာ ညံဖျင်းတာကြောင့်၊
ဒီဗိုလ်ချုပ်တွေနဲ့ ဆက်ဆံဖို့
လွန်ခဲ့တဲ့ ဆယ်နှစ်ကတည်းက..
လက်လျှော့ခဲ့ရတယ် " လို့
မစ္စတာ လီကွမ်ယုက ပြောဆိုခဲ့သလို..၊

" အနည်းငယ်အသိတရားရှိလာမယ့်
နောက်ထပ် မျိုးဆက်သစ် စစ်ခေါင်းဆောင်တရပ်
မပေါ်လာမချင်းတော့ မြန်မာနိုင်ငံမှာ
တိုးတက်မှုတွေအတွက် မျှော်လင့်ချက်
အနည်းငယ်ပဲ ရှိတယ်" ဆိုပြီး မစ္စတာလီက
မှတ်ချက်ချခဲ့ပါတယ်၊

"မြန်မာဗိုလ်ချုပ်တွေဟာ မြန်မာအတိုက်အခံခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဏာ ခွဲဝေယူပါ့မလား ?
ဆိုတာတောင်မှ သံသယဖြစ်စရာရှိတယ်" လို့လည်း
ပြောထားပါတယ်။

" နှစ်ပေါင်းများစွာ နေအိမ် အကျယ်ချုပ် ဘ၀နဲ့ နေခဲ့ရတဲ့
ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ခေါင်းဆောင်တွေအဖို့
ကြောက်ရွံစရာ မကောင်းဆိုးဝါး သဘော ဖြစ်နေတယ်..." လို့လည်း
မစ္စတာလီက ပြောခဲ့တယ်လို့ ရေးထားပါတယ်။

၂၀၀၇ ခုနှစ်နဲ့ ၂၀၀၉ ခုနှစ်တုန်းက လီကွမ်ယုနဲ့
အမေရိကန်သံရုံးက တာဝန်ရှိသူတွေနဲ့
ပြောဆိုတဲ့ အချက်အလက်တွေကို ၀ီကိလိခ်က ဖွင့်ချခဲ့တဲ့
ကမ္ဘာကျော်မှတ်ချက်တစ်ခုဖြစ်ပါတယ်၊

------------------------

(2)

ဒါဟာ စင်္ကာံပူနိုင်ငံကို ...
တံငါရွာအဖြစ်ကနေ...
သာမန်ဆိပ်ကမ်းမြို့အဖြစ်ကနေ..
အခုလိုမျိုး တောက်ပပြောင်လက်သွားအောင်..၊
လုံးဝပြောင်းလည်းတိုးတက်စေခဲ့တဲ့..
ကမ္ဘာမှာ လက်မထောင်စေခဲ့တဲ့...သူတစ်ဦးဖြစ်ပြီး..
ကမ္ဘာမှာ ထင်ရှားတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ လီကွမ်ယုက
ပြောခဲ့တာဖြစ်ပါတယ်

အဲဒီ ပြောကြားချက်ဟာ...
အခုအချိန်မှာ သွေးထွက်အောင်မှန်ကန်တယ်ဆိုတာကို
ကျွန်တော်တို့တွေ တွေ့နေရပါပြီ..

တိုင်းပြည်ကို အချိန်အတိုင်းအတာတစ်ခုအတွင်းမှာ
တိုးတက်အောင်လုပ်နိုင်မယ်လို့ ပြည်သူတွေက ယူဆကြတဲ့
လူထုခေါင်းဆောင်တစ်ယောက်ကို...

ဘယ်လိုနည်းလမ်းပဲ သုံးရသုံးရ...
တိုင်းပြည်ပဲ ပျက်ပျက်...
ဘာသာသာသနာဂုဏ် ပဲ ညှိုးနွမ်းညှိုးနွမ်း..

မရရတဲ့နည်းနဲ့ တိုင်းပြည်ကို ခေါင်းဆောင်ခွင့်မရအောင်
လုပ်နေကြတာကို တွေ့နေရပါပြီ..

-------------------------------

(3)

စနစ်တကျနဲ့ တိုးတက်ပြောင်းလဲချမ်းသာလာတဲ့
စင်္ကာံပူနိုင်ငံကို ကျွန်တော်တို့နိုင်ငံဟာ အမှီလိုက်နိုင်ဖို့ဆိုတာ
ငါးနှစ်အတွင်း ဘယ်လိုနည်းနဲ့ မှမဖြစ်နိုင်ဘူးဆိုတာ..၊
ပညာရှင်တိုင်း သုံးသပ်ပြီးသားဖြစ်ပါတယ်၊

ယုတ်အစွဆုံး မနေ့တစ်နေ့ကမှ တိုးတက်လာတဲ့..
ဗီယက်နမ်နိုင်ငံကိုတောင် ဘယ်လိုမှမမှီသေးတဲ့အပြင်
လာအိုနဲ့ကမ္ဘောဒီးယားကတောင်မှ...
ပခုံးချင်းယှဉ်ရာကနေ ဖြတ်ကျော်တက်လုလုဖြစ်နေပါပြီ၊

ဒါတောင်မှ သယံဇာတအင်အားတွေ...
အများကြီး အသာစီးရခဲ့ရဲ့ သားနဲ့ကို...
အရည်အချင်းမရှိတဲ့ခေါင်းဆောင်တွေအုပ်ချုပ်တာကြောင့်၊
သယံဇာတတွေလဲကုန်၊ လူ့စွမ်းအားအရင်းမြစ်တွေယိုစိမ့်ဆုံးရှုံးခဲ့ပြီး၊
တိုင်းပြည်ရဲ့အနေအထားဟာ စုတ်ပြတ်သွားခဲ့လို့ပါပဲ၊

အဲဒီလိုအခြေအနေဆိုးနေတာကိုသိရက်နဲ့...
စင်္ကာံပူဝန်ကြီးချုပ် လီကွမ်ယုပြောခဲ့တဲ့..
Stupid အကောင်တွေ ထဲက တစ်ယောက်ဖြစ်တဲ့..
ဧရာဝတီတိုင်းဝန်ကြီးချုပ်က ..
၅ နှစ်အတွင်း စင်္ကာံပူကိုမှီအောင်လုပ်မယ်ဆိုတာ..
အလွန်ရယ်ဖွယ်ကောင်းတဲ့စကားဖြစ်ပါတယ်..၊

တကယ့်ကို Stupid ပါပဲဗျာ...၊

----------------------------

(4)

တိုင်းပြည်ဟာ ဘာ့ကြောင့်မတိုးတက်ပါသလဲ..

တိုးတက်အောင်ဘယ်လိုလုပ်မှာပါလဲ..၊

သယံဇာတတွေကလဲ...
ဘယ်တော့မှပြန်မရယူနိုင်တဲ့လမ်းကြောင်းနဲ့..
တစ်စထက် တစ်စ လုံးပါးပါးကုန်ခန်းသွားပါပြီ..၊

အမျိုးဘာသာသာသနာကိုချစ်ပြနေရုံနဲ့လဲ..
တိုင်းပြည်မတိုးတက်လာပါဘူး..၊
တိုင်းပြည်မတိုးတက်ရင်..
အမျိုးဘာသာသာသနာကိုစောင့်ရှောက်ဖို့
အခွင့်အလမ်း အရမ်းနည်းပါးပါတယ်...၊

ဘာလို့လဲဆိုတော့....၊
စားဝတ်နေရေးအရ..
တိုးတက်တဲ့မည်သူထံကိုမဆို...
သွားရောက် လုပ်ကိုင်ရမှာမို့လို့ပါပဲ..၊

အဲဒါဒီအတွက် အမျိုးဘာသာတိုးတက်မှုဟာ
တိုင်းပြည်တိုးတက်ပြီး ပြည်သူတွေကြွယ်ဝနေမှလဲ
အဓိပ္ပါယ်ရှိပါတယ်..၊

ဘာသာသာသနာထွန်းကားခဲ့တဲ့..
သီရိဓမ္မာသောက မင်းလက်ထက်.နဲ့၊
အနော်ရထာ ဘုရင့်နောင် စတဲ့..
ပုဂံ နဲ့ဟံသာဝတီ...နိုင်ငံတော်ကြီးတွေအပါဝင်
ရခိုင်ပြည်နယ်မြောက်ဦး မင်းဗာဘုရင်းမင်းဆက်တွေဟာ
တိုင်းပြည်ကြွယ်ဝခဲ့လို့...အမျိုးဘာသာအတွက်.၊
ခမ်းနားစွာလုပ်ကိုင်နိုင်ခဲ့တာဟာ ဘယ်သူငြင်းနိုင်မှာပါလဲ၊

ပြီးတော့ တစ်ချက်လိုအပ်ပါသေးတယ်..၊
မင်းကျင့်တရားဆယ်ပါး...ဖြစ်ပါတယ်၊
ဘာသာသာသနာတိုးတက်မှုဟာ..
မင်းကျင့်တရားနဲ့ညီတဲ့ အစိုးရမင်းတွေ
လက်ထက်မှာပဲ အကောင်အထည်ပေါ်ခဲ့တာပါ၊

အခုလိုမျိုး တိုင်းပြည်ကိုမကြည့်ခဲ့ကြတဲ့..
Stupid And Dense အစိုးရမျိုးနဲ့ကတော့..
ဘယ်လိုမှမဖြစ်နိုင်ပါဘူး..၊

တစ်ချို့လူတွေရှိပါသေးတယ်..၊

သီတဂူဆရာတော်ကြီးဟောကြားခဲ့ဖူးတဲ့..
မင်းကျင့်တရားဆယ်ပါး တရားကိုတောင်..
နားမထောင်ဝံ့နိုင်လောက်အောင်..
အမျက်ဒေါသထွက်ခဲ့တဲ့..
ဦးသန်းရွှေကိုယ်တိုင်က..

စနစ်တကျနဲ့ဇာတ်ညွှန်းရေးသားပြီး..
ဖွဲ့စည်းပေးခဲ့တဲ့..
လက်ရှိအာဏာရှင်အစိုးရ မျိုးကို..

အမျိုးဘာသာသာသနာအတွက်..
အားကိုးနေတယ်ဆိုကတည်းက..

အဲဒီလူတွေဟာ...
ဘယ်လောက်တောင်လမ်းလွဲနေမလဲ
ဆိုတာကို စဉ်းစားကြဖို့ပါ၊

---------------------------------

(5)

ဒီလို လွဲမှားမှုမျိုးတွေ..ဟာ...
တစ်ခါတစ်လေ ၀မ်းနည်းစရာကောင်းပါတယ်၊

တစ်ခါတစ်လေ အဲဒီလိုလွဲမှားပြီး..
အမျိုးသားရေးစိတ်ဓာတ်ပြင်းထန်ပြတဲ့..
လူတွေကို တွေ့ရင် စိတ်မကောင်းဖြစ်မိပါတယ်၊

နိုင်ငံတကာအထောက်အပံ့တွေရမှ..
ချောင်လည်လာတဲ့ ကျွန်တော်တို့နိုင်ငံဘ၀၊
နိုင်ငံတကာကထုတ်ကုန်တွေကိုမှီခိုပြီးမှ..
လူတန်းစေ့နိုင်တဲ့ ကျွန်တော်တို့နိုင်ငံဘ၀၊
အဲဒီအခြေအနေဆိုးတွေကို သတိမထားမိပဲနဲ့..
ပစ္စည်းမဲ့မာနတွေတက်ကြွဟစ်ဟော်ဆဲရေးနေတဲ့
လူတွေကိုကြည့်ရင်....
ပထမတော့ ဒေါသထွက်မိပေမဲ့.၊
နောက်ပိုင်းမှာကျ...သနားစရာဖြစ်လာပါတယ်၊

အဲဒီလိုအော်ဟစ်နေတဲ့ လူတွေကသာ..
ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ကြည့်မယ်ဆိုရင်..
သူတို့ တစ်ကိုယ်လုံးကို ပြန်ကြည့်မိရင်..

သူတို့ရဲ့...
ကိုယ်ပေါ်မှာဝတ်ထားတဲ့အိကျီစကအစ..
လက်ပတ်နာရီ ၊ဖိနပ်အဆုံး..
မြန်မာပြည်က ထုတ်လုတ်တာမဟုတ်ဘူးဆိုတာကို
တွေ့ရမှာဖြစ်ပါတယ်..၊

ဒါတွေကို မသိနားမလည်တာဟာ..
သူတို့အားနည်းချက်ကြောင့်လို့..
ထင်မြင်ယူစစရာရှိပေမဲ့..၊

နှစ်ပေါင်း ၂၀ ကျော် အာဏာရှင်က
အုပ်ချုပ်လိုက်ပြီးတဲ့အချိန်နောက်ပိုင်းမှာမှ
မြန်မာလူငယ်အများစုနဲ့ ..
နောက်လားနောက်သားအချို့ရဲ့..
အတွေးအခေါ်နဲ့ ဆင်ခြင်နိုင်မှု...
အရမ်း နိမ့်ကျသွားကြောင့်လဲ ဖြစ်ပါတယ်၊

-------------------------------

(6)

အဓိကက ပညာရေးနိမ့်ကျခဲ့လို့ပါပဲ၊

မြန်မာနိုင်ငံမှာ ဦးသန်းရွှေလက်ထက်
ပညာရေးကို အားမပေးခဲ့ပဲ ဘွဲ့ရတွေကို
အပြုသဘော ဗန်းပြရုံလောက်သာ..
ကြက်ဥဖေါက်စက်ကဖေါက်သလို.မွေးထုတ်ခဲ့ပါတယ်

တကယ်ဆိုရင်အဲဒီမွေးထုတ်ခံလူတန်းစားတွေဟာ
အမှန်တကယ်တတ်မြောက်မှုအားနည်းခဲ့သလို
သင်ကြားမှုတွေဟာလဲ စနစ်အမျိုးမျိုးရဲ့အောက်မှာ
တစ်စစီ စုတ်ပြတ်ကုန်ပါတယ်၊

ဘွဲ့ရတစ်ယောက်ကိုလေ့လာကြည့်ရင်..
သူရထားတဲ့သင်ခန်းစာသင်ရိုးညွှန်းတန်းရဲ့
၁၀ ပုံတစ်ပုံကို အမှန်တကယ်နားလည်ဆင်ခြင်နိုင်စွမ်းတဲ့သူ
နည်းပါးတာကို တွေ့ရမှာဖြစ်ပါတယ်၊
ကလေးဘ၀ကအစ ကြက်တူရွေးကျက်ကျက်ပြီး
ဖြေဆိုခဲ့ရတဲ့ ပုံစံခွက်ဟာ အသုံးချနိုင်မှုအားနည်းပါတယ်၊
ဒါဟာ ဟန်ဆောင်နေရမဲ့ အနေအထားမဟုတ်ပါဘူး၊

နိုင်ငံတကာက ဘွဲ့ရတွေနဲ့ သူတင်ကိုယ်တင်
လုပ်ကိုင်ကြတဲ့အခါကျရင် ကိုယ်နိုင်ငံရဲ့
ပညာရေးစနစ်ကို အရမ်းစိတ်နာခဲ့ကြသူချည်းပါပဲ၊

ပညာရေးအားနည်းလာတော့..
ဆင်ခြင်တုံတရားလဲအားနည်းလာပါတယ်၊
ဆင်ခြင်တုံတရား အားနည်းရတဲ့အထဲ..
တိုင်းပြည်ကိုအုပ်ချုပ်တဲ့စနစ်က အာဏာရှင်စနစ်၊
တံခါးပိတ်စနစ်ဖြစ်နေတော့ကာ..
မြန်မာနိုင်ငံက ဘွဲ့ရအများစုဟာ..
အတွေ့အကြုံပါ အားနည်းခဲ့ပါတယ်၊

ပိုဆိုးသွားတဲ့အချက်က..
ဘွဲ့ရပြီးတဲ့သူကိုလဲ အလုပ်အကိုင်
ဖန်တီးနိုင်မှု မပေးခဲ့တဲ့အတွက်..
ကျောင်းမှာနားမလည်ရင်..
လုပ်ငန်းခွင်မှာပညာယူရတဲ့အဆင့်ကို
မြန်မာလူမျိုးဘွဲ့ရတွေ မဖြတ်သန်းခဲ့ရပဲ..

တိုင်းပြည်ကမွဲ..စီးပွားရေးကလဲစုတ်ပြတ်နေချိန်မှာ
စားဝတ်နေရေးအတွက်..
ကိုယ်ရတဲ့ဘွဲ့နဲ့ ဘာမှမဆိုင်တဲ့..
အသက်မွေးဝမ်းကြောင်းအလုပ်ကိုသာ..
ကြုံရာလုပ်ကိုင်ကြရပါတော့တယ်၊

အဲဒီအတွက် အတွေးအခေါ်ဆင်ခြင်မှု
နည်းပါးလာသူတွေပေါများလာပြီး..

အာဏာရှင်အကြိုက်..
ခဲပစ်တဲ့နောက်လိုက်ချင်သူတွေ၊
ခဲပစ်တဲ့သူကို မရှာတတ်သူတွေလဲ.
မသိမသာ တိုးပွားလာတာကိုတွေ့ရပါတယ်၊

စီးပွားရေးဖွံ့ဖြိုးပြီး ..
ဒီမိုကရေစီစံနှုန်းရှိတဲ့နိုင်ငံတွေရဲ့
ဒိတ်ဒိတ်ကျဲခေါင်းဆောင်တွေကအစ..
လေးစားကြတဲ့..မြန်မာနိုင်ငံရဲ့..
လူထုခေါင်းဆောင်ကိုတောင်..
ကြောင်တောင်တောင် နဲ့ အာခေါင်ခြစ်
ကန့်ကွက်တာကအစ တွေ့နေရပါတယ်၊

ဒီလိုမျိုး အသိတရားခေါင်းပါးလာခြင်းရဲ့
အခြေခံအကြောင်းတစ်ရားတစ်ခုဟာ..
ပညာရေးပဲဆိုတာကို အားလုံးငြင်းလို့မရပါဘူး၊

-----------------------------------

(7)

အခုတလော ထူးခြားဝမ်းသာစရာတစ်ခုကတော့..
စစ်အာဏာရှင်က အုပ်ချုပ်ထားတယ်ဆိုတဲ့..
ထိုင်းနိုင်ငံမှာတောင်..

ဒေါ်စုရဲ့အကြောင်းကို ထိုင်းလူငယ်တွေအတုယူဖွယ်ဖြစ်အောင်
သင်ကြားပြသပြီး ထိုင်းနိုင်ငံရဲ့အနာဂတ်မှာထူးချွန်ထက်မြက်တဲ့
ခေါင်းဆောင်တွေမွေးထုတ်ဖို့အတွက် ရည်ရွယ်တယ်ဆိုတာကို
တွေ့ရခြင်းပါပဲ..၊

သူတို့ရဲ့အာဏာသိမ်းခေါင်းဆောင်ဟာ..
မြန်မာနိုင်ငံက ဗိုလ်ချုပ်တွေလောက်မဆိုးသလို..
သူ့နိုင်ငံရဲ့အနာဂတ်လူငယ်တွေကို တိုးတက်ချင်စိတ်
ရှိကြောင်းကို သူနဲ့မိတ်ဘက်ဖြစ်တဲ့ မြန်မာနိုင်ငံကဗိုလ်ချုပ်တွေကို
မသိမသာလေး ပြသသွားသလိုဖြစ်နေပါတယ်၊
မြန်မာဗိုလ်ချုပ်တွေကတော့ မီးစနဲ့အထိုးခံလိုက်ရသလို
ဖြစ်သွားမှာမလွဲပါဘူး..

ထိုင်းလိုနိုင်ငံမှာတောင်အဲဒီလိုလုပ်နေတဲ့အချိန်မှာ..
မြန်မာနိုင်ငံအစိုးရဟာ..

ဒေါ်စုကို မှေးမှိန်အောင် နည်းအမျိုးမျိုးနဲ့လုပ်
ပိုက်ဆံအမျိုးမျိးအကုန်ခံပြီး ဆွဲချနေတာတင်မကပဲ..၊
မြန်မာ့လွတ်လပ်ရေးခေါင်းဆောင်ကြီးကိုတောင်..
နှစ် ၂၀ လောက်သမိုင်းဖျောက်ခဲ့တဲ့..
အမဲစက်ကြီးကို အခုထက်ထိ..မဖယ်ရှားဝံ့သေးပါဘူး၊

ဗိုလ်ချုပ်နှစ်(၁၀၀)ပြည့်ဟာ..
သူတို့နဲ့ ဘာမှမဆိုင်သလိုပါပဲ..၊

ပညာရေးအဆင့်အတန်းကမရှိ..၊
မရှိတဲ့အတွက် ကိုယ့်တိုင်းပြည်ရဲ့
ရတနာတွေကို ရတနာလို့မမြင်တဲ့..
ဇာတ်ရုတ်တွေဟာ...
အရမ်းကို ခံရခက်စရာဖြစ်ပါတယ်..၊

စင်ကာပူဝန်ကြီးချုပ်ဟောင်း..
မစ္စတာ လီကွမ်ယုပြောခဲ့တဲ့..
Stupid အငယ်လေးတွေထပ်ပြီး
မပေါ်ပေါက်စေချင်တော့ပါဘူး..၊

အဲဒီလိုမျိုး ညံ့ဖျင်းခဲ့တဲ့ပညာရေးအဆင့်အတန်းကို
ပြင်ဆင်ဖို့အတွက်..
ကျောင်းသားလူငယ်လေးတွေ
ကြိုးစားအားထုတ်နေကြပါတယ်၊

အဲဒါကြောင့်..
ပညာရေးစနစ်နဲ့ ပတ်သက်တဲ့ လိုအပ်ချက်တွေကို
တောင်းဆိုတဲ့ ကျောင်းသားလူငယ်တွေကို..
အလေးအနက်ထောက်ခံပါတယ်၊

သူတို့လုပ်ဆောင်ချက်တွေကိုလဲ..
အားပေးကြပါလို့...ပြောလိုပါတယ်ခင်ဗျာ.၊

ဒါဟာ ကျွန်တော်တို့ရဲ့လမ်းကြောင်းအမှန်မို့ပါ.၊

( Pa Yit)

မြန်မာနိုင်ငံရဲ့ ပညာရေး၊ ကျန်းမာရေး စတဲ့ ကဏ္ဍတွေမှာ လိုအပ်သလို တဘက်တလမ်းက အကူအညီပေးဖို့အတွက် အမေရိကန်ပြည်ထောင်စု က စေတနာ့ဝန်ထမ်း ငြိမ်းချမ်းရေး စေတမန် Peace Corps အဖွဲ့ဟာ ဒီနှစ်ကစပြီး ဝင်ရောက်ကာ လုပ်အားပေး လုပ်ငန်းတွေ လုပ်ကိုင်တော့မယ် လို့ မြန်မာနိုင်ငံ ဆိုင်ရာ တာဝန်ခံက ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကို VOA သတင်းထောက် မသိင်္ဂီလင်းက ပြောပြပေးမှာပါ။

မြန်မာအစိုးရရဲ့ တောင်းဆိုချက်အရ ပညာရေး၊ ကျန်းမာရေး၊ လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေး၊ ပြည်သူလူထုဖွံ့ဖြိုးတိုးတက်ရေး နဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကဏ္ဍတွေ ဖွံ့ဖြိုးတိုးတက်ဖို့ အမေရိကန်ပြည်ထောင်စု အခြေစိုက် စေတနာ့ဝန်ထမ်း ငြိမ်းချမ်းရေး စေတမန် Peace Corps အဖွဲ့ဟာ ၂၀၁၅ ခုနှစ် နှစ်စပိုင်းကစပြီး စီမံကိန်းတွေ စတင်တော့မယ်လို့ Peace Corps အဖွဲ့ မြန်မာနိုင်ငံဆိုင်ရာတာဝန်ခံ Ms Penny Fields က ပြောလိုက်ပါတယ်။

Peace Corps အဖွဲ့က စေတနာ့ဝန်ထမ်းတွေဟာ အကူအညီ လိုအပ်နေတဲ့ နိုင်ငံတွေမှာပြည်သူလူထုတွေနဲ့ အတူကတွနေထိုင်ပြီး ကဏ္ဍအသီးသီးက လူတစ်ဦးချင်းစီရဲ့ စွမ်းရည်တွေ ဖွံ့ဖြိုးတိုးတက်အောင် သင်ကြားပေးနေတာပါ။ တချိန်တည်းမှာပဲ သူတို့တွေ လုပ်အား လာပေးတဲ့ နိုင်ငံရဲ့ယဉ်ကျေးမှု ဓလေ့စရိုက်တွေကိုလည်း ပြန်လည် သင်ယူသွားကြမှာဖြစ်ပါတယ်။

အခု စတင်လုပ်အားပေးတော့မယ့်မြန်မာနိုင်ငံအတွက် ဘယ်လို အကျိုးအမြတ်တွေ ရှိအောင် ကူညီသွားမလဲဆိုတာကို မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ Ms Penny Fields က အခုလိုပြောပါတယ်။

“ကျွန်မတို့ အဖွဲ့အစည်းက လူထုအခြေပြုအဖွဲ့အစည်းဖြစ်ပါတယ်။ အလှူဒါနပြုလုပ်နေတဲ့ အဖွဲ့အစည်းမဟုတ်တာကြောင့် လူသားအရင်းအမြစ်တွေပဲ အဓိက ဖလှယ်ပါတယ်။ စေတနာ့ဝန်ထမ်းတွေက သူတို့နဲ့ အတူအလုပ်လုပ်ကိုင်သူတွေရဲ့ စွမ်းရည်တွေကို တိုးတက်လာအောင် ပျိုးထောင်ပေးတယ်။ ဒါကြောင့် ပြည်သူတွေပေါ်မှာ အများကြီး မူတည်ပါတယ်။ ပြည်သူတွေက ကျွန်မတို့ စေတနာ့ဝန်ထမ်းတွေနဲ့ အရင်ဆုံး ပူးပေါင်းပြီး လုပ်ကိုင်ရမယ်၊ သူတို့ ဘာတွေ လိုအပ်နေသလဲ ဆိုတာကို ပြောပြရမယ်၊ ပြီးတော့ သူတို့ရဲ့ ကိုယ်စွမ်းကိုယ်စတွေ တိုးတက်လာအောင် ကြိုးစားရပါမယ်။ အဓိကကတော့ ပြည်သူတွေရဲ့ တစ်ဦးချင်းစီနဲ့ အုပ်စုလိုက် ဘဝတွေ တိုးတက်လာစေဖို့ပဲ ဖြစ်ပါတယ်။ ဒါမှာသာလည်း နိုင်ငံအဆင့်ထိ တိုးတက်လာမှာဖြစ်ပါတယ်။”

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် နိုင်ဝင်ဘာလလယ်မှာ မြန်မာနိုင်ငံကို ဒုတိယအကြိမ်လာရောက်ခဲ့တဲ့ သမ္မတအိုဘားမား ကလည်း ဒီ Peace Corps ငြိမ်းချမ်းရေးစေတမန်အဖွဲ့ကို စေလွှတ်ဖို့ ပြောခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှ မြန်မာနိုင်ငံကို တရားဝင် ရောက်လာတော့မယ့် Peace Corps အဖွဲ့အနေနဲ့ မြန်မာနိုင်ငံက တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆွေးနွေးဖို့ အချိန်တော့ တော်တော်လိုအပ်ခဲ့တယ်လို့ ဖွင့်ဟပါတယ်။

“နှစ်ဦးနှစ်ဖက် နားလည်မှုနဲ့ ပတ်သက်ပြီးတော့ မေးခွန်းလေးတွေ ရှိပါတယ်။ ထည့်စဉ်းစားရမှာက ဒီ Peace Corps ဆိုတာက ဘယ်လိုနိုင်ငံတကာ အဖွဲ့အစည်းလဲဆိုတာကို အကြမ်းဖျင်းနားလည်ထားရမယ်။ ဒီအဖွဲ့အစည်းက ကိုယ့်နိုင်ငံကိုယ်ရော တစ်ဖက်နိုင်ငံကပြည်သူတွေပါ နှစ်ဦးနှစ်ဖက် ဘယ်လို အကျိုးအမြတ်တွေရမလဲဆိုတာလည်း သိထားရမယ်။ လုပ်ငန်းတွေ စတင်တဲ့အခါလည်း တကယ်လက်တွေ့မှာ ဘယ်လိုတွေဖြစ်လာမလဲ၊ ဘယ်လိုတွေ တကယ်လုပ်ကိုင်ကြလဲ စတဲ့ အသေးစိပ်လုပ်ငန်းစဉ်တွေကိုလည်း နားလည်ကြရပါမယ်။ လုပ်ငန်းစဉ်တွေက ခက်ခဲတာမဟုတ်ဘဲ တာဝန်ရှိသူ အားလုံးနားလည်အောင် သေချာရှင်းပြဖို့ အချိန်တော်တော် လိုအပ်ခဲ့ပါတယ်။ ကျွန်မတို့ ဒီလုပ်ငန်းစဉ်တွေ လုပ်ကိုင်တဲ့အခါမှာလည်း အမေရိကန် အခြေစိုက်အဖွဲ့အစည်းတွေနဲ့ သံအမတ်ကြီးတို့ကလည်း ကူညီအားပေးခဲ့ပါတယ်။”

Peace Corps ငြိမ်းချမ်းရေး စေတမန်အဖွဲ့ရဲ့ လုပ်ငန်းစဉ်တွေ စတင်တဲ့အခါ အမေရိကန်နိုင်ငံသား စေတနာ့ဝန်ထမ်း အယောက် ၂၀ ကနေ ၃၀ ကြား အရင်ဆုံး ဝင်ရောက်လာမှာဖြစ်ပြီး လုပ်ရမယ့် လုပ်ငန်းစဉ်ပေါ်မူတည်ပြီးတော့ တဖြည်းဖြည်းနဲ့ အရေအတွက် များလာမှာဖြစ်ပါတယ်။

Peace Corps လုပ်ငန်းစဉ်တွေလုပ်ကိုင်တဲ့အခါ အိမ်ရှင်တွေရဲ့ အကူအညီလည်း လိုအပ်တာဖြစ်လို့ မြန်မာနိုင်ငံသားတွေ အတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းတွေ ရှိတဲ့အကြောင်းကိုလည်း တာဝန်ခံက ရှင်းပြပါတယ်။

“Peace Corps အစီအစဉ်တွေကို လုပ်ကိုင်ဖို့ အမေရိကန်နိုင်ငံသား ဝန်ထမ်းတွေ အနည်းငယ်ပါမှာဖြစ်ပြီး အများစုကတော့ မြန်မာနိုင်ငံသား ဝန်ထမ်းတွေဖြစ်မှာပါ။ အိမ်ရှင်နိုင်ငံတွေမှာတော့ အိမ်ရှင်ဝန်ထမ်းတွေကသာ ဒီအစီအစဉ်တွေကို တကယ်လုပ်ကိုင်တာပါ။ စေတနာ့ဝန်ထမ်းတွေကို ကြီးကြပ်သူတွေက လည်း မြန်မာဝန်ထမ်းတွေဖြစ်မှာပါ၊ ဘာလို့လဲဆိုတော့ အိမ်ရှင်တွေကသာ သူတို့နိုင်ငံနဲ့ ယဉ်ကျေးမှုတွေကို သူတို့ အသိဆုံးပဲလေ။ ကျွန်မကတော့ မြန်မာနိုင်ငံ တာဝန်ခံအနေနဲ့ Peace Corps အဖွဲ့အစည်းက ဘာတွေ လုပ်မလဲဆိုတာ ရှင်းပြပါမယ်။ တကယ်တန်း စေတနာ့ဝန်ထမ်းတွေက လုပ်ငန်းခွင်ထဲ သွားမယ်၊ နေ့စဉ် လုပ်ငန်းတွေ လုပ်ကိုင်တဲ့အခါတော့ အိမ်ရှင်တွေရဲ့ အကူအညီကို လိုအပ်တယ်လေ။ ဒါကြောင့် လာမယ့်လအနည်းငယ်မှာ ကျွန်မတို့ မြန်မာနိုင်ငံသားဝန်ထမ်းတွေကို ခန့်သွားမှာပါရှင်။”

စေတနာ့ဝန်ထမ်း ငြိမ်းချမ်းရေး စေတမန်လုပ်ငန်းစဉ်တွေကို ၁၉၆၁ ခုနှစ်ကတည်းက အမေရိကန်သမ္မတဟောင်း John F. Kennedy က တက္ကသိုလ်ကျောင်းသားတွေကို ကမ္ဘာ့နေရာ အသီးသီးကိုစေလွှတ်ခဲ့တာပါ။ လုပ်အားပေး လုပ်ငန်းစဉ်တွေလည်း လုပ်ကိုင်ရင်း နှစ်နိုင်ငံ လူသားအရင်းအမြစ်တွေ ဖလှယ်တဲ့အစီအစဉ်တွေကို လည်း လုပ်ကိုင်နေပါတယ်။

သက်တမ်း ၅၄ နှစ်ရှိပြီဖြစ်တဲ့ Peace Corps အဖွဲ့အစည်းအနေနဲ့ နိုင်ငံပေါင်း ၁၄၀မှာ လုပ်အားပေးခဲ့ပြီး အခုလက်ရှိ ၆၅ နိုင်ငံမှာ ကူညီနေတဲ့ စေတနာ့ဝန်ထမ်းတွေဟာ ဒီ ၂၀၁၅ ခုနှစ်မှာတော့ မြန်မာနိုင်ငံမှာ စတင် လုပ်အားပေးတော့မှာ ဖြစ်ပါတယ်။

http://burmese.voanews.com/content/us-peace-corps-launched-its-operation-in-myanmar/2610422.html

မြန်မာနိုင်ငံမှာ ပြဌာန်းဖို့ လွှတ်တော်က စဉ်းစားနေတဲ့ မျိုးစောင့် ဥပဒေနဲ့ ပါတ်သက်ပြီး USCIRF နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် ဆိုင်ရာ အမေရိကန် ကော်မရှင်က ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ကြောင်း ဇန်နဝါရီလ ၂၂ ရက် ကြာသပတေးနေ့မှာ ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

ဒီဥပဒေတွေဟာ နိုင်ငံတွင်းက ဗုဒ္ဓဘာသာ မဟုတ်တဲ့ သူတွေ အထူးသဖြင့် မူစလင်တွေကို ဘာသာကူးပြောင်းခွင့်နဲ့ လက်ထပ် ထိမ်းမြားခွင့် တွေမှာ ခွဲခြားမှုတွေ ရှိစေမှာ ဖြစ်သလို ဘာသာရေးလွတ်လပ်ခွင့်ကို ကန့်သတ်ရာ ရောက်နေတယ်လို့ ဆိုပါတယ်။ မေလတုန်းက တင်သွင်းခဲ့တဲ့ ဘာသာကူးပြောင်းခွင့်ဆိုင်ရာ ဥပဒေမူကြမ်းဟာ ဘာသာရေးလွတ်လပ်ခွင့်ကို ကာကွယ်ဖို့ နိုင်ငံတကာရဲ့ သတ်မှတ်ချက်ကို ချိုးဖေါက်ရာ ရောက်သလို ဒါဟာ ပြန်ပြီး ပြင်လို့ မရတဲ့ အမှားမျိုး ဖြစ်တယ်လို့လည်း ပြောဆိုရှုတ်ချခဲ့ပါတယ်။

သြဂုတ်လတုန်းက USCIRF ကော်မရှင်နာမင်းကြီးတွေ ဖြစ်တဲ့ Zuhdi Jasser နဲ့ Eric P. Schwartz တို့ မြန်မာနိုင်ငံကို ရောက်တုန်းကလည်း လွှတ်တော် ကိုယ်စားလှယ်တွေ၊ ပြည်ထောင်စု အစိုးရ ဝန်ကြီး အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံပြီး ဒီဥပဒေတွေနဲ့ ပါတ်သက်လို့ စိုးရိမ်ကြောင်း ပြောဆိုခဲ့တာပါ။

၂၀၁၄ ခုနှစ်အတွက် နှစ်ပါတ်လည် အစီရင်ခံစာမှာ မြန်မာနိုင်ငံနဲ့ ပါတ်သက်ပြီး USCIRF က ဖေါ်ပြရာမှာ မြန်မာနိုင်ငံမှာ ပြုလုပ်နေတဲ့ ပြုပြင် ပြောင်းလဲမှုတွေမှာ မူစလင်ဆန့်ကျင်တဲ့ အကြမ်းဖက်မှုတွေ အထူးသဖြင့် ရိုဟင်ဂျာ မူစလင် အသိုင်းအဝိုင်းကို ခွဲခြား ဆက်ဆံမှုတွေ ရှိနေတာမို့ ဘာသာရေးလွတ်လပ်ခွင့် ဆိုင်ရာ တရားဝင် အကာကွယ်ပေးမှုတွေ အတွက် တိုးတက်မှု မရှိဘူးလို့ ဖေါ်ပြထားပါတယ်။ ဘာသာရေး လွတ်လပ်ခွင့် မရှိတဲ့ စိုးရိမ်ရတဲ့ နိုင်ငံ (country of particular concern) CPC အဖြစ် USCIRF က မြန်မာနိုင်ငံကို ထည့်သွင်း သတ်မှတ်ထားမှုဟာ ၁၉၉၉ ခုနှစ်က စတင်ခဲ့တာဖြစ်ပြီး အခုဆိုရင် ဆယ်နှစ်ကျော်လာပြီ ဖြစ်ပါတယ်။

http://burmese.voanews.com/content/us-commission-international-religious-freedom-strongly-condemns-package-of-race-religion-bills/2609754.html

ကချင်ဆရာမနှစ်ဦး နာရေး ရန်ကုန်မှာ ဝမ်းနည်းခြင်း အထိမ်းအမှတ် ရန်ကုန်မှာ ချီတက်လမ်းလျှောက် (ဇန်နဝါရီ ၂၃-၂၀၁၅)
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်အတွင်းမှာ သတ်ဖြတ်ခံရတဲ့ ကချင်နှစ်ခြင်း ခရစ်ယာန် အသင်းချုပ် KBC က စေတနာ ၀န်ထမ်း ဆရာမ ၂ယောက်ရဲ့ ဈာပန အခမ်းအနားကို ဒီကနေ့ မြစ်ကြီးနားမြို့မှာ ကျင်းပရာမှာ လူထု ပရိသတ် သောင်းချီ တက်ရောက်ခဲ့ပါတယ်။ တက်ရောက်သူတွေက အမျိုးသမီးတွေရဲ့ ဘ၀လုံခြုံရေးနဲ့ အမှုမှန်ပေါ် ပေါက်ရေး အတွက် တောင်းဆိုတဲ့ စာတမ်းတွေ ကိုင်ဆောင်လာခဲ့သလို KBC က တာဝန်ရှိသူကတော့ အမှုမှန် ပေါ်ပေါက်ရေး အတွက် နိုင်ငံတကာရဲ့ အကူအညီကို ရယူသွားမယ်လို့ ပြောပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်း(ကြူကုတ်) မြို့နယ် ကောင်းခါးရွာမှာ ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းချုပ် KBC က စေတနာ့ဝန်ထမ်းအဖြစ် တာဝန် ထမ်းဆောင်နေတဲ့ ကျောင်းဆရာမ နှစ်ဦးကို ဒီလ ၁၉ရက်နေ့ ည သန်းခေါင် ယံလောက်မှာ အမည်မသိသူတွေက အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့ တာ ဖြစ်ပါတယ်။

သူတို့ရဲ့ ရုပ်အလောင်းကို မြစ်ကြီးနားမြို့ကို သယ်ယူပြီး ဒီကနေ့ ဈာပန အခမ်းအနား ကျင်းပရာမှာ လူထု ပရိတ်သတ် သောင်းနဲ့ချီ တက်ရောက်ခဲ့တယ်လို့ ကိုယ်တိုင် လိုက်ပါပို့ဆောင်နေသူတယောက်က ပြောပါတယ်။

"သောင်းနဲ့ချီပြီး တက်လာတယ်။ ခြံဝင်းပြည့်နေပြီ လူတွေက၊ အပြင်မှာ လည်း ဈေးအထိ လူတွေက တန်းစီနေပြီ။ ကားကလည်း အစင်းထောင်နဲ့ ချီတယ်။ မြစ်ကြီးနားမြို့တမြို့လုံး ကားတွေပြည့်နေပြီ လိုက်ပို့တဲ့ကားက။ မြစ်ကြီးနားကနေ သွားကြိုတာ သွားကြိုတဲ့လူတောင် သုံးထောင်၊ လေးထောင်လောက်ရှိတယ်။ "

ဈာပနကို မြစ်ကြီးနားမြို့KBC အသင်းချုပ်ကနေ မြို့အပြင် ၁၀မိုင်လောက် ကွာဝေး တဲ့နောင်နန်းရွာက ခရစ်ယာန် သချိုင်္င်းကို ပို့ဆောင်သဂြုင်္ိဟ်မှာဖြစ်ပါတယ်။

ကချင်ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးအောင်ခမ်းက ဈာပနပို့ဆောင်သူအချို့က တောင်းဆိုချက်ပါ စာတမ်းတွေ ကိုင်ဆောင်လာပြီး အဓိက တောင်းဆိုချက်တွေကို အခုလို ပြောပါတယ်။

" အမျိုးသမီးတွေရဲ့ လုံခြုံမှုက ဘယ်မှာလဲဆိုတာ နောက်ပြီးမှ ဒီအမှုမှန်ဖော်ထုတ်ပေးဖို့ပေါ့။ လွမ်းသူ့ပန်းခွေတွေလည်း အများကြီး။။ ကားတွေလည်း အများကြီးပဲ။ ကားတွေလည်း မဆန့်တော့ဘူးပေါ့။ အခုကျနော်တို့လည်း ခြေလျင်တွေ လျှောက်နေရတာ။ ဒါမျိုး တခါမှ မတွေ့ဘူးဖူး။ ဒီလောက်များတဲ့ လူအုပ်ကြီးတွေနဲ့ ။ အများအားဖြင့် ကျနော်တွေ့မြင်နေရတာက အမျိုးသမီးတွေဖြစ်တယ်။ အသက်ကြီးတဲ့အပိုင်းရော၊ အသက်ငယ်တဲ့အပိုင်းရော အလတ်ရော။ ဒီလူမှုရေး စေတနာ့ဝန်ထမ်းလုပ်တဲ့ဟာကို သတ်ဖြတ်တဲ့ဟာကို အတော်လေး စိတ်မချမ်းသာဘူးပေါ့နော်။ အကုန်လုံး ။"

အခင်းဖြစ်ပွားတဲ့နေ့က ကောင်းခါးရွာအနီးကို ခမရ ၅၀၃က လာရောက် စခန်းချနေတာကြောင့် ဒီအမှုအခင်းနဲ့ပတ်သက်ပြီး ဒေသခံရွာသားတွေကိုသာမက တပ်မတော်သား တွေကိုပါ စစ်ဆေးခဲ့ပါတယ်။ လောလောဆယ် စုံစမ်းနေတဲ့အခြေအနေ နဲ့ KBC အနေနဲ့ ဆက်လက်ဆောင်ရွက်မယ့် အခြေအနေကို KBC ရဲ့ အထွေထွေအတွင်းရေးမှုး ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်က ပြောပါတယ်။

" လောလောဆယ်ဆယ်တော့ အမျိုးသမီးတစ်ယောက်ရဲ့ လက်မှာ ဆံပင် တချောင်းတွေ့တယ်။ အဲ့တာကို DNA လုပ်မယ်ဆိုပြီးတော့မှ ယူထားတဲ့အဆင့်မှာ သူတို့လုပ်နေကြပါတယ်။ တကယ်တမ်းဥပဒေစိုးမိုးရေး ကျနော်တို့ ဗမာပြည်မှာ ရှိမယ်ဆိုရင်တော့ ခဏလေး ပေါ်မယ် ကျနော်ထင်တယ်။ ဒါပေမဲ့ အခုဥပဒေက အာဏာရှိတဲ့သူတွေ လက်ထဲမှာ ရှိတယ်ဆိုရင်တော့ ဒီအမှုကိစ္စကို ပေါ်မယ်မထင်ဘူး ကျနော်။

အေး အဲ့တာမျိုးအခြေအနေမှာ အမေရိကန်တို့ ယူအန်တို့ ဒီဗြိတိသျှသံရုံးတို့ကို ကျနော်တို့ပြောထားပါတယ်။ ဒီကိစ္စမှာ အမှုမှန်ပေါ်စေချင်တာကိုးနော့်။"

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ စေတနာဝန်ထမ်းဆရာမ ၂ဦးသတ်ဖြတ်ခံရတဲ့ကိစ္စကို စုံစမ်းဖော်ထုတ်ပြီး ထိထိရောက်ရောက် အရေးယူဖို့အတွက် မြန်မာအစိုးရကို တောင်းဆိုထားပါတယ်။

ကချင်ပြည်နယ် မြို့တော်မြစ်ကြီးနားမှာ ပြည်သူလူထုတွေ ပူဆွေးသောကရောက်နေချိန်မှာ ဖားကန့်ဒေသဖက်မှာတော့ တိုက်ပွဲတွေဟာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး ဒီတိုက်ပွဲတွေဟာ ရေရှည် ဆက်လက် ဖြစ်ပွားလာဖွယ်ရှိတယ်လို့လည်း ဖားကန့်ဒေသအခြေစိုက် ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA တပ်ရင်း ၆က ဗိုလ်မှုးတန်ဆိုင်းက ပြောပါတယ်။

"မနေ့က နှစ်နေရာမှာ တိုက်ပွဲ အကြီးအကျယ်ဖြစ်ပါတယ်။ ညောင်ထောက် အင်းတော်ကြီးဘက်မှာ တချက်၊ နောက် ပန်မိုင်နဲ့ မိုးကောင်းကြားမှာ တချက်၊ နှစ်နေရာမှာ သုံးနာရီလောက် ဖြစ်ပါတယ်။ အခုဖုန်းပြောနေရင်းကြားထဲမှာပဲ ဟိုဘက်မှာ နည်းနည်းပါးပါး တိုက်ပွဲဖြစ်နေပါတယ်။ ရှေ့ဆက်ပြီးမှတော့ များလာမယ်။ စိပ်လာမယ်လို့ ကျနော်ကတော့ အဲ့လိုပဲ ထင်မိပါတယ်။"

ဖားကန့်ဒေသတွင်းတိုက်ပွဲတွေဟာ ကချင်ပြည်နယ် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးနဲ့ လိုက်ပါလာတဲ့ လုံခြုံရေးရဲတပ်ဖွဲ့ဝင် ၃ယောက်ကို KIA က ဖမ်းဆီးခဲ့တဲ့နောက် ဒီလ ၁၅ရက်နေ့ကစတင်ခဲ့တာဖြစ်ပြီး ၃ရက်လောက် တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ ပြန်လွတ်လာချိန်မှာ တိုက်ပွဲတွေ အနည်းငယ်ငြိမ်သက်ခဲ့ပေမဲ့ အခုထပ်မံဖြစ်ပွားလာတာဖြစ်ပါတယ်။

ကိုမိုးဇော် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/funeral-of-two-kachin-volunteer-teachers/2610353.html

အသက်လေးနှစ်အရွယ် သမီးလေးခင်ခင်ဦး၏ ဖခင်သည် သူ့သမီးကို မနှစ်က တရုတ်နိုင်ငံမှာရောင်းချရန် ခေါ်ယူသွားခဲ့ကြောင်း ကလေး၏အဘွားဖြစ်သူက အတည်ပြုပြောကြားသည်။

အိမ်ထောင်ပျက်မိသားစုက မွေးဖွားလာသူ အဆိုပါလေးနှစ်သမီးလေးကို ကန်ဒေါ်လာ ၁၃၀၀ နှင့်ညီမျှသည့် တရုတ်ယွမ်ငွေ ၈၀၀၀ ခန့်နှင့် ရောင်းချ ခဲ့သည်ဟု သိရသညိ။ ကလေးအဘွား ဒေါ်ရှမ်း၏ ပြောကြားချက်အရ ကလေး၏ ဖခင်ဖြစ်သူကိုစိုးခိုင်မှာ ဘိန်းစွဲနေပြီး သူတို့ အလုပ်ဖြစ်သော ပြောင်းနှင့် ဆန်စိုက်ပျိုးမှုကို ငွေကြေးပြဿနာကြောင့် ဆက်လုပ်မကိုင်နိုင်တော့ဟု သိရသည်။

အဆိုပါ မိန်းကလေး၏ မိခင်မှာလည်း တခြားယောက်ျားတစ်ဦးနှင့် ထွက်ပြေး ကာ သူ၏အစ်ကိုကိုလည်း ဘွားအေဒေါ်ရှမ်း လက်အောက်မှာ ထားခဲ့သည်။

ဖခင်ဖြစ်သူ ကိုစိုးခိုင်မှာ သမီးဖြစ်သူ ခင်ခင်ဦး ကို မနှစ်က အဖွားထံမှ ခေါ်သွား ခဲ့ပြီး လေးရက်လောက် ပြန်မလာခဲ့ကြောင်း ဒေါ်ရှမ်းက ပြောသည်။ ဒေါ်ရှမ်းက ထိုဖြစ်ရပ်မှာ ပုံမှန် မဟုတ်ဟု ယူဆသဖြင့် သားဖြစ်သူ၏ မိတ်ဆွေသူငယ်ချင်း များ ကို မေးမြန်းခဲ့သည်။

သူ၏ သားကိုစိုးခိုင်မှာ ဆေးစွဲနေသည့်အပြင် ဖဲရိုက်ခြင်းနှင့် လောင်းကစား လုပ်မှုတို့မှလည်း အကြွေးများ တင်နေသည်ဟု မရှမ်းကဆိုသည်။ ရဲများက မသင်္ကာ၍ မေးမြန်းသည့်အခါ ကိုစိုးခိုင်က သမီးကို ရောင်းစားခဲ့ကြောင်း ဝန်ခံပြီး အမျိုးသမီးတစ်ဦးက သူ့၏သမီးကို တရုတ်လူကုန်ကူးသူများ ထံ ရောင်းရန် ကူညီခဲ့သည်ဟု ပြောသည်။ ရဲများက တရုတ်နယ်စပ် ရွှေလီမြို့သို့ သွားရောက်ပြီး စုံစမ်းသောအခါ မခင်ခင်ဦးကို ကလေးမရှိသော လင်မယား ထံမှာ မွေးစားရန်ဆိုပြီး တရုတ်ယွမ်ငွေ ၁၂၀၀၀ ဖြင့် ပြန်လည်ရောင်းချ ခဲ့ကြောင်း ရဲထံ ၀န်ခံခဲ့သည်။

တစ်ပတ်ကြာ စုံစမ်းပြီးသောအခါ တရုတ်ရဲများက မခင်ခင်ဦးကို ပြန်တွေ့ခဲ့ပြီး သူ့အဘွားထံသို့ ပြန်လည်ခေါ်ဆောင်ပေးခဲ့သည်။ မခင်ခင်ဦးတွင် ဘာမှ ထိခိုက်မှု မရှိဘဲ သူ့ကိုမွေးထားသော တရုတ်လင်မယားက သူတို့အနေဖြင့် လူကုန်ကူးသူများက ရောင်းစားခံထားရသည်ကို မသိဟုဆိုပါသည်။ ၄င်းတို့မှာ ကလေးမရနိုင်သဖြင့် ၀ယ်ယူခဲ့ခြင်း ဖြစ်ကြောင်း တရုတ်ရဲထံ ထွတ်ဆိုခဲ့သည်။

ခင်ခင်ဦးမှာ ယခုအခါ သူ၏အဒေါ်ဖြစ်သူနှင့် တရုတ်နိုင်ငံမှာ နေထိုင်လျှက်ရှိပြီး သူအဖေက သူ့ကို တဖန်ပြန်ရောင်းစားမှာစိုးသဖြင့် အဘွားဖြစ်သူ ဒေါ်ရှမ်းက ပို့ထားခြင်းဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် ထိုအဖြစ်မျိုးက ကြုံတောင့်ကြုံခဲ ဖြစ်ပါသည်။ များသောအားဖြင့် မိန်းမပျိုငယ်များသာ လူကုန်ကူးခံရမှု များသည်။ ကျားမဦးရေ အချိုးမမျှသည့် အတွက် တရုတ်ယောက်ျားများမှာ နိုင်ငံတကာက အမျိုးသမီးများကို ရှာဖွေနေခြင်းကြောင့် လူကုန်ကူးပွဲစားများ အလုပ်ဖြစ်လျက်ရှိသည်။

ကျွမ်းကျင်သူများအဆိုအရ တရုတ်နိုင်ငံမှာ မိန်းမရှာဖွေနေသည့် ယေက်ျား ဦးရေမှာ ၂၀၂၀ ခုနှစ်တွင် ၂၄ သန်းရှိလာမည်ဟု ဆိုပါသည်။

လင်းလင်း

Ref - BBC News

The Ladies News Journal

အဲအေးရှားလေကြောင်းခရီးစဉ် QZ 8501 သည် ပြီးခဲ့သည့်လက ဂျာဗား ပင်လယ်ပြင် အတွင်း မပျက်ကျ မီအချိန်က သတိပေးသံများ ထွက် ပေါ်လာခဲ့ပြီး လေယာဉ်မှူးများက အ ခြေအနေထိန်းသိမ်းရန် အသည်းအ သန်ကြိုးပမ်းခဲ့သည်ဟု လေယာဉ် ပျက်ကျမှုစုံစမ်းရေးအဖွဲ့က ဗုဒ္ဓဟူး နေ့တွင် ပြောကြားသည်။

ပျက်ကျခဲ့ သည့် Airbus A 320-200 အမျိုး အစားလေယာဉ်၏ လေယာဉ်မောင်း ခန်းအတွင်းမှ သေတ္တာနတ်တွင် အ သံဖမ်းထားချက်များ အရ လေယာဉ် အောက် သို့ကျဆင်းနေကြောင်း သတိပေးချက်အပါအ၀င် သတိပေးသံ အများအပြား ဆူညံစွာ မြည်ခဲ့သည် ဟု အမည်မဖော်လိုသူ စုံစမ်းရေး အ ဖွဲ့ဝင်တစ်ဦးကAFPသို့ပြောကြားသည်။

၎င်းင်းက “ကျွန်တော်တို့ပြော နိုင်တာကတော့ သတိပေး သံတွေမြည် နေပြီး လေယာဉ်မှူးနဲ့ တွဲဖက်လေ ယာဉ်မှူးတို့က အခြေအနေ ထိန်းသိမ်း ဖို့ ကြိုးစားနေသံတွေ ကြားရပါတယ်” ဟုဆိုသည်။

သတိပေးသံများမှာ အ ချို့အချိန်များ၌ ရပ်တန့်သွားခဲ့သည် ဟု ဆိုသည်။ လေယာဉ် မှူးများ၏ အ သံအား သတိပေးသံများက ဖုံးလွှမ်း နေသည် ဟု အင်ဒိုနီးရှားအမျိုးသားပို့ ဆောင်ရေးလုံခြုံမှုကော်မတီမှ စုံစမ်း စစ်ဆေးသူ က ပြောကြားခဲ့သည်။

ခရီးစဉ် QZ 8501 သည် ဒီဇင် ဘာ ၂၈ က အင်ဒိုနီးရှားနိုင်ငံ ဆူ ရာဘာယမှ စင်ကာပူသို့ ရာသီဥတု ဆိုးဝါးနေချိန်၌ ပျက်ကျခဲ့ခြင်းဖြစ်သည်။ လေယာဉ်သည် ပင်လယ်ပြင်သို့ မ ပျက်ကျမီ ပုံမှန်မဟုတ်သည့် အမြန် နှုန်းဖြင့် အမြင့်သို့ တက်နေခဲ့သည်ဟု အင်ဒိုပို့ဆောင်ရေးဝန်ကြီး အစ်ဂနာစီ ယက်စ်ဂျိုနန် ကပြောကြားခဲ့ပြီး နောက် တစ်ရက်တွင် ယခုစုံစမ်းသူ၏ပြော ကြားချက် ထွက် လာခြင်းဖြစ်သည်။ ၀န်ကြီးက “နောက်ဆုံးမိနစ်တွေမှာ လေယာဉ်သာ ပုံမှန် အထက်မြင့်တဲ့ မြန်နှုန်းနဲ့ အမြင့်ကိုတက်နေခဲ့ပါတယ်” ဟု သတင်းထောက် များအား ပြော ကြားခဲ့ခြင်းဖြစ်သည်။ လေယာဉ်ပေါ် တွင် လူ ၁၆၂ ဦး ပါဝင် သွားပြီး ယ ခုအချိန်အထိ အလောင်း ၅၃ လောင်း ကိုသာ ရှာဖွေတွေ့ရှိ ထားသေးသည်။

KHTun

The Ladies News Journal


မိကျောင်းကန်သပိတ်ကို အားပေး ကူညီတဲ့ အတွက် ထိန်းသိမ်း ခံထားရတဲ့ ကိုဝေဠုက မြန်မာနိုင်ငံက တရားစီရင်ရေးဟာ လွတ်လပ်မှုမရှိပဲ ချုပ်ကိုင်ချယ်လှယ် သူတွေ ရှိနေတဲ့အတွက်၊ နောက်ထပ် တရားရုံး ရုံးချိန်းတွေကို လာရောက်တော့မှာ မဟုတ်တော့ ဘဲ ထောင်ထဲမှာပဲနေပြီး တရားရုံးကို သပိတ်မှောက် မယ်လို့ ပြောလိုက်ပါတယ်။

အဲ့ဒီလိုသပိတ်မှောက်တဲ့အကြောင်း ကိုဝေဠုက တရားရုံးရှေ့မှာ အခုလိုပြောဆိုခဲ့ပါတယ်။

"ရုံးချိန် ၄ ကြိမ်မြောက်ရှိပြီ၊ ကျနော်တို့အပါအဝင် မိကျောင်းကန်ပြည်သူပြည်သားတွေဟာ ဥပဒေရဲ့ အကာအကွယ်လုံးဝမရဘူးဖြစ်နေပါတယ်၊ အဲ့ဒီအတွက် ကျနော့်အနေနဲ့ ၂၉ ရက်နေ့ ရုံးချိန်းချိန်းပါတယ်၊ တရားရေးစနစ်ကို လူတစ်စု ကသော်လည်းကောင်း၊ တစ်ဦးတစ်ယောက်ကသော် လည်းကောင်း တရားစီရင်ရေးမဏ္ဍိုင်ကို လွှမ်းမိုးချုပ် ကိုင်ထားပြီးတော့ ၁၁ ရက် ၁၂ လ၊ ၂ဝ၁၂ မှာ ကျနော်ကို ပုဒ်မ ၅ဝ၅(ခ)နဲ့ အာမခံပေးခဲ့ပေမဲ့လို့ ဒီနေ့ မှာတော့ အာမခံမပေးနိုင်ဘူးဆိုပြီး ငြင်းဆိုတာဖြစ်တဲ့အတွက် တရားစီရင်ရေးရဲ့ တရားသူကြီးများ ရဲ့ မျှော်ခေါ်စဉ်းစားမှု၊ ဥပဒေအကြံပေးများရဲ့ မျှော်ခေါ်စဉ်းစားမှုကို လူတစ်စုတစ်ယောက်ကသော် လည်းကောင်း၊ လူတစ်စုတစ်ဖွဲ့ကသော်လည်းကောင်း လွှမ်းမိုးချုပ်ကိုင်ထားတယ်လို့ ယုံကြည်ယူဆတာဖြစ် တဲ့အတွက် ကျနော့်အနေနဲ့ တရားရုံးကို သပိတ်မှောက်ပြီး နောက်ထပ်ရုံးချိန်းတွေကို လုံးဝရင်ဆိုင်မှု လုံးဝ မပြုပါဘူး"

ကိုဝေဠုကို မိကျောင်းကန်ရပ်ကွက်သားတွေရဲ့ သပိတ်မှာနောက်ကွယ်ကနေ အားပေးကူညီနေသူအဖြစ် အာဏာပိုင်တွေ ကစွပ်စွဲပြီး ဒီဇင်ဘာလ ၁၈ ရက်နေ့ညက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ သူ့ကို ဖမ်းဆီးထားတာနဲ့ပတ်သက်လို့ ကိုဝေဠုက အခုလိုပြောပါတယ်။

"ကျနော့်ကို သွေးထိုးလှုံ့ဆောင်လို့ဆိုပြီး ဖမ်းဆီးထားတဲ့ဟောဒီ့အမှုနဲ့ ဟောဒီ့တရားရုံးမှာ ကျနော်မေးကြည့်ချင် ပါတယ်၊ မိကျောင်းကန်အဖိုးအဖွားများကို ကျနော်သွေးထိုးလှုံ့ဆော်ခဲ့ပါသလား၊ အဲ့ဒီ့အဖိုးအဖွားတွေဟာ လူသားတွေပါ၊ အထူးသဖြင့် ဒီနိုင်ငံသားတွေပါ၊ အိုးအိမ်နေရာမဲ့နေတဲ့ ကျနော်တို့ နိုင်ငံသားတွေရဲ့ဘဝ ကို ပြည်သူပြည်သားတွေ ကာကွယ်စောင့်ရှောက်ပေးကြပါ"

ကိုဝေဠုဟာ မနှစ်ကလဲ မိုးထိမိုးမိရွှေလုပ်သားအရေးနဲ့ လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံမယ့်အပေါ် ကန့်ကွက်ဆန္ဒပြ ခဲ့တာတွေကြောင့် တရားမဝင်စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ နဲ့ ထောင် ၃ လ ချမှတ်ခံခဲ့ရပြီး၊ ပြီးခဲ့တဲ့နှစ် နို ဝင်ဘာလ ၁ဝ ရက်နေ့မှာ အင်းစိန်ထောင်က ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။

အဲ့ဒီနောက် ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြနေတဲ့ မိကျောင်းကန် သပိတ်စခန်းက ပြည်သူတွေကို တခြားတက်ကြွ လှုပ်ရှားသူတွေနဲ့အတူ ဝိုင်းဝန်းကူညီပေးခဲ့တာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127


မြန်မာဗုဒ္ဓဘာသာဘုန်းကြီး ဦးဝီရသူက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အပေါ် ရိုင်းပြကြမ်းတမ်းတဲ့ အသုံးအနှုန်းတွေနဲ့ ဝေဖန်တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်ပြီး စုံစမ်းကြည့်မယ်လို့ မြန်မာအစိုးရဘက်က ပြောဆိုကြောင်း၊ ဒါပေမဲ့ အရေးယူလို့တော့ ရနိုင်ဖွယ်မရှိကြောင်း အရိပ်အမြွက်ပြောဆိုကြောင်း AFP သတင်းက ဖော်ပြပါတယ်။

သမ္မတရုံးပြောခွင့်ရ သူဦးဇော်ဌေးက ဒီကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းစုံစမ်းဖို့ သာသနာရေးဝန်ကြီးဌာနကို ညွှန်ကြားထားပါတယ်။ ဒါပေမဲ့ ဒီကိစ္စအပေါ် တရားဝင်တိုင်တန်းချက် မရရှိသေးပါဘူး၊ ပြီးတော့ ဒီကိစ္စဟာ သံဃာ့ကိစ္စဖြစ်နေတာမို့၊ မိမိတို့အနေနဲ့ တိုက်ရိုက်ကိုင်တွယ်လို့ မရပါဘူးလို့ပြောကြားခဲ့ကြောင်း AFP သတင်းက ဆိုပါတယ်။

ရခိုင်ပြည်နယ်ပဋိပက္ခနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ ကို ဦးဝီရသူက လိင်ပိုင်းဆိုင်ရာ ဝေါဟာရတွေသုံးစွဲ တိုက်ခိုက်ခဲ့ပါတယ်။
ဦးဝီရသူကို AFP က မေးမြန်းခဲ့ရာမှာ ဦးဝီရသူက ဒီ့ထက်ပြင်းထန်တဲ့ ဝေါဟာရ စကားလုံးရှာတွေ့ရင်၊ အဲဒီအတိုင်းပြောလိုက်မှာဖြစ်ကြောင်း၊ မြန်မာပြည်အပေါ် မစ္စယန်ဟီးလီ လုပ်ခဲ့တာတွေနဲ့ ညီမျှတဲ့စကားလုံးမရှိကြောင်း တုန့်ပြန်ခဲ့တယ်လို့လည်း ဖော်ပြပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127


ဆရာတော် ဦးဝီရသူကို အရေးယူဖို့ မန္တလေးတိုင်း သာသနာရေး ဦးစီးဌာန တာဝန်ရှိသူတွေ မစိုးရိမ်တိုက်သစ် ကျောင်းဆရာတော် ဘုရားကြီးထံ သွားရောက် လျှောက်ကြား တယ်ဆိုတဲ့ ကောလာ ဟလဟာ မှန်ကန်မှု မရှိဘူးလို့ သာသနာရေး ဦးစီးဌာနက ပြောပါတယ်။

အင်တာနက်စာမျက်နှာမှာ သာသနာရေးဌာနရဲ့ ညွှန်ကြားချက်အရ မနေ့မနက် ၁၁ နာရီလောက်က မန္တလေးတိုင်း သာသနာရေးအရာရှိများ မစိုးရိမ်တိုက်သစ် ပဌမ မဟာ နာယက ဆရာတော် ဘုရားကြီးထံ လာလျှောက်နေကြောင်းနဲ့ ဦးဝီရသူကို သာသနာညှိုးနွမ်းမှု စွဲဆိုမယ့်အကြောင်း ဖော်ပြပါတယ်။

ဒီဖော်ပြချက်နဲ့ပတ်သက်လို့ ကိုယ်တိုင်သွားရောက်လျှောက်ကြားတဲ့ မန္တလေးတိုင်း ဒုတိယသာသနာရေးမှူး ဒု- ညွှန်ကြားရေးမှူး ဦးကျော်လှိုင်ကို မေးမြန်းရာမှာ အဲဒီကိစ္စလျှောက်ကြားတာ မဟုတ်ပါဘူးလို့ ဖြေဆိုပါတယ်။

“မဟုတ်ဘူးဗျ၊ ကျနော်တို့က ဆရာတော့်ပူဇော်ပွဲကိစ္စသွားကြတာပါဗျ။ ဖေဖော်ဝါရီလ ၂ ရက်နေ့နဲ့ ၃ ရက်နေ့တွေမှာလုပ်မယ့် ပူဇော်ပွဲကိစ္စ အဲဒါလေး ဆရာတော်ကြီးဆီ ခေါ်လို့ သွားတာပါဗျာ။ဆရာတော်ကြီး ဦးကေသရ ဘိဝံသ၊ မစိုးရိမ်တိုက်သစ်မှာ စာအောင်သံဃာတော်တွေ ပူဇော်ဖို့လေ၊ ဘွဲ့နှင်းသဘင်သဘောမျိုးပေါ့။ ဆရာတော်တွေနဲ့လည်း တွေ့ပါတယ်။ ဒီနေ့လည်း ၁ နာရီ အစည်းအဝေးရှိပါတယ်။ ဒီနေ့အစည်းအဝေးခေါ်ဖို့ကို ကြိုတင်ပြီး သွားလိုက်တာပါဗျာ။ သတင်းမှာဗျာ (အင်တာနက်သတင်းကို ညွန်းဆို) အဲဒီလို။ ကျနော်တို့တော့ ဘာမှ မရှိပါဘူး။”

ဆရာတော် ဦးဝီရသူကို မေးမြန်းလျှောက်ရာမှာ “မနေ့က နေ့ဆွမ်းစားပြီးချိန် ၁၁ နာရီခွဲလောက်လာသွားတယ်။ အဲဒီအကြောင်းအရာတော့ ဦးဇင်းလည်း ဆရာတော်နဲ့ မတွေ့သေးဘူး။ဆရာတော်လည်း ဦးဇင်းကို ခေါ်ပြောတာတွေ မရှိဘူး။ အခု အဲလို (တရားစွဲဖို့) ယူဆနေကြတာပေါ့နော်။ ဦးဇင်းကလည်း ဆရာတော်ကို မလျှောက်ရဲဘူး။ ဆရာတော်နဲ့လည်း အခန်းထဲမှာ တွေ့တာဆိုတော့လေ ဘာတွေ ပြောတယ်ဆိုတာ ဦးဇင်းမသိဘူး” လို့ မိန့်ကြားပါတယ်။

By အေးနိုင် (ဒီဗွီဘီ)
http://burmese.dvb.no/archives/78285


ထမင်းလက်ဆုံစားပွဲထက် သိပ်မပိုပါဘူးလို့ ဝေဖန်ခဲ့ကြတဲ့ ဆွေးနွေးပွဲကို ပင်လုံညီလာခံကို စံပြုပြီး ကျင်းပခဲ့တယ် ဆိုတာကတော့ နိုင်ငံရေး လေလုံး ထွားမှု သက်သက်သာဖြစ်ပြီး ဗိုလ်ချုပ်ဦးစီးကျင်းပတဲ့ ပင်လုံညီလာခံကြီးရဲ့ ဂုဏ်သရေကိုပါ လျော့ပါးစေခဲ့ …

သမ္မတ အကြံပြုချက်အရ တိုင်းရင်းသားတစ်ပွင့် ကိုယ်စားပြုမှုကို ပိုမိုကျယ်ပြန့်စေလိုပုံ ရသလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်စားပြုမှုကို မေးခွန်း ထုတ်လိုက်တဲ့သဘော …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၂၅-၁၁-၂၀၁၄ ရက်က ကျင်းပတဲ့ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၁ကြိမ်မြောက် ပုံမှန် အစည်းအဝေးရဲ့ ၃၃ ရက်မြောက်နေ့မှာ ပြည်ခိုင်ဖြိုး ပါတီက လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ထွန်း တင်သွင်း တဲ့ ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး အရေးကြီးအဆိုနဲ့ ပတ်သက်ပြီး ၂၀၁၅၊ ဇန်န၀ါရီ ၁၉ ရက်နေ့စွဲနဲ့ ““၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ပြည်ထောင်စု လွှတ်တော်၏ အရေးကြီးအဆိုအပေါ် နိုင်ငံတော် သမ္မတ ၏ ပြန်ကြားချက်နှင့် စပ်လျဉ်း၍ အများပြည်သူ သိရှိရန် သတင်းထုတ်ပြန်ခြင်း””ဆိုတဲ့ သတင်းတစ် ပုဒ် နိုင်ငံပိုင် သတင်းစာတွေမှာ ပါရှိလာပါတယ်။

ပြည်ထောင်စုလွှတ်တော် နာယကက သမ္မတ သုံးသပ်ဆောင်ရွက်နိုင်ဖို့ ၂၆-၁၁-၂၀၁၄ ရက်စွဲနဲ့ သမ္မတထံ စာပေးပို့လာမှုအပေါ် တုံ့ပြန်ချက်ပဲဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတရဲ့ပြန်ကြားချက်မှာ ဦးစွာ ““ဖွဲ့စည်းပုံ အခြေခံဥပဒေကို အခြေခံ၍ နိုင်ငံသားအားလုံး အခွင့်အရေး ညီမျှစွာ ရရှိစေရေး တို့အတွက် တွေ့ဆုံဆွေးနွေးရေးမူကို အလေးထားကြောင်း၊ ထိုတွေ့ဆုံ ဆွေးနွေးခြင်းမှ တူညီသော သဘောထားများကို ပူးပေါင်း ဆောင်ရွက်ခြင်း၊ ကွဲပြားသော သဘောဆန္ဒများကို ညှိနှိုင်း ဆွေးနွေးအဖြေရှာခြင်းတို့ဖြင့် နိုင်ငံရေး ယဉ်ကျေးမှု တစ်ရပ်အား အောင်မြင်စွာ ကျင့်သုံးလျက်ရှိပါ ကြောင်း၊ ယင်းဆောင်ရွက်ခဲ့မှုများကြောင့် ပေါ်ထွက်လာသည့် ရလဒ်ကောင်းများ အနက်မှ ယနေ့လွှတ်တော် များတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ကိုယ်စားလှယ်များ ပါဝင်လာခြင်းကို ထင်ရှားစွာတွေ့မြင် နိုင်ပါသည်”” ဆိုပြီး ရှင်းလင်းထားပါတယ်။

ဒီရှင်းလင်းချက် စာပိုဒ်ကို သုံးသပ်ရရင် အကူးအပြောင်း ကာလဦးမှာ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်း စုကြည်တို့ အကြိမ်ကြိမ် တံခါးပိတ်တွေ့ ဆုံပြီး ဆွေးနွေးခဲ့ကြပါတယ်။ နှစ်ဖက်လုံးက သတင်းတော့ မထုတ်ပြန် ပါဘူး။ ဆွေးနွေးပွဲအပြီး နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတာမျိုး၊ NLD ပါတီ ကိုယ်စားလှယ် ၄၃ ဦး လွှတ်တော်ထဲ ရောက်လာမျိုးစတဲ့ အကျိုး သက်ရောက်မှု တချို့တော့ ရှိခဲ့ပါတယ်။ သမ္မတရဲ့ အထက်ပါ ပြောကြားချက်ထဲမှာ တွေ့ ဆုံဆွေးနွေးရေးကို အလေးထားကြောင်း၊ နိုင်ငံရေး ယဉ်ကျေးမှု တစ်ရပ် ကို အောင်မြင်စွာ ကျင့်သုံးလျက်ရှိကြောင်း ပြောဆိုမှုကို ထောက်ရင် အာဏာပိုင်တွေဟာ အသွင်ကူးပြောင်းမှု အဖွင့်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒိုင်ယာလော့ဂ်လုပ်ပြီး ဖြေလျှော့မှု တချို့ ချောမွေ့ စေခဲ့တယ်လို့ ယူဆ ခဲ့ပုံရပါတယ်။ နိုင်ငံရေး ယဉ်ကျေးမှုဆိုတဲ့ စကားရပ်ကို သုံးနှုန်းလိုက်မှုအပေါ် သုံးသပ်ရရင် အာဏာပိုင်တွေ ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒိုင်ယာလော့ဂ် လုပ်ပြီးပြီလို့ ယူဆထားပုံရပါတယ်။

သမ္မတရဲ့ပြောကြားချက်ထဲမှာ ဆက်လက်ပြီး ““အနာဂတ် နိုင်ငံတော် တည်ဆောက်ရေးအတွက် မရှိမဖြစ် လိုအပ်သော တိုင်းရင်းသား စည်းလုံး ညီညွတ်မှု တည်ဆောက်နိုင်ရန် ဗိုလ်ချုပ်အောင်ဆန်း ကျင့်သုံးခဲ့သည့် ပင်လုံညီလာခံအား စံပြု၍ အစပျိုးမှုအနေဖြင့် ……… (၁၄)ဦးအား တွေ့ ဆုံဆွေးနွေးမှုကို စတင်ဆောင် ရွက်ခဲ့ပြီး မူဘောင်များ ချမှတ်၍ ဆက်လက်တိုးမြှင့် ဆွေးနွေးနိုင်ရန် စီမံဆောင်ရွက်လျက်ရှိသည်””ဆိုပြီး ပါရှိလာပါတယ်။

အမေရိကန်သမ္မတ ဘားရက်အိုဘားမား မလာခင် ကျင်းပခဲ့ပြီး တစ်ဦးကို ၁၀ မိနစ်သာ စကားပြောခွင့်ရတဲ့ ၁၄ ဦး တွေ့ဆုံဆွေးနွေးပွဲကို နိုင်ငံရေး ရပ်ဝန်းကကော တွေ့ဆုံဆွေးနွေးခဲ့သူ တချို့ကပါ ထမင်းလက်ဆုံ စားပွဲထက် သိပ်မပိုပါဘူးလို့ ဝေဖန်ခဲ့ကြတဲ့ ဆွေးနွေးပွဲကို ဗိုလ်ချုပ် ကျင့်သုံးခဲ့တဲ့ ပင်လုံညီလာခံကို စံပြုပြီး ကျင်းပခဲ့တယ် ဆိုတာကတော့ နိုင်ငံရေး လေလုံး ထွားမှု သက်သက်သာဖြစ်ပြီး ဗိုလ်ချုပ် ဦးစီးကျင်းပတဲ့ ပင်လုံ ညီလာခံကြီးရဲ့ ဂုဏ်သရေကိုပါ လျော့ပါးစေခဲ့ပါတယ်။ ဒါပေမဲ့ သမ္မတက အစပျိုးမှု အနေနဲ့ဆိုပြီး စကားနဲ့ပြန်ဖြေ ထားတာကိုတော့ ဂရုပြုရပါလိမ့်မယ်။

နောက် နိုင်ငံတော်သမ္မတရဲ့ ပြန်ကြားချက် အပိုဒ်ခွဲ ၃ မှာ-

၃။ ရည်ညွှန်းစာပါ နိုင်ငံတော်သမ္မတ ဦးဆောင်၍ ၆ ဦး တွေ့ဆုံဆွေးနွေးရန် တိုက်တွန်းလာသည့် ရည်ရွယ် ချက်များအဖြစ် အောက်ပါအတိုင်း တွေ့ရှိရပါသည်။

(က) ခေတ်စနစ်၊ အချိန်အခါ အခြေအနေနှင့် ညီညွတ်သော ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဖြစ်ပေါ်လာရေး၊

(ခ) ပစ္စုပ္ပန်နှင့် အနာဂတ်မြန်မာနိုင်ငံ တည်ဆောက်ရေးအတွက် အခြေအနေကောင်းများ ဖန်တီး လမ်းခင်း ပေးနိုင်ရန်

ဆိုပြီး လွှတ်တော်ရဲ့ ၆ ပွင့်ဆိုင်တွေ့ဆုံရေး တိုက်တွန်းတဲ့ ရည်ရွယ်ချက် ၂ ရပ်ကို ပြန်လည်ဖော်ပြ ထားပါတယ်။

လွှတ်တော်က တိုက်တွန်းတဲ့ ရည်ရွယ်ချက်တွေကို သမ္မတက အပိုဒ်ခွဲ ၄ မှာ ပြန်လည် ရှင်းလင်း ဖော်ပြ ထားပါတယ်။ သမ္မတရဲ့ အပိုဒ်ခွဲ(၄)ထဲက ရှင်းလင်းချက်ထဲမှာ ““မိမိတို့နိုင်ငံ၏ လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)သည်လည်း ခေတ်စနစ်၊ အချိန်အခါ အခြေအနေနှင့် ရာနှုန်းပြည့် ညီညွတ်သော ဖွဲ့စည်းပုံအခြေခံ ဥပဒေဟု မဆိုနိုင်ပါ””ဆိုပြီး စာတစ်ပိုဒ် ပါဝင်ပါတယ်။ သမ္မတ ဆိုလိုချက်အရ ၂၀၀၈ ဖွဲ့စည်းပုံဟာ ပြီးပြည့်စုံတဲ့ ဖွဲ့စည်းပုံ မဟုတ်ဘူး။ ပြုပြင်စရာတွေ ရှိနေတယ်လို့ ၀န်ခံလိုက်တဲ့ သဘောလို့ ကောက်ယူနိုင်ပါတယ်။ ဒါပေမဲ့ ပြုပြင်စရာတွေဟာ လွှတ်တော်မှာ တာဝန်အရှိဆုံးဖြစ်ကြောင်း နိုင်ငံသားတိုင်း သိရှိနားလည် ထားပါတယ်ဆိုပြီး ဖွဲ့စည်းပုံ ပြင်ဆင်ရေး လုပ်ငန်းစဉ်ကို လွှတ်တော်ရဲ့ ပခုံးပေါ် ပြန်တင် ပေးလိုက် တာကို အောက်ပါ သမ္မတရဲ့စကားရပ်က ညွှန်းဆိုနေပါတယ်။

““ခေတ်စနစ်၊ အချိန်အခါအခြေအနေနှင့် ညီညွတ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေအဖြစ် ရပ်တည်နိုင် ရန် ပြည်ထောင်စု လွှတ်တော်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တာဝန်အရှိဆုံးဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေအား လိုက်နာရသည့် နိုင်ငံသားတိုင်းက သိရှိ နားလည်ထားပါသည်””

နားမလည်စရာ တစ်ချက်က ““လွှတ်တော်ဟာ ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး တာဝန်အရှိဆုံး ဖြစ်ကြောင်း နိုင်ငံသား တိုင်းက သိရှိ နားလည်ထားပါသည်””လို့ ဆိုထားလေတော့ ဘယ်လိုမျိုး စစ်တမ်းမျိုးများ ကောက်ယူ ထားခဲ့ ပြီးလို့ နိုင်ငံသားတိုင်းက သိရှိနားလည် ထားတာလဲ ဆိုတာကတော့ မေးခွန်းထုတ်စရာ ကောင်းနေပါတယ်။

သမ္မတရဲ့ ပြန်ကြားချက်ထဲမှာ အရေးအကြီးဆုံးလို့ဆိုရမယ့် အပိုဒ်တစ်ပိုဒ် ပါဝင်ပါတယ်။ ““ဖွဲ့စည်းပုံ အခြေခံဥပဒေအခန်း ၁၂ တွင် ပုဒ်မ ၄၃၃၊ ၄၃၄၊ ၄၃၅၊ ၄၃၆ တို့ဖြင့် လိုအပ်ချိန်တွင် ဖွဲ့စည်းပုံအခြေခံ အခြေခံဥပဒေ ကို ပြင်ဆင်နိုင်ရေး ဆောင်ရွက်ပုံ နည်းလမ်းများဖြင့် ပြည့်စုံ ရှင်းလင်းစွာ ပြဋ္ဌာန်းထားပါသည်။ မိမိတို့ လိုက်နာရန် တာဝန်ရှိသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအရ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးကိစ္စသည် လွှတ်တော်တွင်း၌ အဆင့်ဆင့် ဆောင်ရွက်ရန်နှင့် အချို့ကိစ္စများကို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ (Referendun) ကျင်းပ၍ နိုင်ငံသားများ၏ သဘောဆန္ဒ ရယူအတည်ပြုရန် ဖြစ်ပါသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ပါ ပြဋ္ဌာန်းထားသည့် နည်းလမ်းများနှင့်အညီ ဆောင်ရွက်ပါက နိုင်ငံတော် သမ္မတအနေဖြင့် လွှတ်တော်၏ ဆုံးဖြတ်ချက်အတိုင်း လိုက်နာ လုပ်ဆောင်သွားရန် အသင့်ရှိပါသည်။ ထိုလုပ်ထုံး လုပ်နည်းများကို ကျော်လွန်၍ လုပ်ဆောင်ပါက တရားဥပဒေစိုးမိုးမှု (Rule of Law )ကို ကျော်လွန် လုပ်ဆောင် သကဲ့သို့ ဖြစ်နိုင်သည်ကို သတိပြုရမည် ဖြစ်ပါသည်”” ဆိုပြီး ဖော်ပြထားပါတယ်။

ဒီဖော်ပြချက်အပြင် သမ္မတရဲ့ မိန့်ခွန်းတချို့မှာလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အခန်း (၁၂) ပြဋ္ဌာန်းချက် လုပ်ထုံး လုပ်နည်းများအတိုင်း ဖွဲ့စည်းပုံ ပြင်ဆင်ခြင်းကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်ဆိုပြီး ပြောဆို ခဲ့ဖူးပါတယ်။ တကယ်တော့ နိုင်ငံရေးရပ်ဝန်းနဲ့ ပြည်သူ တစ်ရပ်လုံးက ဖွဲ့စည်းပုံပြင်ဆင်ရေး တောင်းဆို နေကြတာက အခန်း ၁၂ ပါ ဖွဲ့စည်းပုံ ပြင်ဆင်ခြင်း ပုဒ်မ ၄၃၆ရဲ့ ပြဋ္ဌာန်းချက်ကို ပြင်ဆင်ချင်ကြတာ ဖြစ်ပါ တယ်။ ပုဒ်မ ၄၃၆ အရဆို ဖွဲ့စည်းပုံပုဒ်မများ ပြင်ဆင်ချင်ရင် လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံရမှာ ဖြစ်ပြီးတချို့ ပုဒ်မများဟာ ၇၅ ရာခိုင်နှုန်းကျော်အပြင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲပါ ခံယူရဦးမှာ ဖြစ်ပါတယ်။ တပ်မတော် ၂၅ ရာခိုင်နှုန်း ပါဝင်နေတဲ့ လွှတ်တော်မှာ တပ်မတော် ထောက်ခံမှုမရဘဲ ဖွဲ့စည်းပုံ မပြင်နိုင်ဘူး ဆိုတဲ့သဘောပါ။ ဒါကြောင့်ပဲ ဖွဲ့စည်းပုံ ပြင်ဆင်ခြင်း အကျပ်အတည်းကို ကျော်လွှားဖို့ အခန်း ၁၂၊ ပုဒ်မ ၄၃၆ ပြဋ္ဌာန်းချက်ကို ပြည်သူအများက ပြင်ဆင်ချင်ကြတာပဲ ဖြစ်ပါတယ်။ ဒါကို သမ္မတက ဖွဲ့စည်းပုံ ပြင်ချင်ရင် အခန်း ၁၂ ပြဋ္ဌာန်းချက်များအတိုင်း လွှတ်တော်တွင်း ဆောင်ရွက်ရမှာဖြစ်တယ်လို့ ဆိုတဲ့အခါ သမ္မတရဲ့ အခန်း ၁၂ ပြဋ္ဌာန်းချက်တွေကို မပြင်ဆင်လိုဘူးဆိုတဲ့ ဆန္ဒက အထက်ပါစကားရပ်မှာ ထင်ရှားစွာ ပေါ်လွင်နေပါတယ်။

နောက် ““ဖွဲ့စည်းပုံပါ ပြဋ္ဌာန်းထားတဲ့ နည်းလမ်းများနဲ့အညီ ဆောင်ရွက်ပါက လွှတ်တော်၏ ဆုံးဖြတ်ချက် အတိုင်း လိုက်နာ လုပ်ဆောင်သွားရန် အသင့်ရှိပါတယ်”” ဆိုတဲ့အပေါ် သုံးသပ်ရရင် ““ဖွဲ့စည်းပုံပါ ပြဋ္ဌာန်း ထားတဲ့ နည်းလမ်းများနဲ့အညီ””ဆိုတာ ပြဋ္ဌာန်းထားတာတွေကို လက်ရှိ နည်းလမ်းများအတိုင်း (မပြင်မဆင်ဘဲ) ဆောင်ရွက်မယ်ဆိုရင် ““လွှတ်တော်၏ ဆုံးဖြတ်ချက်””(၆ ပွင့်ဆိုင် တွေ့ဆုံရေး)ကို လိုက်နာဖို့ အသင့်ရှိ ပါတယ်လို့ သဘောအယူ ကောက်ယူရမှာပဲ ဖြစ်ပါတယ်။ တွေ့ဆုံဆွေးနွေးရေး ဖြစ်ခဲ့ရင်တောင် ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး သမ္မတရဲ့ သဘောထားကို ကြိုတင် စကားဦးသန်းထားတယ်လို့ပဲ ယူဆရမှာ ဖြစ်ပါတယ်။

““ထိုလုပ်ထုံး လုပ်နည်းများကို ကျော်လွန်၍ လုပ်ဆောင်ပါက တရားဥပဒေ စိုးမိုးရေးကို ကျော်လွန် လုပ်ဆောင် သကဲ့သို့ ဖြစ်နိုင်သည်ကို သတိပြုရမည် ဖြစ်ပါသည်”” ဆိုတဲ့ စကားရပ်ကို သုံးသပ်ရရင် “လုပ်ထုံးလုပ်နည်း” (အခန်း ၁၂ လက်ရှိ ပြဋ္ဌာန်းချက်များ)ကို ကျော်လွန် လုပ်ဆောင်ရင် ဥပမာ- လွှတ်တော်ပြင်ပ ဖွဲ့စည်းပုံ ပြင်ဆင်ရေး(ပုဒ်မ ၄၃၆) လှုပ်ရှားမှုတွေဟာ တရားဥပဒေကို ကျော်လွန် လုပ်ဆောင်သလို ဖြစ်နိုင် တယ်လို့ လွှတ်တော်ပြင်ပ ၄၃၆ လှုပ်ရှားမှုတွေကို ဟန့်လိုက်တဲ့ သဘောလို့ ယူဆရမယ့်ပုံပါပဲ။

နောက် သမ္မတရဲ့ ပြန်ကြားချက်ထဲမှာ ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် လွှတ်တော် တွေ ဆုံးဖြတ် အတည်ပြု သဘောထား ပေးခဲ့ကြတဲ့ ၁၂ ပွင့်ဆိုင် တွေ့ဆုံရေးဆိုတဲ့ တိုင်းရင်းသားတွေရဲ့ သဘောထားကို အလေးထား ထည့်သွင်း စဉ်းစားရမယ်လို့ ဆိုထားတဲ့အခါ သမ္မတဟာ ၆ ပွင့်ဆိုင်ထက် ကျယ်ပြန့်တဲ့ တွေ့ဆုံ ဆွေးနွေးရေးကိုသာ လိုလားကြောင်း ဆန္ဒက အထင်းသား ပေါ်လွင်နေပါတယ်။

သမ္မတပြန်ကြားချက် အပိုဒ် ၇ မှာ ““တိုင်းရင်းသား ပြည်သူအားလုံး၊ လူထုလူတန်းစား အဖွဲ့အစည်းများနှင့် နိုင်ငံရေး အင်အားစုများက လက်ခံသော ကိုယ်စားပြုမူ ဖြစ်စေရေး၊ အလားတူ ယင်းတို့၏ လိုလားတောင့်တ ချက်များ ပါရှိစေမည့် မူဘောင်များ ကြိုတင်ချမှတ်ထားတဲ့ တွေ့ဆုံဆွေးနွေး မှု ဖြစ်စေရေးနှင့် ပွင့်လင်းမြင်သာမှု ရှိစေရေး တို့အတွက် စီမံ ဆောင်ရွက်ပါက ပိုမို၍ ပြည့်စုံကောင်းမွန်မည်ဟု အကြံပြုလိုပါသည်””

““သို့ပါ၍ အဆိုတွေ့ဆုံ ဆွေးနွေးပွဲအား မည်သို့ ဆောင်ရွက် ပေးစေလို သည်ကို ပြန်ကြားပေးရန် ဖြစ်ပါသည်”” ဆိုပြီး လွှတ်တော်ကို ပြန်ကြား ထားပါတယ်။

အထက်ပါ အပိုဒ်ကတော့ လွှတ်တော်က တောင်းဆိုထားတဲ့ ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးမှာ ပါဝင်မယ့် ပုဂ္ဂိုလ် ၆ ဦးရဲ့ ကိုယ်စားပြုမှုကို မေးခွန်း ထုတ်လိုက်တာပဲ ဖြစ်ပါတယ်။ ၆ ပွင့်မှာ တပ်မတော်ကို ကာချုပ်က ကိုယ်စားပြုပြီး လွှတ်တော်ကိုတော့ ဥက္ကဋ္ဌနှစ်ဦးဖြစ်တဲ့ ဦးရွှေမန်းနဲ့ ဦးခင်အောင်မြင့်တို့က ကိုယ်စားပြုထားပါ တယ်။ အစိုးရအဖွဲ့ကိုတော့ သမ္မတဦးသိန်းစိန်က ကိုယ်စားပြုထားပါတယ်။ သမ္မတ အကြံပြုချက်အရ အထက်ပါ ၄ ပွင့်ရဲ့ ကိုယ်စားပြုမှုဟာ သင့်လျော်တယ်လို့ ယူဆပုံရပြီး ကျန်နှစ်ပွင့်ဖြစ်တဲ့ ဒေါ်အောင်ဆန်း စုကြည် နဲ့ ဒေါက်တာအေးမောင် တို့ကို ကိုယ်စားပြုမှုဟာ တိုင်းရင်းသား ပြည်သူအားလုံး၊ လူထုလူတန်းစား အဖွဲ့အစည်း များနဲ့ နိုင်ငံရေး အင်အားစုတွေက လက်ခံနိုင်တဲ့ ကိုယ်စားပြုမှု ဖြစ်စေဖို့လိုပါတယ်လို့ ဆိုလိုချင်ပုံ ရပါတယ်။ အထူးသဖြင့် တိုင်းရင်းသား တစ်ပွင့် ကိုယ်စားပြုမှုကို ပိုမိုကျယ်ပြန့်စေလိုပုံ ရသလို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်စားပြုမှုကို မေးခွန်း ထုတ်လိုက်တဲ့ သဘောပါပဲ။

သမ္မတရဲ့ သဘောထားကို ကောက်ချက်ချရရင် လူပုဂ္ဂိုလ် အရေအတွက်ကို ပြန်သုံးသပ်ဖို့ အကြံပြုထားတာ ထင်ရှားပြီး ဆွေးနွေးမယ့် မူဘောင်တစ်ခုကို ကြိုတင်ချမှတ် ထားစေလိုပုံ ရပါတယ်။

သမ္မတရဲ့ လွှတ်တော်ကို အကြောင်းပြန်ထားတဲ့ အထဲက အကြံပြုချက်တွေအရဆို လွှတ်တော်အတွက် အနည်းငယ် အကျပ်ရိုက်နိုင်ပြီး တွေ့ဆုံ ဆွေးနွေးပွဲ ဖြစ်ခဲ့ရင်တောင် ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ပြည်သူ လိုလားတဲ့ ပြင်ဆင်ချက်မျိုး ဖြစ်မလာနိုင်သလို ၆ ပွင့်ဆိုင် အရေအတွက်ကို ထပ်မံချဲ့ထွင်ဖို့ အကြံပြုချက် မျိုး ဖြစ်နေပြီး လက်ရှိ ၆ ပွင့်ရဲ့ ကိုယ်စားပြုမှုကို အကြံပြုထားချက်အရ တိုင်းရင်းသားနဲ့ ပါတီများရဲ့ ကိုယ်စားပြုမှုကို ကျယ်ပြန့်စေချင်တဲ့ သဘောဆောင်နေပါတယ်။ မူဘောင် ကြိုတင်ချမှတ်ထား တဲ့ တွေ့ဆုံ ဆွေးနွေး ပွဲ ဖြစ်စေချင်တာ ကောင်း မွန် လျော်ကန်ပေမယ့် တကယ်တော့ သမ္မတရဲ့ ပြန်ကြားချက်ကို ခြုံငုံ သုံးသပ်ကြည့် မယ်ဆိုရင် ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ကို ပြတ်ပြတ် သားသား လက်ခံသေးတာ မဟုတ်ဘဲ ““စုပေါင်းညှိနှို င်း ဖြေရှင်းတဲ့ သဘောတရား””ကို အခြေခံထားလို့ ကြိုဆိုတဲ့ သဘောသာ ဆောင်ကြောင်း သုံးသပ် လိုက်ရပါတယ်။

လင်းထိုက်(Y.I.T)

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald