01/29/15

ကျွန်တော်တို့ သပိတ်မှောက် ကျောင်းသားများ၏ တောင်းဆိုချက်များမှာ အောက်ပါ အတိုင်းဖြစ်ပါသည်။

(၁) ပညာရေးမူဝါဒနှင့် ဥပဒေများ၊ နည်းဥပဒေများ၊ ဆက်စပ်ဥပဒေများ ရေးဆွဲရာတွင် ကျောင်းသားကျောင်းသူ ကိုယ်စားလှယ်များ၊ ဆရာ ဆရာမ ကိုယ်စားလှယ်များ ပါဝင်ရန်ကိစ္စ၊

(၂) ကျောင်းသားသမဂ္ဂများ ၊ ဆရာသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းထူထောင် လှုပ်ရှားခွင့်နှင့် ၄င်းသမဂ္ဂများ တည်ရှိမှု အပေါ် တရားဝင်အသိအမှတ်ပြုရေးကိစ္စ။

(၃) လက်ရှိပြဌာန်းပြီးဖြစ်သော အမျိုးသားပညာရေး ဥပဒေတွင်ပါဝင်သည့် အမျိုးသားပညာရေး ကော်မရှင် နှင့် တက္ကသိုလ်များပေါင်းစပ်ညှိုနှိုင်းရေးကော်မတီ ဖွဲ့စည်းထားခြင်းကိစ္စ။

(၄) ဒေသအလိုက်နှင့် ကျောင်းအလိုက်လွတ်လပ်စွာ စီမံခန့်ခွဲနိုင်သည့်ပညာရေးဆိုင်ရာ ကိုယ်ပိုင်ပြဌာန်းခွင့် ကိစ္စ။

(၅) လက်ရှိကျင့်သုံးလျက်ရှိသော စာမေးပွဲစနစ်နှင့် တက္ကသိုလ်ဝင်ခွင့်စနစ်များ ပြင်ဆင်ရန်ကိစ္စ။

(၆) ကျောင်းသားများ လွတ်လပ်စွာ စဉ်းစားတွေးခေါ်နိုင်ပြီး ၊ ကိုယ်တိုင်လေ့လာ စူးစမ်း သင်ယူနိုင်သည့် သင်ကြား နည်းစနစ်များ ပြောင်းလဲရန်ကိစ္စ။

(၇) တိုင်းရင်းသားမျိုးနွယ်စုများ၏ ဘာသာစကားလွတ်လပ်ခွင့်နှင့် မိခင်ဘာသာစကားအခြေပြု ဘာသာစကားစုံ ပညာရေးစနစ် ( mother tongue based multi-lingual education ) ကို အမျိုးသားပညာရေးဥပဒေတွင် ထည့်သွင်းပြဌာန်းရန်ကိစ္စ။

(၈) မသန်စွမ်းကလေးများအပါအ၀င် ကလေးအားလုံးအတွက် လူတိုင်းအကျူံးဝင်ပညာရေး (inclusive education) ကိစ္စ။

(၉) ကျောင်းသားအရေးအခင်းများကြောင့် ကျောင်းထုတ်ခံခဲ့ရသည့် ကျောင်းသားများ ကျောင်းပြန်လည်တက်ရောက် ခွင့် ကိစ္စ။

(၁၀) ပညာရေးအသုံးစရိတ်ကို တစ်နိုင်ငံလုံးအသုံးစရိတ်၏ ၂၀% သတ်မှတ်နိုင်ရေးကိစ္စ။

(၁၁) အခမဲ့ မသင်မနေရ ပညာရေးစနစ်ကို မူလတန်းအဆင့်သာမက အလယ်တန်းအဆင့်အထိ တိုးမြှင့် ကျင့်သုံးရေး ကိစ္စ...

Ye yint kyaw

နိုင်ငံအကြီးအကဲအဖြစ် ၂၀၁၁ ခုနှစ်က တာဝန်ယူပြီးတဲ့နောက်ပိုင်း ပထမဆုံး နိုင်ငံတကာ ခရီးစဉ်အဖြစ် မေလမှာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျံအန်း   ရုရှားကို သွားရောက်မှာ ဖြစ်ပါတယ်။

မေ ၉ ရက်မှာ ကျင်းပမယ့် ဒုတိယကမ္ဘာစစ် ဆိုဗီယက် ပြည်ထောင်စုက ဂျာမနီကို အောင်နိုင်ခဲ့တဲ့ အထိမ်းအမှတ် အခမ်းအနားမှာ ပါဝင်ဖို့အတွက် သွားရောက်တာလို့ ရုရှား သမ္မတအိမ်တော် ပြောခွင့်ရကို ကိုးကားပြီး တောင်ကိုရီးယား ယုံဟပ် သတင်းမှာ ရေးပါတယ်။
ဓာတ်ပုံ (ရိုက်တာ)
ဓာတ်ပုံ (ရိုက်တာ)

ကင်ဂျုံအန်းရဲ့ ဒုတိယမြောက် ခရီးစဉ်ဟာ တရုတ်နိုင်ငံ ဖြစ်လာနိုင်ဖွယ်ရှိတယ်လို့လည်း သတင်းတွေက ရေးပါတယ်။

“နိုင်ငံခေါင်းဆောင် ၂၀ လောက်လာရောက်မှာဖြစ်ပြီး ဒီအထဲမှာ မြောက်ကိုရီးယား ခေါင်းဆောင်လည်း ပါမယ်”လို့ ရုရှား သမ္မတအိမ်တော်ပြောခွင့်ရကို ကိုးကားပြီး ယုံဟပ်သတင်းမှာ ရေးပါတယ်။
မြောက်ကိုရီးယားနဲ့ ရုရှားက ဆက်ဆံရေး ကောင်းမွန်ဖို့ ကြိုးစားနေပါတယ်။ မြောက်ကိုးရီးယား နိုင်ငံအပေါ် ချမှတ်မယ့် ပိတ်ဆို့ ဒဏ်ခတ်မှုကို တရုတ်နဲ့ ရုရှားနိုင်ငံက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ကန့်ကွက်ခဲ့ပါတယ်။

ကင်ဂျုံအန်း အာဏာယူပြီးတဲ့နောက် တရုတ်နဲ့ ဆက်ဆံရေးက ဆိုးဝါးခဲ့သလို နိုင်ငံတကာရဲ့ သတိပေးချက်ကိုလည်း အာခံပြီး တတိယအကြိမ် နျူကလီးယား စမ်းသပ်ခဲ့ပါတယ်။
တရုတ်ကလည်း မြောက်ကိုရီးယားရဲ့ နျူကလီးယား ရည်မှန်းချက်နဲ့ ပတ်သက်ပြီး တင်းမာတဲ့ သဘောထားရှိနေပါတယ်။

http://burmese.dvb.no/archives/79066

မြန်မာနိုင်ငံတွင်းမှာ လတ်တလောဖြစ်ပွားနေတဲ့ အစိုးရတပ်တွေရဲ့ ထိုးစစ်ဆင်မှုတွေ၊ ကျောင်းသားထုရဲ့ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုတွေနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ စေ့စပ်ညှိနှိုင်းခြင်းအားဖြင့် ဖြေရှင်းဆောင်ရွက်ဖို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က ဒီကနေ့ ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံတွင်း လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေတွေဟာ ဒေသတွင်းငြိမ်းချမ်းရေးကို ထိခိုက်လာစေနိုင်တဲ့အတွက် အခုလို တောင်းဆိုရတာဖြစ်ကြောင်း UNFC ရဲ့ အထွေထွေအတွင်းရေးမှူး ခူးဦးရယ်က ပြောပါတယ်။

"ကျနော်တို့ စိုးရိမ်တဲ့အနေအထားကတော့ တွေ့ဆုံညှိနှိုင်းဆွေးနွေးတဲ့ အခြေအနေတွေကို ဒီဖြစ်ပေါ်မှုတွေက ဝင်ပြီးတော့ ကျနော်တို့အတွက် အဟန့်အတားဖြစ်နေတယ်လို့ ခံစားရလို့ပါ၊ ဥပမာ တိုင်းရင်းသားနဲ့ ပတ်သက်တဲ့ အကြောင်းအရာဆိုလို့ရှိရင်ဗျာ လိုင်ဇာဗိုလ်သင်တန်းကျောင်းကို ဗမာ့တပ်မတော်က လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့ကိစ္စလိုမျိုးတွေ၊ ဒါလည်းပဲ ကျနော်တို့အတွက် အဟန့်အတားဖြစ်စေတဲ့ သဘောမျိုးရှိတယ်၊ ဒီအတွက်လည်း ကျနော်တို့ဖက်က တောင်းဆိုထားတာလည်းရှိပါတယ်၊ အစိုးရနဲ့ တပ်မတော်ကိုပေါ့နော်၊ အဲ့ဒါလည်း ခုထက်ထိဖြေရှင်းမှု တစ်စုံတစ်ရာ မတွေ့ရသေဘူး၊ ဒီဖြစ်ပေါ်မှုတွေက ခုလိုညှိနှိုင်းဆွေးနွေးတဲ့ကာလတွေမှာ ကျနော်တို့အတွက် အဟန့်အတားဖြစ်မှာကို စိုးရိမ်တာပေါ့ဗျာ"

UNFC ရဲ့ ထုတ်ပြန်ချက်ထဲမှာ ကချင်ပြည်နယ် လိုင်ဇာမြို့က ဗိုလ်သင်တန်းကျောင်းကို အစိုးရတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့မှုအပေါ် ဒီကနေ့အထိ တရားဝင် ရှင်းလင်းထုတ်ပြန်ခြင်း မရှိတာတွေ၊ ပြီးခဲ့တဲ့သီတင်းပတ်ကစပြီး ဖားကန့်နဲ့ ရှမ်းပြည်နယ်တွင်းမှာ တိုက်ပွဲတွေ နေ့စဉ်ရက်ဆက် ဖြစ်ပွားခဲ့တဲ့ အခြေအနေတွေနဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ ကချင်ခရစ်ယာန် လုပ်အားပေးဆရာမနှစ်ဦး သတ်ဖြတ်ခံရမှု၊ လက်ရှိအမျိုးသား ပညာရေးဥပဒေအပေါ် ကျောင်းသားထုရဲ့ဆန္ဒပြမှု စတာတွေနဲ့ပတ်သက်ပြီး ဒီဖြစ်စဉ်တွေဟာ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မှုနဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို သွေဖည်သွားနိုင်တယ်လို့ သုံးသပ်ထားပါတယ်။

RFA
https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf

လင်းသစ်
ရန်ကုန်၊ ဇန်နဝါရီ ၂၈

ကိုးရက်ကြာဆန္ဒပြတောင်းဆိုနေသော သပိတ်မှောက်ကျောင်းသား ကိုယ်စားလှယ်များနှင့် နှင့် အစိုးရတို့ ဗုဒ္ဒဟူးနေ့က ညှိနှိုင်းအပြီးတွင် ပညာရေးဆိုင်ရာ လေးပွင့်ဆိုင် တွေ့ဆုံရေးကို ဖေဖော်ဝါရီလ ၁ရက်နေ့တွင် ပြုလုပ်ရန် သဘောတူညီချက် ရရှိသွားကြောင်း သိရသည်။

နေပြည်တော်တွင် တစ်နေ့လုံး နီးပါး ဆွေးနွေးအပြီး ပညာရေးဝန်ကြီး၊ လွှတ်တော် ပညာရေး မြှင့်တင်မှု ကော်မတီ ဥက္ကဋ္ဌ၊ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ ပါဝင်သည့် အစိုးရကိုယ်စားလှယ်အဖွဲ့က ထိုသို့ သဘောတူလိုက်ခြင်းဖြစ်သည်ဟု ဆန္ဒပြပွဲကို စီစဉ်သည့် ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီက ပြောသည်။

“လိုချင်တဲ့အချက်တွေကို စားပွဲဝိုင်းမှာ ညှိနှိုင်းပြီး သွေးထွက်သံယို တစ်စုံတစ်ခု မဖြစ်ဘဲနဲ့ ရတယ်။ ကျွန်မတို့ လိုချင်တဲ့ အချက် ၁၁ချက်ကို လေးပွင့်ဆိုင် တွေ့ဆုံရေးနဲ့ ဆွေးနွေးဖို့၊ ဒီဥပဒေကို ပြင်ဆင်ဖို့ အာမခံချက်ရှိတဲ့ ကတိကဝတ်တွေ ရထားတယ်။ ဒါဟာ ကြီးမားတဲ့ အောင်မြင်မှုတစ်ခုလို့ ယုံကြည်ပါတယ်” ဟု ကော်မတီ အတွင်းရေးမှူး မဖြိုးဖြိုးအောင်က ပြောသည်။

ဤအတောအတွင်း ကျောင်းသားများ ရန်ကုန်မြို့သို့ ဆက်လက် ချီတက် ဆန္ဒပြနေဦးမည်ဖြစ်ပြီး ပထမအကြိမ် လေးပွင့်ဆိုင် ဆွေးနွေးပွဲ အစပြုသည့်နေ့တွင် သပိတ်စစ်ကြောင်းများ ရပ်နားသွားမည်ဖြစ်သည်ဟု မဖြိုးဖြိုးအောင်က ပြောသည်။

“ဒီမိုကရေစီပညာရေး လှုပ်ရှားမှုက မပြီးသေးပါဘူး။ ကျွန်မတို့ လိုချင်တဲ့အချက်တွေ မရမချင်း မပြီးသေးပါဘူး။
ကျွန်မတို့ ဆက်ပြီးတော့ ဆွေးနွေးရဦးမှာက ကျွန်မတို့ရဲ့ တာဝန်ဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။

လေးပွင့်ဆိုင်ဆွေးနွေးမည့်နေ့တွင် သပိတ်စစ်ကြောင်းများ တစ်ရပ်တာ ရပ်နားမည်ဖြစ်ပြီး ဆွေးနွေးပွဲမှထွက်လာမည့်ရလဒ်ကို ကျေနပ်မှု မရှိပါက ဆက်လက် ဆန္ဒပြချီတက်မည်ဟု ကော်မတီ၏ ပြန်ကြားရေးတာဝန်ခံ ကိုရဲရင့်ကျော်က ပြောသည်။

ကျောင်းသားများ တောင်းဆိုထားသည့်အချက် ၁၁ချက်တွင် ဖြေလျှော့ပေးနိုင်သည့် အချက်များ ပါဝင်သော်လည်း ကျောင်းသားသမဂ္ဂများ၊ ဆရာသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းထူထောင် လှုပ်ရှားရေး၊ တရားဝင်အသိအမှတ်ပြုရေး ဆိုသည့် အချက်ကိုမူ အလျှော့ပေးမည်မဟုတ်ဟု သူက ဆက်ပြောသည်။

လေးပွင့်ဆိုင်တွေ့ဆုံရေးပြုလုပ်ရန် အစိုးရဘက်က သဘောတူလိုက်သော်လည်း အတည်ပြုပြီး ဥပဒေတစ်ရပ်ကို ပြင်ဆင်ရန်မှာ လွှတ်တော်တွင်း လုပ်ထုံးလုပ်နည်းအရ အဆင့်ပေါင်းများစွာရှိသည်ဟု သိရသည်။

ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူးဦးစောလှထွန်းက “အတည်ပြုပြီးသားဥပဒေတစ်ရပ်ဆိုရင်လည်း ပြင်ဆင်တဲ့ဥပဒေအနေနဲ့ပဲ ထပ်တင်ရတာ။
ဒီဆောင်ရွက်နေတဲ့ ဥပဒေကြီးကို ဘယ်လိုပြင်ဆင်ချင်ပါတယ်ဆိုတဲ့ အကြောင်းအရာနဲ့ ဘယ်ဥပဒေကို ပြင်ဆင်တဲ့ဥပဒေ ဆိုပြီးတော့ ဥပဒေကြမ်းတစ်ရပ်လိုပဲ ပြန်ဆွဲပြီးတော့ တင်ရတာ။ အစအဆုံး လုပ်စရာတော့ မလိုတော့ဘူး။ ပြင်ဆင်မယ့်အချက်လေးတွေကိုပဲ တင်ပေးရတာ” ဟု ရှင်းပြသည်။

အစိုးရ သို့မဟုတ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ ဥပဒေပြင်ဆင်လိုကြောင်း တင်ပြချက် ဥပဒေကြမ်းကော်မတီသို့ ရောက်ရှိလာပါက သက်ဆိုင်ရာပညာရှင်များ၊ သက်ဆိုင်သူများနှင့် အစည်းအဝေးပြုလုပ်ပြီး လွှတ်တော်သို့ အစီရင်ခံရသည်။

လွှတ်တော်က အတည်ပြုပေးလျှင် အမျိုးသားလွှတ်တော်သို့ ထပ်မံ တင်သွင်းရကြောင်း၊ အမျိုးသားလွှတ်တော်က အတည်ပြုလိုက်လျှင် ထိုဥပဒေ အတည်ဖြစ်သွားကြောင်း၊ အတည်မပြုပါက ပြည်သူ့လွှတ်တော်သို့ ပြန်လည်ရောက်ရှိလာမည်ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးရမည်ဖြစ်ကြောင်း သိရသည်။

မန္တလေး-ရန်ကုန်လမ်းတွင် ချီတက်နေသော ကျောင်းသားများဖြတ်သန်းရာ ပုပ္ပါးတောင်အနီး ဆင်တဲဝကျေးရွာအပြင်ဘက် လမ်းမကို လုံထိန်းရဲအင်အား တစ်ရာခန့်က ဗုဒ္ဒဟူးနေ့ ညနေပိုင်းတွင် ပိတ်ဆို့ထားသည်ဟု ထိုနေရာသို့ ရောက်နေသော စာနယ်ဇင်းသမားတစ်ဦးထံမှ သိရသည်။

The Yangon Globe

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.