01/30/15


အမျိုးသားပညာရေး ဥပဒေကို ဆန္ဒပြချီတက်နေတဲ့ ကျောင်းသားတွေရဲ့ ဒီမိုကရေစီ ပညာရေး သပိတ်စစ်ကြောင်း ကျောင်းပန်းတောင်မြို့မှာ ကြိုဆိုမှု မြင်ကွင်း
(ရိုက်ကူး - အာကာမင်း ) DVB TV


IS အစ္စလာမစ် နိုင်ငံ အဖွဲ့က ဖမ်းဆီးထားတဲ့ ဂျော်ဒန် တိုက်လေယာဉ်မှူး Moaz al-Kasasbeh ပြန်လည် လွတ်မြောက်ရေးကို အမြန်ဆုံး ဆောင်ရွက်ပေးဖို့ ဂျော်ဒန် နိုင်ငံတွင်းမှာ ဖိအားပေးမှုတွေ တိုးပွားလာနေချိန်မှာပဲ ဂျော်ဒန် အစိုးရအဖွဲ့တွင်း တွေ့ဆုံ ဆွေးနွေး နေကြပါတယ်။

အစောပိုင်းတုန်းက IS အဖွဲ့က ထိန်းသိမ်းထားတဲ့ နောက်ထပ် ဓားစာခံ ဂျပန်လူမျိုး Kenji Goto ရဲ့ အသံနဲ့ ပြောထားတဲ့ ရာဇသံကို IS အဖွဲ့က ထုတ်ပြန်ခဲ့ရာမှာ အသေခံ ဗုံးခွဲဖို့ ကြံစည်မှုနဲ့ ဂျော်ဒန်မှာ အကျဉ်းကျ ခံနေရတဲ့ အီရတ် အမျိုးသမီးကို ဒီကနေ့ နှောင်းပိုင်း မတိုင်ခင် ပြန်လွှတ်ပေးဖို့နဲ့ မဟုတ်ရင် အဲဒီ တိုက်လေယာဉ်မှူး Moaz al-Kasasbeh ကို သတ်ပစ်မယ်လို့ ရာဇသံ ပေးထားပါတယ်။

အကျဉ်းသားချင်း လဲလှယ်ပေးဖို့ ဂျော်ဒန် အစိုးရက သဘောတူထားပြီး ဖြစ်ပေမယ့် အဲဒီ တိုက်လေယာဉ်မှူး Moaz al-Kasasbeh အသက်ရှင် နေသေးကြောင်း သက်သေပြဖို့ ဂျော်ဒန် အစိုးရက တောင်းဆို ထားပါတယ်။

အဲဒီလို အကျဉ်းသား လဲလှယ်ရာမှာ ဂျပန်လူမျိုး ဓားစာခံ Kenji Goto လည်း ပါဝင်မယ် မပါဝင်ဘူး ဆိုတာကို ဖော်ပြခြင်း မရှိပါဘူး။

http://www.bbc.co.uk/burmese/world/2015/01/150129_jordan_discuss


ကျောက်ပန်းတောင်းမြို့  စက်မှု လက်မှု သိပ္ပံကျောင်းရှေ့ရောက် သပိတ်မှောက်စစ်ကြောင်း (ဓာတ်ပုံ - ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီ)
အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်သည့် အနေဖြင့် ရန်ကုန်မြို့သို့ လမ်းလျှောက်ချီတက်နေသော သပိတ်မှောက်ကျောင်းသားများသည် ပြီးခဲ့သောရက်ပိုင်းအတွင်း အင်အားသုံးဟန့်တားခံရမည့် အနေအထားနှင့် ရင်ဆိုင်ခဲ့ရသော်လည်း   ကြာသပတေးနေ့ ပုပ္ပါး နှင့် ကျောက်ပန်းတောင်းမြို့ကြားလမ်းခရီးကို အေးချမ်းစွာ ဖြတ်ကျော်နိုင်ခဲ့သည်ဟု သိရသည်။
 ပုပ္ပါးမြို့မှ စတင်ထွက်ခွာချိန်တွင် ဒေသခံအာဏာပိုင်တို့ ရောက်လာပြီး ခွင်ပြုမိန့် ရရှိပြီးမှ  ဆန္ဒပြချီတက်ကြရန် အသိပေးပြောကြားမှုသာ ရှိသည်ဟု  ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီ ပြန်ကြားရေးတာဝန်ခံ ကိုရဲရင့်ကျော်ကပြောကြားသည်။

ချီတက်နေသူများ ကျောက်ပန်းတောင်းမြို့တွင် တစ်ညတာ နားခိုမည်ဖြစ်သည်။
  ကျောင်းသားများ တောင်းဆိုထားသည့် ပညာရေး လေးပွင့်ဆိုင်ဆွေးနွေးမှုကို အစိုးရ ဘက်က လက်ခံလိုက်ပြီဖြစ်သောကြောင့် လာမည့် တနင်္ဂနွေနေ့ ရန်ကုန်မြို့တွင်  တွေ့ဆုံ ကြမည်ဟု သိရသည်။
ဆွေးနွေးသည့်နေ့တွင် ချီတက်မှု ရပ်နားမည်ဟု အစိုးရကိုယ်စားလှယ်နှင့် တွေ့ဆုံအပြီး ထွက်ပေါ်လာသော သဘောတူညီချက်တွင်  တစ်ရက်တာ ရပ်နားမည် သို့မဟုတ် ထိုနေ့မှ စတင် ရပ်နားမည် ဆိုသည်ကို ရှင်းလင်းစွာ ဖော်ပြထားခြင်း မရှိပေ။

ဆက်လက်ချီတက်ရေးနှင့် ပတ်သက်ပြီး ကျောင်းသားများကြားတွင် သဘောထားကွဲလွဲမှု ပေါ်ပေါက်လာသည်ဟု သတင်းထွက်ပေါ်နေစဉ်
  တနင်္ဂနွေ  တစ်ရက်သာ ချီတက်မှု ရပ်နားမည် ဖြစ်ကြောင်း  ကော်မတီဝင်များက ယနေ့ ထပ်မံ ပြောကြားသည်။
"အားလုံး တိုင်ပင်ပြီးပြီ။ အခု ချီတက်တဲ့အတိုင်း ဆက်လက်သွားမယ်။ ဆွေးနွေးတဲ့အပိုင်းက ဆွေးနွေးမယ် ချီတက်တဲ့အပိုင်းက ချီတက်မယ်။
ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့ တောင်းဆိုထားတဲ့ အတိုင်း အကောင်ထည်ပေါ်မလာသေးလို့ပဲ" ဟု  ကိုရဲရင့်ကျော်က ကြာသပတေးနေ့ ညနေပိုင်းတွင် ပြောကြားသည်။

ကော်မတီဝင် ကိုမင်းသွေးသစ်ကလည်း  "သမ္မတအနေနဲ့ ကျွန်တော်တို့ တောင်းဆိုတာကို လက်မခံဘူး ဆိုရင်တော့ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ ရန်ကုန်မှာ အထိုင်သပိတ်စခန်းဖွင့်ပြီး တောင်းဆိုမှာပါ"
ဟု  ပြောသည်။

 သပိတ်စစ်ကြောင်းသည် ကျောက်ပန်းတောင်းမြို့ နည်းပညာတက္ကသိုလ်တွင် သွားရောက်ပညာရေးဥပဒေအား ကန့်ကွက်ရခြင်းအကြောင်း ဟောပြောခဲ့သည်။
အရပ်ဝတ် လူအုပ်စုတစ်ခုက ချီတက်နေသည့်ကျောင်းသားများကို ရန်မူဖွယ်ရှိသည်ဟူသော
သတင်းထွက်ခဲ့သည်။
ယမန်နေ့ကလည်း လုံထိန်းရဲတပ်သား တစ်ရာဝန်းကျင်က ချီတက်မည့် လမ်းကြောင်းကို ပိတ်ဆို့ထားခဲ့သည်။

https://www.facebook.com/TheYangonGlobe

ပျောက်ဆုံးသွားတဲ့ မလေးရှား လေကြောင်းပိုင် MH370 လေယာဉ်ဟာ မတော်တဆ ပျက်ကျ သွားတာ ဖြစ်ကြောင်းနဲ့ အသက်ရှင် ကျန်ရစ်သူ မရှိကြောင်း မလေးရှား အစိုးရက တရားဝင် ကြေညာလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ် မတ်လကတည်းက ပျောက်ဆုံးနေတဲ့ အဲဒီ လေယာဉ်ကို ခုချိန်အထိ အစအန မတွေ့ရသေးပေမယ့် ရှာဖွေမှုတွေ ဆက်လက် လုပ်ဆောင် နေကြောင်း၊ လေယာဉ်ပေါ် လိုက်ပါသွားသူ ၂၃၉ ဦးကိုတော့ သေဆုံး သွားပြီလို့ မှတ်ယူလိုက်ကြောင်း အရာရှိတွေက ပြောပါတယ်။

အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းမှာ နိုင်ငံ ၂၅ နိုင်ငံက ကျွမ်းကျင်သူတွေ ပူးပေါင်း ရှာဖွေ နေကြပေမယ့် ခုချိန်ထိ လေယာဉ်ပျက် အစအနကို မတွေ့ရ သေးပါဘူး။

ခုလို လေယာဉ် ပျက်ကျကြောင်း တရားဝင် ကြေညာ လိုက်တဲ့အတွက် ကျန်ရစ်သူ မိသားစုတွေ အတွက် လျော်ကြေးငွေ ပေးဆောင်မှုတွေ ဆက်လက် လုပ်ဆောင် သွားဖွယ် ရှိပါတယ်။

http://www.bbc.co.uk/burmese/world/2015/01/150129_malaysia_declares_mh_370_accident

ကိုအောင်နိုင်ဝင်း
မလေးရှား လေဆိပ် အာဏာပိုင်တွေက မြန်မာနိုင်ငံသား တဦးကို အကြောင်းမဲ့ထိန်း သိမ်းရိုက်နှက်ခဲ့တဲ့ အပေါ် စုံစမ်း စစ်ဆေးဖို့ အာဆီယံ လူထုဖိုရမ် အပါအ၀င် မလေးရှာ လူမှုအဖွဲ့အ စည်းတချို့က တောင်းဆို ကြပါတယ်။

အာဆီယံလူထုဖိုရမ်တက်ဖို့ ဇန်န၀ါရီလ ၂၁ ရက်နေ့က မလေးရှားအသွား ကွာလာ လမ်ပူလေဆိပ်မှာ ကိုအောင်နိုင်ဝင်း (ခ) ရှိုင်း ရိုက်နှက်ခံခဲ့ရတဲ့ အပေါ် တောင်းဆိုခဲ့ကြ တာပါ။

ကာယကံရှင် ကိုအောင်နိုင်ဝင်း (ခ) ရှိုင်းက “အဲဒီနေ့က လေဆိပ်က လ၀က ကို ၀င်တဲ့ အခါကျတော့ ရုံးသွားခိုင်းတယ်။ ဟိုရောက်တော့ သူစာအုပ်ထပ်လိုက်တယ်။ ၁၀ မိနစ် လောက်ကြာတဲ့အခါကျတော့ ကျနော့်ကို အတွင်းထဲမှာဝင်ထိုင်ခိုင်းတယ်။ ဘာဖြစ်လို့ ထိုင်ခိုင်းလဲဆိုတော့လည်း ဘာမှ အကြောင်းမပြန်ဘူး။ ”

သူဟာ Malaysian Relief Agency (MRA) မှာ ညှိနှိုင်းဆောင်ရွက်ရေးမှူးအဖြစ်၂၀၁၂ ခုနှစ်ကတည်း အလုပ်လုပ်နေပြီး တလကို ၂ ကြိမ်လောက် ပုံမှန်အလုပ်ကိစ္စနဲ့ မလေးရှားကို သွားရောက်နေတာလို့ ပြောပါတယ်။

ဒီကိစ္စကို သူက MRA ကို အကြောင်းကြားသလို အာဆီယံလူထုဖိုရမ်ဆီကိုလည်း အကြောင်းကြားခဲ့ပါတယ်။ အဖွဲ့အစည်းတွေက ဆက်သွယ်မေးမြန်မှုတွေအပြီးမှာ ထိန်းသိမ်းရေး စခန်းကို ပို့ဆောင်ခံရသလို  တယ်လီဖုန်းနဲ့ တခြားပစ္စည်းတွေလည်း သိမ်းဆည်းခံရတယ်လို့ ဆိုပါတယ်။

သူက “ ကျနော်လေယာဉ်ဆိုက်တာက  ည ၈ နာရီ ၁၅၊  ၈ နာရီခွဲကျော်ကျော်လောက်မှာ ကျနော်တို့ကို မှန်ခန်းထဲ ထည့်ထားလိုက်တာပေါ့လေ။ ည ၁၂ နာရီလောက်မှာ ဗိုက်က တအား ဆာလာတယ်လေ။ အစားအသောက်လည်းမရှိတဲ့အခါကျတော့ ငါ့ကို ရေနဲ့ ငါ့အထုပ်ထဲမှာ မုန့်ပါတယ်၊ မုန့်ယူခွင့်ပေးပါလို့ သူက လုံးဝမလုပ်ဘူး။ နောက် ၃ နာရီလောက်မှာ ကျနော်သူတို့ကို ပြန်ပြောတယ်။ အဲဒီမှာ နှစ်ဘားနဲ့အရာရှိက ၀င်လာပြီး မျက်ကို ပိတ်ပိတ်ထိုးတာ။ မျက်နှာကိုရိုက်တယ်။ ပြီးတော့ ကျနော့် ဂျိုစောင်းကို လက်သီးနဲ့ ပိတ်ထိုးတာ။ မင်းတို့ငါ့ကို ဒီလို လုပ်ပိုင်ခွင့်မရှိဘူးလို့ ပြန်ပြောတော့ ထပ်ထပ်ပြီးရိုက်တယ်။ အဲဒါနဲ့ ကျနော်ဘာမှ မပြောဘဲ ထောင့်နားလေးမှာ သွားထိုင်နေလိုက်တယ်။ အထဲမှာလည်း လူအယောက် ၂၀၀ ကျော်လောက်ရှိတယ်” လို့ ပြောပါတယ်။

ဖုန်းသိမ်းခံရတဲ့အတွက် မလေးရှားနိုင်ငံက မြန်မာသံရုံးကိုတော့ အကြောင်းမကြားဖြစ် တော့ဘူးလို့ ပြောပါတယ်။

နောက်နေ့မှာတော့ အရာရှိ ၃ ဦးက သူ့ကို လာတွေ့ပြီး အခြေအနေအရ ပြည်ဝင်ခွင့်မပြုနိုင်ဘူးလို့ ပြောကြောင်း၊ ပြည်ဝင်ခွင့်မပြုရင် ပြန်ပို့ပါလို့ ပြောတဲ့အတွက် ၂၃ ရက်နေ့မှာ မြန်မာပြည်ကို ပြန်လာခွင့်ရခဲ့တယ်လို့ ဆိုပါတယ်။

ရန်ကုန်ပြန်ရောက်တဲ့အခါ မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံရုံးကို မေးမြန်းရာမှာလည်း သူတို့ကိုယ်တိုင် မပြောတတ်နိုင်ဘဲ ခုထက်ထိ ဘာကြောင့် ချုပ်နှောင်ထိုးကြိတ်ခံရတယ်ဆိုတာ မသိသေးဘူးလို့ဆိုပါတယ်။ ဒီကိစ္စကို မြန်မာအစိုးရအာဏာပိုင်တွေထံမှာ တိုင်ကြားခြင်းတော့ မရှိဘူးလို့ သူက ပြောပါတယ်။

သူ့ရုံးချုပ်ကလည်း မေးမြန်းချက်တွေအရ မလေးအာဏာပိုင်တွေက နာမည်ပျက်စာရင်း ပါတဲ့ နာမည်တခုနဲ့ မှားပြီး လုပ်လိုက်တဲ့ပုံစံမျိုးမှာရှိတယ်လို့ ပြောပါတယ်။

By နော်နိုရင်း (ဒီဗွီဘီ)
http://burmese.dvb.no/archives/79250

ဓာတ်ပုံ (Lauren Hebden ဖေ့ဘွတ်ခ်)

ထိုင်းနိုင်ငံ တောင်ပိုင်း လိပ်ကျွန်းမှာ နောက်ဆုံး တွေ့မြင်ခဲ့ ရပြီးနောက် ပျောက်ဆုံးသွားတဲ့ ဗြိတိန် ခရီးသွား အမျိုးသမီး တဦးကို အသည်း အသန် ရှာဖွေနေတယ်လို့ ဆိုပါတယ်။

ပျောက်ဆုံး နေသူဟာ အသက် ၂၇ နှစ်အရွယ် လော်ရန် ဟက်ဒန် ဖြစ်ပြီး နိုင်ငံရပ်ခြားမှာ ပျောက်ဆုံးသူများ ရှာဖွေရေး အဖွဲ့က ရှာဖွေနေတယ်လို့ ဗြိတိန် အခြေစိုက် The Mirror သတင်းမှာ ရေးပါတယ်။

၂၀၁၃ ခုနှစ် စက်တင်ဘာလက စတင် ခရီးသွားနေတာ ဖြစ်သလို အီးမေးလ်၊ စကိတ်တွေနဲ့ ပုံမှန် အဆက်အသွယ်ရှိပေမယ့် ၂၀၁၄ စက်တင်ဘာလမှာ ဆက်သွယ်မှု ပြတ်တောက်သွားတယ်လို ဆိုပါတယ်။

၂၀၁၄ ဒီဇင်ဘာမှာတော့ အီးမေးလ်တစောင် လက်ခံရရှိခဲ့သလို လော်ရန်နဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေ မြင့်တက်နေတယ်လို့ ဒီအဖွဲ့က ထုတ်ပြန်ပါတယ်။

သူဟာ လိပ်ကျွန်းမှာ နောက်ဆုံး ရှိတယ်လို့ ယူဆရပြီး တခြားကျွန်းတွေကို သွားနိုင်တယ်လို့လည်း ခန့်မှန်းနေပါတယ်။

လော်ရန်ဟာ ခရစ္စမတ်နဲ့ နှစ်ကူးတွမှာလည်း မိသားစုကို ဆက်သွယ်ခဲ့ခြင်းမရှိဘူးလို့ အဖွဲ့ထုတ်ပြန်ချက်မှာ ရေးပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/79199



ဒီဇင်ဘာ ၂၈ ရက်နေ့က ဂျာဗား ပင်လယ်ပြင် ထဲကို ပျက်ကျ သွားခဲ့တဲ့ အဲအေးရှား လေယာဉ်ကို ပြင်သစ် နိုင်ငံသား တွဲဖက် လေယာဉ်မှူးက ပျက်ကျချိန်မှာ ထိန်းချုပ် မောင်းနှင်ခဲ့ကြောင်း စစ်ဆေး တွေ့ရှိရတယ်လို့ အင်ဒိုနီးရှား စုံစမ်း စစ်ဆေးသူတွေက ပြောပါတယ်။

လေယာဉ်မှူး အခန်းက အသံမှတ်တမ်းနဲ့ ပျံသန်းမှု မှတ်တမ်းတွေ အရ ပြင်သစ် နိုင်ငံသား တွဲဖက် လေယာဉ်မှူး Remi Plesel က ထိန်းချုပ် မောင်းနှင်ခဲ့တယ် ဆိုတာ ညွှန်ပြ နေကြောင်းနဲ့ အခုလို အကူ လေယာဉ်မှူးက ထိန်းချုပ် မောင်းနှင်တာဟာ ထုံးစံ ဖြစ်ကြောင်း အရာရှိတွေက ပြောပါတယ်။

လေယာဉ် ပျက်မကျမီမှာ အမြင့်ပေ ၃၂၀၀၀ ကနေ ပေ ၃၇၄၀၀ ကို စက္ကန့် ၃၀ အတွင်း မြင့်တက်ခဲ့ကြောင်း၊ အဲဒီနောက် အမြင့်ပေ ၃၂၀၀၀ ကို ပြန်လည် နိမ့်ဆင်းခဲ့ကြောင်း၊ ဒီလို အမြင့်ပေ ပြောင်းလဲတဲ့ ဖြစ်စဉ် တစ်ခုလုံးက ၃ မိနစ်သာ ကြာခဲ့ကြောင်း စုံစမ်း စစ်ဆေးသူတွေက ပြောပါတယ်။

အဲအေးရှား လေယာဉ်ဟာ ဆူရာဘာယာ ကနေ စင်ကာပူကို လူ ၁၆၂ ဦး တင်ဆောင် ပျံသန်းစဉ် ပျက်ကျခဲ့တာ ဖြစ်ပြီး ခုချိန်ထိ အလောင်း ၇၃ လောင်းကို ရှာတွေ့ပြီး ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.co.uk/…/wor…/2015/01/150129_air_asia_co_pilot

သပိတ်မှောက် ကျောင်းသားများကို ကျောက်ပန်းတောင်းမြို့မှ မြို့လုံးကျွတ်နီးပါးကြိုဆို
ကျောင်းသားသပိတ် ကျောက်ပန်းတောင်းသို့ ရောက်ရှိ





သပိတ်မှောက် ကျောင်းသားများကို ကြိုနေကြသော အခြေခံပညာ ကျောင်းသား ကျောင်းသူများ
ဓါတ်ပုံ - BBC Burmese
https://www.facebook.com/bbcburmese

ဓာတ်ပုံ – အာကာ
ကျောင်းသား သပိတ်မှောက် စစ်ကြောင်း ပုပ္ပားမြို့ ပြည်အောင်စံ ကျောင်းကနေ ကျောက်ပန်းတောင်း ကို ဒီကနေ့ မနက်ပိုင်းက ဆက်လက် ချီတက်ထွက်ခွာ လာခဲ့ပါတယ်။

ကျောင်းသား သပိတ်မှောက် စစ်ကြောင်းနဲ့အတူ ဦးကျော်သူဦးဆောင်တဲ့ ပရဟိတကွန်ရက်၊ မန္တလေးရွှေဝါရောင်သံဃာတော်တွေ အပါအ၀င် ပုပ္ပားက အထက်တန်း ကျောင်းသားတွေပါ ပူးပေါင်းပါဝင် ထွက်ခွာလာခဲ့ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/79164


မုံရွာ

ပြီးခဲ့သည့် ရက်ပိုင်းက ဖြစ်ပွားခဲ့သော မန္တလေးနန်းတွင်း စစ် အကျဉ်းထောင်ဖောက် လူသတ် ထွက်ပြေးမှုတွင် ပါဝင် ခဲ့သည့် တရားခံများ အနက်မှ နှစ်ဦး ကို ဇန်န၀ါရီလ (၂၈) ရက်နေ့၊ နံနက် (၁၀) နာရီခွဲ အချိန်တွင် ရွှေဘိုခရိုင် ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိ ခဲ့ကြောင်း သတင်း ရရှိသည်။ တပ်မတော်နဲ့ ဆိုင်တဲ့ အတွက် တပ်မတော် ရွှေဘို တပ်ဖွဲ့ကို လွှဲပြောင်းပေးလိုက် ပါတယ် ဟု ရွှေဘိုခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီး ခင်မောင်လတ်က The Messenger Media သို့ ပြောသည်။

အဆိုပါ တရားခံများကို ရွှေဘိုမြို့၊ ချီပါစုရပ်၊ မင်းကုန်းရွာ အနီးတွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပြီး၊ တရားခံ နှစ်ဦးကို ဖမ်ဆီးနိုင် ခဲ့ကာ၊ တရားခံ တစ်ဦးမှာ ထွက်မြောက်သွား ခဲ့ကြောင်း အဆိုပါ ဌာနမှ သတင်း ရရှိသည်။  မန္တလေး နန်းတွင်း စစ်အကျဉ်းထောင် အတွင်း လူသတ်မှုတွင် ပြစ်မှု ကျူးလွန်သူ ထောင်သား ရှစ်ဦးသည် ကတ်ကြေးကို အသုံးပြုကာ အချက်ပေါင်း များစွာ ထိုး၍ သတ်ဖြတ်ခဲ့ခြင်း ဖြစ်ပြီး၊ သေဆုံးသူ ထံမှ ငွေသုံးသိန်းကျပ်ကို ယူဆောင် ကာ ထွက်ပြေးသွား ခဲ့ခြင်း ဖြစ်ကြောင်း  သိရသည်။

ဇန်န၀ါရီလ (၂၄) ရက်နေ့ညက ဖြစ်ပွားခဲ့သည့် အဆိုပါ ဖြစ်စဉ်တွင် ပြစ်မှု ကျူးလွန်သူ များသည် နန်းမြို့ရိုး ထွက်ပေါက် မုခ်များမှ ထွက်ကြခြင်း မဟုတ်ဘဲ၊ နန်းတွင်း၏ ရာဟု ထောင့်ပြာပြသာဒ်၏  အရှေ့ဘက်၊ ဒုတိယမြောက် ပြအိုးပေါ်မှ တစ်ဆင့် စောင်များကို ကြိုးအဖြစ် အသုံးပြု ဆင်းကာ ကျုံးရေပြင်ကို ကူး၍ ထွက်ပြေးသွား ခဲ့ခြင်း ဖြစ်ကြောင်း မန္တလေး နန်းတွင်းတွင် နေထိုင်သူ တစ်ဦး ထံမှ သိရသည်။ ယင်းကဲ့သို့ တရားခံ နှစ်ဦးဖမ်းဆီးရ မိခဲ့သည့် အတွက် ထွက်ပြေး လွတ်မြောက်ဆဲ တရားခံ ခြောက်ဦး ကျန်ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။  အဆိုပါ တရားခံ များကို ဖမ်းဆီးရမိရေး အတွက် တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တို့ ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

လင်းလင်းမောင်
Messenger News Journal
http://www.messengernewsjournal.com/news/Local/detail.php?id=30789


ရန်ကုန် ဇန်နဝါရီ ၂၈

ရန်ကုန်မြို့၏ လူဦးရေမှာမူ အကျယ်အဝန်း ထက်စာလျှင် ပိုမို လျင်မြန်စွာ တိုးပွားလာခဲ့ပြီး တစ် နှစ်လျှင် ၂ ဒသမ ၆ ရာခိုင်နှုန်း တိုးပွား လာနေကြောင်း ကမ္ဘာ့ဘဏ် ၏ အစီရင်ခံစာ အရ သိရသည်။

မြန်မာနိုင်ငံနှင့် ပတ်သက်သော ကမ္ဘာ့ဘဏ် အစီရင်ခံစာဖြစ်သည့် အရှေ့အာရှ၏ ပြောင်းလဲနေသော မြို့ပြရှုမျှော်မြင်ကွင်း၊ အကျယ် အဝန်းတိုးပွားမှု ဆယ်စုနှစ်တိုင်း တာခြင်းအရ မြန်မာနိုင်ငံ၏ မြို့ပြ ဖွံ့ဖြိုးမှုသည် သက်တမ်းနုနယ်သေး သော်လည်း ကြီးထွားလာနေသည့် အဆင့်သို့ ရောက်နေပြီဖြစ်ကြောင်း၊ ၂ဝ၁ဝ ပြည့်နှစ်အထိ မြန်မာနိုင်ငံ တွင် အရှေ့အာရှအဆင့်အတန်း ဖြင့် တိုင်းပါက မဟာမြို့ပြ ဧရိယာကြီးများ မရှိသေးသော်လည်းရန်ကုန် နှင့်မန္တလေးတို့မှာမူ လူဦးရေ တစ် သန်းမှငါးသန်း အထိရှိသည့်အလယ် အလတ်မြို့ကြီးများ ဖြစ်ကြောင်း ဖော်ပြထားသည်။

ဆက်လက်၍ မြန်မာနိုင်ငံနှင့် သက်ဆိုင်သည့် အဓိကတွေ့ရှိချက် များအနေဖြင့် ၂ဝဝဝ ပြည့်နှစ် နောက်ပိုင်း ပထမဆယ်စုနှစ် အတွင်း မြန်မာနိုင်ငံ၏မြို့ပြဖွံ့ဖြိုး မှုမှာ အိမ်နီးချင်းနိုင်ငံများထက် နောက်ကျခဲ့ရခြင်းမှာ နိုင်ငံ၏စီး ပွားရေးအထီးကျန်မှုကြောင့် ဖြစ် နိုင်ဖွယ်ရှိပြီး ၂ဝ၁ဝ ပြည့်နှစ်အထိ ပင်ဖြစ်ကြောင်း၊ ဒေသတွင်းနိုင်ငံ အကျယ်အဝန်းအရ အကြီးဆုံးများ ထဲတွင်ပါဝင်သည့် မြန်မာနိုင်ငံ သည် ဗီယက်နမ်၊ မလေးရှားတို့ ထက် နှစ်ဆကျော်ကြီးမားသော် လည်း ဗီယက်နမ်မြို့ပြဧရိယာ၏ သုံးပုံတစ်ပုံအောက်နှင့် မလေးရှား ၏ ငါးပုံတစ်ပုံအောက်သာရှိခဲ့ ကြောင်း သိရသည်။

တစ်ဖန် နိုင်ငံ၏မြို့ပြဧရိယာ ပမာဏမှာ ယခုကာလအတွင်း စတုရန်းကီလိုမီတာ ၇၆ဝ မှ ၈၃ဝ သို့ တိုးတက်ခဲ့ရာ တစ်နှစ်လျှင် ဝ ဒသမ ၈ ရာခိုင်နှုန်းမြင့် တက် ခဲ့ခြင်းဖြစ်သော်လည်း ဒေသတွင်း အနိမ့်ဆုံးနှုန်းတစ်ခုဖြစ်ကြောင်း၊ နိုင်ငံလူဦးရေအနက် အများစုမှာ ကျေးလက်ဒေသမှာသာနေထိုင်ကြ သော်လည်း မြို့ပြလူဦးရေတိုး တက်နှုန်းမှာမူ မြို့ပြအကျယ်အဝန်း တိုးနှုန်းထက် ပိုမြန်နေခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏မြို့ပြဧရိယာနေ လူဦး ရေသည် ၂ဝဝဝ ပြည့်နှစ်က ၄ ဒသမ ၇ သန်း(လူဦးရေ၏ ၁ဝ ရာခိုင်နှုန်း)မှ ၂ဝ၁ဝ ပြည့်နှစ်တွင် ၆ ဒသမ ၂ သန်း(လူဦးရေ၏ ၁၃ ရာခိုင်နှုန်း)သို့ မြင့်တက်ခဲ့ကြောင်း သိရသည်။

ဝိုင်းဝိုင်း
The Union Daily
http://uniondaily.net/News/DetailView.aspx…

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.