02/05/15

တပ်မတော်သည်အမျိုးသားရေးကိုဘယ်တော.မှ သစ္စာမဖောက်
တပ်မတော်အင်အားရှိမှတိုင်းပြည်အင်အားရှိမည်
တပ်မတော်သာအမိ၊ တပ်မတော်သာအဖ
ဘယ်သူခွဲခွဲဒို.မကွဲ အမြဲစည်းလုံးမည်
ဘေးပြောတာကိုမယုံနဲ.သွေးပြောတာကိုယုံ
ပြည်ပအားကိုးပုဆိန်ရိုး အဆိုးမြင်ဝါဒီများအား ဘုံရန်သူအဖြစ်သတ်မှတ်ချေမှုန်းကြ
စသည်.၀ါဒဖြန်.ဆိုင်းဘုတ်အနီကြီးများကို စစ်အစိုးရလက်ထက် မြန်မာနိုင်ငံတစ်နံတလျားဝယ် မမြင်ချင်.အဆုံးတွေ.ခဲ.ဖူးပါသည် ။တစ်ခါတစ်ရံ အင်္ဂလိပ်ဘာသာ ဖြင်. Tatmadaw shall never betray the national cause (တပ်မတော်သည်အမျိုးသားရေးကိုဘယ်တော.မှသစ္စာမဖောက် ) ဟူသော ဆိုင်းဘုတ်ကြီးကို မန္တလေးနန်းတော်အ၀င်အရှေ.ဘက်ဂိတ်ဝင်ပေါက်ထိပ်နှင်. တောင်ဘက်ဝင်ပေါက်ထိပ်တွင်ရေးသားထားရာ နိုင်ငံခြားသားများက Tatmadaw ဆိုသည်.အင်္ဂလိပ်စာလုံးကို ကမ္ဘာတွင်တစ်ခါမျှမကြားဖူးသဖြင်. Tatmadaw ဆိုတာဘာလဲ ဟု မေးကြပါသည် ။ Tatmadaw ဆိုသည်မှာ မြန်မာဘာသာ တပ်မတော်ကိုတိုက်ရိုက်အသံဖလှယ်ရေးသားထားခြင်းဖြစ်ပြီး စစ်တပ် ( Armed Forces ) ဟုအဓိပ္ဖါယ်ရကြောင်း ရှင်းပြလိုက်ရပါသည် ။ထိုအခါနိုင်ငံခြားသားများကထပ်မေးသည်မှာ အမျိုးသားရေးဆိုသည်မှာ ဘယ်ပေတံဖြင်.တိုင်းတာသလဲ ၊ ပြီးတော.တပ်မတော်က အမျိုးသားရေးကိုသစ္စာဖောက်မဖောက်ဘယ်လိုသိနိုင်မလဲ ၊ စစ်တပ်ကိုစောင်.ကြည်.ထိန်းကျောင်းတဲ.စနစ်( check and balance ) ရောရှိသလားဟု မေးကြပါသည် ။ ထိုမေးခွန်းများကိုကျွန်တော်မဖြေနိုင်ပါ ။ တပ်မတော်ထိပ်တန်းခေါင်းဆောင်များက ၁၉၆၂ မှစကာစဉ်ဆက်မပြတ်ပြောဆိုဝါဒဖြန်.လာသည်ကတော. တပ်မတော်သည် ဘယ်တော.မှ မမှား ၊ အရပ်သားတွေ နိုင်ငံရေးသမားတွေပဲ မှားနေကြသည်ဟူသတည်း ။ ထို.ကြောင်. တပ်မတော်သည် အနာဂါတ် ဦးဆောင်မှုအခန်းကဏ္ဍတွင်ပါဝင်ရမည်တို. ၊လွှတ်တော်တွင်အရပ်သားများပညာရည်နိမ်.ကျနေသဖြင်. တပ်မှ ၂၅ % ၀င်ပါနေရခြင်းဖြစ်သည် တို. ၊ စစ်တပ်ဘတ်ဂျက်ကိုအရပ်သားများသိစရာမလို တို. ၊ မြန်မာနိုင်ငံ၏သမ္မတသည် စစ်ရေးအမြင်ရှိရမည်တို. ၊ အရပ်သားအစိုးရ၏ထိန်းချုပ်မှုအောက်တွင် စစ်တပ်သည်ရှိစရာမလိုတို. ပြောဆိုနေကြခြင်းဖြစ်သည် ။ အချုပ်အားဖြင်.ပြောရလျင် စစ်တပ်သည် အမြဲမှန်သည် ။ အရပ်သားများသည် အမြဲမှားသည် ။

၂၀၁၄ စက်တင်ဘာ (၃၀ )တွင်အဖမ်းခံရပြီး အောက်တိုဘာ(၄)ရက်နေ.တွင် သေဆုံးသည်ဟုတပ်မတော်သမိုင်းဝယ်ရှားရှားပါးပါးသတင်းထုတ်ပြန်မှု ကြောင်.သိရသော ကိုပါကြီး (ခေါ်) ကိုအောင်နိုင်သေဆုံးမှုတွင် ကိုပါကြီး၏ဇနီးဖြစ်သူနှင်. နိုင်ငံရေးလုပ်ဖော်ကိုင်ဘက်များက ကိုပါကြီးသည် ဥပဒေမဲ.ဖမ်းဆီး ချုပ်နှောင်ခံရပြီး စစ်ကြောရေးတွင် နှိပ်စက်ညဉ်းပန်းမှုဒဏ်ရာများနှင်.(စစ်တပ်လက်ချက်နှင်. ) သေဆုံးသွားကြောင်းပြောကြားခဲ.ကြသော်လည်း တပ်မတော်၏သတင်းထုတ်ပြန်ချက်တွင် ကိုအောင်နိုင်သည် တပ်မတော်မှဖမ်းဆီးထိန်းသိမ်းထားစဉ် အပေါ.သွားနေရင်း အနီးရှိတပ်မတော်သားထံမှ လက်နက်ဝင်လုသောကြောင်. ပစ်ခတ်ဖမ်းဆီးရာမှကွယ်လွန်သွားကြောင်း ၊တောတွင်းတစ်နေရာတွင်သဂြိုဟ်ပြီးစီးကြောင်းဖြစ်သည် ။ တပ်မတော်ပြောသလိုဆိုသူတို.မှာအပြစ်မရှိ တပ်မတော်သားထံမှ လက်နက်ကိုဝင်ရောက်လုံးထွေးသတ်ပုတ်လုယက်ယူငင်သောကိုပါကြီးမှာသာအပြစ်ရှိလေသည် ။ ကိုပါကြီး၏ ဇနီးပြောတာတော.ရှင်းသည် ။ ကျွန်မလဲစစ်ကြောရေးဝင်ဖူးပါတယ် ။ အဲဒိအချိန်မှာ လက်ထိပ်အမြဲခတ်ထားတာပဲ ၊ အဲဒိတော.လက်ထိပ်ခတ်ခံထားတဲ.သူကသေနတ်လုတယ်ဆိုတော. ခြေထောက်နဲ.လုတာလား ၊ ပါးစပ်နဲ.၀င်လုတာလား ဟူ၍ မေးခွန်းထုတ်ထားလေသည် ။

အရပ်သားများသည် ဆိုးလှသည် တပ်မတော်သားထံမှလက်နက်ပင်လုသတဲ. ။ သို.သော် ဤအကြောင်းပြချက်ကို ကျွန်တော်ကြားဖူးသည်မှာ ကြာပြီ ။ ၁၉၈၈ အရေးအခင်းဖြစ်၍ စစ်တပ်မှ အာဏာသိမ်းစဉ် လက်နက်မဲ.အရပ်သားများ ကိုစစ်တပ်မှပစ်ခတ်နှိမ်နှင်းစဉ်က ဆန္ဒပြသမားများသည် တပ်မတော်သားများ၏လက်နက်များကိုဝင်ရောက်လုယက်သောကြောင်.ပစ်ခတ်နှိမ်နှင်းရခြင်းဖြစ်ကြောင်း ကာကွယ်ပြောကြားဖူးပါသည် ။ နောက်တစ်ခါ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး(ခေါ်) သံဃာတော်များ ငြိမ်းချမ်းစွာ စီတန်းလှည်.လည် ပရိတ်ရွတ်ဖတ် ဆန္ဒထုတ်ဖော်ရာတွင်လည်း လက်နက်မဲ. သံဃာတော်များကိုတပ်မတော်မှ ပစ်ခတ်နှိမ်နှင်းခဲ.ရာသံဃာတော်များ ပျံလွန်တော်မူ ၊ ဒဏ်ရာရ ၊ ဖမ်းဆီးခံခဲ.ရပါသည် ။ ထိုဖြစ်ရပ်ဆိုးကြီးကြောင်. ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီ မြန်မာနိုင်ငံသို.ချက်ခြင်းလာရောက်စုံစမ်းခဲ.ပါသည် ။ ဂမ်ဘာရီကိုစစ်အစိုးရအာဏာပိုင်များက အသိပေးပြောကြားရာတွင် လုံခြုံရေးတာဝန်ယူနေသူတပ်မတော်သားများကို သင်္ကန်းဝတ်များကအတင်းလက်နက်ဝင်လုသောကြောင်. ပစ်ခတ်နှိမ်နှင်းရခြင်းဖြစ်ကြောင်း ပြောကြားခဲ.ပါသည် ။

ထို.ကြောင်.ကျွန်တော်ကောက်ချက်ချမိသည်မှာ တပ်မတော်တွင်လူသတ်မှုဖြစ်လျင် စစ်ဥပဒေအရလွတ်နိုင်သောအကွက်မှာ လက်နက်ဝင်အလုခံရခြင်းဖြစ်နိုင်ပါသည် ။ လက်နက်ဝင်လု၍ ပစ်သတ်လျင် အပြစ်မရှိ (လူသတ်မှုမမြောက်)ဟုသတ်မှတ်ထားပုံရပါသည် ။ ထိုအခါ ဆက်စပ်တွေးမိသည်မှာ ၁၉၈၈ မတ်လ (၁၂)နေ.ညတွင် စက်မှုတက္ကသိုလ်ကျောင်းသားမောင်ဖုန်းမော် သေနတ်ဒဏ်ရာဖြင်.သေဆုံးသွားခြင်း သည် တပ်မတော်လုံထိမ်းများတရစပ်ပစ်ခတ်နေသည်ကို မောင်ဖုန်းမော်မှ သေနတ်ဝင်လုခြင်းကြောင်.ပေလော ။ တဖန်မောင်ဖုန်းမော်နှင်.တစ်ညထဲသေနတ်ပစ်ခံရပြီး နောက်တစ်နေ.မနက်တွင်ကွယ်လွန်ရှာသူ စက်မှုတက္ကသိုလ်ကျောင်းသား မောင်စိုးနိုင် သည်လည်း တပ်မတော်သားများ၏လက်နက်ကိုဝင်လုသလော ။ ရွှေဝါရောင်တော်လှန်ရေးတွင်သေနတ်ထိမှန်သေဆုံးရှာသော ဂျပန်နိုင်ငံသားသတင်းထောက်ကန်ဂျီးနာဂါအိ သည်လည်း ဂျပန်နင်ဂျာ ၊ ဆာမူရိုင်း ၊ ဘူရှီဒို ၊ ခါမိကာဇေ အတတ်ပညာများဖြင်. မြန်မာ.တပ်မတော်သားများကိုအထင်သေးအကဲစမ်းကာ လက်နက်ဝင်လုသဖြင်. မြန်မာ.ကျဉ်ဆန်ကမ္ဘာကိုလွှမ်းစေရမည်ဟူသော ဆောင်ပုဒ်ဖြင်. အပျောက်ရှင်းလိုက်ခြင်းပေလော ။ တော်တော်ဆိုးသောဂျပန်ပေတကား ။ တဖန်မြစ်ကြီးနားတွင် တိုက်ပွဲဖြစ်ရင်း သေနတ်ထိမှန်သေဆုံးရှာသောန၀မတန်းကျောင်းသူလေးသည်လည်း ဘာမသိညာမသိဖြင်. လက်နက်ဝင်လုပုံရသည် ။ တော်တော်မိုက်သောကလေးမပေတကား ။ တပ်မတော်သည် သေနတ်ဝင်မလုလျင်ဘယ်တော.မှအရပ်သားများကိုပစ်သတ်သည်ဟူ၍မရှိ အရပ်သားများကအနေအထိုင်မတတ်ကာ လက်နက်များဝင်လုကြသောကြောင်. ထိုသို. သေဆုံးမှုများဖြစ်ပေါ်လာရဟန်ရှိလေသည် ။ထောင်ထဲတွင်ကွယ်လွန်သွားသော စာရေးဆရာမောင်သော်ကအပါအ၀င် လက်နက်မဲ. နိုင်ငံရေးသမားများသေဆုံးရခြင်းမှာလည်း တပ်မတော်မှစစ်ကြောနေစဉ် သေနတ် ၊လက်ပစ်ဗုံး ၊ R.P.G လောင်ချာ ၊ ဟောင်ဝဇ်ဇာအမြောက်လက်နက်များကိုသူရဲကောင်းဆန်ဆန်ဝင်ရောက်လုံးထွေးလုယက်သောကြောင်. မာလကဈာန်ကြွသွားကြခြင်းဖြစ်နိုင်ပေသည် ။

ယခုအခါ ကျွန်တော်.ကို လွှတ်တော်ကိုယ်စားလှယ်ခန်.ပါ.မည်ဟု တောင်းတောင်းပန်ပန်နှင်. ရှိခိုးဦးတင်လာခေါ်လျင်တောင် ကျွန်တော်လွှတ်တော်အမတ်မလုပ်ဝံ.ပါ ။ လွှတ်တော်ထဲတွင်တပ်မတော်သားကိုယ်စားလှယ်များ ၂၅ % ရှိရာ သူတို.နှင်.နီးကပ်သောခုံတွင်ထိုင်မိပါက ကျောစိမ်.စရာကောင်းသည် ။ ကိုယ်ခံပညာတတ်သူများအတွက်အရာရာသည်လက်နက်ပင်ဖြစ်သည် ။ဘောပင်တစ်ချောင်းသည်လည်းလက်နက် ၊ ပေတံတစ်ချောင်းသည်လည်းလက်နက်အဖြစ်အသုံးပြု၍ ရသည်ဖြစ်ရာ ကျွန်တော်ကမတော်တဆ သူတို.ဘောပင်ငှားပြီး မေ.၍ ပြန်မပေးခဲ.မိလျင် လက်နက်လုခံရသည်ဆိုပြီး ကျွန်ပ်ကို သတ်ဖြတ်ပစ်နိုင်ပေ၏ ။ ထို.ကြောင်.လွှတ်တော်အမတ်လုပ်ရမှာစိတ်မရဲခြင်းဖြစ်ပေသည် ။

မြန်မာနိုင်ငံတွင် တပ်မတော်သည် တိုင်းပြည်ကိုအချစ်ဆုံးမျိုးချစ်အဖွဲ.ကြီးဖြစ်သည် ။ လူတွေကသာဆိုးနေသဖြင်. ပြေလည်မှုမရခြင်းဖြစ်သည် ။ တပ်မတော်သည်မလွှဲသာသဖြင်.တာဝန်အရ စွဲကိုင်ထားသောလက်နက်များကို အရပ်သားပြည်သူများ ၊ တိုင်းရင်းသား လက်နက်ကိုင်များကမသမာသောအကြံဖြင်. လုယက်ယူငင်ရန်စကောလောက်မှစောက်မနက်သောအကြံဖြင်.ကြံနေကြခြင်းဖြစ်သည် ။ တပ်မတော်ကမဆိုး ၊လူတွေကဆိုးနေကြခြင်းဖြစ်၏ ။ တပ်မတော်သည်အပြစ်မရှိ ၊ လူတွေသာအပြစ်ရှိနေကြခြင်းဖြစ်သည်ကို တွံ အသင်သည် ဂနာဟိ သေသေချာချာ မှတ်လော. ။

သရ၀ဏ်(ပြည် )



အမျိုးသားပညာရေး ဥပဒေနဲ့ပတ်သက်လို့ ၄ ပွင့်ဆိုင် ဆွေးနွေးမှုတွေကို ဖေဖော်ဝါရီ လ ၁၂ ရက်နေ့ နောက်ပိုင်းမှ တွေ့ဆုံတော့မှာဖြစ်တဲ့အကြောင်း အစိုးရက တဖက်သတ် ရက်ရွှေ့ဆိုင်းလိုက်ပြီးတဲ့နောက်မှာတော့ ရပ်နားထားတဲ့ ကျောင်းသား သပိတ် စစ်ကြောင်းကို ပြန်လည် စတင်တော့မယ်လို့ ကျောင်းသားခေါင်းဆောင်တွေ က ပြောလိုက်ပါတယ်။ ဒီအကြောင်းကိုတော့ ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်သပိတ်မှောက်နေတဲ့ ကျောင်းသား လှုပ်ရှားမှုတွေဖြစ်အပြီး ၄ ပွင့်ဆိုင် ဆွေးနွေးဖို့အတွက် ဖေဖော်ဝါရီလ ၁ ရက်နေ့က စတင်ခဲ့တာပါ။ အဲဒီနေ့မှာပဲ ကြိုတင်စည်းကမ်းချက် ၉ ချက်ကို အချေအတင် ဆွေးနွေးခဲ့ရပြီးတဲ့နောက် နေပြည်တော်မှာ ဆက်လုပ်ဖို့အတွက် ဖေဖော်ဝါရီလ ၃ ရက်နေ့ကို အစိုးရဘက်က ပြန်လည် ချိန်းဆိုခဲ့ပါတယ်။

ဒီနေ့မှာတော့ အစိုးရဘက်က အချက် ၃ ချက်ကိုပြောဆိုပြီး ဆွေးနွေးပွဲကို ရက်ရွှေ့ဆိုင်းလိုက်တဲ့အတွက် တိုင်းနဲ့ပြည်နယ်တချို့မှာ ရပ်နားထားတဲ့ ချီတက်သပိတ်မှောက်မှုတွေကို ပြန်လည် စတင်တော့မှာဖြစ်ကြောင်း ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီရဲ့  ခေါင်းဆောင် မဖြိုးဖြိုးအောင်က ဆိုပါတယ်။

“သပိတ်စစ်ကြောင်းတွေကို ကျမတို့ ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီက ကိုယ်စားမပြုဘူးဆိုတာနဲ့ ပတ်သက်ပြီးတော့ ကျမတို့အနေနဲ့ တကယ် ကိုယ်စားပြု - မပြု၊ ကိုယ်စားပြုမှု ရှိ - မရှိကို ကျမတို့ သပိတ်စစ်ကြောင်းတွေ ပြန်လည် စတင်ခြင်း ပုံစံမျိုးနဲ့ ကျမတို့ဘက်က သက်သေပြမှာဖြစ်ပါတယ်။ ကျမတို့ဒေသအသီးသီးမှာရှိတဲ့ သပိတ်စစ်ကြောင်းတွေက ပြန်လည်ပြီးတော့ တစ်လအတွင်း လှုပ်ရှားပြီးတော့ ချီတက်သပိတ်ကို ဆင်နွှဲပြီးတော့ ရန်ကုန်မြို့မှာ အားလုံး ပြန်လည် စုစည်းခြင်းအားဖြင့် ကျမတို့ရဲ့ ကိုယ်စားပြုမှုကို ထုတ်ဖော်မှာဖြစ်ပါတယ်ရှင့်။”

ဒီလိုရွှေ့ဆိုင်းမှုနဲ့ပတ်သက်လို့ မြန်မာအစိုးရဘက်က သတင်းထုတ်ပြန်ရာမှာတော့ ဆွေးနွေးတဲ့အဖွဲ့အစည်းတွေကြားမှာ ကြိုတင်ညှိနှိုင်းတဲ့ သဘောတူညီချက်ရမှသာ အောင်မြင်တဲ့ ဆွေးနွေးပွဲတွေ ကျင်းပနိုင်မှာဖြစ်လို့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့နောက်ပိုင်းကို ရွှေ့ဆိုင်းထားတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒီသတင်းထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ သမ္မတရုံးက တာဝန်ရှိသူတဦးကို မေးတဲ့အခါ တစုံတရာ မှတ်ချက်ပေးဖို့ ငြင်းဆိုပါတယ်။ အစိုးရဘက်က အချက် ၃ ချက်ဆွေးနွေးပြီး ရက်ရွှေ့ဆိုင်းမှုလုပ်ခဲ့ကြောင်း မဖြိုးဖြိုးအောင် က ဆက်ပြောသွားပါတယ်။

“ဆရာ ဒေါက်တာသိန်းလွင်နဲ့ ပတ်သက်ပြီးတော့ ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်လိုက်တဲ့ NLD ရဲ့ ကြေညာချက်တခုရှိတယ်။ အဲ့ဒီကြေညာချက်အပေါ်မှာ ဦးအောင်မင်းပြောတာကတော့ ဒီကြေညာချက်ကြောင့်ပေါ့နော် NNER မှာ ဆရာရဲ့ခေါင်းဆောင်မှုက တကယ် ခေါင်းဆောင်မှုရော ရှိရဲ့လားပေါ့။ NNER မှာ တကယ်ခေါင်းဆောင်မှုက ဘယ်သူရှိမလဲပေါ့။ သူတို့ကို တိကျတဲ့ အနေအထား၊ တိကျတဲ့အဖြေမျိုး ပေးဖို့ ပြောတယ်။ ဒီမိုကရေစီ ပညာရေး သပိတ်မှောက် စစ်ကြောင်းတွေကို လက်ရှိ ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီက ကိုယ်စားပြုမှု မရှိဘူးလို့ သတင်းတွေက ထွက်နေတယ်။ ဒါကြောင့်မို့လို့ အဲ့ဒီဟာကို တကယ်ကိုယ်စားပြုမှု ရှိရဲ့လားဆိုတဲ့ အနေအထားမျိုး အစိုးရဘက်က မေးခွန်းထုတ်လာတယ်။ ဒီရက်ပိုင်းမှာပေါ့နော် သူတို့ အင်မတန်မှ အလုပ်များနေတဲ့အတွက်ကြောင့်မို့ ၁၂ ရက်နေ့ နောက်ပိုင်းမှသာလျှင် ဆွေးနွေးပွဲတွေ ပြန်လည်စတင်ဖို့ သူတို့ဘက်က တဖက်သတ် ရက်ရွှေ့ဆိုင်းခဲ့တယ်။ ဒီကိစ္စ ၃ ခုစလုံးကလည်း သမ္မတဆီက တိုက်ရိုက်လာတယ်လို့ ကျမတို့ သိရတယ်။”

ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ယက် NNER က ကိုယ်စားလှယ်ဖြစ်တဲ့ ဒေါက်တာသိန်းလွင်ကတော့ မြန်မာပြည်ရဲ့  ပညာရေး ပြုပြင်ပြောင်းလဲမှုကိစ္စဖြစ်လို့ ကျောင်းသားလှုပ်ရှားမှုကို ဆက်လက်အားပေးပြီး စုပေါင်းခေါင်းဆောင်မှုအဖြစ် NNER ရဲ့ ကိုယ်စားလှယ်အဖြစ် ဆက်လုပ်သွားမှာဖြစ်ကြောင်း ဆွေးနွေးပွဲအပြီး ပညာရေးဝန်ကြီးဌာနရှေ့မှာပဲ ကျောင်းသားတွေနဲ့အတူ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။ မန္တလေးမြို့ကနေ ခရီးရှည်ချီတက်မှု စတင်ခဲ့တဲ့ ကျောင်းသားသပိတ်စစ်ကြောင်းကတော့ မန္တလေး၊ ကျောက်ဆည်၊ မြင်းခြံ၊ တောင်သာ၊ ချောက်၊ ရေနံချောင်းကနေ မကွေးမြို့ကို ရောက်ရှိနေပြီး လူထုတွေရဲ့ အကာကွယ်ပေးမှု ထောက်ခံမှုတွေ ရရှိနေတယ်လို့ ဗကသ ဥက္ကဌ ကိုကျော်ကိုကို က ပြောပါတယ်။

“တောင်သာလို အခက်အခဲကြုံရတဲ့ နေရာမှာတောင် ပြည်သူတွေ ကယ်တင်ခဲ့တာဗျ ကျနော်တို့ကို။ အဲတော့ ဒီမှာရောက်လာတော့ မကွေးမြို့ထဲဝင်လာတဲ့အခါမှာလည်း ကျောင်းပေါင်းစုံက ကျောင်းသားတွေ အကုန်ထွက်လာတယ်။ ဆေးတက္ကသိုလ်တို့ အစရှိသဖြင့် ကျောင်းသားတွေ ၀င်ရောက် ပူးပေါင်းလာတယ်။ ဒါအောင်မြင်တဲ့ အခြေအနေတခု ဖြစ်တယ်။ မြို့ခံတွေရဲ့ အားပေးမှုကလည်း ကောင်းလာတယ်။ ပြီးတော့ မြို့ခံတွေရဲ့ သဘောက ကျောင်းသားတွေဘက်က အသေခံပြီး ကာကွယ်ပေးမယ်ဆိုတဲ့ ကတိစကားတွေလည်း ကြားရတယ်။”

နေပြည်တော်မှာ ဆွေးနွေးပွဲတက်ဖို့လာတဲ့ ကျောင်းသားတွေနဲ့ NNER ကိုယ်စားလှယ်အဖွဲ့တွေ တည်းခိုမယ့်နေရာတွေ အားလုံးကို မငှားရမ်းဖို့ အာဏာပိုင်တွေက ဖိအားပေးထားတဲ့အတွက် လမ်းပေါ်မှာပဲ ညအိပ်ခဲ့ရကြောင်း ကျောင်းသားတွေက ဆိုပါတယ်။ ဒီနေ့နေ့လည် ဆွေးနွေးပွဲ ရပ်နားလိုက်တဲ့အတွက် ထမင်းဝင်စားမယ့် ဘုန်းကြီးကျောင်းကိုလည်း ရဲကားတွေက စောင့်ပြီးပိတ်ဆို့ထားကြောင်း ဒီအတွက် ဗုပ္ဗသီရိမြို့နယ်က NLD တွေ စီစဉ်ပေးတဲ့ အိမ်မှာပဲ ထမင်းစားခဲ့ရကြောင်း အဲဒီအိမ်ကိုလည်း ရဲတွေ လာဝိုင်းခဲ့ကြောင်း ဒီနောက် အပြန်လမ်းမှာတော့ NNER အဖွဲ့က ကားနဲ့ မကွေးမှာရောက်နေတဲ့ ပင်မ သပိတ်စစ်ကြောင်းဆီကိုသွားမယ့် ကားတွေရဲ့နောက်ကိုလည်း ရဲကား ၃ စီးက လိုက်နေကြောင်း ကျောင်းသားတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်း၊ ရန်ကုန်တိုင်းတွေမှာတော့ ရပ်နားထားတဲ့ ကျောင်းသားသပိတ်အားလုံး ရန်ကုန်ကို ဆက်လက်ချီတက်မယ်လို့ ကျောင်းသားခေါင်းဆောင်တွေကဆိုခဲ့ပြီး ဒီနေ့မှာတော့ ဧရာဝတီတိုင်းဘက်က သပိတ်စစ်ကြောင်းဟာ ရန်ကုန်မြို့ကို စတင်ချီတက်လာနေပြီ ဖြစ်ပါတယ်။
http://burmese.voanews.com/content/educational-meeting-postpones/2625972.html

Sajida-al-Rishawi_3180985k
အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ (အိုင်အက်စ်) က ဂျော်ဒန်လေယာဉ်မှူးကို သတ်ဖြတ်ခဲ့ပြီးတဲ့နောက် ဖမ်းဆီးထားတဲ့ အယ်လ်ကိုင်းဒါး အကျဉ်းသား ၂ ဦးကို ဂျော်ဒန်နိုင်ငံက ကြိုးပေး ကွပ်မျက်ပါတယ်။

ဒီလို ကွပ်မျက်လိုက်တဲ့အထဲမှာ ၂၀၀၅ ခုနှစ် ဂျော်ဒန်မြို့တော်မှာ အသေခံဗုံးကွဲတိုက်ခိုက်မှုကြောင့် လူ ၅၀ သေဆုံးခဲ့တဲ့ ဖြစ်ရပ်မှာ အသေခံဗုံးခွဲရာမှာ ပါဝင်လို့ ဖမ်းဆီးထားတဲ့ အီရတ် အမျိုးသမီး ဆာဂျီဒါ အယ်ရီရှားဝီနဲ့ ဇိုင်ယပ် အယ်လ်ခါဘူလီတို့ဖြစ်တယ်လို့ ဂျော်ဒန် အစိုးရ ပြောခွင့်ရကို ကိုးကားပြီး အေပီသတင်းက ရေးပါတယ်။

ဆာဂျီဒါ အယ်ရီရှားဝီကိုတော့ လေယာဉ်မှူးနဲ့ အလဲအလှယ်လုပ်ဖို့ ကနဦးက အိုင်အက်စ်တွေက ကမ်းလှမ်းခဲ့ပေမယ့် အထမမြောက်ခဲ့ပါဘူး။

ဂျော်ဒန်မြို့တော် အမန်းနဲ့ မိုင် ၅၀ အနီးက ဆွာကာ အကျဉ်းထောင်မှာ စီရင်လိုက်တာ ဖြစ်ပြီး နေထွက်ချိန်မှာ သူတို့ ၂ ဦးရဲ့အလောင်းတွေကို လူနာတင်ယာဉ်က လုံခြုံရေး အစောင့်အကြပ် တွေနဲ့ တင်ဆောင်သွားတယ်လို့ ဆိုပါတယ်။

လေယာဉ်မှူး မွတ်သ် အယ် ခါစီဗက်ကို မီးရှို့သတ်ဖြတ်လိုက်တဲ့ ဗွီဒီယိုဖိုင်ကို အင်တာနက်မှာ အိုင်အက်စ်တွေက ဖြန့်ဝေခဲ့ပြီးတဲ့နောက် အိုင်အက်စ်ကို ဆန့်ကျင်တဲ့ အဖွဲ့က ဂျော်ဒန်မှာ ဆန္ဒပြခဲ့ပါတယ်။

ဒီဗွီဘီ
http://burmese.dvb.no/archives/80027


နေပြည်တော် ပညာရေးဥပဒေလေးပွင့်ဆိုင်ဆွေးနွေးပွဲ ရက်ရွှေ့အပြီး သပိတ်စစ်ကြောင်းများ ရန်ကုန်ကို ဆက်လက်ချီတက်လာပြီး သပိတ်လှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ဒီသတင်း­ကို ဦးမျိုးမင်းဦးရဲ့ ပေးပို့ချက်မှာ ရှုစားနိုင်ပါတယ်။
DVB TV - 04.02.2015


ဗိုလ်ချုပ်အောင်ဆန်းပုံတူ ဆီလီကွန်ရုပ်ထု

ဗိုလ်ချုပ်အောင်ဆန်းနှစ်တရာပြည့်အထိမ်းအမှ­တ်အဖြစ် နတ်မောက်မြို့ ဗိုလ်ချုပ်ပြတိုက်မှာ ထားရှိမယ့် ဗိုလ်ချုပ်အောင်ဆန်းပုံတူ ဆီလီကွန်ရုပ်တုကို ထုလုပ်ပြီးစီးသွားပြီ ဖြစ်ပါတယ်။ RFA သတင်းထောက် မစန်းမော်အောင် တင်ပြထားပါတယ်။

RFA

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်မှာ တွေ့ရစဉ်။ photo: Myo Thant Khaing/RFA
မြန်မာနိုင်ငံရဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး လုံးဝလက်လျှော့မှာမဟုတ်ဘူးလို့ ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။

ဗြိတိန်အခြေစိုက် Financial Times သတင်းစာ က တွေ့ဆုံမေးမြန်းရာမှာ ပြောကြားခဲ့တာပါ။

ဒါ့ပြင် သူ့အပေါ် ၂၀၀၈ အခြေခံဥပဒေနဲ့ တားမြစ် ကန့်သတ်ထားတဲ့ သမ္မတဖြစ်ခွင့်နဲ့ ပတ်သက်ပြီးတော့ လည်း လက်လျှော့မှာမဟုတ်ဘူးလို့ ပြောဆိုပါတယ်။ အတုအယောင် ဒီမိုကရေစီဟာ တကယ့်ကို အန္တရာယ်ကြီးပါတယ်၊ အခြေခံဥပဒေပြင်ဆင်ရေးဟာ လွှတ်တော်အတွက် အသက်တမျှ အရေးကြီးပါတယ်၊ ဒါပေမဲ့ ဒီမိုကရေစီအစစ်အမှန်ပါလို့ ယုံကြည်ချင်သူတွေ၊ ယုံကြည်ဟန်ဆောင်သူတွေကလည်း မနည်းလှပါဘူး၊ သို့သော်လည်း အပြောင်းအလဲဟာ ဖြစ်ကိုဖြစ်မှာပါ၊ ဘယ်တော့ပြောင်းမှာလည်းဆိုတာ မပြောနိုင်ပေမဲ့၊ အခြေခံဥပဒေပါ ဒီမိုကရေစီမဆန်တဲ့ အချက်တွေဟာ ရေရှည်ခံမှာမဟုတ်ပါဘူးလို့ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ရှေ့ရေးအတွက် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးကြဖို့ ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ဦးသိန်းစိန်ကို တိုက်တွန်းခဲ့ပေမဲ့၊ ဒီ့ထက်ပိုပြီး ကျယ်ပြန့်ဖို့လိုတယ်လို့ သမ္မတက တုန့်ပြန်ခဲ့ပါတယ်။ အဲသလို အဖွဲ့ပေါင်းစုံ ဆွေးနွေး တာဟာ တစ်ယောက်တစ်ပေါက်နဲ့ အသွင်ကူးပြောင်းရေးကို ထိခိုက်သွားမှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က Financial Times သတင်းစာကို ပြောပါတယ်။

ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်ကိုဝေဖန်ရာမှာ တစ်ခါတရံ ပေါ်ပေါ်တင်တင် တည့်ထိုးကျလွန်းကြောင်း၊ ဒါမျိုးဟာ အနောက်တိုင်း နိုင်ငံရေးယဉ်ကျေးမှုမှာ အလုပ်ဖြစ်နိုင်ပေမဲ့၊ မြန်မာ့နိုင်ငံရေး ယဉ်ကျေးမှုမှာတော့ လိုချင်တဲ့အကျိုးရလဒ် ရမှာမဟုတ်ပါဘူးလို့ ပြောဆိုကြောင်း Financial Times သတင်းစာက ဖေါ်ပြပါတယ်။

ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ခေါင်းဆောင်တွေရဲ့ အတိတ်ကလုပ်ရပ်တွေအပေါ် အာဃာတထားမှာ မဟုတ်ကြောင်း စစ်တပ်ကို ယုံကြည်စေချင်တယ်လို့ သတင်းစာကဆိုပါတယ်။ ကျမတို့ဟာ ကိုယ့်ကိုယ်ကိုယ် အတိတ်ကာလထဲမှာသာ ထာဝရ ချည်နှောင်ထားနိုင်ကြမှာမဟုတ်ပါဘူး၊ ရှေ့ကိုသွားကြရမှာပါ၊ အတိတ်ဟာ သင်္ခန်းစာယူစရာသာဖြစ်ပြီး၊ အချုပ်အနှောင်ခံဖို့ မဟုတ်ပါဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ကြောင်း Financial Times သတင်းစာက ဖေါ်ပြပါတယ်။

RFA Burmese
http://www.rfa.org/burmese/news/dassk-continues-to-try-constitution-amendment-02032015221214.html

အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်ဆန္ဒပြတဲ့ ကျောင်း သားတွေ ဖေဖော်ဝါရီလ ၁ ရက်နေ့က ရေနံချောင်းမြို့ကနေ မကွေးမြို့ကို ချီတက်လာစဉ်။ Photo: Hset Paing Toe/RFA
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ဦးဆောင်တဲ့ ဒီမိုကရေစီ ပညာရေး သပိတ်စစ် ကြောင်း ဟာ မနေ့က မကွေးမြို့မှာ လှည့်လည် ဟောပြော ခဲ့ကြပြီး အဲဒီ့မှာပဲ ညအိပ်ရပ်နား ခဲ့ကြပါတယ်။

ဒီအတောအတွင်း ပညာရေးပြုပြင်ပြောင်းလဲရေး ၄ ပွင့် ဆိုင် ဆွေးနွေးပွဲမှာတက်ရောက်နေတဲ့ ကျောင်းသား ကိုယ်စားလှယ်တွေအနေနဲ့ သပိတ်မှောက်ကျောင်း သားတွေကို တကယ်ကိုယ်စားပြု-မပြုဆိုပြီး အစိုးရဘက်က မနေ့က မေးခွန်းထုတ်ထားတဲ့အတွက် သူတို့ရဲ့ကိုယ်စားပြုမှုကို သပိတ်စစ်ကြောင်းတွေနဲ့ သက်သေပြမယ်လို့ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ဗကသများအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး မဖြိုးဖြိုးအောင်က RFA ကို ပြောပါတယ်။

"ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီ က လက်ရှိသပိတ်စစ်ကြောင်းတွေကို ကိုယ်စားပြုမှု မရှိဘူး ဆိုတဲ့အသံတွေ သူတို့ကြားရတယ်ပေါ့နော်၊ ဒါကြောင့် တကယ့်ကိုယ်စားပြုမှုရောရှိရဲ့လား၊ တစ်ခုခုအကြောင်းပြဖို့ လိုလိမ့်မယ်ဆိုတာမျိုး သူတို့ဘက် ကပြောတယ်၊ ကိုယ်စားပြုမှု မပြုမှုကို အစိုးရဘက်က မေးခွန်းထုတ်လာတဲ့အပေါ်မှာ ကျမတို့ဘက် ကနေပြီးတော့ ကျမတို့ရဲ့ သပိတ်စစ်ကြောင်းတွေကို ဒေသအသီးသီးကနေ ဆက်ပြီးတော့ထွက်လာပြီးတော့ ရန်ကုန်မြို့ကို သပိတ်စစ်ကြောင်း ချီတက်မှုမျိုးနဲ့ ကျမတို့ရဲ့ကိုယ်စားပြုမှုကို ထုတ်ဖော်ပြမယ်လို့ ကျမတို့ ဒီနေ့တစ်ခါတည်းဆုံးဖြတ်ပြီးတော့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်"

အခုလိုအခြေအနေမှာ အစိုးရဘက်က အကြမ်းဖက်ဖြိုခွဲမှာကို စိုးရိမ်တဲ့အကြောင်းနဲ့ နှစ်ဘက်ဆွေးနွေးပွဲတွေ အမြန်ဆုံးပြန်စဖို့ တိုက်တွန်းတဲ့အကြောင်း ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမြအေးက RFA ကို ပြောပါတယ်။

"နေပြည်တော်ဆွေးနွေးပွဲက ပျက်သွားတယ်၊ ဒီဘက်က သပိတ်စစ်ကြောင်းတွေကလည်း ဆက်လက်ပြီး ချီတက်မယ်ဆိုတဲ့အခါကျတော့ ဒီအခြေအနေကြီးဟာ အကြမ်းဖက်နည်းလမ်းနဲ့ အစိုးရဘက်က တုန့်ပြန်ပြီးဖြေရှင်းလာမှာကို ကျနော်တို့ကစိတ်ပူတယ်၊ အဲ့ဒါမျိုးကို ကျနော်တို့မဖြစ်စေချင်ဘူး၊ မယုံသင်္ကာ မှုတွေကတော့ရှိကြတာပဲ၊ အဲ့ဒါတွေကို ခဏဘေးဖယ်ထားပြီးတော့မှ ဆွေးနွေးပွဲကိုပဲ ပြန်ပြီး ဦးတည်စေချင်တယ်၊ အစိုးရရော ကျောင်းသားတွေဘက်ရော ကျနော်တို့တိုက်တွန်းတာ"

ဒီအတောအတွင်းမှာပဲ နေပြည်တော်ကပြန်လာတဲ့ ကျောင်းသားကိုယ်စားလှယ်တွေ၊ NNER ကိုယ်စားလှယ်တွေရဲ့နောက်ကို ထောက်လှမ်းရေးတွေ တောက်လျှောက်လိုက်လာခဲ့တယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese/news/students-evidence-representatives-boycott-02032015234620.html



လူပေါင်း ၅၈ ယောက် လိုက်ပါလာတဲ့ ထိုင်ဝမ် လေကြောင်းလိုင်းက ခရီးသည်တင် လေယာဉ်တစင်းဟာ ဒီကနေ့ အစောပိုင်းမှာပဲ တိုင်ပေမြို့တော်အပြင်က တံတားတစင်းကို ၀င်တိုက်မိပြီး အနီးနားက မြစ်ထဲကို ပျက်ကျခဲ့တဲ့အတွက် လူ ၂၃ ယောက် ထက်မနည်း သေဆုံး သွားတဲ့ အကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

TransAsia လေကြောင်း လိုင်းက လေယာဉ် ATR-72 ဟာ ၉၀ ဒီဂရီလောက်စောင်းပြီး ပျံသန်းလာရာက အတောင်ပံနဲ့ တံတားကို ၀င်တိုက်ပြီး Keelung မြစ်ရဲ့ ရေတိမ်ပိုင်းမှာ ပျက်ကျခဲ့တာပါ။ လေယာဉ်ဟာ အနီးအနားက အဆောက်အဦး အမြင့်တွေကိုတော့ ကပ်လွတ်ပြီး မြစ်ထဲထိုးကျသွားခဲ့တဲ့ လေယာဉ် ပျက်က ပုံတွေကိုတော့ အင်တာနက် လူမှုကွန်ယက်တွေမှာ တွေ့ရပါတယ်။

ရေထဲမှာ တ၀က်တပျက် ပေါ်နေတဲ့ လေယာဉ်ပျက်က ခရီးသည်တွေကိုတော့ ကယ်ဆယ်ရေးလှေတွေနဲ့ ဘေးလွတ်ရာ ကယ်ထုတ်ပေးခဲ့ကြပါတယ်။ ပျောက်ဆုံးနေသူတွေ ရှိနေဆဲ ဖြစ်တဲ့အတွက်လည်း သေဆုံးသူ အရေအတွက် ပိုများမှာကို ထိုင်ဝမ်အာဏာပိုင်တွေ စိုးရိမ်နေကြတာပါ။

TransAsia လေကြောင်းလိုင်းရဲ့ အမှုဆောင် အရာရှိချုပ် Chen Xinde ကတော့ လေယာဉ် မတော်တဆမှုအတွက် တောင်းပန်စကား ပြောကြားခဲ့ပါတယ်။ တိုင်ပေမြို့တော် အနီးအနားမှာရှိတဲ့ Kinmen ကျွန်းကို ဦးတည်ပြီး Sungshan လေဆိပ်ကနေ လေယာဉ်ထွက်ပြီး မကြာခင်မှာပဲ မတော်တဆမှုနဲ့ ကြုံခဲ့ရတာပါ။

ရာသီဥတု သာသာယာယာ အခြေအနေမှာ လေယာဉ် မတော်တဆမှု ဖြစ်ခဲ့ရတဲ့ အကြောင်းရင်းကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ထိုင်ဝမ်လေကြောင်း အာဏာပိုင်တွေကတော့ လေယာဉ်ရဲ့ သက်တမ်းဟာ တနှစ်တောင် မပြည့်သေးသလို၊ ဇန်န၀ါရီလ ၂၆ ရက်နေ့ကမှ နောက်ဆုံးအကြိမ် ဘေးကင်းလုံခြုံမှုအတွက် စစ်ဆေးထားတယ်လို့လည်း ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/taiwan-plane-crash/2628229.html

ဓါတ်ပုံ - BBC
ယခု ဆန္ဒပြ ကျောင်းသားများ အနေဖြင့် ဒေါက်တာသိန်းလွင် ကိစ္စနှင့် ပတ်သက်ပြီး အာရုံမပြောင်းဘဲ မိမိ ဦးတည်ချက် အတိုင်းဆက်လက် လုပ်ဆောင်သွားရန် လိုကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် ဗဟို အလုပ် အမှုဆောင်အဖွဲ့ မှ ဒေါ်နန်းခင်ထွေးမြင့်က the Ladies သို့ ဖေဖော်ဝါရီ ၂ရက် ညနေ ၅နာရီက ပြောသည်။

NNER အဖွဲ့တွင် လက်ရှိလှုပ်ရှားနေသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ် ဗဟိုကော်မတီဝင် တစ်ဦးဖြစ်သည့် ဒေါက်တာသိန်းလွင်သည် ပါတီ စည်းမျဉ်း စည်းကမ်းများဖြင့် ငြိစွမ်းဟန်ရှိသဖြင့် အဖွဲ့ချုပ် စည်းမျဉ်းစည်းကမ်းများ အတိုင်း ဆောင်ရွက်သွားရန်ရှိသည့် အပေါ် ကျောင်းသားများအနေဖြင့် အာရုံမပြောင်းရန် ပြောခြင်းဖြစ်သည်ဟု ဒေါ်နန်းခင်ထွေးမြင့်က ဆိုသည်

ယင်းက` သတင်းဌာန တစ်ချိုက ဒေါက်တာသိန်းလွင့် နှုတ်ထွက် သွားပြီပြော တယ်။အန်တီတို့ဆီမှာ လူတစ်ယောက်ကို ထုတ်ပစ်တယ်ဆိုတာ လွယ်လွယ် ကူကူ ကိစ္စမဟုတ်ပါဘူး။ ဆရာကို မေးလိုက်တော့လည်း သူက နှုတ်ထွက်စာ မတင်ရသေးပါဘူးပြောတယ်။ ကြားထဲ သတင်းရလိုမှုနဲ့ တစ်ခုခု ဖြစ်မှာ စိုးတယ်။ နောက် ကျောင်းသားတွေဘက်ကလည်း ဦးတည်ချက် မပြောင်းပါနဲ့ သူတို့ သွားမယ့်လမ်း ဘာမှ အနှောက်အယှက် မဖြစ် ပါဘူး။ ဒေါက်တာ သိန်းလွင် ကိစ္စက ပါတီ ကိစ္စပဲဖြစ်တယ်။ အခုလည်း ဒေါက်တာ သိန်းလွင် ဆက်လက် ကူညီနေတာ ဖြစ်လို့ ကျောင်းသားတွေ အနေနဲ့ ဦးတည်ရာကို ဆက်လုပ်သွားပါဟု ၄င်းက ပြောကြားခဲ့သည်။

The Ladies News Journal
https://www.facebook.com/News.TheLadies


အင်တာနက် လူမှုရေး ကွန်ရက်ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ တစုံတဦးက ကာမရာဂစိတ် နှိုးကြားစေတဲ့ ဗွီဒီယိုကို ဖြန့်ဝေတယ်ဆိုရင် အရင်ဆုံး သတိထားဖို့ လုံခြုံရေးနဲ့ ပတ်သက်တဲ့ ကျွမ်းကျင်သူတွေက သတိပေးလိုက်ပါတယ်။

ဗွီဒီယိုကနေတဆင့် အသုံးပြုသူတွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နိုင်တဲ့ နောက်ဆုံးပေါ် ဖလက်ရှ် ပလေရာ အတုကို အပ်ဒိတ်လုပ်ဖို့ လင့်ခ် ပေါ်လာမှာ ဖြစ်ပါတယ်။

တကယ်လို့ ဒီလင့်ခ်ကို သွားနှိပ်ပြီး ဗွီဒီယို ပလေယာကို အပ်ဒိတ် လုပ်မယ်ဆိုရင်တော့ မကောင်းတဲ့ ဆောဖ့်ဝဲလ်တွေကို ကွန်ပျူတာက အလိုလို ဒေါင်းလုပ်လုပ်ပြီး ဖြစ်သွားပါလိမ့်မယ်။


ဒီဆောဖ့်ဝဲလ်က ကွန်ပျူတာမှာ ထရိုဂျန် ဆိုတဲ့ ဗိုင်းရပ်စ်တွေကို အလွယ်တကူ ကူးစက်သွားစေမယ်လို့ ဆိုပါတယ်။

ကျွမ်းကျင်တဲ့ လုံခြုံရေး သုတေသီတွေကတော့ ဒီလို ကာမရာဂါ နှိုးကြားစေတဲ့ ဗွီဒီယိုက တဆင့် ထရိုဂျန် ဗိုင်းရပ်စ်တွေက ဖေ့စ်ဘွတ်ခ်ပေါ်က  မိတ်ဆွေ ၂၀ လောက်ကို ထပ်ပြီး တပ်ခ် လုပ်လိုက်သလို အများအပြားကို ကူးစက်စေနိုင်တယ်လို့ ပြောပါတယ်။

၂ ရက်အတွင်း ဖေ့စ်ဘွတ်အသုံးပြုသူ ၁ သိန်းကျော် ကူးစက်သွားနိုင်တယ်လို့လည်း သတိပေးထားပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/80042

လမ်း
အမျိုးသားပညာရေးဥပဒေအား သပိတ်မှောက်လမ်းလျှောက်ဆန္ဒပြနေသည့် ကျောင်းသားသပိတ် စစ်ကြောင်းအဖွဲ့ကို ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် (မြင်းခြံ၊ တောင်သာ၊ ပုပ္ပါး၊ ကျောက်ပန်းတောင်း) ခရီးစဉ်တွေကို ကျွန်တော်လိုက်ပါသွားခဲ့ပါတယ်။ ကျွန်တော် ၂ဝ၁၁ ခုနှစ်က ရေးသားခဲ့တဲ့ “ငယ်စဉ်ကြီး လိုက်” ဆိုတဲ့ ကဗျာစာသားတွေကို အမှတ်ရနေခဲ့တဲ့အတွက် ပြန်လည်တင်ပြလိုက်ပါတယ်။ ယင်းကဗျာစု လေး ပေါ်ပေါက်လာတဲ့ ရည်ရွယ်ချက်က -

(၁) လူသားချင်းစာနာထောက်ထားစေလိုသော စိတ်။
(၂) ဗြဟ္မစိုရ်တရားလေးပါးအား လက်ကိုင်ပြုလိုသော စိတ်။
(၃) စည်းလုံးခြင်း အင်အားစုကြီးဖြင့် ငြိမ်းချမ်းသော ကမ္ဘာ့ရွာကြီး တည်ဆောက်စေလိုသော စိတ်။
(၄) လူမျိုးဘာသာ အဆင့်အတန်း ပညာအရည်အချင်း မခွဲခြားစေလိုသော စိတ်ဓါတ်များ ရှင်သန်
ပေါက်ဖွားစေလိုသော ပရဟိတသမားတစ်ဦး၏ ခံစားမှု (သို့) နိုင်ငံ့အရေး ပြည်သူလူထုအရေးကို
ထမ်းရွက်နေသော ပရဟိတသမားတစ်ဦး လျှောက်ခဲ့သောလမ်း . . . .
ဖောက်ခဲ့သောလမ်း . . . .
ဝင်လေထွက်လေ ရပ်သည်အထိ ဆက်လျှောက်နေမည့်လမ်း . . . . ပင်ဖြစ်တော့သည်။

“ငယ်စဉ်ကြီးလိုက်”

ငယ် - သူငယ်ချင်းတို့ . . .
မင်းတို့နဲ့ငါ ငယ်ငယ်ကလေးထဲက သူငယ်ချင်းတွေပါ။
ကစားဖော်, ကစားဖက်
ကျောင်းပြေးဖော်, ကျောင်းပြေးဖက်
ဆိုးဖော်, ဆိုးဖက်
ဆော့ဖော်, ဆော့ဖက်
ဘောလုံးကစားဖော်, ကစားဖက်
ဘာဘဲလုပ်လုပ် တဖက်ဖက်နဲ့
မင်းတို့ထဲမှာ ငါက စာအညံ့ဆုံး
ဒါပေမဲ့ “ငယ်” သူငယ်ချင်းတို့ . . . မင်းတို့ ငါ့ကိုအချစ်ဆုံး။

စဉ် - သူငယ်ချင်းတို့ . . .
အစဉ်လိုက် - တပူးပူး, တတွဲတွဲနဲ့ ကောလိပ်ရောက်တော့လဲ ရှေ့ဆင့်နောက်ဆင့်ဘဲ။
မင်းတို့က ရှေ့ကသွား ငါက နောက်ကလိုက်ခဲ့။
ပညာရေးကနိမ့်ပါးတော့ ငယ်ဘဝ မိဘတွေမရိပ်မိအောင်
မူးယစ်သုံးတော့လည်း မင်းတို့က တား၊
တားမရတော့လည်း ချစ်နေကြမြဲ။
မင်းတို့ကတော့ ပညာတတ်ကြီးတွေဖြစ်သွား
ငါကတော့ မူးယစ်သံသရာထဲ တဝဲဝဲလည်။
ဒါပေမဲ့ “ငယ်စဉ်” သူငယ်ချင်းတို့ . . . မင်းတို့ ငါ့ကိုအချစ်ဆုံးဘဲ။
ကြီး - သူငယ်ချင်းတို့ . . .
ဘဝပေးအခြေအနေကြောင့် ငါက မင်းသားဖြစ်သွား
မင်းတို့မှာတော့ အင်ဂျင်နီယာကြီးတွေ၊ ဆရာဝန်ကြီးတွေ၊
စစ်ဘက်အရာရှိတွေ၊ သဘောင်္အရာရှိတွေနဲ့
ငါနဲ့မင်းတို့ ဘဝတွေက ကွာခြားသွား။
ငါ့ရဲ့ဘဝထဲ ကြီးသူငယ်ချင်းတို့ နဲ့ ထပ်ဆုံတွေ့
ငါ့ရဲ့ လောကထဲမှာက ပြဿနာပေါင်းစုံ။
အရက်၊ မူးယစ်၊ မိန်းမ၊ လောင်းကစား အစုံဘဲ။
အဲဒီ အစုံအစုံတွေကြား နစ်မွန်းခဲ့ရ။
ဒါပေမဲ့ “ငယ် စဉ် ကြီး” သူငယ်ချင်းတို့ . . . မင်းတို့ ငါ့ကိုအချစ်ဆုံးဘဲ။

လိုက် - သူငယ်ချင်းတို့ . . .
ငါ့ဘဝကို ငါရုန်းထွက်
နာရေးကောင်းမှုထဲ စုံးစုံးဝင်ခဲ့။
လူမှုရေးလမ်းကြောင်းထဲ အဆုံးထိလိုက်ခဲ့။
နာရေးလူမှုရေး တပူးတွဲတွဲ စက်တင်ဘာကိစ္စ စခဲ့ပြီဘဲ။
အကျဉ်းကျ မိသားစု ဘဝကိုယ်ချင်းစာခဲ့။
ငါ့ကို ခေါ်ယူမေးမြန်းခဲ့။
ငါလှည့်ကြည့်မိတယ် …… ဘယ်သူမှ မရှိတော့ဘူး။
…… ဘယ်သူမှ ပါမလာတော့ဘူး။
၂ဝဝ၇ နောက်ပိုင်း …… ငါ့ဘဝမှာ ငါတစ်ယောက်တည်း။
မွေးကတည်းက တစ်ယောက်ထဲ ….. ဆုံးတဲ့အခါမှာလဲ တစ်ယောက်တည်း။
ဒီစကားက မှန်နေဆဲပါ သူငယ်ချင်းတို့
အခု……ငါကောင်းမှုတွေလုပ်နေပြီလေကွာ။
မြတ်စွာဘုရား ဆုံးမဟောကြားထားတဲ့အတိုင်း ဗြဟ္မစိုရ်လူမှုရေးတွေ လုပ်နေပြီကွာ။
လူလူချင်း စာနာထောက်ထားနေပြီလေကွာ။

ငါ့နားမှာ ငယ်စဉ်ကသူငယ်ချင်းတွေ “မင်းတို့ မရှိကြတော့ဘူးလားကွာ”
ငါ့ဘေးမှာကြီးမှပေါင်းတဲ့ အနုပညာသူငယ်ချင်းတွေ “မင်းတို့ မရှိကြတော့ဘူးလားကွာ”
ငါတို့ လက်ချင်း မတွဲကြတော့ဘူးလားကွာ။
ငါဟာ အနက်ရောင်လူသား မဟုတ်ရပါလားကွာ။
ငါဟာ အရှင်လတ်လတ် ဥပေက္ခာလူသားဖြစ်သွားပြီလား ……

အခုတော့ …. ငါ့ဘေးမှာ လူသေတွေနဲ့ လူနာတွေချည်းပဲပေါ့။
ငါ့ကို မင်းတို့တွေ့ရမှာ၊ ဆုံရမှာ ဘာလို့များ ကြောက်နေရတာလည်းကွာ။
ငါဟာ တစ္ဆေ၊ သရဲ၊ ပြိတ္တာ၊ မကောင်းဆိုးဝါး မဟုတ်ပါဘူးကွာ။
ပြည်သူတွေရဲ့ဒုက္ခ အခက်အခဲတွေကို တပိုင်တနိုင် ဖေးမပေးနေတဲ့ ငါပါကွ။
မင်းတို့၊ ငါတို့ အများပြည်သူလူသားအားလုံးဟာ
ခင်ပွန်းကြီးဆယ်ပါးထဲမှာ အကျုံးဝင်တယ်ဆိုတာ မမေ့ကြပါနဲ့ကွာ။
လူမှုရေးဟာ … ပြည်သူ့အရေး
ပြည်သူ့အရေးဟာ … နိုင်ငံ့အရေး
နိုင်ငံ့အရေးဟာ …. မင်းတို့ ငါတို့ရဲ့ အရေးလေကွာ။

မင်းတို့ မရက်စက်ကြပါနဲ့
မင်းတို့ အတ္တမကြီးကြပါနဲ့
မင်းတို့ရဲ့ ပညာရပ်တွေကို ဘယ်သူမှမထိနိုင်၊ မခိုးနိုင်ပါဘူး။
မင်းတို့ရဲ့ ပညာတွေ မပွန်းနိုင်ပါဘူး။ မပဲ့နိုင်ပါဘူးကွာ။
ဓားဆိုတာ သွေးနေမှထက်တယ်တဲ့။
မင်းတို့တတ်မြောက်ထားတဲ့ပညာရပ်တွေကို အသုံးချကြပါတော့ကွာ။
ဒါမှ မင်းတို့ရဲ့ပညာတွေ တောက်ပြောင်ထက်မြက်လာမှာပါ။

ခုတော့ …… ငါ့မှာတော့ တစ်ယောက်ထဲ
မင်းတို့ရဲ့ ဥပေက္ခာလုပ်ရပ်က မှားနေပြီလား။
မင်းတို့ရဲ့ အယူအစွဲတွေ မှားနေပြီလား။
မင်းတို့ရဲ့ ပညာရပ်တွေ ဥစ္စာချောက်နေကြပြီလား။
မိချောင်းမင်း ရေခင်းပြတာတော့ မဟုတ်ရပါကွာ။
ငယ်စဉ် ကြီးလိုက် သူငယ်ချင်းတို့ရေ …
ငါတို့ ဟိုတုန်းကလို … လက်ချင်းဆက်ပြီး စိတ်ချင်းဆက်ကာ
အများအတွက် ဒို့တွေပေးဆပ်ကြပါစို့လား။ ။

ဒါပေမဲ့ . . . “ငယ် စဉ် ကြီး လိုက်” သူငယ်ချင်းတို့ မင်းတို့ကိုတော့ ငါချစ်နေဆဲပဲ။

(၁၄.၁.၂ဝ၁၁)
မောင်မောင် (ခ) ကျော်ဝင်း (ခ) ကျော်သူ

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.