02/06/15

ဓာတ်ပုံ – Ko min zaw facebook
ဒီမိုကရေစီ ပညာရေး သပိတ်စစ်ကြောင်းဟာ မနက်ဖြန်ကစလို့ အောင်လံမြို့ အ၀င်ထိ လမ်းတကြော နေရာနှစ်ခုမှာ ရာနဲ့ချီတဲ့ လုံထိန်း တပ်ဖွဲ့ဝင်တွေ နေရာယူ တပ်စွဲ ထားတယ်လို့ စစ်ကြောင်းကို ၀န်းရံသူတွေက ပြောပါတယ်။

သပိတ်စစ်ကြောင်းဟာ ဒီမနက် သစ်ရာကောက်ကျေးရွာ ကနေ ထွက်လာပြီး တောင်တွင်းကြီးကို ဒီနေ့ည ရောက်ရှိပြီး ပြည်သူတွေ ထောင်သောင်းချီ ကြိုဆိုခဲ့ကြပါတယ်။

မနက်ဖြန်မနက်  အောင်လံမြို့အထိ လုံထိန်းရဲတွေကို ဖြတ်ကျော်ရမယ်လို့ ကျောင်းသားတွေကို ၀န်းရံတဲ့ တောင်တွင်းကြီးမြို့ခံ ကိုဖြူ  (အမည်ရင်းမဟုတ်) က ပြောပါတယ်။

“မနက်ဖြန် တောင်တွင်းကြီးမြို့ကနေ မနက် ၉ နာရီထွက်မယ်။ တောင်တွင်းကြီးနဲ့ ဆယ်မိုင်လောက်ဝေးတဲ့ ဆတ်သွားမှာ နေ့လယ်စာစားမယ်။ ဆတ်သွားမှာက လုံထိန်း ၂၀၀ လောက်ချထားတယ်။ ကျနော်တို့ ညအိပ်မှာက ကိုးပင်ရွာ။ ကိုးပင်ရွာက ဆတ်သွားနဲ့ ၁၇ မိုင်လောက် ဝေးတယ်။ အောင်လံမှာကျတော့ သူက အင်အား ၃၀၀ (လုံထိန်း) လောက် ထပ်ချထားတယ်။ ကျနော်တို့ နည်းနည်းစိုးရိမ်ရတာက ကိုးပင်နဲ့ အောင်လံကြားပေါ့။ သူက ညှပ်ထားတဲ့သဘောဗျ။”

ဆတ်သွားရွာ အ၀င်မှာ လုံထိန်းအင်အားချထားတာမဟုတ်ဘဲ ဆတ်သွားကနေအထွက် အောင်လံမြို့ဘက်မှာ ချထားတာလို့ ဆိုပါတယ်။

“ကျနော်ကြည့်ရတဲ့ပုံစံက သူတို့ ဟပေးလိုက်ပြီးမှ အောင်လံက ချထားတဲ့အဖွဲ့နဲ့ ဆတ်သွားအဖွဲ့က နောက်ကနေလိုက်ပြီးမှ ပိတ်မယ့်သဘောလား အဲဒါ တွက်ချက်နေတာ။”

တောင်တွင်းကြီးမြို့က ရပ်မိရပ်ဖတွေနဲ့ ထောက်ခံသူတွေက မနက်ဖြန် ညအိပ်ရပ်နားတဲ့ ကိုးပင်အထိ လိုက်လံပို့ဆောင်ဖို့ စီစဉ်ထားကြပါတယ်။  အောင်လံမြို့ခံတွေနဲ့ ဆင်ပေါင်ဝဲမြို့ခံတွေက ချီတက်သပိတ်စစ်ကြောင်းကို ကိုးပင်ရွာကနေ အောင်လံဘက်ကို ဆက်လက်ဝန်းရံသွားဖို့ စီစဉ်နေကြပါတယ်။

ပညာရေးဥပဒေပြင်ဆင်ရေး ကျောင်းသားသပိတ်စစ်ကြောင်းဟာ မြန်မာစံတော်ချိန် ၇ နာရီလောက်မှာ တောင်တွင်းကြီးမြို့နယ်အ၀င်ထိပ်က သဖန်းကုန်းကျေးရွာအနီးမှကတည်းက ဒေသခံတွေက ကြိုဆိုနေကြတာလို့ ပြောပါတယ်။

မျက်မြင်တဦးက “ကျောင်းသားအဖွဲ့ကို ကြိုတဲ့အဖွဲ့တွေနဲ့ပိတ်နေတာ။ လူတွေက လမ်းတွေပေါ်မှာ ပြည့်နေတာ။ ဆိုင်ကယ်ကို ၀င်လို့မရဘူး။ ကြိုတဲ့လူက အရမ်းကို များနေတာ”  လို့ ပြောပါတယ်။

By အေးနိုင် (ဒီဗွီဘီ)
http://burmese.dvb.no/archives/80259

Failed suicide bomber Sajida al-Rishawi has been executed in Jordan.

အမ္မန် ၊ ၅-၂-၂၀၁၅

ဂျော်ဒန်နိုင်ငံသား လေယာဉ်မှူး မူအက်အယ်လ် ကာဆက်ဘေး ကို အရှင်လတ်လတ် မီးရှို့ သတ်ပစ်ခဲ့သည့် ISIS စစ်သွေးကြွ တို့၏ လုပ်ရပ်အား တုံ့ပြန်သည့် အနေဖြင့် ဂျော်ဒန် အာဏာပိုင် များက ၄င်းတို့ ဖမ်းဆီး ထိန်းသိမ်း ထားသည့် အီရတ် စစ်သွေးကြွ နှစ်ဦးကို ခေါင်းဖြတ် ကွပ်မျက်ခဲ့ကြောင်း ဖေဖော်ဝါရီ ၄ ရက် တွင် ဂျော်ဒန် လုံခြုံရေး သတင်း အရင်းအမြစ် တစ်ခုမှ ထုတ်ဖော် ပြောကြား ခဲ့သည်။

ဂျော်ဒန် အာဏာပိုင်များ ခေါင်းဖြတ် ကွပ်မျက်ခဲ့သည့် စစ်သွေးကြွ နှစ်ဦးအနက် တစ်ဦးမှာ အစောပိုင်းတွင် ဂျော်ဒန် လေယာဉ်မှူး မူအက်အယ်လ် ကာဆက်ဘေး နှင့် အကျဉ်းသားချင်း လဲလှယ်ရန် ISIS စစ်သွေးကြွ အဖွဲ့က တောင်းဆို ထားသည့် အီရတ် စစ်သွေးကြွ အမျိုးသမီး ဆာဂျီဒါ အယ်လ်ရီရှာဝီ ဖြစ်ပြီး အခြား တစ်ဦးမှာ အယ်လ်ကိုင်ဒါ အဖွဲ့အတွက် အကြမ်းဖက်မှု လုပ်ငန်းများ လုပ်ပေးခဲ့သည့် ဇီယက်ကာ ဘိုလီ တို့ဖြစ်ကြောင်း သိရသည်။

ဆာဂျီဒါ အယ်လ်ရီရှာဝီ သည် ဂျော်ဒန် နိုင်ငံတွင် ၂ဝဝ၅ ခုနှစ်က လူပေါင်း ၆ဝ ခန့် သေဆုံးခဲ့ ရသည့် ဗုံးခွဲ တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သူ ဖြစ်ပြီး ယင်းကဲ့သို့ ပါဝင်ခဲ့မှု အတွက် သေဒဏ် ကျခံစေရန် ပြစ်ဒဏ် ချမှတ်ခံထားရသူ ဖြစ်သည်။

ဆာဂျီဒါ အယ်လ်ရီရှာဝီ ကို ဖေဖော်ဝါရီ ၃ ရက်တွင် ကွပ်မျက်ခဲ့ခြင်း ဖြစ်ပြီး ဇီယက်ကာ ဘိုလီ ကိုမူ ဖေဖော်ဝါရီ ၄ ရက် အရုဏ်တက် ချိန်တွင် ခေါင်းဖြတ် ကွပ်မျက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ ဂျော်ဒန်နိုင်ငံ သည် ၄င်းတို့၏ နိုင်ငံသား လေယာဉ်မှူး မူအက်အယ်လ် ကာဆက်ဘေး အား အရှင်လတ်လတ် မီးရှို့သတ်ခဲ့မှု အတွက် ISIS စစ်သွေးကြွ အပေါ် ပြင်းထန်ပြီး ၄င်းအဖွဲ့ ကပင် လက်ဖျားခါ ရလောက်သည့် လက်တုံ့ပြန်မှု မျိုးဖြင့် တုံ့ပြန် သွားမည်ဟု ကြွေးကြော် ထားကြောင်း သိရသည်။

Jordan executes two jihadists in response to sickening murder of pilot

#PyiChitThar

The Zaatari refugee camp in Jordan is home for 160,000 refugees who have escaped the brutal Syrian civil war

The camp has experienced a number of dark days, with riots sometimes breaking out as traumatised residents attempt to get used to their new home

ဝါရှင်တန် ၊ ၅-၂-၂ဝ၁၅
  • Inside the world's most depressing 'city': Syrian camp which is home to 160,000 refugees is now Jordan's fifth largest city
  • 6,000 people a day arrive at the sprawling Zaatari refugee camp
  • Main street featuring many of its 3,000 shops, restaurants and food vendors is known as the 'Champs Elysees'
  • There is also a taxi service, schools, soccer fields and hospitals within its 12 districts
  • Six refugees met U.S. Secretary of State John Kerry and expressed their anger over brutal conflict

အစ္စလာမ္မစ် စစ်သွေးကြွ အဖွဲ့၏ တိုက်ခိုက်မှုကို ခံစား နေရသည့် အီရတ်နှင့် ဆီးရီးယား နိုင်ငံတို့မှ ထွက်ပြေး လာခဲ့သော ဒုက္ခသည်များ အတွက် အိုးအိမ် တည်ဆောက် ပေးမည့် ကုန်ကျစရိတ်ကို ထောက်ပံ့ရန် ဂျော်ဒန် နိုင်ငံအား အမေရိကန် ဒေါ်လာ သန်း ၆၆ဝ မှ ၁ ဘီလီယံ အထိ တိုးမြှင့် ကူညီ သွားမည် ဖြစ်ကြောင်း အမေရိကန် အစိုးရက ဖေဖော်ဝါရီ ၃ ရက်တွင် ကြေညာ ခဲ့သည်ဟု သိရသည်။

အမေရိကန် လွှတ်တော်က အတည်ပြု ထောက်ခံထားသည့် အဆိုပါ သဘော တူညီချက်ကို ISIS စစ်သွေးကြွ အဖွဲ့က ၄င်းတို့ ဖမ်းဆီးထားသော ဂျော်ဒန် လေယာဉ်မှူး မူအက်အယ်လ် ကာဆက်ဘေး ကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ် ခဲ့သော ဗီဒီယိုဖိုင်ကို မဖြန့်ချိမီ လက်မှတ်ရေးထိုး ခဲ့ခြင်း ဖြစ်သည်။

ဂျော်ဒန်နိုင်ငံသည် အစ္စလာမ္မစ် စစ်သွေးကြွ များအား အမေရိကန် ဦးဆောင်သော လေကြောင်းမှ တိုက်ခိုက်ချေမှုန်းရေးတွင် စွမ်းစွမ်းတမံ ပါဝင်ခဲ့သည့် နိုင်ငံ ဖြစ်သည်။ ဂျော်ဒန် တိုက်လေယာဉ်မှူး ကာဆက်ဘေး သည် ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလ က ဆီးရီးယား နိုင်ငံရှိ ISIS စစ်သွေးကြွ များ ထိန်းချုပ်ထားသော နယ်နိမိတ် အတွင်း ၄င်းမောင်းနှင် လာသည့် F-16 တိုက်လေယာဉ် ပျက်ကျပြီး နောက် ဖမ်းဆီးခံခဲ့ ရခြင်း ဖြစ်သည်။

အမေရိကန် အစိုးရသည် ၂ဝ၁၅ ခုနှစ်၊ ၂ဝ၁၆ ခုနှစ်နှင့် ၂ဝ၁၇ ခုနှစ် များတွင် ဂျော်ဒန်နိုင်ငံ သို့ တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၁ ဘီလီယံ ထောက်ပံ့သွားရန် စီစဉ် ထားကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက အစီရင်ခံစာ တစ်စောင်တွင် ပြောကြား ခဲ့ကြောင်း သိရသည်။

#PyiChitThar


တိုကျို ၊ ၅-၂-၂၀၁၅

ဂျပန်နိုင်ငံတွင် ဆရာဝန် ဟန်ဆောင်၍ အမျိုးသမီး ဦးရေ ၁ဝဝ ခန့်ကို ဆေးခတ်ပြီး အဓမ္မ ပြုကျင့်ခဲ့သူ အမျိုးသား တစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီး နိုင်ခဲ့ကြောင်း ဒေသတွင်း မီဒီယာများက ဖေဖော်ဝါရီ ၃ ရက်တွင် ဖော်ပြခဲ့သည်။

အသက် ၅၄ နှစ်ရှိ Hideyuki Noguchi အမည်ရှိ အမျိုးသားသည် အရက်သေစာ သောက်စားပြီး သွေးပေါင်ချိန် စမ်းသပ်ရာတွင် ပါဝင်လိုသူ အမျိုးသမီးများကို ဖိတ်ခေါ်သည့် ကြော်ငြာ တစ်ခုကို အင်တာနက် ပေါ်တွင် တင်၍ အမျိုးသမီး များကို သွေးဆောင် ဖြားယောင်း ခဲ့ပြီးနောက် အဆိုပါ အမျိုးသမီးများ နှင့် တွေ့ဆုံစဉ် ဆေးခတ်၍ အဓမ္မပြုကျင့် ခဲ့ခြင်းဖြစ်ကြောင်း တိုကျို သတင်းဌာန က ပြောကြား ခဲ့သည်။

ထို့ပြင် ၄င်း အမျိုးသားသည် အမျိုးသမီးအား အဓမ္မ ပြုကျင့်မှု များကို ဗီဒီယိုဖြင့် မှတ်တမ်းတင် ခဲ့ပြီး ရုပ်ရှင် ထုတ်လုပ်ရေး ကုမ္ပဏီများထံ ရောင်းချ ခဲ့သည်။

Hideyuki Noguchi သည် ဆေးပညာ လေ့လာ တတ်မြောက်ထားခြင်း မရှိဘဲ အမျိုးသမီး များကို ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၃ ခုနှစ်အတွင်း လိမ်လည် လှည့်ဖြား ခဲ့သည့်အပြင် ရုပ်ရှင် ထုတ်လုပ်ရေး ကုမ္ပဏီများ ထံမှ ယန်း ၁ဝ သန်းခန့် လက်ခံရရှိ ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက် အရ သိရသည်။

ယင်းနောက် အမျိုးသမီး တစ်ဦးက သူမကို အဓမ္မပြုကျင့် နေသည့် ဗီဒီယိုဖိုင် တစ်ခုကို ၂ဝ၁၃ ခုနှစ် နိုဝင်ဘာလ အတွင်းက အင်တာနက် ပေါ်တွင် တွေ့ရှိခဲ့ ပြီးနောက် အာဏာပိုင် များကို တိုင်ကြားခဲ့ ရာမှ ရဲတပ်ဖွဲ့က Hideyuki Noguchi ကို စတင်စုံစမ်း စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း NHK သတင်းဌာနက ဖော်ပြခဲ့သည်။

အဆိုပါ ဖြစ်ရပ်တွင် ပါဝင်ခဲ့သည့် အမျိုးသမီး များသည် အသက် ၂ဝ နှင့် ၄ဝ နှစ် အကြားရှိ သူများဖြစ်ပြီး အများစုမှာ တိုကျို၊ ချီဘား၊ အိုဆာကာ နှင့် အခြားစီရင်စု များမှ ဖြစ်ကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com/2015/02/blog-post_63.html


၂၀၁၅ ခုနှစ်အတွက် မြတ်နိုးစရာ အကောင်းဆုံး (World’s Most Admired 2015) ပုဂ္ဂိုလ်တွေအဖြစ် ရုပ်ရှင်သရုပ်ဆောင် Angelina Jolie နဲ့ မိုက်ခရိုဆော့ဖ် ဘီလျံနာ သူဌေးကြီး Bill Gates တို့ကို မဲပေး ရွေးချယ်လိုက်ကြတယ်လို့ ဗြိတိန်က ဈေးကွက်သုတေသန YouGov က ကြေငြာလိုက်ပါတယ်။

နိုင်ငံပေါင်း ၂၃ နိုင်ငံက လူပေါင်း ၂သောင်းခွဲဆီက ကောက်ယူခဲ့တဲ့ စစ်တမ်းတွေအရ ကမ္ဘာ့ပြည်သူတွေဟာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အထူးသံ Jolie တို့၊ ကမ္ဘာတဝှမ်း ပညာရေးနဲ့ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး လုပ်နေတဲ့ Gates တို့လို လူသားချင်း စာနာမှုဆိုင်ရာ လုပ်ဆောင်တဲ့ သူတွေကို ပိုမြတ်နိုးကြကြောင်းလည်း ပြောပါတယ်။

အမျိုးသမီးတွေထဲမှာ ဒုတိယအဖြစ် အရွေးခံခဲ့ရသူက ပါကစ္စတန်က ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရ ကျောင်းသူလေး Malala Yusafzai ဖြစ်ပြီး တတိယက Hillary Clinton နဲ့ ဗြိတိန်ဘုရင်မကြီး အယ်လီဇဘတ်က စတုတ္ထနဲ့ အမေရိကန် သမ္မတကတော် Michelle Obama က ပဉ္စမ နေရာမှာ ရှိပါတယ်။

အမျိုးသားတွေထဲမှာတော့ အမေရိကန် သမ္မတ Barack Obama က ဒုတိယနဲ့ တတိယက တရုတ်သမ္မတ Xi Jinping ဖြစ်ပါတယ်။ ဟောင်ကောင်မင်းသား Jackie Chan ကတော့ အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi နဲ့ ပုပ်ရဟန်းမင်းကြီး Francis အပြင် တိဘက်ဘုန်းတော်ကြီး Dalai Lama တို့ကိုကျော်ပြီး စတုတ္ထနေရာမှာ အရွေးခံခဲ့ရသူပါ။

အဆိုတော် Celine Dion နဲ့ ရုပ်ရှင်မင်းသမီး Julia Roberts တို့ကိုလည်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျာမနီ ဝန်ကြီးချုပ် Angela Merkel တို့ထက် လူကြိုက်ပိုများကြတာ တွေ့ရပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/world-most-admired-2015/2629757.html

အဖမ်းခံရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် မန္တလေးခရိုင်က မဖြူနှင်းထွေးပုံ။ Photo: Jasmine Black Facebook
တရုတ်ဝမ်ပေါင်ကုမ္ပဏီနဲ့ စစ်တပ်ရဲ့ ဦးပိုင်ကုမ္ပဏီတို့ရဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ မြေယာ အသိမ်းခံထားရတဲ့ ဒေသခံတောင်သူတွေကို ကူညီနေ တဲ့ လူငယ်ကျောင်းသားတွေနဲ့ ဒေသခံ တချို့ကို ရပ်ရွာအေးချမ်းသာယာရေး ပျက်အောင်သွေးထိုး လှုံ့ဆော်သူတွေအဖြစ် ရဲတပ်ဖွဲ့က စွပ်စွဲပြီး ဖမ်းဝ ရမ်းကြေညာချက် အသစ်တစ်စောင် ထုတ်ပြန်လိုက်တယ် လို့ သိရပါတယ်။

ကိုဟန်ဝင်းအောင်၊ ကိုဗထူးနဲ့ မဖြူနှင်းထွေးအပါအဝင် လူငယ်ကျောင်းသား ၉ ယောက်နဲ့ မိုးကြိုးပြင်၊ ဆည်တည်းနဲ့ တုံရွာက ဒေသခံ ၈ ယောက်၊ စုစုပေါင်း ၁၇ ယောက်ကို ဆားလင်းကြီး မြို့နယ်ရဲတပ်ဖွဲ့က အမှုဖွင့်အရေးယူထားတယ်ဆိုပြီး ကြေညာချက် တစ်စောင် ထုတ်ပြန်ထားတာပါ။

ဒါကြောင့် မဖြူနှင်းထွေးကို ဆက်သွယ်မေးမြန်းတဲ့အခါ အဲ့ဒီလို ဝရမ်းထုတ်ခံရတာ ဟုတ်မှန်တယ်လို့ RFA ကိုပြောပါတယ်။

"၂၂ ရက်နေ့ သူတို့က အကြမ်းဖက် ခြံစည်းရိုးခတ်တာလေ၊ ဒေသခံတွေက သူတို့လျော်ကြေးမယူ ထားတဲ့အတွက် ဒီနေရာကို ခြံစည်းရိုးမခတ်ဖို့အတွက် အဲ့လိုမျိုးတားတာပေါ့၊ တားတဲ့အခါကျတော့ အဲ့မှာညီမကလည်း လိုက်ပြီးတော့ကူညီတဲ့အခါကျတော့ အဲ့ဒါကိုသူတို့က ညီမကိုအဲ့လိုမျိုး သွေးထိုး လှုံ့ဆော်တယ် ပြောပြီးတော့အဲ့ဒါ ညီမကိုပုဒ်မတပ်ပြီး ဝရမ်းထုတ်တာပါ"

ဝရမ်းထုတ်ခံရတဲ့ ဒေသခံ ၈ ဦးမှာတော့ အမျိုးသား ၃ ဦးနဲ အမျိုးသမီး ၅ ဦးဖြစ်ပြီး၊ အဲဒီထဲမှာ ဆည်တည်းရွာက မဝင်းဝင်းဌေးကို အမှု ၄ မှု၊ မရီရီဝင်းကို ၈ မှု၊ မခင်ငြိမ်းကို ၁၁ မှုဆိုပြီးဖော်ပြထားပါတယ်။

အဲ့ဒီဒေသခံတွေဟာ မြေယာလျော်ကြေးရော၊ သီးနှံလျော်ကြေးပါမယူဘဲ ငြင်းဆန်ထားတဲ့အပြင် သိမ်းထားတဲ့ လယ်တွေပြန်ပေးဖို့ တိုက်ပွဲဝင်နေကြတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese/news/phyuhninhtwe-and-sixteen-people-charge-02042015235127.html

ဈာပနအခမ်းအနား ကျင်းပစဉ်က (ဓာတ်ပုံ – ရွှေလုပ်သား)
ပြီးခဲ့တဲ့လက ထိုင်းတောင်ပိုင်း ဆူရတ်ဌာနီခရိုင် ချိုင်းပူးရီမြို့နယ်ထဲက ရာဘာခြံမှာ အမည်မသိ သေနတ်သမားတွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသူ မြန်မာအလုပ်သမား ၃ ဦးအတွက် နစ်နာကြေး တဦးကို ဘတ် ၁ သိန်းစီပေးမယ်လို့ ထိုင်းရဲတပ်ဖွဲ့က အကြောင်းကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ချုပ်က ဥပဒေအကြံပေး ရှေ့နေ ဦးအောင်မျိုးသန့်က “ကလေး ၃ ယောက်အလောင်း သင်္ဂြိုဟ်ပြီးတဲ့နောက်တနေ့မှာပဲ ချိုင်းပူးရီး ရဲစခန်းက စခန်းမှူးကိုယ်တိုင် ကျနော်တို့ဆီ လာပြောပါတယ်ခင်ဗျ။ သေဆုံးသူတွေအတွက် နစ်နာကြေး တယောက် ၁ သိန်းစီရမယ်ပေါ့။ ဒီလိုသေဆုံးမှုမျိုးမှာ ထိုင်းဥပဒေအရ အလုပ်သမားဝန်ကြီးဌာနကတဆင့် နစ်နာကြေးပေးတဲ့ အစဉ်အလာရှိပြီး ဒီအမှုနဲ့ မပတ်သက်ကြောင်း ပြောပါတယ်” လို့ ဆိုပါတယ်။

အဲဒီနစ်နာကြေးကြောင့် လူသတ်မှုကို ပေါ့သွားစေမယ်ဆိုရင်တော့ လက်ခံမှာ မဟုတ် ကြောင်း စခန်းမှူးကို ရှင်းရှင်းလင်းလင်းပြောလိုက်တယ်လို့ သူက ပြောပါတယ်။

နစ်နာကြေးငွေထုတ်ယူဖို့အတွက် သေဆုံးသူတွေရဲ့ သက်ဆိုင်ရာ မိသားစုတွေက တော်စပ်ပုံ၊ ရပ်ကွက်ထောက်ခံစာ၊ သံရုံးထောက်ခံစာတွေ လိုအပ်ပြီး လောလောဆယ် မိသား စုတွေနဲ့ ဆက်သွယ်ဆောင်ရွက်နေတယ်လို့ ဦးအောင်မျိုးသန့်က ပြောပါတယ်။ ရပိုင်ခွင့်ရှိတဲ့ အလုပ်သမားနစ်နာကြေးတွေရဖို့ သက်ဆိုင်ရာကို စာတင်ထားတယ်လို့ ဆိုပါတယ်။

မြန်မာသံရုံးအနေနဲ့လည်း ဒီလူသတ်မှုကို တရားဝင်ကန့်ကွက်ခဲ့ပြီး ကျူးလွန်သူကို  ဖော်ထုတ်ပြီး ထိုက်သင့်တဲ့ပြစ်ဒဏ်ပေးဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၊ ရဲစခန်းနဲ့ အုပ်ချုပ်ရေး ပိုင်းကို စာပေးပို့တိုက်တွန်းထားတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ မွန်ပြည်နယ် စက်စဲဒေသကနေ ထိုင်းရော်ဘာခြံမှာ အလုပ်လာလုပ်တဲ့ ကိုကျော်ထူး (၃၀ နှစ်)၊ ကိုဆန်းဝင်း (၂၂ နှစ်) နဲ့ မောင်ချစ်ဖူး (၁၃) နှစ်တို့ဟာ ဇန်န၀ါရီလ ၂၃ ရက်နေ့က သေနတ်ပစ်ခံရပြီး သေဆုံးခဲ့ပါတယ်။

ဒီလူသတ်မှုမှာ လူ ၂ ယောက်အပေါ် သံသယရှိတယ်လို့ ရဲစခန်းက ပြောဆိုပေမယ့် ဘယ်သူဘယ်ဝါဆိုတာ မသိရသလို ဖမ်းဆီးထိန်းသိမ်းထားတာတွေလည်း မရှိဘူးလို့ ဦးအောင်မျိုးသန့်က ပြောပါတယ်။

ဒီဗွီဘီ
http://burmese.dvb.no/archives/80223


ဒီမိုကရေစီ ပညာရေး ကျောင်းသား သပိတ်ကို ထောက်ခံကြောင်းနဲ့ အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေး လေးပွင့်ဆိုင် ဆွေးနွေးပွဲကို ပြန်စဖို့ တိုက်တွန်းတဲ့ လူထုလှုပ်ရှားမှု တခုကို ရန်ကုန်မြို့မှာ  ဖေဖော်ဝါရီ ၈ ရက်နေ့ ကျင်းပမယ်လို့ ကျောင်းသားခေါင်း ဆောင်တွေက ကြေညာပါတယ်။

လူထုလှုပ်ရှားမှုနဲ့ ပတ်သက်လို့ အနုပညာတက္ကသိုလ် ကျောင်းသား ကိုအောင်သောင်းက “တနင်္ဂနွေနေ့ (ဖေဖော်ဝါရီ ၈ ရက်နေ့) မနက် ၁၀ နာရီမှာ တာမွေ ဗိုလ်စိန်မှန်ကွင်းဘေးကနေ ကျနော်တို့ စထွက်မှာပေါ့။ ကျနော်တို့က တကသ၊ ရကသ၊ ဗကသတွေမှာ မပါဝင်တဲ့ ကျောင်းသားတွေကို စုစည်းပြီးတော့၊ ဗကသလည်း ပါတယ်ပေါ့ဗျာ၊ ကျောင်းသား အစုံ စုစည်းပြီးတော့ ထောက်ခံတယ်ဆိုပြီး လုပ်မှာ။ အဲဒီကနေ ဆူးလေအထိ ချီတက်မယ်၊ မြို့တော်ခန်းမဘေးမှာ ပြီးမယ်” လို့ ပြောပါတယ်။

ဒီလူထုလှုပ်ရှားမှုရဲ့ လိုလားတောင်းဆိုချက်တွေအဖြစ် “သပိတ်တော့မဟုတ်ဘူးပေါ့။ သပိတ် မှောက်ကျောင်းသားတွေကို ထောက်ခံတယ်ဆိုတဲ့ သဘောပေါ့။ ကျောင်းသားတွေကို  အကြမ်း မဖက်ပါနဲ့၊ သူတို့ငြိမ်းချမ်းစွာချီတက်နေတာပါ ကျနော်တို့က ထောက်ခံပါတယ်။ ရိုးရိုးးသား သားပွင့်ပွင့်လင်းလင်း ပြန်ပြီးဆွေးနွေးပေးပါဆိုပြီး တောင်းဆိုတဲ့သဘောပါပဲ” လို့ ပြောပါတယ်။

ဒီလူထုလှုပ်ရှားမှုမှ ကျောင်းသားသပိတ်ကို ထောက်ခံတဲ့ ပြည်သူလူထုကလည်း ပူးပေါင်းပါဝင်ကြဖို့ ဖိတ်ခေါ်ထားပါတယ်။ ဒီချီတက်ပွဲအတွက် အရပ်ဘက်အဖွဲ့အစည်းတွေကို ပူးပေါင်းပါဝင်ဖို့ ဖိတ်ကြားထားပြီး ပါဝင်ဆင်နွှဲမယ်လို့ မျှော်လင့်ကြောင်း ဒဂုံတက္ကသိုလ်ကျောင်း သူ မသစ္စာက ပြောပါတယ်။

အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးအတွက် လေးပွင့်ဆိုင်ဆွေးနွေးဖို့ သပိတ်မှောက်နေတဲ့ ကျောင်းသားတွေကို အစိုးရက လွန်ခဲ့တဲ့ရက်ပိုင်းက တောင်းဆိုချက်ကိုလိုက်လျောပြီး ပဏာမ တွေ့ဆုံခဲ့ပါတယ်။ ဒါပေမယ့် စတင်ဆွေးနွေးမယ့် နေပြည်တော် ပညာရေးဝန်ကြီးဌာနမှာ ဆွေးနွေးပွဲကိုတော့ မအောင်မမြင်ဖြစ်ပြီး  ဖေဖော်ဝါရီ ၁၂ ရက်နေ့နောက်ပိုင်းကျမှ ဆွေးနွေးဖို့ အစိုးရက ဆုံးဖြတ်ကြေညာခဲ့ပါတယ်။

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ဖို့တောင်းဆိုတဲ့ ကျောင်းသားသပိတ်စစ်ကြောင်းကလည်း သစ်ရာကောက် ကျေးရွာမှာ ညအိပ်ရပ်နားပြီးနောက် ဒီမနက် တောင်တွင်းကြီးမြို့ကို ဦးတည်ချီ တက်ကြပါတယ်။

သပိတ်စစ်ကြောင်းမှာ လိုက်ပါလာတဲ့ ဗကသ ကျောင်းသား ကိုမင်းမင်းဇော်က “ကျောင်း သားသက်သက်က ၃၀၀ ကျော်လောက်ရှိပါတယ်။ ၀န်းရံတဲ့ပြည်သူနဲ့ပါဆို  ၆၀၀ လောက်ရှိပါ တယ်။ ကျနော်တို့ မနက် ၉ နာရီလောက်က ထွက်လာတာပါ။ သစ်ရာကောက်ကနေ ဒီနေ့ တောင်တွင်းကြီးရောက်အောင် ချီတက်မယ်” လို့ ပြောပါတယ်။

တောင်တွင်းကြီး မြို့ခံတွေကတော့ သပိတ်စစ်ကြောင်းကို   ကြိုဆိုဧည့်ခံကျွေးမွေးဖို့နဲ့ ညအိပ် နေရာချဖို့ ပြင်ဆင်နေကြပါတယ်။

By အေးနိုင် (ဒီဗွီဘီ)
http://burmese.dvb.no/archives/80213

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.