02/10/15

ရန်ကုန်မြို့ကို ဆန္ဒပြချီတက်လာတဲ့ အမျိုးသားပညာရေး ဥပဒေ သပိတ်မှောက်ကျောင်းသားတွေကို ထောက် ခံကြောင်း လက်မှတ်တွေကို မန္တလေး ဧရာဝတီ၊ ပဲခူးနဲ့ ရန်ကုန်စတဲ့ တိုင်းဒေသကြီးတချို့မှာ ကျောင်းသား အဖွဲ့အစည်းတွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ က ကောက်ခံနေကြပါတယ်။

အဖြူရောင်တွဲလက်များ၊ ရန်ကုန်-လိုင်ဇာ ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့၊ Generation Wave၊ ရန်ကုန်လူငယ် ကွန်ရက် စတဲ့ လူမှုအဖွဲ့အစည်း ၈ ဖွဲ့က လက်မှတ်တွေကောက်ခံနေကြတာပါ။ လောလောဆယ် မန္တလေးမြို့မှာ ကောက်ယူရရှိထားတဲ့ လက်မှတ် တစ်သောင်းနီးပါးကို ဒီလ ၁၂ ရက်နေ့မှာ ပင်မသပိတ် လမ်းကြောင်းက ကျောင်းသားကျောင်းသူတွေဆီ ပေးပို့မယ်လို့ လက်မှတ်ကောက်ခံရာမှာ ပါဝင်တဲ့ မန္တလေးမြို့ခံ ဦးအေးသိန်းက ပြောပါတယ်။

"ကျနော်တို့က ၁၂ ရက်နေ့လောက်မှာ ကျောင်းသားတွေဆီကို တခါသွားပို့မယ်၊ ပင်မလှုပ်ရှားတဲ့ ကျောင်း သားတွေပေါ့လေ၊ ဒါကကျနော်တို့က ဘယ်ကျောင်းသားကိုမှ မခွဲခြားပါဘူး၊ အားလုံးကအတူတူပါပဲ၊ အားလုံးကို ကျနော်တို့က ထောက်ခံအားပေးတာပါ၊ ကျနော်တို့က သပိတ်တိုက်ပွဲကြီး မပြီးမချင်း ပြည်သူလူထုက ထောက် ခံနေတယ်ဆိုတာကို အစိုးရရော နိုင်ငံတကာရောသိအောင် ကျနော်တို့က ဆက်တိုက်လိုက်ကောက်နေမှာပါပဲ"

အဲဒီ့အဖွဲ့ဝင်တွေနဲ့ အကြမ်းမဖက် တရားမျှတမှုပေါ်ပေါက်ရေး လှုပ်ရှားမှုကော်မတီကို ဖွဲ့စည်းထားပြီး ကောက်ခံရရှိတဲ့ လက်မှတ်တွေကို အဲဒီကော်မတီက နိုင်ငံတော်သမ္မတထံ ပေးပို့မှာဖြစ်ပါတယ်။

RFA
https://www.facebook.com/pages/RFA-Burmese/39218993127

ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် မွေးနေ့ အခမ်းအနားကို ပြည်ထောင်စုလွှတ်တော်မှာ ဒီလ ၁၁ ရက်နေ့မှာ ကျင်းပမယ်လို့ ပြည်ထောင်စုလွှတ်တော် ဗိုလ်ချုပ် နှစ် ၁၀၀ ပြည့် အခမ်းအနားကျင်းပရေး ဗဟိုကော်မတီဥက္ကဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအေးမြင့် က ကြေညာလိုက်ပါတယ်။

အဲဒီနေ့ အခမ်းအနားမှာ လွှတ်တော်ကိုယ်စားလှယ်တွေ နဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက ဗိုလ်ချုပ်နဲ့ ပတ်သက်တဲ့စာတမ်းတွေ ဖတ်ကြမှာဖြစ်တယ် လို့ သူရဦးအေးမြင့်က ပြောပါတယ်။

"ဗိုလ်ချုပ်ရဲ့မှတ်တမ်းရုပ်ရှင်ပဲလေ အဲ့ဒါလေးကို အဘတို့ စုဆောင်းထားပြီးတော့မှ ၈ မိနစ် ၉ မိနစ် စာလောက်ပြပါမယ်၊ ပြပြီးတဲ့နောက်မှာ ပြည်ထောင်စုလွှတ်တော် နာယကကြီးက အမှာစကားပြောပါမယ်၊ အဲ့ဒါပြီးတဲ့နောက်မှာ ပါတီ ၁၉ ခုနဲ့ တပ်မတော်သား ကိုယ်စားလှယ်ဆိုပြီး စုစုပေါင်း အဖွဲ့ ၂ဝ ရှိပါတယ်၊ အဲ့ ၂ဝ က ကိုယ်စားလှယ်တစ်ခုဆီ ဗိုလ်ချုပ်နဲ့ပတ်သက်တဲ့ ဗိုလ်ချုပ်အမှတ်တရပေါ့ စာတမ်းဖတ်ပါမယ်၊ ၆ မိနစ်ဆီ ဖတ်ပါမယ်၊ အဓိကကတော့ အားလုံးရဲ့ရင်ထဲအသဲထဲမှာ ဗိုလ်ချုပ်ဆိုတာကို နှစ် ၁ဝဝ ပြည့်မှာ ပြန်လည်ပြီးတော့ ထင်ထင်ရှားရှားပေါ်လာအောင် ဆောင်ရွက်လိုခြင်းဖြစ်ပါတယ်"

အန်အယ်လ်ဒီပါတီက ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တဲ့ စာတမ်းဖတ်ကြားသွားမှာဖြစ်တယ် လို့ ဒေါ်အောင်ဆန်းစုကြည်က သတင်းသမားတွေက မေးမြန်းစဉ်မှာ ပြောပါတယ်။

"အန်တီတို့ပါတီကလည်း တခြားပါတီလိုပဲ စာတမ်းဖတ်ရမယ်၊ အဲ့ဒါတော့ ပြင်ဆင်နေပါတယ်"

အဲဒီ ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့်အခမ်းအနားကို တက်ရောက်ဖို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စု တရားသူကြီးချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံး ဥက္ကဌနဲ့ အစိုးရအဖွဲ့တို့ကို ဖိတ်ကြားထားတယ်လို့ သိရပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁ဝဝ ပြည့် မွေးနေ့ဂုဏ်ပြုပွဲကို မကွေးတိုင်းဒေသကြီး နတ်မောက်မြို့မှာ အခုလ ၇ ရက်နေ့ကစပြီး ကျင်းပနေရာ ၁၃ ရက်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မယ်လို့လည်း သိရပါတယ်။

RFA


ကျောင်းသားတွေ သပိတ်မှောက်ဆန္ဒပြနေတဲ့ အမျိုးသား ပညာရေး ဥပဒေ ပြန်လည်ပြင်ဆင်ရေး အစိုးရ၊ လွှတ်တော်၊ ကျောင်းသား ကိုယ်စားလှယ်တွေနဲ့ NNER(ပညာရေး စနစ် ပြုပြင် ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ယက်) တို့ လေးပွင့်ဆိုင် ထပ်မံတွေ့ဆုံ ဆွေးနွေးပွဲကို လာမယ့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ထဲမှာ ကျင်းပဖို့ ရက်သတ်မှတ် ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်။ လေးပွင့်ဆိုင်ဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဒီကနေ့ ရန်ကုန်မြို့ အဆင့်မြင့် ပညာဦးစီး ဌာနမှာ ကျင်းပတဲ့ ဒုတိယ အကြိုညှိနှိုင်း ဆွေးနွေးပွဲကနေ ဆုံးဖြတ်လိုက်ကြတာပါ။ အသေးစိတ်ကို ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီ (၉)ရက်နေ့ တနင်္လာနေ့မှာ ရန်ကုန်မြို့ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန်မာပြည်)ရုံးမှာ ပညာရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးသန့်ရှင်း ဦးဆောင်တဲ့ အစိုးရတာဝန်ရှိသူတွေနဲ့ ဒေါက်တာသိန်းလွင် ပါဝင်တဲ့ NNER(ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ယက်) က ပညာရှင်တွေ၊ နောက် ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီက ကျောင်းသားကိုယ်စားလှယ်သုံးဦးတို့ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။ လေးပွင့်ဆိုင်ဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဒုတိယအကြိမ်မြောက်ကျင်းပတဲ့ အကြိုညှိနှိုင်းပွဲမှာ အဓိကဆုံးဖြတ်ခဲ့တာတွေနဲ့ ပတ်သက်လို့ ကျောင်းသားကိုယ်စားလှယ်အဖြစ် ဦးဆောင်ဆွေးနွေးခဲ့သူ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ကိုယ်စားလှယ် ကိုအောင်မှိုင်းဆန်းက ဗွီအိုအေကိုပြောပါတယ်။

“ဒီနေ့ အဓိက ဆွေးနွေးတဲ့အချက်က လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးတဲ့အခါမှာ ဘယ်ရက်ကိုပြန်ကျင်းပမယ်၊ ဘယ်လိုပုံစံလေး ကျင်းပမယ်ဆိုတာကို အဓိကဆွေးနွေးတယ်ပေါ့လေ။ ဆွေးနွေးတော့ ကျနော်တို့ သဘောတူညီချက်ရတာက ဖေဖော်ဝါရီ ၁၁ ရက်နေ့ ပြည်ထောင်စုနေ့မတိုင်ခင်ပေါ့နော်။ ဖေဖော်ဝါရီ ၁၁ ရက်နေ့ မနက် ကိုးနာရီခွဲ၊ ကျနော်တို့ နေရာကကျတော့ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ဝင်းခန်းမထဲမှာ ကျင်းပဖို့ပေါ့။ နောက်ပြီးတော့ ကျနော်တို့ဆွေးနွေးပွဲမှာ တဖက်ကို ကိုယ်စားလှယ် ၂၀ဦး စီတက်မယ်။ နောက်ဆွေးနွေးပွဲ ခန်းမအတွင်းမှာ မှတ်တမ်းယူဖို့အတွက် အချိုးကျ ကိုယ်စားလှယ်တွေ အချိုးကျ တက်ရောက်ခွင့်ရမယ်ဆိုတဲ့ သဘောလေးတွေ ကျနော်တို့ သဘောတူညီခဲ့ကြတာရှိပါတယ်။”

အခုကျင်းပတဲ့ ဒုတိယအကြိမ် အကြိုညှိနှိုင်းပွဲမှာ လေးပွင့်ဆိုင်တွေ့ဆုံနွေးနွေးရေး ရက်သတ်မှတ်ဖို့ကိစ္စကို အဓိက ဆွေးနွေးခဲ့တာပါ။ အမျိုးသားပညာရေး ဥပဒေ ပြန်လည်ပြင်ဆင်ရေး မန္တလေးကနေ ရန်ကုန်အထိ လမ်းလျှောက်ချီတက်ဆန္ဒပြနေတဲ့ ကျောင်းသားတွေရဲ့ ဆန္ဒထုတ်ဖော်မှုတွေနဲ့ ပတ်သက် လို့တော့ နှစ်ဖက် အလွတ်သဘောဆွေးနွေးခဲ့တယ်လို့ ကိုအောင်မှိုင်းဆန်းကပြောပါတယ်။

“အဲ့တာတွေကတော့ သူတို့ဘက်က စိုးရိမ်တဲ့အချက်တွေနဲ့ ကျနော်တို့ဘက်ကလည်း သူတို့ဘက်က ပြုမူတာတွေနဲ့ပတ်သက်ပြီး အလွတ်သဘောတော့ ပြောဖြစ်တယ်။ ဒါပေမဲ့ နှစ်ဦးနှစ်ဖက် သဘောတူညီချက်အနေနဲ့တော့ မထုတ်ပြန်နိုင်ဘူးပေါ့နော်။ အလွတ်သဘောပဲပြောကြတာပဲရှိတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီမှာ တက်လာတဲ့သူတွေကလည်း သူတို့ဘက်ကအပိုင်းကို ဆုံးဖြတ်ပေးနိုင်တဲ့ အနေအထားမရှိဘူးဖြစ်နေတာပေါ့။ ကျနော်တို့ဘက်က သုံးယောက်က ကျနော်ရယ် နောက် ကိုရဲဇာနည်ထွန်းရယ်၊ နောက်ပြီးတော့ ကိုချစ်ဝင်းမောင်ရယ် သုံးယောက်တက်တယ်။ NNER ဘက်ကကျတော့ ဒေါက်တာသိန်းလွင်ရယ်၊ ကိုစိုးထွန်းရယ် တက်တယ်။ နောက်ပြီးတော့ အစိုးရဘက်က ပညာရေး ဒုဝန်ကြီး ဦးသန့်ရှင်းရယ် ဒေါက်တာအောင်မင်းရယ် တက်တယ်။ ရန်ကုန်တိုင်း ဒေသကြီး အစိုးရဘက်က နှစ်ယောက်တက်တယ်။ တစ်ယောက်က နယ်လုံဝန်ကြီး ဦးတင်ဝင်းရယ်၊ နောက်တစ်ယောက် ကတော့ ပညာရေးနဲ့ဆိုင်တဲ့ဝန်ကြီးပေါ့။ အဲ့လူတွေ တက်ကြတယ်။ ကျနော်တို့ဆွေးနွေးတာက အဆင့်မြင့်ပညာဦးစီးဌာန အောက်မြန်မာပြည်ရုံး အစည်းအဝေးခန်းမမှာ ဆွေးနွေးကြတာပါ။”

လွှတ်တော်မှာ အတည်ပြုပြီးဖြစ်တဲ့ အမျိုးသားပညာရေးဥပဒေ ပြန်လည်ပြင်ဆင်ရေး လေးပွင့်ဆိုင်ဆွေးနွေးမှုကို ဖေဖော်ဝါရီလ (၁) ရက်နေ့ ရန်ကုန် စိန်ရတုခန်းမမှာ ပြည်ထောင်စုဝန်ကြီးဦးအောင်မင်း ဦးဆောင်တဲ့အစိုးရအဖွဲ့၊ လွှတ်တော်တာဝန်ရှိသူတွေ၊ NNER ကိုယ်စားလှယ်တွေနဲ့ ကျောင်းသား ကိုယ်စားလှယ် (၁၅) ဦး ပထမဆုံး အကြိမ် ဆွေးနွေးခဲ့ကြတာပါ။ ဒုတိယအကြိမ်ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ (၃) ရက်နေ့ နေပြည်တော်မှာ တွေ့ဆုံဖို့ စီစဉ်ခဲ့ပေမဲ့ မပြေလည်မှုတွေဖြစ်ခဲ့ပြီး ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နောက်ပိုင်းမှာမှ ပြန်လည်စဉ်းစားမယ်ဆိုပြီး ဆွေးနွေးပွဲကို ရပ်ဆိုင်းလိုက်တာပါ။ အဲ့ဒီ့နောက်မှာတော့ ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီးက ဒေါက်တာသိန်းလွင်ကို သီးသန့်တွေ့ဆုံဖို့ ကမ်းလှမ်းပြီး ဆွေးနွေးပွဲဖြစ်မြောက်ရေး တိုင်ပင် ဆွေးနွေးခဲ့ကြပါတယ်။ ဒီ့နောက်မှာတော့ ဒေါက်တာသိန်းလွင်ရဲ့တောင်းဆိုချက်နဲ့ ဒုတိယအကြိုညှိနှိုင်းပွဲမှာ ပထမဆုံးအကြိမ် ကျောင်းသားကိုယ်စားလှယ် သုံးဦး ပါဝင်ခွင့်ရခဲ့တာပါ။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဗကသကိုယ်စားလှယ် ကိုအောင်မှိုင်းဆန်း၊ တက္ကသိုလ်ကျောင်းသား သမဂ္ဂများအဖွဲ့ ကိုယ်စားလှယ်အဖြစ် ကိုရဲဇာနည်ထွန်းနဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် မြေလတ်ဒေသ ကိုယ်စားလှယ် ကိုချစ်ဝင်းမောင်တို့ တက်ရောက်ခဲ့တာပါ။

မဆုမွန် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/nner-education-deputy-minister-student-representives-meets-/2634794.html

‘ကျောင်းသားသမဂ္ဂ’ ဆိုတဲ့ စကားလုံးဟာ ခေတ်အဆက်ဆက် တိုက်ပွဲဝင် ခဲ့တဲ့ ကျောင်းသား/သူ မှန်သမျှ မြတ်နိုးတန်ဖိုးအထားဆုံး အသည်း နှလုံးဖြစ်တယ်။ ကျောင်းသားသမဂ္ဂဆိုတဲ့ နှ လုံးသားကို ခေတ်အဆက်ဆက်မှာ ကျောင်း သားထုက သွေး၊ ချွေး၊ အသက်များစွာ စ တေးပေးလှူကာ ထိန်းသိမ်းကာကွယ်ခဲ့ကြပါတယ်။ စစ်အာဏာရှင်အစိုးရအဆက်ဆက်က သမိုင်းဝင်သမဂ္ဂအဆောက်အအုံကို ဖြိုချ ဖျက်ဆီးခဲ့ကြပေမယ့် သမဂ္ဂဆိုတဲ့ ဝိညာဉ်က တော့ အစဉ်အဆက် ကျောင်းသားထုရင်ထဲမှာ ထာဝစဉ်ရှင်သန်တည်ရှိနေမြဲပါပဲ။ ဒီနေ့အထိ စစ်အာဏာရှင်အနွယ်အဆက်တွေ အားလုံး ကလည်း ‘သမဂ္ဂ’ ဆိုတဲ့ ‘စကားလုံးတစ္ဆေ’ ခြောက်ခံနေရဆဲပါပဲ။ ဒါကြောင့်လည်း အုပ်စိုးသူ အသိုင်းအဝိုင်းအဆက်ဆက်က ‘သမဂ္ဂ’ ဆိုတဲ့စကားလုံးကို နားခါးစွာ ရှောင်ရှားတတ် ကြပါတယ်။ ဒါပေမဲ့ ကျောင်းသားထုရှိနေသမျှ ‘သမဂ္ဂ’ ဆိုတာလည်း ရှိနေရဦးမှာပါပဲ။ သမဂ္ဂ အလံတော်အောက်မှာ ကျောင်းသားထုတစ်ရပ်လုံး စည်းလုံးညီညွတ်ကြဖို့ပဲ အရေးကြီးပါတယ်။ အရေးကြီးပြီ သွေးစည်းကြ။

၁၃၀၀ ပြည့်အရေးတော်ပုံကြီးပေါ်ပေါက်ခဲ့ပြီး ၇၇ နှစ်အကြာ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီ လ ၂၀ ရက်နေ့မှာ ဒီမိုကရေစီပညာရေးလှုပ် ရှားမှု ဦးဆောင်ကော်မတီနဲ့ တက္ကသိုလ် ကျောင်းသားများ စုပေါင်းကာ မန္တလေးမြို့၊ အိမ်တော်ရာ ၁၄ ခန်းဇရပ်ကစတင်ပြီး ရန် ကုန်မြို့ကို ခရီးရှည် ခြေလျင်လျှောက် သ ပိတ်မှောက်ပွဲကြီး ကျင်းပခဲ့ကြပါတယ်။ ၁၃၀၀ ပြည့်အရေးတော်ပုံကြီးဟာ နယ်ချဲ့ဗြိတိသျှကို လိုနီအစိုးရအဖွဲ့ကို ရေနံမြေအလုပ်သမားထုက သပိတ်မှောက်ဆန္ဒပြ ခရီးရှည်ချီတက်ခဲ့ ကြတာဖြစ်ပေမယ့် အခုအခါမှာတော့ ကိုယ့်မင်းကိုယ့်ချင်း သမ္မတဦးသိန်းစိန်အစိုးရရဲ့ ‘အမျိုးသားပညာရေးဥပဒေ’ ပြင်ဆင်ရေး အတွက် ကျောင်းသားထုက ခရီးရှည် ခြေလျင်လျှောက် သပိတ်မှောက်ဆန္ဒပြ ချီတက်ခဲ့ကြတာပါ။ ၁၃၀၀ ပြည့်အရေးတော်ပုံကာလက တပ်ဦး မှာ သုံးရောင်ခြယ်ဒေါင်းအလံတွေ တလူလူ လွှင့်ထူခဲ့ကြသလို ၂၀၁၅ ခုနှစ် ခရီးရှည် သပိတ်မှောက် ချီတက်ဆန္ဒပြပွဲမှာလည်း အနီ ရောင်ခွပ်ဒေါင်း အလံတွေ မိုးယံသို့တိုင် တလူ လူ လွင့်ပျံခဲ့ပါတယ်။ ၁၃၀၀ ပြည့်အရေးတော် ပုံ ခရီးရှည်ချီတက်ပွဲကို ကျောင်းသားပြည်သူ ရဟန်းရှင်လူအပေါင်း က သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြသလို ဒီနေ့ကျောင်းသားထုရဲ့ ခရီးရှည် ချီတက် ဆန္ဒပြပွဲကြီးကိုလည်း ရဟန်းရှင်လူ ပြည်သူအပေါင်းက တက်ကြွလှိုက်လှဲစွာ ထောက်ခံကြိုဆိုခဲ့ကြပါတယ်။

ပညာရေးလေးပွင့်ဆိုင်

တကယ်တော့ ၂၀၁၄ ခု၊ နိုဝင်ဘာလ ၁ ရက်နေ့ကတည်းက ‘အမျိုးသား ပညာရေးဥပဒေ’ ပြင်ဆင်ပေးဖို့ ရန်ကုန်မြို့ ဆူးလေဘုရားအနီးက မြို့တော် ခန်းမရှေ့မှာ ထိုင်သပိတ် ဆင်နွှဲဆန္ဒပြပွဲ စတင်ခဲ့တာပါ။ နိုဝင်ဘာလ ၁၇ ရက်နေ့မှာတော့ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် အစိုးရအဖွဲ့၊ လွှတ် တော်အဖွဲ့၊ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံး ဆိုင်ရာ ကွန်ရက် NNER အဖွဲ့နဲ့ ဒီ မိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော် မတီတို့ပါဝင်တဲ့ ၄ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေး ပွဲတစ်ရပ်ကို ရက်ပေါင်း ၆၀ အတွင်းကျင်းပ ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ တကယ်လို့ ကျင်း ပမပေးခဲ့ရင် ၆၁ ရက်မြောက်နေ့မှာ တစ်နိုင် ငံလုံးအတိုင်းအတာနဲ့ ပိုမိုကြီးမား ကျယ်ပြန့် တဲ့ သပိတ်တိုက်ပွဲတွေ ဆင်နွှဲသွားမယ်လို့ ရာဇသံ ပေးခဲ့ပါတယ်။ ရာဇသံပေး ထားတဲ့အတိုင်း ရက် ပေါင်း ၆၀ လွန်မြောက်အောင် စောင့်ဆိုင်း ခဲ့ပေမယ့် အာဏာပိုင်တွေဘက်က တစ်စုံတစ် ရာ အရေးယူဆောင်ရွက်မှုမရှိတဲ့ အချိန်အခါ ရောက်မှ ကျောင်းသားတွေက အခုလို ခရီး ရှည်ဆန္ဒပြချီတက်ခဲ့၊ သပိတ်မှောက်ခဲ့တာဖြစ် ပါတယ်။

ဒီလို ကျောင်းသားတွေဘက်က ၄ ပွင့် ဆိုင်တွေ့ဆုံညှိနှိုင်းဖို့ ရက် ၆၀ ပေး ထားချိန် အတွင်းက ဦးသိန်းစိန်အစိုးရအဖွဲ့ဟာ အရင် စစ်အာဏာရှင် အစိုးရတွေလက်ထက်က အ ချိုးအတိုင်း ဂရုမစိုက်သလို၊ မတူမတန်သလို၊ တုတ်တုတ်မျှမလှုပ်ဘဲ ငြိမ်နေခဲ့ကြပါတယ်။ ဒါဟာ ပြဿနာကို အချိန်မီ လက်ဦးမှု ရှိရှိ ဖြေ ရှင်းဖို့ မကြိုးစားဘဲ မီးပွားကနေ တောမီး လောင်တဲ့ အထိ စောင့်ကြည့်နေချင်တဲ့ စစ် အစိုးရတွေရဲ့အချိုးနဲ့ တစ်မျိုးတစ်စားတည်း ပါပဲ။ တောမီးလောင်ပြီဆိုမှ အင်အားအလုံး စုံသုံးပြီး ငြှိမ်းသတ်ဖို့ ကြိုးစား တဲ့အခါ ‘အပ် နဲ့ထွင်ရမယ့်ကိစ္စကို ပေါက်ဆိန်နဲ့ပေါက်’ ရ တဲ့ကိန်း ဆိုက်သွား ခဲ့တာချည်းပါပဲ။ ဒီတော့ လည်း သမ္မတဦးသိန်းစိန်ရဲ့ ပြဿနာတွေ ကို တွေ့ဆုံဆွေးနွေးတဲ့ နည်းနဲ့ ဖြေရှင်းတဲ့ နိုင်ငံ ရေးယဉ်ကျေးမှုတစ်ရပ် ထွန်းကားရေးဆိုတဲ့ အဆိုပြုချက်ဟာ တကယ့် သဘောထားအမှန် ဟုတ်ရဲ့လားဆိုတာ များစွာ သံသယပွား စရာဖြစ်ခဲ့ရပါတယ်။

၂၀၁၅ ခု၊ ဇန်နဝါရီ ၂၅ ရက်နေ့ လမ်း လျှောက်သပိတ်မှောက် ဆန္ဒပြကျောင်းသား စစ်ကြောင်း၊ မြင်းခြံမြို့ကို ရောက်ရှိချိန်မှာတော့ ကြိုဆိုကြတဲ့ ရဟန်းရှင်လူပြည်သူများရဲ့ အ ရေအတွက် ဟာ ထောင်ဂဏန်း ကနေ သောင်း ဂဏန်းအထိ တိုးပွားများပြားလာခဲ့ပါပြီ။ မြင်း ခြံပြည်သူလူထုရဲ့ လှိုက်လှဲစွာ ကျွေးမွေးဧည့် ခံကြိုဆိုမှု၊ ရန်ကုန်နာရေး ကူညီမှုအသင်း၊ သုခ ကုသိုလ်ဖြစ်ဆေးခန်းတို့ရဲ့ ဆေးဝါး၊ အချိုရည်၊ စာရေး ကိရိယာတွေ ပေးကမ်းလှူဒါန်းမှုတွေ ကြောင့် သပိတ်မှောက်ကျောင်းသားတွေ လန်း ဆန်းအမောပြေခဲ့ကြရပါတယ်။ ဒီအခါ သပိတ် မှောက်ကျောင်းသားတွေကလည်း မြင်းခြံနည်း ပညာကောလိပ် ကျောင်းဝင်းအတွင်းမှာ အ မျိုးသားပညာရေးဥပဒေ ကန့်ကွက်ကြောင်း ဟောပြောပွဲတွေ တက်ကြွစွာ ကျင်းပခဲ့ကြပါ တယ်။ တက်ကြွမှုလွန်ကဲတဲ့ ကျောင်းသား တချို့ကတော့ နိုင်ငံတော်အလံကိုဖြုတ် ချပြီး ကျောင်းသားသမဂ္ဂရဲ့ခွပ်ဒေါင်းအလံ လွှင့်တင် မိတဲ့အထိ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ တက် ကြွတာ အားရစရာကောင်းပေမယ့် အလွန်အကျွံ တွေ ဖြစ်မလာအောင်တော့ ဝိုင်းဝန်းထိန်းသိမ်း ပေးဖို့ လိုပါလိမ့်မယ်။ အလွန်အကျွံတွေ ဖြစ် လာရင် လူထုနဲ့ကင်းကွာသွားနိုင်သလို အပြစ် ရှာ အကွက်ကောင်းချောင်းနေတဲ့ အင်အားစု တွေရဲ့ ထောင်ချောက်ထဲ ကို ကျရောက်သွား နိုင်ပါတယ်။

နောက်တစ်နေ့ နေ့လယ် တောင်သာမြို့ နယ်အတွင်းက နန်းမြင့်တောင်ကြား အရောက် မှာတော့ မြို့နယ်အာဏာပိုင်များက လုံခြုံရေး ရဲတပ်ဖွဲ့ဝင် အပြည့် အစုံနဲ့ လမ်းပေါ်မှာ အရံ အတားများ ပိတ်ဆို့ချထားပြီး သပိတ်မှောက် ဆန္ဒပြ စစ်ကြောင်းကို တားဆီးဟန့်တားလိုက် ပါပြီ။ ညနေ ၃ နာရီခန့်မှာ အထက်မြန်မာ ပြည် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက်တာ စိုးဝင်းနဲ့ အဖွဲ့ ရောက်ရှိလာ ပြီး ကျောင်းသားခေါင်းဆောင်တွေနဲ့ ဆွေး နွေးရာမှာ ပြေလည်မှုမရဘဲ အပြန်အလှန်ငြင်း ခုံကြပြီး၊ အခြေအနေတင်းမာပြင်းထန်လာခဲ့ပါ တယ်။ အဲဒီအချိန်က ဒေသခံပြည်သူလူထု တစ်ထောင်ကျော်က ဆန္ဒပြကျောင်းသား စစ် ကြောင်းကို ဝန်းရံကာကွယ်ထားကြတယ်လို့ လည်း သိရပါတယ်။ ဒီလို အနေအထားမျိုးမှာ ၁၃၀၀ ပြည့်အရေးတော်ပုံအတွင်းက မြင်းခြံ ခရိုင်၊ ရာဇဝတ်ဝန်နဲ့ ရေနံမြေသပိတ်စစ်ကြောင်း တို့ရဲ့ ထိပ်တိုက်ရင်ဆိုင်မှုမျိုး မဖြစ်အောင် ထိန်း ထိန်းသိမ်းသိမ်းရှိဖို့တော့ လိုအပ်ပါလိမ့်မယ်။ မြင်းခြံခရိုင် ရာဇဝတ်ဝန်က ရေနံမြေဆန္ဒပြ သပိတ်စစ်ကြောင်းကို စစ်ပုလိပ်တွေနဲ့တား ဆီးရိုက်နှက်ဖြိုခွဲပြီး သခင်ဖိုးလှကြီးခေါင်းဆောင် တဲ့ သပိတ်တပ်သားတွေကို ဖမ်းဆီးချုပ်နှောင် ခဲ့ပါတယ်။ တစ်ချိန်တည်းမှာ ‘မြင်းခွာတစ် ချက်ပေါက် ရင် ရေနံမြေ မီးဟုန်းဟုန်းတောက်စေရမယ်’ လို့ ကြွေးကြော်ခဲ့ တဲ့ ကျောင်းသား သမဂ္ဂခေါင်းဆောင် ကိုဗဟိန်းကိုလည်း ဖမ်း ဆီးထောင်ချခဲ့ပါတယ်။ ဒီနေ့လို ကိုယ့်မင်း ကိုယ့်ချင်း ကိုယ့်အစိုးရမင်း လက်ထက်မှာ တွေ့ ဆုံဆွေးနွေးတဲ့နည်းနဲ့ ဖြေရှင်းတဲ့ နိုင်ငံရေး ယဉ်ကျေးမှု မျိုးကိုပဲ ကျင့်သုံးဖို့လိုအပ်ပါလိမ့်မယ်။

လိုလားတောင်းဆိုချက်များ

ဇန်နဝါရီလ ၂၈ ရက်နေ့မှာတော့ သမ္မတ ရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦး ဆောင်တဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ကျောင်း သားအဖွဲ့တို့ တွေ့ဆုံဆွေးနွေးဖြစ်ခဲ့ကြပါတယ်။ ဒီတွေ့ဆုံပွဲအပြီးမှာ ပူးတွဲကြေညာချက်တစ် ရပ်လည်း ထုတ်ပြန်ကြေညာခဲ့ကြပါတယ်။ ဒီ ပူးတွဲကြေညာချက်ထဲမှာ ကျောင်းသားတွေ တောင်းဆိုထားတဲ့ အစိုးရ၊ လွှတ်တော်၊ကျောင်း သားနဲ့ NNER ကိုယ်စားလှယ်တွေပါဝင်တဲ့ ၄ ပွင့်ဆိုင် ညှိနှိုင်းဆွေးနွေးပွဲတစ်ရပ်ကို ဖေ ဖော်ဝါရီလ ၁ ရက်နေ့မှာ စတင်ကျင်းပဖို့ဆုံး ဖြတ်လိုက်ကြပါတယ်။

ဒီလိုတွေ့ဆုံရာမှာ ကျောင်းသားတွေဘက် က တင်ပြမယ့်အချက် ၁၁ ချက်ကို ဆွေးနွေး ညှိနှိုင်းအဖြေရှာဖို့ ကိုယ်စားလှယ်တွေနဲ့ အ ပြု သဘောဆောင်စွာ ဆွေးနွေးညှိနှိုင်းသွားဖို့ ဆွေးနွေးရန် ကျန်ရှိနေတာတွေ ကို ဆက်လက်ညှိနှိုင်းအဖြေရှာသွားဖို့နဲ့ ဒီလိုဆွေးနွေးပွဲစတင် တဲ့နေ့မှာပဲ သပိတ်ရပ်နားဖို့ စတဲ့အချက်တွေကို ပူးတွဲထုတ်ပြန်ခဲ့ကြပါတယ်။
တွေ့ဆုံဆွေးနွေးအဖြေရှာရေး နိုင်ငံရေး ယဉ်ကျေးမှုဆိုတာ တကယ်တော့ ဒေါ်အောင် ဆန်းစုကြည်ပြောသလို ‘နှစ်ဖက်ညှိနှိုင်းကြ ရာမှာ အပြန်အလှန် အပေးအယူ၊ အလျှော့ အတင်းတွေ ရှိကြဖို့ လိုပါလိမ့်မယ်’။ ဒီလို အလျှော့အတင်း အပေးအယူမရှိဘဲ ‘ငါ့စကား နွားရ’ လုပ်နေ ရင်တော့ အောင်မြင်စရာ အ ကြောင်းမရှိပါဘူး။ တစ်နည်းပြောရရင် မူကို ဆုပ်ကိုင်ပြီး နည်းနာအရ သိမ်မွေ့ပျော့ပျောင်း ဖို့ အရေးကြီးပါတယ်။ ဆန္ဒပြကျောင်းသား တွေရဲ့ တောင်းဆိုချက် ၁၁ ချက်ထဲမှာ မူအ ဖြစ်ဆုပ်ကိုင်ထားသင့်တာ။ ပညာရေးဥပဒေ တွေ ရေးဆွဲရာ မှာ ကျောင်းသားနဲ့ဆရာများ ရဲ့ ကိုယ်စားလှယ်တွေ ပါဝင်ခွင့်ရရေး၊ သမဂ္ဂ များ တရားဝင်ဖွဲ့စည်းခွင့်ရရေးနဲ့ အမျိုးသား ပညာရေးကော်မရှင် တက္ကသိုလ် များပေါင်းစပ် ညှိနှိုင်းရေးကော်မတီတွေမှာ ကျောင်းသားနဲ့ ဆရာများ ကိုယ်စားလှယ်တွေ ပါဝင်ဆုံးဖြတ် ခွင့်ရရေးတို့ပဲ ဖြစ်လိမ့်မယ်ထင်ပါတယ်။ တစ် ချိန်တည်းမှာ လတ်တလောလိုအပ်စွာ ထည့် သွင်းတောင်းဆို သင့်တာကတော့ အရေးအ ခင်းကြောင့် ကျောင်းထုတ်ခံ ရသူတွေ ကျောင်း ပြန်တက်ခွင့်ရရေး ဖြစ်ပါတယ်။ ဒီအခြေခံရ ပိုင်ခွင့်တွေ ရရှိထားတဲ့ အနေအထားအပေါ်မှာ အခြားဖြစ်သင့်ဖြစ်ထိုက် တဲ့ တောင်းဆို ချက် တွေကို အခြေအနေ အချိန်အခါနဲ့ လိုက် လျောညီထွေစွာ တစ်ဆင့် ချင်း၊ ရေရှည်ညှိနှိုင်း ဖြေရှင်းသွားကြရမှာပါ။ အရေးကြီးတာက ဒီ တောင်းဆို မှုတွေ မူသဘောအရ အမျိုးသား ပညာရေးဥပဒေထဲမှာ ထည့်သွင်းပါဝင်နိုင်ဖို့ လိုပါလိမ့်မယ်။

သမဂ္ဂတစ္ဆေ

တကယ်တော့ နယ်ချဲ့ခေတ်က ၁၃၀၀ ပြည့်အရေးတော်ပုံကြီးကို အမှတ်ရလောက် အောင် သပိတ်မှောက်ဆန္ဒပြကျောင်းသားတွေ မန္တလေးမြို့ကနေ ခြေလျင်ခရီးရှည်ချီတက်ပွဲ ကြီး ဆင်နွှဲခဲ့ရတာ သမ္မတ ဦးသိန်းစိန် အစိုးရ အဖွဲ့ရဲ့ သဘောထားမမှန်ကန်မှုနဲ့ ကိုင်တွယ် ဖြေရှင်းပုံ ညံ့ဖျင်းခဲ့လို့ပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄၊ ၁၇ ရက်နေ့အထိ ရန်ကုန်မြို့တွင်း ၄ နေရာမှာ ကျောင်းသားသပိတ်စခန်းတွေဖွင့် လှစ်ပြီး အမျိုးသား ပညာရေးဥပဒေပြင်ဆင် ခွင့်ရဖို့ ‘၄ ပွင့်ဆိုင်’ တွေ့ဆုံဆွေးနွေးခွင့်ကို အစိုးရတာဝန်ရှိသူတွေထံ သပိတ်မှောက်ခေါင်း ဆောင်တွေ က တောင်းဆို ခဲ့ကြပြီးဖြစ်ပါတယ်။ ခရီးရှည်ချီတက်ဆန္ဒပြပွဲ မစတင်မီ ရက်ပေါင်း ၆၀ အထိလည်း အစိုးရရဲ့ သဘောထားထုတ် ပြန်မှုကို သပိတ်မှောက်ကျောင်းသားတွေက စိတ်ရှည်စွာ စောင့်ခဲ့ကြပါသေးတယ်။ ဒါကို သမ္မတဦးသိန်းစိန်က သူ့ရဲ့လစဉ်မိန့်ခွန်းမှာ ‘အမျိုးသားပညာရေး ဥပဒေ၊ ဘက်စောင့်ထောင့် စုံက လွှမ်းခြုံHမိအောင် ရေးဆွဲထားတဲ့ ဥပဒေ ဖြစ်ပြီး နည်းဥပဒေနဲ့ ကဏ္ဍအလိုက် ဥပဒေ တွေ မထွက်သေးလို့ ပြီးပြည့်စုံမှု မရှိနိုင်သေးကြောင်း’ ဆင်ခြင်ပေးရင်းနဲ့ ဒီဥပဒေကို ပြင် ဆင်စရာ မလိုတဲ့သဘော တုံ့ပြန်ပြောဆိုသွား ခဲ့တယ်။ တစ်ဆက်တည်းမှာ တက္ကသိုလ်တိုင်း မှာ ပါမောက္ခချုပ်တိုင်းက အမျိုးသားပညာ ရေးဥပဒေ ရှင်းလင်းပွဲတွေလုပ်ခဲ့ကြပေမယ့် သ ပိတ်မှောက်ကျောင်းသားတွေ ရဲ့ လေးပွင့် ဆိုင် တွေ့ဆုံဆွေးနွေးရေး တောင်းဆိုမှုကို ဘာမှ အလေးဂရုပြုမှု မလုပ်ခဲ့ပါဘူး။ ဒီလိုတွေ့ဆုံ ဆွေးနွေးဖို့ တောင်းဆိုမှုကို ဥပေက္ခာပြု လိုက် တော့လည်း သဘာဝကျစွာ သပိတ်မှောက် ကျောင်းသားတွေကလည်း လမ်းပေါ်ထွက်ခဲ့ကြ တာပါပဲ။

အရင်းခံအားဖြင့်ချုပ်ပြောရရင် ‘အမျိုးသားပညာရေးဥပဒေ’နဲ့ပတ်သက် လို့ ကျောင်းသားတွေ ရင်အနာဆုံး၊ အနာကြည်းဆုံးခံစား ရတဲ့အဖြစ် ကတော့ ကျောင်းသားသမဂ္ဂဆိုတဲ့ စကားလုံးတစ်လုံးမှမပါဝင်တာပါပဲ။ ‘ကျောင်းသားသမဂ္ဂ’ ဆိုတဲ့ စကားလုံးဟာ ခေတ်အဆက်ဆက် တိုက်ပွဲဝင် ခဲ့တဲ့ ကျောင်းသား/သူ မှန်သမျှ မြတ်နိုးတန်ဖိုးအထားဆုံး အသည်း နှလုံးဖြစ်တယ်။ ကျောင်းသားသမဂ္ဂဆိုတဲ့ နှ လုံးသားကို ခေတ်အဆက်ဆက်မှာ ကျောင်း သားထုက သွေး၊ ချွေး၊ အသက်များစွာ စ တေးပေးလှူကာ ထိန်းသိမ်းကာကွယ်ခဲ့ကြပါတယ်။ စစ်အာဏာရှင်အစိုးရအဆက်ဆက်က သမိုင်းဝင်သမဂ္ဂအဆောက်အအုံကို ဖြိုချ ဖျက်ဆီးခဲ့ကြပေမယ့် သမဂ္ဂဆိုတဲ့ ဝိညာဉ်က တော့ အစဉ်အဆက် ကျောင်းသားထုရင်ထဲမှာ ထာဝစဉ်ရှင်သန်တည်ရှိနေမြဲပါပဲ။ ဒီနေ့အထိ စစ်အာဏာရှင်အနွယ်အဆက်တွေ အားလုံး ကလည်း ‘သမဂ္ဂ’ ဆိုတဲ့ ‘စကားလုံးတစ္ဆေ’ ခြောက်ခံနေရဆဲပါပဲ။ ဒါကြောင့်လည်း အုပ်စိုးသူ အသိုင်းအဝိုင်းအဆက်ဆက်က ‘သမဂ္ဂ’ ဆိုတဲ့စကားလုံးကို နားခါးစွာ ရှောင်ရှားတတ် ကြပါတယ်။ ဒါပေမဲ့ ကျောင်းသားထုရှိနေသမျှ ‘သမဂ္ဂ’ ဆိုတာလည်း ရှိနေရဦးမှာပါပဲ။ သမဂ္ဂ အလံတော်အောက်မှာ ကျောင်းသားထုတစ်ရပ်လုံး စည်းလုံးညီညွတ်ကြဖို့ပဲ အရေးကြီးပါတယ်။ အရေးကြီးပြီ သွေးစည်းကြ။

The Ladies News Journal

(ပင်မသပိတ်စစ်ကြောင်းကို ကသစ်ကန်ကျေးရွာရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကလေးငယ်များ ရွာထိပ်အထိလိုက်ပါပို့ဆောင်စဉ်)

ဖေဖော်ဝါရီ ၉ ရက်က အောင်လံမြို့နယ် ကသစ်ကန်ကျေးရွာမှ ပြည်မြို့သို့ထွက်ခွာသည့် ပင်မကျောင်းသားသပိတ်စစ်ကြောင်းတွင် ကျောင်းသားကလေးငယ်များ လိုက်ပါပို့ဆောင်ခြင်းအပေါ် သမ္မတရုံးအကြီးတန်းအရာရှိတစ်ဦးဖြစ်သူ Hmuu Zaw Facebook တွင်ဖော်ပြထားသကဲ့သို့ လူသားဒိုင်းသဖွယ်အသုံးပြုခြင်းမဟုတ်ကြောင်း ဗကသအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ကိုမင်းသွေးသစ်က ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါကလေးငယ်များမှာ ကျောင်းသားသပိတ်စစ်ကြောင်း ညအိပ်ရပ်နားရာ ကသစ်ကန်ကျေးရွာ ဥာဏာလင်္ကာရဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းသူကျောင်းသားများဖြစ်ပြီး သပိတ်စစ်ကြောင်းပြန်လည်ထွက်ခွာသည့် ရွာထိပ်အထိအချိန် မိနစ် ၃၀ ခန့်သာ လိုက်ပါပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့လိုက်ပါပို့ဆောင်မှုမှာလည်း အဆိုပါကလေးငယ်များ၏မိဘများမှ သဘောတူလိုက်ပါပို့ဆောင်စေခြင်းကြောင့်သာဖြစ်ကြောင်းလည်း သိရသည်။

"မနက်က ကျွန်တော်တို့ ကသစ်ကန်ကထွက်လာတဲ့ချိန်မှာ ကလေးတွေကို ကျွန်တော်တို့ရှေ့မှာ ပိတ်ဆို့တားဆီးရှိတဲ့အတွက် အဲဒီကို ကသစ်ကန်ကိုမရောက်ခင်ကတည်းက ရွာကျော်လာကတည်းက ကလေးတွေကိုထားခဲ့တယ်။ အဓိက,ကတော့ ကျွန်တော်တို့က ကလေးတွေကို လူသားဒိုင်းသဖွယ်အသုံးပြုတာမဟုတ်ဘူး။ အချိန်နာရီဝက်လောက်ပဲလမ်းလျှောက်ပြီး သူတို့ကိုပြန်ထားခဲ့ပါတယ်။ သူတို့ကို ဘာလို့စစ်ကြောင်းထဲမှာလိုက်ခိုင်းရတာလဲဆိုတော့ သူတို့မိဘတွေကိုယ်တိုင်က ကလေးတွေကို လိုလိုလားလားနဲ့အားပေးတယ်ဆိုတဲ့ ပုံစံမျိုးကိုဖြစ်ချင်လို့ပါ။ နောက်တစ်ချက်က အများအတွက် ကိုယ့်ကျိုးစွန့်ပြီး လမ်းပေါ်ထွက်တဲ့စိတ်ဓာတ်တွေကို သူတို့သားသမီးလေးတွေ ငယ်ငယ်ကတည်းက မြင်စေချင်တဲ့စိတ်တွေကြောင့် မိဘတွေကိုယ်တိုင် ကလေးတွေကိုလာအပ်တာပါ။ ကျွန်တော်တို့အနေနဲ့ ကလေးတွေကို လူသားဒိုင်းအနေနဲ့ ကာကွယ်ဖို့ဆန္ဒမရှိပါဘူး" ဟု ဗကသများအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ကိုမင်းသွေးသစ်ကပြောကြားသည်။

"ကျွန်တော်တို့က ဒီနေ့သွားရတဲ့ခရီးမှာဆိုရင် မိုင်ရှည်ခရီးကိုသွားရမှာမို့ ကလေးတွေကို ရွာပြင်ရောက်တဲ့အချိန်မှာ ပြန်ခိုင်းတယ်။ ဒါပေမဲ့ မပြန်ချင်တဲ့ကလေးတွေကအများကြီးပဲ။ မပြန်ချင်တဲ့ကလေးတွေကို အတင်းချောမော့ပြီးပြန်ခိုင်းလိုက်ရတယ်။ ၀ါဒဖြန့်မီဒီယာတချို့က ဒီလိုကိုယ်တိုင်မျက်မြင်မတွေ့ဘဲ မရေးသင့်ဘူးလို့ထင်တယ်။ နောက်တစ်ခုက မီဒီယာစည်းကမ်းတွေကိုနားလည်သင့်တယ်လို့ထင်တယ်။ ကလေးတွေကို ဒီလိုသုံးနှုန်းတယ်ဆိုတာ တစ်ဖက်ကပုံဖျက်ချင်သူတွေရဲ့ လက်ကိုင်တုတ်ဖြစ်တယ်ဆိုတာပြောချင်တယ်" ဟု မအူပင်ခရိုင် ကျောင်းသားကိုယ်စားလှယ် ကိုမင်းမင်းဇော်ကပြောကြားသည်။

သမ္မတရုံးအကြီးတန်းအရာရှိတစ်ဦးဖြစ်သည့် Hmuu Zaw Facebook တွင် "ကျောင်းသားဆန္ဒပြမှုနှင့် ကလေးသူငယ်" ဟူ၍ Status တစ်ခုတင်ထားပြီး "ဆန္ဒပြကျောင်းသားတွေထဲမှာ ကလေးသူငယ်တွေပါလာတယ်တွေ့ရပါတယ်။ ဒီမြင်ကွင်းဓာတ်ပုံတွေကိုမြင်တွေ့ရတဲ့အခါ စိတ်မကောင်းခြင်းကြီးစွာဖြစ်ရပါတယ်။ ဘယ်သူမှလည်း လှိုက်လှိုက်လှဲလှဲကြိုဆိုကြမယ်မထင်ပါဘူး။ ဆန္ဒပြမှုတွေမှာ အခြေခံအဆင့်ကျောင်းသားကျောင်းသူတွေကိုပါ ဆွဲဆောင်စည်းရုံးဖို့၊ ဆန္ဒပြမှုတွေတိုးမြှင့်ပေါ်ပေါက်လာစေဖို့ စည်းရုံးနေသူတွေ၊ စီစဉ်နေကြသူတွေအနေနဲ့ ကလေးသူငယ်တွေကိုရှေ့တန်းတင်တဲ့ အရှေ့အလယ်ပိုင်းကနည်းဗျူဟာတွေကို ကျောင်းသားဆန္ဒပြမှုမှာအသုံးမချသင့်ဘူးလို့ပဲဆိုရမှာပါ။ လူအင်အားများရင်ပြီးရောဆိုတဲ့ သိမ်ဖျင်းတဲ့အတွေးအခေါ်မျိုးတွေနဲ့ ကလေးသူငယ်တွေကို ပဋိပက္ခတွေကြားထဲ သွတ်သွင်းတာမျိုးတွေကိုတော့ ရှောင်ကြဉ်ဖို့လိုပါလိမ့်မယ်။ အရွယ်မရောက်သေးတဲ့ကလေးသူငယ်တွေကို လူသားဒိုင်းသဖွယ်အသုံးပြုမယ်ဆိုရင် အသုံးပြုဖို့ကြိုးစားလာမယ်ဆိုရင် လူသားမဆန်တဲ့၊ မြန်မာမဆန်တဲ့ အပြုအမူကြိုးပမ်းချက်လို့ပဲပြောချင်ပါတယ်" ဟုရေးသားဖော်ပြထားသည်ကိုတွေ့ရှိရသည်။
Eleven Media Group
http://news-eleven.com/%E1%82%8F%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%84%E1%80%B6%E1%80%B1%E1%80%9B%E1%80%B8/%E1%80%9E%E1%80%95%E1%80%AD%E1%80%90%E1%80%B9%E1%80%B1%E1%80%99%E1%80%BD%E1%80%AC%E1%80%80%E1%80%B9%E1%80%B1%E1%80%80%E1%80%BA%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%85%E1%80%85%E1%80%B9%E1%80%B1%E1%81%BE%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%A1%E1%80%AC%E1%80%B8-%E1%80%B1%E1%80%80%E1%80%BA%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%80%E1%80%B1%E1%80%9C%E1%80%B8%E1%80%84%E1%80%9A%E1%80%B9%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%80%80-%E1%80%99%E1%80%AD%E1%80%98%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%81%8F%E1%80%9E%E1%80%B1%E1%80%98%E1%80%AC%E1%80%90%E1%80%B0%E1%80%9C%E1%80%AD%E1%80%AF%E1%80%9C%E1%80%AC%E1%80%B8%E1%80%81%E1%80%BA%E1%80%80%E1%80%B9%E1%80%BB%E1%80%96%E1%80%84%E1%80%B9%E1%80%B7


၂၀၁၅ ရွေးကောက်ပွဲနီးလာချိန်၊ အခြေ ခံဥပဒေပြင်ရေးလည်း အချိန်မီဖြစ်ဖို့ မလွယ် တော့ကြောင်း ထင်ရှားခဲ့ချိန်မှာ ခြေလှမ်းတွေ ကိုပြင်ဆင်ရင်း၊ ဆုံးဖြတ်ချက်တွေအတွက် ချိန်ဆနေကြရင်းနဲ့ သွေးအေးနေသလိုဖြစ်နေ တဲ့ ဒီမိုကရေစီလှုပ်ရှားမှုအရေးကို ကျောင်း သားများက ဒီမိုကရေစီပညာရေးတိုက်ပွဲဝင်မှု ခရီးရှည် လမ်းလျှောက်ချီတက်ပွဲများနဲ့ လှုပ် နှိုးခဲ့ပါတယ်။ အခြေခံလူထုရဲ့ သောင်းသောင်း ဖြဖြထောက်ခံမှုလည်းရခဲ့ပါတယ်။

ကျောင်းသားလူငယ်တွေ ချီတက်ရာ လမ်းကြောင်းမှာ ပါဝင်ပံ့ပိုးကူညီတဲ့ ရပ်ထဲရွာ ထဲက သာမန်လူထုကိုကြည့်ပါ။ သူတို့ နိုင်ငံ ရေးသီအိုရီတွေနားမလည်ပါဘူး။ စကားကြီး စကားကျယ်တွေလည်း မပြောတတ်ပါဘူး။ ဒါပေမဲ့ လွတ်လပ်ခွင့်ကိုတောင်းဆိုရမယ်၊ မ တရားမှုကို ဆန့်ကျင်ရမယ်၊ ဘ၀တူအဖိနှိပ်ခံ ကျောင်းသားများဘက်က ရပ်ရမယ်ဆိုတဲ့ အခြေခံလူမှုဘ၀ထဲကပေးတဲ့ တော်လှန်ရေး အသိ၊ ဒီမိုကရေစီစိတ်ဓာတ်တွေဟာ လူထု ရဲ့စိတ်နှလုံးမှာ ကိန်းအောင်းနေပြီးဖြစ်လို့ ဒီ လို ဝိုင်းဝန်းနေကြတာပါ။ ဒါဟာ စာအုပ်ထူ ထူကြီးတွေကိုးကား နိုင်ငံရေးအတွေးအခေါ် တွေချပြတတ်တဲ့ ပညာရှိသုခမိန်ဆိုသူတွေ၊ ခေါင်းဆောင်ဆိုသူတွေထက် လူထုရဲ့ရိုးရှင်းတဲ့ ဘ၀ခံယူချက်အမြင်က ရပ်တည်မှုမှန်ကန် ကြောင်းပြခြင်းလည်း မည်ပါတယ်။

ဒီလို လူထုရဲ့ အံ့မခန်း ထောက်ခံကြိုဆို မှုကို ကျောင်းသားများရခဲ့တော့ လချီ ကြို တင်ရာဇသံပေးထားတဲ့ကာလတွေမှာ တွေ့ ဆုံဆွေးနွေးဖို့နှောင့်နှေးနေတဲ့ အစိုးရဟာ အ ခုနောက်ဆုံး ပညာရေးဥပဒေရဲ့ ကောင်းကျိုး၊ ဆိုးကျိုးကို တိုက်ရိုက်ခံရမယ့် ကာယကံရှင် ကျောင်းသားလူငယ်ကလေးများကို ပါဝင် ဆွေးနွေးစေဖို့ ခွင့်ပြုလိုက်ရပါပြီ။

တွေ့ဆုံဆွေးနွေးခြင်းဆိုတာ ဒီမိုကရေစီ ယဉ်ကျေးမှုပါ။ နိုင်ငံရေးကိစ္စမှာ လူကြီးချင်း အပွင့်ရွေးခိုင်းလိုက်၊ ထမင်းစားဖိတ်သလိုလို၊ လက်ဖက်ရည်သောက်လိုလိုနဲ့ ဘောင်းဘီ ချွတ် တောင်ရှည်ဝတ် ခေါင်းပေါင်းစတလူလူ တွေရဲ့ ညာချခံနေရတာက အလို့ နလို့အပြင် ခံချင်လို့ခံနေတယ် ဆိုနိုင်ပါတယ်။ အခု ကျောင်းသားကိစ္စမှာ တွေ့ဆုံဆွေးနွေးပွဲဖြစ် မြောက်ရေးအတွက် လိုက်လျော သဘောတူ လိုက်ခြင်းကတော့ လူငယ်ဘက်က သဘော ထားကြီးကြောင်းပြခြင်း၊ ရိုးသားကြောင်း ပြ ခြင်းပါ။ ဒါကို အစိုးရလူကြီးဆိုသူများက မ လိမ့်တပတ် ညာချမြဲညာချရင် လူငယ်ဘက် က နာစရာမရှိပါ။ ပိုမိုအားကောင်းတဲ့ တန် ပြန်လှုပ်ရှားမှု ပြန်စတင်ရင် လူထုထောက်ခံ မှုက ဆထက်တိုး ကပ်ပါလာဦးမှာပါပဲ။ ရိုး သားသူတွေ၊ လူကြီးလူကောင်းပီသတဲ့ လူ ငယ်လေးတွေဆိုပြီး ပိုလို့တောင် ထောက်ခံ ဝန်းရံကြပါဦးမယ်။

ကျောင်းသားလူငယ်တွေမှာ လူကြီးတော် လှန်ရေးသမားများလို ကားပါမစ်ယူစရာမရှိပါ ဘူး။ လုပ်ပိုင်ခွင့်မက်စရာမရှိပါဘူး။ ဒီလို ပေါင်းစားမဖြစ်သရွေ့ လူထုနှလုံးကို သိမ်း ကျုံးယူနိုင်ဦးမှာပါ။ ဒါပေမဲ့ လူငယ်များအနေနဲ့ ရိုးဂုဏ်ကိုထိန်းရင်း၊ တွေ့ဆုံဆွေးနွေးပွဲမှာ သဘောထားကြီးကြောင်းပြသရင်း တဖက်က လည်း လူကြီးနိုင်ငံရေးသမားများ၊ တော်လှန် ရေးသမားများ သပ်လျှိုသွေးခွဲခံထိ ချည့်နဲ့ အင်အားကွဲခဲ့ရတဲ့ဖြစ်စဉ် အတုံးအရုံး ကျဆုံး ခဲ့ရတဲ့သမိုင်းတွေကို သင်ခန်းစာယူနိုင်ရပါ မယ်။ အနီးကပ် ဝန်းရံနေသူများက ဒါမျိုးတွေ ကို သတိပေးနိုင်ဖို့တော့လိုပါတယ်။ စစ်အာ ဏာရှင် ပဉ္စမံတပ်သားများ၊ လော်ဘီများရဲ့ သွေးထိုးမှု၊ ဝါဒမှိုင်းတိုက်မှုတွေကိုလည်း မျက် ခြည်မပြတ် သတိရှိဖို့လိုပါတယ်။ လွှတ်တော် + အစိုးရ ရွှေမန်းသဘင်စိန်အောင်မင်းတို့တ တွေရဲ့ စကားအလှပဲရှိ၊ လက်တွေ့မှာတော့ အမြောက်စာ၊ သေနတ်စာပဲဖြစ်စေတဲ့ ငြိမ်း ချမ်းရေးခေါင်းလောင်းဆယ်မှုက ဦးစံလင်း ခေါင်းလောင်းလို ကျောက်ခဲရေမပေါ် အဖတ် ဆယ်မရသေးတဲ့ဖြစ်အင်ကိုလည်း သင်ခန်း စာယူနိုင်ရပါမယ်။

စစ်အုပ်စုရဲ့ ပကတိသရုပ် ကတိလည်း မ တည်၊ အပလီအမျိုးမျိုး ကလေးကလားစိတ် ဓာတ်နဲ့ သိပ်ပြီးညစ်ပတ်တတ်ကြတဲ့ လှည့် ကွက်တွေကို သတိရှိရှိ အကွက်ကျကျ ပြန် လည်တုံ့ပြန်နိုင်ရင် ကျောင်းသားလူငယ်များ ရဲ့ လွတ်လပ်တဲ့ ဒီမိုကရေစီပညာရေး အိပ် မက်ဟာ စစ်ဗိုလ်ချုပ်ဟောင်းများရဲ့ ဆွေးနွေး ပွဲသတ်ကွင်း ထောင်ခြောက်ကို အကောင်းဆုံး ရလဒ်တွေနဲ့ ကျော်ဖြတ်နိုင်ပြီး လက်တွေ့အ ကောင်အထည်ဖော်နိုင်မယ် ယူဆရပါတယ်။

အနည်းဆုံး အောင်မြင်မှုအနေနဲ့ အခု ကျောင်းသားချီတက်ပွဲဖြစ်စဉ်ဟာ ဘာကိုပြ နိုင်ခဲ့သလိုဆိုရင် ဒီမိုကရေစီဟာ စကားအလှ၊ အပွင့်ရွေးစီ၊ အပေါ်ယံနံ့သာထုံမွှမ်း၊ အရောင် တဖိတ်ဖိတ်လက်တဲ့ ကျတ်ပြေး လွှတ်တော် ခန်းမမှာမရှိ၊ နေပူ၊ မြေပူ၊ ကန္တာရတပိုင်းဒေ သက ချွေးနံ့လှိုင်တဲ့ ရဟန်းရှင်လူ မိဘပြည် သူ ကျောင်းသားကြားမှာပဲ ရှိတယ်ဆိုတာကို ပြနိုင်ခဲ့ပါတယ်။ စစ်အုပ်စုကို စကားနဲ့ချည် တွေ့ဆုံဆွေးနွေးရေးတောင်းလို့မရ၊ လူထု အားကိုအခြေပြု အလုပ်နဲ့ဖိအားပေးတောင်း မှရတယ်ဆိုတာကိုလည်း ပြနိုင်ခဲ့ပါတယ်။

ကျောင်းသား၊ အလုပ်သမား၊ လယ်သ မား အဖိနှိပ်ခံများ အကြောင်းအမျိုးမျိုးကြောင့် လမ်ပေါ်ထွက်ဆန္ဒပြရရင် အရည်ပျော်လွဲသူ ဝင်း-ဝင်းဖယောင်းတိုင်သမားများ၊ နောက် ပြန်လှည့် အကြောက်တရားဝင်နေသူ လန် ကြောက်သမားများနဲ့ စစ်အုပ်စုဩဇာခံ ဒူးမ နာသားများက ဒါဆို စစ်တပ်က ငြိမ်နေမှာ မဟုတ်ဘူးဆိုတဲ့ အသံဟစ်တတ်ကြပါတယ်။ ဒီလိုအမြင်တွေကို လူထုအပေါ် လွှမ်းမိုးနိုင် စွမ်းတဲ့ ကြားခံအစုံစုံကနေ အဆက်မပြတ် လည်း တင်သွင်းတတ်ကြပါတယ်။ အနေအ စားချောင်နေတဲ့ လူချမ်းသာနဲ့ ပညာတတ် လူလတ်တန်းစား အများစုမှာလည်း လက်ရှိ အပေါ်ယံဖြစ်ပေါ်တိုးတက်မှု အပြောင်းအလဲ များကို ရောင့်ရဲတင်းတိမ် ကျေနပ်နေနိုင်စွမ်း တဲ့ လူမှု-စီးပွား အနေအထားရှိတဲ့အတွက် ဒီလို လူထုလှုပ်ရှားမှု၊ ကျောင်းသားလှုပ်ရှား မှုတွေကို မနှစ်မြို့ချင်တဲ့သဘော အနည်းအ များရှိတတ်ကြပါတယ်။

ကျောင်းသားကလေးများကို သေနတ် ပြောင်းဝပို့ချင်တာလား ဆိုချင်သူများ စဉ်း စားကြည့်ပါ။ ချုပ်နှောင်ခံ ပညာရေးဥပဒေ၊ မလွတ်လပ်တဲ့ ပညာရေးစနစ်တွေ တည်ရှိ နေသရွေ့ ကျောင်းသားများရဲ့ အနာဂတ်ဘ၀ ဟာ သေနေဦးမှာပါ။ မတရားတဲ့စနစ် အဖွဲ့ အစည်းမှာ တရားမဲ့မှုတွေ ကြီးစိုးနေသရွေ့၊ ဖိနှိပ်မှုတွေ ပြင်းထန်နေသရွေ့၊ လူယုတ်မာ တွေ လွှမ်းမိုးနေသရွေ့ ကျောင်းသားက စာ သင်ခန်းထဲမနေနိုင် လမ်းပေါ်ထွက်၊ တောထဲ ရောက်၊ ထောင်ထဲရောက် အသေခံ အဖမ်းခံ လုပ်ခဲ့၊ လုပ်နေ၊ ဆက်လက်လုပ်ကိုင်ရဦးမှာ ပါ။ လယ်သမားလည်း အေးအေးလယ်လုပ် ခွင့်မရလို့ သေနတ်ပစ်ခံရင်း ဆန္ဒပြခဲ့၊ ပြနေ၊ ဆက်လက်ပြနေရဦးမှာပါပဲ။

လူထုအစစ်အမှန်ကတော့ ကျောင်းသား လေးတွေဘက်က အပြည့်အဝ အမြဲရပ်တည် မှာပါပဲ။ ကျောင်းသားလေးတွေ အခု အစိုးရ ကတိပေးထားတဲ့ ဆွေးနွေးပွဲဆိုတာကိုလုပ် ပါ။ တောင်းဆိုချက်တွေ တကယ်အကောင် အထည်ဖော်နိုင်အောင် လူကြီးများနဲ့ညှိနှိုင်း ပါ။ အစိုးရနဲ့ လွှတ်တော်လူကြီးဆိုသူများ တ ကယ်လူကြီးပီသလားဆိုတာကို စောင့်ကြည့် ရာမှာကတော့ လူထုနဲ့ စာနယ်ဇင်းအလုပ်ပါ ပဲ။ သွေးအေးသွားလို့တော့မဖြစ်ပါ။ အမြဲမ ပြတ် မီးထိုးပေးနိုင်မှသာ ရပါမယ်။

ဘယ်မီးထိုးပေးရမလဲဆိုရင် လူထုအင် အား (People Power) ဆိုတဲ့မီးပါ။ အာ ဏာကို လက်ဝယ်အမြဲဆုပ်ကိုင်ထားလိုသူ ဖိနှိပ်သူ အာဏာရှင်များကြောက်တဲ့ အပူမီး က လူထုစုစည်းမှုအားပါပဲ။ လူထုကြောက် ရောဂါရှင်များကတော့ လူထုလှုပ်ရှားမှုဖြစ် လာတိုင်း လမ်းပေါ်ထွက် လူသေခံ၊ ထောင် ကျခံ အလုပ်၊ ကကြီး ခခွေးအဆင့် နိုင်ငံရေး အစရှိသလို အမနပ ဆိုကြမှာပါ။ ဒါပေမဲ့ ဒီကကြီးခခွေးလမ်းစဉ် လူထုလှုပ်ရှားမှုဖြစ်စဉ် တွေကပဲ ဒီမိုကရေစီနဲ့ လွတ်မြောက်ရေးတိုက် ပွဲတွေကို အဆုံးတိုင်ရောက်စေ၊ ဖြစ်စေခဲ့တယ် ဆိုတာ ကမ္ဘာမှာ၊ ဗမာမှာ သမိုင်းသက်သေ ထင်ရှားရှိပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း အင်္ဂလိပ်ဆီက လွတ် လပ်ရေးအရယူနိုင်ခဲ့ခြင်းက တွေ့ဆုံဆွေးနွေး ပွဲသက်သက်ချည်း ရခဲ့တာမျိုးမဟုတ်ပါ။ လူ ထုအခြေခံတဲ့ တော်လှန်ရေးများ၊ အထွေထွေ လူထုသပိတ် စတဲ့ ကိုယ့်ဘက်က အင်အား ခိုင်မာအောင်တည်ဆောက်ပြီးမှ လွတ်လပ်ရေး အရယူမယ်ဆိုပြီး စကားပြောအရေးဆိုနိုင်ခဲ့ လို့ အောင်မြင်ခဲ့တာပါ။ လူထုအားကိုမတည် ဆောက်နိုင်၊ မပြနိုင်သရွေ့ ဘယ်အုပ်စိုးသူ အာဏာပိုင်ကမျှ အလေးမထား မကြောက်ပါ။ အခု ကျတ်ပြေးလွှတ်တော်၊ စစ်တပိုင်းအစိုးရ ဆိုတဲ့ ပြုပြင်ပြောင်းလဲမှုဆိုကြတဲ့ ဖြစ်စဉ်ကြီး ကိုယ်တိုင်က ၂၀၀၇ ရွှေဝါရောင်တော်လှန် ရေး သံဃာ + ကျောင်းသား + လူထုပူး ပေါင်းလှုပ်ရှားမှုကြီးရဲ့ အကျိုးဆက်ပဲမဟုတ် ပါလား။

ဒါကြောင့် ဒီမိုကရေစီပညာရေးအတွက် တွေ့ဆုံဆွေးနွေးရေးလုပ်ပါ။ နိုင်ငံရေးသမား များ၊ တက်ကြွလှုပ်ရှားသူများနဲ့ လူထုကလည်း ဆက်လက်ဝန်းရံကြပါ။ ဒါပေမဲ့ ကျောင်းသား လူငယ်များ လူထုရင်ခွင်ကိုခိုလှုံရင်းကနေ အစိုးရလူကြီးဆိုသူများကို နောက်မှ လူထု အင်အားရှိကြောင်း ရှင်းရှင်းလင်းလင်းသိစေ လိုက်ပါ။ စားပွဲဝိုင်းမှာ မဖြေရှင်းချင်ရင် လူ ထုအင်အားနဲ့တွေ့မယ့်အကြောင်း ရာဇသံ ထပ်ပေးလိုက်ပါ။ ကျောင်းသား၊ လူထု၊ သံ ဃာ၊ နိုင်ငံရေးသမား အင်အားအစုစု ညီညွတ် ကြောင်းသာထုတ်ပြနိုင်ရင် လိုချင်တဲ့ ရည် မှန်းချက်ပန်းတိုင် မုချရောက်မှာပါ။ လူထု အင်အားဆိုတဲ့ မီးသာ မပြတ်ထိုးပေးပါ၊ တိုင်းပြည်မှာ ဒီမိုကရေစီအင်ဂျင် မုချလည်ပါ မယ်။

၂၀၁၅ အတွက် အပြောင်းအလဲကို အနာ ဂတ်ကိုဦးဆောင်မယ့် ကျောင်းသားလူငယ်က လေးများရဲ့ ဒီမိုကရေစီပညာရေးတိုက်ပွဲ အောင်ပွဲနဲ့ဖွင့်နိုင်ဖို့ ညီညွတ်ခိုင်မာ အားရှိတဲ့ လူထု အင်အားကို တည်ဆောက် လူထုရင်ခွင်ကို အပြည့်အဝခိုလှုံကြပါစို့လား ခင်ဗျာ။

(ဆောင်းပါးပါ အာဘော်ကို ဝေဖန်ရန် nyeinchanaye81@gmail.com သို့ စာရေးနိုင်သည်။)

|| ဆောင်းပါး - ငြိမ်းချမ်းအေး ||
The Ladies News Journal
https://www.facebook.com/News.TheLadies


ပြည်မြို့ကို ချီတက်တဲ့ မန္တလေး-ရန်ကုန် ပင်မကျောင်းသား သပိတ်စစ်ကြောင်းကို ပဲခူးတိုင်းအတွင်း မြို့နယ်တွေ က ပြည်သူလူထု ရာပေါင်းများစွာက ကြိုဆို ၀န်းရံခဲ့ကြသလို လမ်းမှာစောင့်ဆိုင်းနေတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက လည်း တစုံတရာ တားမြစ်ခြင်း မပြုတဲ့ အတွက် အေးအေးချမ်းချမ်းနဲ့ ပြည်မြို့အနီး ရောက်ရှိကြပါတယ်။

မကွေးတိုင်းအောင်လံမြို့ကနေ ဒီနေ့မနက်ချီတက်လာတဲ့ ကျောင်းသား သပိတ်စစ်ကြောင်းဟာ ပဲခူးတိုင်း နယ်စပ် ယုန်ဖြူတောင်မှာ စောင့်ဆိုင်းတဲ့ လုံခြုံရေး ရဲတွေရဲ့ တားမြစ်မှုကို မခံရဘဲ ဆက်လက်ချီ တက်ခဲ့ကြပြီး ပြည်မြို့နဲ့ ၃ မိုင်အကွာက တီတွတ်ကျေးရွာကို ရောက်ရှိနေပြီဖြစ်ပါတယ်။

ပေါင်းတည်မြို့ကနေ ကျောင်းသားသပိတ်စစ်ကြောင်းကို လမ်းမှာ သွားရောက် ကြိုဆို ၀န်းရံတဲ့ ပေါင်းတည်ဒေသခံတဦးက “ပဲခူးတိုင်းနဲ့ မကွေးတိုင်းအစပ်မှာ လမ်း ယုန်ဖြူတောင်မှာ စွမ်းအားရှင် အယောက် ၂၀၀ လောက်နဲ့ လုံထိန်းအင်အားနဲ့ စောင့်တယ်လေ။ စောင့်တော့ ကျနော်တို့ ပေါင်းတည်၊ နတ်တလင်း၊ ဇီးကုန်း၊ ကြို့ပင်ကောက်၊ ရွှေတောင်၊ သဲကုန်းတို့က လူတွေအကုန်လုံး ၀ိုင်းပြီးတော့ အင်အားဖြည့်လိုက်တယ်ပေါ့။ အင်အားဖြည့်တော့ သူတို့အင်အားနည်းတာနဲ့ သူတို့လည်းပဲ နောက်ဆုတ်သွားတယ်။  ပြည်သူရော ကျောင်းသားရောဆို ယုန်ဖြူတောင်မှာ သုံးထောင်လောက်ရှိ မယ်“လို့ ပြောပါတယ်။

“မဘသ ဘုန်ကြီးတွေပါ သူတို့ ခေါ်သေးတယ်လေ။ ခေါ်လာတော့ ဘုန်းကြီးရော သူတို့ရော တားလို့မရဘူး။ ဒီဘက်က ပြည်သူက အင်အားအရမ်းများနေတာ။ အခုတော့ ကျနော်တို့ ပြည်အ၀င် ၀က်ထီးကန်အနားက တီတွတ် (ကျေးရွာ) ကို ရောက်နေပြီ” လို့ သူက ဆက် ပြောပါတယ်။

ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုရဲရင့်ကျော်က “ ကျနော်တို့ သတင်းကြီးနေတဲ့ ယုန်ဖြူတောင် အတားအဆီးကို ကျနော်တို့ ရောက်တဲ့အခါမှာ အရပ်သားလုံးခြုံရေးအင်အား ၂၀၀ ခန့်နဲ့ ရဲ့တပ်ဖွဲ့ ၀တ်စုံအပြည့် ၀တ်ထားတဲ့ အင်အား ၄၀ လောက် ရှိနေပါတယ်။ ဒါပေမယ့် ဒီစစ်ကြောင်းကို လာရောက်ကြိုဆိုကြတဲ့ မိဘပြည်သူတွေ၊ ပြည်မြို့ နည်းပညာ တက္ကသိုလ်၊ ၀ိဇ္ဇာသိပ္ပံ တက္ကသိုလ် ကျောင်းသားကျောင်းသူတွေ၊ မြို့မိမြို့ဖ ကြိုဆိုမှုတွေနဲ့ အတူ စောင့်ဆိုင်းနေတဲ့အချိန်ဖြစ်တဲ့အတွက် ကျနော်တို့ စစ်ကြောင်း ဖြတ်သန်းရာတလျှောက်မှာ သူတို့ ဘေးတဖက်တချက်စီကနေဘဲ ကြည့်ရှုသတင်းယူတာပဲရှိပါတယ်။ ကျနော်တို့ ဒီတိုင်း ဖြတ်သန်းသွားလာလို့ရ ခဲ့ပါတယ်။”ပြောပါတယ်။

မနေ့တုန်းက ပြည်မြို့မှာ ကျောင်းသားတွေကို ကြိုဆိုဖို့ ပြင်ဆင်နေသူတွေထဲက တက္ကသိုလ် ကျောင်းသား ကိုသန့်စင်ထက် ဖမ်းဆီးခံခဲ့ရပါတယ်။ ကိုသန့်စင်ထက် ဖမ်းဆီးခံရမှုဟာ သိရသလောက် လက်ရှိကျောင်းသား သပိတ်နဲ့ မပတ်သက်ဘဲ အရင်ကာလ ဆန္ဒပြမှုတွေနဲ့ သက်ဆိုင်တာဖြစ်တယ်လို့ ပေါင်းတည်ဒေသခံက ပြောပါတယ်။

ပေါင်းတည်မြို့ခံက  “ကိုသန့်စင်ထက်က ပထမ သူက သဲကုန်းလယ်ယာမြေကိစ္စ နဲ့ သူ့ကို နိုင်ငံတော် အကြည်ညို ပျက်စေမှုနဲ့ စွဲထားတာရှိတယ်လေ။ နောက်တခု က လက်ပံတောင်း တောင်မှာ ဒေါ်ခင်ဝင်း သတ်ခံရမှုနဲ့ ပြည်မှာ ဆန္ဒဖော်ထုတ်တာ ငြိမ်းစုစီ ပုဒ်မ ၁၈ နဲ့ တခါညှိတယ်။ နောက်တခါ မန္တလေးမှာ ပုဒ်မ ၁၈ ငြိမ်းစုစီနဲ့ တခါ ညှိတယ်။ အဲဒီကိစ္စဖမ်းခံရတာ။ အစကတည်းက သူ့ကို ၀ရမ်းထုတ်ထားတယ်လေ” လို့ ပြောပါတယ်။

ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းဟာ ပြည်မြို့မှာ  ဒီကနေ့နဲ့ မနက်ဖြန် ညအိပ်ရပ်နားပြီး ကျန်တိုင်း နဲ့ ပြည်နယ်တွေက လာရောက်ပူးပေါင်းမယ့် သပိတ်စစ်ကြောင်းတွေကို စောင့်ဆိုင်းဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။  နောက်တရက်မှာတော့ ပေါင်းတည်မြို့ကို ချီတက်မယ်လို့ သိရပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/?p=80722

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.