02/15/15


မန္တ​လေးမြို့က​နေ ရန်​ကုန်​မြို့ကို ဦးတည်​ ချီတက်​လာခဲ့တဲ့ ဒီမိုက​ရေစီပညာ​ရေး ပင်​မ သပိတ်​စစ်​​ကြောင်းနဲ့ ပဲခူးစစ်​​ကြောင်းတို့ ပူးပေါင်း ချီတက်နေကြပါတယ်။

ဒီ​နေ့လယ် ၂ နာရီ အချိန်လောက်မှာ အုတ်​ဖိုမြို့နဲ့ ကြို့ပင်​​ကောက်​ နယ်​နိမိတ်​အဆက်​ ပန်းပဲကုန်း ​ကျေးရွာထိပ်​မှာ သပိတ်စစ်ကြောင်း ၂ ခု ပူးပေါင်းလိုက်ပြီး ဒီနေ့ည အုတ်ဖိုမြို့မှာ ညအိပ်ရပ်နားကြမှာ ဖြစ်ပါတယ်။

အမျိုးသားပညာ​ရေး ဥပ​ဒေကို ဆန့်​ကျင်​ကန့်​ကွက်​ သပိတ်​​မှောက်​​နေကြတဲ့ ဒီမိုက​ရေစီ ပညာ​ရေး သပိတ်​စစ်​​ကြောင်း​တွေကို ရန်​ကုန်​တိုင်း​ဒေသကြီးအတွင်း မဝင်​​ရောက်​နိုင်​ဖို့အတွက်​ လုံခြုံ​ရေး တပ်​ဖွဲ့ဝင်​​တွေဟာ ရန်​ကုန်​တိုင်း ​ဒေသကြီး နယ်​နိမိတ်​အစပ်​​တွေမှာ သံဆူးကြိုး​အကာအရံတွေ အသုံးပြုပြီး အင်​အားသုံး ပိတ်​ဆို့ ဟန့်​တားဖို့ အသင့်​ပြင်​​နေကြတယ်​လို့ မျက်​မြင်​သက်​​သေ​တွေက ဒီဗွီဘီကို အတည်​ပြု​ပြောဆိုပါတယ်​။

ပဲခူးစစ်​​ကြောင်းမှာ ​ဝိဇ္ဇာ သိပ္ပံ တက္ကသိုလ်​က ​ကျောင်းသူ ၁ ဦး​၊ ကျောင်းသား ၁၄ ဦး ပါဝင်​ပြီး အင်​အားသုံး ပိတ်​ဆို့ ဖယ်​ရှားဖို့ ပြင်​​ဆင်​နေတဲ့ အစိုးရကို ပင်​မ သပိတ်​စစ်​​ကြောင်းနဲ့ အတူတကွ ပူး​ပေါင်းရင်​ဆိုင်​ပြီး ရန်​ကုန်​အ​ရောက် ​ချီတက်​ဖို့ အခုလို ပူး​ပေါင်းလိုက်​တာလို့ ပဲခူးစစ်ကြောင်း (ဗကသ) နဲ့ ပါဝင်​လာတဲ့  ကျောင်းသား မျိုးကိုက ဒီဗွီဘီကို ​ပြောပါတယ်​။ 

သပိတ်စစ်ကြောင်းတွေကို သာယာဝတီမြို့မှာ ပြည်သူတချို့နဲ့ စွမ်းအားရှင်​​တွေက တားဆီးသွားမယ်လို့ ဒီဗွီဘီက စုံစမ်းသိရပါတယ်​။

အဲဒီအတားအဆီး​တွေကို သပိတ်​​မှောက်​ ​ကျောင်းသား​တွေက ​ကျော်​ဖြတ်​နိုင်​ခဲ့မယ်​ ဆိုရင်​​ လုံခြုံ​ရေး လက်​နက်​ကိရိယာ​တွေ ကိုင်​​ဆောင်​ထားတဲ့ ရဲတပ်​ဖွဲ့ဝင်​​တွေနဲ့ ထိပ်​တိုက်​ရင်​ဆိုင်​ရနိုင်​တယ်​လို့ သာယာဝတီမြို့ခံ​တွေက ဒီဗွီဘီကို ​ပြောဆိုခဲ့ပါတယ်​။

By ဒီဗွီဘီ
http://burmese.dvb.no/archives/81783

လွန်ခဲ့သည် ၁၅ နှစ် အတွင်း ပထမဦးဆုံးအကြိမ် အဖြစ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ရေးသားသည့် စာအုပ် ထွက်ပြီဟု သတင်းရရှိပါသည်။

အဆိုပါ စာအုပ်၏ အမည်မှ "ကျွန်မ ဖေဖေ" ဟု အမည်ပေးထားပြီး မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ်အဖြစ် ထုတ်ဝေခြင်း ဖြစ်သည်။

အဆိုပါ စာအုပ်ကို ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်အဖြစ် ရာပြည့်မန္တလေးစာအုပ်ဆိုင်မှ ဖြန့်ချီမည် ဖြစ်သည်။ လက်လီလက်ကားဝယ်ယူလိုသူများအနေဖြင့် ရာပြည့်မန္တလေးစာအုပ်ဆိုင်
၃၅လမ်း ၇၂-၇၃လမ်းကြား မန္တလေးမြို့။ (ဖုန်း) ၀၂-၇၇၄၂၄ ဆက်သွယ်စုံစမ်း ၀ယ်ယူနိုင်မည် ဖြစ်သည်။

The Ladies News Journal


ပြည်ထောင်စုနေ့နောက်ပိုင်းမှ ကျောင်း သားကိစ္စ ဆွေးနွေးပွဲ ကို ပြန်လုပ် မယ်ဆိုတဲ့ အစိုးရကြီးက ကျောင်းသား ကိုယ်စားလှယ် အဲန်အဲန်အီးအာ ကိုယ်စားလှယ်များနဲ့ညှိနှိုင်း ပြီး ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ ပဲ တွေ့ဆုံ ဆွေးနွေးဖို့ သဘောတူလိုက်တဲ့ သတင်းကို မနေ့ညက ရှစ်နာရီ သတင်းမှာ ကြားလိုက်ရပါ တယ်။ ‘အမလေး ဝမ်းသာလိုက်တာ၊ အခုမှ အလုံးကြီး ကျသွားတော့တယ်’ ဆိုတာမျိုး ရင့်ကျူးပြီး ကျေနပ်ကြိုဆို ရမှာ ဖြစ်ပေမယ့် စိတ်ထဲမှာ အဲဒီလို မခံစားရဘူးခင်ဗျ။ ဒါနဲ့ ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်ကြည့်တဲ့အခါ ‘ယခင်အခါကလည်း ဒါမျိုး သတင်းကြားခဲ့ ဖူးပြီး ဝမ်းသာခဲ့ဖူးလေပြီ၊ ထိုမှတစ်ဖန် ပြော သည့်အတိုင်း မလုပ်သဖြင့် နှလုံးကြေကွဲ ဝမ်း နည်းရဖူးလေပြီ’ လို့ အဖြေထွက်သဗျ။

ဒီသတင်းမျိုးကို မကြာလှသေးခင်ကပဲ ကြားခဲ့ပြီး ‘ဒီတစ်ပွဲကဖြင့် အေးချမ်း သာယာ ပြီးလေပြီ’ လို့ ဝမ်းသာဖူးခဲ့သကိုး။ ဝမ်းသာ တာက ကြာကြာ မခံ၊ နေပြည်တော်မှာ ဂွဲလန် သွားခဲ့တာ အားလုံးအသိမို့ အထူးပြော မနေ တော့ပါဘူး။ ဒါပေမဲ့ ဝမ်းမသာနိုင်လောက် အောင် တခြားရင်ကို မှန်ထားတဲ့ ဒဏ်ရာတွေ ကလည်း ရှိနေသေးသဗျ။ အဲဒါတွေထဲက တစ်ခုက ဆိုရင် ဆွေးနွေးမယ့် ကျောင်းသား ကလေးများနဲ့ ဆရာများ စည်ပင် ရိပ်သာ မှာ တည်းခိုခွင့် သဘောတူပြီးပါမှ (အမည်မသိရ တဲ့) ဝန်ကြီးတစ်ဦးက ပိတ်ပြီး တစ်ညလုံး ဒုက္ခပေးရက်တာ၊ ပြည်ထဲရေးဝန်ကြီး ကိုယ်တိုင် က ကျောင်းသားတွေနောက်မှ ကြိုးကိုင် နေသူတွေ ရှိတယ်ဆိုပြီး ဟိုးလွန် ခဲ့တဲ့ နှစ် ပေါင်းသုံးဆယ်ကျော် ကျွန်တော်တို့ ကျောင်း သားဘ၀ကတည်းက ကြားနေကျ စီဒီအပဲ့ ကြီးကို ပြန်ဖွင့်နေတာ၊ ပဲခူးတိုင်း နယ်စပ်ရေး ရာဝန်ကြီး ဗိုလ်မှူးကြီးသက်ထွန်းနဲ့ အဖွဲ့က ကျောင်းသားကျောင်းသူနဲ့ ဆရာဆရာမများ ကို တွေ့ဆုံပြီး သပိတ်မှာမပါဝင်ဖို့ ပြောရာမှာ ‘အခုသပိတ်မှာ ပါဝင်တဲ့ ဘုန်းကြီးတွေဟာ လည်း သပိတ်ကျမှ လူကနေ(ခါတော်မီ) ဝတ်ထားတဲ့ ဘုန်းကြီးတွေဖြစ်ကြောင်း၊ နိုင်ငံရေး သမားတွေက ကြိုးကိုင်ပြီး အဲဒီကြိုး ကိုင်သူ တွေက ပိုက်ဆံရကြောင်း’ စသဖြင့် ပြောတယ် ဆိုတာ စသဖြင့် ကြားရတာတွေက စိတ်ပျက် စရာ အမှိုက်အတွေးအကြံဟောင်းတွေက လာတဲ့ တိုက်ဆွေး အသံဟောင်းတွေမို့ စိတ်မ ချမ်းသာဖြစ်ရတော့ ဒီလို သတင်းလောက်နဲ့ တော့ ဘယ်လိုလုပ် ပျော်နိုင်ပါ့မလဲ။

‘နိုင်ငံရေးသမားတွေက ကြိုးကိုင်တယ်’ ဆိုတဲ့ စီဒီအပဲ့ကြီး ပြန်နားထောင် ရတဲ့အခါ ကျောင်းသားဘ၀ အသက် ၂၀ လောက်မှာ ဦးသန့် အရေးအခင်းနဲ့ ကြုံကြိုက်ခဲ့တာကို ပြန် သတိရမိတယ်။ ဦးသန့်ရဲ့ ရုပ်အလောင်း လေဆိပ် ကိုရောက်လာတော့ အဲဒီတုန်းက မဆလ အစိုးရ တာဝန်ရှိသူတွေ သွားမကြိုကြတဲ့ အပြင် အငြိုးအတေးနဲ့ ဈာပနကို ကျိုက္ကဆံကွင်း မှာ ဖြစ်သလို ပစ်ထားတဲ့အကြောင်း လူတကာက ပြောကြတဲ့အခါ ကျွန်တော် ဘယ်ယုံနိုင် ပါ့ မလဲ။ ကိုယ့်အစိုးရ ကောင်းတာဆိုးတာထက် ဒီလောက်ကြီး အောက်တန်း ကျတယ်ဆိုတာ မဖြစ်နိုင်ဘူးပေါ့။ သေတဲ့သူ အပေါ်မှာမှ အငြိုး အတေးထားတယ်ဆိုတဲ့အထိ ဘယ်လိုလုပ် ယုတ်ညံ့နိုင်ပါ့မလဲပေါ့။ ဒါကြောင့် ကိုယ့်အစိုးရ ကြီးဟာ ဒီလောက် မယုတ်ညံ့ကြောင်း သက် သေပြဖို့ အချိန် ကုန်၊ ငွေကုန်ခံပြီး ကျိုက္ကဆံ ကွင်းအထိ ကျွန်တော်သွားကြည့်ခဲ့တယ်။ အဲဒီ မှာ ကျွန်တော်တို့ မြန်မာနိုင်ငံ ဂုဏ်ကိုဆောင် ပြီး ကမ္ဘာက လေးစား ရတဲ့ ခေါင်းဆောင်ကြီးရဲ့ ခြောက်ကပ်ကပ် ဈာပနကိုကြည့်ပြီး ကျွန်တော် ရင်ထဲ ဆို့သွားတာပဲ။ ဒီဈာပနကို မစည်ကားအောင် လုပ်ထားတယ်ဆိုတာ ဟာ ကောလာဟ လ မဟုတ်ဘူးဆိုတာ သဘောပေါက်လာတယ်။

ဒီနောက်တော့ ကျွန်တော်တို့ အဆောင် နောက်က စက်ရုံတွေ၊ ကျွန်တော့် မိသားစုလို ခင်မင်တဲ့ ဆရာမ တစ်ယောက်ရဲ့ကျောင်း စ သည်ကို ‘ဦးသန့် အသုဘကို လိုက်မပို့ဖို့၊ ပန်း ခွေ၊ ပန်းခြင်းမပို့ဖို့’ ညွှန်ကြားချက်တွေ ရောက် လာတာ သိလိုက်ရတဲ့အခါ ရင်ထဲမှာ မခံချင် စိတ်တွေ အလိပ်လိပ် တက်လာ တာပါပဲ။ အဲဒီ နောက် ဘယ်သူကမှ ကြိုးမကိုင်၊ ဘယ်သူ့ ဩဝါဒမှလည်း မနာခံ ဖူးဘဲနဲ့ ကိုယ်တိုင် မြင် တွေ့ခံစားရတာကဖြစ်တဲ့ ခံစားချက်နဲ့ ကျွန် တော်ကျောင်းမှာ ဦးသန့်အသုဘကို လိုက်ပို့ ဖို့ သိသူရော၊ မသိသူရော တစ်ဦးချင်းကို လိုက်စည်းရုံး ပြောဆိုတယ်၊ ဦးသန့်အကြောင်း၊ ဦးသန့်ကို ဘာကြောင့် လေးစားသင့်ကြောင်း၊ တစ်နိုင်တစ်ပိုင် စာတွေရေးပြီး ဝေခဲ့ တယ်၊ (ဘယ်ကမှ ပိုက်ဆံမရတဲ့အပြင် ကိုယ့်ရှိတာ လေးကုန်တဲ့အထိ လုပ်ခဲ့ တာပါဗျာ)။

နောင်တော့ ဦးသန့်အရေးအခင်းကို အုတ် ဂူဆောက်တဲ့အထိ တစ်ယောက် တစ်လက် အားနဲ့ပါဝင်ပြီး နယ်ပြန်တဲ့အခါ မြို့ရောက် တော့ ပါတီကောင်စီက လူကြီးတွေက မလိမ့် တပတ်နဲ့ လာစုံစမ်းတာ၊ စည်းရုံးပြောဆိုတာ ခံရပါရော။ ‘မင်းကော အသုဘပို့ခဲ့သေးလား’ ‘အဲဒါ မင်းတို့ကို နိုင်ငံရေး သမားတွေက ကြိုး ကိုင်အသုံးချနေတာဆိုတာ မင်းသဘော မ ပေါက်ဘူး မဟုတ်လား’ စသဖြင့်ပေါ့ဗျာ။ ကဲ ဗျာ။ အစိုးရဘက်က မခံချင်လို့ သွားကြည့်မိ ရာကနေ အစိုးရကို ပြန်အာခံချင်စိတ် ဖြစ်လာ စေတာဖြင့် ဘယ်သူက လှုံ့ဆော်တာလဲ၊ ဘယ် သူတွေလဲ၊ လုပ်ဆောင်ချက်တွေက ကျွန်တော် တို့ကို အဲဒီနေရာကို တွန်းပို့ခဲ့တာလဲ။ ပြန် လည်း စဉ်းစားကြည့်ပါဦး။ ကျွန်တော် တို့ကို ကြိုးကိုင် လှုံ့ဆော်ခဲ့တာတွေကတော့ (အဲဒီ ကာလက) အစိုးရရဲ့ မရိုးသားမှု၊ လှည့်ဖြားမှု၊ လိမ်လည်မှု၊ မနာလိုမှု၊ ရန်ငြိုးထားမှု၊ ကလေး ဆန်မှုတွေသာဖြစ်ပြီး ကျန်နိုင်ငံရေးသမားတွေ နဲ့ ကျွန်တော်တို့ ဟာ နောင်နှစ်ပေါင်းများစွာ ကြာသည့်တိုင် နိုင်ငံရေးနယ်ထဲ ကျင်လည် တော့ မှ ထောင်ထဲမှာ (အစိုးရကြီးကျေးဇူးနဲ့) တွေ့ဆုံ ခင်မင်ခွင့် ရကြပြီး ကျောင်းသားဘ၀ က ဘယ်လိုလုပ် အဆက်အသွယ်ရှိမှာမို့တုံး။ အခုလည်း လာပြန်ပြီ။ ကြိုးကိုင်ပြန်သတဲ့။ ဒီဘောင်းဘီဝတ်သူများရဲ့ ဘာသာ စကားက ဘယ်ခေတ်မဆို ဒီလို အတူတူချည်းလားတော့ မသိပါဘူး။ ကျွန်တော်ကတော့ ဒီလိုစကား တွေကြောင့် မခံချင်စိတ်ဖြစ်ပြီး ပညာရေး နယ် ထက် နိုင်ငံရေးနယ်ကို အာရုံပိုရောက်သွား မယ့် ကျောင်းသား ကလေးတွေ (ကိုယ်ငယ် ငယ်ကလို) ဖြစ်ကုန်မှာ (တကယ်စိတ်ရင်းနဲ့) ပူပန်မိတာ အမှန်ပါပဲ။

တကယ်တော့ ကြိုးကိုင်တာ၊ မကိုင်တာ တွေ အသာထား၊ ပထမအချက် က ကျောင်း သားတွေ တောင်းဆိုနေတာဟာ ပညာရေး သက်သက်ဖြစ်ပြီး ဘယ်အဖွဲ့အစည်း အာဏာ ရရေး ဘယ်လူစု ကောင်းစားရေးဆိုတာမျိုးမှ မပါသလို လက်ရှိအစိုးရကို ဖြုတ်ချရေးဆိုတာ မျိုး၊ အစိုးရနုတ်ထွက်ပေးရေး ဆိုတာမျိုးလည်း လုံးဝမပါပါဘူး။ ဒုတိယအချက်က ကျောင်းသား ကလေးတွေ တောင်းဆိုနေတဲ့အထဲက အဓိကအချက်များဟာ ဒီနိုင်ငံမှာ အရင်က ရှိခဲ့ပြီးသားတွေဖြစ်တဲ့ ကျောင်းသားသမဂ္ဂ ဖွဲ့ စည်းခွင့်ပြုဖို့တို့၊ တက္ကသိုလ်ကျောင်းများ လွတ် လပ်စွာ ဆုံးဖြတ်လုပ်ကိုင်ခွင့်ရရှိရေးတို့၊ ပညာ ရေးဘတ်ဂျက် တိုးမြှင့်ရရှိရေးတို့ဆိုတာဟာ အရင် နိုင်ငံရေးအစိုးရ လက်ထက်မှာ ရခဲ့ပြီး သား အခွင့်အရေးမျိုးတွေပါပဲ။ ဒီတော့ ဒီနိုင်ငံ မှာ ရှိခဲ့ဖူးတာတွေကို ပြန်တောင်းရာမှာ မလုပ် ပေးနိုင်စရာမရှိဘူး ထင်တာပါပဲ။ ပြီးတော့ ဒါတွေဟာ လုပ်ပေးရမှာတွေ၊ လုပ်ပေးသင့် တာတွေဖြစ်ကြောင်း သမ္မတကြီးရော၊ လွှတ် တော်ကပါ လက်ခံထားပြီးတော့ ငြင်းတဲ့လူလည်း မတွေ့ပါဘူး။ ငြင်းတဲ့သူမရှိဘဲ ဘယ် သူမှလုပ်မပေးဘဲ ထားတာကိုက အံ့ဩစရာ ကြီးဖြစ်နေတာ။

ပြီးတော့ ပဲခူးတိုင်းဝန်ကြီးပြောတဲ့ ‘ဘုန်းကြီးတု’ ဆိုတဲ့ကိစ္စမျိုးဟာလည်း ဒီအချိန်မှာ မပြောသင့်ပါဘူး။ ဒီကိစ္စကို စေတနာမှန်နဲ့ ဝိုင်းဝန်း ကူညီ စောင့်ရှောက်နေတဲ့ ဆရာတော် ကြီးများကိုပါ ပုတ်ခတ်စော်ကား ရာ ရောက် နေပါတယ်။ ဒီစကားမျိုးက ဘယ်သူမှလည်း ယုံမှာ မဟုတ်ဘူး၊ ပြောသူကိုယ်တိုင်လည်း သူ့ ကိုယ်သူ ယုံကြည်စရာမရှိဘူး၊ ဒီစကားမျိုး ကြောင့် အစိုးရကိုသာ လူထုက အယုံအကြည် ကင်းမဲ့စေပြီး ဘာအကျိုးမှတော့ ရှိမှာမဟုတ် ပါဘူး။ ၂၀၀၇ ခုတုန်းကလည်း ဒီအကုသိုလ် မျိုး တ၀ကြီးယူပြီးပြီမို့ တော်သင့်နေပါပြီ။ ပြီးတော့ တက္ကသိုလ်ကျောင်းသား ဆိုတာ နောင် ၂ နှစ်၊ ၃ နှစ်ဆိုရင် ဘွဲ့ရပြီး နိုင်ငံ့တာဝန် ထမ်း ဆောင်ကြမယ့် အသိပညာရှင်၊ အတတ်ပညာ ရှင်လောင်းလျာများဖြစ်ပြီး သူတို့ဟာ သူများ ကြိုးကိုင်တာ ခံမယ့်သူတွေ မဟုတ်ပါဘူး။ ခက်တာက ‘သူခိုးဟာ ရိုးတတ် တယ်’ ဆိုတာလို ကြိုးကိုင်ခံနေကျသူများက ‘လွတ်လပ်စွာတွေး ခေါ်လုပ် ကိုင်နိုင်တဲ့ အဖြစ်’ ကို မယုံကြည် တတ်ကြပါဘူး။ ပြီးတော့ ‘နိုင်ငံရေး သမား တွေက ကြိုးကိုင်ပြီး ပိုက်ဆံရတယ်ဆိုတဲ့စ’ကားကို ဘာရည်ရွယ် ချက်နဲ့ ပြောမှန်း နား ကိုမလည်နိုင်ဘူး။ အခုကိစ္စမှာ ဘယ်ကများ ပိုက်ဆံ ဘယ်လိုရမှာပါလိမ့်။

ခိုင်းတာလုပ်နေကျလူဟာ လူဆိုတာကိုယ် ပိုင်တွေးခေါ် လုပ်ကိုင်နိုင်စွမ်း ရှိတယ်ဆိုတာ ကို ယုံကိုမယုံတတ်ဘူးဗျ။ ပြီးတော့ ငွေရမှ ကိုယ်ကျိုးရှိမှ လုပ်တတ်သူတွေကလည်း အနစ် နာခံလုပ်သူတွေကို နားမလည်နိုင်တတ် ပါဘူး။ ဥပမာတွေ ပြောပြရရင် ၈၈ အရေးအခင်းတုန်း က လေတပ်က တပ်သားတွေ အုပ်စုလိုက် ဆန္ဒပြကြတဲ့အခါ လေတပ်အရာရှိက သူ့တပ် သားတွေကို ‘မင်းတို့တစ်တွေ ဘာနားမလည်၊ ညာနားမလည်နဲ့ သူများ ဒီမိုကရေစီဆို မင်း တို့ကလည်း လိုက်ပြီး ဒီမိုကရေစီလုပ်ကြတာ၊ မင်းတို့ ဒီမိုကရေစီဆိုတာ ဘာမှန်းလဲ သိ တဲ့ကောင်တွေ မဟုတ်ဘုး’ လို့ ပြောတယ် တဲ့။ အဲဒီတော့ အရာရှိပြောသမျှ ငုံ့ခံရနေကျ တပ် သားတွေထဲက ယုံကြည် ချက်ကို ထိလာတော့ မခံနိုင်တော့ဘဲ ‘ကျွန်တော်ကတော့ ဒီမိုက ရေစီဆိုတာ ဘာလဲသိပါတယ် ဗိုလ်ကြီး၊ ကျွန် တော် ဥပဒေနဲ့ ဘွဲ့ရထားတာပါ၊ ဒီမိုကရေစီ ဆိုတာက ...’ ဆိုပြီး ဂရိခေတ် ဒီမိုကရေစီ ကနေ ဒီနေ့ခေတ် ဒီမိုကရေစီ လုပ်ထုံးလုပ် နည်းအထိ အကြမ်းဖျဉ်း ပြောပြတုံ့ပြန်လိုက် တာကို လေတပ်က ရဲဘော်တစ်ဦး ပြန်ပြော ပြလို့ ကြားခဲ့ရဖူးတယ်။ တကယ်တော့ ကိုယ် မသိတာနဲ့ သူလည်း သိမှာမဟုတ်ဘူး ထင် နေသလား မဆိုနိုင်ဘူးခင်ဗျ။

ဒီလိုပဲ ကိုယ့်စရိတ်ကိုယ်စားပြီး ဘယ်အ ဖွဲ့အစည်းကမှ ကြိုးမကိုင်၊ ဘယ်သူ ကမှ ငွေ မပေးဘဲ ကိုယ့်အသိ စိတ်ဓာတ်နဲ့ကိုယ် ဘီဘီစီ ကို သတင်းပေးခဲ့ တာမို့ ဘီဘီစီဦးနေမင်းလို့ လူသိများတဲ့ ရှေ့နေကြီးတစ်ဦး ရှိပါတယ်။ ဒီရှေ့နေကြီးကို အဲဒီအမှုအတွက် ဖမ်းမိတော့ သူတို့က ငွေရလို့လုပ်တယ်ပဲ ထင်နေတယ်။ ဖုန်းဆက်တာကအစ အစစအရာရာ ကိုယ့် အိတ်ထဲက စိုက်ပြီး ကိုယ့်ယုံကြည်ချက်အတွက် လုပ်တယ်ဆိုတာတော့ သူတို့လိုလူတွေ အမြင် မှာ ‘အင်း၊ စိတ်မှမှန်ရဲ့လား’ လို့ ထင်စရာ ဖြစ်ပုံပေါ်တယ်။ မနေနိုင် မထိုင်နိုင် စစ်ဆေး ရေးလုပ်တဲ့ ဗိုလ်ကြီးတစ်ယောက်က ‘ခင်ဗျားကို ငွေရလို့ လုပ်တာပဲလို့ ထင်နေတာ၊ အခု တော့ ခင်ဗျားဟာက ကိုယ့်အိတ်ထဲ ကတောင် စိုက်လုပ်ရတယ် ဆိုတော့ ဘာသဘောလဲဆို တာ နားကို မလည်နိုင်ဘူးဗျာ’ လို့ ဆိုသတဲ့။ ဦးနေမင်းက ‘အာဏာရှင်စနစ်နဲ့ ဖိနှိပ်မှု က နေ ပြည်သူတွေ လွတ်အောင် ကိုယ်တတ်နိုင် တာ ကိုယ်လုပ်တာပါပဲ၊ အခု မဆလပါတီ ပျက်သွားတော့ ဗိုလ်ကြီးတို့ပါ ဖိနှိပ်ခံနေရတာ ကနေ လွတ်သွားတယ် မဟုတ်လား’လို့ ပြော တော့ ‘အင်း၊ ဒါတော့ ဟုတ်တယ်’ လို့ ပြောသတဲ့။ ကဲ၊ သူများခိုင်းလို့ လုပ်ရသူများ၊ ငွေရ၊ အခွင့်အရေးရ၊ ရာထူး တိုးရ၊ မျက်နှာကောင်းရ၊ အရိုးအရင်းရ စသဖြင့် တစ်ခုခုရမှ လုပ်တတ်သူများ ဟာ အခြားသူများလည်း ကိုယ့်လိုပဲ ထင်တတ်တာက အံ့ဩစရာမဟုတ်ဘူး ထင် ပါ့ဗျာ။

ဒီနေရာမှာ နောက်ကွယ်က ကြိုးကိုင် တယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး မအူပင် ကွန် ပျူတာတက္ကသိုလ်က ကျောင်းသားလေး မောင်ဟိန်းထက်ကျော် ပြော တာက သဘောကျ စရာပဲ။ ‘ကျွန်တော်တို့ကို ကြိုးကိုင်နေတာက သန်း ၅၀ သော မိဘပြည်သူတွေပါပဲတဲ့၊ ရင်ဘတ်ချင်း ဂျက်ပေါက်ထိုးထားတဲ့ ကြိုးနဲ့ပါ တဲ့’။ ကဲ၊ ရှင်းပါတယ်နော်။

အမှန်တော့ အခုကိစ္စဟာ ကလေးတွေ လည်း အခုလောက်ပင်ပန်း၊ မိဘတွေ လည်း ပူပန်စိတ်နွမ်း ဖြစ်စရာမလိုဘဲ ပြီးသွားရမှာမျိုးပါ။ နိုင်ငံရေးစိန်ခေါ်မှု မဟုတ်သလို ဘယ်သူ မှလည်း နစ်နာဖို့ မမြင်ပါဘူး။ ဒီနေရာမှာ အ စိုးရ အပါအဝင် တက္ကသိုလ် ဆရာကြီးများက အစ အမြင်ကျယ်ကျယ်နဲ့ ပူးပေါင်းဆောင်ရွက် ဖို့တော့ လိုပါလိမ့်မယ်။ မကြာသေးမီက တက္ကသိုလ် ဆရာကြီးတစ်ဦးက တီဗီအင်တာ ဗျူး တစ်ခုမှာပြောပုံက အခုတဲ့ ပညာသင် ကြားမှုနဲ့ စီမံခန့်ခွဲမှု လွတ်လပ်မှု့ ရနေပြီဖြစ်ပြီး ဘဏ္ဍာရေးလွတ်လပ်မှုပဲ လိုပါတယ်တဲ့။ အဲ ဒါက အစိုးရက တစ်ပြားမှ မပေးတော့ဘူးဆိုရင် ကိုယ့် ဘာသာ ရပ်တည်နိုင်တာ မဟုတ်လို့ မဖြစ်နိုင်သေးဘူးလို့ ဆိုသွားပါတယ်။ အင်း၊ ကလေးတွေတောင်းတဲ့အထဲမှာ အစိုးရ က တစ်ပြားမှ မပေးရေး ဆိုတာတော့ မပါဘူး ထင်တာပါပဲ။ တက္ကသိုလ်တွေ လွတ်လပ်စွာ အုပ်ချုပ်နေ ပါတယ်ဆိုတဲ့ နိုင်ငံကြီးတွေမှာ အ စိုးရက တစ်ပြားမှမပေးဘူးလား ဆိုတာ ပြန် လေ့လာလိုက်ပါဦးလို့ ပြောပါရစေခင်ဗျား။

မြန်မာ့ဆိုရိုးမှာ ‘ချစ်တီးခေါင်း သန်းရှာတယ်’ လို့ အဆိုရှိပါတယ်။ ပြောင်နေ တဲ့ ခေါင်းမှာ သန်းရှာတာက အလုပ်မဟုတ်တာ ကို လုပ်တာ၊ အချိန်ဆွဲတာ၊ မရှိတဲ့အပြစ်ကို ရှာတာ၊ အချိန်ဖြုန်းတာ၊ လူရယ်စရာကိစ္စတွေ နဲ့ အချိန်ကုန် တာစသဖြင့် အဓိပ္ပာယ်ရပါတယ်။ အခု ပြောနေဆိုနေ ဝေဖန်နေပုံကဖြင့် လူတိုင်း သိနေပြီးဖြစ်တဲ့ ‘ညစ်နည်းဟောင်းတွေနဲ့’ ချစ်တီးခေါင်း သန်းရှာ ဦးမယ့်ပုံပေါက်နေတာမို့ ဒါမျိုးတွေ တော်ကြတန်ကြပါတော့လို့ တောင်းပန် ချင်လှပါတယ်။

ဖြစ်သင့်တာကို လိုက်လျောပေးခြင်းနဲ့ ဖြေ ရှင်းလိုက်ပြီး အားလုံး လက်တွဲ လုပ်ရမယ့် အရေးကြီးကိစ္စ များစွာအတွက် အချိန်ပေးကြရ အောင်ပါ လို့ လေးလေးစားစား (ဘယ်သူကမှ ကြိုးကိုင်လို့ မဟုတ်ဘဲ) တောင်းဆို ချင်ပါတယ် ခင်ဗျား။

ရီနေနိုင်

The Ladies News Journal ပါ သရော်စာ

ကျောင်းသားတွေတောင်းဆိုချက်နဲ့ ရေးဆွဲထားတဲ့ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းတရပ်ကို ဖေဖော်ဝါရီ ၁၅ ရက်မှာ အပြီးသတ် ရေးဆွဲနိုင်ခဲ့ပြီဖြစ်ပါတယ်။

ရန်​ကုန်​မြို့မှာ ဖေဖော်ဝါရီ ၁၄ နဲ့ ၁၅ နှစ်ရက်တာ ပြုလုပ်ခဲ့တဲ့ အစိုးရ၊ကျောင်းသား၊နိုင်ငံလုံးဆိုင်ရာ ပညာရေး ပြုပြင်ပြောင်းလဲမှုကွန်ရက် (အန်အန်အီအာ)နဲ့ လွှတ်တော်တို့ ဆွေးနွေးပွဲအပြီးမှာ အခုလို ပညာရေးဥပဒေပြင်ဆင်တဲ့ ဥပဒေကြမ်းထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

အန်အန်အီးအာကိုယ်စားလှယ် ဒေါက်တာသိန်းလွင်က “အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း ဒီနေ့အတည်ပြုနိုင်ပါတယ်။ သဘောထားကတော့ မနေ့ကထဲက အတည်ပြုပါတယ်၊အခုကတော့ လွှတ်တော်တင်မယ့် ဥပဒေပုံစံနဲ့ကိုက်အောင် ပြန်ပြင်တဲ့ကိစ္စ ဒီနေ့အဆင့်မြင့်ပညာဦးစီးဌာနမှာ လုပ်ကြတာ ပြီးသွားပါပြီ တင်ခဲ့ပြီ” လို့ ပြောပါတယ်။

ဥပဒေကြမ်းကို ပညာရေးဝန်ကြီးဌာနက လွှတ်တော်တင်ပေးမှာဖြစ်ကြောင်း ပြောပါတယ်။

အခု လွှတ်တော်တင်မယ့် ဥပဒေကြမ်းဟာ ကျောင်းသားနဲ့ အန်အန်အီးအာတို့ ရေးဆွဲထားတဲ့ ဥပဒေကြမ်းဖြစ်ပြီး အစိုးရဘက်က ရေးဆွဲထားတဲ့ဥပဒေကြမ်းကိုတော့ အစိုးရကပဲ ပြန်လည်ရုပ်သိမ်းသွားခဲ့တာ ဖြစ်ပါတယ်။

အမျိုးသားပညာရေးဥပဒေကြမ်းနဲ့ ပတ်သက်လို့ ကျောင်းသားတွေတောင်းဆိုထားတဲ့အချက် ၁၁ ချက်ကို အစိုးရဘက်က ဖေဖော်ဝါရီ၁၁ရက်မှာ လိုက်လျောခဲ့ပြီးတဲ့နောက် အဲ့ဒီညှိနှိုင်းရရှိချက် ၁၁ ချက်အပေါ်အခြေခံပြီး လေးပွင့်ဆိုင်မှာပါဝင်တဲ့ အလုပ်အဖွဲ့တွေက အခု ပြင်ဆင်တဲ့ဥပဒေကြမ်းကို အချောသတ်ရေးဆွဲကြကာ ဥပဒေကြမ်းထွက်ပေါ်ခဲ့တာလည်း ဖြစ်ပါတယ်။

အခုလို ကျောင်းသားတွေတောင်းဆိုချက်နဲ့ အမျိုးသားပညာရေးဥပဒေကြမ်းကို ပြင်ဆင်တဲ့ ဥပဒေကြမ်းတခု ပေါ်ထွက်လာတာကြောင့် ကျောင်းသားတွေဘက်က ပျော်ရွှင်တဲ့အနေနဲ့ ဆနပြတဲ့ပုံစံမျိုးမဟုတ်ဘဲ ရန်ကုန်ကို လာရောက်နေချင်ကြပြီး အစိုးရဘက်က စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုထားတယ်လို့ နှစ်ရက်တာစည်းဝေးပွဲတက်ခဲ့တဲ့ ဒေါက်တာသိန်းလွင်က ပြောပါတယ်။

လတ်တလောမှာတော့ ကျောင်းသားစစ်ကြောင်းတွေ ရန်ကုန်ကို ရောက်လာခြင်းမရှိသေးဘဲ အစိုးရဘက်ကတော့ ရန်ကုန်အ၀င်ဂိတ်တချို့မှာ လုံခြုံရေးပိုချထားပြီး စစ်ကြောင်းချီလာရင် တားဆီးပိတ်ဆို့ဖို့ ပြင်ဆင်ထားတာ တွေ့မြင်ရပါတယ်။

ဆွေးနွေးပွဲ ပြုလုပ်စဉ် (ဓာတ်ပုံ – DPNS)
DVB
http://burmese.dvb.no/?p=81797


ရန်ကုန်တိုင်းအတွင်းကို ကျောင်းသားသပိတ်စစ်ကြောင်းတွေ ဝင်ရောက်မလာဖို့ မြန်မာအစိုးရက သတိပေးထားချိန်မှာတော့ ဆုံးဖြတ်ချက်ချထားတဲ့အတိုင်း သပိတ်စစ်ကြောင်းတွေ ရန်ကုန်ကိုဝင်သွားမယ့်အကြောင်း၊ မိဘပြည်သူနဲ့ကျောင်း ဆုံတွေ့မှုကို အစိုးရိမ်လွန်ပြီး အကြမ်းဖက်လာရင် ပဋိပက္ခပိုကြီးသွားမယ်လို့ ပဲခူးမြို့မှာ လေးပွင့်ဆိုင်ကို စောင့်ကြည့်နေတဲ့ ထားဝယ်-မော်လမြိုင်သပိတ်စစ်ကြောင်းက ဖေဖော်ဝါရီ ၁၄မှာ ပြောလိုက်ပါတယ်။

အစိုးရအနေနဲ့ အကြမ်းဖက်ဖြိုခွင်းမယ်ဆိုရင်တော့ တိုင်းပြည်အတွက် အကျည်းတန်တဲ့နောက်ဆက်တွဲတွေကို ကြုံတွေ့ရမှာဖြစ်တာမို့ ဖြေရှင်းတဲ့နည်းလမ်း မမှားဖို့ အစိုးရကိုပြောချင်တယ်လို့ ဒီမိုကရေစီပညာရေး လှုပ်ရှားမှုဦးဆောင်ကော်မတီက ကိုဝေမိုးနိုင်က ပြောပါတယ်။

ပဲခူးမြို့ကိုရောက်နေတဲ့ သပိတ်စစ်ကြောင်းဟာ မုံရွာ-ပခုက္ကူ-ချောက်-ထားဝယ်-မော်လမြိုင်က သပိတ်တွေကို စုစည်းထားတာဖြစ်ပြီး ရန်ကုန်မြို့ကိုဝင်တာဟာ အစိုးရကိုဖြုတ်ချဖိုပမဟုတ်ဘဲ မိဘပြည်သူတွေကို အောင်ပွဲနဲ့နှုတ်ဆက်ချင်တယ်လို့ ဆိုပါတယ်။ အောင်ပွဲချီလာမယ့် သပိတ်စစ်ကြောင်းတွေကို ရန်ကုန်ကမိဘပြည်သူတွေ စောင့်မျှော်နေမှာဖြစ်ပြီး ဘယ်လိုလှုပ်ရှားမှုပဲဖြစ်ဖြစ် ပညာရေးဥပဒေရဲ့အလံအောက်ကိုပဲ ဆွဲခေါ်မှာမို့ အာမခံနိုင်တယ်လို့ ပြောပါတယ်။

မြေလတ်ဒေသစစ်ကြောင်းနဲ့ ထားဝယ်-မော်လမြိုင်ပူးပေါင်းစစ်ကြောင်းဟာ ဖေဖော်ဝါရီ ၁၃ရက်နေ့ညက ပဲခူးမြို့ကို ရောက်လာခဲ့ပြီး နဂါးရုံတောရကျောင်းတိုက်မှာ တစ်ညနားခဲ့ကြပါတယ်။ ဖေဖော်ဝါရီ ၁၄ရက်နေ့ ဆွေးနွေးပွဲကိုစောင့်ကြည့်ဖို့ ရပ်နားထားချိန် ပဲခူးခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်သိမ်းတို့က သပိတ်မှောက်ကျောင်းသားတွေနဲ့ လာရောက်ဆွေးနွေးခဲ့ပါတယ်။

မော်လမြိုင်ကစတင်ခဲ့တဲ့ သပိတ်စစ်ကြောင်းဟာ ကျိုက်ထိုမြို့နယ် ဆိပ္ဖူးတာင်ရွာ၊ မုပ္ပလင်၊ စစ်တောင်းတံတား၊ ဘုရားကြီး စတဲ့နေရာတွေမှာ အာဏာပိုင်တွေရဲ့ ပိတ်ဆို့တားဆီးမှုတွေကို ကြုံခဲ့ရပြီး သပိတ်ဟာ ဒီအတားအဆီးတွေကို အဆင့်ဆင့်ဖြတ်ကျော်ပြီး ပဲခူးကိုရောက်လာခဲ့ပါတယ်။

ကျောင်းသားသပိတ်စစ်ကြောင်းတွေကို ရန်ကုန်ထဲပေးမဝင်တာဟာ ကျောင်းသားတွေကို စော်ကားတာဖြစ်ပြီး ခြောက်တိုင်းကြောက်နေမှာမဟုတ်ဘူးလို့ မြေလတ်ဒေသ ဗကသများအဖွဲ့ချုပ်က ကိုသန့်ဇင်ထွန်းက ပြောပါတယ်။ ကျောင်းသားတွေကို မလိုအပ်ဘဲ ဖိအားမပေးဖို့၊ ဖိအားပေးလာရင် ယုံကြည်ချက်ခိုင်မာလာပြီး အစိုးရအပေါ် ယုံကြည်မှု နည်းလေလေဖြစ်လာတဲ့အခါ ယုံကြည်ချက်အတွက်နဲ့ သေရဲလေလေဖြစ်လာမယ်လို့ သတိပေးခဲ့ပါတယ်။

ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းအစပ် နေရာတွေမှာတော့ ရဲနဲ့ ဌာနဆိုင်ရာအသီးသီးက ဝန်ထမ်းတွေ သပိတ်ကိုတားဆီးဖို့ စောင့်ဆိုင်းနေကြပါတယ်။

Kamayut Media

ကျောင်းသားသပိတ်များကို ရန်ကုန်ပြည်သူလူထုက ထောက်ခံကြောင်း ဒုတိယအကြိမ် လူထုလှုပ်ရှားမှုကို ဖေဖေါ်ဝါရီ ၁၅ ရက်တွင် သမိုင်းလမ်းဆုံမှ လမ်းလျှောက် ဆန္ဒပြစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)

ဒီမိုကရေစီပညာရေးသပိတ်အား ထောက်ခံသည့် ဒုတိယမြောက် ရန်ကုန်လူထုလှုပ်ရှားမှုအဖြစ် ဖေဖော်ဝါရီ ၁၅ ရက် ၁၁ နာရီမှစကာ မရမ်းကုန်းမြို့နယ်ရှိ သမိုင်းလမ်းဆုံမှ ဆူးလေအထိ လမ်းလျှောက်ချီတက်လျက်ရှိသည်။

ရန်ကုန်မြို့သို့ ချီတက်လာနေသည့် ဒီမိုကရေစီပညာရေးသပိတ်အား ထောက်ခံသော ကျောင်းသားအချို့၊ အရပ်ဘက်လူ့အဖွဲ့အစည်းအချို့၊ နိုင်ငံရေးအကျဉ်းသားဟောင်းအချို့နှင့် စိတ်ပါဝင်စားသည့် ပြည်သူ စုစုပေါင်း ၆၀ ကျော်ဖြင့် သမိုင်းလမ်းဆုံမှ စတင်လမ်းလျှောက်ခဲ့ကြသည်။ လမ်းတစ်လျှောက်တွင် ပြည်သူများ ထပ်မံပါဝင်လာသောကြောင့် အင်အား ၂၀၀ ကျော်ရှိလာခဲ့သည်။

အဆိုပါ လမ်းလျှောက်ချီတက်သူများအား သက်ဆိုင်ရာမြို့နယ်ရဲစခန်းမှူးများက လာရောက်မေးမြန်းအသိပေးမှုများ ပြုလုပ်ခဲ့သော်လည်း ပိတ်ပင်ခဲ့ခြင်းများ မပြုလုပ်ခဲ့ပေ။
သတင်း..7Day News Journal

ပညာရေးဥပဒေပြင်ဆင်တဲ့ ဥပဒေကြမ်းအဆုံးသတ် ရေးဆွဲရမယ့်နေ့မှာတော့ သီတဂူဆရာတော်ဘုရားကြီးက အောင်မြင်မှုကိုဂုဏ်ယူပြီး သက်ဆိုင်ရာအရပ်ဒေသအသီးသီးက မိဘဆရာသမားတွေဆီ ပြန်လည်ခိုဝင်ပြီး ပညာဆက်လက်သင်ကြားကြဖို့ သပိတ်မှောက်ကျောင်းသားတွေကို အထူးမေတ္တာရပ်ခံလိုက်ပါတယ်။

အမျိုးသားပညာရေးဥပဒေအတွက် ဒီမိုကရေစီစနစ်နဲ့အညီ စားပွဲဝိုင်းပေါ်မှာ တွေ့ဆုံဆွေးနွေးညှိနှိုင်းပြီး ဆောင်ရွက်နိုင်ခဲ့တာကို ဂုဏ်ယူတဲ့အကြောင်း၊ နိုင်ငံတော်မှာ ပဋိပက္ခအဖုံဖုံရှိနေတာကြောင့် သပိတ်မှောက်ကျောင်းသားတွေအနေနဲ့ ငြိမ်းချမ်းရေးတည်ဆောက်သူများအဖြစ် အစိုးရကိုကူညီတဲ့သူတွေအဖြစ် မြင်ချင်လှတဲ့အကြောင်း သီတဂူဆရာတော် ဦးဉာဏိဿရက ဖေဖော်ဝါရီ ၁၅ရက်နေ့မှာ ကြေညာချက်ထုတ်ပြန် မေတ္တာရပ်ခံခဲ့ပါတယ်။

သပိတ်မှောက်ကျောင်းသားတွေကို ရန်ကုန်တိုင်းဧရိယာထဲမဝင်ဖို့၊ တားမြစ်ချက်ကိုချိုးဖောက်ရင် သဘောတူညီထားတဲ့ အချက် ၁၁စလုံး ပျက်ပြယ်သွားပြီလို့ မှတ်ယူရမှာဖြစ်တယ်လို့ ပညာရေးဒုဝန်ကြီး ဦးသန့်ရှင်းက သတိပေးပြောဆိုခဲ့ပါတယ်။ ဒီမိုကရေစီပညာရေးလှုပ်ရှားမှုကော်မတီကတော့ သပိတ်ကို ရန်ကုန်အထိ ဆက်လက်ချီတက်မှာဖြစ်ပြီး လွှတ်တော်ကို ဥပဒေကြမ်းတင်တဲ့အခါ တောင်းဆိုချက်အတိုင်း ဖြစ်မလာခဲ့ရင် လွှတ်တော်ကိုဦးတည်ပြီး သပိတ်ဆက်မှောက်မယ်လို့ ဆိုထားပါတယ်။

ဒီကနေ့ကျင်းပနေတဲ့ လေးပွင့်ဆိုင်ဆွေးနွေးပွဲမှာတော့ ပညာရေးဥပဒေကိုပြင်ဆင်တဲ့ ဥပဒေကြမ်း မူကြမ်းကို အပြီးသတ်ရေးဆွဲပြီး မနက်ဖြန်မှာ အမျိုးသားလွှတ်တော်မှာစတင်တင်သွင်းသွားမယ်လို့ ဆိုထားပါတယ်။ ပဲခူးနဲ့ ဖျာပုံကို ရောက်နေတဲ့ သပိတ်စစ်ကြောင်းတွေကတော့ ဆွေးနွေးပွဲရလဒ်ကို စောင့်ကြည့်နေပြီး ပင်မစစ်ကြောင်းဟာ အုတ်ဖိုကို ချီတက်နေကြပါတယ်။

ရန်ကုန်မြို့မှာလည်း ပညာရေးသပိတ်ကိုထောက်ခံတဲ့ ကျောင်းသားဆန္ဒပြမှုတွေ ပြုလုပ်နေချိန်မှာ သပိတ်ကိုဆန့်ကျင်တဲ့ တန်ပြန်သပိတ်ဆန္ဒပြမှုတွေ ကျင်းပနေတာကို အစိုးရပိုင်သတင်းမီဒီယာတွေက ဆက်တိုက်ထုတ်လွှင့်နေပါတယ်။

Kamayut Media

ကြွေးကြော်သံပေး အရေးဆိုကြသူတွေ
အလံထူ ဆန္ဒခံယူကြသူတွေ
တကယ်တော့ ပြည်သူတွေပါ..
ဒါတွေကို အညှာတာမဲ့ ပစ်ခတ်ခဲ့ကြတုန်းက
တပ်ထဲက ငါ့သူငယ်ချင်း
အဲဒီထဲ..မင်းပါခဲ့သေးလား။

ခြံမြေတွေဦး အခွင့်ထူးတွေယူ
လုပ်ပိုင်ခွင့်တွေချ တန်ခိုးအာဏာတွေပြလို့
တကယ်တော့ ပြည်သူပိုင်တွေပါ..
ဒါတွေကို အရှက်မဲ့မဲ့ စံစားယူခဲ့ကြတုန်းက
တပ်ထဲက ငါ့သူငယ်ချင်း
အဲဒီထဲ..မင်းပါခဲ့သေးလား။

ရန်သူတွေကို မိတ်ဆွေလုပ်
နဂါးပြလို့ ပတ္တမြားယူ
တကယ်တော့ ပြည်သူ့အခွင့်အလမ်းတွေပါ
ဒါတွေကို အပေးယူတွေတည့် ဝေမျှစားနေခဲ့ကြတုန်းက
တပ်ထဲက ငါ့သူငယ်ချင်း
အဲဒီထဲ..မင်းပါခဲ့သေးလား။

မအေးချမ်းတဲ့ အဲဒီ့ရွာလေးတွေမှာ
ဟင်းလု ထင်းလု
ခလေး တွေသိမ်း လူမဒိန်းဆန်
တကယ်တော့ ပြည်သူ့ ကရုဏာထိုက်သူတွေပါ
ဒါတွေကို အကျင့်လူမဆန် ဖက်ဆစ်လိုအနိုင်ယူခဲ့တုန်းက
တပ်ထဲက ငါ့သူငယ်ချင်း
အဲဒီထဲ..မင်းပါခဲ့သေးလား။

ခု..လောက်ကိုင်မှာ
ချွေးတွေ သွေးတွေ
မငြိမ်းမချမ်း စွန့်စားသွားရှာတဲ့ ဝိညာဉ်တွေ
တဦးမက တစုမက
ဒါတွေကို တိုင်းပြည်အရေးတွက် ပေးဆပ်လာတော့
တပ်ထဲက ငါ့သူငယ်ချင်း
အဲဒီထဲ..မင်းသာပါခဲ့လျှင်၊

အေးပါ..
အကြိမ်ကြိမ် ခံခဲ့ရတဲ့ ငါတို့ပြည်သူက
အတေးအမှတ်မဲ့ စာနာရင်း
ရင်နာစရာ ရာဇဝင်တွင်ထားတဲ့
ငါးခုံးမ တွေ အတွက်နဲ့
တလှေလုံးတော့ မပုတ်ရပါဘူး

ဆုတောင်းပေးပါတယ်..
စာနာမိပါတယ်
မင်းနဲ့ အားလုံး
ဘေးရန်ကင်းလို့ အိမ်ပြန်ဘို့။
(လောက်ကိုင် မြေပြင် ငြိမ်းချမ်းပါစေ။)

-ကိုရန်-
Brainwave ဥာဏ်လှိုင်း

မနေ့က ဘက်ကင်ဟန်နန်းတော်မှာ ဗြိတိန်ကချီးမြှင့်တဲ့ OBE ဘွဲ့ကိုလက်ခံရရှိပါတယ်။ ဗြိတိသျှ ဘုရင်မကြီး ဒုတိယမြောက် အီလစ်စဘက်ရဲ့ သမီးတော် တော်ဝင်မင်းသမီး Anne က သူကိုယ်တိုင် ဘွဲ့တံဆိပ်ကို အင်္ကျီဘယ်ဖက် ရင်ဖုံးမှာ ချိတ်ပေးပြီး ချီးမြှင့်ပါတယ်။ ဘီဘီစီ မြန်မာပိုင်းသတင်းထောက်/ အယ်ဒီတာ အနေနဲ့ သတင်းလုပ်ငန်းမှာ ဆောင်ရွက်ခဲ့တာတွေကို ဗြိတိန်နိုင်ငံက အသိအမှတ်ပြု ပြီး The Most Excellent Order of the British Empire, OBE ဘွဲ့ကိုပေးအပ်တာပါ။ ကိုယ်အင်မတန် တန်ဖိုးထား မြတ်နိုးတဲ့ အလုပ်ကို အခုလို အသိအမှတ်ပြုခံရတဲ့ အတွက်ဝမ်းမြောက်ဝမ်းသာဖြစ်ရပါကြောင်း ဘီဘီစီ မြန်မာပိုင်းသတင်းထောက်/ အယ်ဒီတာ မတင်ထားဆွေက ပြောကြားသွားပါတယ်..

ဘီဘီစီ မြန်မာပိုင်းသတင်းထောက်/ အယ်ဒီတာ မတင်ထားဆွေFacebook မှ


ရန်ကုန်ကို ချီတက်နေတဲ့ သပိတ်စစ်ကြောင်းတွေနဲ့ ပတ်သက်ပြီးတော့ အစိုးရရဲ့ ပြောကြားချက်တွေဟာ ခြိမ်းခြောက်မှုဆန်နေတယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် (ဗကသ)က ပြောပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက် ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပညာရေးဒုတိယဝန်ကြီး ဦးသန့်ရှင်းက တောင်းဆိုထားတဲ့ အချက် ၁၁ ကို အကုန်လုံးနီးပါး ပေးလိုက်လို့ လုပ်ပေးနိုင်တဲ့ လုပ်ငန်းစဉ် ကုန်ဆုံးသွားပြီဖြစ်ကြောင်း၊ ရန်ကုန်ဟာ ရေနက်တဲ့နေရာဖြစ်လို့ သပိတ်စစ်ကြောင်းတွေအနေနဲ့ ရန်ကုန်ကို ချီတက်ရင် ရေနစ်မယ်လို့ ပြောဆိုလိုက်ပါတယ်။

“လုပ်ငန်းစဉ်က  ကုန်သွားတဲ့အတွက် ရန်ကုန်ကိစ္စနဲ့ ပတ်သက်လို့ကတော့ ရန်ကုန်သည် ရေနက်တဲ့နေရာမှာဖြစ်တယ်။ ရေနက်တဲ့နေရာမှာဖြစ်တဲ့အတွက် ကူးတတ်သည် ဖြစ်စေ၊ မကူးတတ်သည်ဖြစ်စေ အခြေအနေအကြောင်းမလှရင် ရေနစ်သွားတတ်တယ်။ အဲ့တော့ ရေကူးချင်ရင်တော့ ရေမနက်တဲ့နေရာမှာကူးပါ။ ဒါသည်ပြည်သူအတွက်လည်းကောင်းတယ်။ ရန်ကုန်နေလူထုတွေအတွက်လည်း ကောင်းတယ်။ ကိုယ့်ရဲ့ဆန္ဒတခုတည်းနဲ့လုပ်တာနဲ့တော့ ဒီမှာရေနစ်သွားလို့ရှိရင် လူကြီးက စဉ်းစားတတ်လျက်နဲ့ မတားမြစ်ရကောင်းလားဆိုပြီး ဖြစ်လာမယ်။ ဒါကြောင့်မို့ ဦးတို့က ရပ်တန့်ပေးဖို့ပြောရတာပါ” လို့ ဦးသန့်ရှင်းက ပြောပါတယ်။

ဒီပြောကြားချက်အပေါ် ဗကသ ပြောခွင့်ရ ကိုရဲရင့်ကျော်က “ရေကူးကျွမ်းကျင်လား၊ မကျွမ်းကျင်လား အဲဒီရေနက်ကြီးကို အေးအေးဆေးဆေး လက်ပိုက်ကြည့်လိုက်ပါ၊ ကျောင်းသားတွေ ကူးပြပါလိမ့်မယ်၊ ရန်ကုန်ကို မ၀င်နဲ့ပြောပြီးတော့ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်း အစပ်လောက်ကနေစပြီးတော့  တားဆီးမှုတွေ ပြင်ဆင်နေတာကတော့ ဘာသဘောလဲ မသိဘူး၊ ချထားတာကတော့ ဘာသဘောလဲ မသိဘူး၊ ရန်ကုန်မြို့ကို မ၀င်နဲ့ ပြောချင်တာလား၊ ရန်ကုန်တိုင်းကို မ၀င်နဲ့ ပြောချင်တာလား အစိုးရအနေနဲ့ သဲသဲကွဲကွဲ ပြောထားတာ မရှိသေးပါဘူး” လို့ သူက ပြောပါတယ်။

လက်ရှိ ကြို့ပင်ကောက်မှာရှောက်ရှိနေတဲ့ ပင်မ ကျောင်းသားသပိတ်စစ်ကြောင်းက အုတ်ဖိုကို ဆက်လက် ချီတက်နေပြီး  မြို့တိုင်းမှာ ရပ်မိရပ်ဖတွေက စိုးရိမ်ပူပန်မှုတွေကို လာရောက်ပြောဆိုကြတယ်လို့ ကိုရဲရင့်ကျော်က ပြောပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/81711

ဦး လာနန်၊ KIO ပြောရဲဆိုခွင့် ပုဂ္ဂိုလ်
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာအနီးရှိ ရှေ့တန်း စခန်းများသို့ အစိုးရ စစ်တပ်က လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ်နေသဖြင့် နှစ်ဖက် စစ်ရေးတင်းမာမှု ရှိနေသည်ဟု KIO ပြောရေး ဆိုခွင့် ရှိသူ ဦးလာနန်က ပြောသည်။

လိုင်ဇာဌာနချုပ်အနီးသို့ အစိုးရ စစ်အင်အား တိုးမြင့်မှုများ ရှိနေပြီး ဖေဖော်ဝါရီလ ၁၂ ရက် ညနေ ၆ နာရီဝန်းကျင်တွင် လိုင်ဇာ၏ အနောက်တောင်ဘက်ရှိ ခရာဘွမ် (Hka Ya Bum)၊ ဘွမ်ရယ်ဘွမ် (Bum Re Bum) နှင့် ဖုန်းပျဉ်ဘွမ် (Hpun Pyen Bum) ရှိ အစိုးရ၏ စစ်တပ်က လက်နက်ကြီးဖြင့် အကြိမ်ပေါင်း ၃၀ ခန့်ပစ်ခတ်ခဲ့သဖြင့် KIO ဘက်မှ ပြန်လည် တုံ့ပြန်ပစ်ခတ်ပါက တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်လာနိုင်ဖွယ်ရှိနေသည်ဟု သူက ပြောသည်။

“အခုရက်ပိုင်းမှာက ဆက်တိုက်လို့ ပြောရမယ်။ ၁၁ ရက်နေ့ မနက် ၄ နာရီခွဲမှာလည်း အဲဒီ ခရာဘွမ် (Hka Ya Bum) မှာရှိတဲ့ သူတို့ (အစိုးရ စစ်တပ်) တပ်စခန်းကနေပြီးတော့ ၈၁ မမ လို့ ယူဆတဲ့ လက်နက် ၅ ကြိမ်ပစ်တယ်။ မနေ့က မနက်မှာတော့ ၃ ကြိမ်ပစ်တယ်။ ည ၆ နာရီကနေ ၆ နာရီခွဲထိတော့ အကြိမ် အလုံး ၃၀ ကြိမ်လောက်ပစ်တယ်။ ဒီနေ့တော့ ပစ်တာ မရှိသေးဘူး” ဟု ဦးလာနန်က ပြောသည်။

အလားတူ ဖေဖော်ဝါရီလ ၁၂ ရက်နှင့် ၁၁ ရက်နေ့များတွင်လည်း ဖုန်းပျဉ်ဘွမ် (Hpun Pyen Bum) ရှိ အစိုးရ၏ စစ်တပ်က လက်နက်ကြီး အကြိမ်ပေါင်း ၃ ကြိမ်မှ ၅ ကြိမ်ထိ ပစ်ခတ်မှုများ ရှိခဲ့သည်ဟု သူက ပြောသည်။

လက်ရှိ လိုင်ဇာမြို့ခံများ စိုးရိမ်မှုများ ရှိနေသလို၊ အစိုးရ စစ်တပ် ပစ်ခတ်နေသော KIA ၏ ရှေ့တန်းစခန်းများ အနီး အလန်းဘွမ် (Alen Bum) စစ်ပြေး ဒုက္ခသည်ကျောင်းသားပေါင်း ၁၀၀၀ ခန့် ပညာသင်ကြားနေပြီး မကြာမီ ရက်ပိုင်းအတွင်း စာမေးပွဲ ဖြေဆိုတော့မည် ဖြစ်၍ ကျောင်းသားများအတွက် စိုးရိမ်မှုများ ရှိနေသည်ဟု သူက ဆိုသည်။

ဖေဖော်ဝါရီလ ၁၃ ရက်တွင် ဗန်းမော်နှင့် မြစ်ကြီးနားကားလမ်းဘက်မှ အစိုးရ၏ စစ်အင်အားများ ထပ်မံ တိုးမြင့်မှုများ ရှိနေသဖြင့် တိုက်ပွဲ ဖြစ်ပွားမည့် အခြေအနေတွင် ရှိနေသည်ဟု ဦးလာနန်က ပြောသည်။

“တိုက်ပွဲက ပြင်းပြင်းထန်ထန် ဖြစ်လာနိုင်တဲ့အကြောင်းအရာ ရှိပါတယ်။ သူတို့အကြောင်းပြချက် ကနေတော့ KIO ဟာ ငြိမ်းချမ်းရေး မလိုချင်တဲ့ အဖွဲ့ဖြစ်ပါတယ်ဆိုတဲ့ အကြောင်းပြချက် ပြန်ပြီး ဖြေရှင်းချက်ပေးမှာပါ။ ဒါက အမြဲတမ်းလုပ်နေကျပါ။ ကျနော်တို့ဘက်ကနေ ခုထက်ထိ ပြန်တုံ့ပြန်တာ မရှိသေးဘူး။ တုံ့ပြန်တာနဲ့တော့ တိုက်ပွဲက အကြီးအကျယ်ဖြစ်တော့မယ်” ဟု သူက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်ကလည်း လိုင်ဇာအနီး ဗိုလ်သင်တန်းကျောင်းသို့ အစိုးရ စစ်တပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဗိုလ်လောင်း ၂၃ ဦးသေဆုံးခဲ့သည်။

ငြိမ်းချမ်းရေးတည်ဆောက်ရန်အတွက် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး အောင်မြင်သည်အထိ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့်အတူ ပူးပေါင်း ဆောင်ရွက်သွားရန် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ကျရောက်သော ၆၈ ကြိမ်မြောက် ပြည်ထောင်စုနေ့တွင် ကြေငြာချက် ထုတ်ပြန်ထားသည်။

KIO သည် အစိုးရက ပြည်ထောင်စုနေ့ အခမ်းအနား တက်ရောက်ရန် ဖိတ်ကြားမှုကို ရရှိသော်လည်း ငြိမ်းချမ်းရေးသဘောတူညီချက် စာချုပ် ချုပ်ဆိုရမည်ဟူသော အဆိုပြုချက်အား သဘောမတူသဖြင့် မတက်ရောက်ခဲ့ပေ။

ကချင် သတင်းဌာန
http://burmese.kachinnews.com/

An RCMP cruiser sits in front of a home where police found a deceased person overnight. RCMP say the man was planning a mass shooting.

မွန်ထရီယဲလ် ၊ ၁၅-၂-၂၀၁၅

ကနေဒါနိုင်ငံရှိ မြို့တစ်မြို့၌ ဖေဖော်ဝါရီ ၁၄ ရက် Valentines နေ့တွင် လူများကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ကြံစည်ခဲ့ သူများကို ရဲတပ်ဖွဲ့က ဖော်ထုတ် ဖမ်းဆီး နိုင်ခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့သည် အဆိုပါ တိုက်ခိုက်မှုကို ကြံစည်ခဲ့သည့် အသက် ၁၉ နှစ်ရှိ တင်းဘားလီယာ မြို့မှ အမျိုးသား တစ်ဦးနှင့် အမေရိကန် ပြည်ထောင်စု အီလီနွိုက်စ် ပြည်နယ် ဂျီနီဗာမြို့မှ အသက် ၂၃ နှစ်အရွယ် အမျိုးသမီး ကို ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ၄င်းတို့ နှစ်ဦးသည် ဟာလီးဖက်စ်မြို့ ၌ ယမန်နေ့တွင် လူ အများအပြား ကို ပစ်ခတ် တိုက်ခိုက်ရန် ကြံစည် ခဲ့ကြောင်း ပြောကြား ခဲ့သည်။ ယင်း ကြံစည် တိုက်ခိုက်မှုတွင် အခြား နှစ်ဦးလည်း ပါဝင်ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များ အရ သိရသည်။

ရဲတပ်ဖွဲ့သည် အသက် ၁၉ နှစ်ရှိ တင်းဘားလီယာ မြို့ခံ အမျိုးသားကို ၄င်း၏ နေအိမ်အတွင်း သေဆုံးလျက် တွေ့ရှိခဲ့ ပြီးနောက် နာရီ အနည်းငယ် အကြာတွင် အမေရိကန် အမျိုးသမီးကို အခြား အမျိုးသား တစ်ဦးနှင့် အတူ ဖမ်းဆီး နိုင်ခဲ့ခြင်း ဖြစ်သည်။ အလားတူ ရဲတပ်ဖွဲ့သည် နောက်ပိုင်းတွင် အသက် ၁၇ နှစ်ရှိ အခြား အမျိုးသားငယ် တစ်ဦးကိုလည်း ထပ်မံဖမ်းဆီး နိုင်ခဲ့ကြောင်း အာဏာပိုင် များက ပြောကြားခဲ့သည်။

ယခု ဖမ်းဆီးရမိခဲ့ သူများသည် တစ်ဖွဲ့တည်း ဖြစ်ပြီး ၄င်းတို့သည် အခြားသူများကို သတ်ဖြတ် ပြီးနောက် ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ကြိုးပမ်းခဲ့ သူများ ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ အဆင့်မြင့် အရာရှိကြီး ဘရိုင်ယန် ဘရန်နန် က ပြောကြား ခဲ့သည်။

သို့ရာတွင် ၄င်းတို့၏ တိုက်ခိုက်ရန် ကြံစည်မှုသည် အကြမ်းဖက်မှု နှင့် ဆက်စပ်မှု မရှိကြောင်း ၄င်းက ထပ်လောင်း ပြောကြား ခဲ့သည်ဟု သိရသည်။
Valentine's Day Mass Shooting Plot Foiled in Nova Scotia, Canada

#PyiChitThar


ဝါရှင်တန် ၊ ၁၅-၂-၂၀၁၅

အမေရိကန် ပြည်ထောင်စု ၏ ဆိုက်ဘာ လုံခြုံရေး နှင့် စပ်လျဉ်း၍ ပုဂ္ဂလိက ကုမ္ပဏီများ အနေဖြင့် အစိုးရနှင့် ပူးပေါင်း လုပ်ဆောင်ရန် တောင်းဆို ထားသည့် ကြေညာချက် တစ်ခုကို သမ္မတ ဘားရက် အိုဘားမား က လက်မှတ်ရေးထိုး လိုက်ကြောင်း သိရသည်။

ဆိုက်ဘာ တိုက်ခိုက်မှု များသည် အမေရိကန် ပြည်ထောင်စုနှင့် အခြား နိုင်ငံကြီးများကို အဓိက ခြိမ်းခြောက်လျက် ရှိသည့် အန္တရာယ် တစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် အဆိုပါ ခြိမ်းခြောက်မှု ကို ကာကွယ်နိုင်ရန် အတွက် နိုင်ငံအတွင်းရှိ ပုဂ္ဂလိက လုပ်ငန်းများက အစိုးရနှင့် ပူးပေါင်း လုပ်ဆောင်မှသာ ယင်း ခြိမ်းခြောက်မှု ကို တားဆီး နိုင်မည် ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၃ ရက်က စတန်းဖို့ဒ် တက္ကသိုလ် တွင် ပြုလုပ်ခဲ့သည့် အစည်းအဝေးပွဲ တစ်ရပ်တွင် သမ္မတ အိုဘားမား က ပြောကြား ခဲ့ခြင်း ဖြစ်သည်။

သမ္မတ အိမ်ဖြူတော်မှ ကြီးမှူး ကျင်းပခဲ့သည့် အဆိုပါ ဆိုက်ဘာ လုံခြုံရေး အစည်းအဝေး ပွဲသို့ Yahoo ၊ Intel နှင့် Apple တို့မှ မှ အမှုဆောင် အရာရှိများ တက်ရောက်ခဲ့ ကြသည်။

အမေရိကန် ပြည်ထောင်စု အတွင်းရှိ ပုဂ္ဂလိက ကဏ္ဍ သို့မဟုတ် အစိုးရအဖွဲ့ တစ်ခုတည်းက အဆိုပါ ဆိုက်ဘာ တိုက်ခိုက်မှု များကို တစ်ကိုယ်တည်း ဖြေရှင်းနိုင်မည် မဟုတ်သောကြောင့် အစိုးရနှင့် ပုဂ္ဂလိက အဖွဲ့အစည်းများ အကြား အပြန်အလှန် ဆွေးနွေး တိုင်ပင်ခြင်း အားဖြင့် လုပ်ဆောင် ရမည်သာ ဖြစ်ကြောင်း သမ္မတ အိုဘားမား က ဆွေးနွေးပွဲ၌ ထပ်လောင်း ပြောကြား ခဲ့သည်။

သို့ရာတွင် ပုဂ္ဂလိက အဖွဲ့အစည်းများ အနေဖြင့် ၄င်းတို့ ရရှိသည့် သတင်း အချက်အလက် များကို အစိုးရအဖွဲ့သို့ လိုလိုလားလား ပေးအပ်ပြီး ပူးပေါင်း ဆောင်ရွက်နိုင်မှု နှင့် စပ်လျဉ်း၍ အများအပြား က သံသယ ဖြစ်ပွားလျက် ရှိကြောင်း သိရသည်။

#PyiChitThar


ဦးဖုန်ကြားရှင်း ဦးဆောင်တဲ့ ကိုးကန့် တိမ်းရှောင်အဖွဲ့က လောက်ကိုင်ဒေသကို တိုက်ခိုက်သိမ်းပိုက်ပြီး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ အစိုးရအဖွဲ့ကို ဖြုတ်ချ အာဏာသိမ်းဖို့ ကိစ္စကို တပ်မတော်က လက်မခံကြောင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

နေပြည်တော်မှာ ဖေဖော်ဝါရီ ၁၄ ရက် စာနယ်ဇင်းကောင်စီ (ယာယီ)နဲ့ တွေ့ဆုံရာမှာ လတ်တလော ဖြစ်ပွားနေတဲ့ တရုတ်-မြန်မာ နယ်စပ် လောက်ကိုင်ဒေသက တိုက်ပွဲတွေနဲ့ပတ် သက်လို့ ရှင်းလင်း ပြောဆိုခဲ့တယ်လို့ အစိုးရက  သတင်းထုတ်ပြန်ထားပါတယ်။

လောက်ကိုင်ဖြစ်စဉ်ဟာ အချုပ်အခြာအာဏာနဲ့ သက်ဆိုင်တဲ့ကိစ္စဖြစ်သလို  နိုင်ငံတော် အစိုးရရဲ့ အစိတ်အပိုင်းတခုကို တိုက်ခိုက်လာတာကို လက်မခံသလို ဒီဖြစ်စဉ်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့လည်း ပါဝင်နေသလို သက်ဆိုင်ရာ အဖွဲ့များက တာဝန်ယူရမယ်လို့ ပြောဆိုသွားပါတယ်။

ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး သမ္မတက တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးကို ဖေဖော်ဝါရီ ၁၂ ရက်က လက်မှတ်ထိုးဖို့ ကြိုးစားခဲ့သလို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကိုယ်တိုင် အဆိုပြုတင်ပြခဲ့တယ်လို့ ဆိုပါတယ်။

ဒါဟာ လက်နက်ချဖို့ ပြောတာ မဟုတ်သလို ဖေဖော်ဝါရီ ၁၂ ရက်မှာ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးကို လတ်မှတ်မထိုးနိုင်ဘဲ ဆက်လက် ဆောင်ရွက်ရမယ့် ကတိက၀တ်ကို လက်မှတ်ရေးထိုးနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒါအပြင်  ကာကွယ်ရေးဦးစီးချုပ်ဟာ ပြည်တွင်း သတင်းမီဒီယာ ၆ ဖွဲ့နဲ့လည်း တွေ့ဆုံမေးမြန်းခွင့်ပြုခဲ့ပြီး မီဒီယာတွေက လောက်ကိုင်ဒေသ တိုက်ပွဲအခြေအနေကို အဓိကထား မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/81680

ဇန်န၀ါရီ ၂၃၊ ဆရာမ နှစ်ဦး ဈာပဏ အခမ်းအနားကို လူ ထောင်ပေါင်းများစွာဖြင့် မြစ်ကြီးနား AD 2000 ခန်းမ တွင် ကျင်းပခဲ့တယ်
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်း (ကြူကုတ်) မြို့နယ် နမ်တောင်း (Namtau) ကျေးရွာအုပ်စု ကောင်းခါး (Kawng Hka) ကျေးရွာရှိ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ၏ စေတနာ့ ဝန်ထမ်း ကချင်ကျောင်းဆရာမ Maran Lu Ra နှင့် Tangbau Hkawn Nan Tsin တို့ အဓမ္မပြုကျင့်ခံရ၍ သတ်ဖြတ်ခံရသော တစ်လပြည့်သည့် လာမည့် ဖေဖော်ဝါရီလ ၁၉ ရက်တွင် ၂၄ နာရီ ကမ္ဘာနှင့်တလွှား အစာရှောင်ဆုတောင်းရန် KBC က ပန်ကြားလိုက်သည်။

စေတနာ့ ဝန်ထမ်း ကချင်ကျောင်းဆရာမ နှစ်ဦး အဓမ္မပြုကျင့်ခံရမှုနှင့် ပတ်သက်၍ အဖြေမှန် ဖော်ထုတ်နိုင်ရန် အတွက်အပါအဝင် လာမည့် ဖေဖော်ဝါရီလ ၁၉ ရက် နံနက် ၆ နာရီမှ ၂၀ ရက် နံနက် ၆ နာရီထိ တလုံးတဝ တည်း ၂၄ နာရီ အစာရှောင်ဆုတောင်းရန် ဖေဖော်ဝါရီလ ၁၁ ရက်က ကြေငြာချက် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

“KBC ၏ စေတနာ့ဝန်ထမ်း ဆရာမ နှစ်ဦး အဓမ္မကျင့်သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ အဖြေမှန် ဖော်ထုတ်ရန် ဆုတောင်းခြင်းမှတပါး အခြားသော အဖြေမရှိတော့ပါ၊ ကျွန်တော်တို့ဘက်မှ ဘုရားပေးသော ဥာဏ်စွမ်း သတ္တိနှင့် အစွမ်းကုန်ကြိုးစားနေပါသည်” ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။

“ဒီကိစ္စကို အားလုံးလည်းသိရှိထားပြီးသားဖြစ်တယ်ဆိုတော့ ကမ္ဘာ့အဆင့် အားလုံး ကိုယ်ကိုးကွယ်တဲ့ဘာသာနဲ့ ကိုယ့်နေရာကနေ အသီးသီး အစာမစားပဲ ဝိုင်းဆုတောင်းကြဖို့ပါ” ဟု KBC အတွင်းရေးမှုး Rev. Dr. Hkalam Samson က ပြောသည်။

ထို့ပြင် တရားဥပဒေ စိုးမိုးခြင်း မရှိသော ၄င်းဒေသတွင် အမှုမှန်ပေါ်ထွက်ရန် ခက်ခဲမှုများစွာနှင့် အတားအဆီးများစွာ ရှိနေသဖြင့် KBC နှင့်အတူ မြစ်ကြီးနားခရစ်ယာန်ကောင်စီ (MCC) တွင် ပါဝင်သော ခရစ်ယာန်ဂိုဏ်းဂဏအားလုံး အစာရှောင် ဆုတောင်းရန် ဖိတ်ခေါ် အပ်ပါသည်ဟု ဆိုထားသည်။

ပြည်တွင်း လူမျိုးဘာသာ၊ အသင်းအဖွဲ့၊ မိသားစု တစ်ဦးချင်း၏ အပြစ်များကို ဝန်ချတောင်းပန်ရန်၊ စေတနာ့ ဝန်ထမ်းကျောင်းဆရာမ နှစ်ဦးကို အဓိမ္မပြုကျင့်သတ်ဖြတ်သော တရားခံများအား အမြန်ဆုံးဖော်ထုတ်နိုင်ရန်၊ ပြစ်မှုကျူးလွန်သူ တရားခံများအစား အပြစ်မဲ့ ပြည်သူများ ဓါးစာခံဖြစ်မသွားစေရန်၊ အမှုနှင့် ပတ်သက်၍ စစ်ဆေး မေးမြန်းမှုများ၊ ခြိမ်းခြောက်မှုများကြောင့် အလွန်ကြောက်ရွံ့နေကြသော နမ်တောင်း (Namtau)၊ ကောင်းခါး (Kawng Hka) ကျေးရွာသားများအတွက် ဆုတောင်းပေးရန် အပါအဝင် အချက် ၆ ချက် ဆုတောင်းခံရန် ထုတ်ပြန်လိုက်သည်။

အမှုမှန်ပေါ်ပေါက်ရန် စုံစမ်းစစ်ဆေးနေကြသော တာဝန်ရှိ သူများအားလုံး အမှန်တရားအတွက် ရဲရဲဝံ့ဝံ့ လုပ်ဆောင် သွားနိုင်ရန်နှင့် ဖြစ်ပျက်ခဲ့သော အမှုအရာများကြောင်း ဘုရားသခင်၏ ဘုန်းတော် ပိုမိုထင်ရှားလာစေရန် တို့လည်း ပါဝင်သည်။

KBC သည် ဆရာမ နှစ်ဦး သတ်ဖြတ်ခံရသည့် အမှုအတွက် မှန်မှန်ကန်ကန် ဖော်ထုတ်နိုင်ရန် တဖက်တလမ်းမှ ကူညီထောက်ပံ့သည့် သဘောဖြင့် KBC က (၁၅) ဦးပါ စုံစမ်းစစ်ဆေးရေးကော်မတီကို ဖေဖော်ဝါရီလ ၄ ရက်က ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။

ကချင် သတင်းဌာန
http://burmese.kachinnews.com/

တရုတ်သမ္မတ Xi Jinping နဲ့ မြန်မာသမ္မတ ဦးသိန်းစိန်၊ Beijing, China Saturday, Nov. 8, 2014. (AP Photo/)
လွတ်လပ်ရေးရပြီး မကြာမီ ဗမာကွန်မြူနစ် သူပုန်ထနေတုန်း တရုတ်ပြည်တွင်းစစ်မှာ အရေးနှိမ့်လာတဲ့ တရုတ်ဖြူတပ်ရင်းတချို့  ရှမ်းပြည်မှာ ဝင်ရောက်ခိုလှုံတာကြောင့် တရုတ်ကွန်မြူနစ် အန္တရာယ်ကို စိုးရိမ်ခဲ့ရပါတယ်။ အဲဒီအချိန်မှာ ဆက်ဆံရေးကောင်းအောင် မွေးချင်းပေါက်ဖော် ဆက်ဆံရေးဆောင်ပုဒ်ကို ပထမဦးဆုံး ဝန်ကြီးချုပ် ဦးနုက တည်ထွင်လိုက်ပါတယ်။ အဲဒီအချိန်ကစပြီး တရုတ်-ဗမာ ဆက်ဆံရေးမှာ အဖုအထစ် ရှိလာရင် ချောမောပြေပြစ်ဖို့အတွက် မွေးချင်းပေါက်ဖော်ဆိုတဲ့ ဆောင်ပုဒ်ကို သုံးလေ့ရှိပါတယ်။ အခုတော့ ဒီဆောင်ပုဒ်ကို တရုတ်ခေါင်းဆောင်တိုင်းက အတွင်တွင်သုံးနေတာကို တွေ့ရပါတယ်။

လွန်ခဲ့တဲ့ နိုဝင်ဘာလက အရှေ့ အာရှ ညီလာခံတက်ဖို့ နေပြည်တော်ကို ရောက်လာတဲ့ တရုတ်ဝန်ကြီးချုပ် Li Keqiang ကလည်း နှစ်နိုင်ငံဆုံ ပူးတွဲလုပ်ကိုင်ရာမှာ ပေါက်ဖော်ဆက်ဆံရေး အရေးကြီးကြောင်း ပြောပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး၊ စစ်ရေး နဲ့ ပြည်သူအချင်းချင်း ဆက်ဆံရေးစတဲ့ နယ်ပယ်မျိုးစုံမှာ ဒေါ်လာ သန်း (၈) ထောင်ကျော်သုံးမယ့် စာချွန်လွှာတွေကို လက်မှတ်ထိုးပါတယ်။ နှစ်ဦးနှစ်ဖက် အပြန်အလှန် ယုံကြည်အောင် ပေါက်ဖော်ဆက်ဆံရေးကို ကျင့်သုံးရမယ်လို့ ဆိုပါတယ်။ ချက်ချင်းပဲ တရုတ်သံအမတ် Yang Houlan ကလည်း တရုတ်-မြန်မာ ပေါက်ဖော်ချစ်ကြည်ရေးခရီးကို စီစဉ်ပါတော့တယ်။

လက်ပံတောင်းတောင် ပြဿနာဖြစ်မှု၊ မြစ်ဆုံဆည် ရပ်ဆိုင်းမှု၊ တရုတ် စီးပွားရေး ကြီးစိုးမှု စတာတွေကြောင့် မြန်မာနိုင်ငံမှာ တရုတ် ဆန့်ကျင်ရေး လုပ်လာမှာကို စိုးရိမ်တဲ့အတွက် မွေးချင်းပေါက်ဖော် ဆက်ဆံရေးကို အဓိက ဦးစားပေးပြီး ပြောဆိုလာတာ ဖြစ်ပါတယ်။ ဒီဇင်ဘာလမှာ တရုတ် ဒုတိယသမ္မတ လီယွန်ချောင် နေပြည်တော်ကို လာတော့လဲ မွေးချင်းပေါက်ဖော် ချစ်ကြည်ရေးကို အခြေခံတဲ့ ဘက်စုံမဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး အကောင်အထည်ဖော်ဖို့ ဆော်သြသွားပါတယ်။ အောက်ခြေအထိ ပူးတွဲဆောင်ရွက်တာကို မဟာဗျူဟာ ဆက်ဆံရေးလို့ ပြောတာဖြစ်ပါတယ်။ တရုတ်အစိုးရဟာ အောက်ခြေက ပုဂ္ဂလိအဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီတွေကိုပါ စည်းရုံးသိမ်းသွင်နေတာကို တွေ့ရပါတယ်။ အားကစား၊ ယဉ်ကျေးမှု နဲ့ ပညာရေးမှာ တရုတ်ကို လက်ခံလာအောင် ပြည်သူချင်း ဆက်ဆံရေးကို မြှင့်တင်နေပါတယ်။

ဆွေးမျိုးပေါက်ဖော် ချစ်ကြည်ရေး အရှိန်အဟုန် မြှင့်လာအောင် ဘေးတီးသူတွေထဲမှာ ဒေသခံ တရုတ်တွေက အဓိကအခန်းက ပါပါတယ်။ ဥပမာ မြန်မာနိုင်ငံ တရုတ်ကုန်သည်များအသင်း သက်တမ်း (၁၀၆) နှစ်ပြည့် အထိမ်းအမှတ် ကျင်းပတဲ့အနေနဲ့ တရုတ်ပြည်နယ် (၅) ခုက ဘက်စကတ်ဘော အသင်းတွေ မြန်မာနိုင်ငံမှာ မကြာမီက ယှဉ်ပြိုင်ကြပါတယ်။ တရုတ်-မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရာမှာ ဒေသခံ တရုတ်က ကြားဝင်ဆောင်ရွက်တာ အများကြီး ရှိပါတယ်။

ရေအားလျှပ်စစ် ဖက်စပ်လုပ်ငန်းမှာ မြန်မာဘက် ဘိန်းမှောင်ခို လော်စစ်ဟန် တည်ထောင်တဲ့ Asia World ကုမ္ပဏီနဲ့ ဦးအိုက်ထွန်းတို့ ပါဝင်နေတာ ထင်ရှားတဲ့ဥပမာ ဖြစ်ပါတယ်။ ရန်ကုန်၊ မန္တလေးနဲ့ မူဆယ်က ခြံမြေဈေးကွက်မှာလဲ ဒေသခံအမည်ကို အသုံးပြုတဲ့ တရုတ်သူဌေးတွေ ကြီးစိုးနေကြောင်း ကြားသိရပါတယ်။

တရုတ်ပြည်မှာ အလုပ်သမားခ ကြီးမြှင့်လာလို့ အမြတ်အစွန်း နည်းလာတာရယ်။ ဗီယက်နမ်မှာ တရုတ်ဆန့်ကျင်ရေး လှုပ်ရှားမှု ဖြစ်ပေါ်တာရယ် စတာတွေကြောင့် ထိုင်ဝမ်တရုတ်တွေ မြန်မာပြည်ကို စိတ်ဝင်စားလာကြပါတယ်။ မဆလ အစိုးရခေတ်က မြန်မာသင်္ဘောသားကို ဆိပ်ကမ်းပေါ် တက်ခွင့်မပေးခဲ့တဲ့ ထိုင်ဝမ်နိုင်ငံဟာ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံပြီး မွေးချင်ပေါက်ဖော် လုပ်ချင်ပါတယ်။ ထိုင်ဝမ်လုပ်ငန်းရှင်တွေ ရင်းနှီးမြှုပ်လိုတဲ့ အာရှနိုင်ငံမှာ မြန်မာက ရှေ့ ဆုံးက ဖြစ်နေပါတယ်။ ထိုင်ဝမ်-မြန်မာ ကုန်သွယ်မှု တဖြည်းဖြည်း တိုးပွားနေပါတယ်။ ဒေါ်လာ သန်း (၅၀၀) ရင်းနှီးမယ့် လျှပ်စစ်ပစ္စည်း ထုတ်လုပ်မယ့် စက်မှုဇုံ ရန်ကုန်တိုင်းမှာ တည်ထောင်ဖို့ ထိုင်ဝမ် လျှပ်စစ်အသင်းက စတင်ပြင်ဆင်နေပါတယ်။ တရုတ်နဲ့ ဗီယက်နမ်မှာ ရင်းနှီးမြှုပ်နှံရာက အလုပ်သမားခ သက်သာတဲ့ မြန်မာပြည်ဖက်ကို ဦးလှည့်လာတာ ဖြစ်ပါတယ်။

၁၉၈၈ ကနေ ၂၀၁၄ အထိ နှစ်ပေါင်း အစိတ်အတွင်း မြန်မာပြည်မှာ နိုင်ငံခြားရင်းနှီးမှု ပမာဏ ဒေါ်လာ သန်း (၅) သောင်းရှိတဲ့အနက် တရုတ် အရင်းအနှီးက ဒေါ်လာ သန်း (၁) သောင်း (၄) ထောင်ကျော် ရှိပါတယ်။ နိုင်ငံခြား အရင်းအနှီး စုစုပေါင်း (၃၀) ရာခိုင်နှုန်းနီးပါး တရုတ်ပြည်က လာတာပါ။ အမေရိကန်ရဲ့  ရင်းနှီးမှုပမာဏဟာ ဒေါ်လာ သန်း (၂၀၀) ကျော်သာ ရှိတာမို့ တရုတ်ရဲ့  (၁) ရာခိုင်နှုန်းကျော်သာ ရှိပါတယ်။ တရုတ် ရင်းနှီးမြှုပ်နှံမှု ပမာဏ က နှစ်အနည်းငယ်အတွင်း ဒေါ်လာ သန်း (၂) သောင်း ကျော်သွားနိုင်ပါတယ်။ ဒါကြောင့် ဘယ်အစိုးရတက်တက် တရုတ်ကို မှီခိုနေရပါလိမ့်မယ်။

၁၉၉၀ ရွေးကောက်ပွဲကို အသိအမှတ်မပြုဘဲ ကဏကောစလုပ်တဲ့အတွက် တရုတ် ဆရာတင်ရတဲ့ဘဝကို ရောက်သွားတာ ဖြစ်ပါတယ်။ မွေးချင်းပေါက်ဖော် ဆက်ဆံရေးလုပ်တော့ ဗမာက ညီလေး၊ တရုတ်က အကိုကြီးပေါ့။ ကြေးနီစီမံကိန်းမှာ မီးလောင်မှုနဲ့ အမှုဖွင့်ခံရတဲ့ တရုတ်ဝန်ထမ်း တရုတ်ပြည်ပြန်သွားတာ ဗမာ ဘာမှမတတ်နိုင်ပါဘူး။ အပေါ်စီးရထားသူကို အရေးယူဖို့ ခက်ခဲကြောင်း ပြသတာ ဖြစ်ပါတယ်။ ဗမာ အစိုးရက တရုတ်သြဇာခံ မဟုတ်ကြောင်း ကြိုးစားပြီး ပြသနေပေမယ့် တရုတ်အစိုးရ တည်ဆောက်တဲ့ ပေါင်းလောင် ရေအားလျှပ်စစ်ကြောင့်သာ နေပြည်တော်မှာ မီးလင်းနေတာကို မမေ့သင့်ပါ။

ဦးအောင်ခင်, ကျော်ကျော်သိန်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/news-analysis-/2641737.html

ရန်ကုန်အရောက်ချီတက်ကြဖို့ ကြေညာချက်ထုတ်ပြန်ထားတဲ့ ကျောင်းသားသပိတ်စစ်ကြောင်း။ (ဓာတ်ပုံ- မာတင်ဆွေ fb)
ဒီကနေ့ကျင်းပတဲ့ လေးပွင့်ဆိုင် ဆွေးနွေးပွဲမှာ NNER ရဲ့မူကြမ်းကို ပညာရေး ဝန်ကြီးဌာနက အပြန်အလှန်ဆွေးနွေးညှိနှိုင်း တာမျိုး မရှိဘဲ လက်ခံ သဘောတူ လိုက်ပါတယ်။ ဒါ့အပြင် ဒီဥပဒေမူကြမ်းကိုပဲ လွှတ်တော်မှာ တင်သွင်းသွားမယ်လို့ အစိုးရဘက်ကပြောကြောင်း ဗကသ ကိုယ်စားလှယ် မဖြိုးဖြိုးအောင်က ဗွီအိုအေကိုပြောပါတယ်။ ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

အစိုးရပညာရေးဝန်ကြီးဌာနက ကိုယ်စားလှယ်တွေ ရေးဆွဲလာတဲ့ ပညာရေးဥပဒေပြင်ဆင်ချက်မူကြမ်းနဲ့ ကျောင်းသားတွေပါဝင်ရေးဆွဲထားတဲ့ ပညာေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ယက် (NNER) ကရေးဆွဲထားတဲ့ မူကြမ်းနှစ်ခုကိုလေးပွင့်ဆိုင်ဆွေးနွေးပွဲမှာ နှစ်ဘက်လုံးက တင်ပြခဲ့တာပါ။ ဒီလထဲမှာ NNER ရဲ့ပညာရေးဥပဒေပြင်ဆင်ချက် မူကြမ်းကို လွှတ်တော်မှာတင်ဖို့ အစိုးရဘက်က သဘောတူခဲ့ကြောင်း ကျောင်းသား ကိုယ်စားလှယ်ဖြစ်တဲ့ မဖြိုးဖြိုးအောင်က ဆိုပါတယ်။

“နောက်ပိုင်းကျတော့NNER ဘက်က ပြင်ဆင်ချက်ကိုပဲ အစိုးရက သူတို့ယူမယ်ပေါ့နော်။ တစုံတရာ ဆွေးနွေးခြင်းမရှိဘဲ NNER ဘက်က ပြင်ဆင်ချက်ကို အစိုးရက လက်ခံလိုက်တာ။ ပညာရေးဝန်ကြီးဌာနက NNER ပြင်ဆင်ချက်ကို လုံးဝမဆွေးနွေးဘူး၊ အဲဒါကိုပဲ တင်မယ်လို့ပြောတယ်။”

နေ့လည်ပိုင်းမှာတော့ မနေ့ကထုတ်ပြန်ခဲ့တဲ့ ကျောင်းသားသပိတ်တွေနဲ့ပတ်သက်တဲ့ အစိုးရရဲ့သတင်းထုတ်ပြန်ချက်တွေအပေါ်မှာ ကျောင်းသားတွေနဲ့ အစိုးရကိုယ်စားလှယ်တွေကြား အပြန်အလှန် ဆွေးနွေးကြပေမယ့် သဘောတူညီမှုရတာမျိုးတော့ မရှိဘူးလို့ ပြောပါတယ်။

“ညနေပိုင်းအခြေအတင်ဆွေးနွေးတာကတော့ မနေ့ကတုန်းက အစိုးရဘက်က ထုတ်လိုက်တဲ့ ကြေညာချက်နဲ့ပတ်သက်ပြီးတော့ပေါ့နော် - ကျမတို့ အမြဲတမ်း ကြုံနေရတဲ့ ကျောင်းသားတွေက တစုံတရာ သဘောတူညီထားတာမျိုးမရှိဘဲနဲ့ သဘောတူညီထားသယောင်ယောင် ကြေညာချက်တွေ ထုတ်ပြန်နေတာက ကျမတို့အတွက် အင်မတန်မှ မသင့်တော်ဘူးပေါ့နော်၊ ကျမတို့အတွက်လည်းမကောင်းဘူး၊ ပြီးတော့လည်း ဒီ အစိုးရရဲ့ကြေညာချက်တွေက ကြိုတင်…သဘောတူညီထားတဲ့အချက်တွေပေါ့နော်၊ ကြိုတင်သဘောတူညီထားတဲ့အချက်တွေကို ချိုးဖောက်နေတဲ့ပုံစံမျိုး အမြဲတွေ့ရလေ့ရှိတယ်။ အဲဒါတွေလည်း ကျမတို့ ဆွေးနွေးခဲ့ပါတယ်။ နောက် အစိုးရဘက်ကလည်း မနေ့က သူတို့ကြေညာချက်အတိုင်း ရန်ကုန်ကို မဝင်စေချင်ဘူး၊ ကျမတို့ကလည်း ရန်ကုန်ကို မဝင်လို့မဖြစ်ဘူး၊ ကျမတို့သပိတ်ကရပ်လို့မရဘူး၊ အဲဒီလို အနေအထားမှာတော့ အပြန်အလှန် ဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ထူးခြားတဲ့သဘောတူညီချက်မျိုးတော့ မရခဲ့ပါဘူးရှင်။”

ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ လေးပွင့်ဆိုင်ဆွေးနွေးရေးကို ဆက်လက်ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ပြင်ဆင်တဲ့ဥပဒေကြမ်းပုံစံတော့မပေါက်ဘူးရှင့်။ ဥပဒေကြောင်းအရဆိုရင်တော့- အဲဒါကြောင့်မို့လို့ ပြင်ဆင်တဲ့ဥပဒေကြောင်းပုံစံပေါက်အောင် မနက်ဖြန်ကျမှ ပညာရေးဝန်ကြီးဌာနက ဥပဒေပညာရှင်တွေရယ်၊ NNER ရယ်၊ ကျမတို့ ကျောင်းသားကိုယ်စားလှယ်တဦးရယ် သွားပြီးတော့ ဒီဟာကို အသေးစိတ်ရေးဆွဲမှာဖြစ်ပါတယ်ရှင့်။ အဓိက-ကတော့ စာသားတွေရှိတယ်၊ ပုဒ်မတွေကို ဘယ်လိုအစားသွင်းမလဲပေါ့နော်၊ နောက်တခုက ဘယ်လိုပြင်ဆင်မလဲ၊ အဲဒီဟာကို အစားသွင်းတဲ့၊ ပြင်ဆင်တဲ့ဥပဒေကြမ်းဖြစ်တဲ့အတွက် ပုဒ်မ ဘယ်လောက်ကိုတော့ ဘယ်လိုပြင်ဆင်ပါတယ်ဆိုတာမျိုး၊ ဒီလို ထပ်ရေးပေးတာတွေရှိပါတယ်။ အဲဒီတော့ နားလည်တဲ့သူတွေနဲ့ ကျမတို့ဒါကို အသေးစိတ်ထပ်ပြီးတော့ ရေးဆွဲဖို့ရှိပါတယ်ရှင်။”

အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်နေတ့ ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်းတွေထဲက ပဲခူးမြို့ကိုရောက်နေတဲ့ တနင်္သာရီ၊ မွန်၊ မြေလတ် ကျောင်းသားတွေရဲ့စစ်ကြောင်းဟာ ပဲခူးမြို့က ဘုန်းကြီးကျောင်းတခုမှာ တည်းခိုနေချိန် ဖိအားပေးခံနေရကြောင်း ထားဝယ်သပိတ်ခေါင်းဆောင် ကိုဇင်မောင်ဖြိုးက ပြောပါတယ်။

“မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ပါချုပ်နဲ့လာတွေ့ပြီးတော့ ကျနော်တို့ကို ရန်ကုန်ကိုဆက်မဝင်နဲ့လို့ ပြောပါတယ်။ ပဲခူးက။ နောက်ပြီးတော့ ကျနော်တို့တည်းတဲ့ ဘုန်းကြီးကျောင်းတွေထဲမှာ စွမ်းအားရှင်တွေနဲ့ ရဲတွေနဲ့ လုံခြုံရေးအထပ်ထပ်ချထားတယ်။”

အစိုးရအနေနဲ့ ရန်ကုန်ကို ကျောင်းသားတွေမဝင်ရောက်နိုင်ရေး ရန်ကုန်နဲ့ ပဲခူးတိုင်းကြားတွေမှာ အတားအဆီးတွေရှိနေကြောင်း သာယာဝတီခရိုင် ဒေသခံတဦးကလည်း ပြောပါတယ်။

“သာယာဝတီဘက် အခြမ်းတခြမ်းချတယ်။ ပဲခူးတိုင်းနယ်စပ်မှာချတယ်။ ရန်ကုန်တိုင်းနယ်စပ် တိုက်ကြီးမြို့နယ်၊ ဥက္ကံမှာချတယ်။ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းက ချောင်းလေးပဲခြားတာကိုး။ သာယာဝတီနဲ့တိုက်ကြီးက- အဲဒီနေရာမှာ နှစ်ခုကို ဟိုဘက် ဒီဘက် မျှချထားတာလေ။ ဟိုဘက်မှာ ကားဆယ်စီးရပ်ထားတယ်။ လမ်းမပေါ်မှာ။ လူအင်အား ၂၀၀ ကျော်၊ ၃၀၀ လောက်ရှိတယ်။ သာယာဝတီဘက်မှာ ကား ၁၂ စီးရှိတယ်။ လူအင်အား ၁၆၀ ပထမရက်ကရှိတယ်ပေါ့။ ထပ်တိုးလာတယ်လို့ ပြောတယ်။ အဲဒါတော့ ကျနော် စာရင်းအသေအချာမသိဘူး။ ရေ ဘောက်ဆာကားနှစ်စီးရှိတယ်။ မီးသတ်ကားအသေးလေးက လေးစီးရှိတယ်။ ကျန်တဲ့ကားတွေနဲ့ အားလုံး ၁၂ စီးရှိတယ်။”

မန္တလေးကနေ ခရီးရှည်ချီတက်လာတဲ့ ဗကသများအဖွဲ့ချုပ်ဦးဆောင်တဲ့ ပင်မသပိတ်စစ်ကြောင်းကတော့ ပေါင်းတည်ကနေ နတ္တလင်းမှာရောက်နေပြီး ဧရာဝတီစစ်ကြောင်းကတော့ ကျိုက်လတ်ကနေ ဖျာပုံကိုရောက်နေပါပြီ။ တချိန်တည်းမှာပဲ အစိုးရနဲ့ ကျောင်းသားတွေရဲ့လေးပွင့်ဆိုင်ဆွေးနွေးပွဲကိုလည်း ကျင်းပနေပါတယ်။ ဒီဆွေးနွေးပွဲမစခင် ကျောင်းသား ၁၅ ဦးထဲက တကသနဲ့ မြေလတ်ကျောင်းသားတွေကို သမ္မတရုံးဝန်ကြီးက ရန်ကုန်ကို ချီတက်တာတွေရပ်တန့်ဖို့ မေတ္တာရပ်ခံခဲ့တယ်လို့ ဆိုပါတယ်။

“ပြည်ထောင်စုဝန်ကြီး၊ သမ္မတရုံးကဝန်ကြီး ဦးလှထွန်းကတော့ အဲလိုမျိုး လာပြောပါတယ်။ ဒါပေမယ့်သူက မျက်နှာငယ်လေးနဲ့ပေါ့၊ အဲလိုမျိုး ‘ကျောင်းသားတွေ ရန်ကုန်မြို့ကိုတော့ လုံးဝမဝင်ကြပါနဲ့’-အဲလိုမျိုး၊ နောက်ပြီးတော့ သူက မေတ္တာရပ်ခံပါတယ်လို့- တောင်းပန်တာပေါ့နော်။ အထွေထွေသပိတ်ဖြစ်နိုင်တဲ့အခြေအနေတွေရှိတယ်ပေါ့နော်၊ ရန်ကုန်မှာက အလုပ်သမားတို့၊ လယ်သမားတို့က အများကြီးရှိတယ်။ ဦးတို့အစိုးရကို အဆင်မပြေမှုတွေများနေလို့ လယ်သမားတွေက မကျေနပ်တာတွေ အများကြီးရှိပါတယ်-သားတို့ရယ်၊ အဲလိုမျိုး မဝင်ကြပါနဲ့- လို့တော့ အဲဒီမှာ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းကတော့ အစည်းအဝေးမတိုင်ခင် လာတောင်းပန်တယ်လို့ပြောတယ်။”

အစိုးရအနေနဲ့ ရန်ကုန်ကို ကျောင်းသားသပိတ်စစ်ကြောင်းတွေ ဝင်ရင် တည်ဆဲဥပဒေအရ အရေးယူမယ်လို့ပြောခဲ့ပြီးတဲ့နောက် ပဲခူးတိုင်းအတွင်းက နယ်မြို့တွေမှာတော့ ကော်မတီတွေဖွဲ့ပြီး ကျောင်းသားတွေရဲ့ သပိတ်စစ်ကြောင်းတွေကို တားဆီးနိုင်ရေးဆွေးနွေးနေကြတယ်လို့ ဒေသခံက ဆက်ပြောပြပါတယ်။

“ကြေညာချက်က ‘မူအားဖြင့် လိုက်လျော’ ..ပါမယ်လို့ ပြောတဲ့ဟာကို သူတို့က ‘ကျနော်တို့အားလုံးလိုက်လျောနေရဲ့သားနဲ့ ကျောင်းသားတွေက ဆက်တိုးလာတာပါ။ ကျောင်းသားတွေအလွန်ပါ’-ဆိုတာမျိုး သူတို့က တွင်တွင်သုံးနေတာ။ အခု မြို့မိမြို့ဖတွေ တောက်လျှောက်ပြောနေတယ်၊ ပြောနေတယ်၊ မြို့တိုင်းမှာ အဲဒါမျိုးတွေပဲ လိုက်ပြီး ရှင်းလင်းပွဲတွေ လုပ်နေတယ်။ ကျနော်တို့မြိ့နယ်တွေရှိနေတဲ့ မြိုတွေမှာ သူတို့လိုက်ပြီး ရှင်းလင်းပွဲတွေ လုပ်တယ်။ မြို့မိမြို့ဖအဖွဲ့တွေ ဖွဲ့တယ်။ အခုဆိုလို့ရှိရင် မြို့တိုင်းကိုဖွဲ့တယ်၊ အခု သာယာဝတီခရိုင်ထဲမှာ။ စီမံချက်အနေနဲ့ အရင်ဆုံး မြို့မိမြို့ဖလိုမျိုး ကျောင်းဆရာ ဆရာမတွေက သူတို့ကို ဆွေးနွေးပြီး ညှိနှိုင်းပြီးတားမယ်၊ တားလို့မရဘူးဆိုလို့ရှိရင် သူတို့ ‘ပြည်သူလူထု’ လို့ အမည်ခံထားတဲ့ ဘယ်ကပေါ်လာမှန်းမသိတဲ့ လူ ၁၀၀ ခန့်ကနေ လက်ချင်းချိတ်ပြီးတော့ တားမယ်၊ မရဘူးဆိုလို့ရှိရင် ရဲကနေတားမယ်။ ပြည်သူတွေနဲ့ စကားပြောကြည့်လိုက်တဲ့အချိန်မှာ ကျောင်းသားတွေကို ဘယ်လိုနည်းနဲ့မှ သွေးမြေအကျမခံဘူး-ဆိုတဲ့စိတ်ကတော့ ပြည်သူတော်တော်များများမှာ တွေ့နေရတယ်ဗျ။”

ကျောင်းသားနဲ့အစိုးရကြားမှာ တဘက်နဲ့တဘက် သတင်းထုတ်ပြန်ချက်တွေရှိနေပြီး အစိုးရဘက်က ရန်ကုန်ကို ဆက်လက်ချီတက်မယ်ဆိုရင် သပိတ်မှောက်ကျောင်းသားတွေကို ‘တည်ဆဲဥပဒေ’ အရ အရေးယူမယ်လို့ ကြေညာထားသလို ပင်မကျောင်းသားသပိတ်ကလည်း ရန်ကုန်ကို ဆက်ချီတက်မယ့်အကြောင်း ကြေညာချက်ထုတ်ပြန်ထားပါတယ်။

မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/education-draft-is-handled-parliament-/2644251.html

သပိတ်မှောက် ကျောင်းသားများ
 ကျောင်းသားတွေနဲ့ အစိုးရတို့အပါအဝင် ၄ ပွင့်ဆိုင် တွေ့ဆုံပြီ့း အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်း ဆိုင်ရာ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ရာမှာ ကျောင်းသားတွေ ဘက်ကတင်ပြတဲ့ ဥပဒေမူကြမ်း အသစ်ကို စနေနေ့မှာ ဆွေးနွေးခဲ့ကြပါတယ်။

အဲဒီ ဥပဒေမူကြမ်းရဲ့ ၃ ပုံ၂ ပုံကို ဆွေးနွေးပြီးစီးခဲ့ပြီး တနင်္ဂနွေနေ့မှာကျန်နေတဲ့ အပိုင်းတွေကို ဆက်လက် ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။

တနင်္လာနေ့မှာတော့ အဲဒီဥပဒေကြမ်းကို လွှတ်တော်ကို တင်ပြမယ်လို့ ဆိုပါတယ်။ သပိတ်လှန်ရေး မလှန်ရေးနဲ့ပတ်သက်လို့အကြိတ်အနယ် ဆွေးနွေးခဲ့ကြပေမယ့်တော့ အဖြေမထွက်သေးဘူးလို့သိရပါတယ်။

အစိုးရဘက်က အလိုရှိနေတဲ့ သပိတ်လှန်ရေးကို ကျောင်းသားတွေက လက်မခံဘူး ဆိုရင် သဘောတူထားတဲ့ ၁၁ ချက်က နောက်ပြန်ဆုတ်နိုင်တဲ့ အနေအထားမှာ ရှိနေတယ်လို့ ပညာရေး ဒုဝန်ကြီးက ပြောပါတယ်။

ကျောင်းသားတွေဘက်ကတော့ သပိတ်လှန်ဖို့ ကိစ္စကို သဘောမတူဘဲ ရန်ကုန်အထိ ဆက်လက် ချီတက်သွားမယ်လို့ ဆိုပါတယ်။

မန္တလေးကနေ ဆင်းလာတဲ့ ပင်မ သပိတ်စစ်ကြောင်းဟာ ကြို့ပင်ကောက်မြို့ကို ရောက်ရှိနေပြီး အစိုးရကတော့ ရန်ကုန်တိုင်း အဝင်မှာ လုံခြုံရေး အတားအဆီးတွေကို ချထားပါတယ်။
BBC Burmese
http://www.bbc.co.uk/burmese/burma/2015/02/150214_student_protest


ကချင်နှစ်ခြင်း ခရစ်ယာန်အသင်း (KBC) မှ စေတနာ့ဝန်ထမ်း ကချင် ကျောင်းဆရာမနှစ်ဦး အဓမ္မပြုကျင့် အသတ်ခံရမှု၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှာ DNA စုံစမ်းစစ်ဆေးမှုနှင့် ပတ် သက်ပြီး အားနည်းချက်များ ရှိနေ ခြင်းကြောင့် ပြည်ပမှ တက်သိပညာ ရှင်များနှင့် ပူးပေါင်းကာ သက်သေခံ ပစ္စည်းများကို စစ်ဆေးရန် အစိုးရက စီစဉ်နေကြောင်း ဖေဖော်ဝါရီလ ၁၀ ရက်က ရှမ်းပြည်နယ် မှုခင်းရဲတပ်ဖွဲ့မှ သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူ ဆယ်ခရိုင်၊ ပန်ဆိုင်းမြို့နယ်၊ ကောင်း ခါးကျေးရွာတွင် ပြီးခဲ့သည့် ဇန်နဝါရီ လ ၁၉ ရက်က KBC မှ အခမဲ့ဖွင့် လှစ်ထားသော စာသင်ကျောင်းတွင် လုပ်အားပေးနေသော အသက် ၁၉ နှစ်အရွယ်နှင့် အသက် ၂၁ နှစ်အ ရွယ်ရှိ ဆရာမနှစ်ဦးကို ၎င်းတို့နေထိုင် ရာ နေအိမ်အတွင်း အဓမ္မပြုကျင့်ကာ အသတ်ခံရသဖြင့် မြန်မာနိုင်ငံရဲတပ် ဖွဲ့က စစ်ဆေးရာမှ သေဆုံးနေသူ ကျောင်းဆရာမတစ်ဦး၏ လက်အ တွင်း အရှည် ခြောက်လက်မခန့်ရှိ ဆံပင်ချည်များ ဆုပ်ကိုင်ထားသည် ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

‘လက်ရှိ တပ်မတော်ဘက်က တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေက ရဲ တပ်ဖွဲ့ရဲ့ အစစ်ဆေးခံပေမယ့် တရား ခံမဖော်ထုတ်နိုင်သေးဘူး။ စစ်တပ် ဘက်က ဒီအမှုမှာ ကျူးလွန်ခဲ့တဲ့ နှစ် ဦးက ကောင်းခါးရွာက နှစ်ယောက် ဖြစ်နိုင်တယ်လို့ ယူဆထားတယ်လို့ ကြားသိရတယ်။ ရဲတပ်ဖွဲ့က စစ်ဆေး နေတဲ့ ဆံပင်တွေက ဆရာမလေးရဲ့ ဆံပင်လည်း ဖြစ်နိုင်တာပဲလို့ ယူဆ နေသူတွေလည်း ရှိတယ်’ ဟု KBC အဖွဲ့ချုပ်မှ ၁၅ ဦးအပါ စုံစမ်းရေး ကော်မတီအဖွဲ့ ခေါင်းဆောင် ဒေါက် တာခလမ်ဆမ်ဆွန်က ပြောသည်။

၎င်း အသတ်ခံရသော ကျောင်း ဆရာမနှစ်ဦး မသေဆုံးခင်အချိန်က ၎င်းတို့နှင့် ရင်းနှီးပတ်သက်ခဲ့သော ဖော်ယူဂွမ်ဆိုသူနှင့် ကောင်းခါးကျေး ရွာတွင် နေထိုင်သူ မာတီးဆိုသူ အ မျိုးသားတို့ နှစ်ဦးကို ပြစ်မှုကျူးလွန် ကာ ကေအိုင်အေနယ်မြေအတွင်း ထွက်ပြေး တိမ်းရှောင်နေကြောင်း လူမှုကွန်ရက် စာမျက်နှာဖြစ်သည့် ဖေ့စ်ဘွတ်ခ် စာမျက်နှာများတွင် ရေး သားဖော်ပြနေသော်လည်း အမှုမှာ စုံစမ်းနေဆဲဖြစ်သောကြောင့် ယင်း သတင်းနှင့် ပတ်သက်၍ ကေအိုင်အေ တပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ က အတည်မပြုနိုင်သေးကြောင်း သိ ရသည်။

‘အမျိုးသားလူ့အခွင့်အရေး ကော် မရှင်က တိုင်းရင်းသား စည်းလုံးညီ ညွတ်ရေးကို မထိခိုက်စေရအောင် မှန်မှန်ကန်ကန် မျှမျှတတနဲ့ ဝင်ရောက် စုံစမ်း စစ်ဆေးပေးဖို့လိုပြီ။ တစ်ဦးတစ် ယောက်က တင်ပြလာမှ တိုင်ကြား လာမှဆိုတဲ့ ဝန်ထမ်းသဘောကို မ ထားဘဲနဲ့ လူ့အခွင့်အရေးကို လေး စားလိုက်နာတဲ့ အကောင်အထည် ဖော်ဖို့အတွက် ရည်ရွယ်ပြီး ဝင်ရောက် စုံစမ်း စစ်ဆေးသင့်တယ်။ အဲဒီလို ကော်မရှင်က ဝင်ရောက်စုံစမ်း စစ် ဆေးမယ်ဆိုရင်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက တစ်စုံတစ်ရာ မနှောင့်ယှက်ဘဲ ဝိုင်း ဝန်းကူညီပြီးတော့ လက်တွဲဆောင် ရွက်ရင် ပိုကောင်းလာမှာပါ’ ဟု တ ရားလွှတ်တော်ရှေ့နေ ဦးရောဘတ် စန်းအောင်က ၎င်း၏အမြင်ကို သုံး သပ်ပြောဆိုလိုက်သည်။

အဆိုပါ ကျောင်းဆရာမ နှစ်ဦး ၏ ရုပ်အလောင်းတို့ကို စစ်ဆေးရာ တွင် အသည်း၊ အဆုတ်နှင့် ဦးခေါင်း တို့တွင် ထိုးဖောက်ဒဏ်ရာများ ရရှိ ခဲ့ခြင်းများကြောင့် သေဆုံးခဲ့ရသည် ဟု ဆေးစစ်ချက်တွင် ဖော်ပြထား ကြောင်း၊ ယင်း ကျောင်းဆရာမနှစ်ဦး သတ်ဖြတ်ခံရမှုကို အမှုမှန်ဖော်ထုတ် နိုင်ရန် မူဆယ် ကချင်နှစ်ခြင်းအသင်း တော်မှ ဓမ္မဆရာ၊ မုံးပေါ်ပြည်သူ့စစ် အဖွဲ့နှင့် ပန်ဆိုင်းမြို့နယ် အုပ်ချုပ် ရေးအဖွဲ့နှင့် ရဲတပ်ဖွဲ့တို့မှ တာဝန်ရှိ သူများ ပါဝင်သည့် စုံစမ်းရေး ကော် မတီအဖွဲ့ကို ဖွဲ့စည်းကာ စစ်ဆေးခဲ့ ကြောင်း၊ ဖေဖော်ဝါရီလ ၂ ရက်က KBC ဌာနချုပ်က အမှုမှန် အမြန်ဆုံး ဖော်ထုတ်နိုင်ရန် ၁၅ ဦးပါ စုံစမ်းရေးကော်မတီကို ထပ်မံဖွဲ့စည်း ခဲ့သောကြောင့် ရဲတပ်ဖွဲ့မှယင်းအမှုနှင့်ပတ်သက်၍ နောက်ပိုင်း စစ်ဆေး ရရှိချက်များကို အဆိုပါကော်မတီနှင့် ပူးပေါင်းစစ်ဆေး သွားမည်ဖြစ်ကြောင်း သိရသည်။

ရာစုသစ်

The Ladies News Journal
https://www.facebook.com/News.TheLadies

မန္တလေးမြို့မှာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကကျင်းပခဲ့တဲ့ တရား ဥပဒေစိုးမိုးရေးစင်တာများ ရှေ့ပြေးစီမံကိန်း သင်တန်းဆင်းပွဲ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ရစဉ် / Photo: Nay Thwae/ RFA
မြန်မာပြည်သူတွေဟာ တရားဥပဒေစိုးမိုးရေးအောက် မှာ နေထိုင်နိုင်မှသာ ဥပဒေရဲ့ အကာအကွယ်ပေးမှု အရ လုံခြုံမှုရှိနိုင်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

မန္တလေးမြို့ ရွှေပြည်သာဟိုတယ်မှာ ဒီနေ့ကျင်းပခဲ့တဲ့ တရားဥပဒေစိုးမိုးရေးစင်တာများ ရှေ့ပြေးစီမံကိန်း သင်တန်းဆင်းပွဲအခမ်းအနားမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြော ကြားခဲ့တာပါ။

လားရှိုးနဲ့ မန္တလေးက တရားဥပဒေစိုးမိုးရေး စင်တာတွေက သင်တန်းသား အယောက် ၈ဝ ကို ဒေါ်အောင်ဆန်းစုကြည်က သင်တန်းဆင်း လက်မှတ်တွေ ပေးအပ်ခဲ့ပါတယ်။

နောက်ပိုင်းမှာလည်း တရားဥပဒေစိုးမိုးရေး စင်တာတွေကို UNDP ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်ရဲ့ အကူအညီနဲ့ တစ်နိုင်ငံလုံးမှာ ဆက်လက်ဖွင့်လှစ်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဒီနေ့ အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ UNDP ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်က တာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese/news/dassk-underscores-importance-rule-law-public-safety-02142015113453.html


မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်ကျေးရွာ၊ ရန်ကုန်-မော်လ မြိုင် ကားလမ်းမကြီး စစ်တောင်းတံ တားပေါ်တွင် ပရိုဘောက်ကား(အဖြူ) တစ်စီး လူမရှိဘဲ ရပ်ထားသည်ကို တွေ့ရှိရသည့်အတွက် ဖေဖော်ဝါရီလ ၉ ရက် ၁း၃၀ နာရီခန့်တွင် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်ရဲစခန်းက ထိန်းသိမ်းထားကြောင်း အဆိုပါရဲစခန်းမှ သိရှိ ရသည်။

‘နေ့လယ် ၁၂ နာရီအကျော် လောက်က တံတားပေါ်မှာ လူမရှိဘဲ ကားရပ်ထားတယ်လို့ ခရီးသွားတွေ ကလာပြောလို့ သွားရောက်စစ်ဆေး ကြည့်တဲ့အခါ လူမတွေ့ရဘဲ ကားကို တွေ့ရတယ်။ တာဝန်ကျရဲစခန်းနဲ့ တပ်တို့ကို လှမ်းပြီးအကြောင်းကြားပေးလိုက်ပါတယ်’ဟု အဆိုပါတံတားတွင် တာဝန်ကျနေသည့် အစောင့် တစ်ဦးကပြောသည်။

အဆိုပါကားပိုင်ရှင်မှာ ရန်ကုန် တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့ နယ်မှ ဗိုလ်မှူး မင်းမောင်မောင် (အ ငြိမ်းစား)၊ အသက် ၄၂ နှစ်ဖြစ်ပြီး နေအိမ်မှ မော်လမြိုင်ဘက်သို့ တိုက် ခန်းဝယ်ယူရန် သွားရောက် စုံစမ်းရာ ပြန်လည်ရောက်ရှိခြင်းမရှိဘဲ ပျောက် ဆုံးနေကြောင်း မိခင်ဖြစ်သူ ဒေါ်ခင် လှလှက ဖေဖော်ဝါရီ ၉ ရက် ညနေ ၇း၄၅ နာရီ အချိန် ခန့်တွင် ကျိုက်ထို မြို့နယ်၊ သိမ်ဇရပ်ရဲစခန်း၌ သတင်း ပို့ထားကြောင်း ရဲမှတ်တမ်းမှ သိရ သည်။

‘ရွာဘက်ကိုသွားမယ့် ခရီးသွား တွေက တံတားပေါ်က လူတစ်ယော က် မြစ်ထဲသို့ ခုန်ချလိုက်တာ မြင်လိုက် တယ်ပြောလို့ လှေတွေနဲ့ သွားဆယ် မယ်ပြင်ဆင်တော့ လူကရေမြုပ် သွားပြီး ပြန်မပေါ်တော့ပါဘူး အဲ့ဒါနဲ့ တံတားပေါ်က အစောင့်ကို သွားပြီး ပြောထားလိုက်ပါတယ်’ဟု သိမ်ဇရပ် ကျေးရွာ စစ်တောင်းတံတားအနီးရှိ ဆိပ်ကမ်းသာကူးတို့ တွင် ဈေးရောင်းနေသည့် ဦးလှမြင့်ကပြောသည်။

အဆိုပါအမှုအား ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်ရဲစခန်းမှ (ပ) ၂/၂၀၁၅ လူပျောက်မှုဖြင့် လိုက်လံစုံစမ်းရှာဖွေ လျက်ရှိကြောင်း သိရသည်။

MMK

The Ladies News Journal
https://www.facebook.com/News.TheLadies


 အခင်း ဖြစ်ခဲ့ရာ ဆိုင်ရဲ့ အပြင်ဘက်ကနေ လူ နှစ်ဦးဟာ မောင်းပြန် ပစ္စတို ဒါမှ မဟုတ် စက်သေနတ် တွေ နဲ့ ပစ်ခတ်။

ဒိန်းမတ် နိုင်ငံ မြို့တော် ကိုပင်ဟေဂင် ရဲ့ ကဖေးဆိုင် တစ်ဆိုင် မှာ ဘာသာရေး စော်ကားမှု နဲ့ လွတ်လပ်စွာ ပြောဆိုခွင့် ဆိုတဲ့ အကြောင်းအရာ ကို ဆွေးနွေး နေကြချိန်မှာ သေနတ် သမား တစ်ဦး က ပစ်ခတ် ခဲ့လို့ လူတစ်ဦး သေဆုံးသွားပြီး ရဲ ၃ ဦး ဒဏ်ရာ ရသွားပါတယ်။

အစ္စလာမ် ဘာသာ ရဲ့ တမန်တော် မိုဟာမက်ဒ် ကို ကာတွန်းပုံ တွေ ရေးဆွဲ ခဲ့ရာမှာ ခွေး အသွင် ဆွဲခဲ့တဲ့ ဆွီဒင်နိုင်ငံ က ကာတွန်းဆရာ လာ့ရှ်ဗစ်စ် လည်း အဲဒီ့ ပွဲ မှာ ရှိနေပေ မယ့် ထိခိုက် ဒဏ်ရာ တော့ မရ ခဲ့ပါဘူး။

ရဲတွေက သေနတ်သမား ၂ ဦးကို ပြန်လှန် ပစ်ခတ် ခဲ့ကြ ပြီး အခု လိုက်လံ ဖမ်းဆီး နေကြပါ တယ်။

အခင်း ဖြစ်ခဲ့ရာ ဆိုင်ရဲ့ အပြင်ဘက်ကနေ မောင်းပြန် ပစ္စတို ဒါမှ မဟုတ် စက်သေနတ် နဲ့ ပစ်ခတ် ခဲ့တဲ့ အတွက် ရဲ ၃ ဦး ဒဏ်ရာ ရခဲ့ပေမယ့် အသက် အန္တရာယ် တော့ မစိုးရိမ် ရကြောင်း၊ ဒါပေမယ့် အသက် ၄၀ ဝန်းကျင် အမျိုးသား တစ်ဦး တော့ သေနတ်မှန် သေဆုံး သွားကြောင်း ကိုပင်ဟေဂင် မြို့တော် ရဲ့ စုံစမ်း စစ်ဆေးရေး ရဲဌာန က ဖြစ်ပျက် ခဲ့ပုံ ကို ထုတ်ပြန် ပါ တယ်။

ဒီ ပစ်ခတ်မှု ကို အကြမ်းဖက် တိုက်ခိုက်မှု တစ်ရပ် ဖြစ်နိုင်ကြောင်း သတ်မှတ်ပြီး စုံစမ်း နေတဲ့ အကြောင်းလည်း ရဲတပ်ဖွဲ့ က ဆိုပါတယ်။

BBC Burmese
http://www.bbc.co.uk/burmese/world/2015/02/150214_denmark_copenhagen_shooting


လောက်ကိုင် စစ်ပွဲကြောင့် ကိုယ့်နေရပ်ကို ပြန်ပြေး လာကြသူတွေ ထောင်နဲ့ချီပြီး မန္တလေးကို ရောက်လာ။

ကိုးကန့်နယ် လောက်ကိုင် မှာ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေ ကြောင့် အဲဒီ့ ဒေသမှာ သွားရောက် အလုပ်လုပ် ကိုင် နေကြတဲ့ မြန်မာ နိုင်ငံ နယ် အနှံ့အပြား လူတွေ ဟာ ထွက်ပြေး လာကြရပြီး အစိုးရ အစီအစဉ် နဲ့ အခုဆို မန္တလေး ကို ရောက်လာသူတွေ ထောင်နဲ့ချီပြီး ရှိနေပါတယ်။

အခုလို ရောက်လာသူတွေ ယာယီ နားနေ နိုင်ဖို့နဲ့ နေရပ်ရင်း ကို ခရီးဆက် နိုင်ဖို့ အတွက် စည်ပင် အပါအဝင် အစိုးရ အဖွဲ့အစည်းတွေ က ဆောင်ရွက် ပေးနေသလို ပုဂ္ဂလိက အလှူရှင် တွေ၊ ကူညီသူတွေ လည်း ရှိနေပါတယ်။

မြန်မာပြည် အလယ်ပိုင်း တောင်တွင်းကြီးမြို့ ကနေ လောက်ကိုင် ကို ပန်းရံ အလုပ် သွား လုပ်နေရာ ကနေ ပြန်ပြေးလာခဲ့ ရသူ တစ်ဦးက သူကြုံတွေ့ ခဲ့ရတဲ့ လောက်ကိုင် စစ်ပွဲ အခြေ အနေ နဲ့ ပတ်သက်ပြီး မြို့ပေါ် တွေမှာပါ တိုက်ပွဲတွေ ဖြစ်တာ ကြုံခဲ့ရ တယ် လို့ ဘီဘီစီ ကို ပြောပါတယ်။

ဒေသတွင်း လုပ်ငန်းကိုင်ငန်း တွေ အားလုံး ရပ်ထားရ ကြောင်း နဲ့ အစိုးရ ရဲ့ လေကြောင်း တိုက်ခိုက် မှုတွေ တွေ့ခဲ့ ရကြောင်း ပြန်လည် ပြောပြကြ တဲ့ မျက်မြင် သက်သေတွေ လည်း ရှိပါတယ်။

နောက်ရက် တွေ မှာလည်း အခုလို လောက်ကိုင် ဒေသ စစ်ဘေးဒဏ် ကနေ ရှောင်တိမ်း လာသူတွေ မန္တလေး ကို ရောက်လာဖို့ ရှိကြသေးတယ် လို့ ပြောသူတွေ လည်း ရှိပါတယ်။

BBC Burmese
http://www.bbc.co.uk/burmese/burma/2015/02/150214_kokang_refugee_mandalay

ပညာရေးဥပဒေကို သပိတ်မှောက်ဆန္ဒပြတဲ့ ကျောင်းသားတွေ ရန်ကုန်မြို့ကို ချီတက်လာစဉ် ။ Photo: Hset Paing Toe/ RFA
သပိတ်မှောက်ကျောင်းသားတွေ ရန်ကုန်မဝင်နိုင်အောင် ဥပဒေအရဆောင်ရွက်မယ် လို့ အစိုးရက မနေ့ည က ကြေညာချက်ထုတ်လိုက်ပါတယ်။

ကျောင်းသားတွေအနေနဲ့ သူတို့ တောင်းဆိုထားတဲ့ အချက် ၁၁ ချက်ကို ဥပဒေအနေနဲ့ လွှတ်တော်က သဘောတူဆုံးဖြတ်ပြီး သမ္မတလက်မှတ်ထိုးအတည်ပြုပြီး မှယုံကြည် လက်ခံမှာဖြစ်တဲ့အတွက် သပိတ်မရပ်သေး တာဖြစ်သလို၊ ဒီလိုဆောင်ရွက်တာဟာ နိုင်ငံလုံးဆိုင် ရာကျောင်းသားထုအရေးပေါ် အစည်းအဝေးရဲ့ ဆုံးဖြတ် ချက်အတိုင်းသာ ဖြစ်တယ်လို့ ဗကသများအဖွဲ့ချုပ် တွဲဘက်အတွင်းရေးမှူး ကိုမင်းသွေးသစ် က RFA ကို ပြောပါတယ်။

"သပိတ်မှောက်ကျောင်းသားတွေရဲ့မူလသဘော တူညီချက်က သမ္မလက်မှတ်ရေးထိုးပြီး လွှတ်တော် ကအတည်ပြုပြဌာန်းလိုက်တဲ့ဥပဒေထွက်လာမှသာ လျှင် သပိတ်လှန်မယ်ဆိုတဲ့ မူလသဘောတူညီချက်ရှိထားတဲ့အတွက်အဲ့ဘောင်ထဲကပဲ ကျနော်တို့လုပ်လို့ ရတယ်၊ ကျနော်တို့ဖက်ကလုပ်ပိုင်ခွင့် အကန့်အသတ်ကို ကျနော်တို့သေချာရှင်းပြ ခဲ့တယ်၊ အစိုးရဖက်က ၅/ ၂၀၁၅ ထုတ်တဲ့ ရည်ရွယ်ချက်က ရိုးသားမှုမရှိဘူး၊ ပြီးတော့ ကျနော်တို့ သဘောတူညီမထားတဲ့ အချက်တွေကို တနိုင်ငံလုံးကပြည်သူတွေ ထင်ရောင်ထင်မှားဖြစ်အောင် ဒီဟာကို ထုတ်ပြန်တာဖြစ်တယ်"

မန္တလေး-ရန်ကုန်ချီတက်နေတဲ့ ဗကသများအဖွဲ့ချုပ် ဦးဆောင်တဲ့ သပိတ်စစ်ကြောင်းက ရန်ကုန်မြို့ကို ရောက်အောင် သွားမယ်လို့ မနေ့ကကြေညာချက်ထုတ်ပြီး တဲ့ နောက်မကြာခင်မှာပဲ အစိုးရဘက်က တားမြစ်မယ့်ကြေညာချက်ထွက် လာတာပါ။

ဒီနေ့မနက်မှာတော့ တောင်းဆိုချက် ၁၁ ချက်ကို ဥပဒေကြမ်းရေးဆွဲဖို့ ၄ ပွင့်ဆိုင် ဆွေးနွေးပွဲအဆက်အဖြစ် ရန်ကုန်မြို့ မှာပြုလုပ်မှာဖြစ်ပါတယ်။

ဒီအတောအတွင်းမှာပဲ ဗကသများအဖွဲ့ချုပ်ဦးဆောင်တဲ့ သပိတ်စစ်ကြောင်းက ဒီနေ့မနက်မှာ ပေါင်းတည်မြို့ကနေ  ကြို့ပင်ကောက်မြို့ကို ခရီးဆက်မယ်လို့သိရ ပါတယ်။

ပဲခူးတိုင်းအရှေ့ခြမ်းမှာလဲ ဗကသများအဖွဲ့ချုပ်တောင်ငူခရိုင်၊ ပဲခူးခရိုင်ကျောင်းသားတွေ နဲ့ တကသ အဖွဲ့ကဦးဆောင်နေ တဲ့ ထားဝယ်၊ မော်လမြိုင်၊ ပခုက္ကူနဲ့ မြေလတ်ကျောင်းသားတွေက မနေ့ညက ပဲခူးမြို့ကိုရောက်ကြပြီး ပြည်သူလူထု ကလဲ မြို့လုံးကျွတ် နီးပါးကြိုဆိုခဲ့ကြပါတယ်။

တကသဦးဆောင်တဲ့သပိတ်စစ်ကြောင်း မွန်ပြည်နယ် ကျိုက်ထိုမြို့ဘက်ကနေ ပဲခူးမြို့ကိုလာတဲ့ခရီးမှာ အမည်မသိ အရပ်ဝတ်တွေတားမြစ်တာ ၃ နေရာလောက် ကြုံခဲ့ရပြီး၊ ပဲခူးဘက်ကပြည်သူနဲ့ ကျောင်းသားတွေက ဘုရားကြီးဘက်မှာ သွားခေါ်ကြတယ်လို့ ဗကသ တောင်ငူခရိုင်က ကိုဖြိုးဓနက RFA ကိုပြောပါတယ်။

" စွမ်းအားရှင်တစ်စုလူ ၆၀ လောက်ရှိတယ်၊ အဲ့ဒါကို ၃ ခါလောက်တားတယ်၊ ကျိုက်ထို တောင်လာမသိ ဘူးဗျ၊ အဲ့နားမှာစွမ်းအားရှင်တွေထားတယ်၊ သူတို့ကဘုရားကြီးဖက်မှာ အပိတ်ခံထားရတယ်၊ ပိတ်မိနေတယ် ဆိုတော့မှ ကျနော်တို့သွားပြီးတော့ကြိုဆိုတာပေါ့၊ မိဘပြည်သူတွေကလဲတော်တော်များများ၊ ဘုရားကြီး ဖက်ကတရွာလုံးနီးပါးပဲ၊ သူတို့နဲ့ ပေါင်းပြီးကျနော်တို့ပဲခူးမြို့ထဲကို သပိတ်လှည့်ကြပါတယ်"

ဧရာဝတီတိုင်းက သပိတ်စစ်ကြောင်းကတော့ မအူပင်မြို့ကနေ ကျိုက်လတ်မြို့ကို မနေ့က ရောက်သွားခဲ့ပြီး ဖျာပုံကို ဆက်လက်ချီတက်မယ်လို့သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese/news/demands-confirm-boycott-students-education-bill-02132015232704.html

 
အမေရိကန် လေတပ် အခြေစိုက် စခန်း အနီးက အီရတ်မြို့ကို IS တွေ သိမ်း။

အီရတ်နိုင်ငံ အနောက်ဘက်ပိုင်း အယ်လ် ဘဂ္ဂဒါဒီ မြို့ကို အစ္စလာမ္မစ် လက်နက်ကိုင် IS တွေက သိမ်းပိုက် လိုက်ကြောင်း အမေရိကန် က အတည်ပြု ပြောကြားပါတယ်။

အဆိုပါ အယ်လ် ဘဂ္ဂဒါဒီ မြို့ အနီးမှာ အမေရိကန် လေတပ် အခြေစိုက် စခန်း တစ်ခုလည်း ရှိပြီး အီရတ် အစိုးရ တပ်သားတွေ ကို လေ့ကျင့်ပေးဖို့ အမေရိကန် မရိန်းတပ်သား ၃၀၀ တပ်ချ ထားပါတယ်။

ပြီးခဲ့တဲ့ ၂ လ လောက် အတွင်း ပထမဆုံး အကြိမ် IS တွေ အနေနဲ့ နယ်မြေသစ် သိမ်းပိုက် နိုင်တာ ဖြစ်တယ်လို့ အမေရိကန် စစ်ဌာနချူပ် ပဲန်တဂန် ရဲ့ ပြောခွင့်ရ ဂျွန်ကာဘီ က ဆိုပါတယ်။

အခုလို IS တွေ မြို့သိမ်း နိုင်တာဟာ အမေရိကန် ဦးဆောင်တဲ့ မဟာမိတ် အဖွဲ့တွေ ရဲ့ IS ချေမှုန်းရေး အစီအမံ အတွက်၊ အဓိက ရှုံးနိမ့်မှု တစ်ရပ်လား ဆိုတာကိုတော့ ဂျွန်ကာဘီ က ငြင်းဆို ခဲ့ပါတယ်။

BBC Burmese
http://www.bbc.co.uk/burmese/world/2015/02/150213_is_iraq


ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ဟောင်း ယင်လပ် ရှင်နာဝပ်ကို မျက်ခြေမပြတ်စောင့်ကြည့်နေသလို ခွင့်ပြုချက်မရရင် ခေါက်ဆွဲတပွဲတောင် စားလို့မရကြောင်း လက်ရှိ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ပြောပါတယ်။

ဒီတပတ်အတွင်း ထိုင်းနိုင်ငံ ချင်းမိုင်ကို သွားရောက်ခဲ့တဲ့ ယင်လပ်ရဲ့ ယာဉ်တန်းကို စစ်သားတွေက ရှာဖွေတာဟာ ရှုပ်ရှုပ်ထွေးထွေးကာလမှာ လုံခြုံရေးအထောက်အပံ့ပေးတာ ဖြစ်တယ်လို့ ပြောတဲ့အကြောင်း အေအက်ဖ်ပီ သတင်းက ရေးပါတယ်။

“တကယ်လို့ သူက ခေါက်ဆွဲစားချင်တယ်ဆိုရင် သွားလို့ရပါတယ်။ တကယ်လို့ ကျနော်တို့ တားမြစ်ခဲ့ရင်တော့ သူသွားလို့မရပါဘူး” လို့ ပရာယွတ်က ပြောပါတယ်။

အဲဒီနေ့မှာ မြို့ထဲမှာ ခေါက်ဆွဲစားနေတဲ့ပုံတွေ ယင်လပ်က အရိုက်ခံခဲ့ပါတယ်။ ပရာယွတ်ဟာ ၀န်ကြီးချုပ် အဖြစ် တာဝန်ယူပြီးတဲ့နောက် သူ့ရဲ့ မှတ်ချက်တချို့ကြောင့် နာမည်ကြီးလာခဲ့တာ ဖြစ်ပါတယ်။

ဆန်နဲ့ပတ်သက်တဲ့ အငြင်းပွားဖွယ်ရာ လုပ်ဆောင်ချက်ကြောင့် ယင်လပ်ဟာ ရာဇ၀တ်မှုနဲ့ စွဲဆိုခံနေရသလို နိုင်ငံရပ်ခြားကို သွားရောက်ဖို့လည်း တားမြစ်ခံထားရတာ ဖြစ်ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/81598