02/16/15


ဦးဖုန်ကြားရှင ဦးဆောင်တဲ ကိုးကန့် တိမ်းရှောင်အဖွဲ့ကလာက်ကိုင်ဒေသကို တိုက်ခိုက်သိမ်းပိုက်ပြီး ကိုယ်ပိုငအုပ်ချုပ်ခွင့်ရ အစိုးရအဖွဲ့ကို ဖြုတ်ခ အာဏာသိမ်းဖို ကိစ္စကိုတပ်မတော်က လက်မခံကြောင်း ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နေပြည်တော်မှာ ဖေဖော်ဝါရီ(၁၄) ရက စာနယ်ဇင်းကောင်စီ (ယာယီ) နွဲ့ဆုံရာမှာလတ်တလော ဖြစ်ပွားနေတဲ တရုတ-မြန်မာ နယ်စပလာက်ကိုင်ဒေသက တိုက်ပွဲ တွေနဲ့ပတ သက်လို ရှင်းလင်းပြောဆိုခဲ့တယ်လို အစိုးရက သတင်းထုတ်ပြန်ထားတဲသတင်းဖတ်လိုက်ရပါ တယ် ။
ဖုန်ကြားရှင်ရဲ့ လာက်ကိုင်ဒေသ အာဏာသိမ်းမှု့ကို လက်ခံတယလက်မခံဘူးဆိုတာထက် အဆပေါင်းထောင သောင်းမကအရေးကြီးတဲ့အချက်တေ ကိစ္စတွေကိုဒီနေရာမှာအနည်းငယ်ပြောခြင်တယ် ။

၁) လက်ရှိမြန်မာ့တပ်မတော်ရဲ့ ကာချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ …တိုင်းသူပြည်သားအများစုကသဘောကျရွေးချယ်ခန့် အပ်ထားတဲကာကွယ်ရေးဦးစီးချုပ်မဟုတ်ဘူး ။ ပြည်သူအလိုမတူဘဲ သူ့ တိုသဘောနဲ့ သူ အာဏာလုယူထားတဲ့ အဖွဲ့ အစည်းတခုရဲခေါင်းဆောင်တဦးသာဖြစ်တယ် ။

၂) ပြည်တွင်းစစ်ဘဲဖြစ်ဖြစ်၊ ပြည်ပကျူးကျော်စစ်ဖြစ်ဖြစဆင်နွှဲရတဲ့အခါ ကုန်ကျရမဲ့ စစ်စရိတ်ဟာ …ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အိပ်ကပ်ထဲကစိုက်ရမှာမဟုတ်ဘူး။ မန်မာပြည်သူတွေ သက်သာချောင်ချိရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက်သုံးစွဲရမဲ့ နိုင်ငံ့ဘဏ္ဍာတွေထဲကဖဲ့ပေးရမှာဖြစ်တယ် ။

၃) စစ်ပွဲကြီးတွေဆင်နွှဲတဲ့အခါ ခြေပြတ်လက်ပြတကျိုးကန်းဒါဏ်ရာရ သေကြေပျက်စီးကြရမှာဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ သားသမီးတွေမဟုတ်ဘူး ။မိဘပြည်သူတွေရဲ့ သားသမီးတွေသာဖြစ်တယ် ။

၎) စစ်မှန်တဲ့အုပ်ချုပ်ပုံစနစ်နဲ့ ပြည်သူကရွေးချယ်တင်မြှောက်တဲအစိုးရတရပ်ကခန့် ထားလိုက်တဲ့ ကာကွယ်ရေးဦးစီးချုပ်နဲ့  ပြည်သူချစ်တဲ့တပ်မတော်သာရှိခဲ့ရင် ပြည်တွင်းစစ်လည်းမရှိနိုင်တော့သလို .. ပြည်ပနယ်ချဲ့ရန်မှန်သမျှလည်း ကြောက်နေစရာမလိုဘူး ။ ငါတို့ပြည်သူတွေကိုယ်တိုင် ပည်သူအကျိုးဦးထိပ်ထားတဲ့တပ်မတော်နဲလက်တွဲပြီး ပြည်ပရန်ကိုဝိုင်းဝန်းအသက်ပေးကာကွယ်ကြမယ်ဆိုတာ သံသယဖြစ်စရာမလိုဘူး ။

၎) အခုဟာက အာဏာရှင်အကျိုးကို ဦးထိပ်ထားနေတဲ့ပြည်သူကိုအမြဲဖိနှိပ်တဲ့ တပ်မတော်က ပြည်ပရန်ကိုမီးမောင်းထိုးပြီး သူတို့ ကြေးစားတပ်ရဲ့ အရေးပါမှု့နဲ့ တိုင်းပြည်ကိုချောက်ကမ်းပါးထဲမကျအောငကယ်တင်ရှင်ယောင်ဆောင်နေခြင်းသာဖြစ်တယ် ။ စစ်မီးလှုံ ၊ စစ်နဲကောင်းစား၊ စစ်နဲ့ လုပ်စားပြီး ဘီလျှံနာတွေဖြစ်နေတဲစစ်ဗိုလ်ချုပ်ကြီးတွေ နိုင်ငံတော်အချုပ်အခြာသိမ်းပိုက်ထားတာကိုအကြောင်းပြကောင်းအောင်၊ နိုင်ငံတော်လုံခြုံရေး ၊နိုင်ငံတော်အေးချမ်းသာယာရေး ၊နိုင်ငံ့အချုပ်အခြာတည်တံ့ခိုင်မြဲရေးဆိုတဲ့ စကားလုံးတွေသုံးပြီးအနှစ်သာရမပါတဲ့ လူဖျင်းသည်းခြေကြိုက် ၀ါဒဖြန့် ချီမှု့လို့ ဘဲအားမနာတမ်းပြောခြင်တယ် ။

ပည်သူမပါတဲ့စစ်၊ ပြည်သူမပူးပေါင်းတဲ့စစ်ပွဲတိုင်းဟာ….ဘယ်သောအခါမှ ရလာဒ်ကောင်းမထွက်နိုင်ဘူး ပြည်သူဆင်နွှဲတဲတရားသောစစ်ပွဲတိုင်းဟာ .. အောင်ပွဲကိုသာရှေးရှူ့တတ်တယ်။ကမ္ဘာ့ထိပ်တန်း စစ်အင အားကြီးနိုင်ငံ အမေရိကန်နဲဗီယက်နမ်ပြည်သူတွေတိုက်တဲ့စစ်ပွဲရလာဒ်ကိုကြည့်ယုံနဲထင်ရှားပါတယ် ။ နယ်ချဲ့ဗြိတိသျှနဲ့  ဖက်ဆစ်ဂျပန်ကိုတော်လှန်ခဲ့တဲ့ မြန်မာပြည်သူတွေရဲ့ တော်လှန်ရေးစစ်ပွဲသမိုင်းတွေကလည်းသက်သေထူနေပါတယ် ။

တကယ်တော့ပြည်သူဆိုတာ ကိုယ့်တိုင်းပြည်ရဲ့ တပ်မတော်ကိုဘယ်သူကမှ မမုန်းခြင်ပါဘူး ။ မတ်မြတ်နိုးနိုးနဲပန်းကုံးစွပ်ခြင်သူတွေချည်းပါ ။ တကယ်လို့ သာ လက်ရှိကာချုပ်နဲတကွ မြန်မာ တပ်မတော်ဟာပည်သူတွေရဲ့အကျိုးစီးပွားဦးထိပ်ထားပြီးစစ်အာဏာရှင်အကျိုးစီးပွားကို အကာ အကွယ်ပေးထားတဲ့ (၂၀၀၈)ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြည်သူတွေဆန္ဒနဲ့ အညီပြောင်းလဲ ပင်ဆင်ပေးလိုက်မယ်ဆိုရင် ၊ (၂၀၁၅)အထွေထွေရွေးကောက်ပွဲကို တရားမျှတစွာကျင်းပနိုင်အောငအပြည့်အ၀ပံ့ပိုးပေးပြီး အရွေးခံရတဲ့ အရပ်သားအစိုးရထံနိုင်ငံတော်အချုပ်အခြာ အာဏာသုံးရပ်ကို အကြွင်းမဲ့ပြန်အပ်ပြီးတပ်မတော်သားအမတ် ( ၂၅%)သာမက တပ်မတော်တခုလုံးစစ်တန်းလျှားကို ဂုဏ်သိက္ခာရှိရှိပြန်သွားကြမယ်ဆိုရင် ပြည်သူချစ်တဲ့တပ်မတော်ဖြစ်လာမှာ ဧကန်မလွဲပါဘူး ။

ထိုနည်းအတူဘဲ ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်နဲတိုင်းပြည်ရဲ့အချုပ်အခြာအာဏာကို ထိပါးလာမဲ့ 
ပည်ပကျူးကျော်မှု့ မှန်သမျှတိုင်ျးမှာမိဘလုပ်သားပြည်သူတွေဟာ… တပ်မတော်နဲ့ အတူလက်တွဲလိုအသက်ပေးကာကွယ်ကြမယ်ဆိုတာယုံမှားသံသယရှိစရာမလိုကြောင်း အသိပေးခေါင်းလောင်းထိုးနိုးဆော်လိုက်ပါရစေ ။

လေးစားစွာဖြင့်
မင်းကောင်းချစ် )



တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ လောက်ကိုင်မြို့က ရဲတပ်ဖွဲ့ဝင်မိသားစု ကလေးလူကြီး ၁၃၀ကျော်ဟာ ဖေဖော်ဝါရီ ၁၅ ရက် မွန်းလွဲပိုင်းက လားရှိုးမြို့ကို ထွက်ပြေး ရောက်ရှိ လာကြပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက်နေ့ ညနေပိုင်းက ထွက်ပြေးလာကြတာဖြစ်ပြီး မြို့မရဲစခန်း ရှေ့တည့်တည့် နေအိမ်တွေ ကနေ စခန်းကို ချောင်းမြောင်း ပစ်ခတ်တဲ့ အတွက် လူကြီးတွေ ကပြောင်းခိုင်းတဲ့ အတွက် လားရှိုးကို ထွက်ပြေးလာကြတာလို့ ရဲမိသားစုဝင်အမျိုးသမီးတဦးက ဒီဗွီဘီကို ပြောပါတယ်။

သူတို့ရဲ့ မိသားစုဝင်တွေ လုံခြုံရေးစိုးရိမ်ရလို့ ထွက်ပြေးလာကြတုန်း မြို့မရဲစခန်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်ပွားနေတယ်လို့ ရဲမိသားစုဝင်အမျိုးသမီးက ပြောပါတယ်။

“ကျမတို့ အခု ထွက်လာကြရင်း ယောက်ျားတွေနဲ့အဆက်အသွယ်လုပ်ကြည့်တော့ အဲ့ဒီအိမ်ကပစ်နေတော့ သူတို့လည်း ပြန်ပစ်နေတယ်လို့ ပြောတယ်။ မြို့ထဲမှာ သူတို့က ချောင်းပြီးပစ်နေတာ၊ လာရှိုးက လာကူတဲ့ ရဲတပ်ဖွဲ့နဲ့ဆို ရဲအင်အား ၆၀-၇၀ လောက်ရှိမယ်၊ ပြန်ပစ်နေကြတာ။”

လောက်ကိုင် မြို့ထဲမှာ လူသူကင်းမဲ့ ခြောက်ကပ်နေပြီး အိမ်တံခါးတွေပိတ် ပုန်းအောင်းနေသူတချို့ ရှိနေပေမယ့် အများစုကတော့ တရုတ်နဲ့ မြန်မာပြည်ထဲ ထွက်ပြေးနေကြတယ်လို့လည်း ပြောပါတယ်။

သူတို့မိသားစုဝင်တွေ ဆယ်ဘီးကားနဲ့ လားရှိုးမြို့ကို ထွက်ခွာလာတုန်း လမ်းခရီးမှာ ခြေကျင်လျှောက်ပြီး ထွက်ပြေးနေတဲ့ မြန်မာအလုပ်သမားတွေ တွေ့မြင်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။

ရဲတပ်ဖွဲ့ဝင်မိသားသားစုတွေကို သက်ဆိုင်ရာက ဆယ်ဘီးကား ငါးစီးနဲ့ သွားရောက်ခေါ်ယူခဲ့တာဖြစ်ပြီး ရဲမိသားစုတွေအပြင် ကြံစိုက်တောင်သူနဲ့ ပန်းရန်အလုပ်သမားတွေပါ ပါဝင်လာကြပြီး စုစုပေါင်း လူ ၅၀၀ ကျော် ရှိပါတယ်။

လတ်တလော သူတို့ကို လားရှိုးမြို့ပေါ်က မန်ဆူဘုန်းကြီးကျောင်းမှာ နေရာချထားပေးပြီး မြေလတ်ဒေသက အလုပ်သမားတွေကတော့ မန္တလေးဆင်းဖို့ ပြင်နေကြပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့ လောက်ကိုင်မြို့ပေါ်ရှိ ဆိုင်တွေအဖောက်ခံထားရပြီး ခုချိန်ထိ လားရှိုးမြို့ပေါ်ကို ပြေးဝင်ခိုလှုံနေသူတွေ အမြောက်အမြားရှိနေတုန်းပဲလို့ လားရှိုး ဒီဗွီဘီသတင်းထောက် ကိုခွန်ဇော်ဦးက ပြောပါတယ်။

လောက်ကိုင်ကထွက်ပြေးလာသူအများစုဟာ ကြံစိုက်တောင်သူတွေနဲ့ ပန်းရန်လုပ်တဲ့အလုပ်သမားတွေဖြစ်ပြီး သူတို့ဟာ လားရှိုးမှာ တထောက်နားပြီး မန္တလေးမြို့ကို ကားနဲ့ဆင်းကြတယ်လို့ ဆိုပါတယ်။

လားရှိုးမြို့ကို ရောက်လာတဲ့ ကြံစိုက်တောင်သူတဦးက “ဟိုမှာ ညလည်း တိုက်ပွဲဖြစ်တာပဲ၊ တောက်လျှောက်ပစ်နေတာပဲ၊ လာမယ့်နေ့ကလည်း နေ့ခင်းပစ်နေတယ်၊ မြို့တွင်းမြို့ပြင် တောက်လျှောက်ပစ်နေတယ်၊အဆောက်အဦတွေတော့ အကုန်လုံးဖောက်ထားပြီ၊ ပြေးတဲ့သူတွေပြေးကုန်ုပြီဆိုတော့ လူမရှိတော့ဘူး။ ရှိတဲ့ဥစ္စာလည်း သူတို့ဖောက်ပြီး ယူသွားကြတယ်” လို့ ပြောပါတယ်။

ပိုင်ရှင်တချို့က သူတို့ဆိုင်သူတို့ဖောက်ပြီး ပစ္စည်းသယ်ယူသွားကြတာရှိသလို လမ်းစရိတ်မရှိတဲ့ အလုပ်သမားတချို့က ဆိုင်ဖောက်ပြီး ပစ္စည်းဝင်ယူသွားတာမျိုးလည်း ရှိတယ်လို့ ပြောပါတယ်။

လားရှိုးမြို့ပေါ်မှာတော့ လောက်ကိုင်က ထွက်ပြေးလာတဲ့ ပညာရေးမိသားစု ၃၀၀ ကျော် ဆက်လက်ခိုလှုံနေပြီး သူတို့စားဝတ်နေရေးအတွက် သက်ဆိုင်ရာဌာနက တာဝန်ယူစောင့်ရှောက်နေသလို မြို့ပေါ်ရှိ လူမှုအဖွဲ့အစည်းတွေကလည်း ထောက်ပံ့ကူညီနေကြပါတယ်။

လောက်ကိုင်မှာ ကြံစိုက်၊ ပန်းရန်လုပ်နေသူအများစုဟာ မြေလတ်ဒေသ တောင်တွင်းကြီးဘက်က ဖြစ်ပြီး ပုသိမ်၊ မြန်အောင် စတဲ့ ဧရာဝတီတိုင်းဘက်ကသူတွေလည်း ပါဝင်ပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်ကနေ ၁၅ ရက်အတွင်း လားရှိုးကတဆင့် မန္တလေးမြို့ကိုရောက်လာတဲ့ လောက်ကိုင်စစ်ပြေးဒုက္ခသည်ပေါင်း ထောင်နဲ့ချီ ရှိနေပြီး မန္တလေးအာဏာပိုင်တွေနဲ့ အသင်းအဖွဲ့တွေ အကူအညီနဲ့ ဒေသရင်းကို ဆက်လက်ထွက်ခွာနေကြပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက်နေ့က လောက်ကိုင်မြို့အတွင်း တပ်မတော်က နယ်မြေရှင်းလင်ရေးလုပ်ဆောင်ရင်း တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် ကိုးကန့်တပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးခဲ့ပြီး ၈ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ အစိုးရသတင်းတရပ်မှာ ဖော်ပြပါတယ်။

တပ်မတော်က  လောက်ကိုင်မြို့ထဲလိုက်ရှင်းရာမှာ ဖေဖော်ဝါရီ ၁၄ ရက် မနက်ပိုင်းကနေ ည ၇ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

By webteam (ဒီဗွီဘီ)
http://burmese.dvb.no/?p=81741


မြန်မာအစိုးရ၏ စစ်တပ်မှ ပြန်လည်သိမ်းယူပြီး ပုဒ်မ ၁၄၄ ထုတ်ပြန် ထားသည့် လောက်ကိုင်ဒေသတွင် အရပ်သားအများအပြား ကို မြန်မာစစ်တပ်မှ ပစ်သတ်လျက်ရှိသည်ဟု တရုတ်နိုင်ငံမှ လာသော သတင်းများက ဆိုသည်။

ကိုးကန့်ဒေသခံတို့သည် ပုဒ်မ ၁၄၄ ကို နားမလည်ခြင်း၊ မြန်မာစစ်တပ်မှ ထုတ်ပြန်ချက်များကို မသိရှိခြင်းတို့ကြောင့် တရုတ်နယ်စပ်ဂိတ်သို့ သွားရာ လောက်ကိုင်လမ်းမပေါ်တွင်ပင် ခေါင်းသို့ သေနတ်ဖြင့် ပစ်သတ်ခံရခြင်း ဖြစ်ကြောင်း ယူနန်နေ့စဉ်သတင်းစာက ဖော်ပြထားသည်။

လောက်ကိုင်ဒေသတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး မြန်မာအစိုးရဘက်မှ ရဟတ်ယာဉ်များဖြင့် ပစ်ခတ်မှုများ ရှိနေကြောင်း အဆိုပါသတင်းစာက ဖော်ပြထားသည်။

The Ladies News Journal
https://www.facebook.com/News.TheLadies

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.