02/20/15



" ကျောင်းသားတွေ သပိတ်ကို မိဘပြည်သူတွေက ကူညီထောက်ခံနေတာဟာ အေးချမ်းတည်ငြိမ်ပေမယ့် ဘယ်သူတွေမှန်း မသိတဲ့သူတွေက သပိတ်ကို တန်ပြန်တိုက်ခိုက်နေတာဟာ မလုပ်သင့်တဲ့အကြောင်း၊ မတည်ငြိမ်အောင် အစိုးရမလုပ်သင့်ဘဲ ကူညီသင့်တယ်လို့ ဒေါက်တာသိန်းလွင်က ဆိုပါတယ်။"

သပိတ်မှောက်ကျောင်းသားတွေကြောင့် ပညာရေးဥပဒေကိုပြင်ဆင်နိုင်ဖို့ အစိုးရကို ဖိအားပေးနိုင်ခဲ့တာကို ဂုဏ်ပြုတဲ့အနေနဲ့ လက်ပံတန်းကိုလာရောက်တာဖြစ်ပြီး သဘောတူညီချက်ရထားတဲ့ အချက် ၁၁ကို အခြေခံပြီး ပြင်ဆင်တဲ့ဥပဒေကြမ်းမှာ ဘယ်လိုတွေ ဖော်ပြထားတယ်ဆိုတာ နှစ်ဖက်အပြန်အလှန် ရှင်းပြခဲ့ပါတယ်။

သပိတ်မှောက်ကျောင်းသားတွေကြောင့် ဒီလိုအပြောင်းအလဲကို လုပ်နိုင်တာဖြစ်ပြီး ကျောင်းသားတွေ ရှေ့ဆက်ဘာလုပ်မလဲ သိချင်တာကြောင့် လာတွေ့တာလို့ ဒေါက်တာသိန်းလွင်က ပြောပါတယ်။ ကျောင်းသားတွေ သပိတ်ကို မိဘပြည်သူတွေက ကူညီထောက်ခံနေတာဟာ အေးချမ်းတည်ငြိမ်ပေမယ့် ဘယ်သူတွေမှန်း မသိတဲ့သူတွေက သပိတ်ကို တန်ပြန်တိုက်ခိုက်နေတာဟာ မလုပ်သင့်တဲ့အကြောင်း၊ မတည်ငြိမ်အောင် အစိုးရမလုပ်သင့်ဘဲ ကူညီသင့်တယ်လို့ သူက ဆိုပါတယ်။

သပိတ်မှောက်စစ်ကြောင်းဟာ မသန်စွမ်းသူတွေနဲ့ အဓိကဆိုင်တဲ့ လူတိုင်းအကြုံးဝင် ပညာရေးကို တောင်းဆိုခဲ့လို့ အခုတော့ ဥပဒေကြမ်းထဲပါဝင်လာခဲ့ပြီးမို့ မသန်စွမ်းသူတွေကိုယ်စား ကျေးဇူးစကားပြောတဲ့ ကိုရဲဝင်းက အစိုးရအနေနဲ့ တောင်းဆိုချက်တွေ၊ သဘောတူညီချက်တွေကို လူကြီးလူကောင်းဆိုတဲ့ ကတိစောင့်ထိန်းပြီး အတည်ပြုပေးရမှာဖြစ်တယ်လို့ ဆိုပါတယ်။

သပိတ်စစ်ကြောင်းကို အရှိန်လျှော့တဲ့အနေနဲ့ ပဲခူးနဲ့ ဖျာပုံရောက် စစ်ကြောင်းနှစ်ခုက ရပ်နားလိုက်သလို အခု ပင်မစစ်ကြောင်းလည်း ယာယီရပ်နားလိုက်ချိန်မှာ အစိုးရအနေနဲ့ ကျောင်းဝင်းတွေထဲ တန်ပြန်သပိတ်ဆန့်ကျင်ရေးတွေ လုပ်လာနေတာဟာ မလိုမုန်းထားသဘောမျိုးဖြစ်လို့ အစိုးရအနေနဲ့ ဒီကိစ္စကို တာဝန်ယူရမယ်လို့ ဆိုလာသူက ဒေါက်တာ အာကာမိုးသူပါ။ သပိတ်မှောက်ကျောင်းသားတွေဟာ အေးချမ်းစွာ ပညာသင်ကြားရေးကို နှောင့်ယှက်တာ မဟုတ်ဘဲ သပိတ်ဆက်မှောက်တဲ့ကိစ္စ NNER နဲ့မဆိုင်ဘဲ ကျောင်းသားတွေရဲ့ သဘောဆန္ဒဖြစ်လို့ ထောက်ခံ ကူညီသွားမယ်လို့ ဆိုပါတယ်။
.
Credit : Kamayut Media

တိုက်ပွဲတွေဖြစ်နေတဲ့ ရှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့တ၀ိုက်မှာ အရပ်သားတစ်ထောင်ကျော်လောက် ပိတ်မိနေသေးတယ်လို့ ကွမ်လုံမြို့အခြေစိုက် ကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့နဲ့အတူ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အကူအညီပေးနေတဲ့ ကွမ်လုံမြို့အခြေစိုက် ဓမ္မစကူးကျောင်းက ဆရာမ မချစ်မီးက ကျန်နေသေးတဲ့အရပ်သားတွေဟာ လောက်ကိုင်မြို့နဲ့ အနီးတ၀ိုက်က ကယ်ဆယ်ရေးစခန်းတစ်ခုမှာ ခိုလှုံနေကြသူတွေဖြစ်တယ်လို့ ပြောပါတယ်။

"ကယ်ဆယ်ရေးစခန်းမှာ ပိတ်မိနေတာရယ်၊ လောက်ကိုင်မြို့တွင်းမှာ ပိတ်မိနေတာရယ်ဆို အယောက်တစ်ထောင်နီးပါးလောက် ရှိမယ်လို့ကြားရတယ်"

မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့တွေဟာ လောက်ကိုင်မြို့က စစ်ဘေးကြောင့် ထွက်ပြေးနေရသူတွေကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့စပြီး ကယ်ဆယ်ပေးနေကြတာဖြစ်ပါတယ်။ ကျန်ရှိနေသူအများစုဟာ လောက်ကိုင်မြို့တ၀ိုက်မှာ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ အလုပ်လုပ်နေကြသူတွေဖြစ်ပြီး မြန်မာပြည် အလယ်ပိုင်းဒေသကများပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က လောက်ကိုင်မြို့ကနေ ဒုက္ခသည်တွေကို ကယ်ဆယ်လာခဲ့တဲ့ ကြက်ခြေနီယာဉ်တန်းဟာ ပစ်ခတ်တိုက်ခိုက်ခံရတဲ့အတွက် ကျန်နေသေးတဲ့ ဒုက္ခသည်တွေကို သွားရောက်ကယ်ဆယ်ဖို့ ယာယီရပ်နားထားတယ်လို့ ပြောပါတယ်။

ဒီနေ့အထိ ကယ်ဆယ်ရေးပြုလုပ်ပေးခဲ့တာ တစ်ပတ်အတွင်း လူဦးရေ ၇၀၀၀ ကျော်လောက်ရှိပြီလို့လည်း သိရပါတယ်။

ဒီအတောအတွင်း ကိုးကန့်ဒေသမှာ အစိုးရက စစ်အုပ်ချုပ်ရေး ကြေညာအပြီး နောက်နေ့ ဖေဖော်ဝါရီ ၁၈ ရက် မနေ့က ချင်းရွှေဟော်မြို့အနီးမှာ အစိုးရတပ်ယာဉ်တန်း တိုက်ခိုက်ခံရတဲ့အတွက် ဗိုလ်ကြီးတစ်ဦးကျဆုံးပြီး တခြားတပ်သား ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက်နောက်ပိုင်း အစိုးရတပ်က နောက်ထပ် ၃ ဦးကျဆုံးပြီး ဒဏ်ရာရသူ ၂၇ ဦးရှိသွားပြီလို့ ဒီကနေ့ထုတ် အစိုးရသတင်းမီဒီယာတွေက ဖော်ပြပါတယ်။

ကိုးကန့်ဒေသတိုက်ပွဲတွေမှာ ကချင်လွတ်မြောက်ရေးတပ် KIA ၊ တအာင်း ပလောင်လွတ်မြောက်ရေးတပ်ဦး TNLA နဲ့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း SSA ဝမ်ဟိုင်းတပ်တွေက ကိုးကန့်လက်နက်ကိုင်တပ်တွေနဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ အစိုးရရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး ကိုးကန့်တပ်မတော်ဘက်ကလည်း အဲဒီအဖွဲ့တွေ ပူးပေါင်းကူညီတိုက်ခိုက်ပေးနေကြောင်း အတည်ပြုပြောဆိုထားပါတယ်။

https://www.facebook.com/pages/RFA-Burmese/39218993127

ပြည်ထောင်စုလွှတ်တော်က လာမယ့် ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ပြဌာန်းပေးဖို့ လက်ပံတန်းမြို့ကို ရောက်ရှိနေတဲ့ ပင်မကျောင်းသူ ကျောင်းသားသပိတ်စစ်ကြောင်းက ဒီနေ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

လွှတ်တော်က အဲဒီရက်မှာ ပြဌာန်းမပေးဘူးဆိုရင် မူလအစီအစဉ်အတိုင်း ရန်ကုန်ကို ဦးတည်လမ်းလျှောက်ဆန္ဒပြမယ်လို့ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမင်းသွေးသစ် ကပြောပါတယ်။

"ကျနော်တို့ပေးထားတဲ့ ၁ဝ ရက်အတွင်းမှာ ဥပဒေပြင်ဖို့အနေနဲ့ လုံလောက်တဲ့အချိန်လို့ သတ်မှတ်တယ်၊ တကယ်လို့ ၁၁ ရက်မြောက်နေ့ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်မှု မရှိသေးဘူးထင်ရင် ကျနော်တို့အင်နဲ့အားနဲ့ ရန်ကုန်ကိုရောက်အောင်ချီတက်မယ်၊ ကျနော်တို့က ဒီထက်အင်အားများနေဖို့လိုတဲ့အတွက် ပင်မစစ်ကြောင်းမှာ မူလကတည်းကမပါထားတဲ့ ကျောင်းသားတွေကို လှမ်းဆွေးနွေးပြီးတော့ခေါ်တယ်လေ"

အခုလိုသပိတ်ကို ယာယီရပ်နားထားတာဟာ ကျောင်းသူကျောင်းသားတွေ စာမေးပွဲရက်တွေရှိနေတာကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ပေးဖို့အတွက် မန္တလေးမြို့ကနေ ဇန်န၀ါရီလ ၂၀ ရက်နေ့က စတင်ထွက်ခွါလာတာဖြစ်ပြီး လက်ပံတန်းမြို့အရောက်မှာ ကျောင်းသူ ကျောင်းသားအင်အား ၁၈၀ လောက်ရှိတယ် လို့သိရပါတယ်။

ဧရာဝတီ မြေလတ်နဲ့ အောက်မြန်မာပြည်က ကျောင်းသားသပိတ်စစ်ကြောင်းတွေကတော့ ရုပ်သိမ်းသွားပြီ ဖြစ်ပါတယ်။

https://www.facebook.com/pages/RFA-Burmese/39218993127

ကရင်အမျိုးသားအစည်းအရုံး KNU မှ ကိုယ်စားလှယ်နှစ်ဦး က နေပြည်တော်တွင် အစိုးရနှင့် ကတိပြုလက်မှတ် ရေးထိုးခဲ့ခြင်းမှာ KNU ၏ သဘောထားမဟုတ်ကြောင်း တနင်္လာနေ့က ထုတ်ပြန်ကြေညာခဲ့သည်။ KNU ၏ ထိုကြေညာချက်တွင် ဥက္ကဋ္ဌမူတူးစေးဖိုးနှင့် အတွင်းရေးမှူး စောခွဲထူးဝင်း တို့သည် KNU အမြဲတမ်းကော်မတီ၏ သဘောထားရယူခြင်းမရှိဘဲ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည် ဟု ဖော်ပြ ထားသည်။

ပြည်ထောင်စုနေ့က ပြုလုပ်ခဲ့သည့် လက်မှတ်ရေးထိုးပွဲတွင် အစိုးရနှင့် နိုင်ငံရေးပါတီ ၅၀ ကျော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့မှ ကိုယ်စားလှယ်များက ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး ဆိုင်ရာ ကတိပြုချက်ကို လက်မှတ်ရေးထိုး ခဲ့ကြသည်။ နေပြည်တော် တွင် ပြုလုပ်သည့် ပြည်ထောင်စုနေ့သို့ တိုင်းရင်းသား လက်နက်ကိုင် ၁၃ ဖွဲ့ တက်ရောက်သည့်အနက် KNU အပါအ၀င် ကရင်လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ ၃ ဖွဲ့ပါဝင်ပြီး ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီကလည်း ပါဝင် လက်မှတ်ရေးထိုးခဲ့သော်လည်း တခြား တိုင်းရင်းသားအဖွဲ့များ ပါဝင်ခဲ့ခြင်း မရှိပေ။

KNU က ဦးဆောင်၍ ငြိမ်းချမ်းရေး လုပ်ဆောင်မှုကို ဆက်လက် လုပ်ဆောင်သွားနိုင်ရန်၊ မရပ်တန့်စေရန် အစိုးရနှင့် ငြိမ်းချမ်းရေးကို ဆက်လက်သွားမည်ဖြစ်ကြောင်း ကတိပြုချက် လက်မှတ်ထိုးခဲ့သည်ဟု သိရသည်။

အဆိုပါ ကတိပြုချက်တွင်
NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာ ကမူ အစိုးရဘက်မှ ထုတ်ပြလာသည့် ဖက်ဒရယ်မူမှာ ယေဘုယျဆန်လွန်းပြီး ခိုင်မာသည့် ကတိက၀တ်များ မရှိခြင်းကြောင့် ပါဝင်လက်မှတ် မထိုးရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

KNU အနေဖြင့် ‘၀’ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)၊ မိုင်းလား တပ်ဖွဲ့၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) တို့ကို စည်းရုံးထားပြီး ဖြစ်သည်ဟုလည်း သိရသည်။

ပြည်ထောင်စုနေ့အခမ်းအနားသို့ ကိုယ်စားလှယ်စေလွှတ်၍ KNU ကော်မတီက သဘောတူ ခဲ့သော်လည်း အစိုးရနှင့် လက်မှတ် ရေးထိုး မည့် သဘောတူညီချက်များမှာ KNU အတွက် သာမက အခြားတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များကပါ လက်ခံနိုင်သည့် အချက်မျိုးဖြစ်သင့်သည်ဟု KNU ဒုဥက္ကဋ္ဌ နော်စီဖိုးရာစိန်က ပြောကြား ခဲ့သည်။

နော်စီဖိုးရာစိန်က “ဘာကိုမှ လက်မှတ်ထိုးဖို့ ဆုံးဖြတ်ထားတာ မရှိပါဘူး။ လက်မှတ်ထိုးခဲ့တဲ့ တိုင်းရင်းသားလူမျိုး ၂ မျိုးသာရှိပြီး ကျန်တဲ့သူတွေ က ငြင်းပယ်ခဲ့တယ်ဆိုတာ စိုးရိမ်စရာပါ။ ဒါက တိုင်းရင်းသား အဖွဲ့တွေကြားမှာ နားလည်မှု လွဲစေနိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။

“အပစ်အခတ်ရပ်စဲရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲဟာ ၁ ဦး၊ ၂ ဦး နဲ့မဟုတ်ဘဲ တိုင်းရင်းသား အားလုံးရဲ့ ညီညွတ်မှုနဲ့ ဖြစ်သင့်တယ်လို့ ထင်ပါတယ်။ အခု လက်မှတ်ထိုးတာက အားလုံးရဲ့ ညီညွတ်မှုကို ထိခိုက်စေနိုင်ပါတယ်” ဟု နော်စီဖိုးရာစိန်က ပြောကြားခဲ့သည်။

KHTun

The Ladies News Journal


အမ်အန်ဒီအေအေ ကိုးကန့် လက်နက်ကိုင်အဖွဲ့က သူတို့ဟာ မြန်မာနိုင်ငံရဲ့ မိသားစု အဖွဲ့ဝင်ဖြစ်ပြီး သမ္မတကြီးအနေနဲ့ ငြိမ်းချမ်းရေး တံခါးဖွင့်ပေးဖို့ တောင်းဆို ခဲ့တဲ့ အပေါ်မှာ သမ္မတရုံးက ပယ်ချလိုက်ပါတယ်။

ဦးဖုန်ကြားရှင် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်ဖွဲ့က (အမ်အန်ဒီအေ အေ) ဟာ  နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိပါးတာမို့ သူတို့နဲ့ ဆွေးနွေးညှိနှိုင်း စရာအကြောင်းမရှိဘူးလို့ သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဒီဗွီဘီကို ပြောပါတယ်။

“သူတို့က တပ်ကိုတိုက်တာမဟုတ်ဘူး၊ တပ်စခန်းတွေကို တိုက်တာမဟုတ်ဘူး၊ သာမန်အခွင့်အရေးတောင်းဆိုတာ မဟုတ်ဘူး၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ လောက်ကိုင်အုပ်ချုပ်ရေးဌာနကို ဦးတည်ပြီးတိုက်တာဖြစ်တယ်။ ကြိုတင်စီစဉ် လုပ်ဆောင်တာဖြစ်တယ်။ ဒါဟာ  အခြေခံဥပဒေအရ အုပ်ချုပ်ရေးအာဏာကို ဆင့်ကဲ ခွဲဝေဆောင်ရွက်နေတဲ့ ဌာနကို ထိပါးစော်ကားတဲ့ သဘောဖြစ်တယ်။ အဲဒီတော့ သူတို့ကို တခြားတိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ တန်းတူသဘောထားလို့ မရဘူး။ တရားဝင်တုံ့ပြန်စရာလည်းမရှိဘူး။ ညှိနှိုင်းစရာလည်း မရှိဘူး။ လုပ်သင့် လုပ်ထိုက်တာတွေ အကုန်လုပ်သွားမယ်။”

ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကြားရှင်က ဖေဖော်ဝါရီ ၁၆ ရက် နေ့စွဲနဲ့ သမ္မတ ဦးသိန်း စိန်ထံ ပေးပို့တဲ့အိတ်ဖွင့်ပေးစာမှာ ကိုးကန့်ဟာ ပြည်ထောင်စုထဲက တိုင်းရင်းသား တမျိုးဖြစ်ကြောင်း၊ ဒီမိုကရေစီရေးနဲ့ ငြိမ်းချမ်းရေးကို လိုလားကြောင်း၊ ကိုယ့်အိမ်ကိုယ်ပြန်ကာ နိုင်ငံတော်က ပေးအပ်တဲ့ တာဝန်ဝတ္တရားကို ပူးပေါင်း ဆောင်ရွက်လိုကြောင်းနဲ့  သမ္မတအနေနဲ့ တိုင်းရင်းသားရင်ကြားစေ့ရေးကို သော့ချက်အဖြစ် အသုံးချပြီး ငြိမ်းချမ်းရေး တံခါးဖွင့်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

လောက်ကိုင်မြို့မှာ အရေးပေါ်အခြေအနေကြေညာထားပြီး စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန် ထားပါတယ်။ ဒီထက် အခြေအနေပိုဆိုးလာရင် မြို့တွင်းစစ်ဆင်ရေးတွေ လုပ်လာနိုင်တဲ့ အနေအထားရှိတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

အစိုးရက သူတို့နဲ့ မညှိနှိုင်းတော့ဘူးဆိုရင်တော့ အခြေအနေတွေ ပိုပြီးဆိုးရွား လာနိုင်တယ်လို့   အမ်အန်ဒီအေအေ အထွေအထွေအတွင်းရေးမှူး ဦးထွန်းမြတ်လင်းက ပြောပါ တယ်။

“မဆွေးနွေးတော့ဘူးဆိုကတည်းက သူတို့က အကြီးအကျယ်တိုက်တော့မယ့်ပုံပေါ့ဗျာ။ ကျနော်တို့လည်း ခုခံသွားရုံပဲရှိတယ်။ လောက်ကိုင်အုပ်ချုပ်ရေးဌာနကို ကျနော်တို့မထိပါးပါဘူး။ အုပ်ချုပ်ရေးမှူးကလည်း သူ့ဖာသူတိမ်းရှောင်သွားတာပါ။ အခုလည်း ကျနော်တို့က လောက်ကိုင်မြို့နဲ့ အဝေးကြီးမှာ၊ အဲဒီနား မကပ်နိုင်ပါဘူး။ ကျနော်တို့က ပြည်ထောင်စုကနေ ခွဲထွက်ဖို့လည်း မတောင်းဆိုဘူး။ ဒါကြောင့် အချုပ်အခြာအာဏာကို ထိပါးတယ်ဆိုတာ မဟုတ်ပါဘူး။”

လောက်ကိုင်မြို့မှာ အစိုးရတပ်ရဲ့ ပစ်ခတ်မှုကြောင့် ၃ ရက်အတွင်း လူ၁၀၀ ကျော်သေဆုံးခဲ့ရပြီး အများစုဟာ ကိုးကန့်တိုင်းရင်းသားတွေဖြစ်တဲ့အတွက် လူမျိုးရေးပြဿ  နာ ဖြစ်လာနိုင်တယ်လို့ သူကဆက်ပြောပါတယ်။

ဦးဖုန်ကြားရှင် ဦးဆောင်တဲ့ အမ်အန်ဒီအေအေဟာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကို ၂၀၀၉ ခုနှစ်မှာ စွန့်ခွာခဲ့ပြီးနောက် လွန်ခဲ့တဲ့ သီတင်းပတ်မှာ ပြန်လည်တိုက်ခိုက်ခဲ့ရာမှာ တပ်မတော်ဘက်က ထိခိုက်ကျဆုံးမှုများပြားပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့သလို ထောင်ပေါင်းများစွာသော မြို့ခံတွေ ထွက်ပြေးခဲ့ကြပါတယ်။

တရုတ်နိုင်ငံခြားရေး ၀န်ကြီး ပြောခွင့်ရ ဟွာချွန်ယင်းကတော့ လက်ရှိအခြေအနေထက် ပိုမိုဆိုးရွားလာခြင်းမရှိအောင်၊ စစ်တပ်နဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်ဖွဲ့ (အမ်အန်ဒီအေအေ) တွေကို အပစ်အခတ်ရပ်စဲဖို့ ဖေဖော်ဝါရီ ၁၇ ရက်က သတင်းစာ ရှင်းလင်း ပွဲမှာ ပြောဆိုခဲ့ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/82382

ဒီပုံတွေကို မြင်ရတာ ရင်ထဲမှာ တကယ် မကောင်းဘူးဗျာ။တကယ်ဆို သူလည်း တခြား အရာရှိ မိန်းမတွေလို ရွှေထည် ၊ စိန်ထည်တွေ တကိုယ်လုံး စင်မြန်း ကာ နောက်ဆုံးပေါ် စီးတော်ယာဉ်ကြီးနဲ့ ငွေတွေ အထပ်လိုက် ကိုင်ကာ ရှော့ပင်ထွက်ချင်မှာပဲပေါ့ ။ ဒါပေမယ့်လည်း ကိုယ့်ရဲ့  ရပိုင်းခွင့် မဟုတ်ပဲ မတရား ရှာဖွေလို့  ရရှိထားတဲ့ နိုင်ငံဘဏ္ဍာတွေကို မစွန့် ပဲ စားနေသူတွေလို စိတ်မျိုးနဲ့ သုံးဖြုန်း ၊ငါလုပ်ပိုင်ခွင့် အာဏာ ရှိတုန်း ရသလောက် ယူမယ်။ ငါအာဏာရှိတုန်း ငါ့ဆွေမျိုးတွေ နေရာကောင်းတွေ ၊ စီးပွားရေး အခွင့်လမ်းကောင်းနေရာတွေကို ပေးမယ် ၊ငါအာဏာရှိတုန်း ငါနဲ့ ပတ်သက်သူတွေ ငါ့ကို မြောက်ပင့်ပေးတဲ့သူတွေအကုန် ကောင်းစားအောင် လုပ်ပေးခဲ့မယ် ဆိုတဲ့ စိတ်ဓါတ်မျိုးတော့ သူတို့ မိသားစုမှာ ရှိမယ်ထင်ဘူး။ဒါကြောင့်လည်း ယောကျာင်္း လုပ်သူက မတရားဘက်ကနေ တရားဘက်ကို ပြောင်းလာတယ်။

ဖိနှိပ်တဲ့သူဘက်ကနေ ဖိနှိပ်ခံ လူတန်းစား ပြည်သူတွေဘက်ကို တာဝန်သိ ပြည်သူ့  ဘက်တော်သား တစ်ယောက် အဖြစ် ရာထူး ၊ အဏာ ၊စည်စိမ်း ဥစ္စာကို မမက်ပဲ စွန့် လွှတ်ခဲ့တယ်။ တိုင်းပြည်အတွက် တကယ်လိုအပ်နေတဲ့ နေရာတွေမှာ သူတို့ မိသားစု ဦးဆောင်ပြီး ရေ လိုအပ်နေတဲ့ နေရာတွေမှာ ရေတွင်းတွေ တူးကာလှူခဲ့တယ်။ အသိပညာ နောက်ကြ ကျန်နေခဲ့တဲ့ ကျေးရွာကလူငယ်တွေတွက် သူ့ တို့ ရဲ့  ကွန်ပျူတာ သင်တန်းတွေက ကျေးရွာတွေထိ အသိဥာဏ်အလင်းတွေကို ဖွင့်ပေးခဲ့တယ်။ အစိုးရ လျှပ်စစ်မီး မရှိတဲ့နေရာတွေမှာ ကျေးရွာသားတွေရဲ့  အမှောင်ဘဝကို သူတို့ ဦးဆောင်ပြီ နိုင်ငံတကာက အလှူရှင်တွေနဲ့  ဆိုလာ မီးတွေ လင်းအောင် စွမ်းဆောင်ပေးခဲ့တယ်။ခုနောက်ဆုံး ထောင်ထဲ ရောက်သွားရတာလည်း အဖိနှိပ်ခံ လက်ပတောင်းတောင်က ပြည်သူတွေတွက် တရုတ်သံရုံး ရှေ့မှာ ဆန္ဒပြခဲ့လို့  ဖမ်းခံရပါတယ်။

ဖမ်းခံရပြီး လက်ရှိ အာဏာပိုင်တွေ ပြုမူပုံက တကယ့် ရာဇဝတ်သားတွေလို ထမင်းစားတာတောင် လက်ထိပ် မဖြုတ်ပေးပဲ စားခဲ့ရတယ်။ ဒီလူတွေကို လက်ထိပ်မခတ်ပဲ ခင်ဗျားပြေး ဆိုရင်တောင် သူတို့  ပြည်သူတွေကို နောက်ထားခဲ့ပြီး လှည့်ထွက် သွားမယ့်စိတ်မျိုးရှိတဲ့ သူတွေ မဟုတ်ဘူး။ ဒီလို လူတွေကို လက်ထိပ်ကြီးတွေ ခတ်လို့  အာမခံမပေးဘူး။ သေနတ်နဲ့ ပစ်ဖောက်ပြီး ရမ်းကားတဲ့သူကြတော့ အာမခံရတယ်။ ပြည်သူ့ တွက် ပြည်သူ့ ဘက်တော်သားကြ အာမခံမရဘူး။ဒီမိုကရေစီ အစိုးရတဲ့ အာဃာတ တရားတွေနဲ့  ငါတို့ ကို ဆန့် ကျင်ရင် သေပြီးသာမှတ်ဆိုတဲ့ လူတွေ ဦးဆောင်နေတဲ့ နိုင်ငံ မတိုးတက်သာလည်း မပြောနဲ့ ။ခုလည်း ခါးနာရောဂါ မသက်သာပဲ အလူးလဲ ခံနေရတာကိုတောင် မျက်ကွယ်ပြုပြီး အာမခံမပေးဘူး။

ဘယ်လိုကြောင့် ခုလို စိတ်ယုတ်မာတွေရှိတဲ့ သူတွေက ခေါင်းဆောင် ဖြစ်နေရလည်း ဆိုတာ စဉ်းစားလို့ မရဘူး။ သူ ထောင်မကျခင်က ၃ လလာက်က ဖေ့ဘုတ်ပေါ်ကို တင်တဲ့ စာလေး လေး တစ်ခုကို အမှတ်ရနေတယ် ခုထိ။ဘာလဲဆိုတော့ သူ့ ရဲ့ ဇနီးက ဒီနှစ် သင်္ကြန် သူတို့ ရဲ့  တစ်ဦးတည်းသော သားလေးကို ရှင်ပြုပေးဖို့  ဒီနှစ်သင်္ကြန်လောက်ထိတော့ ထောင်မကျအောင် နေဖို့ မှာတာလေးကို ပြန်မြင်ယောင်နေမိတယ်။ ဒီစာ ရေးရတာသူတို့ နဲ့ ဆွေမျိုးတော်ဖို့ ဝေး အပြင်မှာတောင် မမြင်ဖူးဘူး။ ဒါပေမယ့် ပြည်သူတွေ အတွက် အနစ်နာခံနေတဲ့ သူ့ တို့ ရဲ့  အေးချမ်းတဲ့မိသာစု ဆန္ဒလေးကို ပြည့်ဝစေချင်တတယ်။ ဒီတစ်ခုကြောင့် ဒီစာရေးတာပဲ။တကယ်ဆို ဒီစနစ်ဆိုးကြီးထဲက ပြည်သူတွေကို ကယ်တင်ထုတ်ပေးနေတဲ့ သူတို့ ဘဝတွေက တကယ်ကို ခါးသီးလှတယ်။ ရာထူးကြီးကြီးတွေကို ကိုယ်နဲ့ မတန်တရာယူထား တဲ့သူတွေက ဘာမဟုတ်တဲ့ ရောဂါကိုတောင် ပြည်ပမှာ ဆေးသွားကုသခွင့်ရနေတဲ့အချိန်၊ ပြည်သူ့ ဘက်တော်သား တစ်ယောက် ထောင်ထဲမှာ ခါးနာရောဂါနဲ့  အလူးလဲ ခံစားနေရတာကို ဆေးကုသခွင့်မရဘူး။ အပြင်မှာ ဆေးကုသဖို့  အာမခံမရဘူး။

တကယ် ရာဇတ်ဝတ်မှု့  ကျူးလွန်၊ လူသတ် မုဒိမ်းကျင့် ခိုးဆိုလို့  ကိုယ့်မိုက်ပြစ်ကြောင့် ထောင်ကျနေသူတွေတောင် သူတို့ လို ဒုက္ခမခံစားရဘူး။ မညင်းဆဲခံရဘူး။ ရာဇဝတ်မှု့  ဘာမှ မလုပ်ပဲ ပြည်သူ့ ကောင်းကျိုးအတွက် ကိုယ့်ရဲ့  ဘဝကို ပေးဆပ်ပြီး မတရား ပုဒ်မတွေနဲ့  အဖမ်းခံရသူတွေကိုကြတော့ နည်းမျိုးစုံနဲ့  နှိပ်စက် ၊မကျန်းမာရင်လည်း ခံ မြန်မြန်သေသွားလေ ကောင်းလေ ။ သူတို့  အာဏာရှင်ကို အာခံတဲ့ လူတစ်ယောက် လျော့သွားတယ်ဆိုတဲ့ စိတ်မျိုး သဘောထားနေကြတာ။တကယ့်ကို အာဏာရှင် ဖက်စစ် စနစ်ပဲ.။ အဘဦးတင်ဝင်း ရေးတဲ့ ထောင်တွင်း အတွေ့ ကြုံ စာအုပ်ထဲမှာ ရဲသား ၂ ယောက် ညဘက် ထောင်သားတွေ ထားတဲ့ အဆောင်ရှေ့မှာ စကားပြောနေကြတယ်။ ဒီလို ပြောနေရင်းနဲ့  တခြားရဲတစ်ယောက်က နောက် ရဲတစ်ယောက်ကို စနောက်သလို တစ်ခုခုပြောလိုက်လို့  အစခံရတဲ့ ရဲက" ထောင်သားတွေ ရှေ့မှာ ငါ့ကို အဲ့လို မစပါနဲ့ ကွာ ငါသိက္ခာ ကျ တယ်"ဆိုပဲ။လက်ရှိ ထောင်ထဲမှာ ပြည်သူတွေ အတွက် သူတို့ ဘဝတွေကို စတေးထားတဲ့သူတွေဟာ မုဒိမ်းကောင် ၊ရာဇတ်ကောင်တွေ တစ်ယောက်မှ မပါဘူး။ယုတ်စွ အဆုံး ကိုယ်နဲ့  မအပ်စပ်တဲ့ အခွင့်ရေး ကို ရယူနေတဲ့ သူတွေလည်း မဟုတ်ဘူး ။

ကိုယ့်မိုက်ပြစ်ကြောင့် ထောင်ကျနေရတဲ့သူတွေ မဟုတ်ဘူး။ အဖိနှိပ်ခံ ပြည်သူတွေ အတွက် တကယ့်ကို မြန်မာပြည်သာမက ကမ္ဘာကပါ လေးစား ဂုဏ်ယူရတဲ့သူတွေ။ .ခုန အောက်ခြေက ဝန်ထမ်းလို လူတွေမှာတောင် ဂုဏ်သိက္ခာကျမှာ စိုးကြသေးရင် တကယ့် ပုဂ္ဂိုလ်ကြီးတွေ ပြည်သူ့ အတွက် ပေးဆပ်နေတဲ့ ပြည် သူ့ ဘက်တော်သားတွေဆိုရင် ဘယ်လိုနေကြမလဲ ပြန်တွေးကြပါ။ ငါတို့  မိုးကောင်းတုန်း ရွာထားမယ်ဆိုတဲ့ စိတ်မျိုးရှိနေသ၍ မြန်မာပြည်ကြီး ဘယ်တော့မှ မကောင်းစားဘူး။နောက်ဆုံး အနေနဲ့ ပြောရရင်တော့ ပြည်သူတွေ ဘက်ကနေ ရပ်တည်နေတဲ့သူတွေကို နှိပ်စက်နေသမျှ ခင်ဗျားတို့ ကို ပြည်သူ့ မေတ္တာဝေးလို့  ပြည်သူ့ အမုန်းတွေကိုပဲ ရနေကြအုံးမှာပဲ.။ ပြည်သူ ဘက်တော်သားတွေကို ခင်ဗျားတို့  ဖိနှိပ်လေ ပြည်သူက သူတို့ ကို ပိုပြီး မေတ္တာရှိလေ ပိုချစ်လေဆိုတာလည်း မမေ့ပါနဲ့ ။ ဗိုလ်ချုပ် နှစ် (၁၀၀ )ပြည့်က သက်သေပဲ.အဲ့ဒါကြောင့် ပြည်သူတွေနဲ့ တသားထဲ ရှိတဲ့ အစိုးရမျိုး ၊တကယ့် ဒီမိုကရေစီ အစိုးရ စစ်မှန်ရင် ပြည်သူဘက်က ကာကွယ်ပေးနေတဲ့သူတွေကို အမြန်ဆုံးလွှတ်ပေးပါ။ပြည်သူ ပြည်သားတွေ အားကိုး အားထိုက်ပြုရတဲ့ အစိုးရမျိုး ဖြစ်ပါစေ။

ပြည်သူ့  ဘက်တော်သားကြီး ကိုနေမျိုးဇင်တို့  မိသားစု လည်း ဒီနှစ်သင်္ကြန် မိသားစု စုံညီစွာနဲ့  သားလေးကို ရှင်ပြုပေးချင်တဲ့ ဆန္ဒလေး ပြည့်ဝပါစေလို့  ဆုတောင်းပေးတယ်ဗျာ. တခြား ပြည်သူ့ဘက်တော်သားတွေလည်း အမြန်ဆုံး လွှတ်ပြီး မိသားစုတွေနဲ့  စိတ်ချမ်းသာစွာ နေနိုင်ကြပါစေ.၊မြန်မာပြည်ကြီး အမြန်ဆုံး အေးချမ်းပါစေ............

Myo Thein FB


ဖေဖော်ဝါရီ ၁၅ ရက်ကနေ  ၁၇ ရက်အထိ ကိုးကန့်ဒေသ လောက်ကိုင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုတွေမှာ အစိုးရတပ်က ၃ ဦး ကျဆုံးခဲ့ပြီး အရာရှိ ၁ ဦးနဲ့ စစ်သည် ၂၆ ဦးတို့ ဒဏ်ရာရရှိခဲ့ပါတယ်။

တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ ၂ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

လောက်ကိုင်ဒေသကို သွားရောက်တဲ့ တပ်မတော်စစ်ကြောင်းနဲ့ စစ်ကူတွေအပါအ၀င် အုပ်ချုပ်မှု ကိစ္စရပ်တွေ အခက်အခဲ ဖြစ်စေဖို့ ရည်ရွယ်ပြီး ကိုးကန့်တပ်ဖွဲ့တွေအပြင် ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (တီအန်အယ်လ်အေ) ရှမ်းပြည်တပ်မတော် (ဝမ်ဟိုင်း) အဖွဲ့တွေပူးပေါင်းပါဝင် တိုက်ခိုက်တယ်လို့ ရေးသားထားပါတယ်။

ဒါဟာ အစိုးရဘက်က ကိုးကန့်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပါဝင်တဲ့ တပ်ဖွဲ့အမည်တွေကို ပထမဆုံးထုတ်ဖော်ပြောဆိုတာဖြစ်ပါတယ်။

ကာကွယ်ရေးဦးစီးချူပ်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ နေပြည်တော်မှာ တွေ့ဆုံစဉ်က ကာကွယ်ရေးဦးစီးချပ်က  အခုတိုက်ပွဲတွေမှာ အချို့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ  ပါဝင်ပတ်သက်တဲ့ အထောက်အထားတွေ ရှိနေပြီး အဲဒီ့အတွက် တာဝန်ယူရမယ်လို့ ပြောကြား ခဲ့ပေမယ့် ဘယ်အဖွဲ့အစည်းတွေဆိုတာတော့ ထည့်သွင်းမပြောဆိုခဲ့ဘဲ အခုမှ အဖွဲ့နာမည်တွေကို ထုတ်ပြောလာတာဖြစ်ပါတယ်။

ကေအိုင်အေကတော့ ကိုးကန့်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ခိုက်မှု မရှိကြောင်း ကေအိုင်အေပြောခွင့်ရ ဦးလနန်က ဒီဗွီဘီကို ပြောကြားထားပါတယ်။

တီအန်အယ်လ်အေကတော့  ကိုးကန့်တပ်တွေနဲ့ ပူးပေါင်းတိုက်ပွဲဝင်နေကြောင်း အစောပိုင်းကတည်းက ဒီဗွီဘီ ကိုပြောပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/?p=82295

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.