03/01/15


လေးပွင့်ဆိုင်ဆွေးနွေးပွဲကနေ သဘောတူရေးဆွဲထားတဲ့ ပညာရေးဥပဒေကြမ်းအပေါ် ဘကကျောင်းတွေ ဖျက်သိမ်းပစ်ရမယ်၊ လွတ်လပ်ခွင့်သိပ်များသွားရင် မြန်မာ့ယဉ်ကျေးမှုနဲ့ မကိုက်ဘူးဆိုတဲ့ ကောလဟာလတွေနဲ့ ဝေဖန်မှုတွေထွက်လာချိန်မှာ သပိတ်မှောက်ကျောင်းသားတွေဟာ မဘသဆရာတော် ဦးပါမောက္ခနဲ့ ဖေဖော်ဝါရီ ၂၈က တွေ့ဆုံရှင်းလင်းခဲ့ကြပါတယ်။

ဝေဖန်ထင်မြင်ချက်မျိုးစုံ လူမှုကွန်ရက်မီဒီယာမှာ ပျံ့နှံ့နေတာကြောင့် အခုလို အများပြည်သူတွေ ရှင်းလင်းသွားအောင် ဆွေးနွေးပြောဆိုကြတာဖြစ်ပြီး ကျောင်းသားတွေကလည်း ကောလဟာလတွေဖြစ်နေသလို တောင်းဆိုတာ မဟုတ်တဲ့အကြောင်း ဦးပေါမောက္ခက ဆိုပါတယ်။ နိုင်ငံကောင်းစေချင်ရင် ကိုယ်လိုချင်တာမရလို့ ရန်သူလိုမဆက်ဆံစေချင်ဘဲ အားလုံးစုပေါင်းပြီး အဖြေရှာဖို့လိုတယ်လို့ ပြောပါတယ်။

ပညာရေးဥပဒေကြမ်းရဲ့ အပိုဒ် ၁၈၊ ပုဒ်မ ၄ (ည)၊ ပုဒ်မ ၃၄ စတာတွေအပါအဝင် ဥပဒေကြမ်းပါ အချက်အလက်တွေကို ရှင်းလင်းတဲ့ပွဲကို ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီက ကိုမင်းသွေးသစ်၊ ကိုအောင်မှိုင်းဆန်း၊ ကိုနန္ဒာစစ်အောင်၊ ကိုသီဟဝင်းတင်၊ မဟန်နီဦး၊ ကိုအောင်နေပိုင်တို့ ၆ယောက်နဲ့ NNER က ဒေါက်တာညိုညိုသင်း၊ ဒေါက်တာစိုးထွန်း၊ ကိုရဲဝင်း၊ ဒေါက်တာအာကာမိုးသူ၊ ဒေါက်တာသိန်းလွင်တို့ ၅ယောက်တို့ တက်ရောက်ခဲ့ပါတယ်။

အိမ်နီးချင်းနိုင်ငံတွေကြား နောက်ကျကျန်ခဲ့တဲ့မြန်မာပြည်ကို ဆွဲထုတ်ဖို့အတွက် ပညာရေးကအဓိကကျတာကြောင့် အခုလိုပြုပြင်ပြောင်းလဲရေးလှုပ်ရှာေးနတာဖြစ်ပြီး နိုင်ငံရှေ့ရောက်ဖို့ တက်လှမ်းရမယ့်ခြေလှမ်းပါလို့ ပြောလာသူက ကိုမင်းသွေးသစ်ပါ။ ဒီဥပဒေကြမ်းကို အတည်ပြုလိုက်ရင် အားလုံးလိုက်နာရမှာမို့ အားလုံးရဲ့အသံတွေ ပါဝင်စေချင်တာကြောင့် အခုလိုဝေဖန်အကြံပြုတာ ကောင်းတယ်လို့ ဆိုပါတယ်။

Facebook လို ဆိုရှယ်မီဒီယာတွေပေါ်မှာ ပြောဆိုနေတဲ့ဂယက်တွေကို အခုလိုဆွေးနွေးကြည့်တဲ့အခါ နည်းဥပဒေရေးဆွဲရေးမှာ ထည့်သွင်းစဉ်းစားရမယ့်အချက်တွေ မြင်လာရလို့ တန်ဖိုးရှိတယ်လို့ ကိုနန္ဒာစစ်အောင်က ပြောပါတယ်။ ဆွေးနွေးညှိနှိုင်းမှုကနေ အောင်မြင်တဲ့ သာဓကတွေရှိလာမယ်ဆိုရင် ဒီညှိနှိုင်းမှုကိုယုံကြည်လာပြီး ဆွေးနွေးတဲ့ယဉ်ကျေးမှုကို ပညာရေးကနေစဖို့ ရည်ရွယ်ပါတယ်လို့ ဆိုပါတယ်။

ဘာသာရေးအဖွဲ့အစည်းတွေက ဖွင့်လှစ်တဲ့ကျောင်းများဆိုတဲ့စကားလုံးကို ညှိနှိုင်းတဲ့အခါမှာ တိုင်းရင်းသား ဘာသာရေးကျောင်းများအဖြစ် ညှိနှိုင်းနိုင်ပေမယ့်လည်း တိုင်းရင်းသားဆိုတဲ့နေရာမှာ ရခိုင်တိုင်းရင်းသားတွေကလည်း စိုးရိမ်စရာရှိနေလို့ ပုဂ္ဂလိကကျောင်းတွေ ဖွင့်ခွင့်ရနေတာမို့ ဒီပုဒ်မကို ပျက်သွားစေချင်တယ်လို့ အမျိုးသားရေးဝါဒီ ကိုနောင်တော်လေးက ဆိုပါတယ်။ ပညာရေးဥပဒေကြမ်းကို မကန့်ကွက်ဘဲ မလိုလားတဲ့ပြဿနာတွေပေါ်လာမှာကို တားဆီးသွားမယ်လို့ ဆိုပါတယ်။

Kamayut Media

ငြိမ်းချမ်းရေးစစ်တမ်း (၁၃)။ အချုပ်အခြာအာဏာကို ကိုးကားပြီး တိုင်းပြည် မီးလောင်တိုက်သွင်းဘို့ 
ကြိုးစားနေခြင်းလား။
ကိုးကန့် ပြသနာနှင့် စပ်လျှဉ်း၍ အရပ်ဝတ် ဦးသိန်းစိန်ခေါင်းဆောင်သော စစ်အစိုးရသည် “မြောက် မီးခဲကိုင်” သည့် အခြေအနေသို့ ဆိုက်လျှက်ရှိသည်။ မကိုင်လို့ လဲ မရတော့။ မီးကို ငြိမ်းသတ်နိုင်ရန် ကိုင်မှ ဖြစ်မည်။ ကိုင်မိသည့် မီးမှာလည်းရိုးရိုးမဟုတ်။ အရှိန်ပြင်းသောမီးကျီးခဲဖြစ်သည်။ လက်တဘက်မှာ ပူလွန်းလာသောအခါ အခြားတဘက်သို့  ပြောင်းရသည်။ မီးဒဏ်ခံစားရသဖြင့် ခုန်ဆွခုန်ဆွ ဖြစ်လျှက်ရှိသော မြောက်ဘ၀ကို တွေးမိသည်။

ဖုန်ကျားရှင်က အိမ်နီးချင်း တရုတ်နိုင်ငံ၏တပ်များ အကူအညီ နှင့်ဝင်တိုက်သဖြင့်တိုင်းပြည်၏ အချုပ်အခြာ အာဏာကို ထိပါးလာသောကြောင့် ခုခံစစ်ပွဲ ဆင်နွှဲနေရပါသည်ဟုလည်း မြန်မာစစ် တပ်က ခိုင်ခိုင်မာမာ မစွပ်စွဲနိုင်။ တရုတ်ဗဟိုအစိုးရမဖြစ်နိုင်သော်လည်း ဒေသခံ အာဏာပိုင်များ၏ စွက်ဖက်မှု ပါနေသလိုလို တဘက်ကလေသံပစ် သည်။ (ခိုင်လုံသည့် သက်သေအထောက်အထားမတင်ပြနိင်ဘဲ) တရုပ်ကြေးစားစစ်သား များပါဝင်တိုက်ခိုက်သော စစ်ဟု အခြားတဘက်မှနေ၍ ကင်ပွန်းတပ်နေပြန်သည်။

ကိုးကန့် စစ်မီးသည်ပြည်ပလက်ချက် ကြောင့်လားဟု မေးလိုက်လျှင် တိတိကျကျ မဖြေနိုင်။ ပြည်တွင်းစစ် လိုလိုဖြင့်ရှောင်လွှဲသွားသည်။ ပြည်တွင်းစစ် သက်သက်လား မေးမည်ဆိုပြန်လျှင်လည်း တရုတ်ကိုဆန့် ကျင်ခုခံ တိုက်ပွဲဝင်နေရသည့် ပုံမျိုးဖေါ်ပြီး ပြည်ပ ပယောဂပါသလိုလို အယုံသွင်းနေပြန်သည်။ စစ်အစိုးရသည် အဘယ်ကြောင့် ယင်းကဲ့သို့ ဟိုလှည့် သည်လှည့် လုပ်နေရသနည်း။ အကြောင်းရှိမည် ဧကန် ဖြစ်သည်။

ထူးခြားချက်တခုကို သတိပြုရန်လိုပါမည်။ ကိုးကန့် အရေးတွင် မြန်မာစစ်တပ်မှ ၅၄ ဦးနှင့် ရဲခုနှစ်ဦးကျဆုံးပြီး
စစ်သည် ၁၀၅ ဦးဒဏ်ရာရခဲ့ကြောင်း ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ကစထမှုး မြထွန်းဦးက ကြေငြာသွားခဲ့သည်။ ယင်းသတင်းကို ကြားရသောအခါ လူထုအများစုကြီးမှာအံ့သြသွားကြသည်။ ၂၀၁၂ ခုနှစ်ဒီဇင်္ဘာ နှင့် ၂၀၁၃ ခုနှစ်ဇန်န၀ါရီလများအတွင်း ကေအိုင်အို ဗဟိုဌာနချုပ်လိုင်ဇာအား ထိုးစစ်ဆင်ခဲ့သည့် စစ်ပွဲ ကြီးများအတွင်း မြန်မာစစ်တပ်ဘက်မှ ကျဆုံးသွားခဲ့သူများ၏ အရေအတွက်သည် ယခု ကိုးကန့် မှာထက် အဆနှစ်ဆယ်မကရှိမည်ဟု တွက်နိုင်သည်။ ဗြိတိန်နိုင်ငံ လန်ဒန်မြို့ အခြေစိုက်စစ်ရေးသုတေသန မဂ္ဂဇင်းကြီး၏ ထုတ်ဖေါ်ချက်အရ မြန်မာစစ်တပ် ဘက်မှ ၅၀၀၀ ခန့် ထိခိုက်ကျဆုံးခဲ့သည်။ ထို့ ထက်ပင်များကောင်းများနိုင်သည်။ ထိုစဉ်က အနီးစပ်ဆုံးစာရင်းအမှန်ကို မထုတ်ဖေါ်ခဲ့ဘဲ ကိုးကန့် အဖွဲ့ နှင့်ဖြစ်သည့် စစ်ကျမှ အဘယ်ကြောင့် ထုတ်ဖေါ်သနည်းဟု စစ်ကြောရန် လိုအပ်လာ သည်။

ကချင်ပြည်နယ်မှာ ဖြစ်ပွားခဲ့သည့် စစ်ပွဲကို ကိုးကန့် မှာဖြစ်သည့် စစ်ပွဲကဲ့သို့ တရုတ်နိုင်ငံမှ ပါဝင်စွက်ဖက် သယောင်မျိုးဖြင့် လက်ညှိုးထိုးကာ မြန်မာစစ်သည်များသည် မိမိတိုင်းပြည်၏ အချုပ်အခြာအာဏာတည်တန့် ခိုင်မြဲ ရေးအတွက် အသက်ကို စွန့် လှူသွားခဲ့ကြကြောင်းဖြင့် အကြောင်းမပြနိုင်၊ နိုင်ငံရေးအမြတ်မထုတ်နိုင်၊ လူထုထံမှ ဂရုဏာရရန် မကြိုးစားနိုင်ခဲ့သောကြောင့်ဖြစ်သည်။ စင်စစ် အားဖြင့်မူ မဟာမြန်မာလူမျိုးကြီးဝါဒကို ကျင့်သုံးသည့် စစ်အာဏာရှင်များ၏ အဓိပ္ပါယ်မဲ့သော စစ်မိန့် များအောက်တွင် ၄င်းတို့ အာဏာတည်မြဲရေးအတွက် အခြေခံလူထု များမှာ မြန်မာစစ်တပ်ယူနီဖေါင်းနှင့် စစ်တိုက်ကြရရုံသာမကအသက်ပေါင်းမြောက်များလှစွာ စွန့် လွှတ်နေ ကြရပါပြီ။ ဤသည်မှာ မဖြစ်သင့်တော့ပါ။

၁၉၆၂ ခုနှစ်စစ်တပ်အာဏာသိမ်းခဲ့စဉ်က ဗိုလ်ချုပ်နေ၀င်းက ဖက်ဒရယ်ကို ခွဲထွက်ရေးဟု လက်ညှိုးထိုးပြီး တိုင်းပြည်မပြိုကွဲအောင်ထိန်းသိမ်းရန် ဟု အကြောင်းပြခဲ့သည်။ မြန်မာစစ်တပ်၏ ဂုဏ်ကို တင်ခဲ့သည်။ မြန်မာစစ်ခေါင်း ဆောင်များသည် မိမိတို့ ကိုယ်ကို ကယ်တင်ရှင်လိုလို ပုံမျိုးဖန်တည်းခဲ့သည်။ ယခုအချိန်တွင် နိုင်ငံရေးအရပြောင်းပြန် ဖြစ်သွားခဲ့ပြီ။ တိုင်းရင်းသားများလိုလားသော ဖက်ဒရယ်မှာ ရသင့်ရထိုက်သော ပြည်ထောင်စု တည်ဆောက်ပုံစနစ် ဖြစ်ကြောင်း စစ်အစိုးရထိပ်သီးများကိုယ်တိုင်က (လက်တွေ့ မဖေါ်ဆောင်သေးသော်လည်း) တရားအရ၀န်ခံလာခဲ့ ကြရပြီ။ ၁၉၆၂ ခုနှစ်က ၄င်းတို့ အသုံးပြုခဲ့ပြီး လူသေကို ဖုတ်မသွင်းနိုင်တော့သည့် ဂါထာဟောင်းကြီးအား ယခု အချိန် တွင်ဆက်လက် ကိုင်စွဲရန်မှာ မဖြစ်နိုင်တော့။ အကြောင်းပြချက် အသစ်တရပ်ကို ရှာရတော့မည်။ ဤတွင် “အချုပ် အခြာအာဏာ တည်တန့် ခိုင်မြဲရေး” ဟူသည်ကို ဇွတ်ရော အတင်းပါ မန်းမှုတ် ပွဲထုတ်လာပါတော့သည်။

ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့ က ကိုးကန့် အရေး ဘီဘီစီ ဆွေးနွေးခန်းတွင် စာရေးသူနှင့် ဦးဇော်ဌေး (သမတရုံး ညွှန်ကြားရေးမှုး) တို့ အားပင်တိုင်ဆွေးနွေးသူများအနေဖြင့် ပါဝင်ဘို့ ဖိတ်ကြားခြင်းခံခဲ့ရသည်။ ယင်းတွင် ဦးဇော်ဌေးက
“လောက်ကိုင် ဦးစီးအဖွဲ့ က ဦးပိုင်စောက်ချိန် ကို ကိုးကန့် ပြည်သူတွေက တင်မြှောက်ထားတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသရဲ့ အစိုးရ။ အဲဒီ အစိုးရကို ဖြုတ်ချပြီးဖုန်ကြားရှင်အဖွဲ့ က အာဏာသိမ်းဘို့ ကြိုးစားတာဟာအချုပ်အခြာအာဏာ ကိုထိပါး စော်ကားတာဘဲ။” ဟု ပြောခဲ့သည်။ သမတရုံးညွှန်ကြားရေးမှုး၏ စကားကို သမတ၏ပြောစကားဟုပင်မှတ်ယူ ရပါမည်။ထိုနေ့ တနေ့ တည်းမှာပင် ကိုးကန့် အရေးဆိုင်ရာ မြန်မာစစ်တပ်၏ သတင်းစာရှင်းလင်းပွဲတွင် ကစထမှုး ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက “ပြည်သူလူထု က ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရအဖွဲ့ ကို လာတိုက် တာဟာ အချုပ်အခြာအာဏာကို လာတိုက်တာဘဲ။” ဟု တလေသံတည်း ပြောသွားခဲ့သည်။

တိုင်းပြည်၏ အချုပ်အခြာအာဏာကို နိုင်ငံတကာနှင့် ပြည်တွင်းရှုဒေါင့်များမှ ချဉ်းကပ်ရန်လိုပါမည်။ ကိုးကန့် 
အရေးကိုအခြေခံပြီး တရုတ်ပြည်ကကျူးကျော်တိုက်ခိုက်သောစစ်ဟူ၍ အတိအကျ စွပ်စွဲနိုင်ပါက ကုလသမဂ္ဂသို့ 
တိုင်လိုက်ရုံသာရှိသည်။ ယင်းသို့ မဟုတ်ပါဘဲလျှက် စစ်အစိုးရခေါင်းဆောင်များအနေနှင့် တောပြော၊ တောင်ပြော မပြောသင့်။ ကိုယ့်ကိုယ်ကို ဂုဏ်သိက္ခာချရာရောက်သည်။ သို့ ဖြစ်၍ တိုင်းပြည်အချုပ်အခြာအာဏာအား နိုင်ငံတကာ ရှုဒေါင့်မှကြည့်လျှင် ယခုအချိန်အထိ ပြသနာမရှိကြောင်းထင်ရှားသည်။

အချုပ်အခြာအာဏာကို ပြည်တွင်းတွင်ကျင့်သုံးရာ၌မူ ပြသနာနှစ်ရပ်ရှိနေသည်။ ပထမ ပြသနာမှာ စစ်အစိုး ရ ထိပ်သီးများက နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် အစိုးရ၏ တရားဝင်မှုကို ရောထွေးသုံးစွဲလျှက်ရှိကြခြင်းဖြစ်သည်။ ရှုတ်ထွေးစေပြီး လူထုမျက်စိလည်အောင် လုပ်လျှက်ရှိသည်။ အစိုးရ၏တရားဝင်မှု ကို ပြည်ထောင်စု ၏အချုပ်အခြာ အာဏာသဖွယ် သဘောထားရန်လိုအပ်ကြောင်း တမင်ရည်ရွယ်ချက်နှင့် မှားယွင်းစွာဝါဒဖြန့် နေသည်။ သမတရုံး ညွှန်မှုး ဦးဇော်ဌေး နှင့် ကစထမှုး မြထွန်းဦး တို့ က လူထုကိုရှင်းပြနေသည်မှာ အစိုးရ၏တရားဝင်မှု(The Legitimacy of the Government) ဖြစ်သည်။ သို့ ရာတွင် နိုင်ငံ သို့ မဟုတ် ပြည်ထောင်စု၏ အချုပ်အခြာအာဏာ (The Sovereignty of the Union) မဟုတ်ပါ။

အချုပ်အခြာအာဏာဟူသည်မှာ မည်သည့်အရာဖြစ်ကြောင်း လူ့ သမိုင်း၏ အစောပိုင်းကာလများက စ၍ ငြင်းခုံဆွေးနွေး အဓိပ္ပါယ်ဖွင့်ဆိုခဲ့ကြသည်။ “တိုင်းပြည်အုပ်ချုပ်တဲ့ ဘုရင်ဟာ အချုပ်အခြာအာဏာပိုင်ဖြစ်တယ်။”
“ ဘုရင်ကို ဆန့် ကျင်တာဟာ အချုပ်အခြာအာဏာကို ထိပါးတာဘဲ။” ဟူသော အယူအဆမျိုးကို မြေရှင်ပဒေသရာဇ် ခေတ်များတွင် ကျင့်သုံးခဲ့ကြဘူးသည်။ လက်ရှိ စစ်အစိုးရက ဤပုံမျိုးကို ဖေါ်ရန်ကြိုးပမ်းလျှက်ရှိသည်။ ယင်းကို ယနေ့ 
ခေတ်ကမ္ဘာကြီးက လက်မခံတော့ပါ။ အစိုးရကို အချုပ်အခြာအာဏာနှင့် ယှဉ်တွဲမသုံးတော့။ တရားဝင်မှုနှင့်သာ တိုင်း တာနိုင်သည်။ တရားဝင်အစိုးရ ဟုတ်မဟုတ်ပြောနိုင်၊ ငြင်းခုံနိုင်သည်။ အချုပ်အခြာအာဏာကိုမူ နိုင်ငံနှင့် သာ ယှဉ်တွဲ သုံးကြသည်။

နိုင်ငံတကာဥပဒေအရ နိုင်ငံဟူသည်တွင် (၁) အမြဲတန်းနေထိုင်သည့် လူထု (၂) သတ်မှတ်ထားသည့် နယ်မြေ (၃) အစိုးရ နှင့် (၄) အခြားနိုင်ငံများနှင့် ဆက်ဆန်နိုင်သည့်အရည်အချင်း ဟူသော အင်္ဂါရပ်လေးချက်ပါ သည်။ ဤလေးချက်ပေါင်းစည်းထားသော နိုင်ငံတခုကို နိုင်ငံတကာကအသိအမှတ်ပြုလိုက်သောအခါ ယင်းတွင် အချုပ်အခြာအာဏာ (Sovereignty) ရှိလာသည်။ အချုပ်အခြာအာဏာသည် နိုင်ငံတခု၏ မရှိမဖြစ် လိုအပ်ချက် ဖြစ် လာသည်။
နိုင်ငံနှင့် စပ်လျှဉ်းသော အင်္ဂါရပ်လေးချက် အနက်အခြေခံအကျဆုံးမှာ လူထုဖြစ်သည်။ သို့ ရာတွင် လူထု ရှိရုံမျှနှင့် အချုပ်အခြာအာဏာမရှိနိုင်ပါ။ နာဇီဂျာမန်များ ကြီးစိုးသည့်ခေတ်တွင် ဂျူးလူမျိုးများကို သာဓက ယူနိုင်သည်။ ထိုစဉ်က ၄င်းတို့ တွင်နယ်မြေမရှိခဲ့။ နောက်ပိုင်းတွင် နယ်မြေရအောင် ကြိုးပမ်း၊ အစိုးရအဖွဲ့ တည်ထောင်၊ အခြားနိုင်ငံ များနှင့် ဆက်ဆန်နိုင်စွမ်းရှိလာသောအခါ ၄င်းကို နိုင်ငံတကာက အသိအမှတ်ပြုလာကြသည်။ အစ္စရေးနိုင်ငံ ဟူ၍ ပေါ် လာသည်။ အင်္ဂါရပ်လေးချက် နှင့် ပြည့်စုံတိုင်းတော့ နိုင်ငံတကာက အသိအမှတ်ပြုမည် မဟုတ်သော်လည်း နိုင်ငံ တကာက အသိအမှတ်ပြုသည့် အချုပ်အခြာအာဏာပိုင်နိုင်ငံတခုဖြစ်စေရန်မူ ၄င်းတို့ နှင့် ပြည့်စုံရပါမည်။ အချုပ်အခြာ အာဏာသည် ၄င်းတို့ တလုံးတစည်းတည်း စုပေါင်းထားသည့် အခြေခံတွင်ပေါ်ပေါက်လာခြင်းဖြစ်သည်။

နိုင်ငံတခုက အခြားနိုင်ငံတခု၏ နယ်မြေကိုဝင်ရောက်တိုက်ခိုက်လိုက်သောအခါ တိုက်ခိုက်ခံ နိုင်ငံ၏ အချုပ် အခြာအာဏာကို ထိပါးခြင်းခံလိုက်ရသည်ဟု ဆိုကြသည်။ အဆိုပါအင်္ဂါရပ်လေးချက်လုံးအား တပြိုင်တည်း ထိခိုက် သွားသောကြောင့်ဖြစ်သည်။ အစိုးရတခုတည်းကို ထိခိုက်ရုံမျှနှင့် အချုပ်အခြာအာဏာကို ထိပါးသွားပြီဟု ဆို၍မရပါ။
လွတ်လပ်၊ မျှတ၊ ဘက်မလိုက်သော ရွေးကောက်ပွဲများကို ဖြတ်သန်းပြီး တရားဝင်ရွေးချယ်တင်မြှောက်ခြင်း ခံရသော အစိုးရသည် လူထုကိုယ်စား အချုပ်အခြာအာဏာကို ကျင့်သုံး ခွင့်ရှိသည်မှာ အမှန်ပင်။ သို့ ရာတွင် အုပ်ချုပ် ခံလူထုက အစိုးရကို အုံကြွဆန့် ကျင်ခြင်းမှာ အချုပ်အခြာအာဏာကို ထိပါးခြင်းနှင့် တထပ်တည်းမကျပါ။ ဖိလစ်ပိုင် နိုင်ငံတွင်အာဏာရှင် ဖာဒီနန်မားကို့ စ် အစိုးရကို သူ့ လူထုက အုံကြွတော်လှန်၍ ဖြုတ်ချခဲ့သည်။ တောင်အာဖရိက နိုင်ငံတွင် ဒီကလပ်၏ လူဖြူအစိုးရကို အေအင်န်စီခေါင်းဆောင်သည့် တော်လှန်ရေးအဖွဲ့ များက အုံကြွတော် လှန်ခဲ့ ကြသည်။ ထို့ နောက် နိုင်ငံရေးအရဆွေးနွေးပြီး ဖြုတ်ချခဲ့ကြသည်။ အင်ဒိုနီးရှားနိုင်ငံတွင် သမတ ဗိုလ်ချုပ်ကြီး ဆူဟာတိုကို လူထုအုံကြွမှုဖြင့် ဖြုတ်ချခဲ့ကြသည်။ အဆိုပါနိုင်ငံများတွင် အုပ်ချုပ်သူများမှာ ရွေးကောက်ပွဲ ဟူသည်များ ကို ဖြတ်သန်းပြီး အစိုးရဖြစ်လာကြသူများပင်။ ၄င်းတို့ အားလူထုက တွန်းလှန်ဖြုတ်ချခဲ့ကြရာတွင် အချုပ် အခြာ အာဏာ ပြသနာမတက်ခဲ့။ ဖြုတ်ချခံခဲ့ရသည့် အစိုးရဟောင်းများကလည်း အချုပ်အခြာအာဏာကို အကြောင်း မပြခဲ့ကြ။

အပြည်ပြည်ဆိုင်ရာ လူ့ အခွင့်အရေးကြေငြာစာတမ်း ၏ နိဒါန်းတနေရာ၌ အောက်ပါအတိုင်းဖေါ်ပြထား သည်။
“--အာဏာသုံး၍ တရားလက်လွတ်အုပ်ချုပ်မှု နှင့် ဖိနှိပ်ချုပ်ချယ်မှုတို့ ကို လူက နောက်ဆုံးနည်းလမ်းအနေဖြင့် ဆန့် ကျင်ပုန်ကန်သည့် အခြေအနေသို့ မရောက်ရှိစေရေးအတွက် လူ့ အခွင့်အရေးကို ဥပဒေစိုးမိုးမှု ဖြင့် ကာကွယ်ပေး ရန် မဖြစ်မနေ လိုအပ်သောကြောင့်လည်းကောင်း။ --------- ” ဟူ၍ဖြစ်သည်။
အထက်ပါ နိဒါန်းကို ပြောင်းပြန်ကောက်ယူပါက “လူ့ အခွင့်အရေးကို ဥပဒေစိုးမိုးမှုဖြင့် မဖြစ်မနေ ကာကွယ်ပေး ခြင်းမရှိပါက အာဏာသုံး၍ တရားလက်လွတ် အုပ်ချုပ်မှုနှင့် ဖိနှိပ်ချုပ်ချယ်မှုတို့ ကို လူက နောက်ဆုံးနည်းလမ်း အနေ ဖြင့် ဆန့် ကျင်ပုန်ကန်ခွင့်ရှိသည်” ဟု ဆိုလိုရာ ရောက်သည်။ လူထုကရွေးချယ်တင်မြှောက်ခံရသည့် အစိုးရ ဖြစ်သည် ဆိုရုံမျှဖြင့် တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ ၄င်း၏ အုပ်ချုပ်မှုကို ငြိမ်ခံနေရမည်ဟု မဆိုလို။ ကိုးကန့် အရေး တွင် သမတရုံးညွှန်မှုး ဦးဇော်ဌေးနှင့် ကစထမှုး မြထွန်းဦးတို့ က “ပြည်သူလူထု က ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရအဖွဲ့ ကို လာတိုက် တာဟာ အချုပ်အခြာအာဏာကို လာတိုက်တာဘဲ။” ဟု ပြောနေခြင်းမှာ တက်တက်စင်လွဲ နေသည်။ ဟစ်တလာသည်လည်း လူထုက ရွေးချယ်တင်မြှောက်ခြင်းခံရပြီး အစိုးရဖြစ်လာသူပင်။ လူ့ အခွင့်အရေး ချိုးဖေါက်ရုံမက ကမ္ဘာ့ငြိမ်းချမ်းရေးကို ပျက်ပြားစေသောအခါ နိုင်ငံတကာစုပေါင်းအင်အား ဖြင့် ချေမှုန်းပစ်ခဲ့ သည်။

၂၀၀၈ ဖွဲ့ စည်းပုံပုဒ်မ (၄) တွင် မြန်မာဘာသာဖြင့် “နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများ ထံမှ ဆင်းသက်ကြောင်း” ပြဌာန်းထားသည်။ စစ်အစိုးရသည် မိမိတို့ ရေးသားထားသည့် ဖွဲ့ စည်းပုံကိုပင် မိမိတို့ လိုက်နာ နိုင်ခြင်းမရှိ။ ၄င်းအရ အချုပ်အခြာအာဏာအား နိုင်ငံကို ရည်ညွှန်း၍ သုံးစွဲထားကြောင်းတွေ့ နိုင်သည်။ အစိုးရ နှင့် ယှဉ်တွဲထားခြင်းမရှိ။ စစ်ခေါင်းဆောင်ဟောင်း၊ သစ်များအားလုံး ပြန်လည်လေ့လာသင့်သည်။

အချုပ်အခြာအာဏာကို ပြည်တွင်းတွင်ကျင့်သုံးရာ၌ ဒုတိယ ပြသနာမှာ နိုင်ငံတည်ဆောက်ပုံ နှင့် ဆိုင်သည်။ တပြည်ထောင်စနစ် နိုင်ငံအနေနှင့် ကျင့်သုံးမည်ဆိုလျှင် အာဏာအားလုံးသည်ဗဟိုမှာသာ စုစည်းသွားပါမည်။ယင်းသို့  ဖြစ်ပါက တိုင်းရင်းသားများ၏တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို ငြင်းပယ်ရာရောက်နေပြီဖြစ်သဖြင့် ပြည်တွင်းငြိမ်း ချမ်းရေးရနိုင်ဘွယ်မရှိတော့။ အကျိုးဆက်အနေဖြင့် လူ့ အခွင့်အရေး ချိုးဖေါက်မှုကြီးများ ဆက်လက်ဖြစ်ပွားနေပါမည်။

အချုပ်အခြာအာဏာကို ပြည်ထောင်စု နိုင်ငံအနေနှင့် ကျင့်သုံးမည်ဆိုပါက အာဏာခွဲဝေမှု ရှိရပါမည်။
ပြည်ထောင်စု နှင့် ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ အကြားတွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီ ရင်ရေး ဟူသည့် အာဏာကြီးသုံးရပ်ကို ခွဲဝေကျင့်သုံးရပါမည်။ ၂၀၀၈ ခုနှစ်ဖွဲ့ စည်းပုံအရ ကိုးကန့် အား ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသဟု ဖေါ်ပြထားသော်လည်း တကယ်တန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပ်နှင်းမထားခြင်းသည် ပြသနာကြီး ဖြစ်လာသည်။
၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေတွင် အချုပ်အခြာအာဏာကို ပြဌာန်းထားသော ပုဒ်မ ၄ ကစ၍ ပြသနာရှိ နေသည်။ အင်္ဂလိပ်ဘာသာနှင့် Sovereign power of the Union ဟုရေးထားသည်။ ပြည်ထောင်စု၏ အချုပ်အခြာ အာဏာဟု ဘာသာပြန်ရပါမည်။ မြန်မာဘာသာဖြင့်မူ နိုင်ငံတော်၏ အချုပ်အခြာအာဏာ ဟု သုံးနုန်း ထားသည်။ ပြည်ထောင်စု မဟုတ်ပါ။ အင်္ဂလိပ်နှင့် မြန်မာဘာသာကွဲလွဲမှုရှိပါက မြန်မာဘာသာကို အတည်ယူရမည်ဟု ဆိုထား သဖြင့် တပြည်ထောင်နိုင်ငံသာ ဖြစ်ကြောင်းရှင်းနေပါပြီ။ ၂၀၀၈ဖွဲ့ စည်းပုံအရ မည်သည့်အခါတွင်မျှ ပြည်တွင်း ငြိမ်း ချမ်းရေးမရနိုင်ပါ။

“အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှဆင်းသက်သည်။” ဟူရုံမျှဖြင့် မလုံလောက်တော့။ နိုင်ငံသား များထံမှ ဆင်းသက်သော အချုပ်အခြာအာဏာကို နိုင်ငံသားများသုံးခွင့်မရှိသလို၊ တိုင်းရင်းသားပြည်နယ်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများလည်း သုံးခွင့်မရှိ။ မြန်မာ့တပ်မတော်ကသာ ကျင့်သုံးနေကြောင်း သာဓကပြပါမည်။ အချုပ်အခြာအာဏာအား ၂၀၀၈ဖွဲ့ စည်းပုံပုဒ်မ၂၀၁ အရ ဗိုလ်ချုပ်ဟောင်းသစ်များဖြင့်သာ အဓိကဖွဲ့ စည်းထား သည့် အမျိုးသား ကာကွယ်ရေး နဲ့ လုံခြုံရေးကောင်စီ (ကာလုံ) က ဦးဆောင်ကာလက်တွေ့ ကျင့်သုံးသည်။ ပုဒ်မ၂၇၆ (ဃ) အရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီး အဖွဲ့ ထဲတွင်လည်း တပ်မတော်သားများကို ထည့်သွင်းဖွဲ့ စည်း ကျင့်သုံး သည်။ ကိုးကန့် တွင် ၂၀၀၉ ခုနှစ်၌ မြန်မာစစ်တပ်က ဖုန်ကျားရှင်ကိုတိုက်ထုတ်လိုက်ပြီးနောက် ၄င်းတို့ အလို ကျ ရွေးချယ်လိုက်သူ ပိုင်စောက်ချိန် ကို အကြီးအကဲခန့် ခဲ့သည်။ ဤသည်မှာမြန်မာစစ်တပ်ကကိုးကန့် ၏ကိုယ်ပိုင်အုပ်ချုပ် ခွင့်ကိုလက်တွေ့ ဝင်ရောက်ကျင့်သုံးခြင်း မဟုတ်ပါလား။ ၂၀၁၀ ရွေးကောက်ပွဲကျင်းပသောအခါ ထိုပုဂ္ဂိုလ်သည် ပင် ရွေးချယ်တင်မြှောက်ခံခဲ့ရသည် ဟု ဆိုပြန်သည်။

ပြသနာများစွာရှိခဲ့သော ၂၀၁၀ရွေးကောက်ပွဲ၌အဆိုပါဒေသများတွင် မြန်မာစစ်တပ်နှင့် ကြံဖွံ့ တို့ က အမည် စာရင်းတင် မဲပုံးထောင်ပေးလိုက်သူများ ရွေးချယ်တင်မြှောက်ခံရသည်မှာ မဆန်းပါ။ ဖဲဝိုင်းတွင် ကိုယ့်ဖာသာကိုယ် ကလဖန်ထိုး၊ ဝေ၊ စား လုပ်သွားသည့် ဒိုင်လူကြီးကဲ့သို့ ပင်။ ယင်းသို့ ဖြစ်ပါလျှက် ပိုင်စောက်ချိန်အား ပြည်သူလူထု က ရွေးချယ်တင်မြှောက်ထားသော အစိုးရအနေဖြင့် ဂုဏ်တင်နေသည်မှာ ဆင်သေပုပ် ကို ဆိတ်ရေနှင့် ဖုံးသလို ဖြစ်နေပါ သည်။

ဤသည်မှာ အဘယ်ကြောင့်နည်း။ မြန်မာစစ်တပ်မှ စစ်ဗိုလ်များ ကိုးကန့် အုပ်ချုပ်ရေးအဖွဲ့ တွင် ၀င် ရောက် နေရာယူခြင်း၊ အဓိကကြိုးကိုင်ခြင်းတို့ ကို ဖုံးကွယ်ထားလိုသောကြောင့် ဖြစ်သည်။ စင်စစ်အားဖြင့် ပိုင်စောက် ချိန်အပါအ၀င် မြန်မာစစ်တပ်က ရွေးကောက်တင်ပေးထားသူများမှာ ရုပ်သေးများသာဖြစ်သည်။ လက်တွေ့ အုပ်ချုပ် ရေး လုပ်ငန်းများတွင် မြန်မာစစ်ဗိုလ်ဟောင်း သစ်များကို မကျော်နိုင်။ အုပ်ချုပ်ရေးအရ တဆင့်နိမ့် သော ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသများကို ထားဘိဦး။ ၄င်းအထက်ရှိတိုင်းရင်းသားပြည်နယ်များတွင်လည်း ယင်း အတိုင်းပင် ဖြစ်သည်။ စစ်ဗိုလ်ဟောင်းများ မဟုတ်ပါက ပြည်နယ်ဝန်ကြီးချုပ်ဆိုသူများမှာ မည်သည့် အာဏာမျှ မယ်မယ်ရရမရှိ။
ကချင်ပြည်နယ်လက်ရှိဝန်ကြီးချုပ်နေရာတွင် ရွေးချယ်တင်မြှောက်ခြင်းခံရသူဟု ဆိုသူ ကချင်အမျိုးသားကြီး ဦးလဂျွန်ငန်ဆိုင်း က ၄င်း၏အခွင့်အာဏာမှာ မြူနီစီပယ် အုပ်ချုပ်ရေးမှုးတဦးထက်မပိုဟု ငြီးငြူကြောင်း ကြားသိ ရဘူး သည်။ ၁၉၄၇ ခုနှစ်ဖွဲ့ စည်းပုံအောက်တွင် နိုင်ငံတော်သမတဖြစ်ခဲ့သည့် ကရင်အမျိုးသား မန်းဝင်းမောင် က ဒန်ပေါက် ထမင်းစားခြင်တဲ့အခါမှာ ခိုးကြောင်ခိုးဝှက်ထွက်စားရတာကြောင့် သူ့ ရဲ့ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့် ဆုံးရှုံးခံရတာကလွဲလို့  သမတလုပ် ရတာ သူ့ မှာ ဘာမျှအာဏာ မရှိဟု ငြီးတွားခဲ့ဘူးသည်ကို အမှတ်ရသည်။

သမတရုံးညွှန်မှုး ဦးဇော်ဌေး နှင့် ကစထမှုး မြထွန်းဦးတို့ အပါအ၀င် စစ်ခေါင်းဆောင်ဟောင်းသစ်များ အနေဖြင့် တိုင်းရင်းသားပြည်နယ်များ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် “ပြည်သူလူထု က ရွေးချယ်တင်မြှောက် ထားတဲ့ အစိုးရအဖွဲ့ က အုပ်ချုပ်နေကြောင်း” ပြောလိုပါက ၂၀၀၈ ဖွဲ့ စည်းပုံတအုပ်လုံးအား သမိုင်းအမှိုက်ခြင်းထဲကို ပစ်ထည့်၊ မြန်မာစစ်တပ်တခုလုံးနိုင်ငံရေးနယ်ပယ်မှ ဆုတ်ခွါ၊ ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့ စည်းပုံအသစ် တခုကို အတည်ပြုကျင့်သုံး၊ တပြိုင်တည်းတွင် ပြည်နယ်အသီးသီး၌ပြည်နယ် ဖွဲ့ စည်းပုံများရေးဆွဲကျင့်သုံးခွင့်ပေး၊ သက်ဆိုင်ရာ တိုင်းရင်းသားပြည်နယ်များရှိလူထုများက သူတို့ ခေါင်းဆောင်ကို သူတို့ ဖာသာ ရွေးချယ်တင်မြှောက်ခွင့် ပြု၊ ယင်းသို့ လုပ်ဆောင်ရန်မှ တပါးအခြားမရှိ။

ဤ၂၀၀၈ ခုနှစ်ဖွဲ့ စည်းပုံအခြေခံဥပဒေဖြင့်ပင်၂၀၁၅ ရွေးကောက်ပွဲကို ဖေါ်ဆောင်ပါက ပိုင်စောက်ချိန် လို ပုဂ္ဂိုလ်မျိုးကို တိုင်းရင်းသားဝတ်စုံဖြင့်ရှေ့ တန်းတင် ပွဲထုတ်၊ မြန်မာစစ်တပ်မှ စစ်ဗိုလ်ဟောင်းသစ်များက နောက်ကွယ် က ကြိုးကိုင်ထားသည့်အနေအထားဖြင့် ဆက်လက်ဖေါ်ဆောင်သည့် နွားဖားကြိုးထိုး ကိုယ်ပိုင်အုပ်ချုပ်ရေးမျိုးသာ ရမည် ဖြစ်ကြောင်း တိုင်းရင်းသားလူထုအများစုကြီး မြင်နေကြပါပြီ။ စစ်အစိုးရသည် ဆွေးနွေးပွဲဟူသည်များဖြင့်လက် နက်ကိုင် အဖွဲ့ များကို တဘက်ကနေ၍ ထိန်းပြီး အချိန်ဆွဲထား၊ ချော့မြှူထားပြီး ရွေးကောက်ပွဲတွင် ၄င်းတို့ ထင်သလို မတရား ပြုကျင့်မည်ကို နုတ်ပိတ်ထားစေလိုသည့် သဘောရှိသည်။ သို့ ရာတွင်စစ်မှန်သည့် တိုင်းရင်းသားတော်လှန် ရေး အဖွဲ့ များ၊ နိုင်ငံရေးပါတီများအနေဖြင့်မူ လာမည့် ၂၀၁၅ ရွေးကောက်ပွဲအပေါ် ၄င်းတို့ ၏ သဘောထားကို ထုတ် ဖေါ်ကြလိမ့်မည် ဟု ယူဆသည်။ လက်ရှိ ကိုးကန့် အရေးအခင်းတွင် ပိုင်စောက်ချိန်နှင့် အဖွဲ့ ကို လက်ညှိုးထိုးလျှက် “ပြည်သူလူထု က ရွေးချယ်တင်မြှောက် ထားတဲ့ အစိုးရအဖွဲ့ က အုပ်ချုပ်နေကြောင်း” မြန်မာစစ်ခေါင်းဆောင်ဟောင်း သစ်များ၏ ၀ါဒဖြန့် မှုက ၄င်းတို့ အားပညာပေးလျှက်ရှိနေသောကြောင့်ပင်။

ကစထမှုး မြထွန်းဦး နှင့် သမတရုံးညွှန်မှုး ဦးဇော်ဌေး တို့ သည် တရုတ်နိုင်ငံက ကျူးကျော်ဆင်နွှဲသောစစ်ပွဲ ဖြစ်ကြောင်း အတိအကျမစွပ်စွဲနိုင်ပါဘဲလျှက် တရုတ်နိုင်ငံသားများပါဝင်တိုက်ခိုက်နေသော စစ် ဖြစ်ပုံမျိုးဖြင့် မြန်မာ လူထုအတွင်းတွင် တရုတ်ဆန့် ကျင်ရေးစိတ်ဓါတ်များကြီးထွားလာအောင် အဘယ်ကြောင့်လှုံ့ ဆော်နေကြသနည်း။
ကိုးကန့် မှာ တိုင်းရင်းသားလူမျိုးတမျိုးဖြစ်ကြောင်း ၄င်းတို့ က မငြင်း။ သို့ ရာတွင် ကိုးကန့် နှင့် ဖုန်ကျားရှင်ကို ခွဲမြင်ရ မည်ဟု ဦးဇော်ဌေး က ဆိုသည်။ ဖုန်ကျားရှင်က သူ့ ကိုယ်သူ တရုတ်ဟု ထုတ်ဖေါ်ပြီး နိုင်ငံတကာရောက်တရုတ်အမျိုး သားများထံမှ အကူအညီတောင်းခဲ့သဖြင့် ဖုန်ကျားရှင်ကိုယ်တိုင် မှာမူ တရုတ်သာဖြစ်ကြောင်း ထောက်ပြသည်။ “အတွေးတိမ် လှချည်ရဲ့ လား သမတရုံးညွန်မှုးကြီးရယ်။” ဟု ရေရွတ်ရမလို ဖြစ်သည်။

ကိုးကန့် တွေအားလုံးမှာ တရုတ်နွယ်ဖွားတွေ ဖြစ်ကြောင်း တပြည်လုံးသိ၊ တကမ္ဘာလုံးသိကြသည်။ (ကိုးကန့် ၊တရုတ်) မှန်း သိသိ ကြီးနှင့်ပင် မြန်မာနိုင်ငံက ၄င်းတို့ အားတိုင်းရင်းသားလူမျိုးတမျိုးအနေဖြင့် လက်ခံထား ခဲ့ခြင်းဖြစ်သည်။ သေရေးရှင်ရေး အကူအညီ လိုအပ်နေသည့် အချိန်တွင် ဖုန်ကျားရှင်က သူနှင့်မျိုး နွယ်တူများ ဆီက အကူအညီတောင်းရုံမျှဖြင့် ဖုန်ကျားရှင် အားကိုးကန့် တိုင်းရင်းသားအနေဖြင့်ရှုမြင်ရန် မလိုတော့ကြောင်းဖြင့် မည်သည့် ဥပဒေအရ ဦးဇော်ဌေးပြောနေသနည်း။

ကေအိုင်အိုနှင့် စစ်ပွဲအတွေ့ အကြုံတခုကို မျှဝေလိုသည်။ ၂၀၁၂ ခုနှစ်ဒီဇင်္ဘာ နှင့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ များအတွင်း မြန်မာစစ်တပ်က ကေအိုင်အိုဌာနချုပ်လိုင်ဇာအား အကြီးအကျယ် ထိုးစစ်ဆင်ခဲ့ရာ တိုက်လေယဉ် နှင့် ဟယ်လီကော်ပတာများသာမက၊ နေ့ စဉ်လက်နက်ကြီးကျည် အလုံးတထောင်ကျော်ပစ်ခဲ့သည်။ အချို့ လက်နက်ကြီး ကျည်များမှာ လိုင်ဇာမှာသာမက ၄င်းနှင့် မဝေးလှသော ကချင်ဒုက္ခသည်စခန်းများတ၀ိုက်မှာပင် ကျရောက် ပေါက်ကွဲခဲ့ သည်။ ပြင်းထန်လှသော ထိုးစစ်ကြီးအောက်တွင် ကချင်တွေ မျိုးဖြုတ်ခံရတော့မည်လားဟူ၍ စိုးရိမ်ဘွယ် အခြေအနေ ရှိလာသည်။ ဤတွင် တရုတ်ပြည်ရောက်ကချင်များ (တရုတ်နိုင်ငံအခေါ် ဂျိန်းဖေါများ) အကြားတွင် မျိုးချစ်စိတ်များ ဒီရေ လိုတက်လာကြသည်။ ၄င်းတို့ နှင့် မျိုးနွယ်တူသူများမတရားခံနေကြရပြီဟူ၍ မခံမရပ် နိုင်ဖြစ်လာကြ၊ အချင်းချင်း စုဝေးပြီး ကူညီရန်နည်းလမ်းများရှာကြသည်။

ရနိုင်သမျှသောရိက္ခာနှင့် လူ့ အသုံးအဆောင် ပစ္စည်းများကို စုဆောင်း၊ ကားကြီး ကားငယ်အမြောက်အများ ဖြင့် သယ်ကာ ရာပေါင်းတချို့ မျှသော တရုတ်နိုင်ငံသား ကချင် (တရုတ် ကချင်) များသည် လိုင်ဇာတဘက်ကမ်း၊ တရုတ်နိုင်ငံဘယ်ခြမ်းမှနေ၍ နယ်စပ်ဂိတ်ကို အတင်းဖြတ်ပြီး ကချင်ပြည်နယ်အတွင်း ၀င်ရောက်ရန်ကြိုး ပမ်း ခဲ့ကြ သည်။ နယ်ခြားဂိတ်စောင့် တရုတ်ရဲများက တားဆီးသဖြင့် ၀င်ခွင့်မရသော အခါ မြန်မာနိုင်ငံဘက်ခြမ်းမှ ကချင်နှင့် တရုတ်နိုင်ငံဘက် ခြမ်းမှ ကချင်လူအုပ်ကြီးတို့ သည် ရေမြောင်းကလေးသာ ခြားထားသော နယ်ခြားမျဉ်းကြောင်း ဟိုဘက် သည်ဘက် တွင် ရပ်ကြပြီး ကချင်ဘာသာဖြင့် အော်ဟစ်ပြောဆိုကာ ကြွေးကြော်ကြ၊ အပြန်အလှန်အား ပေးကြ၊ ငိုကြယိုကြ နှလုံး ကြေကွဲဘွယ်ဖြစ်ရပ် ဖြစ်ပွားခဲ့သည်။

ဤသည်မှာ အမျိုးသားစိတ်ဓါတ်ဖြစ်သည်။ တရုတ်နိုင်ငံရှိ ကချင်များအကြားတွင် ငါတို့ က တရုတ်နိုင်ငံရဲ့ တိုင်း ရင်းသားတွေ၊ တရုတ်နိုင်ငံသားတွေ ဖြစ်ကုန်ကြပြီ၊ ဒါကြောင့် ဟိုဘက်ခြမ်း မြန်မာနိုင်ငံထဲမှာရှိတဲ့ ကချင်တွေကိစ္စငါတို့ 
နဲ့ မဆိုင်ဟု သဘောမထားကြ။ အမျိုးသားရေးစိတ်ဓါတ် အခြေခံတွင် တတ်နိုင်သမျှကူညီဘို့ ကြိုးစားခဲ့ကြခြင်းပင်။ လိုအပ်ပါက လက်နက်ကိုင်တိုက်ပွဲအတွင်းကိုပင် ဆင်းပြီး ကူညီကောင်း ကူညီကြပါမည်။

ဤတွင် တရုတ်နိုင်ငံအစိုးရ၏ သဘောထားမှာ ဦးသိန်းစိန်၊ ဦးဇော်ဌေး တို့  မြန်မာစစ်အစိုးရ၏ သဘောထား နှင့် ကွာခြားလှကြောင်းတွေ့ နိုင်သည်။ သူ့ နိုင်ငံရှိကချင်များက ၄င်းတို့ ၏မျိုးနွယ်စုအမျိုးသားစိတ်အခြေခံဖြင့် ဟိုဘက် ခြမ်းရှိ မြန်မာ ကချင်များ အပေါ် အကူအညီပေးလိုခြင်း၊ အကူအညီပေးရန်ကြိုးစားခြင်း၊ ဆက်လက်ကူညီမည်ဟု ကြွေး ကြော်ကြခြင်း တို့ အပေါ် မည်သည့်အပြစ်တစုံတရာမျှမမြင်။ ဒီကောင်တွေ တရုတ်ကချင် စိတ်ပျောက်သွားပြီး မြန်မာ ကချင်တွေဖြစ်ကုန်ပြီ၊ ဒီ ကချင်တွေကို ငါတို့ တရုတ်နဲ့ ခွဲပြီးမြင်ရမည်ဟု မစဉ်းစား။

ဒီကချင်တွေဟာ ငါတို့ တိုင်းရင်း သားတွေ၊ ငါတို့ နိုင်ငံသားတွေဖြစ်တယ်၊ သူတို့ ပြသနာကဘာလဲ၊ သူတို့ ဘာ
လိုခြင်သလဲ၊ ဘာကြောင့်လိုခြင် တာလဲ၊ စသည်ဖြင့် စူးစမ်းစိတ်ဖြင့် ကချင် အရေး ကိစ္စကို ပို၍စိတ်ဝင်စားလာသည်။ တတ်နိုင်သမျှ ကူညီပံ့ပိုးပေးရန် နည်းလမ်း ရှာလာ သည်။ ကေအိုင်အို ကိုယ်တိုင်၏ စွမ်းစွမ်းတမန် ခုခံစစ်ဆင်နွှဲမှုနှင့် နှင့်တရုတ်ပြည်ရောက် ကချင်များ၏ ဆန္ဒပြမှုပေါင်းကာ ကချင်အရေးသည် တရုတ်ဗဟိုအစိုးရအထိ ပေါက်သွားသည်။ သမတ ဦးသိန်းစိန် တရုပ်ပြည်နောက်ဆုံးခရီး စဉ်တွင် တရုတ်သမတ နှင့် တွေ့ ရာ၌ မြန်မာနိုင်ငံမှာ မင်းတို့ မြန်မာတွေ ချည်း နေတာ မဟုတ်ဘူး။ ကချင်တွေ အပါအ၀င် အခြားတိုင်းရင်းသားတွေလဲ အများကြီးရှိတယ်။ သူတို့ နဲ့ လဲအဆင်ပြေ အောင်ညှိနိုင်းမှုတွေ လုပ်ပါ ---- ဟု တိုက်တွန်းခဲ့ကြောင်း သိရသည်။

တရုတ်ပြည်သည် တပြည်ထောင်စနစ်ကို ကျင့်သုံးသည်။ မြန်မာနိုင်ငံသည် ပြည်ထောင်စု ဟု ဆိုသည်။ ပြည်ထောင်စု စစ်စစ်သာ ဖြစ်မည်ဆိုလျှင် မြန်မာနိုင်ငံအတွင်းရှိတိုင်းရင်းသားများရသည့် အခွင့်အရေးသည် တပြည် ထောင်စနစ် နိုင်ငံထက်များစွာပိုရပါမည်။ ယခုမူပြောင်းပြန်ဖြစ်နေသည်။ တရုတ်အစိုးရက ယူနန်ပြည်နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားအဖြစ် ၄င်းတို့  အသိအမှတ်ပြု ထားသော ကချင်၊ နှင့် ရှမ်းတို့ အပေါ်တန်ဘိုးထားမှုမှာ မြန်မာ စစ်အစိုးရက မိမိနိုင်ငံအတွင်းရှိ ဒေသခံ တိုင်းရင်းသားများအပေါ် တန်ဘိုးထားမှုထက် များစွာပိုမိုမြင့်မားသည်။

စစ်အစိုးရအဆက်ဆက်မှ စ၍ ယခုဦးသိန်းစိန် အစိုးရအထိ မှိုင်းတိုက်လျှက်ရှိသော လူမျိုးရေး မုန်းတည်းမှု များသည် တိုင်းပြည်အတွက်မည်သည့်အကျိုးမျှမဆောင်ပါ။ မြန်မာစစ်တပ်သည် တရုတ်ကိုဆန့် ကျင်သည့်တရား သော စစ်ကိုဆင်နွှဲနေကြောင်းအကြောင်းပြကာ၊ လူထုထောက်ခံမှုရရန်ကြိုးစားနေခြင်းမှာ ရည်မှန်းချက်တချို့ ရှိနိုင် သည်။ ကိုးကန့် အဖွဲ့ နှင့် (၄င်းကို ကူညီသည်ဟု စွပ်စွဲထားသော) တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များအား တဖွဲ့ ပြီး တဖွဲ့  ဆက်လက်ထိုးစစ်ဆင်နိုင်ဘွယ်ရှိသည်။ တရုတ်မုန်းတီးရေး စိတ်ဓါတ်ကို လူထုအတွင်းဆက်လက်လှုံ့ ဆော်ပြီး (ရခိုင်ပြည်နယ် မှာကဲ့သို့ ) လူမျိုးရေး အဓိကရုဏ်း ဖန်တည်းကာ မိမိတို့ ကိုယ်ကို ကယ်တင်ရှင်အဖြစ်ပုံဖေါ်နိုင်သည်။ ယင်းမှပေါ်လာ သည့်ဆိုးကျိုးများကို လက်ညှိုးထိုး၊ တိုင်းပြည် အချုပ်အခြာ အာဏာတည်တန့် ခိုင်မြဲရေးအတွက်ဟု အကြောင်းပြ၊ ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေအရဟုဆိုကာ ကိုးကန့် မှာကဲ့သို့ ပင် အခြားတိုင်းရင်းသားပြည်နယ် များ တွင်လည်း စစ်အုပ်ချုပ်ရေး ဖေါ်ဆောင်မှုများ လုပ်လာနိုင်သည်။

တိုင်းရင်းသားတပ်ပေါင်းစု ယူအင်န်အက်ဖ်စီက ပြည်တွင်းစစ်နှင့်ဆက်စပ်သည့် ပြသနာမှန်သမျှကို ငြိမ်းချမ်း
စွာ ဆွေးနွေးအဖြေရှာကြရအောင် ဟု ကမ်းလှမ်းထားသည်။ သို့ ရာတွင် ယင်းကို အပေါ်ယံဟန်ပြဆွေးနွေးပွဲများနှင့် လွှတ်ပေးထား၊ လူထုတွေ စိုးထိတ်တလန့် လန့် ဖြစ်စေရန် အခြေအနေ၀ရုန်းသုဉ်းကားများ ပိုပြီးဖန်တည်း၊ ကိုးကန့်  ပြသနာကို အမျိုးသားရေး ခုခံစစ် အသွင်လက္ခဏာ လိုလိုပုံဖေါ်၊ မြန်မာစစ်တပ်၏ အခန်းကဏ္ဍကို တွန်း တင်ကာ (နာဂစ်မုန်တိုင်းကို အခွင့် ကောင်းယူပြီး ၂၀၀၈ ဖွဲ့ စည်းပုံကိုအတည်ပြုခဲ့သကဲ့သို့ ) ၄င်းတို့ အာဏာ ဆက်လက်သက် ဆိုးရှည်ရေး အတွက်၂၀၁၅ ရွေးကောက်ပွဲအား လိုသလို ထိန်းချုပ်သွားနိုင်မည့် အနေအထားကို ဖန်တည်းနေခြင်း ဟု သုံးသပ်မိသည်။

စစ်ပွဲဖြစ်ရာတိုင်းရင်းသားဒေသများအတွင်း သတင်းသွားရောက်ယူကြမည့်သတင်းသမားများသည် မတရား အသင်း ဥပဒေ၊ သတင်းမီဒီယာဥပဒေများနှင့် အညီ အရေးယူခံရနိုင်ဘွယ်ရှိကြောင်း ကစထမှုးမြထွန်းဦး၏ ဖေဖေါ်ဝါရီ လ ၂၁ ရက်နေ့  သတင်းစာရှင်းလင်းပွဲပြီးသည်နှင့် သတင်းမီဒီယာသမားများက ဝေဘန်ကြသည်။ ၁၉၆၃ ခုနှစ်ပြည် တွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများကျင်းပနေစဉ်အတွင်းတွင် မတရားအသင်းဥပဒေ အကျိုးသက်ရောက်မှု မရှိစေသည့် အမိန့် ကို အစိုးရက ထုတ်ပြန်ခဲ့သဖြင့် သတင်းသမားများအပါအ၀င် အားလုံးလွှမ်းခြုံကင်းလွတ်ခွင့်ရခဲ့ကြောင်း ၀ါရင့် သတင်းစာဆရာကြီးဖိုးသောကြာ က ရှင်းပြခဲ့သည်။ မတရားအသင်းကြေငြာခံထားရသည့် တိုင်းရင်းသား အဖွဲ့ အစည်း များနှင့် တောက်လျှောက် ဆက်သွယ်ဆောင်ရွက်နေ သည့် အစိုးရပိုင်းတာဝန်ရှိသူများကိုသာမက မြန်မာ့ငြိမ်း ချမ်းရေး စင်တာ မှ ပုဂ္ဂိုလ်များကို ပါ ယင်းဥပဒေအရမည်သို့ မျှအရေးယူဆောင်ရွက်ခြင်းမရှိပါဘဲလျှက် ဖြစ်ရပ်မှန် ဖေါ်ထုတ်ရန် ကြိုးပမ်းသည့် သတင်းသမားများ၊ လူထုများကိုသာ ဥပဒေအရ အရေးယူနိုင်ဘွယ်ရှိသည် ဆိုခြင်းမှာ တရားမျှတမှု မရှိ ကြောင်း သတင်းစာဆရာများက ထောက်ပြကြသည်။

တိုင်းရင်းသားများနှင့် စစ်ပွဲဖြစ်ရာဒေသများအား သတင်းသမားများ မ၀င်စေခြင်သည်မှာ မြန်မာစစ်တပ်၏ ထင်ရှားသောဆန္ဒဖြစ်သည်။ ကိုပါကြီးအားရက်စက်စွာသတ်ပြီး နုတ်ပိတ်ပြလိုက်သည်ကို ကြည့်နိုင်သည်။ အဘယ် ကြောင့်နည်း။ တိုင်းရင်းသားများအပေါ် မြန်မာစစ်တပ်၏ လူ့ အခွင့်အရေးချိုးဖေါက်မှုသတင်းမှန်များပေါ်ထွက်လာ မည် ကို စိုးရိမ်သောကြောင့်ဖြစ်သည်။ ကချင်ခရစ်ယန် ဘာသာရေးဆရာမလေးနှစ်ဦး မုဒိန်းကျင့်သတ်ဖြတ်ခံခဲ့ရ သည့် အမှု ၂၀၁၅ ဇန်န၀ါရီလ (၁၉) ရက်နေ့ ကမှဖြစ်ပွားခဲ့သည်ကို ရှုပါ။ အထူးသဖြင့် ကိုးကန့် ဒေသတွင်းသို့ သတင်းသမား များ
ဝင်ရောက်မှုအပေါ် အခြားဒေသများထက် ပို၍ မြန်မာစစ်ခေါင်းဆောင်များ အဘယ်ကြောင့်အစိုးရိမ်ကြီးနေပါသနည်း။

၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့ တွင် မုံးကိုး၌ လီနီမင် ခေါင်းဆောင်သည့် ကိုးကန့် တပ်ဖွဲ့ 
အင်အားရာဂဏန်းနှင့် ချီ ရှိသူတို့ အား မြန်မာစစ်တပ်က သတ်ဖြတ်ခဲ့သည့်စစ်ရာဇ၀တ်မှုကြီး နှင့် ၂၀၁၅ ဖေဖေါ်ဝါရီလ ၉ ရက်နေ့ မှစ၍ ဖုန်ကျားရှင်အဖွဲ့ နှင့် ဆက်တိုက်ဖြစ်ပွားခဲ့သော စစ်ပွဲများအတွင်း လောက်ကိုင်ဒေသတ၀ိုက်အရပ်သား လူထုများအပေါ် ဆက်လက်သတ်ဖြတ်သည့် ပြစ်မှုများ အပါအ၀င် အခြားလူ့ အခွင့်အရေးချိုးဖေါက်မှုဖြစ်ရပ်မှန်များ ပြန်ပေါ်လာနိုင်၍ ဖြစ်သည်။ မြန်မာနိုင်ငံပြည်တွင်းစစ်ပြသနာကို နိုင်ငံရေးအရ ဆွေးနွေး ညှိနိုင်းအဖြေရှာမည်ဆိုရုံမျှနှင့် မလုံလောက်တော့ပါ။ ဒေသခံလူထုများ လူ့ အခွင့်အရေး ရရှိရေးအတွက် ဥပဒေစိုးမိုးရေးအခြေခံမှ စနစ်တကျချဉ်းကပ် ကိုင်တွယ်ရန် လိုအပ်လာပါပြီ။

ဤမျှကြီးမားသည့်စစ်ပွဲဆင်နွှဲနိုင်ခဲ့သည့် ဖုန်ကျားရှင်အဖွဲ့ အားကူညီသူများထဲတွင် ၀သပ လည်းပါဝင်ကြောင်း
နှင့် ၀သပ ထုတ်သည့် လက်နက်များကို ကိုင်တွယ်တိုက်ပွဲဝင်ခဲ့ကြောင်း ဓါတ်ပုံနှင့်တကွဖေါ်ပြကာ စစ်အစိုးရက အတိ
အလင်း စွပ်စွဲလိုက်ခြေပြီ။ ဤသည်မှာ မည်သည်ကို ဦးတည်နေပါသနည်း။ ၂၀၀၉ ခုနှစ် သြဂုတ်လတွင် ဖုန်ကျားရှင် အပေါ်ပြသနာရှာခဲ့စဉ်က လက်နက်ထုတ်သည့် ကိစ္စကိုလည်း အကြောင်းပြခဲ့သည်။ စင်စစ်အားဖြင့်မူ ၁၉၈၉ ခုနှစ် အပစ်ရပ်ခဲ့သည့် အချိန်မှစ၍ ဖုန်ကျားရှင်မှာ လက်နက်ထုတ်လုပ်ခွင့်ဆက်ရနေခဲ့ကြောင်း သိရသည်။ စစ်အစိုးရနှင့်
အဆင်ပြေခဲ့သောအခါ မည်သည့်ပြသနာမျှမရှိခဲ့။ နယ်ခြားစောင့်တပ် ဖွဲ့ စည်းခြင်းကို လက်မခံသောအခါကျမှ လက်နက်ထုတ်သည့် ကိစ္စမှာ အကြောင်းပြစရာ ပြစ်မှုကြီးဖြစ်လာပြီး အရေးယူပါတော့သည်။

ထိုနည်းတူစွာပင် ၀သပ သည်လည်း ၁၉၈၉ ခုနှစ် အပစ်ရပ်ပြီးချိန်မှစ၍ တောက်လျှောက်လက်နက်ထုတ် လုပ်ခွင့်ရနေမည်မှာ သေချာသည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၂၅ နှစ်ကျော်ကာလအတွင်း ၀သပ အားမည်သို့ မျှအရေး မယူခဲ့။ မမြင်ခြင်ယောင်ဆောင်နေခဲ့သည်။ ယခု မိမိတို့ ကိုတိုက်သည့် ကိုးကန့် အား ၀သပ က ကူညီမှုများကို တွေ့ လာရသောအခါကျမှသာ စစ်အစိုးရသည် ၀သပ လက်နက်ထုတ်သည့် ကိစ္စကို ထုတ်ဖေါ်လာပါတော့သည်။
သို့ ရာတွင် ကူညီမှုများ ရပ်ဆိုင်းသွားစေရန် ခြိမ်းခြောက်ပြလိုက်သည့် အဆင့်သာရှိပုံရသည်။ ၀သပ အပေါ် အမှန် တကယ် ထိရောက်စွာအရေးယူရဲပုံ မရှိ။ ဥပဒေနှင့် မညီသည့်အပေါ် အရေးမယူရဲ သလို၊ ဥပဒေနှင့် ညီအောင်လုပ် ပေးရန်မှာ လည်း မိမိတို့ ကိုယ်တိုင် တဖြေးဖြေးအာဏာနှင့်ဝေးသွားမည့် လမ်းကြောင်းမျိုးဖြစ်နေသည်။ စစ်အစိုးရ
အနေဖြင့် ၀သပ နှင့် စပ်လျှဉ်း၍ ကိုယ့်ရှုးကိုယ်ပတ်၊ ကိုယ့်အတတ်ကိုယ်စူးနေသည့် ဘ၀မှ ရုန်းထွက်ရန် မလွယ်သေး
ပါ။

ဝသပ သည်လည်း မိမိတို့ အဖွဲ့ အစည်းရပ်တည်ခွင့်ရရေး၊ ဘဏ္ဍာငွေကြေး နှင့် လက်နက်လူသူအင်အား တောင့်တင်းရေးကိုသာ အဓိကထား လုပ်ဆောင်ခဲ့သည်မှာ ၂၅ နှစ်မျှ ကြာခဲ့ပါပြီ။ စစ်အစိုးရနှင့် နားလည်မှုယူပြီး လက် တွေ့ ရထားသည့် အခွင့်အရေးများမှာ စာချုပ်ချုပ်ပြီး တရားဝင်ယူ၍ရသည်ထက်ပင် ၄င်းတို့ အတွက် ပိုမိုအကျိုးရှိ နေ သောကြောင့် အခြားတိုင်းရင်းသားတော်လှန်ရေးအဖွဲ့ အစည်းများနှင့် နိုင်ငံရေးအရ ခိုင်ခိုင်မာမာလက်တွဲရပ်တည် တောင်းဆိုမည့် လမ်းကြောင်းကို ၀သပသည် မည်သည့်အခါကမျှ ရွေးချယ်ခြင်း မပြုခဲ့။ သို့ ဖြစ်၍ တိုင်းရင်းသား ပြည် နယ်များအားလုံး တန်းတူရေး နှင့် ကိုယ်ပိုင်ပြဌာန်းခွင့် စစ်မှန်စွာရရှိသည့် အခြေခံတွင် ပြည်တွင်းငြိမ်းချမ်းမှု တည် ဆောက်ရေးအတွက် ထိရောက်သည့် အားမဖြစ်ခဲ့ပါ။ သို့ ရာတွင် ၀သပ ကိုယ်တိုင် ယခု လမ်းဆုံ လမ်းခွရောက်နေပုံရ
သည်။ မည်သို့ ဆက်လက်လျှောက်လှမ်းမည်ကို စောင့်ကြည့်ရပါမည်။
ဦးအောင်ထူး (လူ့ အခွင့်အရေး ရှေ့ နေ)
ဥပဒေအထောက်အကူပြုကွန်ရက်တည်ထောင်သူ ဖေဖေါ်ဝါရီလ ၂၇ ရက် ၂၀၁၅ ခုနှစ်
Website: legalaidnetwork.org


ပြည်မြို့ လေးထပ်ပြင် စေတီတော် ပွဲတော်ကွင်းတွင်ကျင်းပပြုလုပ်သော ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် အထိမ်းအမှတ် လူထုဟောပြောပွဲတွင်
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှသိန်းဂဏန်းရှိ လူထုပရိတ်သတ်ကို ပြတ်သားရှင်းလင်း
သော ရပ်တည်ချက်များကို ရှင်းလင်း ဟောပြောနေစဉ်
Video.Aye Mya Mya Myo,Ko min thu



စစ်အာဏာသိမ်းလို့ စစ်ဖိနပ်အောက်မှမြန်မာပြည်ကိုကယ်တင်ဖို့
တို့တွေရဲ့လမ်းပြကြယ် ကြောက်ရွံ့ခြင်းကင်းဝေးပြီး သေနတ်ရှေ့ကိုရဲရဲတိုးလို့ ။

မြန်မာပြည်ကိုကယ်တင်ဖို့
ပြည်ထောင်စုအတွက်ဘုရားပေးတဲ့ ‘စု’ပြကွက်ပါ။
(ပြည်မြို့) 01/03/2015
Photo..Original uploader,Myo Gyi

လက်နက် လက်နက်ခြင်း တိုက်ပွဲဖြစ်ပွားတဲ့ လောက်ကိုင်မှာများ ဒီဟာတွေ သွားချထားသလားလို့ ၊ လက်စသတ်တော့ အပ်တိုတစ်ချောင်းတောင် မရှိတဲ့ ကျောင်းသူကျောင်းသားတွေ သွားရာလမ်းခရီးကြောင်းတွေမှာ ချထားတာကိုး။

တော်တော်သတ္တိရှိ၊ တော်တော် တရားတဲ့၊ တော်တော် လူကြီးလူကောင်းဆန်တဲ့၊ တော်တော် ပြည်သူ့ အစိုးရ ပီသတဲ့ သိန်းစိန်တို့ ဘဲ။

ပြည်သူလူထုကြီးတစ်ရပ်လုံး အင်အားတွေ ပြသကြပါစို့ ။

Nik Nayman Fb



ရှမ်းပြည်မြောက်ပိုင်း၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်နယ်မြေတွင် တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ ရက်နှစ်ဆယ်ကျော်လာပြီ ဖြစ်သော်လည်း စစ်ဘေးရှောင်ဒုက္ခသည်များ အဆက်မပြတ်လာရောက် နေဆဲသာဖြစ်ကြောင်း ကူညီလုပ်ကိုင် ပေးနေသူများ ထံမှသိရသည်။

လားရှိုးမြို့၊မန်ဆူကယ်ဆယ်ရေးစခန်းအား ၉.၂.၂၀၁၅မှစတင်ဖွင့်လှစ်ခြင်းဖြစ်ပြီး ၁၂ရက်နေ့မှစကာ ၁၉ရက်နေ့ထိ တစ်ရက်လျှင် စစ်ဘေးရှောင်ဒုက္ခသည်တစ်ထောင်ကျော်နီးပါးအား ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ပေးရကြောင်း၊၂၀ရက်နေ့မှ ယနေ့(၁.၃.၂၀၁၅)ထိလည်း စစ်ဘေးရှောင် ဒုက္ခသည်များ လာရောက်နေဆဲသာဖြစ်သည်ဟု ယင်းကယ်ဆယ်ရေးစခန်းတွင် ကူညီလုပ်ကိုင်ပေးနေသည့် လူမှုရေးအသင်းများအဖွဲ့များထံမှသိရသည်။
“ဒီနေ့ညနေသုံးနာရီလောက်မှာကားကြီးနှစ်စင်းနဲ့ ဒုက္ခသည်အယောက်နှစ်ရာကျော်လာဦးမှာပါ။ မနေ့ကလည်းလာတာပါပဲ၊ကယ်ဆယ်ရေးစခန်းစဖွင့်ကတည်းကနေ ဒီနေ့ထိလူတစ်သောင်းကျော်ရှိပါပြီ”ဟု လားရှိုး၊မန်ဆူဘုန်းကြီးကျောင်းအတွင်းကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ပေးနေသည့် လူမျိုးမရွေး၊ဘာသာမရွေးလူငယ်မွတ်စလင်အသင်းမှ မမီးကပြောသည်။ “ကျွန်မတို့အဖွဲ့က ၂၃ဦးပါတယ်။ တရုတ်ပြည်၊နမ့်ဆန်အတွင်းထဲမှာ ကြံခုတ်နေကြတာ၊အဲဒီဘက်ကအေးချမ်းပေမယ့် တိုက်ပွဲတွေ ဖြစ်နေပြီဆိုတော့ ကြောက်လို့ နမ့်ဆန်ကနေလောက်ကိုင်ထိ ခြေကျင်လျှောက်ပြန်လာကြတယ်။ လောက်ကိုင်မှာတညအိပ်ပြီးမနက်ကျ ချင်းရွှေဟော်ကိုပြန်လာတာ.လုံထန်းမှာ ကိုဝေဠုကျော် ကိုယ်တိုင်လာခေါ်တယ်”ဟု နတ်မောက်ဒေသခံဒေါ်စန်းစန်းက ၂၈.၂.၂၀၁၅နေ့က ပြောသည်။

တရုတ်ပြည်ဘက်တွင် လောက်ကိုင်ဘက်မှ ထွက်ပြေးသည့် စစ်ဘေးရှောင်ဒုက္ခသည် အယောက်သုံးသောင်းကျော်ရှိနေသေးပြီး ပြန်လာရန်အခက်အခဲ ရှိနေသေးသည့်အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်း(ကွမ်းလုံအခြေစိုက်)နှင့် ဒေသခံပရဟိတအဖွဲ့များဖြင့် နေရပ်ပြန်နိုင်ရေးကြိုးစားကူညီပေးလျက်ရှိကြောင်းကွမ်းလုံကြက်ခြေနီအသင်းသားတစ်ဦးကပြောသည်။

တရုတ်နယ်စပ်တွင်ပိတ်မိနေကာ ပြန်လာရန်အခက်အခဲရှိသည့် ဒုက္ခသည်များအား တိုက်ပွဲများ ဖြစ်ပွားနေသည့်လမ်းများမှ ကွင်းရှောင်ကာ တရုတ်ပြည်ထဲဝင်ပြီး သွားရောက်ကယ်ဆယ်ရန်အတွက် မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့ဝင် သရုပ်ဆောင်ဝေဠုကျော်နှင့်အဖွဲ့သားများသက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ချိတ်ဆက်ကြိုးပမ်းလျက်ရှိသည်ကိုလည်း ၂၈.၂.၂၀၁၅နေ့ မနက်ပိုင်းကတွေ့မြင်ခဲ့ရသည်။

တရုတ် မြန်မာနယ်စပ်စစ်ပြေးဒုက္ခသည် စခန်း(BB125)တွင် စစ်ပြေးဒုက္ခသည်များ ထောင်နဲ့ချီ ရှိနေဆဲဖြစ်ပြီးယူနန်ပြည်နယ်အတွင်းရှိမိုက်တိဟော်၊ ဆဟော်၊ ဟော်ဝိုက်စသည့်နေရာများတွင်လည်း စစ်ပြေးဒုက္ခသည်များပြန့်ကျဲလျက်ရှိနေနိုင်သည်ဟု ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် လောက်ကိုင်ဒေသခံဦးမောင်သန်းကပြောသည်။

စိုးကြီး
The Union Daily
https://www.facebook.com/pages/The-Union-Daily

မြန်မာနိုင်ငံတွင် အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပြည်သူ့ဆန္ဒခံယူပွဲ ကို မေလတွင်ပြုလုပ်ရန် စီစဉ်ထားပြိးနောက် ကမ္ဘာပေါ်တွင် နယ်လ် ဆင်မင်ဒဲလ်လားပြီးနောက် အထင်ရှားဆုံး နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့ သည့် ဒေါ်အောင်ဆန်းစုကြည်သည် လာမည့်နှစ် သမ္မတရွေးကောက်ပွဲ တွင် ပါဝင်ရွေးကောက်ခံခွင့် ရနိုင်၊မ ရနိုင်အပေါ် ခန့်မှန်းပြောဆိုမှုများ ပေါ်ပေါက် လာစေသည်။ ဒေါ်အောင် ဆန်းစုကြည် သမ္မတရာထူး အရွေး ခံနိုင်ရန် အဓိက အတားအဆီး နှစ်ခု ရှိနေသည်။

ပထမတစ်ခုမှာ အခြေခံ ဥပဒေတွင် နိုင်ငံခြားသားနှင့်လက် ထပ်ထားသူ (သို့) နိုင်ငံခြား သားသမီး ရှိသူများကို သမ္မတအဖြစ်ရွေးကောက် ခွင့် ပိတ်ပင် ထားသည်။ ဒုတိယအတား အဆီးများ လွတ်လပ် ၂ ရပ်လုံးတွင် အမတ်နေရာ ၄ ပုံ ၁ ပုံကို စစ်တပ်က ရယူထားပြီး သမ္မတရွေးကောက်တင် မြှောက်ရေး တွင် အဓိကနေရာရယူ ထားခြင်းဖြစ်သည်။ အခြေခံဥပဒေပြင် ဆင်ရာတွင် မည်သည့်အချက်များပါ ဝင်မည်ကို တရားဝင်ထုတ်ဖော်ပြော ခြင်း မရှိသေးသော်လည်း ထိုအချက် ၂ ခုကို မပြုပြင်ပါက ဒေါ်အောင်ဆန်းစု ကြည်မှာ သမ္မတဖြစ်လာနိုင်မည် မ ဟုတ်ပေ။

ဆန္ဒခံယူမည့် အခြေခံဥ ပဒေပြင်ဆင်မှုတွင် ထိုအချက် ၂ ခု လုံး ပါဖွယ် မရှိ သဖြင့် စိုးရိမ်မှုများမြင့် တက်လျက်ရှိသည်။ သို့သော် ဒေါ် အောင်ဆန်းစုကြည် က လက်လျှော့ ခြင်းမရှိဘဲ အခြေခံဥပဒေပြင်ဆင်ရေး အတွက် အာဏာပိုင် များကို တွန်း အားပေးလျက်ရှိသည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတ အဖြစ် ရွေးကောက်ခံခွင့်ရှိသည်ဖြစ် စေ၊ မရှိသည်ဖြစ်စေ အခြေခံဥပဒေ ပြင်ဆင်ရန်မှာ အထူးအရေးကြီးသည့် ကိစ္စရပ်ဖြစ်သည်။ မြန်မာနိုင်ငံသည် ပါလီမန် ဒီမိုကရေစီလမ်းကြောင်း ကို ရွေးချယ်လျှောက်လှမ်းလျက်ရှိရာ ယခု အချိန်အထိ ကြမ်းတမ်းသည့် လမ်း ကြောင်းဖြစ်နေသော်လည်း စစ်အုပ် ချုပ်ရေး တစ်ကြော့ပြန်လာရန်မူ အခွင့်အရေးအလွန်နည်းပါးသည်ဟု အဆိုပါ အယ်ဒီတာ့အာဘော်က ဆိုသည်။

နိုင် ငံရေးနယ်ပယ်မှ တဖြည်းဖြည်းချင်း စစ်တပ်ဆုတ်ခွာမှုပြုရန် မှာ မြန်မာနိုင် ငံအတွက် သိမ်မွေ့ရှုပ်ထွေးသည့်ကိစ္စ တစ်ခုဖြစ်သည်။ သို့သော် ထိုကိစ္စ မှာ မြန်မာနိုင်ငံသားများအပြင် တိုင်း ရင်းသားလူမျိုးများနှင့် ပဋိပက္ခများ၏ သက်ရောက်မှုခံနေရသော တရုတ် ကဲ့သို့ အိမ်နီးချင်းများ အတွက်ပါ အ ရေးပါလျက်ရှိသည်။

မြန်မာအစိုးရ နှင့် တိုင်းရင်းသားတပ်ဖွဲ့များ လက် နက်ကိုင် တိုက်ပွဲဝင် ခဲ့ကြသည်မှာ နှစ်ပေါင်း ၆၀ ကျော်ပြီဖြစ်သည်။ ၂ ဦး ၂ ဖက် သဘောတူညီ မည့် ရေ ရှည်တည်တံ့သော နိုင်ငံရေးအခြေခံ ကို ဖန်တီးနိုင်ပါက အငြိုးအတေး ပြဿနာကို ဖြေရှင်းနိုင်မည်မဟုတ် ပေ။ နိုင်ငံရေးနှင့် စီးပွားရေး နယ် ပယ်၌ စစ်တပ် ပါဝင်မှုကို လျှော့ချခြင်း က အစိုးရနှင့် တိုင်းရင်းသား တပ်ဖွဲ့ များကြား ယုံကြည်မှု မြင့်တက်စေ နိုင်မည်ဖြစ်သည်။ ထို့အပြင် စစ်တပ် ပါဝင်မှု မရှိသည့် နိုင်ငံရေးဝန်းကျင် က နိုင်ငံခြား ရင်းနှီးမြှုပ်နှံ မှုများကို ဆွဲဆောင်နိုင်မည်ဖြစ်သည်။ ထိုသို့ ဘုံအကျိုးစီးပွား ရပ်တည်ချက် တည် ဆောက်ရန်မှာ ဒေါ်အောင်ဆန်းစု ကြည်နှင့် NLD ပါတီ မပါဝင်ဘဲမဖြစ် နိုင်ဟု ဆိုသည်။

လက်ရှိ တွေ့မြင်ရသမျှအရ ဒေါ်အောင်ဆန်းစုကြည် ကသာ အမျိုးသားနိုင်ငံရေး ဦး ဆောင်မှုကဏ္ဍကို ခိုင်မာစွာရယူနိုင်မှု ရှိသည်။ အချို့လူနည်းစုများက သီး ခြားအမြင်ရှိနိုင်သော်လည်း မြန်မာ နိုင်ငံ၏ အနာဂတ်နိုင်ငံရေးမြင်ကွင်း တွင် ဒေါ်အောင်ဆန်းစုကြည်မှာ အဓိက အရေးဆုံးဖြစ်သည်။ လာမည့် အစိုးရသစ်တွင် NLD ပါဝင်လာပြီး အမျိုးသား ရင်ကြားစေ့ရေး ဆွေးနွေး ပွဲတွင် ပါဝင်လာပါက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အပေါ် ယုံကြည်မှု တိုးမြင့်လာနိုင်သည်။

နိုင်ငံရေးမှ စစ် တပ်ဆုတ်ခွာရန် အချိန်ယူရမည်ဖြစ် သော်လည်း စစ်တပ်က လက်ရှိအ ခြေအနေကို ဆက်လက်ထိန်းသိမ်း ထားရန်မှာ သင့်တော်မှု မရှိဟု ဆိုသည်။

စစ်တပ်သည် စီးပွားရေးနယ်ပယ်တွင် ကာလကြာမြင့်စွာ ကြီးအုပ် ထားလျက် ရှိသည်။ ထိုအချက်ကို တပ်ကလည်း သိရှိသဖြင့် ဒီမိုကရေစီရေး ပြောင်း လဲမှုဖြစ်စဉ်ကို ထောက် ခံနေခြင်းဖြစ်သည်။ သို့သော် ပြုပြင် ပြောင်းလဲရေး ပိုမို နက်ရှိုင်းလာသည့် အခါ စစ်တပ်မှာ အကျိုးစီးပွားကြီး မားသည့် နယ်ပယ် များတွင် ညှိနှိုင်းမှု များပြုလုပ်ရန် လိုအပ်လာပြီး တင်းမာ သည့်ပြဿနာများဖြစ်ပေါ်လာ နိုင်သည်။

တရုတ်ကဲ့သို့ အိမ်နီးချင်းနိုင်ငံ များအနေဖြင့် မြန်မာနိုင်ငံ ၏ ပြုပြင် ပြောင်းလဲရေးကို ထောက်ခံသင့်ပြီး အခြေခံဥပဒေပြင်ဆင်ရေးကို အဆင့် တစ်ခုအဖြစ် မှတ်ယူရမည်ဖြစ်သည်။ နိုင်ငံရေးတွင် စစ်တပ် ပါဝင် မှု လျှော့ ချရန်မှာ နိုင်ငံအတွက် တည်ငြိမ် သည့်စနစ်တစ်ခု တည်ဆောက် ရန် အခြေခံအချက် တစ်ခုဖြစ်သည်။ မြန် မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲဆဲ ကာလဖြစ်သည့် တရုတ်၏ ရင်းနှီး မြှုပ်နှံမှုများအပေါ် သက်ရောက်မှုရှိ မည်ဖြစ်သည်။ သို့သော် ရေရှည်တွင် တရုတ်နိုင်ငံ က မြန်မာနိုင်ငံ ကို ထောက်ပံ့ သည့်မူဝါကျင့်သုံးနေသရွေ့ အိမ်နီး ချင်းကောင်းရှိခြင်း၏ အကျိုးကို နား လည်သိရှိနေမည်ဖြစ်သည်။

KHTun

ဓါတ်ပုံ - ရိုက်တာ
Ref - Global Times
The Ladies News Journal
https://www.facebook.com/News.TheLadies?fref=photo

ရန်ကုန်ကို ဝင်လာတာနဲ့ နိုင်ငံတော်အေးချမ်းမှုကို ပျက်ပြားစေတယ် ဆိုတော့ ... ညောင်ဦးကမ်းပါး ပြိုတာနဲ့ စမ္ပာနဂိုက နွားမကြီး ပေါင်ကျိုးသလိုတော့ ဖြစ်နေပြီ။
ကျောင်းသားသပိတ်စစ်ကြောင်းက... ရန်ကုန်မြို့သို့ ဦးတည်ချီတက်ဆန္ဒပြပါက အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ရန် ကြိုးပမ်းရာမရောက်ဘဲ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို
ပျက်ပြားစေရန် ဦးတည်ရာရောက်မည်ဖြစ်သောကြောင့်၊ တည်ဆဲဥပဒေများနဲ့အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုတော့ ...

ဒီကျောင်းသားသပိတ်စစ်ကြောင်းကြီးဟာ မနေ့တနေ့ကမှ မိုးပေါ်ကနေ ဘွားကနဲ ပေါ်လာလို့ ပြည်သူလူထုက ကြောက်ရွံ့ထိတ်လန့်တုန်လှုပ်သွားကြတယ် ဆိုရင်တော့ ဟုတ်ကောင်းဟုတ်မှာပါ။

အခုက မိုင်ပေါင်းရာနဲ့ချီခဲ့တဲ့ ကျောင်းသားသပိတ်စစ်ကြောင်း ချီတက်လာခဲ့ရာ လမ်းတလျှောက်မှာတော့ အားလုံးသိကြသလို သပြေပန်းနဲ့ ရေချမ်းနဲ့ ပါပဲ။

ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်တယ်ဆိုရင်လည်း အဓိကအားဖြင့် အသက်အရွယ်ကြီးရင့်သူတို့၊ ရင်ခွင်ပိုက်ကလေးရှိသူတို့က အခုလို သပိတ်စစ်ကြောင်းအနားကို
ယောင်လို့တောင်မှ သီကြမှာမဟုတ်ဘဲ အိမ်ထဲက အိမ်ပြင်ကို ဘယ်ထွက်လာကြမလဲ။

လက်တွေ့ကျကျ သိမြင်နေရတာကတော့ အားလုံးက ကျောင်းသားသပိတ်စစ်ကြောင်းကြီး
ဖြတ်သန်းလာခဲ့ရာ လမ်းကြောင်းက ရပ်ရွာဒေသနဲ့ မြို့ကြီးတိုင်းမှာ ပုံမှန်အခြေအနေကနေ ဘာမှထူးခြားမသွားတာပါပဲ။

လှိုက်လှိုက်လှဲလှဲနဲ့ ဝမ်းပန်းတသာ နွေးထွေးပျူငှါစွာ ထောက်ခံကြိုဆိုခဲ့ကြတာက လွဲရင်ပေါ့၊

အခု ပြည်ထဲရေးက အမိန့်ထုတ်တယ်ဆိုတော့ သာမန်ပြည်သူတယောက်အနေနဲ့ မြင်ရရင် တဖက်သတ်ဆန်တယ်လို့ပဲ မြင်ပါတယ်။

ရန်ကုန်ကို ဝင်လာတာနဲ့ နိုင်ငံတော်အေးချမ်းမှုကို ပျက်ပြားစေတယ် ဆိုတော့ ... ညောင်ဦးကမ်းပါး ပြိုတာနဲ့ စမ္ပာနဂိုက နွားမကြီး ပေါင်ကျိုးသလိုတော့ ဖြစ်နေပြီ။

တည်ငြိမ်အေးချမ်းမှုကို အမှန်တကယ် လိုလားတယ်ဆိုရင် ချီတက်လာကြမယ့် ကျောင်းသားထုအပေါ် အခွင့်အရေးယူကြမယ့် အယောင်ဆောင် အဖျက်သမားတွေ ပေါ်ပေါက်မလာအောင်သာ ပူးပေါင်းကူညီဆောင်ရွက်ပေးသင့်တာပေါ့ဗျာ။

ကျောင်းသားတွေက ဖျက်ဆီးလို့ ....
ကျောင်းသားတွေက ရိုက်နှက်လို့ ...
ကျောင်းသားတွေက သတ်ဖြတ်လို့ ...
တည်ငြိမ်အေးချမ်းမှုကို ထိခိုက်သွားရပါတယ် ဆိုရင် မြန်မာနိုင်ငံဟာ လွတ်လပ်ရေးတောင် မရသေးဘဲ သူ့ကျွန်ဘဝကတောင် တက်ဦးမယ် မထင်ပါဘူး။

သမိုင်းအစဉ်အလာကြီးတဲ့ ကျောင်းသားတွေကို ရင်သွေးငယ်များလို သဘောထားကြစမ်းပါဗျာ။

ZawWin Hlaing..


"တစ်ဖက်ကို အပြီးသတ် ချေမှုန်းနိုင်ရင်တောင် နှလုံးသားကို အောင်မြင်မဟုတ်သည့် အတွက် စေ့စပ်ညှိနှိုင်းနည်းဖြင့် ဖြေရှင်းသင့်ကြောင်း ကာဒီနယ်ချားလ်ဘို က ပြောကြား"

ပဲခူးတိုင်းဒေသကြီးညောင်လေးပင်မြို့နယ်တွင် ဖေဖော်ဝါရီ၂၈ရက်ကပြုလုပ်သည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံး ကာဒီနယ်အဖြစ် ရွေးချယ်ခံရခြင်းအပေါ် ဂုဏ်ပြုသည့်အခမ်းအနားအပြီး မီဒီယာများနှင့်တွေဆုံစဉ် တွင်ပြောခြင်းဖြစ်သည်။

ပြည်တွင်းတွင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် တပ်မတော်ကြား လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခများအား အပြီးသတ်ချေမှုန်းခြင်းမျိုး မလုပ်ဆောင်ဘဲ ညှိနှိုင်း အဖြေရှာသည့် နည်းလမ်းကို လုပ်ဆောင် သင့်ကြောင်း တိုက်တွန်းမိန့်ကြားခြင်းဖြစ်သည်။

ကာဒီနယ် ချားလ်ဘိုက"စစ်ကိုစစ်နဲ့နိုင်အောင်ကြိုးစားနေသမျှ ကာလပတ်လုံး၊ တစ်ဖက်သတ်သားကို အပြီးချေမှုန်းနိုင်ရင်တောင် မှ နှလုံးသားကို ဘယ်တော့မှအောင်နိုင်ဘူး။အခဲမကျေနာကျည်းမူတွေ ကျန်နေလိမ့်မယ်။ပြည်တွင်းမှာဖြစ်နေတာတွေက ညှိနှိုင်းဖြေရှင်းဖို့က အရေးကြီးတယ်"ဟု တိုက်တွန်းမိန့်ကြားခြင်းဖြစ်သည်။

လက်ရှိတွင်ပြည်တွင်းစစ်ပွဲများ ဖြစ်ပွားနေသည့်အတွက် ဒုက္ခခံစားနေ ရသူများ မှာပြည်သူပြည်သားများဖြစ်ပြီး အဓိကခံစားရသူများမှာ အမျိုးသမီး များနှင့်ကလေးများဖြစ်ကြောင်း ယင်းအတွက် ပြည်သူပြည်သားများ ဒုက္ခကိုလျော့ပါးစေရန် ညှိနှိုင်းဖြေရှင်းသင့်ကြောင်းဆိုသည်။

မည်သည့်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ကိုမဆို တပ်မတော်အနေဖြင့် သားသမီးများ မည်မျှဆိုးနေပါစေ အမိအဖဖြစ်သည်ဟု ဆိုကျသည့် အတွက်
က် ငြိမ်းချမ်းရေးလုပ်ဆောင်ရာတွင် ဦးဆောင်ဖြေရှင်းရန်လိုအပ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင်များတောင်းဆိုမှုများအား အဖြေရှာပေးနိုင် မှသာငြိမ်းချမ်းနိုင်မည်ဖြစ်ကြောင်း ထပ်မံဖြည့်စွက်ပြောသည်။

ကာဒီနယ်ချားလ်ဘိုက "တိုင်းရင်းသားတွေတောင်းဆိုတာတွေကို အဖြေပေးနိုင် မှ စစ်ကငြိမ်းချမ်းမှာဖြစ်တယ်။တပ်မတော်က မိဘနေရာ ကနေပြီး ဖြေရှင်းဖို့လိုတယ်။တိုက်ခိုက်ခြင်းအားဖြင့် အဖြေရမှာ မဟုတ်ဘူး။ ပိုရှည်လျားပြီး ဘယ်တော့မှ အပြီးသတ်မှာမဟုတ်ဘူး"ဟု ပြောသည်။

ကာဒီနယ်ချားလ်ဘိုသည် ၂၀၁၅ခုနှစ် ဖေဖော်ဝါရီ ၁၄၊၁၅ရက်တွင် ဗာတီကန်စီးတီးရှိ ပုပ်ရဟန်းမင်းကြီးဖရန်စစ်မှ အခြား ကာဒီနယ် လောင်း ၁၉ ပါးနှင့်အတူတူ မြန်မာနိုင်ငံ၏ ပထမဆုံး ကာဒီနယ်အဖြစ် တင်မြောက် ခံရခြင်းဖြစ်ကြောင်းသိရသည်။

သတင်း - စိုင်းဟန်

The Ladies News Journal
https://www.facebook.com/News.TheLadies?fref=photo


ပြည်ထဲရေးကြေညာချက်အပေါ် ကျောင်းသားတွေရဲ့ သဘောထား

အမျိုးသားပညာရေးဥပဒေပြင်ဆင်ပေးဖို့ တောင်းဆိုနေတဲ့ ကျောင်းသားတွေအနေနဲ့ သပိတ်မရပ်ပဲ ရန်ကုန်ကို ဦးတည်ချီတက်မယ်ဆိုရင် အရေးယူမယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက မနေ့က ကြေညာလိုက်ပါတယ်။
RFA Burmese

အမျိုးသားပညာရေးဥပဒေပြင်ဆင်သည့် ဥပဒေကြမ်းအပေါ် ပညာရေးဝန်ကြီးဌာန၏သဘောထားမှက်ချက်ဆိုပြီး ဝါဒဖြန့် ၄၂ မျက်နှာဖြန့်ဝေစာဟာ ခုရက်ပိုင်းမှာ ပြန့်နှံ့နေပါတယ်။ ဒီစာဟာ ပညာရေးဝန်ကြီးဌာနအနေနဲ့ လေးပွင့်ဆိုင်သဘောတူညီချက်များကို နောက်ကျောကနေ ဓားနဲ့ထိုးတာဖြစ်တဲ့အပြင် လေးပွင့်ဆိုင်ဆွေးနွေးပွဲကို လူကြီးလူကောင်းလို အစိုးရကိုကိုယ်စားပြုပြီးတက်ခဲ့တာမဟုတ်ဘူးလို့လည်း ပညာရေးဝန်ကြီးက အထင်အရှားပြလိုက်တာဖြစ်ပါတယ်။ ပိုပြီးသရဲဘောကြောင်တဲ့လုပ်ရပ်အဖြစ် ပြောနိုင်တာက တက္ကသိုလ်ပေါင်းစုံကို ပညာရေးဝန်ကြီးဌာနက လျှို့ဝှက်ဖြန့်ဝေထားတာဆိုတဲ့အတွက်ပါ။ ဒီလိုအောက်တန်းကျတဲ့အလုပ်တွေကိုလုပ်တဲ့ ပညာရေးဝန်ကြီးဆိုသူနဲ့ အကြံပေးဆိုသူတွေဟာ လေးပွင့်ဆိုင်ဆွေးနွေးပွဲတုန်းက မျက်နှာပေးတွေကိုက ကျောင်းသားတွေအပေါ်မလိုမုန်းထားမှန်း သိသာလွန်းလှပါတယ်။ ဒီမျက်နှာတွေကိုလည်း တီဗီကနေတစ်ဆင့် တစ်နိုင်ငံလုံး မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

ခုလည်း ၄၂ မျက်နှာဖြန့်ဝေစာဟာ His master voice ဆိုတာထက် သခင်အားရ ကျွန်ပါးဝလုပ်ရပ်အဖြစ် မြင်တွေ့ရပါတယ်။ အဲဒီဖြန့်ဝေစာရဲ့နောက်ဆုံးမှာ လိုရင်း ၁၀ ချက်ကိုတွေ့ရတယ်။ အချက် ၆ မှာ "၁၉၂၀ ခုနှစ်၊ ကွန်မြူနစ်အခြေပြုကျောင်းသားသမဂ္ဂများကို ကျောင်းသား/တက္ကသိုလ်များတွင်ပြန်လည်ရှင်သန်ရန် တရားဝင်ရပ်တည်နိုင်ရန် လက်ရှိကျောင်းသားမျာကို လွှမ်းမိုးနိုင်ရန်" ဆိုပြီး ဖော်ပြထားတာတွေ့ရပါတယ်။ ပညာရေးဝန်ကြီးဌာနကထုတ်ပြန်တာဖြစ်ပြီး မြန်မာစာရေးထုံးကိုပင် မလိုက်နာတာတွေ့ရပါတယ်။ ၁၉၂၀ ပြည့်နှစ်လို့ရေးရမှာဖြစ်တယ် ဆယ်စုနှစ်အဆုံးမို့ပါ။ ပညာရေးဝန်ကြီးမို့ဆက်မေးရရင် ၁၉၂၀ မှာ ဗမာပြည်မှာ ကွန်မြူနစ်ပါတီဖွဲ့ပြီးပြီလား။ အခြေခံမြန်မာ့သမိုင်းသင်ရိုးတောင်ကျေရဲ့လားမသိပါ။ ပါမောက္ခချုပ်ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်း ဘွဲ့မရဘဲကျောင်းထွက်သွားရတယ်လို့ ပြောတဲ့သူလိုမျိုးပေါ့။ ၁၉၂၀ ဟာ ရန်ကုန်ယူနီဗာစီအက်ဥပဒေကို မကျေနပ်တဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေ သပိတ်မှောက်တဲ့နှစ်ဖြစ်ပါတယ်။ အဲဒီနောက် အမျိုးသားနေ့ပေါ်ထွန်းလာခဲ့တာဖြစ်ပါတယ်။ ကွန်မြူနစ်ပါတီမရှိသေးသလို ကွန်မြူနစ်နဲ့လည်းဘာမှမဆိုင်ပါ။ စကားဖြစ်ပြီးရော တောရမ်းမယ်ဖွဲ့ လျှောက်ပြောနေတာတွေဖြစ်ပါတယ်။

အခုလည်း မြန်မာနိုင်ငံမှာ သမိုင်းတစ်လျှောက်ဖြစ်ခဲ့တဲ့ ကျောင်းသားသပိတ်မှန်သမျှကို ကွန်မြူနစ်တွေကလုပ်တာလို့ပဲ ဆိုချင်နေပုံရပါတယ်။ ဗမာပြည်မှာ လက်တွေ့အရ ကွန်မြူနစ်ပါတီဟာ ၈၉ ခုနှစ်ကတည်းကမရှိတော့ပါ။ အခုလေ့လာချင်ရင် ပြတိုက်ထဲသွားကြည့်ရမှာဖြစ်ပါတယ်။ ၆၂ ကတည်းက စစ်အစိုးရဟာ ကျောင်းသားသမဂ္ဂတို့ ကွန်မြူနစ်တို့ကို အကြောက်ကြီးကြောက်ခဲ့တာ ခုထိအရှိန်မကုန်သေးတာကို တွေ့နေရသလို၊ သမိုင်းရဲ့ အချက်အလက်အမှားတွေနဲ့ ဝန်ကြီးဌာနတစ်ခုက ဖြန့်ဝေနေတာမျိုးကတော့ ရှက်စရာကောင်းလှသလို ကိုယ့်အရည်အချင်းဟာ ဘာပါလို့လည်းဖော်ပြလိုက်သလိုပါပဲ။

တကယ်က ကိုယ်ပြုတဲ့အမှု ကိုယ့်ထံပြန်ပတ်တာပဲဖြစ်ပါတယ်။ ပညာရေးဥပဒေကို မူကြမ်းစရေးကတည်းက သက်ဆိုင်သူ အများပါဝင်ရေးဆွဲပြီး အတည်ပြုခဲ့ကြမယ်ဆိုရင် ဒီလိုဖြစ်မှာမဟုတ်ဆိုတဲ့ နောင်တလေးတောင်မှ မရနိုင်သေးတဲ့ သူတွေလို့ပဲမြင်နေရပါတယ်။ ခုတော့ ကျောင်းသားသပိတ်စကတည်းက အစိုးရရဲ့ ဆက်တိုက်ဖြစ်ပေါ်နေခဲ့တဲ့၊ မှားယွင်းစွာ ဖြေရှင်းနေခဲ့တဲ့လုပ်ရပ်တွေဟာ တရစပ်နဲ့ ခုထိကိုမရပ်သေးပါဘူး။ လုပ်မှား ကိုင်မှား ပြောမှား ဆိုမှားနဲ့ပါ။ ခုလည်း ပေါက်တက်ကရစကားတွေပြောပြီး ကွန်မြူနစ်ကိုစွပ်စွဲနေပုံတွေကြောင့် တမလွန်က ကွန်မြူနစ်ခေါင်းဆောင်တွေကတော့ စစ်အစိုးရကို ကောင်းချီးပေးနေပါလိမ့်မယ်။ ကွန်မြူနစ်ကျားသေကို အသက်ပြန်သွင်းပေးလို့ပါ။ ကြောက်ကြောက်လန့်လန့်ဖြစ်နေပုံကတော့ "ပြည်သူ့အာဏာ"ဆိုတဲ့စာအုပ်တောင် လိုက်အသိမ်းခံနေရတဲ့အထိပါ။ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ပညာရေးဝန်ကြီးဌာနဆိုတဲ့ ကြာသပတေးနံဝန်ကြီးဌာနနှစ်ခုပေါင်းပြီး ဖြုတ်ဦးနှောက်တွေနဲ့ ပြဿနာကိုင်တွယ်ဖြေရှင်းနေပုံတွေဖြစ်ပါတယ်။ အမေရိကန်အထက်လွှတ်တော်က ၅၀-၅၄ ပတ်ဝန်းကျင်နှစ်များက Senator Joseph MaCarthy ရဲ့ ကွန်မြူနစ်ဝါဒအကြောင်းပြပြီး နိုင်ငံသစ္စာဖောက်လို့စွပ်စွဲပြီးရှင်းပစ်ပုံနဲ့ တဖြည်းဖြည်းတူနေသလားလို့ပါ။ အဲဒီအချိန်တုန်းကတော့ ကွန်မြူနစ်ဝါဒရေချိန်အမြင့်ဆုံးမို့ထားတော့။ ခုခါက ကမ္ဘာပေါ်မှာ ကွန်မြူနစ်ဝါဒတရစပ်ပြိုကွဲပြီး ခေတ်မစားချိန်ကျမှ ဗမာပြည်မှာ စစ်အစိုးရကပြန်ပြီးအသက်သွင်းနေလို့ပါပဲ။
**********************************
လေးစားစွာဖြင့်

Ko Soe Win

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ အေးမြသာယာရပ်ကွက်ရှိ ခရိုင်အားကစားကွင်းမှာ ဖေဖော်ဝါရီ ၂၈ ရက်နေ့က ကျင်းပပြုလုပ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁ဝဝ ပြည့် မွေးနေ့ဂုဏ်ပြုပွဲ အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်းပြောကြားပြီး လူထုသောင်းချီ တက်ရောက်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဟင်္သာတခရီးစဉ် မိန်ခွန်းကောက်နုတ်ချက်တွေကို စုစည်းတင်ပြထားပါတယ်။

တချို့တွေက ကတိပေးတာ သိပ်လွယ်တာပဲ

“ပြည်သူလူထုရဲ့ အင်အားကို မသုံးနိုင်လိုရှိရင် ပြည်သူလူထုရဲ့ အင်အားက ကိုယ့်ဘက်မှာ မရှိလိုရှိရင် နိုင်ငံအတွက် ထိရောက်ပြီးတော့ တန်ဖိုးရှိတဲ့ အလုပ်တွေကို ဘယ်တော့မှ အောင်မြင်အောင် လုပ်ပေးလို့ မရပါဘူး။ ဖေဖေကတော့ ဒီလို ကတိတွေ ပြောခဲပါတယ်။ တချို့တွေကတော့ ကတိပေးတာ သိပ်လွယ်တာပဲ။ ဟိုဟာ လုပ်ပေးမယ်။ ဒီဟာ လုပ်ပေးမယ် လုပ်ပေးလားတော့ မသိဘူး။ ပြည်သူတွေကတော့ အသိဆုံးပဲပေါ့နော်။ နောက်တခုလည်း ကျမ သတိတော့ ပေးရမယ်။ ဘယ်အစိုးရမဆိုပေါ့နော်။ အခု အစိုးရပဲ ဖြစ်ဖြစ်၊ အရင် အစိုးရပဲ ဖြစ်ဖြစ်၊ နောက်တက်မယ့် အစိုးရပဲ ဖြစ်ဖြစ် အစိုးရတွေကနေပြီးတော့ ပြည်သူလူထုကို ဟိုဟာ လုပ်ပေးပါမယ်၊ ဒီဟာ လုပ်ပေးပါမယ် ဒါမှမဟုတ် တို့ ဒါလုပ်ပေးတယ် ပြောလို့ရှိရင် ဒါဘယ်သူပိုက်ဆံနဲ့ လုပ်တာလဲ၊ ပြည်သူ ပိုက်ဆံနဲ့ပဲ လုပ်တယ်ဆိုတာ နားလည်ကြပါ။”

ပြည်သူ့ဘ၀အဆင်ပြေအောင် လုပ်ပေးရမှာ အစိုးရတာဝန်ပဲ

“ပြည်သူလူထုရဲ့ ဘဝတွေ အဆင်ပြေအောင်လို့ လုပ်ပေးရမှာ၊ ဒါဟာ အစိုးရများ၊ အစိုးရဝန်ထမ်းများရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။ အဲဒီတော့ အစိုးရမှာ တာဝန်ရှိတယ်ဆိုတာလဲ ပြည်သူက ပေးထားလို့ ယူတဲ့ တာဝန်ပဲ ဖြစ်ရမယ်။ ဒါကြောင့် ဖေဖေက ဒီမိုကရေစီ ကို ယုံကြည်တယ်။ ဒီမိုကရေစီသာလျှင် လွတ်လပ်တဲ့ နိုင်ငံ နဲ့ ဆီလျော်တယ်ဆိုတာ ဒီမိုကရေစီရှိမှ ပြည်သူတွေက လွတ်လပ်မှာ။ ပြည်သူတွေက မလွတ်လပ်ဘဲနဲ့ နိုင်ငံက လွတ်လပ်တယ်ဆိုလို့ရှိရင် ဒါက စစ်မှန်တဲ့ လွတ်လပ်ရေး မဟုတ်ဘူး။ ဒီအတိုင်းပဲ ဖေဖေ က မြင်ခဲ့ပါတယ်။ ကျမတို့လည်း ဒီအတိုင်းပဲ မြင်ခဲ့ပါတယ်။ ဒါကြောင့် ဒီမိုကရေစီရရှိဖို့ လုပ်တယ်ဆိုတာဟာ ပြည်သူတွေရဲ့ လွတ်လပ်ခွင့်တွေ၊ လုပ်ပိုင်ခွင့်တွေ အပြည့်အဝ ရဖို့ လုပ်ဆောင်တာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလိုလုပ်တဲ့ နေရာမှာ ပြည်သူတွေကလည်း တာဝန်သိသိ တာဝန်ရှိရှိနဲ့ လုပ်ဖို့ လိုပါတယ်။”

ပစ္စုပ္ပန်မှာ လုပ်သင်တာမလုပ်မိလို့ အများကြီး ဆုံးရှုံးမှု ရနိုင်တယ်

“ပစ္စုပ္ပန်ကို မမြင်ဘဲနဲ့ ဟိုးအနာဂတ်ကိုပဲ မျှော်နေလို့ ရှိရင် ပစ္စုပ္ပန်မှာ လုပ်သင့် လုပ်ထိုက်တာတွေကို မလုပ်မိလို့ အခွင့်အရေးတွေ၊ အကျိုးတွေ အများကြီး ဆုံးရှုံးမှုရနိုင်ပါတယ်။ ကျမတို့ပြည်သူများဟာ ဆင်ဆင်ခြင်ခြင် ၀ီရိယရှိရှိနဲ့ ဒီနိုင်ငံတိုးတက်ရေးအတွက် ဆက်ပြီးတော့ လုပ်သွားကြပါ။ ကျမ ယုံကြည်တယ်။ ဟင်္သာတမြို့သူ မြို့သားများဟာ ကျမတို့နိုင်ငံရဲ့ ရေရှည်ကောင်းကျိုးအတွက် အများကြီး ပံ့ပိုးနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟင်္သာတဟာဆိုရင် ပြည်သူတွေ ကြားမှာ ညီညွတ်မှုရှိတယ်။ လူမျိုးစုံ၊ ဘာသာပေါင်းစုံ အားလုံး အေးအေးချမ်းချမ်း နေနိုင်တယ်။ ဒါဟာ ကျမတို့နိုင်ငံအတွက် ကောင်းတဲ့ လက္ခဏာပဲ။ နောက်ပြီးတော့ စောစောကကျမပြောသလိုပေါ့။ ဟင်္သာတက မြို့သူမြို့သားတွေက သံပြိုင်ဆိုတာတောင်မှ ညီညီညာညာ ဆိုနိုင်တယ်။ အဲဒီလိုဆိုရင် အလုပ်လုပ်တဲ့အခါမှာလည်း ညီညီညာညာနဲ့ လုပ်နိုင်မယ်လို့ ကျမအနေနဲ့ မျှော်လင့်ပါတယ်။”

ဒီမိုကရေစီ ရှိလား၊ မရှိဘူးလား ပြည်သူကပဲ ဆုံးဖြတ်ချက်ပေးနိုင်တယ်

“နိုင်ငံတနိုင်ငံမှာ ဒီမိုကရေစီ ရှိလား မရှိဘူးလားဆိုတာကို ဘယ်သူတွေက ဆုံးဖြတ်ချက်ပေးနိုင်လဲ ဆိုတော့ ပြည်သူတွေကပဲ ဆုံးဖြတ်ချက်ပေးနိုင်တယ်။ ကိုယ့်ရဲ့ နိုင်ငံမှာ ကိုယ့်ရဲ့ အခွင့်အရေးတွေကို တကယ်ပဲ ပြည့်ပြည့်၀၀ အကာအကွယ်ပေးထားသလား။ လူတိုင်းလူတိုင်းဟာ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ရနေသလား၊ လူတိုင်းလူတိုင်းဟာ ကိုယ့်နိုင်ငံအတွက် ကိုယ်လုပ်ပေးချင်တဲ့ အတိုင်းအတာအထိ ဥပဒေဘောင်းအတွင်းကနေပြီး လုပ်ပေးပိုင်ခွင့် ရှိရဲ့လား ဆိုတာဟာ ပြည်သူတွေကပဲ စဉ်းစားပြီး ဆုံးဖြတ်ရမှာ ဖြစ်တယ်။”


ရန်ကုန်မြို့တွင်း အိမ်ငှားခဈေးနှုန်းများ မြင့်တက်လာ၊ အိမ်ငှားအများစု အခက်အခဲများဖြင့် ကြုံတွေ့နေရကာ မြို့ ပြင်သို့ ပြောင်းရွှေ့



တပ်မတော်မှ စစ်သားစုဆောင်း (ပေါ်တာဆွဲ) မှုများ ပြုလုပ်နေဟု ဖေ့စ်ဘွတ်ခ်တွင် သတင်းများ ပျံ့နှံ့ခဲ့သည်ကို တွေ့ရစဉ်
နိုင်ငံအတွင်း၌ လူငယ်များအား တပ်မတော်မှ စစ်သားစုဆောင်းမှု (ပေါ်တာဆွဲ)များ ပြုလုပ်နေသည်ဟု သတင်းများထွက်ပေါ်နေပြီး လူမှုကွန်ရက် စာမျက်နှာအချို့တွင်လည်း အဆိုပါသတင်းနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် ရေးသားမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

တပ်မတော်မှ လူငယ်များအား ပေါ်တာဆွဲသည်ဆိုသည့်သတင်းမှာ ဖေဖော်ဝါရီ ဒုတိယအပတ်မှ စတင်ကာ ပြည်တွင်းရှိ တိုင်းဒေသကြီးအချို့တွင် သတင်းများ ထွက်ပေါ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

“ကျွန်တော်တို့ရပ်ကွက်မှာ ပေါ်တာဆွဲတယ်ဆိုတဲ့သတင်းတွေ ထွက်ပြီးကတည်းက ညဥ့်နက်ပိုင်းတွေဆို လက်ဖက်ရည်ဆိုင်မှာ ဘောလုံးပွဲ ထွက်ကြည့်တဲ့သူတွေ နည်းလာတယ်။ ကျွန်တော့်အိမ်က မိဘတွေကလည်း ညဘက်အပြင်ထွက်ရင် သတိထားသွားလာဖို့ မှာထားတယ်”ဟု ဒဂုံအရှေ့မြို့နယ်နေ ဒဂုံတက္ကသိုလ် ပထမနှစ်ကျောင်းသား ကိုမင်းဇော်က ပြောကြားသည်။

အလားတူ တောင်ဒဂုံမြို့နယ်နေ ကိုသန်းထိုက်ကလည်း “ရပ်ကွက်ထဲမှာ ပေါ်တာဆွဲခံရတယ်ဆိုတဲ့သတင်းကို လူပြောများနေတယ်။ ကျွန်တော်တို့မြို့နယ်က လက်လုပ်လက်စား အလုပ်သမားများတော့ ညဘက်အချိန်ပို ဆင်းရတာတွေ ရှိတယ်။
တကယ်လို့ ပေါ်တာဆွဲတယ်ဆိုတာ သေချာရင် ညဘက်တွေဆို ဘယ်သူမှ အပြင်ထွက်မှာ မဟုတ်တော့ဘူး။ ဒါပေမဲ့ အခုတော့ ပုံမှန်အတိုင်း သွားလာနေကြတာပဲ။ ပေါ်တာဆွဲတယ်လို့ သတင်းတွေသာကြားတာ လူပျောက်တာတို့ ဘာတို့ကျတော့ မကြားမိပါဘူး”ဟု ပြောကြားသည်။

ထိုကဲ့သို့ သတင်းများထွက်ပေါ်မှုမှာ မဟုတ်မမှန်ကြောင်းနှင့် ကောလာဟလသတင်းများဖြစ်ကြောင်း သက်ဆိုင်ရာ တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ အဆင့်မြင့်ရဲအရာရှိများက ပြောကြားခဲ့ပြီး ပဲခူးတိုင်းအတွင်း၌လည်း ပေါ်တာဆွဲနေသည်ဟု အော်ဟစ်ပြောဆိုခဲ့သည့် လူအချို့ကို အရေးယူထားရကြောင်း ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းစိန်ထံမှ သိရသည်။

ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းစိန်က “ပဲခူးတိုင်းထဲမှာ ဒီလိုဖြစ်စဉ်တွေ မရှိဘူး။ ပြီးခဲ့တဲ့ရက်ပိုင်းက မူးပြီးတော့ လမ်းလျှောက်ပြီး ပေါ်တာဆွဲတယ်လို့ အော်ဟစ်ပြောနေတဲ့ လူတချို့နဲ့ လှည့်ကင်း ပတ်ကင်းလုပ်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေ သွားတွေ့တော့ သေချာစစ်ဆေးမေးမြန်းတဲ့အခါ မဟုတ်ဘဲနဲ့ အော်ဟစ်ပြောဆိုတဲ့အတွက် အရေးယူထားတဲ့ ဖြစ်စဉ်တွေရှိပါတယ်” ဟု ပြောကြားသည်။

တောင်ဒဂုံမြို့မရဲစခန်းမှ စခန်းမှူးဖြစ်သူ ဒုရဲမှူးမောင်မောင်ဦးက “ခွင့်ယူပြီး ခွင့်ရက်ပြည့်တဲ့ စစ်သားတွေ တပ်ကိုပြန်မလာရင် လာခေါ်တာတွေ၊ စစ်တပ်ပိုင်းဆိုင်ရာ အရေးကြီးကိစ္စရှိလို့ ခွင့်ရက်မပြည့်ခင် လာခေါ်တာလို့ ကျွန်တော်ကြားမိတယ်။ အဲဒါကို ပြည်သူတွေက ပေါ်တာဆွဲတယ်ဆိုပြီး ထင်နေကြတာဖြစ်လိမ့်မယ်။ ကျွန်တော်တို့ စခန်းမှာတော့ လူပျောက်တိုင်တန်းထားတာ မရှိပါဘူး။ ပြည်သူတွေအနေနဲ့ မစိုးရိမ်ကြဖို့၊ ဒီသတင်းက ကောလဟလသာ ဖြစ်ပါတယ်။ အရင်တုန်းကလည်း ဒီလိုသတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်” ဟု ပြောကြားခဲ့ပါသည်။

ယင်းသို့ စစ်သားစုဆောင်မှုများ ပြုလုပ်နေသည့် သတင်းများထွက်ပေါ်နေမှုနှင့် ပတ်သက်၍ မြောက်ဒဂုံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး လှသန်းအား ဆက်သွယ်မေးမြန်းရာ သတင်းမှာ မဟုတ်မှန်ကြောင်းနှင့် ရဲတပ်ဖွဲ့အနေဖြင့် ညတိုင်း လှည့်ကင်းပတ်ကင်းများဖြင့် ဆောင်ရွက်နေကြောင်း လူပျောက်တိုင်တန်းမှုများလည်း မရှိကြောင်း ပြောကြားခဲ့သည်။

နေပြည်တော် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကိုကိုအောင်က “ဒီသတင်း မဟုတ်ပါဘူး။ လုံးဝမှားပါတယ်။ ကောလာဟလပဲ ဖြစ်တယ်။ ဒီခေတ်ဒီကာလမှာ အဲလိုလုပ်စရာလည်း မလိုပါဘူး။ တချို့ကတော့ စိုးရိမ်စိတ်တွေကြီးတာ တချို့ကတော့ သတင်းကို လုပ်ကြံပြီးဖွတာ။ လောင်းကစားအမှုတို့ အခြား ဒုစရိုက်ကျူးလွန်တဲ့သူတွေကို ဝင်ဖမ်းတဲ့အခါကျရင် ထွက်ပြေးတာတွေကိုလည်း မဟုတ်တမ်းတရမ်းတွေ ပြောနေတာတွေရှိတယ်”ဟု ဖေဖော်ဝါရီ ၂၇ ရက်က ဆိုသည်။

အဆိုပါ ပေါ်တာဆွဲသည့်သတင်းများနှင့် ပတ်သက်၍ ယခုလက်ရှိဖြစ်ပွားနေသည့် လောက်ကိုင်စစ်ပွဲတွင် တပ်မတော်မှ ကျဆုံးသွားသည့် စစ်သားများရှိသည့်အတွက် ယခုကဲ့သို့ ပေါ်တာဆွဲမှုများ ပြုလုပ်နိုင်ကြောင်း ယင်းသတင်းများ ထွက်ပေါ်သည့် ရပ်ကွက်နေသူများက သုံးသပ်ကြသည်။

Writer:
ဝင်းမြင့်ကျော်၊ မင်းသိန်းနိုင်၊ ရှိုင်းလင်းအောင်
Eleven media group

"အစိုးရတွေကနေပြီးတော့ ပြည်သူလူထုကို ဟိုဟာ လုပ်ပေးပါမယ်၊ ဒီဟာ လုပ်ပေးပါမယ် ဒါမှမဟုတ် တို့ ဒါလုပ်ပေးတယ် ပြောလို့ရှိရင် ဒါဘယ်သူ့ ပိုက်ဆံနဲ့ လုပ်တာလဲ၊ ပြည်သူ ပိုက်ဆံနဲ့ပဲ လုပ်တယ်ဆိုတာ နားလည်ကြပါ"လို့ ဒေါ်အောင်ဆန်းစုကြည်က ဟင်္သာတမြို့ ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁ဝဝ)ပြည့် မွေးနေ့ဂုဏ်ပြုပွဲ အခမ်းအနားတွင် ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီ ၂၈ရက်နေ့ ဧရာဝတီတိုင်း ဟင်္သာတမြို့ အေးမြသာယာရပ်ကွက်ရှိ ခရိုင်ပြည်သူ့အားကစားကွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကျင်းပပြုလုပ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁ဝဝ)ပြည့် မွေးနေ့ဂုဏ်ပြုပွဲ အခမ်းအနားမှာ ပြောကြားသွားတာပါ။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က "ဒီမိုကရေစီရရှိဖို့ လုပ်တယ်ဆိုတာဟာ ပြည်သူတွေရဲ့ လွတ်လပ်ခွင့်တွေ၊ လုပ်ပိုင်ခွင့်တွေ အပြည့်အဝ ရဖို့ လုပ်ဆောင်တာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလိုလုပ်တဲ့ နေရာမှာ ပြည်သူတွေကလည်း တာဝန်သိသိ တာဝန်ရှိရှိနဲ့ လုပ်ဖို့ လိုပါတယ်" လို့ ပြည်သူလူထုကို မှာကြားခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကျင်းပပြုလုပ်သွားတဲ့ ဟင်္သာတမြို့ ဗိုလ်ချုပ် အောင်ဆန်း နှစ်(၁ဝဝ)ပြည့် မွေးနေ့ဂုဏ်ပြုပွဲကို ဒေသခံအင်အား နှစ်သောင်း ဝန်းကျင် တက်ရောက်ခဲ့ကြပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဟင်္သာတမြို့ရှိ AZ တည်းခိုခန်းမှာ တညတာ တည်းခိုပြီး မြို့မိမြို့ဖတွေနဲ့ တွေ့ဆုံကာ နောက်နေ့မတ်လ(၁)ရက် မနက်ကျရင် ဟင်္သာတခရိုင်နဲ့ မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်များနှင့် တွေ့ဆုံပြီး ပြည်မြို့ကို ဆက်လက် ထွက်ခွာမှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲ မတိုင်မှီကာလ ဧရာဝတီတိုင်းအတွင်း လူထုစည်းရုံးရေး ခရီးစဉ်မှာ ဟင်္သာတမြို့ကို လာရောက်ခဲ့ဖူးပြီး အခု ဒုတိယအကြိမ်မြောက် လာရောက်ခြင်း ဖြစ်ပါတယ်။
.
Credit : DVB

"နိုင်ငံတစ်နိုင်ငံ မှာ ဒီမိုကရေစီ ရှိလား မရှိဘူးလားဆိုတာ ပြည်သူတွေကပဲ ဆုံးဖြတ်ချက်ပေးနိုင်တယ်"
**********************************************************************
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဟင်္သာတမြို့ ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁ဝဝ)ပြည့် မွေးနေ့ဂုဏ်ပြုပွဲကို တက်ရောက်ဖို့ ခရီးစဉ်မှာ ဧရာဝတီတိုင်း ဇလွန်မြို့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နေ့လယ် (၂)နာရီခန့်က ရောက်ရှိခဲ့ပြီး ဇလွန်မြို့ရှိ ဗိုလ်မြတ်ထွန်းလမ်းမကြီး မြတ်သုခ ပွဲရုံနေအိမ်မှာ ခေတ္တရပ်နားတုန်း ဇလွန်လူထုနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ရိုက်ကူး - ပြည့်ဖြိုး (icj)
.
Credit : DVB

အားလုံးသိကြပြီဖြစ်တဲ့အတိုင်း ခုဆိုရင် ရှမ်းပြည်နယ် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ မှာ စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်လိုက်တဲ့ အဆင့် ရောက်သွားပါပြီ။ တိုက်ပွဲတွေကတော့ ဆက်ပြီးဖြစ်ပွားနေဆဲပါ။ တိုက်ပွဲတွေကြောင့် ထွက်ပြေးပြီး မြန်မာပြည် အတွင်းပိုင်း ပြန်လာသူ ရှစ်ထောင်လောက်နဲ့ နယ်စပ်ဖြတ် တရုတ်နိုင်ငံဘက် ထွက်ပြေးခိုလှုံသူ တစ်သိန်းနီးပါး ရှိလာပြီလို့ သိရပါတယ်။ လက်ရှိ ကိုးကန့်တိုက်ပွဲ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ထူးခြားချက်တစ်ခုကတော့ တိုက်ပွဲ စတင်ကာစ အစိုးရ တပ်မတော်ဘက်က အထိအခိုက် အကျအဆုံး အလွန်များခဲ့တာမို့ အဲဒါကို အကြောင်းပြုပြီး တပ်မတော်ကို ငွေကြေး ရုပ်ဝတ္တုပစ္စည်း လှူဒါန်းတာတွေ၊ တပ်မတော်ကို ထောက်ခံကြောင်း သဘောထားကြေငြာချက် ထုတ်ပြန်တာတွေ တွေ့လာရပါတယ်။ လက်ရှိ လက်နက်ကိုင် တိုက်ပွဲ ပဋိပက္ခ ပြသနာတွေအတွင်း နိုင်ငံတော်အချုပ်အခြာ အာဏာကို ထိပါးနေပြီဆိုတဲ့ အယူအဆနဲ့ ၀ါဒဖြန့်ပြောဆိုမှုတွေကြောင့် ရေရှည်ငြိမ်းချမ်းရေးအတွက်ဘယ်လိုအကျိုးသက်ရောက်သွားနိုင်မလဲ ဆိုတာ ဒီတစ်ပါတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

လက်ရှိ ကိုးကန့် တိုက်ပွဲ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အစိုးရနဲ့ တပ်မတော်ဘက်က ပုံဖော်တာကတော့ အချုပ်အခြာ အာဏာ ထိပါးခံရတယ် လို့ အဓိပ္ပါယ် ဖွင့်ဆိုပါတယ်။ သတင်းထုတ်ပြန်ချက်တွေမှာ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆိုတာ ပြည်ထောင်စု မြန်မာနိုင်ငံရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တယ်၊ ဒီ အစိတ်အပိုင်းတစ်ခုကို သူပုန်တပ်ဖွဲ့တွေက ၀င်ရောက်တိုက်ခိုက်တယ် ဆိုတာဟာ အချုပ်အခြာ အာဏာကို ထိပါးတာဖြစ်တယ်ဆိုပြီး စွတ်စွဲတာ ဖြစ်ပါတယ်။ ဒါနဲ့ပါတ်သက်ပြီး အနီးဆုံး ဖြစ်စဉ်တစ်ခုကြည့်ရင် နယ်ခြားစောင့်တပ် ဖွဲ့တာကို လက်မခံတဲ့ တပ်မှူး စောလားပွယ်ခေါ် ဗိုလ်နှုတ်ခမ်းမွေး ဦးဆောင်တဲ့ တပ်ဖွဲ့ဟာ အစိုးရ ရုံးစိုက်ရာ နယ်စပ် မြ၀တီမြို့ကို ၀င်ရောက်တိုက်ခိုက်တဲ့ ဖြစ်စဉ် တစ်ခု ပေါ်ပေါက်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲဒါကို အစိုးရဘက်က အချုပ်အခြာအာဏာကို ထိပါးတာ ဆိုပြီး ပုံဖော်တာမျိုးတော့ မကြားမသိခဲ့ရပါဘူး။

တကယ်တော့ အပစ်အခတ် ရပ်စဲမထားတဲ့ အစိုးရအဖွဲ့နဲ့ သူပုန် အဖွဲ့ဆိုတာဟာ ကိုယ်က သူ့နယ်မြေ သူ့စခန်း ၀င်တိုက်၊ သူကလည်း ကိုယ့်နယ်မြေ ကိုယ့်စခန်း ၀င်တိုက် တစ်ဖက်ကို တစ်ဖက် လက်ဦးအောင် တိုက်ခိုက်နေကြတဲ့ ဖြစ်စဉ်ပါ။ သိပ် အထူးအဆန်းကြီးတော့ မဟုတ်ပါဘူး။ ကိုယ့်နယ်မြေ သူများလက် ပါမသွားအောင် ခုခံကာကွယ်ရတာဟာ တပ်မတော်ဘက်ကရော၊ သူပုန်အဖွဲ့ဘက်ကပါ ကြိုးစားကြရတာပါ။ အခု ကိုးကန့်ဖြစ်စဉ်မှာတော့ တပ်မတော်ဘက် အထိအခိုက် အကျအဆုံး အလွန်များတာ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေ တစ်ခုလုံး တည်ငြိမ်မှု ပျက်ပြားသွားတာကို အကြောင်းပြုပြီး အချုပ်အခြာ အာဏာ ထိပါးတယ် လို့ အဓိပ္ပါယ် ဖွင့်လိုက်ပုံရပါတယ်။ ဒါကြောင့်လည်း သူဌေးကြီးတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ၊ အနုပညာရှင်တွေက တပ်မတော်ကို ငွေကြေးနဲ့ ရုပ်ဝတ္တုတွေ လှူဒါန်းကြ၊ အမျိုးဘာသာ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေး လို အဖွဲ့နဲ့ အဖွဲ့အစည်းတစ်ချို့က တပ်မတော်ကို ထောက်ခံကြောင်း ကြေငြာချက်တွေ ထုတ်ကြတာ ဖြစ်ပါတယ်။

အခု တိုက်ပွဲဖြစ်စဉ်နဲ့ ပါတ်သက်ပြီး စဉ်းစားရမှာ နှစ်ချက်ရှိပါတယ်။ ပြည်ပ ကျူးကျော်မှုလား၊ ပြည်တွင်းစစ်လား ဆိုတာပါ။ အခုရက်ပိုင်းအတွင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ပြည်တွင်း မီဒီယာ (၆) ခုနဲ့ အင်တာဗျူး လုပ်ထားပြီး အခု ကိုးကန့်တိုက်ပွဲ ပြသနာတွေကိုလည်း ဖြေကြားထားပါတယ်။ သူ့ဖြေကြားချက်တွေထဲမှာ အိမ်နီးချင်း တရုတ်နိုင်ငံ တနည်းအားဖြင့် ပြည်ပ ကျူးကျော်ရန်စမှု၊ တရုတ်အစိုးရရဲ့ အားပေးကူညီမှု ပါတယ်လို့ တစ်ခွန်းတစ်ပါဒမှ ပြောမထားပါဘူး။ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေကိုယ်တိုင် အခုကိစ္စ တရုတ်နိုင်ငံ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်လို့ ဆိုထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် ဒီ ပြသနာကို ပြည်ပ ကျူးကျော်မှုပြသနာ သို့မဟုတ် ၀င်ရောက်စွက်ဖက်မှု ပြသနာ၊ အချုပ်အခြာ အာဏာ ပြသနာအဖြစ် ပုံဖော်တာ မှန်ကန်မှု မရှိပါဘူး။

နောက်တစ်ချက် ဒီ ကိုးကန့်တပ်ဖွဲ့ MNDAA ဟာ လက်နက်ကိုင် တိုင်းရင်းသားတွေ စုပေါင်းထားတဲ့ UNFC ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ အဖွဲ့ဝင် ဖြစ်တဲ့အပြင် သူတို့နဲ့အတူ အခြား တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေလည်း ကူညီ တိုက်ပွဲဝင်နေတယ်လို့ ဆိုပါတယ်။ အစိုးရနဲ့ အပစ်ရပ်ရေး ဆွေးနွေးရာမှာ ပါတဲ့ တအောင်းပလောင် တပ်ဖွဲ့နဲ့ ရခိုင်တိုင်းရင်းသား လက်နက်ကိုင် AA အဖွဲ့ပါတယ်ဆိုတာ အဲဒီ တပ်ဖွဲ့ တာဝန်ရှိသူတွေကိုယ်တိုင်က မှန်ကန်တယ် ဆိုပြီး အတည်ပြုထားပြီ ဖြစ်ပါတယ်။ ကေအိုင်အေ နဲ့ မြောက်ပိုင်း ရှမ်းပြည်တပ်မတော်ကတော့ သူတို့မပါဘူးလို့ ငြင်းဆိုထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီဖြစ်စဉ်ဟာ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် သူပုန်အုပ်စုတွေရဲ့ တိုက်ပွဲဖြစ်ပြီး ပြည်တွင်းစစ် အစိတ်အပိုင်း တစ်ခုပဲဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန် အစိုးရဟာ တက်လာကတည်းက ပြည်တွင်းစစ် ပြသနာကို အပစ်ရပ်ရေး၊ နိုင်ငံရေးအရ ဆွေးနွေး အဖြေရှာရေး နည်းလမ်းနဲ့ ငြိမ်းချမ်းရေး တည်ဆောက်သွားမယ် ဆိုပြီး ပြောဆို အကောင်အထည် ဖော်နေပါတယ်။ ဒီနေရာမှာ မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ ဗမာအပါအ၀င် တိုင်းရင်းသား ညီအကို မောင်နှစ်မတွေအားလုံးဟာ စစ်ပွဲကို မဟုတ်ပဲ ငြိမ်းချမ်းရေးကို အားပေးအားမြှောက် ပြုသင့်ပါတယ်။ လက်ရှိ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ တိုက်ပွဲမှာ တပ်မတော်ဘက်က အကျအဆုံး အထိအခိုက် များတာကို အကြောင်းပြုပြီး နိုင်ငံတော်အချုပ်အခြာ အာဏာကို ထိပါးတာဖြစ်တယ်ဆိုတဲ့ စွတ်စွဲချက်ကိုပါအသားပေးဝါဒဖြန့်လာကြယင် အမုန်းတရားတွေ ပိုပွား၊ ပြည်တွင်းစစ်မီးကြီး ပိုတောက်လောင်လာဖို့ပဲ ရှိပါတယ်။

အားလုံးမှတ်မိကြပါဦးမယ်။ သိပ်မကြာသေးခင် ကာလ တုန်းက တပ်မတော်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ကေအိုင်အို လိုင်ဇာ စခန်းက တိုင်းရင်းသားဗိုလ်လောင်း ၂၀ ကျော် တစ်ပြိုင်နက်တည်း အသက်ဆုံးရှုံးခဲ့ရတဲ့ ဖြစ်စဉ် ရှိခဲ့ဖူးပါတယ်။ အဲဒီ ဖြစ်စဉ်ကြောင့်ဆိုပြီး ကချင်တွေ၊ ရခိုင်တွေ၊ ပလောင်တွေက KIA တို့ AA တို့ TNLA တို့ကို အားပေး ကူညီ ထောက်ခံခဲ့မယ်ဆိုရင် ပဋိပက္ခတွေ ဘယ်တော့မှ ပြီးဆုံးတော့မှာ မဟုတ်ပါဘူး။

မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ဆိုတာ လွတ်လပ်ရေးနဲ့ အတူ ပေါက်ဖွားလာတာ ဖြစ်ပါတယ်။ ပြည်တွင်းစစ် ရှည်ကြာလာတာနဲ့ အမျှ တိုင်းပြည်လည်းနစ်နာ၊ ပြည်သူတွေလည်း အတိဒုက္ခရောက်ခဲ့ရပါတယ်။ တစ်ဖက်မှာ ဗမာစစ်ဘုရင်တွေ ပေါ်ပေါက်ခဲ့သလို တိုင်းရင်းသား စစ်ဘုရင်တွေလည်း ပေါ်ပေါက်လာ၊ ပြည်တွင်းစစ် ရှည်သထက် ရှည်ကြာနေရတာ ဖြစ်ပါတယ်။ ဗမာ အပါအ၀င် တိုင်းရင်းသား ညီအစ်အစ်ကို မောင်နှစ်မတစ်တွေဟာ ကိုယ့်ညီအစ်ကို အချင်းချင်း သတ်ဖြတ်နေကြတဲ့ ဒီ စစ်ပွဲမှာ စစ်ပွဲရှည်ကြာစေမယ့် ဘယ် ဘက်တစ်ဖက်ဖက်ကမှ ရပ်တည်အားပေးတာမျိုး မလုပ်သင့်ပဲ ငြိမ်းချမ်းရေး ကိုသာ တစိုက်မတ်မတ် တောင်းဆိုသင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

VOA
http://burmese.voanews.com/content/news-analysis-sithu-aungmyint-kokang-myanmar-fighting/2654528.html

ငါတို့ ဆက်ချီတက်မှဖြစ်မယ် ကျော်ကိုကို။

မိန်းမလျာဆန်ဆန် တန်ပြန်ဆန္ဒပြနေတဲ့
အောက်တန်းစားအစိုးရနောက်လိုက်ခွေးတွေ
အဟောင်ရပ်သွားအောင်
ငါတို့ ဆက်ချီတက်မှဖြစ်မယ် ကျော်ကိုကို။

အစိုးရကိုယ်တိုင်က မိန်းမလျာအစိုးရမို့ 
အစိုးရနောက်လိုက်ခွေးတွေလည်း ခွေးမလျာတွေပဲပေါ့ 
အဲဒီ ခွေးမလျာ ခွေးမသာတွေ အဟောင်ရပ်သွားအောင်
ငါတို့ ဆက်ချီတက်မှဖြစ်မယ် ကျော်ကိုကို။

ဗမာပြည်မှာ နာဇီတွေကများ
ဗမာပြည် သပိတ်ပွဲစားတွေကမရှား
ဝီတဂူ ကနေ အခုနောက်ဆုံး ခိုင်မောင်ရည် အထိဗျား
ပွဲစားတန်းမှာ ရဲများမဖမ်း ကျွဲရမ်းနွားရမ်း ရမ်းနေသတဲ့
ငါတို့ ဆက်ချီတက်မှဖြစ်မယ် ကျော်ကိုကို။

ဗျောက်ကိုင်တွေ မျောက်မှိုင်မှိုင်နေတဲ့ လောက်ကိုင်ကို
သောက်နိုင်စားနိုင် အစိုးရဒေါက်တိုင်တွေ သွားနိုင်သလို
မိတ်ဆုံ သပိတ်စုံ သူပုန်ထမယ့်
တို့ရဲ့ဒဂုံညတွေဆီ စုန်ကြဖို့ 
ငါတို့ ဆက်ချီတက်မှဖြစ်မယ်ကျော်ကိုကို။

လှေနံဓားထစ် စစ်ကျွန် တက္ကသိုလ်ပါမောက္ခချုပ်၊ ပါမောက္ခများ
လှေနံနှစ်ဖက်နင်း စစ်ကျွန် တက္ကသိုလ်ဆရာ၊ ဆရာမများ
ခြံစည်းရိုးခွထိုင် စစ်ကျွန် တက္ကသိုလ်ဘွဲ့ ရဆိုသူများ
အနာဂတ်နိုင်ငံတော်သစ်မှာ အလစ်ဝင်မလာစေဖို့ 
ငါတို့ ဆက်ချီတက်မှဖြစ်မယ် ကျော်ကိုကို။

ကျောင်းသားတွေနိုင်ငံရေးမလုပ်ရင်
သူတောင်းစားတွေ သမ္မတဖြစ်ကုန်မှာပေါ့ 
ငါးစိမ်းသည်က ပညာရေးဝန်ကြီးဖြစ်
ဖိုးတွမ်တီးသမားက ပြန်ကြားရေးဝန်ကြီးဖြစ်
ခေတ်သစ်မှာ ဒါမျိုးတွေဖြစ်မလာရအောင်
ငါတို့ဆက်ချီတက်မှဖြစ်မယ် ကျော်ကိုကို။

ကျောင်းသားတွေနိုင်ငံရေးမလုပ်ရင်
သူတောင်းစားတွေ သမ္မတဖြစ်ကုန်မှာပေါ့ 
နိုင်ငံတော်သူတောင်းစားအကြံပေးအဖွဲ့ တဲ့
တကယ်က သူတောင်းစားပေးတဲ့အကျန် စားတဲ့အဖွဲ့ ပဲ
ခေတ်သစ်မှာ ဒါမျိုးတွေရှိမလာရအောင်
ငါတို့ဆက်ချီတက်မှဖြစ်မယ် ကျော်ကိုကို။

ဇွတ်ခေါ်တဲ့ လွှတ်တော်က အမြဲချွတ်ချော်တယ်
အချိုးမကျတဲ့ အစိုးရက သူခိုးမကျ နွားသိုးမကျ
သေနတ်တကားကား ဓားမနောက်ပိတ်ခွေးများကလည်းတစ်မှောင့်
ခေတ်သစ်မှာ သင်းတို့ကြောင့် ပြည်သူတွေမစိုးနှောင့်ရအောင်
ငါတို့ ဆက်ချီတက်မှဖြစ်မယ် ကျော်ကိုကို။

မန္တလေးမှ ရန်ကုန်
ပညာရေးသပိတ်စစ်ကြောင်းချီတော့
တောင်သာနန်းမြင့်တောင်မှာဘယ်သူတွေတားခဲ့သလဲ
အာဏာရကြံ့ဖွတ်ပါတီဝင် စွမ်းအားရှင်တွေပဲ
ပြည်ယုန်ဖြူတောင်မှာဘယ်သူတွေတားခဲ့သလဲ
အာဏာရကြံ့ ဖွတ်ပါတီဝင် စွမ်းအားရှင်တွေပဲ
ရန်ကုန်ဝင်လာရင်ဘယ်သူတွေတားဦးမလဲ
အဲဒီ အာဏာရကြံ့ ဖွတ်ပါတီဝင် စွမ်းအားရှင်တွေပဲပေါ့ 
သင်းတို့ တားမရ၊ ကားခနဲကျသွားအောင်
ငါတို့ ဆက်ချီတက်မှဖြစ်မယ် ကျော်ကိုကို။

ကွန်ဒုံ ရက်လေးဆယ် ရုပ်ရှင်နဲ့ အစိုးရအခက်
လောက်ကိုင်အရေးကြောင့် တရုတ်ပြေးအစိုးရဖြစ်တော့မယ့်
အစိုးရအခက်
(၁၉၃၉ တုန်းက အင်္ဂလိပ်အခက်၊ ဗမာ့အချက်တဲ့)
အခု အစိုးရအခက် ကျောင်းသားအချက်ပေါ့ 
ငါတို့ ဆက်ချီတက်မှဖြစ်မယ် ကျော်ကိုကို။

လယ်သမားတွေလည်း ငြာသံပေးဟေ့
အလုပ်သမားတွေလည်း ငြာသံပေးဟေ့
ကျောင်းသား၊ လယ်သမား၊ အလုပ်သမား
ဗဟိန်းသေလို့ ဝင်စားတဲ့ ရဲဘော်တွေ
ဆရာစံသေလို့ ဝင်စားတဲ့ ရဲဘော်တွေ
သခင်ဖိုးလှကြီးသေလို့ ဝင်စားတဲ့ ရဲဘော်တွေ
တပ်ပေါင်းဖွဲ့ တိုက်ကြဖို့ 
ငါတို့ ဆက်ချီတက်မှဖြစ်မယ် ကျော်ကိုကို။

ရန်ကုန်ကို ဆက်ချီတက်တဲ့အခါ
ဝန်ထုပ်ဝန်ပိုးတွေကိုထားခဲ့
ဥပမာ- ဓားအိမ်ကိုထားခဲ့၊ ဓားပဲယူခဲ့
လေးနဲ့ မြားပဲယူခဲ့၊ မြားကျည်တောက်တွေထားခဲ့
ရန်ကုန်ကို ဆက်ချီတက်တဲ့အခါ
ကဒေါင်းရဲ့အလှတရားကို ခဏထားခဲ့
ခွပ်ဒေါင်းရဲ့ ရဲစိတ်ရဲမာန်သာသယ်ခဲ့
အရေးကြုံတဲ့အခါ ကရုံပဲကတတ် မခွပ်ရဲ မခွပ်တတ်ရင်
တို့ ကျောင်းသားအစဉ်အလာရိုင်းတော့မပေါ့ 
တို့ ကျောင်းသားသမိုင်း မကွေးရအောင်
လာ- ငါတို့ဆက်ချီတက်မှဖြစ်မယ် ကျော်ကိုကို။

ငါတို့ ဆက်ချီတက်မှဖြစ်မယ် ကျော်ကိုကို။

ငါတို့ ခြေထောက်တွေကို နိုင်ငံရေးပါတီတွေကစောင့်ကြည့်နေတယ်
သူတို့ မှားတယ်
ငါတို့ က နှလုံးသားနဲ့ ရင်ဘတ်နဲ့ ချီတက်နေတာ
ငါတို့ လက်ပံတန်းမှာရပ်နားသွားမယ်လို့ အစိုးရကတွက်နေတယ်
အစိုးရသွက်သွက်ခါအောင်မှားတယ်
ငါတို့ ရန်ကုန်ကို အစိုးရမတားခင်ကတည်းကရောက်နှင့်နေပြီ
နိုင်ငံရေးပါတီတွေ အရှက်ပြေသွားအောင်
သူခိုးဓားပြ အစိုးရကြီး အကြောက်ပြေသွားအောင်
ငါတို့ အကြမ်းမဖက် (အကြမ်းဖက်တာလည်းလက်မခံ)
ရန်ကုန်မှာ လှမ်းမြေချီ ခြေညီညီချရအောင်
ကျော်ကိုကို ငါတို့ ဆက်ချီတက်မှဖြစ်မယ်
ငါတို့ ဆက်ချီတက်မှဖြစ်မယ် ကျော်ကိုကို။

အဆိပ်ပင်ရေလောင်းမဖြစ်ဖို့ 
စစ်အာဏာရှင်စနစ်ဆိုးအမြစ်ပြတ်အောင်
ငါတို့ အက်စစ်တစ်ခွက် ပိုလောင်းမှဖြစ်မယ် ကျော်ကိုကို။

ရန်သူအားရ ကျွန်ပါးဝမဖြစ်ဖို့ 
စစ်ကျွန်ပညာရေးအမြစ်ပြုတ်သွားအောင်
ငါတို့ ကျူပင်ခုတ်ကျူငုတ်မချန် အပြုတ်နှံမှဖြစ်မယ် ကျော်ကိုကို။

ငါတို့ ကျောင်းသားတွေလွတ်မြောက်ရုံနဲ့
ပြည်သူလူထုတစ်ရပ်လုံးလွတ်မြောက်တယ်မဆိုနိုင်ဘူး
ပြည်သူလူထုတစ်ရပ်လုံးလွတ်မြောက်မှ
ငါတို့ ကျောင်းသားတွေ အမှန်လွတ်မြောက်မယ်
ပြည်သူ့ ဘ၀လွတ်မြောက်ရေး
ငါတို့ ကျောင်းသားသွေး ခွပ်ဒေါင်းသွေးနဲ့ 
ဆေးခြယ်ရမယ်
အဲဒီအခါ
ဗမာတစ်ပြည်လုံးနီ
ငါတို့ ရဲ့ ဒီမိုကရေစီပညာရေးဟာလည်း ပီသလာမယ်။

တောရိုင်းတော့ မြေရိုင်းသတဲ့
တောရိုင်းမြေရိုင်းတော့ ပန်းလည်းရိုင်းသပေါ့
စကားရိုင်းရိုင်း တရားနဲ့ နှိုင်းရရင်
မုဒိမ်းအကျင့်ခံရသူက
မုဒိမ်းကျင့်တဲ့သူကိုစွဲလမ်းတမ်းတနေတာရှိတယ်
စိတ်ပညာမှာ STOCKHOLM SYNDROME
မြန်မာလို မမြ၀င်းရောဂါဆိုတယ်
(နားနဲ့မနာ ဖ၀ါးနဲ့နာ)
အစိုးရမုဒိမ်းမုဆိုးနဲ့ 
မုဒိမ်းသားကောင် ဖောက်ပြန်အချောင်သမား
နိုင်ငံရေးစားဖားတွေ
ထားခဲ့တော့ ကျော်ကိုကိုရေ ထားခဲ့တော့
ရာဇ၀င်ထဲမှာ မမြ၀င်း (တွေ) ကို ထားခဲ့တော့။ ။

ေ အ ာ င္ ေ ၀ း
ဖေဖော်ဝါရီ ၂၇၊ ၂၀၁၅။

၂၀၁၅ ခုနှစ် နိုဝင်ဘာလမှာ အထွေထွေရွေးကောက်ပွဲကျင်းပမယ်လို့ သမ္မတဦးသိန်းစိန်က သူ့ရဲ့ မတ်လ ရေဒီယိုမိန့်ခွန်းမှာ အတည်ပြုပြောကြားလိုက်ပါတယ်။

လွတ်လပ်ရေးရပြီးနောက်ပိုင်း နိုင်ငံရေးအင်အားစုများအားလုံး အင်တိုက်အားတိုက် ၀င်ပြိုင်ကြမယ့် ရွေးကောက်ပွဲဖြစ်လိမ့်မယ်လို့လည်း သမ္မတက ထပ်လောင်းပြောကြားလိုက်ပြီး ပြိုင်ဆိုင်မှု ပြင်းထန်လိမ့်မယ်လို့လည်း ဆိုလိုက်ပါတယ်။

သမ္မတဦးသိန်းစိန်က ဒီမိုကရေစီစနစ်မှာ နိုင်ငံရေးအရ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုများရှိတာဟာ သဘာဝကျတဲ့ ကိစ္စဖြစ်တယ်။ တဖက်မှာလည်း မိမိတို့ရဲ့ နိုင်ငံရေး ရည်မှန်းချက်အတွက် အင်တိုက်အားတိုက် ယှဉ်ပြိုင်ကြတဲ့အခါ တဖက်နဲ့ တဖက် အပြန်အလှန် လေးစားမှု၊ နားလည်မှု၊ သဘောထားကြီးမှုများနဲ့ မိမိတို့ရဲ့ရည်မှန်းချက်ကို ရရှိဖို့ ကြိုးပမ်းရန် လိုအပ်ကြောင်းလည်း အလေးအနက် တိုက်တွန်းပြောကြားလိုပါတယ်လို့ ထည့်သွင်းပြောကြားသွားပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/83665

ကျောင်းသားတွေရဲ့ အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး ဆန္ဒပြချီတက်ပွဲ ပင်မစစ်ကြောင်းဟာ ရန်ကုန်ကို ဦးတည်ချီတက်နေတာ ဒီနေ့ပြန်စတော့မယ်။ ဖေဖော်ဝါရီ (၁၆) ရက်မှာ လွတ်တော်တင် အတည်ပြုပေးမယ်လို့ သိန်းစိန်အရပ်သားအရေခြုံအစိုးရအာဏာပိုင်တွေရဲ့ သဘောတူ ကတိကဝတ်ကို စောင့်ကြည်ရင်း အထက်တန်းကျောင်းသားတွေရဲ့ စာမေးပွဲတွေအနှောက်အယှက်မဖြစ်အောင် လက်ပံတန်းမြို့မှာ ခေတ္တရပ်နားထားတာဖြစ်ပါတယ်။

ကျောင်းသားတွေဖက်ကစိတ်ရှည်လိုက်လျောပြီး သပိတ်ကိုရပ်နားစောင့်ကြည့်နေချိန်မှာ စစ်အာဏာရှင်တွေဖက်တော့ သူတို့ရဲ့အရိုးစွဲနေတဲ့ အကျင့်ဆိုးအတိုင်း ကတိပျက်တယ်။ အကောက်ဥာဏ်နဲ့ ကျောင်းသားသပိတ်ကိုအပုပ်ချတယ်၊ ဘာသာရေးနဲ့လှည့်တိုက်ပေးတယ်။ သူတို့ကိုယ်တိုင်လက်ခံသဘောတူပါလို့ပြောထားတဲ့ ဥပဒေကြမ်းကို ပုံဖျက်ထားတဲ့စာအုပ်တွေကို ပညာရေဝန်ကြီးဆိုတဲ့ ခင်စန်းရီကိုယ်တိုင် ကျောင်းတွေကိုဖြန့်ပြီး အောက်တန်းကျကျ အာဏာသုံးပြီး ဖျက်လိုဖျက်ဆီးလုပ်နေတယ်။

တဖက်မှာကိုးကန့်စစ်ပွဲမှာသေခဲ့ကြတဲ့ အောက်ခြေစစ်သားတွေရဲ့ အလောင်းတွေပြပြီး သာမန်လူထုကိုမျိုးချစ်စိတ်ဆိုတာနဲ့မှိုင်းတိုင်ရင်း တဖက်မှာတော့ ကျောင်းသားသပိတ်ကို ဝိုင်းဝန်းကူညီပေးခဲ့သူတွေကို မဟုတ်တန်းတရားပုဒ်မတွေတပ်ဖမ်းဆီးနေတယ်။ ရန်ကုန်ကအလုပ်သမားသပိတ်တွေကို အင်အားသုံးအကြမ်းဖက်ဖြိုခွင်းနေတယ်။ မီကျောင်းကန်သပိတ်ကို ညဥ့်နက်သန်ခေါင်ဖြိုခွဲတယ်။
မနေ့က လွတ်တော်ဥက္ကဌက ပင်မစစ်ကြောင်းကျောင်းသားကိုယ်စားလှယ်တွေကို လွတ်တော်ကိုလေ့လာဖို့ သူကိုယ်တိုင်ဖိတ်ပြီး၊ သတင်းထုတ်တော့ ကျောင်းသားတွေက တွေ့ချင်တယ်လို့ တောင်းဆိုလို့ဆိုပြီးထုတ်တယ်။ ပြီးတော့ရှောင်နေတယ်၊ ခင်မောင်ရည်နဲ့ပဲ လွတ်ပေးပြီး ကလေးကလား နိုင်ငံရေးနာမ်နိမ်တယ်။ တွက်ကြည့်ရတာက ကျောင်းသားတွေကို ရန်ကုန်ချီတက်ရေးကို ဆက်မလုပ်ဖို့ဖျောင်းဖျဖို့ အားထုတ်တဲ့သဘောပဲ၊ အခြေအနေမဟန်လို့ လက်လျော့ပြီးရှောင်နေတာပဲဖြစ်မယ်။ အတော်ဂုဏ်သိက္ခာကင်းမဲ့တဲ့အပြုအမူပဲဖြစ်တယ်။

ကလိမ်ကျစ်အကြံတွေမအောင်တော့ ပြည်ထဲရေးဝန်ကြီးဌာနကနေ ဖိအားပေးခြိမ်းခြောက်တယ်။
မတ်လ ၁ ရက်ပြန်စမယ့် ကျောင်းသားသပိတ်ရပ်တန့်ရမယ်၊ မလိုက်နာရင် တည်ဆဲဥပဒေနဲ့အညီ အရေးယူမယ်လို့ဆိုတယ်။ လက်ကိုင်ဒုတ်ရဲတွေကိုလဲ သပိတ်စစ်ကြောင်းချီတက်ရာ လမ်းကြောင်းတလျောက်မှာ တိုးချဲ့ချထားတယ်လို့ သိရတယ်။
စစ်အာဏာရှင်တွေနဲ့သူတို့လက်ကိုင်တုတ်တွေ တပြည့်သားမြေးကျောင်းသားတွေကို ဖိနှိပ်ဖြိုခွင်းဖို့ အောက်တန်းကျကျ ယုတ်တီးယုတ်မာနဲ့ ဝန်နဲ့အားမမျှအောင် ဝိုင်းဝန်းလုပ်ကြံနေကြတာက သမ္မာကျမ်းစာထဲက အားကြီးတိုင်းမနိုင် အမှန်တရားဖက်ရင် အားသေးလဲ နိုင်နိုင်တယ်ဆိုတဲ့ သင်္ခန်းစာပေးတဲ့ ဒါဝိတ်နဲ့ ဂိုလီယတ် (David and Goliath) ရဲ့ စီးချင်းထိုးပွဲလိုဖြစ်နေတယ်။

သမ္မာကျမ်းစာမှာ က္ကသရေလ (အစ္စရေး- Israel) ပြည်ကို ဖီလစ္စတိုင်းပြည်က စစ်ဖက်လာတယ်။ က္ကသရေလပြည်က တောင်ကြားတခုရဲ့တဖက်တချက်စီမှာတပ်ချပြီး တပ်ချင်းဆိုင်ထားတယ်။ တဖက်နဲ့တဖက်အလှည့်အငိုက်မပေးပဲစောင့်ကြည့်နေကြရတယ်။ တောင်ကြားအနေအထားပေါ်တည်မှီနေတဲ့ ဗျူဟာသဘောအရ ဘယ်ဖက်ကမှ တပ်တွေကိုစပြီး မရွေ့ရဲ့ဘူး၊ စရွေ့တဲ့ဖက်ကရှုံးမဲ့အခြေအနေဖြစ်တယ်။ က္ကသရေလစစ်သားတွေကတော့ စိတ်ဓါတ်ရေးရာအရ နိမ့်ပါးကြောက်ရွံနေကြတယ်။ အကြောင်းကတော့ ဖီလစ္စတိုင်းတွေဖက်က ဂိုလီယတ်ဆိုတဲ့ အရပ် (၉)ပေးကျော်ရှိတဲ့ လူ့ဘီလူးကြီးက နေ့စဉ်တပ်ရှေ့ထွက်ပြီး တယောက်ချင်းစီးချင်းထိုးဖို့ စိန်ခေါ်ခြိမ်းခြောက်နေတယ်။

ရက်ပေါင်းလေးဆယ်မြောက်တဲ့နေ့မှာ တပ်ချင်းဆိုင်ထားရာကို ဒါဝိတ်ဆိုတဲ့ သိုးကျောင်းသားဆယ်ကျော်သက်ကလေးရောက်လာတယ်။ သူတို့အဖေက စစ်ပွဲမှာပါဝင်နေတဲ့ သူ့အကိုရဲ့ သတင်းကိုစုံစမ်းခိုင်းလို့ ရောက်လာရတာဖြစ်တယ်။ သူရောက်လာတာကလဲ ဂိုလီယတ်စိန်ခေါ်ခြိမ်းခြောက်နေချိန်ဖြစ်တော့ ဘာလဲစုံးစမ်းပြီး အကျိုးအကြောင်းသိတာနဲ့ သူကိုတိုက်ခွင့်ပေးဖို့တောင်းဆိုတယ်။ က္ကသရေလဘုရင် ဆိုးကခွင့်မပြုဘူး၊ ငြင်းတယ်။ အကြိမ်ကြိမ်တောင်းဆိုလို့ နောက်ဆုံးခွင့်ပြုလိုက်တယ်။

လိုရာလက်နက်ပေးဖို့ ဆိုး ဘုရင်ကအခွင့်ပေးပေမယ့် ဒါဝိတ်ကဘာမှမယူပဲ သူ့ရဲ့သိုးကျောင်းသား အဆောင်အယောင်တွေပဲဖြစ်တဲ့ ကြာပွတ်နဲ့ လွယ်အိတ်တလုံးစာ ကျောက်ခဲတွေကိုပဲယူပြီး ကျူးနစ်ဖြစ်အထည်နဲ့ချုပ်တဲ့ ကိုယ်ကြပ်အင်္ကျီဝတ်နဲ့ပဲထွက်တိုက်တယ်။ ဂိုလီယတ်ကတော့ သံကိုယ်ကြပ်ကိုဝတ်ပြီးထွက်လာတယ်။ တွေ့တာနဲ့ ဒါဝိတ်က ဘုရားသခင်ရဲ့ က္ကသရေလပြည်ကို ဒါးလှံ အဲမောင်းတွေနဲ့ လာဝိုင်းခြိမ်းခြောက်နေတဲ့ နင်တို့ ဖီလစ္စတိုင်းစစ်သားတွေကို ဠင်းတစာကြွေးမယ်ဆိုပြီး ကြိမ်းမောင်းပြီးတိုက်ဖို့ပြင်တယ်။ လွဲခုတ်လာတဲ့ လူ့ဘီလူးကြီး ဂိုလီယတ်ရဲ့ဒါးချက်ကိုရှောင်ပြီး လွယ်အိတ်ထဲက ကျောက်ခဲတလုံးနဲ့ သံကိုယ်ကြပ်လွတ်နေတဲ့ အပေါက်ကနေ ဂိုလီယတ်ရဲ့ခေါင်းကိုချိန်သားကိုက်ပစ်တယ်၊ အတိအကျထိမှန်ပြီး ဂိုးလီယတ် လဲကျတာနဲ့ တပြိုင်နက်ဂိုလီယတ်ကိုယ်ပေါ်ခုန်တက်ပြီး ဂိုးလီယတ်ရဲ့ဒါးနဲ့ပဲ ဂိုးလီယတ်ကို ခေါင်းဖြတ်သုတ်သင်လိုက်တယ်။ ဂိုလီယတ်ကျတာနဲ့ ဖီလစ္စတိုင်းသားတွေလဲ အလဲလဲအပြိုပြို ဖယိုဖရဲပြေးကြတယ်၊ ပြေးကြတဲ့ ဖိလစ္စတိုင်းစစ်သားတွေကို က္ကသရေလစစ်သားတွေက လိုက်လံထိုးခုတ်သတ်ဖြတ်တာနဲ့ အားလုံးဟာ ဒါဝိတ်ပြောသလို ဠင်းတစာဖြစ်ကုန်တယ်။

ဓမ္မအမှန်တရားဟာ အား ဖြစ်ပါတယ်။ ဗုဒ္ဓမြတ်စွာက နေ လ နဲ့ အမှန်တရားကို ဘယ်အရာကမှ တားဆီး ပိတ်ပင် ချုပ်နှောင် အနိုင်မယူနိုင်ဘူးလို့ ဟောကြားထားခဲ့ပါတယ်။ ခုလဲကျောင်းသားတွေဖက်မှာ အမှန်တရားရှိတယ်။ သူတို့ရဲ့တရားမျှတတဲ့ သူတို့ရဲ့အခွင့်အရေးနဲ့ လိုလားချက်အတွက် ငြိမ်းငြိမ်းချမ်းချမ်းနဲ့တောင်းဆိုနေတာကို စစ်အာဏာရှင်နဲ့ သူတို့ရဲ့ခိုင်းဖတ် လက်ကိုဒုတ်တွေက နည်းပေါင်းစုံနဲ့ယုတ်မာကောက်ကျစ်ပြီး အဓမ္မအင်အားသုံးဖိနှိပ်ဖြိုခွဲဖို့အားထုတ်နေတာဟာ ဂိုလီယတ်နဲ့ဖီလစ္စတိုင်းစစ်တပ်လိုကြမ္မာဆိုးနဲ့ မလွဲမသွေကြုံတွေရမှာမလွဲဧကန်ဖြစ်ပါတယ်။

ရဲဘော်ကျော်သန်း

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ပေးဖို့ တောင်းဆိုဆန္ဒပြခဲ့ကြတဲ့ ကျောက်ဆည် နည်းပညာတက္ကသိုလ်နဲ့ ရတနာပုံတက္ကသိုလ်က ကျောင်းသား ကျောင်းသူ ၅ ယောက်ကို ကျောက်ဆည် ခရိုင်အုပ်ချုပ်ရေးမှူးက တရားမဝင်စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ အပါအဝင် ပုဒ်မ ၄ ခုနဲ့ အမှုဖွင့်လိုက်ပါတယ်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့က မြို့မရဲစခန်းမှာ အမှုဖွင့်ထားတယ်ဆိုပြီး သိထားပေမယ့် အခုအချိန်အထိ ကျောင်း သားတွေကို တရားဝင်စာပို့လာတာမရှိသေးဘူးလို့ တရားစွဲခံရတဲ့ အထဲမှာပါသူ မန္တလေး ရတနာပုံ တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုနိုင်ရဲဝေက ပြောပါတယ်။

"ရုံးဝန်ထမ်းတွေ ကျနော်တို့ လှမ်းမေးတဲ့အခါမှာ ကျနော်တို့ကို တရားစွဲထားတယ်ဆိုတာပဲ သိရပါတယ်၊ ကျန်တာ ကျနော်တို့ကို စာပို့တာတွေဘာတွေမလုပ်သေးဘူး၊ ရဲမှူးဆီမတင်လို့ ခရိုင်အုပ်ချုပ်ရေးမှူးက တရားလိုလုပ်ပြီးတော့ မြို့မရဲစခန်းမှာ အမှုဖွင့်တယ်လို့သိရပါတယ်၊ ကျနော်တို့ကို စွဲထားတဲ့အမှုတွေက အရမ်းများတယ်ဗျ၊ ပြင်သစ် ၄ ပါမယ်၊ ပုဒ်မ ၁၈ ပါမယ်၊ နောက်တစ်ခါ ၅ဝ၆ ပါမယ်၊ နောက်တစ်ခါ ၁၄၃ ပါမယ်၊ အမှု ၄ မှုနဲ့ ကျနော်တို့ ကျောင်းသား ၅ ယောက်ကို စွဲချက်တင်ထားတယ်"

ဖေဖော်ဝါရီလ ၂၅ ရက်နေ့က မန္တလေးရတနာပုံတက္ကသိုလ် ကျောင်းသားသမဂ္ဂနဲ့ ကျောက်ဆည်နည်းပညာ တက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့က ကျောင်းသား ၈ဝ ကျော်လောက်က ထောက်ခံဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

တရားစွဲခံထားရတဲ့အထဲမှာ ရတနာပုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုနိုင်ရဲဝေ၊ ကျောက်ဆည် နည်းပညာတက္ကသိုလ်က ကိုရဲရင့်ပိုင်မှူး၊ ကိုအောင်မင်းခန့်၊ မငြိမ်းငြိမ်းထွေးနဲ့ မန္တလေး နည်းပညာတက္ကသိုလ်က ကိုကောင်းဇော်ဟိန်း ပါဝင်တယ်လို့ သိရပါတယ်။

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ဖို့အတွက် အစိုးရ၊ လွှတ်တော်၊ ပညာရေးစနစ်ပြုပြင်ပြောင်း လဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER နဲ့ ကျောင်းသားကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးစဉ်မှာ သပိတ်မှောက် ကျောင်းသူ ကျောင်သားတွေကို အစိုးရက တရားစွဲဆိုမှုတွေမလုပ်ပါဘူးဆိုပြီး ကတိပေးထားခဲ့ပါတယ်။
RFA
http://www.rfa.org/burmese/news/feive-student-protesters-from-yadanarpone-university-charged-02282015105552.html

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဖေဖော်ဝါရီ ၂၈ရက်က ဧရာဝတီတိုင်း ဟင်္သာတမြို့တွင် ကျင်းပသည့် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ နှစ် (၁၀၀) ပြည့် ဂုဏ်ပြုဟောပြောပွဲသို့ သွားရောက်သည့် ခရီးစဉ်၌ ကြိုဆိုနှုတ်ဆက် သူအလွန်များပြားခဲ့ပြီး ဟင်္သာတမြို့ ဟော ပြောပွဲသို့ တက်ရောက်သူ သောင်းချီရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မှ ဟင်္သာတသို့ သွားရာ၌ လမ်းရှိ ဓနုဖြူမြို့နှင့် ဇလွန်မြို့များတွင် လူထုဟောပြောပွဲ ပြုလုပ်ခဲ့ ပြီး အဆိုပါဟောပြောပွဲများတွင်လည်း တက် ရောက်သူ အလွန်များပြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဖေဖော်ဝါ ရီ ၂၈ရက် မွန်းလွဲပိုင်း ၁ နာရီကျော်တွင် ဓနု ဖြူမြို့၌ နာရီဝက်ကြာ ဟောပြောမှု ပြုလုပ် ခဲ့သည်။ ယခု ဒေါ်အောင်ဆန်းစုကြည်၏ တတိယအကြိမ်မြောက် ဓနုဖြူမြို့ ခရီးစဉ် အတွက် မြို့နယ် NLD အပါအ၀င် အင်အား ၂၀၀ ကျော်ဖြင့် လုံခြုံရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်၏ဓနုဖြူ မြို့ခရီးစဉ်အတွင်း လူထုတွေ့ဆုံဟောပြောပွဲ ပြုလုပ်ခြင်းနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ၏ တရားဝင်ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် သက်ဆိုင်ရာ အဖွဲ့အစည်း များက လုံခြုံရေးဆောင်ရွက်မှုနှင့် လမ်းရှင်း လင်းရေးကိုလည်း ကူညီဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

“အခု ဒေါ်အောင်ဆန်းစုကြည် ဒီကိုလာ တဲ့အတွက် အတိုင်းမသိဝမ်းသာတယ်။ လွန်ခဲ့ တဲ့ အနှစ်နှစ်ဆယ်ကျော်လာတုန်းက ကျွန် တော်တို့က ကလေးဘ၀အသက် ၁၈၊ ၁၉ အရွယ်ပေါ့။ အဲဒီတုန်းက ဒေါ်အောင်ဆန်းစု ကြည်နောက်က လိုက်ကြတာပေါ့။ ကျွန်တော် ပျော်သလို ဒီမြို့သူမြို့သားတွေလည်း ပျော် ကြမှာပါ” ဓနုဖြူမြို့ခံ ကိုတင်သိန်းက ပြော ကြားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဓနုဖြူမြို့မှ တစ်ဆင့် ဇလွန်မှတစ်ဆင့် ဟင်္သာတမြို့သို့ သွားရာလမ်းတစ်လျှောက်ရှိ ကျေးရွာများမှ ပြည်သူများအပြင် ဟင်္သာတမြို့တွင်း လမ်း များတစ်လျှောက်တွင်လည်း ၎င်းင်းအား စောင့် ကြိုနှုတ်ဆက်သူ အလွန်များပြားခဲ့သည်။

ညနေပိုင်းတွင် ဟင်္သာတမြို့ရှိ လူထု ဟောပြောပွဲပြုလုပ်ရာ ခရိုင်အားကစားကွင်း တွင်လည်း ကွင်းလုံးပြည့်နီးပါး တက်ရောက်ခဲ့ ကြပြီး ဟောပြောပွဲ အဖွင့်တွင် ဗိုလ်ချုပ်အောင် ဆန်းအား ဂုဏ်ပြုသည့် သီချင်းများသီဆို ခြင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့် က ဗိုလ်ချုပ်အောင်ဆန်းအား ဂုဏ်ပြုသည့် အမှာစကား ပြောကြားခြင်းတို့ ပြုလုပ်ခဲ့သည်။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားခဲ့ရာ အခြားသူများ၏ အခွင့်အရေး အခြားသူများ ရထိုက်သည့် အခွင့်အရေးများကို မကြည့်ဘဲ ကိုယ်လုပ်ချင် ရာကို လုပ်ခြင်းသည် လွတ်လပ်ရေးကို အလွဲ သုံးစားလုပ်ခြင်းဖြစ်ကြောင်း၊ လူ့အခွင့်အရေး သည် များစွာအရေးကြီးကြောင်း၊ အခြေခံလူ့ အခွင့်အရေးများရှိမှသာ ပြည်သူများသည် သိက္ခာရှိရှိ ရပ်တည်နိုင်မည်ဖြစ်ကြောင်း၊ လူ့ အခွင့်အရေးများကို တရားဥပဒေက စောင့် ရှောက်ထားဖို့ လိုအပ်ကြောင်း၊ ယင်းသို့ မစောင့်ရှောက်နိုင်ပါက ဖိနှိပ်ချုပ်ချယ်ခြင်းကို မခံနိုင်သည့် တစ်နေ့တွင် ပြည်သူများ လူ အများသည် အုံကြွမှုများဖြစ်လာနိုင်သည်ဟု လူ့အခွင့်အရေးကြေညာစာတမ်း၏ နိဒါန်း တွင် ရေးသားထားကြောင်း၊ လူ့အခွင့်အရေးကို အာမခံသည့် ရည်ရွယ်ချက်မှာ လူသားများ အကြား အေးချမ်းစွာနေနိုင်ဖို့ဖြစ်ကြောင်း၊ အားလုံးစိတ်အေးချမ်းမှ တိုင်းပြည်အေးချမ်း မည်ဖြစ်ကြောင်း စသည်တို့ကို ပြောကြား သည်။

ဒေါ်အောင်ဆန်းစုကြည်က “ဖေဖေက ဆိုလို့ရှိရင် ဒီနိုင်ငံသူ နိုင်ငံသားတွေကို သိပ် ပြီးတော့ ဖြစ်မြောက်စေချင်တယ်။ သိက္ခာရှိတဲ့ နိုင်ငံသူ နိုင်ငံသားတွေ၊ သတ္တိရှိတဲ့ နိုင်ငံသူ နိုင်ငံသားတွေ၊ သမာဓိရှိတဲ့ နိုင်ငံသူ နိုင်ငံ သားတွေ ကိုယ့်နိုင်ငံရဲ့ ကံကြမ္မာကို မှန်မှန် ကန်ကန်ထိထိရောက်ရောက်ဖော်ဆောင်နိုင် တဲ့ နိုင်ငံသားတွေ ဖြစ်စေချင်တယ်။ ဖေဖေက အာဏာရှင်လို အုပ်ချုပ်ချင်တဲ့သူမဟုတ်ဘူး။ ပြည်သူတွေဟာ ကိုယ့်ကိုယ်ကိုယ် အုပ်ချုပ်နိုင် တဲ့ အရည်အချင်းတွေကို ပြုစုပျိုးထောင်ချင်တဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်တယ်။ ဒါ ကြောင့်မို့ ပြည်သူလူထုကလည်း လူထုခေါင်း ဆောင်ဆိုပြီး လက်ခံခဲ့တာပဲ။ ဖေဖေကိုယ် တိုင်ကလည်း လူထုခေါင်းဆောင်ဆိုတာကို အင်မတန်မှ သဘောကျတယ်။ တစ်ခါတုန်းက လည်း ပြောခဲ့ပါတယ်။ ၀န်ကြီးနေရာ မမက် ပါဘူး။ ၀န်ကြီးရာထူးထက် ပြည်သူတွေက ပေးလိုက်တဲ့ လူထုခေါင်းဆောင်ဆိုတဲ့ ဂုဏ် ပုဒ်ကိုပဲ မက်မောပါတယ်လို့ ပြောခဲ့ပါတယ်”ဟု ပြောကြားသည်။

ဒီမိုကရေစီစနစ်တွင် အစိုးရများသည် ပြည်သူများ၏ ၀န်ကို ထမ်းပေးရမည်ဖြစ် ကြောင်း၊ အစိုးရ၀န်ထမ်းဆိုသည်မှာလည်း ပြည်သူများ၏ ၀န်ကိုထမ်းပြီး ပြည်သူများ၏ ဘ၀ကို အဆင်ပြေအောင် လုပ်ပေးရမည်ဖြစ် ကြောင်း၊ အစိုးရတာဝန်ဆိုသည်မှာလည်း ပြည်သူများက ပေးထားသည့် တာဝန်သာဖြစ် ရမည်ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဖေဖော်ဝါရီ ၂၈ ရက် ညတွင် ဟင်္သာတမြို့တွင် ည အိပ်မည်ဖြစ်ပြီး မတ် ၁ ရက်တွင် ပြည်မြို့ သို့ သွားရောက်မည်ဖြစ်ကြောင်း မတ် ၁ ရက် ညတွင်လည်း ပြည်မြို့၌ပင် ညအိပ်မည်ဖြစ် ကြောင်း သိရသည်။

Eleven Media Group

မြန်မာ့နိုင်ငံရေးလှုပ်ရှားမှုမှာ ကာလကြာမြင့်စွာ ပါဝင်ခဲ့ပြီး ကိုလိုနီခေတ်၊ ဂျပန်ခေတ်၊ လွတ်လပ်ရေးခေတ်ကနေ စစ်အာဏာရှင်ခေတ်၊ အရပ်သားတစ်ပိုင်း ဒီမိုကရေစီအစိုးရခေတ်အဆက်ဆက်ထိ ဖြတ်သန်းခဲ့တဲ့ ဝါရင့်နိုင်ငံရေးသမားကြီး သခင်တင်မြဟာ ဖေဖော်ဝါရီ ၂၈ရက် အသက် ၉ဝအရွယ်မှာ ရန်ကုန်မြို့နေအိမ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ သခင်တင်မြဟာ ဘယ်လိုလူစားမျိုးလဲ။

သခင်တင်မြဟာ ၁၉၂၄ခုနှစ် စက်တင်ဘာလ ၉ရက်နေ့က ဧရာဝတီတိုင်း ဓနုဖြူမြို့မှာ မွေးဖွားခဲ့ပြီး မူလတန်းအောင်မြင်တဲ့အထိ ပညာသင်ကြားခဲ့ပါတယ်။ သခင်တင်မြဟာ အသက် ၁၃နှစ်မှာ တို့ဗမာအစည်းအရုံးကို ဝင်ရောက်ပြီး သခင်တင်မြအဖြစ် ခံယူခဲ့ပါတယ်။ ၁၉၄၁ ခုနှစ် အသက် ၁၇နှစ်အရွယ်မှာ သခင်စိုးဦးဆောင်တဲ့ ကွန်မြူနစ်ပါတီကို ဝင်ရောက်ခဲ့ပြီး မြေအောက်စည်းရုံးရေးသမားဘဝ၊ ၁၉၄၂ ပြည်တွင်းသူပုန်ခေါင်းဆောင်ဘဝ၊ ၁၉၄၄ ကွန်မြူနစ်ပါတီ ပထမအကြိမ်ကွန်ဂရက်ရဲ့ ဗဟိုကော်မတီဝင်ဘဝ၊ ၁၉၄၅ခုနှစ် ဖက်ဆစ်တော်လှန်ရေးမှာ တိုင်း၇တိုင်း နိုင်ငံရေးမှူး၊ ၁၉၄၆ခုနှစ်မှာ အလံနီပါတီ ပေါလစ်ဗြူရိုအဖွဲ့ဝင်၊ ၁၉၄၉မှာ အလံနီကနှုတ်ထွက်ပြီး ဗမာပြည်ကွန်မြူနစ်ပါတီဝင် တောခို၊ ၁၉၅၈ ရန်ကုန်မြေအောက်စည်းရုံးရေး တာဝန်ခံ စတာတွေကို ထမ်းဆောင်ခဲ့ပြီး အစိုးရရဲ့ဖမ်းဆီးမှုကို ခံခဲ့ရပါတယ်။

ရန်ကုန်ဘောင်ဒရီစစ်အချုပ်ထဲမှာရှိနေချိန် ဗမာပြည်ကွန်မြူနစ်ပါတီဝင်အဖြစ်က နှုတ်ထွက်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ထောက်ခံပြီး ၁၉၆၂မှာ မဆလအမြုတေပါတီမှာ စတင်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ လမ်းစဉ်ပါတီရဲ့ ဗဟိုစည်းရုံးရေးကော်မတီ အကြံပေးအဖွဲ့မှာ ဗိုလ်ရဲထွဋ်၊ ကိုချစ်လှိုင် (ကိုကိုမောင်ကြီး)၊ ဗိုလ်သိန်းတန်၊ ဒေါက်တာမောင်မောင်၊ ဦးစောဦး၊ ဦးဘညိမ်၊ ဦးသီဟန်တို့နဲ့အတူ ပါဝင်ခဲ့ပါတယ်။

ပြည်သူပိုင်သိမ်းရေးအဖွဲ့ ခေါင်းဆောင်အဖြစ်တာဝန်ယူခဲ့ပြီး အမြုတေပါတီကနေ ပြည်သူ့ပါတီအဖြစ် မဆလ(မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ)ရဲ့ ပထမအကြိမ် ပါတီညီလာခံမှာ ဗဟိုကော်မတီဝင်အဖြစ် ၁၉၇၁မှာ ရွေးချယ်ခံခဲ့ရပါတယ်။ ၁၉၇၇မှာ ပါတီကနေ ထုတ်ပယ်ခံရပြီး နိုင်ငံ့ဂုဏ်ရည်ပထမဆင့် ချီးမြှင့်ခံခဲ့ရသူ သခင်တင်မြဟာ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံအတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်အောင်ရွှေတို့ကို ကူညီပေးခဲ့လို့ ရေကြည်အိုင်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။

၁၉၉၂မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ကူညီမှုနဲ့ ထောင်အနှစ် ၂ဝ ချမှတ်ခံခဲ့ရပြီး ဆီးကြိတ်ဝေဒနာကြောင့် ၁၉၉၃မှာ ထောင်ကနေ လွတ်မြောက်လာခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ကွယ်လွန်ချိန်အထိ နိုင်ငံရေးမှာပါဝင်လှုပ်ရှားမှု မရှိတော့ဘဲ သမိုင်းမှတ်တမ်းတွေကို ရေးသားပြုစုခဲ့ပြီး ၁၉၄၅ခုနှစ်အထိ ကိုယ်တွေ့နိုင်ငံရေးမှတ်တမ်းတွေကို ရေးသားထားတဲ့ ဘုံဘဝမှာဖြင့် စာအုပ်အပြင်၊ ဘုံဘဝမှာဖြင့် အမှားနှင့်အမှန်၊ ဘုံဘဝမှာဖြင့် ထပ်ချပ်မကွာ၊ ဘုံဘဝကိုဖြင့် မျှော်တိုင်းဝေး၊ ဗမာပြည်ကွန်မြူနစ်ပါတီနှင့်ပတ်သက်သော မှတ်တမ်းများ၊ ဗိုလ်ချုပ်သာရှိနေသေးလျှင် စတဲ့မှတ်တမ်းတွေကိုလည်း ပြုစုခဲ့ပါတယ်။

သခင်တင်မြဟာ မကွယ်လွန်ခင်က ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိပြုစုရေးကော်မတီမှာ ပါဝင်ခဲ့ပြီး ကွယ်လွန်ချိန်အထိ ဗိုလ်ချုပ်ရဲ့ အတ္ထုပ္ပတ္တိစာအုပ်နဲ့ ဘုံဘဝကိုဖြင့်မျှော်တိုင်းဝေး (၁၉၈၈ခုနှစ်အထိ) မှတ်တမ်းတွေ အပြီးသတ်ပြုစုထားနိုင်ခဲ့တာတော့ မရှိခဲ့ပါဘူး။

Kamayut Media