03/07/15

လက်ပံတန်းမြို့ဈေးအနီးမှာ မတ်လ ၆ ရက်နေ့မနက်က ဆန္ဒပြခဲ့တဲ့ ကျောင်းသား ၄ ဦးနဲ့ ကျောင်းသူ ၁ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးစဉ်။ Photo: Kyaw Zaw Win/RFA
လက်ပံတန်းမြို့မှာ မတ်လ ၅ ရက်နေ့က ဖမ်းဆီးလိုက်တဲ့ ပင်မသပိတ်စစ်ကြောင်းက ကျောင်းသား ၅ ယောက်ကို ဒီနေ့အထိ ပြန်မလွှတ်သေးဘူးလို့ သိရပါတယ်။

သူတို့ကို ကျောင်းသားခေါင်းဆောင်တချို့က မနေ့က သွားရောက်တွေ့ဆုံခဲ့ပေမဲ့၊ သူတို့အိမ်ပြန်မယ်ဆိုရင် ပို့ပေး မှာဖြစ်ပြီး၊ မပြန်ရင်အမှုဖွင့်အရေးယူမယ် လို့ရဲကပြော ဆိုကြောင်း အဲ့ဒီကျောင်းသားတွေကို သွားရောက် တွေ့ဆုံ ခဲ့တဲ့ ဗကသများအဖွဲ့ချုပ် မြောင်းမြခရိုင် ဥက္ကဌ ကိုမြတ်သူ က RFA ကိုပြောပါတယ်။

"အဲ့မှာကျနော်တို့ မနက် ၉ နာရီခွဲလောက်ကတည်း က တွေ့ခွင့်တောင်းပေမဲ့ တွေ့ခွင့်မရပဲနဲ့ နဲနဲ ကြာတော့မှ ကျနော်တို့ကိုတွေ့ခွင့်ပေးတယ်၊ တွေ့ ခွင့်ပေးတော့ ကျနော်တို့ကျောင်းသားတွေက အိမ်ပြန်မလားဆိုတော့ မပြန်ဘူးလို့ပြောတော့ သူတို့ကဥပဒေအရဆက်ဆောင်ရွက်မယ်လို့ပြော ပြီးတော့ ထိန်းသိမ်းထားတယ်ပေါ့ "

ဒဂုံတက္ကသိုလ်က ကိုရဲမျိုးဆွေ၊ ကျောက်ဆည်တက္ကသိုလ်က ကိုရဲရင့်ပိုင်မှူး၊ ကိုသာအေး၊ ကိုအောင်မင်းခန့်နဲ့ မန္တလေးရတနာပုံတက္ကသိုလ်က မအိသဉ္ဇာမောင် တို့ ၅ ယောက်ဟာ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ကျောင်းသားတွေ အကြမ်းဖက်နှိမ်နင်းခံရတဲ့ အကြောင်း လက်ပံတန်းဈေးအနီးမှာ ဟောပြောနေတုန်း ရဲတပ်ဖွဲ့နဲ့ အရပ်ဝတ် လူအုပ်စုတစ်စု က ဖမ်းဆီး ခေါ်ဆောင်သွားတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

ဒီမိုကရေစီပညာရေးပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ အငြိမ်းစားပညာရှင်တွေ၊ ဝါရင့်ကျွမ်းကျင်သူတွေ၊ တိုင်းရင်းသားနဲ့ လူမှုကွန်ရက်တွေက စုပေါင်းပြီး ဖွဲ့စည်းထားတဲ့ ပညာရေးပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNERအပေါ် မြန်မာအစိုးရက ပစ်မှတ်ထား တိုက်ခိုက်မှုတွေ အရှိန်မြှင့်လုပ်လာနေပါတယ်။ လွှတ်တော်ကြားနာမှု NNER မတက်တဲ့အပေါ် မြန်မာအစိုးရ ဒေါသတကြီးဖြစ်သွားတာလား။

လွှတ်တော်ရဲ့ Process စတင်ချိန်မှာ လေးပွင့်ဆိုင်ဆွေးနွေးပွဲမရှိတော့ဘဲ အမျိုးသားလွှတ်တော်မှာ ကြားနာဖို့ ကြေညာခဲ့တာဟာ အစိုးရ၊ လွှတ်တော်၊ ကျောင်းသားနဲ့ NNER တို့ လေးပွင့်ဆိုင် သဘောတူညီထားတာကို ခွဲခြားပြီး တစ်ဖွဲ့စီကြားနာစေတဲ့လုပ်ရပ်ဟာ လွှတ်တော်နှစ်ရပ်ကလူတွေ တာဝန်ယူမှု တာဝန်ခံမှုမရှိဘူးလို့ ကိုစိုးထွန်းက ပြောပါတယ်။ လွှတ်တော် Processကိုကန့်ကွက်နေတာ မဟုတ်ဘဲ လေးပွင့်ဆိုင်ပါဝင်သူအားလုံး တန်းတူညီမျှတဲ့ အခွင့်အရေးရှိဖို့၊ အတူတူ ကြားနာဖို့လိုတာမို့ NNER က မတက်ရောက်တာပါလို့ ဆိုပါတယ်။

မြို့တော်ခမ်းမရှေ့ ကျောင်းသားဆန္ဒပြမှုကို အကြမ်းဖက်ဖြိုခွင်းတဲ့လုပ်ရပ်မှာ တာဝန်ဆိုတဲ့ အနီရောင်လက်ပတ် တပ်ဆင်ထားတဲ့ စွမ်းအားရှင်တွေရဲ့ ရမ်းကားမှုဟာ ဒီမိုကရေစီစံနှုန်းကို မျက်ကွယ်ပြုနေတာဖြစ်ပြီး လေးပွင့်ဆိုင် သဘောတူညီချက်ကို အစိုးရက ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာမို့ ကန့်ကွက်တယ်လို့ NNER က ကြေညာပြီး လွှတ်တော်ကြားနာမှုကို ဒီအခြေအနေအောက်မှာ မတက်နိုင်ဘူးလို့ ပြောခဲ့ပါတယ်။

ကျောင်းသားဆန္ဒပြမှုကို အရပ်ဝတ်အကြမ်းဖက်သမားတွေကို တာဝန်ပေးတာ ဥပဒေအရ တရားဝင်တယ်လို့ ပြောဆိုနေတဲ့သူတွေကို ကိုစိုးထွန်းက မေးခွန်းထုတ်လိုက်ပြီး ဒီအကြမ်းဖက်အင်အားစုအတွက် တရားဝင်ဘက်ဂျက်ကို ဘယ်လိုခွဲဝေသုံးစွဲပြီး ယာဉ်တွေ၊ စက်ပစ္စည်းတွေ သုံးစွဲတာကြောင့် အစိုးရကော လွှတ်တော်မှာပါ တာဝန်ရှိတယ်လို့ ဆိုပါတယ်။

လက်ပံတန်း ပင်မကျောင်းသားသပိတ်ကနေ တစ်နိုင်ငံလုံးအနှံ့ အထွေထွေသပိတ်တွေဖြစ်လာမှာ၊ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာမှာတွေမရှိအောင် လေးပွင့်ဆိုင်အဖွဲ့က တာဝန်ယူတယ်ဆိုတဲ့ သဘောတူညီချက်ရှိထားတာကြောင့် လေးပွင့်ဆိုင်ဆွေးနွေးပွဲ အမြန်ဆုံးပြန်စဖို့ ကိုစိုးထွန်းက တောင်းဆိုခဲ့ပါတယ်။

၁၉၆၂ခုနှစ် ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းပြီးကတည်းက အခုထိ ပြည်ထောင်စုဖွားတိုင်းရင်းသားတွေရဲ့ ဘာသာစကားကို ပစ်ပယ်ထားခဲ့ပြီး အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် NNER နဲ့ကျောင်းသားတွေ ဥပဒေကြမ်းထဲ တိုင်းရင်းသားတွေရဲ့မိခင်စကားကို ထည့်သွင်းတာဖြစ်တယ်လို့ ကိုစိုးထွန်းက ဆိုပါတယ်။ ဒါကို အာဏာပိုင်တွေဘက်က ဘောင်ကျော်ပြီး ဖမ်းဆီးလာရင်တော့ NNERအနေနဲ့ အသင့်ရှိတယ်လို့ ပြောပါတယ်။

Kamayut Media


ဒီမိုကရေစီပညာရေးသပိတ်မှောက်ကျောင်းသားမျာ­း ထောက်ခံပွဲကိုအကြမ်းဖက်နှိမ်နင်းခြင်းအပေါ် အပြင်းအထန် ရှုတ်ချကန့်ကွက်ကြောင်း ဂျပန်ရောက်မြန်မာနိုင်ငံသားတွေ တိုကျိုသံရုံးရှေ့ မှာ ဆန္ဒထုတ်ဖေါ်ခဲ့ တာကိုတော့ ဦးဇော်ဇော်လှိုင်ကသတင်းပေးပို့ ထားပါတယ်
DVB TV

ဦးသိန်းစိန်အစိုးရလက်ထက်မှာ မီဒီယာ လောကအနေနဲ့ လွတ်လပ်ခွင့် လုံးလုံးလားလား ရသေးတာ မဟုတ် … လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ် ကတည်းက တင်းကျပ်လာပြီး ဖိအားပေးမှုတွေ များလာခဲ့ … ကာကွယ်ရေး ဦးစီးချုပ်ရုံးမှာ စစ်တပ်ဘက်က လုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲတုန်းက မတရားသင်းနဲ့ဆက်ဆံရင် ပုဒ်မ ၁၇(၁)နဲ့ ငြိနိုင် တယ်ဆိုပြီး ခြိမ်းခြောက် …
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ကြည့်မယ်ဆိုရင် စစ်သားဝတ်စုံ ချွတ်ထားတဲ့ စစ်သားဟောင်း ကြံ့ခိုင်ရေး ပါတီက နေရာတော်တော် များများမှာ အနိုင်ရပြီး အာဏာရပါတီအနေနဲ့ ခေါင်းမော်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ၂၀၁၂ ကြားဖြတ်ရွေးကောက် ပွဲမှာတော့ ၁၉၉၀ ရွေးကောက် ပွဲကာလက တောင်ပြို ကမ်းပြို အနိုင်ရခဲ့ဖူးတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ)က ပြည်သူ့ထောက်ခံမှုနဲ့ လစ်လပ်နေရာ ၄၄ နေရာမှာ ၄၃ နေရာ အနိုင်ရခဲ့ပါတယ်။ ဒီတော့ အာဏာရပါတီအတွက် အခုလာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရရေး ကလည်း ထိတ်လန့်စရာ ဖြစ်လာပါတယ်။

ဒီတော့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ပါတီဘာကြောင့် ရှုံးရတာလဲဆိုပြီး သက်ဆိုင်ရာမြို့နယ်အလိုက် သုံးသပ်ချက်တွေရေးဖို့ အမိန့်ချမှတ်လိုက်တယ်လို့ သိရပါတယ်။ ဒါနဲ့ သက်ဆိုင်ရာမြို့နယ်တာဝန် ခံတွေက ဘာကြောင့်ပါတီက ရှုံးနိမ့်ရတယ်ဆိုတာကို အမျိုးမျိုးသော အကြောင်းပြချက်တွေနဲ့ အထက်ကိုတင်ပြကြ ပါတယ်။ ဒီနေရာမှာ ထူးခြားချက်တစ်ခုက ဘာပါနေလဲဆိုရင် အာဏာရပါတီရှုံးနိမ့်ပြီး NLD အနိုင်ရတာဟာ မီဒီယာကြောင့်ဆိုတဲ့ သုံးသပ်တင်ပြမှုမျိုးရှိခဲ့တယ်လို့ အဲဒီသုံးသပ်ချက်ကို ကိုယ်တိုင်ဖတ်ခဲ့ရသူတစ်ဦး က ပြန် ပြောပြပါတယ်။…

ဆက်လက်ပြီး သူကဆက်ပြောတာက အခုလာမယ့် ၂၀၁၅ ရွေးကောက်ပွဲကျရင် လည်း မီဒီယာတွေကို ဖိအား ပေးလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ မီဒီယာရဲ့အားကို သူတို့သိတယ်။ နောက်ပြီး အာဏာရပါတီနဲ့ အစိုးရကို ပြင်းပြင်းထန်ထန် ရေးတဲ့သူတွေ ဆိုရင် သူတို့ဖိအားပေးမယ်၊ အမှုတွေဆင် မယ်၊ နောက်ဆုံး သတင်းထောက် အယ်ဒီတာတွေကိုပါ ရိုက်တဲ့အဆင့်အထိ ဖြစ်လာနိုင်တယ်လို့ပြောတော့ စိတ်ထဲမှာ နည်းနည်းတော့ လန့်သွားမိ ပါတယ်။ ပြီးတော့ သူဆက်ပြောတာက ဖြစ်နိုင်ရင် သတင်းထောက်တွေအနေနဲ့ press ဆိုတဲ့ စကား လုံးပါတဲ့ သတင်းထောက် အင်္ကျီတွေကိုဝတ်ကြဖို့လည်း တိုက်တွန်းပါတယ်။ သူသွားဖူးတဲ့ အိုင်ယာလန်မှာဆိုရင် လူတစ် ယောက်ကို တခြားတစ်ယောက်က ရိုက်တာဟာ ဥပဒေကြောင်းအရ ရိုက်မှုပဲမြောက်ပြီး press စာတန်းပါ သတင်းထောက်အင်္ကျီ ၀တ်ထားတဲ့သူကို ရိုက်တယ်ဆိုရင်တော့ ဒါဟာ ပြစ်မှုပိုကြီးတယ်တဲ့လေ။

တိုက်တိုက်ဆိုင်ဆိုင်ပဲ အိုင်ယာလန်ကို သွားရောက်ခဲ့ဖူးတဲ့ ရှေ့နေကြီး ဦးရောဘတ်စန်းအောင်နဲ့ စကားပြော ခွင့်ရတဲ့အခါ သတင်းထောက်တွေနဲ့ ပတ်သက်လို့ စိတ်ပူတဲ့အကြောင်း ပြောပြပြန်ပါတယ်။ လက်ရှိ လာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကာလမှာ သတင်းစာတိုက်တချို့ကို အစိုးရက ဖိအားပေးမယ်လို့ သတင်းတွေ ထွက်တဲ့ အကြောင်းနဲ့ အဲဒီလိုဖိအားပေးခံရမယ့် မီဒီယာက ၁၀ ခု လောက်ရှိတယ်လို့ပြော ပါတယ်။ ဒါနဲ့ပတ် သက်ပြီး သူအိုင်ယာလန်ကို ရောက်တုန်းကအတွေ့အကြုံကို ပြောပြ ခဲ့ပါတယ်။

မပြေးသော်လည်း ကန်ရာရှိဆိုသလို တိုက်တိုက်ဆိုင်ဆိုင်ပဲ စစ်ကိုင်း၊ မုံရွာမြို့က အလွတ်တန်း သတင်းထောက် ကိုအောင် နေမျိုး (ခ) အောင်နိုင်မျိုးနဲ့ အပေါင်းအပါ တွေကို လူမှုကွန်ရက်ဖေ့စ်ဘုတ်ပေါ်မှာ ပုံတစ်ပုံတင်တယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ သတင်းရဲတပ်ဖွဲ့က ဖမ်းဆီးအမှုဖွင့် လိုက်တာပါပဲ။ ပြည်ထောင်စုလက်နက်ကိုင်စစ် တပ် သို့မဟုတ် အစိုးရအရာထမ်း အမှုထမ်းများကအစိုးရ အပေါ်တွင် မေတ္တာ ပျက်စေရန် သော်လည်းကောင်း၊ စည်းကမ်းဖီ ဆန်ရန်သော်လည်းကောင်း၊ သစ္စာမဲ့ရန်သော်လည်းကောင်း ၀တ္တရားဆောင်ရွက်မှုကို ယုတ်လျော့ စေရန်၊ ထိခိုက်စေရန်၊ တားမြစ်စေရန်၊ အနှောင့်အယှက်ဖြစ်စေ ရန်၊ ပျက်စီးစေရန်၊ မမှန်မှု သိလျက်နှင့် မမှန် သတင်းလွှင့်ရန် ကြံရွယ်၍ ပြု လုပ်ခဲ့ကြသည် စွပ်စွဲချက်ဖြင့် ၁၉၅၀ အရေးပေါ် စီမံမှုအက်ဥပဒေ ၅ (က) (င)နဲ့ တရားစွဲ လိုက်တာပါ။ ထူးခြားတာ တစ်ခုက အဲဒီလို စဖမ်းတဲ့အချိန် တုန်းက မူးယစ်ဝရမ်းနဲ့ ဖမ်းခဲ့တာပါပဲ။ ဒီတော့ အထက်က ပြောခဲ့သလို မပြေးသော်လည်း ကန်ရာရှိဆိုသလို ဖြစ်ကုန်ပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက်မှာ မီဒီယာလောကအနေနဲ့ လွတ်လပ်ခွင့် လုံးလုံး လားလားရသေးတာ မဟုတ်ပေ မယ့် အတော်အတန်ေ တာ့ ရေးခွင့်ရလာခဲ့သလို နဂိုတင်ထုတ် စနစ်ကနေ ထုတ်တင်စနစ် ကိုပြောင်းပေးခဲ့ ပါတယ်။ ဒါပေမဲ့လည်း လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ် နှစ်လယ်ပိုင်းလောက် ကတည်းက တင်းကျပ်လာပြီး ဖိအားပေး မှုတွေ များလာခဲ့ပါတယ်။ သတင်းထောက်တွေကို ဖမ်းဆီးထောင်ချတာ၊ တရားစွဲတာ တွေ ဆက်တိုက်ဆိုသလို ဖြစ်လာခဲ့ပါတယ်။ ထိုနည်းတူ အမည်မသိသူတွေက ရိုက်နှက်လို့ ဒဏ်ရာရတဲ့ သတင်းထောက်တွေ လည်းရှိခဲ့ပါ တယ်။ ဒီတော့ အထက်မှာ ဖော်ပြခဲ့သလို သတင်းမီဒီယာတွေကို ဖိအား ပေးဖို့လုပ်လာနိုင်တယ်ဆိုတဲ့ သုံးသပ်မှု တွေ အပေါ်ထောက်ခံနေသလို ဖြစ်နေပါတယ်။

ဦးသိန်းစိန် အစိုးရလက်ထက်အတွင်း မဏ္ဍိုင် ၄ရပ်ရှိသည့်အနက် မီဒီယာ မဏ္ဍိုင်၏စွမ်းဆောင်ရည်မှာ အခြား သော မဏ္ဍိုင်များထက် လုပ်ကိုင်နိုင်စွမ်းပိုမိုအား ကောင်းလာတာကို တွေ့နေရတာကိုတော့ စာဖတ်ပရိသတ် များ အငြင်းပွားဖွယ်မရှိဘူးလို့ ထင်မြင်မိပါတယ်။ အရင် န၀တ၊ နအဖ စစ်အစိုးရ လက်ထက်မှာထက် မီဒီယာရဲ့ စွမ်းဆောင်ရည်ဟာ အမြင့်ဆုံး မဟုတ်ရင်တောင်မှ ပြည်သူ့အတွက် အကောင်းဆုံးလုပ်ဆောင်ပေးနိုင်တဲ့ အနေ အထားရှိသလို အစိုးရရဲ့ပျော့ကွက်၊ ဟာကွက်၊ လို အပ်ချက် စတာတွေကို ဖော်ထုတ်ရေးသား ပေးနေကြပါတယ်။ အဲဒီလို ရေးသားတဲ့နေရာမှာ တချို့သောအစိုးရအဖွဲ့ဝင်တွေ၊ ၀န်ကြီးဌာနတွေရဲ့ ပျော့ကွက်၊ ဟာကွက်၊ လိုအပ်ချက်ကို ရဲရဲတင်းတင်းရေးသားကြလို့ အာဃာတထားခံရတဲ့ မီဒီယာတွေလည်း ရှိနေပါတယ်။

ထိုနည်းတူ သမ္မတဦးသိန်းစိန်ရဲ့ လမ်းညွှန်မှုနဲ့ဖွဲ့ထားတဲ့ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) ဆိုရင် လည်း လက်တွေ့မှာ မီဒီယာအကျိုးထက် ကြားထဲကနေ ပွဲ စားပုံစံမျိုး လုပ်ဆောင်နေရတာကို တွေ့မှာပါ။ မီဒီယာတွေရဲ့ရေးသားမှုကြောင့် အစိုးရ၀န်ကြီးဌာနက မလိုလားရင် ကြားထဲကနေ ညှိနှိုင်းပေးရတဲ့အဆင့်၊ မီဒီယာတွေရဲ့လွတ်လပ်ခွင့်ကို အာမခံပေးနိုင်တဲ့ လုပ်ဆောင်ချက်တွေ လုပ်ကိုင်ရမယ့်အစား ပြန်ကြား ရေး က ပြောလိုတာတွေကိုသာ သယ်ဆောင်ပေးနေတဲ့ ပုံစံမျိုးတွေ တွေ့နေရပါတယ်။ ဒီတော့ မီဒီယာတွေရဲ့ သတင်းရ ယူပိုင်ခွင့်၊ ပြည်သူထံချပြခွင့်တွေဟာ အခုဆိုရင်ကိုယ့် လမ်းကိုယ်ဖောက် ကိုယ့်ဘာသာလျှောက် ဆိုသလို လုပ် ဆောင်နေရတာပါ။ ဒီလိုမျိုးလုပ်လို့လည်း တရားစွဲခံထားရတဲ့ သတင်းထောက်တွေ အများကြီးပါ။

အခုလည်း လာပြန်ပါပြီ။ လောက်ကိုင် မှာဖြစ်ပွားနေတဲ့ စစ်ပွဲသတင်းနဲ့ပတ်သက် ပြီး သတင်းရယူခွင့်အတွက် လုပ်ဆောင်တဲ့ သတင်းထောက်တွေ လိုက်နာရမယ့် စည်းကမ်းချက်ဆိုပြီး စစ်အုပ်ချုပ်ရေးယူ ထားတဲ့ စစ်တပ် က ထုတ်ပြန်လိုက်ပြန်ပါတယ်။ သတ်မှတ်ထားတဲ့ စည်းကမ်းချက်ကို လိုက်နာမည်ဖြစ်ကြောင်း ကတိပြုပါတယ် ဆိုပြီး လက်မှတ်ထိုးပြီးမှသာ သတင်းရယူ ရမည်တဲ့။ သူတို့သတ်မှတ်ထားတဲ့စည်း ကမ်းချက်တွေကို မလိုက်နာ ဘူးဆိုရင် စစ်အုပ်ချုပ်ရေးအမိန့် ၁/၂၀၁၅ နဲ့ အရေးယူမယ်တဲ့။ အဲဒီအမိန့်စာမှာ သတင်းရယူ တဲ့မီဒီယာတွေနဲ့ ပတ်သက်ပြီး လက်ရှိပြဋ္ဌာန်း ထားတဲ့မီဒီယာဥပဒေတချို့ကို ထည့်သွင်းထားပေမယ့်လည်း စည်းကမ်း ချိုးဖောက်ရင် ဥပဒေတွင် မည်သို့ပင် ပြဋ္ဌာန်းထားစေ ကာမူ သေဒဏ်အထိပေးနိုင်တယ်လို့ ပါရှိ ပါတယ်။

အခု ထုတ်ပြန်လိုက်တဲ့ စည်းကမ်းမှာလည်း အများပြည်သူနဲ့ တိုင်းရင်းသားများ ကြည့်ရှုရန် မသင့်တဲ့ဓာတ်ပုံများ မထုတ် ပြန်ရ၊ တိုင်းရင်းသားဒေသဖြစ်သည့်အတွက် အခြားတိုင်းရင်းသားများ၊ ပြည်သူများစိတ် ၀မ်းကွဲပြားမှု မဖြစ်စေရေးအတွက် အထူးသတိပြုထုတ်ပြန်ရန်၊ စစ်အုပ်ချုပ်ရေး ဒေသဖြစ်သည့်အတွက် တာဝန်ရှိသူများ ၏ ဆောင်ရွက်ချက်များအပေါ် တိုင်းရင်း သားအချင်းချင်း အထင်အမြင်လွဲမှားစေ မည့်သတင်းများ မထုတ်ပြန်ရန်၊ သတင်း ရယူသူသည် မိမိ၏ထင်မြင်ချက်၊ မိမိ၏ ကိုယ်ပိုင်အယူအဆနှင့် မိမိ၏ကိုယ်ပိုင်သုံး သပ်ချက်များမထည့် သွင်းရန်၊ အများပြည်သူ၏ အကျိုးစီးပွားနှင့်သက်ဆိုင်သော သတင်းကို ရေးသားဖော်ပြရန်၊ မိမိ၏ရရှိ ထားသော သတင်းများကို အမျိုးသားရေး စိတ်၊ နိုင်ငံချစ်စိတ်ဖြင့် စဉ်းစားချင့်ချိန်၍ တာဝန်ယူထုတ်ပြန်ရန်နှင့် မိမိထုတ်ပြန် သောသတင်းကို မိမိကိုယ်တိုင် တာဝန်ယူ ရန်ဆိုပြီး ပါပါတယ်။

ဒီစည်းကမ်းချက်တွေကို ကြည့်ရင် လွတ်လပ်စွာ သတင်းရယူခွင့်နှင့် ရေးသား ဖော်ပြခွင့်ကို တားမြစ်ထားချက် တွေပါသလို ခြိမ်းခြောက်မှုတွေကလည်း ပါပါတယ်။ ဒီလိုမျိုးသတင်းရယူပိုင် ခွင့်၊ ရေး သားဖော်ပြ ခွင့်နဲ့ပတ် သက်လို့ ကန့်သတ်ခံရတာ၊ ခြိမ်းခြောက်ခံရတာကို မီဒီယာလောကအတွက် အဓိကလုပ်ဆောင်ပေးရမယ့် စာနယ်ဇင်း ကောင်စီ(ယာယီ)က နှုတ်ပိတ်နေဆဲပါ။ ဒီ့ မတိုင်ခင်က နေပြည်တော်မှာ လုပ်ခဲ့တဲ့ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှာ စစ်တပ်ဘက်ကလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတုန်းကလည်း မတရားသင်းနဲ့ ဆက်ဆံရင် ပုဒ်မ ၁၇(၁)နဲ့ငြိနိုင်တယ်ဆိုပြီး ခြိမ်းခြောက်သွားတာ ရှိပါသေးတယ်။

မည်သို့ပင်ဖြစ်စေ အထက်မှာဖော်ပြ ခဲ့တဲ့ အကြောင်းအရာတွေအရ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ နီးလာ ရင် တော့ဖြင့် သတင်းထောက်တွေရဲ့ လုံခြုံရေးနဲ့ ပတ်သက်တဲ့အကြောင်းအရာဟာ စိုးရိမ်စရာ တစ်ခုဖြစ်လာနေ ပါပြီ။ ပါတီအောင်နိုင်ရေး အတွက် အနှောင့်အယှက်သဖွယ် သတ် မှတ်ခံနေရသလို လွတ်လပ်စွာသတင်းရယူ ခွင့်နှင့်ရေးသား ဖော်ပြခွင့်ကိုပါ ကန့်သတ်ခံလာရတဲ့ သတင်းမီဒီယာသမားများအတွက် အထူးသတိထား ရ တော့မယ့် အချိန်ဖြစ်လာပြီဖြစ်တာကိုတော့ မမေ့လျော့ကြပါနဲ့တိုက်တွန်းရင်း။

(မှတ်ချက်- ယခု ဆောင်းပါးရေးသားပြီး နောက်တစ်နေ့တွင် အလွတ်တန်း ဓာတ်ပုံသတင်းထောက် ကိုအောင် နေမျိုးအား ပြန်လွှတ်ပေးခဲ့သည်။)

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald


လူစုလူဝေးဖြိုခွင်းရာမှာ ကျင့်သုံးတဲ့ဥပဒေတွေဟာ မူရင်းဥပဒေပြဌာန်းချက်တွေနဲ့ လွဲမှားနေတယ်လို့ မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်ကပြောဆိုလိုက်ပါတယ်။ ဒီသတင်းကို လင်းဆက်အောင်က ပေးပို့ ထားတာပါ။ ရိုက်ကူး ပိုင်စိုး ၊ လင်းဆက်အောင်။

အနာဂတ်ပညာရေးစနစ်နှင့် တိုင်းပြည်အကျိုးအတွက်ဆိုလျှင် ယခုလို ယုန်ထင်ကြောင်းထင် အပြုအမူမျိုးကို ပါမောက္ခချုပ်များကရော ဘာကြောင့်လုပ်ကြရပါသလဲ . . . သူတို့သည်အထက်က ၀န်ကြီး၏ ခိုင်းစေချက် အတိုင်း လုပ်ရမည် ဖြစ်သည်။ သူတို့သဘောနှင့် သူတို့လုပ်ခွင့်မရှိကြ . . . လုပ်လျှင်အမြင့် ဆုံးအလုပ်မှ အထုတ်ခံရမည် . . . အနိမ့်ဆုံး နယ်ပြောင်းခံရမည် . . .
~~~~~~~~~~~~~~~~~~
ယခုနှစ် ဖေဖော်ဝါရီ (၂၂) ရက်နေ့က ကျောင်းသားသမဂ္ဂများ၏ ဒီမိုကရေစီပညာရေး ဦးဆောင်လှုပ်ရှား မှု ကော်မတီနှင့် ပညာရေးပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင် အရာကွန်ရက် (NNER)တို့က သမ္မတဦးသိန်း စိန်ထံ အိတ်ဖွင့်ပေးစာတစ်စောင် ပေးလိုက်ပါသည်။ ထိုပေးစာတွင် ““ဖေဖော်ဝါရီ(၁၈) ရက်ထုတ်နိုင်ငံပိုင် သတင်းစာ များတွင် ယခု လွှတ်တော်သို့ တင်သွင်းလိုက်သည့် အမျိုးသား ပညာရေးပြင်ဆင်သည့် ဥပဒေကြမ်း ကို NNER နှင့်ကျောင်းသားကိုယ်စားလှယ်များ လက်မှတ်ထိုးထားသော အမျိုးသားပညာရေးပြင်ဆင်သည့် ဥပဒေကြမ်းဟု ဖော်ပြထားခြင်း၊

ဖေဖော်ဝါရီ(၁၉)ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ထပ်မံ၍ ပညာရေးဝန်ကြီးဌာနက ရေးဆွဲထားသော အမျိုးသား ပညာရေးဥပဒေဆိုသည်ကို ထပ်မံတင်ပြသည်။ ထိုဥပဒေမှာ NNER နှင့် ကျောင်း သားကိုယ်စား လှယ်များက လက်မခံသော၊ ပညာရေးဝန်ကြီးဌာနက ရေးဆွဲသောအမျိုး သားပညာရေး ဥပဒေဖြစ်ေ နခြင်း ကြောင့်၊ ထိုသို့ရေးသားချက်များမှာ သဘောတူညီ ချက်ကိုချိုးဖောက်ခြင်းဖြစ်ကြောင်း ထိုပေး စာထဲတွင် ပါဝင်လေသည်။…

အမှန်မှာ ယခုလွှတ်တော်သို့တင်လိုက်သော အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း မှာ ပြည်ထောင်စု အစိုးရပညာရေး ၀န်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ လွှတ်တော် ၂ရပ်မှ ကိုယ်စားလှယ် များ၊ ဒီမိုကရေစီပညာရေး ဦးဆောင်လှုပ်ရှားမှု ကော်မတီနှင့် NNER ခေါ် ပညာရေးပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာ ကွန်ရက်တို့ သဘောတူလက်မှတ်ရေးထိုးထားသော သဘောတူညီချက်ဖြစ်သည်။ ထို့ပြင် ထို ဆွေးနွေးပွဲ၌ ပညာရေးဝန်ကြီးဌာနက တင်သွင်းသော အမျိုးသားပညာရေးဥပဒေကို ဗဟိုချုပ်ကိုင်မှုများလွန်းသည့်အတွက် NNER နှင့်ကျောင်းသားကိုယ်စားလှယ်များက ကန့်ကွက်သောကြောင့် လွှတ်တော်သို့ ထပ်မံ မတင်ဘဲ ပယ်ဖျက် ပါမည်ဟု သဘောတူခဲ့သည်။ ထို့ပြင် NNER နှင့်ကျောင်းသားတို့၏ အချက် ၁၁ချက်ပါ ဥပဒေမူကြမ်းကို အား လုံးက သဘောတူကာ ထိုဥပဒေကို လွှတ်တော်ထဲ တင်သွင်းပါမည်ဟု လက်မှတ်ထိုး ကတိပေးခဲ့ကြောင်းလည်း ပါရှိလေသည်။ ယခုမူဖေဖော်ဝါရီ ၁၄ရက်နေ့က သဘော တူခဲ့သော၎ပွင့်ဆိုင်ဆုံးဖြတ်ခဲ့သည့် ဥပဒေ ကြမ်းကို ပညာရေးဝန်ကြီးဌာနက သူတို့နှင့် မဆိုင်သယောင် ကျောင်းသားနှင့် NNER တို့သာ ရေးဆွဲသော ဥပဒေကြမ်း ဖြစ်သည့် သဘောရေးသားခြင်းမှာ သဘောတူညီ ချက်ကို ချိုးဖောက်ခြင်းဖြစ်သည်။ ဖတ်ရှုရ သောပြည်သူ လူထုလည်းအထင်မှား၊ အမြင်မှား ဖြစ်စေပါသည်။

ထို့ကြောင့် ထိုကဲ့သို့ ပြည်သူလူထု ထင်ယောင်ထင် မှားဖြစ်စေသည်များကို ပြန်ကြားရေး ၀န်ကြီးဌာနအနေဖြင့် မလုပ်သင့်၊ ပြန်ကြားရေးဝန်ကြီး ဌာန အောက် သတင်းစာများတွင် မရေးသင့်။ ယခင် သဘောတူညီခဲ့သော အချက်(၉)ချက်ကို ချိုးဖောက်ခြင်းဖြစ်သည်ဟု တင်ပြခဲ့လေသည်။ ထို့ပြင် တစ်နိုင်ငံလုံးရှိ တက္က သိုလ်နှင့် ကောလိပ်အတော်များများတွင် ပညာရေး ၀န်ကြီးဌာန က တင်သွင်းသော ပညာရေးဥပဒေ ကို ထောက်ခံသည့်ထောက်ခံပွဲများကို ပါမောက္ခချုပ်များက ပြုလုပ်လျက်ရှိပါ သည်။ ဒဂုံတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ် အပါအ၀င် တက္ကသိုလ်အများအပြားရှိ ပါမောက္ခချုပ်များ ကဘာ အကြောင်းပြချက် မှမပြောဘဲ စုဝေးခိုင်းကာထောက်ခံပွဲများ မလိမ့်တပတ်ပြုလုပ်နေသည်။ ယခု၎ ပွင့် ဆိုင် သဘောတူညီချက် ယူထားသော အမျိုးသား ပညာရေးပြင်ဆင်သည့် ဥပဒေကြမ်း အားဆန့်ကျင်သည့် သဘော သက်ရောက်နေပါသည်။ အစိုးရက ကတိက၀တ် ပြုထားခဲ့သည့် သဘောတူညီချက်ကို ချိုးဖောက် လိုက်ခြင်း လည်း ဖြစ်သည်ဟု NNER နှင့် ကျောင်းသားကိုယ်စားလှယ်များက ရှင်းလင်းပြောကြားသွားခဲ့သည်။

ဖေဖော်ဝါရီ (၁၄)ရက်က ၄ ပွင့်ဆိုင် သဘောတူလိုက်သော ဥပဒေကြမ်းကို ဖေဖော်ဝါရီ ၁၆ရက်တွင် လွှတ်တော်သို့ အမြန် ဆုံး တင်သွင်းကာ အမြန်ဆုံး အတည်ပြုချက် ရယူမည်ဟု လွှတ်တော်ကိုယ်စားလှယ်များနှင့် ပညာရေးဝန်ကြီး ဌာနကိုယ်စားလှယ်များက ကတိက၀တ် ပြုသွားခဲ့ပါသည်။ သို့သော် ဖေဖော်ဝါရီ ၂၇ ရက်တိုင်အောင်ထို ဥပဒေ ကို တင်သွင်း ဆွေးနွေးနိုင်ခြင်း မရှိသေးပေ။ ယခုအမျိုးသား လွှတ်တော်သို့ ထိုဥပဒေရောက်ရှိနေပြီ ဟုဆိုပါ သည်။ အမျိုးသားလွှတ်တော်ကထို အတောအတွင်း ဥပဒေကို မဆွေးနွေးသေး ဘဲ မတ်(၅)ရက်မှသာ အရပ် ဘက်လူ့အဖွဲ့အစည်းများ အပါအ၀င် လူပုဂ်္ဂိုလ်များ၊ ပညာရှင်များက အပြန်ပြန်အလှန်လှန် ဆွေးနွေး ပြီး နောက်လွှတ်တော်ကလည်း ထိုအချိန်မှသာ လွှတ်တော်ထဲဆွေးနွေးပြီး မတ် ၅ ရက် မှ ၁၅ ရက် အထိ ၄ ပွင့် ဆိုင်တင်ပြသည့် ဥပဒေကြမ်းကို ဆွေးနွေးမည်ဟု တင်ပြသွားပါသည်။

ထိုလုပ်ရပ်ကို ကျောင်းသားကိုယ်စား လှယ်များနှင့် NNER က သံသယ၀င်လာ သည်။ အမြန်ဆုံးတင်သွင်း အတည်ပြုပေး ပါမည်ဆိုသည်ကို နေ့ရွှေ့ညရွှေ့ လုပ်နေ ကြသောကြောင့် တကယ်အတည်ပြုပါ့မ လားဟု အယုံအကြည် နည်းလာကြလေ သည်။ အဘယ်ကြောင့်ဆိုသော် အစိုးရ ကိုယ်စားလှယ်များနှင့် လွှတ်တော် ကိုယ်စား လှယ်များ၏ လုပ်ရပ်သည်သဘောထား ရိုးသားပုံမရဟု ထင်မြင်သောကြောင့် မယုံ ကြည်ကြခြင်း ဖြစ်၏။ အဘယ်ကြောင့် ဆိုသော် ကျောင်းသားသပိတ်တပ်ကြီးကို လူထုထောက်ခံမှု တစ်ခဲနက်ရရှိကာ ကျောင်း သားစစ်ကြောင်း ချီတက်လာစဉ်တွင် မြင်းခြံ အကျော်တောင်သာရောက်မှ သာ ဆွေးနွေး ဖို့သဘောတူခဲ့သည်။ သို့သော်နေပြည်တော်တွင် တွေ့ဆုံလိုက်သည်နှင့် အစိုးရဘက်မှ ၄ ပွင့်ဆိုင်တွေ့ဆုံရေးကို ရပ်ဆိုင်းကာ ဖေဖော်ဝါရီ ၁၂ ရက်ကျော်မှ တွေ့ဆုံမည်ဟုပြောဆိုသည်။

ကျောင်းသားသပိတ်စစ် ကြောင်း ဆက်လက်ချီ တက်ကာ ရန်ကုန်အထိ ချီတက်ဖို့လည်း စိုင်းပြင်းခဲ့ သည်။ ဖေဖော်ဝါရီ(၁၄)တွင် ရန်ကုန်၌ ၄ ပွင့်ဆိုင် တွေ့ဆုံပွဲ ကျင်းပရာ အခက်အခဲ မရှိ ရှောရှောရှူ ရှူပင် ကျောင်းသားတို့တင်ပြသော အချက် ၁၁ ချက်ကို သဘောတူညီ လိုက်ကြပါသည်။ သပိတ်မှောက်ကျောင်း သားများကို အရေးမယူပါ။ ကျောင်းသားသမဂ္ဂကိုလည်း ဖွဲ့စည်းခွင့် ပေးလိုက်လေသည်။ ပညာရေး ၀န်ကြီးဌာနက တင်သွင်းသော အမျိုးသား ပညာရေးဥပဒေကိုပင် သူတို့ ရုပ် သိမ်းကာ ၄ ပွင့်ဆိုင် သဘောတူခဲ့သည့် အချက် ၁၁ ချက်ပါ အမျိုးသားပညာရေးဥပဒေကို လက်မှတ်ရေးထိုးခဲ့ လေသည်။ သဘောတူမှုများ ရှောရှော ရှူရှူဖြစ်နေသည့် အတွက်ပင် ကျောင်းသားများ အံ့သြခဲ့ရလေ သည်။ လွှတ်တော်သို့ အမြန်ဆုံးတင် သွင်း ဆွေးနွေးပေးမည်ဟုဆိုကာ ယခုအခါ နှောင့်နှေးလာလေသည်။

ကျောင်းသားများကို အရေးမယူပါ ဟု ကတိပေးထားပြီး သပိတ်စစ်ကြောင်း ရန်ကုန်သို့ဝင်ရောက်လာပါက တည်ဆဲ ဥပဒေအရအရေးယူမည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ထိုသည်မှာ သဘော တူညီမှုကို ချိုးဖောက်ခြင်းဖြစ်သည်။ ထို့ပြင် ပါမောက္ခချုပ်များက မလိမ့်တပတ်ဖြင့် ကျောင်းသားများကို စုဝေးခိုင်းသည်မှာ ရိုးသားမှုမရှိပါဟု ကျောင်းသားသမဂ္ဂများက ဆိုကြသည်။ ယခင်ကတည်း ကအစိုးရကို မယုံကြည်ခဲ့သော ကျောင်းသားသမဂ္ဂများအဖို့ တိုက်ပွဲလမ်းကြောင်းကိုသာ သွားဖို့ရှိတော့၏။ ကျောင်းသားများ က နီးကပ်နေသော ၁၀ တန်းစာမေးပွဲများကို ထောက်ထားသည့်။ အစဉ်အလာအရ အစိုးရသည် တစ်လျှောက် လုံးပေးထားသော ကတိများကို တည်တည်ကြည်ကြည် မှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်ခဲ့ခြင်း မရှိသော ကြောင့် ယခုလို သံသယ၀င်လာခြင်း ဖြစ်ပါ သည်။ ယခုကျောင်းသား သပိတ်စစ်ကြောင်းများ နေရာအနှံ့မှရန်ကုန်မြို့သို့ ဦးတည်ချီ တက်လာချိန်တွင် ယခုကဲ့သို့ဖြစ်လာမည် ဟုမထင်ပေ။ လူထုထောက်ခံမှုလည်း တစ်ခဲနက်ရရှိမည်ဟု မထင်ကြပေ။ လူထုမှာ အံ့သြစရာကောင်းလောက်အောင် အားပေးကြိုဆိုထောက်ခံ ခဲ့ကြ၏။

ကျောင်းသားထု တင်ပြသော အချက် ၁၁ချက်မှာ မှန်ကန်မျှတပြီး ပညာရေးစနစ်အတွက် အထောက် အကူပြုသောကြောင့် လူထု ကတစ်ခဲနက် ထောက်ခံခဲ့ကြသည်။ ကျောင်းသားထု၏ ဂုဏ်သိက္ခာမှာ တက်သွား သည်။ အစိုးရက လည်း ကျောင်းသားများမှ ပေါ့သေးသေး မဟုတ်ကြောင်းလည်း နားလည်လာ သည်။ ကျောင်းသားများနှင့် အတူ လက်တွဲ ပါဝင်ခဲ့သော NNER မှာလည်း နိုင်ငံတကာ ပညာရေးစနစ်များနှင့် အဆင့်မီသော အမျိုးသား ပညာရေး စနစ်ကို တည်ဆောက်သူများ ဖြစ်ကြောင်း ပေါ်လွင်ခဲ့ပါသည်။ သမ္မတ၏ ပညာရေးအကြံပေး ကိုယ်တိုင် ကျောင်းသားတို့၏ တင်ပြသောအချက်များ ကို ထောက်ခံကြို ဆိုကြောင်း ပြောဆိုသွားသည်။ ထိုကဲ့သို့ အနာဂတ် ပညာရေးစနစ်နှင့် တိုင်းပြည်အကျိုးအတွက်ဆိုလျှင် ယခုလိုယုန် ထင်ကြောင်းထင်အပြုအမူမျိုးကို ပါမောက္ခ ချုပ်များကရော ဘာကြောင့်လုပ်ကြရပါသလဲ။ သူတို့သည် အထက်က၀န်ကြီး၏ ခိုင်းစေချက်အတိုင်း လုပ်ရ မည်ဖြစ်သည်။

သူတို့ သဘောနှင့် သူတို့လုပ်ခွင့်မရှိကြ။ လုပ်လျှင် အမြင့်ဆုံးအလုပ်မှ အထုတ်ခံရမည်။ အနိမ့် ဆုံးနယ်ပြောင်းခံရမည်။ ထိုကဲ့သို့သော ဗျူရိုကရေစီယန္တရား အောက်မှ ပါမောက္ခချုပ်များအဖို့ တစ်သံတည်း ထွက်သော ထောက်ခံပွဲများ၊ လုပ်ရပ်များကိုသူတို့ သဘောနှင့်သူတို့ ဘယ်လို လုပ်ကိုင်ရဲပါ့မလဲ။ ထိုကိစ္စသည် မရိုးသားကြောင်း သိသာပါသည်။ ဘာကြောင့် ခပ်ညံ့ညံ့အတွေး နှင့်နောက်ကျော ဓားနှင့်ထိုးသည့် အလုပ်မျိုး လုပ်ရဲရသလဲ ဆိုသည်ကို စဉ်းစားရ ခက်နေမိပါသည်။ ကျောင်းသားတို့၏ အဆိုအရ လွှတ်တော်တွင် ဥပဒေ ကြမ်းတစ်ခုတင်သည့် အခါ၌ ယခုကဲ့သို့ ကျယ်ပြန့်လူအထင်ကြီးဖွယ် ဆွေးနွေးပွဲမျိုးများ မလုပ်ခဲ့ပါဟုဆိုသည်။ ယခင်ပညာရေးဝန်ကြီးဌာနက တင်သော အမျိုးသားပညာရေး ဥပဒေတင်တုန်းက ဆိုလျှင် မြန်မြန်တင် ကာ မြန်မြန်ထုတ်ပြန်ခဲ့သည်။

ယခု အလွန်သဘောထားကြီး သယောင်လုပ်ပြီး အချိန်ဆွဲကာဆွေးနွေးဖို့ လုပ်ခြင်းမှာ သဘောဝ ကျပါသလား။ အမျိုးသား လွှတ်တော်ပြီးလျှင် ပြည်သူ့လွှတ်တော်သို့တင်ရဦးမည်။ ပြည်သူ့ လွှတ် တော်တွင် မည်မျှကြာကြာ ဆွေးနွေးဦးမည် မသိရပေ။ထိုမှပြီးလျှင် ပြည်ထောင်စုလွှတ်တော်ဆီ ရောက်ပေဦး မည်။ ပြည်ထောင်စုလွှတ်တော်မှနေ သမ္မတထံ လက်မှတ်ထိုးဖို့ ရောက်ပေဦးမည်။ သမ္မတလက်မှတ်ထိုးပြီးမှ ဥပဒေ အတည်ပြုပေမည်။ ထိုသို့ဖြစ်ဖို့ မည်သည့် နေ့၊လ ရက်များကြာမည်မသိ။ ထိုအတွင်း ကျောင်းသားတို့၏ သပိတ်တိုက်ပွဲလည်း ပြိုကွဲကာ ပိုနေမြဲ ကျားနေမြဲ ဖြစ်သွားပေမည်။ ထိုသို့ အကွက်ချထားသလို လက်တွေ့ ဖြစ်လာပါ့မလာ။ ကျောင်းသားများသည် နယ်ရုပ်များ မဟုတ်ကြ။ NNER မှာ ပညာ ရေးဥပဒေများကို စနစ်တ ကျလေ့လာထားသည်။ ထို့ပြင် ပြည်သူကလည်း ကျောင်းသားများဘက်မှ ဖြစ်သည်။ ယခုအခြေအနေမှာ ကျောင်းသားများ တင်ပြသလို မရိုးသားမှု များဖြစ်နေ၏။ “ဆိုခဲစေ မြဲစေ” ဆိုသကဲ့သို့ အာဏာပိုင်များ သတိမူ သင့်လေသည်။ “မင်းမှာသစ္စာ၊ လူမှာကတိ”ဆိုသော မြန်မာစကားတွင် လူအချင်းချင်း သဘောတူသည်ကို ကတိစကားအဖြစ် သတ်မှတ်သော်လည်း အုပ်ချုပ်သောအစိုးရ သို့မဟုတ် မင်းအဖြစ် သဘောထားသော အာဏာပိုင်များ၏ သဘောတူမှုကတိ စကားမှာသစ္စာဖြစ်သည်။

ပို၍ပင် လေးနက်ပြီးပို၍ပင် တာဝန်ရှိသည်။ သစ္စာပျက်ခြင်း၊ ကတိမတည်ခြင်းသည် သာမန်လူအချင်းချင်းပင် ယုံကြည်မှုလျော့ နည်းသွားနိုင်၏။ ယခင်စစ် အစိုးရ အဆက်ဆက်အပေါ် မြန်မာပြည်သူများ မယုံကြည်ခဲ့ခြင်းမှာလည်း သစ္စာမရှိ၊ ကတိမတည်ခဲ့ ခြင်း ကြောင့် ဖြစ်သည်။ ယခုအစိုးရသစ် တက်လာသည့်အခါတွင်လည်း ကတိများပေးပြီး လက်တွေ့ဖြစ် မလာ သည်ကိုလည်း ပြည်သူများသိကြသည်။ သန့်ရှင်းသော အစိုးရဖြစ်ရမည်ဟု ဆိုခဲ့သော်လည်း သန့်ရှင်းသော အစိုးရမဖြစ်ပေ။ ကောင်းမွန်သော အုပ်ချုပ်ရေးဖြစ်ရမည် ဆိုသော်လည်းကောင်း မွန်သောအုပ်ချုပ်ရေး ဖြစ်၊ မဖြစ် အသိဆုံးဖြစ်ကြသည်။ စာနယ်ဇင်းလောကကို မေးမြန်းစုံစမ်းသည့်အခါတွင် စာနယ်ဇင်းလွတ်လပ် မှုအတွက်ထိုသို့ မလုပ် သင့်ကြောင်း ပြော ဆိုသောအခါ သမ္မတကသူ၏ အခွင့်အာဏာ ဖြင့် လုပ်ဆောင်ပေးပါ မည်ဟု ကတိပေး ခဲ့သော်လည်း ယခုအထိ အယ်ဒီတာ များ၊ သတင်းထောက် များမှာ ထောင်ထဲရောက် ရှိနေဆဲ ဖြစ်ပါသည်။ ယခုလည်း ကျောင်းသား များကို သဘောတူ လက်မှတ်ရေးထိုး ညှိနှိုင်းပြီးခါမှ သံသယဖြစ်စရာ များ ပြုလုပ် လာသည့်အတွက်နောင်ဖြစ်လာမည့်ဇာတ် လမ်းအဆက်ကိုပိတ် ကားပေါ်တွင် စောင့် ကြည့်ရန်သာ လိုပါတော့သည်။

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

ရဲအင်အားအနည်းငယ်နှင့် လက်ပတ်နီပတ်ထားသည့် အရပ်ဝတ် စွမ်းအားရှင် အများအပြားက အလုပ်သမားများကို ရိုက်နှက်ဖမ်းဆီး … စစ်အစိုးရခေတ် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး တုန်းကကဲ့သို့ပင် လိုင်းကားများကို ခေါ်ဆောင်ထားပြီး အလုပ်သမား ဆန္ဒပြသူများကို တင်ဆောင်သွားခဲ့ …
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တညင်းကုန်းက သံလမ်းဘေးတွင် တန်းစီထိုင်နေသည့် အထည်ချုပ် အလုပ်သမလေးများသည် ကိုယ်စီကိုယ်စီ ထီးများဆောင်းထားသည်။ ရှေ့တွင် ရဲဝန်ထမ်း အတော်များများ လမ်းပိတ် ရပ်ထားကြသည်။

အလုပ်သမားများတွင် အသက် ၃၀ ကျော်အရွယ် အမျိုးသမီး ၅ ယောက်၊ ၆ ယောက်ခန့် ပါသော်လည်း အများစုက ၂၀ ကျော် မိန်းကလေးများ ဖြစ်သည်။ ယင်းသို့ ထိုင်နေသူများတွင် အသက် ၂၀ ကျော်၊ ပိန်ပိန်ပါးပါး၊ အသားညိုညိုနှင့် မသဲဖြူခိုင်လည်း အပါအ၀င် ဖြစ်သည်။

တညင်းကုန်းလမ်းဆုံတွင် အလုပ်သမားဆန္ဒပြမှုများကို ပိတ်ဆို့ခံထားရသဖြင့် ၎င်းတို့ ထိုင်နေရကြောင်းကို ““မနက် ၈ နာရီကနေစပြီး သပိတ်စခန်းကနေ စထွက်ပြီး ကန်သာယာမှာ တစ်ခါတားတယ်။ နောက် ၉ နာရီ လောက်ကနေစပြီး တညင်းကုန်း လမ်းဆုံမှာ ရဲအင်အားအများကြီးနဲ့ ပိတ်ဆို့ထားခဲ့တာပါ””ဟု မသဲဖြူခိုင်က ပြောသည်။…

စားမလောက်လို့ပါ

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်မှ ရန်ကုန်မြို့သို့ ပြောင်းရွှေ့လာသည့် မသဲဖြူခိုင်သည် ရန်ကုန်မြို့ရှိ ထောင်ပေါင်းများစွာသော လစာနိမ့် အထည်ချုပ်လုပ်ငန်းခွင်တွင် ၀င်ရောက် လုပ်ကိုင်နေသူများအနက်မှ တစ်ဦးဖြစ်သည်။

အခြေခံလစာ ၄၀၅၀၀ အပါအ၀င် တစ်လလျှင် ၀င်ငွေကျပ် ၁ သိန်းအောက်ဖြင့် ရပ်တည်နေရသော အထည်ချုပ် လုပ်သားများသည် စားဝတ်နေရေး အကျပ်အတည်းကြောင့် လမ်းပေါ်ထွက်ပြီး သပိတ်တိုက်ပွဲ ဆင်နွှဲနေရသည့် အထည်ချုပ် လုပ်သားတစ်ဦးလည်း ဖြစ်သည်။

““တစ်နေ့ကို အသုံးစရိတ် ချွေတာသုံးတောင် ၅၀၀၀ ပဲရှိတယ်။ ရတဲ့ လစာက ၁ သိန်းလောက်ပဲရှိတာ။ ကိုယ်သုံးတာနဲ့ ဆိုရင် ၅၀၀၀၀ လောက်ပဲ ပေးနိုင်တယ်။ တစ်နေ့ ၅၀၀၀ ဆိုရင် ၁၀ ရက်ဆိုကုန်ပြီ။ အဆင်မပြေဘူး။ အိမ်မှာ မိသားစုတွေနဲ့အတူ စကားများတာတွေလည်းရှိတယ်””ဟု မသဲဖြူခိုင်က ဆိုသည်။

အရပ်ရှည်ရှည်၊ လူကောင်ထွားထွားနှင့် မခင်မျိုးဦးသည်လည်း စစ်ကိုင်းတိုင်းမှ ရန်ကုန်သို့ လာရောက် လုပ်ကိုင်နေသည့် အထည်ချုပ် အလုပ်သမတစ်ဦးဖြစ်ပြီး တစ်နှစ်လျှင် နှစ်ကြိမ်မျှသာ အိမ်သို့ ငွေပြန်ရောက် သည်ဟု ဆိုသည်။

““တစ်နှစ်ကို နှစ်ကြိမ်လောက်ပဲ အိမ်ကိုပေးနိုင်တယ်။ သင်္ကြန်နားနီးရင် အိမ်ကို တစ်သိန်းခွဲလောက် ပေးနိုင် တယ်။ သီတင်းကျွတ်ရင် အ၀တ်အစားနဲ့ ပိုက်ဆံ နည်းနည်းပဲ ကားနဲ့တင်ပို့နိုင်တယ်””ဟု မခင်မျိုးဦးက ဆိုသည်။

အနုနည်းနှင့်လစာတိုးတောင်းသည်မှာ လချီနေပြီ ဖြစ်သော်လည်း အဆင်မပြေသဖြင့် ယခုကဲ့သို့ လမ်းပေါ် ထွက်ပြီး သပိတ်တိုက်ပွဲ ဆင်နွှဲရာတွင် ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

ပုပ်အဲ့အဲ့ အနံ့မျိုးစုံ ထွက်နေသော မြောင်းပုတ်ဘေးရှိ မညီမညာ မြေပြင်တွင် ခင်းထားသည့် တာလပတ်စ ပေါ်တွင်ထိုင်၍ ဖြစ်ကြောင်းကုန်စင် ပြောပြနေသော သူတို့၏ မျက်နှာတွင် ချွေးစို့နေသည်။

အလျား ၂၅ ပေ၊ အနံ ၁၅ ပေခန့်ရှိသည့် မြေနေရာပေါ်တွင် လူ ၁၀၀ ၀န်းကျင်ခန့်မှာ ထိုင်လျက်တစ်မျိုး၊ လှဲလျက်တစ်ဖုံ ရှိနေကြသည်။

အလုပ်သမားများ နေ့စဉ်ရရှိသော လုပ်အားခသည် လွန်စွာမှ နည်းပါးနေခြင်း၊ ရရှိသော လုပ်အားခနှင့် မိသားစု ရပ်တည်နိုင်ရေးသည် လွန်စွာမှ အခက်အခဲဖြစ်စေခြင်း၊ လုံလောက်မှု မရှိခြင်းတို့ကြောင့် တောင်းဆိုခြင်း ဖြစ်ကြောင်း အလုပ်သမား စုပေါင်းသပိတ် ကော်မတီက ထုတ်ပြန်ခဲ့သည်။

““မလောက်တော့ အကြွေးယူရတယ်။ မရှိတော့ ချေးငှားသုံးရတယ်။ ကိုယ်မသုံးရဘဲ အတိုးတွေ ပေးရတာနဲ့ ကိုယ်သုံးတဲ့ဆီ မရောက်တော့ဘူး””ဟု အလုပ်သမားသပိတ်မှ အထည်ချုပ် အလုပ်သမတစ်ဦး ဖြစ်သူ မအိမာလွင်က ဆိုသည်။

အကြိမ်ကြိမ်ဖြိုခွင်းခံရ

အခြေခံ လုပ်ခလစာ တိုးမြှင့်ရေးအတွက် ရွှေပြည်သာ စက်မှုဇုန်မှ အလုပ်သမားများသည် ဖေဖော်ဝါရီလ ၂ ရက်၊ ၂၀၁၅ ခုနှစ်တွင် ပထမအကြိမ်အဖြစ် ဆန္ဒပြပြီး ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။

ထိုညှိနှိုင်းမှုများ အဆင်မပြေသောကြောင့် ဒုတိယအကြိမ် ဆန္ဒပြမှုများကို ဖေဖော်ဝါရီ ၁၇ ရက်၊ ၂၀၁၅ ခုနှစ်တွင် ပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီလ ၁၈ ရက်နေ့အထိ ညှိနှိုင်းမှုများ မပြေလည်ခဲ့ပေ။

ရွှေပြည်သာရှိ အထည်ချုပ်စက်ရုံ အသီးသီးရှေ့တွင် သပိတ်စခန်းများ ဖွင့်လှစ် ထားရှိခဲ့ရာ ဖေဖော်ဝါရီလ ၂၀ ရက် ညနေ ၅ နာရီတွင် သပိတ်စခန်းများ ဖြိုခွင်းခံခဲ့ရသည်။

သပိတ်စခန်းများ မဖြိုခင် ဖေဖော်ဝါရီ ၁၈ ရက်က အစိုးရ သတင်းစာများတွင် ဥပဒေနှင့် မညီသော လုပ်ဆောင်မှု များကို ဖြိုခွင်းမည်ဟုဆိုကာ ခြိမ်းခြောက်မှု ပြုလုပ်ခဲ့သေးသည်။ (မြန်မာသံတော်ဆင့်အတွဲ ၃၊ အမှတ် ၅၀ တွင် ဖော်ပြပြီး)

ရွှေပြည်သာနှင့် လှိုင်သာယာ စက်မှုဇုန်ရှိ အလုပ်သမားများ လုပ်အားခ တိုးရယူလိုမှုများနှင့် ပတ်သက်ပြီး ဥပဒေနှင့် မညီညွတ်သော အကြမ်းဖက် တောင်းဆို ဆန္ဒပြမှုများ၊ လုပ်ငန်း ဆောင်ရွက်မှုကို အဖျက်အမှောင့် ပြုလုပ် ပိတ်ဆို့မှုများ အပါအ၀င် ရပ်ရွာ အေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ထိခိုက် ပျက်ပြားစေရန် ဦးတည် ဆောင်ရွက်သူများကို အလုပ်ရှင်၊ အလုပ်သမား မခွဲခြားဘဲ တည်ဆဲဥပဒေနှင့်အညီ အရေးယူမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရက ထုတ်ပြန်ခဲ့သည်။

E-Land Myanmar မှ လုပ်သား ၁၂ ဦး ဒဏ်ရာရရှိနေပြီး ၃ ဦးမှာ ဆေးရုံသို့ ရောက်ရှိခဲ့သည့်နည်းတူပင် Costec မှ ၃ ဦး၊ Ford glory မှ ၆ ဦး ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့သည်။

ထိုသို့ဖြိုခွင်းခဲ့ပြီးနောက် သတင်းစာများ၊ ရေဒီယိုများတွင် မမှန်သတင်းများ လွှင့်ခဲ့ကြောင်းကို မခင်မျိုးဦးက ““တခြားမကြည့်နဲ့၊ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားတို့ပဲ ကြည့်လေ။ E-Land Myanmar တစ်ရုံတည်း အဆင်မပြေဘူးဆိုပြီး ကြေညာတာ။ အဲဒီရုံတွေက ထွက်တာ ၂၀၀၊ ၃၀၀ လောက်ပဲ ထွက်တာ။ အထဲထဲမှာ ကျန်နေတဲ့သူ အလုပ်လုပ်နေတဲ့ သူကိုသွားပြီး အဆင်ပြေသွားပါပြီလို့ ကြေညာနေတာ””ဟု ဆိုသည်။

ဆန္ဒပြမှုများကို အကြမ်းဖက် ဖြိုခွင်းပြီးနောက်ပိုင်းတွင် အထည်ချုပ် လုပ်ငန်းရှင်များအသင်း၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရ၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနတို့က အပြိုင်အဆိုင် ကြေညာချက်များ ထုတ်ပြန်ခဲ့ပြီး နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြခဲ့ကြသည်။

ဆန္ဒပြသူများကို ညှိနှိုင်းမှုများ အကြိမ်ကြိမ် လုပ်ခဲ့သော်လည်း ညှိနှိုင်းသည့်အခါတိုင်း ခြိမ်းခြောက်မှုများသာ ကြုံတွေ့ခဲ့ရကြောင်း၊ ညှိနှိုင်းမှုများအစား တောင်းဆိုသော အလုပ်သမားများအား အပြစ်မြင်နေသော ညှိနှိုင်းရေး အဖွဲ့၏ တစ်ဖက်သတ်ဆန်သော စကားလုံးများနှင့် အလုပ်ရှင်၏ အရှုံးပေါ်သော ကိစ္စရပ်များကိုသာလျှင် ထပ်ဖန်တလဲလဲ ပြောဆိုနေသည်များကိုသာလျှင် ရင်ဆိုင်ခဲ့ရသည်ဟု ဆွေးနွေးခဲ့သူ ကိုမျို မင်းမင်းက အဖမ်းဆီး မခံရခင်က ပြောကြားသည်။

အစိုးရသက်တမ်း နောက်ဆုံးကာလတွင် ကျောင်းသားသပိတ်နှင့် အလုပ်သမား သပိတ်ကဲ့သို့ သပိတ်မှောက် ဆန္ဒဖော်ထုတ်မှုများကို ဆက်လက် အရှိန်မြှင့် လုပ်ဆောင်သွားပါက စစ်အုပ်ချုပ်ရေး စနစ်အဖြစ် ပြောင်းလဲ ဖြစ်ပေါ်လာနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရခိုင်တိုင်းရင်းသားရေးရာနှင့် အလုပ်သမားဝန်ကြီး ဦးဇော်အေးမောင်က မတ်လ(၂) ရက်တွင် ပြုလုပ်သော ရန်ကုန်တိုင်း ဒေသကြီး အလုပ်သမားရေးရာ ညှိနှိုင်း ဆွေးနွေးရေးအဖွဲ့၏ တတိယအကြိမ် သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများသို့ ပြောကြားခဲ့သည်။

ယင်းသို့ ပြောကြားခဲ့ပြီးနောက် မတ်လ ၄ ရက် ညနေ ၅ နာရီဝန်းကျင်ခန့်တွင် အလုပ်သမား ဆန္ဒပြမှုများကို အကြမ်းဖက်ပြီး ထပ်မံဖြိုခွင်း ခံခဲ့ရသည်။

ရွှေပြည်သာ စက်မှုဇုန်ကနေ မြို့တော်ခန်းမရှေ့ကို ချီတက်ဆန္ဒပြလာသည့် အလုပ်သမား ၁၀၀ ၀န်းကျင်ကို ရဲနှင့် အရပ်ဝတ်အင်အား (၃၀၀)ကျော်လောက်က သံဆူးကြိုးများနှင့် လမ်းပိတ်ထားခဲ့သည်။

ထို့နောက် ညနေ ၅ နာရီခန့်တွင် ရဲအင်အား အနည်းငယ်နှင့် လက်ပတ်နီပတ်ထားသည့် အရပ်ဝတ် စွမ်းအားရှင် အများအပြားက အလုပ်သမားများကို ရိုက်နှက်ဖမ်းဆီး ခဲ့ကြခြင်းဖြစ်သည်။

အလုပ်သမားများသာမက ဒီဗွီဘီနှင့် 7 Day နေ့စဉ် သတင်းစာတို့မှ သတင်းထောက်များကိုပါ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ခြင်းဖြစ်သည်။

““သတင်းထောက်တွေပါလို့ ကတ်ပြားတွေ ပြနေတဲ့ကြားတည်းက အရပ်ဝတ်နဲ့လူတွေက အတင်းဆွဲခေါ် သွားတာ””ဟု ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရသူ 7 Day နေ့စဉ် သတင်းစာမှ သတင်းထောက် ကိုနစ်ကီက ပြောသည်။

ထို့ပြင် စစ်အစိုးရခေတ် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးတုန်းကကဲ့သို့ပင် လိုင်းကားများကို ခေါ်ဆောင် ထားပြီး အလုပ်သမား ဆန္ဒပြသူများကို တင်ဆောင်သွားခဲ့သည်။

““၁၃၀ တို့၊ ၁၂၁တို့၊ ၁၂၇တို့ ဒိုင်နာတွေနဲ့ ခေါ်သွားတာပါ။ ဒိုင်နာကားတွေကို ချောဆွဲပြီး ခေါ်သွားတာပါ””ဟု မသဲဖြူခိုင်ကဆိုသည်။

ဆူးလေမြို့တော်ခန်းမရှေ့သို့ ချီတက်လာသည့် အလုပ်သမားသပိတ်ကို တညင်းကုန်း လမ်းဆုံတွင် ပိတ်ဆို့ပြီး ဖြိုခွင်းခဲ့ခြင်းဖြစ်သည်။

အမျိုးသမီး ၂၀ ကျော်ခန့်နှင့် အမျိုးသား ၁၅ ဦး ဖမ်းဆီးခံခဲ့ရကြောင်း အလုပ်သမားသပိတ် ဦးဆောင်သူများထံမှ သိရသည်။

အင်းစိန်၊ ဒညင်းကုန်းလမ်းဆုံတွင် အပိတ်ခံထားရသည့် ဆန္ဒပြ အလုပ်သမားများကို ရဲများက ဖြိုခွင်းခဲ့ပြီး ညနေစောင်းတွင် E-Land Myanmar စက်ရုံရှေ့ရှိ အလုပ်သမား သပိတ်စခန်းကိုလည်း ရဲများက ၀င်ရောက် ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

တညင်းကုန်း လမ်းဆုံလမ်းခုလတ်မှ လှည့်ပြန်ရန် ရဲများက ပြောကြားခဲ့ပြီး အလုပ်သမားများက ဆက်ချီတက် မည်ဟုဆိုကာ တစ်နေ့လုံး ညှိနှိုင်းမရ ဖြစ်ခဲ့သည်။

အဖြိုခံရစဉ် သပိတ်စခန်းတွင် အလုပ်သမား (၃၀)ခန့်သာ ရှိနေခဲ့သည်။

အစိုးရက ကြိမ်ဖန်များစွာ ကြေညာသကဲ့သို့ သဘောတူညီမှု မရသေးကြောင်း သက်သေပြရန် မြို့လယ်ကောင် သို့ ချီတက်လာသော သပိတ်စစ်ကြောင်းသည် တညင်းကုန်း လမ်းဆုံတွင်ပင် ပြိုပျက်သွားခဲ့ရပြီ ဖြစ်သည်။

အပြင်တောင်မထွက်ရဲပါ

E-Land Myanmar ရှေ့ရှိ သပိတ်စခန်း တစ်ခုလုံးမှာလည်း ၀ါးတိုဝါးစများနှင့် အမျိုးသမီး အ၀တ်အစား အချို့သာ ဖရိုဖရဲ ပြန့်ကျဲလျက်ရှိသည်။

ထိုအ၀တ်အစားဟောင်းများကို လိုက်လံ စုစည်းနေသူတစ်ဦးမှအပ ဆန္ဒပြသူမဆိုထားနှင့်သာမန် ဖြတ်လျှောက် သူများပင် မရှိသလောက် ဖြစ်နေသည်။

ဖြိုခွင်းခံရသည့် အလုပ်သမားသပိတ်မှ လွတ်မြောက်သွားသူ အများအပြားမှာလည်း ဆက်သွယ်၍ပင် မရသည့် အခြေအနေဖြစ်သည်။

နေအိမ်သို့ ပြန်ရောက်သွားသည့်တိုင် စိတ်မချရသေးသည့် အခြေအနေကို ကြုံတွေ့နေရကြောင်းကို အလုပ်သမား ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုကျော်လွင်ဦးက““အပြင်မှာ စောင့်ကြည့်နေတဲ့သူရှိလို့။ ဘယ်မှ သွားလို့မရဘူး။ အပြင်လည်း မထွက်ရဲဘူး””ဟု ဆိုသည်။

ပညာရှင်တွေ မရှိတာလား

ပညာရှင်နှင့် ကျွမ်းကျင်သူဆိုသည်မှာ လူ့အဖွဲ့အစည်းကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ကြသည်ဟု ပြောနိုင်ပါသည်။

ပညာရှင်ဆိုသည်မှာ တိုင်းပြည်တစ်ခု ဆုတ်ယုတ်ကျဆင်းသွားရန် လုပ်သည့်လူတန်းစားမဟုတ်ဟု လူတိုင်းက ရှုမြင်ပါသည်။

ပညာရှင်ဆိုသည်မှာ အကြမ်းဖက်မှုများ ရပ်တန့်ရန် ကူညီသည့် နေရာတွင်လည်း အရေးပါသည့် အခန်းကဏ္ဍ တွင် တာဝန်ယူကြရသည်။

ငြိမ်းချမ်းရေး မရအောင်၊ လက်နက်ကိုင် ပဋိပက္ခများ ပိုပြီး ရေရှည်လာရန် အာဏာရှင်များဘက်က ရပ်တည်ပြီး ပညာစွမ်းပြသည့် ပညာရှင်ဆိုသည်မျိုး လူ့သမိုင်းတွင် အနည်းအကျဉ်း ရှိခဲ့ဖူးသည်။

သို့သော် စစ်မှန်သည့် ပညာရှင်များသည် အာဏာပိုင်တွေ ဖြစ်စေချင်သည့်၊ အစိုးရ ဖြစ်စေချင်သည့် တစ်ဖက်သတ် လမ်းစဉ်အတိုင်း မည်သည့်အခါမျှ မလုပ်ခဲ့ပေ။

ပညာရှင်များအနက် နိုင်ငံရေးနှင့် ပတ်သက်ပြီး အကြံဉာဏ်ပေးသည့် ပညာရှင်များ၏ အခန်းကဏ္ဍသည် အရေးကြီးလှသည်။

အထူးသဖြင့် အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်ကို ကူးပြောင်းဖို့ ကြိုးစားနေသည့် နိုင်ငံများတွင် နိုင်ငံရေး ပရောဟိတ် ပညာရှင်များ၏ နှုတ်ထွက်စကားများသည် အရေးကြီးပါသည်။

တချို့နိုင်ငံများတွင် အပြင်ပုံပန်းသဏ္ဌာန်အရ ဒီမိုကရေစီကို ကူးပြောင်းဖို့ ဆောင်ရွက်နေသော်လည်း အုပ်ချုပ်သူများသည် အာဏာရှင်ခေတ်က အရသာကို တမ်းတနေဆဲ ဖြစ်သည်။

ယင်းကဲ့သို့ တမ်းတနေသည့်အတွက် ဒီမိုကရေစီ အကူးအပြောင်း ထင်သည်ထက် ကြာရှည် သွားတတ်သည်။

ဒီမိုကရေစီကို အရေခြုံထားပြီး ခေတ်ဟောင်းက အာဏာရှင်စနစ်ကို မီးသေမသွားအောင် တစ်ဖက်လှည့်ဖြင့် မီးမှုတ်ပေးလေ့ရှိပြီး မီးမှုတ်ပေးရသည့် လုပ်ငန်းများအတွက် အာဏာရှင်ဟောင်းများသည် လူထုကို လှည့်စားရန် လိုလာပါသည်။

ယင်းနေရာမှာ လူတွေကို လှည့်စားရန်အတွက် ပညာရှင်ဆိုသူများကို ထုတ်သုံးရပါတယ်။ အထူးသဖြင့် ၎င်းတို့ အလိုကျ ဆောင်ရွက်ပေးမည့် နိုင်ငံခြားပြန် ပညာတတ်များ၊ ယခင် အတိုက်အခံလုပ်ပြီး ဘက်ကူးပြောင်း လာသူများကို စင်ပေါ်တင်ပေးလေ့ ရှိသည်ဟု ဖတ်ဖူးသော ဆောင်းပါးတစ်ပုဒ်ကို အမှတ်ရမိသည်။

ဖြိုခွင်းခံလိုက်ရသောဘ၀များ

၁၂၀၀ ကျပ်တန်ဆန်ကိုပင် ၀ယ်မစားနိုင်သော မခင်မျိုးဦးတို့ အလုပ်ချိန်မှာ တစ်နေ့ ၈ နာရီ သတ်မှတ် ထားသော်လည်း အချိန်ပို ဆင်းရသည်များနှင့်ဆိုလျှင် နေ့စဉ် ၁၀ နာရီမျှ မကပေ။

““အလုပ်ချိန်စတဲ့ အချိန်ကစပြီး စက်ချုပ်သမားတွေဆို နေပူခံ၊ မီးပူခံပြီးတော့ ဖင်နဲ့ခုံနဲ့ ထိုင်လိုက်ပြီဆိုရင် မီးပွင့်ပြီလားတောင် အောက်မေ့ရတယ်””ဟု မခင်မျိုးဦးက ဆိုသည်။

အလုပ်သမားများ မည်သို့ မည်ပုံဆန္ဒဖော်ထုတ်နိုင်သည်၊ မည်သို့မည်ပုံ သပိတ်မှောက်လျှင် ဥပဒေနှင့် ညီညွတ်သည်ဟု အကျယ် အဓိပ္ပာယ်ဖွင့်ဆိုချက် မပါဝင်သော အလုပ်သမား ဥပဒေအရ သပိတ်မှောက်ခွင့် ရှိကြောင်းသိရပြီး သပိတ်မှောက်ဆန္ဒပြမှုများ ပြုလုပ်ခဲ့သော်လည်း ပြင်းထန်သော ဖြိုခွင်းမှုများကို ဆက်တိုက် ကြုံခဲ့ကြရခြင်းဖြစ်သည်။

ဆန္ဒပြမှုများတွင် ပါဝင်ခဲ့ခြင်းကြောင့် အစိုးရ၏ ဖိအားကိုသာမက မိသားစု စားဝတ်နေရေးပါ စိတ်ပူပန်ရသည့် အခြေအနေကို မသဲဖြူခိုင်နှင့် မခင်မျိုးဦး၊ မအိမာလွင်တို့ အပါအ၀င် အလုပ်သမားအားလုံး ကိုယ်စီ၊ ကိုယ်စီ ကြုံတွေ့နေရပြီး ၎င်းတို့၏မျှော်လင့်ချက်မှာ စားဝတ်နေရေး လုံလောက်ရေးသာ ဖြစ်သည်။

““ဒီလဆန္ဒပြတဲ့အတွက်ကြောင့် အိမ်ကို ပြန်မပေးနိုင်ဘူး။ အိမ်ကိုလည်း မပြောရဲဘူး။ ဘယ်မျက်နှာနဲ့ ပြန်ရ မှာလဲ။ မိသားစုတွေကတော့ ရုန်းကန်ပြီး ရှာစားနေရတယ်””ဟု မသဲဖြူခိုင်က မျက်ရည်များ ရစ်ဝဲလျက် ပြောသည်။

ကျော်ကျော်မင်း၊ သူရိန်ကျော်

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

ဒီရက်ပိုင်းလူပြောအများဆုံးကတော့ စွမ်းအားရှင်လို့ ယူဆရတဲ့ ဘယ်သူတာဝန်ပေးတယ် မရှင်းလင်းတဲ့
တာဝန်ဆိုသည့် လက်ပါတ်နီ လက်မောင်းတွင်တပ်ဆင်၍ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေသည့် ကျောင်းသားများနှင့် ၀န်းရံပေးသည့် ပြည်သူကို အကြမ်းဖက် ရိုက်နှက်ခဲ့သည့်
ဘာတာဝန်မှန်းမသိသည့်သူတွေ အကြောင်းဖြစ်သည်။

စွမ်းအားရှင်ဟု နံမည်မတပ်ပဲ ရပ်မိရပ်ဖ ဟုနံမည်ပေးလျှင်လည်း အနှစ်သာရကတော့ ပြောင်းလဲသွားမည်မဟုတ်...

မည်သည့်အမည်နာမ ခေါင်းစဉ်တပ်စေကာမူလုပ်ရပ်သည်သာ အရေးကြီးဆုံးဖြစ်ရာ
တာဝန် စာတန်းပါအနီရောင်လက်ပါတ် လက်မောင်းတွင်ဝတ်ဆင်ထားသော အဆိုပါပုဂ္ဂိုလ်များ မည်သူမည်ဝါဖြစ်ခြင်းထက်
မည်သည့်အဖွဲ့အစည်းအောက်တွင် မည်သို့တာဝန်ပေးထားသည် လေ့ကျင့်ပေးထားသည် မည်သို့ထောက်ပံ့ပေးထားသည် မည်သူကခိုင်းစေနေသည် မည်သည့်ဌာနလက်အောက်တွင်ရှိသည် မည်မျှလစာငွေ သို့မဟုတ် အခွင့်အရေးခံစားနေရသည်ကိုရှင်းရှင်းလင်းလင်းသိရန် အရေးကြီးလှပေသည်

ဘယ်အဖွဲ့အစည်းအောက်တွင်ရှိနေသည်ဖြစ်စေဘယ်အဖွဲ့အစည်းအောက်တွင်မှမရှိသည်ဖြစ်စေ
မြန်မာနိုင်ငံသားအားလုံးတွင် မေးမြန်စုံစမ်းရန် သိအောင်ကြိုးစားရန်တာဝန်ရှိပါသည်

ဝန်ကြီးအဆင့် တာဝန်ရှိသူကပင် မသိပါဆိုလျှင်ရှင်းလင်းသေချာသည့် ရာထူတာဝန်မရှိသည့် နိုင်ငံဝန်ထမ်းအဖြစ်တရားဝင် တာဝန်ထမ်းဆောင်နေခြင်းမရှိသည့်
တရားမ၀င် ဂိုဏ်းဂဏ္ဍ ဖြစ်နေမည်လားစိုးရိမ်ဖွယ်ဖြစ်ပေသည်

ပြည်သူအချင်းချင်း စိတ်ဝမ်းကွဲမှု့များ အထင်မှားမှု့များ ပဋိပက္ခများ မဖြစ်စေရန် အဆိုပါပုဂ္ဂိုလ်များ မည်သူမည်ဝါဖြစ်သည်ဆိုသည့်အပြင်မည်သည့်ဌာန၏ လက်အောက်တွင် တာဝန်ထမ်းဆောင်နေသည့် မည်သည့်တာဝန်ရှိသူများဖြစ်သည်နှင့် အဆိုပါပုဂ္ဂိုလ်များ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သူများနှင့် ၀န်းရံသူပြည်သူများကို ရိုက်နှက်ခွင့်ပေးသူမည်သူမည်ဝါဖြစ်သည်ကို

တာဝန်ရှိသူများမှ ရှင်းပြရန်အရေးတကြီးလိုအပ်ပါသည်။

နိုင်ငံတော်ရဲ့ အမြင့်ဆုံးဥပဒေဖြစ်သည့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၏ ပုဒ်မ ၃၅၄ တွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် စီတန်းလှည့်လှည်ခွင့် ငြိမ်းချမ်းစွာစုဝေးခွင့် ရှိသည်ဟု ပါရှိနေပါလျှက်

အဖေထက်သားတစ်လကြီးဥပဒေဖြစ်သည့်ပုဒ်မ ၁၈ ဖြင့် တစ်နိုင်ငံလုံး၏ အကျည်းထောင်များတွင် မိမိအခွင့်အရေးတောင်းဆိုသည့် အလုပ်သမား လယ်သမားများ တတ်ကြွလှုပ်ရှားသူများကို ဖမ်းဆီးထောင်ချနိုင်သည့် ဥပဒေဖြင့်ဒီမိုကရေစီစံနှုန်းကို အစိုးရကိုယ်တိုင်က ချိုးဖောက်နေသည်ဖြစ်သည့်အပြင် အစိုးရ၀န်ထမ်းမဟုတ်သည့် ဌာနတစ်ခု၏လက်အောက်တွင် တရားဝင် တာဝန်ထမ်းဆောင်နေခြင်းမဟုတ်သည့်မည်သူမည်ဝါမည်သည့်တာဝန်ရှိသည်ရှင်းရှင်းလင်းလင်းမရှိသည့်သူများကို တာဝန်စာတန်းပါ လက်ပါတ်တပ်ပေး၍ ငြိမ်းချမ်းစွာ စုဝေး၍ ဆန္ဒဖော်ထုတ်သူ ကျောင်းသားများအား အကြမ်းမဖက်ရန် တောင်းဆိုသူများကို အကြမ်းဖက် ရိုက်နှက်ရန်ခိုင်းစေ တာဝန်ပေးသူမှာ အစိုးရကိုယ်တိုင်ဖြစ်နေသည်ဟု ပြည်သူလူထုယူဆစရာဖြစ်နေပါသည်~~~

ယခုခေတ်အခါတွင် ပိတ်စနီပေါ်တွင် တာဝန်စာတမ်းရိုက်နက်ရန် အင်မတန်လွယ်ကူနေပြီဖြစ်ရာ အဆိုပါလက်ပါတ် ၀တ်ဆင်ပြီး လူ့အဖွဲ့အစည်းကို အန္တရာယ်ပြုရန် ပြစ်မှု့ကျူးလွန်ရန် ရိုက်နှက်ဖမ်းဆီးရန် ဗိုလ်ကျအနိုင်ကျင့်ရန် မသမာသူများ ပေါ်လာနိုင်ပါသည်

မည်သည့်တာဝန်မှန်းရှင်းရှင်းလင်းလင်း မသိသည့် တာဝန်လတ်ပါတ်ဝတ်ဆင်ထားရုံဖြင့် လူပုံအလယ်တွင်အမျိုးသမီးငယ်လေးကိုလည်ပင်းညှစ်ဖမ်းဆီးခေါ်ဆောင်ခွင့်ကိုအစိုးရတာဝန်ရှိသူများက
 ပေးသည့်အပြင်ကျွန်မတို့လူ့အဖွဲ့အစည်းကပါခွင့်ပြုပေးလိုက်မည်ဆိုလျှင်နောက်တစ်ခါ ထိုသူများ၏ ရိုက်နက်ဖမ်းဆီးခြင်းခံရသူမှာမိမိအလှည့်ဖြစ်လာနိုင်သည်ဖြစ်ရာအဆိုပါတာဝန်စာတမ်းပါ
လက်ပါတ်ဝတ်ပုဂ္ဂိုလ်များမည်သည့်တာဝန်ရှိသည် မည်သူခိုင်းစေသည်ကို သိအောင်ကြိုးပမ်းဖို့ ကျွနုပ်တို့တွင် တာဝန်ရှိပါသည်..တာဝန်ရှိသူများမှ ရှင်းရှင်းလင်းလင်း ထုတ်ပြန်ပြောဆိုလာသည်အထိ

ဘာတာဝန်လဲ..ဘယ်သူခိုင်းတာလဲ...မေးနေပါဦးမည်

Aye Mya Mya Myo

သမ္မတရုံးညွှန်ကြားရေးမှုးကိုမှုးဇော်က အရပ်ဝတ်လက်ပတ်နီ အမျိုးသားတွေကကျောင်းသူတွေ၊ အမျိုးသမီးတွေကို ကာယိနြေ္ဒပျက်ပြားအောင် ဆွဲရမ်းတာတွေ၊
ကျောင်းသားလူငယ်တွေကို လက်သီးနဲ.ထိုး လက်ရောက်မှုတွေဟာ သာမန်ဝိုင်းဝန်းကူညီ ဖမ်းဆီးတာလား၊ အကြမ်းဖက်တာလား ဆိုတာ ဓါတ်ပုံ၊ ဗီဒီယိုမှတ်တမ်း
အထောက်အထား များစွာကို ရှိနေပါလျက် ကျင့်ထုံးဥပဒေ ၁၂ရ /၁၂၈ဥပဒေနဲ့ညီညွတ်ကြောင်းအကိုးအကားနဲ့ရေးတင်လာတာ တွေ.ရပါတယ်။

နောက်တချက်က ကိုးကားဖော်ပြတဲ့ ဥပဒေမှာ " အများပြည်သူ ငြိမ်းချမ်းခြင်းကိုနှောက်ယှက်ဖျက်ဆီးရန် ရှိသော " ဆိုတဲ့ ဥပဒေဖွင့်ဆိုချက်ဟာ DEMONSTRATION
ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ပြသခြင်းကိုဆိုလိုသလား ဒါမှမဟုတ် RIOT ဆူပူသောင်းကျန်းခြင်း ( ဥပမာပြရရင် ဘောလုံးပွဲရျူံးလို. ခုံတွေရိုက်ချို။ မီးရှို.တာမျိုးပါ ) ကိုဆိုလိုသလား
ဆိုတာ ကွဲပြားဖို.လိုအပ်ပါတယ်။

နောက်တချက်က " လက်နက်ကိုင်မဟုတ်သော မည်သည့်အမျိုးသားကိုမဆို အကူအညီတောင်းနိုင်သည် " ဟုဆိုရာတွင် ဥပဒေဖွင့်ဆိုချက်ဟာ အခင်းဖြစ်ပွားရာနေရာ
မှာလုံခြုံရေး ရဲတပ်ဖွဲ.၀င် လုံလောက်မှုမရှိသည့်အခါမျိုးမှာ အကူအညီတောင်းခံနိုင်တယ်လို. ဆိုလိုခြင်းဖြစ်ကြောင်း မြန်မာဝေါဟာရအရ သိသာစေပါတယ်။ ထို.အပြင်
အကူအညီတောင်းခံတယ်ဆိုတာ မလုံလောက်လို. တောင်းခံရခြင်းပါ။ရန်ကုန်မြို.တော်မှာ ရဲတပ်ဖွဲ.၊လုံထိန်းတပ်ဖွဲ. အလုံအလောက် ရှိနေပါလျက်အခုလို အရပ်ဝတ်များကို
ကြိုတင်ခေါ်ယူစုဆောင်းပြီး အကူအညီတောင်းပြီး ဖြိုခွင်းစေခိုင်းခြင်းဟာ စာမျက်နှာပေါ်က ဥပဒေကိုလိုသလိုဆွဲယူ အသုံးချရာရောက်နေပါတယ်။

နောက်တချက်က လူစုခွဲဖို. ညနေ ၄ နာရီ ၁၅ မိနစ်မှာ ကြေညာပြီး အချိန်မပြည့်ခင်၁၅ မိနစ်အလို ၄ နာရီ ၃၀ မိနစ်မှာ ၀င်ရောက်ဖြိုခွင်းခြင်း နဲ. သတိပေးမှု (၃)ကြိမ်အထိ
မလုပ်ဆောင်ခဲ့ပဲ တစ်ကြိမ်သာ သတိပေးပြီး အချိန်မပြည့်ခင် ရိုက်နက်ခြင်းဟာလည်းလူစုလူဝေး ဖြိုခွင်းမှု အဆင့်ဆင့် ဥပဒေနဲ.အညီ ဆောင်ရွက်ခဲ့ခြင်း မဟုတ်ပါ။

ယနေ.ဖြစ်စဉ်ဟာ RIOT ဆူပူသောင်းကျန်းခြင်းမဟုတ်တဲ့အတွက်အကြမ်းဖက်ဖြိုခွဲဖို.မလိုအပ်ပါ။ ဒါ့အပြင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ. နိုင်ငံတော်ကိုချီတက်နေ
ပါတယ်လို. သမတဦးသိန်းစိန်ပြောဆိုနေပေမယ့် ၂၀၀၈ ဖွဲ.စည်းပုံအခြေခံ ဥပဒေ ပါနိုင်ငံသားများအခွင့်အရေးမှာ လွတ်လပ်စွာ ပြောဆိုစည်းရုံးခွင့် ငြိမ်းချမ်းစွာဆန္ဒထုတ်
ဖော်ခွင့် ဆိုတာများကိုတော့ မျက်ကွယ်ပြုရာ ရောက်နေပါတယ်။

ဒါကြောင့် နိုင်ငံတော်တာဝန်ရှိသူများအနေဖြင့် DEMONSTRATION ငြိမ်းချမ်းစွာဆန္ဒပြခြင်း နဲ. RIOT ဆူပူသောင်းကျန်းခြင်းကို ခွဲခြား သိနိုင်ကြပါစေလို. နိုင်ငံသား
ပြည်သူတစ်ယောက်အနေနဲ. တိုက်တွန်းရင်း ကြောက်ရွံရခြင်းကင်းတဲ့တရားသော ဥပဒေများ ထွန်းကားသော နိုင်ငံဖြစ်ပါစေလို. ဆုတောင်းလိုက်ပါတယ်။

Kyaw Swar Myint

အမျိုးသားပညာရေးဥပဒေပြင်ဆင်ပေးဖို့ မန္တလေး-ရန်ကုန်ချီတက်သပိတ်မှောက်နေတဲ့ ပင်မ ကျောင်းသားသပိတ်စစ်ကြောင်းကို လက်ပံတန်းမြို့မှာ ရဲအင်အား အလုံးအရင်းနဲ့ ပိတ်ဆို့ထားတာဖယ်ပေးဖို့နဲ့ အဲ့ဒီအတွက် မတ်လ ၅ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမ ရှေ့မှာ ဆန္ဒပြခဲ့တဲ့ ကျောင်းသားတွေကို ရဲတပ်ဖွဲ့နဲ့ အရပ်ဝတ်လူအုပ်စုက အကြမ်းဖက် ရိုက်နှက်ဖြိုခွဲခဲ့တဲ့အပေါ် ဆန့်ကျင်တဲ့အနေနဲ့ ကျောင်းသားတွေ ဦးဆောင်ပြီး လှည်းတန်းဈေးအနီးမှာ မနေ့ညနေက ဆန္ဒပြခဲ့ကြပါတယ်။

အဲ့ဒီဆန္ဒပြပွဲမှာ ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ဗကသများအဖွဲ့ချုပ်ဝင် ကိုလင်းထက်နိုင် က အခုလိုပြောပါတယ်။

"အကြမ်းဖက်မှု လုပ်ရပ်မှန်သမျှကို ရှုံ့ချတဲ့အနေနဲ့ ကျနော်တို့ဒီနေ့စုဝေးတာဖြစ်ပါတယ်၊ နောက်ပြီးတော့ကျနော်တို့ ကျောင်းသားတွေ ငြိမ်းချမ်းတဲ့ အိမ်အပြန်ကို ကြည်ကြည်သာသာခွင့်ပြုဖို့ အစိုးရကိုဒီနေရာကနေတောင်းဆိုတဲ့အနေနဲ့ ဒီနေရာမှာစုဝေးရခြင်း ဖြစ်ပါတယ်"

ဒါ့အပြင် ဥရောပသမဂ္ဂရုံးတည်ရှိရာ အဆောက်အဦရှေ့ကို ကျောင်းသားတွေ သွားရောက်ခဲ့ကြပြီး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို လူအုပ်စုနှိမ်နင်းနည်းတွေ သင်တန်းပေးထားတဲ့ EU ဥရောပသမဂ္ဂအနေနဲ့ မြန်မာရဲတွေ အကြမ်းဖက် ခဲ့တာနဲ့ပတ်သက်လို့ဘယ်လိုတာဝန်ယူမလဲလို့ မြန်မာလိုရော၊အင်္ဂလိပ် ဘာသာ စကားနဲ့ပါ မေးခွန်းထုတ်ခဲ့ကြပါတယ်။

"နောက်တစ်ခုပြောချင်ပါတယ်၊ ဥရောပသမဂ္ဂကခေါ်ပြီးသင်းတန်းပေးထားတဲ့ ရဲသားရှိပါတယ်၊ အဲ့ဒီရဲသားကပြည်သူလူထုကိုမကာကွယ်ပဲနဲ့ ကူညီပါရစေ ဆိုင်းဘုတ်ကိုင်ပြီး၊ ကျနော်တို့ကျောင်းသားပြည်သူတွေကို ရိုက်နှက်နေပါတယ်၊ အဲ့ဒါကြောင့်အခုလို EU ရုံးရှေ့မှာဆန္ဒပြနေတာဖြစ်ပါတယ်၊ "

အဲ့ဒီလှည်းတန်းကဆန္ဒပြပွဲမှာလည်း ရဲတပ်ဖွဲ့အပြင်၊ စွမ်းအားရှင်လို့ယူဆရတဲ့ အမည်မသိ အရပ်ဝတ် လူအုပ်စုလည်း ရောက်ရှိနေခဲ့ကြပေမဲ့၊ အရပ်ဖက်လူမှု အဖွဲ့အစည်းတွေနဲ့ ပြည်သူတွေ ပူးပေါင်းပါဝင်မှုကြောင့် ကျောင်းသားတွေရဲ့ ဆန္ဒပြပွဲဟာငြိမ်းငြိမ်းချမ်းချမ်းနဲ့ အဆုံးသတ်နိုင်ခဲ့ပါတယ်။
ကျောင်းသားတွေနဲ့သူတို့ကို ဝန်းရံထောက်ခံသူတွေဟာ မနေ့မနက်ပိုင်းက ရွှေတိဂုံအရှေ့ဖက်မုဒ် ကြေးသွန်းဘုရားအနီးမှာဆန္ဒပြဖို့ စီစဉ်ခဲ့ပေမဲ့၊ ရဲနဲ့စွမ်းအားရှင် တွေကအဲ့ဒီနေရာကို ကြိုတင်ရောက်ရှိနေတဲ့အပြင်၊ လမ်းတွေကိုလည်း သံဆူးကြိုး တွေနဲ့ပိတ်ကာထားတဲ့အတွက် အချိန်ရော၊ နေရာပါရွှေ့ပြီး လှည်းတန်းဈေးဘက်မှာ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

RFA
https://www.facebook.com/pages/RFA-Burmese/39218993127

မနေ့က တင်လိုက်တဲ့ ( ကျောင်းသူလေးကို လည်ပင်းညှစ်ထားသော တာဝန်လက်ပတ် ပတ်ထားတဲ့ စွမ်းအားရှင် တစ်ဦးပုံ ) အဲဒီ့ပုံကို ကြည့်ပြီး တော်တော်
များများ ဒေါသထွက်ကြတယ်..စိတ်မကောင်းဖြစ်ကြတယ်..အနာဂါတ်ရေးအတွက်ရင်လေးကြတယ်။ဒီတော့ကာ.....ဒီကိစ္စကို ဒီမှာတင်ရပ်မထားပဲနဲ့...ဒီလိုပြသနာ
မျိုး မြန်မာ့မြေပေါ်ကနေ အပြီးတိုင်မောင်းထုတ်နိုင်ဖို့လိုတယ်လို့မြင်ပါတယ်။

ဒီလိုကိစ္စမျိုးဟာ လက်ရှိအစိုးရ အပါဝင် အာဏာရပါတီပါ စဉ်းစားရမဲ့ကိစ္စဖြစ်ပါတယ်။ခင်ဗျားတို့ကရော....ဒီကမ္ဘာမြေပျက်သုဉ်းသည်အထိ..ဘိုးဘင်
ဘောင်ဆက်....အစိုးရဖြစ်နေမှာလား။လက်ရှိ အတိုက်အခံက အစိုးရဖြစ်သွားပြီး ( စွမ်းအားရှင် ) တွေအကုန်ဖမ်း......( ဒေါင်းအားမာန် ) ဆိုဖွဲ့ပြီး ဒီလိုမျိုးလုပ်
ခဲ့မယ်ဆိုရင်ရော...ဘယ်လိုလုပ်ကြမလဲ...ဖြစ်မလာပါဘူးလို့ဘယ်သူအာမခံနိုင်မလဲ?

တိုင်းပြည်က အရာရာတိုးတက်ဖွံ့ဖြိုးအောင် တည်ဆောက်ရမယ်ကို မရှိတော့ဘူး ( တရုတ်သိုင်းကားတွေကြည့်ရသလို...အဖေ့ကို ရန်သူတွေကသတ်...ရန်သူ
တွေကို သားလုပ်သူကပြန်သတ်..သားကို ရန်သူ့ညီကပြန်သတ် ) ကလဲ့စားချေ သံသရာနဲ့ချာလပတ်ရမ်းတော့မယ်။

ဒီတော့...ဒီလုပ်ရပ်မျိုးကို အထောက်အပံ့ဖြစ်နေတဲ့ ပြစ်မူ့ဆိုင်ရာ ကျင့်ထုံးဥပဒေ ၁၂၇/ ၁၂၈ ကိုပြင်ဖို့ကြိုးစားသင့်တယ်လို့အကြံပြုချင်ပါတယ်။ ဒီကိစ္စဟာ
ကျနော် အထက်မှာတင်ပြခဲ့သလိုပဲ......လက်ရှိ အတိုက်ခံသာလျှင်မက....အစိုးရအပါဝင်..အာဏာရပါတီ...အခြားပါတီများ ပြည်သူများ အလေးအနက်စဉ်းစားသင့်
တဲ့ကိစ္စတစ်ခုဖြစ်နေပါတယ်။ အရပ်သားလူရမ်းကားများကို ..အစိုးရတစ်ရပ်အာဏာကာကွယ်ဖို့အသုံးချခြင်းဟာ....( မိမိအိမ်ကို ကာကွယ်ဖို့...ကျားမွေးထားတဲ့သူနဲ့တူ
ပါတယ်....အဆင်မသင့်တဲ့အချိန်...ကိုယ်လည်း ကျားစာမိပါလိမ့်မယ် )။

သမိုင်းကိုပြန်ကြည့်မယ်ဆိုရင် ဒီလိုလုပ်လို့ တိုင်းပြည်ကို အထိနာစေတဲ့ ဂျာမဏီ ၊ အီရတ်၊ ထိုင်း အပါဝင်....မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး ပါလီမာန်ကာလက
အဖြစ်များကို သင်ခန်းစာယူသင့်ပါကြောင်း တင်ပြအပ်ပါတယ်။

မောင်မောင်ဝမ်း

မြန်မာနိုင်ငံတွင် သာမန် လက်လုပ်လက်စား(သို့) ဝန်ထမ်းသားသမီးများအနေဖြင့် ယခုလက်ရှိပညာရေးစနစ်အရ တစ်နှစ်တစ်တန်း အောင်မြင်ပြီး ဘွဲ့တစ်ခုရစေကာမူ၊ အစိုးရဝန်ကြီးဌာနလက်အောက် ဝန်ထမ်းဘဝဖြင့် အသက်မွေးဝမ်းကျောင်းပြုခဲ့မည်ဆိုပါက၊ အများဆုံး စာရေးကြီး၊ အလွန့်အလွန်ကံကောင်းလွန်းစွ၊ ရုံးအုပ်ကြီး၊ လက်ထောက်မန်နေဂျာ အဆင့်ဖြင့်သာ အမြင့်ဆုံးပင်စင်သွားကြရရှာပေလိမ့်မည်။

ဝန်ထမ်းများယနေ့ခံစားနေကြရသော ရင်ဖွင့်ချက်အရ - လူမှန်နေရာမှန်ဖြင့် လုပ်သက်အလိုက် ပညာအရည်အချင်းအလိုက် ကျွမ်းကျင်မှုအလိုက် ရာထူးအဆင့်ဆင့် တိုးမြင့်ခံစားခွင့်မရခြင်းမှာ အကြောင်းအမျိုးမျိုးရှိသည့်အနက်- PSC စာမေးပွဲဟု လူသိများသည့် ရာထူးဝန် ဝန်ထမ်းရွေးချယ်ရေးစာမေးပွဲကို ဝင်ရောက်ဖြေဆိုကြရသည့်ဒုက္ခကို လူတိုင်းမသိပေမင့် ဖြေဖူးသူတော်တော်များများ သိကြပေလိမ့်မည်။ အာဏာရှိသူအချို့၏အသိုင်းအဝိုင်းမှ မလိုချင်သည့် အကျွင်းအကျန် ရာထူးနေရာတစ်ချို့ကိုသာ သက်ဆိုင်သူတစ်ချို့ထံပူဇော်ကန်တော့ပြီး (တစ်ချို့က အမှီအကပ်ကောင်း၍) စာမေးပွဲကို အောင်မြင်စေပြီးမှသာ ဒီနေရာကိုရခဲ့ရခြင်းဖြစ်ပါသည်။ ရပြီးပြန်ကလည်း ထိုနေရာတည်မြဲရေးအတွက် စနစ်ဆိုးအရ အဘတို့ကိုလည်း ရိုးရိုးတန်းတန်း အခစားဝင်၍မရနိုင်ရကား.......။ နို့မို့လို့ကတော့ ပြဿနာပေါင်းစုံခလို့ အငြိမ်းစားပင်စင်ဝေးစွ ကံမကောင်းအကြောင်းမလှခဲ့ပါက အချုပ်ခန်းထဲ တန်းကနဲကြွသွားပေရလိမ့်မည်။ နောင်ဘုရားရှင်ပွင့်တော်မည်က သေချာလှသေးသည်၊ ဌာနတွင်းအဆင့်ဆင့်ရာထူးတိုးခြင်းမူကား မကြာမီ လာမည် မျှော်.... ဟူ၍သာဆိုရမည်သာတည်း။
ထိုကဲ့သို့ သက်ဆိုင်ရာဘာသာရပ်ကျွမ်းကျင်မှု ပညာအရည်အချင်း၊ လုပ်သက်ကျွမ်းကျင်မှုမလိုပဲ၊ ဌာနဆိုင်ရာများသို့ အနိမ့်ဆုံးလက်ထောက်မန်နေဂျာ/မန်နေဂျာအဆင့်များဖြင့်၊ PSC ဝန်ထမ်းအရည်အချင်းစစ် စာမေးပွဲတွေမလိုအပ်ဘဲ တိုက်ရိုက် ဝင်ရောက်လာသူများကတော့ စစ်တပ်မှ ဗိုလ်/ဗိုလ်ကြီးအဆင့်ဖြင့် အငြိမ်းစားယူလာကြသူများပင်ဖြစ်သည်ကို အများအသိပင်ဖြစ်ပါတယ်။ အဆိုပါပုဂ္ဂိုလ်များ အတွက်လျှင်မြန်စွာဖြင့် လစ်လပ်နေရာများသို့ ကျွမ်းကျင်မှုမလိုဘဲ လုပ်သက်မလိုဘဲ အဆင့်ဆင့်ဆက်တက်ရန်ကား ပူပန်စရာမလိုပေ။ ယနေ့အခြေအနေအရ ထိုပုဂ္ဂိုလ်များ၏ ထုတ်လုပ်မှုပမာဏမှာ မသေးလှချေ။

ထို့ကြောင့် သာမန်ဝန်ထမ်းများအနေဖြင့် မိမိတာဝန်ထမ်းဆောင်ရာ မိခင်ဌာနများတွင် မည်သို့ပင်ကြိုးစား၍ မိုးပျံအောင်တော်နေပါစေမူကား ဒီနေရာ ဒီရာထူးဖြင့်သာ ထိုင်ခုံဆွေး၊ လူဆွေးဘဝဖြင့် အရိုးထုတ်ရန်သာရှိပေတော့သည်။ ကြိုးစားလျှင်ကြိုးစားသလောက် အခွင့်အရေးမရနိုင်မှန်းသိလျှင် မည်သူမဆို စိတ်ဓါတ်ရေးရာအရ မလုပ်၊မရှုပ်၊မပြုတ်ဆိုသည့်စကားအရ ခိုင်းလျှင်လုပ်မည် တာဝန်ကျေပြီးရောဖြင့် ပြီးပြီးရောစိတ်သာဖြစ်သည်ကား မဆန်းပါချေ။ ထိုစိတ်သည်ကား မြင့်မားသော"သခင်စိတ်"ဖြစ်နိုင်ပါအုံးမည်လား။ ကြိုးစားလည်း ရာထူးမတက်နိုင်ဘဲ ထိုသူများလက်အောက်မှာ တိုးတက်မှုမရှိ အချိန်တန်လစာယူပြီး ပြီးရောဆိုခဲ့လျှင်........နိုင်ငံတော်၏နောင်ရေးသည်ကား ရင်လေးစရာပင်တည်း......၊ ယခင်စစ်အစိုးရလက်ထက် ဌာနဆိုင်ရာရုံးနံရံများတွင် "ဝန်ထမ်းကောင်းမှ၊ နိုင်ငံကောင်းမည်"ဟု ဆောင်ပုဒ်များ ရေးသားချိတ်ဆွဲထားသည်ကို ယနေ့တိုင် မြင်ကြရပေလိမ့်မည်။ သို့သော် ယနေ့လက်ရှိနိုင်ငံတော်အခြေအနေကား အများအသိပင်....။ နိုင်ငံတော်မှ ပြည်သူ့ဝန်ထမ်းကောင်းအတွက် ချီးမြှင့်ငွေမှာကား ၃၀၀၀ ကျပ်(သုံးထောင်ကျပ်တိတိ)သာပင်တည်း။

ယနေ့လက်ရှိပညာရေးအဆင့်ဖြင့် နိုင်ငံရပ်ခြားတိုင်းပြည်များတွင် တာဝန်ထမ်းဆောင်ကြမည်ဆိုလျှင် ရရှိပြီးပညာရေးအဆင့်မှာ စံနှုန်းမှီ,မမှီ ဆိုသည်ကား အများသိနေပြီးဖြစ်၍ ရှင်းပြပြောဆိုနေစရာပင်လိုမည်မထင်တော့ပါ။ ပြည်တွင်းပုဂ္ဂလိကကုမ္ပဏီများတွင် လုပ်ကိုင်ကြမည်ဆိုလျှင်လည်း လုပ်ငန်းလိုအပ်ချက်များ ပြည့်စုံအောင် ပြင်ပဖြည့်စွက်သင်တန်းများ အမြောက်အများမတက်ဘဲ မရနိုင်သည့်အားလျှော်စွာ ၎င်းအတွက်ရင်းနှီးရသောငွေပမာဏမှာလည်း မသက်သာလှပါ။ သာမန်ပြည်သူများ၏ဘဝအတွက် ရုန်းကန်ရမှုမှာ သေးလှသည်မထင်ပါနှင့်။ စာနာနားလည်တတ်ပါစေ။

၎င်းအချက်များအရ ယနေ့ကျောင်းသား/သူများအဖို့ သူတို့နောင်ရေးမှာ၊ တကယ်တတ်ဖို့မလိုဘဲ အချိန်တန်ဘွဲ့ရပြီးလျှင်၊ ကြိုးစားလျှင် ကြိုးစားသလောက် အကျိုးမဖြစ်ထွန်းပဲ ဌာနဆိုင်ရာမိုးကျရွှေကိုယ်များ၏ ထားရာနေ၊ စေရာသွား၊ ခိုင်းသမျှကိုမှားမှားမှန်မှန် ခေါင်းငုံ့လုပ်နေရသောဘဝကို တွန်းအားပေးနေသော ယနေ့ပညာရေးစနစ်ကို "ကျွန်ပညာရေး"ဟူ၍မခေါ်လျှင် အဘယ်သို့ခေါ်ရအံ့နည်း....... အထက်ကဆိုခဲ့ပြီးသောအချက်အနည်းငယ်မျှကိုသာကြည့်ခြင်းအားဖြင့် သူတို့နောင်ရေး တိုင်းပြည်အနာဂတ်အရေးအတွက် ရတက်မအေးနိုင်ဘဲ ဘဝအတွက်အာမခံချက်ပေးနိုင်မည့်ပညာရေးစနစ်သို့ ပြုပြင်ပြောင်းလဲလိုသော ကျောင်းသားများ၏ ရည်ရွယ်ချက်သည်ကား အပြစ်လော.....။ စဉ်းစားကြရပေလိမ့်မည်။

(မှတ်ချက်၊ ယခုကဲ့သို့ရေးသားရခြင်းသည် မည်သူ့ကိုမျှ မနာလိုမုန်းတီးခြင်း၊ နစ်နာစေလိုခြင်းမရှိဘဲ၊ လက်ရှိဖြစ်ပေါ်နေသော မှားယွင်းနေသောစနစ်၏ သဘောသဘာဝကို မြင်သာစေရန်မျှသာဖြစ်ပါသည်)

Min Min Kyaw Fb

၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်း အဖွဲ့ဝင်တွေက အကြမ်းဖက်ရိုက်နှက်မှုနဲ့ ပတ်သက်ပြီး မတ်လ ၆ ရက်နေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်။ Photo: Wai Mar Tun , Aung Ko KO/RFA
ရန်ကုန်မြို့တော်ခန်းမရှေ့ဆန္ဒပြပွဲမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အရပ်ဝတ်တွေရဲ့ ရိုက်နှက်ဖမ်းဆီးမှုကိုခံခဲ့ရတဲ့ ကျောင်း သူ ကျောင်းသားတွေနဲ့ ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့ အစည်း အဖွဲ့ဝင်တွေက အကြမ်းဖက်ရိုက်နှက်မှုနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရမှာ တာဝန် ရှိကြောင်း ပြောပါတယ်။

ဒီနေ့ သင်္ဃန်းကျွန်းမြို့နယ်မှာရှိတဲ့ ၈၈ မျိုးဆက်ငြိမ်း ချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရုံးမှာ သတင်းစာ ရှင်းလင်းပွဲကျင်းပပြီး ပြောခဲ့တာဖြစ်ပါတယ်။

မနေ့က ရိုက်နှက်ဖမ်းဆီးခံရတဲ့ ၈ ဦးထဲက တစ်ဦးဖြစ် တဲ့ ၈၈ အဖွဲ့ဝင် ကိုမျိုးသန့်က တိုင်းဒေသကြီးအစိုးရမှာ တာဝန်ရှိကြောင်း ပြောခဲ့တာပါ။

"ဒီလိုမျိုးအကြမ်းဖက်ဖြေရှင်းမှုမျိုးဟာ ဘယ်ပြဿနာကိုမှ ဖြေရှင်းနိုင်မှာမဟုတ်ဘူး၊ ပိုမိုကြီးထွားနိုင်တဲ့ ကိစ္စပဲဖြစ်တယ်လို့ အဓိကပြောလိုပါတယ်၊ အထူးသဖြင့် အရပ်သားတွေကို တာဝန်ဆိုတဲ့လက်ပတ် ပတ်ပေးရုံနဲ့ တကယ်တာဝန်ရှိသွားသလား၊ ပိုမိုပြီး ဒီထက်အရေးကြီးတာက အဲ့ဒီတာဝန်ဆိုပြီးလက်ပတ် ပတ်ထားတဲ့သူတွေကို ဒီလိုလုပ်ဖို့အတွက် ဘယ်သူက တာဝန်ပေးသလဲ ဆိုတာက ပိုအရေးကြီးပါတယ်၊ ကျနော်တို့အမြင်ကတော့ တိုင်းဒေသကြီး အစိုးရရဲ့တာဝန်ဟာ အဓိကကျတယ်"

မြို့တော်ခန်းမအနီးမှာ ကျောင်းသား ကျောင်းသူတွေနဲ့ ၈၈မျိုးဆက်အဖွဲ့ဝင်တွေက လက်ပံတန်းမြို့က ပင်မကျောင်း သားသပိတ်ကို အကြမ်းဖက်ဖြိုခွဲတာတွေမလုပ်ဖို့ တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

သူတို့အားလုံး ဒီနေ့မနက်က ပြန်လည်လွှတ်မြောက်လာပြီး ပုဒ်မ ၁၈ နဲ့ အရေးယူခံရမယ်လို့ ရန်ကုန်အရှေ့ပိုင်း ခရိုင်ရဲမှူးက ပြောခဲ့တယ်လို့ ဆိုပါတယ်။

RFA Burmese
http://www.rfa.org/burmese


အကြမ်းဖက်မှုတွေကို ကန့်ကွက်ကြောင်း လှည်းတန်းမှာ ကျောင်းသားတွေ ဆန္ဒထုတ်ဖော်

ဒီမိုကရေစီ ပညာရေး တောင်းဆိုနေတဲ့ ဆန္ဒပြ ကျောင်းသားတွေကို အကြမ်းဖက် ဖြိုခွဲခဲ့တာအပေါ် ဆန့်ကျင်တဲ့အနေနဲ့ ရန်ကုန်မြို့နဲ့ မန္တလေးမြို့တွေမှာ ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

ရန်ကုန်မြို့ လှည်းတန်းက ဆန္ဒပြပွဲမှာ ရဲတပ်ဖွဲ့ဝင်တချို့နဲ့ ကမာရွတ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး အရာရှိက တားဆီးတာတွေ လုပ်ခဲ့ပေမယ့် ကြာသပတေးနေ့ တုန်းကလိုတော့ စွမ်းအားရှင်တွေ သုံးပြီး အကြမ်းဖက် လူစုခွဲတာမျိုး မရှိခဲ့ပါဘူး။

ဒါပေမယ့် ရာဂဏန်း ရှိတဲ့ ရဲတပ်ဖွဲ့တွေနဲ့အတူ အရပ်ဝတ်နဲ့ လူတွေတော့ ရှိနေခဲ့ပါတယ်။ သူတို့လက်မောင်းမှာ အရင်နေ့ ကလို "တာဝန်" ဆိုတဲ့ လက်ပတ် အနီတွေ တပ်ဆင်ထားတာ မတွေ့ရပါဘူး။

ဆန္ဒပြ ကျောင်းသားတွေက "အကြမ်းဖက်မှု ရပ်" ဆိုတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ကြွေးကြော်သံတွေ ဟစ်ကြွေးခဲ့ကြပါတယ်။

အဲဒီနောက်မှာ ဆန္ဒပြမှုတွေကို အဆုံးသတ်ခဲ့ကြပါတယ်။

မန္တလေးမြို့မှာလည်း သပိတ်မှောက် ကျောင်းသားတွေအပေါ် အကြမ်းဖက်မှုတွေကို ကန့်ကွက်ကြောင်း တက္ကသိုလ် ကျောင်းပေါက်ဝမှာ တက္ကသိုလ် ကျောင်းသား ၂၀လောက် ဆန္ဒ ထုတ်ဖော်ခဲ့ကြပါတယ်။

မန္တလေး မြို့တွင်းကို လှည့်လည် ဆန္ဒပြမယ် ဆိုတဲ့ သတင်းကြောင့် မင်္ဂလာဈေးနဲ့ အောင်တော်မူ ဘုရားတဝိုက်မှာ လုံခြုံရေးတွေ ထူထူထပ်ထပ် ချထားသလို မြို့တွင်းမှာလည်း ရဲကားတွေ ကင်းလှည့်နေတာ တွေ့ရပါတယ်။

လက်ပံတောင်းမှာတော့ အတားခံထားရတဲ့ ပင်မ သပိတ်စစ်ကြောင်းက ကျောင်းသား ၅ဦးကို ဒီကနေ့ သောကြာနေ့မနက်က ရဲက ဖမ်းဆီးသွားပါတယ်။

ဒီမိုကရေစီ ပညာရေး တောင်းဆိုသူတွေကို ထောက်ခံသူတွေအပေါ် အကြမ်းဖက် ဖြိုခွင်းခဲ့တာကို ကန့်ကွက်တဲ့အနေနဲ့ အဲဒီ ကျောင်းသားတွေက လက်ပံတန်းဈေးနားမှာ ဆန္ဒပြနေစဉ်မှာ ရဲက ဖမ်းဆီးသွားခဲ့တာပါ။

မြို့တော်ခန်းမရှေ့မှာ ဆန္ဒ ဖော်ထုတ်နေစဉ် အဖမ်းခံခဲ့ရသူတွေ ပြန်လွတ်လာ

ကြာသပတေးနေ့ မနေ့ညနေက သပိတ်မှောက် ကျောင်းသားတွေကို အကြမ်းမဖက်ဖို့ ရန်ကုန် မြို့တော်ခန်းမရှေ့မှာ ဆန္ဒ ထုတ်ဖေါ်နေစဉ် အဖမ်းခံခဲ့ရတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက မနီလာသိန်း အပါအဝင် ၈ ဦးကိုတော့ အာဏာပိုင်တွေက ပြန်လွှတ်ပေးလိုက်ပါတယ်။

လက်ပတ်အနီ ပတ်ထားတဲ့ အရပ်ဝတ်နဲ့ လူတွေက ဖမ်းဆီးသွားပြီး ရန်ကင်း ရဲစခန်းဘေးက လယ်ယာ စိုက်ပျိုးရေးနဲ့ ဆည်မြောင်းရုံးမှာ တည အချုပ်ခံခဲ့ရတဲ့ ၈၈ မျိုးဆက်အဖွဲ့က ကိုမျိုးသန့်နဲ့ မနီလာသိန်း အပါအဝင် ၈ ဦးကို ဒီကနေ့ သောကြာနေ့ မနက် ၆နာရီလောက်က လွှတ်ပေးလိုက်တာပါ။

သူတို့ကို ပုဒ်မ ၁၈နဲ့ အရေးယူကောင်း ယူမယ်လို့ သက်ဆိုင်ရာက ပြောခဲ့တယ်လို့ သိရပါတယ်။

အခုလို အကြမ်းဖက် ဖမ်းဆီး ခံခဲ့ရတာနဲ့ ပတ်သက်လို့ ၈၈အဖွဲ့နဲ့ တိုင်ပင်ပြီး ဆက်လုပ်သွားမယ်လို့ မနီလာသိန်းက ပြောပါတယ်။

BBC Burmese
http://www.bbc.co.uk/burmese

အရပ်ဝတ်လူအင်အားဖြင့် ဆန္ဒပြကျောင်းသားများအား ဝင်ရောက်အကြမ်းဖက်- သတင်းဓာတ်ပုံ- Credit to ရှစ့်ဆယ့်ရှစ်မျိုးဆက်
ရန်ကုန်မြို့က ကျောင်းသားတွေရဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုကို ရန်ကုန်တိုင်းဒေသကြီး အစိုးရက အရပ်သားတွေ အသုံးပြု ဖြိုးခွင်းခဲ့မှုဟာ တည်ဆဲ ဥပဒေတွေကို လိုက်နာကျင့်သုံး ဆောင်ရွက် တာသာ ဖြစ်တယ်လို့ ပြည်ထောင်စု အစိုးရက ပြောပါ တယ်။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဘက် ကတော့ အခုလို ဆန္ဒပြပွဲတွေကို အရပ်သားတွေသုံး ဖြိုခွဲမှုဟာ ဥပဒေ အရ ညီညွတ်တဲ့ အထောက်အထား မတွေ့သေးဘူးလို့ပြောဆိုလိုက်ပါတယ်။ မသိင်္ဂီထိုက်က စုစည်းတင်ပြထားပါတယ်။

လက်ပံတန်းမြို့မှာ အာဏာပိုင်တို့ရဲ့ ပိတ်ဆို့ခံထားရတဲ့ ကျောင်းသားသပိတ် စစ်ကြောင်းကို ရန်ကုန်ကို ချီတက်ခွင့်ပြုရေး ရန်ကုန်မြို့က ဆန္ဒပြပွဲကို ရန်ကုန်တိုင်းဒေသကြီး အစိုးရက အရပ်သားတချို့ကို အကြမ်းဖက်ခွင့်ပေးပြီး ဆန္ဒပြပွဲကို ဖြိုခွင်းခဲ့တာပါ။ ကြာသပတေးနေ့ အခုလို အရပ်သားတွေ အသုံးပြု ဖြိုခွဲခဲ့မှုမှာ ဆန္ဒပြသူ ၈ ဦးဖမ်းဆီးခံရပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့တာပါ။

အခုလို ရန်ကုန်တိုင်းဒေသကြီး အစိုးရက အရပ်သား တချို့ကို တာဝန်ဆိုတဲ့ လက်ပတ်နီတွေ ၀တ်ဆင်စေပြီး လက်နက်မပါ ငြိမ်းချမ်းစွာ ဆန္ဒပြကြသူတွေကို ၀င်ရောက် ရိုက်နှက် ဖမ်းဆီးခဲ့တဲ့ လုပ်ရပ်ဟာ လက်ရှိ တည်ဆဲ ဥပဒေကို ကျင့်သုံးတာ ဖြစ်တယ်လို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။

"ကျနော်တို့ သုံးတာက ရန်ကုန်တိုင်းဒေသကြီး သုံးတာ။ ပြည်ထောင်စု အစိုးရက သုံးတာ မဟုတ်ဘူး။ ပြည်ထောင်စု အစိုးရက တိုင်းဒေသကြီး အစိုးရနဲ့ ပြည်နယ် အစိုးရကို ပြောတာ ၂ ခုဘဲ ရှိတယ်။ ပထမ တချက်က ဒီတိုင်းဒေသကြီး ပြည်နယ် အတွင်းမှာ ဆူပူအုံကြွမှုတွေ မတည်မငြိမ် ဖြစ်မှုတွေ အဲလိုမျိုးတွေ မဖြစ်ဖို့၊ ထိန်းသိမ်းဖို့ ပြောတယ်။ နံပတ် ၂ အချက်က အဲဒီလိုမျိုး ထိန်းသိမ်းတဲ့ အခါမှာ ဥပဒေနဲ့ ညီညွတ် ဆောင်ရွက်ဖို့ ပြောတယ်။ ဒါဘဲ ကျနော်တို့ ဗဟိုက ပြည်ထောင်စု အစိုးရက ပြောထားတဲ့ဟာ။ ဥပဒေကတော့ ရှိပြီး တည်ဆဲ ဥပဒေတွေ ဖြစ်နေ တယ်ပေါ့နော်။ အဲတော့ အဲဒီ ဥပဒေအပေါ် Exercise (ကျင့်သုံး) လုပ်တဲ့ အပေါ်မှာ ဒါတွေက ၀ိဝါဒ ကွဲပြားစရာတွေ ဖြစ်တယ်ပေါ့နော်။ ဖြစ်တော့ အခု ပြဌာန်းထားတဲ့ တည်ဆဲဥပဒေ ၁ ရပ်ကို သုံးတယ်လို့တော့ ကျနော်တို့လည်း သိရှိထားတယ်။ ဒါပေမယ့် ဒီသုံးတဲ့ ဥပဒေက ဥပဒေရဲ့ Condition ပေါ့နော်။

ဒါတွေ ပြန်ပြီးတော့ ပြန်သုံးသပ်ပြီးတော့ ဆောင်ရွက်ဖို့ ဆိုပြီးတော့ ပြောထား အဲ ပြောထားတယ်ပေါ့နော်။ ပြောထားတော့ အခု ကျနော်တို့က အခုဟာက ဒီတခုတည်းတင် ကွက်ပြီး ကြည့်လို့ မရတော့ဘူးပေါ့နော်။ ကျနော်တို့က ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခွင့် နဲ့ ဒီဘက်က တည်ငြိမ်အေးချမ်းရေးပေါ့နော် Public Order မထိခိုက်ရေးပေါ့။ အဲဒီပေါ်မှာ ကျနော်တို့က တခုလုံးကို ပြန်ပြီး သုံးသပ်ရမယ့် သဘောဖြစ်တာပေါ့။"

ကြာသပတေးနေ့တုန်းက ဆန္ဒပြပွဲ အကြမ်းဖက် နှိမ်နင်းမှုမှာ ဆိုရင် အာဏာပိုင်တို့ စေခိုင်းထားတဲ့ လက်ပတ်နီဝတ် အရပ်သား အမျိုးသား နှစ်ဦးက ဆန္ဒပြသူ အမျိုးသမီး တဦးကို လည်ပင်းကိုညှစ်၊ လက်ကိုဖမ်းချုပ်ပြီး ရဲကားပေါ်ကို ဆွဲခေါ်ဖမ်းဆီးသွားတဲ့ ဓာတ်ပုံဟာဆိုရင်လည်း လူမှုကွန်ယက်ပေါ်မှာ အတော်လေး ပျံ့နှံ့ခဲ့ပြီး လူထုကြားမှာလည်း မကျေနပ်မှုတွေလည်း အတော်များခဲ့တာပါ။ ဒီလို ဖမ်းဆီးမှုတွေ အပြင် ရဲတွေနဲ့ လက်ပတ်နီဝတ် အရပ်သား အမျိုးသားတွေက နံပတ်တုတ်တွေနဲ့လည်း ဆန္ဒပြသူတွေကို ရိုက်ခဲ့တာပါ။

ဒီလို အကြမ်းဖက်မှုတွေက လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်စေပါသလား ဆိုတာကိုလည်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရဲ့ ဒုတိယ ဥက္ကဋ္ဌဦးစစ်မြိုင်က အခုလို ပြောပါတယ်။

"ရာဇသတ်ကြီးထဲမှာတော့ ပုဒ်မ ၁၂၇၊ ၁၂၈ ဒီမှာတော့ အင်အားဖြိုခွင်းဖို့ အတွက် အရံအင်အားတွေ သုံးနိုင်တယ်ဆိုတဲ့ ပြဌာန်းချက် ပါပါတယ်။ ဒါပေမယ်လို့ အရံ အင်အား ဥပဒေမှာတော့ အဲဒါတွေက ကျနော်တို့ သီးခြား ဒီလို ကိစ္စမှာ သုံးဖို့ အရံ မဟုတ်ဘဲနဲ့ နိုင်ငံတော် လုံခြုံရေး အတွက် သုံးမယ့် အရံမျိုး လို့ဘဲ ကျနော်က တွေ့တယ်။ ဆိုလိုချင်တာကတော့ မည်သည့် ဥပဒေကို ကိုးကားပြီးတော့ ဒီအရံ အဖွဲ့တွေကို သုံးတယ်ဆိုတာကတော့ သူတို့ ကျနော့်ရဲ့ လေ့လာမှု အရ ကွဲကွဲပြားပြား ကျနော် မသိရသေးပါဘူး။ ဒါကြောင့်လည်း ကျနော် ဥပဒေ လေ့လာနေတယ်လေ။ သူတို့ ဘယ်ဥပဒေကို ကိုးကားပြီး အသုံးပြုသလဲ ဆိုတာကို ကျနော်တို့ ရှာဖွေ လေ့လာနေတယ်။ လောလောဆယ် လေ့လာ  သလောက်တော့ ဒီ … ဥပဒေ အထောက်အထားတော့ ကျနော့် အနေနဲ့ မတွေ့ဘူး။ အဲတော့ ကျနော်တို့ ပြောလို တာကတော့ နံပတ် ၁ - ဥပဒေနဲ့ အညီ ဆောင်ရွက် တာကိုတော့ ကျနော်တို့ ပြောစရာ မရှိပါဘူး။ ဥပဒေနဲ့ မညီဘူး ဆိုရင်တော့ ဒါ လူ့အခွင့်အရေးကို ထိခိုက်ပါတယ်။"

ရန်ကုန်က ပြည်သူတွေရဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲ အကြမ်းဖက် ဖြိုခွင်းခံရမှု အပေါ် အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဘက်က ဥပဒေ ကျင့်သုံးမှုတွေ ကို လေ့လာနေတယ် ဆိုပေမယ့်လည်း အရေးယူ ဆောင်ရွက်ဖို့တော့ အခုအချိန်ထိ အစီအစဉ် မရှိသေးဘူးဆိုပြီးလည်း ဒုတိယ ဥက္ကဌ ဦးစစ်မြိုင်က ပြောခဲ့ပါတယ်။

သိင်္ဂီထိုက် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်ပြီးကြားနာပွဲမှာ နိုင်ငံရေးပါတီတွေအနေနဲ့ ဆန္ဒပြသူတွေကို အကြမ်းဖက်လုပ်ဆောင်တာမျိုး မလုပ်ဖို့ ထည့်သွင်း ဆွေးနွေးသွားပါတယ်။
ဦးနေမျိုးဝေက ကျောင်းသားတွေတောင်းဆိုချက် ၁၁ ချက်ကိုပေးစရာမလိုဘူးလို့ပြော

အရှက်သိက္ခာကင်းမဲ့စွာ မဟုတ်မမှန်လုပ်ကြံဝါဒဖြန့်တဲ့ ပြန်ကြားရေးဝန်ကြီးဌာန သတင်းဌာန ကြေးမုံသတင်းစာကို ရွံရှာစွာပြင်းပြင်းထန်ထန်ရှုံချပါသည်။ ပြည်သူများအတွက်မှန်ကန်သောသတင်းများကိုသာ ပြန်ကြားပေးရန်တောင်းဆိုအပ်ပါသည်။

ရန်ကုန်ု EU ရုံးရှေ့ ကျောင်းသားဆန္ဒပြ ။ သတင်းဓာတ်ပုံ- ကိုထက်အောင် (VOA မြန်မာပိုင်း)
ကျောင်းသားဆန္ဒပြမှုတွေကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အကြမ်းဖက် နှိမ်နှင်းတဲ့ နေရာမှာ အရပ်သား စွမ်းအားရှင်ဆိုသူတွေကို အသုံးပြုနေတာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို အဓိကရုဏ်း နှိမ်နှင်းရေး သင်တန်းတွေ ပေးနေတဲ့ EU ဥရောပသမဂ္ဂကို ကန့်ကွက်တဲ့ ဆန္ဒပြမှု ဥရောပ သမဂ္ဂ ရန်ကုန်ရုံးရှေ့မှာ ကျောင်းသားတွေ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။ ရန်ကုန်လှည်းတန်းဈေး အနီးက ဆန္ဒပြပွဲကို ကိုယ်တိုင်သွား ရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်ကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုသားညွန့်ဦး။    ။ ကိုထက်အောင်ရေ အခုဒီနေ့ညနေပိုင်းမှာပဲ လှည်းတန်းဈေးနား မှာ ကျောင်းသားတွေကနေပြီးတော့ ဆန္ဒပြမှုတခု ထပ်လုပ်တယ်လို့သိရပါတယ်။ ကိုထက်အောင်လည်း အဲ့ဒီ့မှာ ကိုယ်တိုင်သွားပြီး သတင်းယူတယ်ဆိုတော့ အဖြစ်အပျက်မြင်ကွင်း ဘယ်လိုရှိတယ်ပြောပြပါဦးဗျ။

ကိုထက်အောင်။    ။ ဟုတ်ကဲ့ဗျ။ ဒီနေ့ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က ဦးဆောင်ပြီးတော့ ကျောင်းသား ၄၀ကျော် ၅၀ပတ်ဝန်းကျင်လောက်က ညနေလေးနာရီလောက်မှာ လှည်းတန်းဈေးရှေ့ကနေပြီးတော့ EU ဥရောပသမဂ္ဂရုံးရှိတဲ့ လှည်းတန်း စင်တာကို သွားရောက်ပြီးတော့ ဆန္ဒပြခဲ့ကြတာပါ။ EU ကနေပြီးတော့ မြန်မာနိုင်ငံက ရဲတပ်ဖွဲ့တွေကို အကြမ်းဖက်နှိမ်နှင်းတာတွေနဲ့ ပတ်သက်ပြီး သင်တန်းပေးခဲ့ပေမဲ့လို့ပေါ့လေ မနေ့ကလိုဖြစ်ရပ်မျိုး ရဲတပ်ဖွဲ့က အကြမ်းဖက်နှိမ်နှင်းတာတွေနဲ့ပတ်သက်ပြီး အခါကျတော့ ဒီ EU မှာ တာဝန်မကင်းဖြစ်တယ် ဆိုပြီး သူတို့က ယူဆတဲ့အတွက်ကြောင့်မို့လို့ EU ရုံး ရှေ့ကို သွားရောက်ပြီး ဆန္ဒပြတောင်းဆိုခဲ့တာလို့ ပြောပါတယ်ခင်ဗျ။

သူတို့ အဓိက တောင်းဆိုတဲ့အချက်ကတော့ မနေ့ကလို ဖြစ်ရပ်မျိုး အကြမ်းဖက်မှုကို သူတို့အနေနဲ့ လုံးဝ အလိုမရှိဘူး။ နောက်ထပ် တခုက ကျောင်းသား သပိတ်အောင်ရမယ် ဆိုပြီးတဲ့အခါကျတော့ ကြွေးကြော်သံတွေနဲ့အတူ ဆန္ဒပြတောင်းဆို ခဲ့ကြတာပါ။ နောက်ထပ်တချက်က လောလောဆယ် လက်ပံတန်းမြို့ မှာ ပိတ်မိနေတဲ့ ပင်မသပိတ်စစ်ကြောင်းကို ဖွင့်ပေးဖို့ပေါ့လေ။ ဖွင့်ပေးရန်နဲ့ နောက် ကျန်တဲ့သပိတ်စစ်ကြောင်းတွေကို အကြမ်းဖက်ဖြိုခွဲတာမျိုး ပြုလုပ် သွားမယ်ဆိုရင် အခုလိုမျိုး ရန်ကုန်မြို့မှာ ဆန္ဒပြတောင်းဆိုတာတွေ ထပ်ပြီးတော့ ပြုလုပ်သွားမယ်ဆိုပြီး ဆန္ဒပြကျောင်းသား ခေါင်းဆောင်တွေက ဆိုပါတယ်ဗျ။"

ကိုသားညွန့်ဦး။   ။ အဲ့တော့ လုံခြုံရေးအာဏာပိုင်တွေဘက်က လုံခြုံရေးယူထားတဲ့အနေအထားရော ဘယ်လိုမြင်ရပါလဲခင်ဗျ။

ကိုထက်အောင်။  ။ ဟုတ်ကဲ့။ လုံခြုံရေးအာဏာပိုင်တွေက လုံခြုံရေးယူထားတဲ့ အပိုင်းမှာတော့ ရဲအင်အားက ၅၀ကျော်လောက်ရှိပါမယ်။ ထူးခြားတာ ကိုပြောရမယ်ဆိုရင်တော့ ရဲအင်အားတွေမှာ ဒီသေနတ်တွေပါလာတယ်။ ကျည်တွေပါလာမယ်။  ဒိုင်းတွေ ပါလာတယ်။ လုံခြုံရေးအပြည့်အဝကို ယူထားတာ တွေ့ရပါမယ်။ နောက်ထပ်တချက်ကတော့ မနေ့ကလိုဖြစ်ရပ်မျိုး ပြန်ကောက် မယ် ဆိုရင်တော့ တာဝန် ဒါမှမဟုတ် စည်းကမ်းဆိုပြီး လက်ပတ်အနီပတ်ထားတဲ့သူတွေကိုတော့ မတွေ့ရပေမဲ့လည်း အဲ့သလိုလူမျိုးလို့ ထင်ရတဲ့ သူအချို့ကိုလည်း ကျောင်းသားတွေနဲ့ အနီးမှာ တွေ့ရပါတယ်။ အဲ့လူမျိုးတွေက လုံခြုံရေးအင်အားထက်ကိုပဲ တော်တော်များ များတွေ့ရပါတယ်ဗျ။ ဒါပေမဲ့ အကြမ်းဖက်ဖြိုခွဲတာမျိုးတော့ ဒီနေ့ဖြစ်ရပ်မှာ မတွေ့ခဲ့ရပါဘူး ခင်ဗျ။"

ကိုသားညွန့်ဦး။    ။ အဲ့ဒီ့လူတွေနဲ့ ရဲအာဏာပိုင်တွေနဲ့ ဆက်စပ်မှုရော မြင်ရပါလား။

ကိုထက်အောင်။   ။ "ဖုန်း။ ဒါမှမဟုတ် နုတ်စ်စာအုပ်တွေနဲ့ သူတို့အချင်းချင်း ပြောဆိုနေကြတာ။ ဒါမှမဟုတ် ကျောင်းသားခေါင်းဆောင်တွေရဲ့ နာမည်တွေကို ရည်ညွန်းပြောဆိုနေကြတာကို ကျနော်တို့ သတင်းထောက်တွေ အားလုံး ကြားသိခဲ့ရပါတယ်ခင်ဗျ။"

ကိုသားညွန့်ဦး။   ။ ဒီလုံခြုံရေးရဲအာဏာပိုင်တွေလည်း ချထားတယ်။ ကျောင်းသားတွေလည်း ဆန္ဒပြတော့ ထိပ်တိုက်ဖြစ်သွားတာမျိုးရော ရှိသေးလား။

ကိုထက်အောင်။     ။ " ကျောင်းသား၊ ကျောင်းသူတွေ လှည်းတန်းဈေးကနေ ဥရောပသမဂ္ဂ ရုံးရှေ့ကို လာရောက်တဲ့အခါမှာတော့ ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့က ရဲမှူး ဇော်ဝင်းက လာတားပါတယ်ခင်ဗျ။ ကျောင်းသားကျောင်းသူတွေကို ဘာဖြစ်လို့ ပြတာလဲ။ ခွင့်ပြုချက်ရလားဆိုပြီးတဲ့အခါကျတော့ ဆန္ဒပြခေါင်းဆောင်အချို့ကို မေးမြန်းတာမျိုး ရှိပါတယ်။ ဆန္ဒပြခေါင်းဆောင်တွေက သူတို့အနေနဲ့ ခွင့်ပြုချက် မယူပါဘူး။ သူတို့အနေနဲ့ အကြမ်းဖက်ဖြိုခွဲတာကို မလိုလားတဲ့အတွက် အခုလိုမျိုး တောင်းဆိုတာပါလို့ပြောပါတယ်။ ဆိုတော့ ရဲတပ်ဖွဲ့ကလည်း ပြန်ပြောတာကတော့ ခွင့်ပြုချက်မယူဘူးဆိုရင်တော့ ဥပဒေအရ အရေးယူမယ်လို့ပြောတဲ့အခါမှာ ကျောင်းသားတွေဘက်က လိုလိုလားလား ကျနော်တို့ ဥပဒေလမ်းကြောင်းအရပဲ အရေးယူဆောင်ရွက်မှုတွေ လက်ခံပါမယ်။ အကြမ်းဖက်ဖြိုခွဲတာမျိုးတော့ မလုပ်ပါနဲ့ဆိုပြီး ရဲတပ်ဖွဲ့ကို ပြန်လည်တောင်းဆိုတာမျိုးကို ကျနော်တို့တွေ့မြင်ခဲ့ရပါတယ်။"

ကိုသားညွန့်ဦး။    ။ ဖမ်းတာဆီးတာတွေရောရှိပါသလား။

ကိုထက်အောင်။    ။ ဖမ်းတာဆီးတာကတော့ လောလောဆယ် လုံးဝ မရှိပါဘူး ခင်ဗျ။ ကျောင်းသားတွေက မိနစ်သုံးဆယ်ကျော် ဆန္ဒပြ တောင်းဆိုမှုတွေ လုပ်ပြီးတဲ့အချိန်မှာတော့ သူတို့က ငြိမ်းငြိမ်းချမ်းချမ်းပဲ သူတို့လမ်း သူတို့ပြန်ပြီး ထွက်ခွာသွားပါတယ်။

ရန်ကုန်လှည်းတန်းဈေးအနီးက ဆန္ဒပြပွဲကို ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုထက်အောင်ကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းခဲ့တာပါ။

ထက်အောင်, သားညွန့်ဦး / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



သပိတ်မှောက်ကျောင်းသားတွေကို ထောက်ခံပြီး ဆန္ဒပြမှုတွေကို အကြမ်းဖက်မှုကို ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ ရန်ကုန်မြို့ လှည်းတန်းမှာတော့ ၄ရက်မြောက်နေ့အဖြစ်နဲ့ ကျောင်းသားတွေ မတ်လ ၆ရက်နေ့ ညနေမှာ ဆန္ဒပြခဲ့ပါတယ်။ အကြမ်းဖက်မှုရပ်ဆိုတဲ့ ကြွေးကြော်သံနဲ့ လှည်းတန်းလှုပ်ရှားမှု လူထုက ဘယ်လိုဝန်းရံခဲ့သလဲ။

မြို့တော်ခမ်းမရှေ့မှာ ကျောင်းသားတွေကို အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့ စွမ်းအားရှင်တွေရဲ့ မတ်လ ၅ရက်နေ့က လုပ်ရပ်ကြောင့် ဆန္ဒပြပွဲတွေ စမယ်လို့သတ်မှတ်ထားတဲ့အချိန်မတိုင်ခင် ၁နာရီအလိုကတည်းက လှည်းတန်းဈေးရှေ့ကို ရောက်လာတဲ့ အရပ်ဝတ်နဲ့ စွမ်းအားရှင် ၅ဝလောက်ကို ဒေသခံနဲ့ ဈေးဝယ်ပြည်သူ တစ်ထောင်ကျော်က လမ်းမပေါ်ကနေ ဂရုတစိုက်စောင့်ကြည့်နေခဲ့ပါတယ်။ ဒီ စွမ်းအားရှင်တွေကို ဒိုင်နာကား ၃စီးနဲ့တင်လာပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက တိုက်ရိုက်ညွှန်ကြားချက်တွေ ပေးခဲ့တာပါ။

ဆန္ဒပြ ကျောင်းသား ၄ဝလောက်ဟာ စိန်ဂေဟာထဲကထွက်လာပြီး ကျောင်းသားသမဂ္ဂ ခွပ်ဒေါင်းအလံတွေကို လွှင့်ထူပြီး ကျောင်းသားတွေကို အကြမ်းဖက်ဖြိုခွင်းမှုတွေ ရပ်တန့်ဖို့နဲ့ ဆန္ဒပြရတဲ့အကြောင်းတွေကို ဟောပြောခဲ့ပါတယ်။ လူထုတစ်ချို့ဟာ အကြမ်းဖက်မှုရပ်ဆိုတဲ့ ပိုစတာကြီးကို ကျောင်းသားတွေနဲ့အတူ ကိုင်ဆောင်ပြီး Hledan Center ဆီကို ဦးတည်လမ်းလျှောက်ခဲ့ပါတယ်။

စွမ်းအားရှင်တွေသုံးပြီး ကျောင်းသားတွေကို အကြမ်းဖက်တိုက်ခိုက် ဖြိုခွင်းတဲ့ကိစ္စ ဦးရဲထွဋ် ဘယ်လိုပဲငြင်းငြင်း တာဝန်အရှိဆုံးသူဟာ သမ္မတဦးသိန်းစိန်ပဲဖြစ်တယ်လို့ ကိုလင်းထက်နိုင်က ပြောပါတယ်။ ကျောင်းသားတွေက ပြည်သူ့ထောက်ခံမှုနဲ့ လှုပ်ရှားတာကြောင့် ကျောင်းသားကို အကြမ်းဖက်ရင် ပြည်သူကလည်း အစိုးရကို ဒဏ်ခတ်မယ်ဆိုတာ နားလည်ဖို့လိုတဲ့အကြောင်း ကမာရွတ်မီဒီယာကို ပြောပြပါတယ်။

ဥရောပသမဂ္ဂ (အီးယူ)ရဲ့ရုံးခန်းရှိရာ Hledan Center ကိုအရောက်မှာတော့ အီးယူက စနစ်တကျလေ့ကျင့်ပေးထားတယ်ဆိုတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေကို စွမ်းအားရှင်နဲ့ မြန်မာရဲတွေ လုပ်ကိုင်ခဲ့တာမို့ အီးယူအနေနဲ့ တာဝန်ယူရမှာဖြစ်ပြီး၊ ဒီဖြစ်ရပ်အတွက် ရှုတ်ချတယ်လို့ ကျောင်းသားတွေက ပြောပါတယ်။

မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးတို့ဟာ Hledan Centerကိုရောက်လာတဲ့အခါ ဥပဒေနဲ့မညီလို့ လူစုခွဲပေးဖို့တောင်းဆိုပါတယ်။ လွတ်လပ်စွာ ဆန္ဒသဘောထားထုတ်ဖော်ခွင့်ဟာ မွေးရာပါအခွင့်အရေးဖြစ်တယ်လို့ ပြန်တုံ့ပြန်ချိန်မှာ အာဏာပိုင်တွေက ထွက်ခွာသွားခဲ့ပါတယ်။ ကျောင်းသားတွေဟာ ဆန္ဒပြမှုကို ပြည်သူလူထုရဲ့ လက်ခုပ်သံတွေ၊ ကြွေးကြော်သံတွေနဲ့အတူ ရုပ်သိမ်းခဲ့ပါတယ်။

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်အတွင်း ကျေးရွာပေါင်း ၂၄၇ ရွာ၊ အုပ်စု ၅၆ အုပ်စုမှ တစ်အုပ်စုလျှင် လူ ၂၀ လိုက်ပါစေ၍ လူပေါင်း ၁၂၀၀ တို့ သည် မလှိုင်မြို့ ထီးဆောင်းကြီး ဘုရားကွင်းသို့ စစ်ကြောင်း ၅ ကြောင်းဖြင့် ဖေဖော်ဝါရီ ၂၈၊ နံနက် ၈ နာရီမှစ၍ ချီတက်ကာ ထီးဆောင်းကြီး ဘုရားကွင်းတွင် ဆုံရပ်ပြုပြီး ဆန္ဒဖော်ထုတ် ကြွေးကြော်ကြ သည်။

ဒီမိုကရေစီ ရှင်သန်ခိုင်မာရေး (ဒို့အရေး)၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး(ဒို့အရေး)၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး (ဒို့အရေး)၊ ၂၀၁၅ ခုနှစ် ငြိမ်းချမ်းမှုဖော်ဆောင်ရေး(ဒို့အရေး) စသည် ကြွေးကြော်သံ များဖြင့် သပိတ်အခမ်းအနားကို ၉ နာရီတွင် ရုပ်သိမ်းပြီး မိမိကျေးရွာ များသို့ တောင်သူလယ်သမားများ ပြန်ခဲ့ကြသည်။

မလှိုင်မြို့နယ် ကြံ့ခိုင်ရေးပါတီ အတွင်းရေးမှူးက မြန်မာသံတော်ဆင့် သို့ ဖြေကြားရာတွင် ပါတီမှပြုလုပ်တာ မဟုတ်ကြောင်း၊ ပြည်သူများကသာ ဆန္ဒဖော်ထုတ် ဦးဆောင်တာ ဖြစ်ပြီး ငွေပေးသည် ဆိုသည်မှာ လည်း ကျေးရွာမှ လာကြသော လိုက်ပို့သည့်ကားများကို ဆီဖိုးပေးတာ ဖြစ်ကြောင်းနှင့် ကျေးရွာမှ ပြည်သူများကို ရှပ်အချိုရည်ဘူး၊ ရေသန့်ဘူး၊ ပေါင်မုန့်ထုပ်များဖြင့် ကုသိုလ်ပြုပြီး ပြည်သူတို့၏ ဆန္ဒဖြင့်သာ သပိတ်စစ်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့တာ ဖြစ်ကြောင်း၊ ဒီနေ့ဆန္ဒခံယူ သပိတ်စစ်ကြောင်းသည် ကျွန်တော်တို့ ကြံ့ခိုင်ရေးပါတီမှ ဦးဆောင်တာ မဟုတ်ကြောင်း ထပ်ကာထပ်ကာ ပြောကြားခဲ့သည်။ မလှိုင်မြို့နယ် ပြည်ခိုင်ဖြိုး ရုံးအတွင်း၌ ပါတီအတွင်းရေးမှူး၊ မြို့နယ်ပြန်/ဆက်မှ ဦးအောင်ဌေးနှင့် ကြေးမုံ သတင်းထောက် ဦးမြတ်ထွန်းတို့ အတူတကွ သတင်းများ ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရှိရသည်။ (ပုံ)

ဆန္ဒခံယူပွဲတွင် အုပ်စုကျေးရွာမှ တောင်သူလယ်သမားများ အများစုဖြစ်ကြပြီး မလှိုင်မြို့ ရပ်ကွက်ကြီး ၄ ရပ်ကွက်မှ ပါတီဝင်များသာ ပါဝင်ခဲ့ကြကြောင်း မြို့နေပြည်သူ တစ်ဦးကလည်း ဖြေကြားခဲ့သည်။

သပိတ်တွင် လိုက်ပါသော ကြံ့ခိုင်ရေးပါတီဝင် အုပ်စုစည်းရုံးရေးမှူး များကို မေးမြန်းရာတွင် ကျေးရွာ အုပ်ချုပ်ရေး မှူးများမှတစ်ဆင့် တစ်အုပ်စုလူ ၂၀ခန့် တောင်းယူ သတ်မှတ်ခဲ့ပြီး သပိတ်တွင် လိုက်ပါသော ကျေး ရွာ တောင်သူ များက ဖြေကြားရာတွင် သူတို့ခေါ်၍သာ လိုက်ပါကြောင်း၊ ရည်ရွယ်ချက်နှင့် ခံယူချက်တွေ နားမလည် မသိကြောင်း ဖြေကြားခဲ့သည်။

ဦးဆောင် ဆန္ဒခံယူပွဲ သပိတ်အတွက် ခွင့်ပြုမိန့် တောင်းခံရာတွင် မလှိုင်မြို့နယ်မှ ရဲမှူးအောင်မိုး အား မေးမြန်းရာတွင် ကြံ့ခိုင်ရေးပါတီ အတွင်းရေးမှူး ဦးစိုးသိန်းက ခွင့်ပြုမိန့်ရယူ ဦးဆောင်ကြောင်း မြန်မာ သံတော်ဆင့်သို့ အတည်ပြု ပြောကြားခဲ့သည်။

မလှိုင်မြို့နယ်သည် ရွှေပေါ်ကျွန်း ဆရာတော်ဘုရားကြီးနှင့် လေးမျက်နှာ ဆရာတော်ဘုရားကြီးတို့ အထင်ကရ သာသနာပြုရာ ဒေသဖြစ်ပြီး ၄င်းဒေသ၌ အများပြည်သူတို့နှင့် သက်ဆိုင်သော ကိစ္စရပ်များတွင် မမှန်မကန် လုပ်ဆောင်၍ မရကြောင်း၊ မမှန်မကန်လုပ်ဆောင်ခဲ့ ကြသည့်ပုဂ်္ဂိုလ်များမှာလည်း တူသော အကျိုးခံစား ကြရကြောင်း ဒေသခံတစ်ဦးက မြန်မာသံတော်ဆင့်သို့ ပြောသည်။

နိုင်ဦး(ရွှေပေါ်ကျွန်း)

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

တစ်ညလုံး ပုံတွေလျှောက်ရှာရင်းနဲ့ ကိုယ်တွေ့ ဖြစ်ရပ်လေးခေါင်းထဲဝင်လာတယ်
ကျောင်းသားတွေကို လက်ပတ်နီ နဲ့ စွမ်းအားရှင်
တွေ ဝင်ပြီး အကြမ်းဖက်တော့ 
ကျနော်နားမှာ သူတို့တွေူ့ရှိနေပါတယ်
ကျနော် ကကျောင်းသားတွေ ကို အကြမ်းဖက်နေတာ ဆရာတို့  ဘာလို့ မတား
ဘဲ ကြည့် နေတာလဲ လို့ မေးမိလိုက်တယ်
ဝမ်းနည်းစိတ် ထိတ်လန့် တုန်လှုပ်စိတ်ကြောင့် 
ကျနော်လေသံ မာကောင်းမာနိုင်ပါတယ်
မင်းကဘာကောင်လည်း ဘာဆိုင်လို့ 
ဝင်ပြောတာလည်း ဆိုပြီးပြောလိုက်ရော
ရဲသားတွေ ကျနော်ကိုရိုက်ပြီးဖမ်းဖို့ ပြင်ကြပါတယ်
ကံကောင်းသွားတာကတော့ 
အဲဒီအချိန် မှာ လူအုပ်ကြီးက ဝရုန်းသုံးပါးဖြစ်ပြီး
ပြိုဆင်းလာပါတယ်
ဒါကြောင့် ပဲ အရိုက်မခံရ အဖမ်းမခံရခြင်းဖြစ်ပါတယ်
ရဲ ကိုအားကိုးမိခါမှ ထောင်လုံးလုံးကျမယ့် ကိန်းပါပဲ
ကျနော် ကိုယ်တွေ့ ပါ
ကျနော် က စာရေးသလို အယ်ဒီတာလည်းလုပ်တဲ့ 
မောင်ညိုအေး ပန်းတော ပါ

Wai Aye


ကျောင်းသားသပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွဲမှုတွေ မလုပ်ဖို့နဲ့၊ ၂ဝ၁၅ မတ်လ ၅ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမ ရှေ့မှာ ဆန္ဒပြတဲ့ကျောင်းသားတွေ- အရပ်ဘက်လူမှုအဖွဲ့တွေကို ရဲတပ်ဖွဲ့နဲ့ လက်ပတ်နီဝတ်ဆင်ထားတဲ့ အရပ်ဝတ်တွေက အကြမ်းဖက်ဖြိုခွဲ ခဲ့တဲ့အပေါ်ကန့်ကွက်ကြောင်း ရန်ကုန်မြို့လှည်းတန်းလမ်းဆုံက EU ဥရောပသမဂ္ဂရုံးရှေ့မှာ မတ်လ ၆ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။



ရဟန်းသော..သံဃာသော
အသက်ကြီးသော...ငယ်သော
ယောက်ျားသော..မိန်းမသော
ခလေးသော..လူကြီးသော...
ဘယ်ကောင့်မှလူမထင်ဘူး....
ပါးဆွဲရိုက်ပြစ်လိုက်မယ်..
ဆောင့်ကန်ချိုးပြစ်လိုက်မယ်...
စောက်ခွက်ဆွဲထိုးပြစ်လိုက်မယ်...
နရင်းဖြတ်ရိုက်ပြစ်လိုက်မယ်..
အဘတို့ပေးထားတဲ့...
(တာဝန်)ကွ..ဘာထင်လဲ.....။
-------------------------
တောက်...ကိုယ့်ရုပ်ကိုယ်ကြည့်ရတာတောင်
ကျက်သရေတုန်းပါ့ကွာ...။


တူမောင်ညို - အနာဂတ် နဲ့ ကျောင်းသားလူငယ်တွေဘက်မှ ရပ်တည်ပါ
(မိုးမခ) မတ်လ ၆ ။၂၀၁၅


    လက်ပံတန်းမှာ ပိတ်ဆို့၊ တားဆီးနှောင့်ယှက်တာခံနေရတဲ့ ကျောင်းသားသပိတ်ပင်မစစ်ကြောင်း အခြေအနေဘယ်လိုဖြစ် လာ မလဲဆိုတာ လူတိုင်းသိလိုကြတယ်၊ စိတ်ဝင်စားကြပါတယ်၊ စိတ်ဝင်စားမှုက သပိတ်မှောက်ကျောင်းသားလူငယ်တွေ အပေါ်အထင်ကြီး လေးစားမှု၊ စာနာထောက်ထားမှုတွေနဲ့ယှဉ်တဲ့၊ သားသမီးချင်း၊ ညီအစ်ကိုမောင်နှမချင်းဆိုတဲ့ ဂရုဏာနဲ့ယှဉ်တဲ့ စိတ်ဝင်စားမှုဖြစ်ပါတယ်။
    
    အုပ်စိုးသူ (ဗိုလ်)ဦးသိန်းစိန် စစ်တပိုင်းအစိုးရ ဘက်ကတော့ ကျောင်းသားတွေကို  “အကြမ်းမဖက်ပါဘူး” လို့ ကတိပေး မထား ပါဘူး။ အကယ်၍ “အကြမ်းမဖက်ပါဘူး” လို့ ရဲ အစရှိတဲ့ အစိုးရအာဏာပိုင်များဘက်က ပြောဆိုလာတယ်ဆိုရင်လည်း ယုံကြည်နိုင်စရာ လုံးဝ အကြောင်းမရှိပါဘူး။ ဒါဟာ အလစ်အငိုက်ယူဖို့အတွက် ပရိယာယ်ဝေဝုစ်သာလျှင်ဖြစ်ပါလိမ့်မယ်။

    အစိုးရအာဏာပိုင်တွေ အကြမ်းဖက်လို့ ကျောင်းသားလူငယ်များ သွေးမြေကျရပြီဆိုလျှင် နံပတ်တစ်တရားခံဟာ(ဗိုလ်)ဦးသိန်း စိန်ကြံ့ဖွံ့အစိုးရဖြစ်ပြီး။ သွယ်ဝိုက်တာဝန်ရှိသူတွေကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပဲဖြစ်ပါလိမ့်မယ်။

    ဒီမိုကရေစီအရေခြုံထားတဲ့ စစ်အုပ်စု၊ စစ်အာဏာရှင်စနစ်ကို ပညာတတ်တရားပြမှု/တရားချမှု တစ်ခုထဲနဲ့ဆန့်ကျင်တိုက်ဖျက် ၍မရနိုင်ပါ။ တစ်ဖက်သတ်ပြန်လည်သင့်မြတ်ရေးတရားဟောနေရုံမျှနဲ့လည်း ထင်ရှားတဲ့အပြောင်းအလဲဖြစ်မလာနိုင်ပါ။ ဒီချုပ်ပါတီ က “ပုဒ်မ ၄၃၆ ပြင်ဆင်ရေး” အတွက် ပြည်သူလက်မှတ် ၅ သန်းနီးပါးကို ကောက်ယူခဲ့တာဟာ “လွှတ်တော်တွင်းအခြေခံဥပဒေပြင်ဆင် ရေး” ကို ဖိအားပေးတာပါ။ လူထု အင်အား၊ လူထုဖိအားကိုအသုံးမပြုဘဲ၊  ဘယ်ကပ်ကမ္ဘာမှာမှ နိုင်ငံရေးအပြောင်းအလဲကို ဖန်တီးနိုင်ရိုး မရှိခဲ့ပါ။

    ကျောင်းသားသပိတ်လှုပ်ရှားမှု အစကနေ ယနေ့အထိ ဖြစ်စဉ်ကို ဘယ်နေရာကနေပဲကြည့်ကြည့် ကြည့်လိုက်ပါ။ ကျောင်း သားတွေ ဘက်က လွန်တာတခုမျှ မရှိပါ။ အစိုးရဘက်မှ ပြုလုပ်နေတဲ့ ယုတ်မာရမ်းကားမှုမျိုးစုံကို တွေ့မြင်ရပါလိမ့်မယ်။
  
    ကျောင်းသားသပိတ်လှုပ်ရှားမှုဆိုတာ စတင်ပေါ်ပေါက်လာကတည်းက ငြိမ်းချမ်းစွာ၊ လူကြီးလူကောင်း ပီသစွာပေါ်ပေါက်လာ တာပါ။ အုပ်စိုးသူအစိုးရဘက်က တုန့်ပြန်လာမှုက  “စကတည်းယဉ်သကို” ဆိုသလိုပါပဲ။ “ နောက်ကွယ်မှာကြိုးကိုင်တဲ့လူတွေရှိတယ်၊ အချုပ်အခြာအာဏာထိပါးတယ်” တဲ့။ ကျောင်းသားတွေတောင်းဆိုမှုကို အလေးမထားသလို၊ အရေးမစိုက်ခဲ့ပါဘူး။ ကျောင်းသား လူငယ် တွေက  ငြိမ်းချမ်းစွာချီတက်လာတဲ့အခါမှသာ အကြမ်းဖက်ဖိနှိပ်မှုကိုအဓိကပင်တိုင်ထားပြီး ကောက်ကျစ်ယုတ်မာလှတဲ့၊ မကြံအပ်၊မစည် အပ်တဲ့ဖြိုခွဲရေးအောက် လမ်းနည်းပေါင်းစုံကို သွေးရူးသွေးတန်း လုပ်ကြံလုပ်ဆောင်လာခဲ့ကြတယ်။ လုပ်ဆောင်နေဆဲလည်းဖြစ်တယ်။

    ဒုတ်/ဒိုင်းကိုင် ရဲ၊ မီးသတ်ကား၊ သေနတ်၊ အချုပ်ကား၊ စွမ်းအားရှင် စတဲ့ အကြမ်းဖက်လက်ယဉ်နေသူတွေကို နယ်တိုင်းမြို့ တိုင်းမှာ စုစည်းထားထားပြီးအင်အားပြခြိမ်းချောက်စေပါတယ်။ ဒါ့အပြင် မိဘနဲ့ကျောင်းသား၊ ကျောင်းသားအချင်းချင်း၊ ကျောင်းသားနဲ့ သံဃာ၊ ကျောင်းသားနဲ့ ကျောင်းဆရာ/မ စသဖြင့် သွေးခွဲရန်တိုက်မှုမျိုးစုံလုပ်ခဲ့တယ်။ သတင်းစာကပင် ဒီလိုသွေးခွဲမှု၊ သရုပ်ဖျက်မှု တွေကို အတိုင်အဖော်ညီညီ လုပ်ကြံလီဆယ်ခဲ့ကြတယ်။

    “ပညာရေး ၄ ပွင့်ဆိုင်ဆွေးနွေးပွဲ” မှာလည်း ကျောင်းသားတွေဘက်က၊ (NNER) ဘက်က နိုင်ငံရေးအမြော်အမြင်ရှိရှိ၊ ဒီမိုကရေစီယဉ်ကျေးမှုဖြင့် အပြန်အလှန်လေးစားစွာ၊ လူကြီးလူကောင်းဆန်စွာ ညှိနှိုင်း၊ ဆွေးနွေးတင်ပြခဲ့ကြပါတယ်။ အုပ်စိုးသူတွေ ဘက်မှ ရတဲ့အကွက်၊ ရတဲ့နည်းနဲ့ အောာက်တန်းကျပြီးအရှက်ကင်းမဲ့လှတဲ့ ညစ်ကွက်တွေနဲ့ လုပ်ကြံခဲ့ကြတယ်။

    ကျောင်းသား/သူ တစ်ဦးချင်းကိုရော၊ ကျောင်းသားသပိတ်လှုပ်ရှားမှုတစ်ခုလုံးကိုပါ သရုပ်ဖျက်ခဲ့ကြတယ်၊ ပုတ်ခတ်ရေးသားခဲ့ ကြတယ်၊ ရွံ့ပုတ်တွေနဲ့ဝိုင်းပက်ခဲ့ကြတယ်။ ကျောင်းသားဆိုတဲ့ ဂုဏ်ကျက်သရေကို ညစ်နွမ်းသွားအောင်အသရေဖျက်ခဲ့ကြတယ်။ ဒါပေ မယ့် ပတ္တမြားမှန်ရင် နွံမှာနှစ်လည်း မညစ်ဆိုတဲ့စကားလိုပါပဲ။ ရွံပုတ်နဲ့ပက်သူတွေလက်မှာသာ ရွံ့ပုတ်တွေပေကျံပြီး ဘယ်သူလူ ညစ် ပတ်လည်း၊ လူယုတ်မာလည်းဆိုတာ ပေါ်လွင်သွားပါတယ်။ အဲဒီအထဲမှာ ကြံ့ဖွံ့ပါတီလွှတ်တော်ကိုယ်စား လှယ်ဆိုသူတွေပင်ပါဝင် နေပါ တယ်။
အုပ်စိုးသူအစိုးရရဲ့ “ကောက်ကျစ်ညစ်ပတ်ယုတ်မာမှုဆွမ်းကြီးလောင်းပွဲ” မှာ “သင်္ကန်းဝတ်ညစ်ပတ်သူ” ကိုယ်တော်တချို့က ကျောင်းသားတွေနဲ့ကျောင်းသားလှုပ်ရှားမှုကို သရုပ်ဖျက်ဖိအားပေးအကြပ်ကိုင်တဲ့တရားဟောပြီး စာတိုစာရှည်ရေးကာ ပါဝင်နေတဲ့ကိစ္စ ပဲဖြစ်ပါတယ်။“သူတော်ချင်းချင်း သတင်းလွေ့လွေ့ပေါင်းဖက်တွေ့”တယ်လို့ဆို မလား။ “ခေတ်သစ်ဒေဝဒတ်ကိုယ်တော်တွေနဲ့ ခေတ်သစ် အဇာတသတ်တွေ”ရဲ့ ဆရာဒကာညီညွတ်မှုလို့ ဆိုဆို၊ ဆိုချင်ရာ ဆိုနိုင်တဲ့ အနေအထားဖြစ်သွားပါပြီ။ ငရဲနဲ့ချောက်နေသူတွေ ကိုယ်တိုင် က ငရဲမကြောက်တော့မှတော့ ကျနော်တို့ ပြည်သူတွေကလည်း ငရဲဆို ဂျိုနဲ့လားလို့ မေးဖို့သာရှိပါတော့တယ်။

    အရင်းစစ်လိုက်ရင် ဆန္ဒပြမှု၊သပိတ်မှောက်မှု၊ တော်လှန်မှုတို့ ဆိုတာတွေက အကြောင်းမဲ့သက်သက်ပေါ်ပေါက်လာရတာတွေ မဟုတ်ပါဘူး။ အကြောင်းတရားဖြစ်သော  အုပ်စိုးသူအစိုးရများရဲ့ မတရားမှု၊ ဖိနှိပ်မှု၊ သွေးစုပ်မှုတွေကြောင့် ဖြစ်ပွားပေါက်ပေါက်လာရတဲ့ တိုက်ရိုက်အကျိုးဆက်ရလဒ်တွေသာလျှင်ဖြစ်ပါတယ်။

    လက်နက်မရှိတဲ့ ကျောင်းသား၊ အလုပ်သမား၊ လယ်သမား၊ ပြည်သူများ ဟာ ခြေဆုံးခေါင်းဆုံးလက်နက်တပ်ဆင်ထားတဲ့၊ ကောက်ကျစ်တဲ့ဉာဏ်နီဉာဏ်နက်မျိုးစုံသုံးတတ်တဲ့ အုပ်စိုးသူများကို ဘယ်လိုမှ စတင်အကြမ်းဖက်ခြင်းမပြုနိုင်ပါဘူး။ ငြိမ်းချမ်းစွာ၊ ဒီမိုကရေစီနည်းလမ်းကြစွာ စုဝေးဆန္ဒပြကြတာကပဲစတင်ကြပါတယ်။ အကြမ်းဖက်မှုနဲ့ မိုက်မဲကောက်ကျစ်တဲ့သရုပ်ဖျက်မှုတွေကို အုပ်စိုး သူတွေ ဘက်ကသာစတင်မြဲဖြစ်ပါတယ်။ ဒီကိစ္စတွေအတွက်  လက်ပံတောင်းအကြမ်းဖက်မှု၊ မိကျောင်းကန်အကြမ်းဖက်မှု၊ ရွှေပြည်သာ အလုပ်သမားသပိတ်အကြမ်းဖက်ဖြိုခွဲမှုတွေမှာကြည့်ရင် ဘယ်သူကစပြီးအကြမ်းဖက်သလဲဆိုတာကွက်ကွက်ကွင်းကွင်းမြင်နိုင်ပါတယ်။

    မိုက်မဲကောက်ကျစ်တဲ့ သရုပ်ဖျက်မှု၊ အသရေဖျက်မှုတွေဆိုတာဟာ “အကြမ်းဖက်ဖိနှိပ်ရေး” နိုင်ရေးအတွက်  အုပ်စိုးသူများ ဘက်က အကွက်ချလုပ်ဆောင်နေတဲ့ ဆင်ခြေလိမ်တွေသာဖြစ်ပါတယ်။ အခင်းအကျင်းတွေသာဖြစ်ပါတယ်။

     (ဗိုလ်) ဦးသိန်းစိန်စစ်တပိုင်းအစိုးရအပါအဝင် အုပ်စိုးသူအဆက်ဆက်ရဲ့ အဓိကလက်သုံးနည်းက အကြမ်းဖက်ဖိနှိပ်တာပဲဖြစ် ပါတယ်။ ၁၉၆၂ မတ်လ ၂ ရက် ဗိုလ်နေဝင်းစစ်အုပ်စု အာဏာသိမ်းစဉ်ကစပြီး ယနေ့အထိ ပေါ်ပေါက်ခဲ့သမျှ  ကျောင်းသား၊ အလုပ် သမား ၊ လယ်သမား၊ သံဃာ စတဲ့ ပြည်သူများရဲ့ သပိတ်မှောက်၊ အုံကြွမှုတွေကို  အကြမ်းဖက်ဖိနှိပ်ခဲ့တာပဲဖြစ်ပါတယ်။

    အကြမ်းဖက်မှုကို အဓိကကျင့်သုံးတာနဲ့တပြိုင်နက်ထဲမှာ အင်မတန်ညစ်ပတ် ကောက်ကျစ် ယုတ်မာသော ချော့/ခြောက် လှည့် ဖြားဖြိုခွဲတဲ့ နည်းကိုလည်း  တွဲဖက်ကျင့်သုံးလေ့ရှိပါတယ်။ သူတို့ချုပ်ကိုင်ထားတဲ့ မီဒီယာမျိုးစုံပေါ်ကနေ ပေါ်ပေါက်လာသမျှ လှုပ်ရှားမှု တွေကိုသေးသိမ်ယုတ်ညံ့သွားအောင်သရုပ်ဖျက်တယ်။သွားပုပ်လေလွင့်ပြောဆိုရေးသားလေ့ရှိတယ်။ ပြည်သူတွေအချင်းချင်း အိုးမဲသုတ် ရန်တိုက်ပေးတယ်။ ဘာသာရေး၊လူမျိုးရေးပဋိပက္ခတွေလုပ်ကြံဖန်တီးပါတယ်။

    တိုင်းရင်းသားပြည်သူများ၊ တာဝန်သိနိုင်ငံရေးသမားများ၊  နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းအသီးသီးတို့က ကျောင်းသားသပိတ် ကို နည်းသဏ္ဌာန်ပေါင်းစုံနဲ့ ဝန်းရံကြစေချင်ပါတယ်၊အကာအကွယ်ပေးစေချင်ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း “လွှတ်တော်နဲ့ ၂၀၁၅ ရွေးကောက်ပွဲ ကိုသာ တည့်တည့်ရှု” နေရာကနေ ကျောင်းသား သပိတ်ဖက်ကို ခေတ္တခဏဖြစ်ဖြစ်မျက်နှာမူစေချင်ပါတယ်။ ဒါဟာ ပြည်သူတွေ၊ ကျောင်းသားလူငယ်တွေရဲ့ နှလုံးသားထဲက အလိုလား အတောင့်တဆုံး ဆန္ဒလည်းဖြစ်ပါတယ်။  

(Photo - ပြည်သူ့ခေတ်ဂျာနယ်။ မြိ့တော်ခန်းမရှေ့တွင် မတ်လ ၅ ရက်နေ့ ညနေပိုင်းကပြုလုပ်ခဲ့သည့် ကျောင်းသားသပိတ်ထောက်ခံပွဲ ပြုလုပ်သူ ကျောင်းသား ၃၀ ကျော်ကို ရဲတပ်ဖွဲ့နှင့် အရပ်ဝတ်စွမ်းအားရှင်များက အကြမ်းဖက်ဖြိုခွင်းခဲ့ကြသည်။ ရဲတပ်ဖွဲ့အင်အား ၃၀၀ ကျော်ဝန်းကျင်နှင့် အရပ်ဝတ်စွမ်းအားရှင် ၃၀၀ ကျော်က အကြမ်းဖက်မှုပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။ ထိုသို့အကြမ်းဖက်မှုပြုလုပ်ခြင်းကို ကြိုတင်စီစဉ်ထားခြင်းဖြစ်ပြီး ဆန္ဒပြ ပွဲမတိုင်မီ အချိန်တစ်နာရီခန့်အလိုကတည်းက အရပ်ဝတ်စွမ်းအားရှင်များ ကိုကြိုတင်နေရာချထားခြင်း ဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။ (ဓာတ်ပုံ - လမင်းထွန်း))

http://moemaka.blogspot.ca/2015/03/blog-post_5.html


အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်သပိတ်မှောက်နေတဲ့ ကျောင်းသားတွေအပေါ် အကြမ်းဖက် ဖြိုခွင်းမယ့်လုပ်ရပ်ကို ဆန့်ကျင်တဲ့ မြို့တော်ခမ်းမရှေ့က ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို ရိုက်နှက်ခဲ့ပြီး ဖမ်းဆီးခဲ့သူ ၈ယောက်ကို မတ်လ ၆ရက်နေ့မနက်မှာ ရန်ကုန်တိုင်းအစိုးရက ပြန်လွှတ်ပေးလိုက်ပါတယ်။ မြို့တော်ခမ်းမရှေ့ ဆန္ဒပြမှုကို ဖြိုခွင်းအကြမ်းဖက်မှုဟာ ဥပဒေနဲ့ညီရဲ့လား။

ဆန္ဒပြသူတွေက ကြွေးကြော်သံတွေအော်ပြီး ဟောပြောနေချိန်မှာ ကျောက်တံတားမြို့နယ်အုပ်ချုပ်ရေးမှူးက လူစုခွဲဖို့ မိနစ် ၃ဝအချိန်ပေးထားပေမယ့် တကယ်တမ်းကျတော့ ၁၅မိနစ်အတွင်းမှာပဲ စတင်အကြမ်းဖက်ခဲ့တာဖြစ်တယ်လို့ ဖမ်းဆီးခံခဲ့ရာက လွတ်မြောက်လာတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသား ကိုဇင်မင်းဖြိုးက ပြောပါတယ်။ တာဝန်ဆိုတဲ့ လက်ပတ်နီတွေဝတ်ထားသူတွေက လက်သီးနဲ့ထိုးကြိတ်ကန်ကျောက်ခဲ့ပြီး သူ့ရဲ့မျက်မှန်ကိုပါ ဆွဲချွတ်ပြီးလွှင့်ပစ်ခဲ့လို့ အမြင်တွေဝါးသွားချိန်မှာ အကြမ်းဖက်ဖမ်းဆီးခံခဲ့ရတယ်လို့ ပြန်ပြောပြပါတယ်။

ဆန္ဒပြကျောင်းသားတွေအနားမှာ ထောက်ခံအားပေးတဲ့အနေနဲ့ ရောက်နေခဲ့တဲ့ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ပွင့်လင်း လူ့အဖွဲ့အစည်းက ကိုမျိုးသန်း၊ မနုနုအောင်နဲ့ မနီလာသိန်းတို့ဟာ ဆန္ဒပြကျောင်းသားကျောင်းသူ ၅ယောက်နဲ့အတူ မတ်လ ၅ရက်နေ့ညနေက အကြမ်းဖက် ဖမ်းဆီးခံခဲ့ရပြီး ရန်ကင်းကလယ်ဆည်ဝင်းထဲမှာ ချုပ်နှောင်ခံခဲ့ရပါတယ်။

စွမ်းအားရှင်ဆိုတာ မရှိဘူးလို့ မြန်မာသမ္မတ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ် ပြန်ကြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဦးရဲထွဋ်ရဲ့ ငြင်းဆိုချက်နဲ့ပတ်သက်ပြီး ကိုမျိုးသန်းကတော့ တရားမဝင်ဖွဲ့စည်းထားတဲ့ လူအုပ်ကြီးရဲ့ လုပ်ပုံကိုင်ပုံတွေအရတော့ စွမ်းအားရှင်တွေပဲဖြစ်တယ်လို့ ဆိုပါတယ်။

ဥရောပသမဂ္ဂ (အီးယူ)ရဲ့ ခေတ်မီရဲသင်တန်းနဲ့ လူအုပ်ကိုထိန်းသိမ်းနည်းတွေအတိုင်း မြန်မာရဲတွေက လိုက်နာကျင့်သုံးခဲ့တာမဟုတ်ဘဲ အရပ်ဝတ်လူတစ်စုကို လက်ပတ်တွေပေးပြီး အကြမ်းဖက်တိုက်ခိုက်မှုစတင်ကျုးလွန်ဖို့ တာဝန်ပေးစေခိုင်းမှုမှာ ဘယ်သူတာဝန်ရှိသလဲဆိုတာ ထုတ်ဖော်ဖို့ အရေးကြီးတဲ့အကြောင်းနဲ့ ရန်ကုန်တိုင်းအစိုးရမှာ အဓိကတာဝန်ရှိတယ်လို့ ဆိုပါတယ်။

မြို့တော်ခမ်းမရှေ့ တတိယနေ့အဖြစ် ကျောင်းသားဆန္ဒပြမှုဟာ လက်ပံတန်းမှာ ပိတ်ဆို့တားဆီးခံနေရတဲ့ ပင်မသပိတ်စစ်ကြောင်း အကြမ်းဖက်မခံရဖို့နဲ့ လေးပွင့်ဆိုင်သဘောတူညီချက်တွေကို အကောင်အထည်ဖော်ကြဖို့ တောင်းဆိုတဲ့အပေါ် အကြမ်းဖက်တုံ့ပြန်တာဟာ လက်မခံနိုင်တဲ့အကြောင်းအရာဖြစ်တယ်လို့ မနီလာသိန်းက ပြောပါတယ်။

Kamayut Media

ကြည့်မြင်တိုင် တဖက်ကမ်း စက်ဆန်မှာ နေတယ်
(1) ဥက္ကဠ သိန်ူဇော်
(2)ကျော်သူ အဝါကျား
(3)သိန်းအောင်
(4)အာခွေး


အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် ဆန္ဒဖော်ထုတ်နေသော ပင်မကျောင်းသားသပိတ်စစ်ကြောင်းကို ထောက်ခံခဲ့သည့် ရန်ကုန်မြို့တော်ခန်းမရှေ့ ဆန္ဒထုတ်ဖော်သူများအား ဖြိုခွင်းမှုသတင်းကို မတ်လ ၆ ရက်ထုတ် အစိုးရသတင်းစာများ၏ ဖော်ပြချက်မှာ အဖြစ်မှန်နှင့် ကွဲလွဲနေကြောင်း သိရသည်။

အစိုးရသတင်းစာ သတင်းတွင် “ဆန္ဒပြသည့်အဖွဲ့မှ ပြန်လည်ရန်ပြုခဲ့သဖြင့် လူစုခွဲ ရှင်းလင်းကာ ဆန္ဒပြသူအချို့အား ထိန်းသိမ်းခဲ့ကြောင်း သိရသည်”ဟု ဖော်ပြထားရာ ထိုအချက်မှာ ကွဲလွဲနေခြင်းဖြစ်ကြောင်း သိရသည်။

“အစိုးရသတင်းစာမှာ ဖော်ပြထားသလို မဟုတ်ဘူး။ အရပ်သား စွမ်းအားရှင်တွေက အရင်စလုပ်တာ။ ကျောင်းသားတွေက တစ်ယောက် တစ်လှည့် မိန့်ခွန်းပြောတယ်။ Campaign ပုံစံလုပ်ဖို့ ပထမ စီစဉ်ထားတယ်။ အဲဒီမှာပဲ မိနစ် ၃ဝ အတွင်း လူစုခွဲပေး။ မိနစ် ၃ဝ လို့ ပြောတယ်။ သူတို့ အော်ပြီး ၁ဝ မိနစ် မကြာဘူး။ ကျောင်းသားတွေက ပြီးခါနီးပြီ။ အဲဒီအချိန်လောက်မှာ ဝင်လုပ်တာ။ မိနစ် ၃ဝ မပေးဘဲ ၁ဝ မိနစ်လောက်မှာ ဝင်လုပ်တာ။ ပထမဦးဆုံး ဝင်လုပ်တာက စွမ်းအားရှင်ပုံစံ လူတွေက အရင်ဝင် လုပ်တာ။ ပထမ ဝင်ရိုက်တယ်။ ဝင်ရိုက်တော့ ကျောင်းသားတွေကို ထောက်ခံတဲ့သူတွေက တားတယ်။ တားတော့ လူစုနည်းနည်း ပြန်ခွဲသွားတယ်။ ခွဲသွားပြီး ငါးမိနစ်လောက်ကြာတော့ ထပ်ပြီးဝင်လုပ်တယ်။ ဒီတစ်ကြိမ်မှာ အမျိုးသမီးတွေကို အရင်ဝင်ဆွဲတယ်။ သူတို့ဆွဲလို့ ပါသွားတဲ့သူတွေကို ကျောင်းသားတွေက ပြန်ဆွဲတယ်။ အဲဒီလို ပြန်ဆွဲချိန်မှာ ရဲတွေက နံပါတ်တုတ်တွေနဲ့ ဆန္ဒထုတ်ဖော်သူတွေကို ဝင်ရိုက်တယ်”ဟု အခင်းဖြစ်စဉ်ကို စောင့်ကြည့် သတင်းရယူခဲ့သော သတင်းထောက်တစ်ဦးက ပြောကြားသည်။

အခြားသော မျက်မြင်ကိုယ်တွေ့ သိရှိခဲ့ရသူများ၏ ပြောကြားချက်အရလည်း ဆန္ဒထုတ်ဖော်သူများကို အရပ်သား စွမ်းအားရှင်များနှင့် ရဲတပ်ဖွဲ့က စတင်ရိုက်နှက် ဖြိုခွင်းခဲ့ခြင်းဖြစ်သည့်နည်းတူ ဓာတ်ပုံများ၊ ဗီဒီယိုဖိုင်များတွင် ပါရှိချက်များအရလည်း အရပ်သား စွမ်းအားရှင်များက စတင် အင်အားသုံး အကြမ်းဖက်ဖြိုခွင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုအပြင် ဖြိုခွင်းမှုတွင် ဥပဒေမဲ့ ကြမ်းတမ်းစွာ ကိုင်တွယ်ခဲ့သော အရပ်သား စွမ်းအားရှင်များထဲတွင်အချို့မှာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူး များ၊ အချို့မှာ အခြေအနေမဲ့ အလုပ်ကြမ်းသမားများ၊ လေလွင့်ဆိုးသွမ်းနေသူများ၊ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ထောက်ခံသူများ ဖြစ်ကြောင်း တွေ့ရှိရပြီး ၎င်းတို့၏ နေရပ်လိပ်စာများနှင့် မည်သူမည်ဝါဆိုသည်များကို ပြည်သူလူထုက ဖော်ထုတ်၊ ပြောကြားမှုများ စတင်ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။

အစိုးရသတင်းစာသတင်းတွင် အရပ်သား စွမ်းအားရှင်များ အသုံးပြုပြီး အင်အားသုံး ဖြိုခွင်းခဲ့ခြင်းအချက်အား ဖော်ပြမှုမရှိသည်ကို တွေ့ရှိရသည်။

Eleven media group


ကျောင်းသားသပိတ် ထောက်ခံ ဆန္ဒပြပွဲကို ရန်ကုန်မြို့ လှည်းတန်းဈေးရှေ့မှာ ရဲလုံခြုံရေးတွေ ချထားပေမယ့် ညနေ ၄ နာရီကျော်က ငြိမ်းချမ်းစွာ ပြုလုပ်ပြီး လူစုခွဲ ခဲ့ကြပါတယ်။

ဓာတ်ပုံ – အိမမမွန်
By ဒီဗွီဘီ
http://burmese.dvb.no


အမျိုးသားလွှတ်တော်မှာ ဒီကနေ့ ပြုလုပ်တဲ့ အမျိုးသားပညာ‌ရေးဥပ‌ဒေ ပြင်ဆင်တဲ့ဥပဒေဆိုင်ရာ ကြားနာပွဲ ဒုတိယနေ့မှာ နိုင်ငံရေးပါတီ ၁၇ ပါတီက ကိုယ်စားလှယ်တွေ တက်ရောက်ကြား နာခဲ့ပါတယ်။

ဒီကြားနာပွဲကို  နိုင်ငံရေး ပါတီုဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ မူဝါဒဆိုင်ရာ ဆွေးနွေးနိုင်တဲ့ ကိုယ်စားလှယ်  ၂၀ တက်ရောက်ဖို့ဖိတ်ကြားထားတာဖြစ်ပေမယ့် ကိုယ်စားလှယ်  ၁၇ ယောက်  လာရောက်ခဲ့ကြပြီး လက်ရှိတင်ထားတဲ့ ပညာရေးဥပဒေမူကြမ်းနဲ့ပတ်သက်ပြီး  တပါတီချင်း အချင်း အမြင်သဘောထားတွေကို ဆွေးနွေးခဲ့ကြပါတယ်။

လေးပွင့်ဆိုင် ဆွေးနွေးပွဲသဘောတူညီချက်အရ  ပေးပို့ထားတဲ့ ဥပဒေမူကြမ်းနဲ့ပတ်သက်ပြီး နိုင်ငံရေးပါတီတွေက တချို့ဟာ တွေကို ထောက်ခံနိုင်သလို တချို့အချက်တွေကိုလည်း ကန့်ကွက်ကြ တယ်လို့ ရခိုင်အမျိုး သားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောပါတယ်။

“ကျနော်တို့ သဘောကျတာတွေလည်းရှိတယ်။ လက်ခံတာလည်းရှိတယ်။ တချို့ဟာတွေကတော့ ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားသင့်တဲ့အခါကျတော့ နိုင်ငံရေးပါတီအလိုက်ကတော့ဖြင့် သူ့ပါတီရဲ့ ပညာရေးဆိုင်ရာ မူဝါဒအရ ကန့်ကွက်သင့်တာတွေကိုလည်း ကန့်ကွက်ကြပါတယ်။ ဥဗမာ ပုဒ်မ ၃၄(ည)မှာပေါ့နော်။ တခြားဘာသာရေး ပညာရေးသင်ကြားခွင့်ဆိုတာလေ။ ဒါအင်မတန်သတိထားရမယ့် ကာလလေးဖြစ်တဲ့အခါကျတော့ ဒီလောက်ထိ ဖွင့်ပေးလို့ လွတ်လပ်တဲ့ ပညာရေးစနစ် ဦးတည်ကောင်းဦးတည်နိုင်သော်လည်းပဲ မလိုအပ်သေးဘူး။”

လက်ရှိ သပိတ်မှောက် ဆန္ဒဖော်ထုတ်နေကြတဲ့ ကျောင်းသားတွေရဲ့ တောင်းဆိုချက်တွေကို တော့ လေးလေးနက်နက်ထောက်ခံတယ်လို့လည်း ဒေါက်တာအေးမောင်က ပြောပါတယ်။

“ကျောင်းသားတွေရဲ့တောင်းဆိုချက်တွေကိုလည်း ကျနော်တို့ သဘောကျတယ်။ ဘာလို့လဲဆိုတော့ ကျောင်းသားဆိုတာ ပညာရေးအစမ်း သပ်ခံပေါ့နော်။ ပညာရေးစနစ်တွေကို တက်လာတဲ့အစိုးရ မျိုးစုံက နည်းမျိုးစုံ ကျင့်သုံးခဲ့တဲ့အခါကျတော့ အစမ်းသပ်ခံဘ၀ကနေ ကျောင်းသားတို့ ကျနော်တို့ကအစ ဒီဒဏ်ကို အခုထိခံနေရဆဲဖြစ်တဲ့အခါမှာ ကျောင်းသားတွေက အနာဂတ်မျိုးဆက်တွေအတွက် သူတို့အခုလို ဒုက္ခခံပြီးမှ တောင်းဆိုတိုက်ပွဲဝင်နေတာ ကျနော်တို့ကတော့ လေးလေးနက်နက်လေးလေး စားစားထောက်ခံပါတယ်။ သို့ပေမယ့် ဒီကာလဟာ အထွေထွေနိုင်ငံရေး အကျပ်အတည်းတခုဖြစ်နိုင်တဲ့အခါမှာ နှစ်ဖက်က ကိုယ်တောင်း တာကိုပဲရရမယ်ဆိုတဲ့ဟာ မဟုတ်ဘဲနဲ့ ကိုယ့်ဘက်က လျော့သင့်တာလျော့နိုင်အောင် နှစ်ဖက်ညှိနှိုင်းပြီးမှ မြန်မာ့နိုင်ငံရေးအလားအလာကောင်းတွေ ဖန်တီးပေးစေချင်တယ်။”

ဒါ့အပြင်လက်ရှိဖြစ်နေတဲ့ ကျောင်းသားနဲ့ အုပ်ချုပ်ရေးပိုင်းတွေရဲ့ ဖမ်းဆီးအကြမ်းဖက်မှုတွေကို အစိုးရက ရပ်ဆိုင်းပေးဖို့လည်း နိုင်ငံရေးပါတီတွေက တောင်းဆိုကြပါတယ်။

ဒီအထဲမှာ မတူကွဲပြားခြင်းနှင့်‌ငြိမ်းချမ်း‌ရေးပါတီ ဥက္ကဋ္ဌ ဦ‌နေမျိုး‌ဝေက သပိတ်မှောက် ‌ကျောင်းသား‌တွေ‌ တောင်းဆိုတဲ့ အချက်‌ (၁၁)ချက်‌ကို ကန့်‌ကွက်‌ရှုတ်ချပြီး ဥပ‌ဒေနဲ့အညီ အ‌ရေးယူဖို့‌ ဆွေး‌နွေးသွားပါတယ်‌။

ဒီကြားနာပွဲကို  မတ်လ ၅ ရက်နေ့ကနေ ၁၅ ရက်ထိကျင်းပနေတာဖြစ်ပြီး  ဖိတ်ကြားထားတဲ့ အစုအဖွဲ့ ၆ ဖွဲ့ထဲမှာ  နိုင်ငံရေးပါတီ အစုအဖွဲ့ကို မတ်လ ၆ ရက်၊ ၈ ၇က်နဲ့ ၁၃ ၇က်တွေမှာ ကြားနားဖို့ အချိန် ၃ ရက်ပေးတားတာဖြစ်ပြီး ကျန်တဲ့အဖွဲ့တွေကိုတော့ ၁ ရက်စီပဲ အချိန်ပေး ထားတာဖြစ်ပါတယ်။

မနက်ဖြန် မတ်လ ၇ ရက်နေ့မှာ အမျိုးသားပညာရေး ပြုပြင်ပြောင်းလဲမှု ကွန်ယက် (အန်အန်အီးအာ) က ကိုယ်စားလှယ်တွေ ကြားနာပွဲတက်ရောက်ဖို့  ဖိတ်ကြားထားပေမယ့်  ပညာရေးကွန်ရက်က ဒီအစီအစဉ်ကို လက်မခံဘဲ ရွှေ့ဆိုင်းလိုက်တယ်လို့ ကြေညာထား ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no

အင်ဒိုနီးရှား ရဲချုပ်က သြစီအကျဉ်းသားနဲ့ လေယာဉ်ပေါ် ရိုက်နေပုံ
သြစတြေးလျနိုင်ငံသား ​အကျဉ်းသား ​နှစ်ဦးကို ​အင်ဒိုနီးရှားက ​ထောင်ပြောင်းနေတုန်း ​လေယာဉ်ပေါ်မှာ ​အင်ဒိုနီးရှားရဲက ​အကျဉ်းသားနဲ့ ​ဓာတ်ပုံရိုက်ပြီး ​တင်ထားတဲ့အပေါ် ​သြစတြေးလျ ​အစိုးရက ​အမျက်ဒေါသ ​ထွက်နေပါတယ်။

အဲဒီအတွက် ​အင်ဒိုနီးရှား ​သံအမတ်ကို ​ဆင့်ခေါ်ပြီး ​ဒီလုပ်ရပ်ကို ​ကန့်ကွက်ကြောင်း ​တရားဝင် ​ပြောဆိုလိုက်ပါတယ်။

ဝန်ကြီး ​ခရစ္စတိုဖာ ​ပိုင်း ​က ​ဒီလို ​လုပ်ရပ်ဟာ ​မသင့်တော်တဲ့ ​လုပ်ရပ်ဖြစ်တာကြောင့် ​ဒီကိစ္စကို ​ပြတ်သားစွာ ​ပြောဆိုရတာဖြစ်ကြောင်း ​နိုင်ငံခြားရေးဝန်ကြီးက ​အင်ဒိုနီးရှား ​သံအမတ်ကို ​မနေ့ညက ​ဆင့်ခေါ်ပြီး ​အင်ဒိုနီးရှားရဲအရာရှိရဲ့ ​လုပ်ရပ်ကို ​ရှုတ်ချခဲ့တယ်လို့ ​ပြောသွားခဲ့ပါတယ်။

မကြာခင် ​ပစ်သတ်ခံရတော့မယ့် ​သူတွေကို ​ဓာတ်ပုံရိုက်တာဟာ ​လေးစားမှုမရှိသလို ​လူ့ဂုဏ်သက္ခာကို ​မငဲ့ရာ ​ရောက်တယ်လို့လည်း ​သြစတြေးလျ ​နိုင်ငံ ​ဝန်ကြီးချုပ် ​တိုနီအာဘော့တ်က ​ပြောပါတယ်။

လေယာဉ်ပေါ် ​ထိုင်နေတဲ့ ​အကျဉ်းသားတွေနဲ့ ​ဓာတ်ပုံ ​တွဲရိုက်ခဲ့တဲ့ ​အင်ဒိုနီးရှား ​ရဲအရာရှိကတော့ ​အကျဉ်းသားတွေ ​စိတ်သက်သာရာ ​ရအောင် ​စကားစမြည် ​ပြောဆိုတုန်း ​ဓာတ်ပုံ ​ရိုက်ခဲ့ခြင်းသာ ​ဖြစ်တယ်လို့ ​ပြောပါတယ်။

သူဓာတ်ပုံ ​ရိုက်တာကို ​အကျဉ်းသားတွေတောင် ​မသိခဲ့ဘူးလို့ ​ရှင်းပြပါတယ်။

အဲဒီ ​အကျဉ်းသားတွေဟာ ​မူးယစ်ဆေးဝါ ​ကုန်ကူးမှုနဲ့ ​မကြာခင်မှာ ​ပစ်သတ်ခံရမယ့် ​လူတွေ ​ဖြစ်ကြပါတယ်။

ထောင်ပြောင်းနေစဉ် ​လမ်းခုလတ်မှာ ​ဓာတ်ပုံ ​တွဲရိုက်တာကို ​သြစတြေးလျက ​မကျေမနပ် ​ဖြစ်နေသလို ​ဒီအကျဉ်းသားတွေကို ​ထောင်ပြောင်းရာမှာလည်း ​မလိုအပ်ပဲ ​လုံခြုံရေး ​အင်အား ​အများအပြား ​ချထားတဲ့အပေါ် ​ဝေဖန်လိုက်ပါတယ်။

ဒီအကျဉ်းသားတွေကို ​ထောင်ပြောင်းတဲ့အခါမှာ ​ရဲအင်အား ​အမြောက်အများသုံးပြီး ​ရဟတ်ယာဉ်တွေ၊ ​လေယာဉ်တွေပါ ​အသုံးပြုခဲ့တာ ​ဖြစ်ပါတယ်။

ဒါ့အပြင် ​အကျဉ်းသားတွေကို ​ပစ်သတ်ဖို့ ​အင်ဒိုနီးရှားက ​သေနတ်ပစ်တာကို ​လေ့ကျင့်စမ်းသပ်နေတယ် ​ဆိုတဲ့ ​သတင်းအပေါ်မှာလည်း ​သြစတြေးလျနိုင်ငံသားတွေက ​အမျက်ဒေါသ ​ထွက်နေကြပါတယ်။

အခုလောလောဆယ် ​အချိန်အထိ ​ဒီအကျဉ်းသားတွေကို ​ဘယ်နေ့မှာ ​ပစ်သတ်မယ်ဆိုတာကို ​မသိရသေးပါဘူး။

ABC Radio Australia
http://www.radioaustralia.net.au/burmese