03/16/15

မြန်မာဘက်ကနေ ကျလာတဲ့ ဗုံးကြောင့် တရုတ်နိုင်ငံသားတွေ သေဆုံးခဲ့တာအပေါ် တရုတ် ဝန်ကြီးချုပ် တုန့်ပြန် ပြောကြား
တရုတ်မြန်မာ နယ်စပ် တရုတ်နိုင်ငံဘက် အခြမ်းမှာ နေထိုင်နေတဲ့ တရုတ် ပြည်သူ တွေရဲ့ လုံခြုံရေးအတွက် အစိုးရအနေနဲ့ အစွမ်းကုန် ကာကွယ် သွားမယ်လို့ တရုတ် ဝန်ကြီးချုပ် လီကွတ်ချန်က ပြည်သူ့ လွှတ်တော် အစည်းအဝေး အပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့တုန်းက တရုတ်မြန်မာ နယ်စပ် တရုတ်ပြည် ဘက်ခြမ်း ယူနန် ပြည်နယ် ဘက်မှာ ဗုံးတလုံး ကျမှန်ပြီး တရုတ်နိုင်ငံသား ၄ဦး သေဆုံးသွားခဲ့တာနဲ့ ပတ်သက်လို့ သတင်းထောက်တဦး ဒေါသတကြီး မေးလာတဲ့ မေးခွန်းကို ပြန်လည် ဖြေကြားစဉ်မှာ အခုလို ပြောသွားခဲ့တာပါ။

ထိခိုက် သေဆုံး ဒဏ်ရာ ရခဲ့သူတွေအတွက် အထူး စိတ်မကောင်း ဖြစ်မိကြောင်းနဲ့ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ စနစ်တကျ စစ်ဆေး အရေးယူဖို့ မြန်မာအစိုးရကို တောင်းဆိုထားကြောင်းလည်း ဝန်ကြီးချုပ် လီကွတ်ချန်က ပြောသွားပါတယ်။

လောလောဆယ် အဲဒီဒေသမှာ တရုတ်အစိုးရဘက်က ကင်းထောက်လေယာဉ်တွေ စေလွှတ်ထားပြီး နောက်ထပ် ဒီလို ဖြစ်ရပ်မျိုး ဖြစ်လာရင် ပြတ်ပြတ်သားသား အရေးယူသွားမယ်လို့ မြန်မာအစိုးရကို သတိပေး ကန့်ကွက်ထားပြီး ဖြစ်ပါတယ်။

ဒါပေမယ့် ဒီဖြစ်ရပ် မဖြစ်ခင် ရက်ပိုင်းလောက်ကလည်း တရုတ်ဘက် အခြမ်းကို မြန်မာဘက်ကနေ ကျလာတဲ့ ဗုံးထိမှန်ပြီး အိမ်တလုံး မီးလောင် ပျက်စီးသွားခဲ့တာမို့ ယူနန်ပြည်နယ် ဒေသခံတွေကတော့ ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ တရုတ်အစိုးရဘက်က ကာကွယ် တားဆီးတာမျိုး မရှိခဲ့ဘူး ဆိုပြီး အကြီးအကျယ် ဒေါသထွက်နေကြပါတယ်။

အခုအခါ ယူနန်ကနေ မြန်မာပြည်ထဲ သွားတဲ့ လေယာဉ် ခရီးစဉ်တွေကို ဆိုင်းငံ့ထား လိုက်တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံဟာ အိမ်နီးချင်း တိုင်းပြည်တွေနဲ့ နယ်စပ် ပြဿနာတွေ ကြုံရတတ်လေ့ ရှိတာမို့ အခု ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေကြောင့်တော့ တရုတ်မြန်မာ ဆက်ဆံရေးကို ဆိုးဆိုး ဝါးဝါးကြီး ထိခိုက်သွားမယ့် ပုံမျိုးတော့ မတွေ့ရဘူးလို့ တရုတ်မြန်မာအရေး လေ့လာ သုံးသပ်သူ ဒေါက်တာ လှကျော်ဇောက ပြောပါတယ်။

BBC Burmese
http://www.bbc.co.uk/burmese

သင်္ဘောနှစ်မြုတ်ပြီး အသက်မသေပဲ လွတ်လာသူတစ်ယောက်မှ.. ဤသို့ဆို၏..

(၁) တောင်ကုတ်မှ စစ်တွေသို့ ထွက်လာသည့်သင်္ဘောမှာ ကျောက်ဖြူဆိပ်ကမ်း..

အရောက်၌ သင်္ဘောဝမ်းဗိုက်ကိုယ်ထည်ပေါက်ပြဲပြီ ဖြစ်ကြောင်း သင်္ဘောဝန်ထမ်း..

များနှင့် ခရီးသည်များ သိရှိပြီဖြစ်၏..။

(၂) ထိုအကြောင်းရာကို သင်္ဘောအရာရှိမှ စစ်တွေရေကြောင်းရုံးသို့ အစီရင်ခံခဲ့သည်။

(က) သင်္ဘောဝမ်းဗိုက် သံထည်များပေါက်ပြဲပြီး ရေဒလောဟောဝင်နေသည်..

အခြေအနေလုံးဝမကောင်း.. ခရီးရှေ့ဆက်လျှင် အန္ဒရာယ်ရှိသည်ဟု သတင်းပို့ခဲ့သည်။

(ခ) ရေကြောင်းထိန်းချုပ်ရေးရုံးမှ အကြောင်းပြန်သည်မှာ.. ရှေ့ဆက်ပြီး ခရီးနှင်ပါ..

ဘာမှမစိုးရိမ်နဲ့.. ယခင်လုပ်နေကျအတိုင်း ဖာထည့် ပြုပြင်ပြီး ခရီးဆက်.. ဒါပဲ..။

(၃) ၄င်းကိုသိရှိကြကုန်သော ခရီးသည်များက ရှေ့ဆက်မထွက်ရန် သင်္ဘောဝန်ထမ်း..

များအား အကြိမ်ကြိမ်တားခဲ့ကြ၏..။ (သို့သော် လက်မခံ)

(၄) ည ၈ နာရီဝန်းကျင် မျောက်ကျွန်းအနီးအရောက် အခြေအနေပိုဆိုးလာ၍..
သင်္ဘောဝန်ထမ်းများ ပက်ထုတ်နေသောရေများကို ခရီးသည်များပါ အလုံးအရင်း..
ြ ဖြင့်ဝင်ကူ ပက်ထုတ်ပေးကြ၏..။

(၅) ထိုသို့ဖြစ်နေစဉ် အချိန်အနည်းငယ်စောပြီးကတည်းက ရှေ့ဆက်မသွားပဲ..
အနီးဆုံး ရေပေါ်ကျွန်းတခုဆီ ဦးတည်ခုတ်မောင်းရန် သင်္ဘောပါ ခရီးသည်အားလုံးက..
အကြံပေးတိုက်တွန်းး။ သို့သော် ခရီးသည်မျာ၏ အကြံပေးမှုကိုကား လက်မခံပဲ.. သင်္ဘောအရာရှိဆန္ဒအလလျောက် ရှ့ဆက်..ခုတ်မောင်းနေ...။။

(၆)ဤသို့ဖြစ်နေစဉ် မချည်းမနောင်း အချိန်တိုလေးအတွင်း သင်္ဘော၏ကိုယ်ထည်မှာ..
နှစ်သထက် နှစ်မြုတ်စပြုလာခဲ့၏ဟု အသက်မသေပဲ လွတ်လာသူမှဆို..။

(၇) ထိုအချိန်၌ မည်သည့်လှိုင်းလေမှ ဆိုးရွားစွာမပုတ်ခတ်ပါ..( အစိုးရသတင်း..
ကြေငြာရာ၌ကား မထင်မှတ်ပဲ လျှက်တပြက် လှိုင်းလေပုတ်ခတ်မှုကြောင့် နှစ်မြုတ်ရဟု..
ယုံကြေရသော မြန်မာ့ သတင်းကဆို)..(လောက်ကိုင် တိုက်ပွဲသတင်းလည်း..
အဲ့ဒီအတိုင်းပဲ) စကားချပ်..။

(၈)ထိုသို့.. ရေဒလဟောဝင်းလာပြီး သင်္ဘောရဲ့ကုန်းပတ် ရေနှစ်လာတဲ့အချိန်မှာ ..
သင်္ဘောအရာရှိနဲ့တကွ သင်္ဘောဝန်ထမ်းအားလုံး Life jacket ကိုယ်စီဝတ်ကာ..
သင်္ဘောကို စွန့်ခွာခဲ့ကြလေ၏..။

(၉) ထိုသို့သောအချိန်မတိုင်မီကနေ အခြေအနေမကောင်းမှန်း သိထားကြပြီဖြစ်တဲ့..
ခရီးသည်များမှာ သင်္ဘောပေါ်တင်ဆောင်လာသည့် ရေ၌ပေါ်နှိင်သည့်ပစ္စည်းများကို..
သူတို့ ကိုယ်တိုင် ရှာကြံပြီး အသင့်ပြင်ထားကြပြီ ဖြစ်သည်ဟုလည်း အသက်မသေပဲ..
ရှင်လာသူကဆို..။

(၁၀) နှစ် ၅၀ မကတော့တဲ့ ဤလို ခရီးသည်တင်သင်္ဘောများသည်ကားးး... ရခိုင်ပြည်..
ရေကြောင်းသွားလာရေး အစိုးရဝန်ဆောင်မှုအဖြစ် အမြောက်အများ ယ္ခုထိ အသုံး..
ပြုနေခြင်းကြောင့်.. နောက်နောင်လဲ ဖြစ်လာနိင်ရန် အလားအလာ ရှိပါကြောင်းး ..
စာရေးသူမှ အသိပေးရင်းးး.. အရည်အချင်းရှိ.. အတွေးအခေါ်ကောင်း..ဆုံးဖြတ်ချက်..
မှန်ကန်တဲ့ သင်္ဘောသားများနှင့် ရုံးထိုင်အရာရှိများကို မသေသင့်ပဲ..
သေဆုံးသွာရရှာသော ကျန်ရစ်သူမိသားစုများနဲ့ထပ်တူ ဝမ်းနည်း စိတ်မကောင်းဖြစ်ရင်း..
ထိုထို သင်္ဘော အရာရှိ/ ရုံးထိုင်အကြီးအကဲများအား မေတ္တာကောင်းစွာပို့ပါ၏..။
.................................................

ဤသို့ မဖြစ်သင့်သည်များ ဖြစ်လာရခြင်း၏ အကြောင်းရင်းကားးးး

*** ဘိုးဘွားရိပ်သာ ပို့ရတော့မည့် သင်္ဘောများကို ယ္ခုထိသုံးစွဲနေခြင်း။

*** နှိင်ငံတော်မှချပေးသော သင်္ဘောပြုပြင် ထိန်းသိမ်းစရိတ်များကို..

*** တနေတကျေးမှ ရောက်ရှိလာသော အရာရှိဝန်ထမ်းများသည်..

၎င်းငွေများကို ဝါးပြီး သင်္ဘောကို သင်းသတ်ထားခြင်း တို့ကြောင့်ဖြစ်သည်။

ယ္ခုလို ရေကြောင်းရုံးထိုင် အရာရှိများနဲ့..သင်္ဘောအရာရှိများ သင်တို့နည်းတူ..
ဉာဏ်ကြီး/ အမြင်ကြီး၊ အတွေးအခေါ်ကောင်း..ဆုံးဖြတ်ချက်ကောင်းသော..
မျိုးဆက်သစ် သင်္ဘောအရာရှိ/ ဝန်ထန်းများ များများ မွေးထုတ်ပေးနှိင်ကြပါစေဗျာ..။

(a.z)
Aye Zaw

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.