03/22/15


ကချင်ပြည်နယ်၊ မန်စီမြို့နယ် မဒန်ယန်နှင့် ကိုင်ထိတ်ကျေးရွာကြား၊ ဗန်းမော်-နမ့်ခမ်း လမ်းမကြီးအနီးရှိ ကေအိုင်အေတပ်စခန်းကို ဒီနေ့မွန်းလွဲ ၃ နာရီ ၁၅ မိနစ်လောက်မှာ အစိုးရတပ်က လေယာဉ်နဲ့ ၅ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အို ပြောခွင့်ရ ဦးလနန်းက ပြောပါတယ်။

“ထိခိုက်ဒဏ်ရာရရှိမှုတော့ သတင်းမရသေးဘူးခင်ဗျ။ ကျနော်တို့ရတဲ့ သတင်းအရတော့ ၅ ကြိမ်ထက်မနည်းလို့ သိရပါတယ်။ အကြိမ်အရေအတွက် အတည်ပြုချက်တော့ ဒီညမှ ရမှာပါ။ ဒါပေမယ့် ဂျက်ဖိုက်တာလေယာဉ် ၂ စင်းနဲ့ လာပြီး ပစ်ခတ်တယ်၊ ဗုံးလာကြဲချတယ်ဆိုတဲ့ ကိစ္စကတော့ မှန်ပါတယ်။”

အဲ့ဒီနေရာမှာ အစိုးရတပ်နဲ့ ကေအိုင်အေကချင်လွတ်မြောက်ရေးတပ်တို့ မနေ့ညကတည်းက တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ဒီနေ့ မနက်မှာလည်း တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီးတဲ့နောက် ညနေပိုင်းမှာတော့ တိုက်လေယာဉ်နဲ့ ဗုံးလာကြဲတာလို့ ပြောပါတယ်။

မနေ့နဲ့ ဒီနေ့ တိုက်ပွဲအတွင်း အစိုးရတပ်ဘက်က အထိအခိုက်အကျအဆုံးများလို့ အခုလို လေယာဉ်သုံး တိုက်ခိုက်တာ ဖြစ်နိုင်တယ်လို့လည်း ဦးလနန်းက သုံးသပ်ပြောပါတယ်။

“ဒီနေ့ မနက်ပိုင်းက ကိုင်ထိတ်တပ်စခန်းကနေပြီးတော့ ၁၂၀ မမ နဲ့ ပစ်ကူတာမျိုးလုပ်တယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ဒီစခန်းဟာ သိပ်ပြီး အရေးပါတာ မဟုတ်ပေမယ့် မနေ့က တိုက်ပွဲဖြစ်တဲ့ ဖြစ်စဉ်မှာ သူတို့ဘက်က အရာရှိတွေ ထိခိုက်တာမျိုး ကျဆုံးတာမျိုး ရှိနိုင်တယ်ခင်ဗျ။ အဲ့လိုဟာမျိုးဖြစ်တဲ့အခါမှာ အရေးမပါတဲ့ စခန်းမျိုး ဖြစ်ပေမယ့် သဲကြီးမဲကြီး လေယာဉ်နဲ့ ပစ်တာမျိုး၊ လက်နက်ကြီးသုံးတာမျိုး ဒါ သူတို့ အမြဲတမ်း လုပ်နေကျပါ။ ဒါကြောင့်မို့ သူတို့ဘက်မှာ ထိခိုက်မှု တစုံတရာ ကြီးကြီးမားမားရှိလို့ ဒီလို ပြင်းပြင်းထန်ထန် ပစ်ခတ်တာမျိုး ဖြစ်နိုင်တယ်လို့ သုံးသပ်နိုင်တယ်ခင်ဗျ။”

အစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေ ရန်ကုန်မှာ အပစ်ရပ်ငြိမ်းချမ်းရေး ဆွေးနွေးနေကြတုန်း အခုလို လေယာဉ်နဲ့ ဗုံးကြဲတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒီကိစ္စ ရန်ကုန်ငြိမ်းချမ်းရေးဆွေးနွေးပွဲကို သတင်း ပို့ထားတယ်လို့လည်း သိရပါတယ်။

By ရွှေအောင်(ဒီဗွီဘီ)
http://burmese.dvb.no

လှိုင်သာယာအထည်ချုပ်စက်ရုံတခု (ဓာတ်ပုံ - ရိုက်တာ)
မြန်မာနိုင်ငံရဲ့ အလုပ်သမားဦးရေ ၁၀၀ ရာခိုင်နှုန်းလောက်  လူမှုဖူလုံရေးရဲ့ ခံစားခွင့်ကို မခံစား ရသေးကြောင်း လူမှုဖူလုံရေး ၀န်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဒေါ်ဝင်းမော်ထွန်းက ပြောကြား လိုက်ပါတယ်။

မတ်လ ၂၁ ရက်က စစ်ကိုင်းဒေသကြီး စစ်ကိုင်းမြို့၊ ရွှေဘိုမြို့နဲ့ ကောလင်းမြို့တွေမှာ အလုပ်သမား ၁၀ ဦးကို လုပ်ငန်းခွင်ထိခိုက်မှုကြောင့် အာမခံ အမြဲတမ်းသန်မစွမ်းနှင့် ကျန်ရစ်သူပင်စင်ထုတ်ပေးတဲ့ အခမ်းနားကို မုံရွာမြို့ မြို့တော်ခန်းမမှာ ကျင်းပခဲ့ပါတယ်။

အခမ်းနားပြီး သတင်းထောက်တွေက တွေ့ဆုံမေးမြန်းရာမှာ မြန်မာနိုင်ငံရဲ့ အလုပ်သမားဦးရေ ၉၈.၅ သန်းဟာ လူမှုဖူလုံရေးခံစားခွင့်ကို မခံစားရသေးကြောင်းနဲ့ လူမှုဖူလုံရေးအတွက် အလုပ်သမားတိုင်း အာမခံထားရှိသင့်ကြောင်း  ဒုဝန်ကြီးက ပြောကြားခဲ့ပါတယ်။

အခမ်းနားမှာ လုပ်ငန်းခွင်ကြောင့် သေဆုံးခဲ့သူတွေ၊ ကျန်ရစ်သူမိသားစုတွေနဲ့ လုပ်ငန်းခွင်ကြောင့် ကိုယ်အင်္ဂါချို့တဲ့သူတွေကို အကျိုးခံစားခွင့် စုစုပေါင်းကျပ်ငွေ ၁၁ သန်းကျော် ပေးအပ်ခဲ့ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no

 ဗိုလ်ထက်မင်း – တပ်မတော်ခေါင်းဆောင်ရဲ့ ဥပဒေကိုင်စွဲ ဘက်မလိုက် ရင့်ကျက်မှု လက္ခဏာတွေဆိုတာ ဘာလဲ … ဘယ်လဲ …
(မိုးမခ) မတ်လ ၁၈၊ ၂၀၁၅
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကျောင်းတက်စဉ်ဗိုလ်လောင်းဘ၀တုံးက သူ့ကို သူငယ်ချင်းများက ကြောင်ချီးလို့ nick name ပေးခဲ့တယ်လို့ သိရပါတယ်။ ကြောင်ချီးဆိုတာက ပျော့ပျော့လေးနဲ နှံတဲ့သူ၊ အခုတမျိုး တော်ကြာတမျိုး၊ အပြောနဲ့လက်တွေ့ မညီ၊ မျက်နှာမှာသာသာယာယာ တွေ့ရပေမဲ့၊ စိတ်မှာဘာဖြစ်နေမှန်း ခန့်မှန်းရခက်သူ … စတဲ့ ၀ိသေသထူး စစ်ခေါင်းဆောင် အင်္ဂါရပ်များ ပိုင်ဆိုင်သူဖြစ်ပါတယ်။

သူဟာ ၁၉၉၅ ခုနှစ်မှာ ဒုဗိုလ်မှူးကြီး၊ တပ်ရင်းမှူး ဖြစ်ခဲ့ပေမဲ့ ၁၉၉၉ ခုနှစ်ကျမှ ဗျုဟာမှူး၊ ဗိုလ်မှူးကြီးဖြစ်လာရလို့ သူများထက်နောက်ကျတယ်၊ (ထိုစဉ်က ယခုပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကိုကို တပတ်စဉ်တည်း သူငယ်ချင်းဖြစ်သူက ဗိုလ်မှူးကြီး စောဖြစ်ဟန်တူပါတယ်) ဆိုပြီး အစည်းအဝေးပြီးတိုင်း အလွတ်သဘောပြောရာမှာ ငြီးတွားခဲ့တယ်လို့ သိရပါတယ်။
တပ်မတော်မှာ ချမှတ်ထားတဲ့မူဝါဒ၊ ကာကွယ်ရေးဌာန ကောင်စီလုပ်ထုံးလုပ်နည်းများ၊ ၁၉၅၉ ခုနှစ် အက်ဥပဒေ၊ လိုက်နာ ရမည့် စစ်သည်တော်ကျင့်ဝတ် (၆၀)၊ တပ်ရဲ့အစဉ်အလာတွေကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် (သို့မဟုတ်) အကြီး အကဲများဖြစ်ခဲ့ကြတဲ့ ဖခင်ဗိုလ်ချုပ်အောင်ဆန်းနဲ့ မွေးစားဖခင်ဗိုလ်ချုပ်ကြီးနေ၀င်းတို့သာ အပြည့်အ၀လိုက်နာခဲ့ပါတယ်။ ဦးနေ၀င်းတောင် အာဏာရှင်ဖြစ်ခဲ့ပေမယ့် အသက် ၆၀ ပြည့်လို့ ယူနီဖောင်းချွတ်ကာ နောက်လူကို တပ်ချုပ်ရာထူးလွှဲပေး ခဲ့ ပါတယ်။ ဒါပေမဲ့ ၁၉၈၈ ခုနောက်ပိုင်း တပ်ချုပ်လုပ်တဲ့သူတွေဟာ ယူနီဖောင်းချွတ်ဘို့ ၀န်လေးနေတတ်ပြီး တပ်မတော်ရဲ့ အထက်ပါမူဝါဒ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ ကျင့်ဝတ်များကို မျက်ကွယ်ပြု ဖြစ်စဉ်များနဲ့ သုံးသပ်တင်ပြသွားပါမယ်။
စတင်ပျက်ယွင်းတဲ့ကာလက တပ်ချုပ်ဗိုလ်ချုပ်မှူးကြီး သန်းရွှေကဖြစ်ပြီး လက်ရှိတပ်ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အထိ တပ်ရဲ့အစဉ်အလာများ ပိုမိုဆိုးဝါးနေတာကို တွေ့ရပါတယ်။ ၁၉၉၃ ခုနှစ် ၆၀ ပြည့်တဲ့ ဦးသန်းရွှေကို စစ်ရာထူးခန့်ချုပ် ဒု ဗိုလ်ချုပ်ကြီးမောင်လှကတင်ပြရာမှာ တပ်မတော်အရံအင်အားစာရင်းပြ လက်မောင်းတံဆိပ်ဖြုတ်စေကာ ၆၅ နှစ်ထိ ဆန့် ထုတ်ပြီး အထူးကိစ္စရပ်ဆိုတဲ့ စကားလုံးလှလှလေး သုံးခဲ့ပါတယ်။

ဦးမောင်လှဟာ ဂေါက်ရိုက်တဲ့အခါ … “အသက်တွေလည်း ကြီးကုန်ကြပြီ၊ ပင်စင်မယူနိင်ကြသေးဘူး။ ကိုယ်လည်း ရုံးအုပ် ဘ၀ရောက်နေပြီဆိုကာ ဂေါက်ရိုက်ဖေါ်များကို ငြီးတွားခဲ့ဘူးပါတယ်။ အဲဒီလိုကစပြီး လူခင်ရင် မူပြင်၊ လူမုန်းရင် မူသုံးဆိုတဲ့ စစ်တပ်ဆိုရိုးစကားအဖြစ် ရေပန်းစားလာပါတယ်။
ဒီလို ထိပ်ပိုင်းက လူကြီးတွေပိတ်ထိုင်ထားတာကြောင့် အောက်ကလူတွေ တော်တော်နဲ့ တက်လို့မရဘဲဖြစ်နေတာမို့ ထိပ်ပိုင်း လူကြီးတွေ ရဟတ်ယာဉ်စီးပြီး ပြန်တက်သွားတဲ့အချိန်မှာ အောက်က ဗိုလ်ချုပ်တချို့က အလေးပြုရင်း၊ ပါးစပ်မှ “vacancy” ဟု နောက်သလိုလိုနဲ့ ရေရွတ်နေသံကို စာရေးသူ ကြည်း၊ လေ ပူးပေါင်းစစ်ဆင်ရေးအခမ်းအနားတခုမှာ အံသြစွာ ကြုံတွေ့ ခဲ့ရပါတယ်။ သူတို့က ရဟတ်ယာဉ်ပျက်ကျပါစေလို့ မေတ္တာပို့နေတာဖြစ်ပြီး၊ စူးရှလို့လားမသိ ဖားအံမှာ အတွင်းရေးမှူး (၂) အဖွဲ့ ပျက်ကျခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ဆွမ်းကြီးလောင်းပွဲကျင်းပသလို တပြုံကြီး ရာထူးတွေ ခွဲတမ်း အလုအယက် ယူကြပါတယ်။

တပ်ရဲ့မူဝါဒတခုဖြစ်တဲ့ တဆင့်မြှင့်ရာထူးရဲ့လစာကို ကြိုတင်ခံစားစေပြီး တနှစ်ပြည့်မှ အဲဒီရာထူးရဲ့အဆင့်ကို ပခုံးပေါ် အပွင့်တင်ရတဲ့စနစ်ရှိပါတယ်။ အင်္ဂလိပ်လို officiating ခေါ်ပြီး တပ်မှာတော့ ဗန်းစကား ဦးသျှစ်သီး (သို့မဟုတ်) ရှင်လောင်း လို့ ခေါ်ကြပါတယ်။ အဲဒီအဆင့်များကတော့ ဗိုလ်ကြီးမှ ဗိုလ်ချုပ်မှူးကြီးအထိဖြစ်ကာ ဗိုလ်မှူးချုပ်အဆင့်ထိ ရုံးထိုင်နေလို့ မရတော့ဘဲ မဖြစ်မနေ ရှေ့တန်း (သို့မဟုတ်) နယ်စွန်ခြေလျင်၊ တပ်မများကိုဆင်းရမှာဖြစ်ပြီး စစ်တပ်စကားအရ ကျောပိုး အိတ်ပိုး field service ယူရမယ်ဆိုတဲ့ သတ်မှတ်ချက်ရှိပါတယ်။ ရုံးထိုင် စစ်ဦးစီးအရာရှိများ၊ ကိုယ်ရေးအရာရှိများဟာ အလုပ် ကျွမ်းကျင်မှုရှိတယ်။ နောက်လူလွှဲဖို့  မဖြစ်နိုင်သေးဆိုတဲ့ အကြောင်းပြချက်များနဲ့ မိမိဆင်းရမယ့် တပ်ရင်းမှူးအထက် ကို လက်ရှိလူကြီးရဲ့ အရှိန်အ၀ါကိုသုံးကာ အဘကခိုင်းနေလို့ သတင်းပို့ရက်ကို စာရွက်ပေါ်မှာဘဲ လုပ်ထားပေးဖို့ လေသံ ပျော့ပျော့နဲ့ ပြောဆိုညှိလာပါတယ်။

ဒီလိုညှိရင်းနဲ့ ပြသနာပေါ်တဲ့ဇာတ်လမ်းတခုကတော့ ယခု လောက်ကိုင်တိုက်ပွဲကို ကြီးကြပ်ကွပ်နေတဲ့ ကစထ ၂ မှူး၊ ဒုဗိုလ် ချုပ်ကြီး အောင်သန်းထွဋ် (D.S.A.20) ။ (ဖြစ်စဉ်ဖြစ်ပွားတုန်းက သူဟာ အတွင်းရေးမှူး (၂) ရဲ့  ကိုယ်ရေးအရာရှိ ဗိုလ်ကြီး အဆင့်မှ ဗိုလ်မှူးလစာစား၊ ရာထူးတိုးမြှင့်) နဲ့ ကကပြည်က နာမည်ကြီး ဗိုလ်ကြီးစောအောင်နိင် (D.S.A.20) တို့ဟာ အထက်ပါနည်း အတိုင်း ညှိယူကာ စစ်ရုံးမှာပဲ နှပ်နေပါတယ်။ မကြာပါ။ တပ်စစ်ဖို့ တိုင်းမှူး ဗိုလ်ချုပ်တင်လှ (စစ်ထောက်ချုပ်၊ သူလည်း ထက်မြက်သူဟု တပ်အသိုင်းဝိုင်းက သတ်မှတ်ခံရသူ) ဟာအဆိုပါ တပ်ရင်းကိုရောက်ချလာပြီး မေးရာ၊ တပ်ရင်းမှူးခမျာ ဖုံးလို့ မရတော့ပဲ၊ ဘူးပေါ်သလို ပေါ်လာတာကြောင့်၊ Report … စစ်ရုံးကို တက်ပါတော့တယ်။ အဲဒီအခါ စစ်ရာထူးခန့်ချုပ်ဒုဗိုလ်ချုပ်ကြီးမောင်လှက ဒေါကန်ပြီး သတ်မှတ်ကာလ ပယ်ဖျက်ကာ သက်ဆိုင်ရာဌာနများကို စာပို့မယ် လုပ်လို့ သူတို့ရဲ့ အဘကြီးဆီ ခြေသလုံးဖက်ရပါတော့တယ်။ ဒုဗိုလ်ချုပ်ကြီးတင်ဦးကိုယ်တိုင် ဖိုင်ကိုင်ကာ ဒုဗိုလ်ချုပ်ကြီး မောင်လှရုံးခန်းကို လေးလေးစားစား မေတ္တာရပ်ခံပေမယ့် ပြန်လန်ကျကာ၊ မရဘဲ သူတို့နှစ်ဦးစလုံး ကျောပိုးအိတ်ပြင်ကာ ခြေလျင်တပ်ရင်းကို သုတ်ခြေတင် ပြေးရပါတော့တယ်။
ဒုဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်ဟာ လက်မှာ ရွှေဟမ်းချိန်းဝတ်ပြီး ရှေ့တန်းသွားရာ၊ ရန်သူ့စနိုက်ပါ အချိန်ခံရတဲ့အခြေအနေမှ လွတ်မြောက်ခဲ့တဲ့အပြင်၊ ကံဇာတာ ဆက်တက်ပုံလေး တင်ပြပါအုံးမယ်။ အတွင်းရေးမှူး (၂) ရဲ့ဇနီးကို ထိပ်ပိုင်းလူကြီးများက ဂရုဏာသက်သဖြင့် အလိုရှိရာပြောပါလို့ဆိုရာ၊ အမက ပြ့ည်စုံပြီးဖြစ်လို့ ဘာမှမလိုပေမယ့်၊ အိမ်ရဲ့ကိစ္စတွေကို စွမ်းစွမ်းတမန် လုပ်ခဲ့တဲ့ မောင်အောင်သန်းထွဋ်ကိုတော့ ကြည့်ပေးပါလို့ဆိုတာကြောင့် ယခုလို ကစထမှူး ဖြစ်လာတယ်လို့ သိရပါတယ်။ ကျေးဇူးသိတတ်လွန်းလို့ အမကြီး ဒေါ်ခင်သန်းနွဲ့အရှိန်အ၀ါ ဘယ်လောက်ကြီးသလဲဆိုရင် လာမယ့် ၂၀၁၅ ခုနှစ်ရွေးကောက် ပွဲပြီးက ဒုဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်တယောက် ပြည်ထဲရေးဝန်ကြီး line-up ထဲမှာပါသေးတယ်လို့ ထပ်မံသိရပါတယ်။ လောက်ကိုင်ဒေသ တိုက်ပွဲအကျဆုံးများတာ သူနဲ့မဆိုင်သလို ကျော်လွန်သွားမှာဖြစ်ပါတယ်။

အလားတူ ကကလှမ်းက အရာရှိများ၊ စစ်ဦးစီးဗိုလ်မှူးချုပ်၊ စစ်ဆင်ရေးအရာရှိကြီးများ (ဦးသိန်းစိန်၊ ဦးမြင့်ဆွေ၊ ဒုဗိုလ်ချုပ်ကြီး ကိုကို) ဟာ ခြေလျင်ဆင်းစရာမလိုတော့ဘဲ လုပ်ငန်းလိုအပ်ချက်၊ အထူးကိစ္စရပ်ဆိုတဲ့ စကားတွေနဲ့ ဖုံးလွှမ်းကာ စစ်ရုံးမှာ ပြန်လည်တွဲဘက်သွားခဲ့ပါတယ်။
ဒုဗိုလ်ချုပ်ကြီးမောင်လှနဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့် ထိပ်တိုက်တွေ့တဲ့ကိစ္စတခုက န၀တရုံးကိစ္စအားလုံးကို တာဝန်ခံလုပ်နေတဲ့ ဒုဗိုလ်မှူးကြီး ဖေငြိမ်းအား နယ်ဘက်ကို ပါဝါရှိအောင် ဗိုလ်မှူးကြီး ရာထူးတိုးမြှင့်ပေးဖို့ တိုက်တွန်းခဲ့ပေမယ့် မူနဲ့ဆန့်ကျင် နေတယ်ဆိုပြီး လှန်ကြခဲ့ဖူးပါတယ်။

ဦးသန်းရွှေရဲ့တပည့် ဗိုလ်မှူးချုပ်စောလှမင်းဟာ ဒေါ်ကြိုင်ကြိုင်ထံ မျက်နှာငယ်ငယ်နဲ့ သတင်းပို့လိုက်တာနဲ့ တပ်မတော်နေ့ အခမ်းအနားမှာ နောင်ရာထူးတဆင့်ကို မျှော်လို့ရတဲ့ အရံစစ်ရေးပြမှူးကြီး နေ့ချင်းညချင်း ဖြစ်လာဖူးပါတယ်။ အလားတူ တပည့်နောက်တဦးဖြစ်တဲ့ ဗိုလ်ချုပ်ဝင်းလှိုင်ဟာ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ စစ်ဒေသမှူး၊ ဗိုလ်မှူးကြီးအဆင့်မှ နယ်မဆင်းရဘဲ ဗိုလ်မှူးချုပ်အပွင့်တင်ကာ ကျိုက္ကဆံစစ်ဒေသမှူး ရုံခန်းမှာ အစည်းအဝေးတခုအပြီး သူထက်ရာထူးကြီးသော ဒုတိုင်းမှူး ဗိုလ် မှူးကြီးစိန်ထွားကတော့ ကုလားထိုင်မှာကျုံ့ကျုံ့လေးထိုင်နေသလောက် ဗိုလ်မှူးချုပ်ဝင်းလှိုင်ကတော့ အင်္ကျီလက်ခေါက် ကာ စားပွဲပေါ်မှာ ခပ်တည်တည်ထိုင်နေတာရှိခဲ့တယ်လို့ သိရပါတယ်။

အလားတူ စခန်းမှူး ဗိုလ်ချုပ်လှအောင်သိန်းဟာ အိမ်တော်ကြီးနောက်ဖေးမီးဖိုချောင်ကိစ္စတွေလုပ်ရလွန်းလို့ ဗိုလ်မှူးအဆင့်မှ ဗိုလ်ချုပ်အဆင့်အထိ ရှေ့တန်းမဆင်းရတဲ့အပြင် တချို့ရာထူးတိုးမြှင့်မယ့်သင်တန်းတွေကိုတောင် ကင်းလွတ်ခွင့်ရကာ အေးအေးဆးဆေး ဖြစ်ခဲ့ပါတယ်။ 
 နောက်တပ်ချုပ်ကတော့ ဦးသန်းရွှေရဲ့ခြေလှမ်းအတိုင်း တထပ်တည်းနင်းလာပုံကို အပိုင်း၂ တွင် ဆက်ပြီး တင်ပြသွားပါမယ်။

 ဗိုလ်ထက်မင်း – တပ်မတော်ခေါင်းဆောင်ရဲ့ ဥပဒေကိုင်စွဲ ဘက်မလိုက် ရင့်ကျက်မှု လက္ခဏာတွေဆိုတာ ဘာလဲ … ဘယ်လဲ … (၂)
(မိုးမခ) မတ်လ ၂၁၊ ၂၀၁၅

(၁)
တပ်ချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်စတင်ဖြစ်တာနဲ့ လက်ခမောင်းခပ်လိုက်ပုံက ရန်ကုန်တိုင်း တိုင်းမှူးနဲ့ ကစထ ၅ မှူးတို့ကို ဖြုတ်ပစ်လိုက်ပါတယ်။ ရန်ကုန်တိုင်းမှူးဆိုရင် မိမိတိုင်းထဲကိုပင် ရုတ်တရက်ပြန်ဝင်လို့ မရတဲ့အခြေအနေထိ ကြုံခဲ့ရကာ ဒုဗိုလ်ချုပ်မှူးကြီးဟောင်း မောင်အေးပင် သဘောမတွေ့တဲ့လေသံ ထွက်ခဲ့တယ်လို့ သိရပါတယ်။ ဆက်လက်ပြီး တိုင်းမှူးတွေကို အနောက်မှ အရှေ့သို့၊ တဖန် မြောက်မှ တောင်သို့ နာရီစက်ဝန်းအတိုင်း ဇစ်ဇက်ကန့်လန့်ဖြတ် စိတ်မထင်ရင်မထင်သလို ဗျောင်းဆန်အောင် ရွေ့ပစ်တဲ့စံချိန်ကျိုးတာကြောင့်
တိုင်းမှူးတွေခင်မျာ ကျောပိုးအိတ်အမြဲပိုးထားရပြီး တထိတ်ထိတ်နဲ့ သူမျက်နှာကိုပဲ နေ့စဉ်မှန်းပြီး ဆုတောင်းနေရပါတယ်။ တိုင်းလက်အောက်ခံတပ်တွေရဲ့ သက်သာချောင်ချိရေးကို ပစ်ပယ်ရတဲ့အနေအထား ဆိုက်ရောက်ခဲ့တယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကျောင်းတက်စဉ်ဗိုလ်လောင်းဘ၀တုံးက သူ့ကို သူငယ်ချင်းများက ကြောင်ချီးလို့ nick name ပေးခဲ့တယ်လို့ သိရပါတယ်။ ကြောင်ချီးဆိုတာက ပျော့ပျော့လေးနဲ  နှံတဲ့သူ၊ အခုတမျိုး တော်ကြာတမျိုး၊ အပြောနဲ့လက်တွေ့ မညီ၊ မျက်နှာမှာသာသာယာယာ တွေ့ရပေမဲ့၊ စိတ်မှာဘာဖြစ်နေမှန်း ခန့်မှန်းရခက်သူ … စတဲ့ ၀ိသေသထူး စစ်ခေါင်းဆောင် အင်္ဂါရပ်များ ပိုင်ဆိုင်သူဖြစ်ပါတယ်။
သူဟာ ၁၉၉၅ ခုနှစ်မှာ ဒုဗိုလ်မှူးကြီး၊ တပ်ရင်းမှူး ဖြစ်ခဲ့ပေမဲ့ ၁၉၉၉ ခုနှစ်ကျမှ ဗျုဟာမှူး၊ ဗိုလ်မှူးကြီးဖြစ်လာရလို့ သူများထက်နောက်ကျတယ်၊ (ထိုစဉ်က ယခုပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကိုကို တပတ်စဉ်တည်း သူငယ်ချင်းဖြစ်သူက ဗိုလ်မှူးကြီး စောဖြစ်ဟန်တူပါတယ်) ဆိုပြီး အစည်းအဝေးပြီးတိုင်း အလွတ်သဘောပြောရာမှာ ငြီးတွားခဲ့တယ်လို့ သိရပါတယ်။ တဖန် သူ နပခတိုင်းမှူးဘ၀မှ တဂခ တိုင်းမှူးသို့ ထပ်မံပြောင်းရွှေ့ခံရတုံးကလည်း စိတ်အနှောက်အယှက် သူ့စိတ်တွင် ဖြစ်ပေါ်နိုင်မယ်လို့ တွက်ဆခဲ့ရာ … သူ့အနေနဲ့ ယခုလို တိုင်းမှူးများကို လုပ်တဲ့ဖြစ်စဉ်တွေဟာ ကိုယ်ချင်းစာနာစိတ် သတိရဟန်မတူကြောင်း သုံးသပ်မိပါတယ်။

(၂)
မကြာသေးမီကလေးကမှ လေးလပတ် ကကကြည်းအစည်းအဝေးအပြီး ရာထူးတိုးမြှင့်ရေးအမိန့် ကြော်ငြာစာမှာ တန်းမြှင့်သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်တဦးအား ရမခ ဒုတိုင်းမှူးအဖြစ် ပြောင်းရွှေ့လိုက်တယ်လို့ သိရပါတယ်။ အပြင်ကကြည့်ရင် ရာထူးတိုးတယ်သဘော ထင်ရပေမဲ့ အဲဒီတန်းမြှင့်သင်တန်းကျောင်းအုပ်ကြီးအများစုဟာ ယခင်တပ်မမှူး ဗိုလ်မှူးချုပ် ဖြစ်ကြပြီး၊ သူတို့ကို ခိုင်လုံတဲ့အကြောင်းပြ
ချက်မရှိဘဲ တိုင်မှူးမပေးချင်တော့လို့ ကျောင်းအုပ်ကြီးအဖြစ် ချောင်ပို့ ခံရသူများဖြစ်ပါတယ်။ စစ်တပ်ရာထူးကြီးစဉ်အရ တပ်မမှူးဟာ ဒုတိုင်းမှူးထက်ပိုပြီးမြင့်ပါတယ်။ ဒုတိုင်းမှူးဖြစ်လာတဲ့ အဲဒီကျောင်းအုပ်ကြီးဟာ ယခင်က တပ်မမှူး နှစ်ကြိမ် ပြောင်းရွှေ့ခံထားရသူလည်း ဖြစ်တယ်လို့လည်း သိရပါတယ်။ ပါဝါအဆင့်လိုက်မဟုတ်တော့ဘဲ စစ်အာဏာရှင်တယောက်လို လုပ်ချင်ရာလုပ်နေတဲ့သဘော ဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးနဲ့ နီးစပ်တဲ့အသိုင်းအ၀ိုင်းက သိရတာက အဲဒီကျောင်းအုပ်ကြီးများဖြစ်နေကြတဲ့ တပ်မမှူးဟောင်း ဗိုလ်မှူးချုပ်တွေဟာ အလုပ်သင်ဗိုလ်လောင်းကျောင်းဆင်းတွေ၊ ဗိုလ်ချုပ်အောင်ဆန်းကိုဂုဏ်ပြုသောအားဖြင့် တေဇများဖြစ်ကြလို့ သူကိုယ်တိုင် DSA ကျောင်းတော်ကြီးစိတ်ဓါတ် ပြင်းကာ တမင်သူတို့ကိုနှိမ်ထားတယ်လို့ သိရပါတယ်။

ဒီတေဇကျောင်းဆင်းအရာရှိကြီးတွေ စစ်မြေပြင်မှာ ထူးချွန်တာကို အ
သိအမှတ်မပြုတဲ့အပြင် စာပေးစာယူဘွဲ့ကြိုးစာပြီး ရယူထားတာကိုလည်း အသိအမှတ်မပြုကြောင်း သိရပါတယ်။ အဲဒီကျောင်းဆင်းသာမက တက္ကသိုလ်များမှဘွဲ့ရပြီး OTS ကျောင်းဆင်းများကိုတောင် ထိပ်ပိုင်းကို နေရာမပေးတာ တွေ့ရပါတယ်။ ယခင်စစ်ရေးချုပ်ဒုဗိုလ်ချုပ်ကြီး ခင်ဇော်ဦး ကို ကစထမှူးပြောင်းလိုက်တာတွေ၊ ဒုဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းကို နယ်စပ်စည်ပင်ဝန်ကြီးအဖြစ် ပထုတ်လိုက်တာတွေဟာ အုပ်စုဖွဲ့ ဘက်လိုက်ကာ အာဏာနီတည်ဆောက်ချင်လို့ ဖြစ်တယ်။
သူရဲ့တပည့်ဖြစ်ခဲ့ဘူးတဲ့ ဗိုလ်ချုပ်ညိုစော ဟာ လပခတိုင်းမှူးကနေ စစ်ထောက်ချုပ်ရာထူးကို သာသာယာယာနဲ့ဘဲ ခုန်တက်သွားပါတယ်။ ကိုညိုစောဟာ တပ်ချုပ် တပ်မ (၄၄) တပ်မမှူးဖြစ်ကတည်းက တပ်မ တွဲဘက်ဆိုပြီး အနီးကပ်ခေါ်ယူ မြှောက်စားခံရသူဖြစ်ပါတယ်။

(၃)
တပ်ချုပ်ဟာ သူနဲ့ မကြည်ရင်မကြည်သလို ဗိုလ်မှူးချုပ်တဦးကို စစ်သံမှူးသွားခိုင်းတာ အစဉ်အလာရှိခဲ့ပေမဲ့ တပတ်စဉ်ထဲ သူငယ်ချင်းကျတော့ သနားလို့ဆိုကာ ဗိုလ်မှူးကြီးအဆင့်နဲ့ပင် စစ်သံမှူးကိုစေလွှတ်တာလည်း တွေ့ ရပါတယ်။ အခြေခံဥပဒေအရ တပ်ချုပ်အနေနဲ့ အစိုးရအဖွဲ့မှာ ခန့်ပိုင်ခွင့် (ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်စည်ပင်ဝန်ကြီး) ဆိုပြီး ၀န်ကြီး ၃ နေရာ သတ်မှတ်သော်လည်း၊ ကေအိုင်အေနဲ့ တိုက်ပွဲများမှာ မကျေလည်လို့ တိုင်းမှူး ဗိုလ်ချုပ်ရဲအောင်အား ရထားဝန်ကြီးအဖြစ်ဇွတ်သွတ်သွင်းတာ၊ ဒုဗိုလ်ချုပ်ကြီး သိန်းဌေးနဲ့ လှမင်း ကို ပြန်ခေါ်တာတွေ၊ လွတ်တော်အတွင်း တပ်မတော်အရာရှိများကို မကြာခဏ ချိန်းပစ်တာဟာ ဥပဒေနဲ့အညီ ဖြစ်မဖြစ် သံသယ ရှိပါတယ်။
Photo – DVB Burmese News

http://gita.cc/archives/42934

မတ် ၂၀ မှာထုတ်လွှင့်တဲ့ BBC နဲ့ တွေ့ဆုံဆွေးနွေးခန်းအင်တာဗျူးမှာ သိန်းစိန်ပြောသွားပုံများကိုကြည့်ရသည့်အခါ မြန်မာနိုင်ငံရဲ့ရှေ့ရေးသည် သာမန်နိုင်ငံရေးအသိတရားရှိသူတို့ ကြိုတင်ပူပင်နေကြသည့်အတိုင်း အမိုက်တိုက်ကြီးတစ်ခု နိုင်ငံအပေါ်ဖုံးလွှမ်းစ ပြုလေပြီဟု သုံးသပ်မိကြပါသည်။

ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စ၊ နိုင်ငံရေးပါဝင်နေသည့် စစ်တက်၏အခန်းကဏ္ဍ၊ ပြည်သူတို့လိုလားသည့် ဒေါ်အောင်ဆန်းစုကြည်အား သမ္မတအဖြစ်ရွေးချယ်ရေးကိစ္စနှင့် နောက်ဆုံးလက်ပံတန်းကျောင်းသားသပိတ်ဖြိုခွဲခြင်း ကိစ္စများတွင် သမ္မတ၏ဖြေကြားပုံများမှာ အချိန်အတန်ကြာကပင် ကွာကျခဲ့ပြီဖြစ်သော မင်းသားခေါင်းဆောင်းကို ပြန်ကောက်တက်ဖို့မကြိုးစားဘဲရှိနေရာက ယခုသော် အစွယ်များကိုပင်ထုတ်ပြလာခဲ့ပြီဟု သုံးသပ်ရမည့်အခြေအနေဖြစ်ပါသည်။

တပ်မတော်သည် အမျိုးသားနိုင်ငံရေးကိုသာလုပ်သည်၊ တပ်မတော်၏အခန်းကဏ္ဍကို လျှော့ချ၍မဖြစ်၊ အင်ဒိုနီးရှားနမူနာ၊ နောက်ကြောင်းပြန်မလှည့်ဆိုသည်များကို ပြောဆိုသွားသည်မှာ စကားအဟောင်းများ၊ ဖန်တစ်ရာတေနေပြီဖြစ်သည့်စကားများသာဖြစ်သည်။ ဒီစကားမျိုးကို စောမောင်၊ သန်းရွှေတို့ အကြိမ်ပေါင်းများစွာ၊ နေရာပေါင်းများစွာမှာပြောခဲ့ပြီး ယခု နောက်ဆုံးပြောလေသူ သမ္မတသည်ပင် လေးနှစ်အတွင်းဘယ်နှကြိမ်ပြောခဲ့မှန်းမသိ ပြောပြီးသားများဖြစ်သည်။ နောက်တစ်ခုက လှိုင်းဆိုသောဝေါဟာရ၊ ပြုပြင်ပြောင်းလဲရေးကို လှိုင်းများနှင့်တင်စားပြီး ဘယ်အကြိမ်လှိုင်းက ဘာအတွက်ဆိုပြီး ပြောသည်များကိုလည်း နားခါးလှပါသည်။ လှိုင်းရဲ့သဘောအရဆိုလျှင် နဂိုရ်နှင့်မတူသည့်အခြေအနေတစ်ရပ်ဆီသို့ အင်အားကြီးမားစွာဖြင့်ပြောင်းလဲအောင်၊ ပြောင်းလဲခဲ့ခြင်းကိုဆိုလိုသည်ဖြစ်ရာ သူပြောသည့်လှိုင်းမှာ နိုင်ငံအတွက်ပြောင်းဖို့နေနေသာသာ လူ့သမိုင်း၏အမှိုက်သရိုက်များကိုသာ ကမ်းသို့တင်ကျန်ရစ်စေသော လှိုင်းများသာဖြစ်သည်ဟု မြင်နေရပါသည်။ သူပြောသည့် ပြောင်းလဲရေးတို့ လှိုင်းတို့ဆိုသည်မှာ မြန်မာ့လူ့အဖွဲ့အစည်းအပေါ် အကျိုးသက်ရောက်မရောက်၊ ပြောင်းလဲမပြောင်းလဲဆိုသည်ကို နောက်ဆုံးဖြစ်ရပ်ဖြစ်သည့် ကျောင်းသားအရေးဖြေရှင်းပုံအရပင် ၆၂ မတ်လနောက်ပိုင်း စစ်အာဏာရှင်တို့၏ ပုံစံခွက်ထဲမှ မထွက်နိုင်သေးသည်ဖြစ်ကြောင်းမြင်နေရရာ သမ္မတ၏စကား နားခါးစရာဟု အထက်မှဆိုခဲ့သည်မှာမလွန်ဟု သုံးသပ်နိုင်ပါသည်။

ရှင်းပါမည်။ တပ်မတော်သည်အမျိုးသားနိုင်ငံရေးကိုသာ လုပ်သည်ဆိုလျှင် အဘယ့်ကြောင့် ပါတီထောင်ရသနည်း။ ပါတီကိုလည်း တူတူတန်တန်ထောင်သည်မဟုတ် ကြွက်ပျင်းလို ဝင်ကစွပ်ကောင်လို အသင့်ရှိပြီး လူထုချေမှုန်းရေးအတွက် ပြည်သူ့ဘဏ္ဍာငွေများဖြင့် တည်ထောင်ထားသည့် ကြံ့ဖွတ်အသင်းကို ပါတီဟုနာမည်ပြောင်းပေးလိုက်ပုံမှာ လွယ်လွန်းလှသလို ဤသည်ပင် အမျိုးသားနိုင်ငံရေးလော။

တပ်မတော်၏အခန်းကဏ္ဍကို လျှော့ချမည်မဟုတ်တို့၊ ၂၀၀၃ ခုနှစ် လမ်းပြမြေပုံခုနှစ်ချက်အတိုင်း အကောင်အထည်ဖော်နေခြင်းသာဟု ပြောနေခြင်းတို့မှာ ငါတို့လုပ်ချင်ရာလုပ်မယ်။ အဆုံးအဖြတ်ကို ငါတို့ကပဲပေးမယ်။ မင်းတို့ပြည်သူတွေ ငါတို့လုပ်သမျှငြိမ်ခံနေကြ၊ ထောင်ထောင်လုပ်ရင် လုပ်တဲ့ကောင်နာမယ်ဟုသာ တိုက်ရိုက်အဓိပ္ပါယ်ထွက်နေပါသည်။ အင်ဒိုနီးရှားနမူနာကို အားရပါးရပြောလေသောသမ္မတ တစ်ခုသတိထားဖို့က ခုချိန်မှာ အင်ဒိုနီးရှားလွှတ်တော်မှာ စစ်သားမရှိတော့သည့်အပြင် လုံးဝအရပ်သားသမ္မတဖြစ်နေသည်ကိုပင် မသိလေရော့သလားဟုမေးလိုပါသည်။ မြန်မာ့နိုင်ငံရေး ဦးဆောင်ကဏ္ဍကို တပ်မတော်က ၂၀၀၈ ဖွဲ့စည်းပုံဖြင့်ယူထားသည်။ လွှတ်တော်တွင်းစစ်သား ၂၅%၊ ပုဒ်မ ၄၃၆ စသည်ဖြင့် ဖွဲ့စည်းပုံကိုဘယ်လိုမှပြင်မရအောင်လုပ်ထားခြင်းသည် အင်ဒိုနီးရှားထက်ဆိုးအောင် တပ်မတော်ကလုပ်နေခြင်းမဟုတ်ပါလား။ နိုင်ငံရေးကနေ တပ်မတော်ဘယ်တော့ထွက်ခွာမည်ဆိုသည်ကို လေသံမျှမဟ၊ မေးခွန်းမေးသည်ကိုပင် ကြိုက်ပုံမရချေ။ ကမ္ဘာတည်သည့်တိုင် တပ်မတော်က နိုင်ငံရေးဦးဆောင်မှုမှမထွက်ဟုများ ဆိုချင်နေရော့သလားမသိပါ။

ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်ပြီး ၄၇ ဖွဲ့စည်းပုံမှာကတည်းက သူ့အဖေပြဋ္ဌာန်းထားတာတို့၊ တရုတ်နဲ့ကုလားကြားမှာရောက်နေတဲ့ နိုင်ငံငယ်လေးအကြောင်းတို့မှာလည်း အပ်ကြောင်းထပ်နမူနာများသာဖြစ်ပါသည်။ တကယ်ဆိုလျှင် ၄၇ ဖွဲ့စည်းပုံမှာ သားသမီးအထိကန့်သတ်ထားသည်မဟုတ် ဆိုသည်ကိုပင် မပြောနိုင်လောက်အောင် သမ္မတတစ်ယောက်၏အဆင်ခြင်မဲ့စကား၊ ပညာမဲ့စကား၊ ငါ့စကားနွားရ တစ်ဘက်သတ်စကားဟုသာမြင်ရပါသည်။ ပြီးတော့ပြောလိုက်ပါသေးသည်။ ပြည်သူတို့ကပြောင်းလဲချင်သည်၊ တင်မြှောက်ချင်သည်ဆိုလျှင် နိုင်ငံသားတစ်ဦး၏အခွင့်အရေးကိုမပိတ်ပင်ဟုဆိုရာ အပြင်မှာသာ လွတ်လွတ်လပ်လပ် သာမန်အရပ်သားလိုပြောနေသည်ဆိုလျှင်မူ ချက်ချင်း လက်ရောက်မှုများ ဖြစ်လာနိုင်စရာရှိပေသည်။

တမင်ကြံရွယ်ချက်နှင့် အပိတ်အဖွင့်တွေနှင့်ပြောသောစကား၊ နိုင်ငံသမ္မတဆိုသော ဂုဏ်နှင့်မလျှော်သော၊ လူကြီးလူကောင်းမဆန်သောစကားများဟုသာ မြင်နေရပါသည်။ တပ်မတော်အနေဖြင့် ပုဒ်မ ၅၉(စ) တစ်ခုတည်းပြင်ဆင်ရေးအတွက် နိုင်ငံတစ်ဝန်းလုံးတွင် ပြည်လုံးကျွတ်ဆန္ဒခံယူရဲသလော။ ဒေါ်အောင်ဆန်းစုကြည်အား သမ္မတအဖြစ်မြင်လိုသည်မှာ ပြည်သူတို့ဆန္ဒအစစ်အမှန်ဖြစ်သည်။ ထိုပြည်သူ့ဆန္ဒအစစ်အမှန်ကို ရင်မဆိုင်ရဲ၊ ရင်မဆိုင်လို၍သာ ဘယ်လိုမှမဖြစ်နိုင်သော အခန်း ၁၂၊ ပုဒ်မ ၄၃၆ အတိုင်းသာပြင်ကြဟု ပြောနေခြင်းမဟုတ်လား။ သို့အတွက် သမ္မတနှင့် လွတ်လွတ်လပ်လပ်သာ တွေ့ခွင့်ပြောခွင့်သာရမည်ဆိုက ထိုစကားများအတွက် တာဝန်ယူရမည့်သမ္မတအဖို့ လွယ်မည်တော့မဟုတ်။

သံတော်ဆင့်ဂျာနယ်တွင်ဖော်ပြသော အင်တာဗျူးတစ်ခုမှ သမ္မတ၏နှုတ်ထွက်စကားများကို ဂုဏ်ပုဒ်ပြုလုပ်ထားသော ဗလွတ်ရွှတ်တ၊ ဗလောင်းဗလဲ၊ ဗရမ်းဗတာ၊ ဗလေဗလာ၊ အစချီသည့် သမ္မတစကားအထူးပြုပုဒ်များမှာ နည်းတောင်နည်းသေးဟု ဆိုရမလိုပါ။ စစ်သားကြီးတို့၏ စစ်သားတန်မဲ့ နှုတ်ထွက်စကား မတည်ကြည်မှုများကို ပြီးခဲ့သည့်ကျောင်းသားသပိတ်တွင် တစ်ဝကြီးမြင်တွေ့လိုက်ရသဖြင့် ၈၈ နောက်ပိုင်းလူဖြစ်လာကြသော လူငယ်များလည်း စစ်တပ်အကြောင်းသိတန်သလောက်သိကြပြီ ဖြစ်ပါတယ်။ ယခု BBC နှင့် တွေ့ဆုံခန်းအရ ပိုပြီးနားလည်သွားစေခဲ့ပါသည်။ လူငယ်များအတွက် အတော့်ကိုအကျိုးထူးစေသည့် အစီအစဉ်ဖြစ်ပါသည်။

ကျောင်းသားသပိတ်ဖြစ်ရပ်နှင့်ပတ်သက်၍ ပြောလိုက်ပုံမှာလည်း ရဲထွတ်စကားအတိုင်းပင်၊ ကျောင်းသားများက စတင်အကြမ်းဖက်၍ဖြစ်ရသည်ဟုလို။ ခင်ဗျားတို့လည်းမြင်မှာပေါ့ဟု ထပ်ဆင့်ကွန့်လိုက်ပြန်သေးရာ တကယ့်ဖြစ်စဉ်ကို စဉ်ဆက်မပြတ်မြင်တွေ့ ကြားသိနေရသောပြည်သူတို့အဖို့ ဒေါသသာ အလိပ်လိုက် ထလာခဲ့ကြရပါသည်။ အပြင်မှာသာ ထိုစကားများပြောသည်ဆိုလျှင်တော့ သမ္မတလည်း ပြည်သူကြားထဲအမှုန့်ဖြစ်သွားမလားပင်။ သမ္မတဆိုသူ၏နှုတ်ထွက်စကားမှာ အောက်တန်းကျ၊ အဆင့်မရှိဆိုသည်ထက် နစ်နာစေမည့်ဝေါဟာရရှိလျှင် ကောင်းပေမည်။ မုန်လာဥလုပ်သည်ဟု ပြန်ကြားရေးဝန်ကြီးကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဆိုသူက ဆိုခဲ့လေရာ မုန်လာဥလုပ်သူအား အနားထား၍ သမ္မတလည်း ယုန်တစ်ကောင်ဖြစ်နေပြီလားမသိတော့ပါ။

ခုလောလောဆယ် လုပ်မယ်လို့ပြောနေကြတဲ့ ခြောက်ပွင့်ဆိုင်ဆိုတာဟာ သမ္မတရဲ့အင်တာဗျူးအရ ဖျက်သိမ်းလိုက်ပြီလို့ ပြည်သူတွေက နားလည်နေကြပါပြီ။

မတ် ၂၀ သမ္မတနှင့် BBC အင်တာဗျူးမှ အစွယ်ပြူးပြူးသမ္မတနှင့် စိတ်ရူးပေါက်တိုင်း သွေးရူးသွေးတမ်း ညွှန်ကြားချက်အမိန့်များ ထုတ်တက်လေသော တစ်ကျောင်းတည်းထွက် ကော်မရှင်ဥက္ကဋ္ဌတို့နှင့် ၂၀၁၅ ရွေးကောက်ပွဲတွင် အရွေးခံမည်ဟုဆုံးဖြတ်ထားသော နိုင်ငံရေးပါတီတို့ မည်သို့မည်ပုံတွေ့ကြမည်ဆိုသည်ကို...။
**********************************

လေးစားစွာဖြင့်

Ko Soe Win

လက်ပံတန်းမြို့တွင် ဖြစ်ပွားခဲ့သည့် ကျောင်းသားသပိတ် ဖြိုခွင်းမှုနှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ပြောဆိုချက်အပေါ် ပြည်တွင်းရှိ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ စာနယ်ဇင်းသမားနှင့် လူ့အခွင့်အရေးလှုပ်ရှားသူ အချို့က ဝေဖန်ပြောဆိုလိုက်သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်ပအသံလွှင့်ဌာနတစ်ခု ဖြစ်သည့် ဘီဘီစီ သတင်းဌာနနှင့် သီးသန့်တွေ့ဆုံရာတွင် ပြောဆိုခဲ့မှုအပေါ် ၎င်းတို့က တုံ့ပြန်ဝေဖန်လိုက်ခြင်း ဖြစ်သည်။

အဆိုပါ သပိတ်ဖြိုခွဲမှုတွင် ကျောင်းသားများက စတင်ရိုက်နှက်ခဲ့ခြင်းကြောင့် ကာကွယ်သည့် အနေနှင့် ရဲတပ်ဖွဲ့ဝင်များက ပြန်လည်ရိုက်နှက်ခဲ့ခြင်း ဖြစ်ပြီး နိုင်ငံတကာတွင်လည်း ယင်းထက် ကြမ်းတမ်းသည့် ဖြိုခွင်းမှုများလည်း ရှိကြောင်း ဘီဘီစီသို့ သမ္မတက ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“နောက်တစ်ခုကလည်း ခင်ဗျားတို့က ရဲတွေဘက်က ဒီလိုဖြစ်တာကို တစ်ဖက်တည်း ကြည့်တာကိုး။ ဆန္ဒပြတဲ့သူတွေဘက်က ရဲတွေကို ခဲနဲ့ ပေါက်တာ၊ ရဲအမျိုးသမီးတွေ ခေါင်းတွေ ကွဲသွားတာ၊ ရဲကားတွေ မှန်တွေ ကွဲသွားတာ၊ ရဲအတားအဆီးတွေကို ရိုက်ချိုးပြီး ဖျက်ဆီးတာ ဒါတွေ အများကြီးပါပဲ။ ဒါတွေနဲ့ Balance လုပ်ပြီး ကြည့်ဖို့ကောင်းတယ်” ဟု ထပ်မံပြောဆိုသည်။

သမ္မတ၏ ပြောဆိုချက်သည် အဖြစ်မှန်နှင့် ကွဲလွဲနေကာ မှန်ကန်မှု မရှိသည့်အပြင် သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဝန်ကြီးဌာန ဦးရဲထွဋ်၏ ပြောဆိုချက်များနှင့်လည်း ကွဲလွဲနေကြောင်း၊ ရဲတပ်ဖွဲ့ဝင်များ၏ အပြုအမူများသည် မိမိကိုယ်မိမိ ခုခံကာကွယ်သည့် အဆင့်ထက် ကျော်လွန်နေသည်ကို တွေ့ရှိရကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူ ရှေ့နေ့ ဦးရောဘတ်စန်းအောင်က ပြောကြားသည်။

“ကင်မရာမှတ်တမ်း ဓာတ်ပုံ အထောက်အထားတွေအရ ဟုတ်လား ပုဆိုးကျွတ်လို့ ကုန်းကောက်ပြီး အရှက်လုံအောင် ထိန်းရတဲ့လူကို ဆင့်ကာဆင့်ကာ ရိုက်နေတာတွေ။ နောက် မိန်းကလေးတွေကို ရိုက်တာတွေဟာ ကာကွယ်ခုခံပိုင်ခွင့်ဘောင်ကို ကျော်နေတယ်ဗျ။ အဲဒါ မဖြစ်သင့်ပါဘူး” ဟု ၎င်းက ဆိုသည်။

အဆိုပါ ဖြိုခွင်းမှုဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင်များ အနေနှင့် ကျောင်းသားသပိတ်သို့ လာရောက်ကူညီသည့် ကားများကို ရိုက်နှက်ခြင်း၊ ကန်ကျောက်ခြင်းများ ပြလုပ်နေသည့် ဓာတ်ပုံများလည်း အင်တာနက် စာမျက်နှာများတွင် ပျံ့နှံ့ခဲ့သည်။

လက်ပံတန်းမြို့တွင် ဖြစ်ပွားခဲ့သည့် အဆိုပါဖြစ်စဉ်အတွင်း ကျောင်းသားများ အနေနှင့် စတင်ရိုက်နှက်ခဲ့ခြင်း မရှိကြောင်း အဆိုပါသပိတ်တွင် ကိုယ်တိုင်ပါဝင်ခဲ့ပြီး ရိုက်နှက်ဖမ်းဆီးခံခဲ့ရသူ မရည်မွန်မွန်အောင်က ပြောကြားသည်။

“ဘယ်လိုဖြစ်တယ် ဆိုတာ အကုန်လုံး အမြင်ပဲဟာကို။ ညီမတို့ဘက်က စရိုက်တာကတော့ လုံးဝမဟုတ်ဘူးရှင့်။ ညီမတို့မှာ ရိုက်စရာ ဘာလက်နက်မှ မရှိသလို ပြန်လုပ်ဖို့တောင်မှ ညီမတို့ ဒီမှာ တွန်းနေတာ ကိုယ့်အားနဲ့ ကိုယ့်ဟာကိုယ်တောင် အားမရှိတဲ့ဟာ သူတို့ကို ဘယ်လိုစရိုက် ရမှာလဲ” ဟု ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ကုန်ထုတ်ဓာတုဗေဒ ဘာသာရပ်မှ တတိယနှစ်ကျောင်းသူ ၎င်းက ဆိုသည်။

အဆိုပါဖြိုခွင်းမှုအပေါ် သမ္မတ၏ ပြောဆိုချက်သည် ဆင်သေကို ဆိတ်သားရေဖြင့် ဖုံးကွယ်ခြင်းသာ ဖြစ်ကြောင်း မြန်မာဂျာနယ်လစ်ကွန်ရက်၊ အထွေထွေအတွင်းရေးမှူးနှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) မှ အဖွဲ့ဝင် ဦးမြင့်ကျော်ကလည်း The Voice သို့ ထပ်မံပြောဆိုသည်။
“သူတို့က ဖြိုခွဲဖို့ အကြောင်းရှာနေတာ။ အဲဒီမတိုင်ခင် တစ်ပတ်၊ နှစ်ပတ်၊ တစ်လလောက်ကတည်းကပေါ့” ဟု ၎င်းကဆိုသည်။

မတ်လ ၁၀ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် အဆိုပါ အကြမ်းဖက်ဖြိုခွင်းမှု ဖြစ်စဉ်အတွင်းတွင် ကျောင်းသားများ အပါအဝင် သတင်းထောက်အချို့လည်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ယင်းဖြိုခွင်းမှုအပေါ် ကန့်ကွက်သည့် ဆန္ဒထုတ်ဖော်မှုများလည်း နိုင်ငံတစ်ဝန်းတွင် ပြလုပ်လျက်ရှိသည်။

သမ္မတ၏ ပြောဆိုမှုနင့် ပတ်သတ်ပြီး ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ဒဂုံတက္ကသိုလ် တတိယနှစ် သင်္ချာအထူးပြု ကျောင်းသား ကိုပိုင်ရဲသူက “အဲဒါ လူကြီးတစ်ယောက် ပြောသင့်တဲ့ စကားလား အဲဒီမှာ။ လူကြီးတစ်ယောက်က အဲဒီစကား ပြောသင့်လား။ ပြီးတော့ လူကြီးတစ်ယောက်လည်း ဖြစ်တယ်။ နောက်ပြီးတော့ သမ္မတလည်း ဖြစ်တယ်။ သူ့ထက် အသက်တွေ အများကြီးကွာတဲ့ လုံးဝ အတွေ့အကြုံတွေ အများကြီးကွာတဲ့ ကျောင်းသားတွေအပေါ်မှာ ဒီလိုလုပ်သင့်လား ဆိုတာ။ အဲဒါ လူကြီးလူကောင်း မပီသတဲ့ အပြုအမူတွေပေါ့။ လောလောဆယ် ဒီမှတ်ချက်လောက်ပဲ ပေးချင်တယ်” ဟု ပြောကြားသည်။

သမ္မတ၏ ပြောကြားချက်နှင့် ပတ်သက်၍ ၈၈ မျိုးဆက်၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမြအေး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်း၊ ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ဒေါ်ခွန်ဂျာတို့ကလည်း DVB အသံလွှင့်ဌာနသို့ ကန့်ကွက်ပြောဆိုထားသည်။

The Voice Weekly

(၁) တုန်လှုပ်လာတဲ့ နေပြည်တော်ပလ္လင်

ပြီးခဲ့တဲ့ မတ်လ ၁၃ ရက် သောကြာနေ့က တရုတ်နိုင်ငံထဲကို မြန်မာစစ်လေယာဉ်တစ်စင်းဟာ ကျူးကျော်ဝင်ရောက်မိခဲ့ပါတယ်။ ကြဲချလိုက်တဲ့ဗုံးဟာ ရွာသားလေးဦးကို သေဆုံးစေခဲ့ပြီး ကိုးဦး ဒဏ်ရာရစေခဲ့ပါတယ်။ ဒီဗုံးဟာ တရုတ်-မြန်မာနယ်စပ်က ရွာလေးတင်သာမက တရုတ်-မြန်မာ ဆက်ဆံရေးနဲ့ နေပြည်တော် နန်းပလ္လင်ကိုပါ လှုပ်ခါသွားစေခဲ့ဖို့ ဖြစ်လာခဲ့ပါပြီ။ တရုတ်ရဲ့ ဒုစစ်ဦးစီးချုပ် ဖန်းချန်းလောင်ဟာ စနေနေ့မှာပဲ မြန်မာကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ဖုန်းနဲ့ဆက်သွယ်ပြီး သတိပေးပြောကြားခဲ့ကာ နယ်စပ်ဆိုင်ရာ စစ်ရေးပြင်ဆင်မှုတွေ စတင်ခဲ့ပါတယ်။ တရုတ်ဝန်ကြီးချုပ် လီကီကျန်း ကိုယ်တိုင်ဟာလည်း မြန်မာဘက်က ကျူးလွန်မှုအပေါ် ခိုင်မာပြီး ပြတ်သားတဲ့ တုံ့ပြန်မှု လုပ်သွားဖို့ ရှိတယ်လို့ ထုတ်ပြောသွားခဲ့တာပါ။ ဒီအချိန်နဲ့ မရှေးမနှောင်းမှာပဲ တရုတ်ကွန်မြူနစ်ပါတီ အာဘော်သတင်းစာ ဖြစ်တဲ့ ဂလိုဘယ်လ်တိုင်းမ်ကနေ ထူးခြားတဲ့ သတင်းနှစ်ပုဒ် တက်လာခဲ့ပါတယ်။ တစ်ပုဒ်က မြန်မာ့နိုင်ငံရေးမှာ တပ်မတော်ကို ဖယ်ရှားခြင်းဟာ အရေးကြီးတဲ့ အဆင့်တစ်ခု ဖြစ်နေပြီဆိုတဲ့ သုံးသပ်ချက်ဖြစ်ပြီး နောက်တစ်ပုဒ်ကတော့ မြန်မာအခြေခံဥပဒေကို ၂၀၂၀ မတိုင်ခင်မှာ ပြင်ဖို့လိုအပ်ပြီး ဒေါ်အောင်ဆန်းစုကြည်ဘက်ကို ထောက်ခံမယ့် အရိပ်အမြွက် ပြထားတဲ့ သတင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။

ဒီဟာတွေရဲ့ ရှေ့ပြေးအနေနဲ့ တရုတ်နိုင်ငံကို ဒေါ်အောင်ဆန်းစုကြည် လည်ပတ်မယ့် ခရီးစဉ်သတင်းတွေဟာ ၂၀၁၄ ခုနှစ်ကုန်ပိုင်းမှာ ထွက်ပေါ်လာခဲ့ပါတယ်။ လက်ရှိ စာရေးသူ အနေနဲ့လည်း အင်တာနက်စာမျက်နှာပေါ်မှာ တရုတ်သည် လက်ရှိ တပ်မတော်ထက် ဒေါ်အောင်ဆန်းစုကြည်ဘက်ကို ပိုအလေးသာသွားနိုင်တယ် ဆိုတဲ့ သုံးသပ်ချက်တွေ ဖော်ပြခဲ့ဖူးပါတယ်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ ဒေါ်အောင်ဆန်းစုကြည် ကြားဝင်လိုက်ပြီး နောက်မှာ တရုတ်ဘက်က မြန်မာပြည်ထဲ ရှိနေဆဲ သူ့စီမံကိန်းတွေအတွက် သူမအပေါ် ယုံကြည်စိတ်ချမှုတွေ ပိုမိုအားကောင်းလာခဲ့စရာ ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒီလိုအချိန်မှာပဲ ပြည်တွင်းမှာတော့ မြန်မာနိုင်ငံအစိုးရဟာ ကျောင်းသားတွေကို ရိုက်နှက်ဖြိုခွင်းပြီး နိုင်ငံတကာနဲ့ မီဒီယာမှာပါ နိုင်ငံရေးအရ အရှုံးပေါ်နေတဲ့အချိန် ဖြစ်နေပါတယ်။ တစ်ချိန်တည်းမှာပဲ ကိုးကန့်ဖုန်ကြားရှင်နဲ့ စစ်ရေးဆင်နွှဲနေရပြီး စစ်ရေး၊ နိုင်ငံရေး နှစ်ဖက်ဖိအားများနေတဲ့ အချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ ဒါတွေဟာ ဘယ်ဘက်ကို ဦးတည်နေပါသလဲ။
(၂) တရုတ်လောင်းမယ့်မြင်း

မြန်မာအစိုးရဟာ ကြားဖြတ်ရွေးကောက်ပွဲ ပြီးကတည်းက အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးကို ပြန်စခဲ့ပါတယ်။ အမေရိကန်ရဲ့ အာရှပစိဖိတ် မဟာဗျူဟာအရ တရုတ်သြဇာလွှမ်းမိုးမှုကို တန်ပြန်ထိန်းကွပ်ဖို့ သမ္မတ အိုဘားမားဟာ အာဆီယံကို မဟာဗျူဟာ မဟာမိတ်အနေနဲ့ သိမ်းသွင်းဖို့ ကြိုးစားလာခဲ့ပါတယ်။ မြန်မာနိုင်ငံကို နှစ်ကြိမ်တိတိ လာရောက်ခဲ့ပါတယ်။ ဒီနောက်မှာတော့ တရုတ်ကွန်မြူနစ်ပါတီအာဘော် ဂလိုဘယ်လ်တိုင်းမ် သတင်းစာမှာပဲ ဖုန်ကြားရှင်သတင်း ပြန်လည်ပါဝင်လာခဲ့ပြီး လအနည်းငယ် အတွင်းမှာပဲ ကိုးကန့်ဒေသ စစ်မီး ပြန်လည်တောက်လောင်လာခဲ့ရတာ ဖြစ်ပါတယ်။ ဒါက တရုတ်နိုင်ငံက မြန်မာနိုင်ငံရဲ့ အရှေ့မြောက်ဒေသကို ဓားတစ်စင်းနဲ့ လှမ်းထောက်ထားတဲ့ အနေအထားတစ်ရပ်ကို ဖန်တီးထားလိုက်ခြင်းပဲ ဖြစ်ပါတယ်။ တရုတ်ရဲ့ မဟာပြိုင်ဘက် အနောက်ပါဝါတွေနဲ့ ဆက်ဆံလာမှုကို ကြိုတင်သတိပေးတဲ့ အနေနဲ့ အချက်ပြလိုက်တဲ့ သဘောပဲ ဖြစ်ပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံသား သစ်ခိုးထုတ်သူတွေကို အဖမ်းအဆီးတွေ တရားဝင်လုပ်ပြပြီး အာခံစပြုလာတဲ့ မြန်မာအစိုးရအတွက် တရားဝင် မဟုတ်သော ရာဇသံတစ်ခုလည်း ဖြစ်နေခဲ့ပါလိမ့်မယ်။ ဒါပေမဲ့ တရုတ်အတွက် မြန်မာနိုင်ငံဟာ စစ်ခင်းစရာ ဒေသတစ်ခု မဟုတ်နေခဲ့ပါဘူး။ အာရှကုန်းမကြီးနဲ့ မဟာဗျူဟာမြောက် ရေလမ်းတွေကို ပိုင်ဆိုင်ထားသလို အခြား အိန္ဒိယ၊ ပါကစ္စတန်တို့လို နျူလက်နက်ပိုင် နိုင်ငံတွေနဲ့ ထိစပ်နေတဲ့ဒေသ ဖြစ်နေတဲ့အပြင် အမေရိကန် မဟာမိတ် ထိုင်းနဲ့လည်း နီးစပ်နေတဲ့အတွက် မြန်မာနိုင်ငံကို ထိပါးခြင်းဟာ ပစိဖိတ်ဒေသကို ခြိမ်းခြောက်ခြင်း ဖြစ်နေပါလိမ့်မယ်။ ဒီလိုခြိမ်းခြောက်ခြင်းဟာ ပြိုင်ဘက် အမေရိကန်ကို ပစိဖိတ်သြဇာ ထူထောင်ခွင့် တရားဝင် ပေးလိုက်သလို ဖြစ်မှာမို့ တရုတ်ဟာ ဒီလိုပဋိပက္ခ ဖြစ်မယ့်အရေးကို သိသိသာသာ လက်ရှောင်တာကို တွေ့ရပါတယ်။ ဒီလို လက်ရှောင်တာကို မတ်လ ၈ ရက်နေ့ကတည်းက မြန်မာစစ်လေယာဉ်တွေ တရုတ်ပိုင်နက်ထဲ ဝင်နေတာကို မသိကျိုးကျွန် ပြုနေခဲ့ပြီး ဗုံးကြဲခံရမှ ထုတ်ပြောတာကို ကြည့်ခြင်းအားဖြင့် သိသာပါတယ်။

ဒါ့အပြင် တရုတ်ဟာ နိုင်ငံရေးအရ မြန်မာပြည်သူတွေရဲ့ စိတ်ထဲမှာ တရုတ်မုန်းတီးရေးတွေ များပြားပြင်းထန်လာနေတာတွေကို သတိထားမိမှာ ဖြစ်ပါတယ်။ တရုတ်သံရုံးရှေ့ ဆန္ဒပြမှုဟာ တရုတ်အတွက် သတိမူစရာတစ်ခု ဖြစ်နေခဲ့မှာ ဖြစ်ပါတယ်။ ဒီအတွက် တရုတ်ဟာ နိုင်ငံရေးအရ ဆောင်ရွက်မှုတွေကို လုပ်ဖို့ အခြေအနေအရ လိုအပ်လာနေခဲ့ပါတယ်။ ဘာတွေလုပ်ဖို့ လိုအပ်နေပါသလဲ။ တရုတ်နေရာရှုထောင့်က ကြည့်လိုက်ရင် ပြည်သူတွေရဲ့ အမုန်းကို ရရှိနေတဲ့ လက်ရှိ အာဏာရပါတီ အစိုးရကို ထောက်ခံခြင်းဟာ အမုန်းတွေကို ပိုမိုမြင့်တက်စေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီပြည်သူတွေရဲ့ အမုန်းတရားက ဘီလီယံချီသော ဒေါ်လာများစွာနဲ့ ဆက်လက်လုပ်ဆောင်နေဆဲ တရုတ်စီမံကိန်းတွေကို ခြိမ်းခြောက်နေမှာ ဖြစ်ပါတယ်။ ဒီအချိန်မှာ ပြည်သူ့အချစ်တော် ဒေါ်အောင်ဆန်းစုကြည်ကို ပြောင်းလဲပံ့ပိုးပါက မြန်မာပြည်သူတွေရဲ့ အမျက်ဒေါသ အတိုင်းအတာတစ်ခုအထိ ပြေလျော့သွားမယ်လို့ တွက်ချက်ပါလိမ့်မယ်။ ဒါ့အပြင် အာဆီယံကြယ်ပွင့် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ဆံခြင်းက တရုတ်အတွက် နာမည်ကောင်း တစ်ခုကိုလည်း ဖန်တီးနိုင်ခွင့် ရရှိနေတာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေဟာ ၂၀၁၂-၂၀၁၄ ကြား ဖြစ်ထွန်းလာခဲ့ပြီးနောက်မှာ တရုတ်နိုင်ငံက ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ခေါ်တဲ့ သတင်းထွက်လာခဲ့ပြီး အခုလို တရုတ်ကွန်မြူနစ် အာဘော်သတင်းစာကနေ အရိပ်အမြွက် ထုတ်ပြောလာခဲ့တာ ဖြစ်ပါတယ်။ တရုတ်က ပုံလောင်းမယ့်မြင်းဟာ ဒီတစ်ချီမှာတော့ မြန်မာစစ်အစိုးရ မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည် ဖြစ်ကောင်းဖြစ်သွားနိုင်တဲ့ သဘောပါ။
(၃) မဟာဗျူဟာ အင်အားယှဉ်ပြိုင်မှု

တရုတ်ရဲ့ နိုင်ငံခြားရေးမူဝါဒထဲမှာ မြန်မာ့တည်ငြိမ်ရေးဟာ တရုတ်အတွက် အရေးပါတယ်ဆိုတဲ့ အချက်ကို တရုတ်ပညာရှင်တွေ မကြာခဏ ထောက်ပြနေခဲ့ကြတာ ဖြစ်ပါတယ်။ ရေနက်ဆိပ်ကမ်းကြီးတွေ ဆောက်နိုင်လောက်တဲ့ ကမ်းရိုးတန်းရှိသော မြန်မာနိုင်ငံဟာ တရုတ်အတွက် အသုံးချတတ်ရင် လုံခြုံရေးတံတိုင်း ဖြစ်ပြီး အသုံးမချတတ်ရင် အင်မတန် ကြီးမားတဲ့ အန္တရာယ်တွေကို လက်ယပ်ဖိတ်ခေါ်နေသလိုပါပဲ။ အထူးသဖြင့် မတည်ငြိမ်တဲ့ မြန်မာ့နိုင်ငံရေးနဲ့ ပြည်တွင်းစစ်ဟာ တရုတ်အတွက် ယူနန်ပြည်နယ်ကိုပါ မတည်မငြိမ် ဖြစ်စေရုံမက ပင်လယ်ပြင် လုံခြုံရေး၊ ဂက်စ်ပိုက်လိုင်း လုံခြုံရေးကိုပါ ခေါင်းခဲစေပါတယ်။ ဒါ့အပြင် လက်ရှိသမ္မတ ရှီကျင့်ဖျင်ရဲ့ မဟာအိပ်မက်တစ်ခုကိုပါ ခြိမ်းခြောက်နေပါတယ်။ အဲဒီ မဟာအိပ်မက်ကတော့ မကြာသေးခင်ကမှ ထုတ်ပြောခဲ့တဲ့ ခေတ်သစ် တရုတ်ပိုးလမ်းမကြီး မဟာဗျူဟာ စီမံကိန်းပဲ ဖြစ်ပါတယ်။ ဗဟိုအာရှဒေသတွင်းမှာ ပိုမိုအင်အား တည်ဆောက်ဖို့အတွက် တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ပိုးလမ်းမသစ်မဟာ စီမံကိန်း အိပ်မက်အပြင် ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ BCIM Corridor ဆိုတဲ့ စီမံကိန်းတွေကိုလည်း လျာထားပါသေးတယ်။ ဒီ BCIM စီမံကိန်းဟာ အိန္ဒိယ-တရုတ် ကုန်သွယ်ရေး လမ်းကြောင်းတွေကို မြန်မာ-ဘင်္ဂလားဒေ့ရှ်တို့က တစ်ဆင့်ပွင့်စေမှာ ဖြစ်ပါတယ်။ ဒီစီမံကိန်းအပြင် ရှီကျင့်ဖျင်ရဲ့ ပိုးလမ်းမ အိပ်မက်ဟာ တရုတ်နိုင်ငံရဲ့ အာရှနဲ့ ဥရောပကို ချိတ်ဆက်မှာ ဖြစ်ပါတယ်။ နောက်ပြီး ကမ္ဘာ့ရေနံသိုက် အရှေ့အလယ်ပိုင်းတွေအထိ စိုးမိုးပါလိမ့်မယ်။ ဒီပိုးလမ်း မဟာဗျူဟာ စီမံကိန်းတွေမှာ သမုဒ္ဒရာလမ်းကြောင်းတွေကိုပါ ထည့်သွင်းတွက်ချက်ထားပါတယ်။

ဒီဟာတွေရဲ့ တစ်စိတ်တစ်ဒေသ အဖြစ် မြန်မာနိုင်ငံ ကျောက်ဖြူ-ကူမင်း ရထားလမ်းနဲ့ ဂက်စ်ပိုက်လိုင်းတို့ကိုလည်း စီမံတည်ဆောက်ခဲ့ပါတယ်။ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းလည်း အပါအဝင်ပါ။ အာရှဒေသတွင်းမှာ ကုန်သွယ်ရေးကို တရုတ်က ဦးဆောင်ပြီး ယွမ်ငွေရဲ့ သြဇာကိုလည်း ချဲ့ထွင်ဖို့ တည်ဆောက်ထားခဲ့ပါတယ်။ ဒီဟာကို တန်ပြန်စိန်ခေါ်နေတာကတော့ အမေရိကန်ပြည်ထောင်စုရဲ့ ပစိဖိတ်မဟာမိတ် မဟာဗျူဟာ စာချုပ်ပါပဲ။ ပစိဖိတ်မဟာမိတ် မဟာဗျူဟာစာချုပ် (TPP) ဟာ နိုင်ငံပေါင်း ၁၂ နိုင်ငံပါတဲ့ သဘောတူညီမှု ဖြစ်ပြီး အမေရိကန်က ဦးဆောင်ကာ ဘရူနိုင်း၊ ဗီယက်နမ်၊ စင်ကာပူ၊ သြစတြေးလျ၊ ဂျပန်၊ မလေးရှားတို့လို အာရှစီးပွားရေး ပါဝါနိုင်ငံတွေအပြင် ကနေဒါ၊ မက္ကဆီကိုတို့လို နိုင်ငံတွေလည်း ပါဝင်နေခဲ့တာပါ။ ဒါကြောင့် TPP ဟာ တရုတ်ရဲ့ ဗဟိုအာရှတွင်း သြဇာတည်ဆောက်မှုကို ဟန့်တားဖို့ ပိတ်ဆို့ခြင်းလို့ တင်စားခြင်း ခံခဲ့ရတာပါ။ ဒီအတွက် အိုဘားမားဟာ အာဆီယံကို အထူးအလေးထား ဆက်ဆံလာခဲ့ရတာပါ။ ဒါဟာ အာဆီယံနဲ့ ဗဟိုအာရှတွင်းက တရုတ်နဲ့ အမေရိကန်တို့ အင်အားချင်း ယှဉ်ပြိုင်မှုပါ။ စီးပွားရေးအင်အား ယှဉ်ပြိုင်မှုအပြင် ယွမ်နဲ့ ဒေါ်လာ ယှဉ်ပြိုင်မှု အသွင်လည်း ဖြစ်နေပါတယ်။

ဒါ့အပြင် ယနေ့ကမ္ဘာမှာ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေး အသက်ဟာ စွမ်းအင်ဖြစ်ပါတယ်။ တရုတ်ဟာ ယနေ့ကမ္ဘာမှာ နံပါတ်တစ် စွမ်းအင်သုံးစွဲတဲ့ နိုင်ငံ ဖြစ်နေပါတယ်။ ဒါကြောင့် သူဟာ ထိုင်ဝမ်ကိစ္စမှာ အမေရိကန်ရေတပ်နဲ့ တွေ့တဲ့အချိန်ကစပြီး စွမ်းအင်လမ်းကြောင်းများရဲ့ လုံခြုံရေးကို တည်ဆောက်လာခဲ့ပါတယ်။ ဒီကနေ ဒီလို မဟာစီမံကိန်းတွေ စလာခဲ့တာပါပဲ။ လက်ရှိမှာတော့ တရုတ်ရဲ့ ပင်လယ်စွမ်းအင် သင်္ဘောများ ဖြတ်သန်းရာ လမ်းကြောင်းတွေမှာ အမေရိကန် ခြိမ်းခြောက်နိုင်တဲ့ နေရာတွေ ရှိနေပါတယ်။ နာမည်ကျော် မလက္ကာရေလက်ကြားအပြင် နောက်ထပ် အန္တရာယ်ပွိုင့်တွေကတော့ မြန်မာရခိုင်ကမ်းမြောင်ဒေသ အနီးက ပွိုင့်တွေပါပဲ။ ဒီဟာတွေကို ရှောင်လွှဲဖို့ ပိုက်လိုင်းတွေ အားချင်းတည်ဆောက်နေသလို ဒီပွိုင့်တွေ ရှိနေတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ရာသီဥတု အတက်အကျကိုပါ ဘေဂျင်းအနေနဲ့ နေ့စဉ် သတိပြုနေခဲ့ရတာ ဖြစ်ပါတယ်။

မြန်မာဟာ အနောက်ဘက်ကို လက်ကမ်းရင် သူ့အတွက် အန္တရာယ်နဲ့ ရုတ်တရက် ရင်ဆိုင်ရစရာ ရှိလို့ ဖြစ်ပါတယ်။ ဒီလို မဟာဗျူဟာ စစ်မြေပြင်မှာ မြန်မာသည် အဓိကကျသော ပလေယာ အနေနဲ့ မလွှဲသာဘဲ ပါဝင်လာရပါတော့တယ်။ စိတ်မကောင်းဖြစ်ချင်စရာ တစ်ခုက လက်ရှိ မြန်မာအစိုးရ ခေါင်းဆောင်တွေဟာ ဒီမဟာဗျူဟာကို အသုံးချပြီး မြန်မာနိုင်ငံ တိုးတက်ကြီးပွားအောင် အချက်ကျကျ စွမ်းဆောင်နိုင်ခြင်း မရှိသေးတာပါပဲ။ ဒါ့အပြင် ဒီလိုအန္တရာယ်ကြီးတဲ့ ဒေသက ခေါင်းဆောင်တွေ ဖြစ်တဲ့အတွက် တည်ငြိမ်သော မြန်မာ့နိုင်ငံရေးဟာ တရုတ်အတွက် အရေးတကြီး လိုအပ်ချက် ဖြစ်လာပါတယ်။ ဒီအချက်ကို ဘေဂျင်းခေါင်းဆောင်တွေက ထည့်သွင်းစဉ်းစားတဲ့ အနေနဲ့ မြန်မာ့ပြည်တွင်းစစ်ကို တရုတ်ကနေ ပြေလည်အောင် ဖြေရှင်းပေးဖို့ သင့်တဲ့အကြောင်း တရုတ်ကွန်မြူနစ် အာဘော်ပါတီကနေ အဆိုပြုလာနေတာပဲ ဖြစ်ပါတယ်။ ဒီအချိန်မှာ တရုတ်ဟာ ဘယ်သူ့ဘက်ကို ရွေ့ပါမလဲ။
(၄) တိန့်ရှောင်ဖိန်ရဲ့ မူဝါဒနဲ့ လက်ရှိအခင်းအကျင်း

ယခင် တရုတ်အကြီးအကဲ တိန့်ရှောင်ဖိန်ရဲ့ မူဝါဒကတော့ အိမ်နီးချင်းတွေ အဆင်ပြေလေလေ တရုတ်အတွက် အဆင်ပြေလေဆိုတဲ့ မူဝါဒ ဖြစ်ပါတယ်။ ယခု လတ်တလော ကိုးကန့်ကိစ္စ ဖြစ်ရပ်တွေမှာ တရုတ် မှတ်ချက်ကတော့ မြန်မာနိုင်ငံဟာ ပြည်တွင်းစစ် ရှည်ကြာနေရခြင်းဟာ နိုင်ငံရေးအရ အဝေမတည့်လို့ ဖြစ်နေတာ ဖြစ်တယ်ဆိုတဲ့ မှတ်ချက်ပဲ ဖြစ်ပါတယ်။ ဒီအတွက် နိုင်ငံရေး အဝေတည့်အောင် ဘယ်လိုလုပ်မလဲလို့ လှမ်းမျှော်ကြည့်ရှုလိုက်တဲ့အခါမှာ ၂၀၁၅ ရွေးကောက်ပွဲကို အရင်မြင်ရပါတယ်။ ဒီ ၂၀၁၅ ရွေးကောက်ပွဲမှာ အဓိက အခက်အခဲ ဖြစ်နေတဲ့ အကြောင်းအရာကတော့ ၂၀၀၈ အခြေခံဥပဒေပ (ပုဒ်မ ၄၃၆ နဲ့ ၅၉ စ) ဖြစ်ပါတယ်။ ၂၀၂၀ မတိုင်ခင်မှာ ဒီအခြေခံဥပဒေကို ပြင်ဖို့ လိုကိုလိုတယ်ဆိုတဲ့ တရုတ်ရဲ့ အမြင်ဟာ မြန်မာ့နိုင်ငံရေး တည်ငြိမ်မှုရဖို့အတွက် ရွေးကောက်ပွဲကို တစ်နည်းနည်းနဲ့ လွှမ်းမိုးဖို့ ကြိုးစားမယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ ၂၀၁၅ ရွေးကောက်ပွဲကနေ တစ်ဆင့် တည်ငြိမ်သော အစိုးရ အပြောင်းအလဲကို ဖော်ဆောင်မယ်။ တပ်မတော်ကို စနစ်တကျ ဆုတ်ခွာသွားအောင် ချဉ်းကပ်တွန်းအားပေးမယ် ဆိုတဲ့ အရာတွေဟာ လက်ရှိ လာလတ္တံ့သော တရုတ်အစိုးရ မူဝါဒအဖြစ် ရိုးတိုးရိပ်တိပ် မြင်နေရပါတယ်။ တရုတ်အစိုးရ မူဝါဒတွေဟာ မြန်မာ့နိုင်ငံရေးလားရာကို ကြီးကြီးမားမား သက်ရောက်နိုင်စွမ်း ယခုအချိန်မှာ ရှိနေပါတယ်။ ဒီတော့ သူတို့ဘယ်ဘက်မှာ ရပ်မလဲ ဆိုတာဟာ ၂၀၁၅ ရွေးကောက်ပွဲ ချိန်ခွင်လျှာကို တစ်နည်းတစ်ဖုံ ပြောင်းလဲသွားစေနိုင်ပါတယ်။ တကယ်လို့သာ ဒီလိုရပ်တည်မှု လုပ်ခဲ့ပြီး မြန်မာကို ကူညီဖို့ ကြိုးစားလာခဲ့မယ် ဆိုရင်တော့ ကြိုဆိုထိုက်တဲ့ အရွေ့တစ်ခုပါပဲ။ ဒါဟာ တရုတ်အတွက်လည်း အကျိုးအမြတ်ကြီးစွာ ဖြစ်စေမှာ ဖြစ်ပါတယ်။
(၅) ၂၀၁၅ အခင်းအကျင်း

ဘယ်လိုပဲ ပြောသည်ဖြစ်စေ ငါးနှစ်ကာလသော အစိုးရသက်တမ်း အတွင်းမှာ ဦးသိန်းစိန်အစိုးရဟာ အောင်မြင်မှုမရဘဲ ထွက်ခွာရတော့မှာပါ။ ဒီအချိန်မှာ အာရှကြယ်ပွင့် ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်က ရွေးချယ်မလား ဒါမှမဟုတ် အနောက်နဲ့ ပလဲနံပသင့်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုပဲ သံသယ ဆက်ထားနေမလား ဆိုတာ မကြာခင်မြင်ရပါလိမ့်မယ်။ တရုတ်ကို အိမ်နီးချင်းလိုပဲ ဆက်ဆံမှာ ဖြစ်တယ်ဆိုတဲ့ ရင်းနှီးမှု အရိပ်အယောင် မကြာခဏပြခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်က ပုံအောလိုက်တယ် ဆိုရင်တော့ဖြင့် မြန်မာ့နွေဦးဟာ စံပယ်တွေဖူးပွင့်ဖို့ မြေခံရေခံ ဖြစ်သွားနိုင်ပါသေးတယ်။ ဦးသိန်းစိန် အစိုးရသက်တမ်း ပြည့်သွားပြီးနောက် မတည်ငြိမ်မှုတွေကို နောက်ကွယ်က ဖန်တီးကာ ကာလတစ်ခု လွှတ်တော်ကို ရပ်ဆိုင်းလိုက်ပြီး ထိုင်းလို စစ်အာဏာသိမ်းမှု ပြန်လုပ်မယ် ဆိုရင်တော့ဖြင့် လူထုအုံကြွမှုနဲ့ မုချရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဘေဂျင်းအနေနဲ့လည်း မြန်မာနိုင်ငံဟာ စစ်အာဏာရှင်စနစ်ဆီကို ပြန်လည်သွားဖို့ အခွင့်အလမ်း သိပ်နည်းသွားပြီလို့ မျှော်လင့်ထားပါတယ်။ ဒီလို ထိရှလွယ်တဲ့အချိန်မှာ ခေါင်းဆောင်တွေ အားလုံးလည်း ဆုံးဖြတ်ချက်တွေ မှန်ကန်စွာ ချနိုင်ပါစေလို့ပဲ မျှော်လင့်ဆုတောင်းပေးလိုက်ပါတယ်။

The Voice Weekly

မြန်မာနိုင်ငံတလွှားက ဆန္ဒပြပွဲတွေမှာ အကြမ်းဖက်ဖြိုခွဲမှုတွေကြောင့် ပြည်သူတွေနဲ့ အဖွဲ့အစည်းပေါင်းစုံက ဝေဖန်ရှုတ်ချနေကြတဲ့ ရဲတပ်ဖွဲ့အနေနဲ့ ဂုဏ်သိက္ခာ ပြန်ဆယ်နိုင်ဖို့ ဘယ်လိုလုပ်ကြမလဲဆိုတာကို စာရေးဆရာ သတင်းစာဆရာ ဦးစည်သူအောင်မြင့်၊ တရားရုံးချုပ်ရှေ့နေ ဦးရောဘတ်စန်းအောင်နဲ့ စာရေးဆရာ ဘလော့ဂါ ညွန့်ပေါင်းအစိုးရ အဖွဲ့ဝင်ဟောင်း ဒေါက်တာတင့်ဆွေတို့ ပါဝင်ဆွေးနွေးထားပါတယ်။

RFA


မြန်မာပြည်မှာ ဒီမိုကရေစီအနာဂတ် သေချာစေဖို့ဆိုရင် ဖွံ့ဖြိုးရေးနဲ့ စေ့စပ်ရေးတွေလောက်နဲ့ လုံလောက်တော့မယ့်ပုံမျိုး နိုင်ငံတကာအသိုင်းအ၀ိုင်း ပြုမူနေကြတယ်။ ကုလသမဂ္ဂနဲ့ အလှူရှင်နိုင်ငံတွေက နိုင်ငံချင်းအလိုက်တမျိုး၊ နိုင်ငံတကာ အတိုင်းအတာနဲ့ တဖုံ အလုံးအရင်းနဲ့ ပုံအောနေကြတယ်။

ဒီထဲမှာ မြန်မာပြည်ကို ၂၁ ရာစု ဥပဒေစိုးမိုးတဲ့ ကမ္ဘာ့အသိုင်းအ၀န်းထဲ ၀င်ဆန့်လာဖို့ စီမံချက် ဆိုတာတွေလည်း ပါဝင်ပါတယ်။ သို့ပင်ငြား စံတော်ဝင် ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးရေးအတွက် စေတနာမွန်နဲ့ စေ့စပ်မှုတွေဟာ မှားယွင်းတဲ့ အကဲဖြတ်ချက်တွေအပေါ်မှာ တည်ဆောက်ထားတာမျိုးပဲ ဖြစ်နေပါတယ်။ဆိုလိုတာက မြန်မာပြည်သူတွေအတွက်ရော၊ နိုင်ငံတကာအသိုင်းအ၀ိုင်းက မျှော်မှန်းထား တဲ့ ကမ္ဘာ့လုံခြုံးရေးတိုးတက်လာဖို့အတွက် အကျိုးမရှိနိုင်ပါဘူး။

လွဲနေတဲ့ ယုတ္တိလို့ ဆိုရတာက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ကာကွယ်ရေးကိစ္စ အ၀၀ကို စစ်ဦးစီးချုပ် (ဗိုလ်ချုပ်မှူးကြီး) မင်းအောင်လှိုင်ကို အပ်နှင်းထားတဲ့ အချက်က အထင်အရှား ရှိနေပေမယ့် မြန်မာပြည်မှာ တရားမျှတမှု၊ ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးမှုကို တည်ဆောက်လို့ ရနိုင်တယ်ဆိုတဲ့ အယူအဆပါပဲ။

ဆိုခဲ့တဲ့အတိုင်း ကာကွယ်ရေးနဲ့ ဆိုင်တဲ့ ကိစ္စအ၀၀၊ တပ်ရေးတပ်ရာ ကိစ္စအရပ်ရပ်၊ စစ်တပ်ရဲ့ အပြုအမူတွေမှာ ဘယ်လိုပဲ ရာဇ၀တ်နဲ့ အဂတိလိုက်စားမှုမြောက်သည်ဖြစ်စေ အပြစ်ကနေ ကင်းလွတ်ခွင့်တွေ ပေးထားပါတယ်။

အမှန်တရားက ရိုးရှင်းပါတယ်။ မြန်မာပြည်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ပြီးနောက် စစ်တပ်ကို အရပ်သားရဲ့ ထိန်းချုပ်မှုအောက်မှာ မထားနိုင်ခဲ့ရင် သို့မဟုတ် မထားနိုင်သေးရင် ဘယ်လိုပဲ ဒီမိုကရေစီပြောပြော၊ ဘယ်လောက်ပဲ တရားဥပဒေစိုးမိုးရေးလို့ပဲ ဆိုဆို အပြောချည်း သက်သက်ပဲ ဖြစ်ပါလိမ့်မယ်။

ဖွဲ့စည်းပုံအရ စစ်တပ်ကို တပ်ပိုင်းဆိုင်ရာကိစ္စအားလုံးကို လွတ်လပ်စွာစီမံခန့်ခွဲစီရင်ခွင့်နဲ့ အပြစ်မှ လွတ်ငြိမ်းခွင့်တွေ ပေးထားတာကြောင့် စစ်ဆင်ရေးနဲ့ စစ်ရာဇ၀တ်မှုတွေကို ကျူးလွန်ဖို့ မီးစိမ်းပြထားပါတယ်။ လက်နက်တပ်ဆင်ရေး၊ လက်နက်ဖြုတ်သိမ်းရေးကိစ္စအ၀၀မှာလည်း ထင်တိုင်းကြဲ ခွင့်ပြုထားပါတယ်။ ယုတ်စွအဆုံး ဘယ်လို ရည်ရွယ်ချက်နဲ့မဆို နျူးကလီးယား နည်းပညာဖွံ့ဖြိုးလာအောင် ဆောင်ရွက်ခွင့်လည်း ပေးထားပါတယ်။

နိုင်ငံတကာရဲ့ ဖွံ့ဖြိုးရေးနဲ့ အကူအညီတွေဟာ စစ်တပ်ရဲ့ စီးပွားရေးအကျိုးစီးပွားရေးကို ကြီးကြီးမားမား အကျိုးပြုနေတာတွေ ရှိပါတယ်။ ဒါကြောင့် မြန်မာပြည်မှာ စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ပေါ်ထွန်းလာဖို့ ရည်ရွယ်ချက်နဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးအတွက် ဖိအားပေးမယ်ဆိုရင် မြန်မာစစ်တပ်က အလိုက်သင့် တုန့်ပြန်နိုင်စရာ အကြောင်းတွေ ရှိနေပါတယ်၊ ဒါပေမယ့် နိုင်ငံတကာ အသိုင်းအ၀န်းဟာ စစ်တပ်ကို ဖိအားပေးဖို့ကိစ္စမှာ လျော့ရဲလွန်းနေပါတယ်။

ဒါတင်မက စစ်တပ်က တိုင်းရင်းသားဒေသတွေမှာ အဆက်မပြတ် တိုက်ခိုက်နေတာတွေ၊ လျှို့ဝှက်တဲ့ လက်နက်နည်းပညာ ဖွံ့ဖြိုးရေးလုပ်ဆောင်နေတာတွေကို မသိကျိုးကျွံပြုထားပါတယ်။

လက်နက်ကိုင်ပဋိပက္ခ နှစ်ပေါင်း ၆၀ သမိုင်းတလျှောက်လုံးမှာ အစိုးရစစ်တပ်က ကလေးစစ်သား အသုံးပြုတာ၊ တိုင်းရင်းသူတွေကို အဓမ္မပြုကျင့်တဲ့အမှုတွေကို ကျူးလွန်တဲ့ အထောက်အထားတွေ အခိုင်အမာရှိပေမယ့် စစ်တပ်ထဲက အဖွဲ့ဝင်တယောက် တလေကိုတောင် စစ်ရာဇ၀တ်မှုနဲ့ တရားစွဲနိုင်ခြင်း မရှိခဲ့ပါဘူး။

နိုင်ငံတခုမှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာကို နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ကျင့်သုံးတဲ့ နေရာမှာ အရေးအကြီးဆုံးအဖြစ် သတ်မှတ်ကြပါတယ်၊ ဥပဒေရဲ့ ဖွင့်ဆိုချက်အရ အချုပ်အခြာ အာဏာ သို့မဟုတ် အချုပ်အခြာ အာဏာပိုင်နိုင်ငံဆိုသည်မှာ နိုင်ငံတော်မှာ ဥပဒေအရ လုပ်ပိုင်ခွင့် အပြည့်အ၀ရှိခြင်းကို ခေါ်ပါတယ်။

စစ်တပ်အပေါ်မှာ ဖြစ်စေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးမှာ ဖြစ်စေ လုပ်ပိုင်ခွင့် အလုံးစုံဟာ နိုင်ငံတော်ရဲ့ လက်ထဲမှာပဲ ရှိရပါတယ်။ ဒီအဓိပ္ပာယ်ဖွင့်ဆိုချက်အရ “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်” ဆိုတာ အချုပ်အခြာ အာဏာပိုင်နိုင်ငံဆိုတဲ့ စံနဲ့ မကိုက်ညီပါဘူး။

နိုင်ငံတကာအသိုင်းအ၀ိုင်းနဲ့ ဒီမိုကရေစီရေးအတွက် လက်တွေ့ လှုပ်ရှားနေသူတွေပါ သိထားရမယ့် အချက်ကတော့ မြန်မာပြည်မှာ စစ်မှန်တဲ့ ဒီမိုကရေစီနစ်ကို ထူထောင်မယ် ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို လူထုဆန္ဒနဲ့ အညီ ပြင်ဆင်ဖို့ မဖြစ်မနေ လိုအပ်တယ်ဆိုတဲ့ အချက်ပါပဲ။ စစ်တပ်အလိုကျ ပုံသွင်းထားတဲ့ နိုင်ငံရေးဘောင်ထဲကနေ စစ်မှန်တဲ့ ဒီမိုကရေစီကို ထူထောင်လို့ မရပါဘူး။

ဖွဲ့စည်းပုံ အခြေခံဥပဒေအရ “တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိက တာဝန်ရှိသည်လို့ အထွတ်တင်ထားပါတယ်။

စစ်တပ်က ရေးဆွဲထားခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဒီမိုကရေစီ၊ တရားဥပဒေစိုးမိုးရေး အခြေခံတွေ ပေါ်ပေါက်ရေးထက် စစ်တပ်ရဲ့ နိုင်ငံရေးအာဏာကို တည်တံ့အောင် ဘောင်သွင်းထားပါတယ်။ ဒါကြောင့် အပြောင်းအလဲအတွက် ပြတင်းတံခါး ဖွင့်ပေးဖို့ စစ်တပ်ကို စည်းရုံး ကြိုးပမ်းကြတဲ့အခါမှာ နိုင်ငံတကာ အသိုင်းအ၀ိုင်းက ပူးပေါင်းအားထုတ်မှု လိုအပ်ပါတယ်။

စစ်တပ်ကို လွတ်လပ်စွာစီမံခန့်ခွဲစီရင်ဆောင်ရွက်ပိုင်ခွင့် အပ်နှင်းထားတဲ့ ပြသနာကို ဝေးဝေးလံလံ ခြေရာခံဖို့ မလိုပါဘူး၊ (အရပ်သားအစိုးရရဲ့ အပြောနဲ့ စစ်တပ်ရဲ့ လုပ်ဆောင်ရွက် ရှေ့နောက်မညီတဲ့ ကိစ္စတွေထဲက) ၂၀၁၃ ဇန်န၀ါရီ ၁၉ ရက်နေ့မှာ သမ္မတ ဦးသိန်းစိန်က တိုင်းရင်းသားလူနည်းစုတွေအပေါ် တိုက်ခိုက်မှုတွေကို ရပ်ဆိုင်းဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ နာရီပိုင်းအတွင်းမှာပဲ စစ်တပ်က ကေအိုင်အေကို ထိုးစစ်တွေ ဆင်ခဲ့ပါတယ်။ အရပ်သား အစိုးရက ငြိမ်းချမ်းရေးတည်တံ့ဖို့ အားထုတ်မှုမှန်သမျှကို မသိကျိုးကျွံပြုခဲ့ပါတယ်။

နိုဝင်ဘာ ၂၉ ရက်နေ့မှာလည်း မြန်မာပြည်အလယ်ပိုင်းက စစ်တပ်ရဲ့ ဦးပိုင်နဲ့ တရုတ် ၀မ်ပေါင်ကုမ္မဏီတို့က လုပ်ကိုင်နေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ကန့်ကွက် ဆန္ဒပြခဲ့ကြသူတွေကို နှိမ်နင်းတဲ့အခါမှာ အဖြူရောင် ဖော့စရက်တွေကို အသုံးပြုခဲ့ပြန်ပါတယ်။ ဒီစီမံကိန်းမှာ စစ်တပ်ရဲ့ စီးပွားရေးအကျိုးစီးပွားတွေနဲ့ ပတ်သက်နေတဲ့ ကိစ္စဟာ မငြင်းပွားမှုတွေရဲ့ ဗဟိုချုပ် ဖြစ်ပါတယ်။

မြန်မာပြည်မှာ ဓနအင်အားမရ အတောင့်တင်းဆုံး စစ်တပ်ပိုင် လုပ်ငန်းတွေဟာ တခြားလုပ်ငန်းထက် အခွန်ကင်းလွတ်ခွင့် ရကြပါတယ်။ ဒါကြောင့်လည်း ပြည်သူတွေအတွက် ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍမှာ လိုအပ်ချက် မြင့်မားနေတာကို ဖြည့်ဆည်းနိုင်ဖို့ ၀င်ငွေတွေ လျော့နည်းသွားစေပါတယ်။

ဥပဒေရဲ့ ဖွင့်ဆိုချက်အရ အချုပ်အခြာ အာဏာ သို့မဟုတ် အချုပ်အခြာ အာဏာပိုင် နိုင်ငံဆိုသည်မှာ ဥပဒေကြောင်းအရ နိုင်ငံတော်က စစ်တပ်အပေါ်မှာ အပြည့်အ၀ ထိန်းချုပ်နိုင်စွမ်းရှိမှုကို ဆိုလိုပါတယ်။ ထိန်းချုပ်နိုင်စွမ်းရှိဖို့ လိုအပ်ပါတယ်။

မြန်မာ့ရှေ့နေကွန်ရက်နဲ့ အမေရိကန်အခြေစိုက် Justice Trust (USA) တို့ရဲ့ စုံစမ်း ဖော်ထုတ်ချက်အရ ရဲအဖွဲ့ဟာ (လက်ပံတောင်းတောင်သပိတ်ကို) အင်အားအလွန်အကျွံ သုံးပြီး ဖြိုခွင့်းခဲ့တယ်။ စစ်တပ်က ထုတ်တဲ့ အဖြူရောင် ဖော့စဖရက်ပါတဲ့ လက်နက်တွေနဲ့ တိုက်ခိုက်ခဲ့တယ်။ သံဃာတော် အပါး ၁၀၀ ကျော် ဓာတုဓာတ် လောင်ကျွမ်းတဲ့ ဒဏ်ရာတွေ ရခဲ့တယ်လို့ ဆိုထားပါတယ်။ အဖြူရောင် ဖော့စဖရက်ကို သုံးပြီး အရပ်သားတွေကို တိုက်ခိုက်တာဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာ ရောက်ပါတယ်၊

၂၀၁၂ နိုဝင်ဘာ ၂၃ ရက်နေ့မှာ သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် ပေးခဲ့တဲ့ ကန့်ကွက်မှုကို အကြမ်းဖက်နည်းနဲ့ အဖြေရှာဖို့ ဆိုတဲ့ သဘောထား၊ ကတိစကားနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတယ်၊

ဒီအဖြစ်အပျက်မှာ ဒီလောက် အန္တရာယ်များတဲ့ ဓာတုလက်နက်ကို ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ သူတွေကို နှိမ်နင်းတဲ့နေရာမှာ အသုံးပြုဖို့ ဘယ်သူက ခွင့်ပြုအမိန့်ပေးခဲ့သလဲဆိုတဲ့ အရေးကြီးတဲ့ မေးခွန်းပေါ်ထွက်လာပါတယ်၊ အရပ်သားအစိုးရနဲ့ ရဲတွေရဲ့ လုပ်ရပ်မှာ ၀ိရောဓိ ဖြစ်နေတာနဲ့ ပတ်သက်လို့ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်၊

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုရဲ့ လက်အောက်ခံ ဖြစ်ပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ရဲ့ လက်အောက်မှာ တာဝန်ထမ်းပါတယ်။ စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရောက်နေတဲ့ ရဲအဖွဲ့ကို ဒီလို ရာဇ၀တ်မှုမြောက်တဲ့ လုပ်ရပ်တွေမှာ တာဝန်ရှိလို့ ဆိုပြီး အလွယ်တကူနဲ့ အရေးယူဖို့ မဖြစ်နိုင်ပါဘူး။

အဖြူရောင် ဖော့စဖရက်ကို အသုံးပြုခဲ့တာကို ထောက်ရင် မြန်မာပြည်မှာ အရပ်သားတွေကို တားဆီးဖို့ ဘယ်လိုလက်နက်ကိုမဆို အသုံးပြုမယ်ဆိုတာကို အချက်ပေးလိုက်တာပါပဲ။ ဒီကိစ္စမှာ ကျူးလွန်သူတွေဟာ ရဲဖြစ်စေ၊ စစ်တပ်ဖြစ်စေ၊ ယုတ်စွအဆုံး စစ်တပ်က ငှားတဲ့ သီးသန့် လူမိုက်အဖွဲ့တဖွဲ့ ဖြစ်စေ ဘယ်တော့မှ လက်ရွံ့မှာ မဟုတ်ပါဘူး၊ အကြောင်းကတော့ မြန်မာပြည်မှာ ၁၉၆၂ ခုနှစ်ကစလို့ ရဲတပ်ဖွဲ့နဲ့ စစ်တပ်ထဲက အပြစ်ကျူးလွန်လို့ အပြစ်ပေးခံခဲ့ရဖူးတဲ့ အစဉ်အလာ မရှိပါဘူး။ ဘယ်အရပ်သားအစိုးရကမှလည်း ရဲနဲ့ စစ်တပ်ရဲ့ လုပ်ရပ်တွေကို ရပ်တန့်နိုင်စွမ်း မရှိခဲ့ပါဘူး။

မြန်မာပြည်ရဲ့ နျူးကလီးယား ကိစ္စကလည်း အစိုးရရဲ့ အပြောနဲ့ စစ်တပ်ရဲ့ အလုပ် ၀ိရောဓိဖြစ်နေတဲ့ နောက်ပြဿ နာတရပ်ပါပဲ။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်နေ့မှာ တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း (အမှတ်စဉ် ၁၄) သင်တန်းဆင်းပွဲမှာ ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ တပ်မတော်အနေနဲ့ အဏုမြူနည်းပညာကို ဆေးပညာနယ်ပယ်၊ သုတေသနနယ်ပယ်နဲ့ စွမ်းအင်နယ်ပယ်တွေမှာ အသုံးချသွားမယ်လို့ ပြောခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် ဇွန်လတုန်းက သူကိုယ်တိုင် တပ်မတော် ဦးစီးချုပ် တယောက်အနေနဲ့ ပြောခဲ့ဖူးတဲ့ မြန်မာပြည်မှာ နျူးကလီးယား အစီအစဉ်တွေ မရှိပါဘူး၊ ဒါကြောင့် ကုလသမဂ္ဂရဲ့ နျူးကလီးယား ထိန်းချုပ်ရေးအဖွဲ့ (အိုင်အေအီးအေ) ကလည်း ၀င်ရောက်စစ်ဆေးဖို့ မလိုဘူးလို့ ပြောခဲ့တာနဲ့ ကွဲလွဲနေပါတယ်၊

၂၀၁၂ ခုနှစ် နိုဝင်ဘာလမှာ သမ္မတ ဦးသိန်းစိန်က နျူးကလီးယားနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်တွေကို တရားဝင်ကြေညာဖို့နဲ့ ကုလသမဂ္ဂ စစ်ဆေးရေးမှူးတွေကို စစ်ဆေးခွင့်ပြုဖို့ လိုအပ်တဲ့ နိုင်ငံတကာသဘောတူညီချက်မှာ လက်မှတ်ထိုးမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် ပြသနာက ဖွဲ့စည်းပုံအခြေခံဥပဒေမှာ စစ်ဦးစီးချုပ်ကို အပြည့်အ၀ လုပ်ပိုင်ခွင့် အပ်နှင်းထားတဲ့ အခြေအနေမျိုးမှာ စစ်တပ်နယ်မြေထဲကို ကုလသမဂ္ဂ စစ်ဆေးရေးမှူးတွေကို ၀င်ရောက် စစ်ဆေးခွင့်ပြုဖို့ ကိစ္စ၊ သို့တည်းမဟုတ် စစ်တပ်နယ်မြေထဲက နျူးကလီးယား အစီအစဉ်တွေနဲ့ ပတ်သက်လာရင် သမ္မတအနေနဲ့ ပြောတဲ့ အတိုင်း ဖြစ်လာအောင် ဘာများ တတ်နိုင်မှာလဲ မေးစရာရှိပါတယ်။

ယုတ်စွအဆုံး သမ္မတ ဦးသိန်းစိန်က နိုင်ငံတကာရဲ့ မြောက်ကိုရီးယားအပေါ် ဒဏ်ခတ် ပိတ်ဆို့မှု မူအတိုင်းပဲ မြောက်ကိုရီးယားနဲ့ စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုတွေကို ဖြတ်တောက်ပါမယ်လို့ တောင်ကိုရီးယားနဲ့ (၂၀၁၂ မေလ) မှာ အမေရိကန်ခေါင်းဆောင်တွေကို အာမဘန္တေခံခဲ့ပါတယ်၊

ဒါပေမယ့် နောက်ထပ် ၃ လပဲ ကြာပါတယ်။ မြောက်ကိုရီးယားကနေ တရုတ်နိုင်ငံ လမ်းကြောင်းကတဆင့် ရန်ကုန်အခြေစိုက် ဆောက်လုပ်ရေးကုမ္မဏီတခုဆီကို ပို့ဖို့ ရည်ရွယ်ထားတဲ့ နျူးကလီးယားသန့်စင်ရေးနဲ့ ဒုံးကျည်ဖွံ့ဖြိုးရေးလုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်း တွေကို ဂျပန်က ဖမ်းမိလိုက်ပါတယ်။ ရန်ကုန်အခြေစိုက် ဆောက်လုပ်ရေးကုမ္မဏီ ဆိုတာကလည်း မြန်မာ စစ်တပ်ရဲ့ စစ်လက်နက်ပစ္စည်းတွေကို ဒိုင်ခံဝယ်ပေးနေတဲ့ ထိပ်တန်းကုမ္မဏီတခုအနေနဲ့ အမေရိကန်အစိုးရက ယုံကြည်ထားပါတယ်။

မြန်မာပြည်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ တိုင်းရင်းသားအရပ်သားတွေအပေါ် စစ်ရေးတိုက်ခိုက်မှု အထောက်အထားတွေက မြန်မာအစိုးရရဲ့ အပြောနဲ့ အလုပ် တခြားစီ ဖြစ်နေတဲ့ သက်သေတွေပါပဲ။ မြောက်ကိုရီးယားရဲ့ အကူအညီနဲ့ နျူးကလီးယားကဏ္ဍ ဖွံ့ဖြိုးလာအောင် ဆောင်ရွက်ချက်တွေကလည်း နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာ ရောက်ပါ တယ်၊ ဒါပေမယ့် နိုင်ငံတကာ အသိုင်းအ၀ိုင်းကတော့ ဒါတွေကို မသိကျိုး ကျွံပြု ထားတယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အကန့်အသတ်နဲ့ ဒီလို ချိုးဖောက်မှုကို အရေးမကြီးသယောင် လုပ်နေကြတယ်။

ဥပမာ ၂၀၁၂ ဒီဇင်ဘာအတွင်းမှာ နိုင်ငံတကာ ရှေ့နေများအစည်းအရုံး လူ့အခွင့်အရေး အင်စတီကျူ (IBAHRI) ကနေ မြန်မာပြည်၏ တရားဥပဒေစိုးမိုးမှု (“The Rule of Law in Myanmar: Challenges and Prospects,”) စိန်ခေါ်မှုများနှင့် မျှော်လင့်ချက်များဆိုတဲ့ နာမည်နဲ့ အစီရင်ခံစာထုတ်ပါတယ်၊ ဒီထဲမှာ သုံးသပ်ထားတဲ့ အချက်တချက်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ် ၄၄၅ (န၀တ၊ နအဖ ခေတ်က ဆောင်ရွက်ချက်တွေကို အကြောင်းပြုလျက် တရားစွဲဆိုခြင်း၊ အရေးယူခြင်း မရှိစေရဆိုတဲ့ ပုဒ်မ) ဟာ ဆိုးရွားတဲ့ ရာဇ၀တ်မှုမြောက် လုပ်ရပ်တွေနဲ့ အကျုံးမ၀င်ဘူးလို့ သုံးသပ်ထားပါတယ်။

အိုင်ဘီအေရဲ့ အဲဒီ အစီရင်ခံစာထွက်ပြီး သိပ်မကြာခင်မှာပဲ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနက ပုဒ်မ ၄၄၅ ကြောင့် ယခင် ဆက်သွယ်ရေး ၀န်ကြီးဟောင်း ဦးသိန်းဇော်လက်ထက်မှာ ဖြစ်ခဲ့တဲ့ အဂတိလိုက်စားမှုတွေ၊ အဂတိလိုက်စားတဲ့ အရာရှိတွေကိစ္စကို စုံစမ်းဖော်ထုတ်ဖို့ကိစ္စမှာ အတားအဆီး ဖြစ်နေတယ်လို့ ကိုးကား ပြောသွားပါတယ်။

ပုဒ်မ ၄၄၅ ကြောင့် လောဘနဲ့ အဂတိလိုက်စားမှုတွေကို ဖော်ထုတ်ဖို့တောင် အခက်တွေ့နေရတယ်ဆိုရင် ဒီထက်ဆိုးတဲ့ ဥပမာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ လူသားတွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု၊ အမျိုးသမီးတွေ အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု ကိစ္စတွေလို ရာဇ၀တ်မှုတွေကို ဘယ်လိုများ ဆောင်ရွက်ကြမလဲ။

နိုင်ငံတကာအသိုင်းအ၀ိုင်းထဲက တချို့က ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးတဲ့ ဒုက္ခ၊ ကမ္ဘာ့ လုံခြုံရေးအတွက် စိုးရိမ်သောက ရှိနေတာကို အမြင်နှိုးကြားနေတာကတော့ ကောင်းတဲ့ အချက်ပါပဲ။ မြန်မာပြည်ကို ၅ ရက်ကြာ လေ့လာရေးခရီးသွားခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့် အရေး အထူးစုံစမ်းရေးမှူး မစ္စတာ သောမတ် အိုဟေး ကင်တာနားကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တရားဥပဒေစိုးမိုးရေးနဲ့ အခြေခံ လူ့အခွင့်အရေးအတွက် အနှောင့်အယှက်ဖြစ်နေတယ်လို့ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ မှတ်ချက်ပြု ခဲ့တယ်။

ကမ္ဘာတ၀ှမ်းက လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းပေါင်း ၅၅၀၀၀ ကျော်နဲ့ ဖွဲ့စည်းထားတဲ့ နျူး ကလီးယားခေတ် ငြိမ်းချမ်းရေးဖောင်ဒေးရှင်းအဖွဲ့ (The Nuclear Age Peace Foundation (NAPF) ကလည်း ၂၀၁၂ နိုဝင်ဘာလမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို စာတစောင် ပို့ပါတယ်။ စာထဲမှာ ၂၀၀၈ ဖွဲ့စည်းပုံအရ စစ်တပ်ကို လွတ်လပ်စွာ လုပ်ဆောင်ခွင့် ပြုထားတဲ့ အတွက် အရပ်သားအစိုးရအနေနဲ့ နိုင်ငံတကာကို ပေးထားတဲ့ ကတိနဲ့ ၀တ္တရားတွေ အတိုင်း ဆောင်ရွက်နိုင်ရေးမှာ အခက်တွေ့နိုင်တယ်တဲ့ကိစ္စကို လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ အလေးနက်ထား စဉ်းစားဖို့ တိုက်တွန်းခဲ့တယ်။ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်တဲ့ နျူးကလီးယား လက်နက် တားဆီးပိတ်ပင်ရေးနဲ့ အစုလိုက် အပြုံလိုက် သေစေနိုင်တဲ့ လက်နက်ကိစ္စတွေမှာ မြန်မာပြည်က လေးစား လိုက်နာဆောင်ရွက်မှု ရှိ၊ မရှိ ကို စိစစ်ပြခဲ့တယ်။

NAPF ရဲ့ ဥက္ကဋ္ဌ David Krieger က “မြန်မာပြည်မှာ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့မှာ စတင်ကျင့်သုံးသော ဖွဲ့စည်းပုံအခြေခံဥပဒေအရ အရပ်သားအစိုးရဟာ စစ်တပ်အပေါ်မှာ ထိန်းချုပ်နိုင်စွမ်း အလျင်းမရှိပါ။ ယင်းအချက်ကြောင့် မြန်မာအစိုးရသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များဖြစ်သော SCR 1540 or SCR 1874၊ ကုလသမဂ္ဂ ကြေညာစာတမ်း၊ ဂျနီဗာ သဘောတူညီချက်၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက်နှင့် နျူးကလီးယား လက်နက်မပြန့်ပွားရေး သဘောတူညီချက်များကို လိုက်နာရန် မဖြစ်နိုင်တော့ပါ” လို့ ဆိုပါတယ်။

မြန်မာပြည်မှာ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ဒီမိုကရေစီအရေးအတွက် လက်တွေ့ ကြိုးပမ်းနေကြသူတွေက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို အရေးကြီးတဲ့ ရည်မှန်းချက် အနေနဲ့ စဉ်းစားနေကြပေမယ့် လက်တွေ့မှာတော့ ၂၀၀၈ ဖွဲ့စည်းပုံကိုယ်နှိုက်က ပြင်ဆင်ရေးကို လမ်းလွှဲထားတယ်။ လွှတ်တော်ရဲ့ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှုရမှသာ ဖွဲ့စည်းပုံက ပြင်ဆင်နိုင်မယ်လို့ ပြဌာန်းထားတာကြောင့် လွှတ်တော်ထဲက စစ်တပ်ကိုယ်စားလှယ်တွေ ၂၅ ရာခိုင်နှုန်းက ဥပဒေပြုရေးနဲ့ ပြင်ဆင်ရေး ကိစ္စအ၀၀မှာ ဗီတိုအာဏာကို ကိုင်ထားပါတယ်။

အန်အယ်ဒီအမတ် ဦးဝင်းထိန်ရဲ့ အဆိုအရ ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်ကို “အပျော့နည်းနဲ့ စည်းရုံးနေတယ်” (“talking sweet”) လို့ ဆိုပါတယ်။ အကြောင်းကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား ဒီမိုကရေစီအရေးအတွက် ကြိုးပမ်းနေသူတွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေက ဒီမိုကရေစီကို ပြန်ပေးဆွဲထားတဲ့ ကိစ္စကို လွတ်လွတ်လပ်လပ်၊ ပွင့်ပွင့်လင်းလင်း၊ အားမာန်အပြည့်နဲ့ ပြောဆိုဖို့ အခက်တွေ့နေရလို့ပါပဲ။

ဒီလို အခြေအနေနောက်ခံမှာ သမ္မတ္ခ ဦးသိန်းစိန်အနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အမှန် တကယ် လိုလားကြောင်း ပြသချင်တယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို လွတ်လွတ် လပ်လပ် ပြန် သုံးသပ်ဖို့ တောင်းဆိုချက်မူတွေကို ထောက်ခံနိုင်ပါတယ်၊ စစ်တပ်ကိုယ်တိုင်က လိုက်ပါဆောင်ရွက်လာအောင် နိုင်ငံတကာ ဥပဒေတွေကို ထောက်ခံတဲ့ ဆန္ဒတွေကို ပြသဖို့ လိုပါတယ်။

ဥပမာ နိုင်ငံတကာ ရာဇ၀တ်မှုခုံရုံး (International Criminal Court)ရဲ့ ရောမ ဥပဒေသဘောတူညီချက်မှာ(Rome Statute) လက်မှတ်ထိုးနိုင်ဖို့၊ ပါလီမန်ရဲ့ သဘော တူညီချက်ကို တောင်းခံနိုင်ပါတယ်။ ဂျနီဗာ သဘော တူညီချက်မှာ ခြွင်းချက်အနေနဲ့ ထည့်သွင်းထားတဲ့ အရပ်သားနဲ့ နိုင်ငံရေး အခွင့်အရေးဆိုင်ရာ ကတိက၀တ်နဲ့ ညှဉ်းပမ်း နှိပ်စက်မှုနဲ့ တခြား လူမဆန်သော ရက်စက်မှုနှင့် အပြစ်ပေးမှုများကို ဆန့်ကျင်သော သဘောတူညီချက်မှာ မြန်မာနိုင်ငံက လက်မှတ်ထိုးရေးကို ထောက်ခံကြောင်းပြသဖို့ လိုပါ တယ်။

သေချာတာကတော့ နိုင်ငံတကာ အသိုင်းအ၀ိုင်းအ၀ိုင်းအနေနဲ့လည်း မြန်မာပြည်မှာ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးရေး ဖြစ်ထွန်းဖို့ အမှန်တကယ် စိုးရိမ်တယ်၊ လိုလားတယ် ဆိုရင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးဖြစ်မြောက်အောင် ၀ိုင်းတွန်းဖို့ ခြေလှမ်းတွေ စသင့်ပါပြီ၊ ကုလသမဂ္ဂအထွေထွေညီလာခံ၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေတဆင့် နိုင်ငံတကာ တရားမျှတမှုတရားရုံး (International Court of Justice) ရဲ့ မူဘောင်ထဲကနေ မြန်မာပြည် ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် အကြံကောင်းပြုနိုင်ပါတယ်။ (ကိုဆိုဗို လွတ်လပ်ရေး ကြေညာစာတမ်းမှာ တရားဥပဒေနဲ့ ညီညွတ်မှု ရှိအောင် ဒီလို အကြံပြု ခဲ့ဖူးတယ်)

နိုင်ငံတကာ အကူအညီတွေနဲ့ ဖွံ့ဖြိုးရေး ရန်ပုံငွေတွေကတဆင့် ဒီလို တိုးတက်မှုမျိုးကို ဖန်တီးနိုင်တဲ့ အပြုသဘောခြေလှမ်းတွေ လှမ်းကြဖို့ အချိန်တန်ပါပြီ။ နိုင်ငံတကာ အသိုင်းအ၀ိုင်းက ဒီလို ညီညွတ်တဲ့ သန္နိဋ္ဌာန်နဲ့ ဆောင်ရွက်မှပဲ မြန်မာပြည်မှာ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ တရားဥပဒေ စိုးမိုးရေး ဖြစ်ထွန်းလာမှာ ဖြစ်ပါတယ်။

(ဆောင်းပါးရှင် JANET BENSHOOF သည် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ အခြေစိုက် Global Justice Center ကို တည်ထောင်သူနှင့် လက်ရှိ ဥက္ကဋ္ဌ ဖြစ်ပါသည်)

(မူရင်း၊ ၊ It’s time for the int’l community to address Burma’s constitution By JANETBENSHOOF)

DVB
http://burmese.dvb.no/archives/86614

မနေ.က (၂၁-၃-၂၀၁၅) မန်းလေမှာ ကျောင်းသားများသပိတ်စစ်ကြောင်းအား လက်ပံတန်းမြို.တွင် အကြမ်းဖက်ဖြို့ခွဲခံရမှု အတွက် တရားဝင်ခွင့်ပြုမိန်.နဲ.ကန်.ကွက်ရှံချပွဲပြုလုပ်ပြီး
ချီတက်နေစဉ်မှာ ရဲမေတွေ ရဲတွေစီလာတဲ့ကားဆန္ဒပြနေတဲနေရာမှာပျက်တော့ လမ်းပိတ်နေလို့ဆန္ဒပြသူတွေ ဘုန်းဘုန်းတွေ ပါမကျန်မနေနိုင်ကြပဲ ကားကို ကူညီ ၀ိုင်းတွန်းပေး
ကြလေရဲ.။

ဒါပေမယ့် အများပြည်သူတွေ သံဃာတော်တွေပါမကျန် ကားဝိုင်းကို ၀ိုင်းဝန်းကူညီတွန်းပေးနေချိန်မှာကားပျက်တဲ့ ကားပေါ်က ရဲမေတွေက ခန့်သားကြီး ကားပေါ်က
မဆင်းကြပဲ ဆက်လက်ထိုင်နေခြင်းကို မြင်ရတော့ မြန်မာ့လူ.အဖွဲ.အစည်းမှာ အပြန် အလှန် ယဉ်ကျေးမှုတွေ၊ အသိတရားတွေ အားနည်းလာနေခြင်းများလားဟု
တွေးထင်မိပါလေသည်။

သတင်းဓါတ်ပုံ- April Maung Maung via အစုံသုတ် မီဒီယာ

မေတ္တာမပေးတော့ဘူးလား သမ္မတကြီးခင်ဗျား

မနေ့က အားလပ်ရက်ကလေး အနားယူပြီး ရုပ်သံအစီအစဉ်တွေ လျှောက်ကြည့်ဖြစ်တယ်။ အမှတ်မထင် "တစ်ဦးကစေတနာ၊ တစ်ဦးကမေတ္တာ" ဆိုတဲ့ ရုပ်ရှင်ကားလေးကို ပြန်ကြည့်ခွင့်ရခဲ့တယ်။ ကျွန်တော် အလွန် ကြိုက်တဲ့ ဆရာကြီး ဦးသုခ လက်ရာ။ မင်းသားကြီး ကောလိပ်ဂျင်နေဝင်း၊ ကျော်ဟိန်းတို့ အဓိက ဇာတ်ကောင် နေရာကနေပြီး တစ်ကားလုံးကို ဝုန်းဒိုင်းကြဲသလို နှလုံးသားကို ဆွဲလှုပ်သွားခဲ့တဲ့ ဇာတ်ကားလေးပါ။ ကျွန်တော် ဒီရုပ်ရှင်ကို ကြည့်မိတာ ဘယ်နှကြိမ်မြောက်လည်း မသိတော့ဘူး။ ကြည့်မိတိုင်းလည်း ဆရာကြီး ဦးသုခရဲ့ စေတနာဟာ အမျိုးမျိုးသော ရောင်ပြန်ဟပ်မှုများကို ထုတ်ပေးနေတယ်ဆိုတာ ခံစားရပါတယ်။

ဒီဇာတ်ကားဟာ ကျောင်းဆရာအိုတစ်ယောက်နဲ့ ပျက်စီးပြီး လမ်းမှားရောက်ခါနီး လူငယ်တစ်ယောက်ကို အဓိက ဇာတ်လမ်းဆင်ထားတာ။ ဇာတ်ကားရဲ့ အဓိက ဦးတည်ချက်ဟာ "တကယ်ဖြစ်ချင် တကယ်လုပ်၊ အဟုတ်ဖြစ်ရမည်" ဆိုတဲ့ စကားပါပဲ။

လောကကို အရွဲ့တိုက်ပြီး ဖြစ်ချင်တာတွေမဖြစ်ရင် ဖြစ်ချင်ရာဖြစ်လို့ သဘောထားပြီး အရက်သမားတစ် ယောက်ဖြစ်ခဲ့ရတဲ့ ကျောင်းဆရာတစ်ယောက်နဲ့၊ အထင်မှား၊ အမြင်မှားပြီး ထောင်ထဲရောက်သွားခဲ့ရကာ ထောင်ကလွတ်လာပေမဲ့ လမ်းမှားကို တိမ်းသွားတဲ့ လူငယ်တစ်ယောက်တွေ့လိုက်တဲ့အခါမှာ အလွန်လှတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်လာခဲ့ရပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ လူငယ်တွေ လမ်းလွဲရောက်သွားရင် ပြုပြင်ပေးချင်တဲ့သူတွေ အလွန်ရှားပါတယ်။ ပထမဆုံး မိဘတွေကိုယ်တိုင်က နေ့စဉ်သောကတောမှာ နစ်မြောနေကြရတာဆိုတော့ သားသမီးအပေါ် ပြန်ပြီး မကြည့်နိုင်ကြတာကလည်း သတိထားစရာ ကိစ္စတွေဖြစ်လာပါတယ်။ ချမ်းသာတဲ့မိဘတွေအတွက်ကတော့ သားသမီးတွေမှာ ပြဿနာနည်းမှာပေါ့။ ဆင်းရဲပြီး မရှိတဲ့ လူငယ်တွေဘဝဟာ ဖြစ်ချင်တာတွေ မဖြစ်လာရင် ဖြစ်ချင်ရာ ဖြစ်စမ်းကွာဆိုတဲ့ သဘောမျိုးတွေ ဝင်လာတတ်ပါတယ်။

ရုပ်ရှင်ထဲမှာမို့ တကယ်ဖြစ်ချင် တကယ်လုပ်ပြီး အဟုတ်ဖြစ်ခဲ့တာပေါ့။ အပြင်မှာ ဖြစ်ချင်လို့ လုပ်ချင်ပေမယ့် မလုပ်နိုင်တာတွေ၊ ဘာလုပ်ရမှန်းမသိတာတွေ အများကြီးပဲ။ တကယ်ဖြစ်ချင်လို့ တကယ်လုပ်ပြီး အဟုတ်ဖြစ် ခဲ့တဲ့သူတွေ ရှိပေမယ့် ရှားလိမ့်မယ်။ ၁၀၀ မှာ တစ်ယောက်၊ ၁၀⁠၀၀ မှာ တစ်ယောက်၊ တစ်သောင်းမှာ တစ်ယောက် ထွက်ဖို့လည်း ခက်ပေလိမ့်မယ်။

ကျွန်တော်တို့ လူငယ်တွေဘဝကို မြှင့်တင်ဖို့ဆိုတာ ပညာရေးကောင်းအောင်လုပ်ပြီး၊ ဘဝအာမခံချက်ပေးနိုင်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ပဲ။ စင်ကာပူနိုင်ငံကို စံထားပြီး လေ့လာကြည့်ရင် အများကြီး အတု ယူစရာတွေရှိတယ်။ တိုင်းပြည်ခေါင်းဆောင်တွေကိုယ်တိုင်က လူငယ်တွေကို အလေးထားတယ်။ လူငယ်နဲ့ အနာဂတ်ကို ပုံဖော်ဖို့ သတ်မှတ်ထားတယ်။ လူငယ်တွေကို ပညာတ⁠တ်အောင်သင်ခိုင်းတယ်။ သင်ပေးတဲ့ ပညာ ကလည်း ကျွန်ဖြစ်စေတဲ့ ပညာရေးမဟုတ်ဘူး။ နိုင်ငံတကာမှာ သခင်ဖြစ်စေတဲ့ လက်မထောင်နိုင်တဲ့ ပညာရေး မျိုးကို အကွက်ချပေးတယ်။ အဲဒါက စင်ကာပူနိုင်ငံပါ။

ဘီ⁠ဘီစီသတင်းဌာနနဲ့ သမ္မတဦးသိန်းစိန် တွေ့ဆုံပွဲမှာ ကျောင်းသားတွေကို နိုင်ငံတကာစံအတိုင်း လုပ်တာ၊ လုပ်ထုံးလုပ်နည်းအတိုင်း လုပ်တာ၊ သူတို့ခဲနဲ့ပေါက်လို့ ပြန်ရိုက်တာလို့သမ္မတ⁠တစ်ယောက်ဖြစ်ပြီး လမ်းဘေးက စကားအဆင့်နဲ့ ပြောလိုက်တာ အလွန်ကြေကွဲဝမ်းနည်းရပါတယ်။ သမ္မတဟာ သူ့ဘေးကလူတွေရဲ့ ပြောစကား အတိုင်း ရိုက်တော့ဘာဖြစ်သလဲဆိုတဲ့စကားမျိုးပြောလိုက်တာပါ။ ဒါဟာ "မိဘပြည်သူများခင်ဗျား" ဆိုပြီးတော့ လစဉ်ခေါ်ဖို့တောင် မထိုက်တဲ့ စကားမျိုးပါ။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး ကိုယ့်လူငယ်တွေကို ရင်ဝယ်သား ကဲ့သို့ မစောင့်ရှောက်နိုင်ဘူး၊ တစ်ဘက်သတ်အပြောနဲ့ ပါးကိုက်ရင် နားပြန်ကိုက်မှာပဲလို့ ပြောလိုက်တဲ့ အတွက် လည်း စိတ်မကောင်းဖြစ်ရပါတယ်။ သမ္မတဘေးနားကလူတွေ သမ္မတကြီးကို ကျောင်းသားတစ်ယောက်ကို ရဲ အယောက် ၂၀ လောက်က ဝိုင်းရိုက်တဲ့ ဗီဒီယိုမှတ်တမ်းတွေကို ပြသင့်ပါတယ်။ ဒါဆိုရင် တစ်ဘတ်ပိတ်အမြင်နဲ့ သမ္မတကြီး ဒီစကားမျိုးပြောချင်မှ ပြောပါလိမ့်မယ်။

သမ္မတကြီးခင်ဗျား "တစ်ဦးကစေတနာ၊ တစ်ဦးကမေတ္တာ" ဆိုတဲ့ ဇာတ်ကားလေးကို မကြည့်ဖြစ်ရင်တောင် ဗုဒ္ဓဘာသာတစ်ဦးအနေနဲ့ ဒီစာသားလေးလောက်ကိုတော့ ဆင်ခြင်သင့်ပါတယ်။ သမ္မတကြီး မေတ္တာပေးရင် မေတ္တာပြန်ရပါလိမ့်မယ်။ တုတ်ပေးရင်တော့ တုတ်ပဲ ပြန်ရပါလိမ့်မယ်။

၂၂.၃.၂၀၁၅

Tin Nyunt 

၂၀.၃.၂၀၁၄အမျိုးသားလွှတ်တော်တွင်ဥပဒေကြမ်းကော်မတီဥက္ကဌဦးခင်မောင်ရီမှ တင်သွင်သည့်အစီရင်ခံစာတွင်ကျောင်းသားကိုယ်စားလှယ်များ။NNERမှတင်ပြသည့်အချက် အတော်များများပယ်ဖျက်ခံရသည်ဟုလွှတ်တော်ကိုယ်စားလှယ်ဦးဖုန်းမြင့်အောင် အတည်ပြုပြောဆိုပါသည်။

1အမျိုးသားပညာရေးကော်မရှင်ပယ်ဖျက်သည်ကိုပုံစံအသစ်ဖြင့်ပြန်ဖွဲ့ပါသည်။အစိုးရ။ပြည်သူလွှတ်တော်အမျိုးသားလွှတ်တော်ဥက္ကဌများမှရွေးချယ်သူများပါဝင်ပြီး။ဆရာများနှင့်ကျောင်းသားကိုယ်စားလှယ် ၄ဦးသာပါဝင်သည်။

2.ဆရာများပါတီဝင်ခွင့်ပယ်ဖျက်

3.ကျောင်းသားသမဂ္ဂများကိုတက္ကသိုလ်ပဋိဥာဉ်အတိုင်းဖွဲ့စည်းခွင့်ကန့်သတ်သည်။
(တက္ကသိုလ်ပဋိဉာဉ်မဖော်ပြ)

4.တက္ကသိုလ်များတွင်တက္ကသိုလ်ရံပုံငွေဖြင့်သမဂ္ဂအဆောက်အအုံတည်ဆောက်ခွင့်ပါယ်ဖျက်သည်။

5.အဆင့်မြင့်ပညာရေးအတွက်လွတ်လပ်စွာဘာသာရပ်များရွေးချယ်ခွင့်ပါယ်ဖျက်သည်။

6.ကျောင်းသားများထုတ်ထော်ခွင့်။စုဝေးတိုင်ပင်ခွင့်ပါယ်ဖျက်သည်။

7.ကျောင်းအုပ်ချုပ်ရေးတွင်သမဂ္ဂများပါဝင်ခွင့်ပယ်ဖျက်သည်။

8.ဆရာများသမဂ္ဂကိုလွတ်လပ်စွာဖွဲ့စည်းခွင့်ပယ်ဖျက်သည်။

9.ကျောင်းအုပ်ချုပ်ရေးတွင်ကောင်စီတွင်ဆရာများသမဂ္ဂ။ကျောင်းသားသမဂ္ဂကိုယ်စားလှယ်ပါဝင်ခွင့်ပယ်ဖျက်သည်။

10.ကျောင်းသားသမဂ္ဂများကိုကျောင်းသားသူများကိုယ်တိုင်တည်ထောင်ခွင့်ပယ်ဖျက်သည်။

11.ကျောင်းသားများလွတ်လပ်စွာသုတေသနပြုခွင့်ပယ်ဖျက်သည်။
(လွှတ်တော်ကိုယ်စားလှယ်များတနင်္လာနေ့နောက်ဆုံးထားစာရင်းပေးသွင်နိုင်)

BBC interview မှာ သမ္မတ အဆင့်အတန်း ကိုတောင် မငဲ့ပဲ မုသာဝါဒသုံး လိမ်ညာခဲ့တဲ့ သူတစ်ယောက်ရဲ့ စကားတွေဟာ မှားကြောင်း သက်သေပြချက်။

နိုင်ငံခြားသူကို လက်ထပ်ယူခဲ့သော သမ္မတကြီး။
=================================
့ ဦးနေ၀င်းဟာ ၁၉၇၄ မတ်လ ၂ ရက်နေ့မှာ သမ္မတ ဖြစ်လာခဲ့ပါတယ်။
ဇနီး ၃ ယောက် ရှိခဲ့ဖူးပြီး.စတုတ္ထဇနီးအဖြစ် လက်ထပ်ယူ ခဲ့တဲ့ သမ္မတကတော်ကတော့ ရတနာနတ်မယ်ပဲ ဖြစ်ပါတယ်။ ရတနာနတ်မယ်ဟာ မန္တလေးမြို့မှာ ရတနာ နတ်မယ်လို့ ထင်ရှားပေမဲ့လို့ ကျောင်းနေဖက် သူငယ်ချင်းတွေကတော့ ဂျွန်ရို့ဘယ်လမီ လို့ ခေါ်ကြပါတယ်။ မြန်မာနိုင်ငံကို လာရောက် နေထိုင်တဲ့ သြစတြီးယားနိုင်ငံသား ဟားဘတ် ဘယ်လမီနဲ့ လင်းပင်မင်းသားရဲ့သမီး လင်း ပင် ထိပ်တင်မလတ်တို့က မွေးဖွားခဲ့တဲ့ တစ် ဦးတည်းသော သမီးပါ။ ဘယ်လမီကို လင်း ပင် မင်းသမီးရဲ့ ဆွေတော်မျိုးတော်တွေက မြင်းဒိုင်ဗိုလ်ကြီးလို့ ခေါ်ခဲ့ကြပါတယ်။ လူထု ဦးလှရေးတဲ့ 'ကျွန်တော်မြင်းသမား'စာအုပ် မှာ ဘယ်လမီကို ဘွတ်ကီဒိုင်လို့ ဖော်ပြထား ပါတယ်။ ဟားဘတ်ဘယ်လမီနဲ့ လင်းပင် ထိပ်တင်မလတ်တို့ဟာ သားသမီးအဖတ်မ တင်ခဲ့ပါဘူး။ လင်းပင်ထိပ်တင် မလတ်ဟာ ၄ဝ ကျော်မှ ကံပေါ်ဆိုသလို အသက် ၄ဝ သီသီစွန်းလောက်ကျမှ ရတနာနတ်မယ် ကို မွေးဖွားခဲ့တာပါ။ နတ်ကပေးတဲ့ သမီး ရတနာလေးဆိုတဲ့ အဓိပ္ပာယ်နဲ့ လင်းပင် မင်းသားကြီးကိုယ်တိုင်က ရတနာနတ်မယ် လို့ နာမကရဏမင်္ဂလာ ချီးမြှင့်ပြီး ကင်ပွန်း တပ်ခဲ့တာပါ။ ဗိုလ်ချုပ်ကြီးနေဝင်းဟာ ဗိုလ်မှူးကြီး ဘဝနဲ့ ရှိစဉ်ကတည်းက မန္တလေး နဲ့ ပြင်ဦးလွင်မြို့တွေမှာ ရတနာနတ်မယ် ကို တွေ့မြင်ခဲ့တာပါ။ မန္တလေးသင်္ကြန်တွေ မှာ ဝင်းလိုက်မယ်သင်္ကြန်မဏ္ဍပ်ပေါ်က ရတနာနတ်မယ်ရဲ့ သင်္ကြန်အလှနဲ့ သင်္ကြန် အကက မန္တလေးသားတွေရဲ့ နှုတ်ဖျားမှာ ရေပန်းစားခဲ့ပါတယ်။ ပြည်ထောင်စုသင်္ကြန် မှာတော့ အစိုးရအဖွဲ့က တခုတ်တရကျင်းပ တဲ့ သင်္ကြန်ဖြစ်လို့ အစိုးရအဖွဲ့ဝန်ကြီးတွေနဲ့ စစ်ဘက်နယ်ဘက် အရာရှိအရာခံများလည်း မန္တလေးသင်္ကြန်ပွဲ နွှဲခဲ့ကြတယ်။ မန္တလေး သင်္ကြန်ပွဲဆင်နွှဲသူများထဲက တစ်ယောက် ဖြစ်တဲ့ ဗိုလ်နေဝင်းကို အခြားပရိသတ်များ ထဲက ပရိသတ်တစ်ယောက်အဖြစ်သာ ရတနာနတ်မယ်က စိတ်ထားခဲ့ပုံရပါတယ်။ အရာရှိအရာခံတွေကြားထဲမှာ ပျော်မွေ့ဖို့ အာရုံထားလေ့မရှိတဲ့ ရတနာနတ်မယ်ဟာ မောင်ရင်းနှမလို ခင်မင်နေတဲ့ ကိုမြမောင် (စာရေးဆရာ သော်တာဆွေရဲ့ နာမည်ကျော် ဇာတ်လိုက်ကြီး 'ငွေကို လေလိုသုံးသူ' မိုး ကုတ် ဦးမြမောင်)တို့လို မိတ်ဆွေများနဲ့ တင်း နစ်ကွင်းသွားမယ်၊ ကစားမယ်၊ စားမယ် လောက်ကိုပဲ အာရုံရှိတာပါ။ တစ်ခါတစ်ရံ တော့လည်း မိခင် လင်းပင်ထိပ်တင် မလတ်ရဲ့ အစ်ကိုတော် လင်းပင်ထိပ်တင်လတ်ရဲ့ သမီး များဖြစ်တဲ့ လင်းပင်တင်တင်မကြီး (စက်ရှင် မင်းကြီး ဦးထွန်းဖေ ဇနီး)နဲ့ လင်းပင် တင်တင် မလတ်တို့ကို အဖော်လုပ်ပြီး နေပါတယ်။ ဘကြီးတော် လင်းပင်ထိပ်တင်လတ်က ရွှေ ပြည်ခင်ခင်ကြီး လက်ဆက်ပြီး သားသမီး ၆ ဦး ထွန်းကားခဲ့ပါတယ်။ ရတနာနတ်မယ်နဲ့ တဝမ်းကွဲတော်တဲ့သူတွေပါ။ အဲဒီ တစ်ဝမ်း ကွဲ မောင်နှမတွေက လင်းပင်တင်တင်မကြီး၊ လင်းပင်တင်တင်ကြီး၊ လင်းပင်တင်တင်လတ်၊ လင်းပင်တင်တင်မလတ်၊ လင်းပင်တင်တင် ကလေး၊ လင်းပင်တင်တင်မလေးတို့ ဖြစ်ကြ ပါတယ်။ ဘကြီးတော်က မွေးတဲ့ ညီမဝမ်းကွဲ ၃ ဦးရှိပေမယ့် လင်းပင်တင်တင်မလေးက စောစောစီးစီးကံတော်ကုန်သွားလို့ ကျန်တဲ့ အစ်မ ၂ ယောက်နဲ့ပဲ ရတနာနတ်မယ်က နေ ရတာပါ။ လင်းပင်တင်တင်မကြီးနဲ့ကလည်း အသက်အရွယ် အလွန်ကွာခြားတာကြောင့် သိပ်ပြီးအတူမနေဖြစ်ဘဲ လင်းပင်တင်တင် မလတ် (ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုး ရေးအသင်း မန္တလေးတိုင်းအတွင်းရေးမှူး လုပ်သွားတဲ့ ဦးတင်မောင်ဦးရဲ့အမေ)နဲ့ပဲ နေ တာများပါတယ်။

ရတနာနတ်မယ်က ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်ခေတ်မှာ မိသားစုနဲ့ အတူ အိန္ဒိယနိုင်ငံကို သွားရောက်နေထိုင်ခဲ့ ပါတယ်။ ရတနာနတ်မယ်ဟာ စစ်ပြီးတဲ့အခါ မြန်မာနိုင်ငံကို ပြန်လာပေမယ့် နှစ်ကြာကြာ မနေလိုက်ဘဲ နီပေါနိုင်ငံမှာ ကမ္ဘာ့ကျန်း မာရေးအဖွဲ့ တာဝန်ထမ်းဆောင်နေတဲ့ အီ တလီလူမျိုး ဆရာဝန်တစ်ယောက်နဲ့ လက် ထပ်ပြီး နီပေါနိုင်ငံကို လိုက်သွားခဲ့ရပါတယ်။ ခင်ပွန်းဖြစ်သူနဲ့အတူ အာရှနိုင်ငံများ အပြင် အရှေ့အလယ်ပိုင်းနိုင်ငံများ၊ ဥရောပနိုင်ငံ များကို လှည့်လည်နေထိုင်ပြီး သား ၂ ဦး ထွန်းကားခဲ့ပါတယ်။

၁၉၆၃ ခုနှစ်မှာ ဥရောပကို သွား ရောက်လည်ပတ်တဲ့ ဗိုလ်ချုပ်နေဝင်းနဲ့ ပြန်လည်တွေ့ဆုံရာမှာ ဗိုလ်ချုပ်နေဝင်းက မြန်မာနိုင်ငံကို ပြန်လာဖို့ပြောပေမယ့် ရတနာ နတ်မယ်က လက်မခံခဲ့ပါဘူး။ ဒါပေမယ့် နောက်တစ်ခါ ဥရောပခရီးစဉ်မှာတော့ ဗိုလ်ချုပ်နေဝင်းက ရတနာနတ်မယ်ကို လက် ထပ်ခွင့်တောင်းတဲ့အခါမှာတော့ ရတနာ နတ်မယ်က လက်ခံခဲ့ပါတယ်။

အဲဒီ ကာလ တုန်းက ဗမာပြည်က အပြီးတိုင် ထွက်ခွာ သွားသူများအဖို့ ဗမာပြည်ကို ပြန်လာဖို့ဆိုတာ စည်းမျဉ်းစည်းကမ်း တွေ အရ လွယ်တဲ့ကိစ္စ မဟုတ်ပါဘူး။ ရတနာ နတ်မယ်က သြစတြီးယား-မြန်မာ ကပြား ဖြစ်ပြီး နိုင်ငံခြားမှာ အခြေချနေထိုင်သူဖြစ် လို့ ပြည်တော်ဝင်ရေးဟာ အခက်အခဲရှိပါ တယ်။ ဒါပေမယ့် ဗိုလ်ချုပ်ကြီးနေဝင်းက ဖိနပ်နဲ့ခြေထောက်မတော်ရင် ခြေထောက် ကို ဖြတ်မပစ်ဘဲ ဖိနပ်ကို သင့်တော်အောင် ပြင်တဲ့လူပါ။ ၁၉၅၈ခုနှစ်မှာ အိမ်စောင့် အစိုးရ ဝန်ကြီးချုပ်လုပ်နေတဲ့ ဗိုလ်ချုပ်ကြီး နေဝင်းဟာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပုဒ်မ ၁၁၆ အရ၊ ၆ လထက်ပိုပြီး ဝန်ကြီး ချုပ် လုပ်ခွင့်မရှိပါဘူး။ ဗိုလ်ချုပ်ကြီး နေဝင်း ကတော့ ၆ လထက်ပိုပြီး ဝန်ကြီးချုပ် ဆက် လုပ်လို့ရအောင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ပြင်ဆင်ပေးဖို့ လွှတ်တော်ကို သိမိးသွင်းနိုင်ခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံခြားမှာ အမြဲနေတဲ့ ရတနာနတ်မယ် ပြည်တော်ဝင်နိုင်ရေး လာလမ်းသာပြီး ပြန်လမ်းတွေဖြောင့်ဖြူးအောင်
ပြည်ထဲရေးဝန်ကြီးဦးကိုကိုအား ပြင်ဆင်သင့်တဲ့ ဥပဒေတွေ ပြင်ဆင်ခိုင်းခဲ့ပြီး ရတနာနတ်မယ်နဲ့ အတူ
၁၉၇၆ ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ တရားဝင်လက်ထပ်ခဲ့ပါတယ်။

ဒါပေမယ့် ၅ လပဲ ပေါင်းခဲ့ရပြီး အိမ်ထောင်ရေးပြိုကွဲသွားခဲ့ကြောင်း သိရှိရပါတယ်ခင်ဗျာ။

Credit>>>>>>>Thaw Zin

၅၉( စ ) အား ဗိုလ်ချုပ်အောင်ဆန်း ရေးဆွဲခဲ့ပါသည်ဟု လိမ်လည်နေသူများနှင့် ယုံကြည်နေသူများအတွက် ရည်ရွယ်ပါသည်။

ဘုန်းထက်ကြယ်

ဝါရှင်တန်ဒီစီ၊ သမ္မတအိမ်ဖြူတော်ရှေ့မှာ မြန်မာ့ အရေး တက်ကြွ လှုပ်ရှားသူတွေက လက်ပံတောင်းမှာ အကြမ်းဖက်ဖြိုခွဲ ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ပြည်သူတွေကို လွှတ်ပေးရေး တောင်းဆို ဆန္ဒပြနေစဉ်။ (မတ်လ ၂၂၊ ၂၀၁၅)
အကျဉ်းထောင်ထဲမှာ ဖမ်းဆီးခံထားရတဲ့ အမျိုးသား ပညာရေး ဥပဒေ ဆန့်ကျင်ဆန္ဒပြတဲ့ ကျောင်းသူ၊ ကျောင်းသားတွေ အမြန်ဆုံး လွတ်မြောက်ရေးနဲ့ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဖြစ်လာအောင် သမ္မတဦးသိန်းစိန်အစိုးရကို အမေရိကန်သမ္မတ အိုဘားမားအနေနဲ့ ဖိအားပေး တိုက်တွန်းဖို့ မတ်လ (၂၁) ရက်နေ့က ဝါရှင်တန်ဒီစီမြို့တော် သမ္မတအိမ်ဖြူတော်ရှေ့မှာ မြန်မာ့အရေး လှုပ်ရှားသူတွေက ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ အပြည့်အစုံကို မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ ကျောင်းသားသပိတ်ကို အစိုးရက အကြမ်းဖက်နှိမ်နှင်းဖြိုခွဲခဲ့တာကို ဆန့်ကျင်တဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စုက ဝါရှင်တန်ဒီစီ၊ မေရီလန်း၊ ဗာဂျီနီးယားပြည်နယ်တွေမှာနေထိုင်နေတဲ့ မြန်မာမိသားစုတွေဟာ မတ်လ (၁၄) ရက်နေ့ကစပြီး အပတ်စဉ် စနေနေ့တိုင်း သမ္မတ အိမ်ဖြူတော်ရှေ့မှာ ဆန္ဒပြနေကြတာပါ။ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေကို သမ္မတဦးသိန်းစိန်အစိုးရ လွှတ် မပေးမချင်း ဆန္ဒပြသွားမှာဖြစ်တယ်လို့ ဆန္ဒပြပွဲစီစဉ်သူတဦးဖြစ်တဲ့ မအတာက ပြောပါတယ်။

“ဘာဖြစ်လို့လဲဆိုတော့ လက်ရှိအခြေအနေမှာ လက်ပံတန်းမှာ ငြိမ်းချမ်းစွာနဲ့ဆန္ဒပြပြီးတော့မှ သူတို့ရဲ့ပညာရေးအတွက် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ဆန္ဒပြနေတဲ့ ကျောင်းသားတွေကို လူမဆန်စွာ ရိုက်နှက်ပြီးတော့မှ ဖမ်းဆီးပြီးတော့မှ ထောင်ချထားတဲ့အတွက် လာပြီးတော့မှ ဆန္ဒပြတာဖြစ်ပါတယ်။ ကျောင်းသား တွေကို အဲဒီလို ဖမ်းဆီးရိုက်နှက်တာကို ရှုတ်ချတယ်။ ကျောင်းသားတွေ တယောက်မကျန် ပြန်လွှတ်ပေးဖို့အတွက် ကျမတို့က တွန်းအားပေးတဲ့အနေနဲ့ White House ရှေ့မှာ လာရောက်ပြီးတော့ ဆန္ဒပြတာဖြစ်ပါတယ်။”

မေး။ ။ အမေရိကန်သမ္မတအိမ်ဖြူတော်ရှေ့မှာပေါ့နော်၊ ရွေးချယ်ပြီးတော့ ဘာကြောင့်ဆန္ဒပြရပါလဲရှင့်။

ဖြေ။ ။ ဘာကြောင့်လဲဆိုတော့ မြန်မာပြည်အရေးအတွက် ဒီမိုကရေစီစစ်စစ်မှန်မှန် ရရှိဖို့အတွက်ပေါ့နော်၊ အမေရိကန်သမ္မတကို လာပြီးတော့မှ ဝိုင်းကူညီပေးဖို့အတွက် ပိုပြီးတော့မှ လုပ်ဆောင်ပေးဖို့ တွန်းအားပေးတဲ့အနေနဲ့ ဆန္ဒလာပြတာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အမေရိကန်နိုင်ငံက ဒီမိုကရေစီနိုင်ငံကိုး။ ဗမာပြည်ကို သူတို့အနေနဲ့ ပိုပြီးဖိအားပေးနိုင်မယ်လို့တော့ ယုံကြည်တယ်။

မေး။ ။ ဆိုတော့ အမေရိကန်ဘက်ကနေပြီးတော့ မြန်မာအစိုးရပေါ်မှာ ဘယ်လိုမျိုးတွေ ဖိအားပေးနိုင်တယ်လို့ရော မြင်လဲရှင့်။

ဖြေ။ ။ အဓိကအနေနဲ့ကတော့ ဟိုတချိန်တုန်းက သူတို့လုပ်ခဲ့သလိုပဲပေါ့နော်၊ Sanction ပဲ အဓိက-က။ Sanction ကို အဓိကလုပ်ရမယ်။ အဓိက-က ဗမာပြည်မှာ အစိုးရထဲမှာလည်း ဒီမိုကရေစီကို တကယ်လိုချင်တဲ့လူတွေရှိသလိုပဲ ဒီမိုကရေစီကို မလိုလားတဲ့ အစိုးရလူကြီးပိုင်းတွေလည်း ရှိနေတယ်လေ။ အဲဒီတော့ အဲဒီလိုမျိုး လုပ်နေတဲ့သူတွေကို Sanction အနေနဲ့ပိတ်ဆို့မှုတွေ၊ သူတို့သားသမီးတွေ နိုင်ငံခြားကို ပညာတော်သင်လို့မရအောင်၊ စီးပွားရေးတွေ လုပ်လို့မရအောင်၊ အခုဟာတွေက ပိတ်ဆို့နိုင်မယ်ဆိုရင်တော့ ပိုပြီးကောင်းမယ်လို့ထင်တယ်။

ဝါရှင်တန်ဒီစီက မြန်မာသံရုံးရှေ့မှာလည်း နေ့စဉ်ဆန္ဒပြပွဲပြုလုပ်တဲ့ရက်ပေါင်း (၁၁) ရက်မြောက်ရှိသွားပြီလို့ မအတာက ပြောပါတယ်။ အလားတူ အမေရိကန်ပြည်ထောင်စု နယူးရောက်မြို့က မြန်မာကောင်စစ်ဝန်ရုံးရှေ့အပါအဝင် ကနေဒါ၊ ဂျပန်၊ကိုရီးယားနဲ့ အိန္ဒိယနိုင်ငံတွေက မြန်မာ့အရေး လှုပ်ရှားသူတွေကလည်း ကျောင်းသားတွေအမြန်ဆုံးလွတ်မြောက်ရေး သက်ဆိုင်ရာ မြန်မာသံရုံးတွေရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

ဖမ်းဆီးခံထားရတဲ့ ကျောင်းသူကျောင်းသားတွေကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂအပါအဝင် အမေရိကန်အစိုးရနဲ့ ဥရောပ သမဂ္ဂတို့ကလည်း မြန်မာအစိုးရကို တိုက်တွန်းထားတာပါ။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဦးဆောင်တဲ့ ဒီမိုကရေစီ ပညာရေး ကျောင်းသားသပိတ် ပင်မစစ်ကြောင်းဟာ ဇန်နဝါရီလ (၂ဝ) ရက်နေ့ကတည်းက မန္တလေးမြို့ကနေ ရန်ကုန်မြို့ကို ချီတက်ဆန္ဒပြခဲ့ကြတာပါ။ ဒါပေမဲ့ ရန်ကုန်မြို့မရောက်ခင် ပဲခူးတိုင်း လက်ပံတန်းမြို့မှာ ပိတ်ဆို့ တားဆီးခံခဲ့ရပြီး မတ်လ (၁ဝ) ရက်နေ့မှာ အကြမ်းဖက်ဖြိုခွဲခံခဲ့ရပြီး ကျောင်းသူကျောင်းသား (၁ဝဝ) ကျော် အဖမ်းခံထားရပါတယ်။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)


ဒါပေမဲ့ သက်ဆိုင်ရာ တာဝန်ရှိသူအပိုင်းက စီမံခန့်ခွဲမှု၊ ကြီးကြပ်စစ်ဆေးမှု ဆိုတာ စာရွက် စာတမ်း တွေပေါ်မှာ သာရှိနေခဲ့ပြီး လက်တွေ့ပိုင်းမှာ အများကြီးလစ်ဟာ အားနည်း ခဲ့တာကြောင့် ခရီးသည် အရေအတွက် သတ်မှတ်ချက်ထက်ပိုပြီး သယ်ယူပို့ဆောင် တာတွေ ရှိခဲ့ပါတယ်။ ကုန်ပစ္စည်းဆိုရင်လည်း သင်္ဘောတော်တော် များများဟာ သတ်မှတ်အလေး ချိန်ထက် ပိုပြီး တင်ကြသလို လူမြင်လို့ မကောင်းအောင် သင်္ဘောရဲ့ ၀ဲယာဘေး ပတ်လည်မှာရှိတဲ့ Rubbing State လို့ခေါ်တဲ့ ဖောင်းရစ်မြုပ်လု နီးပါးအထိ ကုန်ပစ္စည်းတွေ ပိုတင်လာကြတာ . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ဗိုလ်ချုပ်ကြီး နေ၀င်း ကြိုးကိုင် အုပ်ချုပ်ခဲ့တဲ့ တော်လှန်ရေးကောင်စီတော် လှန်ရေး အစိုးရ လက်ထက် ဖေဖော်ဝါရီလ ၇ ရက်၊ ၁၉၆၉ ခုနှစ်မှာ ပြည်သူ ပိုင်သိမ်းပိုက်တဲ့ လုပ်ငန်းတွေထပ်ပြီး ပေါ်ပေါက် လာခဲ့ဖူးပါတယ်။ ရန်ကုန်မြို့နဲ့ မော်လမြိုင်၊ ပုသိမ်၊ ရခိုင်ပြည်နယ်မှာရှိတဲ့ သင်္ဘောကုမ္ပဏီ ၂၄ခုကို ပြည်သူပိုင် လုပ်လိုက်ပါတယ်။ ခရီးသည်တင် သင်္ဘောတွေဟာ စစ်ဗိုလ်ချုပ်တွေ၊ ဗိုလ်မှူးကြီးတွေ အုပ်ချုပ်တဲ့ ခေတ်မှာ ““ခေတ်ပြောင်းတော်လှန်ရေး”” ““ဆိုရှယ် လစ် ခေတ်သစ် မုခ်ဦးဆီသို့””ဆိုတာ နဲ့အညီ တိုးတက်ပြောင်း လဲ ဆန်းသစ်လာတော့ မလားလို့ ပြည်သူလူထုဘက် က မျှော်လင့်မိ ခဲ့ကြ ပါသေးတယ်။ အဲဒီတုန်းက အစိုးရပိုင် မီဒီယာ တွေကနေပြီး ၀ါဒဖြန့်ခဲ့ တဲ့ကြွေးကြော်သံတွေ၊ ကြေညာချက်တွေထဲမှာ ပါလာ တဲ့ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီရဲ့ အတွေးအခေါ် မြော်မြင်ရေး သဘောတရား စကားလုံးတွေကလည်း ခမ်းနားကြီး ကျယ်လွန်း လှပေတာကိုး။…

● ကျွန်ုပ်တို့၏ ယုံကြည်ချက်

““ပြည်ထောင်စု မြန်မာနိုင်ငံ၏ တိုင်းရင်းသားလုပ်သားပြည်သူများ ဖြစ်ကြ ကုန်သော ကျွန်ုပ်တို့သည် ဤကမ္ဘာ၌ လူတို့၏ အားနည်းချက်များ ကိုအမြတ်ထုတ်၍ မသိနားမလည်သော လူများစုအပေါ်တွင်စာနာမှု၊ ညှာတာ ထောက်ထားမှု စသည့်ကောင်း မြတ်သော တရားများကို မျက်ကွယ်ပြုသည်၊ မတရား သဖြင့် ခြယ်လှယ်နိုင်ကြ သော ၀ိသမလောဘသမားများ၏ ၀ိသမ စီးပွား ရေးစနစ်ဆိုးများ တည်ရှိနေသရွေ့ ကာလပတ်လုံး လူသား အပေါင်းသည် လူမှုဒုက္ခများမှ မလွတ်မြောက်နိုင်ဟု အလေးအနက် ယုံကြည်သည်။ ထို့ကြောင့် ဤပြည် ထောင်စု မြန်မာနိုင်ငံ တွင် လူလူချင်းမတရား ခြယ်လှယ်၍ မတရားစီးပွားရှာစားသော ၀ိသ မစနစ်များကို ချုပ်ငြိမ်းစေပြီး တရားမျှတမှုကို အခြေခံသော ဆိုရှယ်လစ်စီးပွားရေးစနစ်ကို တည်ဆောက်နိုင်မှ သာလျှင် တိုင်းရင်းသား ပြည်သူလူထုအပေါင်းသည် လူ့ပယောဂကြောင့် ပေါ်ပေါက် ရသော လူမှုဒုက္ခအပေါင်းမှ လွတ်မြောက်ကြလျက်၊ ဗြဟ္မစိုရ် တရားများ ထွန်းကားနိုင်မည့် သာယာဝပြောသော လူ့ဘောင် သစ်ကြီးသို့ ရောက်ရှိနိုင်မည်ဟု အလေးအနက်ယုံကြည်သည်။ ဤသို့ယုံကြည်သည့်အတိုင်း ဆိုရှယ်လစ် ပန်းတိုင်သို့ မရောက်ရောက်အောင် ချီတက်ကြ မည်ဟုအလေးအနက် အဓိဋ္ဌာန် ပြုသည်””

ဆိုတဲ့စကားလုံးကြီးတွေဟာ ပြည်သူလူထုကြားထဲမှာ မစားရ၀ခမန်းကြီးကျယ် ခမ်းနားလွန်းလှစွာနဲ့ ထိုးဖောက် ရောက်ရှိ လာနေတုန်းမှာပဲ ပြည်တွင်းသွားခရီးသည်တင် သင်္ဘောများရဲ့ အခန်းကဏ္ဍဟာ ပိုမို ပြောင်းလဲဆန်း သစ်တိုးတက်လာမှုကို စောင့်ရင်းမျှော်ရင်း နဲ့ပဲ နှောင့်နှေး သထက် နှောင့်နှေး လို့နေပါတော့တယ်။ တကယ်တော့ စစ်တပ်က အာဏာမသိမ်းခင် ဟိုရှေး အစဉ်အလာတုန်းက အသုံးပြုခဲ့သမျှ ခရီးသည်တင် “၂” ထပ် ရေယာဉ် တွေဟာ ဘွိုင်လာရေနွေးငွေ့ စွမ်းအင်သုံး ရေယာဉ် အရေအတွက်က ပိုပြီးများခဲ့ တယ်။ ခရီးသည် တွေလည်း တင်ဆောင်ပြီး ကုန်ပစ္စည်းတွေလည်းတင်ဆောင်တဲ့ “၂”ထပ်ရေယာဉ် တွေဟာ တစ်နှစ်ထက် တစ်နှစ် ပိုပြီး ခေတ်မီ ဆန်းသစ်လာဖို့ လိုအပ်ခဲ့တာအမှန်ပါ ပဲ။ နောက် ပိုင်းမှာ ရေနွေးငွေ့(Boiler) ဘွိုင် လာ ကတစ် ဆင့် Steam pressure နဲ့ မောင်းနှင်တဲ့ အင်ဂျင်စက်တွေအစား ဒီဇယ်ဆီနဲ့ မောင်းနှင်တဲ့ ဒီဇယ်အင်ဂျင်တွေ ပြောင်း လဲတပ်ဆင် ခုတ်မောင်းလာခဲ့ပြန်ပါတယ်။ ဒါတောင်မှ (မ-ဆ-လ)မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ စစ်ကောင်စီ စစ်အစိုးရ လက်ထက်မှာ ဘွိုင်လာရေနွေးငွေ့သုံး သင်္ဘောတချို့ ဟာ ပြည် တွင်းရေကြောင်း ပို့ဆောင် ရေးမှာရှိ နေခဲ့တုန်းပါပဲ။ ဒါပေမဲ့ သင်္ဘောတွေရဲ့ အခန်းဖွဲ့စည်းပုံဟာ တိုင်းပြည်ရဲ့ ရာသီဥတုနဲ့ သဟဇာတ မမျှခဲ့ပါဘူး။ သင်္ဘောရဲ့ဦးပိုင်း အောက်ထပ်မှာတော့ ဆလင်ခန်းလို့ခေါ်တဲ့ တက်မကိုင် အခန်းရှိပါတယ်။

အပေါ်ထပ်မှာ တော့ အထူးတန်း လက်မှတ်ဝယ်ပြီးစီးရတဲ့ သီးသန့်ခရီးသည်များ အတွက်အခန်းဟာ ဦးပိုင်း နေရာလောက်မှာ ပဲနေရာကျဉ်းကျဉ်းနဲ့ ရှိခဲ့ပါတယ်။ အပေါ် ထပ်ဝဲယာ ဧရိယာကျယ်ကျယ်မှာတော့ ရိုးရိုးတန်း လက်မှတ်ဝယ်ပြီး စီးတဲ့ခရီးသည် တွေဟာ သစ်သားကုန်းပတ်ပေါ်မှာ ကိုယ့်အိပ်ရာလိပ်ကိုယ်ခင်းပြီး ခရီးသွားကြ ရတဲ့ ထုံးစံရှိခဲ့ပါ တယ်။ အပေါ်ထပ်ပဲ့ပိုင်းမှာ ထမင်းဆိုင်နဲ့ လက်ဖက်ရည်ဆိုင်ရှိပါတယ်။ အောက် ထပ်၊ သင်္ဘော ဦးပိုင်း၊ တက်မကိုင်၊ ဆလင်ခန်းနဲ့ စက်ခန်းကြား ကုန်း ပတ်အောက်မှာတော့ ကုန်ပစ္စည်းသိုလှောင်ခန်းနဲ့ (Freshwater) ရေချို သိုလှောင်ခန်း ရှိပါတယ်။ ပဲ့ပိုင်းမရောက်ခင် စက်ခန်းနဲ့ သင်္ဘောသားတွေ နားနေအိပ်စက် ခန်းကြားမှာလည်း ကုန်ပစ္စည်း သိုလှောင်ခန်း ပါပါတယ်။ ပဲ့ပိုင်းဝဲယာမှာတော့ ယာဘက်က အများသုံး သန့်စင် ခန်းတွေရှိပါတယ်။ ၀ဲဘက်မှာတော့ သင်္ဘောသားတွေ ထမင်းဟင်း ချက်တဲ့နေရာပါ။ ပဲ့ပိုင်း အစွန် ဆုံး အောက်မှာ တော့ Rudder ဆိုတဲ့ တက်မခန်းကြီး ရှိပါတယ်။

ပြည်တွင်းခရီးသည်တင် “၂”ထပ် သင်္ဘောတိုင်းမှာ သူ့သတ် မှတ်ချက်နဲ့ သူ ခရီးသည်အရေအတွက်က ဘယ်လောက်။ ကုန်ပစ္စည်းတင်ဆောင်ရမယ့် သတ်မှတ်တန်ချိန်က ဘယ်လောက် ဆိုပြီး ရှိပြီးသားပါ။ ဒါပေမဲ့ သက်ဆိုင်ရာ တာဝန်ရှိသူအပိုင်းက စီမံခန့်ခွဲမှု၊ ကြီးကြပ်စစ် ဆေးမှု ဆိုတာ စာရွက် စာတမ်းတွေ ပေါ်မှာ သာရှိနေခဲ့ပြီးလက်တွေ့ပိုင်းမှာ အများကြီးလစ်ဟာ အားနည်းခဲ့တာ ကြောင့် ခရီးသည် အရေအတွက် သတ်မှတ်ချက် ထက်ပိုပြီး သယ်ယူပို့ဆောင်တာတွေ ရှိခဲ့ပါတယ်။ ကုန်ပစ္စည်းဆိုရင် လည်း သင်္ဘော တော်တော် များများဟာ သတ်မှတ်အလေး ချိန်ထက် ပိုပြီးတင်ကြသလို လူမြင်လို့မကောင်း အောင် သင်္ဘောရဲ့ ၀ဲယာဘေးပတ်လည်မှာရှိတဲ့ Rubbing State လို့ခေါ်တဲ့ ဖောင်းရစ်မြုပ်လု နီးပါးအထိ ကုန် ပစ္စည်း တွေ ပိုတင် လာကြ တာ ဘာကြောင့်လဲ။ အမေးရှိရင် အဖြေရှိ ပြီးသားပါ။ သင်္ဘောဝန် ထမ်းပိုင်းဟာ တိုင်း ပြည်ရဲ့ ငွေကြေး တန်ဖိုး ဖောင်းပွလာပြီး တစ်စထက်တစ်စ ကိုယ်ရတဲ့လစာငွေနဲ့ ကိုယ့်တစ်ကိုယ်စာ ပဲဖြစ်ဖြစ်၊ ကိုယ့် မိသားစု အတွက်ပဲဖြစ်ဖြစ် မလောက်မငဖြစ်လာကြတော့ ၀န်ထမ်းလောကထဲမှာ ခေတ်စား လာတဲ့ ဝေါဟာရ အတိုင်း out side အပို ၀င်ငွေကို ရရာနေရာကနေပြီး ရှာဖွေကြ လို့ပါပဲ။

အဲဒီခေတ်က တစ်ပါတီအာဏာရှင် စစ်အစိုးရ ဟာ ဒီဇင်ဘာလ ၆ ရက် ၁၉၇၂ နေ့မှာ ကော်မတီတစ်ခုကိုတော့ ဖွဲ့စည်းခဲ့ ပါသေးတယ်။ အဲဒီ ကော်မတီ ကတော့ အမျိုးသား စီမံကိန်းနဲ့ ဘဏ္ဍာရေးဌာနက အစိုးရလုပ်ငန်းဌာန အသီး သီးမှာရှိတဲ့ အလုပ်သမားတွေ ၀န်ထမ်းတွေအတွက် လုပ်ခနှုန်း ထားသတ်မှတ်ရေးအတွက် ကော်မတီ ပဲဖြစ် တယ်။ ဒါပေမဲ့ ဘယ်လိုပဲနှုန်းထား သတ်မှတ်သတ်မှတ်၊ ဘယ်လိုပဲ ကော်မတီတွေ ဖွဲ့ဖွဲ့၊ ရတဲ့လုပ်ခ၊ ရတဲ့လစာ နဲ့မလောက် ကြတာကတော့ ၀န်ထမ်း လောကပဲဗျ။ ဒါက ဟိုးအထက်ပိုင်း အရာရှိအသိုင်း အ၀ိုင်းကစပြီး အောက်ခြေအထိ ဖြစ်ပျက်လာတဲ့ အကြောင်းတရားတွေပဲ။ ဒီတော့ခရီးသည် တင်ပြည် တွင်းရေကြောင်း သွား လာနေကြတဲ့ သင်္ဘောတော် တော်များများမှာလစ်ဟာ ချက်တွေအား နည်းချက်တွေက ရှိလာခဲ့ရ တယ်။ လိုရင်း ပြောရရင် အစိုးရပြောင်း လာတယ်။ ခေတ်ပြောင်းပြီလို့သာ ပါးစပ်က ပြောနေတာ ဌာနဆိုင်ရာလုပ်ကွက်တွေနဲ့ စိတ်ပိုင်း ဆိုင်ရာတွေကျ တော့ ပိုပြီးနောက်ကို ခြေလှမ်းဆုတ်ဆုတ်သွားလိုက်တာ ဟိုးနောက်ဆုံးကို ရောက် သွားတော့တာပဲ။

ခရီးသွား ပြည်သူ လူထု ဘက်ကကြည့်တော့ ရာသီဥတုသာယာနေရင် ဘာပဲပြောပြော အဆင် တော့ ပြေပါရဲ့။ တကယ် တမ်း မိုးရောလေရော ကျလာ ပြီဆိုရင် အဲဒီ“၂”ထပ် သင်္ဘောတွေရဲ့ အထူးသဖြင့် အပေါ်ထပ်ပိုင်းမှာ ပြဿနာ ကဘာလဲဆိုတော့ ဘေး ဘယ်ညာ ဟာလာ ဟင်းလင်းကြီးကိုး။ မိုးကာ ဖျင်စဆိုတဲ့ Awning တွေတော့ ရှိတယ်။ ဒါပေမဲ့ ဒါတွေချထားလို့ မရဘူး။ ချထားရင် တိုက်ခတ်တိုးဝှေ့ လာတဲ့ မိုးသက် လေပြင်းကို တင်းခံထားသ လိုဖြစ် ပြီး သင်္ဘောကြီး တိမ်းစောင်းသွားနိုင်တယ်။ မှောက်သွား နိုင်တယ်။ ဒီတော့ ခရီးသည် တွေက သင်္ဘော အပေါ် ကုန်းပတ်၊ အောက်ထပ်ကုန်းပတ် ဟာလာဟင်းလင်းကြီးမှာ မိုးရွာ ရွာ၊ လေ တိုက်တိုက်၊ ဒီအတိုင်း ငုတ် တုတ် ထိုင်ပြီး လိုက်သွားရတော့တာပဲ။ နောက်ပြဿနာ တစ်ခုကခရီးသည် အရေအတွက်နဲ့ ကုန်ချိန်သတ်မှတ်ချက် တွေ ထက် ပိုပြီးများများ စားစားတင်ထားတော့ (Over Weight) အလေးချိန်ပိုနေတယ်။ သင်္ဘောတွေရဲ့ ခံနိုင် အားဆိုတာရှိတယ်။ ဒီ့ထက်ပိုရင် ပြဿနာ ကကြီးတယ်။ နောက်ပြီး သင်္ဘောတွေရဲ့ ဖွဲ့စည်းပုံ ကိုယ်ထည်ပိုင်း၊ အောက်ဘက် ၀မ်းဗိုက်ပိုင်းစက်မှုပိုင်းကအစ သူ့အချိန်နဲ့ သူ သတ်မှတ်တဲ့ အချိန် ကာလမှာ စစ်ဆေးရတယ်။ ပြုပြင်ရတယ်။

လဲလှယ်စရာရှိရင် အသစ်လဲလှယ်ရတယ်။ အရေးပေါ်ပြုပြင် စရာရှိ ရင် Emergency Docking ဆိုတာရှိ ရမယ်။ အရေးပေါ်လွန်းတင်ပြင်ဆင်ရ မယ်။ နှစ်ပတ် လည် လွန်းတင်ပြင် ဆင်ခြင်း (Annual Docking)) ဆိုတာလည်း ရှိရမယ်။ ဒါပေမဲ့ ““ခေတ်””က အဲဒီ ““စနစ်””တွေကို ဖျက် လိုက်သလိုဖြစ်ပြီး စည်းကမ်းနည်း လမ်းတွေဟာ ပရမ်း ပတာဖြစ်ခဲ့ရတဲ့ သာဓကတွေ ရှိခဲ့ဖူးတယ်။ ဥပမာခရီး သည်တင် သင်္ဘောတစ်စီး။ ၀မ်း ဗိုက်ပိုင်း ဧရာပိုင်း Hull ဆိုလာတော့ သံပြားတစ်နေ ရာရာမှာ ဆွေးပြီးပေါက်နေ တာကိုဖြစ်သလို ဘိလပ် မြေနဲ့ ဖာထေးပြီး မောင်းနေ တာမျိုး။ ဒါကို သင်္ဘောသားလောကဝေါဟာရ “လက်ပူတိုက်”တယ်လို့ ခေါ်ခဲ့ဖူးတယ်။ သင်္ဘောရဲ့ ဘေးဘယ်ညာ သံပြားကြီးတွေ (Shipside Plates တွေ)မှာ တစ်နေရာရာ “နာ”ပြီး “အက်”တာတို့ “ဆွေး”တာ“သံချေးစား” တာ ဖြစ်နေတာကိုလည်း ဖြစ်သလို ဖာထေးပြီး ဆက်မောင်းနေတာမျိုး ရှိခဲ့ဖူးတယ်။

ခရီးသည်ပိုတင်သလို ကုန်တန်ချိန် ပိုတင်ပြီး မောင်းရင်း တင်းမခံသာတော့ဘဲ ရေတွေဝင်လာတော့ ရေစုပ် ထုတ်ပစ်ဖို့ မနိုင်မ နင်းဖြစ်ကုန်ကြပြီး သင်္ဘောကြီးတစ်စီးလုံး နစ်မြုပ်ခဲ့ရတဲ့ သာဓကတွေ ရှိခဲ့ဖူးတယ်။ ၀န်ထမ်း ပိုင်းမှာ“ငွေအသပြာ”ကို အာရုံစူး စိုက်တာများလာရင်း “ပညာ”ပိုင်း အာရုံစူးစိုက်မှု အရည်အသွေး ကျဆင်းလာ လို့ တချို့ သင်္ဘောချင်းတိုက်မိတာ၊ နစ်မြုပ်တာ တွေ လည်း ရှိခဲ့ဖူးတယ်။ နောက်ပြီးတော့ သင်္ဘောတိုင်းမှာ ရှိသင့်ရှိထိုက်တဲ့ ပစ္စည်းကိရိယာ မစုံလင်မှု၊ အရေးပေါ်အန္တရာယ် ကာကွယ်ရေး နည်းပညာနဲ့ ပစ္စည်းကိရိယာ မစုံလင်မှု၊ လေ့လာလေ့ကျင့်မှုပိုင်း အားနည်း ချို့ယွင်းမှုတွေကြောင့် အသက် အန္တရာယ် ဆုံးရှုံးမှုတွေလည်း အများကြီးရှိခဲ့ဖူးတယ်။ နောက်ပိုင်းမှာ န-၀-တ စစ်အစိုးရ၊ န- အ-ဖ စစ်အစိုးရ လက်ထက် တွေကျတော့ သင်္ဘောသစ် တချို့ဝယ်ယူတာ၊ ပြည်တွင်းမှာပဲပိုပြီး တည်ဆောက်တာတွေတော့ ရှိပေမယ့် ခေတ်တွေရဲ့ စနစ် တွေနဲ့ အရာရှိ ကြီးများ၊ အရာရှိငယ်များ အပါအ၀င် သက်ဆိုင်ရာ ၀န်ထမ်းပိုင်းရဲ့စိတ်ပိုင်းဆိုင်ရာတွေဟာ ဟိုအရင်ခေတ်တွေ တုန်းကလိုပဲ“အရိုး စွဲ” “အကျင့်ပါ”နေတာ၊ မပြောင်းလဲနိုင်ကြ သေးတာလည်း ရှိနေလေ တော့ မဖြစ်သင့် မဖြစ်ထိုက်တာတွေဟာ ဒီနေ့ ဒီကာလအထိ ဖြစ်နေရတုန်းပါပဲ။

ပြီးခဲ့တဲ့ [၁၃-၃-၂၀၁၅]က ညပိုင်း “၈”နာရီပတ်ဝန်းကျင်မှာ ပြည်တွင်း ခရီးသည်တင်“၂” ထပ် ရေယာဉ် အောင် တံခွန် “၃” သင်္ဘောဦး ပိုင်း ပေါက်ရေ၀င်ပြီး ရခိုင်ပြည်နယ် မြေပုံမြို့နယ် မျောက်ကျိန်ကျွန်းနားမှာ နစ်မြုပ် သွားတာ လူ့အသက်တွေရော ကုန်ပစ္စည်းတွေရော ဆုံးရှုံးနစ်နာခဲ့ရတာ ၀မ်းနည်းကြေကွဲစရာပါ။ ခေတ်စနစ် အဆက်ဆက်ရဲ့ အရိုးစွဲ အကျင့် ပါ တာဝန်မကျေပွန်မှုမျိုးစုံ တွေကြားထဲမှာ မြေစာပင်ဘ၀နဲ့ အသက်တွေပေးပြီး ပစ္စည်းဆုံးရှုံး ကြေကွဲနှလုံးသား ပိုင်ရှင် အစစ်အမှန်တွေ ကတော့ ခရီးသွား ပြည်သူလူထုတွေ ပဲ ဖြစ်နေကြကြောင်း ပါ ခင်ဗျား။

ဆောင်းဝင်းလတ်
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald


မိမိရဲ့ရပ်တည်ချက်နဲ့ မိမိရပ်တည်နေတဲ့ စစ်တပ်နဲ့လုံခြုံရေး အကြောင်းပြပြီး သမ္မတကို နှုတ်ပိတ် ထားစေတဲ့ ပြည်ထဲရေး ၀န်ကြီးဌာနတွေရဲ့ လုပ်ရပ်တွေကို ကြည့်မယ်ဆိုရင် သမ္မတရဲ့ သြဇာလွှမ်းမိုးမှု မရှိသလောက်ဖြစ်နေ . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဖြတ်သန်းခဲ့ရသော သတင်းထောက်ဘ၀ အတွေ့အကြုံ

ထူးထူးခြားခြားပါပဲ။ ကျွန်တော့်ရဲ့ စာတွေကိုဖတ်ပြီး အားပေးနေသူ တစ်ဦးက ကျွန်တော့်ဆီကို ဖုန်းဆက် လာတယ်။ သူက ကျွန်တော့် ရဲ့ ဆောင်းပါးတွေကို သဘောကျကြောင်းနဲ့ သူကနေ ရေးပေးစေချင်တဲ့ အကြောင်းတစ်ခုကို ပြောပြပါတယ်။ အဲဒါက ဘာလဲဆိုတော့ ၂၀၀၈ အခြေခံဥပဒေအရ အမြင့်ဆုံး အာဏာကို ရယူထားတဲ့ သမ္မတ ဦးသိန်းစိန်ဟာ ပြည်ထဲရေးနဲ့ ကာကွယ်ရေး ၀န်ကြီးဌာနတွေကို မထိန်းချုပ်နိုင်ဘူး၊ ဒီဝန်ကြီးဌာနတွေက သူ့အာဏာနဲ့သူ ဖြစ်နေတယ် ဆိုတာကို အများပြည်သူသိအောင် ရေးသားပေး ဖို့ပါတဲ့။ နောက် တစ်ခုကတော့ ဖြစ်နိုင်ရင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရွေးကောက်ပွဲ အမီ ပြင်ပေးဖို့ တိုက်တွန်းပေး ပါဆိုတဲ့ အကြောင်းပါ။

တော်တော်တော့ ခေါင်းလေးသွားတယ်။ ကိုယ်ကလည်း သမ္မတနဲ့ အစိုးရ အဖွဲ့ရဲ့ဂုဏ်သိက္ခာကို ထိခိုက် စေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲ ခံထားရတယ်ဆိုတော့ ဒီတစ်ခေါက်သမ္မတကို တည်ပြီးရေးရမှာဆိုတော့ ခပ်တော့ ခပ်လန့်လန့်ပဲ။ ဒါပေမဲ့လည်း လတ်တလော ဖြစ်ပျက်နေတဲ့ အနေအထားတွေအရ ကျွန်တော့်ရဲ့ စာဖတ် ပရိသတ် ထောက်ပြတဲ့ အချက်ကလည်း မှန်သင့်သလောက် မှန်နေတော့ ဖြစ်ချင်တာ ဖြစ်ဟဲ့ ဆိုပြီး ရေးရပြန် ပါတော့မယ်။

ဖွဲ့စည်းပုံအရ အမြင့်ဆုံးသမ္မတ၊ ကာကွယ်ရေးနှင့် ပြည်ထဲရေးဝန်ကြီး ဌာန နိုင်ငံရဲ့အမြင့်ဆုံး ဥပဒေဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ သမ္မတသည် အမြင့်ဆုံး ပုဂ္ဂိုလ်ဖြစ်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။ သမ္မတသည် မဏ္ဍိုင်သုံးရပ်တွင် တစ်ခုဖြစ်သည့် အုပ်ချုပ်ရေး မဏ္ဍိုင်တွင်လည်း အကြီးအကဲဖြစ်ကာ ၎င်း၏လက် အောက်တွင် ကျန်တဲ့ အစိုးရယန္တရား ၀န်ကြီးဌာနများရှိသည်။ ထိုဝန်ကြီးဌာနများတွင် ကာကွယ်ရေး ၀န်ကြီးဌာန (စစ်တပ်)နှင့် ပြည်ထဲရေး ၀န်ကြီးဌာနတို့လည်းပါသည်။ ယင်းမှာ ဖွဲ့စည်းပုံအရ သတ်မှတ်ချက်များဖြစ်သည်။

သို့သော် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၁) နိုင်ငံတော် အခြေခံမူများတွင် ““နိုင်ငံတော်၏ အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင် ထမ်းဆောင်နိုင်ရေး တို့ကို အစဉ်တစိုက် ဦးတည်သည်””လို့ ပြဋ္ဌာန်းထားပါတယ်။ ယင်းအချက်မှာ မြန်မာ့နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍမှာ တပ်မတော်ရဲ့ ပါဝင်ပတ်သက်မှုကို အသိအမှတ် ပြုထားပြီး လွှတ်တော်တွေမှာလည်း ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို တပ်မတော်သားတွေအတွက် နေရာပေး ထားပြီးသား ဖြစ်ပါတယ်။

ထို့ပြင်အခန်း (၅) အုပ်ချုပ်ရေးကဏ္ဍ၊ ““အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီဖွဲ့စည်းခြင်း”” – ကာ/လုံမှာလည်း သမ္မတနဲ့ ဒုသမ္မတနှစ်ဦး၊ လွှတ်တော်နှစ်ရပ် ဥက္ကဋ္ဌများ၊ ကာကွယ်ရေး ဦးစီးချုပ်နဲ့ ဒုကာချုပ်၊ ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာ ၀န်ကြီးဌာနက ၀န်ကြီး ၄ ပါး၊ စုစုပေါင်း ၁၁ ဦးနဲ့ ဖွဲ့စည်းထားပါတယ်။ ကာ/လုံရဲ့ လုပ်ငန်းစဉ်အရ တိုင်းပြည်တစ်ခုနဲ့ သံတမန်ရေး အဆက်အသွယ် ဖြတ်တောက်နိုင်သလို အရေးပေါ် ကြေညာချက်ထုတ်ပြီး စစ်အုပ်ချုပ်ရေးလည်း လုပ်ထားပိုင်ခွင့် ရှိပါတယ်။ ဒီနေရာမှာ ကာ/လုံ ကောင်စီအတွင်း စစ်တပ်ဘက်က ၆ ဦးပါရှိပြီး ပြည်သူ က ရွေးချယ်ပါတယ်လို့ အမည်ခံ ထားတဲ့ စစ်ဘောင်းဘီချွတ် အုပ်ချုပ်ရေးပိုင်းက ၅ ဦးသာ ပါရှိပါတယ်။

ဒီနေရာမှာ တစ်ခုထူးခြားချက်ကတော့ ဖွဲ့စည်းပုံအရ အမြင့်ဆုံးဖြစ်တဲ့ သမ္မတက သူ့ရဲ့ လက်အောက်မှာရှိတဲ့ စစ်တပ်ရဲ့ ကာကွယ်ရေး ၀န်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနကို မလွှမ်းမိုးနိုင်ဘူး ဆိုတာပါ။ သာဓက တစ်ခုကို ပြပါဆိုရင် ကချင်လက်နက်ကိုင် အဖွဲ့(KIA)နဲ့ အစိုးရတပ်ကြား တိုက်ပွဲဖြစ်တဲ့အချိန် သမ္မတက တိုက်ပွဲရပ်ဖို့ ဒီကနေ့ပြော၊ နောက်တစ်နေ့ပဲ တိုက်ပွဲဆက်ဖြစ်ခဲ့တာကို မှတ်မိကြမယ် ထင်ပါတယ်။ တပ်ကတပ်ရဲ့ သဘောသဘာဝအရ မိမိရဲ့တည်ရှိ မှုကို ပြသနိုင်ဖို့ ဆိုရင် တိုက်ပွဲဆိုတာ လိုအပ်တယ် မဟုတ်ပါလား။

ထို့နည်းတူ ပြည်ထဲရေး ၀န်ကြီးဌာနသည်လည်း ထို့နည်းလည်းကောင်းဟုပင် ဆိုရပေမည်။ ပြည်တွင်းလုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ ပြည်သူတွေရဲ့ လုံခြုံရေး အလို့ငှာ ဖွဲ့စည်း တည်ဆောက် ထားပေမယ့်လည်း တကယ့် တကယ်တမ်းတော့ အစိုးရအဖွဲ့ရဲ့ လုံခြုံရေးကိုသာ အဓိကထား လုပ်ဆောင်တာကို တွေ့ရမှာပါ။ အစိုးရရဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေကို အကာအကွယ်ပေးရင်းနဲ့ ပြည်သူ့ချဉ်ဖတ် ဖြစ်လာတယ် ဆိုရင်မမှားပါဘူး။ ဒီ့ထက်ပိုဆိုးလာတာဟာ ပြည်ထဲရေးဝန်ကြီးဌာနက အကြမ်းဖက် ဖြိုခွင်းမှုတွေမှာ အရပ်ဘက် လက်ပတ်နီဝတ် လူရမ်းကားတွေကို အသုံးပြုလာတာကို ကြည့်မယ်ဆိုရင် သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် ညွှန်ကြားချက် ထုတ်တာတော့ ဖြစ်လောက်မယ် မထင်ပါဘူး။ ပြည်ထဲရေးက သူ့ရဲ့လုပ်ပိုင်ခွင့် အာဏာကိုအစွမ်းကုန် အသုံးချ နေတာ ဖြစ်နိုင်ပါတယ်။

ထို့နည်းတူ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လုပ်ငန်းတွေကို ကြည့်မယ်ဆိုရင်လည်း စစ်တပ်ရဲ့ သဘောထားကိုသာ အစိုးရအဖွဲ့က ပြန်ငဲ့နေရတဲ့အတွက် အခုအချိန် မပြေလည် သေးတာ ကိုတွေ့နိုင်မှာ ဖြစ်သလို စစ်တပ်သဘောမပါဘဲနဲ့ လုပ်လို့မရတဲ့ သမ္မတရဲ့ အနေအထားကိုလည်း မှန်းဆမိမှာပါ။

● သမ္မတမနိုင် နှစ်ဆောင်ပြိုင်

လက်ရှိ အနေအထားတွေအရ သမ္မတ ဦးသိန်းစိန်က ရှေ့ထွက်ပြီးတော့ မိဘပြည်သူများလို့ ပြောနေပါစေ၊ သူ့လက်အောက်ခံဖြစ်တဲ့ စစ်တပ်နဲ့ ပြည်ထဲရေး ၀န်ကြီးဌာနတို့ရဲ့ လုပ်ဆောင်နေမှုများနဲ့ ပတ်သက်ပြီး ကိုင်တွယ်မှု အားနည်းချက်ကို တွေ့ရမှာပါ။ မိမိရဲ့ ရပ်တည်ချက်နဲ့ မိမိရပ်တည်နေတဲ့ စစ်တပ်နဲ့ လုံခြုံရေး အကြောင်းပြပြီး သမ္မတကို နှုတ်ပိတ်ထားစေတဲ့ ပြည်ထဲရေး ၀န်ကြီးဌာနတွေရဲ့ လုပ်ရပ်တွေကို ကြည့်မယ် ဆိုရင် သမ္မတရဲ့သြဇာလွှမ်းမိုးမှု မရှိသလောက် ဖြစ်နေတာကို အများပြည်သူလည်းသိပြီး ဖြစ်နေလောက်ပါပြီ။

● ဘယ်လိုဖြေရှင်းကြမလဲ

မည်သို့ပင်ဖြစ်စေ အခြေခံဥပဒေအရ နိုင်ငံရဲ့အမြင့်ဆုံးဖြစ်တဲ့ သမ္မတအနေနဲ့ ကာကွယ်ရေး ၀န်ကြီးဌာန စစ်တပ်နဲ့ ပြည်ထဲရေး ၀န်ကြီးဌာနအပေါ် သြဇာအာဏာ လွှမ်းမိုးမှု မရှိဘူးဆိုတာကတော့ ဖြစ်ပျက်နေတဲ့ အနေအထားတွေအရ တွေ့နေရပါပြီ။ ဒါဟာ ဘာကြောင့်လဲဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံနဲ့ စစ်တပ်ကို ကျားကန် ပေးထားခြင်း၊ လက်နက်ကိုင် ပြည်ထဲရေး လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေအပေါ် အားကိုးနေရခြင်း (အဓိကရုဏ်းတွေကို တွေ့ဆုံဆွေးနွေးခြင်းဆိုတဲ့ ဒိုင်ယာလော့ခ်နည်းနဲ့ မဖြေရှင်း တတ်ခြင်းကြောင့် လက်နက်ကိုင် ရဲတပ်ဖွဲ့ကို အားကိုးရခြင်း)၊ အရပ်သား အစိုးရအဖြစ် ပြောင်းလဲလာသော်လည်း ၎င်းတို့ ကိုယ်တိုင်က စစ်သားတွေ ဖြစ်နေတဲ့အတွက် လက်ကိုင်တပ်ရှိသူကို ကြောက်နေ ရခြင်းများက လက်နက်ရှိတဲ့ ကာကွယ်ရေးနဲ့ ပြည်ထဲရေးကို မလွန်ဆန်နိုင်ခြင်းလည်း ဖြစ်ပါတယ်။

ဒီတော့အကောင်းဆုံး ဖြေရှင်းရမယ့် နည်းလမ်းကတော့ ရှိနေပါပြီ။

အဲဒါကတော့ လက်နက်ကိုင် စစ်တပ်ရဲ့ ကာကွယ်ရေး ၀န်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးတို့ကို နေရာပေးထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒီမိုကရေစီ နည်းကျအောင် ပြုပြင်ဖို့ပဲဖြစ်ပါတယ်။ ဒါကို ပြုပြင်ဖို့အတွက် အဓိကကျတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အတွက်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်း/ပွင့် အဖွဲ့က ထောက်ခံ လက်မှတ် ကောက်ယူခဲ့တာ လူဦးရေငါးသန်းကျော်က ထောက်ခံပြီးပါပြီ။

ဒါပေမဲ့လည်း စစ်သားတစ်ပိုင်း အစိုးရကတော့ ဒါကိုဥပေက္ခာပြုလို့ ဒီမနိုင်မနင်းမှုကို သမ္မတက ထမ်းထားရမြဲ ထမ်းနေရဆဲပါ။ ဒီမိုကရေစီ အစိုးရဖြစ်ပြီး လက်နက်ကိုင် တပ်တွေကို မိမိလက်အောက် ထားချင်တယ် ဆိုရင်ဖြင့် သမ္မတ အနေနဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးကို အတတ်နိုင်ဆုံး ဖိအားပေး လုပ်ဆောင်နိုင်မှသာလျှင် လက်နက်ကိုင်တပ်ကို ပြန်ကြောက်နေ ရတဲ့ သမ္မတအဖြစ်က လွတ်မြောက်နိုင်မှာ ဖြစ်ပါကြောင်း။

အောင်ထွန်းလင်း
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

လက်နက်တွေ စစ်ဆေးနေတဲ့ ကိုးကန့်လက်နက်ကိုင် MNDAA တပ်ဖွဲ့ဝင်များ။ (မတ်လ ၁၀၊ ၂၀၁၅)
ကိုးကန့်လက်နက်ကိုင်တပ်တို့နဲ့ မြန်မာ့တပ်မတော်တို့ကြား ဒီကနေ့ တိုက်ပွဲတွေအတွင်း မြန်မာ့တပ်မတော်ဘက်က တောင်ကုန်း ၃ ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး တပ်သား ၁၁ ဦး ကျဆုံးခဲ့တယ်လို့သတင်းထုတ်ပါတယ်။ ကိုးကန့်လက်နက်ကိုင်တပ်ဘက်ကတော့ မြန်မာစစ်တပ်က လက်နက်အသစ်တွေ တိုးပြီး အသုံးပြုလာပြီး ဒီကနေ့ တိုက်ပွဲမှာတော့ မူလနေရာကနေ နောက်ကို အနည်းငယ် ဆုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။ ကိုးကန့်ဒေသ စစ်ရေး အခြေအနေတွေကို မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။

တရုတ် မြန်မာ နယ်စပ် ကိုးကန့် ဒေသတဝိုက်မှာ ဒီကနေ့ ကိုးကန့်လက်နက်ကိုင်တပ်တို့နဲ့ မြန်မာ့ တပ်မတော်ကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး ကိုးကန့် တပ်ဘက်က လောင်ချာ၊ စက်သေနတ်ကြီး၊ လက်ပစ်ဗုံး၊ တိုက်မိုင်းတို့ အသုံးပြု တိုက်ခိုက်ခဲ့သလို မြန်မာ့တပ်မတော်ဘက်ကတော့ လက်နက်ကြီးနဲ့ပစ် လေကြောင်းကနေလည်း ဗုံးကြဲခဲ့ပါတယ်။ ဒီကနေ့ တိုက်ပွဲတွေအတွင်း ပါစင်ကျော်မြို့အနီး ရှင်ခုတ်ထန်ဒေသက တောင်ကုန်းတခု၊ လော်ကွာကျိုင်းဒေသ တဝိုက်က တောင်ကုန်းနှစ်ခုကို မြန်မာ့တပ်မတော်က သိမ်းဆည်းနိုင်ခဲ့တယ်လို့လည်း မြန်မာအစိုးရ စစ်တပ်က သတင်းထုတ်ပါတယ်။ တိုက်ပွဲအတွင်း စစ်သည် ၁၁ ဦး ကျဆုံးပြီး ၁၁ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒီကနေ့ ရှင်ခုတ်ထန်ဘက်ကတိုက်ပွဲ အခြေအနေကိုတော့ ကိုးကန့်တပ်ရဲ့ပြောခွင့်ရ ဦးထွန်းမြတ် လင်းက အခုလို ပြောပါတယ်။

“ခုတ်ထန်မှာပါ။ အခုရက်ပိုင်း ဖြစ်ဖြစ်နေတဲ့နေရာမှာပါ။ ဒီနေ့ ဟယ်လီကော့ပတာ တစီးလာတယ်။ ဗုံးကြဲတယ်၊ ပြီးတော့ စက်သေနတ်နဲ့ပစ်တယ်။ ကျနော်တို့ အဓိကစခန်းချထားတာတော့ မရှိပါဘူး။ ဒါပေမယ့် ကျနော်တို့ စခန်းသေးသေးလေးရှေ့မှာ တိုက်ပွဲမဖြစ်တဲ့နေရာမှာ ကျနော်တို့ နောက်ကို နည်းနည်းလေး ပြန်ဆုတ်ထားတာ ရှိပါတယ်။ တိုက်ပွဲဖြစ်တဲ့နေရာမှာတော့ ကျနော်တို့ ဖယ်လိုက်တာ မရှိပါဘူး။ အဲဒီနေရာကနေ နောက်ကို နည်းနည်းလေး ပြန်ဆုတ်တဲ့နေရာမှာ ပြန်ဆုတ်တာပဲရှိပါတယ်။ ဒါပေမယ့် သူတို့က လက်နက်တွေတော့ ပိုပိုသုံးလာပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းဆို နှစ်ဆင့်ကွဲတဲ့ဗုံးလည်း သုံးလာတယ်။ ပြီးတော့ မနေ့တုန်းကထင်တယ်။ ဟိုဗုံးအကြီးကြီး ၂၅၀ ကီလိုဂရမ်လားမသိဘူး၊ ပြီးတော့ လက်နက်အသစ်ပေါ့၊ အဲဒါတွေလည်း သုံးလာတာတွေ့ပါတယ်။ ဒါပေမယ့် ကျနော်တို့လည်း တတ်နိုင်သလောက် ခုခံသွားပါမယ်။”

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တိုက်ပွဲတွေ သတင်း ၅ ပတ်ကျော်လာပြီဖြစ်ပြီး စစ်ရေးတင်းမာနေဆဲမို့ တရုတ်ဘက်မှာ ရှောင်နေတဲ့ ဒုက္ခသည်တွေလည်း နေရပ်ရင်းတွေကို မပြန်နိုင်သေးတဲ့အကြောင်း တရုတ်-မြန်မာ နယ်စပ်မှတ်တိုင်း ၁၂၅ ဒုက္ခသည်စခန်းမှာ ကူညီပေးနေတဲ့ ကိုတောမတ်စ်က ပြောပါတယ်။

“ဒုက္ခသည်ကတော့ အခု ၁ ထောင်ကျော်လောက်ပဲ ရှိတော့မယ်။ တချို့ကတော့ အိမ်ပြန်သွားတာပေါ့နော်။ တချို့ကျတော့လည်း တရုတ်ပြည်ဘက် ဝင်သွားတာရှိတယ်။ လောက်ကိုင်က တောရွာတွေပေါ့နော်၊ အထူးသဖြင့် ပလောင်တွေ၊ ရှမ်းတွေ၊ အဲဒါတွေ များတယ်ဗျ။ အခုက လားရှိုးဆင်းတဲ့အဖွဲ့ကျတော့ သူတို့က ….ကနေ ပတ်ပြီးတော့ သွားတယ်။ စင်ကျော်ကနေ လောက်ကိုင်ကျ သွားလို့မရသေးဘူး။ ကြံခုတ်သမားတွေကတော့ သူတို့ လမ်းလျှောက်သွားတာတော့ ရတယ်လို့ပြောတယ်။ ဗမာပြည်က သူတို့သွားတဲ့အဖွဲ့တွေတော့ သူတို့က စင်ကျော်ကနေ လောက်ကိုင်တော့သွားလို့မရသေးဘူးပေါ့။ သူတို့က တရုတ်ပြည်ကနေပတ်ပြီးတော့ ပြန်သွားတာရှိတယ်။ အခု လောက်ကိုင်ကျတော့ တချို့ကျတော့ ပြန်တာရှိတယ်။ ဒါပေမယ့် တချို့ကျတော့ ပြန်ထွက်လာနေသေးတယ်။”

ကိုးကန့်နယ်နဲ့ ဆက်နေတဲ့ တရုတ်နယ်စပ်တလျှောက် နေရာ အတော်များများမှာ စစ်ပြေးဒုက္ခသည်တွေ ခိုလှုံနေကြပြီး လတ်တလောမှာတော့ တရုတ် အစိုးရဘက်က ပြည့်စုံအောင် ထောက်ပံ့ပေးထားတယ်လို့လည်း ကိုတောမတ်စ်က ပြောပါတယ်။ မြန်မာပြည်တွင်းက အလုပ်လာလုပ်နေသူတွေကတော့ လမ်းကြောင်းအသီးသီးကနေ ဌာနေပြန်နေနိုင်ပြီဖြစ်ပေမယ့် ကိုးကန့်ဒေသခံတွေကတော့ စစ်ရေးတင်းမာနေဆဲမို့ အိမ်မပြန်နိုင်ကြသေးဘဲ ဒုက္ခသည် စခန်းတွေမှာ သောင်တင်နေကြရဆဲ ဖြစ်ပါတယ်ရှင်။

သိင်္ဂီထိုက် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

လက်ပံတန်း ကျောင်းသားသပိတ်အကြမ်းဖက်ဖြိုခွဲမှုတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများကို ကျော်လွန်ခြင်းမရှိသည့်အပြင် “ဟိုကရိုက်လို့ ဒီကပြန်ပြီး ရိုက်ရတဲ့သဘော” ဟု မတ် ၂ဝ ရက်က ထုတ်လွှင့်ခဲ့သော BBC နှင့် တွေ့ဆုံမေးမြန်းခန်းတွင် သမ္မတဦးသိန်းစိန်က ဖြေကြားခဲ့သည်။ လက်ပံတန်းကျောင်းသားသပိတ် ဖြိုခွဲမှုဖြစ်စဉ်အတွင်း အကြမ်းဖက်မှုများ ရှိခဲ့ခြင်းနှင့် ပတ်သက်၍ သမ္မတဦးသိန်းစိန်က “ရဲလုပ်ငန်းမှာ အဆင့်ဆင့်ရှိပါတယ်။ အဲဒီတော့ ဒီဟာကို အကြမ်းဖက်ဖြိုခွဲတယ် ဆိုပေမယ့်လည်း ကျွန်တော်တို့မှာ ဟိုကရိုက်လို့ ဒီကပြန်ပြီးရိုက်ရတဲ့သဘောပဲ ရှိတယ်။ ဟိုက ခဲနဲ့ပေါက်လို့ ဒီက ကာကွယ်ရတဲ့သဘောပဲ ရှိတယ်။ တစ်ချက်မှ မျက်ရည်ယိုဗုံးတို့ ဘာတို့နဲ့ ပစ်ပြီးဖြိုခွဲရတာတွေ၊ Water Canon နဲ့ ပစ်ပြီးတော့ ဖြိုခွဲရတာတွေ၊ နောက်တစ်ခါ Rubber Bullet နဲ့ ပစ်ပြီးတော့ ဖြိုခွဲရတာတွေ ဒါတွေတစ်ခါမှ ကျွန်တော်တို့ မရှိခဲ့ပါဘူး။ ဒါတွေဟာ ရဲလုပ်ငန်းမှာ အဆင့်ဆင့်ရှိပါတယ်။ ခင်ဗျားတို့ EU ကလည်း ရဲလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ လာပြီး စနစ်တကျသင်ကြားပေးနေတာတွေ ရှိပါတယ်။ အဲဒီတော့ ရဲဟာ နိုင်ငံတော်ကာကွယ်ရေးအတွက် တည်ငြိမ်အေးချမ်းရေးအတွက် သူ့ရဲ့လုပ်ငန်းကို သူအဆင့်ဆင့် လုပ်တာပဲဖြစ်ပါတယ်။ ဒါဟာ International Practice ထက် ဘယ်ဟာတစ်ခုမှ ကျော်လွန်ခြင်း မရှိပါဘူး” ဟု ပြောကြားခဲ့သည်။ ထို့အပြင် အကြမ်းဖက်သည်ဟု စွပ်စွဲမှုများသည် တစ်ဖက်တည်းက ကြည့်၍ပြောဆိုခြင်းများဖြစ်ကြောင်းနှင့် ဆန္ဒပြကျောင်းသားများဘက်မှ ခဲဖြင့်ပေါက်သောကြောင့် ရဲမေအချို့ခေါင်းကွဲခြင်း၊ ရဲကား မှန်ကွဲခြင်းများလည်း ရှိခဲ့ကြောင်း သမ္မတဦးသိန်းစိန်က ဆက်လက်ပြောကြားခဲ့သည်။

ဤနေရာ၌ ဦးစွာပြောလိုသည်မှာ “ဟိုကရိုက်လို့ ဒီကပြန်ပြီးရိုက်ရတဲ့ သဘောပဲရှိတယ်” ဟူသည့် စကားဖြစ်သည်။ ဖြစ်ရပ်မှန်ကို ခေတ္တဘေးဖယ်ထားလိုက်လျှင်ပင် “ဟိုကရိုက်၍” “ဒီက ပြန်ရိုက်ခြင်း” သည် ဥပဒေပြင်ပမှ စကားဖြစ်သည်ကို သတိပြုမိကြမည် ဖြစ်ပါသည်။
ဟိုကရိုက်၍ ဒီကပြန်ရိုက်လျှင် အပြစ်မရှိဘူးဟူသည့် အတွေးမျိုးက ကလေးကလားနိုင်လွန်းလှသည်။ ဘောလုံးပွဲ၌ပင်လျှင် ဟိုကချ၍ ဒီကပြန်ချလျှင် နှစ်ဦးစလုံး အနီကတ် ပြခံရမည်ဖြစ်သည်။

လက်ပံတန်းသပိတ်အား ဖြိုခွဲခဲ့မှုနှင့် ပတ်သက်၍ ဓာတ်ပုံမှတ်တမ်း၊ ဗီဒီယိုမှတ်တမ်းများစွာရှိပြီး အွန်လိုင်း၌ မည်သူမဆို အလွယ်တကူ ကြည့်ရှုနိုင်သည်။ ယင်း၌ မည်သို့မျှ မခုခံနိုင်သည့် လူတစ်ဦးကို ရဲအယောက် ၂ဝ ခန့်က အငြိုးတကြီး ဝိုင်းရိုက်ကြခြင်း၊ ရဲများက ကားကို အငြိုးတကြီးဝိုင်း၍ ဖျက်ဆီးကြခြင်းနှင့် ကျောင်းသားတို့၏ အလံများကို ရဲများက ဒေါသတကြီး ဖနောင့်ဖြင့် ဝိုင်းပေါက်ကြခြင်းတို့သည် International Practice လားဟု မေးခွန်းထုတ်ရမည် ဖြစ်သည်။ လုပ်ပိုင်ခွင့်အာဏာထက် များစွာကျော်လွန်လျက် အငြိုးတကြီး လုပ်ဆောင်ခဲ့သည်ကို သက်သေအထင်အရှား ရှိနေသည့်တိုင် နိုင်ငံတော်သမ္မတက တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ပေးပါမည်ဟု မပြောဘဲ ကာကွယ်ပြောကြားနေခြင်းမှာ မည်သို့မျှ မသင့်လျော်သည့်ကိစ္စ ဖြစ်သည်။

တရားဥပဒေ၏ သဘောသဘာဝအရ အတိုင်းအတာတစ်ခုကို ကျော်လွန်၍ ခုခံကာကွယ်၍ မရသည်ကို နိုင်ငံတော်၌ တာဝန်အရှိဆုံးသူက မသိခြင်းမှာ လွန်စွာဆိုးရွားလှသော ကိစ္စဖြစ်သည်။ နိုင်ငံတော်၌ တာဝန်အရှိဆုံးသူသည် ဖြစ်စဉ်အပြည့်အစုံကို အသေအချာ သုံးသပ်လေ့လာရမည်ဖြစ်ပြီး လက်လွတ်စပယ်ပြောကြားခြင်း မပြုအပ်ပါ။ အကယ်၍သာ လွတ်လပ်၍ တရားမျှတသော တရားစီရင်ရေး ဖြစ်ခဲ့မည်ဆိုပါက ရဲတပ်ဖွဲ့၏ ဥပဒေဘောင်ကို ကျော်လွန်လျက် အင်အားအလွန်အကျွံ သုံးစွဲခဲ့မှုကို တရားစွဲဆိုခွင့် ရှိရမည်ဖြစ်ကြောင်းနှင့် တရားစီရင်ရာ၌လည်း တရားသူကြီးအဖွဲ့က လွတ်လွတ်လပ်လပ် ဆုံးဖြတ်ကာ ဥပဒေအရအပြစ်ရှိကြောင်း တွေ့ရှိရပါက တာဝန်ရှိသူများကို လိုအပ်သလို အပြစ်ပေးအရေးယူရမည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

============

Eleven Media Group

မတ်လ ၂၂ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

ပြည် ထောင်စုမြန်မာပြည်နိုင်ငံတော်အစိုးရ၊ မြေအသုံးချမှုစီမံခန့်ခွဲမှုကော်မတီ နှင့် ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်း ခံရမှုကြောင့် ပြည်သူများ နစ်နာမရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်တို့၏ မြေအသုံးမှုဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် အစိုးရဘက်မှ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း၊ ပြည်ထဲ ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးတို့ တက်ရောက်ကြသလို လွှတ်တော်ဘက် က ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း အပါအ၀င် ကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသော ဦးအောင်သိန်းလင်းတို့ တက်ရောက်ခဲ့ကြသည်။

ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက လယ်ယာမြေများကို ဥပဒေအရ သိမ်းဆည်းခြင်းဖြစ်ကြောင်းပြောသလို ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြဿနာများဖြေရှင်းနိုင်ဖို့ တက်ရောက်ဆွေးနွေးခြင်းဖြစ် ကြောင်း ပြောဆိုနေစဉ်မှာပဲ ခန်းမအတွင်း ရောက်ရှိနေကြသော မီဒီယာအဖွဲ့ ကို ဘယ်သူ့ညွှန်ကြားချက်နဲ့မသိဘဲ အပြင်ကို ထွက်ခိုင်းပါတော့သည်။

ဤနေရာတွင် အစိုးရအဖွဲ့ ဘာကိုကြောက်နေတာလဲ မေးစရာဖြစ် လာပါသည်။ ကောင်းမွန်သော အစိုးရ၊ သန့်ရှင်းသောအုပ်ချုပ်ရေးနှုတ်က တဖွဖွပြောနေပြီး ပွင့်လင်းမြင်သာမှုမရှိသည်ကိုတော့ အံ့သြရပါသည်။ သက်တမ်းဘာမှမကြာတော့သည့်ကာလအတွင်း အစိုးရအတွက် နိုင်ငံရေး အကျပ်အတည်းများ ရင်ဆိုင်ဖြေရှင်းနေရပါသည်။ ကျောင်းသား၊ အလုပ် သမား၊ လယ်သမား၊ ဆန္ဒပြမှုများ ယင်းတို့ထက် ဆိုးဝါးသည်မှာ ၂၀၁၅ ရွေးကောက်ပွဲ အောင်နိုင်ရေး ဖြစ်ပါသည်။

စာရေးသူတို့နိုင်ငံတွင် ၉၀ ရာခိုင်နှုန်းသည် အခြေခံလူတန်းစားဖြစ်ပါ သည်။ နိုင်ငံတွင် ဆင်းရဲသူနှင့် ချမ်းသာသူ လူတန်းစား ၂ မျိုးသာ လက်ရှိမှာ ရှိနေပါသည်။ ယင်းတို့အနက် ခေတ်အဆက်ဆက် ဦးကြီးများ လို့ သုံးနှုန်းခေါ်ဆိုခဲ့ကြသော လယ်သမား၊ ကိုင်းသမား၊ ယာသမားက အများစု ဖြစ်ပါသည်။ စစ်အုပ်ချုပ်ရေးကာလတွင် ဘာကြောင့်မှန်းမသိ၊ မြေလွတ်မြေရိုင်းတွေ များစွာရှိနေပါလျက်နှင့် လယ်ယာမြေ အမြောက်အများကို သိမ်းယူကြပါသည်။

လယ်သမားဦးကြီးများသည် မြေရိုင်းမှ မြေယဉ်ဖြစ်အောင် နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့ရပါသည်။ လယ် သမားများ လုပ်ကိုင်စားသောက်နေကြသည့် လယ်မြေများကို စီမံကိန်း အကြောင်းပြလျော်ကြေး မစို့မပို့ပေးပြီးသိမ်း၊ အာဏာပိုင်များက ခရိုနီများ ကို ပြန်ရောင်းစား၊ လယ်ယာမြေသိမ်းဆည်းခံ လယ်သမားများရှေ့တွင် မရှက်မကြောက် ဟိရိသြတ္တပ တရားကင်းမဲ့စွာ လုပ်ကြပါသည်။

၁၀-၃-၂၀၁၅ ရက်နေ့က ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်း အဝေးတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က လယ်ယာမြေ ဆုံးရှုံးမှုကြောင့် နစ်နာသူ ပြည်သူများကို နစ်နာကြေးပေးဆောင်နိုင်ရန် အတွက် နိုင်ငံတော် ဘတ်ဂျက်တောင်းရာမှာ တိုးတောင်းသင့်ကြောင်း ပြောခဲ့ပါသည်။
ပြဿနာတခုဖြေရှင်းရာတွင် နိုင်ငံတော်နှင့် ပြည်သူအဆင်ပြေသွား အောင်ကြည့်ပြီး ဆောင်ရွက်ဖို့လိုကြောင်း၊ ဘတ်ဂျက်တောင်းလိုက်ပါ။ ပြီးရင်လျော်လိုက်စေလိုကြောင်းနှင့် ပြည်ထောင်စုလွှတ်တော်ကလည်း ယင်းကိစ္စကို ကန့်ကွက်မည်မဟုတ်ကြောင်း ဦးခင်အောင်မြင့်က ပြောကြား သည်။

တကယ်ဆိုလျှင် လျော်ပေးဖို့ ဘတ်ဂျက် တောင်းစရာမလိုပါ။ နေပြည်တော်လိုနေရာမျိုးတွင် နေပြည်တော်ကောင်စီက ဒက်္ခိဏသီရိ (လယ်ဝေး)ဘက်မှာ လယ်သမားများ နှစ်ပေါင်းများစွာ လုပ်ကိုင်စားသောက် နေသော လယ်မြေဧက ရာကျော်ကို သိမ်းပြီး အသိမ်းခံလယ်သမားတွေကို သီးနှံလျော်ကြေးသာသာပေးပြီး ခရိုနီများကို တဧက သိန်း ၁၂၀၀ ဖြင့် ရောင်းထားပါသည်။ ယင်းငွေများဖြင့် လယ်သမားများ ကျေနပ်လောက် သော နေစရာတခုနှင့် လျော်ကြေးပေး၍ ရပါသည်။ လယ်ယာမြေသိမ်း ပြီး ရောင်းစားသည့်ငွေများ ဘယ်ရောက်သွားသလဲ။ သေရင် ယူသွားဖို့ လား၊ အသိမ်းခံလယ်သမားတွေကိုတော့ နေစရာ အစားမပေးဘဲ ဖယ် မပေးတော့ ကျူးကျော်သူဆိုပြီး တရားစွဲ ထောင်ချ၊ အရပ်ဖက်တရားရုံး မဟုတ်ပါဘူး။ စည်ပင်ကဖွင့်ထားတဲ့ တရားရုံးမှာ ဖြစ်ပါသည်။ ကိုယ်လုပ် ကိုင်စားသောက်နေတဲ့ လယ်မြေလည်း အသိမ်းခံရတယ်။ ထောင်ချလဲ ခံနေရပါသည်။

သမ္မတကြီးက မိဘပြည်သူများလို့ခေါ်ဆို သုံးနှုန်းနေပါသည်။ သို့ရာ တွင် အောက်ခြေတွင် အသက် (၈၀)ကျော် အမေအိုကြီးများကို ထောင်ထဲပို့ နေသည်။ အဝေးကြီးမှာ မဟုတ်ပါ။ သမ္မတကြီး တိုက်ရိုက်အုပ်ချုပ်မှုရှိနေ သော နေပြည်တော်လို နေရာမျိုးမှာ ဖြစ်ပါသည်။ မိဘချင်း မစာနာ ထောင် ချသူများက ချနေပေမယ့် စာနာတတ်သူတွေက ငွေကြေးလှူဒါန်းမှုတွေ လုပ်နေတာ၊ နေ့စဉ်ထုတ်ဂျာနယ်၊ သတင်းစာများတွင် မျက်နှာဖုံးဓာတ်ပုံ များဖြင့် ပါနေပါပြီ။ မသိတာလား၊ မသိချင်ယောင်ဆောင်နေသလား။
မိဘပြည်သူတွေကို ဥပေက္ခာပြုထားလေသလား၊ မေးစရာတွေ ဖြစ်နေပါပြီ။ နေပြည်တော်မှာ အခုဖြစ်ပျက်နေတာ စစ်အုပ်ချုပ်ရေးခေတ် က မဟုတ်ပါ။ ပြည်သူတွေ ရွေးပေးလို့ အစိုးရဖွဲ့ခွင့်ရတဲ့ ပြည်ခိုင်ဖြိုးက အမတ်များ အာဏာပိုင်အဖွဲ့ထဲရောက်သွားပြီးမှ လယ်သိမ်းယာသိမ်းလုပ် နေတာ ဖြစ်ပါသည်။

ကြံ့ခိုင်ရေးအတွက် နောက်ဆုံးယူရမည့် အမှတ်က လယ်သမားများ ကြုံတွေ့နေရတဲ့ အခက်အခဲများကို ဖြေရှင်းပေးသည့် နည်းလမ်းသာရှိပါ တော့သည်။ နေပြည်တော်တွင် စည်ပင်တရားရုံး ဖျက်သိမ်းပေးလိုက်လျှင် ၂၀၁၅ တွင် ပြည်ခိုင်ဖြိုးအခြေအနေ ပြန်ကောင်းလာမည် ဖြစ်ပါသည်။
မပြောင်းဘူး၊ မပြင်ဘူးဆိုရင် သိကြားမင်းကြီးဆင်းပြီး ကြံ့ခိုင်ရေးက ၀င်ပြိုင်ရင်လည်း ရှုံးမှာဖြစ်ပါကြောင်း အသိပေးလိုက်ရပါသည်။

ထွန်း(နေပြည်တော်)

News Watch Journal