03/27/15



မြန်မာလူငယ်ထက်ဝက်လောက်ဟာ အလယ်တန်းပညာကိုတောင် ပြီးအောင် မသင်နိုင်ဘဲ သင့်တင့် ကောင်းမွန်တဲ့ အလုပ်အကိုင်ရဖို့ အလားအလာလည်း နည်းပါးနေတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်က ထုတ်ပြန် ကြေငြာလိုက်ပါတယ်

DVB TV



DVB TV -ကျောင်းသားတွေဘက်ကရိုက်လို့ပြန်ရိုက်ရတာပ­ါဆိုတဲ့ နိုင်ငံတော်သမ္မတရဲ့ စကားအပေါ်သူတို့ပြောစကား
ရိုက်ကူး၊တည်းဖြတ် - မျိုးမင်းဦး

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့အခြေစိုက် အရှေ့မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် အတွင်းက လေယာဉ်တွေထားရှိရာနေရာကို အမည်မသိသေနတ်သမားတွေက   လောင်ချာကျည်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

ဒီပစ်ခတ်မှုဟာ ဖေဖော်ဝါရီလဆန်းပိုင်းက ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (လောက်ကိုင်) က တပ်မတော် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်ကို  တိုက်ခိုက်ခံရမှုအပြီး နောက်ထပ် ပိုမိုအဆင့်မြင့်တဲ့ တပ်ဘက်ဆိုင်ရာ အဆင့်မြင့်ဌာနချုပ်တခုကို တိုက်ခိုက်မှုဖြစ်ပါတယ်။

လားရှိုးမြို့ အမှတ် ၁၀ ရပ်ကွက်မှာ  မနေ့ည ၈ နာရီကျော်လောက်က အမည်မသိသေနတ်သမားတွေက ကား ၂ စီးနဲ့လာရောက်ပြီး တပ်ဝင်းနဲ့ ကိုက် ၂၀၀ လောက်အကွာကနေ လေယာဉ်တွေ ထားရှိရာနေရာကို တင့်ကားဖျက်လက်နက် (အာပီဂျီ) လောင်ချာ လို့ ယူဆရတဲ့လက်နက်နဲ့ နှစ်ချက်ပစ်ခတ်ခဲ့တာလို့ ဒေသခံသတင်းထောက် ကိုထွန်းက ပြောပါတယ်။ ထိခိုက်မှုရှိမရှိကိုတော့ မျက်မြင်သတင်းရယူခွင့်မရတဲ့အတွက် မသိရှိနိုင်သေးပါဘူး။

“ရပ်ကွက် ၁၀ နယ်မြေ (၇) နီလာလမ်းထောင့်ကနေပစ်တာပါ။ ပစ်ခတ်တာက ၀င်းထဲက တိုက်ခိုက်ရေးပစ်ကူယာဉ်တွေထားတဲ့နေရာပေါ့။ အဲဒီမှာ ဟိုက်စကီး (ရဟတ်ယာဉ်) တွေ တိုက်ခိုက်ရေးယာဉ်တွေရှိတယ်လေ။ ပစ်တာက စစ်တိုင်းအတွင်းမှာ ရှိတဲ့ လေယာဉ်ကွင်းကို ပစ်တာပါ။   ကျည်ခွံက ကိုက် သုံးဆယ်လောက်မှာကျတာကို တပ်မတော်သားတွေကိုမေးကြည့်တော့ အာပီဂျီဖြစ်ဖို့များတယ်လို့ ပြောတယ်။”

ဖြစ်စဉ်နဲ့ပတ်သက်လို့ သတင်းရရှိမှုကို ရဲတွေက ရှင်းလင်းပြောပြချက်နဲ့ သူက ခုလို ပြောပြပါတယ်။
“ကျနော် ပစ်ခတ်တယ်ဆိုတဲ့နေရာကိုရောက်သွားတော့ ၀င်းထဲကို ကိုက် ၂၀၀ အကွာလောက်ရှိမယ် ရော့ကက်သေနတ်နဲ့ပစ်တာလို့သိရတယ်။ အာပီဂျီဗျ။ သက်သေခံပစ္စည်း ဗုံးကျည်ဆန်ခွံက (စစ်) တိုင်းက သိမ်းသွားတယ်လေ။  နှစ်ချက် ပစ်တယ်ပေါ့။ ရမခတိုင်းထဲမှာရှိတဲ့ လေယာဉ်တွေ ဟတ်စကီးတွေ တိုက်ခိုက်ရေးယာဉ်တွေ ထားတဲ့နေရာကို ပစ်တာ။ ပစ်မှတ်က အဲဒီနေရာကို မရောက်ဘဲနဲ့ အဲဒီဝန်းကျင်မှာရှိတဲ့ ရမခ တိုင်း ကြံစိုက်ခင်းကို သွားကျတာ။ လာပစ်တဲ့ ကားက ၂ စီးဗျ။ ဖိုးဝှီးအနက်ရောင် တစီးရယ်၊ ဆာ့ဗ် နက်ပြာရောင် တစီးရယ်။”
1010667_511490525572510_304164703_n copy
“သူတို့က မပစ်ခင်မှာ ကားနဲ့ရောက်လာတာ။ ပစ်တဲ့အနီးဝန်းကျင်ကအိမ်က လူတယောက်က သူ့ခြံဝင်းတံခါးကို လာပိတ်တာ။ အဲကောင်လေးနာမည် က အောင်သင်းခေါ် ဖိုးခွားတဲ့ ပြန်ပြောပြတယ်။ လာပစ်တဲ့အဖွဲ့က သူ့ကို မြင်သွားတဲ့အခါမှာ ပါးစပ်ပိတ်ခိုင်း တယ်။ သေနတ်နဲ့ထိုးချိန်ပြီးမှ အသံမထွက်ဖို့နဲ့ လက်နောက်ပစ်ပြီးထိုင်ခိုင်းထားတယ်။  သူက မြင်တာက အားလုံး အရပ်ဝတ်ချည်းပဲတဲ့။ သူပြောတာက ရှမ်းတရုတ်လို့ပြောပါတယ်။ ၁မိနစ်ကျော်လောက်အတွင်းမှာ ပစ်ပြီး ပြန်ထွက်ပြေးသွားကြတယ်။ ကားနှစ်စီးပေါ်မှာ လူအင်အားများတယ်ပြောတယ်။ အရပ်ဝတ်ချည်းပဲတဲ့။ ကားပေါ်ကနေ ၆၀ မီလီမီတာ အမြောက် ကျည်ဆန်တလုံး အဲဒီနီလာလမ်းထောင့်မှာ  ပြုတ်ကျကျန်ခဲ့တယ်။ အဲဒီပစ်ခတ်မှုအနားက  အိမ်မှာ စီစီတီဗွီကင်မရာရှိတော့  လားရှိုမြို့ရဲစခန်းက ရဲမှူးတင်ဖေ၀င်းက ဦးစီးပြီး စီစီတီဗွီကင်မရာကို စစ်ဆေးနေတယ်။ မနက်ဆယ်နာရီလောက်ကနေ စစ်နေတာ ခုထိတော့ (ည ၇ နာရီထိတော့ အဖြေတစုံတရာ ထုတ်မပြောသေးဘူး) လို့ပြောပါတယ်။
unnamed
ပစ်ခတ်သည့်နေရာ
သက်သေခံပစ္စည်းအဖြစ် ကျည်ခွံနဲ့ ဗုံးသီးတွေကိုတော့ မီဒီယာသမားတွေ ဓာတ်ပုံရိုက်ယူခွင့်မရခဲ့ကြသလို တပ်တွင်းမှာလည်း သတင်းရယူခွင့်မရခဲ့ဘူးလို့ ဆိုပါတယ်။
ဒီကနေ့ ညအထိတော့ ဘယ်အဖွဲ့အစည်းကမှ ဘယ်သူ့လက်ချက်ဖြစ်တယ်။ ဘာကြောင့် ပစ်ခတ်တယ်ဆိုတာကို ထုတ်ဖော်ပြောဆိုခြင်းမရှိသေးသလို အစိုးရဘက်ကလည်း တစုံတရာ ထုတ်ပြန်မှု မကြားရသေးပါဘူး။

ဒီနှစ်ဖေဖော်ဝါရီ ၉ ရက်ကစလို့ ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လောက်ကိုင်မြို့မှာ မြန်မာ့တပ်မတော် နဲ့ ဖုန်ကြားရှင်ရဲ့ ကိုးကန့်လက်နက်ကိုင် အဖွဲ့တို့ကြား တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားခဲ့ပြီး လူထောင်ပေါင်းများစွာ တရုတ်ပြည်ဘက်နဲ့ မြန်မာပြည်တွင်းပိုင်းကို ထွက်ပြေးခဲ့ကြပါတယ်။ အဲဒီဒေသမှာ အရေးပေါ် အခြေအနေကြေညာ  ပြီး စစ်အုပ်ချုပ်ရေး အမိန့် ထုတ်ပြန်ထားပါတယ်။

http://burmese.dvb.no/archives/87289

လက်ပံတန်းကျောင်းသားသပိတ်ကို အကြမ်းဖက် ဖြိုခွင်းမှုအပေါ် ကန့်ကွက်ပြီး ဖမ်းဆီးခံကျောင်းသားများ ပြန်လည် လွှတ်ပေးရန်အတွက် မတ် ၂၇ တော်လှန်ရေးနေ့တွင် ရန်ကုန် မန္တလေးနှင့် မြန်မာနိုင်ငံအနှံရှိ အခြားမြို့ကြီးများတွင် တစ်ပြိုင်နက်တည်း ဆန္ဒပြမည်ဟု စီစဉ်နေသူများထံမှ သိရသည်။

ရန်ကုန်မြို့တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်နှင့် လူငယ်အဖွဲ့အစည်းများဦးဆောင်၍ မတ် ၂၇ နံနက်၁၀ နာရီ ၁၀ မိနစ်တွင် သိမ်ကြီးဈေး၌ အချက်လေးချက်ဖြင့် ဆန္ဒဖော်ထုတ်သွားမည် ဖြစ်သည်။

ကျောင်းသားပြည်သူကိုအခြေခံသည့် ပညာရေး ဥပဒေ အမြန်ဆုံး ပေါ်ပေါက်လာရေး မတရားဖမ်းဆီးထားသော သပိတ်မှောက် ကျောင်းသားပြည်သူများ အမြန်ဆုံး ပြန်လွှတ်ပေးရေး အကြမ်းဖက်မှုအပေါ် ရှုံချရေးနှင့် အကြမ်းဖက်မှုတွင် တာဝန်ရှိသူများကို ဖော်ထုတ် အရေးယူရေးတို့ ကို တောင်းဆိုဆန္ဒ ထုတ်ဖော်သွား မည်ဖြစ်သည်။
မန္တလေးမြို့တွင်လည်း ဖက်ဆစ် တော်လှန်ရေးနေ့ လူထုချီတက်ပွဲကို နံနက် ၁၀ဤနာရီ ၁၀ မိနစ်တွင် အိမ်တော်ရာဘုရားမှ စတင်မည်ဖြစ်သည်။

တောင်ငူမြို့တွင်လည်း နံနက် ၁၀ နာရီ ၁၀ မိနစ်တွင် ရွှေဆံတော်ဘုရား အရှေ့ဘက်မုဒ်ဦးမှ ဗိုလ်ချုပ် ကြေးရုပ်အထိ ချီတက်လမ်းလျှောက် ဆန္ဒထုတ်ဖော်မည် ဖြစ်သည်။
ထို့အပြင် ထားဝယ် မြင်းခြံ ပြည် ပေါင်းတည် မုံရွာ ပခုက္ကူ လွိုင်ကော် တောင်ကြီး စစ်တွေ တမူး ကလေး ပုသိမ်နှင့် ဟင်္သတ မြောင်းမြမြို့တို့တွင်လည်း အကြမ်းဖက်မှု ရှုတ်ချပွဲနှင့် ဖမ်းဆီးခံ ကျောင်းသားပြည်သူများ ပြန်လည်လွတ်မြောက်ရေး ဆန္ဒပြပွဲများကို တစ်ချိန်တည်း ပြုလုပ်သွားမည်ဖြစ်သည်။

Newsland Media

လေယာဉ်ပျက်ကျရာနေရာကို စုံစမ်းရေးအဖွဲ့များသွားရောက်။

ပြင်သစ်နိုင်ငံက Alps တောင်တန်းပေါ်မှာ Germanwings လေကြောင်းလိုင်းက ခရီးသည်တင် လေယာဉ် ပျက်ကျခဲ့တာဟာ တွဲဖက်လေယာဉ်မှူးက တမင်သက်သက် လုပ်ခဲ့တာကြောင့်လို့ ပြင်သစ်အစိုးရရှေ့နေတဦးက ပြောဆိုလိုက်ပါတယ်။ အသက် ၂၈ နှစ်အရွယ် တွဲဖက်လေယာဉ်မှူး Andreas Lubitz ဟာ လေယာဉ်မှူး စက်ခန်းထဲ ပြန်မ၀င်နိုင် တံခါးကိုသော့ပိတ်ထားပြီး၊ Airbus A320 လေယာဉ်ကို တယောက်တည်း မောင်းခဲ့တဲ့အကြောင်း အစိုးရရှေ့နေ Brice Robin က ပြောဆိုခဲ့တာပါ။

ဒီနောက်မှာတော့ တွဲဖက်လေယာဉ်မှူးဟာ လေယာဉ်ကို အနိမ့်ပိုင်းဆင်းသက်ခဲ့ပြီး၊ တနာရီကို မိုင် ၄၃၀ ကျော်နှုန်းနဲ့ ပျံသန်းလာရာက ပြင်သစ်နိုင်ငံ အရှေ့တောင်ပိုင်းမှာရှိတဲ့ လူသူမနီးတဲ့ ရေခဲတောင်ဒေသမှာ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ လေယာဉ်ပေါ်မှာ လိုက်ပါလာသူ ၁၅၀ စလုံးလည်း သေဆုံးခဲ့တာပါ။ လေယာဉ်ကို အနိမ့်ပိုင်းအထိ ရောက်ဖို့ဆိုတာဟာ တမင်သက်သက် လုပ်မှသာ ဖြစ်နိုင်ပြီး၊ စုံစမ်းမှုတွေအရ တမင်လုပ်တယ် ဆိုတာကိုလည်း တွေ့ရတဲ့အကြောင်း အစိုးရရှေ့နေက ပြောပါတယ်။

အကြမ်းဖက်မှုလို့ ယူဆနိုင်တဲ့ လက္ခဏာ မတွေ့ရပေမဲ့ တွဲဖက်လေယာဉ်မှူးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို စုံစမ်းပြီးမှသာ အတိအကျ ပြောနိုင်မယ် လို့လည်း ဆိုပါတယ်။ လေယာဉ်စက်ခန်းထဲက အသံနဲ့ မှတ်တမ်းတင်ထားတဲ့ Black Box စက်ထဲက ပျက်မကျခင် နောက်ဆုံးအချိန်က အသံတွေကို စုံစမ်းစစ်ဆေးသူတွေ နားထောင်ကြည့်ရာမှာတော့ လေယာဉ်စက်ခန်းထဲ ပြန်ဝင်ဖို့ ကြိုးစားတဲ့ လေယာဉ်မှူး က တံခါးကို အကြိမ်ကြိမ်ထုတဲ့ အသံတွေကို ကြားခဲ့ကြရတာပါ။ ဒါပေမဲ့ တွဲဖက်လေယာဉ်မှူးဟာ တံခါးကို ဖွင့်မပေးပဲ လေကြောင်း ထိန်းသိမ်းရေး စခန်းကိုလည်း မဆက်သွယ်ဘူး လို့လည်း ပြောပါတယ်။

ပျက်ကျကာနီး အချိန်ကျမှ ခရီးသည်တွေရဲ့ အထိတ်တလန့် အော်ဟစ်သံတွေကို ကြားခဲ့ရတဲ့ အတွက်လည်း ရုတ်တရက် အသက်ပျောက်ခဲ့ကြပုံ ရတယ်လို့ အစိုးရရှေ့နေက ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

လက်ပံတန်းကျောင်းသားသပိတ်ကို အကြမ်းဖက်ဖြိုခွင်း တာကို ကန့်ကွက်တဲ့အနေနဲ့ ပဲခူးတက္ကသိုလ် ကျောင်း သားများသမဂ္ဂက လက်ပတ်အဖြူနဲ့ အနက်တွေ ၀တ်ဆင်ပြီး စာမေးပွဲဖြေဆိုဖို့ ကြိုးစားသူတွေကို ပါမောက္ခချုပ်က တားမြစ်ခဲ့ပါတယ်။

ပဲခူးမြို့ ဝိဇ္ဇာ-သိပ္ပံတက္ကသိုလ် စာမေးပွဲနောက်ဆုံးနေ့မှာ လက်ပတ်အဖြူနဲ့ အနက်ဝတ်ဆင်သူတွေကို ကျောင်းထဲ ၀င်ခွင့်မပေးတဲ့အတွက် လက်ပတ်တွေကို ဖြုတ်ထားခဲ့ ရတယ်လို့ ပဲခူးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင် ကိုမျိုးကိုက ပြောပါတယ်။

"ကျနော်တို့ ပဲခူးတက္ကသိုလ်မှာ စာမေးပွဲနောက် ဆုံးရက်ခင်ဗျ၊ ကျနော်တို့ အေးအေးချမ်းချမ်းနဲ့ လက်ပတ်အဖြူ လက်ပတ်အနက်တွေ ဝတ်ထားတယ်၊ ဒါပေမဲ့ ပါချုပ်ကိုယ်တိုင်က လက်မခံဘူး၊ တံခါးကိုဆွဲပိတ်လိုက်တယ်၊ လက်ပတ်တွေကို အပြင်မှာပဲထားခဲ့ပါ၊ အထဲကိုလုံးဝပေးမဝင်ပါဘူး၊ အဲဒီ့အခါ ကျောင်းသားတွေက လက်ပတ်တွေကို အပြင်မှာထားပြီးတော့မှ အခန်းထဲကိုဝင်ဖြေရတယ်၊ ကျနော်တို့ရဲ့ ရဲဘော်ရဲဘက်တွေ အပြစ်မရှိပဲနဲ့ အကျဉ်းသားသဖွယ် အချုပ်ထဲမှာ အကျဉ်းကျခံနေရတယ်ပေါ့၊ ဒီကျောင်းသားတွေ အမြန်ဆုံးလွှတ်မြောက်ဖို့အတွက်ကို ကျနော်တို့ကျောင်းသားတွေ ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ ဆုတောင်းပွဲလုပ်တယ်"

ပဲခူးတက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် ၂၀ ကျော်က သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရ တဲ့ ကျောင်းသား ကျောင်းသူတွေ ပြန်လည်လွတ်မြောက်ဖို့အတွက် ပဲခူးမြို့ ရွှေမော်ဓောဘုရားနဲ့ ကြေးသွန်းဘုရား မှာ ဆုတောင်းပွဲကျင်းပခဲ့ပါတယ်။

RFA

ဘယ်ဖက်လက်သုံးချောင်းရဲ့အဓိပ္ပာယ်ဖြစ်တဲ့ ကျေးဇူးတင်တာ၊ အားကျဂုဏ်ယူတာနဲ့ ကိုယ်ချစ်တဲ့သူကို နှုတ်ဆက်ရတာဆိုတဲ့ အဓိပ္ပာယ်သုံးမျိုးပေါင်းထားတဲ့ Sign ကို The Hunger Games ထဲမှာဖော်ညွှန်းခဲ့ပါတယ်။ District 12 ဇာတ်ကားထဲမှာတော့ ကိုယ်ရဲဘော်အချင်းချင်းကို ဘယ်ဖက်လက်သုံးချောင်းထောင် နှုတ်ခမ်းမှာကပ်ပြီး ထောင်ပြတဲ့ လက်သုံးချောင်းကို ညာဖက်လက်နဲ့ပြောင်းပြီး အများပြည်သူကို ထောင်ပြလိုက်တဲ့အခါမှာတော့ Rebellion ဆိုတဲ့ သူပုန်ထမှုအဓိပ္ပာယ်ကို စတင်ပေါ်ပေါက်လာစေခဲ့ပါတယ်။

ညာဖက်လက်ကိုသုံးစွဲပြီး လက်သုံးချောင်းထောင်တဲ့ အလေးပြုမှုဟာ အုပ်ချုပ်မှုနဲ့ အာဏာကိုချုပ်ကိုင်ထားသူတွေကို ဆန့်ကျင်တဲ့ လက္ခဏာအဖြစ် ပီပီပြင်ပြင်ပေါ်ပေါက်လာတဲ့နောက်မှာတော့ အတုအယောင်ဖန်တီးထားတဲ့ကမ္ဘာထဲကနေ ရုန်းထွက်ပြီး အစစ်အမှန်ကမ္ဘာကြီးအတွက် ရုန်းကန်တိုက်ပွဲဝင်ကြမယ်ဆိုတဲ့ အဓိပ္ပာယ်အထိ ရောက်ရှိလာပါတယ်။ ဒီကနေ့ကမ္ဘာမှာတော့ လူငယ်ကျောင်းသား လှုပ်ရှားမှုတွေကြားမှာ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာပါတယ်။

ညာဖက်လက်ညှိုးအလယ် ၃ချောင်းထောင်ပြီး လက်ထိပ်တွေကြား သံတိုင်တွေကြားကနေ မတ်လ ၂၅ရက်နေ့မှာ အကျဉ်းစံ သပိတ်မှောက်ကျောင်းသားတွေဟာ သူတို့ရဲ့မိသားစုဝင်တွေ၊ ထောက်ခံအားပေးသူတွေကို ပြပြီး အလေးပြုခဲ့ပါတယ်။ ဒီအဓိပ္ပာယ်ဟာ အာဏာရှင်စနစ်အလိုမရှိ၊ အကြမ်းဖက်ဝါဒ ကျဆုံးပါစေဆိုတဲ့ မြန်မာကျောင်းသားတွေရဲ့ ရုန်းကန်မှုတိုက်ပွဲရဲ့အဓိပ္ပာယ်ကို ဆောင်နေပါတယ်။

Credit: Kamayut Media



လက်ပံတန်းမှာ မြန်မာအစိုးရရဲ့ အကြမ်းဖက်ဖြိုခွင်းမှုကိုခံခဲ့ရတဲ့ သပိတ်မှောက်ကျောင်းသား ၆၉ယောက်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅(ခ)အပါအဝင် ပုဒ်မ ၅ခုနဲ့ လက်ပံတန်းမြို့နယ်တရားရုံးမှာ မတ်လ ၂၅ရက်နေ့က ရုံးထုတ်ပြီး စွဲချက်တင်ခဲ့ပါတယ်။ တရားခွင်ထဲက ကျောင်းသား ၆၉ယောက်နဲ့ လွတ်မြောက်နေဆဲ ကျောင်းသား ၄ယောက်ကို ဘာ့ကြောင့် ပုဒ်မတွေတစ်သီကြီးတပ်ပြီး ထောင်ထဲမှာ ဖမ်းထားတာလဲ။

ပုဒ်မ ၅ဝ၅(ခ)နဲ့အတူ ပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇၊ ၃၃၂တွေနဲ့ အစိုးရက စွဲချက်တင်ထားတာကြောင့် အာမခံပေးလို့မရဘဲ နောက်ထပ် ရုံးချိန်းကို ဧပြီ ၇ရက်နေ့ ပြန်လည်စစ်ဆေးဖို့ ချိန်းဆိုခဲ့ပါတယ်။ လက်ပံတန်းတရားရုံးမှာ အနယ်နယ်အရပ်ရပ်က ကျောင်းသားမိဘတွေနဲ့ ပြည့်ကြပ်နေသလို ရဲလုံခြုံရေးတွေ အများကြီး တင်းတင်းကြပ်ကြပ်ချထားခဲ့ပါတယ်။ ကျောင်းသားတွေဘက်ကတော့ ရှေ့နေ ဦးရောဘတ်စန်းအောင်၊ ဦးအောင်သိန်းတို့အပါအဝင် ရှေ့နေများကွန်ရက်အဖွဲ့ဝင်တွေအပြင် တရားရုံးချုပ်ရှေ့နေ၊ အထက်တန်းရှေ့နေတွေက အမှုကို လိုက်ပါဆောင်ရွက်ကြမှာဖြစ်ပါတယ်။

ကျောင်းသားပြည်သူ ၆၉ယောက်ကို စွဲဆိုထားတဲ့ ပုဒ်မတွေထဲက ၅ဝ၅(ခ)ကြောင့် အာမခံမရနိုင်ဘဲ တရားခွင်မှာ စွပ်စွဲချက်တွေကို အပြန်အလှန်ချေပပြီးမှ လွတ်မလွတ်ကို ခန့်မှန်းနိုင်မယ်လို့ တရားရုံးချုပ်ရှေ့နေ ဦးစံမောင်က ပြောပါတယ်။ ကျောင်းသားတွေ ထိခိုက်ဒဏ်ရာရအောင် ရဲတွေက အကြမ်းဖက်တာမို့ ရာဇဝတ်ကျင့်ထုံးပုဒ်မ ၁၂၈အရ ဥပဒေဘောင်ကိုကျော်လွန်တာမို့ ပြန်တရားစွဲလို့ရနိုင်ပေမယ့် တရားရုံးတွေက လက်မခံတာများလို့ ခက်ခဲနိုင်တယ်လို့ ဆိုပါတယ်။

သာယာဝတီထောင်ထဲ ဖမ်းဆီးထားတဲ့ သပိတ်မှောက်ကျောင်းသားနဲ့ပြည်သူတွေကို အစောင့်အကြပ် ထူထူထဲထဲကြားက တရားရုံးကိုထုတ်လာခဲ့ချိန် တရားခွင်မှာတော့ ကျောင်းသားလှုပ်ရှားမှုခေါင်းဆောင် မဖြိုးဖြိုးအောင်က သူအပါအဝင် အမျိုးသမီးတွေကို လက်ထိပ်ခတ်ပြီး အမှုစစ်ဆေးတာဟာ ဥပဒေနဲ့မညီတဲ့အကြောင်း တရားသူကြီးကို လျှောက်ခဲ့တာကြောင့် လက်ထိပ်ဖြုတ်ပြီး အမှုစစ်ခဲ့ရတယ်လို့ မျက်မြင်သက်သေတွေက ဆိုပါတယ်။ လက်ပံတန်းတရားရုံးမှာတော့ ပြည်သူတွေအများအပြားရောက်လာပြီး ကျောင်းသားတွေကို ထောက်ခံအားပေးခဲ့ပါတယ်။ အကျဉ်းစံ ကျောင်းသားတွေဟာ နှစ်ယောက်တစ်တွဲလက်ထိပ်ခတ်ပြီး တရားရုံးထဲအလာ အာဏာရှင်စနစ် ဆန့်ကျင်ရေးအဓိပ္ပာယ်ရတဲ့ ညာဖက်လက်က လက်သုံးချောင်းထောင်ပြပြီး အလေးပြုခဲ့ပါတယ်။

ကျောင်းသားခေါင်းဆောင် မင်းသွေးသစ်ကို ပစ်မှတ်ထားပြီး ရိုက်နှက်ညှဉ်းပန်းထားတယ်ဆိုတဲ့ သတင်းတွေကြောင့် သားဖြစ်သူရဲ့ကျန်းမာရေးကို စိုးရိမ်နေသူ ဒေါ်ခင်ခင်ယုက ဥပဒေဆိုတာ အစိုးရလက်ထဲမှာရှိတာမို့ လွတ်လာဖို့ မမျှော်လင့်ဘဲ သားဖြစ်သူကိုတွေ့ချင်လို့ သန်လျင်ကနေ လာခဲ့တယ်လို့ ဆိုပါတယ်။ အနာဂတ်လူငယ်တွေ ပညာရေးအတွက် သားဖြစ်သူလုပ်တဲ့လမ်းကို ကျေနပ်တယ်လို့ ပြောပါတယ်။

ကျောင်းသားတွေဟာ အမှန်တရားအတွက် တောင်းဆိုတာဖြစ်ပြီး ဖမ်းဆီးခံရတဲ့ထဲပါဝင်တဲ့ ပြည်သူတွေဟာ အမျိုးသားရေးတာဝန်အရ ကျောင်းသားတွေကို ဝိုင်းရံခဲ့တာမို့ ဒီအမှုအတွက် အကျိုးဆောင်ရှေ့နေအဖြစ် လိုက်ပါမယ်လို့ ဒေါ်ခင်နှင်းသစ်က ပြောပါတယ်။ စွဲဆိုထားတဲ့ပုဒ်မတွေနဲ့ တကယ်ကျုးလွန်တယ်ဆိုတာ မယုံလို့ လျှောက်လဲသွားမယ်လို့ ဆိုပါတယ်။

Kamayut Media

ြ့ငိမ်းချမ်းစွာ ဆန္ဒပြခွင့်ကို မြန်မာနိုင်ငံရဲ့ ဥပဒေအရရော၊ နိုင်ငံတကာ ဥပဒေအရပါ ခွင့်ပြုထားတဲ့အတွက် အဲဒီလို ဆန္ဒပြသူတွေကို ဖမ်းဆီးခွင့်မရှိသလို၊ ရုံးတင်စစ်ဆေးခွင့်လည်း မရှိဘူးလို့ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။

ပညာရေးဥပဒေ ပြင်ဆင်ရေးဆွဲရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အာဏာပိုင်တွေက ပဲခူးတိုင်း၊ လက်ပံတန်းမြို့မှာ အကြမ်းဖမ် ဖြိုခွင်းပြီး ဖမ်းဆီးထားသူတွေကို ဗုဒ္ဓဟူးနေ့က တရားရုံးမှာ စွဲချက်တင်လိုက်တာနဲ့ ပတ်သက်လို့ HRW ရဲ့ အာရှရေးရာ ညွန်ကြားရေးမှူး Brad Adams က အဲဒီလို ပြောကြားလိုက်တာပါ။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်းက တင်ပြထားပါတယ်။

ပညာရေးဥပဒေ ပြင်ဆင်ရေးဆွဲရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုမှုကို ဦးဆောင်ခဲ့တဲ့ ကျောင်းသားတွေနဲ့ ဆန္ဒပြပွဲမှာ ပါဝင်သူ စုစုပေါင်း အယောက် ၈၀ ကို ပဲခူးတိုင်း၊ လက်ပံတန်းမြို့ တရားရုံးမှာ မတ်လ ၂၅ ရက်နေ့က အာဏာပိုင်တွေက ရုံးထုတ်ပြီး စွဲချက်တွေ အသီးသီး တင်ခဲ့တာပါ။

မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေအရရော နိုင်ငံတကာ ဥပဒေအရပါ ငြိမ်းချမ်းစွာ ဆန္ဒပြခွင့် ပြုထားတဲ့အတွက် အခုလို ကျောင်းသားခေါင်းဆောင်တွေနဲ့ ဆန္ဒပြသူတွေကို ဖမ်းဆီး ထိန်းသိမ်းထားတာဟာ တရားဥပဒေနဲ့ ဆန့်ကျင်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ရဲ့ အာရှရေးရာ ညွန်ကြားရေးမှူး Brad Adams က ပြောပါတယ်။

“ကျောင်းသားတွေဟာ မြန်မာ့လူမှုအသိုင်းဝိုင်းအတွင်းမှာ အင်အားကောင်းတဲ့ အသံအဖြစ် တည်ရှိနေတဲ့အတွက် ကျောင်းသားတွေ ဆန္ဒပြတာကို အစိုးရက ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်ကို မြန်မာနိုင်ငံရဲ့ ဥပဒေအရရော၊ နိုင်ငံတကာ ဥပဒေအရပါ ခွင့်ပြုထားတာ ဖြစ်ပါတဲ့အတွက် သူတို့အနေနဲ့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆန္ဒပြနေသ၍ ဖမ်းဆီး ထိန်းသိမ်းခွင့် မရှိပါဘူး။ ဒါပေမဲ့ ကျောင်းသားတွေဟာ ပညာရေး ဥအဒေ ပြင်ဆင်ရေးဆွဲရေးအတွက် ဆန္ဒပြမယ့်အကြောင်း နိုင်ငံသိကြေညာပြီး အများပြည်သူတွေလည်း သူတို့နဲ့ ပူးပေါင်း ပါဝင်လာအောင် စည်းရုံး ပြောဆိုခဲ့ကြပြီး ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ သိကြတဲ့အတိုင်းပဲ မြန်မာအစိုးရဟာ ကျောင်းသားတွေကို အစဉ်တစိုက် ကြောက်နေခဲ့တာပါ၊ ဒါကြောင့်လည်း တက္ကသိုလ်တွေကို အကြာကြီး ပိတ်ထားခဲ့တာ၊ တက္ကသိုလ်တွေ၊ အထက်တန်းကျောင်းတွေကို မကြာခန ပိတ်ပိတ်ပစ်တာတွေ လုပ်ခဲ့တာပါ။”

အခုချိန်ထိ ဒီအမှုမှာ တရားလိုဖက်က သက်သေအထောက်အထားနဲ့ မပြနိုင်သေးဘူးဆိုရင် ဒီကိစ္စဟာ ပြစ်မှု မမြောက်ဘူးဆိုတာ ထင်ရှားနေကြောင်း Brad Adams က ပြောပါတယ်။ ကျောင်းသားတွေကို အလုံးအရင်းနဲ့ ဖမ်းဆီးလိုက်တာကို ကြည့်ခြင်းအားဖြင့် အာဏာပိုင်တွေဖက်က ဥပဒေအရ လုပ်ဆောင်ခြင်းမဟုတ်ပဲ အလျဉ်းသင့်သလို ဖမ်းဆီးတယ်ဆိုတာ ထင်ရှားနေကြောင်း၊ ဒါ့အပြင် အခုလို ဖမ်းဆီးခြင်းကြောင့် ဖမ်းခံထားရတဲ့ ကျောင်းသားတွေအနေနဲ့ သူရဲကောင်းတွေ ဖြစ်လာပြီး အာဏာပိုင်တွေအတွက် ပြဿနာ အခက်အခဲတွေနဲ့ ပိုပြီး ရင်ဆိုင်ရစေနိုင်တယ်လို့ ဆိုပါတယ်။

ဒါဟာ အရင် စစ်အစိုးရလက်ထက်က စနစ်ဟောင်းအတိုင်း လုပ်ဆောင်နေခြင်းဖြစ်တယ်လို့ Brad Adams က သုံးသပ်ပါတယ်။

“ဒါဟာ သူတို့အပေါ် တင်ထားတဲ့ စွဲချက်တွေကြောင်း ကျောင်းတက်ဖို့၊ စာကျက်ဖို့ အခက်အခဲ ရှိစေအောင်၊ အလုပ်အကိုင် ရှာဖွေရခက်ခဲအောင် တမင် အနှောက်အယှက်ပေး လုပ်ဆောင်တာပါ။ ဒါဟာ စစ်အစိုးရလက်ထက်က ခေတ်ဟောင်း မြန်မာပြည် ပုံစံပါ။ မြန်မာနိုင်ငံသစ်မှာ ဒါမျိုးတွေ အတွေ့ရသင့်တော့ပါဘူး။ ဒါကြောင့် မေးခွန်းထုတ်စရာ ရှိတာက ဒါဟာ မြန်မာနိုင်ငံသစ်လား၊ ဒါမှမဟုတ် အရင်အတိုင်းပဲ စနစ်ဟောင်းထဲမှာ ရှိနေတဲ့ မြန်မာပြည်လားဆိုတာပါပဲ။”

ဒီလို အခြေအနေတွေ ဖြစ်နေတဲ့အတွက် မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲရေးဘက်ကို ဦးတည်သွားနေသလား၊ ဒါမှမဟုတ် အရင်လို စစ်အုပ်ချုပ်ရေးအောက်က အာဏာရှင် စနစ်ဘက်ကိုပဲ ဦးတည်သွားနေသလားဆိုတာ နားလည်ရ ခက်တယ်လို့ Brad Adams က ပြောပါတယ်။

“ဒါဟာ အရင်လူဟောင်းတွေက သမ္မတ ဦးသိန်းစိန်ကို သွေးတိုးစမ်းနေတာလဲ ဖြစ်နိုင်ပါတယ်။ ဒီဆုံးဖြတ်ချက်တွေကို ဘယ်သူက ချပေးနေသလဲဆိုတာ ပြောဖို့ အတော်ခက်ပါတယ်။ ဒါပေမဲ့ သမ္မတ ဦးသိန်းစိန်အနေနဲ့ နိုင်ငံတော် သမ္မတတယောက်အနေနဲ့ သူ့ရဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေကို ဆက်လက် လုပ်ဆောင်လိုတယ်၊ သူ့သိက္ခာကို ထိန်းသိမ်းလိုတယ်ဆိုရင်တော့ ဒီပြဿနာတွေမဖြစ်အောင် သူ့အနေနဲ့ ထိန်းသိမ်းရပါလိမ့်မယ်။”

မကြာခင်မှာ အထွေထွေရွေးကောက်ပွဲ၊ သမ္မတသစ် ရွေးချယ်ပွဲတွေ ကျင်းပဖို့ ရှိနေတာကြောင့် အဲဒီ ကာလတွေမှာလည်း ဆန္ဒပြပွဲတွေ၊ ချီတက် ကန့်ကွက်ပွဲတွေ ဆက်တိုက်ဖြစ်နိုင်တဲ့အတွက် အာဏာပိုင်တွေအနေနဲ့ ပြုပြင် ပြောင်းလဲရေးကို တကယ် လိုလားတယ်ဆိုရင် ဒီဆန္ဒပြပွဲတွေကို လက်ခံ နားလည်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ပြည်သူလူထုက ဆန္ဒပြတိုင်း အဲဒီလူတွေ ဘာကြောင့် ဆန္ဒပြကြသလဲဆိုတာကို နားလည်အောင် ကြိုးစားမယ့်အစား ဆန္ဒပြသူတွေရဲ့ စိတ်ထဲမှာ ရာဇ၀တ်မှု ကျူးလွန်လိုတဲ့ စိတ်တွေ ရှိနေတယ်ဆိုတဲ့ အတွေးအခေါ်မျိုး မရှိသင့်ကြောင်း၊ ဒါဟာ ဒီမိုကရေစီစနစ်ရဲ့ အစိတ်အပိုင်းတခုသာဖြစ်ကြောင်း၊ ဆန္ဒပြတယ်၊ မမှန်ကန်တဲ့ အစိုးရရဲ့ လုပ်ရပ်တွေကို ထောက်ပြ ကန့်ကွက်တယ်ဆိုတာဟာ တာဝန်သိ လူမှုအသိုင်းဝိုင်းအနေနဲ့ သူတို့ တာဝန်ကို ကျေပြွန်စွာ ထမ်းဆောင်နေခြင်းဖြစ်ကြောင်း၊ အဲဒီလို လုပ်တဲ့သူဟာ ရာဇ၀တ်ကောင်လို့ ယူဆလို့ မရကြောင်း Brad Adams က ပြောပါတယ်။

ကျောင်းသားခေါင်းဆောင်တချို့နဲ့ ဆန္ဒပြပွဲမှာ ပါဝင်သူတချို့ကို ဆူပူအောင် လုပ်ဆောင်မှု၊ လူစုခွဲဖို့ အမိန့်ပေးတာကို မနာခံဘဲ ဥပဒေနှင့်ဆန့်ကျင်ပြီး ဆက်လက် စုဝေး ဆန္ဒပြနေမှု၊ ရုန်းရင်းဆန်ခတ်ဖြစ်အောင် လုပ်ဆောင်မှု၊ ပြည်သူ့ဝန်ထမ်းတွေကို နာကျင်အောင် လုပ်ဆောင်မှု၊ အများပြည်အကျိုး ပျက်စီးစေမှု ဖြစ်ပေါ်အောင် ဖော်ပြမှု စတဲ့ စွဲချက်တွေနဲ့ ပဲခူးတိုင်း ရဲမှူး ဦးဖုန်းမြင့်က မတ်လ ၂၅ ရက်နေ့မှာ စွဲချက် တင်လိုက်တာ ဖြစ်ပါတယ်။

သူတို့အမှုအတွက် နောက်ထပ် ရမန်ယူပြီး ရှေ့လ ၇ ရက်နေ့ကို ထပ်မံ ချိန်းဆိုလိုက်တယ်လို့ အကျိုးဆောင် ရှေ့နေတွေက ပြောပါတယ်။

VOA



အင်္ဂါနေ့က Germanwings ကုမ္ပဏီပိုင် လေယာဉ် ပြင်သစ် နိုင်ငံ၊ အဲလ်ပ် တောင်တန်းပေါ် ပျက်ကျ စဉ်မှာ လေယာဉ်ကို ဂျာမန် လက်ထောက် လေယာဉ်မှူးက တစ်ယောက်တည်း ထိန်းချုပ်နေခဲ့တာ ဖြစ်ပြီး လေယာဉ် ပျက်ကျအောင် သူက တမင် ဆောင်ရွက်ခဲ့တယ်လို့ ပြင်သစ် အရာရှိတွေက ပြောပါတယ်။

လေယာဉ် ပျက်ကျချိန်မှာ လက်ထောက် လေယာဉ်မှူးက လေယာဉ် ဦးခန်းထဲမှာ တစ်ယောက်တည်း ရှိနေခဲ့ပြီး လေယာဉ် အမြင့်ပေ နိမ့်ဆင်းအောင် တမင် ထိန်းချုပ် ဆောင်ရွက်ခဲ့ကြောင်း အသံ မှတ်တမ်းတင် ကိရိယာရဲ့ အချက်အလက်တွေ အရ သိရတယ်လို့ မာဆေးလ် မြို့က ပြင်သစ် အစိုးရရှေ့နေ Brice Robin က ပြောပါတယ်။

လေယာဉ် မောင်းခန်းထဲကနေ ထွက်သွားတဲ့ လေယာဉ်မှူးဟာလည်း အခန်းထဲ ပြန်ဝင်လို့ မရခဲ့တာ သိရပြီးနောက် ပြန်ဝင်နိုင်ဖို့ အရေးတကြီး ကြိုးစား ခဲ့တာကိုလည်း အသံ မှတ်တမ်းတွေမှာ တွေ့ရှိရတယ်လို့ သူက ပြောပါတယ်။

လေယာဉ်မှူးက အခန်းထဲ ပြန်ဝင်ခွင့် ပေးဖို့ ပြောဆိုတာကိုရော၊ လေကြောင်း ထိန်းသိမ်းရေး စခန်းက ဆက်သွယ်တာကိုပါ လက်ထောက် လေယာဉ်မှူးက တုံ့ပြန်ခြင်း မရှိခဲ့ပေမယ့် သူ့ရဲ့ အသက်ရှူသံကို ကြားနေရတဲ့ အတွက် နောက်ဆုံး အချိန်အထိ အသက်ရှိနေခဲ့တာကို ညွှန်ပြနေတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဘာကြောင့် ဂျာမန် လက်ထောက် လေယာဉ်မှူးက ဒီလို ပျက်ကျအောင် ဆောင်ရွက်သလဲ ဆိုတာကိုတော့ မသိရသေးဘဲ သူ့ရဲ့ ကိုယ်ရေး အချက်အလက် အသေးစိတ်ကို ဂျာမန် အစိုးရက စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ဂျာမန် လေယာဉ် ပျက်ကျမှုကြောင့် လိုက်ပါသွားသူ လူ ၁၅၀ စလုံး သေဆုံး ခဲ့ရပါတယ်။

BBC Burmese
http://www.bbc.co.uk/burmese

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.