04/04/15

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က မြန်မာအစိုးရဟာ ဖွဲ့စည်းပုံပြင်ဆင်ရေး နဲ့ တွေ့ဆုံဆွေးနွေးရေးတွေကို စိတ်ဝင်စားခြင်း မရှိတဲ့ အပြင် လူထုရဲ့ဆန္ဒကိုလည်း အလေးအနက်ထားခြင်း မရှိဖူးလို့ မနေ့ကပြောကြားလိုက်ပါတယ်။

ဒါ့အပြင် သမ္မတဦးသိန်းစိန်အနေနဲ့ ပြုပြင်ပြောင်း လဲရေးတွေဆောင်ရွက်မယ်လို့ ၂ဝ၁၁ ခုနှစ်တွေ့ဆုံစဉ်က သူမကို ပြောကြားခဲ့တဲ့အတိုင်း အမှန်တကယ် ရိုးရိုးသား သားနဲ့ ပြုပြင်လုပ်ဆောင်ခဲ့မယ်ဆိုရင် မြန်မာပြည်ဟာ အခုထက် အများကြီး ပိုမိုတိုးတက်နေမှာ ဖြစ်ပါတယ်လို့ လည်း ဒေါ်အောင်ဆန်းစုကြည်က ရိုက်တာသတင်းဌာန ကို ပြောကြောင်း သိရပါတယ်။

တဆက်တည်းမှာပဲ အမေရိကန်နဲ့ အနောက်နိုင်ငံအစိုး ရတွေဟာ မြန်မာအစိုးရ အပေါ်သိပ်ပြီး အကောင်းမြင်နေကြောင်း ဝေဖန်ပြောကြားရင်း အမေရိ ကန် ပြည်ထောင်စုအနေနဲ့ မြန်မာအစိုးရ ကို ပြုပြင်ပြောင်းလဲရေးတွေ တိုးတက်လုပ်ဆောင်ဖို့ အားပေးတဲ့အနေနဲ့ ချီးမွမ်းဆက်ဆံနေတာကိုလည်း သူက မေးခွန်းထုတ်ခဲ့ပါတယ်။

အဲဒီလိုအားပေးဆက်ဆံတဲ့အတွက် မြန်မာအစိုးရက ပြောင်းလဲရေးတွေကို ပိုမို လုပ်ဆောင်လာသလား ဒါမှ မဟုတ် မြန်မာအစိုးရအနေနဲ့ ငါတို့ ဒီထက်ပိုပြီး လုပ်ဆောင်ဖို့ ဘာမှမလိုဖူးဆိုတဲ့အမြင်ကိုပဲ ပေါ်ပေါက်စေသလားဆိုတာ ကျမမေးချင်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒါပေမယ့် အမေရိကန်ပြည်ထောင်စုက မိမိတို့ကို စွန့်လွတ်သွားပြီဆိုတဲ့ ခံစားမှုမျိုးတော့ မရှိပါဖူး။ မိမိတို့မှာ အမေရိကန် မိတ်ဆွေကောင်းတွေရှိပါတယ်လို့ သူက ပြောဆို ခဲ့ပါတယ်။

ဒ့ါအပြင် တပ်မတော်နဲ့ ဆက်ဆံရေးတိုးတက်ကောင်းမွန်ဖို့ အရေးကြီးကြောင်း၊ ပြည်သူနဲ့တပ်မတော် တသားတည်းရှိဖို့ လိုကြောင်းများကို ပြောကြားရင်း မြန်မာ ဗိုလ်ချုပ်ကြီးတွေက သူ့ကို ပါးပါးနပ်နပ် အနိုင်ယူနေတယ်ဆိုတဲ့ဝေဖန်ချက်တွေ ကို ဒေါ်အောင်ဆန်းစုကြည်က ပယ်ချလိုက်ပါတယ်။ မိမိတို့ကိုင်စွဲတဲ့ မူဝါဒတွေ အတွက် မားမားမတ်မတ် ရပ်တည် တိုက်ပွဲဝင်ရတဲ့ ကာလရှိသလို အတိတ်က ဒဏ်ရာဟောင်း တွေကို တူးဆွမနေပဲ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို မူအဖြစ် ချမှတ်ရတဲ့ ကာလမျိုးလည်း ရှိနိုင်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

သတင်း RFA



ပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်ဟာ ရိုးသားမှုမရှိသလို ရွေးကောက်ပွဲကို ရွှေ့ဆိုင်းနိုင်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ရိုက်တာ သတင်းဌာနနဲ့ ဧပြီ ၃ ရက် မေးမြန်းခန်းမှာ အခုလိုပြောကြားလိုက်တာဖြစ်ပြီး စစ်တပ်က ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ သမ္မတဖြစ်ခွင့်ရရေးကို မပြောင်းလဲဘူးဆိုရင် ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ဟာ ရွေးချယ်စရာ နည်းလမ်းတခုလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ရွေးကောက်ပွဲကို သပိတ်မှောက်တာဟာ အကောင်းဆုံးနည်းလမ်းတခုလို့ ကျမတို့ မထင်ပါဘူး၊ ရွေးချယ်မှုကိုတော့ ဖွင့်ထားဆဲဖြစ်ပါတယ်”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

အန်အယ်လ်ဒီအပေါ်မှာ ခွဲခြားဖိနှိပ်မှုတွေရှိနေတဲ့အတွက် ရွေးကောက်ပွဲဟာ လွတ်လပ်မျှတမယ်လို့ မထင်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

ဒါပေမယ့် နိုဝင်ဘာရွေးကောက်ပွဲရဲ့ အရေးပါပုံကို ဖိအားပေးပြောဆိုခဲ့ပြီး စစ်မှန်တဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ ရောက်နေတာ ဟုတ်မဟုတ် စမ်းသပ်မှု တခုလို့လည်း သူက ပြောပါတယ်။

ပြုပြင်ပြောင်းလဲရေးအတွက် အမေရိကန်က မြန်မာကို ချီးကျူးတာဟာလည်း သူတို့ဘာသာသူတို့ အားရကျေနပ်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“အစိုးရကို ပြုပြင်ပြောင်းလဲရေးအတွက် အမေရိကန်က ဖိအားပေးနေတယ်လို့ ပြောနေပေမယ့် တခြားတဖက်မှာ သူတို့လုပ်ခဲ့တာတွေအတွက် အစိုးရကို ဂုဏ်ယူချီးကျူးနေပါတယ်။ ဘာကြောင့်လဲလိုဆိုတော့ လိုအပ်တဲ့လမ်းကြောင်းအတိုင်း ထပ်လုပ်ဖို့ သူတို့ အားပေးချင်လို့ ဖြစ်ပါတယ်။ ဒါဟာ သူတို့ကိုသူတို့ အားရကျေနေနေတာ ဖြစ်သလို သူတို့ (မြန်မာအစိုးရ)ကို ထပ်မံလုပ်ဆောင်ဖို့အတွက် ရပ်တန့်လိုက်သလို ဖြစ်နေပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

စစ်တပ်နဲ့ ဆွေးနွေးညှိနှိုင်းဖို့ လိုအပ်ချက်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အလေးထား ပြောဆိုခဲ့ပါတယ်။

DVB
http://burmese.dvb.no/archives/88261

ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ်လေးလချမှတ်ခံရပြီးနောက် ဗဟန်းတရားရုံးအတွင်းမှ ပြန်လည်ထွက်ခွာလာသော ဒေါ်နော်အုန်းလှကို ဧပြီ ၂ ရက်ကတွေ့ရစဉ် (ဓါတ်ပုံ- မြင့်သူ) -

၂၀၁၅ နှစ်စပိုင်းမှစပြီး နိုင်ငံတစ်ဝန်းလုံးရှိ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူများကို ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ်သုံးလမှ ခြောက်လအထိချမှတ်နေမှုအပေါ် ဥပဒေကျွမ်းကျင်သူများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက ဝေဖန်ပြောဆိုနေကြသည်။

၂၀၁၅ ခုနှစ်မတိုင်မီကာလများက ပုဒ်မ ၁၈ ဖြင့်တရားစွဲခံထားရသည့် တက်ကြွလှုပ်ရှားသူများကို အများအားဖြင့် ထောင်ဒဏ်တစ်လ (သို့မဟုတ် ) ငွေဒဏ်သာအများအားဖြင့် ချမှတ်လေ့ရှိသော်လည်း ၂၀၁၅ ခုနှစ် နှစ်စပိုင်းမှစ၍ ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခံရသူအများစုကို ထောင်ဒဏ်သုံးလမှ ခြောက်လအထိချမှတ်နေခြင်းဖြစ်သည်။

ထိုသို့တက်ကြွလှုပ်ရှားသူများကို ထောင်ဒဏ်လများစွာချမှတ်နေမှုမှာ ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ တက်ကြွလှုပ်ရှားသူများကို အစိုးရက ရည်ရွယ်ချက်ရှိရှိဖိနှိပ်သကဲ့သို့ဖြစ်နေပြီး အုပ်ချုပ်ရေးပိုင်းမှ တရားစီရင်ရေးနယ်ပယ်ကို လွှမ်းမိုးမှုရှိနေသည်ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် ဥပဒေကျွမ်းကျင်သူများက ဝေဖန်ပြောကြားလိုက်သည်။
ဧပြီ ၂ ရက်က ထောင်ဒဏ်လေးလချမှတ်ခံရသည့် ဦးမြင့်အေးနှင့် ကိုမျိုးသူထွဋ်တို့အားတွေ့ရစဉ်

တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က "အကြမ်းဖက်မှုမပါဘဲ ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြတဲ့သူတွေကို ဒီလိုမျိုး ထောင်ဒဏ်တွေ သုံးလကနေ လေးလအထိချမှတ်နေတာက မကောင်းဘူးလို့ပဲပြောချင်တယ်။ ဒါဟာ လူ့အခွင့်အရေးအရလည်း နစ်နာဆုံးရှုံးပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ တက်ကြွလှုပ်ရှားသူတွေအပေါ်မှာ အစိုးရကနေပြီးတော့ ခြေချုပ်လုပ်တဲ့ပုံစံမျိုးပေါ့ဗျာ။ ဒါဟာ မကောင်းတဲ့လက္ခဏာတစ်ရပ်ပါ" ဟု ဧပြီ ၃ ရက်ကပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၈) နိုင်ငံသား၊ နိုင်ငံသားများနှင့် မူလအခွင့်အရေးနှင့် တာဝန်များ၊ ပုဒ်မ ၃၅၄ တွင် "နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး (သို့မဟုတ်) ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့်ဥပဒေများနှင့် မဆန့်ကျင်လျှင် (က) မိမိ၏ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်၊ (ခ) လက်နက်မပါဘဲ ငြိမ်းချမ်းစွာစုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်၊ (ဂ) အသင်းအဖွဲ့သို့မဟုတ် အစည်းအရုံးများ ဖွဲ့စည်းဆောင်ရွက်ခွင့်..." စသည်ဖြင့် ပြဋ္ဌာန်းပါရှိသည်။

မြန်မာနိုင်ငံ၏တရားစီရင်ရေးအား အုပ်ချုပ်ရေးအာဏာပိုင်များက ၀င်ရောက်လွှမ်းမိုးစွက်ဖက်မှုများရှိနေပြီး တရားသူကြီးများအနေဖြင့် တရားရေးဆိုင်ရာ လွတ်လပ်စွာဆုံးဖြတ်ခွင့်မရှိဖြစ်နေကြောင်းနှင့် အုပ်ချုပ်ရေးနှင့် လွတ်ကင်းသည့် တရားစီရင်ရေးစနစ်တစ်ခု အမြန်ပေါ်ပေါက်လာနိုင်ရန် မြန်မာနိုင်ငံအတွက်အရေးကြီးကြောင်း ဦးရောဘတ်စန်းအောင်ကသုံးသပ်သည်။

၎င်းကပင် "တရားသူကြီးတွေအနေနဲ့က လွတ်လွတ်လပ်လပ်ဆုံးဖြတ်လို့မရဘူး။ ဒါက အုပ်ချုပ်ရေးအာဏာပိုင်တွေရဲ့အပိုင်းက ပါနေတာပါ။ ဒါကြောင့် အုပ်ချုပ်ရေးနဲ့လွတ်ကင်းတဲ့ တရားစီရင်ရေးစနစ်ပေါ်ပေါက်လာဖို့က အရေးကြီးပါတယ်" ဟုဆိုသည်။

၂၀၁၅ ခုနှစ်အတွင်း ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ်သုံးလမှ လေးလအထိ ချမှတ်ခံခဲ့ရသည့် အမှုများအနက် အချို့အမှုများမှာ မန္တလေးမြို့တွင် လျှပ်စစ်မီတာခတိုးမြှင့်ကောက်ခံမှုကို ဆန္ဒပြခဲ့ကြသည့် ကိုသိန်းအောင်မြင့်အပါအ၀င် တက်ကြွလှုပ်ရှားသူလေးဦးကို ပုဒ်မ ၁၈ ၏ အမြင့်ဆုံးပြစ်ဒဏ်ထောင်ဒဏ် ခြောက်လကို မတ် ၂၃ ရက်ကချမှတ်ခဲ့သည်။

အဆိုပါအမှုအပြင် ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီကမ်းခြေတစ်လျှောက်ရှိ တပ်မတော်ကသိမ်းဆည်းထားသည့် လယ်မြေများပြန်လည်ရရှိရေး တစ်ကိုယ်တော်ဆန္ဒပြခဲ့သည့် ဦးစိုးဝေကို သံတွဲမြို့နယ်တရားရုံးက မတ် ၂၆ ရက်တွင် ထောင်ဒဏ်သုံးလချမှတ်ခဲ့သည်။

ထို့ပြင် ကျောင်းသားသမဂ္ဂအဆောက်အအုံ ပြန်လည်တည်ဆောက်ပေးရေးဆန္ဒပြခဲ့ကြသည့် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့မှ တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးနှင့် တက်ကြွလှုပ်ရှားသူ ကိုမျိုးသူထွဋ်ကို ပုဒ်မ ၁၈ ဖြင့်ပင် စတင်ရုံးထုတ်သည့်နေ့ဖြစ်သည့် ဧပြီ ၂ ရက်က အလုပ်ကြမ်းနှင့် ထောင်ဒဏ်လေးလချမှတ်ခဲ့သည်။

ထို့ပြင် လက်ပံတောင်းတောင်အကြမ်းဖက်မှု နှစ်နှစ်ပြည့်ဆန္ဒပြပွဲမှ ဦးဆောင်သူနှစ်ဦးဖြစ်သည့် ဒေါ်နော်အုန်းလှနှင့် ဦးသန်းဆွေတို့ကိုလည်း ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်တရားရုံးက ဧပြီ ၂ ရက်မှာပင် ထောင်ဒဏ်လေးလစီချမှတ်ခဲ့သည်။

အဆိုပါအခြေအနေများအပေါ် တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက "ဒါကသဘာဝပါပဲ။ နိုင်ငံတကာမှာလည်းလုပ်ကြတာရှိတယ်။ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ အာဏာရပါတီက အတိုက်အခံတွေကို အကုန်ဖမ်းပြီး ထောင်ထဲထည့်ထားတာပါ။ အခုမြန်မာနိုင်ငံမှာလည်း ဒီအတိုင်းပါပဲ။ ဆန္ဒပြဖို့ ခွင့်ပြုချက်သွားတင်ရင်တောင် အကြောင်းပြပြီး ဖမ်းချင်ဖမ်းနိုင်သေးတယ်" ဟုပြောကြားသည်။

ထိုသို့ တက်ကြွလှုပ်ရှားသူများကို ထောင်ဒဏ်သုံးလမှ လေးလအထိချမှတ်နေမှုကို ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ကိုမိုဃ်းသွေးက "ပုဒ်မ ၁၈ ကိုပြင်ဆင်ဖို့၊ ဖြစ်နိုင်ရင်ပယ်ဖျက်ဖို့အတွက် ကျွန်တော်တို့ကြိုးစားခဲ့တယ်။ ပြင်တဲ့အခါမှာလည်း ထောင်ဒဏ်ခြောက်လအထိပဲ လျှော့ပေးခဲ့တယ်။ အဲဒီတော့ ဘာမှမထူးဘူး။ ခုရွေးကောက်ပွဲနီးလာတာနဲ့အမျှ ရွေးကောက်ပွဲတရားမျှတမှုမှာ တက်ကြွလှုပ်ရှားသူတွေအနေနဲ့ လွတ်လွတ်လပ်လပ်လှုပ်ရှားပိုင်ခွင့်လည်းပါတယ်။ ဒါလိုမှမဟုတ်ဘဲ တက်ကြွလှုပ်ရှားသူတွေကို ကန့်သတ်မယ်ဆိုရင် ရွေးကောက်ပွဲက တရားမမျှတဘူးလို့ ပြောနိုင်တယ်။ ရွေးကောက်ပွဲမှာမပါမဖြစ် ပါဝင်သင့်တဲ့ တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးထောင်ချတာက အတော်လေးသံသယ၀င်စရာကောင်းတဲ့အချက်လို့၊ မကောင်းတဲ့လုပ်ရပ်လို့ ကျွန်တော်တို့မြင်ပါတယ်" ဟုပြောကြားသည်။

လက်ရှိမြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ငြိမ်းစုစီ ပုဒ်မ ၁၈ နှင့် ပုဒ်မ ၅၀၅ (ခ)၊ ၁၄၇၊ ၁၄၃ စသည်တို့ဖြင့် တရားစွဲဆိုခံထားရသည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူအရေအတွက်မှာ မတ်လကုန်ပိုင်းအထိ စုစုပေါင်း ၃၀၀ နီးပါးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စစ်တမ်းကောက်ယူမှုအရ သိရသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုသက်ဦးက "၂၉၆ ယောက်ရှိပါတယ်။ ပုဒ်မ ၁၈ ကော၊ ၅၀၅(ခ)ရော၊ ပုဒ်မ ၁၄၇၊ ၁၄၃အများကြီးပေါ့။ နိုင်ငံရေးကိစ္စတွေကြောင့် တရားစွဲဆိုခံထားရသူအားလုံးပေါင်း ၂၉၆ ယောက်ရှိပါတယ်" ဟုပြောကြားသည်။
Writer:
ဥာဏ်ဝင်းရှိန်
- See more at: http://news-eleven.com/%E1%82%8F%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%84%E1%80%B6%E1%80%B1%E1%80%9B%E1%80%B8/%E1%82%8F%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%84%E1%80%B6%E1%80%90%E1%80%85%E1%80%B9%E1%81%80%E1%80%94%E1%80%B9%E1%80%B8%E1%80%9B%E1%80%BD%E1%80%AD-%E1%80%92%E1%80%AE%E1%80%99%E1%80%AD%E1%80%AF%E1%80%80%E1%80%B1%E1%80%9B%E1%80%85%E1%80%AE%E1%80%B1%E1%80%9B%E1%80%B8-%E1%80%90%E1%80%80%E1%80%B9%E1%81%BE%E1%80%80%E1%80%BC%E1%80%9C%E1%82%88%E1%80%95%E1%80%B9%E1%80%9B%E1%80%BD%E1%80%AC%E1%80%B8%E1%80%9E%E1%80%B0%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%80%A1%E1%80%AC%E1%80%B8-%E1%80%95%E1%80%AF%E1%80%92%E1%80%B9%E1%80%99-%E1%81%81%E1%81%88-%E1%80%BB%E1%80%96%E1%80%84%E1%80%B9%E1%80%B7#sthash.UMb4B6qP.dpuf


ပြီးခဲ့တဲ့ ရက်ပိုင်းက အမေရိကန် အခြေစိုက် ကာတာစင်တာ Carter Center ဟာ မြန်မာနိုင်ငံ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အစီရင်ခံစာ တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။ အဲဒီ အစီရင်ခံစာထဲမှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ တကယ့်ကို ကြားနေပြီး ဘက်မလိုက်တဲ့ အဖွဲ့တစ်ခုအဖြစ် ဖော်ပြနိုင်ဖို့ ကိစ္စ၊ ၂၀၁၀ တုန်းက အကြီးအကျယ် ဖြစ်ပွားခဲ့တဲ့ ကြိုတင်မဲတွေ ပြဿနာ၊ ရွေးကောက်ပွဲကို အကြောင်းပြုပြီး ဘာသာရေး လူမျိုးရေး ဆန်တဲ့ ပဋိပက္ခတွေ ထပ်မံ ဖြစ်ပွားလာမှာကို စိုးရိမ်ပူပန်တဲ့ကိစ္စ စတာတွေကို ထောက်ပြခဲ့ပါတယ်။ ကာတာစင်တာ အစီရင်ခံစာမှာ ဘာတွေ ထောက်ပြခဲ့ပါသလဲ။ အဲဒီ ထောက်ပြချက်တွေဟာ လက်တွေ့အခြေအနေနဲ့ နီးစပ်ပါသလား။ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အခြား ဘာပြဿနာတွေ ရှိနိုင်သေးလဲဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

အမေရိကန် သမ္မတ ဟောင်း ဂျင်မီကာတာ တည်ထောင်ထားတဲ့ ကာတာစင်တာဟာ ကမ္ဘာ့နိုင်ငံပေါင်း ၃၈ နိုင်ငံက ရွေးကောက်ပွဲပေါင်း ၁၀၀ နီးပါးကို စောင့်ကြည့်ခဲ့ဖူးတဲ့ အတွေ့အကြုံရှိပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့လည်း ၂၀၁၄ ဒီဇင်ဘာကနေ ၂၀၁၅ ဖေဖေါ်ဝါရီလ အထိ ကရင်၊ ကယား၊ မွန်၊ ရှမ်းပြည်နယ်တွေနဲ့ ဧရာဝတီတိုင်း၊ မန္တလေးတိုင်းတွေကို သွားရောက် လေ့လာခဲ့ဖူးတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။ လက်ရှိ မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာ က ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အဖွဲ့တွေကို ဖိတ်ခေါ်ထားပြီ ဖြစ်တဲ့အတွက် ကျင်းပပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲ၊ ၂၀၁၂ ရွေးကောက်ပွဲ တွေနဲ့ နှိုင်းယှဉ်ရင် သိသိသာသာ ခြားနားတဲ့ အကြောင်း၊ ဒါကို သူတို့ ထောက်ခံကြိုဆိုတယ် ဆိုတဲ့အကြောင်း ဖော်ပြထားပါတယ်။ ဒါပေမယ့်လည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဦးဆောင်သူဟာ အရင် စစ်ဗိုလ်ချုပ်ဟောင်း ဖြစ်နေတယ်၊ အောက်ခြေ ကော်မရှင် အဆင့်ဆင့် တာဝန်ရှိသူတွေဟာလည်း စစ်ဗိုလ်ဟောင်းတွေ ဖြစ်နေတဲ့အပြင် ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့တွေကို မှီခိုနေရတဲ့အတွက် ဘက်မလိုက်ရေး မူအပေါ် ထိခိုက်နိုင်စရာ ရှိတယ်ဆိုပြီး ထောက်ပြထားပါတယ်။

ဒါတင်မက ကြိုတင် မဲပေးခိုင်းတဲ့ ကိစ္စမျိုးတွေဟာ နိုင်ငံတကာစံနဲ့စာရင် အလွန်ပဲ အားနည်းနေတယ်လို့ ထောက်ပြပါတယ်။ ဒါ့အပြင် white card လို့ခေါ်တဲ့ ယာယီသက်သေခံ လက်မှတ်သက်တမ်း ကုန်ဆုံးသွားပြီ ဖြစ်တဲ့အတွက် ဒီလက်မှတ်ကိုင်ဆောင်ခဲ့သူတွေ မဲပေးခွင့် ဆုံးရှုံးရမယ့် ကိစ္စကိုလည်း စိုးရိမ်မကင်း ဖြစ်တယ်လို့ ဆိုထားပါတယ်။ Carter Center ရောက်ရှိခဲ့တဲ့ နေရာတွေမှာ လူမျိုးရေး၊ ဘာသာရေး တင်းမာမှု စိုးရိမ်ဖွယ် ထူးထူးခြားခြား မတွေ့ခဲ့ရပေမဲ့ အစ္စလာမ် ဘာသာ ဆန့်ကျင်ရေး ရေးသားပြောဆိုမှုတွေ ပုံမှန်ရှိနေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် လူမျိုးရေး တင်းမာမှုတွေ ပိုမို မဆိုးရွားနိုင်အောင် အားထုတ်သင့်တယ်လို့လည်း ထောက်ပြထား ပါတယ်။

ကာတာစင်တာရဲ့ ပထမဦးဆုံး ထောက်ပြချက်ဟာ ရွေးကောက်ပွဲ ကော်မရှင် အဆင့်ဆင့်ရဲ့ ဘက်လိုက်မှု မရှိပါဘူးဆိုတဲ့ အချက်ကို ပြသနိုင်ရေး စိုးရိမ်တယ်ဆိုတဲ့ အကြောင်းပါ။ တကယ်လည်း အဲဒီအချက် မှန်ကန်ပါတယ်။ လက်ရှိ ရွေးကောက်ပွဲမှာ အရင် တပ်မတော် အစိုးရခေတ်က ပြည်ခိုင်ဖြိုး အသင်းကို ဆက်ခံတဲ့၊ စစ်ဗိုလ်ချုပ်ဟောင်းတွေ ဦးဆောင်တဲ့ ပြည်ခိုင်ဖြိုးပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့ဟာ အဓိက ယှဉ်ပြိုင်ဘက်တွေ ဖြစ်လာနိုင်ပါတယ်။ အဲလို အခြေအနေမျိုးမှာ သမ္မတ က ခန့်အပ်လိုက်တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌဟာ အရင် စစ်အာဏာရှင်ခေတ်က ထိပ်ပိုင်းခေါင်းဆောင် တာဝန်ယူခဲ့တဲ့ စစ်ဗိုလ်ချုပ်ဟောင်း တစ်ယောက် ဖြစ်နေတဲ့အပြင် အသင်းကို အသွင်ပြောင်းလိုက်တဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ ထိပ်ပိုင်း ခေါင်းဆောင် တာဝန်ယူခဲ့သူလည်း ဖြစ်ပါတယ်။ ဒါတင်မက ၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုး ပါတီကနေ ရွေးကောက်ပွဲဝင်ပြီး အမတ်အဖြစ် ရွေးချယ်ခံရသူလည်း ဖြစ်ပါတယ်။

တကယ်တော့ ဒီလောက် မကပါဘူး။ တိုင်းနဲ့ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဆင့်ဆင့် တာဝန်ရှိသူတွေနဲ့ အဖွဲ့ဝင် အများစုဟာလည်း တပ်မတော်ကနေ ရွှေ့ပြောင်း နေရာချထားပေးတဲ့ စစ်ဗိုလ်ဟောင်းတွေ ချည်းပဲဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်လို့ အစိုးရနဲ့ ရွေးကောက်ပွဲ ကော်မရှင်ဘက်က အရပ်သားဝန်ထမ်းတွေ ရှာဖွေရ မလွယ်ကူလို့ တပ်မတော်သားတွေကို နေရာချထားပေးတာ ဆိုပြီး ဆင်ခြေပေးထားပါတယ်။ ဒါကြောင့် ဒီ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ ကော်မရှင် အဆင့်ဆင့်ဟာ လာမယ့် ရွေးကောက်ပွဲမှာ ဘက်မလိုက်ပါဘူး၊ ကြားနေပါ့မယ်ဆိုတာ ယုံကြည်သူ မရှိသလောက် နည်းနေပါတယ်။ ပုံရိပ်လည်း မကောင်းပါဘူး။ လတ်တလော သမ္မတ ဦးသိန်းစိန်ကတော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်အဖြစ် နောက်ထပ်တိုင်းရင်းသား ရှစ်ယောက်ကို ထည့်သွင်းဖို့ အဆိုပြုထားပါတယ်။ ဒါပေမယ့်လည်း ဒီလောက် လုပ်ပြရုံနဲ့ ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်ရဲ့ ဘက်မလိုက်ပါဘူးဆိုတဲ့ ပုံရိပ် ပိုကောင်းလာမှာတော့ မဟုတ်သေးပါဘူး။

ကာတာ စင်တာက နောက်ထပ် ထောက်ပြတာကတော့ ကြိုတင်မဲ ကိစ္စပါ။ ၂၀၁၀ ရွေးကောက်ပွဲတုန်းမှာ မသမာမှု ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့တဲ့ ပြဿနာအဖြစ် ပြည်သူတွေ နားလည်ထားကြတာပါ။ ဒါနဲ့ ပတ်သက်ပြီးတော့ ဥပဒေနဲ့ အညီ ကောင်းအောင် လုပ်ပါမယ်လို့ တော့ ရွေးကောက်ပွဲကော်မရှင်က ကတိပြုထားပြီးပါပြီ။ နောက်တစ်ခုကတော့ ရွေးကောက်ပွဲကို အကြောင်းပြုပြီး ဘာသာရေး လူမျိုးရေးဆန်တဲ့ ပဋိပက္ခတွေ ဖြစ်ပွားလာမှာကိုပါ။ ကာတာ စင်တာက စိုးရိမ်မယ် ဆိုလည်း စိုးရိမ်လောက်စရာ အခြေအနေပါ။ ဒါနဲ့ ပတ်သက်ပြီး လတ်တလော ဥပမာတစ်ခု ထောက်ပြလို့ရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ကုန်က ပုဇွန်တောင်မြို့နယ်ထဲမှာ ဗုဒ္ဓဘာသာ တရားပွဲတစ်ခု ကျင်းပပါ တယ်။ တရားပွဲ တစ်ရက်မှာ တိပိဋက အောင် ဆရာတော်တစ်ပါး တရားဟောပါတယ်။ ဆရာတော်ရဲ့ ဟောကြားချက်ထဲမှာ လွတ်လပ်ရေးရဖို့ ကြီးပမ်းစဉ်ကာလ အတွင်းက အမျိုးသား ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းက တိုင်းပြုပြည်ပြု လွှတ်တော်အမတ် လုပ်မယ့်သူတွေရဲ့ အရည်အချင်းမှာ ကိုယ့်အမျိုးဘာသာကို စောင့်ရှောက်မယ့် ဝံသာနုနဲ့ ပြည့်စုံသူ ဖြစ်ရမယ်ဆိုတဲ့ အချက် ထည့်သွင်းထားကြောင်း၊ ဒါဟာ အဲဒီ အချိန်တုန်းက ဗုဒ္ဓဘာသာဝင် ၁၂ ယောက်မှာ အန္တရာယ်ပေးနိုင်မယ့် ပုဂ္ဂိုလ် တစ်ယောက်နှုန်းရှိတဲ့ အခြေအနေမျိုးဖြစ်ပြီး နောင် လွတ်လပ်ရေးရပြီး အနှစ် ၅၀ ကြာလာရင် ငါးယောက် တစ်ယောက်နှုန်း ဖြစ်သွားမယ်လို့ ဗိုလ်ချုပ်အောင်ဆန်းက ပြောပြီး ထည့်သွင်းခဲ့တဲ့အကြောင်း၊ ဒီအချက်ကြောင့်ပဲ ၁၉၉၀ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အမတ်လောင်း ဖြစ်ခွင့်မရတဲ့အကြောင်း ဟောပြောခဲ့ပါတယ်။

ဒါတင်မက မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့သလိုပဲ လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၅၀ အတွင်း ဗုဒ္ဓဘာသာဝင် ငါးယောက်မှာ အန္တရာယ်ပေးနိုင်သူ တစ်ယောက်နှုန်းထား ဖြစ်လာကြောင်း၊ လက်ရှိ အဲဒီ အန္တရာယ်ပေးနိုင်သူ ၂၃ ရာခိုင်နှုန်း ရှိလာပြီး အမျိုးဘာသာ ထိန်းသိမ်းစောင့်ရှောက်တာ မလုပ်ရင် ၃၀ ရာခိုင်နှုန်း၊ သုံးယောက် တစ်ယောက်နှုန်း ဖြစ်လာမှာ ဖြစ်ပြီး “အစ္စလာမ်မစ် တိုင်းပြည် ဖြစ်ဖို့သာ ပြင်ပေတော့။ ခေါင်းဖြတ်ခံရဖို့သာ ပြင်ပေတော့” ဆိုပြီး ဟောပြောခဲ့ပါတယ်။ မမှန်ကန်တဲ့ အချက်အလက်တွေနဲ့ ဘာသာခြား မုန်းတီးရေးကို ပေါ်ပေါ်တင်တင် လှုံ့ဆော်တာ တွေ့နိုင်ပါတယ်။ ဒီလို အချက်တွေကြောင့်လည်း ကာတာ စင်တာက စိုးရိမ်ပူပန်ပြီး အစီရင်ခံစာမှာ ထောက်ပြခဲ့တာ ဖြစ်နိုင်ပါတယ်။

အစီရင်ခံစာမှာ ပါသလိုပဲ၊ ကာတာစင်တာဟာ အစိုးရနဲ့ ရွေးကောက်ပွဲကော်မရှင်ကို ဖိအားပေးတာ၊ တောင်းဆိုတာမျိုး ဘာမှ မလုပ်ပါဘူး။ သူတို့ တွေ့ရှိချက်ကို ထောက်ပြတာ ဖြစ်ပြီး နိုင်ငံတကာက လက်ခံနိုင်တဲ့ တရားမျှတ လွတ်လပ်တဲ့ ရွေးကောက်ပွဲ ကျင်းပချင်တယ် ဆိုရင် အစိုးရနဲ့ ကော်မရှင် ဘက်က လေးလေးနက်နက် သုံးသပ်ပြုပြင်သင့်ပါကြောင်း တင်ပြလိုက်ရ ပါတယ်။

MIZZIMA

အဓိကကတော့ အစိုးရကို မယုံကြည်တာပါပဲ။ အဲဒီလို မယုံကြည်တဲ့အတွက် လူတွေရဲ့ရင်ထဲမှာ ဘယ်ကိစ္စကိုမဆို သံသယနဲ့ စောင့်ကြည့်နေကြရပြီး တစ်ခုခု (လစာတိုးတာ၊ အဓိကရုဏ်းဖြစ်တာ၊ လူကြီးအပြောင်းအလဲဖြစ်တာ စသည် စသည်ဖြင့်) ဖြစ်လိုက်တာနဲ့ အရင်ဆုံး သူတို့ကြည့်ကြတာက …
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(ဖြတ်သန်းခဲ့ရသော သတင်းထောက်ဘ၀ အတွေ့အကြုံ)

အစိုးရ ၀န်ထမ်းနဲ့ စစ်သားတွေအတွက် တိုးမြှင့်မယ့်လစာကို လွှတ်တော်ကြီးက အတည်ပြု ပေးလိုက်ပြီးတဲ့ နောက်မှာတော့ ဖြင့် နှစ်စဉ်နှစ်တိုင်း ဖြတ်သန်းနေကျဖြစ်တဲ့ နှစ်ကူးကာလ သင်္ကြန်ကို ဖြတ်သန်းရတော့မှာပါ။ သင်္ကြန်ကာလ ရောက်ပြီဆိုရင် ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စတစ်ခုရှိပါတယ်။ အဲဒါကတော့ သင်္ကြန်ကာလတွင်း ရောင်းရေးဝယ်တာ ခက်တာမို့ ထုံးစံအတိုင်း အခြေခံ စားသောက်ကုန်ပစ္စည်းတွေ ခေတ္တဈေးတက်တတ်တာပါ။

ဒီနှစ်ကတော့ ထူးထူးခြားခြား အစိုးရ၊ အစိုးရ၀န်ထမ်းနဲ့ စစ်မှုထမ်းတွေကို လစာတိုးပေးလိုက်တယ်ဆိုတော့ ဘာတွေများ ထူးခြားလာမလဲဆိုပြီး ဈေးကွက်သတင်းလေးဘာလေး မေးမြန်းကြည့်ခဲ့မိတယ်။

စားနေကျ ထမင်းဆိုင်မှာ မေးကြည့်လိုက်တော့ ဈေးဆိုင်အန်တီကြီးက ထူးထူးခြားခြား ပြောလိုက်တာက ကျွန်တော်တို့ အခြေခံ စားသောက်ကုန်လို့ သတ်မှတ်ထားတဲ့ ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန်ကို မပြောသေးဘဲနဲ့ လက်ထဲမှာ ကိုင်ထားတဲ့ သခွားသီးကိုပြရင် ““အခု ဒီသခွားသီးက တစ်လုံး ၄၀၀(ကျပ်)။ အရင်က ဒီလောက် အရွယ်(လူကြီးလက်တစ်ဝါးစာ) သခွားသီး ၀ယ်ရင် တစ်လုံးမှ ၁၀၀ ပဲရှိတာ။ အခုက ၄၀၀””တဲ့။ ဒါနဲ့ ဘေးနားက လုပ်ဖော်ကိုင်ဖက် အမျိုးသမီးတစ်ဦးကလည်း ချက်ချင်းဆိုသလိုပဲ။ ဟုတ်တယ်တဲ့။ အရင်က ကျောက်ပွင့်ဝယ်ရင် ၂၀၀၀ ကျော်ကနေ ၃၀၀၀ ကျော်အထိ တက်ကုန်လို့တဲ့။ ကျောက်ပွင့် ဆိုတာကလည်း ရေရှည်ခံဆိုတော့ လူသုံးများတဲ့ ပစ္စည်းထဲမှာ ပါတယ် မဟုတ်ပါလား။

တိုက်တိုက်ဆိုင်ဆိုင်ပဲ ၃၀ မတ်လထုတ် မြန်မာ့အလင်းသတင်းစာမှာ ““ကုန်ဈေးနှုန်းများ တည်ငြိမ် လျက်ရှိ”” ဆိုတဲ့သတင်းတစ်ပုဒ် ပါလာသေးသဗျ။ အဲဒီမှာဆိုရင် ““၀န်ထမ်းများ လစာတိုးပေးသော်လည်း ကုန်ဈေးနှုန်းများ အမြင့်ဈေးမှာ ရှိလာနိုင်သဖြင့် စားသုံးသူအများအပြား စိုးရိမ်နေကြရာ ဈေးနှုန်းများမှာ မူလအခြေအနေတွင် တည်ရှိနေပြီး အတာသင်္ကြန် နီးကပ်လာသဖြင့် ကုန်စည်ဒိုင်များမှာ ပိုမိုဝင်ရောက် လာသည့်အပြင် အရောင်း အ၀ယ် အားကောင်း””လို့ ဖော်ပြထားသလို ““ကုန်ဈေးနှုန်းမှာ ၀န်ထမ်းလစာတိုးပေးလို့ ကုန်ဈေးနှုန်းများ တက်ခြင်းမဟုတ်ဘဲ သင်္ကြန်ကာလ နီးကပ်လာလို့ ကုန်ဈေးနှုန်းများမှာ ၀န်ထမ်းလစာ မတိုးခင်ကတည်းက ဆန်ဈေးသာ အနည်းငယ် မြင့်တက်နေပြီး အခြားစားသောက်ကုန်များနှင့် ရတနာများမှာလည်း ၀ယ်ယူ သိုလှောင်သူများက ၀ယ်လိုအား မြင့်တက်လာသဖြင့် ဈေးနှုန်းမှာ ယခင်ကထက် အနည်းငယ်လောက်သာ မြင့်တက်လျက်ရှိ””လို့လည်း ဖော်ပြထားပြန်ပါတယ်။

ဒီသတင်းကိုကြည့်မယ်ဆိုရင် အထက်မှာ တင်ပြခဲ့တဲ့ ၀န်ထမ်းလစာတိုးတာနဲ့ သင်္ကြန်ကာလကြောင့် ကုန်ဈေးနှုန်း တက်ရိပ်ပြလာပြီဆိုတာ ငြင်းလို့မရတဲ့ အချက်ဆိုတာ ပရိသတ်လည်း မြင်ကြမှာပါ။

ကျွန်တော့် အသက်အရွယ်အရ ဖြတ်သန်းခဲ့ရတဲ့ ဘ၀တစ်လျှောက် ကုန်ဈေးနှုန်း တက်ပြီဟေ့ဆိုရင် ၀န်ထမ်း လစာတိုးတာကြောင့်လား၊ ဒါမှမဟုတ် အရေးအခင်းတစ်ခုခု ဖြစ်တာကြောင့်လား၊ သို့တည်းမဟုတ် အချိန်ကာလကြောင့် တက်တာလား ဆိုတာကို ကျွန်တော့်ရဲ့ မိဘဆွေမျိုးတွေက ပြောပြလေ့ရှိပါတယ်။ သင်္ကြန်ဆိုရင်တော့ ကုန်ဈေးနှုန်း တက်လေ့ရှိတယ်၊ သီတင်းကျွတ်ကာလဆိုရင် မုန့်ဘူးတွေ အ၀ယ်လိုက်လို့ ဈေးတက်တတ်တယ် စသဖြင့် အချိန်ကာလကိုမှီပြီး ကုန်ဈေးနှုန်းအတက် အကျရှိတတ်တာကို သင်ပေးခဲ့ ဖူးပါတယ်။ ထို့နည်းတူ အစိုးရကတော့ လစာတိုးလိုက်ပြီ၊ ကုန်ဈေးနှုန်း တက်တော့မယ်၊ အစိုးရက ငွေတွေ သိမ်းလိုက်ပြီ ကုန်ဈေးနှုန်း တက်တော့မယ်၊ ဟိုနေရာ ဟိုဒေသမှာတော့ ပဋိပက္ခတွေဖြစ်နေပြီ၊ ကုန်ဈေးနှုန်းက တက်မလား မသိဘူး၊ ကြိုဝယ်ထားမှ စတဲ့စကားတွေက မပြတ်ဆိုသလို ကြားခဲ့ရ၊ သိခဲ့ရ၊ ကြုံခဲ့ရဖူးပြီဆိုတော့ လူတွေရဲ့ စိတ်ထဲမှာ သံသယနဲ့ အလုပ်လုပ်နေရတဲ့ အဖြစ်အပျက်က သီးခြား မီးမောင်းထိုး ပြောစရာကို လိုမယ် မထင်ပါဘူး။

ဒါပေမဲ့ ဒီနေရာမှာ မြန်မာပြည်ရဲ့စီးပွားရေး အခြေအနေတွေရဲ့ ထူးခြားချက်ကတော့ တက်ပြီးဈေးပြန် မကျတဲ့ ဈေးကွက်ရဲ့ သဘောတရားပါ။ ၀န်ထမ်းလစာတိုးလည်းတက်၊ ပဋိပက္ခတစ်ခု ဖြစ်လည်းတက်နဲ့ ရာသီချိန် ရောက်လို့ အတက်အကျဖြစ်တတ်တဲ့ သဘောကို ဆန့်ကျင်ပြီး တက်ပြီးရင်း တက်တတ်တဲ့ သဘောကို တွေ့နေရတာ နှစ်ပေါင်း ဆယ်နဲ့ချီနေပါပြီ။ ဒါကဘာလဲဆိုရင် စိုးရိမ်စိတ်နဲ့ အရာရာကို ချင့်ချိန်နေရတဲ့ ပြည်သူတွေရဲ့ စိတ်အခံကြောင့်ပါပဲ။ ဒီတော့ တိုင်းပြည်မှာ တစ်ခုခုဖြစ်ပြီဆိုရင် စိုးရိမ်စိတ်နဲ့စုကြဆောင်းကြဖြစ် ကြတာ မဟုတ်ပါလား။

ဒီနေရာမှာ တစ်ခုကြားဖြတ် ပြောချင်တာကတော့ ကုန်ဈေးနှုန်းဆိုတာကို အစိုးရက တားလို့မရဘူး ဆိုတာပါ။ ကုန်ဈေးနှုန်း အတက်အကျနဲ့ တိုက်ရိုက် ပတ်သက်နေတဲ့ ကုန်သည်နဲ့ စားသုံးသူကသာ စီမံခန့်ခွဲလို့ ရတယ် ဆိုတာ ဘောဂဗေဒရဲ့ သဘောတရားတွေမှာလည်း ပါပြီးသားပါ။ ၀ယ်လိုအား၊ ရောင်းလိုအား မျှခြေတွေနဲ့သာ တွက်ချက်ပြီး ဈေးကွက်ကို မမြင်ရတဲ့ လက်မည်းကြီးကသာ စီမံခန့်ခွဲလေ့ရှိပါတယ်။ ဒါပေမဲ့လည်း အစိုးရက ကုန်ဈေးနှုန်းရဲ့ တည်ငြိမ်မှုကို ယိမ်းယိုင်အောင်လုပ်နိုင်တဲ့ အနေအထားတွေလည်း မြန်မာပြည်ရဲ့သဘော သဘာဝအရ အများကြီးရှိပါတယ်။ ပို့ကုန်သွင်းကုန် ကဏ္ဍနဲ့ပတ်သက်လို့ လက်တစ်လုံးခြား လုပ်မှုတွေကို မနှိမ်နင်းနိုင်တာ၊ အခြားသော စီးပွားရေး လုပ်ငန်းရှင်များ ထက်အာဏာပိုင်နဲ့ နီးစပ်တဲ့ ခရိုနီစီးပွားရေး သမားတွေကို လက်သိပ်ထိုး လုပ်ပိုင်ခွင့် ပေးတာတွေ အများကြီး အများကြီးပါ။ ဒါက အခြေခံ သဘောတရား အရပဲ ပြောပြတာပါ။ ထားတော့။

နောက်ထပ် ဆိုးတာတစ်ခုကတော့ လူတွေရဲ့သံသယပါ။ အဲဒါကလည်း အစိုးရရဲ့ လုပ်ဆောင်ချက်တွေ အပေါ်မှာ မယုံကြည်မှုကနေစပြီး အခြေခံတယ်ဆိုရင် လက်သင့်ခံနိုင်ကြမယ် ထင်ပါတယ်။ ဒီလိုမျိုးသံသယ စိတ်ရှိရတဲ့ အကြောင်းကို စဉ်းစားမယ်ဆိုရင် အဓိကကတော့ အစိုးရကို မယုံကြည်တာပါပဲ။ အဲဒီလို မယုံကြည်တဲ့အတွက် လူတွေရဲ့ရင်ထဲမှာ ဘယ်ကိစ္စကိုမဆို သံသယနဲ့ စောင့်ကြည့်နေကြရပြီး တစ်ခုခု (လစာတိုးတာ၊ အဓိကရုဏ်းဖြစ်တာ၊ လူကြီးအပြောင်းအလဲဖြစ်တာ စသည်စသည်ဖြင့်) ဖြစ်လိုက်တာနဲ့ အရင်ဆုံး သူတို့ကြည့်ကြ တာက ကုန်ဈေးနှုန်းပါ။ ဒါဟာအထက်မှာ တင်ပြခဲ့သလို ယုံကြည်မှု အားနည်းခြင်းကြောင့် ဖြစ်လာရတဲ့ သံသယတွေပါ။

ဒီသံသယကို ဖြေဖျောက်ဖို့အတွက် ဆိုတာကတော့ အထက်မှာ ပြောခဲ့သလို ပြည်သူ ယုံကြည်တဲ့ အစိုးရဖြစ်ဖို့က အဓိကပါပဲ။ ကိစ္စတစ်ခုဖြစ်တိုင်း အစိုးရကိုမယုံတဲ့ စိတ်အခံက ဖြစ်လာတဲ့ သံသယက ကုန်ဈေးနှုန်းအပြင် အခြားသော ကိစ္စရပ်တွေမှာလည်း ပြည်သူတွေကို ရိုက်ခတ်လေ့ရှိတဲ့အတွက် ပြည်သူယုံကြည်တဲ့ အစိုးရသာဖြစ်ခဲ့မယ် ဆိုရင်ဖြင့် အခုလို ဖြစ်ပျက်နေတဲ့ မယုံကြည်မှုရဲ့ နောက်ဆက်တွဲ ပြဿနာတွေ ကို ရှောင်လွှဲနိုင်မှာဖြစ်ကြောင်း မီးမောင်းထိုးပြလိုက်ရပါတယ်။

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

ကမ္ဘာပေါ်က အာဏာရှင်နိုင်ငံအစိုးရတွေ လက်ဝါးကြီး အုပ်ချုပ်ကိုင်ထားတဲ့ အရာ ၂ခု ရှိပါ တယ်။ အဲဒါကတော့ “အာဏာနဲ့သတင်း”ပါ။ ကမ္ဘာပေါ်က အာဏာရှင်အစိုးရတိုင်းဟာ “သတင်းမှန်”တစ်ခု လူထုနားထဲ၊ ဦးနှောက် အသိထဲ ရောက်သွားရင် “တရားမျှတမှု”အတွက် လူထု လှုပ်ရှားမှု၊ လူထုရွံ့မုန်းမှု၊ လူထုဝေဖန်သံတွေ ရုပ်လုံး ပေါ်လာမှာကို အမြဲတစေ ထိတ်လန့်တုန်လှုပ်တတ် …
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
နိုင်ငံတကာ ဂျာနယ်လစ်များ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (CPJ) က ၂၀၁၄ ခုနှစ်အတွက် အစီရင်ခံစာ တစ် ခု ထုတ်ပြန်ပါတယ်။ အစီရင်ခံစာအရ ကမ္ဘာ့နိုင်ငံအားလုံးထဲမှာ ထောင်ဒဏ်ချမှတ်မှု အဆိုးရွား ဆုံးထိပ်ဆုံး ၁၀ နိုင်ငံမှာ မြန်မာနိုင်ငံ ပါဝင်နေပြီး နံပါတ် ၈နေရာ သတ်မှတ်ခြင်းခံရပါတယ်။ ၂၀၁၄ ခုနှစ် တစ်နှစ် အတွင်း မြန်မာ ဂျာနယ်လစ် ၁၀ဦး ထောင်ဒဏ်ချ မှတ်ခြင်းခံခဲ့ရပါတယ်။ ထောင်ဒဏ် ၁၀နှစ်အ ထိ နှစ်ရှည်ထောင် ဒဏ် ချမှတ် ခံရတဲ့ ဂျာနယ်လစ်များလည်း ပါဝင်ပါတယ်။

၂၀၁၅ မတ်လ ၁၈ ရက်နေ့မှာတော့ မွန်ပြည်နယ်လွှတ်တော်က တပ်မတော် သား ကိုယ်စားလှယ် ဗိုလ်မှူးသိန်း ဇော်က အသရေဖျက်မှု (ပုဒ်မ ၅၀၀)နဲ့ စွဲထားတဲ့အမှုအတွက် မြန်မာပို့စ်ဂျာနယ်နဲ့ မြန်မာ ပို့စ်ဂလို ဘယ်ဂျာနယ် တို့ရဲ့ အယ်ဒီတာချုပ် ဦးသန်းထိုက်သူနဲ့ ဒုတိယသတင်းထောက် ချုပ် ဦးဆန်းမိုးထွန်းတို့ ကို မော် လမြိုင် တရားရုံးက ထောင်ဒဏ် ၂ လပြစ်ဒဏ်ချ မှတ်လိုက်ပါတယ်။ မွန်ပြည်နယ်လွှတ်တော် ကတပ်မတော် သားကိုယ်စား လှယ် ဗိုလ်မှူးသိန်းဇော်ရဲ့ လွှတ်တော်ဆွေးနွေးချက်တွေနဲ့ ပတ်သက်ပြီး ၂၀၁၄ ဇန်န၀ါရီ ၂၉ ရက် ထုတ်မြန်မာ ပို့စ်ဂျာနယ်မှာ““ပညာရေးနိမ့်ကျမှုကြောင့် တပ်မတော်သားများ လွှတ်တော်တွင် ပါဝင်နေရခြင်းဟု တပ်မတော် သားလွှတ်တော် ကိုယ်စားလှယ်ဆို””ဆိုတဲ့ သတင်းဖော်ပြမှုနဲ့ ပတ်သက်ပြီး မြန်မာပို့စ် ဂျာနယ်အယ်ဒီတာချုပ်နဲ့ ဒုတိယသတင်း ထောက်ချုပ်တို့ကို ထောင်ဒဏ် ၂လ ပြစ်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။…

တရားစွဲသူ ဗိုလ်မှူးသိန်းဇော်က အလွတ်တန်း သတင်းရေးသားသူ ဇော်မင်းဦး (ခေါ်) သံလွင်မောင်မောင်ကို တရားမစွဲဘဲ သူ့ရဲ့သက်သေ (တရားလိုပြ သက်သေ) အဖြစ်တရားရုံးမှာပြန်တင်ပြပြီး အယ်ဒီတာ ချုပ်နဲ့ ဒု သတင်းထောက်ချုပ်တို့ကို တရားစွဲဆိုခဲ့တာပါ။ မြန်မာပို့စ်ဂျာနယ်တာဝန်ခံ အယ်ဒီတာ ဦးကျော်စိုးလင်းက ““ရေး တဲ့ အလွတ်တန်း သတင်းထောက် သံလွင်မောင်မောင်ကို တရားလိုပြသက်သေအနေနဲ့ အသုံးချပြီး တရားစွဲ တာ။ အမှန်တကယ်ရေးတဲ့ သတင်းထောက်က ပြစ်ဒဏ်မချခံခဲ့ရဘူး””လို့ ပြောဆိုပါတယ်။

““သတင်းရေးသားသူ သံလွင်မောင်မောင်ရဲ့ ထွက်ချက်အရ အသံဖိုင်ကနေ သတင်းကိုရေးသားပြီး ဂျာနယ်ကို အီးမေးလ်နဲ့ ပေးပို့ခဲ့ခြင်း ဖြစ်ပါတယ်။ သူ့အီးမေးလ်နဲ့ ပို့တဲ့စာမှာလည်း ဗိုလ်မှူးပြောတဲ့ ပြောကြား ချက်တွေပါပါ တယ်။ အဲဒီဗိုလ်မှူးကသတင်း စပို့သူကို သက်သေလုပ်လိုက်ပါတယ်။ သန်းထိုက်သူနဲ့ ဆန်းမိုးထွန်းကို တရားခံ အဖြစ်တရားစွဲပါတယ်။ အမှန်တော့ အရင်းစစ်အမြစ် မြေကဆိုတဲ့ ဇော်မင်းဦးဆိုတဲ့သူ အမှုတွဲမှာ ပါမလာဘူး။ ဖော်ကောင်ဘညွန့် သဘောလုပ်လိုက်တာပေါ့””လို့ မြန်မာပို့စ် ဂျာနယ်ရဲ့ ရှေ့နေဦးထွန်းအောင် က ပြော ဆိုပါ တယ်။

အခုချမှတ်လိုက်တဲ့ ထောင်ဒဏ်ဟာ များတယ်မဆိုနိုင်ပေမယ့် ဒီအသရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ ထောင်ဒဏ်ချ မှတ်လိုက်တာဟာ မြန်မာ့မီဒီယာ လောကအတွက်တော့ ကြီးမားတဲ့ ထိုးနှက်ချက်ကြီးပါ။ ကိုလိုနီ ခေတ်တည်း က ပြဋ္ဌာန်းခဲ့တဲ့ ဒီပုဒ်မနဲ့ ထောင်ဒဏ် အပြစ်ပေးတာဟာ နှစ်ပေါင်း ၁၀၀ ကျော်အတွင်း ပထမဆုံးဖြစ်တယ်လို့ လည်း ဥပဒေပညာရှင်များက ဝေဖန်ပြောကြားပါတယ်။ ဒီပုဒ်မနဲ့ တရားစွဲခံခဲ့ရသူတွေဟာ ငွေဒဏ်နဲ့သာ ပြီးသွား ကြပေမယ့် အခုလို ထောင်ဒဏ်ချမှတ်လိုက်ခြင်းဟာ မီဒီယာလောကအတွက် သွယ်ဝိုက်တဲ့ခြိမ်းခြောက်မှု တစ် ရပ်လည်း ဖြစ်ပါတယ်။ မီဒီယာလောကကို တပ်လှန့်လိုက်တဲ့ သဘောလည်း ဆောင်သွားပါတယ်။

မတ်လ ၄ ရက်မှာလည်း အလုပ်သမားဆန္ဒပြမှုကို လိုက်ပါသတင်းယူတဲ့ သတင်းသမားတချို့ ဖမ်းဆီးခြင်းခံရပြီး စစ်ဆေးမေးမြန်းပြီး ပြန်လွှတ်လိုက်ပါတယ်။ မတ်လ ၁၀ရက် လက်ပံတန်း အကြမ်းဖက်မှုကြီးမှာ ဆိုရင်လည်း သတင်းသမား ၂ဦး ရိုက်နှက်ဖမ်းဆီးခံရပြီး သာယာဝတီထောင် ပို့ဆောင်ခြင်းခံရပါတယ်။ ဂျာနယ်တာဝန် ရှိ သူတွေ လိုက်လံထုတ်တဲ့အခါမှာတော့ ပြန်လွှတ်ပေးလိုက်ပါတယ်။ လက်ပံတန်း အကြမ်းဖက်မှုမှာဆိုရင် သတင်းသမားတွေပါ မကျန် ရဲတပ်ဖွဲ့ဝင်တွေရဲ့ လိုက်လံရိုက် နှက်တာခံခဲ့ရပြီး အသက်လုပြေးခဲ့ကြရပါ တယ်။

လက်ရှိမှာလည်း မြန်မာသံတော်ဆင့်ဂျာနယ်က အယ်ဒီတာအဖွဲ့အပါအ၀င် ၁၁ဦးတရားစွဲခံထားရပြီး Eleven Media Group က သတင်းသမားတွေလည်း တရားရင် ဆိုင်နေရပါတယ်။ အထက်ပါ အချက်အလက်တွေ ကို ထောက်ရှုရင် ဒီမိုကရေစီစနစ်ဆီသွားမယ်လို့ ကြွေးကြော်ထားတဲ့ အစိုးရတစ်ရပ်ရဲ့ သတင်းလွတ်လပ်ခွင့် ဆိုတာ ဘာလဲလို့ မေးခွန်းထုတ်ရပါတော့မယ်။

နိုင်ငံတကာနဲ့ ပြည်တွင်းမှာ မျက်နှာပန်းလှအောင် စာပေစိစစ်ရေးဖျက်သိမ်းပေးတယ်။ လွတ်လပ်စွာရေးသား ခွင့်ဆိုတဲ့ လမ်းကို ခပ်ဟဟဖွင့်ပေးတယ်။ ဒါပေမဲ့ လွတ်လပ်စွာရေးသားခွင့်လို့ နာမည်တပ်ထားတဲ့ လမ်းတစ် လျှောက်မှာတော့ ထောင်ချောက်တွေ ပြည့်နှက်လို့နေပါတယ်။ ဒီလို မီဒီယာသမားတွေကို ထောင် ချတာ၊ တရား စွဲတာတွေဟာ ဒီမိုကရေစီ အစိုးရတစ်ရပ်ရဲ့ လက္ခဏာရပ်တွေ မဟုတ်ပါဘူး။ အာဏာရှင် အငွေ့အသက် မကင်းသေးတဲ့ အပြုအမူ၊ ခြိမ်းခြောက်မှု လုပ်ရပ်တွေသာ ဖြစ်ပါတယ်။ ဘာလို့ ဒီလိုသုံးသပ်ရသလဲဆိုရင် ကမ္ဘာ ပေါ်က အာဏာရှင်နိုင်ငံ အစိုးရတွေ လက်ဝါးကြီး အုပ်ချုပ်ကိုင်ထားတဲ့ အရာ ၂ခုရှိပါတယ်။ အဲဒါကတော့ ““အာဏာနဲ့ သတင်း””ပါ။ ကမ္ဘာပေါ်က အာဏာရှင်အစိုးရတိုင်းဟာ “သတင်းမှန်” တစ်ခု လူထုနား ထဲ၊ ဦးနှောက်အသိထဲ ရောက်သွားရင် ““တရားမျှတမှု””အတွက် လူထုလှုပ်ရှားမှု၊ လူထုရွံ့မုန်းမှု၊ လူထုဝေဖန်သံ တွေ ရုပ်လုံးပေါ်လာမှာကို အမြဲတစေ ထိတ်လန့်တုန် လှုပ်တတ်ကြပါတယ်။

“သတင်းမှန်တစ်ခုကို သိခွင့်ပေးတာ” ဟာ လူသားရဲ့မွေးရာပါ အသိဉာဏ်ကို အမှောင်ချ လိုက်တာပါပဲ။ ဒါကြောင့်ပဲ သတင်းပွင့်လင်းမှု မရှိတဲ့ အာဏာရှင် အစိုးရတွေရဲ့ ခေတ်ကို “အမှောင်ခေတ်”လို့ သမုတ်ကြ တာပဲဖြစ်ပါတယ်။

လက်ရှိ ၂၀၁၅ ခုနှစ်ဟာ မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာတော့ အလွန်ကို အရေးကြီးတဲ့ နှစ်တစ်နှစ်လို့ ဆိုရမှာပါ။ ပြည်သူတွေကြားမှာလည်း ရွေးကောက်ပွဲ များဖြစ်ပါ့မလား။ စစ်တပ်ကအာဏာ သိမ်း မှာလား။ ရွေးကောက်ပွဲဖြစ်လာခဲ့ရင်ကော လွတ်လပ်ပြီး တရားမျှတပါ့မလား။ ဘယ်လိုအဓိကရုဏ်းေ တွ ပေါ်လာနိုင်ဦးမှာ လဲ။ ဒါဟာ လက်ရှိ ပကတိပြည်သူတွေ စိုးရိမ်ပူပန်နေတဲ့ အခြေအနေ အရပ်ရပ်ပါပဲ။ ၂၀၁၅ ဟာ ပြည်သူတွေရဲ့ သတင်း အမှန်သိချင်မှု၊ အမှန်အမှား ဆုံးဖြတ်နိုင်ခွင့်ရဖို့အတွက် သတင်းမီဒီယာသမားတွေရဲ့ အခန်းကဏ္ဍဟာ အလွန်ကို အရေးကြီးနေပါတယ်။ ဒီလိုအချိန်မှာ သတင်းမီဒီယာသမားတွေကို ခြိမ်းခြောက်မှုတွေ၊ တရားစွဲမှု တွေ၊ ထောင်သွင်းအကျဉ်းချမှုတွေဟာ မိမိတို့ရဲ့ မတရားမှုတွေကို ပြည်သူတွေကို မသိစေချင်တဲ့ မျက်စိပိတ် နားပိတ်ဖြစ်စေချင်တဲ့ အာဏာရှင်ခေတ် လုပ်ထုံးလုပ်နည်း ဟောင်းတွေပါ ပဲ။ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးမှာ ယခင်အာဏာရှင်တွေရဲ့ သံဃာနဲ့ ပြည်သူတွေကို မတရားအကြမ်း ဖက်ရိုက်နှက် ဖမ်းဆီးမှု မြင်ကွင်းတွေဟာ သတင်းမီဒီယာတွေရဲ့ တာဝန်ကျေပွန်မှုနဲ့အတူ အာဏာပိုင်တွေရဲ့ မတရားမှုကို ကမ္ဘာသိဖြစ်စေခဲ့တယ်။

လက်ရှိ ၂၀၁၅ မတ်လ ၅ ရက်က စွမ်းအားရှင်တွေကို အသုံးချပြီး ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်ဖမ်းဆီးမှုကို တာဝန် သိ သတင်းမီဒီယာ တွေကြောင့် ကမ္ဘာကသိရှိခဲ့တယ်။ မတ်လ ၁၀ ရက် လက်ပံတန်းကျောင်းသား ပင်မသပိတ် စစ်ကြောင်းကို အာဏာပိုင်တွေ ရက်စက်စွာ အကြမ်းဖက်ဖြိုခွင်း ရိုက်နှက်ဖမ်းဆီးပုံတွေကိုလည်း တာဝန်သိ သတင်းမီဒီယာတွေဟာ အသက်ဘေးက လုပြေးရင်း အမိအရ မှတ်တမ်းတင်နိုင်ခဲ့ကြတယ်။ ကမ္ဘာ့သတင်း စာမျက်နှာတွေ ထက်မှာ အရုပ်ဆိုး အကျည်းတန်ဖွယ်ရာ ဖြစ်ရပ်ကြီးအဖြစ် အာဏာပိုင်တွေ ဝေဖန်ရှုတ်ချခံခဲ့ရ တယ်။ ရွေးကောက်ပွဲ မတိုင်ခင်ကြား ကာလမှာ ဘယ်လိုမတရားမှုတွေ လာဦးမလဲ။ သတင်း မီဒီယာတွေက တာဝန်ကျေစွာ သတင်းတွေ တင်ပေးနေဦးမှာပဲ။ ဒီအကြောင်းတရား တွေကြောင့် လက်ရှိ အာဏာပိုင်တွေဟာ သတင်း မီဒီယာတွေအပေါ် အငြိုးထားလေ သလား။ သွယ်ဝိုက်ခြိမ်းခြောက် နောက်မလုပ် ရဲအောင်အဟန့် အဖြစ် နမူနာ စံပြအနေနဲ့ တရားစွဲမှုတွေ၊ ဖမ်းဆီးထောင်ချမှုတွေ လုပ်နေလေသလားဆိုတာ စဉ်းစားဖွယ် ကောင်း နေ ပါတယ်။

၁၉၄၈ ဒီဇင်ဘာ၁၀ရက်မှာ ကမ္ဘာ့ကုလ သမဂ္ဂအဖွဲ့ကြီးရဲ့ ညီလာခံမှာ အပိုဒ် ၃၀ပါတဲ့ လူ့အခွင့်အရေး ကြေညာ စာတမ်းကြီးကို အတည်ပြုခဲ့ပါတယ်။ လူ့အခွင့်အရေး ကြေညာစာတမ်းကို သဘောတူထောက်ခံတဲ့ နိုင်ငံတွေ ထဲမှာ မြန်မာနိုင်ငံပါဝင်ပါတယ်။ လူ့အခွင့်အရေး ကြေညာစာတမ်း အတည်မပြုခင် ၁၉၄၆ ကုလသမဂ္ဂညီလာ ခံမှာ သတင်းလွတ်လပ်ခွင့်ဟာ အခြေခံအကျဆုံး လူ့အခွင့်အရေးတစ်ရပ်ဖြစ်ပြီး တခြားတခြားသော လူ့အခွင့် အရေးတွေရဲ့ ပင်မအရေးအကြီးဆုံး မှတ်ကျောက်ဖြစ်တယ်လို့ ကုလသမဂ္ဂအဖွဲ့ကြီးက ကြေညာခဲ့ပါတယ်။ သတင်းလွတ်လပ်ခွင့် အားကောင်းမှုကနေ ဗဟိုပြုပြီးလူ့အခွင့်အရေး တော်တော်များများဟာ ခက်ဖြာသဏ္ဌာန် ရရှိနိုင်တယ်လို့ ဆိုလိုလိုက်တာလည်း ဖြစ်ပါတယ်။ သတင်းလွတ်လပ်ခွင့် အပြည့်အ၀ရှိရင် တခြားလူ့အခွင့် အရေးတွေရဖို့ မခက်ခဲဘူးလို့လည်း အဓိပ္ပာယ် သက်ရောက်ပါတယ်။ လက်ရှိ အာဏာပိုင်တွေအနေနဲ့ ဒီမိုက ရေစီပန်းတိုင် တကယ်ရှိတယ်ဆိုရင် သတင်းလွတ်လပ်ခွင့်ဟာ ဒီမိုကရေစီရဲ့ ပင်မသွေးကြောဖြစ် တယ်ဆိုတာ အထူးနားလည်ဖို့ လိုအပ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

မြန်မာသံတော်ဆင့်သတင်းဌာန facebook page – https://www.facebook.com/myanmarherald

မောင်မိုးသူနှင့် မောင်ဝံသပါတဲ့ T.E. 11 ကားကြီးဟာ ဒေါ်စုခြံရှေ့ရောက်ေ တာ့ ကားပေါ်ကို ကိုဝင်းထိန်နှင့် ခြံထဲက လူငယ်များ ကားပေါ်တင်ပြီး ညကြီးမိုးချုပ် အင်းစိန်ထောင် တံခါးဝရောက်တော့ ခြံထဲက ကလေးတွေ အားလုံးကို ထောင်ထဲမှာ ပို့ထားပြီး မောင်မိုးသူ၊ မောင်ဝံသနှင့် ကိုဝင်းထိန်တို့ကိုတော့ ထောက်လှမ်းရေး တပ်ရုံးတစ်ခု ခေါ်သွားပါတယ်။ အဲဒီမှာ မောင်မိုးသူ၊ မောင်ဝံသတို့ကို မအိပ်မနေ စစ်ဆေးခြင်း၊ အမှောင်ခန်းထဲ ထည့်ထားခြင်းစတဲ့ စစ်ဆေးတာတွေ ခံရပါ တယ်။ မောင်မိုးသူတို့၊ မောင်ဝံသတို့ကို ရိုက်နှက်စစ်ဆေးခြင်း မခံရပါ။ ကိုဝင်းထိန်ကိုတော့ ရိုက်ခံရကြောင်း ကြားရပါတယ်။ ဘယ်လောက်ကြာ တယ်မသိပါ။ နောက်ဆုံး မောင်မိုးသူကို အင်းစိန်ထောင် ပို့ပါတယ်။ အင်းစိန်ထောင် ရောက်တဲ့နေ့မှာပဲ မောင်မိုးသူကို ၅ တိုက်က အခန်း တစ်ခန်းထဲ ပို့ပါတယ်။ အခန်းထဲက လူငယ် ၄ ယောက်လောက်က ဘကြီးမိုး ရောက်လာပြီဆိုပြီး ၀မ်းသာအားရ နှုတ်ဆက်ကြ ပါတယ်။ မောင်မိုးသူက သူတို့ကို သဲသဲကွဲကွဲ မမှတ်မိပေမယ့် သူတို့ပြောစကားအရ သူတို့ တစ်တွေဟာ မြောက်ဥက္ကလာပ NLD သင်္ကြန်သံချပ်မဏ္ဍပ်မှာ သံချပ်ထိုးတဲ့ အဖွဲ့ဖြစ်လို့ တရားရုံးမှာ ရင်ဆိုင် နေရသူများလို့ သိရပါတယ်။ သူတို့နှင့်တွေ့မှ သူတို့ရုံးထုတ်သွားချိန်မှာ သူတို့မိသားစု တွေက တစ်ဆင့် မောင်မိုးသူ အင်းစိန်ထောင်ထဲကို ချောချောမောမော ရောက်ရှိသွားကြောင်း အိမ်က မိသားစုများ သိသွားရ ပါတော့တယ်။ မိသားစုတွေက မောင်မိုးသူ အဖမ်းခံရတာ သိပါတယ်။ ဘယ်ရောက်လို့ ဘယ်ပေါက်နေမှန်း မသိဖြစ်လို့ စိတ်ပူနေကြတာပါ။

မြောက်ဥက္ကလာပ လူငယ်များနှင့် ၂ ရက် ၃ ရက် လောက်နေပြီးမှ မောင်မိုးသူကို အထူးတိုက်ထဲကို ပို့ပါတယ်။

အဲဒီအထူးတိုက်ထဲမှာ မောင်မိုးသူ၊ ဦးဝင်းတင်နှင့် ဆုံစည်းရတာဖြစ်ပါတယ်။

အင်းစိန်ထောင်မှာ အထူးတိုက်ဝင်းဆိုတာ စပယ်ရှယ်ပေါ့လေ။ အဲဒီ တိုက်ဝင်း ထဲမှာ ဆယ်ခန်းတွဲ တိုက်ခန်းရှည် တစ်ခုရှိပါတယ်။ အဲဒီတိုက်ခန်း ရှည်ဟာ အပြင်လောက ဟိုတယ်စကားနှင့် ပြောရမယ်ဆိုရင် ရေချိုးခန်း၊ အိမ်သာတွဲလျက်ပါတဲ့ တိုက်ခန်းများ ဖြစ်ပါတယ်။ ပိုလည်းကျယ်တယ် ခင်ဗျာ။ မောင်မိုးသူ အင်းစိန် ထောင်ထဲကို ရောက်ရောက်ချင်း ၅ တိုက်က အခန်းတစ်ခုမှာ ကလေးတွေနှင့်အတူ ၃ ရက်လောက်နေရာက အထူး ကို ရွှေ့လာရတာဖြစ်ပါတယ်။ ၅ တိုက်မှာတုန်းက လေးရှည် ဘက် သွားပြီး ရေချိုးရလို့ လေးရှည်ဘက်မှာ ဘော်ဒါတွေ အများကြီးရှိကြောင်း သိရပါတယ်။ ထိုနည်းတူလေးတိုမှာလည်း ဦးထွန်းတင်နှင့် သား မောင်ပန်းသီး ရှိကြောင်း သိရပါတယ်။ တိုက်ပုံစံတွေကတော့ တစ်ဖက်ရပ် သစ်တောဝင်းပါပဲ။ နောက်ဘက်မှာ နံရံအမြင့်ရှိပြီး ရှေ့ဘက်မှာ လူဝင်လူထွက်တဲ့ သံတိုင်တံခါးရှိပါတယ်။ တိုက်ခန်း ၁ ခန်းမှာ အနည်းဆုံး ၂ ယောက် ကနေ ၃-၄ ယောက် ထားကြောင်း သိရပါတယ်။ အခန်းထဲမှာ ဂန်ဖလား ချေးယိုသေးပေါက်တဲ့ ပစ္စည်းပါပြီးတော့ သောက်ရေအိုးတစ်လုံး၊ ဒါက ၅ တိုက် ရိုးရိုးတိုက်ရဲ့ အနေအထားလေ။ အထူးကတော့ အထူးပေါ့နော်။ ဟိုတယ်သဘောမျိုးနှင့် ပြောရရင် ရေချိုးခန်း အိမ်သာတွဲလျက်ပါတဲ့ တိုက်ခန်းဖြစ်ပါတယ်။ တိုက်ခန်းက နည်းနည်းလည်း ပိုကျယ်ပါတယ်။ ရေပိုက်တစ်ခုအောက်မှာ စဥ့်အိုးတစ်လုံးရှိလို့ ရေချိုးလို့ ရပါတယ်။ ထိုနည်းတူ ကိုယ့်သောက်ရေအိုးက ကိုယ့်အခန်းထဲမှာ ရှိတာမို့ ကိုယ့်ဘာသာ သောက်ရေဖြည့်ရပါ တယ်။ အိမ်သာကလည်း တွဲလျက်ပါပါတယ်။ တိုက်မှာ သံတိုင်ပြတင်းပေါက်ရှည်တစ်ခုနှင့် လူဝင်သံတိုင် တံခါးပေါက်တစ်ခု ရှိပါတယ်။ အဲဒီအပြင်ဘက်မှာ သစ်သားတံခါးပါတဲ့ အုတ်ရိုးအပေါက်တစ်ခုရှိပါတယ်။ အုတ်ရိုးတံခါးနှင့် တိုက်ခန်းကို သံတံခါးပေါက်များ တပ်ထားလို့ အလင်းရောင် ရှေ့ခန်းက ရပါတယ်။ ဒါပေမဲ့ အုတ်ရိုးမှာရှိတဲ့ သစ်သားတံခါး ပိတ်လိုက်ရင်တော့ တိုက်ခန်းအားလုံး အပြင်လောကနှင့် အဆက်အသွယ် ပြတ်သွားပြီး အလုံပိတ် တိုက်ခန်း ဖြစ်သွားပါတော့တယ်။ အထူးတိုက်ဝင်းထဲမှာ ဆယ်ခန်းတွဲအပြင် ၃ ခန်း တွဲလား ၄ ခန်းတွဲလား ရှိတယ်ပြောပါတယ်။ အဲ ဒီမှာ ဇာဂနာ ရှိတယ်ကြားပါတယ်။ နောက် သီးခြားအိမ် ၄-၅ လုံး ရှိတယ်လို့ ဆိုပါတယ်။ အဲဒီမှာတော့ ဦးတင်ဦးတို့လို လူတွေ ထားတာပေါ့။ သူတို့အတွက်တော့ သီးသန့် ကိုယ်ပိုင်အိမ်များပေါ့။

မောင်မိုးသူက ၁၀ ခန်းတွဲတိုက်ရဲ့ နံပါတ် ၉ အခန်းမှာ နေရပါတယ်။ ၁၀ မှာက ဦးဝင်းတင်ပါ။ ၈ မှာက ဦးခင်မောင်မြင့် ရှိပါတယ်။ ၇ မှာက မင်းသိင်္ခရှိပါတယ်။ ဟိုဘက်တွေမှာတော့ ကိုသက်ခိုင်တို့၊ မောင်ဝံသတို့၊ ကိုဝင်းထိန်တို့ ရှိကြသတဲ့။ လူအစုအဝေးကတော့ အပြောင်းအလဲတွေ ရှိပါတယ်။

၇ မှာက မင်းသိင်္ခလေ။ သူကတော့ ဗေဒင်ဆရာကြီး မဟုတ်လား။ သူက တွက်ချက်ပါတယ်။ သူ့ရဲ့ ဗေဒင် တွက်ချက်အရ သူနှင့်မောင်မိုးသူ ဟာ ထောင်ကျကိန်းမရှိဘူးလို့ ဆိုပါတယ်။ မောင်မိုးသူကလည်း ယုံပါတယ်။ ဦးခင်မောင်မြင့်ကိုတော့ အထက်ကို ရောက်မည့်ကိန်း ရှိပါတယ်လို့ ဆိုပါတယ်။ ဗေဒင်အဟောမခံတဲ့ ဦးဝင်းတင် က ဦးခင်မောင်မြင့်က အထက်ရောက်မယ် ဆိုတော့ မြစ်ကြီးနားထောင် ရောက်မလား၊ ကလေးေ ထာင် ရောက်မလားလို့ စပါတယ်။ မင်းသိင်္ခက မောင်မိုး သူနှင့် သူ ထောင်မ ကျဘူးလို့ ဟောကိန်း ထုတ်ထားပေမယ့် တကယ်လက်တွေ့ ဖြစ် လာတာ ကတော့ မောင်မိုးသူက ထောင် ၃ နှစ်ကျပါတယ်။ ထောင်မကျဘူးဆိုတဲ့ မင်းသိင်္ခကတော့ ၁ နှစ် ၂ လ ကျပါတယ်။

စကားအပြောအဆို နည်းပါးပြီး သီချင်းလည်း ဦးဝင်းတင်က whatever will be ဆိုတာပဲ ဆိုလေ့ရှိပြီး နာမည်ကျော် အဆိုကျော် ကိုသန်းလှိုင်ရဲ့ အစ်ကိုဖြစ်တဲ့ ဦးခင်မောင်မြင့်က မနက်တိုင်း ““အချစ်ရေ့ နေလို့ မှ ကောင်းရဲ့လား။ အိပ်လို့ပျော်ပါစေ”” သီချင်းဆိုပြီး နှုတ်ဆက်လေ့ ရှိပါတယ်။ မောင်မိုးသူကတော့ ““အခါ တော်ရောက်ချိန် နီးလို့လာပါပြီ”” သီချင်းက ပင်တိုင်သီချင်းပါပဲ။

ဦးဝင်းတင် ထောင်ကျပြီး ၃ နှစ် ထင်ပါတယ်။ အဆောင်ပြောင်းသွားရပါတယ်။

အဲ မင်းကိုနိုင်လည်း အထူးကို ရောက်လာပါသေးတယ်။ မင်းကိုနိုင်ဟာ တကယ်ပဲ ချစ်စရာကောင်းတဲ့သူ ဖြစ်ပါတယ်။

အထူးမှာရှိစဉ်အတွင်း သူ့မွေးနေ့ဖြစ်လာတော့ ကျန်တဲ့အခန်းတွေကို မင်းကိုနိုင်က သကြားလုံးတစ်လုံး၊ မြေပဲစေ့ တစ်စေ့နှင့် ဆပ်ပြာလေးတစ်စ အမှတ်တရပို့ပေးတာ ရဖူးပါတယ်။ မောင်ဝံသကတော့ ရွှေဘဲ ဆေးလိပ်၊ ရွှေရောင်တံဆိပ်ပတ်ကလေးကို ဒေါင်းပုံလေးလုပ်ပြီး ပို့ပေးတာ ရဖူးပါတယ်။ မောင်ဝံသရဲ့ စာပေတိုက်က “ဒေါင်း”စာပေလေ။

အထူးတိုက်မှာ နေထိုင်ကြရသူ အများစုကတော့ ထောင်ကျများ မဟုတ်ဘဲ ၁၀ က အချုပ်သားများ ဖြစ်ပါတယ်။ ထောင်ကျ မဟုတ်တဲ့အတွက် အများစုက ထောင်ဝင်စာ မတွေ့ရပါ။ ဒါပေမဲ့ ၂ ပတ်တစ်ကြိမ် ပါဆယ်ပို့ပေးတာ လက်ခံရရှိပါတယ်။ ပို့လိုက်တဲ့ ပါဆယ်ပစ္စည်းများကို လက်ခံရရှိကြောင်း လက်မှတ်ထိုးရတဲ့အပြင် လိုအပ်တဲ့ ပစ္စည်းဆေးဝါးကိုလည်း ပါဆယ်လာပို့တဲ့ သူကတစ်ဆင့် မိသားစုထံ မှာလို့ရပါတယ်။

ဦးဝင်းတင် ထောင်ကျသွားတော့ တိုက်မဟုတ်တော့ဘဲ အဆောင်ပြောင်းရပါတယ်။ အဆောင်မှာလည်း နိုင်ငံရေးသမား အများစုရှိတဲ့ အဆောင်ကို ပြောင်းရသည်။ အဲဒီအဆောင်မှာ ဦးဝင်းတင်က သားကြီး မောင်ပန်းသီးနှင့်က ထောင် ၅ နှစ်ကျပြီဖြစ်လို့ အဆောင်မှာ လူကြီးဖြစ်နေသည့် သူ့ဘဘ ဦးဝင်းတင် ရောက်လာတော့ ဘုရားခန်းမှာထားပြီး သူ့ဘဘဖတ်ဖို့ ဘုရားတရားစာအုပ်များပေးဖတ်ပါတယ်။ ဒါကို ဦးဝင်းတင်က မောင်မိုးသူကသာ ဘုရားမရှိ၊ တရားမရှိတဲ့လူ။ သားမောင်ပန်းသီးကမှ တော်သေးတယ်လို့ ကြံဖန်ပြီး နှိမ်တာခံရပါတယ်။

အဲဒီလို အထူးတိုက်ထဲမှာ စပယ်ရှယ်နေထိုင်ခဲ့ရတဲ့ မောင်မိုးသူဟာ ဦးဝင်းတင်ရေးတဲ့ လူ့ငရဲဆိုတဲ့ နေရာကို ရောက်ဖို့ ဖြစ်လာပါတယ်။ အဲဒီကိစ္စကလည်း နည်းနည်းတော့ ထူးဆန်းတယ်ခင်ဗျ။

ရှေ့အပတ်ဆက်ဖတ်ပါ

မောင်မိုးသူ

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

(၁)

အစကတည်းက...

ဖြစ်စဉ်ကို သေချာမသိလို့..
ကျွန်တော်တို့ စုံစမ်းနေပါတယ်... တို့
စုံစမ်းပြီးမှ သတင်းထုတ်ပြန်ပေးပါ့မယ်..တို့

အဲဒီလိုမျိုးဖြစ်ရမှာပါ...၊

အဲဒီလိုမျိုးမဖြစ်ပဲ..

ဖွတ်ဝန်ကြီးကအစ..
နာမည်ကြီးဖွတ်လော်ဘီတွေအဆုံး..

တရုတ်နယ်စပ်ဘက်ကို ဗုံးကျပြီး
တရုတ် (၅) ယောက်သေတယ်ဆိုတာနဲ့ကို

ဖါလိုက်ကြတာ....၀က်ဝက်ကိုကွဲရောပါ..၊

မြင်တောင်မကောင်းပါဘူး..

ဒန်အိုးပေါက် ဒယ်အိုးပေါက်ဖါသူတွေ..
Online ပေါ်တန်းစီတက်လာသလားမှတ်ရပါတယ်..၊

"ကိုးကန့်ဘက်က ပစ်တာပါ"..တို့၊

"ကိုးကန့်တွေလုပ်ကြံတာ" တို့..ဘာတို့၊

ဗုံးဆံ ပုံကြီးတွေ online ပေါ်တင်ပြီး..
"ဒီဗုံးဆံက ကိုးကန့်တွေကို တရုတ်က
ရောင်းထားတဲ့ဗုံးအမျိုးအစား..."ဆိုပြီး..
မျက်နှာပြောင်တိုက် သောက်ရှက်မရှိပဲ
သုံးသပ်ပြတဲ့ ငတတွေ ကရှိပါသေးတယ်..၊

-----------------------------

(၂)

အခုတော့..သွားရှာပါပြီ..၊

အဖွဲ့ဖွဲ့ပြီးလဲ စုံစမ်းရော...
သောက်ရှက်လဲကွဲပါလေရော..

နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင်..
တရုတ်ကို တောင်းပန်ရတဲ့ဘ၀..ပါ

နိုင်ငံခြားရေးဝန်ကြီးဆိုတာ..
နိုင်ငံတကာဆက်ဆံရေးမှာ..
ဦးသိန်းစိန်ကိုယ်စားလုပ်ကိုင်ဖို့..
ခန့်ထားတဲ့ဝန်ကြီးဆိုတော့..
ဦးသိန်းစိန်ကိုယ်စား တောင်းပန်တယ်
ဆိုတဲ့အနေအထားဖြစ်သွားပါတယ်...၊

တရုတ်ဘက်ကကြည့်ပြန်တော့လဲ..
အထောက်အထားခိုင်လုံရဲ့သားနဲ့..
ဖင်ပိတ်ငြင်းပြီး...
သောက်ကြီးသောက်ကျယ်တွေ..
လျှောက်ပြောလာတဲ့..
မြန်မာပြည်ကဖါသည်တွေကို..
သောက်မင်ကပ်ပြီး..
စစ်ရေးပြင်ဆင်တဲ့အထိဖြစ်သွားတဲ့
အနေအထားကိုတွေ့ရပါတယ်..၊

အဲဒီမှာ သင်ခန်းစာနှစ်ခုရလိုက်ပါတယ်..

---------------------

(၃)

ပထမတစ်ခုက..
ဖွတ်တွေဟာ...သူတို့ဘယ်လောက်ပဲ
အမှားလုပ်ခဲ့လုပ်ခဲ့...
ဖြစ်ပြီဆိုတာနဲ့...ဖင်ပိတ်ငြင်းတဲ့..
ဗီဇစရိုက်ဟာ...အရိုးစွဲနေတယ်ဆိုတာပါပဲ..၊

ပြည်သူအပေါ် ဘာပဲလွန်ခဲ့ကျွံခဲပါစေ..
အရင်ဆုံး အော်တိုမက်တစ် ဖါလိုက်ရမှ..
အရင်ဆုံး ဖုံးဖိလိုက်ရမှ..
သူတို့တွေ စားဝင်အိပ်ပျော်ကြပါတယ်..၊

စရိုက်ဗီဇ သန္ဓေကိုက..
ဦးသန်းရွှေရဲ့ သန္ဓေ ဆိုတော့ကာ..
ကမ္ဘာ့ နိုင်ငံကြီးကိုပါ..
အဲဒီစရိုက်နဲ့သွားဆက်ဆံမိတဲ့အချိန်မှာ

ကွဲ...တော့တာပေါ့ဗျာ..၊

-----------------------

(၄)

ဒုတိယအချက်က...

အဲဒီလိုဖင်ပိတ်ညင်းတဲ့..သောက်ကျင့်က..
သူတို့တွေ ပြည်သူတွေကို..
လုပ်နေကျ..အကျင့်တစ်ခုပါ..၊

ပြဿနာတိုင်း ပြဿနာတိုင်းမှာ..
သူတို့ဘယ်လောက်မှားမှား..
ပြည်သူတွေကို အဲဒီလိုမျိုးလိမ်ခဲ့ကြလေတော့..၊

ပြည်သူတွေကို လုပ်သလို..
တရုတ်ကို သွားလုပ်လိုက်တဲ့အချိန်မှာ..

အပီအပြင်ကို..
ကိုယ်ကြိုးနည်းကုန်တော့တာပါပဲ..

နိုင်ငံတကာ ဆက်ဆံရေးပိုင်း..
Diplomacy ကျတဲ့ အပိုင်းတွေမှာ
ဒီလိုမျိုး ပေါက်လွတ်ပဲစား..
ဖါသည်လုပ်လို့မရဘူးဆိုတာကို..
သက်သေပြလိုက်တာပါ..

-----------------------

(၅)

တရုတ်ဘက်ကပြောသွားတာတစ်ခုတွေ့ရပါတယ်..
"အဲဒီကိစ္စနဲ့ပတ်သက်တဲ့..
တာဝန်ရှိသူတွေကိုပါ မြန်မာအစိုးရက
အရေးယူလိမ့်မယ်"..ဆိုတဲ့..
စကားပါ..၊

အဲဒီတော့..
စစ်ဗိုလ်ချုပ် ဘယ်နှစ်ယောက် ပြုတ်အုံးမလဲ..
ထိုးကြွေးခံရမလဲ...ဆိုတာ...၊
စောင့်ကြည့်စေလိုပါတယ်..

အဖြေထွက်လာတာကတော့..

သူ့နိုင်ငံက သာမန်လယ်သမားတွေ..
မတော်တစ်ဆ သေဆုံးသွားတာကြောင့်
ဖြစ်ပေါ်လာတဲ့ တရုတ်အစိုးရရဲ့..
ကြီးမားတဲ့ဖိအားပေးမှုကို..

ကိုယ့်ပြည်သူကိုယ် ...
လူလိုတောင်သဘောမထားတဲ့
မြန်မာအစိုးရအနေနဲ့.....
အသေအလဲ ခံစားသွားရတယ်..
ဆိုတာပါပဲ..၊

သံဝေဂတောင်ရစရာပါ..၊

တရုတ်ဟာ..
သူ့ပြည်သူကို..
ဘယ်လို..ဘယ်လောက်အထိ..
တန်ဘိုးထားသလဲ..ဆိုတာ
မြန်မာအစိုးရကို ကောင်းကောင်း..
နမူနာ ပြသသွားနိုင်ပါတယ်..၊

အခု..အဖြေလဲအမှန်ထွက်လာရော..
ဖွတ်လော်ဘီတွေဟာ..
မျက်နှာပြောင်တိုက်ပြီး..
( ဘယ်လိုမျက်နှာနဲ့လဲတော့မသိ)
အဖြစ်မှန်ကို အရှက်ပြေ ပြန်တင်နေတဲ့
အနေအထားတွေ..
ဖြစ်ကုန်ကြပါတော့တယ်..၊

Online တစ်ခွင်မှ..
ဖါဝန်ကြီးကအစ...
ဖါဖွတ်လော်ဘီများအဆုံး..
ကိုယ်ဖြစ်နေတဲ့..
ကိုယ့်ဘ၀ကို..သုံးသပ်ပြီး

..

လဲကို..
သေလိုက်ကြသင့်ပါတယ်ဗျာ....

( Pa Yit)


ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ သမ္မတ ဦးသိန်းစိန် လိုလားပုံ မရဘူးလို့ ဒေါ်အောင်ဆန်းစုကြည် ဝေဖန်

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ဖို့ အစိုးရက ခွင့်မပြုဘူး ဆိုရင် နိုဝင်ဘာလမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲမှာ ဝင်မပြိုင်ပဲ သပိတ်မှောက်ကောင်း မှောက်ဖို့ ရှိတယ်လို့NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က Reuters နဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ ထုတ်ဖော်ပြောလိုက်ပါတယ်။

ဖွဲ့စည်းပုံ မပြင်ရင် ရွေးကောက်ပွဲ ဝင်မှာလား ဆိုတဲ့ မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲ ဝင်မပြိုင်ပဲ သပိတ်မှောက်မယ့် နည်းက အကောင်းဆုံးနည်း မဟုတ်ပေမယ့်လည်း မလုပ်ဘူးလို့ တထစ်ချ မပြောနိုင် သေးကြောင်း ၊ ဒါပေမယ့် တခြားနည်းလမ်းတွေကိုလည်း သုံးသပ်နေဆဲ ဖြစ်ကြောင်း ပြန်လည် ဖြေကြားသွားပါတယ်။

NLD အနေနဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ အသင့်ရှိပေမယ့် သမ္မတ ဦးသိန်းစိန်အနေနဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့ တကယ်တမ်း လိုလားတဲ့ပုံမျိုး မတွေ့ရပဲ ရွေးကောက်ပွဲ ရွှေ့ဆိုင်းဖို့ ကြိုးစားမယ့်ပုံ ရှိနေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

၂၀၁၁ခုနှစ်တုန်းက သမ္မတ ဦးသိန်းစိန်နဲ့ သူတွေ့ဆုံခဲ့စဉ် အခါတုန်းကတော့ သမ္မတ ဦးသိန်းစိန်ဟာ ပြုပြင်ပြောင်းလဲမှုတွေ တကယ်လုပ်လိုတဲ့ ပုံမျိုးတွေ့ခဲ့ရပေမယ့် အခုတော့ ဒီလို မဟုတ်တော့ဘူးလို့ ဆိုပါတယ်။

ဦးသိန်းစိန်ဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို အကြောင်းပြပြီး ရွေးကောက်ပွဲ ရွှေ့ဆိုင်းနိုင်ဘွယ် ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

BBC Burmese
http://www.bbc.co.uk/burmese

လွှတ်တော်တွင်း ဆွေးနွေးနေတဲ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်။
မြန်မာနိုင်ငံမှာ ဒီနှစ်နှောင်းပိုင်း ကျင်းပဖို့ရှိတဲ့ ရွေးကောက်ပွဲတွေကို သပိတ်မှောက်ရေး ကိစ္စ လုံးဝ ပယ်ချထားတာ မဟုတ်ဘူးလို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်ပါတယ်။ NLD အပေါ် အစိုးရက ခွဲခြားဆက်ဆံတာတွေ ရှိနေတာကြောင့်လဲ ရွေးကောက်ပွဲ တရားမျှတမယ် ဆိုတဲ့ အာမခံချက်မျိုး မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ရိုက်တာသတင်းဌာနရဲ့ သတင်းဆောင်းပါးကို ကိုကျော်ကျော် သိန်းက ပြောပြပါမယ်။

အခြေခံဥပဒေကို ပြုပြင်ပြောင်းလဲမှု မလုပ်ဘူးဆိုရင် လာမယ့် ရွေးကောက်ပွဲကို သပိတ်မှောက်မယ် မမှောက်ဘူးဆိုတာ ရွေးချယ်စဉ်းစားဖို့ လမ်းဖွင့်ထားတယ် လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကပြောပါတယ်။

“ရွေးကောက်ပွဲကို သပိတ်မှောက်တာက အကောင်းဆုံး ရွေးချယ်မှုလို့ ကျမတို့မထင်ပါဘူး။ ဒါပေမဲ့ ဒီအချက်ကို ကျမတို့ ထည့်မစဉ်းစားဘူးလို့တော့ မပြောနိုင်ပါဘူး။ ရွေးချယ်နိုင်မယ့်နည်းလမ်း အားလုံးကို ကျမတို့ လမ်းဖွင့်ထားပါတယ်။”

ဧပြီလ ၃ ရက်နေ့က ရိုက်တာသတင်းဌာနနဲ့ လုပ်တဲ့ တွေ့ဆုံမေးမြန်းခန်းတခု အတွင်း ဒေါ်အောင်ဆန်းစုကြည်က အဲဒီလိုပြောသွား တာပါ။ ရွေးကောက်ပွဲ မတိုင်ခင် လက်ရှိအခြေအနေတွေအရ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်နိုင် မဖြစ်နိုင် ဆိုတဲ့အပေါ်မှာလဲ ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောပါတယ်။

“တန်းတူရည်တူ ယှဉ်ပြိုင်နိုင်မယ့်အခြေအနေ မရှိပါဘူး။ ပြီးတော့ အစိုးရက NLD ကို ခွဲခြားဆက်ဆံတဲ့ လုပ်ရပ် မျိုးတွေရှိနေပါတယ်။ ဒါကြောင့် အခုချိန်ထိတော့ တရားမျှတတယ်လို့ ကျမတို့ မပြောနိုင်ပါဘူး။ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မယ် ဆိုတာ အာမခံနိုင်တယ်လို့ ကျမတော့ မထင်ပါဘူး။”

လက်ရှိအစိုးရခေါင်းဆောင်တွေအဖြစ် တာဝန်ယူထားတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေကို သဘောထားတင်းမာသူတွေအဖြစ် ယူဆပါ သလားဆိုတဲ့ ရိုက်တာရဲ့မေးခွန်း ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အခုလိုဖြေသွားပါတယ်။

 “မြန်မာအစိုးရက သိပ်ကို သဘောထားတင်းမာပါတယ်။ စေ့စပ်ဆွေးနွေးဖို့ ဒါမှမဟုတ် အခြေခံဥပဒေကို ပြင်ဆင်ဖို့ ဒါမှမဟုတ် လူထုဆန္ဒကို အလေးအနက်ထားစဉ်းစားဖို့ ဆိုတာတွေအပေါ် သူတို့စိတ်မ၀င်စားဘူး ဆိုတာကိုကြည့်ရင် သူတို့ကို ဘယ်လိုများ သတ်မှတ်မလဲ၊ သဘောထားပျော့ပြောင်းသူတွေလို့ ပြောဖို့ရာ ခက်ပါတယ်။”

မြန်မာနိုင်ငံက အရပ်သားတပိုင်းအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ရပ်တွေကို အမေရိကန်ပြည်ထောင်စုက ချီးကျူး ပြောဆို ထားတဲ့ အပေါ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းထုတ်ပါတယ်။

 “ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ မြန်မာအစိုးရကို ဖိအားပေးခဲ့တယ်လို့ အမေရိကန်ပြည်ထောင်စုက ပြောနိုင်ပါတယ်။ တဘက်မှာလည်း မြန်မာအစိုးရ လုပ်ခဲ့တာတွေအတွက် အမေရိကန်က ချီးကျူးခဲ့တာတွေ့ရပါတယ်။ ဒါကလဲ ဒီလမ်းကြောင်း အတိုင်းဆက်ပြီး ပြုပြင်ပြောင်းလဲရေးဖော်ဆောင်ဖို့ အမေရိကန်က အားပေးချင်လို့လို့ ပြောနိုင်ပါတယ်။ ကျမအနေနဲ့ အမြဲပဲ မေးခွန်းထုတ်တာကတော့ ခုလိုလုပ်လို့ မြန်မာအစိုးရက တကယ်ပဲ ပြုပြင်ပြောင်းလဲရေးတွေ ဆက်လုပ်နေသလား၊ ဒါမှမဟုတ် ခုလို ချီးကျူးလိုက်လို့ မြန်မာအစိုးရ က ကျေနပ်ရောင့်ရဲနေပြီး နောက်ထပ်ပြုပြင်ပြောင်းလဲရေးတွေ ဆက်လုပ်ဖို့ မလိုတော့ဘူးလို့ ယူဆနေသလားဆိုတဲ့ အချက်ပါပဲ။”

နိုဝင်ဘာလလောက်မှာ ကျင်းပမယ်လို့ ကြေညာထားတဲ့ ရွေးကောက်ပွဲတွေ အရေးကြီးတယ်ဆိုတာကိုတော့ ဒေါ်အောင်ဆန်းစု ကြည်က အလေးအနက်ပြောပါတယ်။ အဲဒီရွေးကောက်ပွဲတွေဟာ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းမှာ ရောက်နေပြီလား ဆိုတာကိုပြမယ့် တကယ့် စမ်းသပ်ချက်ဖြစ်တယ်လို့ ဆိုပါတယ်။

၁၉၉၀ ပြည့်နှစ်ကကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲမှာ NLD ပါတီက ပြည်လုံးကျွတ်နီးပါး အနိုင်ရခဲ့ပါတယ်။ ၂၀၀၈ အခြေခံ ဥပဒေအရ ၂၀၁၀ ပြည့်နှစ်မှာ ပထမဆုံးကျင်းပတဲ့ ရွေးကောက်ပွဲတွေကိုတော့ ၀င်မပြိုင်ပါဘူး။ ဒါပေမဲ့လည်း ၂၀၁၂ ခုနှစ်က ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေကို ၀င်ပြိုင်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာတာပါ။

ကျော်ကျော်သိန်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


ဧပြီလ ၃ ရက် ၂၀၁၅

အစိုးရနှင့် တိုင်းရင်းသား တော်လှန်ရေး တပ်ဖွဲ့များ ဖော်ဆောင်နေသည့် တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးကို အား ပေးထောက်ခံ၍ စစ်ပွဲများကို ရှုတ်ချသည့် ဆန္ဒပြပွဲကျင်းပရန် သျှမ်းပြည်နယ်အစိုးရက သျှမ်းပြည်မြောက်ပိုင်း မူစယ်ဒေသခံများအား ညွှန်ကြားကြောင်း သိရှိရသည်။

ထိုသို့ဆန္ဒပြပွဲကျင်းပရန် သျှမ်းပြည်နယ်အစိုးရက မူစယ်မြို့နယ် အုပ်ချုပ်ရေး မှူးရုံးအား ညွှန်ကြားလာသော ကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဇော်က မူစယ်ဒေသခံများအား ခေါ်ယူကာ ယနေ့(ဧပြီလ ၃ ရက်နေ့) မွှန်းလွှဲပိုင်း ၁ နာရီ မြို့နယ်အုပ်ချုပ်ရေးရုံးတွင် အစည်းအဝေး ပြုလုပ်ခဲ့သည်ဟု ဆို၏။

“ဒါကတော့ နိုင်ငံရေးလှည့်ကွက်ဘဲ။ နိုင်ငံရေး မသိနားမလည်တဲ့ ပြည်သူတွေ ကို လှည့်စားတာ။ ပြည်သူတွေရဲ့ ဆန္ဒလည်း မဟုတ်ဘူး။ အစိုးရက လုပ်ခိုင်းလို့ မတတ်နိုင်လို့ မလွန်ဆန်နိုင်လို့ လုပ်ရမှာ” ဟု အစည်းအဝေး တက်ရောက်ခဲ့သူ စိုင်းဟင်လိတ် က ပြောပါသည်။

တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးကို အားပေးထောက်ခံ၍ စစ်ပွဲများကို ရှုတ်ချ သည့် ဆန္ဒပြပွဲကို လာမည့် ဧပြီလ ၆ ရက်နေ့မှာ ပြုလုပ်မည်ဖြစ်ကြောင်း၊ နံနက် ၈ နာရီတွင် မူစယ်လေယာဉ်ကွင်းဟောင်း၌ စုဝေး၍ ၉ နာရီ တွင် ဘော်လုံးကွင်းသို့ စတင်လမ်းလျှောက်ဆန္ဒပြမည်ဖြစ်ကြောင်း၊ တရပ်ကွက်လျှင် အနည်းဆုံး အယောက် ၂၀၀ ပါဝင်ရမည်ဖြစ်ကြောင်း ဆို၏။

“မူစယ်မှာ ရပ်ကွက် ၉ ရပ်ကွက်ရှိတယ်။ ဒါပေမဲ့ ဟိုမွန်ရပ်ကွက်က အင် အားကြီးတော့ အနည်းဆုံး ၅၀၀ ရှိရမယ်တဲ့။ ဒါကြောင့် အနည်းဆုံး အယောက် ၂၀၀၀ လောက်ပါဝင်ရမှာ။ နောက်တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ ၅ ဖွဲ့ရှိတာ တဖွဲ့ကို ၁၀ ယောက်တဲ့။ အဲဒီနေ့မှာ တိုင်းရင်းသားဝတ်စုံအပြည့် ၀တ်ဆင်လာရမယ်လို့လည်း ပြောတယ်” ဟု ဟိုမွန်ရပ်နေ လုံးလှိုင်က လည်း ပြောပါသည်။

လမ်းလျှောက်ဆန္ဒပြရာ၌ သျှမ်းပြည်နယ်အစိုးရက ချမှတ်ပေးထားေ သာ ကြွေးကြော်သံ ၅ ချက် ဖြစ်သည့် ၁) တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး - ဒို့အရေး ၊ ၂) နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး - ဒို့အရေး ၊ ၃) နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး - ဒို့အရေး ၊ ၄) ဒီမိုကရေစီရှင်သန်ခိုင်မာရေး - ဒို့အရေး ၊ ၅) ၂၀၁၅ ငြိမ်းချမ်းမှုဖော်ဆောင် ရေး- ဒို့အရေး…တို့ကိုသာ ကြွေးကြော်ရ မည်ဟု ညွှန်ကြားကြောင်း သိရပါသည်။

သျှမ်းသံတော်ဆင့်/ မွေခေါဝ်
https://www.facebook.com/Panglong.burmese

ကျောင်းသားသပိတ်က ဖမ်းဆီးထားသူတွေကို လက်ပံတန်းမြို့မှာ မတ်လ ၁ဝ ရက်နေ့က ရုံးထုတ်လာစဉ်။ Photo: Aung Ko Ko/RFA

သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံထား ရတဲ့ ကျောင်းသား ကျောင်းသူတွေကို အရင်က လက်ပံတန်းမြို့နယ် တရားရုံးမှာ ရုံးထုတ် စစ်ဆေးခဲ့ရာကနေ သာယာဝတီမြို့နယ် တရားရုံး ကို ပြောင်းရွှေ့စစ်ဆေးဖို့ ထောင်အာဏာပိုင်တွေ က ကျောင်းသူ ကျောင်းသားတွေထံက သဘော ထားကောက်ယူရာမှာ တစ်ချို့က လက်မှတ်ထိုး ဖို့ ငြင်းဆန်လိုက်ပါတယ်။

ကန့်ကွက်သူတွေကို ဒီနေ့ သာယာဝတီတရားရုံးမှာ ရုံးတင်ဖို့ရှိပေမဲ့ လာမယ့် ဧပြီလ ၉ ရက်နေ့ ကို ပြောင်းရွှေ့လိုက်တယ်လို့ ထောင်ဝင်စာသွားတွေ့ခဲ့ တဲ့ သာယာဝတီမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ကိုကျော်နိုင်ဦး ကပြောပါတယ်။

"လုံခြုံရေးအရနဲ့ သွားရေးလာရေးအရ လက်ပံတန်းရုံးနဲ့စာရင် သာယာဝတီရုံးမှာ ဖြစ်သင့်ပါတယ်ဆိုပြီးတော့ အစိုးရကနေပြီးတော့ ရုံးပြောင်းကို တရားရုံးကိုတင်တယ်၊ တင်လိုက်တော့ အဲ့ဒီဟာကို သဘောတူ မတူဆို ပြီး ကျောင်းသားတွေကို လက်မှတ်ထိုးခိုင်းတယ်၊ ထိုးခိုင်းတော့ ၅ ယောက်က ဘာမှန်းမသိတော့ မထိုးဘူး၊ အားလုံးကလက်မှတ်ထိုးလိုက်လို့ရှိရင် အဲ့ဒီနေ့မှာ ကော်မတီအတွက် သူသဘောတူ သည်ဖြစ်စေ မတူသည်ဖြစ်စေ ရုံးပြောင်းပြီးပြီးသွားပြီ၊ အဲ့ဒါကို ၃ ရက်နေ့မှာ သာယာဝတီခရိုင်ရုံးမှာ ရုံးပြောင်းအတွက် လျှောက်လဲချက်ပေးမယ်၊ ဘာဖြစ်လဲမသိဘူး သူတို့က အခြေအနေကြောင့် ဆိုပြီးတော့ ရုံးမထုတ်ဖြစ်ဘူး၊ ဒီရုံးအပြောင်းအတွက်ကို အခုကြားနာပွဲဥစ္စာကို ဒီနေ့ကနေပြီးတော့ ၉ ရက်နေ့ကို ပြောင်းလိုက်တယ်လို့ကြားတယ်"

ရုံးပြောင်းစစ်ဆေးဖို့ သဘောထားကောက်ခံမှု အဆင်မပြေတာကြောင့် လာမယ့် ဧပြီလ ၇ ရက်နေ့ တရားရုံးချိန်းကို လက်ပံတန်းမြို့နယ် တရားရုံးမှာ ဆက်လက်ရုံးထုတ် စစ်ဆေးရမှာဖြစ်ပါတယ်။

မတ်လ ၁ဝ ရက်နေ့က လက်ပံတန်း ကျောင်းသားသပိတ်ဖြိုခွဲစဉ် ဖမ်းဆီးခံလိုက်ရသူတွေနဲ့ ရန်ကုန်မြို့မှာ ဖမ်းဆီးခံလိုက်ရတဲ့ ကျောင်းသူ ကျောင်းသားတွေအပြင် ကူညီသူတွေကို သာယာဝတီ အကျဉ်းထောင်မှာ ဖမ်းဆီးထားတာ စုစုပေါင်း ၇ဝ လောက်ရှိတယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

နိုင်ငံရေးနဲ့ဆက်နွှယ်ပြီး စီးပွားရေးမှာ အဓိကနေရာ ယူလာတဲ့ အကြောင်းအရာ ၄ ခု စလုံးကလည်း “အနုတ် လက္ခဏာ”တွေချည်းပဲ ဖြစ်နေတယ်။ ဒီလိုအချိန်မှာပဲ အစိုးရက ၀န်ထမ်းလစာ တိုးမြှင့်ပေးလိုက်ခြင်းနဲ့ “အနုတ် လက္ခဏာ”၄ ခုကို တစ်ဖက်လှည့်နဲ့ တဒင်္ဂ အားဖြင့် ချွေးသိမ့်လိုက်တာလား … နောက် ဆက်တွဲဖြစ် လာမယ့် ကုန်ဈေးနှုန်း၊ ငွေဖောင်း ပွမှုတွေကို တွေးကြည့်ရုံနဲ့တင် ကျောချမ်းစရာ …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၂၀၁၄ခုနှစ်၊ နိုဝင်ဘာ ၁၂ရက်က ပြည်သူ့လွှတ်တော်မှာ အစိုးရ၀န်ထမ်းတွေ ခေတ်နဲ့လျော်ညီအောင်၊ သင့်တင့် မျှတအောင် လစာတိုးမြှင့်ပေးဖို့ အရေးကြီးအဆို တင်သွင်းလိုက်တာကို ကန့်ကွက်သူမရှိဘဲ ထောက်ခံ အတည် ပြုခဲ့တယ်။ ၂၀၁၅ခုနှစ်၊ မတ်လ ၂၅ရက် အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၇/၂၀၁၅)မှာ ၀န်ထမ်းလစာ နှုန်းထားတိုးမြှင့် သတ်မှတ်မှုထုတ်ပြန်လိုက်ပြီဖြစ်လို့ အလုံးစုံ အထမြောက်သွားပါတယ်။

တကယ်တော့ လက်ရှိမြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေက ဆုတ်ယုတ်ကျ ဆင်းမှုဘက်ကို ဦးတည်ရွေ့ လျား နေတယ်။ နိုင်ငံရေးနဲ့ ဆက်နွှယ်ပြီး စီးပွားရေးမှာအဓိက နေရာယူလာတဲ့ အကြောင်းအရာ ၄ ခု စလုံးကလည်း “အနုတ်လက္ခဏာ” တွေ ချည်းပဲဖြစ်နေတယ်။ ဒီလိုအချိန်မှာပဲ အစိုးရက ၀န်ထမ်းလစာ တိုးမြှင့်ပေးလိုက်ခြင်းနဲ့ “အနုတ် လက္ခဏာ”၄ ခုကို တစ်ဖက်လှည့်နဲ့ တဒင်္ဂအားဖြင့် ချွေးသိမ့်လိုက်တာလား လို့ တွေးစရာရှိလာပါတယ်။…

● ဘဏ္ဍာရေးလိုငွေပြခြင်း

၂၀၁၅-၁၆ ဘဏ္ဍာနှစ်မှာ ဘတ်ဂျက်လိုငွေ ကျပ်ဘီလီယံ ၃၈၀၀ရှိလို့ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ဘတ်ဂျက်လိုငွေပြမှု အများဆုံးနှစ် ဖြစ်လာပြီး ဂျီဒီပီရဲ့ ၅ရာခိုင်နှုန်းကို ကျော်လွန်သွားတယ်။ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်မှာ ဘတ်ဂျက်လိုငွေ ကျပ်ဘီလီယံ ၂၇၅၁ ရှိခဲ့တယ်။

● ကုန်သွယ်ရေးလိုငွေ စံချိန်တင်ခြင်း

စီးပွား/ကူးသန်း အချက်အလက်များ အရ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်မှာ ကုန်သွယ်ရေးလိုငွေပြမှု ဒေါ်လာ ၃ဘီလီယံ နီးပါးရှိရာမှ ယခုနှစ်မှာ ဒေါ်လာ ၅ဘီလီယံ ကျော်သွားတယ်။

● အရန်နိုင်ငံခြားငွေ(Foreign Reserve) အင်အားလျော့ကျလာခြင်း

၂၀၁၃ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားအရန်ငွေ ဒေါ်လာ ၈ဘီလီယံကျော် ရှိတယ်လို့ ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဒေါ်ခင် စောဦးက ပြောဆိုခဲ့ပေမယ့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ထုတ် ပြန်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာမှာ ဒေါ်လာ ၄ဒသမ၅ ဘီလီယံသာ ကျန်ရှိတော့ကြောင်း ဖော်ပြထား တယ်။

● ဂျီဒီပီ တိုးတက်မှု လျော့ကျလာခြင်း

၂၀၁၃-၁၄ ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံရဲ့ ဂျီဒီပီတိုးတက်မှု ၈ ဒသမ ၃ရှိခဲ့ ကြောင်း IMF က ကြေညာခဲ့ပေမယ့် ၂၀၁၄-၁၅ မှာတော့ ၇ ဒသမ ၃ ရာခိုင်နှုန်းသို့ လျော့ကျလာဖွယ်ရှိတယ်လို့ ခန့် မှန်းထားတယ်။

အစိုးရ၀န်ထမ်းတွေ လစာတိုးတိုင်း ကုန်ဈေးနှုန်းလိုက် တက်ပြီး ငွေဖောင်းပွမှု ဖြစ်တာကို ပြည်သူတွေကိုယ်တိုင် ကြိမ်ဖန်များစွာ ခံစားခဲ့ရပြီးဖြစ်ပါတယ်။ ဒီလို ဖြစ်လေ့ရှိတာကို အစိုးရဘက်က မသိသေးဘူးဆိုတာလည်း မဖြစ် နိုင်ပါဘူးလို့ ဆိုရမယ်။ အစိုးရယန္တရားထဲမှာလည်း ပညာတတ်တွေ များစွာရှိနေပါတယ်။ နောက် တစ်ချက်က လွှတ်တော်အရေးကြီးအဆို တင်သွင်းချိန်ကစပြီး အစိုးရအဖွဲ့အစည်း အဝေးကြေညာချက် ထုတ်ပြန်ချိန်ထိ စုစု ပေါင်း ၄ လကျော်ကြာမြင့်ခဲ့လို့ အစိုးရ ဘက်ကသေသေချာချာ တွက်ချက်ပြီး လေ့လာသုံး သပ်ပြီးမှ ရည်ရွယ် ချက်ရှိရှိ ဆောင်ရွက်ခဲ့တာလို့ပဲ နားလည်မိပါတယ်။

ဒါပေမဲ့ အစိုးရအနေနဲ့ ၀န်ထမ်းတွေ ကိုချီးမြှင့်ထောက်ပံ့ချင်တယ်ဆိုရင် အခြားရွေးချယ်စရာ နည်းလမ်းတွေရှိပါ လျက် ဘာကြောင့် အကြိမ်ကြိမ်အထပ်ထပ် အလုပ်မဖြစ်တဲ့ လမ်းကြောင်းဟောင်းကြီးကိုပဲ ထပ်မံ ရွေးချယ်ခဲ့ သလဲဆိုတာ စိတ်ဝင်စားစရာ ဖြစ်လာတယ်။

ဝန်ထမ်းလစာနှုန်းသစ်တွေ ထွက်ပေါ်လာချိန်မှာတော့ ကန့်သတ်ခွဲခြားထားမှုတွေ ပါဝင်နေခြင်းနဲ့အတူ ၂၀၁၅ ရွေးကောက်ပွဲမှာ တစ်စုံတစ်ခုသော သက်ရောက်မှုရှိ လာနိုင်မလားဆိုတာအထိ အတွေးနယ်ချဲ့ စရာဖြစ်လာ တယ်။

အစိုးရ၀န်ထမ်းလစာ တိုးမြှင့်ပေးခြင်း နဲ့ပတ်သက်ပြီး ဆွဲထုတ်ပြစရာ ၄ချက်ရှိ ပါတယ်။ ပထမအချက်က ကုန် ဈေးနှုန်း၊ ငွေဖောင်းပွမှု၊ ငွေလဲလှယ်နှုန်းတွေပေါ် သက်ရောက်မှုဖြစ်ပါတယ်။ ဒုတိယအချက်က ဌာနဆိုင်ရာ ငွေကြေးအလွဲသုံးစားမှုနဲ့ ခြစားမှုတိုက်ဖျက်ရေးအပေါ် သက်ရောက် မှုဖြစ်ပါတယ်။

တတိယအချက်က ၀န်ကြီးဌာနအလိုက် သာမန်အသုံးစရိတ် လျော့ကျမှုဖြစ်ပြီး စတုတ္ထအချက်ကတော့ ပုဂ္ဂလိ ကအနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ချက်အပေါ် သက်ရောက်မှု ဖြစ်ပါတယ်။

တကယ်တော့ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်မှာ ၀န်ထမ်းလစာတွေ တိုးတော့မယ်လို့ သတင်းတွေကြားကတည်းက ကုန်ဈေးနှုန်းတွေ တက်မယ့် အရိပ်လက္ခဏာပြနေပြီး ၂၀၁၅ ခုနှစ်၊ မတ်လဆန်းမှာ တရိပ်ရိပ် တက်လာတယ်။ အခြေခံစားသုံးကုန် ညွှန်းကိန်းအရ မနှစ်က ဆန်တစ်ပြည်ကျပ် ၁၂၀၀ မှ ယခုနှစ် ၁၆၀၀ ကိုတက်လာလို့ သုံးချိုး တစ်ချိုးလောက် ဈေးတက်သွားတယ်။ တစ်ဖက်မှာ အောက်ခြေ၀န်ထမ်းတွေ လစာတိုးလာတဲ့ ပမာဏက (ရှား ပါး စရိတ် ၃သောင်းပြန်နုတ်လိုက်ရင်) သုံးချိုးတစ်ချိုးတောင်မပြည့်လို့ သိသာတဲ့ ပြောင်းလဲမှုမရှိဘဲ နစ်နာသွား တာပဲအဖတ် တင်တယ်လို့ ပေါ်လွင်နေတယ်။ ကုန်ဈေးနှုန်းကြီးမြင့်လာရတာ အကြောင်းအမျိုးမျိုး ရှိပေမယ့် သေချာတဲ့အချက်ကတော့ လက်ရှိအစိုးရလက်ထက်မှာ ကုန်ဈေးနှုန်းကို စနစ်တကျထိန်းချုပ်နိုင်စွမ်း မရှိခြင်း ဖြစ်ပါတယ်။

တစ်ဖက်မှာ ငွေကြေးဖောင်းပွမှုကလည်း မြင့်တက်လာတယ်။ ရန်ကုန်တိုင်း လွှတ်တော်အမတ် ဒေါက်တာညိုညို သင်းရဲ့ ပြောဆိုချက်အရ ပညာရှင်တွေက ငွေဖောင်းပွမှု ၉၊ ၁၀ ရာခိုင်နှုန်းကြား ခန့်မှန်းထားတယ်လို့ သိရ တယ်။ မကြာသေးမီက အာရှဖွံ့ဖြိုးရေဘဏ် (ADB) ထုတ်ပြန်ချက်မှာလည်း မြန်မာနိုင်ငံရဲ့ ငွေကြေး ဖောင်းပွမှု နှုန်း ၈ ဒသမ ၄ရာခိုင်နှုန်း မြင့် တက်လာမယ်လို့ ခန့်မှန်းထားပါတယ်။

အလားတူ နိုင်ငံခြားငွေလဲလှယ်နှုန်းမှာလည်း ၀န်ထမ်းလစာတိုးမယ့် သတင်း ထွက် လာပြီးနောက် မြန်မာ ကျပ် ငွေတန်ဖိုး သိသိသာသာ ကျဆင်းလာတယ်။ မြန်မာကျပ်ငွေတန်ဖိုးဟာ ပြီးခဲ့တဲ့နှစ်ကထက် စာရင် ၂၀ ရာခိုင် နှုန်းလောက် ကျဆင်းသွားတယ်။ ဒါကြောင့် အစိုးရ၀န်ထမ်းလစာတိုးခြင်းက ကုန်ဈေးနှုန်း၊ ငွေဖောင်း ပွမှုနဲ့ နိုင်ငံ ခြားငွေလဲလှယ်နှုန်းတွေပေါ်မှာ မီးလောင်ရာ လေပင့်တာနဲ့မခြား ဆိုးကျိုးသက်ရောက်စေပါတယ်။

နိုင်ငံပိုင်သတင်းစာ ဖော်ပြချက်အရ အစိုးရယန္တရားထဲမှာ ညွှန်ကြားရေးမှူး အဆင့် ၇၀၀ ကျော်ရှိပြီး အမြင့်ဆုံး ညွှန်ကြားရေးမှူးချုပ်အဆင့် ၂၅၀ မှ ၃၀၀ကြားရှိလို့ ၂ ခုပေါင်းလိုက်ရင် တစ်ထောင်ဝန်းကျင်ရှိတယ်။

တိုးမြှင့်လိုက်တဲ့ လစာနှုန်းထားတွေအရ ညွှန်ကြားရေးမှူးအဆင့်က ကျပ် ၂သိန်းမှ ၄ သိန်း၊ ညွှန်ကြားရေးမှူး ချုပ်အဆင့်က ကျပ် ၂ သိန်းခွဲမှ ၅ သိန်းတိုး မြှင့်ရရှိမှာဖြစ်လို့ ၂ ဆ၀န်းကျင်တိုးလာတယ်။ အစိုးရ၀န်ထမ်းတွေ သိန်းနဲ့ချီပြီး လစာတိုးပေမယ့် အကျိုးကျေးဇူးကိုအများ ဆုံးခံစားရရှိတာက အရေအတွက်အားဖြင့် ၁၀၀၀ လောက်သာရှိတဲ့ ညွှန်ကြားရေး မှူး၊ ညွှန်ကြားရေးမှူးချုပ်တွေဖြစ်နေတယ်။

မကြာသေးမီက ပြည်သူ့လွှတ်တော် ငွေစာရင်း ပူးပေါင်းကော်မတီ လေ့လာသုံးသပ်ချက် အစီရင်ခံစာနဲ့ ပတ် သက်ပြီး ဒေါ်တင်နွယ်ဦးက “ပြည်သူ့ငွေစာရင်း အလွဲသုံးစားမှုလုပ်တာက အောက်ခြေ၀န်ထမ်းက နည်းနည်း ဖြစ်ပြီးတော့ ညွှန်ကြားရေးမှူး အဆင့်တွေ၊ ညွှန်ကြားရေးမှူးချုပ်အဆင့်တွေ အများဆုံးပါဝင်နေ တယ်””လို့ လွှတ် တော်ထဲမှာ ပြောဆိုခဲ့တယ်။

လစာတိုးမြှင့်လိုက်တဲ့အခါမှာ ညွှန်မှူး၊ ညွှန်ချုပ်တွေက အတော်လေးဟန်ကျ သွားပြီဖြစ်လို့ ဌာနဆိုင်ရာ ငွေ ကြေးအလွဲ သုံးစားမှုနဲ့ခြစားမှုပေါ် ဘယ်လောက်အထိ သက်ရောက်မှုရှိလာမလဲဆို တာ စောင့် ကြည့်စရာ ဖြစ်လာပါတယ်။ တကယ်လို့ ဌာနဆိုင်ရာတွေ မှာ ငွေကြေးအလွဲသုံး စားမှု၊ ခြစားမှုတွေ လျော့ကျ သွားရင်တော့ အဆိုးထဲကအကောင်းလို့ပဲ မုဒိတာပွားရမှာ ဖြစ်ပါတယ်။

ဝန်ထမ်းလစာ တိုးပေးဖို့အတွက် အစိုးရအနေနဲ့ အခက်အခဲအမျိုးမျိုးကြားမှာ သာမန် အသုံးစရိတ်တွေထဲ က လျှော့ချဖြတ်တောက်ပြီး ဆောင်ရွက်ပေးခဲ့တာလို့ ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်က မတ်လ ၂၆ ရက်၊ လွှတ် တော်ထဲမှာ ပြောဆိုခဲ့တယ်။ ၀န်ကြီးဌာန ၁၄ခု အပါအ၀င် အဖွဲ့အစည်းတွေဆီက ငွေကျပ်သန်းပေါင်း ၈၀၀၀ ကို သာမန်အသုံးထဲက လျှော့ချပြီး ၀န်ထမ်းတွေကို လစာတိုးပေးခဲ့တယ်။

ဒါပေမဲ့ သာမန် အသုံးစရိတ် လျှော့ချခံလိုက်ရတဲ့ ၀န်ကြီးဌာန စာရင်းနဲ့ ပမာဏတွေကို လေ့လာလိုက်တဲ့အခါမှာ စိုးရိမ်စရာအချက်ကို တွေ့လိုက်ရတယ်။ အသုံးစရိတ် လျှော့ချခံလိုက်ရတဲ့ ၀န်ကြီးဌာနတွေထဲမှာ ကျန်းမာရေး ၀န်ကြီးဌာနကကျပ် ငွေသန်းပေါင်း ၄၄၃၅ ဒသမ ၁၆၉သန်းရှိလို့ စုစုပေါင်းပမာဏရဲ့ ထက်ဝက်ကျော်ကို ကျခံ ပေးလိုက်ရတယ်။

ကျန်းမာရေးဒုတိယ၀န်ကြီး ဒေါက်တာဝင်းမြင့်က ပြီးခဲ့တဲ့ဘဏ္ဍာနှစ်မှာ ကျန်းမာရေးဘတ်ဂျက် ကျပ်ငွေ ၆၅၂ ဘီလီယံရှိပြီး ပြည်သူတစ်ဦးချင်းစီအတွက် အစိုးရဘက်က ကျန်းမာရေး အသုံးစရိတ် ကျခံသုံးစွဲမှု တစ်နှစ်လျှင် ၁၁ ဒေါ်လာရှိကြောင်း၊ ထိုထဲတွင် Operational cost များကို နုတ်လိုက်ပါက ၁၁ ဒေါ်လာပင် မပြည့်ကြောင်း၊ ထို့ကြောင့် ကျန်းမာရေးအသုံးစရိတ်တွင် ပြည်သူလူထုက ကိုယ့်ငွေကိုယ်သုံး တိုက်ရိုက်ကျခံမှုမှာ ၆၅ ရာခိုင်နှုန်း မှ ၈၀ ရာခိုင်နှုန်းရှိကြောင်း လွှတ်တော်မှာပြောဆိုသွားပါတယ်။

နားလည်လွယ်အောင် ပြောရရင် ပြည်သူတွေ ကျန်းမာရေးအတွက် အစိုးရဘက်က တစ်နှစ်လုံးနေမှ ကျခံပေး ငွေ အများဆုံး ကျပ်ငွေ ၃၅၀၀ သာရှိတယ်။ သည် ကနေ့အချိန်အခါမှာ အထူးကုဆရာဝန်တစ်ယောက်ကို တစ်ခါပြရင်တောင် စမ်းသပ်ခချည်းပဲ ကျပ်ငွေ ၅၀၀၀ လောက်ရှိလို့ ပြည်သူတစ်ဦးချင်းစီရဲ့ ကျန်း မာရေးစောင့် ရှောက်မှုအတွက် အစိုးရစိုက်ထုတ်ငွေက အထူးကုဆရာဝန်တစ်ယောက်ရဲ့တစ်ကြိမ် စမ်းသပ်ခတောင် မရှိပါ ဘူး။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) က အစိုးရတစ်ရပ်ဟာ ပြည်သူ့ကျန်းမာရေး ကျခံသုံးစွဲမှုအတွက် တစ်နှစ်ကို အနည်းဆုံး လူတစ်ဦးလျှင် ဒေါ်လာ ၃၀ မှ ၄၅ ဒေါ်လာ ရှိသင့်တယ်လို့ ထုတ်ပြန်ထားတယ်။ ဒီအချက်နဲ့ ပတ် သက်ပြီး ကျန်းမာရေးဒုဝန်ကြီး ဒေါက်တာဝင်းမြင့်က မြန်မာနိုင်ငံမှာ ၂၀၃၀ ခုနှစ်ရောက်မှသာ ဖြစ်လာနိုင်မယ် လို့ ရည်မှန်းထားတဲ့ သဘောကို စကားလှလှလေးတွေသုံးပြီး ပြောဆိုသွားပါတယ်။

လိုရင်းကို ပြန်ကောက်ရင် ကျန်းမာရေးဘတ်ဂျက် နည်းပါးလွန်းတဲ့ကြားက အစိုးရ၀န်ထမ်းတွေ လစာတိုးဖို့ အတွက် ကျန်းမာရေးဘတ်ဂျက်ထဲက ကျပ်ငွေသန်း ပေါင်း ၄၀၀၀ကျော် လျှော့ချခဲ့ရတယ်။ ၂၀၁၅-၁၆ ဘဏ္ဍာ နှစ်မှာ ကျန်းမာရေးဝန်ကြီးဌာနက အသုံးစရိတ်ကျပ်ငွေ ၇၅၇ ဘီလီယံ တောင်းခံထားတယ်။ အဲဒီ ထဲက ၀န်ထမ်းလစာတိုးပေးဖို့ ပြည်သူတွေအနေနဲ့ ကျန်းမာရေးအသုံးစရိတ်ထဲက ကျပ်ငွေသန်းပေါင်း ၄၄၀၀ ကျော် အနစ်နာခံလိုက်ရတာလို့ပဲ နားလည်မိပါတယ်။

အစိုးရ၀န်ထမ်းတွေ လုပ်ခလစာတိုးမြှင့်ရရှိတဲ့ ဂယက်က ပုဂ္ဂလိကအခြေခံ အလုပ်သမားတွေကြားမှာ အနည်းနဲ့ အများ ရိုက်ခတ်မှု ရှိလာတယ်။ အထူးသဖြင့် အစိုးရဘက်က အချိန်ဆွဲထားလို့ ၂နှစ်ကျော် ကြာမြင့်နေပြီဖြစ်တဲ့ အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ရေးပေါ်မှာ သက်ရောက်မှုရှိမှာ ဖြစ်တယ်။

အနိမ့်ဆုံး လုပ်ခလစာကို တွက်ချက်ရာမှာ အစိုးရ ၀န်ထမ်းတစ်ယောက် ရရှိတဲ့ အနိမ့်ဆုံးဝင်ငွေကိုလည်း ထည့် သွင်း တွက်ချက်ရမှာဖြစ်ပြီး ပုဂ္ဂလိကနဲ့အစိုးရ အနိမ့်ဆုံး လုပ်ခလစာတွေအကြား ကွာဟမှု သိပ်မများနိုင်ဘူးလို့ ယူဆရတယ်။ နှုန်းထားသစ်တွေအရ အနိမ့်ဆုံးအစိုးရ၀န်ထမ်း လစာဟာ ၁၂၀၀၀၀ ဖြစ်လို့ တစ်ရက်ပျမ်းမျှ ကျပ်ငွေ ၄၀၀၀ နှုန်းရှိတယ်။ ဒါ့အပြင် အစိုးရ၀န်ထမ်းဘက်မှာ ပင်စင် အပါအ၀င် အခြားခံစားမှုတွေလည်း ရှိသေးတယ်။

အနိမ့်ဆုံး လုပ်ခလစာ ထွက်ပေါ်လာတာနဲ့ တစ်ပြိုင်နက်တည်း မြန်မာနိုင်ငံမှာ စားပွဲထိုး၊ အိမ်အကူတွေအစ အဲဒီ နှုန်းထား အတိုင်းပေးရတော့မှာ ဖြစ်ပါတယ်။ ဒီအချက်က လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေစပြီး အိမ် တွင်းတစ်ပိုင်တစ်နိုင် လုပ်ငန်းလေးတွေပေါ်မှာပါ သက်ရောက်မှုရှိလာမှာဖြစ်လို့ နောက်ဆက်တွဲဖြစ်လာမယ့် ကုန်ဈေးနှုန်း၊ ငွေဖောင်းပွမှုတွေကို တွေးကြည့်ရုံနဲ့တင် ကျောချမ်းစရာပဲ မဟုတ်လား။

မြန်မာသံတော်ဆင့်သတင်းဌာန facebook page – https://www.facebook.com/myanmarherald

၂၆ ရက် ရွှေတိဂုံအနောက်မုခ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး အကြီးအကျယ် ဆုံး ဟောပြောပွဲကြီးကို စာပေနှင့် အနုပညာရှင်များက စင်ထိုးပေးခဲ့ကြပါတယ် … စင်ပေါ်ကို ဒေါ်အောင်ဆန်းစုကြည်အတွက် အခမ်း အနားလုပ်ပေးဖို့ လေးလေးဦးထွန်းဝေကို အကူအညီတောင်း လေးလေးကလည်း အခမ်းအနားမှူး လုပ်ပေးလို့ စစ်အစိုးရက တစ်သက် လုံး ရုပ်ရှင်မရိုက်ရန် သာမက သူပါတဲ့ဇာတ်ကားတွေတောင် ရုံတင်ပြသခြင်း ပိတ်ပင်ခံရပါ တယ် . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

လူထုကိုယ်စားပြု ရုပ်ရှင်မင်းသားကြီး ဖြစ်သော၊ ပြည်သူကြိုက်သော မင်းသား ကြီးဖြစ်သော၊ အလုပ်သမားနှင့် လယ်သမားများ၏ ဘက်မှရပ်တည်ခဲ့သော၊ သတင်းစာဆရာတစ်ဦးဖြစ်ခဲ့သော ရုပ်ရှင်ထူးချွန် ဆု အကယ်ဒမီ များ ရှင်ဖြစ်သော ရုပ်ရှင်သရုပ်ဆောင် (ဦး)ထွန်းဝေ(ခရစ်နှစ် ၁၉၂၀ -၂၀၀၅)ကို ခရစ်နှစ် ၁၉၂၀ပြည့်နှစ်၊ အောက် တိုဘာလ ၂၃ ရက်၊ စနေနေ့တွင် ပဲခူးတိုင်း၊ နတ္တလင်းမြို့၌ အဘဦးကျော်စိန်နှင့် အမိ ဒေါ်ရွှေရင်တို့က ဖွားမြင်ခဲ့သည်။ နတ္တလင်းမြို့ အစိုးရအထက်တန်းကျောင်း၌ ပညာသင်ကြားခဲ့သည်။ ခရစ်နှစ် ၁၉၄၂ ခုနှစ်၊ အသက် ၂၂နှစ်အရွယ်တွင် တရုတ်ပြည် ချုံကင်းမြို့၌ သတင်းစာသင်တန်း တက်ရောက် သင်ကြားခဲ့ သည်။ မြန်မာ့နိုင်ငံလွတ်လပ်ရေး ကြိုးပမ်းမှုကာလ ၁၉၄၇ ခုနှစ်တွင် ရန်ကုန်မြို့၌ ထုတ်ဝေခဲ့သော နေ့စဉ်လ မ်းညွှန် သတင်းစာ၏ သတင်းထောက်အဖြစ်လည်းကောင်း၊ ရန်ကုန်မြို့နယ်၏ သတင်းထောက်အဖြစ် လည်းကောင်း လုပ်ကိုင်ဆောင်ရွက်ခဲ့သည်။…

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးစ အချိန် ၁၉၄၈-၄၉ခုနှစ်တွင် မန္တလေးမြို့မှ ထုတ်ဝေခဲ့သော ဘ၀သစ်နေ့စဉ် သတင်းစာ၏ အယ်ဒီတာချုပ်အဖြစ်ဆောင်ရွက်ခဲ့သည်။ဦးထွန်း ဝေသည် သတင်းစာလောကနယ်ပယ်သို့ ဂျပန်ခေတ်ဦး ၁၉၄၂ ခုနှစ်၊အသက် ၂၂ နှစ်အရွယ်မှ စတင်၍ တရုတ် ပြည်ချုံကင်း မြို့သတင်းစာသင်တန်း တက်ရောက်သင်ကြားခဲ့မှုဖြင့် အစပျိုးဝင်ရောက်ခဲ့ပြီး ခရစ်နှစ် ၁၉၄၉ ခုနှစ် အထိ ၇ နှစ်တိုင်တိုင် သတင်းစာလောက နယ်ပယ်၌ ကျင်လည်ခဲ့သည်။ အထူးသဖြင့် သတင်းစာ ဆရာ ဦးထွန်းဝေသည် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးစအချိန် ၁၉၄၈-၄၉ခုနှစ်တွင် မန္တလေးမြို့ထုတ် ဘ၀သစ်နေ့စဉ် သတင်းစာ အယ်ဒီတာချုပ် တာဝန်ထမ်းဆောင်ချိန်အတွင်း၌ သတင်းစာ လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်မှုများနှင့် အတူဗြိတိသျှဘားမား ရုပ်ရှင်ကုမ္ပဏီ (ယခုညွှန့်မြန်မာ) တွင်ရုပ်ရှင် ပညာရပ်များကို ၀ါသနာအရ လေ့လာဆည်းပူးခဲ့သည်။ ၁၉၅၀ ပြည့်နှစ်တွင် သတင်းစာလောကမှ ရုပ်ရှင် လောကသို့ ကူးပြောင်းခဲ့ပြီး ရုပ်ရှင်ပညာရပ်ဆိုင်ရာ ကားကူးကားဆက်စသော အခြေခံပညာရပ်များကို အောက် သက်ကျေစွာ လုပ်ကိုင်ဆောင်ရွက် လေ့လာ ဆည်းပူးသင် ကြားခဲ့သည်။

ခရစ်နှစ် ၁၉၄၂ ခုနှစ်တွင် တရုတ်ပြည် ချုံကင်းမြို့ သတင်းစာသင်တန်းတက်ရောက် ၍ သတင်းစာအခြေခံ ပညာကို စတင်သင်ယူခဲ့ပြီး မြန်မာနိုင်ငံသတင်းစာ လောကနယ်ပယ်၌ ၁၉၄၉ ခုနှစ်အထိ သတင်းထောက် တာဝန်မှသည် အယ်ဒီတာချုပ်တာဝန်အထိ သတင်းစာဆရာသမားတစ်ဦးအဖြစ် ထိုက်သင့်သော အောင်မြင်မှု များဖြင့် မြန်မာသတင်းစာလောက သမိုင်းကြောင်း၏ အရေးပါသော အခန်းကဏ္ဍတစ်ရပ်မှ တက်ကြွစွာ ပါဝင် လှုပ်ရှားဆောင်ရွက်ခဲ့သူ ဖြစ်သည်။

သတင်းစာဆရာ (ဦး)ထွန်းဝေသည် သတင်းစာလောကမှ မြန်မာ့ ရုပ်ရှင်လောက သို့ရောက်ရှိခဲ့သော် လည်း မြန်မာ့သတင်း စာလောကနှင့် သတင်းသမားတို့အား ထာဝရသံယောဇဉ်ကြီးမားသူဖြစ်သည်။သတင်း စာသမား များကို လေးစားတန်ဖိုးထားခဲ့သည်။ ပြည်သူကြိုက် သဘာဝမင်းသား အဖြစ်လည်းကောင်း၊ လူထုကိုယ်စားပြု ရုပ်ရှင်သရုပ်ဆောင် မင်းသားအဖြစ်လည်းကောင်း အလုပ်သမားနှင့် လယ်သမားများဘက်မှ ရပ်တည်သော ဇာတ်လမ်းများတွင် အပြောပိုင်ပိုင် အမူအရာ ပီပီပြင်ပြင်နှင့် မြန်မာ့ရုပ်ရှင် သမိုင်းတစ်ခေတ် မော်ကွန်း စိုက်ထူး ခဲ့သော ပြည်သူ့အသည်းစွဲမင်းသားအဖြစ် သမိုင်းဝင်ခဲ့သည်။ ဗိုလ်မြဒင် ရုပ်ရှင်ဇာတ်ကား (၁၉၅၇ခုနှစ်တွက်၊ ကကြီး ရေကရုပ်ရှင်ဇာတ်ကား ၁၉၅၉ခုနှစ် အတွက်) အမျိုးသားဇာတ်ဆောင် ထူးချွန်ဆု(အကယ်ဒမီနှင့် တတိ ယအရွယ်၏ ဒုတိယဝေဒနာ ရုပ်ရှင်ဇာတ်ကားအတွက် ၁၉၈၃-ခုနှစ် အမျိုးသားဇာတ်ပို့ ထူးချွန်ဆု (အကယ်ဒမီ) ဆုများကို ဆွတ်ခူးရရှိခဲ့သည်။

ပါလီမန်ဒီမိုကရေစီခေတ် (၁၉၄၈-၁၉၆၂) ခုနှစ် ကာလအတွင်း၌ ပြည်သူ့အချစ်တော် မင်းသားကြီး အကယ်ဒမီ ထွန်းဝေသည် သူချစ်မြတ်နိုးသော ရုပ်ရှင်လောက နယ်ပယ်၌ကျင်လည်မှုနှင့်အတူ တစ်ချိန် ကသံယောဇဉ်ကြီး ၍ တန်ဖိုးထားခဲ့သော သတင်းစာနယ်ပယ်နှင့် သတင်းစာ လောကကိုလည်းကောင်း၊ နိုင်ငံရေးနယ်ပယ်ကို လည်းကောင်း တတ်စွမ်းသမျှ၊ စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်မှုပြုခဲ့သည်။ ၁၉၅၂ခုနှစ်တွင် တရုတ်ပြည် ပီကင်း မြို့တွင်ကျင်းပခဲ့သော အာရှနှင့် ပစိဖိတ်ဒေသ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖြစ် လည်းကောင်း၊ ၁၉၅၃ခုနှစ် တွင် တရုတ်-မြန်မာ ချစ်ကြည်ရေးအဖွဲ့ ကောင်စီဝင်အဖြစ် လည်းကောင်း၊ ၁၉၅၆ခုနှစ်နှင့် ၁၉၆၀ပြည့်နှစ်များ တွင်လည်း မြန်မာ့ရုပ်ရှင်ပညာရှင်များ ကိုယ်စားလှယ်အဖြစ်ဖြင့်လည်းကောင်း တရုတ်ပြည်သို့ သွားရောက်ခဲ့ သည်။

သတင်းစာ ဆရာဘ၀မှ တစ်ဆင့် ရုပ်ရှင်သရုပ်ဆောင်ဖြစ်လာခဲ့သော အကယ် ဒမီ(ဦး)ထွန်းဝေသည် ရှစ်လေး လုံး ဒီမိုကရေစီ အရေးတော်ပုံကြီး၌ ရှေ့တန်းမှ တက်ကြွနိုးကြားစွာ ပါဝင်လှုပ်ရှားခဲ့သည်။ အကယ်ဒမီ(ဦး) ထွန်းဝေ၏ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီး၌ ရှေ့တန်းမှ တက်ကြွနိုးကြားစွာ ပါဝင်လှုပ်ရှားခဲ့သော သမိုင်းဝင်ဖြစ်စဉ်ကို စာရေးဆရာနှင့် ရုပ်ရှင်ဒါရိုက်တာကြီး ဆရာကြီးမောင်မိုးသူ (ဘကြီးမိုး)၏ ရှစ်လေးလုံး အရေးတော်ပုံနှင့် မောင်မိုးသူဆောင်းပါး (ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံငွေရတု အထိမ်း အမှတ် မဂ္ဂဇင်း၊၂၀၁၃ခုနှစ်)၌““၂၆ ရက် ရွှေတိဂုံအနောက်မုခ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး၊ အကြီးအကျယ် ဆုံး ဟောပြောပွဲကြီးကို စာပေနှင့်အနုပညာရှင်များက စင်ထိုးပေးခဲ့ကြပါတယ်။ စင်ပေါ်ကို ဒေါ်အောင်ဆန်းစုကြည် အတွက် အခမ်းအနားလုပ်ပေးဖို့ လေးလေးဦးထွန်းဝေကို အကူအညီ တောင်း၊ လေးလေးကလည်း အခမ်းအနား မှူးလုပ်ပေးလို့ စစ်အစိုးရက တစ်သက်လုံး ရုပ်ရှင်မရိုက်ရန်သာမက သူပါတဲ့ ဇာတ်ကား တွေတောင် ရုံတင်ပြ သခြင်း ပိတ်ပင်ခံရပါတယ်”” ဟူ၍ ဖော်ထုတ် သမိုင်းမှတ်တမ်း တင်ခဲ့သည်။

လူထုကိုယ်စားပြု ရုပ်ရှင်မင်းသားကြီး (သို့မဟုတ်) သတင်းစာသမားတစ်ဦး ဖြစ်ခဲ့သော အကယ်ဒမီ(ဦး) ထွန်းဝေသည် မိမိမြတ်နိုးတွယ်တာ တန်ဖိုးထားသော ရုပ်ရှင်လောကနယ်ပယ်တွင် ၁၉၅၀ ပြည့် နှစ်မှ၁၉၈၈ ခုနှစ်ကာလဟူသော ၃၈ နှစ် သက်တမ်းတစ်လျှောက်၌ ပြည်သူလူထု ကိုယ်စားပြု၍ တာဝန်ကျေခဲ့သော အနု ပညာသည် ပုဂ်္ဂိုလ်ကြီးတစ်ဦးဖြစ်သည်။ ရှစ်လေးလုံးအရေးတော်ပုံ၏ နောက်ပိုင်း ကာလများတွင် စစ်အစိုးရ သည် ရုပ်ရှင်မင်းသားကြီးထွန်းဝေအား ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးမှုကို လုံးဝပိတ်ပင်ခဲ့သည်။ပါ ၀င်ခဲ့သော ဇာတ်ကားများကိုလည်း ပြသခွင့် လုံးဝမပြုခဲ့ပေ။ အမည်နာမကိုပင် ဖော်ပြခွင့် မရရှိခဲ့ပေ။

ရုပ်ရှင်မင်းသားကြီးထွန်းဝေသည် ဆင်ဖြူတော် မြေဖြူလုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။ ထို့ကြောင့် မင်းသားကြီး ထွန်းဝေ အကြောင်းကို ပြောဆိုရေးသားလိုလျှင် ထွန်းဝေဟူသော အမည်ရင်းအစား ဆင်ဖြူတော် မင်းသားကြီး ဟူသောအသုံးအနှုန်းကိုသာ သုံးစွဲပြောဆိုမှုပြုခဲ့ကြရသည်။ ပြည်သူ့အချစ်တော်နှင့် လူထုကိုယ်စားပြု ရုပ်ရှင်မင်းသားကြီးအကယ်ဒမီထွန်း ဝေဟူသော ၀ိသေသဂုဏ်ဒြပ် ရှိခဲ့သော်လည်း ရုပ်ရှင်မင်းသားဖြစ်လျက် ရုပ်ရှင် မရိုက်ရသောအဖြစ်၊ ပြသခွင့်မရရှိသောအဖြစ်၊ သတင်းစာ သမားတစ်ဦး ဖြစ်ခဲ့သော်လည်း သတင်းများကို ရေးသားဖော်ပြမှု မပြုနိုင်သည့်အပြင် နာမည်ကိုပင် အသုံးပြု ခွင့်မရသောအဖြစ်တို့ကို ခါးသီးစွာရင်ဆိုင် ခါးစည်းခံစားလျက် အကယ်ဒမီ မင်းသားကြီး (ဦး)ထွန်းဝေသည် ၂၀၀၅ ခုနှစ်၊ သြဂုတ် ၁၃ရက်နေ့၌ ရန်ကင်းမြို့နယ်၊ နေအိမ်တွင်။ အသက် ၈၅ နှစ် အရွယ်၌ ကွယ်လွန်ခဲ့သည်။

၁၉၈၈ ခုနှစ်မှသည် ကွယ်လွန်ချိန် ၂၀၀၅ ခုနှစ်အထိ ၁၇နှစ် တာကာလပတ်လုံး မိမိ၏ ၀ါသနာနှင့်မြတ်နိုး တန်ဖိုးထား သံယောဇဉ်ကြီးမားခဲ့သာ သတင်းစာဆရာဘ၀နှင့် ရုပ်ရှင်သရုပ်ဆောင်ဘ၀တို့ကို ပိတ် ပင်အမှောင် ချခြင်းခံခဲ့ရသော လူထုကိုယ်စားပြု ရုပ်ရှင်မင်းသားကြီး အကယ်ဒမီ(ဦး)ထွန်းဝေ၏ ၀ိသေသနှင့် ဂုဏ်ဒြပ်ကို စာရေး ဆရာမကြီးရွှေကူမေနှင်း၏ ““မတ်လညီညွတ်ရေး””ဆောင်းပါး (မြန်မာသံတော်ဆင့် အပတ်စဉ်သတင်း မတ်လ၂၁-၂၇-၂၀၁၅)ခုနှစ်မှ““ထွန်းဝေ၊ ကွယ်လွန်သွားခဲ့သဖြင့် သူကိုယ်တိုင် သူ့ကား ပြန်ပြသည်ကို မြင်တွေ့ မသွားခဲ့ရသော်လည်း မကွယ်လွန်သေးသူများ မြင်ခွင့်ရသည်။ အနုပညာ အရဆုံးရှုံးရုံမက နိုင်ငံရေးအရ ဆုံးရှုံးခဲ့ သည်ကိုမြင်ရသည်။ လူပုဂ်္ဂိုလ်တစ်ဦးအား ပြစ်ဒဏ်ပေးခြင်းသည် ထိုပုဂ်္ဂိုလ်ကိုသာ ထိခိုက်စေသည် မဟုတ်၊ အနုပညာကိုသာ ထိခိုက်စေသည် မဟုတ်။ နိုင်ငံရေးအရ လည်း ဆုံးရှုံးကြောင်း ယခုဤဇာတ်ကား ကပြသခဲ့ လေသည်။ ဤဇာတ်ကားသည် ကရင်-ဗမာချစ်ကြည် ရေးမျှသာမဟုတ်ပါ။ နိုင်ငံ၏ သမိုင်းရုပ်ပုံလွှာ တစ်လွှာကို လည်း ပြန်ပြောင်းထင်ဟပ်သဖြင့် သံဝေဂယူစရာ ဖြစ်ပါသည်။ သင်သို့စာဖြစ်သည် ဟူသော အဆိုအမိန့်ဖြင့် ဖော်ထုတ် မှတ်တမ်းတင် နိဂုံးချုပ်ပါသည်။

ကျမ်းကိုး

၁။ ရှစ်လေးလုံးအရေးတော်ပုံနှင့် မောင်မိုးသူ (ရှစ်လေးလုံးဒီမိုကရေစီအရေး တော်ပုံငွေရတု အထိမ်းအမှတ်မဂ္ဂဇင်း ၂၀၁၃ ခုနှစ်) မောင်မိုးသူ
၂။ မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၂၀၁၄ ခုနှစ်)
၃။ ရှစ်လေးလုံးဒီမိုကရေစီ အရေး တော်ပုံ၏ ပထမဆုံးစာမျက်နှာပေါ်က သရုပ်ဆောင်မင်းသားကြီး (သို့မဟုတ်) အကယ်ဒမီထွန်းဝေ(ဇော်ဝင်းထွန်း)
၎။ မတ်လညီညွတ်ရေး (ရွှေကူမေနှင်း) မြန်မာသံတော်ဆင့်အပတ်စဉ်သတင်း (အတွဲ-၄၊ အမှတ်-၂) မတ်လ ၂၁-၂၇- ၂၀၁၅ ခုနှစ်

မြန်မာသံတော်ဆင့်သတင်းဌာန facebook page – https://www.facebook.com/myanmarherald

စာပေစိစစ်ရေးအကြီးအကဲဖြစ်သူ ဦးတင့်ဆွေက စက္ကူဈေးနှုန်း လှမ်းစုံစမ်းသည့်အခါ တစ်ဖက်ကုန်သည် အထူး သဖြင့် သူနှင့်အကြောင်းပေါင်းသင့်သူက ပြန်ပြောလိုက်သည့် စက္ကူဈေးနှုန်းသည် အတည်ဖြစ်သည် . . . မိမိတို့ ၀ယ်ယူနေသည့် ကုန်သည်များ၏ ဈေးနှုန်းနှင့် စက္ကူတစ်ထုပ်လျှင် ဈေးနှုန်း ၅၀၀၊ ၁၀၀၀ ကွာဟနေပါစေ၊ သူ့ ဆီကရသည့် သူပြော သည့်ဈေးနှုန်းသာ အတည်ဖြစ်ရပေသည် …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

““ရေဘူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တယ်””

““ဘာမှမဖြစ်ရင် ဘာမှမဖြစ်ဘူး””

““ shot ရှိတယ်””

စာပေစိစစ်ရေး အာဏာပို်င်တွေက မိမိတို့ ဂျာနယ်အယ်ဒီတာအဖွဲ့ကို အမိန့်ပေးစကားတွေနှင့် နိစ္စဓူဝ သတိ ပေးနေသည့် စကားများအနက်က မိမိတို့အကြားရဆုံး နားဝမဆုံးစကားများ ဖြစ်တော့သည်။

““စိမ်းလဲ့ရွှေပြည်”” နှင့် ““ရွှေနိုင်ငံ”” ဂျာနယ်၂ စောင်ကို ထိုစဉ်ကပြန်ကြားရေး ၀န်ကြီးဗိုလ်မှူးချုပ်ကျော်ဆန်း ကြီးကြပ်ပြီး ၁၅ ရက်တစ်ကြိမ် နှုန်းဖြင့်ထုတ်ဝေပါသည်။ စိမ်းလဲ့ရွှေပြည် ဂျာနယ်မှာ မိမိကအယ်ဒီတာချုပ်ဖြစ်ပြီး ဆရာမော်ကျွန်းစိုးမြင့်က ရွှေနိုင်ငံဂျာနယ်ကို အယ်ဒီတာချုပ်အဖြစ် တာဝန်ယူရပါသည်။

ဂျာနယ်တစ်စောင်လျှင် ကုန်ကျစရိတ် (ဆိုကြပါစို့ အဲဒီအချိန်က ဈေးနှုန်း) ၈သိန်း နှုန်းဖြင့် တစ်လလျှင် ၃၂ သိန်းဝန်းကျင်ကို ၀န်ကြီးကချပေးပါသည်။ ၀န်ကြီးချပေးသည့် လစဉ်ဘတ်ဂျက်ကို ထိုစဉ်က စာပေစိ စစ် ရေး ညွှန်ကြားရေးမှူးဖြစ်သူ ဦးတင့်ဆွေက စိစစ်ပါသည်။ စက္ကူခ၊ ပုံနှိပ်ခ၊ စာမူခ သဗ္ဗရနံကုန်ကျ စရိတ်များ အားလုံး သူနှင့် ကြိုတင်ညှိနှိုင်းရပါသည်။ ထိုပုဂ်္ဂိုလ်သည် ဆယ်လီစိတ်အောက် သက် ကျေသူတစ်ဦး ဖြစ်ပါသည်။ သူ့ လုပ်ငန်းတာဝန်တစ်စိတ် တစ်ပိုင်းသည်ထုတ်ဝေသူ၊ ပုံနှိပ်သူများနှင့် အကြောင်းပေါင်းသင့်သူဖြစ် ကာ နေ့စဉ် သော်လည်းကောင်း၊ အခါအားလျော်စွာ လည်းကောင်း ဈေးနှုန်းအတက်အကျ အ ပြောင်း အလဲဖြစ်နေ သည့် စက္ကူဈေး၊ ပုံနှိပ်ခများမှာ update ဖြစ်နေရာ ပုံနှိပ်တိုက်ပိုင်ရှင် စက္ကူကုန်သည်၊ ပွဲစားများနည်း တူနေ့စဉ် ပေါက် ဈေးကို ဦးတင့်ဆွေ သိနေပေတော့သည်။…

စာပေစိစစ်ရေး အကြီးအကဲဖြစ်သူ ဦးတင့်ဆွေက စက္ကူဈေးနှုန်း လှမ်းစုံစမ်းသည့် အခါ တစ်ဖက်ကုန်သည် အထူးသဖြင့် သူနှင့်အကြောင်းပေါင်းသင့်သူက ပြန်ပြောလိုက်သည့် စက္ကူဈေးနှုန်းသည် အတည်ဖြစ်သည်။ စစ် တပ် စကားသူတို့ ပြောနေကျ စကား)အရ မြေပြင်အခြေအနေ မည်သို့ရှိစေ (သို့မဟုတ်) မိမိတို့ဝယ် ယူနေ သည့်ကုန်သည်များ၏ ဈေးနှုန်းနှင့် စက္ကူတစ်ထုပ်လျှင် ဈေးနှုန်း ၅၀၀၊ ၁၀၀၀ ကွာဟနေပါစေ၊ သူ့ဆီကရသည့် သူပြောသည့်ဈေးနှုန်းသာ အတည်ဖြစ်ရပေသည်။

ဦးတင့်ဆွေအတည်ပြုသည့် ဈေးနှုန်းများနှင့် တွက်ချက်ပြီးကျသင့်သော ဂျာနယ် ၂စောင်၏ ဘတ်ဂျက်ကို ထိုစဉ် ကပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းဆီကို တောင်းခံရပါသည်။ တောင်းခံသည့်အခါ Foring Letter ကို ဦးတင့် ဆွေက ရေးပါသည်။ ၀န်ကြီး၏ သီးခြားရန်ပုံငွေ လား၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းပညာရေး ဌာန၏ ခွင့်ပြုရန်ပုံငွေလားဆိုသည်ကို မိမိတို့ သိပိုင်ခွင့်မရှိပါ။ ဂျာနယ်အတွက် လိုအပ် သည့်ငွေကို ၀န်ကြီးက လစဉ်ချပေးပါသည်။ သို့ရာတွင် ၀န်ကြီးကချပေးသည့် လစဉ်ငွေသည် ဂျာနယ် တစ်စောင်ထွက်ရှိရေး စတင် လုပ် ကိုင်ဆောင်ရွက်ရမည့် အချိန်နှင့် တစ်ပြေး ညီဘယ်တော့မ မရရှိခဲ့ပါ။ ဂျာနယ် ၂စောင်သည် လစဉ် လမကုန်မီ တွင် သော်လည်းကောင်း၊ တစ်ပတ်ခန့် ကြို၍သော်လည်း ကောင်း ပုံမှန်စတင်လုပ်ကိုင်ရသော်လည်း ၀န်ကြီး ဆီမှဘတ်ဂျက်သည် လစဉ်လဆန်း ၇ ရက်ကျော် ၁၅ ရက်အတွင်းမှသာ allotment လေ့ရှိပါသည်။

မှတ်မှတ် ရရ ပြန်ကြားရေးဝန်ကြီး ကြီးကြပ်ဆောင် ရွက်သည့် ဂျာနယ် ၂ စောင်ထုတ်ဝေစဉ် ကာလတစ်လျှောက် ၅ နှစ် ကျော် ၆နှစ်တာ ကာလအတွင်း နှစ်ကြိမ်သာလျှင် ဘတ်ဂျတ်ကို အချိန်မီရတတ်ပါသည်။ အဲဒီလိုအချိန်မျိုးတွင် ဦးတင့်ဆွေက ခေတ္တငွေချေးစိုက် ထုတ်လုပ် ကိုင်စေပါသည်။ ဦးတင့်ဆွေကို ကျေးဇူး တင်ရသည်။ ၀န်ကြီးက ချပေးသည့် ဘတ်ဂျက်ကို ဂျာနယ်အတွက်လိုအပ်သည့် အသုံးစရိတ်များ (ဥပမာ စက္ကူဖိုးအစရှိသည်)ကို ချက်ချင်း ငွေမပေးချေနိုင်သေးပါဘူး သက်ဆိုင်ရာဘဏ်ကို အသွင်းပြရပါ သည်။ နေ ချင်းပြန် ထုတ်ရသည်။ အဲဒီလို ချက်ချင်း ပြန်ထုတ်ခွင့်ရဖို့ လက်သိပ်ထိုး ဘဏ်ဝန်ဆောင်ခကို မိမိတို့ကကျခံရသည်။ အဲဒီလို ဘဏ်ကိုသွင်း ပြန်ထုတ်ပြီးမှသုံးရသည်။ ဘဏ်ငွေသွင်းငွေထုတ် transaction ကို ဦးတင့်ဆွေက မိမိတို့ဘဏ်စာအုပ်များကို အခါအားလျော်စွာ စစ်ဆေးကြည့်ရှုပါသည်။

စက္ကူဈေးအပါအ၀င် စာမူခအစရှိသည့် အရပ်ရပ်စရိတ်နှင့် အရှုံးအမြတ်လက်ကျန် စာရင်းရှင်းတမ်းအား ဦးတင့် ဆွေဆီလစဉ် မှန်မှန်လချုပ် (Refrot) တင်ပြရပါသည်။ ဦးတင့်ဆွေက လစဉ်အတည်ပြုချက် ပေးနေသည့် ကြား က (မိမိယခင်ဆောင်းပါး အချို့တွင် ဖော်ပြဖူးပါသည်) စာမူတစ်ပုဒ်လျှင် ၂၀၀၀ိ/-နှုန်းနှင့် ဂျာနယ် ၁ စောင်လျှင် စာမူခစုစုပေါင်း ၆ သောင်းကျပ် ၀န်ကြီးကချပေးသည်ကို များကြောင်းဆရာ မြတ်ခိုင်၊ ဆရာကိုကို (စက်မှု)တို့က ဦးတင့်ဆွေကို ““ဆေးထိုး”” လို့ မိမိတို့ အယ်ဒီတာချုပ် ၂ဦးသွားရောက် ရှင်းလင်းရာတွင် ဆရာ မော်ကျွန်းစိုးမြင့် က““ခင်ဗျာဆီမှာ ၂၀၀၀ိ/- နှင့်ရေးသည့် စာရေးဆရာရှိလား”” အစချီကာ စာမူခပေးရပုံကို ချက်နှင့် လက်နှင့် ၃ ယောက်စလုံးကို ရှင်းပြခဲ့သည်။ အဲ့ဒီတော့မှ ဆရာကို သူ့စကားကို သူလျှောချသွားခဲ့သည်။

ဦးတင့်ဆွေသည် မိမိတို့ဂျာနယ် ၂စောင်စလုံးအပေါ် ““အားစိုက်”” ပံ့ပိုးကူညီခဲ့သည်ကိုတော့ မိမိတို့ အသိ အမှတ်ပြုကြသည်။ သို့ရာတွင် သူလည်းသူရဲ့ အဘဗိုလ်ချုပ်၊ ၀န်ကြီးကို လွန်ဆန်၍ မရချေ၊ တင်ပြလေတိုင်း ““မင်းပါးစပ်ပိတ်ထား”” ဟု တားမြစ်ခံရလေ့ရှိသည်။ အထူးသဖြင့် ပြည်ခိုင်ဖြိုးအသင်း ဌာနချုပ်ကနေ လွှဲပြောင်း ယူလာသည့် ၀န်ထမ်း ၇ယောက်အတွက် ဌာနချုပ်ကပေးနေသည့် ထောက်ပံ့ကြေး ငွေ ကိုဆက်လက် မထောက် ပံ့ခြင်းဖြစ်သည်။ ဌာနချုပ် ၀န်ထမ်းကလေးများသည် လစာ ထောက်ပံ့ကြေး ၅ သောင်း သာရကြသည်။ ရွှေပြည် သာ၊ သာကေတ၊ အင်းစိန်အပါအ၀င် မြို့နယ်စုံမှလာ ရောက်အလုပ်ဆင်းကြရသည်။ ပြည်ခိုင်ဖြိုးအသင်းဌာန ချုပ်တွင် အလုပ်လုပ်စဉ်က သူတို့ကို နံနက် စာထမင်းကျွေးသည်။ ထမင်းမစားလျှင် နေ့တွက် ၄၀၀ ကျပ်ကို ဌာနချုပ်က ထောက်ပံ့သည်။ အဲဒီ ထောက်ပံ့ကြေးကို ဆက်လက်ပေးနိုင်ဖို့ မိမိတို့ အယ်ဒီတာချုပ်များမှ တစ် ဆင့်ခွင့် ပြုပေးရန် တောင်းဆိုခြင်းဖြစ်သည်။ ပညာရေးဌာန တာဝန်ရှိသူတွေကလည်း မိမိတို့ကို မေတ္တာရပ် သည်။ မိမိတို့က ဦးတင့်ဆွေမှ တစ်ဆင့် ၀န်ကြီးကိုတင်ပြသည်။

ကိုယ့်အသင်းကြီးက ၀န်ထမ်း၊ အသင်းကြီးက ပေးပြီးသား ၀န်ထမ်းထောက်ပံ့ကြေး ပြီးတော့ပြည်ခိုင်ဖြိုးက ခွင့်ပြုသည့် ဘတ်ဂျက်ငွေ ၀န်ကြီးက သဘောပေါက် နားလည်ပြီးသား၊ ၀န်ကြီးကိုယင်းကိစ္စနှင့် ပတ်သက်ပြီး အကြိမ်ကြိမ် တောင်းဆိုစရာမလို၊ တစ်ကြိမ်းတည်းပဲ““လုံးဝခွင့်မပြုနိုင်””ကြောင်း ဦးတင့်ဆွေမှတစ်ဆင့် မိမိတို့ သိရှိလိုက်ရသည်။ အဲဒီနောက်တွင်မတော့ ၀န်ကြီးရဲ့ နာမည်ရှေ့တွင် ““သူရ””တပ်ပြီး ၀န်ကြီးကွယ်ရာတွင် ခေါ် ဝေါ်နေကြတော့သည်။ ၀န်ကြီးကို မပြောသာကြသော်လည်း ပြည်ခိုင်ဖြိုးအသင်းကြီးရဲ့ တာဝန်ရှိသူအချို့သူ တို့ဝန်ထမ်းများအတွက် သားသမီးချင်းကိုယ်ချင်းစကာ စိတ်မကောင်းဖြစ်ကြရှာသည်။

ကလေးတွေ စိတ်ဓာတ်ကျပြီး အလုပ်က ထွက်မသွားကြရအောင် ဆရာမော်ကျွန်းစိုးမြင့်နှင့် မိမိတို့တိုင်ပင်ပြီး မိမိတို့နည်း မိမိတို့ဟန်ဖြင့် ကလေးတွေကို ထောက်ပံ့ကြေးပေးသည်ကို ဦးတင့်ဆွေသိရှိသောအခါ ““ဆရာ မောင်မြားနှင့် ဆရာမော်ကျွန်းစိုးမြင့်၊ ခင်ဗျားတို့ ဘယ်က ပိုက်ဆံနှင့် ခိုးပေးနေသလဲ”” ဟု ပိုးစိုးပက်စက် အပြောခံရသည်။ ““မပေးနဲ့ပေါ့ဗျာ၊ မပေးတာခင်ဗျား တို့ဘာမှမဖြစ်ဘူး ပေးရင်ခင်ဗျားတို့မှာ shot ရှိတယ်””

သိမ်ဖြူလမ်း ဗဟိုပုံနှိပ်တိုက်ရုံးကြီးပေါ်တွင် ဂျာနယ်ရုံးခန်းဖွင့်ပြီး စိမ်းလဲ့ရွှေပြည်နှင့် ရွှေနိုင်ငံဂျာနယ် ၂ စောင် စလုံး အသွင်သစ် အနှစ်သာရသစ်နှင့် ပြောင်းလဲထုတ်ဝေသည်။ ယခင်ဂျာနယ် ၀န်ထမ်းဟောင်းများ သည် လည်း ပြည်ခိုင်ဖြိုး ဂျာနယ်တွင် ပြည်ခိုင်ဖြိုး ၀န်ထမ်းများအဖြစ် ဆက်လက် ရှိနေမည်ဖြစ်ကြောင်း တရားဝင်သိရှိရ သည့် အချိန်ပြည့်ခိုင်ဖြိုး အသင်းဗဟိုဌာနချုပ်မှ လူကြီးတစ်ဦးဖြစ်သည် ဒေါ်အေးမြင့် (ဒုတိယဗိုလ်မှူးကြီးငြိမ်း) ဦး ဆောင်ပြီး ဌာနချုပ် တာဝန်ရှိသူများက မိမိတို့အယ်ဒီတာချုပ် နှစ်ဦးထံ ၀န်ထမ်းကလေးများကို စောင့်ရှောက်ဖို့၊ မတော်တာမြင်လျှင် ဆုံးမဖို့ လာရောက် အပ်နှံသွားကြသည်။ မိမိတို့ သားသမီးချင်းကိုယ်ချင်းစာလျက် ၀န်ထမ်း တွေကို ထောက်ပံ့ကြေး ဆက်ပေးသည်။

စိမ်းလဲ့ရွှေပြည်ဂျာနယ်နှင့် ရွှေနိုင်ငံဂျာနယ်တို့တွင် တာဝန်ထမ်းဆောင် ခဲ့ကြသည့် ယခင်အယ်ဒီတာချုပ်နှင့် တာဝန်ခံ အယ်ဒီတာများနေရာတွင် မိမိနှင့်ဆရာမော်ကျွန်းတို့ကို အစားထိုးလိုက်သည့် ပြည်ခိုင်ဖြိုး အသင်းကြီး ဗဟိုအတွင်းရေးမှူး ပညာရေးဌာနတာဝန်ခံ ၀န်ကြီးဗိုလ်မှူးချုပ် ကျော်ဆန်း၏ လုပ်ရပ်အပေါ် ဌာနချုပ်ပညာရေး ဌာနမှ ပုဂ်္ဂိုလ်အတော်များများ သိပ်ကျေနပ် ပုံမပေါ်ကြ၊ မပြောသာ၍သာ နေနေကြရသည်ဟု မိမိတို့ သိရှိရ သည်။

ပြန်ကြားရေးဝန်ကြီး ပြောဟန်ဆိုဟန်များသည် စည်းရုံးရေး ကောင်းမွန် သယောင် ထင်ရသည်။ ထို့ကြောင်း လည်း သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် တာဝန်ကို ယူထားခြင်း ဖြစ်ပေလိမ့်မည်။ သို့ရာတွင် စိမ်းလဲရွှေ ပြည်နှင့် ရွှေနိုင်ငံဂျာနယ် မိမိတို့ လက်ထက်တွင် ပြန်လည် ထုတ်ဝေပြီး ၁၀လအကြာ တွင်မတော့ ဖြန့်ချိရေး ယောက်ျားလေး ၀န်ထမ်းတစ်ယောက် နုတ်ထွက်သွားပြီး စိမ်းလဲ့ရွှေပြည်ဂျာနယ် တာဝန်ခံအယ်ဒီ တာဦး ဆောင်ပြီး စာစီစာရိုက် အမျိုးသမီးဝန်ထမ်း ၃ဦး ““လျှပ်တစ်ပြက်ဂျာနယ်”” သို့ပြောင်းရွှေ့သွားကြသည်။ မြတ်ခိုင်ခေါ်လို့ဟု မိမိတာဝန်ခံ အယ်ဒီတာက ပြောသည်။ ယင်းသို့ လျှပ်တစ်ပြက်သို့ ရုတ်တရက် ပြောင်းရွှေ့ သွားသည့် အပေါ်ဦးတင့်ဆွေက မိမိတို့အယ်ဒီတာချုပ် ၂ ဦးအား တစ်စုံတစ်ရာပြစ်တင် ဝေဖန်ပြောဆိုခြင်း မရှိ သော်လည်း မိမိတို့ဂျာနယ်တိုက်မှ အမျိုးသမီး ၀န်ထမ်းတစ်ဦးအား ယင်းကိစ္စနှင့်ပတ်သက် ပြီးသူ၏ ရုံးခန်းသို့ ခေါ်ပြီး ဆူပူငေါက်ငမ်းပါသည်။ စီမံခန့်ခွဲမှု ညံ့ဖျင်းရသလားပေါ့။ ခမျာ မျက်ရည်ပေါက်ပေါက် ကျရရှာသည်။ အဆိုပါ အမျိုးသမီးတွင်လည်း mandate မရှိသည့်အတွက် သူမတွင်လည်း ဘာလုပ်ပိုင်ခွင့်မှ မရှိချေ။ အမှန် တော့ ပြန်ကြားရေးဝန်ကြီး၏ uninformative incentive များကြောင့် ဌာနချုပ်တွင် trained လုပ်ထားသည့် ၀န်ထမ်းများ တခြားတစ်နေရာ ရောက်သွားခြင်းဖြစ်သည်။ ဦးတင့်ဆွေ ဆူပူအပြစ်တင်ရမည်မှာ ၀န်ထမ်းအမျိုး သမီးကိုမဟုတ်ပါ။ မိမိတို့ ၀န်ထမ်းတွေကို ဆွဲနုတ်သွားသူကိုပါ။

တစ်ရက်သားမှာတော့ မိမိတို့ အယ်ဒီတာချုပ် ၂ ဦးတို့ကို ဦးတင့်ဆွေက သူ၏ ရုံးခန်းသို့ခေါ်ပါသည်။ သူ့အပြော ကတော့ အဘ၀န်ကြီးက မေတ္တာရပ်ခံ သည်။ ၀န်ကြီးကပြောတယ်။ အချိန်ကာလ တစ်ခု။ အခိုက်အတန့်ပါဟု ဆိုသည် မိမိတို့အတွက် ၀န်ကြီးခွဲတမ်းဆိုတော့ ““တုတ်””လား ““မုန့်”လား ဆိုပြီး အဘိုးကြီး နှစ်ယောက် တစ် ယောက် မျက်နှာတစ်ယောက် ကြည့်လိုက်သည်။ ပြီးတော့ ဦးတင့်ဆွေကို ပြိုင်တူကြည့်လိုက် ကြသည်။

““စိမ်းလဲ့ရွှေပြည်က စောင်ရေ ၁၀၀၀ နဲ့ရွှေနိုင်ငံက စောင်ရေ ၆၀၀ …””မိမိ တို့နှစ်ဦး ပြိုင်တူရင်ခုန် သွားကြ သည်ထင့်၊ ဂျာနယ်၂စောင်လုံး ရောင်း အားတွေတက်ပြီပေါ့။ တစ်ယောက်ကို တစ်ယောက် အဘိုးကြီး ပြုံးပြုံး ပြီးကြည့်လိုက်ကြသည့် ခဏမှာပဲ။ မိမိတို့ နှစ်ဦး ၊ ဦးတင့်ဆွေ ကို မေးခွန်းပြိုင်တူ မေးလိုက်ကြသည်။

““၀န်ကြီးက ကျွန်တော်တို့ဆီက အဲဒီစောင်ရေကို ပုံမှန်ပြန်ဝယ်မှာလား””

ဝန်ကြီးအပါးမှာ ““အဘ ၀န်ကြီးဗိုလ်ချုပ်””ဆိုပြီး ၀န်းရံနေသူ လုပ်ငန်းရှင်အချို့နှင့် စာနယ်ဇင်းဆရာတချို့ ရှိတယ်လေ။ ၀န်ကြီးက အဲဒီပုဂ်္ဂိုလ်တွေနဲ့ trade-off လုပ် ခဲ့သလားပေါ့။ အဲဒါကြောင့် ယခုကဲ့သို့ မေးလိုက် ခြင်းဖြစ်သည်။ ထိုအခါဦးတင့်ဆွေက ““မဟုတ်ဘူးဗျ၊ ခင်ဗျားတို့ ဂျာနယ်ရဲ့ အရောင်းစာရင်းမှာ အရောင်းပြ ပေးဖို့ ကာလတစ်ခုအထိ ပါပဲဗျာ””

““အဘ၀န်ကြီးက ရှုံးတာကိုမလိုချင်ဘူး၊ ကျွန်တော်တို့ကလည်း ရှုံးပါတယ်ဆိုတာ မပြချင်သေးဘူး””

““မကြာခင်မှာပဲ ခင်ဗျားတို့အယ်ဒီတာချုပ်နှစ်ဦးရဲ့ လစာတွေလည်း မျှော်မှန်းလစာတွေ ပြည့်မီဖို့ အဘက စဉ်းစားထားတယ်””

ဦးတင့်ဆွေတွင် အခြားအာဏာပိုင် များကဲ့သို့ပင် လေသံနှစ်မျိုး ရှိသည်။ (၁) မိမိကတောင်းခံသည့် အခါလေသံ တစ်မျိုး ဖြစ်ပြီး (၂) မိမိကိုတောင်းဆိုသည့်အခါ လေသံတစ်မျိုးဖြစ်သည်။ မိမိတို့နှင့်ဆက်ဆံရသည့် ကာလတစ် လျှောက် (၂) လေသံကိုသာ အစဉ်အမြဲကြားရလေ့ရှိသည်။ ယခု(၁) လေသံကို ကြားရသည့်အခါ …။

ဆရာမောင်မြားနှင့် ဆရာမော်ကျွန်း စိုးမြင့်တို့သည် ဂျာနယ်စောင်ရေ ၁၀၀၀ ကိုမရောင်းရဘဲ စိမ်းလဲ့ရွှေပြည် တွင် အရောင်းပြရသကဲ့သို့ ဂျာနယ်စောင်ရေ ၆၀၀ကို လည်းမရောင်းရဘဲ ရွှေနိုင်ငံဂျာနယ်တွင် အရောင်းပြရ ကာ ၅နှစ်လုံးလုံး ဖွပ်သထက် ညစ်နေခဲ့ရသော်လည်း ၀န်ကြီးသည် အရှုံးမရှိသော ဂျာနယ် ၂စောင်ကို ဦး ဆောင်စီမံခန့်ခွဲနိုင်သူ မဟာဗျူဟာမှူးအဖြစ် မှတ်တမ်းဝင်သွားပါတော့သည်။

မြန်မာသံတော်ဆင့်သတင်းဌာန facebook page – https://www.facebook.com/myanmarherald

ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့တွေရှိတဲ့နေရာကို မြန်မာ့ တပ်မတော်က တိုက်လေယဉ်ကနေ ဗုံးကြဲတိုက်ခိုက် မှုမှာ တဘက်တရုတ်နိုင်ငံထဲကို ကျရောက်ပေါက်ကွဲ ပြီး သေဆုံးခဲ့တဲ့ တရုတ်နိုင်ငံသား ၅ ဦး အတွက် လျော်ကြေးပေးသွားမယ်လို့ နေပြည်တော်မှာ ရှိတဲ့ နိုင်ငံတော်သမ္မတရုံးက ဒီနေ့ အတည်ပြု ပြော ကြားလိုက်ပါတယ်။

တရုတ်နိုင်ငံသား ၅ ဦး သေဆုံးသွားတဲ့ အတွက် တောင်းပန်ခဲ့ပြီးဖြစ်ကြောင်းနဲ့ လျော်ကြေးကိစ္စ ညှိနှိုင်းဆဲဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

"ကျနော်တို့လေယာဉ်တွေက ပစ်တဲ့ဟာဖြစ်တယ်၊ အဲ့ဒါမှန်တယ်၊ မှန်တာကို ကျနော်တို့ နိုင်ငံတော်က နည်းပညာ ကျွမ်းကျင်ပညာသူတွေလည်းပါတယ်၊ လက်ခံတယ် ကျနော်တို့ဘက်က အဲ့ဒီလိုမှားယွင်း ပစ်ခတ်တဲ့အတွက် လူသေသွားတယ်၊ ဝမ်းနည်းတယ် အဲ့ဒီအတွက်တောင်းပန်တယ်၊ အဲ့ဒါနဲ့ပတ်သက်ပြီး တာဝန်ရှိတဲ့အတွက် ကျနော်တို့က တာဝန်ယူဖြေရှင်းပေးရမယ်၊ လောလောဆယ်တော့ ကျနော်တို့ ဘက်ကပစ်တယ်ဆိုတာမှန်တယ်၊ မှန်တဲ့အတွက်လည်း ကျနော်တို့ဘက်က တာဝန်ရှိတဲ့လူ တစ်ယောက်တောင်းပန်တယ်၊ ပြီးရင် အဲ့ဒီတာဝန်ရှိတဲ့အလျှောက် ဖြေရှင်းဆောင်ရွက်ပေးရမှာဖြစ်တယ် ၊ ကျန်တာတွေကတော့ ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်တယ်၊ ဒီလိုပဲ ပြောလို့ရမှာဖြစ်တယ်"

တရုတ်- မြန်မာနယ်စပ် ကိုးကန့်ဒေသမှာ ပြီးခဲ့တဲ့မတ်လ ၁၃ ရက်နေ့က မြန်မာ့တပ်မတော်လေယာဉ်ရဲ့ ပစ်ခတ်လိုက်တဲ့ဗုံးဟာ တရုတ်နိုင်ငံပိုက်နက်ထဲ ကျရောက်ပေါက်ကွဲပြီး တရုတ်နိုင်ငံသား ၅ ဦးသေဆုံးခဲ့တာပါ။

အဲ့ဒီကိစ္စအတွက် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ တရုတ်အစိုးရကို မနေ့က တောင်းပန်ခဲ့ပါတယ်။

အခုလို မြန်မာလေတပ်က ကြဲချလိုက်တဲ့ဗုံးကြောင့် တရုတ်နိုင်ငံသား ၅ ဦးသေဆုံးခဲ့ရတဲ့အပေါ် မြန်မာအစိုးရက ဝန်ခံတောင်းပန်လိုက်ပြီး လျော်ကြေးငွေပေးအပ်ဖို့ ကမ်းလှမ်းကတိပြုလိုက်ပေမယ့် ဒီတိုက်ပွဲကြောင့် ပြည်တွင်းက ဒုက္ခရောက်ကြရတဲ့သူတွေနဲ့ သေဆုံးတဲ့သူတွေအပေါ်မှာ အစိုးရက လျစ်လျူရှုထားတယ်ဆိုတဲ့ ဝေဖန် ချက်တွေ ပေါ်ထွက်နေပါတယ်၊

RFA
http://www.rfa.org/burmese/news/president-office-confirms-compensate-chinese-04032015113806.html


RSO အကြမ်းဖက်သမား အယောက် ၂၀၀ လွတ်မြောက်နေဆဲ ဖြစ်တာမို့ သင်္ကြန်ကာလမှာလည်း အကြမ်းဖက်သမားခြိမ်းခြောက်မှု အန္တရာယ် လုံခြုံရေးကို အ၀ါရောင်အဆင့်ကနေ လျော့ချသွားမှာ မဟုတ်ဘူးလို့ နေပြည်တော် ဒုတိုင်းရဲတပ်ဖွဲ့မှုးက ပြောပါတယ်။ ဒီသတင်းကို ဦးနေဖြိုးဝင်းက ပေးပို့ထားတာပါ။ DVB TV - 03.04.2015

https://www.facebook.com/DVBTVNews

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်မှာ ဧပြီလ ၃ ရက်နေ့က တရုတ်နိုင်ငံအလံ လာရောက်စိုက်ထူစဉ်။ Photo: Lao Kham
တရုတ်-မြန်မာနယ်စပ် ရှမ်းပြည်မြောက်ပိုင်း မူဆယ် ခရိုင်အတွင်း  နယ်စပ်အငြင်းပွားနေတဲ့ဒေသမှာ ဒီနေ့ မနက် ၈ နာရီက တရုတ်နိုင်ငံဘက်က တရုတ်နိုင်ငံ အလံ လာရောက်စိုက်ထူတာကြောင့် မြန်မာနိုင်ငံဘက် က ဒေသခံရွာသား ၅ဝဝ လောက် သွားရောက် ကန့်ကွက်ခဲ့ပါတယ်။

တရုတ်နိုင်ငံဘက်က လက်နက်ကိုင် နယ်ခြားစောင့် တပ်တွေအပါအဝင် လူအင်အား၂ဝ လောက်ဟာ ဒီိနေ့မနက်က မူဆယ်ခရိုင် နမ်းခမ်းမြို့နယ် မန့်နောင် ရွာအနီးကို ရောက်ရှိလာပါတယ်။ သူတို့ကတော့ ရွှေ လီမြစ်ကိုဖြတ်ပြီး တံတားတည်ဆောက်မယ့် စီမံကိန်း အတွက်တိုင်းတာဖို့ လာရောက်လို့ပြောကြောင်း နမ်းခမ်းမြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ အတွင်းရေးမှူး စိုင်းထွန်းလှက ပြောပါတယ်။

"ဒီကနေ့ပဲဗျ၊ ဒီနေ့ ၈ နာရီ ကျနော်တို့ရဲ့ ဌာနဆိုင်ရာဘက်ကိုလည်း သူတို့ဘာမှမပို့ဘူး၊ ဘာမှမပို့ပဲနဲ့ သူတို့ကအလံလာထောင်တယ်၊ အယောက် ၂ဝ လောက်ပေါ့၊ ဌာနဆိုင်ရာတွေအပါအဝင် ပြီးတော့ သူတို့ရဲ့နယ်ခြားစောင့်တပ်တွေရော လက်နက်အပြည့်အစုံနဲ့လာကြတယ်၊ လူ ၂ဝ လောက်ပေါ့ ရွာသားတွေက စိုးရိမ်ပြီးတော့လေ သွားကြတယ်၊ သွားကြတယ်ဆိုတော့ လူက လေးငါးခြောက်ရာလောက်ရှိတယ်၊ ကန့်ကွက်ကြတာပေါ့"

သူတို့လာရောက်တာကို ဒေသခံတွေသိရှိပြီးနောက် သွားရောက်ကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။ ဒီိကိစ္စကို ရှမ်းပြည်နယ် အစိုးရထံအဆင့်ဆင့်တင်ပြပြီး၊ ပြည်နယ်အစိုးရ ထုတ်ပြန်ထားတဲ့စာကို မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူးက သွားရောက်ပြသခဲ့ပြီးတဲ့နောက် တရုတ်အဖွဲ့ ပြန်လည်ထွက်ခွာသွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်က အဲ့ဒီဒေသမှာ တရုတ်မြန်မာနှစ်နိုင်ငံ နယ်ခြားမှတ်တိုင်စိုက်ခဲ့ရာမှာ မြန်မာပိုင်နက်မြေတွေ တရုတ်ဘက်ကိုပါသွားတာကြောင့် ဒေသခံတွေက ကန့်ကွက်ကြပြီးနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် လာရောက်ကြည့်ရူပြီး စိုက်ထူထားတဲ့ မှတ်တိုင်တွေကို ပြန်နှုတ်ထားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese


ရန်ကုန် (မဇ္ဈိမ) ။ ။ လက်ပံတောင်းတောင် သပိတ်စခန်း အကြမ်းဖက်ဖြိုခွဲခံရခြင်းကို ဆန့်ကျင်သည့်အနေဖြင့် ခွင့်ပြုမိန့်မယူဘဲ ဆန္ဒပြခဲ့သည့် ဒေါ်နော်အုန်းလှနှင့် ဦးသန်းထွေးကို ဗဟန်းမြို့နယ် တရားရုံးမှ ဧပြီ ၂၂ရက်တွင် ထောင် ၄လ အမိန့်ချလိုက်သည်ဟု ဗဟန်းမြို့နယ် ရဲစခန်းမှ တာဝန်မှူးက မဇ္ဈိမကို ပြောသည်။

"ဟုတ်တယ်။ ဒီနေ့ပဲ ဗဟန်းတရားရုံးက ထောင်၎လစီ ချလိုက်တယ်။ ပုဒ်မ (၁၈) နဲ့ပေါ့"ဟု ၎င်းက ပြောသည်။

ထိုသို့ ဒေါ်နော်အုန်းလှ နှင့် ဦးသန်းထွေးတို့အား ပုဒ်မ ၁၈ဖြင့် ထောင်ချလိုက်ခြင်းသည် လူတစ်ယောက်၏ မွေးရာပါ ရသင့်ရထိုက်သည့် လူ့အခွင့်အရေးကို အစိုးရက ချိုးဖော်လိုက်ခြင်း ဖြစ်သည်ဟု Generation wave အဖွဲ့မှ ကိုမိုးသွေးက မဇ္ဈိမကို ပြောသည်။

"လူတိုင်းမှာ လွတ်လွတ်လပ်လပ် ပြောဆိုခွင့်ရှိတယ်။ အဲဒါကို အခြေခံ ဥပဒေနဲ့ ပြန်ထိန်းချုပ်ထားတယ်။ လူတိုင်မှာ မွေးရာပါ အခွင့်အရေးကို ဥပဒေနဲ့ကန့်သတ်ထားတယ်၊ ဒီပုဒ်မ (၁၈) ဆိုတာက တကယ်ကိုမရှိသင့်တဲ့ ဥပဒေပဲ။ ဒေါ်နော်အုန်းလှတို့ကို ထောင်ချတာ ဒါလူ့အခွင့်အရေးကို ချိုးဖောက်တာ"ဟု ၎င်းက ပြောသည်။

လက်ပံတောင်းတောင် သပိတ်စခန်းအကြမ်းဖက် ဖြိုခွဲခံရခြင်း ၂၂ လပြည့် အထိမ်းအမှတ်အဖြစ် ၎င်းတို့နှစ်ဦး အပါအဝင် တက်ကြွလှုပ်ရှားသူ ၂၀ ဦးခန့်က စက်တင်ဘာ ၂၉ ရက်တွင် မြေနီကုန်း ဒဂုံစင်တာ အရှေ့မှ ရွှေတိဂုံစေတီတော် အရှေ့ဘက်မုဒ် အထိ လမ်းလျှောက် ဆန္ဒပြခဲ့သည်။

ဆန္ဒပြရာ၌ လက်ပံတောင်းတောင် စီမံကိန်းအတွင်းမှ တရုတ်နိုင်ငံသား နှစ်ဦးကို ဖမ်းဆီးရာတွင် ပါဝင်သည်ဟုဆိုကာ ထိန်းသိမ်းခံရသည့် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် မဖြူနှင်းထွေးကို ပြန်လွှတ်ပေးရန် အတွက်လည်း တောင်းဆိုခဲ့သည်။

ဆန္ဒဖော်ထုတ်ရာတွင် ဗကသ ကျောင်းသူ မဖြူနှင်းထွေးချက်ချင်းလွှတ်၊ လက်ပံတောင်းတောင် မီးလောင်ဗုံး တရားခံ ဖမ်းဆီးရမိရေး၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းရေး၊ မတရားဖမ်းဆီး ထောင်ချခံ တောင်သူလယ်သမား အလုပ်သမားများအမြန်လွှတ်၊ လယ်ယာမြေပြသနာမဖြေ ရှင်းဘဲမငြိမ်း ချမ်းနိုင် အစရှိသည့် ကြွေးကြော်သံများဖြင့် ဆန္ဒဖော်ထုတ်ခဲ့သည်။

မုံရွာမြို့ ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ဝမ်ပေါင်ကုမ္ပဏီရှေ့တွင် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၉ရက် နံနက် ၃နာရီခန့်က သပိတ်စခန်းဖွင့်လှစ်ကာ ဆန္ဒပြသော သံဃာများနှင့် ဒေသခံများကို အာဏာပိုင်များက အင်အားသုံး ဖြိုခွဲခဲ့သောကြောင့် သံဃာတော်အချို့ မီးလောင်ဒဏ်ရာများ ရရှိခဲ့သည်။

မဇ္ဈိမ

ဖမ်းဆီးခံကျောင်းသားများ ပြန်လွှတ်ပေးရေးအတွက် ဧပြီ ၂ ရက်က လှည်းတန်းတွင် စတစ်ကာလှုပ်ရှားမှု ပြုလုပ်စဉ် (ဓာတ်ပုံ-အောင်ကျော်ထက်)

သာယာဝတီ အကျဉ်းထောင်တွင် ဖမ်းဆီးချုပ်နှောင်ခံထားရသည့် ကျောင်းသားများကို အမြန်ဆုံးပြန်လွှတ်ပေးရန်အတွက် ရန်ကုန်မြို့ လှည်းတန်းအနီးတစ်ဝိုက်တွင် ဧပြီ ၂ ရက် ညနေပိုင်းက စတစ်ကာ လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။

လူငယ် ၁၀ ဦးခန့်သည် ကျောင်းသားထုကို ၀န်းရံကြ၊ ကျောင်းသားထုကို လုံးဝအကြမ်းမဖက်ရ စသည်တို့ ရေးသားထားသော စတစ်ကာများကို လှည်းတန်း၊ ဦးထွန်းလင်းခြံလမ်းနှင့် လှည်းတန်းဈေး အနီးတစ်ဝိုက်ရှိ ဈေးဆိုင်များတွင် လိုက်လံကပ်ခဲ့ခြင်းဖြစ်သည်။

“အဓိကတော့ ကျောင်းသားလှုပ်ရှားမှုတွေ မရပ်နေအောင်၊ အမြဲရှိနေအောင်လုပ်တာပါ။ အခုလိုလုပ်လို့ ကျွန်တော်တို့ကို ပုဒ်မ ၁၈ နဲ့ အရေးယူဖို့လုပ်လည်း ဘာမှမဖြစ်ပါဘူး။ ကျွန်တော်တို့က ထောင်ထဲမှာ ရောက်နေတဲ့ ကျောင်းသား လူငယ်တွေအတွက် ကိုယ်ချင်းစာစိတ်ထားလို့ ဒီလိုလုပ်ပါတယ်။ သာယာဝတီထောင်က ကျောင်းသားလူငယ်တွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ အစိုးရကို တောင်းဆိုပါတယ်” ဟု စတစ်ကာ ကန်ပိမ်းပြုလုပ်နေသည့် ကဗျာဆရာ မောင်ဆောင်းခက ပြောကြားသည်။

လက်ရှိတွင် သာယာဝတီအကျဉ်းထောင်၌ အကျဉ်းကျခံနေရသော ကျောင်းသားနှင့် ပြည်သူ ၇၀ နီးပါးရှိနေသေးပြီး ပုဒ်မ-၅၀၅ (ခ) အပါအ၀င် ပုဒ်မငါးခုဖြင့် တရားစွဲဆိုထားကာ ၎င်းတို့ကို ဧပြီ ၇ ရက်တွင် တတိယအကြိမ် ရုံးထုတ်မည်ဖြစ်ကြောင်း သိရသည်။

အခြားသတင်းတစ်ရပ် အနေဖြင့် ဒိန်းမတ်နိုင်ငံမှ ကျောင်းသားအချို့ ယင်းလှုပ်ရှားမှုတွင် မူလက ပါဝင်ရန်စီစဉ်ထားသော်လည်း သတင်းရဲတပ်ဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများ ရောက်ရှိလာသောကြောင့် ပါဝင်နိုင်ခဲ့ခြင်း မရှိပေ။ ယင်းလှုပ်ရှားမှုကို မီဒီယာအချို့ကိုသာ သိရှိစေရန် အကြောင်းကြားခဲ့သော်လည်း သတင်းတပ်ဖွဲ့ဝင်များ သိရှိသွားခဲ့ခြင်းဖြစ်ပြီး လှုပ်ရှားမှုမစတင်မီ တစ်နာရီခန့် အလိုကတည်းက လှည်းတန်းတွင် ရောက်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။

လက်ပံတန်းကျောင်းသား သပိတ်ကို ရဲတပ်ဖွဲ့က မတ် ၁၀ ရက်က အင်အားသုံးဖြိုခွဲခဲ့ပြီးသည့်နောက်ပိုင်း ရန်ကုန်မြို့နှင့် နိုင်ငံတစ်ဝန်းရှိ မြို့များတွင် ဖမ်းဆီးခံ ကျောင်းသားများအား ထောက်ခံကြောင်း၊ အမြန်ဆုံးပြန်လည်လွှတ်ပေးရန် ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည့်အပြင် နိုင်ငံတကာမှ ကျောင်းသားများကလည်း မြန်မာပြည်မှ ကျောင်းသားများအား ထောက်ခံကြောင်း ကမ်ပိန်းပြုလုပ်ခြင်းများ ရှိခဲ့ကြောင်း သိရသည်။


Eleven media group

အောင်ဆန်းစုကြည် (ဒီလှိုင်းအတွဲ(၄)၊ အမှတ် (၁၃) တနလာင်္နေ့ ၊ ၃၀.၃.၂၀၁၅)

အရင်တလောကနေမကောင်းတာနဲ့ အလုပ်တစ်ပတ်လောက် ပျက်ရပါတယ်။ စဉ်းစားဖို့ အချိန်တွေလည်းရခဲ့ပါတယ်။ အထူးသဖြင့် ကျန်းမာရေးအကြောင်းစဉ်းစားမိပါတယ်။ ‘အာရောဂျံပရမံလာဘံ‘ ကျန်းမာခြင်းသည် အကောင်းဆုံးလာဘ်လာလ ဖြစ်၏လို့ ဆိုရိုးစကားရှိသလိုသူနာပြုဆရာမ ဖြစ်တဲ့ မေမေက ‘ ကျန်းမာမှနော်၊ မကျန်းမာရင် ဘာမှ လုပ်လို့ မရဘူး ‘ လို့ ပြောလေ့ ရှိပါတယ်။ ရိုးရိုးစကားနဲ့ဆိုရင် မကျန်းမာတာကို ‘ နေမကောင်းဘူး ‘ လို့ပြောတာတကယ့်ကိုမှန်ပါတယ်။ နေလို့ မကောင်းဘူး။ နေရထိုင်ရတာမသက်သာဘူး။ ခန္ဓာဝန်က ကြီးလေးလာပါတယ်။ မကျန်းမာသူတစ်ယောက် ရဲ့ ခန္ဓာဝန်က သူတစ်ဦးနဲ့သာသက်ဆိုင်တာမဟုတ်ပါဘူး။ ဘေးပတ်ဝန်းကျင် ပေါ်မှာပါ ၀န်ဖြစ်လာတာပါ။ ကြည့်ရှုပြုစုရတဲ့ မိသားစုတွေ၊ မိတ်ဆွေတွေ ၊ ကုသပေးရတဲ့ ဆရာဝန်၊ သူနာပြု၊ ဆေးဝန်ထမ်းတွေ၊ တချို့ကတော့ ထင်မယ်၊ ဆေးဝန်ထမ်းတွေဟာ အလုပ်တာဝန်အရ လုပ်ကြတာ။ သူတို့ကိုထည့်စဉ်းစားဖို့လိုလား။ လိုပါတယ်။

လူနာတစ်ယောက် ပြန်ကျန်းမာလာဖို့ အတွက် ၀ီရိယ၊ ပညာတွေ လိုအပ်သလို ဆရာဝန်၊ ဆရာမကောင်းတွေဟာမိမိတို့ တာဝန်ယူထားတဲ့ လူတွေအတွက် ဂရုဏာထားပြီးစိုးရိမ် ပူပန်ကြပါတယ်။ ခြုံငုံပြောရမယ်ဆိုရင် လူတစ်ယောက် ကျန်းမာရေး ချို့တဲ့တဲ့ အကျိုးဆက်ဟာအများအပေါ်မှာသက်ရောက်မှု ရှိတတ်ပါတယ်။ ‘ ကျန်းမာ ‘ ဆိုတဲ့ အဓိပ္ပာယ်ကိုလည်းစဉ်းစာမိလို့ ဆရာကြီး မင်းသုဝဏ်ရဲ့ အဘိဓာန်ထဲမှာဘယ်လိုအဓိပ္ပာယ် ဖော်ထားလဲဆိုတာဆရာကြီးရဲ့သားစာရေးဆရာဒလဘန်းကိုမေးလိုက်ပါတယ်။

အဓိပ္ပာယ်ကတော့ ရိုးရိုးပါပဲ၊ ‘ မာ ‘ နဲ့ အတူတူပါပဲ။ ဒီတော့ ကျန်းမာတယ်ဆိုတာမာတယ်။ ခိုင်ခိုင်မာမာရှိတယ်ဆိုတဲ့ သဘောပေါ့။ ဒီ‘ ကျန်းမာ ‘ ရဲ့ အဓိပ္ပာယ်ကို စိတ်ဝင်စား မိတာက ကျွန်မနေမကောင်းလို့ မဟုတ်ပါဘူး။ အင်္ဂလိပ် ဘာသာစကားမှာကျန်းမာ ‘ Healthy ‘ သုံးပုံကို စိတ်ဝင်စားမိလို့ပါ။ ဥပမမာအားဖြင့် ‘ Healthy Competition ‘ ဆိုတဲ့ အသုံးအနှုန်းရှိပါတယ်။ ဗမာမှု ပြုလိုက်ရင်တော့ ‘ ကောင်းသောယှဉ်ပြိုင်ခြင်း ‘ လို့ ပြောနိုင်ပါတယ်။ ဆိုလိုတာကတော့ ဒေါသတွေ၊ က္ကဿမစ္ဆရိယတွေကိုရှေ့ ထားပြီး ပြိုင်တာမဟုတ်ဘဲမိမိ၏ အရည်အချင်း မြှင့်တင်ဖို့ကိုသာအလေးထားပြီးအနိုင်အရှုံးထက် ဇွဲ၊ လုံ့လ၊ ၀ီရိယ စိုက်ထုတ်မှု အပေါ် ကျေနပ်အားရနိုင်ခြင်းစတဲ့ စိတ်ခိုင်မာမှု အင်အားတွေကိုတိုးတက် စေတဲ့ ပြိုင်ဆိုင်မှု မျိုးဟာစိတ်၏ကျန်းမာခြင်းနဲ့ ထပ်တူထပ်မျှပါပဲ။ နိုင်ငံတစ်နိုင်ငံရဲ့ ကျန်းမာကောင်းမွန်မှု ဆိုတာလည်း ပြည်သူတွေရဲ့ စိတ်ကျန်းမာခြင်းပေါ်မှာမူတည်ပါတယ်။

အရင်အပတ်ကအမေရိကန်ပြည်ထောင်စုကနာမည်ကြီးတက္ကသိုလ် တစ်ခုမှာဘွဲ့လွန်ကျောင်းသူကျောင်းသားတစ်စုနဲ့ တွေ့ခဲ့၇ပါတယ်။ အခြားကမ္ဘာကျော် တက္ကသိုလ်ကြီးများနည်းတူကမ္ဘာ့ နိုင်ငံအသီးသီးအရှေ့ ၊အနောက်၊ တောင်၊ မြောက် ပါဝင်ကြပါတယ်။ မေးခွန်းတွေ မေးကြတဲ့အထဲမှာကျောင်းသားတစ်ယောက်က ကျွန်မရဲ့ နိုင်ငံအတွက် ဘယ်လို‘ Vision ‘ရှိပါသလဲလို့ သိချင်ကြောင်းပြောပါတယ်။ ‘ Vision ‘ဆိုတဲ့ စကားလုံးကိုတိတိကျကျ မြန်မာလို ပြန်ဖို့ မလွယ်ပါဘူး။ ‘မျှော်မှန်းချက်‘ဆိုရုံနဲ့ မပြည့်စုံပါဘူး။ ပညာအမြော်အမြင် ပေါ် အခြေခံတဲ့ ရည်ရွယ် ဦးတည် မျှော်လင့်ချက် ဆိုပြန်တော့လည်းရှည်လွန်းပါတယ်။ ဒီလောက်ဆိုရင်တော့ ‘ Vision ‘ရဲ့ အဓိပ္ပာယ် ပေါ်လောက် ပါပြီထင်ပါတယ်။ ကျောင်းသားလေးရဲ့ မေးခွန်းကို ကျွန်မဖြေတာကတော့ နိုင်ငံအတွက် ‘ Vision’မထားပါဘူး။ နိုင်ငံသူ၊ နိုင်ငံသားတွေ အတွက်ပဲထားပါတယ်။ နိုင်ငံသူ နိုင်ငံသားတွေ စိတ်ဓာတ် မှန်ကန်ပြီးဆင်ခြင်တုံတရား ပြည့်ဝနိုင်တဲ့ အနေအထားရောက်သွားပြီဆိုရင် နိုင်ငံအတွက် စိုးရိမ်စရာမရှိတော့ပါဘူး။ ဘယ်လူ့ အသိုင်းအ၀ိုင်းမှာမဆို ပြသနာတွေ စိန်ခေါ်မှု တွေကတော့ ရှိနေမှာပါပဲ။

ဒါကြောင့် ပညာဆိုတာအချက်အလက်တွေ၊ အထွေထွေ ဗဟုသုတတွေ စုစည်းရုံနဲ့ မပြည့်စုံပါဘူး။ြ ကုံတွေ့ရမယ့် အခက်အခဲတွေကိုဘယ်လိုကျော်လွှားမလဲဆိုတာကိုအဖြေရှာနိုင်ဖို့ ဖြစ်တယ်လို့ ပြောရတာပါ။ ကျွန်မတို့ နိုင်ငံဟာဘယ်လို ပြသနာစိန်ခေါ်မှုတွေ နဲ့ ကြုံတွေ့ရမယ်ဆိုတာ ကျွန်မတို့ မခန့်မှန်း နိုင်ပါဘူး။ ယခုလောလောဆယ် ကြုံ့ တွေ့နေရတာတွေဟာနောင်ငါးနှစ် လောက်မှာ ကြုံတွေ့ ရမှာတွေနဲ့ လုံးဝ ကွာခြား နိုင်ပါတယ်။ ကျဉ်းမြောင်းလာတဲ့ ကမ္ဘာကြီးမှာဘာတွေဖြစ်ပြီး ကျွန်မနိုင်ငံအပေါ် ဘယ်လိုအကျိုးသက်ရောက်မှု ရှိမယ်ဆိုတာအခုခန့်မှန်းလို့ မရပါဘူး။ ဘာပဲ ဖြစ်ဖြစ် ကျွန်မတို့ ပြည်သူတွေ ဆင်ခြင်တုံတရားခိုင်မာစွာနဲ့ ဆုံးဖြတ် လုပ်ကိုင်နိုင်တဲ့ အဆင့် ရောက်သွားပြီဆိုရင်တော့ ဒီလောကကြီးရဲ့ အတိုင်းအတာအရစိတ်ချရပြီပေါ့။ ကျွန်မတို့ နိုင်ငံရဲ့ အခြေခံကျန်းမာရေးကစိုးရိမ်ဖွယ် မရှိတော့ဘူးပေါ့။ ပုထုဇဉ် လူသားတွေ ရဲ့ ခန္ဓာကိုယ်ဟာအနိစ္စတရားအရအစဉ်အမြဲသန်စွန်းနိုင်မှာမဟုတ်တဲ့အပြင် အသက်ကြီးလာတာနဲ့ အမျှလဲ ချူချာလာပါတယ်။ နိုင်ငံအတွက် အားရစရာကတော့ ကျွန်မတို့ နိုင်ငံသူ ၊ နိုင်ငံသားတွေ စိတ်ကျန်းမာစွာနဲ့ အနာဂတ်ကိုတည်ဆောက်သွားရင် ပြည်ထောင်စု မြန်မာနိုင်ငံကြီးဟာအချိန်ကာလ ကြာသည်နှင့် အမျှ ပိုမိုခိုင်မာတောင့်တင်းတဲ့ ပြည်သူ ပြည်သားအားလုံးခိုလှုံဖွယ်ရာအေးချမ်းမြေ ဖြစ်လာမှာပါ။
နိုင်ငံသူ နိုင်ငံသားတွေ ကျန်းမာခြင်းဖြင့် နိုင်ငံလည်းကျန်းမာချမ်းသာပါစေ။

ဒီအပတ်တော့ ဒီမျှသာ…………..

( အောင်ဆန်းစုကြည် )


ရုရှနိုင်ငံအရှေ့ဖျားဒေသ မှာ ဗုဒ္ဓဟူးနေ့က ငါးဖမ်းသင်္ဘောတစင်း တိမ်းမှောက်ခဲ့ရာမှာ မြန်မာ သင်္ဘောသား ၄၂ယောက် လိုက်ပါသွားတဲ့အနက်က ၂၂ယောက်ကို ကယ်တင်ထားပြီးဖြစ်ပါတယ်။ ကျန် မြန်မာသင်္ဘောသား ၂၀ဦးရဲ့ အခြေအနေကိုတော့ အသေးစိတ်မသိရသေးပါဘူး။ သတင်းအပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ငါးဖမ်းသင်္ဘော ဒဲလ်နီဗော့စတော့ (Dalniy Vostok) ဟာ ရုရှ အရှေ့ဖျား ဒေသ ကမ်ချက်ကာ( Kamchatka peninsula) ကျွန်းဆွယ် အနီးက ရေခဲမတတ်အေးမြပြီး လှိုင်းထန်နေတဲ့ အိုခို့စ်(Okhotsh)ပင်လယ်ပြင်မှာ ဗုဒ္ဓဟူးနေ့က တိမ်းမှောက် ခဲ့တာ ဖြစ်ပါတယ်။ ဒီသင်္ဘောပေါ်မှာ သင်္ဘောသားစုစုပေါင်း ၁၃၂ဦး လိုက်ပါခဲ့ပြီး အဲဒီအထဲမှာ မြန်မာသင်္ဘောသား ၄၂ဦးပါဝင်ခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရရှိတဲ့သတင်းအရ ဆိုရင်မြန်မာသင်္ဘောသားတွေထဲက ၂၂ဦးကို ကယ်တင်ထားပြီးဖြစ်တယ်လို့ ရုရှနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သံမှူး ဦးအောင်ကျော်မိုးက ပြောပါတယ်။

"ဒီနေ့မနက် နောက်ဆုံး သိရတဲ့သတင်းအရ Russia's Emergency Ministry ရုရှား အရေးပေါ်ကယ်ဆယ်ရေးဝန်ကြီးဌာနနဲ့ ဆက်သွယ်ပြီးတော့ သိရတဲ့ နောက်ဆုံး သတင်းအရ ၂၂ယောက် အသက်ရှင်ပါတယ်။ ကယ်ဆယ်ထားတယ်။"

လောလောဆယ်မှာ သင်္ဘောပေါ် လိုက်ပါသူတွေအနက် ၆၃ဦးကို ကယ်ဆယ် ထားပြီး သေဆုံးသူ ၅၆ဦးနဲ့ ပျောက်ဆုံးသူ ၁၃ဦးရှိပေမဲ့ မြန်မာ ဘယ်နှစ်ယောက် ပျောက်ဆုံးတယ်၊ သေဆုံးတယ်ဆိုတာတော့ တိတိကျကျ မသိရသေးဘူးလို့လည်း ဦးအောင်ကျော်မိုးက ပြောပါတယ်။

"သင်္ဘောက အနီးဆုံး ဆိပ်ကမ်းမြို့ကို အခု ခုတ်မောင်းလာနေတယ်။ အဲ့ဒီ့ဟာကလည်း ပင်လယ်ပြင် အထဲမှာ တော်တော်လေး ရောက်နေတာပေါ့နော်။ ဒီဘက်ကို ရောက်ဖို့က ရေကြီးပြီး လှိုင်းထန်နေတော့ Monday , Tuesday လောက်မှ ရောက်မယ်လို့ မျှော်လင့်ပါတယ်။ အဲ့ဒီ့တော့ Identification လုပ်ဖို့က လောလောဆယ် သိပ်မလွယ်သေးပါဘူး။ အဲ့ဒီ့သေဆုံးတဲ့သူ အလောင်းတွေထဲမှာ အဲ့အထဲမှာ မြန်မာဘယ်နှစ်ယောက်၊ ရုရှားဘယ်နှစ်ယောက် ဆိုတာ ဒါပြောဖို့က မလွယ်သေးပါဘူးတဲ့။ ဒါ ကမ်းပေါ်ရောက်မှ သိမယ်။ အဲ့တော့ မြန်မာထဲက ၂၂ယောက် အသက်ရှင်တယ်ဆိုတာတော့ Confirm ဖြစ်တယ်။ သို့သော် ပျောက်ဆုံး ဘယ်နှစ်ယောက်၊ တွေ့တဲ့Body ဘယ်နှစ်ယောက်ဆိုတာတော့ ပြောလို့မရသေးပါဘူး။ "

သင်္ဘောမှောက်တာနဲ့ ပတ်သက်လို့ ၀န်ပိုတင်လို့ဖြစ်နိုင်ကြာင်းနဲ့ ပင်လယ်ပြင်က ရေခဲတောင် တခုခုနဲ့တိုက်မိတာ ဖြစ်နိုင်ကြာင်း ခန့်မှန်းချက်တွေ ရှိပေမဲ့ တိတိကျကျ ပြောဆိုတာ မရှိသေးဘူးလို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာန သင်္ဘောသား ဌာနခွဲက ညွှန်ကြားရေးမှုး ဦးတိုးမြင့်ကတော့ နစ်မြုပ်တဲ့အထဲမှာ ပါဝင်တဲ့ သင်္ဘောသားစာရင်းကို စိစစ်ပြီး နစ်နာကြေးရရှိဖို့ အတွက် ကြိုးစားနေကြောင်း ပြောပါတယ်။

"ကျနော်တို့ကတော့ ကောင်စစ်ပေါ့။ နိုင်ငံခြားရေး ကောင်စစ်ကို စာပို့ထားတယ်။ ကျနော်တို့ သင်္ဘောသားဆို CDC နံပတ်လေးတွေ ဖော်ပြပေးပါ။ နောက်ပြီးတော့ ပတ်စ်ပို့နံပတ်လေးတွေ ဖော်ပြပေးပါ။ ကျနော်တို့စာရင်းတွေမှာ အဲ့လူတွေ နာမည်ရှာချင်လို့ဆိုတော့ ရုရှားဆီက စာရင်းရတော့ Date of Birth ပဲ ပါတယ်။ ရုရှားစာလုံးတွေနဲ့ဆိုတော့ ကျနော်တို့လည်း စစ်လို့မရဘူး။ ဒါပေမဲ့ ကျနော်တို့လည်း Date of Birth တွေ စစ်နေပါတယ်။ ကျနော်တို့ ဌာနက ထွက်တဲ့ ကုမ္ပဏီက ၁၆၁ဆိုပေမဲ့ ကျနော်တို့က သူတို့ကို တာဝန်ယူပေးလို့ရတယ်။ ကျနော်တို့က အဲ့ဒီ့ကုမ္မဏီကို စစ်ဆေးပြီးတော့လေ။ ဒါပေမဲ့ ကျနော်တို့ဆီမှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီက မထွက်ဘူးဆိုရင်တော့ လုပ်ရတာတော့ ခက်ပါတယ်။ "

မြန်မာနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာနမှာ မှတ်ပုံတင် မထားရင် နိုင်ငံတကာအလုပ်သမားသမဂ္ဂက တဆင့် နစ်နာကြေး အတွက် ဆောင်ရွက်ဖို့ ရှိကြောင်းလည်း ပြောပါတယ်။

သင်္ဘောပေါ်မှာ လိုက်ပါသွားသူ ၁၃၂ယောက်မှာ ရုရှနိုင်ငံသား ၇၈ဦး၊ မြန်မာနိုင်ငံ သား ၄၂ဦး၊ လတ်ဗီယားနိုင်ငံသား၃ဦး ၊ ဗင်နာတူနိုင်ငံသား ၅ဦးနဲ့ ယူကရိန်နိုင်ငံ သား ၄ဦးတို့ဖြစ်ပါတယ်။ ရုရှနိုင်ငံဆိုင်ရာ မြန်မာသံရုံးရဲ့ အင်တာနက် စာမျက်နှာမှာတော့ လိုက်ပါသွားတဲ့ မြန်မာနိုင်ငံသားတွေရဲ့ အမည်စာရင်းတွေ ကိုဖော်ပြထားသလို မြန်မာ ငါးဖမ်းလုပ်သားတွေနဲ့ပတ်သက်ပြီး စုံစမ်းမေးမြန်းနိုင်ဖို့ အတွက်လည်း ဖုန်းနံပတ်တွေကို ဖော်ပြထားပါတယ်။

အခု နစ်မြုပ်တဲ့ ရုရှားသင်္ဘောမှာပါဝင်တဲ့ မြန်မာသင်္ဘောသား ၄၂ ဦး စာရင်း အပြည့်အစုံကိုတော့ ရုရှားနိုင်ငံ မြန်မာသံရုံး ၀က်ဆိုဒ်စာမျက်နှာမှာဖော်ပြထားပြီး၊ အဲဒီအထဲကမှ အသက်ရှင်လျှက်ကယ်ဆယ်ရထားတဲ့ မြန်မာသင်္ဘောသားတွေ ဘယ်သူဘယ်ဝါဆိုတာကိုလည်း အသေးစိတ်ဖော်ပြထားပါတယ်။


VOA