04/06/15


ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့ ၆ ပွင့်ဆိုင် ဆွေးနွေးပွဲကို လာမယ့် ဧပြီလ ၁၀ ရက် သောကြာနေ့မှာ ကျင်းပမယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောပါတယ်။

နေပြည်တော် ဇမ္ဗူသီရိခန်းမမှာ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံစဉ် ဦးရွှေမန်းက ပြောကြား တာလို့ တွေ့ဆုံပွဲတက်ရောက်သူလည်းဖြစ်၊ ခြောက်ပွင့်ဆိုင်ထဲမှာ တပွင့်အဖြစ်ပါဝင်သူလည်း ဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ဒီဗွီဘီကို ပြောပါတယ်။

“ဒီကနေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ် ဇဗ္ဗူသီရိသီရိခန်းမမှာ လွှတ်တော်နာယက ဦးရွှေမန်းက ပြောပါတယ်။ နိုင်ငံရေးပါတီ ၁၈ ခုရဲ့ ကိုယ်စားလှယ်တွေရှေ့မှာပါ။ ဒေါ်အောင်ဆန်းစုကြည် လည်း ရှိနေပါတယ်။ ကျနော့်ကိုလည်း သီးသန့်မှာတယ်။ လွှတ်တော်တွင်း လူနည်းစု တိုင်းရင်းသားများကိုယ်စား ဆွေးနွေးမယ့် ဒေါက်တာအေးမောင် အနေနဲ့လည်း ကြိုတင်ပြင်ဆင်ထားဖို့ သူ့အနေနဲ့ မှာကြားလိုတယ်လို့ ပြောပါတယ်။”

ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၀)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွန်း က ၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးကြဖို့ ၂၀၁၄ ခုနှစ်နိုဝင်ဘာ ၂၅ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်ထံတင်ပြရာမှာ ကန့်ကွက်သူမရှိ အတည်ပြုခဲ့ပါတယ်။

အဲဒီ အရေးကြီးအဆို အပြည့်အစုံကတော့ “ခေတ် စနစ်၊ အချိန်အခါ၊ အခြေအနေနှင့် ညီညွတ်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်ပေါ်လာရေး၊ ပစ္စုပ္ပန်နှင့် အနာဂတ် မြန်မာနိုင်ငံတည် ဆောက်ရေးအတွက် အခြေအနေကောင်းများ ဖန်တီးလမ်းခင်းပေးနိုင်ရန် နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ တိုင်းရင်းသားအစုအဖွဲ့များမှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ ဆောလျင်စွာ တွေ့ဆုံညှိနှိုင်းရေး ပြည်ထောင်စုလွှတ်တော်က တိုက်တွန်းကြောင်း” ဖြစ်ပါတယ်။

အဆိုအတည်ပြုပြီးနောက်ရက်မှာ တိုင်းရင်းသားအစုအဖွဲ့များမှ လွှတ်တော်ကိုယ်စားလှယ် အဖြစ် ဒေါက်တာအေးမောင်ကို ရွေးချယ်ကြပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no


ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ်ကို ဦးဆောင်ပြီး ဒုတိယအကြိမ် ရွှေးကောက်ပွဲမှာ အောင်ပွဲခံဖို့ ကြိုးစားနေချိန်မှာ အကျပ်အတည်း အခက်အခဲများကို ရင်ဆိုင်နေရသော နှစ်တနှစ်ဖြစ်ပါသည်။

ဧပြီလ ၃ ရက် သောကြာနေ့က နေပြည်တော် ရုံးခန်းတွင် Globe & Mail သတင်းဌာနနှင့် အင်တာဗျူးရာတွင် ဒေါ်အောင်ဆန်းစုကြည်က
“ တကယ်လို့ လူအများစုက ပြောင်းလဲရေးအတွက် ရည်ရွယ်ချက်နဲ့ လုပ်ခဲ့ ရင် ပြောင်းလဲမှုတွေ ပေါ်ပေါက်လာမှာပဲ။ ကျမအနေနဲ့ စစ်တပ်ကို သူတို့ လိုချင်တာပဲ သူတို့ ဖြစ်ချင်တဲ့ အခြေအနေကို ကြည့်တာ သက်သက် မဟုတ်ဘဲနဲ့  တတိုင်းပြည်လုံးရဲ့  ကောင်းကျိုးကို ကြည့်စေချင်ပါတယ်။ စစ်တပ်အနေနဲ့ လူထုရဲ့ အမြင်ကို သက်ရောက်နိုင်စွမ်း ပြောင်းလဲနိုင်စွမ်း မရှိပါဘူး။ လူထုပြောင်းလဲလိုရင်၊ အုပ်ချုပ်မူကလည်း ပြောင်းရမှာပဲ” ဟု ဆိုသည်။

သို့ သော် လည်း သူ့ ကို မြန်မာအစိုးရက သမ္မတမဖြစ်အောင် တားမြစ် ထားလျှင် နောက်တယောက်ကိုသမ္မတအဖြစ် ရွှေးချယ်မှာလား ဆိုသည့် မေးခွန်းကို ဖြေကြားဖို့ ဒေါ်အောင်ဆန်းစုကြည်က ငြင်းဆိုပါသည်။ “ အဲဒါတွေဖြစ်ရင် ကျမတို့ ဘာလုပ်မယ်ဆိုတာမျိုးကို ကျမမပြောချင်ဘူး။ ဖြစ်လာတဲ့အခါကျမှ ပြောကြတာပေါ့ “

မြန်မာစစ်တပ်၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ နောက်ပြန်လှည့် လာပြီဟု စိတ်ပူရသောလက္ခဏာများပြနေချိန် မှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံက ပြုပြင်ပြောင်းရေး အခြေအနေတွေကို လေ့လာစီစစ်သုံးသပ်ကြဖို့ ပြောကြားလိုက်သည်။

ပြီးခဲ့သည့် လပိုင်းများတွင် မြန်မာအာဏာပိုင်များက နိုင်ငံက လှို့ ဝှက် ဥပဒေများကို အသုံးချပြီး သတင်းစာဆရာတွေကိုထောင်ချခဲ့သလို ဆန္ဒပြကျောင်းသားများကိုလည်း အကြမ်းဖက်နည်းသုံးပြီး နှိမ်နင်းခဲ့သည်။

“ ကျမကတော့ အစကနဥိးကလို ပြုပြင်ပြောင်းလဲရေးတွေက အားကောင်း တယ်လို့ မထင်တော့ဘူး။ မတိုးတက်နေတာ သက်သက်ချည်း မဟုတ်တော့ ပဲ ဒါကိုနောက်ပြန်လှည့်နေတယ်လို့ ခေါ်ရမယ်”

ထို့ ပြင်သမ္မတဦးသိန်းစိန်အနေနှင့် သည်နှစ်ကျင်းပရန် ပြုလုပ်ဖို့ ရှိ သည့် ရွှေးကောက်ပွဲကို ခွင့်မပြုတော့မှာကိုလည်း စိုးရိမ်ရသည် ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုပါသည်။

“ ကျမတို့ တော့ စိုးရိမ်တယ် ဘာလို့ လဲဆိုတော့ ပြီးခဲ့တဲ့ နှစ် က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ရွှေးကောက်ပွဲထက် အခြေခံဥပဒေ ပြင်ဆင်ရေးထက် ဦးစားပေးသင့်တယ်လို့ သမ္မတက ပြောခဲ့တယ်လေ။ ဒါက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က ဒါကို အဆုံးအဖြတ်ပေး မယ်လို့ ဆိုလိုချင်တာလား ၊ ဒါက ရွေးကောက်ပွဲကို ဖိအားပေးနေဖြစ်တယ် “ ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုပါသည်။

မြန်မာအရေးကျွမ်းကျင်သူ သတင်းစာဆရာ ဘာတေးလတ်တနာ ကလည်း ရွေးကောက်ပွဲကျင်းပနိုင်ရန် ၂၅ ရာခိုင်နှုန်းသာ ရှိသည်ဟု သူ ယုံကြည်ကြောင်း ဆိုပါသည်။ မြန်မာစစ်တပ်သည်အာ ဏာကို စွန့် လွှတ်ဖို့  မည်သည့်အခါမှ ကြံစည်စီစဉ်မည်မဟုတ်ဟု သူကပြောပါသည်။

" အခြေခံအားဖြင့် အစိုးရမှာ ရှေရှည်အစီအစဉ်ရှိနေခဲ့ပြီး သူတို့အတွက် သေချာတဲ့ နိုင်ငံရေးစနစ်တခုကို ဖန်တီးနေတယ်။ မြန်မာနိုင်ငံကို အဲဒိအတိုင်း အစကတည်းက သူတို့ က သွားစေချင်တယ်လို့ ကျနော်ထင်တယ် “ဟု ဘားတေးလစ်တာနာက ပြောကြားခဲ့ပါသည်။ .

" အဲဒါက လုပ်ငန်းစဉ်တခုမဟုတ်ဘူး သည်နေရာကနေ သည့်ထက်လည်း ပိုပြီး သွားတော့မှာလည်း မဟုတ်ဘူး။ ပြည်သူတွေက ပိုပြီး ဖိအားမပေး သရွေ့  ပြည်သူတို့ ရဲ့လိုလားချက်တွေကို နားထောင်ပေးမယ့် ဖြည့် စည်းပေးမယ့် တယောက်ယောက် မရှိသရွေ့ ပေါ့ လေ။ အခု လောလောဆယ်တော့ အဲဒါတွေက ဖြစ်ဖို့ မမြင်ပါဘူး" ဟု ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ထိုအတိုင်းပဲပြောပါသည်။

“၂၀၁၅ရွှေးကောက်ပွဲမှာ အန်အယ်လ်ဒီက အနိုင်ရခဲ့ရင် အစိုးရနဲ့ စစ်တပ်က အသိအမှတ် မပြုမှာကို ပြည်သူတွေကလည်း စိတ်ပူတယ် “

မြန်မာနိုင်ငံ၏ လိုလားချက်များကို ဖန်တီးပြောင်းလဲပေးနိုင်ရန် သူ့ကိုယ့်သူနှင့် သူ၏ ပါတီကိုမှု ဒေါ်အောင်ဆန်းစုကြည်က အသင့်ပြင်ဆင် ထားသည်ဟု ပြောကြားခဲ့သည်။

“အစပိုင်းမှာ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကို အမြဲဦးစားပေးပြီး ကျမတို့ လုပ်ပါတယ်။ ကျမတို့ က သန့် ရှင်းတဲ့ ပါတီပါ။ ကျမတို့ က ဆင်းရဲတယ် ဒါပေမဲ့ သန့်ရှင်းပါတယ်။ ဒါက ကောင်းမွန်တဲ့ အစိုးရ တစ်ရပ်ဖြစ်လာစေရေးအတွက် ပထမဆုံးခြေလှမ်းအစပျိုးမှုပါပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ပြည်သူလူထုက ခိုင်ခိုင်မာမာမဲပေးမှသာ စစ်တပ်အာဏာ တည်ဆောက် လိုသူများအတွက် ရွှေးစရာလမ်း အနည်းငယ်သာရှိလာစေမည် ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါသည်။

(လင်းလင်း ဘာသာပြန်သည်။)

The Ladies News Journal
https://www.facebook.com/News.TheLadies

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်း
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကမ်းလှမ်းထားသည့် ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲကို ဧပြီလ ၁၀ ရက်တွင် ပြုလုပ်မည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက သူ၏ facebook အင်တာနက် စာမျက်နှာတွင် ရေးသားထားသည်။

"၆ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ ဧပြီလ ၁၀ ရက်နေ့ဖြစ်မည်ဟု သူရဦးရွှေမန်းပြော" ယနေ့ပြည်ထောင်စုလွှတ်တော် ကျင်းပအပြီး နေ့လယ်၂:၄၅ အချိန်၊ ဇမ္ဘုသီရိခန်းမတွင် ကျင်းပသော ပါတီစုံ(18ပါတီ)မှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံဆွေးနွေး ပွဲတွင်ဦးရွှေမန်းက အထက်ပါ အတိုင်း ရှင်းလင်း ပြောဆိုခြင်းဖြစ်" ဟု ရေးသားထားသည်။

သတင်း-ဓါတ်ပုံ။ U Oo Yetun (fb)
https://www.facebook.com


လီမာ ၊ ၆-၄-၂၀၁၅

တိရ စ္ဆာန်များ ပျာယီးပျာယာ ဖြစ်နေကြခြင်း၊ ဂနာမငြိမ် ဖြစ်နေကြခြင်း ကိုကြည့်၍ သိပ္ပံပညာရှင် များက စစ်ဆေးလေ့လာ ခဲ့ကြရာ ငလျင် လှုပ်တော့မည်ကို တိရ စ္ဆာန်များက ကိုယ်ပိုင် အသိဖြင့် ၂၃ ရက် ကြိုတင် သိနေကြကြောင်း လေ့လာတွေ့ရှိ ခဲ့ကြသည်။

သဘာဝ ဘေးအန္တရာယ် ကြီးများ အထူးသဖြင့် ငလျင်လှုပ်မှု ကြီးများသည် မိမိတို့နေထိုင် ကျက်စားရာ ဒေသတွင် ကျရောက် တော့မည်ကို လူသားများထက် တိရစ္ဆာန်များက ကြိုတင်၍ သိနေကြသည် ဟူသော အယူအဆကို ရှေးကာလများ ကတည်းက လက်ခံခဲ့ ကြသည်။

Anglia RaskiK တက္ကသိုလ် မှ ဒေါက်တာ ရာချက်ခ်ဂရန်က ဦးဆောင်၍ ၂ဝ၁၁ ခုနှစ် အတွင်းက ပြင်းအား ၇ ဒသမ သုည ထိဖြစ်ပွား ခဲ့သော ' Contamana ' ငလျင်ကြီး မလှုပ်မီ ၂၃ ရက်ခန့် ကတည်းက ဒေသတွင်းရှိ တိရစ္ဆာန်များသည် ဂနာမငြိမ် ဖြစ်နေကြောင်း တွေ့ရှိခဲ့ ရသည်။

ထို့ပြင် ပီရူးနိုင်ငံ Yanachaga အမျိုးအစား ဘေးမဲ့တောကြီး အတွင်း လှုပ်ရှားမှု မှန်သမျှကို လျှို့ဝှက် မှတ်တမ်းတင် ရိုက်ကူးနိုင် သော ကင်မရာများကို အသုံးပြု၍ သိပ္ပံပညာရှင် များက စူးစမ်းလေ့လာ ခဲ့ကြသည်။ သာမန် နေ့ရက်များတွင် တိရစ္ဆာန် ငါးကောင်မှ ၁၅ ကောင်အထိ ပုံမှန်သွားလာ ကျက်စားနေကြောင်း မှတ်တမ်း ဓာတ်ပုံများအရ တွေ့ရှိခဲ့ရသည်။ သို့သော် ငလျင် အကြီးအကျယ် မလှုပ်မီ ၂၃ ရက်မှစ၍ တိရစ္ဆာန် များ လှုပ်ရှား သွားလာမှု မရှိဘဲ ပကတိ ငြိမ်သက် သွားခဲ့ကြောင်း တွေ့ရှိခဲ့ ကြသည်။ ၄င်းဖြစ်ရပ်ကို သိပ္ပံပညာရှင်များ အံ့သြသွား ခဲ့သည်။ တစ်ခါတရံ တစ်ကောင် နှစ်ကောင် မျှသာ သွားလာ လှုပ်ရှား နေကြသည်။ မြေငလျင်ကြီး မလှုပ်မီ ရက်သတ္တပတ် နှစ်ပတ်ခန့် သိပ္ပံပညာရှင် များက ရေဒီယို လှိုင်းနှုန်း အများဆုံးဖြင့် အလုပ်လုပ် နိုင်သော ပစ္စည်းများကို အသုံးပြု ထောက်လှမ်းခဲ့ ကြသည်။

သို့ဖြစ်၍ အနာဂတ် ကာလတွင် တိရစ္ဆာန်များသည် မိမိတို့ ပတ်ဝန်းကျင်ကို နားလည် တတ်သိခြင်းကို နည်းပညာဖြင့်အသုံးချသွားရန် သိပ္ပံပညာရှင် များက ယုံကြည် လက်ခံထားကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com


ရန်ကုန် ဧပြီ ၅

ရန်ကုန်တွင် နှစ်စဉ်အိမ်ရာလိုအပ် ချက်မှာ တိုက်ခန်းပေါင်းနှစ်သောင်း ငါး ထောင်ခန့်ရှိနေသော်လည်း ဆောက်လုပ် ရေး စရိတ် ကြီးမားမှုကြောင့် တစ်နှစ်လျှင် တိုက်ခန်းပေါင်း ၇ဝဝဝ ခန့်ကိုသာ ဆောက်လုပ် နိုင်သည့် အတွက် အိမ်ရာလို အပ်ချက် မြင့်တက်လျက်ရှိပြီး ဈေးကွက် စီးပွားရေးစနစ် ကျင့်သုံး နေခြင်းကြောင့် အိမ်ငှားခမြင့်တက်လာခြင်းကို အစိုးရက စံနှုန်းသတ်မှတ်ထိန်းချုပ်ပေး၍ မရကြောင်း ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်တတိယ နေ့ ရန်ကုန်တိုင်း ဒေသကြီး သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးကျော်စိုး ကပြောသည်။

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်ဦးတင်လှိုင်ကတိုင်းဒေသကြီးအတွင်း အခြေခံပြည်သူများနေထိုင်ရေး အခက် အခဲကြုံတွေ့နေရခြင်း၊ငှားရမ်းခမြင့်တက် နေခြင်းများအတွက် အစိုးရကစံနှုန်းဖြင့် ထိန်းချုပ်စီမံနိုင်ရန် အစီအစဉ်ရှိမရှိ ကြယ်ပွင့်ပြမေးခွန်းကိုပြန်လည်ဖြေကြား ခဲ့ခြင်းဖြစ်သည်။

ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံး နေသည့်အတွက် အိမ်ခန်းငှားခမြင့်တက် ခြင်းကို စံနှုန်းဖြင့်ထိန်းချုပ်နိုင်သော် လည်း ၁၉၆ဝ အိမ်ငှားရမ်းခြင်းဆိုင်ရာ ဥပဒေကို ခေတ်နှင့်အညီဖြစ်ရန်ပြင်ဆင် လျက်ရှိပြီး အိမ်ရာကဏ္ဍငွေကြေးစနစ် ထူထောင်နိုင်ရန်ပြင်ဆင်လျက်ရှိကြောင်း ဝန်ကြီးက ဆက်လက်ဖြေကြားသည်။

တည်ဆောက်လျက်ရှိသော လှိုင်သာ ယာ၊ဒဂုံဆိပ်ကမ်းမြို့နယ်၊ ဒဂုံတောင် ပိုင်း၊ မြောက်ပိုင်းနှင့် အရှေ့ပိုင်းမြို့နယ် များရှိ တန်ဖိုးမျှတတိုက်ခန်းများကို တိုးမြှင့်ဆောက်လုပ်လျက်ရှိပြီး နှစ်ရှည် အရစ်ကျစနစ်များဖြင့်ရောင်းချပေးသွား မည်ဖြစ်ကြောင်းသိရသည်။

၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်ရာစီမံ ကိန်းများဆောင်ရွက်ရန် ငွေကျပ်ဘီလီယံ ၂ဝ ကို မူလအသုံးစရိတ်ထက် ပိုမို တောင်းခံခဲ့ပြီး ထိုငွေအသုံးစရိတ်ကို ပြည် ထောင်စုအစိုးရကထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း လွှတ်တော်မှသိရသည်။

အေးချမ်းမိုး
The Union Daily
http://uniondaily.net


ပညာရေးလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး မြန်မာကျောင်း သားတွေနဲ့ ဆွေးနွေးဖို့ ရောက်ရှိနေတဲ့ ဗြိတိန်နိုင်ငံနဲ့ သြစတြေးလျနိုင်ငံက ကျောင်းသားများဟာ ဒဂုံတက္က သိုလ်နဲ့ စီးပွားရေးတက္ကသိုလ်များကို သွားရောက်ကြည့်ရှု ခွင့်တောင်းခံခဲ့တာကို ပညာရေးဝန်ကြီးဌာနက ခွင့်ပြုချက် မပေးကြောင်း RFA က စုံစမ်းသိရှိရပါတယ်။

ဧည်သည်ကျောင်းသားတွေရန်ကုန်မြို့မှာရှိတဲ့တက္ကသိုလ် တချို့ကိုသွားရောက် ကြည့်ရှုဖို့တကသအဖွဲ့တွေက ပညာရေးဝန်ကြီးဌာနကိုတင်ပြရာမှာ ခွင့်ပြုချက်မရဘူး လို့ဆိုပါတယ်။

အခုလိုကျောင်းထဲကိုဝင်ရောက်ဖို့ခွင့်ပြုချက်တင်ရတယ်ဆို တာနဲ့ပတ်သက်ပြီး ဧည့်သည်ကျောင်းသားများ တအံ့ တသြဖြစ်ကြတယ်လို့ ဆိုပါတယ်။ တကသကျောင်း သား ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုနန်းလင်းက ခုလိုပြော ပါတယ်။

"သူတို့ရန်ကုန်ရောက်တဲ့အခါမှာ ဒဂုံတက္ကသိုလ်နဲ့ ရန်ကုန်တက္ကသိုလ်ကိုသွားရောက်လည်ပတ်ခွင့်ပိတ်တယ်၊ သူတို့မှာ အရမ်းအံ့သြတယ်၊ တက္ကသိုလ် တစ်ခုထဲဝင်ဖို့အတွက် ဝန်ကြီးဌာနအဆင့်ထိခွင့်ပြုချက်တင်ရမယ်၊ အဲ့လိုခွင့်တောင်းတာကို သူတို့ကခွင့်မပြုဘူး၊ ခွင့်တင်တယ်ဆိုတာကိုတောင်သူတို့က နားမလည်နိုင်ဘူးဖြစ်နေ တယ်၊ အဲ့လောက်ထိကျနော်တို့မှာ ကွာခြားမှုရှိပါတယ်"

သူတို့တွေဟာ ဧပြီလ ၂ ရက်နေ့က ရန်ကုန်မြို့ကိုရောက်ရှိလာပြီး အောက်မြန်မာပြည် တကသအဖွဲ့ဝင်တွေနဲ့ ရန်ကုန်မြို့မှာ မနေ့ကနဲ့ ဒီကနေ့ ၂ရက် ကြာ ပညာရေးနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။ ဧပြီလ ၆ရက်နေ့မှာ မကွေးမြို့မှာ အထက်မြန်မာပြည်နဲ့ မြေလတ်က တက္ကသိုလ်ကျောင်းသားတွေနဲ့ တွေ့ဆုံ မှာဖြစ်ပါတယ်။

အဲဒီ ဧည်သည်ကျောင်းသားတွေဟာ ဗြိတိန်နိုင်ငံ အောက်စဖို့ဒ်တက္ကသိုလ်၊ လီဗာပူးလ်တက္ကသိုလ်နဲ့ သြစတြေးလျနိုင်ငံ မက်ဂွိုင်းယား တက္ကသိုလ် က ကျောင်းသားသမဂ္ဂ ဥက္ကဌတို့ဖြစ်ကြပြီး စုစုပေါင်း အဖွဲ့ဝင်စုစုပေါင်း ၇ ဦးပါဝင်ပါတယ်။

ရန်ကုန်မြို့မှာ မနေ့ကနဲ့ ဒီနေ့ ဆွေးနွေးပြီး မနက်ဖြန်မှာ မကွေးမြို့ကို သွားရောက် ဆွေးနွေးကြမှာဖြစ်ပါတယ်။

https://www.facebook.com/pages/RFA-Burmese/39218993127

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.