04/08/15


နစ်မြုပ်ခဲ့တဲ့ ရုရှားငါးဖမ်းသဘောင်္ပေါ်က ကယ်ဆယ်လာသူတွေနဲ့ သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းတွေဟာ ရုရှားတောင်ပိုင်း ဆာခါလင်မြို့ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ စုစုပေါင်း သေဆုံးသူ ၅၆ ဦးတို့ထဲမှာ မြန်မာနိုင်ငံသား ၁၆ ဦး ပါတယ်လို့လည်း အတည်ပြုထားပါတယ်။ လွတ်မြောက်လာသူတွေရဲ့ နောက်ဆုံးရအခြေအနေတွေကို မသိင်္ဂီထိုက် က စုစည်းတင်ပြထားပါတယ်။

နစ်မြုပ်ခဲ့တဲ့ ရုရှားငါးဖမ်းသင်္ဘော Dalniy Vostok ကနေ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့သူ မြန်မာနိုင်ငံသား သင်္ဘောသား ၂၂ ဦးတို့ အခုအခါမှာ ရုရှားနိုင်ငံတောင်ပိုင်း ဆာခါလင်မြို့က Pacific Plaza Hotel မှာ ခေတ္တ တည်းခိုနေကြပါတယ်။ ဆယ်ယူရရှိထားတဲ့ သေဆုံးသူ ၅၆ ဦးတို့ထဲက ၁၆ ဦးတို့ကတော့ မြန်မာနိုင်ငံသားတွေ ဖြစ်တယ်လို့လည်း အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ ကယ်ဆယ်လာသူတွေနဲ့ သေဆုံးခဲ့သူတွေရဲ့ ရုပ်အလောင်းတွေ ဌာနေပြန်ပို့နိုင်ဖို့အတွက် ရုရှားဆိုင်ရာ မြန်မာသံရုံးက ဆောင်ရွက်နေတယ်လို့ မြန်မာသံရုံးက သံမှူးကြီး ဦးအောင်ကျော်မိုးက ပြောပါတယ်။

“အသက်ရှင်လျက် ကယ်ဆယ်ရရှိတဲ့ မြန်မာသင်္ဘောသား ၂၂ ဦးစလုံး ကျန်းကျန်းမာမာ ရှိပါတယ်။ နောက်ပြီးတော့ ဆယ်ယူရရှိတဲ့ အလောင်းတွေထဲမှာ identified လုပ်ကြည့်တဲ့အခါကျတော့ ၁၆ ဦးက မြန်မာဆိုတာကို တွေ့ရှိရပါတယ်။ အဲတော့ ကျနော်တို့ ပျောက်ဆုံးနေတဲ့ ၁၃ ဦးထဲမှာ မြန်မာ ၄ ဦး ပါပါတယ်။ ကျနော်တို့ မနက်ဖြန်မှာတော့ သူတို့တွေ ပြန်ဖို့ကိစ္စ၊ အလောင်းတွေ ပြန်ပြီး မြန်မာပြည်ပို့ဖို့ကိစ္စ နောက်တခါ ရသင့်ရထိုက်တဲ့ ဟိုဟာတွေနဲ့ သူတို့ရဲ့ရပိုင်ခွင့်တွေ ဘာတွေနဲ့ ပတ်သက်ပြီးတော့ နစ်နာကြေးတို့ ဘာတို့နဲ့ ပတ်သက်ပြီး မနက်ဖြန် ဆွေးနွေးသွားမှာပါ။ ကျနော်တို့ဘက်က အဲ့ဒါကို ဆွေးနွေးမယ်။ ဒါပေမဲ့ ကျနော်ပြောချင်တာကတော့ ရမယ်၊ မရမယ်ကိုတော့ အာမခံလို့ မရပါဘူး။ ကျနော်တို့ဘက်ကတော့ အတတ်နိုင်ဆုံး ဒါကိုတင်ပြပြီးတော့ ရုရှားအာဏာပိုင်တွေနဲ့ မနက်ဖြန်မှာ ဆွေးနွေးသွားပါမယ်။”

ပျောက်ဆုံးနေဆဲ ၄ ဦးတို့ကတော့ စန်းဝင်းလှိုင်၊ ကိုကိုမောင်၊ သက်ဆွေ၊ သိန်းထွန်းတို့ ဖြစ်တယ်လို့လည်း ရုရှားဆိုင်ရာ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားပါတယ်။ မြန်မာသဘောင်္သားတွေ ဌာနေပြန်နိုင်ရေးအတွက် ရုရှားအစိုးရပိုင်းနဲ့ မြန်မာသံရုံးဘက်က ဆွေးနွေးနေပါတယ်။ ဒါပေမဲ့ ရုရှားအစိုးရဘက်က လျော်ကြေးရဖို့ကတော့ မသေချာဘူးလို့လည်း သံမှူးကြီး ဦးအောင်ကျော်မိုးက ပြောပါတယ်။

အခု ရုရှားငါးဖမ်းသင်္ဘောပေါ်ကို မြန်မာသင်္ဘောသားတွေ စေလွှတ်ခဲ့တဲ့ မြန်မာကုမ္ပဏီ ၅ ခုတို့ကိုလည်း မရိုးမဖြောင့် စေလွှတ်ခဲ့မှုနဲ့ မြန်မာအစိုးရ ပို့ဆောင်ရေးဝန်ကြီးဌာနက လုပ်ကိုင်ခွင့် ခေတ္တ ရပ်ထားပါတယ်။ ဒါပေမဲ့ အခု မြန်မာသင်္ဘောသားတွေကို ရုရှားငါးဖမ်းသဘောင်္ကို စေလွှတ်ခဲ့မှုမှာ ကိုရီးယားကုမ္ပဏီ တခုလည်း ပါဝင် ပတ်သက်နေတယ်လို့ ရုရှားဆိုင်ရာ မြန်မာသံရုံး အဆိုအရ သိရပါတယ်။

သဘောင်္နစ်မြုပ်မှုကနေ လွတ်မြောက်လာသူတွေကို ဆက်သွယ်မေးမြန်းတာမှာတော့ အများစုက အခြေအနေတွေကို ပြန်ပြီး မပြောလိုကြပါဘူး။ လွတ်မြောက်လာသူတဦးဖြစ်တဲ့ ကိုမျိုးမင်းဦးကတော့ အခုလက်ရှိ အခြေအနေကို အခုလို ပြောပါတယ်။

“ပတ်စ်ပို့ကိစ္စတွေ အလုပ်ရှုပ်နေလို့ပါခင်ဗျ။ လ၀ကတွေရော တော်တော်လေး ရှုပ်နေတယ်။ ကျနော်တို့ ဒီနေ့ည ညနက်မှာပဲ ဟုတ်။ လောလောဆယ်တော့ စာရွက်စာတမ်းကိစ္စတွေပဲ ရှုပ်နေတုန်း ကျနော်တို့။ ပြန်ဖို့ပြုဖို့ ဘာညာ ဘာမှမသိရသေးဘူးနော်။ လောလောဆယ်တော့ ကျနော်တို့ ဘာမှ မပြောနိုင်သေးဘူးခင်ဗျ။ ကျနော်တို့လည်း အခုမှရောက်တာဆိုတော့လေ။”

နစ်မြုပ်ရုရှားသင်္ဘော Dalniy Vostok မှာ လိုက်ပါခဲ့ကြတဲ့ မြန်မာနိုင်ငံသား သင်္ဘောသားတွေကို ၀န်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေက အစိုးရ ပို့ဆောင်ရေး ၀န်ကြီးဌာနကို တင်ပြထားတဲ့ သင်္ဘောမဟုတ်ဘဲ ငါးဖမ်းသင်္ဘောကို တင်ပေးခဲ့တာ ဖြစ်ပါတယ်။ လုပ်ခလစာကလည်း တလကို ဒေါ်လာ ၄၀၀ မြန်မာငွေ ကျပ်လေးသိန်းလောက်ပဲ ရှိတာပါ။ တကယ်တမ်း သဘောင်္သားတဦးရဲ့ လစာက ဒေါ်လာ ၁ ထောင် ၀န်းကျင်ရှိနေတာကြောင့် ဒီလုပ်ခ လစာဟာဆိုရင် သဘောင်္သား ပညာသင်တွေကိုပေးတဲ့ လစာနှုန်းထားလောက်ပဲ ရှိတယ်လို့လည်း မြန်မာနိုင်ငံ သင်္ဘောသားအသင်းက တွဲဘက် အတွင်းရေးမှူး ဦးမင်းဇော်က ပြောပါတယ်။

“အခု သူတို့က ကျနော်တို့ ကြားတာပေါ့ ကျနော် အတိအကျ မသိဘူးနော်။ ဒါ အစိပ်လောက် ပေးရတယ်ပေါ့နော်။ ဒီအတိုင်း သင်္ဘောသားဆိုရင်တော့ ၄၀ နဲ့ ၅၀ ကြားလောက် ကျနော်တို့ ကြားပါတယ်။ ဒါတောင်မှ သင်္ဘောက ရှင်းရှင်းပြောရင် လူသစ်က တော်တော်လေးကို သူတို့ဟာသူတို့ ဘယ်လိုလိမ်လည် လှည့်ပြီး လုပ်သွားလဲ မသိဘူး။ အမှန်မှာတော့ ရှင်းရှင်းပြောရင် ကျနော်တို့တိုင်းပြည်ပဲ တကယ်လိုတာက training ship တွေ များများရှိရင် ကျနော်တို့ အဲဒီကိစ္စတွေ ပြဿနာမရှိပါဘူး။”

မြန်မာနိုင်ငံမှာ သင်္ဘောသားတွေကို လေ့ကျင့်ပေးနိုင်တဲ့ လေ့ကျင့်ရေးသင်္ဘောတွေ မရှိတာကြောင့်လည်း နိုင်ငံခြားသင်္ဘောသား ဖြစ်ချင်ကြတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ သင်္ဘောသားလုပ်သက်ရဖို့ ပထမဆုံး အလုပ်အကိုင် ရှာဖွေရေး ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ပြီး ၀န်ဆောင်ကြေး ၂၅ သိန်းကနေ သိန်း ၅၀ လောက်ပေးပြီး လခနည်းနည်းနဲ့ရတဲ့ သဘောင်္ကို လိုက်ပါ အလုပ်လုပ်ကြရတာပါ။ ဒီကမှ သဘောင်္သား လုပ်သက်ရလာပြီးနောက်မှာသာ ပုံမှန် လစာခံစားခွင့်မျိုး ရကြတာဖြစ်ပါတယ်။

ပထမဆုံး သင်္ဘောသားတွေအဖြစ် လိုက်ပါကြတာမှာတော့ ငါးဖမ်းသင်္ဘောတို့လို လုပ်ခလစာရော အာမခံချက်ရော အခိုင်အမာမရှိတဲ့ အလုပ်မျိုးတွေကို နှစ်နဲ့ချီပြီး လုပ်ကြရတယ်လို့လည်း ဦးမင်းဇော်က ပြောပါတယ်။ ဒါ့အပြင် မြန်မာအစိုးရ ပို့ဆောင်ရေး ၀န်ကြီးဌာနဘက်က ငါးဖမ်းသင်္ဘောတို့လို အာမခံချက် အခိုင်အမာ မရှိတဲ့ သင်္ဘောတွေမှာ မြန်မာသင်္ဘောသားတွေကို လိုက်ပါခွင့် ခွင့်မပြုတာကြောင့်လည်း ၀န်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေက သင်္ဘောနာမည်လွှဲပြပြီး သင်္ဘောသားတွေကို ငါးဖမ်းသင်္ဘောတို့လို သင်္ဘောတွေပေါ်ကို တင်ပေးနေတာတွေကလည်း မြန်မာ့သင်္ဘောသား လောကမှာ လုပ်ရိုးလုပ်စဉ်တခုလည်း ဖြစ်ပါတယ်ရှင်။

မသိင်္ဂီထိုက်
VOA
http://burmese.voanews.com/content/russia-myanmar-sailors/2709928.html

ဧပြီ ၃ ရက်က နေပြည်တော် လွှတ်တော်အဆောက်အအုံအတွင်း ကနေဒါအခြေစိုက် The Globe and Mail သတင်းစာနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ၂ဝ၁၅ ရွေးကောက်ပွဲတွင် NLD ပါတီ အနိုင်ရခဲ့ပါက အဆိုပါရလဒ်ကို အစိုးရနှင့် တပ်မတော်မှ အသိအမှတ် မပြုမည်ကို ပြည်သူလူထုက စိုးရိမ်မှုများရှိကြောင်း ပြောကြားသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က “ပြောရမယ်ဆိုရင် ကျွန်မတို့ (NLD ပါတီ) အနေနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အမြဲတမ်း စတင်လုပ်ဆောင်နိုင်ပါတယ်။ ကျွန်မတို့ပါတီဟာ သန့်ရှင်းပါတယ်။ ဆင်းရဲပေမယ့် သန့်ရှင်းပါတယ်။ ဒါဟာ ကောင်းမွန်တဲ့ အစိုးရတစ်ရပ်ဖြစ်ဖို့ ပထမဆုံး ခြေလှမ်းတစ်ရပ်ပါပဲ” ဟု The Globe and Mail သတင်းစာသို့ ပြောကြားသည်။

ရိုက်တာတင်းဌာနနှင့် တွေ့ဆုံစဉ်ကလည်း ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီ အနေဖြင့် အစိုးရတာဝန် ထမ်းဆောင်ရန် အဆင်သင့် ဖြစ်ကြောင်းနှင့် အခြေခံဥပဒေသည် အစဉ်တည်မြဲနေသောအရာ မဟုတ်သောကြောင့် သူမအနေဖြင့် သမ္မတဖြစ်နိုင်ခြေ ရှိသေးကြောင်း ပြောကြားသည်။

၂ဝ၁၅ ရွေးကောက်ပွဲနှင့် ပတ်သက်၍ “ကျွန်မတို့ အနေနဲ့ စိုးရိမ်မှုတွေ ရှိပါတယ်။ ဘာလို့လဲဆိုတော့ မနှစ်က သမ္မတကြီး ပြောခဲ့တဲ့ စကားထဲမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ ရွေးကောက်ပွဲထက်ပိုပြီး အရေးပါတယ်လို့ ပြောခဲ့ပါတယ်။ ဒါဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကြောင့် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းလို့ ရတယ်လို့ ဆိုလိုချင်တာလား” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်ကို The Globe and Mail သတင်းစာတွင် ဖော်ပြထားသည်။

အလားတူ ရိုက်တာသတင်းဌာနနှင့် တွေ့ဆုံစဉ်ကလည်း အစိုးရအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို အကြောင်းပြကာ ရွေးကောက်ပွဲ အချိန်ဆွဲရန် လုပ်ဆောင်လာနိုင်ဖွယ် ရှိသည့်အပေါ် စိုးရိမ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“ပြည်သူလူထု အများစုက တကယ်ကို ပြောင်းလဲဖို့ ဆန္ဒရှိတယ်ဆိုရင် ပြောင်းလဲမှုတွေဟာ ဖြစ်ပေါ်လာမှာပါပဲ။ တပ်မတော် အနေနဲ့လည်း နိုင်ငံတစ်ခုလုံးရဲ့ ကောင်းကျိုးကိုကြည့်ဖို့ တိုက်တွန်းလိုပါတယ်။ သူတို့ ကြည့်ချင်တာနဲ့ သူတို့ ဖြစ်သင့်တယ်လို့ ယူဆတဲ့ အရာတွေကိုပဲ ကြည့်မနေသင့်ပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် ပတ်သက်၍ “မွတ်စလင်တွေဟာ လူနည်းစုတွေပါ။ ဒါပေမဲ့ ကမ္ဘာနဲ့ ပြန်ယှဉ်ကြည့်ရင် ဗုဒ္ဓဘာသာဝင်တွေဟာ လူနည်းစုအဖြစ် ခံစားရပါတယ်။ ဗုဒ္ဓဘာသာဝင် ရခိုင်တွေ အနေနဲ့ ကမ္ဘာ့မွတ်စလင် အသိုင်းအဝိုင်းက သူတို့အပေါ် ဆန့်ကျင်နေတယ်ဆိုတဲ့ ခံစားမှုတွေ ရှိပါတယ်။ ဒါဟာ တကယ်တော့ ခံယူချက် အမြင်ပါပဲ။ ဒါပေမဲ့ ဒီလို ကိစ္စရပ်မျိုးမှာတော့ ခံယူချက် အမြင်တွေဟာ အချက်အလက်တွေလိုမျိုး ထိရောက်မှု ရှိနေပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး ၁၉၉ဝ ခုနှစ် မေ ၂၇ ရက်တွင် ကျင်းပခဲ့သော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်ပေါင်း ၄၉၂ နေရာ၌ ၃၉၂ နေရာ အနိုင်ရရှိခဲ့သည်။ သို့သော် ယင်းရလဒ်အား စစ်အစိုးရက အကောင်အထည်ဖော်ပေးခြင်း မရှိခဲ့ဘဲ အစိုးရဖွဲ့ရန် ငြင်းဆန်ခံခဲ့ရကာ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် အများစုမှာ အကျဉ်းချခြင်း ခံခဲ့ရသည်။
Writer:
ဇေယျာနန္ဒ
-Eleven media group


ဧပြီလ ၇ ရက်နေ့ လက်ပံတန်းမြို့နယ် တရားရုံးတွင် ရုံးထုတ်ပြီးနောက် ဗကသ ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်၏ ပြောစကားများ


“အမျိုးသား ပညာရေး ဥပဒေဟာ ကျမတို့ကျောင်းသားတွေ လိုလားတဲ့ ဥပဒေ မဖြစ်မချင်း ဆက်လက် ရင်ဆိုင်သွားမှာ ဖြစ်ပါတယ်”လို့ မဖြိုးဖြိုးအောင်က ပြောပါတယ်။

အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်ဖို့ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ရာက အကြမ်းဖက် ရိုက်နှက်ဖမ်ဆီးခံရတဲ့ ကျောင်းသားတွေနဲ့ ၀န်းရံပြည်သူ ၇၀ လောက်ကို ဒီကနေ့ ဧပြီ ၇ ရက်နေ့မှာ လက်ပံတန်း တရားရုံးမှာ တတိယအကြိမ် ရုံးထုတ်စဉ် ပြောဆိုလိုက်တာပါ။

By ဒီဗွီဘီ
http://burmese.dvb.no


လက်ပံတန်းမှာ ဖမ်းဆီးခံခဲ့ရတဲ့ ကျောင်သားတွေနဲ့ ၀န်းရံပြည်သူတွေထဲမှာ ဒဏ်ရာရရှိသူတွေနဲ့ အစာအိမ်ရောဂါ ရရှိခဲ့သူတွေကို ဆေးစစ်ကုသဖို့ လိုအပ်နေပါတယ်။

ဧပြီလ ၇ ရက်နေ့က လက်ပံတန်း တရားရုံးကို တတိယအကြိမ်အဖြစ် ဖမ်းဆီးခံ ကျောင်းသားတွေနဲ့ ၀န်းရံပြည်သူတွေ အယောက် ၇၀ လောက်ကို ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။ ဒီရုံးချိန်းမှာ ဖမ်းဆီးခံ ကျောင်းသားခေါင်းဆောင် တဦးဖြစ်တဲ့ မဖြိုးဖြိုးအောင်က ထောင်တွင်း ဖမ်းဆီခံထားရသူတွေထဲမှာ ဆေးကုသမှု လိုအပ်နေသူတွေ ရှိတယ်လို့ ပြောဆိုလိုက်တာပါ။

အမျိုးသားပညာရေးဥပဒေကို ကျောင်းသားတွေ လိုလားတဲ့ ဥပဒေ မဖြစ်မချင်း ဆက်လက် ရင်ဆိုင်သွားမှာ ဖြစ်ပြီး အခုချိန်ထိ ကျောင်းသားတွေ တောင်ဆိုနေတဲ့အချက်တွေ လက်တွေ့ မရရှိသေးဘူးလို့ ပြောဆိုခဲ့ပါတယ်။ ဒီနေ့ရုံးထုတ်ရာမှာ တရားလိုဖက်က လက်ပံတန်းကနေ သာယာဝတီတရားရုံးကို ပြောင်းပြီးရုံး ထုတ်ဖို့ လျှောက်ထားတဲ့အတွက် ဘာအမှုမှ မစစ်ဖြစ်ဘဲ ဧပြီလ ၉ ရက်နေ့ ရုံးပြန်ချိန်းဆိုတယ်လို့ ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။ ရုံးထုတ်ရာမှာ အမျိုးသမီးတွေအပေါ် လက်ထိပ်ခတ်တဲ့အပေါ်ကိုလည်း ဝေဖန်သွားပါတယ်။

လက်ပံတန်း တရားရုံးမှာ သပိတ်မှောက်ကျောင်းသားတွေကို နိုင်ငံတော် အကြည်ညို ပျက်စေမှု အပါအ၀င် ပုဒ်မ ၅ ခုနဲ့ စွပ်စွဲထားတာ ဖြစ်ပြီး တချို့ ကျောင်းသားခေါင်းဆောင်တွေကတော့ တခြားမြို့နယ်တရားရုံးတွေမှာ အဲဒီပုဒ်မတွေ အပါအ၀င် နောက်ထပ် ပုဒ်မအမျိုးမျိုးနဲ့ တရားစွဲဆိုခံထားရပါသေးတယ်။

ဒီကနေ့ရုံးချိန်းမှာ လုံခြုံရေး တင်းကျပ်မှုတွေ ရှိခဲ့ပြီး ကျောင်းသားတွေနဲ့ မိဘတွေ ခဏတွေ့ဆုံခွင့် ရရှိခဲ့ကြပါတယ်။ မနက်အစောပိုင်းကတည်းက တရားရုံး အ၀င် ဘီလင်းတန်း လမ်းထိပ်နဲ့ လမ်းသွယ်တွေကို ရဲတပ်ဖွဲ့တွေနဲ့ ကာစီးထားကာ ယာဉ်ဖြတ်သန်းသွားလာခွင့်ကို ပိတ်ထားခဲ့ပါတယ်။

ဖမ်းဆီးခံထားရသူတွေကို ရုံးထုတ်စစ်ဆေးပြီးနောက် နေ့လည် ၁ နာရီကျော်လောက်မှာ သာယာဝတီထောင်ကို အချုပ်ကားတွေနဲ့ ပြန်လည် ခေါ်ဆောင်သွားကြပါတယ်။ ဖမ်းဆီးခံထားရသူတွေ ပြန်လည် လွတ်မြောက်ရေးအတွက် တရားရုံးရှေ့မှာ ဗကသ ကျောင်းသားတွေကလည်း ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no

အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေးပါတီကိုယ်စားလှယ်တို့ အောက်တိုဘာ ၃၁ ရက်နေ့ ၂၀၁၄ က ပထမဆုံးအကြိမ် တွေ့ဆုံစဉ်
ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ရွေးကောက်ပွဲ ကိစ္စတွေ ဆွေးနွေးဖို့ မနက်ဖြန် ဧပြီ ၈ ရက် နေပြည်တော်မှာ သမ္မတ၊ ကာချုပ်၊ လွှတ်တော် အကြီးအကဲတွေ၊ နိုင်ငံရေး ပါတီ ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားရေးရာ ၀န်ကြီးများ အပါအ၀င် ၄၈ ဦး တွေ့ဆုံဖို့ ရှိတယ်လို့ ဖိတ်ကြား ခံရသူတွေက ပြောပါတယ်။

မနက်ဖြန် ညနေ ၃ နာရီ သမ္မတအိမ်တော်ရှိ ငုရွှေဝါခန်းမမှာ ၄၈ ပွင့် ထပ်မံတွေ့ ဆုံကြမှာ ဖြစ်တယ်လို့ ဆွေးနွေးပွဲတက်ရောက်ဖို့ ဖိတ်ကြားခံထားရတဲ့ အမျိုးသားဒီမိုကရေစီ အင်အားစု အန်ဒီအက်ဖ်ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောပါတယ်။

“သမ္မတအိမ်တော်ဝင်းထဲမှာ ခါတိုင်းလိုပဲ ၄၈ ပွင့်ဆိုင် တွေ့ဖို့ ဖိတ်ထားပါတယ်။ ဒီမနက် ဖိတ်စာ ရောက်ပါပြီ။ အဓိကကတော့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးတဲ့အခါ နိုင်ငံရေးမူဘောင် ရေးဆွဲရေးကိစ္စတွေ ရွေးကောက်ပွဲအောင်မြင်အောင် ကျင်းပနိုင်ရေးနဲ့ တရားမျှတ လွတ်လပ်တဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့အတွက် နိုင်ငံရေးအနေအထားတွေ ဆွေးနွေးကြဖို့ ပါပဲ” လို့ ပြောပါတယ်။

မနက်ဖြန် ကျင်းပမယ့် ဆွေးနွေးပွဲမှာ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (အန်စီအေ)မူကြမ်း အတည်ပြုနိုင်ခဲ့တဲ့ ကိစ္စ၊ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး၊ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ် ချောမွေ့ရေးနဲ့ ရွေးကောက်ပွဲမတိုင်မီ ကြားကာလ နိုင်ငံရေးတည်ငြိမ်ရေးကိစ္စတွေ ဆွေးနွေးဖို့ ရှိတယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲဖိတ်ကြားခံရသူ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်ကလည်း ဒီဆွေးနွေးပွဲအပေါ် မျှော်လင့်ချက်နဲ့ ပတ်သက်ပြီး “အားလုံးကတော့ တိုင်းပြည်အကျိုး အတွက်ပါဘဲ။ အားလုံးရဲ့ ရည်ရွယ်ချက်က တိုင်းပြည်တည်ငြိမ် အေးချမ်းဖို့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့ တိုင်းရင်းသားတွေအတွက် အကျိုးရှိဖို့၊ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲဖို့ အဲဒါပါပဲ အားလုံး ရည်ရွယ်ချက် တူပါတယ်။ တိုင်းပြည်အတွက် ကောင်းကျိုးဖြစ်ထွန်းလာမယ်လို့ မျှော်လင့်ပါတယ်”လို့ ပြောပါတယ်။

ယခင်ဆွေးနွေးပွဲတွေမှာ ပါဝင်တက်ရောက်ခဲ့တဲ့ ချင်းအမျိုးသားပါတီဥက္ကဌ ပူးဇိုဇမ်ကတော့ ဒီ ၄၈ ပွင့် တွေ့ဆုံဆွေးနွေးပွဲဟာ တကြိမ်ထက်တကြိမ်ပိုပြီး ရလဒ်ကောင်းတွေ ထွက်လာမယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၂ ရက်ကလည်း နေပြည်တော် သမ္မတ အိမ်တော်မှာ သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးပါတီ ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားရေးရာဝန်ကြီးတွေ စုစုပေါင်း ၄၈ ဦး နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲကျင်းပခဲ့ပါတယ်။

 By ဒီဗွီဘီ
http://burmese.dvb.no


အမျိုးသားလွှတ်တော်က အတည်ပြုထားတဲ့ အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို ဒီမိုကရေစီ ပညာရေး လွတ်လပ်ခွင့် အာမခံခြင်းဆိုတဲ့အပိုဒ် တစ်ခုလုံးကိုဖြုတ်ချပြီး ဒီကနေ့ ပြည်သူ့ လွှတ်တော်က အတည်ပြု လိုက်ပါတယ်။

ဒီနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်ပုံမှန် အစည်းအဝေးမှာ ဥပဒေကြမ်းနဲ့ စပ်လျဉ်းပြီး တင်သွင်း ထားတဲ့ ပြင်ဆင်ချက်အဆိုတွေကို မနက်ပိုင်းရော ညနေပိုင်းပါ တစ်ပိုဒ်ချင်းအလိုက် ဆွေးနွေးပြီး လွှတ်တော် အဆုံးအဖြတ်ရယူ အတည်ပြုလိုက်တာပါ။

ဆွေးနွေးတဲ့အထဲမှာအမျိုးသားလွတ်တော်က အတည်ပြုထားတဲ့ ပြင်ဆင်ချက်အတိုင်း လိုက် အတည်ပြုတာရှိသလို ပြင်ဆင်ထားတဲ့ အချက်တွေလည်းရှိတယ်လို့ သီပေါပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ပြောပါတယ်။
“စုစုပေါင်း ၁၃၁ ချက်လောက်ရှိတယ်။ ၁၃၁ ချက်မှာ အမျိုးသားလွှတ်တော်ရဲ့ ပြင်ဆင်ချက်အတိုင်းကို အတည်ပြုတဲ့အချက်ပေါင်းက ၅၀။ နောက် ကျနော်တို့ ပြည်သူ့လွှတ်တော်က ပြင်ဆင်တဲ့ ပြင်ဆင်ချက်ကို ကျနော်တို့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တွေက ထင်မြင်ချက် မတင်တဲ့ အချက်ပေါင်းက ၄၅ ချက်။ နောက်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေက ပြင်ချင်တယ်ဆိုတဲ့ အချက် ၃၆ ချက်ရှိတယ်။”

အတည်ပြုခဲ့တဲ့ အချက်တွေထဲမှာ သပိတ်မှောက် ကျောင်းသားတွေတောင်းဆိုခဲ့တဲ့ အချက်တချို့ ပါဝင်ခဲ့ပေမယ့် အမျိုးသားပညာရေးကော်မရှင်အတွင်း ကျောင်းသားနဲ့ဆရာတွေက ရွေးချယ်တဲ့ ကိုယ်စားလှယ်တွေ ထည့်သွင်းပေးရေးတောင်းဆိုချက်ပယ်ချခံခဲ့ရသလို ဒီမိုကရေစီ ပညာရေးလွတ်လပ်ခွင့်ကို အာမခံခြင်းဆိုတဲ့ အပိုဒ် ၂၂ တစ်ခုလုံးကိုလည်း ပြည်သူ့ လွှတ်တော်ကဖြုတ်ချခဲ့ပါတယ်။

သင်္ဃန်းကျွန်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းညွှန့်ကတည်ငြိမ်မှုရှိတဲ့ ပညာရေးစနစ် တည်ဆောက်မယ်ဆိုရင် မူလအဆိုပြုထားတဲ့အတိုင်း ဒီမိုကရေစီပညာရေး လွတ်လပ်ခွင့်ကို အာမခံပေးချက်ပေးရပါမယ်၊ အဲ့လိုအာမခံချက်ပေးမယ်ဆိုရင် အဆိုပြု ပြဌာန်းချက်အပိုဒ် ၂၂ ကို ပြန်လည်ထည့်သွင်းပေးဖို့ လိုအပ်ကြောင်း ဆွေးနွေးသွားပါတယ်။

ကျောင်းသားသမဂ္ဂကို ဖြုတ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးလည်း ကန့်ကွက်ခဲ့တဲ့ ပြည်သူ့ လွှတ်ကိုယ်စားလှယ် ဦးသိန်းညွန့်က “ကျနော်ကတော့ ကျောင်းသားသမဂ္ဂနဲ့ပတ်သက်တဲ့ ဥပဒေဆိုင်ရာ ပိုပြီးအားကောင်းအောင် ကျနော်ကြိုးစားပါတယ်။ ဟိုအရင်တုန်းက ကျနော် ဝေါဟာရမှာ ကျောင်းသားသမဂ္ဂဆိုတာ ဥပဒေဝေါဟာရမှာ ဘယ်လိုထည့်သင့်တယ်ဆိုတာ။ ဒါပေမယ့် သူတို့က ကျောင်းသားသမဂ္ဂကိစ္စ အပိုဒ်တပိုဒ်မှာ သက်ဆိုင်ရာ တက္ကသိုလ်ရဲ့ ပဋိညာဉ် အတိုင်း လုပ်လို့ရတယ်ဆိုပြီးတော့ ကျနော်က ဥပဒေ အပေါ်မှာ ဝေါဟာရဖွဲ့တာကို ကျနော်က လက်မခံဘူး။ အလားတူပဲ ကျောင်းသားသမဂ္ဂတွေနဲ့ ပတ်သက်တဲ့ အခန်းကဏ္ဍတွေကို ရပ်တည်ပြီးဆွေးနွေးဖြစ်တာပေါ့။ နောက်ဆုံးဒီနေ့ ကျောင်းသားတွေတောင်းဆိုတဲ့ ပညာရေး ဘတ်ဂျတ် ၅ နှစ်အတွင်း အနည်းဆုံး ၂၀ ရာခိုင်နုန်းကိစ္စ ဒါလည်း ကျနော်ထောက်ခံတယ်။ သို့သော် ကျနော့်ရဲ့ပြင်ဆင်ချက်တွေကတော့ မအောင်မြင်ပါဘူး။”

အမျိုးသားလွှတ်တော်မှာ ဥပဒေမူကြမ်းအတည်ပြုတုန်းကလည်း ကျောင်းသားတွေ တောင်းဆိုတဲ့ အဓိကအချက်တွေထဲက တချက်ဖြစ်တဲ့ ကျောင်းသားသမဂ္ဂ လွတ်လပ်စွာ ဖွဲ့စည်းခွင့် ရရေးကို ပဋိညာဉ်နဲ့အညီ ဖွဲ့စည်းရမယ်လို့ ပြင်ဆင်ထားပါတယ်။

ဥပဒေကြမ်းပါ ဆရာသမဂ္ဂကိုယ်စားလှယ်၊ ကျောင်းသားသမဂ္ဂကိုယ်စားလှယ်အစား ဆရာများမှ ရွေးချယ်သောကိုယ်စားလှယ်၊ ကျောင်းသားများမှရွေးချယ်သောကိုယ်စားလှယ်ဆိုပြီး ပြင်ဆင်ပေးဖို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်က အဆို တင်သွင်းသွား ခဲ့ပါတယ်။

ဒီအဆိုတင်သွင်းရခြင်းနဲ့ပတ်သက်ပြီး ဦးဖြိုးဇေယျာသော်က “အဲဒီစာပုဒ်ဟာ တက္ကသိုလ်ကောင်စီဆိုတဲ့ တက္ကသိုလ်ရဲ့ အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့အစည်း ဖွဲ့စည်းတဲ့ ပုဒ်မပါ။ အဲဒီပုဒ်မမှာ ပထမ အန်အန်အီးအာကနေ တဆင့်တင်သွင်းထားတဲ့ ဥပဒေကြမ်းမှာ ဆရာသမဂ္ဂကိုယ်စားလှယ်၊ ကျောင်းသားသမဂ္ဂကိုယ်စားလှယ်ဆိုပြီးတော့ အဲလို စာသားနဲ့ရေးထားပါတယ်။ ကျနော်တို့အနေနဲ့ ပြင်ဆင်ချက်တင်သွင်းတယ်ဆိုတဲ့ဟာကတော့ ဆရာသမဂ္ဂကိုယ်စားလှယ်၊ ကျောင်းသားသမဂ္ဂကိုယ်စားလှယ်မှ မဟုတ်ဘူး။ ဆရာတွေထဲမှာလည်း သမဂ္ဂ၀င်တဲ့ဆရာတွေရှိသလို မ၀င်တဲ့ဆရာတွေလည်းရှိမယ်။ ကျောင်းသားထဲမှာလည်း သမဂ္ဂ၀င်တဲ့သူတွေရှိသလို မ၀င်တဲ့သူတွေလည်းရှိနိုင်တယ်။ အဲဒီအတွက်ကြောင်မို့လို့ ဆရာရော၊ ကျောင်းသားရော ဘယ်သူမဆို ကိုယ်စားပြုမှုရအောင်ဆိုပြီးတော့ ကျနော်တို့က ဆရာများမှ ရွေးချယ်သော ကိုယ်စားလှယ်၊ ကျောင်းသားများမှရွေး ချယ်သောကိုယ်စား လှယ်ဆိုပြီးတော့ ပြင်ဆင်ချက်တင်တာပါ။” လို့ ပြောပါတယ်။

ဒီပြင်ဆင်ချက်ကို ဥပဒေကြမ်းကော်မီတီကလည်း ထောက်ခံတဲ့အတွက်ကြောင့် ပြည်သူ့ လွှတ်တော်က ပြင်ဆင်အတည်ပြုထားပါတယ်။

ပညာရေး ဥပဒေပြင်ဆင်ရေးအတွက် ၄ ပွင့်ဆိုင် ဆွေးနွေးပွဲမှာ သဘောတူထားတဲ့ ပညာရေးဘတ်ဂျက်ကို ၂၀ရာနှုန်းထိတိုးမြှင့်ပေးရေးအချက်နဲ့ ပတ်သတ်လို့ နိုင်ငံတော်ရဲ့ ပညာရေး အသုံးစရိတ်ကို နိုင်ငံ့အသုံးစရိတ်အားလုံးရဲ့ ၂၀ရာခိုင်နှုန်းအထိ ရောက်ရှိရေး အတွက်ရည်မှန်းချက်ထား ဆောင်ရွက်ရေးဆိုပြီး ပြည်သူ့လွှတ်တော်မှာ ပြင်ဆင်အတည်ပြုခဲ့ပါတယ်။

ခုပြည်သူ့ လွှတ်တော်မှာအတည်ပြုလိုက်တဲ့ ဥပဒေမူကြမ်းကို အမျိုးသားလွှတ်တော်ထံ ပြည်လည်ပေးပို့မှာဖြစ်ပြီး အမျိုးသားလွှတ်တော်က ပြည်သူ့လွှတ်တော်နဲ့ သဘောထား ကွဲလွဲချက်တွေကို ပြန်လည် ဆွေးနွေးကြဦးမှာပါ။

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို ပညာရေး ၀န်ကြီးဌာနက လွှတ်တော်ကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့က တရားဝင် တင်သွင်းခဲ့ပြီး အမျိုးသားလွှတ်တော်က မတ်လ ၂၆ ရက်နေ့က အတည်ပြုခဲ့တာဖြစ်ပါတယ်။

ဒီဥပဒေပြင်ဆင်ဖို့ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ကြတဲ့ သပိတ်မှောက် ကျောင်းသားတွေနဲ့ ၀န်းရံ ပြည်သူတွေကတော့ သာယာဝတီ ထောင်မှာ ဖမ်းဆီးခံထားရပြီး ပုဒ်မ ၅ ခုနဲ့ တရားစွဲခံ ထားရပါတယ်။

 By နော်နိုရင်း (ဒီဗွီဘီ)
http://burmese.dvb.no


သင်္ကြန်နီးတိုင်း ထကြွလာသည့် စာနာမှုမဲ့ စိတ်ရိုင်းများနှင့်ပတ်သက် ၍သင်္ကြန်ကာလရက်ရှည်ရုံးပိတ် ရက်နီးလေပြီ။ ရန်ကုန်မှ ဇာတိနယ် မြေများသို့ ပြန်ကြမည့်သူများ အဝေးပြေးမော်တော်ယာဉ်လက်မှတ် ဝယ်ယူသည့်အခါ နှစ်စဉ်ကြုံတွေ့ နေရသည့်စိတ်ဒုက္ခများ၊ အခက် အခဲများ ယခုနှစ်လည်းကြားလာရ ပြန်သည်။ စာရေးသူလည်းကိုယ် တိုင်မကြုံတွေ့ရသည့်တိုင် မိသား စုဝင်တစ်ဦး၏ အတွေ့အကြုံကို ကိုယ်ကြုံတွေ့ရသကဲ့သို့ ခံစား လိုက်ရသည်။ အခြေအနေပေါ်စဉ်း စားနိုင်ရန်ဖြစ်ရပ်ကို အကျဉ်းအား ဖြင့်သိစေချင်သည်။

သွားမည့်ခရီး-မင်းဘူး လက် မှတ် ဝယ်သည့်ရက်၊ အချိန်-မတ် ၁၅ရက် မွန်းလွဲ ၂နာရီဝန်းကျင်၊ ခရီးသွားမည့်ရက်-ဧပြီ ၁ဝ ရက် လက်မှတ်ဝယ်သည့်ရက်နှင့် ခရီး သွားမည့်ရက်ကွာချိန်၂၅ရက်၊ မော်တော်ယာဉ်ဂိတ်အမည်- အောင်မင်္ဂလာအဝေးပြေးကားဝင်း၊ လက်မှတ်ပေါ်တွင် ရေးပေးသည့် တန်ဖိုးကျပ် ၉ဝဝဝ၊ လက်မှတ် ရောင်းသူကို အမှန်ပေးရသော ငွေမှာကျပ်၁၅ဝဝဝ၊ လက်မှတ် ရောင်းသူ(အမျိုးသမီး)ပြောစကား -''လက်မှတ်မှာ ၉ဝဝဝ ပဲရေးမှာ ၁၅ဝဝဝ ပေးရမယ်။ ကြိုက်မှ ယူ ပါ''လက်မှတ်ဝယ်သူ ပြောစကား ''ကြားခုံရောတင်ဦးမှာလား'' လက်မှတ်ရောင်းသူပြန်ဖြေစကား ''ပြောလို့မသေးဘူး။ တင်ဖို့တော့ အစီအစဉ်ရှိတယ်''
ဇနီးဖြစ်သူကသင်္ကြန်ပိတ်ရက် အတွင်း မွေးရပ်ဇာတိမင်းဘူးကို ပြန်မည့် ဆွေနီးမျိုးစပ်တစ်ဦးအ တွက် လက်မှတ်သွားဝယ်ပေးချိန် တွင်ကြုံခဲ့ရခြင်းဖြစ်သည်။ သင်္ကြန် ချိန်နီးကပ်လေ ဝယ်ရခက်ခဲလေ ဖြစ်ခဲ့သည့် ယမန်နှစ်များအတွေ့ အကြုံများအရ စောစောစီးစီးသွား ရောက်ဝယ်ယူခဲ့ရာတွင် ဤသို့ကြုံ ခဲ့ရခြင်းဖြစ်သည်။

နှစ်စဉ်နှစ်တိုင်း သည်အချိန် ရောက်လျှင်ကြုံတွေ့နေကျ အဖြစ် အပျက်တစ်ခုဖြစ်သဖြင့် မထူးဆန်း သော်လည်းဖြစ်ပျက်နေသည့်အခြေ အနေကို တာဝန်ရှိသူတစ်စုံတစ် ယောက်၊ အဖွဲ့တစ်ဖွဲ့သို့ ပြောပြ၍ ရင်ဖွင့်ချင်သည့်စိတ်ဖြစ်လာမိသည်။ ထိုအခြေအနေနှင့်တိုက်ဆိုင်စွာ မတ်လ တတိယပတ်လောက်မှစ၍ ဂျာနယ်များ၊သတင်းစာများ၌ အဝေး ပြေးကားလက်မှတ်များ ဈေးနှုန်း ပိုတင်ရောင်းပါက ဖြေရှင်းပေးမည် ဟု သတင်းများကို မကြာခဏ ဖတ်ရခြင်း၊ ရန်ကုန်တိုင်းဒေသကြီး မထသ(ဗဟို)မှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး အဝေးပြေး မော်တော်ယာဉ် ကော်မတီဥက္ကဋ္ဌတို့ ၏ပြောဆိုချက်များကို သတင်းစာ၊ ဂျာနယ်များတွင် ထပ်ခါထပ်ခါ ဖတ်ရှုခဲ့ရခြင်းကြောင့် ၄င်းတို့ထံ အားကိုးတကြီး ပြောပြချင်စိတ်ဖြစ် သွားခဲ့သည်။ ၂၇-၃-၂ဝ၁၅ရက် နေ့လယ်တွင် မိတ်ဆွေတစ်ဦးထံမှ ဖုန်းနံပါတ်ရလာ၍ ရန်ကုန်တိုင်း မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်း သိမ်းရေးကော်မတီ(ဗဟို)မှ ဦးလှ အောင်(ဝ၉-၇၃၂ဝဝ၄၄၄)ဆိုသူကို ဆက်သွယ်ပြောဆိုရာ ၄င်းက အဝေးပြေးလိုင်းနှင့် သက်ဆိုင်သည့် ဦးညွန့်ဝေ(ဝ၉-၅ဝ၁၇၃၇၆)ဆိုသူ ကို ဆက်သွယ်ရန် လမ်းညွှန်ပေး သည်။ စာရေးသူက ဦးညွန့်ဝေ ဆိုသူကို ဖုန်းဆက်သွယ်ရာအဝေး ခရီးကိုကားမောင်းသွားနေကြောင်း ပြောသည်ကိုသာ ကြားလိုက်ရပြီး ဖုန်းအဆက်အသွယ် ပြတ်သွား သည်။ စာရေးသူစိတ်လျော့လိုက် သည်။ ဖုန်းနံပါတ်ပေးခဲ့သည့် ဦးလှအောင်ကို ထိုအခြေအနေနှင့် ပတ်သက်၍ပြောပြရန် ပြန်လည် ဆက်သွယ်သောအခါ ဦးလှအောင် ကစိတ်ရှည်လက်ရှည် ပြန်လည် ပြောပြီး အနီးကပ်တာဝန်ယူဖြေ ရှင်းပေးနိုင်မည့်သူ ဦးမျိုးဝင်း (ဝ၉-၅ဝ၆၅၃၈၆)ဆိုသူ၏ ဖုန်း နံပါတ်ကို ထပ်မံပေးသည်။ ဦးမျိုး ဝင်းဆိုသူကို ထိုည ၇နာရီကျော် လောက်မှ ဆက်သွယ်ခဲ့ပြီးအခြေ အနေကို အသေးစိတ်ပြောပြဖြစ်ခဲ့ သည်။ စာရေးသူအနေဖြင့် မိမိတို့ ပိုပေးလိုက်ရသည့်ငွေ ပြန်အမ်းပေး စေလို၍ မဟုတ်ဘဲ မိမိတို့အပါ အဝင် နယ်ပြန်ခရီးသည်များစွာ နှစ်တိုင်းခံစားနေရသည့်စာနာစိတ်မဲ့ အေးဓားပြတိုက်နေသည့်အခြေအနေ များကို ဖြေရှင်းပေးနိုင်မည့်အဖွဲ့သို့ တာဝန်သိပြည်သူတစ်ဦးအနေဖြင့် အသိပေးခြင်းသာဖြစ်ကြောင်း ပြောကြားခဲ့သည်။

၃-၄-၂ဝ၁၅ရက် နံနက် အိပ်ရာ နိုးနိုးချင်းကြည့်မိသော မြန်မာ့ ရုပ်မြင်သံကြားသတင်းတွင် နေပြည် တော်အခြေစိုက် အဝေးပြေးကား လက်မှတ်များ ဈေးနှုန်းတိုးမြှင့် မရောင်းချနိုင်အောင် ကြီးကြပ် ဆောင်ရွက်နေကြောင်း၊အခြားဒေသ များ၊ နေပြည်တော်သို့ ဝင်ရောက် လာသည့် မော်တော်ယာဉ်များကို စနစ်တကျစစ်ဆေးကွပ်ကဲသွားမည် ဖြစ်ကြောင်း၊ စိစစ်ရေးအဖွဲ့များဖွဲ့၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မော်တော်ယာဉ်လိုင်းများနှင့် အင် တာဗျူးတွင်လည်း ဂျေဂျေအိပ်စပက် လိုင်းမှ တာဝန်ရှိသူတစ်ဦးပြော ကြားရာတွင် လက်မှတ်ဈေးတင် ပြီးရောင်းခြင်းသည် ခရီးသွား ပြည်သူများအတွက်လည်းမကောင်း၊ မော်တော် ယာဉ်လိုင်း(ဂိတ်)လည်း သိက္ခာကျ၊ တာဝန်ရှိအဖွဲ့အစည်း အတွက်လည်း တာဝန်မကျေရာကျ ကြောင်း၊ မကောင်းကြောင်း ပြန် လည်ဖြေသည့် စကားကိုကြား လိုက်ရသည်။

ရန်ကုန် အောင်မင်္ဂလာအဝေး ပြေးကားဝင်းအတွင်းတွင်မူ မတ် လလယ်လောက်မှ ယခုအချိန် အထိ သင်္ကြန်ပိတ်ရက်နယ်ပြန်ခရီး သည်တို့၏ လက်မှတ်ဝယ်ယူရေး အခက်အခဲ၊ စိတ်သောကသံများကို အရပ်ထဲ၊ သတင်းစာ၊ ဂျာနယ်များ မှလည်းကောင်း ယခင်နှစ်များ အတိုင်းကြားနေရဆဲ။ သင်္ကြန် ကာလ ရန်ကုန်မှ ဇာတိမြေပြန်သူ အများစုမှာ တစ်နှစ်ပတ်လုံး ရန်ကုန်မြို့၌ ကိုယ်တိုင်စားဝတ်နေ ရေးနှင့် ဇာတိဒေသမှ မိသားစုများ အတွက် ဝင်ငွေရုန်းကန်ရှာဖွေကြ သူများဖြစ်ပြီး သင်္ကြန်ပိတ်ရက် တစ်ပတ်ဆယ်ရက်ခန့်တွင် စိတ်ရော၊ လူပါ အပန်းဖြေရင်း မိသားစုများ ကို တွေ့ချင်စိတ်ဖြင့်ပြန်ကြခြင်းဖြစ် သည်။ စာနာမှုများရှိစေချင်သည်။ ထိုအခြေအနေများကို စဉ်းစားမိ ရင်း မော်တော်ယာဉ်ဂိတ်များ၏ ခရီးသည်များအပေါ်သဘောထား၊ တာဝန်ရှိအဖွဲ့အစည်းများအပေါ် သဘောထား၊ တာဝန်ရှိအဖွဲ့များက ပြည်သူများ၏ အခက်အခဲကို ရှုမြင် ပုံနှင့်ဖြေရှင်းပုံစသဖြင့် အခြေအနေ အမျိုးမျိုးအပေါ်အတွေးများစွာ ဖြစ်ပေါ်လာခဲ့သည်။ ပြည်သူဗဟိုပြု အုပ်ချုပ်ရေးစနစ်ကို ဦးတည်လျက် ပြည်သူ့များ၏ အခက်အခဲများကို လေ့လာ၍ ဖြည့်ဆည်းပေးနေသော ယခုကဲ့သို့အချိန်အခါမျိုးတွင် ပြည်သူ များ မည်သူတို့ကြောင့်၊ မည်သို့ အခက်အခဲဖြစ်နေသည်၊ မည်သည် တို့က မည်သို့မည်ပုံဖြေရှင်းပေးနေ သည်ကိုလည်း သက်ဆိုင်ရာနယ် မြေဒေသအကြီးအကဲများနှင့် တာဝန် ရှိသူအကြီးအကဲများကို အများပြည် သူတို့ ကိုယ်စားပြောပြလိုသည့် ဆန္ဒ များဖြစ်လာကာ ဤဆောင်းပါးကို ရေးမိခြင်းဖြစ်သည်။ စာရေးသူ ဆက်သွယ်မိသော တာဝန်ရှိသူ များသည်လည်း နည်းလမ်းအမျိုး မျိုးဖြင့် ဖြေရှင်းနေကြလိမ့်မည်ဟု ယုံကြသည်။ဖြေရှင်းရင်းနည်းလမ်း ကောင်းများ ရရှိပါစေဟုလည်း ဆုတောင်းမိသည်။ ပြဿနာ ပြေလည်စေလိုသောစိတ် စေတနာ ဖြင့် စဉ်းစားမိသော စာရေးသူ၏ အကြံပြုချက်အချို့မှာ အောက်ပါ အတိုင်းဖြစ်သည်။

မော်တော်ယာဉ်လိုင်းများနှင့် ညှိနှိုင်း ခြင်း
တာဝန်ရှိသည့်အဖွဲ့သည် အောင် မင်္ဂလာအဝေးပြေးကားဝင်းကို အခြေပြုသည့် ဂိတ်ဖြစ်စေ၊ နယ် ဒေသများမှ ဆိုက်ရောက်သည့် ဂိတ်ဖြစ်စေ ထိုမော်တော်ယာဉ် ဂိတ်များမှ တာဝန်ရှိသူများကို အစည်းအဝေးခေါ်ယူ၍ ညှိနှိုင်း ဆောင်ရွက်ခြင်း၊ အစီအစဉ်များ၊ စည်းကမ်းများ၊ အရေးယူမှုများ၊ ဆောင်ရွက်မှုများနှင့်ပတ်သက်၍ အသိပေးခြင်း၊ ဖြန့်ဝေခြင်း၊ သိရှိ ကြောင်း လက်မှတ်ရေးထိုးစေ ခြင်းတို့ကို ပြုလုပ်ထားသင့်သည်။

အများပြည်သူကို သတင်းပေးခြင်း
အောင်မင်္ဂလာအဝေးပြေးကား ဝန်းကွင်း၏ လူမြင်ကွင်းနေရာများ တွင် ကြော်ငြာဘုတ်ကြီးဖြင့်လည်း ကောင်း၊ မီဒီယာဂျာနယ်၊သတင်း စာများတွင် သတင်းသဘော မဟုတ်ဘဲ ကြေညာချက်အနေဖြင့် ခရီးသည်များအနေဖြင့် သင်္ကြန်ပြန် ကားလက်မှတ်များကို ပွဲစားများ တွင် ဝယ်ယူခြင်းမပြုဘဲ ပင်ရင်း ဂိတ်တွင် ခရီးသည်၏မှတ်ပုံတင် ပြ၍ ဝယ်ယူရေးအကြံပြုရန်နှင့် လက်မှတ်ဈေးနှုန်းပိုပေးရပါက တိုင်ကြားနိုင်သည့် အဖွဲ့၊ လိပ်စာ၊ တာဝန်ရှိသူများ၊ ဖုန်းနံပါတ်များ ကို ထည့်သွင်းရေးသားကြေညာ ထားသင့်သည်။

ပံ့ပိုးမှုအကူအညီရယူခြင်း
တိုင်ကြားမှုဖြေရှင်းရာတွင် လိုအပ်ပါက အထောက်အကူများ ရရှိရေးအတွက် သက်ဆိုင်ရာနယ် မြေ၊ ဒေသဆိုင်ရာအာဏာပိုင်များ၊ ဆက်စပ်အဖွဲ့အစည်းများနှင့် ကြို တင်ချိတ်ဆက်မှုများ စီစဉ်ထား သင့်သည်။
တာဝန်ယူဖြေရှင်းပေးသည့်အဖွဲ့ လုပ်ဆောင်သင့်သည့်အချက်များ လိုက်ပါစီးနင်းမည့် ခရီးသည် မှတ်ပုံတင်ပြနိုင်မှ (သို့မဟုတ်) မှတ်ပုံတင်နံပါတ်ပြောနိုင်မှသာ လက်မှတ်ရောင်းရန်နှင့် မှတ်ပုံတင် နံပါတ်ကို လက်မှတ်ရောင်းမှတ် တမ်း သို့မဟုတှ်နအေငညါ စူညေ တွင်တစ်ပြိုင်နက်မဖြစ်မနေရေးမှတ် ရန်အတွက် ဂိတ်များသို့ ညွှန်ကြား ထားခြင်း။ အကယ်၍ ခရီးသည် အပြောင်းအလဲဖြစ်ပါက မူလဝယ် ယူသည့်ခရီးသည်က ဂိတ်သို့ အကြောင်းကြားပေး၍ စီးနင်းမည့် ခရီးသည်၏ မှတ်ပုံတင်နံပါတ် ပြန်လည်ပေးရန်အတွက် ခရီးသည် များကို ကြိုတင်ပြောထားရန် ဂိတ် များသို့ ညွှန်ကြားထားခြင်း၊ တိုင် ကြားလာသူ၏စိတ်ဆန္ဒပေါ်မူတည် ၍ ကူညီပေးခြင်း။(ပိုငွေလိုချင်ပါက ပြန်အမ်းပေးနိုင်ရန်စီစဉ်ပေးခြင်း၊ ငွေမလိုချင်ဘဲ အရေးယူပေးရန်သာ သို့မဟုတ် အသိပေးတိုင်ကြားရုံ သာဖြစ်ပါက အရေးယူမှုအစီ အစဉ်ကို ရှင်းလင်းပြောပြခြင်း)
တိုင်ကြားခံရသည့် ဂိတ်ကို ခေါ်ယူအသိပေးခြင်း၊ မှတ်တမ်း တင်ထားခြင်း၊ ညှိနှိုင်းဖြေရှင်းပေး ခြင်း၊ တိုင်ကြားသူ စိတ်အနှောင့် အယှက်နှင့်ဘေးအန္တရာယ်မဖြစ်စေ ရေး ဂိတ်ကို တာဝန်ယူစေခြင်း၊
တိုင်ကြားမှုတွင်ဈေးနှုန်းလက်မှတ် ကို ဂိတ်မှဝယ်ယူခဲ့ခြင်းလော၊ပွဲစား ထံမှ ဝယ်ယူခဲ့ခြင်းလောဆိုသည် များနှင့်ပတ်သက်၍ ခရီးသည်နှင့် လက်မှတ်ကောင်တာအကြား မရှင်း မလင်းဖြစ်သည့်အခါ လက်မှတ် ရောင်းမှတ်တမ်း သို့မဟုတ် Seating plan စာရွက်တွင် မှတ်ထား သည့် မှတ်ပုံတင်နှင့် တိုက်ဆိုင် စစ်ဆေး၍ ဖြေရှင်းပေးခြင်း။

မှတ်တမ်းများထားရှိခြင်း
တိုင်ကြားမှုများကို ပြုစုမှတ် တမ်းပြုထားရှိခြင်း၊(တိုင်ကြားသူ၊ တိုင်ကြားခံရသည့်ဂိတ်၊ ဖြေရှင်း ပုံ၊ တိုင်ကြားသူကိုစိတ်အနှောင့် အယှက်နှင့် ဘေးအန္တရာယ်ပေး ခြင်းမပြုရန် ဝန်ခံကတိစသဖြင့်)
မော်တော်ယဉ်ဂိတ်အသီးသီး၏ သင်္ကြန်ပြန်လက်မှတ်စတင်ရောင်း ချမည့်အချိန်နှင့် နောက်ဆုံးရက်၊ အရောင်းပိတ်ချိန်၊ မော်တော်ယာဉ် စီးရေ သတင်းအချက်အလက် များ၊ ဖြစ်နိုင်လျှင် နေ့စဉ်လက်မှတ် ရောင်းချသည့် အခြေအနေ။ အနီး ကပ် ထပ်တိုးမော်တော်ယဉ်ရှိပါ က ထပ်တိုးသည့် အစီးရေ။

မှတ်တမ်းများကိုစိစစ်သုံးသပ်ခြင်း နှင့် အရေးယူဆောင်ရွက်ခြင်း
သင်္ကြန်ကာလအလွန်တွင် တိုင်ကြားမှုမှတ်တမ်းများအပေါ် စိစစ်သုံးသပ်မှုများပြုလုပ်၍ ရရှိ လာသော အခြေအနေများကို ဆက်စပ်မှုရှိသော အဖွဲ့များ၊ ဌာန များ၊ မော်တော်ယာဉ်ဂိတ်များသို့ ဖိတ်ကြား၊ အသိပေးမှုပြုလုပ်သင့် သည်။

တိုင်ကြားခံရမှုအရေအတွက်၊ ဖြေရှင်းမှုအခြေအနေများပေါ်မူတည် ၍ ဒဏ်ကြေးအနည်းအများမှစ၍ ကြီးမားသောပြစ်ဒဏ်ပေး၊ အရေး ယူမှုများကို သက်ဆိုင်ရာဌာနများ၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များနှင့် တင်ပြ၍အရေးယူမှုပြုသင့်သည်။

အရေးယူဆောင်ရွက်ပြီးပါက အရေးယူမှုအခြေအနေကို အဝေး ပြေးဝင်းအတွင်းမြင်သာသောနေရာ တွင်ကြေညာခြင်း၊ မီဒီယာများမှ တစ်ဆင့်ကြေညာခြင်းတို့ပြုလုပ် ပေးသင့်သည်။

(စာကြွင်း။ဆောင်းပါးထဲတွင် စာရေးသူဆက်သွယ်မိသည့် တာဝန် ရှိသူအချို့ကို ၄င်းတို့၏အမည်နှင့် ဖုန်းနံပါတ်ကိုပါ ယှဉ်တွဲရေးသား ဖော်ပြရခြင်းမှာ အခက်အခဲကြုံ တွေ့ရသော ခရီးသည်များအတွက် တိုင်ကြားလိုသည့်အခါ အထောက် အကူ ဖြစ်စေရန်ရည်ရွယ်လျက် ဖော်ပြခြင်းဖြစ်ကြောင်းနှင့် ဤ ဆောင်းပါးသည် ဈေးနှုန်းမှန်ကန် စွာရောင်းချသည့် သိက္ခာရှိသည့် မော်တော်ယာဉ်လိုင်းများကို မရည် ရွယ်ပါကြောင်း)

ပြည့်ဝန်ထမ်းမှတ်တမ်းရှင်
The Union Daily
http://uniondaily.net

Total ရတနာ ကမ်းလွန် သဘောဝ ထုတ်လုပ်ရေးလုပ်ငန်း
ဧပြီလ ၁ ရက်နေ့မှာ စတင်တဲ့ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာ နှစ်မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ သန်း ခြောက်ထောင် ဝင်ရောက်လာဖို့ လျာထား တယ်လို့ အစိုးရက ထုတ်ပြန်ပါတယ်။

စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အနေနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေဝင်ရောက်လာရေး နှစ်စဉ်လျာထားအကောင် အထည် ဖော်ဆောင်ရွက်နေ သလို နှစ်ရှည် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်းရေးဆွဲ အကောင် အထည်ဖော်နေတယ်လို့လည်းဆိုပါတယ်။

၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်မှာ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု လျာထားချက် အမေရိကန်ဒေါ်လာ သန်းတစ်ထောင် အမှန်ခွင့်ပြုပမာဏ အမေရိကန်ဒေါ်လာ ၃၄၁၉ သန်းရှိခဲ့ပြီး ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်တွင် လျာထားချက် အမေရိကန်ဒေါ်လာ သန်းသုံးထောင်၊ အမှန်ခွင့်ပြုပမာဏ အမေရိကန်ဒေါ်လာ ၄၁ဝ၇ သန်းရှိတယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်မှာတော့ လျာထားချက်အမေရိကန်ဒေါ်လာ သန်းလေးထောင် ရှိခဲ့ပြီး အမှန်ခွင့်ပြုပမာဏ အမေရိကန်ဒေါ်လာ ၈ဝ၁ဝ သန်း ထိရရှိခဲ့တယ်လို့ အစိုးရ တရားဝင် ထုတ်ပြန်ချက်အရသိရပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံထားတဲ့ အဓိက လုပ်ငန်း ၅ ခုကတော့ လျှပ်စစ်စွမ်းအား လုပ်ငန်း၊ ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်း သယ်ယူပို့ ဆောင်ရေးနဲ့ ဆက်သွယ်ရေးလုပ်ငန်းနဲ့ သတ္တုတူး ဖော်ရေးလုပ်ငန်းတွေဖြစ်ပါတယ်။

ပြည်တွင်းမှာ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုထားတဲ့ နိုင်ငံအလိုက် စာရင်းမှာတော့ တရုတ်က ၂၇ ရာခိုင်နှုန်းကျော်နဲ့ ထိပ်ဆုံးမှာရှိနေပြီး ထိုင်း၊ စင်ကာပူ၊ ဟောင်ကောင်နဲ့ ယူကေတို့ နောက်က အစဉ်လိုက်ရပ်တည်နေပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no

ပထမဆုံးအကြိမ် ဟောင်ကောင် ရောက်ရှိသွားတဲ့ မြန်မာ အိမ်ဖေါ်တွေ ။ ဓါတ်ပုံ - http://www.scmp.com
မြန်မာနိုင်ငံက အိမ်ဖေါ်တွေ မှာယူတင်သွင်းနေတဲ့ ဟောင်ကောင်အခြေစိုက် အိမ်ဖော် ကုမ္ပဏီ တစ်ခု လုပ်ငန်း ရုတ်တရက် ရပ်ဆိုင်း လိုက်ကြောင်း ကြားသိရတဲ့ အတွက် အံ့အား သင့်သွားရတယ်လို့ မြန်မာအစိုးရ အလုပ်သမား ၀န်ကြီးဌာနက ပြောဆိုကြောင်း South China Morning Post သတင်းက ဖော်ပြပါတယ်။

Golden Mind အမည်ရှိ ဟောင်ကောင် အလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီ ပိတ်လိုက်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် အင်္ဂါနေ့က မြန်မာအစိုးရ အလုပ်သမား ၀န်ကြီးဌာန အရာရှိတွေ နဲ့တွေ့ဆုံရာမှာ ပြောပြလိုက်တော့ မှ၊ အဲဒီကုမ္ပဏီပိတ်လိုက်ပြီ ဆိုတဲ့ အကြောင်းသိသွား ကြတယ်လို့ ဟောင်ကောင်မြန်မာ ကုန်သည်ကြီးများအသင်း ဥက္ကဌ အဲလ်ဘတ်အောင် က ပြောဆိုကြောင်း သတင်းမှာဖော်ပြထားပါတယ်။

မြန်မာ အရာရှိတွေ အံ့သြသွားကြပြီး Golden Mind ကုမ္ပဏီနဲ့ ဆက်သွယ်မေးမြန်း စုံစမ်းမယ်လို့ ပြောဆိုကြောင်းလည်း သိရပါတယ်။

မြန်မာအိမ်ဖေါ်တွေ ခေါ်ယူခွင့်ရထားတဲ့ Golden Mind ကုမ္ပဏီ အမှုဆောင် ညွှန်ကြားရေးမှူး ကတော့ ပထမအဆင့် အနေနဲ့ မြန်မာအိမ်ဖေါ် နှစ်ရာ ခေါ်ယူပြီး ကတည်းက၊ မြန်မာအစိုးရက နောက်ထပ် အိမ်ဖေါ်တွေ ပို့မပေးတော့ကြောင်း၊ ပြီးခဲ့တဲ့ အောက်တိုဘာလက အိမ်ဖေါ် လေးရာ ပို့ပေးဖို့မှာကြားခဲ့ပေ မယ့် ရောက်မလာခဲ့ကြောင်း၊ မြန်မာအလုပ်သမား ၀န်ကြီးနဲ့တွေ့ဆုံဖို့ မြန်မာပြည်ကို ဆယ်ကြိမ်မကဆက်သွယ်ခဲ့ပေမယ့် မတွေ့ခဲ့ရကြောင်း၊ အကျိုးအကြောင်း ရေးသား ထားတဲ့ စာသုံးစောင်လည်း ပေးပို့ခဲ့ကြောင်း၊ နောက်ဆုံး ဘယ်လိုမှ အလုပ်မဖြစ်တဲ့အတွက် ကုမ္ပဏီကို ပိတ်လိုက် ရတာဖြစ်ကြောင်း၊ ဒီလိုပိတ်လိုက်ရတာ မြန်မာအလုပ်သမား ၀န်ကြီးဌာန မသိဘဲနေမှာ မဟုတ်ကြောင်း South China Morning Post သတင်းကို ပြောဆိုခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဟေယင်ကောင်က မြန်မာကောင်စစ်ဝန်ရုံးကို South China Morning Post သတင်းစာက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တစ်စုံတစ်ရာအကြောင်း မပြန်ဘူးလို့ ဖေါ်ပြပါတယ်။

RFA Burmese
http://www.rfa.org/burmese

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.