04/10/15

ဧပြီလ ၉ ရက်နေ့ ယနေ့မွန်းလွဲ ၄ နာရီကနေပြည်တော် လွှတ်တော်ဝင်းအတွင်းရှိ တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီဆောင် I-12 တွင် ပြည်တွင်းပြည်ပ သတင်းမီဒီယာများနှင့် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံစဉ်

ဧပြီလ ၉ ရက်နေ့ ယနေ့မွန်းလွဲ ၄ နာရီကနေပြည်တော် လွှတ်တော်ဝင်းအတွင်းရှိ တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီဆောင် I-12 တွင် ပြည်တွင်းပြည်ပ သတင်းမီဒီယာများနှင့် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံစဉ်******************************************************************************

Posted by NLD Chairperson on Thursday, April 9, 2015

ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် သတင်းစာရှင်းလင်းပွဲ၊ (ဧပြီ ၉၊ ၂၀၁၅) သတင်းဓာတ်ပုံ- စည်သူ (VOA)
ရွေးကောက်ပွဲကို သပိတ်မှောက်မယ် ဆိုတဲ့ ကိစ္စဟာ နိုင်ငံရေးမှာ မမျှော်လင့်တဲ့ အခြေအနေ တရပ်ရပ်ကြုံလာရမှာသာ ထည့်သွင်းစဉ်းစားမယ့် နည်းလမ်း တရပ်ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်ပါတယ်။ အခုလာမယ့် ခြောက်ပွင့်ဆိုင် ထိပ်သီးဆွေးနွေးပွဲနဲ့ ပတ်သက် လို့လည်း ဒါဟာ ကောင်းမွန်တဲ့ ခြေလှမ်းဖြစ်ပြီး၊ နိုင်ငံအတွက် အကျိုးရှိမယ့် ရလာဒ်တွေ ရလာဖို့ ပို အရေးကြီးမယ်လို့ လွှတ်တော် အဆောက်အဦး မှာ ဒီကနေ့ ပြုလုပ်တဲ့ သတင်းမီဒီယာနဲ့တွေ့ဆုံပွဲ မှာ ပြောဆို သွားပါတယ်။ နေပြည်တော် မှာ သတင်းယူနေတဲ့ ဗွီအိုအေ သတင်းထောက် ကိုစည်သူက တင်ဆက်ပေးမှာပါ။

လာမယ့်၂၀၁၅ ရွေးကောက်ပွဲမှာ မမျှော်လင့်တဲ့ နိုင်ငံရေးအခြေအနေအပြောင်းအလဲ တစ်ရပ် ဖြစ်ပေါ်လာခဲ့ရင် ရွေးကောက်ပွဲကို သပိတ်မှောက်တဲ့ နည်းလမ်းတခုကို ထည့်သွင်း စဉ်းစားထားတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောဆိုလိုက်တာပါ။

" အန်တီပြောတာ ရှင်းရှင်းလေးပဲ သူတို့က ရွေးကောက်ပွဲကို သပိတ်မှောက်နိုင်တဲ့ အခြေအနေမျိုး ဖြစ်နိုင်လား ဆိုတော့ ဒါ ပြောလို့မရဘူးလို့။ နိုင်ငံရေးမှာဆိုရင် ဟိုဟာ လုံးဝ မဖြစ်နိုင်ဘူး။ ဒီဟာ လုံးဝ မဖြစ်နိုင်ဘူး ဘယ်တော့မှ အပြတ်ပြောလို့ မရဘူးလို့။ ဒါပါပဲ။ နိုင်ငံရေး အခြေအနေ ဆိုတာ တွက်လို့ရတာ မဟုတ်ဘူးနော်။ ဒီနေ့နဲ့ မနက်ဖြန် ဘာဖြစ်မယ်လို့ ပြောလို့ရတာမဟုတ်ဘူး။ ဥပမာ အားဖြင့် အစွန်းရောက်တဲ့ ဥပမာ တခုပြောရမယ်ဆိုရင် သဘာဝ ဘေးအန္တရာယ်ကြီးဆိုတာ ကိုယ်မထင်မှတ်ပဲနဲ့ နေ့ခြင်းညခြင်း ဖြစ်သွားနိုင်တယ်။ တခါတလေ အဲ့သလို ကိစ္စတွေကိုက ဒါ လူတွေဖန်တီးတာမဟုတ်ဘူး။ သဘာဝ အရဖြစ်သွားတာ။ ဘယ်အဖွဲ့အစည်းကမှ ဖန်တီးတာမဟုတ်ဘူး။ အဲ့တာတွေကတောင်မှ နိုင်ငံတခုရဲ့ လမ်းကြောင်းတခုကို ပြောင်းသွားစေတာမျိုးတွေ ဖြစ်တတ်တယ်လေ။ အဲ့တာကြောင့်မို့လို့ နိုင်ငံရေး လုပ်တဲ့အခါမှာ ဟိုဟာတော့ လုံးဝ မလုပ်ဘူး။ ဒီဟာတော့ လုံးဝ မဖြစ်ဘူးဆိုတာကို အဲ့ဒီ့လို အန်တီက ဘယ်တော့မှ အပြတ်မပြောချင်ဘူး။ ဘာဖြစ်လို့ဆိုတော့ နောက်တော့မှ ဒီလိုမှားသွားပါတယ်။ ဒီလိုပြောချင်လို့ မဟုတ်ပါဘူးလို့ ပြန်ပြီးတော့ စကားကို ပြင်ရတဲ့ အနေအထားမျိုး မဖြစ်စေချင်ဘူး။ တတ်နိုင်သမျှတော့ ဖြစ်နိုင်ခြေရှိတာ မဖြစ်နိုင်ခြေရှိတာ မသေချာလို့ရှိရင် မသေချာတဲ့အတိုင်းပဲ ပြောတယ်။ သေသေချာချာ အပြတ်မပြောဘူး။"

ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအပြီး သတင်းမီဒီယာတွေ နဲ့ တွေ့ဆုံစဉ်မှာ အခုလိုပြောဆိုလိုက်တာပါ။ လွှတ်တော်မှာ ဆွေးနွေးနေတဲ့ အမျိုးသားပညာရေး ဥပဒေနဲ့ ပတ်သတ်လို့လည်း အဖွဲ့အစည်းတစ်ခုရဲ့ အကြံပြုဆွေးနွေးချက်တွေကို အားမပြုပဲ အားလုံး ၀ိုင်းဝန်း ဆောင်ရွက်နိုင်ကြ ဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

" ဘယ်အဖွဲ့က တင်တာနဲ့  ကောင်းတယ်။ မကောင်းဘူးဆိုတာ အဖွဲ့ပေါ်မှာ မူတည်တာ မဟုတ်ဘူး။ ပုဂ္ဂိုလ်ပေါ်မှာ တည်တာမဟုတ်ဘူး။ အကြောင်းအရာပေါ် မှာ တည်တာ။ အဲ့တော့ အဖွဲ့တဖွဲ့က သူတို့တင်တာ အားလုံးကောင်းတယ်။ ဒါဟာ NNER ပဲဖြစ်ဖြစ် အစိုးရဌာနပဲဖြစ်ဖြစ် အမျိုးသား လွှတ်တော် ပဲဖြစ်ဖြစ် ကျောင်းသားတွေပဲ ဖြစ်ဖြစ် သူတို့ တင်သမျှဟာ အားလုံး ကောင်းပါတယ် ဆိုလို့ရှိရင် ဒီအမြင်ကိုက မမှန်တော့ဘူး။ ဒါ ကောင်းတယ် မကောင်းဘူးဆိုတာ ကိုယ် တင်တာ ကောင်းရင် ကောင်းမယ်။ ဒါထက်ကောင်းတာလည်း ရှိရင် ရှိမယ်။ အဲ့ဒီ့ဟာကိုတော့ အမြဲတစေ ခေါင်းထဲမှာ ထားရမယ်။ ငါတို့ တင်တာထက် ကောင်းတာ မရှိနိုင်ဘူး ဆိုတဲ့ အမြင်ကတော့ မှားပြီဆိုတာတော့ ဒီအတိုင်းပဲ ဆင်ခြင်ရမှာပဲ။ အန်တီတို့ တင်တာလည်း ရှိတယ်။ အဖွဲ့ချုပ်ကနေ တင်တာတွေရှိတယ်။ တချို့ဟာတွေကို လက်မခံဘူး။ လွှတ်တော်က အဲ့ဒီ့ဟာကို။ လက်မခံဘူး။ လက်မခံတဲ့ဟာမှာ အန်တီတို့အနေနဲ့ ဒေါသထွက်တာတို့၊ မကျေနပ်တာတို့ မရှိပါဘူး။ အပေးအယူဆိုတာတော့ ရှိတာပေါ့။ ယေဘူယျ အားဖြင့်ဆိုရင်တော့ တော်တော်ညှိညှိနှိုင်းနှိုင်းနဲ့ အကောင်းဆုံးကို ဦးတည်ပြီးတော့ ဘယ်သူ့ကိုမှ ချွေးသိပ်ဖို့ မဟုတ်ဘူး။ အကောင်းဆုံးထင်တဲ့ အချက်တွေကို ယူပြီးတော့ ဒီဥပဒေကြမ်းကို ဆွဲနိုင်ခဲ့တယ်လို့ ဒီလိုပဲ အန်တီယုံကြည်တယ်။"

မနက်ဖြန် ဧပြီလ(၁၀) ရက်နေ့မှာ ပြုလုပ်မယ့် (၆) ပွင့်ဆိုင်ဆွေးနွေးပွဲအကြောင်းနဲ့ ပတ်သတ်လို့တော့ ဆွေးနွေးပွဲကို လက်ခံကြိုဆိုကြောင်းနဲ့ အနာဂတ်ဆွေးနွေးပွဲတွေ အတွက် အလားအလာကောင်းဖြစ်ကြောင်း အခုလိုပြောပါတယ်။

"ဒီလို စ လိုက်တာ ကောင်းပါတယ်။ ဒါဟာ ပြည်ထောင်စု လွှတ်တော်ရဲ့ တောင်းဆိုချက် ပါပဲ။ ဒါ ကျမ တောင်းဆိုချက်နဲ့ မဆိုင်ပါဘူး။ ကျမ တောင်းထားတာ ဟိုး ၂၀၁၃နှစ်ပေါ့။ နှစ်နှစ် ကျော်ကျော် ကတည်းက တောင်းထားတာက လေးပွင့်ဆိုင်ပါ။ ဒါပေမဲ့လည်း ပြည်ထောင်စု လွှတ်တော်ကနေပြီးတော့ ခြောက်ဦးပေါ့နော်။ တွေ့ဆုံပွဲ တောင်းတော့လည်း ကျမတို့အနေနဲ့ သဘောတူပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လွှတ်တော် ဥက္ကဋ္ဌ နှစ်ယောက်စလုံး ပါတယ်။ တိုင်းရင်းသားပါတီတွေရဲ့ ကိုယ်စားလှယ် ပါတယ် ဆိုတော့ ဒါ ဘာမှ ကျမတို့ ကန့်ကွက်စရာလည်း မရှိပါဘူး။ ဒါ ပြည်ထောင်စု လွှတ်တော်ရဲ့ အဆိုပြုချက်ကို သမ္မတက လက်ခံပြီးတော့ စတင်တွေ့ဆုံတယ် ဆိုတာ ကောင်းပါတယ်။ ဒါပေမဲ့ အရေးကြီးတာက ဆက်လက်ပြီးတော့ တွေ့ဆုံဖို့၊ နောက်ပြီးတော့ ဒီတွေ့ဆုံပွဲတွေဟာ တကယ်ပဲ နိုင်ငံအတွက် အကျိုးဖြစ်စေမယ့် သဘောတူညီချက်တွေ ရနိုင်ဖို့ ဒါကသာ အရေးကြီးတာပါ။"

ဒါပေမယ့် ဆွေးနွေးပွဲမှာ ဆွေးနွေးမယ့်အချက်တွေကို ကြိုတင်ပြောကြားခြင်းတော့ မပြုခဲ့ပါဘူး။ သတင်းစာ ရှင်းလင်းပွဲအတွင်း ငြိမ်းချမ်းရေးဖြစ်စဉ် အပြောင်းအလဲပေါ် မူတည်ပြီး လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ ရွှေ့ဆိုင်းနှောင့်နှေးတာမျိုးမဖြစ်စေလိုတဲ့ အကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားပါတယ်။ အဲဒါအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ကြိုးစားအားထုတ်မှုတွေလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဆက်လက် ကြိုးစားနေကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

ကိုစည်သူ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

CCTV ရုပ်မြင်သံကြား အစီအစဉ်မှူး Bi Fujian ။
ကွယ်လွန်သူ တရုတ်ခေါင်းဆောင်ဟောင်း မော်စီတုန်းကို လှောင်ပြောင်ထားတဲ့ ဗွီဒီယိုတခုမှာ ပါဝင်ခဲ့သူအဖြစ် ထိပ်တန်း ရုပ်မြင်သံကြား အစီအစဉ်မှူးတဦးကို အရေးယူမယ်လို့ အစိုးရပိုင် တရုတ်ဗဟိုသတင်းအေဂျင်စီ CCTV က ပြောလိုက်ပါတယ်။ သီးသန့် ညစာစားပွဲ တခုမှာ ရိုက်ကူးထားတဲ့ ဗွီဒီယိုထဲမှာတော့ CCTV ရုပ်မြင်သံကြား အစီအစဉ်မှူး Bi Fujian ဟာ ခေတ်သစ် တရုတ်နိုင်ငံကို ထူထောင်သူအဖြစ် ထင်ရှားတဲ့ မော်စီတုန်းကို သရော်တဲ့ စကားလုံးတွေကို သုံးနှုန်းပြောဆိုခဲ့တာပါ။

တရုတ်နိုင်ငံမှာ ယဉ်ကျေးမှု တော်လှန်ရေးကာလက ပြဇာတ်တခုလိုမျိုး ဇာတ်လမ်းထဲမှာ သရုပ်ဆောင် နေတာကိုလည်း ဗွီဒီယိုမှာ တွေ့ခဲ့ရပါတယ်။ ဗွီဒီယိုကတော့ တရုတ်နိုင်ငံက အင်တာနက် လူမှုကွန်ယက်တွေပေါ်မှာ ချက်ခြင်းလိုလို ပျံ့နှံ့သွားခဲ့ရာက အစီအစဉ်မှူးကို တာဝန်က ရပ်ဆိုင်းထားလိုက်တယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

CCTV ကတော့ အစီအစဉ်မှူးရဲ့ မှတ်ချက်ဟာ လူမှုအသိုင်းအ၀ိုင်းအပေါ် အကြီးအကျယ် ရိုက်ခတ်မှုတွေ ရှိခဲ့တာကြောင့် စနစ်တကျ စုံစမ်းစစ်ဆေးနေပြီး၊ လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ ကိုင်တွယ်ဆောင်ရွက်သွားမှာ ဖြစ်တဲ့အကြောင်း မနေ့နှောင်းပိုင်းကပဲ ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့တာပါ။

အသက် ၅၆ နှစ်အရွယ် အစီအစဉ်မှူး Bi Fujian ဟာ CCTV ရုပ်မြင်သံကြား မှာ နွေဦးပေါက်ပွဲတော် အစီအစဉ် တင်ဆက်သူအဖြစ် ထင်ရှားသူ ဖြစ်ပါတယ်။ သူ့ရဲ့ ပြောဆိုချက်ဟာ ဆိုရင်တော့ ၁၉၄၉ ခုနှစ်မှာ တရုတ်ကွန်မြူနစ်ပါတီ စတင်ထူထောင်ခဲ့ပြီးနောက် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့ မော်စီတုန်းရဲ့ သမိုင်းအမွေနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံသားတွေကြား အမြင်သဘောထားတွေ ကွဲပြားနေတာကို ရောင်ပြန်ထင်ဟပ်နေတာပါ။

၁၉၇၆ ခုနှစ်မှာ ကွယ်လွန်ခဲ့တဲ့ မော်စီတုန်းဟာ တရုတ်နိုင်ငံကို စိုက်ပျိုးရေး တိုင်းပြည် အဖြစ်ကနေ စက်မှုနိုင်ငံအဖြစ် အသွင်ကူးပြောင်းပေးခဲ့သူအဖြစ် ထင်ရှားခဲ့ပေမဲ့လည်း နောက်ပိုင်းမှာတော့ ကွန်မြူနစ်ပါတီက သူ့ရဲ့ လုပ်ရပ်တွေမှာ ၇၀ ရာခိုင်နှုန်း မှန်ကန်ခဲ့ပေမဲ့၊ ၃၀ ရာခိုင်နှုန်း အမှားတွေ ရှိခဲ့တယ်လို့လည်း ၀န်ခံပြောဆိုထားတာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်းကို ထောက်ခံပြီး အကြမ်းဖက်မှုကို ဆန့်ကျင်တဲ့ လှည်းတန်းဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ ဗကသများအဖွဲ့ချုပ်က ကျောင်းသူ ပိုပို (ခ) မရတနာစုပိုခိုင်ကို ဧပြီ ၈ရက်နေ့က သန်လျင်ရဲစခန်းက ဖမ်းဆီးပြီး ကမာရွတ်မြို့နယ် ရဲစခန်းကို ညနေပိုင်းမှာ လွှဲပြောင်းခဲ့ပါတယ်။ ဆန္ဒပြတဲ့ကျောင်းသူကို ဘယ်ပုဒ်မတွေနဲ့ အစိုးရက ဖမ်းချင်ခဲ့တာလဲ။

ပုဒ်မ ၅ဝ၅(ခ)၊ ၁၄၃၊ ၁၄၅၊ ၁၄၇ စတဲ့ ပုဒ်မ ၄ခုနဲ့ ကမာရွတ်မြို့နယ် တရားရုံးမှာ ဧပြီ ၉ရက်နေ့က ရုံးထုတ်ခဲ့ချိန်မှာတော့ ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်းမှာ ပါဝင်တဲ့ ကျောင်းသူ မပိုပိုက ကျောင်းသားတွေ တောင်းဆိုချက်မရမချင်း ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ပြီး ဒီအစိုးရကို တစ်သက်မကြေဘူးလို့ ပြောပါတယ်။

သန်လျင်ကနေအိမ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ သပိတ်မှောက်ကျောင်းသူ မပိုပိုကို ကမာရွတ်ရဲစခန်းက တရားလိုအဖြစ် တရားစွဲပြီး တရားရုံးမှာ ရုံးထုတ်ရမန်ယူခဲ့ပြီး ဧပြီ ၁ဝရက်နေ့ကို ရုံးချိန်းသတ်မှတ်ခဲ့ပါတယ်။ ကျောင်းသားတွေ လွတ်မြောက်ရေး တစ်ဖက်တစ်လမ်းက ကြိုးစားနေတဲ့ ၈၈မျိုးဆက်က မမီးမီးကတော့ ပြုပြင်ပြောင်းလဲရေးလုပ်နေတယ်လို့ သမ္မတကိုယ်တိုင် ကြေညာထားပေမယ့် မြို့နယ်တရားရုံးတွေဟာ ကန့်သတ်မှုတွေလုပ်နေတာကြောင့် ယုံကြည်မှုရဖို့ ခက်ပါလိမ့်မယ်လို့ ပြောပါတယ်.။

ုkamayut media


သာယာဝတီအကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသော ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းမှ ကျောင်းသားကျောင်းသူများနှင့် ၀န်းရံပြည်သူများကို ဧပြီလ (၉) ရက်နေ့ မနက်ပိုင်းက ရုံးထုတ်မှုမြင်ကွင်း




“ ဇီးရိုးကို ဟီးရိုးဖြစ်အောင်လုပ်နိုင်သူနှင့် သိင်္ဂီရွှေခွက်ကို ပဲကြီးလှော် ထန်းလျက်နဲ့ လဲစားသူတွေအကြောင်း ”

စာရေးသူဟာ အလုပ်ကပြန်ရောက်တိုင်း ညနေပိုင်းဆို အညောင်းအညာပြေ လမ်းလျှောက်ထွက်လေ့ရှိပါတယ်။ အိမ်နဲ့ မနီးမဝေး ပါဆားရစ်ပန်းခြံဘေးက မြစ်တူးမြောင်းကြီးဘေးတလျှောက်မှာပါ။ လေညှင်းလေးတွေ ကဆုန် ဆိုင်းပြီး ခရမ်းနီရောင်မြက်ရိုင်းပင်တွေယိမ်းနွဲ့ လှိုင်းထလို့ ၊ အုန်းပင်တန်းတွေအစီအရီနဲ့ ရေငှက်မျိုးစုံ အော်မည် ကျက်စားနေတဲ့ မြစ်တူးမြောင်းကြီးဘေးတလျှောက် လမ်းလျှောက်ရတာ ကိုယ်စိတ်နှစ်ပါးလုံး အပမ်းပြေစေပါ တယ်။ တူးမြောင်းဆိုလို့  အထင်မသေးလိုက်ပါနဲ့  အကျယ်ပေ (၁၀၀) နီးပါးရှိတာမို့ မြစ်ပေါက်စလို့ တောင် ပြောလို့ ရပါ တယ်။ တူးမြောင်းတလျှောက်မှာလည်း စကိတ်ဘုတ်နဲ့ စက်ဘီးလမ်း၊ လူသွားလမ်းတွေကိုဘေး နှစ်ဖက်ဝဲယာမှာ စနစ်တကျခင်းပေးထားတဲ့အပြင် နားနေစရာထိုင်ခုံတွေလည်းဆောက်ပေးထားတယ်။ နေ့ ရော ညပါ ဘေးအန္တရာယ်ကင်းကင်း အပမ်းဖြေသုံးစွဲနိုင်အောင် မီးတိုင်တွေ၊ လက်ရမ်းအကာအကွယ်တွေ၊ လမ်းညွှန် ဆိုင်းဘုတ်တွေလည်း စီမံပေးထားတယ်။

ဒီဆောင်းပါးကိုရေးတဲ့ရည်ရွယ်ချက်ရင်းက ဒီမြစ်တူးမြောင်းရဲ့အလှကိုဖွဲ့ ဘို့ မဟုတ်ပါဘူး ။ ဒီတူးမြောင်းနဲ့ ဆက်စပ်ပြီး စင်္ကာပူနဲ့ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်သူအစိုးရနှစ်ရပ်ကြားမှာရှိတဲ့ ကွာခြားတဲ့အမျှော်အမြင်၊ မတူညီ တဲ့အတွေးအကြံလုပ်နည်းကိုင်ဟန်နဲ့ ဆန့် ကျင်ဘက်လားရာ တိုင်းပြည်အပေါ်ထားတဲ့စေတနာတွေကို နှိုင်းယှဉ်ပြခြင်လို့ ပါ။

လူခန္ဓာကိုယ်မှာရှိတဲ့ သွေးလွှတ်ကြော၊ သွေးပြန်ကြောနဲ့  သွေးကြောမွာပေါင်းများစွာဖြန့် ကျက်ပြီး နှလုံးအိမ်ထဲ ၀င်ထွက် စီးဆင်းနေသလို စင်္ကာပူကျွန်းနိုင်ငံလေးရဲ့ ချောင်းငယ်၊ မြစ်လက်တက်၊ တူးမြောင်းများစွာအနက်က တခုသော မြစ်တူးမြောင်းဖြစ်ပေမဲ့ မြန်မာနိုင်ငံမှာတွေ့ နေကြ အညစ်အကြေးအမှိုက်သရိုက်တွေနဲ့ ပိတ်ဆို့  နံစော်ပြီး ရေမစီးတော့တဲ့ မြောင်းပုတ်တူမြောင်းမျိုးမဟုတ်ပါဘူး။

အလျှားအားဖြင့် ၁.၁ ကီလိုမီတာရှည်ပြီး ဆူငိုင်းတမ်းပနီးစ် ( Sungei Tampines ) လို့ အမည်ရှိတဲ့ ဒီမြစ် တူးမြောင်းဟာ ရိုးရိုးတူးမြောင်းတခုမဟုတ်ပါဘူး။ စင်္ကာပူနိုင်ငံအတွက် မရှိမဖြစ်အလွန်အရေးကြီးတဲ့ ရေချို လိုအပ်ချက်ကို တထောင့်တနေရာက ဖြည့်ဆီးပေးနေတဲ့ အဖိုးတန်မြစ်တူးမြောင်းတခုပါ ။
၁၉၆၅ ခုနှစ်မှာ မလေးရှားနိုင်ငံကခွဲထွက်ပြီး သီးခြားလွတ်လပ်တဲ့နိုင်ငံဖြစ်လာတဲ့ စင်္ကာပူနိုင်ငံရဲ့ အကြီးမားဆုံး စိန်ခေါ်မှု့တွေထဲကတခုကတော့ သောက်သုံးရေချိုလုံလောက်စွာရရှိရေးပါဘဲ ။ ဖို့ မြေအပါအ၀င်မှ ၇၁၈.၃ စတုရန်းကီလိုမီတာ အကျယ်အ၀န်းရှိပြီး လူဦးရေ (၆)သန်း နားကပ်လာတဲ့ စင်္ကာပူနိုင်ငံရဲ့ ရေလိုအပ်ချက်ဟာ နေ့ စဉ် ဂါလံသန်းပေါင်း ၄၀၀ (400 million gallons a day) လိုတယ်လို့  PUB (Public Utility Board) Singapore ၀က်ဒ်ဆိုက် ကထုတ်ပြန်ထားတဲ့ စာရင်းအရသိရပါ တယ်။

၁၉၆၂ ခုနှစ်မှာ ချုပ်ဆိုခဲ့တဲ့ (၉၉) နှစ် သဘောတူညီစာချုပ်အရ မလေးရှားနိုင်ငံကတင်သွင်းရေမမာဏဟာ နေ့ စဉ်ရေဂါလံသန်းပေါင်း ၂၅၀ အပြင် ထပ်မံချုပ်ဆိုတဲ့ ၁၉၉၀ စာချုပ်ထဲမှာပါတဲ့ အပိုဆောင်းတင်သွင်းရေ ပမာဏလည်းပါဝင်ပါတယ်။
စင်္ကာပူနိုင်ငံအတွက် လက်ခံရုံမှတပါး ရွေးချယ်စရာလမ်းမရှိဘူးလို ထင်မှတ်ထားတာကြောင့် ၁၉၉၈ ခုနှစ်နဲ့ ၂၀၀၂ ခုနှစ်တွေမှာ မလေးရှားအစိုးရဟာ ရေဈေနှုန်းကို နှစ်ကြိမ်တိုးတောင်းခဲ့တယ် ။ နောက်ဆုံး တောင်းတဲ့ဈေးနှုန်းက ရေဂါလံ တစ်ထောင် ကို မလေးရှားငွေ ၆.၄ ရင်းဂစ် ဖြစ်တယ် ။ အဲ့ဒီဈေးနှုန်းဟာ ပင်လယ်ရေငန်ကို ရေချိုဖြစ်အောင်ချက်လုပ်ဖို့ (Desalination) ကုန်ကျစရိတ်နီးပါးဖြစ်နေတယ်။ မလေးရှား နိုင်ငံက စင်္ကာပူကျွန်းပေါက်စ နိုင်ငံလေးအပေါ်နွားသေကိုကြိုးတုပ်ရိုက်လိုတဲ့ ကျိုးပမ်းချက်ပါဘဲ ။ မလေးရှား အစိုးရဟာ စင်္ကာပူခေါင်းဆောင် လီကွမ်ယူးရဲ့ အမျှော်အမြင်နဲ့ စိတ်ပိုင်းဖြတ်မှု့ကို အထင်သေးခဲ့ပုံရပါတယ် ။

ဘာဆိုဘာမှမထွက်ဘဲ ဇီးရွက်သာသာရှိတဲ့ ကျွန်းပေါက်စလေးရဲ့ အားနည်းချက်၊ အားသာချက်တွေကို ကောင်းကောင်းသိတဲ့ လီကွမ်ယူးကလည်း မလေးရှားလက်အောက်က ခွဲမထွက်ခင်ကထဲက သောက်သုံးရေ လိုအပ်ချက်ဟာ အလွန်အရေးပါကြောင်း သတိပြုတာမို့ သေသေခြာခြာ ပြင်ဆင်ခဲ့တာပါ ။

စင်္ကာပူရဲ့ ရေလိုအပ်ချက်ကို လုံလောက်စိတ်ချရအောင် ဖြည့်ဆီးနိုင်မဲ့ အမျိုးသားရေပိုက်ခေါင်းလေးသွယ် (The Four National Taps) လို့ ခေါ်တဲ့ အောက်ပါ မဟာစီမံကိန်းကြီးကို နိုင်ငံတော်ဘဏ္ဍာတွေ အကြီးအကျယ် သုံးစွဲပြီး သုတေသနပြု နောက်ဆုံးပေါ်နည်းပညာတွေနဲ့  စနစ်တကျအကောင်အထည် ဖေါ်ခဲ့ပါတယ်။
 ပထမရေပိုက်ခေါင်း - သဘာဝမိုးရေစုဆောင်းသိုလောင်မှု့ (Local Catchment Water) ။
 ဒုတိယရေပိုက်ခေါင်း - ပြင်ပရေတင်သွင်းမှု့ ( Imported Water )
 တတိယရေပိုက်ခေါင်း - ရေဟောင်းမှ ရေသစ်သန့် စင်မှု့ ( NEWater )
 စတုတ္ထရေပိုက်ခေါင်း - ပင်လယ်ရေမှ ရေချိုချက်မှု့ (Desalinated Water )
ဒီဆောင်းပါးမှာတော့ ရှေ့ပိုင်းမှာရေးပြခဲ့တဲ့ မြစ်တူးမြောင်းနဲ့ ဆက်စပ်နေတဲ့ သဘာဝမိုးရေစုဆောင်းသိုလောင်မှု့ (Local Catchment Water) အကြောင်းဘဲရေးလိုက်ပါတယ်။

ပထမရေပိုက်ခေါင်း - သဘာဝမိုးရေစုဆောင်းသိုလောင်မှု့ (Local Catchment Water)

ပင်လယ်ဝိုင်းရံထားတဲ့ စင်္ကာပူဟာ သဘာဝကပေးထားတဲ့ရှားပါးလက်ဆောင်တခုဖြစ်တဲ့ တနှစ်ပျမ်းမျှမိုးရေချိန် ၂၄၀၀ မီလီမီတာ ရှိအောင်ရွာသွန်းတဲ့ မိုးရေတွေကို အလဟဿမဖြစ်ရအောင် သဘာဝအတိုင်းရှိတာနဲ့  တည် ဆောက်ဆည်ဖို့ ထားတဲ့ ရေကာတာကြီး (၁၇) ခုထဲရောက်အောင် မြစ်တူးမြောင်းတွေကို ဆက်သွယ်ဆောက် လုပ်သိုလှောင်ခဲ့ပါတယ်။ ပြီးတော့ အဲံဒီကာတာတွေထဲကရေတွေကို သန့် စင်မှု့ ( Treatment) မလုပ်ခင်ထိ သိုလှောင်ထားစဉ်မှာ ရေအရည်အသွေးပြည့်မှီနေအောင် သန့် ရှင်းစင်ကြယ်နေအောင် အထူးဂရုပြု ထိမ်းသိမ်း စောင့်ကြည့်နေတာပါ။ စောင့်ကြည့်အာရုံခံစနစ်တွေ ( Online Sensors) ကင်မရာတွေတပ်ဆင်ပါတယ်။ ပုံမှန် ရေနမူနာစစ်ဆေးမှု့တွေဆောင်ရွက်ပါတယ်။

အဲ့ဒါအပြင် စင်္ကာပူရဲ့ အဓိက မြစ်ချောင်းတူးမြောင်း(၃၁)မြောင်းထဲက ရေကာတာတွေဆီမဆက်သွယ်နိုင်ဘဲ ပင်လယ်ထဲစီးဝင်သွားတဲ့ မြစ်ချောင်းတူမြောင်းတွေကရရှိစုဆောင်းမိတဲ့မိုးရေတွေကို ပင်လယ်ထဲစီးဝင်မသွားခင် ပင်လယ်ဝမှာ ခေါက်ထားနိုင် ဖြန့် ကားနိုင်တဲ့ ရာဘာလေအိပ်ရှည်ကြီးတွေနဲ့ တားပြီး မြေကြီးအောက် မီတာ (၂၀) ကနေ မီတာ (၅၀) ထိနက်တဲ့ မြေအောက်မြောင်းစနစ် Deep Tunnel Sewerage System (DTSS) က တဆင့် ရေသန့် စင်စက်ရုံတွေဆီပို့ ပြီး သန့် စင်ယူပါတယ် ။ အဲ့ဒီလို ရှေ့မျိုးဆက်က အမျှော်အမြင်နဲ့ အားထုတ် ခဲ့ကြ၊ ကျိုးစားခဲ့ကြတော့ မျက်မှောက်ခေတ် စင်္ကာပူဟာ ရေအတွက်နဲ့ တော့ အိမ်နီးခြင်တိုင်းပြည်ကို ဒူးထောက် စရာ အောက်ကျို့ ခံစရာမလိုတော့ပါဘဲ မျိုးဆက်သစ်တွေ စိတ်အေးချမ်းသာစွာ သုံးစွဲနိုင်တာဖြစ်တယ်။

အဲ့ဒါအပြင် ရှင်သန်လှပ ရေချိုမြ လို့ ဘာသာပြန်သင့်တဲ့ Active, Beautiful, Clean Waters (ABC Waters) Programme နဲ့ မြစ်တူးမြောင်းတွေရဲ့ဝဲယာနှစ်ဖက်မှာမှာ စင်္ကာပူနိုင်ငံသားတွေ အပမ်းဖြေနိုင်အောင် လေ့ကျင့် ခန်းတွေယူနိုင်အောင့် စက်ဘီးလမ်း၊ လူသွားလမ်းတွေဖေါက်ပြီးတကျွန်းလုံးကို ဆက်သွယ်ပေးထားတယ် ။ မြောင်းတွေရဲ့ တလျှာက်လုံးမှာ ကျေးငှက်တိရိစ္ဆာန်လေးတွေမြူးတူးကျက်စားနိုင်အောင် အုန်းပင်တန်း သစ်ပင်ပန်းဥယျာဉ် တွေလည်း စိုက်ပျိုးပေးထားတယ် ။ ကမ္ဘာက စင်္ကာပူကို ဥယျာဉ်မြို့တော် ( Garden City ) လို့ အသိအမှတ်ပြုခံခဲ့ရတာ အကြောင်းမဲ့မဟုတ်ဘူး ။ နှစ်ပေါင်း(၅၀) အတွင်းမှာ တကျွန်းလုံးရဲ့ ရှိရှိသမျှ လမ်းဘေးဝဲယာတွေမှာ သစ်ပင်ပေါင်း တစ်သန်းလေးသိန်းကျော် စိုက်ပျိုးခဲ့တယ်လို့ သိရတယ်။

ဒါတွေကိုရေးပြနေတာဟာ စင်္ကာပူရဲ့ဘုန်းတော်ဘွဲ့ သီဖွဲ့ နေတာမဟုတ်ဘူး ။ ကိုယ့်တိုင်းပြည်မှာရှိတဲ့သဘာဝ ကပေးအပ်ထားသမျှအားလုံးကို တန်ဘိုးထားတတ်တဲ့ တိုင်းပြည်ကိုတိုးတက်ကြီးပွားစေလိုတဲ့ စိတ်ရင်းစေတ နာရှိတဲ့ အုပ်ချုပ်သူအစိုးရမင်းရဲ့ အမျှော်အမြင်ရှိမှု့၊ ကျိုးပမ်းအားထုတ်မှု့ကို ထင်ရှားစေလိုရင်းဖြစ်တယ် ။

စင်္ကာပူနိုင်ငံအကြောင်းရေးတာတော်လောက်ပြီ ။ အခု မြန်မာနိုင်ငံဖက်ပြန်ကြည့်ရအောင် ။ ရာစုနှစ်ဝက်ကျော် တိုင်းပြည်ကို စစ်ဖိနပ်အောက်ထား အုပ်ချုပ်ခဲ့ကြတဲ့ စစ်အာဏာရှင်တွေ ဘယ်လိုအုပ်ချုပ်ဖျက်ဆီးခဲ့သလဲ။ တိုင်းပြည်ရဲ့မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် သယံဇာတတွေ ဘယ်လိုပြုန်းတီးဆုံးရှုံးခဲ့ရသလဲ၊ နိုင်ငံဟာ ဘယ်လို မွဲပြာညိုးခြောက် အရောင်မတောက်ခဲ့ရသလဲဆိုတာ မြန်မာပြည်သူတွေသာမက ကမ္ဘာသူကမ္ဘာသား တွေတောင်သိနေပါပြီ။

လွန်ခဲ့တဲ့အနှစ်(၅၀)ကျော်က အလွန်နက်တဲ့ ရိုးမတောကြီးတွေဟာ စစ်အာဏာရှင်ခေတ်အဆက်ဆက်မှာ ကြောက်ခမန်းလိလိနှုန်းနဲ့ ပြုန်းတီးခဲ့ရာမှာ အခုဆို တောအုပ်လိုက်ပျောက်၊ တောင်ကတုံး၊ ရိုးကတုံးကြီးတွေ ဖြစ်နေခဲ့ပြီမဟုတ်လား။ ပဲခူးရိုးမကြီးဆိုတာ ကျွန်တော်တို့ မျက်စေ့အောက်တင်ပျောက်သွားပြီ။ တလောလေးက ဖတ်လိုက်ရတဲ့သတင်းတပုဒ်ထဲမှာ မန္တလေးမြို့အခြေစိုက် သဘာဝ ပတ်ဝန်းကျင်စောင့်ကြည့်ထိမ်းသိမ်းရေး အဖွဲ့ ဖြစ်တဲ့ စိမ်းရောင်စိုအသင်းကြီးရဲ့ အစီရင်ခံစာမှာ ဧရာဝတီမြစ် ကြောင်းတစ်လျှောက်နေရာ (၁၇) နေရာ ကို လူထုအခြေပြုစစ်တမ်း ကောက်ယူမှုများ ပြုလုပ်ခဲ့ရာမှာ မန္တလေးမြို့ မြစ်အထက်ပိုင်းဒေသတွေမှာသစ်တော ကြိုးဝိုင်းတွေ ပြုန်းတီးပျောက်ကွယ်သွားကြောင်း ၀မ်းနည်း ဖွယ်ဖတ်လိုက်ရတယ်။ အထက်ပိုင်းဒေသ ထီးချိုင့်၊ ကသာနားကနေ မြစ်ဆုံအနီးထိ ဧရိယာတွေမှာ သစ်တော ပြုန်းတီးမှုတွေတွေ့ရှိရပြီး တချို့နေရာတွေမှာ ကြိုးဝိုင်းအလိုက် ပြုန်းတီးပျောက်ကွယ်သွားတာတွေ တွေ့ရ တယ်”လို့  မန္တလေးမြို့ စိမ်းရောင်စို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့မှအတွင်းရေးမှူး ဦးမောင်မောင်ဦးက ပြောကြားခဲ့တယ်မဟုတ်လား ။

မပြုန်းခံနိုင်ရိုးလား ၊ မပျောက်ခံနိုင်ရိုးလား၊ တရားဥပဒေစိုးမိုးမှု့ဆိုတာနတ္ထိ၊ အကျင့်ပျက်ခြစားမှု့ဆိုတာ အစိုးရထိတ်တန်းခေါင်းဆောင် တွေကစတာမို့ အောက်ခြေအထိဗွက်ထနေတာမဟုတ်လား။ အချင်းတပေ အောက် မျှောတိုင်ခုတ်ခွင့်ပါမစ် ရတဲ့သူက အချင်းတပေအထက် သစ်လုံးတွေခုတ်လိုခုတ်နိုင်တယ်။ သစ်တော ၀န်ထမ်းတွေကအလုပ်မလုပ်၊ သစ်လုံးငါးထောင်ခုတ်ခွင့်ပါမစ်ရတဲ့သူက လာဘ်ထိုးပြီး အလုံးငါးသောင်း တစ်သိန်းခုတ်ခြင်ခုတ်နိုင်တာကိုး။

သယံဇာတတွေရဲ့တန်ဘိုးကိုနားမလည်၊ နားလည်ပေမဲ့လည်း လောဘဇောတက်နေကြတဲ့အပြင် တိုင်းပြည် အပေါ်စေတနာမရှိကြတာမို့  သိင်္ဂီရွှေခွက်ကို ပဲကြီးလှော် ထန်းလျက်နဲ့ လဲစားသလို နိုင်ငံပိုင် အများပိုင် သယံဇာတတွေကို တန်ဘိုးမထားဘဲ ဖြုန်းတီးပစ်ခဲ့ကြတာမဟုတ်လား။

စင်္ကာပူနိုင်ငံဟာ မစ္စတာလီကွမ်ယူးကို ရခဲ့တာရယ်၊ သူ့ ရဲ့ အမျှော်အမြင်နဲ့ ထက်မြက်မှု့ကို သူတို့ နိုင်ငံအတွက် အသုံးချနိုင်ခွင့်ရခဲ့တာဟာ သိပ်ကံထူးတယ်လို့ ပြောရမှာဖြစ်တယ်။ ဒါကြောင့်လည်း မလေးရှားက ခွဲထွက်စဉ်က ရွှံ့ တောညွှန်တောကြီးကနေ ကမ္ဘာ့ ထိတ်တန်းနိုင်ငံတခုဖြစ်လာအောင် ဇိးရိုးကို ဟီးရိုးဖြစ်အောင် လုပ်နိုင်ခဲ့ ကြတာပေါ့ ။

တို့ မြန်မာနိုင်ငံမှာလည်း …နိုင်ငံတကာရဲ့လေးစားအသိမှတ်ပြုခံရမှု့၊ အမျှော်အမြင်ကြီးမားမှု့၊ ရဲရင့်ပြတ်သားမှု့ စေတနာမှန်နဲ့ တိုင်းပြည်ကိုချစ်တတ်မှု့၊ စိတ်ဓါတ်ကြံ့ခိုင်မှု့၊ သည်းခံခွင့်လွှတ်တတ်မှု့၊ သမိုင်းကြောင်းဖြူစင်မှု့၊ ခေတ်ပညာတတ်မှု့ စတာတွေမှာ မစ္စတာလီကွမ်ယူးထက် လုံးလုံးမလျှော့ကျတဲ့အပြင် ပိုတောင်ပိုနိုင်မဲ့ ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ အမျိုးကောင်းသမီး၊ ကမ္ဘာ့အဆင့်မှီခေါင်းဆောင်ကောင်း တယောက်ရှိနေခဲ့ပါပြီ။ သူမရဲ့ ကြီးမြတ်တဲ့ဂုဏ်ရည် တွေ၊ ထက်မြက်တဲ့စွမ်းရည်တွေ၊ မြင့်မားတဲ့ဥာဏ်အမျှော်အမြင်တွေကို မြန်မာနိုင်ငံ အတွက်အကျိုးရှိရှိအသုံးချခွင့်ရအောင်၊ စစ်အာဏာရှင်ငရဲတွင်းထဲက အပြီးတိုင်လွတ်မြောက်နိုင်အောင် မြန်မာ နိုင်ငံသားအားလုံး တညီတညာထဲ အတွေးသစ်အမြင်သစ်တွေနဲ့ လက်တွဲ စုစည်းလုပ်ဆောင်ကြဖို့ လိုနေပြီ။ ဒီလောက်တန်ဘိုး ကြီးပြီး ရခဲလှတဲ့ခေါင်းဆောင်တယောက် ပိုင်ဆိုင်ရရှိနေတာတောင် တိုင်းပြည်အတွက် အသုံးမချနိုင်ခဲ့ရင် တို့ မြန်မာတွေညံ့ရာကျပြီး နှောင်းလူတွေ ကဲ့ရဲ့အပြစ်ဆိုတာခံရလိမ့်မယ် ။

လေးစားစွာဖြင့်

(မင်းကောင်းချစ်)
မတ်လ (၂၉) ရက် ၂၀၁၅ ခုနှစ်
တနင်္ဂနွေနေ့ ၊ ညဥ့် (၁၁) နာရီ (၄၉) မိနစ်
အချက်အလက် ကိုးကားမှု့  - http://www.pub.gov.sg/water/Pages/default.aspx
- http://www.singstat.gov.sg/statistics/



ရွေးကောက်တင်မြှောက်ခံရခြင်း မဟုတ်ဘဲ လွှတ်တော်တွေမှာ ကိုယ်စားပြုခွင့်မရှိဘူးဆိုတဲ့ ဒီမိုကရေစီကျင့်စဉ်အတိုင်း လက်ရှိလွှတ်တော်တွေက တပ်မတော်သား ကိုယ်စားလှယ်အရေအတွက်ကို တဖြည်းဖြည်းချင်း လျှော့ချသွားဖို့အတွက် အကြံပြုထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

နေပြည်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေး ချမ်းရေး ကော်မတီရုံးခန်းမှာကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ နိုင်ငံခြားသတင်းထောက်တစ်ဦး ရဲ့ မေးခွန်းကို ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

"အပြောင်းအလဲကာလအတွက် မိမိတို့အနေနဲ့ အကြံပြုထားတဲ့အထဲက တစ်ချက်ကတော့ လွှတ်တော်အတွင်းမှာရှိနေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေရဲ့ ရာခိုင်နှုန်းကို တဖြည်းဖြည်းလျှော့ချ သွားနိုင်ဖို့ ဖြစ်ပါတယ်၊ ဒီမိုကရေစီစနစ်မှာ တပ်မတော်သားဖြစ်စေ၊ သာမန်အရပ်သားဖြစ်စေ ရွေးချယ် တင်မြှောက်ခံရခြင်းမရှိဘဲ လွှတ်တော်အသီးသီးမှာ ကိုယ်စားပြုခွင့်မရှိဘူးဆိုတဲ့ ကျင့်စဉ်ကိုလက်ခံပြီး အပြန်အလှန်ညှိနှိုင်းတိုင်ပင်ပြီးမှ လက်ခံသွားဖို့ ဖြစ်ပါတယ်" လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ တာ ဖြစ်ပါတယ်။

ဒါ့အပြင် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲဟာ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲထက် အရေးကြီးကြောင်း၊ ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ပြောထားတဲ့အတိုင်း ရွေးကောက်ပွဲကို အောက်တိုဘာကုန် သို့မဟုတ် နိုဝင်ဘာလဆန်းမှာ ကျင်းပဖို့လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မနက်ဖြန်မှာ ထိပ်သီးခေါင်းဆောင်တွေရဲ့ ၆ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲကျင်းပမှာဖြစ်ပြီး အစသဘောမျိုးသာဖြစ် တာကြောင့် နောက်နောင်ထပ်မံကျင်းပတဲ့ ဆွေးနွေးပွဲတွေလည်း လိုအပ်နေမှာဖြစ်ကြောင်းလည်း ပြောသွားခဲ့ ပါတယ်။

RFA

ရန်ကုန်၊ ဧပြီ ၇

တက္ကသိုလ် ကျောင်းအပ် လက်ခံ လျှောက်လွှာ တွင် ကျောင်းသား များ နိုင်ငံရေး ပါတီ ၀င်ရောက် မှု၊ နိုင်ငံရေး လှုပ်ရှားမှုများအား ကန့်သတ်ချက်များ အဖြစ် ပါဝင်ဆဲဖြစ်ကြောင်း ဒဂုံတက္ကသိုလ် အဝေးသင် ဌာနတွင် ကျောင်းအပ်ခဲ့သည့် ကျောင်းသားများ က ပြောသည်။

ကျောင်းအပ်လက်ခံ လျှောက်လွှာတွင် ကိုယ်တိုင် ၀န်ခံချက်အနေဖြင့် အမှတ်စဉ်(၅)တွင် ကျွန်တော်/ ကျွန်မ သည် မည်သည့် နိုင်ငံရေးပါတီတွင်မျှ ပါတီဝင် မဟုတ်ပါနှင့် အမှတ်စဉ် (၆)တွင် ပါတီဝင်အဖြစ် မှ နုတ်ထွက်ခဲ့သည့် အထောက်အထားကို ပူးတွဲတင်ပြ ပါသည် (ပါတီဝင်ဖြစ်ခဲ့သူများအတွက်သာ) ဟု ပါရှိသည်။

ပါတီဝင်ခွင့်မှာလည်း ကျောင်းသားတစ်ဦး၏ အခွင့်အရေးဖြစ်ကြောင်း ““ကျောင်းသားက အသက် ၁၈ နှစ် ပြည့်ပြီးရင် မည်သည့်ပါတီမဆို ကြိုက်နှစ်သက်တဲ့ ပါတီကို ၀င်ခွင့်ရှိတယ်။ တက္ကသိုလ်ကျောင်းသား တိုင်းမှာ အသင်းအဖွဲ့ အလုပ်အမှုဆောင် အဖွဲ့အစည်းတွေရှိတယ်။ ဒါဟာ ကျောင်းသား တစ်ယောက်ရဲ့ အခွင့်အရေး၊ ကျောင်းသား တစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်ထဲမှာပါတယ်””ဟု၎င်းကပြောသည်။

ယခုကဲ့သို့ ၀န်ခံချက်များ ရေးထိုးခိုင်းခြင်းမှာ မည်သည့်နိုင်ငံတွင်မျှ မရှိကြောင်းနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ချိုးဖောက် ရာရောက်ကြောင်း ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌကို နန်းလင်းက ပြောသည်။

““ဒါမျိုးတွေက ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်တာလည်း ဖြစ်တယ်။ ဒါမျိုးက ပါမောက္ခချုပ်တစ်ဦးက မိမိတတ်သိ တတ်အပ်တဲ့ ပညာတွေနဲ့ မဆုံးဖြတ်ဘဲနဲ့ အစိုးရက ခိုင်းတဲ့အတိုင်း လုပ်နေတဲ့ပုံစံလို့ မြင်ပါတယ်”” ဟု ၎င်းကပြောသည်။

အခြေခံဥပဒေ ပုဒ်မ ၃၈၇ တွင် နိုင်ငံသားတိုင်းသည် ပြည်ထောင်စု စိတ်ဓာတ်ကို အခြေခံပြီး တိုင်းရင်းသား လူမျိုးအချင်းချင်း စည်းလုံး ညီညွတ်ရေးနှင့် ပြည်သူတစ်ရပ်လုံးအတွက် ကြိုးပမ်းအား ထုတ် ဆောင်ရွက်ရန် တာဝန်ရှိသည်ဟု အတိအလင်း ပြဋ္ဌာန်းထားရာ တက္ကသိုလ်များတွင် နိုင်ငံရေးပါတီ ၀င်ရောက်သူများကို လက်မခံသည့်သဘော သက်ရောက်သည့် ၀န်ခံကတိ ကန့်သတ်ချက်သည် ယင်းပြဋ္ဌာန်းချက်ပါ တာဝန်ရှိမှု ကိုပင် ပြန်လည် ကန့်သတ် ထားသကဲ့သို့ ဖြစ်နေသည်။

ထို့ပြင် ပုဒ်မ ၃၆၉ အပိုဒ်က တွင် နိုင်ငံသားတိုင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဖြစ်စေ၊ သက်ဆိုင်ရာ ဥပဒေများနှင့်ဖြစ်စေ မဆန့်ကျင်လျှင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ်၊ ပြည်နယ် လွှတ်တော် တစ်ရပ်ရပ်တွင် ရွေးကောက် တင်မြှောက်ခွင့်နှင့် ရွေးကောက်တင်မြှောက် ခံပိုင်ခွင့် ရှိသည်ဟုလည်း ပြဋ္ဌာန်းထားသည်ကို တွေ့ရသည်။

ထို့ပြင် အသက် ၁၈ နှစ်ပြည့်ပြီးသည့် ကျောင်းသားတိုင်း မဲထည့်ခွင့်ရှိပြီး မိမိနိုင်ငံ့အရေးတွင် ပါဝင်ပတ်သက်ခွင့် ရှိနေသည့် အခြေအနေတွင် ယင်းဝန်ခံချက် လက်မှတ်ရေး ထိုးခိုင်းသည့် စည်းမျဉ်း စည်းကမ်းများမှာ ပယ်ဖျက် သင့်ပြီဖြစ်ကြောင်း ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသား သမဂ္ဂ အထွေထွေ အတွင်းရေးမှူး ကိုစည်သူမောင် က ပြောသည်။

ယင်းစည်းကမ်းချက်များသည် စစ်အစိုးရ လက်ထက်ကတည်းက ကျောင်း သားများ နိုင်ငံရေးကို လုံးဝ စိတ်ဝင်စားမှု မရှိစေရန် ဖန်တီးမှု တစ်ခု ဖြစ်သည်။

““ဒီစည်းကမ်းချက်တွေက မ-ဆ-လ နဲ့ န-၀-တခေတ်တုန်းက ထုတ်ပြန်ခဲ့တဲ့ စည်းကမ်းချက်တွေပါ။ ဒါပေမဲ့ ခုထက်ထိရှိနေတယ် ဆိုတာတော့ ဒီအချိန်မှာတော့ ဖျက်သင့်တဲ့ စည်းမျဉ်း စည်းကမ်းတွေလို့ပဲ မြင်တယ်””ဟု ကိုစည်သူမောင်က ပြောသည်။

ကျောင်းသားတစ်ဦး၏ တာဝန်မှာ ပညာကို လေ့လာသင်ယူရန် ဖြစ်သည့် အတွက် တခြားသော ကိစ္စရပ် များအတွက် ပညာရေးပိုင်းက တာဝန်ရှိသူတွေက ထည့်သွင်းစဉ်းစားဖို့ မလိုအပ်သည့်အပြင် ကျောင်းသား တစ်ယောက်၏ ပညာရေးကြိုးစားမှု အပေါ်မှာသာ မူတည်ပြီး တက္ကသိုလ် ၀င်ခွင့်နှင့် စည်းကမ်းပိုင်းဆိုင်ရာ တွေကို စဉ်းစားရန်လိုကြောင်း ကိုစည်သူမောင်က ပြောသည်။

““စည်းကမ်းပိုင်းကိုပြန်ပြီး သုံးသပ်ဖို့ လိုအပ်တယ်။ တက္ကသိုလ်ပရိဝုဏ်မှာ နိုင်ငံရေးပါတီ လှုပ်ရှားမှုကို ခွင့်မပြုနဲ့။ သို့ပေမယ့်လို့ ကျောင်းသား တစ်ယောက်က နိုင်ငံရေးပါတီမှာတော့ ၀င်ရောက်ပြီးတော့ လှုပ်ရှား ဆောင်ရွက်ခွင့် ရှိတယ်။ ဒါက ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာဆိုင်ရာ အခွင့်အရေး၊ နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေး။ ဒီပေါ်မှာတော့ မကန့်သတ် သင့်ဘူးပေါ့နော်””ဟု ၎င်းက ပြောသည်။

နိုင်ငံရေးပါတီ ဆိုသည့်အဖွဲ့အစည်းမှာလည်း တရားဝင် အဖွဲ့အစည်း ဖြစ်သည့်အတွက် ကျောင်းသားများ မှာလည်း နှစ်သက်သည့် အဖွဲ့အစည်းသို့ ၀င်နိုင်ပြီး ယခုကဲ့သို့ တားဆီးပိတ်ပင်ခြင်းမှာ လူ့အခွင့်အရေး ချိုးဖောက်သည့် သဘောသက်ရောက်ကာ ကျောင်းသားများ၏ လွတ်လပ်ပိုင်ခွင့်ကို ထိပါးသည့် သဘော ဖြစ်ေ ကြာင်း ဦးဒေးဗစ်လှမြင့်က ပြောသည်။

နိုင်ငံခြားကျောင်းများ ဖွဲ့စည်းပုံစံမျိုးနှင့် ကွဲပြားခြားနားကြောင်း ““နိုင်ငံခြား ကျောင်းတွေမှာ ရှိတာတွေကတော့ ကျောင်းမှာ အဖွဲ့အစည်းတွေ ထောင်ပြီး တက်တက်ကြွကြွ လှုပ်ရှားလိုစိတ် ရှိပါလားလို့တောင် ပါတတ်တယ်။ ပြောင်းပြန်ပါ။ ပိတ်ပင် တားမြစ်ထားတာမျိုး လုံးဝမရှိဘူး။ ကျွန်တော်တို့ ကျောင်းအဖွဲ့အစည်းမှာ တက်ခဲ့တဲ့ ကျောင်းမှာ Myanmar Student Society (M.S.S) ဆိုတာ စထောင်တယ်။ အဖွဲ့အစည်း ထောင်ဖို့ ခွင့်ပြုတဲ့ အပြင် ဘတ်ဂျက်ပါ ထုတ်ပေးတယ်””ဟု နိုင်ငံတကာ ပညာရေး ၀န်ဆောင်မှု ဆောင်ရွက်နေသည့် LAS ရေးဝန်ဆောင်မှု လုပ်ငန်းမှ အကြီးအကဲဖြစ်သည့် ဦးကျော်ဇေယျက ပြောသည်။

နိုင်ငံတကာတွင် ပညာသင်ဆု ချီးမြှင့်ရန် ရွေးချယ်ရာတွင် လူမှုရေး အဖွဲ့အစည်းများတွင် ပါဝင်သည့် လုပ်ဆောင်ချက်များနှင့် နိုင်ငံရေး လုပ်ငန်းစဉ်များတွင် စွမ်းဆောင်ချက်များ ရှိမှသာ နိုင်ငံရေး သိပ္ပံ၊ နိုင်ငံရေး ဘောဂဗေဒ၊ လူမှုရေးသိပ္ပံ စသည့် ဘာသာရပ်များတွင် ပညာသင်ဆု ပေးခြင်းဖြစ်သည်။

ဆရာ/ဆရာမများအား ပါတီမ၀င်ရဆိုသည့် ကန့်သတ်ထားချက်များ ကိုလည်း နိုင်ငံသားတစ်ယောက်၏ ရသင့် ရထိုက်သည့် အခွင့်အရေးဟု မှတ်ယူပြီး ဥပဒေတွင်ထည့်ရန် တိုက်တွန်းရကြောင်း ရန်ကုန် စီးပွားရေး တက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုဇေယျာလွင်က မြန်မာသံတော်ဆင့် သို့ ပြောသည်။

သဇင်လှိုင်

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

MPC က ဒါကို အခွင့်ကောင်းယူပြီး နိုင်ငံတကာရဲ့ အာရုံစူးစိုက်မှု နိုင်ငံတကာရဲ့ အကူအညီတွေကို ထပ်ပြီးတော့ ပိုမိုရရှိနိုင်ဖို့ဆိုတဲ့ ရည်မှန်းချက်နဲ့ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါဟာ နိုင်ငံသူ နိုင်ငံသားတွေကိုကော၊ တိုင်းရင်းသားတွေ~ ကိုကော၊ နိုင်ငံတကာကိုကော သူတို့မီဒီယာအားဖြင့် အမြတ်ထုတ်တယ်လို့ပဲ ပြောလို့ရမယ်။ ဆင်ဖြူတော် ဘာတွေ ညာတွေ အတိတ် နိမိတ်တွေကတော့ ဒါအဓိပ္ပာယ် မရှိတဲ့ လုပ်ရပ်တွေပါ …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

““ငြိမ်းအေးပြည်သာ ဆင်ဖြူတော်ရတနာ””နာမည်ဖြင့် ဆောင်းပါးရှင် ၀င်းလှိုင်ကျော် ရေးသား ထားသော ဆောင်းပါးကို ဧပြီလ ၅ ရက်ထုတ် အစိုးရအာဘော် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြခဲ့ရာ အတွင်း စာသားနှင့် ဆောင်းပါးကောက်စာ၌ ““ဆင်ဖြူတော် ရတနာများ က ဆောင်ကြဉ်း~ ခဲ့သော အေးချမ်းသာယာမှု အတိတ် နိမိတ်ကြောင့် ယခုအခါ တစ်နိုင်ငံလုံး ပစ်ခတ်မှုရပ်ဆိုင်းရေး သဘောတူ စာချုပ်မူကြမ်းကို အစိုးရအဖွဲ့နှင့် တိုင်းရင်းသား ခေါင်းဆောင်တို့အကြား အတည်ပြု လက်မှတ်ရေးထိုး နိုင်ခဲ့လေပြီ”” ဟူသည့် စာသားကို အကျယ်တ၀င့် ဖော်ပြခဲ့သည်။

သို့သော် ယင်းကဲ့သို့ အတိတ်နိမိတ်နှင့် ပတ်သက်သည့် ယုံကြည်ချက်များကို မိမိတစ်ကိုယ်ရေ အနေဖြင့် ယုံကြည်ပိုင်ခွင့်၊ ပြောဆိုပိုင်ခွင့် ရှိသော်လည်း ပြည်ထောင်စုအဆင့် ရေးထိုးခဲ့သည့် အပစ်ရပ် သဘောတူ စာချုပ်မူကြမ်းကို ဆင်ဖြုတော်က ဆောင်ကြဉ်းခဲ့သော အေးချမ်းသာယာမှု အတိတ်နိမိတ်ကြောင့်ဟု ရေးသား ထားခြင်းမှာမူ ပါဝင် လက်မှတ်ရေးထိုး ထားသူများနှင့် မူကြမ်းစာချုပ်အပေါ် ပြက်ရယ်ပြုစရာ တစ်ခုအဖြစ် ထင်မြင်ယူဆဖွယ်ရှိနေကြောင်း သုံးသပ်မှုများ ရှိသည်။

အဆိုပါစာချုပ်ကို သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ တပ်မတော်ဘက်မှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးနှင့် ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ လွှတ်တော်ဘက်မှ ဦးသိန်းဇော်နှင့် ဦးခက်ထိန်နန်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဘက်မှ NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာ၊ ပဒိုကွယ်ထူးဝင်း၊ ဗိုလ်ချုပ်ဂွန်မော်၊ ဗိုလ်မှူးကြီး ခွန်ဥက္ကာနှင့် ဒေါက်တာ ဆလိုင်းလျန်မှုန်း ဆာခေါင်းတို့ ပါဝင် လက်မှတ် ထိုးခဲ့ခြင်းဖြစ်ပြီး ယင်း လက်မှတ်ရေးထိုးပွဲသို့ သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ နိုင်ငံပိုင် အစိုးရအာဘော် သတင်းစာ၌ ပြည်ထောင်စု အဆင့် ရေးထိုးထားသော အပစ်ရပ် သဘောတူ စာချုပ်မူကြမ်းနှင့် ပါဝင်လက်မှတ် ရေးထိုးထားသူများအပေါ် ပျက်ရယ်ပြုဖွယ်ရာ ဖော်ပြခဲ့မှုနှင့် ပတ်သက်၍ နယ်ပယ်အသီးသီး ပုဂ္ဂိုလ်များ၏ သဘောထားအမြင်များကို စုစည်းကာ မြန်မာသံတော်ဆင့်က ဖော်ပြလိုက် ပါသည်။

ဝိုင်းမော်

● ဦးမန်းအောင်ပြည်စိုး (ဒုဥက္ကဋ္ဌ၊ ဖလုံ-စဝေါ်ပါတီ)

တိုင်းရင်းသားတွေက အဲဒီအယူအဆတွေနဲ့ ပတ်သက်ပြီးတော့ သိပ်ပြီးတော့ အယူသီးမှုတော့ သိပ်မရှိလှဘူး။ အဲဒီဟာကိုတော့ ကျွန်တော်တို့က သိပ်လက်မခံနိုင်ဘူးပေါ့လေ။ ကျွန်တော်တစ်ဦးတည်း အနေနဲ့နော်။ အဲဒီတော့ ဆင်ဖြူတော်ကြောင့် ဆိုတဲ့ကိစ္စမှာ ငြိမ်းချမ်းရေးဖြစ်ရတယ် ဆိုတဲ့ဟာကိုတော့ ကျွန်တော်တို့ကတော့ သိပ်သဘောမတွေ့ဘူး။ တိုင်းရင်းသားတွေဘက်က တတ်နိုင်သလောက် လိုက်လျောပြီးတော့ ရေရှည်ကို ကြည့်ပြီးတော့မှ ဘယ်လိုကောင်းအောင် ဆက်ပြီးတော့ စဉ်းစားကြမယ်၊ ဆောင်ရွက်ကြမယ် ဆိုတဲ့အပေါ် မှာ မျှော်လင့်ပြီးတော့မှ လက်မှတ်ထိုးလိုက်တဲ့ သဘောမျိုးလို့ ကျွန်တော်တို့က အဲဒီလိုပဲ ပြောချင် တယ်။ ရေရှည်မှာ သူတို့ တကယ်တမ်းပဲ လက်မှတ်ထိုးနိုင်မယ်၊ မထိုးနိုင်ဘူး၊ ငြိမ်းချမ်းရေးကို လက်ခံမယ်၊ လက်မခံဘူးဆိုတာ တိုင်းရင်းသားတွေက အဲဒါကို ကြည့်ပြီးတော့မှ စဉ်းစားသုံးသပ်တဲ့ သဘောမျိုးတော့ ပြော ချင်တယ်။

● ဒေါ်နော်စီဖိုးရာစိန် (ဒုဥက္ကဋ္ဌ၊ KNU)

အဲဒါကတော့ ကျွန်မတို့ လက်မခံဘူးပေါ့။ Ceasefire လုပ်တာက အဲဒါတွေ မရှိပါဘူး။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက သူတို့ရဲ့လုပ်ဆောင်မှုတွေ သူတို့ရဲ့စေတနာ အပေါ်မှာပဲလို့ မြင်တယ်။ အတိတ်နိမိတ်တွေ ဘာတွေ လုံးဝမဖြစ်နိုင်ဘူး။ အတိတ်နိမိတ်တွေကို ယုံကြည်မယ်ဆိုရင်တော့ ဒါဟာ သဘာဝမ ကျဘူး။ တိုင်းရင်းသားတွေရဲ့ ကြိုးစားအားထုတ်မှုကို အသိအမှတ်မပြုတဲ့ သဘောဝင်တာပေါ့။ ကြိုးစားမှုပဲ။

● ဆလိုင်းယောအောင် (ဦးဆောင်ကော်မတီဝင်၊ ABSDF)

ကျွန်တော့် အမြင်ကတော့ဗျာ ဒီအယူအဆတွေပေါ်မှာ အယုံအကြည်မရှိဘူး။ သူတို့ဟာ သူတို့ ဘယ်လို ပဲ ပြောပြောပေါ့ဗျာ။ ဆင်ဖြူတော်ကပဲ ဆောင်ကြဉ်း ပေးတာပဲပြောပြော၊ ဘုရားသခင်က ပဲ ဆောင်ကြဉ်း ပေး တာပဲ ပြောပြောပေါ့ဗျာ။ ဒီနိုင်ငံထဲမှာရှိနေတဲ့ တိုင်းသူပြည်သား အားလုံးရဲ့ ဆန္ဒပေါ့ဗျာ။ အားလုံးရဲ့ ဆန္ဒကြောင့် ဖြစ်တယ်ပဲလို့ လက်ခံတယ်။ သေချာစဉ်းစား ကြည့်တော့ ဆင်ဖြူတော် ကြံဆောင်လာတာနဲ့ ဒါအားလုံးက ပြေလည်တယ်ဆိုတာ လက်တွေ့ကျကျ စဉ်းစားကြည့်ရင်တော့ မဖြစ်နိုင်ပါဘူး။ တကယ်လို့သာ ဆင်ဖြူတော် ကြောင့်ဆိုရင် ဒီတိုင်းပြည်မှာရှိတဲ့ ပြဿနာအားလုံး ငြိမ်းချမ်းသွားမှာပေါ့။ အဓိက လုပ်ရမှာက လူတွေပဲ လုပ်ရမှာလေ။ ဗုဒ္ဓဘာသာအရဆိုလည်း ဘုရားရှင် ဟောထားတာ ကိုယ်ကိုယ်တိုင် လုပ်ရမှာပါ။ တချို့ တိုင်းရင်းသားတွေ ဘက်ကလည်း ကျွန်တော့်အထင် ပြောတာပေါ့။ တိုင်းရင်းသားတွေဘက်ကလည်း ဗုဒ္ဓဘာသာရှိသလို ခရစ်ယာန်လည်းရှိကြတယ်။ ဒီဟာကြောင့် ဒီလိုဖြစ်တယ်ဆိုတာ ငါတို့လုံ့လ စိုက်ထုတ် ထားတဲ့ဟာကို ဆင်ဖြူတော်ဆိုတဲ့ ဟာကြီးနဲ့ ချေဖျက်တာလား၊ ငါတို့ရဲ့လုံ့လ စိုက်ထုတ်မှုကို အသိအမှတ် မပြုဘဲ စော်ကားတာလားစသဖြင့် ထင်ကောင်းထင်နိုင်တာပေါ့။

● ဗိုလ်မှူးကြီးစောလွင် (တွဲဖက်အတွင်းရေးမှူး၊ ကယန်းပြည်သစ်ပါတီ)

အခုကတော့ အပစ်အခတ် ရပ်စဲရေးစာချုပ်ရဲ့ မူကြမ်းလေးကို သဘောတူရုံနဲ့ ဆင်ဖြူတော်ကြောင့် ဒီလို ဖြစ်ရတယ် ဆိုတာသိပ်ပြီးတော့ အသိဉာဏ် နုံ့လွန်းတယ်လို့ ကျွန်တော်တို့ ပြောချင်တယ်။ တိုင်းရင်း သား တွေရဲ့ကြိုးပမ်းအားထုတ်မှုကိုလည်း အသိအမှတ်မပြုဘူး။ ငြိမ်းချမ်းရေးကို လိုချင်တဲ့ ပြည်သူလူထုရဲ့ ဆန္ဒနဲ့ ကြိုးပမ်းမှု တွေကိုလည်းသူတို့က အသိအမှတ်မပြုဘူး။ ကျွန်တော်တို့ ပြောချင်တာကတော့ သူတို့က လွယ်လွယ်ပြောသလို အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်းကို သဘောတူနိုင်တာဟာ ဆင်ဖြူတော်ေ ကြာင့် ဖြစ်တယ်ဆိုရင်တော့ အဲဒီအပစ်အခတ်ရပ်စဲရေးကလည်း အတုအယောင်ပဲဖြစ်တယ်လို့ ကျွန်တော် တို့ ပြောချင် တယ်။

● ဦးဒေးဗစ်လှမြင့် (၉၀ ရွေးကောက်ခံကိုယ်စားလှယ်)

လက်မှတ်ထိုးတဲ့ ကိစ္စကတော့ အဓိကကတော့ လက်ရှိအနေအထားမှာ အဆင်ပြေချင်တဲ့ အနေအထားပေါ့။ ဒီကိစ္စက မူကြမ်းဗျ။ မပြီးသေးဘူးဗျ။ အရေးကြီးတဲ့ အခန်းကဏ္ဍတွေကို ဖယ်ထားပြီး ကိစ္စပြီးအောင် လုပ်တဲ့ သဘောပဲရှိတယ်။ ဒါကြီးက လုံးဝအောင်ပွဲကြီး တစ်ခုလို့တော့ သတ်မှတ်လို့ မရဘူးဗျ။ အစိုးရဘက်ကတော့ လက်မှတ် အရမ်းထိုးချင်နေတာလေ။ သဘောက ဦးသိန်းစိန်အစိုးရ တက်လာတဲ့ ၅ နှစ်တာ ကာလအတွင်းမှာ တစ်ခုမှ အောင်အောင်မြင်မြင်နဲ့ လုပ်ပေးနိုင်တာ မရှိဘူးလေ။ မရှိတဲ့အခါ သူတို့က အပစ်အခတ်ရပ်စဲရေး လက်မှတ် ထိုးနိုင်ခဲ့တယ်ဆိုတာ ဒါကို သူတို့သိပ်ထိုးချင်တာ။ အဲဒါကြောင့်ပါ။

● ဦးလနန် (ပြောရေးဆိုခွင့်ရှိသူ၊ KIO)

အဲဒီလို ဆင်ဖြူတော်ကြောင့် ဆိုတဲ့ဟာတွေက သိပ်ကိုပေါတောတော ဖြစ်လွန်းပါတယ်။ ဒီလက်မှတ် ရေး ထိုးတယ်ဆိုတဲ့ကိစ္စကတော့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးတာ မဟုတ်ပါဘူး။ NCCT နဲ့ UPWC က ပထမအဆင့်ဖြစ်တဲ့ ဒီမူကြမ်းကို နှစ်ဖက်အပြန်အလှန် ညှိနှိုင်းပြီးမှပဲ သဘောတူညီချက် အဆင့်တစ်ခုကို ရောက် ရှိတဲ့အတွက် လုပ်ငန်းပြီးစီးတဲ့ အနေနဲ့လက်မှတ်ရေးထိုးတာပါ။ အမှန်တကယ် လက်မှတ် ထိုးစရာလည်း မလိုပါဘူး။ ဒါပေမဲ့ MPC က ဒါကို အခွင့်ကောင်းယူပြီး နိုင်ငံတကာရဲ့ အာရုံ စူးစိုက်မှု နိုင်ငံတကာရဲ့ အကူ အညီ တွေကို ထပ်ပြီးတော့ ပိုမိုရရှိနိုင်ဖို့ ဆိုတဲ့ ရည်မှန်းချက်နဲ့ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါဟာ နိုင်ငံ သူ နိုင်ငံသား တွေကိုကော၊ တိုင်းရင်းသားတွေကိုကော၊ နိုင်ငံတကာ ကိုကော သူတို့မီဒီယာအားဖြင့် အမြတ်ထုတ် တယ်လို့ပဲ ပြောလို့ရမယ်။ ဆင်ဖြူတော် ဘာတွေညာတွေ အတိတ် နိမိတ်တွေကတော့ ဒါ အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်တွေပါ။ အတိတ်နိမိတ်ကို ယုံကြည်တဲ့ မြန်မာ့နိုင်ငံရေး အခြေအနေကို အခွင့်ကောင်းယူပြီး အမြတ်ထုတ် တာ လို့ ပြောလို့ရပါတယ်။

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

မြန်မာသက္ကရာဇ် ၁၃၇၆ မှ ၁၃၇၇ သို့ ကူးပြောင်းမည့် မဟာသင်္ကြန် ကာလသို့ မကြာမီ အချိန်အတွင်း ကျရောက် တော့မည်ဖြစ်သည်။ ထိုသင်္ကြန်ကာလ နီးလာသည်နှင့်အမျှ ဖျက်မရသော အတိတ် ပုံရိပ်နှင့် ခြောက် လှန့်နေသော ပုံရိပ်ဆိုးတစ်ခုမှာ X2O မဏ္ဍပ်၏ ကြေကွဲဖွယ် ဖြစ်ရပ်ဖြစ်သည်။

၂၀၁၀ ပြည့်နှစ် ရန်ကုန်သင်္ကြန်မှာ မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီးပတ်လမ်း တင့်ကားကုန်း အရှေ့လမ်းဆုံ X2O ၊ မဏ္ဍပ်ရှေ့တွင် ဗုံး ၃ လုံး ဆက်တိုက် ပေါက်ကွဲမှုဖြစ်ခဲ့ပြီး လူ ၁၀ ဦး သေဆုံး၍ ၁၇၀ ကျော် ဒဏ်ရာရခဲ့သည့် မေ့မရသော ဖြစ်ရပ်ဆိုးကြီးကို ပြည်သူများ တွေးကြောက်နေဆဲ ဖြစ်သည်။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲနှင့် တိုက်တိုက်ဆိုင်ဆိုင်ပင် မြန်မာ့သင်္ကြန် တွင် ပထမဦးဆုံးအကြိမ် ဗုံးပေါက်ကွဲ ခဲ့ခြင်းလည်း ဖြစ်သည်။

သင်္ကြန်ကာလအတွင်း အစိုးရအနေဖြင့် လုံခြုံရေး အခြေအနေ မည်သို့ လုပ်ဆောင်သွားမည့် ကိစ္စနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်း နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဦးတင်ဝင်းက ““လုံခြုံရေး လုပ်ငန်းကော်မတီ အနေနဲ့ကတော့ ခါတိုင်းနှစ်တွေလိုပဲ လုပ်ငန်းကို ပြည်သူလူထုအားလုံး စနစ်တကျနဲ့ လုပ်ငန်းတွေ ပျော်ပျော် ရွှင်ရွှင်နဲ့ ပြီးဆုံးသွားနိုင်အောင် စည်းကမ်းချက် သတ်မှတ်ချက်လေးတွေ ထုတ်ထားတာတော့ ရှိတယ်၊ မနှစ် ကလိုပဲ လုံခြုံရေးနဲ့ ပတ်သက်လို့ တို့စည်းကမ်းထိန်းသိမ်းရေး ကော်မတီ၊ လုံခြုံရေး လုပ်ငန်းကော်မတီ ၂ခု ပေါင်းစပ်ပြီး တို့ဆောင်ရွက်ထားတာ ရှိတယ်။ အဲဒီတော့ စည်းကမ်းထိန်းသိမ်းရေး ကော်မတီ အနေနဲ့ကတော့ သက်ဆိုင်ရာ သင်္ကြန်ကာလအတွင်းမှာ စည်းကမ်းမဲ့ ယာဉ်တွေ မောင်းတာတွေ နောက်ပြီးရင် စည်းကမ်း မဲ့ နောက်ပြီး သင်္ကြန် ဟိုဒင်းမှာလည်း ပါပြီးသားပဲ။ မကြာမီမှာ ထုတ်တော့မှာဖြစ်တဲ့ မြန်မာရိုးရာ အတာသင်္ကြန်နဲ့ ပတ်သက်ပြီးတော့ ဒါသတင်းစာတွေလည်း ထည့်မှာဖြစ်တယ် ဒါတွေက ဘာတွေလဲဆိုရင် ရေကစား မဏ္ဍပ် တွေမှာ မြန်မာ့ရိုးရာ ယဉ်ကျေးမှုနဲ့ ဆန့်ကျင်တဲ့ သရုပ်ပျက်ဝတ်ဆင်မှုတွေ သရုပ်ပျက် ပြုလုပ်မှုတွေ မပြုလုပ်ဖို့ နောက်ရေကစားရာမှာ ဆပ်ပြာမှုန့်တွေ ရေခဲ အိတ်တွေ နောက်ပြီးတော့ လူကိုအန္တရာယ် ဖြစ်စေတဲ့ ပစ္စည်းတွေနဲ့ ပစ်ပေါက်ပြီး ရေကစားတာတွေ (pressure pump) တွေနဲ့ ရေးပက်တာတွေ မပြုလုပ် ဖို့ နောက် ရေကစားမဏ္ဍပ် အနီးမှာ အရက်မျိုးစုံ ရောင်းချတွေ မူးယစ်ဆေးဝါး ရောင်းချတာတွေ မပြုလုပ် ဖို့ တွေ့ရင် ဥပဒေနဲ့အညီ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ရေပက်ခံကားတွေပေါ်မှာ တုတ်ဓား လက်နက်တွေနဲ့ တခြားအန္တရာယ်ပြု နိုင်တဲ့ ပစ္စည်းတွေ တင်မသွားဖို့ ဒါတွေကိုလည်း ကြိုတင်ပြီးတော့ သတင်းထုတ်ပြန် သွားမှာဖြစ်ပါတယ် ” ဟု မြန်မာသံတော်ဆင့်သို့ ပြောသည်။

ယင်းကဲ့သို့ လုံခြုံရေး ပေးသွားမည် ဖြစ်သော်လည်းလုံခြုံရေးအင်အား မည်မျှသုံးစွဲမည်ကို ထုတ်ဖော် ပြောနိုင်ခြင်း မရှိကြောင်းကို ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဦးတင်ဝင်းက ““အင်အားအနေနဲ့ တို့ကပြောလို့မရဘူးလေ။ ဘာလို့လဲဆိုတော့ တို့လုံခြုံရေးလုပ်တဲ့အခါမှာ တို့လုပ်တဲ့အရံ အတားတွေလည်းရှိတယ် ဒါတွေကိုဘယ်မှာ ဘယ်နေရာမှာ လုံခြုံရေးအရ အင်အား ဘယ်လောက်နဲ့ ဘယ်နေရာ ဘာလုပ်မယ်ဆိုတာ လုံခြုံရေးအရ ပြောပိုင်ခွင့်မရှိဘူး”” ဟု မြန်မာသံတော်ဆင့်သို့ ပြောသည်။

အစိုးရအနေဖြင့် နှစ်စဉ်နှစ်တိုင်း လုံခြုံရေး အခြေအနေ ဖော်ထုတ်ပြောကြားခြင်း မရှိခဲ့သည့်အပြင် မှုခင်း ဖြစ်ပွားမှုနှုန်းများ လျှော့ချနိုင်မှုမရှိသေးပေ၊ ၂၀၁၃ ခုနှစ်အတွင်း မှုခင်းဖြစ်ပွားမှုပေါင်း ၄၀၇ မှု ဖြစ်ပွား ခဲ့ပြီး သေဆုံးသူ ၂၅ ဦး၊ ဒဏ်ရာရရှိသူ ၁၈၅ ဦးရှိခဲ့ကာ ၂၀၁၄ ခုနှစ်တွင်း မှုခင်းဖြစ်ပွားမှုပေါင်း ၅၇၈ မှုဖြစ်ပွား ခဲ့ပြီး၊ သေဆုံးသူဦးရေ ၄၃ ဦး၊ ဒဏ်ရာရရှိသူဦးရေ ၂၄၈ ဦးရှိခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီးမှ ထုတ်ပြန်ထားေ သာ သတင်းများအရ သိရသည်။

မှုခင်းဖြစ်ပွားမှုနှုန်းမှာ နှစ်အလိုက် တိုးပွားလာနေရာ အစိုးရ၏ လုံခြုံရေး လုပ်ဆောင်ချက်များအပေါ် ပြည်သူများ စိုးရိမ်စိတ် ဖြစ်ပေါ်လာသည်မှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးပွားလာမှာ မလွဲဖြစ်ပြီး အစိုးရ၏ လုံခြုံရေး ဆောင်ရွက်မှုများအပေါ် မေးခွန်းထုတ်စရာ ဖြစ်သည်။

သင်္ကြန်ကာလအတွင်း အစိုးရအနေဖြင့် မဏ္ဍပ်များ တစ်ခုချင်းစီအလိုက် လုံခြုံရေးအင်အား ပေးသွားမည် မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြောကြားသည်။

ယင်းသို့ အစိုးရက လုံခြုံရေးမပေးနိုင်သဖြင့် ပုဂ္ဂလိကအနေဖြင့် ငှားရမ်းသုံးစွဲရပြီး မဏ္ဍပ်ကစားသူအများစုသည် လုံခြုံရေးမပေးလျှင် မလာရောက်ကြကြောင်း အမည်မဖော်လိုသူ မဏ္ဍပ်စီစဉ်သူတစ်ဦးက ဆိုသည်။

““မနှစ်က ကျွန်တော်တို့ မဏ္ဍပ်တိုင်းကို မဏ္ဍပ်ပေါ်မှာ ရဲသို့မဟုတ် SB နှစ်ဦးစီ လုံခြုံရေးပေးတယ်။ ဒီနှစ်လည်း ဒီအတိုင်းပဲ။ မဏ္ဍပ်ရှိတဲ့ လမ်းတွေမှာ လုံခြုံရေးရုံးတွေ ဆောက်ပြီး လုံခြုံရေးအင်အား ၅ ယောက်ကနေ ၁၀ ယောက်ကြား တွေ့ရတယ်။ မဏ္ဍပ်ကို လုံခြုံရေး မပေးတော့ ပုဂ္ဂလိက လုံခြုံရေးကို ထပ်ငှားရတယ်။ အဲဒီလို လုံခြုံရေး အင်အားပြမှ မဏ္ဍပ်လာထိုင်မယ့် သူတွေက ဦးစားပေးရွေးချယ်ကြတာ ပုဂ္ဂလိက လုံခြုံရေးဆို တာ လေ့ကျင့်ထားတဲ့ နိုင်ငံ့ဝန်ထမ်း လုံခြုံရေးလောက် အတွေ့အကြုံမရှိဘူး။ ဒီတော့ဖြစ်လာမယ့် အန္တရာယ် တိုင်းကို အနည်းငယ်တော့ ကာကွယ်မှု ပေးနိုင်ပါတယ်”ဟု မဏ္ဍပ်စီစဉ်သူတစ်ဦးက မြန်မာသံတော်ဆင့် သို့ ပြော သည်။

““ဒီနှစ်လုံခြုံရေးပေးတယ်။ အရင်နှစ်အတိုင်းပဲ အာမခံကြေး တိုးကောက်တဲ့အပေါ် အဆင်မပြေတာတော့ မရှိပါဘူး။ ဒီနှစ်ကောလာဟလ ထွက်လာတော့ လုံခြုံရေးတိုးပြီး ငှားထားလိုက်တာပေါ့” ဟု Out of the control မဏ္ဍပ်စီစဉ်သူတစ်ဦးက မြန်မာသံတော်ဆင့်သို့ ပြောသည်။

ယင်းသို့လုံခြုံရေး မပေးနိုင်သော်လည်း သင်္ကြန်ကာလအတွင်း ရေကစားမဏ္ဍပ် ဆောက်လုပ်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး မြို့တော်စည်ပင်သို့ ပေးဆောင်ရသည့် မဏ္ဍပ်စပေါ်ငွေ တိုးမြှင့်ခဲ့သည်။

ယင်းသို့ တိုးမြှင့်ခြင်းမှာ ပြီးခဲ့သည့် နှစ်အတွင်း မဏ္ဍပ်အများစုမှာ စည်းကမ်း ဖောက်ဖျက်မှု များပြားပြီး ယင်းအတွက် ပေးဆောင်ရသော ဒဏ်ကြေး စုစုပေါင်းမှာ စပေါ်ငွေထက် ကျော်လွန်ခဲ့ခြင်းကြောင့် စပေါ်ငွေပမာဏ တိုးမြှင့်ရခြင်းဖြစ်ကြောင်း မြို့တော်စည်ပင်သာယာရေး ကော်မတီလမ်း၊ တံတားဌာနမှ ဒုဌာနမှူးဖြစ်သူ ဦးစိုးသိန်းအောင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

စပေါ်““(deposit) ကြေးက သိန်း ၁၀၀ မနှစ်ကတော့ ၇၅ သိန်း။ ပြစ်ချက်ကျူးလွန်ရင် တစ်ခါတည်း စပေါ်ထဲက ဖြတ်လို့ရအောင် မနှစ်တုန်းက နှစ်ခုလောက် ကျော်သွားတယ်။ ကျော်သွားရင် ပြန်တောင်းလို့ မရတော့ဘူးလေ။ အဲဒါကြောင့်မြှင့်တာ မနှစ်တုန်းက မဏ္ဍပ်တော်တော်များများ အရေးယူခံရတယ်။ လွတ်တာက ၂ ခု၊ ၃ ခု လောက်တော့ ရှိတာပေါ့နော်”” ဟု မြန်မာသံတော်ဆင့်သို့ ပြောသည်။

သင်္ကြန်ပွဲတော်ကာလ အထူးလုံခြုံရေးအတွက် ရေကစားသူများသည် ကာမစိတ်ကြွဆေးဝါး အပါအ၀င် မူးယစ်ဆေးဝါးများ သုံးစွဲခြင်း မပြုရန်နှင့် မှုခင်းမဖြစ်ပွားစေရေး ကြိုတင်သတိပေး နှိုးဆော်စာများကို ဧပြီလ ၄ ရက်နေ့တွင် ရဲတပ်ဖွဲ့က ပထမဆုံးအကြိမ် ထုတ်ပြန်ခဲ့ပြီး လိုက်နာမှုမရှိပါက ဥပဒေအရ ထိရောက်စွာ မဖြစ်မနေ အရေးယူမည်ဟု ကြေညာခဲ့သည်။

သင်္ကြန်ကာလ လုံခြုံရေးအတွက် မြို့ကြီးများဖြစ်သည့် ရန်ကုန်နှင့် မန္တလေးတို့တွင် မဏ္ဍပ်များ စည်ကားရာ လမ်းမကြီးပေါ်၌ မှုခင်းများ မဖြစ်ပွားစေရန်နှင့် အရက်သေစာ အပါအ၀င် မူးယစ်ဆေးဝါးများ သုံးစွဲရောင်း ချ ခြင်းများ မရှိစေရန် သက်ဆိုင်ရာ မြို့နယ်အလိုက် ရဲတပ်ဖွဲ့က လှည့်ကင်း၊ ၀ပ်ကင်းနှင့် အသွင်ယူ စုံစမ်းခြင်း များ ဆောင်ရွက်မည့်ဖြစ်ပြီး ယာယီရဲကင်းများ နေရာအနှံ့ဖွင့် ကာ ရေကစားသူနှင့် ရေပက်ခံသူများအတွက် လုံခြုံရေး ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကဆိုသည်။

ယင်းသို့ ရဲတပ်ဖွဲ့မှု၏ ထုတ်ပြန်ချက်သည် ၂၀၁၅ ရွေးကောက်ပွဲ ကာလနှင့် တိုက်ဆိုင်နေသော ယခုနှစ် သင်္ကြန်အပေါ် ပြည်သူလူထု၏ စိုးရိမ်စိတ်ကို နှစ်သိမ့်နိုင်မှု အားနည်းနေဆဲဖြစ်သည်။

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald




စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ ဒေါ်ခင်ဝင်းအမှု တရားခွင်က ပြန်လာတဲ့ ရွာသားတွေစီးလာတဲ့ ထော်လာဂျီယာဉ်နဲ့   ကုန်တင်ယာဉ်ငယ်တစီး တိုက်မိတဲ့အတွက် ကား တိမ်းမှောက်ပြီး ၁၅ ဦးဒဏ်ရရှိသွားပါတယ်။

ရဲတပ်ဖွဲ့ရဲ့သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့တဲ့ ဒေါ်ခင်ဝင်အမှုနဲ့ ပတ်သက်ပြီး ဆားလင်းကြီးမြို့နယ်တရားရုံးမှာ ဒီကနေ့ အမိန့်ချမှတ်တဲ့ တရားခွင်ကို  လက်ပံတောင်းဒေသက တောင်သူ၁၀၀ ကျော်လည်း သွားရောက်နားထောင်ခဲ့ပြီး စီရင်ချက်ချပြီးလို့ အပြန်မှာ ကားတိုက်မှုဖြစ်ပွားခဲ့တာပါ။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး မိုးကြိုးပြင်အလယ်ရွာက ကိုဖိုးလပြည့်က “ကျနော်တို့ တရားရုံးကနေ ပြန်လာပြီးတော့ ဆားလင်းကြီကနေ အထွက် ၁ မိုင်လောက် အဝေးမှာ ကျနော်တို့ ထော်လာဂျီက လမ်းဘေးကို ချရပ်တဲ့ဟာကို ဟိုကားကြီးက အရှိန်နဲ့မောင်းလာပြီး ၀င်တိုက်လိုက်တယ်။ ပေ ၂၀ လောက်ကားနောက်ပါသွားပြီး  ချောက်ထဲကို ပြုတ်ကျသွားတာ။ ပြုတ်ကျတော့ အောက်က ရေတွေရှိလို့ ရေသာမရှိဘူးဆိုရင်တော့ အသေအပျောက်တော့ များမယ်။ အခုကတော့ ခြေထောက်ကျိုးတဲ့သူ၊ လက်ကျိုးတဲ့သူနဲ့ နံရိုးကျိုးတဲ့သူပဲရှိတယ်။”

ထော်လာဂျီပေါ်မှာ ၂၄ ယောက်စီးနင်းပြီး ကျန်သူတွေ အနည်းအကျဉ်းဒဏ်ရာရကြပြီး ၁၅ ဦးကတော့ လက်ကျိုးသူ၊ ခြေကျိုးသူနဲ့ နံရိုးကျိုးသူတွေဖြစ်တယ်လို့လည်း ကိုဖိုးလပြည့်က ပြောပါတယ်။

ဒဏ်ရာရသူ ၁၅ ဦးထဲက အသက် ၅၀ကျော်အရွယ် အမျိုးသားတဦးသာပါပြီး ကျန်သူတွေကတော့ အမျိုးသမီးတွေဖြစ်တယ်လို့ဆိုပါတယ်။ ဒဏ်ရသူတွေဟာဆယ်တည်းရွာ၊ မိုးကြိုးပြင်အလယ်ရွာနဲ့ မြောက်ရွာသားတွေဖြစ်ပြီး ဆားလင်းကြီးဆေးရုံကို ပို့ဆောင် ဆေးကုသမှုခံယူနေကြပါတယ်။

ဒီကနေ့ ဆားလင်းကြီးမြို့နယ် တရားရုံးမှာ လက်ပံတောင်း ကြေးနီစီမံကိန်း အဓိကရုဏ်းမှာ အသက် ၅၀ ကျော်အရွယ် မိုးကြိုးပြင် အလယ်ရွာသူ ဒေါ်ခင်ဝင်း သေဆုံးခဲ့ရမှုဟာ သေနတ်ထိမှန်သေဆုံးခဲ့တာလို့ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် တရားရုံးကအမိန့်ချပါတယ်။

 By နော်နိုရင်း (ဒီဗွီဘီ)
http://burmese.dvb.no



 လက်ပံတောင်း ကြေးနီစီမံကိန်း အဓိကရုဏ်းမှာ အသက် ၅၀ ကျော်အရွယ် မိုးကြိုးပြင် အလယ်ရွာသူ ဒေါ်ခင်ဝင်း သေဆုံးခဲ့ရမှုဟာ သေနတ်ထိမှန် သေဆုံးခဲ့တာလို့ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် တရားရုံးက ဒီကနေ့ အမိန့်ချပါတယ်။

မြန်မာဝမ်ပေါင်ကုမ္ပဏီက ကြေးနီစီမံကိန်းအနီးတ၀ိုက် လယ်ယာမြေလျော်ကြေးမယူတဲ့ လယ်သမားတွေရဲ့မြေတွေပေါ်မှာ မနှစ် ဒီဇင်ဘာ ၂၂ ရက်နေ့က ကုမ္ပဏီက အတင်းအကျပ် ခြံစည်းရိုးခတ်တာက အစပြုလို့ ဒေသခံရွာသားတွေနဲ့ လုံခြုံရေးတွေအကြား အဓိကရုဏ်းဖြစ်ခဲ့ရာမှာ ဒေါ်ခင်ဝင်း သေနတ်ထိမှန်သေဆုံးခဲ့သလို နှစ်ဘက် ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။

ဒီကနေ့ တရားခွင်ကို တက်ရောက်နားထောင်ခဲ့တဲ့ ဒေသခံ ဒေါ်နုက “သေမှုသေခင်းအနေနဲ့ ဒေါ်ခင်ဝင်းဟာ ဓမ္မတာအရ သေတာမဟုတ်ဘူး။ ပယောဂနဲ့ သေပါတယ်။ အဲဒီပယောဂဆိုတာ အဓိပ္ပာယ်ပြန်ဖွင့်လိုက်တော့ သေနတ်မှန်ပြီးသေတယ်ပေါ့။ ဒေါ်ခင်ဝင်းဟာ ကျန်းမာရေးမကောင်းလို့ သေတာမဟုတ်ဘူး။ သေနတ်မှန်လို့ သေတာ ဟုတ်ပါတယ်ပေါ့၊ တရားသူကြီးက ဆုံးဖြတ်တယ်” လို့ ပြောပါတယ်။

ဆားလင်းကြီး မြို့မရဲစခန်းက ဒေါ်ခင်ဝင်းသေဆုံးပြီးနောက် သေမှုသေခင်း အမှတ်စဉ်  ၄/ ၂၀၁၄ အရ အမှုဖွင့်ခဲ့တဲ့အပေါ် မြို့နယ်တရားရုံးက ပြန်လည်တာဝန်ပေးချက်အရ  ရဲဘက်က စုံစမ်းစစ်ဆေးမှု။ သက်သေတွေကို စစ်ဆေးမှုနဲ့ ဆေးစစ်ချက်တွေပြုလုပ်ပြီး ရရှိတဲ့ အချက်အလက်တွေအပေါ်  တရားရုံးက သုံးသပ်ဆုံးဖြတ် တာဖြစ်ပါတယ်။

သေဆုံးပြီး နှစ်ရက်အကြာ မနှစ်ဒီဇင်ဘာ ၂၄ ရက်မှာကတည်းက ဒေါ်ခင်ဝင်းအလောင်းကို ဆေးစစ်ရာမှာ ပါဝင်တဲ့ မှုခင်းဆရာဝန် ဒေါက်တာတင်နွယ်က နဖူးကို သေနတ်ထိမှန်တဲ့ ဒဏ်ရာ ကြောင့် သေဆုံးတာလို့ အတည်ပြုခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရဲ့ ဇန်န၀ါရီလ ၁၄ ရက်နေ့ထုတ် အစီရင်ခံစာမှာလည်း ဒေါ်ခင်ဝင်း သေနတ်ထိမှန်သေဆုံးတယ်ဆိုတာ ဖော်ပြခဲ့သလို လက်ပံတောင်းတောင်ဧရိယာ ခြံစည်းရိုးတိုးချဲ့ကာစဉ် လုံခြုံရေးစီမံချက် ကွပ်ကွဲမှုအဖွဲ့က တာဝန်ရှိသူတွေနဲ့ ညွှန်ကြားချက်ကို မလိုက်နာတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အရေးယူဖို့  တိုက်တွန်းခဲ့ပါတယ်။

ဒေါ်ခင်ဝင်းသေဆုံးမှုကို ဒေါ်ခင်ဝင်းရဲ့ ညီမ ဒေါ်ခင်မာအေးက တရားလိုလုပ်ပြီး    စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ နယ်စပ်ဒေသ၀န်ကြီးရယ်၊ စစ်ကိုင်းတိုင်း ရဲမင်းကြီးရယ်၊ ယင်းမာပင်ခရိုင် ရဲတပ်ဖွဲ့မှူးရယ်ကို ဆားလင်းကြီးမြို့နယ်ရဲစခန်းမှာ လူသတ်မှုနဲ့  ဖွင့်ခဲ့ပေမယ့် ဖွင့်လို့မရခဲ့ပါဘူး။

ဒါပေမယ့် ဒီကနေ့ သေမှုသေခင်းအတွက် တရားရုံးဆုံးဖြတ်ချက်ကြောင့် လူသတ်မှုနဲ့ အမှုဖွင့်ရေး လမ်းပွင့်သွားပြီလို့ ရှေ့နေ ဦးသိန်းသန်းဦးက ရှင်းပြပါတယ်။

ဦးသိန်းသန်းဦးက “Yes or No အဖြူ၊ အမည်း အဖြေပေးရတော့မယ်။ ဆားလင်းကြီးမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးသန်းနိုင်က ဒေါ်ခင်မာအေးဆီ အကြောင်းပြန်ခဲ့တာက ‘ဒေါ်ခင်ဝင်းသေဆုံးမှုနဲ့ ပတ်သက်ပြီးတော့ ဓမ္မတာအတိုင်း ဟုတ်မဟုတ်ဆိုတာကို သေမှုသေခင်းဖွင့်နေပါတယ်ပေါ့နော်။ အဲဒီ သေမှုသေခင်း ဆောင်ရွက်နေစဉ်အတွင်းမှာ ဒေါ်ခင်မာအေးရဲ့ ပထမ သတင်းပေးတိုင်တန်းချက်ကို ဘာမှ မဆောင်ရွက်သေးပါဘူး၊ ဆိုင်းငံ့ထားပါတယ်’ လို့ အကြောင်းပြန်တာကိုး။ အခု ဒေါ်ခင်ဝင်းဟာ ဓမ္မတာတိုင်းသေတာမဟုတ်ပါဘူး၊ သေနတ်နဲ့ ပစ်သတ်ခံရတာလို့ ဦးနှောက်ပွင့်သေတယ်လို့ သေမှုသေခင်းဖွင့်တာ မြို့နယ်တရားသူကြီးက ဆုံးဖြတ်ချက်ချပြီး အမှုကို ပိတ်လိုက်ပါပြီ ပြစ်မှုဆိုင်ရာ အထွေထွေအမှုကို။ အဲဒီအခါ သူက ခန မလွဲမရှောင်သာပဲ ဒေါ်ခင်ဝင်းအသတ်ခံရမှုနဲ့ပတ်သက်လို့ ဒေါ်ခင်မာအေး သတင်းပေးတိုင်တန်းချက်ကို  လက်ခံမယ် သို့မဟုတ် ငြင်းပယ်မယ်ဆိုတာ တရားဝင်အဖြေပေးရပါတော့မယ်။  အမှု လက်မခံဘူးဆိုရင် ကျနော်တို့က ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို စာချွန်တော်၊ အာဏာပေးစာချွန်တော် ကျတော်တို့က တက်မယ်။ ဒီအမှုကို စုံစမ်းစစ်ဆေးခွင့်ပြုပါဆိုပြီးတော့” လို့ ပြောပါတယ်။

ရုံးပိတ်ရက်တွေခံနေတဲ့အတွက် သင်္ကြန်ကာလကျော်လွန်မှ အမှုဖွင့်စွဲဆိုမယ့်ကိစ္စကို ဆောင်ရွက်မယ်လို့ ဆိုပါတယ်။

လူသတ်မှုနဲ့ စွဲဆိုရာမှာ သူတို့ထံမှာ မျက်မြင်သက်သေတွေ၊ ဓာတ်ပုံအထောက်အထားတွေ၊ ဗွီဒီယိုတွေ အပြည့်အစုံရှိတယ်လို့ သူက ပြောပါတယ်။  ဒေါ်ခင်ဝင်းကို ထိမှန်စေတဲ့ သေနတ်မှာ မှန်ပြောင်းပါတဲ့ စနိုက်ပါသေနတ်နဲ့ ချိန်ပစ်တယ်လို့ ယူဆကြောင်းနဲ့ အဲသလို ယူဆစရာ သက်သေတချို့ရှိနေတယ်လို့ ဆိုပါတယ်။

တရုတ်ပိုင် မြန်မာဝမ်ပေါင်ကုမ္ပဏီကို လုပ်ကိုင်ခွင့်ပြုထားတဲ့ လက်ပံတောင်း တောင်ကြေးနီစီမံကိန်း ဒေသတ၀ိုက်မှာ အစိုးရက ဆန္ဒပြသမားတွေကို  ၂၀၁၂ ခုနှစ်၊ ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းတွေမှာ သုံးနှစ်ဆက်တိုက် ပစ်ခတ်ဖြိုခွင်းခဲ့ပါတယ်။

 By ဒီဗွီဘီ
http://burmese.dvb.no
ဓာတ်ပုံ -Ko Han Win Aung





ငြိမ်းချမ်းစွာ ဆန္ဒပြသဖြင့် ဖမ်းဝရမ်း ထုတ်ခံထားရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ကျောင်းသူ မရတနာစုပိုခိုင် ခေါ် မပိုပိုကို ကမာရွတ်ရဲ စခန်းက နေအိမ်မှာ လာရောက် ဖမ်းဆီးသွားပါတယ်။

အသက် ၁၉ အရွယ် တတိယနှစ်တက္ကသိုလ်ကျောင်းသူ မပိုပိုကို  ဧပြီလ ၈ ရက်နေ့ညနေ ၄ နာရီလောက်မှာ ကမာရွတ်ရဲစခန်း တာဝန်ရှိသူတွေက သူမနေအိမ်ကနေ ခေါ်သွားခဲ့ပြီး စခန်းမှာ ချုပ်နှောင်ထားတာလို့ မပိုပိုရဲ့ အစ်မ မအိပုံက ဒီဗွီဘီကို ပြောပါတယ်။

မပိုပိုဟာ ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့ လှည်းတန်းကျောင်းသားဆန္ဒပြမှုမှာ ပါဝင်ခဲ့တာကြောင့်  ဆန့်ကျင်တဲ့အစုအဝေး၊ရုံးရင်းးဆန်ခတ်မှုမှာပါဝင်ကျူးလွန်ခြင်းပုဒ်မ တွေအပြင် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ) တို့နဲ့ အမှုဖွင့်ခံထားရသူပါ။

ဧပြီလ ၉ရက်နေ့မှာ မပိုပိုကို ကမာရွတ်ရဲစခန်းကနေ ကမာရွတ်တရားရုံးမှာ  အချုပ်သားတရားခံအဖြစ် ရုံးထုတ် ရက်ချိန်းယူပြီး အင်းစိန် အကျဉ်းထောင်ကိုပို့ဆောင်လိုက်ပြီဖြစ်ပါတယ်။

ဧပြီလ၁၀ရက်နေ့မှာ မပိုပိုနဲ့အတူ အမှုတွဲကျောင်းသား ကိုဝင်းကျော်မှူးတို့ နှစ်ဦးကို  အင်းစိန်အကျဉ်းထောင်ကနေ ကမာရွတ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးဖို့ရှိပါတယ်။

ဓာတ်ပုံ – ကောင်းထက်ကျော်
  By ဒီဗွီဘီ
http://burmese.dvb.no


ကြေညာချက်အမှတ် (၁/၂ဝ၁၅)
နေ့စွဲ - ၂ဝ၁၅ ခုနှစ် မတ်လ (၂၂) ရက်

မြန်မာပြည်တွင်း၌ လူမှုရေး လုပ်ငန်းများကို စွမ်းစွမ်းတမံ ကိုယ်ကျိုးစွန့် ဆောင်ရွက်နေသူများကို အပြည်ပြည်ဆိုင်ရာ မြန်မာ တိုင်းရင်းသား မိသားစုများက လေးစားဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း ဖော်ထုတ်ပြသသော ပြည်သူ့ဂုဏ်ရည်ဆုဖြင့် ၂ဝ၁ဝ ပြည့်နှစ်မှ စတင်ကာ ဂုဏ်ပြုချီးမြှင့်ခဲ့ပါသည်။

ပြည်သူ့ဂုဏ်ရည်ဆုရရှိသူကို ဂုဏ်ပြုဆု တံဆိပ်နှင့်အတူ ငွေသား (ဒေါ်လာ) တစ်သောင်း (US$10,000) ချီးမြှင့်ဂုဏ်ပြုပါသည်။

မြန်မာနိုင်ငံတွင်း နေထိုင်လျက် တိုင်းရင်းသားပြည်သူတို့တွက် လူမှုရေးလုပ်ငန်းများကို ကိုယ်ကျိုးစွန့် အနစ်နာခံကာ စွမ်းစွမ်းတမံ လုပ်ဆောင်နေသော၊ ကျယ်ပြန့် ထိရောက်အောင်မြင်အောင် ဆောင်ရွက် နိုင်သော၊ လူ့ဘောင်လောကနှင့် နိုင်ငံသားများအတွက် စံပြဖြစ်စေမည့် လူချွန်လူမွန်များကို အမည်စာရင်းတင်သွင်းခြင်းဖြင့် ဂုဏ်ပြုနိုင်ကြပါသည်။

၂ဝ၁၅ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုအတွက် အမည်စာရင်း တင်သွင်းခြင်းကို ၂ဝ၁၅ ခုနှစ် ဧပြီလ (၃ဝ) ရက်ထိ လက်ခံနေပြီဖြစ်ပါသည်။

+ အမည်စာရင်းတင်သွင်းသည့်ပုံစံကို အရင်ဆုံးလေ့လာရပါမည်။
+ မေးခွန်းများကို ဖြေဆိုနိုင်ရန် အချက်အလက်များ စုဆောင်းပါ။
+ အမည်စာရင်းတင်သွင်းမည့်သူအကြောင်း
သင်သိရှိသမျှအချက်အလက်များကို
ပြည့်စုံနိုင်သမျှ ပြည့်စုံအောင် အချိန်ယူဖြည့်စွက်ပါ။
+ သင့်နှလုံးသားထဲမှ လူမှုရေးသူရဲကောင်းအကြောင်းကို ခံစားရသမျှ ဝေငှပါ။
+ သင်မျှဝေပေးသော ခံစားချက်တို့မှာ အမည်စာရင်းတင်သွင်းခြင်းခံရသူအတွက် သင်၏ဂုဏ်ပြုခြင်းပင်ဖြစ်ပါသည်။
+ ကျွန်ုပ်တို့ ကလည်း သင်ရေးသားတင်သွင်းသော ဂုဏ်ပြုခြင်းကို လုံးစေ့ပတ်စေ့ လေးနက်စွာ ဖတ်ရှုလေ့လာသွားမည် ဖြစ်ပြီး ဆင့်ပွားဝေမျှ ဂုဏ်ပြု တင်ဆက်ပေးသွားမည်ဖြစ်ပါသည်။
+ လိုအပ်သောအချက်အလက်များဖြင့် ပြည့်စုံသည့် အမည်စာရင်းတင်သွင်းခြင်း များအတွက် သင့်အီးမေးလ်ကို ဆက်သွယ်လျက် ကောင်းမွန်စွာ လက်ခံရရှိပါကြောင်း အတည်ပြု ပြန်ကြားပေးသွား မည်ဖြစ်ပါသည်။
+ အကယ်၍ မိမိကိုယ်ကို မိမိ အမည်စာရင်းတင်သွင်းလိုပါက သင့်လိပ်စာအပြည့် အစုံ၊ အီးမေးလ်လိပ်စာနှင့် ဆက်သွယ်ရန် တယ်လီဖုန်း နံပါတ်များကို မဖြစ်မနေ ထည့်သွင်းပေးရပါမည်။ ဂုဏ်ပြုပွဲ ဖြစ်မြောက်ရေးအဖွဲ့မှ သင့်ကို ဆက်သွယ် အတည်ပြုချက် ရယူသွားမည်ဖြစ်ပါသည်။

၁။ ဘယ်လိုလူမျိုးတွေကို ပြည်သူ့ဂုဏ်ရည်အတွက် အမည်စာရင်းတင်သွင်းလို့ရပါသလဲ?
မြန်မာနိုင်ငံအတွင်း နေထိုင်လျက်ရှိသူ၊
+ ကိုယ်ကျိုးစွန့်အနစ်နာခံကာ လူမှုရေးလုပ်ငန်း များကို စွမ်းစွမ်းတမံ ဆောင်ရွက်နေသူ၊
+ ကျယ်ပြန့် ထိရောက်အောင်မြင်အောင် ဆောင်ရွက်နိုင်သူ၊
+ လူ့ဘောင်လောကနှင့် နိုင်ငံသားများအတွက်စံပြ ဖြစ်စေသူများကို
တဦးချင်းဖြစ်စေ၊ အသင်းအဖွဲ့လိုက်ဖြစ်စေ၊ အမည်စာရင်းတင်သွင်းလို့ရပါတယ်။

၂။ အမည်စာရင်း တင်သွင်းချင်တဲ့သူရဲ့ လိပ်စာ၊ အီးမေးလ်၊ တယ်လီဖုန်းနံပါတ်တွေကို မသိဘူးဆိုရင်ရော?
အချက်အလက်များကို ပြည့်စုံအောင် စုံစမ်းဖြည့်စွက်ဖို့ တိုက်တွန်းပါရစေ။ ဘယ်လိုမှ မသိနိုင်ဘူးဆိုရင်တော့ ဂုဏ်ပြုပွဲဖြစ်မြောက်ရေးအဖွဲ့အနေနဲ့ လေ့လာ၊ ဆက်သွယ်၊ စုံစမ်းသွားမှာဖြစ်ပေမယ့် နှောင့်နှေးကြန့်ကြာမှုများ ဖြစ်လာနိုင်ပါတယ်။

၃။ အမည်စာရင်းဘယ်မှာတင်သွင်းရမှာလဲ ?
http://www.citizenofburma.org/nomination-form
ပုံစံကိုဖြည့်စွက်ပြီး အောက်ခြေက send(ပေးပို့ပါ) ကိုနှိပ်လိုက်ပါ။

၎။ အမည်စာရင်းတင်သွင်းခြင်းကို စာတိုက်က ပို့လို့ ရပါသလား?
မရပါ။ မြန်ဆန်ထိရောက်သည့် အွန်လိုင်း စနစ်ဖြင့်သာ ပို့ပေးပါ။

၅။ အမည်စာရင်းတင်သွင်းခြင်းကို လက်မခံဘဲ ငြင်းပယ်ခြင်းများရှိပါသလား?
လိုအပ်တဲ့အချက်အလက်များနဲ့ ပြည့်စုံတယ်၊ ရွေးချယ်ရေးမူဝါဒများနဲ့လည်း ကိုက်ညီတယ်ဆိုရင်တော့ ငြင်းပယ် ခံရမှာမဟုတ်ပါဘူး။ လိုအပ်တဲ့အချက်အလက်များကလည်း မပြည့်စုံ၊ ရွေးချယ်ရေးမူဝါဒများနဲ့လည်း ကိုက်ညီမှုမရှိဘူးဆိုရင်တော့ အဲဒီအမည်စာရင်း တင်သွင်းခြင်းကို လက်ခံမှာမဟုတ်ပါဘူး။

၆။ ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုပွဲတက်ရောက်ခွင့်ကို ဘယ်လိုရယူရပါမလဲ?
ဂုဏ်ပြုပွဲကျင်းပတဲ့မြို့က ဆက်သွယ်ရမယ့်စာရင်းပါ တဦးဦးကို ဆက်သွယ်လျက် ဂုဏ်ပြုပွဲအတွက် ထိုင်ခုံ နေရာကို ကြိုတင်ရယူနိုင်ပါတယ်။ ။

၂ဝ၁၅ အတွက် ဆန္ဒပြုရန် ပါဝင်ရမည့်အချက်များ

မိမိ၏အမည်(*)

မိမိ၏လိပ်စာ(မြို့၊ ပြည်နယ်၊ နိုင်ငံ)

မိမိ၏အီးမေးလ်(*)

အဆိုပြုလိုသည့်လူမှုလုပ်ငန်း(သို့မဟုတ်)စေတနာ့ဝန်ထမ်း၏အမည်(*)

၎င်း၏လိပ်စာ

၎င်း ဆောင်ရွက်နေသည့်လူမှုနယ်ပယ်(*)

၎င်း၏ ဆောင်ရွက်ချက်များကြောင့် ထူးခြား၊ ပြောင်းလဲ၊ ကောင်းမွန်လာမှုများ(*)

၎င်းကို ပြည်သူ့ဂုဏ်ရည်အဖြစ်ဂုဏ်ပြုလိုသည့် မိမိဆန္ဒနှင့် ခံစားချက်(*)

သတင်းနှင့်ပြန်ကြားရေးကော်မီတီ
ပြည်သူ့ဂုဏ်ရည်အသင်း
http://www.citizenofburma.org/


 ဖမ်းဆီးခံသပိတ်မှောက် ကျောင်သားတွေနဲ့ ၀န်းရံပြည်သူတွေကို  လက်ပံတန်းတရားရုံးမှာ ဒီကနေ့ ရုံးထုတ်ရာ ကျောင်းသားတွေနဲ့ မိဘတွေကို တွေ့ခွင့် မပေးခဲ့တဲ့ အတွက် ရုန်းရင်းဆန်ခတ် အနည်းငယ်ဖြစ်ပွားခဲ့ပါတယ်။

ဖမ်းဆီးခံကျောင်းသား ကိုရဲဝင်းအောင်ရဲ့ ဖခင် ဦးစံထွန်းက “မနက်တုန်းက တွေ့ခွင့်မပေးဘူး။ သာယာဝတီထောင်မှာ သွားတွေ့ပါဆိုပြီးတော့ ပြောတယ်ပေါ့။ ပြောတော့ အဲဒီမှာ ရုန်းရင်းဆန်ခတ် ဖြစ်သွားတာပေါ့နော်။ ဖြစ်တော့ အဲဒီမှာ အထွေထွေ အုပ်ချုပ်ရေးက လူကြီး တယောက်က ၀င်ညှိပြီးတောမှ တွေ့ခွင့်ရတာပါ။”

ကျောင်းသားတွေဘက်က ဥပဒေကြောင်းအရ လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးရောဘတ်ဆန်းအောင်ကလည်း ရုံးချိန်းမှာ မိဘတွေနဲ့ တွေ့ခွင့်မပေးတဲ့အတွက် ပြဿ နာတွေ ကြီးထွားလာနိုင်တယ်လို့ ပြောပါတယ်။

“မိဘမိသားစုက ပစ္စည်းလေးတွေ၊ စားစရာ သောက်စရာတောင်မှ ပေးခွင့်မရတဲ့ အနေအထားအပေါ် လူထုရဲ့ တောင်းဆိုမှုတွေ ပြင်းထန်လာတော့မှပဲ ခွင့်ပြုလိုက်တယ်။ အဲတော့ ကျနော်စိုးရိမ်တာက ဒီလိုသာ အာဏာပိုင်တွေဘက်က လုပ်နေမယ်ဆိုရင် ပြဿ နာကြီးထွားလာနိုင်တယ်။ တရားရုံးကိုထွက်လာတယ်ဆိုရင် ဘယ်လိုအကြောင်းပြချက်နဲ့ပဲ ထွက်ထွက် သူတို့မှာ မိသားစုနဲ့တွေ့ဆုံခွင့်က လူ့အခွင့်အရေးတရပ် အနေနဲ့ရှိတယ်။ အဲတော့ လူ့အခွင့်အရေးကို မျက်ကွယ်ပြုပြီးတော့ လုပ်နေမယ်ဆိုရင် ပြဿ နာတွေက လူထုနဲ့ ထိပ်တိုက်တွေ့မှုတွေဖြစ်လာမယ်။”

လက်ပံတန်း တရားရုံးမှာ သပိတ်မှောက်ကျောင်းသားနဲ့ဝန်းရံသူ ၇၀ လောက်ကို  နိုင်ငံတော် အကြည်ညို ပျက်စေမှု အပါအ၀င် ပုဒ်မ ၅ ခုနဲ့ စွပ်စွဲထားတာ ဖြစ်ပြီး တချို့ ကျောင်းသားခေါင်းဆောင်တွေကတော့ တခြားမြို့နယ်တရားရုံးတွေမှာ နောက်ထပ် ပုဒ်မ အမျိုးမျိုးနဲ့  တရားစွဲဆိုခံထားရပါတယ်။

ဒီကနေ့ရုံးချိန်းမှာတော့ ကျောင်းသားတွေကို ဘာမှ မစစ်ဆေးဘဲ လာမယ့် ဧပြီလ ၂၃ ရက်နေ့ ရုံးပြန်ချိန်းဆိုလိုက်တယ်လို့   ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။

ကျောင်းသားတွေကို လက်ပံတန်းကနေ သာယာဝတီကို တရားရုံးပြောင်းထုတ်ဖို့ တရား လိုဘက်က တရားရုံးကိုတင်ထားပြီး သင်္ကြန်ပြီးမှ တရားရုံးပြောင်းရေးမပြောင်းရေးကိစ္စ အမိန့်ချမှတ်ဖို့ရှိတယ်လို့လည်း ရှေ့နေက ပြောပါတယ်။

 By နော်နိုရင်း (ဒီဗွီဘီ)
http://burmese.dvb.no


ကိုးကား (ဘန်ကောက်ပို့စ်)

ထိုင်းနိုင်ငံမှာ ဆုန်ခရမ်း (ခေါ်) သင်္ကြန်နီးလာတာနဲ့ သင်္ကြန်နဲ့ သက်ဆိုင်တဲ့ ရေပြွတ်တွေ သင်္ကြန်အင်္ကျီတွေ ဈေးကွက်ထဲကို ရောက်လာတဲ့အချိန်မှာပဲ ရေနဲ့ ဖျော်ပြီး မျက်နှာကို လိမ်းလေ့ ရှိသလို သင်္ကြန်မှာ တယောက်နဲ့ တယောက်မျက်နှာတွေကို သုတ်လိမ်းလေ့ရှိတဲ့ ဒင်းဆော်ဖုန် (ခေါ်) ပေါင်ဒါရဲ့ အခန်း ကဏ္ဍကလည်း မဖြစ်မနေ ပါလာလေ့ ရှိပါတယ်။

ရေသဘင်ပွဲကာလအတွင်း မျက်နှာမှာ ပေါင်ဒါ လိမ်းထားတဲ့ ထိုင်းလူမျိုးတွေရဲ့ ဓာတ်ပုံတွေဟာလည်း ထိုင်းနှစ်ကူးပွဲတော်ရဲ့ ကာလကြာရှည် အမှတ်အသား သင်္ကေတတခု ဖြစ်လာခဲ့ပါတယ်။

ဒါပေမယ့်လည်း ထိုင်းရေသဘင်ပွဲရဲ့ ရိုးရာဟာလည်း အရင်နှစ်တွေကနေ စတင် ပြောင်းလဲလာပါ တယ်။

ငွေဖလားနဲ့ လူကြီးသူမတွေကို ရေလောင်းတဲ့ ရိုးရာဓလေ့နေရာမှာ ရေပြွတ်သေနတ်တွေ နေရာယူလာကြပါတယ်။

ဒါအပြင် အမျိုးသားတွေက ဒင်းဆော်ဖုန် (ခေါ်) ပေါင်ဒါမှုန့်ကို ရေနဲ့ ဖျော်ပြီး အမျိုးသမီးတွေ မျက်နှာကို သုတ်လိမ်းရာမှာ မတော်မတရား လုပ်လာတာတွေ ရှိလာပါတယ်။

ဒီအကြောင်းတွေကြောင့်လည်း ရေသဘင်ပွဲကို အကြီးအကျယ်ဆင်နွှဲတဲ့ ဘန်ကောက်မြို့တော်ရှိ ဆီလွန်နဲ့ ကော့ဆန်လမ်းတွေမှာ ဒင်းဆော်ဖုန် (ခေါ်) ပေါင်ဒါမှုန့် အသုံးပြုတာကို ပိတ်ပင်ခဲ့ပါတယ်။

ဒီနှစ်အတွက်တော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေက ရှင်းလင်းတဲ့မူဝါဒတော့ မချမှတ်ရသေးပါဘူး။

သင်္ကြန်မှာ မျက်နှာကို သုတ်လိမ်းတဲ့ ဒင်းဆော်ဖုန် (ခေါ်) ပေါင်ဒါကို  ထိုင်းနိုင်ငံ အလယ်ပိုင်း လော့ဘူရီခရိုင်မှာ အများဆုံး ထုတ်လုပ်နေတာ ဖြစ်ပါတယ်။

ခရိုင်ထဲမှာ အဓိက ပေါင်ဒါ လုပ်တဲ့ ရွာ ၃ ရွာ ရှိပြီး ဟင်ဆောင်ကော့ (ကျောက် ၂ လုံးရွာ)  ဆိုတဲ့ ရွာလေးကို မိသားစု ၆၀ လောက်က ဒင်းဆော်ဖုန် (ခေါ်) ပေါင်ဒါလုပ်ရင်းနဲ့ အသက်မွေးဝမ်းကြောင်း ပြုကြပါတယ်။

ပေါင်ဒါလုပ်တဲ့သူတွေက မျိုးဆက်တခုကနေ တခုကို ဒီပေါင်ဒါ လုပ်နည်းတွေကို လက်ဆင့် ကမ်းသလို လုပ်ပုံလုပ်နည်းကို အလုပ်လုပ်ရင်း လက်တွေ့သင်ယူကြရပါတယ်။

ပေါင်ဒါလုပ်တဲ့သူတွေက သူတို့ကိုယ်သူတို့ ထိုင်းလို ချော့ဒင်း (မြေကြီးလူသား)တွေလို့ ခေါ်ပါတယ်။ မိသားစုတိုင်းက ၁ လကို ဒင်းဆော်ဖုန် (ခေါ်) ပေါင်ဒါ ၁၀ တန်လောက် ထုတ်လုပ်ကြပါတယ်။ ၁ တန်ရဲ့ တန်ဖိုးဟာ ဘတ် ၁၅၀၀ ရှိတဲ့အတွက် ၁ လကို မိသားစုတွေက ဘတ် ၁၅၀၀၀ လောက်ဝင်ငွေရှိကြပါတယ်။

ဒါပေမယ့် သင်္ကြန်ကာလမှာတော့ ပုံမှန်ဝင်ငွေအပြင် ၁ လကို ဘတ် ၂ သောင်း ကျော်လောက်ရတယ်လို့ ပေါင်ဒါလုပ်တဲ့ အသက် ၅၈ နှစ် ဖယောင်းက ပြောပါတယ်။

ဒီပေါင်ဒါကို ထုံးကျောက်၊ မြေမှုန့်အပြင် တခြား သဘာဝပစ္စည်းတွေနဲ့ အဓိကထား ပြုလုပ်ရတာ ဖြစ်ပါတယ်။

ပြုလုပ်ရာမှာတော့ ပထမဆုံးမြေကြီးကို ဆန်ခါချရပါတယ်။ ဒီနောက် ရေနဲ့ ရောပြီး ချောမွေ့တဲ့ မြေစေး ဖြစ်အောင် ၁ ရက်၊ ၂ ရက်လောက် ထားရပါတယ်။

မြေစေးကို နေနဲ့ အခြောက်ခံရတဲ့အတွက် နေပူထဲမှာ အမြဲတမ်းလုပ်ကိုင်ရတာကြောင့် ပေါင်ဒါ လုပ်တာဟာ ခက်ခဲတဲ့အလုပ်တခုလို့ ထုတ်လုပ်တဲ့သူတွေက ပြောပါတယ်။

ဒီနောက်မှာတော့ လိုအပ်သလို ပုံသွင်းရပါတယ်။ အများစုကတော့ အ၀ိုင်းနဲ့ ရေစက်ပုံ သဏ္ဍာန် အမျိုးအစား ၂ မျိုးလုပ်ပါတယ်။ သင်္ကြန်တွင်းမှာတော့ ရေစက်ပုံက ပိုပြီးတော့ လူကြိုက် များပါတယ်။

ဒင်းဆော်ဖုန် (ခေါ်) ပေါင်ဒါဟာ ဆေးဘက်ဝင်သလို လူတွေကို အကျိုးကျေးဇူး အများကြီး ရှိတဲ့အတွက် ထိုင်းလူ့အဖွဲ့အစည်းထဲမှာ ကာလကြာရှည် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြပါတယ်။

လယ်သမားတွေက အရေးပြားယားယံတာကို ကုသဖို့ ဒီပေါင်ဒါမှုန့်ကို သုံးသလို ကလေးတွေ ၀မ်းကိုက်တာကို ကုသဖို့အတွက် ဒီပေါင်ဒါနဲ့ ရေနဲ့ရောပြီး တိုက်လေ့ရှိတယ်။

အမွေးတိုင်၊ အိမ်သုတ်ဆေး၊ သွားတိုက်ဆေး၊ မြေဖြူခဲနဲ့ ပိုးသတ်တဲ့ မြေဖြူခဲတွေမှာ ဒီအမှုန်ကို ထည့်သွင်း အသုံးပြုပါတယ်။

ဒါအပြင် သစ်သီးခြံတွေထဲမှာ ဒီအမှုန်ကို ဖျန်းထားမယ်ဆိုရင် မှိုကို ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

မဲ့ကို တိုက်ဖျက်နိုင်တဲ့ပစ္စည်းတမျိုးပါတဲ့အတွက် ဒင်းဆော်ဖုန်ကို စပါးလို အလှပြုပြင် ကုသပေးတဲ့ နေရာတွေမှာ အသုံးပြုပါတယ်။ ဒါအပြင် ဘာသာရေးပွဲတော်၊ လက်ထပ်ပွဲတွေ၊ လူကြီးသူမတွေကို ကန်တော့တဲ့နေရာနဲ့ ကားအသစ်ဝယ်ယူရာမှာ အသုံးပြုကြပါတယ်။

ဒါပေမယ့်လည်း ဒင်းဆော်ဖုန် (ခေါ်) ပေါင်ဒါလုပ်ဖို့ သဘာဝအရင်းအမြစ်တွေ ရှားပါး လာတဲ့အတွက် ထုတ်လုပ်တာကို ရပ်တန့်ရမယ့် အနေအထားကို ရောက်ရှိနေပါတယ်။

ဒါတင်မကသေးဘဲ မြို့ပြတွေမှာ အထူးသဖြင့် ရေသဘင်ပွဲတွေမှာ ဒီပေါင်ဒါကို တလွဲသုံးတဲ့အတွက် သူရဲ့ပုံရိပ်ကို ထိခိုက်လာနေပါတယ်။ ဒါပေမယ့်လည်း ဒင်းဆော်ဖုန် (ခေါ်) ပေါင်ဒါ ကိုတော့ ထိုင်းရိုးရာအဖြစ် လူတွေက ရှုမြင်နေဆဲ ဖြစ်သလို ဆက်လက် ထိန်းသိမ်းလိုနေ တယ်လို့လည်း ဒင်းဆော်ဖုန် (ခေါ်) ပေါင်ဒါလုပ်တဲ့ ဖယောင်းက ပြောပါတယ်။

ဒီအတွက် နောင်မျိုးဆက်တွေကို ရေသဘင်ပွဲကို ယဉ်ယဉ်ကျေးကျေး ဆင်နွှဲပြီး ဒင်းဆော်ဖုန် (ခေါ်) ပေါင်ဒါကို ကောင်းကောင်းသုံးဖို့ ပေါင်ဒါ လုပ်တဲ့လူတွေက တိုက်တွန်း ပါတယ်။

ဒီလိုလုပ်ဆောင်မယ်ဆိုရင်  ထိုင်းရိုးရာကို ဆက်လက်ရှင်သန်အောင်ထိန်းထားနိုင်မယ့် အကောင်းဆုံး နည်းလမ်းတခုလို့လည်း ဆိုပါတယ်။

ကိုးကား (ဘန်ကောက်ပို့စ်)

By ကို​ထွေး​ (ဒီဗွီဘီ)
http://burmese.dvb.no

 နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ နိုင်ငံရေးပါတီတွေ က ခေါင်းဆောင် ၄၂ ဦးတို့ ဧပြီလ ၈ ရက်နေ့က နိုင်ငံတော် သမ္မတအိမ်တော် ငုရွှေဝါခန်းမမှာ တွေ့ဆုံခဲ့စဉ်။ Photo: Myo Thant Khaing/RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က သမ္မတဦးသိန်းစိန် ဦးဆောင်ပြီး မနက်ြဖန် ကျင်းပမယ့် နိုင်ငံရေးခေါင်းဆောင် ခြောက်ဦးဆွေးနွေး ပွဲကို ကြိုဆိုလိုက်ပါတယ်။ RFA က သီးသန့် တင်ဆက်နေတဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင် ဆန်းစုကြည် အစီအစဉ်အတွက် မနေ့က ဆက် သွယ်မေးမြန်းရာမှာ သူကအခုလို ပြောကြားခဲ့ တာဖြစ်ပါတယ်။

"ဝမ်းသာတာပေါ့၊ အစကတည်းက ဒီလို ခြောက် ဦးတွေ့ဆုံမယ့်ဟာကို လွတ်တော်ကလည်း တင်ခဲ့ တာဖြစ်တယ်။ အစ်မတို့ကလည်း အစကတည်းက ဒီဟာကို လိုလားခဲ့တာဖြစ်တယ်ဆိုတော့ ဒီလိုဖြစ်မြောက်တာကို ကြိုဆိုပါတယ်"

အဲ့ဒီတွေ့ဆုံပွဲကို  နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ လွတ်တော် ဥက္ကဌတွေအပြင် တိုင်းရင်းသားခေါင်းဆောင် တစ်ဦးလည်း ပါဝင်တက်ရောက်မှာ ဖြစ်ပါတယ်။ သမ္မတဦးသိန်းစိန်နဲ့ ပတ်သက်ပြီး သဘောထားကို မေးမြန်းရာမှာတော့ သမ္မတအပေါ် သူ့ရဲ့အမြင် ပြောင်းလဲသွားတာမှန်ပေမယ့် လက်ရှိအမြင်ကို ပြောကြားလိုခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

"ဒီခြောက်ဦးဆွေးနွေးပွဲတွေ စတင်ပြီးတော့ အဲ့ဒီဟာတွေ တိုးတက်တဲ့အပေါ်မှာ အခြေခံပြီးမှပြောမယ်၊ အခုတော့ပြောဖို့ နည်းနည်းစောပါသေးတယ်"

တဆက်တည်းမှာပဲ မိမိတို့နိုင်ငံဆင်းရဲတဲ့အတွက် နိုင်ငံခြားမှာ သွားရောက်အလုပ်လုပ်ကိုင်ရင်း ဒုက္ခမျိုးစုံကြုံရတဲ့ အဖြစ်မျိုးကနေ ပြည်သူတွေ ကင်းဝေးအောင် တိုင်းပြည်ရဲ့အခြေအနေကို မုချပြုပြင်ရမှာဖြစ်ကြောင်းလည်း သူက ပြောကြားခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese


 ပြည်သူတွေရဲ့အသံလို့ တင်စားခေါ်ဝေါ်လေ့ရှိကြတဲ့ သံချပ်အဖွဲ့တွေ မြန်မာတို့ရဲ့ နှစ်ကူးသင်္ကြန်မှာ ဖျော်ဖြေဖို့အတွက် ပြင်ဆင်နေကြပါပြီ။

၁၉၈၉ နောက်ပိုင်း သံချပ်အားလုံးကို ပိတ်ပင်တားဆီးခဲ့ပေမဲ့ လွန်ခဲ့တဲ့ ၃ နှစ်ကစပြီး အစိုးရက တရားဝင်ခွင့်ပြုထားပေမဲ့ သံချပ်စာသားတွေကိုတော့ စိစစ်မှုတွေ ရှိနေဆဲပါ။ ဒီနှစ်မှာတော့ ပိုပြီး စိစစ်မှုတွေ ပြုလုပ်လာတယ်လို့ သံချပ်အဖွဲ့တွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ကိုထက်အောင်က သတင်းပေးပို့ထားပါတယ်။

“ရွက်ဟောင်းကြွေလို့ ရွက်သစ်ဝေ ­­­­xxxxx နှစ်သစ်တခု ကူးပြန်ပြီဟေ့ xxxxx”

သင်္ကြန်ကာလအတွင်းမှာ ဖျော်ဖြေဖို့အတွက် ပြင်ဆင်နေကြတဲ့ သံချပ်အဖွဲ့တွေရဲ့ စာသားတွေကို ဒီနှစ်မှာတော့ အစိုးရက အရင်နှစ်တွေကနဲ့မတူဘဲ ပိုပြီး စိစစ်မှုတွေ လုပ်နေတယ်လို့ သံချပ်အဖွဲ့တွေက ပြောပါတယ်။ ပြည်သူတွေရဲ့ ခံစားချက်တွေနဲ့ အစိုးရအဖွဲ့တွေရဲ့ လုပ်ဆောင်မှုတွေကို ကာရန်ညီညီနဲ့ လွတ်လွတ်လပ်လပ် ဟစ်ကြွေးရတဲ့ သံချပ်တွေကို စိစစ်မှုတွေ လုပ်နေတဲ့အပေါ်မှာတော့ ဆူးကြားမှ ဗူးခါးအဖွဲ့က ကိုအောင်မင်းဦးက အခုလို ဖွင့်ဟပါတယ်။

“အခုလို တင်းကျပ်မှုလုပ်မယ်ဆိုရင်တော့ ဘယ်လိုပြောမလဲ လွတ်လွတ်လပ်လပ် ပြောဖို့ကတော့ နည်းနည်းလေး မကောင်းဘူးပေါ့။ သူတို့လုပ်ပုံကိုင်ပုံကြောင့်လေ။ အဲ့ဒါကြောင့် အကိုတွေကတော့ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ စာပေစိစစ်ရေးကို တင်လိုက်တယ်။ လွှတ်တော်ကိုတင်လိုက်တယ်။ လွှတ်တော်ကနေ ပြန်ကျလာတယ်။ လိုအပ်တဲ့အချက်တွေ သူတို့ဖြတ်ခိုင်းတယ်။ ဖြတ်တော့ အကိုတို့ကလည်း ဖြတ်ပြီးတော့ပဲ တိုင်ပါတယ်။ ဒါပေမဲ့လည်း ဒီလိုမျိုးကြီး ပိတ်မယ်ဆိုရင်တော့ သင်္ကြန်ရဲ့သံချပ်တွေဟာ အနှေးနဲ့အမြန် ပျောက်ကွယ်သွားလိမ့်မယ်။ အဲလိုမပျောက်ကွယ်အောင် အစိုးရအနေနဲ့လည်း အရမ်းကြီး တင်းကျပ်မှုတွေ မလုပ်ဘဲနဲ့ ထင်သာမြင်သာလေး ပြောပြတဲ့ အသင်းတွေကို လက်ခံမယ်ဆိုရင်တော့ အများကြီးကောင်းလာမှာပါ။”

စိစစ်ရေးကိုတင်တဲ့ သံချပ်အဖွဲ့ ၂၀ ကျော်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က မဟာသင်္ကြန် သီချင်းနဲ့ သံချပ်စိစစ်ရေးလုပ်ငန်းကော်မတီက စာသားအချို့ကို ဖြတ်တောက်မှုတွေ ရှိခဲ့ပါတယ်။ ဘာသာရေးနဲ့ တိုင်းရင်းသား စည်းလုံးညီညွှတ်မှုတွေ အပါအ၀င် နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်ညှိုးနွမ်းစေမယ့် စာသားတွေကို အဓိက စိစစ်တာဖြစ်တယ်လို့ သံချပ်စိစစ်ရေးလုပ်ငန်းကော်မတီ ဥက္ကဌ  ဦးသန်းမြင့်က ဆိုပါတယ်။

“အဓိကကတော့ တို့တာဝန်အရေးသုံးပါးကို ထိခိုက်မယ့် အသုံးအနှုန်းမျိုးတွေ မသုံးဖို့ပေါ့။ နောက်ပြီးတော့ ကျနော်တို့က ဒီတိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပျက်ပြားစေမယ့်ကိစ္စတွေ ဘာသာရေးကို ညှိုးနွမ်းစေမယ့်ကိစ္စ အသုံးအနှုန်းတွေ မသုံးဖို့ကို နောက်ပြီးတော့ ကျနော်တို့ နိုင်ငံတော်အဖွဲ့အစည်း လူပုဂ္ဂိုလ်တဦးတယောက်ရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေမယ့် အပြုအမူ အပြောအဆိုတွေ မပါဖို့ပေါ့ အဲဒီအချက်တွေကိုပဲ ကျနော်တို့ အဓိက စိစစ်တာဖြစ်ပါတယ်။”

ချမှတ်ထားတဲ့စည်းကမ်းချက်တွေကို မလိုက်နာဘူးဆိုရင်တော့ တည်ဆဲဥပဒေအရ အရေးယူသွားမယ်လို့ ဦးသန်းမြင့်က ဆက်ပြောပါတယ်။

“ဒါ ဂုဏ်သိက္ခာကျဆင်းစေမယ့်၊ ညှိုးနွမ်းစေမယ့် အပြုအမူ အပြောအဆိုတွေ သူတို့ဘက်က ကျနော်တို့စိစစ်ထားတဲ့အတိုင်း မလိုက်နာဘဲနဲ့ လုပ်လာရင်တော့ ဒါ တည်ဆဲဥပဒေနဲ့ ကျနော်တို့ အရေးယူသွားမှာပေါ့ဗျာ။”

မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်အကြောင်းနဲ့ ဘုရင်စနစ်အကြောင်းပါတဲ့ စာသားတွေကို ဒီနှစ်မှာ အဓိက ဖြတ်တောက်ခဲ့တယ်လို့ ဆူးကြားမှ ဗူးခါးအဖွဲ့က ဆိုပါတယ်။ဒါပေမဲ့ ဖြတ်တောက်ခံထားရတဲ့ စာသားတွေကို ပြန်လည် ပြင်ဆင်ပြီး သင်္ကြန်ကာလအတွင်းမှာ ပြည်သူလူထုကို ဖျော်ဖြေသွားမယ်လို့ ကိုအောင်မင်းဦးက ပြောပါတယ်။

“သူတို့ဖြတ်ထားတဲ့စာသားတွေ အကိုတို့ ပြင်ပြီးတော့တော့ ထပ်တိုင်မှာပဲ။ အရေးယူမယ်ဆိုရင်တော့ အကိုတို့ကတော့ ရင်ဆိုင်ရမှာပဲ မတတ်နိုင်ဘူးလေ။ အကိုတို့က ပြည်သူအတွက် လုပ်ရတာဆိုတော့ ပြည်သူတွေရဲ့ခံစားချက်ကို တင်ပြမယ်။ ဒါမှမကြိုက်ဘူးဆိုရင်တော့ အကိုတို့လည်း မတတ်နိုင်ဘူး။”

သံချပ်စာသားတွေကို ဖြတ်တောက်ပစ်တာနဲ့ ပက်သက်ပြီး သံချပ်ကို အမြဲစောင့်မျှော်အားပေးနေတဲ့ ဦးကိုကိုနိုင်က အခုလို ဖွင့်ဟပါတယ်။

“ဒီသံချပ်ဆိုတာကတော့ ပြည်သူတွေရဲ့ခံစားချက်ပေါ့။ လူထုရဲ့ခံစားချက်ကိုတင်ပြတဲ့ ကိုယ်စားတင်ပြတဲ့ဟာမျိုးဖြစ်တဲ့အတွက် အစိုးရအနေနဲ့ တကယ်ပွင့်လင်းမြင်သာတယ်ဆိုရင်တော့ ဒါတွေကို လိုက်လျောပေးသင့်ပါတယ်လို့။ ဒါ အပြုသဘောဆောင်တဲ့ ဝေဖန်မှုတွေပေါ့နော်။ အစိုးရရော၊ ပြည်သူရောကို ဒါ တကယ်တမ်းတော့ တိုင်းပြည်အတွက်လည်း ကောင်းစေချင်တဲ့ဆန္ဒနဲ့ အကြံပြုတဲ့သံချပ်လို့ပဲ ကျနော်တို့က မြင်တယ်လေ။ ဒါပေမဲ့ အစိုးရအနေနဲ့ကတော့ ကျနော်သိတာကတော့ သူတို့အပေါ်မှာ ဝေဖန်တာကို လက်မခံနိုင်ဘူးဆိုတဲ့ အတိုင်းအတာမျိုးတွေ ပြသလာတယ်လို့ပဲ ကျနော်မြင်ပါတယ်။”

သံချပ်အဖွဲ့တွေအနေနဲ့လည်း သံချပ်တွေကို ထိန်းထိန်းသိမ်းသိမ်း ဖန်တီးသင့်တယ်လို့ စွယ်စုံရ အနုပညာရှင်ကြီး ဦးဝင်းဖေက မှတ်ချက်ပြုပါတယ်။

“နိုင်ငံရေးအရ ပွင့်ပွင့်လင်းလင်း လွတ်လွတ်လပ်လပ် လွတ်လွတ်ကင်းကင်း မရှိသေးဘူးဗျ။ ဒါက မြန်မာပြည်ရဲ့ နိုင်ငံရေးအခြေအနေ သဘောတရားကြောင့်ပါ။ နောက်တခုက သံချပ်တွေ ပွင့်လင်းလာပြီဆိုရင် သံချပ်တွေ ရွတ်ရဆိုရတဲ့ ဒီအခွင့်အရေးကိုယူတဲ့ဘက်ကလည်း ကိုယ့်သိက္ခာကိုယ် ထိန်းပြီးတော့ လုပ်သွားဖို့ အရေးကြီးတယ်ဗျ။ သိပ်ပြီးတော့ အခွင့်အရေးရပြီဆိုပြီးတော့ တအားကြမ်းလို့လည်း မဖြစ်ဘူးဗျ။ ဒီအခွင့်အရေးက ပြန်ဆုံးသွားမှာပဲ။ အဲတော့ ကျနော်တို့က မလွတ်လပ်တာတော့ မကြိုက်ဘူးဗျ။ ဒါပေမဲ့ လွတ်လပ်ခွင့်ကို အလွဲသုံးစား လုပ်မှာကိုလည်း ကျနော်စိုးရိမ်တာ အမှန်ပဲဗျ။”

အစိုးရတာဝန်ရှိသူတွေက သံချပ်အဖွဲ့တွေကို ရန်ကုန်မြို့တော်ခန်းမရဲ့ မဏ္ဍပ်မှာ အရင်နှစ်တွေကလို ဖျော်ဖြေခွင့် မပြုတော့ပါဘူး။ ၁၉၈၉ ခုနှစ်နောက်ပိုင်းကတည်းက သံချပ်အားလုံးကို ပိတ်ပင်တားဆီးမှုတွေ ပြုခဲ့ပေမဲ့ ၂၀၁၃ ခုနှစ်မှာတော့ အစိုးရက တရားဝင် ခွင့်ပြုခဲ့ပါတယ်။ ဒါပေမဲ့ အခုလို သံချပ်စာသားတွေကို စိစစ်ဖြတ်တောက်တာတွေ ရှိနေသေးတဲ့အတွက် လွတ်လပ်မှု အပြည့်အ၀ မရှိဘူးလို့ သံချပ်အဖွဲ့တွေက ဆိုနေကြပါတယ်ခင်ဗျာ။

ထက်အောင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ကျောင်းသားကိစ္စက NLD က နဂိုတည်းက ကျောင်းသားတွေရဲ့ ပညာရေးနဲ့ ပတ်သက်တာဆိုတော့ ရပ်တည်ချက်က အခိုင်အမာ ထောက်ခံ ချက်ရှိတာပါပဲ . . . NLD က မပါဘူးမဟုတ်ဘူး ပါတယ် NLD ပါပုံပါနည်းက တံဆိပ်ကြီးတွေ တပ်ပြီးတော့ ၀ိုင်းအော်ပြီးတော့ ပါတာမဟုတ်ဘူး . . .


ဦးဉာဏ်ဝင်းလား မသိဘူး။ သူ့ဖေ့စ်ဘုတ်မှာတော့ NLD လုပ်တယ်လို့ တိုက်ရိုက်စွပ်စွဲတယ်။ ဦးရဲထွဋ်လည်း ပြောတယ်။ ပဲခူးက လက်ပံတန်းကိစ္စနဲ့ ပတ်သက်ပြီးတော့ ဦးဉဏ်ဝင်း၊ တိုင်းဒေသကြီး ၀န်ကြီးချုပ် သူ့ရဲ့ ဖေ့စ်ဘုတ်မှာလည်း ပါတယ်ပြောတယ် …


နယ်တွေမှာ တပ်တွေက ဘယ်လောက်ဖိစီးပြီးတော့ နှိမ်နင်းနေလဲ မသိဘူးလေ။ မပြောနိုင်ဘူး … ငြိမ်းချမ်းရေး ဆွေးနွေးတာက ပါတဲ့လူပါတယ်။ မပါတဲ့လူ မပါဘူးပေါ့။ မပါတဲ့လူက ကေအိုင်အေ တချို့မပါဘူး။ တအာဝ်းမပါဘူး။ မိုင်းလားမပါဘူး။ နောက် “၀” ၊ ကိုးကန့်တွေ မပါဘူးပေါ့ … ဒါတွေက နိုင်ငံအတွက်လည်း သိက္ခာကျတယ်။ ကိုးကန့်ဘက်မှာ ဖြစ်တဲ့ကိစ္စတွေက အဓိပ္ပာယ် ရှိတယ် …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ရန်ကုန်၊ ဧပြီ ၇

၂၀၁၅ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ နိုင်ငံတွင်း အခြေအနေများ သည်လည်း ရွေးကောက်ပွဲ အရေးမှစကာ ပညာရေးကိစ္စအလယ်၊ ငြိမ်းချမ်းရေးကိစ္စတို့အဆုံး ရှုပ်ထွေးလျက်သာ ပိုမို ရှုပ်ထွေး လာလျက်ရှိသည်။ ထိုသို့ အခြေအနေတွင် အဓိက လူထုအတိုက်အခံ ပါတီကြီးဖြစ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ၏ နိုင်ငံရေးအသံများက တိတ်တဆိတ် ဖြစ်နေလှသည်။ ဒီချုပ်၏ နိုင်ငံရေးအသံများကို သိလိုကြသည်ဟု ပြည်သူလူထုများသာမက ဆရာတော် သံဃာတော်ကြီးများကပင် ဖွင့်ဟမိန့်ကြား လာမှုများကို ကြားသိနေရပါသည်။ ထို့အတွက် ဒီချုပ်၏ နာယကကြီးဖြစ်သော (တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဗိုလ်ချုပ်ကြီးဟောင်း) သူရဦးတင်ဦးနှင့် အောက်ပါ တွေ့ဆုံပြောကြား ဖြစ်ခဲ့သည် များကို ဖော်ပြခြင်း ဖြင့် လူထု၏ ဆန္ဒတစ်ရပ်အား မြန်မာသံတော်ဆင့် က ဖြည့်ဆည်းတင်ပြ လိုက်ရပါသည်။

● လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ကျောင်းသားကိစ္စတွေ၊ ငြိမ်းချမ်းရေး သဘောတူညီမှု မူကြမ်း လက်မှတ်ရေးထိုးတဲ့ ကိစ္စတွေ စသဖြင့်အပေါ်မှာ အဖွဲ့ချုပ်ရဲ့ သဘောထားကို သိချင်နေကြတယ်။

ပထမဦးဆုံး ကျောင်းသားကိစ္စက NLD က နဂိုတည်းက ကျောင်းသားတွေရဲ့ ပညာရေးနဲ့ ပတ်သက်တာ ဆိုတော့ ရပ်တည်ချက်က ထောက်ခံချက်တွေ ရတယ်။ အခုလည်း အခိုင်အမာ ထောက်ခံချက်ရှိတာ ပါပဲ။ နောက်ပြီးတော့ လည်း ကျောင်းသားတွေကို ဘာလက်နက်မှ မပါဘဲနဲ့ ဒီလိုပဲ ဆန္ဒပြ လမ်းလျှောက် လာတာကို၊ လျှောက်လာ တဲ့လမ်း ဆိုတာက ပြည်သူလူထု လူတကာသွားတဲ့လမ်း။ အဲဒီတော့ သူတို့ သွားခွင့်ရှိတာပေါ့။ နောက်ပြီးတော့ သူတို့အနေနဲ့ ဆန္ဒဖော်ထုတ်မယ်ဆိုတော့ ဒါက ငြိမ်းချမ်းစွာ ဖော် ထုတ်ပြီးတော့၊ လမ်းလျှောက် ပြီးတော့၊ ရွာတွေ၊ မြို့တွေဖြတ်လာပြီးတော့ ရွာတွေမြို့တွေကလည်း သူတို့လုပ်တာနဲ့ ပတ်သက်လို့ ကျောင်းသားတွေအပေါ် စာနာတယ်ဆိုတဲ့ ကြိုကြတယ်၊ ဆိုကြတယ်၊ ကျွေးကြတယ်၊ မွေးကြတယ်။ ဒါလေးတွေ ရှိလာတဲ့ အခါကျတော့ အုပ်ချုပ်တဲ့အပိုင်းက သူတို့အနေနဲ့ ဒါလိုဟာမျိုးဖြစ်လာရင် တာဝန် အကြီးမားဆုံးက စောင့်ရှောက်ရမယ် ဆိုတဲ့တာဝန်။ ဒါပဲ။ ရဲဆိုတာက ပြည်ထဲရေး ၀န်ကြီးဌာနအောက်က၊ ဒါနဲ့ပတ်သက်လို့ ပြည်ထဲရေးဝန်ကြီးနဲ့ ဆိုင်တဲ့ကိစ္စဆိုတော့ ပြည်ထဲရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန ဆိုရင်တော့ ရဲအဖွဲ့အစည်းပေါ့။ မီးသတ်ဆိုရင်လည်း မီးသတ်ပေါ့။ ဒါနဲ့ ပတ်သက်လို့ရှိရင်တော့ ဒါကို ဥပဒေစိုးမိုးရေး၊ ငြိမ်ဝပ်ပိပြားမှု ထိန်းသိမ်းရေးဆိုတဲ့ သူတို့ဒီထဲမှာ တာဝန်ရှိတဲ့အတိုင်း စောင့်ရှောက်ရမယ်။ စောင့်ရှောက်ရမယ် ဆိုတာက ဆန္ဒပြတဲ့ကလေးတွေက သွားတယ်။ သူ့ဟာသူ ငြိမ်းငြိမ်းချမ်းချမ်းသွားတယ်။ သူတို့ ဘယ်သူ့ကိုမှ အန္တရာယ် လည်း မပြုဘူး။ ပစ္စည်းကိုလည်း အန္တရာယ်မပြုဘူး။ လူကိုလည်း အန္တရာယ် မပြုဘူး။ သူတို့ အချင်းချင်းလည်း အန္တရာယ်မပြုဘူး။ ဒီလိုအန္တရာယ်ကင်းစွာ လူသွားလမ်းပေါ် သွားတယ်ဆိုရင် သူတို့က စောင့်ရှောက်ရမှာပေါ့။ ဘာဖြစ်လို့စောင့်ရှောက်ရမလဲဆိုရင် မဟုတ်တဲ့ သဘောသဘာဝ၊ ပျက်စေချင်တဲ့၊ လန့်စေချင်တဲ့၊ ဒုက္ခပေးချင်တဲ့ လူတွေက ရောယောင်ပြီးတော့ မပါရအောင် စောင့်ရှောက် ပေးရမယ်။ ဘေးကနေ လိုက်ပြီးတော့ လက်နက်မပါဘဲနဲ့ ဒါကို စောင့်ရှောက်ပေးရမယ်။ မင်းတို့ လုံခြုံရေး အတွက် တို့တာဝန်ရှိတယ်။ နောက်တစ်ခုက မင်းတို့ လွတ်လွတ်လပ်လပ် ပြောတာနဲ့ ပတ်သက်လို့ ပြောခွင့် ရှိတယ်။ တို့လည်း ပြောခွင့်ရှိတယ်။ သူ့ရဲ့တာဝန်က စောင့်ရှောက်ရမယ့် တာဝန်။ အဲလိုစောင့် ရှောက်ရမယ့် တာဝန်ရှိတာတောင်မှ တချို့က လုပ်တာတွေက မသပ်မရပ်တာက ဒါတွေကလည်း နိုင်ငံတကာ EU တို့ သင်တာ တွေကလည်း ဒါတွေသင်မှာပါပဲ။ ဒါတွေနဲ့ ပတ်သက်လို့ လူအုပ်ထဲမှာ သူတို့ပါပြီးတော့ အဲဒီပါတဲ့လူက ဟိုဟာရေးတယ်၊ ဒီဟာမှတ်တယ်၊ စစ်တယ်၊ ဆေးတယ်။ ဒါတွေလုပ်လာရင် ကလေးတွေကတော့ ဘယ်ဘ၀င် ကျမလဲ။ အဲဒါတွေက မလုပ်အပ်ဘူး။ ဒါနဲ့ ပတ်သက်လို့ ဆိုပါတော့၊ ဒါတွေကတော့ အန္တရာယ် ပြုလာတယ်။ ဒါကတော့ ကျန်တဲ့ပုဂ္ဂိုလ်တွေနဲ့ ပတ်သက်လို့ မဆိုင်တဲ့လူတွေကို ထိခိုက်ကုန်မယ်၊ ဆိုရင်တော့ ဒါနဲ့ ပတ်သက် တာတွေကို ကာရမယ်၊ တားရမယ်။ ဒီထဲမှာရှိတဲ့လူဆိုရင် သူသတိပေးရမှာပေါ့။ မင်းဒါမျိုးမလုပ်နဲ့ မကိုင်နဲ့၊ မင်းဒါမျိုးလုပ်ရင် မင်းတို့မူလ လုပ်နေတဲ့ ကိစ္စကြီး တစ်ခုလုံးက ပျက်စီးသွားမယ်။ အရောရော အနှောနှော ဖြစ်သွားမယ်။ လိုချင်တဲ့အရာလည်း မရောက်ဘူး။ စီမံခဲ့တဲ့ ရည်ရွယ်ချက်က ဒါအတွက် မဟုတ်ဘူးဆိုရင် ဒါတွေနဲ့ ပတ်သက်တာတွေကို မလုပ်သင့်ဘူးပေါ့။ ပေါ်လာရင် လည်း ပေါ်လာတဲ့ အတိုင်းအတာအရ ငြိမ်းချမ်းစွာ အရေးယူလို့ရတာပါပဲ။ အဲဒါနဲ့ သူတို့လာတယ်ပေါ့။ လာတော့ လက်ပံတန်းရောက်တဲ့ အခါကျတော့ ကြားထဲမှာ ၀င်ပြီးဆွေးနွေး တာတွေ ဖြစ်လာတယ်ပေါ့။ ကျောင်းသား သမဂ္ဂအဖွဲ့က ကိုယ်စားလှယ်တွေပါသလို၊ ကျောင်းသားကွန်ရက်က ပါသလို၊ NNER ကပုဂ္ဂိုလ်တွေပါသလို စသည်ဖြင့် ကျောင်းသား တာဝန်ရှိတဲ့ သူတွေကလည်း သူတို့ ဆွေးနွေးမယ်ဆိုတော့ ဘာများဆွေးနွေးမလဲ ဆိုပြီးတော့ ပါဝင်ဆွေးနွေးပြီးတော့၊ ဒါပေမဲ့ ဆွေးနွေးတယ် ဆိုတာကလည်း ဆွေးနွေးတဲ့ကိစ္စက ထိထိရောက်ရောက် မဟုတ်တဲ့အပြင် သူလုပ်ချင်တဲ့ လုပ်ငန်းကို ဖျက်ဆီးတယ် မြင်လာတဲ့အခါကျတော့ ဆက်ပြီးလျှောက်မယ်။ ဆွေးနွေးတဲ့အခါ ရလဒ်ကို ကြည့်ပြီးတော့ သွားကြမယ် စီစဉ်ထားတယ်၊ မူလအစီအစဉ်အတိုင်း သွားကြမယ်။ ဒါကတော့ ထုံးစံအတိုင်း ရည်မှန်းချက်ရှိပြီးသား ရန်ကုန်ရောက်မယ် ဆိုပြီးတော့။ ရန်ကုန်လာမယ် ဆိုတော့လည်း ဘေး က မော်လမြိုင်တို့လို၊ ပုသိမ်တို့လို၊ ဧရာဝတီတို့လို၊ ဒီဘက်ကလည်း မကွေးတို့လိုပေါ့၊ ကျောင်းသားတွေကလည်း ရန်ကုန်မှာ စုမယ်ဆိုတော့ ကျောင်းသားတွေကတော့ စုမယ်ပေါ့။ စုသည့်တိုင်အောင်လည်း ဒါနဲ့ပတ်သက်တာ အားလုံးကို ရမ်းကားတယ်ပြုတယ်။ အေးအေးချမ်းချမ်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ဆိုရင် ဒါနဲ့ပတ်သက်တာ အားလုံးက စောင့်ရှောက်ရမယ်။ ဒါနဲ့ပတ်သက်တာ အားလုံးကို ထိန်းရမယ်။ စောင့်ရမယ်။ ထိန်းရမယ် ဆိုတဲ့နေရာမှာ လက်နက်နဲ့တားဖို့ ရိုက်ဖို့ မဟုတ်ဘူးပေါ့။ သဘောကတော့ ပြောရမယ်ဆိုရင် ညှိနှိုင်းတာလည်း မပြေလည်ဘူး။ ၆ ပွင့်ဆိုင်၊ ၄ ပွင့်ဆိုင် ကိစ္စ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်လို့လည်း ရှေ့ဆက်ရမယ့် ၂၀၁၅ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အားလုံးပါဝင်ပြီး ဆောင်ရွက်နိုင်ဖို့ ဆိုတဲ့စကား၊ ဒါက ၁၀ ရက်နေ့ ဆွေးနွေးမယ်လို့ ပြောတယ်။ အခု ၄ ဦးနဲ့ လုပ်တဲ့ဟာကတော့ ပညာရေး သက်သက်ပေါ့လေ။ အဲဒါကို ဆွေးနွေးတဲ့ အခါကျတော့ ကလေးတွေက သူတို့တောင်းဆိုတာက ရန်ကုန်အထိသွားမယ်။ အဲဒီကနေ မော်တော်ကားနဲ့ ရွှေတိဂုံ သွားကြမယ်။ ရွှေတိဂုံ ကုန်းတော်ပေါ်ကို သူတို့အနေနဲ့ တက်ခွင့် မပေးဘူးဆိုတော့ မှန်ကန်တာပေါ့။ အဲဒါကတော့ နားလည်ရမှာပေါ့။ ဘာကြောင့်လဲဆိုတော့ ရွှေတိဂုံ ကုန်းတော် ဆိုတာ အထွတ် အမြတ်ထားတဲ့နေရာ၊ ဘာသာရေးအရ ရှိခိုးကန်တော့မယ့် နေရာမှာ၊ သူတို့တက် မယ်ဆိုရင်လည်း ဘုရားရှိခိုး ပြီးတော့ ဆုတောင်းဖို့သက်သက် အေးအေး ချမ်းချမ်း လုပ်မယ်ဆိုရင်လည်းပဲ ဒါကလည်းပဲ စောင့်ရှောက် ကာကွယ် ပေးမယ်ဆိုရင် ညှိလိုက်မယ်ဆိုရင် ရတာပါပဲ။ တစ်ဖက်ကလည်း အစိုးရိမ်လွန်ပြီးတော့ ဒါတွေဟာ ဘယ်ပယောဂတွေ ပါလာတယ်၊ အခုတော့လည်း နောက်ဆုံး ပယောဂနဲ့ ပတ်သက်တာ NLD ပေါ့။ တမင် သက်သက် မပြောဘူးလေ NLD က။ NLD က မပါဘူးမဟုတ်ဘူး ပါတယ်။ NLD ပါပုံပါနည်းက တံဆိပ်ကြီးတွေ တပ်ပြီးတော့ ၀ိုင်းအော်ပြီးတော့ ပါတာမဟုတ်ဘူး။ သူတို့နဲ့ ပတ်သက်တဲ့အပိုင်းမှာ ကိုယ့်နယ်ကို ဖြတ်တဲ့ အခါမှာ ချောချောမောမော၊ အေးအေးဆေးဆေးလေး ဖြတ်နိုင်ပြီးတော့ သူတို့နဲ့ ပတ်သက်တဲ့ လိုအပ်တဲ့ စားစရာ သောက်စရာ ပစ္စည်း၊ နေထိုင် မကောင်းဘူးဆိုရင် စောင့်ရှောက်ဖို့၊ ဒါကတော့ သာမန် လုပ်ရိုးလုပ်စဉ် ကိုယ့် ဒေသမှာရှိတဲ့ အဖွဲ့ဝင်တွေချည်းပဲ။

● လူထုအနေနဲ့ ၀ိုင်းရံပေးတဲ့သဘောပေါ့။

ဒါပေါ့။ ဒီကလေးတွေနဲ့ ပတ်သက်ပြီး အားလုံးက စာနာတယ်။ ထောက်ထားတယ်။ ဖျားမယ်။ နေမကောင်းဘူး။ စားရတဲ့ အစားအသောက်တွေ ဆိုရင်တော့ ကိုယ့်ဒေသ ဖြတ်သွားတဲ့အတွက်ကို လိုအပ်ချက်ဆိုတော့ သူတို့ သဒ္ဓါတရားရှိသလို ပေးမယ်၊ ကမ်းမယ်၊ လှူမယ်။ ဒါတွေလုပ်လို့ NLD က မြှောက်ပေးတယ် ဆိုရင်လည်း ဒါပြောရင်လည်း ပြောပေါ့။

● အစိုးရဘက်က ကျောင်းသားအရေး ကိစ္စနဲ့ပတ်သက်ပြီးတော့ ပညာရေးဥပဒေ ပြင်ဆင်မှု အကြောင်း က ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ကြားကာလကို တည်ငြိမ်မှုပျက်ပြားအောင် လုပ်ဆောင်မယ့် လူတွေရှိတယ် ဆိုတာ NLD ကို ရည်ရွယ်ပြောနေတာလား။

NLD ရယ်လို့တော့ တိုက်ရိုက်မပြောဘူး။ ကလေးတွေ ပြောနေတာတော့ ဦးဉာဏ်ဝင်းလား မသိဘူး။ သူ့ဖေ့စ်ဘုတ်မှာတော့ NLD လုပ်တယ်လို့ တိုက်ရိုက်စွပ်စွဲတယ်။ ဦးရဲထွဋ်လည်း ပြောတယ်။ ပဲခူးက လက်ပံတန်း ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဦးဉာဏ်ဝင်း၊ တိုင်းဒေသကြီး ၀န်ကြီးချုပ် သူ့ရဲ့ဖေ့စ်ဘုတ်မှာလည်း ပါတယ်ပြောတယ်။ NLD က လုပ်တယ်လို့ ပြောတယ်။ ကလေးတွေက တံဆိပ်တောင်မတပ်ပါဘူး။ အလုပ်သမားဖြစ်ဖြစ်၊ လယ်သမားဖြစ်ဖြစ် သူတို့ရဲ့မူက ကျောင်းသား ကိစ္စ ကျောင်းသားပဲလုပ်ပါ။ လယ်သမား ကိစ္စ လယ်သမား ပဲလုပ်။ ဘေးက ပါတီအဖွဲ့အစည်း ပါလာလို့ရှိရင် သူ့အဖွဲ့အစည်း၊ ကိုယ့်အဖွဲ့အစည်း အသုံးချပြီးလုပ်ရင် လယ်သမား အသုံးချမယ်။ အလုပ်သမားအသုံးချမယ်။ အဲဒီလို အသုံးချရင် အလုပ်သမား လည်းကွဲ၊ ကျောင်းသား ကလည်းကွဲ၊ အကွဲတွေ။ အရင်တုန်းက တော်လှန်ရေး အတွေ့အကြုံအရ အဲဒါတွေ ဖြစ်ခဲ့ဖူးလို့ ဒီနေ့ထိ ဆိုးဆိုးဝါးဝါး ဖြစ်တာပေါ့။ လယ်သမားကို ကိုင်ပြီးတော့ အစိုးရက အာဏာအဖြစ် အသုံးချ တဲ့အခါကျတော့ တစ်ဖက်ကလည်းမခံဘူး။ အနီကလည်း အကွဲတွေဖြစ်လာတာ။ ဖဆပလခေတ် အဲဒီလို ကွဲကုန်ကြပြီးေ တာ့ နောက်ဆုံး အလုပ်သမားကလည်း BDUC ဟိုဘက်က တောထဲက အင်အားစုနဲ့အပြင်နဲ့ ပေါင်းပြီးတော့ BDUC ရိုက်ကြ သတ်ကြ။ သူရင်သူချ။ ငါရင်ငါချဆိုတော့ ဦးနုက ဦးနေ၀င်းကို ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါတဲ့အဆင့်ကို ဖျက်ပြီးတော့ ပြဿနာဖြစ်တော့ သူ့ထက်အဆင့်ကြီးတဲ့ ထိပ်ကလူတွေ အားလုံးကို စစ်ဗိုလ်ချုပ်တွေကို ခန့်လိုက်တာပဲ။

● တိုင်းပြည်က အခုအချိန်မှာ တော်တော်ကို ဆူပူနေတယ်။ ဟိုတစ်စ ဒီတစ်စနဲ့ အရမ်းရှုပ်ထွေးနေပြီ။ ဒီအစိုးရနဲ့ စစ်တပ်နဲ့က ဦးနုနဲ့ဦးနေ၀င်း အာဏာအပ်သလို လွှဲဖို့ပုံစံများ ဖန်တီးနေတာလား။

ဒီလူတွေမလုပ်ပါဘူး။ ဦးနုက နိုင်ငံရေးဝါရင့်။ တကယ့်ကို ထုသားပေသားကျတဲ့ နိုင်ငံရေးပဲ။ နောက်ဆုံး ဦးနေ၀င်းက သူလုံခြုံရေး ၀တ္တရားများ ထမ်းဆောင်ပြီးတာနဲ့ ၆ လ အတွင်းမှာ ပြန်ပြီး အာဏာအပ်ဖို့အတွက် ရွေးကောက်ပွဲ လုပ်ပေးပါ့မယ်ဆိုပြီး သူလုပ်မှမလုပ်ပေးဘဲ။ နောက်ဆုံး မလုပ်ပေးရင် ငါ့အကြောင်းသိမယ်လို့ ပြောလိုက်တဲ့ အခါကျတော့ ဦးနုကို ဦးနေ၀င်းက နိုင်ငံရေးအားဖြင့်တော့ ရှိန်တယ်။ ဟိုက တကယ့်သမ္ဘာ ရှိတာကိုး။ ဦးနေ၀င်းက ဖွဲ့စည်းပုံအခြေခံဥပဒေမူမှာ ဖက်ဒရယ်မူပေါ့။ တိုင်းရင်းသားတွေက လုပ်ပြီးတော့ ခွဲထွက်မယ့် အဲဒီကစပြီးတော့ အာဏာသိမ်းတာ။ အဲဒါတွေကိုနားလည်ဖို့ ဒီကျောင်းသားတွေနဲ့ ပတ်သက်ပြီး ကျောင်းသားတွေပဲလုပ်ပါ။ နိုင်ငံရေး အဖွဲ့အစည်းက သူ့နည်းသူ့ဟန်နဲ့ လျှိုပြီးပါတဲ့ကောင်တွေ ရှိတယ်။ မလုပ်ကြပါနဲ့။ ကျောင်းသားလေးတွေက ရိုးရိုးသားသားလေးတွေ။ အင်မတန်ဖြူစင်တဲ့ စိတ်နဲ့ သူတို့ရဲ့ပညာရေး ကိစ္စလုပ်တာပါ။ အဲဒီပညာရေးကိစ္စကို ပါးစပ်ကထည့်ပြီးတော့ နောက်ကလှုပ်ရှားမှုကိစ္စက လာတဲ့ အာဏာပိုင် အဖွဲ့အစည်းကို ကလန်ကဆန်လုပ်။ အမှန်ကတော့ မကျော်ရဘူးလို့ တားထားရင် မကျော်နဲ့ပေါ့။ အခုက တားထားတာတွေကို ချိုးတယ် ဘာညာပေါ့။ စပြီးတွန်းတာ ဖယ်တာတွေ လုပ်တယ်ဆိုတော့ တစ်ဖက်ကလည်း စလာပြီးဆိုတည်းက ဒီကောင်တွေ နှိမ်ပလိုက်မယ်။ ဒီလိုလုပ်လို့တော့ မရဘူးလေ။ အစိုးရဘက်က ထိခိုက် နစ်နာမှု အနည်းဆုံးဖြစ်အောင် ကိုယ်ကိုယ်က လုပ်တာမျိုး မဖြစ်ရတဲ့ အသွင်အပြင်ပြဖို့ မဟုတ်ဘဲနဲ့ လိုအပ်တဲ့ နည်းလမ်းတွေနဲ့ ဒါတွေကို လူစုခွဲအောင် လုပ်လို့ရတယ်။ နည်းတွေအများကြီးရှိတယ်။ ဒေါ်အောင်ဆန်း စုကြည် တို့ဆိုရင် လူအုပ်ကြီးမကွဲလို့ရှိရင် ၅ မိနစ်အတွင်းမှာ ပစ်ခတ်ပြီးတော့ နှိမ်နင်းရမယ်လို့ ကြေညာတာပဲ။ သူကပြောတယ်။ စောစောက ခင်ဗျားတို့ပြောတာ ရပ်လိုက်ပါ။ အခု အပေးအယူ လုပ်ကြရအောင်။ ကျွန်မ ၅ မိနစ်ဟောမယ်။ ၄မိနစ်ဟောပြီးရင် ကျွန်မ အားလုံးရပ်ပြီးတော့ တစ်ယောက်မှစကား မပြောဘဲနဲ့ လူစုခွဲ ပေးမယ်။ ဟိုက အော်တာရပ်လိုက်တယ်။ နောက်ဟော လို့လည်းပြီးတော့ လူစုအေးဆေး ကွဲသွားတယ်။ အဲဒါမျိုးကို ညှိလို့ရှိရင်လည်း ရနိုင်ပါတယ်။ သူတို့သွားချင်တဲ့ နေရာတစ်ခုကို သွားဖို့တော့ အတိုင်းအတာ တစ်ခု ပေးလိုက်မယ်။ ပြီးရင် မင်းတို့အားလုံး မဆူမပူ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ခွဲရမယ်။ ဒီလိုမျိုး အပေးအယူ လုပ်လိုက် ပြီးတော့ ထားပါတော့။ ဒါတွေက အသေးစိတ်လည်း ကျပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဆိုးဆိုးဝါးဝါး ဖြစ်သွားတယ်။ နောက်တစ်ခုကလည်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လာနေတဲ့ ကလေးတွေ၊ နောက်ပြီး လက်နက် ကိရိယာလည်း မပါဘူး။ အဲဒါကို တွေ့တာနဲ့ ရိုက်နှက်။ ဖြစ်လာပြီဆိုရင် တော့ အပြန်အလှန် ပြောကြတာ။ မြန်မာနိုင်ငံမှာ လွတ်လပ်ရေး ရပြီးတာနဲ့ မြေအောက် ရောက်သွားတဲ့လူနဲ့ အပေါ်ရောက် သွားတဲ့လူနဲ့ ဒီလိုပဲ အပြန်အလှန်ပြောတာပဲ။ မပြီးနိုင်ဘူး။ အခုတိုက်ခိုက်နေတာလည်း ဟိုဘက် ဒီဘက် ဆဲဆိုပြီးတော့ ဘယ်သူ တွေ ဘယ်လောက်သေတယ်။ ဘယ်လိုတွေလုပ်တယ်။ မပြီးနိုင်ဘူး။ ကေအိုင်အေကလည်း တိုက်လာတယ်။ တအာဝ်းလည်း တိုက်တယ်။ ပလောင်တို့ဆိုတာလည်း တစ်သက်လုံးနေလာတာပဲ။ အင်မတန်ရိုးသားပြီး၊ အင်မတန် ကြောက်တတ်ပြီး အင်မတန်ငြိမ်နေတဲ့လူမျိုးပဲ။ သူတို့တောင် ဖြစ်လာပြီဆိုရင် မကောင်းဘူးလေ။ နယ်တွေမှာ တပ်တွေက ဘယ်လောက် ဖိစီးပြီးတော့ နှိမ်နင်းနေလဲ မသိဘူးလေ။ မပြောနိုင်ဘူး။ အဲဒီလိုတွေ ဖြစ်တဲ့အတွက်ကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးနေကြတာပေါ့။ ဒါပေမဲ့ ငြိမ်းချမ်းရေး ဆွေးနွေးတာက ပါတဲ့လူ ပါတယ်။ မပါတဲ့လူ မပါဘူးပေါ့။ မပါတဲ့လူက ကေအိုင်အေတချို့မပါဘူး။ တအာဝ်းမပါဘူး။ မိုင်းလားမပါဘူး။ နောက် ၀, ကိုးကန့်တွေ မပါဘူးပေါ့။ အဲဒါတွေကတော့ မပါတဲ့အတွက် ကျန်တဲ့အဖွဲ့တွေနဲ့ လုပ်ကိုင်တဲ့ အမူအရာတွေပြပြီးေ တာ့ အေးချမ်းတယ်တဲ့ ဟာကိုဖြစ်လို့ရှိရင် ပါလာရမှာပဲလေ။ လေယာဉ်ပျံတွေဝဲပြီးတော့ ပျံလာတယ်။ ဗုံးချ တယ်။ တောင်းပန်ရတယ်။ ဒါတွေက မကောင်းဘူး။ နိုင်ငံရဲ့သိက္ခာလည်း ကျတယ်။ နောက်ပြီးတော့ သူတို့ကပစ်တာ။ ဟိုက ပစ်သလိုလို ဘာလိုလို ပြောပြီးတော့မှ နောက်ဆုံးကျတော့ သွားပြီးတော့ တောင်းပန် တယ်။ လျော်ကြေးပေးမယ်။ ဒါတွေက နိုင်ငံအတွက်လည်း သိက္ခာကျတယ်။ ကိုးကန့်ဘက်မှာဖြစ်တဲ့ ကိစ္စတွေက အဓိပ္ပာယ်ရှိတယ်။

အံ့ခေါင်မင်း

ဆက်လက်ဖော်ပြပါမည်

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald