04/12/15

တကသ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေ ပါဝင်တဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဟာ ဒီနှစ်သင်္ကြန်မှာ ၃ နှစ်မြောက် ဖျော်ဖြေရေးထွက်ဖို့ လေ့ကျင့်ပြင်ဆင်နေကြပြီး
ဒီနေ့ မှော်ဘီနဲ့ ပဲခူးမှာ စတင်ဖျော်ဖြေတင်ဆက်မှာဖြစ်ပါတယ်။

တကသ ကျောင်းသားတွေရဲ့ သံချပ် လေ့ကျင့်မှုကို ၈၈ မျိုးဆက် ကျောင်းသားဟောင်းတွေကလည်း လာရောက်ကူညီ ပံ့ပိုးပေးထားကြပါတယ်။

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့အနေနဲ့ ခေတ်၊ စနစ်ရဲ့ အမြီးအမောက် မတည့်တဲ့ အဖြစ်အပျက်တွေကို ဆင်ဆာမတင်ပဲ အပြုသဘော သံချပ်ထိုး တင်ပြသွားမှာဖြစ်ပြီး
ဒီနှစ်မှာ ထူးခြားတာက အမျိုးသားပညာရေးဥပဒေ အကြောင်း စပ်ဆိုထားတဲ့သံချပ်တွေအပြင် မတ်လ ၅ ရက်နေ့ ရန်ကုန်မြို့တော်ခန်းမရှေ့ ဆန္ဒပြပွဲနဲ့ မတ်လ
၁၀ ရက်နေ့ လက်ပံတန်း ကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွင်းခံရမှုတွေကို သရုပ်ဖော်ပြဇာတ်တွေ ထည့်သွင်း တင်ဆက်သွားဖို့ ရှိတယ်လို့ သိရပါတယ်။

တကသ ကျောင်းသားတွေရဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဟာ ဒီနေ့ ဧပြီ ၁၂ ရက်နေ့မှာ မှော်ဘီနဲ့ ပဲခူးတွေ ဖျော်ဖြေမှု စတင်မှာဖြစ်ပြီးနောက် သင်္ကြန်တွင်းတလျှောက်
ရေကစားမဏ္ဍပ်တွေနဲ့ အလှပြကားတွေမှာ ရန်ကုန်မြို့အနှံ့ လိုက်လံ ဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။

သတင်းဓာတ်ပုံ – ကောင်းထက်ကျော်(DVB)

အခုနှစ် ဟင်္သာတမြို့ မြန်မာ့ရိုးရာအတာသင်္ကြန်မှာ ရပ်ကွက် ၂ခုက သံချပ်ဝါသနာရှင်တွေ စုပေါင်းပြီး မင်းသားကြီးရွှေရိုး ၂ဝ၁၅ စွယ်စုံတေးသံချပ်အင်အားစု အမည်နဲ့ တင်ဆင်ဖျော်ဖြေကြမှာ ဖြစ်ပါတယ်။

မင်းသားကြီးရွှေရိုး ၂ဝ၁၅ စွယ်စုံတေးသံချပ်အင်အားစု အမည်ပေးထားတဲ့ သံချပ်အဖွဲ့ဟာ မြ၀တီရပ်ကွက်နဲ့ လက်သမားရပ်ကွက် ကိုယ်စားပြု ပါဝင်တင်ဆက်မှာဖြစ်ပြီး နိုင်ငံတကာမှ ချေးငွေရယူခြင်းကြောင့် ပြည်သူတွေ တဦးချင်းစီမှာ ကြွေး ၅ သိန်း တင်နေတဲ့ အကြောင်းကို ဦးစားပေး တင်ဆက်သွားမယ်လို့ သံချပ်အဖွဲ့က ပြောပါတယ်။

ဒါ့အပြင် ပညာရေး၊ ကျန်းမာရေးကိစ္စရပ်တွေကို သံချပ် အတိုင်အဖောက် ပြုလုပ်သွားမှာဖြစ်ပြီး ဟင်္သာတမြို့မှာ မကြာသေးမီက ဖွင့်လှစ်ခဲ့တဲ့ ဟင်္သာရုပ်တုအပေါ် ဆွမ်းအုပ်ထားရှိမှုကိုလည်း ဟာသအရွန်းဖောက်ပြီး တင်ဆက်ပေးသွားမယ်လို့ ဆိုပါတယ်။

သံချပ်စာသားတွေကို သက်ဆိုင်ရာက ကန့်သတ်မှု မရှိပေမယ့် အသိပေး၊ သတိပေးမှု သဘောသာ ငြိစွန်းမှု မရှိစေအောင် ထိန်းကြောင်း တင်ဆက်သွားကြမယ်လို့ ပြောပါတယ်။

သင်္ကြန်ကာလအတွင်း ညစဉ် ဟင်္သာတမြို့ရှိ မဏ္ဍပ် ၃ ခုတွင် လှည့်လည် ဖျော်ဖြေမှာ ဖြစ်သလို ဖိတ်ကြား ထားတဲ့ နေအိမ်များကိုလည်း လှည့်လည်ပေးသွားမှာ ဖြစ်ပါတယ်။

ိDVB

တရုတ်ပြည်ဘက်က လေအေးတွေနဲ့ အနောက်ဘက် လေအေးတွေကြောင့် မြန်မာ သင်္ကြန်ကာလအတွင်း အနည်းဆုံး ၂ ရက်လောက် မိုးရွာသွန်းနိုင်တယ်လို့ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းပြောကြားပါတယ်။

သင်္ကြန်အကျနဲ့ အကြတ်နေ့တို့မှာ ၂ရက် ဆက်ရွာသွန်းနိုင်တယ်လို့လည်း ဆိုပါတယ်။

“မိုးရွာဖို့ရှိတယ်၊ မိုးရွာဖို့ဧရိယာတွေက ရှမ်းတောင် ရှမ်းအရှေ ကယား ကရင် မွန် တနင်္သာရီ ရန်ကုန် ဒေသအတော်များများမှာ ရွာဖို့ရှိတယ်၊ မိုးမပြတ်နိုင်ဘူး၊သင်္ကြန်တွင်း နေ့တိုင်းတော့ မရွာဘူး၊၂ရက်လောက် ရွာနိုင်တယ်၊ အထူးသဖြင့် အကျနဲ့ အကြတ်ပေါ့၊ အတက်နေ့တော့ မရွာနိုင်တော့ဘူးထင်တယ်” လို့ ဒေါက်တာထွန်းလွင်က ပြောပါတယ်။

ကယား၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ မိုးများနိုင်ပြီး ကျန်ဒေသတွေမှာတော့ မိုးမများနိုင်ဘူးလို့လည်း ခန့်မှန်းပါတယ်။

မိုးတိမ်တောင်နဲ့ ရွာမယ့်မိုးဖြစ်တာကြောင့် မိုးသက်လေပြင်းကျနိုင်ပြီး မိုးကြိုး အန္တရာယ်ရှိတယ်လို့လဲ မိုးလေ၀သပညာရှင်က သတိပေး ပြောကြားပါတယ်။

တရုတ်ပြည်ဘက်က လေအေးတွေဟာ ထိုင်းနိုင်ငံကို ဖြတ်သန်းပြီး မြန်မာပြည်ထဲ ၀င်ရောက်မှာဖြစ်လို့ ထိုင်းနိုင်ငံတွင်းမှာလည်း မိုကြိုးမုန်တိုင်းကျရောက်နိုင်တယ်လို့ သတိပေးနှိုးဆော်ချက် ထုတ်ပြန်ထားပါတယ်။

  By ရွှေအောင် (ဒီဗွီဘီ)
http://burmese.dvb.no


အစိုးရကိုယ်တိုင်က လိမ်ညာနေတာဟာ မြန်မာနိုင်ငံမှာ အကြီးမှားဆုံး ပြဿနာ ဖြစ်တယ်လို့ ဒီမိုကရေစီပညာရေး လှုပ်ရှား မှု ကျောင်းသားတွေက စွတ်စွဲပြောဆို လိုက်ပါတယ်။ လင်းဆက်အောင် ကပေးပို့ထားတာပါ။ ရိုက်ကူး ရန်နိုင်၊ ဥာဏ်ကြီး ၊လင်းဆက်အောင်။
DVB TV News

အစိုးရ ဘက်က ထိုးစစ် အကြီး တစ်ခု ဆင်နွှဲဖို့ သံချပ်ကာ၊ လက်နက်ကြီး နဲ့ လူအင်အား ဖြည့်တင်းနေတယ်လို့ MNDAA ပြော။
  ကိုးကန့် ဒေသ အရှေ့ ဘက်ခြမ်း မှာ အစိုးရ စစ်တပ် ဘက်က လူအင်အား လက်နက်ကြီး အင်အား တွေ တိုးမြင့်ပြီး စစ်ရေး အရှိန် မြှင့် လာတယ် ဆိုပြီး ကိုးကန့် တပ်ဘက် က ပြောနေပါတယ်။

အစိုးရ တပ် တွေ ဟာ လူ အင်အား ၁၈၀၀ ကနေ ၂၀၀၀ ကြား လောက်သုံး ပြီး နေ့တိုင်း ထိုးစစ်ဆင် နေတာ ၄ ရက် ရှိပြီ လို့ ကိုးကန့်တပ် MNDAA ရဲ့ ပြောခွင့်ရ ဦးထွန်းမြတ်လင်း က ဘီဘီစီ ကို ပြောပါတယ်။

ဟိုပန် နဲ့ ချင်းရွှေဟော် တို့ လို လောက်ကိုင် ရဲ့ တောင်ဘက် က နယ်စပ်ဒေသ တွေ မှာ လည်း အစိုးရ က လက်နက်ကြီး အင်အား တိုးချဲ့ ပြီး စစ်ဆင် နေတယ်လို့ လည်း ဆိုပါတယ်။

ကိုးကန့် တပ် နဲ့ မြန်မာ အစိုးရ တပ် တွေ ကြား ဖြစ်ပွားနေ တဲ့ ကိုးကန့် ဒေသ တိုက်ပွဲတွေ ဟာ ၂၀၁၅ နှစ်ဆန်း ပိုင်း မှာ တောက်လျှောက် ဆိုသလို ဖြစ်နေခဲ့ ပြီး အစပိုင်း တိုက်ပွဲတွေ မှာ မြန်မာ အစိုးရ တပ်တွေ အထိအခိုက် အကျ အဆုံး များခဲ့ပါ တယ်။

နောက်ပိုင်းမှာ အစိုးရ ကထိုးစစ် ဆင်ပြီး နယ်မြေ တော်တော် များများ ကို ပြန်ပြီး ထိန်းချုပ် ခဲ့ပါတယ်။

 BBC Burmese
http://www.bbc.co.uk/burmese

သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့မှာ ဘတ်ဂျက်တိုးလာတာနဲ့ အမျှ ဘဏ္ဍာရေး အလွဲသုံးစားမှုတွေ ပိုမိုဖြစ် ပေါ်လာတယ် နိုင်ငံ့ဘဏ္ဍာငွေတွေကို တစ်နှစ်ထက်တစ်နှစ် ပိုတိုးမြှင့်ပေးဖို့ လွှတ်တော် ဘက်က ခွင့်ပြုပေးလေ တစ်ဖက်မှာ ဘဏ္ဍာငွေအလွဲသုံးစားမှု ပိုမိုများပြား …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၂၀၁၅ ခုနှစ်၊ မတ်လ ၃၁ ရက် က ပြည်ထောင်စုလွှတ်တော်မှာ ၀န်ကြီး ဌာနတွေအနေနဲ့ အစိုးရစီမံကိန်းတွေ အကောင်အထည်ဖော်တဲ့ အခါ ငွေကြေး ကိုထိရောက် မှန်ကန်စွာသုံးစွဲခြင်း မရှိရင် အရေးယူဆောင်ရွက်ဖို့ တိုက်တွန်းေ ကြာင်း အရေးကြီးအဆို တင်သွင်းရာမှာ ကန့်ကွက်သူမရှိဘဲ တစ်ခဲနက် အတည်ပြု ခဲ့ပါတယ်။ တစ်ဆက် တည်းမှာ ပဲ ပြည်ထောင်စု အစိုးရအဖွဲ့ ဘဏ္ဍာေ ငွ တောင်း ခံမှုတွေထဲက စုစုပေါင်းကျပ်ငွေ ဘီလီယံ ၂၁၃ ဒသမ ၀၈၉ ကို ဖြတ်တောက်ဖို့ ဆုံးဖြတ်လိုက်တယ်။

၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွက် အစိုးရအဖွဲ့က သာမန်သုံးငွေ ကျပ်ဘီလီယံ၁၄၉၅၀၊ ငွေလုံးငွေရင်း သုံးငွေကျပ် ဘီလီယံ ၅၁၈၄၊ နှစ်ရပ်ပေါင်း ကျပ်ဘီလီယံ၂၀၁၃၄ တင်ပြခဲ့လို့ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်ထက် ကျပ်ဘီလီယံ ၇၀၀ ၀န်းကျင် ပိုမိုတောင်းခံတာကို တွေ့ရတယ်။…

အစိုးရအဖွဲ့ တင်ပြတောင်းခံလာတဲ့ ဘတ်ဂျက်ကို ပြည်ထောင်စု လွှတ်တော်ဘက်က ဖြတ်တောက်ရခြင်းနဲ့ ပတ် သက်ပြီး လွှတ်တော်အမတ်ဦးဝင်းဦးက ““အစိုးရအဖွဲ့က မနှစ်ကထက်စာရင် ကျပ်ဘီလီယံ ၇၀၀လောက် ပို တောင်းတယ်။ အခု ကျပ်ဘီလီယံ ၂၀၀ကျော်လောက် ဖြတ်တောက်တာဟာ နည်းသေးတယ်။ လွှတ်တော်က ဒီနှစ်အတွက် ကျပ်ငွေဘီလီယံ ၅၀၀မှ ၁၀၀၀ကြား လျှော့သုံးဖို့ အကြံပြုထားတာ မအောင်မြင်တဲ့အပြင် ပိုတောင်းတဲ့အတွက် ကျပ်ဘီလီယံ ၂၀၀ ကျော်ပဲ ဖြတ်တောက် တယ်ဆိုတာ နည်းတောင်နည်းသေးတယ်”” လို့ဆိုပါတယ်။

လွှတ်တော်အမတ် ဦးဝင်းဦးရဲ့ စကားအသွားအလာပေါ်မှာ ကြည့်ရင် အစိုးရအဖွဲ့က လွှတ်တော်ထက်ပိုပြီး တစ် ကွက်ကျော် မြင်တယ်လို့ဆိုရမှာပါ။ လွှတ်တော်က လျှော့ချဖြတ်တောက်မှာကို သိနေလို့ အစိုးရဘက်က ““ရင် လောက်မှန်းမှ ဒူးလောက်တင်မယ်””ဆိုတဲ့သဘောမျိုးနဲ့ ပိုမိုတောင်းခံသွားတာပဲလို့ ကောက်ချက်ဆွဲရမယ်။

ပြည်ထောင်စုလွှတ်တော်က အစိုးရ ဘဏ္ဍာငွေတောင်းခံမှု ဖြတ်တောက် တာနဲ့ ပတ်သက်ပြီး ၃ချက်ဆွဲ ထုတ်ပြစ ရာရှိလာတယ်။ ပထမတစ်ချက်က အစိုးရအဖွဲ့အရွယ်အစား (Size of Cabinet) ဖြစ်ပါတယ်။ ဒုတိယအချက်က ဘတ်ဂျက်တိုးတဲ့အပေါ် အလွဲသုံးစားမှု ပိုမိုလာခြင်းဖြစ်ပြီး တတိယ အချက်ကတော့ နိုင်ငံ့ဘဏ္ဍာလေလွင့်ပြုန်း တီးစေတဲ့ စီမံကိန်းတွေပဲ ဖြစ်ပါတယ်။

မဆလခေတ်က ၀န်ကြီးဌာန ၁၇ခု သာရှိပြီး ၁၉၈၃ခုနှစ်၊ မတ်လ ၁၄ရက်မှာ ၀န်ကြီးဌာနတစ်ခု ထပ်မံတိုးချဲ့ လိုက်တဲ့ အခါကျမှသာ ၁၈ခုဖြစ်လာတယ်။ သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့မှာတော့ ၀န်ကြီးဌာနပေါင်း ၃၀ရှိပြီး သမ္မတရုံးဝန်ကြီး ၆ ယောက်အပါအ၀င် ၀န်ကြီးနဲ့ ဒုတိယ၀န်ကြီး စုစုပေါင်း ၉၆ဦး ပါနေတယ်။ ဒါနဲ့တင်အား မရသေးဘဲ အစိုးရအဖွဲ့ စွမ်းဆောင်ရည်ပိုင်း ပိုကောင်းလာဖို့အတွက် အတွင်းဝန်ရာထူးတွေကို ထပ်ခန့်ဖို့ရှိနေ ပါသေးတယ်။

သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့မှာ ၀န်ကြီးဦးရေနဲ့ ၀န်ကြီးဌာနအရေအတွက် ““ဖောင်းပွမှု””ရှိ၊ မရှိဆိုတာ အိမ်နီး ချင်းနိုင်ငံ အချို့၊ ကမ္ဘာ့အင်အားကြီးနိုင်ငံ အချို့နဲ့ နှိုင်းယှဉ်လိုက်ရင် သိသာပေါ်လွင်သွားတယ်။

အိမ်နီးချင်းထိုင်းနိုင်ငံဟာ (IMF ထုတ်ပြန်ချက်အရ) မြန်မာနိုင်ငံထက် ဂျီဒီပီ ၆ဆလောက်များပြားပေမယ့် ထိုင်း အစိုးရအဖွဲ့မှာ ၀န်ကြီး ၁၉ဦးသာရှိတယ်။ လုပ်ငန်းကျွမ်းကျင်မှုနဲ့ မြန်ဆန်ထိရောက်မှု ရှိစေဖို့ အရပ်သား ဒုတိယ ၀န်ကြီး ၇ယောက်ကို ကက်ဘိနက်ထဲ ထည့်သွင်းလိုက်တာ တောင်မှ ၂၆ယောက်ပဲရှိတယ်။

အလားတူ မြန်မာနိုင်ငံထက်အကျယ် အ၀န်း၊ လူဦးရေ၊ ကုန်ထုတ်စွမ်းအားနဲ့ ဂျီဒီပီအားဖြင့် အဆပေါင်းများစွာ ကြီးမားတဲ့ တရုတ်ပြည်မှာတောင် ၀န်ကြီးဌာနပေါင်း ၂၃ ခုသာရှိတယ်။

ဝန်ကြီးဌာနအရေအတွက် လိုအပ်တာ ထက်ပိုမို များပြားခြင်းနဲ့ အတူ နောက်က လိုက်လာတဲ့ လစာနဲ့အဆောင် အယောင်၊ အခြားခံစားခွင့်၊ ဧည့်ခံကျွေးမွေးစရိတ် အစရှိတာတွေက အစိုးရအသုံးစရိတ် ကို သေချာပေါက်မြင့် တက်လာစေတယ်။ ဒါကြောင့် ၀န်ကြီးဌာနတွေကို ကျစ်ကျစ်လျစ်လျစ်ဖြစ်အောင် ပြင်ဆင်ဖွဲ့စည်းနိုင်မယ် ဆိုရင် အစိုးရ အသုံးစရိတ်လျှော့ချရေးမှာများစွာ အထောက်အကူပြုနိုင်မယ်လို့ ယုံကြည်မိတယ်။

သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့မှာ ဘတ်ဂျက်တိုးလာတာနဲ့အမျှ ဘဏ္ဍာရေး အလွဲသုံးစားမှုတွေ ပိုမိုဖြစ်ပေါ်လာ တယ်။ နိုင်ငံ့ဘဏ္ဍာငွေတွေကို တစ်နှစ်ထက်တစ် နှစ်ပိုတိုးမြှင့်ပေးဖို့ လွှတ်တော်ဘက်က ခွင့်ပြုပေးလေ တစ် ဖက်မှာ ဘဏ္ဍာငွေအလွဲ သုံးစားမှု ပိုမိုများပြားတာကို တွေ့ရှိရပြီး အချို့သော ၀န်ကြီးဌာနတွေ ဟာ နိုင်ငံ့ ဘဏ္ဍာ ငွေကို ““နေ့ပြန်တိုး””ပေးခြင်း အထိ ပြုလုပ်နေ တယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါ်စန္ဒာမင်း က ထောက်ပြခဲ့တယ်။

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အစီရင်ခံစာ (၁/၂၀၁၅) ထဲမှာ ၀န်ကြီးဌာနတွေရဲ့ ငွေကြေးအလွဲသုံးစား မှုကို ဖော်ထုတ်ထားတယ်။ ဒါ့အပြင် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်မှာ ၀န်ကြီးဌာန ၂၅ခုဟာ သတ်မှတ်ကာ လကျော်လွန်ပြီးမှ ဘတ်ဂျက် ပိုလျှံငွေတွေ ပြန်အပ်ခဲ့တာကို ဘဏ္ဍာရေး ၀န်ကြီးဌာန ကိုယ်တိုင်က လက်ခံေ နကြောင်း၊ ပိုလျှံငွေ တွေကို အချိန်မီပြန်လည်အပ်နှံဖို့ လိုအပ်ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီဝင် ဦးမောင်တိုးက ဆိုပါတယ်။

၂၀၁၃-၁၄ ဘဏ္ဍာနှစ်အတွင်း နိုင်ငံတော်ဘဏ္ဍာထဲက ရငွေ၊ သုံးငွေတွေကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက စစ်ဆေးခဲ့တယ်။ စုစုပေါင်း အရအသုံးငွေ ကျပ် ဘီလီယံ ၁၈,၈၂၃ ဒသမ ၈၂၆ အနက် ကျပ်ဘီလီယံ ၁၂,၁၆၅ ဒသမ ၈၅၅ ကို ထုတ်နုတ်စစ်ဆေးခဲ့တဲ့အခါ ဗဟိုအဖွဲ့ အစည်း၎ခု၊ ၀န်ကြီးဌာနပေါင်း ၂၅ခုတို့ဟာ သတ်မှတ် ကာလ ကျော်လွန်အပ်ငွေကျပ် ဘီလီယံ ၄၀၈ ဒသမ ၆၀၄ ဖြစ်ပေါ်ခဲ့တယ်လို့ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော် မတီ ထုတ်ပြန်ချက်တွေအရ သိရတယ်။ စာရင်းစစ်ချုပ်ရုံးက ၆၅ရာခိုင်နှုန်းလောက်ကိုသာ ထုတ်နုတ်စစ်ဆေး တာဖြစ်ပြီး အကုန်လုံးသာ စစ်ဆေးနိုင်ရင် ဒီ့ထက်တောင် ပိုမိုများပြားလာမယ့် သဘောရှိနေတယ်။

ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဦးမောင်တိုးက ““ဘဏ္ဍာရေးဆိုင်ရာစည်း မျဉ်းချိုးဖောက်မှုတွေကို နှိုင်း ယှဉ်ကြည့်ရင် ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်ထက် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်မှာ ၂ ဆကျော်တိုးလာ တာတွေ့ရ တယ်။ ဒါဟာကောင်းတဲ့ လက္ခဏာ၊ ကောင်းတဲ့ အလားအလာတော့ မဟုတ်ဘူး””လို့ ပြောဆိုခဲ့တယ်။

နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးအင်အား ကိုတိုင်းတာရာမှာ စီးပွားရေးပညာရှင်တွေ အဓိက ““စံ””ထားတဲ့ ““ပေတံ””တွေကတော့ ဂျီဒီပီနဲ့ အရန်နိုင်ငံခြားငွေ (Foreign Reserve) ပမာဏတွေပဲဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန်က အခုနှစ်မှာ ပြည်တွင်းထုတ်လုပ်မှုနဲ့ ၀န်ဆောင်မှုတန်ဖိုး စုစုပေါင်း(ဂျီဒီပီ) ၉ ဒသမ ၁ ရာခိုင် နှုန်း ရောက်အောင် လုပ်ဆောင်မယ်လို့ ပြောဆိုခဲ့တယ်။ ဒါပေမဲ့ နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) က မြန်မာနိုင်ငံရဲ့ ဂျီဒီပီဟာ ၂၀၁၃-၁၄မှာ ၈ ဒသမ ၃ရှိရာမှ ၂၀၁၄-၁၅ မှာ ၇ ဒသမ ၃ ရာခိုင်နှုန်းသို့ လျော့ကျလာ ဖွယ်ရှိတယ်လို့ ခန့်မှန်းထားတယ်။

တစ်ဖက်မှာ အရန်နိုင်ငံခြားငွေ ပမာဏကလည်း ၂၀၁၃ခုနှစ်မှာ ဒေါ်လာ ၈ ဘီလီယံကျော်ရှိရာမှ ယခုအခါ ဒေါ် လာ ၄ ဒသမ ၅ဘီလီယံကျော်သာ ကျန်ရှိတော့တယ်။ ဂျီဒီပီနဲ့ အရန်နိုင်ငံခြားငွေ ၂ခု စလုံးတိုးတက်မှု မရှိရင် တိုင်းပြည်စီးပွားရေးအင်အား တောင့်တင်းလာဖွယ် မရှိပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံစီးပွားရေး ကောင်းမွန် လာ အောင် ဘယ်လိုမြှင့်တင်ကြမလဲဆိုတာက သမ္မတဦးသိန်းစိန်အစိုးရ သက်တမ်း နောက်ဆုံးနှစ်မှာ အရေးကြီးတဲ့ ““ခေါင်းစဉ်”” ဖြစ်လာတယ်။

ဒီနှစ် အခြေအနေမျိုးမှာ အစိုးရအဖွဲ့ အသုံးစရိတ်တိုးလာတာဟာ ဆန့်ကျင်ဘက် သဘောလက္ခဏာ ဆောင်နေ တယ်။ ဒီကြားထဲမှာ ၀န်ကြီးဌာနတွေကလည်း ဘတ်ဂျက်တိုးလေ ငွေအလွဲသုံးစား မှုများ လေဆိုတော့ ““မိအေး နှစ်ခါနာ”” ဖြစ်နေတယ်။ ဒါကြောင့် ပြည်ထောင်စုလွှတ်တော် နာယကသူရဦးရွှေမန်းက ““အမိန့်ကြော်ငြာ စာတွေ၊ ညွှန်ကြားချက်တွေ တကယ်ရှိပေမယ့် လက်တွေ့မှာ လိုက်နာသူက လိုက်နာပြီးတော့ မလိုက်နာသူက မလိုက်နာလို့ ဖြစ်ပေါ်လာတဲ့ အကျိုးဆက်ကျတော့ နောက်ဆုံးခံ ရမှာ နိုင်ငံတော်ပါပဲ။ ပြည်သူပါပဲ။ အဲဒီလိုမခံရ အောင် ကြပ်မတ်ဖို့၊ စစ်ဆေးဖို့၊ တွေ့ရှိတာကို မူတည်ပြီး ထိုက်သင့်သလို ပညာပေးခြင်း၊ အရေးယူခြင်းတွေ မလုပ်ဘဲနဲ့တော့ ကောင်းမွန်သော အုပ်ချုပ်ရေး၊ သန့်ရှင်းသောအစိုးရမဖြစ်နိုင်ဘူး””လို့ ဆို ပါတယ်။

အစိုးရအဖွဲ့ အသုံးစရိတ်ကြီးမြင့်နေတဲ့ အကြောင်းရင်းတွေထဲမှာ Goverment Waste ခေါ် နိုင်ငံ့ဘဏ္ဍာ အလေအလွင့်ဖြစ်စေတဲ့ စီမံကိန်းများ ပါဝင်နေတယ်။ ဒီထဲမှာ ပူပူနွေးနွေး လွတ်လပ်ရေးနေ့က ကျင်းပခဲ့တဲ့ ဗိုလ်ရှုသဘင်ပွဲက မီးမောင်းထိုးပြစရာ ဖြစ်ခဲ့တယ်။

ဗိုလ်ရှုသဘင် စင်မြင့်တည်ဆောက်ခြင်းကို ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ လွှတ်တော်အစည်းအဝေးမှာ လွှတ်တော် အမတ်တွေ ၀ိုင်းဝန်းကန့်ကွက်ခဲ့လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဘတ်ဂျက်မှ သမ္မတ သီးသန့် ရန်ပုံငွေ ““ခေါင်းစဉ်””ပြောင်းပြီး ဆောင်ရွက်ခဲ့တယ်။ ၂၀၁၅ ခုနှစ်၊ လွတ်လပ်ရေး အခမ်းအနား ကျင်းပဖို့ အတွက် သမ္မတ သီးသန့်ရန်ပုံငွေထဲမှ ကျပ်သန်း ၄၀၆၉ သုံးစွဲခဲ့ရာမှ ပြည်ထဲရေးက ဗိုလ်ရှုသဘင် အခမ်းအနား အတွက် ကျပ်သန်း ၁၀၀၀ ကျော်၊ ဆောက်လုပ်ရေးဝန်ကြီးဌာနက ဗိုလ်ရှုခံစင်မြင့်ဆောက်လုပ်ဖို့အတွက် ကျပ်သန်း ၃၀၀၀ သုံးစွဲခဲ့ကြောင်း သမ္မတက လွှတ်တော်ကို ပေးပို့တဲ့စာမှာ ဖော်ပြထားတယ်။

ဗိုလ်ရှုခံစင်မြင့် စီမံကိန်းနဲ့ပတ်သက်ပြီး ပြည်သူ့လွှတ်တော် အမတ် ဒေါ်စန္ဒာမင်းက အချက်ကျ ကျ ထောက်ပြပြီး မေးခွန်းထုတ်ခဲ့ တယ်။ ဖြည့်စွက်ခွင့်ပြုငွေကျပ် သန်းပေါင်း ၃၀၀၀ တောင်းခံလာခြင်းမျိုးက မဖြစ်သင့်ခြင်း။ လို အပ်တဲ့ ပရိဘောဂ ပစ္စည်းတွေအတွက် ကျပ်သန်းပေါင်း ၄၂၁ ဒသမ ၉၈၇ သုံးစွဲထားခြင်း။ ဗိုလ်ရှုခံ ရေရရှိဖို့ အတွက် ကျပ်သန်းပေါင်း ၅၀၀ သုံးစွဲထားခြင်း။ ဗိုလ်ရှုခံစင်မြင့် လျှပ်စစ်လုပ်ငန်းအတွက် ကျပ်သန်းပေါင်း ၁၀၀၀ သုံးစွဲထားခြင်း။ ဗိုလ်ရှုစင်မြင့် ဆောက်လုပ်ဖို့အတွက် တင်ဒါမခေါ်ဘဲ နေပြည်ေ တာ် ကောင်စီနယ်မြေ တစ်ဝိုက် မှာ လုပ်ငန်းစီမံကိန်း အများအပြားကို ဆောင်ရွက်နေပြီး အားကစားဝန်ကြီး ဦးတင့်ဆန်းနဲ့ ဆက်နွှယ်နေတဲ့ ACE ဆောက်လုပ်ရေး လုပ်ငန်းကိုသာ ပေးအပ်ခြင်း။

ဒေါ်စန္ဒာမင်း ထောက်ပြချက်တွေထဲမှာ စိတ်ဝင်စားစရာတစ်ခုက အစိုးရအနေနဲ့ စီမံကိန်းတွေကို မည်သည့် မူဝါဒ ဖြင့် ချမှတ်ဆောင်ရွက် နေပါသလဲဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ ဒီအချက်ဟာ ထပ်တိုးဘတ်ဂျက်ေ တွ တောင်းခံတဲ့ အခါ သမ္မတနဲ့နီးစပ်မှုရှိတဲ့ ၀န်ကြီးတွေက ဘတ်ဂျက် ပိုမိုရရှိတယ်ဆိုတဲ့ ထင်မြင်ယူဆချက်တွေ ကိုလည်း ထင်ဟပ်နေတယ်။

ဒေါ်စန္ဒာမင်းက ““ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းထုတ်ပြီး ရှေ့နေချုပ်ရုံးက ဥပဒေကြမ်းအရ ကန့် ကွက်မှု မရှိဘူးဆိုပြီး သဘောထားမှတ်ချက်ပေးတယ်။ သူတို့ ဒီလိုသဘောထား မှတ်ချက်ပေးတယ်ဆိုရင်ပဲ စစ်ဆေးပြီးသားလို့ စာရင်းစစ်ချုပ်ရုံးက အစီရင်ခံစာလာတယ်။ သူတို့က ကန့်ကွက်ရန် မရှိဆိုပြီး လွှတ်တော်ကို တင်တယ်။ အဲဒီအခါမှာ အစိုးရဘက်က ပြောတာက လွှတ်တော်က ဖြတ်တောက်လိုက်ရင် စီမံကိန်းရပ်သွား မယ်။ အဲဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေက သိသိကြီးနဲ့ ဖြတ်တောက်မှု မလုပ်နိုင်ကြဘူး”” လို့ထောက်ပြ တယ်။

လွှတ်တော် ကိုယ်စားလှယ်တွေဘက်က ထောက်ပြတဲ့ အဓိကအချက်က ပြည်ထောင်စု စာရင်းစစ်ချုပ်ဟာ သမ္မတက ခန့်အပ်သူဖြစ်နေလို့ လွတ်လပ်မှုမရှိဘဲ အစိုးရအဖွဲ့သြဇာ လွှမ်းမိုးမှုအောက်ရောက် နေခြင်းပဲဖြစ်ပါ တယ်။

တကယ်တော့ Goverment Waste ဆိုတာ ကမ္ဘာပေါ်မှာ ဖွံ့ဖြိုးဆဲနိုင်ငံအားလုံး လိုလို ရင်ဆိုင်နေရတဲ့ ပြဿ နာတစ်ခုပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အစိုးရစီမံကိန်းတွေနဲ့ ပတ်သက်ပြီး ပြည်သူ့ဘဏ္ဍာငွေ အလေ အလွင့် မဖြစ်ရအောင် ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ ထိန်းကျောင်း ကြပ်မတ်ပေးခြင်းတို့အားဖြင့် အစိုးရ အသုံးစရိတ်တွေကို တစ်ဖက်တစ်လမ်းက လျှော့ချသင့်တယ် မဟုတ်ပါလား။ ။

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

ကျွန်မကိုယ် ကျွန်မ ပန်းခင်းကြီးလိုပြင်ထားတယ်
ကျွန်မကိုယ် ကျွန်မ ထမင်းဝိုင်းကြီးလိုပြင်ထားတယ်
ကျွန်မကိုယ် ကျွန်မ ခြေသုတ်ပုဆိုး မြွေအစွယ်ကျိုးလို့လည်းပြင်ထားတယ်။

ကျွန်မကိုယ် ကျွန်မ စာအုပ်စင်ကြီးလိုပြင်ထားတယ်
ကျွန်မကိုယ် ကျွန်မ ကြယ်တာရာ ညီလာခံကြီးလိုပြင်ထားတယ်
ကျွန်မကိုယ် ကျွန်မ စက်ဝိုင်းတစ်ခုအလယ်မှာ
ဓါးပေါက်ခံဖို့ရပ်နေတဲ့ မိန်းမတစ်ယောက်လိုလည်း ပြင်ထားတယ်။

ကျွန်မကိုယ် ကျွန်မ မြေမြုပ်မိုင်းတွေမွှစာကျဲနေတဲ့အရပ်မှာပေါက်နေတဲ့
ရွက်ကျပင်ပေါက်တွေလိုသဘောထားပြီး
ကျွန်မကိုယ် ကျွန်မ နေ့နဲ့ညမှားအိပ်နေရတဲ့ မီးပြတိုက်တစ်ခုလိုလည်းကျင့်ထားတယ်။

ရှင်တို့ ရှို့လိုက်တဲ့မီး
ကျွန်မ မြားရဲ့နောက်မြီးအဖျားမှာ ဟုန်းဟုန်းတောက် လောင်နေပါစေ
ကျွန်မရဲ့ ဦးတည်ချက်ပစ်မှတ်ဟာ ဘယ်တော့မှမလွဲ
ဂြိုဟ်တုတစ်စင်းနောက်မှာ ပန်းထွက်ကျန်ရစ်ခဲ့တဲ့မီးစတွေလိုအဲ့ဒါဟာ ကျွန်မကိုပိုပြီးခွန်အားဖြစ်စေခဲ့။

ကလေးတွေ စပြီးဖွင့်လိုက်တဲ့ စာမျက်နှာဟာ
ကျွန်မအကြောင်းနဲ့စရမယ်လို့ ရှင်တို့ထင်နေသလား
အချစ် သို့မဟုတ် ကမ္ဘာကြီး သို့မဟုတ်
ရှေ့က ချိုင့်ခွက်ထူ လူသွားလမ်းလေးကို ကျောင်းဆင်းရင်ပြင်ကြစို့ဒါနဲ့ စမယ်။

ကျွန်မကိုယ် ကျွန်မ မာသာထရီဇာလိုပြင်ထားပြီး ဒိုင်ယာနာမင်းသမီးလိုလည်းဆင်ထားတယ်။

ကျွန်မတို့အိမ်မှာ ဘာတွေလိုသလဲ
သူတို့ဘာကြောင့် လူတစ်ပိုင်းနတ်တစ်ပိုင်းဖြစ်နေကြသလဲ။
သူတို့ ဘာကြောင့် ယဉ်ကျေးကြသလဲ
သူတို့ရဲ့ဦးခေါင်းတွေဖွင့်ကြည့်ဖို့ သူတို့ရဲ့ပျော်ရွှင်မှုတွေကိုသုတေသနလုပ်ဖို့။
သေနတ်တွေ ဗုံးတွေ အကြမ်းဖက်မှုတွေကြားထဲကတောင် သူတို့
ဘာလို့အင်္ဂါဂြိုဟ်သွား လက်မှတ်တွေ အလုအယက် ၀ယ်နေကြတာလဲ။
ကျွန်မ မဟာမိတ်ဖွဲ့ရမယ်
ကျွန်မတို့ အိမ်အတွက် လိုတိုး ပိုလျှော့လုပ်ဖို့် ကျွန်မလမ်းလျှောက်ထွက်ရမယ်။
စကြာဝဠာထဲကနေ ကမ္ဘာကိုပြန်ကြည့်သလို
ကမ္ဘာထဲကနေ ကျွန်မတို့ မြန်မာကို ပြန်ကြည့်ရအောင်ပေါ့။
ကျွန်မ လမ်းလျှောက်ထွက်ရတယ်။

ကျွန်မ ကျောသားရင်သားမခွဲပေမယ့် အမှန်တရားကိုတော့ ရအောင်ခွဲရမယ်။

ပုလင်းထဲက လာတဲ့ ဥပဒေနဲ့ ပါးစပ်ထဲက အန်ကျလာတဲ့ ပုဒ်မတွေကြားမှာ
ရှင်တို့ကျမတို့ ဘယ်လောက်ညစ်ပေ နံစော် အော်ဂလီဆန်ခဲ့ရပြီဆိုတာကျွန်မကိုယ်တိုင်သိခဲ့ရတာပဲ။

ကျွန်မကိုယ် ကျွန်မ သတင်းဆာနေသူ ရှင်တို့အတွက် သတင်းအမှန်ရဖို့
သတင်းစာအပြင်ဘက်မှာ ရပ်နေပါတယ်။
ကျွန်မ အလုပ်တွေများပါတယ်
ကျွန်မမှာ ကာလီမ မယ်တော်လို လက်တွေအများကြီးမရှိသလို
ဒဿဂီရိလို ခေါင်းတွေလည်းအများကြီးမရှိတော့ ရှင်တို့နဲ့ကျွန်မအများကြီး အကြာကြီးမတွေ့နိုင်ဘူးပေါ့။
ရှင်တို့သိပါတယ် ကျွန်မကတစ်ယောက်တည်း
မျက်နှာချင်းဆိုင်မှာလည်း တစ်ယောက်တည်း
ဘေးချင်းယှဉ်လျှောက်နေရတာမှာလည်းတစ်ယောက်တည်း။
ကျွန်မက တစ်ယောက်တည်းရှင့်
ကျွန်မ ကလေးတွေက မုန့်ဖိုးကောင်းကောင်းလိုချင်တယ် စမတ်ကျကျနေချင်တယ်
ကျောင်းမှာ ခုံကောင်းကောင်းနဲ့ထိုင်ချင်တယ် စာတော့မကြိုးစားချင်ကြဘူး။
ကျွန်မက တစ်ယောက်တည်းရှင့်။

ကြယ်တွေမရှိတော့လည်း ညက မကြွပြန်ဘူး
ကြယ်တွေမရှိတော့လည်း ညက မလုံခြုံပြန်ဘူး
ကျွန်မကိုယ် ကျွန်မ လမင်းကြီးလိုပြင်ထားတယ်။

ကျွန်မကိုယ် ကျွန်မ ဒီနှစ်တွေမှာ စစ်မဖြစ်ဖို့ပြင်ထားတယ်
တစ်ခါသေဘူး ပျဉ်ဖိုးနားလည်ခဲ့ပြီလေ
အခါခါသေဘူးတဲ့လူတစ်ယောက် ငရဲကိုတော့ နားလည်ရတော့မှာပေါ့။

ကျွန်မ အာဏာလိုချင်တယ်
ရှင်တို့လက်ထဲကို အပ်မလို့။

အဲ့ဒီ အာဏာနဲ့အချိန်မရွေး ကျွန်မကိုလည်း ဖြုတ်ချချင် ဖြုတ်ချနိုင်အောင်လို့။

ဒါကြောင့်ကျွန်မ မှော်ဆရာ မဖြစ်ချင်ဘူး သမ္မတကြီးပဲဖြစ်ချင်တယ်။
မှော်ဆရာတွေကိုမွေးပြီး မှော်ဆန်တဲ့နိုင်ငံကြီးတည်ဆောက်လိုက်ချင်လို့။။

- ခရမ်းပြာထက်လူ



စိတ်ကြွ ဆေးလို မူးယစ် ဆေးဝါးတွေကို လူငယ် တွေ သုံးစွဲ မှုတွေက သင်္ကြန်ဆို ပိုများ လာတတ် ပါတယ်

ရန်ကုန် သင်္ကြန်မှာ လူငယ် တွေကတော့ လူငယ် ဘာဝ ပျော်ရွှင် ကြမှာ ဖြစ်သလို၊ တဘက် မှာလည်း လုံခြုံရေးကို တိုးမြှင့် ဆောင်ရွက် မှာ ဖြစ်တယ်လို့ ရန်ကုန် အနောက်ပိုင်း ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဦးဝင်းကြည်က ပြောပါတယ်။

ဒါပေမယ့် သောက်စား မူယစ်ပြီး အပျော် လွန်တာ မျိုးတွေ နဲ့ မတော် တဆ မှုတွေ ထိခိုက် ဒဏ်ရာ ရတာတွေ ကလည်း နှစ်စဉ် ရှိနေ တာပါ။ ဒီလို ကိစ္စတွေ အတွက် လည်း ရပ်ကွက် အဆင့် အထိ လုံခြုံရေး နဲ့ ကျန်းမားရေး ဝန်ထမ်းတွေကို ပါ တာဝန် ချထားမှာ ဖြစ်တယ်လို့ ဒုရဲမှူးကြီး ဦးဝင်းကြည်က ပြောပါ တယ်။

ဒါပေမယ့်လည်း ရေကစား မဏ္ဍပ် အတွင်းက ဘားဆိုင်တွေ မှာတော့ အရက် သေစာ ရောင်းချ မှုတွေ ကတော့ နှစ်စဉ် နှစ်တိုင်း ရှိနေတာပါ။ ဒါ့အပြင် စိတ်ကြွ ဆေးလို မူးယစ် ဆေးဝါးတွေကို လူငယ်တွေကြား သုံးစွဲ မှုတွေ ကလည်း သင်္ကြန် ကာလဆို ပိုများ လာတတ် ပါတယ်။

ဒုရဲမှူးကြီး ဦးဝင်းကြည် ကတော့ ဒီနှစ်သင်္ကြန်မှာ မူးယစ် ဆေးဝါး ရောင်းချ တာကို စီမံ ကိန်းချ ဖမ်းဆီးမှာ ဖြစ်သလို အရက် သေစာ ရောင်းချ မှုတွေကို လည်း ရေကစား မဏ္ဍပ် အတွင်း မှာရော ပြင်ပ မှာရော ပိတ်ပင် ထားပြီး တကယ်လို့ ရောင်းချ တာကို တွေ့ ရှိရင် မဏ္ဍာပ် ပိတ်သိမ်းတဲ့ အထိ အရေးယူ ဆောင်ရွက် သွားမယ်လို့ ပြောပါတယ်။

ဒါ့အပြင် Channel 5 ရေကစား မဏ္ဍပ်က စီစဉ် ဆောင်ရွက်သူ ကိုသစ်မင်းဆွေက လည်း ဒီနှစ် သင်္ကြန် ရေကစား မဏ္ဍပ်တွေ မှာတော့ အရင်က ထက် စည်းမျဉ်း စည်းကမ်း တွေ ပိုချ ထားတယ်လို့ ပြောပါတယ်။

မနေ့တုန်းက ကျင်းပခဲ့တဲ့ ထိပ်သီးခေါင်းဆောင် ၆ ဦးရဲ့ ဆွေးနွေးပွဲအတွင်းမှာတော့ ဖွဲ့စည်းပုံပါ အချက်အလက်အချို့ ပြင်ဆင်ရေး ကိစ္စရပ်တွေကို ဆွေးနွေးနိုင်ခဲ့ကြတာမို့ နောက်တကြိမ်လုပ်မယ့် ဆွေးနွေးပွဲဟာ ပိုပြီး အရေးကြီးလိမ့်မယ်လို့ ဆွေးနွေးပွဲ တက်ရောက်သူ တဦးဖြစ်တဲ့ တိုင်းရင်းသား ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ဗွီအိုအေကို ပြောပါတယ်။ မသိဂီထိုက်က တင်ပြပေးထားပါတယ်။
လက်ရှိ ပဋိပက္ခတွေလျှော့ချဖို့နဲ့ ရွေးကောက်ပွဲအောင်မြင်ဖို့ နိုင်ငံရေး တည်ငြိမ်မှု ရဖို့ ဆွေးနွေးကြရင်း၊ ဖွဲ့စည်းပုံပါအချက်အလက်အချို့ ပြင်ဆင်ဖို့ လိုအပ်ချက်တွေ ရှိတယ်ဆိုတာကို အပြန်အလှန် ဆွေးနွေးခဲ့ကြတယ် လို့ ဒေါက်တာအေးမောင် က ပြောပါတယ်။ ပြင်ဆင်ရာမှာ နှစ်ဘက်စလုံးက အလျှော့အတင်း လုပ်သွားဖို့ လိုအပ်ချက်ကိုလည်း ဆွေးနွေးပြောဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒေါက်တာအေးမောင်ဒေါက်တာအေးမောင်
“တိုင်းရင်းသားအများစု လိုလားတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ အုပ်ချုပ်ခွင့်ဆိုတဲ့ကဏ္ဍကို ဖွဲ့စည်းပုံက ဘယ်လောက်အထိ ဖြေလျှော့ပေးနိုင်မလဲဆိုတဲ့ ကဏ္ဍကို ကာကွယ်ရေးဦးစီးချုပ်တို့ဘက်က စဉ်းစားတဲ့အခါမှာတော့ဖြင့်- အရေးကြီးအဆိုမှာပါခဲ့တဲ့အတိုင်းပါပဲ၊ ဇယား (၁) က ပြည်ထောင်စုရဲ့ ဥပဒေပြုပိုင်ခွင့် တော်တော်များများကို ဇယား (၂) ကို ပြောင်းပေး။ နောက် Resourcing Sharing လုပ်သင့်သလောက်ကို လုပ်ပေး။ နောက် …တနည်းအားဖြင့် ဇယား (၁) နဲ့ (၅) ကို အခြေခံဥပဒေပုဒ်မ ၄၃၆ (ခ) ပါအတိုင်း referendum မလုပ်ဘဲနဲ့ decentralize လုပ်သင့်သလောက်လုပ်ပြီး အချိန်ကာလကလည်း အင်မတန် တိုတောင်းတာမို့လို့ ဆောင်ရွက်ပေးရုံနဲ့ ကျနော်တို့လိုလားတဲ့ ဖွဲ့စည်းပုံကြီးတခုဟာ အကျိုးရှိရှိနဲ့ အားလုံးအတွက် အဆင်ပြေနိုင်တယ်ဆိုတဲ့ သဘောမျိုးနဲ့ ချဉ်းကပ်တဲ့အခါမှာ ကျနော်တို့အားလုံးကတော့ ထပ်မံဆွေးနွေးပြီးမှ ၄၃၆ (က) ပါ အချို့ပုဒ်မများကိုလည်း အသေးစိတ်နီးပါးလောက် သူ့ဘက် ကိုယ့်ဘက် ပြောင်းလဲဖို့ ညှိနှိုင်းပြီးမှ ကိုယ်တောင်းချင်တာ- ကိုယ်ပြောင်းချင်ပေမယ့်လို့ ပြောင်းသင့်မှပြောင်း၊ ကိုယ်မပြောင်းချင်ပေမယ့်လည်း ပြောင်းသင့်ရင်ပြောင်း စသဖြင့်ပေါ့- ကိုယ့်ဘက် သူ့ဘက်ကို အလျှော့အတင်းနဲ့ ဆွေးနွေးဖို့လိုအပ်တယ်၊ အထွေထွေသဟဇာတဖြစ်ရေး မူဘောင်တခုအောက်မှာ သွားသင့်တယ်ဆိုတာမျိုးနဲ့ အပြန်ပြန်အလှန်လှန် ဆွေးနွေးကြတာ နှစ်နာရီ မိနစ်နှစ်ဆယ်လောက် ရောက်ပါတယ်။”
တက်ရောက်သူ ခေါင်းဆောင်တွေအကြား ပိုပြီး ရင်းနှီးနွေးထွေးအောင်လို့ ဆွေးနွေးပွဲပုံစံကို ပြောင်းလဲသွားဖို့၊ ဆွေးနွေးပွဲမူဘောင်ချမှတ်ဖို့ ကိစ္စတွေကို ဒေါ်အောင်ဆန်းစုကြည်ဘက်က ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။
၆ ပွင့်ဆိုင်ဆွေးနွေးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်၆ပွင့်ဆိုင်ဆွေးနွေးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်
“ဒေါ်အောင်ဆန်းစုကြည်အခြမ်းဘက်ကို ရောက်တဲ့အခါမှာ ဆွေးနွေးပွဲ မူဘောင်တခုတော့လိုပါတယ်၊ ဆွေးနွေးပွဲ ပုံသဏ္ဍန်လေးကလည်း အလှမ်းကွာဝေး နေတဲ့အခါမှာ ပိုပြီး ရင်းနှီးချစ်ကြည်ပြီးမှ နွေးထွေးတဲ့ပုံစံလေးဖြစ်အောင် နီးနီးကပ်ကပ် ဆွေးနွေးတဲ့ပုံစံလေး ဖန်တီးပေးပါ၊ အဲဒါမျိုးလေးနဲ့ချဉ်းကပ်မှ ဆွေးနွေးမှုရဲ့ frame-work တခု ပုံစံလေးနဲ့ ဘာပြီးရင်ဘာဆွေးနွေးမယ်၊ ဘာအကြောင်းအရာကို အဓိကထားမယ်-စသဖြင့် ပိုပြီး ထိထိရောက်ရောက် လေးနဲ့ အကွက်စိတ်စိတ်လေး ဆွေးနွေးသွားကြရအောင်ဆိုတဲ့သဘောနဲ့ တင်ပြပါတယ်။”
အခုဆွေးနွေးပွဲဟာ ဦးတည်ချက်ကို ခြုံငုံအောင် ဆွေးနွေးနိုင်ခဲ့ပြီး အကျိုးရှိတဲ့ဆွေးနွေးမှု၊ အောင်မြင်တဲ့ ဆွေးနွေးမှုတရပ်ဖြစ်တယ်လို့လည်း ဒေါက်တာ အေးမောင်က သူ့အမြင်ကို ပြောခဲ့ပါတယ်။
“ကျနော်တို့သုံးသပ်တာက ဒီ ဒုတိယတကြိမ်ဆွေးနွေးပွဲဟာ အင်မတန် အရေးကြီးပါတယ်။ ပထမတကြိမ် ဆွေးနွေးပွဲကနေ ဦးရဲထွဋ်တင်ပြသလိုပါပဲ၊ ယုံကြည်မှုနဲ့ နွေးထွေးမှု ခံစားကြရပါတယ်။ အပြန်အလှန် ပွင့်ပွင့်လင်းလင်း တင်ပြကြတာပါ။”
ဖွဲ့စည်းပုံပြင်ရေးအပါအ၀င် နိုင်ငံရေးပြဿနာရပ်တွေကို ဖြေရှင်းဖို့ သမ္မတ၊ ပြည်ထေင်စုလွှတ်တော်နာယက၊
သမ္မတဦးသိန်းစိန်သမ္မတဦးသိန်းစိန်
ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ လေးပွင့်ဆိုင် ဆွေးနွေးလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ကနဦး တင်ပြတောင်းဆိုခဲ့တာပါ။ ပြည်ထောင်စုလွှတ်တော်ကတော့ ၆ ပွင့်ဆိုင် ဆွေးနွေးဖို့ လူထပ်တိုး အဆိုပြုခဲ့ပေမယ့် ဒီမတိုင်ခင်ကတော့ ၄၈ ဦးတဲ့၊ ၄၄ ဦးပါ စတဲ့ နိုင်ငံရေးဆွေးနွေးမှုတွေကိုပဲ အစိုးရဘက်က ပြင်ဆင် လုပ်ခဲ့တာပါ။ အခု ၆ ပွင့်ဆိုင် ဆွေးနွေးမှုအတွင်းမှာလည်း ဒီထက်လူတိုးဖို့ သမ္မတဘက်က အဆိုပြုတာတွေရှိခဲ့ပါတယ်။
“တိုင်းရင်းသားကဏ္ဍနဲ့ပတ်သက်လို့ ညှိနှိုင်းတင်ပြကြတဲ့အခါမှာ ပြည်ထောင်စု လွှတ်တော်နာယကကြီးတို့ဘက်ကတော့ဖြင့် လက်ရှိ (၆) ဦးပါ အခြေအနေဟာ အင်မတန် ကျစ်လျစ်ပြီးမှ ထိရောက်တဲ့ဆွေးနွေးဘက်ဖြစ်ကြောင်းနဲ့ ဒီထက်မက တိုးချဲ့လာရင်လည်းပဲ ဒီကဏ္ဍ၊ ဒီ frame အတွင်းမှာပဲ ဆွေးနွေးမှာဖြစ်တဲ့အကြောင်း၊ သမ္မတကြီးတို့ဘက်က အထူးသဖြင့် တိုင်းရင်းသားကဏ္ဍမှာ ထပ်မံတိုးချဲ့စေချင်တဲ့သဘော ဒေါ်အောင်ဆန်းစုကြည်တို့ဘက်ကလည်း ခြောက်ဦးပဲ ထိရောက်စွာ ဆွေးနွေးနိုင်မယ့်သဘောကို တင်ပြပါတယ်။”
မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်

ဖွဲ့စည်းပုံနဲ့ပတ်သက်လို့ ကာကွယ်ရေးဦးစီးချုပ်ရဲ့သဘောထားမှာတော့ မပြင်သင့်တဲ့ ကာလမှာ မပြင်ဘဲ ဆက်သွားသင့်တယ်ဆိုတဲ့ အမြင်ရှိပေမယ့် လိုအပ်ရင် ပြင်ရမယ် ဆိုတာကိုလည်း သဘောပေါက်နားလည်တာ တွေ့ရတယ် လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။ ဆွေးနွေးပွဲအသေးစိတ်နဲ့ ပတ်သက်လို့ ခေါင်းဆောင်တွေအကြား အပြန်အလှန် လျှိ့ဝှက်ထားမယ်ဆိုပေမယ့်လည်း ပွင့်လင်းမြင်သာမှုရှိတဲ့ ဆွေးနွေးပွဲဖြစ် ပါတယ်လို့ ဒေါက်တာ အေးမောင်က ပြောခဲ့ပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်လည်း တင်ပြပါတယ်။ ‘ဦးအေးမောင်က ၁၂ ပါတီရဲ့ mandate နဲ့ ဒီဆွေးနွေးပွဲကို ပါလာတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အခါမှာ ဒီဆွေးနွေးပွဲရဲ့ ရလဒ် အသေးစိတ်နီးပါးလောက်ကို ၁၂ ပါတီကို ပြန်တင်ပြရမယ့်တာဝန် သူ့မှာရှိတယ်။ အဲဒါကြောင့် ဆွေးနွေးပွဲမှာ တကယ်တန်း ပေါက်ကြားနိုင်တာဟာ ဦးအေးမောင် တစ်ယောက်ပဲ ရှိတယ်။ သို့သော်လည်းပဲ ဦးအေးမောင်ဘက်က ပေါက်ကြားတာဟာ တာဝန်အရ ပေါက်ကြားတာဖြစ်တယ်၊ မပေါက်ကြားပါနဲ့လို့ ပိတ်လို့လည်းမရဘူး။ ဒါမျိုးသူ ဆွေးနွေးပါတယ်။ အဲဒီအခါမှာ ဒိထက်မက လူပုဂ္ဂိုလ်များလာလို့ ရှိရင် ပေါက်ကြားတဲ့လမ်းကြောင်းဟာ ပိုပြီးတော့ရှိမယ်။ ကျမတို့ကတော့ ကျမတို့ပါတီရဲ့ mandate အရ ဆွေးနွေးတာဖြစ်တဲ့အခါမှာ လုံးဝ မပေါက်ကြားဘူး၊ အာမခံရဲတယ်။’ - အဲဒါမျိုး ကျနော်တို့ အမြင်ချင်းဖလှယ်ကြတဲ့အခါမှာ ဒီ ခြောက်ဦးပါ ဆွေးနွေးပွဲရဲ့ ပွင့်ပွင့်လင်းလင်း ပြောရလို့ရှိရင် အခြေအနေအကြောင်းအရပ်ရပ်ကို ပြည်သူသိအောင် ကျနော်တို့ ဆွေးနွေးပွဲကြီးရလဒ်၊ ဆွေးနွေးပွဲကြီး အောင်မြင်နိုင်ခြေ အားလုံးကို ပြန်လှန်သုံးသပ်နိုင်အောင် ကျနော်တို့ဘက်က ပွင့်လင်းမှု ရှိလာပါတယ်။”

ဆွေးနွေးပွဲကိုတော့ သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နဲ့ လွှတ်တော်တွင်း တိုင်းရင်းသားပါတီတွေကို ကိုယ်စား ပြုတဲ့ ဒေါက်တာအေးမောင်တို့ ၆ ဦး ဟာ ဧပြီလ (၁၀) ရက်နေ့က နှစ်နာရီကျော်လောက် အပြန်အလှန် ဆွေးနွေးခဲ့ကြတာပါ။ နောက်တကြိမ် ဆွေးနွေးပွဲကိုတော့ သင်္ကြန်အပြီး လွှတ်တော်တွေ ပြန်စမယ့်ကာလမှာ ထပ်လုပ်ဖို့ စီစဉ်ထားကြပါတယ်။

VOA
http://burmese.voanews.com/content/constitution-amendment-is-top-issue-in-6-party-talk-/2715383.html

ဧပြီလ ၉ ရက်နေ့တွင် ဂျပန်အခြေစိုက် မီနီချီ သတင်းစာကြီးနှင့် အင်တာဗျူးကို နေပြည်တော် သမ္မတအိမ်တော်တွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ အင်တာဗျူးတွင် မီနီချီသတင်းစာ ရန်ကုန်ဗျူ ရိုတာဝန်ခံ Takayuki Kasuga က "ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အကြံဥာဏ်တွေ အမှာစကားတွေ ထားခဲ့တာမျိုး ရှိခဲ့ပါသလား" မေးမြန်းခဲ့ရာ

သမ္မတဦးသိန်းစိန် က
"" ဗိုလ်ချုပ်မှူးကြီးသန်းရွှေအပါအ၀င် ကျွန်တော်တို့ခေါင်းဆောင် တွေ အားလုံးက စစ်တပ်ထဲမှာ ကျွန်တော်တို့ ကို လေ့ကျင် သင်ကြား ပြုစု ပျိုးထောင်လာခဲ့ပါတယ်။ ဗိုလ်ချုပ်မှုးကြီးသန်းရွှေတင် မဟုတ်ပါဘူး။ ကျွန်တော်တို့ ခေါင်းဆောင်အားလုံးက အငယ်တွေကို အကြံဥာဏ်ပေး ခဲ့ကြတာပါ။ သူတို့ မှာ အချက် ၂ ခုရှိပါလိမ့်မယ်။ တစ်ခုက တိုင်းပြည် အတွက် ကောင်းအောင် လုပ်ဖို့ ရယ်၊ တစ်ခုက စေတနာနဲ့  လုပ်ဖို့ ရယ် ပါ။ ခေါင်းဆောင်အားလုံးက သည်လို အကြံဥာဏ်တွေပဲ ပေးခဲ့တာပါ။ ကျွန်တော် ကလည်း အနာဂတ်ခေါင်းဆောင်တွေနဲ့  ကျွန်တော့်နေရာကို ဆက်ခံမည့်သူတွေအတွက် အဲဒီအမှာစကားကိုပဲ ပေးခဲ့ရမှာပါ။ တိုင်းပြည်ကောင်းဖို့အတွက်လုပ်ဖို့ ရယ်၊ စေတနာနဲ့ လုပ်ဖို့ ရယ်ပါ။"" ဟု ဖြေကြားခဲ့သည်။

ထို့နောက် Takayuki Kasuga က နိုင်ငံရေးခေါင်းဆောင်မှု နှစ်မျိုး ဖြစ်သည့် စုပေါင်းစပ်ပေါင်း ခေါင်းဆောင်မှုနဲ့ ကိုယ်ပိုင်သီးသန့်  အားကောင်းတဲ့ ခေါင်းဆောင်မှုတို့တွင် လက်ရှိ အစိုးရအဖွဲ့ ၏ ဆုံးဖြတ်ချက် ချတဲ့ပုံစံ အား မေးမြန်းရာတွင်

သမ္မတဦးသိန်းစိန် က
"" ခေါင်းဆောင်မှုမှာတော့ တစ်ဦးချင်းဆုံးဖြတ်ချက်က အမှားတွေ ဖြစ်နိုင် ပါတယ်။ စုပေါင်းခေါင်းဆောင်တဲ့စနစ်ကတော့ အမှားနည်းတာပေါ့။ ဒါကြောင့် ကျွန်တော်တို့ ခေါင်းဆောင်မှုမှာလည်း တစ်ဦးချင်းနဲ့  အကောင်အထည် မဖော်ပါဘူးး။အစိုးရအဖွဲ့ က လုပ်တဲ့ ဆုံးဖြတ်ချက် ဆိုရင် ၀န်ကြီးတွေအကုန် အတူတကွ ဆုံးဖြတ်ကြတယ်။

အခြေခံဥပဒေအရ နိုင်ငံရဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးနဲ့ ဆိုင်တဲ့ အရေးကြီး ကိစ္စတွေအတွက် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ဖွဲ့ ထား ပါတယ်။ အရေးပေါ် ကာကွယ်ရေးနဲ့ လုံခြုံရေးပြဿနာတွေ ရှိလာရင် သည်ကောင်စီင်္က အရေးကြီးတဲ့ ဆုံးဖြတ် ချက်တွေ ချမှတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် မဆုံးဖြတ်ပါဘူး။ ကောင်စီက ဆုံးဖြတ်တာကိုပဲ လိုက်နာပါတယ်။ ဒါကြောင့် တစ်ဦးချင်းခေါင်းဆောင်မှု မဟုတ်ပါဘူး။ စုပေါင်းခေါင်းဆောင်မှုပါ"" ဟု လည်း ဖြေကြားခဲ့သည်။

လင်းလင်း

The Ladies News Journal

ဂျပန်အခြေစိုက် မီနီချီ သတင်းစာကြီးနှင့် အင်တာဗျူးကို ၆ပွင့်ဆိုင် တွေ့ဆုံပွဲ မတိုင်ခင် ဧပြီလ ၉ ရက်နေ့က နေပြည်တော် သမ္မတအိမ်တော်တွင် ပြုလုပ် ခဲ့ရာ မီနီချီ ရန်ကုန်ဗျူ ရိုတာဝန်ခံ Takayuki Kasuga ၏ ၂၀၀၈ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဆိုင်ရာ မေးခွန်းအား သမ္မတဦးသိန်းစိန် ပြန်လည်ဖြေဆို ရာ ...

""ဒါကတော့ နှစ်ပိုင်းရှိပါတယ်။ ပထမအပိုင်းက အခြေခံ ဥပဒေကိုပြင်တယ်၊ မပြင်ဘူးဆိုတာက ပြည်သူတွေ ရွေးချယ် တင်မြှောက် ထားတဲ့  လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ မူတည် ပါတယ်။ ဒါကြောင့် တခြားအပိုင်းတွေကို ဘယ်လိုပြင်မယ်ဆိုတာ လွှတ်တော် ကိုယ်စားလှယ်တွေ ကပဲ ပြုလုပ်နိုင်ပါတယ်။

တချို့အပိုင်းတွေကို ပြုပြင် တာက ပြည်သူလူထုရဲ့ ဆန္ဒကိုသိရပြီး နောက်မှ လုပ်သင့်ပါတယ်။ ဒါကတစ်ပိုင်းပါ။

အခြေခံဥပဒေကို မပြင်ခဲ့ရင်ဆိုတဲ့ မေးခွန်းကို ဖြေရရင်တော့ ဒါကလည်း ရွေးစရာလမ်းတစ်ခုပါ။ တကယ်လို့ ပြင်ပြင်၊ မပြင်ပြင် ဒေါ်အောင်ဆန်းစုကြည် လျှောက်လမ်းရမယ့် အပိုင်းကတော့ သူရဲ့ ဆန္ဒမျှော်လင့်ချက်နဲ့ သူ့ လမ်းကို သူဘာသာပဲရွေးရမှာပါ။

မနက်ဖန် ( ဧပြီလ ၁၀ ရက်နေ့ ) ပြုလုပ်မယ့် ခြောက်ပါတီ ဆွေးနွေးပွဲက လွှတ်တော်က တောင်းဆိုထားတဲ့ အရာဖြစ်ပါတယ် ။ ဒါကြောင့် ပထမဆုံး လွှတ်တော်ရဲ့ အမြင်ကို ကျွန်တော် နားထောင်လေ့လာရပါမယ် ။ နောက်သူတို့ ရဲ့ ဆွေးနွေးချက်တွေ၊ အမြင်တွေ ပေါ်လွင်ထင်ဟပ်ပြီး ဆုံးဖြတ်ချက်ချနိုင်ပါမယ်"" ဟု ဖြေဆိုခဲ့သည်။

လင်းလင်း

The Ladies News Journal


၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ၆ ပွင့်ဆိုင် ဆွေးနွေးပွဲကို နေပြည်တော်က သမ္မတ အိမ်တော်မှာ မနေ့က ဆွေးနွေးခဲ့ကြပါတယ်။

သမ္မတဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ တိုင်းရင်းသား ကိုယ်စားလှယ် လွှတ်တော်အမတ် ဒေါက်တာ အေးမောင်တို့ တွေ့ဆုံးဆွေးနွေးခဲ့ကြတာပါ။

၆ ပွင့်ဆိုင်တွေ့ဆုံပွဲမှာ ဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီး တိုင်းရင်းသား ကိုယ်စားလှယ် လွှတ်တော်အမတ် ဒေါက်တာ အေးမောင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်က စ ပြောပါတယ်၊ အင်မတန်အလှမ်းဝေးနေတယ်။ သမ္မတကြီး ဒါလေးကို ပြင်ပေးပါ။ ကျမတို့ ရင်းရင်းနှီးနှီးလေးနဲ့ တွေ့ဆုံဆွေးနွေးချင်ပါတယ်။ တယောက်နဲ့တယောက် မိုက်ကရိုဖုန်း မပါဘဲနဲ့ကို ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင်လေး…”

ဧပြီလ ၁၀ ရက်က နေပြည်တော် သမ္မတအိမ်တော်မှာလုပ်ခဲ့တဲ့ ၆ပွင့်ဆိုင် ထိပ်သီးစည်းဝေးပွဲ ပုံစံပေါ့။ သမ္မတက အဖွင့် မိန့်ခွန်း ပြောပြီးတဲ့နောက် ဘယ်ပုံစံ ဆက်ဆွေးနွေးကြသလဲဆိုတာ အရင်ဆုံး ပြောပြပေးပါ။

“အာဂျင်တာကတော့ တယောက်ပြီးတယောက် ပြောခိုင်းတာပါပဲ။ မူအားဖြင့်ပဲ ပြောကြတာပါပဲ။ ဆွေးနွေးပွဲကို ဘယ်လို ဆက်လုပ်ကြမှာလဲဆိုတဲ့ သဘောပေါ့။ ဒီတွေ့ဆုံပွဲက တကယ်အသေးစိတ်ဆွေးနွေးမယ့် ဆွေးနွေးပွဲအတွက် ကနဦးတွေ့ဆုံမှု ဖြစ်သွားတာပေါ့။ သမ္မတကြီးဘက်က ပြောပါတယ်။ ဒီဥစ္စာက ပြည်ထောင်စုလွှတ်တော်ဘက်က တောင်းဆိုလို့ ဖြစ်တာပါ။ အဲ့ဒီတော့ ပြည်ထောင်စုလွှတ်တော်ဘက်က ဘာအကြောင်းအရာကို ဆွေးနွေးမလဲ၊ ဘယ်လို ဆွေးနွေးမှာလဲ ဆိုတာကို တင်ပြပေးပါဆိုတော့ လွှတ်တော်နာယကက တင်ပြပါတယ်။ လွှတ်တော်ရဲ့ ဖွဲ့စည်းပုံအရ ဘယ်လိုပဲ ဖြစ်ဖြစ် ၇၅ ရာခိုင်နှုန်းကျော် ရဖို့ဆိုတာ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းထောက်ခံမှုရမှ ဖြစ်မယ်။ အဲ့သလိုပဲ ပါတီတွင်းမှာလည်း သမ္မတကြီးရဲ့ သြဇာအာဏာရှိပါတယ်။ ဒါ့ကြောင့် သမ္မတကြီးဘက်ကလည်း မီးစိမ်းပြပေးဖို့လိုတယ်၊ မဟုတ်ရင် ပြင်လို့ မရဘူး၊ ဆိုတော့ မူကိုပဲ ဆွေးနွေးကြတာပါ။ ဘာ့ကြောင့် အသေးစိတ်ဆွေးနွေးဖို့လိုမယ်၊ ဘာ့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းလဲဖို့လိုတယ်၊ မပြောင်းသင့်တဲ့ဟာကို မပြောင်းပဲနဲ့ ပြောင်းသင့်တဲ့ဟာကို ပြောင်းဖို့ လိုတယ်ဆိုတဲ့သဘောမျိုးနဲ့ အမြင်ချင်းဖလှယ်ကြတာပါ။”

ခုနက ပြောတဲ့ထဲမှာတော့ သူရဦးရွှေမန်းပြောတာ ပါသွားပြီပေါ့နော်၊ဒေါ်အောင်ဆန်းစုကြည်ကရော ဘာပြောပါလဲခင်ဗျ။

“သူက ဆွေးနွေးတဲ့ပုံစံက မရင်းနှီးဘူးဆိုတဲ့ သရုပ်သကန်ကို ဖော်ညွှန်းနေတယ်ပေါ့လေ။ အင်မတန်အလှမ်းဝေးကြတာကိုး၊ အဲ့ဒီတော့ ရင်းရင်းနှီးနှီးနဲ့ တွေ့ဆုံတိုင်ပင်ကြတဲ့ သဘောဖြစ်အောင် ဖြစ်နိုင်ရင် မျက်နှာချင်းဆိုင်ပေါ့။ မိုက်ကရိုဖုန်း မပါဘဲနဲ့တောင်ပြောချင်တယ်ဆိုတဲ့သဘော၊ ဆွေးနွေးပွဲ ဖရိန်ကို ရှာပေးပေါ့။ နီးနီးကပ်ကပ်လည်း ပြောချင်တယ်။ ဆွေးနွေးမှုရဲ့ ဖရိန်ပေါ့။ ဘာအကြောင်းအရာကို ဆွေးနွေးမှာလဲ၊ ဘယ်လိုအပေးအယူလုပ်ကြမှာလဲ၊ ဥပမာ အခန်းတစ်ကို ဆွေးနွေးမှာလား၊ အခန်းနှစ်ကို ဆွေးနွေးမှာလား၊ အထွေထွေ သဟဇာတဖြစ်ရေးကို ဆွေးနွေးမှာလားပေါ့။”

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကရော ဘာတွေ ဆွေးနွေးပါလဲ။

“သူဆွေးနွေးတာကတော့ တပ်မတော်ဘက်က ပြည်တွင်းငြိမ်းချမ်းရေးကို လိုချင်တယ်၊ တိုင်းရင်းသားများ တောင်းဆိုတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ အုပ်ချုပ်ခွင့်နဲ့ သယံဇာတခွဲဝေခွင့်ကို ပေးမယ်၊ ပေးချင်တယ်၊ လက်ရှိကာလကလည်း ရွေးကောက်ပွဲတခုလုပ်ဖို့ နီးနေပြီ၊ အင်မတန်တိုတောင်းတဲ့ ကာလမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ မကျင်းပဘဲနဲ့ ပြုပြင်ပြောင်းလဲလို့ရတဲ့ အာဏာခွဲဝေပေးရမယ့်ဟာတွေကို အာဏာပေးခြင်းအားဖြင့် တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်ကို ပေးချင်တယ်ဆိုတဲ့သဘော သူ ပြောပါတယ်။ ပြောင်းသင့် ပြောင်းထိုက်တဲ့ကာလမှာ ပြောင်းပေးရမှာပေါ့၊ မပြောင်းသင့် မပြောင်းအပ်တဲ့ ကာလမှာဆိုရင်တော့ မပြောင်းတာ ကောင်းတယ်၊ အဲ့ဒီသဘော ဆွေးနွေးပါတယ်။”

တပ်ချုပ်ပြောတဲ့သဘောက ဖွဲ့စည်းပုံကို ပြင်ချင်တဲ့ သဘောပါလား၊ မပြင်ချင်တဲ့ သဘောပါလား၊ ဘယ်လို ခန့်မှန်းမိလဲ။

“ကျနော် ခန့်မှန်းတာက ပြင်ရင်လည်း ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဆိုတာကို မဖြတ်ချင်ဘူး၊ မဖြတ်ဘဲနဲ့ ပြင်သင့်တာကို ပြင်မယ်။ ဒါပေမယ့် ကျနော်တို့ဘက်က ချဉ်းကပ်တဲ့အခါမှာတော့ သူပြောသလောက်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် မပြည့်စုံဘူး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မပြည့်စုံဘူး၊ သယံဇာတခွဲဝေမှု မပြည့်စုံဘူး၊ ၄၃၆(က)ပါ ပုဒ်မတချို့ကို ပြင်မှ ဖြစ်မယ်။ ဥပမာ သယံဇာတခွဲဝေခွင့်ကို စဉ်းစားတိုင်း အခြေခံဥပဒေမှာပါတဲ့ အခြေခံမူ ၃၇ ပုဒ်မ ၃၇ကို စဉ်းစားရမယ်။ မိမိပြည်နယ်၊ မိမိတိုင်းဒေသကြီး ပါလီမန်ကနေ မိမိပြည်နယ်တိုင်း ၀န်ကြီးချုပ်ကို ခန့်အပ်ပိုင်ခွင့်ဆိုတဲ့ ပုဒ်မ ၂၆၁ ကို ပြုပြင်မှ ဖြစ်မယ်။ အခုက သမ္မတက ခန့်နေတယ်၊ ပါလီမန်က ခန့်နိုင်အောင် ပုဒ်မ ၂၆၁ ကို ပြုပြင်ရမယ်၊ ၂၆၁ကို မပြင်ရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတာ မပီပြင်ဘူး၊ ဦးရွှေမန်းက အဲ့ဒီအချက်ကို သေသေချာချာ ပြောသွားတယ်။”

ဒေါက်တာအေးမောင် ဆွေးနွေးခဲ့တာလဲ ပြောပါဦး။

“ကျနော်ကတော့ တိုင်းရင်းသားပါတီ ၁၂ခု ကိုယ်စား ပြောရတာ ဖြစ်တယ်။ ကျနော့်မှာ စာတမ်း ပါပါတယ်။ စာတမ်းကို မဖတ်ပြဘဲ အနှစ်ချုပ်ကိုပဲ ပြောပါတယ်။ အဓိကကတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ သယံဇာတခွဲဝေခံစားခွင့်ဆိုတာမျိုးက စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု မူဘောင်အောက်မှာပဲရှိတာမို့ အဲ့ဒါကို အသေးစိတ် ပြောပါတယ်။ ပုဒ် ၂၆၁ နဲ့ နှီးနွယ်တာလည်း ပါတယ်။ နောက် ဒီ ပြည်တွင်းစစ်ကြီးကို တကယ်ပဲ ရပ်စဲချင်တယ်ဆိုရင် အမြန်ဆုံးရပ်စဲစေချင်တယ်၊ စစ်မှန်တဲ့ပြည်ထောင်စုရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အပြည့်အ၀ကို ပေးချင်တယ်ဆိုရင် တပ်မတော်သားကိုယ်စားလှယ်တွေကို တိုင်းနဲ့ပြည်နယ်ဒေသကြီး ပါလီမန်ကနေ နောက်ကို ဆုတ်ပေးပါ။ အဲ့ဒါမျိုး သဘောထားကြီး ပြခြင်းအားဖြင့် အထူးသဖြင့် ပြည်နယ်တွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် စပေးပြီဆိုတဲ့ ပုံစံမျိုးနဲ့ ပြည်တွင်းစစ်ကြီး ရပ်စဲနိုင်အောင် ဦးဆောင်ပေးပါဆိုတဲ့သဘော ကျနော်တို့ဘက်က ဆွေးနွေးပါတယ်။”

ဆရာတို့ဆွေးနွေးပွဲပြီးတော့ အစိုးရပြောခွင့်ရသူက ဆွေးနွေးပွဲအောင်မြင်တယ်။ တကယ့်ကို ညီရင်းအစ်ကို မောင်ရင်းနှမအသွင် ဆွေးနွေးခဲ့ကြတယ်လို့ ပြောသွားတယ်။ ဆရာ စောစောက ပြောဆိုချက်အရ ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးပွဲပုံစံက ရင်းရင်းနှီးနှီး မရှိဘူးလို့ ပြောသွားတယ်ဆိုတော့ ဒီပြောဆိုချက်နှစ်ခုက ဘာကြောင့် ကွာဟ နေတာပါလဲ။

“ပထမဆုံးတွေ့တဲ့ပွဲမှာတော့ သိကြတဲ့အတိုင်းပဲ ပုံစံလေးက ခပ်လှမ်းလှမ်းဖြစ်တာပေါ့။ အဲ့ဒါကို ဒေါ်အောင်ဆန်းစုကြည်က စ ပြောပါတယ်၊ အင်မတန်အလှမ်းဝေးနေတယ်၊ သမ္မတကြီး ဒါလေးကို ပြင်ပေးပါ၊ ကျမတို့ ရင်းရင်းနှီးနှီးလေးနဲ့ တွေ့ဆုံဆွေးနွေးချင်ပါတယ်၊ တယောက်နဲ့တယောက် မိုက်ကရိုဖုန်း မပါဘဲနဲ့ကို ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင်လေး ပိုပြီးတော့ ဆွေးနွေးသွားချင်ပါတယ်ဆိုတာမျိုး သူ တောင်းဆိုတာပေါ့လေ။ ဒါပေမယ့် ဆွေးနွေးပွဲမှာ ရီစရာ ရွှန်းစရာလေးတွေလည်း ပါပါတယ်၊ ပြုံးပြုံးပျော်ပျော်လေးတွေလည်း ရှိတယ်၊ အားနဲ့ မာန်နဲ့ ပြောကြရတာလည်း ရှိတာပေါ့။ အားနဲ့ မာန်နဲ့ ပြောတဲ့အခါမှာတော့ သမ္မတကြီးက အားနဲ့ မာန်နဲ့ ပြောလွန်းပါတယ်။ ဒါမျိုးလည်း သူပြောတာပေါ့ဗျာ။ ဒါပေမယ့် ပြန်လျှော့ကြတာပေါ့။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးခင်အောင်မြင့် ပြောကြဆိုကြတဲ့အခါမှာလည်း ရှိတာပေါ့။ ဦးခင်အောင်မြင့်က အမျိုးသားလွှတ်တော်ဘက်က အမတ်တွေရဲ့အဆိုပြုချက်တွေကို ကုတ် လုပ်ပြီး စားပွဲတွေပေါ်မှာ တင်ထားပေးတာကို ဟာ— တိုင်းရင်းသားကိုယ်စားပြုတဲ့ ဦးအေးမောင်လည်း ပါနေပြီးပြီ၊ ဒါမျိုးတွေ ဖြန့်ဝေနေဖို့ လိုသေးလို့လား၊ ဒါဆိုရင် ပြည်သူ့လွှတ်တော်မှာရော အလားတူ မယူဘူးလား၊ ဒါမျိုးလေးတွေပေါ့။ မောင်နှမအရင်းလို ပြောကြဆိုကြတာပါ။ အဲ့ဒီမှာ သူ့ဘက်ကလည်း ပြန်ရှင်းပြပြီး ပြေလည်သွားကြပါတယ်။ ဒါလေးပြောမိလို့ ကျမကို စိတ်မကွက်ပါနဲ့နော် ဒါမျိုးလေးတွေ ပြောကြဆိုကြတာပေါ့။ ဒါ မောင်နှမအရင်းလို ပြောကြဆိုကြ ပြုံးကြ ဒါလေးတွေက ရင်းနှီးဖော်ရွှေမှုနဲ့ ချစ်ခင်လေးစားမှုကို ပြပါတယ်။”

နောက်ဆုံးမေးခွန်းပါ၊ ဧပြီလ ၁၀ ရက် ဆွေးနွေးပွဲ အောင်မြင်တယ်လို့ သုံးသပ်နိုင်လား။

“ကျနော့်အမြင်ကတော့ ဒီလိုပဲ စရမှာပါပဲ။ အစပြုတဲ့အခါမှာ ဆုံးဖြတ်ချက်တခု ကျနော်တို့ ရှာနိုင်ခဲ့တယ်။ ဒီ့ထက်မက ရင်းနှီးချစ်ခင်စွာဖြင့် ပိုမို နီးကပ်တဲ့ ဆွေးနွေးမှုပုံစံကို ဆက်ခံကြတယ်။ ဆွေးနွေးမယ့် framework ရှာနိုင်ခဲ့တယ်။ ပြီးရင် ကာလသတ်မှတ်နိုင်ခဲ့ပြီး အဲ့ဒီမှာ ဘာဆွေးနွေးကြမလဲဆိုတာလည်း ပြောနိုင်ခဲ့တာပေါ့။ ကိုယ်လိုချင်တာချည်းပဲ ရကို ရရမယ်ဆိုတဲ့ ဆွေးနွေးမှု ပုံစံ မဟုတ်ဘဲနဲ့ ကိုယ်လိုတာလည်း ရသင့်သလောက် ရရမယ်၊ သူမပေးချင်တာကိုလည်း ပေးသင့် သလောက် ပေးနိုင်ရမယ်ဆိုတဲ နှစ်ဘက် စလုံးနိုင်တဲ့ ဆွေးနွေးမှု ဖြစ်အောင် ဆောင်ရွက်သွားသင့်တယ်ဆိုတဲ့ အရိပ်အငွေ့ မှတ်သားရပါတယ်။ အောင်မြင်တဲ့ဆွေးနွေးပွဲကြီးတခု ဖြစ်တယ်လို့ သုံးသပ်ပါတယ်။ မြန်မာ့ နှစ်ဦးအတွက်လည်း အင်မတန် နိမိတ်ကောင်းပါတယ်။”

  By ရွှေအောင် (ဒီဗွီဘီ)
http://burmese.dvb.no

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.