04/15/15


တိုက်ပွဲကာလ ၂ လကျော် သုံးလအတွင်းကို ရောက်ရှိလာပြီဖြစ်တဲ့ မြန်မာ့တပ်မတော်နဲ့ ကိုးကန့် လက်နက်ကိုင်တို့ကြား ဒီကနေ့မှာလည်း တရုတ်-မြန်မာနယ်စပ် ရှင်ခုတ်ထန် ဒေသတ၀ိုက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။

မြန်မာ့တပ်မတော်ဘက်က ကိုးကန့်လက်နက်ကိုင်တို့ရဲ့ စခန်းတွေကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ မနေ့က တိုက်ပွဲတွေအတွင်း မြန်မာ့တပ်မတော်ဘက်က လက်နက်ကြီးကျည် တရုတ်ဘက်ကို ကျရောက်ခဲ့တယ်ဆိုတဲ့ ပြောဆိုချက်တွေ ထပ်ပြီး ထွက်ခဲ့ပါတယ်။ အခြေအနေ အသေးစိတ်ကိုတော့ မသိင်္ဂီထိုက်က ဆက်ပြီး ပြောပြပေးပါမယ်ရှင်။

ကိုးကန့်လက်နက်ကိုင်တပ် MNDAA နဲ့ မြန်မာ့တပ်မတော်တို့ကြား ဒီကနေ့မှာလည်း တရုတ်-မြန်မာနယ်စပ် ရှင်ခုတ်ထန် ဒေသတ၀ိုက်က နေရာ ၂ နေရာတို့မှာ တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ သင်္ကြန်ကာလအတွင်းမှာ တပ်မတော်ဘက်က ထိုးစစ်ဆင်တဲ့နေရာ နည်းသွားတယ်လို့ ကိုးကန့်လက်နက်ကိုင်တပ် MNDAA ရဲ့ ပြောခွင့်ရ ဦးထွန်းမြတ်လင်းက ပြောပါတယ်။

“ဒီ ၂ ရက်တော့ ပြင်းထန်တော့ ပြင်းထန်ပါတယ်။ ဒါပေမဲ့ ဖြစ်တဲ့နေရာ နည်းတော့နည်းတယ်ပေါ့နော်၊ မနေ့တုန်းကနဲ့ ဒီနေ့၊ ရှင်ခုတ်ထန် တ၀ိုက်မှာပဲခင်ဗျ။ အခုဖြစ်တာကတော့ ၂ နေရာလောက် ဖြစ်မယ်ထင်တယ်။ တလောတုန်းက ဖြစ်တာကတော့ ၅-၆ နေရာလောက်ဖြစ်တယ်။ ကျနော်တို့လည်း ဒဏ်ရာရတဲ့လူနဲ့ ထိခိုက်ကျတဲ့လူနဲ့ဆိုရင် အခုရက်ပိုင်းက ပေါင်းလိုက်ရင် ၄၀ နဲ့ ၅၀ လောက် ရှိမယ်နဲ့တူတယ်။ ကျဆုံးတာကတော့ ၁၀ ယောက်ကျော် အယောက် ၂၀ လောက်ရှိမယ်ထင်တယ်။ ထိခိုက်ဒဏ်ရာ ရတာကတော့ ၄၀-၅၀ လောက်တော့ ရှိပါတယ်။ ပေါင်းလိုက်ရင်တော့ ၆၀ ကျော်မယ်။”

နှစ်ဘက်ထိခိုက်ဒဏ်ရာရမှုတွေနဲ့ ပတ်သက်ပြီး သီးခြား အတည်ပြုချက်တော့ မရှိသေးပါဘူး။ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့သတင်းအရတော့ ဧပြီ ၁၂ ရက်နေ့နဲ့ ၁၃ ရက်နေ့ တိုက်ပွဲတွေအတွင်း တပ်မတော်ဘက်က ၅ ဦးကျဆုံး ၁၈ ဦး ဒဏ်ရာရတယ်လို့ ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ ၂ ရက်တာ တိုက်ပွဲအတွင်း မြန်မာ့တပ်မတော်ဘက်က ပါစင်ကျော်ကျေးရွာနဲ့ တာကထန် ကျေးရွာ အနီးက စစ်ရေးအရ အရေးပါတဲ့ တောင်ကုန်းတွေကို သိမ်းဆည်းရမိပြီး ကိုးကန့်လက်နက်ကိုင် တပ်ဘက်က လက်နက်နဲ့ ကျည်တွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ဧပြီလ ၁၃ ရက်နေ့ တိုက်ပွဲအတွင်း တရုတ်နိုင်ငံဘက်ကို မြန်မာ့တပ်မတော်ဘက်က လက်နက်ကြီးကျည် ကျရောက်ခဲ့တယ်လို့ ကိုးကန့်တပ်တို့ရဲ့ ပြောခွင့်ရ ဦးထွန်းမြတ်လင်းက ပြောပါတယ်။

“ကျနော်ကြားတာကတော့ အဲဒီလက်နက်ကြီးကျည်လို့ကြားတယ်။ သူတို့ရဲ့ ကတ္တရာလမ်းပေါ် သွားကျတယ်လို့ ကြားတယ်။ သူတို့က နန်ဆမ်နဲ့ မိန်းတိန်သွားတဲ့လမ်း အဲဒီကြားမှာပေါ့။ နည်းနည်းလေး ထူးခြားတာကတော့ ကျနော်ပြောသလိုပါပဲ၊ ကွန်မန်ဒိုတပ်လိုလိုပေါ့နော်၊ အဲဒါကနည်းနည်းလေး ထူးဆန်းပါတယ်။ သေနတ်သံလည်း နည်းနည်းလေး သိပ်မတူတော့ဘူးပေါ့၊ ခါတိုင်းသုံးတဲ့ သေနတ်နဲ့၊ အဲလိုလည်း နည်းနည်းတွေ့ရတယ်။ ပြီးတော့ သံချပ်ကာကား Tank ကားနဲ့ ပစ်ကူလာတာ တွေ့ရပါတယ်ခင်ဗျ။ လူအင်အားလည်း ပိုပြီးတော့သုံးပါတယ်။ ကျနော်တို့ကတော့ တတ်နိုင်သလောက်တော့ သူတို့ထိုးစစ်ဆင်ရင်တော့ ခံတိုက်ရုံပဲ ရှိပါတယ်ခင်ဗျ။ နည်းဗျုဟာလည်း မရှိပါဘူး၊ ကျနော်တို့က ခံစစ်ပေါ့။ သူတို့ကနေ ပြီးတော့မှ ၂ ဘက် ထိုင်ပြီးတော့ ဆွေးနွေးလို့ရှိရင် ကောင်းမယ်ဆိုတာမျိုး ဆိုရင်တော့ ကောင်းတာပေါ့။ ဒါပေမဲ့ အဓိကကတော့ တပ်တော်ဖက်က လက်ခံမှ ဖြစ်မှာပဲ။ အဓိကကတော့ ခေါင်းဆောင်ပိုင်းပေါ့နော်။ သူတို့က ဘယ်လိုကိုင်တွယ်ချင်လဲပေါ့ဗျာ။ အကယ်၍ စေတနာရှိရှိနဲ့ စိတ်ရင်းမှန်မှန်နဲ့ ဆိုရင်တော့ အလားအလာရှိပါတယ်။ ဒါပေမဲ့ ခုနကပြောသလိုပဲ၊ အပြတ်ချေမှုန်းမယ်၊ အဲဒီလို စိတ်ဓာတ်နဲ့ ဆိုရင်တော့ သိပ်မလွယ်ပါဘူး။”

မြန်မာ့တပ်မတော်ဘက်က လက်နက်ကြီးကျည် တရုတ်ဘက်ကို ကျရောက်ခဲ့တယ်ဆိုတဲ့ သတင်းအပေါ်မှာတော့ တရုတ်အစိုးရ ထုတ်ပြန်ချက် တစုံတရာ မရှိသေးသလို သီးခြား အတည်ပြုချက်တော့ မရှိသေးပါဘူး။ ကိုးကန့်ဒေသတိုက်ပွဲတွေ လနဲ့ချီ ကြာမြင့်လာတဲ့ အချိန်မှာပဲ ကိုးကန့်ဒေသ ထိုးစစ်တွေကို ရပ်တန့်ပေးရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်တပ်များ စုဖွဲ့ထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီရဲ့ ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ က သမ္မတ ဦးသိန်းစိန်ထံကို အိတ်ဖွင့်ပေးစာတစောင် ပေးပို့လိုက်ပါတယ်။

ကိုးကန့်ဒေသတိုက်ပွဲတွေကို နှစ်ဘက်ဆွေးနွေး အဖြေရှာပြီး အဆုံးသတ်နိုင်ဖို့ကို မျှော်လင့်ထားတဲ့ အကြောင်းလည်း ကိုးကန့်လက်နက်ကိုင် တပ်ဘက်က ပြောပါတယ်။ အရင် မြန်မာစစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲခဲ့တဲ့ ဖုန်ကြားရှင်ရဲ့ ကိုးကန့်လက်နက်ကိုင်တပ် MNDAA ဟာ ၂၀၀၉ ခုနှစ်မှာ အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်ခဲ့ပြီး နှစ်ဘက်တိုက်ပွဲတွေကြောင့် ဖုန်ကြားရှင်လည်း ထွက်ပြေးခဲ့ရတာပါ။ ၆ နှစ်အကြာ အခုကာလမှာတော့ ကိုးကန့်လက်နက်ကိုင်တပ် MNDAA က တိုင်းရင်းသားလက်နက်ကိုင် တပ်တခုအဖြစ် နိုင်ငံရေးအရ အသိအမှတ်ပြုမှုရရေး ပြန်ပြီး ကြိုးပမ်းလာတာလည်း ဖြစ်ပါတယ်ရှင်။


VOA

တက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့က ကျောင်းသူ ကျောင်းသားတွေ စုပေါင်းပြီး "ဒေါင်းတို့မျိုးဆက်" သံချပ်အဖွဲ့အမည်နဲ့ ရန်ကုန်မြို့တွင်း လှည့်လည်ပြီး သံချပ်တွေနဲ့ ဖျော်ဖြေကြပါတယ်။ RFA သတင်းထောက် ကိုကျော်ဇောဝင်း က တင်ပြထားပါတယ်။

ရိုက်ကူး - ကျော်လွင်ဦး၊ ကျော်ဇောဝင်း/ RFA

တက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့က ကျောင်းသူ ကျောင်းသားတွေ စုပေါင်းပြီး "ဒေါင်းတို့မျိုးဆက်" သံချပ်အဖွဲ့အမည်နဲ့ ရန်ကုန်မြို့တွင်း လှည့်လည်ပြီး သံချပ်တွေနဲ့ ဖျော်ဖြေကြပါတယ်။ RFA သတင်းထောက် ကိုကျော်ဇောဝင်း က တင်ပြထားပါတယ်။ရိုက်ကူး - ကျော်လွင်ဦး၊ ကျော်ဇောဝင်း/ RFA

Posted by RFA Burmese on Tuesday, April 14, 2015

လူရွှင်တော် မေတ္တာနဲ့ ဗေလုဝတို့ရဲ့ သင်္ကြန်သံချပ်!

Posted by Than Min Kyaw on Tuesday, April 14, 2015

မြန်မာခုနှစ် သက္ကရာဇ် ၁၃၂၁ ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၉၅၉ ခုနှစ်တွင် ကမ္ဘာ
မြေပေါ်သို့ လူသားတစ် ဦးအဖြစ် ရောက်ရှိလာခဲ့သောကျွန်တော် …. ။ ယခု ဆိုလျှင် အနိစ္စတရားအား ရင်ဆိုင်ခဲ့ရသည်မှာ အသက်အားဖြင့် (၅၆) နှစ်
ကျော်လွန်ခဲ့ကာ (၅၇) နှစ်အတွင်းသို့ ဝင်ရောက်တော့မည်ဖြစ်သည်။ ငယ်စဉ် မသိနားမ လည်ခဲ့သော ကလေးဘဝတွင် ရက်စွဲပေါင်းများစွာ၊ နှစ်လပေါင်းများ စွာတို့ထဲမှ သိရှိနားလည်ခဲ့သော လူငယ်၊ လူရွယ်၊ လူကြီးသက်တမ်းများအား
ကျော်ဖြတ်လာခဲ့စဉ် စက္ကန့်၊ မိနစ်၊ နာရီများစွာထဲ၌ ကျွန်တော်သည်အမှားပေါင်း
မြောက်များစွာ ကျူးလွန်ခဲ့သလို အမှန်တရားများစွာတို့အားလည်း လက်ကိုင်ပြု ခဲ့သည်။ အကုသိုလ်များစွာတို့အား ရရှိခဲ့သလို ကုသိုလ်တရားများလည်း အ ထိုက်အလျောက်ရရှိခဲ့သည်ဟု မိမိကိုယ်ကို မိမိဝေဖန်သုံးသပ်မိသည်။

ယခုဆိုလျှင် မြန်မာသက္ကရာဇ် ၁၃၇၆/၇၇ ခရစ်သက္ကရာဇ် ၂ဝ၁၅ ခုနှစ်၊ ဧပြီလ သင်္ကြန်အချိန်ကာလသို့ ရောက်ရှိလာခဲ့ပြန်တော့သည်။ မြန်မာ့ရိုးရာမဟာ
သင်္ကြန် ရေကစားကျခြင်းသည် တစ်ဦှးနှင့်တစ်ဦး ကျူးလွန်ခဲ့သော အကုသိုလ် အညစ်အကြေးများအား ဆေးကြောသန့်စင်ပေးခြင်းတည်းမည်၏။ ထို့ကြောင့် ၁၉၅၉ ခုနှစ်ဖွား ကျွန်တော် ဖိုးချို (ခ) မောင်မောင် (ခ) ကျော်ဝင်း (ခ) ကျော်သူ အနေဖြင့် ငယ်စဉ်ကလေး ဘဝမှ ယနေ့ယခုအချိန်တိုင် ကျူးလွန်ခဲ့သော၊ ပြစ် မှားမိခဲ့သော ကာယကံ၊ ဝဇီကံ၊ မနောကံ တည်းဟူသော ကံသုံးပါးနှင့်ဖောက်
ပြန်မိခဲ့သော ကျူးလွန်မိခဲ့သည်ဟု မှတ်ယူခဲ့သော ကံငါးပါးတို့အားကာယကံရှင် ခုနှစ် ရက်သားသမီး မိဘပြည်သူအပေါင်း ခင်ပွန်းကြီး (၁ဝ) ပါးအပေါင်းတို့နှင့် ဇနီး၊ မယား၊ သားသမီး၊ မြေးတို့အား ရှိခိုးကန်တော့ တောင်းပန်ခြင်းတည်းဟု
မည်သော သမထဝိပဿနာကျင့်စဉ်တို့အား ယခုလာမည့် ၂ဝ၁၅ ခုနှစ်၊ ဧပြီ (၁၄) ရက်နေ့ သင်္ကြန်အကျနေ့မှစတင်ပြီး နေ့စဉ်ရက်ဆက် ကျင့်ကြံကြိုးကုတ် အား ထုတ်သွားတော့မည်ဖြစ်ပါကြောင်းနှင့် ယခုနှစ် သင်္ကြန်အချိန်ကာလမှစ၍ ကျွန်တော်၏ ဖြတ်သန်းခဲ့သော ဘဝတစ်ခုလုံးအား သမထဝိပဿနာ ရေချမ်း သွန်းလောင်းလိုက်ပါတော့သည်။

ထိုသို့သော ကောင်းမှုကုသိုလ်တရားနှင့် မိမိဖြတ်သန်းခဲ့ရသော ဘဝတစ်
လျှောက် မိမိပိုင်ဆိုင်ခဲ့ သော ကုသိုလ်တရားများအားလည်း ၃၁ ဘုံကျင်လည် ကျကုန်သော ဝေနေယျ သုခိတ ဒုက္ခတိ သတ္တဝါအပေါင်းတို့အား အေးငြိမ်း
သော မေတ္တာတရားများဖြင့် အမျှ … အမျှ … အမျှဟူ၍ ပေးဝေငှလိုက်ပါသည်။
ကျွန်တော်ကျူးလွန်ခဲ့သော ကာယကံ၊ ဝဇီကံ၊ မနောကံ တို့အပေါ် ခွင့်လွှတ်ကျ ပါစေရန် ခုနှစ်ရက် သားသမီး၊ မိဘပြည်သူ၊ ဇနီး၊ သားသမီး၊ မြေးတို့နှင့် အနု ပညာသည်များ၊ ပရဟိတ ညီအစ်ကိုမောင်နှမများ၊ နာရေးကူညီမှုအသင်း(ရန် ကုန်) အသင်းသား/သူများ၊ ဝန်ထမ်းများအား ရှိခိုးကန်တော့ တောင်းပန်၍ မိမိ ၏ ကျင့်ကြံအားထုတ်နေဆဲဖြစ်သော သမထဝိပဿနာ၊ မေတ္တာရေချမ်း ပက်ဖျန်း လိုက်သလို မိမိအပေါ်တွင်လည်း ကာယကံ၊ ဝဇီကံ၊ မနောကံတို့ဖြင့် ကျူးလွန် ခဲ့သည်များရှိခဲ့သော် မိမိမှလည်း အလုံးစုံခွင့်လွှတ် နားလည်ကျေအေးပါ
ကြောင်း နှစ်သစ်မင်္ဂလာ အခါသမယတွင် မင်္ဂလာရှိစွာဖြင့် မေတ္တာစကား ငြိမ်း ချမ်းရေးစကား ဆိုအပ်လိုက်ပါသည်။

ကျော်သူ

(Kyaw Thu’s Fan ၅ သိန်းပြည့်နှင့် နှစ်သစ်မင်္ဂလာ နှုတ်ခွန်းဆက်
မေတ္တာစကား)

https://www.facebook.com/ActorKyawThu?fref=ts


ပန်းချီဆန်းဇော်ထွေး ရဲ့ ဆုရ ပန်းချီ စါရင်းဝင်

နှစ်သစ်ဦးကြိမ်စာဆိုပြီး အိမ်ရှေ့မှာ ရေးသားထားတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ပန်းချီပညာရှင် ကိုဆန်းဇော်ထွေး ကို ရဲတပ်ဖွဲ့ဝင်တွေနဲ့ အရပ်ဝတ်လူတချို့က ဖမ်းဆီးသွားတယ်လို့ သူ့ရဲ့မိသားစုဝင်တွေက ပြောပါတယ်။

ရန်ကုန်မြို့ သုဝဏ္ဏကနေအိမ်မှာ ကိုဆန်းဇော်ထွေး တစ်ယောက်တည်းရှိစဉ် ခေါ်ဆောင်သွားတာဖြစ်တယ်လို့ ကိုဆန်းဇော်ထွေးရဲ့ အကိုဖြစ်သူက ဦးဆန်းလှိုင်က ပြောပါတယ်။

"သူက သင်္ကြန်နှစ်သစ်ကူးဆိုတော့ နှစ်သစ်ကူးသဝဏ်လွှာ စာရေးတယ်၊ ကျန်းမာပါစေ ဆိုတာမျိုးရေးပြီး သွားရင် အောက်ကနေ ကျောင်းသားလူငယ်တွေကို နှိပ်စက်သတ်ဖြတ်တဲ့ ရဲနဲ့ စစ်တပ်တွေကိုတော့ တစ်မျိုးပေါ့ဗျာ သူကရေးလိုက်တာ၊ အဲ့ဒါကြောင့်နေမယ် သူတို့မနေ့က ဓါတ်ပုံတွေလာရိုက်ကြတယ်ပြောတယ်၊ ဒီနေ့တော့ လာခေါ်သွားတယ်ပြောတယ်၊ အကြမ်းဖျင်းသိတာကတော့ ရဲကားနှစ်စီးပါတယ်၊ သူ့ကိုတင်သွားတာကတော့ အရပ်ကားနဲ့ တင်သွားတယ်လို့ပြောတယ်၊ အရပ်ကားဆိုတော့ ထောက်လှမ်းရေးခေါ်သွားတဲ့ သဘောမျိုးဖြစ် မလားမသိဘူး"

သုဝဏ္ဏမြို့နယ်မှာနေထိုင်သူ ကိုဆန်းဇော်ထွေးဟာ သူ့ရဲ့နေအိမ်ရှေ့မှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ကျောင်း သူတွေနဲ့ ကူညီသူတွေ ပြန်လည်လွတ်မြောက်ဖို့ နှစ်ဦးဆုတောင်းအဖြစ် ရေးသားထားသလို နှစ်သစ်ဦးကျိန်စာဆိုပြီး အစိုးရ၊ ရဲ၊ စစ်သားနဲ့ စွမ်းအားရှင်တွေ ဘေးဆိုးကြုံတွေ့ပါစေလို့ ရေးသားထားတာ ဖြစ်ပါတယ်။

ကိုဆန်းဇော်ထွေး ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး သုဝဏ္ဏမြို့နယ်ရဲစခန်းကို ဆက်သွယ်မေးမြန်းရာ သူတို့ဖမ်းဆီးတာမဟုတ်ကြောင်း ဖြေကြားပါတယ်။

သူဟာ လန်ဒန်မြို့မှာကျင်းပတဲ့ 2014 ARTRAKER နိုင်ငံတကာ ပန်းချီအနုပညာပြိုင်ပွဲမှာ စွန့်ပစ်ပစ္စည်းတွေနဲ့ ပန်းချီပုံဖော်ခဲ့တာကြောင့် ပထမဆုရရှိခဲ့သူဖြစ်ပါတယ်။

ကိုဆန်းဇော်ထွေးဟာ လွန်ခဲ့တဲ့ ၁၉၉၉ ခုနှစ်မှာ ဗကသ ပြန်လည်ဖွဲ့စည်းရေးအတွက် ဦးဆောင်လှုပ်ရှားခဲ့ တာကြောင့် ထောင်ဒဏ် ၃၆ နှစ် ချမှတ်ခံခဲ့ရပြီး ၂၀၁၂ ခုနှစ်မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာ သူဖြစ်ပါတယ်။

တက္ကသိုလ်ကျောင်းသားများသမဂ္ဂတွေရဲ့ "ဒေါင်းတို့ မျိုးဆက်" သံချပ်အဖွဲ့ဟာ သင်္ကြန်ကာလအတွင်း သံချပ်နဲ့ ဖျော်ဖြေရရှိလာတဲ့ အလှူငွေတွေကို သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရ တဲ့ ကျောင်းသား ကျောင်းသူတွေ အသုံးပြုနိုင်ဖို့ လှူဒါန်းသွားမယ်လို့ ပြောပါတယ်။

ဒီနေ့ သင်္ကြန်အကျနေ့မှာ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ ဟာ ရန်ကုန်မြို့ ရန်ကင်းစင်တာရှေ့မှာ ဖျော်ဖြေခဲ့ တာဖြစ်ပါတယ်။ အလှူငွေတွေကို ပြန်လည်လှူဒါန်း သွားမယ့် အစီအစဉ်နဲ့ပတ်သက်ပြီး ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုဇေယျာလွင်က အခုလိုပြောပါတယ်။

"သေချာတာကတော့ ကျနော်တို့ ကျောင်းသား ရဲဘော်တွေရဲ့ ထောင်ဝင်စာအတွက်တော့ ပါမှာသေချာတယ်၊ တခြားသီးခြားသွားလှူတဲ့ကိစ္စမျိုးကတော့ လောလောဆယ် ကျနော်ပြောလို့မရသေးဘူး"

သံချပ်အဖွဲ့ ဒီနေ့ဖျော်ဖြေခဲ့ရာ အမျိုးသားပညာရေးဥပဒေအကြောင်း၊ ကျောင်းသားတွေ အကြမ်းဖက်ခံရတဲ့ အကြောင်းတွေကို သရုပ်ဖော်ပြသခဲ့သလို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲ စတဲ့ အစိုးရရဲ့ဆောင်ရွက်ချက်တွေကို သံချပ်စာသားနဲ့ ရေးသားဖျော်ဖြေခဲ့တာ ဖြစ်ပါတယ်။

"ဒေါင်းတို့မျိုးဆက်" သံချပ်အဖွဲ့ဟာ ရန်ကုန်မြို့မှာ လှည့်လည်ဖျော်ဖြေတာ ၃ နှစ်ရှိပြီဖြစ်ပါတယ်။

RFA


 ခရစ်နှစ် ၂၀၁၅ ခုနှစ် မြန်မာသက္ကရာဇ် ၁၃၇၇ ခုနှစ်အကြို ရန်ကုန်မြို့က ရိုးရာမဟာသင်္ကြန်ပွဲတော် ဒုတိယနေ့ အကျနေ့မှာ ရေကစားမဏ္ဍပ်တွေ၊ ဂီတပဒေသာပွဲတွေ၊ ရေပက်ခံ အလည်ထွက်သူတွေနဲ့ စည်ကားနေပါတယ်။ သင်္ကြန်အကျနေ့မြင်ကွင်းကို VOA သတင်းထောက် မသိင်္ဂီလင်းနဲ့ အတူ ခံစားကြည့်ရှုနိုင်ပါတယ်။

VOA Burmese

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.