04/16/15
ရန်ကုန်မြို့ သင်္ဃန်းမြို့နယ်က ရွှေစင်မဏ္ဍပ်မှာ မနေ့ည သင်္ကြန်အကြတ်နေ့က သာကီနွယ်အဖွဲ့က သံချပ်နဲ့ ဖျော်ဖြေခဲ့ပါတယ်။
ပါတီတစ်ခုမှာ ပါတီဥက္ကဌ ရှိသလို၊ တပ်မတော်အထက်မှာ တပ်ချုပ်ရှိပြီး ဥပဒေအထက်မှာတော့ ဘယ်သူရှိသလဲဆိုတာကို မေးခွန်းထုတ်ထားပါတယ်။
ရိုက်ကူး - ကျော်ဇောဝင်း၊ ကျော်ထွန်းနိုင်
ရန်ကုန်မြို့ သင်္ဃန်းမြို့နယ်က ရွှေစင်မဏ္ဍပ်မှာ မနေ့ည သင်္ကြန်အကြတ်နေ့က သာကီနွယ်အဖွဲ့က သံချပ်နဲ့ ဖျော်ဖြေခဲ့ပါတယ်။ပါတီတစ်ခုမှာ ပါတီဥက္ကဌ ရှိသလို၊ တပ်မတော်အထက်မှာ တပ်ချုပ်ရှိပြီး ဥပဒေအထက်မှာတော့ ဘယ်သူရှိသလဲဆိုတာကို မေးခွန်းထုတ်ထားပါတယ်။ရိုက်ကူး - ကျော်ဇောဝင်း၊ ကျော်ထွန်းနိုင်
Posted by RFA Burmese on Thursday, April 16, 2015
ရန်ကုန်မြို့ သင်္ဃန်းမြို့နယ်က ရွှေစင်မဏ္ဍပ်မှာ မနေ့ည သင်္ကြန်အကြတ်နေ့က သာကီနွယ်အဖွဲ့က သံချပ်နဲ့ ဖျော်ဖြေခဲ့ပါတယ်။
အမြန်လမ်းမကြီးပေါ်မှာ သေဆုံးမှုတွေ များနေတဲ့အတွက် သက်ဆိုင်ရာက ၀ိုင်းဝန်းကူညီကြဖို့ကိုလည်း သာကီနွယ်အဖွဲ့က အခုလို သံချပ်ထိုးခဲ့ပါတယ်။
ရန်ကုန်မြို့ သင်္ဃန်းမြို့နယ်က ရွှေစင်မဏ္ဍပ်မှာ မနေ့ည သင်္ကြန်အကြတ်နေ့က သာကီနွယ်အဖွဲ့က သံချပ်နဲ့ ဖျော်ဖြေခဲ့ပါတယ်။အမြန်လမ်းမကြီးပေါ်မှာ သေဆုံးမှုတွေ များနေတဲ့အတွက် သက်ဆိုင်ရာက ၀ိုင်းဝန်းကူညီကြဖို့ကိုလည်း သာကီနွယ်အဖွဲ့က အခုလို သံချပ်ထိုးခဲ့ပါတယ်။ရိုက်ကူး - ကျော်ဇောဝင်း၊ ကျော်ထွန်းနိုင်
Posted by RFA Burmese on Thursday, April 16, 2015
ရန်ကုန်မြို့ သင်္ဃန်းမြို့နယ်က ရွှေစင်မဏ္ဍပ်မှာ မနေ့ည သင်္ကြန်အကြတ်နေ့က သာကီနွယ်အဖွဲ့က သံချပ်နဲ့ ဖျော်ဖြေခဲ့ပါတယ်။လွှတ်တော်ကိုယ်စားလှယ်တွေအကြောင်း အခုလို သံချပ်ထိုး ဖျော်ဖြေခဲ့ပါတယ်။ရိုက်ကူး - ကျော်ဇောဝင်း၊ ကျော်ထွန်းနိုင်
Posted by RFA Burmese on Thursday, April 16, 2015
မနေ့က သင်္ကြန်အကြတ်နေ့ညမှာ လူရွှင်တော် ကိုမေတ္တာတို့ရဲ့ သာဓုပါဗျာ အဖွဲ့က ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ရွှေစင်မဏ္ဍပ်မှာ ဖျော်ဖြေခဲ့ပါတယ်။
RFA သတင်းထောက် ကိုကျော်သူက ကိုမေတ္တာတို့အဖွဲ့ရဲ့ သံချပ်တွေထဲက တချို့ကို ကောက်နှုတ် တင်ပြထားပါတယ်။
ရိုက်ကူး - ကျော်ဇောဝင်း၊ ကျော်ထွန်းနိုင်
မနေ့က သင်္ကြန်အကြတ်နေ့ညမှာ လူရွှင်တော် ကိုမေတ္တာတို့ရဲ့ သာဓုပါဗျာ အဖွဲ့က ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ရွှေစင်မဏ္ဍပ်မှာ ဖျော်ဖြေခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်သူက ကိုမေတ္တာတို့အဖွဲ့ရဲ့ သံချပ်တွေထဲက တချို့ကို ကောက်နှုတ် တင်ပြထားပါတယ်။ရိုက်ကူး - ကျော်ဇောဝင်း၊ ကျော်ထွန်းနိုင်
Posted by RFA Burmese on Thursday, April 16, 2015
 ရုရှားပိုင် ​သင်္ဘော ​နစ်မြုပ်ရာက ​သေဆုံးသွားတဲ့ ​မြန်မာနိုင်ငံသား ​၁၆ ​ယောက်ရဲ့ ​အလောင်း ​ဒီကနေ့ ​မြန်မာနိုင်ငံကို ​ပြန်ရောက်လာပြီ ​ဖြစ်ပါတယ်။
တောင်ကိုရီးယား ​လေယာဉ်ကို ​စင်းလုံးငှားပြီး ​သယ်ဆောင်လာတာ ​ဖြစ်ပါတယ်။
ရုရှားပိုင် ​Dalny ​Vostok ​ဆိုတဲ့ ​သင်္ဘော ​နစ်မြုပ်ခဲ့ရာက ​မြန်မာ ​အယောက် ​၂၀ ​သေဆုံးပြီး ​၁၆ ​ယောက်ရဲ့ ​အလောင်းကိုသာ ​ရရှိထားတာပါ။
ဧပြီလ ​၂ ​ရက်မှာ ​နစ်မြုပ်ခဲ့တဲ့ ​သင်္ဘောပေါ်မှာ ​လူပေါင်း ​၁၃၂ ​ယောက် ​လိုက်ပါလာခဲ့တာ ​ဖြစ်ပါတယ်။
၆၃ ​ယောက်ကို ​ကယ်ဆယ်နိုင်ပြီး ​လူပေါင်း ​၅၇ ​ယောက်ရဲ့ ​အလောင်းကို ​တွေ့ရှိခဲ့ပါတယ်။ ​အခုအချိန်အထိ ​မြန်မာ ​နိုင်ငံသား ​၄ ​ဦးအပြင် ​လူပေါင်း ​၁၀ ​ယောက်ကျော် ​ပျောက်ဆုံးနေဆဲ ​ဖြစ်ပါတယ်။
သင်္ဘောပေါ်လိုက်ပါသွားတဲ့ ​မြန်မာသင်္ဘောသား ​၂၂ ​ယောက် ​အသက်ရှင်ကျန်ရစ်ခဲ့ပြီး ​ပြီးခဲ့တဲ့ ​တပါတ်တုန်းကပဲ ​မြန်မာနိုင်ငံကို ​ပြန်ရောက်လာပြီ ​ဖြစ်ပါတယ်။
အခုလောလောဆယ် ​ရောက်ရှိလာတဲ့ ​အလောင်းကို ​သဂြိုလ်ဖို့ ​ကိစ္စ၊ ​လျော်ကြေးပေးဖို့ ​ကိစ္စတွေကိုလည်း ​လုပ်ဆောင်နေကြပါတယ်။
Vanuatu ​နိုင်ငံသား ​သင်္ဘောသား ​၃ ​ယောက်ရဲ့ ​အလောင်းကိုလည်း ​မြန်မာနိုင်ငံသား ​အလောင်းတွေနဲ့ ​အတူ ​လေယာဉ် ​တစ်စင်းထဲ ​ပို့ဆောင်ဖို့ ​စဉ်းစားခဲ့ကြပေမယ့် ​လမ်းကြောင်းက ​ရှုတ်ထွေးတဲ့အတွက် ​အစီအစဉ်ကို ​ဖျက်လိုက်ရပါတယ်။
Vanuatu ​နိုင်ငံသား ​အလောင်းတွေကို ​ရုရှားကနေ ​သြစတြေးလျကို ​ပို့ဆောင်ပြီးမှ ​ပစိဖိတ်က ​Vanuatu ​နိုင်ငံကို ​ပို့ဆောင်နိုင်မှာ ​ဖြစ်ပါတယ်။ ​ကွယ်လွန်သူ ​Latvia ​နိုင်ငံသား ​တစ်ဦးရဲ့ ​အလောင်းကိုတော့ ​ပြန်လည်ပို့ဆောင်ခဲ့ပြီ ​ဖြစ်ပါတယ်။
အသက်ရှင် ​ကျန်ရစ်သူ ​Vanuatu ​နိုင်ငံသား ​နှစ်ယောက်နဲ့ ​Latvia ​နိုင်ငံသား ​နှစ်ယောက်ကိုလည်း ​ဆိုင်ရာ ​နိုင်ငံကို ​ပြန်ပို့နိုင်ပြီ ​ဖြစ်ကြောင်း ​Interfax ​သတင်းမှာ ​ပါရှိပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
 သင်္ကြန်ကာလအတွင်း အစိုးရတပ်တွေနဲ့ ကိုးကန့်တိမ်းရှောင်တပ်တွေ အကြား တိုက်ပွဲတွေ ပြင်းထန် ဆက်လက်ဖြစ်ပွားနေပြီး အစိုးရဘက်က စစ်သည် ၁၆ ဦးကျဆုံးကာ ၁၁၀ ဦးဒဏ်ရာရသွားတယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။
အင်းအားရာချီရှိတဲ့ ကိုးကန့်တပ်တွေ  ဘန်ကာတွေနဲ့ အခိုင်အမာ ခံစစ်ဆင်ထားတဲ့ ပါစင်ကျော် အရှေ့မြောက်ဘက် ပေ ၅၁၀၀ ကျော်မြင့်မားတဲ့ ပွိုင့်-၁၅၈၄ တောင်ကုန်း အပါအဝင် စန်တအိုက်ရှန် ကုန်းမြင့်ဒေသကို သင်္ကြန်အတက်နေ့  ဧပြီလ ၁၅ ရက်မွန်းလွဲပိုင်းက  သိမ်းပိုက်ရရှိတယ်လို့ဆိုပါတယ်။
အဆိုပါတောင်ကုန်းအား ဧပြီ ၅ ရက်နေ့ကတည်းက စပြီးတပ်မတော်စစ်ကြောင်းတွေက လက်နက်ကြီ ပစ်ကူနဲ့ သံချပ်ကာတိုက်ယာဉ်ပစ်ကူတွေယူကာ  ၄၆ ကြိမ်  လှံစွပ်ထိုး တိုက်ခိုက်ခဲ့ရတယ်လို့ ဆိုပါတယ်။
အလားတူ ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့ကလည်း ကိုးကန့် ခြေကုတ်စခန်း တာကထန်ကျေးရွာနီး တောင်ကုန်းကို တပ်မတော်စစ်ကြောင်းတွေက တိုက်ခိုက်သိမ်းယူရာမှာ အစိုးရစည်သည် ၅ ဦး သေဆုံးပြီး ၁၈ ဦးဒဏ်ရာရသွားတယ်လို့ နိုင်ငံပိုင်သတင်းစာတွေမှာ သတင်းထုတ်ပြန်ပါတယ်။
တိုက်ပွဲအတွင်း ကိုးကန့်ဘက်က  အလောင်း ၂ လောင်း၊ အာရ်ပီဂျီ ၈ လက် အပါအ၀င် လက်နက်မျိုးစုံနဲ့  ကျည်ဆန်တွေ အများအပြား သိမ်းဆည်း ရမိတယ်လို့လည်း ဆိုပါတယ်။
မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် (အမ်အန်ဒီအေအေ) ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ ပြောခွင့်ရသူ ဦးထွန်းမြတ်လင်းကတော့ ဧပြီ ၁၄ ရက်နေ့က တိုက်ပွဲတွေဖြစ်ပွားမှုရှိပေမယ့် မနေ့ကတော့ တိုက်ပွဲမရှိကြောင်းနဲ့ တိုက်ပွဲကြောင့်လည်း သူတို စခန်းကျသွားတာ မရှိဘူးလို့ ပြောပါတယ်။
“ကျနော်တို့ဒီ တိုက်ပွဲဖြစ်ပြီးတော့ ကျသွားတဲ့စခန်းဆိုတာ မရှိပါဘူး။ ကျနော်တို့ မဟာဗျူဟာအရ ခိုးထန်ဘက်မှာ ကျနော်တို့ စခန်းသေးသေးလေးတွေရှိတယ်။ ကျနော်တို့ ဗျူဟာအရ နောက်ဆုတ်ထားတာရှိပါတယ်။ ဒါပေမယ့် တိုက်ပွဲဖြစ်ပြီးတော့ ကျသွားတာတော့မရှိပါဘူး။”
ဖေဖော်ဝါရီ ၉ ရက်က စတင်ခဲ့တဲ့ ကိုးကန့်ဒေသ တိုက်ပွဲတွေမှာ ကိုးကန့်ဘက်က ထိခိုက်သေဆုံးသူ ၇၀ ပတ်ဝန်းကျင်ရှိပြီး အစိုးရတပ်ဘက်ကတော့ ၁၈၀၀ လောက်ထိရှိ တယ်လို့ ဦးထွန်းမြတ်လင်းက ပြောပါတယ်။
 By နော်နိုရင်း (ဒီဗွီဘီ)
http://burmese.dvb.no
 ဒီမိုကရေစီပညာရေး တောင်းဆိုလို့ဖမ်းဆီးခံနေရ တဲ့ ကျောင်းသားနဲ့ ပြည်သူတွေပြန်လွှတ်ဖို့ မနေ့က ကျရောက်တဲ့ သင်္ကြန်အကြတ်နေ့မှာ လှုပ်ရှားမှု တချို့ဖြစ်ပေါ်ခဲ့ပါတယ်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ် တောင်ငူခရိုင် အဖွဲ့ဝင်တချို့နဲ့ အားပေးကူညီသူ တချို့က တောင်ငူမြို့မှာ၊ အရေးကြီးပြီ သီချင်းသီဆိုကြ သလို၊ အဖမ်းခံထားရ တဲ့ကျောင်းသား ခေါင်းဆောင်တွေရဲ့ နာမည်တွေနဲ့ သံချပ်တိုင်ခဲ့ကြပါတယ်။
အလားတူ အစိုးရဆန့်ကျင်တဲ့စာတွေကို ရန်ကုန် တိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့ မြို့တော်ဖြိုးစေတနာ အခမဲ့ဆေးခန်းကခြံစည်းရိုးနဲ့ တပ်မတော်ချည်မျှင်နဲ့ အထည်စက်ရုံရှေ့မှာ မှုတ်ဆေး နဲ့ရေးထားတာတွေ့ရပါတယ်။
ဒါ့အပြင် ရန်ကုန်မြို့က ဘပ်စ်ကားမှတ်တိုင်နဲ့ လိုင်းကားတချို့မှာ မှုတ်ဆေးနဲ့ရေးထားကြပြီး၊ လှိုင်မြို့နယ် က ရေကစားမဏ္ဍပ်တချို့ရှေ့နဲ့ ကြော်ညာပိုစတာတွေပေါ်မှာလည်း ရေးထားကြပါတယ်။
RFA Burmese
http://www.rfa.org/burmese
လှေတွေနဲ့ ဝင်လာသူတွေကို သြစတြေးလျ အစိုးရက လူဝင်မှု စခန်းမှာ ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။ (Credit: AAP) 
Nauru ​နိုင်ငံက ​သြစတြေးလျနိုင်ငံပိုင် ​လူဝင်မှု ​ထိန်းသိမ်းရေး ​စခန်းက ​ဒုက္ခသည် ​တချို့ကို ​လာမယ့် ​တနင်္လာနေ့ကျရင် ​ကမ္ဘောဒီးယားနိုင်ငံကို ​ပို့ဆောင်မှာ ​ဖြစ်ပါတယ်။ ​ပထမဆုံး ​အသုတ်အနေနဲ့ ​လူ ​၁၀ ​ယောက်ကို ​အရင်ဆုံး ​ပို့ဆောင်မယ်လို့ ​ဆိုပါတယ်။
ကမ္ဘောဒီးယားနိုင်ငံမှာ ​သွားနေမယ်လို့ ​ကတိပေးတဲ့ ​ဒုက္ခသည်တွေကို ​သြစတြေးလျ ​အစိုးရက ​ငွေကြေးတွေ ​ပေးဆောင်မှာ ​ဖြစ်ပါတယ်။
လက်ထဲမှာ ​ငွေသားတွေ ​ပေးမှာ ​ဖြစ်သလို ​ဘဏ်အကောင့်ထဲမှာလည်း ​ငွေတွေ ​ထည့်ပေးမှာ ​ဖြစ်ပါတယ်။ ​ဒါ့အပြင် ​ကမ္ဘောဒီးယားမှာ ​အလုပ်အကိုင်ရရှိဖို့၊ ​ပညာသင်ကြားခွင့် ​ရရှိဖို့နဲ့ ​စကားတွေ ​ပြောတတ်အောင် ​သင်တန်းတွေ ​တက်ဖို့ ​စတာတွေကို ​လုပ်ပေးမှာ ​ဖြစ်သလို ​ကျန်ရစ်သူ ​မိသားစုဝင်တွေနဲ့ ​ပေါင်းစည်းစေမယ်လို့လည်း ​သိရပါတယ်။
သြစတြေးလျနိုင်ငံကို ​လှေတွေနဲ့ ​ဝင်လာသူတွေကို ​သြစတြေးလျက ​လက်မခံလိုတာကြောင့် ​ဒေသတွင်း ​နိုင်ငံတွေမှာ ​လူဝင်မှု ​ထိန်းသိမ်းရေးစခန်းတွေ ​ဖွင့်ပြီး ​ပို့ဆောင်ထားပါတယ်။
ပါပူဝါ ​နယူးဂနီနိုင်ငံနဲ့ ​Nauru ​နိုင်ငံမှာ ​စခန်းကို ​ဖွင့်လှစ်ထားပြီး ​အဲဒီ ​စခန်းက ​လူတွေကို ​ဒုက္ခသည် ​စစ်မစစ် ​စီစစ်နေပါတယ်။ ​ဒုက္ခသည် ​စစ်မှန်ရင်တောင် ​သြစတြေးလျနိုင်ငံမှာ ​နေထိုင်ခွင့် ​မပေးပဲ ​ကမ္ဘောဒီးယားလို ​နောက်တစ်နိုင်ငံကို ​ပို့ဆောင်ဖို့ ​ကြိုးစားနေတာ ​ဖြစ်ပါတယ်။
အရင်နှစ်တုန်းကပဲ ​သြစတြေးလျက ​ကမ္ဘောဒီးယားကို ​ဒေါ်လာ ​သန်း ​၄၀ ​ပေးပြီး ​ဒုက္ခသည်တွေကို ​လက်ခံပေးဖို့ ​ပြောဆိုရာက ​အခုလို ​စတင်ပို့ဆောင်ဖို့ ​စီစဉ်နေတာ ​ဖြစ်ပါတယ်။
လှေတွေနဲ့ ​ဝင်လာတဲ့ ​ခိုလှုံခွင့် ​တောင်းလိုသူ ​တချို့ဟာ ​သြစတြေးလျနိုင်ငံမှာ ​ဘယ်တော့မှ ​နေထိုင်ခွင့် ​မရနိုင်ဘူးလို့ ​သိရတဲ့အတွက် ​စိတ်ဓာတ်ကျပြီး ​မိမိကိုယ်ကို ​အနာတရ ​ပြုတာတွေလည်း ​ဖြစ်လေ့ဖြစ်ထ ​ရှိပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
လာမယ့် ဧပြီ ၂၁ ရက်နေ့မှာ ကျရောက်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိ အဖွဲ့ဝင်ဟောင်း သတင်းစာဆရာကြီး ဦးဝင်းတင် ကွယ်လွန်ခြင်း တစ်နှစ်ပြည့် အခမ်းအနားကို တက်ရောက်မယ့်သူတွေက အပြာရောင်ဝတ်ဆင်တဲ့လှုပ်ရှားမှု ပြုလုပ်မှာဖြစ်တယ်လို့ အခမ်းအနားကျင်းပရေးကော်မတီ က ပြောပါတယ်။
ဆရာကြီး ဦးဝင်းတင်ဟာ ထောင်အင်္ကျီအပြာကို သေတဲ့ အထိဝတ်ဆင်ခဲ့တာကြောင့် ဆရာကြီး ဂုဏ်ပြုတဲ့ အနေ နဲ့ နှစ်ပတ်လည်အခမ်းအနားမှာ တက်ရောက်မယ့် သူတွေကို အပြာရောင်ဝတ်စုံတွေ ၀တ်ဆင် ဖို့ နှိုးဆော်ထားတာဖြစ်တယ်လို့ အခမ်းအနား ကျင်းပရေးကော်မတီက ဦးထွန်းကြည် က ပြောပါတယ်။
"ဘဘကနိုင်ငံရေးအကျဉ်းသားများနဲ့ သူတို့မိသားစု အတွက်နောက်ဆုံးထွက်သက်ထိ အလုပ်လုပ်သွား တယ်၊ နောက်တစ်ခုကတိုင်းပြည်အတွက် သူတာဝန်ကျေခဲ့တယ်၊ ဆုံးပါးသွားတာတောင်မှ ထောင်အင်္ကျီကိုမချွတ်ဘဲနဲ့ တိုက်ပွဲဝင်သွားတာကို အသိမှတ်ပြုတဲ့အနေနဲ့ တန်ဖိုးထားတဲ့ အနေနဲ့ လေးစားဂုဏ်ပြုသောအားဖြင့် အပြာရောင်ဝတ်စုံကို ဝတ်လာခြင်းအားဖြင့် ဘဘကိုချစ်မြတ်နိုးရာ၊ လေးစားရာ၊ ဂုဏ်ပြုရာရောက်တယ်လို့ အလေးအနက်ခံယူလို့ အပြာရောင်ကို ဝတ်ဆင်မှာပါ"
ဆရာကြီးဦးဝင်းတင် ကွယ်လွန်ခြင်း တစ်နှစ်ပြည့် အခမ်းအနားကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာကျင်းပမှာဖြစ်ပြီး ဆရာကြီးရေးသားခဲ့တဲ့ စာအုပ်တွေ၊ ဓာတ်ပုံတွေ၊ ပန်းချီကားတွေနဲ့ လက်ရေးစာမူတွေကို ပြသမှာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီအခမ်းအနားကို နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ ဘာသာ ပေါင်းစုံ က ခေါင်းဆောင်တွေ၊ နိုင်ငံရေးအကျဉ်းသားဟောင်းအဖွဲ့အစည်းတွေ အနည်းဆုံး ၅၀ ကျော်ကို ဖိတ်ကြားထားတယ်လို့ သိရပါတယ်။
ဟံသာဝတီဦးဝင်းတင်ဟာ ပြီးခဲ့တဲ့နှစ် ဧပြီလ ၂၁ ရက်နေ့က ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။
RFA
စင်ကာပူရဲ့ နာမည်ကြီး ဆမ်ဘာဝမ်း သင်္ကြန် သံချပ်
စင်ကာပူရဲ့ နာမည်ကြီး ဆမ်ဘာဝမ်း သင်္ကြန် သံချပ်********************************************************Credit : Ye Myo Photography. ပြန်လည်မျှဝေပေးပါတယ်လေးစားလျက်Martin Swe14-04-2015
Posted by Martin Swe on Tuesday, April 14, 2015
Credit : Ye Myo Photography
ကျော်သူ နာရေးကူညီမှုအသင်း (ရန်ကုန်) နှင့်တွေ့ဆုံ မေးမြန်းခန်း
တင်ဆက် - သူသူအောင်
ရိုက်ကူး - သူရစိုး၊ သူသူအောင်
တည်းဖြတ် - သူသူအောင်
DVB TV News
တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ သင်္ကြန်ကာလအတွင်း ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့အမည်ဖြင့် ရန်ကုန်မြို့အတွင်း လှည့်လည်သံချပ်ထိုး
 ဝ လက်နက်ကိုင် တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ် (Photo: AFP)
အဲဒီလိုတားမြစ်ထားတာနဲ့ပတ်သက်ပြီး တိုင်းရင်းသားတွေ အကြား ပြန်လည်ညှိနှိုင်း နေတယ်လို့ UWSA ပြောရေးဆို ခွင့်ရှိသူ ဦးအောင်မြင့်က ပြောပါတယ်။
"ညှိနှိုင်းရေးအဖွဲ့ကလည်း ပြန်ညှိနှိုင်းနေပါ တယ်၊ ဆွေးနွေးနေတုန်းပါဘဲ၊ ဘယ်လိုဆုံးဖြတ် မလဲတော့မသိဘူး၊ ပြန်ဆက်သွယ်ပြီးတော့ပြောလာတာ ရှိပါတယ်၊ လူကြီးတွေကသိပ်ပြီးတော့အမြင်မကြည် လင်ဘူး၊ ဒါကြောင့်ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ စဉ်းစားပေးဖို့ပေါ့နော်"
လာမယ့် မေလ ၁ ရက်နေ့မှာ စတင်ကျင်းပမယ့် အဲ့ဒီညီလာခံကို တက်ရောက်ဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၂ ဖွဲ့ကို ဖိတ်ကြားထားတယ်လို့ သိရပါတယ်။
အစိုးရက မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော် MNDAA၊ ရခိုင့် တပ်မတော် AAနဲ့ တအာင်း ပလောင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ကို မဖိတ်ဖို့ တားမြစ်ထားပေမယ့် UWSA က ဖိတ်စာတွေ ပေးပို့ထား ပြီးဖြစ်တယ်လို့ သိရပါတယ်။
အဲဒီညီလာခံကျင်းပနိုင်ဖို့အတွက် ကချင်လွတ်မြောက်ရေး တပ်မတော် ၊ မိုင်းလားနဲ့ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်တို့က စီစဉ်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
ရန်ကုန်မြို့ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်အားကစားကွင်းရှေ့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် သင်္ကြန်ဖျော်ဖြေရေးမဏ္ဍပ်မှာ အွန်လိုင်းလေထန်ကုန်းသံချပ်အဖွဲ့ဟာ မနေ့ညက သံချပ်ထိုးဖျော်ဖြေခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
ရိုက်ကူး - ကျော်ဇောဝင်း၊ ကျော်ထွန်းနိုင်/ RFA
ရန်ကုန်မြို့ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်အားကစားကွင်းရှေ့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် သင်္ကြန်ဖျော်ဖြေရေးမဏ္ဍပ်မှာ အွန်လိုင်းလေထန်ကုန်းသံချပ်အဖွဲ့ဟာ မနေ့ညက သံချပ်ထိုးဖျော်ဖြေခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။ရိုက်ကူး - ကျော်ဇောဝင်း၊ ကျော်ထွန်းနိုင်/ RFA
Posted by RFA Burmese on Wednesday, April 15, 2015
သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထား ရတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ အားပေးကူညီ သူတွေ အမြန်ဆုံးလွတ်မြောက်ဖို့အတွက် လာမယ့် ဧပြီလ ၁၇ ရက်နေ့ နှစ်ဆန်းတစ်ရက်နေ့မှာ ရန်ကုန်၊ မန္တလေး အပါအ၀င် မြို့ ၈ မြို့မှာ ဆုတောင်းပွဲတွေ ကျင်းပမှာဖြစ် ပါတယ်။
မြို့ခံ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေစုပေါင်းပြီး ဆုတောင်းပွဲတွေ ကျင်းပမှာဖြစ်တယ် လို့ အရပ်ဘက် လူမှုအဖွဲ့အစည်းပူးပေါင်းကော်မတီအဖွဲ့ဝင် မသိန္နီဦး က ပြောပါတယ်။
"ဒေသခံမြို့တွေမှာရှိတဲ့ အဖွဲ့အစည်းတွေရယ်၊ ပရဟိတအဖွဲ့တွေရယ်၊ နောက်လူငယ် အဖွဲ့တွေ ရယ်ပေါင်းလုပ်ကြမှာပါ၊ ဒေသတွင်းမှာရှိတဲ့ ဘာသာရေးခေါင်းဆောင်တွေ ပါနိုင်သမျှ ပါအောင်တော့ လုပ်ဆောင်သွားမှာပါ"
လာမယ့် နှစ်ဆန်းတစ်ရက်နေ့မှာ ရန်ကုန်၊ မန္တလေး၊ ပြည်၊ ပြင်ဦးလွင်၊ ထားဝယ်၊ နတ်တလင်း၊ သံတောင်နဲ့ တောင်ကြီး မြို့တို့မှာ ဖမ်းဆီးခံထားရသူတွေ ပြန်လည် လွတ်မြောက်ရေး ဆုတောင်းပွဲတွေနဲ့ စတုဒီသာကျွေးမွေးပွဲတွေကို ပြုလုပ် မှာဖြစ်ပါတယ်။
ကျောင်းသားသပိတ်စစ်ကြောင်းမှာ ပါဝင်ခဲ့သူတွေနဲ့ ဖမ်းဆီးခံထားရသူတွေကို လွှတ်ပေးဖို့ ဆန္ဒပြတောင်းဆိုပွဲတွေမှာ ပါဝင်ခဲ့တာကြောင့် သာယာဝတီ အကျဉ်းထောင်နဲ့ မြင်းခြံအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရသူ ၈၀ နီးပါး ရှိတယ်လို့ သိရပါတယ်။
RFA
မနေ့က သင်္ကြန်ပွဲတော် အကျနေ့မှာ ရန်ကုန်မြို့နဲ့ မန္တလေးမြို့တွေက ရေကစားမဏ္ဍပ်တွေမှာ ကြမ်းကျွံတာတွေ၊ ပြိုကျတာတွေကိုကြည့်ရင် မဏ္ဍပ်ရဲ့ ခံနိုင်ဝန်ထက် လူဦးရေ ပိုတင်တာကြောင့်လို့ ဆောက်လုပ်ရေးနဲ့ ဒီဇိုင်းပုံစံ အကြံပေးတွေက သုံးသပ်နေကြပါတယ်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကနေ စည်းကမ်းချက်တွေ ချပေးထားပေမဲ့ လိုက်နာမှု အားနည်းတာကြောင့်လို့လည်း ဝေဖန်နေကြပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေသတင်းထောက် မသိင်္ဂီလင်းက သတင်းပေးပို့ထားပါတယ်။
၂၀၁၅ ခုနှစ် မဟာသင်္ကြန်အကျနေ့မှာ ရန်ကုန်မြို့က Barrack ရေကစားမဏ္ဍပ် ကြမ်းကျွံကျတာဟာ မဏ္ဍပ်ပေါ်မှာ ရေကစားသူတွေက အလွန်အကျွံ ခုန်ပေါက်တာကြောင့် ဖြစ်နိုင်တယ်လို့ ဗိသုကာနဲ့ ဆောက်လုပ်ရေးအကြံပေး မယုယုသွင်က သုံးသပ်လိုက်ပါတယ်။
“မဏ္ဍပ်တွေက သေချာဖောင်ဒေးရှင်းတွေ ဘာတွေ ချထားတာမှ မဟုတ်တာလေ။ ဒီလို တိုင်တွေကို မြေအ၀င်ပဲ စိုက်ထားရတာဆိုတော့ ထပ်ထပ်ထပ်ရိုက်ထည့်သလို ဖြစ်တာမျိုး ဖြစ်နိုင်တယ်ပေါ့နော်။ အဓိကကတော့ လူတွေ ခုန်တာများတာ၊ ခုန်တာရော၊ နောက် ရေကလည်း ပက်တော့ မြေကလည်း ပိုပို ပိုပို ပျော့လာတယ်လေ။ ပုံမှန်ထက်ကို သူတို့က အရမ်းပျော့နေမှာဆိုတော့ တအားခုန်တော့ တူနဲ့ရိုက်ထည့်သလိုဖြစ်နေမှာပေါ့။ အပေါ်ကကြမ်းတွေက တဆက်တည်းဖြစ်နေတာကြောင့် မကျိုးနိုင်ရင်တောင်မှ ၀င်သွားတာမျိုး ဖြစ်နိုင်ပါတယ်။”
မဏ္ဍပ်စီစဉ်သူတဦးဖြစ်တဲ့ ကိုနေလင်းအောင်ကလည်း မဏ္ဍပ်ရဲ့ ခံနိုင်ဝန်အားထက် လူဦးရေ ပိုတင်တာကြောင့်လည်း ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။
“ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ကျနော်တို့ သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ရေးနဲ့ ပတ်သက်ပြီးတော့ စည်းကမ်းချက် ၄၄ ချက် ထုတ်တယ်ခင်ဗျ။ စည်းကမ်းချက် ၄၄ ချက်မှာက လူအယောက် ၂၅၀ ကျော်ပြီး တင်လို့မရတာ ပါတယ်ခင်ဗျ။ အဲလိုမျိုးရှိတယ်ခင်ဗျ။ ဒါပေမဲ့ သင်္ကြန်မဏ္ဍပ်တွေကတော့ မဏ္ဍပ်တိုင်း လိုလိုပါပဲ။ လူကတော့ ဒီထက်ပိုပြီး တင်ကြတာမျိုး ရှိတယ်ခင်ဗျ။ အဲတော့ ကျနော်ထင်တာကတော့ တင်လိုက်တဲ့ လူဦးရေနဲ့ မဏ္ဍပ်ရဲ့ ခံနိုင်ဝန်အားနဲ့ မမျှလို့ အဲလိုမျိုးဖြစ်သွားတယ်လို့ ထင်တာပဲခင်ဗျ။”
ရန်ကုန်မြို့က ရေကစားမဏ္ဍပ် အများဆုံးရှိတဲ့ ကမ္ဘာအေးဘုရားလမ်းက မဏ္ဍပ်တွေကို သွားရောက်ဖြစ်တဲ့ ရေကစားသူတဦးကလည်း လူဦးရေ ပိုတင်တာကြောင့်ပဲ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
“အကိုထင်တယ်။ သူတို့ရဲ့ structure တွေ ဘာတွေ သုံးထားတာကလည်း သိပ်အရမ်း အားနည်းလောက်အောင် လုပ်ထားတာတော့ မဟုတ်ဘူးသိလား။ သုံးထားတဲ့သစ်တွေ ဘာတွေကလေ။ ခိုထားတဲ့ပုံစံတော့ အဲဒါတော့ တကယ်ဆောက်တဲ့သူတွေပဲ သိမယ်။ အကိုတို့ကြည့်တာတော့ ခိုထားတဲ့ပုံတွေ ဘာတွေ အရမ်းကြီး အဲလိုမျိုး ခိုပြီးလုပ်ထားတဲ့ပုံ မဟုတ်ဘူး။ ဒါပေမဲ့ လူတော့ အရမ်းများတယ်။”
စီးပွားရေးမဏ္ဍပ်တွေအနေနဲ့ မဏ္ဍပ်ဆောက်လုပ်ရေးစရိတ်တွေ မြင့်တက်လာတာကြောင့် သတ်မှတ်လူဦးရေထက် ပိုပြီး တင်ကြတယ်လို့ ကိုနေလင်းအောင်က ရှင်းပြပါတယ်။
“ပိုက်ဆံကတော့ တယောက်ကို လက်မှတ်ရောင်းတယ်ပေါ့နော် တယောက်ကို ၄ သောင်း၊ ၅ သောင်း အဲလိုမျိုးရောင်းကြတယ်။ လူကို ထောင်နဲ့ချီပြီး တင်ကြတာမျိုးတွေ ရှိတယ်ဗျ။ အဲလိုတင်မှာလည်း မဏ္ဍပ်တွေက ပိုက်ဆံကျန်တာမျိုး၊ အမြတ်ကျန်တာမျိုး၊ အရင်းကျေတာမျိုးတွေ ရှိတယ်။ ဘာလို့လဲဆိုတော့ ပါမစ်တစောင်ပဲ မဏ္ဍပ်ဆောက်လုပ်ကြေးတွေ မပါသေးဘူး၊ ပါမစ်တစောင်အတွက်ပဲ ဒီနှစ်ထဲမှာ ၄၀၀၊ ၅၀၀၊ ၁၅၀၀ တွေ ၇၀၀ တွေပါ ဖြစ်သွားတယ်ဆိုတော့လေ။ ဆောက်လုပ်ရေးခနဲ့ဆို အရမ်းကို များသွားတယ်။”
ရေကစားမဏ္ဍပ်တွေအနေနဲ့ ကြမ်းကျွံတာ၊ မြေကျွံတာ၊ ပြိုကျတာ စတာတွေကို အတက်နိုင်ဆုံး ရှောင်ရှားဖို့ လက်သမားအဖွဲ့တွေကို အဆင့်ထားဖို့လည်း လိုအပ်တယ်လို့ ကိုနေလင်းအောင်က ဆိုပါတယ်။
“အဲလို လက်သမားတွေ၊ တကယ့် လိုအပ်တဲ့ အလုပ်သမားတွေကို stand by ထားထားဖို့ လိုတယ်ဗျ။ အဲဒါမှ တကယ်လို့ မဏ္ဍပ်က အခြေအနေမကောင်းဘူးဆိုရင် လိုအပ်တဲ့သစ်တွေကို ဒါမျိုး ထုတ်ပေးဖို့၊ တကယ်လို့ အရံသင့်ထားပေးဖို့ကတော့ မဏ္ဍပ်တိုင်းမှာ ထားပေးဖို့ လိုတယ်လို့တော့ ကျနော်ထင်တယ်ခင်ဗျ။ စည်းကမ်းချက်ပိုင်းမှာ လိုက်နာမှုကတော့ အားနည်းတာပေါ့နော်။ မဏ္ဍပ်တော်တော်များများမှာတော့ ဒါမျိုးကတော့ ရှိကောင်းရှိတယ်ဗျ။”
မနေ့က သင်္ကြန်အကျနေ့မှာတော့ ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းက Barrack ရေကစားမဏ္ဍပ်မှာ ကြမ်းကျွံကျခဲ့ပေမဲ့ ဆိုးဆိုးရွားရွား မဖြစ်ခဲ့တာကြောင့် ညနေပိုင်းမှာ ရေဆက်ကစားနိုင်ခဲ့ပြီး၊ မန္တလေးမြို့က နွေရတီ ရေကစားမဏ္ဍပ်ကတော့ ပြိုကျခဲ့တာဖြစ်ပြီး ပွန်းပဲ့ထိခိုက်မှု အနည်းငယ်ရှိခဲ့ပါတယ်။
VOA
ရုရှားနစ်မြုပ်ငါးဖမ်းသင်္ဘော Dalniy Vostok က သေဆုံး မြန်မာသင်္ဘောသားအလောင်း ၁၆ လောင်း မြန်မာနိုင်ငံကို ရုရှားနိုင်ငံကနေ ပြန်လည် သယ်ဆောင်လာနေပြီ ဖြစ်ပါတယ်။ ရုရှားအစိုးရ၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးစီစဉ်မှုနဲ့ သေသူတွေရဲ့ ရုပ်အလောင်းတွေကို စင်းလုံးဌားလေယာဉ်နဲ့ သယ်ဆောင်လာမှာဖြစ်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဧပြီလ ၁၆ ရက်နေ့ သင်္ကြန်အတက်နေ့ မနက် ၇ နာရီခွဲမှာ ဆိုက်ရောက်မှာ ဖြစ်ပါတယ်။
ကျန်ရစ်သူမိသားစုတွေအတွက် မြန်မာနိုင်ငံက ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများ အဖွဲ့ချုပ်က ဦးဆောင်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ကူညီဆောင်ရွက်ပေးနေပါတယ်။ မဆုမွန်က အပြည့်အစုံကို တင်ပြထားပါတယ်။
ရုရှားအစိုးရ၊ ရုရှားနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာနရဲ့ စီစဉ်ဆောင်ရွက်ပေးမှုနဲ့ နစ်မြုပ်ရုရှားငါးဖမ်းသင်္ဘော Dalniy Vostok က သေဆုံးခဲ့သူ မြန်မာသင်္ဘောသား ၁၆ ယောက်ရဲ့ ကြွင်းကျန်ရုပ်အလောင်း ၁၆ လောင်းကို စင်းလုံးဌားလေယာဉ် Air Incheon လေယာဉ်ခရီးစဉ်နဲ့ မနက်ဖြန် ဧပြီလ ၁၆ ရက်နေ့ သင်္ကြန်အတက်နေ့ ကြာသပတေးနေ့ မနက် ၇ နာရီခွဲအချိန်မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို သယ်ဆောင်လာတော့မှာ ဖြစ်ပါတယ်။
သေဆုံးသူတွေရဲ့ရုပ်အလောင်းကို သယ်ဆောင်လာတဲ့ စင်းလုံးဌားလေယာဉ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဆင်းသက်နိုင်ရေးရုရှားအစိုးရ၊ ရုရှားနိုင်ငံဆိုင်ရာ မော်စကို မြန်မာသံရုံးစီစဉ်မှုနဲ့ မြန်မာလေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနဲ့ ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ကြတာ ဖြစ်ပါတယ်။
မြန်မာသင်္ဘောသား ရုပ်အလောင်း ၁၆ လောင်း မြန်မာနိုင်ငံကို ဆိုက်ရောက်လာတဲ့အခါ စီစဉ်ဆောင်ရွက်ထားမှုနဲ့ ပတ်သက်လို့ ဦးဆောင် ကူညီဆောင်ရွက်ပေးနေတဲ့ မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ် Myanmar Seamen’s Federation - MSF ဗဟိုအလုပ်အမှုဆောင် ဦးမြတ်ကျော်ဝင်း က ဗွီအိုအေမြန်မာပိုင်းကို အခုလို ပြောပါတယ်။
“ရုရှားမှာရှိတဲ့ မြန်မာသံရုံးနဲ့ ရုရှားအစိုးရက အကြောင်းကြားတယ်။ ၁၆ လောင်း၊ သေတာကတော့ အယောက် ၂၀ ပဲ။ ၄ လောင်းကတော့ သူတို့မရသေးဘူးပေါ့။ ရှာတုန်းပဲ။ ၁၆ လောင်းကိုတော့ သူတို့ရရှိပြီးတော့ ပထမ ဒီနေ့ပို့မယ်ဆိုပြီးတော့မှ မနက်ဖြန်မနက် ၇ နာရီခွဲလောက်မှ charter flight နဲ့ရောက်မယ်လို့ အကြောင်းကြားလာတယ်။ မိသားစုဝင်ကတော့ သက်ဆိုင်ရာ ရေကြောင်းဦးစီးဌာနကနေပြီးတော့ သူတို့လိုက်ခဲ့တဲ့ ရန်ကုန်က ကုမ္ပဏီတွေကို အကြောင်းကြားထားတယ်။ သူတို့ကုမ္ပဏီတွေကို အကြောင်းကြားပြီးတော့ သူတို့ကုမ္ပဏီကနေပြီးတော့မှ အဲဒီကလေး မိဘတွေ၊ ဆွေမျိုးသားချင်းတွေကို တဆင့် အကြောင်းကြားပေးထားတယ်။”
သင်္ကြန်အတက်နေ့မှာ ဆိုက်ရောက်လာမယ့် သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ကျန်ရစ်သူ မိသားစုတွေအနေနဲ့ သဂြုင်္ိဟ်နိုင်ရေး မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်က စီစဉ်ဆောင်ရွက်ထားတာနဲ့ ပတ်သက်လို့လည်း အခုလို ပြောဆိုပါတယ်။
“အဲဒီဟာနဲ့ ပတ်သက်ပြီးလို့ဆိုရင်တော့ တို့ဗမာ ဗုဒ္ဓဘာသာကလေးတွေလည်း ပါတယ်။ တချို့ အဲဒီ ဆုံးတဲ့အထဲမှာ ဟိန္ဒူကလေးတွေ ဒါမျိုးတွေလည်း ပါလာပါတယ်။ တချို့ကလည်း နယ်ကိုသယ်ချင်တယ်။ ဒါပေမဲ့ တို့ထုံးစံကတော့ နှစ်ဆန်းတစ်ရက်နေ့ မကျော်ရဘူးလေ။ မကျော်ရဘူးဆိုတော့ မနက်ဖြန်ရောက်လာရင်လည်း ဒီလို လွယ်လင့်တကူ လေဆိပ်ကနေ တန်းပြီး ယူသွားလို့လည်းမရ။ အလောင်းယူမယ်ဆိုရင် ဒီလိုပဲပို့ရင်လည်း ဘယ်လိုပို့ရလဲဆိုရင် ရန်ကုန်ဆေးရုံကြီးပေါ့နော်၊ အဲဒီကို ပို့ပေးရတယ်။ အဲဒီရန်ကုန်ဆေးရုံကနေပြီးတော့ death certificate ထုတ်ပေးမှ သင်္ဂြိုဟ်ခွင့်ရမှာ။ အခုလည်း အဲလိုပဲဖြစ်ပါလိမ့်မယ်။ အလောင်းတွေကို ရန်ကုန်ဆေးရုံကြီး၊ ဒါမှမဟုတ်ရင်လည်း ဆေးရုံကြီးတခုခုကို ပို့ရမယ်။ သူကနေပြီးတော့ death certificate ထုတ်ပေးမယ်။ အဲဒီ death certificate ရတော့မှပဲ ရေဝေးတို့၊ သက်ဆိုင်ရာ သင်္ဂြိုဟ်မယ့်နေရာတွေ ပို့ပေးရမှာပေါ့နော်။”
ဒါကြောင့် သေဆုံးသူ၊ ပျောက်ဆုံးဆဲနဲ့ အသက်ရှင်ကျန်ရစ်သူ မြန်မာသင်္ဘောသားတွေအတွက် နစ်နာကြေး လျော်ကြေးရရှိရေးနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်းတွေနဲ့ မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများ အဖွဲ့ချုပ်ဘက်က ဧပြီလ ၂၂ ရက်နေ့ကစလို့ စုံစမ်းစစ်ဆေး ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။
“အခု မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသားများအဖွဲ့ချုပ်ကတော့ သူတို့မရောက်ခင်ကတည်းက သူတို့မိဘတွေက လာပြီးတော့ အကူအညီတောင်းလို့ လုပ်စရာရှိတာတွေ လုပ်ထားပြီးပါပြီ။ သူတို့ကလေးတွေရောက်တော့မှပဲ ၂၂ ရက်နေ့ ရုံးဖွင့်ရင် အချက်အလက်တွေကို မေးမယ်။ ရှင်တဲ့ကလေးတွေကိုကျတော့၊ သူတို့လိုအပ်တာတွေ အကုန်လုပ်ပေးမယ်။ သူတို့လစာကျန်တာတွေ၊ သူတို့မရရှိခဲ့တာတွေ၊ ရပိုင်ခွင့်တွေ၊ ရဖို့တွေ အကုန်လုံး ဆောင်ရွက်ပေးရမှာပေါ့။ ဆုံးတဲ့ကလေးတွေကတော့ သက်ဆိုင်ရာ စာချုပ်ပါ စည်းကမ်းအတိုင်း ရေကြောင်းဦးစီးဌာနနဲ့ ကုမ္ပဏီနဲ့ချုပ်တဲ့ စာချုပ်၊ ကုမ္ပဏီနဲ့ သင်္ဘောသား ဆုံးတဲ့ကလေးတွေနဲ့ ချုပ်တဲ့စာချုပ်တွေအရ ရသင့်ရထိုက်တာတွေကို အကုန်လုံးရအောင် လုပ်ပေးမယ်။”
နစ်မြုပ်ရုရှားငါးဖမ်းသင်္ဘော Dalniy Vostok က သေဆုံးခဲ့သူတွေအနက် မြန်မာသင်္ဘောသားတွေထဲက ၁၆ လောင်းကိုပဲ ဆယ်ယူရရှိခဲ့တာဖြစ်ပြီး ကျန် မြန်မာသင်္ဘောသား ၄ ဦးကတော့ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ အသက်ဘေးက လွတ်မြောက်လာတဲ့ အသက်ရှင်သူ မြန်မာသင်္ဘောသား ၂၂ ဦးကတော့ ဧပြီလ ၁၂ ရက်နေ့က မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိလာကြပြီ ဖြစ်ပါတယ်။
VOA
မဆုမွန်
http://burmese.voanews.com/content/russia-burmese-sailors/2719842.html
|| သရော်စာ - စိုပြေ ||
ယခုနှစ် သင်္ကြန်ကာလတွင်တော့ အမျိုးကောင်းသား၊ အမျိုးကောင်းသမီးများ အစိုးရကို ကျိန်ဆဲကြလေတော့သည်။ မိဘများကတော့ အစိုးရ၏ စေတနာကို နားလည်သဖြင့် ကျေးဇူးတင်ကြ၏ ။ အို... အလွန်တရာ ဥာဏ်ရည်မြင့်မား အစိုးရမင်းပါတကား ဟု ရေရွတ်ကြကုန်သည်။
အကြောင်းကတော့ သင်္ကြန်ကာလအတွင်း ကွန်ဒုံးနှင့် တားဆေးများ မရောင်းရဟု ပိတ်ပင်ထားသောကြောင့်ပင်။
စိုပြေကတော့ အစိုးရ၏ လုပ်ရပ်ကို ထောက်ခံသည်။ ဒါဖြစ်သင့်၏ ။ ကွန်ဒုံးသည် မကောင်းမှန်း လူတိုင်း သိသည်။ အရွယ်ရောက်ပြီးသော လူတိုင်း ကွန်ဒုံးကို မသုံးခြင်။ အေကိုက်မှာ ကြောက်လို့သာ သုံးနေကြခြင်းဖြစ်သည်။ အေသာ မကိုက်လို့ကတော့ ကွန်ဒုံးကို သုံးနေမည်မဟုတ်။
အချို့များ ဆိုလျှင် အရင်ခေတ်က လူကြီးတွေ ကို အားကျကြ၏ ။ သူတို့ ခေတ်က အေမရှိ။ ဘီမရှိ။ ကာလသားရောဂါဟု ယဉ်ယဉ်ကျေးခေါ်သော ဖာကျိုးခြင်းသာ ရှိ၏ ။ ကျိုးလျှင် ကိစ္စမရှိ။ ပင်နစလင်နှင့် ပျောက်၏ ။
အခုခေတ်ကြတော့ အေအိုင်ဒီအက်တဲ့။ ထိုရောဂါကိုတော့ ပင်နစလင်မနိုင်တော့။ သို့နှင့် အရင်ခေတ်က လူအချို့သာ သုံးခဲ့သည့် ရာဘာအစွပ်လေးတွေ ကို ကွန်ဒုံးဆိုပြီး အမျိုးကောင်းသားများ သုံးကြရလေတော့သည်။
ထိုကွန်ဒုံးသည် ကလေးမရစေရန်လည်း ကာကွယ်၏ ။ ကာလသားရောဂါမှလည်း ကာကွယ်၏ ။ အေအိုင်ဒီအက်စ်မှလည်း ကာကွယ်ပါ၏ ။ အခြားသော ရောဂါများကိုလည်း ကာကွယ်ပါ၏ ။
ထိုသို့ ကာကွယ်ပေးသော်ငြား အမျိုးကောင်းသား သမီးတို့၏ စိတ်ထဲတွင် အလွှာပါးပေမဲ့ ကမ္ဘာခြားသလို ခံစားရတယ် ဟုထင်ကြကုန်၏ ။ ထို့ကြောင့် ကိုယ့်ချစ့်သူ၊ ရည်းစား၊ ဇနီးမယား၊ အငယ်အနှောင်း စသည်ဖြင့် ကိုယ်စိတ်ချသောသူများနှင့်တော့ ထိုကွန်ဒုံးကို အသုံးပြုမှု ရှောင်ကြဉ်လာတော့သည်။
ထိုသို့ ကွန်ဒုံးမသုံးလျှင်တော့ အမျိုးကောင်းသမီးတို့အတွက် အရေးပေါ်တာဆေးများ ရှိပါ၏ ။ ၇၂ နာရီအတွင်း သောက်ရသော ထိုဆေးများကို အမျိုးကောင်းသမီးများ ပဲလျှော်ဝါးသလို ၀ါး၏ ။ ထိုအရေးပေါ်ဆေးက အရေးပေါ်အတွက်ပဲ ကောင်း၏ ။ မကြာခဏ သောက်လျှင်သားအိမ်ထိခိုက်သည်ဆို၏ ။ ကလေးမရဖြစ်တတ်သည်ဟုလည်း ဆိုကြ၏ ။
အစိုးရ အရာရှိကြီးများသည် ယခု ခေတ်ကလေးများကို သနားပုံရ၏ ။ အန်ဂျီအိုတွေက ဈေးပေါပေါနှင့် ထုတ်သဖြင့်သာ အမျိုးကောင်းသားတွေ ခမြာ ကွန်ဒုံးကို မသုံးခြင်ပဲ သုံးနေရရှာသည်။ သူတို့လည်း ကွန်ဒုံးမသုံးဘဲ နေခြင်လိမ့်မည်ဟု အစိုးရမင်းက တွေး၏ ။ ကွန်ဒုံးမသုံးဖြစ်အောင် ကွန်ဒုံးတွေ ကို ပိတ်ပင်မှ ဖြစ်မည်။ သို့သော်လည်း ကွန်ဒုံးကို ဒီအတိုင်း သွားပိတ်ပင်လို့မဖြစ်။ အကြောင်းပြရမည်။
ဒါကြောင့် ကွန်ဒုံးကို မြင်လျှင် လိင်စိတ်နှိုးကြားလိမ့်မည်။ နောက်ပြီး ကွန်ဒုံးကိုရှိလျှင် လိင်ဆက်ဆံနေလိမ့်မည်ဟု အကြောင်းပြသည်။ ထို့ကြောင့် ကွန်ဒုံးကို မရောင်းနှင့်။
နောက်ပြီး...။ တားဆေးကိစ္စ။ တားဆေးသည် သားအိမ်ထိခိုက်သည်။ ကျမ်းမာရေးအတွက် မကောင်း။ အမျိုးကောင်းသမီးတို့ခမြာ တားဆေးဆိုတာ ရှိနေလို့သာ သောက်နေရခြင်းဖြစ်သည်။ တားဆေးသာ မရှိလျှင် သူတို့လေးတွေ သောက်ကြရတော့မည်မဟုတ်။ မသောက်လျှင် ကျမ်းမာရေးကို မထိခိုက်တော့။ အို... ကွန်ဒုံးကို ပိတ်တာနှင့် တပြိုင်နက်ထဲ ပိတ်လိုက်တာ ကောင်းတာပေါ့လေ။ သို့နှင့် တားဆေးကိုလည်း ပိတ်ပြန်သည်။
တားဆေးတို့၊ ကွန်ဒုံးတို့ စသည့် မရှိမဖြစ်တွေ ကိုတော့ ပိတ်ပြီး လိင်စိတ်ကြွဆေးကို မပိတ်လျှင် ကြားမကောင်းဖြစ်တော့မည်။ ကွန်ဒုံးနဲ့ တားဆေး မရှိပဲ လိင်စိတ်ကြွနေပါကလည်း ခက်ချေပြီလား။ ဒါကြောင့် လိင်စိတ်ကြွဆေးတွေ တရားဝင်ဝင် မ၀င်ဝင် ပိတ်။ လိင်စိတ်ကြွစေစေ မစေစေ ပိတ်။ ကွန်ဒုံးနှင့် တားဆေးတောင် ပိတ်ပြီးပြီကိုး။
အစိုးရမင်း၏ နောက်ထပ် စေတနာတစ်ခုလည်း ရှိပြန်၏ ။ ထိုစေတနာကတော့ တာဝန်ယူမှု တာဝန်ခံမှုပင်။ နောက်တနည်း... ဘာတဲ့ လုပ်ရဲရင် ခံရဲ ရမယ်ပေါ့။ ဒါကြောင့် သင်္ကြန်တွင်းမှာ ကွန်ဒုံးမပါဘဲ ဆက်ဆံ။ တားဆေးမသောက်။ ဒါဆို ကိုယ်ဝန်ရမည်။ ကလေးရမည်။ အမျိုးကောင်းသားသမီးတို့ ခမျာ ကိုယ့်လုပ်ရပ်ကို တာဝန်ယူရမည်။ တာဝန်ခံရမည်ဆိုသည့် စိတ်ကလေးတွေ ထွက်ပေါ်လာလိမ့်မည်။ ကွန်ဒုံးတွေ သုံး။ ဟိုဆေးတွေ သောက်နေလျှင် တာဝန်ယူစိတ်၊ တာဝန်ခံတွေတွေ ရှိမည်မဟုတ်။ ဟူ၍ အစိုးရမင်းများ တွေးကြကုန်၏ ။
အစိုးရ ဒီလိုလုပ်တာကို ထုံးစံအတိုင်း အပြစ်တင်သူများလည်း ရှိပါ၏ ။ နိုင်ငံတကာမှာဆို ကွန်ဒုံးတွေ အလကားဝေတာ။ မတားမြစ်သင့်ဘူး။ တားဆေးတွေလည်း မပိတ်သင့်ဘူး။ ကိုယ်ဝန်ရသွားရင် ဘယ်လိုလုပ်မလဲ။ စသည်ဖြင့် ဝေဖန်ကြသည်။
ဆေးဆိုင်များကလည်း မကျေနပ်။ ငါတို့က တရားဝင် တင်သွင်းခွင့်ရ ဆေးတွေကိုပဲ ရောင်းတာဟု ဆိုကြပြန်သည်။ တရားမ၀င်ဆေးမှန်သမျှကို ရနိုင်သည့် ခွေးခြေလေးနဲ့ အဖော်ရောင်း ဆိုင်တွေကို ဖမ်းပါလားဟု မေးငေါ့ကျသည်။ ရဲများကတော့ လမ်းတိုင်း မြို့ နယ်တိုင်း ဆေးဆိုင်ကြီးသေးမရွေး …. လိုင်းကြေးကောက်ပြီး …. အဲ အဲ စစ်ဆေးပြီးဟု သတင်းထုတ်ပြန်လေသည်။
ဆေးကုမ္ပဏီများကလည်း မကျေနပ်။ ၄င်းတို့ တင်သွင်းသော ဆေးများသည် တရားဝင်တင်သွင်းသည့် ဆေးများ ဖြစ်သည်။ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး တရားဝင်မှတ်ပုံတင်ထားသည့် ဆေးဝါးများ ဖြစ်သည်ဟု ဆိုသည်။ ပန်းသေပန်ညိုးဆေးများမှာ ကံမကောင်းသည့် အမျိုးသားကောင်းများအတွက် ဖြစ်ပြီး လိင်စိတ်ကြွဆေး မဟုတ် ဟုလည်း ပွက်ကြသေးသည်။ တားဆေးများမှာလည်း သားဆက်ခြားလိုသည့် အိမ်ထောင်သည် အမျိုးသမီးများ၊ ဓမ္ပတာမမှန်သည့် အမျိုးကောင်းသမီးများ အတွက် ဆရာဝန်ဆေးစာဖြင့်သာ ရောင်းချနိုင်သည်ဟု ဆိုကြသည်။
တကယ်တော့ ထိုသူများ အားလုံးအနေဖြင့် အစိုးရ၏ စေတနာကို နားမလည်သောကြောင့် ယခု လို အပြစ်တင်နေခြင်းဖြစ်ပါသည်။ အမျိုးကောင်းသား သမီးတွေကို အလွှာပါးက ကမ္ဘာခြားနေတာကို ပယ်ဖျက်ပေးတာ။ များများသောက်လျှင် ကျမ်းမာရေး ထိခိုက်စေသော တားဆေးတွေကို မသောက်စေလိုတာ။ နောက်ပြီး ကလေးတွေ ကို တာဝန်ယူစိတ်၊ တာဝန်ခံစိတ် ဖြစ်ပေါ်လာအောင် လုပ်ဆောင်ပေးတာ။ စတာတွေသာ သိလျှင် ယခု ဝေဖန်နေကြသူများလည်း ဥာဏ်ကြီးရှင် အစိုးရမင်းများ၏ စစ်မှန်သော စေတနာကို နားလည် သဘောပေါက်ကြပေလိမ့်မည်။
ဘာပဲဖြစ်ဖြစ် ယခု အခါတွင်တော့ ကျန်းမာရေး အန်ဂျီအိုတွေ အနေဖြင့် နောက် ၆ လလောက်ကြာလျှင် အေအာတီဆေး သောက်သူတွေ ပိုများလာမလား။ အေအာတီဆေး ဘယ်လိုရအောင် လုပ်မရလဲ စဉ်းစားနေကြပါပြီ။ ဂျင်မခံနာက သွားဖွားဆရာဝန်များ အနေဖြင့် လည်း နောက်ခြောက်လလောက်ကြာလျှင် ကလေးတွေ အများကြီး မွေး ရတော့မှာပဲဟု တွေးပူနေကြပြန်သည်။
ပျော်ရွှင်နေသူတွေ ကတော့..... အရပ်လက်သည်များနှင့် တိုးတိုး တိတ်တိတ် ဆေးခန်းများပင်။ ထိုသူတွေကတော့ အမျိုးကောင်းသမီးများတွက် ထီးရိုးသွေးသူသွေး။
တတ်နိုင်သူများအတွက် လေစုတ်ခွက် ပြင်လို့ပြင်။ ဖြစ်ကုန်ကြလေပြီ။
စိုပြေ
သင်္ကြန်အကျနေ့၊ ၂၀၁၅။
The Ladies News Journal
https://www.facebook.com/News.TheLadies
 သင်္ကြန်အကြတ်နေ့ ဧပြီ ၁၅ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၀န်းကျင်ခန့်က ရန်ကုန်မြို့ လသာမြို့နယ် အနော်ရထာလမ်းမပေါ်ရှိ SKY NET သင်္ကြန်မဏ္ဍပ်ရှေ့တွင် သင်္ကြန်ရေကစားသူထံမှ ရွှေဆွဲကြိုးတစ်ကုံး ဖြတ်၍ လုယက်မှု တခုဖြစ်ပွားခဲ့သည်။
သင်္ကြန်ကာလရေကစားသူများ၏ ပျော်ရွှင်မြူးထူးချိန်အား အခွင့်ကောင်းယူကာ တယ်လီဖုန်းများ၊ ပိုက်ဆီအိပ်များ၊ တန်ဖိုးကြီးလက်ဝတ်ရတနာများကို အလစ်သုတ် လုယက်ကြနေခြင်းဖြစ်သည်။
" အဲဒီလူက ကျွန်တော်တို့ အဖွဲ့ထဲကို အတင်းတိုးဝင်လာတာ။ ကျွန်တော်တို့နဲ့ အတူတူကမယ်ထင်တာ။ ကျွန်တော်တို့က ရှေ့ကို မဲပြီးကနေတဲ့အချိန်မှာအဲဒီလူက ဆွဲကြိုးဖြုတ်တာ မြင်လိုက်တော့ သူ့ အင်္ကျီကို လှမ်းဆွဲဖမ်းထားလိုက်တာ။သူတို့ နဲ့အတူ နောက်ထပ်နှစ်ယောက်ပါတာတွေ့ရတယ်။ ဆွဲကြိုးလည်းပါသွားတယ်။နောက်တစ်ယောက်က ပိုက်ဆံအိပ် ပါသွားတယ်။ အဲဒီလူကို မိတော့ ဘယ်မှာလဲ ဆွဲကြိုးလို့ မေးတော့ သူလက်ကို ဖြန့်ပြပြီး မရှိဘူးကွာလို့ပြန်ပြောတယ် "ဟု ဆွဲကြိုးအဖြတ်ခံရသည့် လူငယ်အဖွဲ့မှ ကိုမျိုးကိုလတ်ကပြောသည်။
SKY NET သင်္ကြန်မဏ္ဍပ် တွင် လုံခြုံရေး စီစီတီဗွီ ကင်မရာများတပ်ဆင်၍ အချိန်နှင့် တပြေးညီ စောင့်ကြပ် ကြည့်ရှုနေလျက်ရှိပြီး သင်္ကြန် အကြို၊အကျ နေ့ရက်များတွင် ယင်းကဲ့သို့ လုယက်မှုများတစ်ကြိမ်မှ မဖြစ်ပွါးခဲ့ကြောင်း၊ ယခုလုယက်သူသည် ဒလမြို့နယ်တွင် နေထိုင်သူဟု သိရကြောင်း နှင့် လက်ရှိမိထားသူအပါအ၀င် လုယက်မှုတွင်ပါဝင်သူ သုံးဦးဟု သိရှိရကြောင်း SKY NET သင်္ကြန်မဏ္ဍပ် လုံခြုံရေးတာ ၀န်ခံ ဦးအောင်လှ ကပြောသည်။
" ကိုယ်တို့က စီစီတီဗွီရှေ့မှာရှိတယ်။ အဲဒီကနေ စက်နဲ့ လှမ်းပြောတယ်။ဒီလုယက်မဲ့ သူက ဒီကလေးတွေနဲ့ အတူဝင်ကတာ။ကပြီးတော့ တစ်ယောက်က အနီရောင်ဝတ်ထားတဲ့ လူငယ်ရဲ့ နောက်မှာ။နောက်တစ်ယောက်က ဆွဲကြိုးဖြတ်ပြီးပြေးတာ။အဲဒီလုယူတဲ့ကောင်ကို မိလည်းမိရော သူက ဆွဲကြိုးကို လှမ်းပစ်ပေးလိုက်တော့ နောက်ထပ် ပါလာတဲ့ နှစ်ယောက်ဆီရောက်သွားတယ်။ပြီးတော့ အဲဒီ နှစ်ယောက်က ထွက်ပြေးသွားတယ်။စီစီတီဗွီမှာက ဖြတ်လိုက်တဲ့ ပုံပါပေါ်နေတယ်။" ၄င်းကပြောသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍့  ယင်းနေ့ ၁ နာခွဲဝန်းကျင်အချိန်တွင် လသာမြို့မ ရဲစခန်းသိုနှစ်ကြိမ်တိုင်တိုင်သွားရောက်စုံစမ်းကြည့်ရာ စိစစ်ဆဲ ဖြစ်ကြောင်းနှင့် မည်သည့်ပုဒ်မနှင့်မည်သို့မည်ပုံ အရေးယူဆောင်ရွက်သွားမည်ကို ပြောဆို၍ မရကြောင်းသိရသည်။
လင်းလင်းအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ဒီနှစ်သင်္ကြန်တွင်း မန္တလေးမြို့မှာ အရင်နှစ်တွေကလောက် မဏ္ဍပ်တွေ မများပေမဲ့လို့ လူတွေ အများအပြားကတော့ သင်္ကြန်ပွဲကို ပျော်ပျော်ပါးပါး ဆင်နွှဲကြပါတယ်။
လူမှုရေးအသင်းအဖွဲ့တွေက ကူညီစောင့်ရှောက်ပေးတာကြောင့်လည်း ခိုက်ရန်ဖြစ်ပွားမှုတွေ၊ မတော်တဆမှုတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေ နည်းပါးတာ တွေ့ရတယ်လို့လည်း မြို့ခံတချို့က ပြောကြပါတယ်။ မန္တလေးသင်္ကြန် အခြေအနေကို ဆက်သွယ် မေးမြန်းထားတဲ့ မခင်ဖြူထွေးက တင်ပြထားပါတယ်။
ဒီနှစ် မန္တလေးသင်္ကြန်မှာ ရေကစားတဲ့ မဏ္ဍပ်တွေ နည်းသွားပေမဲ့လို့ အရင်နှစ်တွေလိုပဲ စည်ကားမြဲပဲလို့ မြို့ခံတွေက ပြောပါတယ်။ မန္တလေးမြို့က အရက်သေစာ သောက်စားမှုနဲ့အတူ ခိုက်ရန်ဖြစ်ပွားမှုတချို့ ရှိပေမဲ့လို့ ဆိုးဆိုးရွားရွားအခြေအနေတော့ မတွေ့ရဘူးလို့လည်း ပြောပြကြပါတယ်။ သင်္ကြန်အကျနေ့ မန္တလေးမြို့က အခြေအနေကိုတော့ မြို့ခံတဦးဖြစ်တဲ့ ကိုမင်းထက်ငြိမ်းချမ်း က အခုလို ပြောပြပါတယ်။
“လူတွေကတော့ စည်ကားပါတယ်ဗျ။ အကြိုနေ့ကတည်းကကို စည်ပါတယ်။ သို့သော်လည်းပဲ မဏ္ဍပ်တွေတော့ နည်းသွားတယ်။ တမြို့လုံးမှ အစိပ်လောက်ပဲ ရှိတယ်လို့သိရတယ်။ နောက်ပြီးတော့ ဒီနှစ်မှာ ရေစုပ်စက်လေးတွေနဲ့ပေါ့လေ အရင်တုန်းက မန္တလေးသူ၊ မန္တလေးသား တော်တော်များများ ဒီကျုံးအရှေ့ခြမ်း လမ်း ၈၀ နဲ့ ၁၂ လမ်းဘက်မှာ အများဆုံး ရေပိုက်တွေနဲ့ ရေစုပ်စက်တွေနဲ့ ပက်ကြတယ်။ အဲဒါက မဏ္ဍပ်မပါဘဲ အလွတ်ပေါ့လေ။ ရေပက်တဲ့သူများပါတယ် မနှစ်ကထက်။”
ရေကစားသူတွေ များပေမဲ့ မဏ္ဍပ်တွေ နည်းသွားရတာကတော့ ကုန်ကျစရိတ်ကြောင့် ဖြစ်နိုင်တယ်လို့လည်း ကိုမင်းထက်ငြိမ်းချမ်း က ပြောပါတယ်။
“ကုန်ကျစရိတ်တွေ များလို့လို့ ယူဆရတယ်။ ဘာလို့ဆိုတော့ ၁ သိန်းလွှဲရတာကိုး။ လွှဲရတဲ့အပြင် တခြားကုန်ကျစရိတ်တွေလည်း ရှိလို့နဲ့တူရဲ့။ ရေပက်တာများသလား မသိဘူး။ အဲဒါလေးတော့ နည်းနည်း နည်းတယ်။ ထုံးစံအတိုင်းတော့ ကျုံးဘေးပဲ လမ်းက ကျပ်နေတာပေါ့လေ။ လမ်းက တလမ်းမောင်းလုပ်ထားတယ်။ နောက် ထွေထွေထူးထူးတော့ သိပ်မရှိပါဘူး။ နောက် ရန်ကုန်က အဆိုတော်တွေ၊ မင်းသားမင်းသမီးတွေ လာကြတော့ စည်တာပေါ့။”
သင်္ကြန်အချိန် မန္တလေးမှာရာသီဥတုကတော့ အတော်ကြီးပူနေတာပါ။ ဒါပေမဲ့ လူတွေကလည်း နေပူဒဏ်သက်သာအောင် အကာအကွယ်တွေလုပ်ပြီး ပျော်ပျော်ပါးပါး အပြင်ထွက်လည်ကြ၊ မဏ္ဍပ်တွေမှာ ရေပက်ကြသလို၊ ရန်ကုန်နဲ့မတူဘဲ တမျိုးပျော်စရာကောင်းတယ်လို့ မန္တလေးသင်္ကြန်ကို အလည်သွားတဲ့ ကိုအောင်မြန်မာ က ပြောပါတယ်။
“သင်္ကြန် ဒီမန္တလေးမှာ တော်တော်တော့ စည်တယ်ခင်ဗျ။ ရာသီဥတုကတော့ ပူတယ်။ ဒါပေမဲ့လေ ဟိုဟာ လူတွေကတော့ စည်းကမ်းရှိရှိပေါ့နော် ဒီ သင်္ကြန်ရေကြောင့်ပဲလားတော့ မသိဘူး သူတို့ တော်တော်လေးတော့ ပျော်နေကြတယ်။ တီးဝိုင်းရှိတဲ့မဏ္ဍပ်တွေဆို လူတွေက တော်တော်စည်တယ်။ မန္တလေးက လူတွေက တီးဝိုင်းတွေဘာတွေ ကြိုက်တယ်ထင်တယ်။ တီးဝိုင်းရှိတဲ့မဏ္ဍပ်တွေဆိုရင် လူ တော်တော်များတယ်ခင်ဗျ။”
လူငယ်တွေကြား အရက်သေစာသောက်စားမှုနဲ့ နောက်ဆက်တွဲ ထိခိုက်ဒဏ်ရာရမှုတွေကတော့ အရင်နှစ်တွေလိုပဲ နှစ်စဉ်ပုံမှန် ရှိနေတယ်လို့ မြို့ခံကိုမင်းထက်ငြိမ်းချမ်းက ပြောပါတယ်။
“ထိခိုက်ဒဏ်ရာဆိုတာ စောစောကပြောတဲ့ accident တွေပါပဲ။ အကြိုနေ့ကတည်းကိုက ဒါ အရေးပေါ် ဆေးရုံကြီးကို ရောက်သွားကြတာပေါ့လေ။ လူနာတွေကတော့ ဒါ နှစ်စဉ်လည်း ရောက်ကြတာပါပဲ။ လူငယ်တွေက အထူးသဖြင့်တော့ ဒီရက်ဆိုရင် ဆိုင်ကယ်လ်တွေမှာ ခုနလူကို ၂ ဦးထက်ပိုတင်မယ်။ ဦးထုပ်မဆောင်းကြဘူး။ အထူးသဖြင့်တော့ အသောက်အစားပါပဲဗျာ။ ကျနော်တို့ ကိုယ်တိုင်လည်း လူငယ်သဘာဝ ဒါတွေလည်း ဖြတ်သန်းခဲ့ပါတယ်။ ဒါပေမဲ့ အဓိကကတော့ အသောက်အစားတွေ သိပ်များလွန်းတယ်။ ဒါတွေက နောင်ကိုတော့ ဒီတနိုင်ငံလုံး အတိုင်းအတာနဲ့ကို ကျနော်တို့ ပြုပြင်သင့်ပြီလို့ ယူဆတယ်ဗျာ။”
ခိုက်ရန်ဖြစ်ပွားမှုတွေ နည်းပါးအောင် ထိန်းသိမ်းဖို့နဲ့ ထိခိုက်ဒဏ်ရာမှုတွေ ဖြစ်တဲ့အခါ အရေးပေါ် ကူညီနိုင်ဖို့ လူမှုကူညီရေးအသင်းတွေနဲ့ သူတို့ရဲ့ အရေးပေါ် အကူအညီပေးရေး ယာဉ်တွေကတော့ အရင်နှစ်တွေကထက် ပိုများလာတယ်လို့လည်း မင်းထက်ငြိမ်းချမ်းက ပြောပါတယ်။ သင်္ကြန်အကျနေ့မှာ နွေရာသီမဏ္ဍပ် အပေါ်ပိုင်း အနည်းငယ် ပြိုကျတာရှိပေမဲ့ လူအထိအခိုက်တော့ မရှိခဲ့ဘူးလို့လည်း သူကပြောပါတယ်။
မခင်ဖြူထွေး / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
ဗိုလ်ချုပ်ကြီးဟောင်း ထွန်းကြည် ( ဝဲဖက်စွန်) ပါတီသစ်မှာ ပါမယ်လို့ သတင်းတွေ ထွက်နေ
နိုငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောတ်ရေး အဖွဲ့ နဝတ လက်ထက်က ဗိုလ်ချုပ်ကြီးဟောင်းတွေ ပါဝင်တဲ့နိုင်ငံရေး ပါတီကြီးတစ်ခု တည်ထောင်ဖို့ ပြင်ဆင် နေတယ်လို့ အစိုးရနဲ့ နီးစပ်သူတွေက ဘီဘီစီကို ပြောပါတယ်။
အဲဒီပါတီက အမတ်နေရာ ၄၀၀လောက် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။
နဝတ ခေတ်က တိုင်းမှူး နဲ့ ဝန်ကြီးဟောင်း ရာထူးတာဝန်တွေ ယူခဲ့တဲ့ ဗိုလ်ချုပ်ဟောင်းတွေ အဲဒီပါတီ မှာပါဖို့ရှိတယ်လို့ အစိုးရနဲ နီးစပ်သူတွေက ပြောပေမဲ့ ပါတီ မှာ ဦးဆောင် ပါဝင်မယ်လို့ သတင်းထွက်နေသူတွေ ကိုတော့ ဘီဘီစီက တိုက်ရိုက်ဆက်သွယ် လို့မရခဲ့ပါဘူး။
ဗိုလ်ချုပ်ကြီးဟောင်း ထွန်းကြည်နဲ့ ဗိုလ်ချုပ်ကြီးဟောင်း ညွန့်တင်တို့ ပါဝင်မယ်လို့ သတင်းတွေ ထွက်နေခဲ့တာ ဖြစ်ပါတယ်။
ရွှေးကောက်ပွဲတွေ စောင့်ကြည့်နေတဲ့ နယူးမြန်မာအဖွဲ က မမြနန္ဒာက ဒီပါတီကြီး အတွက် ပြင်ဆင်နေတာနဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ ခြောက်လလောက်က တည်းက သိရတယ်လို့ ပြောပါတယ်။
ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်လက်ထက်က ထောက်လှမ်းရေးဟောင်း တွေက ရွေးကောက်ပွဲ အတွက် စိတ်ဝင်စားနေတယ်လို့ ပြောကြောင်းနဲ့ MPC မြန်မာ ငြိမ်းချမ်းရေး စင်တာနဲ့ ညှိပြီး လုပ်ဆောင်သွားမယ်လို့ ပြောကြောင်း မမြနန္ဒာက ဘီဘီစီကို ပြန်ပြောပြပါတယ်။
အဲဒီ ပါတီမှာပါဝင် သူတွေလို့ ယူဆရသူတွေရဲ့ အင်တာနက် ဖေ့ဘုတ် စာမျက်နှာ မှာလည်း ပါတီ တည်ထောင်ခွင့် တင်ထားပြီး ကော်မရှင်ရဲ့ ခွင့်ပြုချက် စောင့်နေတယ်လို့ ရေးသား တာတွေရှိပါတယ်။
ဒါ့အပြင် အဲဒီပါတီရဲ မူက တပ်မတော်ရဲ့ နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး ကြိုးပမ်း ဆောင်ရွက်ဖို့ ရည်မှန်းပြီး လက်ရှိ အခြေခံ ဥပဒေ အရ တိုင်းပြည် တည်တည်ငြိမ်ငြိမ်နဲ့ စီးပွားရေး ကောင်းဖို့ အစွမ်းကုန်ကြိုး ပမ်းဆောင်ရွက် ရေးကို ရည်ရွယ်တယ်ဆိုတဲ့ အတွက် စစ်တပ်ကို ထောက်ခံမယ့် ပါတီ လို့ခန့်မှန်းရပါတယ်။
ဒီပါတီမှာ အာဏာရှင် ဗိုလ်ချုပ်ဟောင်းတွေ၊ စစ်တပ်ကို ထောက်ခံသူတွေ အပြင် အမျိုးဘာသာ စောင့်ရှောက်သူတွေ ဆိုတဲ့ အဖွဲ့ တွေလည်း ပါဝင်ပါတယ်။
သူတို့က လာမယ့် ရွေးကောက်ပွဲမှာ လွှတ်တော် အမတ်နေရာ ၁ဝ ရာခိုင်နှုန်းလောက် အထိ ရဖို့ ရည်ရွယ်ထားပါတယ်။
၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် လွှတ်တော်ထဲမှာ စစ်တပ် ပါဝင် မှုကို ၂၅ ရာခိုင်နှုန်း ကနေ ၂ဝ ရာခိုင်နှုန်း ဝန်းကျင်အထိ ပြင်ဆင် လျှော့ပေးလိုက်ပြီး လူထုကို နှစ်သိမ့်လိုက်ပြီးရင် ဒီပါတီသစ်နဲ့ အစိုးရကို ထောက်ခံတဲ့ တိုင်းရင်းသား အင်အားစုတွေက ၁၅ရာခိုင်နှုန်း ပြန်ရအောင် တဖက်က ကြိုးပမ်းမယ်၊ ကြံ့ခိုင်ရေးပါတီနဲ့ စစ်တပ်က ကိုယ်စားလှယ် ပေါင်းလိုက်ရင် စုစုပေါင်း လွှတ်တော်ထဲ မှာ အမတ်နေရာ ၅၀ ရာခိုင်နှုန်း ကျော် ရနိုင်မယ်လို့ ခန့်မှန်းပုံ ရကြောင်း နိုင်ငံရေးအကဲ ခတ်တွေ က သုံးသပ် ပါတယ်။
ဒါဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ အန်အယ်ဒီ ကို အသာစီး ရအောင် လုပ်တာ ဖြစ်တယ် လို့လည်း နိုင်ငံရေး အကဲခတ်တွေ က သုံးသပ်နေကြပါတယ်။
BBC Burmese
http://www.bbc.co.uk/burmese
 ရှမ်းပြည်အရှေ့မြောက်ပိုင်း နောင်ချိုမြို့အနီးမှာ ဗြိတိသျှကိုလိုနီခေတ်က တည်ဆောက်ခဲ့တဲ့ ကမ္ဘာကျော် “ဂုတ်ထိပ်” တံတားအကြောင်းကို ကိုကျော်ဇောဝင်း က တင်ပြထားပါတယ်။
RFA MyanmarVideoChannel
နှစ်သစ်ဦးကျိန်စာကို အိမ်ရှေ့မှာရေးသားခဲ့တာကြောင့် စစ်ဆေးမေးမြန်းခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ပန်းချီပညာရှင် ကိုဆန်းဇော်ထွေးဟာ သုဝဏ္ဏမြို့နယ် ရဲစခန်းက ပြန်လည်ခေါ်ယူစစ်ဆေးမှာကို လက်ခံကြောင်း လက်မှတ်ရေးထိုးခဲ့ပြီးတဲ့ နောက် မနေ့ညက ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။
နှစ်သစ်ဦးကျိန်စာကို ဘာရည်ရွယ်ချက်နဲ့ ရေးသားတာလဲဆိုတာကို မေးမြန်းပြီး ထွက်ဆိုချက်တွေကို အထက်ကိုတင်ပြမှာဖြစ်ကြောင်း ရဲမှူးတွေကပြောတယ်လို့ မနေ့ညက လွတ်မြောက်လာတဲ့ ကိုဆန်းဇော်ထွေး က ပြောပါတယ်။
"ကျနော်ရေးခဲ့တဲ့ကျိန်စာနဲ့ ပတ်သက်ပြီးတော့ ဘာလို့လုပ်တာလဲ၊ ဘယ်လိုရည်ရွယ် ချက်လဲ၊ အဲ့လိုမျိုးတွေမေးတယ်၊ သူတို့နဲနဲပိုပြီးသိချင်တာက ဒါဟာ အောက်လမ်းလုပ်တာလား၊ အထက်လမ်းလုပ်တာလား၊ ယတြာလုပ်တာလား၊ သူတို့ပြောတာက အထက်ကိုတင်မယ်လို့ပြောတယ်၊ လူကြီးတွေက မင်္ဂလာယူနေတဲ့အချိန်မှာ မင်းရဲ့ကျိန်စာဆိုတာကိုတွေ့သွားတော့ သူတို့ကစိတ်အနှောက်အယှက်ဖြစ်သွား တယ်တဲ့၊ အဲ့တော့ငါတို့က အရေးမယူ လို့မရတော့ဘူးတဲ့၊ ခံဝန်ကတော့ သူတို့ လိုအပ်လို့ပြန်ခေါ်တဲ့အချိန်မှာ လိုက်ပြီးတော့ဖြေရှင်းပေးပါ့မယ်ဆိုတဲ့ဟာမျိုး ခံဝန် ထိုးခဲ့ရတယ်၊ အမှုဖွင့်ဖို့ကိုလည်း သူတို့ကမပြောဘူး၊ သူတို့ကိုယ်တိုင်လည်း အထက်က လုပ်ခိုင်းတဲ့အတွက်ကြောင့် အထက်ကဘာပြန်ပြောဦး မလဲမသိဘူးဆိုပြီးတော့ဘဲ ကျနော့် စစ်ချက်ကိုသူတို့ဖက်စ်နဲ့ ပို့တယ်လို့ပြောတယ်"
ကိုဆန်းဇော်ထွေးဟာ ဒီလ ၁၃ ရက်နေ့ သင်္ကြန်အကြိုနေ့ကစပြီး သူ့ရဲ့နေအိမ်ရှေ့မှာ နှစ်သစ်ဦးဆုတောင်းနဲ့ နှစ်သစ်ဦးကျိန်စာကို ရေးသားခဲ့တာဖြစ်ပါတယ်။
နှစ်သစ်ဦးဆုတောင်းက ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ ကူညီသူတွေ ပြန်လည်လွတ်မြောက်ဖို့ ဆုတောင်းထားပြီး နှစ်သစ်ဦးကျိန်စာကတော့ အစိုးရ၊ ရဲ၊ စစ်သားနဲ့ စွမ်းအားရှင်တွေ ဘေးဆိုးကြုံတွေ့ ပါစေဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။
ကိုဆန်းဇော်ထွေးဟာ လွန်ခဲ့တဲ့ ၁၉၉၉ ခုနှစ်မှာ ဗကသ ပြန်လည်ဖွဲ့စည်းရေးအတွက် ဦးဆောင်လှုပ်ရှားခဲ့တာ ကြောင့် ထောင်ဒဏ် ၃၆ နှစ် ချမှတ်ခံခဲ့ရပြီး ၂၀၁၂ ခုနှစ်မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာ သူဖြစ်ပါတယ်။
သူဟာ သူတတ်မြောက်ထားတဲ့ စွန့်ပစ်ပစ္စည်းတွေကနေ အနုပညာဖန်တီးမှုကို မိဘမဲ့ကလေးတွေကို သင်ကြားပေးနေသူဖြစ်ပါတယ်။
RFA
ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ မြောက်ဥက္ကလာပမြို့နယ်၊ မြရတနာ (ခ) ရပ်ကွက် (၁၀) လမ်းတွင် ည ၁၀ နာရီ၌ သံချပ်ထိုးခဲ့ကြပြီး ရပ်ကွက်သူ၊ ရပ်ကွက်သားများ၏ အားပေးမှု အများအပြား ရရှိခဲ့သည်။
၎င်းတို့၏ သံချပ်များတွင် နိုင်ငံအတွင်း ဖြစ်ပေါ်နေသော ပြဿနာများကို မီးမောင်းထိုးတင်ပြခဲ့ကြသည်။
ဆက်လက်ပြီး မတ် ၅ ရက်က ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ကျောင်းသားများအား အကြမ်းမဖက်ရေး ဆန္ဒပြသူများအား တာဝန်လက်ပတ်နီများက ရိုက်နှက်ဖမ်းဆီးမှုနှင့် မတ် ၁၀ ရက်က လက်ပံတန်းမြို့တွင် ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းအား ရဲတပ်ဖွဲ့ဝင်များက အင်အားသုံးရိုက်နှက်ဖြိုခွင်းမှု ဖြစ်စဉ်များအပါအ၀င် ဖမ်းဆီးခံကျောင်းသားများအား ပြင်ပရှိ ကျောင်းသားများက အားပေးနေကြောင်း စသည့် သရုပ်ဖော်ပြကွက်များဖြင့်လည်း တင်ဆက်သွားခဲ့သည်။
(ဓာတ်ပုံ- ကြည်နိုင်၊ ပြည့်စုံအောင်)
.
Credit : EMG
.