04/17/15

လက်ပံတန်းကျောင်းသားသပိတ် ဖြိုခွဲခံရမှု အပါ အ၀င် မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ဖြစ် ရပ်တွေအတွက် ၀မ်းနည်းတဲ့အထိမ်းအမှတ်အဖြစ် ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်သမဂ္ဂများအဖွဲ့က အနက်ရောင်ဖဲကြိုးလှုပ်ရှားမှုကို မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။

အများအကျိုး ဆောင်ရွက်ချက်ကြောင့် သာယာဝတီ အကျဉ်းထောင်ထဲရောက်နေတဲ့ ကျောင်းသားတွေ အတွက် ၀မ်းနည်းတဲ့ အထိမ်းအမှတ်အဖြစ် သင်္ကြန်အတက်နေ့မှာ ရေကစားသူတွေကို အနက်ရောင်ဖဲကြိုးတွေ လိုက်ဝေခဲ့တာလို့ မိုးကုတ်မြို့ ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်သမဂ္ဂများအဖွဲ့ဝင် ကိုကောင်းထက်အောင်က ပြောပါတယ်။

"လက်ပံတန်းကျောင်းသားသပိတ် ဖြိုခွဲခံရတယ်၊ လက်ပံတောင်း ဒေါ်ခင်ဝင်းကို သေနတ်နဲ့ပစ်တယ်၊ နောက်တိုက်ပွဲတွေဖြစ်တယ်၊ ဒီဟာတွေကို ဝမ်းနည်း တယ်၊ နောက်ပြီး တရားဥပဒေစိုးမိုးမှုမရှိတဲ့ အဆုံးအဖြတ်တွေကို ကန့်ကွက်ရှုံ့ချတယ်၊ ဒါကြောင့်မို့ ဒီလှုပ်ရှားမှုကိုလုပ်ရတာပါ၊ လက်ပံတန်းကျောင်းသားတွေကို ထောင်ထဲကိုရောက်နေတယ်၊ သူတို့ဟာ အများပြည်သူရဲ့ အကျိုးကိုလုပ်တာဖြစ်တဲ့အတွက် သူတို့နဲ့ထပ်တူ ကျနော်တို့ကလည်းဝမ်းနည်းတယ်၊ ကျနော်တို့က အမြန်ဆုံးပြန်လွှတ်ပေးစချင်တယ်"

အဲဒီအဖွဲ့ဝင် လူငယ်၁၅ ယောက်က အနက်ရောင် ဖဲကြိုးတွေကို မိုးကုတ်မြို့က ကြက်ပြင်မြို့မရပ်ကွက်၊ ကြပ် ပြင်ဈေးရပ်ကွက်၊ ဂေါင်းဦးဘာရပ်ကွက်တွေမှာ လိုက်လံဝေငှခဲ့တာဖြစ်ပါတယ်။

အလားတူ မန္တလေးမြို့က ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်သမဂ္ဂများအဖွဲ့ဝင်တွေကလည်း အနက်ရောင်ခေါင်းစည်း၊ လက်ပတ်၊ ဖဲပြားတွေကို ၀တ်ဆင်ပြီး မန္တလေးမြို့ပေါ်မှာ လည်ပတ်ခဲ့ကြပါတယ်။

RFA

ဖမ်းဆီးခံထားရသော ပင်မကျောင်းသား သပိတ်စစ်ကြောင်းတွင် ပါဝင်ခဲ့သည့် ကျောင်းသားများနှင့် ၀န်းရံပြည်သူများကို လက်ပံတန်းမြို့နယ် တရားရုံး၌ ဧပြီလ ၉ ရက် နံနက်ပိုင်းက ၄ ကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး နေ့လည် ၁၂ နာရီအချိန်တွင် သာယာဝတီ အကျဉ်းထောင်သို့ ပြန်လည်ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ကျောင်းသားများ အနေဖြင့် သင်္ကြန်ကာလအတွင်း အကျဉ်းထောင်ထဲ၌ နေကြရမည်ဖြစ်သဖြင့် လာရောက်တွေ့ဆုံကြသည့် မိဘဆွေမျိုးများနှင့် ပြည်သူများက ကျောင်းသားများနှင့် အပြန်အလှန် သင်္ကြန်ရေများလောင်းကာ နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

၅ ကြိမ်မြောက် ရုံးချိန်းကို ဧပြီလ ၂၃ ရက်တွင် ပြန်လည်ချိန်းဆိုထားကြောင်း သိရသည်။
.
Credit : Eleven Media Group

မြန်မာသက္ကရာဇ် ၁၃၇၆- ၁၃၇၇ ခုနှစ်မြန်မာနှစ်ဆန်းတစ်ရက်နေ့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြောကြားသော နှစ်သစ် ဆုတောင်းစကားကို ရုပ်သံဖြင့်ဖေါ်ပြထားပါသည်။
တစ်နှစ်နဲ့တစ်နှစ် ပြောင်းသွားတဲ့အခါကျတော့ နှစ်သစ်ကူးခြင်း နှစ်သစ်ကူးခြင်းက မတူပါဘူး။
ဒါပေမယ့် တစ်ခုတူတာဘာလဲဆိုတော့ နှစ်သစ်ကူးအချိန်မှာဆိုရင် အားလုံးကနေပြီးတော့ ဒီနှစ်သစ်ဟာ နှစ်ဟောင်းထက်ပိုပြီးတော့ ချမ်းမြေ့ပါစေ နှစ်ဟောင်းထက်ပိုပြီးတော့ ကောင်းမွန်ကြပါစေလို့ ဆုတောင်းကြတာချည်းပါပဲ။

ကျွန်မလည်း ဒီအတိုင်းပါပဲ။ ကျွန်မတို့နိုင်ငံအတွက် နှစ်သစ်ဟာ နှစ်ဟောင်းထက်ပိုပြီးတော့ ကောင်းစေချင်တယ်။

နှစ်သစ်တိုင်း နှစ်သစ်တိုင်ဟာ နှစ်ဟောင်းတိုင်း နှစ်ဟောင်းတိုင်းထက် ပိုပိုပြီးတော့ ကောင်းသွားတယ်ဆိုတာ တကယ် ဒီနိုင်ငံဟာတိုးတက်နေတယ်ဆိုတာကို ပြတာပဲ။

ဒါပေမယ့် ဒါတွေဟာ ကျွန်မတို့ကြိုးစားမှရမယ်ဆိုတာ ကျွန်မ ခဏခဏ ပြောပါတယ်။

အဲတော့ တိုတိုနဲ့နှစ်သစ်အတွက် ဆုတောင်းပေးရမယ်ဆိုရင်...
ကျွန်မနဲ့ ကျွန်မတို့နိုင်ငံရဲ့ ပြည်သူလူထုဟာ နိုင်ငံ့အကျိုးအတွက် ဆန္ဒတစ်ထပ်တည်းဖြစ်ပြီးတော့

ကျွန်မတို့ရဲ့ ဆန္ဒတွေ...
ကျွန်မတို့ရဲ့ လိုအပ်ချက်တွေ...
ကျွန်မတို့ရဲ့ မျှော်လင့်ချက်တွေကို ကြိုးစားအားထုတ်ခြင်းအားဖြင့် အကောင်အထည်ဖော်နိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့ပါတယ်။

အားလုံးနှစ်သစ်ကူးမှာ ကျန်းမာချမ်းသာကြပါစေ။
ဘေးဘယာ ဝေးကွာကြပါစေ။ ကောင်းကျိုးလိုရာဆန္ဒ အ၀၀နဲ့ပြည့်စုံကြပါစေ.......

လေးစားလျှက်

မြန်မာသက္ကရာဇ် ၁၃၇၆- ၁၃၇၇ ခုနှစ်မြန်မာနှစ်ဆန်းတစ်ရက်နေ့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြောကြားသော နှစ်သစ် ဆုတောင်းစကားကို ရုပ်သံဖြင့်ဖေါ်ပြထားပါသည်။

Posted by NLD Chairperson on Thursday, April 16, 2015
NLD Chairperson

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.