04/25/15

ကိုးကန့်တိုက်ပွဲတွေအတွင်း ထိခိုက်သေဆုံးပျက်စီးဆုံးရှုံးမှုတွေကို အလွန်စိုးရိမ်ထိတ်လန့် ကြောင်းနဲ့ တိုက်ပွဲကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ် မထိခိုက်စေဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက သတိပေးပြောကြားလိုက်ပါတယ်။

ဧပြီလ ၂၄ ရက် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်မှာ ကျင်းပတဲ့ မြန်မာ့မိတ်ဖက်အဖွဲ့ အစည်းအဝေးမှာပြောကြားလိုက်တာပါ။

မစ္စတာဘန်ကီမွန်းက “ကချင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာဆက်ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် အရပ်သားတွေ ဒုက္ခကြီးကြီးမားမားခံစားနေကြရတယ်။ ကိုးကန့်မှာဖြစ်နေတဲ့ တိုက်ပွဲတွေမှာလည်း ထိခိုက်သေဆုံးမှုနဲ့ ပျက်စီး ဆုံးရူံးမှုတွေဟာ စိုးရိမ်ထိတ်လန့် စရာကောင်းသလို တိုက်ပွဲဂယက်တွေဟာ ဒေသရေရှည် တည်ငြိမ်ရေး အတွက်လည်း အလွန်စိုးရိမ်စရာ ကောင်းနေတယ်။

ဒီတိုက်ပွဲတွေက ဖြစ်လာတဲ့ တင်းမာမှုတွေဟာ ပိုမိုကျယ်ပြန့်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို မထိခိုက်စေရဘူး”လို့ ပြောပါ တယ်။

လူသားချင်းစာနာမှုကူညီပေးသူတွေအနေနဲ့ လိုအပ်သလောက်အကူအညီတွေ အချိန်မီ သွားရောက် ထောက်ပံ့ပေးနိုင်ဖို့ တားဆီးပိတ်ပင်မခံရဘဲ ကူညီပေးခွင့်ရဖို့ လိုတယ်လို့ လည်း ပြောပါတယ်။

မြန်မာပြည်ဟာ သမိုင်းဝင် အသွင်းကူးပြောင်းရေးလမ်းကြောင်းပေါ်ဆက်သွားနေပေမယ့် အခွင့် အလန်းတွေရော စိန်ခေါ်မှုတွေပါရှိနေသေးတယ်။ သမ္မတဦးသိန်းစိန်အစိုးရ အစပျိုး လုပ်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေးဟာတဖြည်းဖြည်း ဆက်လက်တိုးတက်နေပြီး လူမှုစီးပွား၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီဖော်ဆောင်ရေးတွေမှာ
မြင်သာတဲ့ ခြေလှမ်းနေတာတွေ့ရတယ်လို့ ဘန်ကီမွန်းကပြောပါတယ်။

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်မူကြမ်းပါ စာသားတွေကို တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ သဘောတူညီမှုရခဲ့ပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရအောင် ကြိုး စားဖြေရှင်းနေတာကို အစိုးရကနမူနာ ပြသခဲ့တယ်၊ ဒါပေမယ့် ရှေ့မှာ ခက်ခဲတဲ့ အလုပ်တွေ အများကြီးကျန်ရှိနေသေးပြီး အပစ်ရပ်သဘောတူညီချက် နှောင့်နှေးကြန့်ကြာခြင်းမရှိ လက်မှတ်ထိုးဖို့ အရေးကြီးတယ်လို့ ပြောပါတယ်။

ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြောကြားရာမှာတော့ ဒီနှစ်ကုန်ကျင်းပမယ့် ရွေးကောက်ပွဲဟာ အရေးပါတဲ့ မှတ်တိုင်ဖြစ်ပြီး ရွေးကောက်ပွဲကို အများယုံကြည်လက်ခံတဲ့၊ ပွင့်လင်းမြင်သာ အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲ ဖြစ်အောင် သက်ဆိုင်သူအားလုံးနဲ့ ရေရှည်ညှိနှိုင်း ဆွေးနွေးမှုတွေ လုပ်ဖို့လိုမယ်လို့ ပြောပါတယ်။

ဒါ့ပြင် ဖွဲ့စည်းပုံပြင်ဆင်ရေးပါအ၀င် အဓိကကျတဲ့ကိစ္စတွေမှာ တခြားခေါင်းဆောင်တွေနဲ့ နိုင်ငံရေးဆွေးနွေးဖို့ သမ္မတရဲ့ ကြိုးပမ်းမှုတွေဟာ အားတက်စရာဖြစ်ပြီး ၆ပွင့်ဆိုင်ဆွေးနွေးပွဲ ဆက်လုပ်ဖို့လည်းတိုက်တွန်းပါတယ်။

ရခိုင်ပြည်နယ်နဲ့ တခြားဒေသတွေမှာ လူမျိုးရေး အခြေအနေတွေဟာ အကြမ်းဖက်မှုတွေ ဖြစ်လာနိုင်တဲ့ အထိမခံတဲ့ အခြေအနေမှာဆက်ရှိနေတယ်၊ မွတ်စလင်တွေ အထူးသဖြင့် အစိုးရက ဘင်္ဂလီလို့ခေါ်ပြီး သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ခေါ်သူတွေရဲ့ နိုင်ငံသားဖြစ်မှုနဲ့ ရပ်တည်မှုကိစ္စ အပြည့်အ၀ မဆောင်ရွက်ပဲထားရင် ရခိုင်ပြည်နယ် ရေရှည်တည်ငြိမ်မှာ မဟုတ်ဘူးလို့ အတွင်းရေးမှူးချုပ်က ပြောပါတယ်။

ဒါ့အပြင် မြန်မာပြည်သူလူထုရဲ့ နိုင်ငံသားအခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာ စုဝေးခွင့် ဆန္ဒထုတ်ဖော်ခွင့်ပေးဖို့၊ မီဒီယာတွေကိုလွတ်လပ်တဲ့ဝန်းကျင်ဖြစ်အောင်ဖွင့်ပေးဖို့နဲ့ ကုလသမဂ္ဂ လူ့အခွင့်ရေး မဟာမင်းကြီးရုံး မြန်မာပြည်မှာ ဖွင့်လှစ်ခွင့်ပေးဖို့တွေ တိုက်တွန်းပြောပါတယ်။

မြန်မာ့မိတ်ဆွေနိုင်ငံတွေက ကိုယ်စားလှယ်တွေတက်ရောက်တဲ့ ဒီအစည်းအဝေးမှာ မြန်မာ အစိုးရအဖွဲ့ထဲက ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်းခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ လည်း တက်ရောက်ခဲ့ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/90450

အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်ဆန္ဒပြရင်း အကြမ်းဖက် ဖမ်းဆီးခံနေရတဲ သပိတ်မှောက် ကျောင်းသားတွေနဲ့ ၀န်းရံပြည်သူတွေ အမြန်ဆုံး ပြန်လည် လွတ်မြောက်ရေးအတွက် ရည်ရွယ်ပြီး မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ကျင်းပနေတဲ့ အာဆီယံပြည်သူ့ဖိုရမ် ASEAN People Forum 2015 မှာ တောင်းဆိုမှုတွေကို အစည်းအဝေး တက်ရောက်သူတွေက ပြုလုပ်ခဲ့ကြပါတယ်။

ဧပြီလ ၂၄ ရက်နေ့က မလေးရှားစံတော်ချိန် ညနေ၅နာရီမှာ ပြုလုပ်တဲ့ လူထုလမ်းလျှောက်ပွဲမှာလည်း ဖမ်းဆီးခံ မြန်မာကျောင်းသားများနဲ့ ၀န်းရံပြည်သူတွေ လွတ်မြောက်ရေး ဆန္ဒထုတ်ဖော်မှုတွေကို အာဆီယံနိုင်ငံတွေကလာရောက်ကြသူတွေနဲ့အတူ ပြုလုပ်သွားကြတယ်လို့ တကသ ကျောင်းသား ကိုဇေယျာလွင်က ပြောပါတယ်။

ဓာတ်ပုံ - နန်းဇေ

DVB TV News


မန္တလေးတိုင်း မြင်းခြံမြို့မှာ လက်ပံတန်းကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွဲမှုကို ကန့်ကွက်ဆန္ဒပြခဲ့ တဲ့ ကျောင်းသားတွေနဲ့ ဒေသခံ ၆ ဦးကို မြင်းခြံမြို့နယ်တရားရုံးမှာ ဒီကနေ့ ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

RFA


မကွေးမြို့မှာ ဖမ်းဆီးထောင်ချခံ သတင်းထောက် လွတ်မြောက်ရေးအတွက် ဆန္ဒဖော်ထုတ်ခဲ့တဲ့ သတင်းထောက်တဦးကို ဧပြီလ ၂၄ ရက်နေ့က မြို့နယ်တရားရုံးက ပြစ်ဒဏ်ချမှတ် လိုက်ပါတယ်။

RFA

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်နိုင်ရန် နိုင်ငံရေး စီမံခန့်ခွဲမှုပညာ မဟာတန်း ကျောင်းသား ၆၀ ခန့်နှင့် တပ်မတော် အရာရှိဟောင်းများ ပါဝင်သော ပါတီသစ်တစ်ခု တည်ဆောက် ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြထားပြီး ဖြစ်သည်ဟု ယင်းပါတီ၏ နာယကဖြစ်သူ သမ္မတ၏ နိုင်ငံရေး အကြံပေး ဒေါက်တာနေဇင် လတ်က ဧပြီလ ၂၂ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ ခွင့်ပြုချက်ရရှိပါက ပါတီအမည်၊ ပါတီတံဆိပ်နှင့် ပါတီလုပ်ငန်းစဉ် မူဝါဒများနှင့် စပ်လျဉ်း၍ အသေးစိတ် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်သွားမည် ဖြစ်ကြောင်းကို ““အခုတော့ အသေးစိတ် ပြောလို့ မရသေးပါဘူး။ ကော်မရှင်က ခွင့်ပြုမှ ပါတီနာမည်တို့၊ တံဆိပ်တို့ အတည်တကျ သတ်မှတ်ရမှာပါ။ အခုတော့ လျာထားဆဲ အဆင့်ပဲ ရှိပါသေးတယ်””ဟူ၍ ဒေါက်တာနေဇင်လတ်က ဧပြီ ၂၂ ရက်တွင် ပြောသည်။

အဆိုပါ ပါတီသစ်ဖွဲ့စည်းခြင်းနှင့် စပ်လျဉ်း၍ ၂၀၁၅ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် အရေအတွက် ၄၀၀ အထိ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး တပ်မတော် အပါအ၀င် နိုင်ငံရေး အင်အားစု အားလုံးနှင့် လက်တွဲ ဆောင်ရွက် ရန် မူဝါဒချမှတ်ထားကြောင်း၊ အနီရောင် အောက်ခံ အလယ်တည့်တည့်တွင် ရွှေရောင် ကဒေါင်းရုပ်ကို ပါတီ အလံအဖြစ် သတ်မှတ်ထားပြီး သမ္မတ ဦးသိန်းစိန်၏ အကြံပေးတစ်ဦးဖြစ် သူ ဒေါက်တာနေဇင်လတ်ကို နာယကအဖြစ် သတ်မှတ်ထားကြောင်း၊ နာမည်ပျက် ကင်းရှင်းသူ တပ်မတော် အရာရှိဟောင်းတချို့ ပါဝင် ကြောင်း စသည်ဖြင့် ဧပြီလ ၂၁ ရက်ထုတ် The Voice နေ့စဉ် သတင်းစာတွင် ယင်းပါတီ၏ ဗဟိုအလုပ်အမှု ဆောင်တစ်ဦးဖြစ်သူ ဦးပိုက်တင်က ပြောကြားခဲ့ပြီးဖြစ်သည်။

ယင်းပါတီတွင် ထောက်လှမ်းရေးဟောင်းအချို့ ပါဝင်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့မှုအပေါ် ““ကျွန်တော်တို့ ထောက်လှမ်းရေးဟောင်း တစ်ဦးမှ မပါပါဘူး။ ကျွန်တော်တို့ဆီက နိုင်ငံရေးလုပ်မယ့် သူလည်းမရှိဘူး။ တပ်မတော် အရာရှိဟောင်းတွေ ပါတယ်လို့ သိရတယ်။ ခြေလျင် နဲ့ ခြေမြန်တပ်ရင်းက အရာရှိဟောင်းတွေ ပါတာပါ”” ဟု ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့်၏ တပည့်ရင်းဖြစ်သူ ဗိုလ်မှူးဟောင်း ဦးဝင်းမောင်မောင် က မြန်မာသံတော်ဆင့်သို့ပြောသည်။

၂၀၁၁ ခုနှစ် ဧပြီလ ၁၁ ရက်က စတင်ဖွဲ့စည်းခဲ့သည့် သမ္မတ၏ အကြံပေး အဖွဲ့များအနက် ဦးကိုကိုလှိုင် ဦးဆောင်သည့် နိုင်ငံရေးအကြံပေးအဖွဲ့ တွင် ဒေါက်တာနေဇင်လတ်နှင့် ဦးရဲတင့်တို့ ပါဝင်ခဲ့ပြီး ဒေါက်တာ နေဇင်လတ်မှာ လက်ရှိတွင် AMBO Co.,Ltd နှင့် AMBO Hotel Group ၏ ဥက္ကဋ္ဌလည်း ဖြစ်ကာ မြန်မာနိုင်ငံ ဟိုတယ် လုပ်ငန်းရှင်များအသင်း အထွေထွေ အတွင်းရေးမှူးအဖြစ် လုပ်ကိုင်လျက်ရှိသည်။

ဒေါက်တာနေဇင်လတ်သည် ဧရာဝတီတိုင်း၊ ချောင်းသာကမ်းခြေ သာယာလှပရေး အမည်ခံ၍ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့နယ် ခွဲ၊ ချောင်းသာကျေးရွာ ရှိ ဒေသခံများထံမှ သိမ်းယူထားသော မြေများ မှာ ဒေါက်တာ နေဇင်လတ် အပါအ၀င် စီးပွားရေး လုပ်ငန်းရှင်များ၏ အမည်ပေါက်များ ဖြစ်နေသည့်အတွက် မြေအသုံးချမှု စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌ ဒုသမ္မတဒေါက်တာဉာဏ်ထွန်းထံ ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်က တိုင်ကြားခံခဲ့ရဖူးသူ တစ်ဦးဖြစ်သည်။

ဝတ်ရည်နွေးနွေး

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

 လက်ပံတန်းမြို့မှာ ကျောင်းသားသပိတ်စစ်ကြောင်း အကြမ်း ဖက်ဖြိုခွင်းခံရတာကို ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ လက်ပတ်ဖြူ လှုပ်ရှားမှုကို ရန်ကုန်မြို့မှာ မတ်လ ၁၃ ရက်နေ့က စတင်စဉ်။ Photo: RFA

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့က ယာဉ်ထိန်းရဲ တပ်ကြပ်တစ်ဦးဟာ ကျောင်းသားတွေရဲ့ လက်ပတ်ဖြူ လှုပ်ရှားမှုမှာ ပါဝင်ခဲ့တယ်ဆိုတာကြောင့် ပြင်ဦးလွင် ကနေ မုံရွာမြို့ကို ရာထူးချပြီး တာဝန်ပြောင်းရွှေ့ ခံလိုက်ရကြောင်း ပြောပါတယ်။

အစိုးရဝန်ထမ်းဖြစ်တဲ့အတွက် နိုင်ငံရေးလှုပ်ရှားမှုတွေ မှာ ပါဝင်လို့မရကြောင်း ငြင်းဆန်ခဲ့ပေမယ့် လက်ပတ်ဖြူ ကို စည်းပေးခဲ့ပြီး အင်တာနက် ဖေ့စ်ဘွတ် (Facebook) မှာ ဓာတ်ပုံတွေ တင်ခံခဲ့ရတာကြောင့် ယာဉ်ထိန်းရဲ တပ်ကြပ်တာဝန်ကနေ ရဲတပ်ဖွဲ့တပ်သားအဖြစ် အပြစ်ပေးခံရတာဖြစ်တယ်လို့ ကာယကံရှင် တပ်ကြပ်ကိုကျော်မင်းထွန်းက အခုလို ပြောပါတယ်။

"ပြင်ဦးလွင်မှာ ကျနော်တို့ လက်ပတ်အစည်းခံရ တဲ့ကိစ္စတွေ ကျောင်းသားတွေကလေ၊ ကျနော်က တကယ်လည်းငြင်းဆန်ခဲ့ပါတယ်၊ ငြင်းဆန်ခဲ့တာကို သူတို့ကလက်ပတ်စည်းသွားခဲ့ပါတယ်ခင်ဗျ၊ အဲံဒါတွေကိုလေ အင်တာနက်တင်လိုက်တာဆိုတော့ ၊ ပြောပါတယ်ခင်ဗျ ကျနော်ဝန်ထမ်းဖြစ်ပါတယ်၊ အဲ့ဒီနိုင်ငံရေးလုပ်လို့မရပါဘူး ပတ်လို့လည်းမရပါဘူး ဆိုတာ ပြောပြပါတယ်ခင်ဗျ၊ ကျနော်က လူကြီးတွေဆီမှာ ပြောပြတဲ့အခါကျတော့ လက်မခံတဲ့ပုံ ဆုံးဖြတ်သွာပါတယ်ခင်ဗျ၊ အခုလည်းအဲ့လိုလည်းမလုပ်ပါဘူးပေါ့ တကယ်လည်း မပတ်ပါဘူးပေါ့၊ အဲ့ဒီလိုတွေဖြစ်သွားတဲ့အခါကျတော့ ကျနော်လည်း စိတ်မကောင်းပါဘူးခင်ဗျ မော်တော်ပီကယ် ကနေပြီးတော့ ရဲကိုပြောင်းခိုင်းတာ"

မတ်လ ၁၉ရက်နေ့က လက်ပံတန်းကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွဲခံရမှုကို ပြင်ဦးလွင်မြို့မှာ ကန့်ကွက်ဆန္ဒပြ ကြရာမှာ ပါဝင်သူတွေက အဖြူရောင်လက်ပတ်တွေ ဝတ်ဆင်ကြပြီး ရဲတပ်ကြပ်ကိုကျော်မင်းထွန်းကိုလည်း ဝတ်ဆင်စေခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်နေ့က တာဝန်ပြောင်းစာ ညွှန်ကြားချက်ထုတ်လိုက်တာဖြစ်ပြီး လာမယ့်ဧပြီလ ၂၈ ရက်နေ့မှာ မုံရွာမြို့မှာ စတင်တာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။

အဲ့ဒီလက်ပတ်ဖြူလှုပ်ရှားမှုတွေကို မတ်လ ၁၃ ရက်နေ့ကစပြီး မြို့ကြီးအတော်များများက လူစည်ကားရာနေရာတွေ မှာ ကျောင်းသားကျောင်းသူတွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese


ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်း စတင်ချိန်မှစ၍ အကြမ်းဖက် ဖြိုခွင်းခံခဲ့ရသည်အထိ ဓာတ်ပုံများအား ပြည်တွင်းဓာတ်ပုံ သတင်းထောက် ၅ ဦး ပူးပေါင်းကာ ဧပြီလ ၂၅ ရက်မှ ၂၇ ရက်အထိ ရန်ကုန်မြို့ န၀ဒေးလမ်း ရှိ Think Art Gallery ၌ ဓာတ်ပုံပြပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဦးဆောင်ပြုလုပ်မည့် ဓာတ်ပုံ သတင်းထောက် တစ်ဦးဖြစ်သူ ကိုဂျေပိုင်က ဧပြီလ ၂၂ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

ပြပွဲ၌ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရန် စတင်ကြိုးပမ်း ဆောင်ရွက် သည့် ကမ်ပိန်များမှစကာ အကြမ်းဖက် ဖြိုခွင်းခံရသည် အထိ ကျောင်း သားများ၏ ကြိုးပမ်း အားထုတ်မှုများ၊ ပြည်သူလူထု၏ ထောက်ခံ အားပေးမှု ပုံစံများ၊ သပိတ်စစ်ကြောင်း တစ်လျှောက် ကျောင်းသားများ ဖြတ်သန်း ရသည့် နေထိုင်စားသောက်မှု ဘ၀ပုံစံများကို ပြသသွားမည် ဖြစ်သည်။

““အစကနေ နောက်ဆုံးအထိ ရုံးထုတ်တွေပါ အပါပေါ့။ ကျွန်တော်တို့ ဓာတ်ပုံဆရာ ၅ ယောက်က ပေါင်းပြီးတော့ပြမှာ။ Photogra phary Journalism ရှုထောင့်ကနေ ပြတာ။ တက်ကြွလှုပ်ရှားသူဆန်ဆန် ပြတာ မဟုတ်ဘူး။ ဒါပေမဲ့ တစ်ခုတော့ရှိတယ်။ ဒီဥစ္စာတစ်ခုတည်း ကိုပဲ focus ထားပြီးပြတာဆိုတာ သူတို့လုပ်ခဲ့တဲ့ ဥစ္စာလေး မှတ်တိုင်တစ်ခု အနေနဲ့ ပြပွဲလေးတစ်ခုအနေနဲ့ ပြစေချင်လို့ ကျွန်တော်ကိုယ် တိုင် တောက်လျှောက် လိုက်ရိုက်ထားတာရှိတယ်””ဟု ကိုဂျေပိုင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

အဆိုပါ ဓာတ်ပုံသတင်းထောက် ၅ ဦးမှာ ကိုဂျေပိုင်၊ ကိုစိုင်းဇော်၊ ကိုဟိန်းထက်၊ ကိုလမင်းထွန်း၊ ကိုဇေဇင်လှိုင် တို့ဖြစ်ပြီး၎ ဦးမှာ ဧရာဝတီသတင်းဌာနက ဖြစ်သည်။

““ဧရာဝတီက ၄ ယောက်ပါမှာခင်ဗျ။ ခုကတော့ပြပွဲက ကမန်းကတန်း လုပ်နေတာဆိုတော့ ပုံထုတ်ဖို့တွေ၊ ပေါင်သွင်းဖို့တွေ ဒါတွေ လိုက်လုပ်နေရတာ။ အရမ်းကပ်သွားတယ်။ သင်္ကြန်နဲ့ ကျွန်တော်တို့ အလုပ်ရှုပ် နေတာနဲ့””ဟု ဓာတ်ပုံသတင်းထောက် ကိုဟိန်းထက်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

ဝိုင်းမော်

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

ကမ္ဘာတစ်ဝန်းရှိ လူ့အခွင့်အရေး လှုပ်ရှားသူများကို ရွေးချယ်ချီးမြှင့်သည့် သြစတေးလျနိုင်ငံ အခြေစိုက် လူ့အခွင့်အရေး အဖွဲ့တစ်ခုက ပေးအပ်သည့် Martin Ennals Award 2015 စကာတင်စာရင်းတွင် မြန်မာနိုင်ငံမှ လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက် လျက်ရှိသည့် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင် ပါဝင်ကြောင်း ၎င်းက ဧပြီ ၂၂ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

အဆိုပါ စကာတင် စာရင်းတွင် ဂါနာနိုင်ငံမှ Asamou Diallo၊ UAE နိုင်ငံမှ Ahmed Mansoor၊ တို့နှင့်အတူ ဦးရောဘတ်စန်းအောင်ပါ ပါဝင်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ ၃ ဦးကို လူ့အခွင့်အရေး အဖွဲ့အစည်းပေါင်း ၉ ဖွဲ့က ထောက်ခံခဲ့ကြခြင်း ဖြစ်သည်။

““အခုကတော့ ယာယီအတည်ပြုထားတာပါ။ ဒီ ၃ ယောက်ထဲမှာ ဂျူရီလူကြီးတွေက အင်တာဗျူး ထပ်လုပ် အုံးမှာ။ အင်တာဗျူးပေါ် မူတည်ပြီး ချက်ချင်း ဆုံးဖြတ်ပြီး ပ၊ ဒု၊ တ ပေးမှာပါ”” ဟု ဦးရောဘတ်စန်းအောင် က မြန်မာသံတော်ဆင့်သို့ ပြောသည်။

ဦးရောဘတ်စန်းအောင်သည် တပ်မတော်အစိုးရ လက်ထက်တွင် နိုင်ငံရေး အကျဉ်းသားအဖြစ် နှစ်ရှည် ထိန်းသိမ်းခံရသူ တစ်ဦးဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်တွင် ပြန်လည် လွတ်မြောက်ခဲ့သည့် တရားရေး ၀န်ထမ်း တစ်ဦးဖြစ်သည်။

၂၀၁၂ ခုနှစ်တွင် ရှေ့နေလိုင်စင် ပြန်ရချိန်မှစ၍ မီဒီယာသမားများ၊ အလုပ်သမား၊ လယ်သမား၊ လူ့အခွင့်အရေး လှုပ်ရှားသူများ၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ တရားစွဲဆို ရင်ဆိုင်ရခြင်းများအတွက် ရှေ့နေအဖြစ် အခမဲ့ လိုက်ပါ ကူညီ ဆောင်ရွက်ပေးခဲ့သည်။

““ဒီစာရင်းမှာပါတာက သံတော်ဆင့်က ပေးလိုက်တဲ့ဆုက ဒီမှာပါဖို့ ၅၀ ရာခိုင်နှုန်း အထောက်အကူ ပြုစေတာပါ။ သံတော်ဆင့်က ပေးတဲ့ ဆုကို နိုဂျီဘာသာပြန်ပြီး ပို့ပေးရတော့ ဂျာနယ်က တရားဝင် ပေးတာကို သိသွားတာ။ ဂျာနယ်၊ သတင်းစာက မြန်မာပြည်၊ ကမ္ဘာအနှံ့ကို ရောက်တယ်။ ပျံ့နှံ့နိုင်တယ်။ မီဒီယာ လက်နက်က အားပြင်းပါတယ်။ မီဒီယာကို မချိုးနှိမ်ပါနဲ့။ ချိုးနှိမ်ရင် အာဏာရှင်တွေအတွက် နောက်ဆုံးခရီးက မကောင်းဘူး ဖြစ် လိမ့်မယ်။ မီဒီယာတွေကို ဖမ်းဆီး၊ ရိုက်နှက်၊ တရားစွဲ၊ ထောင်ချ လုပ် နေတာက အာဏာရှင် စရိုက်တွေပါ။ အဲဒါတွေ နိဂုံးချုပ်ကြပါ။ အလကားနေ ထစ်ခနဲရှိ မီဒီယာကို တရားစွဲ၊ ထောင်ချ၊ ခေါင်းရိုက်ခွဲ လုပ်နေတာ လွန်လွန်းအားကြီးပါတယ်””ဟုဦးရောဘတ် စန်းအောင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

ဆန်ကာတင်စာရင်းတွင် ပါဝင်သူများကို ဆက်လက် စိစစ်မည်ဖြစ်ကာ လာမည့် အောက်တိုဘာ ၆ ရက်တွင် အပြီးသတ် ရွေးချယ်က ဂျနီဗာမြို့တွင် ဆုများကို ပေးအပ်သွားမည်ဖြစ်သည်။

သူရိန်ကျော်

ပုံညွှန်းစာ - မြန်မာသံတော်ဆင့်အပတ်စဉ်သတင်းစာ၏ ၃ နှစ်ပြည့်နှစ်ပတ် လည် အခမ်းအနားတွင် ပထမဆုံးအကြိမ် စတင်ပေးအပ်သည့် မြန်မာ သံတော်ဆင့် လူထုရှေ့ဆောင်ဆု(၂၀၁၄-၂၀၁၅) ကို တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင် လက်ခံရယူစဉ်။

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

မနေ့က ကိုးကန့်မှာ တပ်ကအလူးအလဲခံရတာတွေမြင်ရတော့ တော်တော်ဒေါသထွက်တယ်။ လိုင်းပေါ်က စစ်တပ်ထောက်ခံတဲ့သူတွေက ရေလိုက်ငါးလိုက်လွဲနေတယ်။ သူပုန်ကိုဖိဆဲတယ်၊ စစ်တပ်မထောက်ခံတဲ့သူတွေကိုဖိဆဲတယ်။ သူတို့ကိုဆဲလို့ ဘာမှဖြစ်မလာဘူး။ တကယ်ဆဲရမယ့်သူတွေကိုတော့ ဆဲဖို့၊ ဖိအားပေးဖို့ ကျန်နေတယ်။

စစ်တပ်က ဘက်ဂျက်ဝေစုကို တောက်လျောက် အများဆုံးသုံးခဲ့တာ။ ပညာရေး ကျန်းမာရေး အသုံးစရိတ်နှစ်ခုပေါင်းလို့မှ တစ် ရာခိုင်နှုန်းလောက်မရှိတဲ့အချိန်မှာ တပ်ကဘက်ဂျက်ကို တစ်ဝက်နီးပါးလောက်ထိသုံးခဲ့တာတွေတောင်ရှိတယ်။ အဲလောက်သောက်သောက်လဲသုံးထားတာ အခုသောက်သောက်လဲခံရဖို့လား။ ဆဲခြင်းဆဲရင် ခင်ဗျားတို့အပွင့်ကြီးတွေအခက်ကြီးတွေကို လှိမ့်ဆဲရမှာ။။ ဘက်ဂျက်ကိုအသေယူထားတာက အောက်ခြေစစ်သားတွေအတွက်မှမဟုတ်တာပဲ။ တပ်မတော်မှာ ပစ္စလက္ခတ်အလုပ်အခံရဆုံးကလူပဲ။ စစ်သာတိုက်ခိုင်းချင်တာ ဘာများထောက်ပံ့မှုတွေလုပ်ပေးနေလို့လဲ။ ကျွန်တော့်အမျိုးတစ်ယောက်တော့ ရှေ့တန်းထွက်ရတော့မယ်ဆိုရင် မင်္ဂလာဒုံဈေးကနေ စစ်ပစ္စည်းတွေကိုယ့်အိတ်ကိုယ်စိုက် သွားသွားဝယ်ရတယ်။ တပ်အပြောင်းအရွှေ့အော်ဒါထွက်ရင် ကိုယ့်စားရိတ်နဲ့ကိုယ် အပြောင်းအရွှေ့လုပ်ရတယ်။ ဒါကအသေးအမွှားလေးတွေပဲရှိသေးတယ်။ အမြဲတမ်းလိုလိုလေ တပ်မတော်ကြီးက ဒါလုပ်ဒါလုပ်ဆိုပြီး အမိန့်သာရောက်လာတာ တော်တော်များများက အိတ်စိုက်ပဲ။ စစ်သားယောက်ျားကိုယူလိုက်မိရင် အဲဒီမိန်းမပါ စစ်တပ်အစေခံဖြစ်ပြီး ဝေယျာဝစ္စလုပ်ပေးရတယ်။ အဲလိုမျိုးကိုတခြားနိုင်ငံတွေ ဘယ်မှာများကြားဖူးလို့လဲ။ အောက်ခြေစစ်သားဆိုရင် တပ်ကိစ္စတွေအပြင်လူကြီးအိမ် အောက်ခြေသိမ်းတွေကပါလိုက်လုပ်ကြရသေးတယ်။ အရာရှိကတော်ဆိုရင် လူကြီးမိန်းမသွားဖားပေးရတယ်။ အဲဒီကိစ္စတွေကို ငြင်းချင်ငြင်း မငြင်းချင်နေ ကျွန်တော်စိတ်မ၀င်စားဘူး။ ဟုတ်လားမဟုတ်လားဆိုတာ အခုစစ်တပ်အသိုင်းအ၀ိုင်းအသိဆုံးနေမှာပဲ။ တပ်က ပရော်ဖက်ရှင်နယ်အစစ်လိုနေလားမနေဘူးလားဆိုတာစစ်တပ်အသိုင်းအ၀ိုင်းအသိဆုံးနေမှာပဲ။

စစ်တပ်က တိုက်ဆိုပြီးတော့သာ တိုက်နေကြတာ ရှေ့တန်းစစ်သားတွေအတွက်တောင် လိုအပ်ချက်တွေ ဘာမှပြည့်ပြည့်၀၀ပေးနိုင်တာမဟုတ်ဘူး။ လူအင်အားနဲ့ဖိတိုက်ရင် နိုင်မှာပဲဆိုရအောင် ဓားတွေလှံတွေနဲ့တိုက်တဲ့ခေတ်မဟုတ်တော့ဘူးလေ။ တပ်မတော်ကွ စိတ်ဓာတ်ရှိတယ်၊ သတ္တိရှိတယ် ဘာညာလုပ်နေရုံနဲ့တော့ ဒီထက်ပိုသေဖို့ပဲရှိမယ်။ နည်းပညာနဲ့တိုက်တဲ့ခေတ်မှာ သတ္တိရှိတယ်ဆိုပြီးတက်လုံးတော့ ဟိုကစက်သေနတ်နဲ့အပြုတ်ဖြုတ်တော့မှာပေါ့။ မဟာဗန္ဓုလ သတ္တိဘယ်လောက်ရှိရှိ အမြှောက်မှန်တော့သေတယ်ဗျ။ ဘက်ဂျက်တွေသာ တောင်းနေတာ စစ်လက်နက်ပစ္စည်းတွေတောင် ပြည့်ပြည့်စုံစုံကောင်းကောင်းမွန်မွန်မလုပ်ပေးနိုင်ဘူး။ တစ်ခါကြုံမိလို့ ရဲဘော်တစ်ယောက်ကိုင်တဲ့သေနတ်ကိုင်ကြည့်ပါတယ်။ လက်နှစ်ဘက်နဲ့တောင်တော်တော်မနေရတယ်။ ရှေ့တန်းထွက်မယ့်သူတွေကို ကျည်ကာအင်္ကျီတွေထုတ်ပေးတော့ ကျည်ကာအင်္ကျီတစ်ထည်က ငါးပိဿာလောက်လေးနေတယ်။ ပြီးတော့ အဲဒီကျည်ကာအင်္ကျီက သေနတ်ထိတော့လည်း သေတာပဲတဲ့။ အရည်းအသွေးညံ့ဖျင်းတဲ့ သေနတ်အလေးကြီးကိုင်၊ ဘာမှသောက်သုံးမကျတဲ့ ခပ်လေးလေးကျည်ကာအင်္ကျီကြီးဝတ်ပြီး စစ်တိုက်ဖို့မပြောနဲ့ လမ်းလျှောက်ဖို့တောင်ခက်ခက်ရယ်။ စစ်လက်နက်ပစ္စည်းတွေအသုံးကျအောင်မလုပ်ပေးနိုင်ဘူးဆိုတော့ တခြားဟာတွေကောင်းလားဆိုတော့လည်း ဘာမှပြစရာမရှိ။ ရှေ့တန်းထွက်တဲ့စစ်သားတွေကိုကြည့်လိုက်ရင် အာဟာရမပြည့်တဲ့ပုံစံတွေနဲ့။ တပ်အလဲအလှယ်ကိုမလုပ်ဘဲ အကြာကြီးတပ်တစ်ခုတည်းကိုရှေ့တန်းမှာထား။ အိမ်မပြန်ရတာကြာတော့ စိတ်ဓာတ်တွေကျ။ စစ်တိုက်ဖို့မပြောနဲ့ လမ်းလျှောက်ဖို့တောင်အနိုင်နိုင်။ ဒဏ်ရာရတဲ့စစ်သားကို ကုပေးဖို့ အလုံအလောက်ဆေးဝါးပစ္စည်းကိရိယာမရှိ၊ နောက်တန်းပြန်ပို့ဖို့ သယ်ယူပို့ဆောင်ရေးမရှိ၊ အဲလိုနဲ့ မသေသင့်ဘဲသေ ပြုတ်ပြုတ်ပြုန်းရတာကလည်းအများကြီး။ ခြေပြတ်လက်ပြတ်ဖြစ်ပြီး ဒုက္ခိတဖြစ်တော့ ဘ၀အာမခံအတွက်စောင့်ရှောက်ဖို့ဆိုတာဝေးလို့ ခြေတုလက်တုတွေတောင် လူမှုရေးအဖွဲ့တွေက လုပ်ပေးမှတပ်ရတဲ့ဘ၀။ တာဝန်ထမ်းဆောင်ရင်းကျတော့ ဂုဏ်ပြုလက်မှတ်ဆိုတာက မှန်ဘောင်တောင်မသွင်းထားတဲ့ စစ်တောင်းစက္ကူအစုတ်သာသာနဲ့။ ဒုက္ခိတဖြစ်ပြီး တပ်ကထွက်ရတော့ စာအုပ်လိုက်ရောင်းရတဲ့သူတွေနဲ့ တောင်းစားနေရတဲ့သူတွေနဲ့။ အငြိမ်းစားတပ်မတော်သားတွေအတွက် စီးပွားရေးလုပ်နေပါတယ်ပြောတဲ့ဟာတွေဆီကလည်း ဘာအသံမှမထွက်။ တပ်မတော်ကြီးရဲ့စေတနာကို အောက်ခြေစစ်သားတွေခံစားနေရတာလေ။ ဒီလောက်တောင် စုတ်ပြတ်သတ်နေရအောင် သုံးထားတဲ့ဘက်ဂျက်တွေက လေထဲပျောက်သွားတာတော့မဖြစ်နိုင်ဘူး။ ဟိုဟာလုပ်ပေးပါတယ် ဒီဟာလုပ်ပေးပါတယ်ငြင်းချင်လည်းငြင်းပါ။ အပွင့်ကြီးတွေအခက်ကြီးတွေ ဘယ်လိုနေကြလဲ၊ သူတို့သားသမီးမိသားစုတွေ ဘယ်လိုနေထိုင်သုံးဖြုန်းကြလဲဆိုတာတော့ မြင်နေကျလူတွေအသိဆုံးဖြစ်မှာပဲ။

သူပုန်က သူပုန်အလုပ်သူပုန်လုပ်မှာပဲ။ သူ့ဆဲနေရုံနဲ့တော့ ဘာမှဖြစ်မလာဘူး။ ကလဲ့စားချေချင်တယ်ဆိုရင် နိုင်အောင်တိုက်လေ။ ပစ္စည်းကိရိယာအစုတ်ပလုတ်တွေနဲ့ စိတ်ဓာတ်ရှိတယ် ဘာညာပဲလုပ်နေရင်တော့ ဒီထက်ပိုဆိုးဦးမှာပဲ။ စိတ်ဓာတ်ရှိတယ်သာပြောနေတာ ပစ္စည်းကိရိယာလည်းဘာမှ ကောင်းကောင်းကန်းကန်းမရှိ၊ ကျဆုံးဒဏ်ရာရဆိုပြန်တော့လည်း ဘာမှဘ၀အာမခံချက်မရှိဘဲ ဘယ်သူက စိတ်ဓာတ်ကောင်းကောင်းနဲ့တိုက်နိုင်မှာလဲ။ အသက်ကိုပဓာနမထားဘူး ပဓာနမထားဘူးနဲ့ပြောနေတာ အမှန်ပဲ။ လက်အောက်ငယ်သားအသက်တွေပဓာနမထားလို့ အကျအဆုံးအဲလောက်များနေတာပေါ့။ ခုလည်းဟိုဘက်က ဘယ်လောက်ကျတယ်ဘာညာနဲ့ အောင်စည်အောင်မောင်းတီး သတင်းထုတ်ပြန်တာတွေ အဆက်မပြတ်လုပ်နေချိန်မှာ ဒီဘက်က တပ်မတော်ကြီးက မထုံတတ်တေး ဘာမှလည်းမထုတ်ပြန်၊ ဘာမှလည်းမသိရ။ တပ်မတော်ကအကျအဆုံးမှန်သမျှဟာ သူပုန်သတ်တာကတစ်ဝက်၊ စစ်တပ်က ကိုယ့်လူကိုယ်ပေယျာလကန်ထားပြီး လုပ်စရာရှိတာမလုပ်ပေး သောက်ဂရုမစိုက်ဘဲထားလို့ သေတာကတစ်ဝက်ပဲ။ အခုစစ်ပွဲမှာကျသမျှတပ်မတော်သားတိုင်း တပ်မတော်သားတိုင်းအတွက် တပ်ဘက်ဂျက်တွေကို လူစားမစားဘဲ တိရိစ္ဆာန်စားစားထားတဲ့သူတွေအကုန်လုံးမှာ တာဝန်ရှိလိမ့်မယ်။ အဂတိလိုက်စားမှုကို အသေအချာမကိုင်တွယ်ဘဲ သူစားငါစားအကုန်လုံးစားလုပ်နေတဲ့ အစိုးရအဖွဲ့မှာတာဝန်ရှိလိမ့်မယ်။ ဒီစစ်ပွဲဟာ တပ်ရဲ့ အရည်အသွေးအတွက် တကယ့်သတိပေးခေါင်းလောင်းသံပဲ။ ခင်ဗျားတို့တကယ်ဆဲချင်တယ်ဆိုရင် ကိုယ့်အတွက်ပဲကိုယ်ကြည့်နေတဲ့ သောက်သုံးမကျတဲ့ အဲလူတွေကိုပါဆဲပါ။ ဒါမှမဟုတ်ရင် စစ်တပ်ကို တကယ်အဂတိလိုက်စားမှုကင်းကင်းနဲ့ ပရောက်ဖက်ရှင်နယ်ကျကျ တည်ဆောက်နိုင်အောင် နိုင်ငံရေးအရ ဖိအားဝိုင်းပေးပါ။ ဒါမှမဟုတ်ဘဲ တပ်က ဒုံရင်းဒုံရင်း၊ ပေါ်ဖားအောက်ဖိ အထက်လူကောင်းစား အောက်လူသူတောင်းစား၊ အပွင့်ကြီးတွေအခက်ကြီးတွေ အဆီရစ်နေချိန် အောက်ခြေစစ်သားတွေ အာဟာရမပြည့်ဝတဲ့ပုံစံတွေနဲ့ ဘာမှဘ၀အာမခံချက်မရှိ ဖြစ်သလိုနေဖြစ်သလိုစားပြီး စစ်တိုက်နေရဦးမယ်ဆိုရင်တော့ နောက်နောင်ဖြစ်လာမယ့် စစ်ပွဲတွေမှာလည်း အခုလိုပဲ အထိနာနေဦးမှာပဲ။

Thurein Hlaing Win

ကိုးကန့်တပ်ဖွဲ့
 အရင်ရက်က တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ကိုးကန့်ဒေသမှာ ဒီကနေ့မှာတော့ ငြိမ်သက်နေပေမဲ့ တိုက်ပွဲတွေဟာ ဆက်လက် ပြင်းထန်တဲ့ အခြေအနေရှိနေပါတယ်။ ဒီလ ၂၃ရက်နေ့ တိုက်ပွဲအတွင်းမှာတော့ အစိုးရတပ်ဖက်က သုံးစွဲတဲ့လက်နက်ဟာ သာမာန်လက်နက်နဲ့မတူဘဲ ထူးခြားနေတာကြောင့် ဓါတုလက်နက်နဲ့ ပစ်ခတ်တယ် လို့ ကိုးကန့်တပ်ဖွဲ့က သတင်းထုတ်ပြန်ပေမဲ့ သီးခြား အတည်ပြုချက်တော့ မရသေးပါဘူး။ ကိုးကန့်ဒေသရဲ့ နောက်ဆုံးအခြေအနေကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

၂လကျော်ကြာ ရှည်ကြာလာတဲ့ ကိုးကန့်ဒေသတိုက်ပွဲတွေဟာ ပြီးခဲ့တဲ့သီတင်းပတ် အတွင်းမှာ အတန်ငယ် ငြိမ်သက်နေရာ က မနေ့ကတော့ လောက်ကိုင်မြို့ရဲ့ အရှေ့မြောက်ဖက်ခြမ်းမှာ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြပါတယ်။ ဒီတိုက်ပွဲတွေ ဟာ ဒီကနေ့မှာတော့ ငြိမ်သက်နေတယ်လို့ မြန်မာအမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်ဖွဲ့ MNDAA ခေါ် ကိုးကန့်တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်း က ပြောပါတယ်။

"ဒီကနေ့ကတော့ ငြိမ်နေပါတယ်။ မနေ့တုန်းကတော့ တော်တော်ပြင်းထန်ပါတယ်။ မနေ့တုန်းက သုံးနာရီခွဲက စဖြစ်တယ်။ မိုးမလင်းခင်၊ ညကိုးနာရီလောက် လက်နက်ကြီးနဲ့ ပစ်ပြီးတော့မှ ကြည်းတပ် မြေပြင် ကြည်းတပ် ထိုးပါတယ်။"

ဒီတိုက်ပွဲအတွင်းမှာ အစိုးရတပ်ဖက်က အသုံးပြုတဲ့ လက်နက်နဲ့ ပတ်သက်ပြီး ဦးထွန်းမြတ်လင်းက အခုလို ဆက်ပြောပါတယ်။

"သူတို့က သာမာန်ဗုံးနဲ့ မတူတာက သာမာန်ဗုံးက ကွဲသွားရင်တောင် မီးခိုးပဲ ထွက်တာပေါ့။ သာမာန်မီးခိုး၊ အခုဟာက သာမာန်မီးခိုးထွက်ပြီးတဲ့နောက် အရောင်တွေ ပါလာတယ်။ တချို့တွေကျတော့ အနီရောင်၊ တချို့တွေကျတော့ အဝါရောင်၊ အပြာရောင် တချို့ကျတော့လည်း အရမ်းဖြူတဲ့ အဖြူရောင်လည်း ရှိတယ်။ ပြီးတော့ စူးရှတဲ့ မွှေးကြိုင်တဲ့ အနံ့ရှိပါတယ်။ အဲ့ဒီ့အနံ့ကို ရှုမိတဲ့ ရဲဘော်တွေ၊ ကျနော်တို့ဘက်က ရဲဘော်တွေ အော့်အန်ကုန်ကြတယ်။ ထမင်းစားလည်း အန်တယ်။ ရေသောက်လည်း အန်တာပဲ။ ဆိုတော့ တိုက်ခိုက်မှု အင်အား မရှိတော့ဘူးလို့ ပြောရမှာပဲ။"

ဒီလက်နက်နဲ့ ပတ်သက်ပြီး ကိုးကန့်တပ်ဖွဲ့က ဓါတုလက်နက် အဖြစ် ကြေညာချက် ထုတ်ပြန်ပေမဲ့ သီးခြား အတည်ပြုချက်တော့ မရပါဘူး။ ကိုးကန့်တပ်ဖွဲ့အနေနဲ့လည်း ကျွမ်းကျင်ပညာရှင်တွေနဲ့ စစ်ဆေးနိုင်တဲ့ အခြေအနေမရှိကြောင်း ပြောဆိုပါတယ်။

ကိုးကန့်ဒေသတိုက်ပွဲတွေဟာ ဒီကနေ့ ငြိမ်သက်နေပေမဲ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နိုင်တယ်လို့ ကိုးကန့်တပ်က ခန့်မှန်းထားသလို ကိုးကန့်ရဲ့ မဟာမိတ်တပ်ဖွဲ့ဖြစ်တဲ့ တအာန်းခေါ် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဖွဲ့ TNLAရဲ့ အထွေထွေအတွင်းရေးမှုး တာ့ဘုန်းကျော်က တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နိုင်ကြာင်း ပြောပါတယ်။

"ကိုးကန့်ဘက်ကတော့ တိုက်ပွဲအခြေအနေ ပြင်းတယ်။ မနေ့ကတော့ စစ်ကြောင်းကြီး သုံးကြောင်းနဲ့ တပ်ပြီးတော့ ထိုးတာ အကျအဆုံး တော်တော်များ တယ်လို့ ကျနော်တို့သိရတယ်။ ဒုကာကွယ်ရေးဦးစီးချုပ် ကိုးကန့်ဘက် လာကြည့်တယ်ပြောတယ်။ ပြီးတော့ ပြန်သွားပြီ။ နောက်ထပ် အင်အားတွေ ထပ်ဖြည့်မယ်လို့ ကျနော်တို့ သိရတယ်။ ဆိုတော့ တိုက်ပွဲအခြေအနေက နည်းနည်းပြင်းလိုက်မယ်ဆိုတဲ့ သဘောကျနော်တို့ သိရတယ်။ "

ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းကတော့ တရုတ်မြန်မာနယ်စပ်၊ တရုတ်နိုင်ငံနဲ့ လားရှိုးမြို့ကို ရောက်ရှိနေတဲ့ စစ်ရှောင်ဒုက္ခသည် ၆၀ ၀၀၀ လောက် ဟာ နေရပ်ရင်း ပြန်လာနေပြီး အစိုးရက ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ပြီး ကူညီထောက်ပံ့ထားခဲ့ပါတယ်။

ကွမ်းလုံမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဟော်ရှောက်ချမ်း ကတော့ လောက်ကိုင်မြို့အခြေအနေက လုံးဝ မတည်ငြိမ်သေးဘူး လို့လည်း ပြောပါတယ်။

" အခုအခြေအနေကတော့ ဘယ်လိုလဲ။ ဘာမှ ထူးထူးခြားခြား မရှိသေးပါဘူး။ စစ်ပွဲလုပ်တယ်။ တချို့တဝက် ပြန်လာတယ်။ ပြန်လာပြီးတော့မှ အရပ်သားလည်း ပြန်လာတယ်။ ပြန်လာတော့ အိမ်တွေ သိပ်မဝင်ရဲသေးဘူး ခင်ဗျ။ လောက်ကိုင် အနောက်ခြမ်းက တိုက်နေတယ်။ မနက်ကလည်း တိုက်တယ်။ လောက်ကိုင်နဲ့ အနောက်မြောက်၊ အနောက်မြောက် တိုက်နေတယ်။ အဲ့တော့ လူထုကလည်း မပြန်ရဲဘူးလေ။ တိုက်ပွဲရှိတော့ မအေးချမ်းသေးဘူးလေ နော့်။"

တရုတ် မြန်မာနယ်စပ် ကိုးကန့်ဒေသအတွင်းမှာ အခုလို တိုက်ပွဲတွေဖြစ်ပွားနေ ချိန်မှာပဲ မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေက မေလအတွင်းမှာ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးနိုင်ဖို့ အတွက် ပြင်ဆင်နေပါတယ်။ ပြီးခဲ့တဲ့လကုန်ကတော့ အပစ်ရပ် စာချုပ်နောက်ဆုံး မူကြမ်းကို နှစ်ဖက် ကိုယ်စားလှယ်တွေ ဟာ နိုင်ငံတော်သမ္မတ ရှေ့မှောက်မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတမြို့မှာ ကျင်းပတဲ့ အာရှ အာဖရိက ထိပ်သီးညီလာခံမှာ ညီလာခံအတွင်း တရုတ်သမ္မတ ရှီ ကျင့်ဖျင် နဲ့ နိုင်ငံတော်သမတ ဦးသိန်းစိန်နဲ့ တွေ့ဆုံစဉ်မှာ မြန်မာနိုင်ငံမြောက်ပိုင်းက အခြေအနေတွေနဲ့ ပတ်သက်လို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကနေ တဆင့် ပြဿနာကိုဖြေရှင်းဖို့ ကြိုးပမ်းနေတာကို တရုတ်က ထောက်ခံကြောင်းနဲ့ တိုးတက်မှု အသစ်တွေကိုမြင်ရဖို့ မျှော်လင့်ကြောင်း တရုတ်သမ္မတက ပြောဆိုခဲ့ပါတယ်။

မိုးဇော် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

မြင်းခြံမြို့ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူ ၆ ဦးကို ဧပြီလ ၂၄ ရက်နေ့က ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးစဉ်။ Photo: Hset Paing Toe/RFA
လက်ပံတန်း ကျောင်းသားသပိတ်စစ်ကြောင်း အကြမ်း ဖက်ဖြိုခွဲခံရတာကို ကန့်ကွက်ကြောင်း မြင်းခြံမြို့ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူ ၆ ဦးကို နိုင်ငံတော်အကြည်ညို ပျက်စေမှု၊ ဥပဒေနဲ့ဆန့်ကျင်တဲ့ လူစုလူဝေးမှာပါဝင်မှု၊ လူစုခွဲဖို့ကြေညာတာကို လက်မခံမှု စတဲ့ ပုဒ်မ ၃ ခုနဲ့ ဒီနေ့ တရားစွဲဆိုလိုက်ပါတယ်။

ပုဒ်မ ၃ခုနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြင်းခြံ ဒီဂရီကောလိပ် ဒုတိယနှစ်ကျောင်းသား ကိုဥာဏ်မြင့်သန်းက သူတို့ကို နိုင်ငံတော်အကြည်ညို ပျက်စေမှုနဲ့ တရားစွဲဆိုတာဟာ မတရားဘူးလို့ ပြော ပါတယ်။

"၅ဝ၅(ခ) နိုင်ငံတော်အကြည်ညိုပျက်စေမှု ဆိုတာက ကျနော်တို့လုပ်တဲ့ လုပ်ရပ်တွေက ပြည်သူ့ကိုအကျိုးဖြစ်စေတယ်၊ နိုင်ငံတော်ကို အကျိုးဖြစ်စေတဲ့အတွက်ကြောင့်မို့လို့ ၅ဝ၅(ခ)တပ်တာ ကျနော်တို့ မတရားဘူးလို့ထင်တယ်၊ တကယ်တမ်း ၅ဝ၅(ခ)ဆိုတာ ကျနော်တို့ လုပ်ရပ်ကိစ္စတွေမှာ နိုင်ငံတော်ကို တစ်ခုမှပျက်စီးစေတဲ့ဟာ တစ်ခုမှမပါဘူး၊ နိုင်ငံတော်ကိုတည်ဆောက် တဲ့ဟာမျိုး ကျနော်တို့ ဒီမိုကရေစီပညာရေးတို့လိုဟာမျိုးတွေ ကျနော်တို့တောင်းဆိုတာဖြစ်တယ်၊ အဲ့ဒါကြောင့်မို့လို့ ၅ဝ၅(ခ) တပ်တာ မတရားဘူးလို့လို့ ကျနော်တို့မြင်တယ်"

အဲ့ဒီ ၆ ဦးကို မြင်းခြံထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားတာဖြစ်ပြီး သူတို့ဟာ ပြီးခဲ့တဲ့မတ်လ ၂၇ ရက်နေ့က ဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူတွေဖြစ်ပါတယ်။ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ နောက်ထပ် ၄ ဦးကိုလည်း ဝရမ်းပြေး အဖြစ် ကြေညာထားပါတယ်။

မတ်လ ၂၇ ရက်နေ့က ဆန္ဒပြပွဲမှာ မြင်းခြံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက လာရောက်တားမြစ်ရာမှာ ဆန္ဒပြသူတွေအပေါ် ရိုင်းပြစွာစော်ကားပြောဆိုခဲ့တဲ့အတွက် ဖမ်းဆီးခံထားရသူတွေဘက်ကလည်း ပြန်လည် တရားစွဲဆိုဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဒီအတောအတွင်း ပြီးခဲ့တဲ့ မတ်လ ၁ဝ ရက်နေ့က ကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွဲခံရတာကို ကန့်ကွက်ကြောင်း ရန်ကုန်မြို့ လှည်းတန်းလမ်းဆုံမှာ ဆန္ဒပြခဲ့တဲ့ ကျောင်းသူ မပိုပိုနဲ့ ကိုဝင်းကျော့မှူးတို့ကိုလည်း ကမာရွတ်မြို့နယ်တရားရုံးမှာ ဒီနေ့ ရုံးထုတ်ခဲ့ပါတယ်။

သူတို့နှစ်ဦးအပြင် ကိုကျော်ကိုကို၊ ကိုနန္ဒာစစ်အောင်၊ ကိုရှိန်းရာဇာထွန်းနဲ့ ကိုလင်းထက်နိုင်တို့ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ဆူပူအောင်လှုံ့ဆော်မှုတို့နဲ့ ကမာရွတ်မြို့နယ် ရဲစခန်းက အမှုဖွင့်ထားပါတယ်။

RFA Burmese
http://www.rfa.org/burmese


အလွတ်သတင်းထောက်ကိုပါကြီး အသတ်ခံရမှုနဲ့ပတ်သက်ပြီး အမှုမှန်ဖော်ထုတ်ပေးဖို့ ဆန္ဒပြခဲ့တဲ့ “ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု- MDCF” အဖွဲ့ဝင် ကိုသိန်းအောင်မြင့်ကို မန္တလေးတိုင်း အောင်မြေသာစံ မြို့နယ်တရားရုံးက ဒီကနေ့ ထောင်ဒဏ် ချမှတ်လိုက်ပါတယ်။ မဇာဏီထွဏ်းက တင်ပြထားပါတယ်။

RFA




သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းသားတွေနဲ့ ဝန်းရံကြတဲ့ ပြည်သူတွေကို လက်ပံတန်းမြို့နယ်တရားရုံးမှာ ဒီနေ့ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။


နှစ်ဟောင်းကုန်လို့ နှစ်သစ်ကိုပြောင်းပြီဆိုတိုင်းမှာ ကျွှန်တော်တို့ လူသားတွေဟာ အခြင်းခြင်း အပြန်အလှန် ဆုမွန်တောင်းကြ၊ ပိုမိုကောင်းတာတွေ ရရှိပိုင်ဆိုင်လာအောင်၊ စီးပွားဥစ္စာတွေတိုးပွားလာအောင်၊ ပညာရေး၊ ကျန်းမာရေး၊ လူမှု့ရေးကိစ္စအ၀၀ အဆင်ပြေအောင် ဆုမွန်ချွေကြတာထုံးစံဘဲမဟုတ်လား။ လူထုခေါင်းဆောင် တိုင်းပြည်ခေါင်းဆောင် တွေကလည်း ပြည်သူလူထုကို နှစ်သစ်ကူးဆုတောင်းမေတ္တာပို့ ၊ ဆုပေးစကားတွေ ချွေကြသလို သတင်းမီဒီယာတွေ၊ ရေဒီယိုရုပ်မြင်သံကြားတွေမှာလည်း ဆုတောင်းနှုတ်ခွန်းဆက်လွှာတွေ ဝေေ၀လွင်လွင် မြိုင်မြိုင်ဆိုင်ဆိုင်ဖေါ်ပြကြတာမဟုတ်လား။ ဆုတောင်းတယ်၊ ဆုပေးတယ်ဆိုတာ လူသား အခြင်းခြင်း တဦးပေါ်တဦး ကောင်းသောမေတ္တာစေတနာ အပြန်အလှန်ထားရှိခြင်းကိုဖေါ်ညွှန်းတာမို့ ရှေးအတီ အတေကာလကနေ ဒီနေ့ အချိန်ထိကျင့်သုံးနေကြသလို နှောင်မှာလည်းဆက်လက်ကျင့်သုံးကြရအုံးမှာပါ။

လူ့ လောကကြီးမှာ ဆုမတောင်းဘူးတဲ့သူရယ်လို့ မရှိလောက်ပါဘူး။ လူတိုင်းလူတိုင်းဘ၀မှာ ဖြစ်ခြင်တာ၊ ရယူခြင်တာ ဆန္ဒရှိတာတွေအတွက် ဆုတောင်းခဲ့ဘူးကြမှာပါ။ မြန်မာပြည်တနံတလျှားမှာရှိတဲ့ ဘုရားကျောင်း ကန်စေတီ ပုထိုးတိုင်းမှာ ခရစ်ယာန်ဘုရားကျောင်းတော်တွေမှာ ဗလီဝတ်ပြုကျောင်းတော်တွေ၊ နတ်နန်း နတ်ကွန်းတွေမှာ ဆုတောင်းသူတွေ နေ့ စဉ်နဲ့အမျှရှိနေတာပါ။ စာမေးပွဲအောင်ခြင်သူတွေ၊ အချစ်ရေး ကံကောင်းခြင်သူတွေ အိမ်ထောင်ရေးမပြေလည် သူတွေ၊ စီးပွားဥစ္စာ လတ်လာဘ တိုးပွားခြင်သူတွေ၊ ကျန်းမာ ရေးမကောင်းသူတွေ၊ သားသမီးရခြင်သူတွေ၊ ရာထူးတက်ခြင်သူတွေ…အို..အပူပေါင်းစုံနေတဲ့သူတွေ နေ့ ည မပြတ် ဘုရားရှင်တော် ရှေ့မှောက် အခစား ရောက်နေကြတာမဟုတ်လား။

အဲ့ဒီလိုဆုတောင်းကြတဲ့အထဲက အများစုဟာ ဘုရားရှင်ကိုရှစ်ခိုးပူဇော် ဘုရားရှင်ကိုတိုင်တည် မိမိဆန္ဒ တွေပြည့်ဝအောင် ဘုရားရှင်ကို အသနားခံ၊ ဘုရားရှင်ကိုအပူကပ်၊ ဘုရားရှင်ကိုနားပူနားဆာတိုက်ကြ အနည်းဆုံးအဆင့်…ဆုတောင်းမပြည့်သေးတောင် စိတ်သက်သာရ၊ တဒင်္ဂတော့အေးငြိမ်း သွားရတာကိုး။ ပြီးရင် ကိုယ်တိုင်အားထုတ်မှု့မရှိကြတာများတယ်မဟုတ်လား ။ တန်ခိုးရှင် ဘုရားသခင် နတ်မင်းကြီးတွေရဲ့ စောင်မကြည့်ရှု့ ဖြည်းဆီးပေးမှာကို ကိုယ်တိုင်အားမထုတ်ဘဲ အိမ်ကထိုင်ပြီးမျှော်လင့်နေလေ့ရှိကြတယ်လေ။

ဆုတောင်းကြတဲ့သူတိုင်း တောင်းတဲ့ဆုပြည့်ခြင်ကြတာ ဓမ္မတာပါ ။ ဒါပေမဲ့ လူတိုင်းဆုတောင်းမပြည့်ကြပါဘူး။ စာမေးပွဲအောင်ပါစေလို့ ဆုတောင်းတဲ့ကျောင်းသားတယောက်ဟာ ဆုတောင်းယုံသာ ဆုတောင်းပြီး စာမကျက် ဘဲ မလေ့လာဘဲ စာမေးပွဲမအောင်နိုင်ပါဘူး။ ဒီလိုဘဲ ချမ်းသာပါရစေလို့ ဆုတောင်းတဲ့ လူတယောက်ဟာအိမ် မှာ အိပ်ရင်း ချမ်းသာတာကိုစောင့်နေယုံနဲ့ ချမ်းသာကြွယ်ဝမလာနိုင်ဘူး။

မိမိဆုတောင်းတွေပြည့်ဝလာနိုင်ဖို့ အထောက်အပံ့ဖြစ်စေမဲ့ ကိစ္စရပ်တွေမှာ ကာယကံ ဝစီကံ မနောကံဆိုတဲ့ အလုပ်သုံးပါးကံ၊ ဥာဏ် ၀ီရိယ ဇွဲလုံ့ လတွေနဲ့ ဆန္ဒပြင်းပြစွာ အားစိုက်လုပ်ကိုင်ဖြည့်ဆီးမှသာ ဆုတောင်းပြည့် နိုင်တာပါ။

မြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့တဲ့ ၂၄ ပစ္စည်း ပဋ္ဌာန်းမြတ်ဒေသနာမှာ လူ့ရဲ့စိတ်ကိုလွှမ်းမိုးကြီးစိုးတဲ့ သဘာဝတရားလေးပါးဖြစ်တဲ့ ဆန္ဒာဓိပတိ၊ ၀ီရိယာဓိပတိ၊ ၀ိမံသာ ( အသိဥာဏ်ပညာ ) ဓိပတိ၊ စိတ္တာဓိပတိ ဆိုတဲ့ အဓိပတိပစ္စယောကို အထင်အရှားတွေ့ နိုင်ပါတယ် ။

ဂေါတမမြတ်စွာဘုရားအလောင်းတော်ဟာ ဒီဘဒ္ဒကမ္ဘာကနေ ပြန်၍ ရေတွက်ခဲ့ ရင် လေးသင်္ချေနှင့် ကမ္ဘာ တစ်သိန်းမှာ သုမေဓာရသေ့ ဖြစ်ခဲ့ပါတယ်။ အဲ့ဒီတုံးက ဘုရားအလောင်းတော် သုမေဓာရသေ့ဟာ ဒီပင်္ကရာ မြတ်စွာဘုရားရှင် ခြေတော်ရင်းမှာ ဘုရားဆုပန်ခဲ့တယ်။ တနည်းအားဖြင့်ဆိုရင် ဘုရားအဖြစ်ကိုရဖို့ သံဓ္ဓိဌာန် ချမှတ်ခဲ့တာပါ ။
တောင်းခဲ့တဲ့ဆုပြည့်စုံရရှိအောင် သုမေဓာရသေ့ဟာ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းလုံး ဒီအတိုင်းထိုင်မနေခဲ့ ပါဘူး ဘုရားရှင်အဖြစ်ကိုရောက်ရှိဖို့ စိုက်လိုက်မတ်တပ် ပါရမီဖြည့်ဆီးခဲ့တယ်လေ။ နောက်ဆုံးတော့ သူ့တောင်းတဲ့ ဆုပြည့်ခဲ့တာဟာ အကြောင်းမဲ့မဟုတ်ဘူး ။ ခိုင်မာတဲ့စိတ်ပိုင်းဖြတ်မှု့နဲ့ အတူ အလုပ်သုံးပါးကံ တွေနဲ့ ဘ၀ပေါင်းများစွာ ကျိုးပမ်းဖြည့်ဆီးခဲ့တာကြောင့်မဟုတ်လား ။ တနည်းအားဖြင့်ပြောရရင် ဆန္ဒာဓိပတိ၊ ၀ီရိယာဓိပတိ၊ ၀ိမံသာ ( အသိဥာဏ်ပညာ ) ဓိပတိ၊ စိတ္တာဓိပတိ စတဲ့ တရားလေးပါးစုံညီယုံမက မှန်ကန်တဲ့ ယုံကြည်မှုသဒ္ဓါ ရှိခဲ့လို့ ဘဲမဟုတ်လား ။

သဒ္ဓါဆိုတဲ့ စကားလုံးကို အများအား ဖြင့် သက်ဝင်မှု၊ ယုံကြည်မှု လို့ သာဘာသာပြန်လေ့ရှိတယ်။ ဒါပေမဲ့ သဒ္ဓါ ဆိုတာ ယုံကြည်မှု မည်ကာမတ္တမဟုတ်ပါဘူး။ ကိုယ်တိုင် ကျေကျေနပ်နပ် ရှင်းရှင်းလင်းလင်း လက်တွေ့ သိရှိ
နားလည်ပြီးမှ ဖြစ်ပေါ်လာသော စိတ်ချယုံကြည်မှုမျိုးဖြစ်ပါတယ်။ “သဒ္ဓါယ တရတိ သြဃံ ” (အခက်အခဲမှန်သမျှကို ယုံကြည်ချက်ဖြင့် လွန်မြောက်၏) လို့ ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့ပါတယ် ။

ဗုဒ္ဓဘာသာဝင် မြန်မာပြည်သူပြည်သားတိုင်းလိုလို ဘုရားရှစ်ခိုးပြီးလို့ ဆုတောင်းခန်းရောက်ရင် တောင်းမဲ့ ဆုတောင်းတွေထဲမှာ ရန်သူမျိုးငါးပါးမှ လွတ်မြောက်ရပါလို၏ဆိုတာပါတယ်မဟုတ်လား။ ရန်သူမျိုးငါးပါးထဲက တပါးဖြစ်တဲ့ မင်းဆိုးမင်းညစ်ရဲ့ နှိပ်စက်ညှင်းပမ်းမှု့ဒါဏ်ကို ဘယ်သူမှ ခံစားခြင်မှာမဟုတ်ပါဘူး။ လွတ်မြောက် ခြင်တာပေါ့ ။ ထို့အတူဘဲ ကောင်းမွန်တဲ့အုပ်ချုပ်သူအစိုးရမင်းများနဲ့သာ ကြုံတွေ့ရပါလို၏ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရလိုပါ၏လို့လည်း ဆုတောင်းကြမှာ မလွဲပါဘူး ။ ရာစုနှစ်ဝက်ကျော် စစ်သံခွာဖိနှောင့်အောက်မှာ ပြားပြားမှောက်လို့ ငရဲတွင်းထဲ လောင်မီးကျခံရသလို အတိဒုက္ခရောက်ခဲ့ကြရတာကိုး။

အဲ့ဒီလိုဆုတောင်းကြတဲ့အတိုင်း စစ်အာဏာရှင်စနစ်ဆိုးလက်အောက်က တကယ်လွတ်မြောက်ခြင်တယ်ဆိုရင် လွတ်မြောက်ရာလွတ်မြောက်ကြောင်းကို အထောက်အပံ့ဖြစ်စေမဲ့ ကိစ္စရပ်တွေ လှုပ်ရှားမှု့တွေမှာ အားတက် သရော ကိုယ်စွမ်းဉာဏ်စွမ်းရှိတာအကုန်ထုတ် အလုပ်လုပ်ဖို့လိုပါတယ်။

ပထမဆုံးလုပ်သင့်တာက မိမိကိုယ်ကို သတိပြုပြင်ဆင်ဖို့လိုပါတယ် ။ အာဏာရှင်ကိုဆန့်ကျင်ရင်း ကိုယ်တိုင် အာဏာရှင်မဖြစ်အောင် ဆင်ခြင်လုပ်ကိုင်ဘို့ လိုပါတယ်။ ကိုယ်ချင်းစာတရားနဲ့ သူတပါးအခွင့်အရေးကိုလေးစား အသိမှတ်ပြုတတ်ဖို့လည်းလိုပါတယ်။ အများဆန္ဒကိုလိုက်နာရင်း အနည်းစုဆန္ဒကိုလေးစားအသိအမှတ်ပြုတဲ့ ဒီမိုကရေစီရဲ့ကောင်းမြတ်တဲ့တရားတွေကို သိယုံမက ကိုယ်တိုင်ကျင့်ကြံတတ်ဖို့လည်းလိုပါတယ်။ အသိနဲ့  အကျင့် တသားထဲကျမှသာ မှန်ကန်တဲ့လမ်းကြောင်းပေါ်ရောက်နိုင်မှာပါ။

ဒုတိယအဆင့်က မိမိဝန်းကျင်ကို မှန်ကန်ပြီး ဂုဏ်သိက္ခာရှိတဲ့ အသိုင်းအဝိုင်းဖြစ်အောင် မိမိတတ်နိုင်သမျှ တည့်မတ်ထိန်းကျောင်းဖို့ လည်းလိုပါတယ်။ မိမိတဦးတည်းသိနေယုံ မိမိတဦးတည်းမှန်နေယုံနဲ့ မပြီးမြောက် နိုင်ပါဘူး။ မိမိဝန်းကျင်နဲ့ လူ့ အဖွဲ့ စည်းအသိုင်းအ၀ိုင်းတခုလုံးပါ အသိဥာဏ်မြင့်မားဖို့  အမှန်တရားကိုသိမြင် ရပ်တည်ရဲလာဖို့ လိုပါတယ်။
တတိယအဆင့် တိုင်းပြည်အရေး တမျိုးသားလုံးရဲ့ အနာဂါတ်ရေးကိစ္စတွေ ဥပမာ … ပုဒ်မ ၄၃၆, ၅၉ စတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပြင်ဆင်ရေးကိစ္စ ၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကနေ ပြည်သူ့အစိုးရတရပ် ပေါ်ပေါက်လာရေးကိစ္စတွေမှာ မိမိနိုင်ရာဝန်ထမ်းကြဖို့လိုပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်လျှောက်လှမ်းနေတဲ့ စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တပ်မတော်ကို ဂုဏ်သိက္ခာရှိစွာ စစ်တန်းလျှားပြန်နိုင်ရေးနဲ့ ကမ္ဘာကလေးစားရတဲ့ ဒီမိုကရက်တစ်နိုင်ငံတော်တည်ဆောက်ရေး စတဲ့အဆင့်မြင့် နိုင်ငံရေးခရီးစဉ်ကြီးမှာ နှမ်းတလုံး အုပ်တချပ်၊ သဲတပွင့် ဖြည့်ဆီးပါဝင်ကွက်လပ်ဖြည့်ကြဖို့ လိုပါတယ်။

ဒီဆောင်းပါးကို နိဂုံးသပ်ရရင် ကောင်းမွန်တဲ့ ဆုတောင်း ရည်မှန်းချက် အိမ်မက်တွေအတွက် ပြင်းပြတဲ့ဆန္ဒ လည်းရှိမယ်၊ ယုံကြည်မှုသဒ္ဓါ လည်းမှန်မှန်ကန်ကန်ရှိမယ၊် အလုပ်သုံးပါးကံနဲ့ လည်းစိုက်လိုက်မတ်တတ်ပါရမီ ဖြည့်ဆီးနေမယ်၊ ၀ီရိယဆိုတဲ့ ကြိုးပမ်းအားထုတ်မှု၊ ၀ီမံသဆိုတဲ့အသိပညာ စူးစမ်းဆင်ခြင်နိုင်တဲ့ စွမ်းရည် သတ္တိပညာလည်းရှိပြီး ခိုင်မာတဲ့စိတ်ပိုင်းဖြတ်မှု့လည်းရှိတဲ့ လူတယောက်ကို သူ့ ရဲ့ ရည်မှန်းချက် အိမ်မက်တွေ ပျောက်ဆုံးပြိုကွဲသွားအောင် နင်းခြေဖျက်ဆီးပစ်နိုင်တဲ့အရာဆိုတာဟာ ဒီလောကမှာရှိနိုင်ပါဘူး ။
မြန်မာနိုင်ငံသားတိုင်းရဲ့ ကောင်းမြတ်သော ရည်မှန်းချက် အိမ်မက်များ ယုံကြည်မှု-သဒ္ဓါတရားတို့ နှင့် ထွန်းကားပြီးမြောက် လိုရာရောက်နိုင် ရနိုင်ကြပါစေ ။ ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေးတွေပြည့်ပြည့်၀၀ မြန်မြန်ဆန်ဆန်ရနိုင်၊ ခံစားနိုင်ကြပါစေ။

လေးစားစွာဖြင့်
(မင်းကောင်းချစ်)
ကဆုန်လဆန်း (၃) ရက် မြန်မာသက္ကရာဇ် (၁၃၇၇) ခုနှစ်

ဒီကနေ့ မြင်းခြံမြို့မှ ရဲရဲတောက်ပြောကြားချက်များ ... ... ...

၎ ရက် ၅ လ ပိုင်းမှာ ထပ်မံ ရုံးချိန်းပါတယ်....

မိုးစက် မြင်းခြံ

ဒီကနေ့ မြင်းခြံမြို့မှ ရဲရဲတောက်ပြောကြားချက်များ ... ... ...၄ ရက် ၅ လ ပိုင်းမှာ ထပ်မံ ရုံးချိန်းပါတယ်....

Posted by မိုးစက် မြင်းခြံ on Friday, April 24, 2015


 တပ်မတော်က မနေ့မနက်အရုဏ်မတက်ခင်ကစလို့ နန်ထင်မန်ရှန်းရှိ ကိုးကပ် တပ်မတော်စခန်းကို ထိုးစစ်မှာ လက်နက်ကြီးတွေနဲ့သာမက ဓာတုဗုံးတွေ သုံးစွဲတိုက်ခိုက်တယ်လို့ ကိုးကန့်တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

ရှောက်လူချန်း၊ ရှီကော်လင်၊ ရှီတုန်ရွှေနဲ့ ချီရှုရာခုတ်စတဲ့ ဒေသ လေးခုကနေ လူအင်အားအမြောက်အမြားသုံးစွဲပြီး ည ၉ နာရီခန့်အထိ ထိုးစစ်ဆင်ခဲ့ကြတာဖြစ်ပေမယ့် မအောင်မြင်ပဲ အကျအဆုံးများစွာနဲ့ ပြန်လည်ဆုတ်ခွာသွားကြတယ်လို့ ဆိုပါတယ်။

ကိုးကန့်တပ်မတော် ပြောခွင့်ရသူ ဦးစောမြတ်လင်းက “မနက်ကနေမိုးလင်းတဲ့အထိ လက်နက်ကြီးနဲ့ ပစ်တယ်။ မိုးလင်းတော့ မြေပြင်ကြည်းတပ်က ထိုးစစ်ဆင်ပါတယ်။ ထိုးတက်တက်။ တက်လို့မရတော့ ပြန်ဆုတ်ပြီး လက်နက်ကြီးနဲ့ ပြန်ပစ်တယ်။ အခေါက်ခေါက်အခါခါပဲ။ မနေ့က သူတို့ ဗုံးသီး ၁၅၀၀ လောက်ပစ်တဲ့အထဲမှာ ၅ လုံး (ဓာတုဗုံး) လောက်ပါတယ်။ သူက ထွက်လာတဲ့မီးခိုးအရောင်က သာမန်ဗုံးနဲ့မတူဘူးဗျ။ ပြီးတော့ အရမ်းစူးရှ မွှေးတဲ့အနံ့လည်းရတယ်။ ရှုမိတဲ့ရဲဘော်တွေဆို အော့အန်ကြတယ်” လို့ ပြောပါတယ်။

မနေ့က တိုက်ပွဲဟာ လောက်ကိုင်အရှေ့မြောက်ဘက်မှာဖြစ်ပြီး ပြင်းထန်သလို ကျဆုံးဒဏ်ရာရသူများပြားတယ်လို့ သူက ပြောပါတယ်။

“ကျနော်တို့ဘက်က ၂ ယောက်ကျတယ်။ ၁၂ ယောက် ဒဏ်ရာရတယ်။ တစ်ဖက်က (တပ်မတော်က)တော့ တော်တော်လေး အသေအပျောက်များပါတယ်။ သေတာကတော့ ၉၀ အထက်မှာရှိပါတယ်။ တချို့ပြောတော့ ၁၄၀ လောက်ဖြစ်မယ်တဲ့ မနေ့က ဗမာ့တပ်မတော်ဘက်က ကျတာ။ ဒဏ်ရာရတာကတော့ ၂၀၀ ပတ်ဝန်းကျင်လောက် ဖြစ်မယ်ထင်တယ်။ တပ်မ ၃၃ ပါ။ ကျနော်သိသလောက်တော့ သုံးရင်းပေါ့။ တပ်ရင်း ၁၁၁ ပါမယ်။ ၁၁၉၊ ၁၂၀ ပေါ့။ အားလုံးပေါင်း ၆ ရင်း ၇ ရင်းလောက်နဲ့ ထိုးတယ်ထင်တယ်” လို့ ပြောပါတယ်။

ဒီဗွီဘီအနေနဲ့ ဒီပြောကြားချက်တွေနဲ့ပတ်သက်လို့ သီးခြားအတည်ပြုချက် မပေးနိုင်သလို ဒီသတင်းနဲ့ပတ်သက်လို့ အစိုးရပြန်ကြားရေးဝန်ကြီးဌာနနဲ့ တပ်မတော် မြ၀တီသတင်းဌာန တွေကလည်း တစုံတရာ သတင်းမထုတ်ပြန်သေးပါဘူး။

ဦးထွန်းမြတ်လင်းက လက်ရှိမှာ အစိုးရဘက်က တပ်အင်အား တိုးမြှင့်တင်ပို့လာနေ တာကြောင့် တိုက်ပွဲတွေက ဆက်လက်ပြင်းထန်ဦးမယ်လို့ ယူဆကြောင်း ပြောပါတယ်။

ဖေဖော်ဝါရီ ၉ ရက်နေ့မှာ စတင်တဲ့ ကိုးကန့်တပ်မတော်နဲ့ အစိုးရအကြားတိုက်ပွဲမှာ တပ်မတော်က လူအင်အား၊ လက်နက်အင်အား အမြောက်အမြားနဲ့ မြေပြင်ကရော ဝေဟင်ကပါ ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

 By အေးနိုင် (ဒီဗွီဘီ)
http://burmese.dvb.no


 ဧရာဝတီတိုင်း ဘိုကလေးမြို့မှာ အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ်တဦး ပြီးခဲ့တဲ့ မတ်လမှာ ပျောက်ဆုံးခဲ့မှုကို တိုင်ကြားပေမယ့် ရဲတပ်ဖွဲ့ရဲ့ ဆောင်ရွက်ချက်ကို အားမရဘူးလို့ ကာယကံရှင်မိဘက ဒီဗွီဘီကို ပြောပါတယ်။

အသက် ၁၄ နှစ်ကျော်အရွယ် သမီး မဟန်ဇာအောင်ဟာ မတ် ၁၇ ရက်နေ့က လူငယ်ချင်းမေတ္တာမျှတဲ့သူနဲ့ လိုက်သွားတယ်လို့သာ မိဘတွေက သိရပြီး မဆက်သွယ်တဲ့ အတွက် ဘိုကလေး ရဲစခန်းမှာ မတ် ၁၉ ရက်နေ့က တိုင်ကြား ခဲ့ပါတယ်။

ပျောက်ဆုံးတာ တလကြာတဲ့အထိ သမီးအမှုကို ရဲဘက်က ထိထိရောက်ရောက် အရေးယူဆောင်ရွက်မှု မရှိဘူးလို့ ဖခင် ဦးတင်စိုးက ပြောပါတယ်။

“ကျနော်သမီးကို ပိုင်စိုးသူရဆိုတဲ့ ကောင်လေးက ခေါ်သွားပြီး အခုချိန်ထိ ဘာအကြောင်းမှလည်း မကြားဘူး။ ကလေးက သေသလား ရှင်သလားလည်း မသိဘူး။ သူတို့က သမီးရည်းစား ပုံစံမျိုးတော့ဖြစ်တယ် ဒါပေမယ့် အခုချိန်ထိ ဘာသတင်းမှလည်း မကြားဘူး။ စခန်းကလည်း ဘာတခုမှ လုပ်ဆောင်မပေးဘူး။” လို့ ပြောပါတယ်။

ဒီအမှုကို လက်ခံထားတဲ့ ဘိုကလေးမြို့နယ်ရဲစခန်းက ဒုရဲအုပ် သက်လှိုင်ဦးကတော့ တတ်နိုင်သလောက် လိုက်လံရှာဖွေပေးထားကြောင်းနဲ့ အမှုကို လက်တွေ့လိုက်ပါရတဲ့ စရိတ်စက သုံးစွဲဖို့ အခက်အခဲ ရှိကြောင်း ပြောပါတယ်။

“အခုချိန်ထိတော့ တရားခံနဲ့ ပါသွားတဲ့ ကောင်မလေးနဲ့ကို သတင်းမရှိ သေးဘူးပေါ့နော်။ လောလောဆယ်တော့ သူတို့ ရောက်ရှိနိုင်တဲ့ အပိုင်ရဲစခန်းတွေကို အကြောင်းကြား ပေးထားတယ်။ သူတို့ ဆွေမျိုးသားချင်းရှိနေတဲ့နေရာတွေကိုလည်း လိုက်လံ စုံစမ်းထားတယ်။ ဒါပေမယ့် ကျနော်တို့ ရဲတပ်ဖွဲ့မှာလည်း လိုအပ်ချက်တွေရှိ တယ်ဗျာ။ အဲဒီနယ် မြေတခုကိုသွားရမယ်ဆိုရင် ကျနော်တို့မှာ ရဲစခန်းပိုင် ပဲ့ထောင်တို့မရှိဘူး။ သူက ကုန်းပိုင်းလည်း မဟုတ်ဘူးဗျာ။ ပင်လယ်ဘက်တွေကိုသွားရတဲ့အနေအထားပေါ့ဗျာ။ တခေါက်တခေါက်သွားရတာ ကျနော်တို့မှာ တော်တော်ကို ဒုက္ခတွေ့ပါတယ်။”

ဒီလိုအမှုအတွက် ရဲတပ်ဖွဲ့က အမှုစရိတ်က ၃ သောင်းပေးပေမယ့် တရားခံကိုဖမ်းဆီးမိလို့ တရားစွဲဆိုတဲ့ အချိန်ကျမှ ငွေရရှိကြောင်းနဲ့ ပင်လယ်ထဲတခေါက်သွားရင်လည်း လမ်းစရိတ် ၃ သောင်းရှိနေတဲ့ အတွက်လည်း အမှုလိုက်ပါဆောင်ရွက်ရာမှာ ငွေကြေး အခက်အခဲ ရှိကြောင်း ရဲအရာရှိက ရှင်းပြပါတယ်။

လူ့အခွင့်အရေး ကာကွယ်မြှင့်သူများ ကွန်ရက် (HRDP) အဖွဲ့ဝင် ဦးဘန်ဂူးကတော့ ဒီလို အလားတူ ဖြစ်စဉ်မျိုး ဘိုကလေးမြို့နယ် ပဒဲကောကျေးရွာမှာလည်းဖြစ်ခဲ့ဖူးပြီး ရဲကို တိုင်ကြားရာမှာလည်း အခုချိန် အမှုမှန် ပေါ်ပေါက်တာမရှိဘူးလို့ ပြောပါတယ်။

“ကျနော်ဆီကို ရောက်နေတဲ့ကိစ္စတွေက ကိုတင်စိုး သမီးကိစ္စတခုထဲမဟုတ်ဘဲ။ ဘိုကလေးမြို့နယ် ပဒဲကောကျေးရွာမှာလည်း ၁၂ ကျော်ကလေးမလေး တယောက်ကို ၂၀၁၄ နိုဝင်ဘာလမှာ မိဘတွေ လယ်သွားလုပ်နေရင်းနဲ့ ပျောက်ဆုံးသွားတယ်။ အဲဒီမှာ ငမျိုးဆိုတဲ့ လူက အတင်းအဓမ္မခိုးယူ သွားတယ်လို့ ကျနော်တို့က အခိုင်အမာရတယ်ပေါ့။ ဒါနဲ့ပတ်သက်လို့ ကာယကံရှင်မိဘတွေက ဘိုကလေးရဲစခန်းကို အမှုဖွင့်ထားတယ်။ ဒါပေမယ့် အခု ၆ လနီးပါးကြာတဲ့အထိ ဘယ်ရောက်နေလဲ ဘာလုပ်လဲဘာမှ မသိရသေးဘူး။ ရဲတပ်ဖွဲ့က အင်အားနည်းနေလားတော့ မသိဘူးပေါ့နော်။ သူတို့ရဲ့ လုပ်ငန်းဆောင်တာ ဆောင်ရွက်မှု အားနည်းနေတယ်လို့ ကျနော်တို့ မြင်ပါတယ်။” လို့ ပြောပါတယ်။

အစိုးရအနေနဲ့ အရွယ်မရောက်သေးတဲ့ အမျိုးသမီးတွေ ကလေးသူငယ်တွေကို ထိထိရောက်ရောက် အကာအကွယ်ပေးဖို့ သူက တိုက်တွန်းပါတယ်။

 By နော်နိုရင်း (ဒီဗွီဘီ)
http://burmese.dvb.no

KNLA တပ်ဖွဲ့ ဝင် တချို့ အား တွေ့ ရစဉ်၊ ဓါတ်ပုံ - Google Image

 ဧပြီ ၂၄ရက်၊ ၂၀၁၅ခုနှစ်။

 ကရင်အမျိုးသား အစည်းအရုံး(ကေအဲန်ယူ) တောင်ငူခရိုင်တွင် သတ်မှတ်နယ်မြေ ကျော်လွန်မှုကြောင့် ကေအဲန်ယူ လက်အောက် ခံ KNLA တပ်ဖွဲ့နှင့် အစိုးရစစ်တပ်တို့ ဧပြီလ ၂၀ရက်နေ့၊ နံနက် ၇နာရီခွဲအချိန်က ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့သည်ဟု KNLA တပ် မဟာ(၂) လုံခြုံရေးတပ်ဖွဲ့မှ တပ်ခွဲမှူးဗိုလ်ပရားက ကေအိုင်စီသို့ အတည်ပြု ပြောဆိုသည်။

တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ကျောက်ကြီးဗျူဟာ(၃) လက်အောက်ခံ ခြေလျင်တပ်ရင်း(ခလရ-၅၈၉) တပ်ဖွဲ့ဝင်များသည် KNLA တပ်မဟာ(၂)နှင့် သံတောင်မြို့နယ်၊ ဘောဂလိမြို့နယ်ခွဲ၊ သပြေညွန့်ကျေးရွာအထွက်၌ ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နှစ်ဖက် ထိခိုက်မှုမရှိကြောင်း ဗိုလ်ပရားက ယခုလို ပြောသည်။

၎င်းက “ကျနော်တို့က အစိုးရစစ်တပ်ဘက်က လွတ်လွတ်လပ်လပ် သွားလာဖို့အတွက် သွားရမယ့်လမ်းကြောင်းတွေ ခွင့်ပြုထား တာ ရှိတယ်။ ကျနော်တို့ပေးထားတဲ့ လမ်းကြောင်းပေါ်မှာ မသွားဘဲနဲ့ ကျနော်တို့ မသိဘဲနဲ့ သူတို့ ဝင်လာတဲ့အပေါ်မှာ ပစ်ခတ်မှု က ဖြစ်ပွားတယ်။ အကြောင်းမကြား၊ အသိလည်းမပေး၊ ပေးထားတဲ့လမ်းကြောင်းကို မသွားပဲနဲ့ ကျနော်တို့တာဝန်ဂွင်ထဲ ဝင် ရောက်လာတဲ့အပေါ်မှာ ဖြစ်သွားတာပါ။ ပစ်တာကတော့ ကျနော်တို့က အရင် စပစ်တာပါ”ဟု ဆိုသည်။

ယင်းပစ်ခတ်မှုမှာ အချိန် ၃မိနစ်သာကြာမြင့်ပြီး အစိုးရစစ်တပ်အနေဖြင့် ပေးထားသည့် နှစ်ဖက်တပ်များ လိုက်နာရမည့် စည်း ကမ်းများအတိုင်းသာ သွားလာမည်ဆိုပါက ပြဿနာမရှိနိုင်ဟု ဗိုလ်ပရားက ဆက်လက် ပြောဆိုသည်။

အလားတူ ဧပြီလ ၂၂ရက်နေ့က ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့နယ်တွင် ကရင်အမျိုးသားအစည်းအရုံး (ကေအဲန် ယူ) တပ်မဟာ (၅)နှင့် ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်ဖွဲ့အမှတ်(၁၀၁၄) တပ်ဖွဲ့ဝင်တို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး တစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

အစိုးရတပ်များသည် ကေအဲန်ယူ၏ အချို့တပ်မဟာနယ်မြေများ၌လည်း တပ်အသစ်များ၏ နယ်မြေလေ့လာမှု အကြောင်းပြကာ ကေအဲန်ယူထိန်းချုပ်နယ်မြေအတွင်း ၀င်ထွက်လေ့ရှိသည်ဟု KNLA နယ်မြေခံ တပ်ဖက်အရာရှိကြီးတစ်ဦးက ပြောသည်။

နန်းချောင်ဖော့
ကေအိုင်စီ - KIC News
http://kicnews.org

ဓါတ်ပုံ - မိုးစက် မြင်းခြံ (fb) 
ကျွန်တော် မနေ့က (၂၃ ဧပြီ) လက်ပံတန်းမြို့နယ်၊ တရားရုံးမှာ ရုံးထုတ်လာတဲ့ မတ်လ ၁၀ ရက်
မှာ အကြမ်းဖက်ခံခဲ့ရကာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းသားတွေ၊ ခေါင်းဆောင်တွေ၊ ၀န်း
ရံသူတွေနဲ့ သွားရောက်တွေ့ဖြစ်ခဲ့ပါတယ်။

 အထိန်းအသိမ်းခံတွေရဲ့မိသားစုဝင်တွေ၊ မိတ်ဆွေရဲဘော်တွေနဲ့လည်း တွေ့ဆုံဖြစ်ခဲ့ပါတယ်။ အင်အားအပြည့်နဲ့ လာရောက်အားပေးဝန်းရံကြတဲ့ ဒေသခံတွေ၊ အနီးပတ်ဝန်းကျင်မြို့တွေက ရဲဘော်မိတ်ဆွေတွေ၊ ကျောင်းသားရဲဘော်တွေကို တွေ့ဆုံရတာဟာ အလွန်ပူပြင်းလွန်းတဲ့နေ့လည်ခင်းအပူရှိန်အောက်မှာ အိုအေစစ်ကို တွေ့ရသလိုပါ။

လက်ပံတန်းတရားရုံးမရောက်ခင်၊ လမ်းဆုံမှာ သံဆူးကြိုးအဆီးအတားတွေချထားပြီး၊ ရဲတပ်ဖွဲ့ဝင်
တွေက လုံခြုံရေးရယူထားပါတယ်။ လက်ပံတန်းမြို့နယ်၊ တရားရုံးဝင်ပေါက်မှာလည်း သံဆူးကြိုး
နဲ့ပိတ်ဆို့ထားကာ၊ မိသားစုဝင်တွေနဲ့သတင်းမီဒီယာတွေကိုသာ စိစစ်ဝင်ခွင့်ပြုနေတာကို တွေ့ရ
ပါတယ်။

 အဲဒီအခြေအနေမှာ ကျွန်တော်စဉ်းစားမိတာက၊ မြို့နယ်တရားရုံးဝင်ပေါက်ကို သံဆူးကြိုး
အဆီးအတားတွေနဲ့ပိတ်တာ၊ ကြောင်းကျိုးဆီလျော်ရဲ့လားဆိုတဲ့အချက်ပါ။ အခုရုံးထုတ်မယ့် ဖမ်း
ဆီးထိန်းသိမ်းခံတွေဟာ အကြမ်းဖက်သမားတွေမဟုတ်ပါဘူး။ နိုင်ငံတော်အာဏာကိုလုယူမယ့်
သူတွေလည်းမဟုတ်ပါဘူး။ ရာဇ၀တ်သားတွေလည်းမဟုတ်ပါဘူး။ အမျိုးသားပညာရေးဥပဒေပြင်
ဆင်ရေး ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့တာကို ရက်ရက်စက်စက်လူမဆန်စွာအကြမ်းဖက်နှိပ်ကွပ်ခံ
ခဲ့ရတဲ့သူတွေပါ။ တိုင်းပြည်နဲ့ပြည်သူလူထုရဲ့အကျိုးစီးပွားကို ရှေ့တန်းတင်ဖော်ဆောင်ဖို့၊ ကိုယ်ကျိုးစွန့်လွှတ်ဖို့ အမြဲတမ်းအဆင်သင့်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေပါ။ အဲဒီလိုလူတွေကို ဘာ
ကြောင့် သံကွန်ခြာအထပ်ထပ်၊ လုံခြုံရေးအထပ်ထပ်ချ၊ ရုံးထုတ်ရတာပါလဲ။ တရားရုံးကို စည်းနှစ်
ထပ်ထား၊ ကန့်သတ်ပိတ်ပင်ရတာပါလဲ။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၊ ပုဒ်မ (၁၉) ပါ ဥပဒေနှင့်အညီလွတ်လပ်စွာတရားစီရင်ရေး၊ ဥပဒေအရကန့်သတ်ချက်များမှအပ ပြည်သူ့ရှေ့
မှောက်တွင်တရားစီရင်ရေး စတဲ့ပြဋ္ဌာန်းချက်တွေနဲ့ ကျနော်တွေ့ခဲ့ရတဲ့၊ မြင်ခဲ့ရတဲ့ တရားရုံး
အခင်းအကျင်းဟာ အတော့်ကို ကွာခြားနေတာတွေ့ရပါတယ်။ ဒီမိုကရေစီစနစ်ကိုဖော်ဆောင်
နေပါတယ်ဆိုတဲ့ အစိုးရတွေ၊ လွှတ်တော်တွေ နဲ့အတူ တည်ထောင်ထားတဲ့ တရားစီရင်ရေးမဏ္ဍိုင် ဟာ ပြည်သူ့ရှေ့မှောက်တရားစီရင်ရေးဖြစ်ရပါမယ်။ ပြည်သူ့ရှေ့မှောက်တရားစီရင်ရေးဆိုရင် တရားရုံးဝင်ပေါက်မှာ သံဆူးကြိုးအဆီးအတားတွေနဲ့ကာထားစရာမလိုပါဘူး။ တရားရုံးဝင်ပေါက်
ဂိတ်တံခါးကို ပိတ်ထားစရာမလိုပါဘူး။ လုံခြုံရေးအရ ရှာဖွေတာ၊ သိမ်းဆည်းတာကလွှဲရင် စိတ်
ဝင်စားတဲ့သူတိုင်းဟာ တရားရုံးထဲမှာ ၀င်ရောက်နားထောင်ခွင့်ရှိရပါမယ်။ အဲဒါမှ ပြည်သူ့ရှေ့
မှောက်တရားစီရင်ရေးဖြစ်နိုင်ပါတယ်။ အခုတော့ ထိမ်းသိမ်းခံရသူတွေရဲ့မိဘဆွေမျိုးတွေ၊ ပြည်
သူတွေဟာ တရားခွင်ထဲမှာ ၀င်ရောက်နားထောင်ခွင့်မရခဲ့ပါဘူး။ အဲဒီခုံရုံးတွေဟာ အထူးခုံရုံး
တွေမဟုတ်သလို၊ စစ်ခုံရုံးလည်းမဟုတ်ပါဘူး။ အဲဒါကြောင့် ပြည်သူ့ရှေ့မှောက်တရားစီရင်ရေး
ကို မဖြစ်မနေဖော်ဆောင်သင့်တာပါ။ ၁၉၉၀ အစောပိုင်းနှစ်တွေတုန်းက အင်းစိန်အကျဉ်းထောင်
ဝင်းထဲမှာ ဖွင့်ခဲ့တဲ့ အထူးခုံရုံးတွေမှာ ထိန်းသိမ်းခံတွေရဲ့မိဘ၊ ဆွေမျိုးတွေ တက်ရောက်နားထောင်
နိုင်ခဲ့တယ့်အပြင်၊ တရားရုံးအပြီးမှာ မိသားစုတွေနဲ့ သီးသန့်လွတ်လွတ်လပ်လပ်တွေ့နိုင်ဖို့ စီစဉ်
ပေးနိုင်ခဲ့ပါတယ်။ အခုမြင်တွေ့နေရတာက စစ်အစိုးရအစောပိုင်းနှစ်တွေက အခြေအနေလောက်
တောင်မမီသေးတဲ့ ဒီမိုကရေစီလို့ပြောနေတဲ့စနစ်ကိုဖော်ဆောင်မယ့်ဖွဲ့စည်းပုံအခြေခံဥပဒေထဲက
တရားစီရင်ရေးမဏ္ဍိုင်ဖြစ်နေပါတယ်။

ဧပြီလ (၃၀) ရက်နေ့ သာယာဝတီမြို့တရားရုံးမှာ အမှုစစ်ဆေးတဲ့အခါ တရားရေးမဏ္ဍိုင်ကို ထိန်း
ကျောင်းသူတွေအနေနဲ့၊ ပြည်သူ့ရှေ့မှောက်တရားစီရင်ရေးကို မဖြစ်မနေ ဖော်ဆောင်ဖို့လိုအပ်ပါ
မယ်။ တရားစီရင်တာကို မိဘဆွေမျိုးတွေရော၊ ပြည်သူတွေပါ တက်ရောက်နားထောင်ခွင့်ရရှိဖို့
လိုအပ်မယ်ထင်ပါတယ်။ အထိန်းသိမ်းခံတွေရဲ့ အကျိုးဆောင်ရှေ့နေတွေအနေနဲ့လည်း ပြည်
သူ့ရှေ့မှောက်တရားစီရင်ရေးကို မဖြစ်မနေဖော်ဆောင်ဖို့ တရားသူကြီးတွေကို အဆိုပြုရပါမယ်။ တရားစီရင်တာပြီးစီးတဲ့အခါမှာ အထိန်းသိမ်းခံတွေနဲ့သတင်းမီဒီယာတွေ လွတ်လပ်စွာတွေ့ဆုံ
နိုင်ဖို့ကိုလည်း အာဏာပိုင်တွေအနေနဲ့၊ စီစဉ်ပေးရမှာဖြစ်ပါတယ်။ ဖမ်းဆီးထိန်းသိမ်းခံထားရသူ
တွေဟာ မတရားထိန်းသိမ်းခံထားရသူတွေပါ။ ပြစ်ဒဏ်ကျခံပြီးတဲ့သူတွေလည်းမဟုတ်ပါဘူး။ အဲဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားတွေရဲ့အခွင့်အရေးကို အပြည့်အ၀ရရှိရပါမယ်။

အဲဒီလို ပြည်သူ့ရှေ့မှောက်တရားစီရင်ရေးကို လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဖော်ဆောင်
နိုင်ဖို့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီခေါင်းဆောင်တွေ၊ အရပ်ဖက်အဖွဲ့အစည်း
ခေါင်းဆောင်တွေ၊ နိုင်ငံတကာအစိုးရတွေ၊ အဖွဲ့အစည်းတွေအနေနဲ့ တိုက်တွန်းအဆိုပြုကြရမှာ
ပါ။ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို အားသွန်ခွန်စိုက်လုပ်နေပါတယ်။ ကောင်းမွန်သန့်ရှင်းသော
အစိုးရကို ပုံဖော်နေပါတယ်။ လွှတ်တော်တွေဟာ ပြည်သူ့ဆန္ဒကို ဖော်ဆောင်နေပါတယ်။ အစိုးရ
နဲ့လွှတ်တော်တွေဟာ ပြည်သူကိုမျက်နှာမူနေပါတယ်လို့ ဘယ်လိုပဲအထပ်ထပ်ကတိက၀တ်တွေ
လုပ်လုပ်၊ လက်ငင်းအခြေအနေတွေကို သုံးသပ်လေ့လာမယ်ဆိုရင် အပြောနဲ့အလုပ်တစ်ခြားစီ
ဖြစ်နေတာ၊ အပြောကောင်းသလောက် အကအပိုင်းမှာ ချိုမိုင်မိုင်ဖြစ်နေတာ အဲဒီအချက်တွေကို
မဖြစ်မနေထည့်သွင်းစဉ်းစားရမှာပါ။

လေးစားလျက်-

ဒေါက်တာရန်မျိုးသိမ်း
ရန်ကုန်၊ မြန်မာ။
https://www.facebook.com/yan.m.thein




 ဧပြီလ ၂၄ ရက် ၂၀၁၅

 သျှမ်းပြည်တောင်ပိုင်း အင်းလေးကန်ဒေသတွင် ယခင်နှစ်များထက် ရေပိုမို ခမ်းခြောက်သဖြင့်အင်းလေး ဒေသခံများအတွက် အထူးထိခိုက်မှုဖြစ်နေ ရကြောင်း သိရသည်။

ယခုနှစ် ဧပြီလ အတွင်းအင်းလေးကန် ရေအထူးခမ်းခြောက် သဖြင့် လှေသွား လာမှုအတွက်ခက်ခဲပြီး ရေရှားပါးမှုပြဿနာကြောင့် စိုက်ပျိုးရေးလုပ်ငန်းကိုပါ ထိခိုက်လာသည်ဟု ဒေသခံများ ကပြောသည် ။

“ အရင်နှစ်ကထက် ဒီနှစ်က မိုးပိုခေါင်တယ်။ ရေလည်း အတော်ခမ်းသွား တယ်၊ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်တွေပိုများလာတဲ့အ တွက်တော့ ဈေးရောင်းကောင်းတယ်။ ဒါပေမဲ့ စိုက်ပျိုးရေး လုပ်ဖို့အတွက် ရေအခက်အခဲဖြစ်နေတယ်။ ” ဟု ဖောင်တော်ဦး ဘုရားတွင်ဈေးရောင်းသောဈေးဆိုင် ပိုင်ရှင်များကဆိုသည် ။

ဧည့်သည် အများဆုံး လာရောက်ဖူးမျှော်သော ဖောင်တော်ဦးဘုရားအနီး တစ်ဝိုက်တွင် ရေခမ်းခြောက် မှုကြောင့် နှုန်းမြေများပေါ်ကာ စက်လှေ ခုတ်မောင်းရန် အလွန်ခက်ခဲကြောင်း လှေသမားများက ပြောသည် ။

“ဒီနှစ်ကဧည့်သည်ကလည်းများ ရေကလည်းခမ်းတော့ လေဆိပ်အတက်အဆင်း တွေမှာအရမ်း ဒုက္ခရောက်တယ် ” စက်လှေသမား မောင်တာကဆိုသည် ။
ဟိုတယ်ဇုန်သည်လည်း အင်းလေးကန်ရေခမ်းရန်အဓိက အကြောင်းအချက် တခုဖြစ်ကြောင်း တာလေးရွာနေ ဒေသခံ ကိုထွန်းရွှေက ရှင်းပြသည် ။

“အဓိကကျနော်တို့အင်းလေးရေခန်းခြောက်ရတဲ့ပြဿနာက တောင်ပေါ်မှာမြေက တုံးတွေဖြစ်နေ တော့ မိုးခေါင်လာတာပေါ့ ၊ ဒီနှစ်မိုးကောင်း ကောင်း မရွာ သေးဘူး ၊ လှေကားထစ် စိုက်ပျိုးနည်းကို လည်းမသုံးကြတော့ဘူး၊ ဟိုတယ်ဇုန်လုပ်နေတဲ့ နေရာက နှုန်းမြေတွေအင်းထဲကိုဝင်ရောက်လာတယ် ဟိုတယ်ဇုန်လုပ်ငန်းက တစ်ဘက်ကတိုးတက်ပြီး တစ်ဘက်မှာ ဆုတ်ယုတ် တယ် ဒါတွေကအဓိက ပြဿနာ ဖြစ်တယ်”

“ နိုင်ငံတော်ကနေ အင်းလေးကန်ထိန်းသိမ်းရေးအတွက် ဘတ်ဂျက်တွေချ ထားပေး တယ်လို့လဲ သိရ တယ် နိုင်ငံခြားသားတွေလာလည်ရင်လည်း ၅ ဒေါ်လာ ပေးရတယ် အင်းလေးကန် ထိန်းသိမ်း ရေး လုပ်ငန်းလုပ်ဖို့ဌာန ဆိုင်ရာ တွေပဲလုပ်လို့မရဘူး။ ကျနော် တို့အင်းသားတွေလဲ ပါဝင်ချင်တယ် ။ ဌာန ဆိုင်ရာဝန်ထမ်းတွေဆိုတာ ဒေသအသီးသီးကလာကြတဲ့သူတွေလေ။ အင်းလေးကန်ကို ကျနော်တို့ လိုဒီမှာမွေး ဒီမှာကြီးတဲ့ အင်းသား တွေလောက် ချစ်ပါ့မလား ဗျာ ”ဟု၎င်းကဆက်လက်ပြောသည် ။

အင်းလေးဒေသတွင် စပါး ၊ ခရမ်းချဉ်သီး ၊ ငရုပ်သီး၊ ဘူးသီး ခရမ်းသီး၊ မုန်လာထုတ် စသည့်သီးနှံများ စိုက်ပျိုးပြီး ယခုနှစ်ရေခမ်းခြောက် လာခြင်း အတွက် စိုက်ပျိုးရေး လုပ်ငန်းထိခိုက် ပြီးအထွက်နှုန်း ကျဆင်းမည့် အခြေ အနေ ရှိကြောင်းဒေသခံများကပြောသည်။

“ ဆည်များများဆောက်ပေးသင့်တယ်။ လက်ရှိကျမတို့အင်းလေးမှာ ဆည်သုံး ခုပဲရှိသေး တယ် ၊ မိုးမခေါင်အောင် ကျမတို့ဆုတောင်းပွဲတွေ လုပ်ရမယ် ။ သစ်ပင်များများ စိုက်ရမယ်။ အင်းထဲမှာမှ ရေမရှိဘူးဆိုရင်တော့ ကျမတို့အင်း သား ဘ၀ ပျက်ဖို့ပဲရှိတော့တယ် ” ဟု လယ်ယာစိုက်ပျိုးသူ မဇင်မာဦး က ပြောသည် ။

“ လွန်ခဲ့တဲ့ (၂) နှစ်ကအင်းလေးနဲ့ ဒီနှစ်အင်းလေး တော်တော်ကွာခြားသွားပြီး အရင်နှစ် လာတုန်းက အင်းလေးက ရေပြင်ပြာပြာ၊ ဒီနှစ်အင်းလေး က ရေပြင် နီနီ တွေဖြစ်ကုန်ပြီ။ ရေတွေလည်း မကြုံစဖူး ခမ်းခြောက်လာတာလည်းတွေ့ ရတယ် ၊ နိုင်ငံတော်ကို အင်းလေးက အလုပ်အကျွေးပြုနေတာ တစ်ရက် တစ်ရက် ၀င်ငွေမနည်းဘူးဆိုတာ နိုင်ငံခြားခရီးသွား တွေကိုကြည့် ရင်သိ ပါတယ် ။ ကမ္ဘာက အသိအမှတ်ပြုတဲ့ အင်းလေးကို တာဝန်ရှိသူတွေအနေနဲ့ ပစ်မထားသင့်ဘူး ” ဟု ရန်ကုန်မြို့မှ မမေနှင်း ကဆိုသည် ။

အင်းလေးဒေသတွင် တိုက်နယ် ပေါင်း (၄၃)ခုရှိပြီး ကျေးရွာပေါင်း (၄၄၄) ရွာရှိသည် ။

ဧပြီလအတွင်းရေခမ်းခြောက်မှုနေရာအနှံ့တွင်သာမက ဖောင်တော်ဦး ဘုရားအနီး တစ်ဝိုက်နှင့် နမ့်ပန် ၊ တံတားဦး ၊ ရွာမ၊ အလိုတော်ပေါက်တို့တွင် ပိုမို ခမ်းခြောက်သည်ကိုတွေ့ရကြောင်း သိရပါသည်။

သျှမ်းသံတော်ဆင့်/ ယိင်းတိုင်း
https://www.facebook.com/Panglong.burmese


လက်စ်ဗီးဂက်စ် ၊ ၂၄-၄-၂၀၁၅

လက်ဝှေ့ လောကတွင် ထိုးသတ်ကြေး အမြင့်ဆုံး အဖြစ် စံချိန်တင်မည့် အမေရိကန် လက်ဝှေ့ကျော် ဖလွိုက် မေဝယ်လ်သာ နှင့် ဖိလစ်ပိုင်နိုင်ငံ မှ မန်နီပက်ကွိုင်ယို တို့၏ လက်ဝှေ့ပွဲ လက်မှတ်များ၏ ဈေးနှုန်းမှာ စံချိန်တင် မြင့်တက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ဝှေ့ပွဲစဉ်အား လာရောက် ကြည့်ရှုမည့် ပရိသတ်များ အနေဖြင့် ကြိုးဝိုင်း အနီးရှိ ထိုင်ခုံ တစ်ခုံအား ဒေါ်လာ ၁ဝဝဝဝ အထိ ပေးဝယ်၍ ကြည့်ရှုရမည် ဖြစ်ပြီး ယင်း လက်ဝှေ့အတွက် ပရိသတ် များအား ရောင်းချမည့် လက်မှတ် အရေအတွက် မှာလည်း စောင်ရေ ၅ဝဝ ခန့်မျှသာ ဝယ်ယူရရှိ နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ လက်မှတ် တစ်စောင်၏ ဈေးနှုန်းမှာ ဒေါ်လာ ၁၅ဝဝ အထိ မြင့်တက် လာခဲ့ကြောင်း သိရသည်။

အမေရိကန် လက်ဝှေ့ကျော် မေဝယ်လ်သာ သည် ပြိုင်ပွဲပေါင်း ၄၇ ပွဲထိုးသတ် ထားရာတွင် ယခု အချိန်အထိ ရှုံးပွဲမရှိ စံချိန်တင် ထားနိုင်ပြီး ပြိုင်ဘက် လက်ဝှေ့ကျော် ၂၆ ဦးကို အလဲထိုးသတ် ထားကြောင်း သိရသည်။

အလားတူ ဖိလစ်ပိုင် လက်ဝှေ့ကျော် ပက်ကွိုင်ယို မှာ လက်ဝှေ့ ပွဲပေါင်း ၆၄ ပွဲ ထိုးသတ်ထားပြီး နိုင်ပွဲ ၅၇ ပွဲ၊ သရေနှစ်ပွဲနှင့် ငါးပွဲသာ ရှုံးနိမ့်ထားသော အတွေ့အကြုံ ရင့်ကျက်သည့် လက်ဝှေ့သမား တစ်ဦး ဖြစ်သောကြောင့် မေ ၂ ရက်တွင် ၄င်းတို့ နှစ်ဦး၏ ထိုးသတ်မည့် ပွဲကို တစ်ကမ္ဘာလုံးမှ ပရိသတ် များက စိတ်ဝင်စားလျက် ရှိကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com

နေးလ် မြို့မှာ အလုပ်လုပ်တဲ့ ကရင်လူမျိုးတချို့ 
မြန်မာနိုင်ငံကနေ ​ရောက်ရှိလာတဲ့ ​ဒုက္ခသည်တွေကြောင့် ​သြစတြေးလျ ​နိုင်ငံက ​မြို့တစ်မြို့မှာ ​စီးပွားရေး ​တိုးတက်မှုတွေ ​ဖြစ်နေပါတယ်။

ဒါကတော့ ​ဗစ်တိုးရီးယားပြည်နယ် ​Nhill ​နေးလ် ​လို့ခေါ်တဲ့ ​မြို့မှာ ​ကရင်ဒုက္ခသည် ​အယောက်ပေါင်း ​၁၇၀ ​နေထိုင်ပြီးတဲ့နောက် ​စီးပွားရေး ​တိုးတက်လာတာပါ။

ကရင် ​ဒုက္ခသည်တွေက ​၂၀၁၀ ​ပြည့်နှစ်နောက်ပိုင်းမှာ ​စတင်နေထိုင်လာတာ ​ဖြစ်ပြီး ​အခုဆိုရင် ​ကရင်တွေကြောင့် ​ဒေါ်လာ ​၄၁.၅ ​သန်း ​စီးပွားရေး ​အကျိုးအမြတ် ​ရရှိစေတယ်လို့ ​ဆိုပါတယ်။

နေးလ်မြို့မှာ ​လူဦးရေ ​၂၃၀၀ ​ပဲ ​ရှိပြီး ​စိုက်ပျိုးရေးနဲ့ ​မွေးမြူရေးကို ​အဓိကထားတဲ့ ​မြို့ဖြစ်ပါတယ်။

ကရင်ဒုက္ခသည်တွေ ​ရောက်မလာရင် ​အဲဒီမြို့က ​မွေးမြူရေးခြံတွေ၊ ​စိုက်ပျိုးရေး ​လုပ်ငန်းတွေကို ​ပိတ်လိုက်ရမယ့် ​အခြေအနေမှာ ​ရှိခဲ့ပါတယ်။

မြို့က ​လူငယ်တွေက ​မဲလ်ဘုန်းလို ​မြို့ကြီး ​ပြကြီးကို ​သွားပြီး ​အလုပ်လုပ်တာကြောင့် ​အလုပ်လုပ်မယ့်လူတွေ ​ရှားပါးတာ ​ဖြစ်ပါတယ်။

ဒါပေမဲ့ ​ကရင်ဒုက္ခသည်တွေက ​အလုပ်အကိုင်မရွေးပဲ ​ရရာအလုပ် ​ဝင်လုပ်ရာက ​လုပ်ငန်းတွေကို ​ဆက်လက် ​လည်ပတ်နိုင်ခဲ့တာပါ။

အများအားဖြင့်တော့ ​Luv-a-Duck ​ဆိုတဲ့ ​မွေးမြူရေးခြံမှာ ​အလုပ်လုပ်တာဖြစ်ပြီး ​ကြက်စာကျွေးတာတွေနဲ့ ​ကြက်ဥကောက်တဲ့ ​အလုပ်ကို ​လုပ်ကိုင်ကြတာပါ။

အဲဒီ ​မွေးမြူရေးခြံမှာ ​ကရင်လူမျိုး ​၅၄ ​ယောက် ​အလုပ်လုပ်နေပြီး ​အဲဒီ ​မွေးမြူရေးနဲ့ ​ဆက်စပ်ပြီး ​တခြား ​လုပ်ငန်းတွေလည်း ​တိုးတက်လာတာ ​ဖြစ်တယ်လို့ ​The ​Guardian ​သတင်းမှာ ​ဖော်ပြထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese

အမေရိကန်-မြန်မာ နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုဆွေးနွေးပွဲ -UMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင် (ယာ)
 အမေရိကန်အစိုးရကနေ မြန်မာနိုင်ငံက ထင်ရှားတဲ့ စီးပွားရေး လုပ်ငန်းရှင် တဦးဖြစ်တဲ့ ဦးဝင်းအောင်ကို အမေရိကန်ရဲ့ ပစ်မှတ်ထား အရေးယူ ဒဏ်ခတ်မှု စာရင်းကနေ မနေ့က ဖယ်ရှားပေးလိုက်ပြီ ဖြစ်ပါတယ်။ ဒီလိုဖယ်ရှားပေး လိုက် တာဟာ အမေရိကန် နဲ့ မြန်မာ နှစ်နိုင်ငံကြား ကုန်သွယ်ရေး မှာ အဆင်ပြေ ချောမွေ့စေဖို့ အတွက် ဖြစ်နိုင်တယ်လို့ မြန်မာ့အရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။ အပြည့်အစုံကို မနန္ဒာချမ်းက ဆက်ပြောပြပါမယ်။

ဧပြီလ ၂၃ ရက် ကြာသပတေးနေ့က ထုတ်ပြန်ခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ ကြေညာချက်ထဲမှာ - အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ခံ ပြည်ပက ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်မှုဌာန (OFAC) ကနေ မြန်မာနိုင်ငံ အပေါ် ဒဏ်ခတ်မှုတွေ တစိတ်တပိုင်းအရ - မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်နဲ့ သူ့ရဲ့ စီးပွားရေး လုပ်ငန်း ၂ ခုဖြစ်တဲ့ Dagon International လိမိတက် နဲ့ Dagon Timber လိမိတက်တို့ကို SDN လို့ခေါ်တဲ့ အထူးကန့်သတ်ခံထားရတဲ့ လူပုဂ္ဂိုလ်များ စာရင်းကနေ ပယ်ဖျက်ပေးလိုက်ကြောင်း ဖော်ပြခဲ့တာပါ။

ဒါ့အပြင် အဲဒီကြေညာချက်ထဲမှာ - အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရသူ မာရီ ဟဖ် (Marie Harf) က - မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေ ဆက်လက် ချမှတ်ထားဆဲ ဖြစ်ပေမဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ၊ တိုင်းရင်းသားတွေနဲ့ မပြေမလည် ဖြစ်နေတာတွေကို ဖြေရှင်းတာတွေလို လုပ်ရပ်တွေအပေါ် မူတည်ပြီး အရေးယူမှုတွေနဲ့ ပတ်သက်တဲ့ မူဝါဒတွေမှာ အပြောင်းအလဲတွေ လုပ်ဆောင်သွားမှာ ဖြစ်တယ်ဆိုတာ မြန်မာအစိုးရကို ရှင်းရှင်းလင်းလင်း အသိပေးထားပြီး ဖြစ်တဲ့အကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ဦးဝင်းအောင်ရဲ့ ပင်မကုမ္ပဏီဖြစ်တဲ့ Dagon group ရဲ့ အင်တာနက် စာမျက်နှာမှာ အမေရိကန်က အရေးယူထားတဲ့ လက်အောက်ခံ ကုမ္ပဏီ ၂ ခုကို စာရင်းကနေ ပယ်ဖျက်ပေးဖို့ လျှောက်ထားတဲ့အကြောင်း ဖော်ပြထားပါတယ်။

အခုလို အမေရိကန်အစိုးရက - ဦးဝင်းအောင်ကို SDN စာရင်းကနေ ပယ်ဖျက်ပေးခဲ့တာဟာ အမေရိကန်နဲ့ မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေး တိုးတက်စေဖို့ ရည်ရွယ်တာဖြစ်တယ်လို့ မြန်မာနိုင်ငံရေးအကဲခတ် ဦးအောင်သူငြိမ်းက သုံးသပ်ခဲ့ပါတယ်။

" ဒီဦးဝင်းအောင်အနေနဲ့က အခုအချိန်မှာပေါ့နော် မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအဖွဲ့ရဲ့ ဥက္ကဋ္ဌ ဖြစ်နေတာပေါ့။ ဖြစ်နေတဲ့အခါကျတော့ ဒီမြန်မာနဲ့ အမေရိကန်ကြား စီးပွားရေး ဆက်ဆံရေး ကိစ္စတွေ တချို့ လုပ်မယ်ဆိုလို့ရှိရင် အဖုအထစ်လေးတွေဖြစ်တာပေါ့။ ဥပမာအားဖြင့် ဦးဝင်းအောင်က Sanctions List ထဲပါတော့ အမေရိကန်နိုင်ငံ လာလည်ဖို့တို့ ခုနက လုပ်ငန်းကိစ္စတွေမှာ လာဖို့တို့ဆိုရင် အခက်အခဲတွေ ရှိတာမျိုးတွေ ရှိပါတယ်။ ဒါကြောင့်လည်း အခု Chamber of Commerce  ခေါ်တာပေါ့နော်။ အမေရိကန်နဲ့ မြန်မာပြည်ကြား စီးပွားရေး ပိုမိုဆက်ဆံချင်လို့ရှိရင် ဒီဦးဝင်းအောင်ကို ဖယ်ရှားပေးလိုက်တာဟာလည်း အချက်တခုလို့ ကျနော်ထင်ပါတယ်။"

တချိန်က မြန်မာစစ်အစိုးရတွေကို ဘဏ္ဍာရေးအရ အကူအညီပေးခဲ့သူ တဦးအဖြစ် ၂၀၀၉ ခုနှစ်ကတည်းက အမေရိကန် အစိုးရက အရေးယူထားတာ ဖြစ်ပေမဲ့ လည်း မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို ဦးဝင်းအောင် က အားပေးလာတာလို ပြောင်းလဲမှုတွေ လုပ်ခဲ့တာ တွေ့ရတယ် လို့လည်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန အရာရှိတဦးကို ကိုးကားပြီး Wall Street Journal က ဖော်ပြခဲ့ပါတယ်။

မြန်မာ့နိုင်ငံရေးအကဲခတ် ဦးအောင်သူငြိမ်းကတော့ - အခုလို ထင်ရှားတဲ့ စီးပွားရေးလုပ်ငန်းရှင် ဦးဝင်းအောင်ကို အရေးယူဒဏ်ခတ်မှုစာရင်းကနေ အမေရိကန် အစိုးရက ဖယ်ရှားပေးခဲ့တဲ့အပေါ် ကြိုဆိုခဲ့ပါတယ်။

"ကျနော်ထင်တာတော့ လုပ်သင့်တဲ့ကိစ္စလို ထင်ပါတယ်။ ဦးဝင်းအောင် တယောက်တည်း အနေနဲ့ မကြည့်ပဲ မြန်မာနိုင်ငံ ကုန်သည်ကြီး လုပ်ငန်းရှင်များအသင်းအနေနဲ့ ကြည့်မယ်ဆိုလို့ရှိရင် ကျနော်တို့ တိုင်းပြည်ပြု ပြင်ပြောင်းလဲမှု အတွက် အရေးပါပါတယ်။ ဆိုတော့ နိုင်ငံချင်း ကြားထဲမှာ စီးပွားရေး ဆက်ဆံမှုတွေ လုပ်မယ်ဆိုရင်လည်း ဦးဝင်းအောင်ကို Sanctions ချထားတယ်ဆိုလို့ရှိရင် ဆက်လုပ်ရမှာတွေက အခက်အခဲတွေဖြစ်နေတာပေါ့နော်။ အဲ့ဒီ့အနေအထားမှာဆိုရင်တော့ လုပ်သင့်တဲ့အနေအထားလို့ ထင်ပါတယ်။"

မြန်မာနိုင်ငံမှာ သမ္မတ ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်ပိုင်း - သမ္မတ အိုဘားမားအစိုးရကနေ - မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုရော၊ ထိတွေ့ဆက်ဆံမှုပါ နှစ်မျိုးစလုံးကို ကျင့်သုံးခဲ့တာပါ။ ၂၀၁၂ ခုနှစ်မှာတော့ သမ္မတ ဦးသိန်းစိန်အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတချို့ကို အသိအမှတ်ပြုတဲ့ အနေနဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဒဏ်ခတ်အရေးယူမှုတွေကို သမ္မတ အိုဘားမားအစိုးရကနေ ရုပ်သိမ်းပေးခဲ့ပါတယ်။ ဒါပေမဲ့လို့လည်း စစ်အစိုးရလက်ထက်က အဆင့်မြင့် အရာရှိကြီးတွေနဲ့ ခရိုနီတွေ အပါအ၀င် တချို့စီးပွားရေးကုမ္ပဏီတွေနဲ့ လုပ်ကိုင်ဖို့ကိုတော့ အမေရိကန်က တားမြစ်ထားဆဲဖြစ်ပါတယ်။

မနန္ဒာချမ်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


ရန်ကုန် ၊ ၂၃-၄-၂၀၁၅

မြန်မာနိုင်ငံ၌ အမေရိကန် နိုင်ငံ FOX ကုမ္ပဏီက လာရောက် ရိုက်ကူးသည့် Rangon ရုပ်ရှင် ဇာတ်ကားတွင် အသုံးပြုရန် မြန်မာငွေ စက္ကူအတု ငွေကျပ် ၃၉၆ သိန်းကို ထိုင်းလေယာဉ်ဖြင့် သယ်ဆောင် လာသည့် အိန္ဒိယ နိုင်ငံသား များကို စုံစမ်းစစ်ဆေး ခဲ့ကြောင်း သိရသည်။

ယခုနှစ် မတ် ၂၃ ရက်က ထိုင်းလေကြောင်း လိုင်းဖြင့် ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ် သို့ ရောက်ရှိ လာသည့် အိန္ဒိယနိုင်ငံသား ၂၃ ဦးထံမှ တစ်ထောင်ကျပ်တန် ငွေစက္ကူ အတု ငွေကျပ် ၃၉၆ သိန်းကို သိမ်းဆည်း ရမိခဲ့သည်။

ထို ငွေစက္ကူအတု သယ်ဆောင် လာမှုဖြင့် ၄င်းအဖွဲ့မှ အိန္ဒိယနိုင်ငံသား အသက် ၄၅နှစ် အရွယ်ရှိ Mr. Senthilkumar Balaraman နှင့် Mr.Megarej Chandrasekaran တို့ကို မင်္ဂလာဒုံ မြို့မ ရဲစခန်းက ၂ဝ၁၃ ခုနှစ် မြန်မာ နိုင်ငံတော် ဗဟိုဘဏ် အက်ဥပဒေပုဒ်မ - ၁ဝ၅/ ၁ဝ၆ ဖြင့် အမှုဖွင့်ခဲ့ သည်ဟု ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ရဲတပ်ဖွဲ့ ထံမှ သိရသည်။

၎င်းဖြစ်စဉ်နှင့် ပတ်သက်ပြီး စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ အဆိုပါ ငွေစက္ကူအတု များသည် ပုဂံ - ညောင်ဦးတွင် Rangon ဇာတ်လမ်း အမည်ဖြင့် မှတ်တမ်းရုပ်ရှင် ရိုက်ကူးရန် အိန္ဒိယနိုင်ငံ FOX ကုမ္ပဏီမှ ရိုက်ကူးရေး အဖွဲ့က ရိုက်ကူးရေးတွင် အသုံးပြုမည့် ငွေစက္ကူ အတုများ ဖြစ်ကြောင်း အမေရိကန် အခြေစိုက် FOX ကုမ္ပဏီ ဘက်မှ ခိုင်လုံသည့် သက်သေ အထောက်အထားများ တင်ပြနိုင် ခဲ့သောကြောင့် ရန်ကုန် မြောက်ပိုင်း ခရိုင် တရားရုံးက ပြန်လည် ပိတ်သိမ်း စေခဲ့သည့် အမှုလည်း ဖြစ်ကြောင်း သိရသည်။

“FOX ကုမ္ပဏီက ရုပ်ရှင်ရိုက်ကူး ရာမှာ အသုံးပြုမယ့် နိုင်ငံတကာရဲ့ ဘယ် အသုံးအဆောင် ပစ္စည်းကို မဆို နမူနာပုံစံ အတုလုပ် အသုံးပြုခွင့် ရထားတယ်။ မြန်မာနိုင်ငံမှာ ရုပ်ရှင် ရိုက်ကူးရေး အတွက် ငွေစက္ကူ အတုတွေ ယူလာမယ် ဆိုတာကို ကြိုတင် အကြောင်းမကြား ခဲ့လို့ရဲက ဖမ်းဆီးခဲ့တာပါ။ နိုင်ငံတော်ရဲ့ ငွေကြေးကိုလဲ အတုလုပ် အသုံးပြုခွင့် မရှိပါဘူး။ ဒါပေမဲ့ ရိုက်ကူးရေး အတွက် နမူနာပုံစံ အတုလုပ် အသုံးပြု ခဲ့ကြောင်းကို သူတို့ဘက်က သက်သေ ခိုင်လုံစွာ တင်ပြနိုင်တယ်။ ပြီးတော့ နှစ်နိုင်ငံ ချစ်ကြည်ရေးလဲ ရှိတာကြောင့် ဒီအမှုကို ပြန်ရုပ် သိမ်းပေးခဲ့ တာပါ '' ဟု မြောက်ပိုင်းခရိုင် တရားရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

''ဖမ်းမိတဲ့ တစ်ထောင်တန် ငွေစက္ကူအတု အားလုံးက နံပါတ်တူ တွေချည်း ရိုက်နှိပ်ထားပြီး Sample ဆိုတဲ့ တံဆိပ်ရိုက် ထားတာ တွေ့ရတယ်။ စစ်ပြီးခေတ် ဒီနိုင်ငံမှာ ကျန်ခဲ့တဲ့ အိန္ဒိယ နိုင်ငံသားတွေကို သူ့ မိသားစုဝင် တွေက အိန္ဒိယကနေ ချမ်းသာကြွယ်ဝသူ အဖြစ် မြန်မာပြည် အလည်လာပြီး သရုပ်ဆောင်မယ့် ဇာတ်ဝင်ခန်းကို ရိုက်ဖို့ ငွေစက္ကူ အတုတွေ ယူလာတာလို့ သိရပါတယ်။ မသမာတဲ့စိတ်နဲ့ ယူဆောင် ခဲ့တာ မဟုတ်သလို သူတို့ ရုပ်ရှင် ကုမ္ပဏီကြီးမှာ အတုလုပ် အသုံးပြု ခွင့်ကို တခြားနိုင်ငံ တွေကပါ ခွင့်ပြုထားတာ တွေရှိမှန်း စုံစမ်းသိရှိရ တာကြောင့် ဧပြီ လဆန်းပိုင်းက ဒီအမှုကို ပြန်ရုပ်သိမ်း ပေးခဲ့တာပါ '' ဟု မင်္ဂလာဒုံ မြို့မရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောပြသည်။

PyiChitThar
http://www.pyichitthar.com


 မင်းပြား၊ ဧပြီ ၂၄

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် အ၀ရွာ ကျေးရွာအုပ်စု မြစ်နားရွာမှ ကျောင်းဆရာ တစ်ဦးကို တပ်က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သတင်း ရရှိသည်။

“ ခေါ်ဆောင်သွားတာ မှန်ပါတယ်။စစ်ဆေးစရာရှိတဲ့ အတွက် ခေါ်ဆောင်သွားတာပါ” ဟု အ၀ရွာ ကျေးရွာအုပ်ချုပ်ရေးမှူးက အတည်ပြု ပြောကြားသည်။

ဖမ်းဆီးခေါ်ဆောင်ခံရသူမှာ ကျောင်းဆရာ ဦးရွှေလုံးဖြစ်ကြောင်း သိရသည်။

“ ရက္ခိုင့်တပ်မတော်နဲ့ ဆက်စပ်မှုနဲ့ စစ်ဆေးစရာရှိတယ်ဆိုပြီး ခေါ်ဆောင်သွားတာ ဖြစ်တယ်လို့ သိရပါတယ်။ ဘယ်ကို ခေါ်ဆောင်သွားတယ်ဆိုတာ ကျွန်တော်လည်း မပြောနိုင်ဘူး” ဟု သူက ဆိုသည်။

ရခိုင်ပြည်နယ် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဍားကျွန်းမြို့နယ်တို့တွင်လည်း ရက္ခိုင့်တပ်မတော် တပ်ဖွဲ့ဝင်များ ၀င်ရောက်နေသည်ဆိုသော သတင်းများကြောင့် ယခုအခါ စစ်ဆေးမှုများ အထူးတိုးပွားနေသည်ဟု သိရသည်။

နိရဉ္စရာ
http://www.narinjara.com