04/26/15

ကျေးဇူးတော်ရှင်ဝင်းစိန်ဆရာတော်ကြီးသည်နှလုံးရောဂါဖြင့်အာရှတော်ဝင်၊နှလုံးအထူးကြပ်မတ်ကုသဆောင်တွင်ယနေ့ မွန်းလွဲ ၁.၃၀ နာရီတွင် ခန္ဓာဝန်ချသွားပါသည်။

သတင်း... မုဒုံ ၀င်းစိန် ဆရာတော် page

အရေးပေါ်လူနာတွေ ကုသပေးနေတဲ့ အမေရိကန်နိုင်ငံသူ ဒေါက်တာ မာရီဆာ အီဗီ ဂီရီဝုန် Dr Marisa Eve Girawong,(အမေမှာ ထိုင်နိုင်ငံသူဖြစ် ပါတယ်။

နိပေါနိုင်ငံ ငလျှင်ကြီးအတွင်း ဧ၀ရက်တောင်ပေါ်မှ နှင်းပြိုကျကာ ရေခဲများ ပိနေကြသည့် တောင်တက်သမားပေါင်း ၁၀၀ ကျော်အား သွားရောက် ကယ်တင်ဆေးကုသပေးနေစဉ်မှာ ရေခဲတောင် မှ နှင်းများ ထပ်မံ ပြိုကျလာခဲ့တာကြောင့် သူမပါရေခဲပြင်အောက်ပိသွားခဲ့ပြီး သေဆုံးသွားရပါသည်။

"အရမ်းခက်ခဲကြမ်းတမ်းလှတဲ့ ခ၇ီးပါရှင် တချိန်လုံး နင်းထုတွေကြားမှာ ခြေချနေရတယ်..ဒီနိုင်ငံလေ စွန့် စားမှုတွေပြည့်နေတဲ့ နိုင်ငံပေါ့..... ပြန်လာရင် မေခွန်းတွေအများကြီးဖြေပေးမယ် ဘိုင်ဘိုင်"

သူမလူနာများအားသွားရောက်မကယ်တင်မှီ ဖေ့ဘွတ်စာမျက်နှာမှာ သူငယ်ချင်းတွေကို နုတ်ဆက်သွားခဲ့တဲ့ နောက်ဆုံးစာဖြစ်ပါ၊
သူမအပါဝင် ဧ၀ရက် တောင်တက် သမားပေါင်း ၂၀ဆကျာ်သေဆုံးပြီး ၆၀ကျော် ဒဏ်ရာရခဲ့ပါတယ်။

(Social Action for Women - SAW)


နှစ်လကျော်ကြာ ရှည်ကြာလာတဲ့ ကိုးကန့် ခေါင်းဆောင်ဟောင်း ဖုန်ကြားရှင်ဦးဆောင်တဲ့ ကိုးကန့် လူမျိုးတချို့  နဲ့ လောက်ကိုင်ဒေသမှာ မြန်မာစစ်ဗိုလ်ချုပ်အသိုင်းအ၀ိုင်းက ပြည်ပကျူးကျော်မှု့သဘောမျိုး သတင်းလွှင့်ပြီး ဆင်နွှဲနေတဲ့ စစ်ပွဲဟာ ပြည်တွင်းစစ်သာဖြစ်တယ်။ စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ တချိန်တုံးက ဗမာပြည်ကွန်မြူနစ် ပါတီကိုဖြိုခွဲဖို့ ကြိုးစားစဉ်က လည်ပင်းဖက် အမြီးခြင်းဆက် ရင်းနှီးခဲ့တဲ့ ဖုန်ကြားရှင်တို့ ရဲ့ ကိုးကန့် လူမျိုးတွေကို မြန်မာ့တိုင်းရင်းသားလူမျိုး (၁၃၅) မျိုး ထဲတရားဝင်ထည့်သွင်း ကြေညာခဲ့တာ ဒီစစ်အာဏာရှင်တွေပါဘဲ။

၁၉၉၀ ရွေးကောက်ပွဲမှာ အပြတ်အသတ်နိုင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို အာဏာလွှဲမပေးခြင်တော့ ပြည်သူ့ ဆန္ဒကိုဆန့် ကျင်ပြီး သူတို့ စိတ်တိုင်းကျ ချယ်လှယ်ကျင်းပတဲ့ အမျိုးသားညီလာခံအတုကြီးမှာ တက် ရောက်နိုင်အောင် ဘုန်းဘုရင်ဖုန်ကြားရှင်တို့ ရဲ့ ကိုးကန့် အဖွဲ့ ကို ရဟတ်ယာဉ်တွေနဲ့ အခေါက်ခေါက် အခါခါ တကူးတကန့် ဖိတ်ခေါ်တက်ရောက်စေခဲ့တာလည်း ဒီစစ်အာဏာရှင်တွေပါဘဲ။ နောက်တော့မှ သူတို့ အခြင်း ခြင်း အာဏာအမွေလုရင်း နယ်ခြားစောင့် လက်နက်ကိုင်တပ်ပြောင်းခိုင်းတဲ့ကိစ္စမှာ အမွေမတည့်လို့  ကွဲကြ ပြဲကြတော့မှ အပြစ်မဲ့တဲ့သူတွေရဲ့ အသက်တွေစတေးပြီး နိုင်ငံတော် အချုပ်အခြာ ဘာညာသာရကာတွေ ခေါင်းစဉ်တပ်ပြီး လုပ်စားလာတာပါ။

လက်နက်ခဲယမ်းမီးကျောက်နဲ့ ကျည်ဆံဖိုး နဲ့ စစ်စရိတ် ဘီလျှံနဲ့ ချီကုန်ကျခဲ့တဲ့အပြင် အောက်ခြေတပ်မတော် သားတွေ၊ အရာရှိပေါက်စတွေ မြေဇာပင်ဖြစ်နေတဲ့ ဒေသခံပြည်သူတွေရဲ့ တန်ဘိုးရှိတဲ့ လူ့ အသက်သွေးပေါင်း များစွာ ၀မ်းနည်းဖွယ်ရာ အလဟဿဆုံးရှုံးနေတာပါ။ မိုင်းလားတပ်ဖွဲ့ ၊ KIA တပ်ဖွဲ့ ၊ TNLA တအောင်းတပ်ဖွဲ့ ၊ ၀တပ်ဖွဲ့ ၊ AA ရက္ခိုင်တပ်မတော်တပ်ဖွဲ့ စတဲ့ ဒေသခံတိုင်းရင်းသားပေါင်းစုံပါဝင်လာတဲ့ ဒီပြည်တွင်းစစ်ဟာ ပြည်သူလူထုကို ဘာကောင်းကျိုးမှ မပေးစွမ်းနိုင်ပေမဲ့ တိုင်းပြည်အပေါ် အောက်ပါ ဆိုးကျိုးပေါင်းမြောက်များစွာ တော့သက်ရောက်လို့ နေပါပြီ။

၁) တိုင်းပြည်ဘဏ္ဍာတွေကို ဖွံ့ ဖြိုးတိုးတက်အောင်လုပ်ဖို့ နေရာတွေမှာမသုံးစွဲနိုင်ဘဲ စစ်စရိတ်အတွက်သုံး နေရပြီး အချည်းအနှီးဆုံးရှုံး ပြုန်းတီးကုန်တယ်။

၂) ပြန်မရနိုင်တဲ့ တပ်မတော်သားတွေရဲ့အသက်သွေးချွေးတွေ မလိုအပ်ဘဲ ပေးဆပ်ဆုံးရှုံးနေရတယ်။

၃) အပြစ်မဲ့တဲ့ ဒေသခံပြည်သူတွေ အသက်လုံခြုံမှု့မရှိဘဲ စစ်မီးတောက်အောက်မှာ သေကြေပျက်စီးလို့  အိုးပျက်အိမ်ပျက်နဲ့  အသက်တွေတွေဆုံးရှုံးနေရတယ်။

၎) တိုင်းပြည်အတွက် အရေးတကြီး လိုအပ်နေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်အတွက် အနှောင့်အရှက် အဟန့် အတားဖြစ်စေတယ်။

၅) ဒေသတွင်း ရောင်းဝယ်ဖေါက်ကားမှု့တွေပျက် စီးပွားရေးလုပ်လို့ မရတာမို့  ဖွံ့ ဖြိုးတိုးတက်မှု့ရပ်ဆိုင်း သွားတယ်။

၆) စစ်ပွဲတွေကြောင့် ပညာရေးနဲ့ လူမှု့ရေးဘ၀တွေ ကမောက်ကမဖြစ် ဘ၀တွေအဖျက်ခံနေရတယ်။

၇) ပြည်ပကျူးကျော်မှု့ဆိုတဲ့ ငါးစာကိုသုံးပြီး လူမျိုးကြီးဝါဒ ၊ အစွန်းရောက်မျက်ကန်းမျိုးချစ်ဝါဒတွေကို မီးလောင်ရာလေပင့်ပြီး လမ်းမှားကိုဆက်လျှောက်အောင် ပို့ ဆောင်ခံနေတယ်။

၈) မီးစာကုန်ဆီခမ်းနေတဲ့ စစ်တပ်ကြီးစိုးဗိုလ်ကျတဲ့ အာဏာရှင်စနစ်၊ လက်နက်နဲ့ အကြမ်းဖက်ဖြေရှင်းနည်းကို ပြန်ခေတ်စားအောင်လုပ်ပြီး စစ်ဂျပိုးတွေ ပိုပေါက်ဖွားလာအောင် အခြေအနေကိုဖန်တီးနေတယ်။

စစ်အာဏာရှင်နဲ့ တရုပ်ပြည်အကျိုးအတွက် ရခိုင်ကပို့ နေတဲ့ ရေနံပိုက်လိုင်းဖြတ်ပြေးထားတဲ့ ရှမ်းပြည်အရှေ့မြောက် ဒေသ၀န်းကျင် လောက်ကိုင် ကိုးကန့် ဒေသကို စိုးမိုးမှု့ရအောင် အဲ့ဒီဒေသက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတွေကို ရှင်းထုတ်ဖို့  အကြောင်းပြကောင်းအောင် ဖုန်ကြားရှင် ကို နောက်ကွယ်ကနေ တရုပ်ကြီးက လက်နက်ပေးပြီး ကျားစွယ်သွေးတိုက် ရှူးတိုက်လိုက်ပုံရတယ် ။

ဒါကြောင့်လည်း တရုပ်အစိုးရကို ချီးချမ်းအောင်ကြောက်ရတဲ့  ဦးသိန်းစိန်အစိုးရနဲ့ ဗိုလ်ချုပ်မှုးကြီးမင်းအောင် လှိုင်တို့  ကအသားယူပြီး နိုင်ငံအချုပ်အခြာကိုအထိပါးမခံဘူး တစက်မှအလျှော့ပေးမှာ မဟုတ်ဘူးတို့ ၊ ကိုး ကန့် ဒေသတည်ငြီမ်အေးချမ်းရေးကို တပ်မတော်က အသက်သွေးချွေးစတေးပြီး ဆောင်ရွက်နေပါတယ်ဆိုပြီး ပြည်သူတွေသနားလာအောင် ပနာယူနေတာ သိပ်သိသာတယ် ။ ဒီစစ်ဗိုလ်ချုပ်တွေဟာ သူတို့ အကျိုးမရှိတဲ့ အရာဆို ဘယ်သောအခါမှ လုပ်ဆောင်လေ့မရှိတာ တို့ ပြည်သူတွေ ခါးသီးတဲ့ အတွေ့ အကြုံများစွာနဲ့ သမိုင်းမှာ အခါခါ ခံစားနားလည်ခဲ့ပြီးပြီ ။

တပြိုင်နက်ထဲမှာ ဧရာဝတီမြစ်ဆုံ စီမံကိန်းနဲ့ ကျောက်စိမ်းတွင်းတွေသိမ်းပိုက်နိုင်ဘို့ အဟန့်အတားဖြစ်နေတဲ့ KIA ရှိတဲ့ ကချင်ဒေသကို နှိပ်ကွပ်ဖို့ စစ်အင်အားသုံး စစ်အင်းအားတိုးချဲ့ ရန်စနေတာကလည်း သူတို့ အကျိုး စီးပွားနဲ့ တရုပ်ကြီးအကျိုးစီးပွားအတွက်ရည်ရွယ်လှုပ်ရှားနေတာထင်ရှားတယ် ။ KIA ကိုအင်အားချိနဲ့  သွား အောင် … တချိန်တုံးက ကရင်တွေရဲ့ မာနယ်ပလောကို သိမ်းသလို မကြာခင် အကြောင်းတခုခုရှာပြီး KIA ဌာန ချုပ်ရှိတဲ့ လိုင်ဇာစခန်းကို တိုက်လိမ့်မယ် ။ တဖက်မှာတော့ အပစ်ရပ်တို့ ငြိမ်းချမ်းရေးစကားတွေပြော၊ KNU တို့ မွန်ပြည်သစ်ပါတီတို့ နဲ့ လက်ဆွဲနှုတ်ဆက်နေလိမ့်မယ်။ စစ်အာဏာရှင်တွေသိပ်ပါးနပ်တယ်။ စစ်နဲ့ လုပ်စား နေတာအံခွနေကြပြီ။ တော်လှန်ရေးသတိရှိကြပါ ။ သမိုင်းဆိုတာ အမြဲဖုံးကွယ်လို့ မရနိုင်ပါဘူး ။

ဒီအချက်ကို ပိုခိုင်မာစေတာက စစ်ပြေးဒုက္ခသည် သောင်းနဲ့ ချီပြီးသူ့ နယ်ထဲပြေးလာရတာကို သူ့ အကျိုးထိပါးရင်ဖြစ်ဖြစ် သူ့ နယ်မြေကို တဆံခြည်လုတယ်ထင်ရင်ဖြစ်ဖြစ် သေးသေးတင်မခံ တဆိတ်ကိုတအိပ်လုပ်တတ်တဲ့ ကတ်ကတ်လန်တုံ့ ပြန်တတ်တဲ့ ဘယ်သောအခါမှ မရိုးသားတဲ့ တရုတ်အစိုးရထံက သူတော်ကောင်းစကားလိုလို ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့ ပြောဆိုနေတာဟာ သိပ်သိသာလွန်းတယ် ။ ရေနံနဲ့ သဘာဝဓါတ်ငွေ့ တွေ အန္တရာယ်ကင်းကင်း စိတ်ချလက်ချရောက်နိုင်အောင် နယ်မြေရှင်းလင်းဖို့ လိုတယ်မဟုတ်လား ။ လောင်စာက တရုတ်တွေအတွက်သိပ်အရေးကြီးတယ် ။

ဦးသိန်းစိန်တို့ စစ်တပိုင်းအစိုးရဟာ တိုင်းပြည်ရဲ့အရေးအကြီးဆုံးကိစ္စတွေ (ပုဒ်မ ၄၃၆ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စ၊ တရားဥပဒေမစိုးမိုးမှု့ကိစ္စ၊ တောင်သူလယ်မြေသိမ်းပြသနာ၊ အလုပ်သမားလုပ်ခနဲပြဿနာ၊ ပညာရေးဥပဒေ ကျောင်းသားသပိတ်ပြဿနာ၊ လာဘ်ပေးလာဘ်ယူကိစ္စ၊ အကြမ်းဖက် လူသတ်မဒိမ်းမှု့တွေ) ထိထိရောက် ရောက် မဖြေရှင်းဘဲ ပြည်သူလူထုဆန္ဒကို မျက်ကွယ်ပြုပြီး စစ်ရေးနဲ့ မျက်ကန်းမျိုးချစ်စိတ်ကို အသုံးပြုမှု့ အာရုံလွှဲဖို့ ကျိုးစားမှု့တရပ်လို့ ဘဲမြင်တယ်။
စစ်အာဏာရှင်တွေပါခဲ့တဲ့ချီးထုပ်ကြီးကို တပ်မတော်သားတွေအသက်နဲ့ ရှင်းနေရတာ။ စစ်အာဏာရှင် တွေမွေးခဲ့တဲ့မျောက်ကို ခုတုံးလုပ် သူတို့ ကဘဲတိုင်းပြည်ကြီးချောက်ကမ္ဘားထဲမကျအောင် ကယ်တင်နေ သယောင် ပြည်သူတွေကိုထင်ယောင်ထင်မှားအောင် …ပြည်ပကျူးကျော်စစ်လိုလို လော်ဘီလုပ် မျက်ရည်ချူ၊ ဂရုဏာချူနေတာ ။ ကြားထဲက အသုံးချခံရလို့ ခြေပြတ်လက်ပြတ် အသက်ပေးနေ ရတဲ့ နှစ်ဖက်လုံးက တပ်မတော်သားတွေရော အပြစ်မဲ့ပြည်သူတွေကိုတော့ အလွန်သနားပါတယ် ။ ဒါပေမဲ့ စစ်အာဏာရှင်တွေ ဖန်တီးကြွေးကြော်နေတဲ့ လောက်ကိုင် ပြည်ပကျူးကျော်စစ်အတုကြီးကိုတော့ လုံးဝရှုံ့ချတယ်။
လူမျိုးကြီးဝါဒ အလံထူပြီး ဗိုလ်ကျခြင်တိုင်းဗိုလ်ကျခဲ့တဲ့ စစ်အာဏာရှင်စနစ်ကို ဆန့် ကျင်ကြတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အစည်းတွေကို သောင်းကျန်းသူတွေ၊ သူပုန်တွေလို့ နံမည်တပ် သိက္ခာချခဲ့ တာ စစ်အာဏာရှင်တွေပါ။ သူတို့ လုပ်စားနေတာကို တိုင်းပြည် အသက်ပေး ကာကွယ်နေတဲ့ပုံမျိုး ဖြစ်အောင်၊ သူတို့ မတရားသဖြင့် အခွင့်ထူးခံနေတာကို ထိုက်တန်သယောင် ၀ါဒဖြန့် နေတာကို သံယောင်လိုက် မသုံးမိ အောင်သတိပြုကြဖို့ လိုတယ် ။

သူတို့ အာဏာထိပါးတဲ့သူဆို ဘယ်သူ့ ကိုမဆို သူပုန်လို့ သမုဒ်တာဘဲ ။ ကျောင်းသားဆိုလည်းသူပုန်လို့  ခေါ်တာဘဲ ။ သံဃာအစစ်တွေတောင် သင်္ကန်းဝတ်တွေလို့ ခေါ်ခဲံတာမဟုတ်လား။ ကျောင်းသားသမဂ္ဂဆိုတဲ့ နာမည်နဲ့ တော်လှန်ရေးဆိုတဲ့စကားတောင် တလျှောက်လုံး အသိအမှတ်မပြုခဲ့ဘူး မဟုတ်လား။ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးတွေဟာ သူတို့ အသက်မသေရလို့  သူတို့ ခြေပြတ်လက်ပြတ်မဖြစ်လို့ လောက်ကိုင်စစ်ပွဲကို အားရပါးရဆင်နွှဲနေတာဖြစ်တယ်။
အောက်ခြေစစ်ဗိုလ် စစ်သားလေးတွေမသေဘဲ သူတို့ (သို့ ) သူတို့ သားသမီးတွေ ရှေတန်းကတိုက်ရမယ် သေရမယ်၊ ခြေပြတ်လက်ပြတ်ဖြစ်ရမယ်ဆိုရင် ဒီစစ်ဗိ့လ်ချုပ်ကြီးတွေ လောက်ကိုင်စစ်ကိုတိုက်မှာမဟုတ်ဘူး။ သူတို့ အိပ်ကပ်ထဲက ပိုင်ဆံစိုက်ပြီးမှ တိုက်ရမယ်ဆိုရင် သူတို့ ဒီလောက်ကိုင်စစ်ကိုမဆင်နွှဲဘူး။ ပြည်သူ့ဘဏ္ဍာ၊ ပြည်သူတွေသက်သာချောင်ခြိရေးအတွက်သုံးရမဲ့ငွေကြေးတွေနဲ့ မို့ သာစစ်တိုက်နေကြတာ။ လောက်ကိုင်စစ်ပွဲ ကိုစဉ်းစားဥာဏ်ရှိတဲ့ ပြည်သူတိုင်းကမလိုလားဘူး။ မထောက်ခံဘူး။ လောက်ကိုင်စစ်မှမဟုတ်ဘူး ဘယ်ပြည် တွင်းစစ်ကိုမှ ပြည်သူတွေကမထောက်ခံဘူး ။ ရာစုနှစ်ဝက်ကျော် တိုင်းပြည်အဖက်ဖက်က ချွတ်ခြုံကျ ဆင်းရဲ တွင်းနက်ခဲ့ရတာဟာ.. ပြည်တွင်းစစ်မီး မငြိမ်းသတ်ခဲ့လို့ ပါ။

ပြည်ပကျူးကျော်မှု့၊ အချုပ်အခြာအာဏာထိပါးလာတာ စသည်ဖြင့် ဘာအကြောင်းဘဲပြပြ စစ်တိုက်ခြင်သူတွေ စစ်ကိုထောက်ခံသူတွေ စစ်မီးမငြှိမ်းလိုသူတွေဟာ တနည်းမဟုတ်တနည်း စစ်ကြောင့်အရေးပါနေသူ အခွင့်အရေးရနေသူ၊ စစ်နဲ့ လုပ်စားနေသူဖြစ်ရင်ဖြစ် မဖြစ်ရင် လူမျိုးကြီးဝါဒမှိုင်းမိပြီး ကျပ်မပြည့်တဲ့ မျက်ကန်းမျိုးချစ်တွေဘဲဖြစ်လိမ့်မယ်။ တကယ့်တကယ် စစ်ကြောင့်အသက်ပေးရတာ ဘ၀တွေအဖျက်ဆီးခံရတာ သူတို့ မဟုတ်ဘူး။ အောက်ခြေတပ်မတော်သားနဲ့ ဒေသခံပြည်သူတွေဘဲ။

ဒါကြောင့် ကိုးကန့် လက်နက်ကိုင်တွေနဲ့ တိုက်နေတဲ့ လောက်ကိုင်စစ်ပွဲတွေကို ချက်ခြင်းရပ်ပါ။

သနားစရာကောင်းတဲ့ အောက်ခြေစစ်ဗိုလ်စစ်သားလေးတွေအသက်ပေးနေရတဲ့ လောက်ကိုင်စစ်ပွဲတွေကို ချက်ခြင်းရပ်ပါ။

တိုင်းပြည်ဘဏ္ဍာ၊ ပြည်သူ့ ပိုင်ငွေကြေးတွေ အချည်းအနှီးဆုံးရှုံးနေရတဲ့ လောက်ကိုင်စစ်ပွဲတွေကို ချက်ခြင်းရပ်ပါ။

တိုင်းသူပြည်သားတွေ မတိုက်ခိုင်းတဲ့ လောက်ကိုင်စစ်ပွဲတွေကို ချက်ခြင်းရပ်ပါ။

စားပွဲဝိုင်းပေါ်ဝင်ထိုင်ပြီး ငြိမ်းချမ်းစွာအဖြေရှာတတ်တဲ့ ယဉ်ကျေးတဲ့ နိုင်ငံရေးအလေ့အထကို မွှေးမြူပါ။

အားကြီးသူက အနိုင်ကျင့်စတမ်းဆိုတဲ့ ဆင်ခြင်တုံတရားကင်းမဲ့တဲ့ တောရိုင်းဥပဒေသကို အပြီးတိုင်စွန့် လွှတ် ပြီး ရိုးရိုးသားသားနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ချက်ခြင်းစပါလို့ တိုက်တွန်းရင်း ဒီဆောင်းပါးကို နိဂုံးသပ်လိုက် ပါတယ်။

လေးစားစွာဖြင့်
( မင်းကောင်းချစ် )

စနေနေ့က နီပေါနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြီးကြောင့် လူပေါင်း ၂,၂၀၀ ကျော် သေဆုံးခဲ့ပြီဖြစ်သလို ထိုငလျင်ကြီးလှုပ်ပြီး ၂၃ နာရီအတွင်း ဆက်လက်လှုပ်ခတ်နေသော နောက်ဆက်တွဲ ငလျင်ပေါင်း ၃၁ ခု ရှိသွားပြီဖြစ်ကြောင်း သည်ဝေါလ်စထရိဂျာနယ်က ဖော်ပြသည်။

ပြင်းအား ၇ ဒသမ ၈ ရှိ ငလျင်ပြီးနောက် လှုပ်ခတ်သော နောက်ဆက်တွဲ ငလျင်များအားလုံးမှာ ပြင်းအားပမာဏ ၄ နှင့် အထက်များချည်း ဖြစ်ကြသည်။

ယနေ့ မွန်းလွဲပိုင်းတွင် လှုပ်ခတ်သွားသည့် နောက်ဆက်တွဲငလျင်မှာ ပြင်းအား ၆ ဒသမ ၇ ရှိုပြီး မြို့တော် ခတ္တမန္ဒူ၏အရှေ့ဘက် ၆၅ ကီလိုမီတာရှိ အရပ်ကို ဗဟိုပြုလှုပ်ခတ်သွားခြင်းဖြစ်ကြောင်း အမေရိကန်ဘူမိဗေဒဆာဗေးအဖွဲ့ကြီးက အစီရင်ခံထားသည်။ စနေနေ့ ငလျင်ကြီးလှုပ်ပြီးချိန်မှစ၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး သေဆုံးသူအရေအတွက်မှာ ပိုများလာနိုင်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။

နီပေါငလျင်အကြောင်း သိကောင်းစရာ အချက် (၅)ချက်

၁ ။ ။ ငလျင်မှာ အင်အားကောင်းပြီး သေလောက်အောင် ပြင်းထန်ခဲ့သည်။

သေဆုံးသူဦးရေ ၁,၈၀၀ ထက်မနည်းကြောင်း နီပေါပြည်ထဲရေးဝန်ကြီးဌာနက သတ်မှတ်ခဲ့သည်။ စီအင်န်အင်န် သတင်းဌာနက ယခုနောက်ဆုံး သေဆုံးသူ ၂,၂၆၃ ရှိပြီဖြစ်ကြောင်း ဖော်ပြသည။် ငလျင်ကြောင့် မြို့တော် ခတ္တမန္ဒူ တစ်နံတစ်လျား ပျက်စီးထိခိုက်မှုဖြစ်စေခဲ့သည်။ ဧဝရက်တောင်ထိပ်မှ နှင်းထု၊ ရေခဲထုနှင့်ကျောက်တုံးများ တစ်ဟုန်ထိုးလျှောကျခြင်းကိုလည်း အစပျိုးစေခဲ့သည်။ ငလျင်ကို အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီ၊ ဘင်္ဂလားဒေ့ရှ်မြို့တော် ဒါကာတို့တွင်လည်း ခံစားခဲ့ရသည်။

၂။ ။ ငလျင်များဖြစ်လေ့ဖြစ်ထရှိသည့် နီပေါ

အိန္ဒိယတိုက်ငယ်နှင့် ယူရေးရှန်း မြေဆိုင်ထုမျက်နှာပြင်တို့ ဆုံရာ Indus_Yarlung ဇုန်ဟု သိကြသည့် နေရာတွင် ငလျင်လှုပ်ခတ်ခဲ့သည်။ လွန်ခဲ့သည့် နှစ်သန်း ၄၀မှ နှစ်သန်း ၅၀ကာလက ထိုနှစ်ခု တိုက်မိခြင်းကြောင့် ဟိမဝန္တာတောင်တန်းများ မြင့်တက်မှု ဖြစ်စေခဲ့သည်။ ယင်းမှာ ဒေသရှိလူသေဆုံးမှုအများဆုံး ငလျင်များ ဖြစ်ပွားခဲ့ဖူးရာ ဧရိယာဖြစ်သည်။ ၂၀၀၅ က ကက်ရှ်မီးယားတွင် ငလျင်ကြီး လှုပ်ခတ်ခဲ့ပြီး လူပေါင်း ၈၀,၀၀၀ ထက်မနည်း သေဆုံးခဲ့ရသော ဖြစ်စဉ်လည်း အပါအဝင်ဖြစ်သည်။ အင်အားပြင်းထန်သော ငလျင်တစ်ခုသည် ၁၉၃၄ ကလည်း နီပေါ၌ လှုပ်ခတ်ခဲ့ဖူးပြီး သေကျေပျက်စီးဆုံးရှုံးမှု အကြီးအကျယ် ဖြစ်ပေါ်စေခဲ့သည်။

၃။ ။ သမိုင်းဝင်နေရာများ ငလျင်ကြောင့် ပျက်စီးကုန်သည်။

မြို့တော်ခတ္တမန္ဒူနှင့် ယင်း၏ဆင်ခြေဖုံးနေရာများမှာ ရာစုနှစ်များစွာချီ သက်တမ်းရှိ သမိုင်းဝင်နေရာများနှင့် ပြည့်နှက်လျက်ရှိသည်။ ထိုဧရိယာ၌ အရေးပါသည့်ဘုရားကျောင်းများ ၊ နန်းတော်များ၊ ဝင်းတံတိုင်း များစွာရှိပြီး ယင်းတို့အနက်အများအပြားမှာ နှစ်ပေါင်း ၃၀၀ အထက် သက်တမ်းရှိကြသည်။ ခတ္တမန္ဒူတောင်ကြားရှိ ခုနစ်နေရာကို ယူနက်စကို ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်နေရာတစ်ခုအဖြစ် ထိန်းသိမ်းကာကွယ်မှုပြုထားသည်။ ဒါဘာစကွဲသည် 'နီပေါ၏ ရှေးမယ်လာဘုရင်များက ၁၂ ရာစုမှ ၁၈ ရာစုကြားကာအတွင်း တည်ဆောက်ခဲ့သည့် မြို့တော်၏ လူမှုရေး၊ ဘာသာရေးနှင့် မြို့ပြဆုံချက်' ဖြစ်ကြောင်း ယူနက်စကို၏ ဝက်ဘ်ဆိုက်က ရေးသားထားသည်။

မြို့တော်ခတ္တမန္ဒူနှင့် ယင်း၏ဆင်ခြေဖုံးနေရာများမှာ ရာစုနှစ်များစွာချီ သက်တမ်းရှိ သမိုင်းဝင်နေရာများနှင့် ပြည့်နှက်လျက်ရှိသည်။ ထိုဧရိယာ၌ အရေးပါသည့်ဘုရားကျောင်းများ ၊ နန်းတော်များ၊ ဝင်းတံတိုင်း များစွာရှိပြီး ယင်းတို့အနက်အများအပြားမှာ နှစ်ပေါင်း ၃၀၀ အထက် သက်တမ်းရှိကြသည်။ ခတ္တမန္ဒူတောင်ကြားရှိ ခုနစ်နေရာကို ယူနက်စကို ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်နေရာတစ်ခုအဖြစ် ထိန်းသိမ်းကာကွယ်မှုပြုထားသည်။ ဒါဘာစကွဲသည် 'နီပေါ၏ ရှေးမယ်လာဘုရင်များက ၁၂ ရာစုမှ ၁၈ ရာစုကြားကာအတွင်း တည်ဆောက်ခဲ့သည့် မြို့တော်၏ လူမှုရေး၊ ဘာသာရေးနှင့် မြို့ပြဆုံချက်' ဖြစ်ကြောင်း ယူနက်စကို၏ ဝက်ဘ်ဆိုက်က ရေးသားထားသည်။

၎။ ။ နီပေါသည် နိုင်ငံရေးကသောင်းကနင်းအဖြစ်ကို ရင်ဆိုင်ထားရသည်။

လူဦးရေ သုံးသန်းခန့်ရှိသည့် ကုန်းတွင်းပိတ်နိုင်ငံတစ်နိုင်ငံဖြစ်သော နီပေါသည် ကမ္ဘာ့အဆင်းရဲဆုံးနှင့် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများအနက် တစ်နိုင်ငံဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ရပ်နှင့်ပတ်သက်၍ အချေအတင်ဖြစ်မှုများအလယ်တွင် လောလောလတ်လတ် နိုင်ငံရေးကသောင်းကနင်း လှိုင်းလုံးတစ်ခု ရိုက်ခတ်ခံထားရသည်။ ၂၀၀၈ အထိ ဘုရင်စနစ်ဖြင့် အုပ်ချုပ်ခဲ့သည့် နီပေါနိုင်ငံမှ နိုင်ငံရေးသမားများသည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ်တစ်ရပ်ကို ရေးဆွဲရန် နှစ်ပေါင်းများစွာ ရုန်းကန်ကြိုးစားနေခဲ့ရသည်။ တိုင်းရင်းသားအရေးများနှင့် တိုင်းပြည်ကို ပြည်နယ်များအဖြစ်သို့ စိတ်ပိုင်းသင့်သလားဆိုသည့် ကိစ္စမှာ အဓိက အပြင်းပွားမှုများအနက် တစ်ခုဖြစ်သည်။ နီပေါအစိုးရသည် Maoist သူပုန်များနှင့် ပြည်တွင်းစစ်ကို ဆယ်စုနှစ်တစ်ခုချီ တိုက်ခိုက်ခဲ့သည်။ ၂၀၀၆ တွင် Maoist များက လက်နက်ချရန်သဘောတူပြီး နိုင်ငံရေး ပြန်လည်ရင်ကြားစေ့မှုလုပ်ငန်းစဉ်တစ်ခုကို ပူးပေါင်းခဲ့သည့်အခါ ယင်းပြည်တွင်းစစ် ပြီးဆုံးခဲ့သည်။

၅။ ။ အမေရိကန်ပြည်ထောင်စုနှင့် အခြားနိုင်ငံများက အကူအညီပေးရန်ကမ်းလှမ်းကြသည်။

အိန္ဒိယလေတပ်လေယာဉ်များသည် ကယ်ဆယ်ရေးအဖွဲ့များ ၊ အထောက်အပံ့များဖြင့် ပျံသန်းမှု စတင်ခဲ့သည်။ ဥရောပကော်မရှင်နှင့် နီပေါရှိ အမေရိကန်သံရုံးတို့ကလည်း ကျွမ်းကျင်သူများသည် ငလျင်လှုပ်ခတ်ခဲ့သောဒေသများသို့ သွားရာလမ်းတွင် ရောက်နေကြပြီဖြစ်ကြောင်း ပြောကြသည်။ ဂျာမန်အစိုးရကလည်း ယင်းအနေဖြင့် ကူညီမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အမေရိကန်ပြည်ထောင်စုက အရေးပေါ်အကူအညီ ဒေါ်လာ ၁ သန်းပေးအပ်နေချိန်တွင် ဥရောပကော်မရှင်ကလည်း ဘဏ္ဍာရေးအကူအညီပေးရန် စဉ်းစားနေကြောင်းပြောသည်။

မူရင်း7Day News Journal


ကျောင်းသားသပိတ် လှုပ်ရှားမှုဓာတ်ပုံပြပွဲကို ရန်ကုန်မြို့ ဒဂုံမြို့နယ် နဝ ဒေးလမ်းရှိ
ThinkArt Gelley တွင် မေလ ၂၅ရက်မှ ၂၇ရက်နေ့ ထိပြသထားပါတယ်။

ဓါတ်ပုံသတင်း ထောက်များ ဖြစ်သော ဂျေပိုင် စိုင်းဇော်၊ ဟိန်းထက်၊ တေဇာလှိုင်၊ လမင်းထွန်း တို့ ၏ ဓာတ်ပုံများပြထားပါတယ်။

BBC Burmese

ထိုင်းက ရွာကျောင်း စာသင်ခန်းပါ
(၀မ်းနည်းစရာကောင်းတဲ့ မြန်မာ့ကျေးရွာပညာရေးစနစ်ပါ)

ထိုင်းနိုင်ငံက ကျေးလက်ကျောင်းနှင့် မြန်မာနိုင်ငံကျေးလက်ကျောင်းကို နှိုင်းယှဉ်ကြည့်ကြပါ



*** ချစ်သော မြေးများသို့

တည်ငြိမ်ဝံ့စား၊ ပြတ်သားစည်းစောင့်

ရိုးဖြောင့်ရောင့်ရဲ၊ ဇွဲကြီးသည်းခံ

မာန်နှိမ်စွန့်လွှတ်၊ မြင့်မြတ်စေတနာ

ချိုသာပွင့်လင်း၊ ရိုင်းပင်းတတ်စေ။

ဘဘ

(ဟံသာဝတီဦးဝင်းတင် ၁ နှစ်ပြည့်ဖိတ်စာမှ)

**************************

ရန်ကုန်၊ ဧပြီ ၂၁

ဝါရင့် နိုင်ငံရေးသမားကြီး တစ်ဦးဖြစ်သော သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း တစ်နှစ်ပြည့် အောက်မေ့ဖွယ် ဂုဏ်ပြု အခမ်းအနားကို ဧပြီလ၂၁ ရက်တွင် ရန်ကုန်မြို့ တော်ဝင်နှင်းဆီ၌ ပြုလုပ်ခဲ့ရာ အဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ်များ၊ စာနယ်ဇင်း အသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ် အများအပြား တက်ရောက် ဂုဏ်ပြုခဲ့ကြသည်။

တက်ရောက်ခဲ့သူများထဲမှ အချို့သည် ဆရာကြီးဟံသာဝတီ ဦးဝင်းတင် နိုင်ငံရေး အကျဉ်းသားအဖြစ် ၀တ်ဆင်ခဲ့ပြီး အကျဉ်းထောင်မှ လွတ်မြောက်ပြီးနောက် ကွယ်လွန်ချိန်အထိ ၀တ်ဆင်သွားခဲ့ သည့် ထောင်အင်္ကျီ အပြာရောင်အား ဂုဏ်ပြု ၀တ်ဆင်လာခဲ့ကြပြီး ခန်းမတစ်ဝိုက်၌လည်း ဟံသာဝတီ ဦးဝင်းတင်၏ ဓာတ်ပုံများနှင့် မသေဆုံးခင် ပြောကြားခဲ့သော “မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ”၊ “ကျွန်တော် ပြောချင်တာက ဒီအစိုးရကို မယုံဘူးဒါပဲ”၊ “တိုင်းပြည်အပေါ်မှာ စစ်အာဏာရှင်တွေရဲ့ကျေးဇူး မူးလို့တောင် ရှူစရာမရှိဘူး” စသော ပြောစကားများကို ကောက်နုတ် ဖော်ပြထားသည်။

ထို့နောက် တက်ရောက်လာသူများက အခမ်းအနား အစီအစဉ် များအရ နိုင်ငံတော်အလံ၊ ကျဆုံးခဲ့သော အာဇာနည် ခေါင်းဆောင်များနှင့် ဒီမိုကရေစီအရေးအတွက် အသက်ပေးခဲ့သော အာဇာနည်များအား ဂုဏ်ပြု အလေးပြုခဲ့ပြီး ၈ စက္ကန့် ငြိမ်သက်ခဲ့ကြသည်။

““ဒီမိုကရေစီ လိုချင်တယ်၊ ဒီမိုကရေစီအတွက် လှုပ်ရှားချင်တယ် ဆိုပြီးတော့ ပြောနေတဲ့ပုဂ္ဂိုလ် တော်တော် များများဟာ နိုင်ငံရေးပါတီများရဲ့ အရေးပါပုံ၊ နိုင်ငံရေး ပါတီများ ဘယ်လိုဖြစ်သင့် ဖြစ်ထိုက်တယ် ဆိုတာကို သိပ်ပြီးတော့ မလေ့လာကြပါဘူး။ အချို့ကဆိုရင် ပါတီနိုင်ငံရေးနဲ့ အမျိုးသားနိုင်ငံရေး ဆိုပြီးတော့တောင် ခွဲခြားပြီးတော့ ပြောချင်တဲ့ ပုဂ္ဂိုလ်တွေ ရှိပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီ ထူထောင်ချင်လို့ရှိရင်၊ ခုခေတ်ခုအခါမှာ ဒီမိုကရေစီ ထူထောင်ချင်လို့ရှိရင် နိုင်ငံရေး ပါတီတွေ မရှိလို့မဖြစ်ပါဘူး။ နိုင်ငံရေးပါတီအတွင်းမှာ တာဝန်ထမ်း ဆောင်တဲ့ ပုဂ္ဂိုလ်များရဲ့ အရည်အချင်း အရမ်းအရေးကြီးပါတယ်။ ဆရာကြီး ဦးဝင်းတင်ဟာဆိုရင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို စတင်ထူထောင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေထဲမှာ ပါပါတယ်”” ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ပြုစကား ပြောကြားခဲ့သည်။

ဟံသာဝတီ ဦးဝင်းတင်သည် စစ်အာဏာရှင် ဆန့်ကျင်ရေးနှင့် ဒီမိုကရေစီအရေး ဆောင်ရွက်မှုများကြောင့် စစ်အာဏာရှင် အစိုးရ၏ ဖမ်းဆီးထောင်ချ နှိပ်စက်ခြင်းခံခဲ့ရပြီး ထောင်အတွင်း၌ ၁၉ နှစ်ကျော် နေခဲ့ရသူတစ်ဦး ဖြစ်သည်။

““ကျွန်တော် ထွက်သွားတဲ့ စစ်ကြောရေးတွေမှာဆိုရင် သူ့အခန်းလေးတွေကို ဖြတ်သွားရင် ဘဘ ဦးဝင်းတင် အပါအ၀င် ဟောဒီက လူကြီးတွေရဲ့ ခိုင်မာမှုကို ကျွန်တော် တွေ့ခဲ့ရတယ်။ စစ်ကြောရေးဆိုတာ ကိုယ့်ရဲ့ ကံကြမ္မာကို ဆုံးဖြတ်မယ့် သူတွေဆီကို တက်ရမယ့် အစီရင်ခံစာလည်း ရေးရတယ်။ ကိုယ့်ကို လွှတ်ပေးမလား၊ မလွှတ်ပေးဘူးလားကအစ ထောင်ချမလား၊ နှိပ်စက်မလားအဆုံး။ အဲဒီအခါမျိုးမှာ လိမ္မာသလို ကြည့်လုပ် သွားတာပေါ့ ဆိုတာမျိုး အဲဒီခေါင်းဆောင်တွေမှာ မရှိဘူး။ သူယုံကြည်ရာကို ခိုင်ခိုင်မာမာ ပြောနေတာ။ လူမမြင် ရသည့်နေရာ ထိတိုင်အောင်သူတို့ သစ္စာရှိတာ၊ သတ္တိရှိတာကိုတော့ ကျွန်တော်တို့ အသိအမှတ် ပြုရလိမ့်မယ်။ ထုတ်ကို ပြောရလိမ့်မယ်””ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်က ဂုဏ်ပြု ပြောကြားခဲ့သည်။

ဆရာကြီး ဟံသာဝတီဦးဝင်းတင်သည် ၂၀၀၁ ခုနှစ်တွင် ယူနက်စကိုအဖွဲ့ကြီး၏ Guillermo Cano ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်ဆု၊ World Association of Newspaper (WAN) မှ Golden Pen of Freedom Award ဆု၊၂၀၀၆ ခုနှစ်တွင် နယ်စည်းမခြား သတင်းထောက် အဖွဲ့၏ Journalist Prize ဆု၊ ၂၀၀၈ ခုနှစ်တွင် Leip-zing Germany မှ Prize For the Freedom and the future of the media ဆု၊ ကွယ်လွန်ပြီး ၂၀၁၄ ခုနှစ်တွင် ကိုရီးယားနိုင်ငံရှိ The Truth Foundation မှ လူ့အခွင့်အရေးဆု စသော ဂုဏ်ပြုဆုများ ချီးမြှင့် ခံခဲ့ရပြီး ပြင်သစ်နိုင်ငံရှိ လမ်းတစ်လမ်း၏ အမည်ကိုလည်း ၀င်းတင်လမ်းဟု ခေါ်ဆိုကာ ဂုဏ်ပြုခံခဲ့ရသည်။

““အခုလို အချိန်အခါမျိုးမှာဆိုရင် သူဟာအများကြီး ရေးနိုင်မယ်။ အများကြီး ပြောနိုင်မယ်။ အများကြီး ထောက်ပြနိုင်မယ်။ သူဟာဒီအချိန်မှာ ကွယ်လွန် သွားတဲ့အတွက် အဖွဲ့ချုပ်အတွက်လည်း အင်အားလျော့ သွားတဲ့အတွက် အင်မတန်မှ ၀မ်းနည်းကြေကွဲဖွယ် ဖြစ်ပါတယ်””ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးက ချီးကျူးဂုဏ်ပြုစကား ပြောကြားခဲ့သည်။

““ပါတီကိုဝန်းရံဖို့၊ ဒေါ်စုကိုဝန်းရံဖို့ အမြဲပြောတယ်။ ကျွန်တော် ထောင်ဝင်စာ သွားတွေ့တိုင်းမှာ ကျွန်တော်လည်း ပြန်လာရင် BBC တို့၊ VOA တို့ RFA တို့ကို အကုန်ပြောတယ်””ဟု ဟံသာဝတီ ဦးဝင်းတင်အား ၁၉၉၆ ခုနှစ်မှ လွတ်မြောက်သည့် ၂၀၀၈ ခုနှစ်အထိ ထောင်ဝင်စာတွေ့ခဲ့သူ ဦးမောင်မောင်ခင်က ပြောသည်။

ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း တစ်နှစ်ပြည့်အဖြစ် ဧပြီ ၂၁ ရက် မနက်ပိုင်း၌ မဟာစည် သာသနာ့ရိပ်သာ တွင်လည်း ဆွမ်းကပ်လှူမှုများ ပြုလုပ်ခဲ့သည်။

သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်သည် ကွယ်လွန်ကာနီး တစ်လခန့်အလို ၂၀၁၄၊ မတ်လ ၉ ရက်နေ့၊ ရန်ကုန်မြို့တွင် ကျင်းပသော မြန်မာသံတော်ဆင့် အပတ်စဉ်သတင်းစာ ၂ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားသို့ တက်ရောက်ကာ သတင်းစာသမားများအတွက် လမ်းညွှန်သြ၀ါဒနှင့် ဂုဏ်ပြုအမှာစကား ပြောကြား ချီးမြှင့်ပေးခဲ့သည်။

ဝိုင်းမော်

ပုံ (၁) (၂) - ဟံသာဝတီဦးဝင်းတင်တစ်နှစ်ပြည့်အောက်မေ့ဖွယ်အခမ်းအနားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်တို့ ဂုဏ်ပြုစကား ပြောကြားစဉ်။

ပုံ (၃) - ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း တစ်နှစ်ပြည့် အခမ်းအနား၌ မြန်မာ့ဒီမိုကရေစီအရေးတွင် အသက်ပေးသွားသူများ အတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ၈ စက္ကန့် ငြိမ်သက်နေစဉ်။

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

ပြည်သူ့ရဲများခမျာ အဓိကကျသောအလုပ်ကို မလုပ်ရဘဲ စွမ်းရည်ညံ့သော လမ်းညွှန်သူများ၏ တလွဲလမ်းညွှန် အမိန့်ပေးမှုကို ခံပြီး ဆောင်ရွက်နေ ရခြင်းကြောင့် ခုတော့ ပြည်သူများ၏ မျက်စိစပါးမွေးစူးခံနေရခြင်းသာ …
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မြန်မာနိုင်ငံပြည်သူ့ရဲတပ်ဖွဲ့၏ လတ်တလော ရင်ဆိုင်နေ ရသော ပြဿနာများစွာကိုကြည့်ပြီး စိတ်မေ ကာင်း ဖြစ်ရသောကြောင့် ဤဆောင်းပါးကို ရေးသားရခြင်း ဖြစ်သည်။ ကျောင်းသားအရေး၊ လယ်သမား အရေး၊ အလုပ် သမားအရေးနှင့် လက်ပံတောင်းတောင် အရေးအခင်းများတွင် ပြည်သူ့ရဲတပ်ဖွဲ့တစ်ခုလုံးမှာ ပင်ပန်းဆင်း ရဲစွာ တာဝန်ထမ်းဆောင် နေရပါလျက်ခုတော့ အုတ်ညပ်၍ ပြည်သူအများ၏ အမုန်းတီးဆုံးအဆင့် သို့ ရောက်ရှိ သွား ခဲ့ပါပြီ။

အချို့ကိစ္စရပ်များတွင် ရိုက်နှက်၊ ပစ်ခတ်၊ ဖမ်းဆီး၊ ချုပ်နှောင်အကြမ်းဖက်ပြီး လူစုခွဲရသော ပြုမူမှုများကြောင့် အမြင်မကောင်း၍ ငြိုငြင်ခံရခြင်းဖြစ်သည်။ တကယ်တော့ ပြဿနာတစ်ခုကို နောက်ကွယ်ကနေပြီး ကိုင်တွယ် ဖြေရှင်းသူတို့၏ လိမ္မာပါးနပ်မှု အားနည်းခြင်း၊ အနုနည်းဖြင့် မဖြေရှင်းဘဲ အဓမ္မ နည်းဖြင့် ဖြေရှင်း ရန် ညွှန်ကြား ချက်များကို လက်တွေ့အကောင် အထည်ဖော်ရသော တပ်ဖွဲ့အနေဖြင့် အဆိုးသံသရာ တွင် လူတကာ တံတွေး ခွက် ပက်လက်မျောခဲ့ရခြင်းဖြစ်သည်။…

ထို့ပြင် တာဝန်ခံမှု၊ တာဝန်ယူမှုအားနည်းပြီး ပြည်သူ့ရဲတပ်ဖွဲ့ကြီးတစ်ခုလုံးကို လက်တွဲဆောင်ရွက်ဖို့ ပူးတွဲ တာဝန်ပေးလိုက်သူများကြောင့်လည်း မျက်နှာပျက်ကြရသည်။ သူခိုးနှင့်တွဲတော့ သူခိုးထင်၊ ဖဲသမားနှင့် တွဲတော့ ဖဲသမားဖြစ်၊ ဓားပြနှင့်တွဲတော့ ဓားပြဟု သမုတ်ခံရခြင်းမှာ အဆန်းတကြယ်တော့ မဟုတ်ပေ။ လောက ဓမ္မတာပင်ဖြစ်သည်။

ပြည်သူ့ရဲတပ်ဖွဲ့ဝင်များနှင့် ယှဉ်တွဲ တာဝန်ထမ်းဆောင်သူ စွမ်းအားရှင်ပဲခေါ် ခေါ်၊ ပြည်သူဘက်ကရပ်တည်ပြီး ကာကွယ်မှုပြုသူများဟု ပြောကြ၍ ထိုလူတစ်စု၏ အမြင်ဆန်းစစ်ကြည့်ရအောင်ပါ။ ““တာဝန်””ဟု ရေးသားထား ပြီး လက်ပတ်နီ ပတ်ထားသူများမှာ နှစ်ပြားမတန်သော ဥပဓိရုပ်ပိုင်ရှင်များဖြစ်ပြီး၊ ကလေကချေ အဆင့်မရှိ ၀တ်စားဆင်ယင်မှုများ ၀တ်ဆင်ထားကြသည်။ ဖြူနီကြောင်ကျားဆံပင်များကို ရောင်စုံဆေးဆိုးထားပြီး ခန္ဓာ ကိုယ်ပေါ်တွင် မနှစ်မြို့ဖွယ် ဆေးမင်ကြောင်များလည်း နေရာအနှံ့ ထိုးထားကြသည်။

အဆိုးဆုံးလက္ခဏာက အရက်၊ ဆေးပြား၊ မူးယစ်ဆေးများ သုံးစွဲထားသည့် နှစ်ပင်လိမ်၊ သုံးပင်လိမ် မျက်နှာပိုင် ရှင်များကို တာဝန်ထမ်းဆောင်ရာတွင် ပြည်သူ့ရဲ တပ်ဖွဲ့ဝင်များနှင့် လက်တွဲထမ်းဆောင်ရန် တာဝန်ပေးခဲ့ သည်။ ဒီလိုဖြစ်လာမည်ကို မသိလို့ပဲလား၊ သို့တည်းမဟုတ် တမင်အဆင့်နှိမ့်ချလိုက်ခြင်းပင်လားဟု သံသယ ဖြစ်ဖွယ်ဖြစ် သည်။

လက်တွဲဖော် လက်ပတ်နီများကြောင့်လည်း ပြည်သူ့ရဲ့တပ်ဖွဲ့ကြီး တစ်ခုလုံးမှာ ထိုမသတီစရာ အခွင့်ထူးခံ ပုဂ်္ဂိုလ်များနှင့် အဆင့်တူ မုန်းတီးမှုကိုခံရသည့် အဖြစ်နှင့် ရင်ဆိုင်ရခြင်းဖြစ်သည်။ အတွဲမညီသော ပုဂ်္ဂိုလ်ဆိုး တို့ကြောင့် ၂၄ နာရီ မရပ်မနား တာဝန်ထမ်းဆောင်နေကြပါလျက် ခုတော့ မျက်နှာမရ ခြေထောက်ရ အဆင့်သို့ ရောက်ခဲ့ရသည်။ ကိုယ်ကသွားပေါင်းခြင်း မဟုတ်ပါဘဲ။ ပြဿနာကို ကိုင်တွယ်ဖြေရှင်းသူတို့ ကတွဲပေးလိုက် ခြင်းကြောင့် ခုလိုဖြစ်ရချေပြီ။

““တရားခံပြေး ၂၅ ရာခိုင်နှုန်း မဖမ်းနိုင်သည့် ရဲတပ်ဖွဲ့ ခေါ်ယူ သတိပေးခံရ”” ခေါင်းစီးပါ သတင်းတစ်ပုဒ်ကို ဖတ် ရသည်။ မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၁ရက်နေ့ထိ ဖမ်းမမိသည့် တရားခံပေါင်း ၁၁၀၀၀ ကျော် ရှိ နေရာ ထိုအရေအတွက်၏ ၁၅ ရာခိုင်နှုန်းခန့်ကို ဖမ်းမမိနိုင်သည့် ရဲတပ်ဖွဲ့အား ခေါ်ယူသတိပေးတော့ မည်ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းကပြောကြား လိုက် သည်ကို သတင်းတွင်ဖတ်ရသည်။

ပြည်သူ့ရဲတပ်ဖွဲ့ကြီးအနေဖြင့် ပြည်သူတစ်ရပ်လုံးကို ဒုက္ခပေးနေသော လူဆိုး သူခိုး လူသတ်ကောင်များကို ဖမ်းမလား၊ အစိုးရ၏ ငြိုငြင်လှပါသည်ဆိုသော ကျောင်းသားခေါင်းဆောင်များကို ဖမ်းမလား။ ဤအရေးတွင် မင်းကြိုက်စိုးကြိုက် အထက်က ကြိုးကိုင်သူများ ဘ၀င်ခိုက်မည့် ကျောင်းသားခေါင်းဆောင်များကိုသာ ဦးစား ပေး ဖမ်းနေကြရသည်။

ဧပြီလ ၈ ရက်နေ့ ညပိုင်းက ဗကသ ကျောင်းသူ ပိုပို (ခေါ်) ရတနာစုပိုလှိုင်ကို ၎င်းနေထိုင်သော သန်လျင်မြို့ နယ်ရှိ နေအိမ်တွင် ရဲတပ်ဖွဲ့များက ၀င်ရောက်ဖမ်းဆီးခဲ့ သည်။ ၉ ရက်နေ့ နံနက်ပိုင်းက ကမာရွတ် မြို့နယ် တရားရုံးတွင် ပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇၊ ၅၀၅(ခ)တို့ဖြင့် ကမာရွတ် ရဲစခန်းကတရား စွဲဆိုခဲ့သည်။ ကျောင်း သား ကျောင်းသူတွေတော့ အလေးထား ဖမ်းဆီးနိုင်ခဲ့ပါပြီ။

ပြည်သူ့ရဲတပ်ဖွဲ့ဝင်များသည် လက်ပံတောင်းတောင် ပဋိပက္ခအရေးအခင်း ကျောင်းသားအရေးအခင်း၊ အလုပ် သမား အရေးအခင်းများနှင့် လယ်သမားအရေး အခင်းများတွင် ရှိသမျှ အင်အားသုံးပြီး ကြိုး ပမ်းဆောင်ရွက်နေ ကြရရှာသည်။ မထင်မရှား သာဓကတစ်ခုကို ပြကြည့်ပါမည်။

၂၀၁၄၊ အောက်တိုဘာ ၂၈ ရက်နေ့က ကန့်ဘလူကြံစီမံကိန်း တပ်မြေပြဿနာကြောင့် တရားစွဲခံတောင်သူ ၁၇၀ ကို တရားစွဲဖို့ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ အင်အားသုံးပြီး ဆောင်ရွက်ခဲ့ရသည်။ ကန့်ဘလူလို့ မြို့ငယ်လေး တွင် တရားခံ ၁၇၀ ရုံးထုတ်တရားစွဲရန် ပြည်သူ့ရဲတပ်ဖွဲ့အင်အား မည်ရွှေ့မည်မျှ အသုံးပြုခဲ့ရပါမည်နည်း။ ဤ သို့ဆိုလျှင် ရဲတပ်ဖွဲ့ဝင်များ သနားစရာ ဖြစ်ချေတော့မည်။ နှစ်ရှည်လများ ရင်ဆိုင်ဖြေရှင်းနေရပါသော လက်ပံ တောင်းတောင်အရေးတွင် ရဲအင်အား ဘယ်လောက်သုံးစွဲ နေရမည်နည်း။ မည်သို့ပင် အင်အား သုံး ဖြေရှင်းနေရ ပါသော်လည်း ဘယ်တော့ပြီး ဆုံးပါမည်နည်း။ ပြည်သူအပေါင်း၏တောက် ခတ်သံအကြားတွင် မျက်နှာပန်းလှ ပါရဲ့လား။ လက်ပံတောင်းတောင်အရေးတွင် ပြည်သူ့ရဲများက ဘယ်သူ့ကို ကာကွယ်နေပါ သလဲ။ မြန်မာနိုင်ငံသား ဒေသခံပြည်သူတွေကိုလား။ တရုတ်ဝမ်ပေါင် စီးပွားရေးလုပ်ငန်းရှင်တွေကိုလား။ ရှင်းပါ သည်။ ပြည်သူ တွေငြိုငြင်တာ တကယ်တော့ မဆန်းပါ။

ထိုနည်းတူ ကျောင်းသားအရေအတွက် မန္တလေးမှစလို့ မြို့ရွာတိုင်းမှ လက်ပံတန်းထိ ပြည်သူ့ရဲများ ဘယ် လောက်အင်အား သုံးခဲ့ရပါသနည်း။ ကျောင်းသားများမှာ ကိုယ့်ညီ ကိုယ့်ညီမအရွယ်၊ ကိုယ့်သားသမီး အရွယ်၊ ကျောင်းသား လူမမည်များ မဟုတ်ပေဘူးလား။ ပြည်သူ့ရဲတပ်ဖွဲ့ဝင် အမျိုးသမီး အမျိုးသားသုံးခဲ့ရသည့် အင် အားပြန်တွက်လျှင် လူ့စွမ်းအား၊ အချိန်တန်ဖိုးတွေများစွာ ကုန်ခန်းခဲ့ရသည်။ ပြီးတော့လမ်းမပေါ်မှာ ဘုန်းတော် ကြီးကျောင်း ၀င်းအတွင်းမှာ ရိုက်ဟယ်၊ နှက်ဟယ်၊ ဖမ်းဟယ်၊ ဆီးဟယ်နှင့် နှစ်ဖက် နာပြီး ပြည်သူ့ ရဲများ မျက် နှာ မရဖြစ်ခဲ့ရသည်။ ကျောင်းသားအရေးနှင့် ပတ်သက်ပြီး ရန်ကုန်မြို့ပေါ်မှာ၊ ပဲခူးတိုင်းအတွင်းမှာ၊ ထားဝယ်မြို့ ပေါ်၊ မော်လမြိုင်မြို့ပေါ်နှင့် ဧရာဝတီတိုင်းအတွင်းမှာ များစွာအလုပ်ရှုပ်ခဲ့ရသည်။

ပြီးတော့ အလုပ်သမားများ၊ အနိမ့်ဆုံး လုပ်ခလစာတောင်းဆို ပွဲများနှင့် မြန်မာအလုပ်သမားများနှင့် မြန်မာ ပြည် သူ့ရဲများ ထိပ်တိုက်ရင်ဆိုင် ပဋိပက္ခဖြစ်ခဲ့ကြရသည်။ ပြည်သူ့ရဲများအနေဖြင့် အဓိကတာဝန်ဖြစ်သော ရပ်ရွာ အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူတို့၏ အသက်အိုးအိမ် ကာကွယ်ရေးအတွက် တစ်ဖက်က စွမ်း စွမ်းတမံ ဆောင်ရွက်ကြရပြန်သည်။

ဧရာဝတီတိုင်းအတွင်းရှိ လယ်သမားများ လယ်သိမ်းယာသိမ်း အင်းသိမ်း ဆန္ဒဖော်ထုတ်မှုများတွင် ရဲတပ်ဖွဲ့ ၀င်များ၊ ငထွား ခါးနာရပြန်သည်။ ခံစားရသူတွေက လူတစ်စုပြုပြုသမျှ ပုစွန်ဆိတ်ခေါင်း စုပေါင်း ခံရပေသည်။

ဤသို့ဖြင့် ၂၀၁၃၊ နိုဝင်ဘာ ၁ရက်က မြောက်ဥက္ကလာပ ““တိမ်တံခွန်တည်းခိုခန်း”” လူသတ်မှု။ ၂၀၁၃၊ အောက် တိုဘာ ၁၉ ရက်နေ့က မင်္ဂလာဒုံဘောဂရပ်ကွက် ၃၆ နှစ်အရွယ်မိခင်နှင့် အသက် ၉နှစ် သမီးငယ် အသတ်ခံရမှု၊ ၂၀၁၄၊ ဇန်န၀ါရီ ၂၁ ရက်က မှော်ဘီ(၅၀၁)တင့်ကားတပ်တွင်း လက်နက် ခဲယမ်းမီးကျောက်များ ပျောက်ဆုံးမှု။ ၂၀၁၄၊ အောက်တိုဘာ ၄ရက်က တာမွေမြို့နယ်လုယက်မှုနှင့် မတ်လ ၁၁ရက်နေ့က အင်းစိန်မြို့နယ်အနုကြမ်း စီးမှုတွင် တစ်ဦးသာ ဖမ်းမိပြီး တရားခံ ၂ နှစ်ဦးလွတ်နေဆဲဖြစ်သည်။

ထိုပြင်,၂၀၁၄၊ ဒီဇင်ဘာ ၂၉ ရက်နေ့က သာကေတမြို့နယ်၊ ဆရာဝန် ဦး … ၅၇ နှစ် အသတ်ခံရမှု ၂၀၁၅ ခုနှစ် ဇန်န၀ါရီ ၃ ရက်နေ့က မင်္ဂလာတောင်ညွန့် သပြေကုန်း ၁၂၃ လမ်း အဘွားအို ဒေါ် … ၇၀နှစ် ၊လူသတ် တရား ခံများအား ဖမ်းမမိဖြစ်နေသည်။ ထို့ပြင် အင်လျားကန်အနီး လင်ခရူဇာကားပေါ်ရှိ လူငယ် ၂ ဦး ထံမှ အမျိုးသား ၅ ဦးလုယက်မှုမှာလည်း ၁နှစ်ခန့်ကြာသည့်တိုင် တရားခံများလွတ် နေဆဲဖြစ်သည်။

တကယ်တော့ ပြည်သူ့ရဲများခမျာ အဓိကကျသောအလုပ်ကို မလုပ်ရဘဲ စွမ်းရည်ညံ့သော လမ်းညွှန်သူများ၏ တလွဲ လမ်းညွှန် အမိန့်ပေးမှုကိုခံပြီး ဆောင်ရွက်နေရခြင်းကြောင့် ခုတော့ပြည်သူများ၏ မျက်စိစပါး မွေးစူး ခံ နေရခြင်းသာ ဖြစ်ပေတော့သည်။ အရပ်ထဲတွင် ကလေးများ ကလေးချင်း ပြောစကားတစ်ခု ကို ကြားဖူးသည်။

““ရှင်တို့က ရဲတွေကိုး၊ ရှင်တို့ကရဲတွေကိုး”” ဟူသောစကားဖြစ် သည်။ ပြောချင်သည်မှာ မတရားလုပ်ခြင်းကို လုပ်ပိုင်ခွင့် ရထားသယောင် စွပ်စွဲပြောဆိုနေကြခြင်း ဖြစ်သည်။ တကယ်တော့ စာရေးသူအနေဖြင့် ဖြစ်ချင် သည်မှာ ပြည်သူချစ်သော ပြည်သူ့ရဲများ သာ ဖြစ်စေချင်ကြောင်းပါ။

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

မြန်မာ့ကျေးရွာက ကျောင်းလေး

အနိမ့်ဆုံးအခြေခံ လုပ်ခလစာ သတ်မှတ်ချက်ကိုပင် အစိုးရနှင့် လွှတ်တော်တို့က ပျက်ကွက်နေ သည့် ကာလတွင် ဆင်းရဲနွမ်းပါးမှု လျှော့ ချရေး စီမံကိန်းဆိုသည်မှာ ရွေးကောက်ပွဲမ၀င်ခင် မဲဆွယ် စည်းရုံးနိုင်ရုံမျှ ပြောသည့် ဟန်ပြအိပ်မက်…

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဆင်းရဲနွမ်းပါးမှု လျှော့ချရေး မဟာဗျူဟာမြောက် စက္ကူဖြူစီမံကိန်းကြီးကို ကိုင်ကာ မိန့်ခွန်းခြွေခဲ့သည့် သမ္မတ ဦးသိန်းစိန်၏ အပြောအဟောများတွင် ဆင်းရဲသား၊ အခြေခံလူတန်းစား ပြည်သူအများစု မျှော်လင့်ချက်များ လင်းလက်လာသယောင် ရှိခဲ့သော်လည်း သက်တမ်းကုန်ဆုံးလုနီးပါး အချိန်တွင် မျှော်လင့်ချက်တို့ကား သဲထဲ ရေသွန်သည်ကဲ့သို့သာ အငွေ့ပျံ ပျောက် ကွယ်သွားချေပြီ။

ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး ကြွေးကြော်သူ သမ္မတကြီး၏ သက်တမ်း နောက်ဆုံးနှစ်တွင် အသက် ၈၀ကျော် အမယ်အိုကြီးများလျှင်ပင် ကျူးကျော်မှုဖြင့် ထောင် ချခံနေရသည်ကား မြန်မာနိုင်ငံသား ဆင်းရဲသား ပြည်သူ တို့၏ နေရေးမည်မျှ ခက်ခဲနေသည်ကို အထင်းသားအကဲခတ်နိုင်သည့် မြင်ကွင်း ဖြစ်သည်။

သို့နှင့်တိုင် နောက်တစ်ကြိမ်ရွေး ကောက်ခံရလျှင်ဖြင့် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးကို ဦးစားပေးလုပ်ပါဦး မည်ဟု သမ္မတဦးသိန်းစိန်သည် လူထုကို ပျားရည် ဖြင့်ဝမ်းချရင်း ထပ်မံစည်းရုံးနေပြန်ပါသည်။ သမ၀ါယ မ ခေါင်းစဉ်ဖြင့် အလီလီ ထုတ်ချေးထားသော ငွေကြေးတို့ကား အဆင့်ဆင့်နီးစပ်ရာ၊ ပတ်သက်ရာ တို့တွင်ဆုံး တစ်လှည့်၊ ပြန်မရတစ်လှည့်ဖြင့် မျောပါကုန်ပေပြီ။ ဆောက်သမျှသော အိမ်ရာတို့၏ တန်ဖိုးကား အခြေခံ လူတန်းစားကျောမွဲများ မဆိုထားနှင့် သာမန်လူလတ်တန်းစားပင် မ၀ယ်နိုင်ခဲ့ပေ။…

မကြာခဏ ဘူဒိုဇာဖြင့် ထိုးဖျက်သော ကျူးကျော်တဲများတွင် ခါတော်မီများပါသလို နှစ်ရှည်လများမှီရာမဲ့၊ တွယ် ရာမဲ့ နေထိုင်ရသူများလည်း ပါသည်။ နေရေးမဆိုထားနှင့် စားရေးအတွက်ပင် မလုံလောက်သဖြင့် တိုက်ပွဲဝင် နေရ ဆဲ ဖြစ်ကြောင်း ရွှေပြည်သာ၊ လှိုင်သာယာ အလုပ်သမားသပိတ်များက ဖွင့်လှစ်ပြနေသည်။ ဆင်းရဲနွမ်းပါး မှု ပပျောက်ရေးအတွက် ငွေ ၄-၅သောင်းခန့် ချေးငှားရုံမျှဖြင့်၊ အိမ်ရာစီမံကိန်းကြီး တစ်ခု၊ နှစ်ခုမျှ ဆောက်လုပ် ရုံမျှဖြင့် မဖြစ်နိုင်ခြေ။ ခိုင်မာ စနစ်ကျသော မူဝါဒများ၊ အခြေခံအဆောက် အအုံများကသာ အဓိက ကျပေလိမ့် မည်။

နိုင်ငံအနှံ့တွင် အလုပ်အကိုင် ရှားပါးခြင်းက မြို့ကြီးများသို့ ရွှေ့ပြောင်းအခြေချ လုပ်ကိုင်မည့် ရွှေ့ပြောင်းလုပ် သားဦးရေကို အဆမတန် များပြားလာစေပြီး အိမ်ခြံ မြေလိုအပ်ချက်ကို မြင့်တက်လာစေသည်။ ယင်းသို့ လိုအပ် ချက်မြင့် တက်လာမှုကဈေးနှုန်းကို အဆမတန်ကြီး မြင့်စေလာသည်။

ထို့ကြောင့်၊ မြန်မာနိုင်ငံမြို့ကြီးများတွင် နေထိုင်သည့် အခြေခံနှင့်အလယ် အလတ်တန်းစားမိသားစုများသည် ၄င်းတို့ ၀င်ငွေ၏ ၅၀ရာခိုင်နှုန်းမှ ၇၀ရာခိုင်နှုန်းခန့်ကို နေထိုင်ရေးအတွက် အိမ်ခန်းငှားရမ်းရာတွင် သုံးစွဲနေရ သည်။

အဆိုပါ မိသားစုများအတွက် ကိုယ်ပိုင်နေအိမ် တစ်လုံးဝယ်ယူရေးမှာ အိပ်မက်တစ်ခုသဖွယ်သာ ဖြစ်သည်။ ယင်းသို့ ကြုံတွေ့နေရသည်မှာလည်း အစိုးရ၏ အရာမရောက်သော မဟာဗျူဟာ အလွဲများကြောင့်သာဖြစ် သည်။

နိုင်ငံတကာတွင် ဆင်းရဲနွမ်းပါးမှု လျော့ချရေးအတွက် အဓိကကျသော မဟာဗျူဟာစီမံကိန်းများတွင် အိမ်မဲ့ယာ မဲ့ ပြဿနာကိုဖြေရှင်းပေးခြင်းသည် ဦးစားပေးစီမံကိန်းများ ဖြစ်သည်။

နေအိမ်အတွက် သုံးစွဲရသော ၀င်ငွေအထိုက်အလျောက် လျော့ကျ လာသည်နှင့် အမျှအခြေခံနှင့် လူလတ်တန်း စား မိသားစုများ ကိုယ်ပိုင်နေအိမ်ဖြင့် နေထိုင်ရန်အတွက် မဖြစ်မနေပြုလုပ်ရမည့် မဟာဗျူဟာ ၃ရပ် ရှိနေ သည်။

တိကျသေချာသော လုပ်ခလစာစံနှုန်း (ယခုကောက်ယူလျက်ရှိသည့် အနိမ့်ဆုံး အခြေခံ လုပ်ခလ စာနှုန်းထား ဖြစ်သည်)၊ ပုဂ္ဂလိကအိမ်ရာများ ဖွံ့ဖြိုးတိုးရေးအတွက် ချမှတ်ရမည့် မူဝါဒများနှင့် အခြေခံအဆောက် အဦများ ဖွံ့ဖြိုးရေးမူဝါဒများ ဖြစ်သည်။

အင်္ဂလန်တွင် နိုင်ငံသားများ အိမ်ရာ အလွယ်တကူ ၀ယ်ယူနိုင်ရန်အစိုးရ၏ ကူညီထောက်ပံ့မှုကို နမူနာကြည့် လျှင် လက်ရှိ အစိုးရ၏မူဝါဒနှင့် မည်မျှကွာခြားနေသည်ကို တွေ့နိုင်ပေမည်။

နေအိမ်ဝယ်ယူလိုသူ နိုင်ငံသားတစ်ဦးအနေဖြင့် ကိုယ်ပိုင်အိတ်ကပ်ထဲမှ စိုက်ထုတ်ရသည့်ငွေကြေးမှာ နေအိမ် တန်ဖိုး၏ ၅ရာခိုင်နှုန်းသာဖြစ်သည်။ ကျန်၉၅ ရာခိုင်နှုန်း ယင်းနေအိမ်တန်ဖိုး၏ ၇၅ ရာခိုင်နှုန်း ကိုဘဏ်မှ အပေါင် ခံသည့် အနေဖြင့် ထုတ်ပေးပြီး၊ ကျန်၂၀ရာခိုင်နှုန်းကို ချေးငွေအနေ ဖြင့် ထုတ်ပေး သည်။ မြန်မာနိုင်ငံ နှုန်း ထားဖြင့် တွက်လျှင် သိန်း ၂၀၀တန် တိုက်ခန်းတစ်ခုဝယ်ယူ မည့်မိသားစုအတွက် လတ်တလော ကုန်ကျ ငွေမှာ ကျပ် ၁၀သိန်းသာဖြစ်သည်။

ယင်းသို့ အထောက်အပံ့ပေးနိုင်ရန် ပြောင်းလဲရမည့် မူဝါဒနှင့် စနစ်များစွာ ရှိနေသည်။ လုပ်ငန်းရှင်များ အလိုကျ သတ်မှတ်ထားသည့် အာမခံချက်မရှိသော စံနှုန်းမရှိသော လုပ်ခလစာနှုန်းထားများသည် အိမ်ရာဝယ်ယူ သူများ ကို ချေးငွေထုတ်ပေးမည့်ဘဏ်များ၊ ငွေကြေး ရန်ပုံငွေများအတွက် စွန့်စားရမည့် အခြေအနေပိုမို ကြုံတွေ့နိုင် သဖြင့် လက်ရှောင်ရသည့် အခြေအနေဖြစ်သည်။

မြန်မာနိုင်ငံတွင် အစဉ်အလာအားဖြင့် ဘဏ္ဍာရေး အဖွဲ့အစည်းများသည် အိမ်ခြံမြေများကို အပေါင်ခံငွေ ထုတ် ချေးမှုသာ ပြုလုပ်ကြပြီး အခြားသော လုပ်ငန်းများ ပါဝင်ဆောင်ရွက်မှုနည်းနေ ဆဲဖြစ် သည်။ နိုင်ငံတကာ တွင် ဘဏ္ဍာရေးအဖွဲ့ အစည်းများသည် အိမ်ခြံမြေဈေးကွက် အတွင်းပံ့ပိုးပေးမှုများ ကို ပြုလုပ်ပေးပြီး ဈေးကွက်ကို ပိုမိုဖွံ့ဖြိုးလာစေရေးတွင် အဓိက နေရာတွင် ပါဝင်လျက်ရှိသည်။

အိမ်ခြံမြေများကို အပေါင်ခံ ငွေထုတ်ချေးပေးမှုများ၊ အိမ်ရာဝယ်ယူလိုသူများ အတွက်အရစ်ကျပေးချေ မှုစနစ် ဖြင့်ဆောင်ရွက်ပေးမှုများ၊ ဆောက်လုပ်ရေး လုပ်ငန်းများအတွက် ဘဏ္ဍာရေးထောက်ပံ့မှုများ ကို ပြုလုပ်ေ ပးကြ သည်။

ဘဏ်များသာမက ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ငွေကြေးအဖွဲ့အစည်းများကဲ့သို့ ဘဏ္ဍာရေး အဖွဲ့အစည်းများအနေဖြင့် အိမ်ခြံ မြေဈေးကွက်အတွင်း ပါဝင်လုပ်ဆောင်မှု ပိုမိုပြုလုပ်ရန် လိုအပ်လာနေခြင်း ဖြစ်သည်။ မိသားစု တိုင်း နေအိမ် ပိုင်ဆိုင်နိုင်ရေးမှာ ယင်းသို့ ငွေကြေးအဖွဲ့အစည်းများ အနေဖြင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုလုပ်ကိုင်လာ ရန် လည်း လိုအပ်လာသည်။

ယင်းသို့ မထောက်ပံ့နိုင်သမျှကာလ ပတ်လုံးတွင် အိမ်ခြံမြေပိုင်ဆိုင်ခွင့်သည် ငွေကြေးတတ်နိုင်သူ၊ ကြွယ်ဝ ချမ်းသာသူများနှင့် ၄င်းတို့၏လက်ဝေခံများ အတွက်သာ ဖြစ်နေပေလိမ့်မည်။ အစိုးရအနေဖြင့်လည်း ရေရှည်စီမံ ကိန်းများ လုပ်သာကိုင်သာရှိရေးနှင့် ဈေးကွက်တည်ငြိမ်ရေးအတွက် မူဝါဒများ အားကောင်းမောင်းသန်ရှိစေရေး အတွက်ကိုမူ မဖြစ်မနေ လုပ်ဆောင်ရမည်ဖြစ်သည်။

မူဝါဒများ အားကောင်းမောင်းသန် ဖြစ်စေရေးဆိုသည်မှာ မူဝါဒများချမှတ်ပြဌာန်းရုံမျှ မဟုတ်ဘဲ လက်တွေ့ ကျင့်သုံးနိုင်ရေးကိုပါ ဆိုလိုသည်။ မြန်မာနိုင်ငံအတွင်းရှိ အချို့သော ဘဏ်ကြီးများအနေဖြင့် သီးခြားသတ်မှတ် ထားသော စီမံကိန်းများတွင် ပါဝင်ဆောင် ရွက်မှုများကို ပြုလုပ်လျက်ရှိပြီး ဘဏ်အချို့လည်း အရစ် ကျပေး ချေ ရေး ၀န်ဆောင်မှု တစ်ချို့စတင်နေပြီ ဖြစ်သော်လည်း အခြေခံလူတန်းစားများနှင့် လူလတ်တန်းစား များ လက် လှမ်းမီနိုင်သည့် အခြေအနေ မရှိသေးပေ။ တစ်ဖက်တွင်လည်း အနိမ့်ဆုံးလုပ်ခ လစာနှုန်းထားများမှာ လည်း သတ်မှတ်နိုင်ခြင်း မရှိသေးဘဲ လိပ်ခဲတည်းလည်း ဖြစ်နေသည်။

ထို့ပြင် နယ်မြို့များတွင် စီးပွားရေး အဆောက်အအုံနှင့် အခြေခံအဆောက်အအုံများ၊ အလုပ်အကိုင်များ ဖန်တီး ပေးခြင်းကလည်း အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်လာမှုကို တည်ငြိမ်စေနိုင်ပြီး နိုင်ငံသားများ၏ အိမ်ယာဝယ်ယူ ရန် ရည်မှန်းချက်ကို တိုးပွားလာစေနိုင်ပေလိမ့်မည်။

အလုပ်အကိုင် ရှားပါးမှု၊ လမ်း၊ တံတား၊ လျှပ်စစ်မီး၊ သောက်သုံးရေးစသည့် အခြေခံအဆောက်အအုံများ ချို့တဲ့ မှုတို့ကြောင့် စီးပွားရေးမြို့ကြီးများသို့ အဆမတန်ပြောင်းရွှေ့ပြီး အိမ်ခြံမြေဈေးကွက် တစ်နေရာတည်းတွင် စုစည်းလာမှုကို ပြေလျော့စေလာနိုင်ပေမည်။

ယင်းအဆင့်သုံးခုအနက် အလွယ်ဆုံး စတင်နိုင်သည့် အနိမ့်ဆုံးအခြေခံ လုပ်ခလစာ သတ်မှတ်ချက်ကိုပင် အစိုးရနှင့် လွှတ်တော်တို့ကပျက်ကွက်နေသည့်ကာလ တွင်ဆင်းရဲနွမ်းပါးမှုလျှော့ချရေး စီမံကိန်းဆိုသည် မှာ ရွေးကောက်ပွဲမ၀င်ခင် မဲဆွယ် စည်းရုံးနိုင်ရုံမျှပြောသည့် ဟန်ပြအိပ်မက် သာသာပင်ဖြစ်သည်။

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

နီပေါနိုင်ငံမှာ နှစ်ပေါင်း ၈၀ ကျော်အတွင်း အင်အားအပြင်းဆုံး လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ဧပြီ ၂၆ ရက် မနက် အထိ သေဆုံးသူ ၂၀၀၀ နီးပါးရှိနေပြီး ရာစုနှစ်ချီ ရှေးဟောင်း စေတီဘုရားတွေ ၊ အဆောက်အဦတွေပြိုကျ ပျက်စီး သွားခဲ့ပါတယ်။ ငလျင်ကြောင့် မြို့တော် ခတ္တမန်ဒူက မြန်မာ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓတရားရိပ်သာ (IBMC) ခြံဝင်းနံရံ အုတ်တံတိုင်းတွေလည်း ပြိုကျပျက်စီးသွားပါတယ်။ မြန်မာတရားရိပ်သာကျောင်း (IBMC) တာဝန်ခံ ဆရာတော် ဦးညာဏုဇ္ဇောတဘိဝံသကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

မနေ့တုန်းက နီပေါနိုင်ငံမှာ အင်အားပြင်းမြေငလျင်ကြီး လှုပ်ခတ်သွားတယ်တယ်လို့ တပည့်တော်တို့ သတင်းတွေ ကြားသိရတယ်၊ အရှင်ဘုရားတို့ ကျောင်းမှာရော ငလျင်ဒဏ်ထိခိုက်ခံစားခဲ့ရတာရှိလားလို့ သိချင်လို့ပါဘုရား။

“အဆောက်အအုံတွေတော့ ဘာမှမဖြစ်လိုက်ပါဘူး၊ ကျောင်းမှာ ကာထားတဲ့ အုပ်တံတိုင်း တခြမ်း အုပ်တံ တိုင်း ပေ ၅၀ လောက်နံရံတွေပြိုကျသွားတယ်။ ဟိုဘက်ကလည်းပဲ ၇၅ ပေလောက် နှစ်ခြမ်းစလုံး နံရံတွေပြိုသွားလိုက်တာပေါ့နော်။ ပင်မအဆောက် အအုံကတော့ ဘာမှမဖြစ်ပါဘူး။”

ငလျင်လှုပ်တာ မွန်းတည့် ၁၂ နာရီဝန်းကျင်လောက်ဆိုတော့ အဲဒီအချိန်က အရှင်ဘုရားတို့ ဆွမ်းစားနေချိန် မှာ ဖြစ်တာလား။ ငလျင်ဒဏ်ကို ဘယ်လိုမျိုးသိရှိခံစားခဲ့ရလဲဘုရား။

တချို့လည်းဆွမ်းစားတုန်းပေါ့၊ ဘုန်းကြီးကတော့ ဆွမ်းတော့စားပြီးပါပြီ၊ ဆွမ်းစားစားပွဲမှာပဲ ရှိတယ်။ လှုပ်ပြီဆို တာနဲ့ သဘောပေါက်မိတယ်။ ပထမတချီက အပြင်းထန်ဆုံး အချီကြီး ဖြစ်သွားတာပဲ။ အစပျိုးတဲ့ဟာမရှိဘူး။ အဲဒီမှာပဲထိုင်နေလိုက်တယ်။ ပြီးမှဘဲ ဘုန်းကြီးတို့ အပြင်ဘက်ထွက်ပြီးတော့ ကွင်းပြင်မှာ စုထိုင်လိုက်ကြ တာပေါ့။ ညနေ ၅ နာရီ ၊ ၇ နာရီ နောက် တညလုံးပဲ အဲသလိုပဲနေလိုက်ကြတော့တယ်။

အရှင်ဘုရားတို့ကျောင်းမှာ သီတင်းသုံးနေတာ သံဃာတော်တွေရော တရားကျင့်နေတဲ့ ယောဂီတွေရော အားလုံးဘယ်လောက်လောက်ရှိလဲ၊ ငလျင်ကြောင့်ထိခိုက် ဒဏ်ရာရတာ တွေရှိလားဘုရား။

“သံဃာတွေ၊ ယောဂီတွေလည်း အထိအခိုက်မရှိပါဘူး။ ထိခိုက်ဒဏ်ရာရတာမရှိပါဘူး၊ အားလုံး ၆၅ ပါးလောက်တော့ရှိတာပေါ့။”

ငလျင်က ပိုခရာနဲ့ ခတ္တမန်ဒူအကြားမှာ ဗဟိုပြုပြီး အဓိကလှုပ်သွားတယ်လို့ သိရပါတယ်၊ အရှင်ဘုရားတို့ကျောင်းနဲ့ တကယ်အထိအခိုက်အပျက်အစီးများတဲ့ နေရာတွေနဲ့ ဘယ်လောက်ဝေးလဲဘုရား။

“မဝေးဘူး ကားစီးရင် ၁၅ မိနစ်လောက် သွားရင်တောင်ရောက်တယ်၊ အဲဒီမှာ မြို့ဟောင်းတခုလုံး ပြိုကျသွား တယ်လို့ ပြောတယ်။ လူတွေအသေအပျောက်လည်းရှိကြတယ်။ တော်တော်များများကို ပျက်စီးကြတယ်ပြော တယ်။”

ငလျင်လှုပ်ပြီးတဲ့နောက်ပိုင်း အရှင်ဘုရားရော မြို့ထဲကို သွားကြည့်ဖြစ်သေးလားဘုရား မျက်မြင်တွေ့ ရသလောက် အပျက်အစီးအသေအပျောက် ဘယ်လောက်အတိုင်း အတာအထိရှိလဲ။

“မနေ့က ညနေပိုင်း ထွက်ကြည့်လိုက်ပါတယ်။ ဒီမြစ်ဘေးကို၊ ညနေပိုင်းထွက်ကြည့်တော့လည်း လူတွေက ဒီလိုပါပဲ ကြောက်ကြောက်လန့်လန့်ပါပဲ။ ဌာနဆိုင်ရာကလည်း ညနေပိုင်း ပြန်လှုပ်နိုင်တယ်လို့ ကြေညာ ထားတယ်။ လူတွေက လမ်းထဲမှာပဲထွက်ပြီး ထိုင်နေရတယ်၊ မိသားစုလိုက်လေ။ ညပိုင်းရောက်လာပြန်တော့ လည်း ညအိပ်ဖို့ ကျောင်းဘေးက ကွင်းပြင်ထဲမှာပဲ အကုန်လုံးစုအိပ်ကြတော့တာပေါ့။ ကားရှိတဲ့လူကလည်း ကားယူလာပြီး အဲဒီလိုပဲ ကားထိုးအိပ်ရတယ်၊ မနက်ခင်းကျတော့နှင်းကလည်းကျတယ်။ အေးတော့ တချို့လည်း ထီးလေးတွေဆောင်းပြီးတော့ ကွင်းထဲမှာ အိပ်ကြတာပဲ။”

ငလျင်ကြီးလှုပ်ပြီးတော့ နောက်ဆက်တွဲ ငလျင်ငယ်လေးတွေရော ဒီနေ့ ထပ်လှုပ်တာ ခံစားရသေးလားဘုရား။

“လာတယ် ည ၁၀နာရီခွဲမှာ နှစ် ကြိမ်လာတယ်။ ည ၁နာရီမှာ တကြိမ်လာတယ်။ မနက် ၅ နာရီမှာ ခပ်ပြင်းပြင်း တကြိမ်လာတယ်။ လေးကြိမ်လာတယ်။ ယောဂီတွေကတော့ အကုန်လုံး နိုးလျက်ပဲဖြစ်နေတယ်။ ပတ်ဝန်းကျင်မှာတော့ အသံတွေဆူညံနေတာပါပဲ။”

နီပေါမှာအရှင်ဘုရားတို့ ကျောင်းအပြင် တခြားမြန်မာနိုင်ငံကလာဖွင့်ထားတဲ့ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေရော ငလျင်ဒဏ်ခံရတာရှိလားဘုရား။

“အဲဒီလိုတော့ မရှိပါဘူး။ ဒီမှာတော့ ဘုန်းကြီးတို့ ဌာန တခုထဲပဲရှိတယ်လို့ ပြောကြပါစို့၊ လုမ္ဗိနီမှာ လည်း မြန်မာကျောင်းတွေ ရှိတယ်။ သူတို့လည်း ပျက်စီးတယ်လို့ အသံမကြားပါဘူး။

နိုင်ငံခြားသားတချို့ သေဆုံးတာတွေရှိတယ်လို့ သတင်းတွေတွေ့ရတယ် ဒီငလျင်ဒဏ် ခံရပြီး မြန်မာနိုင်ငံသား တွေ ထိခိုက်သေဆုံးတာတွေရှိလား။ ကြားမိလားဘုရား။

“မြန်မာနိုင်ငံသားတွေမကြားမိပါဘူး။ မဆက်သွယ်မိကြဘူး။ ကြားရသလောက်လည်း အန္တရာယ်ရှိတယ်လို့ မကြားရပါဘူး။”

ငလျင်လှုပ်တဲ့နေရာဟာ ဗုဒ္ဓဂါယာနဲ့လည်း နီးတယ်ဆိုတော့ သမိုင်းဝင် ဗုဒ္ဓအမွေအနှစ်တွေရော ငလျင်ကြောင့် ထိခိုက်ပျက်စီးတာတွေရှိတယ်လို့ အရှင်ဘုရားတို့ ကြားမိလား။

“ဗုဒ္ဓဂါယာပျက်စီးတယ်လို့တော့မကြားဘူး။ အဆိုးဆုံးကတော့ ဘုန်းကြီးတို့ ခတ္တမန်ဒူနဲ့ ပေါက္ခရပေါ့၊ ပေါက္ခရဆိုတာက လုမ္ဗိနီနဲ့ ခတ္တမန်ဒူနဲ့ အလယ်လောက်ကြားမှာရှိတာကိုး”

လက်ရှိ အရှင်ဘုရားတို့ ကျောင်းမှာရော ငလျင်ဒဏ်နဲ့ပတ်သက်ပြီးတော့ အကူအညီတွေ ဘာတွေ လိုအပ်နေတာရှိပါလဲဘုရား။

“ဘုန်းကြီးတို့ကျောင်း အပျက်အစီးကလည်းသိပ်မရှိ လူအထိအခိုက်လည်းမရှိတော့ အကူအညီကလည်း အထူးတော့ မလိုပါဘူး။”

By ပီတာအောင်
DVB
http://burmese.dvb.no/archives/90567

မန္တလေးကနေ ရန်ကုန်ကိုချီတတ်လာခဲ့တဲ့ ကျောင်းသားသပိတ်စစ်ကြောင်းတစ်လျှောက် မှတ်တမ်းဓါတ်ပုံတွေ ရန်ကုန်မြို့တော်ခန်းမရှေ့နဲ့ လက်ပံတန်းမှာ ကျောင်းသားတွေအကြမ်းဖက်ခံရတဲ့ ဓာတ်ပုံတွေကို ဧပြီ(၂၅)ရက်နေ့ကစပြီး ရန်ကုန်မြို့ နဝဒေးလမ်းမှာရှိတဲ့ Think Art Gallery မှာ သုံးရက်တာပြသဖို့စီစဉ်ထားပေမယ့် (၂)ရက်မြောက်နေ့ ဒီနေ့မှာ သက်ဆိုင်ရာက လာရောက်တားမြစ်တာတွေရှိလို့ ရုတ်သိမ်းပေးရမယ်လို့သိရပါတယ်။

မနေ့က ညနေ(၅)နာရီထိသာပြခဲ့ပေမယ့်သက်ဆိုင်ရာက လာရောက်ရုတ်သိမ်းခိုင်းတာကြောင့် ဒီနေ့ည (၈)နာရီထိ အချိန်တိုးပြသွားမယ်လို့သိရပါတယ်။

သပိတ်စစ်ကြောင်းဓါတ်ပုံတွေကို ဧရာဝတီသတင်းဌာနက ဓါတ်ပုံသတင်းထောက် ကိုဂျေပိုင်က ဦးဆောင်ပြသနေတာပါ။

သတင်း..ဓာတ်ပုံ Saw Phoe Kwar

မြန်မာဆရာဝန်၏ အမှုအကြောင်း အင်္ဂလန်နိုင်ငံ Daily Mail သတင်းစာ၏ ၀က်ဘ်ဆိုက်၌ ဧပြီ ၁၈ ရက်က ဖော်ပြထားပုံကို တွေ့ရစဉ် -


မြန်မာဆရာဝန်၏ အမှုအကြောင်း အင်္ဂလန်နိုင်ငံ Daily Mail သတင်းစာ၏ ၀က်ဘ်ဆိုက်၌ ဧပြီ ၁၈ ရက်က ဖော်ပြထားပုံကို တွေ့ရစဉ်
ရင်ဘတ်အောင့်၍ လာရောက်ပြသသည့် ဆယ်ကျော်သက်မိန်းကလေးတစ်ဦး၏ ရင်သားကို ကိုင်တွယ်ခဲ့မှုအတွက် မြန်မာဆရာဝန်တစ်ဦးကို အင်္ဂလန်တရားရုံးက ထောင်ဒဏ် ၁၈ လ ချမှတ်လိုက်ကြောင်း သတင်းက ဗြိတိန်နိုင်ငံ၏ Daily Mail သတင်းဌာန၀က်ဘ်ဆိုက်၌ ပေါ်လာသည်။ အသက် ၄၃ နှစ်အရွယ်ရှိ မြန်မာဆရာဝန် ဒေါက်တာအံ့ထွန်းမောင်ကို ၂၀၁၂ ခုနှစ်က တက်ဆိုက်ဆေးခန်းတွင် အသက် ၁၉ နှစ် အရွယ် မိန်းကလေးလူနာတစ်ဦးကို ဆေးကုသစဉ် ယင်းကဲ့သို့ ပြုလုပ်ခဲ့သည်ဟုဆိုကာ အင်္ဂလန်နိုင်ငံ ဒါဟမ်းခရောင်းတရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ၂၀၁၃ စက် တင်ဘာလကလည်း ၁၅ နှစ်အရွယ် မိန်းကလးတစ်ဦးကို မဖွယ်မရာစမ်းသပ်မှုဖြင့် အခြားတရားရုံးတစ်ခုက ဒေါက်တာအံ့ထွန်းမောင်ကို စစ်ဆေးခဲ့ပြီး အပြစ်မရှိကြောင်း ဆုံးဖြတ်ခဲ့သည်။

ဒေါက်တာအံ့ထွန်းမောင်သည် နာမည်ကျော် စာရေးဆရာမ လွန်းထားထား၏ ခင်ပွန်းဖြစ်နေသောကြောင့် ယင်းအမှုကို မြန်မာနိုင်ငံမှလူများ ပို၍စိတ်ဝင်စားခဲ့ကြသည်။ Facebook ကဲ့သို့သော လူမှုရေးမီဒီယာတွင် အစပထမ၌ မည်သူမည်ဝါမှန်းပင် မဖော်ပြကြဘဲ တစ်စွန်းတစ်စ ထွက်ပေါ်လာရာမှ သတင်းဖော်ပြခဲ့ပြီး နောက်ပိုင်းတွင် ပေါ်ပေါ်ထင်ထင် ထွက်ပေါ်လာခဲ့သည်။ ယင်းကိစ္စနှင့် ပတ်သက်၍ အမျိုးမျိုးဝေဖန်မှုများကို Facebook စာမျက်နှာများ၌ တွေ့ရှိရသည်။ ကာယကံရှင်နှင့် သူ၏ မိသားစု၏ ဂုဏ်သိက္ခာကို ထိပါးစော်ကားကာ ရေနစ်သူဝါးကူ၍ ထိုးသော ဆိုးဆိုးရွားရွား ဝေဖန်မှုများကိုလည်း တွေ့ရှိရသည်။ ယင်းနှင့်ပတ်သက်၍ “ဗမာဆရာဝန်များ” ဟူသည့် “ Group Page ” တွင် (ဒေါက်တာ) Zaw Myo Htet က ယခုကဲ့သို့ သတိပေးခဲ့သည်ကို တွေ့ရသည်။

“ဒေါက်တာ အံ့ထွန်းမောင်နဲ့ပတ်သက်ပြီး ယူကေမှာ မိသားစုဆရာဝန်လုပ်ရတဲ့ ဒုက္ခကို အသေးစိတ်မသိဘဲ ၀င်ပြောနေတဲ့ ဖွသူတွေကို အံ့သြမိပါတယ်။ ရှင်းရှင်းပြောရရင်တော့ ကိုယ့်လူမျိုးဆရာဝန်တစ်ဦးက သူများနိုင်ငံမှာ မတရားအစွပ်စွဲခံရပြီး မိသားစုတစ်ခုလုံး ခံစားနေရတယ်။ သူနဲ့အတူတူ အလုပ်လုပ်ခဲ့တဲ့ နိုင်ငံခြားသားတွေကတောင် အတတ်နိုင်ဆုံး အကူအညီပေးနေပြီးတော့ စိတ်မကောင်းဘူး။ သူတို့ဘာလုပ်နိုင်သလဲ။ ပြောပါလို့ ဆိုနေကြတယ်။ နိုင်ငံခြားသား ဆရာဝန်တွေတောင် မယုံကြည်နိုင်အောင် ဖြစ်နေတယ်။
ကိုယ့်လူမျိုးတွေက ရမ်းသမ်းပြီး ၀င်စွပ်စွဲနေကြတယ်”။

ဒေါက်တာဇော်မျိုးထက်၏ ရေးသားချက်အရ ဒေါက်တာအံ့ထွန်းမောင်နှင့်အတူ အလုပ်လုပ်ခဲ့ဖူးသည့် အင်္ဂလိပ်အမျိုးသမီး ဂျီပီဆရာဝန်များသည်ပင်လျှင် အလွန်စိတ်မကောင်းဖြစ်ကာ အယူခံဝင်ရန်အတွက် ၀ိုင်းဝန်းကူညီပေးရန် ကြိုးပမ်းနေကြကြောင်း သိရသည်။

အမှုဖြစ်စဉ်နှင့်ပတ်သက်၍ Zaw Ye Aung အမည်ဖြင့် Facebook စာမျက်နှာတွင် ယခုကဲ့သို့ တင်ထားသည်ကို တွေ့ရှိရသည်။

“ဒေါက်တာအံ့ထွန်းမောင် အမှုစစ်ဆေးခြင်းနှင့် ပတ်သက်၍ ရဲ၊ တရားရုံး၊ ရှေ့နေတို့၏ လုပ်ပုံကိုင်ပုံအချို့ နည်းနည်းပြောပြပါမည်။ ယခုအမှုကို ရဲက စတင်ကိုင်တွယ်စစ်ဆေးသည်မှာ ၂၀၁၃ စက်တင်ဘာမှ ၂၀၁၄ အောက်တိုဘာ တရားရုံးတင်သည်အထိ ဖြစ်ပါသည်။
ပဏာမ ရဲက စစ်ဆေးသည်မှာ ဖြစ်စဉ်တကယ် ဟုတ်နိုင် မဟုတ်နိုင်ဖြစ်သည်။ တကယ်ဖြစ်ခဲ့သည်ဟု ရဲက ယုံကြည်လျှင် တရားစွဲ၍ရအောင် စွပ်စွဲခံရသူ ပြစ်ဒဏ်ခံရအောင် အမှုကို တစ်နှစ်တိတိ စစ်ဆေး တည်ဆောက်နေခဲ့ပါသည်” ဟု ဖော်ပြထားသည်။

ဆက်လက်၍ “ရဲက အမှုတည်ဆောက်ရာတွင် ၂၀၁၃ စက်တင်ဘာက ဖြစ်ခဲ့သော ၁၅ နှစ်အရွယ် မိန်းကလေးအမှုကို ပို၍ အလေးပေးခဲ့သည်ဟု မြင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဒေါက်တာအံ့ထွန်းမောင် ဆေးခန်းမှထွက်လာပြီး ချက်ချင်း သားအမိနှစ်ဦးက ဆေးခန်းအုပ်ချုပ်ရေးမှတစ်ဆင့် ရဲကို တိုင်ကြားခဲ့သောကြောင့် ဖြစ်သည်။

၁၅ နှစ်အရွယ် မိန်းကလေးအမှုတွင် အဓိကကျသောကိစ္စမှာ ဒေါက်တာအံ့ထွန်းမောင်သည် ရင်သားကို မဖွယ်မရာကိုင်တွယ်ခြင်း၊ လိင်စိတ်နိုးကြွကာ လိင်အင်္ဂါနိုးထလာသည်ဟု ကောင်မလေးရော သူ့အမေပါ ထွက်ဆိုထားသည်။ ဒေါက်တာအံ့ထွန်းမောင်၏ ရှေ့နေက ဘောင်းဘီအိတ်ထဲရှိ ဖုန်းကဲ့သို့ သောအရာကြောင့် အထင်အမြင်မှားမှု ဖြစ်နိုင်သလားဟု ပြန်လှန်မေးခွန်းချေပမှုနှင့် မလုံလောက်သည်ကို သိသဖြင့် ဇနီးသည်ဖြစ်သော လွန်းထားထား၏ ရဲရှေ့မှောက် ကျမ်းကျိန်ထွက်ဆိုချက်ကိုပါ တရားရုံးတွင် သက်သေအဖြစ် တင်သွင်းခဲ့သည်ကို တွေ့ရှိရပါသည်။

လွန်းထားထား၏ ထွက်ဆိုချက်အရ ၂၀၁၃ ဧပြီမှ ၂၀၁၄ နှစ်ဆန်းပိုင်း သူတို့ ဇနီးမောင်နှံ အင်ဒိုနီးရှားနိုင်ငံ ဘော်နီယိုကျွန်း ခရီးစဉ်မှ ပြန်လာချိန်အထိ ခင်ပွန်းဖြစ်သူ ဒေါက်တာအံ့ထွန်းမောင်သည် လိင်စိတ်နိုးထရန် ခက်ခဲသည့် ရောဂါဝေဒနာခံစားနေရပြီး နိုးထမှုသည် စက္ကန့်အနည်းငယ်အတွင်း ပျက်ပြားသွားသည့် အခြေအနေရှိကြောင်း ထွက်ဆိုခဲ့ပါသည်။ ထိုထွက်ဆိုချက်၏ ထင်ရှားစေလိုသောအချက်မှာ တိုင်ကြားသူသား အမိနှစ်ဦးထွက်ဆိုသော ဒေါက်တာအံ့ထွန်းမောင် လိင်စိတ်နိုးထနေသည်ဆိုသည့် အချိန်အတိုင်းအတာမှာ မဖြစ်နိုင်ကြောင်း ဂျူရီလူကြီးများ သိသာစေရန်ဖြစ်ပါသည်” ဟု ဖော်ပြထားသည်။

“ဗမာဆရာဝန်များ” Page ၌ပင် (ဒေါက်တာ) Thet Mg ၏ ရေးသားချက်အရ အမျိုးသမီးလူနာအား စမ်းသပ်လျှင် သူနာပြု အမျိုးသမီးတစ်ဦး ထားရှိရမည်ဖြစ်ကြောင်း၊ မရှိလျှင် ဆရာဝန်ဘက်၌ သက်သေမရှိတော့ကြောင်းနှင့် ဥပဒေအရ အမျိုးသမီးတစ်ဦးသည် မိမိ၏အရှက်ကို မငဲ့ကွက်ဘဲ ထွက်ဆိုလျှင် ယင်းထွက်ဆိုချက်သည် ခိုင်လုံသော သက်သေဖြစ်ကြောင်း သိရှိရသည်။ သူ၏ ဆက်လက်ရေးသားချက်အရ မိန်းကလေးသည် Prostitue ကဲ့သို့ အကျင့်စာရိတ္တ မကောင်းသူဖြစ်ပါက ဆရာဝန်နိုင်မည် ဖြစ်သော်လည်း မိန်းကလေးသည် မိကောင်းဖခင်သားသမီးဖြစ်ခဲ့ပါက ဆရာဝန်ရှုံးမည်ဖြစ်ကြောင်း၊ ဗီဒီယိုမှတ်တမ်းရှိပါက လွတ်နိုင်ကြောင်း သိရသည်။

သို့သော် ဒေါက်တာအံ့ထွန်းမောင်နှင့် ဆေးကျောင်း၌ တစ်တန်းတည်းအတူတူတက်ခဲ့ပြီး ယူကေ၌ပင် သွားရောက်အလုပ် လုပ်ကိုင်နေသူ ဒေါက်တာအောင်အောင်လွင်က ယခုကဲ့သို့ ရေးသားထားသည်ကို တွေ့ရှိရသည်။

“ယူကေမှာ ဂျီပီ မလုပ်ဖူးတဲ့သူတွေ နားလည်ဖို့ မလွယ်ဘူး။ လူနာကို စီစီတီဗွီ၊ ဓာတ်ပုံ၊ ဗီဒီယို လုံးဝရိုက်ခွင့်မရှိဘူး။ MRCGP စာမေးပွဲအတွက် Consultation Record လုပ်ရင် သေသေချာချာ Consent ယူရတယ်။ ကိုယ်ပိုင်ကင်မရာ၊ ဖုန်းမှာ ကူးလို့မရဘူး။

ဂျီပီမှာ သူနာပြု Clinic Nurse ဆိုတာ ဆေးရုံတွေလို ခန့်မထားကြဘူး။ Chaperone ဆိုတာ အမြဲခေါ်ထားဖို့ မလွယ်ပါဘူး။ လိုအပ်ရင် Receptionist ကို ခဏခေါ်ရပါတယ်။ အခုလို သက်သေ Chaperone မရှိတဲ့ ကိစ္စမှာ ပြောချင်တာ ပြောလို့ရပါတယ်။
ဘယ်သူမှန်တယ်ဆိုတာ သက်သေပြလို့ မရပါဘူး။ ဒီလိုအမှုမျိုးမှာ ဂျူရီက အရေးကြီးပါတယ်။ ဂျူရီဆိုတာ ဒေသခံထဲက စိတ်ဝင်စားတဲ့သူတွေကို Random ရွေးထားတာပါ။ ဒီလိုအခါမှာ ဒေသခံလူတွေရဲ့ လက်ရှိခံယူချက် စိတ်နေစိတ်ထားက အရေးပါတယ်။

ဂျူရီဆိုတဲ့ ဒေသခံတွေရဲ့ စိတ်ထဲမှာ Preoccupied (ကြိုတင်နေရာယူထားနှင့် ပြီးသား) အချက်တွေ ရှိနေမယ်ဆိုရင် ဒီလို စွပ်စွဲမှုမျိုးကို ဘက်မလိုက်ဘဲ ဆုံးဖြတ်ချက်ပေးဖို့ဆိုတာ သိပ်မလွယ်ပါဘူး” ။

ဒေါက်တာဇော်မျိုးထက်က တရားရင်ဆိုင်ရာတွင် ဒေါက်တာအံ့ထွန်းမောင်၏ ရှေ့နေအနေဖြင့် အားနည်းချက်များစွာရှိကြောင်း ယခုကဲ့သို့ ရေးသားထားသည်ကိုလည်း တွေ့ရှိရသည်။

“သူ့မှာ အမှားရှိတယ်ဆိုရင်တော့ အဲဒီအမှားက အင်္ဂလန်တရားရုံးဆိုတာ အမှန်အတိုင်းပဲ လုပ်လိမ့်မယ်လို့ ရိုးရိုးသားသားနဲ့ ယုံခဲ့မိတဲ့ အမှားပါပဲ။ သူ့ရှေ့နေက ဘယ်လောက်အားနည်းသလဲဆိုတာကို ကိုယ်တိုင်အတွေ့အကြုံအရ ဥပမာပြမယ်။ Character Reference လို့ ခေါ်တဲ့ တရားခံအတွက် တောင်းတဲ့အကျင့်စာရိတ္တကောင်းကြောင်း စာတွေကို သက်ဆိုင်သူအသီးသီးက ရှေ့နေဆီကို အစောကြီးက ပို့ထားခဲ့ကြတယ်။ နောက်ဆုံးအချိန်နားကပ်မှ လက်မှတ်ထပ်ထိုးဖို့ တောင်းတယ်။ ပြီးတော့ ပို့လိုက်တဲ့ဟာက အမှားကြီး။ ပြီးတော့ တစ်ခါထပ်ပို့ ရပြန်ရော။ ထောင်ချဖို့ အမိန့်ချခါနီးတော့လည်း ထိုနည်းလည်းကောင်းပဲ။ သူ အလုပ်လုပ်ခဲ့တဲ့ ဆေးခန်းက အင်္ဂလိပ်တွေကတောင် Petition လုပ်ကြမလားဆိုတော့ မြန်မာတချို့ကလည်း လူသိရှင်ကြားဖြစ်သွားပြီး ပိုဆိုးမှာစိုးလို့ မလုပ်ခဲ့ကြဘူး။ ဒီနေရာမှာ လူအများသိသင့်တာကတော့ အခင်းဖြစ်ပွားတဲ့ ဆေးခန်းဟာ Locum GP ။ သူလုပ်နေကျ ဆေးခန်းမဟုတ်တော့ အဲဒီက ၀န်ထမ်းတွေရဲ့ ထောက်ခံမှုက မရခဲ့ဘူး။ သူနဲ့အရင်က နှစ်နှစ်အလုပ်လုပ်ခဲ့ဖူးတဲ့ ဆေးခန်းနဲ့ ဆေးရုံက အင်္ဂလိပ်လူမျိုးတွေ အပါအ၀င် တခြားလူမျိုး လုပ်ဖော်ကိုင်ဖက်တွေက သူ့အတွက် လိုလိုလားလား ထောက်ခံပေးခဲ့ကြတယ်”

ယင်းအမှုနှင့် ပတ်သက်၍ (ဒေါက်တာ) ဆောင်းဦးလှိုင်ကလည်း ယခုကဲ့သို့ ရေးသားထားသည်ကိုလည်း တွေ့ရှိရသည်။

“ကျွန်တော် ဆရာအံ့နဲ့ ပတ်သက်တဲ့ Data တချို့ တိတိကျကျ ရထားပါတယ်။ နောက်ဆုံး အမိန့်ချချိန်မှာ အနီးကပ်ရှိနေခဲ့တဲ့ ဒေါက်တာသန့်လှိုင်ဦးနဲ့ မိသားစုဆီက ရပါတယ်။ (၁) ဒီအမှုမှာ မျက်မြင်သက်သေ လုံးဝမရှိပါဘူး။ ဒါကြောင့် ရင့်သီးစွာ ဝေဖန်နေတာတွေ ရပ်တန့်ပေးကြပါ။ (၂) မျက်မြင်သက်သေမရှိလို့ ရှေ့နေတွေရဲ့ လျှောက်လဲချက်တွေဟာ အမှုကို အဓိကဆုံးဖြတ်ပေးသလို ဖြစ်ခဲ့ရပါတယ်။ (၃) ဆရာအံ့တို့က ငွေအများကြီးပေးရတဲ့ ကောင်းတဲ့ရှေ့နေ မငှားနိုင်ခဲ့ပါ။ နှစ်စဉ်ပေးဆောင်ထားတဲ့ Legal Insurance Company က လွှတ်လိုက်တဲ့ ရှေ့နေနဲ့ အမှုရင်ဆိုင်တာ။ ဆရာအံ့က သူမကျူးလွန်ခဲ့တော့ ယုံကြည်မှုအပြည့်ရှိပြီး ရှေ့နေကိစ္စ သိပ်အာရုံမထားခဲ့ပါ။ (၄) တရားသူကြီးနဲ့ Jury ကလည်း မျက်မြင်သက်သေမရှိတဲ့အခါ လူဖြူတွေဘက်ကို အလေးပိုခဲ့ပါတယ်။ ရှေ့နေလျှောက်လဲချက်တွေလည်း နားထောင်တာပေါ့။ ဒါပေမဲ့ ဆရာအံ့ ရှေ့နေ က မစွံ။ (၅) မိသားစု ဆွေမျိုးများ၊ သူငယ်ချင်းများ ငွေစုပြီး ရှေ့နေကောင်းကောင်းနဲ့ ပြန်ရင်ဆိုင်ပါတော့မယ်။ စရိတ်က ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ မကြားဖူးတဲ့ တစ်နာရီကို ပေါင် ၂၀၀၀ လောက်ရှိမယ်တဲ့ဗျာ”။

အဆိုပါအမှုကိစ္စနှင့်ပတ်သက်၍ ဆေးပညာကျင့်ဝတ်ဆိုင်ရာ ဆောင်းပါးများ ရေးသားသူ ဒေါက်တာမြင့်ဦး (GP) နှင့်လည်း The Daily Eleven သတင်းစာက တွေ့ဆုံမေးမြန်းခဲ့သည်။ ဒေါက်တာမြင့်ဦးက “ရင်ဘတ်အောင့်တာကို လူနာက လာတယ်။အဲဒါကို ဘရာစီယာကို ချွတ်ပြီးတော့ စမ်းသပ်ကိုင်တွယ်ရင်းနဲ့ ရင်သားကို ထိတယ်။သက်သက်ပဲ ထိတာလား၊ စမ်းသပ်ရင်း ထိတာလားတော့ သိပ်မရှင်းဘူးပေါ့။ ကောင်မလေးဘက်က တိုင်တယ်။ အမှုဖြစ်တယ်။ နောက်ပိုင်း သူ့ကို ထောင်ချတယ်။ ထောင်ချတယ်ဆိုတာကလည်း ဒီဆရာဝန်က ဘာသာတရားလည်း ကိုင်းရှိုင်းတယ်။ နဂိုကတည်းက လူတွေကိုလည်း အရမ်းကူညီတယ်။ သူက နာမည်ပျက်မရှိဘဲ လူတွေကလည်း အင်မတန် ချစ်ခင်လေးစားတဲ့သူဆိုပြီး ပြောကြတယ်။
အမှတ်တမဲ့နဲ့ ဖြစ်သွားတာကို သူတို့ နိုင်ငံသားက ဆရာဝန်ကို သိက္ခာချချင်လို့လား၊ ငွေပဲတောင်းချင်လို့လားတော့ မသိဘူး။ ခုထက်ထိတော့ ငွေကြေးတောင်းတယ်လို့တော့ မကြားသေးဘူးပေါ့” ဟု ပြောကြားခဲ့သည်။

ဒေါက်တာမြင့်ဦးက ဆရာဝန်များအနေဖြင့် သင်ခန်းစာယူရန်လည်း ယခုကဲ့သို့ ပြောကြားခဲ့သည်။ “ဆရာဝန်တွေဘက်ကတော့ သင်ခန်းစာယူရမှာကတော့ အမျိုးသမီးတစ်ယောက်ကို စမ်းတယ်ဆိုရင် အခန်းထဲမှာ အဖော်တစ်ယောက် ကိုယ့်ဘက် သူ့ဘက် ၀န်ထမ်းထားပေးရမယ်။ အခုကတော့ အင်္ဂလန်နိုင်ငံက Consultation Room တွေမှာ လူနာကို တစ်ယောက်ချင်းကြည့်ရတာ။ ဒါကလည်း လူနာရဲ့ Privacy ပေါ့။ လူနာရဲ့ လုံခြုံရေးကို ကာကွယ်ဖို့အတွက် ကြည့်ရတာပေါ့။ အမျိုးသမီးမှာဆိုရင် သူတို့ဘက်က အစောင့်တွေ ထားပေးရတာရှိတယ်။ သူက ရုတ်တရက်မေ့ပြီး မခေါ်ထားမိတာလည်း ဖြစ်နိုင်တယ်။ အဲဒါတော့မသိဘူး။ မြန်မာနိုင်ငံက ဒါကို အတုယူပြီးတော့ တိုင်တောတာတွေ ဖြစ်လာနိုင်တယ်။ ဆရာဝန်တွေဘက်က ပိုပြီးသတိထားရမယ်။ အမျိုးသမီးတွေကို ရင်သားသော်လည်းကောင်း၊ အောက်ပိုင်းသော်လည်းကောင်း စမ်းမယ်ဆိုရင် ခွင့်တောင်းရမယ်။ အမျိုးသမီးအဖော်တစ်ယောက် ထားရမယ်” ဟု ဆိုသည်။

ဒေါက်တာမြင့်ဦးက ပြစ်မှုနှင့် ပြစ်ဒဏ် မမျှတဟု ဝေဖန်မှုနှင့်ပတ်သက်၍လည်း ယခုကဲ့သို့ ရှင်းပြခဲ့သည်။ “မြန်မာဆရာဝန် ဖြစ်သွားတဲ့ကိစ္စကတော့ အမှတ်တမဲ့နဲ့ သူ့ကိုယ်သူ မကာကွယ်လိုက်တော့ ထောင်ချခံရတဲ့အထိ ဖြစ်သွားတယ်။ ပြီးရင် ဒီအလုပ်မလုပ်ရတော့ဘူးဆိုပြီး Criminal List ထဲ ပါသွားတာပေါ့။ သူ့နိုင်ငံရဲ့ ဥပဒေအရလုပ်တာပေါ့။ ပြီးတော့ နောက်ထပ်မလုပ်အောင် မှတ်လောက်အောင် ပြစ်ဒဏ်ပေးတာဆိုတော့ မြန်မာနိုင်ငံကလူအနေနဲ့ကြည့်ရင် ဒါက ပြစ်မှုနဲ့ ပြစ်ဒဏ်မမျှဘူးလို့ ဆိုနိုင်တာပေါ့။
ဒီအမှုက ခံရတဲ့သူဘက်က ဒီဆရာဝန်အပေါ် လျော်ကြေးတောင်းတာမျိုးတွေ ဖြစ်လာနိုင်တာပေါ့။ ဒီနိုင်ငံအနေနဲ့ကြည့်ရင်တော့ ဒီဥပဒေက များလွန်းတယ် ထင်တာပေါ့။သူ့နိုင်ငံအနေနဲ့ ကြည့်မယ်ဆိုရင်တော့ ဟုတ်တာပေါ့”။

ယခုကဲ့သို့ ရနိုင်သမျှ အချက်အလက်များကို စုစည်းတင်ပြရခြင်းမှာ ဖြစ်ရပ်တစ်ခုအပေါ် အသေအချာလေ့လာသုံးသပ်ပြီးမှ မျှတမှန်ကန်သော ဝေဖန်မှုမျိုးပြုလုပ်သည့်အလေ့အထ ထွန်းကားလာစေလိုသောကြောင့် ဖြစ်ပါသည်။ မည်သည့်သတင်းကို မဆိုနားစွန်နားဖျားကြားရုံဖြင့် အလွန်ပျံ့နှံ့လွယ်သော လူမှုရေးမီဒီယာများတွင် ထင်ရာမြင်ရာ ဝေဖန်ခြင်းသည် သက်ဆိုင်သူတို့၏ ဂုဏ်သိက္ခာကိုသာမက ရေးသူကိုယ်တိုင်၏ ဂုဏ်သိက္ခာကိုပါ ထိခိုက်ကျဆင်းစေပြီး မလိုလားအပ်သည့်ပြဿနာများ ဖြစ်ပေါ်လာနိုင်သည်ကို သတိပြုစေလိုသောကြောင့် ဖြစ်ပါသည်။

Writer:
မင်းလွင် (ဆေး-၂)
- See more at: http://news-eleven.com/



 မတ်လ ၁၁ ရက်ထုတ် The Voice Daily သတင်းစာ၌ ““ရိုက်နှက် ဖမ်းဆီးမှုကြောင့် အခြေမလှ ထွက်ပြေးခဲ့ရသည့် ကျောင်းသားသပိတ် ဦးဆောင်အဖွဲ့ဝင် ကိုအောင်မှိုင်းဆန်း””၊ ““ဖနောင့်နှင့်တင်ပါး တစ်သားတည်းကျအောင် ပြေးလွှားခဲ့ရသည့် သပိတ်မှောက် ကျောင်းသား များနှင့် ၀န်းရံသူများ”” စသည်ဖြင့် ဓာတ်ပုံပုံစာများ ရေးထိုးဖော်ပြခဲ့ခြင်း အပေါ် သတင်းစာကျင့်ဝတ်နှင့် မညီကြောင်း ဝေဖန်ခံခဲ့ရ …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ရန်ကုန်၊ ဧပြီ ၂၃

သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း တစ်နှစ်ပြည့် အောက်မေ့ဖွယ် ဂုဏ်ပြုပွဲသို့ တက်ရောက် လာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ သတင်းဓာတ်ပုံ များထဲတွင် ဘာသာရေးအရ အထင်အမြင် လွဲမှားစေနိုင်သော သတင်းဓာတ်ပုံအား The Voice သတင်းစာ၏ လူမှုကွန်ရက် ဖေ့စ်ဘုတ်စာ မျက်နှာဖြစ်သော The Voice Weekly ၌ ဧပြီလ ၂၁ ရက်က ဖော်ပြ ခဲ့ပြီးရာ ဝေဖန်မှုများ ထွက်ပေါ် ခဲ့သည့်အတွက် ဧပြီလ ၂၃ ရက်ထုတ် The Voice Daily သတင်းစာ၌ ““သစ္စာတိုင် တောင်းပန်ဖြေရှင်းခြင်း”” အမည်ဖြင့် တရားဝင် ပြန်လည် တောင်းပန်လိုက်ပြီ ဖြစ်သည်။

ဟံသာဝတီဦးဝင်းတင် တစ်နှစ်ပြည့် အခမ်းအနားကို ဧပြီလ ၂၁ ရက် မနက်ပိုင်းက ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမ၌ ပြုလုပ်ခဲ့ရာ ယင်းပွဲသို့ တက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်က အခြားဘာသာရေး ဆိုင်ရာ ပုဂ္ဂိုလ်များကို လက်အုပ်ချီကာ နှုတ်ဆက်နေသည့် ပုံကို ဖော်ပြထားရာ ယင်းမှာ ဘာသာရေးအရ ထိခိုက် စေသည်ဟု ဆိုကာ ဝေဖန်မှုများ ပေါ်ထွက်လာခဲ့ပြီးနောက် ယခုကဲ့သို့ တရားဝင် တောင်းပန်လိုက်ခြင်း ဖြစ်သည်။

ယင်းသို့ တရားဝင် တောင်းပန်ခြင်းနှင့် ပတ်သက်၍ The Voice Daily သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေထံ ဧပြီလ ၂၂ ရက်နေ့ ညပိုင်းနှင့် ဧပြီလ ၂၃ ရက်နေ့ နေ့လယ်ပိုင်းအထိ ဖုန်းဖြင့်ဆက်သွယ် မေးမြန်းခဲ့ရာ ဖုန်းဝင်သွားသော်လည်း ဖုန်းကိုင် ဖြေဆိုခဲ့ခြင်း မရှိပေ။

ယင်းနောက် The Voice Daily သတင်းစာ Editorial Secretary ဦးအောင်စိုးထံသို့ ဧပြီလ ၂၃ ရက်က ဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာ ဦးကျော်မင်းဆွေထံ ဆက်သွယ်ရန်သာ ပြန်လည် ဖြေကြားသည်။

ယင်းသို့ ဘာသာရေးအရ ထိခိုက်စေနိုင်သည့် သတင်းဓာတ်ပုံ အား ဖော်ပြခဲ့မှုနှင့် ပတ်သက်၍ The Voice Daily သတင်းစာ၌ တရားဝင် တောင်းပန်စာ ထည့်သွင်းထားရာတွင် ““အွန်လိုင်း အယ်ဒီတာအဖွဲ့၏ ပေါ့ဆမှုကြောင့် အပြန်အလှန် လက်အုပ်ချီနေသည့် ပုံမတင်မိဘဲ လက်အုပ်မချီခင်ပုံကို တင်မိခြင်း သာဖြစ်ပါသည်”” ဟုလည်းကောင်း၊ ““ထိုသို့အပြန်အလှန် လက်အုပ်ချီ နှုတ်ဆက်နေသည့် ထူးခြားပုံကို အွန်လိုင်း အယ်ဒီတာအဖွဲ့က ကြည်နူးစိတ်ဖြင့် အများဆင့်ပွား ကြည်နူးနိုင်စေရန် တင်ပေး လိုက်ခြင်းဖြစ် သော်လည်း လက်ရှိ အချိန်မျိုးတွင် ဘာသာရေးဗန်းပြ အစွန်းရောက် အမြင်ရှိသူများက အလွဲအသုံးပြု သွားနိုင်သော ဓာတ်ပုံဖြစ်သောကြောင့် မတင်သင့်သော ဓာတ်ပုံဖြစ်ကြောင်း အွန်လိုင်းပေါ်မှ မှတ်ချက်များကို ကြည့်ပြီးနောက် သတိပြုမိပါသည်””ဟု ပါရှိသည်။

ထို့ပြင် ““အွန်လိုင်း အယ်ဒီတာအဖွဲ့၏ ပေါ့ဆမှုကြောင့် အများအထင်အမြင် လွဲမှားစေနိုင်သည့် အငြင်းပွား ဖွယ်ရာ ဓာတ်ပုံတစ်ပုံပါ ၀င်သွားခဲ့ခြင်းအတွက် သက်ဆိုင်သူများကို အနူးအညွတ် လေးလေးစားစား တောင်းပန် အပ်ပါသည်”” ဟူ၍ ယင်း““သစ္စာတိုင် တောင်းပန် ဖြေရှင်ခြင်း”” တောင်းပန်စာ၌ ဖော်ပြထားသည်။

အဆိုပါ တောင်းပန်စာနှင့် ပတ်သက်၍ The Voice Daily သတင်းစာတိုက်သို့ ထပ်မံ ဆက်သွယ်မေး မြန်းခဲ့ရာ ““ကျွန်တော်တို့က အွန်လိုင်း တင်ခဲ့တဲ့ အခါကျတော့ ဓာတ်ပုံတင်တဲ့အခါ ဓာတ်ပုံက Photo အယ်ဒီတာကနေ ပြီးတော့ Folder အလိုက်လုပ်ပြီး တင်လိုက်တာလေ။ ဓာတ်ပုံတွေကို ရွေးပြီးစုပြီး တင်လိုက်တဲ့ သဘောပဲဗျ။ ဓာတ်ပုံတွေကို အထူးတလှယ် သတိမထားမိ လိုက်တာပေါ့။ ဘာသာရေးခေါင်းဆောင် တစ်ယောက်ကို ဂါဝရပြုတဲ့ သဘောမျိုးပဲရှိတဲ့ အခါကျတော့ အဲဒါကို သာမန်ပဲဆိုပြီး၊ စဉ်းစားပြီး တင်လိုက်တဲ့ သဘောမျိုးပါဗျ။ သူတို့လည်း သတိနည်းနည်း လွတ်သွားတာပေါ့””ဟု ဖုန်းကိုင်ဖြေဆိုသော အမည်မဖော်လိုသူ အယ်ဒီတာ တစ်ဦးက ပြောသည်။

တောင်းပန်စာအား ““သစ္စာတိုင် တောင်းပန်ဖြေရှင်းခြင်း”” ဟု အမည်တပ်ထားရခြင်းနှင့် ပတ်သက်၍လည်း ““အဲဒါက ကျွန်တော် သေချာမသိဘူး။ အဲဒီအချက်က ကျွန်တော် သေချာမသိတော့ ဖြေရတာ နည်းနည်း ခက်မယ်။ အဲဒါတော့ ဦးကျော်မင်းဆွေပဲ သိလိမ့်မယ်””ဟုဆက်လက် ပြောဆိုသည်။

ယင်းသို့ အငြင်းပွားဖွယ်ရာ ဓာတ်ပုံဖော်ပြခဲ့ခြင်းနှင့် ပတ်သက်၍ ဧပြီလ ၂၂ ရက်ကလည်း The Voice Daily သတင်းစာ၏ တရားဝင် လူမှုကွန်ရက် ဖေ့စ်ဘုတ်ဖြစ်သည့် The Voice Weekly ၌ နှစ်ကြိမ်တိုင် တောင်းပန် ခဲ့သေးပြီး ဒုတိယအကြိမ် တောင်း ပန်သော တောင်းပန်စာ မှာ သတင်းစာတွင် တရားဝင်ဖော်ပြ တောင်း ပန်ထား သော ““သစ္စာတိုင် တောင်းပန်ဖြေရှင်းခြင်း””တောင်းပန် စာဖြစ်သည်။

““မြန်မာနိုင်ငံမှာက ဘာသာရေးနဲ့ ပတ်သက်ရင် လူတိုင်းသည် အရမ်း Sensitive ဖြစ်တယ်။ ဒီလိုပုံကြီး တက်လာတာက ဘယ်လို အယူအဆနဲ့ပဲ တက်တက် နောက်ဆုံး အဲဒီပွဲကို တက်တဲ့သူတွေ အကုန်သိတယ်။ နောက် ဆုံး ဆရာတော်ကြီးတောင် သွားပြီးမေးလို့ရတယ်။ အခု ဖြေရှင်း တဲ့ ဖေ့စ်ဘုတ်ဆိုတာ ဖေ့စ်ဘုတ်ကြည့် တဲ့ လူတန်းစားဆိုတာ မြန်မာနိုင်ငံ အတိုင်းအတာနဲ့ ကြည့်ရင် လူနည်းစုပဲရှိတယ်။ မီဒီယာမှာ ပြန်ပြီး ကျယ်ကျယ် ပြန့်ပြန့် ပြောစေချင်တယ်။ ဒီဓာတ်ပုံနဲပတ်သက်ပြီး မီဒီယာ အရောက်အပေါက်နည်းတဲ့ ဒေသတွေထိကို ပျံ့သွားနိုင်တယ်။ အစကတည်းကိုက မတင်သင့်တဲ့ ကိစ္စပေါ့။ မဟုတ်တဲ့အရာ တစ်ခုကို ထင်ယောင်ထင်မှားဖြစ်တဲ့ အသွင်းမျိုးနဲ့တော့ မတင်သင့်ဘူးပေါ့။ စာမျက်နှာပေါ်မှာ ပြန်ပြီးတော့ မဖော်ပြရင် မီဒီယာကိုမေးရင်လည်း အဆင်မပြေဘူး။ အစ်မတို့ရဲ့ သတင်းလည်းမတင်ဘူး။ ဖတ်လည်း မဖတ်ဘူး”” ဟု ဒါရိုက်တာ ကြည်ဖြူသျှင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

မတ်လ ၁၀ ရက်က လက်ပံတန်းတွင် အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေးအတွက် သပိတ် တိုက်ပွဲဝင် နေသည့် ကျောင်း သား၊ ကျောင်းသူနှင့် ၀န်းရံသူများအား ရဲတပ်ဖွဲ့ဝင်များက အကြမ်းဖက် နှိမ်နင်းခဲ့သည့် သတင်းဓာတ်ပုံများကို မတ်လ ၁၁ ရက်ထုတ် The Voice Daily သတင်းစာ၌ ““လက်ပံတန်း ကျောင်းသား သပိတ်ဖြိုခွဲမှု မြင်ကွင်းများ””ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့စဉ်ကလည်း ဝေဖန်ခံခဲ့ရဖူးသည်။

ယင်းသတင်းဓာတ်ပုံများကို ““ရိုက်နှက် ဖမ်းဆီးမှုကြောင့် အခြေမလှ ထွက်ပြေးခဲ့ရသည့် ကျောင်းသားသပိတ် ဦးဆောင်အဖွဲ့ဝင် ကိုအောင်မှိုင်းဆန်း””၊ ““ဖနောင့်နှင့်တင်ပါး တစ်သားတည်း ကျအောင် ပြေးလွှားခဲ့ရသည့် သပိတ်မှောက် ကျောင်းသားများနှင့် ၀န်းရံသူများ””စသည်ဖြင့် ဓာတ်ပုံပုံစာများ ရေးထိုးဖော်ပြခဲ့ရာ သတင်းစာ ကျင့်ဝတ်နှင့် မညီဟုဆိုကာ ဝေဖန်ခံခဲ့ရခြင်း ဖြစ်သည်။

The Voice Daily သတင်းစာ၏ အယ်ဒီတာချုပ်ဖြစ်သူ ဦးကျော်မင်းဆွေမှာ သမ္မတဦးသိန်းစိန် ဖွဲ့စည်းပေး ထားသည့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)တွင် အထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန်ယူ လုပ်ဆောင်နေသူ တစ်ဦးဖြစ်သည်။ စာနယ်ဇင်းကောင်စီ (ယာယီ)သည် သမ္မတက ငွေကျပ် သိန်း ၅၀၀ ပေးအပ်ခြင်းကို လက်ခံခဲ့သည့်အတွက် စာနယ်ဇင်း အသိုင်းအ၀ိုင်းက ဝေဖန်ခဲ့ကြသေးသည်။

ဝိုင်းမော်

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

နိုင်ငံတကာက ကယ်ဆယ်ရေး အဖွဲ့တွေ ရောက်လာ နိုင်ဖို့ နီပေါ လေဆိပ်တွေ ဆက်လက် ဖွင့်ထားပေးမယ်။
နီပေါ နိုင်ငံ မှာ အင်အား ပြင်းထန် တဲ့ မြေငလျင် လှုပ်ခတ်ခဲ့မှု ကြောင့် အနည်းဆုံး လူ တစ်ထောင့်ရှစ်ရာ အသက် ဆုံးရှုံး သွားတယ် ဆိုပြီး နီပေါ အစိုးရ က ပြောပါတယ်။

အဆောက်အဦ အပြိုအပျက်တွေ အောက်မှာ ပိတ်မိ နေကြဆဲ လူ အများအပြား ရှိနေတယ် လို့ ယူဆ ရတာကြောင့်၊ လာမယ့် ၂၄ နာရီ အတွင်း မှာ သေဆုံး စာရင်းဟာ ၃ ဆ မက လည်း ဖြစ်သွား နိုင်တယ် လို့ နီပေါ ပြန်ကြားရေး ဝန်ကြီး မနိန္ဒြာ ရီဂျားလ် က ဘီဘီစီ ကို ပြောပါတယ်။

ခတ္တမန္ဒူ မြို့တော် မှာ ရှိနေတဲ့ ဘီဘီစီ သတင်းထောက် က နောက်ထပ် မြေငလျင် လှုပ်လာမှာ ကို စိုးလို့ လူတွေ ဟာ အဆောက်အဦ ထဲ မှာ မနေရဲ ပဲ အပြင်ဘက် ကွက်လပ် တွေ မှာ ထွက်ပြီး အိပ် ခဲ့ကြတယ် လို့ ဆိုပါတယ်။

အခုဆိုရင် နိုင်ငံတကာ အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့ရဲ့ ပထမ အသုတ်လည်း နီပေါ ကို ရောက်လာ ပါပြီ။

အိန္ဒိယ နိုင်ငံကလည်း လေယာဉ်တွေ အများအပြား စေလွှတ်ပြီး ထောက်ပံ့ရေး ပစ္စည်းတွေ၊ လှည့်လည် ဆေးကုသ ပေးနိုင်တဲ့ ယာဉ် တွေ၊ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်း အတွက် လေ့ကျင့် ပေးထား တဲ့ ခွေးတွေ ကိုလည်း တင်ပေး လိုက် ပါတယ်။

အမေရိကန်၊ ဥရောပ သမဂ္ဂ နဲ့ ဗြိတိန် တို့ကလည်း ကယ်ဆယ်ရေး ရေး အဖွဲ့တွေ စေလွှတ် ထားပါတယ်။

တခါ၊ နီပေါ မြေငလျင်ကြောင့် ဟိမဝန္တာ တောင်တန်း ပေါ်မှာ နှင်းခဲ ပြိုကျမှု တွေ ဖြစ်ခဲ့တဲ့ အတွက် ဧဝရတ် တောင်တက် သမား တချို့ သေဆုံး ခဲ့ရပါတယ်။

ဒီ မြေငလျင် ဒဏ်ကို အိန္ဒိယ နိုင်ငံ မြောက်ပိုင်း မှာလည်း ခံရပြီး အဆောက်အဦ တွေ ပြိုပျက် ကာ လူ ၄၀ ကျော် သေဆုံး ခဲ့ရပါတယ်။

တိဘက်မှာ လူ ၆ ဦး နဲ့ ဘင်္ဂ္လားဒေ့ရှ် မှာ တော့ ၁ ဦး သေဆုံး ခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese

အင်အားကြီးငလျင်ကြီးလှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲငလျင်ငယ်တွေ ကြုံတွေ ခံစားနေရတဲ့ နီပေါ နဲ့ အိန္ဒိယ နိုင်ငံတို့မှာ တနင်္ဂနွေနေ့ မွန်းလွဲပိုင်းက အင်အား ၆.၇ ရှိတဲ့ ပြင်းထန်တဲ့ နောက်ဆက်တွဲငလျင် တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ လို့ အဆောက်အအုံတွေ လှုပ်ရမ်းကာ ကြောက်ရွံ့ထိတ်လန့်မှုတွေ ထပ်မံဖြစ် ပေါ်စေခဲ့တယ်လို့ သိရပါတယ်။

စနေနေ့ မွန်းတည့် က နီပေါနိုင်ငံအတွင်း လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇.၉ ရှိ ငလျင် ကြီးကြောင့် အဆောက်အဦ ပေါင်းများစွာပြိုလဲကာ လူပေါင်း ၂၀၀၀ ထက် မနည်း သေဆုံး ခဲ့ရကာ ရာနဲ့ချီ ဒဏ်ရာရရှိခဲ့ပါတယ်။ သေဆုံးသူဦးရေ ပိုများလာ နိုင်တယ်လို့လည်း ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပါတယ်။

Ref: Reuters, AP

ပုံ၊ Reuters ( ပြိုကျသွားတဲ့ ဗုဒ္ဒ ဘုရားကျောင်းဝင်းတစ်ခု)

Kumudra




နီပေါ နိုင်ငံမှာ အင်အား ပြင်းထန်တဲ့ မြေငလျင် လှုပ်လို့ အခု အချိန် အထိ လူ ၁၀၀၀ နီးပါး သေဆုံး ခဲ့ပြီး၊ နောက်ထပ် အများ အပြား လည်း အပျက် အစီးတွေ အောက် ပိမိ သေဆုံး သွားတယ်လို့ သိရပါတယ်။

ပြင်းအား ၇.၉ ရှိတဲ့ မြေငလျင် ဟာ မြို့တော့ ခတ္တမန္ဒူ နဲ့ ပို့ကရာ မြို့ အကြား ဗဟိုပြု လှုပ်ခါ သွားတာ ဖြစ်ပြီး သမိုင်းဝင် အဆောက် အဦး အများ အပြား လည်း ပျက်စီး ကုန်ပါတယ်။

အိန္ဒိယ နိုင်ငံ မြောက်ပိုင်း မှာလည်း နောက်တွဲ မြေငလျင်တွေ လှုပ်ခါ ခဲ့ပြီး အဲဒီ မှာတော့ ၁၃ ဦး သေဆုံး သွားတယ်လို့ သိရပါတယ်။

ဒီငလျင်ဟာ နှစ်ပေါင်း ၈၀ ကျော် အတွင်း နီပေါမှာ အကြီးဆုံး လှုပ်တဲ့ ငလျင် ဖြစ်သလို ကမ္ဘာ့ အကြီးဆုံး ငလျင် တွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။ အခု လှုပ်ခတ် ခဲ့တဲ့ နေရာဟာ လူနေ ထူထပ်တဲ့ နေရာလည်း ဖြစ်ပါတယ်။

ခတ္တမန္ဒူ အခြေစိုက် သတင်းထောက် တွမ်ဘဲလ်က သူမြင်တွေ့ ရတာကို ပြောပြ ရာမှာတော့ ဘေးနား ဝန်းကျင် တွေမှာလည်း သစ်ပင်တွေဟာ ဟာရီကိန်း မုန်တိုင်း အတိုက် ခံရ သလိုမျိုး လှုပ်ခါ နေတယ်လို့ ဆိုပါတယ်။

နီပေါ ပြန်ကြားရေး ၀န်ကြီး ကလည်း အပျက် အစီး တွေဟာ မြို့တော်မှာ သာမက ဘေး ပတ်ဝန်းကျင်က မြို့ အတော် များများမှာ ပျက်စီး ဆုံးရှုံးမှု ကြီးကြီး မားမား ရှိတယ်လို့ ပြောပါတယ်။

အခု ချိန်ထိ လူတွေ ရာနဲ့ချီ သေဆုံးခဲ့ သလို အပျက် အစီးတွေ ထဲမှာလည်း ကမ္ဘာ့ ရှေးဟောင်း အဆောက် အအုံတွေ ပါဝင် ပါတယ်။ အဲဒီ ထဲမှာ ဆိုရင် ကမ္ဘာ လှည့် ခရီးသွားတွေ အလာ များတဲ့ သက်တမ်း နှစ်ပေါင်း ၂၀၀ ကျော်ရှိ ဒါရာဟာရာ မျှော်စင် အဆောက် အအုံလည်း ပါဝင် ပါတယ်။

တချို့ အဆောက် အအုံတွေ ဆိုရင်လည်း မြေဇာပုံလို ဖြစ်နေပါတယ်။

ရဲနဲ့ စစ်သားတွေ အပါ အဝင် ကယ်ဆယ်ရေး လုပ်သား တွေလဲ အပျက် အစီး ပုံတွေထဲကို တူးဆွ ရှာဖွေနေ ကြပါတယ်။ အဆောက် အအုံတွေ ကြားမှာ ပိတ်မိ သူတွေလဲ အတော် များများ ကျန်နေ သေးတယ်လို့ သိရပါတယ်။

အပျက် အစီး ပုံတွေထဲ ကနေ အလောင်း တွေကို ဆွဲထုတ် နေကြ သလို အခုဆိုရင် ဖုန်း အလိမ်းလိမ်းနဲ့ အပျက် အစီး ကြားက အသက် မသေပဲ ထွက်လာကြ သူတွေ လည်း အများကြီး တွေ့ရ ပါတယ်။

ဒါဇင်နဲ့ ချီတဲ့ ဒဏ်ရာ ရတဲ့ သူတွေ ကိုလည်း ခတ္တမန္ဒူက အဓိက ဆေးရုံကြီး ဆီကို ခေါ်သွားကြ ပါတယ်။ ခတ္တမန္ဒူ လေယာဉ်ကွင်း မှာလည်း အပျက် အစီး ရှိတဲ့ အတွက် ကူညီ ကယ်ဆယ်ရေး လုပ်ငန်း တွေကို အဟန့် အတား ဖြစ်တယ် လို့လည်း သိရပါတယ်။

နီပေါ အစိုးရ ကလည်း အခု ဆိုရင် ငလျင်ဒဏ် ခံရတဲ့ နေရာ တွေကို အရေးပေါ် ကြေညာ ထား ပါတယ်။

BBC Burmese

အစိုးရတပ်မတော်နဲ့ ဦးဖုန်ကြားရှင်ရဲ့ ကိုးကန့်အဖွဲ့ MNDAA တို့ကြား ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ အစိုးရတပ်မတော်ဘက်က သေဆုံးသူ အလောင်း ၉ဝ ကျော်လောက်ကို သင်္ဂြိုလ် ပေးခဲ့ ရကြောင်းနဲ့ ဒဏ်ရာရသူ ၂ဝဝ လောက်ရှိမယ်လို့ ခန့်မှန်းကြောင်း ကိုးကန့်တပ်မတော်ဘက်က ပြော ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ အစိုးရဖက်က ထိခိုကျဆုံးမှုများခဲ့တယ်လို့ ကိုးကန့် အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းက ပြော ပါတယ်။

"သူတို့ကို အလောင်းတွေမြုပ်ပေးနေရတယ်၊ သူတို့က ယူလည်းယူမသွားဘူး သယ်မသွားဘူး အဲ့ဒီတော့ ကျနော်တို့က အားလုံးဝိုင်းဝန်းပြီးတော့ သူတို့ကိုမြုပ်ပေးနေရတယ်၊ အနည်းဆုံးမရှိဘူး ဆိုလို့ရှိရင် ၈ဝ လောက်ရှိမယ် အလောင်းက၊ ကျနော်တို့နဲ့ ဝေးတဲ့နေရာလည်းရှိတယ် ၊ တောတောင်တွေထဲမှာမြုပ်ပြီးတော့ အဲ့ဒီမှာ အမှတ်အသားလည်း လုပ်ထားပေးလိုက်တာပေါ့၊ လောက်ကိုင်အရှေ့မြောက်ဘက်မှာပေါ့"

ဧပြီလ ၂၃ ရက်နေ့ တိုက်ပွဲမှာ ကိုးကန့်တပ်ဖွဲ့ဘက်က ၂ ဦးကျဆုံးပြီး၊ ၁၂ ဦး ဒဏ်ရာရရှိတယ်လို့ ဦးထွန်းမြတ်လင်းက ပြောပါတယ်။

မနေ့ကနဲ့ ဒီနေ့မနက်ပိုင်းအထိတော့ တိုက်ပွဲထပ်မံဖြစ်ပွားတာ မရှိဘူးလို့သိရပါတယ်။

အစိုးရတပ်မတော်နဲ့ ကိုးကန့်တပ်မတော်တို့ဟာ ကိုးကန့်ဒေသအတွင်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက် နေ့က စတင်ပြီး တိုက်ပွဲတွေ နေ့စဉ်ရက်ဆက်ဆိုသလို ဖြစ်ပွားနေတာဖြစ်ပါတယ်။

ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှုနဲ့ပတ်သက်လို့ အစိုးရဘက်က သတင်းထုတ်ပြန် တာ မရှိသေးပါဘူး။

RFA