05/03/15

ယနေ့ပွဲမှာ အနိုင်ရသွားတဲ့ Mayweather ကဆုကြေးငွေ အမေရိကန်ဒေါ်လာ သန်း ၂၀၀
($ 200 millions) ရရှိသွားခဲ့ပါတယ်။

ထို့ကြောင့်သူ့ရဲ့ တစ်စက္ကန့် ထိုးသတ်ကြေးဟာ$1000 ဒေါ်လာ ၁၀၀၀ နဲ့ ညီမျှခဲ့ပါတယ်။

သူတို့နှစ်ဦးရဲ့ မကျေပွဲကို စက်တင်ဘာလမှာပြန်လည်ထိုးသတ်ပြီးရင် လက်ဝှေ့လောကကအနားယူတော့မယ်လို့ Mayweather က ကြေငြာ သွားပါတယ်

Floyd Mayweather Jr. vs. Manny Pacquiao ၁၂ချီအပြည့် (ရုပ်-သံ)Credit...Super hightlight

Posted by Kyaw Soe Htut on Sunday, May 3, 2015

ဝ နယ်မြေသည် စုစုပေါင်း စတုရန်းမိုင် ၁၇၀၀၀ ရှိပြီး တောင်ပိုင်းနှင့် မြောက်ပိုင်းဒေသ ခွဲခြားထားကာ လူဦးရေ ၄ သိန်း နီးပါးရှိသည်။

သောကြာနေ့က အဆိုပါ ၀ နယ်မြေ ပန်ဆန်းတွင် ပြုလုပ်လျက်ရှိသော လူမျိုးစု လက်နက်ကိုင်များ တွေ့ဆုံဆွေးနွေးပွဲကား စတင်နေပြီဖြစ်သည်။
အစိုးရမှ မည်မျှပင် ကန့်ကွက်နေသောငြားလည်း ၀ အဖွဲ့မှ ပြောင်ပြောင်တင်းတင်း ပင် ကိုးကန့်နှင့် ရခိုင်လက်နက်ကိုင် အဖွဲ့များကို ဖိတ်ကြားခဲ့၍ တက်ရောက်နေကြပြီ ဖြစ်သည်။

ဝ ခေါင်းဆောင် ပေါက်ယုချန်မှ လူမျိုးစုများနှင့် လက်နက်ကိုင် ပဋိပက္ခများ ရှိနေသရွေ့ နိုင်ငံလုံးဆိုင်ရာ ငြိမ်းချမ်းရေး သဘောတူညီချက်ဆိုသည်မှာ စာရွက်ပေါ်တွင်သာ ရှိကြောင်း မိမိတို့ လူမျိုးစုများအားလုံးသည် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်ချင်သော်လည်း နှစ်ပေါင်း ၅၀ ကျော်ကြာ ပဋိပက္ခများကြောင့် ဒုက္ခအမျိုးမျိုး ခံစားခဲ့ရကြောင်း၊ ဖွံ့ဖြိုးတိုးတက်ဘို့ ရန် တည်ငြိမ်မှု မရရှိက မဖြစ်နိုင်သဖြင့် မိမိတို့အားလုံးမှ ငြိမ်းချမ်းရေးကို လိုလားလျက်ရှိကြောင်း ပြောကြားသွားခဲ့သည်ဟု သိရသည်။

သို့သော် အင်အားနဲသော လက်နက်ကိုင်အဖွဲ့များကို ကွက်ချန်ထား၍ ယင်း ဆွေးနွေးပွဲ၏ ရည်ရွယ်ချက်များကို သံသယ ပွားစရာ ဖြစ်လာနေပေသည်။

အစိုးရ ငြိမ်းချမ်းရေး ဆွေးနွေးသူ ဦးလှအောင်ရွှေမှ မူ ၀ ခေါင်းဆောင်များ အနေဖြင့် အစိုးရနှင့် ကိုးကန့်သူပုန်များ အကြား ဖြစ်ပွားနေသော ပဋိပက္ခကို အဆုံးသတ်အောင် ကူညီအဖြေရှာပေးနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

တရုတ် အစိုးရ အနေဖြင့် အိမ်နီးချင်းနိုင်ငံများ၏ ပြည်တွင်းရေးတွင် ၀င်မစွက်ပါဟု ဘန်ဒေါင်း ညီလာခံတွင် ချမှတ်ခဲ့သော မူကြီး ၅ ချက် နှင့် လိုက်နာပါမည်ဆိုသော်လည်း ထိုအချိန်မှ စ၍ ဗမာပြည် ကွန်မြူနစ်ပါတီကို အသုံးချ၍ မြန်မာပြည်တွင်းရေးကို ပြောင်ပြောင်တင်းတင်း ၀င်ရောက်စွက်ဖက်ခဲ့ပြီး နောက်ပိုင်း ၁၉၈၉ တွင် ၀ များကို အစားထိုး မွေးမြူကာ ဆက်လက် ချုပ်ကိုင်ရန် အခုအချိန်ထိ ကြိုးစားလျက်ပင် ရှိသေးသည်။ ရုရှားမှ ယူကရိန်း နှင့် ကရိုင်းမီးယား အား ကျင့်သုံးပုံမျိုး ဆွန်ဇူး နည်းဗျူဟာ အတိုင်း အိမ်ကြက်ချင်း အိုးမဲ သုတ်ခိုင်းရန် ကြံစည်နေခြင်းလောဟု မေးခွန်းထုတ်စရာ ဖြစ်လာနေသည်။

အဆိုပါ အစည်းအဝေးသည် တရုတ် အစိုးရမှ ခွင့်မပြုက မည်သို့မျှ ဖြစ်လာနိုင်စရာ အကြောင်းမရှိ၊ သို့သော် မြန်မာအစိုးရမှ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် အိန္ဒိယ အဆင့်မြင့် အရာရှိများကို ခေါ်သွင်းလာခဲ့ပြီး အိန္ဒိယမှ နာမည်ကောင်း ယူလာခဲ့ခြင်းများကြောင့် ယခုကဲ့သို့ ပြန်လည်တန်ပြန်ခဲ့ခြင်းလည်း ဖြစ်ပုံရပေသည်။

ကိုးကန့်တိုက်ပွဲများနှင့် ပါတ်သက်၍ မြန်မာအရေး ကျွမ်းကျင်သူ ဘာတန်လစ်တနာမှ မြန်မာတပ်မတော်မှ အားသာမှုကို ပြနိုင်ခဲ့ခြင်း မရှိပဲ အားနည်းချိရော့မှုကို ထုတ်ဖေါ်ပြသရာ ရောက်ခဲ့သည့် ပွဲဟု ဆိုသည်။

မြန်မာတပ်မတော်နှင့် ယှဉ်လျင် လူမျိုးစု လက်နက်ကိုင်များသည် ဒေသတွင်းရှိ လူထု၏ ထောက်ခံမှုကို အပြည့်အ၀ ရရှိထားကြသော အဖွဲ့များဖြစ်သည်။
၎င်းတို့အဖို့က ၎င်းတို့၏ လက်နက်ကိုင် အဖွဲ့များသည် သီးခြားတပ်မတော်အသွင် ခံယူထားကြသဖြင့် လက်နက်စွန့်ခြင်း၊ မြန်မာတပ်မတော်လက်အောက် ၀င်ရောက်ပူးပေါင်းခြင်း ဆိုသည်မှာ မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်ပေ၊

၂၀၁၄ ဖေဖေါ်ဝါရီလအတွင်းက မိတ္ထီလာတွင် အနော်ရထာ အမည်ဖြင့် စစ်ရေးလေ့ကျင့်မှုကြီး ပြုလုပ်ခဲ့ပြီး ရှိသမျှ နောက်ဆုံးပေါ်လက်နက်အင်အားများ ထုတ်သုံးကာ ၀ များကို သွယ်ဝိုက်ခြိမ်းခြောက်ခဲ့ဘူး သော်လည်း လောက်ကိုင်တိုက်ပွဲတွင် အကြီးအကျယ် အထိနာခဲ့သည့်အပြင် ခြင်းကြားကြီးများ ကျောပိုး၍ တိုက်နေသော တပ်မတော်အားလည်း အထင်ပို၍ သေးလာခဲ့ရပြန်သည်။

မြန်မာတပ်မတော်သည် ပဋိပက္ခ ဖြစ်ပွားရာ ဒေသများတွင် တိုင်းရင်းသားများအပေါ် နှိပ်စက်ကလူပြုခြင်း၊ လူ့အခွင့်အရေးများ ချိုးဖေါက်ခြင်းစသည့် တို့ကျူးလွန်ခဲ့ကြသည့်အပြင် တပ်မတော်ထဲတွင် ဗိုလ်မှုးချုပ်အဆင့်ရှိသူ တဦးတလေမျှ တိုင်းရင်းသားများ မဟုတ်ကြပေ။

၂၀၁၄ ဧပြီ ၆ ရက် က ကာချုပ် မင်းအောင်လှိုင်မှ ဗိုလ်ချုပ် လှဌေးဝင်း၊ ဗိုလ်ချုပ် ခင်အောင်မြင့် နှင့် ရေတပ်ဗိုလ်ချုပ် သူရသက်ဆွေတို့ခြံရံလျက် လာရှိုးသို့ သွားရောက်ကာ ၀ ဒုတိယခေါင်းဆောင် ပေါက်ယူရီ နှင့် သွားရောက်တွေ့ဆုံခဲ့ဘူးလေသည်။ တပ်မတော်မှ သြဇာအကြီးမားဆုံး ခေါင်းဆောင်ကိုယ်တိုင် သွားရောက်ဆွေးနွေးရသည့် အဖြစ်ကား အတော်လေး ဆန်းနေပေသည်။

သို့သော် အင်အား အကြီးမားဆုံး လက်နက်ကိုင် အဖွဲ့ဖြစ်သည့် ၀ များက အစိုးရ၏ အပြစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲများသို့ ခြေဦးပင် ယောင်၍ မလှည့်ခဲ့ကြပေ၊ နယ်ခြားစောင့်တပ်များ ဖွဲ့စည်းရေးဆိုသည့် မှုးကြီးသန်းရွှေ၏ အကြံပြုချက်ကို ၀ များက ပယ်ချခဲ့ကြသဖြင့် ၂၀၁၁ တွင် အပြစ်အခတ်ရပ်စဲရေးကို ပြန်လည် သက်တမ်းတိုးခဲ့ရသည်။

ဝ များက ၎င်းတို့လက်ရှိ ရရှိထားသည့် အထူးအုပ်ချုပ်ခွင့်ရ နယ်မြေ (၂) အတွင်း ကိုယ်ပိုင်တပ် နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နေခြင်းကို မကျေနပ်သေးပဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ လွတ်မြောက်နယ်မြေအဖြစ် ထိထိရောက်ရောက် တရားဝင် ဖြစ်စေရန် တောင်းဆိုထားသည်။

ယင်းသို့တောင်းဆိုနိုင်ရန်လည်း လက်နက်လူအင်အား တောင့်တင်းလှသည်။ အမြဲတမ်း တပ်အင်အား ၂၅၀၀၀ နှင့် အရံတပ်များ အပြင် စစ်တပ်မှ ၂၀၀၉ က ကိုးကန့်နယ်မြေသို့ ၀င်ရောက်တိုက်ခိုက်မှုမျိုးကို ဟန့်တားနိုင်ရန် စစ်စွမ်းရည်ကို ထိုအချိန်ကစ၍ အထူး မြှင့်တင်ထားလျက်ရှိနေပြန်သည်။

ဝ များက တပ်မကြီး ၃ ခုအား တရုတ်ကို ကျောပေးထားသော နယ်စပ်တလျောက်တွင် အမြှောက်တပ်များ နှင့် အခြား ထောက်ပံရေး သံချပ်ကာ တပ်ကြီးများ ဖြန့်ကြက်ချထားပြီး၊ ရှမ်းပြည်နယ် နှင့် ထိုင်းနယ်စပ်တလျောက်ရှိ စစ်ဒေသ ၁၇၁ တွင် တပ်ရင်း ၅ ရင်းခန့် တပ်စွဲထားလျက်ရှိသည်။ ၀ နယ်မြေ နှင့် မဲခေါင် မြစ်ဝှမ်းအကြား စစ်အင်အား ၄၀၀၀ ခန့်ရှိသည့် မဟာမိတ် NDAA မှ တပ်စွဲထားပြန်သည်။ ထို့အပြင် Hip MI-17 သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်များ ၀ယ်ယူအားဖြည့်ထားပြီး တရုတ်တွင် စစ်သင်တန်းများ တက်ရောက်ခဲ့သည်ဟု ဆိုသည်။ ကြည်းတပ်သုံး man-portable air defense systems (MANPADS) များက လက်ဝယ်တွင် အဆမတန် စုပြုံအားဖြည့်ထားလျက်ရှိနေသည်။

လက်ရှိအခြေအနေတွင် အထူးအုပ်ချုပ်ခွင့်ရ ဒေသ (၂) သည် မြန်မာပိုင်နယ်မြေအစား တရုတ်ပိုင်နယ်မြေတခုကဲ့သို့ ဖြစ်လာနေပေသည်။ တရုတ်စကား၊ တရုတ်ငွေ၊တရုတ် လက်ကိုင်ဖုန်းများ အပြင် တရုတ် စာပို့စနစ်များ အသုံးပြုလျက်ရှိပြီး ရာဘာစိုက်ခင်းများတွင် တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများ အပြင် ရှားပါး ကုန်ကြမ်းဖြစ်သည့် Rare Earth Metal လုပ်ငန်းများကလည်း ကြီးထွားလာလျက်ရှိနေသည်။

အစိုးရ အနေဖြင့် ဘိုနေမြဲ ကျားနေမြဲ ဆက်လက်ထားရှိနေပါက အဆိုပါ ဒေသအား တရုတ်လက်ဝယ်သို့ ထိုးအပ်ထားရသလိုမျိုး ဖြစ်နေ၍ မျက်စိစပါးမွှေး စူးနေသည်က အမှန်ပင်။

ဝ ခေါင်းဆောင်ပိုင်း အများစုသည် အမေရိကန်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖေါက်ကား ထုတ်လုပ်မှုများနှင့် စွဲချက်တင်ခံထားရသူများ ဖြစ်သဖြင့် မူးယစ်ဆေးဝါး အကြောင်းပြကာ ထိုးစစ်ဆင်ပါက အနောက်အုပ်စုမှ မည်သို့မျှ ကန့်ကွက်မည်မဟုတ်ပေ၊ သို့သော် ထိုကဲ့သို့ စစ်ဆင်လာသည့် အခြေအနေအထိ တရုတ်မှ အရောက်မခံရဲသဖြင့် မြန်မာတပ်မတော်မှ အလွယ်တကူ ကြံစည်ရဲခြင်း မရှိရလေအောင် ၀ တို့အား လက်နက်အင်အား အပြည့်အစုံ တပ်ဆင် ကျားကန် ပေးထားခဲ့ခြင်း ဖြစ်သည်။

သို့သော် တရုတ်အနေဖြင့် မြန်မာနှင့် ဆက်ဆံရေး ပျက်ပြားသွားပါက အနောက်အုပ်စုဘက် တွန်းပို့လိုက်သလိုမျိုးဖြစ်ကာ ၀ိုင်းရံခံရမည့်အပြင် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများ အကုန်ထိခိုက်လာနိုင်စရာ ရှိသဖြင့် ဖြစ်ပေါ်လာနေသော အခြေအနေများကို မီးစင်ကြည့်ကသွားမည့် သဘောသာ ရှိမည်ဟု လေ့လာသူများက သုံးသပ်လျက်ရှိသည်။

မိမိတို့တပ်မတော်ကြီးအနေဖြင့် ယခုဆွေးနွေးပွဲအား သတိထား စောင့်ကြည့်နေမည်သာ ဖြစ်သည်။ အင်အားနည်းသော အဖွဲ့၊ မယုံကြည်ရဟု ယူဆသော အဖွဲ့ များကို ချန်လှပ်ထား၍ ဆွေးနွေးပွဲများ ပြုလုပ်ပြီး သတင်းမီဒီယာများ ရှေ့တွင် ရွှမ်းရွှမ်းဝေအောင် ပြောနေသော်လည်း လက်နက်ကိုင် ထိပ်သီးအချင်းချင်း ကွယ်ရာတွင် လျို့ဝှက် ဆွေးနွေးကာ မဟာဗျဟာ တခု ချမှတ်၍ အဖက်ဖက်မှ အင်အားချိနဲ့နေသော တပ်မတော်အား မိမိတို့ တောင်းဆိုသည်ကို မရက ဘက်ပေါင်းစုံ တပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်နိုင်မည့်အရေးကား လျော့တွက်၍ကားမရပေ။

အချက်အလက်များကို Bangkok Post, Asia Times Online နှင့် James Defense Weekly ဂျာနယ်များမှ ကိုးကားသည်။

HSW

BrainWave ဉာဏ်လှိုင်း'


သရုပ်ဆောင် ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ရဲ့မိသားစုအလှူကို မေလ ၂ရက်နေ့က ရွှေထွဋ်တင်ကွင်းမှာ စည်စည်ကားကား ကျင်းပခဲ့ပြီး သူတို့မိသားစုနဲ့အတူ အလှူရှင် ၂၃ဦးတို့ကလည်း အစားအသောက်တွေနဲ့ စတုဒီသာ ဧည့်ခံကျွေးမွေးခဲ့ပါတယ်။ ပြေတီဦးတို့ဇနီးမောင်နှံ ဒီအလှူကို ဘာ့ကြောင့်လုပ်တာလဲ။

တစ်နိုင်ငံလုံးက ပြည်သူတွေကိုယ်စား တရားအလှူကိုပြုလုပ်တာဖြစ်ပြီး ဒီလိုအလှူမျိုး တစ်သက်နဲ့တစ်ခါ မလုပ်ဖူးတာကြောင့် ပရိသတ်တွေရဲ့ သာဓုခေါ်သံတွေနဲ့ တန်ဖိုးဖြတ်မရတဲ့ အားအင်တွေဖြစ်ခဲ့ရတယ်လို့ အကယ်ဒမီ ပြေတီဦးက ပြောပါတယ်။ ပရိသတ်အတွက် ရည်ရွယ်လှူဒါန်းတာဖြစ်ပြီး ကြိုးစားနေဦးမှာပါလို့ သူက ဆိုပါတယ်။

ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ရဲ့မိသားစုအလှူကို ဒေါ်မြသီတာဇေယျ၊ VIVID Fashion၊ AYA Bank၊ Alpine သောက်ရေသန့်၊ ဝိတိုရိယမိသားစု၊ စိန်ဌေးထုတ်လုပ်ရေး၊ Polo Club အပါအဝင် အလှူရှင် ၂၃ယောက်ဟာ ကော်ရည်ခေါက်ဆွဲ၊ ရွှေမြန်မာဒံပေါက်၊ ရွှေရင်အေး၊ ကော်ပြန့်စိမ်း၊ ထောပတ်ထမင်း စတုဒီသာတို့ကို ကျွေးမွေးဧည့်ခံခဲ့ပါတယ်။

ပြေတီဦးအနေနဲ့ ဘယ်သူမှမလုပ်သေးတဲ့ အလှူဒါနကိုလုပ်တာဖြစ်ပြီး လူတန်းစားမရွေး လာရောက်စားသောက်နိုင်ဖို့ ကြီးကြီးကျယ်ကျယ်အလှူလုပ်တာဖြစ်လို့ ဂုဏ်ယူစရာကောင်းတယ်လို့ ဝါဝါအောင်က ပြောပါတယ်။ ဒီအလှူမှာ လုပ်အားနဲ့ကူညီခွင့်ရလို့ ဝမ်းသာမိပြီး ဓမ္မပူဇာတရားပွဲကျင်းပတာမို့ ကုသိုလ်လည်းရ၊ ဝမ်းလည်းဝဆိုတဲ့စကားနဲ့အညီဖြစ်တယ်လို့ ဆိုပါတယ်။

ဆရာတော် ဓမ္မဒူတ အရှင်ဆေကိန္ဒက အလှူမှာ တရားဟောကြားခဲ့ပြီး အနုပညာလောကသားတွေနဲ့ ပရိသတ်တွေက တရားနာယူခဲ့ပါတယ်။ ဒီအလှူဟာ ကိုယ်ပိုင်အလှူဖြစ်သလို တရားနာပရိသတ်အတွက် ကောင်းမွန်တယ်လို့ ဆိုလာတဲ့ ထွန်းထွန်းက ပရိသတ်နဲ့ပါ တိုက်ရိုက်တွေ့ဆုံခွင့်ရပြီး ကုသိုလ်ယူရတာဖြစ်လို့ ပြေတီဦးတို့မောင်နှံ နောက်နှစ်မှာလည်း အလားတူအလှူမျိုး ကျင်းပစေနိုင်ဖို့ ဆုတောင်းခဲ့ပါတယ်။

Kamyut media


 မေ ၂ ရက်က ထိုးသတ်ခဲ့တဲ့ အမေရိကန် လက်ဝှေ့သမား မေ၀ယ်သာနဲ့ ဖိလစ်ပိုင် လက်ဝှေ့သမား ပတ်ကွီရိုတို့ပွဲမှာ ထိုးခဲ့တဲ့ လက်သီးချက်တွေကို မှတ်တမ်းတင်ထားပါတယ်။

မေ၀ယ်သာက လက်သီးချက် ၄၃၅ ချက်ထိုးခဲ့ရာမှာ ၁၄၈ ချက် ပတ်ကွီရိုကို ထိပြီး ပတ်ကွီရိုက ၄၂၉ ချက် ထိုးရာမှာ ၈၁ ချက် ထိခဲ့ပါတယ်လို့ ဆိုပါတယ်။

မေ၀ယ်သာက ဆတ်ထိုးချက်ပေါင်း ၂၆၇ ချက်မှာ ၆၇ ချက်ပဲ ထိမှန်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ ပတ်ကွီရိုကတော့ ဆတ်ထိုးချက်၁၉၃ ချက်ထိုးခဲ့ပြီး ၁၃ ချက်ပဲ ထိမှန်ခဲ့ပါတယ်။

အားပြင်းတဲ့ လက်သီးချက် ၁၆၈ ချက်ကို မေ၀ယ်သာက ထိုးခဲ့ပြီး ၈၁ ချက် ထိမှန်ခဲ့ပါတယ်။ ပတ်ကွီရိုကတော့ ၂၃၆ ချက်ထိုးခဲ့ပြီး ၆၃ ချက်ထိမှန်ခဲ့ပါတယ်။

မေ၀ယ်သာက ပတ်ကွီရိုရဲ့ ထိုးချက်တွေကို ဆတ်ခနဲ့ ပုန်းရှောင်ခဲ့သလို ပြိုင်ဘက်က ကြိုးစားပြီး ထောင့်ထဲကို သိပ်ဖို့ကြိုးစားတိုင်း ရှောင်ထွက်နိုင်ခဲ့တယ်လို့ နယူးယောက်တိုင်း (မ်) သတင်းမှာ ရေးပါတယ်။

မေ၀ယ်သာရော ပတ်ကွီရိုနဲ့ပါ ထိုးခဲ့တဲ့ အော်စကာ ဒီလာဟိုယကတော့ မေ၀ယ်သာကို ထိုးသမျှ လွဲနေတာဟာ ဒေါသထွက်စေတယ်လို့ဆိုပါတယ်။

မေ၀ယ်သာက ဒီလိုရှောင်ထွက်နိုင်တိုင်း ပတ်ကွီရိုက ဒေါသထွက်သွားတာကို တွေ့မြင်ရတယ်လို့လည်း သူက ပြောပါတယ်။

fight-scorecard_3289928bပွဲစတဲ့ အချီတွေက အရေးကြီးသလို တကယ်လို့ ကနဦး အချီတွေမှာ ပတ်ကွီရိုက ကြိုက်သလို ဖိအားပေးလုပ်ဆောင်နိုင်ရင် အနိုင်ရမှာ ဖြစ်သလို မေ၀ယ်သာကို ပိုပြီး ထိုးစစ်ဆင်စေမှာ ဖြစ်ပြီး နာမည်ကြီး ခံစစ်ကို ပွင့်သွားမှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း တဦးတယောက်ကမှ မေ၀ယ်သာကို ထိရောက်တဲ့ လက်သီးချက်တွေ မထိုးနိုင်ခဲ့ပါဘူးလို့ ဆိုပါတယ်။

ဒီပွဲဟာ ရန်ဖြစ်သလို စိတ်လှုပ်ရှားစရာဖြစ်ဖို့ မျှော်လင့်ထားတဲ့ ပရိသတ်တွေအတွက် ငြီးငွေ့စရာကောင်းပေမယ့် မေ၀ယ်သာ လိုချင်တဲ့ အတိုင်း ဖြစ်သွားတယ်လို့လည်း သတင်းက ရေးပါတယ်။

 By ဒီဗွီဘီ
http://burmese.dvb.no

(မဇ္ဈိမ)။ ။ မြန်မာမီဒီယာ ဒါဇင်ခန့်ကို အာဏာပိုင်များက ဖမ်းဆီးထောင်ချထားရသူများ လွှတ်ပေးရန် ဗြိတိန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International က မေလ ၃ ရက်တွင် ကျရောက်သည့် ကမ္ဘာ့သတင်းမီဒီယာ လွတ်လပ်ခွင့်နေ့တွင် တောင်းဆိုလိုက်သည်။
Unity5 Graphic English
"အမှန်တကယ်အားဖြင့်လည်း မီဒီယာသမား ၁၂ ယောက် ကမ္ဘာ့မီဒီယာလွတ်လပ်ခွင့်နေ့မှာ ထောင်ထဲမှာ အချိန်ကုန်ဆုံးရပါတယ်။ မြန်မာနိုင်ငံရဲ့ မီဒီယာလောကအတွက် ပြီးခဲ့တဲ့နှစ်တွေမှာ လက္ခဏာတွေ မကောင်းတာကို တွေ့နေရပါတယ်။ ဒါပေမယ့် အာဏာပိုင်တွေက ဒီအတိုင်းပဲဆက်လုပ်နေတယ်။ အစိုးရနဲ့ စစ်တပ်ရဲ့ ထိလွယ်ရှလွယ်တဲ့ ကိစ္စတွေကို သတင်းရေးသားဖော်ပြတဲ့ ဂျာနယ်လစ်တွေက ဖိနှိပ်ခံရခြင်း၊ ထောင်ကျခြင်းတွေ ကြုံတွေ့နေတယ်။”ဟု Amnesty International မှ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဆိုင်ရာ သုတေသနဒါရိုက်တာ ရူပတ်အဘော့က ထုတ်ပြန်ချက်တွင် ထည့်သွင်း ပြောကြားသည်။

ယင်းအပြင် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ နီးကပ်လာပြီဖြစ်၍ မြန်မာနိုင်ငံတွင် သတင်းမီဒီယာ လွတ်လပ်ခွင့်သည် ပိုမိုအရေးကြီးနေပြီ ဖြစ်ကာ ဖမ်းဆီးခံထားရသည့် သတင်းထောက်များသည် ယုံကြည်မှုကြောင့် အကျဉ်းကျခံနေရသူများဖြစ်ပြီး ၎င်းတို့ကို ချက်ချင်း လွှတ်ပေးရန်နှင့် အာဏာပိုင်များ အနေဖြင့် လွတ်လပ်စွာ ထုတ်ဖော်ပြသခွင့်ကို လေးစားရန် လိုသည်ဟု ၎င်းအဖွဲ့အစည်းက တိုက်တွန်းလိုက်သည်။

ဖမ်းဆီးခံထားရသည့် မီဒီယာသမားများတွင် ငါးဦးသည် Unity ဂျာနယ်မှ ဦးလူမော်နိုင်၊ ဦးရာဇာဦး၊ ဦးပိုင်သက်ကျော်၊ ဦးစည်သူစိုးနှင့် ဦးတင့်ဆန်းတို့ဖြစ်ပြီး ၎င်းတို့ကို လျှို့ဝှက်ဥပဒေအရ ၂၀၁၄ ဇူလိုင်လအတွင်းက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းထောင်ဒဏ် ခုနစ်နှစ်သို့ ပြောင်းလဲချမှတ်လိုက်သည်။ ကမ္ဘာ့မီဒီယာလွတ်လပ်ခွင့်နေ့တွင် ကမ္ဘာအနှံ့ရှိ Amnesty International မှ တက်ကြွလှုပ်ရှားသူများက ၎င်းတို့ပြန်လည်လွှတ်ပေးရေး တောင်းဆိုမှုအတွက် လူမှုမီဒီယာလှုံ့ဆော်မှုတစ်ရပ် ပြုလုပ်သွားမည်ဖြစ်သည်။

Written by မဇ္ဈိမ
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-10-20-16-16-11/item/44030-amnesty-international

စစ်တပ်သတင်းထုတ်ပြန်ရေးအဖွဲ့က မီဒီယာတွေမှာ ကိုးကန့်တပ်ဖွဲ့သတင်းမထုတ်ဖို့ သတိပေးလိုက်ပြီး ထုတ်ပြန်ရင် အရေးယူမယ်လို့ အကြောင်းကြားစာထုတ်လိုက်ပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ကမာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ မေလ ၃ ရက် ရက်စွဲနဲ့ စာနယ်ဇင်းကောင်စီ (ယာယီ) ထံ အကြောင်းကြားစာပေးပို့ခဲ့တာ ဖြစ်ပါတယ်။

စာထဲမှာ ၀ဒေသက ပန်ဆန်းစည်းဝေးပွဲတက်နေတဲ့ ကိုးကန့်သောင်းကျန်းသူအဖွဲ့ဟာ အစိုးရက မတရားအသင်းကြေညာထားတဲ့ အဖွဲ့ဖြစ်လို့ အဲ့ဒီစည်းဝေးပွဲတက်နေတဲ့ ကိုးကန့်အဖွဲ့ရဲ့ ကြေညာချက်တွေကို ရုပ်သံနဲ့ပုံနှိပ်မီဒီယာတွေမှာ သတင်းမထုတ်ဖို့၊ ထုတ်ရင် တည်ဆဲဥပဒေနဲ့အညီ အရေးယူမယ်လို့ ဖော်ပြထားပါတယ်။

ဘယ်ပုဒ်မတွေတပ်ပြီး အရေးယူမယ်ဆိုတာ ရှင်းရှင်းလင်းလင်းဖော်ပြထားခြင်းမရှိဘဲ ကိုးကန့်တပ်ဖွဲ့နဲ့ ပတ်သက်လို့ သတင်းမထုတ်ဖို့ ပထမဆုံးအကြိမ် မီဒီယာတွေကို သတိပေးလိုက်တာ ဖြစ်ပါတယ်။

စစ်တပ်ရဲ့ အခု သတိပေးချက်နဲ့ ပတ်သက်လို့ စာနယ်ဇင်းကောင်စီအဖွဲ့ဝင် ဦးဇော်သက်ထွေးက ဒီအကြောင်းကြားစာကြောင့် ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်စေပြီး သတင်းလွတ်လပ်ခွင့်ကို ထိန်းချုပ်လိုတဲ့ သဘောလို့ သုံးသပ်ပြောပါတယ်။

“မတရားအသင်းကြေညာထားတဲ့ အဖွဲ့တွေအကြောင်း ရေးရင် ၁၇(၁)နဲ့ အရေးယူလို့ရတယ်လို့ ကြိုတင် သတိပေးခဲ့တာ ရှိတယ်။ သို့သော် ဘယ်အဖွဲ့တွေအကြောင်း ရေးရင် အရေးယူခံရမယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိခဲ့ရဘူး။ ဘယ်အဖွဲ့တွေက မတရားအသင်း ကြေညာထားတယ်၊ ဘယ်အဖွဲ့တွေကတော့ အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတယ်ဆိုတာ တိတိကျကျသိရရင် သတင်းတွေအပေါ်မှာ အန္တရာယ်ကင်းကင်း လုပ်ဆောင်နိုင်မှာဖြစ်တယ်။ အခုက နည်းနည်း ရှုပ်ထွေးပြီးတော့ သတင်းလွတ်လပ်ခွင့်ကို ပြန်လည်ထိန်းချုပ်လိုတဲ့ အနေအထားတရပ်ကို ကြုံတွေ့နေရတယ်လို့ ယူဆပါတယ်။”

စာရေးဆရာအယ်ဒီတာ မျိုးမြင့်ငြိမ်းကလည်း စစ်တပ်နဲ့သက်ဆိုင်တဲ့ သတင်းထုတ်ပြန်တဲ့အခါမျိုး တပ်ဘက်က ပူးပေါင်းလုပ်ဆောင်မှု အားနည်းတာကို ထောက်ပြပါတယ်။

“စစ်တပ်ဘက်က အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုမျိုး ရဖို့လိုတယ်။ ဦးနေ၀င်းခေတ်ကို ကျနော်ပြန်ပြောချင်တယ်။ သူ့ခေတ်က သတင်းသမားကို ရှေ့တန်းစစ်မျက်နှာ ခေါ်သွားပြီး သတင်းရေးခိုင်းတာဗျ။ နာမည်ကြီးသတင်းစာဆရာကြီးတွေဖြစ်တဲ့ ဦးစိန်ဝင်းတို့၊ ဦးဝင်းတင်တို့ ပုဂ္ဂိုလ်မျိုးတွေ လိုက်ပါကြည့်ရှုပြီး သတင်းရယူခဲ့ကြတာ ရှိတယ်။ ကျနော်တို့မှာ အဲ့ဒီ အခွင့်အရေး မရှိဘူး။”

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကိုးကန့်တိုက်ပွဲနဲ့ပတ်သက်လို့ ဖေ့စ်ဘွတ်လူမှုရေးစာမျက်နှာကို ကိုးကားပြီး သတင်းထုတ်ပြန်ခဲ့တဲ့ အဲလဗင်းသတင်းစာကို စစ်တပ်သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့ဆိုတာက သတိပေးခဲ့ဖူးပြီး ခုတခါ မီဒီယာအားလုံးကို စာနဲ့ သတိပေးလိုက်တာ ဖြစ်ပါတယ်။

By ရွှေအောင်
ိdvb
http://burmese.dvb.no/archives/91547


မြန်မာနိုင်ငံမှာ စာနယ်ဇင်းလွတ်လပ်ခွင့်အကြောင်းပြောတဲ့ အချိန်က အချိန်နောင်းနေပြီလို့  ကမ္ဘာစာနယ်ဇင်းလွတ်လပ်ခွင့်နေ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။ အိမမမွန် သတင်းပေးပို့ ထားပါတယ်။
DVB TV -
ရိုက်ကူး အိမ၊အောင်သူ

ကျောင်းသားထုကြားထဲမှာ အကွဲအပြဲတွေ ရှိလာတဲ့အခါ အာဏာရအစိုးရရဲ့ သပ်လျှိုသွေးခွဲမှုဟာ တိုက်ရိုက် (သို့) သွယ်ဝိုက် ပတ်သက်နေတတ်ပါတယ်။ ဒါဟာ သမိုင်းတစ်လျှောက်လုံးရဲ့ အကွဲအပြဲဆိုင်ရာ မှတ်ချက်ပါ … တချို့အခြေအနေမှာတော့ လူပုဂ္ဂိုလ်တစ်စုတစ်ဖွဲ့ရဲ့သြဇာ ထူထောင်မှုနဲ့ နှောင်ကြိုးတချို့ကြောင့် ညီညွတ်ရေး ပြိုကွဲရတာမျိုး …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

““ငှက်တစ်အုပ် ပျံသန်းတဲ့အခါဦးတည်ရာ တစ်ဖက်တည်းကို ညီညီညာညာ အတွဲလိုက် ပျံသန်းလေ့ရှိကြတယ်။ သာမန်အခြေအနေမှာ ပျံသန်းရာဘက်လည်းတူ ပျံသန်းနေတဲ့ အရှိန်အဟုန်လည်းညီတဲ့ ငှက်အုပ်ကြီးကို ကြောက် လန့်တကြား ဖြစ်အောင် တစ်ခုခု ပစ်ထည့်လိုက်တာမျိုး၊ ကျယ်လောင်တဲ့အသံနဲ့ ခြိမ်းခြောက်လိုက်တာ မျိုးတွေ တစ်စုံတစ်ယောက် လုပ်ခဲ့ရင်တော့ အဲဒီ ငှက်အုပ်ကြီးဟာ အရှေ့အနောက် တောင်မြောက်ကစဥ့် ကလျားပျံရင်း အုပ်စုကွဲသွားတတ်ကြပါတယ်၊ အခုလည်းကျွန်တော် တို့ ကျောင်းသားတွေကြားမှာ တလုံး တစည်းတဲ့ ခိုင်မာတဲ့ ညီညွတ်ရေးမျိုးမရှိဘဲ ဘက်အသီးသီးမှ မျက်နှာမူ ပျံနေတယ်ဆို တာကို တွေ့မြင်နေရ …””

(ကျော်ကိုကို) ဥက္ကဋ္ဌ၊ ဗ.က.သများအဖွဲ့ချုပ်

ကိုလိုနီခေတ် ကျောင်းသားသမဂ္ဂသမိုင်းတွင် မညီညွတ်မှု၏ အဓိကတရားခံသည် နယ်ချဲ့ကြောင့်ဖြစ်သည်။ နယ်ချဲ့အလိုတော်ရိ ကျောင်းသားများက တကသ၏ အစောပိုင်း သက်တမ်းများတွင် တော်တော်လူတွင် ကျယ် လုပ်ခဲ့ကြသည်။ ယင်းသို့သော အခြေအနေဆိုးအောက်တွင် မျိုးချစ်စိတ်ပြင်းပြပြီး လွတ်လပ်ရေးလိုချင် သည့် ကျောင်းသားများအား အလိုတော်ရိ ကျောင်းသား သမဂ္ဂခေါင်းဆောင်က ပါးရိုက်ခဲ့သည်အထိ စော်ကားခဲ့ သည်။ ယင်းသည် ကျောင်းသားထုအတွင်း မညီညွတ်ခြင်း ၏ ပြယုဂ်ဖြစ်သည်။ ကျောင်းသားညီညွတ်ရေးကို အခိုင်အမာ တည်ဆောက်ဖို့လိုသည်။…

၁၉၃၀ ပြည်နှစ်၊ စက်တင်ဘာ ၂၀တွင် ရန်ကုန်တက္ကသိုလ် အားကစားရုံ၌ ကျင်းပသည့် ကျောင်းသားထုအစည်း အဝေးက တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဖွဲ့စည်းရန်ဆုံးဖြတ်ပြီး အဖွဲ့ဝင်၁၂ဦးပါဝင် သောသမဂ္ဂ စည်းမျဉ်း ရေး ဆွဲရေး ကော်မတီကို ဖွဲ့စည်းလိုက်သည် ထိုကော်မတီက ရေးဆွဲသည့် သမဂ္ဂစည်းမျဉ်း ဥပဒေကို ၁၉၃၁ ခုနှစ်တွင် ကျင်းပသည့် ကျောင်းသားထု အစည်းအဝေးက လက်ခံအတည်ပြုလိုက်ပြီး ဥက္ကဋ္ဌအဖြစ် ကိုကျော်ခင်၊ အတွင်းရေး မှူးအဖြစ် ကိုရာရှစ်တို့ ဦးဆောင်သော သမဂ္ဂအမှုဆောင် ကော်မတီကို ဖွဲ့စည်းလိုက်ခြင်းအားဖြင့် တက္ကသိုလ် ကျောင်း သားများသမဂ္ဂ (တကသ)ဟူ၍ တရားဝင် ပေါ်ပေါက်လာခဲ့သည်။

ဤသည်မှာ ကိုလိုနီခေတ်ကျောင်းသားထု ညီညွတ်ရေး၏ ထင်ရှားသည့် သာဓကများပင်။ တက္ကသိုလ်ကျောင်း သားများသမဂ္ဂ၏ ဥက္ကဋ္ဌနေရာအတွက် ပထမဆုံးအကြိမ် ရွေးကောက်ပွဲကို ၁၉၃၁ ခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပခဲ့သည်။ မူလဥက္ကဋ္ဌနေရာအတွက် ကိုဗစိန်က ကိုထွန်းစိန်ကို အဆိုတင်သွင်းခဲ့သည်။ သို့သော်နောက် ပိုင်းတွင် ရန်ကုန်တက္ကသိုလ် ကျောင်းအုပ်ကြီး ဒီဂျေစလော့စ်၏ အလိုတော်ရိများက ကိုထွန်းစိန်နှင့် ယှဉ်ပြိုင်ရန် ကိုအိန်ကို ဥက္ကဋ္ဌ နေရာအတွက် အဆိုထပ်မံ တင်သွင်းခဲ့သည်။ ကိုလိုနီခေတ် ကျောင်းသားသမဂ္ဂ သမိုင်းမှာ မညီညွတ်ခြင်း၏ အဓိကတရားခံသည် နယ်ချဲ့နှင့် သင်းတို့၏ လက်ပါးစေများကြောင့်သာဖြစ်သည်။

တကသတွင် ၁၉၃၅-၃၆ ပညာသင်နှစ်၌ မျိုးချစ်စိတ်ရှိသည့် ကျောင်းသားများက အမှုဆောင်အဖွဲ့ ၀င်ဖြစ်လာ ခဲ့ကြသည်။ ထိုနှစ်တွင် တကသ အမှုဆောင်အဖြစ် ရွေးချယ်ခံရသူများမှာ ဥက္ကဋ္ဌကိုနု၊ ဒုတိယ ဥက္ကဋ္ဌ ဦးရာရှစ်၊ ငွေထိန်းကိုအုန်းနှင့် အမှုဆောင်အဖွဲ့ဝင် ၆ဦးမှာ ကိုအောင်ဆန်း၊ ကိုသီဟန်၊ ကိုထွန်းတင်၊ ကိုဘဆက်၊ ကိုထွန်းအုံနှင့် ကိုသာလှတို့ ဖြစ်ကြသည် တကသ အမှုဆောင်အဖွဲ့ဝင် ကိုအောင်ဆန်းသည် ထိုပညာသင်နှစ် တွင် ပြန်ကြားရေးဌာနတာဝန်ခံနှင့် အိုဝေမဂ္ဂဇင်းတာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့သည်။

တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဖွဲ့စည်းပြီးနောက် ၁၉၃၆ ခုနှစ်တွင် ဒုတိယ တက္ကသိုလ်ကျောင်းသား သပိတ် ပေါ်ပေါက်ခဲ့သည်။ မူလအကြောင်းရင်းမှာ ကျောင်းသားသမဂ္ဂအဖွဲ့ ဥက္ကဋ္ဌကိုနုအား တက္ကသိုလ်အုပ်ချုပ်ပုံ မကောင်းကြောင်း ဝေဖန်မှုဖြင့် ကျောင်းအုပ်ကြီး မစ္စတာစလော့စ်က ကျောင်းမှ နှင်ထုတ်လိုက်သည့် အကြောင်း ကြောင့်ဖြစ်သည်။

၁၉၃၆-၃၇ တက္ကသိုလ်သမဂ္ဂ ဥက္ကဋ္ဌ ဖြစ်လာသူမှာ ကိုရာရှစ်ဖြစ်ပြီး အတွင်းရေးမှူးမှာ ကိုညွန့်ဖြစ်သည်။ ကိုရာ ရှစ်သည် အနုနည်းနှင့် တိုက်ပွဲဝင်လိုသူ ဥပဒေဘောင်အတွင်း အလုပ်လုပ်ချင်သူ ဖြစ်သဖြင့် တက်ကြွစွာ လှုပ် ရှားလိုသည့် လူငယ်များက နှစ်သက်ခြင်း မရှိကြ။ ဦးရာရှစ်သည် ဗမာပြည်လုံးဆိုင်ရာ ကျောင်းသားများ အသင်း ဥက္ကဋ္ဌအဖြစ်လည်း ရယူထားရာ ကျောင်းသားအများစုက ရာထူးနှစ်ခုစလုံး ရယူထားခြင်းအပေါ်ကျေနပ်မှု မရှိကြ ချေ။

၁၉၃၇ ခုနှစ် တက္ကသိုလ်ကျောင်းများ ပြန်ဖွင့်သည့်အခါကို အောင်ဆန်းသည် ပုသိမ်တွင် ကျင်းပသည့် ကျောင်း သားများ ညီလာခံမှ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ သို့သော် ကျောင်းသား များထဲတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂနှင့် တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ၂ခုစလုံးတွင် တစ်ဦးတည်းက ဥက္ကဋ္ဌလုပ်သင့် မလုပ်သင့်ဆိုသည့် အချက်ကို ထည့်သွင်း စဉ်းစားကာ မလုပ်သင့်ဟု ယူဆ သူတို့က အများစုဖြစ်နေသည်။ ထို့ကြောင့် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂနေရာကို အခြားသူတစ်ဦးအား လွှဲပေးရန် ကိုအောင်ဆန်းအား ပြောကြားသည့်အခါ အုပ်စုနှင့် တိုက်သည်ဟု ယူဆကာ ဒေါသူပုန်ထခဲ့ သေး သည်ဟုဆိုသည်။ နောက်ပိုင်းတွင် ကိုအောင်ဆန်းက သဘောပေါက် လက်ခံလိုက်သဖြင့် ကိုဘဂျမ်း ဥက္ကဋ္ဌဖြစ် လာခဲ့သည်။

ရန်ကုန်တက္ကသိုလ် ဒုတိယကျောင်းသား သပိတ်မှောက်နေစဉ် ကာလအတွင်း ကျောင်းသားများနှင့် တို့ဗမာ အစည်းအရုံးသည် ပိုမိုရင်းနှီးလာခဲ့သည်။ တို့ဗမာအစည်းအရုံးကို စတင်တည်ထောင်လာသူမှာ ရန်ကုန်တက္က သိုလ်တွင် ဘာသာပြန်နည်းပြလုပ်နေသည့် ကိုဘသောင်းဖြစ်သည်။ တို့ဗမာအစည်းအရုံး တည်ထောင်သူ သခင်ဘသောင်းနှင့် ရန်ကုန်တက္ကသိုလ်ကျောင်းသားများဖြစ်သော ကိုလေးမောင်၊ ကိုဗစိန် နှင့်ကိုသိန်းဖေ တို့သည် ခင်မင်းရင်းနှီးခဲ့ကြသည်။ ကိုလေးမောင်နှင့် ကိုဗစိန်တို့သည် ရန်ကုန်တက္ကသိုလ်မှ ထွက်ခဲ့ကြပြီးနောက် တို့ဗမာအစည်းအရုံး၏ ရှေ့တန်းခေါင်းဆောင် များအဖြစ် ဆောင်ရွက်ကြသည် ကိုသိန်းဖေသည်လည်း ရန်ကုန် တက္ကသိုလ်မှ ထွက်လာပြီးနောက် တို့ဗမာအစည်းအရုံးဝင် သခင်တစ်ဦး ဖြစ်လာခဲ့သည်။

သခင်ကိုယ်တော်မှိုင်းအား တက္ကသိုလ်ကျောင်းသားများက တို့ဗမာအစည်းအရုံး ဗဟိုအမှုဆောင်အဖွဲ့၌ တိုက် ရိုက်လက်ခံသည်။ သခင်ဗစိန်တို့က ယင်းသို့ တိုက်ရိုက်လက်ခံသည်ကို မနှစ်သက်ကြချေ၊ သာမန်အမှုဆောင်မှ တစ်ဆင့်သာ ဗဟိုအမှုဆောင်အဖြစ်သို့ ခန့်အပ်လိုကြသည် အထူးသဖြင့် တို့ဗမာအစည်းအရုံးအတွင်း သို့ကိုနု၊ ကိုသိန်းဖေစသော တက္ကသိုလ်မှ နိုင်ငံရေး ကျောင်းသားခေါင်းဆောင် များ ရောက်ရှိလာခြင်းသည် တို့ဗမာ အစည်းရုံး၏ စည်းရုံးရေးပြိုကွဲရန် အစပြုခြင်းဖြစ်သည် ဟုဆိုကြသည်။ တို့ဗမာအစည်းအရုံးစတင် ဖွဲ့စည်းစ ဆင်းရဲပင်ပန်းစွာလုပ် ကိုင်ကြစဉ်က လှည့်၍မျှ မကြည့်ခဲ့သူများက တို့ဗမာ အစည်းအရုံးလူထုအကြား ထဲထဲ ၀င်ဝင်ဖြစ်လာသည့်အခါ နေရာဝင်ယူ သည်ဟု တို့ဗမာ အစည်းအရုံးဝင်အချို့က ယူဆကြသည်။

၁၉၃၈ ခုနှစ် ရန်ကုန်တက္ကသိုလ်အပါအ၀င် မြန်မာနိုင်ငံကျောင်းသားတို့၏ အထွေထွေသပိတ်သည် နိုင်ငံရေး သပိတ် အသွင်ဆောင်ကာ ၁၃၀၀ ပြည့် အရေးတော်ပုံကို အထောက်အကူပြုသည့် ကျောင်းသားတို့၏ အမျိုး သားရေး လှုပ်ရှားမှုကြီးဖြစ်သည်။ မြန်မာတစ်နိုင်ငံလုံးတွင် အမျိုးလှုပ်ရှားမှုများ ကြီးမားကျယ်ပြန့်လာစဉ် ဒေါက်တာ ဘမော်ညွန့်ပေါင်းအစိုးရ ဥပဒေပြု လွှတ်တော်တွင် အယုံအကြည်မရှိ အဆိုတင်သွင်း ခံရပြီး ပြုတ်ကျ ခဲ့သည်။ စစ်ပြီးခေတ် ၁၉၄၅-၁၉၄၉ ခုနှစ် အထိ ၅ နှစ်တာကာလအတွင်း ဗကသဌာနချုပ်တွင် အလုပ်အမှု ဆောင် ၅ ဆက်နှင့် ဥက္ကဋ္ဌ ၆ဦး ရှိခဲ့သည်။

လွတ်လပ်ရေးရပြီးနောက်ပိုင်း တက္ကသိုလ်ကျောင်းသားများ သမဂ္ဂသည် ကျောင်းသားအရေး ပညာရေးနှင့် အမျိုးသား နိုင်ငံရေး လှုပ်ရှားမှုဘောင်ကို ကျော်လွန်၍ ပါတီနိုင်ငံရေးလှုပ်ရှားမှုအသွင် သို့ ပြောင်းလာခဲ့သည်။ အယူအဆရေးရာ ကွဲပြားမှုကြောင်း တက္ကသိုလ်ကျောင်းသားများသမဂ္ဂအတွင်း အုပ်စုများလည်း ကွဲပြား လာသည်။ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂရွေးကောက်ပွဲများမှာလည်း ယခင်ကကဲ့သို့ ပုဂ်္ဂိုလ်ကို မဲပေးရွေး ချယ်ခြင်း မဟုတ်တော့ပေ၊ ပါတီနိုင်ငံရေးဆန့်ကျင်သည် ဆိုသူများက သန့်ရှင်းသော ကျောင်းသားအုပ်စု တိုးတက်သော နိုင်ငံရေးသဘောတရား လက်ခံသည်ဆိုသူများက တိုးတက်သော ကျောင်းသားအင်အားစုဟူ၍ အင်အားစုလိုက် အမည်ခံကာယှဉ်ပြိုင် အရွေးခံကြသည် ထို့ကြောင့် သန့်ရှင်း အုပ်စုပေါ်လာပြီးနောက် ကျောင်း သားအဖွဲ့အစည်းပေါင်း ၂၁ ဖွဲ့ ပေါ်ပေါက်လာခဲ့သည်။

စစ်ကြိုခေတ်တွင် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌများကို အတိုက်အခံမရှိ အပြိုင်အဆိုင်မရှိ ရွေးချယ် တင်မြှောက်နိုင်ခဲ့ကြသည်က များသည်။ လွတ်လပ်ရေးခေတ်တွင် ကျောင်းသား အဖွဲ့အစည်းများ ပြားလာ သည် နှင့်အမျှ အတိုက်အခံ အပြိုင်အဆိုင်များလာပြီး အယုံအကြည်မရှိအဆို တင်သွင်း၍ ဖြုတ်ချမှုများလည်း အစဉ် အလာတစ်ရပ် ဖြစ်လာသည်။ ကျောင်းသားအဖွဲ့အစည်းများက တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ သည် နိုင်ငံ ရေးပါတီ များက ကြိုးဆွဲရာကရသော ရုပ်သေးရုပ်မဖြစ်စေရဟု ကြေညာချက် ထုတ်ပြန်ကြသော်လည်း ယင်း ခေါင်းဆောင်များသည် နိုင်ငံရေးပါတီများနှင့် အဆက်အသွယ် ရှိကြသည်သာများ၏။

ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ၁၉၅၅ ခုနှစ်တွင် တောင်းဆိုချက်များ ထုတ်ပြန်ခဲ့သည်။ ယင်း တောင်းဆိုချက်များတွင် ပညာသင်ကြားရေးတောင်းဆိုချက်၊ သက်သာချောင် ချိရေး တောင်း ဆိုချက်၊ ကျောင်းသား အခွင့်အရေး တောင်းဆိုချက်၊ ဆရာများနှင့်ပတ်သက်၍ တောင်းဆို ချက်၊ကစားခုန် စား တောင်းဆိုချက်၊ ကျန်းမာရေး တောင်းဆိုချက်၊ ရန်ကင်း ကျောင်းသားများအတွက် တောင်းဆိုချက်၊ ထီးတန်း ကျောင်းသားများ အတွက် တောင်းဆိုချက် စနစ်ဟောင်း ကျောင်းသားများအတွက် တောင်းဆိုချက်ဟူ၍ အပိုင်းများခွဲကာ တောင်းဆိုခဲ့ကြသည်။

ထိုစဉ်က၀န်ကြီးချုပ်ဦးနုက““ဒီကျောင်းသားတွေရဲ့ စိတ်ကူးထဲမှာ စာသင်ဖို့ထက် ဆူပူဖို့က ပိုများနေပြီ”” ဟု အောက်တိုဘာလ ၁၀ရက်နေ့ မိန့်ခွန်း ပြောကြားခဲ့သည်။

““ကျောင်းသားတွေရဲ့ အရေးကတော့ အတော်ပဲ စိတ်မချမ်းမြေ့စရာ ဖြစ်လာပြီ၊ ပြည်ထောင်စုရဲ့ နောင်ရေး အတွက် စေတနာ ကောင်းရှိတဲ့ လူမှန်သမျှ လက်ပိုက်ပြီးကြည့် မနေနိုင်သည့် အခြေအနေမျိုးကို ရောက်နေပြီး အခြေအနေဟာ အတော်ဆိုးစပြုလာတဲ့အတွက် မနေနိုင်တဲ့ အခြေအနေမျိုးကို လည်းရောက်နေပြီး။ ပြည်သူ လူထုတစ်ရပ်လုံးကတော့ ကျောင်းသားတွေအပေါ်မှာ အမျှော်လင့်ကြီး မျှော်လင့်နေကြတယ်။ ဒီကျောင်း သား တွေကြီးလာရင် ဆရာဝန်ကြီးတွေ ဖြစ်လာမယ်၊ အင်ဂျင်နီယာကြီးတွေ ဖြစ်လာမယ်၊ စက်မှုလက်မှု ပါရဂူကြီး တွေ ဖြစ်လာမယ်၊ အဲဒီလို မျှော်လင့်ချက်မျိုးနဲ့ မျှော်လင့်နေကြတယ်။ ဒါပေမဲ့ ကျောင်း သားတချို့ လှမ်းနေတဲ့ ခြေလှမ်းအတိုင်း မတားဆီးမပြုမပြင်ဘဲ လွှတ်ပေးထားလိုက်မယ် ဆိုရင် ပြည်သူလူထုကြီး မျှော်လင့် ချက်တွေ ဟာ အဟောသိကံ ဖြစ်ကုန်ကြဖို့ ကျွန်တော်မြင်တယ်။

ဒီကျောင်းသားတွေရဲ့ စိတ်ကူးထဲမှာ စာသင်ဖို့ထက် ဆူပူ ဖို့က ပိုပြီးများနေပြီ၊ လူစုလို့ရတာနဲ့ တစ်ပြိုင်နက် ဆရာတွေကို အတိုက်အခံလုပ်၊ ဆရာတွေက အကျိုး အကြောင်းနဲ့ ဖျောင်းဖျပြောဆိုရင် ပြန်ပြီးကလော်ဆဲ၊ အချို့နေရာတွေမှာဆိုရင် အဓမ္မစနစ်များကိုတောင်သုံး လိုက်ကြသေးတယ်။ နောက်မကြာခင် ကျောင်းတွေမှာ ဆရာတွေ ဆရာမတွေ ဆရာကြီးတွေ လုပ်ရဲတဲ့ လူတွေ ကိုတွေ့ဖို့တောင် အတော်ခဲယဉ်းတဲ့ အခြေအနေမျိုး ကိုရောက်သွားမှာ ကျွန်တော့်အနေနဲ့ အတော်ကလေး စိုးရိမ်နေပြီ၊ ဒီလိုပဲ လူစုမိရင်ဥပဒေကို ချိုးဖောက်ချင်တာ၊ အာဏာဖီဆန်ချင်တာ၊ ရမ်းချင်တာ၊ ၀ရုန်းသုန်းကား လုပ်ချင်တာဆိုတဲ့ အဓမ္မစနစ်ဆိုးကြီးဟာ ပြည်ထောင်စု တစ်ခုလုံးမှာ ခပ်မှန်မှန်ကြီးပြန့်နေတယ်။ ဒီအဓမ္မသမားတွေဟာ ပိုပြီးအတင့်ရဲလာပြီး မကြာခင်ပြည်ထောင်စုကြီး အုပ်ချုပ် ထိန်းသိမ်းလို့မရတဲ့ မင်းမဲ့တိုင်းပြည်ကြီးဖြစ်သွားမှာအထိ ကျွန်တော်မြင်တွေ့ ပြီးစိုးရိမ်မ ကင်းဖြစ် နေပြီ”” ဟု ပြောကြားခဲ့ သည်။ ထိုကျောင်းသား လှုပ်ရှားမှုများတွင် နိုင်ငံရေးပယောဂများ ပါဝင်သည်ဟု ဖဆ ပလ ဥက္ကဋ္ဌက ယူဆထားသည်။

““ကျောင်းသားသမဂ္ဂဆိုသည်မှာ ပြည်သူလူထုနှင့် ကျောင်းသားထုဘက်မှာ သာအစဉ်ရပ်တည်ရမည်၊ အစိုးရ နှင့်အဆင်ပြေရေး၊ ညှိနှိုင်းစေ့စပ်ရေးကို လုံးဝလက်မခံဘူး။ ကိုယ့်အခွင့်အရေးအတွက် တိုက်ပွဲဝင် တောင်း ဆို မယ်၊ ဘယ်နိုင်ငံရေးပါတီ၊ ဘယ်နိုင်ငံရေး အသင်းအဖွဲ့ရဲ့နောက်လိုက် အဖြစ် မခံဘူးဆိုသည့် အယူအဆဖြစ် သည်”” ဟု ကျောင်းသားခေါင်းဆောင် ကျော်ကိုကိုရဲ့ ရပ်တည်ချက်ကို ဖတ်ရှုရသည်။

““ကျောင်းသားထုကြားထဲမှာ အကွဲအပြဲတွေရှိလာတဲ့အခါ အာဏာရအစိုးရရဲ့ သပ်လျှိုသွေးခွဲမှုဟာ တိုက်ရိုက် (သို့) သွယ်ဝိုက် ပတ်သက်နေတတ်ပါတယ်။ ဒါဟာသမိုင်းတစ်လျှောက်လုံးရဲ့ အကွဲအပြဲဆိုင်ရာ မှတ်ချက်ပါ။ တချို့အခြေအနေမှာတော့ လူပုဂ္ဂိုလ်တစ်စုတစ်ဖွဲ့ရဲ့ သြဇာထူ ထောင်မှုနဲ့ နှောင်ကြိုးတချို့ကြောင့် ညီညွတ် ရေး ပြိုကွဲရတာမျိုး ရှိတတ်ပါတယ်”” ဆိုသည့် လွတ်လပ်ရေးခေတ် အိုးဝေ မဂ္ဂဇင်းထဲက ဆရာနောင်ကျော်၏ အယူ အဆသည် ယနေ့ထက်တိုင် မှန်ကန်နေဆဲ ဖြစ်နေသည်ကိုတော့ အထူးအလေးထားရ မည်ဖြစ်သည်။

ကိုးကား

(၁) မြန်မာ့နိုင်ငံရေးနှင့် ကျောင်းသား အဖွဲ့အစည်းများ ဒေါက်တာမြင့်သိန်း-(ရန်ကုန်တက္ကသိုလ်)

(၂) သမဂ္ဂကျောင်းသား၊ ကျော်ကိုကို

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၏ အခြေခံအကြောင်းရင်းကို ကြည့်လျှင် စစ်ပွဲရပ်ရုံဖြင့် ငြိမ်းချမ်းရေး မရနိုင်ဟု သိနိုင်ပေသည် … နိုင်ငံရေးကိုအခြေခံကာ ဆွေးနွေးမှသာလျှင် ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ပေမည် … ထို့ပြင် စစ်ပွဲများကိုကြည့်လျှင်လည်း အပြတ် အသတ်ချေမှုန်းသုတ်သင်၍ အနိုင်ရသည်ထက် အပစ်အခတ် ရပ်စဲကာ နိုင်ငံရေးအရဆွေးနွေးမှ ငြိမ်းချမ်းရေးရနိုင်သည် …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ငြိမ်းချမ်းရေးဖော်ဆောင်မှုမှာ အပြောလွယ်သလောက် အလွန်ခက်ခဲလှသော လုပ်ငန်းဖြစ်လေသည်။ စစ်ဖြစ် သည်နှင့် စစ်ပွဲကို အနိုင်တိုက်နိုင်သူက အောင်နိုင်သူဖြစ်ကာ အနိုင်တိုက်ရာတွင် အနိုင်ဘက်မှ စွန့်လွှတ်သွား သူများက သူရဲကောင်းများဖြစ်လာသည်။ စစ်ရှုံးသူများတွင် သူရဲကောင်းဟူ၍ မရှိခဲ့ပေ။ အမှန်မှာမူ မိမိယုံ ကြည်မှုအတွက် အသက်စွန့်သွားသူများကို သူရဲကောင်းဟု သတ်မှတ်သင့်ပါသည်။ ရှုံးသူများဘက်မှ သူတို့၏ အကျိုးစီးပွားအား ကာကွယ်သူများကို သူရဲကောင်းဟု သတ်မှတ်သည်မှာ အဆန်း မဟုတ်တော့ပေ။ သူပုန်များ ဘက်မှ သူတို့ အကျိုးအတွက် စွန့်စားသူများဟု သတ်မှတ်ကြသလို အစိုးရ ဘက်မှလည်း သူတို့ဘက်မှ သူများ ကို သူရဲကောင်း ဆုတံဆိပ်များ ပေးအပ်ကြလေသည်။ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ကြိုးစားသည်မှာလည်း ဆိုးသော အလုပ်မဟုတ်ပေ။ ဖြစ်နေသော စစ်ပွဲကို ငြိမ်းချမ်းရေး တည်ဆောက်ဖို့ နှစ်ပေါင်း ၆၀ကျော်၊ ၇၀ နီးပါး ကြိုးပမ်းခဲ့သော်လည်း ယနေ့ထက်တိုင် ငြိမ်းချမ်းရေးမရရှိသည့် စစ်ပွဲမှာ အစ္စရေး- ပါလက်စတိုင်းစစ်ပွဲ ဖြစ်ပါ သည်။…

စစ်တိုက်နေရာမှ ကမ္ဘာက၀ိုင်း၍ စစ်ပွဲရပ်သွားအောင် ကြိုးစားသော်လည်း သူတို့ဒေသသည် ငြိမ်းချမ်း သာယာ သော ဒေသမဟုတ်ခဲ့ပေ။ ၁၉၄၇ ခုနှစ် ပါလက်စတိုင်းတို့နေသော ဒေသကို အင်္ဂလိပ်၊ ပြင်သစ်တို့၏ အကူအညီ ဖြင့် ဂျူးလူမျိုးတို့က နိုင်ငံထူထောင်ကာ လွတ်လပ်ရေး ကြေညာခဲ့သည်။ ထိုဒေသတွင် အခြေ တည် နေခဲ့သော ပါလက်စတိုင်း လူမျိုးများအား အီဂျစ်၊ ဂျော်ဒန်၊ ဂါဇာဒေသ၊ အနောက်ဘက်ကမ်း စသည်တို့ ကို နှင်ထုတ်ပစ်ခဲ့ သည်။ အ၀တ်တစ်ထည် ကိုယ်တစ်ခုဖြင့် နေစရာမရှိ၊ စားစရာမရှိ သည့်ဘ၀ကို ဂျူးလူမျိုးများနှင့် အနောက် နိုင်ငံများက ဖန်တီးပစ်ခဲ့၏။ ဂျူးတို့၏ ဇီယွန်ဝါဒသည် ပါလက်စတိုင်း ဆန့်ကျင်ရေး၊ အာရပ်ဆန့်ကျင်ရေး ၀ါဒ တစ်ခုလို အရှေ့အလယ်ပိုင်းတွင် အမေရိကန်နှင့် အနောက်နိုင်ငံများ၏ အားပေးကူညီမှုကြောင့် ဗိုလ်တစ် ဗိုလ် ဖြစ်လာခဲ့သည်။ ငြိမ်းချမ်းရေး တည်ဆောက်မှု ခက်ခဲပုံကို အစ္စရေး-ပါ လက်စတိုင်း ငြိမ်းချမ်းရေး ဆွေးနွေး ပွဲများ ကိုကြည့်လျှင် သိနိုင်လေသည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၏ အခြေခံအကြောင်းရင်းကို ကြည့်လျှင် စစ်ပွဲရပ်ရုံဖြင့် ငြိမ်းချမ်းရေး မရနိုင်ဟု သိနိုင်ပေသည်။ နိုင်ငံရေးကို အခြေခံကာ ဆွေးနွေးမှသာလျှင် ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ပေမည်။ ထို့ပြင် စစ်ပွဲများကိုကြည့်လျှင်လည်း အပြတ်အသတ်ချေမှုန်း သုတ်သင်၍ အနိုင်ရသည်ထက် အပစ်အခတ်ရပ်စဲကာ နိုင်ငံ ရးအရဆွေးနွေးမှ ငြိမ်းချမ်းရေး ရနိုင်သည်ကိုလည်း တွေ့ရလေသည်။ တောင်-မြောက် ကိုရီးယားစစ်ပွဲဆို လျှင်လည်း တောင်ဘက်မှ အမေရိကန်နှင့် သူ၏ မဟာမိတ်များက ၀င်ရောက်တိုက်ခိုက်သလို မြောက်ဘက်မှ ဆိုဗီယက်နှင့် တရုတ်တို့က ပါဝင်တိုက်ခိုက်ခဲ့သည်။ တောင်-မြောက်ကိုရီးယား စစ်ပွဲဖြစ်ရုံမက ဆိုရှယ်လစ်ကမ္ဘာ နှင့် အရင်းရှင်ကမ္ဘာတို့ တိုက်ပွဲလို ဖြစ်ခဲ့လေသည်။ နောက်ဆုံး ဂျီနီဗာတွင် တွေ့ဆုံကာ အပစ်အခတ် ရပ်စဲခဲ့ သော်လည်း ငြိမ်းချမ်းရေးစာချုပ်က ယခုအထိ မချုပ်ဆိုနိုင်ခဲ့ပေ။ ငြိမ်းချမ်းရေးရရှိဖို့ ခက်ခဲသည်မှာ ကိုရီးယား စစ်ပွဲက သာဓက ပြနေပါတော့သည်။

နောက်ထပ်ငြိမ်းချမ်းရေး စာချုပ်ချုပ် ဆိုနိုင်သော စစ်ပွဲမှာ ဗီယက်နမ်စစ်ပွဲဖြစ်သည်။ ထိုစစ်ပွဲမှာ ဒုတိယကမ္ဘာ စစ်ပြီးသည့် နောက်လူအများဆုံးသေသော စစ်ပွဲဖြစ်၏။ ဗီယက်နမ်ပြည်သူ ၂သန်းကျော် သေဆုံးခဲ့သလို အမေရိကန် စစ်သား ၇၀,၀၀၀ ကျော်လည်း ကျဆုံးခဲ့သည်။ နျူကလီးယား လက်နက်မှလွဲ၍ ကျန်ခေတ် အမီဆုံး လက်နက်များကို သုံးခဲ့လေသည်။ မြောက်ဗီယက်နမ်မှ လေပွမ်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟင်နရီ ကစ်ဆင်ဂျာတို့တွေ့ဆုံကာ ငြိမ်းချမ်းရေး စာချုပ်ချုပ်ဆိုခဲ့ကြ၏။ မြို့တော်ဆိုင်ဂုံကို ဗီယက်ကောင်းတို့က သိမ်း ပိုက်ကာ အမေရိကန်ရုပ်သေး အစိုးရကို ဖယ်ရှားနိုင်ခဲ့သည် ဆိုသော်လည်း တွေ့ဆုံဆွေးနွေးကာ ငြိမ်းချမ်းရေး တည်ဆောက် နိုင်ခဲ့လေသည်။ ဗီယက်နမ် နိုင်ငံ၏ ကံကြမ္မာကို ဗီယက်နမ်ပြည်သူများသာ ဖန်တီးနိုင်စွမ်း ရှိရ မည်ဟူသော နိုင်ငံရးသဘောတူညီချက်ဖြင့် စာချုပ်ချုပ်ဆိုခဲ့၏။ ဗီယက်နမ်နိုင်ငံအဖို့ အင်အားတောင့်တင်းေ သာ နိုင်ငံ ၂ နိုင်ငံ၏ ကျူးကျော်မှုကို ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။ ပြင်သစ်နယ်ချဲ့များကို ကမ္ဘာ့စစ်ပွဲသမိုင်း၌ အကြီး ကျယ်ဆုံး တိုက်ပွဲတစ်ခုအဖြစ် သတ်မှတ်ခံထားရသည့် ဒိန်ဘင်ဖူးခံတပ် စစ်ပွဲကဲ့သို့ စစ်ပွဲကြီးကို ဗီယက်နမ် မျိုးချစ်များက အနိုင်တိုက်နိုင်ခဲ့ပြီး ပြင်သစ်တို့နှင့် စာချုပ်ချုပ်ဆိုခဲ့သည်။ နိုင်ငံရေး သဘောတူညီချက်ဖြင့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။

ကမ္ဘာပေါ်တွင် ပြည်တွင်းစစ် အရှည်ကြာဆုံးနိုင်ငံများ၌ မြန်မာနိုင်ငံလည်း ပါဝင်လေသည်။ အာရှတိုက်နိုင်ငံ များတွင် ယခုအထိ ပြည်တွင်းစစ်ဖြစ်ပွားနေသော နိုင်ငံများရှိပါသည်။ အိနိ္ဒယ၊ ဖိလစ်ပိုင်တို့တွင် လည်းရှိသည်။ ထိုင်းနိုင်ငံတွင် ထိုင်းတောင်ပိုင်း မွတ်ဆလင် ခွဲထွက်ရေးသမားများနှင့် ထိုင်းအစိုးရတို့၏ တိုက်ပွဲများလည်း ရှိလေသည်။ မြန်မာနိုင်ငံရှိ ပြည်တွင်းစစ်မှာမူ အရှည်ကြာဆုံး ဖြစ်ပါသည်။ လက်တင် အမေရိက နိုင်ငံများတွင် လည်း ယခုထက် တိုင်မပြေငြိမ်းနိုင်သော ပြည်တွင်းစစ်များ ဆင်နွှဲနေကြလေသည်။ ထို့ပြင် အာဖဂန် နစ္စတန်၊ အီရတ်တို့မှ စစ်ပွဲများမှာလည်း နည်းလမ်းပေါင်းစုံနှင့် တာရှည် နေကြလေသည်။ ၁၉၄၈ ခုနှစ် ကတည်းက နယ်ချဲ့သမား၏ အမွေဆိုးကို ဆက်ခံကျင့်သုံးသော ဗမာလူမျိုးကြီးဝါဒ၏ ဖိနှိပ်ချုပ်ချယ်ခြင်းကြောင့် တိုင်းရင်း သားလူမျိုးများ၏ ပုန်ကန်မှုများမှာ နိုင်ငံနှင့်အ၀န်းဖြစ် ပေါ်လာခဲ့သလို ကွန်မြူနစ်ဆန့်ကျင်ရေးအလံကို ကိုင်စွဲ ခဲ့သော ဖဆပလအစိုးရ၏ ဖိနှိပ်မှုကြောင့်လည်း ဗမာပြည်ကွန်မြူနစ်ပါတီ၊ အလံနီကွန်မြူနစ်ပါတီ၊ ပြည်သူ့ ရဲဘော်ပါတီ စသည်တို့သည် မြေပေါ်တွင် မရပ်တည်နိုင်တော့ဘဲ ဒီမိုကရေစီ အခွင့်အရေးအားလုံး ပိတ်ပင်ခံရ ကာ လက်နက်စွဲကိုင်၍ ဖဆပလ အစိုးရကို စတင်တော်လှန်ခဲ့ကြခြင်း ဖြစ်ပါသည်။

၁၉၅၈ ခုနှစ်၌ အစိုးရကလက်နက်နှင့် ဒီမိုကရေစီလဲရေး ကမ်းလှမ်းချက်ဖြင့် ပြည်သူ့ ရဲဘော်တို့ ကို မြေပေါ်လာ အောင် လက်နက်ချစေခဲ့သည်။ မြေပေါ်ရောက်လာသော ပြည်သူ့ရဲဘော်များမှာလည်း ဆက်လက် ဖိနှိပ်ခံရ၏။ သူတို့မှာ အတိုက်အခံများ ဖြစ်လာသည်။ အစိုးရ အဆက်ဆက်သည် သူတို့၏အာဏာနှင့်အကျိုးကို မထိခိုက် စေသော ဒီမိုကရေစီဆိုသော ကန့်သတ်မှုရှိသည့် လွတ်လပ်ခွင့်ကိုကား ပေးထား၏။ သို့သော် စားပွဲဝိုင်းတွင် ဆွေးနွေးခွင့်၊ တန်းတူညီတူ ညှိနှိုင်းခွင့်ကားမပေးခဲ့ပေ။ ဖဆပလအစိုးရလက်ထက်၊ ပထစအစိုးရ လက် ထက်၊ အိမ်စောင့်အစိုးရ လက်ထက်တို့တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ မရှိခဲ့သော်လည်း ၁၉၆၃ ခုနှစ်တွင် အာဏာ သိမ်းဗိုလ်နေ၀င်း အစိုးရက ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည်။ သို့သော် ထိုငြိမ်း ချမ်းရေး ဆွေးနွေးပွဲမှာလည်း ပျက်သွားခဲ့ရပါသည်။ ၁၉၅၈ ခုနှစ်ကတည်းက ဖဆပလ အစိုးရ နှင့် ဆွေးနွေးရန် ဗမာပြည်ကွန်မြူနစ် ပါတီမှ ဗိုလ်ရဲထွဋ်သည် ရန်ကုန်သို့ ရောက်ရှိခဲ့ပါသည်။ သို့သော် မအောင်မြင်ခဲ့ပေ။ ၁၉၆၃ ခုနှစ်တွင်လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ သမိုင်းတွင် အကြီးကျယ်ဆုံး တစ်ခုဟု ခေါ်ရမည့် ၆၃ခုနှစ် ငြိမ်းချမ်းရေးဆွေး နွေးပွဲကြီး ကို ဗကပ၊ အလံနီ၊ ကရင်တော်လှန်ရေး ကောင်စီစသည့် အင်အားတောင့်တင်းသော လက်နက်ကိုင် တော်လှန် ရေးအဖွဲ့များနှင့် ရန်ကုန်မြို့တွင် ၁၉၆၃ ခုနှစ်၊ ဇူလိုင်လမှစ၍ ဆွေးနွေးပွဲများ စတင်ပြု လုပ်ခဲ့လေသည်။

ဗမာ ပြည်ကွန်မြူနစ်ပါတီ ဘက်မှ ဗိုလ်ဇေယျ၊ ရဲဘော်အောင်ကြီး၊ သခင်ပုနှင့် သခင်ဗသိန်းတင် တို့သည် တရုတ်ပြည်မှတစ်ဆင့် ရောက်ရှိလာသည်။ စက်တင်ဘာ ၂ ရက်တွင် ရဲဘော်ဌေး ဦးဆောင်သော ဗမာပြည် ကွန်မြူနစ် ပါတီ ကိုယ်စားလှယ်အဖွဲ့လည်း ပဲခူးရိုးမမှ ရောက်ရှိလာသည်။ မဒညတ အနေဖြင့် သခင်ဇင် အပါ အ၀င် ပေါ်လစ်ဗြူရိုအဖွဲ့လည်း ရောက် ရှိကာ ဆွေးနွေးကြသည်။ အလံနီကွန်မြူနစ်ပါတီမှ သခင်စိုး၊ ဒေါ်ငွေစံ၊ ရဲနီကျော်ဝင်းတို့လည်း လာရောက်ခဲ့သည်။ တော်လှန်ရေးကောင်စီဘက်မှ ပထမဗိုလ်မှူးကြီးေ စာမြင့် ခေါင်း ဆောင်သော ကိုယ်စားလှယ်အဖွဲ့က ဆွေးနွေးပြီးနောက် ဗိုလ်မှူးကြီးလှဟန်ကို တာဝန်ပြောင်း ကာ ဆွေး နွေးစေလေသည်။ ပြည်သူလူ ထုကလည်း ပြည်တွင်း ငြိမ်းချမ်းရေးကို တောင်းဆိုကာ ၆ ခရိုင်ဆန္ဒပြပွဲကြီးကို ပြုလုပ်ခဲ့သည်။ စစ်ကြောင်း ၂ ကြောင်းဖြင့် ခြေလျင် ချီတက်ကာ ရန်ကုန်မြို့တွင် စုဝေးခဲ့သည်။ ပထမ စစ်ကြောင်းမှာ ရန်ကုန်- မင်းလှစစ်ကြောင်း ဖြစ်ကာ မိုင် ၁၀၀ ကွာ၏။ ဒုတိယ စစ်ကြောင်းမှာ ပဲခူးမှနေ ရန်ကုန်ဖြစ်သည်။ ပြည်သူလူထု ၁သိန်းကျော် ထို ၆ခရိုင် ဆန္ဒပြပွဲတွင် ပါဝင်ခဲ့လေသည်။

သို့သော် ၁၉၆၃ ခုနှစ် ငြိမ်းချမ်းရေးတွေ့ဆုံပွဲကား မအောင်မြင်ခဲ့ပေ။ ဇူလိုင်လကစပြီး ဆွေးနွေးခဲ့သော ငြိမ်းချမ်း ရေးဆွေးနွေးပွဲမှာ နိုဝင်ဘာလ တွင် ပျက်ပြားသွားလေတော့သည်။ ထိုအချိန်က အစိုးရအာဘော်ရှေ့သို့ ဂျာနယ် မျက်နှာဖုံး တွင် “သူတို့ပြည်သူကို ကျောခိုင်းသွားလေပြီ” ဟုဖော်ပြထားပြီး ရဲဘော်ဌေးဦးဆောင်သော ဗမာပြည် ကွန်မြူနစ်ပါတီ အဖွဲ့ဝင်များ ချောင်းကိုဖြတ်ပြီး တောထဲဝင်သွားပုံကို နောက်မှနေ ရိုက်ထားသောပုံမှာ စစ် အစိုးရ ၀ါဒဖြန့်ချိရေးတွင် အောင်မြင်သော ပုံတစ်ပုံဖြစ်ခဲ့သည်။ ဗိုလ်သန်းရွှေခေတ်အထိ စစ်အစိုးရအဆက် ဆက်တွင် ထိုဓာတ်ပုံကိုပြ၍ လုပ်ကိုင်စားသောက်ခဲ့ကြပါသည်။ စင်စစ် အားဖြင့် တော်လှန်ရေးအင်အားစု လက် နက်ကိုင်အဖွဲ့များက ကျောခိုင်းသွားခြင်းမ ဟုတ်ဘဲဗိုလ်နေ၀င်းစစ်အစိုးရကသာ ပြည်သူ၏ဆန္ဒကို မျက်ကွယ်ပြု ၍ ငြိမ်းချမ်းရေးကို ဖျက်ဆီးလိုက်ခြင်းဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ထိုသို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက် အောင် ၁၉၆၃ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် တော်လှန်ရေးကောင်စီက အောက်ပါအချက်များကို တောင်း ဆိုခဲ့ခြင်းကြောင့် ဖြစ်လေသည်။ ထိုအချက်များမှာ- (၁) လက်နက်ကိုင်တပ်ဖွဲ့များအားလုံး အစိုးရက သတ်မှတ် ပေးထားသော သတ်မှတ်နယ်မြေမှာသာ လှုပ်ရှားရမည်။

(၂) အစိုးရစစ်တပ်၏ ခွင့်ပြုချက်မရဘဲ သတ်မှတ်ထားသော နယ်မြေမှ အပြင်သို့ ထွက်ခွင့်မရှိ။

(၃) လက်နက်ကိုင်တပ်ဖွဲ့များ လှုပ်ရှားလုပ်ကိုင်နေသော နိုင်ငံရေးလုပ်ငန်း၊ စည်းရုံးရေးလုပ်ငန်း အပါအ၀င် လုပ်ငန်းအားလုံးကို ရပ်ဆိုင်းပစ်ရမည်။

(၄) လက်နက်ကိုင်တပ်ဖွဲ့များ၏ ဘဏ္ဍာငွေရှာဖွေရေးနှင့် စီးပွားရေးလုပ်ငန်း အားလုံးကို ရပ်တန့်ပစ်ရမည်

ဆိုသော အချက်များအားလုံးကို ဗိုလ်နေ၀င်းစစ်ကောင်စီ က တောင်းဆိုခဲ့သဖြင့် ပြည်တွင်းငြိမ်းချမ်းရေး အတွက် တွေ့ဆုံဆွေးနွေးပွဲမှာ တန်းတူညီတူ တွေ့ဆုံဆွေးနွေးပွဲ မဟုတ်တော့ဘဲ အဖွဲ့အားလုံးကို လက်နက်ချ ခိုင်းခြင်း ဖြစ်သဖြင့် ၁၉၆၃ခုနှစ် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်သွားရခြင်းဖြစ်ပါသည်။

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

မေ ၂ ရက် အမေရိကန်ပြည်ထောင်စု လတ်ဗီးဂတ်စ်မှာ ယှဉ်ပြိုင်သွားတဲ့ အမေရိကန် လက်ဝှေ့သမား မေ၀ယ်သာနဲ့ ပတ်ကွီရို ပွဲကို စောင့်ကြည့်တဲ့ ပရိသတ်အများ စိတ်ပျက်ခဲ့ပါတယ်။

ဒီပွဲမှာ မေ၀ယ်သာက ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်နဲ့ တညီတညွတ်တည်း အနိုင်ရသွားပေမယ့် ပွဲကျင်းပတဲ့ အမ်ဂျီအမ် ဂရင်းမှာ လာရောက်ကြည့်ရှုတဲ့ ပရိသတ် အများစုက ပတ်ကွီရိုကို အနိုင်ရစေချင်တယ်လို့ ယူအက်စ်တူဒေးသတင်းမှာ ရေးပါတယ်။

လူအုပ်က မန်နီ မန်နီလို့ အော်ဟစ်ခဲ့ပေမယ့်လည်း ပွဲအပြီးမှာတော့ မေ၀ယ်သာ နိုင်သွားတာကို စိတ်ပျက်လက်ပျက်တွေ့ခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

မေ၀ယ်သာက အရပ်ရှည်တာကို အခွင့်ကောင်းယူပြီး ဗျူဟာ ကျကျ အနိုင်ယူသွားတယ်လို့ ဆိုပါတယ်။

ဒါအပြင် ဒီပွဲကို ရုပ်သံကနေတဆင့် ကြည့်ခဲ့တဲ့ ပရိသတ် အများစုက မေ၀ယ်သာရဲ့ ခံစစ်ကစားတဲ့ စတိုင်နဲ့ ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်ကို စိတ်ပျက်ခဲ့တယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီယံဟောင်း မိုက်တိုင်ဆန်ကတော့ ဒီလိုပွဲအတွက် ၅ နှစ်တောင် စောင့်ခဲ့ရသတဲ့လားဆိုပြီး လူမှုရေး ကွန်ရက် တွစ်တာ စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

ပရီးမီးယားလိဂ်က ကျူပီအာ အသင်းခေါင်းဆောင် ဂျိုဆေးဘာတန်က မေ၀ယ်သာ ပြောတော့ အလီထက်တောင် ပိုကောင်းတဲ့ အကြီးကျယ်ဆုံး လက်ဝှေ့သမား ဖြစ်တယ် ပြောပြီး ထွက်ပြေးနေတာလား လို့မေးခွန်းထုတ်လိုက်ပြီး ကြည့်ရတာ အရမ်းဆိုးသလို ပျင်းစရာကောင်းတယ်လို့ တွစ်တာ စာမျက်နှာမှာ ရေးပါတယ်။

လက်မှတ်တွေက ဈေးကြီးပြီး ထိုးတာက စိတ်ပျက်စရာ ဖြစ်နေတယ်ဆိုတဲ့ ရေးသားချက်တွေကလည်း အင်တာနက် စာမျက်နှာပေါ်မှာ ပျံနှံနေပါတယ်။

ရေလွှာလျှောစီးသမား ကယ်လီ ဆလာတာက မေ၀ယ်သာဟာ မျက်လှည့်သမားလားဆိုတာနဲ့ ပတ်သက်ပြီး ငြင်းစရာမရှိပေမယ့် မာရသွန်လည်း ၀င်ပြေးသင့်တယ်လို့ ရေးပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/91503

မေလ ၃ ရက်နေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ပြည်လမ်းပေါ်ရှိ NOVOTEL HOTEL တွင်ပြုလုပ်သော WORLD PRESS FREEDON DAY အခမ်းနားကို တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောကြားခဲ့သည်။ အဆိုပါအခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ သံတံမန်များ၊ နိုင်ငံတကာမှ စာနယ်ဇင်းသမားများ၊ ပြည်တွင်းမှ စာနယ်ဇင်း သမားများတက်ရောက်ခဲ့သည်။

WORLD PRESS FREEDON DAY အခမ်းနားသို့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်*********************************************************************************မေလ ၃ ရက်နေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ပြည်လမ်းပေါ်ရှိ NOVOTEL HOTEL တွင်ပြုလုပ်သော WORLD PRESS FREEDON DAY အခမ်းနားကို တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောကြားခဲ့သည်။ အဆိုပါအခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ သံတံမန်များ၊ နိုင်ငံတကာမှ စာနယ်ဇင်းသမားများ၊ ပြည်တွင်းမှ စာနယ်ဇင်း သမားများတက်ရောက်ခဲ့သည်။

Posted by NLD Chairperson on Saturday, May 2, 2015
NLD Chairperson


 မေလ ၂ ရက်နေ့ မနေ့က လားရှိုးကနေ မိုးကုတ်ကို သွားတဲ့ ခရီးသည်တင် ဗင်ကားတစီးကို ကျောက်မဲမြို့အနီး ပန်ဂွမ်ရွာအရောက်မှာ ဒေသအခြေစိုက် အစိုးရတပ်ရင်း ၁ဝ၇ တပ်ဖွဲ့ဝင်တစ်ဦးက သေနတ်နဲ့ပစ်ခတ်လို့ အသက် ၂ဝ အရွယ် ခရီးသည်အမျိုးသမီးတစ်ဦး သေဆုံးသွားပါတယ်။

နေ့လည် ၁ နာရီခန့်က ဖြစ်ပွားတဲ့အဲ့ဒီပစ်ခတ်မှုကြောင့် ဒဏ်ရာရတဲ့အမျိုးသမီးကို တပ်ရင်း ၁ဝ၇ စစ်သားတွေက အနီးအနားမှာရှိတဲ့ အိမ်တစ်လုံးကို သယ်သွားပြီးနောက် စစ်တပ်က ဆေးမှူးတစ်ဦး လာရောက်ကြည့်ရှုကာ ပစ်ခတ်ခံရတဲ့ ဗင်ကားနဲ့ပဲ ကျောက်မဲဆေးရုံကို ပို့ခိုင်းခဲ့ပါတယ်။ နေ့လည် ၃ နာရီခန့် ဆေးရုံရောက်ရှိချိန်မှာ လူနာသေဆုံးပြီးဖြစ်တယ်လို့ ကျောက်မဲဆေးရုံအုပ်ကြီး ဒေါက်တာ ဦးအောင်အောင်က RFA ကို ပြောပါတယ်။

"အရေးပေါ်ဆရာဝန်လေးတွေ သူတို့ကြည့်ထားတာဆိုတော့ ကျနော်တို့ဆီကိုရောက်တော့ ၃ နာရီလောက်ပဲ၊ ကျနော်တို့ဆီရောက်တော့ အသက်မရှိတော့ဘူးဗျ၊ ဒီနေ့မှ အလောင်းခွဲမလားမသိဘူး၊ လောလောဆယ်တော့ ကျနော်တို့ ရေခဲတိုက်မှာထည့်ထားတယ်၊ ကျနော်တို့က အခုအထိတော့ အလောင်းမခွဲစိပ်ရသေးဘူး"

အစိုးရစစ်တပ်က အဲ့ဒီနေရာမှာ လာတဲ့ကားတွေကိုတားပြီး ငွေကြေးကောက်ခံလေ့ရှိကြောင်းနဲ့ အခု အပစ်ခံရတဲ့ ကားက ရပ်တံ့ခိုင်းတဲ့နေရာကို အနည်းငယ်ကျော်သွားခဲ့ချိန်မှာ သေနတ်နဲ့ပစ်ခတ်ခံရတာဖြစ်ကြောင်း ဒေသခံ တအန်းအမျိုးသမီးအဖွဲ့ အထွေထွေအတွင်းရေးမှူး လွေးပိုးညူး က RFA ကိုပြောပါတယ်။

"သူတို့က အခွန်ပိုက်ဆံတောင်းတယ်ပေါ့နော်၊ ဒီအတိုင်းပဲ ကားက သူတို့ကိုရပ်ခိုင်းတဲ့နေရာကို နည်းနည်းတော့ကျော်သွားတာပေါ့၊ အချိန်နဲ့လာတယ်ဆိုတော့ ကားကနည်းနည်းကျော်သွားလို့ အဲ့ဒါပစ်တာ၊ ပထမဦးဆုံး ကားကတော့ထိတာပေါ့နော်၊ နောက်တစ်ခုက အသက် ၂ဝ ကျော် ခရီးသည်အမျိုးသမီး တစ်ယောက် ထိတာပါ"

အဲ့ဒီခရီးသည်အမျိုးသမီးဟာ ကျောက်မဲဆေးရုံကိုမပို့ခင် အခင်းဖြစ်ပွားရာဒေသမှာပဲ သေဆုံးတာလား ဒါမှ မဟုတ် ဆေးရုံပို့စဉ် လမ်းမှာသေဆုံးသွားတာလားဆိုတာ မသိရသေးပါဘူး။ မြန်မာအစိုးရအာဏာပိုင်တွေ ကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး တစ်စုံတရာထုတ်ဖေါ်ပြောကြားခြင်း မရှိသေးပါဘူး။

RFA Burmese
http://www.rfa.org/burmese




(၁)ဦးအုန်းသန်း
ထောင်အပြင် တန်းမရှိဆိုတဲ့စကားကို ဘယ်သူစထွင်ခဲ့တယ်တော့မသိ ။ တကယ်တန်းကျတော့ ထောင်ဆို တာကြီးထဲမှာ ထောင်အပြင် တိုက် ၊ ဒေါက် ခြေကျင်း ၊ ကော်နဲ့ ရိုက်နှက်ညှင်းပန်းနှိပ်စက်မှုများစွာ ၊ လူ့ဂုဏ် သိက္ခာမဲ့စေမှုများစွာ ၊ လူဖြစ်ရှုံးစေမှုများစွာ ရှိနေပါသေးတယ် ။
သာမန်အားဖြင့် တိုက်ပိတ်ခံရတယ် ၊ ခြေကျင်းခတ်ခံရတယ်ဆိုတာတွေကို ထောင်ထဲကို ကိုယ်တိုင်ကိုယ် ကျမရောက်ဘူးလည်း ကြားဘူးနားဝရှိကြနိုင်ပေမဲ့ ဒေါက်ခတ်ခံရတယ် ၊ ကော်ကြွေးခံရတယ်ဆိုတာတွေက တော့ ကိုယ်တိုင်ထောင်ထဲရောက်ဘူးမှ ဂ⁠ဂဏ⁠ဏသိနိုင်မယ်ထင်ပါတယ်။
အဖမ်းဆီးမခံရဘူးသူတွေသိနိုင်အောင်ပြောပြရ⁠ရင်….
တခါတရံတရားရုံးတွေမှာ ၊ ရဲဘက်စခန်းတွေမှာ ၊ ထောင်အနီးနားဝန်းကျင်တွေမှာ ခြေကျင်းခတ်ခံထားရသူ တွေကို တွေ့မြင်ဘူးကြပါလိမ့်မယ် ။ ခြေကျင်းဝတ်နေရာမှာ သံခြေကျင်းကွင်းကို တစ်ဘက်တစ်ကွင်းခတ် ထားပြီး သံကွင်းတစ်ကွင်းခံဆက်ထားတဲ့ တစ်ပေခွဲလောက်အရှည်သံချောင်းနှစ်ချောင်းကို ခြေကျင်းဝတ်သံ ကွင်းမှာ တစ်ဘက်တစ်ချောင်းထည့်တုပ်နှောင်ထားတာကို သံခြေကျင်းခတ်တယ်လို့ ခေါ်ပါတယ် ။
အဲ့ဒီသံခြေကျင်းက သွားလာလှုပ်ရှားမှုလေးလံနှေးကွေးစေတာကလွဲရင် သူ့ချည်းသက်သက်က ခြေနှစ် ချောင်းကို စုရပ်လို့ရသလို ကားလို့လည်းရပါတယ် ။ ဒေါက်ခတ်ခံရ⁠ရင်တော့ ခြေနှစ်ချောင်းက အကွာအဝေး ပုံသေဖြစ်သွားပြီး ကားလို့စုလို့မရတော့ပဲ လမ်းသွားတဲ့အခါ ခြေလှန်းဘို့ခက်တဲ့အခြေနေမျိုးဖြစ်စေပါတယ် ။ ခြေကျင်းဝတ်နေရာက သံကွင်းတစ်ကွင်းနဲ့တစ်ကွင်းကို သံချောင်းအဖြောင့်တစ်ချောင်းထည့်ဆက်လိုက်တာ ကို ဒေါက်ခတ်တယ်လို့ခေါ်ပါတယ်။ တပ်ဆင်တဲ့ သံချောင်းအရှည်ပေါ်မူတည်ပြီး ဒေါက်တို ဒေါက်ရှည်ခွဲခြား ခေါ်ကြပါသေးတယ် ။
ဒေါက်ခတ်တယ်ဆိုတာ အကျဉ်းသားတွေအပေါ် ခြောက်လှန့်နိုင်စားဘို့ ထောင်အာဏာပိုင်တွေရဲ့ လုပ်ပိုင် ခွင့်လိုဖြစ်နေတဲ့ ထောင်တွင်းပြစ်ဒါဏ်ပေးမှုတမျိုးပါပဲ ။ လူ့ဂုဏ်သိက္ခာမဲ့စေတဲ့ ၊ လူ့အခွင့်အရေးချိုးဖေါက်တဲ့ နယ်ချဲ့ခေတ်ကဆိုးမွေတွေကို ဆက်အသုံးပြုနေတာပဲဖြစ်ပါတယ်။

ကော်ကျွေးတယ်ဆိုတာက သာမန်တိုက်ပိတ် ၊ ဒေါက်ခတ် ၊ ပုံစံပေးရိုက်နှက်ဆိုတဲ့ပြစ်ဒါဏ်တွေထက် အပြစ် ပိုကြီးတယ်လို့ ထောင်အာဏာပိုင်ကဆုံးဖြတ်တဲ့အခါ ထမင်းမကျွေးပဲ ဆားငံတဲ့ကော်ပြစ်ပြစ်ကို ထမင်း အစား မသေယုံတမယ်ကျွေးတာပဲ ဖြစ်ပါတယ် ။
အဲ့ဒီလို ထောင်အပြင် တိုက်ပိတ်ခံတာလည်းရှိတဲ့အကြောင်းကို ထောင်ထဲရောက်တာနဲ့ ကိုယ်တိုင် တိုက်ပိတ်ခံသိရပြီးတဲ့နောက်မှာ ဒေါက်ခတ်ခံရတယ်ဆိုတာဘယ်လိုဆိုတာနဲ့ ကော်ကျွေးခံရတယ်ဆိုတာ ဘယ်လိုဆိုတာကို ကိုယ်တွေ့ခံစားသိနိုင်ဘို့ ဘ၀မှတ်တမ်းအစိတ်ပိုင်းတစ်ချို့ဖြစ်လာစေခဲ့တာကတော့ စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲကြီးထဲမှာ ရဲ⁠ရဲရင့်ရင့်ကိုယ်ကျိုးစွန့်ပါဝင်ခဲ့တဲ့ သူရဲကောင်းတစ်ယောက် ဖြစ်ပေမဲ့ နောက်ပိုင်းမှာလူတွေမေ့လျော့နေခဲ့တဲ့ ဦးအုန်းသန်း ၊ မန္တလေးထောင် ၃ တိုက်ထဲကိုရောက်လာခဲ့ လို့ပါပဲ ။

နှစ်အစိတ်ဝန်းကျင်လောက်ကြာပီဆိုတော့ ဦးအုန်းသန်း ကျနော်တို့ ၃ တိုက်ကိုရောက်လာတဲ့နေ့ကို ဘယ် လဘယ်ရက်လို့ မမှတ်မိတော့ပေမဲ့ ကိုတင်ဌေးခေါ် ကိုပျော့(Ever Green) ၊ ကိုစိန်ညိုထွန်း(ရှေ့နေ) ၊ အကို ကာတွန်းဝင်းအောင်(မန္တလေး)နဲ့ ကျနော်တို့ လေးယောက် အခန်းနံပါတ် ၁၀ မှာ အတူနေကြတဲ့အချိန်ဆို တာတော့ အတိအကျမှတ်မိပါတယ် ။
(ဘာကြောင့် အတူနေဆရာသမားများကို အတိအကျမှတ်မိနေရတယ်ဆိုတဲ့အကြောင်း နောက်ခေါင်းစဉ်တ ခုနဲ့ သီးခြားရေးပါဦးမည်)

အဲ့ဒီနေ့တစ်နေ့ရဲ့ နေ့လည်ပိုင်းမှာ ကျနော်တို့တိုက်ကို ဦးအုန်းသန်းရောက်လာပါတယ် ။ ကျနော်တို့ ၃ တိုက်ရဲ့ နောက်ဆုံး(အစွန်ဆုံး)အခန်းဖြစ်တဲ့ အခန်းနံပါတ် ၁၃ ၊ ကြိုးစင်ဟောင်းဘေးကပ်လျက်အခန်း ၊ ကျနော်တို့နဲ့ နှစ်ခန်းပဲခြားတဲ့အခန်းကို တစ်ယောက်ထဲရောက်လာတာပါ ။
လူသစ်ရောက်တယ်သတင်းကြားလို့ တခန်းနဲ့တခန်းလှန်းမေးစုံစမ်းကြတော့ နိုင်ငံရေးအကျဉ်းသားတွေပဲ ထားတဲ့ သီးသန့်ထောင်ဘက်ခြမ်းကနေ ထောင်စည်းကမ်းလိုက်နာပါမည်လို့ လက်မှတ်မထိုးလို့ ရောက် လာတာဖြစ်တဲ့အကြောင်း ၊ ဦးအုန်းသန်းဖြစ်ကြောင်းသိရတော့ ဦးအုန်းသန်းနဲ့သိတဲ့ ၊ သူကိုယ်တိုင်လည်း သီးသန့်ထောင်ဘက်ကနေမှ တိုက်ပိတ်ပြစ်ဒါဏ်နဲ့ရောက်လာသူတစ်ယောက်ဖြစ်တဲ့ အကိုကာတွန်းဝင်း အောင်က ချက်ချင်းပဲ တိုက်နံရံကျော်တက် အခန်းကူးသွားတွေ့ပါတယ် ။
ဒီနေရာမှာ ၃ တိုက်အကြောင်းလေးနည်းနည်း ကြားဖြတ်ပြောပြချင်ပါတယ် ။ ၃ တိုက်တိုက်ခန်းက အမိုး မရှိတဲ့၁၂ ပေx ၈ ပေ အပြင်ဘက်ခန်းနဲ့ သံတံခါးတစ်ချပ်သာအပေါက်ရှိတဲ့ ၁၀ ပေ x ၈ ပေ အလုံပိတ်ခန်း နှစ်ဆင့် ဖြစ်ပါတယ် ။ ညဘက်ထောင်ပိတ်ချိန်မှာ အတွင်းအလုံပိတ်အခန်းထဲ သံတံခါးပိတ်ထည့်ထားသလို မနက်ထောင်ဖွင့်ချိန်မှာ သံတံခါးလာပြန်ဖွင့်ပေးပြီး တိုက်အပြင်လျှောက်လမ်းကိုထွက်တဲ့ သစ်သားတံခါးကို သာ ပိတ်ထားပါတယ် ။ သံတံခါးမဖွင့်ပေးပဲ အလုံပိတ်အခန်းကျဉ်းလေးထဲမှာပဲ နေ့ရောညပါထားတဲ့ နေ့တွေ လည်း မရေတွက်နိုင်အောင်ရှိပါတယ် ။

အပြင်ခန်းရဲ့ရှေ့ဘက်မှာ အခန်းအားလုံးကိုတောက်လျှောက်ဆက်သွယ်ထားတဲ့ ရေမြောင်းရှိပါတယ် ။ တခန်းနဲ့တခန်းကြားမှာတော့ အမိုးမရှိပဲ ၈ ပေအမြင့်အုတ်ရိုးတချပ်ကာထားပါတယ် ။ ငယ်ရွယ်ပေါ့ပါးတဲ့သူ တွေက တခန်းနဲ့တခန်းကြားက အုတ်ရိုးကိုဆွဲခိုကျော်တက် အခန်းကူးပြီးစကားသွားပြောတာမျိုး လုပ်ကြပါ တယ် ။ အသက်ရွယ်ကြီးပြီး အခန်းမကျော်နိုင်သူတွေကတော့ ရေမြောင်းပေါက်လေးနားငုတ်တုတ်ထိုင်ပြီး ပြောဆို ဆေးလိပ်ပေး ပစ္စည်းပေးလုပ်ကြပါတယ် ။

မတရားဖမ်းဆီးထောင်ချခံနေကြရပြီး ပျင်းရိငြီးငွေ့စရာနေ့တွေမှာ အနေကြာလာတော့ အဲ့လို အခန်းနံရံ ကျော်တက် အခန်းကူးစကားပြောဆိုတာကို လူဝတ်လဲခံထားရတဲ့ ဆရာတော်သံဃာတော်တွေတောင် လုပ်ဖြစ်ခဲ့ကြပါတယ် ။ မန္တလေးမြို့ရဲ့ သံဃာ့အာဇာနည်တစ်ပါးဖြစ်တဲ့ ဆရာတော်ဦးရေ၀တ နံရံကျော်တက် အခန်းကူးပြီး နိုင်ငံရေးဆွေးနွေးတာကို (နှစ်အစိတ်ကျော်ကြာအောင် အကိုကာတွန်းဝင်းအောင် မမေ့ မလျော့ မှတ်ထားခဲ့တဲ့ ) ပျော်စရာစာချိုးထားတာလေးတစ်ပိုဒ်တောင် ရှိခဲ့ပါတယ် ။

သုံးတိုက်မှာပျော် ၊ ဆရာတော်ဦးရေ၀တ ၊ တိုက်ကျော်ကာဈာန်ပျံကြွတယ် ၊ ဖူးလိုက်ပါရ … တဲ့ ။
အဲ့ဒီလို တိုက်နံရံကျော်တက် အခန်းကူး စကားပြော ဆေးလိပ် ၊ ဟင်း ၊ သတင်း အပြန်လှန်အပေးယူလုပ် ကြနဲ့ ။ ထောင်ဝါဒါတွေမိတော့လည်း ရိုက်နှက်ခံ ၊ ဒေါက်ခတ်ခံ ၊ တိုက်ပိတ်ခံရဆိုတာ ၃ တိုက်ရဲ့ အစဉ်လာ လိုဖြစ်နေခဲ့တာပါပဲ ။

အကို ကာတွန်းဝင်းအောင်အခန်းပြန်ရောက်လာတာနဲ့ အကြောင်းစုံသိရပါတယ် ။ ဦးအုန်းသန်းအကြောင်း ရော ၊ သီးသန့်ထောင်ဘက်မှာ ဖြစ်လာတဲ့ ပြဿနာအကြောင်းရော ပြောကြတာကို နားထောင်ရပါတယ် ။

ဦးအုန်းသန်းက ရှစ်လေးလုံးအရေးတော်ပုံမတိုင်ခင်က ဗန်းမော်/ကသာဘက်မှာတာဝန်ကျတဲ့ သစ်တော အရာရှိတစ်ယောက်ဖြစ်ပါတယ်။ မဆလကိုဆန့်ကျင်ခဲ့သလို စစ်တပ်ကအာဏာသိမ်းပြီးချိန်မှာလည်း ယုံ ကြည်တဲ့ အတိုင်းပဲရပ်တည်ပြောဆိုခဲ့လို့ အရေးယူထောင်ချခံခဲ့ရသူဖြစ်ပါတယ် ။
သီးသန့်ထောင်ဘက်မှာ ပြဿနာ ဖြစ်လာရတဲ့အကြောင်းက အဲ့ဒီနေ့မှာ ထောင်ဝါဒါတစ်ယောက်က ဦးအုန်း သန်းအိပ်တဲ့နေရာအပါအ၀င် အိပ်ဆောင်ထဲကို ညစ်ပတ်ပေရေနေတဲ့စစ်ဘိနပ်ဝတ်လျက် ဖြတ်လျှောက်တဲ့ အတွက် ဦးအုန်းသန်းကလိုက်ခေါ်ပြီး “မင်းထက်အသက်ရွယ်အများကြီးကြီးတဲ့သူတွေအိပ်တဲ့နေရာကို ဘိ နပ်စီးမသွားသင့်ဘူး”လို့ပြောလိုက်ပါတယ် ။ ၀ါဒါက “ခင်ဗျားလိုအကျဉ်းသားက ကျုပ်လိုဝန်ထမ်းကို မင်းငါနဲ့ ပြောစရာလား ၊ ခင်ဗျားထောင်စည်း ကမ်းနားမလည်ဘူးလား” လို့ဟိန်းဟောက်ပြီးပြောတော့ “မင်းဘာမှ ငါ့ကို ထောင်စည်းကမ်းပြောစရာမလိုဘူး ။ ငါက LAW နဲ့ဘွဲ့ရပြီး မင်းထက်ရာထူးအများကြီးကြီး တဲ့ အရာရှိ တစ်ယောက်လုပ်လာတာ ။ မင်းထက်ဥပဒေတွေစည်းကမ်းတွေ အများကြီးပိုနားလည်တယ် ။

ငါ့ထက် အသက် ရွယ်အများကြီးငယ်လို့ မင်းငါနဲ့ပြောတာ”လို့ ပြန်ပြောတော့ မကျေမနပ်နဲ့ထွက်သွားပြီး သီးသန့် ထောင်ကိုအုပ်ချုပ်တဲ့ ၊ နိုင်ငံရေးအကျဉ်းသားတွေကိုလည်း ရန်သူတွေလိုအမြဲဆက်ဆံတဲ့ ထောင်မှုးကြီး မောင်ချစ်ဆီကို ဦးအုန်းသန်းက ထောင်စည်းကမ်းလိုက်မလိုက်နာနိုင်ဘူးပြောတဲ့အကြောင်း သွားတိုင်ပါ တယ် ။
ထောင်မှုးကြီးမောင်ချစ်က ဦးအုန်းသန်းကိုခေါ်တွေ့ပြီး ထောင်စည်းကမ်းမလိုက်နာနိုင်ဘူးပြောတာဟုတ် သလားမေးပါတယ် ။ ဦးအုန်းသန်းကလည်း မငြ⁠င်းပဲ “အရာရှိတစ်ယောက်ဖြစ်ခဲ့ပါလျက် မတရားတဲ့ဝန်ထမ်း စည်းကမ်းတွေနဲ့ပါတ်သက်ပြီး လိုက်နာမဲ့အကြောင်း လက်မှတ်မထိုးခဲ့လို့ ခုလိုထောင်ကျလာတာ ၊ မတရား အနိုင်ကျင့်အုပ်ချုပ်နေတဲ့ အာဏာရှင်အစိုးရလက်အောက်မှာ ကျောင်းသားကကျောင်းသားစည်းကမ်းလိုက် နာနေရင် အစိုးရကိုဆန့်ကျင်ဖြစ်မှာမဟုတ်ဘူး ။ ၀န်ထမ်းက ၀န်ထမ်းစည်းကမ်းတွေလိုက်နာနေရင် အစိုးရ ကိုဆန့်ကျင်ဖြစ်မှာမဟုတ်ဘူး ။ ကျုပ်က ဒီအစိုးရကိုဆန့်ကျင်တဲ့ နိုင်ငံရေးသမားတစ်ယောက်ပဲ ။ ဒါကြောင့် ဒီအစိုးရအုပ်ချုပ်တဲ့အောက်က ဘယ်စည်းကမ်းဘယ်ဥပဒေကိုမှ လိုက်နာပါမယ်လို့ ကျုပ်မပြောနိုင်ဘူး”လို့ ပြောလိုက်ပါတယ် ။

ထောင်မှုးမောင်ချစ်က “ဒီလိုတော့မရဘူး ။ အကျဉ်းသားက ထောင်စည်းကမ်းလိုက်နာရမယ် ။ မလိုက်နာ ရင် အပြစ်ပေးမယ် ။ အရေးယူမယ် ။ ခင်ဗျား ထောင်စည်းကမ်းလိုက်နာပါမည်လို့ လက်မှတ်ထိုးမလား ၊ တိုက်ပိတ်ခံမလား”မေးတော့ “ကြိုက်တာလုပ် ၊ ဘာလက်မှတ်မှ မထိုးနိုင်ဘူး” ပြောလို့ တိုက်ပိတ်ပြစ်ဒါဏ်နဲ့ ၃ တိုက်ကိုရောက်လာတာဖြစ်တဲ့အကြောင်းတွေ သိရပါတယ် ။
အဲ့ဒီလို ဦးအုန်းသန်း သီးသန့်မှာပြဿနာဖြစ်ခဲ့တဲ့အကြောင်းတွေ ပြောဆိုနေတုန်းမှာပဲ ဦးအုန်းသန်းကို ထောင်မှုးခေါ်တယ်ဆိုပြီး ခေါ်ထုတ်သွားသံ ကြားရပါတယ် ။ မကြာခင်မှာပဲ ပုံမှန်အချိန်မရောက် သေးပဲ ၃ တိုက်နေရသူအားလုံးကို အတွင်းအလုံခန်းထဲထည့်သော့ပိတ်ပါတော့တယ် ။ ပုံမှန်ဆိုရင် တိုက်ခန်းသံတံခါး သော့ခတ်ပြီးရင် အပြင်ခန်းသစ်သားတံခါးကိုဖွင့်ထားပေးပေမဲ့ အဲ့ဒီအချိန်မှာ တံခါးနှစ်ထပ်လုံးပါ ပိတ်ထား လိုက်ပါတယ် ။ ၃ တိုက်မှာ နှစ်ပေါက်အောင်နေပြီးတဲ့အတွေ့အကြုံအရ ပြဿနာတခု⁠ခုရှိနေပြီဆိုတာ ကျနော်တို့ သိနေကြပါတယ် ။
ထောင်ပိတ်ချိန်ရောက်တော့ လူဦးရေလိုက်စစ် ၊ သော့တွေတံခါးတွေလိုက်စစ်တဲ့ ထောင်ဝါဒါဆီက သတင်း စကားအရင်ကြားရပါတယ် ။ အဲ့ဒီထောင်ဝါဒါက နိုင်ငံရေးအကျဉ်းသားတွေ ကျောင်းသားတွေကို လေးစား ပြီး အကူညီပေးသူတယောက်လည်းဖြစ်ပါတယ် ။
သူက “ ထောင်မှုးကျော်ဝင်းတော့ ဦးအုန်းသန်းထိုးထည့်လိုက်တာ နှာခေါင်းရိုးကျိုးသွားပြီဗျို့၊ အတော်သတ္တိ ကောင်းတဲ့ အဘိုးကြီးဗျာ ။ ဇ မသေးဘူး ။ ထောင်မှုးကိုတောင် ခံထိုးရဲတယ် ။ ထောင်မှုးနားကကောင်တွေ ၀ိုင်းရိုက်ဝိုင်းထိုးကြတာ ခေါင်းလည်းကွဲ ၊ မျက်လုံးတစ်ဘက်လည်းမပွင့်တော့ဘူး ။ အခုဆေးရုံခေါ်သွားပြီး ခေါင်းကွင်္ဲသွားတာချုပ်နေတယ် ။ ပြီးရင် ဒေါက်ခတ်လိမ့်မယ် ။ စိတ်မကောင်းဘူးဗျာ” တဲ့ ။

“ ဦးအုန်းသန်းထိုးတာ ထောင်မှုးကျော်ဝင်း နှာခေါင်းရိုးတောင်ကျိုးတယ်ဟုတ်လား ။ ဘယ်လိုဖြစ်တာလဲ ။ သေချာပြောပြပါဦး”ဆိုတော့ “ထောင်မှုးကျော်ဝင်းက ဒီညနေမှဂျူတီဝင်လာတာဗျ ။ ၃ တိုက်ကို သီးသန့် ဘက်ကနေ ထောင်စည်းကမ်းလိုက်နာပါမည်လို့ လက်မှတ်မထိုးလို့ရောက်လာတဲ့ လူသစ်ဝင်တယ်လည်း ဆိုရော ခေါ်ထုတ်ခိုင်းပြီး ငေါက်ငန်းတာပေါ့ဗျာ ။ ခင်ဗျားကဘာကောင်မို့လဲ ။ သူအုပ်ချုပ်တဲ့တိုက်မှာ ဒါမျိုး လာလုပ်လို့မရဘူးဘာညာပေါ့ ။ လက်မှတ်ထိုးမလားမထိုးဘူးလား ခြိမ်းခြောက်တာပေါ့ ။ ဦးအုန်းသန်းက မင်းထက်ရာထူးကြီးတဲ့သူတွေရှေ့မှာလည်း မထိုးနိုင်ကြောင်းငါပြောပြီးပြီ ။ မင်းဘယ်လိုပြောပြော ငါမထိုး နိုင်ဘူးကွာလို့ ပြန်ပြောတော့ ဦးအုန်းသန်းရဲ့အင်္ကျီရင်ဘတ်စကိုဆောင့်ဆွဲပြီး ခင်ဗျားကိုကျုပ်လူလိုပြောနေ တယ်နော်ထိုးမလား မထိုးဘူးလားလို့လည်းပြောလိုက်ရော လက်မှတ်တော့မထိုးဘူး မင်းကိုပဲထိုးတယ်ကွာ ဆိုပြီး ထောင်မှုးကျော်ဝင်းမျက်နှာကို ဖြတ်ထိုးချလိုက်တာ ထောင်မှုးဖင်ထိုင်တောင်ကျတယ် ။ နှာခေါင်းက နေလည်း သွေးတွေဖြာကနဲပဲ ။ အဲ့ဒီမှာ ထောင်မှုးရုံးမှာရှိနေတဲ့ ထောင်ဝန်ထမ်းရော ၊ တန်းစီးဘာယာတွေ ရောက ၀ိုင်းရိုက်ကြတော့တာပေါ့ဗျာ” ..တဲ့ ။

ထောင်ပိတ်ပြီးကာစ မှောင်ရီဝျိုးစအချိန်မှာ ဒေါက်ခြေကျင်းသံတချွမ်ချွမ်နဲ့ ရိုက်သံတွေတိုက်ရှေ့လျှောက် လမ်းဆီကနေကြားလိုက်ရလို့ ဦးအုန်းသန်းကို သူ့အခန်းမှာပြန်လာထည့်တယ်ဆိုတာ သိကြရပါတယ် ။ သံတံခါးသော့ခတ်သံကြားရပြီးနောက်မှာ ကျနော်တို့အခန်းတွေရှေ့က ပိတ်ထားတဲ့သစ်သားတံခါးတွေကို ပြန်ဖွင့်သွားပါတယ် ။ အသံတွေငြိမ်သွားပြီဆိုတော့ တခန်းနဲ့တခန်းအခြေအနေလှမ်းမေးသံတွေထွက်လာပါ တော့တယ် ။
ဦးအုန်းသန်းကို လှမ်းအော်မေးကြတော့ ဦးအုန်းသန်းက “ဟုတ်တယ်ဗျို့။ သူ့ထက်အသက်ရွယ်အများကြီး ကြီးတဲ့ ကျနော့ကိုရင်ဘတ်ကိုင်ဆောင့်ပြီး ခြိမ်းခြောက်ငေါက်ငန်းလုပ်တာကြောင့် ကျနော်လည်း ထိုးချ လိုက်တာ ။ အဲ့ဒီကောင် နှာခေါင်းရိုးကျိုးသွားတယ်ထင်တယ် ။ ကျနော်ကတော့ ဘေးကကောင်တွေဝိုင်း ရိုက်တာ ခေါင်းမှာ ၅ ချက်ချုပ်ရတယ် ။ မျက်လုံးတဘက်တော်တော်ထိသွားတယ် ။ ခေါင်းရော မျက်လုံးပါ ပါတ်တီး စည်းထားရတယ် ။ အခုဒေါက်ခတ်လိုက်တယ် ။ နက်ဖြန်ကစပြီး ထမင်းမကျွေးပဲ ကော်တပါတ် ကျွေးမယ် လို့ပြောတယ်” ။
“ဘာမှမပူနဲ့ဗျို့။ ကျနော်တို့တွေရှိပါတယ် ။ အားတင်းထား” ဆိုတာမျိုး အားပေးတဲ့အသံတွေ အခန်းတိုင်းက အော်ဟစ်ပြောဆိုကြပါတယ် ။ အဲ့ဒီနောက်တော့ ကျနော်တို့ ၃ တိုက်မှာညတိုင်းလိုလိုလုပ်နေကြဖြစ်တဲ့ ညချမ်းချိန်ခါတေးသံသာအစီစဉ်စတင်ပါတယ် ။ ဒီနေ့ည ဦးအုန်းသန်းကိုအားပေးဂုဏ်ပြုတဲ့အနေနဲ့ ကျနော် တို့အခန်းက ကိုတင်ဌေးက ခွန်အားဖြည့်ရဲဘော်သီချင်းနဲ့ စတင်သီဆိုပါမယ်ခင်ဗျား လို့ ကိုဝင်းအောင်က ကြေငြာပေးလိုက်ပါတယ် ။ ကိုတင်ဌေးဆိုပြီးသွားတော့ ဘယ်အခန်းကဘယ်သူကဘယ်သီချင်းသီဆိုမယ် ဆိုတာ လှန်းလှန်းပြော ၊ ကိုဝင်းအောင်နဲ့ကျနော်ကကြေငြာပေး တခန်းချင်းအလှည့်ကျသီဆိုပြီးအခန်း ၁၂ အလှည့် ပြီးသွားတော့ အခုနောက်ဆုံးအလှည့်ကျတာကတော့ အခန်းနံပါတ်၁၃က ဦးအုန်းသန်းပဲဖြစ်ပါ တယ် ။ ဦးလေးဦးအုန်းသန်း သီချင်းတစ်ပုဒ်ဆိုပေးပါဗျို့လို့ ကိုဝင်းအောင်ကလှန်းအော်တော့ ဦးအုန်းသန်း က မောင်ဝင်းအောင်ရေ ဦးကတော့ ဒို့ဗမာသီချင်းဆိုပါ့မယ်ကွာ လို့ပြန်ပြောလာပါတယ် ။

မကြာခင်မှာပဲ ကြည်လင်ပြတ်သားပြီး အင်မတန်နားထောင်လို့ကောင်းတဲ့ ဦးအုန်းသန်းရဲ့ ဒို့ဗမာသီချင်းသံ ထွက်ပေါ်လာပါတော့တယ် ။ တကောင်းအဘိရာဇာ …ဒို့ဗမာ..သာကီမျိုးဟာမို့…မညှိုးဂုဏ်တေဇာ…။
ဒီနေရာမှာ အခုစာကိုဖတ်နေတဲ့ပရိသတ် တချက်လေးခံစားကြည့်လိုက်ပါ ။ ခြေထောက်မှာ ဒေါက်တွေ ၊ သံခြေကျင်းတွေအခတ်ခံထားရတဲ့ အသက် ၅၀ ကျော်အဘိုးကြီးတစ်ယောက် ။ ဦးခေါင်းမှာလည်း ၅ ချက် ချုပ်ရလောက်အောင်ဒါဏ်ရာနဲ့ ပါတ်တီးအဖွေးသား ။ မျက်လုံးတဘက်ကလည်းဖူးယောင်ပြီး ပါတ်တီးစည်း ထားရတယ် ။ ဆွမ်းကြီးလောင်းရိုက်နှက်ခံထားရလို့ တစ်ကိုယ်လုံးနာကျင်ကိုက်ခဲနေမဲ့ဝေဒနာတွေနဲ့ ။ ဒါပေ မဲ့ အားမာန်တင်းမတ်မတ်ရပ် ၊ တံခါးသံတိုင်ကိုတင်းတင်းဆုတ်ကိုင်ပြီး စိတ်ခံစားမှုအပြည့်သီဆိုနေမဲ့ ဦးအုန်းသန်းရုပ်သွင်ကို မြင်ယောင်ကြည့်ကြစမ်းပါ ။

နောင်လာနောက်သား …ကောင်းစားဘို့ရာ..ဒို့ကိုယ်ကျိုး လုံး⁠လုံးမပါ…သခင်အကျင့်ကိုကျင့်ကြပါ.. ရဲ⁠ရဲဗမာ ပီပီ ယောက်ကျားဘသားအထက်တန်းစိတ်နဲ့ ဇာမဏီသွေးဒို့ဗမာ…တဲ့။
မလေးစားပဲနေလို့ကိုမရတာပါဗျာ ။ အဲဒီနေ့ကစလို့ ဦးအုန်းသန်းဟာ တကဲ့သူရဲကောင်း တစ်ယောက်ပဲဆို တာ ကျနော်စိတ်ထဲ စွဲမှတ်ဖြစ်ခဲ့တော့တာပါပဲ ။

နောက်နေ့မနက်လင်းထောင်ဖွင့်ပြီးအခြေနေပေးတာနဲ့ ကိုစိန်ညိုထွန်းနဲ့ ကိုတင်ဌေးစီစဉ်ထုတ်ပိုးပေးလိုက် တဲ့ စားစရာအထုတ်ကလေးယူ တိုက်နံရံတွေကျော်တက် ၊ အခန်းတွေကူးပြီး ဦးအုန်းသန်းကိုသွားပေးရင်း မိတ်ဆက်ပါတယ် ။ ခေါင်းနဲ့မျက်နှာတခြမ်းကို ပါတ်တီးစည်းထားပြီး ကျန်တဲ့မျက်နှာတခြမ်းကလည်းဖူး ယောင်နေပေမဲ့ ဦးအုန်းသန်းအသွင်သဏ္ဍန်က ညှိုးလျော်မနေဘူး ။ အားမာန်အပြည့်ရှိနေတယ် ။ တန်းစီးနဲ့ ထောင်ဝါဒါအလစ် စကားထိုင်ပြောခွင့်ရတဲ့တခနလေးမှာတင် အင်မတန်စိတ်ဓာတ်ခိုင်မာမဲ့သူဖြစ်ကြောင်း သိနိုင်လောက်အောင်ကို တည်ငြိမ်တဲ့သူတယောက်ပါပဲ ။
ဆရာတော်ဦးရေ၀တအပါအ၀င် ဦးသန်းဇော်(ကျောင်းဆရာ) ၊ ဦးအောင်ထွန်းမြင့်(ကျူရှင်ဆရာ)၊ဦးကိုကြီး စတဲ့ မန္တလေးဒေသခံထောင်ဝင်စာပုံမှန်လာနိုင်သူတွေကလည်း ဦးအုန်းသန်းအတွက် စားစရာခွဲဝေပေးကြပါ တယ် ။ မျောက်လို့ အားလုံးကနာမည်တပ်ရလောက်အောင် ငယ်ရွယ်ပေါ့ပါးသူဖြစ်တာကတစ်ကြောင်း ၊ ကိုယ်တိုင်ကလည်း ဦးအုန်းသန်းဆီဆိုရင် လိုလိုချင်ချင်သွားချင်နေတာကတစ်ကြောင်း တခြားအခန်းက ဘယ်သူကပဲဦးအုန်းသန်းဆီ ပစ္စည်းပို့ချင်ပို့ချင် ကျနော်သွားပို့ပေးဖြစ်တာများပါတယ် ။ ဒါကြောင့် ဦးအုန်းသန်းစားဘို့ ထောင်ကကျွေးထားတဲ့ မဲညစ်ညစ်ငံတူးတူး ရွံစရာကော်ဆိုတာကို ပထမဆုံးစတင်မြင် တွေ့ဘူးခဲ့ပါတယ် ။

တရက်မတော့ ပထမဆုံးအကြိမ်ဒေါက်ခတ်ခံရတဲ့အတွေ့အကြုံရဘို့ဖြစ်လာခဲ့သလို အတူနေအကိုတွေနဲ့ အခန်းခွဲရဘို့ဖြစ်လာခဲ့တာတော့ ထောင်ပိုင်ကထောင်ဗူးပေါ်ကနေ မှန်ပြောင်းနဲ့ထောင်ထဲကိုကြည့်ရာမှာ တိုက်နံရံကျော်တက် အခန်းကူးနေတဲ့ကျနော့ကိုတွေ့သွားလို့ပါပဲ ။ ချက်ချင်းဆိုသလို တာဝန်ကျထောင်မှုး ထောင်ဝါဒါတွေကိုလှန်းပြောဖမ်းခိုင်းလိုက်တာကြောင့် ကျနော်ဦးအုန်းသန်းအခန်းကအပြန် အခန်း၁၁ အရောက်မှာပဲ နံရံပေါ်တန်လန်းမိသွားပါတော့တယ် ။ ထောင်မှုးကျော်ဝင်းကလည်း သူ့ကိုနှာခေါင်းကျိုး အောင်ထိုးထားသူကို စားစရာသွားခိုးပေးတဲ့အတွက် အညှိုးနဲ့ကိုဆော်ပါတော့တယ် ။ ကျောတပြင်လုံး အရှိုးရာထပ်နေအောင်အတီးခံရသလို ဒေါက်ခတ် ၊ ရေချိုးပိတ် ၊ တိုက်ပိတ်ပြစ်ဒါဏ်နဲ့ ၂ တိုက်ကို တိုက်ပါ ပြောင်းပလိုက်ပါတယ် ။ အဲ့သည်အရင်က ညဘက်နိုင်ငံရေးသီချင်းဆိုတာမိလို့ ထောင်မကျခင် ခြေကျင်း တစ်လခတ်ခံရဘူးပေမဲ့ ဒေါက်တော့ခတ်မခံခဲ့ရပါဘူး ။

ကျနော် ၂ တိုက်မှာ လေးငါးလနေပြီး နောက်ထပ်ပြစ်ဒါဏ်တစ်ခုနဲ့ ၃ တိုက်ကိုတစ်ခေါက်ပြန်ရောက်တော့ ဦးအုန်းသန်းနေခဲ့တဲ့အခန်း၁၃ မှာ ကျနော်ကတစ်ယောက်ထဲနေရပြီး ဦးအုန်းသန်းလိုပဲ ကော်ပဲစားရတဲ့ ပြစ်ဒါဏ်နဲ့ပါ ။ ခြေထောက်မှာ ဒေါက်အပြင် သံတံခါးနဲ့ဒေါက်နဲ့ကို သံကြိုးတွဲဆက်သော့ထပ်ခတ်တဲ့အတွက် ထိပ်တုံးအခတ်ခံထားရသလို ထိုင်ရခက် ၊ ထရခက် ၊ အိပ်ရခက်တဲ့ ညှင်းပန်းနှိပ်စက်မှုမျိုးကိုပါ ကြုံတွေ့ခဲ့ ရပါတယ် ။ ဖျာစုတ်တစ်ချပ်သာရှိတဲ့ကြမ်းပြင်မှာ ကိုယ်လုံးတီးအ၀တ်ဗလာနဲ့ တရိစ္ဆာန်နဲ့မခြား ထား⁠ထားခံရ တဲ့နေ့တွေမှာ အခန်း၁၂ ကနေ ဦးအုန်းသန်းက တောက်လျှောက်လို လှန်းအားပေးနေခဲ့ပါတယ် ။
ဆေးလိပ်မသောက်တတ်တဲ့ ဦးအုန်းသန်းက ဂန်ဖလားလာသွန်တဲ့ အကျဉ်းသားတွေဆီမှာ သူ့စောင်တစ် ထည်ကိုဆေးလိပ်နဲ့လဲပြီး ကျနော်သောက်ရအောင်ခိုးပေးခိုင်းခဲ့တယ် ။ ကျန်တဲ့အကိုတွေက သူတို့ပေးမှာပဲ ဟာ ဦးအုန်းသန်းရဲ့စောင်နဲ့ လဲပေးစရာမလိုပါဘူး ပြောတာကို ဒီကလေးကို သူပိုင်တာနဲ့ပေးချင်လို့ပါဆိုပြီး ဇွတ်ကိုလဲပေးခဲ့တာ ။ ဦးအုန်းသန်းက သူလုပ်ချင်တာဆို သကြားမင်းဆင်းတားတောင် မရဘူးဆိုတဲ့လူမျိုး ။
နောက်ပိုင်း အိုးဖိုထောင်ကိုမပြောင်းခင်ကာလတော်တော်များများ ဦးအုန်းသန်းနဲ့ကျနော် တခန်းထဲအတူနေ ဖြစ်ခဲ့တဲ့ကာလတွေရှိတယ် ။ အံ့သြစရာကောင်းလောက်အောင်ကို မိသားစုအကြောင်းပြောတာမကြားရ ၊ ကိုယ်ရေးကိုယ်တာပြောတာမကြားခဲ့ရပဲ မတရားမှုဆိုရင် မဆလမှမဟုတ်ဘူး ။ န၀တမှမဟုတ်ဘူး ။ မတ ရားတဲ့ကိစ္စတိုင်းကို ဆန့်ကျင်ရဲရမယ် ။ ဆန့်ကျင်ကြရမယ်ဆိုတဲ့ မတရားမှုဆန့်ကျင်ရေးစကားတွေပဲ ကြား ခဲ့ရတယ် ။
တစွတ်ထိုးကြီး ၊ ထင်ရာပြောထင်ရာလုပ်တတ်တဲ့သူကြီး ၊ ခေါင်းမာတဲ့သူကြီးလို့ ဦးအုန်းသန်းကိုပြောဆိုဝေ ဘန်မှုတွေရှိကြပေမဲ့ တကယ်တမ်းမှာ ဦးအုန်းသန်းဟာ စစ်အုပ်စုနဲ့ပါတ်သက်ဆက်နွယ်သူတွေနဲ့သာ ခက် ထန်သူဖြစ်ပြီး ကိုယ့်ရဲဘော်ရဲဘက်ချင်းကြားမှာ အင်မတန်တည်ငြိမ်အေးချမ်းတဲ့သူသာဖြစ်တယ်ဆိုတာ အတူနေတော့ပိုသိခဲ့ရတယ် ။

ဒို့ဗမာသီချင်း ၊ ပြည်ထောင်စုသားသီချင်း ၊ ဗမာပြည်သားသီချင်းတွေသီဆိုပြီး ကိုယ့်ကိုယ်ကိုယ်မာန်တင်း စိတ်အားတက်ကြွမှုကိုဖန်တီးယူသလို အချင်းချင်းကတောင်းဆိုကြရင်လည်း စန္ဒကိန္နရီ ၊ တက္ကသိုလ် ကျောင်းကငွေလမင်း ၊ တက္ကသိုလ်မှုာဝေတဲ့နှင်းစတဲ့သီချင်းတွေကိုလည်း နားဝင်ချိုသာအောင် အများ သဘောကျနှစ်ချိုက်အောင် ဆိုပေးသူတစ်ယောက်ဖြစ်ပါတယ် ။

ကျနော်ထောင်ကလွတ်ပြီးနောက်ပိုင်း ဦးအုန်းသန်းနဲ့လူချင်းတစ်ခါမှမဆုံဖြစ်ခဲ့ဘူး ။ ဦးအုန်းသန်း ထောင်က လွတ်လာပြီး၂၀⁠၀၄ ခုနှစ်ထဲမှာ UN ရုံးရှေ့မှာ တစ်ကိုယ်တော်ဆန္ဒပြလို့ ထောင် ၂ နှစ်ကျသွားပြန်ပီဆိုတဲ့ သတင်းကနေ ဦးအုန်းသန်းအကြောင်း ပြန်စကြားခဲ့ရတယ် ။ ထောင်ကပြန်လွတ်လာတာနဲ့ တစ်ကိုယ်တော် ဆန္ဒပြမှုတွေပြန်လုပ်တယ် ။ ၂၀⁠၀၇ သြဂုတ်လ ၂၃ ရက်နေ့က အမေရိကန်သံရုံးရှေ့မှာ ကုန်ဈေးနှုန်းကျ ဆင်းရေး တစ်ကိုယ်တော်ဆန္ဒပြမှုကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ နဲ့ တသက်တကျွန်း ထောင်ချခံလိုက်ရပြန်တယ် ။ အဲ့ဒီမတိုင်ခင်မှာ ၆ကြိမ်လောက် ဖမ်းဆီးစ⁠စ်မေးခံရတာတွေရှိခဲ့တယ်လို့လည်း သတင်းတွေမှာဖတ်ရပါတယ် ။
နောက်ပိုင်းတော့ ဦးအုန်းသန်းကို မန္တလေးထောင်ပြောင်းလိုက်ပီ ။ သရက်ထောင်ရောက်သွားပြီ ။ ခန္တီး ထောင်မှာ အစာငတ်ခံဆန္ဒပြနေတယ် ။

ခရီးဝေးကိုလာတွေ့နေရတဲ့သမီးကိုစိတ်မချလို့ ထောင်ဝင်စာလည်း လာတွေ့မခံဘူး ။ စသည်ဖြင့် သတင်းတွေကြားရတော့ ဒီလူကြီးဟာ အာဂလူကြီးပဲ ။ စပြီး ရင်းနှီးသိကျွမ်းခဲ့ တဲ့ ထောင်မှုးကိုနှာခေါင်းရိုးကျိုးအောင်ထိုးချလိုက်ချိန်ထဲကနေ ထောင်ထဲကိုအခေါက်ခေါက်ထပ်ရောက်ပြီး တသက်တကျွန်းကျခံရချိန်ထိ မတရားတဲ့အမိန့်အာဏာမှန်သမျှကိုရဲ⁠ရဲရင့်ရင့် ဖီဆန်နေတုန်းပဲ ။ အသက် အရွယ်ကြောင့် ရုပ်ခန္ဒာအိုမင်းလာပေမဲ့ စိတ်ဓာတ်မာကျောကြံ့ခိုင်မှုနဲ့ စိတ်နောက်ကိုယ်ပါလုပ်ဆောင်ချက် တွေက တကယ့်သူရဲကောင်းကြီးပါပဲ ဆိုပြီး လေးစားအားကျဖြစ်နေရတော့တယ် ။

ဘ⁠ဘဦးအုန်းသန်း(သစ်တောဝန်ထောက်ဟောင်း)နှင့် ပါရမီဖြည့်ပေးသော သူ၏မိသားစု ၊ ဘယ်ထောင် ရောက်ရောက်လိုက်ပါကူညီအားပေးသော သမီးငယ်မအိ⁠အိမွန်တို့ကို ဂုဏ်ပြုပါသည်ဆိုတဲ့ မသဒ္ဒါရဲ့မလာခဲ့ နဲ့တော့ ။ မတွေ့ချင်ဘူး ဆိုတဲ့ကဗျာကိုဖတ်လိုက်ရချိန်မှာ ဦးအုန်းသန်းအတွက်ဖြစ်ရတဲ့ စိတ်ခံစားမှုဟာ နှိုင်းယှဉ်ပုံဖေါ်ပြဘို့ ခုထိ လုံလောက်မဲ့စကားလုံးရှာမရသေးပါဘူး ။ ဦးအုန်းသန်းရဲ့စိတ်ဓါတ်နဲ့ ရပ်တည်မှုကို အများကြီးပေါ်လွင်စေတဲ့ မသဒ္ဒါရဲ့ “ မလာခဲ့နဲ့တော့ ။ မတွေ့ချင်ဘူး” ဆိုတဲ့ကဗျာကိုပြန်ဖေါ်ပြရ⁠ရင်…

သမီးငယ်
ဘာမှစိတ်မပူနဲ့
အဖေနေကောင်းတယ်
နောင်ကို ထောင်ဝင်စာလာမတွေ့နဲ့…။
သမီးငယ်…
ယောက်ကျားကောင်းတို့ဝါဒ
ဒေါင်ကျကျ ပြားကျကျ အဖေနေတတ်တယ်
နောင်ကိုထောင်ဝင်စာလာမတွေ့နဲ့….။
သမီးငယ်…
ညည အာနာပါန တရားထိုင်နေကျ
ကလေးထောင်ကတိတ်ဆိတ်တယ်
အဖေပျော်ပါတယ်
နောင်ကိုထောင်ဝင်စာလာမတွေ့နဲ့…။
သမီးငယ်…
လောကဓံရှစ်ပါး လူတိုင်းခံစားဘူးတယ်
ချစ်သူနဲ့ကွဲ မိသားစုနဲ့ကွဲ အဖေခံရတစ်ယောက်ထဲပေါ့
နောင်ကိုထောင်ဝင်စာလာမတွေ့နဲ့…။
သမီးခမျာ တကဲ့ဒုက္ခခံ
အဖေ့မျက်နှာ ၁၅ မိနစ်တွေ့ရန်
ရေတတန် ကုန်းတတန်
ရန်ကုန်ကနေကလေးထိ ဆန်လာရသတဲ့
သမီးတယောက်ထဲခန္တီးကအပြန်
အဖေစိတ်မချဘူး
လာတွေ့ရန်မလိုတော့ဘူး
ပြောနေတာနားထောင် ကြားလား
နောက်မလာခဲ့နဲ့…။
အဖေရဲ့ယုံကြည်ချက်
အမှန်တရားရဲ့သက်သေအတွက်
ထောင်နှုတ်ခမ်းပေါ်လျှောက်
တသက်တကျွန်းထောင်ကျရောက်တောင်
အဖေမကြောက်ပါဘူး…။
ပါရမီဖြည့်တဲ့သမီး
ဘယ်ထောင်ရောက်ရောက်
လာ⁠လာအားပေးတဲ့သမီး
အဖေသာဓုခေါ်ချီးမွမ်းတယ် အဖေဘယ်ရောက်ရောက်
ဘာစားစား အကျင့်ပါနေပြီ
စားလို့ဝင်ပါသည်
နောင်ကိုထောင်ဝင်စာလာမတွေ့နဲ့….။
အဖေတို့မတော်လှန်
အဖေတို့အမှားကိုမပြင်ပြန်ရင်
နောင်လာမဲ့မျိုးဆက်
မြေးမြစ်တွေ
စစ်ကျွန်ငွေတွင်းနက်
ထောင်တွင်းမှာအသက်ဆက်
ပညာရေးပျက် ကျန်းမာရေးပျက်
ဘာအနာဂတ်မှနေရောင်မထွက်တော့ဘူး
မှောင်မဲမဲ လူရုပ်ပီမယ်မဟုတ်တော့ဘူး….။
ရင်းရမဲ့ဘဝ
ကျရမဲ့သွေး စီးရမဲ့မျက်ရည်
အဖေတစ်ယောက် အနာဘဲခံပါရစေ
သမီးရယ်နားလည်တတ်ပါစေ…။
တကိုယ်တော်ထဲကြဲ
ဘာပါတီမှနောက်ခံမရှိ
အင်အား ရှိရှိ မရှိရှိ
အဖေမသိဘူး
အမှန်တရားရဲ့လက်နက်ပဲ အဖေ့မှာရှိတယ်
အုတ်တစ်ချပ် သံကလေးတစ်ပွင့်
အဖေ့ရာဇ၀င် အဖေရေးခဲ့တယ်…။
သမီးရယ် မလာခဲ့ပါနဲ့တော့
သေတနေ့ မွေးတနေ့
အဓမ္မတရားကို
အမှန်တရားနဲ့ စစ်ထိုးရဲတဲ့အဖေ
ဒူးထောက်ပြီး အုန်းသန်း အသက်မရှည်ချင်ဘူး
လက်မြှောက်ပြီး အုန်းသန်း မနေချင်ဘူး
ခေါင်းမော့ ရင်ကော့ပြီး သေချင်သေ
အမှန်တရားနဲ့နေမဲ့သမီးရဲ့အဖေ
နာမည်ဆိုးနဲ့ အသက်ရာကျော်မနေ
နာမည်ကောင်းနဲ့ပဲသေပါရစေ…။ …။

မသဒ္ဒါ(၁၁ ရက် မတ်လ ၂၀⁠၀၉)

ယူနီဖေါင်းဝတ်စစ်ဗိုလ်ချုပ်ကြီးတွေ ဦးအုန်းသန်းကိုမတရားဖမ်းဆီးပြီး ထောင်ဒါဏ်တစ်သက်တစ်ကျွန်းချခဲ့ ပေမဲ့ စစ်အရေခွံတွေချွတ်ပြီး လွှတ်တော်ထဲဝင်ထိုင်ကြတော့ နိုင်ငံရေးအကျဉ်းသားတော်တော်များများကို ပြန်လွှတ်ပေးလိုက်တဲ့ သူတော်ကောင်းယောင်ဆောင်ပွဲမှာ ဦးအုန်းသန်းလည်း ပြန်လည်လွတ်မြောက်သွား ပါတယ် ။
နှစ်ပါတ်လည်အခန်းအနား ၊ အောက်မေ့ဘွယ်အခန်းအနား ၊ ဂုဏ်ပြုချီးမြင့်ခြင်းအခန်းအနား စသည်ဖြင့် အခန်းအနားနိုင်ငံရေးခေတ်လို့ပြောရလောက်အောင် ထောင်ထွက်နိုင်ငံရေးသမားတွေ အခန်းအနားမျိုးစုံ ကျင်းပနေချိန်မှာ ဘယ်ပွဲမှာမှဦးအုန်းသန်းကိုမတွေ့မိလို့ စုံစမ်းကြည့်တော့ အများစုက မတွေ့ မသိဆိုတဲ့ သိတ်စိတ်ဝင်စားပုံမရတဲ့အဖြေတွေပဲပေးတာ ကြားခဲ့ရတယ် ။ လူတွေ …. စိတ်မကောင်းစရာ…မေ့ရက်နိုင် မေ့ထားလိုက်ကြတာ..။

အကို ကာတွန်းဝင်းအောင်ကတော့ “ အေး သားကြီး ၊ အကိုကြားတာတော့ ငပုတောမြို့နယ်ထဲက ဘုန်းကြီး ကျောင်းတစ်ကျောင်းမှာ သင်္ဃန်းဝတ်နေတယ်တဲ့ကွ ။ သူကလည်း ဘယ်သူ့အကူအညီမှ မယူချင်တဲ့သူမျိုး၊ သူမတွေ့ချင်ရင် သမီးတောင်တွေ့ခွင့်မပေးတဲ့သူမျိုးဆိုတော့ သူ့ဘာသာစိတ်အေးချမ်းရာမှာ နေနေတာဖြစ် မှာပေါ့ကွာ” လို့ သိရတဲ့သတင်းလေး လှန်းပြောပြပါတယ် ။
ဦးအုန်းသန်းဟာ တစွတ်ထိုးသမားဖြစ်ချင်ဖြစ်မယ် ။ တယူသန်ချင်သန်မယ် ။ အများနဲ့လိုက်လျောညီထွေ မဖြစ်တာမျိုးလည်း ရှိချင်ရှိမယ် ။ ဒါပေမဲ့ ဦးအုန်းသန်းဟာ ရိုးသားပြီး ရပ်တည်ချက်ခိုင်မာတယ် ။ စစ်အုပ်စု ကို ပြတ်ပြတ်သားသားဆန့်ကျင်ခဲ့တဲ့ သူရဲကောင်းတစ်ယောက်ပဲဖြစ်တယ် ။

ဘယ်ပါတီ ဘယ်အဖွဲ့အစည်းမှ ကျောထောက်နောက်ခံမရှိပဲ ထောင်အကြိမ်ကြိမ်ကျခံ ၊ မိသားစုလိုက် ဘ၀ တွေပျက်ခံပြီး ကိုယ်ကျိုးစွန့်ခဲ့တဲ့ ဦးအုန်းသန်းလိုသူရဲကောင်းတယောက်ဟာ ဧရာဝတီတိုင်း ၊ ငပုတော မြို့နယ်ထဲက မထင်မရှားဘုန်းကြီးကျောင်းလေးတစ်ကျောင်းမှာ လူတွေမေ့လျော့ခံထားရတဲ့အခြေအနေနဲ့ပဲ ဖြတ်သန်းသွားရတော့မယ်ဆိုရင်တော့ တော်တော့်ကိုစိတ်မကောင်းစရာပါပဲဗျာ ။

သုံညသစ်

-

ဒီနေ့
အများစိတ်ဝင်စားနေတဲ့ ဆုကြေးအများဆုံး လက်ဝှေ့ပွဲကြီးကတော့ ပြီးသွားပါပြီ။
ပွဲကြည့်ပရိသတ်အားလုံးရဲ့
အမြင်ကတော့..
Pacquiao က လိုက်ထိုးနေပြီး
Mayweather က ပတ်ပြေး နေရတာပါ ။

ဒါကြောင့်လည်း..
ပတ်ကွီအို နိုင်မယ်လို့ပဲထင်ထားကြတာ မဆန်းပါဘူး။

ဒါပေမယ့်..
၁၂ ချီ အပြည့်ထိုးပြီး
ဒိုင် ဆုံးဖြတ်ချက်နဲ့ အမှတ်တွေ ထွက်လာတဲ့ အခါ
မေဝယ်လ်သာကို ဒိုင်တွေက အနိုင်ပေးထားတာ တွေ့ရပါတယ်။

ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်နဲ့ မေဝယ်လ်သာ နိုင်သွားပြီ။
အားလုံးရဲ့ အမြင်မှာ နိုင်မယ်လို့ သေသေချာချာထင်ထားတဲ့
ပတ်ကွီအို ရှုံးသွားပြီ။
ပရိသတ်တွေ ဘာလုပ်နိုင်သလဲ။

ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်နဲ့ပဲ
ဆုကြေးအများဆုံးကို မေဝယ်လ်သာရသွားပြီး
အရှုံးဆိုတဲ့ ..
ရှုံးနိမ့်မှု့ကို ပတ်ကွီအို ရခဲ့တယ်။
မျှတမှု့ ရှိတာ မရှိတာ
မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဟုတ်တာ မဟုတ်တာကို
အသာထားလို့ ...
ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်နဲ့ မေဝယ်လ်သာနိုင်ခဲ့တယ် ။
အားလုံးက နိုင်မယ်လို့ ထင်ထားတဲ့ ပတ်ကွီအို ရှုံးခဲ့ရတယ်။
ပွဲကြည့်ပရိသတ်တွေ ဘာလုပ်နိုင်သလဲ။
မကျေမနပ်နဲ့ လက်ခံရုံပဲ ရှိတာ မဟုတ်လား။

ဒီနေရာမှာ
ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်ဟာ သမာသမတ် ရှိဖို့
အမှန်ကို အမှန်အတိုင်း ဆုံးဖြတ်ပေးဖို့ အရေးကြီးတယ်လို့ မြင်မိတယ်။
ဘက်လိုက် ဆုံးဖြတ်မှု့တွေနဲ့ သမာသမတ် မရှိတဲ့ သူတွေ
ဒိုင်သူကြီးလုပ်ကြတဲ့ အခါ
မှန်ကန်တဲ့ အဖြေ...
ထွက်သင့်တဲ့ အဖြေ ထွက်မလာတော့ပဲ
နိုင်သင့်တဲ့သူတွေလည်း
ဒိုင်သူကြီး ဆုံးဖြတ်ချက်နဲ့
ရှုံးသွားရတာဟာ
ဒီနေ့လက်ဝှေ့ပွဲက သက်သေပြနေပါပြီ။

အဲဒီလိုပဲ..
မကြာခင်မှာ ကျင်းပတော့မယ့်
ရွေးကောက်ပွဲကြီးမှာ ဒိုင်သူကြီးအဖြစ် ဆောင်ရွက်ကြမယ့်
ရွေးကောက်ပွဲကော်မရှင်ဆိုတာကရော ဘယ်လောက်အထိ သမာသမတ် ကျနိုင်ပါ့မလဲ။
တကယ်ရော ဘက်လိုက်မှု့ ကင်းပါ့မလား။
အနိုင်ရသင့်သူကို အနိုင်မပေးပဲ
ဘက်လိုက်မှု့တွေ လုပ်ခဲ့ရင်...
နိုင်သင့်သူ ဖြစ်ပါရဲ့နဲ့
ဒိုင်တွေရဲ့ဆုံးဖြတ်ချက်ကြောင့်
ပတ်ကွီအိုလို ဆုံးဖြတ်ခံခဲ့ရရင် ......
ရှုံးနိမ့်ခဲ့ကြရင်....
အဲဒီလို အချိန်ကျမှ ဘာလုပ်လို့ ရနိုင်တော့မှာလဲ။
ဖြစ်သမျှ လက်သင့်ခံရုံပဲ ရှိတော့တာ မဟုတ်လား။

ဒါ့ကြောင့်..
ဒိုင်သူကြီးအဖြစ် ဆောင်ရွက်ကြမယ့်
ရွေးကောက်ပွဲ ကော်မရှင်တွေကို ဖွဲ့စည်းတဲ့အခါမှာလည်း
အကျင့်ပျက် ချစားမှု့တွေ မလုပ်ခဲ့ဖူးသူ
ခိုးဆိုးလုယက်မှု့ နာမည်ပျက် ကင်းပြီး
အများက လေးစားယုံကြည်ရသူတွေကိုသာ
တိုင်းခရိုင် မြို့နယ်အလိုက်
ပြည်သူက အဆင့်ဆင့် ရွေးချယ်တင်မြှောက်ပြီး
ခန့်အပ်ခြင်းသည်သာ အကောင်းဆုံး ဖြစ်ပါလိမ့်မည်ဟု ယူဆမိပါတယ်။
ဒါမှသာ..
နိင်သင့်သူတွေ
နိုင်ကြမှာ ဖြစ်ပြီး
နောင်တချိန်မှာ အမှန်ကို အမှန်အတိုင်း ရရှိခံစားရမှာ ဖြစ်ပါသည်ဟု ရေးသားရင်း ....
မြန်မာပြည်သူ ပြည်သားအားလုံး
အမှန်အတိုင်း ဆုံးဖြတ်ပေးမည့်
တရားမျှတသည့်သူများနှင့်သာ တွေ့ကြုံနိုင်ကြပါစေလို့ ...
ဆုတောင်းလိုက်ပါတယ်။

ဘုန်းထက်ကြယ်


 အမေရိကန်ပြည်ထောင်စု လက်စ်ဗေးဂတ် အမ်ဂျီအမ် ဂရမ်းဂါဒင် အရီနာ လက်ဝှေ့ကွင်းမှာ အမေရိကန် နိုင်ငံသား လက်ရှိ WBC, WBA ကမ္ဘာ့ဝေါလတာဝိတ် လက်ဝှေ့ချန်ပီယံ ဖလွိုက် မေ၀ဲသားနဲ့ ဖိလိပိုင်နိုင်ငံ သား မန်နီ ပက်ကွီအိုတို့ ၁၂ ချီ ယှဉ်ပြိုင် ထိုးသတ် ခဲ့ကြပါတယ်။

၁၂ ချီထိုးသတ်အပြီး မေ၀ဲသားက ပက်ကွီအိုကို အမှတ်နဲ့ နိုင်ပြီး သူရဲ့ ချန်ပီယံဘွဲ့ကို ဆက်ထိန်းထားနိုင်ခဲ့ပြီး ထိုးသတ်ပြီးခဲ့တဲ့ ၄၈ ပွဲစလုံး ရှုံးပွဲမရှိ စံချိန်ကိုပါ ဆက်ထိန်းထားနိုင်ခဲ့ပါတယ်။

ဒိုင် ၃ ဦးစလုံးက ၁၁၈၊၁၁၀ ၁၁၆၊၁၁၂ နဲ့ ၁၁၆၊၁၁၂ မှတ်စီနဲ့ မေ၀ဲသားကို အနိုင်ပေးခဲ့တာပါ။

လူ ၁၆၀၀၀ ဆန့် အမ်ဂျီအမ် ဂရမ်းဂါဒင် အရီနာ လက်ဝှေ့ကွင်းမှာ ထိုးသတ်ခဲ့တဲ့ သူတို့ ၂ဦးရဲံ့ လက်ဝှေ့ပွဲကို တချို့ ဒေါ်လာ ၃ သိန်း၅သောင်းလောက် ပေးကြည့်ခဲ့ရပါတယ်။

စောစောပိုင်းအချီတွေမှာ မေ၀ဲသာ အသာစီးရနေခဲ့ပေမယ့် ၄ ချီမြောက်မှာ ပက်ကွီအို က ပြင်းထန်တဲ့ ဘယ်ဝိုက်လက်သီးတွေနဲ့ ထိုးသတ်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် မေ၀ဲသားက အန္တရာယ်ကို လျင်လျင်မြန်မြန် ပါးပါးနတ်နတ် ရှောင်ကွင်းထိုးသတ်နိုင်ခဲ့တာကြောင့် နောက်ဆုံးမှာ အမှတ်နဲ့ နိုင်သွားခဲ့တာ ဖြစ်ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese

ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းကို အမေရိ ကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ အခြေစိုက် မြန်မာ့ အရေးလှုပ်ရှားသူတွေက အိတ်ဖွင့်ပေးစာတစောင် မနေ့က ပေးအပ်လိုက်ပါတယ်။

မြန်မာသံအမတ်ကြီးနေအိမ်မှာ ကျင်းပတဲ့ဂုဏ်ပြု ညစာစားပွဲကို ဦးရွှေမန်း အလာမှာပေးအပ်လိုက်တာ လို့ မေရီလဲန်းပြည်နယ်မှာ နေထိုင်သူတစ်ဦး က ပြောပါတယ်။

"ကျမတို့ မြန်မာပြည်မှာ ပညာရေးကဏ္ဍတွေ ၊ ဆေးဝါးကဏ္ဍတွေ အဲ့ဒီကဏ္ဍတွေမှာ မြန်မာပြည် အတွက် အရေးကြီးတဲ့အချက်တွေကိုမသုံးပဲနဲ့ ဒီအကျိုးဆောင်အဖွဲ့ကို ဒေါ်လာ ၈ သိန်းပေးတဲ့ ဗမာ အစိုးရကိုလည်း ကန့်ကွက်ပါတယ်၊ ဒီအကျိုးဆောင် အဖွဲ့ကိုလည်း ကျမတို့ ကန့်ကွက်ပါတယ်"

အမေရီကန်ပြည်ထောင်စုရောက် သူရရွှေမန်း VOA

Posted by Lso Maung Maung on Saturday, May 2, 2015
အချက် ငါးချက်တောင်းဆိုထားတဲ့ပေးစာမှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ပြန်ဖွဲ့စည်းဖို့၊ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့၊ အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေး တောင်းဆိုမှုနဲ့ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေနဲ့ ဝန်းရံသူတွေကို ပြန်လွှတ်ပေးဖို့၊ ဒီမိုကရေစီပညာရေး ပင်မသပိတ် စစ်ကြောင်းကို အင်အားသုံးဖြိုခွင်းမှုမှာ တာဝန်ရှိသူတွေကို အရေးယူပေးဖို့၊ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်စုပေါ် ကျူးလွန်တဲ့ရာဇဝတ်မှု ကျူးလွန်သူတွေကို အရေးယူရေးအတွက် ဥပဒေတွေ၊ နည်းဥပဒေတွေ ပြဌာန်းပေးဖို့ စတာတွေ ပါဝင်ပါတယ်။

RFA

၃ နှစ်ကျော် ရပ်ဆိုင်းထားပြီးနောက် ၂၀၁၅ခုနှစ်ထဲမှာ ကနဦးအဆင့် လုပ်ငန်း တွေစတင် အကောင် အထည် ဖော် ဖို့ မြန်မာ-ထိုင်း နှစ်နိုင်ငံ အစိုးရတို့ သဘောတူညီ လိုက်ကြပြီးနောက် ထားဝယ် အထူးစီးပွားရေးဇုန် (Dawei Sepecial Economic Zone -DSEZ) စီမံကိန်း တစ်ကျော့ပြန် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

ယခုတစ်ကြိမ်မှာတော့ ထားဝယ် စီမံကိန်းကို မြန်မာ – ထိုင်း နှစ်နိုင်ငံအစိုးရ အတိုင်းအတာ ပူးပေါင်း အကောင် အထည်ဖော်ကြမှာ ဖြစ်တဲ့အပြင် ဂျပန်နိုင်ငံကလည်း ငွေကြေးနဲ့နည်းပညာ ကူညီပံ့ပိုးဖို့ ကမ်းလှမ်းမှုတွေ ရှိလာ တယ်။ မကြာသေးမီက ဗန်ကောက်ပို့စ် သတင်းစာမှာ ဖော်ပြချက် အရထားဝယ်စီမံကိန်းမှာ ဂျပန်က သဘော တူစာချုပ် လက်မှတ်ရေးထိုးဖို့ စီစဉ်နေပြီ လို့ဖော်ပြခဲ့တယ်။ ဒါ့အပြင် အိန်္ဒိယနိုင်ငံကလည်း စိတ်ဝင်စားမှုရှိ ကြောင်း လွှတ်တော်ထဲမှာ ပို့ဆောင်ရေး ဒုတိယ၀န်ကြီး ဦးဟံစိန်က ထုတ်ဖော်ပြောဆိုခဲ့လို့ ထားဝယ်အထူး စီးပွားရေးဇုန် စီမံကိန်းအပေါ် နိုင်ငံတကာ စိတ်ဝင်စားမှုက အရင်တစ် ခေါက်ကထက် ပိုပြီး ကျယ်ပြန့်လာတယ် မဟုတ်ပါလား။…

ထားဝယ်စီမံကိန်းဟာ မြန်မာနဲ့ထိုင်း နှစ်နိုင်ငံစလုံးရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုအတွက် အရေးပါသလို ဂျပန်နိုင်ငံ အတွက်လည်း global supply-chain ရှုထောင့်နဲ့ ပထ၀ီ နိုင်ငံရေးရှုထောင့် နှစ်မျိုးစလုံးကနေအရေး ပါနေ တယ်။ အထူးသဖြင့် ဂျပန်နဲ့တရုတ်တို့ နိုင်ငံရေးအရ အဆင်မပြေ ဖြစ်နေချိန်မှာ တရုတ်နိုင်ငံရဲ့ ကြီးထွားလာတဲ့ စီးပွားရေးနဲ့ နိုင်ငံရေးသြဇာ သက်ရောက်မှုကို “ကျားကန်”ပေးဖို့ ဂျပန်နိုင်ငံအတွက် အာရုံစိုက် စရာဖြစ်လာ တယ်။ ဒါကြောင့် ယခုတစ် ခေါက်ပြန်လည် အသက်ဝင်လာတဲ့ ထားဝယ်စီမံကိန်းဟာ ဂျပန်ရင်းနှီးမြှုပ်နှံမှုပါဝင် လာနိုင်ခြင်းနဲ့အတူ နိုင်ငံတကာ အတိုင်းအတာမှာပါ အခန်းကဏ္ဍနဲ့အရေးပါမှု မြင့်တက်လာတယ်။

ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းနဲ့ ပတ်သက်ပြီး ဆွဲထုတ်ပြစရာ ၃ချက်ရှိလာတယ်။ ပထမအချက်က ဂျပန်ဘက်က ရှုထောင့်အချို့ဖြစ်ပြီး ဒုတိယအချက်က စီမံကိန်း “ကောက်ကြောင်း”နဲ့ ထိုင်းနိုင်ငံ ကြိုးပမ်းမှုဖြစ်ပါ တယ်။ တတိယအချက်က မြန်မာဘက်က ရင်ဆိုင်ဖြေရှင်းရမယ့် အပိုင်းကဏ္ဍအချို့ ဖြစ်ပါတယ်။

၂၀၁၅ ခု၊ ဇန်န၀ါရီ ၇-ရက်နေ့ထုတ် ကမ္ဘာကျော် ဝေါစထရိဂျာနယ်က ဂျပန်နိုင်ငံအနေနဲ့ သီလ၀ါအထူး စီးပွား ရေးဇုန်မှာ ရင်းနှီးမြှုပ်နှံခြင်းဟာ မှားယွင်းတဲ့ စွန့်စားမှုလို့ဖော်ပြခဲ့လို့ အတော်လေး ဂယက်ရိုက်သွားတယ်။

ဂျပန်နိုင်ငံဟာ မြန်မာပြည်ကို JICA လို အဖွဲ့အစည်းတွေကတစ်ဆင့် ဖွံ့ဖြိုးရေးစီမံကိန်းတွေကို ကူညီထောက်ပံ့ ပေး ရင်း တစ်ဖက်ကလည်း ရင်းနှီးမြှုပ်နှံဖို့အတွက် အခြေအနေကောင်းတွေ တည်ဆောက်ခြင်း၊ ဖော်ထုတ်ခြင်း တွေကို လုပ်ဆောင်နေတယ်။

မြန်မာနိုင်ငံမှာ ဘဏ်လုပ်ငန်းလိုင်စင်ရရှိထားတဲ့ တိုကျိုမစ်ဆူဘီရှီဘဏ် (Bank of Tokyo-Mitsubishi UFJ) ရဲ့ စီမံခန့်ခွဲမှု အမှုဆောင်အရာရှိ ဂိုဝါတာနာဘဲက အချက်နှစ်ချက်ကို “ဆွဲထုတ်” ပြခဲ့တယ်။ ပထမအချက် က မြန်မာပြည်မှာ လည်ပတ်နေတဲ့ လုပ်ငန်းတွေရဲ့ သဘောသဘာဝ ကို ရင်းနှီးကျွမ်းဝင်မှုမရှိသလို မြန်မာလုပ်ငန်း ရှင်တွေရဲ့ “အထာ”ကို ဂျပန်တွေ အကျွမ်းတ၀င် မရှိသေးခြင်းဖြစ်ပြီး ဒုတိယ အချက်က မြန်မာနိုင်ငံ မှာ ဒေ၀ါလီ ခံခြင်း ဥပဒေ (Bankruptcy law) အပါအ၀င် ဘဏ်လုပ်ငန်းနဲ့ ဆက်စပ်တဲ့ ဥပဒေတွေ မရှိခြင်းတို့ပဲ ဖြစ်ပါတယ်။

ထားဝယ်စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံဖို့ အတွက် ဂျပန်ဘက်က စီးပွားရေးအရ သာမက ပထ၀ီနိုင်ငံရေးရှုထောင့်၊ ၂၀၁၅ ရွေးကောက်ပွဲအလွန် မြန်မာပြည် အခြေအနေ အစရှိတဲ့ အချက်တွေကိုပါ ထည့်သွင်းတွက်ချက်စရာ တွေ ရှိတယ်။

တစ်ဖက်ကလည်း ထိုင်းနိုင်ငံမှာဆိုရင် ဂျပန်က အများဆုံး ရင်းနှီးမြှုပ်နှံထားတယ်။ ထိုင်းအစိုးရ ထုတ်ပြန်ချက် အရ ထိုင်းနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုရဲ့ ၃၀ရာခိုင်နှုန်း လောက်ကဂျပန်နိုင်ငံမှ စီးဝင်လာတာ ဖြစ်ပါတယ်။ ဂျပန်အနေနဲ့ ထားဝယ်စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံလိုက်ရင် အနာဂတ် အကျိုးစီးပွားနဲ့ အလားအလာ ဘယ်လို ပြောင်းလဲ သွားမလဲဆိုတာ သေသေချာချာတွက်ချက်ဖို့ လိုအပ်လာတယ်။ တစ်ဖက်ကလည်း နိုင်ငံရေးအရ ဆက်နွှယ်မှုကိုလည်း ထည့်တွက်ရလို့ နောက်ဆုံးမှာ ဒေါ်လာ ၇သိန်း အကုန်အကျခံပြီး သုတေသန စီမံကိန်း ၃-ခုကို အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်လိုက်တယ်။

၂၀၁၄ ခု၊ နိုဝင်ဘာမှာ စတင်ပြီး ၂၀၁၅ ခု၊ မတ်လမှာ အပြီးသတ်ခဲ့တဲ့ သုတေသန စီမံကိန်း ၃ – ခုကနေ ထွက် ပေါ်လာတဲ့ ရလဒ်တွေကိုကြည့်ပြီး ဂျပန်အစိုးရက ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ထားဝယ် အထူး စီးပွားရေးဇုန်စီမံကိန်း အကောင်အထည် ဖော်နိုင်ဖို့ အတွက် မြန်မာနဲ့ထိုင်း နှစ်နိုင်ငံစလုံး ကြိုးပမ်းခဲ့ကြရာမှာ ထိုင်းအစိုးရဘက်က အတော်အားထည့် ကြိုးပမ်းတာကို တွေ့ရတယ်။

ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းကို ၂၀၀၈ ခုနှစ်မှာ စတင် အကောင်အထည်ဖော်ခဲ့ပြီး ၂၀၁၀ခုနှစ်မှာ ထိုင်းနိုင်ငံက အကြီးမားဆုံး ဆောက်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ အီတာလျံ-ထိုင်း ကုမ္ပဏီကို ဆောင် ရွက်ခွင့်ပေး ခဲ့တယ်။ အီတာလျံ-ထိုင်း ကုမ္ပဏီက အခြေခံအဆောက်အအုံအချို့ကို စတင်လုပ်ကိုင်ရင်း နိုင်ငံတကာမှာ ရင်းနှီးမြှုပ်နှံသူ လိုက်ရှာခဲ့တယ်။ နှိုင်းယှဉ်မယ်ဆိုရင် ထားဝယ်စီမံကိန်းဟာ သီလ၀ါ စီမံကိန်းထက် ၈-ဆ နီးပါး ကြီးမားပြီး ဗန်ကောက်မြို့တော် အနောက်ဘက် ကီလိုမီတာ ၃၀၀ အကွာမှာရှိလို့ မော်တော်ယာဉ်နဲ့ နေ့တစ် ၀က်ခရီးလောက်ပဲရှိတယ်။ ကျွမ်းကျင်သူတွေ ထားဝယ်စီမံကိန်းဟာ လာမယ့် ၁၅-နှစ်အတွင်း အစည်ကားဆုံး စက်မှုဇုန် ဖြစ်လာနိုင်တယ်လို့ ဟောကိန်း ထုတ်ထားလို့ ထိုင်းနိုင်ငံက စီမံကိန်း အကောင်အထည်ပေါ်လာဖို့ အထူးအာရုံ စိုက်နေတယ်။

ဒါပေမဲ့ လက်တွေ့မှာ ပမာဏကြီးမားတဲ့ ထားဝယ်စီမံကိန်းကို အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ရင်းနှီးမြှုပ်နှံ လိုခြင်း မရှိကြဘဲ တရုတ်ကလည်း ကျောက်ဖြူစီမံ ကိန်းဘက်ကို စိတ်အားထက်သန်လို့ ဂျပန်ကို “ကွက်ကျော်” ရိုက်လို့ မရနိုင်ဘူးဆိုတာ ထိုင်းဘက်က သဘောပေါက်သွားတယ်။ အီတာလျံ-ထိုင်းကုမ္ပဏီဟာ ၂၀၁၀ မှ ၂၀၁၃ ခုနှစ်အထိ ၃ နှစ်လုပ်ကိုင်ပြီးနောက် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်ရှာဖွေနိုင်ခြင်း မရှိခဲ့ လို့ စီမံကိန်း ရပ်နားလိုက်ရတယ်။ တစ်ဖက်ကလည်း ထိုင်းနိုင်ငံမှာ စီးပွားရေး တိုးတက်မှု နှေးကွေးကျဆင်းလာ လို့ ထိုင်းအစိုးရက စီးပွားရေးလုပ်ငန်းတွေ ဖော်ဆောင်ဖို့ အဖြေရှာခဲ့ကြတယ်။

– ၂၀၁၃ခု၊ မေလ ၂၁ ရက်မှာ ထိုင်းအစိုးရ ကက်ဘိနက် အစည်းအဝေးက ထားဝယ်အထူးစီးပွားရေး စီမံကိန်း မှာ ရင်းနှီးမြှုပ်နှံဖို့ ဆုံးဖြတ်လိုက်တယ်။

– ၂၀၁၃ ခု၊ နိုဝင်ဘာလမှာ ၂နိုင်ငံ အစိုးရ ပူးပေါင်းလုပ်ကိုင်မယ့် စီမံကိန်း အဖြစ်ပြောင်းလဲ အကောင် အထည် ဖော်ကြဖို့ သဘောတူညီခဲ့တယ်။

– ၂၀၁၃ ခု၊ ဒီဇင်ဘာလမှာ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးမှု ၀န်ကြီးဌာနနဲ့ Japan Bank fo International Cooperation (JBIC) တို့ အကျိုးတူပူးပေါင်း ဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ ရေးထိုးခဲ့ တယ်။

– ၂၀၁၄ ခု၊ အောက်တိုဘာ ၂- ရက်မှာ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန် အိုချာနဲ့ ဂျပန်နိုင်ငံခြားရေး ဒုတိယ ၀န်ကြီး မီနိုရိုကိအုချိတို့ ထားဝယ်ဖွံ့ဖြိုးရေးစီမံကိန်းကို အဓိကထား ဆွေးနွေးခဲ့တယ်။

– ၂၀၁၄ ခု၊ အောက်တိုဘာလ၊ ပထမပတ်မှာ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာနဲ့ သမ္မတဦးသိန်းစိန်တို့ တွေ့ဆုံပြီး ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း ပြန်စဖို့ သဘောတူခဲ့ကြတယ်။

– ၂၀၁၄ ခု၊ အောက်တိုဘာ ၁၄မှာ အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှုဖူလုံရေးဝန်ကြီး ဦးအေးမြင့် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ ဂျပန်နိုင်ငံသို့ သွားရောက်ပြီး ဂျပန်စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ စက်မှုလုပ်ငန်း ဒုတိယ ၀န်ကြီး ဟီရှီရောဂုနဲ့ တွေ့ဆုံခဲ့တယ်။

– ၂၀၁၅ ခု၊ ဇန်န၀ါရီ ၃၀ ရက်မှာ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တော်မှာဒုတိယ သမ္မတ ဦးဉာဏ်ထွန်း၊ ထိုင်း ဒုတိယ၀န်ကြီးချုပ်တို့ ဦးဆောင်ပြီး တတိယအကြိမ် ထိုင်း – မြန်မာ ပူးတွဲအဆင့်မြင့် ကော်မတီ အစည်းအဝေး အပြီး ကနဦးအဆင့်ကို စတင်အကောင်အထည်ဖော်ဖို့ ပူးတွဲ သတင်းထုတ်ပြန်ခဲ့တယ်။

ထားဝယ်စီမံကိန်းဟာ မြန်မာနိုင်ငံတောင်ဘက် ကမ်းခြေဒေသကို ထိုင်းနိုင်ငံ အရှေ့ပင်လယ်ကမ်းခြေဒေသ၊ ဗန်ကောက် မြို့တော်တွေနဲ့ ဖြတ်သန်း ဆက်သွယ်ပေးနိုင်မှာဖြစ်လို့ ထိုင်းနိုင်ငံအတွက် အရေးပါနေတယ်။ ကျွမ်းကျင်သူတွေ အဆိုအရ ထိုင်းနိုင်ငံအရှေ့ပိုင်းကို ဗဟိုပြုတဲ့ စီးပွားရေး ဆက်သွယ်မှု လမ်းကြောင်းသစ် ပေါ် ထွက်လာမှာဖြစ်ပြီး လာအို၊ ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေကို ရထားလမ်းနဲ့ ချိတ်ဆက်ပေး မှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ မော်တော်ကားနဲ့ အီလက်ထရွန်နစ် ပစ္စည်းတွေကိုအဓိက ထုတ်လုပ်နေတဲ့ ဂျပန်နိုင်ငံလည်း ထားဝယ်စီမံကိန်းရဲ့ အသီးအပွင့်တွေကို ရရှိမှာဖြစ်ပြီး အရှေ့တောင်အာရှမှာ အရေးပါတဲ့ ကုန်သွယ်ရေး ဗဟို ချက်တစ်ခုတောင် ဖြစ်လာနိုင်တယ်။ ထားဝယ်ဆိပ်ကမ်းမှ တစ်ဆင့် ထားဝယ်-လမ်ချာဘန်-ဟိုချီးမင်မြို့အထိ ၁၃၀၄ ကီလိုမီတာခရီးကို ရထားလမ်းနဲ့ တိုက်ရိုက် ချိတ်ဆက်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဗန်ကောက်မြို့မှ တောင်အာရှ စီးပွားရေးမြို့တော်လို့ နာမည်ကျော်နေတဲ့ အိနိ္ဒယနိုင်ငံ၊ ချင်နိုင်းမြို့အထိ ရေလမ်းကြောင်းလမ်း ဖြောင့်ဖြူးသွားပြီး ယခင်က ၆-ရက်ကြာ ခရီးကို ၃-ရက်နဲ့ ရောက်သွားမှာဖြစ်လို့ အချိန်၊ ကုန်ကျစရိတ်တွေ ကို လျှော့ချနိုင် မှာ ဖြစ်ပါတယ်။

ထားဝယ်စီမံကိန်းရဲ့ အဓိကမြေပိုင်ရှင်က မြန်မာနိုင်ငံဖြစ်နေတော့ မြန်မာ အစိုးရဘက်မှာ တာဝန်ယူမှု၊ ရင်ဆိုင် ဖြေရှင်းရမယ့် ပြဿနာတွေ ရှိနေပါတယ်။ ဒီအတွက် မြန်မာအစိုးရရဲ့ တက်ကြွမှု၊ ပူးပေါင်းဆောင် ရွက်ဖြေရှင်းမှု တွေက အရေးပါနေတယ်။

ပထမဆုံး အကောင်အထည်ဖော်မယ့် ကနဦး စီမံကိန်းမှာတင်ပဲ ဒေသခံတွေနဲ့ ထိပ်တိုက်တိုးမယ့် အနေအထား တွေရှိနေတယ်။ ကနဦးစီမံကိန်းမှာ –

– နှစ်လမ်းသွားမော်တော်ကားလမ်း

– LNG ဓာတ်ငွေ့တင်ပို့နိုင်တဲ့ဆိပ်ကမ်း

– စက်မှုဇုန်

– လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းနှင့် မြို့ပြစီမံကိန်း

– ရေလှောင်ဆည်နှင့် ရေပေးရေဝေစနစ်

– ဆက်သွယ်ရေးလုပ်ငန်းတွေ ပါဝင်နေတယ်။

စီမံကိန်း အကောင်အထည်ဖော်မယ့် ဧရိယာက မြေဧက ငါးသောင်းကျော်ပြီး ပြောင်းရွှေ့ပေးရမယ့် ကျေးရွာ ၆ ရွာရှိတယ်လို့ တရားဝင်ထုတ်ပြန်ထားတယ်။

ကနဦး စီမံကိန်းကို ရင်းနှီးမြှုပ်နှံခဲ့သူ အဖြစ်မှ နုတ်ထွက်ခဲ့တဲ့ အီတာလျံ-ထိုင်း ကုမ္ပဏီကပဲ ပြန်ပြီးအကောင် အထည်ဖော်မှာဖြစ်လို့ ဒေသခံတွေဘက်က မရှင်းလင်းမှု၊ စိုးရိမ်မကင်းမှုတွေ ရှိနေတယ်။ အထူးသဖြင့် စီမံကိန်း ကြောင့် လက်စမပြတ်သေးဘဲ လျော်ကြေးပေးရမယ့် သိမ်းဆည်း မြေယာတွေ ရှိနေတယ်။

အရင်ဆောင်ရွက်သွားတဲ့ အီတာလျံ-ထိုင်းကုမ္ပဏီက မြေယာသိမ်းမှု အတွက် လျော်ကြေးပေးတဲ့အခါ ညီမျှမှု မရှိ၊ ပွင့်လင်းမှုမရှိ ဘူးလို့ ဒေသခံတွေဘက်က ထုတ်ဖော်ခဲ့သလို ကုမ္ပဏီဘက်ကလည်း အစိုးရထံမှ လုံလောက် တဲ့ ကူညီပံ့ပိုးမှုတွေ မရရှိခဲ့ဘူးလို့ ဆိုပါတယ်။

ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့ (DDA)က ဒေသခံတွေရဲ့ လူမှုစီးပွားဘ၀တွေ ထိခိုက်မှုရှိလို့ ဒေသတွင်း ပြဿနာေ တွ ပြေလည်အောင် ဆောင်ရွက်ပေး ဖို့ တောင်းဆိုထားတယ်။

ဒေသခံတွေ တောင်းဆိုချက်ထဲမှာ ကနဦး စီမံကိန်းအကောင် အထည်မဖော်မီ ပြီးခဲ့တဲ့ ၃-နှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပြဿနာတွေကို အရင်းဆုံးဖြေရှင်းပေးဖို့ တောင်းဆိုချက်တစ်ခု ပါဝင်နေတယ်။ ပြီးခဲ့တဲ့ အီတာလျံ-ထိုင်း ကုမ္ပဏီ လက်ထက်က စီမံကိန်းလုပ်ငန်းခွင် ကို ဒေသခံအနည်းငယ်သာ ၀င်ရောက်လုပ်ကိုင်ခွင့် ရခဲ့တယ်လို့ ဒေသခံတွေ ဘက်က ထောက်ပြကြတယ်။ ဒါ့အပြင် သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံး ရှုံးမှုရှုထောင့်ကိုပါ ထည့်သွင်း စဉ်းစား လိုက်ရင် ဖြေရှင်းရမယ့် ပြဿနာတွေက တိမ်မယောင်နဲ့ နက်နေတဲ့ သဘောရှိတယ်။

အားလုံးကို ပြန်ချုပ်ရရင် စီမံကိန်း မြေရှင်ဖြစ်တဲ့ မြန်မာအစိုးရရဲ့ ကိုင်တွယ် ဖြေရှင်းပုံ၊ စီစဉ်ဆောင်ရွက်ပုံတွေက သိမ်မွေ့ညင်သာစွာ နဲ့ ဒေသခံတွေ လက်ခံနိုင်တဲ့ အနေအထား ရောက်သွားဖို့တယ်။ ဒါမှ သာဒေသခံတွေ ကိုယ် တိုင် ပူးပေါင်းပါဝင်လာတဲ့ စီမံကိန်း တစ်ခု ဖြစ်လာမယ် မဟုတ်ပါလား။

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald


မေ ၂ရက်၊ ၂၀၁၅ခုနှစ်။

“တိုင်းရင်းသားများ စည်းလုံးညီညွတ်မှုဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား တိုက်ခိုက် ကြ” ဆိုသည့်စာတမ်းပါ ပိုစတာအား ပန်ဆန်းတိုင်းရင်းသားအစည်းဝေး ကျင်းပရာနေရာအနီးတွင် ယမန်နေ့က လာရောက်ကပ် ထားမှု ဖြစ်ပွားခဲ့ပြီး ပိုစတာကပ်သူနှစ်ဦးကို ၀ ဒေသ တာဝန်ရှိသူများက ဖမ်းဆီးထားကြောင်း ၀ ပြည်သွေးစည်းညီညွတ်ရေး ပါတီ UWSA ဒုတိယဥက္ကဋ္ဌဖြစ်သူ ရှောက်မင်လျှံက သတင်းမီဒီယာများကို ပြောသည်။

“ကျနော်တို့ ထိန်းသိမ်းထားတယ်။ ၀ ပြည်သူတွေ မဟုတ်ပါဘူး။ နယ်ခြားတစ်ဘက်က ပုဂ္ဂိုလ်တွေရဲ့ လုပ်ဆောင်ချက်တွေပါ။ အစည်းအဝေးရဲ့ ဦးတည်ချက်ကို လွဲချော်စေတယ်။ ဖျက်လိုဖျက်ဆီးလုပ်တာ ဖြစ်တယ်”ဟု ဦးရှောက်မင်လျှံက မေလ ၂ရက် နေ့က ပန်ဆန်းသို့ရောက်ရှိနေသည့် သတင်းမီဒီယာများကို ပြောဆိုသည်။

မေလ ၁ရက်နေ့ညနေပိုင်းတွင် ဖြစ်ပွားခဲ့သည့် အဆိုပါပိုစတာ လာရောက်ကပ်ထားမှုကို ပန်ဆန်းသို့ ရောက်ရှိနေသည့် Eleven မီဒီယာမှ သတင်းထောက်အချို့ကလည်း မျက်မြင်တွေ့ရှိခဲ့ပြီး မှတ်တမ်းဓါတ်ပုံများ ရယူနိုင်ခဲ့သည်။ “ကျနော်က ဆွေးနွေးပွဲခမ်းမ ဘက် လမ်းလျှောက်တက်လာနေတုန်း တွေ့လိုက်လို့ ထူးဆန်းတာနဲ့ ရိုက်ထားတာ”ဟု Eleven Media Group မှ ကိုအောင်ဇော် ထွန်းက ပြောသည်။

“The local ethnic armed unite, beat Min Aung Hlaing souces attack.” အင်္ဂလိပ်စာနှင့် တရုတ်စာတမ်းနှစ်ခုဖြင့် ရေး သားထားသည့် အဆိုပါ အနီရောင်ပိုစတာမှာ အရှည် ၁၅ပေခန့်ရှိပြီး အစည်းဝေးခမ်းမသို့ သွားရာလမ်းရှိ အဆောက်အဦး ခြံစည်းရိုးပေါ်တွင် ကပ်ထားခဲ့ခြင်းဖြစ်သည်။

ပန်ဆန်းတွင် ပြုလုပ်နေသည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ထိပ်သီးခေါင်းဆောင်များ မျက်နှာစုံညီအစည်းအ ဝေးမှာ လက်ရှိကြုံတွေ့နေရသည့် တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ ပြဿနာရပ်များကို ဖြေရှင်းရန် အဓိက ရည်ရွယ်ပြီး အင်အားအကြီးမားဆုံး ၀ တပ်ဖွဲ့ပင်လျှင် အစိုးရဘက်မှ ချမှတ်ထားသည့် အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးမှ သာ နိုင်ငံရေးဆွေးနွေးပြီး နိုင်ငံရေးအရ သဘောတူမှ ပြည်ထောင်စုငြိမ်းချမ်းရေးစာချုပ်အားချုပ်ဆို စသည့်လမ်းပြမြေပုံကို လက် ခံထားကြောင်း ၀ တပ်ဖွဲ့ တာဝန်ရှိသူများက ပြောဆိုထားသည်။

ဝတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့်က “စည်းလုံးညီညွတ်မှု ခင်မှုရင်းနှီးမှုကို ဦးတည်ကြိုးစားတဲ့ အစည်းဝေးဖြစ်ပါတယ်။ ဒီပိုစ တာမှာ ရေးထားတာက ကျနော်တို့အစည်းအဝေးရဲ့ အဓိကမျှော်မှန်းချက်ကို လုံးလုံးကြီး ဆန့်ကျင်နေပါတယ်”ဟု ပြောသည်။

ယခု အစည်းအဝေးတွင် အစိုးရဘက်မှ ဆွေးနွေးပွဲမတက်ရောက်ရန် ပြောကြားထားသည့် ရခိုင်တပ်မတော်(AA)၊ ကိုးကန့် (MN DAA)နှင့် တအာင်းပလောင်အဖွဲ့များ တက်ရောက်လျှက်ရှိပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုနှင့် နိုင်ငံရေးဆွေးနွေးရာတွင် အားလုံးပါဝင် နိုင်ရန် အဓိကထား ဆွေးနွေးနေကြဆဲဖြစ်သည်။

ကေအိုင်စီ - KIC News
http://kicnews.org


 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့ဟာ တိုင်းဒေသကြီးနဲ့ ပြည်နယ် အသီးသီးမှာ မကြာခင် ပါတီစည်းရုံးရေး ခရီးစဉ်တွေ စတင်မယ်လို့ ပြောပါတယ်။

ဗဟိုရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့ရဲ့ ၃ ကြိမ်မြောက် အစည်းအဝေးကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်က အန်အယ်လ်ဒီရုံးချုပ်မှာ ဒီနေ့ကျင်းပရာ အောင်နိုင်ရေးအဖွဲ့တွေကို စည်းရုံးရေး လုပ်ငန်းစဉ်တွေ အတွက် အဆင်သင့်ပြင်ဆင်ထားဖို့ တိုက်တွန်းထားတယ်လို့ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောပါတယ်။

"ကျနော်တို့ မကြာခင်ဆင်းနိုင်ဖို့ ကြိုးစားနေမယ်၊ ရွေးကောက်ပွဲမကြေညာရင်လည်း ဆင်းသင့်ရင် ဆင်းရမှာပေါ့ ဆုံးဖြတ်ထားပါတယ်၊ မဲဆွယ်စည်းရုံးရေး အကျုံးမဝင်သေးရင် ရိုးရိုးစည်းရုံးရေး ကဏ္ဍပေါ့၊ မဲဆွယ်စည်းရုံးရေး အကျုးဝင်သွားတော့ အဲ့ဒီစည်းမျဉ်းအတိုင်းပေါ့၊ အောင်နိုင်ရေး အဖွဲ့တွေရဲ့လုပ်ငန်းက ရွေးကောက်ပွဲလုပ်ဖို့ကြေညာပြီးရင်နော် အင်နဲ့အားနဲ့ လုပ်ဖို့လိုတယ်၊ အဆင်သင့်ပြင်ထားဖို့ အဲ့ဒါမျိုးတွေ ဆွေးနွေးတာပါ"

တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့တွေကို ရပ်ကွက်ကျေးရွာအဆင့်အထိ ဖွဲ့စည်းနိုင်ရေးအတွက်လည်း ဆွေးနွေးကြတယ်လို့ သိရပါတယ်။

ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဟာ ကိုယ်စားလှယ်လောင်းရွေးချယ်ရေးမူတွေကို ဆွေးနွေးနေဆဲဖြစ်ပြီး ကိုယ်စားလှယ်လောင်းရွေးချယ်ရေးအဖွဲ့ကို ဖွဲ့စည်းဖို့လည်း ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

အောင်နိုင်ရေးအဖွဲ့ကို ဥက္ကဌအဖြစ် ဦးတင်ဦးနဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ၊ လူငယ်လုပ်ငန်းအဖွဲ့တာဝန်ခံတွေ စတဲ့အဖွဲ့ဝင် ၁၈ဦးနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

နီပေါနိုင်ငံမှာ ငလျင်ကြောင့် ပိတ်မိပြီး နောက်ထပ် အသက်ရှင်ကျန်ရစ်သူ မရှိနိုင်တော့ဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။


အခုချိန်ထိ လူ ၆၆၀ဝ ကျော် သေဆုံး
ပြီးခဲ့တဲ့ စနေနေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် လောလောဆယ် ခုချိန်ထိ သေဆုံးသူ ၆၆၀ဝ ကျော်သွားပြီလို့ နီပေါ ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရက အတည်ပြု ပြောဆိုပါတယ်။

ခုချိန်ထိ လူ ၁၄၀ဝ၀ လောက် ဒဏ်ရာရခဲ့ကြပြီး နောက်ထပ် လူအများအပြားလည်း ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

မြို့ပြနဲ့ ဝေးလံတဲ့တချို့နေရာတွေက ထိခိုက်သေဆုံးမှုတွေကိုလည်း စုံစမ်းနေဆဲပဲ ရှိပါသေးတယ်။

မြို့တော် ခတ္တမန်ဒူအနီး ရွာတစ်ရွာကနေ ဘီဘီစီသတင်းထောက် ပြောရာမှာတော့ အကူအညီတွေဟာ မြို့တော်ထဲမှာပဲ ရှိသေးပြီး နယ်တွေထိ ရောက်ဖို့ အခက်အခဲတွေ ရှိနေတယ်၊ လူတွေဟာ အကူအညီနည်းနည်းပဲ ရသေးတယ်လို့ သတင်းပေးပို့ထားပါတယ်။

BBC Burmese
http://www.bbc.com/burmese



ဦးရွှေမန်းနဲ့ ဒေါ်စု ၆ ပွင့်ဆိုင် ဆွေးနွေးပွဲမှာ ပါဝင်ခဲ့ကြ

အမေရိကန် နိုင်ငံ ဝါရှင်တန် မြို့တော် မှာ ရောက်ရှိ နေတဲ့ ပြည်ထောင်စု လွှတ်တော် နာယက ဦးရွှေမန်း က ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ က သူ့ကို အဆိုပြုမယ် ဆိုရင် သမ္မတ ဝင်အရွေးခံ မှာ ဖြစ်ပြီး နိုင်ငံ အတွက် ဒေါ်အောင်ဆန်း စုကြည် နဲ့ ပူးပေါင်း ဆောင်ရွက် ဖို့ အသင့် ရှိကြောင်း ထုတ်ဖော် ပြောဆို လိုက် ပါတယ်။

ဒါဟာ ကြံ့ခိုင်ရေး ပါတီ ဒုဥက္ကဋ္ဌ ဖြစ်တဲ့ ဦးရွှေမန်း အနေ နဲ့ သူ့ပါတီ အလုပ် အမှုဆောင် တွေနဲ့ သဘောတူ မထား ဘဲ ပြောလိမ့်မယ် မထင်ဘူး လို့ NLD ဗဟို အလုပ် အမှုဆောင် ကော်မတီဝင် ဦး ဝင်းထိန် က ပြောပါတယ်။

NLD ဘက်က ဒီပြောကြားချက် အတွက် ဘာမှ တရားဝင် မသိရ ပေမယ့် လောလောဆယ် လွှတ်တော် တရားဥ ပဒေ စိုးမိုးရေး ကော်မတီ ကိစ္စ တွေ မှာ ဦးရွှေမန်း က ဒေါ်စုနဲ့ ပူးပေါင်း ဆောင်ရွက် မှုတွေ ရှိတယ် လို့ ဦး ဝင်းထိန် က ဆိုပါတယ်။

NLD က ရွေးကောက်ပွဲ ဝင်မဝင် သေချာ မဆုံးဖြတ် ရသေးခင် မှာ ညွန့်ပေါင်း အစိုးရ ဖွဲ့ဖို့ ကိစ္စ ကို ပြောဖို့ စောလွန်းကြောင်း၊ ဦးရွှေမန်း ကို NLD သမ္မတ တင်ဖို့ ကြိုးစားရင် လည်း NLD အောက်ခြေပိုင်း က လက်ခံမှာ မဟုတ် ကြောင်း သူက ပြောပါတယ်။

ဒေါ်အောင်ဆန်း စုကြည် သမ္မတ ဖြစ်ရေး အတွက် အခြေခံ ဥပဒေ ပြင်ဆင်ရေး ကို မဖြစ်ဖြစ် အောင် စောင့်ပြီး ကြိုးစား သွားမယ်၊ အဲဒိနောက် ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံ ဖြစ်အောင် ဆက်လုပ်ရမယ် လို့လည်း ဆိုပါတယ်။

ဦးရွှေမန်း က ဒေါ်စုနဲ့ ပူးပေါင်းဖို့ စကားပြော တာဟာ လာမယ့် ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေး ရှုံးဖို့ များနေလို့ ပြောတာ မျိုး ဖြစ်နိုင်တယ် လို့လည်း ဦး ဝင်းထိန် က ပြောကြားပါတယ်။

BBC Burmese
http://www.bbc.com/burmese

လာမည့် ၂၀၁၅ ရွေးကောက်ပွဲအပြီး သမ္မတ ရွေးချယ်ရာတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပါဝင်သင့်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် က တောင်ကိုရီးယား သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ထည့်သွင်း ပြောကြားမှုအပေါ် လွှတ်တော် ကိုယ်စား လှယ်များနှင့် နိုင်ငံရေးပါတီများက ကြိုဆိုလိုက်သည်။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က တောင်ကိုရီး ယား နိုင်ငံ၊ ဆိုးလ်မြို့သို့လွှတ်တော် ဥက္ကဋ္ဌ Chung Eui-hwa နှင့် တွေ့ဆုံရန် အတွက် ရောက် ရှိစဉ် တောင်ကိုရီးယား သတင်းဌာန Yonhap နှင့် တွေ့ဆုံမေးမြန်းခန်း ပြုလုပ်ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သမ္မတ ရွေးချယ် ရာတွင် ပါဝင်သင့်ကြောင်းနှင့် ယခုကဲ့သို့ ပြောကြားရခြင်းမှာ ပုဂ္ဂိုလ်ရေးကြောင့် မဟုတ်ဘဲ နိုင်ငံတော်၏ အကျိုး စီးပွားအတွက်ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

““ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီနိုင်ငံရေး စဦးတည်းက ပါဝင်ခဲ့သူတစ်ဦးဖြစ်တယ်။ နှစ်ပေါင်းများစွာ အနစ်နာခံပြီး ဆောင်ရွက်ခဲ့သူ တစ်ဦးဖြစ်တယ်။ လူထုခေါင်းဆောင်အဖြစ် နိုင်ငံက အသိအမှတ် ပြုထား သလို နိုင်ငံတကာကလည်း အသိအမှတ်ပြုကြတယ်။ အဲဒီအတွက် ဒေါ်အောင်ဆန်းစုကြည်ပါဝင်တဲ့ နိုင်ငံက အရေးကြီးတဲ့ နိုင်ငံရေးအဖြစ် လက်ရှိ အုပ်ချုပ်နေတဲ့အဖွဲ့မှာ တာဝန်ယူတဲ့သူတွေ အနေနဲ့ အသိအမှတ်ပြုဖို့ လိုသလို၊ အခုလာမယ့် ၂၀၁၆ အစိုးရတစ်ရပ်ဟာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်တဲ့ ဦးဆောင်အစိုးရဖြစ်ဖို့ အတွက် လိုအပ်တယ်လို့ မြင်ပါတယ်။ ဦးခင်အောင်မြင့် အခုလို ပြောကြားတာဟာ ဒီလိုမျိုး ဖြစ်သင့်တဲ့ နိုင်ငံရေးကို စစ်အစိုးရကနေ အစိုးရသစ်လက်ထက်မှာ ပြောင်းလဲလာတဲ့ ကောင်းတဲ့ လက္ခဏာလို့ မြင်ပါတယ်။ ကျွန်တော့် အနေနဲ့လည်း ဒေါ်အောင်ဆန်း စုကြည်က နိုင်ငံကို ဦးဆောင်နိုင်တဲ့ ခေါင်းဆောင်ကောင်း တစ်ယောက် လို့ မြင်ပါတယ်”” ဟု အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ NDF မှ အလုံမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောသည်။

ထို့ပြင် ရခိုင်အမျိုးသားပါတီ ဗဟိုကော်မတီဝင် ဦးအေးသာအောင်ကလည်း ““သမ္မတဆိုတာက တိုက်ရိုက် ၀င်ရွေးချယ်ခံလို့ရတာ မဟုတ်ဘူး။ ၅၉ (စ)ကလည်း မပြင်ရသေးဘူး။ ဒါကို သိသိချည်းနဲ့ ဘာလို့ပြောတာလဲ ဆိုတာတော့ စဉ်းစားမရဘူး။ နိုင်ငံ့အကြီးအကဲ တစ်ယောက်က ဒါကိုမသိလို့ ပြောတာ မဖြစ်နိုင်ဘူးလေ။ အခုက အပြောသက် သက်ကြီး ဖြစ်နေတာပေါ့။ သူက စေတနာနဲ့ ပြောတာကို လက်ခံပါတယ်”” ဟု ဆိုသည်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က တောင်ကိုရီးယား သတင်းဌာန Yonhap နှင့် တွေ့ ဆုံ မေးမြန်း ခန်း ပြုလုပ်ရာတွင် ““ကျွန်တော်တို့တွေဟာ ပြဿနာတစ်ခုကို ကြည့်မယ်ဆိုရင် တစ်ဦးတစ်ယောက် အမြင်ကနေ ချဉ်းကပ်တာထက် တစ်နိုင်ငံလုံးရဲ့ အမျိုးသား အကျိုးစီးပွားကနေ ချဉ်းကပ်ရမှာ ဖြစ်ပါတယ်””ဟု ဖြေကြားခဲ့ သည့်အပြင် ““ကျွန်တော့်ရဲ့အမြင်အရ အားလုံးအနေနဲ့ နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍ မှာ ပါဝင် သင့်တယ်။ ဒေါ်အောင်ဆန်းစုကြည်က ပညာလည်းရှိ တယ်။ နောက်ပြီးပြည်တွင်းမှာ နိုင်ငံရေး Image ကလည်း ရှိတယ်။ ကျွန်တော်ကတော့ သူမကို တိုင်းပြည်ရဲ့ခေါင်းဆောင်မှု အခန်းကဏ္ဍမှာ ပါဝင်စေလိုတယ်”” ဟုပြော ကြားထားသည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သမ္မတအဖြစ် ၀င်ရောက် ရွေးချယ်ခဲ့မည်ဆိုပါက အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) ဖြင့် ငြိစွန်းနေကြောင်း အစိုးရအသိုင်း အ၀ိုင်းဘက်မှ ပြောဆိုမှုများလည်း ရှိသည်။

အခြေခံဥပဒေ ပုဒ်မ ၅၉ (စ)တွင် ““မိမိ ကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော် လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်း သော်လည်းကောင်း၊ ထိုတရားဝင် သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်း သော်လည်းကောင်း နိုင်ငံခြား အစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံ ဖြစ်သူသော် လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသား သော် လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ”” ဟု ပြဋ္ဌာန်းထားသည်။

““နိုင်ငံတော် အကျိုးအတွက်ဆိုရင် အန်ကယ့်အနေနဲ့ ဘယ်သူ့ကိုမှ ကန့်ကွက်စရာ အကြောင်း မရှိပါဘူး။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ ၅၉ (စ) ပြင်ဖို့ဆိုတာက ဒီပုဒ်မက အဲဒီအခြေအနေအရ၊ အချိန်အခါအရ ဖြစ်သင့်တယ်ထင်လို့ ထည့်ထားတာပါ။ တိုင်းပြည် အခြေအနေအရ ပြဋ္ဌာန်းထားတာမို့လို့ ဒီအပေါ်မှာ မဝေဖန်လိုပါဘူး””ဟုတိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ ဧရာဝတီတိုင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစောအယ်ဂေးကဆိုသည်။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၏ ပြောဆိုမှုအတိုင်း ဒေါ်အောင်ဆန်း စုကြည် အနေဖြင့် သမ္မတအဖြစ် ရွေးချယ်ခံအတွက် အခြေခံဥပဒေ ပြင်ဆင်ပေးရန် လိုအပ် နေကြောင်းကို ““ဖွဲ့စည်းပုံအခြေခံဥပဒေမပြင်ဘဲ ဘယ်လို ရွေးချယ်ခံရမှာလဲ။ ပြင်မှရမှာလေ။ မပြင်ရင် ဘယ်လိုမှ ရွေးချယ်ခံ ပြိုင်လို့ရမှာမဟုတ်ဘူး။ ဒါကို ၀င်ရောက် ရွေးချယ်ခွင့်ရရင် ကျွန်တော်တို့ တိုင်းရင်းသား အားလုံးက ကြိုဆိုပါတယ်။ နိုင်ငံသားတစ်ဦးရဲ့ ရပိုင်ခွင့်နဲ့ ပတ်သက်ပြီး ပြိုင်ဆိုင်မှုတွေ လိုအပ်တယ်လို့ ထင်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၅၉ (စ)ကို မပြင်ဘဲ ရွေးချယ်ခံသင့်တယ်လို့ ပြောတာက လမ်းကြောင်း က ပိတ်နေနေ တယ်။ ရှောင်ပြီး ရွေးချယ်ခံလို့မှ မရတာ”” ဟု ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ပါတီမှ ပင်လောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခွန်မောင်သောင်းက သုံးသပ်ပြောဆိုသည်။ လာမည့် ၂၀၁၅ ရွေးကောက် ပွဲအပြီး မည်သူသမ္မတ ဖြစ်သည်၊ မဖြစ်သည်မှာ အရေးမကြီးဘဲ အားလုံးအနေဖြင့် ပိုမိုကောင်းမွန်သော နိုင်ငံ ဖြစ်စေရန် အတွက် ရှေ့ဆက် လုပ်ဆောင်ကြရမည် ဖြစ်ကြောင်းလည်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် က တောင်ကိုရီးယား သတင်းဌာနနှင့် မေးမြန်းခန်းတွင် ထည့်သွင်းပြောဆို ထားသေးပြီး လာမည့် ရွေးကောက်ပွဲ မှာလည်း ဒီမိုကရေစီပြုပြင် ပြောင်း လဲရေးဖြစ်စဉ်တွင် ဒုတိယအကြိမ် ရွေးကောက်ပွဲ ဖြစ်ပြီး တိုင်းပြည်အတွက် အရေးကြီးကြောင်း၊ ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲလွန် ကာလများတွင်လည်း တည်ငြိမ်ရန် လိုအပ်ကြောင်း”” လည်း ထုတ်ဖော်ပြောဆိုထားသည်။

ဝတ်ရည်နွေးနွေး

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald


တရုတ်သံရုံးရှေ့၌ ဆန္ဒပြမှုကြောင့် ဖမ်းဆီးခံထားရသော ဗိုလ်ကြီးဟောင်း နေမျိုးဇင်က ၎င်း၏အမှုအတွက် ကာကွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးဝေလွင်အား သက်သေအဖြစ် တင်သွင်း သော်လည်း တရားရုံးက ခေါ်ယူပေးခြင်း မရှိကြောင်း ဗိုလ်ကြီးဟောင်း နေမျိုးဇင်က ဧပြီ ၃၀ ရက်တွင် ဒဂုံမြို့နယ်တရား၌ ၁၆ ကြိမ်မြောက် ရုံးချိန်းလာရောက်စဉ် မြန်မာသံတော်ဆင့်သို့ ပြောသည်။

လက်ပံတောင်းတောင် ဒေသခံ ဒေါ်ခင်ဝင်း သေနတ်ဖြင့် ပစ်ခတ်ခံရမှုနှင့် ပတ်သက်၍ တရုတ်သံရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ပြီး အဆိုပါဆန္ဒထုတ်ဖော်မှုကြောင့် ဗိုလ်ကြီးဟောင်းနေမျိုးဇင် အပါအ၀င် တက်ကြွ လှုပ်ရှား သူများ ဖြစ်ကြသော ဒေါ်နော်အုံးလှ၊ ဒေါ်စိန်အေး၊ ကိုတင်ထွဋ်ပိုင်၊ ဒေါ်လေးလေး၊ ဦးသန်းဆွေ နှင့်ဒေါ်မြနု တို့ကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(ခ) နိုင်ငံတော် အကြည်ညိုပျက်စေမှု အပါအ၀င် အခြားသော ပုဒ်မ ၅ ခုဖြင့် တရားစွဲခဲ့ခြင်း ဖြစ်သည်။

““ကျွန်တော်ကတော့ ခုကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးဝေလွင်ကို သက်သေ တင်သွင်းတာပေါ့ဗျာ။ ပြစ်မှုနဲ့တော့ သူနဲ့တိုက်ရိုက် မသက်ဆိုင်ဘူး။ ပြစ်မှုဆိုတဲ့ စွပ်စွဲချက်ကို ကျွန်တော်တို့ လုပ်ဆောင်ခဲ့တဲ့ လုပ်ဆောင် ချက်က နိုင်ငံတော် အကျိုးစီးပွားနဲ့ အချုပ်အခြာအာဏာ ထိခိုက်ခံရမှုကို ကာကွယ်ပေးဖို့ တောင်းဆိုတဲ့ လှုပ်ရှား မှုလေ။ ဒီအချုပ်အခြာအာဏာ ထိခိုက်ခံရမှုကို ကာကွယ်ပေးဖို့ ကျွန်တော့်ရဲ့ ကျောင်းအုပ်ကြီး ဗိုလ်ချုပ်ကြီး ဝေလွင် ကို တင်သွင်းတာ ခေါ်မပေးဘူး တရားရုံးက””ဟု ဗိုလ်ကြီးဟောင်း နေမျိုးဇင်က မြန်မာ သံတော်ဆင့် သို့ ပြောသည်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၂ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ လက်ပံတောင်းပဋိပက္ခမှာ ဒေါ်ခင်ဝင်း သေနတ်ထိမှန် သေဆုံးမူနဲ့ပတ်သက်ပြီး ရန်ကုန်မြို့ တရုတ်သံရုံးရှေ့မှာ ဆန္ဒပြခဲ့တာကြောင့် တရားစွဲခံထားရသူတွေကို ဒီနေ့ ဒဂုံမြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ RFA သတင်းထောက် ကိုဝင်းနောင်တိုးက တင်ပြထားပါတယ်။ရိုက်ကူး - သီဟထွန်း၊ ဝင်းနောင်တိုး

Posted by RFA Burmese on Thursday, April 30, 2015
တရားစွဲဆိုခံထားရသော ပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်သော ဒေါ်လေးလေး သည် အခြားသော မြို့နယ်တစ်ခုတွင် ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ်ကျခံနေရပြီး တရားရုံးမှ ထောင်ထုတ်မိန့် မပေးခဲ့သောကြောင့် တရားရုံးသို့ လာရောက်ခွင့် မရဘဲ ရုံးချိန်ကို မေလ ၅ ရက်သို့ ထပ်မံချိန်းဆိုခဲ့သည်။

ဗိုလ်ကြီးဟောင်း နေမျိုးဇင်တို့အား ၂၀၁၄ ဒီဇင်ဘာလကတည်းက အမှုဖွင့်ကာ ဖမ်းဆီး ထိန်းသိမ်းခဲ့ခြင်းဖြစ်ပြီး ယခုအချိန်အထိ အမှုကြန့်ကြာနေခြင်းအပေါ် ဝေဖန်မှုများလည်းရှိသည်။

““အမှုတွဲလေး ၄-၅ တွဲလောက်နဲ့ ဖြစ်စဉ်လေး သေးသေးလေးကို ဒီလောက်ကြန့်ကြာနေတာ မဖြစ်သင့်ဘူးလို့ ထင်တယ်။ သူတို့က အမှုရင်ဆိုင်နေဆဲ ကာလကို ကြာရှည်အောင် ဆွဲဆန့်ထား မယ်။ ရွေးကောက်ပွဲနီးတဲ့ အချိန်မှာ ဒီလို တက်ကြွလှုပ်ရှားသူတွေကို အပြင်မှာ မရှိစေချင်ဘူးပေါ့။ အစိုးရမှာ ဒီလိုဆန္ဒရှိပုံရတယ်””ဟု ရန်ကုန် ပြည်သူ့အကျိုးဆောင်ကွန်ရက်မှ တက်ကြွလှုပ်ရှားသူ ကိုဝေမှူးသွင်က ပြောသည်။

ဝိုင်းမော်

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald