05/04/15



ထိုင်းနိုင်ငံ မဲဆောက်ဘက်ခြမ်းမှာ ဆယ်ကျော်သက်အရွယ် မြန်မာ အမျိုးုသမီးငယ်နှစ်ဦး ပျောက်ဆုံးတာကို သက်ဆိုင်ရာကို တိုင်ကြားထားပေမယ့် တပတ်ကျော်တဲ့အထိ ရှာမတွေ့သေးဘဲ ဖြစ်နေပါတယ်။ ဒီသတင်းကို ခွန်ဘသာက တင်ဆက်ထားပါတယ်။

ရိုက်ကူး ဂျိုး DVB TV


 ကချင်ပြည်နယ် ဖားကန့်နဲ့ တနိုင်းမြို့နယ်တွေမှာ အစိုးရတပ်နဲ့ ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ)တို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့တဲ့ကိစ္စ ကွင်းဆင်းလေ့လာဖို့ အစိုးရဖက်က မအားလပ်ကြောင်း အကြောင်းပြန်တဲ့အတွက် အစီအစဉ်ပျက်ပြားသွားပါတယ်။

ဖားကန့် နဲ့ တနိုင်းမြို့နယ်တွေမှာ အစိုးရတပ်နဲ့ ကေအိုင်အေ တပ်တို့အကြားတိုက်ပွဲဖြစ်ပွား ခဲ့တာနဲ့ပတ်သက်ပြီး အစိုးရနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အို ကိုယ်စားလှယ်တွေ ပါဝင်တဲ့ ပဋိပက္ခညှိနှိုင်းရေးအဖွဲ့ဟာ ဧပြီလ ၂၇ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

အဲဒီဆွေးနွေးပွဲမှာ တိုက်ပွဲတွေဖြစ်ပွားတာနဲ့ ပတ်သက်လို့ သဘောထားအမြင် တချို့ မတူညီမှုတွေရှိနေပြီး တိုက်ပွဲဖြစ်ပွားရာဒေသကို ကွင်းဆင်းစစ်ဆေးတာတွေ ပြုလုပ်သွားဖို့ သဘောတူခဲ့ကြပါတယ်။

ဒီကနေ့မှာတော့ အစိုးရတပ်ဖက်က ကွင်းဆင်းဖို့ မအားလပ်ကြောင်း အကြောင်းပြန်တဲ့အတွက် အစီစဉ်ဖျက်သိမ်းလိုက်တယ်လို့ ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးလမိုင်ဂွန်ဂျာက ပြောပါတယ်။

“သွားစစ်ဖို့အတွက် နှစ်ဦးနှစ်ဖက် သဘောတူညီထားတာရှိတယ်။ ဒါပေမယ့်လည်း ဒီနေ့သူတို့တပ်က အကြောင်းပြန်တာက တပ်က အဆင်သင့်မဖြစ်သေးလို့ သူတို့ မအားလို့ဆိုပြီးမှ သွားစစ်ဖို့ အစီစဉ်က ပျက်သွားပြီဗျာ။ ဒီနေ့ပဲ သူတို့ အကြောင်းပြန်တာဗျာ။”

မြေပြင်စစ်ဆေးဖို့ အစီစဉ်ပျက်သွားတဲ့အတွက် ကေအိုင်အေ ကိုယ်စားလှယ်တွေကတော့ မနက်ဖြန်မှာ ဌာနချုပ်ရှိရာ လိုင်ဇာကို ပြန်သွားမှာဖြစ်တယ်လို့လည်း ပြောပါတယ်။

ကချင်ပြည်နယ် ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့ကို အစိုးရဘက်က ကိုယ်စားလှယ် ၅ ဦး နဲ့ ကေအိုင်အိုဘက်က ကိုယ်စားလှယ် ၅ ဦးစီ ဖွဲ့စည်းထားပြီး ၂၀၁၄ အောက်တိုဘာလကစ ပုံမှန်တွေ့ဆုံညှိနှိုင်းဖို့ရှိပေမယ့် ၂၀၁၄ နိုဝင်ဘာမှာ ကေအိုင်အေဗိုလ်သင်တန်းကျောင်း အပစ်ခံရပြီးတဲ့နောက် ဆွေးနွေးပွဲတွေ ရပ်ဆိုင်းခဲ့ပါတယ်။

ဒီဧပြီလဆန်းပိုင်း ၆ ရက်နေ့မှာတော့ တကြိမ်ပြန်လည်တွေ့ဆုံခဲ့ပြီး ဖားကန့်ဒေသတိုက်ပွဲတွေ ကြောင့် ဧပြီလ ၂၇ ရက်နေ့မှာ အရေးပေါ် ပြန်လည်တွေ့ဆုံခဲ့ကြပါတယ်။

ကွင်းဆင်းစစ်ဆေးမယ့် အစီအစဉ်ပျက်သွားပေမယ့် ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့ အနေနဲ့ ကတော့ လစဉ်ပုံမှန် တွေ့ဆုံနေကျအတိုင်း ဆက်လက်တွေ့ဆုံဆွေးနွေးမှာ ဖြစ်တယ်လို့လည်း ဦးလမိုင်ဂွန်ဂျာက ပြောပါတယ်။

 By နော်နိုရင်း (ဒီဗွီဘီ)
http://burmese.dvb.no

သူရဦးရွှေမန်းမိသားစုရဲ့ စီးပွားရေးသောင်းကျန်းခဲ့မှုတွေကိုလွှတ်တော်နာယကကြီးတကယ်မသိသေးတာလား၊ မသိချင်ဟန်ဆောင်နေတာလားဆိုတာ မေးလည်းမေးချင်တယ်၊ မေးလည်းမမေးရဲဘူး။

ဧရာဝတီတိုင်းမှာ ဦးရွှေမန်းရဲ့ သား အောင်သက်မန်းပိုင်တဲ့ ဧရာ-ရွှေဝါကုမ္ပဏီကြောင့်ဘ၀ပျက်ခဲ့ရသူတွေ အများကြီးရှိပါတယ်။ ဦးရွှေမန်းဟာ ၁၉၉၇ ခုနှစ်မှာ ဧရာဝတီတိုင်းတိုင်းမှူးအဖြစ် ခန့် အပ်ခံရပြီး တိုင်းမှူးဘ၀က ဧရာ-ရွှေဝါကုမ္ပဏီဟာ ဧရာဝတီတိုင်းတတိုင်းလုံးရဲ့  ဓာတ်မြေသြဇာ ရောင်းချခွင့်ကို တဦးတည်း မူပိုင်ရရှိခဲ့ပါတယ်။မြေသြဇာတွေကို အုပ်ချုပ်ရေးမှူးတွေကတဆင့် တောင်သူတွေကို မ၀ယ်မနေရ၀ယ်ခိုင်းပါတယ်။ တောင်သူတွေကို မြေသြဇာ ကြိုပေးပြီး စပါးပေါ်တော့ မတန်တဆ
ဈေးနဲ့  ပြန်တောင်းပါတယ်။ ဓာတ်မြေသြဇာကို မြေဧကပိုင်ဆိုင်မှုပေါ် မူတည်ပြီးစိုက်စိုက်မစိုက်စိုက် မ၀ယ်မနေရ ၀ယ်ရတာပါ။ စပါးပေါ်ချိန်မှာ တိုင်းမှူးသားကိုကြွေးပေးရတာနဲ့ တချို့ တွေဆို ကလေးတွေကျောင်းစရိတ် မရှိတော့လို့  ကျောင်းထွက်ရပါတယ်။ နောက်ဆုံး စီးပွားရေးအဆင်မပြေတော့ ကလေးတွေကို မြို့ ပို့ ပြီးလက်ဘက်ရည်ဆိုင်မှာ စားပွဲထိုးလုပ်ခိုင်းရပါတယ်။ တသက်လုံး မိသားစုနဲ့ 
လယ်ထဲမှာ ပျော်နေသူတွေက တကွဲတပြားစီ ဖြစ်ကုန်ပါတယ်။ တချိန်ကဆိုပေမယ့်ဒီနေ့ အထိ အဲဒီဒဏ်တွေ ပေးဆပ်နေရသူ အများကြီးရှိနေပါသေးတယ်။

အောင်သက်မန်းဟာအခုဆိုရင်ဧရာ-ရွှေဝါကုမ္ပဏီနာမည်နဲ့ လုပ်ငန်းပေါင်းစုံကိုလုပ်ကိုင်နေပါတယ်သူအခုလို ကြွယ်ဝချမ်းသာသွားဖို့  ပထမဆုံး စတေးခံခဲ့ရသူတွေက ဧရာဝတီတိုင်းသားတွေပါ။

ထူးကုမ္ပဏီပိုင်ရှင် တေဇနဲ့  သူရရွှေမန်းသား အောင်သက်မန်းတို့  ဦးစီးပြီး ပုဂ္ဂလိကစက်သုံးဆီ တင်သွင်းရောင်းချ ဖြန့် ဖြူးသူများအသင်းကို ၂၀၁၀ ဇန်န၀ါရီလကဖွဲ့ စည်းလိုက်ကြောင်း သိရပါတယ်။ စစ်အစိုးရက စက်သုံးဆီတင်သွင်းရောင်းချတဲ့လုပ်ငန်းတွေနဲ့  အစိုးရဆီဆိုင်လုပ်ငန်းအားလုံးကို ပုဂ္ဂလိကကဏ္ဍသို့  လွှဲပြောင်းနိုင်ရန်အတွက် အခုအသင်းကို တည်ထောင်ပေးလိုက်တယ်လို့ သိရပါတယ်။

အဲဒီအသင်းမှာဥက္ကဌအဖြစ်ဦးတေဇနဲ့ ဒုတိယဥက္ကဌ(၁)အဖြစ်ဦးအောင်သက်မန်းတို့ ကို ရွေးချယ်တင်မြှောက်ပေးခဲ့တယ်လို့  UMFCCI မှ စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောပါတယ်။ ဥိးအောင်သက်မန်းဟာ UMFCCI မှာ ဒုတိယဥက္ကဌအဖြစ်လည်း တာဝန်ယူထားပါတယ်။ စက်သုံးဆီအသင်းက ပြည်တွင်းသို့ စက်သုံးဆီများ
တင်သွင်းခွင့်ပြုခြင်း၊ စက်သုံးဆီဈေးနှုန်း သတ်မှတ်ခြင်းအပါအ၀င် ပုဂ္ဂလိက
စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းအားလုံးကို တိုက်ရိုက်ကိုင်တွယ်မှာ ဖြစ်ပါတယ်။

၂၀၁၀မှာကြံ့ခိုင်ရေးပါတီက ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဦးတင်မောင်ဦးကောင်းမှုကြောင့် ရွှေပြည်သာကွေ့  အမှတ် (၄) လမ်းမပေါ်က မြေကွက်တွေကိုနေရာချပေးပါတယ်။ ဒါပေမယ့် မြို့ ခံပြည်သူတွေထက် ဦးတဲ့သူတွေ ရှိနေပါတယ်။

သူရရွှေမန်းသားက ၆၀ ပတ်လည်မြေကွက် ၅ ကွက်ကို အကောင်းဆုံးနေရာမှာ
လက်ဦးမှုယူထားပါတယ်။ အဲဒီရပ်ကွက်က အငြိမ်းစာဝန်ထမ်းကြီးများ ရပ်ကွက်ပါ။

ဦးရွှေမန်းရဲ့  သားအငယ်ဖြစ်တဲ့ ဦးတိုးနိုင်မန်းဟာလည်း ၂၀၀၁ ခုနှစ် မတ်လ၊ ၂၂ရက်နေ့  ညနေ ၅ နာရီခွဲက ရှမ်းပြည်တောင်ပိုင်း ဗထူးတပ်မြို့ မှာ ကားတိုက်မှုတခုဖြစ်ပွားပြီး လူစားထိုး ထောင်ဒဏ်ကျခံစေခဲ့တယ်လို့  သတင်းတွေထွက်ခဲ့ပါတယ်။
တိုးနိုင်မန်းဟာလည်း လွှတ်တော်နာယက သူရဦးရွှေမန်းရဲ့ နိုင်င့ရေးအကြံပေး၊ဗျူဟာမှူးတဦးဖြစ်တယ်လို့  အစိုးရအဖွဲ့ နဲ့ နီးစပ်သူတဦးက စွပ်စွဲပြောဆိုထားပါတယ်။
နိုင်င့ရေးရည်မှန်းချက်ကြီးမားသူ တိုးနိုင်မန်းဟာ သူ့ ဖခင်ကို နိုင်ငံရေးအကြံပေးနေတယ်လို့  ကြံ့ဖွံ့ ပါတီ ထိပ်တန်းခေါင်းဆောင်တဦးက မှတ်ချက်ပြုခဲ့ပါတယ်။

တိုးနိုင်မန်းဟာ Red Link ကုမ္ပဏီကို ပိုင်ဆိုင်ထားပြီး အချက်အလက်များ စုဆောင်းနိုင်သလို လိုင်စင်ရသူဌေးကြီး ဦးခင်ရွှေရဲ့  သမက်တော်စပ်တာကြောင့် ငွေကြေးအင်အားတောင့်တင်းပြီး အိမ်နီးချင်း ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်လိုငွေနဲ့ နိုင်ငံရေးလုပ်သူတဦးဖြစ်တယ်လို့  မြန်မာ့နိုင်ငံရေး အကဲခတ်တဦးက မှတ်ချက်ပေးပြောဆိုပါတယ်။ လက်ရှိ Street View ဂျာနယ်ကို ထုတ်ဝေနေသူဖြစ်ပြီး
အခြားသော သတင်းစာ၊ ဂျာနယ်များ ထုတ်ဝေရေးနဲ့ ပတ်သက်လို့  သတင်းစာအယ်ဒီတာတယောက်ကလည်း အခုလိုပြောကြားခဲ့ပါတယ်။

 "အမှန်တကယ်တော့7 Day ဂျာနယ်ကနေ သတင်းစာပြောင်းထုတ်တာ၊ ကိုယ်ပိုင်သတင်းစာရိုက်တဲ့
ပုံနှိပ်စက် ၀ယ်ပြီးလုပ်တာ၊ ဒါတွေက ဦးတိုးနိုင်မန်းက နောက်ကွယ်က ထောက်ပံ့ပေးထားတာ၊ ခင်ဗျားတို့ သေချာဂရုစိုက်ပြီးကြည့်ရင် 7 Day က ထုတ်တဲ့ ဂျာနယ်၊သတင်းစာတွေမှာ ဦးရွှေမန်း ချမ်းသာကြွယ်ဝမှု၊ ဦးတိုးနိုင်မန်းနဲ့  ဦးအောင်သက်မန်းတို့ ရဲ့  စီးပွားရေးအမြတ်ထုတ်မှုတွေကို ဘယ်တော့မှ ဖော်ပြခဲ့တာ မရှိဘူးဆိုတာတွေ့ ရလိမ့်မယ်။

ဘာဖြစ်လို့ လဲဆိုတော့ နောက်ကွယ်က ငွေကြေးထောက်ပံ့ပေးထားတာ ဦးရွှေမန်းဆိုပြီး ပြောကြတယ်။ ဦးရွှေမန်း၊ဦးစံရွှေအောင်၊ဦးသောင်းစုညိမ်း၃ ယောက်ပေါင်းပြီးမန်း-အောင်-ညိမ်း ဖောင်ဒေးရှင်းထောင်ထားတယ်။ ပိုင်ရှင်အမည်ခံထားတဲ့ သောင်းစုညိမ်းက ဘာရှိမှာလဲ။ ဥိးရွှေမန်းမိသားစုက နောက်ကွယ်
ကနေ ငွေကြေးထောက်ပံ့ပေးထားတာ။ ရွှေမန်းမိသားစုအကြောင်းပြောရင်တနိုင်ငံလုံးကို စီးပွားရေးလက်ဝါးကြီးအုပ်ထားတာတွေ ပြောလို့ ကုန်နိုင်တော့မှာမဟုတ်ဘူး။ ဒါတွေကို 7 Day က ဘယ်တော့မှ မရေးဘူး။ နည်းနည်းလေးတောင်မရေးရဲဘူး။ ဘာဖြစ်လို့ လဲ သိလား၊ 7 Day ဆိုတာ သူရဦးရွှေမန်းမိသားစုကလက်သပ်မွေးထားတာ"။

ပြည်ပဘဏ်တွေဖြစ်တဲ့ Bank of Australia, Bank of England, EuropeanUnion, Bank of Canada တို့ မှာ သူရဦးရွှေမန်း၊ ဒေါ်ခင်လေးသက် (ဦးရွှေမန်းရဲ့ ဇနီး)၊ အောင်သက်မန်း (ဦးရွှေမန်းရဲ့ သား)၊ မခင်နှင်းသန္တာ (အောင်သက်မန်းရဲ့ ဇနီး)၊တိုးနိုင်မန်း (ဦးရွှေမန်းရဲ့ သား)၊ ဒေါ်ဇေလင်လတ် (တိုးနိုင်မန်းရဲ့ ဇနီး)တို့ ရဲ့ ငွေစာရင်းအပ်နှံငွေတွေ ရှိနေကြောင်းလည်း စုံစမ်းသိရှိရပါတယ်။ Red Link ဆက်သွယ်ရေးကုမ္ပဏီနဲ့  ချယ်ရီ FM ကလည်း တိုးနိုင်မန်းပိုင်တဲ့ ကုမ္ပဏီတွေဖြစ်ပါတယ်။
တိုးနိုင်မန်းဟာ ယေက္ခမဖြစ်သူအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးခင်ရွှေရဲ့ စီးပွားရေးလုပ်ငန်းတွေကိုလည်း နောက်ကွယ်ကနေပြီး လုပ်ကိုင်ပေးနေသူတဦးဖြစ်ပါတယ်။ ဦးရွှေမန်းဟာ သူ့ သား တိုးနိုင်မန်းကို ပြည်သူ့ လွှတ်တော်ရဲ့  ဥပဒေ
ရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်မှာ အဖွဲ့ ဝင်
အဖြစ် ထည့်သွင်းထားပြန်ပါတယ်။

သူရဦးရွှေမန်းရဲ့ သား အဓိက ရှယ်ယာပါဝင်တဲ့ ဧရာဟင်္သာကုမ္ပဏီဟာ မော်လမြိုင်အမှတ် (၁)ဈေးကြီး ဆောက်လုပ်ရာမှာ အမြတ်ငွေ ကျပ်သိန်းပေါင်း တသိန်းကျော်၇ရှိခဲ့တယ်လို့  အဆိုပါဆောက်လုပ်ရေးလုပ်ငန်းမှာ ပါဝင်ခဲ့သူ အင်ဂျင်နီယာတဦးကပြောခဲ့ဖူးပါတယ်။

"ကျနော်တို့ ဈေးဆောက်တာ ဆိုင်ခန်းပေါင်း (၁၃၃၆) ခန်း ထွက်ပါတယ်။ မူလပိုင်ရှင်တွေရဲ့ အခန်း (၁၁၂၄)ခန်းကို တခန်းကို ကျပ်သိန်း ၅၀ သွင်းခိုင်းတာက ကျပ်သိန်းပေါင်း (၅၆၂၀၀) ရတယ်။ ကုမ္ပဏီခွဲတမ်းက ပိုတဲ့ အခန်းပေါင်း(၂၁၂)ခန်းကို အနည်းဆုံး ကျပ်သိန်း ၄၀၀ လောက်နဲ့ ဈေးဖွင့်ရောင်းတာ အကြမ်းဖျင်းကျပ်သိန်းပေါင်း (၈၄၈၀၀) ရတယ်။

စုစုပေါင်းဝင်ငွေသိန်းပေါင်း၁သိန်း၎ သောင်းကျော်တယ်။ ဈေးဆောက်တာက ကျပ်သိန်းပေါင်း ၄ သောင်း မကုန်ဘူး။ ဒီတော့စုစုပေါင်းကျပ်ငွေ သိန်းပေါင်း တသိန်းကျော်ရတယ်။

အဆိုပါ ဧရာဟင်္သာကုမ္ပဏီဟာဦးရွှေမန်းသား အောင်သက်မန်း၊ မော်လမြိုင်မြို့ ခံတိုင်းမှူးနဲ့ ရင်းနှီးတဲ့ စီးပွားရေးသမားပါဝင်ပြီးအမှတ်(၁)ဈေး ဆောက်လုပ်ရန်ဖွဲ့ စည်းခဲ့ခြင်းဖြစ်ပါတယ်။ ဈေးကြီးမီးလောင်ပြီးနောက်
ပိုင်း မော်လမြိုင်အခြေစိုက် ဆောက်လုပ်ရေးကုမ္ပဏီတွေကဈေးသစ်ဆောက်ခွင့်ရဖို့  တိုင်းမှူးထံ တင်ပြကြပေမယ့် ခွင့်ပြုချက်မရဘဲ ဦးရွှေမန်းရဲ့ သားနဲ့  ပူးပေါင်းလုပ်ကိုင်ဖို့  ညွှန်ကြားခဲ့တာကြောင့် အဲဒီကုမ္ပဏီ ပေါ်ပေါက်ခဲ့တာပါ။

လက်ရှိမြန်မာနိုင်ငံရဲ့  ထိပ်တန်းသူဌေး အများအပြားဟာ တိုးနိုင်မန်းတို့  ညီအကိုနှစ်ယောက်နဲ့  မကင်းကြပါဘူး။ ၂၀၁၀ သြဂုတ်လက နေပြည်တော်မှာ စပြီးဖွင့်ခဲ့တဲ့အာရှစိမ်းလန်းမှုဖွံ့ ဖြိုးရေးဘဏ် Asia Green Development Bank (ဗွီ) ဆိုတာအများအမြင်မှာ ဦးတေဇပိုင်လို့  ထင်ရပေမယ့် တေဇက နာမည်ခံရုံသာရှိပြီးဦးရွှေမန်းသား အောင်သက်မန်းက ၈၀ ရာခိုင်နှုန်း အစုရှယ်ယာ ပိုင်ဆိုင်ပါတယ်။

ဒါ့အပြင် E-Lite Express, E-Lite Tech Manufacturing, Red Link Communi-
cations Ltd, Red Power နဲ့  တခြားစီးပွားရေးလုပ်ငန်းတွေလည်း ရှိပါသေးတယ်။
ဖခင်ရဲ့ အရှိန်အ၀ါနဲ့  ဒီဘ၀ရောက်လာကြတာပါလို့ ပြောရင် ငြင်းစရာရှိမှာ မဟုတ်ဘူး
လို့ ထင်ပါတယ်။

အိမ်ကြီးမောင်

(သူရိယအလင်းဂျာနယ် အတွဲ ၁၊ အမှတ် ၉ တွင် ပါရှိသော "မြန်မာပြည်ကို ၀ါးစား
နေသော ခရိုနီ ၁၀၀ ထဲက တစ်ယောက် မှ ထုတ်နုတ်ဖော်ပြပါသည်)

Credit...Aungmyo Tun



အမျိုးသား ပညာရေးဥပဒေကို နိုင်ငံတကာ အဆင့်နဲ့အညီဖြစ်အောင် လုပ်ဆောင်သွားမယ့်အပြင် ဖမ်းဆီးခံကျောင်းသားတွေနဲ့ ပြည်သူတွေ လွတ်မြောက်ဖို့ အရှိန်မြှင့် လုပ်သွားမယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာဆရာမများအဖွဲ့ချုပ်က ပြောပါတယ်။ DVB TV -

မြန်မာ့ငါးသယံဇာတတိုးပွားဖို့ အခုနှစ် ဇွန်လ မှ သြဂုတ်လထိ ၃ လတာကာလကို ငါးလုံးဝမဖမ်းရ ရာသီအဖြစ် ပထမဆုံးအကြိမ် သတ်မှတ်လိုက်တယ်လို့ ငါးလုပ်ငန်းဦးစီးဌာနက ဒီဗွီဘီကို ပြောပါတယ်။

ငါးသားပေါက်ရာသီမှာ ငါးမဖမ်းကြဖို့ ပြည်တွင်းပြည်ပက ပင်လယ်ကမ်းဝေး ငါးဖမ်းလှေ သင်္ဘောတွေအားလုံးကို ပိတ်ပင်လိုက်တာလို့ ငါးလုပ်ငန်း ဦးစီးဌာန ဒု ညွန်ကြားရေးမှူး ဦးမြင့်သူက ပြောပါတယ်။

“ငါးပုစွန် သယံဇာတ ထိန်းသိမ်းတဲ့အနေနဲ့ပေါ့နော်၊ မြန်မာ့ပင်လယ်ပြင်မှာရှိတဲ့ ငါးပုစွန်များ သားပေါက်ဖွားတဲ့ရာသီ ဇွန်၊ ဇူလိုင်၊ သြဂုတ် ကို ကျနော်တို့က သယံဇာတ ထိန်းတဲ့အနေနဲ့ ငါးမဖမ်းရ ရာသီအဖြစ် သတ်မှတ်ပိတ်ပင်တာပါ။ မြန်မာ့ပင်လယ်ပြင် ရေပြင်အတွင်းမှာရှိတဲ့ ကမ်းဝေးလှေတွေအားလုံးကို ပိတ်ပင်တာပါ။ ကမ်းဝေးနဲ့ ပတ်သက်လာရင် နိုင်ငံခြားရော ပြည်တွင်းရောပါ။”

ဒီညွန်ကြားချက်ကို တိကျစွာလိုက်နာဖို့ ၀န်ကြီးဌာနတွေကို ကြပ်မတ်ခိုင်းထားပြီး စည်းကမ်း မလိုက်နာတဲ့ ငါးဖမ်းလှေတွေကို စစ်တပ်က စည်းကမ်းပျက်ရေယာဉ်တွေအဖြစ် ဖမ်းဆီးမှာ ဖြစ်တယ်လို့ လည်း ငါးလုပ်ငန်း ဦးစီးဌာနအရာရှိက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်တွေကတော့ မြန်မာနိုင်ငံမှာ မေ နဲ့ ဇွန် ၂ လကိုသာ ငါးမဖမ်းရ ရာသီအဖြစ် သတ်မှတ်လေ့ရှိပေမယ့် ငါးဖမ်းဆီးခွင့် လုံးဝပိတ်ပင်ထားတာမျိုးမဟုတ်ပဲ ငါးဖမ်း သင်္ဘောလှေ သင်္ဘောတွေကို နယ်မြေလိုက် အလှည့်ကျ ငါးဖမ်းခွင့်ပြုခဲ့တာပါ။

အခုနှစ်မှာအချိန် ၁ လ ထပ်တိုးပြီး ၃ လကြာ ငါးလုံးဝမဖမ်းဖို့ ပိတ်ပင်လိုက်တဲ့ အတွက် ငါးလုပ်ငန်းနဲ့ ပတ်သက်ဆက်နွယ်သူတွေအားလုံး အခက်အခဲနဲ့ ရင်ဆိုင်ရဖို့ရှိတယ်လို့ မြန်မာနိုင်ငံ ပင်လယ်ငါးဖမ်းလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမောင်မောင်စိုးက ဒီဗွီဘီ ကိုပြောပါတယ်။

“ကျနော်တို့နဲ့ဆက်နွယ်နေတဲ့ ငါးသမားတွေ၊ အလုပ်သမားတွေ စားဝတ်နေရေးတွေ အခက်အခဲ အများကြီးတွေ့သွားနိုင်တယ်။ အဓိကကတော့ အလုပ်သမားတွေပါဘဲ၊ အခုလိုမျိုး ပိတ်လိုက်မယ်ဆိုရင် ကျနော်တို့ နောက် တခါပြန်စဖို့ဆိုတာ မလွယ်ဘူးလေ။ အလုပ်သမား ပြန်ရှာဖို့ နောက်တကြိမ်ပြန်ထွက်ဖို့ဆိုတာ တော်တော်ကို ခက်ခက်ခဲခဲ ဖြစ်နိုင်တယ်။ နောက် အအေးခန်းတို့ ရေခဲစက်တို ကျနော်တို့နဲ့ဆက်နွယ်နေတဲ့ ငါးပိငါးခြောက်လုပ်ငန်းတွေ အကုန်လုံး ရပ်သွားမှာပေါ့ဗျာ၊ အလုပ်သမား ၄ သောင်း ၅ သောင်းလောက်ဟာ အလုပ်ရပ်သွားတဲ့ သဘောရှိတာပေါ့။”

ပင်လယ်ငါးဖမ်းလုပ်ငန်းရှင်များအသင်း အနေနဲ့ကတော့ အနည်းဆုံး ၅၀ ရာခိုင်နှုန်းလောက် ငါးဖမ်းဆီးခွင့်ပေးဖို့ အစိုးရဆီမှာ အသနားခံစာပေးပို့ ထားတယ်လို့ ပြောပါတယ်။

ဒီကနေ့ထုတ် အစိုးရပိုင်နေ့စဉ်သတင်းစာတွေမှာတော့ မြန်မာ့ရေပေါ်ရေအောင်ငါး သယံဇာတ ဟာ နှစ်ပါင်း ၃၀ ကျော်အတွင်း ၈၀ ရာခိုင်နှုန်းလောက်ထိ ကျဆင်းသွားတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ ကျော်က မြန်မာနိုင်ငံမှာ ရေပေါ်ရေအောက် ငါးသယံဇာတ တန်ချိန်စုစုပေါင်း ၁၇၅၀၀၀၀ ရှိခဲ့ရာဟာ ၂၀၁၃ ခုနှစ်မှာ နော်ဝေငါးသုတေသန သင်္ဘော Dr. Fridtjof Nansen ရဲ့လေ့လာတွေ့ရှိချက်အရ ရေပေါ်ရေအောက် ငါးသယံဇာတ တန်ချိန် ၃၉၁၀၀၀ သာရှိတော့တယ်လို့ ဆိုပါတယ်။

မြန်မာ့ ငါးသယံဇာတ လျော့နည်းသွားရတဲ့ အကြောင်းရင်းနဲ့ပတ်သက်ပြီး ငါးလုပ်ငန်းဦးစီးဌာန ဒု ညွန်ကြားရေးမှူး ဦးမြင့်သူက “ငါးဖမ်းစွမ်းအားစုတွေများလာတာလဲပါတာပေါ့၊ သတ်မှတ် စည်းကမ်းဖောက်ဖျက်ပြီး ငါးဖမ်းပိုက်တွေနဲ့ဖမ်းတာတွေလည်းပါတာပေါ့၊ ဒါတွေကြောင့် အရွယ်မရောက်သေးတဲ့ငါးတွေ ငါးသေး၊ ငါးမွှားတွေ၊ ငါးအသေးလေးတွေ ငါးပေါက်ကလေး တွေပါ ကုန်တာလည်း ပါတာပေါ့၊ အဲဒါတွေကြောင့်လည်း ဖြစ်နိုင်တာပဲ။ အရင်တုန်းက လှေအရေအတွက်နဲ့ အခုလှေ အရေအတွက်ဆိုရင်တော့ အခုက ၂၅၀၀- ၂၆၀၀ လောက်ရှိတာ၊ ဟိုတုန်းကတော့ ၇၀၀ လောက်ပဲရှိတာ အဲလိုတော့ကွာသွားတာပေါ့”လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ တခြားအိမ်နီးချင်းနိုင်ငံတွေမှာလို သားဥပေါက်ချိန်နဲ့ ငါးသားပေါက်ချိန် ၃လ ကိုလုံးဝငါးမဖမ်းဆီးဖို့အတွက် ငါးမဖမ်းရရာသီအဖြစ်သတ်မှတ်ဖို့လွှတ်တော်က ဆုံးဖြတ်ခဲ့သလို အစိုးရကလည်း ပြီးခဲ့တဲ့ နှစ်ကတည်းက Fishing Rights အစီအစဉ်နဲ့ မြန်မာ့ ပင်လယ်ပြင်ထဲမှာ ၀င်ရောက် ငါးဖမ်းဆီးနေတဲ့ ထိုင်းအပါအ၀င် နိုင်ငံခြား ငါးဖမ်းလှေ အားလုံး ကို ငါးဖမ်းခွင့်ရပ်ဆိုင်းထားပါတယ်။

မြန်မာ့ငါးသယံဇာတ လျော့နည်းလာမှုနဲ့အတူ မြန်မာနိုင်ငံရဲ့ ပြည်ပ ငါးပုစွန်တင်ပို့မှုက ရတဲ့ဝင်ငွေဟာ လည်းဆက်တိုက်ကျဆင်းနေရာမှာ ပြီးခဲ့တဲ့ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်မှာတော့ ဒီမတိုင်ခင်နှစ်ကထက် ဒေါ်လာသန်း ၁၀၀ လောက်လျော့ကျသွားပြီး အမေရိကန် ဒေါ်လာ သန်း ၄၂၀ ရရှိခဲ့ တယ်လို့ စီးပွားကူးသန်းဌာန စာရင်းအရသိရပါတယ်။ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်မှာ ကန်ဒေါ်လာ သန်း ၅၁၈ သန်းဝင်ငွေရခဲ့ပြီး ဒီမတိုင်ခင်နှစ်က ဒေါ်လာ သန်း ၆၅၀ ရရှိခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ငါးသယံဇာတ ပိုင်ဆိုင်မှု အမြင့်ဆုံးမှာ ဆက်လက်ရပ်တည်နေဆဲဖြစ်ပါတယ်။ ဒါပေမယ့် ရင်းနှီးမြုပ်နှံမှု၊ ထုတ်လုပ်မှုနဲ့ အသုံးချမှု အားနည်းတာကြောင့် ရေထွက်ပစ္စည်းတင်ပို့မှုဟာ ဒေသတွင်း ထိုင်း၊ ဗီယက်နမ်နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် အဆပေါင်းများစွာကွာဟနေတာပါ။
မြန်မာနိုင်ငံဟာ ပင်လယ်ငါး၊ မွေးမြူရေးငါး၊ ပုစွန်၊ ဂဏန်း ငါးရှဥ့်၊ ပုစွန်ခြောက်နဲ့ တခြား ရေထွက်ပစ္စည်းတွေကို အာဆီယံနိုင်ငံတွေကိုသာမက တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ အမေရိကန်နဲ့ အီးယူနိုင်ငံတွေ အပါအဝင် နိုင်ငံပေါင်း ၃ဝ လောက်ကို တင်ပို့နေတာ ဖြစ်ပါတယ်။

By ပီတာအောင်
DVB
http://burmese.dvb.no/archives/91632

ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းရဲ့မြို့တော် ပန်ဆန်းမှာ တတိယနေ့အဖြစ်နဲ့ တိုင်းရင်းသားထိပ်သီးညီလာခံကို မေလ ၄ရက်နေ့မှာ ပြန်လည်စတင်လိုက်ပြီး ငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာကိစ္စတွေအတွက် တင်သွင်းထားတဲ့ စာတမ်း ၁၂စောင်ရဲ့ သဘောထားတွေကို ဆွေးနွေးသွားမယ်လို့ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဌ နိုင်ဟံသာက ကိုးကန့်ဒေသတိုက်ပွဲနဲ့ပတ်သက်ပြီး မဆွေးနွေးရသေးပေမယ့် ထည့်သွင်းဆွေးနွေးဖို့ရှိတယ်လို့ ဆိုပါတယ်။ "တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးမှာ အားလုံးပါဝင်တာမျိုး ကျနော်တို့လိုလားတယ်။ အဖွဲ့တစ်ချို့ကိုချန်ထားပြီး ရှိတဲ့အဖွဲ့တွေနဲ့ ဆောင်ရွက်သွားတာမျိုး မဖြစ်သင့်ပါဘူး။ အပစ်အခတ်ရပ်စဲရေးမှာ အားလုံးအတူတကွပါဝင်နိုင်ရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ အားလုံးပါဝင်နိုင်ရေးဆိုတဲ့ မူပေါ်မှာ ကျနော်တို့အားလုံး ရပ်တည်ပြီးရုန်းကန်တိုက်ပွဲဝင်သွားမှာပါ”လို့ နိုင်ဟံသာက ပြောပါတယ်။

ပန်ဆန်း တိုင်းရင်းသားထိပ်သီးညီလာခံကို တက်ရောက်နေတဲ့ SSA မြောက်ပိုင်းလို့လူသိများတဲ့ SSPP အဖွဲ့က အချက် ၃ချက်ကို တင်ပြထားပြီး ငြိမ်းချမ်းရေးကိုလိုလားတယ်၊ ငြိမ်းချမ်းရေး အကောင်အထည်ဖော်ဖို့အတွက် တိုင်းရင်းသား အဖွဲ့ကြီးငယ်မရွေး ပါဝင်တဲ့ ကျယ်ပြန့်တဲ့တပ်ပေါင်းစုဖြစ်အောင်လုပ်ပြီး နိုင်ငံရေး၊ စစ်ရေးအရ ပူးပေါင်းသွားမယ်၊ ဖွဲ့စည်းပုံမပြင်ဆင်ရင် ငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီမရနိုင်တာမို့ ထည့်သွင်းဆွေးနွေးမယ်လို့ ဗိုလ်မှူးချုပ် စဝ်ခွန်ဆိုင်က ပြောပါတယ်။

“ကျနော်တို့က ငြိမ်းချမ်းရေးလိုချင်တာ တူညီပါတယ်။ ကျနော်တို့က ရိုးသားတယ်၊ သစ္စာရှိတယ်၊ ကတိတည်တယ်၊ အပစ်အခတ်ရပ်စဲရေးကို အတတ်နိုင်ဆုံး ခိုင်မာအောင်လုပ်ချင်တယ်။ အပစ်အခတ်ရပ်စဲရေး ခိုင်မာအောင် စောင့်ကြည့်အဖွဲ့တွေ ဖွဲ့ရမယ်။ ဒါကို NCCT ကလုပ်ရမှာဖြစ်ပါတယ်။ ပြီးမှ ဒီကိစ္စကို အစိုးရနဲ့ပြန်ညှိဖို့လိုမယ်။ ခိုင်မာတဲ့ အပစ်အခတ်ရပ်စဲရေးအောက်မှာလုပ်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေရဲ့ရလဒ်က ကောင်းမွန်ပါမယ်။ အခုဖြစ်နေတဲ့ တစ်ဖွဲ့ကိုတိုက်၊ တစ်ဖွဲ့ကိုဆွဲဆောင်၊ တစ်ဖွဲ့ကိုခွဲခြားလုပ်နေတာဖြစ်တယ်။ ဒါကို ကျနော်တို့ လက်မခံနိုင်ပါဘူး”လို့ ဗိုလ်မှူးချုပ် စဝ်ခွန်ဆိုင်က ကမာရွတ်မီဒီယာကို ပြောပါတယ်။

အပစ်အခတ်ရပ်စဲရေးမှာ နှစ်ဖက်တပ်တွေလိုက်နာရမယ့် စည်းကမ်းတွေ၊ ပူးတွဲစောင့်ကြည့်ရမယ့်အဖွဲ့တွေ သီးခြားသတ်မှတ်ဖို့လိုတယ်လို့ KNPP ဒုတိယဥက္ကဌ ခူးဦးရယ်က ပြောပါတယ်။ လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးနဲ့ ပါဝင်လက်မှတ်ရေးထိုးရမယ့် သက်သေနိုင်ငံတွေကိစ္စ NCA စာချုပ်မူကြမ်းထဲ သဘောမတူရသေးတဲ့အကြောင်း၊ ငြိမ်းချမ်းရေးခရီးက အခြေခံဥပဒေတစ်ခုလုံးကို ပြင်မှသွားနိုင်မှာဖြစ်ပြီး သူတို့အဖွဲ့ကလည်း ဖွဲ့စည်းပုံပြင်ဆင်ရေး ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။

မြန်မာအစိုးရဘက်ကတော့ ကိုးကန့်၊ ရခိုင်တပ်မတော်နဲ့ TNLA တို့နဲ့ မဆွေးနွေးဘဲ အပစ်အခတ်ရပ်စဲရေးကို လုပ်သွားမယ်လို့ ဆိုပါတယ်။ ပြီးတော့လည်း ဒီအဖွဲ့၃ဖွဲ့ဟာ မနေ့တစ်နေ့ကပေါ်လာတဲ့အဖွဲ့တွေဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်က သတင်းမီဒီယာတွေကို ထုတ်ပြောထားပါတယ်။

(ဓာတ်ပုံ - ကမာရွတ်မီဒီယာ)
Kamayut Media

စစ်တပ်ပိုင်မြေပေါ် ၀င်ရောက်စိုက်ပျိုးမှုနဲ့ တရားစွဲထားခံရတဲ့ ဒေါဆိုရှေးရွာသား ၁၀ ဦးရဲ့ အမှုကို လွိုင်ကော်မြို့နယ်တရားရုံးက ဒီကနေ့ မေလ ၄ ရက် မနက်ပိုင်းက စီရင်ချက်ချလိုက်ပြီး ဒီကိစ္စပေါ် မကျေနပ်တဲ့ ရွာသားတွေလည်း ရာနဲ့ချီ စီတန်းလှည့်လှည် ဆန္ဒပြခဲ့ကြပါတယ်။

အရင်တပတ်က စီရင်ချက်ချခံရတဲ့ အမှုနဲ့ ဒီကနေ့ စီရင်ချက်ချခံရတဲ့ အမှုပေါ်မှာ မကျေနပ်လို နှစ်မှုပေါင်းပြီး ဆန္ဒပြခဲ့တယ်လို့ ကရင်နီပြည်တောင်သူလယ်သမား သမဂ္ဂဥက္ကဋ္ဌ ဦးသဲရယ်က ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ မကျေနပ်တဲ့ အမှုက ၂ ခုရှိတယ်။ တစ်ခုက အရင်တပတ် တနင်္လာနေ့က ကျနော်တို့ ဆိုလျားကူးရွာသားတွေကို ဖရူဆိုတရားရုံးက စီရင်ချက်ချတဲ့ကိစ္စ၊ နောက်တခုက ဒီကနေ့မနက် ဒေါဆိုရှေး ရွာသားတွေကို အပြစ်ရှိတယ်ဆိုပြီး လွိုင်ကော်တရားရုံးက စီရင်ချက်ချတာ၊ အဲဒီမြေက ရွာသားတွေ နှစ်ပေါင်းရာနဲ့ချီ လုပ်ကိုင်စားသောက်လာတာ၊ အဲဒါ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်မှ ရောက်လာတဲ့ ၃၆၀ အမြောက်တပ်ရင်းက သိမ်းယူခဲ့ပြီး ကျနော်တို့ကို နယ်မြေကျူးကျော်တယ်ဆိုပြီး အပစ်ပေးတဲ့အတွက် တောင်သူတွေ လက်မခံနိုင်လို့ လမ်းပေါ်ထွက်ပြီး အော်နေတာပါခင်ဗျ။”

အသိမ်းခံရတဲ့မြေဧက ပေါင်း ၂၀၀၀ ကျော်ရှိပြီး ဒီမောဆိုမြို့နယ် ဒေါဆိုရှေး ရွာသားတွေရဲ့ အပိုင်ဖြစ်ကြောင်း၊ ရွာသားတွေက အဲဒီမြေပေါ်မှာ တောင်ယာလုပ်ရင်း ပြီးခဲ့တဲ့ နှစ် မိုးတွင်းလောက်မှာ ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲခံရတာလို့ သူက ဆက်ပြောပါတယ်။

တရားစွဲဆိုခံထားရတဲ့ ဒေါဆိုရှေးရွာသား ၁၀ ဦးကို လွိုင်ကော်မြို့နယ်တရားရုံးက ၄ ဦးကို တရားသေလွှတ်ပေးလိုက်ပြီး ၆ ဦးကို ထောင် ဒဏ် ၁၅ ရက် ဒါမှမဟုတ် ငွေ ဒဏ် ကျပ် ၅၀၀ စီချမှတ်ခဲ့တာ ဖြစ်ပါတယ်။ သူတို့ဟာ ဒဏ်ငွေအသီးသီး ပေးဆောင်ခဲ့ပေမယ့်လည်း မိမိမြေတွေ ပြန်လည်ပိုင်ဆိုင်ခွင့်ရရေး ဆက်ပြီးကြိုးစားသွားမယ်လို့ တရားစွဲခံတောင်သူ တဦးက ခုလိုပြောပါတယ်။

“ဒီမြေပေါ်မှာ ကျနော်တို့ မစိုက်ရလို့မဖြစ်ဘူး။ မစိုက်ရင် ဘာနဲ့သွားစားမလဲ၊ နောက်တပတ် ခရိုင်တရားရုံးမှာ ဆက်ပြီးအယူခံတင်မယ်။ ကျနော့မြေဆို ၁၅ ဧက၊ သူတို့ သိမ်းသွားတုန်းကဆို ပြောင်းဖူးတွေစိုက်ထားတာ၊ ပြီးတော့ ကျနော့အစ်ကိုမြေရော၊ ဆွေမျိုးတွေရော၊ တရွာလုံးဘဲ၊ ၅၀၀ ကျော်၊ တရွာလုံး ဒီမြေပေါ်လုပ်စားတာ။”

ဆိုလျားကူး နဲ့ ဒေါဆိုရှေး ရွာသားတွေပေါ် စီရင်ချက်ချမှုကို လာရောက်ဆန္ဒပြတဲ့ ဒေသခံပေါင်း ၅၀၀ ကျော်ရှိပြီး ရွာ ၂ ရွာက တောင်သူတွေအပြင် ဒီမောဆို၊ ဖရူဆို၊ မိုးဗြဲနဲ့ လွိုင်ကော် စတဲ့ မြို့နယ် ၅ ခုက ဒေသခံတွေပါ ပူးပေါင်းပါဝင်ခဲ့ပါတယ်။

By နန်းမြနဒီ
http://burmese.dvb.no/archives/91604

သောက်သောက်လဲချုပ်ဆိုထားတဲ့ အပစ်ရပ်စာချုပ်တွေ၊ ငြိမ်းချမ်းရေးစာချုပ်တွေဟာ တစ်ချို့ဆိုရင် ရက်ပိုင်းမျှလောက် နဲ့ ပြန်ချိုးဖောက်ခံထားရတာတွေ တွေ့ရပါတယ် . . .

ငြိမ်းချမ်းရေး တည်ဆောက်ခြင်းဆိုတာ ပြောထားသလိုပဲ ဇာစ်မြစ်(အရင်းအမြစ်)ကို ရှာဖွေဖော် ထုတ် ဖြေရှင်းခြင်း ပါ။ နိုင်ငံရေးကစားရာမှာသုံးတဲ့ ၀ှက်ဖဲတစ်ချပ် မဟုတ် ပါဘူး။ နိုင်ငံတကာ အမြင်ကောင်းရုံလောက် လက်မှတ်ရေးထိုးတာဟာ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ အခြေခံ အုတ်မြစ်ကောင်း တစ်ခုလို့ ယုံကြည်ချင်စရာ မရှိတာကတော့ အမှန်ပါပဲ …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

(၇)ကြိမ်မြောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ အလောတကြီး သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့မှုတွေ ပေါ်ပေါက် လာပြီးနောက် လက်ရှိငြိမ်းချမ်းရေး အခြေအနေကို စိစစ်ဝေဖန်သံတွေ သောသောညံနေပါတယ်။

အစိုးရက တကယ့်ကို စေတနာကောင်းနဲ့ သဘောတူညီမှုတွေ လုပ်ခဲ့တာလား။ ဒါမှမဟုတ် ဘာကိုလိုချင်လို့ ဒီလိုလုပ်ခဲ့တာလဲ ဆိုတဲ့မေးခွန်းတွေက ကျယ်ကျယ်လောင်လောင် ပေါ်ထွက်နေခဲ့ပါတယ်။

ပေါ်ထွက်လာရခြင်း အကြောင်းကလည်း အများကြီး ရှိနေပါတယ်။ လက်မှတ်တွေ ထိုးခဲ့ကြပေမယ့် တိုက်ပွဲသံတွေ မတိတ်သေးဘူး။

ကချင်မှာ၊ ရှမ်းမှာ တိုက်ပွဲတွေ ဆက်တိုက်ကို ဖြစ်နေသလို ရခိုင်မှာ အခြေစိုက်ဖို့ ကြိုးစားလာတဲ့ ရခိုင့်တပ်မတော် နဲ့လည်း ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်နေပါတယ်။

ဒါ့အပြင် လက်မှတ်ထိုးပြီး နောက်ပိုင်းပြောတဲ့ အစိုးရရဲ့ ခေါင်းဆောင်ပိုင်းက ပြောတဲ့ စကားလုံးတွေလည်း မူမမှန်ပါဘူး။ ငြိမ်းချမ်းရေး ဆိုတာထက် အမုန်းတရားဘက်ကို ရှေးရှုနေသလားလို့တောင် ထင်ရပါတယ်။

ဥပမာ – ဦးအောင်မင်းက ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးမှုမှာ အဓိက ပါဝင်တဲ့အဖွဲ့တွေကိုပဲ အာမခံ တယ်။ ဆွေးနွေးဖက်တွေကိုပဲ အာမခံတယ်ဆိုတော့ ဆွေးနွေးဖက် မဟုတ်သည့်တိုင် အဲဒီအဖွဲ့တွေနဲ့ ချိတ်ဆက် ထားတဲ့ အဖွဲ့တွေကြားမှာ ဂယက်ရိုက်ခတ် ကုန်ပါတယ်။ လက်မှတ်ရေးထိုးရေးကို ပူးပေါင်းပါဝင် ဖို့ စောင့်ကြည့် လေ့လာတဲ့ လက်နက်ကိုင် အဖွဲ့တွေလည်း ခေါင်းခဲကုန်ပါတယ်။

မြန်မာနိုင်ငံမှာ အန်စီစီတီမှာပါတဲ့ လက်နက်ကိုင် ၁၆ ဖွဲ့တည်း ရှိတာမဟုတ်ပါဘူး။ အင်အား အနည်းငယ်မှ အင်အားကြီးအထိ စုစုပေါင်း အဖွဲ့ရာကျော် ရှိနေပါတယ်။ ပြည်သူ့စစ်တွေ ၄-၅ ယောက် လောက်ပဲရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေ၊ ခွဲထွက်အဖွဲ့တွေ အားလုံး စာရင်းကောက်ကြည့်ရင် ထောင်ဂဏန်းကျော်ကျော် လောက် ရှိပါတယ်။

ဒါတွေအတွက် ဘယ်လို ဆက်စဉ်းစားထားပါသလဲ။ လက်မှတ်ထိုးရုံနဲ့ မပြီးပါဘူး။ နယ်မြေက အမှန်တကယ်ကို ငြိမ်းချမ်းနေမှရမှာပါ။ တစ်ဖွဲ့နဲ့ လက်မှတ်ထိုး၊ တစ်ဖွဲ့က ပစ်ဆိုရင် ဘယ်လိုမှ ငြိမ်းချမ်းရေးကို ချဉ်းကပ်နိုင်မှာ မဟုတ်ပါဘူး။

တစ်ဖက်မှာလည်း ပန်ဆန်းတိုင်းရင်းသား ညီလာခံကို အန်စီစီတီမှာ မပါတဲ့ “၀”က လုပ်နေပြီဆိုတော့ အစိုးရက လက်ရှိ တိုက်ခိုက်နေတဲ့ ရခိုင့်တပ်မတော်၊ တအားဝ် အမျိုးသားတပ်မတော် စတဲ့အဖွဲ့တွေကို မဖိတ်ခေါ်ဖို့ တားမြစ်တယ်ဆိုတော့ အစိုးရရဲ့ သဘောထားကြီးမှု၊ မကြီးမှုက ထင်းထင်းကြီး ပေါ်နေပြန်ပါတယ်။ “၀”ရဲ့ စိုးရိမ်ကြောင့်ကြမှုကိုလည်း မြင်တွေ့နိုင်ပါတယ်။

ကိုးကန့်ကိစ္စမှာ ဆိုရင်လည်း ဆွေးနွေးမှုဆိုတာ မပြောနဲ့ လက်နက်ချရင်တောင် စဉ်းစားရဦးမယ်ဆိုတဲ့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးရဲ့ စကားက သမ္မတကိုသာ ကိုယ်စားပြု ပြောတာဆိုရင်တော့ ငြိမ်းချမ်းရေးအတွက် ရင်လေးစရာပါပဲ။

ဒီအသံတွေကြားရတော့ ငြိမ်းချမ်းရေးဆိုတာကို စစ်အာဏာရှင် အရေခွံချွတ်ထားတဲ့ စစ်ခေါင်းဆောင်တွေ တကယ်ရော ငြိမ်းချမ်းရေးကို သဘောပေါက်ရဲ့လား။ တကယ်ရော ငြိမ်းချမ်းလိုစိတ် ရှိရဲ့လားဆိုတာ မေးခွန်း ထုတ်စရာ ဖြစ်လာပါတော့တယ်။

ငြိမ်းချမ်းရေး တည်ဆောက်ခြင်းဆိုသည်မှာ ဇာစ်မြစ်ကို ရှာဖွေ ဖော်ထုတ်ခြင်းဖြစ်တယ်။ တရားမျှတမှု ကို မြှင့်တင်ခြင်းဖြစ်တယ်။ အဓိပ္ပာယ်လည်း ကျယ်ပြန့်တယ်။ နောက်တစ်ခုက တရားမျှတသော ငြိမ်းချမ်းရေး ငြိမ်းချမ်းရေး အတိုင်းအတာက တရားမျှတမှုကို တိုင်းတာတာပဲ ဖြစ်ပါတယ်။ ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်ခြင်း ဖြစ်တယ်။ ငြိမ်းချမ်းရေးဆိုတာက ဖြစ်စဉ်ဖြစ်ပါတယ်။ ဖြစ်ရပ်တစ်ခု မဟုတ်ပါဘူး။

ငြိမ်းချမ်းရေးဆိုတာ ဖြစ်ရပ် တစ်ခုတည်းကို ကြည့်ပြီး ဆုံးဖြတ်လို့ မရပါဘူး။ ဖြစ်စဉ်တစ်ခုလုံးကို ခြုံငုံကြည့်ရှု ဆုံးဖြတ်ရတာပါ။

ဆိုလိုတာက လက်မှတ်ရေးထိုးနိုင်ရုံ တစ်ခုတည်းနဲ့ ငြိမ်းချမ်းရေးရတာ မဟုတ်ပါဘူး။ သမိုင်းကြောင်း တစ်ခုလုံးနဲ့ ဖြစ်နေဆဲ အကြောင်းအရာတွေ၊ ဖြစ်နိုင်ခြေတွေ အားလုံးကို ခြုံငုံတွက်ဆရတဲ့ အခြေအနေပါ။

ဆိုခဲ့ပါအတိုင်း တွက်ဆကြည့်ပြန်ရင်လည်း သမိုင်းကြောင်း နမူနာတွေကလည်း တစ်ခုမှ မကောင်းခဲ့ပါဘူး။

ပြည်တွင်းစစ် သမိုင်းကြောင်း တစ်လျှောက် သောက်သောက်လဲ ချုပ်ဆိုထားတဲ့ အပစ်ရပ်စာချုပ်တွေ၊ ငြိမ်းချမ်းရေး စာချုပ်တွေဟာ တချို့ဆိုရင် ရက်ပိုင်းမျှလောက်နဲ့ ပြန်ချိုးဖောက် ခံထားရတာတွေ တွေ့ရပါ တယ်။ အစိုးရ တစ်ဖက်တည်းကမှ မဟုတ်ပါဘူး။ နှစ်ဖက်စလုံးပါပဲ။ အစိုးရကတော့ ရာခိုင်နှုန်းအားဖြင့် ပိုများပါတယ်။ ၇၀း၃၀ အချိုးလောက် ရှိနေတယ်။

ငြိမ်းချမ်းရေး တည်ဆောက်ခြင်းလို့ပြောတဲ့ အခု ဖြစ်စဉ်ကြီးထဲက အစိတ်အပိုင်း တစ်ခုဖြစ်တဲ့ ယုံကြည်မှု တည်ဆောက်ခြင်းမှာ ဆိုရင်ပဲ သိသာထင်ရှား တာကတော့ ယုံကြည်မှု တည်ဆောက်နေတာထက် အင်အား ချိန်ခွင်လျှာကြောင့် အပြန်အလှန် အလျှော့ပေး ချုပ်ဆိုနေကြတဲ့ အခြေအနေကို မြင်တွေ့နေရတယ်။

နိုင်ငံရေးဆွေးနွေးပွဲမှာ အင်အားချိန်ခွင်လျှာ အစွန်းထွက်ရေး အားသာရေးကိုလည်း အပစ်ရပ်စာချုပ်မှာ ကတည်းက ထင်းထင်းကြီး ထည့်သွင်းနိုင်ဖို့ စီမံနေပြီး တစ်ဖက်နဲ့တစ်ဖက် အင်အား ညှိနေရတာကို လည်း တွေ့ရပါ တယ်။

အစိုးရ၊ လွှတ်တော်၊ တပ်မတော်ဆိုပြီး ဆွေးနွေးပွဲအတွက် ခုံနေရာ ၃ ခု ရယူဖို့ ကြိုးစားတာကိုက အတော် ထင်ရှားတဲ့ အစိတ်အပိုင်း တစ်ခုပါပဲ။

သေချာတဲ့ အချက်အလက်တစ်ခုက အစိုးရရဲ့ငြိမ်းချမ်းရေး စာချုပ်တွေက နိုင်ငံတကာ ဖိအားအတိုးအလျှော့ အတွက် ကစားတဲ့ နယ်ရုပ်တစ်ရုပ်လို အသုံးချတာကတော့ ဒီ(၇)ကြိမ်မြောက် လက်မှတ်ရေးထိုးပွဲမှာ ပေါ်လွင် သွားတဲ့ အချက်ပါပဲ။

ငြိမ်းချမ်းရေး တည်ဆောက်ခြင်းဆိုတာ ပြောထားသလိုပဲ ဇာစ်မြစ်(အရင်းအမြစ်)ကို ရှာဖွေဖော်ထုတ် ဖြေရှင်း ခြင်း ပါ။ နိုင်ငံရေး ကစားရာမှာသုံးတဲ့ ၀ှက်ဖဲတစ်ချပ် မဟုတ်ပါဘူး။ နိုင်ငံတကာ အမြင်ကောင်းရုံလောက် လက်မှတ်ရေးထိုးတာဟာ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ အခြေခံ အုတ်မြစ်ကောင်း တစ်ခုလို့ ယုံကြည်ချင်စရာ မရှိတာကတော့ အမှန်ပါပဲ။

ဥပမာ – အရင်းအမြစ်တစ်ခုကို ရှာဖွေ ဖော်ထုတ် ကြည့်မယ်ဆိုရင်၊ ကချင်ကိစ္စကို ကြည့်မယ်ဆိုရင် အပစ်အခတ် ရပ်စဲရေးကာလ ၁၇ နှစ် ရှိခဲ့တယ်။ ကာလအကြာကြီး သေနတ်သံတွေ တိတ်ခဲ့တယ်။ ဒါပေမဲ့ ဇာစ်မြစ်၊ အရင်းအမြစ် ဖြစ်တဲ့ နိုင်ငံရေး ဆွေးနွေးမှု မလုပ်တဲ့အခါကျတော့ နောက်ဆုံးမှာပြန်ပြီး လဲပြိုသွားတယ်။ နှစ်ဖက် စလုံးမှာ လက်နက်တွေလည်း ဒီတိုင်းပဲ ရှိနေတယ်။ ဒီကြားထဲမှာ သူတို့လည်း အင်အားတိုးချဲ့တာေ တွ ဖြည့်တင်းတာတွေ လုပ်လာကြတယ်။ အဆုံးသတ်ကျတော့ တိုက်ပွဲတွေဆီကိုပဲ ပြန်ဦးတည် သွားခဲ့တယ်။ သူတို့ပြောတဲ့ နိုင်ငံရေး ဆွေးနွေးပွဲဆီ မရောက်သေးတဲ့ အခါကျတော့ ဘယ်လိုမှ ပဋိပက္ခပြေလည်သွားစရာ အကြောင်း မရှိခဲ့ပါဘူး။

နိုင်ငံရေးပြဿနာကြောင့် ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင် ပဋိပက္ခတွေက နိုင်ငံရေး ဆွေးနွေးမှုကို ဖြတ်သန်းပြီး မှပဲ ဒီပြဿနာဟာ ပြေလည်မှာ ဖြစ်တယ်။

အရင်းအမြစ်ဖြစ်တဲ့ နိုင်ငံရေးဆွေးနွေးမှုဆီကို မသွားဘဲ ဘယ်လိုမှ မဖြစ်ဘူး။

အဲဒီတော့ ဦးဇော်ဌေးလိုသာ ဆွေးနွေးမှုတွေကို လှေနံဓားထစ် ပယ်ချင်တဲ့သူတွေသာ အစိုးရအဖွဲ့မှာ များနေရင်တော့ ငြိမ်းချမ်းရေးက ဟန်ပြငြိမ်းချမ်းရေးပဲ ဖြစ်နေမှာပါပဲ။

ငြိမ်းချမ်းရေး လှေကားထစ်ကို တက်လှမ်းတဲ့ နေရာမှာဆိုရင် မြန်မာနိုင်ငံ လက်ရှိအခြေအနေက အပစ်အခတ် ရပ်စဲရေးအဆင့်မှာ မရောက်တရောက်အဆင့်ပဲ ရှိသေးတယ်။ အဲဒီအဆင့်ကို မကျော်သေးဘူး၊ ခြေတောင် မချရသေးဘူးလို့ ပြောရမယ့် အခြေအနေမှာပါ။

ဒီလို အခြေအနေမှာတောင် လက်မှတ်ထိုးပြီးလို့ ကျောခိုင်းရုံရှိသေး အမုန်းစကားတွေ လွင့်ပျံနေရင် ဘယ်လို ဘယ်လိုမှ ငြိမ်းချမ်းရေးဆီ ဆက်ခြေလှမ်းနိုင်မှာ မဟုတ်ပါဘူး။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က နောက်ထပ် အဆင့်ကြီး ၄ ဆင့် ကျန်ရှိနေပါသေးတယ်။ ပိုပြီးခက်ခဲမယ့် အဆင့်တွေချည်းပါပဲ။ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးပြီ ဆိုရင်တောင်မှ နိုင်ငံရေးဆွေးနွေးပွဲက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆွေးနွေးသွားဖို့ စဉ်းစားထားကြတဲ့အတွက် ဒီကိစ္စဟာလည်း အင်မတန်အချိန် ယူနိုင်ပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာဆိုရင် ဦးအောင်မင်းက အာမမခံတဲ့ အဖွဲ့တွေကို ဘယ်သူက အာမခံပြီး ဒီဆွေးနွေးပွဲကို ခေါ်ဆောင်မှာလဲ။ သူတို့မပါရင် တစ်နိုင်ငံလုံး အတိုင်းအတာ ငြိမ်းချမ်းရေးမဟုတ် တော့ပါဘူး။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ နိုင်ငံရေး ဆွေးနွေးပွဲဆိုတာလည်း ဖြစ်လာမှာ မဟုတ်တော့ပါဘူး။ ဒါဟာ တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးပြီးနောက် သေချာပေါက် တစ်ဆို့သွားမယ့် အချက် တစ်ချက် ဖြစ်လာပါပြီ။

ကြားကာလအစီအစဉ်ဖြစ်တဲ့ အပစ်ရပ်လက်မှတ်ထိုးပြီး ဘယ်လိုနေ၊ ဘယ်လိုထိုင်ကြမလဲဆိုတဲ့ အပိုင်းမှာ လည်း ခုလိုပဲ အပေါ်က လက်မှတ်ထိုး၊ အောက်ခြေမှာ တိုက်ပွဲဖြစ်ဆိုရင် ငြိမ်းချမ်းရေး ဘယ်လိုမှ မရနိုင်ပါဘူး။

အဲဒီနောက်က ဖြစ်လာမယ့် နိုင်ငံရေးဆွေးနွေးမှု ကာလဟာ ၃ နှစ်လည်း ကြာနိုင်တယ်၊ ၅ နှစ်လည်း ကြာနိုင် တယ်၊ ၁၀ နှစ်လည်း ကြာနိုင်တယ်။ တစ်ဖက်သက် ရလဒ်တွေပဲ ထွက်လာခဲ့တဲ့ အမျိုးသား ညီလာခံတောင် ၁၆ နှစ်ကြာခဲ့ တယ်ဆိုရင် တရားမျှတမှု တည်ဆောက်မယ့်၊ တရားမျှတတဲ့ ငြိမ်းချမ်းရေးရဖို့ တည်ဆောက်မယ့် နိုင်ငံေ ရး ဆွေးနွေး ပွဲက ကာလတွေကြာဦးမှာပါ။

ဆွေးနွေးတဲ့ လူတွေကလည်း အများအားလုံး ကောင်းတဲ့အဖြေတွေကို လိုချင်မှဖြစ်မယ်။ ဒါမှမဟုတ်ရင် ကိုယ်လိုချင်တာကို ဖက်တွယ်ပြီး ဆွေးနွေးကြမယ် ဆိုရင်တော့ အဲဒီပေါ်မှာ မူတည်ပြီးတော့ ဒီကာလက ရှည်ကြာမှာ ဖြစ်ပါတယ်။

နောက်ဆုံးအဆင့်က ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့ပါ။ အခက်ခဲဆုံးအပိုင်းပါ။ တိုင်းရင်းသား လူမျိုးစုတွေကြားက အမုန်းတရားတွေကို အနုစိတ်ဖယ်ရှားရမယ့် အပိုင်းပါ။ အရင်လိုသာ ဒီနေ့လက်မှတ်ထိုး နောက်နေ့ ပြန် ချိုး ဖောက်ရင်တော့ ဒုံရင်းဒုံရင်း ပြန်ဆိုက်မယ့် ကိန်းပါပဲ။

အဲဒီလောက် ကာလအရှည်ကြီး လျှောက်လှမ်းရမယ့် ငြိမ်းချမ်းရေးခရီးရှည်ကြီးရဲ့ အစပိုင်းမှာတင် အမုန်း စကားတွေနဲ့သာ စပြီး တည်ဆောက်နေတယ် ဆိုရင်တော့ ငြိမ်းချမ်းရေးခရီးက ပို၍ပို၍သာ ရှည်လျားသွားဖို့ ရှိနေပါလိမ့်မယ်။

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

အတော်ရယ်စရာကောင်းတဲ့ရဲတွေပဲ။ ငါတို့များ ကျောင်းသားခေါင်းဆောင်တွေတဲ့။ အဲကောင်ေ တွ လို ဆန္ဒမပြချင်လို့ လှုပ်ရှားမှု ပုံစံမတူအောင်လုပ်နေ တာဟ””ဆိုတဲ့စာလေးပါ။ ဖြစ်ရလေခြင်း ရဲတပ်ဖွဲ့ရယ်လို့ပဲ ပြောလိုက်ချင် . . .

(ဖြတ်သန်းခဲ့ရသည့် သတင်းထောက်ဘ၀ အတွေ့အကြုံ)

တိုက်တိုက်ဆိုင်ဆိုင်ပဲလို့တော့ ပြောရမယ်။ လူမှုကွန်ရက် ဖေ့စ်ဘုတ်ပေါ်က သတင်းတွေကို အစိုးရ ၀န်ကြီးဌာန တွေက လိုက်လုပ်တာနဲ့ ပတ်သက်လို့ မှတ်မှတ်သားသား ရှိနေချိန် ဧပြီလ ၂၃ ရက်ထုတ် သည်ဗွိုက် သတင်းစာကို ဖတ်လိုက်ရတယ်။ သတင်းစာမျက်နှာဖုံးမှာ ““မျက်နှာဖုံးစွပ် ဆန္ဒထုတ်ဖော်သူအဖွဲ့တွင် ဖမ်းဝရမ်း ထုတ်ထားသည့် ကျောင်း သား ခေါင်ဆောင်များ ပါဝင်ဟုဆို””ဆိုတဲ့ သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရတယ်။ ဒါနဲ့ စိတ်လည်း စိတ်ဝင်စားမိတာဆိုတော့ သတင်းကို အစအဆုံး ဖတ်ဖြစ်လိုက်တယ်။

သတင်းကို ရန်ကုန်အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ အကြီးတန်းရဲအရာရှိတစ်ဦးရဲ့ ပြောစကားကို တည်ပြီးတော့ သတင်းလုပ်ထားတာပါ။ အဲဒီမှာ အကြီးတန်း ရဲအရာရှိရဲ့ ပြောစကားအပြည့်အစုံက ““မျက်နှာဖုံးစွပ်ပြီး ဆန္ဒဖော် ထုတ်တာကို ရဲတပ်ဖွဲ့အပြင် စရဖနဲ့ အက်စ်ဘီအဖွဲ့တွေ ပူးပေါင်း စုံစမ်းခဲ့တဲ့အခါမှာ ဖမ်းမိထား တဲ့ ကျောင်း သား ခေါင်းဆောင်အချို့ရဲ့ စစ်ဆေးထွက်ဆိုချက်အရ မျက်နှာဖုံးစွပ်အဖွဲ့မှာ ဖမ်းဝရမ်းထုတ်ထား တဲ့ ကျောင်းသားခေါင်းဆောင်တွေ ပါဝင်နေတယ်လို့သိရတယ်။ ခိုင်လုံတဲ့ သက်သေရအောင် ရဲတပ်ဖွဲ့က တည်ဆောက်နေပြီး လွတ်နေတဲ့ ကျောင်းသား ခေါင်းဆောင်တွေကို ဖမ်းမိဖို့စုံစမ်းနေတယ်””လို့ ပါရှိပါတယ်။ အိုကေ ဒီလောက်ထိကတော့ အဆင်ပြေနေသေးတယ်။

နောက်ထပ်သတင်းကို ဆက်ဖတ်ဖြစ်တော့ အရှေ့ပိုင်းခရိုင်အတွင်းရှိ ရဲအရာရှိတစ်ဦးရဲ့ ပြောစကားကို ကိုးကား ထားပြီး ““ကျောင်းသားသပိတ်ကို ဖြိုခွဲခံရပြီး သပိတ်ခေါင်းဆောင်တွေကို ဖမ်းဝရမ်း ထုတ်လိုက်ချိန်မှာ လျှပ်တစ်ပြက် ဆန္ဒထုတ်ဖော်တဲ့ မျက်နှာဖုံးစွပ်အဖွဲ့ ပျောက်သွားသလို သူတို့ဝါဒဖြန့်နေတဲ့ Anonymous Burma အဖွဲ့အမည်နဲ့ ဖေ့စ်ဘုတ်လည်း အလုပ် ဆက်မလုပ်တော့တာကို စစ်ဆေးတွေ့ရှိရတယ်။ ဒီအဖွဲ့ရဲ့ နောက် ကွယ်မှာ နိုင်ငံရေး လှုပ်ရှားသူ ခေါင်းဆောင်ပိုင်းအချို့ ပါဝင်ပတ်သက်နေတာကို သိထားပေမယ့် သက်သေ မခိုင်လုံသေးလို့ သတင်းမထုတ်ပြန်ပေးသေးဘူး””လို့ သည်ဗွိုက်ဂျာနယ်ကို ဖြေထားတာကို ထည့်ထားပါတယ်။ နည်းနည်းတော့ သံသယ ဖြစ်သွားတယ်။ ဘာလို့လဲဆိုတော့ လူမှုကွန်ရက်ပေါ်က စာမျက်နှာ Page တစ်ခု ဘယ်ပို့စ်မှ မတက်တော့တာကိုကြည့်ပြီး ဖမ်းဆီးခံထားရတဲ့ ကျောင်းသား သပိတ် ခေါင်းဆောင်တွေဟာ မျက်နှာဖုံးစွပ်တွေ၊ ကျောင်းသား လှုပ်ရှားသူတွေလို့ ကောက်ချက်ချတာကတော့ အဆန်းပါပဲ။

အချိန်သိပ်မဆိုင်းလိုက်ပါဘူး။ အဲဒီသတင်းကို ဧပြီလ ၂၃ ရက်က ဖော်ပြအပြီး Anonymous Burma ရဲ့ ဖေ့စ်ဘုတ်မှာ စာလေးတစ်ကြောင်း တက်လာတယ်။

““အတော်ရယ်စရာကောင်းတဲ့ ရဲတွေပဲ။ ငါတို့များ ကျောင်းသား ခေါင်းဆောင်တွေတဲ့။ အဲကောင်တွေလို ဆန္ဒမပြချင်လို့ လှုပ်ရှားမှုပုံစံမတူအောင် လုပ်နေတာဟ””ဆိုတဲ့စာလေးပါ။

ဖြစ်ရဖြစ်ရလေခြင်း ရဲတပ်ဖွဲ့ရယ်လို့ပဲ ပြောလိုက်ချင်တယ်။

ပြီးခဲ့တဲ့နှစ်တုန်းကလည်း ဒီဖေ့စ်ဘုတ်ပေါ်က သတင်းအချက်အလက်တွေကိုပဲ ကြည့်ပြီး မှုခင်းဖော်ထုတ် ခဲ့ရတဲ့ဖြစ်ရပ်တွေလည်း ရှိဖူးတယ် မဟုတ်ပါလား။

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်ထဲမှာ တရားမ၀င် လေသေနတ်တွေ ရောင်းဝယ်နေတာ ရှိတယ်ဆိုပြီး ဓာတ်ပုံနဲ့ တကွ ဖေ့စ်ဘုတ်ပေါ် တက်လာပြီးမှ ရဲတပ်ဖွဲ့က ၀င်ရောက် စစ်ဆေးပြီး ဖမ်းဆီးခဲ့ရဖူးပါတယ်။ ဒါတင်လား မဟုတ်။ အမြန်လမ်းပေါ်က လုယက်မှု သတင်းတွေ ဆိုရင်လည်း ပြည်သူတွေက ဖေ့စ်ဘုတ်ပေါ်မှာ ရေးကြ၊ ပြောကြ၊ ရှယ်ကြမှ ရဲတပ်ဖွဲ့ဝင်များက ရှာဖွေဖော်ထုတ် ဟန့်တားနိုင်ခဲ့တာ မဟုတ်ပါလား။

ဒီနေရာမှာ ပြောချင်တာတစ်ခုကတော့ ရဲတပ်ဖွဲ့က ဖေ့စ်ဘုတ်ပေါ်က အချက် အလက်တွေကို မှီခိုနေရတယ် ဆိုတဲ့ သရုပ်သကန် ပေါ်သွားတာကိုပါ။ ဖေ့စ်ဘုတ်ဆိုတာ မိတ်ဆွေအချင်းချင်း ဆက်သွယ်ဖို့နဲ့ သတင်းအချက် အလက်တွေကို ပြန်လည်မျှဝေရာ အဖြစ် မြန်မာပြည်မှာ အသုံးများတာ မှန်ပါတယ်။ ဒါပေမဲ့လည်း မှုခင်းတွေနဲ့ ပတ်သက်ပြီး အစိုးရကို တာဝန်ခံဖြေရှင်းပေးရတဲ့ ရဲတပ်ဖွဲ့ဝင်တွေ အနေနဲ့လူမှု ကွန်ရက်ဖေ့စ်ဘုတ်ပေါ်မှာ သတင်းဖြစ်ရပ် တက်လာပြီးမှ လိုက်လံဖမ်းဆီးရတာမျိုး၊ ဖော်ထုတ် ဖမ်းဆီးရတာမျိုး ကတော့ မဖြစ်သင့်တဲ့ ကိစ္စရပ်တစ်ခုပါ။ အချက်အလက် ရှာဖွေတာ၊ ဖော်ထုတ်ဖမ်းဆီး အရေးယူတာမျိုးကတော့ မိမိရဲ့ရဲ လုပ်ငန်းစဉ် အရ လုပ်ကိုင်လို့ရပေမယ့် အချက်အလက် မခိုင်မာတဲ့၊ မသေချာမရေရာတဲ့ လူမှုကွန်ရက် ဖေ့စ်ဘုတ်ပေါ် က ဖြစ်ပျက်မှုကို ကြည့်ပြီးအထက်မှာ ဖော်ပြသလို အရှေ့ပိုင်းခရိုင်အတွင်းရှိ ရဲအရာရှိတစ်ဦးက သုံးသပ် ကောက် ချက်ချတာမျိုးကတော့ မဖြစ်သင့်တဲ့ကိစ္စရပ်ပါ။

မှုခင်းဖော်ထုတ်ရာမှာ ရဲတပ်ဖွဲ့ဝင်တွေ လုပ်ထုံးလုပ်နည်းနဲ့ ပတ်သက်လို့ စစ်အစိုးရခေတ်က နယ်မြို့တစ်မြို့မှာ ရဲစခန်းမှူးအဖြစ် လုပ်ဆောင်ခဲ့ဖူးသူရဲ့ သားဖြစ်သူက ရဲတပ်ဖွဲ့နဲ့စစ်တပ်ရဲ့ လုပ်ထုံးလုပ်နည်း ကွဲခြားပုံကို ဗဟုသုတသဖွယ် ပြောပြဖူးပါတယ်။ အဲဒါကတော့ မှုခင်းတစ်ခု ဖြစ်လာပြီဆိုရင် ရဲတပ်ဖွဲ့ဝင်တွေဟာ တရားခံလို့ သိထားသူကို ချက်ချင်း ဖမ်းလေ့မရှိသလို မသေချာတဲ့ အချက်အလက်တွေကို ခိုင်မာအောင် အရင်လုပ်ရ ပါတယ်။ ထို့နည်းတူ တရားခံကို ဖမ်းဆီးသေးခြင်းမရှိဘဲ သူနဲ့နောက်ဆက်တွဲ ပါဝင်နိုင်သူတွေ ရှိ၊ မရှိကို ဆက်လက် စုံစမ်း ဖော်ထုတ်ပြီးမှသာလျှင် အမှုနဲ့ ပတ်သက်လို့ သတင်းစာ ရှင်းလင်းပွဲ လုပ်တာ၊ မီဒီယာကို ထုတ်ပြောတာ လုပ်လေ့ရှိပါတယ်တဲ့။ အရပ်စကားနဲ့ ပြောရမယ်ဆိုရင်တော့ ပိုင်ပြီဆိုမှ ချတာမျိုးပါ။

ရဲတပ်ဖွဲ့နဲ့ ပြောင်းပြန် စစ်တပ်ကတော့ တရားခံလို့ သံသယရှိတာနဲ့ ဖမ်းဆီးအရေး ယူတာမျိုး လုပ်တတ် ပါတယ်တဲ့။ သူနဲ့ဆက်စပ်တဲ့သူရှိ၊ မရှိထက်လက်ရှိ တွေ့ထားတဲ့ တရားခံကို ဖမ်းဆီး အရေးယူတာမျိုးပါတဲ့။ အရပ်စကားနဲ့ ပြောရမယ်ဆိုရင်တော့ တရားခံဆိုတာနဲ့ဖမ်းကွာ၊ ချကွာပဲပေါ့။

ပြောချင်တဲ့ အကြောင်းအရာကတော့ မှုခင်းတစ်ခုဖြစ်လာပြီဆိုရင် ရဲတပ်ဖွဲ့ဝင်တွေက ဘယ်လို လုပ်ခဲ့ကြသလဲ ဆိုတာကို ပြောပြချင်တာပါ။ အခုက မှုခင်းတစ်ခုဖြစ်ပြီဆိုရင် လူမှုကွန်ရက်ဖေ့စ်ဘုတ်ရဲ့ ပျံ့နှံ့မှုအားကြောင့် သတင်းအချက်လက်စီးဆင်းမှု မြန်တယ်ဆိုပေမယ့်လို့ ဒီအပေါ်က အချက်အလက် စီးဆင်းမှုကို ကြည့်ပြီး ကောက် ချက်ချတာ၊ မှုခင်းအတွက် အကိုးအကားယူတယ် ဆိုတာကတော့ မဖြစ်သင့်၊ မဖြစ်အပ်တဲ့ ရဲတပ်ဖွဲ့ရဲ့ လုပ်ရပ်ပါ။

တိုင်းပြည်ရဲ့ တရားဥပဒေ စိုးမိုးရေးကို အဓိကထား တာဝန်ယူ ဖြေရှင်းပေးရမယ့် ရဲတပ်ဖွဲ့ဝင်များက လူမှုကွန်ရက် ဖေ့စ်ဘုတ်ပေါ်မှာ တက်လာပြီးမှ ရှာဖွေဖော်ထုတ် ဖမ်းဆီးမယ်၊ ဒါမှမဟုတ် လူမှုကွန်ရက်ဖေ့စ် ဘုတ်ပေါ်က အချက်အလက်ကိုကြည့်ပြီး မှုခင်းတစ်ရပ်အတွက် ကောက်ချက်ချ ဆန်းစစ်မှုတွေ လုပ်နေမယ် ဆိုရင်ဖြင့် အရင်စစ်အစိုးရလက်ထက် ပြည်သူတွေအပေါ် နည်းအမျိုးမျိုးနဲ့ ဖိနှိပ်ခဲ့တဲ့ စစ်ခေါင်းဆောင် တွေရဲ့ အကြောင်းတွေလည်း ဖော်ထုတ်ရေးသား ထားကြတာ အပြည့်ရှိပါတယ်လို့။ သူတို့ရဲ့လုပ်ရပ်တွေအတွက် ပြည်သူ့ အစေခံဖြစ်တဲ့ ရဲတပ်ဖွဲ့အနေနဲ့ ဖော်ထုတ်ပေးပါ၊ အရေးယူပေးပါ။

နောက်မို့ဆိုရင် အရင်စစ်အစိုးရ ခေတ်ကလို အီးမေးလ်တစ်စောင်၊ စာတစ်ရွက်နဲ့ အမှုဆင်ဖမ်းခဲ့သလိုမျိုး အခုအစိုးရခေတ်မှာ ဖေ့စ်ဘုတ်ပေါ်က အချက်အလက်ကို ကြည့်ပြီး ကောက်ချက်ချ၊ အမှုအတွက် အချက်အလက်နဲ့ ထည့်သွင်းစဉ်းစားတာမျိုး ဖြစ်လာမှာ စိုးရိမ်တာကြောင့်ပါ။ တကယ်လို့များ အခုလိုမျိုး ဖေ့စ်ဘုတ်ပေါ်က အချက်အလက်တွေကိုကြည့်ပြီး ကောက်ချက်ချ၊ အမှုအတွက် ထည့်သွင်း စဉ်းစားမယ် ဆိုရင်ဖြင့် အထက်ကပြောခဲ့သလို အရင်စစ်အစိုးရ လက်ထက်က ပြည်သူအပေါ် နည်းအမျိုးမျိုးနဲ့ ဖိနှိပ် ချုပ်ချယ်ပြီး တိုင်းပြည် ဘဏ္ဍာ ထုတ်ယူ သုံးစွဲသူတွေကိုလည်း ချန်မထားပါနဲ့လို့ တိုက်တွန်းရင်း။

အောင်ထွန်းလင်း

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald


မြန်မာနိုင်ငံတွင် နှစ်စဉ်မိုးကြိုကာလဖြစ်သည့် ဧပြီလနှင့် မေလများတွင် မိုးကြိုးပစ်ခံရ၍ သေဆုံးသူ ရာကျော်ရှိလာပြီး အဆိုပါသေဆုံးသူအများစုသည် လက် ကိုင်ဖုန်းမှတဆင့် လျှပ်စီးဝင်၍ မိုးကြိုးပစ်ခံရသူ များဖြစ်ကြောင်း မိုးလေ၀သနှင့်ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက News Watch ဂျာနယ်သို့ ပြောသည်။

ယင်းသို့မိုးကြိုးပစ်ခံရ၍သေဆုံးသူများအနက် အများစုသည် မိုးခြိမ်းစဉ်လက်ကိုင်ဖုန်းများပြောနေသဖြင့် လက်ကိုင်ဖုန်းဆက်သွယ်ရေးတွင် ပါဝင်သည့် Electronicmagnetic Wave များနှင့် လျှပ်စီးတွင်ပါဝင်သည့် ဓါတ်ဖို၊ ဓါတ်မဆွဲငင်မှုများကြောင့် မိုးကြိုးပစ်ခံရခြင်းဖြစ်ကြောင်း ၎င်း ကဆိုသည်။

“ဖုန်းပြောတယ်ဆိုတာက Electromagnetic Wave တွေကို အသုံးပြုပြီး တော့ ဆက်သွယ်တာပါ။ ဒါကြောင့်မိုးတိမ်တောင်ထဲမှာလည်းရှိတဲ့ ဓာတ်ဖို၊ ဓာတ်မ တွေက လျှပ်စီးမှာပါလာပြီးတော့ စောစော က ဖုန်းက ဓာတ်တွေနဲ့ဆွဲငင်ပြီးတော့ မိုးကြိုးပစ်ခံရတာကို အခုနောက်ပိုင်းမှာ တွေ့လာရတယ်။ မိုးကြိုးပစ်ခံရပြီး သေဆုံး တဲ့အထဲမှာ ဖုန်းကနေတဆင့် မိုးကြိုးအပစ် ခံရတာကို အခုနောက်ပိုင်းများ တော်တော် များများတွေ့လာရတယ်။ အကောင်းဆုံး ကတော့မိုးခြိမ်းတဲ့အချိန်မှာလက်ကိုင်ဖုန်း တွေမပြောဖို့ပါဘဲ”ဟု ဒု/ညွှန်ချုပ် ဦးကျော် မိုးဦးက ဆိုသည်။

ထို့အပြင် ယခုရာသီသည် မိုးကြိုးအပစ်များသည့် ရာသီဖြစ်ပြီး ဧပြီနှင့် မေလအကြားတွင် မိုးရွာသွန်းမှုများဖြစ်ပေါ်တိုင်း မိုးကြိုးပစ်မှုများပါ ဖြစ်ပေါ်နိုင်ကြောင်း၊ မိုးရွာသွန်း၍ မိုးခြိမ်း သည့်ဖြစ်စဉ်များ ဖြစ်ပေါ်နေချိန်တွင် လက် ကိုင်ဖုန်းများ အသုံးမပြုကြရန်နှင့် နေအိမ် များရှိ လျှပ်စစ်နှင့်အသုံးပြုနေသည့် တီဗွီ၊ ရေဒီယို စသည့်အရာများပါ အသုံးမပြုရန် သတိထားသင့်ကြောင်း ဦးကျော်မိုးဦးက ဆိုသည်။

““ဖုန်းအသုံးပြုတာကလည်း အိမ်ထဲမှာသုံးတဲ့လူနဲ့ အိမ်အပြင်မှာသုံးတဲ့လူနဲ့ ဆိုရင် အိမ်အပြင်မှာသုံးတဲ့လူက ပိုပြီး မိုးကြိုးပစ်ခံရလွယ်တယ်။ အိမ်အပြင်မှာက အကာအရံမရှိတဲ့အတွက် မိုးကြိုးပစ်တယ် ဆိုတာက အမြင့်ဆုံးရှိတဲ့ အရာကိုပစ် တယ်။ လယ်ကွင်းထဲမှာ အမြင့်ဆုံးက လူ ဆိုရင် လူကိုပစ်တာပဲ။ မိုးတွေခြိမ်းနေတဲ့ အချိန်မှာ အိမ်အပြင်မှာလည်းဖြစ်မယ်။ လက်ကိုင်ဖုန်းကိုလည်း ပြောနေမယ်ဆိုရင် ဒါမိုးကြိုးပစ်ခံရနိုင်ဖို့ ရာခိုင်နှုန်းတော်တော် များသွားပြီ”ဟု ဦးကျော်မိုးဦးက ဆိုသည်။

မြန်မာနိုင်ငံ၏ လက်ရှိရာသီဥတု အခြေအနေမှာ ဧပြီလ ၂၉ ရက်နေ့မှ နောက်လေးရက်အတွင်း တနိုင်ငံလုံး အတိုင်းအတာဖြင့် မိုးရွာသွန်းမှု လျော့သွား နိုင်ကြောင်းနှင့် မြန်မာနိုင်ငံတောင်ပိုင်းနှင့် မြောက်ပိုင်းများတွင် မိုးဆက်လက်ရွာသွန်း မှုများရှိနေကြောင်း ဦးကျော်မိုးဦးက ပြော သည်။

နေမင်းခ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

လက်ဝှေ့အကြောင်းနဲနဲ ပြောကြမလား။ ဒီနေ့ပွဲမှာ မေဝယ်သာဘာကြောင့်နိုင်သွားတယ်ဆိုတာကို အချက်အလက်နဲ့ရှင်းပြထားတာ တွေ့မိတယ်။ ပွဲကြီးပွဲကောင်းမို့လို့ ဝါသနာမပါပေမယ့် ကြည့်တယ်ဆိုတဲ့သူတွေ ရှိပါတယ်။ ကြည့်လည်း ကြည့်သင့်တယ်။ ဒါပေမယ့် ဆရာကြီးလုပ်ပြီး ဘာကြောင့်ဘာကြောင့် ဒီလိုဖြစ်ရပါတယ်ဆိုပြီး ဝင်ရှင်းပြနေကြတော့ ပြောစရာလေးတွေရှိလာပါပြီ။

ဒီကနေ့ ကမ္ဘာ့မီဒီယာအားလုံးနဲ့လက်ဝှေ့ဝါသနာရှင်များက မေဝယ်သာရဲ့ ပတ်ပြေးနည်းဗျုဟာကို သယော်လှောင်ပြောင်ကြခြင်း၊ လက်ဝှေ့အားကစားသေဆုံးပြီစသဖြင့်ပြောနေကြခြင်းတွေသည် အကြောင်းမဲ့မဟုတ်ပါ။ မေဝယ်သာ ဘာကြောင့်နိုင်ရတယ်ဆိုပြီး ထိုးချက်ကဘယ်လောက် ထိချက်ကဘယ်လောက် ပြောနေတာတွေဟာ Compubox လို့ခေါ်တဲ့ goal line technology လို ကွန်ပျုတာက အချိန်နဲ့တပြေးညီထုတ်ပေးတဲ့ statistics ခေါ် အချက်အလက်တွေဖြစ်ပါတယ်။ ဒါတွေကို တဦးတယောက်ကပြောမှ သိရအောင် ကမ္ဘာ့အားကစားကလောင်ရှင်တွေဟာ အရူးတွေမဟုတ်ပါ။ နောက်ပြီး ကွန်ပျုဘောက်စ်ကဒါတွေလုပ်ပေးနိုင်ပါရဲ့ ဘာကြောင့် အမှတ်ပေးဒိုင် ၃ ယောက်ကိုထားပြီး သူတို့ရဲ့ အဆုံးအဖြတ်ကို ခံယူသလဲ။ ရှင်းပါတယ်။ အားကစားဆိုတာ လူသားဆန်မှုဆိုတဲ့ ဂုဏ်သတ္တိဘောင်က လွတ်ထွက်သွားလို့ မရလို့ပါ။ ဒါနဲ့အတူ အငြင်းပွားဖွယ်ရာတွေ ကပ်ပါလာမယ်။ ပြဿနာမရှိပါ။ နောက်ပြီး အားကစားရဲ့တကယ့်အနှစ်သာရဟာ အနိုင်အရှုံးမဟုတ်ပါ။ မျှတစွာယှဉ်ပြိုင်အနိုင်ယူခြင်းနဲ့ ပြိုင်ဘက်အပေါ်လေးစားမှုရှိခြင်းတို့က အားကစားရဲ့အနှစ်သာရဖြစ်တယ်။ ဆရာသမားကြီးများကဆိုသည်မှာ ကမ္ဘာပေါ်မှာစစ်မက်နည်းပါးသွားဖို့ဆိုရင် အားကစားပွဲတွေ များများလုပ်ပေးရမယ်တဲ့။ ဒါလောက်ဆို အားကစားရဲ့အနှစ်သာရကို အကျယ်တဝင့် ဆက်ပြောစရာမလိုတော့ပါ။

လက်ဝှေ့သည် အားကစားဖြစ်ခြင်းမဖြစ်ခြင်းဆိုတာ သီးသန့်ဆွေးနွေးရမယ့်အကြောင်းအရာ ဖြစ်ပြီး ဒီအငြင်းပွားမှုသည်လည်း လက်ဝှေ့သမိုင်းနဲ့ထပ်တူ ဖြစ်ပါတယ်။ အားကစားအဖြစ် အများကသတ်မှတ်တဲ့အတွက် အိုလံပစ်ပြိုင်ပွဲမှာ လက်ဝှေ့ကို ထည့်သွင်းယှဉ်ပြိုင်စေပါတယ်။ သို့သော်လည်း ပရော်ဖက်ရှင်နယ်ဘောက်စင်းခေါ်တဲ့ကြေးစားလက်ဝှေ့ကတော့ ရှိနေဆဲဖြစ်တဲ့အတွက် အပေါ်မှာပြောတဲ့ အားကစားဖြစ်ခြင်းမဖြစ်ခြင်းအငြင်းပွားမှု ဆက်လက်ရှိနေဦးမှာဖြစ်တယ်။ တဦတယောက်ချင်းစီရဲ့ ခံယူချက်လို့သာ ဆိုရပါမယ်။

ကွန်ပျုဘောက်စ်ကထုတ်ပေးတဲ့ အချက်အလက်ကို အလေးမထားဘူးဆိုတာပြောပြီးဖြစ်တယ်။ ဒီအချက်အလက်တွေဟာ ကိုယ်နဲ့တွေ့မယ့်ပြိုင်ဘက်ကိုလေ့လာရာမှာအသုံးပြုဖို့ထက် ဘာမှပိုပြီးအသုံးမဝင်ပါ။ လက်ဝှေ့လောကမှာ ကွန်ပျုဘောက်စ်ကပေးတဲ့အချက်အလက်နဲ့တက်တက်စင်လွဲပြီး အနိုင်/အရှုံးဖြစ်ခဲ့တဲ့ပွဲတွေ မရေမတွက်နိုင်အောင်ရှိပါတယ်။

မေဝယ်သာရဲ့ထိုးသတ်ပုံဟာ လက်ဝှေ့အားကစားကို ဖျက်စီးသလိုဖြစ်နေတယ်ဆိုတာ လက်ဝှေ့ကိုတကယ်ခုံမင်သူတွေက ပြောနေတာပါ။ ဘာလို့လဲဆို Heart ဆိုတဲ့ ရဲရင့်ခြင်းနဲ့ သတ္တိသွေး ပျောက်ဆုံးနေလို့ပဲဖြစ်တယ်။ နောက်ပြီးတော့ ကြေးစား လက်ဝှေ့လောကမှာ ဘက်လိုက်ခြင်း အင်မတန်ထူပြောပါတယ်။ ဒီပွဲမှာ ပက်ကွီအိုအနေနဲ့ သူတင်ကိုယ်တင်ထိုးနိုင်ရင်တောင် ရှုံးမယ်ဆိုတာ ဝါသနာအိုးတွေက ကြိုတင်သိပြီးသားဖြစ်တယ်။ အလဲမထိုးနိုင်တောင် ဒီထက်ပိုပြီး အပြတ်အသက် ထိုးနိုင်မှရမယ်ဆိုတာ သိပြီးသားပါ။ ဒါကြောင့်လည်း ပက်ကွီအိုဟာ မေဝယ်သာလို စောင့်မနေဘဲ အတင်းဝင်ထိုးခဲ့တာပါ။ ပိုပြီးစွန့်စားခဲ့တာပါ။ တကယ်ဆို မေဝယ်သာလိုပဲ ရှောင်နေပြီး ခွင်ထဲဝင်လာမှထိုးလို့ရပါတယ်။

အမှတ်ပေးဒိုင်တွေရဲ့အဆုံးအဖြတ်ဟာ ပွဲသွင်းသူတွေရဲ့သြဇာကို မလွန်ဆန်နိုင်ပါ။ ပွဲသွင်းသူတွေက ရှေ့ဆက်ပိုက်ဆံရှာလို့ကောင်းမယ့် လက်ဝှေ့သမားကို ပိုးမွေးသလိုမွေးပါတယ်။ ပညာရည်နှိမ့်တဲ့ပြိုင်ဘက်တွေနဲ့ထိုးသတ်စေပြီး ကိုယ်ပွဲထုတ်မယ့်လက်ဝှေ့သမားကို စန်းတင်ခြင်း၊ အများစိတ်ဝင်စားမယ့် လက်ရည်တူပြိုင်ဘက်နဲ့ ကိုယ့်လက်ဝှေ့သမားကို ထိုးသတ်စေတဲ့အခါ တဘက်လူက ဘောလုံးစကားနဲ့ဆို သရေအရှုံးလောက် ပေးထားရခြင်းတွေဟာ လက်ဝှေ့လောကမှာ လူတိုင်းသိတဲ့ ကွယ်ဝှက်ချက်တွေဖြစ်ပါတယ်။

ဒီလို နောက်ကွယ်ကကိစ္စရပ်တွေကြောင့် ဒီနေ့ပွဲမှာ မေဝယ်သာအနိုင်ရသွားတယ်ဆိုတာကို မသိဘဲ ကွန်ပျုဘောက်စ် အချက်အလက်တွေကို အထောက်အပံ့အနေနဲ့ထုတ်ပြပြောဆိုနေတာဟာ တကယ်မသိသေးလို့ပဲလို့ ပြောချင်ပါတယ်။

တကယ်သာ အမှတ်ပေးဒိုင်တွေ အချည်အနှောင်ကင်းရင် ဒီနေ့ပွဲဟာ အလွန်ဆုံး သရေပေးရမယ့်ပွဲလို့မြင်တယ်။ ဒီအခြေအနေမှာ ဒိုင် ၃ ယောက်လုံးက မေဝယ်သာကို တညီတညွတ်ထဲ အနိုင်ပေးလိုက်လို့ လူတွေ ဝူးဝါးဖြစ်ခဲ့ကြရတာပါ။

လက်ဝှေ့မှာ ရှုံးပွဲမရှိခြင်းဆိုတာ တော်တန်ရုံဂုဏ်မဟုတ်တာမှန်ပေမယ့် ကိုယ်ဘယ်လိုနိုင်ခဲ့သလဲဆိုတာ ပိုပြီးအရေးကြီးပါတယ်။ ဟူလီယိုဆီဆာချားဗက်စ်ဟာ ၈၉ ပွဲ ရှုံးပွဲမရှိ ထိုးနိုင်ခဲ့ပါတယ်။ မေဝယ်သာက ဒီနေ့ပွဲနဲ့မှ ၄၈ ပွဲပါ။ ၄၈ မှာ ပွဲ ၃၀ ကျော်လောက်က စိတ်ကြိုက်ပြိုင်ဘက်ကို ရွေးထိုးခဲ့တာပါ။ ဒါ့ကြောင့် ကမ္ဘာ့မီဒီယာတွေ၊ ဝါသနာရှင်ပရိသတ်တွေက မေဝယ်သာကို လှောင်ပြောင်ကြတာဖြစ်တယ်လို့တင်ပြရင်း နိဂုံးချုပ်လိုက်ပါတယ်။

စိန်လက်သီး

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal?fref=photo

ယခင်တပ်မတော် အစိုးရ ခေါင်းဆောင်များသည် အရည်အချင်းရှိပြီး စိတ်စေတနာ ကောင်းကြောင်း၊ သို့သော်လည်း ပြည်သူလူထုက ရွေးချယ်တင်မြှောက်ခဲ့ခြင်း မဟုတ်သည့်အတွက် အဆင်မပြေခဲ့ကြောင်း အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားလိုက်သည်။

အမေရိကန်နိုင်ငံ ၀ါရှင်တန် ဒီစီမြို့ ကာနေဂျီစင်တာတွင် ပြု လုပ်သော ၂၀၁၅ မြန်မာရွေး ကောက်ပွဲစကားဝိုင်း၌ အရှေ့ တောင်အာရှရေးရာ ကျွမ်းကျင်သူ ပညာရှင် ဗီကရမ်နာဟု မေးမြန်းသော ယခင်စစ်အစိုးရ ထိပ်တန်းခေါင်းဆောင်တစ်ဦးအနေဖြင့် မည်ကဲ့သို့ သင်ခန်းစာရသလဲဆိုသည့် မေးခွန်းကို သူရဦးရွှေမန်းက ဖြေဆိုလိုက်ခြင်းဖြစ်သည်။

‘‘ပြီးခဲ့တဲ့ တပ်မတော်အစိုးရ လက်ထက် ခေါင်းဆောင်တွေဟာ အရည်အချင်း ရှိတယ်။ စိတ် စေတနာကောင်းတယ်။ နိုင်ငံဖွံ့ ဖြိုးရေးအတွက် ကြိုးစားပမ်းစား လုပ်တယ်။ ဒါပေမဲ့ ရည်ညွှန်းမျှော်လင့်သလောက် မဖြစ်ခဲ့ဘူး။ သဘောကတော့ ပြည်သူတွေက ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရမဟုတ်ဘဲနဲ့ မိမိတို့ စေတနာ ဘယ်လောက်ကောင်းကောင်း၊ အရည်အချင်း ဘယ်လောက်ရှိရှိ နိုင်ငံကို အုပ်ချုပ်မယ်ဆိုတဲ့ကိစ္စဟာ မြန်မာနိုင်ငံအတွက် အဆင်မပြေနိုင်ဘူး။ ကမ္ဘာကလည်း အဆင်မပြေနိုင်ဘူး’’ ဟု သူရဦးရွှေမန်းက ဖြေကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ ခန်းမ အပြည့်အလျှံ တက်ရောက်လာကြသော အမေရိကန်ရှိ မြန်မာ့နိုင်ငံအရေး စိတ်ဝင်စားသူများ ရှေ့မှောက်တွင် အရှေ့တောင် အာရှရေးရာ ကျွမ်းကျင်သူ ပညာရှင် ဗီကရမ်နာဟု၏ ခက်ခဲသော မေးခွန်းများကို သူရဦးရွှေမန်းက အချိန်တစ်နာရီကျော်ကြာ ဖြေဆိုပေးခဲ့သည်။

အဆိုပါ မေးခွန်းများတွင် ကမ္ဘာက အာရုံထားနေသော ၂၀၁၅ ရွေးကောက်ပွဲ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်းဆောင်ရွက်ရေး၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး၊ ဘင်္ဂါလီအရေးနှင့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေး စသည့် မေးခွန်းများ ပါဝင်သည်။

တရုတ်နိုင်ငံနှင့် ပတ်သက်ပြီးပြောရလျှင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံက လက်ရှိ လုပ်ဆောင်နေမှုများနှင့် ပတ်သက်၍ ကြိုဆိုထောက်ခံသည်ဟုလည်း အမေရိကန်သို့မလာမီ တရုတ် နိုင်ငံသို့ သွားရောက်ပြီး တရုတ်သမ္မတနှင့် တွေ့ဆုံခဲ့သော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောသည်။

ထို့အပြင် အမေရိကန်က မြန်မာသို့ မလာခဲ့သည့်အတွက် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအများဆုံး နိုင်ငံဖြစ်ခဲ့ရသည်ဟု ပြောကြားခဲ့၍ တက်ရောက်လာသူများက သဘောကျ ရယ်မောခဲ့ကြသည်။

အချို့သော မေးခွန်းများအတွက် တိကျသောအဖြေကို မပေးလင့်ကစား ယခင် စစ်ဗိုလ်ချုပ်ဟောင်းတစ်ဦးအနေဖြင့် သူရဦးရွှေမန်းသည် မေးခွန်းများကို အေးဆေးတည်ငြိမ်စွာ ဖြေကြားခဲ့သည့်အတွက် ချီးကျူးစရာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနမှ အရာရှိတစ်ဦးက 7Day Daily အား ပြောကြားသည်။

ထားထားမြင့်
http://www.7daydaily.com/story/36451#.VUcpNpOz4UI

သိမ်းဆည်းထားသည့်လယ်ယာ ပြန်ရရှိရေး လွိုင်ကော်မြို့ပေါ်တွင် တောင်သူအင်အား ၅၀၀ကျာ်က ဆန္ဒပြချီတက်နေကြသည်။(၄၊မေလ၊၂၀၁၅)

Media Initiatives for Democracy

အမေရိကန်နိုင်ငံ ကန်ဆတ်ပြည်နယ် ဒါးလတ်မြို့မှာ တမန်တော်မိုဟာမက် ကာတွန်းပုံပြပွဲ တခုကို လာရောက်ပစ်ခတ်ခဲ့တဲ့ သေနတ်သမား ၂ ဦးကို အမေရိကန်လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပြီးခဲ့တဲ့ မေ ၂ ရက်နေ့က အသေပစ်သတ်လိုက်ကြပါတယ်။

ပစ်ခတ်မှုအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီတမန်တော်မိုဟာမက်ကာတွန်းပြခန်းကို လာရောက်သူတွေကတော့ ထိခိုက်မှု မရှိခဲ့ပါဘူး။ ကမ္ဘာ့ကုန်သွယ်ရေးအဆောက်အဦအနီး မွတ်စလင်စင်တာ ဖွင့်လှစ်ခွင့် မပေးရေးလှုပ်ရှားမှုကို ဦးဆောင်နေတဲ့ အမေရိကန်လူမှုအဖွဲ့အစည်းတခုက ဒီပြပွဲကို စီစဉ် ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။

ဒီပြပွဲကို ဟော်လန်နိုင်ငံက မွတ်စလင်ဆန့်ကျင်ရေး နိုင်ငံရေးခေါင်းဆောင် ဂရိ ၀လ်ဒါစ် လည်း တက်ရောက်နေပြီး သူလည်း ထိခိုက်မှုမရှိခဲ့ပါဘူး။

ပစ်ခတ်မှုအပြီး ပြပွဲကျင်းပရာ အဆောက်အဦကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပိတ်ထားလိုက်ပါတယ်။

ပြခန်းမှာ အကောင်းဆုံးမိုဟာမက်ကာတွန်းရုပ်ပြောင်အတွက် အမေရိကန်ဒေါ်လာ ၁ သောင်း ဆုချမယ့် အစီအစဉ်လည်း ပါဝင်ခဲ့တာပါ။

တမန်တော်မိုဟာမက်ကာတွန်းရုပ်ပြောင်ရေးဆွဲမှုကို မွတ်စလင်ကမ္ဘာက အပြင်းအထန် ဆန့်ကျင် ကန့်ကွက်တာပါ။

၂၀၀၆ ခုနှစ်က ဒိန်းမတ်သတင်းစာတစောင်က တမန်တော်ကာတွန်းပုံ ရုပ်ပြောင် ရေးဆွဲခဲ့လို့ ကမ္ဘာတ၀န်း ကန့်ကွက်ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့တာပါ။

အခုနှစ်ဆန်းပိုင်းကလည်း တမန်တော်မိုဟာမတ်ကာတွန်းပုံပြောင်တွေကို ရေးဆွဲ ထုတ်ဝေတဲ့ ပြင်သစ်မဂ္ဂဇင်းတိုက်ဟာလည်း မွတ်စလင်အစွန်းရောက် ၂ ဦးရဲ့ တိုက်ခိုက်ခံရပြီး လူ ၁၂ ဦး သေဆုံးခဲ့ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/91576

စိုင်းထွန်းအောင်လွင်

ဝ မြောက်ပိုင်းနှင့်တောင် ပိုင်းဒေသနှစ်ခုပေါင်းတွင် မှီတင်းနေထိုင်ကြ သောလူဦးရေမှာ ခြောက်သိန်းကျော်ရှိသော် လည်း နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိထား သူမှာ ၁ဝဝဝကျော်သာရှိနေကြောင်း ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီမှ ပြောခွင့် ရပုဂ္ဂိုလ် ဦးအောင်မြင့်က ပြောသည်။

''အစိုးရက လာလုပ်ပေးထားတာ စုစုပေါင်း ၁ဝဝဝကျော် ၂ဝဝဝနီးပါးပဲ ရှိ သေးတယ်။ ၂ဝ၁၄သန်းခေါင်စာရင်းကောက် တော့ ကျွန်တော်တို့ဘက်ကလဲ ဒေသခံတွေ အနေနဲ့ ဒီမှာနေတာကြာပြီဖြစ်လို့ တခြား ဘာကတ်ပြားမှ မပေးပါနဲ့တော့။ ပန်းရောင် မှတ်ပုံတင်ကတ်ပဲပေးပါလို့ ရှင်းရှင်းလင်း လင်းတင်ပြထားတာ ခုထိတော့ဘာမှမထူး သေးဘူး''ဟု ဦးအောင်မြင့်က ပြောသည်။

ဝ၊ ရှမ်း၊ လားဟူ၊ အခါ၊ ကိုးကန့် စသဖြင့် တိုင်းရင်းသားမျိုးနွယ်စု ၁၇မျိုးနေ ထိုင်သည့် ဝဒေသတွင် တစ်စုတစ်ပေါင်း တည်းနိုင်ငံသားစိစစ်ရေးကတ်ပြားထုတ် ပေးမှုအဖြစ် ၂ဝ၁ဝရွေးကောက်ပွဲနီးစဉ်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ လာရောက်ပြုလုပ်ပေးခဲ့ဖူးပြီး ထိုစဉ်က ရာဂဏန်းခန့်သာရရှိခဲ့ကြောင်းဦးအောင်မြင့်က ဆိုသည်။

''မှတ်ပုံတင်ကိစ္စက နှစ်ပေါင်းများ စွာမှတ်ပုံတင်မရှိခဲ့တာ ၂ဝ၁ဝမှာ ရွေးကောက် ပွဲလုပ်မယ်ဆိုပြီး လာလုပ်ပေးတာရှိတယ်။ ဝဒေသက ရွေးကောက်ပွဲပါဝင်နိုင်ဖို့ဆိုပြီး တော့ပေါ့။ အားလုံး သုံးလေးရာလောက်ရှိ တယ်။ လက်ငင်းပေးလိုက်တယ်။

၁ဝဝဝ ကျော်၂ဝဝဝနီးပါးကတော့ လားရှိုးမှာသွား ယူရမယ်လို့ပြောတယ်။ သာမန်အရပ်သား တွေက ဘယ်လိုသွားယူမလဲ။ သူတို့က သွား မယူဘူး။ ပြီးတော့ အဲဒီတုန်းကအခြေအနေ က ပြောင်းသွားတယ်လေ''ဟု ပြောသည်။

ယင်းနောက်ပိုင်း အစိုးရနှင့် ဝ တပ်ဖွဲ့တို့အကြား နယ်ခြားစောင့်တပ်ဖွဲ့စည်း ရေးမူကြောင့် တင်းမာမှုများ ဖြစ်ပေါ်လာ ခဲ့ပြီး ဝနယ်အတွင်းမှ အစိုးရဝန်ထမ်းများ ကို ဒေသအတွင်း တာဝန်ထမ်းဆောင်ခြင်း မပြုရန် UWSP တာဝန်ရှိသူများမှနှင်ထုတ် ခဲ့သည်။

သမ္မတဦးသိန်းစိန်အစိုးရလက် ထက်တွင် အစိုးရနှင့်ဝတပ်ဖွဲ့အကြား ပုံမှန် ဆက်ဆံရေးပြန်လည်ဖြစ်ပေါ်လာပြီး နောက် ပိုင်းတွင် ဝဒေသခံများမှတ်ပုံတင်ရရှိရေး နှင့်ပတ်သက်ပြီး ဝတာဝန်ရှိသူများက တောင်း ဆိုထားခဲ့ခြင်းဖြစ်သည်။

''ဝှိုက်ကတ်က ဒေသအတွင်းမှာ နည်းနည်းပဲရှိတယ်။ ကျွန်တော်တို့က ဌာနေ ဒေသခံတွေဖြစ်တဲ့အတွက် ပန်းရောင်ကတ် တစ်ခါတည်းထုတ်ပေးဖို့တောင်းထားတာ ပါ''ဟု ဦးအောင်မြင့်က ပြောသည်။
ယင်းကဲ့သို့ နိုင်ငံသားစိစစ်ရေး ကတ်ပြားရရှိသူနည်းပါးမှုကြောင့် ဒေသခံ များမှာ မြန်မာပြည်တွင်းဒေသအတွင်းသို့ သွားလာပါက အခက်အခဲများစွာရှိနေကြောင်း ဒေသခံများက ဆိုသည်။

ဝတပ်ဖွဲ့မှာ ၁၉၈၉ ခုနှစ်က တည်းက အစိုးရနှင့်အပစ်အခတ်ရပ်စဲမှု ပြုလုပ်ထားသည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းဖြစ်ပြီး အင်အားအကြီး ဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း လည်း ဖြစ်သည်။

Yangon Media Group

 ၂၀၁၅ မေ ၃ ရက်

ထိုင်းနိုင်ငံတောင်ပိုင်း  စူရတ်ဌာနီမြို့ လေယာဉ်ကွင်း   ကြောဘက်တွင်ရှိသော ရာဘာခြံသူဌေး (ဘာကု) ဆိုသူက လုပ်အားခတောင်းခံသည့် အလုပ်သမား ၄ ဦးအား သေနတ်   ဖြင့်ပစ်ခတ်သဖြင့်  အလုပ်သမားတစ်ဦး ဒဏ်ရာရရှိ သွားခဲ့သည်။

အလုပ်သမား ၄ ဦးတို့သည် အဆိုပါ သူဌေးထံတွင် ၇ လခန့်ကြာ အလုပ်လုပ် နေကြသူများ ဖြစ်ကြသည်။

ဦးအေးမင်း က“ အလုပ်လုပ်တာ ၆လကျော် ၇လရှိပြီ။  အယင်တုန်းက ရာဘာပင်တွေကို တုံးအဖြစ် ဖြတ်ပြီး သစ်စက် ကိုပို့တယ်။ လုပ်အားခ တစ်ခြံပြီး တစ်ခြံရှင်းတယ်။ ခု ၂ ခြံပြီးပြီး လုပ်ခ မရှင်းသေး။ နောက်တစ်ခြံ ထပ်လုပ်ရတော့မယ်။ လုပ်အား ခမရတော့ ကျနော်တို့လည်း မသွားပဲနေကြတယ်။ သူဌေးရောက် လာပြီး အလုပ်လာမဆင်းလို့ဆိုပြီး သေနတ်နဲ့ လာပစ်တာ။ ကံကောင်းလို့  အသက်မသေးခဲ့ကြတာပါ။ ကျနော်တို့ တရားဝင် အလုပ်သမားတွေဖြစ်ပါတယ်။ ကျနော်တို့ ဥပဒေအရ အကာ အကွယ်ရချင်ပါတယ်။ ကူညီပေးကြ ပါ” ဟုပြောသည်။

 ဦးသန်းအောင်၊ ဦးအေးမင်း၊ လင်းထက်နိုင် နှင့် ဖြိုးဆို သည့် မြန်မာ အလုပ်သမား ၄ဦးတို့၏ လုပ်အားခ ဘတ်ငွေ သုံးသောင်းကျော်အား တောင်းခံခဲ့ရာ ယမန်နေ့ နံနက်က သေနတ်ဖြင့်  ၈ ကြိမ်ပစ် ခတ်ခံခဲ့ရသည်။ အလုပ်သမားများမှာ ထိပ်လန့်တကြား ထွက်ပြေး ကြရသည်။

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တောင်စွန်ရွာမှ အဖ ဦးတင်မြင့်+ဒေါ်စန်းဌေး တို၏သား အသက် ၂၀ အရွယ်  ဖြိုး ဆိုသူမှာ ဘယ်ပခုံး အသားစိုင်အား ထုတ် ချင်းပေါက်ထွက်သွားခဲ့ သည်။

 ယခုအခါ ၎င်းတို့ ၄ ဦးသည် အန္တရာယ်ကင်းနိုင်သည့် နေရာတစ်ခုသို့ ရောက်ရှိ နေကြကြောင်း သိရှိရသည်။

၂၀၁၄ ခုနှစ်ကုန်ခါနီးကလည်း စူရတ်ဌာနီ ရော်ဘာခြံတစ်ခုတွင်  မြန်မာအလုပ်သမား ၃ဦး သတ်ဖြတ်ခံခဲ့ ရသော်လည်း နယ်မြေခံ အာဏာပိုင်များသည် တရားခံအား ယနေ့တိုင် ဖေါ်ထုတ်နိုင်ခြင်း မရှိသေးချေ။

ယခင်ကများစွာကလည်း ထိုင်းနိုင်ငံအနှံ့အပြားတို့ တွင် မြန်မာ အလုပ်သမားများအား ထိုင်းလုပ်ငန်း ရှင်ကဖြစ်စေ၊ ထိုင်းလူမျိုးများကဖြ စ်ေ စ၊ ထိုင်းရဲတပ်ဖွဲ့က ဖြစ်စေ ပစ်သတ်ခဲ့မှုများစွာဖြစ်ပေါ်ခဲ့ဖူးသည်။ ထိုင်းနိုင်ငံအတွင်းတွင် တကမ္ဘာလုံးမှ လူမျိုးပေါင်းစုံတို့လာရောက်နေထိုင် လုပ်ကိုင်နေကြသော်လည်းမြန်မာ အလုပ်သမားများ၏ဘ၀မှာ အကာ အကွယ်အမဲ့ဆုံးဟု ဆိုနိုင်သည်။

အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံသားများအပေါ်တွင် ကာကွယ်စောင့်ရှောက်ရန်နှင့် တာဝန်ယူရကောင်းမှန်းသိသည့် အစိုးတစ်ရပ်မပေါ်ပေါက်မခြင်း မြန်မာလူမျိုးတို့၏ အသက်တစ်ချောင်း သည် ထိုင်းနိုင်ငံတွင် တိရစ္ဆာန် တစ်ကောင်လောက်မှ အလေးနက်ထားခြင်းကို မခံရနိုင်ကြောင်းMAT အဖွဲ့ကပြောသည်။

မြတ်ညို (အလွတ်သတင်းထောက်)
 Golden Worker
http://www.goldenworkers.asia

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို သမာသမတ်ကျကျနှင့် တရားမျှတစေရန် တာဝန်ယူဆောင် ရွက်ပေးရမည့် ကော်မရှင်အဆင့်မှ ရန်ကုန်နယ်နိမိတ်အတွင်းရှိ အိမ်ခြံမြေအကျိုးဆောင်များ အဆင့်သို့ ပြောင်းလဲ ရောက်ရှိသွားပြီလား …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ပန်းအိမ်ရာ စီမံကိန်းမှတိုက်ခန်း ၂၄ ခန်းအား ပါတီ ရုံးခန်း ဖွင့်လှစ်နိုင် ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက ရောင်းချငှားရမ်းပေးမည့် ကမ်းလှမ်းမှုကို ပြည်ထောင် စု ရွေး ကောက်ပွဲကော်မရှင် က နိုင်ငံရေးပါတီများထံသို့ စာပို့အကြောင်းကြားခဲ့သည်ဟု ကြားသိရပါသည်။ လျှောက် ထားရမည့် နောက်ဆုံးရက် မတ် ၃၁ရက် နေ့အထိ နိုင်ငံရေးပါတီ ၂၃ ခုက လျှောက်ထားခဲ့ကြသည်ဟု ၁-၄-၂၀၁၅ ထုတ် Daily ELEVEN သတင်းစာတွင် ဖတ်ရှုခဲ့ရပါသည်။

အဆိုပါ အခန်းများကို ကျပ်သိန်း ၁၁၀ မှ ၁၂၅ သိန်းအထိ ပေးချေဝယ်ယူနိုင်ရန် နိုင်ငံရေးပါတီ ၁၂ ပါတီက စာရင်းတင်ထားခဲ့ပြီး တစ်လလျှင် ကျပ် ၄ သောင်းနှုန်းဖြင့် ငှားရမ်းလိုသည့် နိုင်ငံရေးပါတီ ၉ ပါတီရှိ သည်ဟု ဆိုပါသည်။ ငှားရမ်းခွင့် သို့မဟုတ် ၀ယ်ယူခွင့် ၂ မျိုးအနက် မည်သည့်ခွင့်ပြု ချက်ကိုမဆို ရယူလိုသည့်ပါတီက ၂ ခု ဖြစ်ကြောင်း သိရပါသည်။…

ထိုသတင်းကို ဖတ်ရှုလိုက်ရသောအခါ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေနှင့် ၂၀၁၅ ခုနှစ် ရွေး ကောက်ပွဲကို သမာသမတ်ကျကျနှင့် တရားမျှတစေရန် တာဝန်ယူဆောင်ရွက်ပေး ရမည့် ကော်မရှင် အဆင့်မှ ရန်ကုန် နယ်နိမိတ်အတွင်းရှိ အိမ်ခြံမြေ အကျိုးဆောင်များ အဆင့်သို့ ပြောင်းလဲရောက် ရှိသွားပြီလားဟု တွေး တောမိခဲ့ပါသည်။ မှန်ပါသည်။ ဆောက်လုပ်ရေးဝန်ကြီး ဌာနအနေနှင့် ဌာန၏လုပ်ထုံး လုပ်နည်းများ နှင့်အညီ တိုက်ခန်းများကို ငှားရမ်းခြင်း၊ ရောင်းချခြင်းများပြုလုပ်ရမည်ဖြစ်ပြီး နိုင်ငံရေးပါတီအဖြစ် တရားဝင်မှတ်ပုံတင် ထားခြင်း ရှိ မရှိကိုသာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံမှ အတည်ပြုချက်ရယူရန် လိုအပ်မည်ဟု နားလည်ပါသည်။

ဤနေရာတွင် ““ဒီလို အခန်းတွေ ချထားပေးတဲ့ အစီအစဉ်မတိုင်မီက ကားပါမစ်ပေးမယ့် သတင်းထွက်တယ်။ စာတွေရတယ်။ မယူခဲ့ဘူး။ ဒါဟာ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်အလုပ် ဟုတ် မဟုတ် သေချာရဲ့ လား။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ ပြည်သူလူထုတစ်ရပ်လုံးရဲ့ ဆန္ဒနဲ့လုပ်တာလား။ လုပ်ပိုင်ခွင့်ထဲကလုပ် တာလားဆိုတာတွေကိုစဉ်းစားပြီး မလျှောက်ခဲ့ဘူး။ မယူခဲ့ဘူး။ ယူသင့်တယ်လို့ မယူဆ ဘူး။ ပေးသင့်တယ်လို့လည်း မမြင်ဘူး။ ဒါကြောင့် စိတ်မ၀င်စားဘူး။ မလျှောက်ဘူး”” ဟူသော ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၏ သဘောထားသည် လေးစားဂုဏ်ယူ ဖွယ်ကောင်း လှကြောင်း တွေ့မြင် ခဲ့ရပါသည်။

ဤသို့ နိုင်ငံရေးပါတီ ၂၃ ပါတီက တိုက်ခန်းများငှားရမ်း၊ ရောင်းချပေးရန် လျှောက်ထားခဲ့သည့် သတင်းမတိုင်မီ ၃၁-၃-၂၀၁၅(အင်္ဂါနေ့)ထုတ် Daily ELEVEN သတင်းစာတွင် ““ဧရာဝတီကျောင်းသား သပိတ်စစ်ကြောင်းတွင် ပါဝင်ခဲ့သည့် မသန်စွမ်းရှေ့ဆောင်ကျောင်းသူ မစုပုံချစ်အား တစ်သက်တာနေထိုင်ရန် ပေးထားသော တိုက်ခန်း ကို အစိုးရက ပြန်လည်သိမ်းယူ”” ဆိုသည့်သတင်းကို ဖတ်ရှုထားခဲ့ရသည့် အတွက် ဟိုယခင်ခေတ်ဟောင်း တွင် ကြုံတွေ့ခဲ့ဖူးသည့် ဤကဲ့သို့သောအဖြစ်များကို ပြန်လည်သတိရပြီး အတွေးနယ်ချဲ့စရာ ဖြစ်လာခဲ့ရပါ သည်။

မှန်ပါသည်။ ကျွန်တော်တို့ ငယ်ရွယ်စဉ် ကလေးဘ၀က ဆော့ကစားကြသည့်အခါ ““ငါနဲ့မတူ ငါ့ရန်သူ၊ ငါ့ဟာ ပြန်ပေး လက်မနှေး””ဟု ဟစ်ကြွေးခဲ့ကြသည်ကို ပထမဆုံး ပြန်လည်သတိရလိုက်မိပါသည်။ ကလေးငယ်များ ၏ သဘောဝအတိုင်း အဆင်ပြေချောမွေ့နေချိန်တွင် ကစားဖော်အားလုံး ရယ်ရယ်မောမော ပြုံးပြုံးရွှင်ရွှင် နောက်ပြောင်ကျီစယ် ဆော့ ကစားနေတတ်ကြပြီး အဆင်မပြေအခန့်မသင့်၍ စိတ်သဘောထားချင်း မတိုက် ဆိုင်ကြသောအခါ အတူ ကစားနေသော ကစားဖော်သူငယ်ချင်းများကို ““ငါနဲ့မတူ ငါ့ရန်သူ၊ ငါ့ဟာ ပြန်ပေး လက်မနှေး”” ဟု အော်သံပေးဟစ်ကြွေးပြီး အုပ်စုဖွဲ့တတ်ကြပါသည်။ ပြေပြေလည်လည် ပျော်ပျော်ရွှင်ရွှင် ကစားနေကြစဉ်က ကိုယ့်တွင်ရှိသော ကစားစရာအရုပ်များကို ဖြစ်စေ၊ မုန့်ပဲသရေစာများကိုဖြစ်စေ မျှဝေပေး တတ်ကြသော်လည်း အလိုမကျတော့သည့်အချိန်တွင် ““ငါနဲ့မတူ ငါ့ရန်သူ၊ ငါ့ ဟာပြန်ပေး လက်မနှေး”” ဟု အသံပြဲပြဲနှင့် အော်ဟစ်ပြီး ပြန်လည်တောင်းတတ်ကြသော အကျင့်များလည်း ရှိကြပါသည်။ နောက်တစ်ကြိမ် ဆော့ ကစားကြသည့် အခါတွင်လည်း ဤသူငယ်ချင်း အပေါင်းအဖော်များနှင့်ပင် ခင်ခင်မင်မင် ပျော်ပျော်ရွှင်ရွှင် ကစားကြပြန်ပါသည်။ ပထမအကြိမ်ကစား ကြစဉ်က ဖြစ်ပေါ်ခဲ့သောမကျေနပ်မှုများ နှင့်ရန်လိုမှုများလည်း မရှိ ကြတော့ပါ။ ဤ ကဲ့သို့ ဒေါသ၊ လောဘနှင့် မာန်မာနများ ကင်းရှင်းဖြူစင်သော လူငယ်များ၏ အခြေခံစိတ်ဓာတ် များသည် ကျွန်တော်တို့ မြန်မာ့လူမှုအသိုက်အ၀န်းတွင် အစဉ်အမြဲတွေ့ မြင်ရသော ကြည်နူးဖွယ်ရာ မြင်ကွင်း များပင်ဖြစ်ပါသည်။

ဤကဲ့သို့သော ချစ်စဖွယ်လူငယ်များ၏ အလေ့အထ အမူအကျင့်များသည် အသက်ကြီးရင့်လာ သည်နှင့်အမျှ ခေတ်စနစ်များနှင့်အညီ ပြောင်း လဲသွားကြပြီး လောဘ၊ ဒေါသ၊ မာန်မာနများ ကြီးမားလာကြပါသည်။ အငြိုး အတေးနှင့် ရန်လိုမုန်းတီးမှု စိတ်ဓာတ်များ ကိန်းအောင်းလာကြသည် ကိုလည်းတွေ့မြင်ရပါသည်။ လူပုဂ်္ဂိုလ် တစ်ဦးချင်းအနေနှင့် ကျင်လည်ဖြတ်သန်းခဲ့ရသော ပတ်ဝန်းကျင်နှင့် ပင်ကိုစိတ်ဓာတ်အခံပေါ်တွင် မူတည် ပြောင်းလဲတတ်ကြသည့်အတွက် လူတစ်ဦးချင်း၏ ပြောင်းလဲမှုကို မည်သည့်ထင်မြင်ချက်မျှပေးရန် မသင့်သော် လည်း အုပ်ချုပ်ရေး အာဏာပိုင်များ၏ ပြောင်းလဲမှုများကိုမူ ရယ်စရာသဘော၊ နှာခေါင်းရှုံ့စရာ သဘောထားရ မည်လောဟု စဉ်းစားရတော့မည် ထင်ပါသည်။

သို့ဖြစ်ပါ၍ ဟိုယခင်ခေတ်ဟောင်း ကာလများက နေထိုင်ခွင့်ရရှိထားသော တိုက်ခန်းများကို ““ငါနဲ့မတူ ငါ့ရန်သူ၊ ငါ့ ဟာပြန်ပေး လက်မနှေး”” ဟူသော ဟစ်ကြွေးသံနှင့်အတူ ပြန်လည်အသိမ်းခံခဲ့ရသည့် ပုဂ်္ဂိုလ်ကြီး ၅ဦး အကြောင်းကို အတွေးနယ်ချဲ့မိခြင်းဖြစ်ပါသည်။

ပထမဆုံး ပုဂ်္ဂိုလ်ကြီးမှာ ကျွန်တော်တို့ အားလုံးလေးစားကြရသော သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ဖြစ်ပါသည်။ ဦးဝင်းတင်မှာ (NLD) ပါတီမှဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီး ဌာနပိုင် လမ်းသစ်ရိပ်သာရှိ တိုက်အမှတ် ၆၊ အခန်းအမှတ် ၂၂တွင် နေထိုင်ခွင့် ရရှိထားသူ ဖြစ်ပါသည်။ ဦးဝင်း တင်သည် ဗိုလ်နေ၀င်း မဆလအစိုးရကို တစ်တိုင်းပြည်လုံးက ဆန့်ကျင်ဆန္ဒပြခဲ့ကြသော ရှစ်လေးလုံး အရေး တော်ပုံကြီး၌ ဦးဆောင်ခဲ့သူဖြစ်ပါသည်။ ဒီ့အတွက် ဗိုလ်နေ၀င်း၏ မဆလအစိုးရကို အမွေဆက်ခံခဲ့သော န၀တ စစ်အစိုးရက ““ငါနဲ့မတူ ငါ့ရန်သူ””ဟုသတ်မှတ်ပြီး ဖမ်းဆီးထောင် ချခဲ့ပါသည်။ အငြိုးအတေးကြီးလှသော န၀တ စစ်အစိုးရက ထိုမျှလောက်နှင့် မကျေနပ်ဘဲ ““ငါ့ဟာပြန်ပေး လက်မနှေး”” ဆို၍ အိုးအိမ်ဦးစီးဌာနမှ နေထိုင်ခွင့်ပေး ထားသည့် တိုက်ခန်းကို ပြန်လည် သိမ်းယူခဲ့ခြင်း ဖြစ်ပါသည်။

ဒုတိယပုဂ်္ဂိုလ်မှာ ပြည်သူ့ရဲဘော်ပါတီမှ ဗဟိုကော်မတီဝင် ဗိုလ်အောင်နိုင်ဖြစ်ပါသည်။ မြို့ရွာနှင့် အိုးအိမ် ဦးစီး ဌာနပိုင် လမ်းသစ်ရိပ်သာမှ တိုက်အမှတ် ၅ ၊ တိုက်ခန်း အမှတ် ၁တွင် နေထိုင်ခွင့်ရထားသူ ဖြစ်ပါသည်။ ၎င်း သည် ဖဆပလ အစိုးရလက် ထက်ကတည်းက အစိုးရကိုဆန့်ကျင်တော် လှန်ခဲ့သည့် ပြည်သူ့ရဲဘော်ပါတီမှ ဗဟို ကော်မတီဝင်ဖြစ်ခဲ့ခြင်းနှင့် သူ၏မျိုးဆက်သစ်များကလည်း ရှစ်လေးလုံးအရေးတော် ပုံကြီးတွင်ပါဝင် လှုပ်ရှားခဲ့ကြသူများ ဖြစ်သည့်အတွက် န၀တအစိုးရက ““ငါနဲ့မတူ ငါ့ရန်သူ၊ ငါ့ဟာပြန်ပေး လက်မနှေး”” ဟုဟစ် ကြွေးလျက် လမ်းသစ်ရိပ်သာမှ တိုက်ခန်းကို ပြန်လည်သိမ်းယူခံခဲ့ရခြင်းဖြစ်ပါသည်။

တတိယပုဂ်္ဂိုလ်မှာလည်း ပြည်သူ့ရဲဘော်ပါတီမှ ဗဟိုကော်မတီဝင် ဗိုလ်ရဲထူး ဖြစ်ပါသည်။ လမ်းသစ်ရိပ်သာ တိုက်ခန်း အမှတ် ၁၁၊ အခန်းအမှတ် ၂ တွင် ၁၉၆၄ ခုနှစ်ကတည်းက နေထိုင်ခွင့်ရရှိထားခဲ့သူ ဖြစ်ပြီး နိုင်ငံရေး အစဉ်အလာနှင့် ၎င်း၏သား ရဲမော်ထူးမှာ အရေးပေါ်ပုဒ်မ ၅ည ဖြင့် ဖမ်းဆီးထောင်ချခံထားရသဖြင့် န၀တ အစိုးရ က ““ငါနဲ့မတူ ငါ့ရန်သူ”” ဟု သတ်မှတ်၍ ““ငါ့ဟာပြန်ပေး လက်မနှေး””ကြွေးကြော်သံ ဖြင့် တိုက်ခန်း ပြန်လည် အသိမ်းခံခဲ့ရပါသည်။

စတုတ္ထပုဂ်္ဂိုလ်မှာ ကိုကိုးကျွန်းပြန် ရဲဘော်ဦးတင်အောင် ဖြစ်ပါသည်။ ၎င်းကလည်း အိုးအိမ်ဦးစီးဌာနပိုင် လမ်း သစ်ရိပ်သာမှ တိုက်ခန်းအမှတ် ၄၊ အခန်း အမှတ် ၃ တွင် နေထိုင်ခွင့်ရထားရသူဖြစ်ပြီး စစ်အာဏာရှင် အစိုးရ အဆက်ဆက်ကို အမြဲတမ်း ဆန့်ကျင်လှုပ်ရှားခဲ့သူ ဖြစ်သောကြောင့် ရန်သူဟု သတ်မှတ်ဖမ်းဆီး ထောင်ချခဲ့ပါ သည်။ ပေးထားခဲ့သော တိုက်ခန်းကိုလည်း ပြန်လည်သိမ်းယူသွားခဲ့ပါသည်။

ပဉ္စမပုဂ်္ဂိုလ်မှာ လမ်းသစ်ရိပ်သာမှ အိုးအိမ်ဦးစီးဌာနပိုင် တိုက်ခန်းအမှတ် ၉၊ အခန်းအမှတ် ၁၆ တွင် နေထိုင်ခွင့် ရထားသော ဦးဂျော်နီ (ခေါ်) ဦးမြင့်စိုး ဆိုသူဖြစ်ပါသည်။ ဦးဂျော်နီ ခေါ် ဦးမြင့်စိုးမှာလည်း NLD လူငယ်ဖြစ်၍ ရှစ်လေးလုံး အရေးအခင်းများတွင် တက်တက်ကြွကြွပါဝင် လှုပ်ရှားခဲ့သောကြောင့် ““ငါနဲ့မတူ ငါ့ရန် သူ””ဟူ သတ်မှတ်ခံရပြီး ““ငါ့ဟာ ပြန်ပေး လက်မနှေး””ဟူသော ကြွေးကြော်သံနှင့်အတူ တိုက်ခန်းကို ပြန်လည်အသိမ်း ခံရသူ ဖြစ်ပါသည်။

ဤပုဂ်္ဂိုလ်ကြီး ၅ဦးအပြင် ဒီဘက်ခေတ်တွင် လတ်တလောဖြစ်ပွားခဲ့သော မသန်စွမ်းရှေ့ဆောင်ကျောင်းသူ မစုပုံချစ်၏ တိုက်ခန်း ပြန်လည်အသိမ်းခံရသည့် အဖြစ်ကိုလည်း တစ်ဆက်တည်း စဉ်းစားလိုက်မိပါသည်။

မသန်းစွမ်းရှေ့ဆောင် ကျောင်းသူမစုပုံချစ်သည် မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်းမှ ဗဟိုအလုပ် အမှုဆောင် တစ်ဦးဖြစ်ပါသည်။ သူမအနေနှင့် သြစတြေးလျနိုင်ငံမှ ပညာသင်ဆုရရှိခဲ့ပြီး ဆစ်ဒနီတက္ကသိုလ်မှ မူဝါဒလေ့လာရေးဆိုင်ရာ မဟာဘွဲ့ကို ရရှိထားသူဖြစ်ပါသည်။ ယခင် အစိုးရလက်ထက်က သူမကို တစ်ခုတည်း သော အထောက်အပံ့အဖြစ် ရွှေဂုံတိုင် ကလေးစောင့်ရှောက်ရေးဌာနမှ တိုက်(ဗ)၊ အခန်းအမှတ် ၂၀၃ အား တစ်သက်တာ နေထိုင်ခွင့်ပေးခဲ့သည်ဟု သိရှိရပါသည်။ မစုပုံချစ်က အမျိုးသားပညာရေး ဥပဒေပြင် ဆင်ရေး ကျောင်းသားသပိတ် ကို ထောက်ခံခဲ့ပြီး ဧရာဝတီသပိတ်စစ်ကြောင်းတွင် ပါဝင်ဆန္ဒပြခဲ့သောကြောင့် သူမအား ““ငါနဲ့ မတူ ငါ့ရန်သူ””ဟုသတ်မှတ်ခဲ့ပြီး ““ငါ့ဟာ ပြန်ပေးလက်မနှေး””ဆိုသည့် ဟစ်ကြွေးသံ နှင့်အတူ တစ်သက်တာ ပေးခဲ့ပါသည်ဆိုသော တိုက်ခန်းကို ပြန်လည် သိမ်းယူခဲ့ခြင်းပင် ဖြစ်ပါသည်။

ပုဂ်္ဂိုလ်ကြီး ၅ ဦး၏ဖြစ်စဉ်တွင် ၎င်းတို့အား ၁၉၆၄-၆၅ ခုနှစ်ခန့်မှစတင်၍ ထိုတိုက်ခန်းများ တွင် နေထိုင် ခွင့် ပေးထားခဲ့ပါသည်။ ၎င်းတို့သည် မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာန၏ အိမ်ငှား စည်းကမ်းချက် ၂၆ ချက် အနက် အချက်တစ်ချက်ကိုမျှ ချိုးဖောက်ခြင်းအလျှင်း မရှိပါဘဲလျက် ၎င်းတို့၏ တိုက်ခန်းများ ပြန်လည် အသိမ်း ခံခဲ့ကြရခြင်း ဖြစ်ပါသည်။ နိုင်ငံရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့ကြသဖြင့် ပြန်လည်သိမ်းယူခြင်းဖြစ်သည်ဟု ၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက်နေ့ထုတ် 7Day Daily သတင်းစာတွင် ဖော်ပြထားခဲ့ပါသည်။ ဒီတော့ ငယ်ရွယ်စဉ်ကလေး ဘ၀မှာ ဆော့ကစားကြစဉ်က သဘာထားမတိုက်ဆိုင်၍ ဟစ်ကြွေးခဲ့သော ““ငါနဲ့မတူ ငါ့ရန်သူ””ဟူသည့် ဟစ်ကြွေးသံများအတိုင်း နိုင်ငံ့ အတွက် ဆောင်ရွက်နေကြပါသည်ဆိုသည့် တာဝန် ရှိပုဂ်္ဂိုလ်များက ဤနေ့ဤ အချိန်အထိအော် မြဲအော်နေကြပြီး အငြိုးအတေးနှင့်““ငါ့ဟာ ပြန်ပေး လက်မနှေး””ဟု အော်ဟစ်ပြီး ပေးထား သည့်တိုက်ခန်း များ ပြန်လည်သိမ်းယူ နေကြသောအဖြစ်များမှာ ရယ်စရာသဘောသာ ထားရတော့မည်လော ဟု မေးရမည့် အခြေအနေပင် ဖြစ်နေပါတော့သည်။

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

“ဦးရဲထွဋ်ကတော့ အခု သတင်းမီဒီယာ လွတ်လပ်ခွင့် နိုင်ငံတကာ အညွှန်းကိန်းတွေက .. ဟို သူတို့အနေနဲ့ အားမကိုးဘူးပေါ့နော်။ တနည်းအားဖြင့် ပြောရရင် လက်မခံဘူးဆိုတဲ့ သဘောမျိုးပြောတယ်။ သတင်းမီဒီယာသမားတွေကို အစိုးရက တရားစွဲတဲ့ အမှုအရေအတွက်က ၄ မှုလောက်ပဲရှိပြီးတော့ မီဒီယာသမား အချင်းချင်းစွဲတဲ့အမှုက အမှု ၂၀ လောက်ရှိတယ် ဆိုတဲ့ဟာမျိုးကို ပြောတာ။ အစိုးရက မီဒီယာတွေကို တရားစွဲဆို ခြိမ်းခြောက်တဲ့နည်းနဲ့ မီဒီယာကို ဖိနှိပ်တယ်ဆိုတာ မဟုတ်ပါဘူးဆိုတဲ့ဟာမျိုးကို သူက သက်သေပြဖို့ ကြိုးစားတာပေါ့နော်။ ဒါပေမယ့် တကယ်တမ်းကျတော့ ဒီမှာ ထောင်ဒဏ် ၁၀ နှစ်တို့၅ နှစ်တို့ စသဖြင့် အဲလိုပုဒ်မကြီးတွေနဲ့ထောင်ချခံရတဲ့ကိစ္စတွေက မီဒီယာသမားတွေပေါ်မှာ စိုးရိမ်မှု ကြီးကြီးမားမား ဖြစ်စေတယ်ပေါ့နော်။ အဲဒီဟာက မီဒီယာလွတ်လပ်ခွင့်ကို ခြိမ်းခြောက်တဲ့ကိစ္စတွေဖြစ်တယ်။”

မြန်မာဂျာနယ်လစ်ကွန်ယက် MJN အတွင်းရေးမှူး ဦးမြင့်ကျော်
မကြာခင်ကျင်းပဖို့ ပြင်ဆင်နေတဲ့၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတမှုရှိစေဖို့ သတင်းသမားတွေရဲ့အခန်းကဏ္ဍ အရေးကြီးကြောင်းရန်ကုန်မြို့ Novotel Hotel မှာ ဒီကနေ့ကျင်းပတဲ့ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့အထိမ်းအမှတ် အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ ပြုပြင်ပြောင်းလဲနေတဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအချိန်မှာတော့ လွတ်လပ်စွာသတင်းရယူခွင့်၊ ရေးသားဖေါ်ပြမှုတွေအတွက်ခြိမ်းခြောက်မှုတွေ ရင်ဆိုင်နေရဆဲပဲလို့ သတင်းသမားတွေက ပြောဆိုကြပါတယ်။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

မေလ ၃ ရက် ဒီကနေ့မှာ ကျရောက်တဲ့ World Press Freedom Day ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့အခမ်းအနားကိုမြန်မာအစိုးရ ပြန်ကြားရေး ဝန်ကြီးဌာနနဲ့ ကုလသမဂ္ဂ UNESCO အဖွဲ့တို့ပေါင်းပြီး မြန်မာနိုင်ငံမှာ ကျင်းပလာတာ ဒီနှစ်ပါနဲ့ဆို (၄) ကြိမ်မြောက် ရှိသွားပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့အနာဂတ်ကို အကောင်းဆုံးတည်ဆောက်နိုင်ဖို့ဆိုရင် ဒီနှစ်ထဲ ကျင်းပဖို့ရှိတဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတမှုရှိလာစေဖို့ စာနယ်ဇင်းသမားတွေက ဝိုင်းဝန်းကူညီဖို့လိုကြောင်း NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ကျင်းပတဲ့ ကမ္ဘာ့ စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းအနားမှာ ပြောကြားသွားပါတယ်။

“၂၀၁၅ ရွေးကောက်ပွဲဆိုတာ ကျမတို့နိုင်ငံအတွက် အင်မတန်မှ အရေးကြီးတဲ့ အချိုးအကွေ့တခု ဖြစ်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲထက် အများကြီး ပိုပြီးတော့ အဓိပ္ပာယ်ပါမယ့် ရွေးကောက်ပွဲ ဖြစ်ပါတယ်။ အဲဒီတော့ ဒီရွေးကောက်ပွဲများဟာ လွတ်လပ်ပြီးတော့ တရားမျှတဖို့အတွက်စာနယ်ဇင်းလောက ကနေပြီးတော့ တတ်နိုင်သ၍ ကူညီခြင်းအားဖြင့် ကျမတို့နိုင်ငံရဲ့ အနာဂတ်ကို အကောင်းဆုံး ဆောက်လုပ်ပေးခဲ့တာဖြစ်မယ်လို့ ကျမ သတိပေးချင်ပါတယ်။ ဒါကြောင့် ကျမ မေတ္တာရပ်ခံချင်ပါတယ်။”

ရန်ကုန်မြို့ ပြည်လမ်းပေါ်မှာရှိတဲ့ Novotel Hotel မှာကျင်းပတဲ့ အခမ်းအနားကို အစိုးရပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်လည်း တက်ရောက်ပြီး သတင်းသမားတွေကို အစိုးရက ဖိနှိပ်နေတယ်ဆိုတာ မမှန်ကန်ဘူးလို့ ငြင်းဆိုသွားကြောင်း မြန်မာဂျာနယ်လစ်ကွန်ယက် MJN အတွင်းရေးမှူး ဦးမြင့်ကျော်က VOA ကို ပြောပါတယ်။

“ဦးရဲထွဋ်ကတော့ အခု သတင်းမီဒီယာ လွတ်လပ်ခွင့် နိုင်ငံတကာ အညွှန်းကိန်းတွေက .. ဟို သူတို့အနေနဲ့ အားမကိုးဘူးပေါ့နော်။ တနည်းအားဖြင့် ပြောရရင် လက်မခံဘူးဆိုတဲ့ သဘောမျိုးပြောတယ်။ သတင်းမီဒီယာသမားတွေကို အစိုးရက တရားစွဲတဲ့ အမှုအရေအတွက်က ၄ မှုလောက်ပဲရှိပြီးတော့ မီဒီယာသမား အချင်းချင်းစွဲတဲ့အမှုက အမှု ၂၀ လောက်ရှိတယ် ဆိုတဲ့ဟာမျိုးကို ပြောတာ။ အစိုးရက မီဒီယာတွေကို တရားစွဲဆို ခြိမ်းခြောက်တဲ့နည်းနဲ့ မီဒီယာကို ဖိနှိပ်တယ်ဆိုတာ မဟုတ်ပါဘူးဆိုတဲ့ဟာမျိုးကို သူက သက်သေပြဖို့ ကြိုးစားတာပေါ့နော်။ ဒါပေမယ့် တကယ်တမ်းကျတော့ ဒီမှာ ထောင်ဒဏ် ၁၀ နှစ်တို့၅ နှစ်တို့ စသဖြင့် အဲလိုပုဒ်မကြီးတွေနဲ့ထောင်ချခံရတဲ့ကိစ္စတွေက မီဒီယာသမားတွေပေါ်မှာ စိုးရိမ်မှု ကြီးကြီးမားမား ဖြစ်စေတယ်ပေါ့နော်။ အဲဒီဟာက မီဒီယာလွတ်လပ်ခွင့်ကို ခြိမ်းခြောက်တဲ့ကိစ္စတွေဖြစ်တယ်။”

အမေရိကန်ပြည်ထောင်စု Freedom House အဖွဲ့က မကြာသေးမီက ထုတ်ပြန်တဲ့ သတင်းလွတ်လပ်ခွင့်အညွှန်းကိန်းမှာ မြန်မာနိုင်ငံဟာ ၂၀၁၃ ခုနှစ် အတွက် အမှတ် ၇၀ ရခဲ့ရာက ၂၀၁၄ ခုနှစ်အတွက် အဆိုးဘက်ကို ဦးတည်ပြီး ၇၃ မှတ်ရကာ သတင်းလွတ်လပ်ခွင့် ကျဆင်းခဲ့တယ်လို့ ဖေါ်ပြခဲ့တာပါ။ အခုလိုမျိုး သတင်းလွတ်လပ်ခွင့်ကျဆင်းနေတာမို့ စာနယ်ဇင်းလွတ်လပ်ခွင့်တွေရလာဖို့ သတင်းသမားတွေ ပိုပြီး အားထုတ်ဖို့လိုတယ်လို့ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ကျမတို့ မြန်မာနိုင်ငံက စာနယ်ဇင်းလွတ်လပ်မှုကိုရတဲ့အချိန်ဟာ တနည်းအားဖြင့် ပြောရမယ်ဆိုရင် အင်မတန်မှ အချိန်နှောင်းတဲ့ဟာ ဖြစ်သွားပါပြီ။ အချိန်နှောင်းတယ်ဆိုတာဟာ ဘယ်လို ပြောလိုတာလဲဆိုတော့ စာနယ်ဇင်း လွတ်လပ်မှုကို တည်တည်ငြိမ်ငြိမ်နဲ့ အချိန်ယူပြီးတော့ တည်ဆောက်နိုင်ဖို့ ကာလ လွန်တဲ့အချိန်မှာ ကျမတို့ဟာ စာနယ်ဇင်းလွတ်လပ်မှုကို ရလာတာပါ။ ပြောရမယ်ဆိုရင် ဒီကိစ္စနဲ့ပတ်သက်လို့ ဦးရဲထွဋ်ပြောသွားတဲ့ ဆိုရှယ် မီဒီယာပေါ့နော်၊ ဆိုရှယ်မီဒီယာကို ကျယ်ကျယ်ပြန့်ပြန့် သုံးနေတဲ့အချိန်မှာမှ ကျမတို့နိုင်ငံက စာနယ်ဇင်းလောက လွတ်လပ်မှု အတိုင်းအတာတခုထိ ရလာတယ်ဆိုတဲ့အခါကျတော့ အေးအေးဆေးဆေးနဲ့ တည်ဆောက်ဖို့၊ သိက္ခာရှိတဲ့ စာနယ်ဇင်းကျင့်ဝတ်တွေ တည်ဆောက်ဖို့ အချိန်က နည်းနည်း လွန်လာပြီ ဖြစ်ပါတယ်။ အချိန်လွန်လို့ မလုပ်နိုင်တာ မဟုတ်ပါဘူး။ အချိန်လွန်မှ စပြီးလုပ်ရလို့ ကျမတို့ပိုပြီးတော့ ကြိုးစားရမှာ ပိုပြီးတော့ သတိထားရမှာ ပိုပြီးတော့ ဝါယမစိုက်ထုတ်ရမှာ ဖြစ်ပါတယ်။”

ဒီကနေ့ကျင်းပတဲ့ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့အခမ်းအနားကိုအစိုးရပြန်ကြားရေးဝန်ကြီးအပြင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံခြား သံတမန်တွေနဲ့ နိုင်ငံတကာသတင်းသမားရောပြည်တွင်းသမားတွေပါ (၁၀၀) ကျော် တက်ရောက်ခဲ့ပါတယ်။ မေလ ၃ ရက်မှာကျရောက်တဲ့ ကမ္ဘာ့ စာနယ်ဇင်း လွတ်လပ်ခွင့်နေ့မှာ ၂၀၁၅ ခုနှစ်အတွက် UNESCO အဖွဲ့က ချီးမြှင့်တဲ့ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်ဆုကို ဆီးရီးယားနိုင်ငံသား သတင်းထောက် Mazen Darwish ကိုချီးမြှင့်ခဲ့ပါတယ်။

ကိုဉာဏ်ဝင်းအောင်
VOA

photo..MOI Webportal Myanmar

စာနယ်ဇင်းလောက၊ သတင်းမီဒီယာလောကနဲ့ပတ်သက်ပြီး ကောင်းမွန်တဲ့ဥပဒေတွေ ပေါ်ထွက်လာဖို့ ဥပဒေပြုမဏ္ဍိုင်အနေနဲ့ ကြိုးစားပါ့မယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာ့သတင်းမီဒီယာလွတ်လပ်ခွင့်နေ့ဖြစ်တဲ့ မေလ ၃ရက်နေ့က ပြောဆိုခဲ့ပါတယ်။ သတင်းမီဒီယာ ဥပဒေရှိပြီး နည်းဥပဒေမထွက်တဲ့ကိစ္စကို ဦးရဲထွဋ်ပေးတဲ့ဆင်ခြေကို ဒေါ်စုက ဘယ်လိုတုံ့ပြန်ခဲ့သလဲ။

ဥပဒေကို တကယ်ထိရောက်အောင် ပြုလုပ်ရမှာက အုပ်ချုပ်ရေးပိုင်းတာဝန်ဖြစ်သလို နည်းဥပဒေမထွက်လာတာနဲ့ ညွှန်ကြားချက်တွေ မထွက်လာတာကလည်း အုပ်ချုပ်ရေးမဏ္ဍိုင်ရဲ့တာဝန်ပဲဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။ လာမယ့် ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတဖို့၊ အောင်မြင်ဖို့ သတင်းသမားတွေ အကူအညီပေးကြဖို့လည်း သူကတောင်းဆိုခဲ့ပါတယ်။

မြန်မာပြည်ကိုလာရောက်လေ့လာတဲ့ အဖွဲ့အစည်းတွေက မြန်မာပြည်မှာ သတင်းနဲ့စာပေလွတ်လပ်ခွင့် အသင့်အတင့်ရှိနေပြီလို့ ထောက်ပြတာဟာ အခြားပြုပြင်ပြောင်းလဲရေးတွေ ထောက်ပြစရာမရှိလို့လားလို့ နိုဗယ်ငြိမ်းချမ်းရေးဆုရှင်က ပြောလိုက်ပြီး သတင်းထောက်တစ်ယောက်ကလည်း သတင်းအချက်အလက်ပေးရုံမကဘဲ သတင်းကိုသုံးသပ်ပေးရဲရမယ်လို့ Novotel ဟိုတယ်မှာကျင်းပတဲ့ World Press Freedom Day မှာ သုံးသပ်ခဲ့ပါတယ်။

သတင်းသမားဟာ သုံးသပ်ရာမှာ ချင့်ချိန်တာမဟုတ်ဘဲ ဆန္ဒစွဲ၊ ခံစားချက်နဲ့ရေးမယ်ဆိုရင် တာဝန်မဲ့တဲ့သတင်းသမား ဖြစ်မှာဖြစ်လို့ ကိုယ့်သုံးသပ်ချက်ဟာ သိက္ခာကိုရောင်ပြန်ဟပ်နေပါတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ သတင်းသမားတွေရဲ့လုံခြုံမှုကို ထိပါးစေခဲ့တဲ့ ဖြစ်ရပ်တွေကြောင့် တိုင်းပြည်ပုံရိပ် ထိခိုက်စေခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ဝန်ခံပြောဆိုခဲ့ပါတယ်။ သတင်းမီဒီယာဥပဒေမှာ စစ်မက်ဖြစ်ရာနဲ့ ပဋိပက္ခဖြစ်ရာတွေမှာ လုံခြုံရေးအဖွဲ့တွေက သတင်းမီဒီယာတွေကို ကာကွယ်ရမယ်လို့ ပြဌာန်းထားပေမယ့် ဒီလိုမဖြစ်ခဲ့တာဟာ နည်းဥပဒေမရှိလို့နဲ့ စည်းမျဉ်းစည်းကမ်းမရှိလို့ဖြစ်တယ်လို့ အကြောင်းပြချက်ပေးခဲ့ပါတယ်။

သတင်းမီဒီယာသမားတွေကို တရားစွဲတာ၊ ဖမ်းဆီးအရေးယူတာတွေကို အစိုးရဘက်က အမြဲလိုလို ခုခံပြောဆိုလေ့ရှိသူ ပြန်ကြားရေးဝန်ကြီးက သူတို့အစိုးရလက်ထက်မှာ အစိုးရနဲ့ပြည်သူက မီဒီယာကို တရားစွဲတာ နည်းပြီး မီဒီယာအချင်းချင်း တရားစွဲတာသာ အများဆုံးလို့ စွပ်စွဲခဲ့ပါတယ်။ မီဒီယာအုပ်စုကြီးတွေအနေနဲ့ အကျိုးစီးပွားကာကွယ်ဖို့ အခြားမီဒီယာကိုတရားစွဲတာ ကောင်းတဲ့လက္ခဏာမဟုတ်ဘူးလို့ ဘယ်ဝါဘယ်ဝါဆိုတာကို ထုတ်မပြောဘဲ ပြောဆိုခဲ့ပါတယ်။

Kamayut Media

တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်ကို ဇန်နဝါရီလ ၁၃ ရက်နေ့က တွေ့ရစဉ်
Photo:Kyaw Zaw Win/RFA

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amesty International၊ လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေး အဖွဲ့ Human Rights Watch စတဲ့ အဖွဲ့တွေ အပါအ၀င် ကမ္ဘာ့ထိပ်သီး လူ့အခွင့်အရေး အဖွဲ့ကြီး ၁ဝ ခုကနေ ကမ ကထ ပြုပြီး ရွေးချယ်တဲ့ ၂ဝ၁၅ ခုနှစ် ဆွစ်ဇလန်နိုင်ငံ အခြေစိုက် Martin Ennals လူ့အခွင့် အရေးဆု အတွက် နောက်ဆုံးဇကာတင် ၃ ဦးကို ဒီကနေ့ အမည် စာရင်း ထုတ်ပြန်ရာမှာ မြန်မာနိုင်ငံက ရှေ့နေ ဦးရောဘတ်စန်းအောင် ပါဝင်ပါတယ်။

ဒီဆုအတွက် အရွေးချယ်ခံရသူတွေဟာ လူ့အခွင့်အရေး ကို ကာကွယ်စောင့်လျောက်သူတွေဖြစ်ပြီး လူ့အခွင့်အရေး ချိုးဖေါက်ခံရသူတွေဘက်ကနေ တရား ဥပဒေကြောင်း အရ ကာကွယ် ဆောင်ရွက်သူတွေကို ရွေးချယ်တာဖြစ် ပါတယ်။ မြန်မာနိုင်ငံက ရှေ့နေ ၂၅ ဦးထဲက အရွေးချယ် ခံရတာ ဖြစ်တယ်လို့ ဦးရောဘတ်စန်းအောင် ကပြောပါတယ်။

နောက်ဆုံးစကာတင်အရွေးခံရသူ သုံးဦးကတော့ မြန်မာနိုင်ငံက ဦးရောဘတ် စန်းအောင်နဲ့ အတူ ဂါနာနိုင်ငံက အမျိုး သမီးရှေ့နေတစ်ဦးဖြစ်တဲ့ Asmaou Diallo နဲ့ UAE နိုင်ငံက Amed Mansoor တို့ ဖြစ်ပါတယ်။

ဒီဆုအတွက် နောက်ဆုံးရွေးချယ်တာကို နိုဝင်ဘာလ ၉ရက်နေ့ နောက်ပိုင်းမှာ ရွေးချယ်ထုတ် ပြန်သွားမယ်လို့ သိရ ပါတယ်။

RFA

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ယာယီရပ်ဆိုင်းထား တဲ့ ရန်ကုန်မြို့သစ်စီမံကိန်းကို အကောင် အထည် ဖော်ပေးဖို့ တွံတေး၊ ကြည့်မြင်တိုင်နဲ့ ဆိပ်ကြီး ခနောင်တို မြို့နယ်တို့က ဒေသခံ ၅၀၀ ကျော်က ဒီနေ့ တောင်းဆိုကြပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်မယ့် စီမံကိန်းမှာ တည်ဆောက်မယ့် တံတားတွေကို ဒေသ ခံတွေက လိုချင်တာဖြစ်တဲ့အတွက် ဒီကနေ့ တောင်း ဆိုပွဲကို တက်ရောက်တာဖြစ်ကြောင်း တွံတေးမြို့နယ် ကင်းရွာ ကျေးရွာသား ကိုဗဒင်က ပြောပါတယ်။

"ကျနော်တို့ အဓိကလိုချင်တာကတော့ တံတားပေါ့၊ အရင်တုန်းက တွံတေးမြို့ကို သွားမယ်ဆိုရင် တနေကုန်ခရီးကြာတယ်၊ ဒီလှိုင်သာယာ၊ တွံတေး တံတားကြီး ဖောက်လိုက်တော့ ကျနော်တို့ ၁ နာရီလောက်ဘဲ သွားရတယ်၊ အခု ကြည့်မြင်တိုင် ကနေ ကျနော်တို့ တွံတေးကို တံတားထိုးမယ်ဆိုတော့ အတိုင်းထက်အလွန်ဝမ်းသာ တယ်၊ ရန်ကုန်မြို့ကြီးကို လှိုင်သာယာ တံတားကသွားမယ်ဆို အချိန် ၂ နာရီလောက် ကြာတယ်၊ ဒီကနေ ဒဲ့သွားမယ်ဆို ကြည့်မြင်တိုင်ကို ၁ နာရီတောင်မသွားရဘူး၊ အဲ့ဒါကြောင့် ကျနော်လိုချင်တာ တံတားပေါ့၊ ကျနော်တို့က တောင်းဆိုနေကြတာပါ"

ဒေသခံတွေဟာ လမ်းလျှောက်ဆန္ဒပြကြတာ မဟုတ်ဘဲ တွံတေးမြို့နယ် ခလောက်ချိုက် ကျေးရွာက လယ်ကွင်း အမှတ် ၁၅၃ မှာ စုဝေးခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီတောင်းဆိုပွဲမှာ ဒေသခံတွေနဲ့ ဖွဲ့စည်းထားတဲ့ ဒေသဖွံ့ဖြိုးရေး ကော်မတီဝင်တွေက စီမံကိန်း အကောင်အထည်ဖော် လိုက်မယ်ဆိုရင် လမ်းပန်း ဆက်သွယ်ရေး၊ ကျန်းမာရေး နဲ့ ပညာရေးကဏ္ဍတွေမှာ ဖွံ့ဖြိုးတိုးတက်လာ မှာ ဖြစ်ကြောင်း ဟောပြောခဲ့ကြပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ ရန်ကုန်မြို့တော်ဝန်ဦးလှမြင့်က ကြည့်မြင်တိုင် တဖက်ကမ်း မှာရှိတဲ့ မြေဧက ၃ သောင်း ကျော် မှာ ရန်ကုန်မြို့သစ်စီမံကိန်းကို အကောင် အထည် ဖော်မှာဖြစ်ကြောင်း လွှတ်တော်ထံ တင်ပြခဲ့တာ ဖြစ်ပါတယ်။

အဲဒီစီမံကိန်းကို အကောင်အထည်ဖော်ဖို့အတွက် လုပ်ပိုင်ခွင့်ပေးထားတဲ့ မြို့သစ် စေတနာ အများပိုင်ကုမ္ပဏီနဲ့ ပတ်သက်ပြီး ကန့်ကွက်မှုတွေရှိခဲ့တာကြောင့် စီမံကိန်းကို ယာယီရပ်နားထားတာ ဖြစ်ပါတယ်။ မြို့သစ်စီမံကိန်းကို ပြန် လည်အကောင်အထည် ဖော်ပေးဖို့အတွက် ဒေသခံတွေက အခုလိုတောင်းဆိုတာ လေးကြိမ်ရှိပြီဖြစ်ပါတယ်။

RFA

ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဌဋ္ဌ သူရဦးရွှေမန်းကို VOA မြန်မာပိုင်း ဌာနမှူး ဦးသန်းလွင်ထွန်းရဲ့ သီးသန့်တွေ့ဆုံ မေးမြန်းချက် 
အမေရိကန် အောက်လွှတ်တော်အမတ် John Boehner ရဲ့ ဖိတ်ကြားချက်နဲ့ ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီကို ရောက်ရှိခိုက်မှာ - မြန်မာ့လွှတ်တော်တွင်း အနေအထားတွေနဲ့အတူ၊ မြန်မာနိုင်ငံ ရွေးကောက်ပွဲ ဆိုင်ရာ သူရ ဦးရွှေမန်းရဲ့ သဘောထားနဲ့ ရွေးကောက်ပွဲ မတိုင်ခင် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှု လုပ်နိုင်ခြေရှိမရှိ ဆိုတာတွေကို ဗွီအိုအေ မြန်မာပိုင်း ဌာနမှူး ဦးသန်းလွင်ထွန်းက သီးသန့်တွေ့ဆုံ မေးမြန်းထားပါတယ်။

ဦးသန်းလွင်ထွန်း။ ။ နောက်ဆုံးတခေါက် ဥက္ကဋ္ဌကြီးနဲ့ကျနော် တွေ့ဆုံခဲ့စဉ်တုန်းက ဒီကိစ္စတွေ တော်တော်ဆွေးနွေးခဲ့ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကြိုးပမ်းမှုတွေနဲ့ပတ်သက်လို့ အဲဒီအချိန်တုန်းက ပြောခဲ့တာတွေထဲမှာ ကျနော် သတိရတာကတော့ လာမယ့် ရွေးကောက်ပွဲ တွေ မတိုင်ခင်မှာပဲ လူထုဆန္ဒခံယူပွဲသဘောမျိုး လုပ်ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရေး ဥပဒေမူကြမ်းတခုကို လူထုထံကိုတင်ပြပြီးတော့ အတည်ပြုချက် ယူနိုင်မယ်-ဆိုတဲ့ အလားအလာမျိုး ကြားခဲ့ရဖူးတာ ရှိပါတယ်။ အဲဒါကရော ဖြစ်နိုင်ဖို့ ရှိပါအုံးမလားခင်ဗျ။ အခုလာမယ့်….

ဦးရွှေမန်း။ ။ မှန်ပါတယ်။ အတိအကျပြောရမယ်ဆိုလို့ရှိရင် ဒီ ဖွဲ့စည်းပုံအခြေခံဥပဒေပြောင်းလဲဖို့ ကြိုးစားတဲ့နေရာမှာ ပထမအကြိမ် လွှတ်တော်ပုံမှန် အစည်းအဝေး (၁၂) ကြိမ်မြောက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာကိစ္စရပ်များ ပြင်မယ်၊ ပြီးတဲ့အခါကျလို့ရှိရင် အခုလာမယ့် မေလပေါ့လေ။ အခုဆို ဒီမှာ မေလမှာ - ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ပြီးတော့ လူထုဆန္ဒခံယူပွဲ ပြုလုပ်မယ်လို့ ဒီလို ပြောခဲ့တာရှိပါတယ်။ အခု မေလ ရောက်ပါပြီ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီးတော့ (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကျင်းပဆဲကာလလည်း ဖြစ်ပါတယ်။ သင်္ကြန်ရုံးပိတ်ရက် ခန ပိတ်ထားတာ ဖြစ်ပြီးတော့ (၁၂) ကြိမ်မြောက် ပုံမှန် လွှတ်တော်အစည်းအဝေး ဆက်လက်ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒီအခါမှာလည်း လွှတ်တော်အနေနဲ့ လွှတ်တော် ကော်မတီဝင်များအနေနဲ့ ဖွဲ့စည်းပုံအခြေခံ ပြောင်းလဲရေးကိစ္စအတွက် ကြိုးစားဆောင်ရွက်မှာပါ။ အဲလို ကြိုးစားဆောင်ရွက်ပြီးတဲ့အခါမှာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ သို့မဟုတ် ရွေးကောက်ပွဲနောက်ဆုံးကာလအထိ ရွေးကောက်ပွဲရက်အတွင်းပေါ့ - ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စများကို ဆက်လက် ကြိုးပမ်းဆောင်ရွက်မှာ ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း။ ။ အဲဒီတော့ ပြည်သူ့ဆန္ဒခံယူပွဲ ရွေးကောက်ပွဲမတိုင်ခင် မဖြစ်နိုင်တော့ဘူးဆိုတဲ့ ကိစ္စက ဒါ- ယတိပြတ်ပြောလို့ မရသေးဘူးပေါ့။

ဦးရွှေမန်း။ ။ မှန်ပါတယ်၊ ဒါနဲ့ပတ်သက်လို့ မျှော်မှန်းချက်ထားပြီး ကြိုးစားနေတဲ့အချိန် ဖြစ်တဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး (၄၃၆-က) အပိုင်း ရှိတယ်၊ (ခ) အပိုင်း ရှိတယ်။ (ခ) အပိုင်းကတော့ လွှတ်တော်အတွင်းမှာပဲ ပြင်ဆင်ဆောင်ရွက်နိုင်ခွင့်ရှိတယ်။ (က) အပိုင်းကတော့ လွှတ်တော်က ပြင်ဆင် အတည်ပြုတဲ့နောက်ပိုင်းမှာတောင် ပြည်သူများရဲ့လူထုဆန္ဒခံယူပွဲပြီးမှ ဖြစ်တဲ့ကိစ္စ ဖြစ်တဲ့အတွက် အကယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်တဲ့ နေရာမှာ ပုဒ်မ ၄၃၆ (က) ကို ပြင်ဆင်ခွင့်ရှိတယ်ဆိုရင် Referendum လုပ်ရမယ်၊ Referendum လုပ်လို့ရှိရင် ရွေးကောက်ပွဲမတိုင်ခင် လုပ်မှ၊ သို့မဟုတ်လို့ရှိရင် ရွေးကောက်ပွဲကာလကို နောက်ဆုံးထားပြီးလုပ်မှသာ အောင်မြင်တဲ့ဆောင်ရွက်မှု တခုဖြစ်နိုင်မှာ ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့၊ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ကရော နိုဝင်ဘာလမှာ ကျင်းပမယ်လို့ အကြမ်းဖျင်းကြေညာထားတာပဲ ကြားပါတယ်။ အခု (ဧပြီလ ၃၀ ရက်) နေ့မှာတော့ နောက်ဆုံး ပါတီတွေ မှတ်ပုံတင်တဲ့ကိစ္စ ပြီးသွားပါပြီ။ ပါတီပေါင်း (၈၀) ကျော် မှတ်ပုံတင်တယ်လို့ ကျနော်တို့ ကြားပါတယ်။ အဲဒီတော့ ဒီအဆင့်က ပြီးသွားပြီဆိုတော့ ရွေးကောက်ပွဲရက်ကို အတိအကျ သတ်မှတ်ကြေညာဖို့ပဲ ကျန်ပါတော့တယ်။ အဲဒီတော့ ဒီ ရွေးကောက်ပွဲဟာ မူလကြေညာထားတဲ့အတိုင်းပဲ ဥက္ကဋ္ဌကြီးပြောတဲ့အတိုင်းဆိုလို့ရှိရင် အခုလို လူထုဆန္ဒခံယူပွဲ ကျင်းပနိုင်ကောင်းရှိတယ်ဆိုတဲ့ အချက်ရှိမယ်၊ နောက် တခြား တိုင်းရင်းသားရေးရာ အပစ်အခတ်ရပ်ကိစ္စတွေ ရှိမယ်။ အဲဒီတော့ ဒါတွေဟာ - ဒါတွေကို တွက်လိုက်မယ်ဆိုရင် ရွေးကောက်ပွဲဟာ မူလရည်မှန်းထားတဲ့အတိုင်း နိုဝင်ဘာလထဲမှာရော ဖြစ်နိုင်ခြေ ရှိရဲ့လားခင်ဗျ။

ဦးရွှေမန်း။ ။ ဖြစ်နိုင်ခြေရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ ရွေးကောက်ပွဲနဲ့အဓိကသက်ဆိုင် တာဝန်ရှိတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန် ကြေညာပြီးဖြစ်ပါတယ်။ ရက်တိတိကျကျ ဖော်ပြခြင်းမရှိပေမယ့် ၂၀၁၅ နိုဝင်ဘာ လဆန်းပိုင်းမှာ ကျင်းပဆောင်ရွက်မယ်။ ဒီအကြောင်းကိုလည်း ပြည်ထောင်စုလွှတ်တော်က ကြိုဆိုတယ်၊ အတည်ပြုတယ်၊ ထောက်ခံခဲ့တာ ရှိပါတယ်။ ဒါကြောင့်မို့လို့ ပြည်ထောင်စုလွှတ်တော်ကလည်း ဒီဟာကို ကြိုဆို အတည်ပြုထားခဲ့တဲ့အတွက် ဖြစ်မယ်လို့ပဲ ပြောရမှာ ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့။ အခုလာမယ့်ရွေးကောက်ပွဲမှာ တရားမျှတမယ့်၊ လူထုနဲ့နိုင်ငံတကာကလက်ခံမယ့် ရွေးကောက်ပွဲဖြစ်ဖို့ ဥက္ကဋ္ဌကြီး အနေနဲ့ ဘယ်လောက်များယူဆထားပါသလဲခင်ဗျ။ အထူးသဖြင့် အခု ရွေးကောက်ပွဲဟာ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့မတူဘဲနဲ့ နိုင်ငံတကာက စောင့်ကြည့် လေ့လာသူတွေကို ခွင့်ပြုမယ်ဆိုတဲ့သတင်းကောင်းလည်း ကြားထားရပါတယ်။ အမေရိကားကဆိုလို့ရှိရင် ကာတာဖောင်ဒေးရှင်းကလူတွေ လာမယ် သတင်းကြားထားပါတယ်။ အဲဒီတော့ ဒီလို ပြည်ပက စောင့်ကြည့်လေ့လာသူတွေ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေအပြင် ပြည်တွင်းမှာလည်း ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူအဖွဲ့တွေလည်း ပေါ်လာနေပါပြီ။ အဲဒီအချက်တွေနဲ့ပတ်သက်လို့ ဥက္ကဋ္ဌကြီးရဲ့ သဘောထားလေးကို သိပါရစေ။

ဦးရွှေမန်း။ ။ ရွေးကောက်ပွဲတရားမျှတပြီး လွတ်လပ်တဲ့ရွေးကောက်ပွဲ၊ ပွင့်လင်းမြင်သာရှိတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ကတော့ ရာခိုင်နှုန်းများပါတယ်။ ဒါ့ကြောင့်လည်း အခုနကပြောတဲ့အချက်တွေအပြင် ပြည်သူတွေ ရွေးကောက်ပွဲဥပဒေနဲ့ပတ်သက်လို့ ၊ ရွေးကောက်ပွဲနည်းလမ်းနဲ့ပတ်သက်လို့ ပြည်သူတွေကော၊ သက်ဆိုင်ရာကော်မရှင်အဖွဲ့ဝင်တွေကော ၊ နောက် ဖြစ်ပေါ်လာမယ့် မဲရုံမှူးတွေရော၊ မဲရုံစာရေးတွေရော၊ သက်ဆိုင်ရာပါတီ အသီးသီး ကိုရော နောက် လူထုလူတန်းစား အခြားအဖွဲ့အစည်းများကိုရော ဒီနေ့ အားလုံး ပညာပေး၊ သင်တန်းပေးမှုများ ပြုလုပ်လာတဲ့အတွက် ရွေးကောက်ပွဲဟာ ယခင်ရွေးကောက်ပွဲများထက်စာရင် ပိုပြီးကောင်းမွန် - ပြောရမယ်ဆိုလို့ရှိရင်တော့ လွတ်လပ်ပြီးတရားမျှတတဲ့၊ ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲတခု ဖြစ်မယ်လို့တော့ အခိုင်အမာယုံကြည်ပါတယ်။

ဦးသန်းလွင်ထွန်း။ ။ ၂၀၁၀ ရွေးကောက်ပွဲတုန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သပိတ်မှောက်ထားပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကနေ ခွဲထွက်လာတဲ့ NDF လို နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေတချို့ပဲ အကန့်အသတ်နဲ့ဝင်ပြိုင်ရတယ်ဆိုတော့ ပြည်ခိုင်ဖြိုး ပါတီအနေနဲ့ နေရာအတော်များများ အနိုင်ရခဲ့ပါတယ်။ အများစုအနိုင်ရရှိခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာတော့ လစ်လပ်နေတဲ့ နေရာ ၄၀ မှာ ဝင်ပြိုင်တဲ့နေရာမှာ အသစ်ဝင်လာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကပဲ အပြတ်အသတ် အနိုင်ရသွားတာကို တွေ့ရပါတယ်။ အဲဒီတော့ ဒီလို ကိစ္စမျိုးဟာ လာမယ့် အခု ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲမှာ ထပ်ပြီး ဖြစ်မလာစေဖို့ - ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ပြီးခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲကလို အရှုံးနဲ့ မရင်ဆိုင်ရစေဖို့ ပါတီအနေနဲ့ ဘာတွေများ ပြင်ဆင်ထားတာရှိလဲခင်ဗျ။

ဦးရွှေမန်း။ ။ ခုနက ၂၀၁၀ ရွေးကောက်ပွဲလိုလည်း ရလဒ်ကဖြစ်လာစရာအကြောင်းမရှိသလို ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲလိုလည်း ဖြစ်လာစရာအကြောင်း မရှိပါဘူး။ ဒါသည် အခြေအနေကို ပြောတာပါ။ အချိန်အခါကို ပြောတာပါ။ ဒီမေးခွန်းထဲက မေးတဲ့မေးခွန်းနဲ့ပတ်သက်လို့ ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီအနေနဲ့ ထိုက်ထိုက်တန်တန် တရားမျှတစွာ၊ သန့်ရှင်းစွာအနိုင်ရရှိဖို့ ပြင်ဆင်ထားရှိပြီးဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း။ ။ အခု ပြီးခဲ့တဲ့ ကြေညာထားတဲ့ ပါတီမှတ်ပုံတင်စာရင်းမှာပေါ့နော် ၊ ပါတီ (၈၀) ကျော် မှတ်ပုံတင်ထားတယ်လို့ ကြားရပါတယ်။ ဒီကြားထဲမှာပဲ အသစ်ထွက်လာတဲ့ပါတီတွေထဲမှာ အရင်ပြည်ခိုင်ဖြိုးပါတီနဲ့နီးစပ်တဲ့ အဖွဲ့ဝင်တွေပါလာပြီးတော့ ပါတီသစ်တွေ ထောင်တယ်လို့လည်း ကြားရပါတယ်။ အဲဒီတော့ ပြည်ခိုင်ဖြိုးပါတီထဲကနေပြီးတော့ ပဲ့ထွက်သွားမယ်ဆိုတဲ့ ဒီလို အဖွဲ့အစည်းသစ်တွေ ပေါ်လာနိုင်တယ်ဆိုတဲ့ အလားအလာရော ရှိလားခင်ဗျ။

ဦးရွှေမန်း။ ။ ဒါတော့ မမြင်မိပါဘူး။ မမြင်မိပါဘူး၊ ဒီမေးခွန်းနဲ့ပြောတဲ့ ပါတီသစ်တွေဆိုတာလည်း ဘယ်ပုံ၊ ဘယ်စံနဲ့ ဘယ်ပုံဘယ်နည်းနဲ့ ဖြစ်ပေါ်လာလဲဆိုတာလည်း လောလောဆယ်တော့ ဂဃနဏ မသိသေးပါဘူး။

ဦးသန်းလွင်ထွန်း။ ။ ကျန်တဲ့တခြား တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ဆက်ဆံရေးအခြေအနေကရော ဘယ်လို ရှိပါသလဲခင်ဗျ။ မဟာမိတ်ဖွဲ့ထားမှုအခြေအနေပေါ့နော်၊ တဘက်ကဆိုလို့ရှိရင် ပြည်ခိုင်ဖြိုးပါတီရဲ့ အခု အဓိကယှဉ်ပြိုင်ဘက်ဟာ ဒီပုံအတိုင်းဆိုလို့ရှိရင်တော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါပဲ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အခုလောလောဆယ် အဓိကထားရမှာကတော့ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ မဟာမိတ်အဖွဲ့အစည်းတွေနဲ့ မဟာမိတ်ပြုထားနိုင်ဖို့၊ ဒီရွေးကောက်ပွဲမှာ တူညီတဲ့ရည်မှန်းချက်နဲ့ဝင်ပြိုင်နိုင်ဖို့-ဆိုတဲ့ ပုံစံမျိုးဖြစ်နေတော့ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ရော အလားတူ ဆောင်ရွက်ချက်တွေ ရှိလားခင်ဗျ။

ဦးရွှေမန်း။ ။ ပြည်ခိုင်ဖြိုးပါတီ သီးခြား မဟာမိတ်ဖွဲ့ထားတာ မရှိပါဘူး။ သို့ရာတွင် မူဝါဒအနေနဲ့ ပြည်ခိုင်ဖြိုးပါတီဟာ နိုင်ငံတော်နဲ့နိုင်ငံသား အကျိုးစီးပွားအတွက်ဆိုရင် မည်သည့်ပါတီ၊ မည်သည့်အဖွဲ့အစည်းနဲ့မဆို ပူးပေါင်းညှိနှိုင်းဆောင်ရွက်မယ်ဆိုတဲ့ မူဝါဒဟာ ဒီအချက်တွေအပေါ် အားလုံး အကျုံးဝင်ပျံ့နှံ့နိုင်ပါတယ်။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့၊ ရွေးကောက်ပွဲပြီးသွားတဲ့အခါကျလို့ရှိရင် အများစုအနိုင်ရရှိတဲ့ပါတီအနေနဲ့ အဓိကအားဖြင့်တော့ ဒုသမ္မတလောင်းတွေ၊ သမ္မတလောင်းတွေ တင်သွင်းရမှာပေါ့လေ၊ အဲဒီအခါကျလို့ရှိရင် သမ္မတလောင်းအဖြစ် တင်သွင်းခံယူဖို့ စိတ်ဝင်စားမှုရှိတယ်ဆိုတာ ဥက္ကဋ္ဌကြီး ပြောထားခဲ့ပြီးပါပြီ။ ဒီနေရာမှာ ကျနော်တို့လည်း သိပ်တော့ မရှင်းလင်းတဲ့အချက်တခု ရှိပါတယ်။ အထူးသဖြင့် ဒါ အမေရိကန်ပြည်ထောင်စု ဆိုတော့ အမေရိကန်နဲ့ယှဉ်လိုက်မယ်ဆိုလို့ရှိရင် အမေရိကန်မှာ လက်ရှိပါတီတခုရဲ့သမ္မတဟာ သက်တမ်း နှစ်နှစ်အထိ လုပ်ပိုင်ခွင့်ရှိတယ်ဆိုတော့ ဒီသမ္မတ တယောက်ဟာ နောက်သက်တမ်းမှာ ဒုတိယသက်တမ်းမှာ သူကိုယ်တိုင် ဝင်ပြီးတော့အရွေးခံမယ်ဆိုရင် သူ့ရဲ့ပါတီအနေနဲ့ နောက်ထပ် Candidate တယောက်ပေါ့နော်၊ သမ္မတလောင်းတယောက်ကို တင်သွင်းဖို့ဆိုတာ မရှိပါဘူးခင်ဗျ။ အဲဒီတော့ ဒီအချက်အလက်က မြန်မာနိုင်ငံမှာ ရှင်းလင်းပြီလားခင်ဗျ။ ဥပမာအားဖြင့် ပြည်ခိုင်ဖြိုးပါတီဆိုရင် သမ္မတကြီးဦးသိန်းစိန် ရှိနေပါတယ်။ သမ္မတကြီးဦးသိန်းစိန်က လာမယ့်(သက်တမ်း) နှစ်မှာ သမ္မတအဖြစ် ဆက်လက် တာဝန်မယူဘူး-ဆိုမှ ပြည်ခိုင်ဖြိုးပါတီက ဥက္ကဋ္ဌကြီးတို့ကို၊ ဒါမှမဟုတ် တခြားအမည်စာရင်း တင်သွင်း၊ တင်ထိုက်တဲ့သူတွေကို တင်မှာလား၊ ဘယ်လိုလုပ်ငန်းစဉ်လဲဆိုတာ ကျနော်တို့ မရှင်းဘူးဖြစ်နေပါတယ်။ အဲဒါလေး နည်းနည်း ရှင်းပြပေးပါ။

ဦးရွှေမန်း။ ။ ဒီကိစ္စက ပါတီတွင်း ကိစ္စဖြစ်ပါတယ်။ မှန်ပါတယ်၊ မြန်မာနိုင်ငံမှာလည်း သမ္မတအနေနဲ့ သက်တမ်းနှစ်ကြိမ်တိုင် လုပ်ခွင့်ရှိပါတယ်။ ပထမအကြိမ်သက်တမ်းမှာလည်း ပါတီရဲ့မူဝါဒအရ မည်သူက ပါတီရဲ့သမ္မတလောင်း၊ ဒီလို သတ်မှတ်ထားသလို လာမယ့် လာမယ့် ရွေးကောက်ပွဲတွေမှာလည်း ဒီလိုပဲ ပါတီရဲ့သတ်မှတ်ချက်အရ ပါတီဝင်တယောက်အနေနဲ့ ဆောင်ရွက်ရမှာဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း။ ။ ဥက္ကဋ္ဌကြီးအနေနဲ့က တပ်မတော်မှာလည်း အချိန်ကြာမြင့်စွာ ရာထူးအမြင့်ဆုံးအထိ ဆောင်ရွက်လာခဲ့ဖူးပါတယ်။ လွှတ်တော် ထဲမှာလည်း အောက်လွှတ်တော်ရဲ့ဥက္ကဋ္ဌ လွှတ်တော်ရဲ့နယကအဖြစ် ဦးဆောင်ပြီး ဆောင်ရွက်ခဲ့ပါတယ်။ တကယ်လို့များ လာမယ့်သက်တမ်းမှာ သမ္မတရာထူးအနေနဲ့ တာဝန်ထမ်းဆောင်ရမယ်ဆိုလို့ရှိရင် အခုလက်ရှိ ထမ်းဆောင်နေတဲ့ လွှတ်တော်ရာထူးနဲ့ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေထက် သမ္မတ- လုပ်ဆောင်နေတဲ့ သမ္မတရဲ့လုပ်ငန်းတွေ၊ လုပ်ကိုင်နိုင်စွမ်းတွေထက် ပိုပြီးသာလွန်အောင် ဘာတွေများ လုပ်ပေးနိုင်လိမ့်မယ်လို့ ယူဆသလဲခင်ဗျ။

ဦးရွှေမန်း။ ။ အဲဒီတော့ ပထမပြောရမယ်ဆိုရင်တော့ မိမိ လွှတ်တော်ဥက္ကဋ္ဌတာဝန်ယူခဲ့ရတာ မိမိအတွက်ကော၊ လွှတ်တော်အတွက်ကော၊ နိုင်ငံ့ အတွက်ကော အများကြီး အကျိုးကျေးဇူးတွေ ရှိပါတယ်။ ဒီတာဝန်ယူမှုကို မိမိလွန်စွာ ကျေနပ်ပါတယ်။ လွှတ်တော်ဥက္ကဋ္ဌတယောက်ဖြစ်လာတဲ့ အတွက် ဒီနေ့ နိုင်ငံတကာလွှတ်တော်များ၊ နိုင်ငံတကာ အစိုးရအဖွဲ့များ၊ နိုင်ငံတကာမှာရှိတဲ့ ပါတီအသီးသီးရဲ့လှုပ်ရှားများ၊ ….ပြောမယ်ဆိုရင် ဒီမိုကရေစီဆိုတာ ဘာလဲဆိုတာ ပိုပြီးတော့ လေ့လာခွင့်ရပါတယ်။ ဒါကြောင့်လည်း လွှတ်တော်ဥက္ကဋ္ဌ တယောက်မဖြစ်ခင် မိမိအတွေးအမြင်၊ အတွေ့အကြုံ၊ အရည်အသွေးတွေနဲ့ ဒီနေ့နှိုင်းယှဉ်မယ်ဆိုရင် အများကြီးကွာခြားသွားပြီဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီလိုဆောင်ရွက်မှုကို မိမိ များစွာ ဝမ်းသာတယ်၊ ကျေနပ်မှုရှိတယ်။

ဒုတိယမေးခွန်းဖြစ်တဲ့ ဆက်စပ်မေးခွန်းဖြစ်တဲ့ နောင်သက်တမ်းမှာ မိမိ အခြားရာထူး…(ဦးသန်းလွင်ထွန်း - သမ္မတရာထူးအဖြစ် ထမ်းဆောင်ရမယ်ဆိုရင်) နဲ့ ထမ်းဆောင်ရမယ်ဆိုလို့ရှိရင် ဘယ်လိုကိစ္စမှာ ဘယ်လို လုပ်ဖို့ဆိုတာထက် ဒီနေ့ လွှတ်တော်ကိုယ်စားလှယ်တယောက်၊ လွှတ်တော်ဥက္ကဋ္ဌတယောက် အနေနဲ့ တွေ့ကြုံခဲ့တဲ့အတွေ့အကြုံတွေ၊ ဆည်းပူးထားတဲ့အတွေ့အကြုံတွေ၊ အတွေးအမြင်တွေရယ်၊ ပြီးတဲ့အခါမှာ တခြားတခြား အစိုးရအဖွဲ့အစည်းများရဲ့ လုပ်ဆောင်ချက်တွေရယ်၊ မိမိအစိုးရအဖွဲ့အစည်းများရဲ့လုပ်ဆောင်ချက်တွေရယ်၊ တော်တော်လေး လေ့လာထားရှိပြီး ဖြစ်ပါတယ်။ လွှတ်တော်နဲ့ အစိုးရကြား ဆောင်ရွက်မယ့် ကိစ္စတွေ ပြေပြစ်ချောမွေ့ပြီး အောင်မြင်နိုင်စေမယ့်အချက်တွေလည်း တွေ့ရှိထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ခုနက ဆွေးနွေးခဲ့သလို နယကအဖွဲ့ဝင်အဖြစ် ၁၉၉၇ ခုကစပြီးတော့ ဆောင်ရွက်ခဲ့တယ်။ ဒီမှာ ထူးထူးခြားခြား တပ်မတော်ရဲ့ ထိပ်တန်းခေါင်းဆောင်အဖြစ်နဲ့ နယကအဖွဲ့မှာလည်း ပိုပြီးတော့ မြင့်မားတဲ့တာဝန် ထမ်းဆောင်ခဲ့ရတဲ့အတွေ့အကြုံတွေ များစွာရှိပါတယ်။ လေ့လာမှုလည်း များစွာရှိပါတယ်။ ဒါကြောင့်မို့လည်း အဲဒီ အတွေ့အကြုံတွေ၊ အဲဒီလေ့လာမှုတွေ၊ စေတနာတွေ၊ လုပ်နည်းလုပ်ဟန်တွေက မိမိထမ်းဆောင်ရမယ့် မည်သည့်တာဝန်မဆို ပိုပြီးတော့ ကောင်းမွန်စွာဆောင်ရွက်နိုင်မယ်လို့ မိမိက ယုံကြည်ပါတယ်။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့ခင်ဗျ။ အဲဒီတော့ မြန်မာနိုင်ငံအကြောင်း မေးရမယ်ဆိုရင် အခု လက်ရှိ အတိုက်အခံတွေရဲ့အကြောင်းလည်း ထည့်မမေးလို့တော့ မရဘူးပေါ့လေ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့လည်း လာမယ့်ရွေးကောက်ပွဲကို အတော်လေးကို ဂရုထားပြီးတော့ ကြိုးစားနေပါတယ်။ ဒါ တရားဝင် နိုင်ငံရေးလမ်းကြောင်းအပေါ်ကို တက်လာခဲ့တဲ့အခြေအနေပေါ့နော်။ အဲဒီတော့ သူတို့ရဲ့ကြိုးစားမှုတွေ အောင်မြင်လာပြီးတော့ အများစု အနိုင်ရမယ့်အခြေအနေ၊ အများစုထဲကနေပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အစိုးရအတွင်း ခေါင်းဆောင်မှု အခြေအနေတွေကို တွန်းတိုက်..ရောက်ရှိလာမယ့်အခြေအနေတွေကိုဆိုရင်ကော ဥက္ကဋ္ဌကြီးအနေနဲ့ ဘယ်လိုများ ပူးပေါင်းဆောင်ရွက်သွားဖို့ ရှိမလဲ။ ဘယ်လိုများ သဘောထားရှိပါသလဲ။

ဦးရွှေမန်း။ ။ အဲဒီတော့ NLD ပါတီကတော့ လောလောဆယ်ပေါ့လေ- ရေပန်းစားပြီးတော့ ..ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိးရေးပါတီနဲ့ ယှဉ်ပြိုင်ဘက် ပါတီကြီးလို့ ဆိုနိုင်တာပေါ့။ အဲဒီတော့ မိမိတို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက တာဝန်ရှိတဲ့လူတယောက်အနေနဲ့ ပြောရမယ်ဆိုရင် ပါတီတိုင်းကိုလည်း လေးစားပါတယ်။ ပါတီတိုင်းကိုလည်း သူ့ရဲ့အရည်အချင်းတွေကို အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။ အဲဒီအတိုင်းပဲ မည်သည့်ပါတီမဆို အဲဒီပါတီတွေမှာ နိုင်ငံနဲ့နိုင်ငံသားအကျိုးစီးပွား တနည်းအားဖြင့် ပြောရမယ်ဆိုရင် အမျိုးသား အကျိုးစီးပွားအတွက် ရည်မှန်းချက်တွေ ကောင်းကောင်း ရှိပြီးသားဖြစ်မှာပါ။ ဒါကြောင့် အဲဒီလို ရည်မှန်းချက်ကောင်းပြီးတော့ အရည်အချင်းရှိတဲ့သူတွေနဲ့ပတ်သက်ပြီးတော့ မိမိတို့ဘက်ကတော့ နိုင်ငံ့အတွက် ကောင်းကျိုးပြုမယ်ဆိုရင် အချိန်မရွေး ညှိနှိုင်းပူးပေါင်းဆောင်ရွက်ဖို့ အသင့် ရှိပါတယ်။ ဒါကြောင့် အခုနက NLD ပါတီကို ရှေ့က ခေါင်းစဉ်တပ် ပြောသွားတဲ့အတွက် နိုင်ငံနဲ့နိုင်ငံသား အကျိုးစီးပွားအတွက်ဆိုရင် ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိပါတယ်။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့ခင်ဗျ၊ ကျေးဇူးတင်ပါတယ် ဥက္ကဋ္ဌကြီးခင်ဗျ။

ဦးရွှေမန်း။ ။ ကျေးဇူးတင်ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကို ဗွီအိုအေမြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်းက သီးသန့်တွေ့ဆုံ မေးမြန်းခဲ့တာဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ရွေးကောက်ပွဲကာလနဲ့ ရွေးကောက်ပွဲအလွန် မြန်မာ့နိုင်ငံရေးတည် ငြိမ်ဖို့ဆိုရင် ရွေးကောက်ပွဲ မတိုင်ခင်မှာ အစိုးရ၊ အတိုက်အခံ၊ တိုင်းရင်းသားနဲ့ တပ်မတော်ဆိုတဲ့ အင်အားစု ၄ စုရဲ့ တင်ကြို ညှိနှိုင်းအပေးအယူ …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အာဏာပိုင်တွေရဲ့အချိန်ကာလ သတ်မှတ်ချက်အရဆိုရင် ၂၀၁၅ ရွေးကောက်ပွဲ ကြီးကျင်းပဖို့ဟာ ၆ လသာ လိုပါတော့ တယ်။ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ပြည်သူတွေရဲ့ ရွေးကောက်ပွဲ စိတ်ဝင်စားမှု ရေချိန်က လည်း မြင့်တက်လာပါတယ်။ အမတ်နေရာ ၄၄နေရာသာ အတိုက်အခံ NLD ပါတီဝင်ရောက်ယှဉ်ပြိုင်ခဲ့ရတဲ့ ၂၀၁၂ ဧပြီကြားဖြတ် ရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့ နိုးကြားတဲ့ မျှော်လင့်ချက်ထုကြီးနဲ့ အင်တိုက်အားတိုက် ပါဝင် လှုပ်ရှားပုံမြင်ကွင်းတွေ ကို ပြန်ပြောင်းကြည့်လိုက်ရင် ပြည်သူရဲ့ရွေးကောက်ပွဲ စိတ်ဝင်စားမှုရေချိန်ကို ခန့်မှန်း မိနိုင်မှာဖြစ်ပါတယ်။

အမှန်တော့ ပြည်သူရဲ့ရွေးကောက်ပွဲ စိတ်ဝင်စားမှုဟာ အပြောင်းအလဲကို မျှော်လင့်မှုနဲ့ တိုက်ရိုက် ဆက်စပ်နေ ပါတယ်။ စစ်အာဏာရှင် စနစ်အောက်မှာ နှစ် ၅၀ကျော် ကြာပိပြားနေခဲ့ရပြီး ၂၀၁၁ မှာ ၂၀၀၈ဖွဲ့စည်းပုံနဲ့အတူ အရပ်သားတစ်ပိုင်းအစိုးရ တက်လာပါတယ်။ စစ်ရိပ်စစ်ယောင်ပုဒ်မတွေ လွှမ်းမိုးထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအရ ဖွဲ့စည်းလိုက်တဲ့ အစိုးရသဏ္ဌာန်ဟာ အရပ်သား အစိုးရစစ်သဏ္ဌာန်မဖြစ်ခဲ့ဘဲ တပ်မ တော်အရေလွှမ်းခြုံထားတဲ့ အရပ်သားတစ်ပိုင်း အစိုးရသဏ္ဌာန်သာ ဖြစ်ခဲ့ပါတယ်။ ဦးသိန်းစိန် အရပ်သား တစ်ပိုင်းအစိုးရသက်တမ်း ၄ နှစ် ကျော်ကာလမှာလည်း ပြည်သူတွေရဲ့လူမှု၊ စီးပွားဘ၀တွေဟာ တိုးတက်မလာဘဲ ကဏ္ဍတော်တော် များများ မှာဆိုရင် ပိုလို့တောင် ချွတ်ခြုံကျလာတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေဟာ ၂၀၁၅ ရွေး ကောက် ပွဲကို စိတ်ဝင်စားတယ်ဆိုတာထက် လက်ရှိအခြေအနေကနေ ရုန်းထွက်ချင်တဲ့ အပြောင်းအ လဲမျှော် လင့်ချက်က ပိုမိုကြီးမားနေတယ်လို့ ဆိုရမှာပါ။…

ရွေးကောက်ပွဲကျင်းပဖို့ ၆လအလို လက်ရှိကာလမှာတော့ သက်ဆိုင်ရာနိုင်ငံရေးပါတီ အသီးသီးဟာ ရွေး ကောက် ပွဲ အောင်နိုင်ရေး လုပ်ငန်းစဉ်တွေချမှတ်ပြီး ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် အသီးသီး စိုင်းပြင်း နေကြပြီဖြစ်ပါတယ်။ နိုင်ငံရေး ပါတီတစ်ခုအတွက် ရွေးကောက်ပွဲအနိုင်ရရှိရေးဟာ အဓိကရည်မှန်း ချက် ဖြစ်သင့်ပါတယ်။ ဒါပေမဲ့ မြန်မာ့နိုင်ငံရေးအခင်းအကျင်းရဲ့ လက်ရှိအနေအထား အရ နိုင်ငံရေး ပါတီတွေအနေ နဲ့ ရွေးကောက်ပွဲတစ်ခုတည်းကိုသာ အာရုံမစိုက်သင့်ဘဲ ရွေးကောက်ပွဲ အလွန် နိုင်ငံရေး တည်ငြိမ်မှုကိုပါ တင်ကြို ထည့် သွင်းတွက်ချက် ထားသင့်တယ်လို့ ယူဆပါတယ်။ ၂၀၁၄ အတွင်းကျင်းပခဲ့တဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ ရွေး ကောက်ပွဲတွေကို လေ့လာကြည့်ရင် ရွေးကောက်ပွဲ မဲမသမာမှု၊ ရွေးကောက်ပွဲရလဒ်အပေါ် အငြင်းပွားမှုတွေ ကြောင့် ဆန္ဒပြမှု၊ အဓိကရုဏ်းတွေဖြစ်ပြီး ပြည် သူတွေ သေကျေဒဏ် ရာရတဲ့ သွေးထွက် သံယိုဖြစ်ရပ်တွေ ရှိခဲ့တာကို သင်ခန်းစာ ယူသင့်ပါတယ်။ ရွေးကောက်ပွဲ ကာလနဲ့ ရွေးကောက်ပွဲ အလွန် မြန်မာ့နိုင်ငံရေးတည် ငြိမ်ဖို့ဆိုရင် ရွေးကောက်ပွဲမတိုင်ခင်မှာ အစိုးရ၊ အတိုက်အခံ၊ တိုင်းရင်းသားနဲ့ တပ်မတော်ဆိုတဲ့ အင်အားစု ၄ စုရဲ့ တင်ကြို ညှိနှိုင်းအပေးအယူ လုပ်ကြရမယ့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ အစစ်အမှန်တစ်ခု မဖြစ်မနေလိုအပ်ပါ တယ်။

၆ လတာသာ လိုတော့တယ်ဆိုတဲ့ ရွေးကောက်ပွဲရဲ့ အချိန်နီးကပ်လာမှုကြောင့် ကိုယ်စားပြုမှု အပွင့်အရေ အတွက်ကို နည်းနိုင်သမျှ နည်းအောင်ချုံ့ပြီး တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုက ပိုမိုခရီးရောက်ပါလိမ့် မယ်။ တွေ့ဆုံ ဆွေးနွေးမှုက ထွက်ပေါ်လာတဲ့ရလဒ် (နိုင်ငံရေးပဋိညာဉ်)(Pact)ရဲ့ အပေးအယူချောမွေ့မှုက ၂၀၁၅အလွန် မြန်မာ့နိုင်ငံရေး တည်ငြိမ်မှုကို ဆုံးဖြတ်ပေးသွားပါလိမ့်မယ်။

၂၀၁၆ အ၀င် မြန်မာ့နိုင်ငံရေးဟာ ထွက်ပေါက်ကျဉ်းကျဉ်းထဲ issue ကဏ္ဍတွေဟာ အဖုအထစ်ပေါင်းစုံနဲ့ စုပြုံ တိုးဝှေ့နေပြီး နိုင်ငံရေးအကျပ်အတည်း (Political DeadLock) ဆီဦးတည်နေတယ်ဆိုတာတော့ ပကတိ အခြေအနေမှန်ပါပဲ။

အစိုးရက ဘယ်လိုအသံကောင်းဟစ် မယ်။ ပြည်တွင်းငြိမ်းချမ်းရေးအုတ်မြစ်ချ နိုင်ဖို့ အတားအဆီး၊ အဟန့် အတားတွေများစွာကို ကျော်ဖြတ်ရဦးမှာပါ။ အပစ်ရပ်စာချုပ်မူကြမ်း လက်မှတ်ထိုးနိုင်ခဲ့တယ်ဆို ပေမယ့် တစ် နိုင်ငံလုံး အတိုင်းအတာ အပစ်ရပ်စာချုပ် (NCA) လက်မှတ်ထိုးဖို့ တိုင်းရင်းသားအဖွဲ့တွေကြားမှာ ပြုလုပ်မယ့် ထိပ်သီး အစည်းအဝေးရဲ့ရလဒ်က မှန်းဆလို့မရ နိုင်သေးသလို လက်ရှိမှာ ကိုးကန့်အပြင် ကချင်နဲ့ ရခိုင်တွေ မှာပါ တိုက်ပွဲ ပြန်လည်ဖြစ်ပွားနေပါတယ်။ အပစ်ရပ်မူကြမ်းမှာ တပ်မတော် ဆုပ်ကိုင်ထားတဲ့မူ ၆ချက်ထဲက တိုင်းရင်းသားတွေ သဘောမတူတဲ့ ၂ချက်ကို ချန်ထားပြီး နိုင်ငံရေးဆွေးနွေးပွဲမှာမှ ဆက်လက်ဆွေးနွေးမယ်လို့ ဆိုပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးကဏ္ဍ မချောမွေ့သေးဘူးလို့ ဆိုရမှာပါ။

အခြေခံဥပဒေပြင်ဆင်ရေးမှာလည်း တွေ့ဆုံညှိနှိုင်းမှုတင်ကြိုမရှိဘဲ လွှတ်တော်တွင်း တိုက်ရိုက်ဆွေးနွေး မဲခွဲတဲ့ အခါ တပ်မတော်ဘက်က သဘောမတူရင် အခြေခံဥပဒေပြင်ဆင်ရေးမှာ အဖုအထစ်တွေဖြစ် လာဖို့ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဧပြီ ၃ ရက်နေ့ ရိုက်တာသတင်းဌာနနဲ့ မေးမြန်းခန်းမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ခြင်းမရှိရင် ရွေးကောက်ပွဲဝင်ရောက်ခြင်း ရှိ၊ မရှိဆိုတဲ့ မေးခွန်းကိုဖြေကြားရာမှာ ““ရွေးကောက်ပွဲ ကို သပိတ်မှောက်တာ အကောင်းဆုံးရွေးချယ်မှု တစ်ခုလို့ မထင်ပါဘူး။ ဒါပေမဲ့ ဒီရွေးချယ်မှုကို ပယ်ဖျက်ဖို့တော့ မရှိပါဘူး။ ကျွန်မတို့ အနေနဲ့ ရွေးချယ်မှုတွေအားလုံးကို ထည့်သွင်းစဉ်းစားနေရပါတယ်”” ဆိုပြီး ပြောကြားထား တာရှိပါတယ်။ ဖွဲ့စည်းပုံအကျပ် အတည်း၊ ပြည်တွင်းငြိမ်းချမ်းရေးအကျပ် အတည်းတွေအပြင် ကျောင်းသား အရေးကလည်း မီးမသေသေးဘူးလို့ ဆိုရမှာပါ။ အလုပ်သမားအရေအတွက် လာမယ့် လွှတ်တော်မှာ အနိမ့်ဆုံး လစာ ဥပဒေပြဋ္ဌာန်းဖို့အတွက် ဆွေးနွေးစရာတွေရှိနေပါတယ်။

ရွေးကောက်ပွဲဟာ မြန်မာ့နိုင်ငံရေးမှာ အရေးကြီးပေမယ့် ၂၀၁၅အလွန် တည်ငြိမ်တဲ့ ဒီမိုကရေစီစနစ်ကို ဆက် လက်လျှောက်လမ်းဖို့ ဆိုရင်တော့ ရွေးကောက်ပွဲဟာ တစ်ခုတည်းသော ထွက်ပေါက်အဖြေ မဟုတ်ပါဘူး။ တပ်မ တော်ရဲ့ စိတ်နေစိတ်ထား၊ အစိုးရရဲ့ သဘောထားပျော့ပျောင်းမှု၊ အတိုက်အခံ ညီညွတ်မှု၊ အတိုက်အခံ နိုင်ငံ ရေးပါတီများ အားကောင်းမောင်းသန်ရှိမှု၊ ရပ်တည်ချက်မှန်ကန်သော မီဒီယာများအားကောင်းမှု၊ အရပ်ဘက် အဖွဲ့အစည်းများ စနစ်တကျအားကောင်းမှု၊ ပြည်သူရဲ့စည်းကမ်း၊ စိတ်နေစိတ်ထားနဲ့ စစ်မှန်တဲ့ တွေ့ဆုံဆွေး နွေးမှုကတစ်ဆင့် တင်ကြိုညှိနှိုင်း အပေးအယူလုပ်ထားတဲ့ နိုင်ငံရေး ပဋိညာဉ်တစ်ခုစတဲ့ အချက်အလက်တွေ ပြည့်စုံကောင်းမွန်ရင် ၂၀၁၅ ရွေးကောက်ပွဲကို ချောမွေ့စွာ ဖြတ်သန်းနိုင်မှာ ဖြစ်ပြီး ၂၀၁၅ အလွန် နိုင်ငံရေးတည် ငြိမ်မှုနဲ့အတူ ဒီမိုကရေစီစနစ်ရဲ့ ကနဦးခြေလှမ်းကို စတင်လျှောက်လှမ်းနိုင်မှာ ပဲဖြစ်ပါတယ်။ လက်ရှိအနေ အထားအရဆိုရင် တင်ကြိုညှိနှိုင်း အပေးအယူလုပ်မှုမှာ အာဏာခွဲဝေရေး (Power Sharing) ရှုထောင့် ကိုလည်း ထည့်သွင်းစဉ်းစားသင့်တယ်လို့ သုံးသပ်လိုက်ရပါတယ်။

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald