05/06/15

ကချင်၊ တအာန်း၊ ကိုးကန့်နဲ့ ရခိုင်ဒေသတွေမှာ မြန်မာ့တပ်မတော်က ပြုလုပ်နေတဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကို ချက်ချင်းရပ်တန့်ပေးဖို့နဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ တိုင်းရင်းသားလက်နက်ကိုင် ၁၂ ဖွဲ့က ဒီကနေ့ တောင်းဆို လိုက်ပါတယ်။

UWSA ၀တပ်ဖွဲ့ဌာနချုပ် ပန်ဆန်း(ပန်ခမ်း)မြို့မှာ ကျင်းပခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေရဲ့ ၆ ရက်ကြာ ညီလာခံအပြီး ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်အမှာ အခုလို ဖော်ပြထားတာပါ။

စစ်ဖြစ်ပွားနေတဲ့ တိုင်းရင်းသားဒေသတွေမှာ မြန်မာ့တပ်မတော်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု၊ ပြည်သူလူထုအပေါ် ညှဉ်းပန်းနှိပ်စက်မှုတွေကို ပြင်းထန်စွာ ရှုတ်ချကြောင်း၊ နောင်မှာ အလားတူ လူ့အခွင့်အရေးချိုးဖောက်မှုတဲ့ကိစ္စရပ်တွေ ထပ်မံမဖြစ်ပွားအောင် ထိန်းချုပ်ပေးဖို့ တောင်းဆိုကြောင်း၊ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ပြောင်းလဲပြီး၊ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော် တည်ဆောက်ရေးအတွက် တညီတညွတ်တည်း တောင်းဆိုကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့ပြင် ပြည်တွင်းစစ်ပြဿနာကို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖြေရှင်းနိုင်ရေးအတွက် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ဦးစွာချုပ်ဆိုရန် လိုအပ်ကြောင်း၊ စာချုပ်ချုပ်ဆိုရာမှာလည်း လက်ရှိအပစ်အခတ်မရပ်စဲနိုင်သေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေ တန်းတူရည်တူ ပါဝင်သင့်ကြောင်း၊ မြန်မာနိုင်ငံမြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ ရပ်စဲရေးနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ရေးအတွက် ကုလသမဂ္ဂနဲ့ တရုတ်အစိုးရတို့ ကြီးကြပ်ပေးဖို့ တောင်းဆိုကြောင်း၊ ပြည်တွင်းစစ်ကို နိုင်ငံရေးနည်းနဲ့သာ ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ကြောင်း၊ နိုင်ငံရေးပြဿနာတွေ ကို ဖြေရှင်းရာမှာ သဘောထားကွဲလွဲမှုတွေကို လက်နက်နဲ့ ခြိမ်းခြောက်ဖိအားပေးဖြေရှင်းတဲ့ နည်းလမ်းကို ဆန့်ကျင်ကန့်ကွက်ကြောင်း အဲဒီကြေညာချက် ထဲမှာ ရေးသားထားပါတယ်။

မေလ ၁ ရက်နေ့ကနေ ၆ ရက်နေ့အထိ ကျင်းပခဲ့တဲ့ အဲဒီညီလာခံကို KIO ကချင် လွတ်မြောက်ရေးအဖွဲ့၊ KNPP ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊ KNU ကရင် အမျိုးသားအစည်းအရုံး၊ PSLF ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး၊ PNLO ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့၊ NMSP မွန်ပြည်သစ်ပါတီ၊ MNDAA မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်မတော်၊ AA ရက္ခိုင့်တပ်မတော်၊ RCSS ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ SSPP ရှမ်းပြည် တိုးတက်ရေးပါတီ၊ NDAA ရှမ်းပြည်နယ်အရှေ့ပိုင်းအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့နဲ့ UWSP ‘၀’ ပြည်သွေးစည်းညီညွတ်ရေးပါတီ တို့က ထိပ်သီးခေါင်းဆောင်တွေ၊ ကိုယ်စားလှယ်တွေနဲ့ လေ့လာသူတွေ စုစုပေါင်း ၆၅ ဦး တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

RFA


 အီရန်တို့ဖမ်းဆီးထားတဲ့ အမေရိကန် အလံတင်သင်္ဘောနဲ့ သင်္ဘောဝန်ထမ်းတွေအတွက် ဥပဒေကြောင်းအရ ဆောင်ရွက်နေပြီး မကြာခင် ရက်ပိုင်းအတွင်းမှာဘဲ ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်း အီရန်အစိုးရက ပြောဆိုလိုက်ပါတယ်။

အီရန်တို့ဖမ်းဆီးထားတဲ့ အမေရိကန် အလံတင်သင်္ဘောမှာ မြန်မာသင်္ဘောသား ၁၃ ဦးလည်း လိုက်ပါခဲ့တာမို့ မြန်မာသင်္ဘောသားတွေရဲ့ လွတ်မြောက်မှုနဲ့ လက်ရှိ အခြေအနေ အသေးစိတ်ကိုတော့ မသိင်္ဂီထိုက်က စုစည်းတင်ပြထားပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်တုန်းက ပါရှန်ပင်လယ်ကွေ့ Hormuz ရေလက်ကြားမှာ အီရန်တို့ ဖမ်းဆီးလိုက်တဲ့ Marshall Island အလံတင် MV Maersk Tigris ကုန်တင်သင်္ဘောမှာ လိုက်ပါခဲ့ကြတဲ့ သင်္ဘောဝန်ထမ်း ၂၄ ဦးတို့ထဲမှာ မြန်မာသင်္ဘောသား ၁၃ ဦးတို့ လိုက်ပါခဲ့တာဖြစ်ပါတယ်။ အခုတော့ မြန်မာသင်္ဘောသားတွေ အပါအ၀င် သင်္ဘောဝန်ထမ်းတွေ လွတ်မြောက်ရေးအတွက် ကုမ္ပဏီတာဝန်ရှိသူတွေ အီရန်အစိုးရနဲ့ ညှိနှိုင်းနေပြီ ဖြစ်တဲ့အကြောင်း မြန်မာနိုင်ငံ ရေကြောင်းပို့ဆောင်ရေးဦးစီးဌာန သင်္ဘောသားဌာနခွဲရဲ့ ညွှန်ကြားရေးမှူး ဦးတိုးမြင့်က ပြောပါတယ်။

“ဒီဘက်က PNI တို့ အကုန်လုံး သူတို့ပြောပုံအရဆိုရင်တော့ သူတို့ဒီဘက်က ကုမ္ပဏီအနေနဲ့ အဲဒီဘက်မှာ တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေအားလုံး သူတို့သွားရောက်ဆွေးနွေးနေပါတယ်။ ကျနော်တို့ဆီက ကပ္ပတိန်ကြီးလည်း ၃၊ ၄ ရက်လောက်နေရင် ကိုယ်တိုင်သွားပြီးတော့ အဲဒီကို လိုက်သွားကြပါလိမ့်မယ်။ နောက် အခု ကျနော်သိသလောက်ကတော့ ဒီသင်္ဘောကို ဖမ်းထားတယ်ဆိုပေမဲ့ သင်္ဘောသားတွေအနေနဲ့ individual လွတ်လပ်ခွင့်ရပါတယ်။ သင်္ဘောသားတွေက သူတို့အိမ်တွေကို တယ်လီဖုန်းဆက်ခွင့်တို့၊ ဘာတို့ အဲဒါတွေတော့ ရတယ်လို့ ပြောပါတယ်။”

ဒါပေမဲ့ အီရန်အစိုးရနဲ့ သင်္ဘောကုမ္ပဏီတို့ရဲ့ တရားတဘောင်ကိစ္စ ဖြစ်တာကြောင့် အစိုးရနဲ့ တိုက်ရိုက် မသက်ဆိုင်တဲ့သဘောလည်း ရှိတယ်လို့လည်း ဦးတိုးမြင့်က ပြောပါတယ်။

“ကျနော်တို့ကတော့ ၀န်ကြီးဌာန အဆင့်ဆင့်ကို တင်ပြတယ်။ နောက် ဒီဥစ္စာကြီးက တကယ်တမ်းဆိုရင် ကျနော်တို့ဟို ဘယ်လိုပြောမလဲ ကျနော်တို့ဘက်ကတော့ သိပ်မဆိုင်ဘူးဗျ။ ဒီဥစ္စာက သူတို့ကုမ္ပဏီကို သူတို့အီရန်နိုင်ငံအနေနဲ့ သူတို့ ဟို ဘယ်လိုပြောမလဲ ပိုင်တဲ့သင်္ဘောကို ဆွဲတဲ့ဥစ္စာသည် ဒီသင်္ဘောသည် ချာတာအနေနဲ့ ဘာညာ သူတို့တကယ်တမ်း လေ့လာပြီးမှ လုပ်ရမှာဆိုတော့လေ။ သူတို့ဘက်က သူတို့ဆောင်ရွက်နေကြပါတယ်။”

အခု ဖမ်းဆီးခံရတဲ့ MC Maersk Tigris သင်္ဘောရဲ့ ပိုင်ရှင် Maersk သင်္ဘောလိုင်းက အီရန်အစိုးရကို ဒဏ်ကြေးပေးဆောင်ဖို့ ရှိတာကြောင့် အီရန်အစိုးရဘက်က ဖမ်းဆီးရတာ ဖြစ်တယ်လို့ အီရန်ဘက်က ပြောဆိုပြီး အခုလို ဖမ်းဆီးမှုဟာလည်း တရားဥပဒေအရ ဖြစ်တယ်လို့ ဒီကနေ့မှာပဲ အီရန်နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရက ပြောဆိုပါတယ်။ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Marzieh Afkham ကတော့ အခုလို ပြောပါတယ်။

“Marshall Islands အလံတင်သင်္ဘောတစင်းကို Hormuz ရေလက်ကြားမှာ ပြီးခဲ့တဲ့သီတင်းပတ်က ဖမ်းဆီးလိုက်တာဟာ ဥပဒေကြောင်းအရ လုပ်ဆောင်တဲ့ကိစ္စဖြစ်ပြီး တရားရုံးရဲ့အမိန့်အရ သင်္ဘောကို ဖမ်းထားတာဖြစ်တယ်လို့ အီရန်နိုင်ငံခြားရေးဌာန ပြောခွင့်ရအမျိုးသမီးက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ သင်္ဘောနဲ့ သင်္ဘောပိုင်ရှင်အပေါ် ပုဂ္ဂလိက တရားလိုတဦးက တရားစွဲထားတဲ့အပေါ် စေ့စပ်ညှိနှိုင်းတာတွေလုပ်နေပြီး နောက်နှစ်ရက်အတွင်း ဖြေရှင်းနိုင်လိမ့်မယ်လို့ မျှော်လင့် ထားကြောင်း၊ သင်္ဘောအမှုထမ်း ၂၄ ယောက်ကို ဖမ်းမထားဘဲ လိုအပ်တယ်ဆိုရင် ကောင်စစ်ဆိုင်ရာ တွေ့ဆုံပြောဆိုတာတွေအတွက် ကန့်သတ်မထားဘူး” - လို့ အီရန်နိုင်ငံခြားရေး ပြောခွင့်ရက ပြောပါတယ်။

သင်္ဘောသား ၂၄ ယောက်ထဲမှာ မြန်မာ၊ ဗြိတန်၊ ဘူလ်ဂေးရီးယားနဲ့ ရိုမေးနီးယားနိုင်ငံသားတွေ ပါဝင်ပါတယ်။ MV Maersk Tigris သင်္ဘောကို အီရန်တပ်ဖွဲ့တွေက ဧပြီလ ၂၈ ရက်နေ့မှာ သတိပေး ပစ်ခတ်ပြီးတဲ့နောက် သင်္ဘောပေါ်တက်ခဲ့တဲ့အတွက် အမေရိကန်ရေတပ်က အဲဒီနေရာကို ဖျက်သင်္ဘောတစင်းနဲ့ လေယာဉ်တစင်း လွှတ်ခဲ့ပါတယ်။ ဒီနောက်မှာတော့ ပါရှားပင်လယ်ကွေ့ထိပ်က Hormuz ရေလက်ကြားကိုဖြတ်တဲ့ အမေရိကန် အလံတင်သင်္ဘောတွေကို အီရန်တို့ ကြားဖြတ် မနှောင့်ယှက်နိုင်ဖို့အတွက် အမေရိကန် ရေတပ်သင်္ဘောတွေ အတူလိုက်ပါ စောင့်ရှောက်ပေးနေပါတယ်။

မသိင်္ဂီထိုက် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


ထိုင်းနိုင်ငံက နာမည်ကြီးသရုပ်ဆောင် ချူမ်းဖူး အာရယာ နဲ့ သန်းကြွယ်သူဌေးသား နွတ် ၀ိဆရုတ်ရန်း ဆီဆိန်ဖိမ်း တို့ရဲ့ စေ့စပ်မင်္ဂလာပွဲကို The Peninsula Bangkok ဟိုတယ်မှာ မေလ ၆ ရက် မနက်က ကျင်းပခဲ့ပါတယ်။

မင်းသမီးကို သတို့သားဘက်က ဘတ် ၃၅ သန်းတန်ဖိုးရှိ စိန်တဆင်စာ၊ ဘတ် သန်းပေါင်း ၆၀ တန်ဖိုးရှိ မြေကွက်နဲ့ ကွန်ဒိုတိုက်ခန်း အပါအ၀င် ရွှေထည်၊ ငွေထည်၊ ငွေသားတွေပါ စုစုပေါင်း ဘတ် သန်းပေါင်း ၁၀၈ သန်း တင်တောင်းခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ဒါ့အပြင် ဒီကနေ့စေ့စပ်ပွဲမှာ သတို့သားဘက်က အက်စ် ၃၀၀ အမျိုးအစား ကား ၁၀ စီးနဲ့ ရောက်ရှိ လာပြီး သတိုးသားအရန် ၃၀ ဦး၊ သတိုးသမီးအရန် ၅၀ ဦးတို့ ပါဝင်ကာ ဆွဲကြိုးတားတဲ့ ဂိတ်ပေါင်း ၁၀ ဂိတ်နဲ့ ခမ်းခမ်းနားနားကျင်းပခဲ့တယ်လို့ ဆိုပါတယ်။

မင်္ဂလာဧည့်ခံပွဲကို မေလ ၁၀ ရက်နေ့မှာ ကျင်းပဖို့ရှိပြီး ဒီဧည့်ခံပွဲဟာ ဒီနှစ်ထဲမှာ အခမ်းနားဆုံးဖြစ်မယ်လို့ ဧည့်ပရိသတ်တွေက ပြောဆိုနေပါတယ်။


#VideoThai superstar Araya "Chompoo" A Hargate became engaged to 38-year-old lighting businessman Witsarut "Nott" Rungsisingpipat on Wednesday morning.The groom-to-be presented the 33-year-old actress and model with a "sin sod", or bride price, of assorted jewellery, a condo land title deed, gold and cash with an all-up estimated value of 108 million baht. It included an eight-karat diamond ring and matching 14-karat earrings. Ten 10 Mercedes Benz sedans carried the sin sod to the engagement ceremony at the Peninsula Hotel in #Bangkok.The high-profile couple have known each other for six years.Story: bangkokpost.com/learning/easy/552807#engagement #Thailand
Posted by BangkokPost on Wednesday, May 6, 2015
By ဒီဗွီဘီ

မြန်မာအစိုးရဟောင်းတွေအပေါ် ကာလရှည်ကြာတဲ့ ဖိအားအကြီးဆုံးဖြစ်ခဲ့တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ)ရဲ့ဖိအားကို ဝတိုင်းရင်းသားတွေက ဖယ်ရှားပေးနိုင်ခဲ့တာကြောင့် ဝတိုင်းရင်းသားတွေ အေးချမ်းတည်ငြိမ်စွာ နေထိုင်နိုင်မယ့် ဝအမျိုးသားပြည်နယ်ရရှိရေးဟာ ဝတိုင်းရင်းသားတွေရဲ့ အခွင့်အရေးတစ်ရပ်ပါလို့ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ရဲ့ စစ်ဦးစီးချုပ် ပေါက်ယူချန်က ပြောပါတယ်။

ပန်ဆန်းမှာကျင်းပနေတဲ့ လက်နက်ကိုင်တိုင်းရင်းသားညီလာခံရဲ့ ၄ရက်မြောက်အပြီး ညနေပိုင်းမှာ ပေါက်ယူချန်းက သတင်းမီဒီယာတွေနဲ့ သီးသန့်တွေ့ဆုံခဲ့ပြီး ဝပြည်နယ်ရရှိရေး တက်ရောက်လာတဲ့ အဖွဲ့ ၁၂ဖွဲ့ထဲက ၇ဖွဲ့က ထောက်ခံခဲ့တယ်လို့ မိုင်းလားအထူးဒေသက ပြောခွင့်ရသူ ဦးခင်မောင်က ဆိုပါတယ်။ ညီလာခံပြီးဆုံးတဲ့ မေလ ၆ရက်နေ့မှာတော့ ကြေညာချက်ထုတ်ပြန်ပြီး ဝအမျိုးသားပြည်နယ်ထူထောင်ဖို့ မူအားဖြင့် ထောက်ခံတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဝပြည်နယ်တောင်းဆိုမှုကို ပအိုဝ်းအမျိုးသားအဖွဲ့ PNLO အနေနဲ့ မကန့်ကွက်ပေမယ့် ဝတောင်ပိုင်းကိစ္စနဲ့ပတ်သက်လို့ကတော့ တဖြည်းဖြည်းချင်း ညှိနှိုင်းသွားရမယ်လို့ မြင်တယ်လို့ ဗိုလ်မှူးကြီးခွန်သူရိန်က ပြောပါတယ်။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးမှာ တစ်နေရာကွက်ပြီး သေနတ်သံထွက်နေသေးတယ်ဆိုရင် ငြိမ်းချမ်းရေးရလဒ် ပြီးပြည့်စုံမှာ မဟုတ်တာကြောင့် အပစ်ရပ်စဲရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ အားလုံးပါဝင်စေဖို့ သူတို့သဘောထားရှိတယ်လို့ သူကဆိုပါတယ်။

(ဓာတ်ပုံ -ကမာရွတ်မီဒီယာ)
Kamayut Media

ပန်ဆန်းမြို့တွင်ကျင်းပသောတိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ ထိပ်သီးခေါင်းဆောင်များ မျက်နှာစုံညီအစည်းအဝေး ထုတ်ပြန်ကြေညာချက်။
၂၀၁၅ ခုနှစ် မေလ (၆)ရက်။ ပန်ဆန်းမြို့။

ရှမ်းပြည်နယ်တွင် သံယံဇာတများ အလွန်အကျွှံ တူးဖော်မှုနှင့် လယ်ယာမြေ ပြဿနာများကြောင့် ဒေသခံများအနေဖြင့် ဆိုးကျိုးများ ကြုံတွေ့နေရပြီ ဖြစ်ကြောင်းဒေသခံများက MID NEWS သို့ပြောသည်။

ရှမ်းပြည်နယ် (တောင်ပိုင်း) မိုးနဲမြို့တွင် သယံဇာတ တူးဖော်မှုကြောင့် သမိုင်းဝင် ယဉ်ကျေးမှုနေရာများ ထိခိုက်ပျက်စီးခြင်း၊ လယ်ယာမြေ သိမ်းဆည်းခံရမှု၊ မူးယစ်ဆေးဝါးနှင့် မြစ်၊ ချောင်း၊ အင်း၊ အိုင် ပြဿနာများ ရှိနေသည်ဟု မိုးနဲမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းမောင်ကြီး ကပြောသည်။

“ပြည်သူ့စစ်နဲ့ လုပ်ငန်းရှင် ကုမ္ပဏီတွေ သိမ်းဆည်းထားတဲ့ လယ်ယာမြေ ဧကထောင်ကျော်ရှိနေတယ်။ ရွှေလင်းယုန် ကုမ္ပဏီကို အမှီပြုပြီး MTA (ရွှေပြည်အေး) က မြေယာဧက ငါးထောင်ကျော် လုပ်ငန်းအကောင် အထည်ဖော်မှုမရှိပဲ သိမ်းထားတဲ့အတွက် ရှမ်းပြည်နယ်အစိုးရဆီကို စာတင်ထားတာ သုံးလေးနှစ်ရှိပြီ။ ဒါပေမဲ့ အစိုးရက ပြတ်ပြတ်သားသား မကိုင်တွယ်နိုင်သေးဘူး”ဟု ၄င်းကဆက်ပြောသည်။

ယင်းကိစ္စနှင့် ပက်သက်၍ “ဗဟိုမြေယာဖြေရှင်းရေး ကော်မတီက အမှုပေါင်းသောင်းကျော် ဖြေရှင်းပြီးပြီလို့ ထုတ်ပြန်ထားပေမယ့်၊ အောက်ခြေအဆင့်မှာ တကယ်ဖြေရှင်း ပြီးမပြီးဆိုတာကို အစိုးရအနေနဲ့ ဘယ်လောက် ဆန်းစစ်မှုရှိသလဲ။ လယ်ယာမြေနဲ့ ပတ်သက်ပြီး ဖြေရှင်းတဲ့နေရာမှာ၊ အောက်ခြေကတကယ် ကွင်းဆင်းဖြေရှင်းနေတဲ့သူတွေရဲ့ အဆင့်ဆင့် စီမံခန့်ခွဲမှု လွဲမှားနေတယ်”ဟု နမ့်စမ်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသူရိန်ဦး ကသုံးသပ်ပြောဆိုသည်။

တာချီလိတ်မြို့၊ တာလေမြို့နယ်၊ မိုင်းလင်းကျေးရွာအုပ်စု၊ နားဟိုင်းလုံ ကျေးရွာတွင် သတ္တုတူးဖော်မှုကြောင့် ဒေသခံများ၏ လယ်ယာမြေများ ပျက်စီးဆုံးရှုံးမှုရှိနေ၍ ဖြေရှင်းပေးရန် ရှမ်းပြည်နယ် အစိုးရထံ တောင်းဆိုထားကြောင်း မိုင်းလင်းကျေးရွာမှ တက်ကြွလှုပ်ရှားသူ မနန်းလာက ပြောသည်။

“ကျမတို့ မိုင်းလင်း သတ္တုတူးဖော်ရေး လုပ်ငန်းနဲ့ ပတ်သက်ပြီး ၀န်ကြီးချုပ်ဆီ တောင်းဆိုထားတဲ့ လုပ်ငန်းရပ်ဆိုင်းပေးရေး၊ နစ်နာကြေး လျော်ကြေးရရှိရေး၊ ပျက်စီးဆုံးရှုံးသွားသော လယ်ယာမြေများပြန်လည် ပြုပြင်ပေးရေး စတဲ့အချက်၃ခုကို ခုထိ ပြည့်စုံအောင် ဆောင်ရွက်ပေးမှုမရှိသေးဘူး။ အဲ့အတွက် ဒေသခံတွေစုပြီး စာပြန်တင်ဖို့ရှိပါတယ်”ဟု ၄င်းကဆက်လက် ပြောဆိုသည်။

ပြီးခဲ့သည့်မေလ၂ ရက်နေ့က ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်ရှိ ၀မ်ယင်းကျေးရွာတွင် “ရှမ်းပြည်သယံဇာတများ ငြိမ်းချမ်းရေး ဆုတောင်းပွဲနှင့် ရှမ်း တောင်သူလယ်သမားများ ကွန်ယက် တွေ့ဆုံပွဲ” ကျင်းပခဲ့ကြောင်း သိရသည်။


Media Initiatives for Democracy

ပန်ဆန်း ထိပ်သီးဆွေနွေးပွဲ ကနေ အချက် ၁၂ ချက်ပါတဲ့ ကျေညာချက်ကို ထုတ်ပြန်လိုက်ပြီး အဲဒီ အချက်တွေထဲ မှာ မြန်မာနိုင်ငံ မြောက်ပိုင်း မှာ ပြုလုပ်နေတဲ့ တပ်မတော် ရဲ့ ထိုးစစ်တွေကို ရှုံ့ချ ခြင်း၊ အခြေခံဥပဒေပြင်ဆင်ရေး ၊ စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စု စနစ်တည်ဆောက်ရေး တောင်းဆိုခြင်း၊ တိုင်းရင်းသား လက်နှက်ကိုင် တွေဘက်က အဖွဲ့ တခုဖွဲ့ ပြီး အစိုးရနဲ့ နိုင်ငံရေး တွေ့ ဆုံပွဲလုပ်ဖို့ တောင်းဆိုခြင်း၊ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ နဲ့ ပတ်သပ်ပြီး ကုဘသမဂ္ဂ နဲ့ တရုတ်နိုင်ငံတို့ကဝင်ရောက်စေ့စပ်ပေးနေခြင်း ကို ကြိုဆိုပြီး ဒီထက်ပို ထဲထဲ ဝင်ဝင် ပါဝင်စေ့စပ်ပေးဖို့ တိုက်တွန်းချက် အပါအဝင် အပစ်အခတ်ရပ်စဲရေး မှာ လက်နှက်ကိုင် အဖွဲအားလုံးပါဝင် လက်မှတ်ရေးထိုးနိုင်ရေး သဘောထား တွေပါဝင်တယ် လို့ သိရပါတယ်။

၆ရက်ကြာ ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းရဲ့ မြို့တော် ပန်ဆန်းမှာကျင်းပပြီးစီးခဲ့တဲ့ တိုင်းရင်းသားထိပ်သီးညီလာခံက အချက် ၁၂ချက်ပါ ကြေညာချက်ကို ထုတ်ပြန်လိုက်ပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံး တန်းတူညီမျှ ပါဝင်ပြီး လက်မှတ်ထိုးရေးနဲ့ မြန်မာအစိုးရနဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ စတင်ဖို့ မေလ ၆ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။

မြန်မာပြည်မြောက်ပိုင်းက ကချင်၊ တအာင်း၊ ကိုးကန့်နဲ့ ရခိုင့်တပ်မတော်တွေကို မြန်မာအစိုးရတပ်တွေ ထိုးစစ်ဆင်နေတာတွေကို ချက်ချင်းရပ်ဆိုင်းဖို့တောင်းဆိုလိုက်ပြီး တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေမှာ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပြင်းထန်စွာ ရှုတ်ချတယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ဝအမျိုးသားပြည်နယ်ထူထောင်ရေးကို ပန်ဆိုင်းညီလာခံတက်ရောက်ခဲ့တဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေက မူအားဖြင့် စာနာနားလည်ထောက်ခံကြောင်းနဲ့ မြန်မာပြည်က တိုင်းရင်းသားတွေဟာ ပြည်ထောင်စုကနေ ခွဲထွက်မှာမဟုတ်ဘဲ စစ်မှန်တဲ့ တန်းတူညီမျှမှုရှိတဲ့ ဖယ်ဒရယ်ပြည်ထောင်စုကို ထူထောင်ရေး အလေးအနက်ထားတယ်လို့ ဆိုပါတယ်။

(ဓာတ်ပုံ - ဧရာဝတီ)

ကမာရွတ်မီဒီယာ (Kamayut Media)


ကတာ၊ မေ ၆။       ။ ၂၀၂၂ ကမ္ဘာ့ဖလားမတိုင်မီ ဘောလုံးကွင်းများဆောက်လုပ်ရာတွင် ရွှေ့ပြောင်းလုပ်သားများ ရင်ဆိုင်နေရသည့် အခြေအနေများနှင့် ပတ်သက်ပြီး ရုပ်သံမှတ်တမ်းရိုက်ကူးသည့် သတင်းသမားများ ကာတာ၌ဖမ်းဆီးထိန်းသိမ်းခံရသည်ဟု ဘီဘီစီသတင်းဌာနက ဖော်ပြသည်။
 82790218 qatar ap
ဂျာမန်ရုပ်သံရိုက်ကူးရေးအဖွဲ့တစ်ဖွဲ့သည် ၁၄ နာရီကြာ ထိန်းသိမ်းခံရပြီး ပစ္စည်းများသိမ်းဆည်းခံရကြောင်းနှင့် ရိုက်ကူးထားသည်များလည်း ဖျက်ဆီးခံခဲ့ ရကြောင်းပြော ဆိုခဲ့သည်။
ယင်းရိုက်ကူးရေးအဖွဲ့မှာ နိုင်ငံအတွင်းရိုက်ကူးခွင့်ရထားခြင်းမရှိသည့်အပြင် ခွင့်ပြုထားခြင်းမရှိသည့်အရာကို ရိုက်ကူးမှုဖြင့် မတ်လအတွင်း ဖမ်းဆီးခဲ့ရခြင်းဖြစ် သည်ဟု ကာတာအာဏာပိုင် များက တုန့်ပြန်ရှင်းလင်းထားသည်။

ကာတာနိုင်ငံအတွင်း ကမ္ဘာ့ဖလားဘောလုံးကွင်းများဆောက်လုပ်ရာတွင် ရွှေ့ပြောင်းလုပ်သားများ ကြုံနေရသည့် အခြေအနေများအပေါ် လူအခွင့်အရေး အဖွဲ့ အစည်းများက ပူပန်နေကြ သည်။
ဂျာမန်ရုပ်သံဌာနတစ်ခုဖြစ်သည့် အေအာဒီမှရိုက်ကူးထားသည့် 'Sold Football - Sepp Blatter and the power of Fifa' ဆိုသည့် မှတ်တမ်းရုပ်သံမှာ တနလာင်္နေ့တွင် ထုတ်လွှင့်ပြသခဲ့ သည်။
မှတ်တမ်းရုပ်သံဖန်တီးခဲ့သူများက ၎င်းတို့သည် ရိုက်ကူးရေးပစ္စည်းများ၊ လက်ဆွဲကွန်ပျူတာများနှင့် ဖုန်းများသိမ်းဆည်းခံရပြီး ငါးရက်ကြာမှ ကာတာနိုင်ငံ အတွင်းမှ ထွက်ခွာခွင့်ရ ခဲ့ကြောင်းနှင့်လေးပတ်အကြာတွင် အချက်အလက်များအားလုံးဖျက်ဆီးထားသည့် ယင်းပစ္စည်းများ ကိုပြန်လည် ရရှိခဲ့ကြောင်းပြောဆို ခဲ့ကြသည်။

သတင်းထောက်တစ်ဦးဖြစ်သူ ဖလော်ရီယန်ဘောင်ဝါက "အခုတော့ လူထုကိုချပြနိုင်ခဲ့ပါပြီ။ ကာတာမှာ ကျွန်တော်တို့ အဖမ်းခံခဲ့ရပြီး ရဲနဲ့လျှို့ဝှက်ထောက် လှမ်းရေးတွေရဲ့ စစ်ဆေးမေးမြန်း ခံခဲ့ရပါတယ်။ ရက်နည်းနည်းလောက် အဲဒီနိုင်ငံကနေ ထွက်ခွာခွင့်မရခဲ့ပါဘူး"ဟု ပြောသည်။

ကမ္ဘာ့ဖလားပြိုင်ပွဲအိမ်ရှင်အဖြစ်လက်ခံကျင်းပရန် ဖွဲ့စည်းထားသော ကာတာလက်ဆင့်ကမ်းအမွေအနှစ်ချန်ထားပေးရေးအမြင့်ဆုံးကော်မတီ ကမူ "ကာတာကို အလုပ်လုပ် ဖို့ရောက်လာတဲ့ သတင်းသမားတွေဟာ ဥပဒေနဲ့ညိစွန်းနိုင်တဲ့ အနေအထားကိုရှောင်နိုင်ဖို့ ခွင့်ပြုထားတဲ့ နေရာ တွေမှာသာ အတိအကျအလုပ်လုပ် ကြဖို့ ဖြစ်ပါတယ်"ဟု ကြေညာချက်ထုတ်ထားသည်။
Ref; BBC

(မဇ္ဈိမ)

ဘာ!!!!!!!!!
အမေစုတက်ရင် အမျိုးကို
ပျက်စေမယ် ဟုတ်လားးးးးးးးးးးးးးးးးးး
မှတ်ထား သံဃာကို မီးမရှိုံ့
ဘာသာကို မစော်ကား
မတော်မတရား မပြောနဲ့ကွ

ဘာ !!!!!!!!!
မွတ်စလင် အားပေး အမျိုးသားရေး
သစ္စာဖောက် ဟုတ်လားးးးးးးးးးးးးးးးးး
မှတ်ထား သူ့ခြံထဲမှာ ဗလီမရှိ ဘုရားစင်သာရှိတယ်
အမျိုးသားရေးကို မစော်ကား
မတော်မတရား မပြောနဲ့ကွ

ဘာ!!!!!!!!!!!!!
အစွမ်းအဆ မရှိ တိုးတက်အောင်
မလုပ်နိုင်ဘူး ဟုတ်လားးးးးးးးးး
မင်း အမေစုနဲ့ စကားယှဉ်
မျက်နှာချင်းဆိုင် ပြောရဲလား
မှတ်ထား မင်းမပြောနဲ့ မင်းအဘတွေတောင်မှ
မပြောရဲ ရှောင်ဖယ် ရှောင်ဖယ်
လုပ်နေတယ် မဟုတ်လား
သူမ ဘယ်သူကိုမှ မစော်ကား
မတော်မတရား မပြောနဲ့ကွ

ဘာ!!!!!!
နိုင်ငံခြားသားကိုယူလို့ဟုတ်လားးးးးး
ပြည်ပမှာ ကြီးပြင်း ခရောင်းလမ်းကို နင်းနေသူက
ပြည်ပသားကို မယူ မည်သု့ကို ယုမည်နည်း
မြန်မာပြည်မှာကြီးပြင်းရင် မြန်မာသား
အချင်းချင်း ယူမှာပေါ့ဟ
မင်း သူ့ဘ၀ကို မစာနာ
မတော်မတရား မပြောနဲ့ကွ

ဘာ!!!!!!
မိန်းမသမ္မတ မဖြစ်ရဘူး ဟုတ်လားးးးးး
မှတ်ထား မင်း သမိုင်းကို မသိ
ရှင်စောပု ဘုရင်မဆိုတာ ရှိတယ်ကွ
ရာဇဝင်မှာလဲရှိ သမိုင်းကို ပြန်လှန်ကြည့်
ကွက်ကွက် ကွင်းကွင်းမြင်
သမိုင်းမှာ ဘုရင်မဆိုတာ ရှိခံဲ့တယ်
သူမကို မုန်းတီးနေသလား
ကလေးကလား စကား မပြောနဲ့ကွ

ဘာ!!!!!!
ယနေ့အချိန်ထိ သုမ ပြည်သူ့အတွက်
ဘာလုပ်ခဲ့လဲ ဟုတ်လားးးးးးးး
မှတ်ထား အမေစုက သမ္မတလား
မင်း အဘက သမ္မတလား
ရှင်းရှင်းသိချင်ရင် သမ္မတ ရာထူးကို အပ်နှင်း
ခုံပေါ်က ခဏ ဆင်းပေးကြည့်လိုက်
အာဏာမရှိတဲ့ သူမ ဘယ်လောက်
လုပ်ပြရအုံးမလဲ သေချာစဉ်းစား
မတော်မတရား မပြောနဲ့ကွာ

ဘာ!!!!!
ပြည်ပကို အားကိုးလို့ ဟုတ်လားးးးးး
မှတ်ထား ကမ္ဘာပေါ်မှာ မြန်မာဆိုတာ
ရှိနေသရွေ့ ကမ္ဘာကြီးနဲ့ အတူတူနေ
ပြည်ပလဲ အားကိုး ပြည်တွင်းလဲ အားပြုရမယ်
မင်း အဘတွေ ဆံပင် တလွဲပေါက်ခဲ့တော့
တောလဲပြောင် တောင်လဲဟောင်းလောင်းကြီး
ဖြစ်ခဲ့ရတယ် မဟုတ်လား
သူမ ပြည်ပ အားကိုးတာမှားလား
နဖူးပေါ်လက်တင် သေချာစဉ်းစား
လူ့ငနွားရဲ့

ဘာ!!!!!!!!
ပြည်သုရဲ့ သစ္စာဖောက် ဟုတ်လားးးးးး
ဘယ်လို ဘယ်လို သစ္စာဖောက်တဲ့လားးးးးး
မှတ်ထား ပြည်သူကို သိပ်ချစ်လို့
မိုက်ကယ်သေတာတောင် သွားမကြည့်အား
အမိမြေမှာပဲ ငိုပွဲချခဲ့သူက ဘယ်လိုလုပ်
ပြည်သူကို သစ္စာဖောက်မှာလဲ
မင်း ဒီကိစ္စ မသိလို့လား
မသိရင်လဲ သေချာမှတ်သွား
လူ့ငနွားရဲ့

ဘာ!!!!!!!
သတ္တိ မရှိဘူး ဟုတ်လားးးးးး
မှတ်ထား ကျည်ဆံကို မကြောက်လို့
သေနတ်ရှေ့ ရင်ကိုကော့ ဦးမော့ပြီး သွားခဲ့သူ
တကမ္ဘာမှာ တယောက်ထဲ
တောက်ကြွားခဲ့တဲ့ သတ္တိရှင်လေကွာ
မင်းမသိလို့လား မသိရင်လဲ
သေချာမှတ်သွား လူ့ငနွားရဲ့

ဘာ!!!!!!!!!
ကောက်ကျစ်တယ် ဟုတ်လားးးးးးးးးး
မှတ်ထား ကောက်ကျစ်တယ်ဆိုတာ
သုမ အလုပ်မဟုတ်ဘူးကွ
မင်း ကိုးကွယ်တဲ့ အာဏာရှင်တွေကိုကြည့်
ပြည်သူတွေ အသိပဲကွ
ထမင်းအိုး ရိုက်ခွဲတဲ့ မျိုးရိုးမဟုတ်ဘူးကွ
မင်း အဘတို့ထက် ရက်စက်တဲ့သူ
ဒီမြေမှာ မရှိနိုင်ဘူး
မှတ်ထားဟ ငနွားရ

ဘာ!!!!!!
သံဃာကို စော်ကားတယ် ဟုတ်လားးးးးး
မှတ်ထား သံဃာကို အလေးထားလို့
ကိုရင် ငယ်ငယ်လေးတောင် လက်အုပ်ချီတဲ့သူ
သားနှစ်ယောက်ကိုလဲ သံဃာလက် အပ်နှင်းလို့
ရှင်ပြုပေးခဲ့သေးတယ် မဟုတ်လား
သာသနာအတွက် ရေစက်လက်နဲ့
မကွာလှူတန်းတဲ့သူက ဘယ်လိုလုပ်
သံဃာကို စော်ကားမှာလဲ
လူ့ငနွားရဲ့

အေး မှတ်ထားးးးး
ဒေါ်စု ဆိုတာ
အာဇာနည် မျိုးရိုးကွ။
သမိုင်းမှာ..
အစဉ်အလာနဲ့
ပြည်သူအတွက်ပဲ ပေးဆပ်ခဲ့တဲ့ မျိုးရိုး။
သမိုင်းလဲလှတယ်
မျိုးရိုးလဲ ကောင်းတယ်
သတ္တိလဲ ကြွတယ်
မာန်လဲ ထတယ်
လုတကာလဲ ချစ်တယ်
တနေ့ သူလိုလူတွေ စင်ပေါ်ရောက်ခဲ့ရင်
မင်း....
မင်းတို့အတွက်
အဘပေါင်သာ
ဖတ်ထားပေတော့ ...
လူအ ငတုံး
စုံလုံးကန်းတွေရဲ့

OpastarOpastar ၏ ရေးသားချက်အား
အနည်းငယ်မျှသာ ဖြည့်စွက် ပြင်ဆင်၍
မျှဝေခြင်းသာ ဖြစ်ပါသည်။

ဘုန်းထက်ကြယ်


 ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင်တွင်း ခရီးသွားပြည်သူပိုင် ကားတစီးကို ပစ်ခတ်မှု၊ ခရီးသည်တဦး သေဆုံးသွားတဲ့အမှုတွေနဲ့ ပတ်သက်ပြီး အစိုးရ တပ်ဖွဲ့ဝင် တပ်မတော်သားတဦးကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့  ရှမ်းပြည်နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။

မေ ၂ ရက်နေ့ နေ့ခင်းပိုင်းက လားရှိုးကနေ မိုးကုတ်ကိုသွားမယ့် ဗန်ကားတစ်စီးဟာ ကျောက်မဲမြို့နဲ့ မိုင် ၃၀ ကျော်အကွာ ပန်ဂွမ်ရွာနားအရောက် စစ်တပ်ရဲ့ တားဆီးခြင်းကို ခံခဲ့ရပြီး ကားက ချက်ချင်းရပ်မပေးတဲ့အတွက် အပစ်ခံရကာ ကားပေါ်ပါလာသူ မိန်းကလေးတဦး သေဆုံးခဲ့ပါတယ်။

အဲဒီတပ်မတော်သားဟာ အထက်က အမိန့်မရဘဲ ပစ်ခတ်တဲ့အပြင် လူပါသေစေတဲ့အတွက်  ပြင်းပြင်းထန်ထန်အရေးယူခံရမယ်လို့ ရှမ်းပြည် နယ်ရဲတပ်ဖွဲ့ ဒု- ပြည်နယ်ရဲမှူး အောင်မြတ်မိုးက ဒီဗွီဘီကို ပြောပါတယ်။

“ကားက အရှိန်ပြင်းစွာမောင်းလာတယ်။ သူတို့တားတယ်။ တားတော့ ရပ်ဖို့ဘေး ကိုကပ်တဲ့အချိန်မှာ ယာဉ်ယန္တရားရဲ့သဘောအရ တားတဲ့နေရာ ထက်ရွေ့သွားတာပေါ့။ သူတို့တားတဲ့နေရာထက် ကျော်သွားတယ်။ တပ်ဖွဲ့ဝင်က သူတားတာမရပ်တဲ့အတွက်  ဒေါသအလျောက် ဆန္ဒစောပြီး ပစ်လိုက်တာ။ အဲဒီတပ်မတော်သားကို ဖမ်းဆီးချုပ်နှောင်ပြီး စစ်တပ်စည်းကမ်းနဲ့ ပြင်းပြင်းထန်ထန်အရေးယူဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။ လူသေဆုံးတဲ့ အတွက် ရဲဘက်က လူသေမှု  ၃၀၄(က)နဲ့လည်း ညှိပါတယ်။ တပ်မတော်သားက စစ်စည်းကမ်းဥပဒေကိုလည်း လိုက်နာရတယ်။ နယ်ဘက်ဥပဒေကို လည်းလိုက်နာရတယ်။ ထောင်ဒဏ်ဆိုလည်း ၁၀ နှစ်အထက် ကျနိုင်ပါတယ်။ တသက်တကျွန်းလည်း ဖြစ်နိုင်တယ်။ ပြင်းထန်ပါတယ်။”

အဆိုပါ တပ်မတော်သားဟာ ခမရ ၁၀၇ တပ်ရင်းက တပ်သားအဆင့်ရှိသူတစ်ဦးဖြစ်တယ်လို့ ဒုပြည်နယ်ရဲမှူးက ဆက်ပြောပါတယ်။ သေဆုံးသူ ပြည်သူအတွက် နစ်နာကြေးပေးလျော်မှု ကိစ္စတော့ မသိရပါဘူး။

 By နန်းမြနဒီ (ဒီဗွီဘီ)
http://burmese.dvb.no

ဓာတ်ပုံ - Chiang Mai RESCUE
ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့မှာ ရေမြောင်းထဲဆင်းပြီး ပိန်းရွက်ခူးတဲ့ မြန်မာ အလုပ်သမား ကိုယ်ဝန်ဆောင်မိခင်တဦး ဓာတ်လိုက်သေဆုံးသွားတယ်လို့ ထိုင်းသတင်းတွေ မှာ ဖော်ပြပါတယ်။

မေ ၅ ရက် မနက်ခင်း ၁၁ နာရီခွဲအချိန်က ချင်းမိုင်မြို့ ကန်းကနုတ် -၁၉ စီမံကိန်းအိမ်ရာမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦး သေဆုံးကြောင်း အကြောင်းကြားချက်အရ သွားရောက်စစ်ဆေးရာမှာ မဲ့ခါချောင်းထဲက ပိန်းပင်တွေကြား အသက် ၂၀ ကျော်ရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး သေဆုံးနေတာ တွေ့ရတယ်လို့ ချင်းမိုင်မြို့မရဲစခန်း တာဝန်ကျ ဒုရဲမှူး ဆူဝစ် ဗန်ယိုက သတင်းထောက်တွေကို ပြောပါတယ်။

အလောင်းမှာ ခုခံတိုက်ခိုက်ရာတွေ မရှိဘဲ အနီးနားဓာတ်တိုင်ကနေ တန်းလန်းကျနေတဲ့ မီးကြိုး ၂ ချောင်းရှိပြီး တချောင်းမှာ ပေါက်ပြဲနေတဲ့အတွက် ဓာတ်လိုက်သေဆုံးတာ ဖြစ်နိုင်တယ်လို့ ဒုရဲမှူးက ပြောပါတယ်။

ဆက်လက်စစ်ဆေးချက်အရ သေဆုံးသူအမျိုးသမီးဟာ အသက် ၂၁ နှစ်ရှိ မြန်မာအလုပ်သမား မအေး ဆိုသူဖြစ်ပြီး ကိုယ်ဝန် ၈ လရှိကြောင်း၊ မျက်မြင်သက်သေတွေ ပြောပြချက်အရ ဒီမတိုင်ခင် မေလ ၄ ရက် နေ့ခင်းပိုင်းက ဟင်းရှာထွက်မယ်ဆိုပြီး ပျောက်ဆုံးနေတာလို့ ဆိုပါတယ်။

ခင်ပွန်းဖြစ်သူ ကိုဒေးဗစ်မှာ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှအပြန် ဇနီးဖြစ်သူကို မတွေ့ရတဲ့အတွက် တညလုံးရှာဖွေပေမယ့် မတွေ့ခဲ့ကြောင်း၊ မေ ၅ ရက် မနက်ပိုင်းမှာ ဆောက်လက်စတိုက် ဒုတိယထပ်မှာ မှန်သုတ်နေတဲ့ အလုပ်သမားတဦးက ရေမြောင်းနားမှာ လဲကျနေတဲ့ မအေးကို အပေါ်ကနေ လှမ်းမြင်ခဲ့တာလို့ ဆိုပါတယ်။

မအေးရဲ့ အလောင်းကို လိုအပ်သလို ဆက်လက်စစ်ဆေးဖို့အတွက် တာဝန်ရှိသူတွေက ချင်းမိုင်မဟာရတ်ခ်ျဆေးရုံကို သယ်ဆောင်သွားတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။

ကိုးကား ထိုင်းသတင်းများ – ထိုင်းသတင်းဌာန၊ ခေါဝ်ဆွတ်သတင်းဌာန ၊ ချင်းမိုင်နယူးစ်
By ဒီဗွီဘီ
http://burmese.dvb.no


အဘူဂျာ ၊ ၆-၅-၂၀၁၅

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့ မြောက်ပိုင်းတွင် မကြာသေးမီက ဘိုကိုဟာရမ် စစ်သွေးကြွများ လက်မှ ပြန်လည် ကယ်ဆယ် နိုင်ခဲ့သည့် အမျိုးသမီးများနှင့် မိန်းကလေးငယ် များအနက် အနည်းဆုံး ၂၁၄ ဦးမှာ ကိုယ်ဝန် ရှိနေကြောင်း ကုလသမဂ္ဂ အဖွဲ့က မေ ၄ ရက်တွင် ထုတ်ပြန်ချက်ကို Press TV တွင် ရေးသား ဖော်ပြ ထားသည်။

အဆိုပါ အမျိုးသမီး များနှင့် မိန်းကလေးများ အနက် အချို့မှာ ကိုယ်ဝန်ရှိကြောင်း မြင်သာသည့် အခြေအနေတွင် ရှိနေပြီး အချို့မှာမူ ကိုယ်ဝန်ရှိကြောင်း ယခုမှ စမ်းသပ် တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်းနှင့် ၄င်းတို့တွင် HIV နှင့် AIDS ရောဂါပိုးများ ကူးစက်ခံ ထားရခြင်း ရှိ၊ မရှိ ကိုလည်း စမ်းသပ် ပေးထားပြီး ဖြစ်ကြောင်း ကုလ လူဦးရေဆိုင်ရာ ရန်ပုံငွေအဖွဲ့ (UNFPA) မှ ညွှန်ကြားရေးမှူး ဘာဘာတွန် ဒီအိုဆိုတွန် မေဟီ က ထုတ်ပြန်ချက် တွင် ပြောကြား ခဲ့သည်။

ထို့ပြင် အမျိုးသမီး များနှင့်အတူ စစ်သွေးကြွ များ၏ ဖမ်းဆီးခြင်းကို ခံရသည့် ကာလအတွင်း မွေးဖွားခဲ့သော ကလေးများလည်း ပါဝင်ခဲ့ကြောင်း၊ ယင်း ကလေးငယ် များမှာ အစိုးရ တပ်ဖွဲ့ဝင် များ၏ ကယ်ဆယ် ခြင်းကို မခံရမီ ကာလပတ်လုံး တောတောင်ထဲ တွင်သာ နေထိုင်ခဲ့ ရကြောင်း ၄င်းက ထပ်လောင်း ပြောကြား ထားသည်။

နိုင်ဂျီးရီးယား အစိုးရ၏ ထုတ်ပြန်ချက် အရ ၄င်းတို့၏ တပ်ဖွဲ့ဝင် များသည် လွန်ခဲ့သည့် သီတင်းပတ် အတွင်းက ဘိုကိုဟာရမ် စစ်သွေးကြွ များ၏ လက်အတွင်းမှ ဖမ်းဆီးခံ အမျိုးသမီးနှင့် မိန်းကလေးငယ် စုစုပေါင်း ၇ဝဝဝ နီးပါး ခန့်ကို ပြန်လည် ကယ်ဆယ် နိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ ကယ်ဆယ်ခြင်း ခံရသူများ အနက် အများစုမှာ မာဒါဂါလီမြို့ နှင့် အနီးတစ်ဝိုက် ရှိ ဒေသများမှ ဖြစ်ကြောင်း ထုတ်ပြန်ချက် များတွင် ဖော်ပြ ပါရှိသည်။

ဘိုကိုဟာရမ် စစ်သွေးကြွ အဖွဲ့သည် ယခုအခါ လက်နက် အင်အားနှင့် လောင်စာများ ပြတ်လပ်လျက် ရှိပြီး အဖွဲ့အတွင်းမှ ခေါင်းဆောင်များ နှင့် သာမန် အဖွဲ့ဝင် စစ်သွေးကြွများ အကြား တွင်လည်း တင်းမာမှုများ ဖြစ်ပေါ်လျက် ရှိကြောင်း ယင်း စစ်သွေးကြွ များ လက်မှ ပြန်လည် လွတ်မြောက် လာသူများက ပြောကြား ထားကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com

၂၀၁၅ ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ စစ်အစိုးရလက်ထပ်က ရေးဆွဲခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေအား မပြင်ဆင် နိုင်သေးသည့်အတွက် အတိုက်ခံပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတဖြစ်နိုင်သည့် အခွင့်အလမ်းနှင့် ဝေးကွာနေဆဲ ဖြစ်သည်ဟု မြန်မာ့နိုင်ငံရေးအသိုင်းအ၀ိုင်းက သုံးသပ်သည်။ သို့သော် ဒေါ် အောင်ဆန်းစုကြည်အနေဖြင့် ၅၉ (စ) မပြင်လည်း သမ္မတ ဖြစ်ခွင့်ရှိနေဆဲဖြစ်သည်။

လွှတ်တော်ကတောင်းဆိုခဲ့သည့် ၆ ပွင့်ဆိုင်တွေဆုံပွဲအား အရပ်သားအစိုးရလက်ထပ်တွင် ပထမဆုံးအကြိမ် တွေ့ဆုံဖြစ်ခဲ့သည်။ စစ်အစိုးရလက်ထပ်က ရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးအတွက် ၆ ပွင့်ဆိုင် တွေ့ဆုံပွဲတွင် ဆွေးနွေးဖြစ်ခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်အတွက် သမ္မတဖြစ်ခွင့် ပိတ်ပင်နေသည့် ၅၉ (စ) လုံးကို ပြင်ဆင်ပေးရန်အတွက် ဆွေးနွေးခဲ့ခြင်း မရှိခဲ့ပေ။

သို့သော် ပြည်ထောင်စုလွှတ်တော်တွင် ပုဒ်မ ၄၃၆ ပြင်ဆင်ရန်အတွက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို မေလအတွင်းလုပ်ရန် သဘောတူခဲ့သည်။ ပြည်ထောင်စုလွှတ်တော်က သဘောတူခဲ့သည့်အတိုင်း ၂၀၀၈ အခြေခံဥပဒေပါ ပုဒ်မ ၄၃၆ အား ပြင်ဆင်ရန် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲပြုလုပ်ခဲ့သည်ဆိုသော် ပုဒ်မ ၅၉ (စ) အား ပြင်ဆင်မည်မပြင်ဆင်မည်မှာ သေချာမှုမရှိပေ။

ပြည်သူအားလုံး ထောက်ခံခဲ့သည်ဟု နိုင်ငံတော်သမ္မတအပါအ၀င် တပ်မတော်ကာကွယ်ရေးဦးချုပ်နှင့် နိုင်ငံတော် အကြီးကဲများမှ ပြောနေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေထဲတွင် ပါဝင်နေသော ပုဒ်မ ၅၉ (စ) လုံးအား ပြင်ဆင်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်စေချင်သည့်သူများကသာ ပြင်ဆင်လိုသည့် ဆန္ဒရှိနေကြသည်။ ကျန်သူများသည် ပြည်သူထောက်ခံမှု မရရှိခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံကို ပုဒ်မ ၅၉ (စ) မှအပ ကျန်ပုဒ်မတိုင်းကို ပြင်ဆင်လိုကြသူများလည်း ရှိသည်။ သို့သော် အဆိုပါဖွဲ့စည်းပုံသည် အသစ်ပြန်ရေးရမည့် ဖွဲ့စည်းပုံဖြစ်သည်ဟု နိုင်ငံရေးအသိုင်းအ၀ိုင်းက ခံယူထားသည်။

တဖက်တွင်လည်း ရွေးကောက်ပွဲကော်မရှင်က ယခုနှစ်တွင် ကျင်းပပေးရမည့် ရွေးကောက်ပွဲအား နိုဝင်ဘာလ ဆန်းထဲတွင် ကျင်းပရန် ကြေညာထားသည်။ ထိုကဲ့သို့ ရွေးကောက်ပွဲကျင်းပရန် ၇ လခန့်အလိုတွင် လူထုထောက်ခံမှု အပြည့်ရ ရှိထားသည့် ဒေါ်အောင် ဆန်းစုကြည်၏ အန်အယ်လ်ဒီပါတီသည် ယခုနှစ်ကျင်းပမည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိမည်ဟု နိုင်ငံရေးအသိုင်းအ၀ိုင်းနှင့် ပြည်သူတချို့က သုံးသပ်နေကြသည်။

အဆိုပါရွေးကောက်ပွဲတွင် NLD ပါတီ အနိုင်ရရှိခဲ့မည်ဆိုပါက ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဖြစ်ရန်အတွက် အဟန့်အတားဖြစ်နေသည့် ၅၉ (စ) အား မပြင်ဆင်သေးသည့်အတွက် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်မှာ ဝေးကွာလွန်းလှသည်။ သို့သော်လည်း ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတဖြစ်ချင်သည်ဟု ကမ္ဘာကို ကြေညာထားပြီးဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခန်း ၃ တွင် ပြဒါန်းထားသည့် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတတို့၏ အရည်အချင်းများထဲတွင် မိသားစုဝင်များသည် တိုင်းတပါးသားများ မဖြစ်ရမည့်အပြင် တိုင်းတပါး၏ကျေးဇူးတရားများ၊ အခွင့်ရေးများနှင့်လည်း ကင်းလွှတ်ရမည်ဟု ဖော်ပြထားသည်။

အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိသျှနိုင်ငံသား မိုက်ကယ်အဲရစ်နှင့်လက်ထပ်ခဲ့ပြီး ရရှိခဲ့သည့် သားနှစ်ယောက်သည် ဗြိတိန်နိုင်ငံသားများအဖြစ် ခံယူထားသည်။ မြန်မာ့နိုင်ငံရေးထဲကို ၀င်လာခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်အတွက် နေအိမ် အကျယ်ချုပ်ဘ၀နဲ့သာ နေလာခဲ့ရသည်က များလွန်းသောကြောင့် မိသားစုနှင့်အတူ နေခဲ့ရသည်ကလည်း မရှိသလောက် နည်းပါးခဲ့သည်။

လက်ရှိအချိန်တွင် ခင်ပွန်းသည် သေဆုံးသွားသော်လည်း သားနှစ်ယောက်မှာ နိုင်ငံခြားသားများ ဖြစ်နေသည့်အချက်ကြောင့် ဒေါ်အောင်ဆန်းစုကြည်သမ္မတ ဖြစ်ခွင့်မှာ ဝေးကွာနေခြင်းဖြစ်သည်။ ထိုအချက်များကြောင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် မရှိခဲ့ပါက ၂၀၁၅ ရွေးကောက်ပွဲတွင် အန်အယ်လ်ဒီပါတီအနိုင်ရရှိခဲ့သော် သမ္မတရာထူးပေးရန်အတွက် အန်အယ်လ်ဒီပါတီအနေဖြင့် ပါတီဒုတိယခေါင်းဆောင်အား ယနေ့အချိန်အထိ ပြည်သူများအား ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။ ထိုအချက်သည် ပြည်သူအားလုံးသိချင်သည့် အဖြေတခုဖြစ်သည်။

မည်ဆိုပင်ဆိုစေ ယနေ့အချိန်ထိ အန်အယ်လ်ဒီပါတီ၏ ဒုတိယခေါင်းဆောင်ကို ထုတ်ဖော်မပြောဆိုခြင်းသည် ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရရှိခဲ့လျှင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သမ္မတဖြစ်ရန် လမ်းစတခု ရှိနေခြင်း ကြောင့်သာဖြစ်နိုင်သည်ဟု နိုင်ငံရေးအသိုင်းအ၀ိုင်းက သုံးသပ်နေကြသည်။

“ယခုကဲ့သို့ နိုင်ငံရေးအသိုင်းအ၀ိုင်းမှ သုံးသပ်ချက်သည် ဒေါ်အောင်ဆန်းစုကြည်အတွက် တိုင်းပြည်နှင့် လူထုအတွက် သူမ ပေးဆပ်ခဲ့သည်ထဲက သူမဘ၀အတွက် နောက်ဆုံးပေးဆပ်ရန်သာ ကျန်ရှိတော့သည့် နှလုံးသားတစုံအား ပေးဆပ်ဖို့သာရှိတော့သည်။”

မြန်မာ့နိုင်ငံရေးအား စိတ်ပါဝင်စားသူများ၊ နိုင်ငံရေးလေ့လာသုံးသပ်သူများ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ နိုင်ငံရေးတီးမိခေါက်မိရှိသူ စုစုပေါင်း အယောက် ၅၀ ကျော်အား ၅၉ (စ) လုံး မပြင်ဆင်ပါက ဒေါ် အောင်ဆန်းစုကြည်သမ္မတ ဖြစ်နိုင်သလားဆိုသည်ကို မေးမြန်းခဲ့ရာတွင် မဖြစ်နိုင်ကြောင်း ပြောဆိုခဲ့ကြပါသည်။

“ဒီ ၅၉ (စ) မပြင်ဘဲနဲ့တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ ဖြစ်နိုင်တဲ့ အခြေအနေရှိကို မရှိဘူး” ဟု တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဗဟိုအလုပ်မှုဆောင် ဦးဟန်ရွှေက ပြောသည်။

“ဒီမိုကရေစီဆိုတာ ဥပဒေအထက်မှာ ဘယ်သူမှမရှိဘူး။ ၅၉ (စ) လုံးမှာ ဒီလိုပြဋ္ဌာန်းထားလျက်သားနဲ့ ဒေါ်အောင်ဆန်းစုကြည်မလို့ ဗိုလ်ချုပ်အောင်ဆန်းသမီးမလို့ ဆိုပြီး ဒါကို ဖောက်ဖြတ်ပြီးတော့ သမ္မတဖြစ်အောင် လုပ်ပေးမယ်ဆိုရင် အကုန်လုံးသမိုင်းတရားခံ ဖြစ်သွားလိမ့်မယ်။”

အန်အယ်လ်ဒီပါတီကို ထောက်ခံသည့် နိုင်ငံရေးအသိုင်းအ၀ိုင်းက “သမ္မတမဖြစ်စေချင်လို့ ဒီ ၅၉(စ)နဲ့ချုပ်ထားတာ” ဖြစ်သည်ဟု ပြောသည်။

သို့သော် ပြည်သူက တောင်းဆိုသည့် ခေါင်းဆောင်တဦးဖြစ်မည်ဆိုလျှင် လက်ရှိအစိုးရအနေဖြင့် အကောင်အထည်ဖော်ပေးသင့်သည်ဟုလည်း သူတို့ကဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော်လည်း စစ်တပ်က အာဏာလွှဲပြောင်းပေးခဲ့ခြင်း မရှိခဲ့ပေ။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၁၂၁ တွင် ပြည်သူလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ပိုင်ခွင့် မရှိခြင်း ဆိုတဲ့အချက်ထဲတွင် ပြစ်မှုကျူးလွန်သူ ထောင်ချခံရသူ၊ စိတ်ပေါ့သွပ်သူ၊ လူမွဲအဖြစ်စာရင်း သွင်းခံထားရသူ၊ နိုင်ငံခြားအစိုးရ လက်အောက်ခံ အခွင့်ထူးရယူထားသူ၊ သာသနာ့ဝန်ထမ်းများ၊ နိုင်ငံဝန်ထမ်းများ စသည့်အချက်များနှင့် ငြိစွန်းသူသည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မဖြစ်ရဟု ပြဋ္ဌာန်းထားသည်။

သို့သော် ခြွင်းချက်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းထားသည့် လွှတ်တော်များနှင့် အဖွဲ့အစည်းများတွင် ရွေးချယ်ခန့်အပ်ထားသည့် တပ်မတော်သားများအပါအ၀င် နိုင်ငံဝန်ထမ်းနှင့် မသက်ဆိုင်စေရဆိုသည့်အချက်ဖြင့် တပ်မတော်သားများနှင့် နိုင်ငံဝန်ထမ်းများအား ပုဒ်မ ၁၂၁ ဖြင့် ငြိစွန်းသော်လည်း ပြည်သူလွှတ်တော် ကိုယ်စားလှယ်ဖြစ်ခွင့်ပေးထားသည်။

မြန်မာ့နိုင်ငံရေး လေ့လာသူ ဒေါက်တာရန်မျိုးသိမ်းက “တပ်မတော်သားတွေ ၀န်ထမ်းတွေကိုတောင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်နိုင်ဖို့အတွက် ခြွင်းချက်ပေးထားနိုင်သေးတာပဲ။ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးကိုရော ဒီလို ခြွင်းချက်အတိုင်း သမ္မတအဖြစ် ဖြစ်ခွင့်ပေးလို့ မရဘူးလား” ဟုပြောသည်။

ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေသည့် နိုင်ငံတခုအတွက် ဥပဒေအတိုင်း လုပ်ဆောင်ရမည်ဖြစ်သည်။ ယခုကဲ့သို့ လွှတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏သမီးဖြစ်သည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပါအချက်များနှင့် ငြိစွန်း သော်လည်း ခြွင်းချက်ပေးလိုက်မည်ဆိုပါက မြန်မာ့နိုင်ငံရေးအသိုင်းအ၀ိုင်းက လက်ခံမှာ မဟုတ်ကြောင်း ၀ါရင့်နိုင်ငံရေးသမားများက ပြောသည်။

မည်သို့ပင်ဆိုစေ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးအား နိုင်ငံတော်ရဲ့ အကြီးအကဲဖြစ်သင့်သည်ဟုဆိုသော်လည်း သူမ အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၅၉(စ) အား ပြင်ဆင်မှသာလျှင် သမ္မတဖြစ်နိုင်မည်။ သို့သော်ရွေးချယ်စရာ နည်းလမ်းတခုတော့ရှိသည်။

ပြီးခဲ့သည့် စစ်အစိုးရလက်ထပ်တွင် ဘုန်းတရားခိုးအာဏာကြီးမားခဲ့သည့် ဗိုလ်ချုပ်ခင်ညွှန့် လက်ထပ်တွင် သူ၏ သားသည် ပြည်ပနိုင်ငံသူအမျိုးသမီးတဦးနှင့် လက်ထပ်ခဲ့သည်။ ထို့ကြောင့် နိုင်ငံတော်အကြီးအကဲ၏ သားသမီးတဦးသည် ယခုလိုပြုလုပ်ခဲ့သည့်အတွက် ဗိုလ်ချုပ်ခင်ညွန့်အနေဖြင့် သူသားအား သားအဖြစ်မှ စွန့်လွှတ်လိုက်ပြီး လက်ရှိတာဝန်ကို ဆက်လက်ထမ်းဆောင်ခဲ့ဖူးသည်။

ထိုအချိန်အခါက ဗိုလ်ချုပ်ခင်ညွန့်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား ဗြိတိသျှနိုင်ငံသား မိုက်ကယ်အဲရစ်နှင့် လက်ထပ်ခဲ့သည်ကို အပြစ်တင်နေသည့်အချိန်လည်း ဖြစ်သည်။

ယခုလို သာဓကများ ရှိခဲ့ဘူးသည့်အတွက် အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပြည်သူက သမ္မတ လုပ်ပေးဖို့တောင်းဆိုလာခဲ့လျှင် ပြည်ပ နိုင်ငံသားအဖြစ် ခံယူထားသည့် သားနှစ်ယောက်အား မြန်မာနိုင်ငံ သားအဖြစ် ခံယူခိုင်းစေခြင်း သို့မဟုတ် သားအဖြစ်မှ အပြီးတိုင်စွန့်လွှတ်လိုက်မည်ဆိုပါက ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၅၉ (စ) အား မပြင်ဆင်သည့်တိုင် သမ္မတ ဖြစ်နိုင်သည့် အခွင့်အရေးများရှိနေဆဲဖြစ်သည်။

၅၉ (စ) အား မပြင်ဆင်သည့်တိုင် အန်အယ်လ်ဒီပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သမ္မဖြစ်နိုင်သည့် အခွင့်အရေးတခုဖြစ်သည့် ဗြိတိန်နိုင်ငံသားအဖြစ် ခံယူထားသည့် သားနှစ်ယောက်အား မြန်မာနိုင်ငံသားအဖြစ် ခံယူခိုင်းသော် သားနှစ်ယောက်သည် လက်ခံသော်လည်း လက်ရှိအစိုးရအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲ ပြီးသည်အထိ အချိန်ဆွဲသွားနိုင်သည်ဟု နိုင်ငံရေးကျွမ်းကျင်သူတချို့က သုံးသပ်ကြသည်။

ထို့အပြင် သားနှစ်ယောက်အား သားအဖြစ်မှ အပြီးတိုင် စွန့်လွှတ်လိုက်ရမည်ဆိုသော် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သမ္မတဖြစ်ချင်သည့်အတွက် အခုလိုကိစ္စမျိုးကို ပြုလုပ်ရပါသည့်ဆိုသည့် ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများအား ခံနိုင်ရည်ရှိမှဖြစ်မယ်ဟုလည်း နိုင်ငံရေးအသိုင်းအ၀ိုင်းက သုံးသပ်ကြသည်။

“ဥပဒေကြောင်းအရ အခုလိုလုပ်မယ်ဆိုရင် သာမန်ကြည့်တယ်ဆိုရင် သမ္မတအရည်ချင်း ကန့်သတ်ချက်ကို လွှတ်တယ်။ ဒါပေမယ့် စစ်အာဏာရှင်ဆိုတာ အာဏာရဖို့အတွက် ဘာမဆိုလုပ်ရဲတယ်။ လျော့တော့မတွက်နဲ့” ဟု တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကပြောသည်။

“၉၀ ရွေးကောက်ပွဲတုန်းကလည်း ဒေါ်စုနိုင်တာပဲ ဘယ်မှာ အာဏာလွှဲပေးလို့လဲ။ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့်ပေးမှာတော့မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အခုလို လုပ်မယ်ဆိုရင်လည်း နိုင်ငံရေးအရ အကြီးအကျယ် အပုဒ်ချခံရလိမ်မယ်။”

ထိုအချက်သည် အန်အယ်လ်ဒီပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အတွက် တိုင်းပြည်နှင့် လူထု အမှန်တကယ် တိုးတက်ကောင်းမွန်လာစေချင်သည့် စိတ်ရင်းအပြည့်အ၀ရှိမည်ဆိုပါက ဖခင်ဗိုလ်ချုပ်အောင်ဆန်း၏ စိတ်ဓာတ်အတိုင်း စွန့်လွှတ်အနစ်နာခံရတော့မည်ဖြစ်သည်။

“မိသားစုအကုန်လုံးကို စွန့်လွှတ်နိုင်တဲ့ အနေထား ရောက်ပြီဆိုရင်တော့ မျှော်လင့်ချက်ရှိပါတယ်။ ဒါကတော့ အတော်ကြီးကို စွန့်လွှတ်ရမယ်။ ကျနော်တို့သိသလောက်တော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အများကြီးလည်း စွန့်လွှတ်ခဲ့ပြီးပါပြီ” ဟု ဖက်ဒရယ်ပြည်ထောင်စုပါတီ ဒုဥက္ကဋ္ဌ ၂ ဦးစောသန်းမြင့်ကပြောသည်။

“ဒါကို အမြစ်ဖြတ်တယ်ဆိုရင်တော့ ပြည်သူအတွက်၊ ပါတီအတွက် ကိုယ်ကျိုးစွန့်တယ်ဆိုတာ ထင်ထင်ရှားရှား ဖြစ်တယ်ပေါ့။ ကျနော်တို့ကိုယ်တိုင်ကအစ အင်မတန်ခက်ခဲတဲ့ကိစ္စဖြစ်တယ်။”

ယခုလို ဆုံးဖြတ်ချက်မျိုးချခဲ့မယ်ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အန်အယ်လ်ဒီပါတီသည် သူမ သမ္မတဖြစ်ရန်အတွက် ၂၀၁၅ ရွေး ကောက်ပွဲတွင် မဲအပြတ်အသတ်အနိုင်ရမှဖြစ်မည်။ အဘယ့်ကြောင့်ဆိုသော် စစ်တပ်သည် လွှတ်တော်အတွင်း ၂၅ ရာခိုင်းနှုန်းယူထားသည့်အတွက် စစ်တပ်မှ တင်မြောက်သည့် ဒုတိယသမ္မတတစ်ယောက်ရှိနေခြင်း ကြောင့်ဖြစ်သည်။

သမ္မတဖြစ်ရန်အတွက် ဒုတိယသမ္မတသုံးယောက်ထဲမှ တစ်ဦးအား သမ္မအဖြစ် ရွေးကောက်တင်မြှောက်ရမည်ဖြစ်သည်။ ထို့အတွက်ကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက် ယှဉ်ပြိုင်အနိုင်ရခဲ့ပြီး ပြည်သူ့ လွှတ်တော်က တင်မြှောက်သည့် ဒုတိယ သမ္မတဖြစ်သော် အမျိုးသားလွှတ်တော်မှ တင်မြှောက်လိုက်သည့် သမ္မတသည် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံသည့် သူမ ဟုတ်ပါက သူမ သမ္မတဖြစ်ခွင့် လွဲချော်သွားမှာဖြစ်သည်။

ယင်းအတွက်ကြောင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးမဖြစ်ရေးသည် ၂၀၁၅ ရွေးကောက်ပွဲတွင် အန်အယ်လ်ဒီပါတီအနေဖြင့် မဲအပြတ်အသတ် အနိုင်ရရှိမှုပေါ်တွင်သာ မှုတည်နေပါသည်။

အောင်သူ (ဒေးဒရဲ)
By ဒီဗွီဘီ
http://burmese.dvb.no/archives/91822


၁၉၉၀ ပြည့် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တွေ ငွေရတုအခမ်းအနားမှာ ပြန်လည်တွေ့ ဆုံပြီး မြန်မာ့နိုင်ငံရေးအခြေနေတွေကို ပြန်လည်သုံးသပ်မယ်လို့ ဆိုပါတယ် ။

DVB TV - 06.05.2015

အစ္စလာမ္မစ် နိုင်ငံတော် အမည်ခံ အိုင်အက်စ်အကြမ်းဖက်အဖွဲ့ ခေါင်းဆောင်ထဲက အမေရိကန် အစိုးရက အလိုရှိနေတဲ့ ခေါင်းဆောင် ၄ ဦး စာရင်းကို ထုတ်ပြန်လိုက်ပြီး သူတို့ကို ဖမ်းဆီးနိုင်ဖို့ သတင်းပေးနိုင်ရင် စုစုပေါင်း အမေရိကန် ဒေါ်လာ သန်း ၂၀ ချီးမြှင့်မယ်လို့ ကြေညာပါတယ်။

အိုင်အက်စ်အဖွဲ့က တက္ကဆက်ပြည်နယ်က တိုက်ခိုက်မှုကို သူတို့ လက်ချက်ပါလို့ ကြေညာပြီး နောက်တရက်မှာ အခုလို ဆုငွေထုတ်လိုက်တဲ့အကြောင်း ဘီဘီစီသတင်းမှာ ဖော်ပြပါတယ်။

ဆုငွေထုတ်လိုက်တဲ့ လေးယောက်ကတော့ အိုင်အက်အဖွဲ့ရဲ့ အကြီးတန်း ခေါင်းဆောင် ကာဒူရီ၊ အကြီးတန်း ပြောရေးဆိုခွင့်ရှိသူ အတ်နာနီ၊ ဆီရီးယား မြောက်ပိုင်း စစ်မြေပြင် တပ်မှူးကြီး ဘာတီရာ အာရှာဗီ၊ အသေခံ ဗုံးခွဲသမားတွေရဲ့ အကြီးအကဲ ဟာဇီ တို့ဖြစ်ပါတယ်။

ကာဒူရီအတွက် ဆုငွေ ဒေါ်လာ ၇ သန်း၊ အတ်နာနီနဲ့ ဘာတီရာ အာရှာဗီတို့ကို သတင်းပေးနိုင်ရင် ဒေါ်လာ ၅ သန်းစီ၊ နောက်ဆုံး တယောက်ဖြစ်တဲ့ ဟာဇီကို ဖမ်းဖို့ သတင်းပေးနိုင်သူကို ဒေါ်လာ ၃ သန်း အသီးသီး ထုတ်လိုက်တာပါ။

အမေရိကန်အစိုးရဟာ အိုက်အက်အဖွဲ့ ခေါင်းဆောင် အဘူ ဘာခါ အယ် ဘာဒါဒီကိုလည်း ဆုငွေ ဒေါ်လာ ၁၀ သန်း ထုတ်ထားပါတယ်။

အခုနောက်ဆုံး အိုက်အက်အဖွဲ့ခေါင်းဆောင်လေးယောက်အတွက် ထုတ်လိုက်တဲ့ ဆုငွေ ပမာဏကတော့ ဘင်လာဒင် သေဆုံးပြီးနောက် ၂၀၁၁ ခုနှစ် ဇွန်လတုန်းက အယ်လ်ကိုင်းဒါး အဖွဲ့ခေါင်းဆောင်ဖြစ်လာတဲ့ အေမန်း အယ် ဇ၀ါဟာရီကို ဒေါ်လာ ၂၅ သန်း ထုတ်တဲ့ နောက်ပိုင်းမှာ အများဆုံးဖြစ်ပါတယ်။

By ဒီဗွီဘီ


ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်စုစုပေါင်းက ၆၆၄ ဦး ရှိတယ်။ အဲဒီတော့လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာပါတီတစ်ခုဒါမှမဟုတ်ပါတီအစုတစ်ခုက ရွေးတဲ့သူသမ္မတဖြစ်ဖို့ဆိုရင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၃၃၃ ဦး အနိုင်ရရင်စိတ်ချရတယ်။ အဲဒီတော့ ဒီချုပ်က ကိုယ်စားလှယ် ၃၃၃ ဦးနိုင်ရင်၊ သူတို့ရွေးတဲ့သူ သမ္မတဖြစ်နိုင်ပြီပေါ့။ ၆၆၄ ဦးထဲမှာ ကိုယ်စားလှယ် ၁၆၆ ဦးက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကခန့်တဲ့ သူတွေ၊ အဲဒီတော့ ၄၉၈ ဦးကပဲ ရွေးကောက်ပွဲကနေတက်မှာဖြစ်တယ်။

ဒီတော့ ဒီချုပ်အနေနဲ့ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ၄၉၈ ဦးထဲက ကိုယ်စားလှယ် ၃၃၃ ဦးအနိုင်ရအောင်လုပ်ရမှာဖြစ်တဲ့အတွက် ရွေးကောက်ခံကိုယ်စားလှယ်စုစုပေါင်းရဲ့ ၆၇ ရာခိုင်နှုန်းလောက် နိုင်ဖို့လိုနေတာကို တွေ့ရတယ်။ ဒီချုပ်နဲ့မဟာမိတ်ပါတီတွေဟာလာမယ့်ရွေးကောက်ပွဲမှာ ၆၀ ရာခိုင်နှုန်းနိုင်ပေမယ့် သူတို့ရွေးတဲ့သူသမ္မတမဖြစ်နိုင်ဘူးဆိုတာသိသာမြင်သာတယ်။ နိုင်ငံတကာသတင်းမီဒီယာတွေမှာဒီချုပ်ကကိုယ်စားလှယ်အများစုနိုင်တယ်ဆိုတဲ့သတင်းဟာ သတင်းကောင်းဖြစ်ပေမယ့် ၆၇ ရာခိုင်နှုန်းမပြည့်ရင် သမ္မတဟာ ပြည်ခိုင်ဖြိုးနဲ့စစ်တပ်က တင်တဲ့သူဖြစ်လာနိုင်တယ်။

အဲဒီမှာ ပြည်ခိုင်ဖြိုးနဲ့မဟာမိတ်တွေဟာ အနိမ့်ဆုံး ကိုယ်စားလှယ် ၁၆၇ ဦးအနိုင်ရရှိရုံနဲ့၊ တပ်ကိုယ်စားလှယ် ၁၆၆ ဦးနဲ့ပေါင်းရင် ၃၃၃ ဦးပြည့်တာမို့၊ ဒီချုပ်နဲ့သူ့မဟာမိတ်တွေက ရွေးတဲ့သူ သမ္မတဖြစ်လာမှာကို တားပြီးဖြစ်နေတယ်။အဲဒါကြောင့် ၂၀၁၅ ရွေးကောက်ပွဲမှာ ဒီချုပ်နဲ့မဟာမိတ်တွေက လွှတ်တော်ကိုယ်စား
လှယ် ၃၃၃ ဦးနိုင်ဖို့ လိုအပ်တဲ့အချိန်မှာ ပြည်ခိုင်ဖြိုးက ၁၆၇ ဦးပဲအနိုင်ရဖို့လိုတာကိုတွေ့ရတယ်။ ဘာတွေဘယ်လိုပဲဖြစ်ဖြစ်၊ ပြည်ခိုင်ဖြိုးနဲ့တပ်ကိုယ်စားလှယ်တွေကတော့ဒီချုပ်နဲ့မဟာမိတ်ပါတီတွေက တင်တဲ့သူ သမ္မတမဖြစ်ဖို့ လက်ချင်းချိတ်ထားမှာပဲ။

လွှတ်တော်နိုင်ငံရေးကိုသင်္ချာနည်းဖြင့်တွက်ချက်ခြင်း (၂)

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအရ၊ ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ၊ ရွေးကောက်ခံအမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေ နဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့၊ ဒုတိယသမ္မတတစ်ဦးစီကို ရွေးချယ်ရမှာဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ၃၃၀ ဦးရှိတော့၊ ၁၆၆ ဦးအနိုင်ရထားရင်၊ အဲဒီပါတီက ရွေးတင်တဲ့သူ ဒုတိယသမ္မတ ဖြစ်ဖို့သေချာတယ်။ အမျိုးသားလွှတ်တော်ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ၁၆၈ ဦးရှိတော့၊ ၈၅ ဦးအနိုင်ရရင်၊ အဲဒီပါတီက ရွေးတင်တဲ့သူ ဒုတိယသမ္မတဖြစ်ဖို့ သေချာပြန်ပြီ။ ဥပမာအနေနဲ့
ဒီချုပ်နဲ့မဟာမိတ်ပါတီတွေပဲဆိုပါစို့။ ပြည်သူ့လွှတ်တော်မှာ ၁၆၆ ဦး၊ အမျိုးသားလွှတ်တော်မှာ ၈၅ ဦးအနိုင်ရရင်၊ ဒီချုပ်နဲ့မဟာမိတ်ပါတီတွေက ဒုတိယသမ္မတနှစ်ဦးက ရရှိလိုက်နိုင်ပါတယ်။

ဒုတိယသမ္မတနှစ်ဦးရဖို့လိုတဲ့ကိုယ်စားလှယ်ဦးရေကိုကြည့်ရင်ပြည်ထောင်စုလွှတ်တော်မှာ ၂၅၁ ဦးပဲ ဖြစ်တာကိုတွေ့ရတယ်။ အဲဒီ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၂၅၁ ဦးဆိုတာ ကိုယ်စားလှယ်စုစုပေါင်း ၆၆၄ ဦးရဲ့ ၃၈ ရာခိုင်နှုန်းသာ ရှိတာကို တွေ့ရတယ်။ အဲဒီတော့ ဒီချုပ်နဲ့မဟာမိတ်ပါတီတွေဟာ ဒုတိယသမ္မတနှစ်ဦးလုံးကိုရပြီး၊ ၃၃၃ ဦးမပြည့်လို့ သမ္မတနေရာကို လက်လွတ်လိုက်ရတာမျိုးရှိလာနိုင်တာကိုလည်း ထည့်စဉ်းစားကြည့်ဖို့ကောင်းမယ်။ ၃၃၃ ဦးမနိုင်ရင်တော့
ဒီချုပ်နဲ့မဟာမိတ်ပါတီတွေက ရွေးတဲ့သူသမ္မတ ဖြစ်လာဖို့လုံးလုံးမသေချာတဲ့သဘောကတော့ မြင်တွေ့နေရတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုအစိုးရအဖွဲ့ကို သမ္မတက ဖွဲ့မှာဖြစ်တဲ့အတွက်၊ ဒုတိယသမ္မတနှစ်နေရာရတာဟာ နောက်လာမယ့်အစိုးရဖွဲ့တဲ့အပေါ် ကြီးကြီးမားမားသက်ရောက်နိုင်ခြေမရှိဘူးဆိုတာ ထည့်တွက်
ဖို့လိုမယ်ထင်ပါတယ်။

လွှတ်တော်နိုင်ငံရေးကို သင်္ချာနည်းဖြင့်တွက်ချက်ခြင်း (၃)

ရွေးကောက်ခံ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၄၉၈ ဦးထဲက ၃၃၃ ဦး အနိုင်ရရှိမှသာဒီချုပ်နဲ့မဟာမိတ်ပါတီတွေအနေနဲ့ရွေးတဲ့ ဒုတိယသမ္မတဟာ သမ္မတဖြစ်လာမယ်လို့ ဆွေးနွေးခဲ့ပါတယ်။

 တကယ်တော့၃၃၃ဦးအနိုင်ရရှိဖို့ဟာလွယ်မယောင်နဲ့ခက်၊တိမ်မယောင်နဲ့နက်တာကို တွေ့ရပါတယ်။
 ရွေးကောက်ခံ၄၉၈ဦးကို ပြည်နယ်နဲ့တိုင်းဒေသကြီးတွေအလိုက်ထပ်မံပိုင်းခြားကြည့်လိုက်မယ်ဆိုရင်၊ ကိုယ်စားလှယ် ၂၀၇ ဦးဟာ ပြည်နယ်ခုနှစ်ခုကို ကိုယ်စားပြုနေပြီး၊ ကိုယ်စားလှယ် ၂၉၁ ဦးဟာ တိုင်းဒေသကြီးခုနှစ်ခုက ကိုယ်စားလှယ်တွေပါ။ အဲဒီမှာတိုင်းဒေသကြီးတွေသက်သက်အနိုင်ရရုံနဲ့၊ ဒီချုပ်နဲ့မဟာမိတ်ပါတီတွေအနေနဲ့၊ သမ္မတနေရာအနိုင်ရဖို့မလွယ်တာကို ထပ်တွေ့ရပါတယ်။

တိုင်းဒေသကြီးခုနှစ်လုံးမှာ ဒီချုပ်နဲ့မဟာမိတ်ပါတီတွေက တင်းပြည့်ကျပ်ပြည့်နိုင်တယ်ဆိုရင်တောင် ၂၉၁ ဦးပဲရသေးတာပါ။ ၃၃၃ ဦးရောက်ဖို့ ၄၂ဦးလိုနေသေးတာတွေ့ရပါတယ်။ အဲဒီမှာ ပြည်နယ်မဲဆန္ဒနယ်တွေရဲ့ သမ္မတရွေးတဲ့နေရာမှာအရေးပါအရာရောက်မှုကို အထင်အရှားတွေ့ရမှာပါ။ အဲဒီတော့ ပြည်နယ်မဲဆန္ဒနယ်တွေမှာဒီချုပ်နဲ့မဟာမိတ်ပါတီတွေရဲ့ ကိုယ်စားလှယ်တွေ အနိုင်ရရှိတာမရှိရင် သမ္မတနေရာအနိုင်ရဖို့ပိုခက်ခဲသွားနိုင်ပါတယ်။ အဲဒါကြောင့် ဒီချုပ်ပါတီအနေနဲ့၊၂၀၁၅ခုနှစ် ရွေးကောက်ပွဲမှာတိုင်းရင်းသားမဟာမိတ်ပါတီတွေနဲ့
ပွင့်ပွင့်လင်းလင်း ဆွေးနွေးကာ၊သူနိုင်ကိုယ်နိုင်အနေအထားကိုဖော်ဆောင်နိုင်မယ့် ရွေးကောက်ပွဲစီမံချက်နဲ့
ဗျူဟာတွေကို ဖော်ဆောင်ဖို့လိုအပ်နေတာပါ။

လေးစားလျက်-

ဒေါက်တာရန်မျိုးသိမ်း
ရန်ကုန်၊ မြန်မာ။

 ဒေါ်ခင်ကြည် ကွယ်လွန်တဲ့ ၂၆ နှစ်ပြည့် ဆွမ်းဆက်ကပ် လှူဒါန်းပွဲကို ဒီဇင်ဘာလ ၂၈ ရက်နေ့က ကျင်းပရာ ဒေါ်အောင် ဆန်းစုကြည် တက်ရောက်မိန့်ခွန်ပြောကြားစဉ်။ Photo: Kyaw Zaw Win, Kyaw Htoon Naing/ RFA

 Serge Pun and Associates စီပွားရေးအဖွဲ့ရဲ့ ဥက္ကဌ Mr. Serge Pun ခေါ် ဦးသိမ်းဝေ က လာမယ့် ရွေးကောက်ပွဲကို ဒေါ်အောင်ဆန်းစုကြည် သပိတ်မှောက်လိမ့်မယ်လို့ သူ့အနေနဲ့ ထင်မြင် ယူဆခြင်းမရှိပါဘူးလို့ ပြောကြားလိုက်ပါတယ်။ ဝါရှင်တန်ဒီစီမြို့တော်ရှိ CSIS ခေါ် မဟာဗျူဟာနဲ့ နိုင်ငံ တကာ လေ့လာရေးဌာနမှာ မြန်မာပြည်ရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးဝန်းကျင်ဆိုတဲ့ အမည်နဲ့ မနေ့က ကျင်းပ တဲ့ဟောပြောပွဲမှာ သူက အခုလို ပြောကြားခဲ့တာဖြစ် ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် သပိတ်မှောက်ရင် လည်း ရွေးကောက်ပွဲကို လက်ရှိအစီအစဉ်အတိုင်း ဆက်လက်ကျင်းပမှာဖြစ်တဲ့အတွက် လွှတ်တော် အတွင်းကနေ သူမလက်ရှိဆောင်ရွက်နေတဲ့ နိုင်ငံ အကျိုးပြုလုပ်ငန်းတွေကို ဆက်လက်ဆောင် ရွက်နိုင်တော့မှာ မဟုတ်ပါဘူး။ အစိုးရအဖွဲ့ ပြင်ပ သို့မဟုတ် လွှတ်တော်ရဲ့ ပြင်ပကနေပြောနေလို့ ဘာမှအကျိုးသက်ရောက်မှု မရှိနိုင်ပါဘူး။ အဲဒီအဝန်းအဝိုင်း အတွင်းထဲကသာ ပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်လို့ ဦသိမ်းဝေကပြောကြားခဲ့ပါတယ်။

အနည်းဆုံးလုပ်ခလစာ သတ်မှတ်ရေးနဲ့ ပတ်သက်လို့ RFA က မေးမြန်းရာမှာတော့ မြန်မာပြည်မှာ အနည်းဆုံးလုပ်ခလို့ပြောတဲ့အခါ အလုပ်သမားတွေကို အလုပ်ရှင်က နေ့လယ်စာကျွေးပြီး အကြိုအပို့လုပ်ပေးရတာတွေကိုလည်း ထည့်သွင်းတွက်ချက်ရမှာဖြစ်တယ်လို့ပြောပါတယ်။

အလုပ်သမားတွေကတော့ ထုံးစံအတိုင်း ပိုလိုချင်ကြတာပေါ့။ ဒါကိုမှားတယ် မှန်တယ်လို့ မပြောလိုပါဘူး။ မိမိတို့ အမြင်ကတော့ ဒီအချိန်ဟာအလုပ်အကိုင်တွေများများ ပေါ်ပေါက်လာအောင် ဖန်တီးဖို့ဖြစ်ပါတယ်။ အလုပ်အကိုင်ရရှိရေးဟာ လုပ်ခလစာပိုမိုရရှိရေးထက် အင်မတန်ပိုပြီး အရေးကြီးပါတယ်လို့ ဖြေကြားပါတယ်။

လွတ်တော်အတွင်း တပ်မတော်က ၂၅ % နေရာယူထားတာနဲ့ ပတ်သက်လို့တော့ တိုင်းပြည် မတည်ငြိမ်ရင် ဒီမိုကရေစီစနစ်ကို အကျိုးပြုမှာမဟုတ်ပါဘူး။ သူ့အနေနဲ့တော့ တိုင်းပြည်တည်ငြိမ်ဖို့ စစ်တပ်ကနေရာယူထားတာဟာ အဆိုးထက်အကောင်းဖက်ကများပါတယ်။ သူတို့စီးပွားရေးသမားတွေဟာ တိုင်းပြည်မတည်ငြိမ်မှာကို အင်မတန်စိုးရိမ်ကြပါတယ်လို့ပြောကြားသွားပါတယ်။

RFA Burmese
http://www.rfa.org/burmese

 အမေရိကန်ကိုရောက်ရှိနေတဲ့ သူရဦးရွှေမန်းကို တွေ့ရစဉ် Photo: RFA

 မြန်မာနိုင်ငံမှာ မျိုးစောင့် ဥပဒေကြမ်းတွေလို့ သိကြတဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး ဥပဒေမူ ကြမ်းတွေနဲ့ ပတ်သက်လို့ အမေရိကန်အစိုးရအနေနဲ့ စိုးရိမ်မကင်း ဖြစ်ရကြောင်း၊ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေ တဲ့  ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း နဲ့ တွေ့ဆုံစဉ်အတွင်း အမေရိကန် လက်ထောက်နိုင် ငံခြားရေးဝန်ကြီး Antony Blinken က ပြောဆိုခဲ့တာပါ။

ဒါ့ပြင် လာမယ့်ရွေးကောက်ပွဲဟာ လွတ်လပ်တရားမျှတ၊ ပွင့်လင်းမြင်သာ၊ စိတ်ချယုံကြည်ရပြီး၊ အားလုံးပါဝင် တဲ့ ရွေးကောက်ပွဲဖြစ်ရေး၊ အခြေခံဥပေဒ ပြင်ဆင်ရေး၊ တိုင်းရင်းသားအဖွဲ့တွေနဲ့ ပြန်လည်သင့်မြတ်ရေး၊ လူ့အခွင့်အရေး ပြဿနာတွေဖြေရှင်းရေး စတာတွေ ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့ပြင် ရခိုင်ပြည်နယ်က မွတ်စလင်တွေကိစ္စ၊ ၀ှိုက်ကဒ် ခေါ် ယာယီသက်သေခံကတ်ပြား ကိစ္စတွေအပြင်၊ ဒီနှစ် အတွင်း ဆန္ဒပြပွဲတွေကို အင်အားသုံးဖြိုခွဲခဲ့တဲ့ကိစ္စတွေအပေါ် အမေရိကန်ပြည်ထောင်စုက စိုးရိမ်ကြောင်းလည်း ဝန်ကြီး Antony Blinken က ပြောဆိုခဲ့ပြီး၊ ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်ဖြိုခွဲခဲ့တာတွေအတွက် လွတ်လပ်ပွင့်လင်းတဲ့ စုံစမ်းစစ်ဆေးမှုတွေဆောင်ရွက်ဖို့ တိုက်တွန်းလိုက်ပါတယ်။

သမ္မတ အိုဘားမားရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ ဒုတိယအကြံပေး Benjamin Rhodes ကလည်း လူနည်းစုဘာသာဝင်တွေ အပါအ၀င် ပြည်သူအားလုံးရဲ့ တန်းတူအခွင့်အရေးကို ကာကွယ်စောင့်ရှောက်ဖို့ လိုအပ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း လူသားအဖြစ် ရပ်တည်မှုဆိုင်ရာ အကြပ်အတည်းတွေနဲ့ ရင်ဆိုင် နေရသူတွေရဲ့ စားဝတ်နေရေး အခြေအနေတွေ တိုးတက်ကောင်းမွန်လာစေရပါမယ်ဆိုတဲ့ အစိုးရရဲ့ ကတိက၀တ်အတိုင်း အမြန်ဆောင်ရွက်ဖို့လိုအပ်ကြောင်း သူရဦးရွှေမန်းနဲ့ တွေ့ဆုံစဉ်မှာ ပြောဆိုခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese

 မြန်မာနိုင်ငံမှာ လူငယ်တွေအတွက် အလုပ်အကိုင် ဖန်တီးပေးဖို့ဆိုရင် အစိုးရနဲ့ စီးပွားရေး အသိုင်းအ၀ိုင်း အပါအ၀င် အဘက်ဘက်က ပူးပေါင်း ပါဝင် ဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းတဦးဖြစ်တဲ့ Serge Pun က ပြောကြားလိုက်ပါတယ်။

အင်္ဂါနေ့က ၀ါရှင်တန် ဒီစီမြို့တော်မှာရှိတဲ့ CSIS - နိုင်ငံတကာ မဟာဗျူဟာလေ့လာရေး တတ်သိပညာရှင်များအဖွဲ့ ပြုလုပ်တဲ့ ဟောပြောပွဲ အပြီး ဗွီအိုအေနဲ့ သီးသန့်ပြုလုပ်တဲ့ တွေ့ဆုံ မေးမြန်းခန်းအတွင်း အဲဒီလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ တွေ့ဆုံ မေးမြန်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

Serge Pun & Associates စီးပွားရေးလုပ်ငန်းအဖွဲ့ကြီးရဲ့ အကြီးအကဲ Serge Pun ဟာ မြန်မာနိုင်ငံမှာ အောင်မြင်နေတဲ့ ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်တဦး ဖြစ်ပါတယ်။ သူ အမေရိကန်နိုင်ငံကို ရောက်ရှိနေစဉ် ၀ါရှင်တန်ဒီစီမြို့အခြေစိုက် CSIS - နိုင်ငံတကာ မဟာဗျူဟာလေ့လာရေး တတ်သိပညာရှင်များအဖွဲ့က သူ့ကိုဖိတ်ကြားပြီး မြန်မာနိုင်ငံအတွင်းက စီးပွားရေးနဲ့ နိုင်ငံရေး အခြေအနေတွေအကြောင်း ဆွေးနွေးပွဲတခု ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။

တိုင်းပြည်တခုရဲ့ စီးပွားရေး တိုးတက် အောင်မြင်ရေးမှာ အဓိက သော့ချက်ဖြစ်တဲ့ လူငယ်တွေကို အလုပ်အကိုင် ဖန်တီးပေးရေး အခြေအနေနဲ့ ပတ်သက်လို့ မေးမြန်းတဲ့အခါ သူက - အဲဒီကိစ္စအတွက် အားလုံးက ၀ိုင်းဝန်း လုပ်ဆောင်ကြရမှာ ဖြစ်တယ်လို့ အခုလို ပြောပြပါတယ်။

“အဲဒီအောင်မြင်မှုကတော့ အဘက်ဘက်ဆိုင်ရာ အကုန်လုံး ပူးပေါင်းပြီးတော့ အစိုးရဘက်ကနေ job creation ပေါ့နော် အလုပ်ဖော်ပေးတဲ့ လိုအပ်ချက်တွေအကုန်လုံး ပြည့်ပြည့်စုံစုံ အမြန်ဆုံးနည်းနဲ့ ဖော်ပေးဖို့လိုတယ်။ ဒီဘက်ကလည်း အလုပ်သမားတွေရဲ့ အရည်အသွေး၊ လုပ်နိုင်ကိုင်နိုင်တဲ့ အရည်အသွေးတွေ အမြန်ဆုံး မြင့်မားဖို့ လိုအပ်တယ်။ မဟုတ်လို့ရှိရင်လည်း အလုပ်ရှိပေမဲ့ လုပ်တဲ့သူမရှိတာ။ Skill Labor ပေါ့နော် မလုံလောက်တာ ဒါကလည်း ပြဿနာပဲ။ ဆိုတော့ အဲဒီဟာ ကြိုးစားရမယ်ဆိုလို့ရှိရင် အဘက်ဘက်ဆိုင်ရာ ကြိုးစားဖို့လိုတယ်။ တစ်ယောက်၊ နှစ်ယောက်နဲ့ တဘက်တည်းနဲ့လည်း ဖြစ်မှာမဟုတ်ဘူး။ ဒါပေမဲ့ investment climate ဒီ ရင်းနှီးမြှုပ်နှံမှု ရာသီဥတုတခုလုံးက ကောင်းရမယ်။ အစိုးရက မှန်ကန်ရမယ်။ ဒီဒီ မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်ရမယ်။ အလုပ်သမားတွေကလည်း ကြိုးစားရမယ်။ အဲဒီလိုဆိုရင်တော့ ဖြစ်သွားမှာပါ။”

လူငယ်တွေအတွက် အလုပ်အကိုင် ဖန်တီးတဲ့နေရာမှာလည်း ကိုယ့်ပြည်တွင်းမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေကနေ ဖန်တီးပေးနိုင်သလို နိုင်ငံခြားက တိုက်ရိုက် လာရောက် ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီတွေကလည်း ဖန်တီးပေးနိုင်ပါတယ်။ FDI – Foreign Direct Investment လို့ခေါ်တဲ့ နိုင်ငံခြားက တိုက်ရိုက် လာရောက်ရင်းနှီးမြှုပ်တဲ့ ကုမ္ပဏီတွေ မြန်မာနိုင်ငံကို ၀င်လာနိုင်ရေးအတွက် အစိုးရက ကြိုဆိုနေသလို လက်ရှိ ဥပဒေတွေအရလည်း နိုင်ငံခြားကုမ္ပဏီတွေကို အကာကွယ် ပေးထားတာတွေ ရှိပေမဲ့ အုပ်ချုပ်ရေးပိုင်ဆိုင်ရာ အဆင့်ဆင့်ကို ကျော်လွှား လုပ်ဆောင်နေရတဲ့အတွက် လိုအပ်တာထက် အချိန်ပိုကုန်တာတွေ ဖြစ်နေတယ်လို့ Serge Pun က ထောက်ပြပါတယ်။

“ပြဿနာရှိတာကိုက တစ်က capacity ပေါ့နော် နိုင်ငံခြားကနေလာတဲ့ ကုမ္ပဏီတွေ အကယ်၍ မြန်မာပြည်မှာ တခုလုပ်ချင်လို့ရှိရင် သူတို့လုပ်ရတဲ့ ကျော်လွှားရတဲ့ တဆင့်တဆင့်တဆင့် ကျော်လွှားရတဲ့ application တွေရော၊ နားလည်မှုတွေရော တော်တော်များနေတယ်။ များတော့ အချိန်က အများကြီးလိုတယ်။ ဥပမာ - MIC ဆိုလို့ရှိရင်လည်း အင်မတန် ကြိုးစားတာ။ အစည်းအဝေးဆိုရင်လည်း တနေကုန်ပဲနော်။ နောက်ပြီးတော့ ကိစ္စတွေလည်း အများကြီးပဲ။ ဒါပေမဲ့ MIC လူ မလောက်ဘူး။ ဆိုတော့ တော်တော်များများ တာဝန်တွေပေါ့နော် ဖြစ်သာဖြစ်ပြီးတော့ အချိန်က အများကြီး ပိုလိုတယ်။”

မေး။             ။ အုပ်ချုပ်ရေးယန္တရားကြောင့်လား။ အရင်ရှိခဲ့တဲ့ ယန္တရားကြောင့်လား။

ဖြေ။              ။ “ကျနော်ထင်တာတော့ အုပ်ချုပ်ရေးယန္တရားက အဓိကပါပဲ။ MIC ကို လုံလောက်တဲ့ ဘတ်ဂျက်၊ လုံလောက်တဲ့ ဒီ capacity ပေါ့နော် human capacity, expertise capacity ဖြည့်စွက်မပေးတော့ နည်းနည်းတော့ နှောင့်နှေးမှာပေါ့နော်။”

မြန်မာနိုင်ငံက တခြား ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်တွေလို သူ့အနေနဲ့ ဘာကြောင့် Crony လို့ အခေါ်မခံရသလဲလို့ ဗွီအိုအေက မေးတဲ့အခါ - သူက စစ်အစိုးရလက်ထက်က ဗိုလ်ချုပ်ကြီးတွေနဲ့ ရင်းနှီးတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေသာ မျက်နှာသာရပြီး စီးပွားရေးလုပ်ကိုင်ခွင့် အခွင့်အလမ်းတွေ ရခဲ့ပေမဲ့ သူကတော့ သမာသမတ်ကျတဲ့နည်းနဲ့ပဲ စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်ခဲ့တဲ့အတွက် သူနဲ့ ခေတ်ပြိုင် စီးပွားရေးလုပ်ငန်းရှင်တွေလို Crony ဆိုတဲ့ နာမည်ဆိုးကို အတပ်မခံရတာ ဖြစ်နိုင်ကြောင်း ပြန်လည် ဖြေကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ၁၉၆၅ ခုနှစ် ၁၂ နှစ်သားအရွယ်က တရုတ်နိုင်ငံ ဘေဂျင်းမြို့ကို ထွက်ပြေးသွားခဲ့ပြီး၊ ၁၉၇၃ ခုနှစ်မှာ ဟောင်ကောင်ကျွန်းကို ထပ်မံ ပြောင်းရွေ့ နေထိုင်ခဲ့တာ ဖြစ်ပါတယ်။ ၁၉၉၁ ခုနှစ် စစ်အစိုးရလက်ထက်က မြန်မာနိုင်ငံကို ပြန်သွားပြီး စီးပွားရေး လုပ်ငန်းတွေ စတင် လုပ်ကိုင်ခဲ့တာမှာ လက်ရှိအချိန်မှာ မြန်မာနိုင်ငံမှာရှိတဲ့ ထိပ်တန်း  စီးပွားရေးလုပ်ငန်းရှင်ကြီးတွေထဲမှာ တဦး အပါအ၀င် ဖြစ်ပါတယ်။ Serge Pun အနေနဲ့ ရိုးမဘဏ်အပါအ၀င် စီးပွားရေးလုပ်ငန်းကြီးပေါင်း (၈) ခုနဲ့ လုပ်ငန်းခွဲပေါင်း ၄၂ ခုလောက်ကို ဦးဆောင် လုပ်ကိုင်နေသူ ဖြစ်ပါတယ်။

Forbes အာရှ စီးပွားရေးမဂ္ဂဇင်းကြီးက ၂၀၁၃ ခုနှစ် သြဂုတ်လမှာ ကောက်ယူခဲ့တဲ့ စစ်တမ်းအရ Serge Pun ဟာ စင်္ကာပူနိုင်ငံရဲ့ အချမ်းသာဆုံး လူ ၅၀ စာရှင်းထဲမှာ အဆင့် ၃၈ ရှိတယ်လို့ ဖော်ပြထားပြီး သူ့ရဲ့ ချမ်းသာ ကြွယ်ဝမှုကတော့ အမေရိကန်ဒေါ်လာ သန်း ၅၀၀ လောက် ရှိတယ်လို့ ဆိုပါတယ်။

ကိုဇော်ဝင်းလှိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

နီပေါငလျင်ကြောင့် သေဆုံးသူ ၇၅၆၆ ယောက် အထိ အတည်ပြုနိုင်ပြီလို့ ပြည်ထဲရေး ၀န်ကြီးဌာနက သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်၊

ဒီထဲက ၇၃၆၉ လောင်းကို သက်ဆိုင်ရာ မိဘဆွေမျိုးတွေ လက်ထဲကို ပြန်အပ်လိုက်ပြီလို့ အစိုးရပြည်ထဲရေး ဌာန ပြောခွင့်ရသူက ခတ်တမန်ဒူမြို့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဒီထဲမှာ နိုင်ငံခြားသား အလောင်း ၅၈ လောင်းလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ရာသီဥတုဆိုးတာကြောင့်ဝေလံခေါင်ဖျား ဒေသတွင်နဲ့ ဆက်သွယ်ရေး ပြတ်တောက်နေပြီး အစွန်အဖျား ဒေသက ရွာဒါဇင်နဲ့ ချီပြီး နှင်းပြိုတဲ့ ဒဏ်ကို ခံနေရနိုင်တယ်လို့ ပြောပါတယ်။

ဧပြီ ၂၅ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ဒဏ်ရာရသူ ၁၄၅၀၀ ကျော်တယ်လို့လည်း အစိုးရက ဆိုပါတယ်။

ပြီးခဲ့တဲ့ စနေနဲ့ တနင်္ဂနွေနေ့တို့မှာလည်း မြို့တော် ကက်သမန်ဒူကနေ မြောက်ဘက် ၃၇ မိုင်အကွာမှာရှိတဲ့ လန်တန် ရွာမှာ နောက်ထပ် အလောင်း ၁၀၀ လောက်ကို တွေ့ရှိခဲ့ပါတယ်။

အဲဒီရွာဟာ အနောက်တိုင်းသား တောင်တက်သမားတွေ ဖြတ်သန်းရာ လမ်းကြောင်းပေါ်မှာ တည်ရှိပါတယ်။

ရွာမှာ ရှိတဲ့ တည်းခိုခန်း ၅၅ လုံးအပြင် တရွာလုံး နှင်းပြိုတဲ့ ဒဏ်ကို ခံခဲ့ရပြီး နှင်းထုအောက်မှာ ပိတ်မိနေတဲ့ အလောင်း ၁၂၀ နောက် ကျန်နေနိုင်သေးတယ်လို့ အာဏာပိုင်တွေက ယုံကြည်နေကြပါတယ်။

ကယ်ဆယ်ရေး လုပ်ငန်းတွေကို နီပေါနိုင်ငံ တချို့ ဒေသတွေမှာ အရှိန်လျှော့ချလိုက်ပေမယ့် လန်တန် ဒေသမှာတော့ တောင်တက်သမားတွေ တနေရာရာမှာ ပိတ်မိနေနိုင်တယ်လို့ ယူဆပြီး ရှာဖွေရေးတွေ ဆက်လုပ်နေပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/91786


အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ NCCT ခေါ် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးညှိနှိုင်းမှုအဖွဲ့ NCCT အဖွဲ့ဝင်တွေဖြစ်ကြတဲ့ MNDAA ကိုးကန့်တပ်ဖွဲ့ ၊ AA ရက္ခိုင့်တပ်မတော်နဲ့ TNLA တအာင်းတပ်ဖွဲ့တို့က နှုတ်ထွက်ခွင့်ပြုဖို့ NCCT ကို တင်ပြခဲ့တယ်လို့ သိရပါတယ်။

UWSA ၀တပ်ဖွဲ့ ဌာနချုပ်မှာကျင်းပနေတဲ့ ညီလာခံမှာ အဲဒီအဖွဲ့ ၃ ဖွဲ့က မနေ့က တင်ပြခဲ့ကြတာပါ။

မိမိတို့အဖွဲ့အစည်းတွေကို အစိုးရက အသိအမှတ်မပြုတဲ့ အတွက် NCCT ကနေ နှုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်ရ တာလို့ ရက္ခိုင့်တပ်မတော် AA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီးဒေါက်တာညိုထွန်းအောင်က RFA ကို ပြောပါတယ်။

"ကျနော်တို့ NCCT က နှုတ်ထွက်တယ်ဆိုတဲ့ဟာက သူ့အခြေအနေနဲ့သူပေါ့နော်၊ ပန်ဆန်းညီလာခံ အစည်းအဝေးကိုကျတော့ ကျနော်တို့အဖွဲ့အစည်းတွေကို အစိုးရကနေပြီးတော့ မဖိတ်နဲ့ဆိုပြီးပြောတာရှိတယ်၊ တခြားတစ်ဖက်မှာ နိုင်ငံရေးအရပေါ့နော် အစိုးရက ကျနော်တို့ကို အသိအမှတ်မပြုတဲ့ အခြေအနေပေါ်မှာ အသိအမှတ်ပြုအောင် လုပ်တာတော့မဟုတ်ဘူး၊ ပြီးရင် ကိုယ့်ရဲ့နိုင်ငံရေးအခြေအနေ နောက်တစ်ဆင့် ထပ်မြှင့်ဖို့ပေါ့နော်"

တိုင်းရင်းသားလက်နက်ကိုင် ၃ဖွဲ့ရဲ့ နှုတ်ထွက်ဖို့ တင်ပြချက်ကို လက်ရှိကျင်းပနေတဲ့ ညီလာခံအပြီးမှာ ဆုံးဖြတ်မယ်လို့ သိရပါတယ်။

RFA

ဂျပန်ရဲ့ ALOS-2 ဆက်တလိုက် ဓာတ်ပုံ (Credit: ABC licensed) 
 ဆက်တလိုက် ​ဓာတ်ပုံတွေအရ ​နီပေါနိုင်ငံ ​Katmandu ​မြို့အနားမှာ ​မြေကြီးတွေ ​၁.၃၇ ​မီတာလောက်သာ ​ကျွံကျသွားတဲ့အတွက် ​နောက်ဆက်တွဲ ​ငလျင်အရှိန်တွေ ​မကုန်သေးမှာကို ​ပညာရှင်တွေက ​စိုးရိမ်နေကြပါတယ်။

လူပေါင်း ​ထောင်နဲ့ချီ ​သေဆုံးခဲ့ရတဲ့ ​ငလျင်ရဲ့ ​အရှိန်က ​မသေလောက်သေးဘူးလို့ ​ပညာရှင်တွေက ​ယူဆနေကြတာပါ။

ဖေဖော်ဝါရီလ ​၂၁ ​ရက်ကနေ ​မေလ ​၁ ​ရက်နေ့အထိ ​နီပေါနိုင်ငံပေါ်ကို ​ဖြတ်ကျော်သွားတဲ့ ​ဂျပန်နိုင်ငံပိုင် ​ဆက်တလိုက် ​ဓာတ်ပုံတွေကို ​သြစတြေးလျနိုင်ငံ ​နယူးဆောက်သ်ဝေးလ် ​တက္ကသိုလ်က ​ပညာရှင်တွေက ​လေ့လာခဲ့ပါတယ်။

နီပေါငလျင်က ​ဧပြီလ ​၂၅ ​ရက်နေ့မှာ ​လှုတ်ခတ်ခဲ့တာပါ။

ငလျင်ကြောင့် ​မြေကျွံကျမှုတွေ ​ဖြစ်ပေါ်တာကို ​တွေ့ခဲ့ရပြီး ​ငလျင်ဗဟိုပြု ​လှုပ်ခတ်ခဲ့တဲ့ ​ဒေသမှာ ​ဖြစ်ပွားတာ ​မဟုတ်ပဲ ​မြို့တော် ​Kathmandu ​အနောက်ဘက် ​ကီလိုမီတာ ​၈၀ ​အကွာလောက်မှာ ​ဖြစ်ပွားခဲ့တာကို ​တွေ့ခဲ့ရပါတယ်။

မြေကြီးက ​ထင်ထားသလောက် ​မပျက်စီးတဲ့အတွက် ​ဒီထက်မကတဲ့ ​နောက်ဆက်တွဲ ​ငလျင် ​လှုတ်ခတ်မလားဆိုပြီး ​စိုးရိမ်နေကြပါတယ်။

ပုံမှန်အားဖြင့် ​မြေကြီးတွေ ​ဒီထက် ​ပျက်စီးရမှာ ​ဖြစ်ပေမယ့် ​အခုအခြေအနေအရ ​ငလျင် ​အရှိန်က ​မကုန်သေးဘူးလား ​ဆိုတာမျိုး ​သုံးသပ်ရမလို ​ဖြစ်နေပြီလို့ ​တွဲဘက်ပါမောက္ခ ​Linlin ​Ge ​က ​ပြောပါတယ်။

၂၀၀၈ ​ခုနှစ်တုန်းက ​တရုတ်နိုင်ငံ ​Sichuan ​ပြည်နယ်မှာ ​ဖြစ်ခဲ့တဲ့ ​ပြင်းအား ​၈ ​ရှိတဲ့ ​ငလျင်တုန်းကဆိုရင် ​မြေကျွံကျမှု ​၆.၇ ​မီတာ ​အထိတောင် ​ရှိခဲ့ပြီး ​နောက်ဆက်တွဲ ​ငလျင် ​အကြိမ်ပေါင်း ​ရာနဲ့ချီ ​လှုတ်ခတ်ခဲ့တယ်လို့ ​ဆိုပါတယ်။

နီပေါငလျင်လောက် ​အင်အားပြင်းတဲ့ ​၁၉၀၆ ​မှာ ​လှုပ်ခတ်တဲ့ ​ဆန်ဖရန်စ္စကို ​မြေငလျင်တုန်းကလည်း ​မြေကျွံမှု ​၄.၅ ​မီတာလောက် ​ဖြစ်ပေါ်ခဲ့ပါတယ်။

ဒါပေမဲ့ ​နီပေါငလျင်မှာ ​မြေအပြောင်းအလဲက ​၁ ​မီတာပဲ ​ရှိတဲ့အပေါ် ​အံ့အားသင့်နေကြတာဖြစ်ပြီး ​နောက်ဆက်တွဲ ​ငလျင်ရဲ့ ​ပြင်းအားကို ​ခန့်မှန်းရ ​ခက်နေကြတာ ​ဖြစ်ပါတယ်။

အိန္ဒိယနဲ့ ​ယူအေးရှား ​ငလျင်ကြော ​တလျှောက်မှာ ​ငလျင်လှုတ်ခတ်မှုတွေ ​ဖြစ်ပေါ်ရင် ​စိတ်သက်သာ ​စရာ ​ရှိပေမယ့် ​နောက်ဆက်တွဲ ​ငလျင်တွေ ​ပျောက်ဆုံးနေတာကြောင့် ​စိတ်မသက်မသာ ​ဖြစ်နေကြပါတယ်။

ငလျင်ကြော ​တလျှောက်မှာ ​နောက်ဆက်တွဲ ​ငလျင် ​အခုပေါင်း ​ရာနဲ့ချီ ​လှုတ်ခတ်ရမှာ ​ဖြစ်ပေမယ့် ​ဒါဇင်နဲ့ချီသာ ​နောက်ဆက်တွဲအနေနဲ့ ​လှုပ်ခတ်ခဲ့တာကြောင့် ​ငလျင်ရဲ့ ​အားက ​ကုန်ပြီလား ​မကုန်သေးဘူးလားဆိုတာကို ​ခန့်မှန်းရ ​ခက်တယ်လို့ ​ပြောနေတာ ​ဖြစ်ပါတယ်။

By Kate Higgins
ABC Radio Australia
http://www.radioaustralia.net.au/burmese

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံ။ (မတ် ၇၊ ၂၀၁၄)
 ကရင်ပြည်နယ် တောင်ငူခရိုင် တောင်ငူမြို့ရဲ့ အရှေ့ဘက်ခြမ်း KNU တပ်မဟာ ၂ ထိန်းချုပ်ရာ နယ်မြေထဲကို မြန်မာစစ်တပ်ဘက် က လေယာဉ်နဲ့ဗုံးကြဲမှု တတိယ အကြိမ်အဖြစ် ဆက်လုပ်ခဲ့ပါတယ်။

ဒီအတွက် ဆိပ်ဖူး၊ မြောက်ချောင်း၊ ဟန်သို စတဲ့ ကျေးရွာတွေ အပါအ၀င် ကျေးရွာ ၁၀ ရွာခန့်က ရွာသားတွေဟာ တောင်ယာတွေမှာ မလုပ်ကိုင်ရဲတော့ဘဲ တိမ်းရှောင်နေထိုင်နေရပြီး မြန်မာအစိုးရနဲ့ KNU ကြားက အပစ်အခပ်ရပ်စဲရေးကို သံသယရှိလာကြပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် တောင်ငူခရိုင်တွင်းမှာတော့ မြန်မာစစ်တပ်ဘက်က ၃ ကြိမ်မြောက်အဖြစ် မေလ ၅ ရက်နေ့မှာ လေယာဉ်နဲ့ ဗုံးကြဲမှုတွေ ဆက်လုပ်ခဲ့ပါတယ်။ ဒီအတွက် ရွာသားတွေအနေနဲ့ စိုးရိမ်မကင်းဖြစ်ကြပြီး အပစ်အခပ်ရပ်စဲရေးအပေါ် သံသယရှိလာတယ်လို့ KNU တပ်မဟာ ၂ တောင်ငူခရိုင်ဥက္ကဌ ဖဒိုစောအယ်ဝါး က ပြောပါတယ်။

“ဒီမနက်ဖြစ်တာက ၁၀ နာရီ မိနစ် ၄၀ နော်။ ၂ လုံးလို့ ကျနော့်တော့ လှမ်းပြောလိုက်တယ်။ အသံ ၂ ချက်မြည်တယ်ပေါ့လေ။ ရွာသားတော့ အထိတ်တလန့် ဖြစ်တာပေါ့။ အခုဆိုရင် ကျီးလန့်စာစားသလို ဖြစ်နေတယ်ပေါ့။ တချို့ဆိုရင်လည်း တောင်ယာတော မသွားရဲတော့ဘူးဆိုတဲ့ အနေအထား ဖြစ်နေကြတယ်ပေါ့။ အခုပြောနေတဲ့ ဖြစ်စဉ်ဖြစ်တဲ့နေရာကတော့ ရွာပေါင်း ၁၀ ရွာနီးပါး ရှိနေပြီ။ တလုံးနဲ့တလုံး ကျတဲ့နေရာကလည်း ဆက်စပ်မှုရှိတယ်လေ။ ဆက်စပ်မှုရှိတော့ အဲဒီရွာစဉ်တလျှောက်ရှိတဲ့ ပြည်သူတွေဆိုရင် ပိုပြီးတော့ စိုးရိမ်ရတာပေါ့။ နောက်ပြီးတော့ မကျသေးတဲ့နေရာတွေ ပြည်သူတွေလည်း အနေအထားမျိုးမှာ ဒီလိုအပစ်အခတ်ရပ်စဲရေး လုပ်ထားတဲ့အချိန်အခါမှာ ဒီလိုမျိုးလုပ်တယ်ဆိုတော့ တခြားဒေသလည်း အဲဒီလို အထိတ်တလန့်ဖြစ်ကြတာပေါ့။ ကျီးလန့်စာစားနေရတာပေါ့။ ဒီလို အပစ်အခတ်ရပ်စဲရေး လုပ်ထားတဲ့အခါမှာ သူတို့နေရာမှာ စစ်ဖြစ်တဲ့ကာလတောင်မှ ဒီလိုလေယာဉ်နဲ့ လာပြီးတော့ ပစ်တာခတ်တာတွေ၊ ဗုံးကြဲတာတွေမဖြစ်ဘဲနဲ့ ဒီလို အပစ်အခတ်ရပ်စဲရေး လုပ်တဲ့အချိန်မှာ ဒီလိုဖြစ်တယ်ဆိုတော့ ပိုပြီးတော့ သံသယဖြစ်တာပေါ့။ ရွာသားတွေကတော့ ဟိုမေးဒီမေး သံသယအမေးနဲ့ မေးနေကြတာပေါ့။ ကျနော်တို့လည်း အဲဒီအပေါ်မှာ ဖြေရတော်တော်လေး ခက်ပါတယ်။”

ပြီးခဲ့တဲ့ ဧပြီလ ၂၉ ရက်နေ့နဲ့ ၃၀ ရက်နေ့တွေမှာလည်း ၂ ရက်အတွင်း ၃ ကြိမ် ဗုံးကြဲခဲ့ပါတယ်။ ဒါဟာ KNU တပ်သားတွေကို ခြိမ်းခြောက်မှုအဖြစ် ရှုမြင်တယ်လို့ KNU တပ်မဟာ ၂ က တာဝန်ရှိသူတဦးဖြစ်တဲ့ စောတာမလာထူးကလည်း ပြောပါတယ်။

“ကျနော့်အမြင်ကတော့ အဲလိုခြိမ်းခြောက်လိုတဲ့ သဘောမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဘာဖြစ်လဲဆိုရင် ကျနော်တို့ဌာနချုပ်နဲ့ တော်တော်လေး နီးကပ်တဲ့နေရာမှာ ကျရောက်တယ်။”

ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ အစိုးရဘက်ကို အကြောင်းကြားခဲ့ပေမဲ့ စစ်ရေးလေ့ကျင့်တယ်ဆိုတာကိုသာ သိရှိရတယ်လို့ KNU ဘက်က ဆိုပါတယ်။ ဒါပေမဲ့ ဒီလိုလက်နက်ကြီးတွေ ဗုံးတွေ   ဘယ်အချိန်ကျရောက်မလဲဆိုတာ ဒေသခံတွေကို အသိပေးအကြောင်းကြားခြင်း မရှိတဲ့အတွက် ဒေသခံတွေဘက်က ကျီးလန့်စာစားနေရတဲ့အဖြစ်ကို ရင်ဆိုင်နေရတယ်လို့ တပ်မဟာ ၂ က တာဝန်ရှိသူတွေက ဆိုပါတယ်။

ပြည်တွင်းကလုပ်တဲ့ အစည်းဝေးတခုမှာတော့ ဗုံးကြဲမှုနဲ့ပတ်သက်လို့ မေးမြန်းခဲ့ရာမှာ ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်ရေး ကော်မတီ (UPWC) က ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက စစ်ရေးလေ့ကျင့်တာ မှန်ကန်ကြောင်း ပြောဆိုသွားတယ်လို့ KNU ကရင်အမျိုးသားအစည်းအရုံးရဲ့ တွဲဘက်အတွင်းရေးမှူး ၁ ဖဒိုသောသီ ကတော့ ဆိုပါတယ်။

“ပဲခူး UPC လေ ကရင်အမျိုးသားစည်းလုံးညီညွတ်ရေးပွဲ ပြည်တွင်းကနေ ကျင်းပတာကို ဦးအောင်မင်းကသွားတော့ ဆရာကျော်စွာက မေးမြန်းလိုက်တယ်လေ။     အခုလိုမျိုး NCA တို့ ဆောင်ရွက်တဲ့ကိစ္စ နောက်ကွယ်မှာ ဒီလိုမျိုး လေယာဉ်ဗုံးကြဲတာဟာ ကရင်တွေအတွက် ဘယ်လောက် အာမခံချက် ရနိုင်မလဲ၊ ပေးနိုင်မလဲ ဆိုတဲ့ဟာ ပါလာတာကိုး။ ဖြစ်ဖြစ်ချင်းပဲ သတင်းရရချင်းပဲ သမ္မတကြီးဆီကို သူ ဖုန်းဆက်တယ်။ တပ်ကို သူမေးကြည့်တယ်။ ဒါကတော့ ဟုတ်ပါတယ်တဲ့။ သက်သက် တမင် ရည်ရွယ်ပြီးတော့ ပစ်တာတော့ မဟုတ်ပါဘူးလို့။ စစ်ရေးလေ့ကျင့်ရင်းနဲ့ ပစ်ချတာတော့ မှန်ပါတယ်လို့ ၀န်ခံလိုက်တယ်လေ။ ဒါပေမဲ့ အဲဒီနေရာကို စစ်ရေးလေ့ကျင့်ရလောက်အောင်လည်း အဲဒီနေရာတွေက မဖြစ်သင့်ဘူးလေ။”

ဧပြီလ ၂၉ ရက်နေ့တဲ့ ၃၀ ရက်နေ့တွေမှာ တပ်မဟာ ၂ ထိန်းချုပ်ရာနယ်မြေထဲကို စတင်ပြီး လေယာဉ်နဲ့ ဗုံးကြဲတာနဲ့ပတ်သက်လို့ KNU ဘက်က တာဝန်ရှိသူတွေက မြန်မာအစိုးရဘက်က တာဝန်ရှိသူတွေကို စာပို့ပြီး အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန် ထုတ်ပြန်ရေးအဖွဲ့ကတော့ သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။ KNU ဟာ မြန်မာအစိုးရနဲ့ နှစ်ပေါင်း ၆၀ ကျော် လက်နက်ကိုင်တိုက်ခဲ့ပြီး ၂၀၁၂ ခုနှစ်ထဲမှာ အပစ်အခပ်ရပ်စဲခဲ့ပါတယ်။

မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

 မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်က ကေအိုင်အို နည်းပညာ အကြံပေး အလုပ်အဖွဲ့ရုံးမှာ ဧပြီလ ၂၇ ရက်နေ့ကပြုလုပ်တဲ့ ပဋိပက္ခညှိနှိုင်း ဖြေရှင်းရေးအဖွဲ့ အစည်းအဝေးမှာ အစိုးရ နဲ့ ကေအိုင်အို နှစ်ဖက်ကိုယ်စားလှယ် တွေကို တွေ့ရစဉ်။ Photo: Kyaw Myo Min/RFA
ကချင်ပြည်နယ် တနိုင်းနဲ့ ဖားကန့်မြို့နယ်က တိုက်ပွဲဖြစ် ပွားတဲ့နေရာတွေကို အစိုးရနဲ့ ကေအိုင်အို ကိုယ်စား လှယ်တွေပါဝင်တဲ့ ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့က ကွင်းဆင်းလေ့လာဖို့ သဘောတူခဲ့ပေမယ့် အစိုးရ တပ်မတော်ဘက်က မလိုက်နိုင်တော့ကြောင်း မနေ့က အကြောင်းကြားထားတယ်လို့ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့က ပြောပါတယ်။

ပဋိပက္ခဖြစ်ပွားရာနေရာတွေကို တပ်ကိုယ်စားလှယ်တွေ မလိုက်နိုင်တော့တာကြောင့် ကွင်းဆင်းလေ့လာမယ့် အစီအစဉ် ပျက်သွားတယ်လို့ မြစ်ကြီးနားမြို့အခြေစိုက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က ဦးလမိုင်ဂွမ်ဂျာ က ပြောပါတယ်။

ဖားကန့်နဲ့ တနိုင်းမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်ကနေ ၂၁ ရက်နေ့အထိ အစိုးရနဲ့ကေအိုင်အို တပ်တွေ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။

အဲဒီ့တိုက်ပွဲတွေကြောင့် နှစ်ဘက်ကိုယ်စားလှယ်တွေပါဝင်တဲ့ ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့က အရေးပေါ်အစည်းအဝေးကျင်းပပြီး တိုက်ပွဲဖြစ်ပွားရာနေရာတွေကို သွားရောက်လေ့လာဖို့ ကတိပြုသဘောတူညီခဲ့ကြတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းတို့ ကုလသမဂ္ဂရုံးချုပ်တွင် တွေ့ဆုံစဉ်။ (ဇွန် ၁၄၊ ၂၀၁၃)
 မြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ဆက်လက် ဆောင်ရွက်သွားဖို့အပြင် နိုင်ငံရေး၊ လူ့အခွင့်အရေး အခြေအနေတွေ ဆက်လက် တိုးတက်အောင် ဆောင်ရွက်သွားဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကို တိုက်တွန်းခဲ့ပါတယ်။

နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်မှာ သူရဦးရွှေမန်းကို အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက အင်္ဂါနေ့က တွေ့ဆုံခဲ့ပြီးနောက် ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ဒီမိုကရေစီ အသွင်ပြောင်းနေတဲ့ မြန်မာနိုင်ငံမှာ လွှတ်တော်ဟာ အရေးကြီးတဲ့အခန်းမှာ ရှိနေတဲ့အကြောင်း အတွင်းရေးမှူးချုပ် Ban Ki-moon နဲ့ သူရဦးရွှေမန်းတို့ ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေး၊ အများလက်ခံနိုင်တဲ့ ရွေးကောက်ပွဲတွေ ဖြစ်လာရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲတွေကနေ တိုးတက်မှုတွေ ရှိလာစေရေးနဲ့ လူမှုအသိုင်းအဝိုင်း အားလုံးပါတဲ့ လူ့ဘောင်တခုဖြစ်ဖို့ လူ့အခွင့်အရေးကို အကာအကွယ်ပေးရေး ကိစ္စတွေကို ဆက်ပြီးလုပ်သွားဖို့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက သူရဦးရွှေမန်းကို တိုက်တွန်းခဲ့ပါတယ်။

လွှတ်တော်တွင်း ဥပဒေပြုရေးဆိုင်ရာ အချေအတင် ဆွေးနွေးကြတဲ့ ကိစ္စကိုလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတို့ ဆွေးနွေးခဲ့ကြပါတယ်။ မတ်လ ၃၁ ရက်နေ့တုန်းက ပြည်လုံးကျွတ် အပစ်အခတ်ရပ်ဆဲရေးဆိုင်ရာ မူကြမ်းကို သဘောတူနိုင်ခဲ့ကြတဲ့အပေါ်မှာ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကြိုဆိုခဲ့ပြီး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ရှေ့ဆက် တိုးတက်အောင်လို့ လွှတ်တော်ကနေ ထိရောက်တဲ့ ထိတွေ့ဆောင်ရွက်မှုတွေ လုပ်ဖို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကို တိုက်တွန်းခဲ့တယ်လို့ ကုလသမဂ္ဂက ကြေညာချက်ထုတ်ပြန်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

(၁)

သင်္ကြံန်ပြီးတဲ့ တစ်ရက်က..
ညီလိုခင်တဲ့ သူတစ်ယောက်ရဲ့
ရွာကို လိုက်သွားပါတယ်..
ရွှေဘိုဘက်ကရွာလေးတစ်ရွာပါ..

အဲဒီမှာ သုံးလေးရက်လောက်နေတယ်..
ရောက်ရောက်ချင်းညနေမှာ..
အဲဒီရွာနားမှာရှိတဲ့ မြစ်ကမ်းတစ်လျှောက်
စက်လှေစီးတယ်..

ပြန်လာတော့ ညဖက် အညာလက်ဖက်သုတ်စားရင်းနဲ့.
အဲဒီရွာက သူငယ်ချင်းအပါဝင်. ကောင်လေးတွေနဲ့
ဂစ်တာတီးတယ်..သီချင်းဆိုတယ်..၊
ပြီးတော့ အေးအေးဆေးဆေးစကားပြောကြတယ်..
သူငယ်ချင်းရဲ့ညီအစ်ကိုမောင်နှစ်မတွေနဲ့
ဆွေမျိုးမိန်းကလေးတစ်သိုက်လဲပါတယ်.။

ဟိုပြောဒီပြောနဲ့ ...
နိုင်ငံရေးအကြောင်းရောက်သွားတယ်..
"ရွေးကောက်ပွဲနီးလာပြီ..မင်းတို့တွေ
ဘယ်သူ့ကိုမဲပေးမှာလဲ.".လို့ စကြတော့
ကောင်မလေးတစ်ယောက်ကဖြေတယ်..

"ကျွန်မတို့ရွာက အမေစုမှအမေစုပဲတဲ့..
ဒါပေမဲ့ တစ်ချို့က ပြောကြတယ်"..တဲ့..
"အမေစုက ကုလားတွေဘက်လိုက်တယ်ပေါ့
သူသမ္မတဖြစ်ရင် ကုလားအားပေးဖြစ်မယ်ပေါ့..
အဲဒါကြောင့် လူတစ်ချို့ကတော့..
ဦးသိန်းစိန်ကိုပေးတော့မယ်ဖြစ်လာတယ်.."တဲ့

အဲဒါနဲ့ "မင်းတို့ကို ဘယ်သူက အဲဒီလိုပြောတာလဲ"ပေါ့..
"ဒီလိုပဲ"..တဲ့ "အပြင်မှာသတင်းတွေထွက်နေတယ်"..တဲ့.၊

ကျွန်တော် သက်ပြင်းချလိုက်တယ်..။

ရိုးသားတဲ့သူတို့ရဲ့ မျက်နှာလေးတွေနဲ့
ရိုးသားတဲ့အပြော..

ဘာသာရေးခံယူချက်ကောင်းတဲ့..
တောသူတောင်သားဓလေ့..

အဲဒီလိုဓလေ့ရှိတဲ့သူတွေကို..
ဘာသာရေးအသုံးချပြီး..အခွင့်ရေးယူလို့..၊
ကောလဟာလတွေဖြန့်နေသူတွေ..

ကျွန်တော် ဘာမှဆက်မပြောလိုက်တော့ဘူး..၊

------------------------------------

(၂)

နောက်တစ်နေ့ မနက်ပိုင်း အဲဒီအဖွဲ့တွေနဲ့...
လက်ဘက်ရည်သောက်ပြီး..
ရွာထဲလျှောက်လည်ကြတယ်..၊

ရွာလယ်ခေါင်ကစာသင်ကျောင်းဘေးကဖြတ်တယ်..၊
ကျောင်းကအသစ်ပြန်ဆောက်ထားပေမဲ့..
လက်ရာအရမ်းညံ့သလို..မိုးထားတဲ့အမိုးကအစ..
သွပ်တွေတစ်ခုနဲ့တစ်ခု ထိရုံပဲ..၊
ပြေးကန်ရင်တောင် အုတ်နံရံပေါက်သွားမဲ့ပုံ..၊
ကျောင်းတွေဖွင့်လို့ ကျောင်းသားတွေအပြည့်နဲ့..
စာသင်နေတဲ့အချိန်မှာ..လေပြင်းမတိုက်ပါစေနဲ့ ..လို့ပဲ..
ဆုတောင်းရမဲ့သဘော..၊

ကျွန်တော်ကမေးလိုက်တယ်..
"ကျောင်းကိုဘယ်ကဆောက်တာလဲ"..လို့..၊
"အစိုးရကကန်ထရိုက်လာဆောက်တာ"တဲ့..၊
"အဲဒီကန်ထရိုက်ကလဲ နာမည်ကြီးပဲ"တဲ့..
"တိုင်းအဆင့်လူကြီးတွေနဲ့ပက်သက်သူ"..တဲ့.၊
"ရွာဥက္ကဌနဲ့ ရွာခံလူကြီးတွေက ပြောတာလဲမရဘူး"တဲ့..၊

ကျွန်တော် သူတို့ကြားအောင်..
မသိမသာညည်းလိုက်တယ်..
"အမေစု ဆိုရင်.ဘယ်လိုလဲ"...လို့..

သူတို့ကလဲ ပြောတယ်..၊
"ဟုတ်တယ်..နော်..
အမေစုက ပညာတော်တော့..
ပညာရေးကို အားပးမှာနော်"..တဲ့..၊

ကျွန်တော်ကပြန်ပြောလိုက်တယ်..
"ပညာရေးစနစ်ကို အားပေးတာဟာ..
ပညာတတ်မှမဟုတ်ဘူး..၊
ကိုယ်ပညာမတတ်ပေမဲ့..ကိုယ့်လူတွေကို
ပညာတတ်ဖြစ်စေချင်ရင် အားပေးတာပါပဲ"..လို့
ပြီးတော့ "ပညာတတ်ဖြစ်တာထက်..
စနစ်ကျပြီး မှန်မှန်ကန်ကန်လုပ်တာကို..
အမေစုက..မြတ်နိုးတာ...."လို့..၊

အဲဒီမှာ ကောင်လေးတွေကောင်မလေးတွေ..
ခေါင်းထဲမှာ တစ်ခုခုကိုနားလည်သွားပုံတွေပဲ..၊

--------------------------------

(၃)

အဲဒါနဲ့ ဆက်လျှောက်လာတော့..
ရွာထိပ်မှာရှိတဲ့ ကားလမ်းခွဲကိုရောက်လာတယ်..

လမ်းခွဲက ထုံးစံအတိုင်း ချိုင့်တွေကျင်းတွေနဲ့..
စုတ်ပြတ်သတ်နေတယ်...၊
ကျွန်တော်တို့လာတုန်းက ကားကို ..
ဖြေးဖြေးလေးမောင်းရတဲ့လမ်း..၊

အဲဒီလမ်းကတော်တော်ဆိုးတယ်..လို့ပြောတော့..
ကောင်လေးတွေကပြောတယ်..
"ဆောက်လုပ်ရေးကန်ထရိုက်ဖေါက်တဲ့လမ်း"တဲ့..၊
"ခဏခဏပြင်ရတယ်.".တဲ့..၊

ကျွန်တော်က..
"ခဏခဏပြင်တာကိုက အဓိပ္ပါယ်မရှိဘူး..လို့
တစ်ခါဖေါက်ပြီးရင် ဘယ်နှစ်နှစ်ခံရမယ်..ဆိုတဲ့
အာမခံချက်မျိုးကို အစိုးရကပေးနိုင်ရမယ်၊
မပေးနိုင်ဘူး..လမ်းပျက်ပြီးဆိုတာနဲ့..
တာဝန်ရှိတဲ့သူကို အရေးယူပြီး..အစအဆုံး.
တာဝန်ခံပြီး အကောင်းဆုံးပြန်လုပ်ရတယ်..၊
ပြီးရင် အဲဒီလမ်းကို ဘယ်နှစ်နှစ်ခံမယ်ဆိုတာကို
ဒေသခံတွေကို ထပ်ပြီး အာမခံရတယ်..လို့၊
အဲဒီလို တာဝန်ယူ၊တာဝန်ခံတဲ့ အစိုးရမျိုး
ခေါင်းဆောင်မျိုးရှိမှ မင်းတို့လမ်းတွေဖြူးနေမှာ"..လို့၊

သူတို့ ကျွန်တော့ကို သဘောပေါက်စွာနဲ့ကြည့်တယ်..၊
ကျွန်တော်က ပြုံးပြီးကြည့်လိုက်တဲ့အချိန်မှာ..
သူတို့ပါးစပ်က..တစ်ပြိုင်နက်အသံထွက်လာတယ်..
" အမေစု " တဲ့..၊

-----------------------------------

(၄)

ဒီလိုနဲ့ ဆက်ပြီးဟိုပြောဒီပြောပြောရင်းနဲ့..
စစ်တွေဖြစ်နေတဲ့အကြောင်းတွေနဲ့..
ကိုးကန့် တိုက်ပွဲအတွေဘက်ရောက်သွားတယ်၊

တစ်ယောက်က စပြောတယ်..၊
စစ်သားလေးတွေသနားပါတယ်..တဲ့၊

ကျွန်တော်ကလဲပြန်ပြောတယ်..
"မှန်တာပေါ့ ညီလေး ၊ သူတို့တွေကို..
နှစ်မျိုးသနားတယ်..."လို့၊

ကောင်လေးတွေကပြောတယ်..
သူတို့က..."မရှင်းဘူး"...တဲ့.၊

ကျွန်တော်က ပြန်ရှင်းပြလိုက်တယ်..၊
"ပထမတစ်ချက်က..တိုက်ပွဲတွေမှာကျဆုံးလို့သနားတာ
ဒုတိယအချက်က..သူတို့တိုက်ပွဲကျတာ မတန်လို့
သနားတာ၊ သူတို့တိုက်နေတဲ့သူတွေဟာ..
တစ်ချိန်တုန်းက သူတိုဗိုလ်ချုပ်တွေက..
အရေးပေးခဲ့တဲ့သူတွေဖြစ်တယ်..၊
သူတို့တွေ အဆင်ပြေခဲ့တုန်းက
ကမ္ဘာကသြချလောက်အောင်ကို..
အဆင်ပြေခဲ့ကြပြီး၊ အခုကျတော့မှ..
တိုက်ပွဲတွေဖြစ်တော့ ဘာမှမဆိုင်တဲ့
အောက်ခြေစစ်သားတွေသေရတယ်..၊
ကိုယ်မွှေးတဲ့မီး ကိုယ့်ငယ်ထိပ်တက်လောင်တဲ့
သဘောပါပဲ..၊
ပြီးတော့ တိုင်းရင်းသားစည်းလုံးရေးနဲ့ပတ်သက်တဲ့
အမျှော်အမြင်ရှိတဲ့ ကျောသားရင်သားမခွဲခြားတဲ့
ခေါင်းဆောင်မျိုး ဆိုရင် အစကတည်းက..
ဒီလိုမျိုးမဖြစ်အောင် စီမံတတ်မှာ... "လို့ပြောတော့..

သူတို့အသံတွေတိတ်သွားတယ်..

ပြီးတော့ ကောင်မလေးတစ်ယောက်ဆီက..
အသံထွက်လာတယ်
"စစ်သားလေးတွေဘ၀က အရမ်းဆင်းရဲတဲ့ထဲမှာမှ
ဒီလိုမျိုး သေနေကြတော့..စိတ်မကောင်းဘူး"..တဲ့၊
"ဒါဆို..အစကတည်းက မျှမျှတတနဲ့အုပ်ချုပ်တတ်တဲ့
ခေါင်းဆောင်ဆိုရင်..ဒီလိုမျိုးဘယ်ဖြစ်မလဲ.နော"...တဲ့..၊

အဲဒီမှာ ကောင်လေးတစ်ယောက်က
အဲဒီကောင်မလေးကိုမေးထိုးပြပြီး..
ကျွန်တော့ကိုရီပြီးပြောတယ်..
"သူ့ဘဲက...စစ်ဗိုလ်" ....တဲ့..၊
အကုန်လုံး ၀ိုင်းရီကြရတယ်..၊

အဲဒါနဲ့ကျွန်တော်က....
"အစ်ကိုမြင်နေရတာကတော့..၊
စစ်မြေပြင်မှာ တိုက်ပွဲကျ၊ဒဏ်ရာရနေတဲ့..
စစ်သားတွေကို သနားနေကြတဲ့ထဲမှာ..
စစ်ဗိုလ်လုပ်ဖူးတဲ့သူတွေ ပါတယ်"..လို့
"သူတို့ကိုယ်တိုင်ကိုယ်က စစ်သားတွေကို
အခုမှသနားတတ်တယ်၊ သူတို့စစ်ဗိုလ်ဖြစ်တုန်းက..
အောက်ခြေစစ်သားတွေစုတ်ပြတ်သတ်နေတာကို
သိသိချည်းနဲ့ကို မသိချင်ယောင်ဆောင်ပြီး..
သူတို့ရာထူးပဲတက်ဖို့ စဉ်းစားကြသူတွေများတယ်.၊
နိုင်ငံတော်ကိုကာကွယ်တယ်လို့..
သူတို့ပဲဟစ်ကြွေးပြီး..သူတို့ပဲအဲဒီကာကွယ်နေတဲ့
အောက်ခြေစစ်သားတွေကို အစုတ်ပြတ်ဆုံးဖြစ်အောင်
ထားခဲ့ကြတယ်....၊ အဲဒီလိုစစ်ဗိုလ်မျိုးမဖြစ်ရအောင်..
ညီမလေးရဲ့ကောင်လေးကို ဆုံးမနော်....".လို့
ကျွန်တော်က..စ..တော့...အဲဒီညီမလေးက ရီတယ်..၊

ပြီးတော့မှ..ကျွန်တော်က ပြောလိုက်တယ်..
"အမေစုက သူ့အဖေ ထူထောင်ခဲ့တဲ့စစ်တပ်ကြီးကို
အဆင့်အတန်းမြင့်ပြီး Profissional ကျတဲ့...
တပ်မတော်ကြီးအဖြစ်မြင်ချင်တာ..."လို့၊

ကောင်လေးတွေရောကောင်မလေးတွေပါ...
နားလည်စွာနဲ့ ခေါင်းတညိတ်ညိတ်နဲ့ပေါ့..၊

-------------------------------

(၅)

နောက်တစ်နေ့ကျွန်တော်ပြန်ခါနီးညကျတော့..
ထုံးစံအတိုင်း လူစုံပြန်တယ်..

စကားတွေလျှောက်ပြောရင်းနဲ့..
ကမ္ဘာ့ နိုင်ငံရေးတွေဘက်ရောက်သွားတယ်..၊

ကောင်လေးနှစ်ယောက်က...
IS အစ္စလာမ္မစ်စစ်သွေးကြွအဖွဲ့နဲ့..
အိုစမာဘင်လာဒင်ရဲ့ အယ်ကိုင်ဒါအဖွဲ့..
ဘယ်သူက ပိုဆိုးလဲဆိုတာ ငြင်းခုန်ကြတယ်..၊
အိုစမာဘင်လာဒင်က အမေရိကန်ရဲ့..
World Trade Centerကို
လေယာဉ်နဲ့ဝင်တိုက်တာတွေ..၊
IS က အမေရိကန်သတင်းထောက်ကို..
အရှင်လတ်လတ်ခေါင်းဖြတ်ပြတာတွေ..
အဲဒါတွေကို ကိုးကားပြီးငြင်းကြတယ်..

ပြီးတော့ ကျွန်တော့ကို..
နှစ်ယောက်စလုံးကမေးတယ်..
"သူတို့ကုလားတွေက အမေရိကန်ကို..
တော်တော်မုန်းတယ်နော်.."တဲ့..၊

ကျွန်တော်ကလဲပြန်ပြောလိုက်ပါတယ်..
"ကုလား..ဆိုပေမဲ့ အစွန်းရောက်ကုလားတွေ..လို့၊
ဘာလို့လဲဆိုတော့ IS တို့ အယ်လကိုင်ဒါတို့ကို.
အမေရိကန်က တိုက်တဲ့အချိန်မှာ..အမေရိကန်ဘက်မှာ
အစွန်းမရောက်တဲ့ကုလားတွေလဲပါတယ်..လို့.၊
ဒါပေမဲ့ အမေရိကန်ကိုတော့ အဲဒီစစ်သွေးကြွ
အဖွဲ့တွေက ကမ္ဘာတည်သရွေ့အစာကြေမယ်
မထင်ဘူး.".လို့၊

အဲဒါနဲ့အဲဒီကောင်လေးက.ထောက်ခံတယ်...
"ဟုတ်တယ်.၊ အမေရိကန် တို့အင်္ဂံလန်၊ ပြင်သစ်စတဲ့နိုင်ငံတွေ
မာနေလို့ အစွန်းရောက်တွေအင်အားမကြီးလာတာ..တဲ့..၊
အီရတ်နဲ့ အာဖဂန် မှာ သူတို့တပ်တွေအနာခံပြီး..
ဝင်မွှေလိုက်လို့ ကုလားအစွန်းရောက်တွေ ၀ပ်သွားတာ..တဲ့..၊
တရုတ်၊ ရုရှားတောင်မှအဲဒီအကြမ်းဖက်အဖွဲ့တွေကို..
ဒဲ့ မဆော်ရဲဘူး"...တဲ့၊

----------------------------------

(၆)

အဲဒါနဲ့ ကျွန်တော်လဲ..
သူတို့အားလုံးကြားအောင်..ပြောလိုက်ပါတယ်..၊

"ဟုတ်တယ်ညီလေး...
ညီလေးပြောတဲ့..အစွန်းရောက်ကုလားတွေကို..
အနာခံပြီး တိုက်နေကြတယ်..ဆိုတဲ့နိုင်ငံတွေက..
ဒေါ်စုကို အရမ်းလေးစားတဲ့နိုင်ငံတွေ..
ဒေါ်စုနဲ့ ရင်းနှီးတဲ့ နိုင်ငံခေါင်းဆောင်တွေရဲ့နိုင်ငံတွေပဲ..၊

ပြီးတော့ ...ဒီမိုကရေစီစနစ်ကိုကျင့်သုံးတဲ့..
အင်အားကြီးနိုင်ငံတွေ..ဖြစ်တယ်.၊

အဲဒီတော့...ဒီလိုအသိုင်းအ၀ိုင်းရှိနေတဲ့ဒေါ်စုက..၊
ဒီလိုအစွန်းရောက်ကုလားတွေကို
အားပေးမလား..၊

ကုလားအားပေးဆိုတာကြီးက..အဓိပ္ပါယ်ရှိမလား..၊

မနက်တိုင်း တရားမှတ်ပြီးဝင်လေထွက်လေရှုတဲ့..
အမျိုးသမီးကြီးက..ကုလားအားပေးဖြစ်နိုင်မလား.၊

ပါဠိဘာသာကိုတတ်ကျွမ်းပြီး ဗုဒ္ဓဘာသာကျမ်းတွေ
ပြုခဲ့တဲ့ ခင်ပွန်းကိုယူထားပြီး၊ သူမကိုယ်တိုင်လဲ..
တရားရှိနေတဲ့သူတစ်ယောက်က ကုလားအားပေးဖြစ်မလား.၊

သူမဟာ..
ဘုရားဆယ်ဆူ တည်ဖူးချင်မှတည်ဖူးမယ်..
တရားစာအုပ် တစ်ရာကျော်ရှိချင်မှရှိမယ်..
ဒါပေမဲ့ သူမရဲ့နှလုံးအိမ်မှာ..
ဘုရားကိုဦးထိပ်ထားတယ်..၊
တရားရဲ့အနှစ်သာရရှိတယ်..၊
သံဃာကို ဆည်းကပ်တယ်..

ဒီလိုဂုဏ်သရေရှိအမျိုးမီးကြီးကို..
ကုလားအားပေး...ဆိုတာ..ဖြစ်နိုင်မလား..."

လို့ ပြောလိုက်တဲ့အချိန်မှာပဲ...

ကောင်လေးတွေကောင်မလေးတွေက..
တစ်ပြိုင်တည်း...အော်လိုက်ကြတယ်..
....
....

"ဟာ...ဟုတ်တယ်နော်အစ်ကို...
မှန်လိုက်တာဗျာ".တဲ့..

.......

ညီလေး..ညီမလေးတွေ..သိစေဖို့ ပြန်မျှပါတယ်...၊

( Pa Yit)



အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှစ်တစ်ရာပြည့်မွေးနေ့အထိမ်းအမှတ် ဂုဏ်ပြုလမ်းလျှောက်ခဲ့တဲ့ တက်ကြွလှုပ်ရှားသူ ကိုဝင်းထိုက်ဟိန်းကို ပန်းဘဲတန်းတရားရုံးက ပုဒ်မ ၁၉ နဲ့ မေလ ၅ ရက်နေ့က ထောင်ဒဏ်တစ်လ ချမှတ်လိုက်ပါတယ်။မြန်မာနိုင်ငံမှာတရားစီရင်ရေးမဏ္ဍိုင် လုံးဝပျက်စီးနေတာကြောင့် နိုင်ငံသားတွေဟာ အခွင့်အရေးတွေဆုံးရှုံးနေရလို့ သက်ဆိုင်ရာအာဏာပိုင်တွေအနေနဲ့ ပြန်လည်စိစစ်သုံးသပ်သင့်ပြီလို့ ကိုဝင်းထိုက်ဟိန်းကပြောပါတယ်။ ၂၀၀၈ အခြေခံဥပဒေမှာဖော်ပြထားတဲ့ ပုဒ်မ ၃၅၄ အရ နိုင်ငံတော်တည်ငြိမ်ရေးနဲ့ တရားဥပဒေကိုထိခိုက်မှုမရှိရင် လူတိုင်းလွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်ရှိတယ်ဆိုတဲ့ အချက်နဲ့ ခုခံချေပခဲ့ပေမယ့်လည်း ထောင်ချခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းကိုလမ်းလျှောက်ဂုဏ်ပြုရာမှာ ဖြတ်သန်းခဲ့တဲ့ ကျောက်တံတား၊ လမ်းမတော်၊ လသာ၊ အလုံနဲ့ ကြည့်မြင်တိုင်မြို့နယ်တွေကလည်း တရားစွဲဆိုထားပြီး ပြီးခဲ့တဲ့ဧပြီလဆန်းက ကြည့်မြင်တိုင်နဲ့ လသာတရားရုံးတို့က အလုပ်ကြမ်းနဲ့ထောင်ဒဏ် တစ်လစီအသီးသီးချမှတ်ထားခဲ့ပြီးဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းအကြောင်း လူငယ်တွေကိုသိစေချင်လို့ ၂၀၀၈ အခြေခံဥပဒေပါ ငြိမ်းစုစီဥပဒေအတိုင်း ခွင့်ပြုချက်တင်လမ်းလျှောက်တာကို အစိုးရက အပြစ်ရှိတယ်လို့သတ်မှတ်ပြီး တရားစွဲထောင်ချတာပါလို့ သူကဆိုပါတယ်။

Kamayut media
http://kamayutmedia.com/video/politics/3860



တရုတ်သံရုံးရှေ့ဆန္ဒပြခဲ့လို့ ပုဒ်မ ၄ ခုနဲ့ တရားစွဲခံထားရသူ ၆ ယောက်ကို အပြီးသတ်အမိန့်ချမှတ်တော့မှာဖြစ်ပါတယ်။ လာမယ့် မေ ၁၅ ရက်နေ့မှာ သမ္မတဦးသိန်းစိန်ဟာ နိုင်ငံသားတွေအပေါ် စိတ်စေတနာမှန်မှန်နဲ့ လမ်းပြဦးဆောင်နေသူလားဆိုတာ သိရတော့မယ်လို့ စွပ်စွဲခံထားရသူတစ်ဦးဖြစ်သူ ကိုနေမျိုးဇင်က ပြောလိုက်ပါတယ်။

ဆန္ဒပြသူတွေကိုစွဲဆိုထားတဲ့ နိုင်ငံတော်အကြည်အညိုပျက်စေမှု အပါအ၀င် တခြားပုဒ်မတွေဟာ စွဲလို့မသင့်တဲ့ပုဒ်မတွေဖြစ်တာကြောင့် တရားသေလွှတ်ပေးဖို့ လျှောက်လဲချက်ပေးခဲ့ပြီး တရားရေးမဏ္ဍိုင်အနေနဲ့ ဥပဒေပြဌာန်းချက်အတိုင်း တိတိကျကျဆောင်ရွက်မယ်ဆိုရင် လာမယ့် ၁၅ ရက်ရုံးချိန်းကျရင် သူတို့လွတ်မှဖြစ်တယ်လို့ ကိုနေမျိုးဇင်ကဆိုပါတယ်။ အထက်ကအမိန့်ပေးတဲ့အတိုင်း တစ်ဖက်သတ် လုပ်မယ်ဆိုရင်တော့ စွပ်စွဲခံရတဲ့ ၆ ယောက်လည်း နှစ်ရှည်ထောင်ကျဖို့ပဲရှိတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံသားတစ်ယောက် မတရားခံရတာကို တရုတ်အစိုးရသိအောင်လုပ်တာဟာ မြန်မာအစိုးရကို အကြည်အညိုပျက်အောင်လုပ်တာမဟုတ်လို့ နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ စွဲချက်တင်စရာမလိုတဲ့ အမှုဖြစ်တယ်လို့ နော်အုန်းလှကဆိုတယ်။
အခုလိုပုဒ်မတွေတပ်ပြီး တရားစွဲနေတာတွေဟာ နိုင်ငံရဲ့တရားရေးမဏ္ဍိုင် ယိမ်းယိုင်နေတာ ပေါ်လွင်နေသလို ပုဒ်မ ၁၈ ဟာလည်း နိုင်ငံသားတွေကိုဖိနှိပ်ထားတဲ့ပုဒ်မဖြစ်တာကြောင့် ပြည်သူတွေအတွက် အရမ်းနစ်နာရလို့ မရှိသင့်တဲ့ဥပဒေဖြစ်တယ်လို့လဲဆိုပါတယ်။

လက်ပံတောင်းဒေသခံဒေါ်ခင်ဝင်းကို မြန်မာရဲတပ်ဖွဲ့က သေနတ်နဲ့ပစ်ခဲ့လို့ နော်အုန်းလှ၊ ကိုနေမျိုးဇင်၊ ကိုတင်ထွဋ်ပိုင်၊ ဒေါ်စိန်ထွေး၊ ဒေါ်လေးလေးနဲ့ ဦးသန်းဆွေတို့ ကိုတရုတ်သံရုံးရှေ့မှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၉ က ဆန္ဒပြခဲ့ရာလို့ ပုဒ်မ ၁၈၊ ၅၀၅ (ခ)၊ ၁၄၇၊ ၃၅၃ စတာ တွေနဲ့တရားစွဲခံခဲ့ရပြီး မေလ ၅ ရက်နေ့ ၁၇ ကြိမ်မြောက် ဒဂုံတရားရုံး ရုံးချိန်းမှာ အပြီးသတ်လျှောက်လဲချက်ပေးခဲ့ပါတယ်။

Kamayut Media
https://www.facebook.com/KamayutMedia?fref=nf

သာယာဝတီထောင်မှာ ဖမ်းဆီးထားတဲ့ ကျောင်းသားတွေနဲ့ ကူညီသူတွေကို လက်ပံတန်းမြို့နယ် တရားရုံးမှာ ဧပြီလ ၂၃ ရက်နေ့က ၄ ကြိမ်မြောက် ရုံးထုတ်ခဲ့စဉ်။ Photo: Kyaw Zaw Win/RFA
ရန်ကုန်မြို့တော်ခန်းမရှေ့ဆန္ဒပြပွဲ အကြမ်းဖက်ခံရ မှု နှစ်လပြည့်အထိမ်းအမှတ်နဲ့ သာယာဝတီ အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ကျောင်း သားကျောင်းသူတွေကို လွှတ်ပေးဖို့ မန္တလေး တိုင်းဒေသကြီး ရမည်းသင်းမြို့မှာ ဒေသခံတွေက ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ပညာရေးစနစ်ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုခဲ့ တဲ့ ကျောင်းသားသပိတ်ကို ထောက်ခံတဲ့အတွက် သူတို့လွတ်မြောက်ဖို့ အခုလိုတောင်းဆိုတာဖြစ်တယ်လို့ ဒီနေ့ ဆန္ဒပြပွဲမှာပါဝင်တဲ့ ပြည်သူ့ငြိမ်းချမ်းရေးအဖွဲ့ဝင် ဦးချိန်မော်က ပြောပါတယ်။

"ဒီကျောင်းသားလေးတွေ တောင်းဆိုတာ မှန်တယ်လို့ ဦးတို့ကယုံကြည်တယ်၊ အစိုးရဘက်လုပ်ဆောင်တဲ့ အကြမ်းဖက်မှုတွေက မသင့်လျော်ဘူးလို့ ဦးတို့ကယူဆတယ်၊ ကျောင်းသားလေးတွေနဲ့ ဝန်းရံပြည်သူတွေကို ပြန်လွှတ်ပေးဖို့အတွက် ဒီနေ့လုပ်တာပါ "

ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့က ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ လက်ပံတန်းကျောင်းသားသပိတ်စစ်ကြောင်းကို အကြမ်းမဖက်ဖို့ ဆန္ဒပြတောင်းဆိုသူတွေကို ရဲတပ်ဖွဲ့ဝင်တွေနဲ့ လက်ပတ်နီဝတ်အရပ်သားတွေက ရိုက်နှက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

လက်ရှိသာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၇၀ နီးပါးရှိနေပြီး သူတို့အထဲက အမှန်တကယ် ကျောင်းတက်နေသူတွေကို အာမခံပေးဖို့အတွက် သက်ဆိုင်ရာရှေ့နေတွေက ကြိုးစားနေဆဲဖြစ်သလို အရင်က လက်ပံတန်းတရားရုံးမှာ ရုံးထုတ်ရာကနေ သာယာဝတီတရားရုံး ကို ပြောင်းရွှေ့ရုံးထုတ်နေပါတယ်။

RFA Burmese
http://www.rfa.org/burmese


မွန်ပြည်နယ်၊ ရေးမြို့နယ် အံဒင်ကျေးရွာမှာ အစိုးရနဲ့ ထိုင်းနိုင်ငံအခြေစိုက် Toyo-Thai ကုမ္ပဏီတို့ ပူးပေါင်းအကောင်အထည်ဖော်မယ့် ကျောက် မီးသွေးလောင်စာသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ စီမံကိန်းကို ဒေသခံ ၇၀၀၀ ကျော်က အံဒင်ကျေး ရွာ ဘောလုံးကွင်းမှာ ဒီနေ့ ဆန္ဒပြကန့်ကွက်ကြ ပါတယ်။

အစိုးရက ဒေသခံတွေ ကန့်ကွက်ထားတာကို လက်မခံဘဲ သဘောတူစာချုပ်ချုပ်ဆိုခဲ့တဲ့အတွက် အခုလိုဆန္ဒပြတာဖြစ်တယ်လို့ အံဒင်ရွာသား ကိုသိန်းစိုးက ပြောပါတယ်။

"ဒေသခံတွေရဲ့ဆန္ဒကို သေချာမလေ့လာဘဲနဲ့ အစိုးရအပိုင်းက သူ့ဘာသာသူအပေါ်မှာ MOU ထိုးလိုက်ပြီး လုပ်လိုက်တာပေါ့၊ ကျောက်မီးသွေး စက်ရုံက ဆိုးကျိုးများပြီး ကောင်ကျိုးသိပ်မရှိ လို့  ဒေသခံတွေရဲ့ ဆန္ဒကိုပြတာပေါ့ "

အဲဒီစီမံကိန်းကို အကောင်အထည်ဖော်ဖို့ လျှပ်စစ်ဝန်ကြီးဌာနက Toyo-Thai ကုမ္ပဏီနဲ့ ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့က သဘောတူလိုက်တာဖြစ်ပါတယ်။

ဆန္ဒပြပွဲမှာ ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦး ပါဝင်ခဲ့ပြီး အံဒင်၊ ဒူးယား၊ နှစ်ကရုဒ်၊ နှင်းနု၊ ပလိုင်းဆိတ်၊ သာဂရမ် စတဲ့ ကျေးရွာတွေနဲ့ ရေးမြို့ပေါ်က ဒေသခံတွေ ပါဝင်ခဲ့ပါတယ်။

အဲဒီ ကျောက်မီးသွေးစီမံကိန်းကို အံဒင်ကျေးရွာအနီးက မြေဧက ၅၀၀ မှာ လာမယ့် ၂၀၁၆ ခုနှစ်ကစပြီး ၄နှစ်ကြာ အကောင်အထည်ဖော်မှာဖြစ်ပါတယ်။ စီမံကိန်းအတွက် အမေရိကန်ဒေါ်လာသန်းပေါင်း ၂၇၀၀ ရင်းနှီးမြှုပ်နှံမှာဖြစ်ပြီး တစ်နှစ်ကို ၁၂၈ဝ မဂ္ဂါဝပ် ထွက်ရှိမှာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese