05/13/15

ကျွန်တော့်သူငယ်ချင်း
ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ယောက်ကပြောတယ်
ဟေ့ကောင် Dagon City က ရွှေတိဂုံဘုရားငှက်ပျောဖူးလောက်မမြင့်ပါဘူးကွာတဲ့

ကျွန်တော်က
Geological ပိုင်းတွေ ခဏထားဦး
မင်းကိုမေးမယ်
မင်း ဘုရားကို လှမ်းဖူးရင် လမ်းမပေါ်ကဖူးမှာလား
Dagon City တိုက်ခေါင်မိုးပေါ်ကဖူးမှာလား
ဘုရားရဲ့ ပုခုံးလောက်ရောက်နေတဲ့ တစ်လုံးထက်ပိုတဲ့
အဆောက်အဦးတွေရဲ့အောက်ကနေ
ဘုရားကို ဘယ်လို လှမ်းမျှော်ကြည့်မလဲ
ဆူးလေစေတီ ဘာဖြစ်သွားလဲ ဥပမာပဲ

နောက်တစ်ချက်က
US လွတ်လပ်ရေးကျောက်တိုင်နဲ့ ဥပမာပြမယ်
ဝါရှင်တန်မှာ နှစ်ရာနဲ့ချီသက်တမ်းရှိတဲ့
အမေရိကန်နိုင်ငံရဲ့ အသည်းနှလုံး
လွတ်လပ်ရေးကျောက်တိုင်ကြီး နဲ့ အတူ
မြို့လည်ခေါင်တည့်တည့်က စိမ်းစိုနေတဲ့
Central Park ပန်းခြံ ပတ်လည်ဝန်းကျင်မှာ
အဲဒီကျောက်တိုင်ကြီးကို မြင်ကွင်းကွယ်စေမယ့်
ဘယ်လို အထပ်မြင့်မိုးမျှော် အဆောက်အဦးတွေ ဆောက်ထားတာရှိလဲ ??

ဒီလောက်အကွက်အကင်းကောင်းပြီး
ကမ္ဘာ့ထိပ်တန်း မြင်ကွင်းအကောင်းဆုံးနေရာကို
ဘယ်လုပ်ငန်းရှင် ဘယ်စီးပွားရေးသမား ဘယ်ခရိုနီ
ဘယ်ဗိုလ်ချုပ်တွေကို မှ
ပိုင်ဆိုင်ခွင့်ပေးထားတာမရှိဘူး
လူတိုင်း အဝေးကနေ လှမ်းမျှော်ကြည့်လို့ရအောင်
မြင်ကွင်းမကွယ်အောင် ဖန်တီးပေးခဲ့တာသက်သေပဲ
ငါပြောတာ မင်းသဘောပေါက်မှာပါ
..
အဲဒီလိုပဲ
ကမ္ဘာက
ရန်ကုန်လို့သိတာ ရွှေတိဂုံကြောင့်ဆိုတာ
မင်းနားလည်ထားပါ။
Credit to >>> Yan Aung

ငလျင်ဒဏ်ကြောင့် ခင်ပွန်းသည်ဆုံးရှုံးခဲ့ရတဲ့ အိန္ဒိယအမျိုးသမီးကို ဆွေမျိုးသားချင်းတွေက ဖေးမနှစ်သိမ့်နေစဉ်။
 နီပေါနိုင်ငံမှာ ဒီကနေ့ နေ့လည်အစောပိုင်းက အားပြင်းတဲ့ ငလျင်တခု ထပ်လှုပ်သွားပြီး လူပေါင်း ၃၅ ဦးမက သေဆုံးသွားပါတယ်။ နီပေါမှာ လွန်ခဲ့တဲ သီတင်းသုံးပတ်ကပဲ အင်အားပြင်းတဲ့ ငလျင်တခု လှုပ်ခဲ့အပြီး ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးတွေ လုပ်နေချိန်မှာပဲ အခု ငလျင်ကြီးတခု ထပ်လှုပ်တာပါ။

အခုနောက်ဆုံးသတင်းအရ လူပေါင်း တထောင်ကျော်လည်း ဒဏ်ရာရရှိတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။ ပြင်းအား ၇.၃ ရှိတဲ့ ငလျင်ဟာ ခတ္တမန်ဒူမြို့တော်အရှေ့ဘက် မိုင် ၅၀ နီးပါးမှာ ဗဟိုပြုပြီးလှုပ်ခတ်တာလို့ အမေရိကန် ဘူမိဗေဒ တိုင်းတာရေးဌာနက ပြောပါတယ်။


တစ်နာရီအတွင်းမှာ ပြင်းအား ၆.၃ အထိ မြင့်တဲ့ ငလျင် အပါအ၀င် နောက်ဆက်တွဲ ငလျင် ၆ ခု ထပ်လှုပ်သွားပါတယ်။ ငလျင်လှုပ်လို့ UNICEF ကုလသမဂ္ဂ ကလေးသူငယ်များရုံး အဆောက်အဦး ဟိုဘက်ဒီဘက် ယိမ်းခါပြီး ၀န်ထမ်းတွေအားလုံး စားပွဲအောက်မှာ ၀င်ပုန်းရတယ်၊ လမ်းမပေါ် ထွက်ပြေးရတယ်လို့ အဲဒီမှာရှိနေတဲ့ ဝန်ထမ်းတဦးက ပြောပါတယ်။

ဒီကနေ့လှုပ်တဲ့ ငလျင်ဗဟိုချက်ဟာ ဧပြီလ ၂၅ ရက်နေ့ကလှုပ်တဲ့ ပြင်းအား ၇.၈ ငလျင်ဗဟိုချက်ကနေ မိုင် ၆၀ ကျော်ပဲ ဝေးပါတယ်။ ပထမငလျင်ကြောင့် လူပေါင်း ၈၀၀၀ ကျော် သေဆုံးပြီး ထောင်ပေါင်းများစွာ အိုးအိမ်မဲ့ ဖြစ်ကုန်တာပါ။

ငလျင်ဒဏ်သင့်သူတွေကို အစိုးရနဲ့ အကူအညီပေးအဖွဲ့တွေက အစားအစာ၊ ရေနဲ့ ယာယီနေဖို့ နေရာတွေ ကူညီ ထောက်ပံ့ပေးနေပါတယ်။ အကူအညီပေးလုပ်ငန်းတွေဟာ နောက်ဆက်တွဲ ငလျင်တွေ၊ ရာသီဥတုဆိုးရွားတာနဲ့ ဝေးလံတဲ့အရပ်တွေဆီရောက်ဖို့ ခက်ခဲတာတွေကြောင့် အစောပိုင်းရက်တွေမှာ အတော်လေး အခက်အခဲ ကြုံခဲ့ရပါတယ်။ ပြီးခဲ့တဲ့လငလျင်ဒဏ် အရေးပေါ် ကူညီကယ်ဆယ်ရေးအတွက် လိုအပ်တဲ့ ရန်ပုံငွေ ဒေါ်လာ ၄၁၅ သန်းမှာ ၂၂ သန်းပဲ ရသေးတယ်လို့ ကုလသမဂ္ဂက ပြီးခဲ့တဲ့သီတင်းပတ်မှာ ပြောပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

မတရားမှန်းလဲ တပြည်လုံးသိတယ်။

ကလိမ်ကျစ် အုပ်ချုပ်ရေးက

မျက်နှာကြီးရာဟင်းဖတ်ပါတဲ့အတိုင်း

တရားစီရင်ရေးကိုလွှမ်မိုးတယ်။

San Nyein Oo Poet

ယနေ့ သာယာဝတီမှာသမဂ္ဂ ခွပ်ဒေါင်းအလံ (၇၉)ချောင်းကို ကိုင်ဆောင်ထားပြီး ကျောင်းသားတွေက တရားရုံး ပတ်ပတ်လည်လမ်းပေါက်တွေမှာ ကြွေးကြော်သံတွေနဲ့ စောင့်ဆိုင်းနေကြပါတယ်။

တရားရုံးထဲမှာလည်းရဲတပ်ဖွဲ့တွေက လုံခြုံရေးပိုတင်းကြပ်ပြီး ရုံးထုတ်လာတဲ့ကျောင်းသားတွေကို ထောင်ပြန်ပို့ဖို့စီစဉ်ကြပါတယ်။

တရားရုံးထဲက ရုံးထုတ်လာတဲ့ကျောင်းသားတွေနဲ့ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ကားရှစ်စီးခန့်ကားတန်းကြီးထွက်လာတဲ့ အခါမှာ အသင့်စောင်းဆိုင်းနေတဲ့ကျောင်းသားတွေက အလံတွေဝှေ့ရမ်းပြီး ကြွေးကြော်သံတွေနဲ့ ရုံးထုတ်ကျောင်းသားတွေကိုအားပေးကြပါတယ်။

သမဂ္ဂအလံကိုင်ဆောင်ထားတဲ့ ကျောင်းသားနဲ့ဝန်းရံသူ အယောက်ငါးဆယ်ကျော်ရှိတဲ့ အုပ်စုကြီးက ရုံးထုတ်ရဲကားတန်းကြီးကို ဖယ်မပေးဘဲဦးဆောင်လာပါတယ်။

ရဲကားတန်းကြီးကလည်း ကျောင်းသားတွေကိုဖေါက်ထွက်ဖို့ကြိုးစားပြီးကားကို လီဗာညှစ်မောင်းကြပါတယ်။

တရားရုံးထွက်လမ်းဆုံရောက်တော့ပြည်သူတွေလည်းပါဝင်လာပါတယ်။

လမ်းဆုံအကျော်မှာ ရှေ့ပြေးရဲကားပေါ်ကရဲအင်အားတစ်ရာလောက်က ဆင်းပြီး ပြေးလွှားလမ်းရှင်းတာကြောင့် ကျောင်းသားတွေနဲ့ ရှုပ်ထွေးမှုတွေဖြစ်ခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဘက်က ရိုက်နှက်တာမရှိခဲ့ပေမယ့် ကျောင်းသားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေအကြားအလန့်တကြားဖြစ်ခဲ့ပါတယ်။

ရုံးထုတ်ကားပေါ်က ကျောင်းသားခေါင်းဆောင်တွေလည်း မကြမ်းမဖက်ကြဖို့ အော်ဟစ်သတိပေးကြပါတယ်။

ခဏအကြာမှာတော့ ကျောင်းသားတွေကို ဆက်မလိုက်ကြဖို့ ကျောင်းသားအချင်းချင်းသတိပေးသံကြောင့် ရဲကားတန်းလည်း ချောချောမွေ့မွေ့သွားခွင့်ရခဲ့ပြီး ကျောင်းသားတွေလည်း အလံတွေသိမ်းပြီး ကိုယ့်လာရပ်အရပ်တွေဆီ ပြန်သွားကြပါတော့တယ်။

Saw Phoe Kwar

မဟာချိုင် စမွတ်စာခွန်ခရိုင် မဟာချိုင် ပုဇွန်အခွံခွာသည့် အလုပ်ရုံတွင် လူကုန်ကူးခံရပြီးကြွေးမြီဖြင့် ချုပ်နှောင် ခံနေရသူ ၄၄ဦးတို့အား မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီက မဟာချိုင်ရဲတပ် ဖွဲ့နှင့် ယနေ့ ကယ်ထုတ်နိုင်လိုက်သည်။

ကော့စမုတ်ရပ်ကွက် ၉လမ်း ခြံအမှတ် ၁၁၈/၁၄ ထိုင်ယူနီယံပုဇွန်ကုမ္ပဏီ နောက်ဘက်တွင်ရှိသည့်ပုဇွန်အခွံ ခွာသည့်အလုပ်ရုံမှ အလုပ်သမားလုပ်နေရာမှ နှိပ်စက်ညှင်းပန်း ခံရသဖြင့် MAT ရုံးသို့ ထွက်ပြေးရောက်ရှိ လာခဲ့သည်။ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT အဖွဲ့သည် မြန်မာသံအမတ်ကြီးနှင့် မဟာချိုင် နှင့် ဖက်ကဆင်တို့တွင် ရှိသော စစ်တပ်သို့ ၃ရက်တိုင်တိုင်သွားရောက်၍ အချက်အလက်များပြကာ အကူ ညီ တောင်းခံခဲ့ကြပါသည်။ သို့ရာတွင် အဆိုပါ ပုဇွန်အလုပ်ရုံသို့ စီးနင်းဝင်ရောက်နိုင်ခြင်းမရှိခဲ့ချေ။

ယနေ့ မွန်းလွဲပိုင်က မဟာချိုင်၎ထပ်မှ ရဲအရာရှိကြီးများက ပြီးခဲ့သည့် ၂ရက်နေ့က ထိုင်းတီဗီ ၈လိုင်းမှ ထုတ်လွှင့်ပြသသွားသည့် မဟာချိုင်ပုလိပ်တုများ မြန်မာအလုပ်သမားများအား ဖမ်းစားနေမှု တို့ ဟုတ်မဟုတ်အား အထောက်အထားလာရောက်စစ်ဆေးခဲ့သည်။ တပြိုင်တည်းတွင် ကန်ချနဘူရီနယ် မှ စွန်ပစ်ခံရသည့် မိသားစုဝင်တို့၏ သားငယ်သေဆုံးမှုများစသည်တို့အား လာရောက်မေးမြန်းစစ်ဆေးခဲ့သည်။

ရဲအရာရှိကြီးများ မဟာချိုင်MAT ရုံးကိုရောက်လာမှုအား အခွင့်ကောင်း ယူ၍ လာရောက်ခိုလှုံ နေသော ပုဇွန်အလုပ်ရုံမှ အလုပ်သမားများ ပြ သစေလျှက် အခန်း ပိတ်လှောင်ခိုင်းစေခံရသူ များကို စီးနင်းကယ်ထုတ်နိုင် ခဲ့ကြခြင်းဖြစ်သည်။

MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က “ကျနော်တို့ရုံးကိုထွက်ပြေးရောက်ရှိလာသူဟာ လုပ်ငန်းရှင်က လက်ထိပ်နဲ့ ရိုက်လို့ နားစုတ်ပြဲသွားခဲ့သူဖြစ်တယ်။ အဲဒီအလုပ်ရုံထဲမှာ ပြန်ပြောလို့ဆိုပြီး အလုပ်သမားတစ် ယောက်ကို လုပ်ငန်းရှင်က သေနတ်နဲ့ နားထင်ကိုတေ့ပြီး နားရင်းကိုရိုက်ပါတယ်။ တစ်ယောက်ထွက်ပြေး သွားလို့ မသိရကောင်း လားလို့ဆိုပြီး ၁၀ ရက်လောက်အခန်းပိတ်ထားလိုက်တာရှိတယ်၊ ထိုင်း မှာ တော်ရုံ နဲ့အလုပ်ရုံကိုဝင်မစီးကြဘူး။ ကျနော်တို့ တိုက်တွန်းရတာ ပင်ပန်း ပါတယ်။ ဒါတောင် မြန်မာသံရုံးကရပ်နေ လို့ အားရှိနေတာ” ဟုပြောသည်။

MAT အဖွဲ့ သည် ၂၀၁၅ နှစ် အတွင်း ယခုအကြိမ်ထိ လူကုန်ကူးမှု ကယ်တင်ခြင်း ၈ကြိမ်အတွင်း လူကုန်ကူး ခံရသူပေါင်း ခြောက်ဆယ်ကျော်ကို ကယ်တင်နိုင်ခဲ့ပြီးဖြစ်ပါသည်။


ရွှေလုပ်သား
https://www.facebook.com/pages/%E1%80%B1%E1%80%9B%E1%82%8A%E1%80%9C%E1%80%AF%E1%80%95%E1%80%B9%E1%80%9E%E1%80%AC%E1%80%B8/294849193994181

နီပေါ နိုင်ငံမှာ လူ ၈ ထောင်ကျော် သေဆုံး ခဲ့ရတဲ့ ငလျင်ကြီး လှုပ်ခဲ့အပြီး နှစ်ပတ် အကြာ ဒီကနေ့ အင်္ဂါနေ့မှာ ပြင်းအား ၇ ဒသမ ၃ ရှိတဲ့ ငလျင် တစ်ခု ဧဝရတ်တောင် အနီးမှာ ထပ်မံ လှုပ်ခတ်ခဲ့ပါတယ်။

ဧဝရတ်တောင် အနီးက Namche Bazaar မြို့အနီးကို ဗဟိုပြု လှုပ်ခဲ့တဲ့ ဒီငလျင်ကြောင့် အခုချိန်အထိ အတည်ပြုနိုင်တဲ့ သေဆုံးသူ အနည်းဆုံး ၃၇ ဦး ရှိပြီး လူ တစ်ထောင်ကျော် ဒဏ်ရာ ရခဲ့တယ်လို့ နီပေါ အစိုးရက ပြောပါတယ်။ အိန္ဒိယ နိုင်ငံဘက်မှာလည်း အနည်းဆုံး ၁၇ ဦး သေဆုံး ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ငလျင်တုန်းက အထိအခိုက် အပျက်အစီး များခဲ့တဲ့ ခတ္တမန္တူ မြို့တော်က ထောင်နဲ့ ချီတဲ့ လူတွေဟာ သူတို့ နေအိမ်တွေကနေ ထိတ်လန့်တကြား လမ်းမတွေပေါ်ကို ပြေးထွက်ခဲ့ကြပါတယ်။

ဒေသ စံတော်ချိန် နေ့လည် ၁၂ နာရီ ၃၅ မိနစ် အချိန်မှာ လှုပ်ခတ်တဲ့ ဒီငလျင်ဟာ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့နဲ့ ဘင်္ဂလာဒေ့ရှ် နိုင်ငံ ဒါကာ မြို့တို့ မှာလည်း ရိုက်ခတ် ခဲ့တယ်လို့ ဆိုပါတယ်။

အထိအခိုက် အများဆုံး ရှိနိုင်တဲ့ ခတ္တမန္ဒူ မြို့တော်ရဲ့ အရှေ့မြောက်ဘက်က ဒေသတွေကို ကယ်ဆယ်ရေး ရဟတ်ယာဉ်တွေ ပို့လွှတ်ထားပါတယ်။

၇ ဒသမ ၃ ပြင်းအား ရှိတဲ့ အဲဒီ ငလျင် လှုပ်ပြီးနောက် ပြင်းအား ၅ ကျော်တဲ့ နောက်ဆက်တွဲ ငလျင် ၆ ခု ဆင့်ကဲ လှုပ်ခတ်ခဲ့ပါသေးတယ်။

ကျေးလက်နဲ့ ဝေးလံ ခေါင်းပါးတဲ့ ဒေသတွေမှာ မြေပြိုမှု တောင်ပြိုမှုတွေ ဖြစ်ပြီး လူအများအပြား သေဆုံးနိုင်တယ်လို့ စိုးရိမ် ပူပန်မှုတွေ ရှိနေပါတယ်။

အခု ငလျင်က မြေမျက်နှာပြင်အောက် နက်ရှိုင်းတဲ့ နေရာကို ဗဟိုပြုတာ ဖြစ်လို့ ပြီးခဲ့တဲ့ ငလျင်ထက် ထိခိုက်ပျက်စီးမှု နည်းနိုင်တယ် လို့လည်း ကျွမ်းကျင်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်က နီပေါ နိုင်ငံ အနောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇.၈ ရှိတဲ့ ငလျင်ကြောင့် လူပေါင်း ၈ ထောင်ကျော် သေဆုံးခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese

မြန်မာနိုင်ငံကြက်ခြေနီအသင်း ၂၀၁၅ ခုနှစ်၊ မေလ (၁၂) ရက်နေ့ (ကမ္ဘာ့သူနာပြုများနေ့) တွင် ထုတ်ပြန်ကြေညာသော (၄၅) ကြိမ်မြောက် ဖလောရင့်နိုက်တင်ဂေးဆုကို မြန်မာနိုင်ငံမှ ဦးစနိုင်နိုင်ထွန်း အပါအဝင် နိုင်ငံပေါင်း (၁၈) နိုင်ငံမှ သူနာပြု (၃၆) ဦးရရှိခဲ့သည်။

ဦးစနိုင်နိုင်ထွန်းသည် ၂၀၀၈ ခုနှစ်တွင်ဖြစ်ပေါ်ခဲ့သော နာဂစ်မုန်တိုင်း ကာလ အတွင်း မိမိတာဝန်ကျရာ ဟိုင်းကြီးကျွန်းရှိ မုန်တိုင်းဒဏ်ခံပြည်သူ များအား ဘေးကင်းရာသို့ ကူညီရွှေ့ပြောင်းပေးခြင်း၊ သူနာပြုပေးခြင်း တို့ကို သက်စွန့်စံဖျားဆောင်ရွက်ခဲ့သောကြောင့် ရှိခဲ့ခြင်းဖြစ်ပါသည်။

ဦးစနိုင်နိုင်ထွန်းက မုန်တိုင်းကာလအတွင်း အများပြည်သူကဲ့သို့ မိမိလည်း မုန်တိုင်းဒဏ်ကို ကိုယ်တွေ့ ရင်ဆိုင် ကြောက်ရွံ့ခဲ့ရပါကြောင်း၊ သို့သော် မိမိတတ်ကျွမ်းထားသည့် သူနာပြုအတတ်ပညာများဖြင့် အများ ပြည်သူကို ကူညီရင်း ယင်းကြောက်ရွံ့မှုများနှင့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ခဲ့ ပါကြောင်း၊ သူနာပြု တစ်ယောက်အနေဖြင့် ထိတ်လန့်ဖွယ် အမှတ်တရ များနှင့် အတူ ဂုဏ်ယူဖွယ်အမှတ်တရ များလည်း ဖြစ်ခဲ့ ပါကြောင်း ပြောကြား ခဲ့ပါသည်။

ဖလောရင့်နိုက်တင်ဂေးလ်ဆုဆိုသည်မှာ သူနာပြုအသိပညာဆိုင်ရာ ကိစ္စများတွင် စံပြုထိုက်လောက် အောင် ဦးစီး ဦးဆောင်ကာ တီထွင်ဖန်တီး လုပ်ဆောင်သူ သူနာပြုများအတွက် ရည်ရွယ်ကာ ချီးမြှင့်သောဆု ဖြစ် ပါသည်။ ၁၉၁၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော ယင်းဆုမှာ သူနာပြု များ အတွက် ကမ္ဘာ့အမြင့်ဆုံးဆုဖြစ်ပြီး ယနေ့အထိ (၁၄၄၉) ဦး ကို ရွေးချယ်ချီးမြှင့်ပြီးဖြစ်ပါသည်။

ယခုတစ်ကြိမ်နှင့်ဆိုလျှင် မြန်မာနိုင်ငံ၌ ဖလောရင့်နိုက်တင်ဂေးဆု ရရှိသူ (၄) ဦးရှိပြီဖြစ်ပါသည်။

ဒုတိယကမ္ဘာစစ် ဂျပန်တော်လှန်ရေးတွင် တိုင်း (၄) ဆေးတပ်ဖွဲ့နှင့် ရဲဘော် များအားပြုစုခဲ့ခြင်းတို့ကြောင့် ၁၉၆၃ ခုနှစ်တွင် သူနာပြုဆရာမကြီး ဗိုလ်မှူး ဒေါ်ခင်အုန်းမြက ပထမဦးဆုံးအကြိမ် ဖလောရင့်နိုက်တင်ဂေးဆု ကို မြန်မာနိုင်ငံအတွက် ဆွတ်ခူးခဲ့ကြောင်း သိရသည်။

Ref - မြန်မာနိုင်ငံကြက်ခြေနီအသင်း

The Ladies News Journal

ပဲခူးတိုင်းဒေသကြီး သာယာဝတီအကျဉ်းထောင်မှာ ပုဒ်မ ၅ခုနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်း သားကျောင်းသူတွေနဲ့ ကူညီသူ စုစုပေါင်း ၇၂ ဦးအမှုကို သာယာဝတီခရိုင်တရားရုံးမှာ ဒီနေ့ ရုံးထုတ်ခဲ့ပြီး တရားလိုဖြစ်သူရဲမှူးကြီး ဖုန်းမြင့်ကို စစ်ဆေးခဲ့သလို အသက်မပြည့်သေးတဲ့ ၉ တန်းကျောင်းသားတစ်ဦးကို အာမခံနဲ့ လွှတ်ပေးလိုက်ပါတယ်။

ကျောင်းသားသပိတ်စစ်ကြောင်းကို ဖြိုခွဲရာမှာ ဥရောပ သမဂ္ဂက သင်ကြားပေးထားတဲ့ လုပ်ထုံးလုပ်နည်းနဲ့ အညီ ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း တရားလိုဖြစ်သူ လက်ပံတန်းမြို့နယ် ရဲမှူးကြီးဖုန်းမြင့်က ထွက်ဆိုခဲ့ တယ်လို့ ကျောင်းသား ကျောင်းသူတွေရဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

"ကျနော်တို့ ဒီနေ့တရားလိုရဲ့ ထွက်ဆိုချက်အပေါ်မှာ သုံးသပ်ပြောဆိုရမယ်ဆိုရင် တရားလိုဟာ သူကိုယ်တိုင် မှတ်တမ်းမှတ်ရာတွေကို ကောင်းကောင်းမသိပဲနဲ့ ရုံးမှာလာပြီး စာအုပ်ကြည့်ထွက်တဲ့အဆင့်ကို လုပ်ခဲ့တာပါ၊ စာအုပ်ကြည့်ထွက်တာကို ကျနော်တို့ ရှေ့နေတွေဖက် က ဝိုင်းကန့်ကွက်လိုက်တဲ့အခါကျတော့ စာအုပ်ကပြန်ပိတ်သွားတယ်၊ ဘာလို့လဲဆိုတော့ သက်သေခံအက်ဥပဒေ ပုဒ်မ ၁၆ဝ အရ နှုတ်သက်သေခံချက်ဆိုတာ တိုက်ရိုက်ပဲဖြစ်ရမယ်၊ ဒီလိုမှတ်တမ်းကြည့်ထွက်လို့ မရဘူးဆိုတာ ကျနော်တို့က ကန့်ကွက်ကြတဲ့အတွက် စာအုပ်ကိုပိတ်လိုက်ရပါတယ်၊ နောက်သူပြောတဲ့အချက်ထဲမှာ ထူးဆန်းတာက သူတို့ရဲ့ဆောင်ရွက်ချက်က အီးယူကသင်ပေးလိုက်တဲ့အတိုင်း ဆောင်ရွက်တာပါလို့ပြောတယ်"

ဖမ်းဆီးခံထားရသူတွေထဲက အဝေးသင်တက္ကသိုလ် တက်ရောက်နေသူ ၁၃ ဦးနဲ့ အသက်မပြည့်သေး တဲ့ ကျောင်းသား ၁ ဦးအတွက် အာမခံလျှောက်ထားရာမှာ အသက်မပြည့်သေးတဲ့ ကျောင်းသားကိုအောင်မင်းခိုင် တစ်ဦးတည်းကိုသာ အာမခံနဲ့ လွှတ်ပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့က လက်ပံတန်းမြို့ ကျောင်းသားသပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွဲ ပြီးနောက် နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ပြည်သူ့ဝန်ထမ်းကို နာကျင်စေမှု ဥပဒေမဲ့လူစုလူဝေးမှာ ပါဝင်မှု စတဲ့ ပုဒ်မ ၅ခုနဲ့ ရဲမှူးကြီး ဖုန်းမြင့်က တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

RFA
http://www.rfa.org/burmese/news/court-hears-detained-students-05122015103349.html

MNDAA ကိုးကန့် တပ်ဖွဲ့ဝင်တချို့
ရှမ်းပြည်နယ်၊ လောက်ကိုင်၊ ကုန်းကြမ်းဒေသဖက်မှာ မြန်မာစစ်တပ်နဲ့ ကိုးကန့်၊ ပလောင်၊ ရခိုင်တပ်မတော် တပ်ပေါင်းစု အဖွဲ့တွေနဲ့ ဒီကနေ့မှာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ်။ ဒီအခြေအနေကိုတော့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်နယ်၊ လောက်ကိုင်ဒေသ ကုန်းကြမ်းမြို့နယ် အတွင်းမှာ မြန်မာစစ်တပ်နဲ့ ကိုးကန့်တပ်ဖွဲ့ အပါအ၀င်  တိုင်းရင်းသား တပ်ပေါင်းစုတွေအကြား ဒီနေ့မနက်မှာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့တယ်လို့ (MNDAA) ကိုးကန့်တပ်ဖွဲ့ရဲ့ ပြောခွင့်ရ ဦးထွန်းမြတ်လင်းက အခုလိုပြောပါတယ်။
“အဓိကကတော့ ဒီရှမ်းဒေသမှာပေါ့၊ အဲဒီမှာ ဖြစ်ပါတယ်။ သူတို့ပြောပြောနေတဲ့ ပွိုင့်၊ ကုန်း ၂၀၂၂ အဲဒီနေရာမှာ ဖြစ်ပါတယ်။ မနက်မိုးမလင်းခင်ကတည်းက ကျနော်ထင်တယ်၊ ၄ နာရီတောင်မထိုးသေးဘူး၊ ၄ နာရီ ပတ်ဝန်းကျင်မှာ စပြီးတော့ လက်နက်ကြီးနဲ့ ပစ်ပါတယ်။ တမိနစ်ကို လက်နက်ကြီးကျည်က ၁၀၀ ကျော်လောက်ကျတယ် ပြောပါတယ်။ ပြီးတော့ Husky (ရဟတ်ယာဉ်) လား၊ တိုက်လေယာဉ်လား ဒီနေ့သုံးတယ်ပြောတယ်။ သုံးပြီးတော့ပစ်တယ်၊ လာပြီးတော့ ဗုံးကြဲတယ်၊ စက်သေနတ်ကြီးနဲ့ပစ်တယ်။ ပြီးတော့ ကြည်းတပ်ကထိုးတယ်။ အဲဒီလို နေ့ပိုင်းအထိတော့ ၃ ကြိမ်ရှိပြီလို့ ကြားပါတယ်။ ဒီနေ့ဆို တင့်ကားတို့၊ သံချပ်ကာကားတို့နဲ့လည်း ပစ်ကူပါတယ်။ ”

အခုတိုက်ပွဲမှာ မြန်မာ့တပ်မတော်ဘက်က သံချပ်ကာ လက်နက်ကြီးတွေအပြင်၊ တိုက်လေယာဉ်တွေပါ အသုံးပြုပြီး ပစ်ခတ်တိုက်ခိုက် နေတယ်လို့လည်း ဆိုပါတယ်။ တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှုကိုတော့ အတည်မပြုနိုင်သေးဘူးလို့လည်း ဦးထွန်းမြတ်လင်းက ပြောပါတယ်။

အခုဖြစ်ပွားနေတဲ့ တိုက်ပွဲမှာ တအောင်း ပလောင်တပ်ဖွဲ့တွေကလည်း တိုင်းရင်းသား တပ်ပေါင်းစုတွေနဲ့အတူ ပါဝင်တိုက်ခိုက်နေတဲ့ အခြေအနေကိုတော့ တအောင်း ပလောင်တပ်ဖွဲ့ရဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်ကြီးတာ့အိုက်ကျော်က အခုလို ပြောပါတယ်။
“ဒီနေ့ဖြစ်တာကတော့ လောက်ကိုင်၊ ကုန်းကြမ်းပိုင်းမှာဖြစ်တယ်။ ကိုးကန့်ဒေသ၊ ကိုးကန့်ဘက်ခြမ်းမှာ။ တိုက်ပွဲကတော့ တော်တော်လေး ပြင်းပြင်းထန်ထန်ဖြစ်တယ်။ တပ်ရင်း ၄၄၇ နဲ့ ကိုးကန့်အဖွဲ့နဲ့ တပ်ပေါင်းစုနဲ့ပေါ့။ အစိုးရဖက်ကတော့ အမြောက်တွေရော၊ သံချပ်ကာကားတွေရော၊ လက်နက်ကြီးတွေရော အသုံးချပြီးတော့မှ တော်တော်ပစ်တာပေါ့နော်။”

ပြီးခဲ့တဲ့မေလ (၁၀) ရက်နေ့ ညဘက်မှာလည်း TNLA တအောင်းတပ်မတော် အမှတ် (၆) အခြေချဗျူဟာနယ်မြေ သိန္နီမြို့နယ်ထဲက နားတီးရွာနဲ့ မြောက်ဇီကျေးရွာကြားမှာ ထိုးစစ်ဆင်လာတဲ့ မြန်မာ့တပ်မတော်နဲ့ တအောင်း တပ်မတော် တပ်ရင်း (၆၆၁) တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပါသေးတယ်။

အဲဒီတိုက်ပွဲမှာ တအောင်းတပ်ဘက်က တပ်မတော်ရဲ့ စစ်မော်တော်ယာဉ် (၄) စီးကို ဖျက်စီးနိုင်ခဲ့ပြီး မြန်မာ့တပ်မတော်ဘက်က ထိခိုက်ကျဆုံးမှု များပြားတယ်လို့ ဗိုလ်ကြီးတာ့အိုက်ကျော်က အခုလိုပြောပါတယ်။
“ကွမ်းလုံ၊ သိန္နီလမ်းအတိုင်းပေါ့နော်၊ အဲဒီမှာ နားတီးရွာနဲ့ မြောက်ဇီရွာကြားမှာ တိုက်ပွဲ တနာရီကျော်ကြာ ဖြစ်သွားတယ်။ အဲဒီမှာသူတို့ ဗျုဟာ (၆) ပေါ့နော် အခြေချထားတယ်။ အဲဒီမှာ မြန်မာအစိုးရတပ်က ကားအစီးရေ ၇၀ ကျော်နဲ့ ထိုးစစ်ဆင်တက်လာတယ်။ အဲဒီမှာ တက်လာတဲ့အချိန်မှာပဲ ဒီဖက်နဲ့တိုးတော့ အဲဒီမှာ တိုက်ပွဲ တနာရီကျော်ကျော် ဖြစ်သွားတယ်။ အဲဒီမှာ ဒီဘက်ကတော့ ထိခိုက်ကျဆုံးမှု မရှိဘူး။ အစိုးရဘက်က ကား ၄ စီး ပျက်စီးသွားတယ်။ ၂၀ လောက် ကျဆုံးပြီးမှ၊ ၁၇ ယောက်ကျော် ဒဏ်ရာရတယ်လို့ သိရတယ်။”

တိုက်ပွဲအပြီးမှာ စစ်သည်နဲ့ အမြောက်တွေ တင်ဆောင်လာတဲ့ စစ်ယာဉ်(၇၀) စီးအနက်က (၂၀) စီးသာ ကွမ်းလုံလမ်းအတိုင်း ဆက်လက်ချီတက်နေပြီး ကျန်အစီး (၄၀) ဟာ သိန္နီလမ်းအတိုင်း ပြန်လည် ဆုတ်ခွာခဲ့တယ်လို့လည်း တအောင်းတပ်မတော်ရဲ့ သတင်းနဲ့ ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပေမဲ့ ဒီတိုက်ပွဲရဲ့ထိခိုက်ကျဆုံးမှုတွေကိုတော့ သီးခြားအတည်ပြုချက် မရရှိသေးပါဘူး။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း အနေနဲ့ လက်ရှိဖြစ်ပွားနေဆဲဖြစ်တဲ့  မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ကိုးကန့်တပ်ဖွဲ့၊ တအောင်း ပလောင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA)၊ ရခိုင်တပ်မတော် (AA) တို့နဲ့ အစိုးရအကြား ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အစီအစဉ် ရှိတယ်လို့လည်း မေလ (၉) ရက်နေ့မှာ သတင်းမီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။

အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့အတွက် မြန်မာအစိုးရ စစ်တပ်အနေနဲ့ တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်ရပ်တန့်ဖို့ လိုတယ်လို့ PSLF ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦးရဲ့ အတွင်းရေးမှူး မိုင်းဘုန်းကျော် က အခုလို ပြောပါတယ်။
“ငြိမ်းချမ်းရေး တကယ်ဆန္ဒအမှန်ရှိတယ်၊ မြန်မာပြည်တခုလုံးကို တိုက်ပွဲတွေ ရပ်စေချင်တယ် ဆိုရင်တော့၊ မြန်မာအစိုးရ ဘက်ကနေပြီးတော့မှ ထိုးစစ်တွေရပ်ဖို့လိုမယ်။ သူတို့ရပ်တယ်ဆိုရင် ကျနော်တို့လည်း ရပ်လို့ရတယ်။ ”

တခြားတိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မီတီအနေနဲ့ တွေ့ဆုံဆွေးနွေးပြီး အပစ်အခတ်ရပ်စဲရေး ပဏာမသဘောတူညီချက်တွေ ရယူပြီးခဲ့ပေမဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦးနဲ့တော့ အပစ်အခတ် ရပ်စဲရေးသဘောတူညီမှု မရရှိသေးပါဘူး။

လက်ရှိအခြေအနေအရ တပြည်လုံးအတိုင်းအတာ အပစ်အခတ် ရပ်စဲနိုင်ရေးအတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မီတီအဖွဲ့နဲ့ တိုင်းရင်းသားအဖွဲ့ (NCCT) တို့အကြား အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး အပစ်အခတ် ရပ်စဲရေးဆိုင်ရာမူကြမ်းကို လက်မှတ်ရေးထိုးနိုင်ခဲ့ပေမဲ့၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ဘက်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ မြန်မာအစိုးရ စစ်တပ်တို့အကြား စစ်ရေးပဋိပက္ခတွေ ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

နိုင်ကွန်းအိမ် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ဝါရှင်တန်လော်ဘီအဖွဲ့ကို ငှားရမ်းချိန်မှာ အမေရိကန် သမ္မတအိုဘားမား က မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူမှုကို တစ်နှစ်သက်တမ်း တိုးထားသည့် ကာလပြည့်ရန် တစ်လမျှသာ လိုတော့သည့် အချိန်လည်း ဖြစ်သည် . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မြန်မာအစိုးရက အမေရိကန်အပါအ၀င် နိုင်ငံတကာ အစိုးရများအား စည်းရုံးပေးရန်အတွက် အမေရိ ကန်ပြည် ထောင်စုဝါရှင်တန် အခြေစိုက် podesta group အဖွဲ့အား အမေရိကန်ဒေါ်လာ ၈၄၀၀၀၀ ဖြင့် ငှားရမ်းထား ခြင်းဖြစ်ကြောင်း ၀ါရှင်တန်အခြေစိုက် The Hill သတင်းစာက ဖော်ထုတ်ရေး သားခဲ့ သည်။ မြန်မာ အစိုးရအနေဖြင့် ယင်းတို့၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး နိုင်ငံတကာတွင် မျက်နှာကောင်းရ စေရန် ပွဲစားလုပ်ဆောင်ရွက်ပေးမည့် အမေရိကန်အကျိုးဆောင် ကုမ္ပဏီတစ်ခုအား အမေရိကန်ဒေါ်လာ ၈ သိန်းကျော်ဖြင့် ငှားရမ်းလုပ်ကိုင်ပေးရန် စီစဉ်ဆောင်ရွက်နေသော်ငြားလည်း မိမိနိုင်ငံနှင့်မိမိနိုင်ငံသားများအပေါ် အစိုးရတစ်ရပ် အနေဖြင့် လူ့အခွင့်အရေး၊ ဒီမိုကရေစီစံနှုန်းများနှင့်အညီ ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင် ရန် လိုအပ်လျက်ရှိသေးကြောင်း ပြည်တွင်းပြည်ပ နိုင်ငံရေးလေ့လာ သုံးသပ်သူများ၏ သုံးသပ်ချက်များကို အခု လိုတွေ့ရှိရမည်ဖြစ်သည်။…

““ပွင့်လင်းမြင်သာမှုရှိတဲ့ ခုလိုကာလမှာ အစိုးရရဲ့အသုံးစရိတ်တွေဟာ လွှတ်တော်ကို ဖြတ်သန်းသွားရမှာ ဖြစ်တယ်။ အခုလို လွှတ်တော်ကိုတင်ခဲ့တဲ့ အသုံးစရိတ်တွေထဲမှာ ဒါတွေကို မတွေ့ရဘူး၊ နိုင်ငံတကာ သတင်း ဌာနမျိုးစုံက ပြည်တွင်းမှာ အခြေစိုက်ပြီး သတင်းတွေပေးပို့နေကြတဲ့ ကာလမှာ ဒီလိုလုပ်ဆောင်မှုဟာ အစိုးရ အနေနဲ့ မရိုးဖြောင့်မှုတွေကို ကာကွယ်လိုတဲ့ သဘောတွေ့ရတယ်””ဟု အမျိုးသား လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာအေးမောင်က သုံးသပ်ခဲ့သည်။

ဒီမိုကရေစီ အစိုးရတစ်ရပ်အနေဖြင့် ပြုပြင်ပြောင်းလဲရေးကိုသာ ထိရောက်စွာ ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတကာ ၏အသိအမှတ်ပြုမှုကို ရရှိရန် ကြိုးပမ်းသင့်ကြောင်းနှင့် ကြွေးမြီပမာဏများပြားနေသည့် နိုင်ငံ၏စီးပွားရေး အခြေအနေအရ ယင်းသို့သော ငွေကြေးပမာဏကို သုံးစွဲရန်မသင့်ကြောင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဒေါ်ညိုညိုသင်း က ပြောကြားသည်။

““ဒီပိုက်ဆံတွေကို ပြည်သူလူထုဖွံ့ဖြိုးရေး၊ ပြည်သူလူထုအကျိုးရှိတဲ့ လုပ်ငန်းတွေ မှာအသုံးချတာ ပိုကောင်း တာပေါ့။ အခုလို ပိုက်ဆံတွေသုံးပြီး အကျိုးဆောင်ကုမ္ပဏီ ကောင်းကောင်း ငှားရုံနဲ့ နိုင်ငံတကာ ဆက် ဆံရေး ပြေလည်မယ်ဆိုရင်တော့ တစ်ကမ္ဘာလုံးက အစိုးရတွေ ဒီလိုပဲ ပိုက်ဆံတွေပုံအောပြီး သုံးနေတော့ မှာပေါ့””ဟု ဒေါက်တာ ဒေါ်ညိုညိုသင်း က ထောက်ပြသည်။

ယခုကဲ့သို့ podesta ကဲ့သို့ အကျိုးဆောင်အဖွဲ့အား ငှားရမ်းခြင်းသည် အစိုးရ အကျိုးအတွက်မဟုတ် ဘဲ ပြည်သူများအကျိုးအတွက်သာ ဖြစ်သည် ဆိုသည့် ပြောဆိုမှုမျိုး ဦးရဲထွဋ်က ပြောခဲ့သည်။

၂၂-၆-၂၀၀၆ နေ့ထုတ် ကြေးမုံသတင်းစာတွင် “ပြည်ပအားကိုး ပုဆိန်ရိုး အဆိုးမြင်ဝါဒီ များအား ဆန့်ကျင်ကြ” ပြည်သူ့သဘောထား ဖော်ပြထားစဉ်
ယင်းအကျိုးဆောင်ကုမ္ပဏီ ငှားရမ်းအသုံးပြုခြင်းအားဖြင့် အမေရိကန်အစိုးရ၊ ကွန်ဂရက်၊ လွှတ်တော်နှင့် မြန်မာ အစိုးရတို့ အကြားပူးပေါင်းဆောင်ရွက်မှု များ ပိုမိုအားကောင်းလာမည်ဖြစ်ပြီး အမေရိကန်စီးပွားရေး အသိုင်း အ၀ိုင်းအနေဖြင့်လည်း မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများများ တိုးတက်လာ စေရန်ရည်ရွယ်ထားကြောင်း မြန်မာ အစိုးရ နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသန့်ကျော်၏ ပြောကြားချက်များ ရှိနေသည်။

““အခုသုံးစွဲမယ့် ငွေပမာဏဟာ အစိုးရ၊ အစိုးရနဲ့နီးစပ်တဲ့ ခရိုနီစီးပွားရေး လုပ်ငန်းရှင်တွေဘက်က ကြည့်ရင် ပြောပလောက်တဲ့ ပမာဏာမဟုတ်ပေမယ့် အရှေ့တောင်အာရှမှာ အဆင်းရဲဆုံးနိုင်ငံဆိုတဲ့ ရှုထောင့် ကကြည့် ရင် အင်မတန်များတဲ့ ငွေကြေးပမာဏာတစ်ခု။ ဒီငွေကြေးကို ဘယ်လိုကျ ခံသုံးစွဲသလဲဆိုတာကို လွှတ်တော်ထဲ က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ မေးခွန်းထုတ်သင့်တယ်။ တစ်ဆက်တည်းမှာပဲ ယင်းသို့ အကျိုးဆောင်ကုမ္ပဏီငှားရမ်း ဆောင်ရွက်ခြင်းကြောင့် ၂နိုင်ငံအစိုးရများအကြား ဆက်ဆံရေးကောင်း မွန်လာ မည်ဆိုပါကလည်း လက်ရှိအာဏာရပါတီ၊ အာဏာရအစိုးရနှင့် အစိုးရနှင့်နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင် များအတွက်သာ အကျိုးအမြတ်များ ထွက်ပေါ်လာနိုင်ပြီး ပြည်သူများအတွက်မူ သိသာထင်ရှားသည့် အကျိုး ရလဒ်များ ရှိလာနိုင်မည် မဟုတ်ကြောင်း””ဒေါက်တာရန်မျိုးသိမ်း က ဝေဖန် ပြောဆိုခဲ့သည်။

““အမေရိကန်ကွန်ဂရက်က မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး နားလည်အောင် ကြိုးစားတဲ့နေရာ မှာ ဒါဟာအထောက်အကူဖြစ်တယ်ထင်လို့ သူတို့ လုပ်ဆောင်ကြတာဖြစ်တယ် ထင်ပါတယ်။ မြန်မာအစိုးရနဲ့ အမေရိကန်နိုင်ငံရေး စနစ်တွေရဲ့ lobby လုပ်တာကို အကောင်အထည်ဖော်ဖို့ သူတို့ဆောင်ရွက်တဲ့ အပိုင်းဖြစ် တယ်။ ဒါကြောင့် နိုင်ငံခြားကနေ ခိုးကြောင်ခိုးဝှက်ယူပြီး လုပ်နေတာထက်စာရင် ကိုယ့်တိုင်းပြည်အကျိုး အတွက် အမေရိကန်လွှတ်တော်နဲ့ နားလည်မှုရအောင် ပြောင်ပြောင် တင်းတင်း ပွင့်ပွင့်လင်းလင်း ဆောင်ရွက် တာဟာကိုတော့ ကျွန်တော်တို့ နားလည်ပေးရလိမ့်မယ်။ ဒီရည်ရွယ်ချက်ကောင်းကို အသိအမှတ်ပြုပေ မယ့် နောင်လွှတ်တော်မှာ ဘတ်ဂျက်တင်လာတဲ့ အချိန်ကျရင်တော့ ဒီငွေတွေဟာ ဘယ်ခေါင်းစဉ်က ရလာတဲ့ငွေ တွေလဲ၊ လုပ်ထုံးလုပ်နည်းရော မှန်ကန်မှုရှိရဲ့လားဆိုတာ လွှတ်တော်ကိုအသေး စိတ်တင်လာချိန်မှ အကဲဖြတ် လို့ရနိုင်မယ်”” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောခဲ့သည်။

အစိုးရတစ်ရပ်အနေဖြင့် နိုင်ငံသူနိုင်ငံ့သားများ ကောင်းကျိုးဆောင်ရွက်ပေးရန် တာဝန်ကျေပွန်ပါက လော်ဘီ အဖွဲ့များငှား ရမ်းနေစရာမလိုကြောင်းနှင့် အဆိုပါလော်ဘီများကြောင့် မြန်မာအစိုးရအပေါ် အမေရိကန်၏ သဘောထားပြောင်းလဲမည်ဟု မထင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။

““လော်ဘီကို ဘာအတွက် ငှားရမ်းတာလဲဆိုတာ စိတ်ဝင်စားတယ်။ ဘာအတွက် လော်ဘီလုပ်ပေးဖို့လိုလဲ၊ တကယ်အစိုးရ တစ်ခုရဲ့တာဝန်ဟာ နိုင်ငံသူနိုင်ငံသားတွေ ကောင်းကျိုးကိုဆောင်ရွက်ဖို့ပဲ၊ ဒီတာဝန် ကျေနေ ပြီဆိုရင် ဒီလိုအဖွဲ့တွေဘာမှ ငှားနေစရာမလိုဘူး””ဟု ဒေါ်အောင်ဆန်းစုကြည်က RFA သတင်းဌာန အား ပြောကြားခဲ့သည်။

မြန်မာအစိုးရသည် အမေရိကန်အစိုးရနှင့် ဆက်ဆံရေးတိုးတက်ကောင်းမွန်စေရန် အမေရိကန်အစိုးရကို မြန်မာ အစိုးရနှင့် မြန်မာနိုင်ငံအကြောင်း နားချစည်းရုံးပေးမည့် ၀ါရှင်တန်အခြေစိုက် Podesta အကျိုးဆောင်အဖွဲ့ကို အမေရိကန်ဒေါ်လာ ၈ သိန်း ၄ သောင်းဖြင့် ငှားရမ်းခဲ့ခြင်းသည် မြန်မာအစိုးရအပေါ် အမေရိကန်၏ သဘော ထားပြောင်းလဲမည်အထင်ဖြင့် မျှော့သွေးစမ်း လုပ်ရပ်အဖြစ် ဝေဖန်မှုများထွက်နေသည်။ တိုက်တိုက်ဆိုင်ဆိုင် ပင် မြန်မာအစိုးရက ၀ါရှင်တန်လော်ဘီအဖွဲ့ကို ငှားရမ်းချိန်မှာ အမေရိကန်သမ္မတအိုဘားမားက မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့အရေးယူမှုကို တစ်နှစ်သက်တမ်းတိုးထားသည့်ကာလ ပြည့်ရန် တစ်လမျှသာ လိုတော့သည် အချိန်လည်းဖြစ်သည်။

မြန်မာအစိုးရအဆက်ဆက်က မြန်မာ့နိုင်ငံရေးတွင် ပြည်ပမှဝင်ရောက်စွက်ဖက်မှု လက်မခံဟုပြောခဲ့သော်လည်း အမေရိကန်နှင့် ဆက်ဆံရေးကောင်းမွန်စေရန် ယခုကဲ့သို့ လော်ဘီ ငှားရမ်းလိုက်ခြင်းမှာ ရှေ့နောက် စကားမညီ ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ဝေဖန်ခဲ့သည်။

လူထုဆက်ဆံရေးအဖွဲ့ (Public Relation Firm) ကဲ့သို့ မြန်မာအစိုးရအတွက် Lobby လုပ်ပေးသည့်အဖွဲ့မျိုး ယခင်အစိုးရ လက်ထက်က ငှားရမ်းလုပ်ဆောင်ခဲ့တာ တွေရှိခဲ့ဖူးသည်ဟု ပြောဆိုရေးသားချက် များလည်းရှိ သည်။ ၁၉၉၆ ခုနှစ် နောက်ပိုင်း ကလင်တန်အစိုးရက ပထမဦးဆုံး စီးပွားရေးပိတ်ဆို့မှုကို မြန်မာနိုင်ငံအပေါ် စတင်ချမှတ်ခဲ့စဉ်က Bain & Associates ဆိုသည့် အဖွဲ့၊ Jefferson Waterman International နှင့် DCI Associates စသည့် လော်ဘီအဖွဲ့များကို မြန်မာ အစိုးရ ထောက်လှမ်းရေးအဖွဲ့က ငှားရမ်းပြီး မြန်မာနိုင်ငံအပေါ် သဘောထား ပြန်လည်ပျော့ပျောင်းလာဖို့ ကြိုးစားမှုများ ရှိခဲ့ဖူးပါသည်။ အောင်မြင်မှုမရှိခဲ့သည့် အပြင် အမေရိ ကန်က ဖိအားပိုပေးပြီး ပိတ်ဆို့မှုပေါ်လစီအသစ်များ ထပ်မံပြဋ္ဌာန်းပြီး စစ်အစိုးရကို ဆက်တိုက်ဖိအားပေးသည် ကို တွေ့ခဲ့ရသည်။

အမေရိကန်နှင့် အမြဲတမ်းလိုလို Controversial ဖြစ်နေပြီး တစ်ခါတစ်ရံ hostile Attitude ရှိနေသည့် တရုတ်၊ ရုရှားကဲ့သို့ နိုင်ငံကြီးများလည်း ၀ါရှင်တန်လော်ဘီများကို ငှားရမ်းပြီး အမေရိကန်အစိုးရနှင့် နီးစပ်အောင်ကြိုး စားခဲ့ကြဖူးသည်။ သို့ရာတွင် ဒုံရင်းဒုံရင်းပါပဲ။ အခကြေးငွေပေးပြီး လော်ဘီနှင့် ချဉ်းကပ်တိုင်းသာ ရမည်ဆိုလျှင် အမေရိကန်အစိုးရသည် အရေးကြုံလာလျှင် “I am American. ငါက အမေရိကန်ကွ”” လို့ရင်ကော့ပြီ ပြောရဲ သည့် နိုင်ငံသားတိုင်း အားကိုးလောက်သည့်အစိုးရ ဖြစ်လာမည် မဟုတ်ချေ။ အမှန်တော့ Podesta အုပ်စု သည် အမေရိကန်အစိုးရနှင့် ကော်ပိုရေးရှင်းများကို ကိုယ်စားပြုသည်မှန်သော်လည်း ဒီမိုကရက်ပါတီ အိုဘား မားအစိုးရနှင့်သာ ရင်းနှီးကျွမ်းဝင်သည့် ဆက်ဆံမှုမျိုး ရှိပါသည်။

၂၀၀၇ ခုနှစ်တွင် သူ၏လုပ်ဖော်ကိုင်ဖက်များက ၀ါရှင်တန်၏ တတိယသြဇာတိက္ကမအကြီးဆုံး လော်ဘီတစ်ဦး အဖြစ် သတ်မှတ်ခံရသည့် အဖွဲ့အစည်းဥက္ကဋ္ဌ Tony Podesta သည် ၂၀၁၁-ခုနှစ်တွင် အဖွဲ့အစည်း၏ ၀င်ငွေ အမေရိကန်ဒေါ်လာ ၂၇ ဒသမ ၅ သန်းရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။

Podesta group ကို အားပေးနေကျ ဖောက်သည်အဖွဲ့အစည်းနှင့် နိုင်ငံများမှာ Wal-Mart , BP နှင့် Lockheed Matin , Abdisalam Omer, American Coalition for Clean Coal Electricity (မလွတ်မကင်း ပစ္စည်းများ မပါဝင်သည့် ကျောက်မီးသွေးဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် အမေရိကန်အဖွဲ့အစည်း), Amgen , Bank of America , Chero kee Nation(Casinos), C intas , Covidien, Duke Energy, Egypt, genentech , general Dynamics, Harrah Enterlaion ment, Heineken , Merck , Michelin, National Assciation of BroadCasters (NAB), National Public Radio(NPR) Neslle, Novartis, Orauge County, Florida, Raytheon, Reed Elsevier, Republic of Albania, Republic of georgia, Sallie Mae, Sunoco, Synthetic genonis, TJX Companies, Tyco Electro-nics, Republic of Kenya. နှင့် United Technologies စသည်တို့ဖြစ်သည်။

၂၀၁၁ ခုနှစ်တွင် Superlobbyists အဖြစ် သတ်မှတ်ခံရသည့် Podesta group သည် ဒီမိုကရက်ပါတီအတွက် ရွေးကောက် ပွဲအောင်နိုင်ရေး ကမ်ပိန်းများမှာလည်း အခကြေးငွေယူ၍ ဆောင်ရွက်ပေး လျက်ရှိသည်။ မကြာခင် မှာပဲ Iraq နိုင်ငံအတွက် လော်ဘီလုပ်ပေးရန် နှစ်ဖက်သဘောတူ စာချုပ်များချုပ်ဆိုကြဖို့ အလွန်နီးကပ်သေ ချာနေပြီဖြစ်သည်။ အီဂျစ်သမ္မတဟောင်း ဟော့စနီမူဘာရက် (Hosni Mubarak) သည်လည်း Podesta group) ကို ဈေးကြီးပေး ငှားရမ်းအကျိုးဆောင် ခိုင်းစေခဲ့သည်။ ဖောက်သည်ဟောင်းကြီး တစ်ဦးဖြစ်သည့် အီဂျစ်သမ္မတ၏ လူ့အခွင့်ရေးချိုးဖောက်မှုများကို သက်သာအောင်ကုစားရာတွင် အမေရိကန်အစိုးရနှင့် မူဘာ ရက်အစိုးရကြား တစ်ဖက်နှင့်တစ်ဖက် ပိုမိုနားလည်စေရေး (ယခုမြန်မာအစိုးရ လုပ်နည်းကားမျိုး) Podesta group ကို ပုဏ္ဏားတိုင်ထားပြီးဆောင်ရွက်စေခဲ့သည်။ ယခုလည်း လူ့အခွင့်ရေးပေါင်း စုံ ချိုးဖောက်နေသည်ဟု သတ်မှတ်ခံထားရသည် အီရတ်နိုင်ငံဝန်ကြီးချုပ် နိုရီအယ်(လ်)မာလီကီသည်လည်း မကြာခင်မှာပဲ သူ၏ ပထမ ဦးဆုံး လော်ဘီအဖွဲ့အစည်းအဖြစ် Podesta group ကို ငှားရမ်းတော့မည်ဖြစ်သည်။

ရာထူးမှပြုတ်ကျပြီး ပြည်ပြေးဘ၀ ရောက်ရှိနေသည့် ယူကရိန်သမ္မတဟောင်း ယာနူကိုဗစ်ခ်ျ (yanukovich) ကို ထောက်ထားစာနာစွာဖြင့် ဘရပ်ဆဲလ်မြို့အခြေစိုက် European Centre for Modern Ukraine က ယူကရိန်း နိုင်ငံအတွက် ယခုကဲ့သို့မျိုး လော်ဘီအလုပ်ကိုလွန်ခဲ့သည် ၂ နှစ်က အမေရိကန်ဒေါ်လာ ၉ သိန်းနှင့် သဘော တူစာချုပ်ချုပ်ဆို လုပ်ကိုင်ခဲ့ပြီးဖြစ်သည်။ တစ်ဆက်တည်းမှာပဲ Podesta group သည် ယခင်ဆိုဗီယက် အုပ်စု ၀င် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ယခုခွဲထွက်လာသည့် အဇာဘိုင်ဂျန်နိုင်ငံအတွက် အသုံးစရိတ်များအပါ အ၀င် တစ်လ လျှင် အမေရိကန်ဒေါ်လာ ၆၀၀၀၀ဖြင့် အကျိုးဆောင် (Lobbying) ပေးလျက်ရှိသည်။ လူ့အခွင့်အရေးစောင့် ကြည့်အဖွဲ့အစည်းများ၏ အစီရင်ခံစာအရ အဇာဘိုင်ဂျန် (Azerbaijan) အစိုးရသည် ၂၀၁၄ ခုနှစ် နှစ် လယ် လောက်ကစပြီး လွတ်လပ်သော နိုင်ငံရေးပါတီများ၊ ပြည်သူ့ထုတ်ဖော်ပြောဆိုမှုများကို အစိုးရ အာဏာပိုင်များက ပိတ်ပင်တားဆီးဖြိုခွင်းမှုများကို အရှိန်မြှင့် ဆောင်ရွက်လျက်ရှိသည် ဟုဆိုသည်။ နိုင်ငံရေး တက်ကြွ လှုပ်ရှား သူများ၊ လူ့အခွင့်ရေး ကာကွယ်စောင့်ရှောက်သူများ၊ ဂျာနယ်လစ်များအပါအ၀င် လူပေါင်း ၄၀ ခန့်ကို အဇာ ဘိုင်ဂျန်အစိုးရက မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု၊ အခွန်ရှောင်မှုနှင့်အတူ နိုင်ငံတော် သစ္စာဖောက်မှုများဖြင့် အကွက်ဆင်ထောင်သွင်း အကျဉ်းချလျက် ရှိနေသည်။

သို့ဆိုလျှင် မည်သည့်နိုင်ငံ၊ မည်သည့် အစိုးရက မည်သည့်အခြေအနေတွကြောင့် Podesta group ကို ချဉ်း ကပ်ရသည်ဆိုသည့် အချက်ကို သိလောက်ပြီဖြစ်ပါလိမ့်မည်။

မောင်မြား

● ကိုးကား

၁။ နေ့စဉ်ထုတ်သတင်းစာနှင့်အပတ် စဉ်ထုတ်ဂျာနယ်များ

၂။ Podesta group, INC (From wikipedia the free eneyclopedia)

၃။ Podesta group . com

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald


သာယာဝတီထောင်မှာ အဖမ်းခံထားရတဲ့ ကျောင်းသားတွေအတွက် တေးဂီတအဖွဲ့ ၃ ဖွဲ့ ပေါင်းပြီး ရံပုံငွေရှာဖွေခဲ့ကြပါတယ်။

ကိုမင်းညို

DVB TV -


ကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွဲခံရစဉ်တုန်းက သိမ်းထားခြင်းခံရတဲ့ ကားကိုဒီနေ့အထိ အာမခံမပေးတာကြောင့် ကားပိုင်ရှင်က ကားပြန်လိုချင်နေပါတယ်။

DVB TV

အမျိုးသားပညာရေးဥပဒေကို အတည်ပြုပြဌာန်းနိုင်ဖို့ အတွက် ပြည်သူ့လွှတ်တော်က ဆွေးနွေးအတည်ပြု ထားတဲ့ မူကြမ်းကို အမျိုးသားလွှတ်တော်မှာ ဒီနေ့ စတင်ဆွေးနွေးရာမှာ လွှတ်တော်နှစ်ရပ် သဘောထား ကွဲလွဲနေပါတယ်။

ပညာရေးအသုံးစရိတ်ကို အစိုးရအသုံးစရိတ်အားလုံးရဲ့ ၂၀ ရာခိုင်နှုန်းအထိ သုံးစွဲပေးဖို့ ပြည်သူ့လွှတ်တော်က အတည်ပြုထားတာကို အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးဖုန်းမြင့်အောင်က အခုလို ကန့်ကွက်ဆွေးနွေးခဲ့ ပါတယ်။

"ပညာရေးနဲ့ ပတ်သက်လို့ နှစ်စဉ်နှစ်တိုင်းကတော့ အခြေအနေအရ တိုးမြှင့်ပေးပေမဲ့ ဘယ်လောက် ရာခိုင်နှုန်း တိုးရမယ်ဆိုတဲ့ဟာကို ကျနော်တို့ ကိုယ်တိုင်တောင်မှ ဒီပြဌာန်းချက်မပေးနိုင်ခဲ့ပါ၊ အခြေအနေအချိန်အခါကြည့်ပြီး ကျနော်တို့ တိုးပေးနေရတာပါ၊ ကျနော်တို့မလုပ်နိုင်တဲ့ ကတိတစ်ခုကို နောင် လာမယ့် လွှတ်တော်၊ နောင်လာမယ့်အစိုးရလုပ်ဖို့ ဒီကြိုးနဲ့ချည်မယ်ဆိုရင် ကျနော်တို့တရားပါ့မလား၊ ဒါကြောင့် အသုံးစရိတ်ရဲ့ ၂ဝ ရာခိုင်နှုန်းနဲ့ ပတ်သက်ပြီးလို့မှ ကျနော်တို့ ဒီလွှတ်တော်ကလည်း ဒီအသုံးစရိတ်နဲ့ ပတ်သက်လို့ လုပ်နိုင်တဲ့အခွင့်အရေးတွေ ပြီးဆုံးသွားပါပြီ၊ နောက်ဒီအသုံးစရိတ်နဲ့ ပတ်သက်လို့ လုပ်ရမယ့်အစည်းအဝေးတွေ ဆုံးဖြတ်ချက်တွေက နောင်လွှတ်တော်နဲ့ နောင်ဆုံးဖြတ်ချက်သာဖြစ်ပါတယ်၊ ဒါကြောင့် အသုံးစရိတ်ရဲ့ ၂ဝ ရာခိုင်နှုန်းပေးရမယ်ဆိုတဲ့ ပြဌာန်းချက်ကို ပယ်ဖျက်သင့်ကြောင်း တင်ပြအပ်ပါတယ်"

ဒါ့အပြင် ပြည်သူ့လွှတ်တော်က ပညာရေးမူဝါဒနဲ့ ဥပဒေ၊ နည်းဥပဒေတွေရေးဆွဲရာမှာ ကျောင်းသားကျောင်းသူ ကိုယ်စားလှယ်တွေ၊ ဆရာ ဆရာမ ကိုယ်စားလှယ်တွေကို ပါဝင်ခွင့်ပေးဖို့ဆိုပြီး ပြည်သူ့လွှတ်တော်က သဘောတူခဲ့ကြပါတယ်။

အဲဒီအချက်ကို အမျိုးသားလွှတ်တော်က လက်မခံဘဲ ကျောင်းသားသမဂ္ဂကိုယ်စားလှယ်တွေနဲ့ ဆရာဆရာမသမဂ္ဂကိုယ်စားလှယ်တွေကိုသာ ပါဝင်ဆွေးနွေးခွင့်ရှိရမယ်လို့ ဒီနေ့ဆွေးနွေးခဲ့ကြပါတယ်။

အရင်က အမျိုးသားလွှတ်တော်မှာ ဆွေးနွေးရာမှာ ပညာရေးအသုံးစရိတ်ကို ၅နှစ်အတွင်း သင့်တော်တဲ့ ရာခိုင်နှုန်းအထိ နှစ်စဉ်တိုးမြှင့်သွားဖို့ အတည်ပြုထားပြီး ပြည်သူ့လွှတ်တော်ကတော့ အစိုးရအသုံးစရိတ်အားလုံးရဲ့ ၂၀ ရာခိုင်နှုန်းအထိ ရောက်ရှိအောင် ရည်မှန်းချက်ထားဆောင်ရွက်ဖို့ အတည်ပြုထားတာဖြစ်ပါတယ်။

RFA
http://www.rfa.org/burmese/news/two-Parliament-debates-education-bill-05122015100824.html

ရွှေဘိုက အကသ ကျောင်းသား ရဲဘော်အောင်မင်းခိုင် အသက်မပြည့်သေးသဖြင့် ၅၀၅ အပါဝင် ပုဒ်မ ငါးခု လုံးကို မဖြုတ်ပေးဘဲ အာမခံဖြင့်ပြန်လွှတ်ပေး။ ဆွဲထားသောပုဒ်မများအား မဖြုတ်ပေးသေးပဲ ကလေးသူငယ်များတရားရုံး တွင်ဆက်လက်စစ်ဆေးသွားမည်။


၁၂-၅-၂၀၁၅ သာယာဝတီ တရားရုံးရွှေဘိုက အကသ ကျောင်းသား ရဲဘော်အောင်မင်းခိုင် အသက်မပြည့်သေးသဖြင့် ၅၀၅ အပါဝင် ပုဒ်မ ငါးခု လုံးကို မဖြုတ်ပေးဘဲ အာမခံဖြင့်ပြန်လွှတ်ပေး။ ဆွဲထားသောပုဒ်မများအား မဖြုတ်ပေးသေးပဲ ကလေးသူငယ်များတရားရုံး တွင်ဆက်လက်စစ်ဆေးသွားမည်။
Posted by မိုးစက် - မြင်းခြံ on Tuesday, May 12, 2015

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.