05/17/15


သမ္မတဦးသိန်းစိန်ရှေ့မှောက်မှာ ၃၁ ရက် မတ်လ ၂၀၁၅ ခုနှစ်က တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်မူကြမ်းကို နှစ်ဘက်ကိုယ်စားလှယ်ခေါင်းဆောင်တွေ အတည်ပြု လက်မှတ်ရေးထိုးခဲ့ကြစဉ် (ဓာတ်ပုံ - မြန်မာငြိမ်းချမ်းရေးစင်တာ)

အမှန်တကယ် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ လိုလားတယ်ဆိုရင် အစိုးရအနေနဲ့ ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ ဆွေးနွေး အဖြေရှာဖို့လိုတယ်လို့ တိုင်းရင်းသားခေါင်းဆောင် ဗိုလ်မှူးကြီးခွန်ဥက္ကာက တိုက်တွန်းပြောဆိုလိုက်ပါတယ်။ တနိုင်ငံလုံးအပစ်ရပ် စာချုပ်ချုပ်ဆိုနိုင်ရေး တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့အစိုးရ ကြိုးပမ်းနေချိန်မှာ ဒီသီတင်းပတ်ထဲ တိုင်းရင်းဒေသအချို့မှာ တိုက်ပွဲပြင်းထန်ခဲ့သလို မြန်မာစစ်တပ်ဘက်က စစ်အင်အား အလုံးအရင်း ထပ်မံတိုးချဲ့ချနေလို့ စစ်ရေးတင်းမာနေဆဲ အခြေအနေကြောင့် အခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။ အသေးစိတ်ကို မဆုမွန်က ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံတွင်း ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့နဲ့ ရေရှည်ငြိမ်းချမ်းရေး တည်တံ့နိုင်ဖို့အရေး တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုနိုင်ဖို့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ အစိုးရဘက်က ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီတို့ ကြိုးပမ်းခဲ့ကြတာ အခု ဆိုရင်တော့ မူကြမ်းချုပ်ဆိုနိုင်ခဲ့တဲ့ အနေအထားဖြစ်ပါတယ်။ ဒီလိုအချိန်မှာ တိုင်းရင်းဒေသအချို့မှာ အစိုးရတပ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့ကြား ရင်ဆိုင်တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့တဲ့အပေါ် တင်းမာမှုတွေကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ အဖြေရှာကြဖို့ တိုင်းရင်းသား ခေါင်းဆောင် တဦးဖြစ်တဲ့ ဗိုလ်မှူးကြီးခွန်ဥက္ကာက မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။

“ပြောချင်တာက ပြည်တွင်းငြိမ်းချမ်းရေးကို တကယ်လိုလားတယ်ဆိုရင်တော့ နည်းလမ်းရှာဖို့ လိုတယ်။ ဆွေးနွေးတဲ့နည်းလမ်း၊ သို့တည်းမဟုတ် ငြိမ်းချမ်းတဲ့နည်းလမ်းလိုတယ်။ ပါးစပ်ကတော့ ငြိမ်းချမ်းရေးပြောတယ်၊ ဒါပေမယ့် စစ်အင်အားတွေ လိုတာထက်ပိုပြီးတော့ အဆမတန်သုံးနေရင်တော့ ဒါက လက်တွေ့မှာကျတော့ စစ်ရေးနဲ့ဖြေရှင်းတဲ့နည်းကို ဦးစားပေးသလိုဖြစ်နေတယ်။ တနိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးဆိုတဲ့ခေါင်းစဉ်နဲ့ကိုက်အောင် အဲဒီတိုက်ပွဲတွေကို လျှော့ချမယ်၊ ရပ်ဆိုင်းမယ်ဆိုမှ ဒီစာချုပ်က လှလှပပဖြစ်လာနိုင်မယ့်အခြေအနေ ရှိတာပေါ့။ ဒါကြောင့် အဲဒီအပြောနဲ့အလုပ် ညီဖို့တော့လိုတယ်လို့ ကျနော် အဲဒီလိုတော့ တင်ပြချင်တယ်။”

ဒီသီတင်းပတ်ထဲမှာပဲ တအောင်းပလောင်လွတ်မြောက်ရေးတပ်ဖွဲ့ TNLA နဲ့အစိုးရတပ်တို့ကြား ရှမ်းပြည်နယ်နဲ့ ကိုးကန့်ဒေသထဲ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါ တယ်။ တအောင်းတပ်ဘက်က မြန်မာ့တပ်မတော် ဗျူဟာအခြေစိုက် ရှမ်းပြည်နယ် ကွတ်ခိုင်မြို့က ခလရ (၂၄၁) မြန်မာတပ်ရင်းဌာနချုပ်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တဲ့အတွက် တအောင်းတပ်နဲ့ မြန်မာတပ်ကြား စစ်ရေးက အတော်လေးတင်းမာနေတဲ့ အခြေအနေဖြစ်တယ် လို့လည်း တအောင်းတပ်ပြောခွင့်ရ တာပန်လှက ပြောပါတယ်။

“ဒီနေ့အထိပေါ့နော်၊ အနည်းဆုံးစုစုပေါင်း တိုက်ပွဲ ၇ နေရာလောက်ဖြစ်တယ်ခင်ဗျ။ ဒီနေ့ကတော့ နောင်ချိုမှာပေါ့နော်၊ နောင်ချိုကနေ ကျောက်မဲဘက်ကို လက်နက်တင်ဆောင်ပြီးတော့ စစ်ကားအစီး ၃၀ လောက် ကျောက်မဲဘက်ကို သွားနေတယ်လို့ နေ့လည် ၁၁ နာရီလောက်က ကျနော် သတင်းရရှိထားပါတယ်။ ပြီးတော့ကာ ကျနော်တို့ဒေသထဲမှာလည်း ထိုးထားတဲ့ တပ်ရင်းတွေ၊ တပ်ဖွဲ့တွေက များပဲများလာတယ်။ ပြန်လည်ပြီးတော့ခွာတာမျိုး၊ နောက်ဆုတ်တာမျိုး မရှိသေးတဲ့အတွက် တိုက်ပွဲ…ကတော့ များအုံးမယ်ဗျ။”

တချိန်တည်းမှာပဲ တအောင်းတပ်၊ ရခိုင်တပ်တို့နဲ့ စစ်မဟာမိတ်ဖြစ်တဲ့ ကိုးကန့် MNDAA တပ်ဘက်ကို မြန်မာစစ်တပ် ဘက်က စစ်သုံးရဟတ်ယာဉ်တွေ၊ တင့်ကားတွေ၊ အမြောက် လက်နက်ကြီးတွေနဲ့ပါ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ခဲ့တဲ့အတွက် တရုတ်နယ်စပ်ဘက်အထိ လက်နက်ကြီးကျည် ကျခဲ့တာကြောင့် နယ်စပ်ဒေသလုံခြုံရေး စိုးရိမ်စရာအနေအထားဖြစ်နေတာပါ။ မြန်မာတပ်ဘက်က စစ်အင်အားအလုံးအရင်းချထားပြီး နေ့စဉ် လက်နက်ကြီးနဲ့ ပစ်ခတ်နေတဲ့အတွက် ကိုးကန့်တပ်စခန်းချရာ ပွိုင့် ၂၂၀၂ တောင်ကုန်းကနေ စစ်ဗျူဟာအရ ဆုတ်ခွာခဲ့ကြတယ်လို့ ကိုးကန့်တပ်ပြောခွင့်ရ ဦးထွန်းမြတ်လင်းကပြောပါတယ်။

“လွန်ခဲ့တဲ့သုံးပတ်လောက်ကစပြီးတော့ သူတို့က ပွိုင့်ကုန်း ၂၂၀၂ ကိုသိမ်းပိုက်နိုင်ခဲ့ပြီလို့ ခနခနကြေညာပါတယ်။ ဒါပေမယ့် ကျနော်တို့က တိုက်ပွဲဖြစ်တာက မနေ့တုန်းကနေ့လည်ပိုင်းအထိပါ။ အဲဒီပွိုင့်ကုန်းမှာဖြစ်နေပါတယ်။ ဒါပေမယ့် မနေ့ကနေစပြီးတော့ ကျနော်တို့က Strategy အရ ပြောင်းရွှေ့မှုတွေ လုပ်ထားတာရှိပါတယ်။ အဲဒီတော့ ဒီနေ့ အဲဒီကုန်းမှာတော့ ကျနော်တို့လူတွေ မရှိတော့ပါဘူး။ အဲဒီ ၂၂၀၂ မှာ။ ကျနော်တို့ ပြောင်းရွှေ့မှုတွေ လုပ်ထားပါတယ်။ ဟိုက်စ်ကီးပေါ့နော၊ တိုက်လေယာဉ်နဲ့လာပြီးတော့ ဗုံးကြဲတယ်၊ ပြီးတော့ စက်သေနတ်နဲ့ပစ်ပါတယ်။ လက်နက်ကြီးကတော့ နေ့တိုင်းလိုလို ပစ်နေပါတယ်။ အဓိက-က ကိုးကန့်တပ်ကို သူတို့က သည်းကြီးမည်းကြီးဖြစ်နေပါတယ်။ ကျနော်တို့ မဟာမိတ်လည်း ပြောလို့ရတာပေါ့။ ကျန်တဲ့နှစ်ဖွဲ့လည်း အတူတူပါပဲ။”

အခုလိုတိုင်းရင်းဒေသအချို့မှာ ရှေ့လျောက်လည်း စစ်ရေးတင်းမာနိုင်ခြေ အနေအထားရှိတဲ့အတွက် တနိုင်လုံးအတိုင်းအတာနဲ့အပစ်ခတ်ရပ်စဲရေး စာချုပ်ချုပ်နိုင်ဖို့အပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို တိုင်းရင်းသားခေါင်းဆောင်တွေ ထိုင်းနိုင်ငံမှာ တွေ့ဆုံဆွေးနွေးကြဖို့ရှိသလို ထိပ်သီး ခေါင်းဆောင်တွေပါတဲ့ မျက်နှာစုံညီညီလာခံကို ကရင်ပြည်နယ် လော်ခီးလာမှာကျင်းပဖို့ရှိကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာကပြောပါတယ်။

“NCCT ကတော့ ချင်းမိုင်မှာပဲ ၂၆- ၂၇ လောက် တွေ့ဖြစ်မယ်ထင်တယ်။ ကျနော်မှန်းတာပေါ့။ NCCT သပ်သပ်လေးတွေ့ပြီးတော့မှ ကျနော်တို့ တိုင်းရင်းသားထိပ်သီးခေါင်းဆောင်တွေ တွေ့ဖို့ ကရင်ပြည်နယ် လောခီးလာမှာ ဖြစ်မယ်ထင်တယ်။ အဲဒါက လကုန်ပေါ့။ ၂၉-၃၀ လောက် ဖြစ်သွားနိုင်တာပေါ့။…. အဲဒါပြီးတော့မှ ကျနော်တို့ ဆုံးဖြတ်မယ်လေ။ ထိပ်သီးခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်၊ ညွှန်ကြားချက်အတိုင်း ဆက်လုပ်မှာပေါ့။ အဲဒီအထိတော့ စောင့်ဖို့လိုတယ်။”

တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ အစိုးရကြား အပစ်အခတ်ရပ်စဲရေးစာချုပ်မူကြမ်းကို မတ်လ၃၁ ရက်နေ့က သမ္မတဦးသိန်းစိန်ရှေ့မှာ လက်မှတ် ရေးထိုးခဲ့နိုင်ခဲ့သလို ဝပြည် ပန်ဆန်းဌာနချုပ်မှာ မေလ ၁ရက်နေ့ကနေ မေလ ၆ ရက်နေ့အထိတွေ့ဆုံခဲ့ကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ထိပ်သီးခါင်းဆောင်တွေ အားလုံးပါဝင်တဲ့ မျက်နှာစုံညီညီလာခံမှာလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ အပစ်အခတ်ရပ်စဲရေး စာချုပ်အပြီးသတ် လက်မှတ်ထိုးနိုင်ဖို့အရေး နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာဖို့ တိုက်တွန်းခဲ့ကြတာ ဖြစ်ပါတယ်။

မဆုမွန်/VOA
http://burmese.voanews.com/content/for-the-peace-of-country-needs-to-find-by-peaceful-way-/2774035.html

UNHCR အနေဖြင့် လှေပေါ် ဒုက္ခသည်များအတွက် အခြားတိုင်းပြည်တစ်ခု ရှာဖွေ သင့်သည်ဟု မလေးရှားနိုင်ငံက ပြောကြားလိုက်သည်။

မလေးရှား ပြည်ထဲရေး ဒုဝန်ကြီး Jaafar က “ကျွန်တော်တို့ သူတို့ကို မှန်ကန် တဲ့ တုန့်ပြန် အချက်ပြမှုလုပ်ခဲ့ပြီး သူတို့လာရာ နိုင်ငံတွေဆီ ပြန်ပို့ ဖို့ပါ။ သူတို့နိုင်ငံတွေမှာ စစ်ဖြစ် မနေပါဘူး။ သူတို့ရဲ့ လှေကလည်း ဘာမှ မဖြစ်ဘူး ဆိုရင် သူတို့နိုင်ငံကို ပြန်သွား သင့်ပါတယ်” ဟု ပြောကြားသည်။

၂၀၁၅ ခုနှစ် ပထမ ၃ လပတ်တွင် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငမှ ဒုက္ခသည် ၂ သောင်း ၅ ထောင်ခန့် လှေများဖြင့် ထွက်ခွာခဲ့ပြီး ၂၀၁၄ အလားတူ ကာလထက် ၂ ဆ ခန့် ပိုများ ခဲ့သည်ဟု UNHCR က ဆိုသည်။

ဒုဝန်ကြီး Jaafar က “ကျွန်တော်တို့ နိုင်ငံက ဘာကြောင့် ဖိအားပေးခံနေ ရလဲ မသိပါဘူး။ ကျွန်တော်တို့ လုပ်သင့်တယ်လို့ ထင်တဲ့အရာကို လုပ်တာပါ။ ကျွန်တော်တို့ ဘယ်လို လုပ်တာကို ပြည်သူတွေက မြင်ချင်လဲဆိုတာ ဂရုစိုက် ရပါတယ်။ ကျွန်တော်တို့နိုင်ငံ ထဲ ရွှေ့ပြောင်းနေထိုင်သူတွေ အလုံးအရင်းနဲ့ ၀င်လာမှာ ပြည်သူတွေက မမြင်ချင်ပါဘူး” ဟု ဆိုသည်။

၎င်းက ဆက်လက်ပြီး “မြန်မာအစိုးရမှာ ရိုဟင်ဂျာတွေကို ဆက်ဆံပုံနဲ့ ပတ်သက်ပြီး ပြဿနာ ရှိနေပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ သူတို့ ပြည်သူတွေကို လူပီသစွာ ဆက်ဆံ သင့်ပါတယ်။ ဖိနှိပ်မှု မလုပ်သင့် ပါဘူးလို့ ကျွန်တော်တို့ ခိုင်မာတဲ့ သတင်းစကားပါးပါတယ်” ဟု ပြောကြားခဲ့သည်။

အရှေ့တောင်အာရှဒေသတွင်း ရွှေ့ပြောင်းသူများ၏ အဓိကရင်းမြစ် တစ်ခုဖြစ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကိုလည်း ထိုးနှက် ပြောကြားခဲ့သည်။

“ဘင်္ဂလားဒေ့ရှ်က လာတဲ့ တရားမ၀င် နယ်ကူးအလုပ်ရှာသူတွေ (Illegal Economic Migrants) အများအပြား ရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ ဘာပြဿနာတွေ ဖြစ်နေလဲ၊ ဒီမိုကရေစီနိုင်ငံ တစ်ခု မဟုတ်ဘူးလား၊ အဲဒီမှာ ပြဿနာ ကြီးကြီးမားမားတွေ ဖြစ်နေပုံရပါတယ်” ဟု ပြောကြားသည်။

“ကျွန်တော်တို့ ရေပိုင်နက်ထဲကို ဖြတ်ကျော်လာသူတွေကို ကောင်းကောင်း မွန်မွန် ဆက်ဆံခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ကမ်းခြေကို ဒီလိုရောက်လာလို့ မရပါဘူး။ သူတို့ကို ဒီမှာ မကြိုဆိုဘူး မလိုလားဘူးဆိုတဲ့ မှန်ကန်တဲ့ သတင်း စကားပါးရပါမယ်” ဟု ဆိုသည်။

KHTun

The Ladies News Journal


မလေးရှားနှင့် အင်ဒိုနီူရှားနိုင်ငံတို့မှာ လှေနှင့်လာနေကြသော ဒုက္ခသည်များ တိုးလာ ပြီး အများစုက ဘင်္ဂလာဒေရှ်နှင့် မြန်မာနိုင်ငံတို့ မှာ လက်တလော ရောက်လာကြသော ဒုက္ခသည်များ ဖြစ်သည်ဟု ဆိုသည်။

သို့ ရာတွင်ရခိုင် ပြည်နယ် ၀န်ကြီးချုပ် ဗိုလ်ချုပ်မောင်မောင်အုန်းက အဆိုပါဒုက္ခသည်များသည် ရခိုင်ဒေသမှာ ဒုက္ခသည်များ မဖြစ်နိုင်ဟု ဆိုသည်။

" ရခိုင်ဒေသက အခု တည်ငြိမ်နေပါ ပြီ။ ယာယီ ၀ိုက်ကတ် စိစစ်ခြင်း ပြုလုပ် တာကလည်း အဆင်ပြေနေပါတယ်။ အဲဒိကတ်ရှိသူတွေကို လက်ခံပါတယ်။ မလေးရှားနဲ့ အင်ဒိုနီးရှားကို လာကြသူတွေ မြန်မာ ကလို့ ဆိုတာတော့ မဖြစ်နိုင်ပါဘူး၊ အရင်ကတော့ ဟုတ်မှာပေါ့။ အခုတော့မဖြစ်နိုင်ပါဘူး"

သူတို့ ဒေသမှာ ခွင့် ပြုချက်မရှိဘဲ လူ တွေကို လှေနှင့် ထွက်ခွာတာ ခွင့်မပြုသလို လူတွေ အ၀င်အထွက်ကိုလည်း ကင်းချစောင့်ကြည့်နေသည်ဟု ၀န်ကြီးချုပ် မောင်မောင်အုန်းက ပြောပါသည်.

တချို့ ဒုက္ခသည်များသည် မြန်မာများဆိုသော်လည်း သူတို့ အနေဖြင့်  မြန်မာ ကနေ မလေးရှားနှင့် အင်ဒိုနီးရှားသို့ တိုက်ရိုက်မသွားနိုင်ဟု သူက ဆိုသည်။

" တချို့ တွေက မြန်မာကဆိုတာ ဖြစ်နိုင်တယ် ဒါပေမဲ့တခြားနိုင်ငံမှာ အလုပ် လုပ်နေကြတာ။ သူတို့ ကိုတွေ့ ရင် မြန်မာက လာတယ်လို့ ပြောမယ် ဒါပေမဲ့  မြန်မာက တိုက်ရိုက်လာတာ မဟုတ်ဘူး။ ရိုဟင်ဂျာလို့ ပြောတာနဲ သူတို့  မြန်မာက လာတယ်လို့ ပြောလို့ မရဘူ."

ရခိုင်ဒေသမှာ ရိုဟင်ဂျာဦးရေ ၁သန်း ကျော်ရှိမည်ဟု မြန်မာအစိုးရက ဆို သည်။ သူတို့ က ထိုသူတွေကို ဘင်္ဂလာဒေရှိကလာသော ဘင်္ဂလီများ ဖြစ် သည်ဟု ဆိုသည်။

" အဲဒီလူတွေ အကြောင်းကြားတာနဲ့ လူတွေက ရိုဟင်ဂျာဆိုတာ ရခိုင်ကပဲ လို့ ထင်ကြတယ်။ တကယ်တော့ ဒါက သိပ်ရှုပ်ထွေးပါတယ်။"
ဝိုက်ကတ် သည် ၂၀၁၀ေ၇ွးကောက်ပွဲအတွက် မြန်မာအစိုးရက ထုတ်ပေးခဲ့ တာ ဖြစ်ပါသည်။ စစ်တပ်က ကျောထောက်နောက်ခံပေးထားသော ကြံခိုင်ရေး ပါတီသည် အဆိုပါ ၀ိုက်ကတ်ကိုင်သူများကြောင့် ရခိုင်ဒေသမှာ ရခိုင် တိုင်းရင်းသားများ ပါတီကို အပြတ်အသတ်အနိုင်ရခဲ့ပါသည်။
ပြီးခဲ့သည့် လ မြန်မာအစိုးရက ၀ိုက်ကတ်ကို ပြန်သိမ်းခဲ့ပြီး ၂၀၁၅ေ၇ွးကောက်ပွဲ တွင် မဲပေးနိုင်မှုမှ အခုအချိန်အထိ မသေချာသေးကြောင်း သိရသည်။

လင်းလင်း
Ref - RFA
The Ladies News Journal


လူတစုပိုင်တဲ့တိုင်းပြည်ကို လူထုပိုင်တဲ့တိုင်းပြည်ဖြစ်ဖို့ မဲပေးစို့ 

နိုင်ငံ့အဆီကိုဖေါက် ပြည်သူ့သွေးသောက်နေတဲ့ လူ့ဂျပိုး စစ်ဂျပိုး အဘမျိုးပျောက်စေဖို့ မဲပေးစို့ 

၂၀၀၈ ဖွဲ့ စည်းပုံ စစ်ကျွန်ဥပဒေကို စစ်သွေးစင်အောင် ပြင်နိုင်ဖို့ မဲပေးစို့ 

အာဏာရှင်ခါးပိုက်ထဲက စစ်တပ်ကို စစ်တန်းလျှားပြန်ပို့ နိုင်ဖို့ မဲပေးစို့ 

ပိဋကတ်သုံးပုံ နှုတ်ငုံရတဲ့ တိပိဋကဆရာတော် ဘဒ္ဒန္တဦးသုမင်္ဂလာလင်္ကာရလို ထောင်အချမခံရဖို့ မဲပေးစို့ 

လယ်တီသိမ်လို သမိုင်းဝင်သာသနိကအဆောက်အဦးတွေ အဖျက်မခံရဖို့ မဲပေးစို့ 

ငွေကြာယံကျောင်းတိုက်လို မနက်လင်းကြီးချိန် ရန်သူ့စခန်းဝင်စီးသလို အစီးမခံရဘို့ မဲပေးစို့

လက်ပံတောင်းတောင် သံဃာတော်တွေလို မီးသင်္ကန်းအကပ် မခံရဖို့ မဲပေးစို့

သန္တိသုခကျောင်းတော်လို ညဥ့်နက်သန်းခေါင် ကျောင်းလုခံရတာမျိုးမကြုံရအောင် မဲပေးစို့ 

ပခုက္ကူက ကိုရင်လို ဓါတ်တိုင်မှာကြိုးနဲ့ တုပ်ပြီးအရိုက်မခံရအောင်မဲပေးစို့ 

လူသတ်မဒိမ်း မြေသိမ်းဓါးမြ လူ့ ဗာလတွေ လွှတ်တော်ဝမှာ ခြေမချနိုင်ဘို့မဲပေးစို့ 

စစ်မီးတောက်တွေ အစစ်အပြီးပျောက်စေဖို့ မဲပေးစို့ 

ဧရာဝတီကိုကယ်တင်ဖို့ မြစ်ဆုံဆည်စီမံကိန်း အပြီးတိုင်ဖျက်သိမ်းပစ်ဖို့ မဲပေးစို့ 

အပူပင်ကင်းကင်း ဧည့်စာရင်းစစ်မလာ ညတိုင်းမှာ အေးချမ်းစွာအိပ်စက်နိုင်ဖို့ မဲပေးစို့ 

မိခင်တွေဝမ်းမြောက် မျက်ရေတွေခမ်းခြောက် ချစ်သူတွေပန်းကောက်နိုင်ဖို့ မဲပေးစို့ 

ဥပဒေအထက်မှာ တပ်မတော်နဲ့ ဆွေတော်မျိုးတော်တွေရှိနေတာသိရက်နဲ့ ဥပဒေအထက် မည်သူမျှမရှိစေရလို့ အသံကောင်းဟစ်တဲ့ လွှတ်တော်ဥက္ကဌမျိုး နှောင်ပေါ်မလာအောင်မဲပေးစို့ 

ပြည်သူကိုတော့ ဆောင့်ကြောင့်ထိုင်ခိုင်း လက်အုပ်ချီခိုင်းပြီး အာဏာရှင်ကို ကျေးဇူးရှင်မှတ် ဘုရားမှတ်ကိုးကွယ်တဲ့ သမ္မတမျိုး နောက်ထပ်မရဖို့ မဲပေးစို့ 

တိုင်းပြည်ကိုဆင်းရဲတွင်းတွန်းချနေတဲ့ ပြည်တွင်းစစ် ဇွတ်တိုက်ခြင်တဲ့ ကာချုပ်မျိုးနောက်ထပ် မရဖို့ မဲပေးစို့ 

လူ့သိက္ခာကို လူ့ပြိတ္တာတွေ မြေမှာချနင်းတာမခံရဖို့ မဲပေးစို့ 

လက်ပတ်နီဂျပိုးတွေရဲ့ လက်လိမ်ချိုး လည်ပင်းညှစ်ဖမ်းတာမခံရဖို့ မဲပေးစို့ 

လယ်သူမကြီးဒေါ်ခင်ဝင်းလို ကိုဖုန်းမော်လို မဝင်းမော်ဦးတို့လို ပြည်သူ့ပိုက်ဆံနဲ့ဝယ်ရတဲ့ ကျည်ဆံနဲ့ အသတ်မခံရဖို့ မဲပေးစို့ 

ကိုပါကြီးလို ဥပဒေမဲ့ အသတ်ခံရတဲ့ သတင်းသမားတွေနောက်ထပ်မရှိစေဖို့ မဲပေးစို့ 

လူသတ်မဒိမ်းမြေသိမ်းလိုင်စင် ပြန်ရုပ်သိမ်းနိုင်ဖို့ မဲပေးစို့ 

လူကိုခွေးသတ်သလို ကျောင်းသားခေါင်းဆောင်ဆလိုင်းတင်မောင်ဦးလို ကြိုးပေးမခံရဖို့ မဲပေးစို့ 

မိုင်းခွဲခံကျောင်သားသမဂ္ဂ ပြန်လည်အုတ်မြစ်ချနိုင်ဖို့ မဲပေးစို့ 

ကျောင်းမုဒ်ဦးမှာ ဒေါင်းအုပ်မြူးနိုင်ဖို့ မဲပေးစို့ 

တောင်တွေမပျောက် မြစ်တွေမခြောက် တောတွေမပြုန်း အင်းတွေမသုဉ်းစေဖို့ မဲပေးဖို့ 

နိုင်ငံရဲ့စာရိတ္တမဏ္ဍိုင်ကို ခေါင်တိုင်ကစ ပြင်နိုင်ဖို့ မဲပေးစို့ 

လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ လုံခြုံစွာအတူယှဉ်တွဲနေနိုင်ဖို့ မဲပေးစို့

ဆီးသီးဗန်းဖျောက်တဲ့သူ မှောက်စေတဲ့သူ ကောက်စားတဲ့သူတွေ ပျောက်သွားစေဖို့ မဲပေးစို့ 

စောရနက္ခတ်ထွန်းကားတဲ့ တိုင်းပြည်ကို လိပ်ပြာသန့် တဲ့တိုင်းပြည်ဖြစ်စေဖို့ မဲပေးစို့ 


ဘယ်ပါတီတွေက လူထု့ ပါတီ … ဘယ်ပါတီတွေက လူတစုပါတီဆိုတာ ပြည်သူ့ သမိုင်းက သက်သေတည်ထားသမို့  တိုင်းရွှေပြည် တခေတ်ဆန်းဖို့ ခေတ်ဝန်ထမ်းဖို့ မဲပေးစို့  ။ ။

(မင်းကောင်းချစ်)
မေလ ၁၅ ရက် ၂၀၁၅ ခုနှစ်




ပြည်သူလူထုက လိုလားရင် နောက်ထပ် သက်တမ်းတစ်ကြိမ် တာဝန်ထမ်းဆောင်ချင် ပါသတဲ့။ သမ္မတကြီးနှင့် ပြည်သူအကြား အမြင်အာရုံတွေ အကွယ်ခံထားရသောကြောင့် ပြည်သူ့အသံ အမှန်အကန်ကို မသိရှာ၍ ဤသို့ ပြောနေခြင်းဖြစ် . . .

ရွးကောက်ပွဲကြီး နီးလာပြီ။ ခန့်မှန်း ၆လခန့်သာလိုတော့သည်။ လုပ်ဖြစ်ရင် ပြောတာပါ။ အားလုံးပြင်ဆင်ပြီးခါမှ ဟို ဟဲ့၊ ဒီဟဲ့ ရွှေ့ကောင်းရွှေ့မှာတော့ စိုးရိမ်ရသည်။ သူ့ပါတီကိုယ့် ပါတီကိုယ်စားလှယ်လောင်း တွေပြင် ဆင် နေကြ ပြီ။ အချို့တိုးတိုးတိတ် တိတ်ကျိတ်ဝိုင်း၊ ““ဒေသနှင့်လူ””သတ်မှတ်ပြီးနေပြီ။

ပြည်သူတွေ ရွေးကောက်ပွဲဖြစ်လာလျှင် အကြောက်ဆုံး ကြောက်နေသည်က ““စွမ်းအားရှင်””ဖြစ်သည်။ ၀န်ကြီး တစ်ပါးက”” စွမ်းအားရှင်ဆိုတာ မရှိကြောင်း””အတိအကျ မျက်စိစုံမှိတ်ပြီး ငြင်းသည်။ တိုင်းဒေသ ကြီးက““ လက်ပတ်နီများ၏ လုပ်ဆောင်ချက်သည် ရာဇသတ်ကျင့်ထုံး၊ ပုဒ်မ ၁၂၇၊၁၂၈ အရမှန်ကန်သည်”” ဟုပြော သည်။ သမ္မတကြီးကိုယ်တော်တိုင်က “ဥပဒေနှင့်အညီ ဆောင်ရွက်တာပါ”” ဟု ပြောလိုက်တော့ ဘာပြောဖို့ လို တော့မှာလဲ ပါးစပ်ပိတ်ပေါ့။…

ပြည်သူ့ရဲတပ်ဖွဲ့ဝင်များရှေ့တွင်၊ ဆန္ဒပြ ပြည်သူနှင့် ကျောင်းသူကျောင်း သားတွေ ကို လက်ပတ်နီတွေ ရိုက်တာ မှန်နေသည် ဆိုမှတော့ ခံကြပေါ့။ ခံရုံနှင့်မပြည့်စုံ၊ တရားပင်အစွဲခံကြရဦးမည်တဲ့။ ပြည်သူ့ဝန် ထမ်းမဟုတ် သူတွေက နေ့တွက်ယူပြီးတရား ဥပဒေစိုးမိုးရေးဟု အယောင်ပြအကြမ်းဖက် ရိုက်နှက်ဖမ်းဆီးလည်လိမ်၊ ကုပ် ချိုးသည်ကို ဘယ်လို ရာဇသတ်ကျင့်ထုံးက အကာအကွယ်ပေးသည်တဲ့။ အံသြစရာကောင်းနေသည်။ အမြင် ရိုင်းပြီး တရားလွန်လွန်းလှချည်းရဲ့ဟု မှတ်ချက်ပြုကြသည်။

ရန်ကုန်မြို့အချက်အချာ၊ မြို့တော် ခန်းမရှေ့၊ ဆူးလေစေတီအနီးမှာ ဆန္ဒပြ လူ ၃၀ခန့်အနက် ကျောင်းသား ၅ ဦး၊ အရပ်သား ၃ဦး၊ အမျိုးသမီး ၂ ဦးကို ရဲအင်အားနှင့် လက်တို့ဖမ်းနိုင်ပါလျှက် ရုပ်လက္ခဏာညံ့ဖျင်းသော လူ သတ်လိုင်စင် ရလူမိုက်လမ်းသူရဲဆန်ဆန် ဆေးမင်ကြောင် ဗရပွ၊ ဆေးသမားပုံ လူတစ်စုကတရား ၀င်ရိုက်နှက်၊ ဖမ်းဆီးလည်လိမ်ကုက်ချိုး၊ တစ်ဖက်သတ်လုပ်ချင်သလို လုပ်ခွင့်ပြုထားမှုက စဉ်းစားရခက်သည်။ ပြီးတော့ ရာဇ သတ်ကျင့်ထုံးဆိုသည့် တရားဥပဒေကြီးနှင့် အကာအကွယ်ပေးခဲ့သည်။

သမ္မတကြီးရဲ့သန့်ရှင်းသော၊ ကောင်းမွန်သော အစိုးရသည် အခါအားလျှော်စွာ၊ ပြည်သူ့ဝန်ထမ်း မဟုတ်သော ခါးပိုက်ဆောင် တပ်သဖွယ်၊ လက်ပတ်နီဘဲခေါ်ခေါ်၊ စွမ်းအားရှင်ပဲ ပြောပြောဒီလို လူတွေနှင့် ပြည် သူကိုနှိပ် ကွပ်နေဦးမှာလား မေးစရာဖြစ်နေသည်။ ခါးပိုက်ဆောင် တပ်ဖွဲ့ဆိုသည်ကို သမိုင်းနှင့်ချီ၍ ရှိခဲ့ဘူးကြောင်းသုံး သပ်ကြည့် ရအောင်ပါ။

လွတ်လပ်ရေးရပြီး ဆယ်နှစ်ဆယ်မိုး အစိုးရဖြစ်ခဲ့သော ဖဆပလ အဖွဲ့ကြီးသည် ခါးပိုက်ဆောင်တပ်အဖြစ် ““ကျေးရွာကာကွယ်ရေးအဖွဲ့”” အချို့အရပ်အခေါ် ပြူစောထီးအဖွဲ့တွေ ထူထောင်ခဲ့ဖူးသည်။ လက်နက်ပင် တပ်ဆင်ပေးခဲ့သည်။ ထိုကာကွယ်ရေးအဖွဲ့ (ပြူစောထီး)များသည် အစိုးရကို အထောက်အကူပြုခဲ့ပြီး ၁၉၅၂ ခုနှစ်၊ ၁၉၅၆ ခုနှစ်ရွေးကောက်ပွဲများတွင် ဖဆပလ၏ အတိုက်အခံအဖွဲ့၊ ပမညတ၊ တစ်သီးပုဂ္ဂလများကို အကြမ်းဖက်နှိမ်နင်းခဲ့ပြီး ဖဆပလ အဖွဲ့ကိုယ်စားလှယ်များ အနိုင်ရရှိရေးအတွက် အင်တိုက်အားတိုက် အစွမ်း ကုန်ဆောင်ရွက်ပေးခဲ့သည်။

တိုင်းဒေသ၊ ပြည်နယ်များတွင် လူသတ်သည်ထိ ပြစ်မှုတွေ ကျူးလွန် ဆောင်ရွက်ခဲ့ကြသည်။ ဥပမာအားဖြင့် နိုင် ငံတွင်း ကျော်ကြားခဲ့သော မိတ္ထီလာလူသတ်မှု၊ မြိတ်ဆီတောင်အိုင်ရွာ လူသတ်မှု၊ မင်းလှ ၄လောင်းပြိုင်သတ်မှု၊ ငါန်းဇွန်း ၆လောင်း ပြိုင်လူသတ်မှုတို့သည် အာဏာရဖဆပလ ပါတီက ပြိုင်ဘက်များကို တစ်တောရှင်း ခဲ့သည့် အစိုးရ ခါးပိုက်ဆောင်တပ်ဖွဲ့များ ၏လူသတ်မှုများဖြစ်သည်။

၁၉၆၄ ခုနှစ်တွင် နိုင်ငံရေးပါတီများ၊ အသင်းအဖွဲ့များကို ဖျက်သိမ်းစေသည့် ဥပဒေပြဋ္ဌာန်း၍ တပ်မတော်က စစ်အုပ်ချုပ်ရေး စနစ်ကျင့်သုံးခဲ့ပြီး ၁၉၇၄ ခုနှစ်တွင် အာဏာရှင် စစ်ဗိုလ်ချုပ်ကြီးများသည် တစ်ပါတီစနစ်ကို ကျင့်သုံးခဲ့သည်။ ဗိုလ်ချုပ်ကြီးနေ၀င်းသည် စစ်ယူနီဖောင်းချွတ်ပြီး၊ ခေါင်းပေါင်းနှင့် တိုက်ပုံဝတ်သည့် အရပ်သား ဦးနေ၀င်းကို အာဏာလွှဲပေးလိုက်သည်။

ပြည်သူက ရွေးချယ်တင်မြှောက်သော အစိုးရဟု အသံကောင်းဟစ်ပြီး၊ တစ်ယောက်ထည်းပြိုင်၊ တစ်ယောက် တည်း နိုင်၊ ပါတီကဦးဆောင် သည်ပြော၍ တပ်မတော်ထောက်လှမ်းရေး အင်အားဖြင့် တစ်ပါတီ စစ်အာဏာရှင် အာဏာစက်ကို အသက်သွင်းခဲ့သည်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ တစ်ပါတီဖြင့် အုပ်ချုပ်သော ကာလတစ် လျှောက်လုံး မကြာခဏ ဖြစ်ပေါ်ခဲ့သော ဆန္ဒပြအရေးအခင်းများကို လုံခြုံမှုထိန်းသိမ်းရေးတပ်ဖွဲ့ (လုံ/ထိန်း) များဖြင့် ပြင်းထန်စွာ ကိုင်တွယ်ဖြေရှင်းခဲ့သည်။

(လုံ/ထိန်း)သည် အစိုးရ၏ ခါးပိုက်ထောင်တပ်ဖွဲ့ဖြစ်ပြီး အစိုးရကို ကျားကန် ပေးခဲ့သော်လည်း၊ လူမှုရေး၊ နိုင်ငံ ရေး၊ ပညာရေး၊ စီးပွားရေး ချွတ်ခြုံကြခဲ့သော မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ် အရေးအခင်းဖြင့် အစိုးရ ဗုန်းဗုန်းပြို လဲခဲ့သည်။ လမ်းစဉ်ပါတီ၏ ခါးပိုက်ဆောင်တပ်ဖွဲ့မှာ (လုံ/ ထိမ်း) ပင်ဖြစ်သည်။

ဗိုလ်ချုပ်ကြီးနေ၀င်းသည် အိုမင်းရင့်ရော်နေပြီဖြစ်သော ““စစ်သားအိုးကြီးများ အစိုးရ””ကိုတစ်ဖက်လှည့်ပြီး နုပျိုနေဆဲ၊ စစ်တပ်တွင်း တာဝန်ထမ်းဆောင်ဆဲ ဗိုလ်ချုပ်ကြီးစောမောင်ကို အာဏာသိမ်းဟန်ပြပြီး အာဏာလွှဲ ပေး လိုက်သည်။

တာဝန်ထမ်းဆောင်ဆဲ ဗိုလ်ချုပ်ကြီးများသည် ၁၉၉၀ ပြည့်နှစ်တွင် အထွေထွေ ရွေးကောက်ပွဲကျင်းပပေးခဲ့ပြီး အနိုင်ရသူကို အာဏာလွှဲပြောင်းမပေးဘဲ၊ ဗြောင်လိမ် ဗြောင်စားကျင့်သုံး၍ ပြည်ထောင် စုကြံ့ခိုင် ဖွံ့ဖြိုးရေး အသင်း””ကို လူမှုရေးဆောင်ရွက်ရန် တည်ထောင်သည်။ ယူနီဖောင်းဝတ်ဆဲ စစ်ဗိုလ်ချုပ်ကြီးများဦး ဆောင် သည်။

၂၀၀၃ ခုနှစ်၊ မေလ ၃၀ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းလူသတ်ပွဲကြီးတွင် စစ်ဗိုလ်ချုပ်ကြီးများဦးဆောင် သော အဖွဲ့ကလုပ်ကြံခဲ့ကြောင်း ထိုစဉ်ကထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဦးခင်ညွန့်က အတိအလင်းထုတ် ဖော်ခဲ့သည်။ ထိုစဉ်က သုံးစွဲသောကားများတွင် ““ပြည်သူ့ စွမ်းအားရှင်”” စာတန်းပါကားများဖြင့်သွားလာ နေကြောင်း ပေါ်ပေါ်ထင်ထင် သိခွင့်ရသည်။

ထိုပြည်သူ့ စွမ်းအားရှင်များ လက်ချက်ကြောင့် ဘယ်လောက်သေကြသည်။ ဘယ်လောက်အနာတရ ဖြစ်ကြ သည်။ ဘယ်ရွေ့ဘယ်မျှသေကြသည်ကို စာရင်းအတိအကျ မထုတ်ပြန်သော်လည်း အထက်မြန်မာပြည် ဒေါ်အောင် ဆန်းစုကြည် ခရီးစဉ်အပါအ၀င် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနှင့် ရန်ကုန်မှလိုက်ပါလာသူ ဒေသခံပြည်သူများရာနှင့်ချီ၍ ထောင်တွင်း အကျဉ်းချခံရသည်။

““စွမ်းအားရှင်စာရင်း””ကို၂၀၁၄ ခုနှစ်ထုတ် ““မိုးဇေညိမ်း”” ရေးသားသည့် စာအုပ်တွင် အမည်စာရင်း အတိ အကျ ဖော်ပြထားပြီး ရဲချုပ်ကိုင်တိုင်က လစာရိက္ခာ ထောက်ပံ့မှုမယူသော စွမ်းအားရှင်ချီးမွမ်းခန်းကို ဖော်ပြထား သည်။ ၂၀၀၇ ခုနှစ် ရွှေဝါရောင် စစ်ဆင်ရေးတွင် သံဃာတော် အရှင်သူမြတ်တို့အားနေ့ခင်းကြောင်တောင် လမ်း မများပေါ်မှာ ပေါ်ပေါ်ထင်ထင် ရိုက်နှက်ဖမ်းဆီးခဲ့သော စွမ်းအားရှင်များမိုက်ရိုင်းမှုက ကမ္ဘာကျော်ခဲ့သည်။ သွေး အလိမ်းလိမ်းနှင့် သံဃာတော်များ၏ ဓာတ်ပုံများ ပြည်တွင်းသာမက ပြည်ပနိုင်ငံများသို့တွင် ပျံ့နှံ့ခဲ့သည်။ ဘာ ကြောင့် မကြောက်မရွံ့ ရိုက်နှက်ရဲသနည်းဟုမေးပါက အစိုးရကို အားကိုးအားထားပြုနေသည်ဟုသာ ဖြေရပေ မည်။

တစ်ပါတီပြောပြော၊ အာဏာရှင်ဟုဆိုစဉ် ဦးနေ၀င်းသည် ကတိတည်သူဖြစ်သည်။ ရွေးကောက်ပွဲသမိုင်းတွင် မှတ်ကျောက်တင် ခံနိုင်သူဖြစ်သည်။ မသမာမှုကို ဖော်ထုတ်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် စစ်တပ်နှင့်နီးစပ်သည့် ပါတီကို အနိုင်ရစေဖို့ ဘက်လိုက်သော၊ တိုင်းမှူး၊ တပ်မမှူး ၇ ဦး ကိုဖော်ထုတ် အရေးယူ ခဲ့သည်။ မှန်ကန်မှုကို သမိုင်းတွင်စေသည့် ပြယုဂ်ဖြစ်သည်။

ရွေးကောက်ပွဲနှင့် ခါးပိုက်ဆောင်တပ် ဆက်စပ်မှုအပေါင်းကို အကျဉ်းချုံးရပါက၊ မြန်မာနိုင်ငံလွတ်လပ်ရေး မရမီ ဒေါက်တာ ဘမော်၏““ဆင်းရဲသားဝံသာနုပါတီ”” က ““ဓားမတပ်””ဖွဲ့ထူးထောင်ခဲ့သည်။ ဂဠုန် ဦးစောက ““ဂဠုန်တပ်ဖွဲ့”” ထူထောင်ပြီး နိုင်ငံရေးသမားများကို ၀ါးရင်းတုတ်နှင့် ဖြို ခွင်းခဲ့ဖူးသည်။ အလားတူပင် တို့ဗမာ အစည်းအရုံးခေတ်တွင် ဗမာ့လက်ရုံးတပ်၊ ကျောင်းသားသံမဏိတပ်၊ ရဲညွန့်တပ်ဖွဲ့ များထူထောင်ခဲ့သည်။ ပါတီ ၏ကျောထောက်နောက်ခံ ခါးပိုက်ဆောင်တပ်ဖွဲ့ဖြစ်သော ပြည်သူ့ရဲဘော်အဖွဲ့ကို ဖဆပလက ထန်းတပင် အရေးအခင်းတွင် သုံးစွဲခဲ့ကြောင်း တွေ့နိုင်သည်။

မကြာမီသောကာလတွင် ကျင်းပတော့မည့်။ ရွေးကောက်ပွဲကြီးအတွက် ပါတီများက အဘက်ဘက်က ပြင်ဆင် နေကြပြီ။ အရှိန်ယူနေကြပြီး အောင်နိုင်ရေးအတွက် အကွက်ချနေကြပြီ။ သမ္မတကြီးဦးသိန်း စိန်ကမလုပ်တော့ ပါဘူး ပြောပြီးမှ ပြည်ပ ခရီးစဉ်တွင် ပြည်သူလူထုက လိုလားရင် နောက်ထပ်သက်တမ်း တစ်ကြိမ်တာဝန်ထမ်း ဆောင်ချင်ပါသတဲ့။ သမ္မတကြီးနှင့် ပြည်သူအကြား အမြင်အာရုံတွေ အကွယ်ခံထားရသောကြောင့် ပြည်သူ့ အသံအမှန်အကန်ကို မသိရှာ၍ ဤသို့ပြောနေခြင်းဖြစ်ပါသည်။ ပြည်သူ၏ သဘောထားအမှန်ကို သိပါက သမ္မတကြီး နှလုံးတွင်ထည့်ထားသော စက် ရပ်များသွားလေမလားဟုပင် စိုးရိမ်စရာဖြစ်နေသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးဦးရွှေမန်းကလည်း သူသမ္မတလုပ်ချင်ကြောင်း တရားဝင်ပြောဖူးသည်။ ကမ္ဘာက လေးစားလက်ခံနေသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း သူသမ္မတလုပ်လို ကြောင်းပေါ် တင်ပြောခဲ့ဖူးသည်။ ရွေးကောက်ပွဲတွင်း လက်ရဲဇက်ရဲရှိသူများကို စဉ်းစားကြည့်တော့ NLD လူငယ်အဖွဲ့သည်၊ အထုအထောင်း ခံရဖန်များလို့ ပေါ်ပေါ်ထင်ထင် အရပ်ထဲမှာ NLD လူငယ်လို့ပြောဖို့ပင် အင်အားမရှိပေ။ အကြောက်တရားနှင့် နေရသူများဖြစ် သည်။ သူများကို ရိုက်ဖို့မဆိုထားနှင့် မိမိအရိုက်မခံရအောင်ကြည့် နေကြည့် ထိုင်ရသူများသာ ဖြစ်သည်။

ခေတ်အဆက်ဆက် အဖြစ်အပျက်များအရ ရွေးကောက်ပွဲတွင် လူသတ်မှုထိ ဖြစ်ခဲ့ဘူးသည်။ သတ်ရဲသူ သည် ကျောထောက်နောက်ခံ ရေခံမြေခံကောင်းသူများ သာဖြစ်ကြသည်။ ယခင့် ယခင်က ကာကွယ်ရေးအဖွဲ့၊ ပြူစောထီးအဖွဲ့များသာ ဖြစ်သည်။ လတ်တလော လက်ယဉ်နေသူများမှာ အမြင်မကောင်းသည့် ပြည်သူ့ချဉ် ပတ် လက်ပတ်နီများဖြစ်သည်။ လက်ပတ်နီပဲခေါ်ခေါ်၊ တာဝန်လက်ပတ်ရ စွမ်းအားရှင်ပဲပြောပြော၊ ခါးပိုက် ဆောင်များရှိနေသည်။

သမ္မတကြီးက လက်ပတ်နီကိစ္စ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီးစုံစမ်းမည်ဟု သိရသည်။ ဒီပဲယင်း၊ ရွှေဝါရောင်၊ ကျောင်းသားအရေး၊ အလုပ်သမားအရေးကိုတောင် ရက်ရက်စက်စက် တာဝန်ထမ်းဆောင်ဝံ့သူများသည် တစ်ပြည်လုံး အတိုင်းအတာဖြင့် အထွေထွေရွေးကောက်ပွဲကြီးတွင် တာဝန်ပေးလိုက်ပါကတွေးတွေးပြီး စိုးရိမ် စိတ်တွေ တဖွားဖွားဖြစ်နေကြသည်။ မည်သို့ပင်ဖြစ်စေ အထွေထွေရွေး ကောက်ပွဲကြီးတွင် လက်ပတ်နီ အန္တရာယ်က ကင်းဝေးစေချင်ကြကြောင်းပါ။

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

ကမ္ဘာ့နိုင်ငံအသီးသီးမှာ Landmarkဆိုတာရှိတတ်တယ်။
အထူးသဖြင့် သမိုင်းအစဉ်အလာကြီးမားတဲ့ နိုင်ငံတိုင်းမှာ Landmarkအသီးသီးရှိတယ်။
နိုင်ငံသားတိုင်းနဲ့ နိုင်ငံအသီးသီးရဲ့ခေါင်းဆောင်ပိုင်းတွေအနေနဲ့ သူတို့Landmarkကို ကာကွယ်ရတာ ထိန်းသိမ်းရတာ သူတို့အတွက် ဘယ်သူမှမတိုက်တွန်းရတဲ့ သမိုင်းပေးတာဝန်တစ်ခု။

Landmarkတွေရဲ့အနီးအနားမှာ အနှောင့်အယှက်ပြုနိုင်တဲ့ မည်သည့်အထပ်မြင့်အဆောက်အဦကိုမှ ဆောက်လုပ်ခွင့်ပေးခြင်းမျိုး အစိုးရတွေ ခွင့်ပြုလေ့မရှိပါဘူး။
Landmarkတွေရဲ့ ရေရှည်တည်တံ့မှုကို ခြိမ်းခြောက်နိုင်တဲ့ တည်ဆောက်မှုမျိုးဆိုရင် လုံးဝ(လုံးဝ)ကို ခွင့်မပြု ။

ရွှေတိဂုံစေတီတော်ကြီးဟာ
မြန်မာ့ပြည်ရဲ့Landmarkလို့ ပြောမယ်ဆိုရင် မည်သူမှငြင်းနိုင်အံ့မထင်။
ကျနော်က civil engineerတစ်ဦး မဟုတ်တဲ့အတွက် ရွှေတိဂုံစေတီတော်အနီးက အထပ်မြင့်ဆောက်မယ့် စီမံကိန်းက စေတီတော်ကြီးရဲ့ ရေရှည်တည်တံ့မှုကို အန္တရာယ်ပေးနိုင်/မပေးနိုင် အတိအကျမပြောနိုင်ပေမယ့် Landmarkဆိုတဲ့ သင်္ကေတကို အနှောင့်အယှက်ပေးတော့မှာကတော့ အသေအချာပြောနိုင်ပါတယ်။
အန္တရာယ်ပေးနိုင်/မပေးနိုင်ဆိုတာနဲ့ ပတ်သက်ပြီးလည်း ရွှေတိဂုံလို ဗုဒ္ဓဘာသာဝင်တိုင်းရဲ့ အထွဋ်အမြတ်စေတီတော်ကို မသေချာမှုနဲ့ riskယူပြီး မလုပ်သင့်ဘူးဆိုတာလည်း နိုင်ငံသားတစ်ယောက်အနေနဲ့ အခိုင်အမာပြောနိုင်ပါတယ်။

ထူးခြားမှုနောက်တစ်ခုက အင်မတန်ညီညွတ်တဲ့ ဆရာတော်ဦးဝီရသူပရိသတ်တွေ ရွှေတိဂုံအရေးမှာ နှုတ်ဆိတ်နေတာမျိုး သဘောမတွေ့လှပါဘူး။
ဒီအရေးက ဆရာတော်စဟောမှ ဒို့အရေးထအော်ရမယ့်ကိစ္စမဟုတ်ဘူး။ ကိုယ်ပိုင်ဉာဏ်နဲ့တွေး လောဘသမားတွေကို တစ်နိုင်ငံလုံးညီညွတ်မှုနဲ့ ဆန့်ကျင်ပြရမယ်အရေးပါ။
ဗုဒ္ဓဘာသာသမိုင်းအတွက် ဗုဒ္ဓဘာသာဝင်တွေအတွက် အင်မတန်ကိုအရေးကြီးတဲ့ ကမ်းပိန်းတစ်ခုပါ။

တခြားနိုင်ငံတွေမှာ သူတို့ရဲ့Landmarkတွေကို ဘယ်မျှတန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်ကြသလဲ photoအနည်းငယ်ပြပေးထားပါတယ်။ ကြည့်ကြပါ။
ရွှေတိဂုံဆိုတာ……
မြန်မာ့Landmarkဆိုလည်းဟုတ် ဗုဒ္ဓဘာသာဝင်တို့ရဲ့ နှလုံးသည်းပွတ်အထွဋ်အမြတ်ဆိုလည်း လုံးဝမမှားနိုင်တဲ့ ဘာသာရေးအမွေပါ။
ဒီအရေးမှ မညီညွတ်ရင် ဘယ်အရေးကိုမှလည်း ညီညွတ်နိုင်အံ့မထင်တော့။ အာဏာရှင်နဲ့ငွေတစ်မျက်နှာလောဘသားတွေ ထင်တိုင်းကြဲမှုအောက်ကလည်း ဘယ်တော့မှ လွတ်မြောက်နိုင်တော့အံ့မထင်။
#####

မောဟ(မသိခြင်း)တွေအပြည့်နဲ့
ငွေစက္ကူ ကိုတန်ဖိုးလို့ထင်
အထွဋ်အမြတ်တစ်ခုကို
အလဲအထပ်လုပ်လို့
ကမ်းကုန်အောင်ယုတ်ကြဦးမှာလား။

Htoon Htoon Lwin
ရွှေတိဂုံစေတီတော်ကြီး ရေရှည်တည်တံ့ရေးအတွက် ပညာရှင်များ Forum တွင်ဆွေးနွေးတင်ပြနေဆဲပါ

ဓာတ်ပုံ -မြ၀တီဖေ့စ်ဘွတ်ခ်

အစိုးရစစ်တပ်ဟာ ကိုးကန့်နဲ့တိုက်ပွဲမှာ ရှိသမျှ လက်နက်လူသူအင်အား အကုန်ထုတ်သုံးပြီး တိုက်နေတယ်လို့ ကိုးကန့်တပ်ဖွဲ့ပြောခွင့်ရ ဦးထွန်းမြတ်လင်းက ပြောပါတယ်။

အခုရက်ပိုင်း စစ်တပ်ဘက်က ကိုးကန့်တိုက်ပွဲအတွင်း အချက်အချာကျတဲ့ တောင်းကုန်းတွေ တခုပြီးတခု သိမ်းပိုက်နိုင်ပြီလို့ အဆက်မပြတ်သတင်းထုတ်ပြန်နေတဲ့အပေါ် ဆက်သွယ်မေးမြန်းရာမှာ သူက ခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

“ကျနော် သုံးသပ်မိတာတော့ သူတို့ အမြစ်ပြတ်ချေမှုန်းမယ်လို့ပဲ ခန့်မှန်းပါတယ်။ အခု ဒီမှာဖြစ်နေတဲ့ တိုက်ပွဲတွေက အရင် ဒီ့ပြင်နေရာတွေမှာဖြစ်ခဲ့တဲ့ တိုက်ပွဲတွေနဲ့ သိပ်မတူတာ တွေ့ရပါတယ်၊ သုံးတဲ့လူအင်အားရော လက်နက်အင်အားရော လက်နက်အမျိုးအစားတွေရော ရှိသမျှဟာတွေအားလုံး သုံးလာတာ တွေ့ရတယ်ဗျ။”

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်ဖွဲ့ (အမ်အန်ဒီအေအေ) ကို အမြစ်ပြတ်ချေမှုန်းဖို့ မဖြစ်နိုင်ဘဲ သူတို့အနေနဲ့ ခံစစ်နဲ့ ဆက်လက်ခုခံတိုက်ခိုက်သွားမယ်လို့လည်း ပြောပါတယ်။

စစ်တပ်ပိုင်မြ၀တီသတင်းဌာနရဲ့ မေလ ၁၆ရက် သတင်းထုတ်ပြန်ချက်အရ လောက်ကိုင်မြို့ မြောက်ဘက် ပွိုင့်-၂၂၀၂ တောင်ကုန်းနဲ့ နှစ်နိုင်ငံ နယ်နိမိတ် မှတ်တိုင် အမှတ်(၁၂၀) ရှိ ပွိုင့်-၂၀၇၀ တောင်ကုန်းတို့အား တပ်မတော်စစ်ကြောင်းများက မေ(၁၄)ရက် တွင် အောင်မြင်စွာ သိမ်းပိုက်ရရှိတယ်လို့ သိရပါတယ်။

လောက်ကိုင်ဒေသအတွင်း MNDAA သောင်းကျန်းသူ အကြွင်းအကျန်များ အခြေပြု နေထိုင်လှုပ်ရှားမှုများ လုံးဝ မရှိစေရေး တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းမှုဖြင့် အမြစ်ပြတ် ချေမှုန်း တိုက်ခိုက် သွားမယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။

ကိုးကန့်ပြောခွင့်ရသူကတော့ မေလ ၁၆ ရက်ညပိုင်းမှာ သူတို့တပ်ဖွဲ့တွေ နေရာပြောင်းရွှေ့မှု ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၉ ရက်ကစလို့ အစိုးရတပ်နဲ့ ကိုးကန့်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တာ ၃ လကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီး အခုချိန်ထိ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဆက်လက်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

By ရွှေအောင်.DVB
http://burmese.dvb.no/archives/93451

မြန်မာနိုင်ငံ၏ သယံဇာတ ထွက်ရှိမှုသည် ကမ္ဘာ့နိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်သော်လည်း စနစ်တစ်ခု အားနည်းနေခြင်းကြောင့် မြန်မာနိုင်ငံရှိ လူငယ်၊ လူလတ်ပိုင်းများသည် ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်နေရကြောင်း မေလ ၁၆ ရက်နေ့က မွန်ပြည်နယ်တွင် ကျင်းပသည့် ဗိုလ်ချုပ်အောင်ဆန်း နှစ် (၁၀၀) ပြည့်မွေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မွန်ပြည်နယ်ခရီးစဉ် လမ်းကြောင်းတွင် ၎င်းကို ကြိုဆိုကြသူများသည်လည်း လူငယ်၊ လူလတ်ပိုင်းများထက် ကလေးသူငယ် ပိုမိုများပြားကြောင်း၊ မြန်မာပြည်သူ၊ ပြည်သားများအတွက် လုံလောက်သည့် အလုပ်အကိုင် ဖန်တီးပေးရေးသည် မြန်မာနိုင်ငံအတွက် အရေးအကြီးဆုံး ကိစ္စတစ်ခု ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ဒါဖြင့် ကျွန်မစဉ်းစားတယ်။ ကလေးလေးတွေက အများကြီးပဲပေါ့နော်။ လူငယ်၊ လူလတ်တွေ သိပ်မများဘူး ဘယ်များရောက်နေလဲ ဆိုတော့ တစ်ဖက်နိုင်ငံမှာ အလုပ်သွားလုပ်တယ်ဆိုတဲ့ အဖြေက ထွက်သွားတယ်။ ဒါက ကျွန်မတို့ နိုင်ငံအတွက် ဝမ်းသာစရာ မဟုတ်ဘူး။ အလုပ်ရှိတယ် ဆိုတာက အလုပ်မရှိတာထက် သာတာပေါ့နော်။ ဒါပေမဲ့ ကိုယ့်ရပ်၊ ကိုယ့်ရွာမှာ အလုပ်မရနိုင်လို့ အခြားမှာ သွားပြီးတော့ အလုပ်လုပ်ရတယ်ဆိုတာ ဒါမဖြစ်သင့်တဲ့ ကိစ္စပဲ” ဟု NLD ဥက္ကဋ္ဌက မှတ်ချက်ပြုသည်။

လူငယ်များသည် ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်နေရသဖြင့် မိသားစုများနှင့် အတူမနေရသည့်အပြင် ကျေးရွာများသည်လည်း စိုပြည်သင့်သလောက် မစိုပြည်ရကြောင်းနှင့် ကော့မှူးမြို့နယ်သည်လည်း မွန်ပြည်နယ်နှင့် နှိုင်းယှဉ်ပါက နယ်စပ်ဒေသနှင့် ဝေးကွာသော်လည်း ယင်းဒေသမှ လူငယ်များသည် ပြည်ပနိုင်ငံများသို့ ထွက်ခွာ၍ အလုပ်လုပ်နေရကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“ဒါပေမဲ့ နောက်ဆုံးကျတော့ နိုင်ငံတိုင်း နိုင်ငံတိုင်းရဲ့ အဓိက ရတနာ၊ အဓိက သယံဇာတပစ္စည်းလို့ ဆိုရမယ့် တန်းဖိုးအရှိဆုံးကတော့ ပြည်သူ၊ ပြည်သားတွေပဲ ဖြစ်ပါတယ်။ ကျွန်မတို့ ပြည်သူပြည်သားတွေရဲ့ အရည်အချင်းမြင့်မှ၊ အရည်အချင်းမြင့်အောင် လုပ်ပေးနိုင်မှ ကျွန်မတို့နိုင်ငံဟာ တိုးတက်မယ်။ ကျွန်မတို့ သွားပြီးတော့ အလုပ်လုပ်နေရတဲ့ နိုင်ငံတွေ၊ ကျွန်မတို့ရဲ့ ပြည်သူတွေ သွားပြီးတော့ အလုပ်ရှာနေရတဲ့ နိုင်ငံတွေဟာ ကျွန်မတို့နိုင်ငံနဲ့ ယှဉ်လို့ရှိရင် သယံဇာတ ဘာမှသာတာ မရှိပါဘူး။ ဒါပေမဲ့ စနစ်အရသာလို့ တိုးတက်ခဲ့တာ ဖြစ်တယ်။ စနစ်အရ သာသွားလို့ စီးပွားရေးအရ ကောင်းတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြသည်။

ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် မွေးနေ့အထိမ်းအမှတ်ပွဲကို မော်လမြိုင်၊ လှိုင်ရပ်ကွက်၊ တောင်ရှမ်းစုရပ်၊ လှိုင်ဈေးလမ်းရှိ အ.ထ.က (၂) အားကစားကွင်း (ဘာဘူဝင်းကွင်း) တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး မေလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင်လည်း သံဖြူဇရပ်မြို့ ကြာကန်ရပ်ကွက် အောင်ဆန်းလမ်းရှိ ဓနသဟာယ စစ်သင်္ချိုင်းအပိုင် ကြာကန်ဘောလုံးကွင်း၌ ဗိုလ်ချုပ်အောင်ဆန်း နှစ် (၁၀၀) ပြည့် မွေးနေ့အထိမ်းအမှတ် အဖြစ် ဆက်လက်ဟောကြားမည် ဖြစ်သည်။

The Voice

မိုးရွာလို့ ပွဲပျက်သွားတဲ့ သမ္မတကြီးရဲ့ အလှူက ရှင်အပါး ၅၀၀၀ လှူတာတဲ့။

ရှင်တစ်ပါးအတွက် အိပ်ယာခင်း စောင် ခြင်ထောင် ခေါင်းအုံး သင်္ကန်း ပရိက္ခရာ (၈)ပါး အကျီင်္ဖြူ ပုဆိုး ဖိနပ် နဲ့ မကိုက်တွေ အပြင် ရှင်လောင်းလှည့်ဖို့ မြင်းပါပါအုံးမယ် ဆိုရင် ကုန်ကျစရိတ်က အနည်းဆုံး တစ်သိန်းအထက် ကုန်ကျမှာပါပဲ။ ထားပါ ၁ ပါး တစ်သိန်း။

ရှင်အပါးပေါင်းက ငါးထောင်ဆိုတော့ သိန်းပေါင်း ၅၀၀၀

ဒါက အခမ်းအနားပြင်ဆင်တာနဲ့ ဆရာတော်တွေလှူတာ မပါသေးဘူး။

ပင့်သံဃာ ဆွမ်း နဲ့ ၀ထ္တုငွေလှူမှာနဲ့ အခမ်းအနားပြင်ဆင်စားရိတ်က အနည်းဆုံး သိန်း ၅၀၀ ပါပဲ

ရှင်တစ်ပါးဆီအိမ်က လူ ၃ ဦးလာတယ်ပဲထား
ပရိသတ်မပါသေးပဲ လူတစ်သောင်းခွဲ အလှူကိုလာမယ်။

ဒီတော့ အနည်းဆုံး ဧည့်သည်ပေါင်း သုံးသောင်းလာမယ်ပဲထား

တစ်ဦးကို ငါးထောင်နှုန်းကျွေးရင် ကျွေးမွေးစရိတ်က သိန်း ၁၅၀၀ မက ကုန်ပါမယ်။

ကဲ အဲ့ဒီစားရိတ်တွေပေါင်းကြည့်ရအောင်

-ရှင်အပါး ၅၀၀၀ အတွက် ကုန်ကျစရိတ်က သိန်းပေါင်း ၅၀၀၀
- အခမ်းအနားပြင်ဆင်စားရိတ် + ပင့်သံဃာ လှူဒါန်းငွေ သိန်း ၅၀၀
- ပရိသတ်ကျွေးမွေးစရိတ် ၁၅၀၀ သိန်း
- အထွေထွေ သိန်း ၂၀၀ သိန်း
-----------------------------

အလှူအတွက် အနည်းဆုံး ကုန်ကျစရိတ်ပေါင်း သိန်းပေါင်း ၇၂၀၀ သိန်း ဖြစ်ပါတယ်။

ကဲ သမ္မတကြီး လှူဒါန်းကုန်ကျငွေ တွက်ပြီးပြန်တော့ သမ္မတကြီးရဲ့ ၀င်ငွေကို ကြည့်ရအောင်

သမ္မတလစာ တစ်လ သိန်း ၅၀
တစ်နှစ် သိန်း ၆၀၀
သမ္မတ သက်တမ်း ငါးနှစ်အတွက် ရှိမယ့် လစာငွေပေါင်း ၃၀၀၀

ကဲ လစာ ငါးနှစ်စာ မစားမသောက် စုရင်တောင် သိန်း ၃၀၀၀ ပဲရမယ့် သမ္မတကြီးက ရှင်အပါး ၅၀၀၀ အတွက် သိန်းပေါင်း ၇၂၀၀ လောက် အကုန်အကျခံလှူခဲ့တယ် ဆိုတော့ ဒီပိုလျှံငွေတွေဟာ ဘယ်က ရတာလဲ?

ကိုယ်ပိုင် အလှူဖြစ်တဲ့အတွက် နိုင်ငံတော် ဘဏ္ဍာထဲက သုံးစွဲခွင့် ရှိမှာ မဟုတ်ပါဘူး

ကဲ သမ္မတကြီး ဦးသိန်းစိန်ကို လူရိုး လူအေးကြီးလို့ ဆိုနေသူတွေက မေးလည်းဖြေမှာ မဟုတ်တဲ့ သမ္မတကြီး ကိုယ်စားဖြေပေးကြပါ။

ဦးသိန်းစိန်ဟာ ဘယ်ကရတဲ့ငွေတွေနဲ့ လှူခဲ့တာလဲ?


၆ ပွင့်ဆိုင် ထိပ်သီးဆွေးနွေးပွဲတွေကို ခပ်စိပ်စိပ် အလေးအနက်ထားလုပ်ပေးဖို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုလိုက်ပါတယ်။

မေလ ၁၇ ရက်က မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှာပြုလုပ်ခဲ့တဲ့ ဗိုလ်ချုပ်ရာပြည့်အထိမ်း အမှတ်လူထုဟောပြောပွဲမှာ တက်ရောက်လာတဲ့ ပြည်သူတယောက်ရဲ့မေးခွန်းကို ဖြေကြားစဉ် ဒေါ်အောင်ဆန်းစုကြည်က အခုလို တိုက်တွန်းတောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

“၆ ပွင့်ဆိုင်ဆွေးနွေးပွဲဟာ လုပ်တာလည်း အင်မတန် နောက်ကျပါတယ်။ ကျမတို့ တိုက်တွန်းနေတာလည်း ကြာလှပါပြီ။ မကြာခင်ကမှ ပထမဆုံးအကြိမ်လုပ်တယ်၊ ဒုတိယအကြိမ်လုပ်ဖို့ ကိစ္စကလည်း ဆက်ပြီးတော့ တိုက်တွန်းကြိုးစားနေရတယ်။ တကယ်ပဲ ဒီနိုင်ငံရဲ့ ပြဿ နာတွေကို အေးအေးချမ်းချမ်းနဲ့ ညှိနှိုင်းပြီးတော့၊ ဆွေးနွေးပြီးတော့ ဖြေရှင်းချင်တယ်ဆိုလို့ရှိရင် ဒီကနေ ပွင့်ပွင့်လင်းလင်းပြောမယ်၊ သမ္မတကြီး ဦးသိန်းစိန်အနေနဲ့ ၆ ပွင့်ဆိုင်ဆွေးနွေးပွဲများကို ခပ်စိပ်စိပ်နဲ့ လေးလေးနက်နက်လုပ်ဖို့ လိုတယ်လို့ ပြောပါရစေ။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်ရာပြည့်အထိမ်းအမှတ် လူထုဟောပြောပွဲတွေ လိုက်လံလုပ်ဆောင်နေရာမှာ မေလ ၁၆ ရက်နဲ့ ၁၇ ရက်နေ့တွေမှာ မွန်ပြည်နယ်အတွင်း လူထုဟောပြောပွဲတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ မွန်ပြည်နယ်ခရီးစဉ်အတွင်း မွန်ပြည်နယ်ထဲက သထုံ၊ မော်လမြိုင်၊ မုဒုံနဲ့ သံဖြူဇရပ်တို့မှာ လူထုဟောပြောပွဲတွေလုပ်ခဲ့ပြီး တက်ရောက်လာတဲ့ လူထု သိလိုတဲ့ မေးခွန်းတွေကိုလည်း ဖြေဆိုခဲ့ပါတယ်။

နိုင်ငံအရေးဖြေရှင်းလုပ်ဆောင်ကြဖို့ သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌနှစ်ယောက်၊ ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တိုင်းရင်းသားကိုယ်စား လှယ်တယောက်တို့ ပါဝင်တဲ့ ၆ ပွင့်ဆိုင်ထိပ်သီးစည်းဝေးပွဲလုပ်ဖို့ ပြည်ထောင်စုလွှတ်တော်က တောင်းဆိုခဲ့ပြီး ၆ လကြာမှ ပထမအကြိမ် တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။

မေလအတွင်း လွှတ်တော်တွေပြန်စပြီးတဲ့နောက် ဒုတိယအကြိမ် ၆ ပွင့်ဆိုင်ဆွေးနွေးဖို့ ရှိတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် အခု မေလလယ်ရောက်တဲ့ထိ တွေ့ဆုံဆွေးနွေးနိုင်ခြင်း မရှိသေးပါဘူး။

By ရွှေအောင်.DVB
http://burmese.dvb.no/archives/93424http://burmese.dvb.no/archives/93424


''ဦးရဲ့ နစ်နာမှု ပြောရမယ်ဆို မြေကွက်တန်ကြေး သိန်းရှစ်သောင်းနဲ့ တသိန်းကြားမှာရှိတဲ့ဟာ ရောင်းပြီး ဘဏ်အပ်ထားမယ်ဆို ဘဏ်တိုး တလ သိန်းသုံးလေးထောင် အသာလေး ထည့်လို့ရတယ်။ အခု သူလုပ်ချင်တိုင်း လုပ်တာ ဦးက ပြန်ဖျက်ပြီးလည်း ဆောက်လို့လည်းမရ အများကြီးနစ်နာဆုံးရှုံးတယ်'' ဟု တရားလိုဖြစ်သူ မြေပိုင်ရှင်က ပြောကြားသည်။

ပန်းဆိုးတန်း MEI Business Tower ဆောက်လုပ်မှုနှင့်ပတ်သက်ပြီး တရားစွဲဆိုခံထားရသည့် Fatherland ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်က ၎င်းသည် ပုဒ်မ ၄၆၈ လက်မှတ်လိမ်လည်ထိုးထားခဲ့ခြင်းမရှိကြောင်းနှင့် ပုဒ်မ ၄၂၀ အတွက် တရားလိုထံသို့ ကျပ်ငွေသိန်းပေါင်း တသောင်းသုံးထောင်ပေးချေခဲ့ကြောင်း မေ ၁၂ ရက် လသာမြို့နယ် တရားရုံး၌ News Watch သို့ ပြောကြားခဲ့သည်။

၎င်းမှ''သူက ပုဒ်မ ၄၂၀ နဲ့စွဲတာ နော်။ အဲဒီအတွက် သူ့ကို သိန်းတသောင်း သုံးထောင်ပေးထားတယ်။ ၄၆၈ ဆိုတာက လက်မှတ်ထိုးတာ။ ကိုယ်လက်မှတ်လုံးဝ ထိုးမထားဘူး။ ဒီဟာနဲ့ပတ်သက်ပြီး တရား ရင်ဆိုင်သွားမယ်''ဟု ပြောကြားခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ MEI Business Tower မြေပိုင်ရှင် တရားလို ဘက်မှ ''သူနဲ့ ဦး ဆောက်ခဲ့တာတွေက ဦးက မြေစိုက်တယ်။ သူက ငွေဘယ် လောက်ပေးရမယ်။ ပြီးရင် သူကအဆောက်အဦ ဆောက်ပေးရမယ်ပေါ့။ အဲဒီဖြစ်ပေါ်လာမယ့် အကျိုးအမြတ်မှာမှ ဦးက ဘာ ခံစားမယ်၊ သူက ဘာခံစားမယ်ဆိုတာ ရှိတယ်။ အခု သူက သူ့တာဝန်ကို ကျေပွန်အောင် မလုပ်ဘူး။ ကန်ထရိုက်တာဝန်ကို မကျေပွန်တဲ့အချိန်မှာ လိမ်တာပဲ။ လုပ်ပေးမယ် လုပ်ပေးမယ်ပြောပြီး လိမ်သွားတာဆိုတော့ အခုတရားရုံးမှာ စွဲတင်ထားရတယ်။ ဦးက တရားရုံးကိုကျော်ပြီးတော့ ဘာမှ မပြောချင်ဘူးပေါ့နော်။ ပုဒ်မ ၄၆၈ မှာလည်း လက်မှတ်မထိုးဘူးဆိုတာ သက် သေပြပေါ့။ သူမထိုးရင် ဘယ်သူထိုးလဲ။ ဦးတို့က သူ့လက်မှတ်ကို ပါးစပ်နဲ့ပြောတာ မဟုတ်ဘူး။ လက်ရေးကျွမ်းကျင်ပညာရှင်တွေ၊ CID ကနေပြီး ပြန်ကြားပြီးသားလေ။ သူမထိုးဘဲ သူ့တပည့်တွေထိုးရင်လည်း သူ့မှာ တာဝန်ရှိတယ်။ စစ်လိုက်ရင် ပေါ်သွားမှာပါ''ဟု ပြောကြားခဲ့သည်။

အဆိုပါ MEI Business Tower အား Father ကုမ္ပဏီနှင့် ဆောက်လုပ်ခဲ့စဉ်က သဘောတူညီချက်များအတိုင်း ပြုလုပ်ခဲ့ခြင်းမရှိခြင်း၊ သတ်မှတ်အချိန်မီ ပေးအပ်နိုင်ခြင်းမရှိခြင်းအပြင် လက်မှတ်လိမ်လည်ထိုးခဲ့ခြင်းများကြောင့် မြေပိုင်ရှင်ဘက်မှ ၂၀၁၄ နှစ်ကုန်ပိုင်းတွင် အမှုဖွင့်တရားစွဲဆိုခဲ့သည်။ ယင်းနှင့်ပတ်သက်၍ ဦးကျော်မြင့်ဘက်မှ ပုဒ်မ ၄၂၀ အတွက် ကျပ်သိန်းပေါင်း တသောင်းသုံးထောင်ပေးခဲ့သည်ဆိုရာ၌ မြေပိုင်ရှင်ဘက်မှ ၎င်းဖောက်ဖျက်ခဲ့သောလုပ်ရပ်များအရ များစွာနစ်နာမှုရှိသည်ဟု ဆိုသည်။ ယင်းနှင့်ပတ်သက်၍ မြေပိုင်ရှင်ဘက်မှ ''ဦးရဲ့ နစ်နာမှု ပြောရမယ်ဆို မြေကွက်တန်ကြေး သိန်းရှစ်သောင်းနဲ့ တသိန်းကြားမှာရှိတဲ့ဟာ ရောင်းပြီး ဘဏ်အပ်ထားမယ်ဆို ဘဏ်တိုး တလ သိန်းသုံးလေးထောင် အသာလေး ထည့်လို့ရတယ်။ အခု သူလုပ်ချင်တိုင်း လုပ်တာ ဦးက ပြန်ဖျက်ပြီးလည်း ဆောက်လို့လည်းမရ အများကြီးနစ်နာဆုံးရှုံးတယ်'' ဟု ပြောကြားခဲ့သည်။

လက်ရှိ Father Land ဦးကျော်မြင့်အား ဗိုလ်တထောင်ရဲစခန်းမှ အမှုပေါင်း ၁၄ မှု၊ ဗဟန်းမြို့နယ်၌ ၄ မှု၊ မန္တလေးတွင် ၂ မှု၊ တောင်ကြီးတွင် ၂ မှုဖြင့် အသီးသီး အမှုဖွင့်ထားသည်ဟု သိရသည်။ ယင်းအမှု များအနက်မှ တရားဥပဒေအကြံပေး တောင်းခံပြီး တရားရုံးသို့ စွဲတင်နိုင်သည့် အမှု ဗိုလ်တထောင် ၂ မှု၊ ဗဟန်း ၄ မှုနှင့် လက်ရှိရင်ဆိုင်နေရသော ကျောက်တံတား အမှု ၁ မှုသာရှိသည်ဟု သိရသည်။ ယင်း အပြင် ဗဟန်းမြို့နယ်မှအမှုလည်း စတင် ရင်ဆိုင်နေရပြီး ၎င်း၏ဇနီးအားလည်း ဆက်လက် အမှုဖွင့်သွားမည့်သူများရှိသည်ဟု သိရသည်။

ကိုခက်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

မန္တလေးမြို့ စက်မှုဇုန် (၁)၊ ဖိုးရာဇာလမ်းမှာရှိတဲ့ တရုတ်လူမျိုးတယောက်ပိုင် ဂိုဒေါင်တလုံးကို မီးငြိမ်းသတ်ရင်း အသက်ရှူကျပ်လို့ မီးသတ်သမား ၇ ယောက် ဆေးရုံတင်ထားရပါတယ်။

မေလ ၁၆ ရက်မွန်းလွဲပိုင်းမှာ စက်မှုဇုန်-၁က ဂိုဒေါင် မီးစတင်လောင်ကျွမ်းတာဖြစ်ပြီး ဂိုဒေါင်မှာရှိတဲ့ ဓာတုပစဿည်းတမျိုးကြောင့် မီးသတ်သမားတွေ မီးငြိမ်းသတ်ရင်း အသက်ရှူကျပ်လဲကျကုန်တာလို့ အဲ့ဒီနေရာကို သတင်းသွားယူခဲ့တဲ့ မန်းသတင်းသမား ကိုမင်းထက်ငြိမ်းချမ်းက ပြောပါတယ်။

“ဆိုဒီယမ်ဟိုက်ဒရိုဆာလဖိတ်လို့ ပြောတယ်။ သူတို့အပြောကတော့ စွပ်ကျယ်တို့ ချည်တို့မှာ ချွတ်ဆေးအဖြစ်သုံးတယ်လို့ ဆိုတယ်။ ဂိုဒေါင်ထဲမှာ အပြာရောင်ပုံးအ၀ိုင်းတွေထဲ ထည့်ထားတဲ့ အဖြူရောင်အမှုန့်တွေ အဲ့ဒီမှာ ဆိုဒီယမ်ဟိုက်ဒရိုဆာလဖိတ် ၈၈ ရာခိုင်နှုန်းလို့ ရေးထားတယ်။ အဲ့ဒီအဖြူမှုန့်တွေက ရေနဲ့ထိရင် မီးခိုးငွေ့တွေထွက်လာပြီး အဲ့ဒီအငွေ့က အီလည်လည်ကြီးဖြစ်ပြီး ဇောချွေးတွေကျလာရင်း တအောင့်လဲနေရော အသက်ရှူကျပ်ပြီး လဲကျကုန်တာပေါ့ဗျာ။”

မီးငြိမ်းသတ်နေတာနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ၀ိုင်းငြိမ်းသတ်ပေးတဲ့ လူမှုရေးအသင်းကလူတွေ စုစုပေါင်း ၁၄ ယောက်လောက် အသက်ရှူကျပ်ပြီး လဲကျကုန်တာလို့ ပြောပါတယ်။

မန္တလေးမြို့က မီးသတ်ဦးစီးဌာနမှူးကတော့ အသက်ရှူကျပ်လို့ ဆေးရုံတင်ထားရတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ ကျန်းမာရေးက မစိုးရိမ်ရဘဲ ၂၄ နာရီစောင့်ကြည့်ပြီး ဆေးရုံ ဆင်းနိုင်လိမ့်မယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

မန္တလေး၊ စက်မှုဇုန်-၁အပိုင် ပြည်ကြီးတံခွန်ရဲစခန်းက မီးလောင်မှုနဲ့ပတ်သက်လို့ ဂိုဒေါင်တာဝန်ခံကို အမှုဖွင့်အရေးယူထားတယ်လို့ ပြောပေမယ့် အသေးစိတ်ပြောဆိုခြင်းတော့ မရှိပါဘူး။

By ရွှေအောင်/DVB
http://burmese.dvb.no/archives/93380

ဟောလီးဝုဒ် သရုပ်ဆောင် မင်းသမီး မီရှဲလ်ယို(Michelle Yeoh) က နီပေါမှာ ငလျင်ဘေးသင့် ဒုက္ခသည်တွေကို သွားရောက် အကူအညီပေးနေပါတယ်။

ဒုက္ခသည်တွေအတွက် အကူအညီတွေ ဖြန့်ဝေပေးတဲ့ လုပ်ငန်းမှာ ကိုယ်တိုင် အကူအညီပေးနေရင်းနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကိုလည်း နောက်ထပ် အကူအညီတွေ တိုးပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။

နီပေါနိုင်ငံဟာ သုံးပတ်အတွင်း အားပြင်းတဲ့ ငလျင်ဒဏ်နဲ့ ၂ ခါ ကြုံခဲ့ရပြီး လူပေါင်း ၇၆၀၀၀ လောက် ဒဏ်ရရသလို အဆောက်အအုံ ရာပေါင်းများစွာ ပျက်စီးခဲ့ပါတယ်။

ဧပြီလ ၂၅ ရက်နေ့က ပြင်းအား ၇ဒသမ ၈ ရှိတဲ့ ငလျင်လှုပ်တဲ့အချိန်က မလေးရှား မင်းသမီးနဲ့ သူ့ခင်ပွန်းတို့ မြို့တော် ကက်သမန်ဒူမှာ ရောက်နေပါတယ်။

“Tomorrow Never Dies” မှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Michelle Yeoh ဟာ “Live to Love” အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းရဲ့ သံတမန်အဖြစ် ရောက်နေတုန်းမှာ ငလျင်ဘေးနဲ့ ကြုံလိုက်ရတာလည်း ဖြစ်ပါတယ်။

မင်းသမီး Michelle Yeoh က “ကျမ အခု ကက်သမန်ဒူမှာ ရောက်နေပါတယ်။ ဒီကို ရောက်မလာနိုင်သေးတဲ့ နိုင်ငံတကာက မိတ်ဆွေတွေ အားလုံးကို ပေးချင်တဲ့ သတင်းစကားကတော့ နီပေါက ကျမတို့ မိတ်ဆွေတွေကို တတ်နိုင်သလောက် ကူညီပေးကြပါ။ တကယ်လိုအပ်နေတဲ့ လူတွေဆီကို အကူအညီတွေ ရောက်အောင် ကူညီကြပါ” လို့ ပြောပါတယ်။

ငလျင်ဘေး နှစ်ခုအတွင်း သေဆုံးသူ ဦးရေဟာ ၈၅၀၀ ကျော်ခဲ့ပီး ၁၉၃၄ က နီပေါမျက်မှောက်သမိုင်းမှာ အဆိုးဆုံး ငလျင်ဘေးတုန်းက လူသေစာရင်းထက် ပိုသွားပါတယ်။

အရေးပေါ် အကူအညီ ဒေါ်လာ ၄၂၃ သန်းကို ကုလသမဂ္ဂက အလှူခံထားပြီး လူပေါင်း ၃ သန်းလောက်ဟာ သုံးလစာ နေစရာ ရေနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/93392







အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်က မွန်ပြည်နယ် သံဖြူဇရပ်မြို့မှာ လူထုနဲ့ တွေ့ဆုံစကားပြောခဲ့ပါတယ်။

သံဖြူဇရပ်မြို့က ဓနသဟာယစစ်သင်္ဂြိုင်းအား ဖွင့်လှစ်ပေးခဲ့သော ဗိုလ်ချုပ်အောင်ဆန်းအား အမှတ်တရ ဂုဏ်ပြုခြင်း အထိမ်းအမှတ်အဖြစ် စကားပြောခဲ့တာဖြစ်ပါတယ်။

Photo: Kyaw Zaw Win, Kyaw Lwin Oo/ RFA
RFA Burmese
https://www.facebook.com/pages/RFA-Burmese


ပုဒ်မ၄၃၆ဆိုတာလွှတ်တော်ထဲကပြည်သူလူထုအားလုံးက ရွေးချယ်ထားတဲ့လွှတ်တော်ကိုယ်စားလှယ်တွေအားလုံးသဘောတူလက်ခံတောင်မှ လွှတ်တော်ထဲက ပြည်သူလူထုက မရွေးချယ်ထားတဲ့ စစ်တပ်ကိုယ်စားလှယ်ကကန့်ကွက်ရင် ပြင်လို့မရ


တောင်ကုန်းတကုန်းကို သိမ်းဖို့ စာသင်ကျောင်းတွေ အမြောက်အများ ဆောက်လို့ရမယ့် ပိုက်ဆံကို သုံးပီး ရူးရူးမိုက်မိုက် စစ်တိုက်နေတယ်။ လွှတ်တော်ထဲကနေလည်း စစ်တပ်ရဲ့ အကျိုးစီးပွားတွေကို ထိပါးလို့မရဘူး။ လွှတ်တော်ပကနေလည်း စစ်တပ်ကို ထိပါးလို့ မရဘူး။ စစ်တပ်က နာဂစ်ခြေဥကို ခုံခုပီး တတိုင်းပြည်လုံးကို ဂုတ်ခွ စီးထားတုန်းပဲ။ စစ်တပ်ဘာလုပ်လုပ် ဘယ်သူမှ ပြောမရဘူး။ ကျနော်တို့ကို ဖြိုခွဲဖို့ဆိုရင် ကာလုံက တိုက်ရိုက်ကိုင်ခဲ့တာ။ UNA လည်း ဝင်တောင်းပန်လို့မရသလို အခြားအဖွဲ့အစည်းတွေလည်း ဝင်ညှိလို့မရဘူး။ စစ်တပ်ဆီမှာ ဒီမိုကရေစီနည်းကျ တွေ့ဆုံညှိနှိုင်းရေးဆိုတဲ့ သဘောထား ဘယ်တုန်းကမှမရှိတာ လက်ပံတန်းက နောက်ဆုံးထုတ်ပြလိုက်တဲ့ သက်သေပဲ။ ကာလုံကို အဓိက ကိုင်ထားတာ သမ္မတလား ၊ လွှတ်တော်လား ၊ စစ်တပ်လားဆိုတာ ခြေဥကို အပျင်းပြေလောက်ပဲ ဖြစ်ဖြစ် လှန်ဖတ်ဖူးသူတွေ သိမယ်။

စစ်တပိုင်းအစိုးရ ၊ စစ်တပိုင်းလွှတ်တော်လို့ ဗကသက အော်တော့ တချို့ ဒီမိုကရေစီဘက်တော်သားဆိုသူတွေက ကွန်မြူနစ်လေတဲ့။ ကျနော်တို့က ရွေးကောက်ခံမဟုတ်တဲ့ အစိတ်သား နဲ့ အုပ်ချုပ်ရေးယန္တရားရဲ့ အဓိက အကျဆုံးအပိုင်းဖြစ်တဲ့ ပြည်ထဲရေးကို တပ်က အဓိက ချုပ်ကိုင်ထားမှုကို မီးမောင်းထိုးပြနေတာ။ ဒါကို ကွန်မြူနစ်လေလို့ တိုက်ခိုက်တယ်။ ကျနော်တို့ မေးချင်တယ် စစ်တပ်နဲ့ တိုင်းပြည်ရဲ့ မဏ္ဍိုင်ကြီးသုံးရပ် ဘယ်နေရာမှာများ လွတ်သလဲ။

ပြီးတော့ ဗကသတွေ အရိုက်ခံရတာပဲ ခေါင်းမာလို့လိုလို၊ သွားဆွလို့ပဲ ဖြစ်သလိုပြောနေတယ်။ ကျနော်တို့က ကိုယ့်အခွင့်အရေးအတွက် လမ်းပေါ်ထွက်လာတာ။ လွတ်လပ်စွာဆန္ဒထုတ်ဖေါ်ခွင့် ဆိုတာ ဒီမိုကရေစီရဲ့ အခြေခံအကျဆုံး အခွင့်အရေးတွေထဲက တခုပဲ။ နိုင်ငံသားတယောက်အနေနဲ့ ရန်ကုန်ကိုပဲ လမ်းလျှောက်ချီတက်တက်၊ မြောင်းမြအထိပဲ သွားသွား ဆူပူမှုတွေကို မဖန်တီးရင် ဒီမိုကရေစီအစိုးရတရပ်သာဆို မတားရဘူး။ အကာအကွယ်ပါပေးရမယ်။ အခုက ချီတက်မယ့်နေ့မနက်ရောက်မှ ကျောင်းရှေ့ကို ကားတွေပိတ်ပီးတော့ အတင်းအဓမ္မ ချောင်ပိတ်ပီး အကောက်ကြံခဲ့တာ။ ဗကသအနေနဲ့ ရန်ကုန်ကို ဘာကြောင့် ဝင်မယ်ဆိုတာကို တရားဝင် စာထုတ်ခဲ့တယ်။ မိမိတို့ဆန္ဒကို အရိုးရှင်းဆုံး တိုင်းပြည်သိချပြခဲ့တယ်။ ဗကသက အစိုးရ စွတ်စွဲသလို ပြည်သူကို လိမ်ပီး အထွေထွေသပိတ်သာ လုပ်ခဲ့ရင် ပြည်သူ ပါလာမလား။ ပြီးတော့ ဗကသကို ရိုက်နှက်ဖြိုခွင်းတဲ့နေရာမှာလည်း ဘယ်နေရာမှာ ဒီမိုကရေစီနည်းကျလို့လဲ။ လမ်းဘေးမှာ အုန်းလက်ကောက်နေတဲ့ ဒေသခံပါမကျန် ရိုက်နှက်ဖမ်းသွားတာကို မပြောပဲ ဗကသကိုပဲ ဝေဖန်နေတာကတော့ သိပ်ရယ်ရတယ်။ အခု ဖြစ်နေတာက ဓမ္မနဲ့ အဓမ္မကြား တိုက်ပွဲ။ ဒီမိုကရေစီနဲ့ စစ်ဝါဒ ကြားက တိုက်ပွဲ။ ဒီဖြစ်စဉ်ဟာ သာမန်စဉ်းစားဥာဏ်ရှိတဲ့ သူတွေအနေနဲ့ သတင်းပုံမှန်ဖတ်ပီး တွေးကြည့်ရင်တောင် လက်ပံတန်းလာစရာမလိုပဲ ရလောက်မယ့် ကွင်းဆက်တွေ။ ဒီလောက် ရှင်းနေတာတောင် အစိုးရအစား ဗကသကို တိုက်ပေးနေတဲ့ ဒီမိုကရေစီဘက်သားဆိုသူတွေကတော့ တကယ့်ကို အံ့သြစရာပဲ။

ဗကသကို ထိုးနှက်ရာမှာ ဗကသခေါင်းဆောင်ပိုင်းတွေကိုပါ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေ လုပ်လာတာ တွေ့ရတယ်။ ကိုကျော်ကိုကိုကအစ မဖြိုးဖြိုးအောင်အလယ် ကိုမင်းသွေးသစ် အဆုံးပဲ။ ဗကသမှာ ခေါင်းဆောင်ဆိုသူတွေက ဘယ်လောက် အနာခံရတယ်ဆိုတာ ဝေဖန်သူတွေ မသိဘူး။ ဗကသခေါင်းဆောင် ဖြစ်လို့ ငွေလည်းမရဘူး၊ အာဏာလည်း မရဘူး၊ ထမင်းငတ်မယ်၊ အပင်ပန်းခံရမယ် အခန့်မသင့်ရင် ထောင်ကျမယ်။ ကိုကျော်ကိုကို ထမင်းစားဖို့အတွက် စာရေးရတယ်။ မဖြိုး၊ ယောင်ကြီး အလုပ်တဖက်နဲ့ ဗကသအတွက် လုပ်ရတယ်။ ဗကသ ဗဟိုလုပ်ငန်းကော်မတီဝင်ကြီးတွေ ဖြစ်တဲ့အတွက် ဘာငွေမှ မရဘူး။ သူများနေသလိုနေ သူများစားသလိုစားပဲ။ ဒီလူတွေက ဗကသကိုချစ်စိတ်၊ ဗကသသမိုင်းကို ချစ်စိတ်နဲ့ ကျောင်းသားညီလာခံတခုမကျင်းပခင်အထိသာ ဗဟိုရဲ့ လုပ်ငန်းဆောင်တာတွေကို ဝင်လုပ်ပေးရတဲ့ အခမဲ့ကူလီတွေသာ ဖြစ်တယ်။ ဗဟိုအလုပ်အမှုဆောင်တွေ မဟုတ်ဘူး။ အာဏာရှင်တွေ မဟုတ်ဘူးဆိုတာလည်း ဘယ်လောက် ရှင်းရှင်း မရဘူး။ ခရိုင်တခုချင်းဆီတွေရဲ့ အလုပ်တွေနဲ့ လုပ်ပိုင်ခွင့်တွေကလည်း ဗမူကို မကျော်သရွေ့ လွတ်လပ်စွာ လုပ်ခွင့်ရှိတယ်။ ဒါကိုမှ ဗကသ ဗဟိုလုပ်ငန်းကော်မတီဆိုတာ အာဏာရှင်တွေပါတဲ့။ သိပ်ရယ်ရပါတယ်။ ကြုံတုန်း တပါးထဲပြောချင်တာက ထောင်တွင်းမှာကော ထောင်ပြင်မှာပါရှိတဲ့ ဗကသခေါင်းဆောင်ဆိုသူတွေက ကြိုက်တဲ့သူ မေးကြည့်ပါ။ လွှတ်တော်အမတ်ဖြစ်ချင်ပါတယ်လို့ ဖြေသူရှိရင် တံထွေးနဲ့သာ ထွေးခဲ့။ ဗကသကို သူတို့ဘဝအတွက် ဘယ်သူမှ လှေကားထစ်လို သဘောမထားဘူး။ ဒါကို ရဲရဲကြီး အာမခံရဲတယ်။

စစ်တပ်က တိုင်းပြည်ကို ဂုတ်ခွစီးနေတဲ့ အချိန်မှာ စစ်အုပ်စုကို ဗကသက ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့တယ်။ ဆန့်ကျင်ဆဲပဲ။ ဒါကိုမှ ဘာလို့ ဗကသကို နည်းမျိုးစုံနဲ့ တိုက်နေသလဲဆိုတာ သိပ်စဉ်းစားစရာကောင်းတယ်။ ဗကသ လုပ်ခဲ့တာတွေမှာ ဘယ်ကိစ္စကများ ပြည်သူ့အကျိုးစီးပွါး ဆန့်ကျင်နေသလဲ။ ရှိရင် တရားဝင် ပြစ်တင်ရှုံ့ချလိုက်ပါ။ စစ်အုပ်စုကို မဆန့်ကျင်ရဲလို့ ကိုယ့်လိပ်ပြာကိုယ်မသန့်ပဲ ဆန့်ကျင်ရဲတဲ့ ဗကသတွေကို အငုံ့စိတ်နဲ့ တိုက်ခိုက်နေအုံးမယ်ဆိုရင်တော့ စစ်အာဏာရှင်လက်တွင်း ကျွန်သက်ရှည်ဖို့ ကိုယ့်ခြေထောက်ခတ်မယ့်သံကွင်း ကိုယ်ကိုယ်တိုင် ဝယ်တာပါပဲ။ ကျနော် ခဏခဏပြောဖူးသလိုပဲ ထပ်ပြောပါ့မယ်။ ရိုးသားပါ။ နိုင်ငံရေးလုပ်လုပ် စီးပွါးရေးပဲ လုပ်လုပ် ရိုးသားပါ။ မရိုးသားရင် ကြာတာနဲ့အမျှ ခွေးအန်ဖတ်လောက်မှ တန်ဖိုးမရှိတဲ့ ဘဝကို ရောက်ပါလိမ့်မယ်။

-မြတ်သူ

(၁)

၂၀၁၄ ဇွန်လ (၁၁) ရက်နေ့ ည...၊

မဟာသန္တိသုခကျောင်းတိုက်ရှေ့တွင်...

ဘုန်းကြီးအပါးသုံးရာခန့်
တိတ်တဆိတ်စုဝေးနေကြသည်..

ထိုစဉ်....

စစ်မိန့်ပေးသံ ဆန်ဆန် အသံတစ်ခုကိုကြားရသည်..၊

“အရှင်ဘုရားတို့ ဖုန်းတွေ ပိတ်ထားပါ။
တပည့်တော် ဒီကိစ္စထက် အရေးကြီးတာ ဘာမှမရှိဘူး”

" Express နဲ့သွားမယ် ဝေါကီတော်ကီတွေဆောင်
ထား ဘုရားဖူးပုံစံနဲ့ဝင်မယ် တုန့်ပြန်ခဲ့ရင် သည်း
မခံနဲ့ "

“ညီတော် နောင်တော်တွေက သတ္တိရှိရှိနဲ့
သမိုင်းကြောင်းရေးပါ။
နိုင်ငံတော် သံဃမဟာနာက
ပိုင်တဲ့ကျောင်းကို မကာကွယ်ရင်
ဘယ်သူ့ကျောင်း ကာကွယ်မလဲ။ "

" အရှင်ဘုရားတို့ ကိုယ်ကျရာ တာဝန်ကို
ပြတ်ပြတ်သားသားလုပ်ပါ။
သတ္တိရှိရှိနဲ့ လုပ်ဖို့ အထူးမှာချင်ပါတယ်။
ကမ္ဘာက စိတ်ဝင်စားတဲ့ သန္တိသုခကို
ဒီနေ့ မှတ်တမ်းတင်မှာပဲ”

" သန္တိသုခ သမိုင်းကြောင်းကို
ရန်ကုန်တိုင်း ဥက္ကဋ္ဌဆရာတော်
၊ မြို့နယ် သံဃနာယကများနှင့်
တိုင်းဒေသကြီး အစိုးရတို့က ရှင်းလင်းခဲ့ကြောင်း
မှတ်တမ်းရေးထိုး ရမည်"

“အဲဒီအထဲ ....
ကျောက်စာကြီး ထောင်ဦးမှာ”

"နိုင်ငံခြားဧည့်သည် သဘောမျိုးနဲ့ ဝင်မယ်။
သတ္တိရှိရှိနဲ့ သတိထား ဆောင်ရွက်ပါ။ "

" အဲ့ဒီမှာရှိတဲ့ ကိုယ်တော်တွေက ငယ်ဖြူတွေ မဟုတ်ဘူး။
မြဝတီ။ ကော့သောင်းဘက်က အလင်းဝင်တဲ့ ကောင်တွေကို
ဝတ်ပေးထားတယ်လို့ ကြားတယ်"

" သူတို့ဆီမှာ ဒါးလက်နက်တွေလဲရှိနိုင်တယ်"

"ဟိုဘက်ကကလန်ကဆန်လုပ်ရင် ညှာနေဖို့မလိုဘူး"

ဟူ၍....အမိန့်ကိုခပ်ပြတ်ပြတ်ပေးနေသည်..၊

ထိုဘုန်းကြီးသည်.... ဝေါ်ကီတော်ကီဖြင့်ဆက်သွယ်လိုက်၊
သံဃာများအား တိတ်တဆိတ်အမိန့်ပေးလိုက်ဖြင့်
အလုပ်ရှုပ်နေခဲ့သည်...

ထို့နောက်....စီးနင်းမှုဇာတ်လမ်းစပါသည်...

ညတိုက်ပွဲဆန်ဆန် သန္တိသုခကျောင်းကို ..
စီးနင်းခဲ့ပြီး....အတွင်းမှ ဘုန်းကြီးများကို..
ဖမ်းဆီးသွားပါတော့သည်..

ရန်ကုန်တိုင်းအစိုးရမှလဲ...
စီးနင်းသူများကိုအကာကွယ်ပေးခဲ့သည်..

ပြီးတော့..နိုင်ငံတကာအဆင့် သာသနာပြုဘုန်းကြီးကျောင်း
တစ်ကျောင်းကို ၀င်စီးခြင်းကို သမ္မတဦးသိန်းစိန်လဲ..
မသိစရာအကြောင်းမရှိပေ...၊

--------------------------------------

(၂)

နောက်ပိုင်းတွင် ကျောင်းစီးနင်းမှုတွေပါဝင်သော..
သံဃာတော်များ သိလိုက်ရသည်က..

အဖမ်းခံရသူများမှာ...
ပီနန်ဆရာတော်ကြီး၏ တပည့်ရင်း..
အင်္ဂံလန်နိုင်ငံ လန်ဒန်မြို့ရှိ ကမ္ဘာ့သာသနာပြု
ဆရာတော် ဦဥတ္တရ အပါအ၀င်..
နိုင်ငံတကာသာသနာပြုဆရာတော်များ...
ဖြစ်နေခြင်းပင်တည်း....
ဖမ်းဆီးခံဆရာတော်များကို..
ချက်ချင်း လူဝတ်လဲလိုက်ပါသည်..၊

ဘယ်အလင်းဝင်ကိုမှ မတွေ့ရချေ..

ဘယ်လူဆိုးလူမိုက်ကိုမှလဲ မတွေ့ရချေ..၊

ဒါးလက်နက်ဖြင့်ခုခံမှုကိုဝေးစွ..
ဘယ်လိုဟန့်တားမှုမျှ မကြုံခဲ့ရချေ...

ထိုဖြစ်ရပ်များကို မည်သူအမိန့်ပေးခဲ့သနည်း..?

---------------------

(၃)

သန္တိသုခ၀င်ရောက်စီးနင်းမှုတွင်ပါဝင်ပတ်သက်သော..
သံဃာတော်အများစုမှ...

သူတို့ကိုလိမ်ညာခိုင်းစေသဖြင့်..
မကျေနပ်ကြောင်း လေသံမျာထွက်လာသည်..၊

မီဒီယာကြီးတစ်ခုမှလဲ..
သန္တိသုခအား ၀င်ရောက်စီးနင်းရန်အတွက်
ဦးဇင်းများစွာကို စုရုံးပြီး ဆရာတော်တစ်ဦးမှ
ညွှန်ကြားနေသည့် အသံဖိုင်ရှိကြောင်း..
အတိအလင်းကြေငြာခဲ့သည်..၊

အဖမ်းခံရသည့်ဆရာတော် ဦးဥတ္တရသည်..
တရားဘာဝနာပြသမှုများအပါအ၀င်..
အင်္ဂံလန်နိုင်ငံရှိဆေးရုံများတွင် ဘာသာလူမျိုးမရွေး..
နာရေးကိစ္စရပ်များဖြစ်ပေါ်ပါက စိတ်တည်ငြိမ်မှုရစေရန်၊
တရားနှင့်ဖြေစေရန်..ဘာဝနာ ပြသတည်ဆောက်ပေးသည့်
ကုသိုလ်ကြောင့် လူသိများထင်ရှားပြီး နိုင်ငံတကာတွင်
တပည့်ဒါယိကာ များစွာရှိသည့်ဆရာတော်တစ်ပါးပင်ဖြစ်သည်.၊

ဗြိတိန်အစိုးရကပင် မနေနိုင်မထိုင်နိုင်ဖြစ်ပြီး..
မြန်မာအစိုးရကို ဖိအားပေးကာ..
ဆေရာတော်များကိုပြန်လွှတ်ပေးရန် တောင်းဆိုသည့်
အဆင့်ကိုရောက်ခဲ့သည်..။

ထိုစီးနင်းမှုများကို....
သာသနာရေးဝန်ကြီးဦးဆန်းဆင့်က...
သူမလုပ်ကြောင်းပြောသည်နှင့်...
သူ့အား ဘာမဟုတ်သည့်ကိစ္စဖြင့်..
အကြောင်းရှာကာ ဖြုတ်ပစ်ပြီး..
ထောင်ပါ ချလိုက်ပါသည်..၊

--------------------------------

(၄)

သန္တိသုခစီးနင်းမှုကို ကိုယ်တိုင်ကိုယ်ကျဦးဆောင်သူမှာ..

ဒေါ်ကြိုင်ကြိုင်ဘုန်းကြီး ဟု..လူသိများသော..

ဆရာတော် ဦးဣိဒ္ဓိဗလ (ရန်ကုန်တိုင်းသံဃနာယက)
ပေတည်း...

ထို ဘုန်းကြီးသည်...

ပြီးခဲ့သည့်..မေ (၁၅-၁၆)ရက်တွင် ကျင်းပသည့်..

သမ္မတဦးသိန်းစိန် တက်ရောက်မည့်..
အလှူ့ဒါယိကာ ရွှေသံလွင်ကျော်ဝင်း(နာမည်ခံ) ၏

ဆင် (၉)
မြင်း (၁၀၈)
ရွှေလှည်း (၁၀၈)
တို့ပါဝင်သော...

ရှင် (၅၀၀၀) ရှင်ပြု ပွဲတွင်..
ယတြာ အစီအရင်များစွာဖြင့်..

အခါတော်ပေးဦးဆောင်သူဖြစ်ပါသည်..

-------------------------

(၅)

အံ့သြစရာမှာ..

ထိုအလှူကြီးသည်...

ထူးဆန်းစွာပင်..
သမ္မတဦးသိန်းစိန် လာရောက်ရေစက်မချမီ
မနက် (၂) နာရီတွင်...

မိုးကြီးသည်းထန်စွာရွာကာ..
ပျက်စီးသွားခဲ့ပါသည်..၊

ဘာသာသာသနာကို..
အသုံးချပြီး..

နိုင်ငံရေးအမြတ်ထုတ်..
သံဃာတော်များကို ကိုယ်ထိလက်ရောက်
ကျူးလွန်ခဲ့သူများအား..

အခုအချိန်သည်...
"သိကြားသာသနာ"ခေတ်ဖြစ်ကြောင်း..
သတိပေးလိုက်ခြင်း...ဟုသာ..

ထင်မြင်မိပါသည်...၊

( Pa Yit)


ခုံးကျော်တံတားများ ဆောက်တိုင်း ယာဉ်ကြောပိတ်ဆို့မှု ကို ရေရှည်ဖြေရှင်းပေးနိုင်သည် မဟုတ်ဘဲ ထိုနေရာ တစ်ဝိုက် သာ ခေတ္တဖြေရှင်းပေးနိုင်လေသည် … ငွေကုန်ပြီးရေရှည်တွင် ယာဉ်ကြော ပိတ်ဆို့မှုမှာ ဆက်လက် ဖြစ်နေ့မည့် သဘောပင် …

ရာမင်းသုဝဏ် ၈၅နှစ်တုန်းက ကျွန်တော်တို့ သတ်သတ်မှတ်မှတ်သွားပြီး ဆရာနှင့် စကားပြောခဲ့ဖူးသည်။ ထို စဉ်က ဆရာသည် စကား လည်းကောင်းကောင်း ပြောနိုင်၏။ သူဗန်ကောက် သွားပြီး ဆေးကုသခဲ့ရသည့် အကြောင်း ပြောပြရာ၌ ဗန်ကောက်မြို့ တိုးတက်ပြောင်းလဲမှုကိုကြည့်ပြီး ရန်ကုန်မြို့နှင့်နှိုင်းကာ စိတ်မကောင်း ဖြစ်ရ သည့်အကြောင်း သူပြောပြခဲ့ဖူးပါသည်။

““ဟိုတယ်ပြတင်းပေါက်ကိုဖွင့်ပြီး ဗန်ကောက်လမ်းတွေကို ကြည့်လိုက် တဲ့အခါ အလွန်ခမ်းနားကြီးကျယ်တဲ့ ၂ထပ် လမ်းမကြီးတွေကို တွေ့ရ တယ်ဗျာ။ လမ်းကြီးတွေက မြွေလိမ်မြွေကောက် လမ်းကြီးတွေ၊ မီးဆိုတာ ပြတ် တယ်မရှိဘူး။ ညဘက် ရောင်စုံမီးကြီးတွေ ထိန်လင်းပြီး ကားတွေကပြည့်ကျပ်၊ လမ်းတွေက၂ထပ်- ၃ထပ် ဆောက် ထားတာတွေ့ရတယ်။ ကျွန်တော်တို့ရဲ့ ရန်ကုန်မြို့ကြီးနဲ့ ဘာမှမဆိုင်တာကို တွေ့ရတော့ စိတ် မကောင်းဖြစ် မိတယ်ဗျာ””ဟုပြောပါသည်။ ထိုအချိန်က စစ်အစိုးရအောက်တွင် ကားသွင်းခွင့်ဆိုသည်မှာ ထီ ပေါက်သည် ထက်ပင်ခဲယဉ်းသော အချိန်ဖြစ်၏။ ကားဈေးများမှာလည်း ခေါင်ခိုက်နေသည်။ အထူးသဖြင့် ပိုက်ဆံရှိသူများ စီးနိုင်သော ဇိမ်ခံကားများကို ပိုက်ဆံထောင်ချီ ပေးကာစီးနေကြသည်။ ရုပ်ရှင်ထဲ၊ ဓာတ်ပုံထဲ တွင်တွေ့ရသော တခြားနိုင်ငံများမှ ၂ထပ်လမ်း၊ ၃ထပ်လမ်းများကို မြင်ရသောအခါ အလွန်အားကျမိသည်။ ဤ သို့ဖြင့် မိမိတို့ကိုယ် မိမိတို့ အဟုတ်ကြီးမှတ်နေသော မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ကြီးလည်း ဗုန်းဗုန်းလဲ။…

စစ် အုပ်စုနှင့် စစ်တပ်နှင့်နွှယ်သူများ၊ စစ်အာဏာရှင်များက ကျွေးမွေးနေ ရာ ပေးထားသော ခရိုနီများမှာလည်း ကြီးပွားသထက် ကြီးပွား၊ ချမ်းသာသထက် ချမ်းသာလာလေသည်။ ပြည်သူလူထု မှာမူ မြန်မာနိုင်ငံသားဟု ဆိုရ မည်ကို ရှက်ရမလိုဖြစ်နေ သည်။ နိုင်ငံခြားသွား ကျွန်ခံနေရလေသည်။ ထိုင်းနယ်စပ်ရှိ ဇိမ်ခန်းများနှင့် ဗန်ကောက်မြို့ ပြည့်တန်ဆာခန်းများတွင် လူကုန်ကူးခံရသော မြန်မာမိန်းကလေးများမှာ ရောင်းစားခံနေရ သည်။ စစ်အုပ်စုမှာ ထိုသည်ကို ပင်ရှက်ရမှန်းမသိ။ ပြည်သူကို ဖိနှိပ်ဆဲဖြစ်ပါသည်။ နောက်ဆုံး သူတို့မိုက်ရူးရဲ လုပ်ရပ်များကို ပြောင်းလဲရမည်။ အပြောင်းအလဲ မလုပ်ဘဲ စစ်အုပ်ချုပ်ရေးစနစ်ဖြင့် တိုင်းပြည်ကို မည်သို့မျှ တိုး တက်အောင် မလုပ်နိုင်ဟု သဘောပေါက်လာပြီးနောက် မြွေမသေတုတ်မကျိုး လမ်းစဉ်ဖြစ်သော လမ်းပြမြေပုံ ၇ချက် ဖြင့် စစ်တပ်လည်း အာဏာမြဲစေ၊ အနောက်အုပ်စု၏ ပိတ်ဆို့ထားမှုများလည်း ပွင့်စေလမ်းစဉ်ကိုကျင့် သုံးခဲ့သည်။ အရပ်သား အစိုးရလက်ထက်တွင် ပိတ်ထားသော ကားပါမစ်များကို ဖွင့်ပေးလိုက်သဖြင့် ဇိမ်ခံကား များ အလျှိုလျှိုဝင်လာသည်။ ခရီးသည်တင်ကားကြီးများ၊ ကုန်တင်ကားကြီး များလည်း ၀င်လာ၏။ ကားများဝင် လာသည်နှင့် ကားသွားစရာလည်း ရှားလာပါတော့သည်။

ကားပါမစ်များ ဖွင့်ပေးလိုက်ချိန်တွင် အစိုးရသည် အကျိုးဆက်အဖြစ် မိမိတို့နိုင်ငံတွင် ရှိနေသော ကားလမ်းများ၊ အထူးသဖြင့် ရန်ကုန်မြို့လို မြို့ကြီးများတွင် ကားများပိတ်ဆို့မည်ကို တွေးခေါ်မှုမရှိသောကြောင့် ယခုကဲ့သို့ အလွန်ဆိုးဝါးသော ကားလမ်းများတွင် ကားများကျပ်သိပ်သည့် ဘေးဆိုးကြီး ကို ရင်ဆိုင်ရပါတော့သည်။ ၂ထပ် တံတား၊ ၃ထပ်တံတား ဆိုသည်များကို အစိုးရအနေဖြင့် သူတို့ဘတ်ဂျက်အရဆိုလျှင် မစဉ်းစားနိုင်သေးပေ။ နိုင်ငံတကာမှ အလှူရှင်များက လာဆောက်ပေးလျှင် သော်လည်းကောင်း အစိုးရ၏ GDP တိုးတက်လာလျှင် သော်လည်းကောင်း စိတ်ကူးယဉ်စရာ ထိုတံတားလမ်း များကို ဆောက်နိုင်ပေလိမ့်မည်။ လမ်းများကို ဘယ်ညာ ချဲ့ထွင်ခြင်းမျိုး၊ မီးပွိုင့်အနီးခုံးကျော် တံတားဆောက် ခြင်းများသာ ပြုလုပ်နိုင်လေသည်။

ခုံးကျော်တံတားရှိသော နေရာများတွင် ကားကျပ်ခြင်း ရှင်းသွားသည်က မှန်သော်လည်း ထိုခုံးကျော် တံတားဆုံး သွားသည်နှင့် ကားများပြန်ကျပ်တော့သည်။ ယာဉ်ကြော ပိတ်ဆို့မှုနှင့် ကားကျပ်မှုကို ရေရှည်မည်သို့ ဖြေရှင်း မလဲဆိုသည်ကို အစိုးရကတိကျသော အဖြေမပေးနိုင်ပေ။ ခုံးကျော်တံတား ဆောက်ရုံဖြင့်မပြီးပေ။ ဆေးမြီးတို အဖြစ်သာ ခုံးကျော်တံတားကို ဆောက်လုပ်နေခြင်း ဖြစ်သည်။ သို့သော်ခုံးကျော် တံတားဆောက် ဖို့ကုန်ကျ စရိတ်မှာ ကြောကခမန်းလိလိ များပြားလှလေသည်။ တာမွေ ၅ခွဆုံတွင် ခုံးကျော်တံတားဆောက်ဖို့နှင့် ကုက်္ကိုင်း လမ်းဆုံ၊ ၈မိုင်လမ်းဆုံတို့တွင် ခုံးကျော် တံတားဆောက်ဖို့ ဆုံးဖြတ်ထားသည်။ ထိုသို့ ဆောက်ခြင်းဖြင့် ယာယီ ပြေလည်နိုင်သော်လည်း ကုန်ကျစရိတ်များပြားခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ဆွေးနွေး စရာ ဖြစ်လာလေသည်။ တာမွေ ၅ခွဆုံ ခုံးကျော်တံတားအတွက် ကုန်ကျစရိတ်မှာ ၂၂ ဒသမ ၅ဘီလီယံကုန်ကျ မည်။ ကုက်္ကိုင်းလမ်းဆုံ ခုံးကျော်တံတားအတွက် ကျပ် ၁၅ ဒသမ ၄ဘီလီယံ ကုန်ကျမည်ဖြစ်သလို ၈မိုင်လမ်းဆုံ ခုံးကျော် တံတားအတွက်မူ ၁၆ ဒသမ ၄၅ဘီလီယံ ကုန်ကျမည်ဖြစ်သည်။ စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ်သန်း ပေါင်း ၅၄ဒသမ ၃၅ ဘီလီယံ ဖြစ်လေသည်။

ခုံးကျော်တံတားများ ဆောက်လုပ်ပေးလိုက်သည့်အတွက် ယာဉ်ပိတ်ဆို့မှု၊ ကားကျပ်မှုများ အဆင်ပြေ ချောမွေ့ သွားလျှင်မူ အကြောင်းမဟုတ်လှပေ။ ကုန်ရကျိုး နပ်ပေလိမ့်မည်။ သို့သော် ခုံးကျော်တံတားတွင်သာ ယာဉ် ကြောပိတ် ဆို့မှုသက်သာပြီး တခြားနေရာများတွင်မူ ယခင်အတိုင်းဆိုလျှင် ငွေကုန်ရကျိုးမနပ်တော့ပေ။ ရန်ကုန် တိုင်းဒေသကြီးအစိုးရ၏ ၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ် ရသုံးခန့်မှန်းချေလိုငွေမှာ ကျပ်သိန်း ၁၂၀ဘီလီယံကျော် ဖြစ် ပြီး တံတားများ၏ ကုန်ကျစရိတ်မှာ ၅၄ ဒသမ၃၅ဘီလီယံ ဖြစ်နေသောကြောင့် လိုငွေ၏ တစ်ဝက်နီးပါးဖြစ် နေပါ တော့သည်။ ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် လွှတ်တော်အမတ်ဖြစ်သူ ဒေါက်တာ ဒေါ်ညိုညိုသင်းက-

““ထပ်တည်ဆောက်မယ့် ခုံးကျော် တံတား ၃စင်းအတွက်က စုစုပေါင်းသုံးစွဲမယ့် ငွေကျပ် ၅၄ ဒဿမ ၃၅ဘီလီ ယံဖြစ်ပါတယ်။ အဲဒီထဲကတာမွေ ၅ခွဆုံ ခုံးကျော်တံတားကို ပညာရှင်တွေကတည် ဆောက်ဖို့မလိုဘဲ ထိရောက် တဲ့လမ်းရှင်းစနစ်သာ လိုအပ်တယ်လို့ တင်ပြထားချက်တွေကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သိရှိထား ပါသလား။ တကယ်လို့ ၈မိုင် လမ်းဆုံမှာ ခုံးကျော်တံတား တည်ဆောက်နေစဉ် Junction- 8 ရှေ့ယာဉ် ကြောပိတ်ဆို့မှုကို မည်သူက တာဝန်ယူပါမလဲ။ ကုက်္ကိုင်းလမ်းဆုံ ခုံးကျော်တံတား ဆောက်ဖို့အတွက်ကို ရော ဘယ်သုတေသန စစ်တမ်းကအကြံပြုပါသလဲ””ဟု ပြောဆိုခဲ့ပါသည်။ တာမွေအ၀ိုင်း ခုံးကျော်တံတားမှာ အစော ပိုင်းကဆိုလျှင် ဆောက်လုပ်ရန် မလိုအပ်ကြောင်း မြို့တော်စည်ပင်က ဆုံးဖြတ်ခဲ့ဖူး၏။ ယခုမှ တာမွေအ၀ိုင်း ခုံး ကျော်တံတားကို ငွေကျပ် ၂၂ဒသမ ၅ဘီလီယံ အကုန်ခံကာဆောက်လုပ်မည်ဟု ဆိုခြင်းမှာ မလိုအပ်ပဲ အကုန်ခံ ခြင်းလားဟု မေးစရာဖြစ်လာပါသည်။ ယခုမူ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ၎င်းတို့လက်ထက်တွင် ခုံး ကျော်တံတားများကို မဖြစ်ဖြစ်အောင်၊ မပြီးပြီးအောင်ဆောက် လုပ်နေကြသလားဟုလည်း ထင်ကြေးပေး လာ ကြပါသည်။

ခုံးကျော်တံတားများ ဆောက်လုပ်ခြင်းနှင့် ပတ်သက်၍ အလွန်ရယ်စရာကောင်းသော ဟာသတစ်ခုကို ကျွန် တော် ကြားဖူးပါသည်။ နိုင်ငံခြားဟာသကို မြန်မာမှုပြုလိုက် ခြင်းဖြစ်သည်ဟုကြားဖူး၏။ ထိုဟာသကို တ၀ါး ၀ါးတဟားဟားဖြစ်အောင် လုပ်ခဲ့သူမှာ လူရွှင်တော်လည်းဖြစ်၊ စစ်အာဏာရှင်စနစ်တွင် ထောင်အများဆုံး ကျခဲ့ ဖူးသူ လည်းဖြစ်သောလူရွှင်တော် ဇာဂနာဖြစ်ပါသည်။ ထောင်အကြိမ်ကြိမ် ကျခဲ့သော်လည်း စစ်အာဏာရှင် စနစ်ကို အရှုံးမပေးဘဲထောင် ထဲတွင်ရော၊ အပြင်တွင်ပါ ပြက်ရဲ၊ ပြောရဲသူ ဖြစ်သောကြောင့် လူရွှင်တော်၊ စာရေးဆရာ၊ ဒါရိုက်တာ၊ သရုပ်ဆောင်၊ နိုင်ငံရေးသမားဟု ဆိုရခြင်းဖြစ်သည်။ မြင်းခြံခရိုင် စာရေးဆရာတင် မိုး၏ ကံမြဲဇဂျမ်းရွာသို့ စာကြည့်တိုက်ဖွင့်ပွဲတွင် ကျွန်တော်တို့စာပေ ဟောပြောပွဲသွားရလေသည်။ ရွာနီးချုပ် စပ်ရှိ လူများဖွေးဖွေးလှုပ် ဇာဂနာဟောမည်ဆို၍ ရောက်လာကြသည်။သူကပုဂံမှနေ မြင်းခြံ သို့ အရောက်လာ ခဲ့၏။ သူ့ကိုနောက်ဆုံးမှာ ထားရလေသည်။ ပရိသတ်မှာသူ၏ ပြောင်မြောက်လှသော ဟာသများကြောင့် လာ နားထောင်ရကျိုး နပ်သွားကြလေသည်။ သူ၏ဟာသမြောက်သော၊ နိုင်ငံရေးသရုပ်ဆောင်မှုလည်းပါသော ဟော ပြောချက်ပါ ပုံပြင်တစ်ပုဒ်အကြောင်းကို မှတ်မှတ်ရရ ပြန်လည်တင်ပြချင်ပါသည်။

““ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းမှ တာဝန်အရှိဆုံး ခေါင်းဆောင် ၂ယောက် ရဲ့ အခြေအနေတိုးတက်လာပုံကို ပြောပြချင်ပါတယ်။ ဒါက ပုံပြင်လို့မှတ်ပါ။ တစ်ခါက ရန်ကုန်တိုင်းမှာ တာဝန်အရှိဆုံး တာဝန်ခံကြီးက သူ့သူငယ် ချင်း မန္တလေးတိုင်းမှာ တာဝန်အရှိဆုံး တာဝန်ခံကြီးကို သူ့အခြေအနေ တိုးတက်လာပုံကို လာကြည့်ဖို့ ဖိတ်လိုက် ပါတယ်။ သူငယ်ချင်း ရောက်လာတဲ့အခါ သူ့ရုံးခန်းကိုလိုက်ပြတယ်။ အလွန်ကြီးကျယ်ခန်းနားပြီး တဖိတ်ဖိတ် တောက်နေတယ်။ ပရိဘောဂတွေကလည်း ကျွန်းရောင်တွေနဲ့ တဖိတ်ဖိတ်တောက်နေတယ်။ မန္တလေးတိုင်း သူငယ်ချင်းက အလွန်ခမ်းနား ကြီးကျယ်တာပဲလို့ ကောက်ချက်ချတယ်။ ရန်ကုန်တိုင်းပုဂ်္ဂိုလ်ကြီးက သူငယ်ချင်း ငါအနားယူတဲ့ အခန်းလိုက်ကြည့်ဦးဆိုပြီး လိုက်ပြတယ်။ ခမ်းနားကြီးကျယ်တဲ့ အပန်း ဖြေစခန်းကြီးဟာ သူ့ရုံး ခန်းထက်တောင် ပိုကြီးကျယ်ပါတယ်။ မထိရက်၊ မတို့ရက်လောက်အောင် တန်ဖိုးကြီးမယ်လို့ သူငယ်ချင်းက ယူဆပါတယ်။ ရန်ကုန်တိုင်း ပုဂ်္ဂိုလ်ကြီးက ငါ့အိမ်လိုက်ကြည့်ဦးဟေ့ ဟုဆိုကာ သူ့အိမ်သစ်ကြီးဆီ ခေါ်သွား တယ်။ အိမ်သစ်ကြီးက နန်းတော်ကြီးအတိုင်းပဲ။ အခန်းတွေကလည်း အများကြီးပဲ။ ဟိုတယ်ကြီးတစ် ခုလား အောက်မေ့ရတယ်။ မန္တလေးက သူငယ်ချင်းလည်း ပါးစပ်အဟောင်းသားနဲ့ နန်းတော်ကြီးလိုပါပဲကွာ။ ကုန်ကျ လိုက်မယ့် ဖြစ်ခြင်း။ မင်းဒီလိုဖြစ်ထွန်းအောင် ဘာလုပ်လိုက်တာလဲကွဟု မေးလိုက်ရာ ရန်ကုန်တိုင်းပုဂ်္ဂိုလ်က သူ့သူငယ်ချင်းကို လက်ယပ်ခေါ်ကာ ပြတင်းပေါက်ကို ဖွင့်ပြလိုက်တယ်။ ပြတင်းပေါက်ကနေ ကြည့်လိုက်တဲ့ အခါ ခုံးကျော်တံတားကြီးတွေကို တွေ့ရပါတယ်။ သူငယ်ချင်းက အစကတော့ သဘောမပေါက်ဘူး။ နောက် တော့ သဘောပေါက်လာပြီး ပြုံးကာသြော် . . . ဒါကြောင့် ကိုးလို့ ရေရွတ်လိုက်ပါတယ်။

ဒီလိုနဲ့ နောက် ၁နှစ်လောက်အကြာမှာ မန္တလေးတိုင်းအကြီးအကဲထံ ရန်ကုန်တိုင်းအကြီးအကဲ ရောက်သွား တယ်။ ရုံးခန်းထဲရောက်တဲ့အခါ ရန်ကုန်တိုင်းပုဂ်္ဂိုလ်က ငါ့ရုံးခန်းထက်အဆ ၂၀လောက်ကြီးကျယ် တာပဲကွာလို့ ပြောတယ်။ နောက် အပန်းဖြေအခန်းဆီ ရောက်သွားတဲ့အခါ ငါ့အပန်းဖြေ အခန်းထက်အဆ ၅၀လောက် ခမ်းနားတယ်ကွာလို့ ပြောတယ်။ နောက် အိမ်ကိုခေါ်သွားတယ်။ ရန်ကုန်တိုင်းပုဂ်္ဂိုလ်က ငါ့အိမ် ထက်အဆ ၁၀၀ လောက် ခမ်းနားကြီးကျယ်တယ်ကွာ။ မင်းဘယ်လို ဒီလိုဖြစ်ထွန်းသွားလဲလို့ပြောတော့ မန္တလေးပုဂ်္ဂိုလ်က ပြတင်းပေါက်ကို ဖွင့်ပြတယ်။ ရန်ကုန်ပုဂ်္ဂိုလ်က သူ့တုန်းကလို ခုံးကျော်တံတား ကြီးရှိနေမလားလို့ ကြည့်လိုက် တော့ ဘာမှမရှိတာ တွေ့ရတယ်။ ဒီတော့ မင်းဟာက ဘာမှလဲမရှိပါလားလို့ ပြောတော့ မန္တလေးပုဂ်္ဂိုလ်ကြီးက အေးဘာမှမရှိဘူးလို့ ဒီလောက်ဖြစ် ထွန်းနေတာပဲလို့ ပြန်ပြောလိုက်ပါတယ်””။ ထိုအခါ ပရိသတ်က လက်ခုပ် လက်ဝါးတီးကာ သြဘာပေးခဲ့ကြပါသည်။ ယခုအခါ မြို့ပြရေးရာနှင့် ပတ်သက်၍ သုတေသန လုပ်ဆောင်နေသူ ဒေါက်တာကျော်သူက-

““ခုံးကျော်တံတားတွေက မီးပွိုင့်တွေက ယာဉ်ကြောကျပ်တာ အတွက်တော့ အကျိုးရှိတယ်။ ဒါပေမဲ့ ရန်ကုန် တစ်မြို့လုံးစာအတွက်တော့ အကျိုးသက်ရောက်မှု မရရှိဘူး။ ဥပမာ မြေနီကုန်းခုံးကျော် တံတားက မြေနီကုန်း အနီးအနားတော့ ယာဉ်ကြောပိတ်ဆို့မှု ပြေလည်သွားတာလေး တစ်ခုကိုပဲကြည့်လို့ မရဘူး။ အင်းစိန်ကနေ မြို့ ထဲကိုလာတဲ့ သူတစ်ယောက်အဖို့ ခရီးသွားလာမှု ကြာမြင့်ချိန်ဘယ်လောက်လျော့ သွားမလဲဒါကို ကြည့်ရမှာပါ။ အင်းစိန်ကနေ မြို့ထဲကိုလာဖို့ တစ်နေ့ ၄နာရီလောက် အချိန်ပေးရတယ်။ အချိန်ကုန်တာဟာ ပိုက်ဆံကုန်တာ ပဲ။ ဒါကြောင့်ခုံး ကျော်တံတား လိုရေတိုဖြေရှင်းနည်းလမ်းတွေကို စဉ်းစားသင့်တယ်။ ဘတ်စ်ကားအပြင် ရထား၊ သင်္ဘောစတဲ့ သယ်ယူပို့ဆောင်ရေးတွေကို မြှင့်တင်ဖို့လည်း လုပ်သင့်တယ်””ဟု သုံးသပ်ထားသည်ကို ကြည့် ခြင်းအားဖြင့် ခုံးကျော်တံတားများဆောက်တိုင်း ယာဉ်ကြောပိတ်ဆို့မှုကို ရေရှည်ဖြေရှင်းပေးနိုင် သည်မဟုတ်ဘဲ ထိုနေရာတစ်ဝိုက်သာ ခေတ္တဖြေရှင်းပေးနိုင်လေသည်။

ငွေကုန်ပြီးရေရှည်တွင် ယာဉ်ကြောပိတ်ဆို့မှုမှာ ဆက်လက် ဖြစ်နေ့မည့် သဘောပင်။ ထိုပြဿနာကို မည်ကဲ့သို့ ပြေလည်အောင် ဖြေရှင်းပေး မလဲဆိုသည်မှာ နံရိုးကိုလက်ညှိုးဖြင့်ထောက်၍ ဗေဒင်မေးရ မလို ဖြစ်နေပါသည်။ နောက်ထပ်ကားများ ဆက်လက်တင်သွင်းခွင့် လည်း ပြုနေရပေမည်။ လွတ်လပ်စွာကုန် တင်သွင်းခွင့်ရှိရ မည် ဖြစ်သောကြောင့် ကားများလည်း ဆက်ဝင်နေမည်။ လမ်းများလည်း ဆက်ပိတ်ဆို့နေပေမည်။ ထိုအခြေ အနေ ကို အာဏာပိုင်များ မည်သို့ဖြေရှင်းကြမည်နည်း။ ဆေးမြီးတိုအသုံးချနေခြင်းဖြင့် ပြေလည်သွားမည် မဟုတ်ပေ။

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

မြဝတီ၊ မေ ၁၄
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ အမှတ် (၁) ရပ်ကွက်တွင် မေ ၁၂ ရက် နေ့လယ်ပိုင်းက ဝါတော် ခုနစ်ဝါရှိ သံဃာဦးတိလောက(ခ) ဦးသိန်းဒိစိန်သည် အသက် ၁၁ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးကို ထိုင်းနိုင်ငံသို့ လူကုန်ကူးရန် ဗံဒါပင်တည်းခိုခန်းသို့ ဖြားယောင်း ခေါ်ဆောင်လာသဖြင့် မြဝတီ မြို့မ ရဲတပ်ဖွဲ့စခန်းက ဖမ်းဆီးခဲ့ကြောင်း အဆိုပါရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဦးတိလောကသည် ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ထီးလတ်ကျေးရွာ ဘုန်းကြီးကျောင်း၌ တစ်ဝါခန့် ဝါလာဆိုသည့် အသက် ၆၆ နှစ် အရွယ် အာဂန္တုဘုန်းကြီး ဖြစ်ကြောင်း၊ ကလေးငယ်ကို ဖြားယောင်းခေါ်လာပြီး လမ်းခုလတ်တွင် သံဃာဝတ်မှ လူဝတ်သို့ ပြောင်းလဲခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်းကလေးငယ်၏ မိဘနှစ်ဦးသည် ပဲခူးရိုးမတောင်ပေါ်သို့ ဝါးခုတ်သွားခဲ့ရာ လေးရက်ကြာခဲ့ပြီး သမီးငယ် နှင့်အတူ ကိုးနှစ်အရွယ် သားငယ်တို့ကို နေအိမ်၌ထားခဲ့ရာ သမီးဖြစ်သူ အိပ်ပျော်နေစဉ် မေလ ၈ ရက်က ပျောက်ဆုံးသွားသည်ဟု ဖဒိုနယ်မြေရဲစခန်းထံ အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

သမီးငယ်ကို ထီးလပ်ကျေးရွာ ဘုန်းကြီးကျောင်းမှ သံဃာတော် ဦးတိလောကက လာရောက်ခေါ်သွား သည်ဟု သမီးငယ်နှင့်အတူ ရှိနေသည့် ကိုးနှစ်အရွယ်သားက ပြောပြသဖြင့် မိခင် ဖြစ်သူ သိရှိခဲ့ရကြောင်း မြဝတီ မြို့မ ရဲတပ်ဖွဲ့စခန်း မှတ်တမ်းအရ သိရသည်။

ဦးတိလောက၏ သမီးဖြစ်သူ ဒေါ်လဲ့လဲ့ဝင်းက သမီးငယ်ကို နာရီ၊ ဖိနပ်၊ သနပ်ခါးဘူးနှင့် ပိတ်စလက်ဆောင် ဝယ်ပေးခဲ့ဖူးသောကြောင့် သမီးငယ်လေးမှာ ယင်းသံဃာတော်နှင့် ခင်မင်မှု ရှိနေသ ဖြင့် ဖြားယောင်းခံရခြင်း ဖြစ်ကြောင်း ကလေး မိခင်ဖြစ်သူ၏ ရဲစခန်းထံတိုင် ကြားချက်အရ သိရသည်။

ကလေးငယ်ကို ခေါ်ဆောင်သွားသည်ဟု တိုင်ကြားခံရသော ဦးတိလောကနှင့် အားပေးကူညီသူ ဒေါ်လဲ့လဲ့ဝင်း တို့ကို အရေးယူပေးရန် ကလေးမိဘများက ဖဒိုရဲစခန်းတွင် အမှုဖွင့် တိုင်ကြားထား ခြင်းကြောင့် ဖဒိုနယ်မြေ ရဲစခန်းနှင့် မြဝတီ ရဲတပ်ဖွဲ့စခန်းတို့ ချိတ်ဆက် ဆောင်ရွက်မှုဖြင့် ကလေးငယ်ကို တစ်ဖက်နိုင်ငံသို့ ခေါ်ဆောင်မသွားမီ ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း မြဝတီ မြို့မရဲတပ်ဖွဲ့ဝင်များက ဆိုသည်။

မြတ်ကို (ဒေါနမြေ)
Social Action for Women - SAW

သဒ္ဓါမကြည် ရုပ်မပီ

အတိတ်ကမလှ နိမိတ်ကပြ
သဒ္ဓါက-မကြည် ရုပ်က-မပီ
အတ္တအလီလီနဲ့သွား
ယတြာအမည်မည်နဲ့စား
ရလဒ်က ၀ိုးတိုးဝါးတား
မိုးကကိုးရိုးကားယား
တအားရွာချ တားမရ
ပျက်ရပါပေါ့ သမ္မတရဲ့အလှူဒါန…။

တက္ကသိုလ်ဘုန်းကြွယ်(မေ ၁၇ ၁၅)

Naywin Thr ရဲ့ဆောင်းပါးကိုလဲဖတ်ကြည့်ပါ


"သာသနာတစ်ဝက် ရာဇာတစ်ဆက်"
*****^^^*****^^^*****^^^*****
အတိတ်နိမိတ်တို့ပြချေပြီလော....
ဗုဒ္ဓမြတ်စွာဘုရားရှင်က
ငါဘုရားသာသနာဟာ
နှစ်ပေါင်း၅၀၀၀ကြာမျှမကွယ်မပျောက်ပဲရှိပြီး
၅၀၀၀ကျော်လွန်ပါက
သာသနာကွယ်မည်လို့ဗျာဋိတ်တော်ပေးခဲ့သလို...
သာသနာတစ်ဝက်ရောက်လျှင်
ဤအရပ်ဒေသရှိ(မြန်မာပြည်ရှိ)
တိမ်မြုပ်နေတဲ့ဆံတော်ရှင်သာသနာ
ပြန်လည်ပေါ်ထွန်း၍
နေလိုလလိုထွန်းလင်းအံ့လို့
ကေလာသတောင်တော်တွင်ဆံတော်ဝေငှစဉ်က
ဗျာဋိတ်တော်ပေးခဲ့ပါတယ်။
ဘုရားရှင်၏ဗျာဋိတ်တော်အတိုင်း...
မွန်ပြည်နယ် ဘီလင်းမြို့
ကျိုက်ထီးဆောင်းဆံတော်ရှင်ကိုဗဟိုပြုပြီး
ဆံတော်ရှင်စေတီအဆူဆူတို့ကို
ကျိုက်ထီးဆောင်းဆရာတော်ဘုရားကြီးက
တပည့်ဒါယကာဒါယကာမအပေါင်းကို
ဦးဆောင်လျှက်...
ဆံတော်ရှင်စေတီအဆူဆူကို
ပြန်လည်ဖေါ်ထုတ်ခဲ့ပြီးဖြစ်ပါသည်။
စိတ်ဝင်စားဘို့ကောင်းတာက
သာသနာတစ်ဝက်ရာဇာတစ်ဆက်
တည်တန့်ခိုင်မြဲရှည်ကြာစေသော်..ဆိုသည့်
အတိတ်တကောင်အတိုင်း
(မန္တလေးသိန်းဇော်သီဆိုသည့်
မြတ်စုမွန်သီချင်းသည် ကျိုက်ထီးဆောင်းဆရာတော်ဘုရားကြီး
သာသနာပြုစဉ်
ပေါ်လာသောအတိတ်တစ်ဘောင်ကို သီချင်းတွင်ထည့်ဆိုခဲ့ခြင်းဖြစ်ပါသည်။)
သာသနာတစ်ဝက်ရောက်ပြီးလျှင်
သာသနာပြုမင်းကောင်းမင်းမြတ်တို့ပေါ်လာပြီး
ဆက်တိုက်အုပ်စိုးလတ္တံ့... ဟူသောအဓိပ္ပါယ်အတိုင်း
ဖြစ်ရပေတော့မည်။
သာသနာပြုမင်းကောင်းတို့ဟူသည်
ဘုရား တရား သံဃာ ရတနာ၃ပါးအား
ရိုသေလေးစားကြည်ညိုသော
စောင့်ရှောက်သော
အဖျက်အမှောက်ပြုခြင်းကိုကာကွယ်သော
သာသနာစစ်မှန်ကိုထိမ်းသိမ်းစောင့်ရှောက်သော
ကျင့်ကြံအားထုတ်သော
မင်းကောင်းမင်းမြတ်တို့ကိုသာဆိုလိုသည်။
မသန့်ရှင်းသောငွေကြေးဖြင့်
ဘုရားတည်ကျောင်းဆောက်နေသောသူများ
မဟုတ်သည်မှာသေချာ၏။
ဘုရားရှင်ကိုယ်စားကိုးကွယ်သည့်
စေတီတော်များကိုဖြိုချနေသူများ၊
ဘုရားဟောဒေသနာတရားတော်ကိုဖျက်နေသူများ
သံဃာတော်များကိုညှင်းပမ်းစော်ကားနေသူများ
မဟုတ်တာတော့ သေချာပါသည်။
ကျွန်တော်တို့မြန်မာပြည်တွင်
သာသနာကိုလေးစားကြည်ညိုသော
ကိုယ်ကိုယ်တိုင်ကျင့်သုံးဆောက်တည်နေသော
မင်းကျင့်တရားနှင့်ပြည့်စုံသော
မင်းကောင်းမင်းမြတ်ရှိနှင့်ပြီ...။
သာသနာ၅၀၀၀ရည်မျှော်၍ကျင်းပခဲ့သော
ရှင်၅၀၀၀ပွဲကြီးသည်လည်း
အထစ်ထစ်အငေါ့ငေါ့ဖြစ်ခဲ့ပြီ။
အကုသိုလ်ကံကိုချေဖျက်လို၍ပြုသော
ကုသိုလ်သည် စင်ကြယ်ရန်လို၏။
မစင်ကြယ်သောကုသိုလ်သည်
အကုသိုလ်ပိုလေးစေ၏။
အတိတ်နိမိတ်တို့သည်
ပြချေပြီလော...???
.
♕ Naywin Thr
.
Credit : Naywin Thr


"တကယ်တော့ သမ္မတဆိုတဲ့နေရာက မက်မောစရာတော့ မဟုတ်ဘူး၊ သို့သော်ငြားလည်း တခုတော့ရှိတယ်၊ လုပ်ပိုင်ခွင့်တွေရှိတယ်၊ ဒီမြန်မာနိုင်ငံကို ဒီမိုကရေစီ ရရှိရေးအတွက် လုပ်ပိုင်ခွင့်တွေတော့ လိုချင်တယ်ဆိုတာ ပွင့်ပွင့်လင်းလင်း ပြောချင်တယ်"လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

ဗိုလ်ချုပ်ရာပြည့် အထိမ်းအမှတ် မော်လမြိုင်မြို့မှာ မေလ ၁၆ရက်နေ့ ညနေပိုင်းက ပြုလုပ်သွားတဲ့ လူထုဟောပြောပွဲအတွင်း အမေးအဖြေ ကဏ္ဍမှာ မေးခွန်တချို့ကို ဖြေဆိုသွားတာပါ။ ဒါ့အပြင်အတိုက်အခံအနေနဲ့ ရပ်တည်သင့်တဲ့အခါမှာ ရပ်တည်ရဲသလို ပြည်သူတွေရဲ့ အကျိုးအတွက် အမျိုးသားရင်ကြားစေ့ရေး လှုပ်ရှားသင့်တဲ့အခါမှာလည်း တပ်မတော်နဲ့ ပြေလည်စေချင်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့ပါတယ်

DVB TV News

ပြည်သူကမပေးပဲယူထားတဲ့အာဏာဆိုတာတန်ဖိုးရှိတဲ့
အာဏာမဟုတ်ပါဘူး
,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,

ပြည်သူကောင်းစားမှာ ကို မကြောက်တဲ့အစိုးရမျိုး
ပြည်သူ ကို မလိမ်ညာ မလှည့်ဖြားတဲ့အစိုးရမျိုး
ပြည်သူတော်တာကို လက်ခံတဲ့အစိုးရမျိုးဖြစ်အောင်
ကျမတို့ ကြိုးစားရပါမယ် ။

ဒေါ်အောင်ဆန်းစုကြည်
မွန်ပြည်နယ်၊သံဖြူ ဇရပ်လူထုဟောပြောပွဲ
၁၇.၅.၂၀၁၅

Photo..Sander Maythu ,Aye Mya Mya Myo

တရားဝင် ပိုဖြစ်လာလေ၊ တပ်မတော်ဟာ ပိုပြည့်ဖြိုးလာလေ၊ စစ်လက်နက်တွေ ပိုဖြည့်တင်း လာလေ လုပ်လိမ့် မယ်။ ပြီးရင် တိုင်းရင်းသားတွေနဲ့ ပဋိပက္ခဖြစ်တာနဲ့ အဲဒီ စစ်အင်အားတွေကို အသုံးပြုလိမ့်မယ်ဆိုပြီး သူတို့က သံသယရှိနေတာဗျ။ အခုကိုလည်း ကြည့်ပါလား။ သစ်မှောင် ခိုဖမ်းတာတောင် လေယာဉ်ကနေ ဗုံးကြဲချနေတာ …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

လာကပေါ် – ကိုအောင်ကျော်ရေ အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ (UPWC)နဲ့ လက်နက်ကိုင် တိုင်းရင်း သား ၁၆ဖွဲ့ ကိုယ်စားလှယ်တွေ စုဖွဲ့ထားတဲ့ NCCT အဖွဲ့တို့ သင်္ကြန်မတိုင်ခင်တုန်းက NCA လို့ခေါ်တဲ့ တစ် တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ်မှာပါတဲ့ အချက်တွေကို သဘောတူညီချက်ရကြောင်း လက်မှတ်ရေးထိုး ခဲ့ကြတယ်မဟုတ်လား။

အောင်ကျော် – ဟုတ်တယ်လေ။ တိုင်းသိပြည်သိပဲ။ ခင်ဗျားဘာပြောချင် လို့လဲ။

လာကပေါ် – အဲဒီလက်မှတ်ရေးထိုးပွဲ သမ္မတဦးသိန်းစိန် ကိုယ်တိုင်တက်ရောက် အားပေးတယ်လေဗျာ။ ပြီး တော့ သူပြောတယ်။ အဲဒီဧပြီထဲမှာပဲ အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေ NCA လက်မှတ်ထိုး နိုင်တော့ မယ်တဲ့။ သူကတော့ လက်မှတ်ထိုး ဖို့အဆင်သင့်ပါပဲဆိုပြီး ပြောခဲ့တယ် မဟုတ်လား။…

အောင်ကျော် – ဒါလည်း ဟုတ်တယ်လေ။

လာကပေါ် – ဆိုတော့ ကျွန်တော် ကထင်တာပေါ့။ ဒီနေ့နက်ဖြန်ပဲ တစ်တိုင်း ပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ် ကြီး လက်မှတ်ထိုးနိုင်တော့မယ်။ ဒါဟာသမိုင်းမှာ တစ်ခါမှမရှိခဲ့ဖူးတဲ့ အောင်မြင်မှုဖြစ်မယ်။ သမ္မတကြီးတို့ လည်း သမိုင်းဝင်ပုဂ်္ဂိုလ်ကြီးတွေ ဖြစ်ကြတော့ မယ်။ ပျော်စရာကြီး စသဖြင့်ပေါ့ဗျာ။

အောင်ကျော် – အဲတော့။

လာကပေါ် – ခုတော့ဗျာ။ အဲလို NCA လက်မှတ်ထိုးနိုင်မယ့် အရိပ်အယောင်သိပ် မတွေ့ရတော့ပြန်ဘူး။

အောင်ကျော် – ခင်ဗျားက ဘာကို ကြည့်ပြီး ပြောတာလဲ။

လာကပေါ် – အဲဒီအချက်တွေ အများကြီးပဲဗျ။ လက်ရှိကို အစိုးရတပ်နဲ့ ကိုးကန့်၊ အစိုးရတပ်နဲ့ ကေအိုင်အေ ကချင်တပ်ဖွဲ့၊ အစိုးရတပ်နဲ့ တအာဝ်းပလောင်တပ်ဖွဲ့ တိုက်ပွဲတွေပြင်းပြင်းထန် ထန်ဖြစ်နေတယ်လေ။

အောင်ကျော်- သမ္မတကြီးပြောတာ တိုက်တာခိုက်တာတခြား၊ သူတို့ဘာသာသူတို့ NCA လက်မှတ်ထိုးတာ တခြားဆိုလိုတာ နေမှာပေါ့။

လာကပေါ် -မနောက်ပါနဲ့ဗျ။ နောက်ကျင်းပပြီးခဲ့တဲ့ ပန်ဆန်းညီလာခံမှာ ၀တပ် ဖွဲ့ခေါင်းဆောင် ပေါက်ယူချန်းက ခုလို တိုက်ပွဲတွေဖြစ်နေရင် အပစ်ရပ်စာချုပ်ဆိုတာ စက္ကူပေါ်ကစကားလုံးတွေပဲ ဖြစ်သွားတော့မယ်တဲ့။

အောင်ကျော် – ပြောင်မြောက်တဲ့ စကားလုံး ဖြစ်သွားတယ်ဗျာ။

လာကပေါ် – အေးလေ။ နောက်တော့ အဲဒီပန်ဆန်းညီလာခံကပဲ အစိုးရအနေနဲ့ ကိုးကန့်၊ ကချင်၊ တအာဝ်း၊ ရခိုင်ဒေသတွေမှာ ထိုးစစ်ဆင်နေတာ ရပ်ပေးရမယ်ဆိုပြီးတောင်းဆိုတယ် မဟုတ်လား။

အောင်ကျော်- ခင်ဗျားကလည်း သတင်းစာဂျာနယ်ထဲပါတာလူတိုင်း ဖတ်ပြီး လောက်ပါပြီ။

လာကပေါ်- သြော် ကျွန်တော် ပြောချင်တာ တိုင်းရင်းသားတွေဘက်က အဲလောက်အထိ တောင်းဆိုနေပြီ ဆိုတော့ NCA ကလက်မှတ်ထိုးဖြစ်ဦးမှာလား ဆိုတာပါ။ ရှိသေးတယ်။

အောင်ကျော် – ပြောပါ။

လာကပေါ် – အစည်းအဝေးလာ တက်တဲ့ NCCT အဖွဲ့ဝင် တိုင်းရင်းသား ခေါင်းဆောင်တချို့ကလည်း ပြော တယ်။ သူတို့ အဲဒီ NCA စာချုပ်ကို လေ့လာရဦးမယ်။ ပြီးရင် ဘာတွေပြင်ချင်တယ်။ ဘာတွေ ဖြည့်စွက် ချင်တယ်။ စတာတွေရှိဦးမယ်။ ညှိရဦးမယ်တဲ့။

အောင်ကျော် – အယ်၊ အဲဒါ နောက်ဆုံးအစိုးရနဲ့ တိုင်းရင်းသားတွေ ညှိနှိုင်းစဉ်ကတည်းက သူတို့အဲလိုပြောသွား ခဲ့တာပဲ။

လာကပေါ် – ဒါဆို သမ္မတကြီးက ဘာလို့ခုလို NCA လက်မှတ်ကို အတင်းကြီး လက်မှတ်ထိုးချင်တဲ့ စကားချည်း ပြောနေရတာလဲ။

အောင်ကျော် – NCA ထိုးချင်တယ် ဆိုတာ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးပွဲကြီး ကျင်းပချင်လို့ပေါ့ဗျာ။ ကဲ။

လာကပေါ်- ရှိသေးတယ်။ အခု နောက်ဆုံးသတင်းအရ NCCT အဖွဲ့ဝင်တွေ ထိပ်သီးညီလာခံ လုပ်ဖို့ညှိနှိုင်း အစည်းအဝေးကို အခု မေလကုန် လောက်မှလုပ်နိုင်မယ်၊ ဒီတော့ NCCT ထိပ်သီးအစည်းအဝေးကို အစောဆုံး ဇွန်လမှကျင်းပနိုင်မယ်လို့ ဆိုထားတော့ NCA လက်မှတ်ထိုးဖို့ ရေစုန်မျောတော့မလား။

အောင်ကျော်- မမျောပါဘူးဗျာ။ပန်ဆန်းအစည်းအဝေးမှာ တိုင်းရင်းသားတွေအားလုံးက အစိုးရကတင်ပြတဲ့ အရင်အပစ်ရပ်မယ်။ ပြီးရင်နိုင်ငံရေးဆွေးနွေးပွဲ တွေလုပ်ကြမယ်ဆိုတဲ့ လုပ်ငန်းစဉ်လက်ခံထားပြီပဲ။

လာကပေါ်- ဒါဆို ကျွန်တော်တို့ လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့တွေက NCA ထိုးဖို့ကို ဘာကြောင့်တွန့်ဆုတ် တွန့်ဆုတ်ဖြစ်နေတာလဲ။ ခင်ဗျားက သူပုန်လုပ်ခဲ့ဖူးသူမို့ ခင်ဗျားကိုမေးတာပါ။

အောင်ကျော် – လတ်တလော အခြေအနေ လက်နက်ကိုင် တိုင်းရင်းသားတွေအနေနဲ့ NCA ကို လက်မှတ်မထိုး ချင်သေးတာအမှန်ပဲဗျ။ ကျွန်တော် မှန်းဆရသလောက် အရင်စစ်အစိုးရနဲ့တုန်းက လည်းသူတို့တိုက်ပွဲတွေ ဖြစ်ခဲ့ ဖူးတယ်။ အခုသမ္မတဦးသိန်းစိန် အစိုးရသစ်တက်လာတော့လည်း တိုက်ပွဲတွေဖြစ်တာပဲ။ ဒါပေမဲ့ အခြေအနေ ချင်း မတူဘူးဗျ။

လာကပေါ် – ဘာကွာတာလဲ။

အောင်ကျော်- နှိုင်းယှဉ်ချက်အရ သမ္မတဦးသိန်းစိန်အစိုးရဟာ တရားဝင်အစိုးရသဖွယ် ဖြစ်လာတယ်။ အရင် စစ်အစိုးရတုန်းကတော့ နိုင်ငံတကာက အထူးသဖြင့် အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂနိုင်ငံတွေက သိပ်ပြီး ဟက်ဟက်ပက်ပက် အသိအမှတ်ပြုတာ မဟုတ်ဘူး။ စစ်တပ်က တိုင်းပြည်ကို အာဏာသိမ်းထားတာကိုး။ လက်ရှိ အနေအထားဟာ တိုင်းရင်းသားသူပုန်တွေအတွက် တရားဝင်အစိုးရတစ်ရပ်နဲ့ တိုက်ခိုက်နေရတဲ့ အဓိပ္ပာယ်ဆောင်နေတယ်။

လာကပေါ် – ခင်ဗျားပြောတာ ကျွန်တော်သိပ်မရှင်းဘူး။

အောင်ကျော်- လက်ရှိ တပ်မတော်ဟာ လွှတ်တော်ကနေ ဘတ်ဂျက်တောင်း ပြီးသုံးတယ်။ လွှတ်တော်က အတည်ပြုပေးတယ်။ တရားဝင်စစ်လက်နက် ပစ္စည်းတွေ ၀ယ်ယူခွင့်ရလာတယ်။ ခင်ဗျားမြင်တဲ့ အတိုင်း တိုက် လေယာဉ်တွေ၊ တိုက်ရေယာဉ်တွေ၊ အမြောက်တွေစသဖြင့် ၀ယ်တယ်၊ တရားဝင် ပြသတယ်။

လာကပေါ်- အဲတော့ ဘာဖြစ်သလဲ။

အောင်ကျော် – ပြရုံမက တကယ်တိုက်ပွဲတိုက်တော့လည်း သုံးတယ်။ တိုင်းရင်းသားတွေကို လေယာဉ်ပျံနဲ့ ပစ် လိုက်တာမှ အတောမသတ်ဘဲ မဟုတ်လား။

လာကပေါ်- အဲဒါနဲ့ တိုင်းရင်းသားတွေ NCA လက်မှတ် မထိုးချင်တာ ဘာဆိုင်သလဲ။

အောင်ကျော်- ဟ… ဆိုင်တာပေါ့။ တကယ်လို့ NCA ကို နိုင်ငံတကာသိ၊ ကမ္ဘာသိကြီးကြီးကျယ်ကျယ် လက် မှတ်ထိုးလိုက်ရင် ဦးသိန်းစိန်အစိုးရဟာ ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်နိုင်သူ အဖြစ် အသိအမှတ် ပြုပေးကြတော့မယ်။ အမှတ်ပေးကြတော့မယ်။ တပ်မတော်ကိုလည်း ပိုပြီးအသိအမှတ်ပြု၊ အဆက်အဆံ အကူး အလူး လုပ်ကြတော့မယ်။

လာကပေါ် – ဆိုတော့-

အောင်ကျော် – တရားဝင် ပိုဖြစ်လာလေ၊ တပ်မတော်ဟာ ပိုပြည့်ဖြိုးလာလေ၊ စစ်လက်နက်တွေ ပိုဖြည့်တင်းလာ လေ လုပ်လိမ့်မယ်။ ပြီးရင် တိုင်းရင်းသားတွေနဲ့ ပဋိပက္ခဖြစ်တာနဲ့ အဲဒီစစ်အင်အားတွေကို အသုံးပြုလိမ့် မယ်ဆိုပြီး သူတို့က သံသယရှိနေတာဗျ။ အခုကိုလည်း ကြည့်ပါလား။ သစ်မှောင်ခိုဖမ်းတာတောင် လေယာဉ်က နေ ဗုံးကြဲချနေတာ။

လာကပေါ် – ဟူး စိတ်မောစရာပဲနော်။

အောင်ကျော်- တကယ်တော့ ငြိမ်းချမ်းရေးတည်ဆောက်တယ်။ NCA ထိုးတယ်ဆိုတာ တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုရအောင် လုပ်ရတဲ့ အလုပ်ဗျ။ ကျွန်တော် ထင်တယ်။ တပ်မတော်ဟာ လက်နက်ကိုင် တိုင်းရင်းသား သူပုန်တွေရဲ့ ယုံကြည်မှုရအောင် လုပ်နိုင်သေးပုံ မရဘူး။ တရားဝင် ဖြစ်လာလေလေ စစ်လက်နက်တွေ ဖြည့် တင်းမှုလုပ်မယ်။ ပြီးရင် နောင်သူတို့ကို ချမယ်ဆိုပြီးတော့ပဲတိုင်းရင်းသားတွေကမြင် နေပုံရတယ်။

လာကပေါ် – သြော်ဒါကြောင့် NCA လက်မှတ်ထိုးဖို့ နေ့ရွှေ့ ညရွှေ့ ရွှေ့နေတာကိုး။ ရင်လေးစရာနော။

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald


ဆီးရီးယားနိုင်ငံ အရှေ့ပိုင်းမှာ အမေရိကန်အထူးတပ်ဖွဲ့ဝင်တွေက IS စစ်သွေးကြွအဖွဲ့ ထိပ်တန်းခေါင်းဆောင်တဦးကို သုတ်သင်နိုင်ခဲ့ပြီး သူ့ဇနီးကို ဖမ်းဆီးခဲ့တယ်လို့ သမ္မတအိမ်ဖြူတော်နဲ့ ပန်တဂွန်စစ်ဌာနချုပ်က ဒီကနေ့မှာ ပြောပါတယ်။

စစ်သွေးကြွတွေ ရန်ပုံငွေရရှိဖို့ မှောင်ခိုဈေးကွက်မှာ ရေနံတင်ပို့ရောင်းချမှုအပါအဝင် စစ်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်တယ်လို့ အမေရိကန်အနေနဲ့ ယုံကြည်ထားတဲ့IS ခေါင်းဆောင်Abu Sayyaf ကို အဓိကပစ်မှတ်ထားပြီး အမေရိကန်အထူးတပ်တွေက တိုက်ခိုက်ခဲ့တာပါ။ ဒီ al-Amr မှာ စစ်ဆင်ရေး ဆင်နွှဲဖို့အီရတ်မှာရှိတဲ့ အမေရိကန်အခြေစိုက်စခန်းကနေတပ်သားတွေစေလွှတ်ဖို့ ပန်တဂွန်ကို သမ္မတဘရက် အိုဘားမားက သောကြာနေ့ နှောင်းပိုင်းမှာ ညွှန်ကြားခဲ့တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

IS ခေါင်းဆောင်ရဲ့ဇနီး Umm Sayyaf ကိုတော့ အီရတ်နိုင်ငံက အမေရိကန် စစ်ဘက် ထိန်းသိမ်းရေးစခန်းမှာ ဖမ်းဆီးထားပြီး သူတို့ဖမ်းဆီးထားတဲ့ Yazidi အမျိုးသမီးငယ်တဦးကိုလည်း ကယ်တင်နိုင်ခဲ့ပါတယ်။ ဒီလိုဝင်ရောက် စီးနင်းမှုအတွင်း အမေရိကန်ဘက်က အထိအခိုက် အကျအဆုံးမရှိဘူးလို့ အမျိုးသား လုံခြုံရေးကောင်စီ ပြောခွင့်ရ Bernadette Meehan က ပြောပါတယ်။

ဒီလို တိုက်ခိုက် ချေမှုန်းမှုဟာ အမေရိကန်အနေနဲ့ သူတို့နိုင်ငံသားတွေ၊ မိတ်ဆွေတွေနဲ့ မဟာမိတ်တွေကို ခြိမ်းခြောက်နေတဲ့ အကြမ်းဖက်သမားတွေ ခိုအောင်းလို့မရအောင် အမေရိကန်အနေနဲ့ တစိုက်မတ်မတ်လုပ်သွားမယ်ဆိုတာကို ပြသတာဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး Ash Carter က ပြောပါတယ်။ အီရတ်နဲ့ ဆီးရီးယားနိုင်ငံတွင်း အမေရိကန်နဲ့ မဟာမိတ်တွေဟာ လေကြောင်းတိုက်ခိုက်မှုတွေ လနဲ့ချီ လုပ်ဆောင်နေပေမယ့် မြေပြင်တပ်ဖွဲ့တွေ အသုံးပြုမှုကိုတော့ ကန့်သတ်ထားပါတယ်။ မဟာမိတ်တွေဟာ လေကြောင်းကနေ ၂၁ ကြိမ် ညလုံးပေါက် တိုက်ခိုက်ခဲ့ကြပါတယ်။

VOA
http://burmese.voanews.com/content/us-special-forces-kill-is-commander-in-syria-capture-wife/2772660.html

ကိုးကန့်တပ်ဖွဲ့ဝင်များ။

တရုတ်-မြန်မာနယ်စပ်နားက လင်ချန်းမြို့ကိုကျခဲ့တဲ့လက်နက်ကျည်ဟာ ကိုးကန့်တပ်ဖွဲ့ရဲ့ လက်နက်ကျည်မဟုတ်ကြောင်း ကိုးကန့်တပ်ဖွဲ့က ဒီကနေ့ ငြင်းဆိုလိုက်ပါတယ်။ လင်ချန်းမြို့မှာကျတဲ့ လက်နက်ကျည်ကြောင့် တရုတ်နိုင်ငံသားတွေ ထိခိုက်ဒဏ်ရာရခဲ့တာကို စုံစမ်းစစ်ဆေးသွားမယ်လို့ မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက တရုတ်အစိုးရကိုအကြောင်းပြန်ထားချိန်မှာ ကိုးကန့်တပ်ဖွဲ့က အခုလိုပြောလိုက်တာ ဖြစ်ပါတယ်။ ဆက်သွယ် မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

ကြာသပတေးညက ယူနန်ပြည်နယ် လင်ချန်းမြို့၊ ဖုန်ချန်ဟိုတယ်နား ကျရောက်ပေါက်ကွဲပြီး လူ ၅ ဦး ထိခိုက်ဒဏ်ရာ ရသွားတယ်ဆိုတဲ့ လက်နက်ဟာ သူတို့ ကိုးကန့်တပ်ဖွဲ့ကပစ်တဲ့ လက်နက်ကျည်မဟုတ်ဘူးလို့ MNDAA ကိုးကန့်တပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးထွန်းမြတ်လင်းက ငြင်းဆိုလိုက်တာ ဖြစ်ပါတယ်။

“ကျနော်တို့က နယ်စပ်မျဉ်းကို ကျောပေးပြီးတော့ ရှေ့ကလာတဲ့ ရန်သူကို ခုခံနေရပါတယ်။ အဲဒီတော့ ကျနော်တို့ ပစ်တဲ့လက်နက်တွေ အားလုံး .. သေနတ်တို့၊ RPG တို့က နယ်စပ်ရဲ့ အနောက်ဘက်ခြမ်းကိုပဲ ရောက်ပါမယ်။…ဆိုတော့ မြန်မာ့တပ်မတော်ကနေပစ်တဲ့ဟာပဲ ဒီ တရုတ်ထဲကိုဝင်ဖို့ဟာ ရှိပါတယ်။ နောက်ပြီးတော့ ကျနော် ကြားတာ သူတို့ရဲ့ အဲဒီလက်နက်က ၁၀၅ မမ ဆိုတာရှိပါတယ်တဲ့၊ ကျနော်တို့ဆီမှာ အဲလို လက်နက် မရှိပါဘူး။”

ပြီးခဲ့တဲ့ မတ်လတုန်းကလည်း မြန်မာနယ်စပ်နဲ့ထိစပ်နေတဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲကို လက်နက်ကြီးကျည်ကျခဲ့လို့ နှစ်နိုင်ငံပူးတွဲအဖွဲ့က စုံစမ်း စစ်ဆေးမှုတွေလုပ်အပြီးမှာ မြန်မာ့တပ်မတော်ရဲ့ လက်နက်ကျည်ဖြစ်တယ်လို့ အတည်ပြုခဲ့တာကြောင့် မြန်မာအစိုးရက တရုတ်နိုင်ငံကို တောင်းပန်ခဲ့ရ ပါတယ်။

အခုတကြိမ် ယူနန်ပြည်နယ်ထဲကျတဲ့ လက်နက်ကျည်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးသွားမယ့်အကြောင်းနဲ့ အကယ်၍ မြန်မာအစိုးရတပ်တွေက ပစ်ခတ်တဲ့ လက်နက်ကျည်ဖြစ်ခဲ့ရင် လိုအပ်တဲ့အရေးယူဆောင်ရွက်မှုတွေလုပ်သွားမယ်လို့ မြန်မာအစိုးရနိုင်ငံခြားရေးဒုဝန်ကြီးက VOA ကို မနေ့က ဖြေကြားခဲ့ပါတယ်။

အခုလို တဘက်နိုင်ငံထဲ လက်နက်ကျည်ကျရတာဟာ တရုတ်မြန်မာနယ်စပ်နား ဖြစ်နေတဲ့ ကိုးကန့်တိုက်ပွဲကြောင့်ပဲ ဖြစ်ပါတယ်။ ဒီ ကိုးကန့်တိုက်ပွဲမှာ ကိုးကန့်တပ်တွေ အခိုင်အမာခြေကုပ်ယူထားတဲ့ လောက်ကိုမြို့မြောက်ဘက်နားက တောင်ကုန်းအမှတ် ၂၂၀၂ ကို မြန်မာ့ တပ်မတော်က သိမ်းနိုင်ခဲ့တယ် လို့ အစိုးရဘက်က သတင်းထုတ်ပြန်ပါတယ်။

ဒီနေ့မှာလည်း တောင်ကုန်းအမှတ် ၂၀၇၁ ကို ထပ်သိမ်းနိုင်ခဲ့တယ်လို့ မြန်မာ့တပ်မတော်ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ ဒီကနေ့မှာ တိုက်ပွဲတွေ ဆက်ရှိနေပေမယ့် အရင်နေ့တွေကလောက် ပြင်းထန်ခြင်းမရှိဘူးလို့ MNDAA ဦးထွန်းမြတ်လင်းက ပြောပါတယ်။

“ဒီနေ့မနက် ၉ နာရီလောက်ကနေ ၁၂ နာရီလောက်အထိပေါ့ အဲဒီ သေနပ်သံတွေကြားသေးတယ် ပြောတယ်။ သေနပ်သံတို့ လက်နက်ကြီးကျည် ကျတဲ့အသံတို့ပေါ့ ၊ အဲဒါက နမ်တင်းမန် ရှမ်းဒေသပါပဲ ။ အဲဒီ သူတို့ပြောတဲ့ ပွိုင့်ကုန်း ၂၂၀၂ ပေါ့ .. အဲဒီ တကြောပေါ့ဗျာ။ မနေ့ည အထိကတော့ လက်နက်ကြီးနဲ့ အဓိက ပစ်တယ်။ ဒါပေမယ့် သိပ်တော့ မပြင်းထန်ဘူးပေါ့နော့။”

အခုလို တိုက်ပွဲအရှိန် အနည်းငယ်လျော့လာပေမယ့် မြန်မာအစိုးရတပ်တွေရဲ့ စစ်လက်နက်အင်အား လူအင်အား ချထားပုံတွေကိုကြည့်ခြင်းအားဖြင့် နောင်လာမယ့် ရက်တွေမှာ တိုက်ပွဲတွေ ဆက်ပြင်းထန်လာမယ်လို့ ခန့်မှန်းမိကြောင်း ကိုးကန့်တပ်ဖွဲ့ ပြောခွင့်ရသူ ဦးထွန်းမြတ်လင်းက VOA ကို ပြောပါတယ်။

VOA
http://burmese.voanews.com/content/kokang-accuses-burmese-military-hit-105-mm-bullte-on-china-soil-/2772695.html

ဒီနေ့ မနက်ကိုယ်ပိုင်ခံဝန်နဲ့ အာမခံရပြီ ကျောက်တံတားစခန်းမှာပါMJN ကိုယ်စားပြုခွင့်ပြုမိန့် တင်ခဲ့ တာနိုဝင်ဘာ ၂ရက် ၂၀၁၄ တုန်းကပါ ( မရွှေမှုန်)

သတင်းမီဒီယာသမားတွေအပေါ် ဖိနှိပ်မှုရပ်တန့်ဖို့နဲ့ ဥပဒေနဲ့အညီ အကာအကွယ်ပေးဖို့အတွက် တောင်းဆိုခဲ့တဲ့ သတင်းထောက်တွေထဲက မြန်မာဂျာနယ်လစ်ကွန်ရက်အဖွဲ့ဝင် မရွှေမှုန်ကို ကျောက်တံတားမြို့နယ် ရဲစခန်းက ပုဒ်မ ၁၉ နဲ့ အမှုဖွင့်လိုက်ပါတယ်။

ကျောက်တံတားမြို့နယ် ရဲစခန်းမှာ ဒီနေ့သွားရောက်စစ်ဆေးခံခဲ့တဲ့ မရွှေမှုန်က ဆုတောင်းပွဲ ကျင်းပရတဲ့ အကြောင်း ရှင်းပြခဲ့ပြီး ခံဝန်လက်မှတ်ရေးထိုးခဲ့တယ်လို့ ပြောပါတယ်။

"နိုင်ငံတကာ သတင်းသမားတွေအပေါ် ရာဇဝတ်မှုကျူးလွန်တာတွေ အဆုံးသတ်ရေးနေ့ နိုဝင်ဘာလ ၂ ရက်နေ့ တရားစွဲတာက ပုဒ်မ ၁၉ နဲ့ အရေးယူတာ၊ ၁ဝ ရက်နေ့မှ အမှုဖွင့်တာတဲ့၊ အခုမှပဲ တရားစွဲဆိုဖို့အတွက်ကို ၆ လကြာမှပို့တယ်ဆိုတဲ့အကြောင်းကို သူတို့ကရှင်းပြတယ်၊ အမှုနဲ့ပတ်သက်ပြီးတော့ ကိုယ်ပိုင်ခံဝန်ပေါ့နော် အဲ့ဒါတော့လုပ်ခဲ့ရတယ်၊ ဆေးချက်ယူတဲ့အခါကျတော့ ဆုတောင်းပွဲလုပ်ရတဲ့အကြောင်းရင်းပေါ့နော်၊ သတင်းသမားတွေ ဖမ်းဆီးခံရတဲ့လူတွေအတွက်ကို ဆုတောင်းပွဲအနေနဲ့ ဘုရားမှာပဲဆုတောင်းခဲ့တယ်ဆိုတဲ့ အကြောင်းကိုတော့ပြောခဲ့တယ်"

နိုဝင်ဘာလ ၂ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ သတင်းသမားတွေအပေါ် ရာဇဝတ်မှုကျူးလွန်တာတွေ အဆုံးသတ်ရေးနေ့ အထိမ်းအမှတ်အဖြစ် သတင်းမီဒီယာသမားတွေကို အရေးယူဖမ်းဆီးနေတာတွေ ရပ်တန့်ရေးအတွက် မရွှေမှုန်အပါအဝင် သတင်းထောက်တွေနဲ့ တက်ကြွလှုပ်ရှားသူ ၁ဝဝ လောက်ဟာ ဆူးလေဘုရားမှာ ဆုတောင်းပွဲကျင်းပခဲ့တာဖြစ်ပါတယ်။

ဆူးလေဘုရားဟာ ခွင့်ပြုချက်ပေးမထားတဲ့ နေရာဖြစ်တဲ့အတွက် ပုဒ်မ ၁၉ နဲ့ အမှုဖွင့်ခံရတာဖြစ်ပါတယ်။့ မနက်ကိုယ်ပိုင်ခံဝန်နဲ့ အာမခံရပြီ ကျောက်တံတားစခန်းမှာပါMJN ကိုယ်စားပြုခွင့်ပြုမိန့် တင်ခဲ့ တာနိုဝင်ဘာ ၂ရက် ၂၀၁၄ တုန်းကပါ

RFA