05/24/15


၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ အနှစ်သာရအရကိုလွဲမှားနေတာကြောင့် အမြန်ပြင်ဖို့လိုတယ်လို့ ဝေဖန် ထောက်ပြမှုတွေ ရှိနေပါတယ်။ဒီသတင်းကို ခိုင်ပန်းနုက ပေးပို့ထားပါတယ်။
ရိုက်ကူး ခိုင်ပန်းနု၊လှလှဝင်း
DVB TVonline

၁၉၉၀ ပြည့်နှစ် မေ ၂၇ ရက်မှာ ပါတီစုံ အထွေထွေရွေးကောက်ပွဲကို ပြုလုပ်ခဲ့ပါတယ်။

အခု ၂၀၁၅ ခုနှစ်မှာ ၂၅ နှစ် ပြည့်ပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ကတိဟာ ဒီနေ့အထိဖြစ်မလာခဲ့ပါဘူး။ ရွေးကောက်ပွဲမတိုင်မီ အချိန်က ရွေးကောက်ပွဲပြီးရင် အာဏာလွှဲမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်တွေ ပြောခဲ့ကြပါတယ်။ လက်တွေ့မှာ အာဏာမလွှဲခဲ့ပါဘူး။

ဒါဟာ ရွေးကောက်ပွဲကို ၀င်ပြိုင်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် တွေကိုသာ မကဘဲ ဆန္ဒမဲထည့်ခဲ့ကြတဲ့ ပြည်သူ ၁၅ သန်းကျော်ကိုပါ လိမ်လည်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုကြီးမားတဲ့ လိမ်လည်မှုဟာ သမိုင်းမှာ တစ်ကြိမ်မျှ မရှိခဲ့ပါဘူး။

“ကျွန်တော်တို့ အပေါ်တင် မကဘူး ပြည်သူလူထု တစ်ရပ်လုံးအပေါ် ကျူးလွန်ခဲ့တဲ့ ကိစ္စပဲ” လို့ ဦးဒေးဗစ်လှမြင့်က ပြောပါတယ်။

ဦးဒေးဗစ်လှမြင့်ဟာ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ အမျိုားး ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်အဖြစ် ဧရာဝတီတိုင်း ငပုတောမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) မှာ ၀င်ပြိုင်ပြီး အနိုင်ရခဲ့သူပါ။ သူ့လိုပဲ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ် သီပေါမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) က ၀င်ပြိုင်ပြီး အနိုင်ရခဲ့သူ ဦးခွန်ထွန်းဦးက “အညာခံခဲ့ရတယ်” လို့ ဆိုပါတယ်။

“ရှင်းရှင်းပြောလို့ရှိရင် ကျွန်တော်တို့အညာခံရတယ်။ ဖြစ်လာတဲ့ရလဒ်က သူတို့မနိုင်တဲ့အခါ ကတိမတည်ခဲ့တာလေ” လို့ ဦးခွန်ထွန်းဦးက ပြောပါတယ်။

ဦးခွန်ထွန်းဦးဟာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ရဲ့ ဥက္ကဋ္ဌ ဖြစ်ပါတယ်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြီးရင် SNLD က ၂၃ နေရာနဲ့ ဒုတိယအများဆုံး အနိုင်ရတဲ့ပါတီ ဖြစ်ပါတယ်။

"ရလဒ်နဲ့ ပတ်သက်ရင်တော့ အဲဒီအချိန်က တပ်မတော်၊ စစ်အစိုးက အာဏာကို လွှဲမပေးချင်တဲ့အခါ ထုံးစံအတိုင်း ရွေးကောက်ပွဲ ရလာဒ်ကို ပျက်ပြယ်သွားအောင် နည်းမျိုးစုံနဲ့ ကြိုးစားခဲ့တာပဲ” လို့ပအို့ဝ် အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO) ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက ပြောပါတယ်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ဦးခွန်မြင့်ထွန်းဟာ NLD ပါတီ ကိုယ်စားပြုအနေနဲ့ သထုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) က ၀င်ပြိုင်ပြီး အနိုင်ရခဲ့ပါတယ်။ ဒါ့အပြင် သူဟာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အသက်အငယ်ဆုံး ရွေးချယ်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ၀င်ပြိုင်ချိန်မှာ သူ့အသက်က ၂၇ နှစ်ပဲ ရှိပါသေးတယ်။ ၁၉၉၆ ခုနှစ်မှာ ထောင်ကျခဲ့တယ်။ ၂၀၀၃ ခုနှစ်မှာ ပြန်လွတ်ပါတယ်။ အခုချိန်မှာတော့ သူဟာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး ကြိုးစားနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ PNLO ရဲ့ ဥက္ကဋ္ဌ ဖြစ်နေပါပြီ။

“သူတို့က စကားကို ဖောက်လွှဲဖောက်ပြန်ပြောတယ်။ လုပ်မယ်ပြောပြီး မလုပ်ဘဲ ကတိဖောက်ခဲ့တယ်။ အဲဒီဥစ္စာတွေက မြန်မာ့သမိုင်းမှာ ရှက်စရာကောင်းတဲ့ ကိစ္စပါ..” လို့ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ ပုဇွန်တောင်မြို့နယ်ကနေ NLD ကိုယ်စားပြု ၀င်ပြိုင်ပြီး အနိုင်ရခဲ့တဲ့ ဦးစောနိုင်းနိုင်းက ပြောပါတယ်။

■ နောက်ကြောင်းပြန် ရွေးကောက်ပွဲသမိုင်း

မြန်မာ့သမိုင်းမှာ ပထမဆုံး ရွေးကောက်ပွဲကို ၁၉၂၂ ခုနှစ်မှာ လုပ်ပါတယ်။ ဒိုင်အာခီရွေးကောက်ပွဲ ဖြစ်ပါတယ်။ ၁၉၃၅ ခုနှစ်မှာ ၉၁ ဌာန အုပ်ချုပ်ရေးအတွက် ဥပဒေပြု လွှတ်တော်ရွေးကောက်ပွဲ လုပ်ခဲ့ပါတယ်။ အဲဒီရွေးကောက်ပွဲနှစ်ရပ်နဲ့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကို နှိုင်းယှဉ်လို့ မရပါဘူး

လွတ်လပ်ရေးမရခင် ၁၉၄၇ ခုနှစ်မှာ တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲ လုပ်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲဖို့ လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ၁၉၅၁ ခုနှစ်၊ ၁၉၅၆ ခုနှစ်နဲ့ ၁၉၆၀ ပြည့်နှစ်တွေမှာ လုပ်ခဲ့တဲ့ ရွေးကောက်ပွဲတွေက ပြည်သူ့လွှတ်တော်ဆိုင်ရာ ရွေးကောက်ပွဲတွေ ဖြစ်ကြပါတယ်။ ဒီရွေးကောက်ပွဲတွေက အစိုးရအဖွဲ့မှာ ပြည်သူက ရွေးချယ်တင်မြှောက်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ အာဏာရယူဖို့ လုပ်ခဲ့ကြတာပါ။

၁၉၆၂ ခုနှစ်မှာ စစ်အာဏာသိမ်းမှု ဖြစ်ခဲ့ပါတယ်။ ၁၉၇၄ ခုနှစ်အထိ ရွေးကောက်ပွဲတွေ မလုပ်နိုင်ခဲ့ပါဘူး။ ၁၉၇၄ ခုနှစ် ဇန်န၀ါရီမှာ ရွေးကောက်ပွဲတွေ ပြန်စခဲ့ပါတယ်။ ပြည်သူ့လွှတ်တော်၊ ပြည်သူ့ကောင်စီ အဆင့်ဆင့် အတွက် လုပ်ခဲ့တာ ဖြစ်ပါတယ်။ ၁၉၇၈ ခုနှစ်မှာ ဒုတိယအကြိမ် ထပ်လုပ်ပါတယ်။

ဒါပေမဲ့ အဲဒီရွေးကောက်ပွဲတွေကို အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေ၀င်းက လုပ်ခဲ့တာဖြစ်သလို ရိုးဖြောင့်မှု မရှိခဲ့ပါဘူး။

စစ်ဝတ်စုံချွတ်၊ အရပ်ဝတ်ပြောင်းပြီး သူတို့ကိုယ်တိုင် နိုင်ငံရေးမှာ ပါဝင်ပတ်သက်ခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ သူတို့ပဲအရွေးခံခဲ့ရသလို မနိုင်နိုင်အောင်လည်း လုပ်ခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီး နေ၀င်းရဲ့ လုပ်ရပ်တွေက ၂၀၁၀ ပြည့်လွန် မြန်မာ့နိုင်ငံရေး အခင်းအကျင်းပုံစံတွေနဲ့ များစွာကွဲပြားမှု မရှိဘူးလို့ သုံးသပ်သူတွေ ရှိပါတယ်။

စစ်အာဏာသိမ်း တော်လှန်ရေး ကောင်စီအစိုးရကနေ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) ခေတ်ကို ဦးနေ၀င်းက ဦးဆောင်ထူထောင်ခဲ့ပါတယ်။

မြန်မာနိုင်ငံအဖို့ အရှေ့တောင် အာရှမှာ အချမ်းသာဆုံး ဘ၀ကနေ အဆင်းရဲဆုံး ဖြစ်သွားတာကလွဲလို့ ပြည်သူတွေအတွက် ဘာမှအကျိုးမထူးခဲ့ပါဘူး။

မြန်မာနိုင်ငံဟာ စီးပွားရေးအရ ချွတ်ခြုံကျခဲ့တဲ့ Economic Bankrupt နိုင်ငံဖြစ်သွားပါတယ်။

ဒါပေမဲ့ အာဏာရှင် ဦးနေ၀င်းခေတ်က ၁၉၈၈ ခုနှစ်မှာ နိဂုံးချုပ်သွားပါတယ်။ ပြည်သူတွေရဲ့ ဒီမိုကရေစီ အရေးတော်ပုံကြောင့် ဦးနေ၀င်းအစိုးရ ပြုတ်ကျခဲ့တာပါ။

ဦးနေ၀င်းအစိုးရ ပြုတ်ကျခဲ့ပေမဲ့ ဒီမိုကရေစီအရေးတော်ပုံ မအောင်မြင်ခဲ့ပါဘူး။

၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်မှာ စစ်အာဏာသိမ်းယူမှု နောက်တစ်ကြိမ် ထပ်ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီးစောမောင်၊ ဒုတိယဗိုလ်ချုပ်ကြီး သန်းရွှေနဲ့ အဲဒီအချိန်က ဗိုလ်မှူးချုပ်ခင်ညွန့်တို့ဟာ စစ်အာဏာသိမ်းမှုရဲ့ အဓိက ခေါင်းဆောင်တွေ ဖြစ်ပါတယ်။

ဒီလို စစ်အာဏာ သိမ်းယူပြီး နောက်တစ်ရက်ကစလို့ အာဏာကို ပြည်သူ့ထံ ပြန်လည်အပ်နှင်းမယ့် ရွေးကောက်ပွဲ ကတိတွေကို ပုံစံမျိုးစုံနဲ့ ပေးခဲ့ကြပါတယ်။

၁၉၉၀ ပြည့်နှစ် မေ ၂၇ ရက် ရွေးကောက်ပွဲ လုပ်ချိန်မှာ NLD နဲ့ တိုင်းရင်းသားပါတီတွေ အပြတ်အသတ် နိုင်သွားပါတယ်။

ဒီအခါ ၂၅ နှစ်ကြာ သမိုင်းမှာ အကြီးဆုံး လိမ်လည်မှုကြီး ဖြစ်လာမယ့် ရွေးကောက်ပွဲ ကတိဖျက်မှု ပေါ်လာပါတော့တယ်။

■ ၉၀ ရွေးကောက်ပွဲ ကတိဘာလဲ

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ကတိက ရှင်းပါတယ်။ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့သူကို အာဏာလွှဲပေးရေး ဖြစ်ပါတယ်။ အနိုင်ရသူကို အာဏာလွှဲပေးမယ်ဆိုတဲ့ စကားကို အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေကပဲ ပြောခဲ့တာ ဖြစ်ပါတယ်။

၁၉၈၈ ခုနှစ် အာဏာသိမ်းပြီး နောက်တစ်ရက် စက်တင်ဘာ ၁၉ ရက်မှာ ရွေးကောက်ပွဲကော်မရှင်ကို ခေါ်ယူပြီး အာဏာသိမ်း စစ်ခေါင်းဆောင်တွေ အစည်းအဝေး လုပ်ခဲ့ပါတယ်။

ဒီအစည်းအဝေးကို ဗိုလ်ချုပ်ကြီးစောမောင်၊ ဒုတိယဗိုလ်ချုပ်ကြီးသန်းရွှေ၊ ဗိုလ်ချုပ်မောင်မောင်ခင်၊ ဗိုလ်ချုပ်တင်ထွန်း၊ ဗိုလ်ချုပ်စိန်အောင်၊ ဗိုလ်ချုပ်ချစ်ဆွေ၊ ဗိုလ်မှူးချုပ်ခင်ညွန့်၊ ဗိုလ်မှူးတင်ဦးတို့ တက်ခဲ့ပါတယ်။ ကော်မရှင်ဘက်က ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးဘဌေး အပါအ၀င် ဦးစောကြာဒိုး၊ ဦးစန်းမောင်၊ ဦးကျော်ညွန့်နဲ့ ကော်မရှင်အတွင်းရေးမှူး ဦးအေးမောင်တို့ တက်ပါတယ်။

တပ်မတော်ဟာ ကြားနေမှာဖြစ်ပြီး ပြည်သူတွေ လိုလားတောင့်တနေတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို လွတ်လပ်မျှတစွာနဲ့ အမြန်ဆုံးပြုလုပ်ပေးဖို့ ဗိုလ်ချုပ်ကြီး စောမောင်က မေတ္တာရပ်ခံပါတယ်။

စက်တင်ဘာ ၂၁ ရက်မှာရွေးကောက်ပွဲ ကော်မရှင် ဥပဒေထွက်ခဲ့ပြီး ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်မှာ ရွေးကောက်ပွဲ လုပ်ငန်းစဉ် အချိန်ဇယားကို ထုတ်ပြန်ပါတယ်။

၁၉၈၉ ခုနှစ် မေ ၃၁ ရက်မှာ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေထွက်ပါတယ်။

နိုင်ငံရေးပါတီတွေ မှတ်ပုံတင်ခြင်းကို ၁၉၈၈ ခုနှစ် စက်တင်ဘာ ၂၉ ရက်ကနေ ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်အထိ ခွင့်ပြုခဲ့ပါတယ်။ မှတ်ပုံတင်ခဲ့တဲ့ နိုင်ငံရေးပါတီ ၂၃၆ ဖွဲ့ရှိပါတယ်။

ဗိုလ်ချုပ်ကြီး စောင်မောင်ရဲ့ ၁၉၈၈ ခုနှစ် စက်တင်ဘာ ၂၃ ရက် တိုင်းပြည်သို့ တင်ပြချက်ကို ပြန်ကြည့်ရင် တပ်မတော်က အာဏာကို ရေရှည်ဆုပ်ကိုင်မှာ မဟုတ်ဘဲ ရွေးကောက်ပွဲပြီးရင် အာဏာလွှဲပေးမယ် ဆိုတာကို ပြောခဲ့တာ တွေ့ရပါတယ်။

၁၉၈၉ ခုနှစ် မတ် ၂၇ ရက်မှာ လုပ်တဲ့ ၄၄ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားမှာလည်း ဗိုလ်ချုပ်ကြီးစောမောင်က ဒါကိုအတိအလင်း ထပ်ပြောပါတယ်။

“တို့တပ်မတော်ရဲ့ ဒုတိယမြောက် အရေးကြီးဆုံး တာဝန်က နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးနှင့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရေးတာဝန် ဖြစ်တယ်”

“... ရွေးကောက်ပွဲပြီးရင် လိုအပ်တာတွေ ဆောင်ရွက်ပြီးတဲ့နောက် ပြည်သူ့ဆန္ဒနဲ့ ရွေးချယ်လိုက်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေက ဥပဒေနဲ့အညီ ရွေးချယ်တင်မြှောက်တဲ့ အစိုးရသစ် ပေါ်ပေါက်လာမှာ ဖြစ်တယ်”

“အဲဒီအစိုးရအနေနဲ့ နိုင်ငံတော်ကို ဆက်လက်ဦးဆောင်သွားရာမှာ ပြည်သူလူထုရဲ့ အကျိုးစီးပွားအတွက် အစွမ်းဆောင်နိုင်ဆုံး ဖော်ဆောင်သွားလိမ့်မယ်လို့ မျှော်မှန်းထားတယ်။ တို့တပ်မတော်ားတွေ အဖို့တော့ စစ်တန်းလျားကို ပြန်သွားပြီး တို့ရဲ့မူလအဓိက တာဝန်ကြီးဖြစ်တဲ့ အခုပြောကြားရာမှာ ပါဝင်တဲ့ တာဝန်ကြီးတွေကို ဦးလည်မသုန် ဆက်လက်ကြိုးစား ဆောင်ရွက်သွားရမှာပဲ ဖြစ်တယ်”

ဒီစကားရပ်တွေကို ဗိုလ်ချုပ်ကြီးစောမောင်ကိုယ်တိုင် လူသိရှင်ကြား ပြောခဲ့တာ ဖြစ်ပါတယ်။

၁၉၈၉ ခုနှစ် ဇူလိုင် ၅ ရက်မှာလည်း ဗိုလ်ချုပ်ကြီး စောမောင်ပြောခဲ့တာ ရှိပါတယ်။

“... ကျွန်တော် ဒီနေ့ နိုင်ငံတော် အာဏာကို ယူထားတဲ့အခါ မှာ ကျွန်တော်လုပ်ချင်တာ လုပ်သွားတယ်ဆိုတာ မဖြစ်စေရဘူး။ ကျွန်တော် စည်းနဲ့ စနစ်နဲ့ လုပ်သွားတယ် ဆိုတာကို ကျွန်တော် လွှတ်တော်ကို၊ လွှတ်တော်ပေါ်လာရင် ရွေးကောက်ပွဲပြီးရင် ကျွန်တော် လွှတ်တော်ကို တင်ပြမယ်...” လို့ သူက ပြောခဲ့တာပါ။

၁၉၉၀ ပြည့်နှစ် ဇန်န၀ါရီ ၉ ရက်မှာ နိုင်ငံတော် အာဏာလွှဲရေးနဲ့ ပတ်သက်တာတွေကို ဗိုလ်ချုပ်မှူးကြီး စောမောင် ပြောခဲ့ပါသေးတယ်။

“နိုင်ငံတော်အာဏာနဲ့ ပတ်သက်လို့လည်း တို့ အကြိမ်ကြိမ် ပြောပြီးပြီပဲဖြစ်တယ်။ ရွေးကောက်ပွဲပြီးတာနဲ့ ဥပဒေနဲ့အညီ အစိုးရ ဖွဲ့ကြ၊ ယူကြပေါ့။ အဲဒီ အစိုးရဖြစ်လာအောင် ရွေးကောက်ပွဲက လုပ်ပေးရမှာပဲ။ ဒါက တို့တာဝန်ပဲ။ ရွေးကောက်ပွဲပြီးရင် တရားဥပဒေအရ အစိုးရအဖွဲ့တစ်ခု ဖြစ်လာဖို့ကတော့ တို့တပ်မတော် တာဝန်မဟုတ်ဘူး။ ဒါအတိအလင်း ပွင့်ပွင့်လင်းလင်း အခုကတည်းက ပြောထားတာပဲ ဖြစ်တယ်...”

“.... အခုတစ်မျိုး၊ အခုတစ်မျိုးဆိုရင် ကတိမတည်၊ ကတိမတည်လို့ရှိရင် သံသယစိတ်တွေ ဖြစ်လာတယ် ဆိုတာမျိုးတော့ တပ်မတော်အနေနဲ့ အဖြစ်မခံနိုင်ဘူး။ အစိုးရဆိုတာကလည်း တိုင်းသူ ပြည်သားအများစုရဲ့ ရွေးချယ်တင်မြှောက်လို့ ပြည်သူတွေကို ကိုယ်စားပြုပြီး ဖြစ်ပေါ်လာတဲ့ အဖွဲ့အစည်း၊ တပ်မတော်ဟာ အစိုးရ အောက်မှာပဲ ရှိရမယ်...”

ဒီစကားတွေကိုလည်း ဗိုလ်ချုပ်ကြီးစောမောင် ပြောခဲ့တာပဲ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီးစောမောင် နည်းတူ နောက်ပိုင်းမှာ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (န၀တ)၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (နယက) ခေါင်းဆောင်တွေဖြစ်လာတဲ့ (အဲဒီအချိန်တုန်းက) ဒုတိယဗိုလ်ချုပ်ကြီး သန်းရွှေ၊ ဗိုလ်ချုပ်ခင်ညွန့်တို့လည်း ရွေးကောက်ပွဲဆိုင်ရာ ကတိတွေ ပြောခဲ့ကြပါတယ်။

■ ရွေးကောက်ပွဲ ကတိဘယ်လို ဖျက်လဲ

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ပြီးချိန်မှာ ၁၉၈၉ ခုနှစ် မေ ၃၁ ရက်က ပြဋ္ဌာန်းခဲ့တဲ့ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေအတိုင်း လွှတ်တော်မခေါ်ခဲ့ပါဘူး။

အာဏာကို ဆက်လက်ဆုပ်ကိုင်ခဲ့ပြီး ရွေးကောက်ပွဲဟာ အာဏာလွှဲဖို့ မဟုတ်ဘဲ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဖို့သာ ဖြစ်တယ်ဆိုပြီး ပြောင်ပြောင်တင်းတင်း ကတိဖျက်ခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီး စောမောင်ဟာ ရွေးကောက်ပွဲ မတိုင်ခင်အချိန်မှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေကိစ္စကို နှစ်ကြိမ်လောက်ပဲ ပြောခဲ့ပါတယ်။

ဖွဲ့စည်းပုံကိစ္စ ပြောလာတာတွေကိုလည်း လက်မခံဘဲ ရွေးကောက်ပွဲသာ အဓိကလို့ သူက ပြောခဲ့ဖူးပါတယ်။ ရွေးကောက်ပွဲ ပြီးချိန်မှာတော့ ဖွဲ့စည်းပုံ ရေးဆွဲရေးက အဓိက၊ အာဏာလွှဲရေးက အဓိက မဟုတ်ဘူးဆိုတဲ့ သဘောတွေ ပြောခဲ့ပါတယ်။

၁၉၄၇ ခုနှစ် တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲ ပြုလုပ်စဉ်မှာ အဲဒီရွေးကောက်ပွဲဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲဖို့ ဖြစ်ပါတယ်။

အဲဒီနောက်ပိုင်းလုပ်တဲ့ ရွေးကောက်ပွဲတွေဟာ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲရဲ့ အခြေခံဟာ ရွေးကောက်တင်မြှောက် ခံရသူကို အာဏာလွှဲပေးရတာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီးစောမောင် အပါအ၀င် စစ်ခေါင်းဆောင်တွေဟာ ရွေးကောက်ပွဲအပြီးမှာ သူတို့ကိုယ်တိုင် ရေးဆွဲထားတဲ့ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို ချိုးဖောက်လိုက်ပါတယ်။

“ဒီရွေးကောက်ပွဲဟာ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ။ အဓိက က ပြည်သူ့လွှတ်တော် ရွေးကောက် ပွဲပေါ့။ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဆိုတာ အာဏာသုံးရပ်ပေါ့။ ဥပဒေပြုရေးအာဏာ၊ တရားစီရင်ရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ ဒီအာဏာသုံးရပ်ရှိတဲ့ ရွေးကောက်ပွဲပါ” လို့ ဦးဒေးဗစ်လှမြင့်က ပြောပါတယ်။

ရွေးကောက်ပွဲ မတိုင်မီအချိန်က ဖွဲ့စည်းပုံ အခြေခံဥပဒေကိစ္စ အရေးမကြီးဘူး၊ ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေပဲ ဖြစ်ဖြစ်၊ ၁၉၇၄ ဖွဲ့စည်းပုံအခြေခံ ဥပဒေပဲ ဖြစ်ဖြစ်၊ ကြိုက်တာကို ယူသုံးလို့ရတယ်၊ အသစ်ရေးချင်လည်းရေး၊ ပြင်ချင်လည်း ပြင်လို့ရတယ်လို့ ဗိုလ်ချုပ်ကြီး စောမောင် ပြောခဲ့ပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲပြီးတဲ့အခါမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ မရှိဘဲ ဘယ်လို အာဏာလွှဲရမှာလဲလို့ သူက ပြောင်းပြောပါတယ်။

“၁၉၉၀ ပြည့်နှစ် လွတ်လပ်ရေးနေ့ ဧည့်ခံပွဲမှာ ဗိုလ်ချုပ်ကြီး စောမောင်ကို ကျွန်တော်တွေ့တယ်။ သူက ကျွန်တော့်ကို သူပြောနေကျ စကားအတိုင်းပဲ သူပြောတာက ဦးခွန်ထွန်းဦးတဲ့။ သမိုင်းမှာ ကျွန်တော် တရားခံ မဖြစ်ချင်ဘူးတဲ့။ အဲဒီတော့ ဒါခင်ဗျားတို့ ဆက်လုပ်ရမယ့် ကိစ္စ၊ ၄၇ ယူယူ၊ ၇၄ ယူယူ၊ အသစ်ပဲ ရေးရေး ဆိုပြီးတော့ ပြောသွားတယ်။ ဒါပေမဲ့ ဖြစ်ချင်တော့ ၁/၉၀ ကျမှ ကျွန်တော်တို့ အမြောက်နဲ့ပစ်ခံရပြီးတော့ ဒီရွေးကောက်ပွဲသည် အာဏာအပ်နှင်းရန် မဟုတ်၊ constitution ရေးရန်သာဖြစ်သည်။ ဆိုတော့ ဖြစ်ပြန်ရော၊ အဲလို ဖြစ်ရောဗျာ...” လို့ ၂၀၁၂ ခုနှစ်ထောင်က ပြန်လွတ်ချိန် Weekly Eleven သတင်း ဂျာနယ်နဲ့ အင်တာဗျူးမှာ ဦးခွန်ထွန်းဦး ပြောခဲ့ဖူးပါတယ်။

“န၀တဥက္ကဋ္ဌ နောက်ဆုံးပြောတဲ့ မိန့်ခွန်း၊ သူက ပြောသေးတယ်။ အခုရွေးချယ်ခံရတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေဟာ ဘာလုပ်ဖို့လဲတဲ့။ ဥပဒေရေးဆွဲဖို့ပေါ့တဲ့။ ရေးပါတဲ့။ လွှဲမယ်၊ လွှဲမယ်နဲ့ နောက်ဆုံး သူရူးတယ်လို့ အနားပေးမခံရခင် တော်လှန်ရေးနေ့ မိန့်ခွန်းမှာ အဲလိုပြောတယ်။ (ရွေးကောက်ပွဲကို) လူသိရှင်ကြား ကမ္ဘာသိကျင်းပပေးခဲ့တဲ့ တာဝန်ရှိတဲ့သူတွေက သူတို့စကားတွေကို ပေါက်ကရ၊ ဟိုပြော ဒီပြော ပြောပြီး ရွေးကောက်ပွဲ လုပ်ပေးတယ်။ လွှတ်တော်မခေါ်ပေးဘူး။ အဲဒီမှာ လွှတ်တော်ပေါ်ဖို့ ကိုယ့်ဘာသာကြိုးစားတဲ့ လွှတ်တော်အမတ်တွေ အများကြီး ဖမ်းလိုက်တယ်။ လွှတ်တော် ကိုယ်စားလှယ်တွေရော၊ NLD ဗဟိုကော်မတီဝင်တွေရော အများကြီး ထောင်ကျခဲ့တယ်” လို့ ဦးစောနိုင်းနိုင်းက ပြောပါတယ်။

“အဲဒီတုန်းက ၉၀ ပြည့်နှစ် ရွေးကောက်ပွဲဥပဒေ (ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ) ရဲ့ ပုဒ်မ ၃ အရ လွှတ်တော်ခေါ်ပေးရမယ့် တာဝန်အာဏာပိုင်တွေမှာ ရှိတာပေါ့။ ဒါဥပဒေအရ ရှိတာနော်။ နောက်တစ်ခုက သက်ဆိုင်ရာ အာဏာပိုင်တွေက ပြောတဲ့မိန့်ခွန်းတွေအရ လွှတ်တော် ခေါ်ပေးရမှာ။ ဒါပေမဲ့ အဲဒီကတိက၀တ်တွေနဲ့ အဲဒီဥပဒေတွကို ချိုးဖောက်ခဲ့တယ်။ မခေါ်ပေးခဲ့ဘူး။ နောက်တစ်ခု ၁/၉၀ ကြေညာချက်ထုတ်တယ်။ ၁/၉၀ ကြေညာချက်ထုတ်ပြီးတော့ ကိုယ်စားလှယ်တွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရမယ့် တာဝန်ရှိတယ် ဆိုပြီးတော့ တစ်ခါလုပ် ပြန်ရော။ အဲဒါနဲ့ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ကိုယ်စားလှယ်တွေက အချုပ်အခြာအာဏာ ပိုင်ဆိုင်တဲ့ အမြင့်ဆုံး ပြည်သူ့လွှတ်တော်ကို ခေါ်ယူပေးခြင်း မခံရဘဲနဲ့ ဖွဲ့စည်းပုံ ရေးဆွဲရမယ်ဆိုတဲ့ တာဝန်ဘက် ရောက်သွားတယ်” လို့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ဓနုဖြူမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) မှာ ၀င်ပြိုင်ပြီး အနိုင်ရခဲ့တဲ့ ဦးဝင်းမြင့်က ပြောပါတယ်။

၁၉၉၀ ပြည့်နှစ် ရွေးကောက် ပွဲမှာ ဦးဝင်းမြင့်က NLD ပါတီ ကိုယ်စားပြုအဖြစ် ၀င်ပြိုင်ခဲ့သလို ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာလည်း NLD ပါတီ ကိုယ်စားလှယ်အနေနဲ့ ပုသိမ်မြို့နယ်မဲဆန္ဒနယ်က ၀င်ပြိုင်ပြီး အနိုင်ရထားတဲ့ လက်ရှိ လွှတ်တော်ကိုယ်စားလှယ် ဖြစ်ပါတယ်။

“ဒီစစ်အစိုးရအနေနဲ့က ရလဒ်ကို ချေဖျက်လိုက်တာဟာ ဒီမိုကရေစီ လိုချင်တဲ့လူထုကို စော်ကားလိုက်တာပဲ။ သမိုင်းမှာ အနိဋ္ဌာရုံတစ်ခုလို့ မြင်ပါတယ်။ ကျွန်မတို့ အတွက်လည်း အကျိုးမရှိသလို၊ ကျွန်မတို့လည်း ပြည်သူတာဝန်တွေကို အခုထိ မထမ်းဆောင်နိုင်ဘူး။ မဲဆန္ဒရှင်တွေကို ကျွန်မတို့ ကျေကျေနပ်နပ်သူတို့ ရချင်တဲ့ ဒီမိုကရေစီကို ဖော်ဆောင်မပေးရသေးပါဘူး။ အမှန်တော့ သမိုင်းမှာ မဖြစ်သင့်တဲ့ အနိဋ္ဌာရုံဖြစ်တယ်။ တစ်ကမ္ဘာလုံးမှာလည်း ဒီကိစ္စက မဖြစ်ခဲ့ဘူး” လို့ ၁၉၉၀ ပြည့်နှစ်မှာ ဆိပ်ကမ်းမြို့နယ်မဲ ဆန္ဒနယ်က ၀င်ပြိုင်ပြီး အနိုင်ရခဲ့တဲ့ ဒေါ်စန်းစန်းက ပြောပါတယ်။

ဒေါ်စန်းစန်းဟာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး လိုက်လံဖမ်းဆီးတာကို တိမ်းရှောင်ရင်း ပြည်ပကို ရောက်ရှိသွားသူ ဖြစ်ပါတယ်။ ပြည်ပကို ရောက်ရှိချိန်မှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များသမဂ္ဂ ဥက္ကဋ္ဌတာဝန်ယူခဲ့သလို ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) မှာလည်း ပါဝင်ခဲ့ပါတယ်။

န၀တ စစ်ခေါင်းဆောင်တွေဟာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကတိကို ဖျက်ခဲ့တာတင် မကပါ ဘူး။ ၁၉၉၀ ပြည့်နှစ် ဇူလိုင် ၂၇ ရက်မှာ ထုတ်ပြန်တဲ့ ကြေညာချက် ၁/၉၀ ပါ အချက်ကိုလည်း ထပ်မံဖောက်ဖျက်ခဲ့ပါတယ်။

■ ၁/၉၀ ပါ အချက်ကို ထပ်မံဖောက်ဖျက်

ဗိုလ်ချုပ်ခင်ညွန့် လက်မှတ်ထိုးပြီး ထုတ်ပြန်တဲ့ ၁/၉၀ ကြေညာချက်ဟာ ရွေးကောက်ပွဲအပြီး အာဏာလွှဲမပေးဘူး ဆိုတာကို အတိအလင်း ပြောခဲ့တာပါ။ ဒါ့အပြင် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေး အာဏာနဲ့ တရားစီရင်ရေးအာဏာ အာဏာသုံးရပ်လုံးကို စစ်ခေါင်းဆောင်တွေက ဆက်ကိုင်ထားမယ်လို့ ပြောခဲ့ပါတယ်။

“အာဏာလွှဲမပေးချင်တဲ့ အခါမှာ တစ်ခါထပ်ပြီးတော့ ရွေးကောက်ပွဲ အခြေအနေဟာ ပြည်သူ့လွှတ်တော်လို့ မခေါ်တော့ဘဲနဲ့ တိုင်းပြုပြည်ပြု လွှတ်တော်အဆင့်လောက်ကို သူတို့က ချပြတယ်။ ချပြပြီးတော့သူတို့က နိုင်ငံရေး ပါတီတွေ ခေါ်ပြီးတော့ ၁/၉၀ ကို လက်ခံပါတယ် ဆိုပြီးတော့ အတင်းအကျပ် လက်မှတ်ထိုးခိုင်းတယ်။ အဲဒီလိုထိုးခိုင်းတဲ့ အခါကျတော့ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ အာဏာလွှဲပြောင်းတဲ့ အဆင့်မဟုတ်ဘဲနဲ့ ဥပဒေရေးဆွဲတဲ့ အဆင့်ရောက်သွားပြီးတော့ ဘာလုပ်လိုက်လဲဆိုတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်နဲ့ နောက်ရွေးကောက်အသစ် ဆိုတဲ့ပုံစံမျိုးဖြစ်အောင် သူတို့က ဖန်တီးကြတယ်။ ဒီအမိန့်ကို ဗိုလ်ချုပ်ခင်ညွန့် ကိုယ်တိုင် ထုတ်ခဲ့တာ။ အဲဒါပြီးတဲ့နောက်ပိုင်းမှာ ဘာထပ်လုပ်လိုက်လဲ ဆိုတော့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဖမ်းတယ်ဆီးတယ်။ လွှတ်တော်ခေါ်ယူရေး တောင်းဆိုတဲ့ ကိစ္စရပ်တွေပေါ်မှာ အစိုးရက နည်းနည်းလေးမှ သည်းမခံဘဲနဲ့ လွှတ်တော်ပေါ်ပေါက်ရေးကို ကြိုးပမ်းတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ အကုန်လုံးကို နှစ်ရှည် ထောင်ဒဏ်တွေပေါ့နော်။ နှစ်ကြီးထောင်ဒဏ်တွေပေါ့” လို့ ဦးဒေးဗစ်လှမြင့်က ပြောပါတယ်။

န၀တအစိုးရရဲ့ ၁/၉၀ ကြေညာချက်ဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ရွေးချယ်ခံခဲ့ရတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ဂန္ဒီခန်းမဆွေးနွေးမှုတွေကို တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။

၁၉၉၀ ပြည့်နှစ် ဇူလိုင် ၂၈၊ ၂၉ ရက်စွဲနဲ့ ထွက်ရှိခဲ့တဲ့ ဂန္ဒီခန်းမ ကြေညာစာတမ်းက အာဏာလွှဲမပေးတဲ့ န၀တအစိုးရကို အထိနာစေခဲ့ပါတယ်။ အချက် ၁၃ ချက်ပါဝင်တဲ့ ဂန္ဒီကြေညာစာတမ်းရဲ့ အဓိက တောင်းဆိုမှုက ပြည်သူ့လွှတ်တော် ခေါ်ယူပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ အချိန်သတ်မှတ်ချက်ပေးပြီး ၁၉၉၀ ပြည့်နှစ် စက်တင်ဘာမှာ ပြည်သူ့လွှတ်တော်ခေါ်ယူဖို့ တောင်းဆိုခဲ့တာပါ။

ဒါ့အပြင် ဥပဒေနဲ့အညီဖြစ်တဲ့ အာဏာလွှဲပြောင်း နိုင်ဖို့အတွက် လိုအပ်တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို NLD က ရေးဆွဲထားပြီး ဖြစ်ကြောင်းလည်း ပြောခဲ့ပါတယ်။ ဒီလိုရေးဆွဲထားတဲ့ ယာယီဖွဲ့စည်းပုံ အခြေခံဥပဒေ (မူကြမ်း) နဲ့ အာဏာလွှဲပြောင်းရေး လုပ်နိုင်မှာဖြစ်ပြီး အားလုံးလက်ခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူ့လွှတ်တော်မှာ ဆက်ပြီးဆွေးနွေးဖို့ ခြေလှမ်းပြင်ခဲ့ပါတယ်။

ဒါကို န၀တက လက်မခံပါဘူး။ ရွေးကောက်ပွဲဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲဖို့သာ ဖြစ်တယ်၊ အာဏာရယူရေးအတွက် ယာယီဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲပြီး အစိုးရဖွဲ့စည်းခြင်းကို ဘယ်နည်းနဲ့မှ လက်မခံဘူးလို့ ၁/၉၀ ကြေညာချက်မှာ ပြောခဲ့ပါတယ်။

ဒါပေမဲ့ ၁/၉၀ ကြေညာချက်မှာပဲ အချက်တစ်ချက် ပါဝင်ခဲ့ပါတယ်။

“ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၃ တွင် ‘လွှတ်တော်ကို မဲဆန္ဒနယ်များမှ ဤဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်လိုက်သော လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်’ ဟူ၍ ပြဋ္ဌာန်းပါရှိသည်။ ယင်းပြဋ္ဌာန်းချက်နှင့်အညီ လွှတ်တော်ခေါ်ယူဖွဲ့စည်းခြင်းကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က ဆောင်ရွက်ပေးမည်” ဆိုတဲ့ အချက်ဖြစ်ပါတယ်။

ဒီအချက်ကလည်း အခုချိန်ထိ လုံးဝ ဖြစ်မလာခဲ့ပါဘူး။

၁၉၉၃ ခုနှစ်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲဖို့ဆိုပြီး န၀တ အစိုးရက အမျိုးသား ညီလာခံခေါ်ယူပါတယ်။ ကိုယ်စားလှယ် ၇၀၀ ကျော် တက်ရောက်ပါတယ်။ ဒီအထဲမှာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ပြည်သူက ရွေးကောက်တင် မြှောက်ခဲ့တဲ့ ကိုယ်စားလှယ် ၁၀၀ ကျော်ပဲ ပါဝင်ခဲ့ပါတယ်။ (ဒါဟာ ၁၉၉၀ ပြည့်နှစ်မှာ ရွေးချယ်ခံခဲ့ရတဲ့ လွှတ်တော် ကိုယ်စားလှယ် ၄၈၅ ဦးထဲက ၁၀၀ ကျော်ပဲ ပါဝင်နိုင်ခဲ့တာ ဖြစ်ပါတယ်) န၀တအစိုးရ စိတ်ကြိုက်ရွေးချယ်ထားသူတွေက ၆၀၀ ကျော်ရှိပါတယ်။ ဒီကြားထဲမှာ အမျိုးသားညီလာခံကို စွန့်ခွာသွားတဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေ ရှိခဲ့ပါတယ်။

“တကယ်တက်ကြွတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ထောင်ထဲထည့်ပြီး ၁၉၉၃ ခုနှစ်မှာ အမျိုးသား ညီလာခံကို ကျင်းပတယ်။ အမျိုးသား ညီလာခံဆိုတာက ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲဖို့ ဆိုပြီးတော့ အခြေခံမူတွေ ချမှတ်ပြီး လုပ်တယ်။ အမျိုးသား ညီလာခံကျတော့ ဘယ်လိုလုပ်ပြန်လဲဆိုတော့ ကျွန်တော်တို့ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို အစုတစ်စု အနေနဲ့ ဖွဲ့ထားပြီးတော့ သူတို့လိုလားတဲ့ သူတွေအများစု ပါဝင်တဲ့ အဖွဲ့တွေ ဖွဲ့လိုက်တယ်။ အစုအဖွဲ့ ရှစ်စုဖွဲ့ပြီးတော့ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့သူတွေက တစ်စုပဲရှိတယ်။ ကျန်တဲ့ ခုနစ်စုက သူတို့ရွေးထားတဲ့ သူတွေကြီးပဲ။ အဲဒီတော့ အမျိုးသား ညီလာခံမှာ ဘယ်လိုပဲ တင်ပြ တင်ပြ၊ ဘယ်လိုပဲ မဲခွဲမဲခွဲ၊ လွှတ်တော်ကိုယ်စားလှယ်တွေက ကိုယ့်ရဲ့သဘောထား အမှန်ကို ဆောင်ရွက်လို့ရတာ မဟုတ်ဘူး။ သူတို့လိုချင်တာဖြစ်အောင် လုပ်သွားတယ်” လို့ ဦးဒေးဗစ်လှမြင့်က ဆိုပါတယ်။

“ညီလာခံကြီးက ဆွဲလာသလောက်လည်း မဖြစ်ပါဘူး။ အချိန်တွေသာ ကုန်သွားတယ်။ ကျွန်တော်တို့နဲ့ NLD က ၁၉၉၅၊ ၁၉၉၆ လောက်မှာ ထွက်လာလိုက်တယ်။ ဘာလို့ဆိုတော့ ကျွန်တော်တို့ကတော့ တိုင်းရင်းသားအတွက် ဘာမှမပါတဲ့အတွက် ဆိုပြီးတော့ ထွက်ခဲ့ပါတယ်။ NLD လည်း ဒီမိုကရေစီ စံချိန်စံညွှန်း မပြည့်မီဘူးဆိုပြီး ထွက်လာခဲ့တယ်။ ထွက်ရတဲ့ အကြောင်းအရင်းကတော့ ကျွန်တော်တို့ စာနဲ့တော့ သမိုင်းမှာ အပြောမခံတော့ဘူး။ ကျွန်တော်တို့အတွက် အရေးကြီးတယ် ဆိုပြီးတော့ ညီလာခံက ထွက်ခဲ့တာပဲ” လို့ ဦးခွန်းထွန်းဦးက ပြောခဲ့ဖူးပါတယ်။

၁၉၉၆ ခုနှစ်မှာ အမျိုးသားညီလာခံ ရပ်ဆိုင်းသွားပါတယ်။

၁၉၉၇ ခုနှစ်မှာ န၀တအစိုးရကို နယက အစိုးရအဖြစ် ပြောင်းခဲ့ပါတယ်။ အစိုးရအဖွဲ့ နာမည်သာ ပြောင်းပြီး လူမပြောင်းခဲ့ပါဘူး။ ဒါပေမဲ့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ရလဒ်နဲ့ ပေးထားတဲ့ ကတိတွေကိုတော့ န၀တနာမည်နဲ့အတူ ပြည်ဖုံး ကားချလိုက်ပါတယ်။

၂၀၀၃ ခုနှစ်မှာ နိုင်ငံရေးလမ်းပြမြေပုံ ခုနစ်ချက်ကို ဗိုလ်ချုပ်ခင်ညွန့်က ရေးဆွဲခဲ့ပါတယ်။ လမ်းပြ မြေပုံ ခုနစ်ချက်နဲ့အတူ အမျိုးသား ညီလာခံကိုလည်း ပြန်စပါတယ်။

၂၀၀၄ ခုနှစ်မှာ ဗိုလ်ချုပ်ခင်ညွန့် ထိန်းသိမ်းခံရပြီး ၂၀၀၇ ခုနှစ် စက်တင်ဘာ ၃ ရက်မှာ အမျိုးသား ညီလာခံကို အပြီးသတ်ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ် မေ ၂၉ ရက်မှာ ဆန္ဒခံယူပွဲ လုပ်ပါတယ်။ ဆန္ဒမဲပေးခဲ့သူ ၉၈ ဒသမ ၅၈ ရာခိုင်နှုန်းထဲက ၉၂ ဒသမ ၄၈ ရာခိုင်နှုန်းက ထောက်ခံမဲပေးခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

“အခြေခံဥပဒေရေးဆွဲတဲ့ အမျိုးသားညီလာခံဆိုတာက တစ်ကမ္ဘာလုံးမှာ အကြာရှည်ဆုံးပဲဗျာ။ နောက်ဆုံးကျတော့လည်း နာဂစ်မုန်တိုင်းနဲ့ ကမန်းကတန်း တက်သုတ်ရိုက်ပြီး ဥပဒေတစ်ခု ထွက်လာတာပေါ့ဗျာ။ အဲဒါက လက်ရှိ ၂၀၀၈ ဥပဒေပဲ။ ဒါက ဒီမိုကရေစီ မဟုတ်ဘူးဗျာ” လို့ ဦးစောနိုင်းနိုင်းက ဆိုပါတယ်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အတည်ပြုပြီးတဲ့နောက် ၂၀၁၀ ပြည့်နှစ်မှာ အထွေထွေရွေးကောက်ပွဲ ထပ်လုပ်ခဲ့ပါတယ်။

လက်ရှိ သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့ဟာ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကတစ်ဆင့် အာဏာရယူခဲ့သူတွေ ဖြစ်ပါတယ်။

ဒီအချက်အလက်တွေကို ပြန်ကြည့်ရင် န၀တအစိုးရဟာ ပထမအချက်အနေနဲ့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကတိ မတည်ခဲ့ဘူး၊ အာဏာလွှဲမပေးခဲ့ပါဘူး။ ဒုတိယ အချက်က ၁/၉၀ ကြေညာချက်ပါ “လွှတ်တော်ခေါ်ယူ ဖွဲ့စည်းခြင်းကို ဆောင်ရွက်ပေးမယ်” ဆိုတဲ့ အချက် ကို ထပ်ပြီးဖောက်ဖျက်ပါတယ်။

အဆိုးဆုံးကတော့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ခံ ကိုယ်စားလှယ်တွေနဲ့ NLD အပါအ၀င် နိုင်ငံရေးသမားတွေကို ဖမ်းဆီးနှိပ်ကွပ်ပြီး အမျိုးသားညီလာခံကို ပြုလုပ်တယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြီး နောက်ထပ် ရွေးကောက်ပွဲတစ်ခု ပြုလုပ်ခြင်းအားဖြင့် ၉၀ ရလဒ်ကို ပယ်ဖျက်ခဲ့တာပဲ ဖြစ်ပါတယ်။

၂၀၀၅ ခုနှစ်က နောက်ဆုံးသိရတဲ့ အချက်အလက်တချို့အရ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံခဲ့ရပြီး၂၀၀၅ ခုနှစ်အထိ ပြန်မလွတ်ခဲ့တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၄ ဦးထက်မနည်း ရှိခဲ့ပါတယ်။ ပြည်ပကို ထွက်ပြေး တိမ်းရှောင်သွားခဲ့သူ ၄၄ ဦး ထက် မနည်းရှိခဲ့ပါတယ်။ ဒီကြားထဲမှာ ကွယ်လွန်သွားသူ ၁၀၀ ကျော် ရှိပါတယ်။

သေချာတဲ့ အချက်က ၁၉၉၀ ပြည့်နှစ်မှာ NLD ပါတီဝင်တွေ အပါအ၀င် ရွေးကောက်ခံရသူ အများစုကဟာ ဖမ်းဆီးခံခဲ့ရပြီး ပုဒ်မမျိုးစုံနဲ့ နှစ်တို၊ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရပါတယ်။ နောက်ပြီး သူတို့အားလုံး နိုင်ငံရေးအရ ခေါင်းမထောင်နိုင်အောင် နှိပ်ကွပ်ခံခဲ့ကြရပါတယ်။

■ နင်းခြေခံခဲ့ရသော ပြည်သူ့ဆန္ဒ

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ကတိဖျက်ခဲ့တာက ရွေးကောက်ခံ ကိုယ်စားလှယ်တွေအပေါ်သာ သက်ရောက်မှုမရှိဘဲ ပြည်သူတစ်ရပ်လုံး အပေါ်မှာပါ သက်ရောက်မှု ရှိခဲ့ပါတယ်။ ပြည်သူတွေရဲ့ မဲတွေအခိုးခံခဲ့ရတယ်။ ပြည်သူ့ဆန္ဒတွေ နင်းခြေခံခဲ့ရတာ ဖြစ်ပါတယ်။

“၁၉၈၈ က စပြောရရင်တော့ တကယ်လူထုတွေက အပြောင်းအလဲ တစ်ခုအတွက် တကယ်ပြင်းပြပြီး ပေါက်ကွဲမှုတစ်ခုပေါ့။ အဲဒီ ကနေ ၉၀ ပြည့်နှစ် ရလဒ်ရတာကို။ လွယ်လွယ်ကူကူတော့ မဟုတ်ဘူး။ လူထုတွေက ပြင်းပြတယ်။ အပြောင်းအလဲ လိုချင်တယ်။ လူထုတွေရဲ့ တကယ်စစ်မှန်တဲ့ လွတ်လွတ်လပ်လပ်ပေးတဲ့ မဲကိုရခဲ့တာပါ။ ဒီလိုလူထုဆန္ဒအမှန် အစစ်ဖြစ်ရဲ့သားနဲ့ လက်ရှိ အစိုးရကဒါကို လက်မခံကြဘူး” လို့ ဒေါ်နန်းခင်ထွေးမြင့်က ပြောပါတယ်။

ဒေါ်နန်းခင်ထွေးမြင့်ဟာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဘားအံမြို့နယ် မဲဆန္ဒနယ် အမှတ် (၁)မှ NLD ကိုယ်စားပြုအဖြစ် ၀င်ပြိုင်ခဲ့ပြီး အနိုင်ရခဲ့သူ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာလည်း NLD လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်ပြီး ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲမှာ အနိုင်ရထားသူ ဖြစ်ပါတယ်။

“ပြည်သူပြည်သားတွေရဲ့ နိုင်ငံရေး ဆုံးဖြတ်ချက်၊ ဒီမိုကရေစီ လိုလားတယ်ဆိုတဲ့ သက်သေတွေကို မသိကျိုးကျွံ လုပ်ရုံတင်မက ဖျက်လိုဖျက်ဆီး အချိန်ကြာရင် မေ့သွားမယ်၊ ပျက်သွားမယ် လုပ်ပြီးတော့ အခုထိ ဒီမိုကရေစီစနစ်ကို မရောက်တော့ဘူးဗျာ” လို့ ဦးစောနိုင်းနိုင်းကလည်း ပြောပါတယ်။

“၉၀ ရွေးကောက်ပွဲရလဒ်အတိုင်း အာဏာလွှဲပေးခဲ့ရင် အခုလို ဘယ်ဖြစ်ပါ့မလဲ။ အခုချိန်ဆိုရင် ရွေးကောက်ပွဲ လေးကြိမ်၊ ငါးကြိမ်ဖြစ်လာပြီးတော့ ပြည်သူတွေရော၊ နိုင်ငံရေးသမားတွေရော ဒီမိုကရက်တစ် အတွေ့အကြုံတွေရမယ်။ ပြီးတော့ဖွဲ့စည်းပုံကလည်း ၂၀၀၈ ဖွဲ့စည်းပုံထက်အများကြီး တိုင်းရင်းသားတွေပါ လက်ခံနိုင်တဲ့ ဖက်ဒရယ် ဖွဲ့စည်းပုံတို့ ဒီမိုကရေစီ အခြေခံရေးဆွဲတဲ့ ဖွဲ့စည်းပုံတို့ ဖြစ်ပြီးတော့ တိုင်းပြည်က အခုထက်များစွာ တိုးတက်တဲ့ အနေအထား ရောက်နိုင်လိမ့်မယ်လို့ ပြောချင်တယ်” လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ (CRPP) မှာ အတွင်းရေးမှူး ဖြစ်ခဲ့ဖူးတဲ့ ဦးအေးသာအောင်က ပြောကြားပါတယ်။

၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းခံရပြီးတဲ့ နောက်ပိုင်း မြန်မာ့နိုင်ငံရေးမှာ ပြည်သူတွေရဲ့ ဆန္ဒဟာ အကြိမ်ကြိမ် လျစ်လျူရှု ခံခဲ့ရပါတယ်။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ် နင်းချေခံခဲ့ရတာကတော့ အဆိုးဆုံးပါပဲ။ ဒီအတွက်လည်း တာဝန်ရှိသူများဘက်က ၀န်ခံပြောဆိုတာမျိုး မရှိသေးပါဘူး။

ဒါပေမဲ့ ဦးနေ၀င်းခေတ်မှာ တိုင်းပြည်ဟာ စီးပွားရေးအရ ချွတ်ခြုံကျသွားတယ်။ ဦးနေ၀င်း အမွေဆက်ခံ ခဲ့ကြသူတွေက ၁၉၉၀ ပြည့် နှစ်ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ပြီး ကိုယ်ထင်ရာ လုပ်ခဲ့ကြတဲ့အတွက် စီးပွားရေး ချွတ်ခြုံကျရာကနေ နာလန်မထူ ကျဆုံးတဲ့ နိုင်ငံဖြစ်သွားပါတယ်။ ၂၀၁၀ ပြည့်နှစ်မှာ ရွေးကောက်ပွဲ လုပ်ခဲ့ပေမဲ့ မြန်မာနိုင်ငံဟာ အာဆီယံမှာ နောက်ဆုံး ရောက်တဲ့နိုင်ငံ ဖြစ်နေဆဲပါပဲ။

အခု ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲလုပ်ဖို့ အချိန်ငါးလခန့်ပဲ လိုပါတော့တယ်။ ဒီအတွက် ကတိက၀တ်တွေကို ထင်ထင်ရှားရှား မမြင်ရသေးပါဘူး။

ဒီအချိန်မှာ ၁၉၉၀ ပြည့်နှစ် ပါတီစုံအထွေထွေ ရွေးကောက်ပွဲတုန်းကလို ကတိဖျက်ခဲ့မယ် ဆိုရင်တော့ ...... ။

ကိုးကား။ ။ (၁) ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ မှတ်တမ်း (မြန်မာ့အလင်း အောင်သန်း) ၁၉၉၂ ခုနှစ်၊ (၂) ၁၉၉၀ ပြည့်နှစ် မေ ၂၇ နေ့တွင် ကျင်းပခဲ့သည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ မှတ်တမ်း (ခင်ကျော်ဟန်) ၂၀၀၅ ခုနှစ်၊ (၃) ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ သမိုင်းဝင်မှတ်တမ်း မှတ်ရာများ (ခင်ကျော်ဟန်) ၂၀၀၃ ခုနှစ်၊ (၄) မြန်မာ့စွယ်စုံကျမ်း အနှစ်ချုပ် (၁၉၉၁ ခုနှစ်)၊ (၅) ၁၉၈၉ ခုနှစ်နှင့် ၁၉၉၀ ပြည့်နှစ်ထုတ် လုပ်သား နေ့စဉ်သတင်းစာများ။

Written by - နေထွန်းနိုင်၊ ကျော်ဇင်ဝင်း၊ အောင်ဇော်ထွန်း
Eleven Media Group


ရပ်ကွက်ထဲမှာ ညဥ့်နက်သန်းခေါင် တစ်လမ်းဝင်တစ်လမ်း ထွက်၊ ခွေးဟောင်သံ ခွေးအူသံ တညံညံ တစီစီကြား ထဲမှာ ဟိုခြံထဲဝင်၊ ဒီအိမ်ရှေ့ရပ်၊ တံခါးတွေကို တ၀ုန်းဝုန်းတဒိုင်းဒိုင်း ထုနှက်ပြီး “ဗျို့ … အိမ်ရှင်တို့ …အိမ်ရှင်တို့ ဧည့်စာရင်း စစ်မယ်လို့” ဗျို့ အော်ဟစ်ခိုင်းတာတွေ၊ ဧည့်စာရင်း စစ်တဲ့အဖွဲ့ထဲမှာ လိုက်ပါခိုင်းနေတာတွေ ဟာ မောင်ဖြူနဲ့မောင်ညိုတို့ရဲ့ ကိုယ်ပိုင်အရည်အသွေး အရည်အချင်း Identity တွေနဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်နေ …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ပန်းချီ၊ ပန်းပု၊ ဂီတ၊ သဘင်၊ ရုပ်ရှင်အနု သုခုမနဲ့ သက်ဆိုင်တဲ့ လစဉ်ထုတ် မဂ္ဂဇင်း တစ်စောင် ပေါ်ပေါက်ခဲ့ဖူးပါ တယ်။ အနုပညာရှင်တွေ ကို တွေ့ဆုံပြီးသူတို့ရဲ့ အနုပညာတွေ၊ သူတို့ရဲ့ အနုပညာအယူအဆ အတွေးအခေါ် တွေ အကြောင်းကို ဆောင်းပါးတွေရေးဖို့ အဲဒီမဂ္ဂဇင်းအယ်ဒီတာအဖွဲ့ အတွက် တတ်နိုင်တဲ့ဘက်က ကျွန်တော် ပံ့ပိုးကူညီ ရေးသားပေးခဲ့ဖူးပါတယ်။ နယ်ဒေသတွေကိုလည်း မကြာခဏခရီးထွက်ပြီး ရပ်ဝေးကအနုပညာ ရှင် တွေကို သွားရောက်တွေ့ဆုံရင်း ဆောင်းပါးတွေရေးခဲ့ဖူးပါတယ်။ တစ်ခါမှာတော့ လူငယ်ပန်းချီ ဆရာ တစ် ယောက်နဲ့ တွေ့ဆုံခွင့်ရခဲ့ပါတယ်။

အဲ့ဒီတုန်းက န.၀.တစစ်အစိုးရနဲ့ န.အ.ဖ စစ်အစိုးရ လက်ထက်ထုံးစံအတိုင်း စာနယ်ဇင်းလောကကို ဖိနှိပ် ကန့်သတ် ချုပ်ချယ်မှု တွေများပြားတဲ့ စာပေစိစစ်ရေးဒဏ်ကို အလူးအလဲခံနေကြရတဲ့ အချိန်ဖြစ်တဲ့ အတွက် မဂ္ဂဇင်းစာမျက်နှာမှာ လူငယ်ပန်းချီ ဆရာရဲ့ လောကအမြင်အတွေး တချို့ကို ရေးသားဖော်ပြချင်ပါရက်နဲ့ ချန် လှန်ထားခဲ့ရတာ နှမြောစရာပါ။ မှတ်မိနေပါသေးတယ်။ အဲ့ဒီတုန်းက ပန်းချီအယူအဆတွေ အကြောင်း စကား စပ်မိနေကြရင်း လူငယ် ပန်းချီဆရာက၊ လူတွေရဲ့ ရွေးချယ်ပိုင်ခွင့် တချို့ပျောက်ဆုံးနေရတဲ့ စစ်အာဏာရှင် တွေရဲ့ ဖိနှိပ်ကန့်သတ်ဘောင် ခတ်ထားခံရမှုတွေ အကြောင်းပြောသလို အဲဒီအာဏာ ရှင်တွေကြီးစိုး မင်းမူနေ သမျှကာလပတ်လုံးမှာ တိုင်းပြည်မှာရှိတဲ့ လူတစ်ဦးချင်းစီရဲ့ ကိုယ်ပိုင် Identity တွေဟာလည်း ၀မ်းနည်း စရာ ကောင်းလောက်အောင် ပျောက် ဆုံး နေရဦးမှာပဲဆိုတာ ပြောလာပါတယ်။…

လူတစ်ယောက်ရဲ့ Identity ဆိုတာမှာ သူဟာ ဘယ်သူလဲ။ သူဟာဘာလဲ ဆိုတာအဓိက ကျပါတယ်။ လူငယ် ပန်းချီဆရာက ကျွန်တော့်ကို ဥပမာပေးပြီး ပြောသွားတာ စိတ်ဝင်စားဖို့လည်းကာင်းသလို ၀မ်းနည်းဖို့ လည်း ကောင်းပါတယ်။ ဥပမာအားဖြင့် သူပြောပြသွားတာက ကျွန်တော်တို့တိုင်း ပြည်မှာ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင် တစ် ယောက်ဆိုပါတော့။ သူ့ရဲ့ Identity က ကြက်ခြေနီသူနာပြုဖြစ်တယ်။ သူ့နာမည် ကမောင်ဖြူဆိုပါတော့။ မောင်ဖြူရဲ့ အလုပ် ဟာမွန်မြတ်တယ်။ အရေးပေါ် ထိခိုက်ဒဏ် ရာရတဲ့ လူနာတွေ ကို မောင်ဖြူက ကူညီ စောင့် ရှောက်တယ်။ သူတတ်ကျွမ်းတဲ့ကြက် ခြေနီရှေးဦး သူနာပြုနည်းအရ လူနာတွေကို ကြိုတင်ကယ်ဆယ်ပြုစု စောင့်ရှောက် မှု ပေးတယ်။ နောက်တစ်ခါ မောင်ညိုဆိုပါတော့။ မောင်ညိုက ရပ်ရွာနဲ့ မြို့ကြီးပြကြီး တွေမှာ မီး ဘေးကာကွယ်ရေးအတွက် သူတတ်ကျွမ်းတဲ့ မီးငြှိမ်းသတ် အတတ်ပညာ ရပ်တွေကို ယုံကြည်သက်ဝင်ပြီး ပြည်သူလူထုကို ကူညီကယ်ဆယ် ကာကွယ်စောင့် ရှောက်နေတဲ့ မီးသတ်တပ်ဖွဲ့ဝင် တစ်ယောက် ဖြစ်တယ်။

ဒါပင်မဲ့ မြန်မာနိုင်ငံမှာတော့ ကြက်ခြေနီတပ်ဖွဲ့ဝင် မောင်ဖြူနဲ့ မီးသတ် တပ်ဖွဲ့ဝင်မောင်ညိုတို့ကို သူတို့ရဲ့ ကိုယ်ပိုင် Identity တွေ ကနေပြီး သွေဖည်သွားအောင်၊ ပျောက်ပျက်သွားအောင်၊ စစ်အစိုးရ စစ် အာဏာ ပိုင်တွေကနေပြီး ကြိုးကိုင်အသုံး ချနေကြတာ ၀မ်းနည်းစရာကောင်းတဲ့ အကြောင်း လူငယ်ပန်းချီ ဆရာက ကျွန်တော့်ကို ပြောပြတယ်။ တကယ်တော့ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်မောင်ဖြူဆိုတဲ့ လူတစ် ယောက်ရဲ့ Identity နဲ့ မီးသတ်တပ်ဖွဲ့ မောင်ညိုဆိုတဲ့လူတစ်ယောက်ရဲ့ Identity ဟာ၊ တိုင်းပြည်နိုင်ငံအ၀န်း မှာ““ အထက်တန်းကျ”” လှတဲ့ Identity တွေပဲဖြစ်တယ်။

ဒါပေမဲ့ အာဏာပိုင်တွေက သူတို့၂ယောက် ကိုဘယ်လို ခိုင်းစေအသုံးချနေလဲဆိုတော့ ရပ်ကွက်ထဲမှာ ညဥ့် နက်သန်းခေါင် တစ်လမ်းဝင်တစ်လမ်းထွက်၊ ခွေးဟောင်သံ ခွေးအူသံ တညံညံတစီစီကြားထဲမှာဟို ခြံထဲဝင်၊ ဒီအိမ်ရှေ့ရပ်၊ တံခါးတွေကို တ၀ုန်းဝုန်း တဒိုင်းဒိုင်းထုနှက်ပြီး””ဗျို့… အိမ်ရှင် တို့ …အိမ်ရှင်တို့ ဧည့်စာရင်း စစ်မယ် လို့”” ဗျို့ အော်ဟစ်ခိုင်းတာတွေ၊ ဧည့်စာရင်း စစ်တဲ့အဖွဲ့ထဲမှာ လိုက်ပါခိုင်းနေတာတွေဟာ မောင်ဖြူနဲ့ မောင်ညိုတို့ရဲ့ ကိုယ်ပိုင်အရည်အသွေး အရည်အချင်း Identity တွေနဲ့ လုံးဝဆန့်ကျင် ဘက်ဖြစ်နေတဲ့ အ ကြောင်း ပန်းချီဆရာလေးက ကျွန်တော့်ကို ပြောပြပါတယ်။ ထိုနည်းတူစွာပဲ။

တစ်ခါ တစ်ခါ တချို့မြို့နယ် တွေက အာဏာပိုင် ရုံးအဖွဲ့အစည်းတွေဟာ လူသွားလမ်း၊ ကား၊ စက်ဘီး၊ ဆိုက် ကယ်၊ ဆိုက်ကား၊ မြင်းလှည်း သွားတဲ့လမ်းဘေးဝဲယာ တစ် လျှောက်လမ်းပိတ်ဆို့ လုမတတ်ဈေးရောင်း နေကြ တဲ့လမ်းဘေးဈေးသည်တွေကိုအသံ ချဲ့စက်နဲ့ အော်ဟစ်ပြီး ဖယ်ရှားရှင်းလင်း ခိုင်းတဲ့ နေရာမျိုးမှာ လည်း မောင် ဖြူဆိုတဲ့ ကြက်ခြေနီတပ်ဖွဲ့ဝင်နဲ့ မောင်ညိုဆိုတဲ့ မီးသတ်တပ်ဖွဲ့ဝင်လိုမျိုး တပ်ဖွဲ့ဝင်တွေကို သူတို့ရဲ့ အဓိက အတတ်ပညာ၊ သူတို့ရဲ့မွန် မြတ်အထက်တန်းကျလှတဲ့ ဦးတည်ရည် ရွယ်ချက်၊ သူတို့ရဲ့ ပင်မ အလုပ်အကိုင် Identity တွေကနေသွေဖည် ပျောက်ကွယ် သွားအောင် ချုပ်ကိုင်ခိုင်းစေနေတာတွေဟာ သဘာဝတရားနဲ့ သွေ ဖယ်မှုပဲလို့ လူငယ်ပန်းချီဆရာလေးက ပြောပြပါတယ်။

သူဆိုလိုတာက လယ်သမားဟာ စိတ်အေးချမ်းသာစွာနဲ့ သူ့ရဲ့လယ်လုပ်ငန်းခွင်ထဲမှာပဲ မွေ့လျော်ခွင့်ရှိရမယ်။ အလုပ်သမားဟာ သူရသင့်ရထိုက်တဲ့ လုပ်အားခငွေနဲ့ သူ့ရဲ့ လုပ်ငန်းခွင် ထဲမှာ ဘေးအန္တရာယ်ကင်းရှင်း ကျန်း မာစွာ လုပ်ကိုင်ခွင့်ရှိနေရမယ်။ထိုနည်း တူရဟန်းရှင်လူ ပြည်သူကျောင်းသား ကျောင်းသူတိုင်းဟာလည်း ကိုယ့် ရဲ့ ကိုယ်ပိုင် Identity အရ ဆန္ဒနဲ့မျှော်မှန်းချက် ပြည့်ပြည့်၀၀ တစ်ဦးချင်း အခွင့်အရေးမျှမျှ တတနဲ့ဘ၀ကို တည်ဖွဲ့နိုင်ကြရမယ်။ ပန်းချီ ဆရာဟာ သူ့ပန်းချီခံစားမှု၊ သူ့အနုပညာကို သူ့အတွေးကို လွတ်လပ်စွာ ဘယ် သူ့ရဲ့ ချုပ်ကိုင်ဖိနှိပ်ထားဆီးမှုရဲ့အောက်မှာမှ မရှိစေရဘဲ တွေးခေါ် ခံစားပုံဖော်ဖန်တီးနိုင်ခွင့် ရှိနေရမယ်။ ဒါကို ပန်းချီဆရာလေး က ပြောပြခဲ့တာပါ။

လူတွေနဲ့သူတို့ရဲ့ ကိုယ်ပိုင် အဆင့်အတန်းတွေကို ရောထွေးချင် တိုင်းလည်း ရောထွေးလို့မရနိုင်တဲ့ သဘောပါ ပဲ။ ဥပမာ ရဲတပ်ဖွဲ့ဆိုပါတော့ သူ့မှာလည်း သူ့အစဉ်အလာ အရရှိပြီးသားပါ။ ၁၇ ရာစုနဲ့ ၁၈ရာစု နှစ်တွေတုန်း က အင်္ဂလန်နိုင်ငံမှာ ဆိုရင် အသက်အရွယ် အိုမင်းတဲ့သူတွေက လက်ဆွဲမှန်အိမ်တွေကိုင်ပြီး ညဘက်ကင်း လှည့်ထွက်ခဲ့ရတဲ့ခေတ် ဖြစ်ခဲ့ဖူးတယ်။ အမေရိကတိုက်မှာ ကျတော့ နယ်ပယ်သစ် တွေစပြီး တည်ထောင်ခါ စ ခေတ်တုန်းကဆိုရင်၊ ယောက်ျား တိုင်းဟာ ကိုယ့်ရဲ့ အိမ်ထောင်စုကို တာဝန်ယူကာ ကွယ် စောင့်ရှောက် ရတဲ့ ခေတ်ဖြစ်ခဲ့ဖူးတယ်။ ဥရောပတိုက်မှာရှိတဲ့ နိုင်ငံတွေမှာတော့ အဲဒီအင်္ဂလန်နဲ့ အမေရိကန်က ခေတ်တွေ ထက် စောပြီး ရဲအဖွဲ့ဆို တာရှိခဲ့တယ်။

ဒါပေမဲ့အုပ်ချုပ်တဲ့ မင်းဧကရာဇ်တွေရဲ့ လက်ပါးစေအဆင့်လောက်ပဲ ရှိခဲ့ပါတယ်။ ရောမဘုရင်ဂတ်စတပ်လက် ထက်၊ ပြင်သစ်က စစ်ဘုရင်တွေဖြစ်တဲ့ ၁၄ ဆက်မြောက်လူဝီနဲ့ နပိုလီယန် လက်ထက်မှာ ဖွဲ့စည်းခဲ့တဲ့ ရဲတပ် ဖွဲ့ဟာ ဘုရင်တွေက ခိုင်းတဲ့အတိုင်း လူထုဆီက အခွန်တွေကောက်ရသလို ဘုရင်တွေရဲ့ မတရားဖိနှိပ်မှုကို ဆန့်ကျင်တဲ့ နိုင်ငံရေးသမားတွေကို ဖမ်းဆီးညှဉ်းဆဲရတဲ့အလုပ်တွေပဲ လုပ်ခဲ့ကြရတယ်။ ၁၈၂၉ ခုနှစ်မှာတော့ အင်္ဂလန်နိုင်ငံက နန်းရင်းဝန် ““ဆာရောဘတ်ပီး””ဟာ ခေတ်မီရဲ အဖွဲ့ဖွဲ့ဖို့ ပါလီမန်လွှတ်တော်ကို တင်ပြပါ တယ်။ လူထုက ကန့်ကွက်ပါတယ်။

လွတ်လပ်မှုနဲ့ လူ့အခွင့်အရေးကို ဖိနှိပ်တဲ့ပြင်သစ် နိုင်ငံက ရဲအဖွဲ့လိုဖြစ်မှာစိုးရိမ်ပြီး လူထုက ကန့်ကွက်ကြ တာပါ။ လူထုကို ရှင်းပြတော့မှ လူထုက လက်ခံတာနဲ့ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တော်ရဲတပ်ဖွဲ့ကို ဖွဲ့စည်းခွင့် ရခဲ့ပါ တယ်။ ၁၉၂၀ ခုနှစ်မှာ အမျိုးသမီးရဲတပ်ဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ အင်္ဂလန်နဲ့ ဝေလနယ်တွေမှာ ရဲတပ်ဖွဲ့ သင်တန်းကျောင်းတွေ ဖွင့်ခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ လည်း ရဲအဖွဲ့ကိုစနစ်တကျဖွဲ့စည်းခဲ့သလို ဥရောပတိုက် ကနိုင်ငံတွေကတော့ ပြင်သစ် ရဲအဖွဲ့ရဲ့စနစ်ကို နည်းယူပြီးဖွဲ့စည်းခဲ့တယ်။ ၁၉၂၀ခုနှစ်မတိုင်ခင် ကတော့ ကနေဒါနိုင်ငံမှာ အနောက်မြောက် မြင်စီးရဲအဖွဲ့ကို စပြီး ဖွဲ့ခဲ့သလိုနောက်ပိုင်းမှာ ကနေဒါနိုင်ငံ မြင်း စီးရဲတပ်ဖွဲ့ရယ်လို့ တိုးချဲ့ဖွဲ့စည်းခဲ့ပါတယ်။

မြန်မာနိုင်ငံက ရဲတပ်ဖွဲ့ဟာလည်း လွတ်လပ်ရေး မရခင်ကတည်းက အင်္ဂလန်နိုင်ငံရဲ့ ရဲအဖွဲ့ဖွဲ့စည်းပုံ စနစ်ကို အခြေခံပြီးဖွဲ့ခဲ့ရာက တစ်စတစ်စ ရဲအတတ်သင် ကျောင်းတွေ၊ ဌာနတွေ၊တပ်ဖွဲ့တွေကို တိုးချဲ့လာခဲ့တာ ဖြစ် တယ်လို့ သိရပါတယ်။ အရင်တုန်းက အင်္ဂလိပ်စကားလုံး Police ကို အသံလှယ် ပြီး““ပုလိပ်””လို့၊ ““ပုလိပ် အဖွဲ့”” လို့ခေါ်ခဲ့ပေ မယ့် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးတဲ့အခါ မြန်မာစာကို ရုံးသုံးဘာသာအနေနဲ့ပြဋ္ဌာန်း လိုက်အခါမှာ ရဲအဖွဲ့ဆိုပြီးခေါ်ခဲ့ပါတယ်။ တော်လှန်ရေးကောင်စီ စစ်အစိုးရလက်ထက် စက်တင်ဘာ ၁ ရက်၊ ၁၉၆၄ မှာတော့ ပြည်သူ့ရဲတပ်ဖွဲ့ဆိုပြီးနာမည် ပြောင်းခဲ့ပြန်ပါတယ်။

အခု ကြားနေရပြန်တာကတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့တဲ့။ ဘယ်နိုင်ငံ ဘယ်တိုင်းပြည်က ရဲတပ်ဖွဲ့မဆို တရား ဥပဒေကိုရိုသေလေးစားရပါ တယ်။ ပြည်သူ လူထုရဲ့ အသက်အိုးအိမ် စည်းစိမ်လုံခြုံမှုကို ဆောင်ရွက်ရတဲ့ အလုပ်က ရဲတပ်ဖွဲ့ဝင်တိုင်းရဲ့ အလုပ်ဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ Identity အရပြောရရင် သူဟာဘယ် သူလဲ၊ မောင်ဘဆိုပါတော့ မောင်ဘ ဘာအလုပ် လုပ်လဲ၊ သူဟာရဲတပ်ဖွဲ့ဝင် တစ်ယောက် ဖြစ်တယ်။ ဒါဟာ သူ့ရဲ Identity ပါပဲ။ သူ့ရဲ့ အလုပ်ဟာပြည်သူလူထုရဲ့ အကျိုးကိုသယ် ပိုးထမ်းဆောင်ပေးဖို့ သာဖြစ်ပါ တယ်။ ဆင်းရဲကျပ် တည်းနွမ်းပါးစုတ်ပြတ်မွဲတေနေ တဲ့ မြန်မာပြည်သူ လူထုအများစုကို မတရား၊ ရိုက်နှက် အကြမ်းဖက် ချေမှုန်းဖို့ မဟုတ်တာ သူ့ရဲ့အဆင့်အတန်းမြင့်မားလှတဲ့ ကိုယ်ကျင့်သိက္ခာဖြစ်ပါတယ်။

သူ့ရဲ့ အဆင့်အတန်းမြင့်မားလှတဲ့ ကိုယ်ကျင့်သိက်္ခဖြစ်ပါ တယ်။ ဒီလိုမှမဟုတ်ရင်တော့ ကိုယ့်ရဲ့ ကိုယ်ပိုင် Identity တွေ ပျောက်ဆုံးပျက် ပြယ်ပြီး သူတစ်ပါးအုပ်စိုးသူလူတန်းစား အာဏာရှင် အကြိုက် ခါးပိုက်ဆောင် ဘ၀ အထိနိမ့်ကျသွားနိုင်ပါတယ်။ အုပ်စိုးသူလူ တန်းစားရာထူးစည်းစိမ်တည်မြဲရေးအတွက် ကြိုးပမ်းဆောင် ရွက်နေရတဲ့ ဘ၀နဲ့ အဆင့် လောက်မှာပဲ ဆင်ခြင်တုံတရားနည်းပါး၊ ပညာဉာဏ်နည်းပါးလွန်းသူ လူတစ် ယောက်ရဲ့ အဆင့်လောက်မှာပဲ ကိန်းသေ““Constant”” ဖြစ်နေမှာသေချာပါတယ်။ ဒီလိုပါပဲ တိုင်း ပြည်တစ် ပြည်မှာလည်း ဒီတိုင်းပြည်ဟာ ဘာလဲ၊ ဘာတိုင်းပြည်လဲ၊ လူထုအပေါ်မှာ ဘယ်လိုစံနစ်နဲ့ စီမံအုပ်ချုပ်နေတဲ့ တိုင်းပြည်လဲဆိုတဲ့ တိုင်းပြည်တစ်ပြည်ရဲ့ Identity ရှိပါတယ်။ အသိနဲ့သတိ တရားလက်ကိုင် ထားနိုင်ကြပါ စေကြောင်းဗျာ။ ။

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald


မလေးရှားရဲအဖွဲ့ဟာ ထိုင်းနဲ့မလေးရှားနယ်စပ်မှာ လူတွေ အစုလိုက် အပြုံလိုက် မြှုပ်ထားတဲ့ ကျင်းတွေကို တွေ့ရှိခဲ့တယ်လို့ ပြည်ထဲရေး ၀န်ကြီးဌာနက မေ ၂၃ ရက်နေ့က ပြောပါတယ်။

လူတွေ မြှုပ်ထားတဲ့ ကျင်းတွေအပြင် လူကုန်ကူးသူတွေ အသုံးပြုတဲ့ စခန်းတွေလို့ ယူဆရတဲ့ နေရာတွေကိုလည်း တွေ့ရှိရတယ်လို့ ပြည်ထဲရေး ၀န်ကြီး အာမက် ဇာဟစ် ဟာမီဒီ က ပြောပါတယ်။

မလေးရဲတပ်ဖွဲ့နဲ့ အထူးရဲတပ်ဖွဲ့တို့ ပူးပေါင်းအဖွဲ့က မလေးရှားနဲ့ ထိုင်းနယ်စပ်မျာ စခန်းကြီး ၁၄ ခုနဲ့ စခန်းငယ် ၃ ခု ကို တွေ့ရှိခဲ့တယ်လို့ ပြောပါတယ်။

မလေးသတင်းစာတွေမှာလည်း လူတွေ မြှုပ်ထားတဲ့ ကျင်းပေါင်း ၃၀ ရှိပြီး လူပေါင်း ရာနဲ့ချီ မြှုပ်နှံထားတယ်လို့ ဖော်ပြပါတယ်။

စတား သတင်းစာမှာတော့ ကျင်းတကျင်းထဲကနေ အလောင်းပေါင်း ၁၀၀ နီးပါးကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

လျှို့ဝှက်စခန်းတွေ တွေ့ရတဲ့ ဒေသဟာ ကလီယံ အင်တန် Klian Intan နယ်မြေလို့ ခေါ်ပြီး ထိုင်းနယ်စပ်နဲ့ နီးပါတယ်။

မလေးရှား မြောက်ပိုင်းဒေသဟာ လူကုန်းသူသူတွေ အသုံးပြုတဲ့ လမ်းကြောင်းတခုဖြစ်ပါတယ်။

လူကုန်ကူးသူတွေဟာ ထိုင်းတောင်ပိုင်းကိုလည်း အသုံးပြုလေ့ရှိတဲ့အတွက် မလေးဘက်မှာ တွေ့ရတဲ့ လူတွေ မြှုပ်ထားတဲ့ ကျင်းတွေနဲ့ ထိုင်းဘက်မှာ ဒီလထဲမှာ တွေ့ရတဲ့ အလားတူ ကျင်းတွေကြားမှာ ဆက်စပ်မှုရှိမယ်လို့ မလေးရဲတွေက ယူဆနေကြပါတယ်။

ထိုင်းနိုင်ငံ ဆွန်ကလာ ပြည်နယ်ထဲမှာ အလောင်းပေါင်း ၂၆ လောင်းကို ဒီလထဲမှာ ရှာဖွေ တူဖော်နိုင်ခဲ့ပါတယ်။

ထိုင်းမှာ လူကုန်ကူးတဲ့ လမ်းကြောင်းကို ပိုက်စိပ်တိုက် ရှာဖွေ ဖော်ထုတ်နေတဲ့အချိန်မှာပဲ  ဒီလထဲမှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်က လူ ၃၀၀၀ ကျော်ဟာ မလေးရှားနဲ့ အင်ဒိုနီးရှားကို  လှေတွေနဲ့ ဆိုက်ရောက်ခဲ့ပါတယ်။

ပင်လယ်ထဲမှာ မျှောနေတဲ့ လူတွေ ထောင်နဲ့ ချီ ရှိနိုင်သေးတဲ့အတွက် အကူအညီတွေ ပေးဖို့နဲ့ ကယ်ဆယ်ဖို့ မလေးရှား ၀န်ကြီးချုပ်က ရေတပ်ကို ညွန်ကြားထားပါတယ်။

 By ဒီဗွီဘီ
http://burmese.dvb.no


စစ်တွေ၊ မေ ၂၂

ရက္ခိုင့်တပ်မတော် AA နှင့် ဆက်စပ်မှုရှိသည်ဟု သံသယ ဖြစ်ခံရသူ ၈ ဦးကို မြန်မာအာဏာပိုင်များက နောက်ထပ်ဖမ်းဆီးလိုက်သည်ဟု ကျောက်တော်မြို့မရဲစခန်း မြို့နယ်မှူးက အတည်ပြုပြောကြားသည်။

အဖမ်းခံရသူများသည် မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွားနေရာ ပတ်ဝန်းကျင် အနီးအနားရှိ  ပင်လုံနှင့် ကုလားချောင်းကျေးရွာများမှဖြစ်ပြီး ထိုအထဲတွင် ရာအိမ်မှူး ၂ ဦးလည်းပါဝင်ကြောင်း ကျောက်တော်မြို့ မြို့မရဲစခန်းမှ ပြောသည်။

အဆိုပါ ၈ ဦးတို့သည် ကုလားချောင်းပတ်ဝန်းကျင်တွင် AA က ပြုလုပ်သော အစည်းအဝေးကို တက်ရောက်ခဲ့ကြောင်း အထောက်အထားတွေ့ရှိရ၍ ယခုကဲ့သို့ ဖမ်းဆီးထားခြင်း ဖြစ်သည်ဟု ဆိုသည်။

“ကျွန်တော်တို့ ဖမ်းဆီးတဲ့အခါမှာ တပ်ဖွဲ့ဝင်၊ ကူညီပံ့ပိုးသူနဲ့ AA နဲ့ဆက်နွယ်မှု ရှိသူတွေကို ဖမ်းဆီးတာ ဖြစ်ပါတယ်။ ပထမ ဖမ်းဆီးထားတဲ့ ၂၃ ဦးကို ၁၇/၁ နဲ့ ၁၇/၂ ဥပဒေပုဒ်မတွေနဲ့ စွဲဆိုထားပါတယ်။ ၁၇/၁ နဲ့ ငြိရင် ထောင်သုံးနှစ်ကျခံရမယ်ဖြစ်ပြီး၊ ၁၇/၂ နဲ့ ငြိရင် ထောင် ၅ နှစ် ကျခံရမှာဖြစ်ပါတယ်”ဟု မြို့နယ်မှူးက ပြောသည်။

ခေါင်းဆောင်ပိုင်းကို ၁၇/၂ နှင့်စွဲထားပြီး၊ သာမန်ရဲဘော်နှင့် ဆက်နွယ်သူများကို ၁၇/၁ ဖြင့်စွဲထားသည်ဟု သိရသည်။

ယခင်ဖမ်းဆီးရမိထားသူများထဲတွင် တိုက်ပွဲအတွင်းဖမ်းမိသူ ၁၂ ဦးပါဝင်ပြီး၊ အခြားသူများမှာ အခြားနေရာများမှ ဖမ်းဆီးထားသူများဖြစ်သည်ဟု သိရသည်။

ထိုသို့ဖမ်းဆီးရခြင်းမှာ ရက္ခိုင့်တပ်မတော်မှ သင်တန်းတက်ရောက်သူ စာရင်းနှင့် ကိုယ်ရေး အကျဉ်းအထောက်အထားများကို ရရှိထား၍ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံထားသူများကို အမှုတည်ဆောက်ဆဲကာလတွင် မိသားစုဝင်များ အပါအ၀င် တစ်စုံတစ်ဦးနှင့်မှ  တွေ့ဆုံခွင့် မပြုခဲ့သော်လည်း အမှုတည်ဆောက်ပြီးစီးထားသူ ၂၀ ဦးကိုမူ မိသားစုများနှင့် မကြာမီ တွေ့ခွင့်ပြုပေးမည်ဟု ကျောက်တော်မြို့မ ရဲစခန်းမှ မြို့နယ်မှူးကပြောသည်။

စံမောင်သန်း / နိရဉ္စရာ
http://www.narinjara.com/burmese




ထိုင်းနိုင်ငံ ကန်ချနဘူရီ ခရိုင်က ကျားတွေမွေးထားတဲ့ ၀ပ်ပါလောင်တဘူ ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော် မျက်နှာကို ကျားက ကုတ်ခဲ့သလို လက်ကိုလည်း ကျားက ကိုက်ခဲ့ပါတယ်။

ဆရာတော်ရဲ့ မျက်နှာကို ကျားက ကုတ်ခဲ့တဲ့အတွက် နဖူးကနေ ပါးစပ်အကြားမှာ ဒဏ်ရာရခဲ့သလို ညာဘက်လက်ကိုလည်း ကိုက်ခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ရေးပါတယ်။

ဒီအတွက် ဆိုးဆိုးဝါးဝါး ဒဏ်ရာရခဲ့သလို ၄ နာရီကျော်ကြာမြင့်တဲ့ ခွဲစိတ်ကုသမှုကို ခံရမယ်လို့ ဆိုပါတယ်။

မတ် ၂၃ ရက် နေလယ်ပိုင်းက ဆရာတော်က ၇-၈ နှစ် အရွယ်ရှိတဲ့ ကျားအထီးကို သူနဲ့ အတူ လမ်းလျောက်ဖို့အတွက် ကြိုးနဲ့ ဆွဲယူဖို့ကြိုးစားရာမှာ တိုက်ခိုက်ခံရတာလည်း ဖြစ်ပါတယ်။

လည်ပင်းမှာ ပတ်ထားတဲ့ ကြိုးကိုဆွဲဖို့ ကြိုးစားရာမှာ ကျားက ကြောက်တဲ့အတွက် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ဆရာတော်ကို ဆေးရုံကို ပို့ထားပြီး ကုသမှုခံယူနေတယ်လို့ ဆိုပါတယ်။

ဒီဘုန်းကြီးကျောင်းမှာ ကျားတွေ အမြောက်အမြား မွေးမြူထားသလို ကျးတွေ ဘုန်းကြီးကျောင်းမှာ ဆက်လက်ထားရှိရေးအတွက် ထိုင်း တောရိုင်း တိရစ္ဆာန်နဲ့ အပင် ထိန်းသိမ်း စောင့်ရှောက်ရေးဌာနနဲ့ ထိပ်တိုက် ရင်ဆိုင်ခဲ့ပါတယ်။

ဒီဌာနက ရတ်ချနဘူရီက တောရိုင်းတိရစ္ဆာန်တွေ ထိန်းသိမ်းတဲ့ နေရာကို ပို့ဆောင်ဖို့ ကြိုးစားပေမယ့် ဘုန်းကြီးကျောင်းက ကန့်ကွက်ခဲ့ပါတယ်။ ကျားတွေက လူတွေနဲ့ ယဉ်ပါးပြီး အန္တရာယ်မပြုနိုင်ဘူးလို့ ဘုန်းကြီးကျောင်းက ပြောပါတယ်။

ဧပြီ ၂၄ ရက်မှာ ကျားတွေကို ကျောင်းမှာပဲ ဆက်လက် ထိန်းသိမ်းခွင့်ပေးဖို့ သဘောတူညီခဲ့ပါတယ်။

ဒီကျောင်းမှာ မွေးထားတဲ့ ကျားတွေကြောင့် နိုင်ငံခြားသား ခရီးသွားတွေ ဆွဲဆောင်နိုင်တဲ့ နေရာ တခုဖြစ်သလို တရက်ကို ၃၀၀ လောက်လာရောက် လည်ပတ်ကြပါတယ်။

ဒီနှစ်အစောပိုင်းက သြစတြေးလျ ခရီးသွားတဦးကို ကျားက တိုက်ခိုက်ခဲ့တဲ့အတွက် ခွဲစိတ်ကုသခံခဲ့ရပါတယ်။

 By ဒီဗွီဘီ
http://burmese.dvb.no
ဓာတ်ပုံ – အေအက်ဖ်ပီ

“ကော်မရှင်သာ တရားမျှတမှုမရှိဘဲ တစ်ဘက်ဘက်ကို ဘက်လိုက်မယ်ဆိုရင် ကျွန်တော် တို့ ဝေးလံ တဲ့ ဒေသတွေ ဖြစ် တဲ့ ပြည်နယ်တွေအနေနဲ့ စိုးရိမ်ရတာရှိ …”

၂၀၁၀ တုန်းကလိုဆက်ဖြစ်မယ်ဆိုရင် ပြဿနာတွေ အများကြီးပေါ်လာနိုင်ပါ တယ်။ နိုင်ငံ တကာကလည်း ဒီတစ်ကြိမ်ကို မျက်စိဒေါက်ထောက် ကြည့်နေပါတယ်။ မဲဆန္ဒရှင် လူထုကြီးကလည်း သေသေ ချာချာ စောင့်ကြည့်နေကြမှာ ဖြစ်ပါတယ် …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ရွေးကောက်ပွဲအကြိုပြင်ဆင်မှုများ၊ ရွေးကောက်ပွဲကာလ နိုင်ငံရေး အခင်းအကျင်းများနှင့် ပတ်သက်၍ ရှမ်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်နှင့် တွေ့ဆုံမေးမြန်းခဲ့သည်များ ကို ဖော်ပြအပ်ပါသည်။

● ၂၀၁၅ ရွေးကောက်ပွဲအတွက် ဆရာတို့ပါတီအနေနဲ့ ဘယ်လိုကြို တင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေ တာတွေရှိလဲ ဆရာ။

ရွေးကောက်ပွဲအတွက်တော့ ထိုက်သင့်တဲ့ပြင်ဆင်မှုတွေ လုပ်နေပါတယ်။ နယ်မြေစည်းရုံးရေးတွေ က အစလုပ် နေပါတယ်။ ဒါပေမဲ့ ကိုယ်စားလှယ်လောင်းတွေတော့ မရွေးချယ်ရသေးပါဘူး။ ရွေးကောက် ပွဲဆိုတာကလည်း အတော့်ကိုကျယ် ပြန့်တဲ့လုပ်ငန်းမို့လို့ ကျွန်တော်တို့ ကြိုပြီးပြင်ဆင်ထားကြတာ ဖြစ်ပါတယ်။ တကယ်လို့ ရွေး ကောက်ပွဲ ၀င်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ချခဲ့ရင် အဆင်သင့်ဖြစ်နေအောင်ပါ။ နီးတော့မှ ရွေးကောက် ပွဲဝင်မယ်ဆို တဲ့ ဆုံးဖြတ်ချက်ချခဲ့ရင် ကြိုတင်ပြင်ဆင်မှု မရှိထားရင် အောင်ပွဲရမှာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲ ကိစ္စ ဆုံး ဖြတ်ဖို့ကတော့ ကော်မရှင်ကတောင် ကျင်းပမယ့်ရက်တွေ မကြေညာသေးဘူးလေ။ နည်းဥပဒေတွေလည်း မသေချာသေး ဘူး။ ကော်မရှင်ဥပဒေကိုတောင်မှ အခုထိ ပြင်ဆင်ဖြည့်စွက်နေသေးတာ ခင်ဗျားတို့တွေ့မှာပါ။ ဆုံးဖြတ်ချက်ကတော့ နိုင်ငံရေးအရ ဆုံးဖြတ်ချက် ဖြစ်မှာပါ။…

● အောင်နိုင်ရေးအဖွဲ့တွေ ဖွဲ့ ထားတာရောရှိလားဆရာ၊ အောင်နိုင်ရေး အဖွဲ့တွေမှာရော ဆရာတို့ ပါတီက ဘယ် လိုပုဂ်္ဂိုလ်တွေကို တာဝန်ပေး ထားလဲ၊ ဆရာကရော အောင်နိုင်ရေးအဖွဲ့မှာ ဘယ်လို တာဝန်ယူနေလဲ ဆရာ။

လောလောဆယ် မဖွဲ့ရသေးပါဘူး။ ဆိုင်ရာမြို့နယ် အလုပ်အမှုဆောင် ကော်မတီတွေက အဓိက တာဝန်ယူ ဆောင်ရွက်နေဆဲပါ။ ဌာနချုပ်မှာတော့ ဒေသဆိုင်ရာ အလိုက် သင်တန်းအနေနဲ့ ဆွေး နွေးပွဲအနေနဲ့ သင်တန်း ပေးခဲ့တာ ၃ကြိမ်ရှိပါပြီ။ လူ ၁၀၀ နီးပါးရှိပါ တယ်။ နောက်ပြီး ရွေးကောက်ပွဲ နဲ့ပတ်သက်တဲ့ ကိစ္စ အ၀၀နဲ့လုပ် ထုံး လုပ်နည်းကိစ္စတွေကို ဒုတိယဥက္ကဋ္ဌ ခေါင်းဆောင်တဲ့ အလုပ်ကော်မတီက ဆောင်ရွက်နေပါတယ်။ campaign manager ခန့်ထားပြီး အချက်အလက်တွေကို စုဆောင်းနေပါတယ်။ ကျွန်တော်ကိုယ်တိုင်က တော့ လောလောဆယ် တခြားနိုင်ငံရေးတာဝန်တွေက အတော်ကိုများနေလို့ မ၀င်နိုင်သေးပါဘူး။ ဆုံး ဖြတ် ချက်ချပြီးရင်တော့ ထဲထဲဝင်ဝင်ဝင် ပါသွားမှာ ဖြစ်ပါတယ်။

● ဆရာဦးခွန်ထွန်းဦးရဲ့ ကျန်းမာရေးအခြေအနေက ရွေးကောက်ပွဲ ၀င်ဖို့ ဖြစ်နိုင်ခြေရှိလား။ သူ့ရဲ့ ကျန်းမာရေး အခြေအနေကို သိချင်ပါတယ်။

ခွန်ထွန်းဦးရဲ့ ကျန်းမာရေး ကောင်းနေပါတယ်။ ရွေးကောက်ပွဲဝင်၊ မ၀င်ဆိုတာကတော့ သူ့အနေနဲ့ခုထိ မဆုံး ဖြတ်ရသေးဘူးလို့ ကျွန်တော်ထင်ပါတယ်။ သူ့အနေနဲ့ လို အပ်တာမှန်သမျှ တာဝန်အရဆောင် ရွက်မယ်လို့ ကျွန်တော်တို့ အလုပ်အမှုဆောင်အဖွဲ့ကို တင်ပြထားပါတယ်။ အဓိကကတော့ ဗဟိုကော် မတီရဲ့သဘောထားနဲ့ သူ့ရဲ့ကိုယ် ပိုင်သဘောထားနှစ်ခုကို ပေါင်းစပ် စဉ်းစားသွားမှာပါ။ ဗဟိုကော်မတီ အနေနဲ့ နိုင်ငံရေးရှုထောင့်၊ နိုင်ငံ ရေးလိုအပ်ချက်အမြင်နဲ့ သုံးသပ်သွားမှာဖြစ်ပါတယ်။ သူ့အနေနဲ့ ဥက္ကဋ္ဌဆိုပြီး တစ်ယောက်တည်းဆုံး ဖြတ်သွားမှာ မဟုတ်ပါဘူး။ အားလုံးနဲ့တိုင်တိုင်ပင်ပင် လုပ်ကိုင်သွားနေကြအတိုင်း ဆက်လုပ်သွားမှာ ဖြစ်ပါ တယ်။

● ဆရာဦးခွန်ထွန်းဦးရဲ့ ကျန်းမာရေးအခြေအနေက လက်ရှိမှာ ဘယ်လိုအခြေအနေရှိလဲ ဆရာ။ အချို့တွေက လေဖြတ်သွားတယ်လို့၊ အိပ်ရာထဲကမထနိုင်ဘူးလို့ ပြောနေလို့ပါဆရာ။

အဲဒါမဟုတ်ပါဘူးဗျာ။ အခု လေးတင်တောင် ချစ်တီးထမင်း သွားစားနေတာ။ မနက်ဖြန်သန် ဘက်ခါဆိုရင် ကျွန်တော်တို့လားရှိုးတောင် သွားဦးမှာ၊ ခရီးဝေးတွေ တောင်သွားဦးမှာ။ ကျွန်တော်တို့ က အတူတူနေတာပဲ။ ဟိုဘက်အိမ် ဒီဘက်အိမ်။

● ဆရာတို့ပါတီအနေနဲ့ ရွေးကောက်ပွဲကော်မရှင်ကို တရားမျှတ မှုရှိမယ်လို့ယုံကြည်လား ဆရာ။

ကျွန်တော်တို့ အယူအဆကတော့ တရားမျှတမှုမရှိလို့ကို မဖြစ်တဲ့အခြေအနေပါ။ ဒီနေ့ ကျွန်တော် တို့နိုင်ငံရဲ့ ဖြစ်နေတဲ့ ပကတိနိုင်ငံ ရေးအခြေအနေကို ကြည့်လိုက်ရင် ရွေးကောက်ပွဲကို မမျှတအောင်၊ တစ်နည်းအားဖြင့် မသမာမှုတွေ လုပ်နိုင်လောက်တဲ့ အခြေအနေ မဟုတ်ပါဘူး။ ၂၀၁၀ တုန်း ကလို ဆက်ဖြစ်မယ်ဆိုရင် ပြဿနာ တွေ အများကြီး ပေါ်လာနိုင်ပါတယ်။ နိုင်ငံတကာ ကလည်း ဒီတစ်ကြိမ်ကို မျက်စိဒေါက်ထောက် ကြည့်နေပါ တယ်။ မဲဆန္ဒရှင်လူထုကြီးကလည်း သေသေချာချာ စောင့်ကြည့်နေကြမှာ ဖြစ်ပါတယ်။ ဒီတစ်ပွဲမှာတော့ ပြည် သူတွေရဲ့ ဆန္ဒအစစ်အမှန်နဲ့ ရွေးချယ်ပေး တဲ့ ပြည်သူ့ ကိုယ်စားလှယ်တွေရဖို့ကို အားလုံးက မျှော် လင့်ထားကြ တာပါ။

ကော်မရှင်ကို ကျွန်တော်တို့ တစ်တွေက ရွေးချယ်ခွင့် မရှိပါဘူး။ ကိုယ်ကြိုက်သည်ဖြစ်စေ၊ မကြိုက် သည်ဖြစ်စေ သူတို့နဲ့ပဲ ဆက်လုပ်သွားရမှာပါ။ သူတို့ဘက်ကလည်း တရားမျှတအောင် လုပ်မယ်လို့ အကြိမ်ကြိမ်ပြောနေ တာလည်း ရှိပါတယ်။ သံသယရှိနေသူတွေကို လည်းအပြစ်တင်လို့ မရပါဘူး။ ဘာလို့လဲဆိုတော့ သူတို့လည်း ညစ်ပတ်ခံခဲ့ရတဲ့ အတွေ့အကြုံကရှိနေတာကိုး။

● ဆရာတို့ပါတီအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ဘယ်ပါတီတွေနဲ့ အဓိကယှဉ်ပြိုင်ရမလဲဆရာ။

ကျွန်တော်တို့အနေနဲ့ အဓိက ယှဉ်ပြိုင်ရမယ့် ပါတီတွေကတော့ NLD, USDP, SNDP တို့ဖြစ်လိမ့်မယ်လို့ ယူဆ ထားပါတယ်။ ဘယ်လောက်မှန်မလဲ ဆိုတာကတော့ မပြောနိုင်သေးပါဘူး။ ထင်ရုံတင် ထင်ထားရတာပါ။

● ၂၀၁၅ရွေးကောက်ပွဲမှာ အင်အားအကြီးဆုံးပါတီအဖြစ် ဘယ်ပါတီတွေကို သတ်မှတ်ထားလဲဆရာ။

ခင်ဗျားကလည်းဗျာ။ အားလုံး သိကြတဲ့အတိုင်း NLD ,USDP တို့ပဲ ရှိတာပဲ။

● ရွေးကောက်ပွဲကာလမှာ ဆရာ တို့အနေနဲ့ ဘယ်နှနေရာလောက် ၀င်ရောက်ယှဉ်ပြိုင်ဖို့ရှိလဲဆရာ။

မဆုံးဖြတ်ရသေးပါဘူး။ အကယ်၍များ ပြိုင်ရမယ်ဆိုရင် ကျွန်တော်တို့ရုံးဖွင့် အခြေစိုက်ထားတဲ့ မြို့နယ် တွေမှာ ဖြစ်မှာပါ။ ပြည်သူလူထု မထောက်ခံဘဲနဲ့တော့ ငွေကုန်ခံ၊ အပင်ပန်းခံပြီးတော့ ရွေးကောက်ပွဲ မ၀င်ပါဘူး။ ပြည် သူလူထုကတောင်း ဆိုလာရင်တော့ နိုင်နိုင်ရှုံးရှုံးအစွမ်း ကုန်ကြိုးပမ်းအားထုတ်ပြီး ယှဉ်ပြိုင်သွားရမှာဖြစ် ပါတယ်။

● ကိုယ်စားလှယ်လောင်း ဘယ်နှယောက် လောက်လျာထားတာ ရှိလဲ ဆရာ။

ခုတင်က မေးတဲ့အတိုင်းပါပဲ။ ဘာမှမဆုံးဖြတ်နိုင်သေးပါဘူး။ တစ် ပြည်လုံး ၃၀၀၊ ၄၀၀၊ ၁၀၀၀ ၀င် ဖို့ကတော့ မရှိတာ သေချာပါတယ်။ နိုင်ငံရေးဆိုတာ ပုံသေပြောလို့မရပါဘူး။ မြန်မာပြည်မှာ တတိယ အကြီးဆုံး ပါတီကြီး ဖြစ်ရမယ် ဆိုတဲ့ ပါတီဟာလည်း နောက်ဆုံးမှာ မဲဆန္ဒနယ် တစ်ဆယ်နေရာလောက်နဲ့ အဆုံးသတ်သွားရတာ လည်း ဖြစ်နိုင်ပါတယ်။ ၁၉၉၀ တုန်းက တစ်ပြည်လုံးဝင်ပြိုင်ခဲ့ကြပြီး တစ်နေရာ ပဲနိုင်တဲ့လူရှိသလို တစ်နေရာမှ မနိုင်တဲ့ လူတွေလည်းရှိခဲ့တာပဲ။ အားလုံးက ပြည်သူလူထု အပေါ်မှာ မူတည်ပါတယ်။ ကျွန်တော်တို့ လူထုက စကားသိပ်မပြော တတ်ပေမယ့် မဲကိုတော့ ကောင်းကောင်းပေးတတ် တယ်လို့ ကျွန်တော်ယူဆပါတယ်။

● ဆရာတို့နယ်မြေတွေဘက်မှာ မတည်ငြိမ်မှုတွေက ရွေးကောက်ပွဲအပေါ် ထိခိုက်လာနိုင်သလား။

ထိခိုက်နိုင်ပါတယ်။ စိတ်ပူစရာကောင်းတာက မဲဆန္ဒနယ်မြေ သတ်မှတ်မှုဟာ ယှဉ်ပြိုင်တဲ့ပါတီ တွေနဲ့သိပ် မသက်ဆိုင်သလိုဖြစ်နေ တယ်။ အဲဒီသတ်မှတ်မှုကို ကော်မ ရှင်ကပဲသတ်မှတ်တာဖြစ်တာကြောင့် စိတ်ပူရ တာပါ။ ကော်မရှင်သာ တရားမျှတမှုမရှိဘဲ တစ်ဘက်ဘက်ကို ဘက်လိုက်မယ်ဆိုရင် ကျွန်တော်တို့ ဝေးလံတဲ့ ဒေသတွေဖြစ် တဲ့ ပြည်နယ်တွေအနေနဲ့ စိုးရိမ်ရတာရှိပါတယ်။

● ဆရာတို့ ဝေးလံတဲ့ဒေသတွေမှာ ကော်မရှင်အနေနဲ့ တရားမျှတ မှုမရှိဘဲ ဘက်လိုက်နေမယ်ဆိုရင် စိုးရိမ်ရတယ် ဆိုတဲ့အချက်က ဘယ် အချက်ကို ပြောတာလဲ ဆရာ။

ဥပမာဗျာ ကျွန်တော်တို့ နိုင်နိုင်တဲ့နေရာဗျာနော်၊ ကော်မရှင်က အတည်ပြုထားတဲ့ ဘက်လိုက်တဲ့ ပါတီပေါ့ဗျာ။ သူတို့က ရှုံးတယ်၊ အဲ့ နေရာမှာ အဲ့မှာလက်နက်ကိုင်တဲ့ အဖွဲ့အစည်းအကြောင်းပြပြီးတော့ သူက အဲ့နေရာကို လုံခြုံမှုမရှိဘူး ဆိုပြီး ရပ်လိုက်တယ်ပေါ့ ဗျာ။ ရွေး ကောက်ပွဲမကျင်းပဘူး လုပ်လိုက် မယ်ဗျာ။ ရွေးကောက်ပွဲ ကျင်းပ တယ်မကျင်းပဘူးက ကော်မရှင်ကပဲ ဆုံးဖြတ်ရမှာလေဗျာ။

● ရွေးကောက်ပွဲကာလနီးမှ ဆက်ပြီးဖြစ်နေတဲ့ မတည်ငြိမ်မှုတွေ အပေါ်မှာဘယ်လိုသုံးသပ်ချင်သလဲ။

ကျွန်တော့်အနေနဲ့ကတော့ ဖြစ်ရိုးဖြစ်စဉ်လို့ ယူဆပါတယ်။ တချို့ဖြစ်စဉ်တွေက တမင်ဖန်တီး နိုင်လောက် အောင် မလွယ်ပါဘူး။ တမင်လုပ်နိုင်တာတွေတော့ ရှိပါ တယ်။ ဥပမာအားဖြင့် ပြောရမယ်ဆိုရင် ဆန္ဒပြသူ တွေကို ရွေးကောက် ပွဲကာလတွေမှာ အကျဉ်းချထားတာတို့၊ အချုပ်နဲ့ထားတာတို့ပေါ့။ အစိုးရတွေအဖို့ကတော့ လုပ်ရိုး လုပ်စဉ်လို့ ပြောနိုင်ပါတယ်။

● ခုချိန်အထိမပြင်သေးတဲ့ ပုဒ်မ ၄၃၆ နဲ့ ၅၉(စ)ကို ဘယ်လိုမြင်လဲ ဆရာ။

အမှန်ကတော့ တစ်ခုခုကို မဖြစ်မနေပြင်ရမှာဖြစ်ပါတယ်။ ဘာကြောင့်များ နှောင့်နှေးနေတာလဲတော့ ကျွန်တော် မသိပါဘူး။ ဖြစ်ချင်တော့ ဒီဥပဒေတွေကို ပြင်ဆင် ဖို့ဆိုတာက ဥပဒေပြုအဖွဲ့အစည်း ဖြစ်တဲ့ လွှတ်တော်ကသာ လုပ်ပိုင် ခွင့်ရှိတာဖြစ်ပါတယ်။ ကျွန်တော်တို့ လွှတ်တော်ပြင်ပက လူတွေအနေနဲ့ ဘာမှတော့မတတ်နိုင်ပါဘူး။ အလွန်ဆုံး ကျွန်တော်တို့လုပ်ခဲ့တာ ပုဒ်မ-၄၃၆ ကို ပြင်ဆင်ဖို့ မဲဆန္ဒပေးခွင့်ရှိ သူ ငါးသန်းနီးပါးကို လက်မှတ်ထိုး ပြီး လွှတ်တော်ကို ပို့ပေးတာလောက်ပဲ တတ်နိုင်ခဲ့တယ်။ လွှတ်တော်အနေနဲ့လည်း ဒီနေ့နိုင်ငံတော်မှာ ဖြစ်နေတဲ့ နိုင်ငံရေး အခြေအနေ အရပ်ရပ်ကို မျက်ခြည်မပြတ်ဘဲ ဆက်စပ်စဉ်းစားပြီး ဥပဒေကိစ္စတွေကိုစဉ်းစားသင့်တယ် လို့တော့ ကျွန်တော်ပြောချင်ပါတယ်။

● ဆရာတို့ပါတီအနေနဲ့ ပြည်သူတွေအပေါ် ပြောကြားချင်တဲ့ မှတ်ချက်မျိုး ရှိလား ဆရာ။

ကျွန်တော်တို့ ပါတီအနေနဲ့ ဖြတ်သန်းမှု ၂၇ နှစ်ထဲမှာ ရှိနေပါပြီ။ သို့သော်လည်းပဲ ပြည်သူတွေ လိုအပ်ချက်ဖြစ် တဲ့ ဒီမိုကရေစီနိုင်ငံရေးစနစ် ထူထောင်ဖို့ကို ဒီနေ့အချိန်အထိ ကျွန်တော်တို့ တာဝန် မကျေပွန်သေးဘူး ဆိုတာ ကိုတော့ ၀န်ခံချင်ပါတယ်။ ဒီမိုကရေစီနိုင်ငံရေးစနစ်ကို ကျင့်သုံးတဲ့ ဖက်ဒရယ် ပြည်ထောင်စုတစ်ရပ် ထူထောင် နိုင်ဖို့ ဆက်လက်ကြိုးပမ်း သွားပါမယ်လို့တော့ ပြောချင်ပါတယ်။

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald


သာဝတ်ချိန် ကွန်ဝမ် (ဓာတ်ပုံ - Piyarach Chongcharoen) သာဝတ်ချိန် ကွန်ဝမ် (ဓာတ်ပုံ - Piyarach Chongcharoen)

ထိုင်းနိုင်ငံ ကန်ချနဘူရီ ဆေးရုံမှာ ၄ နှစ်အရွယ် မြန်မာကလေးငယ်ကို ပြန်ပေးဆွဲမှုနဲ့ အသက် ၂၄ နှစ် နားမကြားတဦးဖြစ်တဲ့ သာဝတ်ချိန်ကွန်ဝမ်ကို ဖမ်းဆီးလိုက်ပါတယ်။

မေ ၁၄ ရက်ညက ကလေးငယ်ကို ဖဟွန်ဖယုဟဆေနား ဆေးရုံကနေ ပြန်ပေးဆွဲသွားတာလို့ သာဝတ်ချိန် ကွန်ဝမ်က ပြောပါတယ်။

လူနာ ဆွေမျိုးသားချင်းတွေ စောင့်နေတဲ့ နေရာကို ၀င်ရောက်ခဲ့ပြီး အနီးနားက တောအုပ်ထဲကို ကလေးကို ခေါ်ဆောင်သွားတယ်လို့ သူက ပြောပါတယ်။

ဒီနောက်မှာတော့ ကလေးရဲ့ အ၀တ်အစားတွေကို ချွတ်လိုက်ပြီး လိင်ပိုင်းဆိုင်ရာ မတော်မတရား လုပ်ဆောင်ဖို့ ကြိုးစားပေမယ့် ကလေးက အရမ်းငယ်လို့ မအောင်မြင် ဖြစ်ခဲ့ရတယ်လို့ ပြောပါတယ်။

ဒါပေမယ့် တကိုယ်ရည် အာသာဖြေဖျောက်ပြီး ကလေးက ငိုလာတဲ့ အချိန်မှာ ကလေးအိပ်တဲ့အထိ ချော့သိပ်ခဲ့ပြီး နောက်ကလေးကို ထားခဲ့ကာ စက်ဘီးစီး အိမ်ပြန်ခဲ့တယ်လို့ ဆိုပါတယ်။

ကန်ချနဘူရီ ရဲတပ်ဖွဲ့အကြီးအကဲက သံသယရှိသူကို ဒေသခံတွေက ပေးတဲ့ အချက်အလက်နဲ့ ၈ ရက်ကြာ ရှာဖွေခဲ့သလို သာဝတ်ချိန်ဟာ စိတ်ကျန်းမာရေး ကောင်းမွန်တဲ့သူ ဖြစ်တယ်လို့ ပြောပါတယ်။

ကလေးပျောက်ကြောင်း မိခင်က တိုင်ချက်ဖွင့်ထားပြီး မေ ၁၅ ရက် မနက်ပိုင်းက ခန္ဓာကိုယ်မှာ ဒဏ်ရာတွေနဲ့ ကလေးကို တွေ့ရှိကယ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

လုံခြုံရေးအတွက် ထောက်လှမ်းစောင့်ကြည့်တဲ့ ကင်မရာမှာတော့ ကလေးကို လူရွယ်တဦးက ခေါ်ဆောင်သွားတာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/94315

မေလ (၂၃) ရက်နေ. တွင် ဘင်္ဂလီ လူမျိုးများအား ထိန်းသိမ်း ထားသည့် အလယ်
သံကျော်ရွာတွင် ကုလသမဂ အထွေထွေအတွင်း ရေးမှူးချုပ် ဘန်ကီမွန်း၏ အထူးကိုယ်စားလှယ်ဗီဂျေး နမ်ဘီးယား ၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်၊ မြန်မာနိုင်ငံ
ဆိုင်ရာ ကုလသမဂဆိုင်ရာ ညှိနှိုင်းရေးမှူးမစ်ရီနားတား ၊UNOCHA ၊UNHCR
အကြီးအကဲများ အပါအ၀င်နိုင်ငံတကာမှ တာဝန်ရှိပုဂ္ဂိုလ်များ ၊ သတင်းမီဒီယာများ သွားရောက် တွေ.ဆုံ မေးမြန်းစစ်ဆေးခဲ့ကြရာ ၊ “ သူတို့သည် ဘင်္ဂလာဒေ့ရှ် နိုင်ငံသား ဘင်္ဂလီများဖြစ်ပြီး ၊ ဘင်္ဂလာဒေရှ် ကမ်းခြေမှ ထွက်ခွာလာတာ ၃ လ နှင့် ၁၂ ရက် ရှိပြီဖြစ်ကြောင်း ၊ ဘင်္ဂလာဒေ့ရှ် သို့ အမြန်ပြန်ပို့ပေးစေလိုကြောင်း “ ထိန်းသိမ်း
ကယ်တင်ထားခဲ့ရသူ ဘင်္ဂလီဒုက္ခ သည်များမှ ဖြေကြားခဲ့ကြောင်း သိရှိရပါသည် ။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်မှ “ ရခိုင်လူမျိုးများ နှင့်အစိုးရသည် အနောက်နိုင်ငံ မီဒီယာများ
စွပ်စွဲသလို အစွန်းရောက်သည့် လူ့အခွင့်ရေး ချိုးဖောက်သူများမဟုတ်ဘဲ ဘယ်နိုင်ငံသား
ကိုမဆို ဒုက္ခရောက်လျင် အကြင်နာတရားနှင့် အကူညီပေးတတ်သူများဖြစ်ကြောင်း မျက်မြင်ကိုယ်တွေ့ပင် ဖြစ်ကြောင်း နှင့် ဤလှေစီးဒုက္ခသည်များ၏ ဆန္ဒအတိုင်း
ဘင်္ဂလာဒေ့ရှ်သို့ အမြန်ဆုံး ပို့ပေးမည်ဖြစ်ကြောင်း ၊ ဤလှေစီးဒုက္ခသည်များအတွက် မည်သူပင်တောင်းဆို မည်သို့ပင်ဖြစ်စေ မြန်မာပြည်ထဲတွင် ဒုက္ခသည်စခန်း ဖွင့်ပေး
မည် မဟုတ်ကြောင်း ပြောကြား “ သွားခဲ့ပါသည်။

ထို.နောက် သွားရောက်တွေ.ဆုံခဲ့ကြသည့် ကုလသမဂဆိုင်ရာနှင့် နိုင်ငံတကာ တာဝန်
ရှိသူ အကြီး အကဲများက ရခိုင်လူမျိုး ၊ ပြည်ထောင်စု/ပြည်နယ်အစိုးရ အား ကျေးဇူး
တင်ပါကြောင်း ပြောကြား သွားခဲ့ကြောင်း သိရပါသည် ။ အတူလိုက်ပါလာသော ဘင်္ဂလာရှေ့ကောင်စစ်ဝန်မှတော့ တစ်စုံ တစ်ရာတုန်.ပြန်ဖြေရှင်းခြင်းမရှိပဲ ခပ်ငူငူ ၊ ခပ်မှိုင်မှိုင်သာ ထိုင်နေသည်ကိုတွေ.ခဲ့ရကြောင်း သိရှိ ခဲ့ရပါသည်။

သတင်း-Kyaw Swar Myint ( Tomorrow )
ဓါတ်ပုံ-Than Tun Than.


လူအများစုဟာ Facebook ရဲ့ အန္တရာယ်ကို သတိမမူမိကြဘဲ ဒီလူမှုကွန်ရက်ဆိုက် ထဲ မှာ သူတို့ရဲ့ Profile တွေကို ဖန်တီးခဲ့ကြပါတယ်... Facebook ဟာ ကမ္ဘာအနှံက လူ တွေကို မိတ်ဆွေဟောင်းတွေနဲ့ပြန်ဆက်သွယ်နိုင်ဖို့... ပြီးတော့ မိတ်ဆွေသစ် တွေရရှိ စေဖို့အတွက် ဆက်သွယ်ပေးတဲ့ ကြားခံစနစ်တစ်ခုအနေနဲ့ လုပ်ဆောင်ပေး နေပါ တယ်... ဒါပေမဲ့ ဒီလူမှုကွန်ရက်ဆိုက်ဟာ အကျိုးကျေးဇူးတွေရှိနေသလို အန္တရာယ် တစ်ချို့နဲ့လည်း ဆက်နွယ်ပတ်သက်နေပါတယ်....
------------------------------------------------------------------

Facebook ၏ အန္တရာယ်များကို သိမြင်နားလည်ခြင်း
------------------------------------------------------------------
Facebook ရဲ့ အန္တရာယ်တွေကို သိမြင်နားလည်ထားခြင်းဖြင့် သင့်ကွန်ပျူတာနဲ့ သင့်ကို ကာကွယ်ပေးနိုင်ပါလိမ့်မယ်... သင့်အနေနဲ့ ဒီလူမှုကွန်ရက်ဆိုက်ကို ရှောင်ကျဉ်နေစရာ မလိုပါဘူး... လုံခြုံဘေးကင်းစွာရှိဖို့ ဘာတွေကိုလုပ်ရမယ်... ဘာတွေကိုမလုပ် ရဘူးဆို တာ သိဖို့ပဲလိုပါတယ်...

------------------------------------------------------------------
သင့် Profile (သင်ဘာရေးသည်ကို ဂရုပြုပါ...)
------------------------------------------------------------------
အခုခေတ်အခါမှာ အလုပ်ရှင်တွေ... ကောလိပ်ဝင်ခွင့်လက်ခံမယ့်သူတွေဟာ လျှောက် လွှာရှင်တွေကို Facebook မှာရှာဖွေပြီး သူတို့ခန့်အပ်လက်ခံမယ့်သူတွေရဲ့ အသေးစိတ် အချက်အလက်တွေ ရရှိအောင်လုပ်ဆောင်လေ့ရှိကြပါတယ်... အမြင်မတော်တဲ့ Profile တစ်ခု ဖန်တီးပြုလုပ်ထားမိတယ်ဆိုရင် သင့်ဘဝကိုအဆုံးအဖြတ်ပေးနိုင်တဲ့ ပုဂ္ဂိုလ်တွေ ကမြင်တွေ့ပြီး... သင့်အနာဂတ်အပေါ် ရိုက်ခတ်လာမှာသေချာပါတယ်....

အလုပ်ရှင်တွေ ကောလိပ်ဝင်ခွင့်လက်ခံမယ့်သူတွေ အမြင်မတင့်တယ်တာ မျိုးမဖြစ် အောင် သင့်ကိုယ်သင် ပြသထားချင်တယ်ဆိုရင်တော့ သင့် profile ကို private ထား လိုက်ခြင်းဖြင့် သင်မြင်တွေ့စေချင်တဲ့သူတွေကပဲ မြင်တွေ့စေနိုင်ပါလိမ့်မယ်... နောက် တစ်နည်းကတော့ သင့်ရဲ့ profile ကို public လုပ်ပြီး သင်ဟာဘယ်လို အရည်အချင်း ရှိတဲ့သူဖြစ်မှန်းသိသာအောင် ပြန်လည်ဖန်တီးယူထားရပါမယ်...

-----------------------------------------------------------------

ပုဂ္ဂလိကအချက်အလက်တွေကို Private မှာပဲထားပါ...
------------------------------------------------------------------
တစ်ချို့လူတွေဟာ တခြားသူတွေနဲ့ Websites တွေကို အလွန်အကျွံယုံကြည်တတ်ကြ ပါတယ်... သူတို့ရေးသားသမျှ ပုဂ္ဂလိကအချက်အလက်တွေကို လူပေါင်းသန်းနဲ့ချီ တွေ့ ရှိနိုင်ပြီး အဲ့လိုတွေ့နိုင်တဲ့သူတွေထဲမှာ ပစ်မှတ်သားကောင်ကိုရှာဖွေနေတဲ့ ဒုစရိုက်သမား တွေလည်း ပါဝင်နေတယ်ဆိုတဲ့အချက်ကို မေ့နေတတ်ကြပါတယ်...
လူမှုကွန်ရက်ဆိုက်တွေဟာ ကိုယ်ရေးအချက်အလက် သူခိုးတွေအတွက် မွှေနှောက်ရှာ ဖွေစရာမြေပြင်အသစ်ဖြစ်နေတတ်ပါတယ်.... ဘာကြောင့်လဲဆိုတော့ တစ်ချို့လူတွေ ဟာ သူတို့ရဲ့ အချက်အလက် အမြောက်အမြားကို ရေးသားဖော်ပြထားကြတဲ့အတွက် အဲ့ဒီအချက်အလက်တွေကို အသုံးပြုကာ အဲ့ဒီလူအဖြစ် ပုံမှားရိုက်တာ မျိုးတွေလုပ် ဆောင်လာနိုင်ပါတယ်... သင့်ရဲ့ကိုယ်ရေးအချက်အလက်တွေကို တစ်ယောက် ယောက် က ခိုးယူသွားပြီး အဖျက်လုပ်ငန်းတွေလုပ်ဆောင်လာနိုင်ပါတယ်...
သင့်အကြွေးဝယ်ကတ်ကို အကုန်သုံးပစ်တာမျိုးဖြစ်နိုင်သလို သင့်နာမည်နဲ့ ရာဇဝတ် မှုတွေကျူးလွန်တာမျိုးအထိ ဖြစ်လာနိုင်ပါတယ်... ဒီအဖြစ်တွေဟာ နောင်အခါ သင်အ လုပ်ရှာလို့မရနိုင်တဲ့အထိ အကျိုးသက်ရောင်မှု ရှိသွားစေနိုင်ပါတယ်... ဒါ့အပြင် ဒုစရိုက် သမားတွေ အကြမ်းဖက်သမားတွေဟာ Facebook လိုမျိုး လူမှုကွန်ရက်ဆိုက်တွေကို ရှာဖွေပြီး သူတိုအတွက် လက်ရှိပစ်မှတ်နဲ့ နောက်ထပ်ပစ်မှတ်တွေရဲ့ အချက်အလက် အသေးစိတ်ကို ရယူလေ့ရှိကြပါတယ်... အနုကြမ်းသမားတစ်ယောက်ဟာ သင့်အချက် အလက်တွေကို တွေ့ရှိခဲ့မယ်ဆိုရင် သင့် page မှာ သင်ဘာတွေရေးနေ တယ်ဆိုတာ ကအစ လိုက်ကြည့်နေမှာဖြစ်ပြီး သင်အခု အိမ်မှာရှိနေသလား... အလုပ်ထဲမှာရှိနေ သ လားဆိုတာတွေကိုပါ ရှာဖွေဖော်ထုတ်တာမျိုးအထိ ဖြစ်လာနိုင်ပါတယ်...

------------------------------------------------------------------
သူစိမ်းဟာ သူစိမ်းပါပဲ..
------------------------------------------------------------------
သင်ဟာ လူတစ်ယောက်ကို ပထမဆုံးအကြိမ်အဖြစ် အပြင်မှာတွေ့တဲ့အခါ အဲ့ဒီလူဟာ ဘယ်လိုလူ... ဘာကိုလိုချင်နေတာလဲဆိုတာ သိဖို့ အတော်ခက်ခဲပါလိမ့်မယ်... online လောကမှာလည်း အတူတူပါပဲ... online လောကဆိုတာ သူတို့ရဲ့ဘဝကို အလွန်အ ကျွံပုံကြီးချဲ့ပျော်မွေ့နေတဲ့သူတွေ... ဒါမှမဟုတ် တကယ့်ဘဝနဲ့ လုံးဝကွဲပြားတဲ့ အခြေအ နေတစ်ခုကို ဟန်ဆောင်ဖန်တီးထားတဲ့သူတွေအတွက် အကောင်းဆုံး နေရာတစ် ခုဖြစ် ပါတယ်... တကယ်လို့သင်ဟာ Facebook for online dating ကို အသုံးပြုဖို့ စိတ်ဝင် စားတယ်ဆိုရင် သင်ဘယ်သူနဲ့တွေ့ဆုံမယ်... ဘယ်လိုလူတွေကိုပြောဆို နေတယ်ဆို တာကို သတိပြုဖို့လိုပါမယ်... Facebook ရဲ့ ဒီအန္တရာယ်ကတော့ သင့်ကို စိတ်ခံစားမှု အရှုပ်အထွေးတစ်ခုထဲမှာ နှောင်ဖွဲ့ခံသွားရစေနိုင်ပါတယ်... ဘာကြောင့်လဲဆိုတော့ သင်က တစ်စုံတစ်ယောက်ကို သင့်အတွက် ပြည့်စုံသင့်တော်တယ်လို့ ထင်ကောင်း ထင်နေပါလိမ့်မယ်... ဒါပေမဲ့ သူ ဒါမှမဟုတ် သူမဟာ သင်ထင်သလိုမဟုတ်ကြောင်း တွေ့လာရပါလိမ့်မယ်...

------------------------------------------------------------------
ဆယ်ကျော်သက်ပစ်မှတ်ထားသူတွေကို သတိပြု...
------------------------------------------------------------------
ဆယ်ကျော်သက်ပစ်မှတ်ရှာသူတွေဟာ ဆယ်ကျော်သက် chat room တွေနဲ့ Face book လိုမျိုး လူမှုကွန်ရက်ဆိုက်တွေမှာ ကျင်လည်တတ်ကြပါတယ်... အရွယ်ရောက် ပြီးဖြစ်တဲ့ အဲ့လိုလူတွေဟာ ဆယ်ကျော်သက်တွေ ဝင်လေ့ရှိတဲ့ဆိုက်တွေကို ရှာဖွေ တတ်ပြီး သူတို့ကိုယ်သူတို့ ဆယ်ကျော်သက်ဟန်ဆောင်ပြီး ပြောဆိုရေးသား တတ်ကြ ပါတယ်...သူတို့ဟာ ဆယ်ကျော်သက်တွေကို သိအောင် ခင်မင်အောင်ပေါင်းမယ်... ပြီးရင် အပြင်မှာတွေ့ဖို့ ကြိုးစားကြပါလိမ့်မယ်.... များသောအားဖြင့်တော့ အဲဒီကလေး တွေရဲ့အိမ်မှာ မိဘတွေမရှိတဲ့အချိန်မျိုးကို စီစဉ်တတ်ကြပါတယ်... ဒီလိုအဖြစ်မျိုးဟာ မိ ဘတွေအတွက် တုန်လှုပ်စရာသတင်းဆိုးတွေပါပဲ... ဒါပေမဲ့ အဲ့ဒီလိုမဖြစ်အောင်လည်း စီမံလို့ရပါတယ်... သင့်ကလေးတွေ... ဆယ်ကျော်သက်တွေရဲ့ အင်တာနက် အသုံးပြုမှု ကို စောင့်ကြည့်ဖို့လိုပါမယ်... သူတို့မှာ Facebook account ရှိမယ်ဆိုရင် သူတို့ရဲ့ pro file ကို သင်ကြည့်ချင်တဲ့အချိန် ဝင်ကြည့်နိုင်အောင် ရှင်းလင်းထားခိုင်းရပါမယ်... သင့် ကလေးတွေ ဝင်မကြည့်နိုင်အောင် တစ်ချို့ဆိုက်တွေကိုလည်း block လုပ်ထားဖို့ လိုပါ လိမ့်မယ်....

------------------------------------------------------------------
Facebook မှ ကွန်ပျူတာ Virus များကို download ပြုလုပ်မိခြင်း
------------------------------------------------------------------
Red Herring The Business of Technology
(http://www.redherring.com/?s=The+Business+of+Technology) ရဲ့ အဆို အရ လူမှုကွန်ရက်ဆိုက်တွေမှာ အသုံးပြုနေတဲ့သူတွေရဲ့ ခန့်မှန်း ၈၃ ရာခိုင်နှုန်းဟာ တခြားလူတွေရဲ့ profile ကနေ download လုပ်ကြတယ်လို့ သိရပါတယ်... တကယ် တော့ ဒီဖိုင်တွေဟာ အရင်းအမြစ်မသိတဲ့နေရာက လာကြတာဖြစ်ပြီး တစ်ချို့ဆိုရင် သင့် ကွန်ပျူတာကို ပျက်စီးစေမယ့် ဒါမှမဟုတ် သင်နဲ့ သက်ဆိုင်တဲ့ ပုဂ္ဂလိကအချက် အ လက်တွေကို စုဆောင်းရယူမယ့် virus တွေ တောင်ပါနေတတ်ပါတယ်...
ပထမအဆင့်အနေနဲ့ ကာကွယ်ရမယ့်နည်းလမ်းကတော့ သင်တကယ်ယုံကြည်ရ တဲ့သူ တွေဆီကပဲ download ချဖို့ဖြစ်ပါတယ်... နောက်တစ်ချက်အနေနဲ့ သင့်ရဲ့ antivirus software ကို အမြဲ up to date ဖြစ်ဖို့နဲ့ online ပေါ်တက်တိုင်း ဖွင့်ထားဖို့ဖြစ်ပါတယ်...

------------------------------------------------------------------
အင်တာနက်စွဲလမ်းမှုပြဿနာ
------------------------------------------------------------------
လူမှုကွန်ရက်ဆိုက်တွေဟာ စိတ်ပျော်ရွှင်မှုနဲ့ စွဲလမ်းမှုကို ဖြစ်စေပါတယ်... မိတ်ဆွေ သစ်တွေရမယ်... မိတ်ဆွေဟောင်းတွေနဲ့ ပြန်ဆုံမယ်... ပြီးတော့ စိတ်ဝင်စားစ ရာနေ ရာတွေကို နေ့စဉ် နာရီပေါင်းများစွာ လှည့်လည်လေ့လာနေလို့ရပါတယ်... အဲ့ဒီလိုနေ ရင်းနဲ့ သင့်ရဲ့ အလုပ်စွမ်းဆောင်ရည်တွေကျဆင်းလာတာကို စတင်သတိပြုမိကောင်းပြု မိလာပါလိမ့်မယ်... ဒါမှမဟုတ် အလုပ်မှာ ဒီလိုဆိုက်တွေကို အသုံးပြုခြင်းကြောင့် သင် အလုပ်လည်း ပြုတ်သွားနိုင်ပါတယ်.... နောက်တစ်ခုက သင်ကကျောင်းသားဆိုရင် စာ ကျက်တာတွေ... အတန်းတက်တာတွေထက် Facebook မှာ အချိန်ကုန်နေတာက ပို များနေပါလိမ့်မယ်... အဲ့ဒီအကျိုးဆက်ကြောင့် အမှတ်နည်းတာ... အဆင့်ကျ လာတာ ကိုလည်း ကြုံရလာပါမယ်... Facebook ဟာ သင့်ရဲ့ဘဝကို စပြီး အနှောင့် အယှက် ပေးနေပြီဆိုရင် သင့်မှာ အင်တာနက်စွဲလမ်းမှု တော်တော်ဖြစ်နေပါပြီ... ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ ဘာအကြောင်းကြောင့်ပဲ အင်တာနက်သုံးသုံး... သုံးဖြစ်တဲ့အချိန်တိုင်း ကိုယ့်ဘာသာပြန်သုံးသပ်ကြည့်ဖို့လိုပါလိမ့်မယ်... အချိန်အပိုင်းအခြားတစ်ခုကြာတိုင်း ပုံမှန်နားပေးရပါမယ်... အလုပ်မလုပ်ဘဲ online တက်လိုက်ဦးမယ်လို့ စိတ်ကူးမယ့် အ စား... အလုပ်တစ်ခုပြီးမှ ဆုပေးတဲ့အနေနဲ့ စသုံးတာမျိုးဖြစ်အောင် လုပ်သင့်ပါတယ်... ဒါမှမဟုတ်ရင်တော့ သင့်ကိုယ်သင်ထိန်းချုပ်နိုင်တဲ့ အချိန်ရောက်တဲ့အထိ တစ်ယောက် ယောက်ကို သင် Facebook ထဲ မဝင်နိုင်အောင် block လုပ်ပေးဖို့ အကူအညီတောင်း သင့်ပါတယ်... ဥပမာ password ပြောင်းခိုင်းပြီး ကိုယ့်ကိုပြန်မပြောဘဲ ထားလိုက် တာမျိုးလည်း လုပ်နိုင်ပါတယ်...

------------------------------------------------------------------
Facebook အန္တရာယ် ကင်းစေဖို့...
------------------------------------------------------------------
Facebook အန္တရာယ်ဆိုတာ သင့်ကို ဒီလူမှုကွန်ရက်ဆိုက်ကို အသုံးပြုတာ ရပ်တန့် လိုက်ဖို့ အကြောင်းပြချက်တွေမဟုတ်ပါဘူး... ဘာကြောင့်လဲဆိုတော့ ဒီလိုအသုံးပြုတာ ကလည်း သင့်အတွက် အကျိုးအမြတ်ရရှိစေနိုင်လို့ပါပဲ... သင့်အနေနဲ့ အလုပ် ဒါမှ မဟုတ် စာသင်ကြားမှုအတွက် အထောက်အပံ့အကျိုးအမြတ်ရနိုင်ဖို့လည်း သုံးနိုင်ပါ တယ်... သက်တောင့်သက်သာအေးအေးလူလူနဲ့လည်း သုံးနိုင်ပါတယ်. ..သင့်အနေနဲ့ သတိပြုဖို့လိုတာက သင်ဘယ်လိုအသုံးပြုနေတာလဲ..... ပြီးတော့ သတင်းအချက် အ လက်တွေကို သင်ဘယ်လောက်ရေးသားခဲ့သလဲ...ဘယ်လောက်ရယူအသုံးပြုခဲ့လဲဆို တာတွေပါပဲ... online ဆိုတာကလည်း အပြင်လောကအတိုင်းပါပဲ... လူတိုင်းကို မယုံ ကြည်ဖို့နဲ့ သံသယရှိတဲ့သူတွေကို စောင့်ကြည့်ဖို့လိုပါတယ်... သင့်အနေနဲ့ ဒီအကြံပြု ချက်လေးတွေကို သတိပြုလိုက်နာမယ်ဆိုရင် Facebook ကို သောကကင်းကင်းနဲ့ ပျော် ပျော်ရွှင်ရွှင်အသုံးပြုနိုင်မှာသေချာပါတယ်....


Ref: http://www.lovetoknow.com/

ဒီမိုကရေစီစံနှုန်းတွေနဲ့ မကိုက်ညီတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက အချက်တွေကို ပြင်ဖို့ ပြည်သူတွေ မနစ်နာ၊ မထိခိုက်တဲ့ နည်းကို ရွေးချယ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

ကချင်ပြည်နယ် ပူတာအိုမြို့မှာ မေလ ၂၃ ရက်နေ့က ပြုလုပ်တဲ့ လူထုတွေ့ဆုံပွဲမှာ ပြောဆိုလိုက်တာပါ။

ဖွဲ့စည်းပုံ ပြင်ရေးကို ဥပဒေဘောင်အတွင်းက လုပ်မှာ ဖြစ်ပြီး ဆူပူလှုံ့ဆော် ဆန္ဒပြတဲ့နည်းနဲ့ မဟုတ်ဘဲ လုပ်မယ်လို့ ပြောပါတယ်။

ဒါ့အပြင် အဖွဲ့ချုပ်အနေနဲ့ စဉ်းစားထားတာတွေကို ပြောသင့် ပြောထိုက်တဲ့အခါမှာ ပြောမယ်လို့ ဆိုပါတယ်။

ပူတာအို လူထုတွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူတွေက မေးမြန်းတဲ့ မေးခွန်းတွေကို ဖြေဆိုခဲ့ပြီး လက်ရှိ နိုင်ငံရေးအခြေအနေ၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ၂၀၁၅ ရွေးကောက်ပွဲ အခြေအနေတွေကို ဆွေးနွေးခဲ့ပါတယ်။

ပူတာအို လူထု စည်းရုံးရေး ခရီးစဉ်မှာ မြစ်ကြီးနား၊ မိုးကောင်း၊ ဖားကန့်စတဲ့ ဒေသတွေ ပြည်သူတွေ ထောင်နဲ့ချီပြီး တက်ရောက်ခဲ့ပါတယ်။

ဓာတ်ပုံ – NLD Chairperson
By ဒီဗွီဘီ
http://burmese.dvb.no/archives/94279

ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့ရှိ ဗြိတိသျှ ကိုလမ်ဘီယာ တက္ကသိုလ် Peter A. Allard ဥပဒေရေးရာကျောင်း၏ နှစ်စဉ်ဓာတ်ပုံပြိုင်ပွဲတွင် ဧရာဝတီဓာတ်ပုံသတင်းထောက် စိုင်းဇော် ရိုက်ယူထားသော ဓာတ်ပုံ ဆုရွေးချယ်ခံရသည်။ ဆုရ ဓာတ်ပုံမှာ မတ်လ ၁၀ ရက် လက်ပံတန်းတွင် အမျိုးသားပညာရေးဥပဒေ ပြုပြင်ပြောင်းလဲရေး ဆန္ဒပြသူတဦးကို ရဲက ဝိုင်းရိုက်နေသောပုံဖြစ်သည်။ ဆုရွေးချယ်ရေးအဖွဲ့၏ အကြောင်းကြားစာတွင် ဆု၏ စံသတ်မှတ်ချက်များကို ထင်ဟပ်ထုတ်ဖော်ထားသောဓာတ်ပုံဟု မှတ်ချက်ပေးထားသည်။ "တရားဥပဒေ စိုးမိုးမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုကို အထူး မြှင့်တင်ပြီး ခြစားမှုတိုက်ဖျက်ရေးတွင် ခေါင်းဆောင်မှု၊ သတ္တိပြောင်မှုတို့ကို ပြသနိုင်သော အဖွဲ့အစည်း၊ လှုပ်ရှားမှု၊ လူပုဂ္ဂိုလ်တို့ကို ဆုရွေးချယ်ချီးမြှင့်သည်"ဟု ဆုချီးမြှင့်ရေးဝက်ဘ်ဆိုက်တွင် ရေးသားထားသည်။

ဧရာဝတီ

“ ခြင်္သေ့ဝေစုအတွက် နွားအမြီးနဲ့ ယင်ခြောက်နေသူတွေ ”

လွန်ခဲ့တဲ့သုံးလလောက်က စာရေးသူရဲ့မိခင်ကြီးနဲ့  ဖုန်းပြောကြရင်း ကူဖေါ်လောင်ဖက်လေးရအောင် အိမ်ဖေါ် လေးတယောက်လောက်ငှားဖို့ ပြောမိပါတယ်။ ဒီတော့ အမေက ငါ့သားတဲ့ ဒီခေတ်ဆိုးကြီးထဲမှာ စိတ်ချယုံကြည် ရတဲ့သူဆိုတာ ရွှေထက်ရှားသွားပြီတဲ့။ ဒီတိုင်းလည်းနေလို့ ဖြစ်ပါတယ်၊ အမေ အကုသိုလ်မယူခြင်ပါဘူးကွယ် လို့ ပြန်ပြောပါတယ် ။ မိတ်ဆွေ အပေါင်းအသင်းတွေထဲက စီးပွားရေးသမားတွေထံကလည်း အဲ့ဒီလိုသဘောမျိုး ငြီးကြတာ မကြာခဏကြားရတယ်။ မြန်မာနိုင်ငံမှာ ဘာလို့ ယုံကြည်စိတ်ချနိုင်တဲ့သူရှားပါးသွားရတာလဲ။
အဂတိတရားလိုက်စားမှု့နဲ့ အကျင့်ပျက်ခြစားမှု့တွေကို တည်ဆဲဥပဒေရာဇသတ်ပုဒ်မတွေ၊ နိုင်ငံတကာစည်း မျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းတွေနဲ့ တိတိကျကျ ထိထိရောက်ရောက်အရေးယူရမယ်ဆိုရင် မြန်မာနိုင်ငံ မှာရှိနေပြီးသား အချုပ်ခန်းအကျဉ်းထောင်တွေနဲ့ တောင်ဆန့် မှာမဟုတ်ပါဘူး။ ကျောသားရင်သား မခွဲခြားဘဲ တကယ်အရေးယူခဲ့မယ်ဆိုရင် ဘယ်သူတွေ အဲ့ဒီအကျဉ်းထောင်တွေထဲမှာ ရောက်နေမယ်ဆိုတာလူတိုင်းသိ ပါတယ်။ ထုတ်သာမပြောကြတာပါ။
သေခြာတာကတော့ အခုလောလောဆယ် အကျဉ်းကျနေတဲ့ လယ်သိမ်းခံတောင်သူတွေ၊ မလောက်ငှလို့  လုပ်ခလစာတိုးတောင်းတဲ့အလုပ်သမားတွေ၊ ပညာရေးဥပဒေပြင်ခိုင်းတဲ့ ကျောင်းသူကျောင်းသားတွေ မဟုတ် တာကတော့ သေခြာပါတယ်။

ကဲဒီတော့ ဘယ်သူတွေလဲဆိုတာသိရအောင် ခေါင်တိုင်အမိုးကနေ ကြမ်းဖျားအထိကြည့်လိုက်ရကြအောင်။ မိမိ ပိုင်ဆိုင်မှု့ကို မကြေညာရဲတဲ့ နိုင်ငံတော်အကြီးအကဲလို့ ဆိုသူတွေ၊ ညစ်ကျယ်ကျယ် နှစ်ထောင့်တဆယ် ရွေးကောက်ပွဲနဲ့ ပြည်ထောင်စုအဆင့်ဝန်ကြီးဖြစ်လာသူတွေ၊ လွှတ်တော်အမတ်တွေ၊ ပြည်ထောင်စုကြံ့ခိုင်ရေး ဖွံ့ ဖြိုးရေးပါတီနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကလူကြီးမင်းတွေ၊ အစိုးရထိပ်တန်းအရာရှိကြီးတွေ၊ ဇီးသီးဗန်းတွေဖျောက်ပြစ် မှောက်ပစ်နေတဲ့ ဧရာမခရိုနီကြီးတွေကနေ ခရိုနီအကြီးအသေး ပေါက်စကွေးတွေ၊ ညွှန်ချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှုးတွေ၊ အင်ဂျင်နီယာချုပ်တွေ၊ ဆရာဝန်အုပ်ကြီးတွေ၊ ပါမောက္ခချုပ်တွေ၊ ပြန်တမ်းဝင်အရာရှိတွေ၊ အစိုးရ၀န်ထမ်းတွေ၊ ဆက်နွယ်ပါတ်သက် လုပ်ကိုင်နေကြတဲ့ စီးပွားရေးသမားတွေ အားလုံး စသည်ဖြင့်တွေရဲ့ ပိုင်ဆိုင်မှု့တွေကိုလေ့လာကြည့်ရအောင်။

ဓနဥစ္စာပိုင်ဆိုင်မှု့တွေ၊ မရွေ့ ပြောင်းနိုင်တဲ့ အိုးအိမ်ခြံမြေတိုက်တာဆိုင်ခန်းတွေ၊ စိန်ရွှေရတနာ လက်ဝတ် လက်စား၊ ယာဉ်ရထားကားတွေ၊ ပြည်တွင်းသာမကပြည်ပမှာပါ နံမည်အမျိုးမျိုး လူစားအမျိုးမျိုးနဲ့ ဖွင့်ထားတဲ့ ဘဏ်အကောင့်တွေရဲ့ လာရာလမ်းကြောင်းကို မညှာမတာ စုံစမ်းစစ်ဆေးရမယ်ဆိုရင် အဖြေဘယ်လိုထွက်မယ် ထင်ပါသလဲ။ မိဘက မျိုးနဲ့ ရိုးနဲ့ ချီ ကြွယ်ဝချမ်းသာလို့  အမွေရခဲ့ကြတာလား ။ သူတို့ ရတဲ့လစာကို ဘာမှမစား မသောက် မသုံးမစွဲဘဲ တသက်လုံးအသားတင် စုထားရင်တောင် သူတို့ နေတဲ့ သိန်းထောင်ချီ၊သောင်းချီတန်တဲ့ အိမ်တလုံးဝယ်နိုင်ပါ့မလား။ သူတို့ သားသမီးတွေနိုင်ငံရပ်ခြားပညာတော်သင်လွတ်နိုင်ပါ့မလား။ နိုင်ငံခြား အပျော်ခရီးတွေထွက်နိုင်၊ ဈေးဝယ်ထွက်နိုင်တဲ့ ငွေကြေးတွေဘယ်ကရလာတာလည်း။ ဘုရားတွေတည် ထီးတော်တင်လှူနိုင်တဲ့ပိုက်ဆံတွေ ဘယ်လမ်းကြောင်းက ဘယ်လိုဝင်လာတယ်ထင်ပါသလဲ ။

ငါးပါးသီလထဲမှာပါတဲ့ အဒိန္နာဒါနဆိုတာ သူတစ်ပါးဥစ္စာကို ခိုးယူခြင်းလို့ အဓိပ္ပါယ်ပြန်နိုင်ပါတယ်။ တစ်ပါးသူ (သို့ ) ပြည်သူပိုင်ဘဏ္ဍာငွေကြေးတွေ၊ ပစ္စည်းဥစ္စာတွေကို ပိုင်ရှင်ကမပေးဘဲ၊ မကြည်ဖြူဘဲ တိုက်ရိုက်(သို့ ) သွယ်ဝိုက်၍ လုံ့ လထုတ်ပြီး ဗြောင်သော်၎င်း၊ ခိုးဝှက်၍သော်၎င်း မတရားသောနည်းလမ်းများနဲ့ ရယူပိုင်ဆိုင် ခြင်းမှန်သမျှဟာ အဒိန္ဒာဒါနကံထိုက်ပါတယ်။ ဗုဒ္ဓမြတ်စွာဘုရားရှင်ဟာ ရဟန်းတော်များအတွက်တောင် ပါရာဇိကလေးပါးထဲမှာ ဒုတိယ ပါရာဇိက အနေနဲ့  အဒိန္နာဒါန(သူတစ်ပါးဥစ္စာကို ခိုးယူခြင်း) ကို ထည့်သွင်း ပညတ်ခဲ့ရတာဟာ အလွန်အပြစ်ကြီးလေးတာကြောင့်မဟုတ်လား။ အဒိန္နာဒါနကံဟာ အပယ်လမ်းဖွင့်တယ်။

အစိုးရတရပ်အနေနဲ့ လည်း တိုင်းပြည်ဘဏ္ဍာနဲ့ သယံဇာတတွေကို လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားလုပ်ပြီး ကိုယ်ကျိုးရှာတာ ပိုအပြစ်ကြီးတဲ့ အဒိန္နဒါကံထိုက်ပါတယ်။ ဒါကြောင့်လည်း အုပ်ချုပ်သူအစိုးရမင်းများဟာ ပြည်သူ့ဘဏ္ဍာတွေကိုသုံးစွဲရာမှာ ပွင့်လင်းမြင်သာမှု့လို့ ခေါ်တဲ့ ပြည်သူလူထုကိုအသိပေးပန်ကြားပြီး အများက သဘောတူကြည်ဖြူမှသာအသုံးပြုသင့်တာပါ။ အဲ့ဒီလိုမဟုတ်ရင် အစိုးရတာဝန်လည်းထမ်းရသေး အဒိန္ဒာဒါနကံ လည်းကျူးလွန်ရာရောက်ပြီး အပါယ်လားရတတ်ပါတယ်။
ဒီတော့ ပြည်သူပိုင်ဘဏ္ဍာတွေကို အလွဲသုံးစားလုပ်နေကြတဲ့ အကျင့်ပျက်ဝန်ထမ်းငယ်တွေကတော့ ကိုယ် ကာယနဲ့ လုံ့ လထုတ်ပြီးခိုးယူကြတာမို့ သူတို့ လည်း အဒိန္နာဒါနကံကျူးလွန်မှု့ ခိုးမှု့မြောက်ပါတယ်။ ဒါပေမဲ့ ၀န်ထမ်းငယ်တွေထက်ပိုဆိုးတာက ကိုယ်ကာယစိုက်ထုတ်ခိုးယူမှု့ မပြုပေမဲ့ ရာထူးအဆင့်လိုက် ခြင်္သေ့ဝေစု ( Lion Share ), လက်ခံယူနေတဲ့ အစိုးရပြန်တမ်းဝန်အရာရှိကြီးတွေ၊ ညွှန်မှူးတွေ ညွှန်ချုပ်တွေ ဗိုလ်ချုပ်တွေရဲ့ ခိုးမှု့ အဒိန္နဒါကံက ပိုအပြစ်ကြီးပါတယ် ။ ခိုးယူတဲ့ပမာဏပိုများပြားတဲ့အတွက် ဒုက္ခဆင်းရဲရောက်ကြရတဲ့ လူဦးရေလည်းပိုများမှာလည်း သေခြာပါတယ်။ တနည်းအားဖြင့်ပြောရရင် သူတို့ ဟာကိုယ်တိုင်မခိုးဘဲ ခိုးရာပါဝေစု အများဆုံးယူတဲ့ သူခိုးဂိုဏ်းချုပ်တွေလို့ ပြောနိုင်ပါတယ်။

အဂတိလိုက်စားမှု့၊ အကျင့်ပျက်ခြစားမှု့၊ အဒိန္နဒါနကံမြောက်တဲ့ ခိုးမှု့တွေ မြန်မာနိုင်ငံမှာ ပုံသဏ္ဍန်အမျိုးမျိုးနဲ့  တွေ့ နိုင်ပါတယ်။ စီမံကိန်းတွေ၊ စီးပွားရေးလုပ်ကွက်တွေကို လုပ်ပိုင်ခွင့်နဲ့ အာဏာသုံးပြီး ကော်မရှင်ခယူတာ၊ အတွင်းသတင်းရောင်းစားတာ၊ ဆွေမျိုးသားချင်းတွေနဲ့ နီးစပ်ရာမျက်နှာလိုက် အခွင့်အရေးပေးတာ၊ အာဏာပိုင်နဲ့ ဝိသမစီးပွားရေးသမား ခရိုနီတွေပေါင်းပြီးလက်ဝါးကြီးအုပ်တာ၊ မထိုက်တန်တဲ့သူတွေ ကိုရာထူးတွေပေးပြီး ဂိုဏ်းဖွဲ့ လုပ်ကွက်ထွင် ခွင်ဖန်စားနေကြတာမဟုတ်လား။ ကြားနေရတာကတော့ တချို့ဌာနဆိုင်ရာတွေ၊ ပရောဂျက်တွေမှာ ညွှန်ချုပ်နဲ့ အထက်ပုဂ္ဂိုလ်ကြီးတွေအတွက် ခြင်္သေ့ဝေစု၊ သူခိုးဝေစုအတွက် ကျလာတဲ့ဘတ်ဂျက်ထဲက ၂၁%ဆိုလား ကြိုတင်သတ်မှတ်ပေးထားပြီး မပျက်မကွက် ဆက်သရတယ်ဆိုဘဲ။ ဟုတ်မဟုတ်ဆိုတာတော့ တာဝန်ရှိတဲ့ စသုံးလုံးလိုအဖွဲ့ အစည်းတွေက စုံစမ်းဖေါ်ထုတ် သင့်တယ်။ အထက်ပါပုဂ္ဂိုလ်ကြီးတွေဟာ ခိုးသက်သမ္ဘာကရင့်နေပြီး လောဘကအတောမသတ်နိုင်ကြတော့ (၂၀၁၅) ရွေးကောက်ပွဲကတက်လာမဲ့ အစိုးရလက်ထက်မှာ အခုအခြေအနေလောက် ခိုးစားခွင့်ရှိခြင်မှရှိတော့မှာ လသာတုံးလေးဗိုင်းငင်လိုက်မဟလို့ တွေးပြီး သရဲမရဲစီး ခိုးစားနေကြမှာလည်း မြေကြီးလက်ခတ်မလွဲသလို ဖြစ်နေမှာပါ။

အဆိုးတကာ့အဆိုးဆုံးကတော့ ပြည်သူပိုင် နိုင်ငံပိုင် ဥယျာဉ်ခြံ မြေယာတွေကို ပြည်သူလူထုကိုအသိမပေးဘဲ မြို့သစ်ချဲ့ စက်မှု့ဇုန်ဆောက် လမ်းတွေဖေါက် စနစ်မကျတဲ့ တနပ်စားစီမံကိန်းတွေ အကြောင်းပြပြီး ထင်ရှားတဲ့မြို့ကြီးတွေတင်မက တောနယ်တွေပါမကျန် နံပါတ်ဝမ်းကြီးနဲ့ ဆွေတော်မျိုးတော်တွေအတွက်၊ နံပါတ်တူးကြီးနဲ့ မိသားစုအတွက်၊ ဘယ်ဗိုလ်ချုပ်နဲ့ ညီအကိုများအတွက်၊ ဘယ်ဝန်ကြီးအတွက် ဘယ်တိုင်းမှုးအတွက်ဆိုပြီး ပေ(၁၀၀) ပတ်လည်ကွက်အတွဲလိုက် ၊ တဧကကွက်အတွဲလိုက် စသည်ဖြင့် ခြံမြေကွက်တွေ ကောင်းပေ့ ညွှန့် ပေ့ဆိုတဲ့ နေရကောင်းတိုင်းမှာ၊ လမ်းမကြီးတွေပေါ်မှာ ဘိုးဘွားအမွေရသလို ခွဲဝေခိုးယူထားကြတာဟာ ဓါးမြဂိုဏ်းတဂိုဏ်းလိုပါဘဲ။ ယူထားလိုက်ကြတာများ တနေရာထဲတောင်မဟုတ်ဘူး ။ တမြို့တကွက်ဆိုသလို သတင်းတွေ အပုပ်နံ့ တွေတထောင်းထောင်းနဲ့ ထွက်တော့ ပြည်သူတွေကသိတာပေါ့ ။ ဒါကြောင့်လည်းသူတို့ အသိုင်းအ၀ိုင်းတွေကို သူခိုးကြီးတွေ၊ ဓါးမြကြီးတွေလို့ အများပြည်သူတွေက သတ်မှတ်ကြတာ မဆန်းတော့ဘူးပေါ့။

ဒီလိုခိုးမှု့တွေကိုဘဲစစ်အာဏာရှင်အပေါင်းအပါတွေက စစ်တပ်က အသက်စွန့်ပြီးတိုင်းပြည်ကာကွယ်နေရလို့  ယူထိုက်တယ်၊ ခံစားထိုက်တယ်လို့ ဓါးမြလိုင်စင်၊ သူခိုးလိုင်စင်ကို တရားဝင်သယောင် လေသံပြစ်သေးတယ် မဟုတ်လား ။ ခံစားသင့်ခံစားထိုက်တယ်ဆိုရင် စစ်တပ်မှမဟုတ်ဘူး ဘယ်ဝန်ထမ်းအတွက်မဆို ခိုးကြောင် ခိုးဝှက်မပေးပါနဲ့ တရားဝင်သတ်မှတ်ပြဌာန်းပြီး ရိုးရိုးသားသား လူထုရှေ့မှောက်ပေးပေါ့။ မဟုတ်ဖူးလား။

အဲ့ဒီလိုခိုးဝှက်လုယူရထားတဲ့ မြေကွက်တွေကိုရောင်းချပြီး သိန်းထောင်ချီ သောင်းချီရတော့ ဗိုလိချုပ် ကတော်တွေ၊ ၀န်ကြီးကတော်တွေက အရင်းအနှီးရ၊ ရမ်းဖို့ တုတ်ရသွားတော့ မြေပွဲစားတွေလုပ်၊ စိန်ပွဲစား တွေလုပ်၊ ကုမ္ပဏီတွေထောင်၊ သားသမီးတွေကော ဆွေမျိုးကိုင်ဖြားကိုင်းနားမကျန် စီးပွားရေးလုပ်ငန်းတွေနဲ့  လက်ရှိရာထူးအာဏာကို အလွဲသုံးစားလုပ်ပြီး သစ်တောကွက်တွေချပေး၊ ဓါတ်ဆီလောင်စာဆီတဦးထဲဖြန့် ဖြူး ခွင့် ငွေလွယ်လွယ်ရနိုင်မဲ့ခွင်တွေချပေးပြီး ဘီလျှံနဲ့ချီချမ်းသာလာတာကိုဘဲ သူတို့ ဖါသာသူတို့ ရိုးရိုးသားသား ကြိုးစားလို့ ချမ်းသာလာသယောင်ယောင် အရှက်မရှိပြောသေးတာမဟုတ်လား ။

ဒါပေမဲ့ လက်ရှိအစိုးရအဖွဲ့ ဝင်အားလုံး၊ စစ်ဗိုလ်ချုပ်ကြီးတွေအားလုံး လွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ ပိုင်ဆိုင်မှု့ကို ဘယ်သူမှ မကြေညာရဲပါဘူး။ ဘယ်လမ်းကြောင်းတွေက ဒီလောက်များပြားတဲ့ ငွေကြေးဥစ္စာဓန တွေ ဘယ်လိုရရှိစုဆောင်းမိသလဲဆိုတာ ဘယ်သူမှထုတ်မပြရဲ အစစ်မခံရဲပါဘူး ။ ခိုးမှု့ ဓါးမြမှု့တွေနဲ့ တိုက်ရိုက် သော်လည်းကောင်း၊သွယ်ဝိုက်၍သော်လည်းကောင်း တနည်းမဟုတ်တနည်းပါတ်သက်နေတာကိုး။ စစ်ဆေး လိုက်ရင်တနွယ်ငင်တစင်ပါတော့မယ်လေ။
ဒါကြောင့်လည်း အာဏာရှင်တွေဟာ ပြသနာအရင်းအမြစ်ကိုမဖြေရှင်းဘဲ ၀န်ထမ်းတိုင်းခိုးစားရအောင် လစာ မလောက်မငနဲ့ နှစ်ပေါင်းများစွာပစ်ထားခဲ့တာ။ လက်ရဲဇက်ရဲခိုးရဲတဲ့သူတွေကိုမြှောက်စား ခွင်ဖန်တတ်တဲ့ သူယုတ်တွေနေရာပေး၊ နိုင်ငံရေးအသုံးအနှုံးနဲ့ ပြောရရင် အမှု့တွဲတွေခေါ်တာပေါ့။ ငါလည်းသူခိုး၊သူတို့ လည်း သူခိုး လူတိုင်းခိုးကြတော့ တို့ တိုင်းပြည်လည်း သူခိုးတိုင်းပြည် စောရနိုင်ငံကြီးဖြစ်ခဲ့ရတာပေါ့။

ဒီကိစ္စနဲ့ ပတ်သက်ပြီး စားရေးသူနဲ့ အလွန်ရင်းနှီးတဲ့ ကျောင်းနေဖက်မိတ်ဆွေတဦးနဲ့ ဆွေးနွေးဖူးပါတယ်။ တို့ များကွယ် ကျောင်းနေဖက်သူငယ်ချင်းတွေနဲ့ မိတ်ဆုံစားပွဲတွေ၊ အာစရိယပူဇော်ပွဲမှာ ပြန်ဆုံကြတဲ့အခါများ အကုန်လုံးနီးပါး အောင်မြင်ချမ်းသာနေကြတာကိုတွေ့ ရတော့ ဘာသာရေးအမြင်ရှု့ဒေါင့်ကနေကြည့်ရင် ၀မ်း မြောက်ဝမ်းသာ မုဒိတာပွားနိုင်ပမဲ့ နိုင်ငံရေးရှု့ဒေါင့်၊ ကိုယ်ကျင့်တရားရှု့ဒေါင့်ကကြည့်ရင် သူငယ်ချင်းအများစု အတွက် စိတ်မကောင်းဖြစ်မိတယ်။ သူငယ်ချင်းအခြင်းခြင်းတွေမို့ သူတို့ ရဲ့ အဂတိလိုက်စားမှု့တွေ အကျင့်ပျက် ခြစားမှု့တွေနဲ့ ကြီးပွားနေကြတာကို မလုပ်အပ်ကြောင်း မပြောဖြစ်ကြ မတားမြစ်မိတော့ဘူး။ လူ့ အဖွဲ့ အစည်း ကြီးတခုလုံး အုံနဲ့ ကျင်းနဲ့ စာရိတတ္တတွေ ခြစားနေတာမို့ ပြောလည်းမထူးပါဘူး၊ မိတ်ပျက်တာသာအဖတ်တင် မှာဘဲလို့ တွေးပြီး ပြောသင့်တာမပြောကြ၊ တားသင့်တာမတားကြတာမဟုတ်လား။
မြန်မာနိုင်ငံသားတွေက ဖေါ်ရွှေတတ်ခင်မင်တတ်တယ်၊ အားနာတတ်တယ်လို့ ဆိုကြတယ်။ ဖေါ်ရွှေတတ်တာ ခင်မင်တတ်တာကတော့ အလွန်ကောင်းပေမဲ့ အရာရာတိုင်းကို အားနာတတ်တာကိုတော့လက်မခံသင့်ပါဘူး။ ကြောက်တတ်ရင်ရန်ကင်းတယ်ဆိုတာ နေရာတိုင်းမှာမမှန်ကန်ပါဘူး ။ အထူးသဖြင့် အမှန်တရားနဲ့ ပတ်သက် ရင်၊ အများအကျိုးနဲ့ ပတ်သက်ရင် ကြောက်မနေသင့်ဘူး။ မိမိပတ်ဝန်းကျင်မှာ မိမိဆရာသမားမိဘ၊ လူကြီးသူမ တွေအပါအ၀င် မိမိမိသားစုဝင် ဆွေမျိုးညီအကိုမောင်နှမသားချင်း မိတ်ဆွေ အပေါင်းအသင်းတွေ အတွေးမှား အမြင်မှား အလုပ်မှားတွေနဲ့ အမှားလုပ်နေကြတာ၊ တိုင်းပြည်ဘဏ္ဍာခိုးစား အကျင့်ပျက်ခြစားနေတာတွေကို အားနာပြီး မပြောမဆို၊ မတားမြစ်ဘဲနှုတ်ဆိတ်နေတတ်ကြတာ အကျင့်လိုဖြစ် နေပြီမဟုတ်လား။

တကယ်တော့ ပြောသင့်တာကိုမပြောဆိုခြင်း တားမြစ်သင့်တာကိုမတားမြစ်ခြင်း၊ ရှုံ့ချသင့်တာကို မရှုံ့ချဘဲ အားနာတယ်ဆိုတာ … စိုးရွံ့ မှု့ အကြောက်တရားလို့ ပြောခြင်ပါတယ် ။ အခင်မင်ပျက်မှာစိုးလို့ ဖြစ်စေ၊ ပြသနာ တက်မှာစိုးလို့ ဖြစ်စေ၊ အခွင့်အရေးတခုခုဆုံရှုံးမှာစိုးလို့ ဖြစ်စေ၊ ပြောလဲအကျိုးထူးမယ် မထင်လို့  စသည်ဖြင့် အကြောင်းပြချက်တွေနဲ့ ရေငုံနှုတ်ဆိတ်ခြင်းဟာ ဘယာဂတိလို့ ပြောနိုင်တဲ့ အကြောက်တရားနဲ့ နေထိုင်မျက် ကွယ်ပြုလိုက်တာပါဘဲ။ တနည်းအားဖြင့်ဆိုရင် အမှန်တရားအပေါ်သစ္စာဖေါက်လိုက်တာဖြစ်သလို ခေတ်ဝန် ထမ်းဖို့ ပျက်ကွက်ခြင်းလို့ လည်းဆိုခြင်ပါတယ်။ လူ့ အဖွဲ့ အစည်းကြီးကို အဆိပ်အတောက် မဖြစ်စေတဲ့ကိစ္စ တွေ၊ ယဉ်ကျေးမှု့အရ လူမှု့ရေးအရ တချို့ကိစ္စတွေမှာ အားနာရတာမျိုးကိုလက်ခံပါတယ်။ ပြည်သူပိုင်ပစ္စည်း ခိုးတာကတော့ အားနာနေလို့ မရပါဘူး။
ဒါကြောင့် အားနာပြီး ရေငုံနှုတ်ပိတ်နေမဲ့အစား အသိပညာအတွေးအခေါ်နိမ့်ပါးလို့ လမ်းမှားပေါ်လျှောက်နေသူ တွေကို အမှန်ကိုမြင်နိုင် ပြုပြင်လာနိုင်အောင် မှန်ကန်တဲ့ဝန်းကျင်တခုဖြစ်လာအောင် တဖက်တလမ်းက ၀ိုင်းဝန်းကူညီပါဝင်အား ဖြည့်သင့်တယ်လို့ တိုက်တွန်းခြင်ပါတယ်။ ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဘုန်းတော် ကြီးဒက်စမွန်တူတူးကတော့“ မတရားမှု့တခုမှာ နှုတ်ဆိတ်နေခြင်းဟာ မတရားမှု့ဖက်ကရပ်တည်လိုက်ခြင်းလို့ ” ဆိုပါတယ်။

ငါတို့ လူမျိုးသူခိုးရှိသည်လို့ လူမျိုးနဲ့ ချီပြီး ပျက်ရယ်ပြုရလောက်အောင် မျက်မှောက်ခေတ်မြန်မာနိုင်ငံမှာ ခိုးမှု့ကျူးလွန်နေကြတာဟာ လိုင်စင်ရထားသလို တရားဝင်ကျူးလွန်နေကြတာမဟုတ်လား။ မြန်မာနိုင်ငံသား တွေ အထူးသဖြင့် မြို့နေလူတန်းစားအတော်များများရဲ့ အသွေးထဲအသားထဲမှာ ကူးစက်ပြန့် ပွား လှိုက်စားနေတဲ့ အကျင့်ပျက်ချစားမှု့ဗိုင်းရပ်စ်ပိုးဟာ ဆေးမတိုးတော့တဲ့ သမ္ဘာရင့်ဝါရင့်ပိုး ။ ဆေးမြီးတိုနဲ့ ကုလို့ မရနိုင်တော့ဘူး။

ဦးသိန်းစိန်တို့ ရဲ့လက်ရှိစစ်တပိုင်းအစိုးရဟာ သန့် ရှင်းသောအစိုးရအစိုးရဖြစ်အောင်လုပ်မယ် အကျင့်ပျက်ချစား မှု့ကိုတိုက်ဖျက်မယ်လို့ တရားဝင်ကြေညာခဲ့ပေမဲ့ ခုချိန်ထိသက်တမ်းသာကုန်တော့မယ် အဂတိလိုက်စားမှု့တွေ ကို လောက်လောက်လားလား အရေးယူအပြစ်ပေးတာမလုပ်ခဲ့ဘူး။ ထိပ်ပိုင်းက သူခိုးကြီးတွေကိုချန်လှပ်ပြီး တို့ ကနန်း ဆိတ်ခနန်း တိုက်ဖျက်မှု့လေးတွေလုပ်ပြနေတာဘဲတွေ့ ခဲ့ရတယ်။ အိမ်ခေါင်မိုးမလုံလို့ မိုးယိုတာကို မိုးမယိုအောင် ကြမ်းခင်းအကောင်းတွေလဲပစ်နေသူလို လုပ်ခဲ့ကြတာ။ ပြသနာရဲ့အခြေခံအရင်းအမြစ်ကို မကိုင် တွယ်ဘဲ ကိုင်းဖျားကိုင်းနားချိုင်ခြင်ရင်တော့ အကျင့်ပျက်ခြစားမှုတွေကို တိုက်ဖျက်ဖို့ ဘယ်တော့မှထိရောက်မှာ မဟုတ်ဘူး

လွှတ်တော်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ရုပ်ပြအနေနဲ့ တရားဥပဒေစိုးမိုးရေးကော်မတီမှာ ခန့် ထားပေမဲ့ လုပ်ပိုင်ခွင့်အာဏာ၊ အရေးယူခွင်ု၊ အစိုးရအဖွဲ့ ဝင်အပါအ၀င် မည်သူကိုမဆို စုံစမ်းမေးမြန်းပိုင်ခွင့်တွေ မပေးအပ် ဘဲ လုပ်နေရတာဆိုတော့ ဘယ်ထိရောက်မှာလည်း။ ပြည်သူ့ လွှတ်တော်ဥက္ကဌကြီး ဦးးရွှေမန်းကလည်း ဥပဒေ အထက်မှာ ဘယ်သူမှမရှိစေရလို့ လက်တွေ့ နဲ့ မထင်ဟပ်ဘဲ ပြောတာရယ်၊ ပွဲဈေးတန်းမှာဇီးသီးဗန်း မှောက်ကျ သလိုပဲ ဟိုလူနှိုက်စား ဒီလူနှိုက်စားနဲ့ ဝန်ကြီးဌာနတွေကို ချပေးတဲ့ ဘတ်ဂျတ်ဟာလည်း တစ်ဝက်ပဲကျန်တယ် လို့ ပြောဆိုသတိပေးတဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့ ရဲ့ အကျင့်ပျက်ချစားမှု့ပပျောက်ရေး တိုက်ဖျက်နေပုံကို ထင်ရှားအောင် ဥပမာပေးရရင် “ နွားမြီးနဲ့ ယမ်းပြီး ယင်ခြောက်နေသူတွေလို့ ” တင်စားခြင် ပါတယ်။ နွားမြီးလေးတချက်တချက် ယမ်းလိုက်ဝှေ့လိုက်တဲ့ အခိုက်လေးမှာဘဲ အုံနေတဲ့ယင်ကောင်တွေက ခဏထပျံ ပြီးရင်ပြန်အုံ စားကြသောက်ကြ၊ ယင်ကြီးဥလိုက်ကျပေါ့။ ဒါမျိုးဘဲဖြစ်နေတာမဟုတ်လား။

အကျင့်ပျက်ခြစားမှု့ကင်းရှင်းတဲ့ မှန်ကန်တဲ့ဝန်းကျင်တခုဖြစ်လာဖို့ ဆိုတာ ပြည်သူလူထုအကျိုးစီးပွားကို အလေးအနက်ဦးထိပ်ထားပြီး သီလတည်ကြည်တဲ့ ဒီမိုကရေစီအစိုးရတရပ်ရှိဖို့ လိုအပ်ပါတယ်။ အများဆန္ဒနဲ့  ရွေးချယ်တဲ့ အဲ့ဒီလိုဒီမိုကရေစီအစိုးရတရပ်ပေါ်ပေါက်လာဖို့ ဆိုရာမှာလည်း အများပြည်သူက လက်ခံတဲ့ ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတရပ်အပြင် ထိရောက်တဲ့ အဂတိလိုက်စားမှုဆန့်ကျင်ရေးဥပဒေတွေပြဌာန်း ပေးဖို့ လည်းလိုပါတယ်။ စစ်မှန်တဲ့ ဒီမိုကရေစီအစိုးရတစ်ရပ်ဟာ ဘာလုပ်လုပ် ပြည်သူတွေယုံကြည်မှု့ရအောင် ထင်သာမြင်သာရှိရှိ (Transparpency ) လုပ်ဆောင်ရမယ်။ ပြီးရင်တိကျတဲ့ တာဝန်ယူမှုနှင့် တာဝန်ခံမှု (Responsibility & Accountability) တွေသတ်မှတ်ပေးရမယ်။ စောင့်ကြပ်ထိန်းညှိပေးမဲ့ သတင်းလွတ်လပ်ခွင့် (Media Feedom)လည်းပေးဖို့ လည်းလိုတယ်။ စီးပွားရေးတွေဖွံ့ ဖြိုးပြီး နိုင်ငံ့ဝန်ထမ်းအားလုံးမှာ မျှတလုံ လောက်တဲ့လစာတွေရဖို့ လည်းလိုပါတယ်။ အရေးအကြီးဆုံးကတော့ တရားဥပဒေစိုးမိုးမှု့ (Rule of Laws) အခိုင်အမာတည်ရှိနေအောင်လုပ်ဖို့ မဖြစ်မနေလိုအပ်ပါတယ်။

လူမျိုးနဲ့ ချီနိုင်ငံတခုလုံးအတိုင်းအတာနဲ့ချီပြီး ယိမ်းယိုင်သွားတဲ့ စာရိတ္တမဏ္ဍိုင်ကြီးကို တည့်မတ်ဖို့ ဆိုတါ တဦးကောင်းတယောက်ကောင်း ထလုပ်လို့ မပြီးမြောက်နိုင်ပါဘူ။ ခေါင်တိုင်ဖျားက စယိုယွင်းလာရာက ဟိုးအောက်ခြေကြမ်းဖျားအထိ ဆွေးမြေ့လှိုက်စားနေတဲ့ ကိုယ်ကျင့်သီလကို ပြုပြင်ရမဲ့ အမျိုးသားရေး တာဝန်ကြီးဟာ နိုင်ငံသားတိုင်းရဲ့ပုခုံးပေါ်မှာရှိနေပါပြီ။
လာဘ်ပေးလာဘ်ယူပြု၊ အကျင့်ပျက်ခြစား အဂတိတရားနဲ့ နိုင်ငံပိုင်ပစ္စည်းတွေခိုးယူပြီးမှ စားသောက်ရတဲ့ ထမင်းလုတ်တိုင်းမှာ လူစဉ်မမှီအောင်ဆင်းရဲနွမ်းပါးနေရှာတဲ့ ပြည်သူအများစုရဲ့ သွေးမျက်ရေတွေ လူးနေတာ သတိရပါ။ ဟင်းလုတ်တိုင်းမှာ အတိဒုက္ခရောက်နေကြရတဲ့ပြည်သူအများစုရဲ့ ငိုရှိုက်သံ၊ ငြီးတွားသံ၊ တောက် ခေါက်သံတွေဆမ်းထားတာကို သတိပြုမိကြဖို့ တိုက်တွန်းရင်း ဒီဆောင်းပါးကို နိဂုံးသပ်လိုက်ပါတယ်။

မြန်မာနိုင်ငံသားတိုင်း အမှန်တရားအတွက် အားနာတတ်ခြင်းမှ၊ ကြောက်လန့် ခြင်းမှ ကင်းဝေးကြပါစေ။
အဒိန္နဒါနကံရဲ့ အကျိုးအပြစ်တွေကို ကောင်းစွာထင်ရှားသိမြင်ပြီး ရှောင်ရှားနိုင်ကြပါစေ ။ ။

လေးစားစွာဖြင့်
(မင်းကောင်းချစ်)
မေလ (၂၀) ရက်နေ့  ၂၀၁၅ ခုနှစ်


စစ်တပ်ကသိမ်းထားတဲ့ လယ်တွေပြန်ပေးဖို့ ကြာသပတေးနေ့က ကိုယ့်ကိုကိုယ်မီးရှို့ ဆန္ဒပြတောင်းဆိုပြီးနောက် တောင်ကြီးဆေးရုံ မှာ သောကြာနေ့က ကွယ်လွန်သွားတဲ့ တောင်ကြီး မြို့နယ် ရေပူရွာက တောင်သူဦးမြင့်အောင်ရဲ့ ရုပ်အလောင်းကို မနေ့က သင်္ဂြိုလ်လိုက်ပြီလို့ သိရပါတယ်။

သက်ဆိုင်ရာက ကျန်ရစ်သူမိသားစုဝင်တွေအကြောင်း မနေ့ကလာရောက် မေးမြန်းသွားပေမယ့် တစုံတရာ ပြောဆိုခဲ့တာတော့ မရှိဘူးလို့သိရပါတယ်။ ဦးမြင့်အောင်ရဲ့ဈာပနကို တောင်သူတွေရာနဲ့ချီပြီး လိုက်လံပို့ဆောင်ကြပြီး မေလ ၂၈ ရက်နေ့မှာ ရက်လည်ဆွမ်းကျွေး ဒါနပြုမယ်လို့ သိရပါတယ်။

RFA

သူတို့လုပ်နေပုံက လူဆိုးသူခိုးတွေ ခိုးရာပါ တိုက်ရာပါပစ္စည်းကို လူမမိခင် တက်သုတ်ရိုက် အမြန်ဝေစုခွဲနေကြသလိုပင်။ ယခုလတ်တလောကြားနေရသည့် ရေကူးအသံလွှင့်ရုံဝင်းနေရာကိစ္စ၊ ရွှေတိဂုံဘုရားနှင့်ဆက်စပ်သည့် ယခင်စစ်ရုံးမြေနေရာမှ ဒဂုန်စီတီဆောက်လုပ်ရေးလုပ်ငန်းများကိစ္စ၊ မကြာတင်ကရပ်ဆိုင်းသွားခဲ့သော ရန်ကုန်မြို့သစ်တိုးချဲ့ရေးစီမံကိန်းများ အကုန်လုံး ရန်ကုန်နှင့်ပတ်သက်နေသည်။ ဒီကြားထဲ မြောက်ဥက္ကလာ ကလေးအားကစားကွင်းတို့ မိကျောင်းကန်တို့က အသေးစားပြဿနာဖြစ်သွားရသည်။

ဤပြဿနာက ၈၈ နောက်ပိုင်းတွင် မသိမသာတဖြည်းဖြည်းဖြစ်သော်လည်း စစ်အစိုးရမှ စစ်တစ်ပိုင်းအစိုးရလက်သို့ အပြောင်းအလဲမဖြစ်ခင် မြို့တော်ကို ရန်ကုန်မှ ပျဉ်းမနား(ကြက်ပြေး)အရပ်သို့ ရွှေ့သွားသည့်အချိန်မှစတင် ဖြစ်ပွားလာခဲ့ပြီး ယခုလိုဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီအုပ်ချုပ်ပါသည်ဆိုသော အစိုးရကြီးလက်ထက်ကျကာမှ ပြဿနာကြီးတစ်ခုအဖြစ် ထင်ပေါ်လာခဲ့ပြီးသကာလ နောက်တစ်ဆက်အစိုးရ(အတည်မပြုနိုင်သေး)သို့ ပြောင်းမည့်အချိန်နားနီးလာလေ ပိုပြီးရုပ်ပျက်ဆင်းပျက်နှင့်ဖြစ်လာခဲ့ရာ ပြောခဲ့သလို လူမမိခင် တက်သုတ်ရိုက် ဝေစုခွဲနေကြပုံပေါက်လာကြခြင်းဖြစ်ပါသည်။ ပိုမိုဆိုးရွားလာပုံမှာ လူမိလည်း ဂရုမစိုက်ဘူးကွဆိုသော အပေါက်များကိုပါ မြင်တွေ့လာရ၍ဖြစ်ပါသည်။

မြို့တော်ကို ရန်ကုန်မှရွှေ့သွားပြီးကတည်းက ပြည်သူပိုင်အဆောက်အဦး၊ မြေနေရာစသည်တို့ကို အစိုးရက ထုခွဲရောင်းချ ငှားရမ်း စသည်ဖြင့် လုပ်ချင်သလိုလုပ်နေခဲ့ရာတွင် ပွင့်လင်းမြင်သာမှုမရှိ၊ လက်သင့်ရာ တပည့်သားမြေး ခရိုနီတို့ကို ချီးမြှင့်မြှောက်စားသလို လက်သိပ်ထိုးပေးခဲ့သည့်ပုံပေါက်နေခဲ့ပြီး အတွင်းဝန်ရုံးဟောင်းလို တရားရုံးချုပ်လို သမိုင်းတန်ဖိုး ကြီးကြီးမားမားရှိနေခဲ့သည့် အဆောက်အဦးများကျမှ အများပြည်သူတို့ သတိထားမိလာကြရခြင်းဖြစ်ပါသည်။ ဗိုလ်ရှုခံစင်ကို ကျပ်သန်းခြောက်ထောင် အကုန်အကျခံနိုင်သူက အဆိုပါအဆောက်အဦးများကို ထိန်းသိမ်းရန်ငွေမရှိ၍ ရောင်းချရန်ကြိုးစားခြင်းဖြစ်သည်ဟု အကြောင်းပြခဲ့ရာ အတော့်ကိုစိတ်ပျက်စရာကောင်းလှပါသည်။

ထိုသည့်အချိန်ရောက်သော် "ပြည်သူပိုင်" ဆိုသောဝေါဟာရမှာ မြန်မာအဘိဓါန်ထဲမှာ ပေါရာဏအဖြစ်ပင်ဖော်ပြနေခဲ့ပြီလားမသိပါ။ မဆလခေတ်တွင် ပြည်သူတို့မွဲသည်ဆိုဦးတော့ ပြည်သူပိုင်ပစ္စည်း၊ စက်ရုံ၊ မြေ၊ အဆောက်အဦးတို့ရှိသေးသည်။ ယခု စစ်အစိုးရနှင့် စစ်တစ်ပိုင်းအစိုးရလက်ထက်တွင်သော် ပြည်သူတို့မှာ ဘာမျှမပိုင်တော့။ ပြောခဲ့သလို လူဆိုးသူခိုးတွေ ခိုးရာပါ တိုက်ရာပါပစ္စည်းကို လူမမိခင် တက်သုတ်ရိုက် အမြန်ဝေစုခွဲနေကြသလို ခုတ်ထစ် ပိုင်းဖြတ် စားသောက်ပြီးကြပြီဖြစ်၍ ဘာမျှမကျန်တော့။ အခြား မြင်သာသောကိစ္စတစ်ခုရှိပါသေးသည်။ ပြည်သူတို့၏ သမဝါယမအသင်းထည့်ဝင်ကြေးအစုရှယ်ယာများပါ။ တစ်ပြည်လုံး သမဝါယမအသင်းမဝင်ရသည့် အိမ်ထောင်စုမရှိ။ သမဝါယမအသင်းမဝင်လျှင် အခြေခံစားကုန် ဆန်၊ ဆီ၊ ဆား မရတော့။ ထို့ကြောင့် တစ်ပြည်လုံး မဝင်မနေရ ဝင်ခဲ့ရသည်။ အစုထည့်ဝင်ငွေက တစ်အိမ်ထောင် ကျပ် ၅၀၀ိ။ လက်ဖက်ရည်တစ်ခွက် ၁ိ ကျပ်ပေးရသည့်ခေတ်။ ၈၈ နောက်ပိုင်း ဘယ်ရောက်သွားလေသည်မသိ။ သမဝါယမအသင်းများကသာ တဖြုတ်ဖြုတ်နှင့်ပျောက်ကွယ်သွားသော်လည်း သမဝါယမဝန်ကြီးနှင့် ဝန်ကြီးဌာနကမူ အခန့်သားနှင့်မပျောက်သေး။ သို့သော် ပြည်သူတို့ထည့်ဝင်ခဲ့သည့် တစ်ပြည်လုံးမှ ၅၀၀ိ များဘယ်ရောက်သွားလေသနည်း။ ထို့အတူ အခြေခံသမဝါယမများက မြို့နယ်၊ မြို့နယ်များက တိုင်း၊ တိုင်းနှင့်ပြည်နယ်က ဗဟို။ စသည်ဖြင့် သမဝါယမအသင်းအသီးသီးတို့၏ ထည့်ဝင်ကြေးတွေကကော။ အသင်းသားပြည်သူတွေရှိနေပါရက်နဲ့ ခံစားခွင့်ကိုမူ ပြည်သူတို့ကဆုံးရှုံးသွားခဲ့ရပြီး ဘယ်သူတွေက ဖြတ်စား လျှပ်စားလုပ်သွားခဲ့ကြသနည်း။ အလီဘာဘာ၏ဆွေမျိုးသားချင်းများလက်ချက်ပေလော။

ယခုလည်း ရွေးကောက်ပွဲနီးလာမှ၊ အစိုးရအပြောင်းအလဲဖြစ်နိုင်သည်ဟူသော အသံတွေထွက်လာမှ ယခုကဲ့သို့ ခိုးရာပါပစ္စည်းဝေစုခွဲရာတွင် အသံထွက်လာကြခြင်းဖြစ်သည်ဟု ယူဆရပါတော့သည်။ ယခင်လို စစ်အစိုးရအတိုင်းသာဆိုလျှင် ပြည်သူတို့ ဘာမျှ ကြားလိုက်သိလိုက်ရမည်မဟုတ်။

ရန်ကုန်နှင့်ပတ်သက်၍လည်း သူတို့ကတော့ စိတ်ရုပ်မလုံခြုံညည်းညူပြီး တစ္ဆေမြို့ကြီးတစ်မြို့ကို လူမသိအောင် ခိုးကြောင်ခိုးဝှက်အမြန်တည်ခဲ့ပြီး ဝရုန်းသုန်းကားနှင့် ထွက်ပြေးသွားခဲ့ကြပါသည်။ သို့သော် ရန်ကုန်တွင်ကျန်ခဲ့သည့် အစိုးရဌာနများပိုင် အခြေပစ္စည်းများဖြစ်သည့် မြေအဆောက်အဦးစသည့် ငွေတွင်းကြီးများကိုမူ "ပြည်သူပိုင်"ဆိုပြီး သည်အတိုင်းပစ်ထားခဲ့ကြသည်မဟုတ်။ ယောက္ခမသေ၍ ရသည့်အမွေပုံနှယ် ပြည်သူကိုကျောပေးပြီး လွတ်လပ်စွာစီမံခန့်ခွဲနေပုံမှာ လူဆိုးဂိုဏ်းများ လုယက်ခိုးဝှက်ရသည့်ပစ္စည်းများ ခွဲဝေနေသည့်ပုံပေါက်နေသည့်ပြင် ပြည်သူပိုင်ပစ္စည်းများအပေါ် သတ်မှတ်တန်ဖိုးဖြတ်နေပုံတို့မှာလည်း သူခိုးဈေးသာသာဖြစ်နေသည်ကို ပြည်လမ်းမြန်မာ့အသံဝင်းကိစ္စနှင့် အတွင်းဝန်ရုံးဟောင်း၊ တရားရုံးချုပ်ကိစ္စတို့တွင် ကြားသိရပါသည်။ အချို့ကိစ္စများတွင်မူ အများပြည်သူဆိုင်ရာ နေရာဒေသများတွင် အမြင်မတော်သည့် ဆိုင်ခန်းများဆောက်လုပ်ခြင်းလို မတော်မတရား စီမံခန့်ခွဲခြင်းများ ဥပမာ ပြည်သူ့ဥယျာဉ်တွင်ဖြစ်သည့်ကိစ္စတို့တွင် တွေ့ရပါသည်။

ထိုသို့မတရားလုပ်မှုမျိုးတွင် အာဏာရှင်တို့၏သားသမီး မြေးများနှင့် အာဏာရှင်လက်ဝေခံ ခရိုနီတို့သာ ပတ်သက်နေသည်မဟုတ် မြောက်ဥက္ကလာ ကလေးကစားကွင်းကိစ္စနှင့် ရေဦးမြို့မှ မဆလခေတ်က ဘက်စုံခြံကို အာဏာရပါတီမှ ပိုင်ဆိုင်သွားခြင်းမျိုး စသည်ဖြင့်လည်း ခေတ်ပျက်ချိန်မို့ထင်သလားမသိ တောကြောင်များပမာ ပြည်သူပိုင်ပစ္စည်းများကို ဝင်၍ဆွမ်းကြီးလောင်းသူတွေလည်းရှိပါသည်။ မြို့တိုင်းရွာတိုင်းမှ ထိုအသင်း(ယခုပါတီ) ပိုင်ဆိုင်သည့် မြေ၊ အဆောက်အဦးတို့ကို စစ်ကြည့်လျှင် အစများစွာ ထွက်လာမည်ထင်သည်။ သို့ဖြစ်ရာ ၈၈ နောက်ပိုင်း မတရားစီမံခန့်ခွဲပြီး သူခိုးဈေးသာသာဖြင့် ပြည်သူ့ဘဏ္ဍာထဲပေးချေပြီး အစဖျောက်ပစ်ခဲ့ကြသော ပြည်သူပိုင်ပစ္စည်းများ မည်ရွေ့မည်မျှရှိပြီနည်း။ "ပြည်သူတို့ဆုံးရှုံးသွားခဲ့ရသော ပြည်သူပိုင်ပစ္စည်းများ" ဟုခေါင်းစဉ်တပ်၍ ကော်မရှင်ဖွဲ့စုံစမ်းရမည့်ကိန်းဆိုက်နေပါသည်။

ယခုပြဿနာဖြစ်နေသည့် ဒဂုန်စီတီစီမံကိန်းပြုလုပ်မည့် မြေနေရာသည် တကယ်တော့ ရန်ကုန်မြို့၏ အသည်းနှလုံးနေရာဖြစ်သည်။ ထိုနေရာမှာ ယခင်က စစ်တပ်ပိုင်"ကန်တိုမင်"မြေဖြစ်လည်း သူတို့ထွက်သွားပြီးလျှင် မူလပိုင်ရှင်ဖြစ်သည့် ပြည်သူများကပြန်လည်ပိုင်ဆိုင်ရမည့် ပြည်သူပိုင်မြေဖြစ်သည်။ ပြည်သူပိုင်မြေကို ပြည်သူတို့သဘောဆန္ဒမပါဘဲ အစိုးရကအသားလွတ်စီမံခန့်ခွဲနေသည့်ကာလများ ပြီးဆုံးသင့်ပြီဟုယူဆလျှင် ထိုနေရာကို အထပ်မြင့်အဆောက်အဦးများ လုံးဝမရှိသည့် အများပြည်သူဆိုင်ရာမြေ Public space အဖြစ်သာ ထားရှိသင့်သည်ဟုထင်ပါသည်။ ရန်ကုန်လို ခံစားမှုမွန်းကြပ်သိပ်သည်းနေရသည့် မြို့ပြဒေသတွင် အများပြည်သူဆိုင်ရာ အနားယူအပန်းဖြေစရာ ပန်းခြံ၊ ကလေးကစားကွင်း၊ အားကစားကွင်း၊ ပြခန်းစသည်များ အများအပြားလိုအပ်နေသည်မှာ အမှန်ဖြစ်ပါသည်။ လူဦးရေအချိုးအစားနှင့်စာသော် အများပြည်သူဆိုင်ရာပန်းခြံ၊ ကစားကွင်းလို Open space နှင့် ပြခန်း၊ ပြဇာတ်ရုံ၊ ခန်းမ၊ ရုပ်ရှင်ရုံ စသည်တို့က အချိုးမညီလျော့နည်းလွန်းလှပါသည်။

ယခုအခါ ရန်ကုန်မြို့တွင် လူဦးရေသိပ်သည်း၊ မော်တော်ယာဉ်များကသိပ်သည်း၊ သန့်ရှင်းသောလေထု၊ ရေထုများလည်း လျော့ပါး ခမ်းခြောက်လာစပြုပြီဟု သတိထားမိလာရချိန်ဖြစ်ပါသည်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုသည့် ဝေါဟာရက စက်မှုမထွန်းကားသော ဗမာပြည်လိုဆင်းရဲသည့်တိုင်းပြည်မှာပင် ဖာသိဖာသာနေ၍မရနိုင်တော့သည်အထိ ရိုက်ခတ်လာခဲ့ပြီဖြစ်ရာ အများပြည်သူနှင့်သက်ဆိုင်သော စိမ်းလန်းသောပတ်ဝန်းကျင်များဖန်တီးထားရေးမှာ ယခုလက်ရှိ တာဝန်ရှိသူတို့ကိုယ်တိုင်သာမက ဆင်ခြင်တုံတရားနှင့်ပြည့်ဝသော ပြည်သူတို့ မျက်နှာလွှဲနေ၍ မရတော့သည့်အကြောင်းများဖြစ်လာပေပြီ။

သူများနိုင်ငံများတွင် ထိုကဲ့သို့အများပြည်သူဆိုင်ရာနေရာများ ထားရှိပြီး ကမ္ဘာ့ထင်ရှားသည့် အမျိုးသားအမွေအနှစ်အဖြစ် ၂၀၀၃ ခုနှစ်တွင် UNESCO မှ အသိအမှတ်ပြုခံအဖြစ်သို့ ရောက်ရှိနေပြီဖြစ်သည့် လန်ဒန်မှ Kew Royal Botanic Gardens ကို သတိရအားကျမိပါသည်။ ၁၇၅၉ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့၍ အကျယ်အဝန်းဧက ၃၀၀ ရှိပြီး ကမ္ဘာအရပ်ရပ်မှ သစ်ပင်မျိုးပေါင်း ၃၀၀၀၀ ကျော်စိုက်ပျိုးထားရှိရာ အမျိုးသားဥယာဉ်ကြီးဖြစ်ပါသည်။ ၁၈၄၇ ခုနှစ်စတင်၍ ကိုယ်ပိုင်ရဲတပ်ဖွဲ့ဖြင့် ထိန်းသိမ်းကာကွယ်ထားသည့် ဥယာဉ်လည်းဖြစ်ပါသည်။ အဆိုပါ အမျိုးသားဥယာဉ်ကြီးထဲတွင် အများပြည်သူဆိုင်ရာခန်းမ၊ ပြခန်း၊ စိုက်ပျိုးရေးနှင့်ပတ်သက်သော ပညာရေးပြခန်း၊ အရောင်းခန်းမများအပြင် မင်္ဂလာအခန်းအနားများ၊ စာအုပ်ပြပွဲလို အခန်းအနားများ၊ စာပေသမားများ၏ဟောပြောပွဲများစသည်ဖြင့် မရောက်ဖူးသော်လည်း အင်တာနက်မှကြည့်ရှုရသည်နှင့်ပင် အားကျမက်မောကြရပါသည်။

သို့ဆိုလျှင် ဤနိုင်ငံမှာရော။ မြန်မာပြည်၏ Landmark ရွှေတိဂုံစေတီတော်တည်ရှိရာ သိင်္ဂုတ္တရကုန်းတော်နှင့် တစ်ဆက်တစ်စပ်တည်းရှိသည့် မြေပြင်အနေအထားဖြစ်သည့်အပြင် ယနေ့ရန်ကုန်မြို့တွင် ရှားရှားပါးပါးသာရှိတော့သည့် မြေအကျယ်အဝန်းပမာဏဖြစ်သည့်အတွက် သာမန်လူတစ်ဦး၏ဆုံးဖြတ်ချက်ဖြင့်တော့ ယခု ပဏာမခွင့်ပြုထားသည့် ဆောက်လုပ်ရေးလုပ်ငန်းများကို ခွင့်မပြုစေချင်ပါ။ စစ်တပ်မရှိတော့သည့် ရန်ကုန်မြို့၏ Heartland ဖြစ်သည့် ဤနေရာကို ဆိုခဲ့ပါ လန်ဒန် Kew ဥယာဉ်ကြီးကဲ့သို့ မြန်မာနိုင်ငံ ရန်ကုန်မှာလည်း အမျိုးသားဥယာဉ်ကြီးတစ်ခု ရှိစေချင်စမ်းလှပါသည်။ မြန်မာနိုင်ငံအရပ်ရပ်မှ မြန်မာ့ဒေသမျိုးရင်းဝင် ရှားပါးအပင်များ၊ သစ်ခွများနှင့် တစ်နိုင်ငံလုံးမှနမူနာသစ်ပင်များအပြင် ရနိုင်သမျှ ကမ္ဘာ့ဒေသ အသီးသီးမှ သစ်ပင်များကို မော်ကွန်းမှတ်တမ်းများနှင့် တစ်ပင်ချင်းပြုစု ပြသထားသည်ကို မြင်ချင်လှပါသည်။ မေမြို့(ပြင်ဦးလွင်)ရှိ ရုက္ခဗေဒဥယာဉ်ထက် ပိုမိုပြည့်စုံသောဥယာဉ်မျိုးပါ။ ကလေးများအတွက်လည်း သစ်တောသစ်ပင်ကို ချစ်ခင်မြတ်နိုးစိတ်ဖြစ်အောင် ပညာပေးပြသထားသည့်ဥယာဉ်မျိုးပါ။ သဘာဝပတ်ဝန်းကျင်အမွေအနှစ်ကို တန်ဖိုးမထားတက်သူတို့၊ သစ်တောများကို ဖျက်ဆီးခဲ့သူတို့အတွက် ဤနိုင်ငံတွင်နေရာမပေးချင်တော့ပါ။ ထို့အပြင် ဤနေရာဒေသလေးကို မြို့ပြသားတို့ငတ်မွတ်နေရသည့် အများပြည်သူဆိုင်ရာ ပျော်ပွဲရွှင်ပွဲ၊ ဗဟုသုတဖြစ်ဖွယ်ပြပွဲ ပြိုင်ပွဲ၊ ပြခန်းများဖြင့် ၁၂ ရာသီလုံး အများပြည်သူတို့အတွက် ပွဲလမ်းများမပြတ်ရှိရာ နေရာဒေသလေးတစ်ခုအဖြစ်သာ ရှိစေချင်ပါသည်။

ဤတွင် UNESCO မှ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်ဖို့မလွယ်ကူသည့်အကြောင်းကို ပြောပြလိုပါသည်။ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရန်အချက်များနှင့် ကိုက်ညီသည့်ဒေသဖြစ်သည့် ပုဂံဒေသမှာ နဝတ နအဖ စစ်ခေါင်းဆောင်များ၏ အဆင်ခြင်မဲ့လုပ်ရပ်ကြောင့် တစ်နိုင်ငံလုံးနှင့်ဆိုင်သည့် အမျိုးသားရေးအရ ဂုဏ်ယူဝင့်ကြွားရာဒေသကို သူ့အမွေဆိုင်အိမ်ကို သူကြိုက်သလိုလုပ်သည့်ပုံဖြင့် နန်းမြင့်မျှော်စင်ကြီးဆောက်လိုဆောက်၊ ထီးမရှိသည့်ဘုရားများ ထီးတင်လိုတင်၊ နံရံဆေးရေးပန်းချီများကို ထုံးသုတ်လိုသုတ်၊ မူလဒါယကာများကိုယ်တိုင်ပင် ဘုရားကြီးတစ်ဆူလုံးတည်ခဲ့သော်လည်း ကမ္ဗည်းမထိုးခဲ့ရပါဘဲ နအဖစစ်ဗိုလ်ချုပ်များနှင့် လက်ဝေခံတို့က ဆေးသုတ်ထီးတင်ရုံနှင့် ကမ္ဗည်းထိုးခဲ့ကြ၊ ခရီးသွားလုပ်ငန်း မြှင့်တင်သည့်အကြောင်းပြပြီး ဘုရားများကြားထဲအထိ ဟိုတယ်များရောက်လာ စသည့်လုပ်ရပ်များကြောင့် မူလလက်ရာနှင့် အနေအထားပျက်ယွင်းခဲ့ရသည့်အတွက် UNESCO မှ ကမ္ဘာ့အမွေအနှစ်စာရင်းအဆိုပြုစာရင်းမှ ပယ်ထုတ်ခံရခြင်းဖြစ်ပါသည်။ ကိုယ့်အရည်အချင်းများကိုတော့ ကိုယ်သိသင့်ကြပြီ ထင်ပါသည်။

ယခုလည်း မိုက်ကြေးခွဲသလိုရမည့် ငွေကြေးမြိုးမြိုးမြက်မြက်ရဖို့တစ်ခုတည်းကိုသာ ကြည့်မည်လော။ အနာဂတ်နိုင်ငံ လူမျိုးနှင့် နောင်လာနောက်သားတို့အကျိုးစီးပွားနှင့် အခွင့်အရေးကို အရှည်မျှော်ကိုပြီး ကိုယ့်လောဘကိုသတ်ကြမည်လော။ ပညာနှင့်ယှဉ်သော ဆုံးဖြတ်မှုကသာ နိုင်ငံအဝှမ်း အေးချမ်းမှုကိုဖြစ်စေပေလိမ့်မည်။ ပုဂံဒေသကိုဖျက်ဆီးခဲ့သည့် စိတ်ဓာတ်မျိုးနှင့်တော့ တိုင်းပြည်ကိုတည်ဆောက်၍မရနိုင်ပါ။
*******************************

လေးစားစွာဖြင့်

Ko Soe Win

pargyi-wife-305.jpg
 ကိုပါကြီးဇနီး မသန္တာကို တွေ့ရစဉ်
Photo: Kyaw Lwin Oo/RFA


အလွတ်သတင်းထောက် ကိုပါကြီးသေဆုံးမူကို တပ်မတော်စစ်ခုံရုံးက ဆုံးဖြတ်ချက်ပေးလိုက်တာဟာ တရားမျှတမူမရှိတာကြောင့် ပြန်လည် စိစစ်ဆောင်ရွက်ပေးဖို့ ဇနီးဖြစ်သူ မသန္တာက နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံ မနေ့က နေ့စွဲနဲ့ ကန့်ကွက်အသနားခံစာ ရေးသားပေးပို့လိုက်ပါတယ်။

အဲ့ဒီစာမှာ တပ်မတော်စစ်ခုံရုံး ဆုံးဖြတ်ချက်ကြောင့် အရပ်သားတွေ အခွင့်အရေးဆုံးရှုံးနေရတယ်လို့ ဖော်ပြ ထားတယ်လို့ မသန္တာက ပြောပါတယ်။

ကိုပါကြီးအသတ်ခံရမူနဲ့ ပတ်သက်ပြီး သေမူသေခင်း စစ်ဆေးချက်တွေကို ကျိုက်မရောမြို့နယ် တရားရုံးမှာ စစ်ဆေးနေချိန်အတွင်း၊ ကိုပါကြီးသေဆုံးခဲ့ရတဲ့အမှုမှာ တာဝန်ရှိသူတွေအဖြစ် စစ်ဆေးခံနေရသူ ဒုတပ်ကြပ် တစ်ဦးနဲ့ တပ်သား တစ်ဦးတို့ကို စစ်ခုံရုံးက တရားသေ လွှတ်ပေးလိုက်ပါတယ်။

အဲ့ဒီလို လွှတ်ပေးခဲ့ရာမှာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ရည်ညွန်းထားတာကြောင့် အဲ့ဒီဖွဲ့စည်းပုံဟာ တပ်မတော်သားတွေကိုသာ အကာအကွယ်ပေးပြီး အရပ်သားတွေကို အကာအကွယ် မပေးတဲ့ အဓိပ္ပာယ် သက်ရောက်စေတယ်လို့ မသန္တာက ပြောပါတယ်။

RFA

အရှေ့တောင်အာရှ ပင်လယ်ပြင်ထဲက ရွှေ့ပြောင်းလှေစီး ဒုက္ခသည်အများစုဟာ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ မဟုတ်ပဲ ဘင်္ဂလားဒေ့ရှ် နိုင်ငံကလာသူတွေဖြစ်တယ်လို့ ယုံကြည်ကြောင်း အင်ဒိုနိးရှားနိုင်ငံက ပြောဆိုတယ်လို့ သြစတေးလျ နိုင်ငံခြားရေးဝန်ကြီး Julie Bishop က ပြောပါတယ်။

အင်ဒိုနီးရှား အစိုးရ အထွေထွေရေးရာဌာန ညွှန်ကြားရေးမှူးချုပ် Hasan Kleib က ပြောဆိုခဲ့တာလို့ ဆိုပါတယ်။

အန်ဒမန်ပင်လယ်ပြင်မှာ အခုလောလောဆယ် လှေတွေနဲ့မျောနေကြသူပေါင်း ၇ဝဝဝ ဝန်းကျင် ရှိမယ်လို့ ခန့်မှန်းထားကြရာမှာ အဲ့ဒီထဲက ၃ဝ ကနေ ၄ဝ ရာနှုန်းသာ ရိုဟင်ဂျာတွေဖြစ်ဖွယ်ရှိပြီိး၊ ကျန်တဲ့သူတွေက ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေဖြစ်တယ်လို့ အင်ဒိုနီးရှားက ပြောဆိုကြောင်း၊ အဲ့ဒီ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ ဟာ နိုင်ငံရေးခိုလှုံဖို့လည်းမဟုတ်၊ ဒုက္ခသည်တွေလည်း မဟုတ်ပဲ မလေးရှားမှာ တရားမဝင် အလုပ်သမားတွေ အဖြစ် အလုပ်လုပ်ဖို့ လာခဲ့ကြသူတွေသာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်ကို ထွက်လာခဲ့ကြတဲ့ ရိုဟင်ဂျာတွေနဲ့ အလုပ်ရှာဖို့ ထွက်လာခဲ့ကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ ရောထွေးနေတယ်လို့ အင်ဒိုနီးရှားက ယုံကြည်နေကြောင်း သြစတေးလျ နိုင်ငံခြားရေး ဝန်ကြီး ဂျူလီဘစ်ရှော့ က Weekend Australian သတင်းစာ ကို ပြောဆိုခဲ့ပါတယ်။

ဒီအတွင်း အရှေ့တောင်အာရှ ပင်လယ်ပြင်ထဲက ရွှေ့ပြောင်းလှေစီးဒုက္ခသည်တွေရဲ့ အသက်ကို ကယ်တင်ရေးဟာ ထိပ်တန်းထားဦးစားပေး ဆောင်ရွက်ကြရမယ့် အဓိကအရေးအကြီးဆုံး အလုပ်ဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောပါတယ်။ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ရောက်ရှိနေစဉ်အတွင်း ပြော လိုက်တာပါ။

ဒါ့ပြင် မြန်မာ၊ ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေအနေနဲ့ လက်ရှိပေါ်ပေါက်နေတဲ့ လူတွေအစုလိုက် အပြုံလိုက် နေရာရွှေ့ပြောင်းနေကြတဲ့ အကြောင်းရင်းဇစ်မြစ်တွေကို ဒီလကုန်ပိုင်း ထိုင်းနိုင်ငံမှာကျင်းပမယ့် အစည်းဝေးပွဲမှာ ဆွေးနွေးအဖြေရှာကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုကလည်း မြန်မာအနေနဲ့ လှေစီးဒုက္ခသည် ပြဿနာဖြေရှင်းရာမှာ ပါဝင်တာဝန်ယူဖို့ မနေ့က တိုက်တွန်းခဲ့ပါတယ်။ ဒါ့ပြင် အမေရိကန် ပင်တဂွန် စစ်ဌာနချုပ် ပြောခွင့်ရပုဂ္ဂိုလ်ကလည်း အမေရိကန် အစိုးရအနေနဲ့ ဒုက္လသည်တွေကို လေကြောင်းကနေ ရှာဖွရာမှာ ကူညီဖို့အသင့်ရှိကြောင်း ဒေသတွင်းနိုင်ငံတွေကို ကမ်းလှမ်းထားပြီး၊ ခွင့်ပြုချက်တွေရဖို့ စောင့်ဆိုင်းနေကြောင်း ပြောပါတယ်။