05/27/15



အမျိုးသားပညာရေးဥပဒေ ပြဋ္ဌာန်းပြီးရင် ဆက်လက်ရေးဆွဲရမယ့် ဥပဒေတွေထဲက “အဆင့်မြင့် ပညာရေးဥပဒေကြမ်း” ကို ရေးဆွဲနိုင်ဖို့အတွက် ဒီနေ့ နေပြည်တော်မှာ ဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ကော်မတီဥက္ကဋ္ဌအဖြစ်ဆောင်ရွက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်က ဒီဆွေးနွေးပွဲကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်-ဗကသနဲ့ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ- တကသ ကိုယ်စားလှယ်တွေကို တက်ရောက်လေ့လာခွင့်ပေးခဲ့ပါတယ်။

RFA


လှေစီးပြေးဒုက္ခသည်တွေအရေး တုံ့ပြန်ဆောင်ရွက်ရာမှာ အားနည်းတယ်လို့ ဝေဖန်တာခံခဲ့ရတဲ့ မြန်မာနိုင်ငံမှာ ပြဿနာကို ဖြေရှင်းဖို့ ကြိုးပမ်းမှုတွေကို ကုလသမဂ္ဂ တာဝန်ရှိသူတွေကိုယ်တိုင် တွေ့မြင်ခဲ့ပြီး ဖြစ်တဲ့ အကြောင်း မြန်မာအစိုးရ အဆင့်မြင့် အရာရှိတဦးက ပြောဆိုလိုက်ပါတယ်။

ပြဿနာရဲ့ ဇစ်မြစ်ကို ဖြေရှင်းဖို့ လိုတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ထိပ်တန်းအရာရှိတဦးက ပြောဆိုခဲ့အပြီးမှာပဲ မြန်မာနိုင်ငံဘက်က တုံ့ပြန်ပြောဆိုလိုက်တာပါ။ အပြည့်အစုံကိုတော့ မသိင်္ဂီထိုက်က တင်ပြထားပါတယ်။

အရှေ့တောင်အာရှ ဒေသက လှေစီးပြေး ဒုက္ခသည်တွေအရေး မြန်မာနိုင်ငံနဲ့၊ အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) တို့အနေနဲ့ ဒီထက်ပို ပူးပေါင်း ဆောင်ရွက်ဖို့ လိုအပ်တဲ့အကြောင်း ကုလသမဂ္ဂ မဟာမင်းကြီး Zeid Ra’ad ad Al Hussein က တိုက်တွန်း ပြောကြားလိုက်တာ ဖြစ်ပါတယ်။ အာဆီယံအသင်းအနေနဲ့ ပဋိဉာဉ်မှာ ပြဌာန်းထားတဲ့အတိုင်း လူ့အခွင့်အရေးနဲ့ လူသားချင်း စာနာထောက်ထားရမယ့် အခြေခံမူတွေကို လိုက်နာပြီး ထွက်ပြေးလာသူတွေကို ကူညီဖို့ လိုအပ်သလို၊ မြန်မာနိုင်ငံလို ဒုက္ခသည်တွေ ထွက်ပြေးလာနေတဲ့ မူရင်းတိုင်းပြည်တွေ အနေနဲ့ ထိထိရောက်ရောက် ဆောင်ရွက်ဖို့ လိုတဲ့အကြောင်း ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမှာကျင်းပတဲ့ မနေ့တုန်းက လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ ပြောကြားခဲ့တာပါ။

မြန်မာအစိုးရကတော့ လှေစီးပြေးဒုက္ခသည်တွေအရေး ဖြေရှင်းဖို့ ကြိုးပမ်းမှုနေတာတွေကို ကုလသမဂ္ဂ တာဝန်ရှိသူတွေကိုယ်တိုင် တွေ့မြင်နေကြတဲ့အကြောင်း ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးသန့်ကျော်က ပြောပါတယ်။

“Mr. Nambiar လည်း လာတွေ့သွားတယ်။ UNDP က Resident Coordinator (ဌာနေကိုယ်စားလှယ်) ကလည်း ကံကောင်းထောက်မစွာပေါ့နော် ဖြစ်တဲ့အချိန်မှာ သူတို့လည်း ရောက်နေတော့ သူတို့တွေ အကုန်လုံးတွေ့ပြီးတော့ သူတို့လည်း ကိုယ်တိုင် ကြည့်ပြီးတော့ မေးမြန်းခွင့်လည်း ရသွားတာပေါ့။ အဲတော့ သူတို့နိုင်ငံသား ဖြစ်-မဖြစ် ဆိုတာလည်း ကျနော်တို့ မီဒီယာတွေနဲ့ အင်တာဗျူးမှာလည်း သူတို့အားလုံး ပြောချက်အရ သိပြီးပြီပေါ့လေ။ နောက်တခါ ကျနော်တို့က ဒီမှာ သူတို့နိုင်ငံသား မဟုတ်တဲ့ ၈ ယောက်ဆိုတာကိုလည်း ကျနော်တို့က သီးခြားခွဲထုတ်ထားပြီးပြီ။”

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း မြန်မာ့ရေပိုင်နက် အတွင်းက ကယ်ဆယ်ခဲ့ရတဲ့ လှေစီးပြေး ဒုက္ခသည် ၂၀၈ ဦးတို့ထဲမှာလည်း ၂၀၀ တို့က ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေ ဖြစ်တယ်လို့ မြန်မာဘက်က ပြောဆိုထားပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေ ဟုတ် မဟုတ်ကို ဘင်္ဂလားဒေ့ရှ် အစိုးရက စိစစ်နေဆဲ ဖြစ်ပြီး ဒီလူတွေကို ပြန်လက်ခံဖို့ကိုလည်း ဘင်္ဂလားဒေ့ရှ်ဘက်က သဘောတူထားတယ်လို့လည်း ဒုဝန်ကြီး ဦးသန့်ကျော်က ပြောပါတယ်။ ဒါပေမဲ့လည်း လူ့အခွင့်အရေးဆိုင်ရာ ကုလမဟာမင်းကြီး Zeid Ra’ad Al Hussein ကတော့ ယာယီခိုလှုံခွင့် ပေးတာထက် လှေစီးထွက်ပြေး နေရတဲ့အဓိက အကြောင်းရင်းတွေကို ဖြေရှင်းဖို့ လိုတယ်လို့ ပြောဆိုလိုက်ပါတယ်။

“ယာယီခိုလှုံခွင့် ပေးတာဟာ ကြိုဆိုစရာ ဆိုပေမဲ့၊ ဒီလောက်နဲ့တော့ လေးနက်လှတဲ့ ပြဿနာကြီး ပြေလည်သွားလိမ့်မယ်လို့ မမျှော်လင့်နိုင်ပါဘူး။ ထောင်နဲ့ချီတဲ့ ဒီလူတွေဟာ မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေပါ။ ပြန်လာသူ တချို့ကို မြန်မာအစိုးရက လက်ခံခဲ့ပြီး၊ လူကုန်ကူးမှု၊ တရားမ၀င် ရွှေ့ပြောင်းအခြေချမှုတွေကို အကာအကွယ်ပေးဖို့ အလေးအနက် ကြိုးပမ်းနေတယ်လို့လည်း ကြေညာပါတယ်။ ဒါပေမဲ့လည်း ရိုဟင်ဂျာတွေ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ အစိုးရရဲ့ မူဝါဒတွေကို ပြောင်းလဲဖို့က မဖြစ်မနေ လုပ်ဖို့ လိုအပ်ပါတယ်။ ဒီလူတွေ အနေနဲ့ မြန်မာပြည်မှာ ဂုဏ်သိက္ခာရှိရှိ နေထိုင်ခွင့် ရှိရမှာပါ။ ဒါပေမဲ့လည်း လူမျိုးရေး၊ ဘာသာရေး ဖိနှိပ်မှုတွေ၊ နိုင်ငံသားအဖြစ်နဲ့ရော စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးအရ အပြည့်အ၀ မခံစားရပဲ အခွင့်အရေးတွေကို ငြင်းပယ်ခံရတာတွေ အပါအ၀င် စနစ်တကျ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အကြီးအကျယ် ရင်ဆိုင်နေကြရပါတယ်။”

မြန်မာအစိုးရကတော့ လှေစီးပြေးဒုက္ခသည်တွေအရေး သောကြာနေ့မှာ ဆွေးနွေးဖို့ စီစဉ်ထားတဲ့ ထိုင်းနိုင်ငံက ညီလာခံကို တက်ရောက်ဖို့ အစောပိုင်းမှာ ငြင်းဆန်ထားပေမဲ့ အခုအခါ တက်ရောက်ဖို့ ဆုံးဖြတ်ထားတာပါ။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကပါ တက်ရောက်ကြမယ့် ညီလာခံမှာ ဆွေးနွေးတဲ့အခါ မြန်မာအစိုးရအနေနဲ့ ပူးပေါင်းဆောင်ရွက်မယ့် အစီအစဉ်တွေကို ရှင်းပြဖို့ ရည်ရွယ်ထားတယ်လို့လည်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးသန့်ကျော်က ပြောပါတယ်။

“မြန်မာနိုင်ငံရဲ့ ရပ်တည်ချက်၊ မြန်မာနိုင်ငံက ရှေ့ကို ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲဆိုတဲ့ ကျနော်တို့ရဲ့ စဉ်းစားတဲ့အချက်၊ နောက် တချို့ဟာတွေမှာ မြန်မာနိုင်ငံက လက်မခံနိုင်တဲ့ အချက်တွေကိုလည်း ကျနော်တို့က ဒီမှာထည့်ဆွေးနွေးပြီးတော့ ဒါ ဒေသတွင်းမှာ ဒီလိုလူတွေကို ကုန်ကူးနေတဲ့ ကိစ္စမှာ ကျနော်တို့ရဲ့သဘောထား၊ အခြားနိုင်ငံတွေရဲ့ သဘောထားကိုလည်း ကျနော်တို့က အဲဒီမှာ လေ့လာလို့ရတဲ့အပြင် ခုနက အမေရိကန်တို့၊ ဆွစ်ဇာလန်တို့ ဘာတို့ပါ ပါမယ်လို့ပြောပါတယ်။ အဲတော့ ဒီနိုင်ငံတွေနဲ့လည်း ကျနော်တို့က အပြန်အလှန် ကျနော်တို့ ဟုတ်လား ရင်ဆိုင်နေရတဲ့ဥစ္စာကို ကျနော်တို့ ရင်ဆိုင်နေရသလို သူများလည်း ရင်ဆိုင်နေရတယ်၊ ဒါကို ပူးပေါင်းပြီး အဖြေရှာမှပဲ ရမှာပဲလေ။ တချို့ဟာတွေက၊ နိုင်ငံရေးအနေနဲ့ အသုံးချမယ်ဆိုရင်တော့ ဘယ်လိုမှ အဖြေရှာလို့ မရနိုင်ဘူးပေါ့။ ဒါ လူသားချင်းစာနာရမယ့်ကိစ္စ၊ လူသားချင်း ကူညီရမယ့်ကိစ္စ အနေနဲ့ အားလုံးက ၀ိုင်းစဉ်းစားပြီးတော့ ဖြစ်နေတဲ့ ပြဿနာအပေါ်မှာ ရေရှည် ဖြေရှင်းနိုင်မယ့် အဆင့်အထိ ရောက်အောင် ကျနော်တို့ ဆွေးနွေးပေးဖို့တော့ အစီအစဉ် ရှိပါတယ်။”

လှေစီးပြေး ဒုက္ခသည်တွေအရေး မြန်မာနိုင်ငံက တက်တက်ကြွကြွ ဖြေရှင်းဖို့ ဖိအားပေးခံနေရတာကို လက်မခံနိုင်ကြတဲ့ တက်ကြွတွေကတော့ ဒီကနေ့ ရန်ကုန်မြို့မှာ ကန့်ကွက်ဆန္ဒပြခဲ့ကြတာပါ။ မြန်မာနိုင်ငံက ဖိနှိပ်ခံနေရတဲ့ ရိုဟင်ဂျာတွေ ဖြစ်တယ်လို့ လက်ခံသုံးနှုန်းပြီး မြန်မာအစိုးရဘက်က အရေးယူဆောင်ရွက်ဖို့ တိုက်တွန်းနေတဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ ပြောဆိုတိုက်တွန်းမှုတွေကို ကန့်ကွက်တဲ့အနေနဲ့ သံဃာတော်တွေ အပါအ၀င် လူပေါင်းရာချီပြီး ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

မသိင်္ဂီထိုက် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA ရဲ့ လက်ရှိနဲ့ အရင်က ထိပ်တန်းတာဝန်ရှိ သူတွေအပေါ် အကျင့်ပျက် ခြစားမှုဆိုင်ရာ ရာဇ၀တ်ကြောင်း စွဲချက်တွေ အမေရိကန် ပြည်ထောင်စုက စွဲတင်လိုက်သလို ဆွစ်ဇာလန် တာဝန်ရှိသူတွေကလည်း သီးခြား စုံစမ်းစစ်ဆေးမှု တခုလုပ်နေပါတယ်။

၂၀၁၈ နဲ့ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပွဲတွေအတွက် လုပ်ပိုင်ခွင့်တွေ ပေးတာနဲ့ဆက်စပ်တဲ့ စွပ်စွဲချက်တွေအပေါ် ဆွစ်ဇာလန် တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးနေတာပါ။ အမေရိကန်ရဲ့ ပြစ်မှုဆိုင်ရာစွဲချက်ထဲမှာ လူ ၁၄ ဦးအပေါ် စွဲချက် ၄၇ ခု ပါဝင်ပါတယ်။

အဲဒီထဲမှာ တရားမ၀င်လုပ်ငန်းနဲ့ အသက် မွေးမှု၊ ငွေလွှဲပြောင်းခြင်းဆိုင်ရာ မသမာမှု၊ ငွေမည်းခ၀ါချမှု စတဲ့ စွဲချက်တွေပါဝင်ပါတယ်။ ဘောလုံးပြိုင်ပွဲတွေအတွက် ဈေးကွက်ဆိုင်ရာ အခွင့်အရေးတွေရဖို့ အားကစား သတင်းမီဒီယာတွေရဲ့ အရာရှိတွေက အမေရိကန်ဒေါ်လာ သန်း ၁၅၀ ကျော် ပေးခဲ့တာ၊ ဒါမှမဟုတ် ပေးဖို့သဘောတူထားတာတွေ ပါဝင်တဲ့ အကြံအစည်တခု ဖြစ်တယ်လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။

နိုင်ငံတကာ ဘောလုံးပြိုင်ပွဲတွေမှာ အကျင့်ပျက်ခြစားပြီးတော့ သူတို့ကိုယ်သူတို့ ချမ်းသာအောင်လုပ်တဲ့ ၂၄ နှစ်ကြာ အကြံအစည် တခုအဖြစ် အမေရိကန် တရားရေးဌာနက ပြောပါတယ်။

FIFA တာဝန်ရှိသူ ၇ ဦးကို ဆွစ်ဇာလန်အာဏာပိုင်တွေက ဒီကနေ့မှာ ဖမ်းဆီးပြီး အမေရိကန် ပြည်ထောင်စုဆီ လွှဲပြောင်းပေးမှာ ဖြစ်ပါတယ်။ အမေရိကန် တာဝန်ရှိသူတွေကလည်း ဖလော်ရီဒါပြည်နယ်၊ မိုင်ယာမီမြို့မှာ ဒီကနေ့ ရှာဖွေ စစ်ဆေးတာတွေ ထပ်လုပ်ပါတယ်။ နောက်ထပ် လူ ၄ ဦးက ဒီအမှုမှာ အပြစ်ရှိတယ်ဆိုတာ ၀န်ခံထားပြီးပြီလို့ အမေရိကန် တရားရေးဌာနက ပြောပါတယ်။

အမေရိကန်နဲ့ ဆွစ်ဇာလန်က အမှု ၂ ခုစလုံးမှာ လက်ရှိ FIFA ဥက္ကဋ္ဌ Sepp Blatter မပါဘူးဆိုတာ FIFA ရဲ့ ဆက်သွယ်ရေးနဲ့ အများပြည်သူရေးရာ ညွှန်ကြားရေးမှူးက သတင်းထောက်တွေကို အတည်ပြု ပြောဆိုထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


 ဇွန်လ ၁ ရက်နေ့ကစတင်ပြီး ကောက်ခံမယ့် မိုဘိုင်းဖုန်းသုံးစွဲသူတွေထံက ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ကောက်ယူမယ့် အစီအစဉ်ကို ၁ နှစ်ဆိုင်းထားဖို့ ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဆုံးဖြတ်လိုက်ပါတယ်။

ဖုန်းအသုံးပြုရင် ပေးရမယ့် ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ဆိုင်းငံ့ထားဖို့နဲ့ ပတ်သက်ပြီး ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြပါတယ်။ ဒီအပေါ်မှာ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာ ၀န်ကြီးဌာန ၀န်ကြီးနဲ့ ဒုတိယ၀န်ကြီးတို့ လာရောက်ရှင်းလင်းခဲ့ပါတယ်။

အဲဒီနောက် ပြည်ထောင်စုလွှတ်တော်ရဲ့ သဘောဆန္ဒအရ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်မှာ ဆိုင်းငံ့ထားဖို့ အဆိုကို လွှတ်တော်က အတည်ပြုလိုက်ပါတယ်။

 By ဒီဗွီဘီ
http://burmese.dvb.no


ဒမတ်စကတ် ၊ ၂၇-၅-၂၀၁၅

ISIS စစ်သွေးကြွ အဖွဲ့အနေဖြင့် တစ်နှစ်အတွင်း နျူကလီးယားဗုံး တစ်လုံး ပိုင်ဆိုင်နိုင်မည် ဖြစ်ကြောင်း အဆိုပါ အဖွဲ့၏ ဝါဒဖြန့်ချိရေး မဂ္ဂဇင်း Dabiq တွင် ဖော်ပြခဲ့သည် ဟု Sputnik သတင်း တစ်ရပ်အရ သိရသည်။

အလားတူ ISIS အဖွဲ့အနေဖြင့် ဘဏ်တွင် အမေရိကန် ဒေါ်လာ ဘီလီယံပေါင်း များစွာ အပ်နှံထားပြီး ဒေသတွင်းရှိ အကျင့်ပျက် ခြစားသော အစိုးရ တာဝန်ရှိသူများ နှင့်ချိတ်ဆက်၍ လက်နက် ကုန်သည်များ ထံမှ နျူကလီးယား ဗုံးအား ဝယ်ယူရန် ပါကစ္စတန်ရှိ အဖွဲ့ဝင် များထံ ပြောကြား ထားကြောင်း လည်း အဆိုပါ မဂ္ဂဇင်းတွင် ဖော်ပြခဲ့ပါသည်။

ISIS စစ်သွေးကြွှအဖွဲ့အနေဖြင့် ပါကစ္စတန် နိုင်ငံတွင် ဗုံးဝယ်ယူ ရရှိပါက အဆိုပါဗုံးအား လစ်ဗျားနှင့် နိုင်ဂျီးရီးယား နိုင်ငံတို့မှ တစ်ဆင့် အနောက်နိုင်ငံ များသို့ သယ်ယူ ပို့ဆောင်မည် ဖြစ်ကြောင်း  အဆိုပါမဂ္ဂဇင်း တွင် ဖော်ပြထားချက် အရ သိရသည်။

အလားတူ ဥရောပ ဒေသသို့ ဝင်ရောက်နေသည့် ကိုလံဘီယာ နိုင်ငံမှ မူးယစ်ဆေးဝါး တင်ပို့မှု များသည် အနောက် အာဖရိက ဒေသကို ဖြတ်သန်း၍ သွားလာလျက် ရှိကြောင်း၊ ထို့ကြောင့် အရှေ့နိုင်ငံ များမှ အနောက်နိုင်ငံ များသို့ သွားလာနေသည့် အခြားသော ပို့ဆောင်ရေး လမ်းကြောင်း များဖြင့် သယ်ယူပို့ဆောင် နိုင်ကြောင်းလည်း အဆိုပါ မဂ္ဂဇင်းတွင် ဖော်ပြခဲ့ပါသည်။

ISIS စစ်သွေးကြွ အဖွဲ့အနေဖြင့် ၂ဝ၁၄ ခုနှစ် နွေရာသီမှ စတင်၍ အီရတ်နှင့် ဆီးရီးယား နိုင်ငံတို့၌ အရေးသာမှု မြင့်တက် လာခဲ့သည့် အချိန်မှစ၍ ဒေသတွင်းရှိ စစ်သွေးကြွ များသည် ISIS အဖွဲ့နှင့် ပူးပေါင်းပါဝင် ဆောင်ရွက်လျက် ရှိနေကြောင်း သိရသည်။ လက်ရှိ အချိန်တွင် မြောက်အာဖရိက ဒေသ၊ ယီမင်၊ ပါကစ္စတန် နှင့် အာဖဂန် နစ္စတန်နိုင်ငံ တို့တွင် ISIS အဖွဲ့ဝင်များ လှုပ်ရှားလျက် ရှိနေကြောင်းနှင့် ပါကစ္စတန် စစ်သွေးကြွ အဖွဲ့ Tehreek-i-Taliban Pakistan (TTP) နှင့် ဆက်နွှယ်လျက် ရှိသော Jundallah စစ်သွေးကြွ အဖွဲ့သည် ISIS အဖွဲ့အား သစ္စာခံကြောင်း ၂ဝ၁၄ ခုနှစ် နိုဝင်ဘာလ တွင် ထုတ်ဖော် ပြောကြား ခဲ့သည်ဟု သိရှိရသည်။

PyiChitThar
http://www.pyichitthar.com

 နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးမှာ ဇူလိုင်လ ၂ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မ ရှင် ဥက္ကဌ ဦးတင်အေးနဲ့ နိုင်ငံရေးပါတီ ၆၅ ပါတီတို့ တွေ့ဆုံစဉ် Photo: Myo Thant Khaing/RFA
မြန်မာနိုင်ငံကနေရာတချို့မှာ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းတွေပြီးစီးဖို့ အခက်အခဲတွေရှိနေသေးပေမဲ့ ၂၀၁၅ ရွေးကောက်ပွဲကို အစီအစဉ်အတိုင်း ကျင်းပ မှာဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ပြော ပါတယ်။

လာမယ့်နိုဝင်ဘာလမှာ ရွေးကောက်ပွဲကျင်းပမယ် လို့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက သတင်းထောက်တွေကို မနေ့က ပြောဆိုခဲ့ပါတယ်။

မဲပေးရမယ့်နေ့ကို သြဂုတ်လအတွင်း ကြေညာ မှာဖြစ်ပြီး၊ ရွေးကောက်ခံ ကိုယ်စားလှယ်အမည်စာရင်းနဲ့ အရွေးခံမယ့် မဲဆန္ဒနယ်စာရင်းတွေကို စက်တင်ဘာလ မှာ ကြေညာမယ်လို့လည်း ပြောပါတယ်။

စစ်ရေးပဋိပက္ခတွေကြောင့် ဒုက္ခသည်စခန်းတွေ ထဲရောက်ရှိနေကြတဲ့ ပြည်တွင်းနေရာရွှေ့ပြောင်းခဲ့ရ သူတွေ အများအပြား မဲပေးနိုင်ရေးလုပ်ငန်းတွေ ပြီးစီးအောင်ဆောင်ရွက်ရေးဟာ ပြဿနာတွေထဲကတစ်ခုဖြစ်တယ်လို့ဆိုပါတယ်။

RFA Burmese
http://www.rfa.org/burmese



မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်က တောင်သူ လယ်သမားတွေ အရေး ကူညီဆောင်ရွက် ပေးခဲ့တဲ့ မိတ္ထီလာ ပြည်သူ့ အကျိုးဆောင် ကွန်ရက် တာဝန်ခံ ဒေါ်မြင့်မြင့်အေး အပါအ၀င် ကွန်ရက်အဖွဲ့ဝင် ၃ ဦးနဲ့ တောင်သူ ၆ ဦးကို ၀မ်းတွင်းမြို့နယ် တရားရုံးမှာ မေ ၂၆ ရက်နေ့က ထောင်ဒဏ်အသီးသီး ချမှတ်လိုက်ပါတယ်။

ဝမ်းတွင်းမြို့နယ် ကံသာကျေးရွာနေ တောင်သူ ၆ ဦးကို  ပုဒ်မ ၄၄၇ ပိုင်နက်ကျူးလွန်မှု၊ ပုဒ်မ ၄၂၇ အကျိုးစီးပွားဖျက်စီးမှုပုဒ်မတွေနဲ့ အလုပ်နဲ့ ထောင်ဒဏ် ၅ လစီချမှတ်ပြီး ပြည်သူ့အကျိုးဆောင်ကွန်ရက်အဖွဲ့ဝင် ၃ ဦးကို ပိုင်နက်ကျူးလွန်မှုနဲ့ ထောင်ဒဏ် ၂လစီ ချမှတ်လိုက်တာ ဖြစ်ပါတယ်။

“တောင်သူတွေက ၄၄၇ နဲ့က ၂ လ၊ ၄၂၇ နဲ့က ၃လ အလုပ်နဲ့ ထေင်ဒဏ်  သီးခြားစီကျခံရမှာ။ ကွန်ရက်အဖွဲ့ဝင်တွေကတော့ ၂ လစီထောင်ဒဏ်အနေနဲ့ချတာ” လို့ တောင်သူတွေရဲ့ ရှေ့နေ ဒေါ်ဟန်စုရည်က  ပြောပါတယ်။

အမှုဖြစ်စဉ်ကတော့ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ ညောင်အုပ်ဖီးအုပ်စု၊ ကံသာကျေးရွာ၊ မင်းကုန်းကျေးရွာ၊ ညောင်အုပ်ဖီးကျေးရွာမှာ နေထိုင်တဲ့တောင်သူ ၁၀ ဦးရဲ့ ဓားမဦးချလုပ်ကိုင် စားသောက်တဲ့ လယ်ယာမြေတွေကို ငါးမွေးမြူရေးအတွက်ဆိုပြီး လျော်ကြေး တစုံတရာ ပေးခြင်းမရှိဘဲ သိမ်းယူခဲ့ရာက စတင်ခဲ့တာပါ။

တောင်သူတွေရဲ့ လယ်မြေတွေကို ၁၉၉၁ ခုနှစ်လောက်မှာ မိတ္ထီလာလေတပ်စခန်းမှူး လက်ရှိ ပို့ဆောင်ရေးဝန်ကြီး ဦးဥာဏ်ထွန်းအောင်ဦဆောင်ပြီး  ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ဒေသခံ သူဌေးတဦးက သီးနှံတွေ စိုက်နေတဲ့အချိန်မျာ သိမ်းယူခဲ့တာလို့ အသိမ်းခံရတဲ့ တောင်သူ ဦးကျော်မြင့်က ပြောပါတယ်။

“သူတို့က ကျနော်တို့ အကွက်တွေကို ငါးကန်အဖြစ် ဗိုလ်မှူးဉာဏ်ထွန်းအောင်ပေါ့လေ။ အခု ပို့ဆက်ဝန်ကြီးဖြစ်သွားတဲ့ ဗိုလ်မှူးဉာဏ်ထွန်းအောင်နဲ့ ကျေးရွာဥက္ကဋ္ဌဖြစ်တဲ့ ဦးချစ်ဌေး၊ မြို့က လွင်ကျော်သိန်းရယ် ငါးကန်အဖြစ်သိမ်းပြီးတော့ ကျနော်တို့ရဲ့ ကုလားပဲ၊ နှမ်း၊ စပါးစိုက်နေတဲ့ အချိန်မှာ ရဲဘော်တွေနဲ့ လာတူးသွားတာဖြစ်ပါတယ်။”

ဒီလယ်မြေသိမ်းခံရမှုနဲ့ပတ်သက်ပြီး အကြိမ်ကြိမ်တိုင်ကြားခဲ့ပေမယ့် တစုံတရာအရေးယူ ဆောင်ရွက်မှုမရှိတဲ့အပြင် တိုင်စာတွေပျောက်သွားပြီဆိုပြီး အမှုဖျေက်ဖျက်ခံခဲ့ရတယ်လို့  ဦးကျော်မြင့်က ပြောပါတယ်။

၂၀၁၀ ရွေးကောက်ပွဲပြီး အစိုးရသစ်တက်လာပြီးတဲ့နောက်ပိုင်း လယ်သမားတွေရဲ့ လယ်မြေပြန်ရမယ်လို့ သတင်းရတဲ့အတွက် သူတို့ ပိုင်တဲ့လယ်မြေတွေကို သွားရောက်ရှင်း လင်းခဲ့ရာကနေ အခုလို တရားစွဲဆို ထောင်ချခံရတာလို့ ဆိုပါတယ်။

သူတို့ကို ၂၀၁၃ ခုနှစ်လောက်ကတည်းက တရားစွဲဆိုပြီး ရုံးချိန်းပေါင်း ၇၀ ချိန်းဆိုစစ်ဆေးခံရပြီးမှ ထောင်ဒဏ်အသီးသီးချမှတ်ခဲ့တာဖြစ်ပါတယ်။

သူတို့ကို မနေ့က ထောင်ဒဏ်ချမှတ်ပြီး လက်ရှိ မိတ္ထိလာထောင်မှာ ထိန်းသိမ်းထားပါတယ်။

ဓာတ်ပုံ- HM Khine facebook
 By နော်နိုရင်း (ဒီဗွီဘီ)
http://burmese.dvb.no

လှေစီးပြေး ဒုက္ခသည်များကို ထိုင်းနိုင်ငံက ကမ်းပေါ် ခေါ်မှာ မဟုတ်
ထိုင်းနိုင်ငံ ပင်လယ်ပြင်ကို ရောက်လာမယ့် လှေစီးဒုက္ခသည် တွေကို ပင်လယ်ပြင်မှာ အကူအညီ ပေးရေး စင်တာ ထားပြီး ကူညီသွားမယ်လို့ ထိုင်းစစ်တပ်က ထုတ်ပြန် လိုက်ပါတယ်။

ထိုင်းပိုင်နက် ပင်လယ်ပြင်မှာ ကြည်း၊ ရေ၊ လေ စုပေါင်း တပ်က ကင်းလှည့်ပြီး လှေစီး ဒုက္ခသည်တွေကို စစ်ဆေးပြီးတဲ့နောက် အကူအညီ ပေးသွားဖို့ကို မေလ ၂၆ ရက်နေ့က ပြုလုပ်တဲ့ ထိုင်းအစိုးရ ဝန်ကြီးများ အစည်းအဝေးက အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

စစ်သင်္ဘ࿿ောကြီးတွေနဲ့ ကင်းလှည့် ရေယာဉ်ငယ်တွေကို သုံးပြီး ပင်လယ်မှာ ရေတပ်က စစ်ဆေးမှာ ဖြစ်သလို လေတပ်က ကောင်းကင် ကနေ လေယာဉ်နဲ့ စစ်ဆေးမယ်၊ ကြည်းတပ်ကလည်း ကုန်လမ်းက စစ်ဆေး သွားမှာဖြစ်ပါတယ်။

ဝန်ကြီးချုပ် ပရာယွတ် ကျန်အိုးချားက ပင်လယ်ပြင်မှာ စစ်သင်္ဘ࿿ောတွေက စောင့်ကြည့်ပြီး အကူ အညီပေးမယ်၊ ဆေးဝါး လောင်စာဆီ အစားအသောက် စတာ တွေကို အကူ အညီပေးပြီး ဒုက္ခသည်တွေ သွားချင်တဲ့နေရာကို ဆက်လက် သွားနိုင်အောင် ကူညီမှာ ဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

တကယ်လို့ သေရေး ရှင်ရေး လူနာတွေ ရှိရင် ကမ်းပေါ် ခေါ်ပြီး ကုသပေးမှာဖြစ်ကြောင်းနဲ့ မိသားစု အလိုက် ဆိုရင် ခွဲပြီးခေါ်မှာမဟုတ်ပဲ မိသားစုလိုက်ကို ကမ်းခေါ်ယူပြီး အကူအညီပေးမယ်လို့လည်း သူက ပြောပါတယ်။

ထိုင်း ရေပိုင်နက်ထဲမှာ တွေ့တဲ့ လှေစီး ဒုက္ခသည် တွေကို ကမ်းပေါ် ခေါ်တင်မှာ မဟုတ်ပဲ လိုအပ်တဲ့ အကူအညီ ပေးဖို့သာဖြစ်ပြီး ယာယီ ဒုက္ခသည် စခန်းဖွင့်ဖို့ အစီအစဉ် မရှိသေးဘူးလို့ ဆိုပါတယ်။

၂၉ ရက်နေ့မှာ နိုင်ငံ ၁၇ နိုင်ငံနဲ့ ဆွေးနွေးမယ့် ပုံမှန်မဟုတ်တဲ့ ရွှေ့ပြောင်းသူများ အရေး ဆွေးနွေးပွဲအပြီးမှာ လုပ်ငန်းစဉ်တွေ အတိအကျ ပေါ်လာ လိမ့်မယ်လို့ လည်း ဝန်ကြီးချုပ် ပရာ့ယွတ် ကျန်းအိုးချားကပြောပါတယ်။

ထိုင်းနိုင်ငံ အတွင်း ရိုဟင်ဂျာ အသင်းအဖွဲ့တွေ ဖွဲ့စည်း ထားတာဟာ ဥပဒေနဲ့ ညီမညီ ဆိုတာနဲ့ အခုလူကုန်ကူးမှုမှာ ပတ်သက်သလား ဆိုတာတွေကို စစ်ဆေးသွားမယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။

လှေစီး ဒုက္ခသည်တွေကို လူကုန်ကူးမှုနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံမှာ ဖမ်းဝရမ်း ထုတ် ထားသူ ၇၇ ယောက်ရှိပြီး ဒေသအဆင့် နိုင်ငံရေး သမားတွေနဲ့ ရဲအရာရှိတွေ အပါအဝင် ၄၆ ယောက်ကို ဖမ်းဆီး ထားပြီးဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese


လက်ပံတန်းမြို့မှာ ဖမ်းဆီး ထိန်းသိမ်းခံရတဲ့ ကျောင်းသားတွေကို မေလ ၂၆ ရက်နေ့မှာ ရုံးထုတ်စစ်ဆေးရာမှာ ကျောင်းသားအာလုံးကို နှစ်ဘက်လက်ထိပ်ခတ်ပြီး ရုံးထုတ်လာတဲ့အတွက် ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ခဲ့ရတယ်လို့ မိသားစုတွေက ဆိုပါတယ်။

ဒီနေ့မှာတော့ တရားစွဲဆိုခံထားရတဲ့ ကျောင်းသားတွေဘက်က ရှေ့နေတွေက  အပြန်အလှန် စစ်ဆေးမေးမြန်းမှုတွေကို စတင်ဆောင်ရွက်တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက် သပိတ်မှောက်ချီတက်ခဲ့တာကြောင့် ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေ သာယာဝတီခရိုင် တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ရာမှာ တရားလိုကို စစ်မေးခြင်း ပြီးသွားတဲ့အတွက် ကျောင်းသားတွေဘက်က ရှေ့နေတွေက အပြန်အလှန် စစ်ဆေးမေးမြန်းတာ လုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ တရားရုံးကို သွားရာလမ်းမှာ ကျောင်းသားတွေရဲ့ လက်နှစ်ဘက်လုံးကို လက်ထိပ်ခတ်ထားတဲ့အတွက် အဆင်မပြေ ဖြစ်ခဲ့ရသလို ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ခဲ့ရကြောင်း၊ အဖမ်းခံနေရသူတဦးဖြစ်တဲ့ မဟန်နီဦးရဲ့ ဖခင်ဖြစ်သူက ပြောပါတယ်။

“အမှုက ဒီနေ့ကတော့ တရားလိုကို အဓိကစစ်မေးချက် ပြီးသွားတဲ့အတွက်ကြောင့် ကျနော်တို့ ပြန်လှန်စစ်မေးခြင်း ကျနော်တို့ဘက်က ပြန်လှန်စစ်မေးခြင်းကို လုပ်နေပါတယ်။ အခုတခေါက်ကတော့ ထူးခြားတာကတော့ တဦးချင်းလက်ထိပ်တွေ ခတ်ထားတယ် ယောကျာ်းလေးတွေကိုလေ။ ၆၂ ယောက်စလုံးကို လက်ထိပ်တွေခတ်ထားတယ်။ တဦးချင်းဆီခတ်ထားတယ်။ တော်တော် ဆိုးဆိုးရွားရွားလုပ်တယ်ဗျ။ ကလေးတွေက လက်ထိပ်ခတ်ထားတဲ့အခါကျတော့ ပုဆိုးကျွတ်တာတောင်မှပဲ ၀တ်လို့မရအောင်လို့ အတင်း တွန်းခေါ်သွားတယ်။ ရှေ့နေတွေရော၊ မိသားစုတွေရော၊ လာတဲ့လူတွေအကုန်လုံးကရော အကြီးအကျယ် အော်ကြပြုကြတော့မှ သူတို့ဘက်က နည်းနည်းလေး ဟိုဒင်းဖြစ်သွားတယ်။ ကျောင်းသားလေးတွေကို တရားရုံးရောက်တဲ့အချိန်အထိ လက်ထိပ်ဖြုတ်မပေးဘူး။ သူတို့လက်ထဲရောက်တဲ့သူကို သူတို့ လုပ်ချင်သလိုလုပ်မယ်ဆိုတဲ့ လက္ခဏာမျိုးဖြစ်နေတယ်။”

ဒီနေ့မှာပဲ ပြီးခဲ့တဲ့ရုံးချိန်းတုန်းက အာမခံပေးထားတဲ့ အသက်မပြည့်သေးတဲ့ ကိုအောင်မင်းခိုင်ကိုလည်း ကလေးသူငယ်တရားရုံးမှာ စစ်ဆေးမေးမြန်းမှုတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အကျဉ်းထောင်ထဲမှာတော့ ကျောင်းသားကျောင်းသူတချို့ဟာ သူတို့ကို ဖမ်းဆီးခဲ့စဉ်က ရိုက်နှက်ထားတဲ့ ဒဏ်တွေကြောင့် ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း ဝေဒနာများနဲ့ မဟန်နီဦး အပါအ၀င် ကျောင်းသူ ၂ ဦးကတော့ အရေပြားရောဂါများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတယ်လို့လည်း သူကပြောပါတယ်။


“အဲဒီ ကိုမင်းသွေးသစ်တို့ ဘာတို့ကအစလေ ခေါင်းကိုက်မှုတွေက အတွင်းမှာဖြစ်နေတဲ့အခါကျတော့ အမြဲတမ်းလို နာတာရှည်လို တခါတည်းဖြစ်တာမျိုး မဟုတ်တော့ဘဲနဲ့ တချက်တချက်မှာ ဖြစ်လာတယ်လေ။ အဲ့လိုပြန်ပြန်ဖြစ်တယ်။ ဖြစ်ကြတယ် အများစုပေါ့ဗျာ။ ခေါင်းရိုက်ခံရတဲ့သူ အများစုကတော့ အဲ့လိုပဲ။ ဘာကြောင့်လဲဆိုတော့ သူတို့ရိုက်တဲ့ လက်နက်ကိုက အတွင်းကြေအောင် ရိုက်တဲ့လက်နက်ကိုး။ ဟန်နီတို့၊ ဖြိုးဖြိုး တို့ မိန်းကလေးတွေထဲမှာတော့ တကိုယ်လုံးမှာ allergic သဘောမျိုးလိုနဲ့ အနာတွေပေါက်နေတယ်ဗျ။ အရေပြားနဲ့ပတ်သက်တဲ့ ရောဂါဝေဒနာတခု စွဲကပ်တာမျိုးကို တွေ့ခဲ့ရတယ်။ မဖြိုးဖြိုးဆိုရင်လည်း လက်မောင်းဘက် လက်တခုလုံးမှာ အဲဒီလို တွေ့ခဲ့ရတယ်ဗျ။ အနီပျောက်တွေဖြစ်ပြီးတော့လေ အဖုတွေပါဖြစ်နေတယ်။ သူတို့လုံးဝ တာဝန်ယူတာ မရှိဘူးဗျာ။ ဟန်နီဦးဆိုရင်လည်း ညာဘက်တခုလုံးက လက်ပြင်တခုလုံးမှာ အရေပြားကိုဖောင်းပြီး အဲဒီမှာ အနီကွက်ကြီးတွေဖြစ်နေတယ်။”

ပြီးခဲ့တဲ့ရုံးချိန်းတွေတုန်းက သာယာဝတီတရားရုံးရှေ့မှာ တကိုယ်တော်ဆန္ဒပြခဲ့တဲ့ ကိုဝင်းလှိုင်ကိုတော့  ပုဒ်မ ၅၀၅ (ခ) နဲ့ အမှုစွဲဆိုပြီး မနေ့က သာယာဝတီအကျဉ်းထောင်ကို ပို့လိုက်ပါတယ်။ ကျောင်းသားသပိတ်နဲ့ဆက်နွယ်ပြီး ဧရာဝတီသပိတ်စစ်ကြောင်းမှာ ကူညီဝန်းရံခဲ့သူ တက္ကသိုလ်က ဆရာတဦးကိုလည်း ဒီရက်ပိုင်းအတွင်းမှာပဲ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ လ ချမှတ်ခဲ့ပါတယ်ရှင်။

မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ် ဆောင်ရွက်တဲ့ အဆင့်မြင့် ပညာရေးဥပဒေကြမ်း ရေးဆွဲရေးကော်မတီရဲ့ "အဆင့်မြင့်ပညာရေး ဥပဒေမူကြမ်း" ဆွေးနွေးပွဲကို ကျောင်း သားကိုယ်စားလှယ်တွေ လာရောက်လေ့လာစဉ် Photo: NLD Chairperson Facebook
ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ် တာဝန်ယူဆောင် ရွက်နေတဲ့ အဆင့်မြင့်ပညာရေးဥပဒေကြမ်း ရေး ဆွဲရေးကော်မတီက "အဆင့်မြင့်ပညာရေး ဥပဒေ မူကြမ်း" ဆွေးနွေးပွဲကို ဒီကနေ့ ကျင်းပရာမှာ ကျောင်း သားကျောင်းသူ ကိုယ်စားလှယ် ၁၂ ဦးကို တက်ရောက်လေ့လာခွင့်ပေးခဲ့ပါတယ်။

ဆွေးနွေးပွဲကို နေပြည်တော်မှာရှိတဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ အဆောက်အဦးမှာ ကျင်းပခဲ့တာပါ။ အမျိုးသားပညာရေး ဥပဒေရဲ့ နောက်ဆက်တွဲပညာရေး ဥပဒေတွေကို ရေး ဆွဲရတော့မှာဖြစ်တာကြောင့် အခုလို ဆွေးနွေးရ တာဖြစ်တယ်လို့ သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာအောင်ကျော်မြတ် က ပြောပါတယ်။

"အဆင့်မြင့်ပညာရေးဥပဒေ ရေးဆွဲဖို့အတွက်ကို အရင်တုန်းကလည်း ဒီကော်မတီကရှိပြီးသား၊ ဒါပေမဲ့ အမျိုးသားပညာရေးဥပဒေပြီးမှ ကျနော်တို့က ဆွဲလို့ ရမှာကိုး၊ အဲ့ဒါကြောင့် ပြန်ပြီးတော့ခေါ်တဲ့သဘောပဲ၊ အရင်တုန်းက အဆင့်မြင့်ပညာရေးနဲ့ ပတ်သက်လို့ ဆွေးနွေး ခဲ့ကြတာပေါ့၊ အဲ့ဒါ အမျိုးသားပညာရေးဥပဒေ ရေးဆွဲနေတုန်း၊ အခုတော့ အမျိုးသားပညာရေးဥပဒေကလည်း ပြီးသွားပြီးတော့ နောက်တခါ ပြန်လည်ပြင်ဆင်ရေးလုပ်နေတာပေါ့၊ နှစ်ပတ်လောက်အတွင်း ပြတ်မယ်ပေါ့"

အမျိုးသားပညာရေးဥပဒေ အတည်ပြုပြီးနောက် အဆင့်မြင့်ပညာရေးဥပဒေ၊ မသင်မနေရ ပညာရေးဥပဒေ၊ အခြေခံပညာရေး ဥပဒေ၊ ဆရာအတတ်သင် ပညာရေးဥပဒေ၊ ပုဂ္ဂလိကပညာရေးဥပဒေနဲ့ အသက်မွေးပညာရေး ဥပဒေမူကြမ်းတွေကို ဆက်လက်ရေးဆွဲ အတည်ပြုရမှာဖြစ်တယ်လို့ သိရပါတယ်။

အဆင့်မြင့်ပညာရေးဥပဒေကြမ်းမှာ တက္ကသိုလ်တွေ လွတ်လပ်စွာစီမံခန့်ခွဲခွင့်နဲ့ ကျောင်းသားသမဂ္ဂဖွဲ့စည်းခွင့် အသေးစိတ်ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဒီနေ့ ဆွေးနွေးပွဲကို တက်ရောက်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်က တက္ကသိုလ်ကျောင်းသားများသမဂ္ဂ(တကသ) နဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်သားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ) ကျောင်းသားကျောင်းသူ ကိုယ်စားလှယ်တွေကို ဖိတ်ကြားခဲ့တာဖြစ်ပြီး ကိုအောင်နေပိုင်၊ ကိုဘုန်းပြည့်ကြွယ်၊ ကိုနန်းလင်း၊ ကိုရဲဇာနည်ထွန်း၊ ကိုဇေယျာလွင်၊ ကိုချစ်ဝင်းမောင်၊ ကိုသန့်ဇင်ထွန်း၊ မအိမ့်ပိုချစ် စတဲ့ ကျောင်းသားကျောင်းသူကိုယ်စားလှယ် ၁၂ ဦး တက်ရောက်ခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese


၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို လက်ရှိအစိုးရသက်တမ်း မကုန်ခင် ရက်ပေါင်း ၉ဝ အတွင်း လာမယ့် အောက်တိုဘာလကုန်နဲ့ နိုဝင်ဘာလ ပထမပတ်မှာ ကျင်းပမယ့်လို့ ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်အကြီးအကဲက ပြောထားပါတယ်။ ဒီရွေးကောက်ပွဲအတွက် လက်ရှိ  ကြိုတင်ပြင်ဆင်နေမှုတွေနဲ့ ပတ်သက်လို့ အဓိက အတိုက်အခံပါတီဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြောရေးဆိုခွင့် ရှိသူလည်းဖြစ် ဗဟိုအလုပ်အမှုဆောင်လည်းဖြစ်တဲ့  ဦးဉာဏ်ဝင်းကို ဒီဗွီဘီက ဆက်သွယ် မေးမြန်းထားပါတယ်။

၂၀၁၅ ရွေးကောက်ပွဲကျင်းပဖို့ အချိန်က ၅ လလောက်ပဲလိုတော့တယ်ဆိုတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေမှု ရာခိုင်နှုန်း ဘယ်လောက် အသင့်ဖြစ်နေပြီလဲ။

“အသင့်ဆိုတဲ့အနေအထားကို ကျနော်တို့ မပြောနိုင်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခု ထက်ထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲရက် တရားဝင်ကြေညာချက် မရှိသေးဘူး။ ဒါပေမယ့် ကြိုတင်ပြီးတော့ အန်ကယ်တို့ ပြင်ဆင်မှုတွေက အောင်နိုင်ရေး အဖွဲ့တွေ အဆင့်ဆင့်ခွဲတယ်၊ မပြီးပြတ်သေးပါဘူး။ ၅၀ ရာခိုင်နှုန်းတ၀က် လောက်တော့ ပြီးပါပြီ။ နောက်ပညာပေးလုပ်ငန်းတွေလည်း ဆက်တိုက်လုပ်နေပါတယ်။ အဲဒီဟာတွေ ကတော့ လောလောဆယ် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့ လုပ်ငန်းတွေ အနေနဲ့ လုပ်နေတာပါ။”

ပါတီကိုယ်စားလှယ်လောင်းတွေအနေနဲ့ရော  အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊  ပြည်နယ်နဲ့ တိုင်းဒေသကြီးလွှတ်တော်နေရာတွေအားလုံးမှာ ၀င်ပြိုင်မှာလား။ ဘယ်နှနေရာ လောက်မှာ ၀င်ပြိုင်ဖို့ရှိမလဲ၊  အနည်းဆုံး ကိုယ်စားလှယ်လောင်းနေရာ ၁၀၀၀ ကျော် ၀င်ပြိုင်မယ်လို့လည်း ခန့်မှန်းပြောနေတာ တွေ့ရပါတယ်။ ဒါဟုတ်ပါသလား။

“ကျနော်တို့ ကိုယ်စားလှယ်လောင်းရွေးချယ်ရေးနဲ့ ပတ်သက်ပြီး  ကြေညာချက်လည်း မထုတ်ရသေးပါဘူး။ ဖွဲ့လည်းမဖွဲ့စည်းရသေးပါဘူး။ ရွေးချယ်ခြင်းလည်း မလုပ်ရသေးပါဘူး။  ကျနော်တို့  အားလုံးမှာ ပြိုင်နိုင်ဖို့ကြိုးစားမယ်။ နေရာအားလုံးမှာ ၀င်ရောက်ပြိုင်ဖို့ ကြိုးစားမယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့  ကိုယ်စားလှယ်လောင်းတွေရွေးချယ်ရာမှာ  ဘယ်လို ပုံစံနဲ့ ဘယ်လိုမူတွေနဲ့ ရွေးသွားဖို့ရှိနေပါသလဲ။ မနေ့ကလည်း အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ စီအီးစီ တချို့ နေပြည်တော်မှာ ဒီကိစ္စဆွေးနွေးတယ်ကြားပါတယ်။

“ကျနော်တို့ တရားဝင်ဘာမှ မထုတ်ရသေးပါဘူး။ ပုံစံဆိုတာတော့ အောက်ခြေကနေစမှာပဲ ကိုယ်စားလှယ်လောင်း အောက်ခြေကနေ စမယ်။ မြို့နယ်လောက်ကစပြီး ဗဟိုအထိလာမယ်။ နောက် သီးခြားစိစစ်ရေးအဖွဲ့တဖွဲ့ရှိမယ်။ သီးခြားဆိုတာက အန်အယ်လ်ဒီမဟုတ်သော  လူကြီးလူကောင်းများ စိစစ်တဲ့ အဖွဲ့တဖွဲ့ရှိမယ်။ နောက်ဆုံး အဓိကကတော့ ဗဟို အလုပ်အမှုဆောင် အဖွဲ့ပါပဲ။”

ရွေးကောက်ပွဲမတိုင်ခင် လက်ရှိအချိန်ထိ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဥပဒေတွေနဲ့ ဆောင်ရွက်ချက်တွေ ပတ်သက်လို့ရော  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရာနှုန်းပြည့် အားရ ကျေနပ်မှု ရှိပါသလား။ အထူးသဖြင့် ကြိုတင်မဲ ပြဿ နာမဖြစ်အောင်ဆောင်နေမှုအပေါ် ဘယ်လို မြင်ပါသလဲ။

“ကြိုတင်မဲပြဿ  နာက အခုမရှိသေးဘူး။ ဥပဒေ စာအုပ်ထဲမှာကတော့ အားလုံးကောင်းတယ်။ လက်တွေ့ကြရင် ဘယ်လိုနေမလဲကြည့်ရမယ်။ ဘာဖြစ်လို့ ကျနော် ဒီလိုပြောနေလဲဆိုတော့ အခုမဲစာရင်းတွေကြေညာတယ်။ မဲစာရင်းတွေမှာ အမှားအယွင်းတွေ တကယ့်ကို  မဖြစ်သင့်တဲ့ အမှားမျိုးတွေ အများကြီးတွေ့တယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ ကြိုတင်မဲလည်း  နောက်ဆုံး အကြိမ် တကယ့်လက်တွေ့လုပ်တာအပေါ် ကြည့်ပြီးမှပဲ ပြောလို့ရပါမယ်။”

ပြီးခဲ့တဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတုန်းက ဖြစ်ခဲ့တဲ့ မဲပြားပေါ်မှာ ဖယောင်းသုတ်တဲ့ ပြဿ  နာမဖြစ်အောင် အခု လာမယ့်ရွေးကောက်ပွဲမှာ တံဆိပ်တုံးနှိပ်ပြီးမဲပေးဖို့  ကော်မရှင်က စီစဉ်နေတာ တွေ့ပါတယ်။ ဒီလို တံဆိပ်တုံးနဲ့ နှိပ်မဲပေးရင်ကော အမှားအယွင်းတွေ၊ မဲမသမာမှုတွေ ဖြစ်နိုင်ချေ မရှိဘူးလား။

“ကျနော်သိသလောက်တော့ အဲဒီလိုပဲကြားတယ်။ ဒါပေမယ်လို့  ဒီနေ့ထိ တရားဝင် ကြေညာတာ မရှိသေးဘူး။  အရင်တုန်းကလည်း လုပ်ခဲ့ဖူးတယ် ၁၉၉၀ တုန်းက ဒါ အထူးအဆန်းတော့ မဟုတ်ပါဘူး။ အမှားအယွင်းဆိုတာထက် မဲစလစ်ပြားပေါ်မှာ  အကျယ်အ၀န်းနေရာပေါ့ တံဆိပ် အ၀ိုင်းဝင်လို့ရအောင်  နေရာကောင်းကောင်းရှိမှ၊ မရှိရင် အသက်ကြီးတဲ့လူက လက်တုန်ပြီး နှိပ်လိုက်တာ ဘေးရောက်သွားတာ အကုန်ပယ်မဲဖြစ်ကုန်ပါတယ်။ ဒါတွေကလည်း မဲပြားပုံ သဏ္ဍာန်ထွက်လာမှပဲ ပိုပြီးတော့ ကြည့်ဖို့ကောင်းပါတယ်။”

ပြည်ထောင်စုရွေးကောက်ပွဲ  ကော်မရှင်လူကြီးတွေဟာ အာဏာရပါတီနဲ့ နီးစပ်လွန်းတယ်၊ တပ်မတော်က စစ်ဗိုလ်ဟောင်းတွေဖြစ်နေတယ်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။ အဖွဲ့ချုပ်အနေနဲ့ ရော ကော်မရှင်က လူပုဂ္ဂိုလ်တွေ အပေါ် ယုံကြည်မှု ဘယ်လောက်ရှိပါသလဲ။

“လက်ရှိကော်မရှင်တာဝန်ရှိတဲ့လူတွေ အပေါ်မှာ ကျနော်ဘာမှ ပြောစရာမရှိပါဘူး။ သို့သော် ကော်မရှင်မှာ ဒီလိုလူကြီးမျိုးထက်ကို ပါတီနိုင်ငံရေးနဲ့ လုံးဝကင်းစင်တဲ့ ကော်မရှင်မျိုးကို ကျနော်တို့ လိုချင်တယ်။”

အန်အလ်ဒီပါတီအနေနဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတုန်းက ကတိပြု လုပ်ပေးမယ်လို့ ပြောထားတဲ့ ရွေးကောက်ပွဲ ကြွေးကြော်သံ ၃ ခုပေါ့ တရားဥပဒေစိုးမိုးရေး၊၊  ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ဒီ ၃ ခုဘယ်လောက် အောင်မြင်အောင် လုပ်နိုင်တယ်လို့ သုံးသပ်ပါသလဲ။

“ကျနော်တို့ ဘယ်လောက်ဆိုတာတော်တော် ပြောရခက်ပါတယ်။ တကယ်တမ်း အဲဒီ ၃ ခုစလုံးကို အန်အလ်ဒီက လုပ်နေတယ်။ လွှတ်တော်တွင်းမှာလုပ်တယ်၊ ကုလသမဂ္ဂနဲ့ ပူးပေါင်းပြီး ဥပဒေစိုးမိုးရေး လုပ်တယ်။ အများကြီး လုပ်နေပါတယ်။ တကယ်ထိရောက်မှု ရှိမရှိဆိုတာ သမိုင်းကိုပြန်ကြည့်မှရမယ်။ သမိုင်းလိုပဲ ဒါနောင်မှ ပြောလို့ ရမယ် အခုကတော့ ကိုယ်လုပ်တယ်၊ ကိုယ်ကောင်းတယ်လို့ပဲ ပြောနေတာပဲ။ ကျနော်တို့ သုံးခုစလုံးက အတူတူပါပဲ ဆက်စပ်နေပါတယ်။ သေချာစဉ်းစားရင် တရားဥပဒေစိုးမိုးရေး၊  ဖွဲ့စည်းပုံပြင်ဆင်ရေး ဒါတွေဟာ အကုန်ဆက်စပ်နေလို့ပါ။ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ရင်လည်း ဒီနေ့ ကျနော်တို့ မပြောနိုင်သေးဘူး။ သို့သော် လွှတ်တော်မှာ ဆွေးနွေးစရာရှိတယ်၊ ပြင်စရာရှိတယ်၊ ဒါတွေလည်း စောင့်ကြည့်နေရတယ်။ အဲတော့ ကျနော်တို့က လွှတ်တော်မှာ မတင်သေးပဲနဲ့ ကျနော်တို့ လုပ်တာ ဘယ်လောက်အောင်မြင်တယ်။၊ မအောင်မြင်ဘူး ပြောဖို့ မသင့်ပါဘူး။”

လာမယ့်ရွေးကောက်ပွဲမှာ အဖွဲ့ချုပ်အနေနဲ့ ပြီးခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲနဲ့ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွေမှာတုန်းကလို အပြတ်အသတ်အနိုင်ရမယ့် အခြေအနေမှာ ရှိနေတယ်လို့ ထင်ပါသလား။

“ကျနော်တို့ အဲသလို အပြတ်အသက်အနိုင်ရဖို့ပဲ ကြိုးစားမှာပါ။”

လာမယ့်  ရွေးကောက်ပွဲမှာ အဖွဲ့ချုပ်ရဲ့  အဓိက ပြိုင်ဘက်တွေက လက်ရှိအာဏာရ ကြံ့ခိုင်ရေးပါတီလား၊  ၁၉၉၀ ပြိုင်ဘက်ဟောင်း တစညပါတီလား၊ တိုင်းရင်းသား ပါတီတွေလား။

“အခုကတော့ အစိုးရရဲ့ပါတီပဲပေါ့၊  ကြံခိုင်ရေးပါတီက အဓိကပြိုင်ဘက် ဖြစ်ပါလိမ့်မယ်။”

 By ပီတာအောင် (ဒီဗွီဘီ)
http://burmese.dvb.no

အခွန်ကိစ္စပြောချင်နေခဲ့တာကြာပြီ၊ အခု ကုန်သွယ်ခွန် ၅% ကိစ္စဖြစ်တော့ ရေးဖြစ်ပြီ .., နှစ်ဖက်စလုံးအတွက် အကျိုးတစုံတရာ ရှိမယ်လို့ထင်ပါသည်။ ( ဒီတပတ် ပြည်သူ့ခေတ် ဆောင်းပါး)

အမှန်တော့ အခွန်ဆောင်တယ် ဆိုတာ ပြည်သူလူထုက ထမ်းကို ထမ်းရွက်ရမယ့် ဝတ္တရား ပါ။ အခွန်ဆောင်တယ်ဆိုတာ တိုင်းချစ်ပြည်ချစ် စိတ်ရှိတဲ့ နိုင်ငံသား တွေ ရဲ့ အလုပ်ဖြစ်သလို ပြည်သူတွေ ဆီက ကောက်ယူရရှိတဲ့ အခွန်ကို အကျိုးရှိရှိ အလေအလွင့် မရှိ အသုံးချ နိုင်ခြင်းဟာ အစိုးရကောင်းတွေ ရဲ့ အရည်အချင်းပါ။

တိုင်းပြည်မှာ ပြည်သူလူထုဆီက အခွန်ကောက်တယ် ဆိုတာ အသုဘအိမ်ဖဲဝိုင်းမှာ အကောက် ကောက် သလို စားတဲ့ကောင်လာထား လုပ်လို့ မရပါဘူး။ အခွန်အမျိုးအစား အလိုက် ကြီးကြီး သေးသေး ပြည်သူလူထု အားလုံးက လိုလားတက်ကြွစွာပေးဆောင်ကြဖို့ လိုပါတယ်။ သို့ပေမယ့်လည်း Centralization ဗဟိုဦးစီး စနစ်အခြေပြု မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ကို တိုင်းပြည်မှာ ၂၆ နှစ်တာ အကောင်အထည်ဖေါ် ဖို့ကြိုးစား ခဲ့တာကြောင့် ပုဂ္ဂလိက လုပ်ငန်းတွေ သင်းသတ် ခံခဲ့ ရပါတယ်။
ဒီလိုနဲ့ မှောင်ခို လုပ်ငန်းတွေ၊ တရားမဝင် ရောင်းဝယ်ဖေါက်ကားမှုတွေသာ ထွန်းကားခဲ့တာဖြစ်လို့ အခွန်ပေးဆောင်ခြင်း ဝတ္တရား ဟာလည်း ပြည်သူကြားမှာ မေ့လျော့ ပျောက်ဆုံးသွားခဲ့ပါတယ်။ တိုင်းပြည်မှာ နှစ်ရှည် ကျင့်သုံးခဲ့တဲ့ နိုင်ငံရေး စနစ် တစ်ခုကြောင့် ပျက်စီးသွားရတဲ့ အခွန်စနစ် နဲ့ အခွန်ပေးဆောင်လို စိတ် ကို ပြန်လည် ထူထောင် အသက်သွင်းရာမှာ အခွန်စနစ် ကို တာဝန်ယူ ထိန်းကြောင်း လည်ပတ်ရတဲ့ အစိုးရ နဲ့ ဌာနဆိုင်ရာ အဖွဲ့ အစည်းများဖက်မှာရော ၊ အခွန်ထမ်းပြည်သူများဖက်မှာ ပါ ပြန်လည် ပြုပြင် ကုစားရမယ့် အနေအထားတွေအများကြီးရှိပါတယ်။ အခုပဲ အခွန်တွေ စနစ်တကျ ပြန်ကောက်မယ်၊ ချက်ခြင်းပေးလို့ လုပ်လို့မရပါဘူး။

ဒါကြောင့်…အရင်ဆုံး။
အစိုးရ ဟာ လက်မဖွာဘူး၊ အလွဲ မသုံးဘူး၊ အလွဲသုံးရင် ဘယ်သူ ဘယ် အဆင့် ဖြစ်ဖြစ် ခွင့်မလွှတ်ဘူး၊ အစိုးရ ဟာ အခွန်ဆောင်တဲ့ ပြည်သူတွေ နဲ့စီးပွားဖက်မပြိုင်ဘူး၊ အစိုးရ အဖွဲ့ ဝင်တွေ နဲ့ ဆွေမျိုးသားချင်း အဖေါ်အပေါင်း မိတ်ဆွေတွေဟာ မြင်မကောင်း ကြားမကောင်းအောင် မချမ်းသာဘူး၊ အစိုးရ ဟာ အခွန် ဘဏ္ဍာတွေ အပြင် တိုင်းပြည်ဝင်ငွေတွေကို စိစိစစ်စစ် အကျိုးရှိရှိသုံးပြတယ်၊ ပြီးရင် ပြည်သူလူထု ကို အဖက်လုပ်ပြီး ရှင်းပြတယ် စတဲ့ ပုံစံမျိုးတွေလုပ်ပြဖို့ လိုပါတယ်။
အစိုးရအနေ နဲ့ ဒါမျိုးတွေ တဖက် က လုပ်ပြပြီး တစ်ဖက် က ပြည်သူတွေ အခွန်ထမ်းချင် လာအောင်၊ ပြည်သူတွေမှာ တိုင်းပြည် ဘဏ္ဍာရေး အသိ ၊ ဘဏ္ဍာရေး သတိရှိလာအောင် စနစ်တကျ ပညာပေး စည်းရုံးရပါမယ် ။ တိုင်းပြည် ကို ခေတ်မီတဲ့ နိုင်ငံ ၊ ဒီမိုကရေစီ ကျင့်သုံးတဲ့ နိုင်ငံ အဖြစ် တည်ဆောက်တဲ့နေရာမှာ အခွန်ဆောင်လို စိတ်ဟာ အခွန်ငွေ ရရှိရေးထက်ပိုပြီး အရေးကြီးပါ တယ်။ တိုင်းပြည်မှာ လူတိုင်း လိုလိုလားလား နဲ့ ပေးဆောင်ထားတဲ့ အခွန် ဘဏ္ဍာရှိခြင်းဟာ တိုင်းသူပြည်သားတွေ ရဲ့ အတွင်းစိတ် မှာ နိုင်ငံဟာ ငါတို့ ကိုယ်စီ ပါဝင်ထမ်းရွက်မှုတွေ နဲ့ တည်ဆောက်ထားပါလားဆိုတဲ့ နက်နဲတဲ့ ခံစားမှုကို ဆောက်တည်မိစေပါတယ်။

လူတွေ ဘယ်လိုထင်ထင် ဘယ်လိုမြင်မြင် အစိုးရ တရပ် အနေ နဲ့ ပြည်သူတွေ ဆီ က ပိုက်ဆံ ရ ပြီးရောကြံတာ ဟာ အစိုးရ မဆန်ဘူး ။ အခုလို မပြောမဆို ဖုန်း ပြောဆိုခထဲက အခွန် ပိုက်ဆံ ဖြတ်ဖို့ ကြံတာဟာ ပြည်သူတွေ နေ့စဉ် မဖြစ်မနေ သုံးနေရ တဲ့ တယ်လီဖုန်းခေါ်ဆိုခထဲ ကနေ အခွန်တွေ ပိုက်နဲ့ ချိတ်ပြီးသွယ်ယူ လိုက်သလိုပါပဲ။
တိုင်းပြည်အတွက် ၀င်ငွေတွေ နေ့စဉ် ဒလဟော ဝင်လာတော့မှာဖြစ်ပေမယ့် အလွန်ပါးနပ်ပြီး ချည်ပြီး တုတ်ပြီး ရိုက်တဲ့ ရိုက်ချက်ဖြစ်လို့ တဖက်က ပြည်သူ လူထု ဟာ အစိုးရ ရဲ့ လူလယ်ကျတဲ့ အခွန် ကောက်နည်း အပေါ် စပ်ဆုပ် သွားပြီး သူတို့ရဲ့ ရှိစုမဲ့စု အခွန်ဆောင်လို စိတ်ကို ဖျက်ဆီးပစ်လိုက် သလိုဖြစ်သွားပါတယ်။

အခုလို အစိုးရရဲ့ လျှက်တပြက် အခွန် ရိုက်ချက်ကြောင့် မြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်တဲ့ ကမ္ဘာ့ အဆင့်မီ နိုင်ငံ တစ်နိုင်ငံ ဖြစ်လာဖို့ ကြိုးပမ်းတည်ဆောက်တဲ့ နေရာမှာ အခွန်ဘဏ္ဍာ အသိ ၊ အခွန်ဘဏ္ဍာ သတိရှိတဲ့ ပြည်သူတွေ ဖြစ်လာဖို့ ပို ပြီး ဝေးသထက်ဝေး သွားပြီဖြစ်ပါတယ်။

ပြည်သူလူထု က အခုလို အခွန်ကောက်ယူတဲ့ အပေါ် ဝေဖန်သံတွေ ဆူညံလာတာ နဲ့ လွှတ်တော် က ကြားဝင်ဖြန်ဖြေ ဖို့ကြိုးစားလာပါတယ်။ သို့သော်လည်း ဖုန်းခေါ်ဆိုခထဲက ဖြတ်ယူ တဲ့ စနစ် ကို လက်ရှိ ဘဏ္ဍာရေးနှစ်မှာ မဆောင်ရွက်ဘဲ ဆိုင်းငံ့ထားဖို့သာကြိုးစားတာဖြစ်လို့ လူတွေ မေ့လောက်မှ တခါပြန်ကြိုးစားဖို့ လွှတ်တော်က အစိုးရကို အကြံပေးတဲ့ သဘောမျိုးပါပဲ။ ရွေးကောက်ပွဲ နီးနေပြီ လူထု ငြိုငြင် မှာတွေ လုပ်မလို့လား လို့ လှမ်းဟန့် တဲ့ သဘောလည်း ပါ ပါတယ် ။
နိုင်ငံကို အဖက်ဖက် က ဦးဆောင်နေတဲ့ ပုဂ္ဂိုလ်တိုင်းဟာ တိုင်းပြည်ချစ်ရုံ နဲ့ အပင်ပန်းခံနိုင်ရုံ နဲ့ တိုင်းပြည်ရဲ့ အရေးကြီးတဲ့ ပြဿနာတွေ ကို ကိုင်တွယ်ဖြေရှင်းဖို့ မရပါဘူး။ အလုပ်ဖြစ်ရုံ လုပ်တတ်လို့ မရပါဘူး။ အလုပ်အောင်မြင်အောင် လုပ်နိုင်စွမ်းရှိရပါမယ်။ အလုပ်အောင်မြင်တယ်ဆိုတာလည်း ဒီ တစ်ချိန်မှာပြေလည်သလိုရှိသွားပြီး နောင်တချိန်ပြန်လည်ကိုင်တွယ်ဖြေရှင်း ရတာမျိုးမဟုတ်ပါ ။

" ပြည်သူတွေဆီက ပိုက်ဆံတွေတော့ တိုင်းပြည်က ရသွားမယ် ၊ ဒါပေမယ့် ပြည်သူတွေဖက်မှာကျတော့ အဲဒီလိုပေးလိုက်ရလို့ တိုင်းပြည် အပေါ်မှာ ပိုပြီး စေတနာ မဲ့ တဲ့စိတ်တွေဖြစ်သွားမယ်" ဆိုတဲ့ အခြေအနေမျိုးဟာ စည်းလုံးညီညွတ်မှု လိုအပ်နေတဲ့ တိုင်းပြည်တစ်ခု အတွက် ဒီထက်ပိုပြီး ဆိုးရွားတာ မရှိ တော့ပါဘူး။

ဒါကြောင့် တိုင်းပြည်ကို သေမလောက်ချစ်လည်း မလုပ်တတ်၊ မကိုင်တွယ်တတ်ရင် တော့ တိုင်းပြည်ကို ပျက်အောင် လုပ်နေ သလိုပါပဲလို့သတိပေးချင်ပါတယ် ။ မြန်မာပြည်ဟာ သယံဇာတ ကြွယ်ဝ ချမ်းသာပြီး ပင်ကိုယ် အရည်အချင်းကောင်းမွန်တဲ့ လူတွေနေတဲ့ တိုင်းပြည်ပါ။ ဒီလိုတိုင်းပြည်က ကမ္ဘာ့အလယ်မှာ ဆင်းရဲပြီး အများနောက်ကျနေရတာ ဘာကြောင့်လည်း၊ ဘာမှားနေတာလည်း ဆိုတာတွေးကြည့်ပါ ၊
အိပ်ပျော်နေတဲ့ စိတ်တွေ ကို မနှိုးဘဲ လူတွေကို ဒရွတ်ဆွဲပြီး သွားလို့ကတော့ ဘယ်ပန်းတိုင် ကို မှ မရောက်နိုင်ဘူး ဆိုတာ ပြောလိုက်ပါရစေ ... ။

``ရွှေတိဂုံဘုရားအနီးက ဘီလူးမြို့တော်´´
=========================

``ရွှေတိဂုံဘုရား အန္တရာယ်ရှိနေပြီ´´။
``ရွှေတိဂုံဘုရားနားမှာ မြို့တော်ကြီး ဖော်ဆောင်တော့မှာ´´။
``ရွှေတိဂုံဘုရားကို ကာကွယ်ကြပါစို့´´။
ဤနှိုးဆော်ချက်သည် မိမိအတွက် တုန်လှုပ်ချောက်ခြားဖွယ်အလွန်ကောင်းသည့် ``သေမင်းတမန်နှိုးဆော်ချက်´´ ဖြစ်၏။ ရွှေတိဂုံဆိုသည်မှာ မြန်မာတို့၏ အသက်၊ မြန်မာတို့၏ ၀ိညာဉ်၊ မြန်မာတို့၏ နှလုံးသည်းပွတ်ပင် မဟုတ်ပါလော။ ရွှေတိဂုံဘုရားသာ တစုံတစ်ခု ဖြစ်သွားလျှင် . . . ဆက်ပြီး မတွေးရဲ။ တွေးလိုက်တိုင်း ကျောချမ်းမိ၏။

``အရှင်လတ်လတ် အသတ်ခံရသလို´´
စီးပွားရေးလုပ်ငန်းရှင်တို့၏ မြို့တော်စီမံကိန်းကြောင့် ရွှေတိဂုံပုံရိပ် တစ်စုံတစ်ခု ဖြစ်သွားမှာကို ဗုဒ္ဓဘာသာဝင်တို့သည် မည်သို့သော အကြောင်းကြောင့်မှ လက်ခံနိုင်ပါ။ ဘာ့ကြောင့်နည်း၊ ရွှေတိဂုံပုံရိပ် ပြောင်းလဲသွားလျှင် မြန်မာသည်လည်း အရှင်လတ်လတ် အသတ်ခံလိုက်ရသလို ခံစားရမည် ဖြစ်သောကြောင့်တည်း။
လုပ်ငန်းရှင်များ၏ စီမံကိန်းကလည်း လူနေတိုက်ခန်းမြောက်မြားစွာ၊ ရုံးခန်းမြောက်မြားစွာ၊ ဈေးဆိုင်ခန်း မြောက်မြားစွာ၊ ဘဏ်များ၊ စားသောက်ဆိုင်များ ပါဝင်မည် ဖြစ်ရကား ပတ်ဝန်းကျင်ကို ညစ်ညမ်းစေမည့် စီမံကိန်းကြီး ဖြစ်၏။
ထိုလုပ်ငန်းရှင်တို့မှာ Marga Land Mark ၊ သုခရတနာ၊ ရွှေတောင်နှင့် Adventures Myanmar ကုမ္ပဏီတို့ ဖြစ်ကြ၏။ မိမိသည် (၁၇၊ ၀၅၊ ၂၀၁၅)နေ့တွင် ရွှေတိဂုံဘုရားအနီး Marga Land Mark ကုမ္ပဏီက ဆောက်လုပ်မည့် ၂၂ ဧက ကျယ်ဝန်းသော Dagon City One စီမံကိန်းကို သွားရောက် လေ့လာခဲ့၏။

``နောင်မှ မတကြပါနဲ့´´
မိမိသည် မန်နေဂျာအား လာရခြင်း၏အကြောင်းကို ရှေးဦးစွာ ပြောပြလိုက်၏။ ရွှေတိဂုံဘုရားကြီးအတွက် စိုးရိမ်လို့ လာရောက် လေ့လာရခြင်းဖြစ်ကြောင်း၊ မည်သည့်အဖွဲ့အစည်း၏ ကိုယ်စားပြုလည်း မဟုတ်ကြောင်း၊ စီမံကိန်းတည်နေရာမှာ ဘုရားနှင့် ဘယ်လောက်နီးသလဲဆိုတာကို သိချင်၍ ဖြစ်ကြောင်း၊ ခေတ်သစ်ဆောက်လုပ်ရေးနည်းပညာကို ဂဃနဏ မသိပါကြောင်း၊ ရွှေတိဂုံဘုရားသည် မြန်မာတို့၏ ပြယုဂ်ဖြစ်သည့်အတွက် မည်သည့်အန္တရာယ်ကိုမှ မရှိစေလိုပါကြောင်း စသည်ဖြင့် ပြောပြလိုက်ပါသည်။
ထိုအခါ မန်နေဂျာကိုယ်တိုင်ပင် သူတို့လုပ်ငန်းစဉ်အကြောင်းကို ကျကျနန ရှင်းပြပါ၏။ သူတို့ ဆောက်လုပ်မည့် ``ဒဂုံစီးတီးဝမ်း´´ စီမံကိန်းသည် ရွှေတိဂုံဘုရားအတွက် မည်သို့မျှ အန္တရာယ် မဖြစ်နိုင်ကြောင်း၊ ခေတ်မီ နည်းပညာများဖြင့် ဆောက်လုပ်မည် ဖြစ်ကြောင်း၊ ကုမ္ပဏီပိုင်ရှင် သူဋ္ဌေးမှာ ဟောင်ကောင်က ဖြစ်ကြောင်း၊ သူဋ္ဌေးသည် ဗုဒ္ဓဘာသာဝင်ဖြစ်ကြောင်း အကျယ်တ၀င့် ရှင်းပြပါ၏။
ထိုသို့ရှင်းပြသည်ကို စိတ်ဝင်တစား နားထောင်ခဲ့ပါသော်လည်း မိမိ၏စိုးရိမ်စိတ်ကား လွန်ကဲနေဆဲ။ တစိုးတစိမှ လျော့မသွားပါ။ ကာကွယ်ခြင်းသည် ကုသခြင်းထက် ထိရောက်၏ဆိုသည့်အတိုင်းပင် ကြိုတင်ကာကွယ်မှဖြစ်မည်ဟု အတွေးဖြစ်ခဲ့ရသည်။ ကြိုတင် မကာကွယ်ပါက နောင်မှ တ ရမည့်အဖြစ်မျိုး ရင်ဆိုင်ရမည် ဖြစ်၏။

``ပညာရှင်များ၏ အဆို´´
ရွှေတိဂုံဘုရားဝန်းကျင်မှာ ရှိသည့် စီမံကိန်းများနှင့် ပတ်သက်၍ ပညာရှင်တို့၏ အမြင်၊ သဘောထား၊ အချက်အလက်ကို လေ့လာကြည့်၏။ ယင်းသို့လေ့လာကြည့်သောအခါ . . . ။ ကြေကွဲဖွယ်ရာ၊ ထိတ်လန့်စရာအပြည့်။ ရှုစားကြပါလော။
၁။ ရွေတိဂုံဘုရားဝန်းကျင်မှာ အိမ်ရာမြေဆောက်လုပ်ခြင်းကြောင့် လူဦးရေသိပ်သည်းလာမည်။
၂။ လူဦးရေများလျှင် မိလ္လာအညစ်အကြေး၊ အမှိုက်သရိုက်၊ ပို့ဆောင်ရေး ယန္တရားများ မြားပြားလာမည်။
၃။ ယင်းသို့ မြားပြားလာသည့်အတွက် ယာဉ်ကြောရှုတ်ထွေးပြီး ပတ်ဝန်းကျင်ညစ်ညမ်းသွားပါမည်။
၎။ အဆောက်အဦးဆောက်လုပ်မည့်နေရာမှာ သဘာဝပေါက်ပင်များ ပျက်စီးသွားပါသည်။
၅။ ယင်းသို့ ပျက်စီးသွားသည့်အတွက် မြေသား ခိုင်ခံ့မှုလည်း ကျဆင်းသွားပါသည်။
၆။ သဘာဝပေါက်ပင်များ မရှိတော့လျှင် ရှဥ့်ငှက် ပိုးမွှားတိရစ္ဆာန်လေးများ စားကျက်ပျောက်သွားမည် ဖြစ်သည်။
၇။ စားကျက်ပျောက်သွားခြင်းကြောင့် ပတ်ဝန်းကျင်ဂေဟစနစ်လည်း ပျက်စီးသွားမည် ဖြစ်သည်။
၈။ ရွှေတိဂုံကုန်းမြေသည် သဲဆန်သောကျောက်များဖြင့် ဖွဲ့စည်းထားသောကြောင့် မြေအောက်ရေ သိုလှောင်သည့် နေရာဖြစ်ပါသည်။
၉။ မြေပြင်ပေါ်မှာ ကွန်ကရစ်လိုအလွှာများခင်းကြသောကြောင့် ရေစိမ့် မ၀င်နိုင်တော့ပါ။
၁၀။ ရေစိမ့်ဝင်အား မရှိလျှင် မြေအောက်မှာလည်း မိုးရေ မရောက်နိုင်တော့ပါ။
၁၁။ မြေအောက် မိုးရေမရောက်လျှင် မြေအောက်မိုးရေများ ထုတ်ယူလို့ မရနိုင်တော့ပေ။
၁၂။ မြေအောက် မိုးရေမရှိတော့ရကား ရန်ကုန်မြစ်ကလာမည့် ဆားငန်ရေများ အစားထိုး ၀င်ရောက်လာမည် ဖြစ်သည်။
၁၃။ ယင်းသို့ မြေအောက်ရေ ပြောင်းလဲသွားလျှင်ကား သဘာဝဘေးအန္တရာယ်များ ကျရောက်ပြီး မြေသားခိုင်ခံ့မှုလည်း ကျဆင်းသွားမည် ဖြစ်ပေသည်။
၁၄။ မြေသားခိုင်ခံ့မှု ကျဆင်းသွားလျှင် ယင်းကုန်းမြေပေါ်မှာ အခိုင်အမာ ယူထားသည့် ရွှေတိဂုံဘုရားကြီး ဘာဖြစ်သွား နိုင်သနည်း။ လေးလေးနက်နက် စဉ်းစားရမည် ဖြစ်ပေသည်။
ပညာရှင်များ၏အဆိုအရ ဆိုလျှင် အစားထိုးမရသည့် ဆုံးရှုံးမှုများ မလွဲမသွေ ရင်ဆိုင် ကြုံတွေ့ရမည် ဖြစ်၏။
``ပန်းဥယျာဉ်ထဲ မီးသွေးမဖုတ်ခိုင်းပါနဲ့´´
မိမိ၏ အမြင်ကတော့ ရိုးရိုးလေးပါ။ ``ရွှေတိဂုံဘုရားအနီး မြို့ပြတည်ဆောက်ခြင်းသည် ကမ္မဋ္ဌာန်းရိပ်သာ အနီး အရက်ဆိုင်ဖွင့်သလို (သို့မဟုတ်) ပန်းဥယျာဉ်ထဲ မီးသွေးဖုတ်ခိုင်းသလိုပင် ဖြစ်နေ၏´´ဟူ၍သာ။
``ဒဂုံမြို့တော်လား၊ ဘီလူးမြို့တော်လား´´
ထိုသို့ဆိုလျှင် ရွှေတိဂုံဘုရားအနီးက မြို့ပြစီမံကိန်းများသည် ရွှေတိဂုံဘုရားအတွက် အန္တရာယ်ချောက်ကမ်းပါးပင် ဖြစ်၏။ အန္တရာယ်ချောက်ကမ်းပါးဆိုလျှင်တော့ ``ဒဂုံမြို့တော်´´ဟု ဆိုလို့ မရတော့။ မြန်မာ၏ ပုံရိပ်ကို ဖျက်ဆီးမည်ဖြစ်ရကား ``ဘီလူးမြို့တော်´´ဟု ဆိုရတော့မည်သာတည်း။
ထို့ကြောင့် မြန်မာတို့၏ နှလုံးသည်းပွတ်ဖြစ်သော ``ရွှေတိဂုံဘုရားကြီးကို ကာကွယ်ကြပါစို့´´ဟု ထပ်လောင်း၍ နှိုးဆော်လိုက်ရပါသည်။

မှတ်ချက်။ ။ သီတဂူအရှင်ဒေဝိန္ဒာဘိဝံသ၏ စာမျက်နှာမှ ကူးယူမျှဝေသည်။

လွှတ်တော်ကိုယ်စားလှယ်တချို့ အိပ်ငိုက်နေတဲ့ပုံတွေ လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့တဲ့နောက် ပြည်ထောင်စု လွှတ်တော်က မီဒီယာခန်းကို သတင်းထောက်တွေ ၀င်ရောက်ခွင့် ဒီနေ့ ပိတ်ပင်လိုက်ပါတယ်။

ကိုယ်စားလှယ်တွေ အိပ်ငိုက်နေတဲ့ပုံကို ဓာတ်ပုံရိုက်တာအပြင် တပ်မတော်သားကိုယ်စားလှယ်ရဲ့ မဲပေးနေပုံကို ဓာတ်ပုံရိုက်တဲ့အတွက်ကြောင့်လို့ ပြည်ထောင်စုလွှတ်တော် ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးက ပြောပါတယ်။

မြန်မာဂျာနယ်လစ်ကွန်ရက်ရဲ့ အတွင်းရေးမှူး ကိုအောင်သူရက “ကျွန်တော်တို့ ဖြစ်စေချင်တာက ဒီလိုလုပ်မယ်ဆိုရင်လည်း သတင်းထောက်တွေနဲ့ အရင် ညှိနှိုင်းစေချင်ပါတယ်။ ခုကတော့ ငါတို့ထားတဲ့နေရာမှာနေဆိုတဲ့ သဘောဖြစ်နေတယ်’’ လို့ ဒီဗွီဘီကို ပြောပါတယ်။

အရင်ကဆိုရင် လွှတ်တော်အစည်းအဝေးခန်းအပေါ် မီဒီယာခန်းက ကြည့်ရှုသတင်းယူနိုင်ပေမယ့် ဒီနေ့မှာတော့ မီဒီယာခန်းအပြင်ဘက် ကော်ရစ်ဒါကနေ တိုက်ရိုက်ပြနေတဲ့ တီဗွီကတဆင့်ပဲ ကြည့်ရှုရတော့တာပါ။

ကိုအောင်သူရက “ ကျွန်တော်တို့က အိပ်နေရင်လည်း ရိုက်ပြရမှာပဲ၊ ရန်ဖြစ်နေရင်လည်း ရိုက်ပြရမှာပဲ။ တချို့ ကိစ္စတွေဆိုရင် ဆွေးနွေးတင်ပြနေတဲ့သူကို တိုက်ရိုက်ကြည့်နေဖို့လိုပါတယ်” လို့ ပြောပါတယ်။

ပြည်ထောင်စုလွှတ်တော် ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးက နိုင်ငံတကာလွှတ်တော်တွေမှာလည်း ဒီအတိုင်းပဲလို့ ပြောပါတယ်။ ဒီအခြေအနေဟာ လောလောဆယ်မှာတော့ ဒီအတိုင်းရှိနေမှာဖြစ်ပြီး သူတယောက်တည်းလုပ်တာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။

DVB

လက်ပံတန်းအရေးအခင်းတွင် ထိန်းသိမ်းခံထားရသူများထဲမှ အသက်မပြည်သည့် ကျောင်းသားတစ်ဦးအား ထပ်မံပြီး ကလေးသူငယ် အာမခံဖြင့် ပြန်လွှတ်ကြောင်းရှေ့နေဦးရောဘတ်စန်းအောင်ပြောပြချက်အရသိရသည်။

သပိတ်မှောက်ရာတွင်ပါဝင်သည့်မောင်မျိုးသီဟအား အသက်မပြည့်သေးသည်ဟု တရားသူကြီး ဆင်ခြင်တုံတရားဖြင့် ကလေးသူငယ် အာမခံဖြင့် သာယာဝတီမြို့ရှိ ကလေးတရားရုံးတွင် ဆက်လက်စစ်ဆေးစေကြောင်းသိရသည်။

" ကျောင်းသားတွေထဲကမောင်မျိုးသီဟကို ၂၀ရက်၅လ၂၀၀၀ပြည့်မွေးတဲ့အတွက် တရားသူကြီးက သေချာစစ်ပြီးအသက်မပြည့်သေးသူအဖြစ်သုံးသပ်ပြီး မိဘခံဝန်နဲ့ ပြန်လွှတ်လိုက်ပါတယ်။ သာယာဝတီမြို့နယ်မှာရှိတဲ့ ကလေးသူငယ်တရားရုံးမှာ ဆက်စစ်မှာဖြစ်ပါတယ်"ဟု ပြောသည်။

ယင်းအပြင် တခြားအာမခံ တင်ထားသည့် အဝေးသင် တက္ကသိုလ် ကျောင်းသား ၁၃ ဦးနှင့် အသက်မပြည့်သေးသူ ၁ဦး အတွက် အာမခံပေးရန် တောင်းဆိုထားခြင်းများ ရှိကြောင်းနှင့် ယခုအာမခံရသည့် ကိုအောင်မင်းခိုင်သည် တရားရုံးစစ်ဆေးသည့် အခါတိုင်း ပုံမှန်လာရောက် ရမည်ဖြစ်ကြောင်း ကျောင်းသား အမှုလိုက်သည့် ရှေ့နေ့ များပြောကြားချက်အရသိရသည်။

မအိဖြူက "ဒီနေရုံးချိန်းက လုံခြုံရေးက ပိုတင်းကျပ်လာတယ်။ အရင်ထက်နှစ်ဆ ပိုချထားတယ်။ နောက်ကျောင်းသားတွေကို တစ်ယောက်ခြင်းစီ လက်ထိတ်ခတ်ခေါ်လာလို့ ပုဆိုးကျွတ်ကျကုန်တယ်" ဟု ပြောသည်။ ယင်းကဲ့သိုပုဆိုးကျွတ်ကျသည့်အတွက် တရားသူကြီးကပြောဆိုသဖြင့် လက်ထိပ်ဖြုတ်ပေးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ -Chocho Bakatha
သတင်း-စိုင်းဟန်
The Ladies News Journal

လစာတိုးမြင်ပေးရန် ဆန္ဒပြတောင်းဆိုသော အလုပ်သမားများ ရန်ကင်းတရားရုံးပြောင်းရွေ့ စစ်ဆေးရာ အာမခံမရသဖြင့် ပြန်လည်ထိန်းသိမ်းခံရကြောင်းသိရသည်။

မအေးစန္ဒာဝင်းက"ကျမတို့အင်းစိန်ရုံးကအာမခံပျက်ပြယ်သွားတဲ့အတွက်
ရန်ကင်းရုံးမှာ အာမခံပြန်လျှောက်ရတယ်။ ပြန်လျှောက်တော့ကိုယ်ပိုင်ခံဝန်လျှောက်တာ တရားသူကြီးက လက်မခံတဲ့အတွက်အာမခံမရပါဘူး။ တရားသူကြီးက ငွေကျပ်ဆယ်သိန်းတန် အာမခံလျောက်ဖို့အမိန်ချတယ်၊ အဲလိုအာမခံထပ်တင်ရမယ်ဆိုတာ ကျွန်မတို့ကလည်း မသိဘူး" ဟုပြောသည်။

ယင်းတို့အား လစာတိုးပေးရန် ဆန္ဒပြသည့်အတွက် မတ်လ ပထမ ပတ်အတွင်း နှစ်ကြိမ်တိုင်တိုင် အကြမ်းဖက်ဖြိုခွင်းနှိမ်နှင်းခဲ့ပြီး သပိတ်မှောက်ဆန္ဒပြသည့် စက်ရုံနှစ်ရုံမှ အလုပ်သမား ၁၄ဦးနှင့် ဦးဆောင်သူ ၄ဦး ကိုရွှေပြည်သာမြိုနယ်နှင့် အင်းစိန်မြို့နယ်မှ တာဝန်ရှီသူများက ပုဒ်မ- ၁၈၊၁၉၊ ၁၄၇ နှင့် ၅၀၅(ခ)တို့ဖြင့် အမှုပေါင်း ၁၃မှုဖြင့် အမှုဖွင့်ခံထားရ ကြောင်း သိရသည်။

ယင်းတို အလုပ်သမားထဲတွင် အသက်မပြည့်သေးသည် အလုပ်သမားတစ်ဦးဖြစ်သည့် ကိုနိုင်မိုးထွန်း(၁၆)နှစ် ကိုလည်း ပုဒ်မ-၁၄၇ဖြင့် ဘားလမ်းရှိကလေးသူငယ်တရားရုံးတွင် ဆက်လက် စစ်ဆေးသွားရန်ရှီ ကြောင်း သိရသည်။

အလုပ်သမားမိဘတစ်ဦးက"ကလေးတွေ တစ်ရက်အချိန်ပေးဖို့ တရားသူကြီး ကို ပြောပေမယ့်။ မပေးဘူး ။ ကလေးတွေကနေတိာင်းရုံးချိန်းသွားယမန်ယူနေရတဲ့အတွက် ဘာမှ မပြင်လာဖြစ်ဘူး။အခုအင်းစိန်ခေါ်သွားပြီ ။ရုံးချိန်းကိုတော့ ဇွန်လ ၉ရက် သတ်မှတ်ထားပါတယ်" ဟု ပြောသည်။

အလုပ်သမားများသည့် တစ်ဖက်တွင် သက်ဆိုင်ရာ အာဏာပိုင်များက စွဲဆိုထားသည့် အမှုများရင်ဆိုင်နေသကဲ့သို့ အလုပ်သမားခုံသမာဓိရုံးတွင် အလုပ်ရှင်နှင့် ဆက်လက် အမှုရင်ဆိုင်နေရပြီး ခုံသမာဓိရုံးဆုံးဖြတ်ချက်အတိုင်း အလုပ်သမားများကို လုပ်ငန်းခွင် အတွင်း ဆက်လက်လုပ်ကိုင်ရန် အမိန့်ချမှတ်လိုက်သည့် အပေါ်အလုပ်ရှင်မှ မလိုက်နာဘဲ ကန့်ကွက်သဖြင့် ခုံသမာဓိကောင်စီတွင် အလုပ်သမား ရေးရာနှင့်ပတ်သက်ပြီး အမှုရင်ဆိုင် ရမည်ဖြစ်ကြောင်း သိရသည်။

သတင်း - စိုင်းဟန်
ပုံစာ - ရန်ကင်းတရားရုံး

The Ladies News Journal

ဒီမေးခွန်းကိုဖြေသွားတာသိပ်ကောင်းပါတယ်။သူမ ရင်ထဲကပြည်သူအပေါ် ထားရှိတဲ့စေတနာကိုထင်းထင်းရှားရှား
ပြသွားတာပါ။

ဒီမေးခွန်းကိုဖြေသွားတာသိပ်ကောင်းပါတယ်။သူမ ရင်ထဲကပြည်သူအပေါ်ထားရှိတဲ့စေတနာကိုထင်းထင်းရှားရှားပြသွားတာပါ။

Posted by Yiyi Myint on Tuesday, May 26, 2015

( ၁ )

ကိုခင်မောင်ညို

ခင်ဗျားရဲ့ Eleven မှာရေးတဲ့ လေးစားသမှုနဲ့ အုပ်ချုပ်ကြပါစို့ဆိုတာကို ကျွန်တော်တို့ သဘောကျကြပါတယ်။ ဒါက ဒေးဗစ်ကင်မရွန် ပလ္လင်ပေါ်အတက်မှာ ပြောသွားတဲ့စကားလို့ဆိုတယ်။ အမှန်တော့ ကျွန်တော်ဟာ မြန်မာ တွေကို သိပ်အထင်ကြီးလို့လားတော့ မသိဘူး။ ကျွန်တော်တို့ မြန်မာဗုဒ္ဓဘာသာဝင်တွေမှာ တစ်ယောက်နဲ့ တစ်ယောက် ဆက်ဆံတဲ့အခါ ကျင့်သုံးရတဲ့နည်း ရှိပြီးသားပဲဗျာ။ အဲဒါက ဗြဟ္မစိုရ် တရားလေးပါးပါပဲ။ ၈၈ မင်းကိုနိုင် ထောင်ကထွက်လာတုန်းက ဒီစကားကိုပြောသွားတာကို ကျွန်တော်ကြားမိပါသေးတယ်။ တကယ် တော့ ဗြဟ္မစိုရ်တရားလေးပါးဟာ ကျွန်တော်တို့ဆီမှာရှိတဲ့ နိုင်ငံရေးသမားတွေအတွက် လော်ဘီလုပ်စရာ မလိုအောင်ကောင်းတဲ့ အကျင့်တွေပါပဲ။ ဒီအကြောင်းကို ထပ်ရေးပေးပါ။ မြန်မာမှုနဲ့ပတ်သက်လို့ ခင်ဗျားကို အကိုးအကားတွေပို့လိုက်ပါတယ်။

ထွန်းဦးလူရဲ့စာပါ။

ဒီစာထဲမှာ နောက်ဆက်တွဲစာတွေနဲ့ အကိုးအကား Reference တွေ အများကြီးပါလာတယ်။

( ၂ )

အထက်ပါစာကိုရတော့ ကျွန်တော်လည်း သူ့စာနဲ့အတူပါလာတဲ့ အကိုးအကား Reference တွေကို ဖတ်ပါတယ်။ နောက် အရင်အပတ်က ကျွန်တော်ရေးတဲ့ ဒေးဗစ်ကင်မရွန်စကားကိုလည်း ဖတ်ပါတယ်။ ဒေးဗစ်ကင်မရွန်ဟာ အင်္ဂလန်က ကွန်ဆာဗေးတစ်ပါတီအဖွဲ့ခေါင်းဆောင်ပါ။ ၂၀၁၅ ရွေးကောက်ပွဲမှာ သူတို့ပါတီ အနိုင်ရခဲ့ပါတယ်။ ဒီ့အတွက် အစိုးရအဖွဲ့ကို ဖွဲ့ခွင့်ရခဲ့ပါတယ်။ ကွန်ဆာဗေးတစ်ပါတီဟာ လွန်ခဲ့တဲ့ ငါးနှစ်ကလည်း ဗြိတိန်ကို အုပ်ချုပ်နေတဲ့ ပါတီပါပဲ။ ဒီအတွက် ၀န်ကြီးချုပ်ရာထူးကို ဒေးဗစ်ကင်မရွန်ပဲ ဆက်လက်လက်ခံသွားပါတယ်။ အဲဒီနေ့နံနက်မှာ သူဟာ ထုံးစံအတိုင်း ဘုရင်မကြီးကို တွေ့ရပါတယ်။

“ကျွန်တော် နောက်ထပ်ငါးနှစ် နိုင်ငံတော်အကြီးအကဲရာထူးကို လက်ခံအုပ်ချုပ်မယ်” လို့အစီရင်ခံတာပါ။ ဘုရင်မကြီးဆီက ပြန်လာတော့ နံပါတ် ၁၀ ဒေါင်းနင်းလမ်းအိမ်ရှေ့မှာ သတင်းထောက်တွေကို အချက် နှစ်ချက်ကိုပြောတယ်။ ပထမအချက်က ဗြိတိသျှကိုပိုမိုကြီးကျယ်အောင် ဆောင်ရွက်ကြပါစို့ (Let’s make Great Britain greater) ဖြစ်တယ်။ ဒုတိယအချက်ကတော့ Govern with respect ဆိုတာပါပဲ။ အဓိပ္ပာယ်က လေးစားသမှုနဲ့ အုပ်စိုးကြပါမယ်ဆိုတာပါပဲ။ ဒါက ပြည်သူတွေအပေါ်ထားရှိတဲ့ သူတို့အစိုးရအဖွဲ့ရဲ့ သဘောထားကို ပြောတာဖြစ်တယ်။

ကျွန်တော်သဘောကျလို့ ဆောင်းပါးထဲမှာ ထည့်ရေးခဲ့ပါတယ်။ ဒါကို သူငယ်ချင်းထွန်းဦးလူ (အမည်ပြောင်း)က တို့ဆီမှာလည်း ဒါတွေရှိတယ်။ ဒါ့ထက်တောင် ပိုသေးဆိုတာမျိုးကို ထည့်ရေးပေးဖို့ စာရေးလာတယ်။ ထွန်း ဦးလူဟာ သယ်သူငယ်ချင်းပါပဲ။ သူက မြန်မာမှုကို ချစ်မြတ်နိုးသူဖြစ်တယ်။ ငယ်ငယ်ကတည်းက သခင်ဘသောင်းတို့ရဲ့ တို့ဗမာအစည်းအရုံးကထုတ်တဲ့ ဆောင်ပုဒ်ကို သူ့စာအုပ်မှာရေးသားထားလေ့ရှိတယ်။ မြန်မာစာသည် တို့စာ၊ မြန်မာစကားသည် တို့စကား၊ တို့စာကိုချစ်မြတ်နိုးပါလို့ရေးခဲ့တယ်။ (ထိုခေတ်က ဗမာလို့ရေးခဲ့ပါတယ်)

သူ့ကို မြန်မာစာကို ချစ်မြတ်နိုးပါဆိုပြီး ဘာလို့ အင်္ဂလိပ်စာကိုသင်နေတာလဲလို့ မေးဖူးတယ်။ သူက “ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာပြည်ကိုချစ်ပေမယ့် အင်္ဂလိပ်စာကို လေ့လာတယ်။ အင်္ဂလိပ်စာတတ်မှ တို့နိုင်ငံကို လွတ်လပ်အောင်လုပ်နိုင်မယ်လို့ ယုံကြည်ခဲ့တယ်။ တကယ်လည်း သူအင်္ဂလိပ်စာမတတ်ရင် တို့ တစ်တွေ လွတ်လပ်ရေးကို ဒီလောက်အချိန်မှာ မရနိုင်ဘူး။ ဘာသာစကားဆိုတာ လူသားတွေ အားလုံးပိုင်တယ်ကွ။ အင်္ဂလိပ်စာကို အင်္ဂလိပ်က မပိုင်ဘူး။ ဒီစာကို အမေရိကန်တွေက သူတို့စိတ်ကြိုက် ပြင်ကြတာပဲ။ တကယ်တော့ အင်္ဂလိပ်စကားလုံးဟာ ထောင်ဂဏန်းပဲရှိတယ်။ ယနေ့ သိန်းနဲ့သန်းနဲ့ဖြစ်လာတာ သူများစာလုံးတွေကို ယူသုံးလို့ကွ”

ကျွန်တော်က သူကြီးလာရင် နိုင်ငံရေးသမား ဖြစ်မယ်ထင်ခဲ့တယ်။

သူ နိုင်ငံရေးသမားဖြစ်မလာပါ။

“ကျောင်းဆရာတွေလိုတယ်ကွ”

တစ်သက်လုံး စာပေကိုလေ့လာပြီး သူ ကျောင်းဆရာဘ၀နဲ့ ပင်စင်ယူသွားပါတယ်။ သူ့ရဲ့ ဗြဟ္မစိုရ်တရား လေးပါးကို ကျွန်တော်ဖတ်ကြည့်တယ်။

မေတ္တာ

ကရုဏာ

မုဒိတာ

ဥပေက္ခာ

ဒီလေးခုကို အဓိကထားရေးထားတာပါပဲ။

( ၃ )

သူ့နောက်စာတစ်စောင်ကိုဖတ်ရပြန်တယ်။

လူတွေရဲ့ဆက်ဆံရေးနယ်ပယ်မှာ လူလေးမျိုးကို တွေ့နိုင်တယ်။

ကိုယ့်ထက်သာတဲ့လူ။

ကိုယ်နဲ့တူတဲ့သူ။

ကိုယ့်ထက်နိမ့်တဲ့သူ။

ဘာမှန်းမသိတဲ့သူ။

သူ့စာကို ဖတ်ပြီးပြုံးမိတယ်။ တကယ်တော့ လူသုံမျိုးသာရှိရမယ်မဟုတ်လား။

ကျွန်တော်တို့က ကြီးသူကိုရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကိုသနားဖို့ပဲရှိတယ်မဟုတ်ပါလား။ ဒီ ဘာမှန်းမသိတဲ့အူကြောင်းကျားဆိုတာ ဘယ်လိုလူမျိုးလဲ။ သူ့ကိုကော ကျွန်တော်တို့ ဘယ်လိုဆက်ဆံရမှာလဲ။ ထွန်းဦးလူက ရေးထားတယ်။ ဗြဟ္မစိုရ်တရားလေးပါးနဲ့ ဆက်ဆံရာမှာ အရေးအကြီးဆုံးက မေတ္တာပါပဲ။ မေတ္တာ ဆိုတာ အကျိုးကိုလိုလားခြင်းပါပဲ။ ကြီးသူ၊ ငယ်သူ၊ ရွယ်တူ ဘယ်သူ့ကိုပဲဖြစ်ဖြစ် မေတ္တာနဲ့ ဆက်ဆံပါ။ ဒါဟာ လေးစားတာပါပဲတဲ့။

( ၄ )

ခင်မောင်ညို

တို့တစ်တွေဟာ မေတ္တာနဲ့ဆက်ဆံတယ် ပြောနေကြပေမယ့် တကယ်တမ်းမေတ္တာဆိုတာကို ဂဃနဏ နားမလည်ဘူး။ ဘုန်းတော်ကြီးတွေဟာ အိမ်တွေမှာ မေတ္တာသုတ်တွေရွတ်ဖတ်နေကြပေမယ့် လူတွေကတော့ မေတ္တာဆိုတာကို လေးလေးနက်နက်မသိကြဘူး။ တောင်တန်းသာသနာပြုဆရာတော်နဲ့ပတ်သက်တဲ့ စာတစ် ပုဒ်ထဲမှာ လူတစ်ယောက်ဟာ ချင်းတောင်မှာရှိတဲ့ ဆရာတော့်ကျောင်းကို ရောက်သွားတယ်။ ဆရာတော်ထံမှာ တရားနာပြီး ညဘက် အဲဒီမှာပဲ အိပ်လိုက်တယ်။ ညဘက် မီးပုံကြီးဘေးမှာ ကျားတစ်ကောင်လည်း လာအိပ်နေတယ်။ ကျားဟာ သူ့ဘာသာသူနေတယ်။ ဒါပေမဲ့ သူကတော့ ကြောက်တာပေါ့။

ဒါကိုဆရာတော်ကသိတော့ မေတ္တာပို့ဆိုပြီးပြောတယ်။ သူလည်း မေတ္တာပို့တာပေါ့။ ဒါပေမဲ့ တစ်ချိန်မှာ ကျားကြီးက ပါးစပ်ကြီးဟကာ သန်းတာကိုတွေ့တော့ သူက ဒီကျားကြီးရဲ့ပါးစပ်ထဲကို မီးရဲရဲထင်းစကြီးကို ပစ်ထည့်လိုက်ရရင် ဘယ်လောက်ပျော်စရာကောင်းမှာလဲဆိုတာ တွေးမိတယ်။ ဒီလိုတွေးလိုက်တုန်းမှာပဲ ကျားကြီးဟာ ၀ုန်းခနဲဟိန်းလိုက်တယ်။ သူအရမ်းလန့်သွားတာပေါ့။ ဒီအခါ ဆရာတော်က “တောင်တွေ မြောက်တွေး လျှောက်မတွေးနဲ့” မေတ္တာကိုသာပွား” လို့ မှာလိုက်တယ်။ သူ မေတ္တာပွားပြီး အိပ်သွားပါတယ်လို့ ရေးထားတယ်။ “ဒါက ပြစ်မှားတယ်” ဆိုတာမျိုးကိုပြောလို့ရတယ်။

ဗိုလ်ချုပ်အောင်ကြီးကလည်း “တပ်မတော်ကို စိတ်နဲ့တောင် မပြစ်မှားပါနဲ့” ဆိုပြီးပြောတော့ လူတွေ သဘောမကျကြပါဘူး။ ဗိုလ်ချုပ်အောင်ဆန်း ဖွဲ့စည်းထားတဲ့တပ်မတော်ပါ။ ယနေ့အစိုးရအဖွဲ့တွေထဲမှာလည်း တပ်မတော်သားဟောင်းတွေ အများကြီးပါနေတယ်။ အမှန်တော့ သူတို့က ပြည်သူကို မေတ္တာထားအုပ် ချုပ်ရမှာပါ။ စိတ်ကလေးနဲ့တောင် မပြစ်မှားပါနဲ့ဆိုတာ အပြန်အလှန်သာရှိရင် အေးချမ်းမှုကို တည်ဆောက်နိုင်မှာပါ။

( ၅ )

သမ္မတကြီးဟာ တာဝန်ကိုလက်ခံစဉ်က ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။

ကျွန်ုပ်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိရိုသေပြီးလို့ အစချီထားပါတယ်။

အဆုံးမှာ “ပြည်ထောင်စုသမ်္မတနိုင်ငံတော်တွင် တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ပိုမိုထွန်းကားရေးအတွက် လေးနက်တည်ကြည်စွာ ကတိသစ္စာပြုသည်” လို့ ပါရှိပါတယ်။ အမှန်တော့ ခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးသမားများ အားလုံးဟာ လည်း သစ္စာစောင့်သိသူများဖြစ်ရပါမယ်။ နိုင်ငံတော်အကြီးအကဲအတွက်တော့ သစ္စာတရားဟာ ပိုလို့အရေးကြီးသလို မေတ္တာတရားဟာလည်း အရေးပါတယ်။

သမ္မတကြီးဟာ လောကပါလတရားနဲ့ မေတ္တာထားကာ အုပ်ချုပ်ရပါတယ်။ ပြည်သူများကို ရင်ဝယ်သား လိုထားကာ အုပ်ချုပ်ရပါတယ်။ တကယ်တမ်းမေတ္တာသုတ်မှာလည်း ဒီအတိုင်းပါတယ်။ မိခင်က သားသမီးများ ကို စောင့်ရှောက်သလိုဆိုတဲ့စကားဟာ အရေးပါတယ်။ ထွန်းဦးလူရဲ့စာကိုဖတ်ပြီး ကျွန်တော်စိတ်မကောင်းဖြစ်မိ ပါတယ်။ သူဆက်ရေးထားသေးတယ်။ နေပြည်တော်က အသက် ၈၈ နှစ်ရှိတဲ့ ဒေါ်တင်လှိုင်ကိုထောင်ချတာမျိုး၊ ဂေါဝိန်ဆိပ်က အိမ်တွေ ဘူဒိုဇာနဲ့ထိုးတာမျိုး၊ လက်ပံတန်းသပိတ်စခန်းမှာ ၀င်ရိုက်တာမျိုး၊ ကိုပါကြီးသေဆုံးတာမျိုး၊ ဒေါ်ခင်ဝင်းဦးဆက်ပွင့်တာမျိုး ဒါတွေကို သမ္မတကြီးနဲ့ တိုက်ရိုက်မသက်ဆိုင်ရင်တောင် တာဝန်ရှိတာကို မေ့မနေသင့်ပါဘူး။

အထူးသဖြင့် ဆက်ပြီးဘာလုပ်လုပ် respect ဆိုတဲ့ လေးစားသမှုနဲ့ ဆောင်ရွက်ပါ။ မေတ္တာထားပါ။ ဘာကြောင့် ကျောင်းသားတွေကို ရဲတွေဝန်းရံပြီး ရုံးထုတ်ရတာလဲ။ ရိုက်တာတောင် EU နည်းဆိုတော့ စိတ်မအီမသာဖြစ် ရပါတယ်။ ဒီကျောင်းသားလေး သုံးလေးဆယ်ကို မေတ္တာထားခွင့်လွှတ်ပါ။ ကျားကြီးပါးစပ်ထဲ မီးတုတ်ပစ်ထည့်ဖို့ စိတ်ကလေးနဲ့တောင် မကြိုးစားပါနဲ့။

မေတ္တာဖြင့် ထွန်းဦးလူ ... တဲ့။

ထွန်းဦးလူရဲ့စာ အဆုံးသတ်ပါပဲ။

မြန်မာပြည်မှာလည်း အကြမ်းဖက်မှုတွေ အဆုံးသတ်ပါစေ။

ဒေါက်တာခင်မောင်ညို

The Ladies News Journal ပါ ဆောင်းပါး

ဒီခေတ် နဲ့ ဒီစနစ်
အမှန်တရားလိုက်စားသူများ
ထောင်သို့သွား…။
မတရားနေရာယူထားသူများ
ထောင်ပို့သမား…။
သူခိုးက လူလူဟစ်
လူစင်စစ်တွေ သူခိုးဖြစ်
ဒီခေတ်…ဒီစနစ်…။
ဘယ်လိုဖြစ်ဖြစ် ညစ်တဲ့သူများ
ဘယ်မူသွားသွား
အမှန်တရားဟားဓါး
အမှန်တရားဟာမြှားမို့
မတရားသူကို ဓါးလိုစင်း
မြှားလိုခွင်းနိုင်တယ်
အမှန်တရားသာ ရှောင်မလွဲရန်အမှန်
ပန်းဝင်ကာအောင်ပွဲခံ…။
တက္ကသိုလ်ဘုန်းကြွယ်
(မေ ၂၆ ၁၅)

ဝှေ့ယမ်းပြနေတဲ့ ပြည်သူတို့ရဲ့ လက်များက “ဖိနှိပ်ပြီး ဒုက္ခပေးမယ့် သူတွေဆိုရင်တော့ ခါထုတ်ပြီး ဖယ်ရှားပစ်မယ်၊
ဖေးမကူညီမယ့် သူများကိုတော့ လက်ကမ်းကြိုဆိုပါတယ်” လို့ ပြောနေတာပါ။ အဲဒီအသံကို ကြားတတ် ၊ နားလည်တတ်ဖို့ အရေးကြီးတယ်။
ပြီးခဲ့တဲ့ ဆယ်တန်းစာမေးပွဲတွေ ဖြေပြီးခါစက လူငယ်တစ်စု ကျောင်းကို ရောက်လာပါတယ်။ ဘွဲ့ရပြီး ဘာဆက်လုပ်ရမှန်း မသိဖြစ်နေ တဲ့ ယောကျာ်းလေး မိန်းကလေး (၈)ယောက်လောက်ရယ်၊ “အပန်းမပြေ” စခန်းက အနားယူခွင့်ရလာကြတဲ့ယောကျာ်းလေး သုံးလေးယောက်နဲ့ မိန်းကလေး တစ်ယောက်လည်းပါတယ်။

လာကြတဲ့ ရည်ရွယ်ချက်ကတော့ နွေရာသီ ကျောင်းပိတ်ရက်များမှာ ယဉ်ကျေးလိမ္မာသင်တန်းများ အပါအဝင် ကျေးလက်ဒေသရဲ့ လိုအပ်ချက် ကလေးများကို စွမ်းနိုင်ရာက ဝိုင်းဝန်းကူညီကြဖို့ ခရီးထွက်ခါနီးမှာ ဩဝါဒနဲ့ အကြံဉာဏ်ကလေးများရယူလိုလို့ပါတဲ့။
သူတို့ကို ပြောခဲ့ဖြစ်တဲ့ အကြောင်းအရာအတိုချုပ်ကတော့ -

လောကရဲ့ ယဉ်ကျေးလိမ္မာမှုများနဲ့ ကြီးပွားတိုးတက်ရာ တိုးတက်ကြောင်းများကို စွမ်းနိုင်ရာက ဝိုင်းဝန်းကူညီကြမယ့်သူများဟာ ပထမဆုံး အရေးကြီးတာက ကိုယ့်ကိုယ်ကိုယ် ယဉ်ကျေးလိမ္မာနေအောင် ဆုံးမထားဖို့ပဲ။ မြတ်စွာဘုရားက ဓမ္မပဒပါဠိတော် (၁၅၉) မှာ “သူတစ်ပါးကို ယဉ်ကျေးအောင် ဆုံးမလိုသူများဟာ ပထမဦးဆုံးအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ယဉ်ကျေးအောင်ဆုံးမထားဖို့ အရေးကြီးတယ်။ ကိုယ်တိုင်က ယဉ်ကျေးပြီးမှသာ သူတစ်ပါးကို ယဉ်ကျေးအောင် လုပ်ပေးနိုင်တယ်။ ယဉ်ကျေးအောင်ဆုံးမဖို့ အခက်ဆုံးက ကိုယ့်ကိုယ်ကိုယ်ပဲ” လို့ ဟောထား တယ်။

ဘယ်လို နယ်စိမ်းပယ်စိမ်းကိုပဲ သွားသွား၊ ဘယ်လို သူစိမ်းပြင်ပြင်များနဲ့ပဲ တွေ့ရတွေ့ရ၊ ကိုယ်တိုင်က ယဉ်ကျေးသိမ်မွေ့ပြီးသူအတွက် တစ်ဖက်သားကို ယဉ်ကျေးသိမ်မွေ့လာအောင် စည်းရုံးဖို့ ဘာမှ အခက်အခဲမရှိနိုင်ဘူးလို့ ဆိုလိုတာပဲ။ အဲဒီတော့လူငယ်များအနေနဲ့ နယ်ပယ်စိမ်းကို သွားရမှာ၊ သူစိမ်းပြင်ပြင်များနဲ့ တွေ့ဆုံရမှာက ဘာမှ ကြောက်စရာ မဟုတ်ဘူး။ ကိုယ်တိုင်မယဉ်ကျေးသူတွေ ဖြစ်မှာကသာ ကြောက်စရာ အကောင်းဆုံးပဲ။ အဲဒါကို သဘောပေါက်ကြဖို့ သိပ်အရေးကြီးပါတယ်။

အခု သီရိလင်္ကာနိုင်ငံ၊ မြန်မာနိုင်ငံ အပါအဝင် ထေရဝါဒနိုင်ငံတွေမှာ ဗုဒ္ဓသာသနာတော် ထွန်းကား ဖြစ်ပေါ်လာရခြင်းရဲ့သမိုင်းကြောင်းကို လူငယ်များအနေနဲ့ နည်းနည်းလောက် သိထားရင် အတုယူ အားကျပြီး လိုက်နာစရာတွေ အများကြီး ရနိုင်လောက်တယ်။

ဒီလို ထေရဝါဒနိုင်ငံတွေ ပြန့်ပွားတိုးတက်လာအောင် အဓိကအားထုတ်ခဲ့တာက “သီရိဓမ္မာသောက မင်းကြီး”လို့လူသိများတဲ့ မဇ္ဈိမဒေသက “အသောက မင်းကြီး” ပဲ။ ဒီမင်းကြီးကို သာသနာတော်ဘက် စိတ်ပါလာအောင် ဆွဲဆောင် စည်းရုံးပေးတဲ့ပုဂ္ဂိုလ်ကတော့ သူ့ရဲ့ တူအရင်းဖြစ်တဲ့ “နိဂြောဓ”ဆိုတဲ့ သာမဏေငယ်တစ်ပါးပဲ။

အသောကမင်းကြီးက ဖခမည်းတော်ရဲ့ အစဉ်အလာအရ “ပရိဗိုဇ်”ဆိုတဲ့ ဘာသာရေး ဂိုဏ်းဝင်တွေကို နေ့စဉ် စားစရာဝတ်စရာတွေနဲ့ ပူဇော်ကိုးကွယ်နေရတာ စရိတ်တွေ သိန်းနဲ့ချီပြီး ကုန်ကျနေတယ်။ ဒီပရိဗိုဇ်တွေဟာ သွားတာ၊ လာတာ၊ စားသောက်တာ၊ ပြောဆိုတာကအစ ဣနြေ္ဒလည်း မဲ့ကြတယ်။ မင်းနဲ့ ပြည်သူအတွက် ဘာကောင်းကျိုးမှလည်း လုပ်ဆောင် မပြနိုင်ကြဘူးဆိုတော့ ဘုရင်ကြီးက သူတို့အပေါ် စိတ်ကုန်နေတာပေါ့။

တစ်နေ့တော့ ဒီအကြောင်းတွေကို စဉ်းစားရင်း နန်းတော်အထက် ရင်ပြင်မှာ တွေးတော ငေးမောနေတုန်း အဲဒီ “နိဂြောဓ”သာမဏေလေး ကို တွေ့လိုက်ရတာ။ သာမဏေလေးက ဘုရားရှင်ရဲ့ အဆုံးအမနဲ့အညီ ကျင့်သုံးပြီးလို့ ကိလေသာဆိုတဲ့ စိတ်ရဲ့အညစ်အကြေးတွေ ကင်းစင်ပြီးတဲ့ ရဟန္တာလေး ဖြစ်နေပြီဆိုတော့ ဝတ်ရုံတာ၊ သွားလာတာ၊ ကြည့်ရှုတာကအစ အလွန်ကိုငြိမ်သက် တည်ကြည်ပြီး စိတ်အေးချမ်း စရာ ကောင်းလှတဲ့ အတွက် အသောကမင်းကြီးက မြင်မြင်ချင်း လေးစားကြည်ညိုစိတ်တွေဖြစ်ပြီး စိတ်ထဲမှာလည်း အလွန် အေးချမ်းသွားခဲ့တယ်။

ဒါနဲ့ပဲ နောက်ဆုံးတော့ သာမဏေကို နန်းတော်ပေါ်မှာ ပင့်ပြီး ကျင့်သုံးတဲ့ တရားနဲ့ ဆရာသမားစဉ်ဆက်ကို မေးလျှောက်တဲ့အခါ ဗုဒ္ဓဘာသာအကြောင်းကို ခြေခြေမြစ်မြစ် သိခွင့်ရသွားရာက သာသနာပြု မင်းကြီး ဖြစ်သွားတာ။ သူကိုယ်တိုင် စိတ်အေးချမ်းသာခြင်းကို လက်ငင်းလက်တွေ့ ရရှိခံစားရတဲ့အတွက် ဗုဒ္ဓသာသနာတော်ကို အရပ်ဒေသတိုင်း ပျံ့နှံ့အောင် ကိုးတိုင်းကိုးဌာနသာသနာပြု လုပ်ငန်းစေလွှတ် ရာက တို့မြန်မာနိုင်ငံကိုလည်း ဗုဒ္ဓသာသနာ ရောက်ရှိခဲ့တာပါ။

ဒီမှာ ပြောလိုတာကတော့ သွားတာ၊ လာတာ၊ ပြောတာ၊ ဆိုတာ၊ ကြည့်ရှုတာစတဲ့ ဣနြေ္ဒများဟာ မြင်ရ ကြားရသူတိုင်းကိုယဉ်ကျေးမှုတွေ ကူးစက် ပျံ့နှံ့သွားစေလောက်အောင် ကိုယ်တိုင်ယဉ်ကျေးပြီးသား ပုဂ္ဂိုလ်တွေမှာ အသွင်အပြင် ပုံသဏ္ဌာန်ကိုကစည်းရုံးရေး အင်အား အပြည့်ပါနေတဲ့အတွက် ကမ္ဘာကြီး ကိုတောင် ပြောင်းလဲပစ်နိုင်တဲ့ စွမ်းအားအပြည့် ရှိတယ်။ ခုနပြောခဲ့တဲ့“နိဂြောဓ”ဆိုတဲ့ သာမဏေ လေးဟာ သီရိလင်္ကာနိုင်ငံ၊ မြန်မာနိုင်ငံ အပါအဝင် အခုဆို ဗုဒ္ဓသာသနာတော်ဟာ ကမ္ဘာတစ်ဝက်လောက်အထိကို ပျံ့နှံ့သွားပြီ ဖြစ်လို့ “ကမ္ဘာ တစ်ဝက်ကို ပြောင်းလဲစေတဲ့ သာမဏေ”လို့တောင် ဆိုလို့ရတယ်။ အဲဒါကို ဒီနေ့ ပြည်သူကို အလုပ်အြွေကးပြုကြမယ့် လူငယ်တွေ အားကျ အတုယူကြရလိမ့်မယ်။

ကျေးလက်ဒေသတွေ၊ အဲ .. ကျေးလက်သာမကပါဘူး မြို့ပြတွေမှာလည်း အတူတူပါပဲ၊ ပြည်သူတွေဆိုတာကတော့ ကိုယ့်ရဲ့ဆင်းရဲဒုက္ခတွေ ကို လျော့ပါးအောင် ပြုလုပ်ပေးမယ်၊ ကိုယ့်အရပ် ကိုယ့်ဒေသရဲ့ ကောင်းရာ ကောင်းကြောင်း တိုးတက်ရာ တိုးတက်ကြောင်းတွေကို သယ်ပိုးဆောင်ရွက် ပေးမယ်ဆိုရင် လာသမျှလူတွေကို ဝမ်းပန်းတသာ လက်ကလေးတွေ ဝှေ့ယမ်းပြီးကြိုဆိုကြမှာ မလွဲပါဘူး။

အကြိုဆိုခံရသူတွေအနေနဲ့ ဝှေ့ယမ်းပြနေတဲ့ ပြည်သူတို့ရဲ့ လက်များက ပြောနေတဲ့ စကားကို ကြားအောင် နားထောင်တတ်ဖို့တော့ အရေးကြီး ပါတယ်။ ဝှေ့ယမ်းပြနေတဲ့ ပြည်သူတို့ရဲ့ လက်များက “ဖိနှိပ်ပြီး ဒုက္ခပေးမယ့် သူတွေဆိုရင်တော့ခါထုတ် ဖယ်ရှားပစ်မယ်၊ ဖေးမကူညီမယ့် သူများကိုတော့ လက်ကမ်းကြိုဆိုပါတယ်” လို့ ပြောနေတာပါ။ အဲဒီအသံကို ကြားတတ်နားလည်တတ်ဖို့ အရေးကြီးတယ်။

ဒီအသံကို ကြားတတ်çနားလည်တတ်ဖို့ဆိုတာကလည်း ကိုယ်တိုင်က တစ်နည်းမဟုတ် တစ်နည်းနဲ့ ဖိနှိပ်တဲ့ဒဏ်ကိုခံရဖူးမှ စာနာနားလည်နိုင် တာမျိုး၊ သူများက “ပြည်သူ့အရေး” ဆိုလို့ ဘသားယိမ်းလိုက် ရောယိမ်းလိုက် လုပ်နေသူတွေဆိုရင်နားလည်ဖို့ အလွန်ခဲယဉ်း တယ်။ တွေ့ဖူးမလားတော့ မပြောတတ်ဘူး၊ တချို့အရပ်တွေမှာ ပြည်သူ့အကျိုးအတွက်ဆိုပြီး လူတွေကိုမလာမနေရ အလာခိုင်းတာတို့၊ သူတို့ကို အသိပညာပေးတယ်ဆိုပြီး ဟိန်းဟောက် အမိန့်ပေးတာတို့ ဆိုတာလေ။

အဲဒီလိုနေရာမျိုးမှာ “ဝှေ့ယမ်းကြိုဆိုရမယ်” ဆိုလို့ ဝှေ့ယမ်းပြနေရတဲ့ လက်တွေက ဘာစကား ပြောနေမယ်ထင်သလဲ။
အေး အခု သွားကြမယ့် လူငယ်များအနေနဲ့ “ ဒီလိုမျိုးထဲမှာ တို့တော့ မပါခဲ့ဖူးပါဘူး” လို့ မထင်လိုက်နဲ့။ ကိုယ်တိုင်သတိထားမိမလားတော့ မပြောတတ်ဘူး၊ တချို့အရပ်တွေမှာဆိုရင် “ပြည်သူရဲ့ ဒုက္ခတွေ ကင်းဝေးလွတ်မြောက်ရေး” ဆိုပြီး လမ်းတွေပေါ်မှာ အုပ်စုနဲ့ စီတန်ြးွေကးကြော်ကြ တာတွေလေ။ လမ်းပေါ်မှာ သူတို့ စီတန်းဟစ်အော်နေပြီဆိုရင် ခရီးသွားကြတဲ့ ကားတွေ၊လှည်းတွေ၊ အထမ်းအရွက်နဲ့ ခရီးသွား ခရီးပြန်၊ ဈေးသွား ဈေးပြန်တွေက ဒီအတိုင်း ရပ်စောင့်နေရတာ။

တချို့က မနေသာအောင် အရေးကြီးလို့ သူတို့ အတန်းကို ဖြတ်ပြီး ကူးဖို့ ကြိုးစားမိရင် ရန်လိုတဲ့ အပြုအမူတွေနဲ့ အင်အားသုံးပြီး ဟန့်တားတာတို့၊ ပြည်သူတွေ ကြားတောင် မကြားဖူးဘူးတဲ့ အပြစ်တွေနဲ့ စွပ်စွဲအော်ဟစ်ပြီး ရန်ပြုတာတို့ ”ဆိုတာမျိုးတွေ လုပ်တတ်ကြတယ်။
ကိုယ်တိုင်လည်း ကြုံခဲ့ရလို့ တစ်နာရီနီးပါး ဒုက္ခခံပြီး ဒီအတိုင်းပဲ ရပ်စောင့်နေခဲ့ရဖူးတယ်။

သူတို့ ကြွးကြော်စီတန်းလာနေတာကို နဘေးမှာရှိသူတွေက လက်ပြနှုတ်ဆက်တာလောက်မှ မလုပ်ပြန်ရင်လည်း အဲဒီလိုနေရာမှာ အကြာကြီးရပ်နေကြပြီး ပြည်သူတွေ ဘာမှ နားမလည်တဲ့(ပြောသူတွေ ကိုယ်တိုင်လည်း ကိုယ့်စကားကို နားလည်ပုံမရတဲ့) စကားတွေနဲ့ အဲ .. တရုတ်ပြည်က နိုင်ငံရေးခေါင်း ဆောင်ကြီးတစ်ဦး ပြောတဲ့စကားလုံးနဲ့ ပြောရမယ်ဆိုရင် “ ခြေသေးမရဲ့ခြေစည်း” လို ရှည်လည်းရှည်၊ နံလည်း နံတဲ့ စကားတွေနဲ့ အကြောရှည်နေကြပြန်တာဆိုတော့ ရပ်ကြည့်နေကြသူတွေက လက်တွေ ဝှေ့ယမ်းပြကြရတာပေါ့။ အဲဒီလိုအခါမှာ ဝှေ့ယမ်းပြရတဲ့ လက်တွေကကော ဘယ်လိုစကားတွေ ပြောနေမယ် ထင်သလဲ။

အခုသွားမယ့် လူငယ်တွေထဲမှာ အဲဒီလို ဝှေ့ယမ်းပြတာကို မြင်ဖူးçကြုံဖူးသူတွေတောင် ပါမယ်ထင်ပါတယ်။ အဲဒီ လက်တွေက ဘာများ ပြောနေတယ် ထင်ခဲ့သလဲ။ စဉ်းစားစရာတွေ ပြောတာပါ။

ဝှေ့ယမ်းပြနေတဲ့ လက်တွေကို ခပ်ပေါ့ပေါ့တော့ မတွက်မိကြနဲ့၊ ဒီလက်တွေက ဖေးမကူညီမည့်သူကို လက်ကမ်းကြိုဆိုရာမှာ လက်ဖဝါးပီပီ နူးညံ့သိမ်မွေ့သလောက် ဒုက္ခပေးမယ့်သူကို ခါထုတ်ဖယ်ရှားရာမှာတော့ “ ခြေဖမိုးလို လက်တွေ” လို့ ဆိုရမယ်ထင် တယ်။ မှောက်ချည် လှည်ချည် မရှိဘူး။ ခြေဖမိုးဆိုတာ “ကန်ချင် ကန်မယ်၊ လှန်တယ်ဆိုတာ မရှိဘူး” ဆိုတာ ကြားဖူးမှာပါ၊
ခုလည်း အဲဒီလိုပါပဲ။ အားလုံး ကြားဖူးကြမလားပဲ၊ မြတ်စွာဘုရားရှင် လက်ထက်တော်က “ကောသမ္ဗီ အရေးအခင်းကြီး” လို့ ပြောစမှတ်တွင်တဲ့ဖြစ် ရပ်တစ်ခု ပေါ်ပေါက်ခဲ့ဖူးတယ်။

ဖြစ်ရပ် အကျဉ်းချုပ်ကတော့ -
ကောသမ္ဗီပြည်သားတွေဟာ အလွန်သဒ္ဓါတရား ကောင်းကြသူတွေ များတယ်။ ဗုဒ္ဓဘာသာ ဝင်တွေ ကြားဖူးနားဝများတဲ့ ရှင်မခုဇ္ဇုတ္တရာတို့၊ သာမာဝတီမိဖုရား၊ မာဂဏ္ဍီမိဖုရားတို့၊ ဥဒေနမင်းတို့၊ “ ဃောသိတာရုံ”ကျောင်းဒကာ ဃောသကသူဌေးကြီးတို့ဆိုတာ ကောသမ္ဗီပြည်ကပဲပေါ့။ ဒီပြင်လည်း “ကုက္ကုဋာရုံ” ကျောင်းဒကား ကုက္ကုဋသူဌေးကြီးတို့၊ “ပါဝါရိကမ္ဗဝန”ကျောင်းတိုက်ကြီးဒကာ ပါဝါရိက သူဌေးကြီးတို့ဆိုတာလည်း ရှိသေးတယ်။ သာမန် သြွူကယ်၊ ကုန်သည်တို့ ပြည်သူ ပြည်သားတို့ကလည်း သဒ္ဓါတရား ကောင်းကြပုံ ရပါတယ်။ ဟိမဝန္တာတို့çသင်္ကဿနဂို တို့လို တောတောင်ထူထပ်တဲ့ ဒေသကို သွားတဲ့လမ်းကြောင်းပေါ်မှာ တည်ရှိတာဖြစ်လို့ တောရဆောက်တည်ကြတဲ့ ရသေ့၊ ပရိဗိုဇ်များ အပါအဝင် သူတော်ကောင်း တို့ရဲ့ ခရီးတစ်ထောက် နားနေရာ စခန်းထောက်မြို့ကြီးသဖွယ်လည်း ဖြစ်နေပုံရပါတယ်။ သူတော်ကောင်းတို့အတွက် ဆွမ်းခဲဖွယ် ရဖို့ မခဲရင်းတဲ့ ပြည်ကြီး(မြို့ကြီးပါပဲ)ဖြစ်နေတာကိုး။

မြတ်စွာဘုရား မပွင့်ပေါ်မီကတော့ ရသေ့çပရိဗိုဇ် သူတော်ကောင်းတွေကို လုပ်ြွေကးပူဇော်ကြတာ။ မြတ်စွာဘုရားပွင့်ပေါ်လာတဲ့ အခါမှာတော့ သူတို့ကိုးကွယ်တဲ့ ရသေ့ငါးရာလောက်က တစ်ပြိုင်နက် သာသနာတော်မှာ ရဟန်းပြုသွားကြတော့သဒ္ဓါတရားထက်လောက်အောင် ပါရမီဓာတ်ခံကောင်းကြတဲ့ ကောသမ္ဗီသူဌေးကြီးတွေလည်း ဘုရားရှင်ရှိရာ သွားရောက် တရားနာကြပြီး သောတာပန် အရိယာတွေ ဖြစ်ကုန်ကြလို့ ကိုယ့်အရပ်ဒေသ ပြန်ရောက်တဲ့အခါ ကျောင်းတိုက်ကြီးတွေ အသီးသီး ဆောက်လုပ်လှူဒါန်းကြတာ။

ကောသမ္ဗီပြည်မှာ ဘုရားရှင်နဲ့ နောက်ပါသံဃာတွေအတွက် ကျောင်းတိုက်ကြီး သုံးတိုက်ကလည်း ရှိနေ၊ သူဌေးသူကြွယ်တွေ အပါ အဝင် ပြည်သူပြည်သားတွေကလည်း သဒ္ဓါတရား ကောင်းကြလို့ လမ်းအလိုက် ရပ်ကွက်အလိုက် ဆွမ်းလောင်းလှူတဲ့ အသင်းအဖွဲ့တွေတောင် ရှိကြတယ်ဆိုတော့ ဘုရားရှင်ရဲ့ တပည့်သားရဟန်း တော်တော်များများဟာလည်း ကောသမ္ဗီပြည်ကိုကြွလာကြပါတယ်။ ကြွရောက်လာသမျှ ရဟန်းတော်များကို မြို့သူ မြို့သားများကလည်း တခဲနက် ကြိုဆိုကြတာပါပဲ။

ဒီခေတ်လိုလက်ကိုဝှေ့ယမ်းပြီး ကြိုကြတာတော့ မဟုတ်ပါဘူး။ ဒေသယဉ်ကျေးမှုအရ လက်အုပ်ချီပြီး ကြိုဆိုကြတာပါ။ အဓိပ္ပာယ် ကတော့အတူတူပါပဲ။ လက်အုပ်ချီတဲ့ လက်များကလည်း စကားနှစ်ခွန်းကို ပြောဆိုနေတာပဲ ဆိုတာ နောက်ကြုံမယ့် ဖြစ်ရပ်များ ကထင်ရှားအောင် ပြပါလိမ့်မယ်။

မြတ်စွာဘုရားရှင် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်းမှာ သီတင်းသုံးနေတဲ့ အချိန်မှာပဲ ဝိနည်းဆောင် ရဟန်းနဲ့သုတ္တန်ဆောင် ရဟန်းတို့ တခြားကျောင်းတိုက် တစ်ခုမှာ အတူတူနေကြတယ်။

ဖြစ်ချင်တော့ တစ်နေ့မှာ သုတ္တန်ဆောင်ရဟန်းက ဝစ္စကုဋီ(သန့်စင်ခန်း)သွားပြီးတဲ့အခါ သန့်စင်ရေသုံးတဲ့ ရေခွက်ကိုရေလက်ကျန်နဲ့ ဒီအတိုင်းထားခဲ့မိသတဲ့။ အမှန်ကတော့ ဒီလိုထားခဲ့ရင် ရေညှိပိုးလောင်းကောင်များ ဖြစ်စေနိုင်တဲ့အတွက် “သုံးပြီးသန့်စင်ရေခွက်ကို မှောက်ပြီး ထားခဲ့ရမယ်၊ ဒီအတိုင်း ပက်လက်ထားခဲ့ရင် ဒုက္ကဋ်အာပတ် သင့်စေ”လို့ ဘုရားရှင်က ပညတ်ထားပြီးသား။ ဒါကို မသိလို့ သုတ္တန်ဆောင်ရဟန်းက ဒီအတိုင်းထားခဲ့တာ။

အဲဒါကို ဝိနည်းဆောင်ရဟန်း ကုဋီအိမ်တက်တဲ့အခါမှာ တွေ့တော့ ထွက်လာတဲ့အခါမှာ သုတ္တန်ဆောင်ရဟန်းကိုမေးတယ်။ သုတ္တန်ဆောင်ရဟန်းကလည်း အမှန်အတိုင်းပဲ ဝန်ခံပါတယ်။ “အာပတ်သင့်မှန်း မသိလို့ ထားခဲ့တာပါ၊ အာပတ်သင့်ရင် ဒေသနာကြားပါမယ် ”လို့လည်း ရိုးရိုးသားသားပဲ လျှောက်ထားပါတယ်။ အဲဒီကျတော့ ဝိနည်းဆောင်ရဟန်းက “စေတနာမရှိဘဲမေ့လျော့ပြီး ထားခဲ့မိတာဆိုရင် အာပတ်မသင့်ပါဘူး” လို့ ပြောပြန်ရောတဲ့။

ဒါလည်း အမှတ်တမဲ့ မှားသွားတာပါ။ အမှန်ကတော့ခုလို ထားခဲ့တာဟာ စေတနာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဒုက္ကဋ်အာပတ် သင့်တာပါပဲ။
ဒါကို ဝိနည်းဆောင်ရဟန်းက ကာယကံရှင်ကို ပြန်မပြောဘူး၊ သူ့တပည့်တွေကိုကျတော့ “ သုတ္တန်ဆောင်ရဟန်းဟာအာပတ်သင့်တာကိုတောင် ဘာမှမသိဘူး” ဆိုပြီး ရှုတ်ချစကားပြောပြန်ရော။

ဒါနဲ့ပဲ ဝိနည်းဆောင် ရဟန်းအုပ်စုက သုတ္တန်ဆောင်ရဟန်းရဲ့ တပည့်တွေနဲ့ တွေ့တဲ့အခါ “ သင်တို့ရဲ့ ဥပဇ္ဈာယ်ဆရာဟာ အာပတ်သင့်တာတောင် သင့်မှန်း မသိတဲ့ဆရာပဲ”ဆိုပြီး ကဲ့ရဲ့စကား ပြောကြပြန်ရော။ သုတ္တန်ဆောင်ရဟန်းများကလည်း “ ဝိနည်းဆောင် ဆရာဟာ ခုတစ်မျိုး နောက်တစ်မျိုးနဲ့ မုသားစကားပြောသူ” ဆိုပြီး ပြန်လည် ချေပကြတာပေါ့။

ဒါနဲ့ပဲ အမှနှန်က်ကတော့ ဒေသနာကြားလိုကိက်ရ်ရင် ပြီးးသွာားမဲ့ “အမှိုက်လောက်ကိစ္စလေးကနေ အတင်းးအဖျင်းး“လေ”တွေဝှေ့ပစ်လိုက်ကြလို့ အချင်းးချင်းး“ပြဿဒ်မ်မီးးလောင်”ဆိုတဲ့အဆင့်ရောက်ေ အာင် ပဋိပိပက္ခေတွေ ဖြစ်ကုန်ကြတော့ တာ။ နောက်ဆုံး တော့တစ်ဦးနဲ့တစ်ဦး အသင်းအပင်းတွေစုကြပြီး ငြင်းကြ၊ ခုံကြနဲ့ တစ်သိမ်တည်းမှာ ကံကြီးကံငယ်တွေ အတူမပြုနိုင်၊ အတူတကွ ပေါင်းသင်း ဆက်ဆံခြင်း လည်း မပြုနိုင်လောက်အောင်အထိ ပဋိပက္ခတွေ ကြီးထွားလာကြတယ်။

အဲဒီလို အခြေအနေမျိုးဖြစ်နေတာကို ရဟန်းတစ်ပါးက မနေသာတော့ပဲ မြတ်စွာဘုရားရှင်ကို သတင်းပေးလျှောက်ထားတဲ့အခါ ဘုရားရှင်က “ဒါဟာ ရဟန်းသံဃာကွဲပြားဖို့ ဖန်လာတဲ့ ကိစ္စကြီး”ဆိုတာ သိတော်မူလို့ နှစ်ဘက်ရဟန်းများရှိရာကို ကိုယ်တိုင်ကြွပြီး ညီညွတ်သင့်မြတ်အောင် သာဓကဝတ္ထုများနဲ့ပါ အကျယ်တဝင့် အေးအေးဆေးဆေး ပြောဆိုဆုံးမတော်မူပါတယ်။

ပုထုဇဉ်တွေချည်း ဖြစ်ကြတဲ့ ဒီပဋိပက္ခက လောကကျိုး သာသနာကျိုးကို ကြည့်တာမဟုတ်ဘဲ အတ္တမာန်တွေ ကိုယ်စီနဲ့အပြိုင် အဆိုင် ဖြစ်ကြတာဆိုတော့ အမှားအမှန် ကွဲပြားရေးက အဓိကမဟုတ်တော့ဘဲ အရှုံးအနိုင် ကွဲပြားရေးကိုသာ အဓိကအားသန်နေကြတာဖြစ်လို့ ဘယ်လိုမှ ပြေငြိမ်းအောင် ဟောပြောဆုံးမလို့ မရဘဲ တင်းမြဲတင်းခံနေကြတယ်။

ဒါနဲ့ ဘုရားရှင်ကလည်း “ဒီရဟန်းတွေဟာ ခုလို ကွဲပြားခြင်းရဲ့ ဆိုးကျိုးကို ကိုယ်တွေ့ ကိုယ်ကြုံခံစားလာရတော့မှ သံဝေဂရပြီး ငြိမ်းသွားကြမှာ” ဆိုတာသိမြင်တော်မူတဲ့အတွက် ကောသမ္ဗီမြို့ကနေ ထွက်ခွါပြီး ဥပါလိသူကြွယ်ရဲ့ အခွန်စားကျေးရွာဖြစ်တဲ့ “ဗာလကလောဏက” ရွာကိုပထမဆုံး ကြွတော်မူတယ်။ အဲဒီ အရပ်မှာ တစ်ပါးတည်း ဧကစာဆောက်တည်နေတဲ့ အရှင်ဘဂု မထေရ်ကို ရွှင်လန်းဝမ်းမြောက်ဖွယ်ရာ အားပေးစကားများနဲ့ ပြောကြားချီးမြှောက်ပြီးတော့မှ ပါလိလေယျက (ပလလဲ)ဆိုတဲ့ ဆင်မင်းကြီးရှိရာ အရပ်ဆီကို ဝါဆိုဝါကပ်ဖို့ ခရီးဆက်ကြွတော် မူပါတော့တယ်။

ညီညွတ်ရာမှာသာ မွေ့လျော်၊ ပျော်ပိုက် နှစ်သက်တော်မူတဲ့ ဘုရားရှင်ဟာ မညီညွတ်တဲ့ နေရာမှာ နေရတာထက်တစ်ပါးတည်း ဧကစာသီတင်းသုံး ဝါကပ်နေရတာက ပိုကောင်းတယ်လို့ ဆုံးဖြတ်ပြီး ကြွတော်မူခဲ့တာပါ။

မြတ်စွာဘုရားရှင် စွန့်ခြွါကသွားတော်မူပြီးတဲ့ နောက်မှာ ကောသမ္ဗီရဟန်းတို့ ဖြစ်ပျက်နေပုံကတော့ -မြတ်စွာဘုရားရှင်ပလလဲတောမှာ ဝါကပ်သီတင်းသုံးနေတဲ့ ဝါတွင်းမှာပဲ ကောသမ္ဗီမှာရှိကြတဲ့ ကျောင်းဒကာ ဃောသကသူဌေးကြီးအပါအဝင် ဒကာ ဒကာမတွေက ဃောသိတာ ရုံကျောင်းတိုက်ကို သွားကြတဲ့အခါ ဘုရားရှင်ကို မဖူးတွေ့ကြရတော့ဘူး။ “မြတ်စွာဘုရားရှင်အခုဘယ်မှာ သီတင်းသုံးနေပါသလဲ” လို့ လျှောက်ထားတဲ့အခါမှာတော့ ရဟန်းတော်တို့က ဖြစ်ကြောင်းကုန်စင်ကို ပြောပြပြီး

“အခု ပလလဲတောမှာ တစ်ပါးတည်း ဝါကပ်တော်မူနေရတယ်” ဆိုတဲ့အကြောင်း ဝမ်းနည်းစရာစကားနဲ့ ဖြေကြားကြတယ်။
အကြောင်းစုံကို သိလိုက်ရတဲ့ ကောသမ္ဗီပြည်သားတွေက အားလုံးတညီတညွတ်တည်း စည်းဝေးတိုင်ပင်ကြပြီး “ ဒီရဟန်းတွေဟာ ဘုရားရှင်ရဲ့ သာသနာတော်မှာ ရဟန်းပြုကြပါလျက်နဲ့ ဘုရားရှင်က ညီညွတ်အောင် ဟောပြဆုံးမတာကို လက်မခံကြဘူး။

ဒီရဟန်းတွေရဲ့ မာန်မာနတွေကြောင့်ပဲ တို့တတွေ မြတ်စွာဘုရားရှင်ကို အချိန်ကြာကြာ ဖူးမြော်ခွင့် ဆုံးရှုံးရတယ်။ ဒီရဟန်းတွေကိုရှိခိုးရိုသေ၊ ဖူးမြော်လှူဒါန်း ဘာမှ မလုပ်ကြစတမ်း” ဆိုပြီး ကတိကဝတ် ထားလိုက်ကြတယ်။ ပစ္စည်းလေးပါးလည်း မလှူဒါန်း၊အရိုအသေလည်း မပေးကြတော့ဘူး။ြွကလာစဉ်က ချီခဲ့တဲ့ လက်အုပ်တွေက ခါထုတ်တဲ့ စကားကို ပြတ်ပြတ်သားသား ပြောလိုက်ပြီ။

အစာအာဟာရ ခေါင်းပါးပြတ်လပ်တဲ့ ဒဏ်ကို ဘယ်ကြာကြာ ခံနိုင်မလဲ နှစ်ရက် သုံးရက်အတွင်းမှာပဲ နောင်တတွေရကြပြီး စိတ်ကောင်း စိတ်ဖြောင့်တွေ ပြန်ဝင်ကြလို့ အချင်းချင်းလည်း တောင်းပန်ဝန်ချ ကန်တော့ကြပြီး ညီညွတ်သွားကြပါတယ်။

ဒါပေမဲ့ ဒကာ ဒကာမတွေက ဒီလောက်နဲ့ မကျေနပ်ကြသေးပါဘူး၊ “မြတ်စွာဘုရားရှင်ကို ကျေနပ်အောင် ကန်တော့ပြီးမှသာ တပည့်တော်တို့ကလည်း အရှင်ဘုရားတို့အပေါ်မှာ ရှေးကလို ပူဇော်ကန်တော့ လှူဒါန်းတာတွေ လုပ်ကြပါမယ်” ဆိုပြီး တင်းထားကြတယ်။ ဝါတွင်း ကာလဖြစ်လို့ မြတ်စွာဘုရားရှိရာကို သွားရောက် မကန်တော့နိုင်ကြတဲ့အတွက် အဲဒီရဟန်းတော်တွေဝါတွင်းသုံးလလုံး ဆင်းရဲငြိုငြင်စွာနဲ့ပဲ ကုန်လွန်စေ ကြရတယ်။

ဝါကျွတ်ပြီးချိန်မှာ ဘုရားရှင်ကလည်း သာဝတ္ထိပြည် ဇေတဝန်ကျောင်းတိုက်ကို ပြန်ြွကလာပြီဖြစ်လို့ ရဟန်းတော်များ လည်းဇေတဝန်ကျောင်းတိုက်ကို အားလုံး တစ်စည်းတစ်ရုံးတည်း သွားရောက်ကန်တော့ ကြပါတယ်။ မြတ်စွာဘုရားရှင်က ဓမ္မ အဓမ္မနဲ့ပတ်သက်ပြီး အပြည့်အစုံ ဟောညွှန် ဆုံးမတော်မူပြီး နောက်ဘိတ်ဆုံး “လောကထဲမှာ .. ငါတို့ဟာ သေမင်းထံပါးကို အချိန်တိုင်းသွားနေကြသူတွေပါလား”လို့ မသိကြတဲ့ ရဟန်းများက ခိုက်ရန်အတင်း ငြင်းခုံခြင်းကို ပြုနေကြတယ်။

သိကြတဲ့ ရဟန်းများ ကတော့ ခိုက်ရန်အတင်း ငြင်းခုံခြင်းကို သမ္မာပဋိပတ်အကျင့်မြတ်နဲ့ ကင်းပြတ်ချုပ်ငြိမ်းကြရတယ် ” ဆိုတဲ့ ဩဝါဒရဲ့အဆုံးမှာလာရောက် ကန်တော့ကြတဲ့ ရဟန်းအားလုံး သောတာပန်စတဲ့ အရိယာတွေ ဖြစ်ကုန်ကြတယ်။ ကောသမ္ဗီပြန်ရောက်တဲ့အခါ ဒကာ ဒကာမတွေကလည်း ကျေနပ်ဝမ်းသာတဲ့ လက်အုပ်များနဲ့ ကြိုဆိုကြပြီး အစဉ်အလာမပျက် ကြည်ညိုပူဇော်ကြပါတယ်။

ဒီဖြစ်ရပ်ကို အကြောင်းပြုပြီး တချို့ပုဂ္ဂိုလ်များက “သံဃာအား ဘုရားမခံနိုင်”လို့ ပြောလေ့ရှိကြတယ်။ သူတို့ကကောသမ္ဗီက သံဃာတွေရဲ့ အားကို မခံနိုင်လို့ ဘုရားရှင် ကောသမ္ဗီကို စွန့်ခွါသွားရတဲ့ အဖြစ်ကို ကြည့်ပြီး ပြောကြတာပါ။

အမှန်ကတော့ ဘုရားရှင်မှာ ဘယ်လို ပုဂ္ဂိုလ် ဘယ်လိုသံဃာရဲ့ စွမ်းအားကိုမှ မခံနိုင်ဘူးဆိုတာ မရှိပါဘူး။ တကယ့်အဓိပ္ပာယ် စစ်စစ်က ကောသမ္ဗီပြည်သူတွေက “ဘုရားရှင်ကို ကျေနပ်အောင် မပြုနိုင်ကြရင် ဒီလို သံဃာကို မကိုးကွယ်တော့ဘူး” လို့ ဆုံးဖြတ်ခါထုတ် လိုက်တာဖြစ်လို့ ဆိုခြင်းဆိုရင် “ ဘုရားအား သံဃာမခံသာ” လို့သာ ဆိုရမယ်ထင်ပါတယ်။

ငယ်ငယ်က ဖတ်ခဲ့ရဖူးတဲ့ တော်လှန်ရေး အောင်ပွဲဂုဏ်ပြုကဗျာထဲက စကားပိုဒ်အတိုင်း ယူပြီးပြောရမယ်ဆိုရင်တော့ “ မြင့်မြတ်စစ်ခင်း၊ ပြည်သူတင်းသော်၊ ဘယ်မင်း ဘယ်စိုး၊ ဘယ်လူမျိုးမှ၊ မဆိုးမသွမ်းနိုင်တကား” ဆိုတဲ့ သဘောမျိုး ဖြစ်သွားရတာပါပဲ။

ကဲ .. အခု ပြည်သူကို စွမ်းနိုင်ရာက အလုပ်အကြွေးပြုဖို့ သွားကြမယ်ဆိုတဲ့ လူငယ်များအနေနဲ့ကော ပြည်သူတွေဝှေ့ယမ်းပြတဲ့ (အသက်ဂုဏ်ဝါ ကြီးသူများကိုဆိုရင်တော့ လက်အုပ်ချီပြတဲ့ပေါ့လေ)လက်များရဲ့ စကားကို ကြားတတ် နားလည်တတ် ကြပြီးလား။ ဒီအတွက် အသင့်ဖြစ်ပြီ ဆိုရင်တော့ ဘာမှ စိုးရိမ်ဝန်လေး မနေကြနဲ့ သွားတာသွားကြပါ။ မြတ်စွာဘုရားရှင် မိန့်ကြားသလိုပဲ ကိုယ့်ဘက်က ယဉ်ကျေးပြီးနေ ရင် ရောက်လေရာရာမှာ ယဉ်ကျေးတဲ့ တုံ့ပြန်မှုများနဲ့သာ တွေ့ကြုံရမှာပါ။

အားလုံး သိထားကြတဲ့အတိုင်းပဲ မြန်မာနိုင်ငံသူ နိုင်ငံသားတွေဆိုတာ ပင်ကိုယ်အားဖြင့် အလွန်ချစ်ခင် တတ်ကြသူတွေပါ။
ဒီလို ပြည်သူတွေမှာ အမုန်းဓာတ်တွေ ပေါ်လာနေတယ်ဆိုရင်တောင် ဒါဟာ ပင်ကိုယ်စိတ်ဓာတ် မဟုတ်ပါဘူး။ ချစ်စရာတွေပျောက်ဆုံးနေလို့သာ ယာယီသဘောမျိုး ဖြစ်လာရတဲ့ စိတ်ဓာတ် ဖြစ်တာ သေချာပါတယ်။ ချစ်စေလိုသူတွေက ချစ်စရာကိုပီပီပြင်ပြင် ပြနိုင်လို့ကတော့ ပင်ကိုယ်ကမှ ချစ်တတ်ကြတဲ့ ပြည်သူတွေဟာ ချစ်လိုက်ကြမယ့်ဖြစ်ခြင်း၊ ထမင်းမေ့ ဟင်းမေ့တောင်ဖြစ်သွားလောက်တယ်။

ဘယ်အရာမဆို၊ ချစ်စေလို
ချစ်စရာကို ပြပေးပါ။
ချစ်စရာမြင်၊ ချစ်တတ်တာ
တို့ ပြည်သူရဲ့ ဗီဇပါ။

ကဲ .. ဩဝါဒနဲ့ အကြံဉာဏ်ပေးပါဆိုလို့ ပေးလိုက်ရတာပဲ။ “ကြိုက်သော်ယူလေ၊ မကြိုက်ပေမူ၊ ရှာဖွေပါဦး၊ ဤခေတ်ထူး၌၊ ဆည်းပူးနိုင်မှ၊ တန်ကာကျလိမ့်” ဆိုတဲ့ ရှေးလူကြီးသူမတို့ရဲ့ စကားနဲ့ပဲ နိဂုံးချုပ်လိုက် ပါတော့မယ်။

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း) —

၂၀၁၅ ရွေးကောက်ပွဲကို ရှုံးမည်သေချာသောသူတို့က လုပ်မပေးလောက်၊ လုပ်ပေးလျှင်လည်း လုံခြုံရေးအကြောင်းပြ၍ ရွေးကောက်ပွဲမလုပ်ဘဲ ချန်ထားခဲ့သောမဲဆန္ဒနယ်များကို အကြောင်းပြုပြီး ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် အရေအတွက်မပြည့်မီသဖြင့် အာဏာအလွှဲအပြောင်းကိုမူ လုပ်မှာမဟုတ်၊ ဖြစ်နိုင်သောနည်းမျိုးစုံဖြင့် အာဏာသက်တမ်းကို ဆွဲဆန့်ထားလိမ့်မည်ဟု အချို့သောပြည်သူတို့က တစ်ထစ်ချယုံကြည်ထားကြသည်။ သူတို့မှားသည်ဟု မဆိုသာ။ ၁၉၉၀ ၏ အိပ်မက်ဆိုးများက ခြောက်လှန့်နေဆဲမဟုတ်လား။ ခုတစ်ခါ တစ်ခုလျှော့၍တွေးနိုင်သည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲထားပြီးဖြစ်၍ ဒီတစ်ခါတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုအကြောင်းပြု၍ အာဏာလွှဲမပေးနိုင်သေးဟု ပြောမရတော့ခြင်းသာဖြစ်သည်။

သို့သော် အစိုးရဘက်က ပြောလာသည့် လွတ်လပ်ပြီး တရားမျှတသောရွေးကောက်ပွဲလုပ်ပေးမည် ဆိုသည့် စကားသံများကမူ မိုးလုံးအနှံ့ကြားလာရသည်မို့ အကယ်၍များ ရွေးကောက်ပွဲလုပ်ပေးခဲ့သည်ရှိသော် ဆိုသည့် ဒုတိယအတွေးပေါ်မူတည်၍ ဤစာကိုရေးမိခြင်းဖြစ်ပါသည်။

၂၀၁၅ ရွေးကောက်ပွဲကို ဆိုခဲ့ပါအတိုင်း နိုဝင်ဘာလဆန်း(သို့မဟုတ်)လကုန်ပိုင်းတွင် လုပ်ခဲ့မည်ဆိုပါက ရွေးကောက်ပွဲအကြိုကာလအတွက် ပြင်ဆင်စရာများလှသည်ကို တွေ့ရပါသည်။ မဲဆန္ဒရှင်စာရင်းကြေညာမည့်အချိန်၊ မဲပေးမည့်အချိန်၊ မဲရေတွက်မည့်အချိန်၊ ရွေးကောက်ပွဲရလဒ်ကြေညာမည့်အချိန်တို့က အဓိကကျသည်ဟုထင်ပါသည်။ မဲဆန္ဒရှင်စာရင်းကြေညာသည့်အချိန်ကို မဲဆန္ဒရှင်ပြည်သူအများစုက စိတ်မဝင်စားကြပါ။ မိမိအမည် သေချာပေါက်ပါဝင်နေမှာပဲဟုသာ တစ်ထစ်ချယူဆထားတက်ကြ၍ဖြစ်ပါသည်။

တစ်ခုသိထားရန်မှာ ယခုလာမည့်ရွေးကောက်ပွဲသည် မကြာသေးသောကာလက ပြည်သူတို့ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုရေးဆန္ဒခံယူပွဲလို၊ ၂၀၁၀ ရွေးကောက်ပွဲလို၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲလို အခြေမျိုးနှင့် တူညီလိမ့်မည်ဟုမျှော်လင့်ထား၍မဖြစ်တော့။ အခြေအနေများက ပြောင်းလဲသွားခဲ့ပြီးဖြစ်သလို မဲရုံမှုးတို့ကလည်း ၂၀၀၈ လို၊ ၂၀၁၀ လို လာချင်သလိုလာ လုပ်ချင်သလိုလုပ်ကြတော့မည့် အခြေအနေ မရှိတော့ဟု ယူဆမိသော်လည်း ဥပဒေနှင့်အညီဆိုပြီး ကြပ်မတ်မည့်ပုံစံကိုတော့မြင်နေရပါသည်။ မဲဆန္ဒရှင်စာရင်းတွင် ကိုယ့်အမည်ပါမပါ၊ အချက်အလက်များမှန်မမှန်ကို ကိုယ်တိုင်စစ်မှဖြစ်မည့်ပုံဖြစ်အောင် လုပ်ထားသည်ကပင် သင်္ကာယနံ့မကင်းသလိုဖြစ်မိသည်။ တကယ်ဆို အချက်အလက် မှန်ကန်တိကျဖို့က အဆင့်ဆင့်သောရွေးကောက်ပွဲကော်မရှင်အတွက် အထူးအရေးကြီးသည်မဟုတ်လား။ ဒိုင်လုပ်မည့်သူအဖို့ ပါဝင်ယှဉ်ပြိုင်သူတို့အမြင်အရ တရားမျှတပါပေသည်ဟု ပြောဆိုခံရဖို့အရေးဆိုလျှင် မဲဆန္ဒရှင်စာရင်းတိကျမှန်ကန်မှုရှိဖို့က အဓိကကျပါသည်။ ရွေးကောက်ပွဲကော်မရှင်၏ ကျန်ကိစ္စများမှာ မဲဆန္ဒရှင်စာရင်းတိကျမှန်ကန်ရေးလုပ်ငန်း၏ လက်အောက်ခံ လုပ်ငန်းစဉ်များသာဖြစ်ပါသည်။ နောက်ဆုံးသိထားရသည်မှာ ရွေးကောက်ပွဲမဲဆန္ဒရှင်စာရင်းပြုစုရာတွင် ၂၀၁၄ သန်းခေါင်စာရင်းအပေါ် အခြေမခံဘဲ လဝကမှထုတ်ပေးသည့် ပုံစံ-၆၆/၆ (အိမ်ထောင်စုလူဦးရေစာရင်း) ကိုသာ အခြေခံထားသည်ဟု ဆိုလာသဖြင့် လက်ရှိနေထိုင်ရာမဲဆန္ဒနယ်မြေတွင် အိမ်ထောင်စုစာရင်းမရှိသူတို့အဖို့ လက်ရှိနေထိုင်ရာတွင်ပင်မဲပေးမည်ဆိုလျှင် ဧည့်စာရင်းကို ရက် ၁၈၀ ကြိုတင်တိုင်ကြားထားရန် လိုမည်ဟုသိရပါသည်။

ရန်ကုန်လို မန္တလေးလိုမြို့ကြီးမျိုးတွင် နယ်မှလာရောက်အလုပ်လုပ်ကိုင်သူပမာဏ မနည်းပါ။ မိသားစုအလိုက်မြို့ပေါ်ရောက်လာသည့်တိုင် ပုံစံ-၆၆/၆ မရှိပါ။ အကြောင်းမှာ တစ်နယ်မှတစ်နယ်ပြောင်းရွှေ့အိမ်ထောင်စုဇယားလုပ်လိုလျှင် လိုက်နာရမည့်လုပ်ငန်းအဆင့်ဆင့်များရှိနေပါသည်။ ထိုအဆင့်များအနက်အချို့မှာ မိမိပြောင်းရွှေ့ဝင်ရောက်မည့်နယ်မှ အိမ်ကို မိမိပိုင်ဆိုင်ကြောင်းအထောက်အထား သို့မဟုတ် အိမ်ငှားဆိုလျှင် အိမ်ငှားစာချုပ်၊ အဆိုပါဝင်ရောက်မည့်ရပ်ကွက်၏ အုပ်ချုပ်ရေးမှုး၊ မြို့နယ်အုပ်ချုပ်ရေးမှုး၏ ထောက်ခံစာများ စသည်ဖြင့် ကာယကံရှင်များဘက်မှ ပြည့်စုံရမည့်အချက်များရှိနေရာ ကုန်ကျမည့်ငွေနှင့် ကြာမြင့်မည့်အချိန်၊ ကုန်ခမ်းသွားမည့်လုပ်အားတို့ကြောင့် မဖြစ်မနေနှင့် လုံးဝပြောင်းရွှေ့အခြေချသူများမှလွဲ၍ ကျန်သူတို့မှာ မိမိတို့ယခုပြောင်းရွှေ့အခြေချသည့် နေရာဒေသတွင် ပုံစံ-၆၆/၆ မရှိကြပါ။ သို့ဆိုလျှင် ဧည့်စာရင်းကော တိုင်ပြီးနေထိုင်ကြသလားဆိုလျှင် မဖြစ်မနေဆိုသောအနေအထားရောက်ရှိမှသာ ဧည့်စာရင်းတိုင်ကြကြောင်းတွေ့ရှိရပါသည်။ ထို့ကြောင့် ရွေးကောက်ပွဲကော်မရှင်၏ ကြေညာထားချက်အရဆိုလျှင် သက်ဆိုင်ရာမဲဆန္ဒရှင်သည် မိမိ၏ ပုံစံ-၆၆/၆ ရှိရာဒေသတွင်သာ မဲပေးရမည်ဖြစ်ကြောင်းထင်ရှားပါသည်။ မိမိဒေသသို့မပြန်နိုင်၍ လက်ရှိဒေသတွင်မဲပေးလိုသော် ရက် ၁၈၀ ကြိုတင် ဧည့်စာရင်းဝင်ထားရမည်ဟု ပြောနေသော်လည်း ပြည်သူတို့သိရှိအောင် ဘယ်လိုမှ အသိပေးနှိုးဆော်မှုမရှိသေးပါ။ မနေနိုင် မထိုင်နိုင် ပုဂ္ဂလိကသတင်းစာများကသာ ငထွားက ကြားကခါးနာပြီး မမြင်မြင်အောင် အနီရောင်ခံကြီးနှင့် ပြူးပြဲပြီး ကြော်ငြာဝင်ပေးနေရသည်ကိုတွေ့နေရပါသည်။ ဒါမှ အများပြည်သူဝန်ဆောင်မှုမီဒီယာဟုဆိုလျှင် သက်ဆိုင်သူအစိုးရမင်းများ ကြိုက်ကြပါ့မလားမသိ။ သူတို့ကတော့ လူသိနည်းလေ ကြိုက်လေမဟုတ်လား။ လူမသိလေ ပိုကြိုက်လေပင်။ ဤအတွေ့အကြုံကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း) စာအုပ်ထွက်ရှိစဉ်ကကြုံခဲ့ဖူးပါသည်။ ထွက်လာပြီဟု အစိုးရက ကြေညာလိုက်သော်လည်း ဘယ်မှာမှရှာမရခဲ့။ ရှာဝယ်သော်လည်းမတွေ့၍ တကယ်ထုတ်တာရောဟုတ်ရဲ့လားဟု သံသယဝင်ခဲ့ရသည်အထိ။ နောက်ဆုံး စာအုပ်ဆိုင်တကာသို့ အကြိမိပေါင်းများစွာ ခြေညောင်းခံ၊ လပေါင်းအတော်ကြာ အချိန်ကုန်ခံပြီးမှ ဝယ်ယူရရှိပါသည်။

ရက်ကွက်ထဲမဲစာရင်းကြေညာသည့်အခါ ကိုယ့်အမည်ပါပြီဆို၍ အေးမနေပါနှင့်ဦး။ ကိုယ့်အိမ်ထောင်စုဇယားကိုယူသွားပြီး အိမ်ထောင်စုဇယားပါ တစ်ဦးချင်းအချက်အလက်များကို တိုက်ဆိုင်စစ်ဆေးကြည့်ပါဦး။ အမည်၊ အဘအမည်၊ မွေးသက္ကရာဇ်၊ နိုင်ငံသားစီစစ်ရေးကတ်အမှတ် စသည် စသည်ဖြင့် သူတို့ဖော်ပြထားသမျှနှင့် တိုက်ဆိုင်ကြည့်ပါ။ လွဲချော်သွားခဲ့လျှင် ကော်မရှင်ကသတ်မှတ်ထားသောပုံစံကိုဖြည့်ပြီး ချက်ချင်းပြင်ဆင်ခိုင်းရပါမည်။

အထက် ဖော်ပြပါအချက်မှာ အလွန်အရေးကြီးသည်ဟုမြင်ပါသည်။ မိမိအိမ်မှ လက်ခံအိမ်ထောင်စုဇယားနှင့် မကိုက်ညီသော ရပ်ကွက်ကော်မရှင်မှကြေညာထားမည့် မဲဆန္ဒရှင်စာရင်းပါအချက်အလက်ကို ကာယကံရှင်ကိုယ်တိုင်က သွားရောက်တိုက်ဆိုင်ကြည့်ရမည်ဆိုသည့်အချက်မှာ အတော်ဒုက္ခပေးထားသည့်အချက်ဟုမြင်မိပါသည်။ တစ်ရပ်ကွက်လုံး ၁၀ ယောက်ပြည့်အောင် လာရောက်တိုက်ဆိုင်ကြည့်သည်ဆိုလျှင်ပင် ကံကောင်း။ တစ်ချက်တစ်လေလွဲနေလျှင် မဲဆန္ဒပေးသည့်နေမှာ မဲရုံမှုး၏ မဲဆန္ဒပေးရန်အငြင်းခံရဖွယ်ကိုလည်း မြင်ယောက်နေမိပါသည်။ သူတို့ကတော့ လူနည်းလေ ကြိုက်လေ မဟုတ်လား။ လူမသိလေ ပိုကြိုက်လေပင်။

ပြည်သူတို့အနေဖြင့် ယခု ၂၀၁၅ အထွေထွေရွေးကောက်ပွဲကျင်းပမည့် အခြေအနေကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုရန် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတုန်းက အခြေအနေအတိုင်းပဲဟု မျှော်လင့်မထားဖို့တော့လိုပါမည်။ အဲဒီအချိန်က တစ်အိမ်ထောင်လုံးမှာ မဲပေးမည့်သူဘယ်လောက်ရှိရှိ အားလုံးရဲ့မှတ်ပုံတင်ကိုကိုင်ပြီး တစ်ယောက်ထဲလာပေးလို့ရသည်။ ဟုတ်ပါသည်။ ထိုစဉ်က ပြည်သူတို့ ဘယ်လောက်ထိတက်ကြွလိုက်လေသည်မသိ။ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပရေးကော်မရှင်၏ ၂၀၀၈ ခုနှစ်၊ မေလ ၂၆ ရက် ကြေညာချက်အမှတ် ၁၂/၂၀၀၈ အရ ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးခွင့်ရှိသူဦးရေ ၂၇၂၈၈၈၂၇ ဦးတွင် ၂၆၇၇၆၆၇၅ (၉၈.၁၂%) လာရောက်မဲပေးပြီး၊ ထောက်ခံသူ ၂၄၇၆၄၁၂၄ (၉၂.၄၈%) ဖြစ်၍ ကန့်ကွက်သူ ၁၆၃၁၇၁၂ (၆.၁%) ရှိကာ ပယ်မဲ ၃၈၀၈၃၉ (၁.၄၂%) ဟု တစ်ခဲနက်ကြေညာခဲ့လေရာ မြန်မာပြည်သူတို့ အတော်တက်ကြွပေသားဟု ထင်ရပါသည်။ ယခုထိတိုင် အဆိုပါကိန်းဂဏန်းများသည် တည်ဆဲအစိုးရအကြီးအကဲရော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင်ပါ အလျဉ်းသင့် ကြုံကြိုက်သည့်အခါတိုင်း ဂုဏ်ယူစွာ ကိုးကားပြောဆိုနေကြဆဲပင်။ ထိုကိန်းဂဏန်းများနှင့် ၂၀၁၄ သန်းခေါင်စာရင်း၏ ရှေးဦးကိန်းဂဏန်းများ ကွာခြားချက်ကိုတော့ လူဦးရေကိန်းဂဏန်းဆိုင်ရာသုတေသီများက ရှာဖွေသုတေသနလုပ်ဖို့ပင်။

၂၀၁၅ ရွေးကောက်ပွဲကို ကိုယ့်နိုင်ငံပြည်သူများက သံသယအပြည့်နဲ့စောင့်ကြည့်နေသလို တစ်ကမ္ဘာလုံးကလည်း သမ္မတနှင့် လွှတ်တော်နာယကတို့အထပ်ထပ်ပေးထားသည့် ကတိများကြောင့် တည်မတည်သိလို၍ စောင့်ကြည့်နေကြချိန်တွင် လူမသိ သူမသိဖြတ်ကျော်ဖို့ ဘယ်လိုမှမဖြစ်နိုင်တော့သည့်အခြေအနေသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သော်ငြား ဤရွေးကောက်ပွဲလုပ်နေစဉ်နှင့် လုပ်ပြီးအချိန်များတွင် ဘယ်လိုညစ်လုံးညစ်ပေါက်များဖြင့် ၉၀ ရွေးကောက်ပွဲလို၊ ၂၀၀၈ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲလို လုပ်လိုက်ဦးလေမလားဟု သံသယရှိနေကြတာဖြစ်ပါသည်။

ထို့ကြောင့် ယခုလာမည့် နိုဝင်ဘာလတွင် ကျင်းပမည်ဟုကြေညာထားသည့် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူတို့အနေဖြင့် ယခင်အချိန်ကာလများကလို ပြီးပြီးရော ဖာသိဖာသာနေဖို့မဖြစ်နိုင်သောအကြောင်းများကို သိမြင်နိုင်လောက်ပြီဟုထင်ပါသည်။

မဲဆန္ဒပေးရန် ပြည်သူတို့ကဖြည့်ဆည်းရမည် လိုအပ်ချက်များကို ပြည်သူတို့က နိုင်ငံရေးအသိနိုးကြားစွာဖြင့် လုပ်ဆောင်ကြလိမ့်မည်ဟုထင်သော် မှားပေလိမ့်မည်။ ပြည်သူတို့က မဲဆန္ဒပေးရာတွင် မည်သူ့ကိုပေးရမည်ဆိုသည်ကိုသိသည်။ သို့သော် ဆန္ဒမဲပေးရန်ငြင်းဆိုခံရမည်ဆိုလျှင် ဘာလုပ်ရမည်ဆိုသည်ကို၊ ဘယ်လိုတုန့်ပြန်ရမည်ဆိုသည်ကိုမူ မသိတော့။ ထိုသို့ဆိုလျှင် မိမိတို့၏မဲပေးခွင့်ကို ကော်မရှင်ကမကန့်သတ်နိုင်စေရန် မဲဆန္ဒရှင်စာရင်းကြေညာသည့်အခါ မိမိတို့ကသွားရောက်စစ်ဆေးမှဖြစ်မည့် အခြေအနေဖြစ်သည်။ ထိုအခြေအနေသည်
ပြည်သူများမလိုက်နာနိုင်သည့် အခြေအနေဖြစ်ကြောင်းကို ရန်ကုန်တိုင်း စမ်းသပ် ၁၀ မြို့နယ်၏ မဲဆန္ဒရှင်စာရင်းကြေညာသည့်အခါ ပြည်သူတို့၏တုန့်ပြန်မှုကိုကြည့်၍သိနိုင်ပါသည်။ ရန်ကုန်လိုဒေသမျိုးမှာပင် ဤကဲ့သို့သောအခြေအနေဖြစ်နေသည်ဆိုလျှင် ကျန်တစ်ပြည်လုံးအတွက် ပြောစရာလိုမည်မဟုတ်တော့။ ရွေးကောက်ပွဲစောင့်ကြည့်ရေး လူမှုအဖွဲ့အစည်းများ၏ အခန်းကဏ္ဍကို ထည့်သွင်းပြောဆိုကြလေ့ရှိသော်လည်း သူတို့၏ လုပ်ဆောင်နိုင်မှုမှာလည်း အကန့်အသတ်ရှိမည်ဟု ယူဆပါသည်။

ထိုအခါ နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍက အရေးပါလာပြန်ပါသည်။ ပြည်သူတို့က မိမိတို့ကိုအုပ်ချုပ်မည့်အစိုးရကို ရွေးချယ်ရမည်။ ဘယ်ပါတီကိုမဲပေးရမည်ဆိုသည်ကို သိထားပြီးဖြစ်သင့်သည် ဆိုရုံလောက်နှင့် တာဝန်ကျေသည်ဟု မထင်ပါ။ ပြည်သူတို့ဆီကပေးလာမည့်မဲကို မျှော်လင့်တောင်းခံနေကြသလို၊ ရွေးကောက်ပွဲကော်မရှင်က ပြည်သူများမဲပေးရန်ကန့်သတ်လာနိုင်သည့် အလားအလာများကို စဉ်းစားတွက်ချက်ကာ ဖြည့်ဆည်းပေးသွားမှသာ ပြည်သူတို့အနေဖြင့် မိမိတို့ပေးလိုသော ဆန္ဒရှိသည့်ပါတီကို မဲအပြည့်အဝပေးနိုင်လိမ့်မည်ဖြစ်ကြောင်း နိုင်ငံရေးပါတီများက သိထားရပါတော့မည်။

ယခုအချိန်မှစ၍ အခြေခံမဲဆန္ဒနယ်အလိုက် အိမ်ထောင်စုစာရင်းမိတ္တုများရယူထားခြင်း၊ မဲဆန္ဒရှင်စာရင်းကြေညာသည့်အချိန်တွင် မဲဆန္ဒရှင်ပြည်သူတို့ကိုယ်စား အချက်အလက်များတိုက်ဆိုင်စစ်ဆေးခြင်း၊ ကွဲလွဲချက်များရှိက အချိန်မီပြင်ဆင်ပေးနိုင်ရန် ကာယကံရှင်တို့က ကော်မရှင်အားအသိပေးစေရန် နိုးဆော်တိုက်တွန်းခြင်း၊ မဲပေးမည့်နေ့ မဲရုံများသို့ ပြည်သူများသွားရောက်နိုင်ရန်လှုံ့ဆော်ခြင်း စသည် စသည်ဖြင့် လုပ်ဆောင်ရန်လုပ်ငန်းများစွာရှိနေပါသည်။ နိုင်ငံရေးပါတီများအနေဖြင့် ဥစ္စာရင်လိုဥစ္စာရင်ခဲရပါမည်။ ၉၀ တုန်းကလို၊ ၂၀၁၂ တုန်းကလို အသာလေးနိုင်မှာပဲဟု ယခုအချိန်တွင် မျှော်လင့်ထား၍မဖြစ်ပါ။ ရွေးကောက်ပွဲကော်မရှင်၏ပြဋ္ဌာန်းချက်များက အတိအကျလုပ်လျှင် လုပ်သလို နိုင်ငံရေးပါတီနှင့် ပြည်သူတို့ ခံစားသွားရမည်ဖြစ်ပါသည်။
********************************

လေးစားစွာဖြင့်
Ko Soe Win


အရှေ့တောင်အာရှဒေသ ပင်လယ်ပြင်မှာ လူမှောင်ခိုကူးသူတွေ စွန့်ပစ်တာခံကြရတဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေကို ရှာဖွေဖို့ အမေရိကန် ပြည်ထောင်စုက ကင်းထောက်လေယာဉ်တွေနဲ့ စတင်ကူညီနေပါပြီ။ ပင်လယ်ပြင်မှာ ကင်းထောက်တဲ့ အစီအစဉ်တွေကို မလေးရှားအနောက်ဘက် ကမ်းလွန်ဒေသမှာ တနင်္ဂနွေနေ့က စခဲ့တာလို့လည်း ထိုင်းနိုင်ငံမှာရှိတဲ့ အမေရိကန်သံရုံးက ဗွီအိုအေကို ပြောဆိုခဲ့တာပါ။

ကင်းထောက်လေယာဉ် ပျံသန်းမှုနဲ့ပတ်သက်တဲ့ အသေးစိတ်ကို သံရုံးက မပြောပေမဲ့ ဒေသတွင်းအစိုးတွေနဲ့ ညှိနှိုင်းပြီး ဆောင်ရွက်ခဲ့တာလို့ ပြောပါတယ်။ ဒီအတောအတွင်း ကပ္ပလီပင်လယ်ထဲမှာ မျောနေကြတဲ့ လှေစီးပြေးဒုက္ခသည်တွေကို ထိုင်းစစ်တပ် ကင်းလှည့် လေယာဉ်တွေနဲ့ ရှာဖွေရေး လုပ်ငန်းတွေ ဒီကနေ့ပဲ စတင်လိုက်ပြီ ဖြစ်တဲ့အကြောင်း ထိုင်းအစိုးရက ပြောဆိုခဲ့ပါတယ်။

အရှေ့တောင်အာရှဒေသ ပင်လယ်ထဲ မှာ စက်လှေတွေနဲ့ မျောနေကြတဲ့ လှေစီးပြေး ဒုက္ခသည်တွေကို ဒေသတွင်းနိုင်ငံတွေက ထိထိရောက်ရောက် ရှာဖွေ ကယ်ဆယ် တာ မရှိဘူးဆိုတဲ့ ဝေဖန်ချက်တွေ အများအပြား ထွက်ခဲ့ပြီးတဲ့နောက် ထိုင်းလေတပ်ဦးစီးချုပ် Jom Rungsawang က ပြောဆိုခဲ့တာပါ။

မြန်မာနိုင်ငံက ထွက်ပြေးလာသူတွေလည်း ပါဝင်နေပေမဲ့ ပြဿနာကို ဖြေရှင်းဖို့ တွန့်ဆုတ်နေတယ်လို့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက အပြစ်တင်နေတဲ့ မြန်မာနိုင်ငံကတော့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ လှေစီးပြေး ဒုက္ခသည် ၂၀၈ ယောက်ကို ရှာဖွေ ကယ်ဆယ်ခဲ့တဲ့ အကြောင်း ကြေညာထားတာပါ။

ကယ်ဆယ်ခဲ့သူတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ ဖြစ်ကြောင်း ပဏာမစစ်ဆေးချက်တွေမှာ တွေ့ရှိခဲ့ရပြီး နေရပ်ရင်း ပြန်ပို့ဖို့လည်း ၂ နိုင်ငံအစိုးရတွေ ညှိနှိုင်းစီစဉ်နေတယ်လို့ မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောပါတယ်။
VOA
http://burmese.voanews.com/content/south-east-asia/2790927.html


မလေးရှားနိုင်ငံတွင်း အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ လုံခြုံရေး အထူးသတိထားကြဖို့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးဘက်က သတိပေး အကြောင်းကြားထားတယ်လို့ ကွာလာလမ်ပူအခြေစိုက် လူမှုအသင်းတွေက ပြောပါတယ်။

မလေးရှားနိုင်ငံတွင်း လူကုန်ကူးခံရသူတွေလို့ ယူဆရတဲ့ ဘယ်သူဘယ်ဝါမှန်း မသိရသေးတဲ့ ရုပ်အလောင်း အများအပြား တူးဖော်ရရှိပြီးနောက်မှာ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကြား စိုးရိမ်မှုတွေ တိုးလာနေတာပါ။ အခြေအနေ အသေးစိတ် မဆုမွန်က တင်ပြထားပါတယ်။

မလေးရှားနိုင်ငံတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ မိမိတို့ရဲ့လုံခြုံရေး အထူးသတိထားကြဖို့နဲ့ အရေးပေါ် အကူအညီ လိုအပ်လာရင် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးရဲ့ အရေးပေါ် ဖုန်းနံပတ် ၀၁ ၇၃၄ ၇၆၇၂၆ ကို အမြန်ဆုံးဆက်သွယ်အကြောင်းကြားကြဖို့ တိုက်တွန်းထားကြောင်း မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူမြို့ အခြေစိုက် ကပုန်းနာရေးကူညီမှုအသင်းက ဦးစန်းဝင်းက ပြောပါတယ်။

“ဟုတ်ပါတယ် သူတို့က မြန်မာတွေကို တဦးချင်းမသွားပါနဲ့ပေါ့။ အုပ်စုလိုက်သွားပါပေါ့။ အချိန်မတော် မသွားဖို့တို့၊ သတိနဲ့သွားလာဖို့တို့၊ သတိပေးချက်လည်း ထုတ်ထားပါတယ်။ အရေးပေါ်ဖြစ်ရင်လည်း သူတို့ hotline နံပါတ် 017 ဘယ်လောက် ဘယ်လောက်ပေါ့လေ အဲဒါကို ဆက်သွယ် အကူအညီတောင်းဖို့ ဆိုတဲ့အကြောင်း အဲဒီစာတွေ ထုတ်ထားပါတယ်ခင်ဗျ။”

မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ အလုပ်သမား အဖွဲ့အစည်းတွေဘက်ကလည်း မလေးရှားနိုင်ငံရောက် မြန်မာအလုပ်သမားတွေ လုံခြုံရေးသတိရှိကြဖို့ လိုက်လံ ဆော်သြပေးနေကြတယ်လို့ အခုလို ပြောပါတယ်။

“စက်ရုံတွေရဲ့ အလုပ်သမားတွေ၊ အဲ့လူတွေတွေ့ရင်လည်း ကျနော်တို့တွေ စည်းနဲ့ကမ်းနဲ့နေဖို့ အခုလို အနေအထားမှာ ကောင်းကောင်းမွန်မွန်နေဖို့၊ အရက်သေစာ မသောက်စားဖို့၊ ရန်မဖြစ်ဖို့ အဲဒီဟာတွေ ကျနော် သတိပေးပါတယ်။ အကြောင်းရှိရင်လည်း ကျနော်တို့ကတဆင့် ဒီ လူမှုကူညီရေးအသင်းတွေကို ဖုန်းဆက်ဖို့၊ ကျနော်တို့ကတဆင့် သံရုံးကိုလည်း အကြောင်းကြားမယ်ဆိုတာ တဦးနဲ့တဦး link လုပ်ထားပါတယ်ခင်ဗျ။”

ပြီးခဲ့တဲ့သီတင်းပတ်က ကွာလာလမ်ပူမြို့က မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးရှေ့မှာ လှေစီးပြေး ဒုက္ခသည်တွေရဲ့အရေး မလေးရှားနိုင်ငံသားအချို့နဲ့ မြန်မာအချို့ လာရောက်ပြီး ဆန္ဒပြမှုဖြစ်ခဲ့ပြီးတဲ့နောက်ပိုင်းမှာ မြန်မာအလုပ်သမားတွေကြား စိုးရိမ်မှုတွေ ပိုတိုးလာနေတာ ဖြစ်တယ်လို့လည်း ကွာလာလမ်ပူမြို့မှာ နေထိုင်တဲ့ ဦးစန်းဝင်းက ပြောပါတယ်။

“သံရုံးကိုတောင် အတင်း ၀င်ရောက်မယ့်ပုံစံမျိုး ရှိခဲ့တဲ့အတွက်ကြောင့် အလုပ်သမားအများစုကတော့ ကြောက်လန့်နေပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေး၊ သောကြာ ၂ ရက်က ဆန္ဒပြမှုတွေဖြစ်တယ်။ နောက်တခုက ဒီမှာ သံရုံးဆန္ဒပြမှုမှာ လာပြီး လုံခြုံရေးယူတဲ့ ရဲတွေကလည်း သိတတ်စွာ စောင့်ကြပ်ပေးခြင်းမရှိဘူး။ တားမြစ်ခြင်းလည်း မရှိခဲ့ပါဘူး။ ဒါကြောင့်မို့ လုံခြုံမှုအနေအထားက မကောင်းမွန်ပါဘူး ဒီ မလေးရှားမှာရှိတဲ့ လူတော်တော်များများအတွက်ကတော့။”

မလေးရှားရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားအချို့ မြန်မာနိုင်ငံကိုပြန်ဖို့ မြန်မာသံရုံးကို လာရောက် ဆက်သွယ်လာကြတဲ့သူတွေ များလာပြီး ရွှေ့ပြောင်းအလုပ်သမားတွေကြား လုံခြုံရေးသတိနဲ့ သွားလာနေကြရတယ်လို့ သူက ဆက်ပြောပါတယ်။

“ရွှေ့ပြောင်းအလုပ်သမားတွေကတော့ အခုလက်ရှိ အနေအထားတော့ ပြီးခဲ့တဲ့ ကြာသပတေး၊ သောကြာ ၂ ရက် ဆန္ဒပြမှုတွေဖြစ်ပြီး နောက်ပိုင်းမှာတော့ အပြင်ကို ညဘက်သွားတာတို့၊ overtime အလုပ်လုပ်တာတို့ မရှိကြတော့ဘူးခင်ဗျ။ အရမ်းကိုလျော့သွားတယ်။ အများစုကတော့ မြန်မာပြည်ကိုပြန်ဖို့ပဲ ဆိုင်းပြင်းနေကြတယ်။ လူတော်တော်များများကလည်း အဲဒီမြန်မာပြည်ကို နေ့စဉ်ရက်ဆက်ဆိုသလိုပဲ နိုင်ငံသားဖြစ်ကြောင်း CI ဆိုတဲ့ နိုင်ငံသားဖြစ်ကြောင်း စာရွက်စာတမ်းတွေ လျှောက်ပြီး ပြန်ကြတဲ့သူတွေ များပါတယ်။”
အခုဆိုရင် မလေးရှားနိုင်ငံ နယ်စပ်အနီးမှာ လူကုန်ကူးခံရသူလို့ယူဆရတဲ့ ဘယ်သူဘယ်ဝါဆိုတာ အမည်မဖော်နိုင်သေးတဲ့ ရုပ်အလောင်းတွေ ၁၀၀ ကျော် တူးဖော်တွေ့ရှိခဲ့ပေမဲ့ ဘယ်နိုင်ငံသားတွေ ဖြစ်တယ်ဆိုတာတော့ မလေးရှားဘက်က တရားဝင်ပြောဆိုခြင်း မရှိသေးဘူးလို့ ရွှေ့ပြောင်း အလုပ်သမားတွေအတွက် နာရေးကူညီမှုကို လိုက်လံ ဆောင်ရွက်ပေးနေတဲ့ ဦးဆန်းဝင်းက ပြောပါတယ်။

“ဒီနေ့အထိ တူးဖော်တာ ၁၅၈ ယောက်လို့ သူတို့ ကြေညာထားတယ်ပေါ့လေ။ ဒါပေမဲ့ ဘယ်နိုင်ငံသားတွေဖြစ်တယ်၊ ဘယ်သူတွေဆိုတာကို တရားဝင် ကြေညာထားတာမရှိဘူး။ ကျနော်တို့ကြားတာကတော့ ဒီနှစ်နိုင်ငံနယ်စပ်ကြားမှာ trafficking တွေပေါ့လေ နောက်တခု ဘယ်နိုင်ငံသားတွေဆိုတာကိုတော့ အတိအကျရယ်လို့တော့ ဘယ်သူမှ မဖော်ထုတ်နိုင်ဘူး။ လူကုန်ကူးတဲ့သူတွေရဲ့ အနေအထားကနေပြီးတော့ သေဆုံးတာတွေဖြစ်နိုင်ပါတယ်။”

အခုလို မြန်မာအလုပ်သမားအများအပြား သွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မလေးရှားနိုင်ငံတွင်း အခုလိုမျိုး လူကုန်ကူးခံရတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေလို့ယူဆရတဲ့ အမည်မသိ ရုပ်အလောင်းတွေ တူးဖော်ရရှိတဲ့အရေး အပါအဝင် မြန်မာအလုပ်သမားတွေရဲ့ လုံခြုံရေး သံရုံးဘက်က ဆောင်ရွက် လုပ်ကိုင်ပေးနေတာတွေနဲ့ ပတ်သက်လို့ သိရှိနိုင်ဖို့ မြန်မာအစိုးရ၊ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ အလုပ်သမားရေးရာ သံအရာရှိနဲ့ တာဝန်ရှိသူတွေကို ဗွီအိုအေမြန်မာပိုင်းက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့ မရပါဘူးရှင်။

VOA
http://burmese.voanews.com/content/malaysia-security/2790901.html

ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ် ၁၄ မြို့နယ်မှာ မဲပေးခွင့်ရှိသူ (၁၈ သိန်းကျော်) ရှိတယ်လို့ ရန်ကုန် တိုင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက် ပါတယ်။

အဲဒီ့မဲပေးနိုင်သူစာရင်းကို သက်ဆိုင်ရာ ရပ်ကွက်ကော် မရှင်ရုံးတွေမှာ လာမယ့် ဇွန်လ ၇ရက်နေ့အထိ နှစ် ပတ်ကြာ ကပ်ထားမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့ မိမိအမည်ကို သွားရောက်စစ်ဆေးနိုင်မှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ဝင်း က ပြောပါတယ်။

"၁၄ မြို့နယ်စကပ်ပါတယ်၊ စကပ်တယ်ဆိုတော့ ဘယ်လောက်ရှိတယ်ဆိုတာတော့ ရက်အလိုက် ကျနော်တို့တောင်းထားပါတယ်၊ ကျနော်တို့ ဇွန်လ ၇ ရက်နေ့အထိကပ်ပါမယ်၊ နှစ်ပတ်ကပ်ပါမယ်၊ ကပ်ပြီးလို့ရှိရင် ပုံစံ ၃ တို့၊ ပုံစံ ၄ (ဂ)တို့၊ ပုံစံ ၄ တို့နဲ့ တောင်းဆိုတဲ့ ဟာတွေရှိလာရင် အဲ့ဒါတွေကို မဲစာရင်းတွေထဲမှာ ပြန်ပြီးတော့ဖျက်တာတို့ သွင်းတာတို့ ပြင်တာတို့ ပြန်လုပ် မှာပေါ့"

ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံ၊ မြောက်ဒဂုံ၊ မြောက်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ သန်လျင်၊ ကျောက်တန်း၊ သုံးခွ စတဲ့မြို့နယ် ၁၄မြို့နယ်က မဲပေးနိုင်သူစာရင်းကို ထုတ်ပြန်ထားတာဖြစ်ပါတယ်။

အရင်တခေါက် ရန်ကုန်တိုင်းက မြို့နယ် ၁၀ မြို့နယ်မှာ မဲပေးခွင့်ရှိသူစာရင်းကို ထုတ်ပြန်ခဲ့ရာမှာ နှစ်သိန်းကျော် ရှိတယ်လို့ ကြေညာထားတာဖြစ်တဲ့အတွက် အခုဆိုရင် မြို့နယ် ၂၄မြို့နယ်မှာ မဲပေးနိုင်သူ (သိန်း ၂၀ ) ရှိတာဖြစ်ပါတယ်။ နောက်ထပ် ကြေညာဖို့မြို့နယ် ၂၁ မြို့နယ် ကျန်ရှိနေတာ ဖြစ်ပါတယ်။

အလားတူပဲ နေပြည်တော်ကောင်စီမြို့နယ် ရှစ်မြို့နယ်မှာလည်း မဲပေးခွင့်ရှိသူစာရင်းကို ဒီနေ့ထုတ်ပြန်ရာ မဲပေးခွင့်ရှိသူ ခြောက်သိန်းကျော်ရှိတယ်လို့ သိရပါတယ်။

ကျန်တဲ့တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ မဲပေးခွင့်ရှိသူစာရင်းတွေကို လာမယ့် ဇွန်လကုန်မှာ အပြီးထုတ်ပြန်ပေး မှာဖြစ်ပြီး ပြန်လည်ပြင်ဆင်ဖြည့်စွက်မယ့် အပြီးသတ်မဲပေးခွင့်ရှိသူစာရင်းကို ရွေးကောက်ပွဲမကျင်းပမီ တစ်လအလိုမှာ ထပ်မံထုတ်ပြန်မှာဖြစ်ပါတယ်။

RFA
http://www.rfa.org/burmese/elections/voters-list-from-14-townships-05262015040609.html


အမေရိကန်သမ္မတဟောင်း ဂျော့ခ်ျဒဗလျုဘုရှ် George W. Bush ကနေ အခုလက်ရှိ သာယာဝတီ အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်း ခံနေရတဲ့ ဗကသများ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး မဖြိုးဖြိုးအောင်အတွက် အားပေးစကား ပြောကြားတဲ့ စာတစ်စောင်နဲ့ လက်ဆောင်ပစ္စည်းတွေကို ဘန်ကောက်မြို့က တဆင့် မနေ့က ပေးပို့လိုက်ပါတယ်။

ဒီစာနဲ့ပစ္စည်းတွေကို ဒီနေ့ သာယာဝတီ တရားရုံးမှာ ရုံးထုတ်စစ်ဆေးတဲ့အချိန်မှာ မဖြိုးဖြိုးအောင်ကို လူကြုံနဲ့တဆင့် လာရောက်ပေးပို့တာပါ။

စာထဲမှာ ပွင့်လင်းမြင်သာပြီး အာမခံမှုရှိလာမယ့် ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှုအတွက် မဖြိုးဖြိုးအောင်ရဲ့ သတ္တိ၊ ဆန္ဒနဲ့ လုပ်ဆောင်ချက်တွေကို ဂုဏ်ယူမိကြောင်း၊ မကြာခင် လွတ်မြောက်လာနိုင်ဖို့ကိုလည်း မျှော်လင့်ပါကြောင်း ဂျော့ခ်ျဘုရှ်က ရေးသားထားပါတယ်။

 By ဒီဗွီဘီ
http://burmese.dvb.no


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီ အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ ဗကသ ကျောင်းသူ မဖြိုးဖြိုးအောင်ထံကို အမေရိကန်သမ္မတဟောင်း George W Bush က ဂုဏ်ပြုကြောင်းစာနဲ့ အမှတ်တရလက်ဆောင်ကို ပေးပို့ခဲ့ပါတယ်။

အမေရိကန်သမ္မတဟောင်း ပေးပို့တဲ့စာမှာ ပညာရေးလွတ်လပ်ခွင့်အတွက် ဆက်လက်ရပ်တည်ကြဖို့ ရေးသားထားတယ်လို့ မဖြိုးဖြိုးအောင်ရဲ့ ဖခင်ဖြစ်သူ ဒေါက်တာနေဝင်းက ပြောပါတယ်။

မဖြိုးဖြိုးအောင်ဟာ အမေရိကန်သမ္မတဟောင်း George W Bush က ဖွင့်လှစ်ထားတဲ့ Liberty and Leadership Forum ကို မနှစ်က တက်ရောက်ခဲ့ပါတယ်။

သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ၀န်းရံသူတွေထဲက ကျန်းမာရေးမကောင်းသူနဲ့ အဝေးသင်တက္ကသိုလ်တက်ရောက် နေသူ စုစုပေါင်း ၂၀ ကို အာမခံပေးဖို့ တင်ထားတာကို လာမယ့် ဇွန်လ ၂ ရက်နေ့ ရုံးချိန်းမှာ ဆုံးဖြတ်ပေးဖို့ရှိတယ်လို့ အမှုကိုလိုက်ပါ ဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

ဒီနေ့ ရုံးချိန်းမှာ အသက်မပြည့်သေးတဲ့ ပြည်မြို့က ကျောင်းသား ကိုမျိုးသီဟကို အာမခံနဲ့ လွှတ်ပေးလိုက်ပါတယ်။

ဖမ်းဆီးခံကျောင်းသားတွေနဲ့ ဝန်းရံပြည်သူတွေဟာ ဥပဒေမဲ့ အစုအဝေးမှာပါဝင်မှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ပြည်သူ့ဝန်ထမ်းကိုနာကျင်စေမှုစတဲ့ ပုဒ်မတွေနဲ့ ဖမ်းဆီးခံထားရတာ ၂ လကျော်ပြီ ဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese


ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းကနေ ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ ကျောင်းသားတွေနဲ့ ၀န်းရံပြည်သူတွေကို ဒီနေ့ မေလ ၂၆ ရက်နေ့က သာယာဝတီတရားရုံးမှာ တတိယအကြိမ် ရုံးထုတ်စစ်ဆေးပါတယ်။

တရားရုံးထုတ်ချိန်မှာ ကျောင်းသားတယောက်ချင်းကို လက်နှစ်ဖက် လက်ထိပ်ခတ်ထားတာနဲ့ ပတ်သက်ပြီး ကျောင်းသားမိဘတွေနဲ့ အငြင်းပွားမှု ဖြစ်ခဲ့ပါတယ်။ လက်နှစ်ဖက်ကို လက်ထိပ်ခတ်ထားတာကြောင့် ကျောင်းသားတချို့ ပုဆိုးဝတ်ရတာ အခက်အခဲ ဖြစ်နေလို့ အကူအညီတောင်းခံခဲ့တဲ့ ဗကသများအဖွဲ့ချုပ်က ကိုသီဟ၀င်းတင်ကို ရဲလုံခြုံရေးတယောက်က တွန်းထိုးခဲ့လို့ ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ရပါတယ်။
ဒီတပတ် ရုံးချိန်းမှာတော့ ပြီးခဲ့တဲ့ ရုံးချိန်းတုန်းက လုံခြုံရေးယူတဲ့ အထဲမပါဝင်တဲ့ ရဲတပ်ရင်း ၁၁ တွေလည်း အင်အားအပြည့်နဲ့ လုံခြုံရေး ယူထားတာကိုလည်း တွေ့မြင်ရပါတယ်။

ဒီနေ့ရုံးချိန်းမှာ ကျောင်းသားသပိတ်ဖြိုခွင်းခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး တရားလိုပြသက်သေအနေနဲ့ပဲ လက်ပံတန်းမြို့နယ်၊ရဲတပ်ဖွဲ့က ရဲမှူး ဦးဖုန်းမြင့်ကို စစ်ဆေးသွားမှာဖြစ်တယ်လို့ ဒီဗွီဘီကို အတည်ပြု ပြောကြား ထားပါတယ်။ ပြီးခဲ့တဲ့ဒုတိယအကြိမ်မြောက် သာယာဝတီခရိုင်တရားရုံးမှာပဲ ကျောင်းသားတွေနဲ့ဝန်းရံသူတွေကို EU ဥရောပသမဂ္ဂက သင်ကြားပေး နည်းနဲ့ ကျောင်းသား သပိတ်ကို တားဆီးခဲ့တာဖြစ်တယ်လို့ ရဲမှူး ဦးဖုန်းမြင့်ကို တရားလိုပြသက်သေအနေနဲ့ စစ်ဆေးခဲ့တာပါ။ ကျောင်းသားတွေနဲ့ဝန်းရံ ပြည်သူတွေကို လက်ပံတန်းတရားရုံး အပါအ၀င် တရားရုံးမှာ ရုံးထုတ်တာ အခုအကြိမ်နဲ့ဆို ရုံးချိန်း ၈ ကြိမ်ရှိသွားပြီ ဖြစ်ပါတယ်။

 By ဒီဗွီဘီ
http://burmese.dvb.no