06/04/15

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်က ဖျက်ဆီးခံရသော ကျူးကျော်အိမ်တချို့ကိုတွေ့ရစဉ် Photo: Kyaw Lwin Oo/ RFA
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ စံပြကျေးရွာသစ်က အိမ်ခြေ ၁ဝဝ ကျော်ကို ဖောင်ကြီး ဗဟိုဝန်ထမ်း တက္ကသိုလ်က ၀န်ထမ်းတွေနဲ့ ရဲတပ်ဖွဲ့ဝင်အင်အား ၄ဝဝ ကျော် လောက်က ဒီနေ့ဝင်ရောက်ဖျက်ဆီးလိုက်ပါတယ်။

နေအိမ်ဖျက်ဆီးခံရတဲ့ ကျေးရွာသားတွေဟာ သူတို့မူလနေခဲ့တဲ့ မြေနေရာတွေမှာ ပြန်လည်နေထိုင်ရာမှာ ပုဒ်မ ၄၄၇ ကျူးကျော်မှုနဲ့တရားစွဲခံထားရသူတွေဖြစ်ပြီး လက်ရှိမှာ လူဦးရေ ၃၀၀ ကျော်ဟာ နေစရာမရှိတဲ့အတွက် အခက်အခဲဖြစ်နေတယ်လို့ အိမ်ဖြိုဖျက်ခံရတဲ့ ဦးကြည်အောင်က ပြောပါတယ်။

"ဒီဟာက နဂိုတုန်းကရွာဟောင်းပါ၊ ကျူးကျော်တော့မဟုတ်ဘူး၊ ၃၄ နှစ်တွင်းမှာ ဘာမှလုပ်ထားတာမရှိဘူး၊ အဆောက်အဦးဆောက်ထားတာလည်း မရှိဘူး၊ မြေလွတ်မြေရိုင်းဒီတိုင်းထားတာပါ၊ ကျနော်တို့က ကိုယ့်နေရာလေးကိုယ်ပြန် နေလို့ပေါ့နော်၊အကြောင်းကြားစာကို ၂၅ ရက်နေ့မှာ တစ်ခါပို့တယ်၊ ၃၀ ရက်နေ့မှာ တစ်ခါပို့တယ်၊ အခု ၂ ရက်နေ့မှာ မနက် ၄ နာရီမှာပေါ့နော်၊ ပြည်သူ့ရဲတွေရော၊ ဝန်ထမ်း တက္ကသိုလ်ကလည်း ပါတယ်၊ နယ်မြေအုပ်ချုပ်ရေးလည်း ပါတယ်၊ အခုလမ်းဘေးက အထက်တန်းကျောင်းနားမှာ ပြန်ချထားပေး တယ်"

စံပြကျေးရွာသစ်ဟာ လွန်ခဲ့တဲ့ ၁၉၆၅ ခုနှစ်လောက်ကစပြီး မြေဧက ၁၀၀ ကျော်မှာ တည်ရှိခဲ့တာ ဖြစ်တယ်လို့ ရွာခံတွေက ပြောပါတယ်။

သမ၀ါယမ၀န်ကြီးဌာနက လွန်ခဲ့တဲ့ ၁၉၈၁ ခုနှစ်မှာ အဲဒီကျေးရွာကို သိမ်းယူခဲ့တာဖြစ်ပြီး ဖောင်ကြီး ဗဟိုဝန်ထမ်း တက္ကသိုလ်ကို လွှဲပြောင်းပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

အတည်ပြုနိုင်တဲ့ သေဆုံးသူ ၁၈ ဦးရှိသွားပြီး ပျောက်ဆုံးနေသူတွေကို ရှာဖွေဆဲ။
တရုတ်နိုင်ငံ၊ ယန်စီ မြစ်ထဲမှာ တိမ်းမှောက်ခဲ့တဲ့ ခရီးသည်တင် သင်္ဘော အတွင်းမှာ အသက်ရှင် ကျန်ရစ်သူတွေကို ထပ်မံ တွေ့ရဖို့ မျှော်လင့်ချက် နည်းသွားပြီ ဖြစ်ပါတယ်။

Eastern Star ဆိုတဲ့ ခရီးသည်တင် သင်္ဘောမှာ လူ ၄၅၆ ယောက် လိုက်ပါခဲ့ပြီး တနင်္လာနေ့ ညက ဆိုးရွားတဲ့ ရာသီဥတုကြောင့် တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။

အခုချိန်အထိ အတည်ပြုနိုင်တဲ့ သေဆုံးသူ ၁၈ ဦး ရှိသွားပြီး၊ သင်္ဘော ဝမ်းဗိုက်အတွင်း လေခိုနေတဲ့ နေရာမှာ အသက်ရှင်နေခဲ့တဲ့ ၁၄ ယောက်ကိုသာ ဆွဲထုတ် ကယ်ဆယ် နိုင်ခဲ့တယ်လို့ တရုတ် သတင်းဌာနက ပြောပါတယ်။

အသက်ရှင်နေနိုင်သူတွေကို ဆက်လက် ရှာဖွေသွားမယ်လို့ အရာရှိတွေက ပြောပေမယ့် ဒီအဖြစ်ဟာ တရုတ်နိုင်ငံမှာ ဆယ်စုနှစ် များစွာအတွင်း အဆိုးရွားဆုံး သင်္ဘော မတော်တဆမှု ဖြစ်လာဖို့ ရှိနေပါတယ်။

သင်္ဘောပေါ် ပါသွားတဲ့ ခရီးသည်ထဲမှာ အသက် ၅၀ မှ ၈၀ ကြား သက်ကြီးပိုင်း ခရီးသည်တွေ အများစု ဖြစ်ပြီး နန်ကျင်း မြို့ကနေ ချုန်ကျင်း မြို့အထိ ကီလိုမီတာ ၁၅၀၀ ကျော်တဲ့ ခရီးရှည်ကြီးကို စီးနင်း လိုက်ပါကြတာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese


တရုတ်နိုင်ငံကနေ ဝင်ရောက်လာတဲ့ ကချင်လုံချည်တွေကြောင့် မြစ်ကြီး နားမြို့ပေါ် က ကချင်ရိုးရာ ကချင်လုံချည် အထည်လုပ်ငန်းတွေ စီးပွားရေး ထိခိုက်နေပါတယ်။ RFA သတင်းထောက် ကိုကျော်မျိုးမင်းက တင်ပြထားပါ တယ်။

RFA MyanmarVideoChannel


ဂျွန် ၃ ရက် ၂၀၁၅

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် လွယ်တိုင်းလျဲန်း ဌာန ချုပ် ၌ ၆ ကျော်ကြာဖွင့်လှစ်သော အင်အား ၁၅၀၀ ကျော်ရှိ အရာရှိသင်တန်း၊ စစ်ပညာသင်တန်းကို ဂျွန် ၂ ရက်နေ့က သင်တန်းဆင်းပွဲအခမ်းအနားပြုလုပ်ခဲ့သည်။

၂၀၁၄ နိုဝင်ဘာလ မှ မေလအထိ ၆ လကျော်ကြာ ရဲဘော်သစ်များအား အခြေခံစစ်ပညာ သင်တန်း၊ အရာရှိများအား အုပ်ချုပ်ရေးပိုင်း၊ စီမံခန့်ခွဲရေးပိုင်းဆိုင်ရာ အပတ်စဉ် ၁၅/၁ မွမ်းမံသင်တန်းအား RCSS/SSA သျှမ်းပြည်တပ်မတော် အခြေစိုက်ရာ သျှမ်းပြည်တောင် ပိုင်း မိုင်းပန်မြို့နယ် လွယ်တိုင်းလျဲန်း ဌာနချုပ်တွင် ဖွင့်လှစ်သင်ကြားပေး၍ အပြီး ဂျွန်လ ၂ ရက်နေ့က သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့သည်ဟု သိရသည်။

အဆိုပါသင်တန်းတွင် ဒုဗိုလ် မှ ဗိုလ်ကြီးအဆင့် ၁၅၂ ဦး၊ ဒုတပ်ကြပ် - တပ်ကြပ်ကြီး ၃၇၃ ဦး၊ ရဲဘော်သစ် အခြေခံစစ်ပညာ ၁၀၆၀ ဦး လေ့ လာ သင်ယူခဲ့သည်ဟု - အခမ်းအနား တက်ရောက်သည့် အရာရှိကြီးတဦး ကပြော သည်။

“တိုက်ခိုက်ရေးဆိုင်ရာ၊ တပ်စည်းမျဉ်းစည်းကမ်းဆိုင်ရာတွေ စာတွေ့တော့ ၆ လ လေ့လာ ဆည်းပူးရပြီ။ လက်တွေ့အနေနဲ့ ခင်ဗျားတို့ ရဲဘော်ကေဒါ အား လုံး လူထု နေထိုင်ရာ ဒေသ ကို လက်တွေ့ကွင်းဆင်း တာဝန်ထမ်းဆောင် ရတော့မယ်။ စစ်သားဆိုတာ လူထုကို အနိုင် ကျင့် ဖို့မဟုတ်ဘူး၊ လူ ထုကြောက်အောင် ခြိမ်းခြောက်ဖို့မဟုတ်ဘူး။လူထုကို အကာ အကွယ် ပေး ရမယ်- မမေ့မလျော့ကြပါနဲ့ သတိအမြဲရှိကြပါ လို့ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ် က ပြောသွားတယ်”- ဟု RCSS နာယက ဖြစ်သူ စဝ်ပင်ခမ်း ကပြော သည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် RCSS/SSA လွယ်တိုင်း လျဲန်း ဌာနချုပ်၌ စစ်ပညာ ရက်ရှည်သင်တန်း ရက်တိုသင်တန်းများ နှစ်စဉ်နှစ်တိုင်း ပြုလုပ် ခဲ့ပါသည်။ ယခုသင်တန်း ဆင်းပွဲသည် ၂၀၁၅ အတွင်း ပထမဆုံးအသုတ် သင်တန်းမှ ပြုလုပ်သည့် သင်တန်းဆင်းပွဲဖြစ်ပါသည်။

သျှမ်းပြည်တပ်မတော် RCSS/SSA သည် မြန်မာအစိုးရနှင့် ပြည်ထောင် စုအဆင့် ငြိမ်းချမ်း ရေး လက်မှတ်ရေးထိုးထားသည့် တပ်ဖွဲ့ဖြစ်သည့် အပြင် နေပြည်တော်အစိုးရ နှင့်ငြိမ်း ချမ်း ရေး အတူလက်တွဲ သည်ဆောက် မည့် ကတိစာချုပ်လည်း ချုပ်ဆိုထား သည့်အဖွဲ့ဖြစ်သည်။

RCSS/SSA သည် ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုသည့် ၂၀၁၂ ခု နှစ် နောက်ပိုင်း တပ်သား သစ် အဓမ္မ စုဆောင်းမည်မဟုတ်ဟုလည်း ထုတ်ပြန်ထားပါသည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese
ဓါတ်ပုံ- ဂျွန်လ ၂ ရက်နေ့က လွယ်တိုင်းလျဲန်းတွင် ကျင်းပသော စစ်သင်တန်းဆင်းပွဲ

KNU ထိန်းချုပ်နယ်မြေ လော်ခီးလာ ခေါ် လေးဝါးဒေသမှာ ၂ဝ၁၄ ခုနှစ် ဇန်နဝါရီလ ၂ဝ ရက်နေ့က စတင်ကျင်းပနေသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဆွေးနွေးပွဲကို တွေ့ရစဉ် Photo: RFA/ Sai HTun Aung Lwin

တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲမှာ အစိုးရနဲ့ လက်ရှိတိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ MNDAA ကိုးကန့်အဖွဲ့နဲ့ PSLF/TNLA တအာင်း ပလောင်အဖွဲ့တွေလည်း ပါဝင်ဖို့လိုအပ်ကြောင်း တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့တွေ စုပေါင်းဖွဲ့စည်းထားတဲ့ UNFC ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီအကြီးအကဲ က တိုက်တွန်းလိုက်ပါတယ်။

ကရင်ပြည်နယ် လောခီးလာမှာ ကျင်းပနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ညီလာခံဒုတိယနေ့ မိန့်ခွန်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံး ပါဝင်လက်မှတ်ရေးထိုးဖို့ဆိုတဲ့မူကို ကိုင်စွဲထားကြဖို့ UNFC ဥက္ကဌအဖြစ်တာဝန်ယူ ထားတဲ့ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြော ကြားလိုက်တာပါ။

"တအာင်းအဖွဲ့နဲ့ ကိုးကန့်အဖွဲ့တို့ဟာ UNFCနဲ့ NCCT အဖွဲ့ဝင်တွေစစ်ပါတယ်၊ တစ်နိုင်ငံလုံးပစ်ခတ် ရပ်စဲရေးဆိုတဲ့ စကားရပ်နဲ့အညီ ရပ်စဲရေးလက်မှတ်ထိုးရာ မှာ သူတို့လည်း ပါဝင်သင့်တယ်လို့ ယူဆပါတယ်၊ အဖွဲ့ဝင်အားလုံးပါဝင်လက်မှတ်ထိုးရေးကို ဆက်လက် ဆွဲကိုင်သွားဖို့ကိုလည်း တိုက်တွန်းလိုပါတယ်"

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးပြီးနောက် ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးဆွေးနွေး ပွဲတွေကျင်းပဖို့ အစိုးရက ပြောထားပါတယ်။

ဒါ့အပြင် တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက်ရေးဟာ နိုင်ငံတော် အစိုးရကပြောနေတဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာပါတဲ့ ဖက်ဒရယ်စနစ်နဲ့ ကွာခြားချက်တွေရှိ တာကြောင့် သတိထားရမယ့် ကိစ္စဖြစ်တယ်လို့ ဒု-ဗိုလ်ချုပ်ကြီး အင်ဘန်လ ကပြောပါတယ်။

ဒီနေ့ဆွေးနွေးပွဲမှာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်မူကြမ်းနဲ့ ပတ်သက်ပြီး တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးဆိုင်ရာညှိုနှိုင်းရေးအဖွဲ့ NCCT အဖွဲ့ဝင် တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ သဘောထားတွေကို တင်ပြဆွေးနွေးကြပါတယ်။

ညီလာခံကို တရုတ်နိုင်ငံရဲ့ အာရှရေးရာအထူးကိုယ်စားလှယ် Sun Guoxiang ၊ ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေး ရှင်း မြန်မာနိုင်ငံ ဆက်ဆံရေးရုံးက Yuji Mori နဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေး Vjay Nambiar တို့လည်း လေ့လာသူတွေအဖြစ် တက်ရောက်နေပါတယ်။

လော်ခီးလာ ညီလာခံကို ဇွန်လ ၂ ရက်နေ့ကနေ ၆ ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပြီး ဝပြည်သွေးစည်းညီ ညွတ်ရေး တပ်မတော် UWSA ၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် မိုင်းလားတပ်ဖွဲ့နဲ့ ရှမ်းပြည်ပြန် လည် ထူထောင်ရေးကောင်စီ RCSS အဖွဲ့တို့တော့ မတက်ရောက်ဘူးလို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

(၁)

ဆရာထင်လင်းဦးကို..
ထောင် (၂) နှစ်ချလိုက်ပါတယ်..၊

ဒီအမှုဟာ အစကတည်းက..
စွပ်စွဲချက်တွေ နဲ့အစပြုပြီး..
မဘသ(အစိုးရ) အလိုကျ ဂွင်သွင်းထားတဲ့
အနေအထားတွေဖြစ်တဲ့အတွက်..

ရုံးချိန်းတွေစစချင်းမှာပဲ..
တရားလိုဘက်က အယောင်ယောင်
အမှားမှားတွေဖြစ်ခဲ့တာကိုတွေ့ခဲ့ပါတယ်..၊

ပြီးတော့ မြင်သာထင်ရှားတဲ့..
အမှုသွားအမှုလာ ရေရေရာရာမရှိလေတော့..
အစိုးရရဲ့ ဖိအားနဲ့..
တရားသူကြီးခမြာ..ရက်ချိန်းအမျိုးမျိုးခွာပြီး
အမှုကို အလုံးအထည်ပြနိုင်အောင်
ကြိုးစားတည်ဆောက်နေတဲ့အနေအထားကိုလဲ
သိသိသာသာတွေ့ရပါတယ်..၊

စာပေဟောပြောပွဲတွေမှာ.
ဆရာထင်လင်းဦးရဲ့ ထိချက်ပြင်းတဲ့..
အစိုးရအပေါ်ဝေဘန်ချက်တွေကို...
နာကျင်နေတဲ့ အစိုးရဟာ..
သူတို့ဘ၀မှာ တစ်ခုထဲပဲရှိတော့တဲ့
ဘာသာရေးအကွက်ကိုပဲနင်းပြီး..
အပြစ်မရှိရှိအောင် လုပ်လိုက်တာကို..
ထင်ထင်ရှားရှားတွေ့ရပါတယ်..၊

၂၀၁၅ ရွေးကောက်ပွဲကလဲနီးလာလေတော့..
ဆရာထင်လင်းဦး ၊ ကိုနေမျိုးဇင် စတဲ့သူတွေကို..
ခြေချုပ်မိအောင်လုပ်ထားချင်တဲ့အနေအထားလဲ..
သိသိသာသာတွေ့ရပါတယ်.၊

အဲဒီမှာ ကြားခံအဖွဲ့အစည်းဖြစ်တဲ့..
မဘသ အမည်ခံ လက်ကိုင်တုတ်တွေကို..
အသုံးချလိုက်တာပါပဲ...၊

-------------------------------

(၂)

မဘသ အဖွဲ့ကို ပြောချင်တာက..

ဆရာထင်လင်းဦး အမှုမျိုး...
နောက်ထပ်စိတ်ဝင်စားစရာအမှုတစ်ခုရှိပါတယ်..

အဲဒီအမှုကလဲ..
မဘသ နဲ့ တိုက်ရိုက်ပတ်သက်ပါတယ်၊

မဘသအနေနဲ့...
ဒါမျိုးကိုကျ...
ိုတိုက်ရိုက် ၀င်ရောက်ကိုင်တွယ်သင့်ပေမဲ့
ကိုင်တွယ်ဝံ့တာကို မတွေ့ရပါဘူး..၊

အဲဒီအမှုကတော့..

မြန်မာနိုင်ငံသားပြည်သူတွေဆီက..
လုပ်ငန်းတွေပြပြီး...
ငွေသိန်းပေါင်း (၅) သိန်းကျော်
လိမ်လည်မှုနဲ့ တရားစွဲခံထားရတဲ့..

Father Land ဘင်္ဂံလီ ကျော်မြင့်ရဲ့
အမှုပဲဖြစ်ပါတယ်..၊

မဘသအနေနဲ့ ဒါမျိုးကိုကျ..
ဘာလို့လက်ရှောင်နေပါသလဲ..?

------------------------------

(၃)

ဘင်္ဂံလီကျော်မြင့်ဟာ..
မောင်တောနယ်စပ်ဒေသဖွားဖြစ်ပြီး
တစ်ချိန်တုန်းက ဗိုလ်ချုပ်တွေနဲ့..
ထောက်လှမ်းရေးတွေကောင်းမှုနဲ့..
မြန်မာပြည်ထဲရောက်လာပြီး..
(၁၂/မဂတ နိုင်- xxxx) မှတ်ပုံတင်ရခဲ့သူဖြစ်ပါတယ်...

ပြီးတော့ ဘယ်ကရလာမှန်းမသိတဲ့..
များပြားတဲ့ငွေကြေးတွေနဲ့...ရန်ကုန်အနှံ့
လုပ်ငန်းတွေလုပ်ကိုင်ပြီး တည်ဆောက်ရေး
ကုမ္မဏီထောင်ပြီး၊ အဆောက်အဦးအိမ်ခန်းရောင်းချတဲ့
အလုပ်တွေလုပ်ပြီး ရန်ကုန်မြို့မှာ..လက်ညှိုးထိုးမလွဲအောင်..၊
ကြီးထွားလာတာပါပဲ.၊

ထင်ရှားတာကတော့..
Fatherland ကျော်မြင့်ဟာ..
အဲဒီကတည်းက စစ်တိုင်းမှုးတွေ..၊
ဝန်ကြီးတွေကို အိတ်ထဲထည့်ထားသူပါ..။
ဦးသန်းရွှေ အဆင့်အထိပေါက်ရောက်သူပါ..
အရင်တုန်းက ရန်ကုန်တိုင်းမှုးလုပ်ခဲ့တဲ့..
ဦးမြင့်ဆွေဟာ သူရဲ့ ပါတနာအရင်းကြီးဖြစ်ပါတယ်..

မြင့်ဆွေ နဲ့ ဘင်္ဂံလီခရိုနီတွေဟာ..
တိုက်ရိုက်အချိုးကျနေပါတယ်..၊

စည်ပင် က ဌာနကြီးတွေကို..လဲ..
သွန်လိုသွန်မှောက် လုပ်နေသူတစ်ယောက်ပါ..
ခင်းတာကလဲ ထောင်ဂဏန်းလောက်အထိခင်းတာကိုး..၊

အပေးအယူအလျော်အစားများလှတဲ့..
ဘင်္ဂံလီခရိုနီတစ်ယောက်ဖြစ်ပြီး..

ဘဘတွေအိမ်ကို ၀င်ထွက်သွားလာပံ့ပိုးနေသူ
တစ်ယောက်ဖြစ်ပါတယ်..

အပေးအကမ်းရက်ရောတဲ့အတွက်..
ယူနီဖေါင်းဝတ်တွေ ယူနီဖေါင်းချွတ်ဘဘတွေရဲ့
ပြည်တွင်း ပြည်ပ စပွန်ဆာကြီးတစ်ယောက်ဖြစ်ပါတယ်..

ဘဘတွေနိုင်ငံခြားသွားရင်လဲ..
လိုက်လေ့ရှိပါတယ်..
စင်ကာပူ ၊ ထိုင်းစတဲ့နေရာတွေမှာ..
အိမ်ခန်းတွေဝယ်ထားတာတွေရှိပါတယ်၊
ဘဘတွေကိုလဲ အဲဒီ ဇယားလေးတွေ..
ချပေးထားတာတွေရှိပါတယ်..၊

သူ့ကုမ္မဏီကဆောက်တဲ့..
ကွန်ဒို ၊ တိုက်ခန်းတွေထဲက..
အချို့ကိုလဲ..ဘဘတွေဆီကို..
Special Gift အနေနဲ့..
ထိုးကြွေးထားတာတွေလဲရှိပါတယ်..၊

အခု...ဘင်္ဂံလီကျော်မြင့်ဟာ..
420 အမှုလဲဖြစ်လာရော.......
ဘဘတွေရဲ့ ဇယားတွေကို..၊
သိနေတဲ့သူတစ်ယောက်ဖြစ်နေလေတော့..၊
အခုထက်ထိ ထောင်ချခြင်းမရှိပါဘူး၊

အစိုးရဟာ..
ဦးထင်လင်းဦးကို..
ငယ်တဲ့အမှုကြီးအောင်လုပ်ဖို့
အချိန်ဆွဲတာဖြစ်ပေမဲ့.

ဘင်္ဂံလီကျော်မြင့်ကိစ္စကျတော့..၊
ကြီးတဲ့အမှုငယ်အောင်လုပ်ဖို့..
အချိန်ဆွဲခြင်းဖြစ်ပါတယ်..၊

မဘသ ဟာ...ဒါမျိုးကိုကျတော့
ဘာဖြစ်လို့ နှာစေးနေပါသလဲ.?

အမျိုးဘာသာနဲ့..
မဆိုင်ဘူးလား...

အဲဒါဆို..
ဘာ...မဘသ ပါလဲ ?

--------------------------------

(၅)

ဘင်္ဂံလီကျော်မြင့်ဟာ..
ဘယ်လောက်အထိ ပိုင်သလဲဆိုရင်..

အမှုရုံးချိန်းတဲ့အချိန်မှာတောင်..
ပျက်ကွက်ပြီး နိုင်ငံခြားသွားခဲ့တဲ့..
အနေအထားပါ....၊

မဘသတွေ..ဟာ..
ဒါကိုလဲ ရူးချင်ယောင်ဆောင်ပါတယ်..၊

အားလုံးသိဖို့ကတော့..
မဘသ ဟာ..
ဘဘတွေနဲ့..
ပတ်သက်တာတွေ ဘာလုပ်လုပ်..

မထိရဲ မကိုင်ရဲဖြစ်ပြီး..
ကြောက်လန့်လေ့ရှိတယ်ဆိုတာပါပဲ..၊

"ဘဘရဲ့...မဘသ"..ဖြစ်သွားပါပြီ..

သူတို့ဟာ..၊

"ရွှေတိဂုံဘုရားပြိုရင်ပြိုပါစေ..
ဘင်္ဂံလီခရိုနီတွေ ၀ါးမျိုချင်မျိုပါစေ..

မဘသတွေရဲ့ လောကကြီးထဲမှာ..၊
ထင်လင်းဦးလောက်..
ဘာမှ....အရေးမကြီးပါဘူး"..လို့

ခံယူနေကြတာပါပဲ..၊

( Pa Yit)


လတ်တလောဖြစ်ပေါ်နေတဲ့ လှေစီးဒုက္ခသည်အရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် အထင်အမြင် လွဲမှားမှု မရှိစေဖို့နဲ့ မြန်မာပြည်အတွင်း လူမျိုးရေးပဋိပက္ခတွေ မကြီးထွားစေဖို့အတွက် နိုင်ငံတကာ အဖွဲ့အစည်းတွေက မှန်မှန်ကန်ကန် ပြောဆိုဆောင်ရွက်ကြစေဖို့ ပြည်ထောင်စုလွှတ်တော်နာယကက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နဲ့ လုံခြုံရေးကောင်စီဥက္ကဌဆီကို ဒီကနေ့ စာရေးသား ပေးပို့ခဲ့ပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ လုံခြုံရေးကောင်စီ ဥက္ကဌဆီကို လိပ်မူပြီး ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ပေးပို့တဲ့စာဟာ လတ်တလော လှေစီးပြေး ဒုက္ခသည်အရေးနဲ့ ပတ်သက်ပြီး မြန်မာအစိုးရ အပေါ် နိုင်ငံတကာက ဝေဖန်တာတွေ မြင့်တက်နေချိန်မှာ ပေးပို့လိုက်တာ ဖြစ်ပါတယ်။

စာပါအချက်အလက်တွေကိုတော့ ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ သူရဦးရွှေမန်းက အခုလို ဖတ်ကြားပြခဲ့ပါတယ်။

“ဒီမိုကရေစီနိုင်ငံ ထူထောင်ရန် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေသည့် မြန်မာနိုင်ငံအပေါ် မှန်ကန်မျှတစွာ ပြောဆိုပြုမူ ဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံခြင်းဖြစ်ပါသည်။

(၂) ယခုအခါ လူကုန်ကူးခြင်းကိစ္စ၊ လှေစီးဒုက္ခသည်များကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံအပေါ် အထင်အမြင်လွဲမှားမှုများ မဖြစ်ပေါ်စေရန် မြန်မာနိုင်ငံအတွင်း လူမျိုးစုအရေး ပဋိပက္ခများ မကြီးထွားစေရန် ပြည်တွင်းပြည်ပနဲ့ နိုင်ငံတကာ အဖွဲ့အစည်းများက အထူးအလေးပေးစေလိုပါသည်။”

ကုလသမဂ္ဂအတွင်းရေးမှူးနဲ့ လုံခြုံရေးကောင်စီဥက္ကဌဆီကို ပေးပို့တဲ့စာမှာ မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာ့လုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်းက ပြဿနာတွေကို ဘက်မလိုက်ဘဲ ဓမ္မဓိဌာန်ကျကျ ချဉ်းကပ်ဖို့နဲ့ အပြုသဘောနဲ့ ဆောင်ရွက်ကြဖို့ကိုလည်း ထည့်သွင်း ရေးသားထားပါတယ်။ ပြည်ထောင်စု လွှတ်တော်နာယကက ပေးပို့တဲ့စာနဲ့ ပတ်သက်ပြီး သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက သူ့အမြင်ကို အခုလို ပြောဆိုပါတယ်။

“နိုင်ငံတကာမှာ ပိုမိုပြီးတော့ ကောင်းမွန်တဲ့ နေထိုင်မှုဘ၀ အခွင့်အရေးတွေ၊ နောက် အလုပ်အကိုင် အခွင့်အရေးတွေကို ရှာဖွေဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေလို့ သိထားပါတယ်။ ဒါကို ခပ်မန်ဒူးမြို့မှာကျင်းပတဲ့ အစည်းအဝေးတခုမှာ သက်ဆိုင်ရာဝန်ကြီးချုပ်က ဖွင့်ဟပြီး ၀န်ခံသွားတာကိုလည်း ဖတ်လိုက်ရပါတယ်။ ဆိုတော့ ထိုင်းမှာကျင်းပတဲ့ အစည်းအဝေးမှာကတော့ တခြားနိုင်ငံတွေက ကျနော်တို့ မြန်မာနိုင်ငံအပေါ်ကို ပုံချချင်တာပေါ့နော်။ အဲဒါကို ကျနော်တို့က သတိပေးတဲ့သဘောပါ။ ကောင်းပါတယ်။”

ရခိုင်ပြည်နယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကတော့ ဒီလိုစာပေးပို့တာကို ကြိုဆိုကြောင်း ပြောပါတယ်။

“နာယကကြီးပေးပို့တာကိုတော့ လက်ခံကြိုဆိုပါတယ်။ ခက်တာကဗျာ ကမ္ဘာကြီးကလည်း အင်အားများတဲ့ဘက်ကို ပါနေကြတာကိုး။ ကုလသမဂ္ဂကိုတောင် ကျနော်တို့ သာမန်လူသားတဦးအနေနဲ့ ယုံကြည်မှု သိပ်မရှိတော့ပါဘူး။ ဒါ ပွင့်ပွင့်လင်းလင်း ပြောပြတာပါ။ နော် မျက်နှာကြီးရာ ဟင်းဖတ်ပါနေတာကိုး။ လုံခြုံရေးကောင်စီမှာ တံခါးပိတ် ဆွေးနွေးကြတယ်ဆိုတဲ့ သတင်းလည်း ကျနော်တို့ ကြားပါတယ်။ နောက် Oslo Conference ကိုလည်း ကျင်းပတာပေါ့ဗျာ။ အကြောင်းရင်းကိုလည်း ကျနော်တို့သိပါတယ်။ မြန်မာ့နိုင်ငံရေး ဒီမိုကရေစီ အပြောင်းအလဲကာလမှာ ဒါမျိုး ဖိအားပေးတာမျိုးက ကြိုတင် ကြံစည်ပြီးမှ တပြိုင်နက်တည်း ဖောက်ခွဲတဲ့ပုံစံမျိုးဖြစ်တယ်လို့ ကျနော်တို့ သုံးသပ်တယ်။ အဲဒါကြောင့် လုံခြုံရေးကောင်စီနဲ့ ပတ်သက်လို့ တံခါးပိတ်အစည်းအဝေး ကျင်းပတာ၊ ကုလသမဂ္ဂ အထွေထွ အတွင်းရေးမှူးချုပ်ဆီကို ဖြစ်စဉ်ရဲ့ ဇစ်မြစ်ကို လေ့လာဖို့ ပြည်ထောင်စုလွှတ်တော် နာယကကြီးရဲ့ တင်ပြတဲ့အပေါ်မှာ ကျနော်တို့ ချွင်းချက်မရှိ ထောက်ခံပါတယ်။”

မနေ့က ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာတော့ မကွေးတိုင်းဒေသကြီးက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက လှေစီးပြေး ဒုက္ခသည်တွေအရေးနဲ့ ပတ်သက်ပြီး ပြတ်သားတဲ့ မူဝါဒတရပ် ချမှတ်ဖို့အတွက် အရေးကြီးအဆို တင်ပြခဲ့တာကို အမျိုးသားလွှတ်တော်က လက်ခံဆွေးနွေးဖို့ သဘောတူခဲ့ပါတယ်။ ဦးလှဆွေရဲ့ တင်ပြချက်မှာ လှေစီးပြေးတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကဖြစ်ကြောင်း၊ အကြောင်းကြောင်းကြောင့် မြန်မာရေပိုင်နက်မှာ ရောက်လာရင် အမေရိကန် ပြည်ထောင်စုနဲ့ အိန္ဒိယနိုင်ငံမှာလို ပစ်ခတ်ရှင်းလင်းဖို့၊ ဒါမှမဟုတ် လူသားချင်းစာနာမှုအရ စားနပ်ရိက္ခာထောက်ပံ့ပြီး နိုင်ငံတကာ ရေပိုင်နက်ကို ပြန်လည်စေလွှတ်ဖို့နဲ့ ရေပြင်ကနေ ကုန်းမြေမှာ လက်ခံထားရရင်လည်း ရက်ကန့်သတ်ပြီး လက်ခံဖို့ ဆိုတဲ့အချက်တွေ ပါဝင်ပါတယ်။

ပြီးခဲ့တဲ့လ ၂၁ ရက်နေ့က မြန်မာရေပိုင်နက်အတွင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား လှေစီးပြေး ၂၀၀ ကျော်ကို ဖမ်းဆီးခဲ့သလို မေလ ၂၉ ရက်နေ့ကလည်း ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်အနီး ပင်လယ်ပြင်မှာ လှေစီးပြေး ၇၀၀ကျော်ကို ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း၊  လောလောဆယ်မှာတော့ မြန်မာရေတပ်က ထိန်းသိမ်းထားတဲ့ လှေစီးပြေး ၉၀၀ ကျော်လောက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြန်လည် လွှဲပြောင်းဖို့အတွက်ရခိုင်ပြည်နယ် တောင်ပြိုလက်ဝဲမှာ စောင့်ရှောက်ထားကြောင်း အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

ကိုမိုးဇော် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ရိုဟင်ဂျာနဲ့ လှေစီးဒုက္ခသည်များကို လက်မခံဖို့ မေလ ၂၇ ရက်နေ့က ရန်ကုန်မြို့ကျိုက္ကဆံလူထုဟစ်တိုင်ကွင်းမှာ ဆန္ဒပြတောင်းဆိုနေကြစဉ်။ Photo: Kyaw Zaw Win/ RFA
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှာ မြို့နယ် ၂၆ မြို့နယ်က ဒေသခံတွေနဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) သံဃာတော်တွေ စုပေါင်းပြီး လှေစီးဒုက္ခသည်တွေကို မြန်မာနိုင်ငံမှာ ခိုလှုံခွင့်မပေးဖို့ ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။

လှေစီးဒုက္ခသည် အမည်ခံပြီး ခိုးဝင်လာသူတွေကို လက်မခံနိုင်တာကြောင့် ဆန္ဒပြတောင်းဆိုတာဖြစ်တယ်လို့ ဆန္ဒပြပွဲ ဦးဆောင်ခဲ့တဲ့ မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခက မိန့်ကြားပါတယ်။

"ဒုက္ခသည်အမည်ခံပြီးတော့ ခိုးဝင်တဲ့ဘင်္ဂလီတွေကို ဘုန်းကြီးတို့ မြန်မာတိုင်းရင်းသား မျိုးနွယ်တွေ ၁၃၅ မျိုးထဲမပါသည့်အတွက်ကြောင့် ဘုန်းကြီးတို့က လက်မခံနိုင်တဲ့ အကြောင်း၊ နောက်တစ်ချက်က ကုလသမဂ္ဂ အဖွဲ့အစည်းအသီးသီးက ၂၉ ရက် ၅ လ ၂၀၁၅ ခုနှစ်မှာ ဘင်္ဂလီတွေကို လူ့အခွင့်အရေး အကြောင်းပြပြီးတော့ မြန်မာနိုင်ငံက လက်ခံဖို့ သဘောမျိုးနဲ့ ဆုံးဖြတ်ချက်အပေါ်မှာ ဘုန်းကြီးတို့က ကန့်ကွက်ဆန္ဒပြတယ်၊ မြန်မာနိုင်ငံရဲ့ပြည်တွင်းရေးကို ကုလသမဂ္ဂက ဝင်ရောက်စွက်ဖက်တယ်၊ လူ့အခွင့် အရေးလို့ကြေညာနေတဲ့ နိုင်ငံတွေက ဒီဘင်္ဂလီတွေကို သူတို့နိုင်ငံမှာခေါ်ထားလိုက်ပါလားလို့ ဘုန်းကြီး ကပြောချင်ပါတယ်"

ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းက မဘသ အဖွဲ့ဝင်သံဃာတော်တွေနဲ့ လူမှုရေးအဖွဲ့ ၇၀ လောက်က ပုသိမ် မြို့ ရွှေမုဓေါဘုရားကနေ မြို့တော်ခန်းမရှေ့အထိ လမ်းလျှောက် ဆန္ဒပြကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့က ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြန်မာ့ရေပိုင်နက်ထဲကို ရောက်ရှိလာတဲ့ လှေစီး ဒုက္ခသည် ၂ဝဝ ကို မြန်မာရေတပ်က ကယ်တင် ထားပြီး၊ သူတို့ကို မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမြို့နယ်ခွဲ မှာ ကယ်တင်ထားပါတယ်။

ဒါ့အပြင် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်၊ ဟိုင်းကြီးကျွန်းအနီးမှာ လှေစီးဒုက္ခသည် ၇၀၀ကျော်ကို ကယ်ဆယ် ထားပြီး ရခိုင်ပြည်နယ် မောင်တောမြို့ကို ပို့လိုက်ပြီ ဖြစ်ပါတယ်။

မဘသအဖွဲ့ဝင်တွေဟာ အလားတူ ဆန္ဒပြပွဲတစ်ခုကို ပြီးခဲ့တဲ့ မေလ ၂၈ ရက်နေ့က ရန်ကုန်မြို့ ကျိုက္ကဆံလူထုဟစ် တိုင်ကွင်းမှာ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese


ဆပ်ဘလတ္တာက ရာထူးကနေ ဆင်းပေးမယ်လို့ အင်္ဂါနေ့က ပြော။ 
ဖီဖာ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်အတွင်း ခြစားမှုတွေနဲ့ ပတ်သက်ပြီး အမေရိကန်က စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်နေစဉ်မှာပဲ ဒီအမှုရဲ့ အဓိက အကြောင်းအရာ ဖြစ်တဲ့ ၂၀၁၀ ကမ္ဘာ့ဖလား အိမ်ရှင် ဖြစ်ခွင့်ရဖို့ တောင်အာဖရိက နိုင်ငံက ဒေါ်လာ ၁၀ သန်း လာဘ်ထိုးခဲ့တယ် ဆိုတဲ့ အချက်ကို အခုအခါ တောင်အာဖရိက နိုင်ငံက ငြင်းဆို လိုက်ပါတယ်။

တောင်ဖရိက နိုင်ငံရဲ့ အားကစား ဝန်ကြီး Fikile Mbalula က အဲဒီ ဒေါ်လာ ၁၀ သန်းဟာ ကာရေဘီယံ ကျွန်းနိုင်ငံတွေမှာ ရှိနေကြတဲ့ အာဖရိကန်တွေ အတွက် ဘောလုံး အားကစား အထောက်အကူဖြစ်အောင် ပေးခဲ့တာ ဖြစ်ပြီး သူတို့ ကမ္ဘာ့ဖလား အိမ်ရှင် ဖြစ်ခွင့် ဆုံးဖြတ်ချက် ကျပြီးနောက် နှစ်အတန်ကြာမှ ပေးခဲ့တာလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ဖီဖာ ထိပ်တန်းအရာရှိ ၇ ဦး အပါအဝင် လူ ၁၄ ဦးကို အမေရိကန်က ငွေကြေး မသမာမှုတွေနဲ့ စွဲချက် တင်ခဲ့ပြီးနောက် ဖီဖာ အဖွဲ့ချုပ်ရဲ့ ခြစားမှု အရှုပ်တော်ပုံ စတင် ခဲ့တာပါ။

အင်္ဂါနေ့ကတော့ ၅ ကြိမ်မြောက် ဥက္ကဋ္ဌ အဖြစ် ပြန်အရွေးခံခဲ့ရတာ ရက်ပိုင်းသာ ရှိသေးတဲ့ ဥက္ကဋ္ဌ ဆပ်ဘလတ္တာက သူ့နေရာ ဆက်ခံမယ့်သူ ရွေးချယ်ပြီးရင် ရာထူးကနေ ဖယ်ပေးမယ်လို့ ပြောခဲ့ပါတယ်။

အမေရိကန် မီဒီယာတွေမှာတော့ ဆပ်ဘလတ္တာကိုလည်း အက်ဘီအိုင်က စုံစမ်း စစ်ဆေးနေတယ်လို့ ဖော်ပြ နေကြပါတယ်။

မစ္စတာ ဆပ်ဘလတ္တာ ကတော့ သူ ဘာမှ အမှားမလုပ်ခဲ့ဘူးလို့ ပြောပါတယ်။

တချိန်တည်းမှာ နိုင်ငံတကာ ရာဇဝတ်မှု နှိမ်နှင်းရေး ရဲတပ်ဖွဲ့ အင်တာပိုလ် ကလည်း ဖီဖာ လာတ်စားမှု အရှုပ်တော်ပုံနဲ့ ပတ်သက်ပြီး သံသယရှိသူ လူ ၆ ယောက် ကို အလိုရှိသူတွေ အဖြစ် ထုတ်ပြန် လိုက်ပါတယ်။

အဲဒီ ၆ ယောက်ထဲမှာ ဖီဖာရဲ့ ဒုတိယ ဥက္ကဋ္ဌဟောင်း ဂျက် ဝါနာလည်း ပါဝင်နေပါတယ်။

ဒီ ၆ ယောက်ကို အမေရိကန် တရားရေး အရာရှိတွေက ပြီးခဲ့တဲ့ သီတင်းပတ်က စွဲချက် တင်ခဲ့တာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

တိုင်းပြည်တခုမှာအလုပ်သမားတွေလိုပါတယ်။ အလုပ်သမားမရှိတဲ့တိုင်းပြည်ရှာလို့မတွေ့နိုင်ပါဘူး။ တိုင်းပြည်တွင်းမှာ နေထိုင်ကြတဲ့ပြည်သူတွေရဲ့ လိုအပ်ချက် အမျိုးမျိုးကို ပြုလုပ်ပေးတဲ့သူတွေ အားလုံးဟာ တဦးနဲ့ တဦး အညမည မှီခိုနေကြရတဲ့ သဘောသဘာဝရှိပါတယ်။

တဦးလိုအပ်တာကို တဦးက ပြုလုပ်ပေးခြင်းနဲ့အတူ ရှေးခေတ်က ပစ္စည်းချင်းလဲလှယ်ယူကြတဲ့ စနစ်ကနေ ခေတ်မှီလာတဲ့အခါ ငွေကြေးတွေ တီထွင်လာပြီး ငွေကြေးနဲ့ဝယ်ယူကြတဲ့စနစ် ပေါ်လာပါတယ်။ တဆက်တည်း ကိုယ်ကျွမ်းကျင်ရာ အသက်မွေးဝမ်းကြောင်း လုပ်သူတွေကလည်း အားလုံးလက်ခံတဲ့ငွေကြေးနဲ့ မိမိလိုအပ်တာတွေကိုဝယ်သလို၊ မိမိထုတ်ကုန်ပစ္စည်းတွေကိုလည်း ရောင်းချရင်း ဈေးကွက်ဆိုတာပေါ်လာတာပါ။

ဒီလိုဈေးကွက်တွေပေါ်လာတာနဲ့အမျှ ရောင်းကောင်းတဲ့ပစ္စည်းတွေကို ထုတ်လုပ်တဲ့ အလုပ်ရုံတွေပေါ်လာပြီး ဒီအလုပ်ရုံတွေမှာ အလုပ်လုပ်တဲ့ အလုပ်သမား လူတန်းစားတွေ ပေါ်ပေါက်လာကြပါတယ်။ အဲ့ဒီအတူ လယ်လုပ်ပြီး အသက်မွေးဝမ်းကြောင်းတဲ့ လယ်သမားလူတန်းစားလည်း ပေါ်ပေါက်လာကြပါတယ်။ ဒီလူတန်းစားနှစ်ရပ်ဟာ တိုင်းပြည်တိုးတက်ဖွံ့ဖြိုးရေးအတွက် အဓိကဒေါက်တိုင်နှစ်ခု ဖြစ်တယ်ဆိုရင် မမှားပါဘူး။ လယ်သမားလူတန်းစားက ပြည်သူတွေစားဖို့ အဓိကဆန်စပါးကိုထုတ်လုပ်ပေးတဲ့ ကျေးဇူးရှင်တွေပါ။ ထို့အတူ စက်ရုံ အလုပ်ရုံက အလုပ်သမားတွေကလည်း ပြည်သူတွေရဲ့ အဝတ်အစား၊ ဆေးဝါးနဲ့ နေ့တဓူဝသုံးပစ္စည်းတွေ ထုတ်လုပ်ပေးနေတဲ့ ကျေးဇူးရှင်တွေပါပဲ။

ဒီအလုပ်သမား၊လယ်သမား လူတန်းစားနှစ်ရပ် အသိအမြင် ကြွယ်ဝလာရင် သူတို့ဟာသူတို့အလုပ်တွေကို ပိုမိုကောင်းမွန်လာအောင်၊ ထုတ်ကုန်တွေကို အရည်အသွေး မြင့်လာအောင်ပြုလုပ်နိုင်မှာ ဖြစ်တဲ့အတွက် သူတို့ရဲ့လူမှုရေးဘဝတွေကို မြှင့်တင်ပေးဖို့အထူးလိုအပ်ပါတယ်။ ဒီလိုပြုလုပ်ပေးဖို့ အုပ်ချုပ်သူ အစိုးရမှာအဓိက တာဝန်ရှိပါတယ်။
သူတို့ရဲ့လူနေမှုဘဝမြင့်တက်လာဖို့မှာ သူတို့အနေနဲ့လူတန်းစေ့နေနိုင်တဲ့ ဝင်ငွေရရှိဖို့ လိုပါတယ်။ လူတန်းစေ့ နေနိုင်တဲ့ ဝင်ငွေမရှိရင် သူတို့ရဲ့ဘဝတွေဟာ သာယာမလာနိုင်သလို သူတို့ကို မှီခိုနေတဲ့မိသားစုတွေရဲ့ ပညာရေး၊ ကျန်းမာရေးတွေချို့တဲ့လာပြီး လူနေမှုအဆင့်အတန်း နိမ့်ကျလာမှာ ဖြစ်ပါတယ်။ ဒါကြောင့်သူတို့ရဲ့ ဘဝ ဂုဏ်သရေရှိရှိ ရပ်တည်နိုင်အောင် ခေတ်အခြေအနေနဲ့ ကိုက်ညီတဲ့ အနိမ့်ဆုံးဝင်ငွေသတ်မှတ်မှုကို အစိုးရနဲ့ အလုပ်သမားသမဂ္ဂများက ညှိနှိုင်းဆောင်ရွက်ပေးနိုင်ဖို့ လိုပါတယ်။
မြန်မာနိုင်ငံမှာ အခြေခံလုပ်ခလစာသတ်မှတ်ရေးတွင် အခက်အခဲဖြစ်နေတာ စိတ်မကောင်းစရာပါ။ အတိတ်က အဖြစ်အပျက်တွေကိုပြန်ကြည့်ရင် အုပ်ချုပ်သူတွေဟာ အလုပ်သမားလယ်သမားတွေကို စေတနာ တကယ်မှ ထားရဲ့လား? သူတို့နိုင်ငံရေးအာဏာတည်မြဲဖို့ပဲ ပြုလုပ်နေသလားလို့ သံသယဝင်စရာ အထောက်အထားတွေ ရှိခဲ့ပါတယ်။

၁၉၆၂ ခုနှစ် မတ်လ ၂ရက်နေ့မှာ စစ်တပ်အာဏာသိမ်းပြီးနောက် တနှစ်အကြာ ၁၉၆၃ခုနှစ် ဇွန်လ၁ရက်နေ့မှာ စစ်တပ်ဦးဆောင်တဲ့တော်လှန်ရေးကောင်စီဟာ တရားဝင်အမိန့်ထုတ်ပြန်ပြီး မြန်မာနိုင်ငံရှိအမျိုးသားပိုင်နဲ့ နိုင်ငံခြားသားပိုင်ကုမ္ပဏီတွေရဲ့ စက်ရုံအလုပ်ရုံတွေကို အရင်းရှင်တံဆိပ် ကပ်ပြီး ပြည်သူပိုင်သိမ်းခဲ့ကြပါတယ်။ စက်ရုံအလုပ်ရုံ ပိုင်ရှင်တွေကို အရင်းရှင်များ အလုပ်သမားလူတန်းစားကို ခေါင်းပုံဖြတ် အမြတ်စားနေသူများ ဖြစ်ကြောင်း တွင်တွင် အပုတ်ချပြီး အလုပ်ရှင်နဲ့ အလုပ်သမားတွေကို ရန်တိုက်ပေးခဲ့ပါတယ်။ အလုပ်သမားတွေကို ရပိုင်ခွင့်တွေပေးတဲ့ ဥပဒေတွေထုတ်ပြန်ပြီး အလုပ်ရှင် အလုပ်သမား ပြဿတွေမှာ အလုပ်သမားတွေဘက်က အားပေးခဲ့ကြပေမယ့် အစိုးရရဲ့စီးပွါးရေး နားမလည်မှု၊ အုပ်ချုပ်ရေး ညံ့ဖျင်းမှုတို့ကြောင့် စားဝတ်နေရေး ကျပ်တည်းလာပြီး စီးပွားပျက်ကပ် ဆိုက်လာတဲ့အတွက် ပေးတဲ့လစာနဲ့ မလုံလောက်လို့ အလုပ်သမားတွေက လစာတိုးတောင်းတဲ့ဆန္ဒပြတာကို ၁၉၇၄ခုနှစ် ဂျွန်လမှာ ပြုလုပ်ကြတဲ့အခါ ဆန္ဒပြအလုပ်သမားတွေကို ဆင်မလိုက်သဘောင်္ကျင်းမှာ ရက်စက်စွာ ပြစ်သတ်ပြီး ဖြိုခွဲခဲ့ကြပါတယ်။

ဆန္ဒပြရာမှာ ပါဝင်ခဲ့ကြတဲ့ မြစ်ငယ် မီးရထားစက်ရုံ၊ ရန်ကုန်ချည်မျှင်နဲ့အထည်စက်ရုံ၊ သမိုင်းဂုံနီစက်ရုံ၊ မီးချစ်စက်ရုံ၊ ဘီပီအိုင်ဆေးဝါးစက်ရုံက အလုပ်သမားခေါင်းဆောင်တွေအားလုံးကို နှစ်ရှည်ထောင်ချပြီး ကျန်အလုပ်သမားတွေကိုတော့ လစာတိုးပေးခဲ့ပါတယ်။ ဒီအချက်ဟာ အလုပ်သမားအရေး ကိစ္စတွေကို အစိုးရက တကယ်အရေးထားတယ်၊ စာနာတယ်ဆိုတာ အပေါ်ယံပဲဖြစ်တယ်ဆိုတာ သက်သေပြလိုက်ခြင်းပါပဲ။ ပုဂ္ဂလိကပိုင်ရှင်တွေနဲ့ အလုပ်သမားတွေ ပြဿနာဖြစ်ရင် အလုပ်သမားတွေ မှန်မှန်မှားမှား အလုပ်သမားတွေဖက်ကလိုက်ပြီး ဆုံးဖြတ်ပေး မျက်နှာလုပ်ခဲ့ပေမဲ့ အစိုးရပြည်သူပိုင်သိမ်းထားတဲ့ စက်ရုံတွေကတော့ သူတို့လိုလားတာကို တောင်းဆိုရင် ထောင်ကျခဲ့ကြတာ သက်သေတစ်ခုဖြစ်ပါတယ်။
အလုပ်သမားတွေလည်း ပြည်သူပိုင်သိမ်းတဲ့လုပ်ငန်းစဉ်အောက်မှာ အကျင့်စာရိတ္တ ပျက်ခဲ့ကြပါသေးတယ်။ ဘယ်လိုအကျင့်ပျက်ရောဂါရသလဲဆိုတော့ အလုပ်မလုပ်ဘဲ ပျင်းရိနေသူတွေနဲ့ အလုပ်ဘယ်လောက်ပဲ ကြိုးစားလုပ်လုပ် ရတဲ့လစာနဲ့ အခွင့်အရေးကတော့အတူတူပါပဲ။ ဒါကြောင့် ကြိုးစားမလုပ်လည်းဒီလောက် ကြိုးစားလုပ်လည်း ဒီလောက်ဆိုတော့ ကြာလာတဲ့အခါ ဘယ်သူမှ ကြိုးစားပန်းစားမလုပ်ကြတော့ ကုန်ထုတ်လုပ်မှုတွေ ကျဆင်းလာပါတော့တယ်။

ဒီစက်ရုံတွေရဲ့အုပ်ချုပ်ရေးမှူးတွေဆိုတာကလည်း စက်ရုံအကြောင်း၊ စီးပွားရေးသဘောတရားတွေကို နားမလည်တဲ့ အစိုးရလူယုံ စစ်ဗိုလ်တွေ၊ ဗိုလ်မှုးတွေနဲ့ အကြပ်တပ်သားတွေပါ။ ဒါကြောင့် အမြတ်အစွန်း များစွာရရှိခဲ့တဲ့ စက်ရုံအလုပ်ရုံတွေ ပြည်သူပိုင်စနစ်အောက်မှာ အရှုံးပြလာခဲ့တာဖြစ်တယ်။ အရှုံးပြလာတော့ စက်ရုံတွေ ပိတ်ပစ်၊ အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်လာတဲ့အခါ ပင်စင်မပေးဘဲထားတာတွေ၊ မစို့မပို့ပေးတာတွေ၊ နစ်နာကြေးတွေမရတာတွေ များစွာဖြစ်ခဲ့ပါတယ်။ ဒါကဆိုရှယ်လစ်ခေတ်မှာ စစ်တပ် ဦးဆောင် ပြုလုပ်ခဲ့တဲ့ အလုပ်သမားရေးရာကျဆုံးမှုနဲ့ အကောင်အထည်ဖေါ်တဲ့ သူတွေရဲ့တလွဲဆံပင်ကောင်း လုပ်ရပ်ပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ချွတ်ခြုံကျနေတဲ့စီးပွားရေးစနစ်ကို ဦးမော့လာအောင်ဆိုပြီး နဝတ/နအဖ စစ်အစိုးရလက်ထက်မှာ တချိန်ကရှုံ့ချခဲ့တဲ့ အရင်းရှင်စီးပွားရေးစနစ်ကို ပြန်လည်အသက်သွင်းပြီး မောင်းထုတ်ခဲ့တဲ့ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတွေကို ပြန်ခေါ်ပြန်ပါတယ်။ လုပ်ခလစာ လွန်စွာနည်းပါးဆင်းရဲနေတဲ့ မြန်မာနိုင်ငံကို လာရောက် ရင်းနှီးကြတဲ့ စက်ရုံအလုပ်ရုံတွေဟာ သူတို့အမြတ်အစွန်းရဖို့က ပထမဦးစားပေးဖြစ်ပါတယ်။ ဒါကြောင့်လုပ်ခ လစာကို နည်းနည်းပေးရလေ ကြိုက်လေပါပဲ။ နိုင်ငံခြားကဝင်လာတဲ့စီးပွားရေးလုပ်ငန်းတွေဟာ ပြည်တွင်း အသေးစားအလတ်စားကုန်ချောထုတ်စက်ရုံအလုပ်ရုံတွေထက် ကုန်ကြမ်းဝယ်ယူတဲ့ စီးပွါးရေးလုပ်ငန်းတွေက ပိုများပြားခဲ့ပါတယ်။ သစ်တောတွေ ခုတ်ယူတဲ့လုပ်ငန်း၊ သတ္တုတွေတူးယူတဲ့လုပ်ငန်း၊ ရေနံနဲ့ ဓါတ်ငွေ့ ထုတ်ရောင်းမှုတွေ၊ မိုးကုတ်၊ ဖါးကန့်ကျောက်မျက်ရတနာတွေကို အလုံးအရင်းနဲ့ တူးခွင့်တွေကသာ စီးပွားရေးမှာ ကြီးစိုးနေခဲ့တာပါ။

ဒီလိုစီးပွါးရေးလုပ်ပိုင်ခွင့်တွေ ချပေးလိုက်တဲ့အခါ လုပ်ပိုင်ခွင့်ရှိသူတွေဟာ စစ်အာဏာရှင်တွေနဲ့ ပလဲနံပသင့်သူတွေဘဲ အခွင့်အရေးရခဲ့ ချမ်းသာကြွယ်ဝ လာခဲ့တာ မဆန်းပါဘူး။ ဒီလိုပတ်သက်ရာ ပတ်သက်ကြောင်းတွေက စစ်ဗိုလ်ချုပ်တွေရဲ့ ဆွေမျိုးညာတိတွေ တပည့်တပန်းတွေဖြစ်ပြီး အမျိုးသားပိုင်ကုမ္ပဏီတွေ ထူထောင်ကြ၊ နိုင်ငံခြားနဲ့ဖက်စပ်ကုမ္ပဏီတွေထောင်ကြနဲ့ မြန်မာ့စီးပွါးရေး နယ်ပယ်မှာ အရင်းရှင်လက်သစ်များအဖြစ် ပေါ်ပေါက်လာကြပါတယ်။ ဒီလိုလူတွေပိုင်ဆိုင်တဲ့ ဖက်စပ်ကုမ္ပဏီတွေဟာ အလုပ်သမားတွေအတွက် လုပ်ခလစာပေးရာမှာ အမြတ်အစွန်းနည်းမှာကို စိုးရိမ်ကြတာ မဆန်းပါဘူး။ အထူးသဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို သူတို့တိုင်းပြည်မှာလည်း အလေးမထား အခြားနိုင်ငံအတွက် ဆိုဝေလာဝေးဆိုတဲ့ တရုတ်ကုမ္ပဏီဝမ်ပေါင်နဲ့ တဖက်သတ်အမြတ်အစွန်း ပေးထားတဲ့စာချုပ်ကို ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ဖြေရှင်းတဲ့အခါကျတော့မှ မြန်မာဖက်က အမြတ်ပိုရလာတဲ့ သာဓကဟာ ဘယ်လောက် အကျင့်ပျက်ခြစားနေကြပြီး ဒေသခံပြည်သူတွေအတွက် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေရှိမယ်ဆိုတာ လုံးဝစဉ်းစားမထားခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။ လက်ရှိအစိုးရဟာ အလုပ်သမားအရေးထက် အလုပ်ရှင်တွေကို ဦးစားပေးတဲ့အစိုးရ အသွင်ပြောင်းသွားတဲ့ အစိုးရလို့ ပြောရင်လွန်မယ်မထင်ပါဘူး။ အရင်အစိုးရလက်ထက်က “အူမမတောင့်နိုင်လို့ သီလမစောင့်နိုင်တဲ့ဒုက္ခ” မရှိစေရဘူးလို့ ကြွေးကြော်ခဲ့ပြီး၊ အလုပ်ရှင်တွေကို အရင်းရှင်လို့ စွပ်စွဲခဲ့ပေမယ့် အခုအစိုးရလက်ထက်မှာတော့ “တနေ့ထမင်းတစ်နပ်စား” ဆိုတဲ့ အတွေးအခေါ်မဲ့ လူပြောစရာဝေါဟာရတွေ တိုးလာခဲ့ပြီး လစာမလုံလောက်လို့ ဆန္ဒပြတဲ့ အလုပ်သမား တွေကို ပုဒ်မအမျိုးမျိုးတပ်ခါ အရေးယူဆန္ဒပြပွဲတွေကို ပိတ်ပင်၊ ဒါမှမဟုတ် အကြမ်းဖက် ဖြိုခွဲခဲ့တာကို ကြည့်ရင် အလုပ်ရှင်အရင်းရှင်များကို ကာကွယ်ပေးတာ ပိုကဲနေတာကို တွေ့ရမှာဖြစ်တယ်၊ ဘာကြောင့်လဲဆိုတော့ အုပ်ချုပ်သူတွေ ဒါမှမဟုတ် အုပ်ချုပ်သူတွေနဲ့ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်လို့ဖြစ်စေ ဒီလုပ်ငန်းရှင်တွေဟာ ပတ်သက်နေကြလို့ဖြစ်တယ်။ တနည်း အုပ်ချုပ်သူတွေကိုယ်တိုင် ငွေရှင်ကြေးရှင်တွေ၊ ကြွယ်ဝသူ အရင်းရှင်တွေအဖြစ် အသွင်ပြောင်းလဲလာတာကြောင့် အလုပ်ရှင်တွေဖက်က ကာကွယ်ပေးလာရတာကို တွေ့ရမှာပါပဲ။ မူလအရင်းအနှီးမရှိခင်က အရင်းရှင်အနှီးရှိသူတွေကို ပုတ်ခတ်တိုက်ခိုက် မတရားပြည်သူပိုင်ဆိုတဲ့ အမည်တပ်သိမ်းပိုက်ခဲ့သူတွေဟာ ဒီနေ့မှာအရင်းရှင်တွေကိုယ်တိုင်ဖြစ်လာတဲ့အခါ အရင်းအနှီးရှိသူတွေကို ကာကွယ်သူတွေဖြစ်လာတာဟာ သဘာဝကျပါတယ်။

အဓိကပြောချင်တာက အလုပ်သမားတွေကိုတကယ်စာနာတယ်ဆိုရင် သူတို့ဘဝတိုးတက်လာဖို့အတွက် လုံလောက်တဲ့လစာကိုဖန်တီးပေးရမယ်၊ သူတို့ရဲ့အခွင့်အရေးတွေကိုလေးစားလိုက်နာရမယ်၊ ဒီလိုလေးစား လိုက်နာဖို့အတွက် ဥပဒေတွေ၊ နည်းဥပဒေတွေ ထုတ်ပြန်ပေးရမှာဖြစ်တယ်။ မဆလလက်ထက်ကလို ခါးပိုက်ဆောင် အလုပ်သမားအစည်းအရုံးတွေ၊ လယ်သမားအစည်းအရုံးတွေဖန်တီးပြီး အလုပ်သမား၊ လယ်သမားတွေကို အစိုးရထောက်ခံပွဲတွေအတွက် အသုံးချကိရိယာအဖြစ် ရှေးနည်းဟောင်းအတိုင်း လုပ်ဆောင်မှုတွေကို စဉ်းစားပြီး လုပ်နေမဲ့အစား အလုပ်သမားလယ်သမားတွေကို လွတ်လပ်စွာ အသင်းအဖွဲ့များ အဖြစ်ဖွဲ့စည်းခွင့်ပေးပြီး သူတို့နစ်နာချက်တွေကို တောင်းဆိုခွင့်ပေးဖို့ လိုပါတယ်။ သူတို့တောင်းဆိုချက်များကိုလည်း တလေးတစားနားထောင်ပြီး ဓမ္မဓိဌာန်ကျကျ ဖြေရှင်းပေးရပါ့မယ်။ ငါတို့အုပ်ချုပ်ရေးကို ချိန်းခြောက်နေတာလား၊? ငါတို့ကိုအာခံနေတာလား? ဆိုတဲ့ အရင်က အာဏာရှင် အမြင်တွေကို ပယ်ရပါလိမ့်မယ်။

နှစ်စဉ်ကုန်ဈေးနှုန်းတွေတက်နေတာ မြန်မာတစ်နိုင်ငံတည်း မဟုတ်ပါဘူး။ လူဦးရေ တိုးပွားလာတဲ့နိုင်ငံတိုင်းမှာ စားသုံးမှုများလာတာကြောင့် တက်နေတာပါပဲ။ ဒီလိုအနိမ့်ဆုံးလုပ်ခလစာ ရရှိနိုင်ဖို့မှာ အစိုးရက ဝင်ရောက် သတ်မှတ်ပေးဖို့ လိုပါတယ်။ မြန်မာနိုင်ငံမှာ အလုပ်သမားတယောက်အတွက် အနည်းဆုံးလုပ်ခ လစာတောင်းနေတာ တစ်လမှ ဒေါ်လာ ၁၀၀ အောက်မှာသာ ရှိပါတယ်၊ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းမှာ တစ်လကို ၂၂၃.၅ ဒေါ်လာ၊ မလေးရှားမှာ ၂၇၇.၆ ဒေါ်လာနဲ့ ဖိလစ်ပိုင် မှာ ၂၅၁.၄ ဒေါ်လာ၊ အင်ဒိုနီးရှားမှာ ၂၁၂.၄ ဒေါ်လာ၊ ဗီယက်နမ်မှာ ၁၃၅.၀ ဒေါ်လာနဲ့ ဟောင်ကောင်မှာ ၇၄၂.၈ ဒေါ်လာ ဖြစ်ပြီး အာရှမှာ အတိုးတက်ဆုံးဂျပန်မှာ ၁၄၈၀.၇ ဒေါ်လာတို့ ရရှိတာကို ကြည့်ရင် မြန်မာနိုင်ငံက အလုပ်သမားတွေ တောင်းနေတာ မများဘူးဆိုတာ တွေ့ရမှာပါ။ (မှတ်ချက်။ ဖော်ပြပါ လစာနှုန်းထားများကို တစ်နေ့လျှင် ၈ နာရီ အလုပ်လုပ်သည့်အပေါ်တွင် မူတည်သက်မှတ်၍ တစ်လတွင် ၂၄ ရက်ဟု သတ်မှတ်သည်။ တရားဝင် သတ်မှတ်ထားမှုသည် တစ်လလျှင် ၁၇၃.၈ နာရီဖြစ်သည်)
ငွေကြေးဖောင်းပွမှု အလွန်မြင့်မားနေတဲ့ မြန်မာနိုင်ငံမှာ အောက်ခြေလူတန်းစားများရဲ့ စားဝတ်နေရေးဟာ တစ်နေ့ထက်တစ်နေ့ အလွန်ကျပ်တည်းလာတာဟာ အများအသိပါပဲ။ အလုပ်သမားတစ်ဦး သင့်တင့်စွာ နေထိုင်နိုင်ဖို့ သူ့လုပ်အားနဲ့ ညီမျှတဲ့လုပ်ခကို ရဖို့လိုအပ်ပါတယ်။ အထက်မြန်မာနိုင်ငံက လုပ်ငန်းရှင်တွေက တစ်နေ့လုပ်ခ ၄၀၀၀ ပေးနိုင်တယ်လို့ ရေးတာတွေ့ရပါတယ် ရန်ကုန်က အထည်ချုပ်အလုပ်ရုံတွေက ဘာကြောင့် ၁၅၀၀ ထက် ပိုမပေးနိုင်ဘူးဆိုတာကို အလုပ်သမားတွေ သဘောပေါက်အောင် ရှင်းပြနိုင်ရပါ့မယ်။ အမြတ်မရှိဘဲ ဘယ်သူကမှ အလုပ်လုပ်မှာ မဟုတ်ဘူး၊ အလုပ်ရှင်တွေဘက်က တင်ပြတာက လျှပ်စစ်ဓါတ် ပုံမှန်မရတာ၊ အလုပ်ကျွမ်းကျင်မှု မရှိတာတွေကို ထောက်ပြထားတာလည်း စဉ်းစားရမဲ့အချက်တွေပါပဲ။ အလုပ်သမားတွေ သူတို့ရတဲ့လစာနဲ့ မလောက်လို့ ဆန္ဒပြနေတဲ့ အခြေအနေမျိုးမှာ အစိုးရအနေနဲ့ အလုပ်ရှင်နဲ့ အလုပ်သမားကြား မျှမျှတတ ဝင်ရောက်ညှိနှိုင်းပြီး အနိမ့်ဆုံးလုပ်ခကို သတ်မှတ်ပေးဖို့ လိုပါတယ်။ မြန်မာအစိုးရအနေနဲ့အမြန်ဆုံး ပြတ်ပြတ်သားသား ဆုံးဖြတ်ပေးဖို့လိုကြောင်း တိုက်တွန်းလိုက်ပါတယ်။

ထွန်းအောင်ကျော် (၇၄ မျိုးဆက်)



3.6.2015


နာရေးကူညီမှုအ သင်း(ရန်ကုန်)၏ဥက္ကဋ္ဌ ဦးကျော်သူ က နိုင်ငံရေးအတွေ့အကြုံမရှိသေး ခြင်းကြောင့် ၂ဝ၁၅ခုနှစ်ရွေးကောက် ပွဲတွင် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင် ဦးမည်မဟုတ်ဟု ဇွန် ၂ရက်က ငြင်း ဆိုလိုက်သည်။
-
ဦးကျော်သူက လာမည့် ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ဝင်ပြိုင်ဖြစ်ပါက ရန်ကုန်တိုင်းဒေသ ကြီး မရမ်းကုန်းမြို့နယ် သို့မဟုတ် ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်တို့မှ ဝင်ရောက်မည်ဟု ¤င်း၏လူမှုကွန် ရက်စာမျက်နှာတွင် ရေးသားခဲ့ခြင်း မှာ အပြုသဘောဆောင်၍ ရေးသား ခဲ့ခြင်းသာဖြစ်ကြောင်း -င်းက ဆို သည်။
-
''သတင်းထောက်တွေက ကျွန် တော့်ကို ရွေးကောက်ပွဲမဝင်ဘူးလား လို့မေးနေလို့ ကျွန်တော်ဖေ့စ်ဘွတ်ခ် ပေါ်မှာ ဝင်ရင်ကောင်းမလားလို့ရေး တင်ခဲ့တာပါ။ ဝင်မယ်ဆိုရင် မှတ်ပုံ တင်တွေလုပ်ရဦးမှာ။ သေချာမှပြော တာ ပိုကောင်းပါတယ်''ဟု ဦးကျော်သူ က ရှင်းပြသည်။
-
''လွှတ်တော်ထဲမှာ ကျွန်တော် တို့လို လူမှုရေးအသင်းအဖွဲ့တွေကို တင်ပြ ဆွေးနွေးနေတာတွေမရှိလို့ ကျွန်တော်က လွှတ်တော်ထဲဝင်ပြီး တင်ပြဆွေးနွေးရင် အကျိုးရှိမလား လို့ ရေးတင်ခဲ့တာပါ။ ကျွန်တော့်မှာ နိုင်ငံရေးအတွေ့အကြုံ မရှိသေးပါ ဘူး။ ကျွန်တော်အခုတင်ထားတဲ့ Status
ကိုကြည့်ရင် သိနိုင်ပါတယ်''ဟု ဦးကျော်သူက ပြောသည်။
-
ဦးကျော်သူမှာ နာရေးကူညီမှု အသင်း(ရန်ကုန်)ကို ၂ဝဝ၁ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး လူအများ၏ လေးစားမှုကိုရရှိခဲ့ကာ မြန်မာလူငယ် များကိုလည်း လူမှုရေးကိစ္စများတွင် စိတ်ဝင်စားလာအောင် တွန်းအား ပေးနိုင်ခဲ့သည်ဟု လူငယ်အသိုင်းအ ဝိုင်းမှ သိရသည်။
==============
Democracytodaynewspaper


မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာ မူဆလင်တွေကို တန်းတူရည်တူ ဆက်ဆံဖို့ အမေရိကန် အဆင့်မြင့် သံတမန်တဦးက ဒီကနေ့ပဲ တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံသားတွေလို ရိုဟင်ဂျာတွေကို လက်ခံဆက်ဆံဖို့ လိုအပ်တဲ့အကြောင်း အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Anne Richard က ပြောကြားခဲ့တာပါ။

အင်ဒိုနီးရှားနိုင်ငံက ယာယီခိုလှုံခွင့်ပေးထားတဲ့ လှေစီးပြေး ဒုက္ခသည်စခန်းတွေကို သွားရောက်ကြည့်ရှုခဲ့ပြီး နောက်တနေ့မှာပဲ အမေရိကန်သံတမန်က မှတ်ချက်ပေး ပြောကြားလိုက်တာ ဖြစ်ပါတယ်။

မကြာသေးခင် လတွေကစလို့ ထောင်နဲ့ချီတဲ့ လှေစီးထွက်ပြေးလာသူတွေ အရှေ့တောင်အာရှ နိုင်ငံတွေရဲ့ ကမ်းခြေတွေကို ရောက်လာခဲ့ကြသလို၊ နောက်ထပ်လည်း ဘင်္ဂလား ပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်မှာ ရှိနေနိုင်သေးတယ်လို့ ခန့်မှန်းထားကြပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် မြန်မာ့နိုင်ငံရေး ခေါင်းဆောင်တွေ အားလုံး ရိုဟင်ဂျာအရေး ပွင့်ပွင့်လင်းလင်း ပြောဆိုဖြေရှင်းကြဖို့လည်း တိုက်တွန်းခဲ့တာပါ။ မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာနကတော့ လူမှောင်ခိုမှုနဲ့ တရားမ၀င် ရွှေ့ပြောင်းသွားလာမှုတွေ ကာကွယ် တားဆီးနိုင်ဖို့ ကြိုးပမ်းနေတဲ့အကြောင်း ဒီကနေ့ပဲ ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်ထဲ မြန်မာရေပိုင်နက်မှာ ရှာဖွေကယ်ဆယ်ခဲ့တဲ့ လူပေါင်း ၇၀၀ ကျော်ကိုလည်း ဒီကနေ့မှာပဲ ရခိုင်ပြည်နယ် တောင်ပြိုလက်ဝဲမြို့က ယာယီစခန်းကို ပြောင်းရွှေ့ပေးခဲ့ကြောင်းလည်း ဖော်ပြခဲ့တာပါ။

တချိန်တည်းမှာပဲ ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကလည်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်နဲ့ လုံခြုံရေးကောင်စီ ဥက္ကဋ္ဌထံ စာရေးသားပေးပို့ခဲ့ပြီး၊ လှေစီးဒုက္ခသည်တွေအရေး၊ လူကုန်ကူးမှုပြဿနာတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံအပေါ် အထင်အမြင် လွဲမှားမှုတွေ မဖြစ်ပေါ်စေဖို့၊ လူမျိုးစုပဋိပက္ခတွေ မကြီးထွားစေဖို့၊ အထူးအလေးပေး ဆောင်ရွက်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

VOA
http://burmese.voanews.com/content/rohingya/2805781.html


စာရေးဆရာထင်လင်းဦးကို ဇွန် ၂ မှာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်ချလိုက်ပါတယ်။ သူ့ကိုစွဲတဲ့ပုဒ်မတွေရဲ့ အမြင့်ဆုံးပြစ်ဒဏ်ကို သီးခြားစီကျခံခိုင်းတာပါ။ ဒီလိုလုပ်လိမ့်မယ်ဆိုတာကြိုတင်မြင်ထားပြီးဖြစ်ပေမယ့် လက်ခံချင်စရာကောင်းတဲ့ဖြစ်ရပ်တော့ မဟုတ်ပါ။ စစ်အစိုးရဟာ ခုလိုလုပ်နေကျ။ သူ့ရဲ့ရန်သူဆိုရင်(နိုင်ငံခြားကလွဲပြီး) ဒီလိုပဲအသေနှိပ်ကွပ်နေကျပါ။

လက်ပံတောင်းတောင်က တရုတ်/ဦးပိုင် အကျိုးစီးပွားကိုထိပါးလာရာကနေ ဒေသခံဒေါ်ခင်ဝင်းသေဆုံးခဲမှုနဲ့ပတ်သက်ပြီး တရုတ်သံရုံးရှေ့ဆန္ဒပြမှုအတွက် ကိုနေမျိုးဇင်နဲ့ ၆ ဦးဟာလည်း ထောင် ၄ နှစ် ၄ လ အမြင့်ဆုံးပြစ်ဒဏ်တွေကို သီးခြားပုဒ်မ သီးခြားပြစ်ဒဏ်တွေနဲ့ ကျခံစေခဲ့တာပါ။ အလွန်ရက်စက်တဲ့လုပ်ရပ်တွေပါပဲ။ ဒါတွေဟာ စစ်တပ်အနေနဲ့ သူ့အကျိုးစီးပွားကိုထိပါးမယ်ကြံရင် ဒီနမူနာတွေကိုကြည့်ထားဆိုပြီး စစ်အစိုးရအလွန် ဒီဘက်အရပ်သားအစိုးရဆိုတဲ့အထိ တစ်ဆက်ထဲပါလာနေတဲ့ နှိပ်ကွပ်မှုတွေဖြစ်ပါတယ်။

နောက်ထပ် လာပါလိမ့်ဦးမယ်။ လက်ပံတန်းသပိတ်မှောက်ကျောင်းသားများနှင့် ပတ်သက်ပြီး တရားရုံးရင်ဆိုင်နေရပုံတွေမှာလည်း အစိုးရလုပ်ပုံဟာ လူမဆန်ရက်စက်လွန်းပါတယ်။ ကျောင်းသားတွေကို ရုံးထုတ်တာလေးတောင် သက်ဆိုင်သူမိဘဆွေမျိုးတွေ စိတ်မကောင်းကြေကွဲအောင် တမင်လုပ်ပြနေတာတွေဖြစ်တဲ့ လက်ထိပ်မဖြုတ်ပေးတာမျိုးတို့ မိဘဆွေမျိုးတွေနဲ့ စကားပြောခွင့်မပေးတာမျိုးတို့ဆိုတာတွေနဲ့ ဇာတ်ထဲကပုဏ္ဏားတွေ ပရိသတ်အဆဲခဲချင်လို့ တမင်လုပ်နေပုံမျိုးတွေလို့ မြင်နေရပါတယ်။ အဲဒီတော့ အခုကျောင်းသားတွေကိုအမိန့်ချရင်လည်း ကိုနေမျိုးဇင်တို့ စာရေးဆရာထင်လင်းဦးတို့ နမူနာအတိုင်း ပုဒ်မတွေရသလောက်တွဲပြီး အမြင့်ဆုံးပြစ်ဒဏ်နဲ့ သီးခြားကျခံစေတို့ ဆိုတာတွေဟာ နောက်ထပ်ဆက်လာဦးမယ့် အနိဋ္ဌာရုံတွေပဲဖြစ်ပါတယ်။

ဒီနေရာမှာကြာတော့ ပြည်သူတွေသိလာရတာက နိုင်ငံရေးအမှုဆိုရင် လွတ်လမ်းမရှိဘူး။ ဥပဒေကြောင်းအရ ဘယ်လိုပဲ အပြစ်ကင်းစင်ပေမယ့် သူတို့ကတော့ မရမအောင် ထောင်ချမှာပဲဆိုတာကို ရှင်းရှင်းလင်းလင်းသိလာရတာဖြစ်တယ်။ ခုဆိုရင် နိုင်ငံရေးသမားတွေကို အလုပ်ကြမ်းနဲ့တွဲပြီးထောင်ချလာတာ သတိထားမိလာရပါတယ်။ ကိုနေမျိုးဇင်တို့ စာရေးဆရာထင်လင်းဦးတို့ကစလို့ပေါ့။ ဒီနေရာမှာကြည့်ရင် စစ်တစ်ပိုင်းအစိုးရဟာ အရင်စစ်အစိုးရထက်တောင် လက်သံပြောင်နေတာတွေ့ရတယ်။

တရားသူကြီးတွေကကော။ ဥပဒေရဲ့မူလပြဋ္ဌာန်းချက်မှာ နှစ်ဖက်လျှောက်လဲချက်တွေအပေါ် မိမိရဲ့ ပညာဉာဏ်ကဲသော ဆင်ခြင်တုံတရားနဲ့ ဆုံးဖြတ်ချက်နဲ့ နိုင်ငံရေးအမှုများကို စီရင်ဆုံးဖြတ်ကြပါသလား။ အဲဒီလိုသာ တရားခွင်တွေဟာဖြစ်နေခဲ့ရင် အဂတိတရားကင်းကင်းနဲ့ဆုံးဖြတ်ခဲ့ရင် နိုင်ငံရေးသမားဆိုတာ ထောင်ထဲဝင်စရာတောင်ရှိမယ်မထင်ဘူး။ ဒါပေမယ့် တကယ်တန်းမှာတော့ တရားစီရင်ရေးစနစ်မှာ တရားသူကြီးရဲ့ တည်ကြည်မှု သိက္ခာဆိုတာ ပြည်သူတို့ရဲ့ပြက်ရယ်ပြုစရာ နေ့စဉ်သတင်းစာတွေရဲ့ ကာတွန်းတွေမှာ လှောင်ပြောင်စရာဖြစ်နေတယ်။ ဘာကြောင့်လဲ...?။

စစ်အစိုးရခေတ်ကတော့ ဒီလိုအမှုမျိုးတွေမှာ တရားသူကြီးဆိုတာက သူတို့ရဲ့ဆင်ခြင်တုံတရားနဲ့ ဥပဒေမျက်နှာကိုဘေးဖယ်ထားပြီး အပေါ်ကကျလာတဲ့စာအိပ်ဖောက်ပြီး စီရင်ချက်တွေချရုံသာပါပဲ။ ခုကော...?။

အဲဒီလောက်မဆိုးပေမယ့် တရားသူကြီးတွေဟာ ဥပဒေပြဋ္ဌာန်းချက်နဲ့ နှစ်ဖက်လျှောက်လဲချက်တွေကို သူတို့ရဲ့ဆင်ခြင်တုံတရားတွေနဲ့သာဆုံးဖြတ်ခဲ့ရင် အပေါ်ကအမျက်ဒေါသထွက်စေမဲ့ အကြောင်းတရားတွေဖြစ်သွားနိုင်တာမို့ အနည်းဆုံးတော့ သူတို့မှာ ဘယာဂတိဆိုတဲ့ အဂတိတရားတစ်ခုကို လိုက်စားနေပုံရပါတယ်။ ဟုတ်တယ်လေ။ တရားသူကြီးဆိုတာ ခတ်ကျွဲတွေလို ချိုရာမှကင်းကြတာမဟုတ်တာ။ လာဘ်ဆိုတာနဲ့ကင်းတဲ့တရားသူကြီးဆိုတာကလည်း ခပ်ရှားရှားမဟုတ်လား။ ဒီတော့ တရားသူကြီးဆိုတာကလည်း လာဘ်နဲ့ယဉ်ပါးနေတဲ့ဝန်ထမ်းတစ်မျိုးပါပဲ။ သူတို့ဟာ မြှုံးထဲကငါးတွေလို၊ ခြင်းထဲကကြက်တွေလို စစ်အစိုးရက အချိန်မရွေး ထုတ်သတ်ခံရမယ့်ဘဝမျိုးတွေပဲ။ ဒါကြောင့် သခင်အားရ ကျွန်ပါးဝလုပ်နေကြရတာ။
*************************************

လေးစားစွာဖြင့်

Ko Soe Win


"သမ္မတကြီးရှင့် ကျမ က ထိုင်းနိုင်ငံ လူငယ်တွေ ကိုယ်စားပြုပြီးလာခဲ့တာပါ၊ မေးလိုတာကတော့ တကယ်လို့ များ သမတ္တကြီးဟာ ရိုဟင်၇ျာ တဦးဖြစ်မယ်ဆိုရင် ဘယ်နိုင်ငံမှာနေ ဖို့ ဆုံးဖြတ်ပါမလဲရှင်"

အဆိုပါမေးခွန်းအား အိုဘားမားတယောက် ၁၀ စက္ကန့် လောက် ငြိမ်သွားသည်ကို TV တွေရိုက်နေတဲ့ တိုက်ရိုက် တွေ့ ဆုံးခန်းမှာ မြင်လိုက်ရပါတယ်။

" ဖြေမယ်နော်....အရင်စဉ်းစားရမှာကမိမိ မိရိုး ဖလာ"လာရင်း နိုင်ငံမှာ နေဘို့ စဉ်းစားရမယ်၊ မိခင်နိုင်ငံအစိုးရကတော့ အပြည့်အ၀ ကူညီပေးရမှာပေါ့နော၊ ဒါဟာ ဒီမိုကရေစီစနစ်ကိုအ ကြီးမားဆုံး စမ်းသပ်လိုက်တာပါပဲ ၊ အမေရိကန်အစိုးရအနေနဲ့  သက်ဆိုင်တဲ့နိုင်ငံတွေ ဖိအားပေးဖို့  လုပ်ဆောင်သွားမှာပါ။"

ဇွန်လနှစ်ရက်နေက အိမ်ဖြူတော်မှာ အရှေ့ တောင်အာရှနိုင်ငံတွေက လူငယ်၇၅ ရောက်နဲ့ တွေဆုံးပွဲမှာ ပြန်မာနိုင်ငံကလူငယ်တွေလည်း ပါဝင်ခဲ့ပေမဲ့ ထိထိရောက်ရောက်မေးခွန်းတွေမေးတာမတွေ့ ရဘူးလို့ဆိုပါတယ် ထိုင်းလူငယ်ကိုယ်စားလှယ်ရဲ့  မေးခွန်းက သတင်းစာတွေနဲ့  အွန်လိုင်းတွေမှာ အိုဘာမားကို အငိုက်မိအောင်မေး နိုင်သူအဖြစ်ဖေါ်ပြကြပါတယ်။

ကိုးကား Dailynews
သမ္မတအိုဘားမားသာ ရိုဟင်ဂျာ တစ်ယောက် ဖြစ်ခဲ့ရင်

နားလည်သည်ဖြစ်စေ မလည်သည်ဖြစ်စေ Share လုပ်ပေးကြစေချင်ပါတယ်။ထိုင်းကျောင်းသူတစ်ဦးက သမ္မတအိုဘားမားကို မေးခဲ့တဲ့ မွေးခွန်းလေးပါ၊ မေးခွန်းက = သမ္မတကြီးသာ ရိုဟင်ဂျာတစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင် ဘယ်နိုင်ငံမှာ နေမလဲ တဲ့။ အလွန်ကောင်းတဲ့ မေးခွန်းပါ၊ သမ္မတအိုဘားမား အဖြေရခက်သွားပါတယ်။

Posted by Ven U Kundala on Wednesday, June 3, 2015
Social Action for Women - SAW
Community Organization

boat-refugees-620.jpg

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်အတွင်း လှေစီးဒုက္ခသည် ၇ဝဝ ကျော်ကို မေလ ၂၉ ရက်နေ့က ဖမ်းဆီးမိစဉ်
Photo: MOI Webportal Myanmar (facebook)

ဧရာဝတီတိုင်း ဖျာပုံမြို့အနီးက မြန်မာ့ရေပိုင်နက်တွင်း ဖမ်းမိတဲ့ လှေစီးဒုက္ခသည် (၇၂၇ ) ဦး ကို ခေတ္တထိန်းသိမ်း ထားတဲ့ ဟိုင်းကြီးကျွန်းကနေ ရခိုင်မောင်တောမြို့နယ်က ကညင်ချောင်းကို ဒီကနေ့ မနက်ကရွှေ့ပြောင်းထားလိုက် ပြီလို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးကော်မတီ ဥက္ကဌ ဦးလှသိန်းက RFA ကိုပြောပါတယ်။

သူတို့ကို ကညင်ချောင်းကတဆင့် တောင်ပြို (လက်ဝဲ) မြောက်ဘက် ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင်တိုင်(၃၇)အနီးကို ထပ်မံရွှေ့ပြောင်းဖို့ စီစဉ်နေတယ်လို့ သူက ပြောပါတယ်။

"သူတို့ကို ကရင်ချောင်းကနေ မောင်တောအထက်ပေါ့နော်၊ တောင်ပြိုလက်ဝဲ၊ မိုင်တိုင်အမှတ် ၃၇ ပေါ့နော်၊ အဲ့နားမှာရွှေ့ဖို့ပြောပါတယ်၊ ထားတဲ့အခါထုံးစံတိုင်း ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝင်ကိုခေါ်မယ်၊ ခေါ်ပြီးရင် သူတို့ကိုပြမယ်၊ သူတို့နိုင်ငံသား တွေနဲ့ ပတ်သက်ပြီးတော့ လိုအပ်တဲ့စစ်ဆေးမှုတွေလုပ်မယ်၊ အခုကျနော်တို့ သိရသလောက်တော့ သူတို့ကိုဘင်္ဂလားဒေ့ရှ်ကို ပို့နိုင်အောင်တော့ နှစ်နိုင်ငံဆွေးနွေးနေတယ်၊ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ မြန်မာသံအမတ်ကလည်း သက်ဆိုင်ရာဝန်ကြီးဌာနကို မြန်မာနိုင်ငံမှာရောက်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား လှေစီးဒုက္ခသည်တွေကို အမြန်ဆုံးခေါ်ယူဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်"

လှေစီးဒုက္ခသည် ၇၀၀ကျော်ကို အစားအစာ၊ အ၀တ်အထည်နဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ဆောင်ရွက်ပေး ထားပြီး၊ စစ်ဆေးမေးမြန်းမှုတွေ ကိုတော့ နောက်ရက်တွေမှာ ပြုလုပ်သွားမယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်က တောင်ပြိုလက်ဝဲမြို့နယ်ခွဲမှာ ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့က ဖမ်းမိထားတဲ့ ဘင်္ဂါလီလူမျိုး ၂၀၀ နဲ့ အခု နောက်ထပ်ရောက် ရှိလာတဲ့ ဒုက္ခသည်တွေပေါင်းရင် ရခိုင်ပြည်နယ်ထဲမှာ လက်ရှိ ကယ်တင်ထားတဲ့ လှေစီးဒုက္ခသည် တစ်ထောင်နီးပါး ရှိနေပြီ ဖြစ်ပါတယ်။

အခုလို လှေစီးဒုက္ခသည်တွေရခိုင်ပြည်နယ်ထဲ ထပ်တိုးလာတဲ့အပေါ် ဒေသခံတွေဘက်က ကျေနပ်မှုမရှိဘူးလို့ လည်း ဦးလှသိန်းက ပြောပါတယ်။

ဒီအတောအတွင်း ပထမအသုတ် ကယ်တင်ထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂ဝဝ ကို အခုလ ၇ ရက်နေ့မှာ


RFA


တောင်ငူမြို့နယ် ကံရိုးကျေးရွာရှိ felin ktv စားသောက်ဆိုင်မှာ ဒီနေ့ နေ့လည်တနာရီအချိန်က အမည်မသိ ကရင်လူငယ်လေးဦး သီချင်းဆိုစားသောက်ပြီးအပြန် ဆိုင်အရှေ့ရှိ ခုံတန်းလျားမှာ ထိုင်နေတဲ့ မသူသူဆိုသူ အမျိုးသမီးကို လူငယ်တွေထဲက တယောက်က သေနတ်နဲ့ တစ်ချက်ပစ်ခတ်ခဲ့ပါတယ်။ မသူသူမှာ ခြေသလုံးနှစ်ဖက်လုံး ကျည်ဆံထိမှန်ခဲ့ပြီး အခုလက်ရှိ တောင်ငူပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ကုသထားရပါတယ်။ သေနတ်နဲ့ပစ်ခတ်ခဲ့သူ လူငယ်တွေကို တောင်ငူမြို့မ ရဲစခန်းက စုံစမ်းရှာဖွေနေကြောင်း သိရပါတယ်။

သတင်းဓာတ်ပုံ - ကိုသားကြီး(တောင်ငူ)
DVB TV News
https://www.facebook.com/DVBTVNews


အစိုးရနဲ့ တိုက်ပွဲဖြစ်နေတဲ့ ကိုးကန့်အဖွဲ့ကို ပြည်ပရန်သူလို မဆက်ဆံသင့်ဘူးလို့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောကြားပါတယ်။

ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) ထိန်းချုပ်နယ်မြေ လော်ခီးလာမှာ ကျင်းပနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ထိပ်သီးခေါင်းဆောင်တွေရဲ့ အစည်းအဝေး ဒုတိယနေ့ အဖွင့်မိန့်ခွန်းမှာ အခုလို ပြောကြားလိုက်တာပါ။

အလှည့်ကျသဘာပတိအဖြစ် တာဝန်ယူတဲ့ ဗိုလ်ချုပ်ကြီး အင်ဘန်လက “တအာင်းအဖွဲ့နဲ့ ကိုးကန့်အဖွဲ့တို့ဟာ ယူအန်အက်ဖ်စီ နဲ့ အန်စီစီတီ အဖွဲ့ဝင်တွေဖြစ်ပါတယ်။ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုဆိုတဲ့ စကားရပ်နဲ့အညီ ရပ်စဲရေးလက်မှတ်ထိုးရာမှာ သူတို့လည်း ပါဝင်သင့်တယ်လို့ ယူဆပါတယ်။ အဖွဲ့ဝင်အားလုံး ပါဝင်လက်မှတ်ထိုးရေးမှုကို ဆက်လက်ဆွဲကိုင်သွားဖို့ကိုလည်း တိုက်တွန်းလိုပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဒီနေ့ ဆွေးနွေးပွဲမှာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေရဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ)နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီ (ယူပီဒဗလျူစီ) တို့ ပူးတွဲရေးဆွဲခဲ့တဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူချက် (မူကြမ်း) နဲ့ပတ်သက်လို့ တဖွဲ့ချင်းစီရဲ့ သဘောထားတွေကို တင်သွင်းရှင်းလင်းတာတွေ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

အစည်းအဝေးကို လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ တအာင်း၊ ရခိုင်နဲ့ ကိုးကန့် တပ်တွေက ကိုယ်စားလှယ်တွေအပါအ၀င် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ပေါင်းစုံ တက်ရောက်ကြပြီး ကုလသမဂ္ဂကိုယ်စားလှယ်အဖြစ် မစ္စတာ ဗီဂျေနမ်ဘီးယား၊ တရုတ်သံတမန်တို့ အပါအ၀င် လေ့ရေးအဖွဲ့ (၈) လည်း တက်ရောက်နေပါတယ်။

အစည်းအဝေးကို တက်ရောက်နေတဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်ဖွဲ့ (အမ်အန်ဒီအေအေ) ကိုယ်စားလှယ် ဦးဖုန်းဝင်းနိုင်က ”ကျနော်တို့ကတော့ အရမ်းမျှော်လင့်နေတယ်၊ အပစ်ရပ်စဲရေးပဲဖြစ်ဖြစ်၊ ငြိမ်းချမ်းရေးဖြစ်ဖြစ်၊ ကျနော်တို့က စကားပြောချင်တယ်။ စကားပြောချင်တဲ့ အချိန်မှာကြတော့ အစိုးရက ကျနော်တို့ကို ပြန်လှည့်မကြည့်ဘူးဆိုတော့ ကျနော်တို့လည်း စိတ်နာပါတယ်” လို့ ဒီဗွီဘီကို ပြောကြားခဲ့ပါတယ်။

အစိုးရဘက်ကတော့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (အန်စီအေ) ကို လက်မှတ်ထိုးတဲ့အခါ အန်စီစီတီ အဖွဲ့ဝင်တွေဖြစ်တဲ့ တအာင်း (ပလောင်) တပ်မတော်၊ ရခိုင်တပ်မတော်နဲ့ ကိုးကန့်တပ်မတော် တို့ကို အစိုးရဘက်က ထည့်သွင်း လက်မှတ်ရေးထိုးရေးကို မလိုလားပဲ တိုင်းရင်းသားတွေကတော့ ဘယ်အဖွဲ့ကိုမှ မချန်ဘဲ လက်မှတ်ထိုးလိုကြောင်း အသီးသီးထုတ်ပြောထားတာတွေ ရှိပါတယ်။

 By မျိုးဇော်လင်း  (ဒီဗွီဘီ)
http://burmese.dvb.no


ဂျပန်နဲ့ ဆက်ဆံရေး တိုးမြှင့်ဖို့ သမ္မတ အာကွီနို ၄ ရက်တာ အလည်အပတ်ခရီး ရောက်ရှိနေ။
တောင်တရုတ် ပင်လယ်အတွင်းက တရုတ်နိုင်ငံရဲ့ လုပ်ဆောင်ချက်တွေဟာ ဒုတိယ ကမ္ဘာစစ် မတိုင်မီ ကာလက နာဇီ ဂျာမနီ တို့ရဲ့ နယ်မြေ ချဲ့ထွင်ပုံနဲ့ အလားသဏ္ဌာန် တူတယ်လို့ ဖိလစ်ပိုင် သမ္မတ ဘီနစ်နို အာကွီနိုက ပြောကြား လိုက်ပါတယ်။

ဖိလစ်ပိုင် သမ္မတ အာကွီနိုဟာ ဂျပန်နိုင်ငံကို ၄ ရက်တာ အလည်အပတ် ရောက်ရှိနေစဉ် တိုကျိုမြို့မှာ စီးပွားရေး လုပ်ငန်းရှင် ကြီးတွေ တက်ရောက်တဲ့ Future of Asia ဖိုရမ်မှာ အခုလို ပြောကြားခဲ့တာပါ။

ကမ္ဘာ့အသိုင်း အဝိုင်းအနေနဲ့ ဘေဂျင်းကို ချော့မြှူ ဖျောင်းဖျ နေတာတွေ ဆက် မလုပ်သင့်တော့တဲ့ အကြောင်းလည်း သူက ပြောပါတယ်။ သမ္မတ အာကွီနိုဟာ အရင်ကလည်း အခုလို မှတ်ချက် စကားမျိုးကို ပြောခဲ့ဖူးပါတယ်။

တရုတ် နိုင်ငံဟာ တောင်တရုတ် ပင်လယ်အတွင်းက ဧရိယာ အတော်များများကို သူပိုင်တယ်လို့ တစ်ဖက်သတ် ပြောထားပြီး ကျွန်းစု အတော်များများကိုလည်း သူပိုင်ကြောင်း ကြေညာ ထားပါတယ်။ အဲဒီ အငြင်းပွား ကျွန်းစုတွေ ပေါ်မှာလည်း တရုတ်က အဆောက်အအုံတွေ ဆောက်လုပ်နေတာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

လက်နက်ကြီးအမြှောက်နဲ့အတူ အစိုးရစစ်သားများကို တွေ့ရစဉ် Photo: Kachin Land

မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်မှာရှိတဲ့ အမှတ် ၂ဝ ကာကွယ်ရေးပစ္စည်းစက်ရုံက လက်နက်တွေကို စမ်းသပ်ပစ်ခတ်နေတဲ့အတွက် ဒေသခံတွေက စိုးရိမ်ကြောက်လန့်နေကြပါတယ်။

ဒေသခံတွေကို အသိမပေးဘဲ လက်နက်တွေကို စမ်းသပ်ပစ်ခတ်နေတာဖြစ်တဲ့အတွက် အပြင်ထွက်ရမှာကို ကြောက်ရွံ့နေကြတယ်လို့ စေတုတ္တရာမြို့နယ် အမှတ် ၂ရပ်ကွက်က ဦးစိန်မောင်က ပြောပါတယ်။

ပထမဆုံးအကြိမ်အဖြစ် စမ်းသပ်ခဲ့တဲ့ ပြီးခဲ့တဲ့နှစ်မှာတော့ မြို့နယ်အုပ်ချုပ်ရေးမှူးကတစ်ဆင့် ဒေသခံတွေကို အပြင်မထွက်ကြဖို့ အသိပေးအကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက်ပိုင်း ဒေသခံတွေကို အသိမပေးဘဲ လက်နက်ကြီးတွေကို စမ်းသပ်ပစ်ခတ်ခဲ့တာ မနေ့ကအထိဆိုရင် ၅ ကြိမ်ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။

လွန်ခဲ့တဲ့ ၂ဝဝ၄ ခုနှစ်လောက်ကစပြီး စေတုတ္တရာမြို့နယ် နဲ့ ၂ မိုင်နီးပါးဝေးတဲ့နေရာမှာ အမှတ် ၂ဝ ကာကွယ်ရေးပစ္စည်းစက်ရုံကို စတင်တည်ဆောက်ခဲ့ရာ အနီးဝန်းကျင်က လယ်ယာမြေဧက ၅ထောင်နီးပါးလောက် သိမ်းယူခံခဲ့ရတယ်လို့လည်း သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese


IS ခေါ် အစ္စလမ်မစ်နိုင်ငံ ထူထောင်ရေး အစွန်းရောက် အကြမ်းဖက်အဖွဲ့ဟာ အခုအခါ မြန်မာနိုင်ငံကနေ ထွက်ပြေးနေ ကြတဲ့ ရိုဟင်ဂျာ ခေါ် မွတ်စလင်တွေကို တိုက်ခိုက်ရေး တပ်သားတွေအဖြစ် စည်းရုံး သိမ်းသွင်း စုဆောင်းလာနိုင်တယ်လို့ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်သူတွေက သတိပေးလိုက်ကြောင်း News Week သတင်းက ဖေါ်ပြပါတယ်။

IS အဖွဲ့ဟာ သူ့ရဲ့အင်အားကို အာရှတိုက်မှာ ကျယ်ကျယ်ပြန့်ပြန့်တိုးချဲ့ဖို့ ရည်ရွယ်ဆောင်ရွက် နေတယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံက ရိုဟင်ဂျာအမည်ရှိသူတွေနဲ့ ဘင်္ဂလားဒေ့ရှ်က နေရပ်စွန့်ခွာသူတွေပါဝင်တဲ့ လှေစီးရွှေ့ပြောင်းနေကြသူတွေ အရေအတွက်များပြားလာနေတဲ့ လက်ရှိအနေအထားမှာ အဲဒီ့ဒုက္ခသည်တွေဟာ IS အဖွဲ့ ရဲ့ ပစ်မှတ်ဖြစ်လာဖွယ်ရှိတယ်လို့ ဆိုပါတယ်။

အထူးသဖြင့် အကြမ်းဖက်အဖွဲ့တွေ အဓိက လူသူစုဆောင်းနေတဲ့ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာ ခိုလှုံကြသူတွေအတွက် IS ရဲ့ သားကောင်းတွေ ဖြစ်သွားနိုင်တယ်လို့လည်း သတိပေးထားပါတယ်။

RFA Burmese
http://www.rfa.org/burmese

FIFA ဥက္ကဋ္ဌ အဖြစ် Sepp Blatter ၁၇နှစ်ကြာ ဆောင်ရွက်ခဲ့ 
FIFA နိုင်ငံတကာ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ် ကနေ Sepp Blatter နှုတ်ထွက် သွားပြီ ဖြစ်ပါတယ်။ အခုအခါ သူ့ကို အမေရိကန် FBI ထောက်လှမ်းရေး အဖွဲ့က စုံစမ်းစစ်ဆေးနေတယ်လို့လည်း သတင်းတွေက ဆိုပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့က ဟိုတယ်တခုကို FBI က စီးနင်းဝင်ရောက်ပြီး FIFA တာဝန်ရှိ ပုဂ္ဂိုလ် အတော်များများကို ဖမ်းဆီးခဲ့အပြီး ၆ရက်အကြာမှာပဲ မစ္စတာ Blatter က အခုလို ထုတ်ဖော် ကြေညာလိုက်တာပါ။

ဒါပေမဲ့ သူ့အနေနဲ့ ဘာမှ မှားယွင်း လုပ်ဆောင်ခဲ့တာ မရှိဘူးလို့လည်း သူက ငြင်းဆို ခဲ့ပါတယ်။

သူ့နေရာကို ဆက်ခံမယ့် သူတဦးကို အမြန်ဆုံး ခန့်အပ်နိုင်ဖို့ အတွက် အထူးအစည်းအဝေး တရပ်ကို ခေါ်ယူမှာ ဖြစ်ကြောင်းနဲ့ နောက်ဥက္ကဋ္ဌ မခန့်နိုင်ခင် အချိန်မှာတော့ ဥက္ကဋ္ဌအဖြစ် သူဆက်ရှိနေမှာ ဖြစ်ကြောင်း မစ္စတာ Blatter က ပြောသွားပါတယ်။

ဥက္ကဋ္ဌ သစ် ရွေးဖို့ ဒီဇင်ဘာကနေ မတ်လကြားမှာ ဖြစ်နိုင်တယ်လို့ FIFA တာဝန်ရှိ ပုဂ္ဂိုလ်တဦးက ပြောပါတယ်။

မစ္စတာ Blatter ဟာ FIFA ဥက္ကဋ္ဌ အဖြစ် ၁၉၉၈ခုနှစ်ကတည်းက တာဝန်ယူခဲ့တာ ဖြစ်ပြီး အဂတိ လိုက်စားမှု စွဲချက်တွေနဲ့ FIFA ထိပ်တန်း တာဝန်ရှိ ပုဂ္ဂိုလ် ၇ဦး အဖမ်းခံခဲ့ရအပြီး ၂ရက်အကြာမှာ ပြုလုပ်တဲ့ FIFA ဥက္ကဋ္ဌသစ် ရွေးကောက်ပွဲမှာ ပြန်အရွေးခံခဲ့ရတာပါ။

အခုလို ရာထူးက နှုတ်ထွက်ဖို့ မစ္စတာ Blatter ဆုံးဖြတ်ခဲ့တာဟာ ခက်ခက်ခဲခဲနဲ့ ရဲရဲဝင့်ဝင့် လုပ်ခဲ့တဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ ဥရောပ ဘောလုံး အဖွဲ့ချုပ် ဥက္ကဌ Michel Platini က ပြောပါတယ်။

အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ Greg Dyke ကလည်း မစ္စတာ Blatter ရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုလိုက်ပါတယ် ။ ဒါပေမယ့်လည်း FIFAရဲ့ ငွေကြေးနဲ့ ပတ်သက်လို့ ပွင့်လင်း မြင်သာမှု တွေ ပိုရှိအောင် လုပ်ဖို့ လိုတယ်လို့ ပြောသွားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် က လုပ်ခဲ့တဲ့ FIFA ဥက္ကဋ္ဌသစ် ရွေးကောက်ပွဲမှာ မစ္စတာ Blatter ကို ရှုံးနိမ့်ခဲ့တဲ့ ဂျော်ဒန် မင်းသား Ali bin al-Hussein က ဥက္ကဋ္ဌသစ်အဖြစ် သူ ဝင်အရွေး ခံကောင်း ခံမယ်လို့ အရိပ်အမြွက် ပြောသွားခဲ့ပြီး FIFA ဘောလုံးအဖွဲ့ချုပ်ကြီးကို နည်းမှန် လမ်းမှန်နဲ့ ပြန်လည် ဖွဲ့စည်းနိုင်ဖို့ အများကြီး ဆောင်ရွက်ရမယ်လို့ ပြောသွားပါတယ်။

တခါ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက သတ်မှတ်ချက် မပြည့်စုံလို့ ဝင်အရွေးခံခွင့် မရခဲ့တဲ့ ပြင်သစ် လက်ရွေးစင် ဘောလုံးသမားဟောင်း David Ginola ကလည်း အခု ရွေးကောက် ပွဲသစ်မှာ ဝင် အရွေးခံမယ်လို့ အတည်ပြု ပြောခဲ့တာမို့ FIFA ဥက္ကဋ္ဌသစ် ဘယ်သူ ဖြစ်လာ မလဲဆိုတာ စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

(ဓာတ်ပုံ - စာရေးဆရာ ထင်လင်းဦး ဖေ့စ်ဘွခ်စာမျက်နှာ)
 လွတ်လပ်စွာ ပြောဆိုခွင့်ကို အဟန့်အတား ဖြစ်စေတဲ့ ဘာသာ-သာသနာ ညှိုးနွမ်းစေမှုဆိုတဲ့ပုဒ်မကို မြန်မာနိုင်ငံမှာ အမြန်ဆုံး ပယ်ဖျက်ဖို့လိုပြီလို့ Amnesty International ခေါ် အပြည်ပြည်ဆိုင်ရာ လူအခွင့်အရေး အဖွဲ့ကြီးက တောင်းဆိုလိုက်ပါတယ်။

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးအဖွဲ့ဝင်ဟောင်း စာရေးဆရာ ထင်လင်ဦးကို ဘာသာ-သာသနာ ညှိုနွမ်းစေမှုပုဒ်မနဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်တာကြောင့် A.I အဖွဲ့က အခုလို တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ အပြည့်အစုံကို ကိုဥာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

စာရေးဆရာ ထင်လင်းဦးဟာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် အောက်တိုဘာလက ချောင်းဦးမြို့နယ် သုံးပန်လှကျေးရွာမှာလုပ်တဲ့ စာပေဟောပြောပွဲအတွင်း ဘာသာရေးဆိုင်ရာ အငြင်းပွားဖွယ် ဝေဖန်ဟောပြောခဲ့တာကြောင့်ဆိုပြီး  ချောင်းဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးဌာန ဦးစီးမှူး ဦးဦးထွန်းခိုင်က တရားလိုအဖြစ်နဲ့ ပုဒ်မ ၂၉၅(က) ဘာသာ-သာသနာ ညှိုးနွမ်းစေမှု၊ ပုဒ်မ၂၉၈ ဘာသာ-သာသနာကို စော်ကား ပုတ်ခတ် ပြောဆိုမှုတွေနဲ့ တရားစွဲခဲ့တာပါ။ တရားရုံးချိန်းပေါင်း အကြိမ် ၂၀ လောက် ရင်ဆိုင်ရအပြီး ချောင်းဦးမြို့နယ် တရားရုံးက ဦးထင်လင်းဦးကို ဇွန်လ ၂ ရက် အင်္ဂါနေ့မှာ အမိန့်ချရာမှာတော့ ပုဒ်မ ၂၉၅(က) နဲ့သာ  အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်တာပဲ ဖြစ်ပါတယ်။

ဘာသာ-သာသနာ ညှိုးနွမ်းစေမှုပုဒ်မနဲ့ စာရေးဆရာ ထင်လင်းဦးအပေါ် တရားစီရင်ပုံတွေကိုကြည့်ရင် မြန်မာနိုင်ငံမှာ ဒီပုဒ်မတွေက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ လွတ်လပ်စွာယုံကြည်မှုကို ထိခိုက်နေတာကြောင့် ဒီလိုပုဒ်မမျိုးကိုပယ်ဖျက်ဖို့ A.I အပြည်ပြည်ဆိုင်ရာ လူအခွင့်အရေးအဖွဲ့က တောင်းဆိုလိုက်ကြောင်း A.I အဖွဲ့ရဲ့ အာရှပစိဖိတ်ဒေသဆိုင်ရာ သတင်းပြန်ကြားရေးအရာရှိ မစ္စတာ Olof Blomqvist က ဗွီအိုအေကို ပြောပါတယ်။

“လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုသူတွေပေါ် ဖိနှိပ်တဲ့ ဥပဒေတွေကို မြန်မာနိုင်ငံမှာ အခုချိန်ထိ အသုံးပြုနေဆဲ ဖြစ်ပါတယ်။ အခုဆုံးဖြတ်လိုက်တဲ့ အမှုကိုကြည့်ရင် ဘာသာရေးကို စော်ကားတယ်ဆိုပြီး အကြောင်းပြလိုက်တာ တွေ့ရမှာပါ။ ဒါဟာ ဖိနှိပ်မှု တခုသာဖြစ်ပါတယ်။  ဒါကြောင့် သာသနာ ညှိုးနွမ်းစေမှုပုဒ်မကို ပယ်ဖျက်ပေးဖို့ တောင်းဆိုရတာပါ။”

ပြီးခဲ့တဲ့နှစ်တွေအတွင်း မြန်မာနိုင်ငံမှာ အစွန်းရောက် သံဃာတော်အုပ်စုတွေ ပေါ်ပေါက်လာပြီး ဦးထင်လင်းဦးရဲ့ ဘာသာရေးဆိုင်ရာ ဟောပြောချက်တွေ လူမှုမီဒီယာကွန်ယက်တွေပေါ် ထွက်ပေါ်လာပြီးနောက်ပိုင်း အဆိုပါ အစွန်းရောက် သံဃာတော်အုပ်စုတွေရဲ့ တွန်းအားပေးမှုကြောင့် စာရေးဆရာ ထင်လင်းဦးကို တရားစွဲဆို လာရတာဖြစ်တယ်လို့ A.I အဖွဲ့ရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မုံရွာအကျဉ်းထောင်မှာ ၆ လနီးပါးကြာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ စာရေးဆရာ ထင်လင်းဦးကို ထောင်ဒဏ် ၂ နှစ်ချမှတ်ပေမဲ့ သူ့ကို ချုပ်နှောင်ထားတဲ့ ၆ လကို လျှော့ရက်အဖြစ် ပေးတဲ့အတွက် သူဟာထောင်တွင်းမှာ ၁ နှစ်ခွဲ ဆက်နေရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဦးထင်လင်းဦးဟာ တရားရုံးကစွပ်စွဲသလို အပြစ်မရှိတာကြောင့် သူ့ကို ချွင်းချက်မရှိ အမြန်ပြန်လွှတ်ပေးဖို့ လိုတယ်လို့ A.I အပြည်ပြည်ဆိုင်ရာ လူအခွင့်အရေးအဖွဲ့ကြီးက တောင်းဆိုကြောင်း မစ္စတာ Blomqvist က ပြောပါတယ်။

“မတူကွဲပြားတဲ့ ဘာသာတရားတွေကြား လေးစားမှု ရှိသင့်တယ်လို့ ဟောပြောမိရုံနဲ့ စာရေးဆရာ ထင်လင်းဦးကို အခုလို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ် ဘယ်လိုမှ မချမှတ်သင့်ဘူးလို့ မြင်ပါတယ်။ သူ့ကို ချွင်းချက်မရှိ အမြန်ပြန်လွှတ်ပေးဖို့ ကျနော်တို့ A.I အဖွဲ့က တောင်းဆိုလိုက်ပါတယ်။”

တရားရုံးရဲ့အမိန့်နဲ့ပတ်သက်လို့ လာမယ့်ရက်ပေါင်း ၃ဝ အတွင်း အထက်တရားရုံးအထိ အယူခံဝင်သွားမယ်လို့ မိသားစုဝင်တွေနဲ့ ဦးထင်လင်းဦးရဲ့ ရှေ့နေတွေက ပြောပါတယ်။

ကိုဥာဏ်ဝင်းအောင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com