06/07/15

စင်ကာပူနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းနေတဲ့ ၂၈ ကြိမ်မြောက် ဆီးဂိမ်း အားကစားပြိုင်ပွဲ ဘောလုံးပြိုင်ပွဲမှာ မြန်မာယူ ၂၃ အသင်းဟာ အုပ်စု (က) တတိယ ပွဲစဉ်အဖြစ် ဖိလစ်ပိုင်အသင်းနဲ့ ဒီနေ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
ဖိလစ်ပိုင်အသင်းနဲ့ ယှဉ်ပြိုင်ကစားမယ့် မြန်မာအသင်းရဲ့ ပြင်ဆင်ထားမှုအခြေအနေ၊ ဒဏ်ရာရရှိမှုအခြေအနေတွေနဲ့ ပတ်သက်ပြီး  မြန်မာ ယူ ၂၃  ဘောလုံးအသင်းမန်နေဂျာ ဦးသန်းတိုးအောင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဆီးဂိမ်းဘောလုံးပြိုင်ပွဲ မြန်မာကန်တဲ့ စင်ကာပူနဲ့ ဒုတိယပွဲမှာ မြန်မာအသင်းရဲ့ အားသာချက်၊ အားနည်းချက် ဘာတွေ တွေ့လိုက်ရလဲဗျ။
“ကျနော်တို့က အောက်ပိုင်း Shot pass အောက်ဘောတွေကျ သူတို့ထက် ကောင်းတယ်ဗျ။ ၀မ်း-တူး ရိုက်တာလေးတွေ မြန်တယ်။ ဒါပေမယ့် ပထမပိုင်းမှာ ကျနော်တို့ အလယ်တန်း နည်းနည်း ဟာတယ်ဗျ။ အဲ့ဒါကို ဒုတိယပိုင်းမှာ ပြင်လိုက်တယ်။ ရှေ-လယ်-နောက်-ဂိုး မဆိုးဘူး။ ရှေ့တန်းက ဒီ့ထက်ပို ဂိုးသွင်း သေချာဖို့ လိုတယ်။ နောက်တန်းနဲ့ အလယ်တန်းက ဟဟ သွားတာပြင်ဖို့လိုတယ်၊ စင်ကာပူနဲ့မို့ပေါ့၊ ထိုင်းနဲ့ဆို ဒီလို ဟဟသွားရင် မလွယ်ဘူး၊ ထိုင်းက ကစားတာ နည်းနည်းလည်တယ်။”

မြန်မာကန်ခဲ့တဲ့ ၂ ပွဲကိုကြည့်ရင် တိုးတက်လာတယ်လို့ ပြောလို့ ရမလား။ ပုံမျန်ခြေစွမ်းလို့ ပြောမလား။
“စင်ကာပူကို ၃-၁ aလာက်နဲ့ဆို တိုးတက်လာတယ်လို့ ပြောရနိုင်တယ်။ အခုက ၂-၁ ဆိုတော့ ပုံမျန်လောက်ပဲ ပြောရမှာပေါ့။ ကြိုးစားအားထုတ်မှုနဲ့ စိတ်ဓာတ်က တိုးတက်လာတယ်။ ဆီမီးဖိုင်နယ်၊ ဖိုင်နယ်ဆို ပိုကောင်းလာမယ်လို့ ယူဆတယ်။”

အခု ကစားမယ့် ဖိလစ်ပိုင်နဲ့ ပတ်သက်လို့ရော ဘာအချက်အလက်တွေ ရထားလဲ။
“ဖိလစ်ပိုင်းက စင်ကာပူကို ၁-၀ နဲ့ ရှုံးတယ်၊ ရှုံးတယ်ဆိုပေမယ့် ပထမပိုင်းမှာ စင်ကာပူ ခံနေရတယ်။ သူကလည်း ၀မ်းတူး ရိုက်တာလေးတွေ မဆိုးဘူး။ ကျနော်တို့ အသင်းလောက် မမြန်ပေမယ့် သူတို့လည်း ကစားတတ်တယ်။ ဖိလစ်ပိုင်တို့လို အသင်းမျိုးတွေက မျှော်လင့်ချက် ရှိရှိ မရှိရှိ ကစားတာတော့ ကစားနေတာပဲ သူတို့က။ ကလေးတွေကိုလည်း မှာထားတယ်။ အင်ဒိုတို့၊ စင်ကာတို့ကိုကစားတဲ့ စိတ်ဓာတ်နဲ့ တဂိုးနှစ်ဂိုး မဟုတ်ဘူး၊ ပြတ်ပြတ်သားသား ရသလောက် သွင်းဖို့နဲ့ ကြိုးစားဖို့ ပြောတယ်။ တချက်မှ ပေါ့လို့ မရဘူး။ ဖိလစ်ပိုင်က အချိန်မရွေး ဂိုးရတယ်ဆိုပြီး လွယ်လွယ်လုပ်လို့ မရဘူး။ အဲ့ဒီလိုလုပ်ကစားတတ်တဲ့အဆင့်လည်း ကျနော်တို့ အသင်းက ကလေးတွေမှာ မရှိသေးဘူး။”
ဖိလစ်ပိုင်နဲ့ ကစားမယ့် ကစားသမားတွေ ဒဏ်ရာ အခြေအနေရော။

“နောက်တန်းက ၀င်းဇင်ဦး ခြေထောက် ကျိုးသွားတယ်ဗျ။ ကျောက်ပတ်တီးကိုင်ထားရပြီး ၆ ပတ်လောက် နားရမယ်။ သူ့အစား ဘယ်သူ့ သုံးရမလဲ ဆိုတာ စဉ်းစားတုန်း။ ကိုကြည်လွင်လည်း စဉ်းစားတုန်း။ ခေါင်းပေါက်သွားတဲ့ကလေးက ရတယ်။ ဒီမနက် သူ ထရိန်နင်ဆင်းတယ်။ အဲ့ဒီတော့ အရင် ၂ ပွဲကန်ခဲ့တဲ့ ကစားသမားတွေထဲက စင်တာဘက် ကစားတဲ့ တယောက်ပဲ လျော့မှာပေါ့။ ဒီတယောက် လျော့တာနဲ့ ပြဿ   နာ မရှိပေမယ့်လည်း ပြိုင်ဘက်ကောင်းနဲ့တွေ့တဲ့အခါကျတော့ အဲ့ဒီနေရာဝင်မယ့် အသားကျအောင် လုပ်ဖို့ လိုတာပေါ့။”

စင်ကာပူနဲ့ပွဲမတိုင်မီက ကိုသန်းတိုးအောင်ကို ကျနော်မေးတော့ စင်ကာပူကို မကြောက်ဘူး၊ အနိုင်ကန်မယ်လို့ ပြောခဲ့တယ်။ အခု ဖိလစ်ပိုင်နဲ့ ကန်မယ့်ပွဲအတွက်ရော ပရိသတ်ကို ဘာပြောမလဲ။
“စင်ကာပူနဲ့ကန်တဲ့ စိတ်ဓာတ်မျိုးနဲ့ပဲ ကျနော်တို့ ကန်မှာပါ၊ တချက်မှ မလျှော့ပါဘူး။ ရရင် ရသလောက် ဂိုးသွင်းပါ့မယ်။ တကယ်လို့ ကွင်းထဲမှာ ကလေးတွေ ပေါ့နေပြီဆိုရင်လည်း အချိန်နဲ့ တပြေးညီ မပေါ့ဖို့ မှာထားပြီးသားပါ။ အဲ့ဒီမှာတော့ ကျနော်တို့ မညှာပါဘူးခင်ဗျ။ ကျနော်တို့ကလေးတွေက ပေါ့ပေါ့ဆဆ ကစားလို့ မရပါဘူး။ အမြဲတမ်း ကြိုးစားနေမှ၊ အမြဲတမ်း စိတ်ဓာတ်နဲ့ကစားမှ ကျနော်တို့ အသင်းက ကောင်းတာ။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ ပွဲက စိတ်လာတဲ့အခါကျတော့ သူတို့ Recover ဖြစ်အောင် အထူးသဖြင့် အသားပေါ့၊ မစားချင်လဲကျွေး၊ ကျနော်တို့ လုပ်နေပါတယ်။ ဘာမှ မစိုးရိမ်ပါနဲ့၊ သေချာပေါက် နိုင်မယ်လို့ ကျနော် ပြောချင်ပါတယ်။”

By
DVB
http://burmese.dvb.no/archives/96374

chawsu
ရန်ကုန် (မဇ္ဈိမ) ။ ။ ဒီမိုကရေစီ ပညာရေးအတွက် တောင်းဆိုဆန္ဒပြခဲ့သည့် ဧရာဝတီသပိတ် စစ်ကြောင်းတွင် ပါဝင်ခဲ့သော အသက် ၁၇ နှစ်အရွယ် သပိတ်မှောက်ကျောင်းသူ မချောစုစံမှာ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို အောင်မြင်ခဲ့ပြီ ဖြစ်သည်။

ပုသိမ်မြို့၊ အထက(၁) မှ စာမေးပွဲဖြေဆို အောင်မြင်ခဲ့သော မချောစုစံက စစ်သူနာပြု တစ်ယောက် ဖြစ်လိုသည်ဟု ပြောသည်။ သို့သော် အမှတ်ပေး အရည်အချင်းစစ် ပညာရေးခေတ်တွင် စစ်သူနာပြု တက္ကသိုလ် တက်ခွင့်ရရန် အမှတ်မီ နိုင်မည် မဟုတ်ဟု မချောစုစံက ယူဆသည်။
ဆယ်တန်းစာမေးပွဲ အောင်မြင်ပြီး ဘဝတစ်ဆစ်ချိုး လျှောက်လှမ်းရတော့မည့် မချောစုစံ၏ ရည်မှန်းချက်များ၊ ခံစားချက်များကို သိရှိနိုင်ရန် မဇ္ဈိမက ဆက်သွယ်မေးမြန်းထားသည်။

မေး။ ။ ဒီနေ့ အောင်စာရင်း သွားကြည့်ဖြစ်သေးလား။
ဖြေ။ ။ ဟုတ်ကဲ့။ သွားကြည့် ဖြစ်ပါတယ်။ အောင်ပါတယ်ရှင့်။ ဂုဏ်ထူး မပါပါဘူး။ ရိုးရိုးပဲ။

မေး။ ။ အောင်စာရင်းကို ဘယ်သူတွေနဲ့ သွားကြည့်ကြတာလဲ။
ဖြေ။ ။ ညဦးပိုင်း ခြောက်နာရီလောက်ကနေ ကျူရှင်ကနေပြီးတော့ ထမင်းချက်စားဖို့ လူစုပါတယ်။ ဆရာတွေရယ်၊ သူငယ်ချင်းတွေ အကုန်လုံးရယ်။ ည ၁ နာရီလောက်ကျတော့ ဆရာက သူ (အောင်စာရင်း) ကြည့်ပေးမယ်ဆိုပြီး သမီးကို အိမ်ပြန် ပို့ပေးကြတယ်။ သမီးက အိမ်လည်းရောက်ရော ဘယ်လိုမှ အိပ်လို့ မရဘူး။ ရင်တွေ တအားခုန်ပြီးတော့။ အဲ့ဒါနဲ့ပဲ မေကြီးနဲ့ ဆိုင်ကယ်နဲ့ အပြင်ပြန် ထွက်တာ။ တစ်ညလုံး လုံးဝ မအိပ်ရသေးဘူး။ သွားကြည့်ဖို့လုပ်တော့ ဆရာက “ချောစု သမီးအောင်တယ်” တဲ့ ဆိုတော့ သမီးပျော်သွားတယ်။

မေး။ ။ ဆယ်တန်း အောင်တာကို မိသားစုတွေ၊ အဖေ၊ အမေတွေ အကုန်သိကြပြီလား။
ဖြေ။ ။ အကုန်လုံး သိပြီ။ မေကြီးတို့ကတော့ ပျော်တာပေါ့။ မေကြီးဆိုရင် မျက်ရည်တွေတောင် ဝဲတယ်။

မေး။ ။ ဆယ်တန်း အောင်ပြီဆိုတော့ အချိုးအကွေ့ တစ်ခုကို ရောက်ပြီပေါ့လေ။ ဆိုတော့ ဘာဆက်လုပ်ဖို့ ရှိလဲ။
ဖြေ။ ။ ကျောင်းဆက်တက်ဖို့ အစီအစဉ် ရှိပါတယ်။ ဘာကျောင်းတက်မလဲ ဆိုတာကတော့ ကိုယ့်အမှတ်အပေါ်မူ တည်ပြီးတော့ တက်ချင်တဲ့ ကျောင်းကို တက်ဖို့ ရှိပါတယ်။ အမှတ်ကတော့ သိပ်မကောင်းဘူးလို့ ထင်ပါတယ်။ ဒါပေမဲ့လည်း အောင်တယ်ဆိုတော့ သမီးကျေနပ်ပါတယ်။

မေး။ ။ အမှတ် မကောင်းဘူးလို့ ထင်တာက စာမေးပွဲမှာ သိပ်ပြီး မဖြေနိုင်ခဲ့လို့လား။
ဖြေ။ ။ စာမေးပွဲဖြေဖို့ နှစ်လအလိုမှာ သမီး (သပိတ်စစ်ကြောင်း) လိုက်ခဲ့တာလေ။ အဲ့ဒီ နှစ်လလောက်မှာ သမီးအဆက် ပြတ်သွားတာ။ စာမေးပွဲ နီးတော့ သမီး ဘာစာမှ မရသေးဘူး။ နဂိုက ကျက်ထားတဲ့ အခံရှိလို့ပဲ အောင်တာလို့ သမီး ထင်တယ်။ ကိုယ့်ကိုယ်ကိုယ် အောင်မယ်လို့တောင် မထင်ထားဘူး။ သင်္ချာနဲ့ Bio (ဇီဝဗေဒ) သိပ် မဖြေနိုင်ဘူး။

မေး။ ။ သပိတ် စစ်ကြောင်းထဲမှာရော စစ်ကြောင်းနားတဲ့အခါ စာမဖတ်ဖြစ်ဘူးလား။
မေး။ ။ ဖတ်တော့ ဖတ်ဖြစ်တာပေါ့။ ဒါပေမယ့် သမီးက သိပ်ပြီး စိတ်မပါတော့တာပေါ့နော်။ ကျက်တာတော့ ကျက်တာပါပဲ။ စိတ်သိပ် မပါတော့တာလေ။ အလုပ်ကလည်း တစ်ဘက်ရှိနေတော့။

မေး။ ။ အခု စာမေးပွဲအောင်ပြီဆိုတော့ သူငယ်ချင်းတွေနဲ့ အမှတ်တရ တစ်ခုခု လုပ်ဖို့ရှိလား။
ဖြေ။ ။ မသိသေးဘူး ရှင့်။ သမီးသူငယ်ချင်းတွေက အကုန်ရှုံးတယ်။ သမီးတို့ လမ်းထဲမှာဆိုရင် ဆယ်တန်းခြောက်ယောက် ရှိတာ သမီးတစ်ယောက်ထဲ အောင်တာ။

မေး။ ။ မိဘတွေကရော ညီမကို ဘာဆက်လုပ်စေချင်ကြလဲ။
ဖြေ။ ။ ပါကြီးနဲ့ မေကြီးနဲ့ကတော့ ကျောင်းဆက်တက်ဖို့ပြောတယ်။ ပြီးတော့ ကျောင်းသား ဖြစ်တဲ့အတွက် ကျောင်းသားကိစ္စပဲ လုပ်။ ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်းနဲ့မှ မရောယှက်စေနဲ့လို့တော့ သတိပေးတယ်။

မေး။ ။ ညီမကရော ဘာဖြစ်ချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်ရှိလား။
ဖြေ။ ။ သမီးရဲ့ ငယ်ငယ်ကတည်းက ရည်ရွယ်ချက်က ပညာတတ် တစ်ယောက်ဖြစ်ချင်တယ်။ အဲ့အထဲထဲမှာမှ သမီးက စစ်သူနာပြု ဖြစ်ချင်တာ အရမ်းပဲ။ အခုတော့ မဖြစ်ချင်တော့ပါဘူး။ စစ်သူနာပြုကလည်း အမှတ်က ၄၂၀ မှဆိုတော့ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။

မေး။ ။ မတ်လထဲမှာ စာမေးပွဲဖြေပြီး ကျောင်းပိတ်တော့ ဘာတွေ လုပ်နေလဲ။
ဖြေ။ ။ ဘာတွေလုပ်နေလဲဆိုတော့ ကွန်ပျူတာသင်တန်း တစ်ပတ်သွားတက်ပါတယ်။ အင်္ဂလိပ်စာ Speaking တစ်ပတ်သွားတက်ပါတယ်။ နောက်ပြီးတော့ ရန်ကုန်မှာ Voter Education သင်တန်း တစ်ခု သွားတက်ပါတယ်။

မေး။ ။ တက္ကသိုလ် တစ်ခုခုမှာ ကျောင်းတက်ရတော့မယ်ဆိုတော့ ပညာရေးလှုပ်ရှားမှုတွေမှာ ဆက်ပြီးပါဦးမလား။
ဖြေ။ ။ ရှိပါတယ်။ သမီးက အကသ (အခြေခံကျောင်းသားများသမဂ္ဂ) ကလေ။ သမီးနဲ့ ချိတ်ဆက်နေတာ ၁၂ မြို့နယ် လောက်ရှိပါတယ်။ သူတို့တွေနဲ့ အကုန်ချိတ်ဆက်ပြီးတော့ ဆက်လုပ်ဖို့ အစီအစဉ်တွေ အများကြီးရှိပါတယ်။

မေး။ ။ ပြင်ပေးဖို့ ညီမတို့ တောင်းဆိုခဲ့တဲ့ အမျိုးသား ပညာရေးဥပဒေက အခု ဘယ်လို အခြေအနေ ရောက်နေပြီလဲ။
ဖြေ။ ။ အစိုးရနဲ့ကတော့ လောလောဆယ် မူအားဖြင့် သဘောတူထားတဲ့အဆင့် ရောက်နေပြီလို့ လောလောဆယ် အဲ့လောက်ပဲ သိရပါတယ်။ နောက်ပြဿနာကတော့ နောက်အစိုးရတက်မှလို့ ထင်ပါတယ်။

မေး။ ။ ရပ်ကွက်နဲ့ မြို့က လူတွေက ကျောင်းသားလှုပ်ရှားမှုမှာ ပါခဲ့တဲ့ညီမနဲ့ ညီမရဲ့ မိသားစုအပေါ် ဆက်ဆံရေးက ဘယ်လိုရှိလဲ။
ဖြေ။ ။ ပုံမှန်ပါပဲ။ ဘာမှ မထူးခြားဘူး။ ပြောင်းလည်း မပြောင်းလဲဘူး။ သမီးတို့ ရပ်ကွက်ထဲက ဆိုရင် သမီးအဲ့လိုလုပ်တာ သိချင်မှ သိမှာ။ ဘာလို့လဲဆိုတော့ သမီးတို့ ရပ်ကွက်က အေးချမ်းတိတ်ဆိတ် တယ်။ တစ်အိမ်နဲ့ တစ်အိမ် သိပ်ပြီး စပ်စပ်ယှက်ယှက် မရှိဘူး။ သိတော့လည်း သိနိုင်ပါတယ်။ ဒါပေမယ့် မေးတာမြန်းတာတော့ မရှိဘူး။

မေး။ ။ သပိတ် စစ်ကြောင်းကနေ ပြန်သွားတော့ ကျောင်းက ဆရာ၊ ဆရာမတွေက ညီမကို ဘာပြောကြသေးလဲ။
ဖြေ။ ။ ဘာမှတော့ သိပ်မပြောပါဘူး။ ဒါပေမယ့် အမူအရာကတော့ ဆက်ပြီးတော့ မလိုက်စေချင်ဘူးပေါ့နော်။ စာကိုပဲ ဆက်သင်စေချင်တဲ့ ပုံစံမျိုးပေါ့။

မေး။ ။ သူငယ်ချင်းတွေကရော ညီမရဲ့ လုပ်ရပ်အပေါ် ဘာပြောကြသေးလဲ။
ဖြေ။ ။ သမီးသူငယ်ချင်းတွေကတော့ လုံးဝသဘောမတူဘူးပေါ့နော်။ သူငယ်ချင်းတချို့ဆို အဆက်အသွယ် ဖြတ်တာတောင် ရှိတယ်။ အခုကတော့ သူတို့လည်း နည်းနည်းနားလည်သွားပါပြီ။

မေး။ ။ ညီမရဲ့ မိဘတွေက ဘာအလုပ် လုပ်ကြလဲ။
ဖြေ။ ။ ပါပါးတို့က ဆေးသုတ်လုပ်ငန်း လုပ်ပါတယ်။ မေကြီးကတော့ ဘာမှ မလုပ်ဘူး။ ပါးပါးနဲ့ ကိုကြီးကတော့ အိမ်တစ်လုံးကို ဆေးသုတ်ဖို့ ကန်ထရိုက်ဆွဲတယ်။ ပြီးရင် အလုပ်သမားတွေကို ဦးစီးပြီး ပြန် (လုပ်) ခိုင်းတယ်။ တစ်ခါတလေကျရင် သူတို့ ကိုယ်တိုင် ဝင်လုပ်တယ်။

မေး။ ။ ညီမက မွေးချင်း မောင်နှမ ဘယ်နှစ်ယောက်ရှိလဲ။
ဖြေ။ ။ မွေးချင်း ခြောက်ယောက်ရှိပါတယ်။ သမီးက ဒုတိယမြောက်ပါ။ အစ်ကိုကတော့ ကိုးတန်းအောင်ပြီး ဆယ်တန်းကို နှစ်လလောက်ပဲ တက်ပြီး ထွက်လိုက်တာ။ သမီး ညီမလေးကတော့ ခြောက်တန်းရောက်ပြီ။ မောင်လေး နှစ်ယောက်ကတော့ တစ်ယောက်က သုံးတန်း၊ တစ်ယောက်က တစ်တန်း၊ အငယ်ဆုံးကတော့ အိမ်မှာပဲ။

မေး။ ။ လက်ရှိ ပညာရေးစနစ်အပေါ် ညီမက ဘယ်လိုမြင်လဲ။
ဖြေ။ ။ သမီးတို့ ကျောင်းသားတွေ တောင်းဆိုနေတာက ကိုယ်နဲ့ကိုက်ညီတဲ့ စံနှုန်းတစ်ခုကိုပဲ သတ်မှတ်ပြီး တောင်းဆိုနေတာပါ။ ဘာအကန့်မှ မရှိပါဘူး။ ပညာရေးတစ်ခုကိုပဲ ဦးတည်ပြီး တောင်းဆိုတာပါ။ ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်းရဲ့ ချုပ်ကိုင်မှုမှ မပါဘူး။ ကိုယ့်ယုံကြည်ချက်နဲ့ပဲ သမီးတို့ လမ်းပေါ်ထွက်ခဲ့ကြတာ။

http://www.mizzimaburmese.com/2013-10-20-16-34-56/item/45674-2015-06-07-04-28-41


ကျောင်းသားသမဂ္ဂသည်ဘယ်ပါတီတစ်ခုရဲ့မှ အစိတ်အပိုင်းမဖြစ်ပါစေနဲ့။ အဲ့ဒါဟာ သမဂ္ဂရဲ့ ဂုဏ်သိက္ခာနဲ့ဆိုင်တယ်။

ဒေါ်အောင်ဆန်းစုကြည်

Photo..Aung Aung Kyaw, 7days news journal

ရွေးကောက်ပွဲ ကျင်းပဖို့အချိန်က ၆ လခန့်သာ ကျန်တော့တဲ့အချိန် မှာ အစိုးရ အာဏာပိုင်များဘက်မှ ကျော်စော ထင်ရှားသူတွေကို စောင့်ကြည့်မှုတွေ ရှိလာသလို နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေကိုလည်း နည်းအမျိုးမျိုးနဲ့ ဖိနှိပ်မှုတွေကို ပိုပိုတိုးလာလို့နေပါပြီ။

ဦးသိန်းစိန် အစိုးရလက်ထက် နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ လူမှုရေး တက်ကြွလှုပ်ရှားသူတွေ အတိုင်း အတာတစ်ခုအထိ နိုင်ငံရေး၊ လူမှုရေး ကိစ္စတွေနဲ့ ပတ်သက်လို့ လှုပ်ရှားဆောင်ရွက်ခွင့် ပြုခဲ့ပေမယ့်လည်း ၂ဝ၁၅ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဖမ်းဆီးထိန်းသိမ်းမှု၊ စောင့်ကြည့် မှုတွေက ပိုတိုးလို့ လာနေပါတယ်။

အစိုးရအာဏာပိုင်တွေရဲ့ စောင့်ကြည့်ခံနေရတာနဲ့ ပတ်သက်လို့ ရန်ကုန် နာရေးကူညီမှု အသင်းက ဦးကျော်သူ ကလည်း သူ့ရဲ့လူမှုကွန်ရက်ဖေ့စ် ဘုတ်ပေါ်မှာ မတ်လ ၂၈ ရက်က ရေးသားထားပါသေးတယ်။

”အခုပဲ မကွေးကို ရောက်လို့ တာရာလင်းမှာ ထမင်းဝင်စားပါတယ်။ ကျွန်တော်တို့ ပခုက္ကူ ဟောပြောပွဲကို ပါလာတဲ့ ပြည်မြို့က မိုးမေတ္တာ နာကူအတွင်းရေးမှူး ညီညီအောင်ဆီကို အောင်လံမြို့က နာရေးအသင်းက ဖုန်းဝင်လာတယ်။ သူတို့ဆီ ဝင်ဦးမှာလားတဲ့။ ဒါနဲ့ကျွန်တော်တို့ ဒီဘက်လမ်းက သွားတာကို ဘယ်သူပြောလို့ သိတာလဲဆိုတော့ ရဲစခန်းက မေးလို့ပါတဲ့။ လမ်းတစ်လျှောက် ဂိတ်တွေကလည်း အရိပ်တကြည့်ကြည့်နဲ့ဗျာ။ ပြီးခဲ့တဲ့ တစ်ပတ်တုန်းကလည်း မုံရွာအပြန် ကားကို ဆိုင်ကယ်နဲ့ လိုက်တားပြီး အမေးခံရတယ်။ ၂ဝ၁၅ ရွေးကောက်ပွဲ နီးလာလေ အသွားကျပ်၊ အစားကျပ်၊ အနေကျပ်၊ အအိပ်ကျပ်၊ အပြောကျပ်၊ အရေးကျပ်ဖြစ်နေရ တဲ့ကျွန်တော့်ဘဝ”လို့ ဦးကျော်သူက ရေးသားထားတာပါ။

ဒါနဲ့ ပတ်သက်လို့ ဦးကျော်သူ စောင့်ကြည့်ခံရမှုကို မေးမြန်းကြည့်တော့ ”ဒီရက်ပိုင်း ပိုဆိုးလာတယ်။ နောက်က လိုက် ကားကိုတား၊ သတင်းရလို့ဆိုပြီး လုပ်ချင်သလိုလုပ်၊ အခုလည်းအောင်လံ ရောက်တော့ သင်္ချိုင်းကုန်းဝင် သင်္ချိုင်းကုန်းအထိ လိုက်တယ်။ ဘုရားသွားလည်း ဘုရား။ ကျွန်တော့်ကို ဖိအားပေးနေတော့ ကျွန်တော်လည်း စိတ်ကပေါက် လာတာပေါ့”လို့ မြန်မာသံတော်ဆင့်ကို ဖြေကြားခဲ့ပါတယ်။

အခုလိုမျိုး အရေးကြီးကာလတစ်ခု နီးလာပြီဆိုရင် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေ၊ လူမှုရေး တက်ကြွ လှုပ်ရှားသူတွေကို အာဏာပိုင်တွေက စောင့်ကြည့်တတ်တဲ့ အလေ့အထဟာ ဟိုအရင်စစ်အစိုးရ လက်ထက် ကတည်းက အတိုင်းပါပဲ။

အလားတူ ဇွန်လ ၂ ရက်က သာယာဝတီမြို့နယ် တရားရုံးမှာ အဖမ်းဆီးခံ ကျောင်းသားတွေကို ရုံးထုတ်တဲ့အခါ မီဒီယာသမားတွေနဲ့အတူ လာရောက်တဲ့ ကျောင်းသားတွေရဲ့မိသားစုဝင်တွေကို ထောက်လှမ်းဖို့အတွက် သတင်းသမား ဟန်ဆောင်ပြီး သတင်းရယူနေတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးကိုလည်း မီဒီယာသမားတွေက ဖော်ထုတ်နိုင်ခဲ့ ပါသေးတယ်။

ဒီလိုမျိုး စောင့်ကြည့်မှုတွေအပြင် လူသိများတဲ့ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေကိုလည်း အကြောင်းအမျိုးမျိုး၊ ဥပဒေအမျိုးမျိုးနဲ့ တရားစွဲ ထောင်ချမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်လာနေပါတယ်။

လက်ပံတောင်း မြေယာပဋိပက္ခမှာ လုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေ လက်ချက်နဲ့ ဦးခေါင်းသေနတ်ထိမှန် သေဆုံးခဲ့တဲ့ မိုးကြိုးပြင်ရွာသူ ဒေါ်ခင်ဝင်းသေဆုံးရမှုနဲ့ ပတ်သက်ပြီး တရုတ်သံရုံးရှေ့ ဆန္ဒဖော်ထုတ်မှုနဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်၊ ဒေါ်နော်အုန်းလှ၊ ကိုတင်ထွဋ်ပိုင်တို့ကိုလည်း တရားစွဲထောင်ချ ထိန်းသိမ်းထား ပါတယ်။

ထို့နည်းတူ တခြားသော နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ ဖြစ် တဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီရေးစဉ် ဆက်မပြတ် လှုပ်ရှားသူများ အင်အားစု MDCF (အထက်မြန်မာပြည်) တာဝန်ခံ ကိုသိန်းအောင်မြင့်၊ တစ်ကိုယ်တော် ဆန္ဒပြတဲ့ ရှေ့နေဦးဘမြင့် စတဲ့သူတွေကိုလည်း အခုဆိုရင် အာဏာပိုင်တွေက ဖမ်းဆီးအရေးယူထားပြီး ဖြစ်ပါတယ်။

ဇွန်လ ၂ ရက်ကလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ စာရေးဆရာ ထင်လင်းဦးကို သာသနာတော် ညှိုးနွမ်းစေမှုနဲ့ အမြင့်ဆုံးပြစ်ဒဏ် အလုပ်နဲ့ ထောင်ဒဏ်နှစ်နှစ် ချမှတ်ခဲ့ပါပြီး ဖြစ်ပါတယ်။

ဒါတောင် ဒီမိုကရေစီပညာရေး လှုပ်ရှားမှုအတွက် သပိတ်တိုက်ပွဲဝင်လို့ လက်ပံတန်းမှာ အဖမ်းခံခဲ့ရတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ ဝန်းရံသူတွေ မပါသေးဘူး။ အဲဒီ ကျောင်းသားတွေကို လက်ပံတန်းမှာ မဖမ်းခင်ကလည်း သူတို့ ရဲ့ နေအိမ် အနီးတစ်ဝိုက်ကနေ စောင့်ကြည့်တာမျိုးတွေ ရှိခဲ့တယ်လို့ ဖမ်းဆီးခံ ကျောင်းသား ခေါင်းဆောင်တွေက ထုတ်ဖော်ခဲ့ဖူးပါတယ်။ ဒါ့အပြင် ဖမ်းဆီးခံ ကျောင်းသားတွေကို လွှတ်ပေးဖို့အတွက် လုပ်ဆောင်တဲ့ မြင်းခြံ၊ ပုသိမ်စတဲ့ မြို့တွေက တက်ကြွလှုပ်ရှား သူတွေကိုလည်း ဒေသဆိုင်ရာ အာဏာပိုင်တွေက ပုဒ်မအမျိုးမျိုး တပ်လို့တရားစွဲ၊ ထောင်ချတာတွေကလည်း ဆက်တိုက် ဆိုသလို ဖြစ်ပေါ်နေပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးလုပ်လို့ ထောင်ကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ မရှိတော့ပါဘူးလို့ သမ္မတ ဦးသိန်းစိန်က တွင်တွင်ပြောနေပေမယ့် နိုင်ငံရေး အကျဉ်းသားဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ကိန်းဂဏန်း တွေအရ ဆိုရင် ဒီကနေ့အထိ အကျဉ်းကျခံရဆဲ ၁၅၈ ဦး၊ တရားစွဲဆို ခံထားရသူ ၉၁ ဦး၊ တရားရင်ဆိုင်နေရသူ ၄၇၈ ခန့် ရှိပါတယ်။

”ပိုပြီးတော့ ဖမ်းဆီးတာတွေ၊ ထောင်ချတာတွေ လုပ်လာတဲ့ အခါကျတော့ ရွေးကောက်ပွဲကဆိုရင် တိုင်းပြည်ရဲ့ အပြောင်းအလဲဖြစ်တယ်၊ အစိုးရတစ်ခုနဲ့တစ်ခု အပြောင်းအလဲ ဖြစ်တယ်။ ဆိုတဲ့အခါမှာ အဲဒီပါတီတွေရဲ့ အားနည်းချက်၊ အားသာချက်ကို ရွေးကောက်ပွဲကြီး သမာသမတ်ရှိအောင်လို့ ကြားဝင်ပြီးတော့ စောင့်ကြည့်မယ့် သူတွေ၊ ဝိုင်းဝန်း ထိန်းကျောင်းမယ့်သူတွေလိုတယ်။ အဲဒါကလည်း တက်ကြွလှုပ်ရှားသူတွေ လုပ်ရမှာဖြစ်တယ်။ အဲဒီဟာတွေကို ဖမ်းတယ်ဆိုတော့ သူတို့ကိုယ်သူတို့ ယုံကြည်မှုမရှိတဲ့ သဘောလား၊ နောက်ထပ် ထပ်မရမှာကို ကြောက်လို့ သူတို့ကို ဝေဖန်နိုင်တဲ့သူတွေကို အသံတိတ်အောင် လိုက်လုပ်နေတဲ့ သဘောလား။ ဒါဆိုလို့ရှိရင် ဒါမတရားမှု ရှိနေပြီ။ ရွေးကောက်ပွဲ မလုပ်ခင်ကတည်းက မတရားမှု တစ်ခုဖြစ်နေပြီ။ ပြောချင်တာကတော့ ဒီဖမ်းဆီးမှုတွေဟာ ၂ဝ၁၅ ရွေးကောက်ပွဲရဲ့ သမာသမတ်ကျမှု၊ လွတ်လပ်တရားမျှတမှုဆိုတဲ့ ပေတံအပေါ်မှာ သွားပြီးတော့ အမဲစက်ကြီးတစ်ခု ဖြစ်နေတယ်။ ဒီနိုင်ငံရေး အကျဉ်းသားတွေ ရှိနေသရွေ့ ဒီရွေးကောက်ပွဲသည် လည်း လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲ တစ်ခုလို့ ပြောလို့မရဘူး”လို့ မျိုးဆက်သစ်လူငယ်အဖွဲ့ Generation Wave မှ ကိုမိုးဃ်သွေးက သုံးသပ်ထား ပါတယ်။

အခုလိုမျိုး စောင့်ကြည့်မှုတွေ၊ ဖမ်းဆီးထောင်ချမှုတွေ ရှိနေပေမယ့် အစိုးရက ဘာသာရေး၊ လူမှုရေး ပြဿနာ တွေ ဖြစ်ပေါ်လာနိုင်အောင် ဟောပြော လုပ်ဆောင်နေသူ တချို့ကိုတော့ အာဏာပိုင်တွေက တစ်စုံတစ်ရာ အရေးယူခြင်းမရှိဘဲ အခုအချိန်အထိ လွှတ်ထားပေးဆဲပါ။ အဲဒီသူတွေထဲမှာ ရဟန်းသံဃာတော် အချို့လည်း ပါဝင်သလို နိုင်ငံရေးပါတီ တည်ထောင်ထားသူတွေ၊ စာရေးဆရာ အမည်ခံပြီး လှုပ်ရှားနေသူတွေ လည်း ပါပါတယ်။ သူတို့ဟာ အစိုးရရဲ့ တချို့သော လွဲမှားတဲ့ လုပ်ရပ်တွေကိုတောင် မှန်တယ်လို့ ပြောဆိုနေသူ တွေဖြစ်ပြီး လူထုအကြား အမြင်မှားတွေ ဖြစ်လာစေဖို့ ဖန်တီးနေသူတွေ ဖြစ်ပေမယ့်လည်း အာဏာပိုင်တွေက သူတို့ကို လွှတ်ထားဆဲပါ။ ဥပဒေအရ ထိန်းကျောင်းမှု ကင်းလွတ်ခွင့် ပေးထားဆဲပါ။

”တက်ကြွ လှုပ်ရှားသူတွေကို အပြင်မှာ မထားချင်လို့ အဲဒီလိုတွေ လုပ်တာ။ အပြင်မှာ ထားချင်မှတော့ လွှတ်ပေးလို့ရတဲ့ အမှုတွေပဲလေ။ သိပ်ပြီးအန္တရာယ်များတဲ့ အမှုတွေမဟုတ်ဘူး။ ရှင်းရှင်းပြောရင် နိုင်ငံတော် အစိုးရကို ဖြုတ်ချဖို့ အထိ သူတို့ အစီအစဉ်မရှိပါဘူး။ သူတို့ရဲ့ မကျေနပ်ချက်တွေကိုပဲ ပြောတာရှိတယ်။ တစ်ခုတော့ရှိ တယ်။၂ဝ၁၅ ရွေးကောက်ပွဲမှာ ဖမ်းခံရတဲ့ တက်ကြွလှုပ်ရှားသူတွေ အများစုက အာဏာရပါတီ ဖြစ်တဲ့ ပြည်ခိုင်ဖြိုးကို ကမ်ပိန်း လုပ်ပေးမယ့်သူတွေ တစ်ယောက်မှ မပါဘူးဗျ။ အဲဒါတော့ သေချာတယ်။ အဲဒီ တော့ ပြည်ခိုင်ဖြိုးကို ကမ်ပိန်းမလုပ်ပေးရင် အတိုက်အခံပါတီဖြစ်တဲ့ NLD ပါတီကို ကမ်ပိန်းလုပ်ပေးမယ့် သူကပိုများနေတယ်။ အဲဒီလိုတွေ ဖြစ်နေတဲ့အခါကျတော့၂ဝ၁၅ ရွေး ကောက်ပွဲမှာ အတိုက်အခံပါတီကို မဲဆွယ်ပေးမယ့် ပါတီဝင်မဟုတ်တဲ့ တက်ကြွလှုပ်ရှားသူတွေ အများစု အဖမ်းခံနေရတယ်လို့ မြင်ပါတယ်”ဟု လယ်သမား အရေးကူညီ ဆောင်ရွက်ပေးလျက်ရှိတဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဦးဝင်းချိုက ဆိုပါတယ်။

အခုလိုမျိုး နိုင်ငံရေး၊ လူမှုရေး တက်ကြွလှုပ်ရှားသူတွေကို ဥပဒေ အမျိုးမျိုးနဲ့ စောင့်ကြည့်ဖမ်းဆီးတာ လုပ်နေတဲ့ ဦးသိန်းစိန် အစိုးရဟာ တစ်ဖက်ကလည်း မျက်နှာကောင်းရစရာအဖြစ် ရွေးကောက်ပွဲကို တရားမျှတအောင် ဆောင်ရွက်သွားပါမယ်ဆိုပြီး လစဉ်မိန့်ခွန်းတွေမှာ ထည့်သွင်းပြောဆိုလေ့ ရှိပါတယ်။

ဒါ့အပြင် နိုင်ငံရေး အင်အားစုများ အားလုံးနဲ့ ပြည်သူလူထု တစ်ရပ်လုံးကို တိုက်တွန်း ပြောကြားလိုတာကတော့ လတ်တလော မျှော်မှန်းချက်အနေနဲ့ ရွေးကောက်ပွဲ မတိုင်မီ ကြားကာလ နိုင်ငံရေး တည်ငြိမ်မှုအတွက် အားလုံး ပူးပေါင်း ဆောင်ရွက်ဖို့ ဖြစ်ပါတယ်လို့ သမ္မတ ဦးသိန်းစိန်က သူ့ရဲ့ဇွန်လအတွက် လစဉ်မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားထားတော့ အခုလိုမျိုး တက်ကြွ လှုပ်ရှားသူတွေကို စောင့်ကြည့်တာ၊ အမှုဖွင့် ဖမ်းဆီးထောင်ချတာ တွေဟာ ကြားကာလ တည်ငြိမ်ရေးအတွက် လုပ်ဆောင်နေတာလားလို့ မေးခွန်း ထုတ်စရာတောင် ဖြစ်လာနေပါပြီ။

မည်သို့ပင် ဆိုစေကာမူ မပြေးသော်လည်း ကန်ရာရှိဆိုသလို လူမှုရေး၊ နိုင်ငံရေးနဲ့ ပတ်သက်တဲ့တက်ကြွ လှုပ်ရှားသူတွေကို အစိုးရ အာဏာပိုင်တွေက စောင့်ကြည့်တာတွေ ရှိနေပြီဆိုတာကို လက်ရှိ ဖြစ်ရပ်တွေက သက်သေပြနေပြီး ဖမ်းဆီးထောင်ချခံရမှု တွေကလည်း များသထက် များလာလို့နေပါပြီ။ ထို့နည်းတူ ရွေးကောက်ပွဲ ကလည်း နီးလာသထက် နီးလာလို့နေပါပြီ။

အခုလိုမျိုး အာဏာပိုင်တွေဘက်က စောင့်ကြည့်မှု၊ ဖမ်းဆီးအရေးယူမှုတွေ များသထက် များလာတာဟာ ၂ဝ၁၅ ရွေးကောက်ပွဲကို သမ္မတဦးသိန်းစိန် ပြောနေတဲ့အတိုင်း လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ လုပ်ပေးပါမယ်ဆိုတဲ့ စကားကို ပိုလို့တောင် သံသယထား စိုးရိမ်စိတ် များစေပါတယ်။

”ဒီလိုလုပ်နေတာတွေက မြန်မာနိုင်ငံရဲ့ အမှောင်ခေတ်လိုဖြစ်တဲ့ စစ်အာဏာရှင် အုပ်ချုပ်တဲ့ကာလ တုန်းကတော့ ဒါတွေကဘယ်လိုမှ ပြောလို့မရခဲ့ဘူး။ အခုကာလမျိုးမှာတော့ အမှောင်ခေတ်ရဲ့ အနိဋ္ဌာရုံတွေ ချုပ်ငြိမ်းဖို့လိုတဲ့ အချိန်မှာ ပြန်တွေ့နေတဲ့အတွက် ရွေးကောက်ပွဲပေါ်မှာ ပြည်သူတွေရဲ့ တရားမှမျှတ ပါ့မလား ဆိုတဲ့ စိုးရိမ်သောက စိတ်တွေကလည်းပဲ ပိုမိုလာတယ်” ဟု နိုင်ငံရေး အကျဉ်းသားများအတွက် အခမဲ့ ရှေ့နေ လိုက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ဆိုပြန်ပါတယ်။

လတ်တလော အခြေအနေတွေအရ အတိုက်အခံ နိုင်ငံရေးပါတီတွေ ကို ထောက်ခံ တဲ့ တက်ကြွ လှုပ်ရှားသူ တွေနဲ့ ပတ်သက်လို့ အစိုးရအာဏာပိုင်တွေက စောင့်ကြည့်တာ၊ အမှုဖွင့်ထောင်ချတာတွေ ဆက်တိုက် ဆိုသလို ဖြစ်လာပြီဖြစ်လို့ ရွေးကောက်ပွဲ မတိုင်မီ ကြားကာလ တည်ငြိမ်ရေးဆိုတာကို တလွဲအဓိပ္ပာယ်ဖွင့် သုံးနှုန်း နေသလားလို့ မေးခွန်း ထုတ်မိကြောင်းပါ။

အောင်ထွန်းလင်း

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

မဲပေးပိုင်ခွင့်ရှိသူကတော့ နိုင်ငံသား၊ ဧည့်နိုင်ငံသားနဲ့ နိုင်ငံသားပြုခွင့် ရသူတွေပါ . . . သူတို့ လ၀က,က ထုတ်ပြန်တဲ့အထဲမှာ ဒီ ၃ ချက်ထဲမှာ အကျုံးမ၀င်ရင် မဲပေးပိုင်ခွင့်မရှိဘူးဆိုတဲ့ အနေအထားမျိုး တွေ့ရတာပေါ့ . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ရန်ကုန်၊ ဇွန် ၂

၂၀၁၅ ခုနှစ်၊ မေ ၃၁ ရက်တွင် သက်တမ်းကုန်ဆုံးသော ၀ှိုက်ကတ် အစားထိုး အစိမ်းနုရောင် ကတ်ပြားတွင် မြန်မာနိုင်ငံသား ဥပဒေအရ နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူ စသည့်အချက် ၃ ချက် မပါဝင်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ချယ်က ဇွန်လ ၂ ရက်တွင် မြန်မာသံတော်ဆင့်သို့ပြောသည်။

ဝှိုက်ကတ်များအစား အသစ်ပြန်လည် ထုတ်ပေးမည့် အစိမ်းနုရောင် သက်သေခံ ကတ်ပြားကို ၁၉၄၉ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံ အတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေအရ ထုတ်ပေးခြင်းဖြစ်ပြီး ယင်းကတ်သည် မြန်မာနိုင်ငံသား ဥပဒေအရ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်ရသူတို့၏ အချက် ၃ ချက်တွင် ပါဝင်ခြင်း မရှိကြောင်းနှင့် ယင်းကတ်ကိုင်ဆောင်သူများ အနေဖြင့် မဲပေးပိုင်ခွင့် ရရှိရန် နိုင်ငံသားအဖြစ် စိစစ်ခံရမည့်အပေါ် ယခုကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။

““အဲဒါက မြန်မာနိုင်ငံသား ဥပဒေအရပေးတာ။ ၀ှိုက်ကတ်က လည်း နိုင်ငံသားဥပဒေထဲက မဟုတ်ဘူး။ သူ့ကတ် နာမည်က နိုင်ငံသား စိစစ်ကတ်ပေးသူ၏ သက်သေခံကတ်ပြားပဲ၊ ၀န်ကြီးပြောတဲ့ထဲမှာ ပါပြီးသား။ လက်ရှိကတော့ ၀န်ကြီး ပြောသလိုပဲလေ၊ နိုင်ငံသားစိစစ်ခံရမယ်။ အဲဒီကတ်ပြား ကိုင်တဲ့သူကတော့ နိုင်ငံသား စစ်ရဦးမယ်။ ကတ်ပေးတာကတော့ တို့တာဝန်ပဲလေ။ ဥပဒေနဲ့ ကတ်ပေးတာ။ မဲပေးခွင့်ပေးတယ်၊ မပေးတယ် ဆိုတာက မဲပေးခွင့်ကိုတော့ ဥပဒေက ကော်မရှင်ကရေးတဲ့ ဥပဒေ၊ ကော်မရှင်က ဥပဒေမှာ ပေးတယ်ဆိုလည်း ပေးပေါ့။ မပေးဘူးဆိုလည်း မပေးဘူးပေါ့””ဟု လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ချယ်က ပြောသည်။

လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မဲထည့်ဝင်နိုင်သူများ မှာ မြန်မာနိုင်ငံသား ဥပဒေအရ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့် ရသူဟူသည့် အချက် ၃ ချက်တွင် ပါဝင်မည့်သူများသာ မဲထည့်ဝင် ကြရမည်ဖြစ်ရာ ယခုအသစ်ပြန်လည် ထုတ်ပေးမည့် အစိမ်းနုရောင်ကတ် ကိုင်ဆောင်သူများ အနေဖြင့် ဖော်ပြပါအချက် ၃ချက်တွင် မပါဝင်သည့်အတွက် မဲပေးခွင့်ရမည် မဟုတ်ပေ။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ပြည်ထောင်စု ရွေးကောက်ပွဲကော် မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ““ကျွန်တော်တို့ ကော်မရှင်အနေနဲ့ မသိသေးဘူးပေါ့။ ကျွန်တော်တို့ ဥပဒေထဲမှာပါတဲ့ ဥစ္စာက မဲဆန္ဒရှင် ဖြစ်မယ်လေ။ ကျွန်တော်တို့ စာရင်းထဲမှာ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူပဲ ပါမယ်။ အစိမ်းနုရောင်ကတ်နဲ့ ပတ်သက်ပြီး ဥပဒေထဲမှာပါထားတဲ့ ၃ မျိုးထဲမှာ အကျုံးဝင်သလားပေါ့။ ၀င်ရင်တော့ စာရင်းကောက်ရမယ်လေ။ ၀င်လား မ၀င်လားဆိုတာ ကျွန်တော်တို့က မသိဘူး။ ကျွန်တော်တို့ ပြောတဲ့ ၃ ခုထဲမှာ တစ်ခုခု ဖြစ်မယ်ဆိုရင် ကျွန်တော်တို့ ၀င်တာပေါ့။ ဥပဒေနဲ့ညီရင် မဲပေးခွင့် ပေးရမှာပဲလေ။ မဲပေးပိုင်ခွင့်ရှိသူကတော့ နိုင်ငံသား၊ ဧည့်နိုင်ငံသားနဲ့ နိုင်ငံသားပြုခွင့်ရသူတွေပါ။ သူတို့ လ၀က က ထုတ်ပြန်တဲ့ အထဲမှာ ဒီ ၃ ချက်ထဲမှာ အကျုံးမ၀င်ရင် မဲပေးပိုင်ခွင့် မရှိဘူးဆိုတဲ့ အနေအထားမျိုး တွေ့ရတာပေါ့””ဟု ပြောသည်။

လက်ရှိအချိန်တွင် ၀ှိုက်ကတ် ကိုင်ဆောင်သူများမှာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဥပဒေ၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်ရွေးကောက်ပွဲ ဥပဒေများအရ ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံ ခွင့် မရှိသလို လွှတ်တော် ၃ ရပ်၏ ဆွေးနွေး ဆုံးဖြတ်ချက်များအရ မဲပေးပိုင်ခွင့်ကိုပါ ပယ်ဖျက်ထားပြီး ဖြစ်သည်။

““၀ိုက်ကတ် ကိုင်ဆောင်ထားတဲ့သူတွေဟာ သူတို့ဟာ နိုင်ငံသားလို့ လည်း ပြောလို့မရဘူးလေ။ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေ ရှိပါတယ်။ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေတွေ ရှိပါတယ်။ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်ပေါ့နော်။ ရွေးကောက်ပွဲ ဥပဒေတွေမှာ သူတို့ဟာ မဲပေးပိုင်ခွင့် မရှိတော့ပါဘူး။ သူတို့ဟာ နဂိုတည်းက ၀င်ရောက် ရွေးချယ်ပိုင်ခွင့်ကတော့ မရှိဘူး။ အခုက မဲပေးပိုင်ခွင့်ပါ မရှိတော့ပါဘူး။ ပယ်ဖျက်ပြီးဖြစ်ပါတယ်။ ဒါက ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့လည်း မညီဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးကလည်း အဲဒီအတိုင်းပဲ ဆုံးဖြတ်ထားပါတယ်။ အခု အစိမ်းရောင်ကတ်ကို ပေးထားတယ်။ အကျုံးမ၀င်ပါဘူး။ နိုင်ငံ သားဖြစ်ကြောင်း အသိအမှတ်ပြုတာ မဟုတ်ပါဘူး။ အစိမ်းနုရောင် ကတ်ဆိုတာက ယာယီ သက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများကို ပယ်ဖျက်တာမှာ လ၀က၀န်ကြီး ဌာနက ခွင့်ပြုဖို့ လွယ်ကူအောင်လို့ အမိန့်ကြော်ငြာစာနဲ့ ထုတ်ပြန်ပြီးတော့ ပေးထားတဲ့ အမှတ်အသား ဖြစ်ပါတယ်။ အကျုံးမ၀င်ပါဘူး””ဟု အမျိုးသားလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူးနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုး က ပြောသည်။

ရည်မွန်ဖြိုး

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald



မြန်မာပြည်သို့ ရောက်ရှိလာသူတိုင်း မဖြစ်မနေ စတွေ့ရမည်က မူးယစ် ဘိန်းရာဇာကြီး ပိုင် အေးရှားဝါး တည်ဆောက်ထားသော ရန်ကုန် လေဆိပ်ကြီးပင် ဖြစ်သည်။ မြန်ပြည်အနှံ ရောက်ခဲ့ဦးမည်ဆိုကလည်း အဆိုပါ ကုမဏ္ကီလုပ်ငန်းများဖြစ်သော ရေအားလျပ်စစ်အသုံးပြု ဆည်ကြီးများ၊ ဆိပ်ကမ်းများ၊ ရှန်ဂရီလား ဟော်တယ်အပါအ၀င် ဟော်တယ်ကြီးများ မတွေ့ချင်မှ အဆုံးပင်၊

လောလောဆယ်မတော့ အေးရှာဝါးနှင့် မူးယစ်လုပ်ငန်းများ အပြန်အလှန် ဆက်နွယ်နေဆဲဟူသော အထောက်အထားများ မတွေ့ရသေးသော်လည်း အသစ်ပြန်တည်ထောင်လာခဲ့သည့် တိုင်းပြည်စီးပွားရေးသည် အဆိုပါ ဘိန်းလုပ်ငန်းများမှ ရသော ၀င်ငွေများဖြင့် ကျောထောက်နောက်ခံပြုထားခဲ့တာတော့ ထင်ရှားပါတယ်။

ဘိန်းလုပ်ငန်းများမှ ရရှိခဲ့တဲ့ ၀င်ငွေတွေဟာ ရန်ကုန်ရဲ့ တိုက်တာ အဆောက်အဦးများ၊၊ လမ်းတံတား ဆောက်လုပ်ရေးတွေမှာ ရင်းနှီးမြှုပ်နှံဘို့ စီးမျောဝင်ရောက်လာတာ တွေ့ရပါတယ်။ မြို့တော်အတွင်း ကရိန်းဘွန်းများ၊ ကွန်ဒိုမီနီယံ ကြော်ငြာများ နေရာအနှံမှာ တွေ့နေရပါတယ်။

အိုဘားမား အစိုးရရဲ့ နိုင်ငံခြားရေးရာ အောင်မြင်မှုတခုအဖြစ် အမြဲလက်ညှိးထိုး ကြွားဝါစရာဖြစ်ခဲ့တဲ့ မြန်မာရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အဆိုပါ ဘိန်းအမှီပြုတဲ့ စီးပွားရေးက ခြိမ်းခြောက်လာနေတာ တွေ့ရပါတယ်။ အဆိုပါ လုပ်ငန်းများကို အမှီပြုပြီး အပေါ်ထပ်အဆောက်အအုံတွေ ဖေါ်ဆောင်လာတာနဲ့ အမျှ လာဘ်ပေးလာဘ်ယူမှုတွေ ထူပြောလာပြီး စစ်တပ်ရဲ့ သြဇာလွှမ်းမိုးလာရေးကို တွန်းအားပေးသလို ဖြစ်ခဲ့တာ တွေ့ရပါတယ်။

စီးပွားရေးကို တွင်တွင်ကျယ်ကျယ် တံခါးဖွင့်ပေးလာခဲ့တဲ့ လွန်ခဲ့သော ၄ နှစ်လောက်ကစပြီး ကုလသမဂ အစီရင်ခံစာထဲမှာ မြန်မာပြည်တွင်း ဘိန်းစိုက်ပျိုးမှု သုံးဆ တိုးမြှင့်လာတာ တွေ့ရပါတယ်။ မြန်မာစီးပွားရေး ကျွမ်းကျင်သူ သြစတေသျှ ပညာရှင် Sean Turnell က မူးယစ်ရာဇာများရဲ့ နှစ်စဉ်ဝင်ငွေ စုစုပေါင်းဟာ အမေရိကန်ဒေါ်လာ ၂ ဘီလီယံလောက်ရှိမယ်လို့ ခန့်မှန်းပါတယ်။

တိုင်းပြည်လူဦးရေရဲ့ ၁၅% လောက်သာ ဘဏ်မှာ account ဖွင့်ထားဆဲဖြစ်ပြီး အရောင်းအ၀ယ်လုပ်ငန်း အားလုံးနီးပါးကို ငွေသားနဲ့ပဲ ပေးချေနေဆဲမို့ အဲ့သည်ငွေတွေ ဘယ်ရောက်လို့ ဘယ်ပျောက်ကုန်တယ်ဆိုတာ ခြေရာခံဘို့ မဖြစ်နိုင်ပါဘူး၊
သို့သော်လည်း မြို့ကြီးအတော်များများမှာ အိမ်ယာဈေးတွေ တရိပ်ရိပ် ထောင်တက်ခဲ့တာကို ကြည့်ရင် အဆိုပါငွေတွေရဲ့ လက်စလက်နမကင်းဘူးဆိုတာ သိနိုင်တယ်လို့ ဆိုပါတယ်။

လူတိုင်းဟာ ငွေကို ခ၀ါချနေတာမို့ ပြီးခဲတဲ့ ၁၀ နှစ်အတွင်း ရန်ကုန်ရဲ့ တိုက်ခန်းဈေးတွေဆို အဆ ၆၀၀ လောက်မြင့်တက်ခဲ့ပြီး အခုဆို တပေပါတ်လည်ကို ပျှမ်းမျှ အမေရိကန်ဒေါ်လာ ၂၅၀ လောက် ဈေးပေါက်နေတာမို့ ဘန်ကောက်ရဲ့ လူဂုဏ်တန်ရပ်ကွက်ပေါက်ဈေးထက် ကျော်လွန်နေပြီလို့ အိမ်ယာမြေ ရောင်းဝယ်ရေး လုပ်ငန်းရှင် ဦးစိုင်းခွန်နောင်က ပြောပါတယ်။

တရားမ၀င် မူးယစ်ဆေးက လာတဲ့ ၀င်ငွေချည်းပဲလို့တော့ ပြောလို့မရသေးပါဘူး၊ အခြား ကျွန်းသစ်၊ ကျောက်စိမ်းနဲ့ အဖိုးတန် ကျောက်မျက်တွေ လက်သိပ်ထိုး ရောင်းဝယ်နေရာက ရတဲ့ ငွေတွေလည်း ပါ ပါသေးတယ်။

အိမ်ပွဲစား တဦးမှ အိမ်ဝယ်သူတဦးဆို ငွေချေဘို့ ဒေါ်လာ ၂ သိန်းလောက်နဲ့ ပမာဏတူငွေတွေကို ဆန်အိပ်ကြီးတွေထဲ ထည့်ပြီး သယ်လာရာမှာ အိတ်တအိတ်ကို လူ နှစ်ယောက်လောက် မယူရတယ်လို့ ဆိုပါတယ်။

အစိုးရ အနေနဲ့ အဲသလို ငွေခ၀ါချနေတာကို တိုက်ဖျက်နေတယ်ဆိုသော်လည်း တရားဥပဒေ စိုးမိုးမှု အားနည်းနေတာအပြင် အစိုးရမှာ အဲ့သလို ထိထိရောက်ရောက်လုပ်ဘို့ အရင်းအမြစ်တွေ လည်း မရှိပါဘူး၊ ဒ့ါအပြင် ယင်းငွေများရဲ့ မူလ လာရာ လမ်းကြောင်းဟာ တိုင်းရင်းသား လူနည်းစုများ ကြီးစိုးရာ နေရာတွေက ဖြစ်ပါတယ်။

အရင် အာဏာရှင်စနစ်ရဲ့ ဆိုးမွေများကြောင့် တိုင်းပြည်ရဲ့ ပညာရေးစနစ်ဟာ ဖျက်ဆီးခံခဲ့ရပြီး အရည်အချင်းရှိတဲ့ နိုင်ငံသားများ သန်းနဲ့ချီပြီး တိုင်းပြည်က ထွက်ခွာခဲ့ကြတဲ့အပြင် စီးပွားရေး နဲ့ ဘဏ်လုပ်ငန်းတွေဟာ ရှိသင့်တဲ့ အင်္ဂါ အစိတ်အပိုင်းတွေ ချို့ယွင်းနေဆဲပါ။

တရားမ၀င် ရရှိတဲ့ ငွေတွေအပေါ် စည်းမျဉ်းစည်းကမ်း ကန့်သတ်မှုတွေ ထုတ်ပြန်ထားပေမယ့် မသိချင်ယောင်ဆောင်နေတာ များပါတယ်။ အစိုးရ အကြံပေး အဖြစ် လုပ်နေတဲ့ ဦးတင်မောင်သန်းက တရားမ၀င် ငွေမဲတိုင်းကို ဖမ်းဆီးရမယ်ဆိုရင် ထောင် တောင် ဆန့်မှာ မဟုတ်လို့ ပြောပြပါတယ်၊


အေရှားဝါး ဆိုက ၎င်းတို့ရရှိထားတဲ့ ငွေတွေဟာ ဘိန်းလုပ်ငန်းတွေမှ ရတယ်ဆိုတာ ရပ်သိရွာသိပါ၊ ၂၀၁၃ က ကွယ်လွန်သွားတဲ့ လော်စစ်ဟန်ဆိုက အမေရိကန် အစိုးရမှ အရှေ့တောင်အာရှရဲ့ မူးယစ်ရာဇာကြီးလို့ ကင်ပွန်းတပ်ခံရသူပါ။ ၂၀၀၇ ခုနှစ်မှာ ပေါက်ကြားခဲ့တဲ့ အမေရိကန် သံရုံး အစီရင်ခံစာအရ တိုင်းရင်းသား လက်နက်ကိုင်များနဲ့ အပြစ်အခတ်ရပ်စဲရေးမှာ အကူအညီရဘို့ လော်စစ်ဟန်ရဲ့ ဘိန်းလုပ်ငန်းတွေကို အစိုးရမှ အတားအဆီးမရှိ လုပ်ခွင့်ပြုခဲ့တယ်လို့ ဆိုပါတယ်။ ဒါအပြင် လော်စစ်ဟန်နဲ့ စတီဗင်လောကို လမ်း၊ ဆိပ်ကမ်း နဲ့ အခြား အပေါ်ထပ်အဆောက်အအုံတည်ဆောက်ရေးတွေမှာ လုပ်ငန်းများ ချပေးခဲ့ပါတယ်။

အဲ့သည့်နောက်ပိုင်း ငွေတွေအမြောက်အမြားနဲ့ ရင်းနှီးမြှုပ်နှံမယ့် ကုမဏ္ကီတွေဟာ ဘယ်ကဘယ်လို ပေါ်လာကြမှန်းမသိ ပေါ်ပေါက်လာကြတယ်လို့အမေရိကန် ဒီအီးအေရဲ့ မြန်မာနိုင်ငံတာဝန်ခံဟောင်း John M, Wahlen က ဆိုပါတယ်။

အဆိုပါ ကုမဏ္ကီများထဲမှာ ယခင် အာရှဓနဘဏ်ကို ပိုင်ဆိုင်တဲ့ ဦးအိုက်ထွန်းရဲ့ ရွှေတောင်အုပ်စု ကုမဏ္ကီက ထင်ရှားပါတယ်။ ဦးအိုက်ထွန်း ရဲ့ တရားမ၀င် ရရှိထားတဲ့ ပိုင်ဆိုင်မှုတွေကြောင့် အမေရိကန် ဘဏ္ကာရေးဝန်ကြီးဌာနက ၂၀၀၃ ကတည်းက နံမည်ပျက်စာရင်း အသွင်းခံရသူပါ၊ (ရွှေတောင်အုပ်စု မှ တည်ဆောက်ခဲ့သည့် Junction Square ကို ပုံတွင်တွေ့ရစဉ်)

နောက်ကုမဏ္ကီတခုက Jewellery Luck ပါ၊ လွန်ခဲ့တဲ့ ၆ နှစ်က တိုင်ဝမ်ကို ပို့တဲ့ သစ်လုံးတွေထဲမှာ အကျအန ထွင်းထုပြီး ကာလတန်ဘိုး ဒေါ်လာသန်းပေါင်းများစွာတန်တဲ့ ဟီရိုးအင်း ထုပ် ၃၇ ထုပ်ကို ထဲ့ ပို့ရာမှာ လက်ပူးလက်ကျပ် မိခဲ့တဲ့အပြင် ရန်ကုန်ရှိ အိမ်မှာလည်း ဒေါ်လာ သန်း ၂၂၀ ဘိုး နောက်ထပ် ဟီရိုးအင်းတွေ သိမ်းဆည်းမိခဲ့ပေမယ့် လူ ငါးဦးသာ အဖမ်းခံခဲ့ရပြီး ကုမဏ္ကီဝန်ထမ်း တဦးတယောက်မှ အရေးယူခြင်း မခံရပါဘူး။ ကုမဏ္ကီ ဥက္ကဌ ဦးထွန်းထွန်းဦးက သူကုမဏ္ကီဟာ ဘိန်းလုပ်ငန်းတွေနဲ့ ငွေရေးကြေးရးအရ တပြားတောင် မပါတ်သက်ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။

ယခု အဆိုပါ ကုမဏ္ကီမှ ရွှေတိဂုံ ဘုရားအနီး ဆောက်လုပ်မယ့် အထပ် ၃၃ ထပ်မြင့်ပြီး မြန်မာပြည်တွင် အမြင်ဆုံးလို့ ယူဆရတဲ့ ကွန်ဒိုကို ဆောက်လုပ်ရန် ရှိနေပြီး အရောင်းအ၀ယ်အားလုံးကို ငွေသားနဲ့ပဲ ပေးချေစေတယ်လို့ သိရပါတယ်။ နေပြည်တော်တွင် အိုဘားမား လာခဲ့စဉ် တည်းခိုခဲ့တဲ့ Kempinski ဟော်တယ်ကိုလည်း တ၀က် ပိုင်ဆိုင်ထားပါသေးတယ်။

အိုဘားမား နဲ့ ကုမဏ္ကီ အမှုဆောင်တွေ ပြုံးပြုံးရွှင်ရွှင်နဲ့ အတူတွဲရိုက်ထားတဲ့ ဓါတ်ပုံကို ရန်ကုန်ရှိ ကုမဏ္ကီ ရုံးခန်းမှာ အကျ ချိတ်ထားတာကိုလည်း တွေရမှာ ဖြစ်ပါတယ်။

REF: Thomas Fuller/ The New York Times June 5 2015

BrainWave ဉာဏ်လှိုင်း

 hate-speech-620 "ဘာသာ သာသနာဖြင့် ငြိမ်းချမ်းရေးကို စောင့်ရှောက်ခြင်း" ခေါင်းစဉ်နဲ့ ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ ဇွန်လ ၇ ရက်နေ့က ဆွေးနွေးပွဲ ကျင်းပစဉ်

အမုန်းတရားကိုပြန့်ပွားစေတဲ့ အပြောအဆိုတွေဟာ ဘာသာသာသနာကို ဖျက်ဆီးနေသလိုဖြစ်နေကြောင်း မန္တလေးမြို့ မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော်က မိန့်ကြားလိုက်ပါတယ်။

ဘာသာကြီး ၄ ခုက ခေါင်းဆောင်တွေဟာ "ဘာသာ သာသနာနဲ့ ငြိမ်းချမ်းရေးကို စောင့်ရှောက်ခြင်း" ခေါင်းစဉ်နဲ့ ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ ဒီနေ့ ဆွေးနွေးကြတဲ့အခါမှာ ဆရာတော် ဘဒ္ဒန္တအရိယာဝံသာဘိဝံသက မိန့်ကြားခဲ့တာဖြစ်ပါတယ်။

"အခု မုန်းတီးရေးတရားတွေ ဖြစ်ပေါ်လာတာဟာ ဘာသာသာသနာကိုပျက်အောင် ဘေးကနေပြီးတော့ အမြင်မှားအောင်ဖျက်ဆီးသလိုဖြစ်နေတာ၊ ဘာသာသာသနာကိုဖျက်ဆီးရင် အပြင်ကဖျက်လို့မရဘူး ဆိုတာလည်း မကြာမကြာလည်း ဘာသာရေးပွဲတွေမှာ ဘုန်းကြီးပြောပါတယ်၊ အစ္စလမ်ပျက်အောင်လည်း အစ္စလမ်ထဲကပဲ လုပ်လို့ရတယ်၊ ဗုဒ္ဓဘာသာပျက်အောင်လည်း ဗုဒ္ဓဘာသာထဲကပဲ လုပ်လို့ရတယ်၊ ဒီ့ပြင်လူက ဖျက်လို့မပျက်ဘူး၊ နည်းနည်းတင်မပျက်ဘူး အတင်းဝင်ဖျက်မှပျက်မယ်၊ ဒါကြောင့် တစ်ခါတလေ ခက်တာက ကိုယ့်ဘာသာ ကိုယ့်ဘုန်းကြီးဆိုလို့ရှိရင် အမှန်ချည်း ဘုန်းကြီးတို့သက်မှတ်နေတာက ပိုပြီးတော့ အဲ့ဒီအပျက်ကိုပိုပြီးတော့ ဖြစ်ပေါ်စေတယ်လို့ ပြောရမှာပေါ့နော်၊ နောက်ပြီးတော့ ကိုယ့်ဘာသာထဲက ဒီလိုဟာမျိုး အမှားမျိုးကျတော့ မပြောကြတာဟာ ကိုယ့်ဘာသာ မပျက်စီးခြင်းရဲ့ အကြောင်းရင်းပဲ"

ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ ခရစ်ယာန်ဘုန်းတော်ကြီး ဒေါက်တာအေးမင်းကလည်း ဘာသာခြားတွေအပေါ် တိုက်ခိုက်ပြောဆိုမှုတွေကြောင့် လက်တွေ့ပြသနာခံစားရတာ ပြည်သူတွေဖြစ်ကြောင်း ပြောပါတယ်။

"မုန်းတီးရေးတရားဟာ ဘာသာတရားတွေရဲ့ အချင်းချင်းထဲမှာ ပြဿနာဖြစ်စေမဲ့ တကယ်ခံစားရတာ ပြည်သူ လူထုပါ၊ ဒါကြောင့်မို့လို့ ပြည်သူလူထုကြားမှာ ပိုပြီးတော့ ငြိမ်းချမ်းသွားအောင် ဘာသာတရားအနေနဲ့ ဘယ်လိုသွန်သင်မလဲ၊ ဘယ်လိုကိုယ့်ဘာသာနဲ့ကိုယ် ဘယ်လောက်ထိ ငြိမ်းချမ်းရေးကိုဖော်ဆောင်မလဲဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ"

ဒီနေ့ဆွေးနွေးပွဲကို ဗုဒ္ဓဘာသာ၊ အစ္စလမ်ဘာသာ ၊ခရစ်ယာန်ဘာသာနဲ့ ဟိန္ဒူဘာသာ စတဲ့ဘာသာရေး အဖွဲ့ အစည်းတွေက ခေါင်းဆောင်တွေက ဦးဆောင်ဆွေးနွေးခဲ့ကြတာဖြစ်ပြီး အရပ်ဘက်လူမှု အဖွဲ့အစည်းတွေ ကအဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။

RFA
http://www.rfa.org/burmese/news/hate-speech-affect-religion-06062015122215.html


၂ဝ၁၅ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုနဲ့ ပြည်သူ့ဂုဏ်ရည် အထူးဆုရှင်တွေရဲ့အမည်စာရင်းကို ဇွန်လ ၇ ရက် တနင်္ဂနွေနေ့ အမေရိကန် ပြည်ထောင်စု နယူးရောက်ပြည်နယ် ယူတီကာမြို့မှာ ကျင်းပမယ့်အခမ်းအနားမှာ ကြေညာသွားမှာဖြစ်ပါတယ်။ ဒီနှစ်အတွက် ပြည်သူ့ဂုဏ်ရည် ဆုရှင်အဖြစ် စကာတင် အရွေးချယ်ခံထားရတဲ့အထဲမှာ ဒီမိုကရေစီပညာရေး ပြုပြင်ပြောင်းလဲတဲ့လှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်တဲ့ အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေ ပါဝင်တာ တွေ့ရပါတယ်။ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။

ပြည်သူ့ဂုဏ်ရည်ဆုကို ၂ဝ၁ဝ ခုနှစ်ကစလို့ ရွေးချယ်လာခဲ့တာဖြစ်ပြီး ဒီနှစ်ပါနဲ့ဆို ၆ ကြိမ်မြောက် ချီးမြှင့်မယ့်ဆုလည်းဖြစ်ပါတယ်။ ၂ဝ၁၅ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုရှင်(၁) ဦးနဲ့ အထူးဆုရှင် (၂) ဦးတို့ကိုရွေးချယ်ထားပြီးလည်း ဖြစ်ပါတယ်။ နယူးယောက်ပြည်နယ် ယူတီကာမြို့ MOHAWK VALLEY COMMUNITY COLLEGE မှာကျင်းပမယ့် ဇွန်လ ၇ ရက်နေ့အခမ်းအနားမှာ ဆုရှင်အမည်စာရင်းကို ကြေညာမှာဖြစ်ပါတယ်။ ဆုရွေးချယ်ပုံနဲ့ပတ်သက်လို့ ယူတီကာမြို့က ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်ရေးအဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုထွန်းထွန်းက ရှင်းပြပါတယ်။

“ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်အထိကို ကျနော်တို့က ဌာနခွဲအသီးသီးပေါ့နော်၊ တင်လာတဲ့ဟာတွေကို Complaint လုပ်လာတဲ့ဟာတွေကို ကျနော်တို့က အွန်လိုင်း ရွေးချယ်စနစ်နဲ့လုပ်တယ်။ စတုတ္ထနှစ်ကနေစပြီးတော့ အဲလိုမလုပ်တော့ဘဲနဲ့ ဌာနခွဲအသီးသီးမှာရှိတဲ့ကိုယ်စားလှယ်တွေကနေပဲ ထင်သာမြင်သာတဲ့စနစ်နဲ့ ကျနော်တို့ရွေးချယ်ပါတယ်။ ဒီနှစ်မှာလည်း ဒီအတိုင်းပဲ ရွေးချယ်ပေးတာဖြစ်တယ်။”

ပြည်သူ့ဂုဏ်ရည်ဆုအဖွဲ့အစည်းကို အမေရိကန်ပြည်ထောင်စုမှာရှိကြတဲ့ မြန်မာနိုင်ငံသားတွေနဲ့ နိုင်ငံတကာမှာရောက်နေကြတဲ့ အခြား မြန်မာပြည်ဖွား တိုင်းရင်းသားမိသားစုတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး မြန်မာပြည်မှာ အများအကျိုးအတွက် ကိုယ်ကျိုးစွန့်ပြီး စွမ်းစွမ်းတမံ ဆောင်ရွက်နေကြသူတွေကို နှစ်စဉ်ရွေးချယ်ပြီး ပြည်သူ့ဂုဏ်ရည်ဆုကို ချီးမြှင့်နေတာပါ ။ ပြည်သူ့ဂုဏ်ရည်ဆုရှင်ကြေညာမယ့် အခမ်အနားအကြောင်း မေးမြန်းတဲ့အခါ ကိုထွန်းထွန်းက ခုလိုဖြေကြားပါတယ်။

“အစီအစဉ်တွေကိုကတော့ ၁၁ နာရီမှာ life စပြီးတော့ပေးမယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ဌာနခွဲအသီးသီးတွေက အကုန်လုံး အဲဒီမှာဆိုတော့ …ပြီးတော့ တနာရီမှာ အခမ်းအနားကို စပြီးတော့ ကျင်းပမယ်ဗျာ။ တနာရီကနေ ငါးနာရီအထိ ကျင်းပမှာဖြစ်တယ်။”

မေး။ ။ အဲဒီတော့ ဆုရှင် ဘယ်နှစ်ဦးရွေးမလဲ၊ ဘယ်လို ဆုရှင်တွေ ရွေးမှာပါလဲ။

ဖြေ။ ။ ကျနော်တို့ ဒီ ၂၀၁၀ စတည်တဲ့နှစ်မှာကတည်းက ပြည်သူ့ဂုဏ်ရည်ဆု အပါအဝင် အထူးဆုကို စပြီး ရွေးချယ်ပေးပါတယ်။ အထူးဆုကို နှစ်ဆု ကျနော်တို့ ရွေးချယ်ထားပါတယ်။ အားလုံးသုံးဆုပေါ့နော်၊ အဲဒါကို ကျနော်တို့ စီစဉ်ထားပါတယ်။

မေး။ ။ ဟုတ်ကဲ့၊ အဲဒီတော့ ဆုရတဲ့သူတွေကို ဘယ်လိုမျိုးဆုတွေ ပေးမှာပါလဲ။

ဖြေ။ ။ နှစ်စဉ် ကျနော်တို့က ပြည်သူ့ဂုဏ်ရည်ဆုရှင်တွေကို ငွေသားအားဖြင့်တော့ ဒေါ်လာ ၁ သောင်း ကျနော်တို့က ဆုချီးမြှင့်ပါတယ်။ ဒါနဲ့အတူ ကျနော်တို့က ပြည်သူ့ဂုဏ်ရည်ရဲ့အမှတ်တံဆိပ်ဆုပါ ချီးမြှင့်တာပေါ့နော်။ အထူးဆုတွေကိုတော့ ကျနော်တို့က ဒေါ်လာ ၁,၀၀၀ စီ ဆုချီးမြှင့်ပါတယ်။

မေး။ ။ ဟုတ်ကဲ့။ အဲဒီတော့ ဒီနှစ်မှာ အမည်စာရင်းတင်သွင်းခံရတဲ့သူတွေ ဘယ်သူတွေ တစ်ပြေးနေတာ ရှိပါလဲ။

ဖြေ။ ။ ဟုတ်ကဲ့။ ကျနော်တို့ ရွေးချယ်ရေးစနစ်အရ ကျနော်တို့က ပြည်တွင်းထဲက nominate လုပ်လာတာတွေရော၊ ဌာနခွဲအသီးသီးကနေပြီးတော့ တင်ထားတာတွေကို အကုန်လုံး မဲစနစ်နဲ့ဆုံးဖြတ်ပြီးတော့မှ ဆန်ခါတင်အနေနဲ့ ဒီနှစ် ကျနော်တို့က သုံးဦးကို တင်ထားပါတယ်။ သုံးဦးကတော့ - ၂ ဖွဲ့နဲ့ ၁ ဦး ပေါ့ဗျာ၊ ပြောရရင်တော့ NNER ပါတယ်ဗျ။ ဒေါက်တာသိန်းလွင်တို့ဦးဆောင်တဲ့အဖွဲ့ပေါ့၊ နောက်တခါ ဗကသပင်မစစ်ကြောင်းရယ်၊ ပုဂ္ဂိုလ်အားဖြင့်ဆိုရင်တော့ မဖြိုးဖြိုးအောင်ပေါ့နော်၊ အဲဒီသုံးဦးကို ကျနော်တို့က ဆန်ခါတင် ရွေးချယ်ထားပါတယ်။

ဒီ၂ဝ၁၅ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုရှင်အဖြစ် ဗကသများအဖွဲ့ချုပ်ခေါင်းဆောင်ဖြစ်တဲ့ မဖြိုးဖြိုးအောင် ရရှိလိမ့်မယ်လို့ ခန့်မှန်းသူတွေက ပိုများ ပါတယ်။ ပထမဆုံးအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုကိုတော့ နာရေးကူညီမှုအသင်း စတင်တည်ထောင်သူ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဦးကျော်သူကို ချီးမြှင့်ခဲ့တာဖြစ်ပြီး အဲဒီနောက်မှာတော့ ထောင်ဝင်စာတွေ့မယ့်သူမရှိတဲ့ အကျဉ်းသားတွေအတွက် ထောင်ဝင်စာကူညီ တွေ့ပေး ခဲ့တဲ့ NLD ပါတီအဖွဲ့ဝင် ဒေါ်ရှု၊ လူငယ်ဖွံ့ဖြိုးရေးနဲ့ ပရဟိတတွေ လုပ်နေတဲ့ Kachinland သတင်းဌာနက လဖိုင်နော်မိန်းနဲ့ NLD ပါတီ ပညာရေးကွန်ယက်တို့ကို တနှစ်စီ ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

VOA
http://burmese.voanews.com/content/citizen-of-burma-award-for-2015-/2810299.html


ဒီကိစ္စမှာ ဒီလူတွေဟာ လှေစီးဒုက္ခသည်တွေဖြစ်တဲ့အတွက် ဒုက္ခသည်တွေအနေနဲ့ပဲမြင်လို့ရတယ် ....။
လူသားချင်းစာနာတဲ့အနေနဲ့ ကူညီသင့်တာကိုပဲ ကူညီပြီး သူတို့လာခဲ့တဲ့အရပ်ဆီပြန်ပို့ရမယ်....။
လိုအပ်တဲ့အကူအညီအပြည့်အဝပေးပြီးပြီပဲ ..သူတို့ကိုဒုက္ခသည်တွေအဖြစ်ပဲသတ်မှတ်ပါတယ်...၊မြန်မာနိုင်ငံသားတွေအဖြစ်လက်မခံနိုင်ပါဘူး...။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကလက်မခံသလို မြန်မာပြည်သူပြည်သားများကလည်း လုံးဝလက်ခံမှာမဟုတ်ဘူး..။
ဒီထက်ပြောလို့မရရင် လွယ်ပါတယ်..မင်းတို့လာခဲ့တဲ့လမ်းကိုပြန်တော့ဆိုပြီးတော့ ပင်လယ်ထဲပြန်လွှတ်လိုက်ရုံပေါ့...ဒါပဲရှိတော့တယ်။
လူသားချင်းစာနာထောက်ထားနေလို့လဲဒီလောက်သည်းခံနေတာ နောက်ပြီးလာတဲ့လူတိုင်းကို ရခိုင်ကလက်ခံရမယ်ဆိုတာသဘာဝမကျဘူး..။
သူ့ဟာသူပင်လယ်ထဲမျောပါပြီးမြန်မာနိုင်ငံရောက်လာာတာနဲ့မြန်မာနိုင်ငံသားဖြစ်လာစရာအကြောင်းမရှိဘူး လက်ခံဖို့လည်းမဖြစ်နိုင်ဘူး...။

လူ့အခွင့်ရေးလို့အော်နေတိုင်းလဲလက်ခံလို့မရဘူး မြန်မာနိုင်ငံကပြည်သူပြည်သားတွေရဲ့ဆန္ဒကိုလေးစားရမယ် ဦးစားပေးရမယ်...။

လူ့အခွင့်အရေးလို့တကြော်ကြော်အော်နေတဲ့ အမေရိကန် ဒီလူတွေကိုခေါ်ပြီးနေစရာပေးလိုက်ပါလား သူတို့နိုင်ငံမကျဉ်းပါဘူး လက်ခံလိုက်ပါလား...။

ဒီလူတွေကိုရခိုင်ကပါလို့စွပ်စွဲနေတာကိုကသဘာဝမကျဘူး သူတို့ရခိုင်ကလာတာပါဆိုရင် ဘယ်နေရာကလာသလဲမေးကြည့်ကြပါ..သူတို့ရေလည်အောင်ဖြေနိုင်မှာမဟုတ်ဘူး...။
ရွေးကောက်ပွဲနီးလာပြီ ကြီးကြီးမားမားပြသနာမဖြစ်စေချင်ဘူး....။

မြန်မာနိုင်ငံလူတွေ ထိုင်းဘက်ထွက်ပြေးကြတုန်းက မြန်မာတွေကိုထိုင်းနိုင်ငံသားလို့မသတ်မှတ်ပါဘူး ..ဒုက္ခသည်လို့ပဲခုချိန်ထိသတ်မှတ်ထားတုန်းပါ.. နောင်လာည်းထိုင်းနိုင်ငံသားလို့သတ်မှတ်မှာမဟုတ်ပါဘူး..
 .ဒီသဘောပါပဲ....။

အကျဉ်းထောင် တွေက
- အာဇာနည်သမိုင်းပြတိုက်တွေဖြစ်။

- အရက်ဆိုင် တွေက
- လူငယ် Center တွေဖြစ်။

- တရားရုံးက
- ပွဲစားတန်းဖြစ်။

- လယ်ကွင်းတွေက
- စစ်ရေးပြကွင်းတွေဖြစ်။

- ရဲစခန်းက
- အလှူခံမဏ္ဏပ်ဖြစ်။

- အစိုးရအဖွဲ့က
- လူရွှင် တော်တွေဖြစ်။

- ဘာသာရေးခေါင်းဆောင် တွေက
- စစ်ဆင် ရေးခေါင်းဆောင် တွေဖြစ်။

- တက္ကသိုလ်တွေက
- ကျက်ကသိုလ်တွေဖြစ်။

- အက်ကျူကေးရှင်းက
- ကျက်ကျူကေးရှင်းဖြစ်။

- လူတွေက
- ပို့ကုန်တွေဖြစ်။

- ဆေးရုံတွေက
- ဆင်းရဲသားပ ပျောက်ရေးဇုံတွေဖြစ်။

- အသုဘအိမ်က
- လောင်းကစားရုံတွေဖြစ်။

- ကွမ်းယာဆိုင် က
- ဆေးခန်း ဖြစ်။

- စစ်တပ်က
- အစိုးရ မွေးမြူရေးစခန်းဖြစ်။

- သြော် ခေတ် ခေတ်
- ဖြစ်ချင် ရာ ဖြစ် တဲ့ ခေတ်။

- သေနတ်က
- အရူးလက်ထဲရောက်နေသလို
- တိုင်းပြည်အခြေအနေ အရပ်ရပ်အတွက်
- မလွှဲသာမရှောင်သာအာဏာသိမ်းလိုက်ရသည်။

- Byး ဝေယံအောင်(ဓာတု)


ပုဒ်မ ၄၃၆ ပြင်ပါလို့ ပြောနေတာလည်း စစ်တပ်ကို လွှတ်တော်ထဲက ထွက်သွားပါလို့ တစ်ခွန်းမှ ပြောနေတာ မဟုတ်ဘူး။ ဒါပေမဲ့ ပြည်သူလူထု က ရွေးချယ် တင်မြှောက်တဲ့ လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းရဲ့ လုပ်ပိုင်ခွင့်ကိုတော့ အပြည့်အဝပေးဖို့လိုတယ်။ အဲဒါမှပဲ ဒီမိုကရေစီဆို တာ ဖြစ်လာမှာကိုးဗျ . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

သမ္မတ ဦးသိန်းစိန်၏ ဇွန်လရေဒီယို မိန့်ခွန်းတွင် ဖွဲ့စည်းပုံ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ဆွေးနွေးမှုများတွင် ပြည်ထောင်စု ဥပဒေပြုစာရင်းဇယား(၁)နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြု စာရင်းဇယား(၂) တို့ကို ပြင်ဆင်နိုင်ရန် ဦးစားပေး ညှိနှိုင်းလုပ်ဆောင်နေပြီး အစိုးရသက်တမ်း ၄ နှစ်အတွင်း လက်တွေ့၊ စမ်းသပ် လုပ်ဆောင်ချက်များအရ ရရှိသည့် အချက်အလက်များကို အခြေခံ၍ ယင်းဇယား(၁)နှင့်(၂) တို့ကို ပြင်ဆင်ရန် ဇွန်လအတွင်း လွှတ်တော်သို့ တင်သွင်း သွားမည်ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

အလားတူ ပြီးခဲ့သည့် မေလ ၂၉ ရက်က ပြည်ထောင်စု လွှတ်တော်တွင် လွှတ်တော်နာယက သူရဦးရွှေမန်းနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)မှ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးပါတီပေါင်း ၂ဝမှ ခေါင်း ဆောင်များ တွေ့ဆုံခဲ့ရာ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ၊ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြင်ဆင်သင့် ပြင်ဆင်ထိုက်သည် များကို ပြင်ဆင် သွားမည် ဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ရာ မည်သည့် ပုဒ်မများမှာ ပြင်ဆင်သင့် ပြင်ဆင် ထိုက်သည့် ဥပဒေများဟူ၍ ရှင်းလင်းပြတ်သားစွာ ပြောဆိုခဲ့ခြင်း မရှိပေ။

လက်ရှိအချိန်တွင် ၂ဝ၁၅ ရွေးကောက်ပွဲမတိုင်မီ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ အတိုက်အခံ နိုင်ငံရေးပါတီ အင်အားစုများနှင့် တိုင်းရင်းသားပါတီများက အရေးတကြီး ပြင်ဆင်စေလိုသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မများ မဟုတ်ဘဲ အရေးမကြီးသည့် အချက်အလက်များကို ပြင်ဆင်သွားရန် သမ္မတနှင့် ပြည်ထောင်စုလွှတ်တော် နာယကတို့က ကြိုးပမ်းနေသည့်အပေါ် ဝေဖန်ပြောဆိုမှုများ ထွက်ပေါ် လာခဲ့ရာ ယင်းဝေဖန် ပြောဆိုမှုများကို စုစည်း၍ မြန်မာသံတော်ဆင့်မှ ဖော်ပြ လိုက်ပါသည်။

ရှိန်းဝေနောင်

● ဒေါက်တာအေးမောင် (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)

သစ်ပင်တစ်ပင်ကို ကိုင်းဖျားကိုင်းနားလေးတွေကို ခုတ်ရုံနဲ့ ကျွန်တော်တို့ ဖွဲ့စည်းပုံ ပြင်ခြင်းမမည်ဘူးလို့ပဲ သုံးသပ်တာပေါ့။ အဲဒီလိုသဘောနဲ့ ကျွန်တော်တို့ မသွားဘူး။ ကျွန်တော်တို့ တိုင်းရင်းသား ပါတီတွေ ကလည်းလေ။ အနည်းဆုံး စစ်မှန်တဲ့ ပြည်ထောင်စု မူဘောင်တစ်ခုရဲ့ အခြေခံအရေးကြီးတဲ့ ပုဒ်မတွေကို ပြင်နိုင်ရမယ်။ အဲဒီလို ပြင်ခြင်းအားဖြင့် Referendum လုပ်ဖို့လိုအပ်တယ်။ Referendum လုပ်ကိုလုပ်ရမယ်။ အဲဒီအတွက် လိုအပ်တဲ့ ပုဒ်မတွေကို မပြင်ဘဲနဲ့ ဘယ်လိုမှ ဒီဖွဲ့စည်းပုံကြီးကို ပြင်လိုက်တယ်ဆိုတဲ့ အသုံး အနှုန်းကို ကျွန်တော်တို့ လက်မခံချင်ဘူး။ အဲဒီထဲမှာ ၄၃၆ လည်း ပါတာပေါ့ဗျာ။ ပြင်သင့် ပြင်ထိုက်တာကို ပြင်ရမှာပေါ့။ မပြင်သင့်ဘူး လက်ရှိကာလမှာဆိုတဲ့ ပုဒ်မတွေကိုမပြင်နဲ့ဦးပေါ့ဗျာ။ ဥပမာ တပ်မတော်သား အမတ်တွေ ဆက်ရှိချင်သေးတယ်ဆိုရင် ဆက်ရှိပေါ့။ အဲဒါနဲ့ ပတ်သက်တဲ့ ပုဒ်မတွေကို မပြင်ဘူးပေါ့ဗျာ။ မပြင်သေးဖို့အတွက် သဘောတူတယ်ပေါ့ဗျာ။ ကာလတစ်ခုအထိ ဒီအတိုင်း သွားမှာပေါ့ဗျာ။ ၄၃၆ ကို ပြင်ဖို့လိုသလားဆိုရင် ကျွန်တော်တို့အားလုံးက (ကိုယ်စားလှယ်)သုံးပုံနှစ်ပုံနဲ့ သွားမယ်လို့ ပြင်ဆင်ရေး ကော်မတီ အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော် တင်ပြီးပြီ။ အဲဒီမှာလည်း များရာအမတ်တွေက၊ များရာစု ပါတီတွေက ဒီအတိုင်း ထောက်ခံတာပဲ။ တပ်မတော်သား အမတ်တွေကပဲ မထောက်ခံတာလေ။

● ဦးထွန်းထွန်းဟိန် (ဗဟိုကော်မတီဝင်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ)

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟာ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်း သာယာဖို့၊ ငြိမ်းချမ်းရေး ရရှိဖို့ ဆိုလို့ရှိရင် ဒီဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ ဆောင်ရွက်လို့ မရပါဘူး။ ဒီနှစ်ချက်ကို လိုချင်တယ်လို့ ပြောလို့ရှိရင်တော့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ လိုပါတယ်။ ပြင်ဆင်ဖို့ အကောင်းဆုံးကတော့ ပုဒ်မ ၄၃၆ ကို ပြင်ဆင်တာ အကောင်းဆုံးပါပဲ။ သူက ဂိတ်တံခါးဖြစ်နေတော့ ဂိတ်တံခါးကို မဖြတ်ဘဲနဲ့တော့ ကျန်တဲ့အရာတွေကို အလွယ်တကူ ပြင်ဆင်နိုင်မှာ မဟုတ်ပါဘူးလို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြည်သူလူထုကို ချပြပါတယ်။ လူထုကလည်း ဘာနဲ့တုံ့ပြန်လဲလို့ ပြောလို့ရှိရင် ပုဒ်မ ၄၃၆ကို ပြင်ဆင်လိုတယ် ဆိုပြီးတော့ လက်မှတ်ပေါင်း ၅ သန်းပေါ့လေ။ လက်မှတ်ပေါင်း ၅ သန်း ဆိုတဲ့ နေရာမှာလည်း မဲပေးနိုင်သော ပြည်သူလူထု ၅ သန်းကနေ လက်မှတ်ထိုးပေးတာပါ။ မဲမပေးနိုင်တဲ့ နိုင်ငံသား တွေ မပါပါဘူး။ ဒါတွေကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်ကို တင်ပြပါတယ်။ ဒီလက်မှတ် ငါးသန်းကို တင်ပြထားပေမယ့် ခုအချိန်အထိ အကောင်အထည် မပေါ်ဘူးပေါ့လေ။ လွှတ်တော် ထဲမှာလည်း အကောင်အထည် မပေါ်ပါဘူး။ အစိုးရကို ပြောတဲ့အခါမှာလည်း အကောင်အထည် မပေါ်ပါဘူး။ ဖွဲ့စည်းအုပ်ချုပ်ပုံကို ပြင်လိုတဲ့ဆန္ဒ မတွေ့ရပါဘူး။ အဲဒီတော့ ကျွန်တော်တို့ ပြောလိုတာကတော့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ တိုင်းပြည် အေးချမ်းသာယာဖို့ဆိုရင် ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ရမှာပါ။ တကယ်လို့ ပြည်သူလူထုအနေနဲ့ ပြင်ချင်တယ် ဆိုလို့ရှိရင်တော့ ကိုယ့်အားကိုယ်ကိုးရလိမ့်မယ်။ ပြင်မယ်လို့ အဆိုပြုတဲ့ နိုင်ငံရေးပါတီတွေ မဲပေးမှသာဖြစ်မယ်။ ဒါမှသာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်နိုင် တော့မယ် ဆိုတဲ့ဟာက အခုနိုင်ငံတော် သမ္မတကြီးရဲ့မိန့်ခွန်းနဲ့ ၂၉ ရက်နေ့မှာ နာယကကြီးနဲ့ နိုင်ငံရေးပါတီ များရဲ့ တွေ့ဆုံဆွေးနွေးပွဲကနေပြီးတော့ ကြည့်လို့ရှိရင် ထင်ရှားရှင်းလင်း လာပါလိမ့်မယ်။

● ကိုဂျင်မီ (၈၈မျိုးဆက်၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)

ကျွန်တော်တို့ အဓိကထားပြီး ပြောချင်တာကတော့ ပုဒ်မ ၄၃၆ ပဲ။ ပုဒ်မ ၄၃၆ကို မပြင်နိုင်ဘူးဆို လို့ရှိရင် ဒီမိုကရေစီ နိုင်ငံတစ်ခုအဖြစ် ပြုပြင်ပြောင်းလဲတယ် ဆိုတဲ့အဓိပ္ပာယ် ဘယ်လိုမှမထွက်ဘူး။ ပြည်သူတွေက ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေ လုပ်ပိုင်ခွင့် အပြည့်အဝရှိမှ ဒီမိုကရေစီ အစစ်အမှန် ဖြစ်မှာကိုးဗျ။ ပုဒ်မ ၄၃၆ ပြင်ပါလို့ ပြောနေတာလည်း စစ်တပ်ကို လွှတ်တော်ထဲက ထွက်သွားပါလို့ တစ်ခွန်းမှ ပြောနေတာ မဟုတ်ဘူး။ ဒါပေမဲ့ ပြည်သူလူထုက ရွေးချယ်တင်မြှောက်တဲ့ လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းရဲ့ လုပ်ပိုင်ခွင့်ကိုတော့ အပြည့်အဝ ပေးဖို့လိုတယ်။ အဲဒါမှပဲ ဒီမိုကရေစီဆိုတာ ဖြစ်လာမှာကိုးဗျ။ အဲဒီတော့ ပုဒ်မ ၄၃၆ ကို မပြင်နိုင်ဘူးဆိုလို့ရှိရင် ဒီမိုကရေစီ ဖွဲ့စည်းပုံ ဖြစ်လာနိုင်စရာ အကြောင်းမရှိဘူး။ ဒီမိုကရေစီ ဖွဲ့စည်းပုံ အခြေခံဥပဒေ မဖြစ်ဘူးဆိုရင် တိုင်းပြည်က ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ရောက်မှာမဟုတ်ဘူး။ ဒီမိုကရေစီနိုင်ငံ မဖြစ်နိုင်ဘူး။

● ဦးစိုင်းညွန့်လွင် (အတွင်းရေးမှူး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်)

အခုကတော့ ၄၃၆ တို့ဘာတို့ ပြင်ဆင်ဖို့ကတော့ အလားအလာ တအားနည်းသွားပြီ။ ဘာကြောင့်လဲဆိုတော့ ၄၃၆ တို့ ဘာတို့က Referendum လုပ်ရမယ်လေ။ လူထုဆန္ဒခံယူပွဲ လုပ်ရမယ်လေ။ အခု မိုးလည်း ကျလာပြီဆိုတော့ လူထုဆန္ဒခံယူပွဲလုပ်လည်း အောင်မြင်ဖို့က သိပ်မလွယ်ဘူး။ (ဆန္ဒခံယူပွဲမှ ဖွဲ့စည်းပုံ ပြင်နိုင်မည့် မဲဆန္ဒရှင်ပမာဏ) ၃၃ သန်းရဲ့ တစ်ဝက်ကျော် ရရမယ်ဆိုတော့ ၁၇ သန်း ၁၈ သန်း လောက်ရမှ ဆိုတော့ အဲဒါလုပ်ဖို့ သိပ်မလွယ်တော့ဘူး။ လက်တွေ့ သဘောအရတော့ မလွယ်ဘူး။ ဒါပေမဲ့ လူထုဆန္ဒခံယူပွဲ မလုပ်ဘဲနဲ့ လွှတ်တော်ထဲမှာ တပ်မတော်သားတွေရဲ့ ထောက်ခံချက်နဲ့ ၇၅ ရာနိုင်နှုန်းကျော် ပြင်ဆင်နိုင်မယ့် ပုဒ်မတွေ ကျန်သေးတယ်။ ဒီအတွက်ပဲ မျှော်လင့်ချက် ရှိတော့တယ်။

● ဒေါက်တာသောင်းထွန်း (ငြိမ်းချမ်းရေးနှင့် လူမှုတရားမျှတမှုအဖွဲ့)

ဖွဲ့စည်းပုံ ပြင်ဆင်ရေးဟာ ပြည်သူတစ်ရပ်လုံး တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်တဲ့ ပြည်သူတစ်ရပ်လုံး လိုလားတဲ့ လိုလားချက် ဖြစ်ပါတယ်။ ဒါတွေကိုလည်းပဲ လက်မှတ် ၅ သန်းကျော် စုစည်းပြီးတော့ တင်ပြ ထားတာတွေလည်း ရှိတယ်ပေါ့။ နောက်တစ်ခုကတော့ ဒီမိုကရေစီ နိုင်ငံတော်ကို တည်ဆောက်မယ်ဆိုရင် လက်ရှိ ၂ဝဝ၈ ဖွဲ့စည်းပုံထဲက ဒီမိုကရေစီ အခြေခံမူတွေနဲ့ မကိုက်ညီတဲ့ ပုဒ်မတွေကို ပြင်ဆင်ရမှာ ဖြစ်ပါတယ်။ တစ်ခုတော့ ရှိပါတယ်။ ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆိုတာ လုပ်ငန်းစဉ် ဖြစ်ပါတယ်။ တစ်ဖက်ကတော့ မူပေါ့ဗျာ။ ရည်ရွယ်ချက်ကတော့ ၂ဝဝ၈ ဖွဲ့စည်းပုံသည် ဒီမိုကရေစီ အခြေခံမူတွေနဲ့ ကိုက်ညီပြီးတော့ နိုင်ငံသားတွေ အားလုံး၊ တိုင်းရင်းသားတွေ အားလုံးရဲ့ အခွင့်အရေးတွေကို အကာအကွယ် ပေးနိုင်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ ဖြစ်ဖို့ပေါ့။ လောလောဆယ်မှာတော့ လွှတ်တော်ထဲမှာ ပြင်ဆင်ရေးက ၇ဝ ရာခိုင်နှုန်းကျော်ရမှ ပြင်ဆင်လို့ ရမယ်ဆိုတဲ့ ပုဒ်မက အဟန့်အတား ဖြစ်နေပြီးတော့ တပ်မတော် ကိုယ်စားလှယ်များရဲ့ ပူးပေါင်း ဆောင်ရွက်မှုက အရေးကြီး နေတယ်ပေါ့။ ပြည်ထောင်စု လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ပြောတဲ့ ပြင်ဆင်မှုမျိုးတွေဟာ ဘယ်လောက် အတိုင်းအတာအထိ တပ်မတော်ရဲ့ ပူးပေါင်း ဆောင်ရွက်မှုမျိုး ရမလဲ။ ပြင်ဆင်မှုတွေ ဆွေးနွေးတဲ့အခါမှာ ဘယ်လောက် အရေးကြီး အချက်အလက်တွေကို ပြင်ဆင်ဖြစ်သလဲ။ ဒါကဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ လုပ်ပိုင်ခွင့်ရှိတဲ့ လွှတ်တော်ရဲ့ဂုဏ်သိက္ခာ ဖြစ်ပါတယ်။

● ဒေါက်တာ အာကာမိုးသူ (အထွေထွေအတွင်းရေးမှူး၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာ/ဆရာမများ အဖွဲ့ချုပ်)

တပ်မတော်ရဲ့သဘောထား၊ စစ်တပ် သဘောထားကတော့ စစ်တပ်အတိုင်းပဲ သူတို့ ပြတ်ပြတ်သားသား ပြောတယ်။ ၂၅ ရာခိုင်နှုန်းကို ထိတဲ့ ပြင်ဆင်ခြင်းကို သူတို့မလုပ်ဘူး။ အခြေခံဥပဒေကို ကာကွယ်မယ်လို့ပဲ အမြဲတမ်းပြောတယ်။ အဲဒီအလားအလာကိုက ပြုပြင်ပြောင်းလဲရေး သွားတဲ့အခါမှာ ခေါင်းချင်းဆိုင်ပြီးတော့ ဆွေးနွေးရမယ့် အပိုင်းတွေ ဖြစ်လာတယ်။ နိုင်ငံတော် ကာကွယ်ရေးနဲ့ အုပ်ချုပ်ရေး အပိုင်းထဲမှာ နိုင်ငံတော် ကာကွယ်ရေးသည် ကာကွယ်ရေးကိစ္စကို ဆောင်ရွက်ရမယ်။ နိုင်ငံတော် အုပ်ချုပ်ရေးပိုင်းဟာ အုပ်ချုပ်ရေး ပိုင်းကို ဆောင်ရွက်ရမယ် ဆိုတဲ့အခါမှာ ကျွန်တော်တို့ ရောထွေးနေတဲ့ပုံစံကို နည်းနည်းလေး ရှင်းရှင်းလင်းလင်း လုပ်ဖို့ အခြေခံဥပဒေထဲမှာတင် ရှင်းရှင်းလုပ်ဖို့ဆိုပြီးတော့ စဉ်းစားတယ်။ ဘာကြောင့်လဲ ဆိုလို့ရှိရင် အထက်အောက် ပြဿနာ ပေါ်နေတယ်လို့ မြင်တယ်။

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့အနီး လိပ်ကျွန်းတွင် မြန်မာ့ တပ်မ တော်(ရေ)မှ ယာယီစောင့် ရှောက် ထားသော လှေစီးဒုက္ခသည်များအား မေလ (၃၁)ရက်တွင်ပြည် တွင်းပြည်ပ မီဒီယာများမှ သတင်းနှင့် မှတ်တမ်းဓာတ်ပုံများကို သွားရောက်ရိုက်ကူး ရယူခဲ့ခြင်းကို တပ်မတော်(ရေ )မှ ဟန့်တားခဲ့သည့် အတွက်ရိုက်ယူ ထားပြီးသား ဓာတ်ပုံများ ပြန်ဖျက်ပေးခဲ့ရပြီး ထပ်မံ၍ ဓာတ်ပုံများ ရိုက်ယူခြင်းမပြု ရန် ကတိပြုလက်မှတ်များ ရေးထိုးခဲ့ရကြောင်း သတင်းရယူခဲ့သည့် မီဒီယာသမားများက မေလ ၂ရက်တွင် မြန်မာ သံတော်ဆင့်သို့ ပြောဆိုကြသည်။

အဆိုပါ လှေစီးဒုက္ခသည်များကို မေလ(၂၉)ရက်က ဖျာပုံမြို့နယ်၊ ဓမင်းဆိပ်ကျေးရွာအနီး ပင်လယ် ပြင်တွင် အမျိုးသား (၆၀၈)ဦး၊ အမျိုးသမီး (၇၄)ဦး၊ ကလေး (၄၅)ဦး ပါဝင်သည့်လှေ တစ်စီးမျှောပါနေသည် ကို မြန်မာ့ တပ်မတော်မှတွေ့ရှိ ကယ်ဆယ်ခဲ့ခြင်း ဖြစ်ပြီး၊ ဟိုင်းကြီးကျွန်းမြို့ရှိ ပမ္မ၀တီ ရေတပ်စခန်းဌာနချုပ်နှင့် ရေမိုင် (၃၅)မိုင်အကွာရှိ သမီးလှ ကျွန်း(ခ)လိပ်ကျွန်းအနီး ပင်လယ်ပြင်တွင် ယာယီထိန်းသိမ်း စောင့်ရှောက် ထား စဉ် နိုင်ငံခြားသတင်းဌာနများဖြစ်သော EPA ,AP, AFP, Reuters သတင်းဌာနများ၏ နိုင်ငံခြားသတင်းထောက် (၃)ဦး၊ ပြည်တွင်း သတင်းထောက်(၅)ဦးတို့မှ ယင်းနေရာသို့ စက်လှေငှား၍ သွားရောက်ကာ သတင်းနှင့်မှတ် တမ်းဓာတ်ပုံများ ရယူခဲ့ခြင်းကို မြန်မာ့တပ်မတော် (ရေ)မှ တွေ့ရှိကာ ခေါ်ယူစစ်ဆေး မေးမြန်းခဲ့ပြီး၊ ရိုက် ကူးရယူ ထားပြီးသော သတင်းဓာတ်ပုံများအား ဖျက်ဆီးစေခဲ့ကာ နောက်ထပ် ထပ်မံရိုက်ကူးခြင်း မပြုရန် ကတိပြုလက် မှတ်ရေးထိုးစေခဲ့ခြင်းဖြစ်သည်။…

““ကျွန်တော်တို့တွေ မေ(၃၀)မှာ ဟိုင်းကြီးကျွန်းကိုရောက်တော့ သတင်းယူဖို့ သက်ဆိုင်ရာနဲ့ ချိတ်တယ်၊ နောက် အချိန် စောင့်ရင်း စောင့်ရင်းနဲ့၊ မစောင့်နိုင်တော့လို့၊ ဟိုင်းကြီးကျွန်းအနီးမှာရှိတဲ့ ခမောက် မှော်ရွာက ငါးဖမ်းစက်လှေတစ်စီး ငှားပြီး လှေစီးဒုက္ခသည်တွေထား တဲ့ နေရာကိုသွားခဲ့တယ်၊ အဲဒီမှာ လှေစီးဒုက္ခသည်တွေ နဲ့သူတို့ စီးလာတဲ့လှေကိုတွေ့တယ်၊ နောက်ရေ တပ်ကသင်္ဘောတွေလဲ တွေ့တယ်။ ကျွန်တော်တို့လည်း ရသ မျှသတင်း ဓာတ်ပုံတွေရိုက်ယူပြီး၊ ပြန်လှည့် လာတော့ ရေတပ် သင်္ဘောပေါ်က လှမ်းခေါ်တယ်၊ နောက် ကျွန် တော်တို့ ကင်မရာတွေ ပေးဆိုလို့ပေးလိုက်ရတယ်၊ နောက် Reuters က ကိုစိုးဇေယျထွန်းကိုခေါ်လို့ သူတို့ သင်္ဘောပေါ်တက်သွားတယ်၊ အထက်က ညွှန်ကြားချက်အရဆိုပြီး ကျွန်တော်တို့ ကင်မရာထဲကပုံကို ဖျက်ခိုင်း တယ်၊ ဖျက်ပေးလိုက်ရတယ်၊ နောက်ထပ်ပြန်လာပြီး ဓာတ်ပုံ မရိုက်ဖို့ကိုလည်း၊ ကတိပြုလက် မှတ်ထိုးလိုက် ရတယ်၊ နောက်တော့ ကျွန်တော်တို့ကို ပြန်လွှတ်လိုက်တယ်””ဟု ပင်လယ်ပြင်သို့ ကိုယ်တိုင် သွားရောက်ခဲ့ သည့် EPA သတင်းဌာနမှ ဓာတ်ပုံသတင်းထောက် ကိုငြိမ်းချမ်းနိုင်က ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဟိုင်းကြီးကျွန်း ရေတပ်စခန်းသို့ ဆက်သွယ်မေးမြန်းရာ မိမိတို့အနေဖြင့် မည်သည့် သတင်းထောက် တစ်ဦးတစ်ယောက်ကိုမျှ ထိန်းသိမ်းထားခြင်းမျိုး၊ ရိုက်ပြီးသား ဓာတ်ပုံတွေ ပြန်ဖျက်ခိုင်းခြင်း မျိုး၊ လက်မှတ်ရေးထိုးခိုင်းခြင်းမျိုး၊ လုပ်ဆောင်ခဲ့ခြင်းမရှိပါဟု ဟိုင်းကြီးကျွန်းမြို့၊ ပမ္မ၀တီရေတပ် စခန်းဌာနချုပ် တွင် လက်ရှိတာဝန်ထမ်း ဆောင်ဆဲအမည်မဖော်လိုသူ ဗိုလ်မှူးတစ်ဦးမှ မြန်မာသံတော်ဆင့်သို့ ပြန်လည်ဖြေ ကြားခဲ့သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအေးကျော်အား သွား ရောက်တွေ့ဆုံ မေးမြန်းရာ““ဒီလှေစီး ဒုက္ခသည်တွေကိစ္စက ရေတပ်က ဆောင်ရွက်နေတာဖြစ်တဲ့အတွက် အန်ကယ်တို့ ဘာမှတိတိ ကျကျမသိရဘူးလေ၊ သိရသလောက်ကတော့ အဖွဲ့အစည်းတချို့ ကလည်း ဆန္ဒပြ မယ်ကြားတယ်၊ ဒီတော့ရခိုင်ဘက်ကို ပို့မယ် ကြားတယ်၊ ဟိုမှာက ကောင်စစ်ဝန်ရုံးတို့ စတဲ့သက်ဆိုင်ရာ အဖွဲ့ အစည်းတွေ ရှိတော့အဆင်ပြေတာပေါ့””ဟုသာ ပြန်လည်ပြောဆိုသည်။

ရဲရင့်ထွန်း(ပုသိမ်)

မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald


မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်မြို့ဖြစ်သည့် ယူနန်ပြည်နယ်တွင် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်က ကျည်အစစ်များဖြင့် စစ်ရေးလေ့ကျင့် မှုများ ပြုလုပ်နေခြင်း မှာ မြန်မာအစိုးရအား အသိပေး အကြောင်းကြားပြီး မှ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သမ္မတ ရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဇွန်လ ၄ ရက်တွင် မြန်မာသံတော်ဆင့်သို့ အတည်ပြု ပြောကြား သည်။

ယင်းသို့ တရုတ်စစ်တပ်ဘက်မှ စစ်ရေးလေ့ကျင့်မှု မှာ နှစ်နိုင်ငံ နယ်စပ်ပြဿနာ တင်းမာမှုများ ရှိနေခြင်းကြောင့် ဖြစ်နိုင်ကြောင်း ဒေသခံ များနှင့် နိုင်ငံရေး လေ့လာသုံးသပ်သူများက စိုးရိမ်မကင်း ဖြစ်နေချိန်တွင် အဆိုပါ ကိစ္စနှင့် ပတ်သက်၍ သမ္မတဦးသိန်းစိန်၏ သဘောထားကို မေးမြန်း ခဲ့ရာ ယခုကဲ့သို့ ပြောကြား လိုက်ခြင်း ဖြစ်သည်။

”အခု ကိုးကန့်နဲ့ ဖြစ်တဲ့ကိစ္စမှာ ကျွန်တော်တို့ အကြောင်းကြားတာ လုပ်တယ်။ အလားတူပဲ သူတို့ဘက် ကလည်း ကိုးကန့်နဲ့ဖြစ်နေတဲ့စစ်ပွဲ၊ အဲဒါနဲ့ ဆက်စပ်နေတဲ့ နယ်မြေမှာ လုပ်တယ်ဆိုတော့ အထင်အမြင် မှားစရာ နှစ်ပိုင်းရှိလာတာပေါ့။ တစ်ပိုင်းက ဒီဘက်မှာရှိတဲ့ မတည်ငြိမ်မှုတွေနဲ့ ဆက်စပ်နေလား၊ နောက်တစ်ပိုင်းက သူ့ရဲ့ လိုကယ် တည်ငြိမ်ရေးပေါ့နော်။ အဲဒီအပိုင်းတစ်ပိုင်း ရှိတယ်။ ကျွန်တော်တို့ဘက်က ကောင်းတယ် ဆိုတာက ဘယ်လိုလဲဆိုတော့ ကိုးကန့်ပေါ့နော်။ ကိုးကန့် မဟုတ်ဘူး။ ဖုန်ကြားရှင် သောင်းကျန်းသူ အဖွဲ့ပေါ့နော်။ ကိုးကန့်လို့ ပြောလို့မရဘူး။ သောင်းကျန်းသူအဖွဲ့က ဒီဘက်က တိုက်ပွဲတွေ ဖြစ်ပြီးတော့ ဟိုဘက်ကို ထွက်ပြေးပြီးတော့ ဝင်တာတို့ဘာတို့ ဖြစ်နိုင်တယ်။ ဖြစ်နိုင်တယ်ထင်လို့ လက်နက် ကိုင်ဆောင်ပြီး ဝင်ပြေးတာ၊ တရုတ်ဘက်မှာ ဖြစ်လာမှာကို ကန့်သတ် ပိတ်ပင်ထားတဲ့ သဘောနဲ့ပေါ့။ အဲဒီလိုလုပ်တယ်လို့ ယူဆနိုင်တယ်။ အမျိုးမျိုး ယူဆနိုင်တယ်။ ဒါက ကျွန်တော်တို့ဘက်ကို အကြောင်းကြားပြီး လုပ်တဲ့ကိစ္စ ဖြစ်တယ်။ နယ်စပ် တည်ငြိမ်ရေးနဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာမှာ သဘောတူညီချက်တွေ အများကြီးရှိတယ်။ အရင်တုန်းက သဘောတူညီချက်တွေ ရှိသလို သမ္မတကြီး လက်ထက်မှာလည်း သဘောတူညီချက်တွေ ရှိတယ်။ သိပ်ပြီးတော့ ကျွန်တော်တို့ဘက်က စိုးရိမ်ပူပန်တာတော့ မရှိဘူး။ လုပ်ရိုး လုပ်စဉ်အတိုင်း လုပ်တဲ့သဘောသာဖြစ်တယ်”ဟု သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက မြန်မာသံတော်ဆင့်သို့ ပြောသည်။

တရုတ်ဘက်မှ ပြုလုပ်သည့် အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် ကြည်းတပ်နှင့် လေတပ်တို့ ပူးပေါင်း လေ့ကျင့်မှုများ ပါဝင်မည်ဖြစ်ပြီး စစ်ရေးလေ့ကျင့်ရာ ဒေသတွင် လေယာဉ်များ ပျံသန်းခွင့်ပြုမည် မဟုတ်သလို မော်တော် ယာဉ်များ သွားလာပါကလည်း လမ်းကြောင်း ထိန်းချုပ်မှုများနှင့် ကြုံတွေ့ရမည် ဖြစ်ကြောင်း တရုတ်စစ်တပ်က ကြေညာထားသည်။

အဆိုပါ စစ်ရေးလေ့ကျင့်ရာ ဒေသသို့ ဒေသခံများကိုလည်း သွားလာခွင့်ပြု မည် မဟုတ်ဘဲ စစ်ရေး လေ့ကျင့်မှု နှင့် ပတ်သက်ပြီး မြန်မာဘက်သို့ အကြောင်းကြားထားပြီး ဖြစ်ကြောင်း၊ စစ်ရေးလေ့ကျင့်မှု ကာလမည်မျှ ကြာမြင့်မည်ကိုမူ ထပ်မံ ကြေညာသွားမည်ဖြစ်ကြောင်း တရုတ်အစိုးရပိုင် ဆင်ဟွာသတင်း၌ ဖော်ပြထားသည်။

ယခုကဲ့သို့ တရုတ်ဘက်မှ နှစ်နိုင်ငံနယ်စပ် အနီးတွင် စစ်ရေးလေ့ကျင့်မှု များ ပြုလုပ်ခြင်းကို ပြီးခဲ့သည့် မတ်လ အတွင်းက မြန်မာအစိုးရသို့ အကြောင်းကြားကာ ပြုလုပ်ခဲ့ဖူးကြောင်းလည်း ဦးဇော်ဌေးက ဆိုသည်။

ဇွန်လ ၂ ရက်က စတင်ပြုလုပ်သည့် တရုတ်တပ်များ၏ စစ်ရေးလေ့ကျင့်မှုတွင် စစ်ရေးလေ့ကျင့်မည့် စစ်သား ဦးရေ၊ သုံးစွဲမည့် လက်နက်အမျိုးအစားနှင့် မည်သည့်အချိန်တွင် စစ်ရေးလေ့ကျင့်မှု ပြီးဆုံးမည်ကိုမူ တရုတ် စစ်တပ်ဘက်မှ ထုတ်ပြန်ထားခြင်း မရှိပေ။

တရုတ်ဘက်မှ နှစ်နိုင်ငံနယ်စပ် အနီးတွင် စစ်ရေးလေ့ကျင့်မှု များ ပြုလုပ်လာခြင်း မှာ မြန်မာနှင့် ဖုန်ကြားရှင် ခေါင်းဆောင်သည့် ကိုးကန့်တပ်ဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ပိုင်း ပြုလုပ်လာခဲ့ခြင်း ဖြစ်ပြီး ယင်းတိုက်ပွဲများအတွင်း မြန်မာအစိုးရ တပ်ဘက်မှ ပစ်ခတ်သော လက်နက်ကြီး ကျည်များ တရုတ်ဘက်သို့ ကျရောက်သဖြင့် ထိခိုက် ပျက်စီးမှုများနှင့် လူသေမှုများ ဖြစ်ပွားခဲ့သေး သည်။

နှစ်နိုင်ငံ နယ်စပ်အနီးတွင် တရုတ်ဘက်မှ ယခုကဲ့သို့ စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်လာခြင်းမှာ မြန်မာ စစ်တပ်၏ လက်နက်ကြီး ကျည်ကြောင့် တရုတ်နိုင်ငံသားများ သေဆုံးရခြင်းအပေါ် တရုတ်ပြည်သူများ မကျေနပ်ခြင်း ကို ဖြေလျှော့သည့်အနေဖြင့် တရုတ်အစိုးရက စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်လာခြင်း ဖြစ်နိုင် သလို နှစ်နိုင်ငံနယ်စပ် တွင် တင်းမာမှု ရှိလာသည့် အခြေအနေကို ပြသနေခြင်း ဖြစ်ကြောင်းလည်း သုံးသပ်မှုများ ရှိသည်။

”အခုဟာကတော့ တိုက်ဆိုင်မှု မဟုတ်ပါဘူး။ ကျွန်တော့်အမြင်ကတော့ တရုတ်အစိုးရဟာ ဒီဘက် နယ်စပ် တွေမှာ လုပ်လေ့လုပ်ထ သိပ်မရှိပါဘူး။ အခုကျမှလုပ်တာပါ။ အရင်တုန်းက လုပ်တယ် ဆိုတာကလည်း အသေးအမွှားတွေပါ။ တောင်ရှိတဲ့နေရာမှာ လာပြီး လုပ်တယ်ဆိုတဲ့ အဓိပ္ပာယ်လောက်ပဲ။ အခုဟာက တမင်ကို နေရာ ရွေးချယ်မှုကော၊ အချိန်ရွေးချယ်မှုကောအရ ဗမာပြည်စစ်အစိုးရကို ဇောင်းပေးတယ်ဆိုတာ ရှင်းနေပါ တယ်။ တရုတ်ပြည်တွင်းမှာ ပြည်သူလူထု ကျေနပ်အားရအောင် လုပ်ပြတယ်ဆိုတဲ့ သဘောမျိုးဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီမှာတွေ့နေရတဲ့ တရုတ်တွေကလည်း ဒီလို လုပ်တာကို အားရတယ်၊ သဘောကျတယ်၊ သာမန် အရပ်သားတွေက။ သူတို့အစိုးရကလည်း သူတို့ အရပ်သား ကျေနပ်အောင် လုပ်ပေးတယ်၊ အရပ်သားကလည်း ကျေနပ်တယ်။ ဗမာပြည်အစိုးရ ဘက်ကနေပြီးတော့ တရုတ်အစိုးရ အပေါ်မှာ ရိုးရိုးသားသား မဖြေရှင်း ခဲ့တဲ့ကိစ္စ၊ တရုတ်အစိုးရကို သွားပြီးတော့ တိုးတိုးတိတ်တိတ် လျော်ကြေးပေးပြီးတော့ နောက်ဟာတွေ ကျတော့လည်း ဘူးကွယ်ပြီး ငြင်းတဲ့ဟာတွေကို တရုတ်ဘက်က မကျေနပ်ဘူးဆိုတာ ဖော်ပြတာ။ နိုင်ငံရေး ဆက်ဆံရေးတွေမှာ အခုအခြေအနေ ရောက်တယ်ဆိုတာ သံတမန် သဘောအရ ပြောမယ်ဆိုရင် အတော်မြင့်မားပါတယ်။ အဲဒီတော့ နယ်စပ်မှာ တင်းမာတယ် ဆိုတာမျိုးပြောရင် ရပါတယ်” ဟု တရုတ်နိုင်ငံတွင် နေထိုင်လျက်ရှိသူ ဗမာပြည်ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်းက သုံးသပ်ပြောဆိုသည်။

၎င်းက ဆက်လက်ပြီး ”ဗမာ အစိုးရဟာ ကိုးကန့်ကိစ္စကို တမင်ဖန်တီးနေတယ်။ ဖန်တီးတဲ့အခါမှာ အဲဒီက ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေကိုလည်း သိရဲ့သားနဲ့ ဗမာအစိုးရက ပျော်ပျော်ကြီး လုပ်နေတဲ့ သဘောမျိုး ရှိပါတယ်။ တရုတ်ပြည်ဘက်က ကြည့်လို့ရှိရင် သူတို့ဘက်က အင်မတန် ထိခိုက်တာ တွေ့ရတယ်။ လူတွေ သေတယ်၊ အများကြီးလည်း ဒုက္ခရောက်တယ်။ သူတို့ကလည်း ဒါကို မကြိုက်ဘူး။ တရုတ်မကြိုက်မှန်းလည်း သိရဲ့သားနဲ့လုပ်တာ။ တရုတ်ကလည်း အရှေ့ဘက်ပိုင်းမှာ စစ်ရေးအရ တော်တော် တင်းတင်းမာမာ ဖြစ်နေ တယ်။ ကျွန်းစုတွေကိစ္စတို့၊ အမေရိကန်နဲ့ ပြဿနာဖြစ်နေတဲ့ အခါမှာ အနောက်ကျောက ဒီလို ဖြစ်တယ်ဆိုရင် သူတို့လည်း စိတ်ပူမှာပဲဗျ။ အမေရိကန်ရဲ့ ခြေရာလက်ရာပါသလား၊ ဗမာအစိုးရက အမေရိကန်ကို မျက်နှာ လုပ်တာလား ဆက်စပ်တွေးမှာပဲ။ တရုတ်က ပေါ့ပေါ့ထားလိမ့်မယ်လို့ မထင်ဘူးဗျ။ မှားတာ၊ မှန်တာ အသာ ထား။ ဗမာပြည်သူလူထု အတွက်ကတော့ မကောင်းတဲ့ကိစ္စပဲ” ဟုဆိုသည်။

ဝိုင်းမော်

- မြန်မာနယ်စပ်တွင် စစ်ရေးလေ့ကျင့်နေသည့် တရုတ်တပ်မတော်မှ စစ်သားများအား တွေ့ရစဉ်။ Photo by http://www.scoopnest.com

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

 wa-soldiers-620 "ဝ" ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်

ရှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့အခြေစိုက် ခမရ ၅၉၁ တပ်ကို ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်က တပ်ရင်းနှစ်ရင်းနဲ့ ဝိုင်းထားပြီး အစိုးရနဲ့ညှိနှိုင်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဝ တပ်မတော် လက်အောက်ခံ သစ်ထုတ်လုပ်တဲ့အဖွဲ့က ၆ ဦးကို အစိုးရစစ်တပ်က ဖမ်းဆီးရာကနေ နှစ်ဖက် စစ်ရေးတင်းမာနေတာကို အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC ထံ တင်ပြပြီး ညှိနှိုင်းမှာဖြစ်တယ်လို့ UWSA ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က ပြောပါတယ်။

"ဒီလိုဖြစ်ရတဲ့ကိစ္စကို တြိဂံတိုင်းကလည်း ကျနော့်ဆီဖုန်းဆက်သေးတော့ ပြောပါတယ်၊ ပြေပြေလည် လည်ဖြစ်အောင်ပေါ့ ညှိနှိုင်းကြဖို့ပေါ့၊ ကျနော်တို့ဘက်ကလည်းဒီကိစ္စကို နေပြည်တော်ကို ၄ ရက်နေ့ကပေါ့ UPWC ဒု- ဥက္ကဌပေါ့ ဦးသိန်းဇော်ဆီကိုလည်း ဖုန်းဆက်ပါတယ်၊ သူက အစည်းအဝေးဝင်နေတဲ့အတွက် သူ့ရဲ့ PSO ဆီကို သေချာဆွေးနွေးပြီးတော့ တင်ပြလိုက်ပါတယ်၊ ဒါပေမဲ့ သူ့ PSO ကလည်း စာနဲ့တင်ပြပေး ဖို့ပြောပါတယ်၊ ဒါကြောင့်မို့လို့ ကျနော်တို့လည်း အခုလို စာတင်ဖို့ပြင်နေပါတယ်"

သစ်ထုတ်လုပ်သူတွေကို ရဲနဲ့ သစ်တောဝန်ထမ်းတွေက ဖမ်းဆီးတာကို လက်ခံပေမယ့် အစိုးရစစ်တပ်က ဝင်ရောက်ဖမ်းဆီးတာကို လက်မခံကြောင်း ဦးအောင်မြင့်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့က ပုံပါကျင်နဲ့ မိုင်းတုံမြို့နယ်ကြားမှာ သစ်ထုတ်လုပ်နေတဲ့ UWSA အဖွဲ့က ၁၆ ဦးကို အစိုးရစစ်တပ်က ဖမ်းဆီးလိုက်ပြီး ၁ဝ ဦးကို လွှတ်ပေးလိုက်ပေမယ့် ၆ ဦးကို ဖမ်းဆီးထိန်းသိမ်းထားဆဲ ဖြစ် တယ်လို့သိရပါတယ်။

အင်အား ၉ဝ လောက်ရှိတဲ့ မိုင်းတုံအခြေစိုက် ခမရ ၅၉၁ တပ်ကို ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့ကစပြီး ဝ တပ်ရင်းနှစ်ရင်းက ဝိုင်းထားတာဖြစ်ပါတယ်။

RFA