06/09/15

မင်းတို့ ရွေးကောက်ပွဲ မ၀င်နဲ့တော့။ စစ်ဘက်ကအရာရှိ ဗိုလ်ချုပ်တွေလာမှာ။ မဲဆန္ဒနယ်တွေ ချန်ထားရမယ်ဆိုပြီးပြော . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ရန်ကုန်၊ ဇွန် ၂

မေလ ၂၉ ရက်မှ ၃၁ ရက်နေ အထိ နေပြည်တော် ပါတီရုံးချုပ်တွင် ကျင်းပခဲ့သော ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်း အကြီးအမှူးပြုသော ဗဟိုကော်မတီ အစည်းအဝေး ကျင်းပပြီးနောက်ပိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ရွေးကောက် တင်မြှောက်ခံထားရသည့် အရပ်ဘက်လွှတ်တော် ကိုယ်စားလှယ် တချို့ကို လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် စစ်ဘက်ဆိုင်ရာ အရာရှိများ ယှဉ်ပြိုင်မည် ဖြစ်သဖြင့် ၎င်းတို့အား ၀င်ရောက် ယှဉ်ပြိုင်ခြင်း မပြုလုပ်ရန် သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းအလိုက် ဖွဲ့စည်းထားသည့် ပါတီအောင်နိုင် ရေးတာဝန်ရှိ ပုဂ္ဂိုလ်များက ဖိအားပေးလျက် ရှိသည်ဟု ပြည်ခိုင်ဖြိုးပါတီမှ အမည်မဖော်လိုသူ လွှတ်တော် ကိုယ်စားလှယ် တချို့က ဇွန်လ ၂ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

နေပြည်တော် ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်တွင် မေလ ၂၉ ရက်မှ ၃၁ ရက်ထိ ကျင်းပခဲ့သည့် ပါတီ ဗဟိုကော်မတီ စတုတ္ထအကြိမ် အစည်းအဝေးတွင်လည်း ယင်းလွှတ်တော် ကိုယ်စားလှယ်တချို့ကို ပါတီ ကိုယ်စားလှယ်လောင်း အဖြစ်မှ နုတ်ထွက်ရန်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိများက အဆိုပါ မဲဆန္ဒနယ်များတွင် ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်ဟု အသေးစိတ် ညွှန်ကြားမှုများ ရှိခဲ့သည်ဟု ၎င်းတို့က ပြောသည်။

““ကျွန်တော်တို့ကို မင်းတို့ရွေးကောက်ပွဲ မ၀င်နဲ့တော့။ စစ်ဘက်က အရာရှိ ဗိုလ်ချုပ်တွေလာမှာ။ မဲဆန္ဒနယ်တွေ ချန်ထားရမယ်ဆိုပြီး ပြောတာ”” ဟု ပြည်ခိုင်ဖြိုးပါတီဝင် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

ထိုကဲ့သို့ ရွေးကောက်ပွဲမ၀င်ရန် တားမြစ်ခံရသည့် လွှတ်တော် ကိုယ်စားလှယ် အများစုသည် နာမည်ပျက် ရှိသူများနှင့် အရပ်ဘက်မှ တက်လာပြီး ငွေကြေးအင်အား မပြည့်စုံသူများကို ဖယ်ရှားခြင်း ဖြစ်သည်ဟု ပါတီကော်မတီ အစည်းအဝေး တက်ရောက်ခဲ့သူ ကော်မတီဝင် တချို့က ပြောသည်။

ပြည်ခိုင်ဖြိုးပါတီ၏ ကိုယ်စားလှယ်လောင်း အဖြစ်မှ ဖယ်ရှားခံရသူ အများစုသည် အရပ်ဘက်မှ ၀င်ရောက် ယှဉ်ပြိုင်သူများ ဖြစ်သည်နှင့် စပ်လျဉ်း၍ ““ဘယ်သူမဆို ကိုယ်ကလျာထားတယ်။ စည်းရုံးရေးလည်း ဆင်းထားတယ်ဆိုရင် အကုန်အကျ ခံထားတယ် ဆိုတော့ ကိုယ့်နေရာကိုယ် လိုချင်တာပေါ့။ ဒါပေမဲ့ ဦးတို့က ဘယ်လို ခံယူထားလဲဆိုတော့ နံပါတ် ၁ က ကိုယ့်ကိုယ်ပိုင် အခွင့်အရေး၊ နံပါတ် ၂ က ပါတီအခွင့်အရေး၊ နံပါတ် ၃ က နိုင်ငံတော်အတွက် အခွင့်အရေး ဆိုတော့ လူကြီးတွေက သင့်တော်တဲ့ နေရာဆိုရင် လိုက်နာ ရမှာပေါ့။ အရပ်ဘက်က အများဆုံး ဖယ်ခံရတာကို သေချာတော့ မသိဘူး။ ကိုယ်က အရပ်ဘက်ကပဲ လျာထား တာလေ။ အခုတပ်က ၀င်လာတာဆိုတော့ ဖယ်ရှားခံရတာ အရပ်ဘက်က မှန်ပါတယ်””ဟု ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဦးစောထားလုံက မြန်မာသံတော်ဆင့်သို့ ပြောသည်။

““အစည်းအဝေးမှာ ကိုယ်စားလှယ် အနားပေးတဲ့ကိစ္စကို ကျွန်တော်တို့လည်း ကြားရတာပဲ။ အဖြေအတိအကျ မထွက်သေးပါဘူး။ ဒါတွေက ဆုံးဖြတ်ချက် မချရသေးပါ ဘူး””ဟု ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ရန်ကုန်တိုင်း လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတင်အောင်က ပြောသည်။

တပ်မတော် ဗိုလ်ချုပ်ကြီးများနှင့် တိုင်းမှူးများအဆင့်အထိ ပြည်ခိုင်ဖြိုးပါတီသို့ ၀င်ရောက်ကာ ရွေးကောက်ပွဲ ၀င်ရမည့်ကိစ္စနှင့် စပ်လျဉ်း၍ ၄င်းတို့ကို အထက်မှတစ်ဦးချင်း ခေါ်ယူပြောဆိုကြောင်း၊ တစ်ဦးချင်း ပြောဆိုသည့် စကားများကို အချိန်မတန်မီ ပြန်လည် မပေါက်ကြားစေရန် အစီအမံဖြစ်ကြောင်း တာဝန်မှ လတ်တလော အငြိမ်းစား ယူလိုက်သည့် ဗိုလ်ချုပ်တစ်ဦးက မြန်မာသံတော်ဆင့်သို့ ပြောကြားခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲ ကျင်းပရန် ၆ လသာ လိုတော့သည့် အချိန်တွင် ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်က မေလ ၁၅ ရက်၊ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးအပြီး သတင်းထောက် များနှင့် တွေ့ဆုံစဉ် ရွေးကောက်ပွဲဝင် မည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ စ၍ ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ထိ ၁၈ ဦး ရှိသည့်အနက် ထိပ်ပိုင်း ၅ ဦးချန်၍ ကျန် ၁၃ ဦးကို ပြည်ခိုင်ဖြိုး ပါတီ ကော်မတီသို့ ပို့ဆောင် အားဖြည့် ကာ ရွေးကောက်ပွဲ ၀င်ရောက်မည် ဖြစ်ကြောင်း သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက ထုတ်ဖော် ပြောကြား ခဲ့မှုများ ရှိခဲ့ပြီးနောက် ယခုကဲ့သို့ လွှတ်တော် ကိုယ်စားလှယ်တချို့ ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်ခြင်း မပြုတော့ရန် ဖိအားပေး ခံရခြင်းဖြစ်သည်။

ယင်းကဲ့သို့ ကိုယ်စားလှယ်များ ဖိအားပေးခံရခြင်းနှင့် စပ်လျဉ်း၍

““အဲဒီရွေးကောက်ပွဲ မပြိုင်ခိုင်းတော့တဲ့ကိစ္စက အတည်မဖြစ်သေးပါဘူး။ နာမည်ပျက်ရှိသူ ဘာရယ်တော့ မဟုတ်သေးပါဘူး။ သူတို့နေရာမှာ နားရမယ်၊ ရွေးကောက်ပွဲ ၀င်ခိုင်းမယ်တို့ ဘာမှမပြောရသေးဘူး။ ဘာမှတော့ ပြောလို့မရသေးဘူး။ တရားဝင်လည်း မထုတ်ပြန်သေးဘူး။ နာမည်စာရင်း ထုတ်ပြန်တယ် ဆိုတာလည်း ကော်မရှင်ကနေ နာမည်စာရင်းသွင်းပြီး အတည်ပြု ထုတ်ပြန်တာဖြစ်လို့ ဘာမှမသိရသေးပါဘူး။ ဗဟိုကော်မတီ အစည်းအဝေးက ရှေ့လုပ်ငန်းစဉ် နဲ့ အောင်နိုင်ရေးအတွက် လုပ်တာပဲရှိတယ်””ဟု ပြည်ခိုင်ဖြိုး ပါတီဗဟို အလုပ်အမှုဆောင် ဦးစိုးနိုင်၏ ကိုယ်ရေးအရာရှိ ဦးညီညီလွင်က မြန်မာသံတော်ဆင့်သို့ပြောသည်။

ပြည်ခိုင်ဖြိုးပါတီသို့ တပ်မတော် ဗိုလ်ချုပ်ကြီးနှင့် ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ရှိသူများ ၀င်ရောက် ယှဉ်ပြိုင်ခြင်း အပေါ် ““အဲဒီကိစ္စက လူကြီးတွေ စီစဉ်နေကြတာ။ ဒီလူတွေဖယ်ပြီး သတ်မှတ်ချက်နဲ့ ဒီလူနဲ့ပြိုင်မယ်ဆိုပြီး အဲဒီလိုမရှိသေး ဘူး။ ရှင်းရှင်းပြောရင် လူတစ်ယောက်အတွက် မဟုတ်ဘူး။ ပါတီက ပါတီအတွက် ပါတီ အောင်နိုင်ရေးပဲ စဉ်းစားတာလေ။ ပါတီတစ်ခုလုံးနဲ့ ပြောဆိုဆုံးဖြတ်တာများတယ်”” ဟု ဦးညီညီလွင် က ပြောသည်။

ဗဟိုအလုပ်အမှုဆောင်၊ ဗဟိုကော်မတီဝင်များနှင့် အရန်ဗဟို ကော်မတီဝင်များ လူဦးရေ သတ်မှတ်ခြင်းကို လာမည့် ပါတီညီလာခံတွင် အတည်ပြုမည်ဖြစ်ကြောင်း စာရေးဆရာလည်း ဖြစ်သည့် ဗဟိုကော်မတီဝင် ဦးစောထားလုံ(ဂျင့်) ကဆိုသည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီ စတုတ္ထအကြိမ် အစည်းအဝေးကို ဗဟိုအလုပ်အမှုဆောင် ၄၀ ဦး၊ ဗဟိုကော်မတီဝင် ၁၆၉ ဦး၊ အရန်ဗဟိုကော်မတီဝင် ၇၃ ဦး စုစုပေါင်း ၂၈၂ ဦး တက်ရောက်ခဲ့သည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပါတီဗဟိုကော်မတီ စတုတ္ထအကြိမ် အစည်းအဝေးကို မေလ ၂၉ ရက် သောကြာနေ့မှ မေလ ၃၁ ရက် တနင်္ဂနွေနေ့အထိ ပါတီဌာနချုပ်တွင် ပြုလုပ်ခဲ့ပြီး ဦးတည်ချက် ၁ ရပ်၊ ရည်ရွယ်ချက် ၃ ရပ်နှင့် ရည်မှန်းချက် ၉ ရပ်တို့ ချမှတ်ခဲ့ရာ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် နိုင်ငံသား များ၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍကို ပါတီ၏ ဦးဆောင်မှုဖြင့် ဖော်ဆောင်ရေး၊ ပါတီအောင်နိုင်ရေးအတွက် ခေါင်းဆောင် များ သတ်မှတ်ရေး စသည်ဖြင့် အသေးစိတ် ချမှတ် ဆွေးနွေးခဲ့ကြသည်။ ပါတီဆုံးဖြတ်ချက်များအနက်မှ လက်ရှိ ပါတီအောင်နိုင်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းကပင် ပါတီအောင်နိုင်ရေးအတွက် အစီအမံနှင့် လုပ်ငန်းစဉ်များကို ကြီးမှူးဆောင်ရွက်ရန်တို့ ပါရှိသည်။

တပ်မတော်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အကြီးအကဲများမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ကာချုပ်)၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း (ဒုချုပ်)၊ ဗိုလ်ချုပ်ကြီး လှဌေးဝင်း (ညှိနှိုင်းကွပ်ကဲရေးမှူး)၊ ဗိုလ်ချုပ်ကြီး သူရသက်ဆွေ(ရေ)၊ ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်(လေ)၊ ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးသိန်း၊ ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး၊ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး၊ ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်၊ ဒုတိယဗိုလ်ချုပ်ကြီး လှမင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒုတိယဗိုလ်ချုပ်ကြီး ၀င်းမြင့်၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောတို့ ဖြစ်ကြပြီး ၎င်းပုဂ္ဂိုလ်များသည် ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) သန်းရွှေ ဖွဲ့စည်းခဲ့သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းတွင် ဗဟိုနာယကအဖွဲ့ဝင်များအဖြစ် ပါဝင် ထမ်းဆောင်ခဲ့သူများ ဖြစ်ကြသည်။

ဝတ်ရည်နွေးနွေး

(1) ဥက္ကဋ္ဌ သူရဦးရွှေမန်း

(2) စစ်အစိုးရလက်ထက် တိုင်းမှူး၊ ဗိုလ်ချုပ် တာဝန်ယူခဲ့သော (ဧရာဝတီတိုင်းတာဝန်ခံ) ပါတီဗဟို အလုပ်အမှုဆောင် ဦးစိုးနိုင်နှင့် ဗဟိုအတွင်းရေးမှူး ဦးသိန်းဆွေ(ဗိုလ်ချုပ်-ငြိမ်း)တို့ ပါဝင်သော ဗဟိုကော်မတီအစည်းအဝေးပြီးနောက် သတင်းစာရှင်းလင်းပွဲ။

(3) ဧရာဝတီတိုင်းမှ ပါတီဗဟိုကော်မတီဝင် ဒေါ်စိုးစိုးရီနှင့် ကော်မတီဝင် များကိုတွေ့ရစဉ်။

(4) ပါတီဗဟိုကော်မတီဝင် အစည်းအဝေး တက်ရောက်လာသော ဦးနန္ဒကျော်စွာနှင့် ဗဟိုကော်မတီဝင်များ။

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald


ရွေးကောက်ပွဲ မဲစာရင်းထုတ်ပြန်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ၈ဝ%အထိ အမှားအယွင်းတွေရှိနေတယ်လို့ NLD ပါတီက ကြေညာချက်ထုတ်ခဲ့လို့ ဖြစ်ပေါ်လာတဲ့ နိုင်ငံတကာဖိအားတွေကို ဂရုမစိုက်ဘူးလို့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေးက ဇွန်လ ၈ရက်နေ့မှာ တုံ့ပြန်လိုက်ပါတယ်။ စစ်ဗိုလ်ချုပ်ဟောင်းလည်းဖြစ်၊ ကြံ့ခိုင်ရေးအမတ်လည်းဖြစ်တဲ့ ဦးတင်အေး ဘာ့ကြောင့် ဂရုမစိုက်တာလဲ။

နိုင်ငံတကာအနေနဲ့ ရွေးကောက်ပွဲမှာ သူတို့နိုင်စေချင်တဲ့ပါတီ မနိုင်လို့ ပြည်သူ့ဆန္ဒမထင်ဟပ်ဘူးလို့ ဝေဖန်မယ်ဆိုရင် လုံးဝလက်မခံတဲ့အကြောင်း၊ ဒီလိုမျိုး ပြည်သူ့ဆန္ဒမထင်ဟပ်လို့ဆိုပြီး စီးပွားရေးပိတ်ဆို့မယ်ဆိုရင် အကြိမ်တစ်ရာပိတ်ဆို့ပါစေ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူးလို့ ဦးတင်အေးက ဆိုပါတယ်။ သူတို့ကော်မရှင်အနေနဲ့ အမှန်ကန်ဆုံးလုပ်သွားမှာမို့ ဘယ်နိုင်ငံတကာဖိအားကိုမှ ဂရုမစိုက်တာလို့သူကပြောပါတယ်။

အခြေခံမဲဆန္ဒရှင်စာရင်း ထုတ်ပြန်ရာမှာ အိမ်ထောင်စုစာရင်း ပုံစံ ၆၆/၆ပါ အချက်အလက်တွေကို ကိုးကားထားတာကြောင့် အိမ်ထောင်စုစာရင်းတွေ မှားယွင်းနေမယ်ဆိုရင် အခြေခံမဲဆန္ဒရှင်စာရင်းလည်း အနည်းငယ် မှားယွင်းနိုင်ပါတယ်လို့ သူကပြောပါတယ်။ NLD အနေနဲ့ အခြေခံမဲဆန္ဒရှင်စာရင်း မထုတ်ခင်ကတည်းက အုပ်ချုပ်ရေးမှူးနဲ့ပေါင်းပြီး အိမ်ထောင်စုစာရင်းမှန်အောင် လုပ်ပေးသင့်တယ်လို့ သူကဆိုပါတယ်။

၂ဝဝ၈ ဖွဲ့စည်းပုံအရ လွှတ်တော်သက်တမ်းဟာ ၅နှစ်ပဲရှိတာကြောင့် ရွေးကောက်ပွဲကို ပထမအကြိမ်လွှတ်တော်သက်တမ်း မကုန်မီ ရက် ၉ဝအတွင်း မဖြစ်မနေပြုလုပ်ပေးမယ်လို့ ဦးတင်အေးက ပြောပါတယ်။ ဒါပေမယ့် မဲစာရင်းကောက်လို့မရ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ဖွဲ့လို့မရတဲ့ ဝ၊ ကိုးကန့်ဒေသနဲ့ အချို့နေရာတွေမှာတော့ ရွေးကောက်ပွဲကျင်းပမမှာ မဟုတ်ဘူးလို့ သူကဆိုပါတယ်။

Kamayut Media



မြန်မာနိုင်ငံ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး (ဇွန် ၈၊ ၂၀၁၅)

လာမယ့် ရွေးကောက်ပွဲအတွင်း နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေကိုဂရုမပြုဘဲ ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ကျင်းပနိုင်ဖို့အတွက် မဲဆန္ဒရှင်ပြည်သူတွေ ပူးပေါင်းပါဝင်ကြဖို့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက တိုက်တွန်းလိုက်ပါတယ်။ လာမယ့် ရွေးကောက်ပွဲမှာတော့ လတ်တလော တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကိုးကန့်ဒေသနဲ့ ဝ ဒေသတွေကို နယ်မြေအေးချမ်းမှုပေါ်မူတည်ပြီး ရွေးကောက်ပွဲကျင်းပဖို့ အလားအလာနည်းတာကလွဲရင် ကချင်ပြည်နယ်အပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲကျင်းပသွားဖို့ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ပြောလိုက်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ သတင်းထောက် ကိုစည်သူက တင်ပြပေးထားပါတယ်။

လာမယ့် အောက်တိုဘာလကုန် နိုဝင်ဘာလဆန်းမှာ ကျင်းပမယ့်ရွေးကောက်ပွဲမှာ နိုင်ငံတကာရဲ့ ဖိအားတွေကို အလေးဂရုပြုသွားမှာ မဟုတ်ဘဲ ပြည်သူတွေရဲ့ဆန္ဒမဲတွေကိုပဲ ဦးစားပေးသွားမယ်လို့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက သတင်းမီဒီယာတွေနဲ့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ တွေ့ဆုံစဉ် ပြောလိုက်ပါတယ်။

“သူနိုင်စေချင်တဲ့ပါတီမနိုင်လို့ လူထုဆန္ဒမထင်ဟပ်ဘူးဆိုရင် ဒီဟာမျိုးကျတော့ လက်မခံဘူးလေ။ သူနိုင်စေချင်တဲ့ပါတီ နိုင်တာဟာ လူထုဆန္ဒ ထင်ဟပ်တယ်လို့ သဘောထားရင်တော့ NO ပဲ။ နော်၊ လူထုသဘောအတိုင်းပဲ ဖြစ်ရမယ်။ ဘယ်ပါတီနိုင်နိုင် လူထုသဘောထားအတိုင်းပဲ ဖြစ်ရမယ်။ သူနိုင်စေချင်တဲ့ပါတီမနိုင်လို့ရှိရင် လူထုသဘောထားမထင်ဟပ်ဘူးလို့ တွက်တဲ့အတွက်ကြောင့် မြန်မာပြည်ကိုပိတ်ဆို့မယ်ဆိုရင် အခါ ၁၀၀ ပိတ်၊ ကျနော်ဂရုမစိုက်ဘူး။ နော်-ဟုတ်လား၊ Pressure ကို ဂရုမစိုက်ပါဘူး။ နော်-ဟုတ်လား၊ တို့ရဲ့အားက တို့ပြည်တွင်းထဲမှာပဲ ရှိပါတယ်။ တို့တတွေက စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင်နဲ့တွဲလုပ်မယ်ဆိုရင် မြန်မာပြည်ကြီး တိုးတက်မှာပါ။ အဲဒါကြောင့် ပြည်ပ pressure တော့ sorry ပါ။”

လာမယ့် ၂၀၁၅ မြန်မာနိုင်ငံရွေးကောက်ပွဲဟာ ပြည်သူတွေလက်မခံနိုင်တဲ့ ရွေးကောက်ပွဲမျိုးဖြစ်ခဲ့ရင် အမေရိကန်နဲ့ မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရေး၊ ဆက်ဆံရေး ထိခိုက်နိုင်တယ်လို့ အမေရိကန်အထက်လွှတ်တော် လူများစုခေါင်းဆောင် Mitch McConnell က ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ပြောဆိုထားပါတယ်။

အခုရက်ပိုင်းအတွင်း နိုင်ငံအနှံ့အပြား အခြေခံမဲစာရင်းတွေကို ထုတ်ပြန်ပြီး မဲဆန္ဒရှင်တွေကို လာရောက်ကြည့်ရှုကြဖို့ ရွေးကောက်ပွဲ ကော်မရှင်က တိုက်တွန်းထားပါတယ်။

မဲစာရင်းပြုစုရာမှာ အိမ်ထောင်စုစာရင်းကိုအခြေခံတာကြောင့် အခြေခံစာရင်းဇယားမှားယွင်းနေရင် မဲစာရင်းမှားယွင်းနိုင်တယ်လို့ ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ် ။ ဒါကြောင့် အခြေခံမဲစာရင်းမှာ ကိုယ့်နာမည်ပါမပါ သက်ဆိုင်ရာမဲရုံမှာသွားရောက်ကြည့်ရှုပြီး မဲစာရင်းမပါတာ၊ မဲစာရင်းမှားနေတာတွေကို ပုံစံစာရွက်တွေဖြည့်ပြီး မဲစာရင်းမှန်အောင် မဲဆန္ဒရှင်ပြည်သူတွေက ဝိုင်းဝန်းကူညီပါဝင်ကြဖို့ ရွေးကောက်ပွဲကော်မရှင်က တိုက်တွန်းလိုက်တာပါ။

ဝ ဒေသနဲ့ ကိုးကန့်ဒေသတွေမှာတော့ လတ်တလောအခြေအနေတွေကြောင့် ရွေးကောက်ပွဲကျင်းပပေးနိုင်မှာမဟုတ်ဘဲ ရွေးကောက်ပွဲ မတိုင်ခင် နယ်မြေအေးချမ်းလာရင်တော့ ရွေးကောက်ပွဲကျင်းပပေးသွားမယ်လို့ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောပါတယ်။ ကချင်ပြည်နယ် မှာတော့ ဒေသအတော်များများမှာ ရွေးကောက်ပွဲကျင်းပပေးနိုင်ဖို့ စီစဉ်ပေးသွားမှာဖြစ်ပြီးတော့ ရွေးကောက်ပွဲမလုပ်နိုင်တဲ့ ဒေသတချို့ကို ဆိုင်းငံ့ထားမယ်လို့လည်း ဦးတင်အေးက ပြောပါတယ်။

“အခုလောလောဆယ် ကျနော်တို့ လျာထားတာတော့ အခုကပြောတဲ့၊ ခင်ဗျားပြောသွားတဲ့အတိုင်းပါပဲ၊ ဝ နဲ့ ကိုးကန့်လို့လျာထားတယ်။ ကိုးကန့်က နောက် တလနှစ်လအတွင်း အေးချမ်းလာရင် မဲစာရင်း ကျနော်တို့ကောက်လိုက်မှာပါ။ ဒါကလည်း ခင်ဗျားတို့ကို ကျနော် အခုနကရှင်းပြပြီးပါပြီ။ မဲစာရင်းဆိုတာ ရွေးကောက်ပွဲကြေညာမှ စာအုပ်ထဲကပုံစံယူပြီးတော့ ကပ်ပေးလိုက်တာ၊ လာကြည့်ပြီးရင် မဲစာရင်းဖြစ်သွားပြီ။ ရွေးကောက်ပွဲနေ့ကျရင် လာမဲပေးရုံပါပဲ။ ဒါကြောင့် ကိုးကန့်က အေးသွားလို့ရှိရင် ရွေးကောက်ပွဲဖြစ်နိုင်တယ်။ မအေးချမ်းရင် ရွေးကောက်ပွဲမဖြစ်နိုင်ဘူး။ သို့သော်လည်း ဝမှာတော့ ဖြစ်ဖို့အခြေအနေ နည်းနည်းခဲယဉ်းပါတယ်။ ကျနော်တို့က ရွေးကောက်ပွဲမှာ သဘာဝဘေးအန္တရာယ်ရော၊ နယ်မြေအေးချမ်းသာယာရေးနဲ့ကော လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲ မရှိဘူးဆိုရင် ရွှေ့ဆိုင်းထားမှာပါ။ ဒါ့ကြောင့် ကျနော်တို့ ရွှေ့ဆိုင်းတာပါ။ သို့သော်လည်း ဖြစ်နိုင်တဲ့အတိုင်းအတာ၊ ဖြစ်နိုင်တဲ့အခြေအနေတွေပေါ် မူတည်ပြီးတော့ မြို့နယ်တွေဟာ ပြည်သူ့လွှတ်တော်တွေ၊ အမျိုးသားလွှတ်တော်တွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေ၊ ကိုယ်စားလှယ်တွေ ရွေးချယ်နိုင်အောင် ကျနော်တို့ ဆောင်ရွက်သွားမှာပါ။”
လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ထည့်ဝင်ကြရမယ့် မဲပြားပုံစံ။လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ထည့်ဝင်ကြရမယ့် မဲပြားပုံစံ။

အခုရက်ပိုင်းအတွင်း အခြေခံမဲစာရင်းမှာ မဲစာရင်းတွေ သိသိသာသာ မှားယွင်းနေတာ၊ မဲပေးခွင့်ရှိသူများလွဲမှားစွာ ထုတ်ပြန်ထားတာကို ပြည်သူတွေကြား ဝေဖန်နေကြတာပါ။ ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့လည်း ရွေးကောက်ပွဲကော်မရှင်ရဲ့ စာရင်းဇယားတွေဟာ ၃၀ % ကနေ ၈၀ % အထိ အချက်အလက်တွေမှားယွင်းနေတယ်ဆိုတဲ့အချက်အပါအဝင် မဲစာရင်းမှားယွင်းမှုတွေအကြောင်းပါဝင်တဲ့ အိတ်ဖွင့်ပေးစာကို ရွေးကောက်ပွဲကော်မရှင်ထံ ဇွန်လ (၃) ရက်နေ့ ရက်စွဲနဲ့ ပေးပို့ ထောက်ပြဝေဖန်ထားပါတယ်။

လက်ရှိ နိုင်ငံရေးအခြေအနေတည်ငြိမ်နေတာကြောင့် လာမယ့် ရွေးကောက်ပွဲကို ဥပဒေအတိုင်း မဖြစ်မနေကျင်းပသွားမယ်လို့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက သတင်းမီဒီယာတွေရှေ့မှာ ကတိပြုပြောဆိုသွားပါတယ်ခင်ဗျာ။

VOA
http://burmese.voanews.com/content/myanmar-election-commission-chair-reacts-international-pressure-/2812041.html

ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် အမျိုးသမီးကြီးမှ နိုင်ငံမှ ထွက်ပြေးသူများသည် ရူးသွတ်နေသူများ နဲ့ ပိုက်ဆံချမ်းသာခြင်သူများ ဖြစ်သဖြင့် တိုင်းပြည်ဂုဏ်သိက္ခာကို ကျဆင်းစေသည့်အတွက် အရေးယူအပြစ်ပေးမယ် ဟု မေလ ၂၄ ရက်နေ့ က ပြောကြားခဲ့ခြင်းသည် နိုင်ငံသားများ ပြန်မလာရဲအောင် တမင် သတင်းလွှင့် ချိမ်းခြောက်နေခြင်း ပင်။ အဘယ်သူက ဘင်္ဂလား နိုင်ငံသားပါဟု ပြောရဲပေတော့မည်နည်း။

ထို့အတွက် ဒီနေ့ မြန်မာမှ ဘင်္ဂလားဒေ့ရှ်ကို ၁၅၀ ပဲ လွှဲပြောင်းပေးနိုင်ခဲ့ပါတယ်၊

ပြန်ကြားရေးဝန်ကြိး ဦးရဲထွတ်မှ ၎င်း၏ facebook စာမျက်နှာတွင် ဘင်္ဂါလီ လှေစီးပြေးသူများ စုစုပေါင်း ၇၂၇ ဦးကို မြန်မာ့ရေပိုက်နက်အတွင်း ဖမ်းဆီးရမိရာမှာ အမျိုးသမီး ၇၄ ဦးနဲ့ ကလေး ၄၅ ဦးပါဝင်တယ်လို့ဆိုပြီး ကျွန်းတကျွန်းကို ဆွဲခေါ်သွားတယ်လို့ ရေးသားထားပါတယ်။

နောက်ပိုင်းသတင်းများက ဘင်္ဂလားဒေ့ရှ်ကို ပြန်ပို့လိုက်မယ်လို့ ရေးသားနေကြသော်လည်း လက်ခံမယ့် ဘင်္ဂလားဒေ့ရှ်က ညင်းပါယ်နေဆဲပါ။ ၎င်းတို့အနေနဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်းနဲ့ မြန်မာ က သူတို့နိုင်ငံသားတွေကို လိုအပ်တဲ့ စီစစ်မှုတွေကို ပြုလုပ်ပြီးမှ လက်ခံမယ် ဖြစ်နေတဲ့အတွက် ယခု နောက်ဆုံးသတင်းအရ အပြောကြီးပြီး လက်သီးလက်မောင်း တန်းနေပေမယ့် ရခိုင်ပြည်နယ်ထဲ လှေစီးပြေး ဘင်္ဂါလီ ၁၀၀၀ ခန့် နယ်စပ်စခန်း တခုမှာ နေရာချပေးခဲ့ရတဲ့အတွက် ရခိုင်အမျိုးသားတွေ ဒေါသ အမျက်ချောင်းချောင်း ထွက်နေပါပြီ၊

အဆိုပါ ဘင်္ဂါလီတွေကို မိမိတို့ပြည်နယ်မှ မဖယ်ရှားဘူးဆိုရင် ဆန့်ကျင် ဆန္ဒပြမှုတွေ ပြုလုပ်သွားမယ်လို့ ဘူးသီးတောင် လူမှု ကွန်ယက် အသင်းမှ ကို ရွှေအောင်သောင်းဆွေက RFA ကို ပြောပြတယ်လို့ ဆိုပါတယ်။

၎င်းတို့ဒေသဖြစ်တဲ့ ဘူးသီးတောင် နှင့် မောင်းတောတွင် ရခိုင်လူမျိုးများသည် လူနည်းစုဘ၀ ရောက်ကုန်ကြပြီး ဘင်္ဂါလီများရဲ့ အနိုင်ကျင့် နှိပ်စက်မှုကို ခံနေရတယ်လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

မြန်မာအစိုးရ လေလုံးထွားသလောက်မလွယ်ပါဘူး၊ ယခု မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ် ယင်းကိစ္စကို ဘယ်သူဆီ က လက်ခံမလဲဆိုတာ သံတမာန် လွန်ဆွဲပွဲတွေ ဖြစ်လာနေပါပြီ။ မြန်မာအစိုးရက နောက်ဆုံးမှာ ကုလသမဂ ရဲ့ ဖိအားကြောင့် လက်ခံထားခဲ့ရပြီး ဘင်္ဂလားဒေ့ရှ် ဘက်ကလည်း လုပ်ထုံးလုပ်နည်းများ အကြောင်းပြပြီး အချိန်ဆွဲ၍ ပြသာနာကို နိုင်ငံတကာက အာရုံစူးစိုက်မှု လျော့ပါးသွားမယ့် အချိန်ရောက်အောင် တမင်စောင့်နေပါပြီ။ မြန်မာမြေပေါ်မှာ နောက်ထပ် ဘင်္ဂလားမှ ခိုးဝင်လာသူများကို ထပ်မံလက်ခံလိုက်ရသလို ဖြစ်ခဲ့ရပါပြီ။

ယခုကဲ့သို့ ပြန်လည်လက်ခံရခြင်းသည် ပထမအကြိမ်မဟုတ်၊ ဦးနေ၀င်းလက်ထက်က နဂါးနိုင် စစ်ဆင်ရေး၊ ဟင်္သာစီမံချက်များဖြင့် အတင်းအကျပ်ပြန့်ပိုခဲ့ရာမှ နှစ်နိုင်ငံအကြား နယ်စပ်တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး နောက်ဆုံး ပို့ခဲ့သူ အရည်အတွက်ရဲ့ နှစ်ဆနီးပါး ပြန်လက္ခံခဲ့ရတာ အဖတ်တင်ပါတယ်။

နောက်ထပ် အမှုပိုကြီးသွားတာကတော့ ရခိုင်ရေးရာဝန်ကြီးရဲ့ လူသိရှင်ကြားမှတ်ချက်ကြောင့် ဘင်္ဂလားဒေ့ရှ် အစိုးရက ဒါကားမှာ ရှိတဲ့ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းကို နိုင်ငံခြားရေးဝန်ကြီးဌာနကို ခေါ်ယူပြီး နာရီဝက်ကြာ တရားဝင်ကန့်ကွက်ခဲ့ပါတယ်၊

ဝန်ကြီး ဦးဇော်အေးမောင်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လူဦးရေ ထူထပ်သိတ်သည်းလာသည်နှင့်အမျှ လုပ်ကိုင်စားသောက်ရန် အခွင့်အလန်းများ ရှားပါးလာခြင်းကြောင့် မြန်မာအပါအ၀င် အခြားအရှေ့တောင်အာရှ နိုင်ငံများသို့ ထွက်ပြေးလာခဲ့တာဖြစ်ပြီး အခုမှတင်မဟုတ် ၁၀ စုနှစ်ပေါင်းများစွာ ကြာနေပြီဖြစ်တယ်လို့ နေပြည်တော်တွင် ပြောခဲ့တဲ့ မှတ်ချက်ကို ခေါ်ယူကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက အခုလိုပြောကြားချက်ဟာ မိမိတို့နိုင်ငံရဲ့ လက်ရှိကြိုးပမ်းနေသော လှေစီးပြေး ပြသာနာကို အချည်းနှီးဖြစ်စေတယ်လို့ ဆိုပါတယ်။

ပြန်လည်စီစစ်ရေး လုပ်ငန်းများကို ဘင်္ဂလားဒေ့ရှ်မှ ဂျွန်လ (၈) ရက် နောက်ပိုင်း စတင်ပြုလုပ်မယ်လို့ဆိုပြီး မြန်မာဘက်မှ ပြောသော အရည်အတွက်ကို ပါယ်ချလိုက်ပါတယ်၊

နှစ်ပေါင်းများစွာ အလုပ်သမား ဈေးပေါပေါ ရယူနိုင်ခဲ့ခြင်းကြောင့် မျက်စိမှိတ်နေခဲ့ရာမှ ပြီးခဲ့တဲ့လအတွင်း ထိုင်းရဲအဖွဲ့မှ မလေးရှားနယ်စပ်တလျောက် လူမှောင်ခိုဂိုဏ်းများကို စတင် နှိပ်ကွပ်လာတာကြောင့် လူကုန်လူးသူများမှ ကုန်းလမ်းကို စွန့်ခွာက ရေလမ်းကို အသုံးပြုခဲ့ရာမှ ယခုကဲ့သို့ ပြသာနာ စတင်ကြီးထွားလာရခြင်း ဖြစ်ပါတယ်။

ရည်ညွှန်း၊ ၊ RFA/ bdnews24.com/AFP/ The Washington Post

မိမိတို့ အမြင်အရမူ မြန်မာ့ တပ်မတော်ရေမှ မြန်မာ ရေပိုင်နက်ကို သတိမလစ် ကင်းလှည့်နေ၍ တွေ့ရှိသော ဒုက္ခသည် လှေများကို မြန်မာပိုင် ကျွန်းတကျွန်းသို့ ခေါ်ယူပြီး နိုင်ငံတကာမှ လိုအပ်သည့် စီစစ်မှုများ မပြုလုပ်မချင်းထားရှိသင့်ပါတယ်၊ ရခိုင်ပြည်နယ်အတွင်း လူမျိုးရေး နှိပ်ကွပ်မှုကြောင့် ထွက်ပြေးလာသူများကို လုံးဝ ရခိုင် ပြန်မပို့သင့်၊ တတိယနိုင်ငံတခုခုမှ လက်မခံမချင်း ကျွန်းမှာပဲ ထားရှိသွားမယ်ဆိုတဲ့ ပေါ်လီစီကို နိုင်ငံတကာသို့ တရားဝင် ကြေငြာပြီး ပြုလုပ်ရင် ထွက်ပြေးလာမယ် impossible refugees ဆိုသူတွေကို ဟန့်တားသလိုရှိပြီး ပြသာနာ အတော်အတန် ပြေလည်မယ်လို့ ယူဆပါတယ်၊ စားနပ်ရိက္ခာ ထောက်ပံပြီး သွားလိုရာ သွားခိုင်းယုံနဲ့ တော့ ပြသာနာ မပြေလည်ပါဘူး၊

လက်ရှိ သြစတေသျှ အစိုးရမှ ဆိပ်ကမ်း ကပ်လာတဲ့ စက်လှေမှန်သမျှကို ၎င်းတို့ပိုင် ကမ်းခြေမှ မိုင် ၂၀၀ ကျော်ဝေးတဲ့ အိန္ဒိယသမုဒ္ဒရာ အတွင်းရှိ Christmas island ကို ဆွဲခေါ်သွားပြီး စီစစ်မှုတွေ ပြုလုပ်ခဲ့သလို၊ ၁၉၄၈ အာရပ်-အစ္စရေး ပထမ စစ်ပွဲထဲက ထွက်ပြေးလာတဲ့ သိန်း နဲ့ ချီတဲ့ ပါလက်စတိုင်း ဒုက္ခသည်များဟာ ဆီးရီးယား၊ ဂျော်ဒန်၊ လက်ဘနွန် မှာရှိတဲ့ ဒုက္ခသည် စခန်းတွေမှာ ခုထက်ထိ သောင်တင်နေဆဲပါ၊ အစ္စရေး မူဝါဒကတော့ ပြတ်သားပါတယ်၊ ၁၉၄၈ မတိုင်မီ အစ္စရေး နယ်နမိတ်အတွင်း နေထိုင်ကြောင်း အထောက်အထားပြနိုင်မှ ပြန်လည်လက်ခံမယ်၊ နောက်ပိုင်း မှ မွေးဖွားသူတွေ လက်မခံနိုင်ဘူးလို့ ပြတ်ပြတ်သားသား ငြင်းဆိုထားတဲ့ အတွက် အခုထက်တိုင် မဖြေရှင်း နိုင်သေးပါဘူး၊

မြန်မာအစိုးရ အနေနဲ့လည်း ပြတ်သားတဲ့ မူဝါဒ တခု ချမှတ်ကြေငြာသင့်ပါပြီဟု ထင်မြင်ကြောင်း တင်ပြပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများဖြစ်၍ သူတို့နိုင်ငံမှ ပြန်လည် လက်ခံရမည်ဟူ၍ ယုံစား၍မရ။ သို့မဟုတ်ပါက ပြည်တွင်းတွင် မလိုလားအပ်သော ပြသာနာများ ပိုမိုကြီးထွားအောင် ပြုလုပ်နေသလို ဖြစ်နေပါပြီ။

HSW

BrainWave ဉာဏ်လှိုင်း a

ကျူးကျော်နေထိုင်သူများသည်လည်း သတ်မှတ်စည်းကမ်းနှင့် ညီပါက လက်ရှိနေထိုင်ရာတွင် မဲပေးခွင့်ရရှိမည်ဖြစ်ပြီး သို့သော်လည် မဲပေးခွင့် ရခြင်း သည့် မြေယာပိုင်ဆိုင်မှုနဲ့မသက်ဆိုင် အခြေခံနိုင်ငံသား အခွင့်အရေး တစ်ရပ်သာဖြစ်ကြောင်း ထပ်မံဖြည့်စွက်ပြောသည်။ ယင်းအပြင် ကျူးကျော်များသည့် မူလနေရပ်ရှိမည်ဖြစ်ပြီး ယခုနေထိုင်ရာနေရာတွင် မဲစာရင်း မပေါက်သော်လည်း မူလနေထိုင်ရာနေရာတွင် ရှိနေနိုင် မည်ဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌကလည်းဆိုသည်။

ဦးတင်အေးက``ဘယ်သူမှ ၀ုန်းဆိုပြီးပေါ်လာတဲ့ မိုးကျရွှေကိုယ် ဆိုတာမရှိဘူး။ ကျူးကျော်နေထိုင်သူဆိုတာလည်း မူလနေထိုင်ရာနေရာ ရှိမှာပဲ ဒီအတွက် မိမိဒေသကိုပြန်ပြီး မဲစာရင်းပါ မပါ ပြန်ကြည့်ဖို့ လိုမယ်။ ဟိုမှာ အိမ်ထောင်စုစာရင်းအရ ပါနေမှာဖြစ်တယ်´´ဟု ပြောသည်။

ယနေ့ ဇွန်လ ၈ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး မြန်မာငြိမ်းချမ်းရေး စင်တာတွင် ပြုလုပ်သည့် ရွေးကောက်ပွဲကော်မရှင်နှင့် မီဒီယာ များတွေ့ဆုံရာ တွင် ပြောခြင်းဖြစ်သည်။

၂၀၁၅ခုနှစ် ရွေးကောက်ပွဲတွင် မဲရုံ လေးသောင်းကျော်ခန့်ရှိပြီး မဲပေးနိုင်မည့် အခွင့်အရေးများ မဆုံးရှုံးစေရန် အမည်များမဲစာရင်း တွင် ပါဝင်ခြင်းရှိမရှိ ကို အင်တာနက်စာမျက်နှာ မှ အလွယ်တကူ ၀င်ရောက်ကြည့် ရှုနိုင်မည့် Website ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မှ မေ ၂၆ ရက်နေမှ စတင်လွှတ်တင်ထားပြီး ယူနီကုတ်ဖြင့် ကြည်မရမှုများ အတွက် ဇော်ဂျီဖောင့်ဖြင့်ပါ ကြည့်နိုင်ရန်ပါပြင်ဆင် လုပ်ဆောင်ထားကြောင်း သိရသည်။

သတင်း - စိုင်းဟန်

The Ladies News Journal

[tab]
[content title="Tab 1"]Your Text Here[/content]
[content title="Tab 2"]Your Text Here[/content]
[content title="Tab 3"]Your Text Here[/content]
[/tab]



ရွေပြောင်းနေထိုင်သူများအနေဖြင့် လက်ရှိနေထိုင်နေရာတွင် မဲပေးခွင့် ရရေးသည့် အဆိုပါနေရာတွင် ၆လ ထက်ပိုမို နေထိုင်သူ မှသာ ဖြစ်နိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး မြန်မာငြိမ်းချမ်းရေးစင်တာတွင် ဇွန် ၈ရက် က ပြုလုပ်သည့် ရွေးကောက်ပွဲကော်မရှင်နှင့် မီဒီယာများတွေ့ဆုံရာ တွင် ပြောခြင်းဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးဝင်းကို က ``အတော်များများက မရွေမပြောင်းဘဲ စီးပွားရေးသွားလာတဲ့နေရာမှာ မိမိ အိမ်ထောင်စု ဇယားရှိတဲ့နေရာမှာပဲမဲပေးပိုင်ခွင့်ရှိတာဖြစ်တယ်။ မူလ အခွင့်အရေးဖြစ်တယ်။ သို့သော် တစ်ဖက်ကနည်းဥပဒေအရ ဘာခွင့်ပြုပေး ထားလည်း ဥပဒေအရပြောရရင် မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်ခေါ်ပါတယ်။ အဲ့ဒီလိုမျိုးပုဂ္ဂိုလ်တွေက ရက်ပေါင်း ၁၈၀ ၊ခြောက်လ အထက်နေ ထိုင်တယ်ဆိုရင်သူကို ပြောင်းလဲပိုင်ခွင့်ပေးထားပါတယ်။သူ့ရဲ့မူလ အခွင့်အရေးက သူဒေသမှာပဲဖြစ်တယ်။ မပြန်နိုင်တဲ့သူ ဆိုရင်တော့ ရောက် တဲ့နေရာ မှာပေးချင်လည်းရပါတယ်´´ဟု ပြောသည်။

ယင်းကဲ့သို့ ၆လ အထက် နေထိုင်သူဖြစ်မှသာ မဲပေးပိုင်ခွင့်ရှိသူဖြစ် ရမည်ဖြစ်ပြီး ယင်းတို့အနေဖြင့် မဲပေးခွင့် တောင်းခံရာတွင် ရွေးကောက် ပွဲရက်ကြေငြာအပြီး ရွေးကောက်ပွဲရက်မတိုင်မီ ရက်ပေါင်း သုံးဆယ် (သို့) တစ်လ အလိုမှသာ မဲပေးခွင့် ပုံစံ-၃(က) တင်သွင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဦးဝင်းကိုက`` အခုချိန်မှာ မရဘူး။ ရွေးကောက်ပွဲကြေငြာပြီးမှာသာ ရမယ်။ သူသည် ရွေးကောက်ပွဲဘယ်နေဆိုတာ သတ်မှတ်လိုက်ပြီ ဆိုတဲ့ အခါကျမှ သူဟာသူ ဆုံးဖြတ်ကမယ်။ သူသည်မော်လမြိုင် ကလာတယ် ဆိုရင် မော်လမြိုင် မပြန်တော့ပဲ ဒီမှာပဲပေးမယ် ဆိုရင် ရွေးကောက်ပွဲ ရက်မတိုင်မီ ရက်ပေါင်းသုံးဆယ်/တစ်လကြိုတင်ပြီး ပုဒ်မ ၃(က) တင်ကမှာဖြစ်တယ်။ အဲ့အခါ ဒီမှာမဲစာရင်းထည့်ပြီး ဟိုက မဲစာရင်းဖျက် မှာဖြစ်တယ်။ ဒီအတွက်သူသည် ဒီမှာရှိတဲ့ ကိုယ်စားလှယ်ကို မဲပေးပိုင်ခွင့်ရှိမှာဖြစ်တယ်´´ဟု ပြောသည်။

သတင်း - စိုင်းဟန်

The Ladies News Journal

ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် Jon 10 မှာ တရုတ်ကိုသွားမှာဖြစ်တယ်။ သူ့ကိုဖိတ်တာက တရုတ်ကွန်မြူနစ်ပါတီကဖိတ်တာ။ တရုတ်အစိုးရကဖိတ်တာမဟုတ်ဘူး။ ကွန်မြူနစ်နိုင်ငံမှာ ပါတီကအခရာဖြစ်တာမို့ အာဏာရှင်နေဝင်း တရုတ်ပြည်ကို ၁၀ ခေါက်မက သွားခဲ့တာမှာ တရုတ်အစိုးရကဖိတ်လို့သာသွားခဲ့ရတယ်ဆိုတာ သဘောပေါက်ထားဖို့ပါ။

ခုလိုပြောနေလို့ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ role တွေ တက်နေတယ်လို့ပြောချင်တာမဟုတ်ပါ။ တရုတ်ဟာ သူ့အကျိုးစီးပွားနဲ့ပတ်သက်လာရင် ဘယ်သူ့မှရေရှည်လက်တွဲနေမှာမဟုတ်ဘူး။ သူ့အတွက်လိုအပ်တုန်းက တစ်ကမ္ဘာလုံးက အော့နှလုံးနာတဲ့ ဗမာစစ်အစိုးရကို UN မှာ Veto နဲ့ကာကွယ်ပေးခဲ့တာပဲ။ ဒါကြောင့် ခုလက်ဖဝါး ခုလက်ဖမိုးလုပ်လို့ရတယ်။ တစ်ခုသိထားဖို့က ၉၀ ရွေးကောက်ပွဲအပြီး NLD ကိုပထမဆုံးလာတွေ့တဲ့ နိုင်ငံခြားသံတမန်ဟာ အမေရိကန်မဟုတ်ဘူး တရုတ်ပါ။

အဲဒီတော့ ခုလိုအချိန်မှာ စစ်အစိုးရအတွက်တော့ သူ့ကျေးဇူးရှင်က သူ့ရှေ့ချထားတဲ့ခွက်ကို ပိတ်ကန်လိုက်တယ်လို့ခံစားနေရမှာပါ။ ဒါကြောင့်လည်း ကိုးကန့်စစ်ပွဲကို အသက်တွေ တိုင်းပြည်ဘဏ္ဍာတွေအမြောက်အများဆုံးရှုံးခံရတဲ့တိုင် မရပ်နိုင်သေးတာဟာလည်း စစ်အစိုးရရဲ့ အကျိုးစီးပွားကိုကာကွယ်နေတာပဲဖြစ်တယ်။ ခုလည်း နောက်ထပ်လုပ်ကွက်တစ်ခုကို ဖန်တီးရပြန်တယ်။ "ဝ"သစ်ခိုးကိစ္စပဲ။ အဲဒါအကြောင်းပြပြီး တရုတ်ကိုပြန်ကြပ်ဖို့ကြိုးစားနေရတာဖြစ်တယ်။ ကိုးကန့်နှင့် ဝ တို့ကို အကြောင်းပြုပြီး သူက တရုတ်ကိုမကြပ်နိုင်ပါဘဲ ဟိုက နယ်စပ်စစ်ရေးလေ့ကျင့်မှုဆိုတာနဲ့ ပြန်ကြပ်ပေးလိုက်တာကိုတွေ့ရတယ်။

တကယ်တော့ အခုပြဿနာစလာတဲ့ သစ်ခိုး ဝ တောင်ပိုင်းဒေသဆိုတာ တကယ်တော့ ဘိန်းဘုရင်ခွန်ဆာကိုတိုက်တုန်းက ခွန်ဆာလက်နက်ချအပြီး ခွန်ဆာ့နယ်တွေကို စစ်အစိုးရက သူ့ဘက်ကတိုက်ပေးခဲ့တဲ့ ဝ ကို စစ်အောင်ပွဲချီးမြှင့်ပေးခဲ့တာ။ ခင်ညွန့်ရှိစဉ်တုန်းကတည်းက။ ခုချိန်ကျမှ ကိုးကန့်ကို ဘိန်းအကြောင်းပြပြီးစစ်ဆင်သလို ဝ ကိုလည်း သစ်အကြောင်းပြပြီး သွေးတိုးသွားစမ်းနေတာ။ တစ်ဖက်ကလည်း တရုတ်ကိုကြပ်ချင်နေပုံပဲ။ တကယ်တော့ သူ့မှာ စစ်မရှိလို့မဖြစ်တာက အဓိက။ စစ်မရှိရင် စစ်တပ်ရဲ့အခန်းကဏ္ဍကသေးသိမ်သွားမယ်။ စစ်သားရဲ့အခန်းမရှိတော့ဘူး။ စစ်အကြောင်းပြုပြီး ပြည်သူ့ဘဏ္ဍာထဲက အကန့်အသတ်မရှိနှိုက်လို့မရနိုင်တော့ဘူး။ ဒီတော့ စစ်ပွဲရှိမှ လူဖြစ်ရတဲ့စစ်အာဏာရှင်အဖို့ စစ်ကမပြတ်ရှိနေမှ သူ့စစ်တပ်ကြီးကို ထမင်းကျွေးနိုင်မယ်။ သူ့သြဇာအာဏာတက်မယ်။ ဒါကြောင့် စစ်ရပ်စဲဖို့ဆိုတာ စစ်အာဏာရှင်တိုင်းပြည်ဖြစ်တဲ့ ဗမာပြည်မှာ ဘယ်တုန်းကမှမဖြစ်နိုင်ခဲ့တာ။ စစ်ရပ်စဲရေး ငြိမ်းချမ်းရေးကိစ္စပြောလိုက်ရင်ကို စစ်အာဏာရှင်က သူ့လည်ပင်းလာညှစ်တယ်လို့ထင်နေတာ။ ဒါကြောင့် ပြည်သူတွေ တိုင်းရင်းသားလက်နက်ကိုင်တွေ နိုင်ငံရေးပါတီတွေဟာ စစ်အစိုးရရဲ့ စစ်အကျိုးစီးပွားကိုဆန့်ကျင်နိုင်ပါမှ ပြည်တွင်းစစ်ရပ်စဲပြီး ငြိမ်းချမ်းရေးရမှသာ စစ်တပ်ဟာမူလသူ့အခန်းကဏ္ဍကို ပြန်လည့်ကျရောက်သွားမှာဖြစ်တယ်။ အဲဒီအချိန်ကျမှ ဒီမိုကရေစီနိုင်ငံလို့ပြောနိုင်မှာဖြစ်တယ်။

အခုလည်း တရုတ်က ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်တာဟာလည်း ချစ်လွန်းလို့မဟုတ်ဘူး။ ဗမာပြည်ထဲမှာရှိနေတဲ့ သူ့ရဲ့အကျိုးစီးပွားတွေကာကွယ်ဖို့၊ ရေရှည်တည်တံ့ဖို့ဖြစ်တယ်။ ၂၀၁၅ အလွန် အစိုးရအဖွဲ့မှာ NLD ရဲ့ သြဇာတက်လာမှာကို ကြိုမြင်ထားလို့ ကြိုပွိုင့်ဝင်ရိုက်နေတာဖြစ်တယ်။ တရုတ်က အဲဒီလိုလျင်တယ်။ ခုလို စစ်အစိုးရက သူ့ကိုနည်းနည်းဂျစ်ကန်ကန်လုပ်တယ်လို့ မြင်လိုက်တာနဲ့ နယ်စပ်စစ်ရေးလေ့ကျင့်ခန်းတို့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ တရုတ်ပြည်ခရီးစဉ်တို့နဲ့ ပြန်တုန့်ပြန်ပြလိုက်တာဖြစ်တယ်။

ခုလိုဖြစ်လာပြီဆိုတော့ NLD ဘာလုပ်မှာလဲ။ NLD ကို ပြည်သူ့အကျိုးစီးပွားဖော်ဆောင်မယ့်ပါတီလို့ ပြည်သူတွေက လက်ခံထားတာဖြစ်တယ်။ ပြည်သူ့အကျိုးစီးပွားနဲ့ တစ်ထပ်တည်းရှိနေတဲ့ပါတီလို့ လက်ခံထားတာဖြစ်တယ်။ အဲဒါကို စစ်အစိုးရကလည်း နားလည်လက်ခံထားပြီးသားဆိုတာကို NLD ကလည်း သိနေဖို့လိုမယ်။ စစ်အစိုးရဟာ သူ့ရဲ့ လက်ရှိအကျိုးစီးပွားတွေမဆုံးရှုံးအောင်၊ တိုးပွားနေအောင်ဆိုရင် ပြည်သူ့အကျိုးစီးပွားကို ဆန့်ကျင်ရမယ်ဆိုတာလည်း သိတယ်။ NLD ကို ချေမှုန်းရမယ်ဆိုတာလည်း သိတယ်။ အဲဒီအတိုင်းလည်းလုပ်ခဲ့တယ်။ ဒါပေမယ့် နှစ်အစိတ်ကျော်ကြာတဲ့အထိ လုံးဝမချေမှုန်းနိုင်ခဲ့တော့ အားနည်းအောင်လုပ်မယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေရာမရအောင်လုပ်မယ်။ သူမရှိရင် NLD က လုံးပါးပါးသွားမယ်လို့လည်း တစ်ထစ်ချယုံကြည်ပြီးလုပ်နေတာတွေဖြစ်တယ်။ ဒီပဲယင်းလိုအဖြစ်မျိုးမဟုတ်တောင် နောက်ထပ် ဘယ်လိုပုံစံမျိုးနဲ့ ကြုံလာရဦးမယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ရှိနေသရွေ့ မျှော်လင့်ထားရမယ့် စိုးရိမ်စရာတွေဖြစ်တယ်။ သူတို့ကတော့ လူထုခေါင်းဆောင်နဲ့ သူ့ပါတီကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် အတက်နိုင်ဆုံး သူတို့လက်ရာခြေရာမပေါ်ဘဲ ပျောက်ကွယ်သွားစေချင်နေတာ။ အဲဒါကိုပဲ ပြည်သူတွေနဲ့ NLD က မမှိတ်မသုန် သတိထားစောင့်ကြည့်နေဖို့လိုတယ်။

အကျိုးစီးပွားချင်းနှိုင်းယှဉ်ရင် နိုင်ငံနဲ့ချီတဲ့ ပြည်သူတို့ရဲ့အကျိုးစီးပွားက သူတို့တစ်ကိုယ်ရေအကျိုးအတွက်ဖြစ်တဲ့ စစ်တပ်ရဲ့အကျိုးစီးပွားထက် ပိုပြီးမယှဉ်သာအောင်ကြီးမားတာမို့ ပြည်သူ့အကျိုးစီးပွားကသာ သူတို့ကိုလွှမ်းမိုးရမှာ၊ ခေါင်းတွေမထောင်နိုင်အောင် တိုက်လှဲပစ်ရမှာဖြစ်တယ်။ ဒါပေမယ့် လွယ်လွယ်နဲ့တော့ရမှာမဟုတ်ဘူး။ ကြည့်လေ ခုပဲ နှစ်အစိတ်ကျော်လာခဲ့ပြီ။ လွန်ခဲ့တဲ့နှစ်ငါးဆယ်ကျော်ကတည်းကရှိခဲ့တဲ့ စစ်အာဏာရှင်တွေကို ၈၈ ကတစ်ကြိမ် ပြည်သူတွေဖြိုလဲခဲ့ရာမှာ အောင်ပွဲနဲ့ မသိမ်းနိုင်ခဲ့ဘူး။ ခုတစ်ကျော့လာပြန်ပြီ။ ပြည်သူတွေဟာ မအကြနဲ့တော့ နိုးကြားပြီးအသိတရားအပြည့်ရှိနေဖို့လိုနေပြီဖြစ်တယ်။ ကိုယ့်အကျိုးစီးပွားကို ကိုယ့်ဖာသာကာကွယ်ကြရမယ့်အချိန် ရောက်လာပြီဖြစ်တယ်။

ခုဆိုရင် တရုတ်ကလည်း သူ့အကျိုးစီးပွားအတွက် မှောက်ချည်လှန်ချည်လုပ်နေပြီ။ စစ်အစိုးရကလည်း သူ့အကျိုးစီးပွားအတွက် သေနတ်သံအမြောက်သံတွေပေးနေပြီ။ ပြည်သူတွေနဲ့ ပြည်သူ့အကျိုးစီးပွားဖော်ဆောင်မယ့် ပါတီကကော။
********************************

လေးစားစွာဖြင့်

Ko Soe Win

မြန်မာ့ရေတပ်က ထိန်းသိမ်းပြီး ရခိုင်ပြည်နယ်အတွင်းမှာ စောင့်ရှောက်ထားတဲ့ ဘင်္ဂလာဒေ့ရှ်နိုင်ငံသားတွေကို နေရပ်ရင်းပြန်ပို့စဉ်။ (ဇွန် ၈၊ ၂၀၁၅)

မြန်မာ့ပင်လယ်ပြင်မှာ ဖမ်းဆီးရမိပြီး ရခိုင်ပြည်နယ်မှာ ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ လှေစီးပြေးဒုက္ခသည် ၉၀၀ ကျော်ထဲက ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၅၀ ဦးကို ဒီကနေ့ တဘက်နိုင်ငံကို ပြန်လည်လွှဲအပ်လိုက်ပြီဖြစ်ပါတယ်။ ကျန်ရှိနေသူတွေကို စိစစ်လျှက်ရှိနေပြီး မကြာခင် လွှဲပြောင်းဖို့ ပြင်ဆင်နေတယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက ပြောပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

လှေစီးပြေးဒုက္ခသည်တွေကို မေလ ၂၁ ရက်နေ့က ရခိုင်ကမ်းရိုးတမ်းက ၂ဝဝ ကျော်နဲ့ မေလ ၂၉ ရက်နေ့က ဧရာဝတီတိုင်း ဖျာပုံမြို့အနီး ပင်လယ်ပြင်က ၇၀၀ ကျော်ကို မြန်မာရေတပ်က ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမှာ ထိန်းသိမ်းထားခဲ့တာဖြစ်ပါတယ်။

လူမှောင်ခိုကုန်ကူးခံရသူတွေလက်ထဲက မြန်မာ့ရေတပ်မတော်က ကယ်တင်ထားတဲ့ အဘ္ဘဒူလာမင်က စစ်တွေ ဒုက္ခသည်စခန်းအတွင်းမှာ သူမှတ်မိတဲ့သူတွေကို ညွှန်ပြနေစဉ်။

ဖမ်းဆီးရမိသူတွေကို မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တာဝန်ရှိသူတွေကစစ်ဆေးတဲ့အခါ ပထမအသုတ်ဖမ်းဆီးရမိတဲ့ လှေစီးပြေး ဒုက္ခသည် ၂၀၀ ဟာ ဘင်္ဂလားဒေ့ရှိနိုင်ငံသားတွေဖြစ်တာကြောင့် သူတို့ကို နေရပ်ရင်း ပြန်ပို့နိုင်ဖို့အတွက် စီစဉ် ဆောင်ရွက်ခဲ့ပါတယ်။ ဒီကနေ့မှာတော့ လှေစီးပြေး ဒုက္ခသည် ၁၅၀ ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးခင်စိုးက ပြောပါတယ်။

“သုံးနာရီမှာပေါ့နော်၊ တဘက်နိုင်ငံကိုပေါ့- ဘင်္ဂလားဒေ့ရှ်ဘက်ကို ၁၅၀ ဦးကို အပြီးလွှဲပြောင်းပြီး ဖြစ်ပါတယ်။ ဟိုဘက်က အဖွဲ့တွေကတော့ ၁၁ နာရီ၊ ၄၅ မှာ ရောက်ပါတယ်။ ရောက်ပြီးတော့ ၁ နာရီခွဲမှာ လက်မှတ်တွေ ထိုးပါတယ်။ လက်မှတ်ထိုးပြီးတော့မှ ၁၅၀ ကို ကား ၆ စီးနဲ့လာခေါ်သွားတာ ၃ နာရီမှာ အပြီး လွှဲပြောင်းပြီးဖြစ်ပါတယ်။ အခု ကျနော်တို့ကလည်း ဒီ ၅၀ ကို အမြန်ဆုံးလွှဲပြောင်းလက်ခံဖို့ပေါ့နော်၊ ပြောနေပါတယ်ခင်ဗျ။ ဒါလေးကတော့ သူတို့ဆီက ကောင်စစ်ဝန်ကိုယ်နှိုက် ဒီမှာလာပြီးတော့ စိစစ်ပြီးတော့မှ တင်ပြတာလေ။ ကျန်တဲ့ ၅၀ ကိုလည်း ကျနော်တို့က အမြန်ဆုံး စိစစ်လက်ခံဖို့ပေါ့၊ ဒါတွေ ပြောနေပါတယ်ခင်ဗျ။”

ဘင်္ဂလီလှေစီးပြေးဒုက္ခသည်တွေ ဘင်္ဂလား-မြန်မာ နယ်စပ်ဖြတ်ပြီး နေရပ်ရင်းကို ပြန်ကြစဉ်။ (ဇွန် ၈၊ ၂၀၁၅)

ဒုတိယအသုတ်ဖမ်းစီးရမိသူ ၇၀၀ ကျော်ကိုစိစစ်ရာမှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅၀၀ ကျော်ပါဝင်ပြီး သူတို့ကို အမြန်ဆုံးလွှဲပြောင်းဖို့ ဆောင်ရွက်နေတယ်လို့ ဦးခင်စိုးက ဆက်ပြောပါတယ်။

“ကျနော်တို့ စိစစ်ပြီးသွားပါပြီ။ ကျနော်တို့ဆီမှာ စိစစ်တာက ကျနော်တို့ မြန်မာနိုင်ငံဘက်က ဘင်္ဂလီက ၁၈၇ ဦးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ဘင်္ဂလီက ၅၄၆ ဦးပေါ့။ ဒါလေးတွေ တဦးချင်း ကိုယ်ရေးမှတ်တမ်းတွေ ကျနော်တို့ ဖြည့်တာပေါ့။ အဲဒါက ဘင်္ဂလားဒေ့ရှ်ဘာသာနဲ့ကော၊ ကျနော်တို့ဘက်က မြန်မာဘာသာနဲ့ရော ပြုစုပြီးတော့မှ ထားပါတယ်။ ထားတဲ့အခါကျ သူတို့ဘက်က ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်က စစ်တွေ ကနေလာပြီးတော့ အပြီးစစ်ပြီးသွားပြီ။ စစ်တာကတော့ ၆ ရက်နေ့က စပြီးစစ်တယ်။ ၆ ရက်၊ ၇ ရက်၊ ၂ ရက်စစ်တာပေါ့။ ကျနော်တို့

နှစ်နိုင်ငံအစိုးရက သေချာစိစစ်ပြီးတဲ့နောက် နေရပ်ရင်းကို ပြန်လည်ထွက်ခွာသွားကြတဲ့ ဘင်္ဂလီ လှေစီးပြေးသူများ။

ဘက်ကတော့ သူတို့ဘက်ကို လူစာရင်းပေးထားပြီးတော့ အမြန်ဆုံး လွှဲပြောင်းလက်ခံပေးဖို့ သူတို့ကို ပြောလိုက်တာပေါ့ဗျာ။ သူတို့ကလည်းပဲ သူတို့ဒီမှာ လာစစ်တဲ့ ဘင်္ဂလားဒေ့ရှ်က စစ်တွေကောင်စစ်ဝန်ကလည်း သူတို့ရဲ့ ဘင်္ဂလားဒေ့ရှ်သံရုံးကို အကြောင်းကြားရတယ်။ အဲဒီကမှတဆင့် သူတို့နိုင်ငံမှာရှိတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကတဆင့် အမြန်ဆုံးစိစစ်ပြီးတော့ လက်ခံဖို့ ဆောင်ရွက်နေတာပါခင်ဗျ။”

တောင်ပြိုလက်ဝဲမှာ ထိန်းသိန်းထားသူ ၇၀၀ ကျော်အနက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသား နှစ်ဦး စခန်းက နေထွက်ပြေးသွားတယ်လို့လည်း ပြောပါတယ်။ ရခိုင်ပြည်နယ်က ဒေသခံပြည်သူတွေကတော့ ပထမအသုတ်ဖမ်းဆီးလိုက်တဲ့ လှေစီးပြေးဒုက္ခသည်တွေကို လူသားချင်းစာနာမှု အရ ရခိုင်ပြည်နယ်မှာ ထိန်းသိမ်းထားတာကို လက်ခံပြီး ဧရာဝတီတိုင်း ပင်လယ်ပြင်က ဖမ်းဆီးလိုက်တဲ့ လှေစီးပြေး ၇၀၀ ကို ရခိုင် ပြည်နယ်ကို ပို့ဆောင်တာကို လက်မခံနိုင်တာကြောင့် ဆန္ဒထုတ်ဖော်ဖို့ ပြင်ဆင်နေတယ်လို့ စစ်တွေမြို့က မြို့မိမြို့ဖအဖွဲ့ဝင် ဦးသန်းထွန်းက ပြောပါတယ်။

“ဘာကြောင့်လဲဆိုတော့ လူသားချင်းစာနာတယ်ဆိုရင် ဧရာဝတီတိုင်းမှာ လက်ခံထားပေးလို့ရတယ်လေ။ အခုဟာက ရခိုင်လူထုရဲ့အမြင်က ဘာဖြစ်နေပြီလဲဆိုတော့ အဲဒီ မွတ်ဆလင်တွေကို တွေ့တယ်ဆိုရင်ပဲ ရခိုင်ပြည်ကို ပို့ပေးရတော့မယ်ဆိုတဲ့အစဉ်အလာကြီးတခုကို ကျနော်တို့က မနှစ်သက်တာပါ။”

ဒီလ ၁၄ ရက်နေ့ကိုဆန္ဒထုတ်ဖော်မယ့်ရက်အဖြစ် သတ်မှတ်ထားပြီး ရခိုင်တပြည်နယ်လုံး ပါဝင်လာစေဖို့ ဆက်သွယ်ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။ မြန်မာအစိုးရအနေနဲ့ လှေစီးပြီးထွက်ပြေးသူတွေအရေး ကိုင်တွယ်ဖြေရှင်းဖို့ ပြဿနာကိုဖြေရှင်းရာမှာ တစိတ်တပိုင်းအဖြစ်နဲ့ မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြု လက်ခံဖို့ကို ကုလသမဂ္ဂနဲ့အမေရိကန်အပါအဝင် နိုင်ငံတကာက ဖိအားပေးဆောင်ရွက်နေပါတယ်။

ဒီလ ၆ ရက်နေ့က ရန်ကုန်မြို့မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က လှေစီးတွေဟာ ဖိနှိပ်မှုကြောင့် ထွက်ပြေးကြရတဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ အများစု ဖြစ်တယ်လို့ နိုင်ငံတကာမှာ ပြောဆိုနေကြတာတွေဟာ မမှန်ကန်ကြောင်း နိုင်ငံတကာ သံတမန်တွေ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကိုရှင်းလင်းပြောဆိုခဲ့ပါတယ်။

VOA
http://burmese.voanews.com/content/myanmar-repatriates-bangladeshis-boat-people-/2811994.html



လက်ရှိထိန်းသိမ်းခံထားရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်သူ မဖြိုးဖြိုးအောင်ကို ၂၀၁၅ ပြည်သူ့ဂုဏ်ရည် ဆုရှင်အဖြစ် ရွေးချယ်ချီးမြှင့်လိုက်ပါတယ်။

တနင်္ဂနွေနေ့က အမေရိကန်ပြည်ထောင်စု နယူးရောက်ပြည်နယ် ယူတီကာမြို့မှာကျင်းပတဲ့ ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲအခမ်းအနားမှာ ၂၀၁၅ခုနှစ်ဆုရှင်အဖြစ် သာယာဝတီထောင်မှာ ဖမ်းဆီးခံထားရတဲ့ အသက် (၂၇)နှစ်အရွယ် မဖြိုးဖြိုးအောင်ကို ဂုဏ်ပြုချီးမြှင့်လိုက်တာနဲ့ပတ်သက်လို့ ပြည်သူ့ဂုဏ်ရည်အသင်းရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုထိန်လင်းက အခုလိုပြောပါတယ်။

“မဖြိုးဖြိုးအောင်ဆိုလို့ရှိရင် နာဂစ်ဖြစ်တဲ့ကာလကနေပြီးတော့ နောက်ပိုင်း သူ့ဘဝတလျှောက်လုံးမှာက အနစ်နာခံရတယ်၊ မိဘကလည်း နိုင်ငံရေးကိစ္စတွေကြောင့်မို့လို့ အတိဒုက္ခမျိုးစုံရောက်တဲ့ကြားထဲကနေပြီးတော့ တိုင်းပြည်အတွက် သူရောက်တဲ့အရွယ်မှာ ကြုံလာတဲ့အခက်အခဲပေါင်း များစွာတွေကို သူက ကိုယ်ကျိုးစွန့် အနစ်နာခံပြီးဆောင်ရွက်တဲ့လူတယောက်ဖြစ်ပါတယ်ခင်ဗျ။ ဒါကြောင့်မို့လို့ ဒါကြောင့်မို့လို့ ရွေးချယ်တာပါ။”

မဖြိုးဖြိုးအောင်ကို ဆုကြေးငွေအဖြစ် အမေရိကန်ဒေါ်လာတသောင်းနဲ့အတူ ပူးတွဲချီးမြှင့်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့အပြင် ပြည်သူ့ဂုဏ်ရည် အထူးဆုတွေကိုတော့ တပိုင်တနိုင်အခမဲ့စာကြည့်တိုက်ဖွင့်လှစ်သူ ကိုဇော်ဇော် (မန္တလေးစာကြည့်တိုက်) နဲ့ အခမဲ့ ဇီဝိတဒါန ဆေးခန်းဖွင့်လှစ်ထားသူ ဒေါက်တာနန္ဒာဝင်းတို့ကို ဒေါ်လာ တထောင်စီ ပူးတွဲဂုဏ်ပြုချီးမြှင့်ခဲ့ပါတယ်။

ပြည်သူ့ဂုဏ်ရည်အသင်းကို ၂၀၁၀ ပြည့်နှစ်က ပြည်ပရောက် မြန်မာတိုင်းရင်းသားမိသားစုတွေစုပေါင်းဖွဲ့စည်းတည်ထောင်ခဲ့ပြီး မြန်မာပြည်တွင်းက အများအကျိုးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်နေတဲ့ လူမှုသူရဲကောင်းတွေကို နှစ်စဉ်ဂုဏ်ပြုချီးမြှင့်လာခဲ့တာဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုရှင် အဖြစ် နာရေးကူညီမှုအသင်းက စာရေးဆရာမ သန်းမြင့်အောင်ကိုပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

VOA
http://burmese.voanews.com/content/burme-citizenship-award-to-phyo-phyo-aung-/2811625.html

ဓါတ်ပုံ- မိုင်းတုံနှင့် ပုံပါကျင်ကြားကတွေ့ရသော ၀ တပ်ဖွဲ့မိသားစု
ဂျွန် ၈ ရက်နေ့ ၂၀၁၅

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် အတွင်း သစ်ထုတ်လုပ်မှုပြဿနာေ ကြာင့် UWSA ၀တပ်ဖွဲ့ နှင့် အစိုးရတပ် တို့ အကြား စစ်ရေးဆက်လက် တင်းမာနေပြီး ဒေသအတွင်း ခရီးသွားကားများအား တားမြစ်စစ်ဆေးနေ သည်ဟု ခရီးသွားများ ကပြောသည်။

၂၀၁၅ ဂျွန် ၈ ရက် ယနေ့ နံနက်ပိုင်း၌ မိုင်းတုံမြို့ - ပုံပါကျင် - ဘီပီဝမ်း - ထိုင်းနယ်စပ်သို့ သွားလာသည့် ဒေသအတွင်း ခရီးသွားကားများအား လှုပ်ရှား သည့်စစ်ကြောင်းများ၊ လမ်း ကင်းများက တားမြစ်စစ်ဆေးနေသည်ဟု ဆိုသည်။ ထို့အပြင် အင်အားသုံးရာခန့်ရှိသည့် ၀ စစ်သည်များကလည်း နမ့်ယွန်း - ပုံပါကျင်မှ တဆင့် ဟွေ့အော့ (တောင်ပိုင်း ၀ တပ်ဖွဲ့ ဌာနချုပ်) ဘက် ဦးတည်သွားနေသည်ဟု ပုံပါကျင်ဒေသခံများကလည်းပြောသည်။

“ဒီမနက်မှာဘဲ ၁၅ စီးထက်မနည်းဘူး။ တားမြစ်စစ်ဆေးခံရတယ်။ ဒီမိုင်းတုံ ပုံပါကျင် လမ်း က ၀ စစ်ဆေးတယ်။ အဓိက ကတော့ လက်နက်ကိုင်တဲ့ သူပါမပါ။ သေနတ်ကို အဓိကထား စစ်ဆေးတယ်။ အစိုးရတပ်ကတော့ တာချီလိတ်၊ မိုင်ဆတ် မိုင်းတုံ မြို့ သွားလာတဲ့ကားတွေ ကို စစ်ဆေးတယ်” - ခရီးသွား စိုင်းစိန္နကပြောသည်။

နှစ်ဘက်စစ်ရေးတင်းမာနေသည့်အနေအထားကြောင့် ၀ တပ်ဖွဲ့အရာရှိ မိသားစုအချို့ ထိုင်းနယ်စပ်အနီးသို့ တိမ်းရှောင်နေသည်ဟုလည်း ကြားသိရသည်။

UWSA နှင့် အစိုးရတပ်မတော်တို့အကြား စစ်ရေးတင်းမာမှုကြောင့် ထိုင်း - သျှမ်းနယ်စပ် တလျှောက် သျှမ်းပြည်တပ်မတော်ကလည်း စစ်ရေးပြင်ဆင် မှုပြုနေကြောင်း ကြားသိရ သော်လည်း သျှမ်းပြည်တပ်မတော်ပြောရေး ဆိုခွင့်က ပုံမှန် စစ်ရေးလှုပ်ရှားခြင်းသာ ဖြစ်ကြောင်း ဤကဲ့သို့ပြောသည်။

“UWSA နဲ့ အစိုးရတပ်မတော် ကြား စစ်ရေးတင်းမာနေတာ ကျနော်တို့လဲ ကြားသိရပါ တယ်။ ဒီအခြေအနေကြောင့် ကျနော်တို့စစ်ရေးပြင်ဆင်နေ တယ်ဆိုတာမရှိပါဘူး။ ပုံမှန် လှုပ်ရှားသွားလာနေတာ တပ်တွေပါဘဲ” - ဟု ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းလှ ကပြောသည်။

လက်ရှိအနေအထားရ မိုင်းတုံမြို့နယ် မိုင်းခေတ်ကြိုးဝိုင်းသစ်တော အတွင်း ၀ တပ်ဖွဲ့မှ သစ်ထုတ် လုပ်မှုကြောင့် ၀ လူမျိုးမဟုတ်သည့် တရုတ် ၆ ဦးအား အစိုးရတပ်မတော်ဘက်မှ ဖမ်းဆီးထိန်းသိမ်းထားကြောင်း အဆိုပါဖမ်းဆီးခံရ သည့် သူများနှင့်သစ်များအား ပြန်ပေး ရန် ၀ တပ်ဖွဲ့က တောင်းရာမှ ပြဿနာ အစ ဖြစ်ကြောင်း သိရသည်။

သို့သော် ၎င်းတို့သည် တရုတ်လူမျိုးဟုတ် မဟုတ်ကိုတော့ ၀ တပ်ဖွဲ့မှ အတည်ပြုချက်မပေးပေ။

ယခု စစ်ရေးတင်းမာနေမှုသည် မြန်မာအစိုးရတပ်မတော် နှင့် ၀ တပ်ဖွဲ့ အကြား စစ်ရေး တင်းမာမှုသည် ယခု ၂၀၁၅ အတွင်း ပထမဆုံးအကြိမ်ဖြစ်၏။

၂၀၁၄ နှစ်နှောင်းပိုင်းက နယ်စပ်ကင်းစခန်းပြဿနာ၊ ရာဘာခြံပြဿနာက ရှိခဲ့ဖူးသော်လည်း မြန်မာတပ်အရာရှိထံ ငွေပေးပြီးဖြေရှင်းနိုင်ခဲ့သည်။

“ နိုင်ငံရေးပြဿနာကြောင့် ၀ တပ်ဖွဲ့ကို အားစမ်းချင်တယ်ဆိုရင်တော့ မကြာ ခင် တိုက်ပွဲ တကယ်ဖြစ် ပွားနိုင်တယ်။ ဒါမှမဟုတ် သာမာန် သစ်ပြဿနာပဲ ဆိုရင်တော့ နှစ်ဘက် ဂုဏ်သိက္ခာ ကိုထိမ်းသိမ်းထားချင် တယ် ဆိုရင်တော့ ၀ တပ်ဖွဲ့ကနေ ဗမာအာဏာပိုင်ကို ငွေပေးလိုက်ရင် အရင်တုန်းကလိုဘဲ ပြီးသွားနိုင်တယ် ပြဿနာက” - ဟု အမည်မဖေါ် လို သည့် ၀ လူထု အကြီးအကဲတဦးက ပြောသည်။

သျှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် ကိုးကန့်ဒေသစစ်ရေးပဋိပက္ခတွင် ဝ တပ်ဖွဲ့ ပါဝင်ပတ်သက်မှုရှိနေသည်ဟု မြန်မာအစိုးရက စွပ်စွဲပြောဆိုဖူး သည်။ ထို့အပြင် ၂၀၀၉ ခုနှစ်ကလဲ နယ်ခြားစောင့်တပ် အသွင် ပြောင်းရေး ကိုလက်မခံသည့် ၀ တပ်ဖွဲ့အား ဖိအား ပေးသည့်အနေဖြင့် ထိုင်းနယ်စပ် တလျှောက်ရှိ ၀တပ်များ မြောက်ပိုင်း ဝ နယ်သို့ တပ်ရုပ် ပြန်ရန်ဖိအားပေးခဲ့ဖူး သည်။

သို့သော် ဝ တပ်ဖွဲ့မှာမူ တောင်ပိုင်း ၀ တပ်ဖွဲ့ထိန်းချုပ်ထားသည့် နယ်မြေ အပါအဝင် ထိုင်း နယ်စပ် တောင်ပိုင်းဝ နယ်ပါ စုစည်း၍ သျှမ်းပြည်နယ်မှ ခွဲထွက်ကာ နေပြည်တော် တိုက် ရိုက် လက်အောက်ခံ သီးခြား ၀ ပြည်နယ် ထူထောင်ရန်ဆန္ဒပြင်းပြနေသည်။

အနာဂတ် မြန်မာ့နိုင်ငံရေးဆွေးနွေးပွဲတွင်လည်း ဦးဆောင်ဦးရွက်ပြုလိုသည်ဟု မေလဆန်းပိုင်း ပန်ဆန်းညီလာခံတွင် ဆန္ဒပြုခဲ့ဖူးသည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese



ရန်ကုန်မြို့ရဲ့ ယာဉ်ကြောကျပ်ကျပ်၊ ကားကျပ်ကျပ် မစီးချင်လို့ ညနေရုံးဆင်းချိန် ဘူတာကြီးကိုသွားပြီး ရထားစီးပြီး အိမ်ပြန်မယ်လို့ ဆုံးဖြတ်ကာ ဘူတာရုံဆီ ထွက်ခဲ့ပါတယ်။ အချိန်က နေ၀င်ချုပ်စ နွေဦးည ခုနစ်နာရီခန့်ပေါ့။ ကိုယ်က တောကလာတာဆိုတော့ ကားစီးရတာလည်း မကျွမ်းသလို ရထားထွက်ချိန်တွေလည်း တိတိကျကျသိသူမဟုတ်ပါဘူး။ တိတိကျကျသိပါတယ်ဆိုရင်တောင်မှ ရထားဆိုက်ချိန်ထွက်ချိန်က မမှန် တော့လည်း မသိတာနဲ့ ဘာမှမထူးပါဘူးဗျာ။
ပန်းဆိုးတန်းခုံးကျော်တံတားကြီးပေါ်က မြို့ပတ်ရထားထွက်တဲ့ စင်္ကြံ ဆီ ဆင်းခဲ့ပါတယ်။

ဆင်းဆင်းချင်း တွေ့တဲ့လက်မှတ်အရောင်းဌာနမှာRBEအဲကွန်းရထားရှိလားမေးပြီး လက်မှတ်ဖြတ်ဖို့လုပ်တော့ လက်မှတ် ရောင်းသူက သူနဲ့မျက်နှာချင်းဆိုင်က လက်မှတ်ရောင်းတဲ့ရုံကလေးဆီ လက်ညှိုးထိုးပြရှာပါတယ်ဗျာ။ နေရာကတော့ ပန်းဆိုးတန်းခုံးကျော်တံတား ရဲ့အရှေ့ဘက် အနည်းငယ်လှမ်းသပေါ့။ ဒီလိုနဲ့ လက်မှတRBEတစောင် ၀ယ်ပြီး ကိုယ့်ဆရာရေ ဘယ်စင်္ကြံမှာ စီးရမလဲဆိုတော့ စောစောက လက်မှတ်ဝယ်တဲ့ဘက်ဆီ လက်ညှိုးထိုးပြပါတယ်။ ကိုယ်လည်း သေချာ ကြည့်ပါရဲ့ ဘူတာရုံမှာလည်း မီးတွေ လင်းလင်းချင်းချင်းရှိပါရဲ့ ဒါကို ကိုယ်ပဲအမြင်အာရုံချွတ်ယွင်းသလားဆိုတော့ ဘယ်မှာထပ်မေးရမယ်မသိ။

မြင်သာတဲ့အသိပေးဆိုင်းဘုတ်ကလည်း ချိတ်မထား၊ အသံနဲ့ ကြေညာတဲ့ စနစ်ကလည်း ဒိန်ချဉ်သည်ရဲ့ လော်စပီကာလောက်တောင် ကြည်ကြည် လင်လင်မရှိဘူး။ ကျွန်တော်ပြန်မှာက အင်းစိန်-အောင်ဆန်း မြို့ပတ် ရထားဝေါဟာရနဲ့ဆိုရင်တော့ လက်ယာရစ်ပေါ့။ အဲဒီအချိန်မှာ ကိုယ် သွားမယ့် လက်ယာရစ်ရဲ့ ဆန့်ကျင်ဘက်ရထားတစီးကလည်း ၀င်လာပါ လေရော။ ရထားပေါ်က ဆင်းလာသူ အချို့ကို အင်းစိန်-အောင်ဆန်းကို ဘယ်ဟာစီးရမလဲလို့မေးတော့ သူတို့ကလည်း မသိဘူးတဲ့။ ဘယ်သိမလဲ သူလိုကိုယ်လို ခရီးသွားတွေကို နောက်ဆုံး မီးရထားရဲတယောက်ကိုတွေ့ တော့မေးမှ ဟိုးမှာရပ်ထားတဲ့ ရထားတဲ့။ ကျွန်တော်ရပ်နေတာက ပန်းဆိုး တန်းခုံးကျော်တံတား၊ စီးရမယ့်ရထားက ဆူးလေခုံးကျော်တံတားအောက်မှာ။ ဘယ်နှယ့် ဘူတာမှာမရပ်ဘဲ အဲသလောက် အဝေးကြီးရပ်ထားရသလဲ လို့ အဲဒီအချိန်က မစဉ်းစားအားပါဘူးဗျာ။ ရထားဆီ သုတ်ခြေတင် အား ကုန်ပြေးရတော့တာပေါ့။ အဲဒီလိုပြေးနေရင်း ရထားဘီးလှိမ့်တာ မြင်ရပါ တော့တယ်။ သူက ဘီးစလှိမ့်လေ ကိုယ်က ပိုပြေးလေပဲဗျို့။ အဲဒီရထား ပေါ်က ဆင်းလာတဲ့ ရဲနှစ်ယောက်အနက် တယောက်က မမီလောက်တော့ ဘူးလို့ဆိုတာကို ကျန်တယောက်က သူပြေးပုံနဲ့ မီမှာပါတဲ့။ ဒါနဲ့ ရထား ပေါ်ရောက်မှ အနားယူမယ်ဆိုပြီး ပိုပြေးလိုက်ပေါ့ဗျာ။ ကိုယ်က ပြောရင်းနဲ့ ရထားက ပိုအရှိန်နဲ့ထွက်သွားပါတော့တယ်။

ဒီလိုနဲ့ ရထားမမီလိုက်ဘူး။ ဒါပေမဲ့ ဇာတ်လမ်းက မဆုံးသေးဘူးဗျ။ နောက်ထွက်မယ့်ရထားလက်မှတ်ဝယ်မလို့ ပထမဦးဆုံး လက်မှတ်ဝယ်ဖို့ မေးတဲ့ လက်မှတ်ရုံဆီသွားခဲ့ပါတယ်။ လက်မှတ်ရောင်းသူကို ကျွန်တော် က စောစောက အဲကွန်းရထားမမှီလိုက်ဘူး။ အဲဒီလက်မှတ်နဲ့ ထပ်စီးလို့ ရသေးလားဆိုတော့ လက်မှတ်အသစ်ဝယ်ရမယ်တဲ့။ ဒါနဲ့ လက်မှတ် ၂၀၀ တန် ၀ယ်ပြီး ရထားထပ်စောင့်တာ နာရီဝက်လောက်ကြာတော့ ရောက်လာ ပါတယ်။ ဥု ပြီဆိုပြီး ရထားပေါ်တက်စီးလာခဲ့ပါတယ်ခင်ဗျာ။ အဲဒီရထား ကလည်း စီးလာလိုက်တာ အင်းစိန်မှာ ဂိတ်ဆုံးတယ်တဲ့ခင်ဗျာ။ ကျွန်တော် ပြန်ရမှာက အောင်ဆန်းဘူတာ။

ဒီနေရာမှာ ကျွန်တော်ပြောချင်တာက မီးရထားလက်မှတ်ရောင်းတဲ့ ၀န်ထမ်းတွေ မေးလိုက်ရင် ဖြေချင်သလိုလို၊ မဖြေချင်သလိုလို၊ ရထား ထွက်ချိန်ကလည်း ဘယ်တုန်းကမှ မမှန်ဖူးဘူး။ီငါငအေူ သြမေိ နဲ့ ကြော်ငြာတာလည်း ကိုယ်နဲ့မဆိုင်တာတွေဘဲ ထပ်ဖန်တလဲလဲပြနေတယ်။ အသံနဲ့ ကြေညာတော့လည်း ဗလုံးဗထွေးနဲ့။ ရထားစီးသူက ဘယ်အရာကို အားကိုးရမလဲ။ နေ့စဉ် မြို့ပတ်ရထားစီးပြီး ခရီးသွားတဲ့သူ ရှစ်သောင်း လောက်ရှိတယ်လို့ သိရတယ်။ အဲဒီရှစ်သောင်းက နေ့စဉ် ဒီဒုက်္ခတွေကို ခံစားနေရတာ နှစ်ပေါင်းမနည်းတော့ပါဘူး။

မီးရထားစီးလို့ အဲဒီဒုက်္ခတွေများတယ်။ ဘတ်စ်ကားစီးမယ်ဆိုရင် သူ့ထက်ပိုတဲ့ဒုက်္ခတွေက အများကြီး စောင့်ကြိုလို့နေပါတယ်။ မြို့စွန်က နေ မြို့ထဲကိုသွားဖို့ လေးဆယ့်ငါးမိနစ်လောက်ရှိတဲ့ခရီးကို ၂ နာရီလောက် ကြာမှ ရောက်တယ်။ ဘတ်စ်ကားပေါ်တက်ပြီဆိုကတည်းက စပယ်ယာ တွေရဲ့ တွန်းထိုးတင်ပြီး သူ့ရဲ့ဆူပူအော်ဟစ်မှုနဲ့ စီးရပါတယ်။ ကားပေါ်မှာ စပယ်ယာတွေက လူတွေကို အုတ်စီသလို အထပ်ထပ်စီပြီး ၂ နာရီ လောက် ကျပ်သိပ်နေတဲ့နေရာမှာ မတ်တတ်ရပ်ရပါတယ်။

ထိုင်ခုံရလို့ ထိုင်မယ်ဆိုရင်လည်း ကိုယ့်ထက် အသက်အရွယ်ကြီးသူ၊ အားနွဲ့တဲ့ အမျိုးသမီး တွေကို မျက်နှာလွှဲမျက်နှာပြောင်တိုက်ပြီး လိပ်ပြာမလုံစွာနဲ့ စီးနေရပါတယ်။ ဒါဟာ နေ့စဉ် ဘတ်စ်ကားစီး ခရီးသွားနေတဲ့ ၂ ဒသမ ၂ သန်းခန့်ရဲ့ ဒုက်္ခများ စွာထဲက တခုပါ။ တကယ်ကို လူတွေက လူ့အဆင့်အတန်းနဲ့အညီ လူပီသ စွာ စီးနင်းခွင့်မရကြရှာပါဘူး။ နေ့စဉ် လူ့အခွင့်အရေး ချိုးဖောက်ခံနေရပါ တယ်။
တကယ်ဆိုရင် နေ့စဉ်ဒီလောက်ဒုက်္ခရောက်နေတဲ့ ပြည်သူတွေ အတွက် လူ့အခွင့်အရေး အချိန်နဲ့အမျှ ချိုးဖောက်ခံနေရတဲ့ ရန်ကုန်ကမ်္ဘာ လေးထဲက ပြည်သူတွေအတွက် မီးရထားက တာဝန်ရှိသူတွေ၊ မထသ တာဝန်ရှိသူတွေ၊ သက်ဆိုင်ရာကလူတွေကို ယာဉ်မောင်းတွေ၊ စပယ်ယာ တွေ၊ ယာဉ်ပိုင်ရှင်တွေကို လူ့အခွင့်အရေး အချိုးဖောက်ဆုံးလူတွေအဖြစ် ၀ိုင်းဝန်းရှုတ်ချခြင်းအပြင် တရားစွဲဆိုသင့်နေပါပြီ။ ခရီးသွားပြည်သူများက ရော ဘယ်တော့များ လူသားဆန်စွာ လူ့အခွင့်အရေးနဲ့အညီ ဘယ်တော့ ခရီးသွားခွင့်ရကြမလဲ။

ကိုခက်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


တောင်ကိုရီးယားနိုင်ငံမှာ ၆ ယောက်မြောက် မားစ်ရောဂါပိုး ကူးစက်ခံရသူ တစ်ဦး သေဆုံးသွားခဲ့ပြီး ရောဂါပိုးကူးစက်ခံရသူ နောက်ထပ် ၂၃ ဦး ထပ်မံတွေ့ရှိရကာ စုစုပေါင်း ရောဂါဖြစ်ပွားနေသူ ၈၇ ဦး ရှိသွားပြီလို့ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

လူပေါင်း ၂ ၃၀၀ ခန့်ကို သီးခြားခွဲထားပြီး ကျောင်းပေါင်း ၁ ၉၀၀ ခန့်ကိုလည်း ပိတ်ထားရပါတယ်။

တနင်းလာနေ့ မနက်ပိုင်းမှာ ဆိုးလ်မြို့ တောင်ဘက် Daejeon မြို့မှာ အသက် ၈၀ အရွယ်ရှိ အမျိုးသားကြီးတဦး မားစ်ရောဂါပိုး ကူးစက်ခံရပြီး နောက်ဆုံးသေဆုံးခဲ့တာ ဖြစ်ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese


 အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မှာ ပြုလုပ်တဲ့ စက်ရုပ်စွမ်းရည် ပြိုင်ပွဲမှာ တောင်ကိုရီးယား စက်ရုပ်က တခြားပြိုင်ပွဲဝင် စက်ရုပ်တွေကို အနိုင်ရရှိပြီး ပထမဆု ဒေါ်လာ ၂ သန်း ရရှိသွားခဲ့ပါတယ်။

အမေရိကန် ကာကွယ်ရေးဌာန Darpa သုတေသနဌာနက ပြုလုပ်တဲ့ ဒီစက်ရုပ်ပြိုင်ပွဲမှာ တောင်ကိုရီးယားက DRC-Hubo ဆိုတဲ့ စက်ရုပ်က တခြားပြိုင်ပွဲဝင် စက်ရုပ် ၂၂ ရုပ်ကို အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ် Fukushima နျူကလီးယားစက်ရုံ ပေါက်ကွဲမှု အသွင်မျိုး ဖန်တီးထားတဲ့ အခြေအနေအောက်မှာ စက်ရုပ်တွေက အဟန့်အတား အတားအဆီးတွေကို ကျော်လွားရတဲ့ ပြိုင်ပွဲဖြစ်ပါတယ်။

စက်ရုပ်တွေဟာ ၁ နာရီအတွင်း ကားမောင်းတာ၊ ကားထဲက ထွက်တာ၊ တံခါးဖွင့်တာ၊ လမ်းလျှောက်တာ စတာတွေပါဝင်တဲ့ ခက်ခဲတဲ့ ညွှန်ကြားချက်တွေကို ၁ နာရီအတွင်း ပြီးစီးအောင် လုပ်ဆောင်ရတာ ဖြစ်ပါတယ်။

အဲဒီ အလုပ်တွေကို ကိုရီးယားစက်ရုပ်က ၄၄ မိနစ် ၂၈ စက္ကန့်နဲ့ အမြန်ဆုံး လုပ်ဆောင်ကာ ဆုရရှိခဲ့တာ ဖြစ်ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese


 မလေးရှားနိုင်ငံမှာ အမြင့်ဆုံး တောင်ဖြစ်တဲ့ ကီနာဘူလူ တောင်ပေါ်ဒေသမှာ အင်အားပြင်းတဲ့  ငလျင်ကြောင့် မြေပြိုမှု၊ နောက်ဆက်တွဲ ငလျင်ငယ်တွေကြောင့် သေဆုံးသူ ၁၆ ယောက်အထိ အတည်ပြုနိုင်ပြီလို့ အာဏာပိုင်တွေက ဇွန်လ ၇ ရက်နေ့မှာ ပြောပါတယ်။

နောက်ထပ် ၂ ယောက် ပျောက်ဆုံးနေဆဲပဲလို့ တောင်ပေါ် ဒေသမှာ ကိုယ်တိုင်ရောက်နေတဲ့ ခရီးသွားလာရေး၊ ယဉ်ကျေးမှုနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး မာစီဒီ က  သတင်းထောက်တွေကို ပြောပါတယ်။

အခုအထိ အတည်ပြုနိုင်တဲ့ စာရင်းအရ မလေးရှား ၆ ယောက်၊ စင်ကာပူ ၇ ယောက်၊ ဖိလစ်ပိုင်  ၁ ယောက်၊ တရုတ် ၁ ယောက်၊ ဂျပန် ၁ ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။ ရှာဖွေရေး လုပ်ငန်းတွေကို ဇွန်လ ၈ ရက်နေ့မှာလည်း ဆက်လုပ်မှာ ဖြစ်ပါတယ်။

ဇွန်လ ၅ ရက်နေ့က ငလျင်လှုပ်တဲ့အချိန်က ၁၆ နိုင်ငံက တောင်တက်သမား ၁၃၀ ကျော် ပိတ်မိခဲ့ပြီး နောက်တော့ တောင်ပေါ်ကနေ ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့ကြပါတယ်။

စင်ကာပူမှာတော့ ဇွန်လ ၈ ရက်နေ့ကို ၀မ်းနည်းဖွယ်နေ့အဖြစ် ကြေညာထားပြီး အလံကို တိုင်ဝက်ချ လွှင့်ထူဖို့ ၀န်ကြီးချုပ်ရုံးက ညွန်ကြားထားပါတယ်။

By DVB
http://burmese.dvb.no


 ရှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်ထဲမှာ သစ်ထုတ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး အစိုးရစစ်တပ်ကို ၀ တပ်ဖွဲ့က ဇွန် ၃ ရက်နေ့ကစပြီး ၀ိုင်းထားမှု အနေအထားကို ညှိနှိုင်းနေဆဲပဲလို့ ၀ ပြည်သွေး စည်းညီညွတ်ရေး တပ်မတော် (ယူဒဗလျူအက်စ်အေ) ပြောခွင့်ရ ဦးအောင်မြင့်က ပြောပါတယ်။

ဝဒေသတွင်း သစ်ထုတ်တာကို လာရောက်ဖမ်းဆီးတဲ့ အစိုးရတပ်ဖွဲ့ဝင်အင်အား ၁၀၀ လောက်ကို ၀တပ်ဖွဲ့အင်အား ၂၀၀ လောက်က ၀ိုင်းထားတာဖြစ်ပြီး လက်ရှိအနေအထားမှာ တင်းမာမှု အနည်းငယ်လျော့သွားပေမယ့် ညှိနှိုင်းဆဲအခြေအနေဖြစ်တယ်လို့ ပြောပါတယ်။

“အခုက အခြေအနေ နည်းနည်းလေးတော့ တည်ငြိမ်လာတယ်။ ဒါပေမယ့် နောက်ဆုံးအခြေ အနေလေးတော့ မပြောနိုင်သေးဘူး။ ဒီကိစ္စကို ကျနော်တို့ မနေ့ကနဲ့ ဒီကနေ့မနက် သမ္မတကြီးဆီလည်း သဘောထားတင်ပြထားတာရှိတယ်။ ဦးသိန်းဇော်ဆီကနေ တဆင့်ပေါ့။ သမ္မတဆီကလည်း ၂ ကြိမ်ညွန်ကြားချက်ပေးလာတယ်။ ကျနော်တို့ကလည်း လက်ခံပါတယ်။ သမ္မတကြီးကိုယ်တိုင် ကာချုပ်ဆီဖုန်းဆက်ပြီးတော့ ဆွေးနွေးပါတယ်ညှိပါတယ်။ တပ်ဖက် တြိဂံ တိုင်းမှူးနဲ့လည်း ကျနော် ၃ ကြိမ်ရှိပြီ။ မနေ့က၊ တနေ့ကနဲ့ ဒီမနက် ဖုန်းနဲ့ ဆက်သွယ်ညှိနှိုင်းကြ တာပေါ့။ ဒီကိစ္စလေးနဲ့ပတ်သက်ပြီးတော့လည်း သူအရင်ဆုတ်၊ ကိုယ်အရင်ဆုတ်ကိစ္စလေး တွေပေါ့”လို့ ပြောပါတယ်။

ဇွန်လ ၁ ရက်က ၀တပ်ဖွဲ့ရဲ့ ညွှန်ကြားမှုနဲ့ ၀ဒေသတွင်း သစ်ထုတ်နေသူတွေကို အစိုးရတပ်က လာရောက်ဖမ်းဆီးရာက ပြဿ နာစတင်ခဲ့ပြီး ဇွန်လ ၃ ရက်မှာတော့ အစိုးရတပ်ကို ၀တပ်ဖွဲ့က ၀ိုင်းပြီးပိတ်ဆို့ထားတဲ့ အခြေအနေရောက်ခဲ့တာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ အစိုးရဘက်က တစုံတရာထုတ်ပြန်ပြောဆိုခြင်းမရှိသေးပါဘူး။

ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်ဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေထဲမှာ အင်အားအကြီးဆုံးဖြစ်ပြီး အစိုးရနဲ့အပစ်ရပ် လက်မှတ်ထိုးထားတဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။

By DVB
http://burmese.dvb.no


ဆော်ဒီအာရေဗျနိုင်ငံမှာ အစ္စလာမ်ဘာသာကို စော်ကားလို့ဆိုပြီး အွန်လိုင်းပေါ်မှာ စာရေးသားတဲ့ ဘလော့ဂါ Raif Badawi ကို ကြိမ်ဒဏ် အချက် ၁ထောင်နဲ့ ထောင်ဒဏ် ၁၀ နှစ် ချထားခဲ့မှုအပေါ် ဆော်ဒီ အထက်ရုံးတော်က ထပ်မံအတည်ပြုလိုက်ပါတယ်။

ဒါကြောင့် လာမယ့် သောကြာနေ့မှာ ပြစ်ဒဏ်ချခံရမယ့်အပေါ် စိုးရိမ်နေကြကြောင်း အဲဒီ ဘလော့ဂါရဲ့ ဇနီးဖြစ်သူက ဘီဘီစီကို ပြောပါတယ်။

Raif Badawi ကို ပြီးခဲ့တဲ့ ဇန်န၀ါရီလတုန်းက ကြိမ်ဒဏ် အချက် ၁ ထောင်ရဲ့ ပထမအကျော့အနေနဲ့ အချက် ၅၀ စတင် ရိုက်နှက်ရာကနေ တကမ္ဘာလုံး ကန့်ကွက်မှုတွေ ပေါ်ပေါက်လာတဲ့ နောက်ပိုင်း ဆော်ဒီ အာဏာပိုင်တွေက သူရဲ့အမှုကို အထက်ရုံးတင်ပြပြီး ပြန်လည် သုံးသပ်ခဲ့ကြတာ ဖြစ်ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese

NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို မေလ ၁၆ ရက်နေ့က မွန်ပြည်နယ် မော်လမြိုင်မြို့ လူထုတွေ့ဆုံပွဲမှာ တွေ့ရစဉ် Photo: Kyaw Zaw Win/RFA
ပြည်တွင်း ပြည်ပမှာ ထင်ရှားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံးအကြိမ် တရုတ်ပြည် ငါးရက် ခရီးစဉ်ဟာ နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုနဲ့ နားလည်မှုတွေကို မြှင့်တင်ပေးလိမ့်မယ် လို့မျှော်လင့်ကြောင်း တရုတ်အစိုးရအာဘော် ဆင်ဝှာသတင်းက ဖော်ပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်လည်ပတ်ဖို့ တရုတ်ကွန်မြူနစ်ပါတီက ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။

၂ဝ၁ဝ ပြည့်နှစ်ကစလို့ တရုတ်နဲ့ မြန်မာကြား မြစ်ဆုံရေလှောင်တမံနဲ့ ကြေးနီစိမံကိန်းတွေနဲ့ ပတ်သက်ပြီး နှစ်ဖက် စိတ်အနှောက်အယှက် ဖြစ်စရာတွေကြုံခဲ့ရပေမဲ့ ၊ အခုလို ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားတာဟာ တရုတ်ပြည်နဲ့ ဆက်ဆံရေးတိုးမြှင့်လိုတဲ့ ဘယ်နိုင်ငံရေး ပါတီကိုမဆို တရုတ်ကွန်မြူနစ်ပါတီအနေနဲ့ ထိတွေ့ဆက်ဆံ ဖို့ အဆင်သင့်ရှိနေတယ်ဆိုတာ ပြသလိုက်တာ ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း မြန်မာနိုင်ငံရဲ့ အရေးကြီးတဲ့ နိုင်ငံရေးသမားတစ်ယောက်အနေနဲ့ နှစ်နိုင်ငံကြားက အထူးတလည် ချည်နှောင်ထားတဲ့ ဆက်ဆံမှု အတိုင်းအတာကို သဘောပေါက်မှာဖြစ်ကြောင်း၊ တရုတ်နဲ့ မြန်မာဟာမတည့်လို့ အတူမနေနိုင်ပဲ ကွာရှင်းပြတ်စဲ ကြတဲ့ ဇနီးမောင်နှံလို မဟုတ်ပဲ နှစ်နိုင်ငံလုံး အိမ်နီးချင်း နိုင်ငံတွေဖြစ်တဲ့အတွက် အပြောင်းအလဲဖြစ်စရာ မရှိကြောင်းလည်း ဆင်ဝှာသတင်းက ဖော်ပြပါတယ်။

RFA Burmese
http://www.rfa.org/burmese

ဆိုးလ်အမျိုးသားတက္ကသိုလ်ဆေးရုံ ဝန်ထမ်းတွေနဲ့ ဧည့်သည်တွေ MERS ရောဂါကူးစက်မှု ကာကွယ်ရေးအဖြစ် mask တွေ အသုံးပြုထားပုံကို တွေ့ရစဉ်။ 
တောင်ကိုရီးယားမှာဖြစ်ပွားနေတဲ့ MERS ခေါ်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးကြောင့် ဒီကနေ့အထိ လူ ၅ ဦးသေဆုံးခဲ့ပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံသား သောင်းချီရှိတဲ့ တောင်ကိုရီးယားနိုင်ငံမှာ မားစ်ရောဂါပိုးကူးစက်တဲ့ မြန်မာနိုင်ငံသားတွေ မရှိသေးပေမယ့် အားလုံး သတိထား နေထိုင် နေကြတယ်လို့ ပြောကြပါတယ်။ ဆက်သွယ်စုံစမ်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။

MERS လို့ခေါ်တဲ့ အရှေ့အလယ်ပိုင်းဒေသ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုး ကူးစက်သူတွေကို တောင်ကိုရီးယားမှာ ပြီးခဲ့တဲ့မေလ တတိယပတ် အတွင်း စတင်တွေ့ရှိခဲ့တာပါ။ အခုချိန်ထိ သေဆုံးသူ ၅ ဦး ရှိသွားပြီဖြစ်ပြီး အားလုံးဟာ ကိုရီးယားလူမျိုးတွေဖြစ်ကြပါတယ်။ မြန်မာတွေ အများဆုံးနေထိုင် တဲ့ ဆိုးလ်မြို့တော်နားက ပူချွန်းမြို့မှာ မားစ်ရောဂါ ကူးစက်ခံထားရသူ ကိုရီးယားလူမျိုးတဦးရှိနေတာကြောင့် မြို့တော်ဝန်က အထူးသတိပေးချက် ထုတ်ပြန်ထားကြောင်း ပူချွန်းမှာနေတဲ့ ကိုကျော်စွာလင်းက ပြောပါတယ် ။

“….. ကိုရီးယားမှာ အဲဒီရောဂါနဲ့သေသွားတဲ့လူက ငါးယောက်ရှိသွားပြီဗျ။ အားလုံးပေါင်း စုစုပေါင်း ကူးစက်ထားတဲ့လူက ၆၄ ယောက်ရှိတယ်၊ ဒါပေမယ့် ကျနော်တို့နေတဲ့ ပူချွန်းနယ်မှာရှိတဲ့ မြို့တော်ဝန်ကပြောထားတယ်၊ အရေးပေါ်ကြေညာထားတာပေါ့ဗျာ။ သတိထားဖို့၊ အပြင်သွားလို့ရှိရင် masks တွေ ဘာတွေ မျက်နှာမှာတပ်ထားဖို့၊ နောက်ပြီးရင် ခြေ၊ လက်တွေကို သေချာ သန့်သန့်ရှင်းရှင်းလုပ်ဖို့အတွက်ကို သူကတော့ ပြောပြထားတယ်။ မြန်မာတွေ ထဲက တော်တော်များများက ဒီ mask တွေစည်းပြီးတော့ သွားနေလာနေကြတာပေါ့ဗျာ။ နောက်တခုကလည်း ရထားတွေ၊ ဘတ်စ်ကားတွေထဲမှာလည်း တော်တော်များများက မျက်နှာစည်းတဲ့ mask တွေပေါ့။ အဲဒီ mask တွေတောင်မှ ရိုးရိုးသာမန် အမှုန်လေးတွေကာကွယ်တဲ့ mask ပါးပါးလေးတွေ မဟုတ်ဘဲနဲ့ သူတို့သတ်မှတ်ထားတဲ့ mask အမျိုးအစားရှိတယ်ဗျ။ နည်းနည်းထူတာပေါ့ဗျာ၊ လုံခြုံမှု၊ စိတ်ချမှုရှိတယ်ဆိုပြီးတော့- အဲဒါကို သုံးကြတယ်။ အဲဒါတွေလည်း ဒီနေ့ကျနော် ဆေးခန်းမှာသွားဝယ်တာ ကုန်သွားပြီတဲ့၊ မရှိတော့ဘူး-တဲ့။ ကျနော်လည်း နည်းနည်း စိုးရိမ်တာပေါ့။ ကျနော်လည်း မြို့ထဲ အလုပ်ကိစ္စနဲ့ ခနခနသွားရတယ်ဆိုတော့။”

တောင်ကိုရီးယားအစိုးရကလည်း ပြည်သူတွေ လိုက်နာရမယ့် သတိပေးချက်တွေ ထုတ်ပြန်ထားတယ်လို့ ဆိုးလ်မြို့နားက ယုံအင်းမှာ နေထိုင်တဲ့ ကိုဇော်မိုးအောင်က ပြောပါတယ်။

“ကိုရီးယားအစိုးရအနေနဲ့တော့ အခုအချိန်ဆိုရင် ဘယ်ဆေးရုံတွေမှာ ရောဂါဘယ်နှစ်ယောက်ရှိတယ်၊ ဘယ်လိုနေရာတွေမှာ ရောဂါတွေ ဖြစ်ပွားနေတယ်။ အဲဒါကြောင့်မို့ သတိထားနေထိုင်ကြဖို့နဲ့ လက်တွေကို စင်ကြယ်အောင်ဆေးဖို့နဲ့ နောက်ပြီး လူထူထပ်တဲ့နေရာတွေကို မသွားရောက်ကြဖို့ သူတို့ သတ်မှတ်ထားတဲ့ နယ်မြေတွေထဲ မသွားကြဖို့ ဆက်တိုက် ကြေညာပြီးတော့ သတင်းတွေကလည်း လွှင့်နေပါတယ်ခင်ဗျ။ အခုကတော့ ကျနော်တို့ ဆိုးလ် နယ်မြေလည်း ပါသွားတယ်ပေါ့နော်။ ဆိုးလ်အနီးတဝိုက်မှာရှိတဲ့ ပူချွန်းတို့၊ ဖျောင့်ချက်တို့၊ ဆူဝမ်တို့၊ နောက်ပြီးတော့ ကိုရီးယားနိုင်ငံရဲ့တောင်ဘက်အစွန်း ဂျော်လတ်ပြည်နယ်တို့ပေါ့နော်၊ အဲဒီဘက်တွေမှာ လူနာတွေတွေ့ရတာဖြစ်တဲ့အတွက်ကို အဲဒီနေရာတွေမှာတော့ သတိထားဖို့ သတိပေးထားတာရှိပါတယ်။”

ပြည်သူအများသုံးစွဲတဲ့ ရထားနဲ့ ဘတ်စ်ကားတွေမှာ မားစ်ရောဂါ ကြိုတင်ကာကွယ်မှုတွေ လုပ်ပေးနေကြောင်း ကိုကျော်စွာလင်းက ရှင်းပြပါတယ်။

“ဘူတာတွေဘာတွေမှာဆိုလို့ရှိရင် ဆေးလိုက်ဖျန်းတယ်ဗျ။ ပိုးသတ်ဆေးပုံစံမျိုးပေါ့ဗျာ။ အဲဒီဆေးတွေ လိုက်ဖျန်းတာရှိတယ်။ ဘူတာတွေထဲမှာဖြစ်ဖြစ်၊ ကားတွေထဲမှာဖြစ်ဖြစ် တော်တော်များများကတော့ အပြင်သွားလို့ရှိရင် mask တွေ စည်းထားတာလည်း တွေ့ရတယ်ဗျ။ တချို့ကျတော့လည်း မစည်းကြဘူးဗျ။ မစည်းကြတော့လည်း ကျနော်သေသေချာချာမေးကြည့်တော့ အဲဒီ ရောဂါအမျိုးအစားက ကူးရင်သေလားဆိုတော့ အဲဒီရောဂါက-တဲ့၊ ကူးစက်လိုက်လို့ရှိရင် လူတယောက်က resistant ပေါ့ဗျာ၊ ခံနိုင်ရည်အား နည်းနေတဲ့အချိန်ကျလို့ရှိရင် အဲဒီရောဂါကူးလို့ရှိရင် သေတတ်တယ်-ပေါ့လေ။ ကိုယ့်ခံနိုင်ရည်အပေါ်မှာ မူတည်တယ်ပေါ့။”

မားစ်ရောဂါနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေရှိနေကြတာကြောင့် အခါတိုင်း လူတွေနဲ့စည်ကားလေ့ရှိတဲ့ တနင်္ဂနွေနေ့မျိုးမှာတောင် လူတွေ ခြောက်ကပ်ကုန် တယ်လို့ ကိုဇော်မိုးအောင်က ပြောပါတယ်။

“အခုဆိုရင် လမ်းတွေမှာပဲကြည့်ကြည့်၊ ဆေးရုံတွေမှာပဲကြည့်ကြည့် လူတွေ မရှိသလောက်ကို ဖြစ်နေတယ်။ ဒီနေ့လို တနင်္ဂနွေနေ့မျိုးဆိုရင်ပေါ့နော်၊ ပျော်ပွဲရွှင်ပွဲတွေ သွားကြတယ်။ နားတဲ့နေရာတွေသွားပြီး နားကြတယ်။ နောက်ပြီး စားကြသောက်ကြတယ်၊ ပျော်ကြပါးကြတယ်ပေါ့နော်။ ဒါပေမယ့် ဒီနေ့ နေ့မှာတော့ ကားတွေအကုန်ရှင်းနေပြီးတော့ လူတွေ အပမ်းဖြေတဲ့နေရာတွေမှာ၊ စားသောက်ဆိုင်တွေမှာ လူတွေ မရှိသလောက်ကို ဖြစ်နေတယ်။”

ဒီလိုမျိုး အခြေအနေတွေရှိပေမယ့် မြန်မာနိုင်ငံသားအများစုလုပ်နေတဲ့ စက်ရုံတွေမှာတော့ ပုံမှန်အတိုင်း လည်ပတ်နေတယ်လို့ သိရပါတယ်။

“ကိုရီးယားနိုင်ငံမှာရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကတော့ အဲဒီရောဂါကြောင့် အထူးစိုးရိမ်ကြောင့်ကြနေကြပြီးတော့ နှာခေါင်းပိတ်တွေ တပ်ထားကြတယ်။ နောက်ပြီးတော့ လူနေထူထပ်တဲ့နေရာတွေကို မသွားကြဘူး-နော်။ ပြီးတော့ ကျနော်တို့ မြန်မာနိုင်ငံသားအချင်းချင်းလည်း တယောက်နဲ့တယောက် လှမ်းဆက်သွယ်ပြီးတော့ အပြန်အလှန် အသိပေး အကြောင်းကြားနေတာလည်း ရှိပါတယ်။ အခုကတော့ ကျနော်သိသလောက် အလုပ်ကတော့ လုပ်နေဆဲပေါ့နော်။ ဒါပေမယ့် နေ့ကလေးထိန်းကျောင်းကနေစပြီး အထက်တန်းကျောင်းတွေ၊ တက္ကသိုလ်တွေတော့ ခေတ္တတော့ ပိတ်ထားတယ်ပေါ့နော်။ စားသောက်ဆိုင်တွေလည်း ပိတ်ထားတာတွေ ရှိတယ်ဗျ။ တောင်ကိုးရီးယားရောက်နေတဲ့ မြန်မာနိုင်ငံသားတွေအားလုံးကတော့ စက်ရုံတွေမှာ လုပ်တာများတာပေါ့နော်။ ဒါပေမယ့် အခုချိန်အထိတော့ စက်ရုံအလုပ်ရုံတွေ ပိတ်တာ၊ နားတာတော့ အခုချိန်အထိ မကြားရသေးဘူးပေါ့။ အခုအချိန်ထိ စက်ရုံထဲမှာ အလုပ်လုပ်နေကြဆဲပါပဲခင်ဗျ။”

ကိုဇော်မိုးအောင်က ပြောသွားတာပါ။ အသက်ရှူလမ်းကြောင်းဆိုင်ရာ MERS ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူတဦး မေလ ၂၀ ရက်နေ့က ပထမဆုံးတွေ့ခဲ့ရတယ် ဆိုပြီး တောင်ကိုရီးယားအစိုးရက ကြေညာခဲ့ပါတယ်။အဲဒီလူဟာ ရောဂါဖြစ်ပွားနေတဲ့ ဘာရိန်း ၊ ဆော်ဒီအာရေဗျနဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စု ယူအေအီးနိုင်ငံတွေကို ခရီးသွားခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ကိုဉာဏ်ဝင်းအောင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com