06/17/15

 farmers-620.jpg တောင်သူတချို့ ကောက်စိုက်နေကြစဉ်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ရေတွင်းကုန်းကျေးရွာနဲ့ အဘေကျေးရွာက စစ်တပ်က သိမ်းယူခံထားရတဲ့ လယ်ယာမြေတွေမှာ ဝင်ရောက်ထွန်ယက်ခဲ့တာကြောင့် လယ်သမား ၁၇ ဦးနဲ့ ရန်ကုန်တောင်ပိုင်းခရိုင် ကရင်ပြည်သူ့ပါတီ ဥက္ကဌ မန်းအုန်းမြင့်သိန်းတို့ကို ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇ နဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်က အမှုဖွင့်ထားပါတယ်။

သိမ်းယူခံထားရတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိဖို့အတွက် လယ်သမားတွေကို အကူအညီပေးခဲ့တာကြောင့် အမှုရင်ဆိုင်နေရတာဖြစ်ကြောင်း တရားစွဲခံထားရသူ ရန်ကုန်တောင်ပိုင်းခရိုင် ကရင်ပြည်သူ့ပါတီ ဥက္ကဌ မန်းအုန်းမြင့်သိန်းက ပြောပါတယ်။

"အဲဒီ့အမှုထဲပါတဲ့ အကြောင်းရင်းက ကျနော်ကဒီလယ်မြေတွေကို မူလအသိမ်းခံ လယ်သမားတွေ အတွက် ပြန်လျှောက်ပေးတယ်၊ ကျနော်က ထွန်တုံးတိုက်ပွဲကို ပြဿနာတစုံတရာ မဖြစ်အောင်ဆိုပြီးတော့ စရဖ၊ ရဲသတင်းတပ်ဖွဲ့နဲ့ ကျနော်တို့ရယ် ကွင်းဆင်းကြည့်ရှုပြီးတော့ ထိန်းကျောင်းပေးတာပဲရှိတယ်၊ အဲ့အတွက်နဲ့ ကျနော့်နာမည်ပါ ပါသွားတာပေါ့၊ ဗိုလ်ကြီး နေထက်သူရကလည်း ရှေ့တန်းလောက်ကိုင်ရောက်နေတယ်၊ သူတရားလိုအနေအထားနဲ့ ဒီမှာမရှိတော့ဘူး၊ အဲ့ဒါကြောင့် ဘယ်လိုနည်းနဲ့ အမှုတည်ဆောက်ပြီး ရုံးပေါ်ရောက်မလဲ မပြောတတ်သေးဘူး၊ မနက်ဖြန်တော့ ကျနော်တို့ ကိုယ်တိုင်ခံဝန်နဲ့ အာမခံယူရမှာပေါ့"

ရေတွင်းကုန်းကျေးရွာနဲ့ အဘေကျေးရွာက လယ်ယာမြေဧက ၉ဝဝ ကျော်ကို ရန်ကုန်တိုင်း စစ်ဌာနချုပ်နဲ့ တခြားတပ်ရင်း ၁၆ ခုတို့က လွန်ခဲ့တဲ့ ၁၉၉၄ ခုနှစ်မှာ သိမ်းယူခဲ့ပြီး တခြားလယ်သမားတွေကို သီးစားချငှားရမ်းထားခဲ့တယ်လို့ သိရပါတယ်။

အဲဒီလယ်ယာမြေအားလုံးကို ၂၀၁၄ ခုနှစ်မှာ ပြန်ပေးခဲ့ပါတယ်။ အခုအမှုရင်ဆိုင်နေရတာက လယ်တွေပြန်မပေးခင် ၂၀၁၃ ခုနှစ်က ၀င်ရောက်ထွန်ယက်ခဲ့တာကို တရားစွဲဆိုတဲ့အမှုလို့ ပြောပါတယ်။

RFA
http://www.rfa.org/burmese/news/file-lawsuit-karen-party-leader-farmers-06162015120902.html


''မြန်မာ အားကစား ကမ္ဘာလွှမ်းရမည်တဲ့
လူကြီးတွေ ဖင်ခေါင်းမကျယ်ပါနဲ့ .....
ကလေးတွေ ကစားမယ့်ဘောလုံးကွင်းကျတော့ ကွန်ဒိုဆောက်ဖို့ရောင်းစားတယ် ပါတီရုံးဆောက်ဖို့ သိမ်းတယ်
တိုင်းပြည့်အတွက် တာဝန်ကျရာရုံးခန်းမှာ အလုပ်လုပ်နေရမယ့် အရာရှိတွေ
အလကားအချိန်ဖြုန်းနေတဲ့ ဂေါက်ကွင်းကျတော့ အဆင့်မြင့်မြင့်နဲ့ စိမ်းစိုနေအောင်လုပ်ထားတယ်...
အရာရှိတွေ အချိန်ဖြုန်းတော့ တိုင်းပြည် မတိုးတက်ဘဲ ဆုတ်ယုတ် လာတယ်....
ကလေးတွေ အားကစားကွင်းမရှိတော့
အားကစား ဘယ်ဖွုံဖြိုးမလဲ.အကုန် ဂိမ်းဆိုင်ရောက်ကုန်ပြီး အသုံးမကျတဲ့ မှန်ကြောင်တွေဖြစ်ကုန်တာပေါ့ ..''.....

မြန်မာဘောလုံး အသင်း ဒီ့ထက်ဖွုံဖြိုးတိုးတက်ဖို့ အတွက့် ပြောထားတာ အရမ်းထိတယ် ၃ မိနစ် ထဲပါ............... .''မြန်မာ အားကစား ကမ္ဘာလွှမ်းရမည်တဲ့လူကြီးတွေ ဖင်ခေါင်းမကျယ်ပါနဲ့ .....ကလေးတွေ ကစားမယ့်ဘောလုံးကွင်းကျတော့ ကွန်ဒိုဆောက်ဖို့ရောင်းစားတယ် ပါတီရုံးဆောက်ဖို့ သိမ်းတယ်တိုင်းပြည့်အတွက် တာဝန်ကျရာရုံးခန်းမှာ အလုပ်လုပ်နေရမယ့် အရာရှိတွေအလကားအချိန်ဖြုန်းနေတဲ့ ဂေါက်ကွင်းကျတော့ အဆင့်မြင့်မြင့်နဲ့ စိမ်းစိုနေအောင်လုပ်ထားတယ်...အရာရှိတွေ အချိန်ဖြုန်းတော့ တိုင်းပြည် မတိုးတက်ဘဲ ဆုတ်ယုတ် လာတယ်....ကလေးတွေ အားကစားကွင်းမရှိတော့အားကစား ဘယ်ဖွုံဖြိုးမလဲ.အကုန် ဂိမ်းဆိုင်ရောက်ကုန်ပြီး အသုံးမကျတဲ့ မှန်ကြောင်တွေဖြစ်ကုန်တာပေါ့ ..''.........Htet myat Aung

Posted by Kyaw Soe Htut on Tuesday, June 16, 2015

၂၀၁၅ ခုနှစ်ပြည်သူ့ဂုဏ်ရည်ဆုရှင် အဖြစ်ချီးမြှင့်ခံရသည့် မဖြိုးဖြိုးအောင်အတွက် ဆုကို သမီးကိုယ်စားလက်ခံရယူပေးထားသော ဖခင်ဖြစ်သူ ဦးနေဝင်းက ယနေ့ ရုံးချိန်းတွင် တွေ့ရသည့် သမီးကို ဆုပြန်လွှဲပေးနေခြင်းဖြစ်သည်။

ပြည်သူ့ဂုဏ်ရည်အသင်းကို ၂၀၁၀ ပြည့်နှစ်က ပြည်ပရောက် မြန်မာတိုင်းရင်းသား မိသားစုများဖြင့်စုပေါင်းဖွဲ့စည်းတည်ထောင်ခဲ့ပြီး ၂၀၁၀ခုနှစ်မှ စတင် ၍ မြန်မာနိုင်ငံမှ ကိုယ်ကျိုးစွန့်၍ အများအကျိုးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်နေသူများအား နှစ်စဉ်နှစ်တိုင်း ပြည်သူ့ဂုဏ်ရည်ဆုရှင်အဖြစ် ရွှေးချယ်၍ ပေးအပ်ခြင်းဖြစ်သည်။

ဇွန်လ ၇ ရက်က အမေရိ ကန်ပြည်ထောင်စု နယူးယောက် ပြည်နယ်ယူတီကာမြို့ရှိ ကျင်းပသော ပြည်သူ့ဂုဏ်ရည်ဆု ပေးပွဲ၌ ၂၀၁၅ခုနှစ် ဆုရှင်အဖြစ် သာယာဝတီထောင်တွင် ဖမ်းဆီးခံထားရသည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ ခေါင်းဆောင်တစ်ဦးဖြစ်သည့် မဖြိုးဖြိုးအောင်အား ဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်သည်။

★၂၀၁၅ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုကို တရားရုံးထုတ်တွင် လက်ခံရယူနေသည့် မဖြိုးဖြိုးအောင် ★
(ဓာတ်ပုံ-ကျော်ဇင်သန်း)

 thai-rape-620.jpg ထိုင်းနိုင်ငံ မဟာချိုင်မြို့မှာ အဓမ္မပြုကျင့်ခဲ့ရတဲ့ မအိမ့်ချစ်ပိုင်အမှုကို အမှန်ဖော်ထုတ်ပေးဖို့ ဇွန်လ ၁၆ ရက်နေ့က ရန်ကုန်မြို့ ဗိုလ်စိန်မှန်ကွင်းမှာ ဆန္ဒပြကြစဉ်

ထိုင်းနိုင်ငံ မဟာချိုင်မြို့မှာ မြန်မာအမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခဲ့ရတဲ့အမှုကို ထိုင်းအစိုးရက ဥပဒေအတိုင်း အရေးယူပေးဖို့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) သံဃာတော်တွေက တောင်းဆို လိုက်ပါတယ်။

ရန်ကုန်မြို့ ဗိုလ်စိန်မှန်ကွင်းမှာ မဘသ သံဃာတော်တွေနဲ့ မြန်မာ့အမျိုးသားကွန်ရက်အဖွဲ့က ဆန္ဒပြတောင်းဆို လိုက်ကြတာဖြစ်ပါတယ်။ အဓမ္မပြုကျင့်ခံရတဲ့ မြန်မာအမျိုးသမီးအပါဝင် ဖိနှိပ်ခံနေရတဲ့ မြန်မာနိုင်ငံသားတွေကို အကာအကွယ်ပေးဖို့ မြန်မာ့အမျိုးသာရေးကွန်ရက် ဥက္ကဋ္ဌ ဦးဝင်းကိုကိုလတ်က ပြောပါတယ်။

"တောင်းဆိုတာကတော့ ကလေးမလေးကို မုဒိန်းကျင့်လိုက်တဲ့ ၆ ဦးကို ထိထိရောက်ရောက် ဖမ်းဆီးအရေး ယူပေးဖို့ နောက်နော်ဒီလိုအဖြစ်တွေ ဖြစ်လာခဲ့ရင်လည်း သူတို့အနေနဲ့ ထိရောက်စွာ အရေးယူဆောင် ရွက်ပေးဖို့ နောက်တခါ အရင်ကဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေလည်း အများကြီးရှိတယ်၊ အဲ့အပေါ်မှာလည်း ကျနော်တို့တွေက တောင်းဆိုပါတယ်၊ စုံစမ်းဖော်ထုတ်အရေးယူပေးပါ၊ မြန်မာရွေ့ပြောင်းအလုပ်သမားတွေရဲ့ ရပိုင်ခွင့်ကို ကာကွယ်စောင့်ရှောက်ပေးပါလို့ မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ ကျနော်တို့က တောင်းဆို တာဖြစ်ပါတယ်"

မြန်မာအမျိုးသမီး မအိမ့်ချစ်ပိုင်ကို ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့က ထိုင်းအမျိုးသား ၆ ဦးက အဓမ္မပြုကျင့်ခဲ့တာလို့ သိရပြီး လက်ရှိအချိန်အထိ အမှုကျူးလွန်သူ ၆ ဦးထဲက ၂ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးမိထားတယ်လို့ ဆန္ဒပြသူတွေ က ပြောပါတယ်။

ဒီဆန္ဒပြပွဲကို အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့က ဆရာတော်တွေနဲ့ မြန်မာ့အမျိုသားကွန်ရက် အဖွဲ့ဝင်တွေ ပူးပေါင်းပြုလုပ်တာဖြစ်ပြီး အဓမ္မပြုကျင့်ခံရမူကို ကန့်ကွက်ကြောင်း မြန်မာအစိုးရအနေနဲ့ ထိုင်းအစိုးရကို တရားဝင် အကြောင်းကြားစာပေးပို့ဖို့လိုတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

ထိုင်းနိုင်ငံက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ကူညီစောင့်ရှောက်ပေးဖို့ တောင်းဆိုတဲ့စာကိုလည်း ရန်ကုန်မြို့က ထိုင်းသံရုံးကို ဒီနေ့သွားရောက်ပေးပို့မယ်လို့ သိရပါတယ်။

ဒီအတောအတွင်း ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအရေးကို မြန်မာသံရုံးက ၀င်ရောက်ကူညီပေးတာတွေ ရှိလာပေမယ့်၊ မြန်မာအလုပ်သမားတွေရဲ့ လုံခြုံမှုကင်းမဲ့နေတဲ့ အခြေအနေတွေကတော့ သိသာတဲ့ အပြောင်းအလဲမရှိသေးဘူးလို့ ကူညီနေသူတွေက ပြောပါတယ်။

RFA
http://www.rfa.org/burmese/news/protest-myammar-woman-rape-in-thai-06162015114824.html

ကမ္ဘာမကြေကို
သံပြိုင်ဆိုရင်း
ပုခုံးတွေ တင်းတင်းဖက်ထားကြ
မျက်ရည်ကြားမှာ
ပြိုကျလာတဲ့
အရှုံးနဲ့ အမှိုက်တွေပုံ
လက်တုန်တုန်နဲ့ကောက်
နှစ်သိမ့်အပြုံးတွေ ၀င်းတောက်လို့

လမ်းပေါ် လေ့ကျင့်ဖို့
ကားရှင်းချိန်ကို
အိပ်ပျက်ခံ ဘောလုံးပိုက်
စောင့်လိုက်ရတဲ့ကလေးတွေ
.
အရှုံးထဲမှာ လူကိုမမည်း
ဘောလုံးကိုပဲ ကန်ခဲ့ကြ
ရလဒ်သာ အရေးနိမ့်တာ
စိတ်ဓာတ်တော့ အရေးမနိမ့်ခဲ့ကြဘူး
.
ဒီကစားသမားနဲ့ ဒီပရိသတ်
မြင့်မြတ်စိတ်ထားဟာ
ဆုဖလားတွေထက် အဖိုးတန်တယ်
.
ကမ္ဘာမကြေကို
သံပြိုင်ဆိုရင်း
ပုခုံးတွေ တင်းတင်းဖက်ထားကြ
တနေ့တော့
ဒီခေါင်းတွေ မော့ရဦးမှာပေါ့။.....။
.
မင်းကိုနိုင်
( ၁၅-၆-၂၀၁၅)

လျှို့ဝှက်မဲပေးစနစ်ဖြင့် ထောက်ခံမဲ ၁၀၀ ရရှိသောကြောင့် ရန်ကုန်မြိုသစ်စီမံကိန်း အကောင်အထည်ဖော်ရေး အဆို အတည်ပြုလိုက်ကြောင်း သိရသည်။

ဇွန်၁၅ရက်နေ့တွင် ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ကြည့်မြင်တိုင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်တင်သွင်းရန်ကုန်မြို့သစ်စီမံကိန်း အမြန်အကောင်အထည်ဖော်ရေးအဆိုကို ဆန္ဒမဲလက်မှတ်အသုံးပြုပြီးလျှို့ဝှက်မဲပေးတဲ့နည်းလမ်းနဲ့ ဆန္ဒမဲခံယူရာမှ ထောက်ခံမဲ အများဆုံးဖြင့် အတည်ပြု ပြဋ္ဌာန်းခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးတွင် လျှိုဝှက် မဲခွဲရာတွင် မဲပေးနိုင်ငသည့် ကိုယ်စားလှယ် ၁၁၄ဦး ရှိသည့်အနက် စီမံကိန်းဆက်လက်အကောင်အထည်ဖော်ရာခြင်း ဆိုင်ရာအဆိုအပေါ် မဲခွဲရာတွင် ထောက်ခံမဲ ၁၀၀ ၊ကန့်ကွက်မဲ ၁၀ မဲ၊ ပယ်မဲ ၄ မဲ ရှိသဖြင့် ထောက်ခံသူများခြင်းကြောင့် ရန်ကုန် မြို့တော်သစ် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရေး အဆိုကို အတည်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်း အကောင်အထည်ဖော်ရေးကိစ္စအား ၂၀၁၄ခုနှစ် သြဂုတ် ၂၂ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချူပ် ဦးမြင့်ဆွေက မြို့သစ် စီမံကိန်း အကောင်အထည်ဖော်ရေး ကိစ္စအား လွှတ်တော်တွင်ဖတ်ကြားပြီးနောက် ဝေဖန်ကန့်ကွက်မှုများထွက်ပေါ်လာသည့်အတွက် စက်တင်ဘာ ၂၅ရက်တွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်အရ ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်ရေးကိစ္စအား ရုတ်သိမ်းခဲ့သည်။

အဆိုပါစီမံကိန်းအား မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီက ကြည်မြင်တိုင်မြို့နယ်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် နှင့် တွံ့တေးမြို့နယ် ရှိ ခန့်မှန်း ဧရိယာ ဧက ၃သောင်း အကျယ်တွင် ကျပ်ငွေဘီလျံ ၇ထောင်ကျော်နှင့် အမေရီကန်ဒေါ်လာ ၈ ဘီလျံ ဖြင့် ၃နှစ်အတွင်း ၇၀ရာခိုင်နှုန်း ပြီးအောင်ဆောင်ရွက်မည်ဆိုကာ ကမ်းလှမ်းသဖြင့် ရန်ကုန်မြို့တော်ဝန်က လက်ခံခဲ့ခြင်းဖြစ်ကြောင်း စက်တင်ဘာ ၂၂ရက်တွင် ပြောသည်။

စိုင်းဟန်
The Ladies News Journal

ဟောင်ကောင်မှာ ဗုံးဖောက်ခွဲဖို့ အစီအစဉ် ရှိတယ် ဆိုတဲ့ သံသယနဲ့ လူ ၉ ဦးကို ဖမ်းဆီးလိုက်ပြီး ဖောက်ခွဲရေး ကိရိယာတွေ ပြုလုပ်ရာမှာ သုံးတဲ့ ပစ္စည်းတွေကိုလည်း သိမ်းဆည်း မိလိုက်တယ်လို့ ရဲတွေက ပြောပါတယ်။

အခု သီတင်းပတ် အတွင်း ဥပဒေပြု ကောင်စီမှာ ပြုလုပ်ဖို့ ရှိတဲ့ အငြင်းပွားဖွယ်ရာ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေနဲ့ ပတ်သက်တဲ့ မဲခွဲ ဆုံးဖြတ်မှု မတိုင်ခင်မှာ ရဲတပ်ဖွဲ့ရဲ့ စီးနင်း ရှာဖွေမှုအတွင်း ဖမ်းဆီးခဲ့တာပါ။

အခု ဖမ်းဆီးမှုဟာ ဗုဒ္ဓဟူးနေ့မှာ ပြုလုပ်မယ့် ဥပဒေပြု ကောင်စီ မဲခွဲမှုနဲ့ တိုက်ရိုက် ပတ်သက်တယ် လို့တော့ ရဲတွေက ပြောဆိုခြင်း မရှိပေမယ့် ဖမ်းမိသူတွေ ထဲက တစ်ယောက်ဟာ ဒီမိုကရေစီ လိုလားသူ အဖွဲ့ထဲက ပြင်းထန်တဲ့ သဘောထားရှိသူ တစ်ယောက် ဖြစ်တယ်လို့ ဆိုပါတယ်။

တနင်္ဂနွေနေ့ကတော့ ဟောင်ကောင် အကြီးအကဲ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ တရုတ် အစိုးရရဲ့ အစီအစဉ်ကို ထောင်နဲ့ချီတဲ့ ဟောင်ကောင်သားတွေ ဆန့်ကျင် ချီတက် ဆန္ဒပြခဲ့ကြပါသေးတယ်။

http://www.bbc.com/burmese/world/2015/06/150615_hong_kong_arrest_nine_bomb_plot

army-620.jpg ကချင်ပြည်နယ်မှာ လှုပ်ရှားနေသော အစိုးရတပ်သားတချို့ကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းက တွေ့ရစဉ်
အခုရက်ပိုင်းအတွင်း အစိုးရတပ်တွေနဲ့ ကေအိုင်အေ ကချင်လွတ်မြောက်ရေးတပ်တွေအကြား ဖားကန့်ဒေသနဲ့ ရှမ်းပြည်မြောက်ပိုင်းတွေမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

အစိုးရတပ်မတော်ရဲ့ စစ်ဆင်ရေးကွပ်ကဲမှုဋ္ဌာနချုပ် စကခ (၇) လက်အောက်ခံတပ်တွေဟာ ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာရဲ့ အရှေ့မြောက်ဘက် ၁၀ မိုင်အကွာလောက်မှာ ဇွန် ၁၅ ရက်မနေ့ကစပြီး ဒီနေ့အထိတိုက်ပွဲတွေ ဖြစ်ပွားနေတာလို့ ကေအိုင်အေ တပ်ရင်း ၆ တပ်ရင်းမှူး ဗိုလ်မှူးတန်ဆန့်က ပြောပါတယ်။

"မနေ့ကတော့ ၆ နာရီလောက်အထိပါပဲ၊ ၃ ကြိမ်လောက်ဖြစ်တယ်၊ ဒီမနက်ကျတော့လည်း ၅ နာရီ ၂ဝ ကနေစဖြစ်တာ ခုထိပဲ၊ နာရီဝက်လောက်နားလိုက် ပြန်ဖြစ်လိုက်ဖြစ်နေတာ အခုက ခမရ ၄၂၃ နဲ့ ခမရ ၄၂၄ ပါ"

လုံးခင်းကျေးရွာနဲ့ ၁၀ မိုင်အကွာမှာရှိတဲ့ နမ်ကျန်ခူးချောင်းဖျားနားက အောင်လဲန့်၊ နမ့်စန်းသုံး ကျေးရွာတွေတစ်ဝိုက်မှာ တိုက်ပွဲဖြစ်နေတာပါ။

ဖားကန့်အခြေစိုက် အစိုးရတပ်မတော်ဗျူဟာရုံးကို RFA က ဆက်သွယ်မေးမြန်းရာမှာ လုံခြုံရေးအခြေအနေ အရ လောလောဆယ် အတည်ပြုချက်မပေးနိုင်သေးကြောင်း တပ်မတော်အရာရှိတစ်ဦးက ပြောပါတယ်။

ဖားကန့်ကျောက်စိမ်းတွင်းဒေသ ကံဆီးနဲ့ အောင်ဘာလေ ကျေးရွာတစ်ဝိုက်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက အစိုးရတပ်မ ၆၆ လက်အောက်ခံတပ်တွေနဲ့ ကေအိုင်အေတပ်ရင်း ၆ တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အဲဒီတိုက်ပွဲတွေကြောင့် လုံးခင်းနဲ့ ကံဆီးကျေးရွာတွေက ကယ်ဆယ်ရေးစခန်းတွေမှာ ဒေသခံ တစ်ထောင်ကျော်လောက်ဟာ အခုချိန်ထိ ခိုလှုံနေကြရဆဲဖြစ်ပါတယ်။

ဒီအတောအတွင်း ရှမ်းပြည်မြောက်ပိုင်း မုံးကိုးဒေသမှာ အစိုးရတပ်နဲ့ ကေအိုင်အိုတပ်တွေ ဒီနေ့ မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KIA နဲ့ မုံးကိုးဒေသခံတွေက ပြောပါတယ်။အစိုးရတပ်မတော် အရှေ့မြောက်ပိုင်း လက်အောက်ခံတပ်တွေနဲ့ ကေအိုင်အေ တပ်မဟာ ၄ လက်အောက်ခံတပ်တွေအကြား မုံးကိုးမြို့နယ် ဖေါင်းဆိုင်ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားတဲ့အကြောင်း ကေအိုင်အေ တပ်မဟာ ၄ က ဗိုလ်မှုးတစ်ယောက်က RFA ကို အတည်ပြု ပြောပါတယ်။

“ကျနော်တို့အနေနဲ့ဆိုရင် မုံးကိုးခရိုင်လို့ ခေါ်မှာပေါ့၊ တပ်ရင်း ၃၈ ပေါ့၊ မနေ့ကလည်းဖြစ်၊ ည ၈ နာရီခွဲ ၉ နာရီလောက်ကနေဖြစ်တာ၊ ဒီနေ့လည်း ထပ်ဖြစ်တာပေါ့၊ ဒီမနက် ၈ နာရီလောက်မှာ ဖောင်းဆိုင်ဘက် ရွာထဲမှာ လက်နက်ကြီးတွေပစ်နေတယ်၊ မုံးကိုးကနေ တက်လာတဲ့အဖွဲ့နဲ့ ကျနော်တို့ရှိတဲ့အဖွဲ့ပေါ့၊ မန်စပ်ဆိုတဲ့ အပေါ်အထက်မှာဖြစ်တာ”

တိုက်ပွဲကြောင့် နှစ်ဘက်ထိခိုက်ကျဆုံးမှုကိုတော့ အခုအချိန်အထိ မသိရသေးဘူးလို့လည်းသူကပြောပါတယ်။

RFA


တောင်တရုတ်ပင်လယ်ထဲမှာ အငြင်းပွားဖွယ် ကုန်းမြေတည်ဆောက်မှု လုပ်ဆောင်ချက်တွေ မကြာခင်မှာပဲ အပြီးသတ်မယ်လို့ တရုတ်က ဒီကနေ့ပဲ ကြေညာသွားပါတယ်။ နယ်မြေပိုင်နက် အငြင်းပွားဘက် - တခြားနိုင်ငံတွေနဲ့ တင်းမာမှုတွေဖြစ်စေတဲ့ လူလုပ်ကျွန်းတွေပေါ်က ဆောက်လုပ်ရေး လုပ်ငန်းတွေကိုတော့ ဆက်ပြီး ပြုလုပ်သွားမယ်လို့လည်း ပြောသွားပါတယ်။

တရုတ်တို့စခန်းချထားတဲ့ ကျွန်းတွေနဲ့ Nansha ကျွန်းစုရဲ့ သန္တာကျောက်တန်းတွေမှာ ကုန်းမြေဖို့တဲ့ စီမံကိန်းတွေက လာမယ့်ရက်ပိုင်းအတွင်း ပြီးစီးပါမယ်လို့ နိုင်ငံတကာ အခေါ် Spratly ကျွန်းစုကို တရုတ်နာမည်သုံး ရည်ညွှန်းသွားပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်သွားတာပါ။

ကြေညာချက်မှာက စီမံကိန်းပြီးစီးမယ့် ရက်အတိအကျ ပြောမထားပေမဲ့ ဒီလူလုပ်ကျွန်းတွေ တည်ဆောက်တဲ့ကိစ္စကို ကာကွယ်ပြောဆိုသွားပြီး သူတို့ရဲ့ရည်ရွယ်ချက်က တရုတ်နိုင်ငံသားတွေအတွက် အသုံးပြုဖို့ပဲဖြစ်ပြီး စစ်ရေးရည်ရွယ်ချက် လုံးဝ မပါဝင်ပါဘူးလို့ ပြောထားပါတယ်။

ဒီလုပ်ရပ်က အကျိုးသင့် အကြောင်းသင့် တရားမျှတမှုရှိပြီး၊ တရားဝင်လုပ်ရပ် ဖြစ်ပါတယ်။ ဘယ်နိုင်ငံကိုမှ ရိုက်ခတ်မှုလည်း မဖြစ်စေသလို ဘယ်နိုင်ငံကိုမှလည်း ဆန့်ကျင်တာမဟုတ်ပါဘူး။ တောင်တရုတ်ပင်လယ်ထဲက ရေကြောင်းသွားလာမှု လေယာဉ်ပျံသန်းမှု တို့ကိုလည်း ဘာမှ သွားမထိခိုက်ပါဘူး - လို့ တရုတ်တို့ အစောပိုင်းတုန်းက ပြောထားတာကိုပဲ ထင်ဟပ်ပြီး ကြေညာချက်မှာ ပြောထားပါတယ်။

ဒီတရုတ်တို့ရဲ့ လူလုပ်ကျွန်းတွေ တည်ဆောက်နေတဲ့ကိစ္စကို အမေရိကန်က ပိုပြီး ပြောင်ပြောင်တင်းတင်း ဝေဖန်လာနေပြီး၊ ဗျူဟာကျတဲ့ ရေပြင်ထဲမှာ လူမရှိခဲ့တဲ့ သန္တာကျောက်တန်းတွေမှာ ဧက ၂၀၀၀ ကျော် အကျယ်အဝန်းကို တရုတ်က မြေဖို့နေတယ်လို့ ပြောပါတယ်။

တရုတ်ရဲ့ ကျွန်းတည်ဆောက်တဲ့လုပ်ငန်းက စစ်ဘက်ဆိုင်ရာ ရည်ရွယ်ချက်နဲ့ ဖြစ်ပုံရပြီး အချက်ပေးရေဒါစနစ်၊ စစ်တန်းလျားနဲ့ လေယာဉ်ပြေးလမ်းတို့ကို ထည့်ဆောက်ထားပါတယ်။  အရင်လကဆိုရင် တရုတ်က လက်နက်ကြီးတွေကို ကျွန်းတွေပေါ် သယ်လာတယ်၊ အခုတော့ အဲဒါတွေကို ပြန်ရွှေ့သွားပြီလို့ အမေရိကန်က ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့အတွက် ရေးဆွဲထားတဲ့ ဥပဒေမူကြမ်းထဲမှာပါတဲ့ အချက်တွေဟာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအပြီးကျင်းပတဲ့ လွှတ်တော်အစည်းအဝေးတွေ ကျင်းပချိန်ရောက်မှသာ အကျိုး သက်ရောက်မှုရှိမှာဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီက ပြည်ထောင်စု လွှတ်တော်မှာ တင်ပြလိုက်ပါတယ်။

ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ဥပဒေကြမ်းပူးပေါင်းကော်မတီ ဥက္ကဌ ဦးနန္ဒကျော်စွာက တင်ပြခဲ့တာပါ။

"အဆိုတင်သွင်းထားတဲ့ ပုဒ်မ ၄၃၆ ပုဒ်မခွဲ က နဲ့စပ်လျဉ်းတဲ့ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်တွင်း လွှတ်တော်ကိုယ်စားလှယ် ၆၃၄ ဦးအနက် ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံပါက ပြည်ထောင်စုလွှတ်တော် ဆိုင်ရာ ဥပဒေပုဒ်မ ၇ဝ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၄ဝ အရ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပပြီး မဲပေးပိုင်ခွင့်ရှိသူအားလုံးရဲ့ ထက်ဝက်ကျော် ထောက်ခံဆန္ဒမဲကိုလည်း ရရှိရန်လိုအပ်မှာဖြစ်ပါတယ်၊ ယင်းအချက်များနဲ့ ပြည့်စုံပါက ပုဒ်မ ၄၃၆ ပုဒ်မခွဲ က နဲ့စပ်လျဉ်းပြီး ပြင်ဆင်သည့်ဥပဒေကြမ်း အပုဒ် ၅ ခု ရဲ့ ပြင်ဆင်ချက်များ အတည်မှာဖြစ်ပြီး အကျိုးသက်ရောက်မှုအနေနဲ့ကတော့ ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက် ပွဲကျင်းပပြီး ဒုတိယအကြိမ် လွှတ်တော်အသီးသီးရဲ့ ပထမပုံမှန်အစည်းအဝေးများ စတင်ကျင်းပသည့်အချိန်မှစပြီး အာဏာသက်ရောက်မှာဖြစ်ကြောင်း စိစစ်တွေ့ရှိရပါတယ်"

အခုပြည်ထောင်စုလွှတ်တော်မှာ တင်ပြထားတဲ့ ဥပဒေမူကြမ်းအပေါ်ဆွေးနွေးမယ့် လွှတ်တော်ကိုယ်စားလှယ်တွေ ဟာ လာမယ့်ဇွန်လ ၁၈ ရက်နေ့ နောက်ဆုံးထားပြီး နာမည်စာရင်း တင်သွင်းရမှာဖြစ်ပါတယ်။

အဲဒီမူကြမ်းကို ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးပြီး မဲခွဲဆုံးဖြတ်တဲ့အခါ စက်ခလုပ်နှိပ်မဲပေးမယ်ဆိုရင် သံသယရှိဖွယ်ဖြစ်လာနိုင်တာကြောင့် ပွင့်လင်းမြင်သာမှုရှိအောင်ဆောင်ရွက်ပေးဖို့ကိုလည်း ဥပဒေကြမ်းပူးပေါင်းကော်မတီက အကြံပြုထားပါတယ်။

ဒါ့အပြင် မဲခွဲဆုံးဖြတ်ရာမှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၇၅% ကျော်က ထောက်ခံမှသာ အကြံပြုပြင်ဆင်ချက်တွေဟာ အတည်ဖြစ်မှာပါ။ လက်ရှိပြည်ထောင်စုလွှတ်တော်တစ်ခုလုံးမှာ ကိုယ်စားလှယ် ၆၃၄ ရှိပြီး အများစုက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ တပ်မတော်သားကိုယ်စားလှယ်တွေ ဖြစ်ပါတယ်။

အဲဒီတင်ပြထားတဲ့ ပြင်ဆင်ရေးမူကြမ်းမှာ နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတ အရည်အချင်းသတ်မှတ်ချက် ပုဒ်မ ၅၉(စ)မှာ မူလပြဌာန်းချက်ထဲက သမ္မတအဖြစ်ရွေးချယ်ခံမယ့်သူရဲ့ ချွေးမနဲ့သားမက်ဟာ နိုင်ငံခြားသားမဖြစ်ရဆိုတဲ့ အချက်ကို ဖြေလျှော့ထားပါတယ်။

ဒါ့အပြင် ဖွဲ့စည်းပုံပြင်ဆင်ဖို့အတွက် အရေးကြီးတဲ့ ပုဒ်မ ၄၃၆ (က)မှာ အရင်က လွှတ်တော်ကိုယ်စားလှယ် ၇၅% ကျော်က သဘောတူမှ ပြင်ဆင်နိုင်မယ်လို့ ပြဌာန်းထားတာကို ၇၀ % အောက်မလျော့သော ကိုယ်စားလှယ်တွေက ထောက်ခံရင် ပြင်ဆင်နိုင်မယ်လို့ ပြင်ဆင်ထားပါတယ်။

RFA
http://www.rfa.org/burmese/news/draft-2008-constitution-amendment-06162015105654.html

စိတ်ဓါတ်ရေး ရာ အရ နိုင်ရမည်ဟု သံဓိဌာန်ချကာ ကွင်းထဲံ ၀၀င်ရောက်လာကြသော မြန်မာအသင်းအား ထိုင်း ဘောလုံးအသင်းက ၎င်းတို့၏ ပရိသာတ် ၃၁,၁၄၃ ဦး ရှေ့တွင် အနိုင်ရ ဗိုလ်စွဲသွားခဲ့လေပြီ။

ထိုင်း၏ ဒလစပ် ထိုးဖေါက် ၀င်ရောက်လာမှုများကို ဂိုးသမား ကျော်ဇင်ဖြိုးမှ လှလှပပ ကာကွယ်သွားနိုင်ခဲ့၍ ပထမပိုင်းတွင် ဂိုးမရှိ သရေ ဖြစ်ခဲ့ရသည်။

နောက်ပိုင်းတွင်လည်း တဦးချင်း ရင်ဆိုင်တွေ့ရမှုများကိုလည်း ကာကွယ်ပေးနိုင်ခဲ့ပေသည်။ မြန်မာပရိသာတ်ကြီးမှလည်း ထိုင်း၏ ခြေထဲမှ ဘောလုံးကို ဖျက်ထုတ်နိုင်သည့် အခါတိုင်း တကွင်းလုံး သံပြိုင်ညီညာစွာ အားပေးခဲ့ကြသည်ကို တွေ့ရသည်။

ပရိသာတ်ကြီးရဲ့ အားပေးမှုဟာ ကျွန်တော်တို့အတွက် ကွင်းထဲမှာ နောက်ထပ်တယောက်အပို ထည့်ကန်ခွင့်ရသလိုပါပဲဟု ဦးကြည်လွင်က ပြောပြခဲ့သည်။ စင်္ကာပူ ပရိသာတ်တဦး၏ အဆိုအရ မြန်မာပရိသာတ်အားပေးတာကို ကြည့်ချင်တာရယ် ထိုင်းအသင်းကစားတာကို ကြည့်ချင်တာကြောင့် လာကြည့်တာပါဟု ဆိုသည်။

စိတ်ဓါတ်ရေးရာအရ လွန်စွာအားကောင်းသော်လည်း ကစားကွက် သာလွန်ကောင်းမွန်သည့် အိမ်နီးချင်းအား နောက်ဆုံးတွင် အရှုံးပေးခဲ့ရပြီး ဒုတိယဆုနှင့် ကျေနပ်ခဲ့ကြရသည်။

ထိုင်းနည်းပြမှ ပထမပိုင်းတွင် မြန်မာအသင်းသည် လွန်စွာကျစ်လစ် ကောင်းမွန်လှသဖြင့် အ၀တ်လဲခန်းတွင် ကစားသမားများအား ကျဲကျဲထား ကစားရန် ညွှန်ကြားခဲ့မှုကြောင့် အခုလို အောင်ပွဲခံနိုင်ခဲ့တာပါဟု ဆိုသည်။

ထိုင်း၏ ပထမဂိုး သည် မြန်မာအသင်း၏ ခံစစ်ကစားနေမှုကို ပျက်ပြားသွားစေခဲ့ပြီး ဆက်တိုက်ဂိုးများ ပေးခဲ့ရသည်။ (News from Agencies)

မည်သို့ပင် ဆိုစေ မိမိတို့ မြန်မာလူမျိုး ပြည်တွင်းပြည်ပမှ တနိုင်ငံလုံး လှိုက်လှိုက်လှဲလှဲ အားပေးခဲ့ကြသည်မှာ ပြည်ပဘောလုံးစာနယ်ဇင်း လောကတွင် ပြောစမှတ်တွင်ရစ်ခဲ့ကြရပေသည်။

အစိုးရမှ တော့ ဘောလုံးကွင်း ဘောလုံးကစားခွင့်မပြုဟု ဆိုကာ သိမ်းယူခြင်း၊ တိုက်တိုက်ဆိုင်ဆိုင်ပင် သင်္ကန်းကျွန်းရှိ ကလေးကစားကွင်းကို သိမ်းယူ၍ အဆင်မြင်အိမ်ယာ ဆောက်လုပ်မည့်အရေး ကန့်ကွက် ပြောဆိုခဲ့သော ဦးကိုကိုကြီးအား တရားစွဲဆိုခဲ့ပြီး အထက်မှ ညွန်ကြားချက်ကြောင့် ယခုလို အချိန်တွင် ပြသာနာ အဖြစ်မခံလို၍ တရားသူကြီးမှ လိမ္မာပါးနပ်စွာဖြင် ရုံးတော်သို့ရောက်ရှိခဲ့ခြင်းမရှိပေ။

နိုင်ငံတော်အကြီးအကဲများမှလည်း မည်သည့်နိုင်ငံတွင်မှ မကြားခဲ့ဘူးသော ထိုနေ့တွင် လျပ်စစ်ဓါတ်အား မပြတ်တောက်စေရေးဖြင့် မျိုးချစ်စိတ်ဓါတ်ကို ပြမည်ဟု ရဲရဲတောက် ဟစ်ကြွေးခဲ့ကြပြန်သည်။

အထက်ပါ ကွင်းက စင်္ကာပူရှိ သာမန် သက်မွေးအတတ်သင် အထက်တန်းကျောင်းတွင် မြင်တွေ့ရသည့် ကစားကွင်းဖြစ်ပေသည်။
ကျွန်တော်တို့ လူငယ်လေးများ အဆိုပါ ကွင်းမျိုးတွင် ကန်၍ ဒီအခြေအနေ ရောက်မလာခဲ့ကြရရှာပါ။

ထိုကဲ့သို့ အခြေအနေများကြားတွင် ရှင်သန်ကြီးထွားခဲ့ရသည့် မြန်မာဘောလုံးအသင်းသည် တိုတောင်းလှသော အချိန်အတွင်းယခုအခြေအနေများ ရောက်ခဲ့သည်မှာ လွန်စွာချီးကြူးဘွယ်ကောင်းလှပေသည်။ အဆိုပါ နာမည်ကြီးထိုင်းအသင်းသာ မြန်မာအသင်းနည်းတူ အခြေအနေများကြုံတွေ့ခဲ့ရပါက ဖိုင်နယ်သို့ ရောက်ဘို့ဝေးစွ လာအိုအသင်းကိုပင် မနည်းနိုင်အောင်ကန်ရမည်မှာ ဧကန်မလွဲဖြစ်၍ စိတ်ဓါတ်အားကောင်းပြီး အရာရာကို ကြံ့ကြံ့ခံနိုင်သော မြန်မာလူငယ်အသင်းအား ဂုဏ်ပြုအပ်လှပေသည်။

BrainWave ဉာဏ်လှိုင်း

အိုစမာ ဘင်လာဒါရဲ့ ကိုယ်ရေး အတွင်းရေးမှူး ဖြစ်ခဲ့သူ နက်ဆာ အယ် ဝူဟေရှီ။
ယီမင် နိုင်ငံမှာ အယ်လ်ခိုင်ဒါရဲ့ အာရေဗျ ကျွန်းဆွယ် အဖွဲ့ခွဲ ခေါင်းဆောင် Nasser al-Wuhayshi ဟာ ပြီးခဲ့တဲ့ သီတင်းပတ်က အမေရိကန် လေကြောင်း တိုက်ခိုက်မှုအတွင်း သေဆုံး ခဲ့တယ်လို့ အဲဒီ အဖွဲ့ခွဲက အတည်ပြုပါတယ်။

ယီမင် တောင်ပိုင်းက မူကယ်လာ ဆိပ်ကမ်းမြို့မှာ ဒရုန်း ခေါ် လူမဲ့ အဝေးထိန်း လေယာဉ်နဲ့ တိုက်ခိုက် ခံရမှုမှာ နက်ဆာ အယ် ဝူဟေရှီ နဲ့ အတူ နောက် နှစ်ယောက်လည်း သေဆုံး သွားခဲ့တယ်လို့ အင်တာနက်မှာ ပေါ်ထွက်လာတဲ့ ဗီဒီယိုမှာ ပြောပါတယ်။

နက်ဆာ အယ် ဝူဟေရှီ ဟာ သေဆုံးသွားပြီ ဖြစ်တဲ့ အယ်ကိုင်းဒါး ခေါင်းဆောင် အိုစမာ ဘင်လာဒါရဲ့ ကိုယ်ရေး အတွင်းရေးမှူး ဖြစ်ခဲ့ဖူးပြီး အယ်လ်ခိုင်ဒါရဲ့ ဒုတိယ ခေါင်းဆောင်အဖြစ် သတ်မှတ် ခံထားရသူပါ။

အမေရိကန်တို့ကို တိုက်ခိုက်တဲ့ အစီအစဉ် အတော်များများကို သူ့ရဲ့ အာရေဗျ ကျွန်းဆွယ် အယ်လ်ခိုင်ဒါ အဖွဲ့ခွဲ AQAP က လုပ်ဆောင်တာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီလက ပြင်သစ်နိုင်ငံ ပဲရစ် မြို့က ရှာလီ အက်ဘ်ဒိုး ဂျာနယ်တိုက်ကို တိုက်ခိုက် ခဲ့မှုဟာလည်း သူတို့ လက်ချက် ဖြစ်ပါတယ်။

မကြာသေးခင် လတွေ အတွင်း အမေရိကန်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် AQAP ရဲ့ ထိပ်တန်း ခေါင်းဆောင် ၄ ယောက် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို ဧပြီ ၂၇ ရက်နေ့က ကော့မှူးမြို့ခရီးစဉ်တွင် တွေ့ရစဉ် Photo: Kyaw Zaw Win/RFA
အရှေ့တောင်အာရှ ၂၈ ကြိမ်မြောက် SEA Games ဘောလုံး ဗိုလ်လုပွဲမှာ ထိုင်းအသင်းကို ယှဉ်ပြိုင်ကစား ခဲ့တဲ့ မြန်မာ ယူ ၂၃ အသင်းကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ချီးကျူးဂုဏ်ပြု လိုက်ပါတယ်။

နေပြည်တော်လွှတ်တော်အစည်းအဝေး တက်ရောက်လာစဉ်မှာ မနေ့ညက ရွှေတံဆိပ်ဆု ဆွတ်ခူးဖို့ မြန်မာနဲ့ ထိုင်းအသင်း ဗိုလ်လုပွဲကို အစအဆုံး ကြည့်ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

"ဘယ်တုန်းကမှ ဘောလုံးပွဲကို တယ်လီဗေးရှင်းကနေ အစကနေအဆုံး မကြည့်ဖူးဘူး။  မနေ့ကဘဲ အစကနေအဆုံးကြည့်တယ်။ ကျေနပ်ပါတယ်၊ ဒီလောက်တက် လာတာလေ။ တော်တော်ကို တော်တယ်လို့ ဒီလိုဘဲပြောရမှာဘဲ ဘာဖြစ်လို့လဲဆိုတော့ အန်တီတို့ နိုင်ငံက ဒီလို စကစားတာ သိပ်မှမကြာသေးဘဲ..."

မနေ့ညက ဗိုလ်လုပွဲမှာ ထိုင်းအသင်းက မြန်မာအသင်းကို ၃ ဂိုး ၊ ဂိုးမရှိနဲ့ အနိုင်ရသွားခဲ့ပြီး မြန်မာအသင်းက ဒုတိယ ငွေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့ပါတယ်။

ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်အပါအ၀င် မြို့ကြီးတွေမှာ မြန်မာနဲ့ ထိုင်းအသင်းကို ဒေသခံပရိတ်သတ်တွေက LED Screen တွေကနေ ကြည့်ရှုအားပေးခဲ့ကြပါတယ်။

RFA Burmese
http://www.rfa.org/burmese


ဇွန် ၁၆ရက်၊ ၂၀၁၅ခုနှစ်။

ထိုင်းအစိုးရ ထီလက်မှတ်များကို သတ်မှတ်ဈေးထက် အဆမတန်ရောင်းချနေသူများကို ထိုင်းအစိုးရက ယခုအပတ်မှ စတင်ကာ အရေးယူအပြစ်ပေးမှုများ စတင်လုပ်ဆောင်နေသည့်အတွက် ထိုင်းတစ်နိုင်ငံလုံး တွင် ထီလက်မှတ်များကို အဆမတန် ရောင်းချနေမှုများ ရပ်ဆိုင်းသွားပြီးဖြစ်သည်။

အစိုးရသတ်မှတ်ဈေးမှာ ထီလက်မှတ်တစောင်လျှင် ထိုင်းဘတ်ငွေ ၈၀ ဖြစ်သော်လည်း တဆင့်ပြန်လည် ရောင်းချသူများက တစောင်လျှင် ထိုင်းဘတ်ငွေ ၁၀၀ မှ ၁၂၀ ခန့် ပြန်လည်ရောင်းချနေသောကြောင့် ထိုင်း အစိုးရက ပြည်သူများကို သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချရန် အမိန့်ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး ဈေးတင် ရောင်းချသူများကို အနည်းဆုံး ထောင်ဒဏ် ၁လနှင့် ငွေဒဏ်များ ချမှတ်လျှက်ရှိသည်။

ထိုင်းနိုင်ငံဘဏ္ဍာနှင့် အခွန်ဦးစီးဌာနမှ အရာရှိတဦးဖြစ်သူ နိုင်အေကချိုင်းက “ဒီအပတ်ထွက်မဲ့ ထီလက်မှတ်ကနေစပြီး အစိုးရက သတ်မှတ်လိုက်တာဖြစ်တယ်။ အစိုးရသတ်မှတ်ဈေးအတိုင်း ရောင်းတာ တောင်မှ ရောင်းချသူတွေအနေနဲ့ ထီတစောင်ကို အမြတ်ငွေ ၈ဘတ်ရရှိမှာဖြစ်တဲ့အတွက် အဆမတန် ဈေး တင်ရောင်းတာကို အစိုးရက ကန့်သတ်လိုက်တာဖြစ်တယ်”ဟု ပြောသည်။

ထိုင်းနိုင်ငံတွင် ထီလက်မှတ်များ ဈေးတင်ရောင်းချသူများကို ယခုရက်ပိုင်းအတွင်း ထိုင်းအစိုးရက ဖမ်းဆီး အရေးယူမှုများရှိခဲ့သည်ကို သတင်းဌာနများက ထုတ်လွှင့်ပြသခဲ့ပြီး တနိုင်ငံလုံးရှိ ထီအရောင်း ဈေးကွက်များတွင်လည်း သက်ဆိုင်ရာမှ စောင့်ကြည့်ရေးအဖွဲ့များထားရှိကာ ဈေးတင်ရောင်းချမှုများ တွေ့ရှိ ပါက မည်သူမဆို ရဲစခန်းများသို့ အကြောင်းကြားနိုင်သည်ဟု ကြေညာချက်ထုတ်ပြန်ထားသည်။

မြန်မာထီဝါသနာရှင်တဦးဖြစ်သည့် ကိုသိန်းရွှေက “ကျနော်က မြန်မာနဲ့ ထိုင်းထီကို အပတ်စဉ်ကံစမ်းပါ တယ်။ ထိုင်းနဲ့မြန်မာထီနှစ်မျိုးစလုံးကို အစိုးရကနေ တရားဝင်သတ်မှတ်ထားတဲ့ ဈေးထက်ကို အဆမတန် ဈေးနဲ့ကံစမ်းနေရတာ နှစ်ပေါင်းမနည်းတော့ဘူး။ ထိုင်းထီကို သူတို့အစိုးရကနေ ကန့်သတ်လိုက်သလို မြန်မာနိုင်ငံက ထီဈေးကိုလည်း အစိုးရက သတ်မှတ်ပေးနိုင်ရင်ကောင်းမယ်”ဟု သုံးသပ်ပြောဆိုသည်။

မြန်မာထီလက်မှတ်တစောင်၏ အစိုးရသတ်မှတ်ဈေးမှာ ကျပ် ၂၀၀ ဖြစ်သော်လည်း ပြင်ပတွင် မြန်မာထီ လုပ်ငန်းရှင်များ ပြန်လည်ရောင်းချနေသည့်ဈေးမှာ သတ်မှတ်ဈေးနှုန်း၏ နှစ်ဆခန့်ဖြစ်သည်ဟု ထီဝါသနာ ရှင်များက ဆိုသည်။

ထိုင်းအစိုးရထီသည် တစ်လလျှင် နှစ်ကြိမ်ထွက်ရှိပြီး ပထမဆုကြီးမှာ ထိုင်းဘတ်ငွေ ၄သန်းဖြစ်ပြီး တစ်လ တစ်ကြိမ်ထွက်သည့် မြန်မာအစိုးရထီ၏ ပထမဆုမှာ ကျပ်သိန်း ၁၅၀၀ ဖြစ်သည်။

ကေအိုင်စီ - KIC News
http://kicnews.org

တရားခံ နန်းကိန်မွန်းနဲ့ စိုင်းအိုက်ခမ်းတို့ကို ဇွန်လ ၁၃ ရက်နေ့က တာချီလိတ်မြို့တွင် သက်သေခံပစ္စည်းတွေနဲ့ အတူတွေ့ရစဉ်။ Photo: Aung Moe Myint/RFA
မြန်မာကျပ်ငွေ သိန်းသုံးသောင်းကျော်တန်ဖိုးရှိတဲ့ စိတ်ကြွမူးယစ်ဆေးဝါးတွေနဲ့ အတူ ထုတ်လုပ်တဲ့ စက်ပစ္စည်းတွေကို ရှမ်းပြည်အရှေ့ပိုင်းက ထိုင်း မြန်မာ နယ်စပ်မြို့ တစ်မြို့ဖြစ်တဲ့ တာချီလိတ်မြို့မှာ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးအဖွဲ့ဖြစ်တဲ့ မဲခေါင်စစ်ဆင်ရေးအဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။

တာချီလိတ်မြို့ဆန်ဆိုင်း (က) ရပ်ကွက် ဗိုလ်ချူပ်လမ်းက နေအိမ်ကို ဇွန်လ ၁၃ ရက်နေ့က ၀င်ရောက်ရှာဖွေခဲ့ရာက တာချီလိတ်မြို့မှာ ပထမဦးဆုံးအကြိမ် အမြောက်အများဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ တာချီလိတ်မြို့ မူးယစ်တပ်ဖွဲ့က တပ်ကြပ်ကြီး တိုးမြင့်အောင် က RFA ကို ပြောပါတယ်။

"ဇွန် ၁၃ ရက်နေ့ ၁၁  ခွဲအချိန်မှာ မူးယစ်တပ်ဖွဲ့စု ၃၀ ကနေပြီးတော့မှ တပ်ဖွဲ့စုမှူး ရဲမှူး သန်းရွှေ ဦးစီးအဖွဲ့ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ သက်သေတွေနဲ့ အတူ တာချီလိတ်မြို့ဆန်ဆိုင်း (က) ရပ်ကွက် စိုင်းလျန်းနဲ့ နန်းကိန်မွန်း တို့ရဲ့ နေအိမ်ကို သတင်းအရ ၀င်ရောက်စီးနင်းရှာဖွေခဲ့ပါတယ်၊ အဲ့ဒီလို ၀င်ရောက်စီးနင်းရှာဖွေတဲ့ အခါမှာ စုစုပေါင်းတွေ့တာတော့ စိတ်ကြွဆေးပြားက ၂၀၇၆၄ ပြား၊ ပြီးရင် ဘိန်းဖြူကတော့ ၁၃ ဂရမ်ပေါ့၊ ပြီးရင် စိတ်ကြွဆေးမှုန့် ကတော့ ၆၂. ၅၀၃ ကီလို၊ ပြီးရင် ကဖင်း ၂၅၀ ဂရမ်၊ အားလုံး စက်တွေရဲ့ တန်ဖိုးပါ ပေါင်းရင်တော့ ကျပ်သိန်းပေါင်း သုံးသောင်းကျော်မယ် မဲခေါင် စစ်ဆင်ရေး ၂ မှာမိတာတော့ တန်ဖိုးအများဆုံးကတော့ ဒီဟာမိတာပေါ့ဗျာ"

ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေအပြင် မူးယစ်ဆေးထုတ်လုပ်ရာမှာအသုံးပြုတဲ့ WY စာတမ်းပါ ရိုက်တံ ၂၂ ချောင်း၊ တစ်ကြိမ်ရိုက်ရင် စိတ်ကြွဆေးပြား ၉  ပြား ထုတ်လုပ်နိုင်တဲ့ မော်တာစက်တစ်လုံး၊ စိတ်ကြွဆေးမှုန့်ချေစက် တစ်လုံးနဲ့ အတူ ဆက်စပ်ပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆက်ပြောပါတယ်။

မူးယစ်တပ်ဖွဲ့တွေ ၀င်ရောက်စစ်ဆေးချိန်မှာ အိမ်ရှင် စိုင်းလျန်း ဆိုသူကို မတွေ့ရှိဘဲ ဇနီးဖြစ်သူ နန်းကိန်မွန်းနဲ့ တူတော်စပ်သူ စိုင်းအိုက်ခမ်း တို့ကိုသာ တွေ့ရှိခဲ့တဲ့အတွက် သူတို့ နှစ်ဦးကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်သော ဥပဒေပုဒ်မတွေနဲ့ တာချီလိတ်မြို့မ ရဲစခန်းမှာ အမှုဖွင့် အရေးယူ ထားတယ်လို့ သိရပါတယ်။

ဒီမူးယစ်ဆေးဝါး စစ်ဆင်ရေးဟာ အခုနှစ် မေလ ၁၁ ရက်နေ့ကနေပြီး စက်တင်ဘာလ ၁၂ ရက်နေ့အထိ ထိုင်း၊ မြန်မာ၊ လာအိုနဲ့ တရုတ်နိုင်တွေတွေ ပူးပေါင်းပြီး မဲခေါင်မြစ်ဝှမ်း ဒေသထဲမှာ မူးယစ် ဆေးဝါးနှိမ်နင်းရေး ပူးပေါင်းရွက်နေရာ မြန်မာနိုင်ငံတွင်း ဖမ်းဆီး ရမိတဲ့အမှုပေါင်း ၁၃၀ ကျော် ရှိပြီဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese


ဂျွန် ၁၆ ရက် ၂၀၁၅

သျှမ်းပြည်အရှေ့ပိုင်း ထိုင်းနယ်စပ်အနီး ၀ တပ်ဖွဲ့ နှင့် အစိုးရ တပ်တို့ စစ်ရေးပြေလည်မှု မရှိခင် အထူး ဒေသ (၂) ၀ နယ် နှင့် အထူးဒေသ (၄) မိုင်းလား အထိ ကယက်ရိုက်ကာ စစ်ရေးပြင်ဆင် မှု များပြုလုပ် နေေ ကြာင်း ဒေသခံများကပြောသည်။

သစ်တောကြိုးဝိုင်းအတွင်း သစ်ထုပ်လုပ်မှု ပြဿနာကြောင့် သျှမ်းပြည် အရှေ့ပိုင်း မိုင်းတုံ၊ ပုံပါကျင် နှင့် မိုင်းဆတ်မြို့နယ် အတွင်း ဝ တပ်ဖွဲ့ နှင့် အစိုးရ တပ်မတော် တို့အကြား စစ်ရေးတင်းမာမှုကြောင့် တရုတ် နယ်စပ်နေ အထူးဒေသ (၂) ၀ ထိန်းချုပ် နယ်မြေ နှင့် အထူးဒေသ (၄) မိုင်းလား တပ် ထိန်းချုပ် နယ်တွင် လည်း စစ်ရေးပြင်ဆင်မှုရှိနေကြာင်း ဒေသခံ များက ပြော သည်။

“တောတောင်ထဲ ခြံသွားခုတ်နေတဲ့ တပ်သားအားလုံးတပ်တွင်းပြန်ပြီး အသ င့်ပြင် ထားဖို့ပြောတယ်။ ဒီကနေ့ အထိဘဲ၊ ဘယ်မှ မသွားခိုင်းသေးဘူး။ ကျနော်တို့ တပ်မဟာ ၄၆၈ အပါအဝင် အားလုံးဘဲ၊ ဘာ့ကြောင့်လဲ ဆိုတာေ တာ့ မသိ ဘူး” - ဟု ၀ တပ်သား ယီ့ဆုတ် ကပြောသည်။

အဆိုပါ ကိစ္စအား ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ပြောရေးဆိုခွင့် ဦးအောင်မြင့်အား ဆက်သွယ် မေးမြန်းသော်လည်း ဖုန်းဖြေ ဆိုခြင်း ငြင်းဆိုခဲ့ သည်။

တာချီလိတ် နှင့် မိုင်းဆတ်ခရိုင်အတွင်း စစ်ရေးလှုပ်ရှားမှု အချို့ရှိနေသော် လည်း ၀ နှင့် မိုင်းလား အထူး ဒေသ အနီးသို့ စစ်ရေးထူးခြားလှုပ်ရှားမှု မရှိကြောင်း တြိဂံတိုင်း အသိုင်းအဝိုင်းက ဤကဲ့သို့ပြောသည်။

“၁၃ ရက်နေ့တုန်းကတော့ ၂၄ နာရီအတွင်း ၀ တပ်ဖြန့်ထားမှု အားလုံး ရုပ် သိမ်းပြီး နေရပ်ပြန်ဖို့ စကခ ၁၄ က ညွှန်ကြား။ ၁၄ ရက်နေ့ ညနေပိုင်း မှာ ၀ တွေ မိုင်းဆတ် - တာချီလိတ်ကြား (မိုင်းဆတ်အထွက် ၁၀ မိုင် အလွန် မိုင်းတွမ်းအနီး) လွယ်ဆမ်ဆုမ် တောင်ကြားကနေ တပ်ဆုတ်ပြန်တော့ အခြေအနေက နည်းနည်း လေး ပြေလျှော့သွားပြီ ၊ မိုင်းတုံ - ပုံပါကျင်ဘက် မှာလဲ နှစ်ဘက်စလုံး က လူထုသွားလာဖို့ ခွင့်ပြုလိုက်ပြီ” - ဟု သျှမ်းသံတော် ဆင့်သို့ပြောသည်။

ဝ တပ်ဖွဲ့ နှင့် မြန်မာအစိုးရ တို့သည် ၁၉၈၉ ခုနှစ်ကတည်းက ငြိမ်းချမ်းရေး တည်ဆောက်ထားသည့် အဖွဲ့ ဖြစ်သည်။ စစ်ရေးမတည်ငြိမ်မှုများကြောင့် စစ်ရေးတင်းမာမှုများရှိခဲ့ဖူးသော်လည်း ငြိမ်းချမ်းရေး ပျက်ပြယ် သွားသည့်အဆင့် မရှိခဲ့ဖူးပေ။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese

 မန္တလေး-ဖားကန့်ပြေးဆွဲနေသော ကချင်မန္တလာမော်တော်ယာဉ် လမ်းမီးတိုင်ကို ဝင်တိုက်ပြီး တိမ်းမှောက်မီးလောင်၊ ငါးဦးသေ ခြောက်ဦးဒဏ်ရာရ
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နမ္မားကျေးရွာအထွက်မိုးညှင်း- ဟိုပင်လမ်းပေါ်တွင် ကချင်မန္တလာ မော်တော်ယာဉ်တစ်စီးတိမ်းမှောက် မီးလောင်ကျွမ်းရာမှကားပေါ်တွင် ပါလာသူ ၁၁ ဦးအနက် ငါးဦး သေဆုံးကာခြောက်ဦးမှာ အသက်အန္တရာယ်ကင်းဝေးခဲ့ကြောင်းသိရသည်။

ဖြစ်ပွားပုံမှာ ယခုလ ၁ဝ ရက် နံနက် ၄ နာရီ ၁၅ မိနစ်တွင် ယာဉ်မောင်း အောင်သူရမောင်း နှင်လာသော ကချင်မန္တလာမော် တော်ယာဉ် 4J။---- ခဲရောင် (ဟိုက်အေ့)မှန်လုံယာဉ်သည် မိုး ညှင်း-ဟိုပင်ကားလမ်း နမ္မား ကျေးရွာအထွက် မိုင်တိုင်အမှတ် ၉/၅ နှင့် ၉/၆ အကြား ကား လမ်းအလယ်တွင်ရှိသော မီးတိုင် ကိုတိုက်မိရာမှ တိမ်းမှောက် မီး လောင်ကျွမ်းခဲ့သည်။

ထိုသို့ယာဉ်တိမ်းမှောက်မီး လောင်ကျွမ်းမှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာကြသူ ၁၁ ဦး အနက် ယာဉ်မောင်းအောင်သူရနှင့် ခရီးသည် အမျိုးသားလေးဦး စုစုပေါင်းငါးဦးသေဆုံးကာခြောက်ဦးမှာ အသက်အန္တရာယ်ကင်းဝေးခဲ့သည်။

ယာဉ်တိမ်းမှောက်ရာအနီးရှိ နေအိမ်မှ အမျိုးသားတစ်ဦးက ''ကားက မီးတိုင်ကိုဝင်တိုက်ပြီး တိမ်းမှောက်မီးလောင်သွားတယ်။ ဗို့အား ၁၁ဝဝဝ ရှိတဲ့ မီးကြိုး တစ်ချောင်းပြတ်ကျပြီး မိုးကလဲ သဲသဲမဲမဲ ရွာနေတော့ ကျွန်တော်တို့လဲ အပြင်မထွက်ရဲဘူး။ ဓာတ်လိုက်မှာကြောက်တယ်'' ဟု ပြောကြားခဲ့သည်။

ထိုသို့ယာဉ်တိမ်းမှောက် မီးလောင်ပြီး လူများသေဆုံးမှုကြောင့် မော်တော်ယာဉ်အားမဆင် မခြင်မောင်နှင်သော အောင်သူရ အသက်(၃၂)နှစ်(ဘ)ဦးအေးသောင်း၊ ဆိပ်မူရဲစခန်းအနီး ဖားကန့်မြို့နယ်နေထိုင်သူအား နမ္မားနယ် မြေရဲစခန်းမှ ယာဉ်(ပ)၃/၂ဝ၁၅ ပြစ်မှု ပုဒ်မ ၃ဝ၄(က)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ကချင်မြေနဂါး
The Union Daily
http://uniondaily.net


ဒေါက်တာမောင်မောင်လေး(မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းဥက္ကဋ္ဌ)

ငွေလဲလှယ်နှုန်းတွေက အတက်အကျ မမှန်တော့ စီးပွားရေးလုပ်ငန်းတွေအတွက် ထိခိုက်တာပေါ့။ ကုန်သွယ်မှုနဲ့ လက်လီ လက်ကားအရောင်းအဝယ် အခြေအနေ တွေ အပါအဝင်အကြီးစားရင်းနှီးမြှုပ်နှံမှု တွေမှာလဲ အခက်အခဲတွေ ကြုံတွေ့နေရ ပါတယ်။နောက်ပြီး ဒေါ်လာဈေးက ကမ္ဘာ မှာခိုင်မာနေတဲ့အတွက် မြန်မာ့ငွေဈေးက ကျသယောင်ယောင် ဖြစ်နေပါတယ်။နောက်တစ်ခုကကုန်သွယ်မှုမှာလဲထုတ်ကုန် တွေနည်းပြီး သွင်းကုန်တွေများနေတာရယ်၊ အခြေခံအဆောက်အအုံတွေလုပ်နေတာ တွေရယ်၊ ငွေကြေးကစားကြတာတွေရယ် ကြောင့် ဒေါ်လာဈေးတက်နေတယ်လို့ ပြောနေကြပါတယ်။ အဓိကကတော့ ဒါတွေကိုအစိုးရနဲ့ ပုဂ္ဂလိကတို့ပူးပေါင်းပြီး အဖြေရှာမှရလိမ့်မယ်လို့ ထင်ပါတယ်။ Export ကိုလဲမြှင့် Import မှာလဲ မလို လားအပ်တဲ့ဟာတွေကို မသွင်းဖို့လိုပါ တယ်။ ဒီဟာက ရေရှည်လုပ်ပြီး Supply and Demandနဲ့ ဖြေရှင်းရမယ့်ကိစ္စ ပါ။ တစ်ရက်တည်းနဲ့ အဖြေထွက်မယ် ဆိုရင် နဂိုကတည်းက နိုင်ငံတော်ကဖြေရှင်း ပြီးတာကြာပြီပေါ့။ တချို့တွေကလဲ ဘဏ် တွေကို အပြစ်ဖို့ကြတယ်။ ဘဏ်တွေကလဲ ကစားသလိုပေါ့။ ဒါတွေက ဘယ်သူမှ ပြောလို့ မရပါဘူး။ မြန်မာ့ငွေကြေးကို တက်ညီလက်ညီနဲ့ သေချာပြန်သုံးရင် တန်ဖိုးတက်တာတွေ မကြုံဘူးလို့မြင်ပါ တယ်။ အစိုးရရဲ့ အရန်ငွေတကယ်ရှိ တာမှန်ခဲ့ရင် ဒါမျိုးတွေမဖြစ်ပါဘူး။တစ်နှစ် ကို ၈ ဘီလီယံရှိခဲ့တယ်လို့ ပြောခဲ့တယ် လေ။ ၈ ဘီလီယံငွေက မြန်မာပြည်တွင်း မှာ ၈ ဘီလီယံရှိခဲ့ရင် ဒါနဲ့လည်သွားလို့ ရတယ်လေ။ ရင်းနှီးမြှုပ်နှံမှုတွေ လာလုပ် တယ်။ ရင်းနှီးမြှုပ်နှံမှုတွေ တကယ်တမ်း လာခဲ့၊ ငွေတွေတကယ်ဝင်ခဲ့ရင် ပြဿနာ မရှိပါဘူ။ တရားမဝင်တာများနေရင်လည်း ငွေကြေးက ထိန်းလို့မရတာတွေ ဖြစ်တာ ပေါ့။ နိုင်ငံတော်အစိုးရရဲ့ Data တွေလဲ မှားနေလားဆိုပြီး သံသယဖြစ်ကြတာပေါ့။

ကိုကိုအောင်(လူကြီးမင်းဖုန်းအရောင်းဆိုင်)
-------------------------------------------------
ပစ္စည်းတွေအကုန်လုံးက ဒေါ်လာနဲ့ ဝယ်ထားတာများတယ်။ မြန်မာကထွက်တဲ့ Mobile ပစ္စည်းကမရှိတော့ ဒေါ်လာဈေး တက်တဲ့အခါ ဈေးကလိုက်တက်ပါတယ်။ Mobile ဖုန်းက အချိန်နဲ့တစ်ပြေးညီ ပုံမှန် အတက်အကျရှိပါတယ်။ နဂိုကတည်းက ဂယက်ရိုက်တော့ရိုက်တယ်။ သိသိသာသာ ကြီးတော့ မဟုတ်ဘူး။ ပုံမှန်အားဖြင့် အရောင်းအဝယ်ဖြစ်တဲ့ Model တွေဆိုရင် ကျပ်လေးငါးထောင်လောက်တော့ ဈေးမြင့် တက်မှုရှိတယ်။ Mobile ဖုန်း ဖြစ်ဖြစ် တခြားလုပ်ငန်းဖြစ်ဖြစ် ဈေးနှုန်းကတော့ နည်းလေကောင်းလေပေါ့။ နိုင်ငံခြားကနေ ကိုယ့်ဆီပြန် Import လုပ်ရတဲ့ဟာမျိုး ဖြစ်တော့ ဒေါ်လာဈေးနှုန်းက နည်းလေ ကျွန်တော်တို့အတွက် ကိုက်လေပေါ့။ ဈေးနှုန်းတည်ငြိမ်တယ်ဆိုရင်တော့ ဘာပဲ ဖြစ်ဖြစ် အလုပ်လုပ်ရတာ အဆင်ပြေနိုင် ပါတယ်။

ဦးဝင်းကြိုင်(မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး)
---------------------------------------------------------------------------
ဒေါ်လာဈေးနှုန်းကိစ္စက ကျွန်တော်တို့ နိုင်ငံအတွက် တော်တော်လေးကို အရေး ကြီးနေပြီ။ ၂ဝ၁ဝ မှာ ၁၂ဝဝ လောက်ရှိ နေတဲ့ ဒေါ်လာဈေးက ၆၇ဝ၊ ၆၈ဝထိအောင် အနိမ့်ဆုံးကျသွားတယ်။ အဲဒီကာလမှာ မွေးမြူထုတ်လုပ်သူတွေရော၊Exporter တွေရော၊ Exporter တွေဆို ဒီနေ့ဝယ်တဲ့ ပစ္စည်းက နောက်နေ့ရှုံးတယ်။ အစိုးရလဲ ဒါကို ဘယ်လိုမှမဆယ်နိုင်ဘူး။နောက်ဆုံး ၂ဝ၁၂ နှစ်ကုန်ပိုင်းမှ တည်ငြိမ်တဲ့အခြေ အနေကို ရောက်တယ်။ ဈေးကြီးနဲ့ပေးပြီး ထုတ်လုပ်မှုအမြင့်နဲ့ထုတ်ထားရတဲ့ငါးတွေ ကို ဈေးအကျနဲ့ရောင်းရတဲ့အခါ အရင်းတွေ ပြုတ်ပြီး အကြွေးတွေတင်တယ်။ အခုချိန် အထိ ထုတ်လုပ်မှုမှာ စွမ်းအားမြှင့်မထုတ် နိုင်ဘူး။ ဒါဘာကြောင့်လဲဆို ငွေလဲနှုန်း ရုတ်ခြည်းပြောင်းလဲမှုကြောင့် ဖြစ်လာတာ။ ဒေါ်လာဈေးကို တက်ခြင်းကျခြင်းထက် စာရင်တည်ငြိမ်တာကိုကြိုက်တယ်။ ထုတ် လုပ်သူရော၊ရောင်းဝယ်သူရော နှစ်ယောက် စလုံး အလုပ်လုပ်နိုင်တဲ့နှုန်းပေါ်မှာ တည် တည်ငြိမ်ငြိမ်ဖြစ်နေရင် နှစ်ဖက်စလုံးအလုပ် လုပ်လို့ရတယ်။ကျွန်တော်တို့ ကြိုက်တာ အရမ်းတက်သွားမှာ၊ အရမ်းကျသွားမှာ ကြောက်တယ်။ တည်ငြိမ်ဖို့လိုတယ်။ တည်ငြိမ်ဖို့က နိုင်ငံတော်ကထိန်းမှ ရမှာ ဖြစ်တယ်။နောက်တစ်ခုက ဒေါ်လာ ဈေးက ဗဟိုဘဏ်သတ်မှတ်တာ တစ်မျိုးအပြင် ဈေးကွက်မှာပေါက်တာကတစ်မျိုး။ ဒါလဲ မဖြစ်သင့်ဘူး။ ဈေးတစ်မျိုးတည်းပဲဖြစ် သင့်တယ်။ ဗဟိုဘဏ်က အခုချိန်အထိ ငွေဈေးနှုန်းပေါ်မှာ အပြင်မှာပေါက်တဲ့ ဈေးကို သူလိုက်မထိန်းနိုင်ဘူး။ဘယ်လောက် အထိ မထိန်းနိုင်မှာလဲဆိုတာ စိုးရိမ်စရာ ဖြစ်နေပြီ။ ဒီနေ့အထိ အစိုးရက အစည်း အဝေးတွေခေါ်လုပ်တယ်။ ထိန်းမယ်လို့ ပြောတယ်။ ဖမ်းမယ်၊ ကိုယ်ပိုင်ငွေစာရင်း ဒေါ်လာရှိတဲ့သူတွေ ကြိုက်သလောက်မထုတ် ရဘူးပြောတယ်။ ပြည်တွင်းမှာဆောင်တဲ့ ဟာတွေကို မြန်မာငွေနဲ့ပဲဆောင်၊ ဒေါ်လာနဲ့ မဆောင်ရဘူးလို့ပြောတယ်။နည်းလမ်းတွေ တော့ သုံးပြီးပြီ။ အခုထက်ထိ တည်ငြိမ်မှု မရှိဘူး။ အခြေအနေက အရမ်းဆိုးတယ်။

ဦးနှင်းဦး(မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ ချုပ်ဥက္ကဋ္ဌ)
----------------------------------------------------
မြန်မာနိုင်ငံရဲ့အခြေအနေကလဲ အမေ ရိကန်ဒေါ်လာရှာနိုင်တဲ့ အင်အားစု ကနည်းတယ်။SME အားလုံးကမတိုးတက် ဘူး။ Import ပစ္စည်းအားလုံးကသွင်းနေရ တယ်။အောက်ကနေစပြီးအပေါ်ထိ ဝယ်နေ ရတယ်။ပို့ကုန်မှာလည်း ကျတယ်။ပို့ကုန် ကိုအားပေးခြင်းမရှိဘူး။ အမေရိကန် ဒေါ်လာလိုငွေက အရမ်းပြလာတယ်။ မြန်မာပြည်က အမေရိကန်ဒေါ်လာနဲ့အသက် ရှင်ရမယ့်ပုံဖြစ်နေတယ်။ ဒေါ်လာလိုလို့ ဝယ်လေလေ ဒေါ်လာကဈေးတက်လေ လေ ဖြစ်နေတာပေါ့။ အဲဒီမှာပဲ တချို့က ဒီပေါ်မူတည်ပြီး လှိုင်းစီးတာပေါ့။ဒေါ်လာ အဝယ်လိုက်များတဲ့ပေါ်မူတည်ပြီးတော့ ငွေကြေးအပေါ်မှာ အမြတ်အစွန်းရရှိဖို့ အတွက်ထိုငွေကြေးကစားတဲ့သူတွေကလဲ ရောယောင်ပြီး လိုက်ပါလာတာပေါ့။ တချို့က တကယ်ပစ္စည်းသွင်းဖို့အတွက် လိုက်ဝယ်တယ်။ဒေါ်လာကနည်းပြီးမရတဲ့ အခါ ဈေးပိုပြီးဝယ်လာကြတယ်။ မဖြစ် မနေလိုအပ်တဲ့ သွင်းကုန်တွေသွင်းဖို့အတွက် ကိုဝယ်တယ်။ အဲဒီအခြေအနေပေါ်မူတည် ပြီး ဒေါ်လာတော့တက်မှာပဲဆိုပြီးငွေကြေး ကစားတဲ့သူတွေကတော့အနည်းနဲ့ အများ ပါလာမှာပေါ့။ အဓိကတော့ ဒေါ်လာလိုနေ တဲ့ ပြဿနာကို မလိုအောင်သော်လည်း ကောင်း၊ များများရအောင်သော်လည်း ကောင်း ဖြည့်ဆည်းနိုင်မှုစွမ်းအားတွေက မရှိသလောက်နည်းတယ်။ FDI ကဝင်တဲ့ ငွေကလဲနည်းနေတယ်။ လုံလုံလောက် လောက်မရဘူး။ အဲဒါကုဖို့ဆိုတာ SME တွေကိုထူထောင် ပြီးတော့ဝယ်နေရ တဲ့ပစ္စည်းတွေမဝယ်ရဘဲ ပြည်တွင်းမှာပဲ ထုတ်နိုင်အောင်သော်လည်းကောင်း၊ မလုပ် နိုင်လို့ ဝယ်ရမယ့်ပစ္စည်းတွေအတွက်လို နေတဲ့ဒေါ်လာကို Export ကနေ ရှာဖို့ တွန်းအားပေးနိုင်မှသာ ကျေလောက်တဲ့ အခြေအနေတစ်ခုရနိုင်မှာပေါ့။ မြန်မာ ပြည်မှာ စီးပွားရေးအရပြုပြင်ပြောင်းလဲမှု အားနည်းတယ်။ ဗဟိုဘဏ်တို့ ဘဏ်တို့ရဲ့ အားနည်းချက်တွေက ဒီပေါ်မှာသွားပြီး ဂယက် ရိုက်တာပဲ။ ဈေးကွက်စီးပွားရေး စနစ်အရ ဗဟိုဘဏ်ကသွားရမယ့်အခန်း ကဏ္ဍ၊ ဈေးကွက်စီးပွားရေးစနစ်ထူထောင် ဖို့ဘဏ်တွေကနေ ပံ့ပိုးပေးရမယ့်အခန်း ကဏ္ဍတွေကမရှိတာကို ရှိအောင်လုပ်ရ မယ့်အစား ဆေးမြီးတိုနဲ့လိုက်ပြီးကုသလို လုပ်တဲ့အတွက်အဖြေက မရနိုင်ဘူး။ဈေး ကွက်စီးပွားရေးစနစ်ကိုသွားတဲ့အခါ ဗဟို ဘဏ်နဲ့ ဘဏ်တွေရဲ့အခန်းကဏ္ဍကအရေး ကြီးလို့ ဒီအတိုင်းလိုက်ပြီး လိုက်လျော ညီထွေမလုပ်ပေးနိုင်ရင် ဒီပြဿနာကပေါ် နေမှာပဲ။ သဘာဝအရင်းအမြစ်တွေရောင်း နေတာက ရောဂါမပေါ်အောင်ကုစားပေး သလိုဖြစ်နေတာပေါ့။ တစ်ဖက်မှာ ဒါတွေ က ပြန်ရတာမဟုတ်ဘူး။ ပစ္စည်းထွက်နေ သမျှ ရောင်းစားလို့ရနေသမျှတော့ ဒဏ်ရာ မပေါ်လူမသိဘူး။ အခုဟာက လက်ကား မှာ ဈေးနှုန်းတက်သွားတာလက်လီမှာပါ အရမ်းတက်သွားတာပေါ့။ လက်လီဈေးက အရမ်းကွာသွားတာပေါ့။ အဲဒါကြောင့် ပြည်သူက ကုန်ဈေးနှုန်းကြီးမားစွာပေးပြီး ရတဲ့အဆင့်ကိုရောက်သွားတယ်။ အဲဒါ တွေအပြင် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးတို့ လစာမလုံလောက်တဲ့ကိစ္စတွေက ဒီအတိုင်း ပဲ ဆက်လက်ပြီး ပေါ်ပေါက်သွားမှာပဲ။ မြန်မြန်ဆန်ဆန်ကုစားဖို့လိုတယ်။ ကုစား ဖို့ဆိုရင်ပြည်တွင်းစက်မှုလုပ်ငန်း၊ ထုတ် လုပ်မှုလုပ်ငန်းတွေ တိုးတက်အောင်လုပ် ပေးရမယ်။ ဘာတွေလိုလဲဆန်းစစ်ပြီး တတ်နိုင်သလောက် ဖြည့်ဆည်းပေးရမယ်။ ဒါမှပြောင်းလဲလို့ရမှာ။ ဒါတွေမထူထောင် ပေးနိုင်သမျှတော့ ဒီလူတွေကဘာမှ မထုတ်လုပ်နိုင်ရင် ပြည်တွင်းက Import ကိုပဲမှီပြီးတော့အသက်ရှင်နေရမယ်ဆိုရင် အမေရိကန် ဒေါ်လာအတက်အကျပေါ်မှာ လူထုက ခံစားမှုနဲ့ကြုံတွေ့ရမှာပဲ။

ပြည်တွင်းငွေလဲဈေးကွက်တွင် အမေရိကန်ဒေါ်လာဈေးနှုန်းစံချိန်တင်မြင့်တက်နေခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ ကဏ္ဍအသီးသီးမှတာဝန်ရှိပုဂ္ဂိုလ်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏အမြင်များကို စုစည်းဖော်ပြအပ်ပါသည်။

ဖြူသင်းခိုင်
The Union Daily
http://uniondaily.net


ပညာရေးဝန်ကြီးဌာနမှ ခန့်အပ် ထားသည့် ဆရာ၊ဆရာမများ မြို့နှင့် ဝေးလံပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် နေရာများ၌ သွားရောက် ပညာသင်ကြားခြင်း ရှိမရှိကို စစ်ဆေး သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ပညာရေးမှူးရုံးထံမှ သိရှိရ သည်။
“ဝေးလံခေါင်သီတဲ့ ကျေးရွာတွေ မှာ ခန့်အပ်ထားတဲ့ ကျောင်းအုပ်၊ ဆရာ၊ ဆရာမတွေ ရောက်လာခြင်းမရှိတာ၊ လူစားထိုး သင်ကြားစေတာတွေကို စိစစ်တော့မှာ ဖြစ်ပါတယ်။ နယ်မြေတွေ က သတင်းပေးတာတွေအပြင် ဝန်ကြီး ဌာနအနေနဲ့လည်း လိုက်လံစစ်ဆေး မှာ ဖြစ်ပါတယ်” ဟု မန္တလေးတိုင်းဒေ သကြီး ပညာရေးမှူးရုံးထံမှ ညွှန်ကြား ရေးမှူး(ပညာ) ဦးခင်မောင်မြင့်က ပြောသည်။

နိုင်ငံတော် ပညာရေးကဏ္ဍ တိုးတက်မြင့်မားစေရန် ဆောင်ရွက်ရာတွင် ထိခိုက်မှု မရှိစေရန်၊ ဝေးလံခေါင်သီ သည့် ဒေသများတွင် စာတတ်မြောက်မှု ပမာဏ ပိုမို တိုးတက်လာစေရန်နှင့် စည်းကမ်းလိုက်နာမှု ရှိလာစေရန် ရည်ရွယ် ၍ ပြုလုပ်ခြင်းဖြစ်သည်။

“ခန့်တော့ခန့်တယ်။ မရောက်တာ တွေ ဖြစ်နေတဲ့အတွက် စိစစ်မယ်။ လိုအပ်ရင် တိုင်းဒေသကြီး အစိုးရအဖွဲ့ နဲ့ ပညာရေးဝန်ကြီးဌာတို့ နိုင်ငံပိုင်သ တင်းစာထဲမှာ ဆရာ၊ ဆရာမတွေကို ခေါ်ယူမယ်။ ခန့်ပေမယ့် မရောက်တဲ့ သူတွေကို မှတ်တမ်းတစ်ခုထားရှိပြီး ရာ ထူး၊ ခံစားခွင့်တွေကို လျှော့ချသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်ပြော သည်။

စိစစ်မှုများ လုပ်ဆောင်သည့်အ ပြင် ဆရာ၊ ဆရာမများမှာ ရရှိသည့် လစာပမာဏ နည်းသောကြောင့် တာဝန်အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် နေထိုင်သည့်မြို့နှင့် နီးစပ်သည့်နေရာ များတွင်တာဝန်ချထားပေးနိုင်ရန် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

MMK
The Ladies News Journal
https://www.facebook.com/News.TheLadies

ရန်ကုန်တိုင်းအစိုးရက ယာယီရပ်ဆိုင်းထားတဲ့ ရန်ကုန်မြို့သစ်စီမံကိန်းကို အကောင်အထည်ဖော်ပေးဖို့ မေလ ၅ ရက်နေ့က တွံ့တေးမြို့နယ် ခလောက်ချိုက်ကျေးရွာမှာ တွံတေးမြို့နယ်နဲ့ ဆိပ်ကြီးခနောင်တိုမြို့နယ်က ဒေသခံတွေ စုပေါင်းတောင်းဆိုကြစဉ် Photo: Wai Mar Tun/RFA

ရန်ကုန်မြို့ကြည့်မြင်တိုင်တစ်ဖက်ကမ်း ဆိပ်ကြီးခနောင်တို၊ ကော့မှုး၊ တွံတေး စတဲ့မြို့နယ်တွေက မြေဧက ၃၀၀၀၀ မှာ မြို့သစ်စီမံကိန်း အကောင်အထည်ဖော်ဖို့ ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာဆွေးနွေးရာ အများစုက ထောက်ခံခဲ့တဲ့အတွက် စီမံကိန်း အကောင်အထည်ဖော်ဖို့ အတည်ပြုခဲ့ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေက လျှို့ဝှက်မဲပေးစနစ်နဲ့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ထောက်ခံသူများပြားတဲ့အတွက် အတည်ခဲ့ဖြစ်ကြောင်း အဲဒီစီမံကိန်းကို ကန့်ကွက်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက် တာ ဒေါ်ညိုညိုသင်းက ပြောပါတယ်။

"ကျမတို့ ဆွေးနွေးတဲ့ အကြောင်းအရာကတော့ အဆိုတင်သွင်းသွားတဲ့ ကိုယ်စားလှယ်ရဲ့ အလို အရရော ထောက်ခံဆွေးနွေးတဲ့ ကိုယ်စားလှယ် ၆ ဦးအရရောပေါ့နော်၊ မနှစ်က စက်တင်ဘာလမှာ ရန်ကုန်တိုင်းအစိုးရက ပြန်လည်ရုပ်သိမ်းသွားတဲ့ ကြည့်မြင်တိုင်တစ်ဖက်ကမ်း ဆိပ်ကြီး ခနော်တို ကော့မှူး ရန်ကုန်မြို့ရဲ့ အနောက်တောင်ပိုင်းဒေသတွေပေါ့နော်၊ မြေက သုံးသောင်းဧရိယာပေါ့နော် ရန်ကုန်မြို့ သစ်စီမံကိန်းကို ဒါအတည်ပြုပေးသွားတာပေါ့နော်၊ မြို့တော်ဝန်ကလည်း ဘယ်သူနဲ့လုပ်မယ် ဘာနဲ့လုပ်မယ်ဆိုတာ ဘာမှတိတိကျကျပြောသွားတာမရှိဘူး"

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းက အဲဒီစီမံကိန်းကို အကောင်အထည်ဖော်ဖို့ လွှတ်တော်မှာဆွေးနွေးခဲ့ပြီး ပွင့်လင်းမြင်သာမှုမရှိဘူးလို့ လွှတ်တော်ကိုယ်စားလှယ်တချို့နဲ့ သတင်းမီဒီယာတွေက ဝေဖန်ထောက်ပြ ခဲ့တာတွေကြောင့် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က သူ့ရဲ့အဆိုကို ပြန်လည်ရုပ်သိမ်းခဲ့တာ ဖြစ်ပါတယ်။

အခုတစ်ကြိမ်မှာတော့ အဲဒီမြို့သစ်စီမံကိန်း အကောင်အထည်ဖော်ဖို့အတွက် ကြည့်မြင်တိုင်မြို့နယ်က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က တင်သွင်းခဲ့တာဖြစ်ပါတယ်။

ဒီစီမံကိန်းဟာ အရေးကြီးတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ် အားလုံးရဲ့ဆန္ဒကို ရယူချင်တယ်ဆိုပြီး လွှတ်တော်ဥက္ကဌက လျှို့ဝှက်မဲပေးစနစ်နဲ့ မဲခွဲဆုံးဖြတ်ခဲ့ရာမှာ လွှတ်တော်ကိုယ်စားလှယ်တစ်ရာကျော်ရှိရာမှာ တစ်ရာက ထောက်ခံခဲ့ကြတဲ့အတွက် အတည်ဖြစ်သွားခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese