06/20/15

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပထမအကြိမ် ဗဟိုကော်မတီ ပဉ္စမအကြိမ် အစည်းအဝေးကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ ဇွန်လ ၂၀ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။
အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တက်ရောက် အမှာစကား ပြောကြားရာမှာ ရွေးကောက်ပွဲဝင် မ၀င် ဆိုတာနဲ့ အမတ်လောင်းစာရင်းကို မကြာခင် ထုတ်ပြန်မယ်လို့ ပြောပါတယ်။
အမတ်လောင်းတွေက ကိုယ်ပိုင်ဆိုင်မှုစာရင်း၊ ဇနီးသားသမီးတွေရဲ့ ပိုင်ဆိုင်မှု၊ ဘဏ်စာရင်းတွေကို ပါတီကိုချပြရမယ်လို့ ပြောပါတယ်။
စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်မှုရှိ မရှိ ဆိုတာကိုလည်း ပါတီကို ကြေညာရမယ်လို့ ဆိုပါတယ်။
၂ ရက်ကြာ အစည်းအဝေးမှာ အမတ်လောင်းအရည်အချင်း သတ်မှတ်ချက်တွေနဲ့ အောင်နိုင်ရေးကိစ္စတွေကို အဓိက ဆွေးနွေးမယ်လို့ သိရပါတယ်။
.
Credit : BBC

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်ရှိ ရေပူကျောင်းဆရာတော် ဦးဣန္ဒကအား ရှေးဟောင်း သာသနာ့ နယ်မြေအတွင်း မြေတူးခြင်းနှင့် ပတ်သက်၍ သာသနာရေး ဦးစီးဌာန၊ အုပ်ချုပ်ရေးဌာနနှင့် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များက ဇွန်လ ၉ ရက်က ၀င်ရောက် ဖမ်းဆီးရာ၌ မိုးကုတ်မြို့နယ် ရဲစခန်းက နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ်ဆန်းလွင်က ခြောက်လုံးပြူး သေနတ်ဖြင့်ချိန်ကာ ဖမ်းဆီးခဲ့ကြောင်း ဖမ်းဆီးချိန်တွင် ဆရာတော်အနီး၌ ရှိသူ မိုးကုတ်မြို့၊ ၈၈ မျိုးဆက်(ငြိမ်း/ပွင့်)မှ အထွေထွေ အတွင်းရေးမှူး ဦးစိုးဌေးက ဇွန်လ ၁၆ ရက်တွင် မြန်မာသံတော်ဆင့်သို့ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရေပူကျောင်း ဆရာတော်အား အာဏာပိုင်များက လူဝတ်လဲကာ စေတီများ ဖြိုဖျက်မှုဖြင့် ပြစ်မှုနံပါတ် ၆၄/ ၂၀၁၅၊ သာသနာရေးဆိုင်ရာ ပြစ်မှုပုဒ်မ ၂၉၅ ဖြင့်လည်းကောင်း၊ မြေစာများ အား ရေပိုက်များဖြင့် ထိုးပက်မှုကို ပြစ်မှုနံပါတ် ၆၃/၂၀၁၅၊ မြန်မာ့ ကျောက်မျက်ရတနာ ဥပဒေပုဒ်မ ၄၁ (က)(ခ) အရ အမှုဖွင့်ကာ မိုးကုတ်မြို့နယ် အချုပ်တွင် ထိန်းသိမ်းထားသည်။

““ ၈ နာရီခွဲလောက်မှာ ကျွန်တော်က ဆရာတော်နဲ့ အတူတူရှိနေတယ်။ ဆရာတော့်နားမှာလည်း ဒကာ ၂ ယောက်၊ ၃ ယောက်ရှိနေတယ်။ အဲဒီအချိန်မှာ ဒုရဲအုပ်ဆန်းလွင်က ၆ လုံးပြူး သေနတ်ကို ထိုးချိန်ပြီးတော့ ကျောင်းပေါ် တက်လာတယ်။ တက်လာရုံတင်မဟုတ်ဘူး အခန်းတွေထဲကို ၆ လုံးပြူးနဲ့ လိုက်ချိန်ပြီးတော့မှ သူ့နောက်မှာ မြို့နယ်မှူးနဲ့ မြို့မရဲစခန်းမှူး ပါလာတယ်။ ဘယ်လိုလဲ ကျွန်တော်က မေးတော့ ဆရာတော်ဆီ လာတာပါတဲ့။ လာတယ်ဆိုလည်း ခင်ဗျားတို့က မိုက်ရိုင်းလွန်းတယ်လို့၊ ဒါ ဗုဒ္ဓဘာသာ ဆရာတော်ကျောင်း ပေါ်မှာ သာသနာတော်ကို စော်ကားလွန်းတဲ့ပုံစံ မိုက်ရိုင်းလွန်းတယ် ထင်တယ်လို့ ကျွန်တော်က ပြောတယ်”” ဟု ရေပူကျောင်းဆရာတော် ဦးဣန္ဒက ဖမ်းဆီးခံရစဉ်က အတူရှိနေသူ ဦးစိုးဌေးက ပြောသည်။

အဆိုပါလုပ်ရပ် အပါအ၀င် ဆရာတော်အား မတရားဖမ်းဆီး ချုပ်နှောင်ထားမှုအပေါ် ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန်နှင့် တရားမျှတမှုမဲ့စွာ သာသနာတော်အား စော်ကားမှုပြုလုပ်ခဲ့သော လုပ်ရပ်အား ပြင်းထန်စွာ ကန့်ကွက်ကြောင်း မိုးကုတ်မြို့နယ်ရှိ အရပ်ဘက် လူ့အဖွဲ့အစည်းများက တောင်းဆိုလျက်ရှိသည်။

““သေနတ်ကို ကျွန်တော် ကိုင်ထားတာပဲရှိတာ မချိန်ပါဘူး။ သေနတ်ကို ခါးမှာချိတ်ထားတာ။ မချိန်ပါဘူး။ ကျွန်တော်က မြို့နယ်မှူး ခေါ်သွားလို့ ပါသွားတာလေ။ ခါးမှာပဲချိတ်ထားတာ၊ သူပြောသလို သေနတ်နဲ့တော့ မချိန်ပါဘူး””ဟု သေနတ်ဖြင့် ချိန်ရွယ်ကာ ဖမ်းဆီးခဲ့သည်ဟု ပြောဆိုခံရသူ မိုးကုတ်မြို့နယ် ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ဆန်းလွင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

ရေပူဆရာတော်အား ဖမ်းဆီးထိန်းသိမ်းထားခြင်းနှင့် ပတ်သက်၍ သံဃာတော်များ အနေဖြင့် မိမိ ပိုင်ဆိုင် ထိန်းသိမ်း စောင့်ရှောက်ထားသော သာသနိက ကျောင်းဝိုင်းမြေအတွင်း၌ လုပ်ပိုင်ခွင့် အပြည့်အ၀ရှိသည့် အတွက် ရေပူဆရာတော်အရှင် ဣန္ဒကအားခြွင်းချက်မရှိ ကွင်းလုံးကျွတ် လွှတ်ပေးရန် မန္တလေးမြို့၊ အတုလကာရီ ဆင်မင်းကျောင်းတိုက်မှ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ဆရာတော် ဘဒ္ဒန္တ သြဘာသာဘိဝံသက မန္တလေး တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်ထံသို့ ဇွန်လ ၁၅ ရက်က မေတ္တာရပ်ခံစာ ပေးပို့ထားသည်။

ထို့ပြင် ရေပူဆရာတော် ဦးဣန္ဒကအား လူဝတ်လဲ ဖမ်းဆီးချုပ်နှောင် ခံထားရာမှ ပြန်လည် လွတ်မြောက်ရန် ဒေသခံပြည်သူ အင်အားတစ်သောင်းကျော်က ဆန္ဒထုတ်ဖော် တောင်းဆိုသွားရန် စီစဉ်နေကြောင်း ဦးစိုးဌေးက မြန်မာသံတော်ဆင့်သို့ ပြောဆိုထားသည်။

ဆရာတော်ဦးဣန္ဒကသည် ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုတွင် ပါဝင်ခဲ့သူတစ်ဦးဖြစ်ပြီး သက်တော် ၄၅ နှစ်၊ ၀ါတော် ၂၅ ၀ါရှိကာ ဆရာတော်မှာ မိုးကုတ်မြို့ရှိ အစိုးရနှင့်နီးစပ်သော ကျောက်မျက် လုပ်ငန်းရှင်များ သိမ်းထားသည့် မိုးကုတ်အင်းအား အများပြည်သူ အကျိုးအလို့ငှာ ပြန်လည်ရရှိအောင် ဦးဆောင်လုပ်ကိုင် ခဲ့မှုကြောင့် အာဏာပိုင်များ၏ စောင့်ကြည့်ခြင်းကို ခံနေရသူလည်းဖြစ်သည်။

ဝိုင်းမော်၊ အောင်ကိုဝင်း

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald


၂၀၁၅ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲအတွက် အခြေခံမဲဆန္ဒရှင် စာရင်းများကို ကြေညာထားရာတွင် ပြည်သူများ စိတ်ဝင်စားမှု လျော့နည်း နေသောကြောင့် မဲစာရင်းကြည့်ရှုရန်နှင့် မှားယွင်းမှုများရှိပါက သွားရောက် တောင်းဆို ရမည့် အကြောင်းကို မြင်းခြံခရိုင်အတွင်း ၆ ရက်တာ လှည့်လည် လှုံ့ဆော်သွားမည် ဖြစ်ကြောင်း လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများအသင်း(H.R.D)၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဒေါ်ရီရီထွန်းက ဇွန် ၁၅ ရက်တွင် မြန်မာသံတော်ဆင့် သို့ ပြောသည်။

အခြေခံ မဲဆန္ဒရှင်များစာရင်း ကြေညာရာတွင် အမည်မှားယွင်းမှုများ၊ သေဆုံးသူ အမည်များ ပါဝင်ခြင်း၊ ရွှေ့ပြောင်း သွားသူများ ပါဝင်နေသော်လည်း ရပ်ကွက်နေ ပြည်သူများက သွားရောက် ကြည့်ရှုမှု မရှိခြင်း တို့ကြောင့် ယခုကဲ့သို့ လိုက်လံ လှုံ့ဆော်ခြင်းဖြစ်သည်။

““အခုချိန်မှာ ပြည်သူတွေက မဲစာရင်းကြည့်ဖို့ နည်းပါးတယ်။ ကျွန်မတို့က ရပ်ကွက် တစ်ခုပြီးတစ်ခုဆင်းပြီး လှုံ့ဆော်ပေးတာပါ။ မဲစာရင်းမှာက နာမည်မှားတာတွေ၊ သေဆုံးတဲ့သူ ပါတာတွေ၊ ရွှေ့ပြောင်းတဲ့သူတွေ ပါနေတာတွေကို ပြည်သူတွေသိအောင် လိုက်ပြီးလှုံ့ဆော်ပေးတာ ပါ။ မြင်းခြံမြို့နယ် ၃ မြို့နယ်ကို မနက်ပိုင်းနဲ့ ညပိုင်းတွေအထိ လိုက်ပြီးလှုံ့ဆော်မှာပါ။ မဲစာရင်း မကြည့်နိုင်တဲ့ သူတွေအတွက် မဲစာရင်းကို ပြုစုပေးမှာ မဟုတ်ဘူး။ ကျွန်မတို့ ရပ်ကွက်ထဲက လူတွေက စိတ်ဝင်စားမှုနည်းတော့ ဒါကိုစိတ်ဝင်စားလာအောင် လှုံ့ဆော် တဲ့ သဘောပါ”” H.R.D သတင်း ပြန်ကြားရေး တာဝန်ခံ မရီရီထွန်းက ပြောသည်။

H.R.D အဖွဲ့မှနေ၍ မဲစာရင်း ကြည့်ရှုရန် အဖွဲ့ဝင် ၅ ယောက်ဖြင့် မြင်းခြံမြို့နယ်၊ နွားထိုးကြီးမြို့နယ်၊ တောင်သာ မြို့နယ်တွင် ဇွန်လ ၁၅ရက်မှ ၂၁ ရက်ထိ ၆ ရက်တာအတွင်း မဲစာရင်း ကြည့်ရှုရန်အတွက် လိုက်လံ နှိုးဆော်သွားမည် ဖြစ်သည်။

““ရပ်၊ ကျေးကော်မတီကို မဲစာရင်း အမည်မှားတာတွေ၊ မပါတာတွေ လျှောက်တဲ့ ပုံစံစာရွက်တွေကို ဖြန့်ပေး ထားပါတယ်။ မလောက်ရင် မိတ္တူဆွဲ ကူးပေးဖို့လို့ ပြောထားတယ်။ ကျွန်တော်တို့က တစ်ရပ်ကွက်ကို စာရွက် ၂၀ လောက်မှန်းထားပေမယ့် အခုက ၅၀-၆၀ လောက် ဖြစ်သွားတော့ ပုံစံစာရွက် မလောက်တာတွေ ဖြစ်သွား တာပါ။ မဲစာရင်းမှာက လိုအပ်ချက်တွေ အများကြီး ရှိနေပါသေးတယ်။ အခုကတော့ အခြေခံ မဲစာရင်းက အမှားတွေကို ပြင်ဆင်ပြီး ဒုတိယအကြိမ် ကြေညာပေးဦးမှာပါ။ အဲဒီအချိန်မှာလည်း လာရောက်ပြီး ပြင်လို့ရ ပါသေးတယ်။ ရွေးကောက်ပွဲရက် အတည်ပြုပြီးရင်တော့ မဲစာရင်းကို အတည်ပြုမှာပါ။ အခုအချိန်မှာတော့ လိုအပ်တာတွေ ပြင်ဆင်ချင်တာတွေ မှားနေတာတွေကို အမြန်ဆုံး ပြေလည်အောင် ဆောင်ရွက်ပေးနေ ပါတယ်””ဟု မြင်းခြံခရိုင် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးခင်မောင်က ပြောသည်။

တတိယအကြိမ်မြောက် အခြေခံမဲဆန္ဒရှင် စာရင်းများကို ဆန္ဒရှင်စာရင်းများကို မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မန္တလေးခရိုင်၊ မြင်းခြံခရိုင် အပါအ၀င် ၄ ခရိုင်၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကယာပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် ဇွန် ၈ ရက်မှ ၂၁ ရက်နေ့ထိ ကြေညာ ထားမည် ဖြစ်သည်။

မဲစာရင်းများတွင် မိမိအမည် မပါဝင်ပါက ပုံစံ ၃ ဖြင့် လျှောက် ထားရမည်ဖြစ်ပြီး၊ အချက်လက် မှားယွင်းပါက ပုံစံ ၄-ဂ ဖြင့် လျှောက် ထားနိုင်ပြီး မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်ပါက ပုံစံ ၇ ဖြင့် ကန့်ကွက်နိုင်သည်။

သူရိန်ကျော်

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

ရန်ကုန်တိုင်းလွှတ်တော်ထဲမှာ ဒေါက်တာဒေါ်ညိုညိုသင်းနဲ့ လွှတ်တော်ဥက္ကဋ္ဌ စိန်တင်ဝင်းတို့ အချေအတင် ဖြစ်ကြပါတယ်…

ရန်ကုန်မြို့ပြစီမံကိန်းကို ဇွန် ၁၅ ရက်နေ့က ထောက်ခံသူများတဲ့အတွက် အတည်ပြုလိုက်ပါတယ်…

အခုတခါ မြို့သစ်စီမံကိန်း (၇) ခုအကောင်အထည်ဖော်မဲ့ မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်း ၂၀၄၀ကို လျို့ဝှက်မဲခွဲပြီး ရန်ကုန်လွှတ်တော်က မနေ့က အတည်ထပ်ပြုလိုက်ပါတယ်…

အစိုးရရဲ့ နောက်ဆုံးလက်ကျန်သက်တမ်းအတွင်းမှာ ရန်ကုန်မြို့ပြစီမံကိန်းကို အကောင်အထည်ဖော်ဖို့ နည်းအမျိုးမျိုးနဲ့ ကြိုးစားတာအောင်မြင်သွားတယ်…
လွှတ်တော်ထဲမှာလည်း သူခိုးနဲ့အကြံအဖန်တွေချည်းပဲဆိုတော့ ကန့်ကွက်ဆွေးနွေးခွင့်မရခဲ့ပါဘူး…

ဒေါက်တာဒေါ်ညိုညိုသင်းက သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို အခုလိုပြန်ပြောပြထားပါတယ်…


လွှတ်တော်ထဲမှာ ရန်တွေ့ခံရတဲ့ ဒေါ်ညိုညိုသင်းရဲ့အဖြစ်!ရန်ကုန်တိုင်းလွှတ်တော်ထဲမှာ ဒေါက်တာဒေါ်ညိုညိုသင်းနဲ့ လွှတ်တော်ဥက္ကဋ္ဌ စိန်တင်ဝင်းတို့ အချေအတင် ဖြစ်ကြပါတယ်…ရန်ကုန်မြို့ပြစီမံကိန်းကို ဇွန် ၁၅ ရက်နေ့က ထောက်ခံသူများတဲ့အတွက် အတည်ပြုလိုက်ပါတယ်…အခုတခါ မြို့သစ်စီမံကိန်း (၇) ခုအကောင်အထည်ဖော်မဲ့ မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်း ၂၀၄၀ကို လျို့ဝှက်မဲခွဲပြီး ရန်ကုန်လွှတ်တော်က မနေ့က အတည်ထပ်ပြုလိုက်ပါတယ်…အစိုးရရဲ့ နောက်ဆုံးလက်ကျန်သက်တမ်းအတွင်းမှာ ရန်ကုန်မြို့ပြစီမံကိန်းကို အကောင်အထည်ဖော်ဖို့ နည်းအမျိုးမျိုးနဲ့ ကြိုးစားတာအောင်မြင်သွားတယ်…လွှတ်တော်ထဲမှာလည်း သူခိုးနဲ့အကြံအဖန်တွေချည်းပဲဆိုတော့ ကန့်ကွက်ဆွေးနွေးခွင့်မရခဲ့ပါဘူး…ဒေါက်တာဒေါ်ညိုညိုသင်းက သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို အခုလိုပြန်ပြောပြထားပါတယ်…"အမှန်တော့ ဒီ မဟာဗျူဟာစီမံကိန်း ၂၀၄၀ ထဲမှာ ဒုတိယဦးစားပေးအနေနဲ့ ရန်ကုန်အနောက်တောင်ပိုင်းမြို့သစ်…အခုအတည်ပြုလိုက်တဲ့ လွှတ်တော်က ၁၅ ရက်နေ့က အတည်ပြုလိုက်တဲ့ ရန်ကုန်မြို့သစ်စီမံကိန်းပြန်ပါလာတယ်…ဒါကြောင့်မို့လို့ ပြည်သူကိုနားလှည့်ပြီးတော့ ပါးချတာ!အဲ့ဒါကို အန်တီကပြောမယ်လုပ်တာကို ဥက္ကဋ္ဌက အန်တီကိုတားတာ!အဲ့ဒါကို ပြောခွင့်မရှိဘူးဆိုပြီးတားတယ်…အန်တီက မဟုတ်ဘူး ဒီမဟာဗျူဟာ ၂၀၄၀ ထဲမှာ ဒုတိယဦးစားပေးအနေနဲ့ ဒီရန်ကုန်မြို့သစ် စီမံကိန်းပါနေလို့ သက်ဆိုင်တယ်ဆိုပြီး အန်တီပြောတာ…ဒါပေမဲ့ ဥက္ကဋ္ဌက လက်မခံဘူး…ဒါဥက္ကဋ္ဌ လက်မခံတာ သူ့ရဲ့သမိုင်းပဲ…နောက်တခု ဥက္ကဋ္ဌတားတာက…အစိုးရက (၉)လပဲကျန်တဲ့ သက်တမ်းအတွင်းမှာ ဘာကြောင့် ဒီဟာကို အကောင်အထည်ဖော်ချင်တာလဲ…ပြည်သူလူထုကမေးတယ်……အမြတ်ထုတ်ချင်လို့လားဆိုတော့ သူကအမြတ်ထုတ်ဆိုတဲ့စကားလုံးကို သူကလုံးဝမလိုချင်ဘူး…မလိုချင်တဲ့အတွက်ကြောင့် အဲ့ဒါကိုတားတာ…"#ပိုပြီးပြည့်စုံစေရန်နောက်ထပ်_videoဖိုင်တခုထပ်တင်ပေးပါမည်။video-.DVB-သက်နှင်း သုန္ဒရီ
Posted by သက်နှင်း သုန္ဒရီ on Friday, June 19, 2015
"အမှန်တော့ ဒီ မဟာဗျူဟာစီမံကိန်း ၂၀၄၀ ထဲမှာ ဒုတိယဦးစားပေးအနေနဲ့ ရန်ကုန်အနောက်တောင်ပိုင်းမြို့သစ်…
အခုအတည်ပြုလိုက်တဲ့
လွှတ်တော်က ၁၅ ရက်နေ့က အတည်ပြုလိုက်တဲ့ ရန်ကုန်မြို့သစ်စီမံကိန်းပြန်ပါလာတယ်…


ပြည်သူကို နားလှည့်ပါးရိုက်လုပ်တာလား ဆိုတဲ့ ဒေါက်တာဒေါ်ညိုညိုသင်းရဲ့ ပြည်သူ့ဘက်ကနေ ပြတ်ပြတ်သားသားပြောဆိုသွားတာကို လေးစားတယ်…ရန်ကုန်တိုင်းလွှတ်တော်တခုလုံး ခိုးသား ၅၀၀ ကြီးစိုးနေတော့ မှန်ကန်တဲ့လွှတ်တော်အမတ်တယောက်ရဲ့ အဆိုဟာ မထိုးဖောက်နိုင်ခဲ့ဘူး…သက်တမ်းကုန်ဆုံးတော့မဲ့ အလီဘာဘာအစိုးရဟာ သူ့ရဲ့ ခိုးသားတွေကို ခိုးရာပါငွေမဲတွေကို ငွေဖြူအဖြစ် ပြောင်းလဲပစ်ဖို့အတွက် လုပ်ပိုင်ခွင့်တွေ အသီးသီးချပေးနေတဲ့သဘောပါ…ရန်ကုန်မြို့သစ်စီမံကိန်းနဲ့ မဟာဗျူဟာစီမံကိန်း ၂၀၄၀ ဟာလည်း ခိုးသားတွေရဲ့ သေအံ့မူးမူးဆဲဆဲ အရယူသွားချင်တဲ့ မြို့သစ်စီမံကိန်းတွေပဲဖြစ်ပါတယ်…အဲ့ဒီ စီမံကိန်းတွေကြောင့် မြေဈေးတွေ အဆမတန်ကြီးထွားလာလို့ ရောင်းချလိုက်တဲ့ မြေပိုင်ရှင်တွေဟာ လတ်တလောမှာတော့ ငွေထုပ်ပိုက်ခွင့်ရပေမဲ့ နောက်ပိုင်းမှာတော့ ကြီးစွာသောဆုံးရှုံးမှုတွေ ဖြစ်လာပါလိမ့်မယ်…ဒါတွေကို သိလို့ ကန့်ကွက်ဆွေးနွေးနေတဲ့ ဒေါက်တာဒေါ်ညိုညိုသင်းဟာ ခွေးတအုပ်အလယ်မှာ ဝိုင်းကိုက်တာခံရပါတယ်…ဒေါ်ညိုညိုသင်းတို့လို ရဲရင့်ပြတ်သားတဲ့ အမျိုးသမီးလွှတ်တော်တွေ များများလိုနေပြီ!-ဒေါ်ညိုညိုသင်းကို လွှတ်တော်ဥက္ကဋ္ဌက တားမြစ်လိုက်တဲ့ linkhttps://m.facebook.com/story.php?story_fbid=1612611288995863&id=100007410221752&fs=4&ref=bookmark-သက်နှင်း သုန္ဒရီ
Posted by သက်နှင်း သုန္ဒရီ on Friday, June 19, 2015
ဒါကြောင့်မို့လို့ ပြည်သူကိုနားလှည့်ပြီးတော့ ပါးချတာ!
အဲ့ဒါကို အန်တီကပြောမယ်လုပ်တာကို ဥက္ကဋ္ဌက အန်တီကိုတားတာ!
အဲ့ဒါကို ပြောခွင့်မရှိဘူးဆိုပြီးတားတယ်…
အန်တီက မဟုတ်ဘူး ဒီမဟာဗျူဟာ ၂၀၄၀ ထဲမှာ ဒုတိယဦးစားပေးအနေနဲ့ ဒီရန်ကုန်မြို့သစ် စီမံကိန်းပါနေလို့ သက်ဆိုင်တယ်ဆိုပြီး အန်တီပြောတာ…
ဒါပေမဲ့ ဥက္ကဋ္ဌက လက်မခံဘူး…
ဒါဥက္ကဋ္ဌ လက်မခံတာ သူ့ရဲ့သမိုင်းပဲ…

နောက်တခု ဥက္ကဋ္ဌတားတာက…
အစိုးရက (၉)လပဲကျန်တဲ့ သက်တမ်းအတွင်းမှာ ဘာကြောင့် ဒီဟာကို အကောင်အထည်ဖော်ချင်တာလဲ…
ပြည်သူလူထုကမေးတယ်……အမြတ်ထုတ်ချင်လို့လားဆိုတော့ သူကအမြတ်ထုတ်ဆိုတဲ့စကားလုံးကို သူကလုံးဝမလိုချင်ဘူး…
မလိုချင်တဲ့အတွက်ကြောင့် အဲ့ဒါကိုတားတာ…"

သက်နှင်း သုန္ဒရီ

ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT) တည်ထောင်သူ ဒေါက်တာ သန့်မြင့်ဦးဟာ ၂၀၁၅ ခုနှစ်အတွက် ဖူကူအိုကာ Grand Prize ပေးအပ်ခံရကြောင်း ဖူကူအိုကာ ဆုချီးမြှင့်ရေး ကော်မတီက ဇွန် ၁၉ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အာရှနဲ့ လူ့အဖွဲ့အစည်းအတွက် သူ့ရဲ့ သူမတူထူးခြားတဲ့စွမ်းဆောင်မှုကြောင့် ဒေါက်တာသန့်မြင့်ဦးဟာ ဖူကူအိုကာ Grand Prize ကို အမှန်တကယ်ထိုက်တန်တဲ့ ဆုရှင်ဖြစ်တယ်လို့လည်း အဲဒီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဂျပန်အခြေစိုက် ဖူကူအိုကာ Grand Prize ဟာ အာရှရဲ့ပညာရေး၊ အနုပညာနဲ့ ယဉ်ကျေးမှု ဆိုင်ရာကဏ္ဍတွေမှာ ထူးချွန်စွာ စွမ်းဆောင်ခဲ့သူတွေကို နှစ်စဉ်ပေးအပ်တဲ့ဆုဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်အတွက် သမိုင်းဆိုင်ရာကဏ္ဍအတွက် Grand Prize ကို မြန်မာနိုင်ငံသား ဒေါက်တာသန့်မြင့်ဦး၊ Academic Prize ကို အိန္ဒိယနိုင်ငံသား ရာမာချန်ဒရာဂူဟာတို့က ရွေးချယ်ခံခဲ့ရတာဖြစ်ပြီး အနုပညာနဲ့ယဉ်ကျေးမှုဆိုင်ရာကဏ္ဍအတွက် Academic Award ကို ဗီယက်နမ်နိုင်ငံသူ မင်းဟဲန်က ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။

ဒေါက်တာသန့်မြင့်ဦးက “အခုလို တန်ဖိုးကြီးမားတဲ့ ဆုကိုရရှိတဲ့အတွက် အလွန်ဝမ်းသာ ဂုဏ်ယူမိတယ်” လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ရေးသားထားပါတယ်။

ဒေါက်တာသန့်မြင့်ဦးဟာ ၂၁ ရာစုအာရှရဲ့ ထင်ရှားတဲ့ပညာရှင်တဦးဖြစ်ပြီး မြန်မာပြည်သူလူထုရဲ့အသံကို ကိုယ်စားပြုပြီး နိုင်ငံတကာအသိုက်အ၀န်းနဲ့ ချိတ်ဆက်ပေးသူတဦး ဖြစ်တယ်လို့ ကော်မတီက ညွှန်းဆိုခဲ့ပါသေးတယ်။

ဒေါက်တာသန့်မြင့်ဦးဟာ မြန်မာနိုင်ငံရှိ သမိုင်းဝင် အဆောက်အအုံတွေ ထိန်းသိမ်းစောင့်ရှောက်ရေးနဲ့ ရေရှည်တည်တံ့တဲ့ မြို့ပြစီမံကိန်းရေးဆွဲရေးကိစ္စရပ်တွေမှာ တစိုက်မတ်မတ်လုပ်ဆောင်နေတာပါ။ မြန်မာနိုင်ငံသမိုင်းကြောင်းကို လက်လှမ်းမီ သမျှ ရေးသားနေတဲ့ သမိုင်းပညာရှင်တဦးလည်း ဖြစ်ပါတယ်။

ဒေါက်တာသန့်မြင့်ဦးဟာ ၂၀၀၀ ပြည့်နှစ်မှာ သူ့ရဲ့ပထမဆုံးစာအုပ်ဖြစ်တဲ့ “The Making of Modern Burma” ကို စတင်ရေးသားခဲ့ပြီး သူရေးသားခဲ့တဲ့စာအုပ်တွေထဲက “ခြေရာပျောက်မြစ်”နဲ့ “တရုတ်နှင့် အိန္ဒိယ ဆုံမှတ်” စာအုပ်များကို မြန်မာဘာသာနဲ့ ပြန်ဆိုခဲ့ပြီးဖြစ်ပါတယ်။

“ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ရဲ့ အရေးကြီးလှတဲ့ လုပ်ငန်းတာ ၀န်တွေကို ဒီဆုကထင်ဟပ်နေပြီး မြန်မာ-ဂျပန်နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေး ပြယုဂ်လည်း ဖြစ်ပါတယ်။ ဒီဆုကို ကိုယ်တိုင်ကိုယ်ကျ လက်ခံယူနိုင်ဖို့အတွက် ဒီနှစ်အတွင်းမှာ ဂျပန်နိုင်ငံကို သွားရောက်နိုင်ဖို့လည်း မျှော်လင့်ပါတယ်” လို့ ဒေါက်တာသန့်မြင့်ဦးရဲ့စကားကို ကိုးကားပြီး ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ (YHT) ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် ဧပြီလတုန်းကလည်း ဒေါက်တာသန့်မြင့်ဦးဟာ ဗြိတိန်နိုင်ငံ Prospect မဂ္ဂဇင်းက ရွေးချယ်တဲ့ ကမ္ဘာ့ထိပ်တန်းတွေးခေါ်သူ ၅၀ စာရင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။

ဖူကူအိုကာဆုကို မြန်မာနိုင်ငံမှ ၂၀၀၀ ခုနှစ်အတွက် ဒေါက်တာသန်းထွန်း နဲ့ ၂၀၀၅ ခုနှစ်အတွက် ဒေါက်တာသော်ကောင်းတို့လည်း ရရှိခဲ့ဖူးတဲ့အတွက် ဒေါက်တာသန့်မြင့်ဦးဟာ မြန်မာနိုင်ငံသားများ ထဲမှ တတိယမြောက်ဆုရရှိသူဖြစ်လာတာပါ။

By ဒီဗွီဘီ
http://burmese.dvb.no/archives/98690

ဘုရားကျောင်း သေနတ်သမား စတင် ရုံးထုတ်။ (ဇွန် ၁၉၊ ၂၀၁၅)
တောင်ကာရိုလိုင်းနားပြည်နယ်၊ Charleston မြို့က Emanuel AME ခရစ်ယာန် ဘုရားကျောင်း မှာ သေနတ်နဲ့ပစ်ခတ်မှုနဲ့ စွပ်စွဲခံ ထားရသူကို ဦးတည်ပြီး သေဆုံး သွားသူ ကိုးဦးရဲ့ မိသားစု ဆွေမျိုးသားချင်းတွေက သောကြာနေ့ တရားခွင်မှာ စကား ပြောဆိုခဲ့ကြပါတယ်။

"ရှင်ဟာ ကျမဆီက အင်မတန်တန်ဖိုးကြီးမားတဲ့ တစုံတခုကို ယူသွားတယ်၊ သူ့ကို ကျမ ဘယ်တော့မှ စကားပြောရတော့မှာ မဟုတ်ဘူး၊ သူ့ကို ကျမ ဘယ်တော့မှ ဆုပ်ကိုင်ခွင့် ရတော့မှာမဟုတ်ဘူး" လို့ သေဆုံးသွားသူတွေထဲက တဦးဖြစ်သူ အသက် ၇၀ အရွယ် Ethel Lance ရဲ့သမီးဖြစ်သူက ခံစားချက်မဲ့အမူအရာနဲ့ ရပ်နေတဲ့ သေနတ်သမားလို့ စွပ်စွဲခံထားရသူ Dylann Roof ကိုပြောပါတယ်။

“ဒါပေမဲ့ ဘုရားသခင်က ရှင့်ကို ခွင့်လွှတ်ပါတယ်၊ ကျမ ရှင့်ကို ခွင့်လွှတ်ပါတယ်လို့ နာကျင်ကြေကွဲတဲ့ အသံနဲ့ သူက ဆက်ပြောပါတယ်။ Ethel Lance ဟာ Emanuel ဘုရားကျောင်းရဲ့ ဝေယျာဝစ္စအလုပ်တွေကို လုပ်ကိုင်ပေးသူတဦးပါ။

သေတ္တာလို အခန်းထဲမှာရှိနေတဲ့ Roof ရဲ့ဘေးမှာ လက်နက်အပြည့်အစုံနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦး ရပ်နေပြီး သူ့ကို ဗွီဒီယို ကင်မရာနဲ့ရိုက်ပြီးတော့ တရားရုံးထဲက တီဗွီပေါ်မှာ ပြထားတာပါ။

လူကိုးဦးကိုသတ်ဖြတ်မှုနဲ့ တရားစွဲခံနေရတဲ့ Roof ဟာ အကျဉ်းထောင်ထဲမှာ ဆက်နေရမှာဖြစ်ပြီး အာမခံပေးဖို့ အစီအစဉ်မရှိဘူး ဆိုတာကို လက်ခံထားပြီးပါပြီ။ လက်နက်မှုဆိုင်ရာ နောက်ထပ် စွဲချက်အတွက် အာမခံငွေ ဒေါ်လာ ၁ သန်း လျာထား သတ်မှတ် ပါတယ်။

သေဆုံးသွားသူ ကိုးဦးကတော့ အသက် ၈၇ နှစ်အရွယ် အဖွားအိုတဦးအပါအ၀င် အမျိုးသမီး ၆ ဦးနဲ့ အမျိုးသား ၃ ဦး ပါပါတယ်။ တခြားလူသုံးဦးလဲ ဒဏ်ရာရပါတယ်။ အသက် ၂၁ နှစ်အရွယ် Roof ဟာ ကြာသပတေးနေ့က သေနတ်နဲ့ပစ်ပြီးတဲ့ နောက် ကားနဲ့ မြောက်ကာရိုလိုင်းနားပြည်နယ်ဘက် ထွက်ပြေးရင်း အဖမ်းခံရတာပါ။

သူ့ရဲ့ နောက်တကြိမ် တရားရုံးချိန်းကတော့ အောက်တိုဘာလမှာဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

လူဖြူ လူမျိုးကြီး ဝါဒ အပေါ် နှစ်လို သူ တစ်ယောက် အဖြစ် သူ့ရဲ့ အင်တာနက် လူမှု ကွန်ရက် စာမျက် နှာ တွေ မှာ ဖော် ပြခဲ့ သူ တစ်ဦး ဖြစ် ပါတယ်။
အမေရိကန် ပြည်ထောင်စု တောင် ကာရိုလိုင်းနား ပြည်နယ် မှာ ဖြစ် ပေါ် ခဲ့တဲ့ ခရစ်ယာန် ဘုရားရှိခိုး ကျောင်း တစ်ခု ထဲ အာဖရိက နွယ်ဖွား အမေရိကန် ၉ ဦး အသတ် ခံခဲ့ ရမှု နဲ့ ပတ်သက် ပြီး အခင်း ဖြစ် ခဲ့ရာ ချားလ်စ်တန် မြို့ တရား ရုံး မှာ ဒီလန် ရော့ဖ် အမည် ရှိ တဲ့ အသက် ၂၁ နှစ် အရွယ် လူဖြူ လူငယ် ကို တရားစွဲ လိုက် ပြီ ဖြစ်ပါတယ်။

ဒီလန် ရော့ဖ် ဟာ ရုံးတော် ရှေ့မှောက် ကို ဗီဒီယို ကနေ တဆင့် တက်ရောက် ခဲ့ ပါတယ်။

သေဆုံး ခဲ့ ကြသူ တွေ ရဲ့ မိဘ ဆွေ မျိုး တွေ လည်း တရား ရုံး မှာ ရှိ နေခဲ့ ကြပြီး သူတို့ ရဲ့ ဝမ်းနည်းဖွယ် ထုတ်ပြန် ချက် ထဲ မှာ ဒီလန် ရော့ဖ် အပေါ် ခွင့် လွှတ် ပါတယ် ဆိုပြီး ပါဝင် ပါတယ်။

သေဆုံး ခဲ့သူ တစ်ဦး ရဲ့ မိခင် က ဆိုရင် ဒီလန် ရော့ဖ် ရဲ့ စိတ် ဝိညာဉ် အပေါ် ဘုရားသခင် ရဲ့ အကြင်နာ တရား သက်ရောက် ပါစေ ဆိုပြီး ဆုတောင်း ပေး ခဲ့ ပါတယ်။

ဒီလန် ရော့ဖ် ဟာ ဗီဒီယို ထဲ ကနေ တဆင့် ရုံးတော် ရှေ့ မှောက် မှာ သူ့ရဲ့ နာမည်၊ အသက် ၊ နေရပ် လိပ်စာ ၊ အလုပ်လက် မဲ့ ဖြစ်ကြောင်း စတဲ့ အချက် အလက် တွေ ကို အတည် ပြု ပြောခဲ့ ပြီး ဘယ်လို စိတ်ခံစား မှု တစုံတရာ ကို မှ မပြသ ခဲ့ ပါဘူး။

ရုံတော် မှာ အမှု ကို ကြားနာ နေတဲ့ ကာလ တွေ မှာ ဒီလန် ရော့ဖ် ကို ဆက်လက် ထိန်းသိမ်း ဖမ်းဆီး ထား မှာ ဖြစ်ပါတယ်။

သူဟာ လူဖြူ လူမျိုးကြီး ဝါဒ အပေါ် နှစ်လို သူ တစ်ယောက် အဖြစ် သူ့ရဲ့ အင်တာနက် လူမှု ကွန်ရက် စာမျက် နှာ တွေ မှာ ဖော် ပြခဲ့ သူ တစ်ဦး ဖြစ် ပါတယ်။

BBC Burmese
http://www.bbc.com/burmese


ထိုင်းနိုင်ငံကို ပထမဆုံး ကူးစက်လာတဲ့ အရှေ့အလယ်ပိုင်း အသက်ရှူလမ်းကြောင်းဆိုင်ရာ မားစ်ရောဂါကို ထိုင်းပြည်သူတွေ မကြောက်လန့်နဲ့ ဒီရောဂါနဲ့ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းဖို့ အကာင်းဆုံး ပြင်ဆင်ထားတယ်လို့ ဇွန် ၁၉ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြောပါတယ်။

ထိုင်းနိုင်ငံတ၀ှမ်းမှာ ဆေးဝါးအဖွဲ့တွေကို ကောင်းကောင်း ပြင်ဆင်ထားပြီး ဒီအခြေအနေကို ကိုင်တွယ်ဖို့ အတွေ့အကြုံတွေ လုံလုံလောက်လောက် ရှိတယ်လို့လည်း ၀န်ကြီးချုပ်က ပြည်သူတွေကို အာမခံ ပြောကြားပါတယ်။

“ဆားစ်ရောဂါနဲ့ ကြက်ငှက်တုပ်ကွေးရောဂါတွေကို ဖြေရှင်းဆောင်ရွက်ခဲ့တုန်းက အတွေ့အကြုံရှိတဲ့ ဆေးရုံ ၆၉ ရုံက အခု မားစ်ရောဂါကိုလည်း ဂရုစိုက် စောင့်ရှောက်ပေးသွားမှာပါ။ သူတို့တွေက ဆေးဝန်ထမ်းတွေနဲ့ ကိရိယာပစ္စည်းတွေ လုံလောက်မှု ရှိ မရှိနဲ့ ကူးစက်ရောဂါအတွက် သီးသန့် ရောဂါခြေချုပ်ထားဖို့ အခန်းတွေ အဆင်သင့် ဖြစ် မဖြစ် စစ်ဆေးသွားမှာပါ။ ကျနော်တို့မှာ အစကတည်းက ဒီလိုနားလည်သဘောပေါက် ပြင်ဆင်ထားတာတွေ ရှိနေလို့ ဒီအချိန်မှာ ရောဂါရှိကြောင်း ဖော်ထုတ်နိုင်တာပါ။”

ထိုင်းနိုင်ငံကို ရောက်ရှိလာတဲ့ အသက် ၇၅ နှစ်အရွယ် အိုမန်နိုင်ငံသား စီးပွားရေးသမားတယောက်မှာ မားစ်ဗိုင်းရပ်စ် ကူးစက်ခံထားရတယ် ဆိုတာ ဇွန် ၁၈ ရက် နေ့က ထိုင်းနိုင်ငံရဲ့ ပထမဆုံး မားစ်ရောဂါ တွေ့ရှိမှုအဖြစ် အတည်ပြုထုတ်ပြန်ထားပါတယ်။
“လုံးဝ အထိတ်တလန့် မဖြစ်ကြပါနဲ့။ ကျနော်တို့ ဒါကို ဂရုစိုက် လုပ်ဆောင်နေပါတယ်။ တယောက်ယောက်မှာ ဒီရောဂါနဲ့ပတ်သက်ပြီး သံသယ တစုံတရာ ရှိတယ်ဆိုရင် ဒီဆေးရုံတွေကို ဆက်သွယ်ပါ။ ကျနော်တို့ တယောက်နဲ့တယောက် ကူညီရပါမယ်။ ဂရုစိုက်ကြပါ” လို့ ၀န်ကြီးချုပ်က ပြောပါတယ်။
MERS-case-in-Thailand-ReutersChaiwat-Subprasom-640x480ပြီးခဲ့တဲ့လကစပြီး တောင်ကိုရီးယားနိုင်ငံမှာ ဖြစ်ပွားနေတဲ့ မားစ်ဗိုင်းရပ်စ်ကြောင့် လူပေါင်း ၁၆၆ ယောက် ကူးစက်ခံရပြီး ၂၄ ယောက် သေဆုံးခဲ့ရပါတယ်။ ထိုင်းနိုင်ငံကတော့ ဒီရောဂါနဲ့ ပတ်သက်ပြီး အတည်ပြု ထုတ်ပြန်တဲ့ အာရှတိုက်ရဲ့ ၄ နိုင်ငံမြောက် ဖြစ်ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/98671

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲဟာ တိုင်းပြည်ရဲ့ ဒီမိုကရေစီအရွေ့ အပြောင်းအလဲအတွက် အလွန်အင်မတန် အရေးကြီးပေမယ့် ကော်မရှင်နဲ့ အစိုးရက ရွေးကောက်ပွဲနဲ့ပတ်သက်လို့ လှုံ့ဆော်မှု အလွန်အင်မတန် အားနည်းလွန်းတာကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မကွေးတိုင်း အတွင်းရေးမှူး ဦးနေမျိုးကျော်က ဝေဖန်လိုက်ပြီး လှုံ့ဆော်မှုတွေ လုပ်ဆောင်ဖို့ တိုက်တွန်းပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အခြေခံမဲစာရင်းတွေ ကြေညာရာမှာ မကွေးတိုင်းအတွင်းမှာလည်း အမျိုးမျိုးအဖုံဖုံ မှားယွင်းမှုတွေ ကြုံရတယ်လို့ သူက ထောက်ပြပြီး နိုင်ငံတ၀န်းလုံး ကြုံနေရတဲ့ အခြေခံမဲစာရင်းအမှားဟာ သမားရိုးကျ အမှားမဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်တဲ့ အမှားအဖြစ် ရှုမြင်ကြောင်း ပြောပါတယ်။
မဲဆန္ဒရှင်တွေကလည်း စိတ်ဝင်စားမှု နည်းပါးတာ တွေ့ရကြောင်းနဲ့ မဲစာရင်းကြည့်ရှုရာမှာ နိုးကြားလာအောင် လှုံ့ဆော်သူတွေကိုပါ ကော်မရှင်တာဝန်ရှိသူတွေက တားမြစ်မှုတွေ ကြုံရတယ်လို့ သူက ပြောပါတယ်။ ဦးနေမျိုးကျော်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

အခြေခံမဲစာရင်းတွေ ထုတ်ပြန်ရာမှာ နေရာဒေသအနှံ့ မှားယွင်းမှုတွေ၊ လိုတာတွေ၊ ပိုတာတွေ ကြားသိ မြင်တွေ့ရပါတယ်။ မကွေးတိုင်းက အခြေခံမဲစာရင်း အခြေအနေကို ပြောပြပါ။
“မကွေးတိုင်းမှာလည်း ဗမာပြည်မှာ ခုလက်ရှိ ၈ ရက်နေ့မှ ၂၁ ရက်နေ့အတွင်း ဒီထဲမှာ ကြေညာတဲ့ မဲစာရင်း ကြေညာမှုကတော့ တိုင်းနဲ့ပြည်နယ် ၁၀ ခုမှာ မကွေးတိုင်းလည်း ပါပါတယ်။ မကွေးတိုင်းမှာလည်း ထုံးစံအတိုင်း တနိုင်ငံလုံးမှာ သတင်းကြီးနေသလို မကွေးတိုင်းရဲ့ မဲစာရင်းမှားယွင်းမှုတွေဟာ တော်တော်ကြီးကြီးမားမား ရှိပါတယ်။ အနည်းဆုံး ကျေးရွာတွေမှာဆို လူ ၃၀ ကနေ ၆၀၊ ၇၀ အတွင်းကို မဲစာရင်းမှားတာရှိတယ်။ ဒါ ရပ်ကွက်ကလေးတွေ၊ ကျေးရွာလေးတွေမှာကိုပဲ။ မကွေးတိုင်း တတိုင်းလုံးနီးပါး မဲစာရင်းမှားယွင်းမှုဟာ ရာခိုင်နှုန်း တော်တော်များများ ရှိပါတယ်။ ကျနော်တို့ မဲစာရင်းတွေနဲ့ ပတ်သက်ပြီးတော့မှ တိုင်းအလုပ်အမှုဆောင်အဖွဲ့ အနေနဲ့ရော၊ မဲစာရင်းစိစစ်ရေး အဖွဲ့တွေနဲ့ရော မဲစာရင်းမှားယွင်းမှုနဲ့ပတ်သက်လို့ ပြင်တာတွေ၊ ဖြည့်တာတွေ၊ ဖျက်တာတွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့တွေက မဲစာရင်းကူးယူမှုလုပ်တဲ့ အလုပ်မှာကို စတင်ပြီးတော့မှ ကော်မရှင်တွေရဲ့ ကောင်းမွန်တဲ့ ဆက်ဆံမှုကို မတွေ့ရဘူး။ ကောင်းမွန်စွာ အပြန်အလှန်ကူညီမှုကို မတွေ့ရဘူး။”

“နံပါတ် ၁ အချက်က ပြီးခဲ့တဲ့ မေလ ၂၅ ရက်နေ့မှာ တိုင်းကော်မရှင်အဖွဲ့ခွဲနဲ့ ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်းအလုပ်အမှုဆောင်အဖွဲ့၊ ကျနော် ဦးဆောင်တက်ရောက်ပါတယ်။ အခြားသော တိုင်းအဆင့် နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံစဉ်တုန်းက မဲစာရင်းကြေညာမယ်ဆိုတာကို တိုင်းကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကြည်ခင်က ထုတ်ပြောပါတယ်။ ဒါကို ကျနော်တို့ကို ခေါ်ယူရှင်းလင်းတာဖြစ်ကြောင်း ပြောပါတယ်။ ကော်မရှင်က ကြေညာအသိပေးပြီးတဲ့နောက် နိုင်ငံရေးပါတီတွေအလှည့်မှာ ကျနော်တို့ တင်ပြပါတယ်။ မဲစာရင်းမိတ္တူ ရယူလိုတယ်လို့၊ ဒါမှသာ မဲစာရင်း မှန်ကန်တိကျမှုက တရားမျှတ သန့်ရှင်းလွတ်လပ်တဲ့ ရွေးကောက်ပွဲတခုကို အထောက်အကူပြုမယ်။ ဒါကြောင့် မဲစာရင်းမိတ္တူ ရယူမှသာလျင် ရုံးလုပ်ငန်းသဘောအရ ပြည်သူလူထု မဲဆန္ဒရှင်တွေကို ပြင်ဖို့၊ ဖြည့်ဖို့၊ ဖျက်ဖို့  အကူအညီပေးနိုင်လိမ့်မယ်ဆိုတာကို မဲစာရင်းမိတ္တူ လုံးဝမပေးနိုင်ပါဘူးလို့ အဲဒီအချိန်မှာ ငြင်းပါတယ်။ ဒီလို မငြင်းသင့်ဘူး။ ဒါဟာ လွတ်လပ်သန့်ရှင်း တရားမျှတတဲ့ ရွေးကောက်ပွဲတခုအတွက် အထောက်အကူဖြစ်တဲ့ အလုပ်တခုကို နိုင်ငံရေးပါတီတခု၊ အရပ်ဘက် လူ့အဖွဲ့အစည်းတွေကသော်လည်းကောင်း ကူညီဖို့ ဆောင်ရွက်တာကို ကော်မရှင်အနေနဲ့ ဒါကို ပေးသင့်တယ်ဆို သူတို့က လုံးဝမပေးဘူး။”

“အဲဒီတော့ သူတို့က ဘာပြောလိုက်လဲဆိုတော့ ဓာတ်ပုံရိုက်ခွင့်ပေးမယ်လို့ နှုတ်အားဖြင့် မီဒီယာတွေရှေ့မှာ ပြောလိုက်ပါတယ်။ အစည်းအဝေးမှာ မီဒီယာအားလုံးပါတယ်။ ပြောလိုက်သော်လည်းပဲ ၈ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ အခု လက်ရှိပေါ့နော် ကြေညာဆဲကာလအတွင်းမှာ စတင်ကြေညာတဲ့ ၈ ရက်၊ ၉ ရက်၊ ၁၀ ရက် သုံးရက်မှာဆိုရင် လုံးဝ ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင်တွေက သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ ကော်မရှင် ရုံးတွေမှာ ကပ်ထားတဲ့ မဲစာရင်းတွေကို သွားပြီးတော့မှ ဓာတ်ပုံမိတ္တူ  ဖုန်းနဲ့သော်လည်းကောင်း၊ ကင်မရာနဲ့သော်လည်းကောင်း မိတ္တူရိုက်တဲ့အခါမှာ လုံးဝ တချို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ ကော်မရှင်လူကြီးတွေက ရိုက်ခွင့်မပေးဘဲ တားခဲ့မှုတွေက ဥပမာ- မင်းတုန်းမှာဆိုရင် စာနဲ့ကို ထွက်တားတာမျိုးရှိတယ်။ စေတုတ္ထရာမှာဆိုရင် စာနဲ့ ထွက်တားတာမျိုးရှိတယ်။

တားပုံတားနည်း အမျိုးမျိုးနဲ့ သူတို့ တားပါတယ်ခင်ဗျ။ တချို့က နှုတ်အားဖြင့် ကော်မရှင်ကနေမှ သက်ဆိုင်ရာ မြို့နယ်ကော်မရှင်က လုံးဝ ဓာတ်ပုံရိုက်ကူးခွင့် ပေးမထားတဲ့အတွက်ပါ။ ဒါကြောင့်မို့လို့ ရိုက်ကူးခွင့်မပြုပါနဲ့ဆိုတာ တားတဲ့အတွက် ပထမပိုင်း ၃၊ ၄ ရက်မှာ တော်တော်အခက်အခဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ကျနော်တို့တွေက တိုင်းကော်မရှင်မှာ နှုတ်ကတိ၊ နှုတ်အားဖြင့် မီဒီယာရှေ့မှာ ပြေားထားပြီး ဖြစ်တဲ့အတွက်၊ နောက်တခုက ဒါဟာ မဲဆန္ဒရှင်တွေရဲ့ စာရင်းကို မိတ္တူရယူတာဟာ ရွေးကောက်ပွဲတခုကို ကူညီရာရောက်တာ ဖြစ်တဲ့အတွက် ဥပဒေကို ကျူးလွန်ချိုးဖောက်တာ မဟုတ်ဘူး။ ဒါကြောင့် ရိုက်ကူးတာပါဆိုတော့ မကွေးတတိုင်းလုံးနီးနီးက ဒီမဲစာရင်း မိတ္တူတွေကို ရိုက်ကူးပြီးတော့မှ အခုဆိုရင် မဲစာရင်းမိတ္တူတွေရယူဖို့ ကြိုးပမ်းဆဲကာလဖြစ်တယ်။ ဇွန် ၂၁ ရက်နေ့မှာတော့ အတတ်နိုင်ဆုံးပေါ့နော် ဝေးလံခေါင်ဖျားတဲ့ နေရာတွေကို မသွားနိုင်တာကလွဲရင် တတိုင်းလုံးနီးပါးက မဲစာရင်းမိတ္တူကို ဓာတ်ပုံရိုက်ကူးပြီးတော့ ရယူနိုင်ဖို့ ကြိုးစားနေတယ်။”

“နံပါတ် ၂ အချက်က မဲစာရင်းမှားယွင်းမှုတွေနဲ့ ပတ်သက်ပြီး မကွေးတိုင်းရဲ့ မှားယွင်းမှုက တခြားဒေသတွေလိုပဲ နာမည်မှားတာ၊ သက္ကရာဇ်မှားတာ၊ လူ ၁ ယောက်တည်းကို မဲစာရင်းမှာ အကြိမ်ကြိမ်။ အစဉ်လိုက်ကိုပဲ ၁ ကနေ ၇ အထိကို တယောက်တည်းနာမည် ပါနေတာမျိုးဖြစ်တယ်။ နောက်တခုက ကွယ်လွန်ပြီးသားလူတွေ ပါနေတာတွေရှိတယ်။ အသက်မပြည့်သေးတဲ့သူတွေ ပါနေတာရှိတယ်။ အဲတော့ မှားပုံမှားနည်းနဲ့ ပတ်သက်လို့က ကွန်ပြူတာနဲ့ ရိုက်တဲ့သူရဲ့ အမှားလို့ ကျနော်တို့က မသုံးသပ်နိုင်ဘူး။ ကွန်ပြူတာရိုက်တဲ့သူက အဲဒီလောက်ကြီးထိ မမှားနိုင်ပါဘူး။ ဥပမာအားဖြင့် မကွေးမြို့မှာဆိုရင် ၃၀ ရက် ၆ လဆိုတဲ့ မွေးသက္ကရာဇ်ဟာ အောင်စေတနာရပ်ကွက်လိုမျိုးမှာဆိုရင် တောက်လျှောက် တခြားရပ်ကွက်တွေမှာလည်း ဒီအတိုင်းပဲ။ တယောက် နှစ်ယောက် မဟုတ်ဘဲနဲ့ စာမျက်နှာ ၄၊ ၅၊ ၁၀ မျက်နှာကို အဲဒီလောက်ကြီး မှားနေတာဆိုရင် ကော်မရှင်ဥက္ကဋ္ဌဟာ လက်မှတ်ထိုးကြည့်ကာနီးမှာ ဒီမှားယွင်းမှုကို သူတို့ သိရမယ်ဗျ။ ဒါတွေကိုလည်း ကပ်ထားတယ်။ အဲဒီတော့ မကွေးတိုင်းမှာ မဲစာရင်းမှားယွင်းမှုကတော့ အတော်ကြီးတယ်။”

“နောက် တတိယအချက်ကတော့ မဲစာရင်းနဲ့ပတ်သက်လို့ လာကြည့်တဲ့ ပြည်သူရဲ့ နိုးကြားမှု အလွန်မတန် အားနည်းတယ်။ အဲဒါကြောင့်မို့လို့ မကွေးတိုင်းမှာ မဲစာရင်းကြေညာထားတဲ့ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ မြို့ပေါ်ရပ်ကွက်တွေပေါ့။ ရပ်ကွက်၊ ကျေးရွာတွေ အားလုံးမှာရှိတဲ့ ကော်မရှင်ရုံးတွေရှေ့မှာ မဲစာရင်းလာကြည့်တဲ့သူတွေရဲ့ နိုင်ငံရေး နိုးကြားမှု၊ ရွေးကောက်ပွဲအပေါ်မှာ စိတ်ဝင်စားမှုကတော့ အလွန်အင်မတန် အားနည်းတယ်။ အဲဒီ အားနည်းမှုနဲ့ပတ်သက်ပြီး ထောက်ပြဝေဖန်ချင်တဲ့ အချက်ကတော့ ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီ ၈ ရက်နေ့မှာ ကော်မရှင်ဘက်က ကြေညာတော့မယ် ဆိုတဲ့အခါမှာ ၅ ရက် ၆ လ ၂၀၁၅ နေ့က စပြီး မကွေးတတိုင်းလုံး မြို့နယ်အလုပ်အမှုဆောင်တွေက ဦးဆောင်စီစဉ်ပြီးတော့မှ ကားတွေနဲ့၊ ဆောင်းဘောက်စ်တွေနဲ့ ‘မဲစာရင်းသွားကြည့်ကြဖို့၊ ဒါဟာ မဲဆန္ဒရှင်တွေအတွက် အလွန်အင်မတန် အရေးကြီးတယ်။ မဲစာရင်း တိကျမှန်ကန်မှသာ ရွေးကောက်ပွဲ တရားမျှတ လွတ်လပ်လိမ့်မယ်။ အဲဒါကြောင့် မဲစာရင်းသွားကြည့်ဖို့၊ မဲစာရင်းကြည့်ဖို့’ ဆော်သြမှု လုပ်ခဲ့စဉ်တုန်းကလည်း ကော်မရှင်တွေဟာ အဲဒီမဲစာရင်းကြည့်ဖို့ ဆော်သြတဲ့ ကားတွေကို လိုက်လံတားဆီးမှုတွေ ပြုခဲ့တယ်။ တားဆီးမှုမှာ ၃ မျိုး ၃ စားရှိတယ်။ ၄ ရက်နေ့မှာ သက်ဆိုင်ရာ ကော်မရှင်တွေက  မြို့နယ်အလုပ်အမှုဆောင်အဖွဲ့တွေ ခေါ်ပြီးတော့မှ တချို့မြို့နယ်က တားပုံတားနည်းက လုံးဝ ဒါကိုမထွက်ဖို့ (လှုံ့ဆော်မှုမလုပ်ဖို့) ပြင်းပြင်းထန်ထန် တားတယ်။ ဥပမာ မင်းတုန်းမြို့နယ်တို့လို၊ စေတုတ္ထရာမြို့နယ်တို့လို၊ ပခုက္ကူမြို့နယ်တို့လို၊ ဂန့်ဂေါခရိုင်တို့လို၊ အောင်လံမြို့နယ်တို့လို ဒါက ပြင်းပြင်းထန်ထန်တားတယ်။”

“နောက်တခုက ကျနော်တို့က ကော်မရှင်ကို မဲစာရင်းကြည့်ရှုဖို့ ဆော်သြမယ်ဆိုတာကို အကြောင်းကြားစာပေးတဲ့အတွက် ‘ဒီစာတွေကိုတဲ့ တိုင်းကော်မရှင်ကို ဆက်လက်တင်ပြပြီးတော့မှ ခဏစောင့်ပေးပါဦး’ တဲ့၊ ဒုတိယတဆင့်က ညင်သာတဲ့ တားဆီးမှုမျိုးနဲ့ ခွင့်မပြုဘဲ တားတယ်။ တတိယအဆင့်ကတော့ ‘သူတို့လည်း ထွက်ပြီးတော့ ကြေညာမှာဖြစ်ပါတယ်’ တဲ့ ‘ဒါကြောင့်မို့လို့ သူတို့မထွက်ခင်မှာ အန်အယ်လ်ဒီချည်းပဲ ထွက်တာမျိုး မဆောင်ရွက်ပါနဲ့၊ အားလုံးသိနိုင်အောင်လို့ ဆော်သြ ကြေညာပေးပါမယ်’ ဆိုပြီးတော့ နှစ်သိမ့်တဲ့နည်းနဲ့ လုပ်တာရှိတယ်။

အမှန်တကယ်တော့ သူတို့တတွေဟာ အဲဒီ ၈ ရက်နေ့ မတိုင်ခင် ညလေး တကြိမ်သာလျှင် လှည့်လည်အော်တာမျိုးရှိတယ်။ တချို့မြို့နယ်ကတော့ ဥပမာ-ကျနော်တို့ မင်းဘူး၊ စကုမှာတော့ အခုရက်ပိုင်းလေးတွေကို ၁ ရက်၊ ၂ ရက် ပြန်ထွက်တာကလွဲလို့ရှိရင် မဲစာရင်း ဆော်သြမှုက ကော်မရှင်ကြီးတရပ် အနေနဲ့ လုံးဝ ပွင့်လင်းမြင်သာမှု မရှိဘူး။ ခြိမ့်ခြိမ့်သဲ တက်တက်ကြွကြွ နိုးနိုးကြားကြား လူထုကို ဖြစ်အောင်လို့ စွဲဆောင်မှုမရှိဘူး။ ဒါတွေဟာ မဲစာရင်းကြည့်ဖို့အတွက် အလွန်အင်မတန် အခက်အခဲပဲ။ အဲဒီအတွက် ဆော်သြပေးတဲ့ အန်အယ်လ်ဒီလို အဖွဲ့အစည်းမျိုးတွေကို ရပ်ကျေးတွေမှာလည်း ဥပမာအားဖြင့် လက်ကိုင်စပီကာတွေနဲ့ ပြောဖို့ဆိုရင်လည်း မပြောနဲ့တို့။”

“ဥပမာအားဖြင့် ငဖဲမြို့နယ်တွင်းက ဆီစာဆိုတဲ့ရွာမျိုးသည် မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ ကားနဲ့ရောက်နေတဲ့အချိန်မှာ ကော်မရှင်ဦးစီးမှူးပေါ့နော် အဲဒီလူတွေကိုယ်နှိုက်က ဖုန်းနဲ့ဆက်ပြီးတော့ ‘ပြန်လာခဲ့ပါ၊ လုံးဝဆက်မသွားပါနဲ့’ ဆိုပြီးတော့ ခြိမ်းခြောက်မှုမျိုးတွေ ရှိတယ်ဗျ။ အဲဒီတော့ ပြောရရင်တော့ ပြည်သူလူထု မဲစာရင်းသွားကြည့်ဖို့ အားနည်းတာဟာ ကော်မရှင်မှာ တာဝန်ရှိတယ်။ နိုင်ငံရေးပါတီတွေရဲ့ ဆော်သြမှု အားနည်းတယ်။ အဲဒီထဲမှာမှ အရပ်ဘက်လူ့အဖွဲ့အစည်းတွေက ဒီကနေ့ ကော်မရှင်တွေက သူတို့ရုံးတွေမှာသွားရင် အရပ်ဘက်လူ့အဖွဲ့အစည်းတွေလည်း ဒီရွေးကောက်ပွဲမှာ ၀င်ရောက်ကူညီမယ် ပြောသော်လည်းပဲ မကွေးတိုင်းမှာတော့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ VOTER EDUCATION တွေ၊ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ မဲစာရင်းကြည့်ဖို့ ဆော်သြမှုတွေ ဒါတွေဟာလည်း မရှိသလောက် အားနည်းမှုရှိတယ်။ အဲဒီထဲမှာမှ ပြည်သူလူထုအနေနဲ့ကလည်း လုပ်ငန်းခွင်ဝင်နေရတာတွေ ရှိသလို ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အစိုးရရဲ့ လှုံ့ဆော်မှု အားနည်းတဲ့အတွက် လူထုက မဲစာရင်းကြည့်မှုမှာ လုံးဝ နိုးကြားခြင်းမရှိဘူး။”

ပါတီတွေ၊ တက်ကြွလှုပ်ရှားသူတွေက မဲစာရင်းတွေ ကမောက်ကမ ဖြစ်တာတွေ မြင်တဲ့အခါမှာ ကော်မရှင်ကို သွားရောက်တင်ပြတဲ့ အချိန် ၁၄ ရက်ရတဲ့ အတွင်းမှာရော မဲစာရင်းအမှားအယွင်း ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ လိုလိုလားလားရှိလား ကော်မရှင်က။ ဘာတွေကြုံရလဲ။
“ရာခိုင်နှုန်းအားဖြင့် ပြောရရင် ၂၀ ရာခိုင်နှုန်းလောက်ကပဲ ကူညီဆောင်ရွက်ပေးတယ်။ အဲဒါ လက်ရှိ။ မနေ့ကပဲ ဗဟိုမဲစာရင်းစိစစ်ရေးကော်မတီက ဒေါ်ခင်မွှေးတို့ အဖွဲ့တွေ ကျနော်တို့ မကွေးတိုင်းမှာ လာတဲ့အတွက် ဒီအတိုင်းပဲ ပြောလိုက်ပြီးသားဖြစ်တယ်၊ အချက်အလက်တွေကို။  ဘာလို့လဲဆိုတော့ ဒီ စေတုတ္ထရာလို ဒေသတွေမှာဆို ပထ၀ီသဘောအရ ရပ်ကျေးနဲ့ မြို့နဲ့ အလွန်အင်မတန် ဆက်သွယ်ရေးဝေးတယ်။ အဲလိုပဲ တချို့မြို့နယ်တွေ မင်းဘူး၊ စကုလို၊ မကွေးလို နေရာမျိုးကတောင်မှ မြို့နဲ့ အရမ်းဝေးတဲ့ ရွာတွေရှိတယ်။ အဲဒီရွာတွေ အပါအ၀င် ကျေးလက်တွေ တော်တော်များများမှာ ပြင်ဖို့၊ ဖြည့်ဖို့၊ ဖျက်ဖို့နဲ့ ပတ်သက်ပြီးတော့ ပုံစံ ၃ တို့၊ ပုံစံ ၄ (ဂ) တို့၊ ပုံစံ ၄ တို့ အဲဒီပုံစံတွေကို ရပ်ကျေးကော်မရှင်ရုံးတွေမှာ အဆင်သင့်ရှိမနေဘူး။ ဒါဟာ အလွန်အင်မတန်ကို ခွင့်မလွှတ်နိုင်စရာ ပံ့ပိုးမှုပဲ ကော်မရှင်ရဲ့။ အဆင်သင့်ရှိမနေဘူး၊ နောက်ပြီးတော့ ဘယ်လိုနည်းနဲ့ တချို့ဒေသက ဖြေရှင်းသလဲဆိုရင် မြို့နယ်ကော်မရှင်ကြီးကိုသာ သွားပြီးတော့ ပြင်ပါ၊ ဖြည့်ပါ၊ ဖျက်ပါတဲ့။ မြို့နယ်ကော်မရှင်ကြီးက သူတို့ ရပ်ကွက်၊ ကျေးရွာ ကော်မရှင်တွေကို လှမ်းအကြောင်းကြားထားတာက မဲစာရင်းမှားယွင်းမှုရှိလို့ ပြင်ဖို့၊ ဖြည့်ဖို့၊ ဖျက်ဖို့ ရှိတဲ့အရာတွေကို စာရင်းပြုစုပြီးသာ မြို့နယ်ကော်မရှင်ရုံးကို သတင်းပို့ပါဆိုတဲ့ အဓိပ္ပာယ်မျိုးနဲ့ ညွှန်ကြားထားတာ ဖြစ်တဲ့အတွက် သက်ဆိုင်ရာ မဲဆန္ဒရှင်တွေက သူ့သက်ဆိုင်ရာ ကော်မရှင်ရုံးတွေမှာ တိုက်ရိုက် ချက်ချင်း ဖြေရှင်းပေးတာမျိုးကို ကော်မရှင်ဘက်က လုံးဝ အားနည်းတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ တလမ်းဝင် တလမ်းထွက်၊ တရွာဝင် တရွာထွက် သွားနေတယ်။ သွားနေရင်းနဲ့ ဒီမှားယွင်းမှုတွေကို ကြည့်ရတာတဘက်၊ မဲစာရင်းမိတ္တူရအောင် ကြိုစားရတာတဘက်၊ အဲဒီရရှိပြီးသားထဲက မှားယွင်းမှုသိနေတယ် ဆိုတာတွေကို ကော်မရှင်ရုံးတွေကို သွားပြီးတော့မှ ပြင်ဖို့၊ ဖြည့်ဖို့၊ ဖျက်ဖို့အတွက် ဒီပုံစံတွေနဲ့ ချက်ချင်းလုပ်ဖို့ သွားတဲ့အခါမှာ သူတို့ဆီက ၀န်ထမ်းလိုအပ်ချက်တွေ၊ ရုံးပိတ်နေတာတွေ၊ ဖောင်တွေ မရှိတာတွေ ဒီလိုပြဿနာတွေနဲ့ဆိုတော့ မကွေးတိုင်းမှာ တကယ်တမ်း မဲစာရင်းကြေညာမှုနဲ့ ပတ်သက်လာရင်တော့ အထွေထွေရွေးကောက်ပွဲကြီးတခု ကျင်းပဖို့ ပြင်ဆင်တာနဲ့ မတူဘူးဗျ။ လုံးဝ သိမ်ငယ် သေးသိမ်တယ်။ သေးသိမ်တဲ့ လုပ်ငန်းစဉ်တွေလို တွေ့နေရတယ်။”

ရွေးကောက်ပွဲမဲစာရင်း မှန်ကန်ရေးကို နယ်ပယ်အနှံ့ လုပ်ဆောင်နေရာမှာ အန်အယ်လ်ဒီပါတီက ပြူးပြီးထွက်နေတယ်။ ကျန်တဲ့ပါတီတွေ၊ အာဏာရပါတီတွေ၊ တိုင်းရင်းသားပါတီတွေကရော မဲစာရင်းပေါ်မှာ ဘယ်လောက်ဆောင်ရွက်ချက်ရှိသလဲ။ ဘယ်လောက် မှန်စေချင်ကြလဲ။
“ဟုတ်ကဲ့၊ ကျနော့်အနေနဲ့ အဓိက ပြောချင်တာကတော့ ရွေးကောက်ပွဲတခု သန့်ရှင်းတရားမျှတ လွတ်လပ်ဖို့ဆိုရင် နံပါတ် ၁ အခြေခံအချက်ကတော့ မဲစာရင်းတိကျမှန်ကန်ဖို့ အရေးကြီးတယ်။ အဲဒီတော့ နိုင်ငံရေးပါတီတွေဟာ မဲစာရင်း တိကျမှန်ကန်မှုတခုကိုတောင်မှပဲ အရေးဂရုစိုက်ပြီး လုပ်တာမျိုးမဟုတ်ဘူးဆိုရင် နိုင်သာနိုင်ချင်တယ်၊ တရားမျှတလွတ်လပ်သန့်ရှင်းတဲ့၊ ဂုဏ်သိက္ခာရှိတဲ့ ရွေးကောက်ပွဲတခုဆိုတဲ့ အနှစ်သာရတခုအပေါ်မှာ တန်ဖိုးမထားဘူးလို့ ကျနော်က ပြောချင်တယ်။ နောက်ထပ်တချက်က ရွေးကောက်ပွဲတခုရယ်လို့ဖြစ်လာရင် ကျင်းပတဲ့ ကော်မရှင်ရယ်၊ ၀င်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီရယ်၊ မဲဆန္ဒပေးမယ့် ပြည်သူရယ် ဒီသုံးဦး သုံးဖလှယ်လုံးက သန့်ရှင်းဖို့၊ မျှတဖို့ လွတ်လပ်ဖို့လိုတဲ့ အထဲမှာ ဒီထဲမှာ အရေးအကြီးဆုံး အင်အားစုက မဲပေးမယ့်ပြည်သူပဲ။ အဲဒီတော့ ရွေးကောက်ပွဲတခုကနေ အနိုင်ရပြီး အစိုးရဖြစ်ချင်ပါတယ်ဆိုတဲ့ နိုင်ငံရေးပါတီတွေဟာ အမှန်တကယ် ဒီမိုကရေစီကို တန်ဖိုးထားတယ်။ အမှန်တကယ် မဲဆန္ဒရှင်တွေရဲ့ တန်ဖိုးတွေကို သိတယ်ဆိုရင် မဲစာရင်းမှာ ကိုယ့်ပါတီကို (သို့မဟုတ်ရင်) အစိုးရဖြစ်အောင် ရွေးချယ်မယ့် အချုပ်အခြာရဲ့ မူလပိုင်ရှင်ဖြစ်တဲ့ မဲဆန္ဒရှင်ပြည်သူရဲ့ အခွင့်အရေးကို ကာကွယ်မှုမပြုဘူးဆိုရင် ပြည်သူကို လေးစားတန်ဖိုးထားတယ်ဆိုတာ ဒါဟာ စကားပေါ်မှာပဲ ရှိမယ်လို့ ကျနော် အဲလို ပြောချင်တယ်ဗျ။”

၁၉၉၀ ရွေးကောက်ပွဲ၊ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ အခုလိုမျိုး မဲစာရင်းတွေ နေရာအနှံ့ အလွန်အမင်း မှားယွင်းမှုမျိုးတွေက မကြားခဲ့ရဖူးဘူး။ အခုမှားယွင်းမှုက ဘာအတွက် ရည်ရွယ်ဦးတည်နေတယ်၊ လုပ်ဆောင်တယ်လို့ သုံးသပ်နိုင်မလဲ။
“အဓိကကတော့ မဲဆန္ဒပေးမယ့်သူတွေကိုလည်း ရွေးကောက်ပွဲတခုအပေါ်မှာ အယုံအကြည် ကင်းမဲ့သွားလောက်အောင်လို့အထိ အစိုးရက ရည်ရွယ်တယ်၊ မရည်ရွယ်ဘူး ကျနော် မစွပ်စွဲသော်လည်းဘဲ ရွေးကောက်ပွဲဖြစ်စဉ်တွေအပေါ် စိတ်ပျက်သွားစေချင်တယ်လို့ ကျနော် ယူဆတယ်။ နောက်တခုက နိုင်ငံရေးပါတီတွေပေါ့၊ အဓိကအားဖြင့် ကျနော်တို့ အတိုက်အခံ အန်အယ်လ်ဒီပါတီဟာ မဲစာရင်း စိစစ်မှုမှာကိုပဲ အလုပ်တွေ ရှုပ်နေအောင်လို့ လုပ်ထားတယ်လို့တောင် ကျနော်က အဲလို ပြောချင်တယ်ဗျ။ ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့ ၂၀၁၂ မှာလည်း သန်းခေါင်စာရင်းတွေ ကောက်ထားပြီးသား။ အခုလက်ရှိလည်း မဲစာရင်းကောက်ယူမှုဟာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေနဲ့ လူဝင်မှုကြီးကြပ်ရေး အဖွဲ့အစည်းနဲ့ ကောက်တာဟာ ဒီလောက်မှားယွင်းစရာအကြောင်း မရှိဘူးဗျ။ အဲဒီတော့ သန်းခေါင်စာရင်းနဲ့ တိုက်ကြည့်ရင်တောင်မှပဲ ဒီလောက် လွဲချော်စရာ အကြောင်းမရှိဘူး၊ အသက် ၁၈ နှစ်ပြည့်ပြီးသားလူတွေနဲ့ ပတ်သက်ပြီးတော့။ အဲဒီတော့ ဒီတကြိမ် ရွေးကောက်ပွဲနဲ့ပတ်သက်လို့ မဲစာရင်းထုတ်ပြန်မှု အမှားအယွင်းတွေဟာ ကျနော် ရိုးရိုးသားသားလေးပဲ ထောက်ပြချင်တဲ့ အချက်ကတော့ ရည်ရွယ်ချက်ရှိရှိမှားတဲ့ အမှားတခုလို့ ကျနော်ပြောချင်တယ်။”

မဲစာရင်းမှားယွင်းမှုတွေကို ပြင်ဆင်နိုင်ဖို့ မြေပြင်ဆောင်ရွက်ချက်တွေထဲမှာ အတွေ့အကြုံထဲက ဘာပြောစရာရှိဦးမလဲ။
“မြေပြင်ဆောင်ရွက်ချက် ထူးခြားတာတချက်က ဘာလဲဆိုတော့ ၂၀၁၅ ရွေးကောက်ပွဲဟာ အထွေထွေရွေးကောက်ပွဲကြီးဖြစ်တယ်။ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ဖြစ်သလို သူများတွေ တည်ငြိမ်တဲ့ နိုင်ငံတွေမှာ ကျင်းပတဲ့ ရွေးကောက်ပွဲတွေနဲ့ မတူတာဟာ ဒီတကြိမ် ရွေးကောက်ပွဲဟာ ကျနော်တို့နိုင်ငံရဲ့ ဒီမိုကရေစီအရွေ့ အပြောင်းအလဲအတွက် အလွန်အင်မတန် အရေးကြီးတယ်ဆိုတာ လက်ရှိအစိုးရလည်းသိတယ်၊ ကော်မရှင်လည်းသိတယ်၊ ၀င်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေလည်း သိတယ်၊ မဲပေးမယ့် ပြည်သူတွေလည်းသိတယ်၊ နိုင်ငံတကာကလည်း သိတယ်။ အဲဒီတော့ ဒီလောက် တိုင်းပြည်ရဲ့အပြောင်းအလဲဖြစ်မယ့် ရွေးကောက်ပွဲ ဖြစ်စဉ်ကြီးတခုကို ကျင်းပဖို့အတွက် ရွေးကောက်ပွဲဖြစ်စဉ် process တခုလုံးနဲ့ ပတ်သက်လို့ စစပြီး မဲစာရင်းပြုစုပြီးတော့မှ မဲစာရင်းကြေညာတဲ့ အစကစ၊ ရွေးကောက်ပွဲ ကမ်ပိန်းရာသီတွေ၊ ရွေးကောက်ပွဲကျင်းပတဲ့ အခြေအနေတွေထိ၊ အဲဒီတော့ ဟိုဘက်က ကျင်းပတဲ့အခြေအနေတွေ ခဏထားပါတော့ ကမ်ပိန်းရာသီအတွက်။ အခု ရွေးကောက်ပွဲဖြစ်စဉ် process ရဲ့ ပထမဆုံးအစ ဒီ မဲစာရင်းကြေညာမှုတွေကမှစလို့ အဲဒီလောက် အရေးကြီးတဲ့ ရွေးကောက်ပွဲကြီးကို ပြည်သူလူထု နိုင်ငံရေးနိုးကြားမှု ဖြစ်ဖို့အတွက်၊ နိုင်ငံရေးပါတီတွေကလည်း ဒီမိုကရေစီစံတွေအပေါ်မှာ ခိုင်ခိုင်မာမာ ရပ်ပြီးတော့မှ ဂုဏ်သိက္ခာရှိရှိ ပြိုင်နိုင်ဖို့အတွက် ကော်မရှင်ကလည်း လုံးဝ transparency ပွင့်လင်းမြင်သာစွာ တကယ့်ကို free and fair ဖြစ်တယ်ဆိုတာကို ပြနိုင်ဖို့အတွက်ဟာ အလွန်အင်မတန် အရေးကြီးတဲ့ စံတန်ဖိုးတွေဖြစ်တယ်။”

“အခုအချိန်မှာ အဲဒီအချက်အလက်တွေ၊ အဲဒီစံတန်ဘိုးတွေပေါ်မှာ ရပ်ပြီးတော့မှ လုပ်တဲ့နေရာမှာ နိုင်ငံရေးပါတီတွေဘက်ကလည်း အားနည်းမှုတွေရှိသလို ပြည်သူလူထုတွေရဲ့ နိုးကြားမှုတွေကလည်း အားရစရာ မကောင်းသလို အဓိကအားဖြင့်တော့ ကော်မရှင်ရဲ့၊ အစိုးရရဲ့ ရွေးကောက်ပွဲဖြစ်စဉ်တခုအပေါ်မှာ လှုံ့ဆော်မှု အားနည်းတယ်။ ဥပမာအားဖြင့်ဆိုရင် မြို့နယ်ကြီးတွေမှာ အခုလို မဲစာရင်းကြေညာတဲ့ ရက်တွေမှာဆိုရင် gate show ကြီးတွေ bill board ကြီးတွေနဲ့ ပရိုဂျက်တာတွေကနေမှ ဒါကို သီချင်းတွေနဲ့ အရုပ်တွေနဲ့ပေါ့ဗျာ၊ ဒါတွေ ပြရမယ်။ အသံလွှင့်ဌာနတွေကနေမှ ခြိမ့်ခြိမ့်သဲ ပြောရမယ်။ ကျေးရွာတွေထိ လမ်းဆုံလမ်းခွတွေမှာ မဲစာရင်းသွားကြည့်ဖို့ရာ အလွန်အင်မတန် နိုင်ငံသားတယောက်အတွက်၊ မဲဆန္ဒရှင်တယောက်အတွက် အင်မတန် အရေးကြီးတယ်ဆိုတဲ့ ဟာတွေကို ပြောရပါလိမ့်မယ်ဗျ။ ဒါတွေကို လုံးဝ ကျနော်တို့ မတွေ့ရဘူး။ ရွေးကောက်ပွဲဖြစ်စဉ်တခုကို ခြိမ့်ခြိမ့်သဲ ကျင်းပဖို့အတွက် ဒီလိုအပ်ချက်တွေက အများကြီးရှိတယ်။ အဲဒါကိုက ရွေးကောက်ပွဲတခုကို စိတ်ဝင်စားဖို့အတွက် အဓိကကျတဲ့ ပြည်သူတွေအတွက် လိုအပ်ချက်တခု ဖြစ်နေတယ်။ ဒီလှုံ့ဆော်မှုလုပ်ဖို့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေမှာ တာဝန်ရှိတယ်။ သို့သော်လည်းပဲ သူတို့တွေဟာ ကျနော်တို့နဲ့ တွေ့စဉ်မှာတုန်းကတော့ ‘ဗီနိုင်းတွေကိုတော့ ဘယ်ရွာတွေကို ပေးထားပါတယ်၊ အရပ်ဘက်လူ့အဖွဲ့အစည်းတွေကို ဘယ်နှချပ် ဝေထားပါတယ်’ ပြောသော်လည်းပဲ ကျနော်တို့ အခုသွားတဲ့နေရာတွေမှာ ဒါတွေကို ထင်ထင်ရှားရှား မတွေ့ရဘူး။ ကျနော်တို့ တချို့မဲစာရင်းကြေညာတဲ့ ကော်မရှင်ရုံးတွေဆိုရင် မကွေးမြို့ဆိုရင် မင်းဂံကြီးဆိုတဲ့ ရပ်ကွက်ဆိုရင် အဲဒီ စကြေညာတဲ့ ၈ ရက်နေ့မှာကို ရုံးလုံးဝပိတ်ထားတယ်၊ ကော်မရှင်ရုံးကို။ ကျနော်တို့ သွားပြီးတော့မှ မဲစာရင်းသွားကြည့်တယ်။ သက်ဆိုင်ရာ ရပ်ကွက်ကော်မရှင်တွေကို ကျနော်တို့ အကြံဉာဏ်ပေးဖို့ သွားတဲ့အခါမှာ လုံးဝ ရုံးပိတ်ထားတယ်။ ကျနော်တို့ ကော်မရှင်ကိုတော့ ဒါနဲ့ပတ်သက်ပြီး အကြောင်းကြားလိုက်ပါတယ်။ ပြောချင်တာက ဒီလိုနေရာတွေဟာ ဗမာပြည်အနယ်နယ်အရပ်ရပ်မှာ အများကြီး ရှိနိုင်တယ်။”

By
http://burmese.dvb.no/archives/98573

 ဓာတ်ပုံ - MTFTV

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား အလုပ်သမားတွေ သတင်းအချက်အလက် ပိုမိုရရှိရေးအတွက် ပုဂ္ဂလိက တီဗွီလိုင်းတခု စတင်ဖွင့်လှစ်လိုက်ပါတယ်။

အထူးသဖြင့် ဘန်ကောက်နဲ့ အနီးတ၀ိုက်က မြန်မာရွှေ့ပြောင်းသမားတွေအနေနဲ့ အန်ဂျီအို (အစိုးရမဟုတ်သောအဖွဲ့)၊ စီဘီအို (လူမှုအခြေပြုအဖွဲ့) တွေဆီကနေ လိုအပ်တဲ့ အချက်အလက်ရရှိမှု အားနည်းနေသေးတာကြောင့် သတင်းအချက်အလက်တွေ ပိုမိုထိရောက်ဖို့ မြန်မာ-ထိုင်း ချစ်ကြည်ရေးလိုင်း (MTF Channel) အစီအစဉ်ကို စတင်လိုက်တာလို့ MTF ကုမ္ပဏီမန်နေဂျာ ခွန်ဝင်းက ဒီဗွီဘီကို ပြောပါတယ်။

“ရွှေ့ပြောင်းအလုပ်သမားတွေ သိသင့်သိထိုက်တဲ့ ထိုင်းသတင်းတွေကို မြန်မာလို ပြန်ကြေညာတယ်။ နောက်ပြီးတော့ ထိုင်း-မြန်မာအစိုးရ ဥပဒေအပြောင်းအလဲတွေ အလုပ်သမားတွေနဲ့ သက်ဆိုင်တဲ့ဟာကို ကျနော်တို့ ကြေညာပေးတယ်။ ဒီလိုင်းကို ထိုင်းနိုင်ငံမှာ တရားဝင်မှတ်ပုံတင်ပြီး ထုတ်လွှင့်နိုင်ဖို့ လွန်ခဲ့တဲ့ ၅ လလောက်ကတည်းက ပြင်ဆင်ခဲ့ပါတယ်။ ဒီဇွန်လဆန်းက စပြီး စမ်းသပ်ထုတ်လွှင့်နေပါတယ်။”

ဒီအစီအစဉ်ကို စတင်ထူထောင်သူမှာ မြန်မာနိုင်ငံသား ၄ ဦးနဲ့ ထိုင်းရှေ့နေများကောင်စီ အဖွဲ့ဝင်တွေပါ ပါဝင်ပြီး မတည်ငွေ ဘတ် ၄ သန်းကို အဖွဲ့ဝင် ၇ ဦးက အစုရှယ်ယာ ထည့်ဝင်ကြတယ်လို့ သူကဆက်ပြောပါတယ်။

လောလောဆယ် ထွက်ငွေသာရှိပြီး ၀င်ငွေမရှိသေးပေမယ့် နောက်နောင် အစီအစဉ်ကို တိုးမြှင့်ပြီးတဲ့အခါ ကြော်ငာတွေကနေ ၀င်ငွေပြန်ရမယ်လို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

အစီအစဉ်တိုးမြှင့်ဖို့ ၀န်ထမ်းတွေလည်း လိုအပ်လျက်ရှိပြီး လျှောက်ထားသူမှာ အဓိက ထိုင်း-မြန်မာ ၂ ဘာသာကို ကောင်းစွာ ဘာသာပြန်ဆိုနိုင်သူ၊ တက္ကသိုလ်မှ ဘွဲ့ရပြီးသူ၊ နိုင်ငံကူးလက်မှတ်ရှိသူနဲ့ ကုမ္ပဏီမှာ အလုပ်ရရင် စီးပွားရေးဗီဇာနဲ့ နေခွင့်ရရေးပါ ဆောင်ရွက်ပေးမယ်လို့ သိရပါတယ်။

လစာမှာ အစမ်းခန့်ကာလ ၃ လအတွင်း တလ ဘတ် ၁ သောင်း ၅ ထောင်၊ အတည်ခန့်လိုက်ရင် တလ ဘတ် ၂ သောင်းခွဲပေးမယ်လို့ ခွန်ဝင်းက ပြောပါတယ်။

MTF ရုပ်မြင်သံကြားအစီအစဉ်ကို ထိုင်းနိုင်ငံမှာ ဒီဂျစ်တယ်လ် လိုင်းနံပါတ် (ချန်နယ်လ်) ၆၆ မှ ဖမ်းယူကြည့်ရှုနိုင်သလို ဖေ့စ်ဘုတ်စာမျက်နှာ https://www.facebook.com/mtftv?fref=ts (MTF Channel) ကနေလည်း ဝေဖန်အကြံပေးနိုင်တယ်လို့ ဆိုပါတယ်။

ချန်နယ်လ် ၆၆ မှာ မြန်မာဘာသာတမျိုးတည်းသာ ထုတ်လွှင့်ပြီး သတင်းအပြင် မြန်မာ့ရုပ်ရှင်၊ တီဗွီဇာတ်လမ်းတွဲ၊ တေးသီချင်းတွေပါ ပြသပေးနေတယ်လို့ ကုမ္ပဏီမန်နေဂျာက ပြောသွားပါတယ်။

By နန်းမြနဒီ
http://burmese.dvb.no/archives/98596


ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ ဆုတောင်းတွေကို ထိုင်းနိုင်ငံ ပတ္တရား ကမ်းခြေမှာ ပြသထားပါတယ်။

အနယ်နယ် အရပ်ရပ် မိတ်ဆွေတွေဆီက လက်ရေးမူတွေကို ဖေ့စ်ဘုတ်က တဆင့် တောင်းပြီး ပရင့်ထုတ် ပြသထားတာလို့ စီစဉ်သူ ကိုစိုးသီဟက ပြောပါတယ်။

ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လောက်ချစ်တဲ့အကြောင်း ကမ္ဘာလှည့် ခရီးသွားတွေကို သိစေလိုတဲ့အတွက်ကြောင့်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ လူ ၄၀ လောက်ရဲ့ ဆုတောင်းစာတွေကို ပြထားပြီး အပျော်စီး ဂျက်စကီး ပေါ်မှာလည်း ဆုတောင်းစာကို လွှင့်တင်ထားပါသေးတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ကို ဇွန်လ ၁၉ ရက်က နေပြည်တော် လွှတ်တော်က သူ့ရဲ့ ကော်မတီရုံးခန်းမှာ ပြုလုပ်ခဲ့ပြီး လွှတ်တော်ဝန်ထမ်းတွေကို ဖိတ်ကြားခဲ့ပါတယ်။

ဓာတ်ပုံ- စိုးသီဟ

http://burmese.dvb.no/archives/98659


လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ် ဖားကန့်ဒေသမှာ အခုနောက်ဆုံး ပုဂ္ဂလိက ကုမ္ပဏီ တခုကို မီးရှို့ဖျက်ဆီးမှုတွေကြောင့် ထိခိုက်ပျက်ဆီး မှုတွေ ဖြစ်ခဲ့ရပါတယ်။ ဘယ်သူ ဘယ်ဝါ လက်ချက်မှန်း မသိရသေးတဲ့ တိုက်ခိုက်ဖျက်ဆီးမှုတွေနဲ့အတူ မတည်မငြိမ် အခြေအနေတွေကြောင့် ဒေသခံတွေ ရဲ့ကြားမှာ စိုးရိမ်မှုတွေ တိုးပွား လာနေပါတယ်။ ဒီသတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က ပြောပြထားပါတယ်။

ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ် ဖားကန့်ဒေသမှာ မနေ့ညပိုင်းမှာတော့ လက်နက်ကိုင်လူ ၂၀လောက်က ဆိုင်းတောင် အနီးက ထူးကုမ္ပဏီပိုင်ကားတွေကို မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် ကျပ်သိန်း ၆၀၀ကျော် ဆုံးရှုံးခဲ့ပြီး ကျူးလွန်သူ တရားခံကိုတော့ ရဲတပ်ဖွဲ့က စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ကြာသပတေးနေ့ညပိုင်းမှာတော့ ဖားကန့်ဒေသ ဆိုင်းတောင်အနီးမှာ ထူးကုမဏီပိုင် မော်တော်ယာဉ်တွေကို မီးရှို့ဖျက်ဆီးသွားတဲ့အခြေအနေကို ဖားကန့်ဒေသခံတဦးက ပြောပါတယ်။

" မနေ့ကည ၈နာရီလောက်က သေနတ်တွေနဲ့ လူ(၂၀)လောက် က ကောင်ဆာမှာ ရှိတဲ့ ထူးကုမ္ပဏီကို ကုမ္ပဏီဝင်းပေါ့ဗျာ လုပ်ကွက်ဧရိယာတော့ မဟုတ်ဘူး။ ကုမ္ပဏီယန္တယားတွေ ဘာတွေ ထားတဲ့ ကုမ္ပဏီလာပြီးတော့ အကုန်လုံး မီးပုံရှို့သွားတာ။ အကုန်လုံး ကားတွေကို သေချာကို ဓာတ်ဆီလောင်းပြီး မီးရှို့သွားတာပေါ့နော်။ ဘီးကား လေးငါးခြောက်စီးနဲ့ လူစီးတဲ့ ဖိုးဝှီးနှစ်ခန်းတွဲကား လောင်သွားတယ်။ ကျန်တဲ့ ဘက်ဖိုးတွေ ဘာတွေတော့ လောင်တာ ကျွမ်းတာ ဆုံးရံှုံးတာ မရှိဘူး။ ကျနော် သိရသလောက်ပေါ့နော်။ "

လက်နက်ကိုင်အဖွဲ့က လာရောက်တားမြစ်တဲ့ ကုမ္ပဏီဝန်ထမ်းနဲ့ ကျေးရွာ အုပ်ချုပ်ရေးမှုးတွေကို ရိုက်နှက်သွားတာ ရှိပေမဲ့ ဆိုးဆိုးဝါးဝါး ထိခိုက် ဒဏ်ရာရတာတော့ မရှိဘူးလို့ ပြောပါတယ်။

ဒီကနေ့မှာတော့ အခင်းဖြစ်ပွားတဲ့နေရာကို ဌာနဆိုင်ရာတာဝန်ရှိသူတွေ လာရောက်စစ်ဆေးပြီး ပျက်ဆီးတဲ့အခြေအနေနဲ့ မျက်မြင်တွေ့ရှိသူတွေကို မေးမြန်း တာတွေ ဆောင်ရွက်ခဲ့ပါတယ်။

ဖားကန့်ရဲစခန်းက တာဝန်မှူး ကတော့ ဒီမီးရှို့မှုမှာ ၁၂ဘီးကား ၆စီး မီးလောင်ကြောင်း လာရောက် တိုင်ကြားထားတယ် လို့ပြောပါတယ်။

" တိုင်စာအတိုင်းဆိုရင် ၁၂ဘီးယာဉ် ခြောက်စီးမှာတဲ့ မီးလောင်နေကြောင်း တွေ့ရ သည် တဲ့။ ဘယ်လိုစဖြစ်လဲ ဆိုတာတော့ မပြောသွားဘူး။ သူက ၁၂ဘီးကား ခြောက်စီး ဆိုင်ကယ်သုံးစီး မီးလောင်နေတာ တွေ့ရတဲ့ အကြောင်းပေါ့နော်။ အဲ့လိုပဲ ရေးထားတာ။ ဆုံးရှုံးမှုတန်ဖိုးက သိန်း ၆၆၄သိန်း အဲ့လိုပဲ ရေးထားတယ်။"

လောလောဆည်မှာတော့ တရားခံကို ဖော်ထုတ်နိုင်တာ မရှိသေးပေမဲ့ ဒေသခံတွေ က ဖားကန့်မှာ စိုးမိုးထားတဲ့ KIA လက် ချက်လို့ ယူဆနေပေမဲ့ ရဲတပ်ဖွဲ့ကတော့ အတည်ပြု ဖော်ထုတ်နိုင်တာရှိသေးဘဲ စုံစမ်းနေဆဲရှိကြောင်း ပြောပါတယ်။

ဒီမီးရှို့ဖျက်ဆီးတာနဲ့ပတ်သက်ပြီးမေးမြန်းဖို့အတွက် ထူးကုမဏီနဲ့ KIA တပ်ဖွဲ့ဖက်ကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

၂၀၁၃ ခုနှစ် ဇန်န၀ါရီလအတွင်းက ဖားကန့်မြို့နယ် ၊ မရှီကထောင် ရပ်ကွက်က ဝေအောင် ကမ္ဘာ ကုမ္ပဏီ က ၀န်ထမ်း အိပ်ဆောင်ကို လက်နက်ကိုင် အဖွဲ့ဝင်တချို့က မီးရှို့ခဲ့သလို ကုမ္ပဏီပိုင် ကားတစ်စီးအား ဗုံးနဲ့ ဖောက်ခွဲ ဖျက်ဆီးခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုမှာတော့ KIA ရဲ့ လက်ချက်ဖြစ်တယ် လို့ မြ၀တီသတင်းဌာနက သတင်း ထုတ်ပြန်ခဲ့ပါတယ်။

မိုးဇော် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



ဒီနေ့ဆိုရင် မြန်မာ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် အသက် ၇၀ ပြည့် ခဲ့ပြီ ဖြစ်ပါတယ်။ သူ့ရဲ့မွေးနေ့ အမှတ်တရ စကားပြောကြားရာမှာတော့ ဒီနှစ်ကုန်ပိုင်း ကျင်းပမယ့် ရွေးကောက်ပွဲ မှန်မှန်ကန်ကန် ဖြစ်ဖို့နဲ့ နိုင်ငံရေး အင်အားစု အားလုံး နိုင်ငံကောင်းကျိုးအတွက် ပြည်သူ့ အကျိုးစီးပွား ကို ရှေးရှုတဲ့ နိုင်ငံရေးကိုသာ လုပ်ကြဖို့ကို လည်း မွေးနေ့ မှာ ဒေါ်အောင်ဆန်းစုကြည် က တိုက်တွန်း လိုက်ပါတယ်။ မြန်မာ့နိုင်ငံရေးနဲ့ သူ့ရဲ့ နိုင်ငံရေး ဖြတ်သန်းမှု ဘ၀ကို ပြန်ပြောင်း သုံးသပ်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ တိုက်တွန်းချက်တွေကို မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။

နိုဘဲလ်ငြိမ်းချမ်းရေး ဆုရှင် မြန်မာ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က အသက် ၇၀ ပြည့်မွေးနေ့မှာ မြန်မာပြည်သူ လူထုနဲ့ မြန်မာ့နိုင်ငံရေးမှာ ပါဝင် ပတ်သက်သူ အားလုံးကို ပြည်သူကို ဗဟိုပြုတဲ့ နိုင်ငံအကျိုးရှိစေမယ့် နိုင်ငံရေးဖြစ်အောင် ၀ိုင်းဝန်းပံ့ပိုးကြဖို့ တိုက်တွန်းလိုက်ပါတယ်။

"ဒီနိုင်ငံဟာ အခုနှစ်ဆိုလို့ရှိရင် ကျမရဲ့ (၇၀)မြောက်မွေးနေ့ဖြစ်လို့ မဟုတ်ပါဘူး။ ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပမယ့် နှစ်မို့လို့ အင်မတန်မှ အရေးကြီးတဲ့ အချိန်ကို ရောက်နေပါပြီ။ ဒီရွေးကောက်ပွဲများ မှန်မှန်ကန်ကန် ရလဒ် ထွက်ဖို့ဆိုတာ အင်မတန်မှ အရေးကြီးပါတယ်။ အခုအချိန်မှာ အဖွဲ့အသီးသီး ပုဂ္ဂိုလ် အသီးသီး က ရွေးကောက်ပွဲ များမှာ အောင်မြင်ရေးအတွက် ၊ အောင်နိုင်ရေးအတွက် ကြိုးပမ်းနေကြပါတယ်။ ဒါလည်း သဘာဝကျပါတယ်။ အားလုံးဟာ ကိုယ့်ရဲ့ယုံကြည်ချက် အရ၊ ကိုယ့်ရဲ့အဖွဲ့အစည်း၊ ကိုယ်ထောက်ခံတဲ့ ပုဂ္ဂိုလ် နိုင်အောင်လို့ လုပ်ပေးချင်ကြ တာချည်းပါပဲ။

ဒါပေမဲ့ လုပ်ပုံကိုင်ပုံဟာ ကျမတို့ နိုင်ငံရဲ့ အနာဂတ်အတွက် အင်မတန်မှ အရေးကြီး ပါတယ်။ ဒီရွေးကောက်ပွဲကို ဘယ်လိုပုံစံနဲ့ ကျမတို့ ကျင်းပမလဲ။ ဒီရွေးကောက်ပွဲ ရဲ့ ရလဒ်တွေဟာ ဘယ်လိုဖြစ်မလဲ။ ရွေးကောက်ပွဲ ကျင်းပပြီးတဲ့နောက်မှာ ကျမတို့နိုင်ငံဟာ ဘယ်လို အခြေအနေမှာ ရှိမှာလဲ ဆိုတာတွေဟာ ဒီနှစ်အတွက် မဟုတ်ဘူး။ နောက်နှစ်အတွက် မဟုတ်ဘူး။ နောက် နှစ်ပေါင်းများစွာ အတွက် ကျမတို့နိုင်ငံအတွက် အဆုံးအဖြတ်ပေးမှာဖြစ်ပါတယ်။"

နိုင်ငံ အနာဂတ်ကို အဆုံးအဖြတ် ပေးမယ့် ရွေးကောက်ပွဲ မှာ ပြည်တွင်း ပြည်ပ ပြောဆို ချက်တွေ ထက် ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ ရွေးချယ်ကြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည် က တိုက်တွန်းပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုချက်တွေဟာ မြန်မာ့ နိုင်ငံရေး အတွက် သိပ်ကို အရေးကြီးတဲ့ ကိစ္စ ဖြစ်ပါတယ်လို့ ရခိုင် နိုင်ငံရေး သမားတဦးဖြစ်တဲ့ လွှတ်တော် အမတ် ဒေါက်တာအေးမောင်က ပြောပါတယ်။

" ဒီရွေးကောက်ပွဲ မတိုင်ခင်ကာလ တည်ငြိမ်မှုဟာ အင်မတန်မှ အရေးကြီးပါ တယ်။ ရွေးကောက်ပွဲ အလွန်ကာလ တည်ငြိမ်မှုကတော့ဖြင့် အာဏာအပြောင်းအလဲနဲ့ သက်ဆိုင်ပါတယ်။ အဲ့တာကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့၊ ကြိုးစားတဲ့ ကာလမှာ ညှိညှိနှိုင်းနှိုင်းနဲ့ ကျနော်တို့ လိုလားတဲ့ ဖွဲ့စည်းပုံ တဆစ်ချိုးကို ကျနော်တို့ ပြုပြင်ပြောင်းလဲနိုင်အောင် ဆောင်ရွက်ဖို့ အင်မတန်အရေးကြီးပါတယ်။ အဲ့တာကြောင့် မြန်မာ့နိုင်ငံရေးအခင်းအကျင်းမှာ ပါဝင်ပတ်သက်တဲ့သူ အားလုံး ရဲ့ ဆင်ခြင်တုံတရားနဲ့ တည်ငြိမ်မှုကို ရအောင်ယူဖို့ အရေးကြီးပါတယ်။ "

၁၉၈၈ ခုနှစ် ကျောင်းသားလှုပ်ရှားမှု နောက်ပိုင်း နိုင်ငံရေး လောကထဲကို ၀င်ရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၉ ခုနှစ်ကစလို့ ၂၀၁၀ ပြည့်နှစ် အတွင်း နေအိမ် အကျယ်ချုပ် ၁၅ နှစ်နီးပါး ကျခံခဲ့ရတာပါ။ ၁၉၉၀ ပြည့် ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့တဲ့ NLD ပါတီကို စစ်အစိုးရက အာဏာ မအပ်ခဲ့ သလို ရွေးကောက်ပွဲ ရလဒ်ဟာလည်း ဒီကနေ့ ဒီအချိန်ထိ အသိအမှတ်ပြု မခံခဲ့ရပါဘူး။

ဒီနောက်ပိုင်း ဆယ်စုနှစ် ၂ ခုကြာ စစ်အစိုးရ စိတ်ကြိုက် ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့၂၀၁၀ ရွေးကောက်ပွဲ ကျင်းပတဲ့အချိန်မှာ လည်း ဒေါ်အောင်ဆန်းစုကြည် ကို နေအိမ် အကျယ်ချုပ်နဲ့ထားခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲနဲ့ အရင် စစ်အစိုးရ အဖွဲ့ဝင်ဟောင်းတွေ စစ်သားဟောင်းတွေ အများစု ပါဝင်တဲ့ စစ်တပ်ထောက်ခံမှု ရှိတဲ့ ပြည်ထောင်စု ကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ အများစု အနိုင်ရပြီး စစ်အစိုးရကနေ အရပ်သား အစိုးရ အဖြစ် အသွင်ပြောင်းချိန်မှာ နေအိမ်အကျယ်ချုပ်က လွတ်မြောက် လာတဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ အာဏာရ ပြည်ခိုင်ဖြိုးပါတီနဲ့ရော စစ်တပ်နဲ့ပါ သဘောထား ပျော့ပျော့ပြောင်းပြောင်းနဲ့ ဆက်ဆံရေး ထူထောင်နိုင်ခဲ့တယ်လို့ ရခိုင်နိုင်ငံရေး သမား ဒေါက်တာ အေးမောင်က ထောက်ပြပါတယ်။

ဒါပေမယ့်လည်း ရခိုင်ပြည်နယ်က ဘင်္ဂါလီ ရိုဟင်ဂျာတို့ အရေးမှာ NLD ပါတီရဲ့ မူဝါဒ ရေးရာတွေနဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်း မရှိဘူး ဆိုပြီး ပြည်တွင်း ပြည်ပ ဝေဖန်မှုတွေ လည်း ခံခဲ့ရတာပါ။

ဒေါ်အောင်ဆန်းစုကြည်ကတော့ သူမ အနေနဲ့ နိုင်ငံရေး လုပ်သက် ဆယ်စုနှစ် ၃ ခု အတွင်းမှာ သင်ယူခဲ့ရတာတွေ ရှိသလို နိုင်ငံရေးမှာ ပါဝင် ပတ်သက်သူ အားလုံးလည်း ပြည်သူ့ ကောင်းကျိုး ထမ်းဆောင်နိုင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

"နိုင်ငံရေးမှာဆိုလို့ရှိရင် ဘာလိုလိုနဲ့ ကျမပါခဲ့တာဟာ အနှစ်သုံးဆယ်လောက်ရှိသွားပါပြီ။ အနှစ်သုံးဆယ် ဆိုတာလည်း မနည်းပါဘူး။ အဲ့ဒီ့တော့ ဒီအနှစ်သုံးဆယ်အတွင်းမှာ အဓိက ရခဲ့တဲ့ သင်္ခန်းစာတွေကတော့ ကျမတို့အပေါ်မှာ မေတ္တာစေတနာထားတဲ့ ပုဂ္ဂိုလ်တွေနဲ့ မျှရမယ်ဆိုလို့ဆိုရင် လူတိုင်းလူတိုင်းဟာ ကိုယ့်နိုင်ငံအတွက် လုပ်ပေးနေနိုင်တဲ့ အခြေအနေ ရှိပါတယ်။ အနေအထားရှိပါတယ်။ ကိုယ်ဟာ ဘယ်လောက်ပဲ နိမ့်သည်ဖြစ်စေ၊ မြင့်သည်ဖြစ်စေ။ ဒါတော့ ကမ္ဘာ့အမြင်အရ လောကီ အမြင်အရ နိမ့်တာမြင့်တာကို ဆိုလိုတာပါ။ လူတိုင်း လူတိုင်းမှာ ကိုယ့်မှာ ပေးစရာ ရှိတယ်ဆိုတာ မမေ့စေချင်ပါဘူး။ ယူမှာ၊ ယူနိုင်တာကိုပဲ စဉ်းစားနေလို့ လည်း မဖြစ်ပါဘူး။ ဒါကြောင့် ကျမတို့ ပြည်သူလူထုဟာ ငါတို့ ဒီလောကကြီးကို ဘာပေးနိုင်မလဲ ဆိုတာကို လေးလေးနက်နက် စဉ်းစားစေချင်ပါတယ်။ "

မကြာခင်ကမှ တရုတ် သမ္မတနဲ့ တွေ့ဆုံခဲ့ပြီး အရှေ့အနောက် နိုင်ငံ တကာ ခေါင်းဆောင်တွေ နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ထူထောင်ထားနိုင် တဲ့ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတနိုင်ငံ အနေနဲ့ သီးခြား ရပ်တည်လို့ မရတဲ့ အနေအထားမှာ ကမ္ဘာ့ အခြေအနေကိုလည်း မျက်ခြည် မပြတ်ကြဖို့ ပြည်သူတွေကို မွေးနေ့မှာ တိုက်တွန်းပြောဆိုပါတယ်။

သိင်္ဂီထိုက်/VOA
http://burmese.voanews.com/content/myanmar-opposition-leader-aung-san-suu-kyi-birthday/2829136.html




လူထုအတွက်
စံပြအမေ
အသက်လည်း ရာကျော်စေ
အခက်လည်း အခါခါကျော်နိုင်ပါစေ
လူထုရဲ့ မီးရူးတန်ဆောင်
ဂုဏ်ရောင် နဲ့ ဥာဏ်ပြောင်ထွန်းပြီ
မျိုးဆက်များအတွက် အလင်းခေတ်သစ်
စနစ်သစ်တရပ်ကို ပြည်သူ့အားနဲ့
အမြန်ဆုံး အရောက်သွားနိုင်ပါစေ အမေ .

( အာဏာမောင်းတင်သံနဲ့ ၊ ငွေကျည်ဆံတွေကြားက
မျိုးဆက်သစ်များကို အမှန်တရားအတွက်လမ်းပြခဲ့ပါ )

အမေ ခင်ဗျား ... .. .

( သား ) နေမျိုးဇင်
ဇွန် ၉ .၂၀၁၅

ကိုနေမျိုးဇင်မှ အမေစုအတွက် မွေးနေ့ဆုတောင်း
လသာမြို့နယ်တရားရုံးမှာ ပုဒ်မ ၁၈ ဖြင့်ရုံးထုတ်အပြီး
၁၂နာရီမိနစ်၄၀

အစိုးရကို ဝေဖန်၍ ရန်ကုန်တိုင်း လွှတ်တော် ဥက္ကဋ္ဌ၏ သတိပေးခြင်းခံရသည့် ဗဟန်းမဲဆန္ဒနယ် လွှတ်တော်အမတ် ဒေါ်ညိုညိုသင်းကို တွေ့ရစဉ်။ (ဓာတ်ပုံ- သက်ကို)

ရန်ကုန်၊ ဇွန် ၁၉ ။ ။ နှစ်ရှည်စီမံကိန်းများကို အကောင်အထည်ဖော်ရန် ဆန္ဒရှိနေသည့် ရန်ကုန်တိုင်းအစိုးရအား ဝေဖန်သည့် အတိုက်အခံအမတ်ကို ဇွန် ၁၉ရက် ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ဥက္ကဋ္ဌက သတိပေးသည်။

အစိုးရသက်တမ်း လပိုင်းသာလိုတော့သည့် ရန်ကုန်တိုင်းအစိုးရအနေဖြင့် လာမည့် ၂၀၄၀ခုနှစ်အထိ အကောင်အထည်ဖော်မည့် စီမံကိန်းများကို လွှတ်တော်၏ ခွင့်ပြုချက်တောင်းခံခြင်းသည် "အစိုးရက လက်ဦးမှုရပြီးတော့ ဘာတွေများ အမြတ်ထုတ်ချင်လို့ လွှတ်တော်ကို တင်လာတာလဲဆိုတဲ့ ပြည်သူလူထုရဲ့ ကြီးမားတဲ့ စိုးရိမ်မှုလည်း ရှိပါတယ်" ဟု ဆွေးနွေးခဲ့သည့် ဒေါက်တာညိုညို သင်းအား သတိပေးခဲ့ခြင်းဖြစ်သည်။

အထက်ပါအတိုင်း ဆွေးနွေးစဉ် လွှတ်တော်ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းက သတိပေးဘဲလ်ကို ချက်ချင်းတီးကာ " ဘာအမြတ်ထုတ်ချင် လဲဆိုတဲ့ စကားလုံး ခင်ဗျားသုံးဖို့ မသင့်ဘူး။ တိကျတဲ့စကားလုံးကိုပဲ သုံးပြီးတော့ လုပ်ပါ။ ဒီစကားလုံးကို လွှတ်တော်မှတ်တမ်းက ပယ်ဖျက်ဖို့ ဆုံးဖြတ်ပါတယ်" ဟု ပြောဆိုခဲ့သည်။

မြေဧကပေါင်း တစ်သိန်းကျော်ပေါ်တွင် ကျပ်ဘီလီယံပေါင်း ရှစ်ထောင်ကျော်(၁ဘီလီယံလျှင် ကျပ်သန်းတစ်ထောင်)ကုန်ကျမည့် မြို့သစ် ၇ခု တည်ဆောက်ရန်ပါဝင်သော ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ "မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်း(၂၀၄၀)" ကို ဆွေးနွေးစဉ် သတိပေးခံရခြင်းဖြစ်သည်။

ထို့ပြင် ပြည်သူလူထုကို ကိုယ်စားပြုပြီး အဆိုပါ စီမံကိန်းအပေါ် ထောက်ပြဆွေးနွေးရသည်ဟု ဒေါက်တာညိုညိုသင်း၏ ဆွေးနွေးမှုကိုလည်း ဦးစိန်တင်ဝင်းက "ခင်ဗျားဟာ ဗဟန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)ကိုပဲ ကိုယ်စားပြုတဲ့လူဖြစ်ပါတယ်။ အဲ့တော့ အကုန်လုံးရဲ့ လူထုကိုယ်စားဆိုတဲ့ စကားလုံး ကိုလည်း မသုံးဖို့ သတိပေးပါတယ်" ဟု ထပ်ဆင့် သတိပေးသည်။

ယင်းနောက် အဆိုပါစီမံကိန်းကို လွှတ်တော်တွင် လျှို့ဝှက်ဆန္ဒမဲဖြင့် မဲခွဲဆုံးဖြတ်ခဲ့ရာ မဲခွဲမှုရလာဒ်အဖြစ် ထောက်ခံမဲ ၁၁၃၊ ကန့်ကွက်မဲ ၂၊ ပယ်မဲ ၁ ဖြစ်သည့်အတွက် စီမံကိန်းကိုအတည်ပြုလိုက်ပြီး ပထမအကြိမ် ရန်ကုန်တိုင်းလွှတ်တော် ဒသမပုံမှန် အစည်းအဝေးကို ရပ်နားလိုက်သည်။

"ဘာအမြတ်ထုတ်စရာများရှိနေလို့ ဒီစီမံကိန်းကို ကိုးလပဲကျန်တော့တဲ့ အစိုးရက အလောတကြီးလုပ်ရတာလဲလို့မေးတာကို ဥက္ကဋ္ဌကြီးက လွှတ်တော်မှတ်တမ်းထဲမှာ မထည့်ချင်ဘူးလေ။ ဒါ အန်တီ့ရဲ့စိုးရိမ်မှုကို မေးတာပါ" ဟု လွှတ်တော်အစည်းအဝေး အပြီး ဒေါက်တာညိုညိုသင်းက သတင်းထောက်များကို ပြောဆိုခဲ့သည်။

http://mizzimaburmese.com/%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8-%E1%80%BB%E1%80%95%E1%80%8A%E1%80%B9%E1%80%90%E1%80%BC%E1%80%84%E1%80%B9%E1%80%B8/article/741

“အရှက်တရားဟူသည် မည်သည့်အရာနည်း။ ရသင့်မရသင့်မစဉ်းစားဘဲ ယူခဲ့သူလား။ ပေးသင့်မပေးသင့် မစဉ်းစားဘဲပေးခဲ့ကြသော တကိုယ်ကောင်းသမား အာဏာပိုင်တွေလား။ အရှက်ဟူသည် ရှက်ရကောင်းမှန်သိသူတွေနှင့်သာ သက်ဆိုင်သောအရာမဟုတ်၊ မဟုတ်တာလုပ်သူအားလုံး ရှိရမည့်အရာ ဖြစ်သည်။”
----- ----- ----- -----

အချို့လူတို့သည် ဖင်ပေါ် ခေါင်းပေါ်ဖြစ်ခြင်းကို အရှက်ဟူ၍ ထင်ကြ၏။ အချို့သူတို့က အလှူအိမ်များတွင် သွား ရောက်စားသောက်ခြင်းကို အရှက်ကင်းမဲ့သောလုပ်ရပ်ဟု ကင်ပွန်းတပ်ကြ၏။ အချို့လူတို့ကား မိမိစိတ်ထဲတွင် ရှိသမျှကို လွတ်လပ်စွာပြုမူပြောဆိုခြင်းများကို အရှက်မရှိခြင်းဟု သတ်မှတ်ကြပြန်၏။ အချို့က မူးယစ်ကခုန် ခြင်းကို အရှက်မရှိခြင်းဟု သတ်မှတ်ကြ၏။ ကျွန်တော်ကတော့ ဤအချက်များကိုအရှက်ဟု မယူဆ။ ဤကိစ္စ များသည် အပေါ်ယံအရှက်တရားများဖြစ်သည်။ မည်သူ့ကိုမှ မထိခိုက်နိုင်သော ကိစ္စများဖြစ်သည်။ တကယ့် အရှက်တရားဟု ကျွန်တော်ယူဆသည်က ကိုယ့်အကျိုးစီးပွားတခုတည်းအတွက် အများပြည်သူအကျိုးစီးပွားကို ဖျက်ဆီးခြင်းဖြစ်သည်။ မိမိအကျိုးအတွက် အများကောင်းကျိုးကို နင်းခြေခြင်းပဲဖြစ်သည်။ ဘယ်သူသေသေ ငတေမာပြီးရောဆိုသည့် စိတ်ဓာတ်များဖြစ်သည်။ မြတ်စွာဘုရားဟောထားသော အရှက်ဆိုသည်မှာ ဟီရိ သြတပ္ပတရားဟုခေါ်သည့် မကောင်းမှုလုပ်ရမည်ကို ရှက်ခြင်းကြောက်ခြင်းတို့ပင် ဖြစ်သည်။ ထိုအခါ လူတို့ သည် တကယ်အရှက်ရှိရဲ့လားဟု ယနေ့ခေတ်အခြေအနေနှင့် ချိန်ထိုးတိုင်းတာ ကြည့်မိလေသည်။

လွန်ခဲ့သော ဆယ့်ငါးနှစ်ခန့်က ဖြစ်သည်။ ဗိုလ်ချုပ်ခင်ညွန့်လက်ထက်ဖြစ်သည်။ စည်ပင်ဝန်ကြီးဌာနသည် တနိုင်ငံလုံးရှိဈေးများကို ကန်ထရိုက်ခရိုနီများနှင့်ပေါင်းပြီး အသစ်ပြန်ဆောက်သော လုပ်ငန်းများကိုလုပ်နေ သည်။ ဈေးအကောင်းကြီးများကိုဖျက်ကာ နှစ်ထပ်ဈေးဟုဆိုကာ အသစ်ပြန်ဆောက်သည်။ ထို့နောက် ဆိုင်ခန်း များကို နှစ်ဆသုံးဆအမြတ်တင်ကာ ရောင်းစားခြင်းဖြင့် အာဏာပိုင်ရော၊ ခရိုနီပါအကျိုးရှိခဲ့ကြသည်။ မူရင်းဈေး သည်များမှာတော့ ကိုယ့်ဆိုင်ခန်းမှ ပြောင်းပေးလိုက်ရပြီး ဈေးပြီးသောအခါ မူလပေါက်ဈေးထက် များစွာပေးကာ အခန်းပြန်ဝယ်ကြရသည်။ အချို့မှာလည်း အရောင်းအ၀ယ်ကောင်းသော မြေညီထပ် ဆိုင်ခန်းမှသည် အရောင်းအ၀ယ်ပါးသော အပေါ်ထပ်ဆိုင်ခန်းများဆီသို့ ရောက်သွားကြသည်။ ဈေးသည်များနှင့် မြို့ခံများအကျိုးမရှိသော်လည်း အာဏာပိုင်များအတွက် ခွင်ကောင်းကောင်းမိနေသဖြင့် တမြို့ပြီးတမြို့ ဈေးများကို တဈေးပြီးတဈေး အသစ်ဆောက်ကြသည်။ ခရိုနီနှင့်အာဏာပိုင်သည် ထောပြီးရင်းထောသည်။ ပွပြီးရင်းပွသည်။ ဈေးသစ်ဆောက်ရန် သူတို့အစီအမံကို မနာခံသောဈေးများသည် အချိန်တိုအတွင်း မီးလောင်ပြာကျသွားတတ်စမြဲဖြစ်သည်။ မီးလောင်ပြီးနောက် မည်သို့မျှ စောဒကတက်၍မရဘဲ ဈေးသစ်စီမံကိန်းကို ဖော်ဆောင်ခဲ့ကြပေ၏။ ထိုစီမံကိန်းသည် တနေ့သောအခါတွင် ပြည်မြို့သို့လည်း ရောက်လာ၏။ ပြည်မြို့ကမ်းနားလမ်းတွင်ရှိသော ဈေးကြီးမှာ အလွန်ကြီးမားစည်ကားသည်။ ဈေးရုံများမှာလည်း သူ့အတန်းလိုက် လေ၀င်လေထွက်အလင်းရောင်မှအစ အသွားအလာကောင်းအောင် စနစ်တကျ တည်ဆောက်ထားသည်။ ထိုသို့ အဘက်ဘက်မှ အဆင်ပြေနေသော ဈေးကြီးကို အာဏာပိုင်တို့သည် ခရိုနီကန်ထရိုက်များနှင့်ပေါင်းကာ ရိုက်စားခွင်တခုပြုလုပ်လာသည်။ လက်ရှိ ဈေးကြီးကို ဖြိုချပြီး နှစ်ထပ်ဈေးသစ်စီမံကိန်းလုပ်မည်ဟု ဈေးသားများကို ခေါ်ပြောသည်။ ခေါ်ပြောခြင်းမှာ သဘောတူညီချက် တောင်းခြင်းမဟုတ်။ အသိပေးခြင်းဖြစ်သည်။ ဈေးသူဈေးသားများက သဘောမတူဟုပြော ကြသည်။ ဤဈေးကြီးမှာ သက်တမ်းလည်း မအိုမင်းသေး၊ အဆောက်အအုံများလည်း ခိုင်ခံ့သေးသည်။ အင်္ဂါရုပ် လည်းကောင်းသည်။ ဘာမှ ပြန်ဆောက်နေစရာမလိုဟု စောဒကတက်ကြသည်။ အာဏာပိုင်တို့ကလဲ ခွင်ရိုက် ထားပြီးဖြစ်သဖြင့် အစည်းအဝေးခေါ်ပြီး မကြာမီမှာပင် ကန်ထရိုက်များကိုခေါ်လာကာ ဈေးထဲတွင် ပန္နက်ရိုက် သည် (အမှန်တော့ ဈေးသူဈေးသားများကို အသိမပေးခင်ကတည်းက အာဏာပိုင်တို့သည် ကန်ထရိုက်နှင့် ညှိပြီး ခွင်ချကာ တခါတည်း ခေါ်လာခြင်းဖြစ်သည်)။ ဈေးသားများက သဘောမတူကြောင်းပြောပြီး အစည်း အဝေးထိုင်ကြသည်။ ဈေးသူဈေးသားများ သဘောမတူ ကန့်ကွက်သောဈေးမှန်သမျှသည် ရေနံချောင်းဈေးကြီး မီးလောင်သလို မီးလောင်ပြာကျသွားတတ်သော နမူနာရှိသဖြင့် မည်သို့လုပ်ကြမည်နည်းဟု တိုင်ပင်ကြ၏။ မီးကင်းစောင့်ရုံမျှဖြင့် မလုံလောက်သောကြောင့် အားလုံးညီညွတ်ကြလျှင် ဈေးကြီးကို မူလညနေပိုင်း ၅ နာရီ တွင် ဈေးပိတ်သော်လည်း မပိတ်ဘဲ တညလုံးဆက်လက်ရောင်းချရန်၊ ၂၄ နာရီဈေးဆိုင်များဖွင့်လှစ်ပြီး ဆန္ဒပြရန် ဆုံးဖြတ်လိုက်ကြသည်။ ဤသို့ဖြင့် စစ်အစိုးရလက်ထက်က ထူးထူးခြားခြား အာဏာဖီဆန်ပွဲကြီး ပြည်မြို့၌ ဖြစ်ပွား၏။ ဈေးသားများသည် ဈေးပိတ်ချိန်ရောက်လျှင် အိမ်မပြန်ဘဲ ဆက်လက်ရောင်းချကာ ဈေးတွင်ပဲ ညအိပ်ကြ၏။ ရေရှည်တွင် အာဏာပိုင်များကို အန်တုဖက်ပြိုင်ဖို့ ခက်ခဲလာမည်ကိုသိသဖြင့် ပြည်မြို့ပေါ်ရှိ ဆရာတော်၊ သံဃာတော်များကို အဖြစ်မှန်အား သွားရောက်လျှောက်ထား အကူအညီတောင်း၏။ ထိုအချိန်တွင် နှစ်စဉ်ကျင်းပ မြဲဖြစ်သည့် ပြည်မြို့တောရကျောင်းများ ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ ဗိုလ်ချုပ်ခင်ညွန့်သည် နောက်လိုက်နောက်ပါများနှင့်ရောက်ရှိလာ၏။ ထိုဆွမ်းဆန်စိမ်းလောင်းပွဲတွင် ဆရာတော်သံဃာတော်များက ပြည်မြို့ဈေးကြီးသည် တမြို့လုံး၏အားထားရာ ထမင်းအိုးကြီးဖြစ်ကြောင်း၊ ထိုဈေးကြီးကိုအမှီပြု၍ ဒကာဒကာမများစွာ စီးပွားရှာအသက်မွေးရကြောင်း၊ ရဟန်သံဃာများမှာလည်း ဒကာဒကာမများ၏ ထောက်ပံ့လှူဒါန်းမှုအပေါ် ရပ်တည်နေရပါကြောင်း၊ ဈေးကြီးမှာလည်း ခိုင်ခိုင်မာမာရှိနေသေးသဖြင့် အသစ်ဆောက်ဖို့မလိုသေးပါကြောင်း၊ ဈေးဟောင်းဖျက်၍ ဈေးသစ်ဆောက်မည်ဆိုသဖြင့် ပြည်သူအများ စိတ်ဆင်းရဲနေပါကြောင်း၊ ထိုစီမံကိန်းကို တားဆီးပေးစေလိုကြောင်း မိန့်ကြားကြပါသည်။ ထိုအခါ ဗိုလ်ခင်ညွန့်က မည်သို့အမိန့်ပေးလိုက်သည်မသိ၊ ဈေး ကြီးကိုဖျက်၍ အသစ်ဆောက်မည့်စီမံကိန်း ရပ်တန့်သွားပါသည်။ ထိုအဖြစ်အပျက်တွင် ရှက်တတ်ပါက ခရိုနီ နှင့်ပေါင်းကာ မြို့ကိုဒုက္ခပေးရန်ကြံခဲ့သူများ ကိုယ့်ကိုယ်ကိုယ် သတ်သေလောက်အောင် ရှက်သင့်ပါသည်။ ယခု သော် အနေမပျက် အစားမပျက်ကြပေ။ အရှက်ဆိုသည်မှာ ဘာကိုခေါ်သလဲဟု မေးရမလိုဖြစ်နေပေသည်။ ထိုကိစ္စတွင် ဗိုလ်ခင်ညွန့်သည် ပြည်မြို့တွင် အမှတ်တမှတ်ရရှိသွား၏။ ကျွန်တော့်အမြင်တွင်တော့ ဤကိစ္စများ သည် သူ့တပည့်များ ဆောင်ရွက်ကြသည်ဖြစ်စေ တပြည်လုံးတွင် ရိုက်စားခွင်ချနေကြခြင်းမှာ သူခွင့်ပြုထား သောကြောင့်သာဖြစ်ရမည်ဟု တွေးမိသဖြင့် သိပ်တော့ကျေးဇူးမတင်မိပါ။ နောက်ထပ် ရိုက်စားခွင်တခုကိုလည်း ပြောပါဦးမည်။

ပြည်မြို့ကမ်းနားလမ်း ဟိန္ဒူဘုရားကျောင်းဘေးတွင် မြစ်ရှုခင်းကို မြင်နိုင်သော မြေကွက်လပ်တခုရှိသည်။ ခေတ်အဆက်ဆက် ထိုမြေကွက်လပ်ကို မည်သူကမျှမျက်စောင်းမထိုးခဲ့။ တဦးတယောက်ပိုင်ရယူဖို့ စိတ်ကူး ထဲမှာမထည့်ခဲ့။ ရက်စက်ကြမ်းကြုတ်လှသော ဂျပန်ခေတ်မှာပင် ထိုမြေနေရာသည် အများပိုင်ဖြစ်ခဲ့သည်။ ချစ်တီးများ မြေသိမ်းယာသိမ်းနေသောခေတ်မှာပင် ထိုမြေသည် ကွက်လပ်ကျန်ခဲ့သည်။ သို့သော် ဖက်ဆစ် ဂျပန်နှင့် ချစ်တီးကုလားထက်ဆိုးသောခေတ်သို့ ရောက်လာခဲ့လေသည်။ နအဖစစ်အစိုးရလက်ထက်တွင် ဦးထိုင်ထိုင်ဆိုသော ပြည်မြို့မှ တရုတ်သူဌေးတယောက်သည် အာဏာပိုင်များနှင့်ပေါင်းပြီး ထိုနေရာကို မြေဂရန် လျှောက်ယူလိုက်၏။ အာဏာပိုင်တို့နှင့် မည်သို့အပေးအယူလုပ် လိုက်သည်မသိ။ ဒွတ္တဘောင်မင်းကြီး လက်ထက် (အေဒီ ခြောက်ရာစု)လောက်ကတည်းက အများပိုင်အဖြစ်ရှိခဲ့သော ထိုနေရာသည် နအဖအစိုးရ လက်ထက်တွင် တရုတ်တယောက်ပိုင်ဆိုင်သွားလေပြီ။ ထိုသူသည် သူရလိုက်သောမြေကွက်ပေါ်တွင် အခိုင်အမာ ကွန်ကရိအဆောက်အအုံကြီးဆောက်လိုက်ခြင်းဖြင့် ကမ်းနားလမ်းတွင် လမ်းလျှောက်သူတို့သည် မြစ် ရှုခင်းကို မမြင်ရတော့ပေ။ အရှက်တရားဟူသည် မည်သည့်အရာနည်း။ ရသင့်မရသင့်မစဉ်းစားဘဲ ယူခဲ့သူလား။ ပေးသင့်မပေးသင့် မစဉ်းစားဘဲပေးခဲ့ကြသော တကိုယ်ကောင်းသမား အာဏာပိုင်တွေလား။ အရှက်ဟူသည် ရှက်ရကောင်းမှန်သိသူတွေနှင့်သာ သက်ဆိုင်သောအရာမဟုတ်၊ မဟုတ်တာလုပ်သူအားလုံး ရှိရမည့်အရာ ဖြစ်သည်။ ယခုအခါ ပုဒ်မ(၁၈)ဖြင့် ထောင်ကျနေသော တက်ကြွလှုပ်ရှားသူ ရှေ့နေဦးမြင့်အေးက ပြောသည့် စကားမှာ မှတ်သားစရာကောင်းသည်။

''ခရိုနီတယောက်က ဂရန်လျှောက်လို့ ကမ်းနားက အများပိုင်မြေတကွက်ကို ဂရန်ချပေးတယ်ဆိုရင် ဒီနေရာ ကနေ ကမ်းနားတလျှောက် ရွှေတောင်မြို့အထိ ကျွန်တော်ဂရန်လျှောက်ချင်တယ်။ ခင်ဗျားတို့ ချပေးမလား''

ထိုသို့မေးခဲ့သော ကိုမြင့်အေး ထောင်ထဲရောက်သွားသည်။ မြို့မြေကို ကာကွယ်ရန်၊ ဧရာဝတီမြစ်ရှုခင်း ပျက်သုဉ်းရခြင်းကိုကာကွယ်ရန် ပြည်မြို့ခံများ၊ ဧရာဝတီချစ်သူများအဖွဲ့၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသူများ အဖွဲ့စသည်ဖြင့် တမြို့လုံးဆန္ဒပြကန့်ကွက်ခဲ့သော်လည်း ခရိုနီက အောင်ပွဲခံခဲ့သည်။ ယခုအခါ ထိုနေရာကို ဧရာဦးခန်းမအဖြစ် ငွားငွားစွင့်စွင့် တွေ့မြင်နိုင်ပါ၏။ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ကိုယ်တိုင် ကန့်ကွက် သော်လည်း အရာမထင်ခဲ့သဖြင့် အထက်ပိုင်းအထိ အတော်ပေါက်ရောက်သော တရုတ်တယောက်ဟုသာ မှတ်ယူရတော့မည်။ ဤသည်ကား အရှက်မရှိလုပ်ခဲ့ကြသော အကွက်များစွာထဲမှ နမူနာတကွက်ပင်ရှိပါသေး သည်။

ထိုနမူနာသည် ခရိုနီနှင့် စစ်အာဏာရှင်များကို သွားရည်တများများကျစေ၏။ ဦးထိုင်ထိုင်၏ မြေဂရန်ရယူနည်း အောင်မြင်သွားသောအခါ နောက်ထပ်ရယူလိုသူတို့လည်း တဖွားဖွားပေါ်ပေါက်လာပေ၏။ ကမ်းနားလမ်း တလျှောက် မြေကွက်များကို မိဘသေသဖြင့် အမွေရလိုက်သောသားသမီးများသဖွယ် ခရိုနီနှင့်အာဏာပိုင် တို့သည် ခွဲစိတ်ဝေခြမ်းကြပေတော့၏။ ပြည်ခရိုင်အေးချမ်းဖြိုးကောင်စီ၏ ၃၀-၁-၂၀၀၁ နေ့စွဲပါ စာအမှတ် ၃/၄၃-၁/ဦး ၆(-)အရ မြို့နယ်မြေစာရင်းဦးစီးဌာနမှူးမှ ဂရန်လျှောက်ရန်ခွင့်ပြုခဲ့ကြောင်း သိရသည်။ ဂရန် လျှောက်ခွင့်ရသွားသူတို့မှာ စစ်ဗိုလ်ချုပ်ကြီးများ၏ ဆွေမျိုးတော်စပ်သူများ၊ ပေးနိုင်ကမ်းနိုင်နီးစပ်ပတ်သက်သူ ခရိုနီနှင့်အာဏာပိုင်များသာဖြစ်သည်။ ပြည်မြို့ကမ်းနားလမ်းတွင် ယခုအခါ ဂရန်ရသူများက အဆောက်အအုံ ဆောက်ရန်အုတ်များ၊ ကျောက်များပင်ချနေကြလေပြီ။ ထိုသူများလက်သို့သာ ကမ်းနားလမ်းမှ မြေလွတ်မြေရိုင်း အားလုံးကျရောက်သွားပါက မြို့သူမြို့သားနှင့် ပြည်မြို့သို့လာလည်သော ဧည့်သည်များမှာ ဧရာဝတီမြစ်ရှုခင်း၊ တောတောင်ရှုခင်းနှင့် ရွှေဘုံသာဘုရားရှုခင်း၊ ဖိုးဦးတောင်ရှုခင်းကိုပင် ကမ်းနားမှ ကြည့်နိုင်မြင်နိုင်တော့မည် မဟုတ်ပေ (ယခုပင်လျှင် ဧရာဦးခန်းမကြောင့် မြစ်ရှုခင်းမြင်ကွင်းပိတ်နေချေပြီ)။ လူ့ကျင့်ဝတ်အရ ဤမြေနေရာ များမှာ လူထုအားလုံးနှင့်ဆိုင်သော နေရာဖြစ်သည်။ လူတစုအတွက် ဂရန်ချထား ပေးခြင်းကား လူ့ကျင့်ဝတ်အရ မလုပ်သင့် မလုပ်အပ်သော ရှက်ဖွယ်ကိစ္စသာဖြစ်ပေသည်။ ပေးသူကလည်း အရှက်မရှိ၊ ယူသူကလည်း အရှက် မရှိသော နိုင်ငံပိုင်မြေကို ပုဂ္ဂလိကပိုင် (ငါပိုင်)လုပ်ကြခြင်းဖြစ်၍ အရှက်အကင်းမဲ့ဆုံးလုပ်ရပ်များစာရင်းတွင် ထည့်သွင်းသင့်ပေသည်။ ပြည်မြို့ ကမ်းနားလမ်းမြေဂရန်လျှောက်ကာ အပိုင်သိမ်းခြင်းကိစ္စသာ အောင်မြင်သွား လျှင် ထိုကိစ္စမှာ ရှေ့ဆောင်လမ်းပြဖြစ်သွားကာ မြန်မာတပြည်လုံးရှိ မြို့အသီးသီး၏ ကမ်းနားလမ်းများမှာလည်း ခရိုနီနှင့် အာဏာရှင်လက်အောက်သို့ ကျရောက်မည့်အန္တရာယ် အလွန်ကြီးမားသွားပြီဖြစ်သည်။ နောင်သော အခါ ရန်ကုန်မြို့တွင်ပင် ကမ်းနားကိုမမြင်ရဘဲ ပျောက်ကွယ်သွားသောဖြစ်ရပ်များ ပေါ်ထွန်းလာပေမည်။ လူထု သည် မြစ်ရှုခင်းကို မြင်လိုတွေ.လိုလျှင် သူတို့ပိုင်ဆိုင်သော မြေကွက်ထဲသို့ ငွေပေးပြီးဝင်ကြည့် ရမည့်အပေါက် မျိုးဖြစ်ပေသည်။ ရှက်တတ်လျှင် ပါဝင်ပတ်သက်သူအားလုံး ကိုယ့်မျက်နှာကိုယ် ဓားနှင့်လှီးချင်လောက်အောင် ရှက်ဖွယ်လိလိဖြစ်သည်။

ဤကဲ့သို့ကိစ္စများကား မြန်မာတပြည်လုံးတွင် မရေမတွက်နိုင်လောက်အောင် ဖြစ်ပေါ်ခဲ့၊ ဖြစ်ပေါ်ဆဲ၊ ဖြစ်ပေါ်နေ ဦးမည့်ကိစ္စများဖြစ်သည်။ မြေစာရင်းဦးစီးဌာန၊ မြို့နယ်၊ ခရိုင်၊ တိုင်းနှင့် ပြည်နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုး ရေးကောင်စီ၊ ယခုအခါ အုပ်ချုပ်ရေးမှူးရုံး၊ စည်ပင်သာယာ စသည့်ဌာနများသည် ပြည်သူလူထုကို ၀န်ဆောင်မှု ပေးရမည့်ကိစ္စမျာတွင် အာရုံမရောက်၊ စိတ်မ၀င်စား၊ ခရိုနီနှင့်အာဏာပိုင်တို့အကျိုးကိုသာ စွမ်းစွမ်းတမံဆောင် ရွက်ရင်း ခွင်ရိုက်ခဲ့ကြ၊ သူဌေးဖြစ်ခဲ့ကြ၊ အမွေခွဲသလို ယူခဲ့ကြသည်မှာ အော့နှလုံးနာစရာဖြစ်သည်။

ထိုသို့ ဝေသာလီပြည် ဘီလူးစီးသလို မြေယာများကိုခွဲဝေယူနေကြသော်လည်း တဖက်တွင်နေစရာမရှိ၍ ရရာ မြေနေရာများတွင် ကျောတခင်းစာအတွက် ဖြစ်သလိုနေနေရသော ဆင်းရဲသားကျူးကျော်များကို နှိမ်နှင်းပုံမှာ လည်း ရှက်တတ်လျှင် ရှက်ဖို့ကောင်းပါသည်။ မကြာသေးမီကပင် မင်္ဂလာဒုံမြို့နယ်၊ ရွှေပေါက္ကံစက်မှုဇုန်အနီးရှိ ဆင်ဖုံရွာသားများကို ဇွန် ၁၃ ရက်နေ့က လူအင်အား ၃၀၀ ခန့်ရောက်ရှိလာပြီး မြေယာအငြင်းပွားမှုနှင့် ရင်ဆိုင် နေရသော ရွာသားများအား (သူတို့အခေါ် ကျူးကျော်နေထိုင်သူများအား) တုတ်၊ ဓားများဖြင့် လိုက်လံရိုက်နှက် ခုတ်ထစ်ခဲ့ကြောင်း၊ ဇွန်လ ၁၂ ရက်နေ့ကလည်း လူအုပ်ဖြင့်ရောက်လာပြီး အိမ်များကို ဘူဒိုဇာဖြင့်ထိုး၊ လူများကို လေးခွများဖြင့် ပစ်ခတ်သောကြောင့် လူအများ ဒဏ်ရာရကြကြောင်းသိရသည်။ မြေယာအရှုပ်အရှင်းကိုတော့ ကျွန်တော်မသိပါ။ သို့သော် မြန်မာနိုင်ငံတွင် လူမိုက်ဂိုဏ်းများတရားဝင် ဖွဲ့စည်းခွင့်၊ အသုံးပြုခွင့်ရသွာပြီလား (တရားဝင်ခွင့်ပြုလိုက်ပြီလား)ဟု သက်ဆိုင်ရာကို ဥပဒေရှုထောင့်အရ မေးမြန်းလိုပါသည်။ လူငါးယောက်၊ ဆယ် ယောက် စသည်ဖြင့် စုပေါင်းလက်နက်ကိုင်ဆောင်ပါက ဓားပြဂိုဏ်းအဖြစ် ဖမ်းဆီးအရေးယူခံရနိုင်သော်လည်း လူ ၂၀၀/ ၃၀၀ ခန့် လက်နက်ကိုင်ဆောင်၍ နေ့ခင်းကြောင်တောင် တိုက်ခိုက်ကြခြင်းကို တရားဝင်သဖွယ် ရန်ကုန်မြို့တွင် ခွင့်ပြုထားခြင်းကား ဥပဒေစိုးမိုးရေး၊ တရားဥပဒေအထက်တွင် ဘယ်သူမှမရှိဆိုသည့်သူများကို ပျက်ရယ်ပြုနေ၍ ရှက်ဖွယ်လိလိဖြစ်နေပါသည်။ ကျွန်တော်တို့နိုင်ငံတွင် ရှက်စရာကို မရှက်၊ မရှက်ရမည့်အရာ ကို ရှက်နေတတ်တာ အနာဆိုးတခုသဖွယ် အမြစ်တွယ်နေပြီဖြစ်သည်။ တကယ်တော့ ဆင်းရဲတာသည် ရှက် စရာမဟုတ်၊ နေစရာမရှိ၍ ကျူးကျော်နေထိုင်ခြင်းသည် ရှက်စရာမဟုတ်၊ အ၀တ်အစားပြောင်ပြောင်ရောင် ရောင်မ၀တ်နိုင်ခြင်းသည် ရှက်စရာမဟုတ်။ ကိုယ်ပိုင်ကားကောင်းကောင်းမစီးနိုင်ခြင်းသည် ရှက်စရာမဟုတ်၊ မြေဧကပေါင်းများစွာ မပိုင်ဆိုင်ရခြင်းသည် ရှက်စရာမဟုတ်။ မိမိအကျိုးအတွက် တိုင်းပြည်ကိုရောင်းစားခြင်း သည်သာ ရှက်စရာဖြစ်သည်။ ဘယ်သူသေသေ ငတေမာပြီးရောဟူသည့် စိတ်ဖြင့် ကိုယ့်အတွက်ပဲ တကိုယ် ကောင်း စိတ်ဖြင့် ကဲ့ယူကြတာရှက်စရာဖြစ်သည်။

သဘာဝပတ်ဝန်းကျင်ကြီးဖြစ်ချင်တာဖြစ် ငါ့အတွက်ကျန်ရင် အများဘာပဲဖြစ်ဖြစ် ငါလုပ်မည်ဟူသော အောက်တန်းစား စိတ်ဓာတ်များသည် ရှက်စရာဖြစ်သည်။ မကောင်း မှုလုပ်ရမှာကို ရှက်ခြင်း၊ ကြောက်ခြင်းမရှိတော့ခြင်းသည် ရှက်စရာဖြစ် သည်။ အဆုံးစွန်ဆိုရလျှင် ရှက်စရာကို ရှက်စရာဟုမသိလောက်အောင် အတ္တ၊ မာန၊ အ၀ိဇ္ဇာများ ဖုံးလွှမ်းနေသော အရာရာကိုငါပိုင်သည်ဆိုသည့် ဘနဖူးသိုက်တူးချင်သည့်စိတ်ကသာ ရှက်စရာအစစ်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။ လူသည် မသေခင် မြေဧကပေါင်းများစွာ ပိုင်ချင်ပိုင်နိုင်သော်လည်း သေသောအခါ ကံကောင်းပါမှ ခြောက်ပေ၊ နှစ်ပေ မြေကွက်တခု ပိုင်ဆိုင်ရမည်ဖြစ်သည်။ ထို့ကြောင့် မသေခင် ကမ္ဘာကြီးကို အတောမသတ်မဖျက်ဆီးအပ်။ ကိုယ်ပဲပိုင်ရမည်ဟု လက်ဝါးကြီးမအုပ်အပ်။ ဤကမ္ဘာမြေကြီးသည် ဘိုးဘွားများထံမှ အမွေရလိုက်ခြင်းမဟုတ်၊ နောင်လာနောက် သားတို့ထံမှ ခေတ္တငှားယူထားခြင်းသာဖြစ်သည်ဆိုသော စကားကို သတိချပ်သင့်လှ၏။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

dawkhinwin-620 လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ သေနတ်မှန်ပြီးသေဆုံးခဲ့တဲ့ တောင်သူ ဒေါ်ခင်ဝင်း အမှုကိုဖော်ထုတ်ပေးဖို့ ရန်ကုန်မြို့ ဆူးလေဘုရားရှေ့ကနေ တရုတ်သံရုံးရှေ့အထိ ဇန်နဝါရီလ ၁ ရက်နေ့က လမ်းလျှောက်ဆန္ဒဖော်ထုတ်ကြစဉ်
Photo: Kyaw Zaw Win/RFA

စစ်ကိုင်းတိုင်းဒေသကြီး လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ သေနတ်မှန်ပြီးသေဆုံးခဲ့ တဲ့ တောင်သူ ဒေါ်ခင်ဝင်း အမှုကိုဖော်ထုတ်ပေးဖို့ ဆန္ဒပြခဲ့ကြသူ ၃ ဦးကို ဒဂုံမြို့နယ်တရားရုံးက ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၄ လစီ ချမှတ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမရှေ့ကနေ တရုတ်သံရုံးရှေ့အထိ လမ်းလျှောက်ဆန္ဒပြခဲ့ရာ မှာ ပါဝင်ခဲ့တဲ့ ဦးဘမြင့်၊ ကိုဌေးအောင်နဲ့ ကိုစိုးအောင်တို့ကို ပြစ်ဒဏ်ချမှတ်လိုက်တာဖြစ်ကြောင်း အမိန့်ချခံရသူ ကိုဌေးအောင်က ပြောပါတယ်။

"၁ ရက် ၁ လ ၁ နာရီပေါ့၊ တစ်သုံးလုံး လှုပ်ရှားမှုဆိုပြီးတော့ လက်ပံတောင်းမှာ ဒေါ်ခင်ဝင်း သေဆုံးမှုကို အမှုမှန်ဖော်ထုတ်ပေးဖို့ ဆန္ဒပြတာလေ တရုတ်သံရုံးရှေ့မှာ၊ အဲ့ဒီမှာ အစ်ကိုရယ်၊ ဦးဘမြင့်ရယ်၊ ဦးစိုးအောင် ရယ် ၃ ယောက်ပေါ့၊ အဲ့ဒါကို ဒဂုံမြို့နယ်တရားရုံးက ပုဒ်မ ၁၈ နဲ့ တရားစွဲပြီးတော့ ဒီနေ့မှာတော့ တစ်ယောက် ကို ၄ လစီ နောက်ဆုံးအမိန့်ချတယ်ပေါ့၊ ဒါပေမယ့် ဒီနေ့ရဲ့ထပ်ထူးခြားတာက ကျန်တဲ့ပြီးခဲ့တဲ့အမှုတွေမှာ အစ်ကိုတို့ ၃ လပေါ့၊ ၃ လနဲ့လာခဲ့ပေမယ့် ဒီနေ့ ဒဂုံတရားရုံးမှာတော့ နည်းနည်းထူးခြားဖြစ်စဉ်ပေါ့ ၄ လအထိ အမိန့်ချမှတ်ခံရတယ်"

အဲ့ဒီအထဲက ဦးဘမြင့်ကို ကျောက်တံတား၊ ပန်းပဲတန်း၊ လသာ၊ အလုံ၊ ဒဂုံနဲ့ လမ်းမတော် စတဲ့မြို့နယ် ၆ ခုက တရားစွဲထားတာဖြစ်ပြီး၊ ၅ မြို့နယ်က အမိန့်ချခဲ့ပြီးဖြစ်ရာမှာ စုစုပေါင်းထောင်ဒဏ် ၂ နှစ်နီးပါး အကျဉ်းကျခံ ရမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီးမှာ ဒေသခံတွေက ဆန္ဒပြ ရာမှာ လုံခြုံရေးတွေဘက်က သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် မိုးကြိုးပြင်အလယ်ရွာသူ ဒေါ်ခင်ဝင်း သေဆုံးခဲ့ရ တာဖြစ်ပါတယ်။

RFA
http://www.rfa.org/burmese/news/china-embassy-protest-activists-jailed-06192015111318.html

 bangladesh-refugees-200-620 ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရွှေ့ပြောင်းဒုက္ခသည်များကို မေလ ၂၃ ရက်နေ့က အလယ်သံကျော်ကျေးရွာမှာ တွေ့ရစဉ်

ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမြို့နယ်ခွဲမှာ ယာယီကယ်တင်ထားတဲ့ လှေစီးဒုက္ခသည် ၂ဝဝ ထဲက နောက်ထပ်ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃၇ ဦးကို ဒီနေ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထံ လွှဲပြောင်းပေးလိုက်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပြောပါတယ်။

ကျန်တဲ့ လှေစီးဒုက္ခသည်တွေကို ဆက်လက်စိစစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံက သူတို့နိုင်ငံသားဖြစ်ကြောင်း အတည်ပြု လာရင် ထပ်မံလွှဲပြောင်းပေးသွားမှာဖြစ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးကော်မတီဥက္ကဌ ဦးလှသိန်းက ပြောပါတယ်။

"၁၁ နာရီ ၁၅ မှာလွှဲတယ်၊ ဟိုဘက်က လက်ခံတဲ့ဟာက ဘီဂျီဘီ တပ်ရင်း ၁၇ က ဒုတပ်ရင်းမှူး အမ်မရာ၊ ကျနော်တို့ ၁၁ နာရီ ၁၅ ကလွှဲပြီးသွားပြီ ၃၇ ယောက် ကျန်တဲ့လူတွေ၊ အခုလိုပဲ စိစစ်နေတာပေါ့ ကျနော်တို့ဆီ ကတော့ပြီးသွားပြီ စာရင်းဇယားပြုစုပြီးတော့ ဘင်္ဂလားဒေရှ့်ကိုပို့ထားတယ်"

ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့က မောင်တောမြို့နယ် မြန်မာရေပိုင်နက်အတွင်းမှာတွေ့ရှိတဲ့ လှေစီးဒုက္ခသည် ၂ဝဝ ထဲက ၁၅ဝ ကို ဇွန်လ ၈ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံထံ လွှဲပြောင်းပေးခဲ့ပြီး ဒီနေ့ ဒုတိယအကြိမ် ၃၇ ဦးကို ထပ်မံလွှဲပြောင်းပေးတာဖြစ်ပါတယ်။

ဒါ့အပြင် ဒုတိယအသုတ်အဖြစ် မေလ ၂၉ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်အတွင်းက ဖမ်းဆီးရမိထားတဲ့ လူ ၇ဝဝ ကျော်ထဲက ဘင်္ဂလားဒေ့ရှ်နိုင်ငံသား လူ ၅၄ဝ ကျော်စာရင်းကိုလည်း ဘင်္ဂလားဒေ့ရှ်ဘက်ကို ပေးပို့ထားပါတယ်။

အဲ့ဒီ လှေစီးဒုက္ခသည်တွေထဲမှာ ရခိုင်ပြည်နယ် စစ်တွေ၊ မြောက်ဦး၊ ပေါက်တော၊ မင်းပြား စတဲ့မြို့နယ်တွေက မြို့ခံ ၅ဝ ကျော်ပါပြီး အဲ့ဒီလူတွေကို အငူမော်ဆိပ်ကမ်းကနေတစ်ဆင့် သူတို့ရဲ့မူလနေရာအသီးသီးကို မနက်ဖြန် ပို့ဆောင်မယ်လို့လည်း သိရပါတယ်။

RFA
http://www.rfa.org/burmese/news/bangladesh-boat-refugees-transfer-06192015114133.html

“ မြစ်ကုန်ကူးခံ - ရာဇဝင်များရဲ့သတို့သမီးနဲ့ ရှမ်းကုန်းမြေမြင့်ရဲ့ အရိုင်းပန်း မနွမ်းရလေအောင်”

အခုလပိုင်းရက်ပိုင်းအတွင်းမှာ မြန်မာပြည်သူတွေ အပြင်းအထန်ဆန့်ကျင်ခဲ့ကြလို့ ခေတ္တရပ်ဆိုင်းထား ရတဲ့ မြစ်ဆုံဆည် တည်ဆောက်ရေးကို တရုတ်ပြည်ကစကားခေါ်ပြီး ပြန်စဖို့တာစူနေုပြန်ပြီ။ သံလွင် မြစ်ပေါ်မှာလည်း မိုင်းတုံရေအားလျှပ်စစ်ဆည် (ယခင်တာဆန်းရေကာတာ) အပါအဝင်ဆည်တွေ အများကြီး ဆောက်မဲ့စီမံကိန်းတွေကို ရှမ်းပြည်သူတွေ၊ ကရင်ကယားဒေသခံတွေက ဆန့်ကျင်နေပါ လျှက်နဲ့ လက်ရှိအစိုးရနဲ့ လွှတ်တော်က မသိခြင်ယောင်၊ မကြားခြင်ယောင်ဆောင်နေကြတယ်လေ။

မြစ်တွေကိုတားပြီး ဆည်တွေဆောက် လျှပ်စစ်ထုတ်တဲ့နည်းဟာ ရမဲ့အကျိုးအမြတ်ထက် ဂေဟစနစ် ကိုပျက်ဆီးမှု့ကစလို့ ရှားပါးမျိုးစိတ်သက်ရှိဇီဝတွေမျိုးတုံးမဲ့အရေး၊ ဒေသခံတွေရဲ့ အသက်မွေးဝမ်း ကြောင်းဘဝထိခိုက်မှု့၊ ရှေးအမွေအနှစ်ဟောင်းတွေဆုံးပါးရမဲ့အရေးစတဲ့ ဆိုးကျိုးတွေတသီတသန်း ကြီးမို့ တခြားရွေးစရာလမ်းမရှိတော့မှ စဉ်းစားရမှာပါ။
ဒီနှစ်ပိုင်းတွေမှာ လူကုန်ကူးမှု့ ( Human Trafficking ) ဆိုတဲ့စကားလုံးဟာ တကမ္ဘာလုံးမှာ ကျယ် ကျယ်လောင်လောင်ကြားလာရတယ် ။ အထူးသဖြင့်စီးပွားရေးဖွံ့ဖြိုးမှု့ နိမ့်ကျကျန်ရစ်တဲ့ နိုင်ငံတွေက အားကိုးရာမဲ့လူသားတွေကို အလုပ်အကိုင်အတွက် အကြောင်းပြပြ မသိနားမလည်မှု့ အပေါ် အခွင့် ကောင်းယူပြီး လိမ်ညာလှည့်ဖျားလို့ဖြစ်စေ ချမ်းသာတဲ့နိုင်ငံတွေဆီ အခကြေးငွေယူပြီး ရောင်းစား ကြတာကြောင့် လူကုန်ကူးတယ်ဆိုတဲ့ စကားလုံးအသစ်ပေါ်လာရတာမဟုတ်လား ။

တိုင်းပြည်ကိုတိုးတက်ကြီးပွားအောင် မအုပ်ချုပ်နိုင်တဲ့ အရည်ချင်းနိမ့်ကျပြီး၊ စိတ်ဓါတ်ကောင်းတွေနဲ့ မပြည့်စုံတဲ့သူတွေ အနိုင်ကျင့်ဗိုလ်လုပ်နေတဲ့ တိုင်းပြည်မှာ အလုပ်အကိုင်တွေရှားပါး စီးပွားရေးနဲ့  အသက်ရှင်ရပ်တည်ရေးအတွက် အဆင်မပြေကြတော့ ဆင်းရဲသားပြည်သူတွေဟာ ဘ၀ထွက်ပေါက် ရှာရင်း သူများဆီကျွန်ခံရ၊ အလိုမတူဘဲလိင်အလုပ်သမားတွေဖြစ်ကြရစတဲ့ အဖြစ်ဆိုးတွေနဲ့ ကြုံလို့  အခန့် မသင့်ရင် အသက်တောင်ကုန်ကြရတာမဟုတ်လား။

အဲ့ဒီလိုပါဘဲ တိုင်းသူပြည်သားတွေအလိုမတူဘဲ မြစ်ချောင်းတွေကို ဆည်ဖို့ဖြတ်တားပြီး ရေအား လျှပ်စစ်ထုတ်ရောင်းစားတာကို မြစ်ကုန်ကူးတဲ့ ရာဇဝတ်မှု့ (River Trafficking)လို့ နံမည်တပ်ခြင် တယ်။ မြစ်ကုန်ကူးခံရတဲ့ မြစ်ဟာ မြစ်ကောမြစ်ကန်းကြီးဖြစ်ပြီး လူလုပ်ကပ်ဘေးကြောင့်ဘ၀ပျက် ဒုက္ခရောက်သွားနိုင်တယ်လေ။
တကယ်တော့ လျှပ်စစ်ဓါတ်အားထုတ်ဖို့ဆိုတာ ရှမ်းကုန်းမြေမြင့်ရဲ့ အရိုင်းပန်းနဲ့တူတဲ့ သံလွင်မြစ်နဲ့ ရာဇဝင်များရဲ့ သတို့သမီး ဧရာဝတီတို့ကို အပျိုရည်ဖျက်စရာမလိုဘဲထုတ်နိုင်တဲ့နည်းလမ်းတွေ အများ ကြီးရှိပါတယ် ။

လေအားလျှပ်စစ် (Wind power)၊ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ် (Solar power)၊ အနုမြူစွမ်း အင်သုံးလျှပ်စစ် (Nuclear power) လောင်စာဆီစွမ်းအင်သုံး လျှပ်စစ် ( Oil fired steam turbine )၊ သဘာဝဓါတ်ငွေ့စွမ်းအင်သုံးလျှပ်စစ် ( Gas turbine )၊ အမှိုက်မီးရှို့စွမ်းအင်သုံးလျှပ်စစ် ( Waste-to-energy plant )၊ ကျောက်မီးသွေးစွမ်းအင်သုံးလျှပ်စစ် ( Charcoal steam turbine) ၊ ပင်လယ်ရေ ဒီလှိုင်းစွမ်းအင်သုံးလျှပ်စစ် (Tidal stream & wave power generator)၊ မြေအပူအားသုံးလျှပ်စစ် (Geothermal steam turbine) စသည်ဖြင့်ရှိပါတယ်။
ရေအားလျှပ်စစ် (Hydro power) နဲ့ ကျောက်မီးသွေးစွမ်းအင်သုံးလျှပ်စစ်(Charcoal steam turbine) ၊ လောင်စာစွမ်းအင်သုံးလျှပ်စစ် ( Oil fired steam turbine ) ထုတ်လုပ်မှု့တွေဟာ သဘာဝပတ်ဝန်း ကျင်ကို ထိခိုက်မှု့အများဆုံးပေးတာမို့  တခြားရွေးစရာလမ်းမရှိတော့မှ ရွေးသင့်ပါတယ်။ အနုမြူစွမ်းအင်သုံးလျှပ်စစ် (Nuclear power) ကလည်းသိကြတဲ့အတိုင်း အန္တရာယ်ကြီးပါတယ်။

(လျှပ်စစ်မီးရောင်များနှင့်ကမ္ဘာကြီးရဲ့ညရှု့ခင်း)
နိုင်ငံတနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှု့ကိုတိုင်းတာတဲ့အချက်တွေထဲမှာ လျှပ်စစ်စွမ်းအားသုံးစွဲမှု့ပမာဏ လည်းတချက်အပါအဝင်ဖြစ်တယ်။ အာရှရဲ့ကျားတကောင်ဖြစ်တဲ့ စကာင်္ပူရဲ့ လျှပ်စစ်အားသုံးစွဲမှု့ ပမာဏဟာ မြန်မာနိုင်ငံရဲ့လျှပ်စစ်အားသုံးစွဲမှု့ပမာဏထက် (၆)ဆခွဲ ကျော် (၇) ဆလောက်ပိုများ တယ်။ ကမ္ဘာ့ မြေပုံမှာ အစက်အပြောက် ဇီးရွက်လောက်သာရှိတဲ့ စကာင်္ပူရဲ့ လျှပ်စစ်အားသုံးစွဲမှု့ဟာ (၂၀၁၄) ခုနှစ်မှာ (၄၇,၁၇၉.၈) ဂစ်ဂါဝသ်နာရီ (gigawatt hours) ထိရှိပါတယ်။
သူတို့ဆီက အထပ်ရာဂဏန်းရှိတဲ့ မိုးမျှော်တိုက်ကြီးတလုံးမှာသုံးစွဲရတဲ့ လျှပ်စစ်ပမာဏဟာ မြန်မာ နိုင်ငံကမြို့တမြို့သုံးတဲ့လျှပ်စစ်ပမာဏထက်ပိုများတယ်။ ဒီလောက်များပြားတဲ့ လျှပ်စစ်ဓါတ်အား တွေကို စကာင်္ပူနိုင်ငံဟာ ဘယ်လိုနည်းတွေနဲ့ထုတ်ယူနေသလဲဆိုတာကြည့်လိုက်ကြ ရအောင်။
ဧရိယာအကျယ်အားဖြင့် (၇၁၈.၃) စတုရန်းကီလိုမီတာသာရှိတဲ့ စကာင်္ပူဟာ ရေအားလျှပ်စစ်ထုတ်ယူ နိုင်တဲ့မြစ်ချောင်းတွေမရှိသလို မလက္ကာရေလက်ကြားမှာတည်ရှိလို့ ပင်လယ်လှိုင်းတံပိုး လည်းမကြီး ပါဘူး။ နိုင်ငံလေးကသေးလွန်းလို့ နူကလီယားစွမ်းအင်နဲ့ လျှပ်စစ်ဓါတ်ထုတ်ဖို့ လည်းမသင့်တော်ပါဘူး ။ လေအားလျှပ်စစ်ထုတ်လောက်အောင်လည်း အခြေအနေမရှိပါဘူး။ ရွေးစရာများများစားစားမရှိတာမို့ စကာင်္ပူဟာ အောက်ပါ အဓိကနည်းလမ်းတွေနဲ့ ဘဲလျှပ်စစ်ဓါတ်ထုတ်ယူသုံးစွဲကြတယ်။

၁) လောင်စာဆီစွမ်းအင်သုံး လျှပ်စစ် ( Oil fired steam turbine )
၂) သဘာဝဓါတ်ငွေ့စွမ်းအင်သုံးလျှပ်စစ် ( Gas turbine )
၃) အမှိုက်မီးရှို့စွမ်းအင်သုံးလျှပ်စစ် ( Waste-to-energy plant )
၎) နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ် (Solar power) စသည်တို့ ပါဘဲ။

(၂၀၁၃ ခုနှစ်အတွင်း စကာင်္ပူ၏ လျှပ်စစ်ဓါတ်အားထုတ်လုပ်မှု့ ပုံပြဇယား)
ဧရိယာအကျယ်အားဖြင့် (၆၇၆,၅၇၈) စတုရန်းကီလိုမီတာရှိပြီး စကာင်္ပူထက်အဆပေါင်း (၉၄၂) ဆ နီးပါးကြီးတဲ့ မြန်မာနိုင်ငံဟာ လျှပ်စစ်ဓါတ်အားထုတ်ဖို့ ရွေးချယ်စရာလမ်းတွေအများကြီးရှိပါတယ်။
မြန်မာနိုင်ငံရဲ့အသဲနှလုံးနဲ့တူတဲ့ ဧရာဝတီမြစ်နဲ့  လက်ဝဲလက်ရုံးနဲ့ တူတဲ့ သံလွင်မြစ်ကိုကောအောင်၊ ကန်းအောင်လုပ်ပြီး လျှပ်စစ်ဓါတ်ထုတ်ရောင်းစားစရာ လုံးဝမလိုပါဘူး ။ ကျောက်မီးသွေးအားနဲ့  လျှပ်စစ်ထုတ်ပြီး ပတ်ဝန်းကျင်လေထုအလွန်ညစ်ညမ်းစေပြီးမှလည်း လျှပ်စစ်ဓါတ်ထုတ်ရောင်းစား စရာမလိုပါဘူး။
အရှည် ( ၃၀၀၀) ကီလိုမီတာနီးပါး ရှိတဲ့မြန်မာ့ကမ်းရိုးတန်းတလျှောက်မှာ ပင်လယ်ဒီရေလှိုင်းအားနဲ့  လျှပ်စစ်ဓါတ်ထုတ်နိုင်ခြေတွေလည်းလေ့လာသင့်တယ်။ လေအားလျှပ်စစ်၊ နေရောင်ခြည်သုံးလျှပ်စစ် ထုတ်လုပ်နိုင်ခြေတွေ တိတိကျကျ စမ်းစစ်သင့်တယ်။ ကိုယ့်နိုင်ငံမှာဒီလောက်ရေနံနဲ့ သဘာဝဓါတ် ငွေ့ တွေထွက်နေတာ နောက်ဆုံးအဆင့် စကာင်္ပူနိုင်ငံလို လောင်စာဆီစွမ်းအင်၊ ဓါတ်ငွေ့ စွမ်းအင်နဲ့  လျှပ်စစ်ထုတ်တာတွေကို လက်ရှိထုတ်နေတာထက်ပိုပြီးထုတ်ယူတာမျိုးစဉ်းစားသင့်တယ်။
အခုဖြစ်နေတာက တိုင်းပြည်ကောင်းစားဖို့ လျှပ်စစ်တွေထုတ်ရောင်းခြင်တဲ့စေတနာထက် သူတို့  အာဏာရှင်သန်ရေးအတွက် စစ်အာဏာရှင်အစိုးရက တရုတ်နိုင်ငံဆီမှာ ဧရာဝတီနဲ့ သံလွင်ကို ထိုးအပ်ပြီး မြစ်ကုန်ကူးခဲ့လို့ ထွက်လာတဲ့ ရလာဒ်ဆိုးကျိုးကြီးတခုပါ။

မြန်မာနိုင်ငံရဲ့ ကြွယ်ဝလှတဲ့ သယံဇာတအရင်းအမြစ်တွေက မြန်မာနိုင်ငံအတွက် မငြိမ်းချမ်းမှု့၊ မဖွံ့ဖြိုး မှုကို ဖြစ်နေစေတဲ့သဘောမျိုး သယံဇာတကျိန်စာလို့ တောင်တချို့ ကဆိုကြတယ်။ ဒီအယူအဆကို လက်မခံသင့်ပါဘူး ။ မိမိညံ့ဖျင်းတာ ၊ မမှန်ကန်တဲ့သူတွေ အုပ်ချုပ်ခွင့်ရနေတာကို မဖယ်ရှားနိုင်တာ၊ မစီမံတတ်တာကို ဖုံးကွယ်ပြီး သက်မဲ့သယံဇာတတွေအပေါ် အပြစ်ပုံချရာရောက်ပါတယ်။
ကျွန်တော်တို့ နိုင်ငံဟာ..လွတ်လပ်ရေးရပြီးစ…ပါလီမန်ဒီမိုကရေစီခေတ်နဲ့ ဗိုလ်နေ၀င်းရဲ့ မဆလ ခေတ်ဦးထိ…ဆီရေချိုး၊ ဆေးရိုးမီးလှုံ၊ စပါးတောင်လိုပုံခဲ့တာ…သယံဇာတတွေ ကြွယ်ဝတာ တခုတည်းကြောင့်မဟုတ်ဘူး ၊ ထမင်းရေချောင်းစီး၊ မောင်းတီးလှူနိုင်ခဲ့တာဟာလည်း… သယံဇာတတွေ ရောင်းစားခဲ့တာကြောင့်မဟုတ်ဘူး။ အိမ်ဆူးစို့ ၊ ကလေးလက်တို့ ၊ ခွေးအို့ အို့  ဆိုတဲ့စကားတွင်ရလောက်အောင် ရွာလုံးကျွတ် မီးခိုးတိတ်ကျွေးနိုင်၊ လှူဒါန်းနိုင်တာဟာ.. သယံဇာတ တွေရှိခဲ့တာတခုတည်းကြောင့်မဟုတ်ဘူး ။
တိုင်းပြည်ကို ကဏ္ဍပေါင်းစုံမှာ တအိအိ ယိုယွင်းနိမ့်ကျပြီး… ဖွတ်ကျောပြာစု.. ဆင်းရထုကြီးတက်စေ ခဲ့ခြင်းရဲ့ အရင်းခံအကြောင်တရားဟာ… တိုင်းပြည်အရေးကို… နိုင်ငံရေးနည်းနဲ့  မဖြေရှင်းခဲ့ကြလို့ ပါ ။ ဗိုလ်ကျစိုးမိုးလိုစိတ်တွေနဲ့ အကြမ်းဖက်ခဲ့ကြ၊ လက်နက်နဲ့ ဖြေရှင်း ခဲ့ကြတာကြောင့်ပါ။ ဒီတော့…..ပြည် တွင်းစစ်မီးအရှိန်ရသထက်ရလာ..တောကြောင်တွေလက်ခမောင်းခတ်၊ နိုင်ငံရဲ့ အိမ်ဦးခန်းမှာ စစ်ဂျပိုး လူ့ ဂျပိုး တွေနေရာယူခွင့်ပေါ်ခဲ့ရတာမဟုတ်လား။

အဲ့ဒီကနေ…သွက်သွက်ခါအောင်မှားယွင်းတဲ့ မြန်မာ့နည်းမြန်မာ့ဟန်ဆိုရှယ်လစ်ဆိုတာကြီး တို့ တိုင်းပြည်ရဲ့အနာဂါတ်ကိုလှိုက်စားဖျက်ဆီးဖို့ တစ္ဆေတကောင်လိုအရိပ်မိုးခဲ့တာမဟုတ်လါး ။ လူမမှန် စနစ်မမှန်တော့  စီမံအုပ်ချုပ်ပုံ အမှားကုဋေကုဋာနဲ့ ဆိုတော့ အယိုအဖိတ်တွေက များရ တဲ့အထဲ…စာရိတ္တတွေပါယိုင်ရွဲ့ လါတော့…ကမ္ဘာ့အဆင်းရဲဆုံးတိုင်ပြည်စာရင်းထဲဝင်သွားတာမဆန်းဘူးမဟုတ်လါး ။
လူမှန်နေရာမှန်ရှိပြီး တော်တည့်ဖြောင့်မတ်သူတွေနဲ့ မှန်ကန်တဲ့စနစ်ရှိရင် မှန်ကန်တဲ့ စီမံခန့် ခွဲအုပ်ချုပ် မှု့အောက်မှာ တို့ တိုင်းပြည်ရဲ့သယံဇာတတွေကို…အယိုအဖိတ်နဲနဲ နဲ့  ထိထိရောက်ရောက် အသုံးချ နိုင်အောင်…ကျွန်တော်တို့ မှာ…လုံလောက်တဲ့ပညာရှင်တွေရှိပြီးသားပါ။ နောက်ဆုံး သဘာဝ သယံဇာတတွေလုံးဝမရှိအုံးတော့..တိုးတက်ချမ်းသာအောင်စီမံခန့် ခွဲနိုင်ပါတယ်။
လူမှန်နေရာမှန်ရှိဖို့  တော်တည့်ဖြောင့်မတ်သူတွေနဲ့ မှန်ကန်တဲ့စနစ်ရှိလါဖို့ အတွက် စစ်ကျွန်ပြုထားတဲ့ (၂၀၀၈) ဖွဲ့ စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းနိုင်ဖို့ (သို့ ) ထိထိရောက်ရောက်ပြင်ဆင်နိုင်ဖို့ အရေးမှာ မြန်မာနိုင်ငံသားတွေဘယ်လောက်ပါဝင်ကူတွန်းနိုင်မလဲဆိုတာဟာ တို့ တိုင်းပြည်ရဲ့ ကံကြမ္မာ အဆိုး အကောင်းကိုဆုံးဖြတ်သွားမယ်လို့ ဘဲပြောခြင်ပါတယ် ။
သယံဇာတတွေရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဘိုးစဉ်ဘောင်ဆက်ချမ်းသာကြွယ်ဝတဲ့ သူဌေး သူကြွယ်တွင်းရိုးတွင်းစား မိသားစုကြီးတွေကနေ အသည်သားဆင်းရဲသား နင်းပြား မိသားစုအထိ လူကိုလူလိုမမြင်တဲ့ ဇရိုက်ဆိုးနဲ့ ဗိုလ်ကျစီးပိုးတဲ့အထုံဓလေ့ကြီးမားတဲ့ အာဏာရှင်၊ အိမ်ထောင်စု အကြီးအကဲလူပုဂ္ဂိုလ်တွေ စိုးမိုးအုပ်ချုပ်တဲ့ တိုင်းနိုင်ငံ၊ လူ့ အဖွဲ့ အစည်း မိသားစုတွေဟာ ဘယ်သော အခါမှ ငြိမ်းချမ်းလိမ့်မယ်မဟုတ်ဘူး ။

ကိုယ့်အမိန့် နာခံသူ၊ သစ္စာရှိသူတွေသာ မျက်နှာသာပေးမြှောက်စားတတ်၊ နေရာမှန်လူမှန်မရှိဘဲ ထင်သလို ဆုံးဖြတ်၊ လူ့ ဂုဏ်သိက္ခာကို တန်ဘိုးမထားတတ်တဲ့ လူ့ အဖွဲ့ စည်းတိုင်းမှာ မတရားမှု့နဲ့ အနိဌာရုံတွေဟာ ထမင်းစားရေသောက်ကိစ္စလို လွယ်လင့်တကူဖြစ်နေလိမ့်မယ် ။
ဒါကြောင့် ဗိုလ်ကျစီးပိုးတတ်တဲ့ အာဏာရှင်ဓလေ့ကို ကျွန်တော်တို့ တိုင်းပြည်မှာ အမြစ်ကနေ ဆွဲနှုတ် တူးထုတ်ပစ်မှသာ ဗမာပြည်မှာဖြစ်ပေါ်ခဲ့၊ ဖြစ်ပေါ်ဆဲ လူမှု့အနိဌာရုံတွေရဲ့ ရာခိုင်နှုန်းအများစုဟာ လျှော့ပါးပျောက်ကွယ်သွားပါလိမ့်မယ် ။
ဒီဆောင်းပါးကိုနိဂုံးသပ်ရရင် တိုင်းပြည်အတွက်အမှန်တကယ်မလိုအပ်ဘဲ ဆိုးကျိုးတွေသာယူဆောင် လာတဲ့ အာဏာရှင်စစ်အစိုးရရဲ့ နိုင်ငံတော်အဆင့်မြစ်ကုန်ကူးမှု့ စီမံကိန်းကြီးတွေကို အကြွင်းမဲ့ဖျက် သိမ်းနိုင်တဲ့အထိ မြန်မာနိုင်ငံသားတိုင်း ဝိုင်းကြ သိုင်းကြဖို့ ၊ ရာဇဝင်များရဲ့သတို့သမီး မြစ်မင်းဧရာဝတီ နဲ့ ရှမ်းကုန်းမြေမြင့်ရဲ့ အရိုင်းပန်း မြစ်သံလွင်မနွမ်းရလေအောင် အချိန်မှီကယ်တင်ကြဖို့  အလေးအနက် တိုက်တွန်းလိုက်ပါတယ် ။

လေးစားစွာဖြင့်
(မင်းကောင်းချစ်)
Source: International Energy Agency (IEA Statistics © OECD/IEA, http://www.iea.org/stats/index.asp), Singapore Department of Statistics www.singstat.gov.sg/docs/default-source/default...and.../sif2015.pdf


ဂျွန် ၁၉ ရက် ၂၀၁၅

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ် အတွင်း ၀ တပ်ဖွဲ့ နှင့် အစိုးရ တပ်တို့ အကြား မပြေလည်မှုများအတွက် တွေ့ဆုံဖြေရှင်းကာ အပေးအယူတည့်သွားပြီဟု ဆိုသော် လည်း စစ်အင်အားများ ဆက် လက် ဖြည့် တင်းမှု ရှိနေသေးသဖြင့် ဒေသခံများ စိုးရိမ်နေဆဲ ဖြစ်သည်ဟု ဆိုပါသည်။

ဂျွန်လ ၁၇ ရက်က တြိဂံစစ်တိုင်းရုံးမှ အရာရှိ နှင့် အမှတ် ၁၇၁ စစ်ဒေသ ထိပ်ပိုင်း ကိုယ်စား လှယ်များ မိုင်းတုံမြို့၌ တွေ့ဆုံကြောင်း၊ ထိုတွေ့ဆုံမှုတွင် အစိုးရတပ်မတော်ဘက်မှဖမ်း ထားသည့် တရုတ်လူမျိုး ၆ ဦးအား ၀တပ် ဖွဲ့ထံပြန်အပ်ရန်သဘောတူကြောင်း၊ သို့သော် သစ်တောကြိုးဝိုင်းအတွင်း နယ်ကျွံခုတ်ဖြတ်သည့်အတွက် ၀ တပ်ဖွဲ့အား ဒဏ်ရိုက်မည်ဖြစ် ကြောင်း အစိုးရနှင့် ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် ပါဝင်သည့် အဆင့်မြင့်ေ ခါင်းဆောင် တဦးက ဤကဲ့သို့ပြောသည်။

“တရုတ်တွေကို အစိုးရဘက်က ပြန်လွှတ်ပေးမယ်။ ဒါပေမယ့် ၀ ဘက်ကလဲ ခုတ်မိတဲ့ သစ် တွေ အားလုံးအတွက် ထိုက်တန်တဲ့ ဒဏ်ငွေပေးဆောင်ရမယ်။ ဒါ့အပြင် ခုတ်ထားတဲ့သစ် တွေ အားလုံးအတွက်လဲ ဒဏ်ငွေဆောင်ပြီး အားလုံးထိုက်တန်တဲ့နိုင်ငံတော်ဈေးနဲ့ ပြန်ဝယ် ယူရမယ်။ အဲဒါကို မိုင်းတုံမှာ သဘောတူကြတယ်လို့ပြောတယ်။ ဒါ့ကြောင့် တင်းမာနေတဲ့ စစ်ရေး ကလဲ ဖြေရှင်းသွားနိုင်ပြီ ဆိုတဲ့သဘောပေါ့” - ဟု သျှမ်းသံတော် ဆင့်သို့ပြောသည်။

တဘက်က ၀ တပ်နှင့် အစိုးရတပ် သဘောတူညီမှုရရှိကြပြီဟု အစိုးရ တပ်အရာ နှင့် ၀ အရာတို့ နှင့် နီးစပ်သည့် ပုဂ္ဂိုလ်တဦး က အတည်ပြုပြော ဆိုသော်လည်း ဒေသခံ စိုင်းချဲမ်ခမ်း က ပုံပါကျင်မြို့အနီး တာ့ကွမ်တွင် လားဟူ နယ်ခြားတပ် နှင့် ၀ တပ်ဖွဲ့ အပြိုင် အင်အားချထားမှုရှိေ နသေးကြောင်း ပြောသည်။

“သွားလာမှု စစ်ဆေးတာတွေတော့မရှိတော့ဘူး။ မနေ့က မနက်တုန်း က နှစ်ဘက်တပ်တွေ ဆုတ်ပြီ ပြောတယ်။ ဒါပေမယ့် ညနေ တုန်းက တာ့ကွမ်မှာ ၀ တပ် ကား ၅ စီး အင်အား ၁၀၀ ခန့် က လာချသေးတယ်။ ဘယ်လိုကြီး လဲတော့မသိဘူး” - ဟု သျှမ်းသံတော်ဆင့်သို့ ပြောသည်။

ထို့အတူ ကျိုင်းတုံမြို့ တြိဂံစစ်တိုင်းရုံးမှ သံချပ်ကာ ကားများလည်း တာချီလိတ် မိုင်းဆတ် ဘက် ယခုရက်ပိုင်းအတွင်း ထပ်မံပို့ဆောင် ထားကြောင်း ဒေသခံများကပြောသည်။

ဝ တပ်ဖွဲ့ နှင့် အစိုးရ တို့ စစ်ရေးတင်းမာမှုကြောင့် တာချီလိတ်မြို့ တဘက် ကမ်း မယ်ဆိုင် မြို့တွင်လည်း မြန်မာနယ်စပ်ဘက်တိုက်ပွဲဖြစ်ပွားလျှင် စစ်ဘေးရှောင်များအားအကာ အကွယ်ပေးဖို့၊ ကူညီဖေးမဖို့ စစ်ဘေးစစ်ဒဏ် ဂယက်ရိုက်မှုများအား ခုခံဖြေရှင်းရေးဆိုင်ရာ ဝေါ့ရှော့သင်တန်း ယမန်နေ့ က ပေးခဲ့ကြောင်း ဒေသခံ ၃၀၀ ကျော် တက်ရောက်ကြောင်း ထိုင်းနယ် စပ်လုံခြုံရေး အရာရှိကြီးတဦး ကပြောသည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese

ပျောက်ဆုံးနေတဲ့ မလေးရှားပိုင် MT Orkim Harmony သင်္ဘော (Credit: ABC licensed)
 မြန်မာ ​သင်္ဘောသား ​လိုက်ပါသွားတဲ့ ​သင်္ဘောတစ်စင်း ​အရင်တစ်ပါတ်မှာ ​ပြန်ပေးဆွဲခံရပေမယ့် ​အခုအခါမှာ ​သင်္ဘောနဲ့ ​အမှုထမ်းတွေ ​အားလုံး ​အသက်ဘေးကင်းစွာ ​ပြန်ရောက်နေပြီ ​ဖြစ်ပါတယ်။

မလေးရှားပိုင် ​MT ​Orkim ​Harmony ​လို့ ​ခေါ်တဲ့ ​သင်္ဘောဟာ ​အရင်တစ်ပါတ် ​ကြာသပတေး ​နေ့တုန်းက ​ပြန်ပေးဆွဲခံရတာဖြစ်ပြီး ​လက်နက်ချ ​အညံ့ခံဖို့ ​မလေးရှား ​အာဏာပိုင်တွေက ​ဓားပြတွေကို ​ပြောဆိုပြီးနောက် ​ဓားပြတွေ ​ထွက်ပြေးကြတာ ​ဖြစ်ပါတယ်။

အဲဒီသင်္ဘောပေါ်က ​အမှုထမ်း ​၂၂ ​ယောက်စလုံး ​အသက်ရှင်လျက် ​ရှိနေသေးပြီး ​အမှုထမ်းတွေကတော့ ​မြန်မာ ​တစ်ဦး၊ ​အင်ဒိုနီးရှား ​၅ ​ဦးနဲ့ ​မလေးရှားနိုင်ငံသား ​၁၆ ​ဦး ​တို့ ​ဖြစ်ကြပါတယ်။

အဲဒီလူတွေကို ​ကယ်တင်နိုင်သလို ​သင်္ဘောကိုလည်း ​မလေးရှားဘက်ကို ​ပြန်လည် ​မောင်းနှင်လာပြီ ​ဖြစ်ပါတယ်။

သင်္ဘောပေါ်မှာ ​ဓားပြ ​အနည်းဆုံး ​၈ ​ယောက်လောက်ရှိပြီး ​ပစ္စတိုနဲ့ ​တခြား ​လက်နက်တွေ ​ကိုင်ဆောင်ထားကြတယ်လို့ ​မလေးရှားအစိုးရက ​အစောပိုင်းမှာ ​ပြောဆိုခဲ့ရာက ​ကယ်တင်နိုင်တာ ​ဖြစ်ပါတယ်။

သင်္ဘောပေါ်မှာ ​လောင်စာဆီ ​တန်ချိန် ​၆၀၀၀ ​ဒါမှမဟုတ် ​ဒေါ်လာ ​၇.၂ ​သန်း ​တန်ဖိုးရှိတဲ့ ​လောင်စာဆီတွေ ​တင်ဆောင်လာခဲ့တာ ​ဖြစ်ပါတယ်။

အရှေ့တောင် ​အာရှ ​ပင်လယ်ပြင်ရှိ ​မလက္ကားရေလက်ကြား ​တဝိုက်မှာ ​ဓားပြတိုက်မှုတွေ ​ပိုများလာပြီး ​နှစ်ပါတ်မှာ ​တစ်စီးနှုန်းလောက် ​ဓားပြတိုက်ခံနေရတယ်လို့ ​ဆိုပါတယ်။

ကမ်းရိုးတန်းအနီးမှာ ​ဖြေးညင်းစွာ ​မောင်းနှင်တဲ့ ​သင်္ဘောတွေနဲ့ ​အဖိုးတန် ​ပစ္စည်း ​ဥပမာ ​လောင်စာဆီတွေ ​တင်ဆောင်တဲ့ ​သင်္ဘောကို ​ဓားပြတိုက်ပြီး ​ပစ္စည်းတွေ ​လုယူတာလို့ ​သိရပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese


လူမှုကွန်ရက်အသုံးပြုသူများကို တရားမ၀င်ခြေရာခံလိုက်မှုဖြင့် ဘယ်လ်ဂျီယံနိုင်ငံ၏ Privacy ကော်မရှင်က Facebook ကို တရားစွဲဆိုမည်ဟု သိရသည်။ စောစောပိုင်းကမူ ဖေ့စ်ဘုတ်သည် ကိုယ်ရေးလွတ်လပ်ခွင့်ဥပဒေ ကို ချိုးဖောက်နေကြောင်း ကော်မရှင်က သတင်းထုတ်ပြန်ခဲ့သည်။

 ယင်းကိစ္စနှင့်ပတ်သက်၍ ဖေ့စ်ဘုတ်ကို ဒဏ် ငွေမချမှတ်နိုင်ခဲ့သော်လည်း ယင်းသတင်းနှင့်ပတ်သက်၍ ဖေ့စ်ဘုတ်က ပြည့်ပြည့်စုံစုံတုံ့ပြန်မရှင်းလင်းနိုင်ပါက ဥပဒေကြောင်းအရ အရေးယူမည်ဟုသိရသည်။

၎င်းအမှုကို ဘယ်လ်ဂျီယံနိုင်ငံရှိ တရားရုံးတရုံးတွင် ကြာသပ တေးနေ့၌ ကြားနာမည်ဟုဆိုသည်။ ဖေ့စ်ဘုတ်လူမှုကွန်ရက်သည် မကြာသေးမီက ဖေ့စ်ဘုတ်မှတ်ပုံတင်အဖွဲ့ ၀င်များနှင့် အဖွဲ့ဝင်မဟုတ်သူများအပေါ် လျှို့ဝှက်ခြေရာခံမှုများပြုလုပ်ခဲ့မှုကို လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ များက စိုးရိမ်ပူပန်မှုများရှိသည်ဟု ဘယ်လ်ဂျီယံ Privacy ကော်မရှင်ဥက္ကဋ္ဌ ဗီလ်လင်ဒီဗွိုင်ခေလာရီက ပြောကြား ခဲ့သည်။

''အထူးသဖြင့် သူတို့ကို နောက်ယောင်ခံမလိုက်စေချင်ဘူးဆိုတဲ့ လူတွေကိုလည်း နောက်ယောင်ခံ လိုက်တာတွေ့ရတယ်။''ဟု ၎င်းကပြောကြားခဲ့သည်။ ဘယ်လ်ဂျီယံဖေ့စ်ဘုတ်ကုမ္ပဏီကမူ ဘယ်လ်ဂျီယံ Privacy အဖွဲ့က ယခုကဲ့သို့ အရေးယူရန် ဆုံးဖြတ်ခဲ့မှုအပေါ် အံ့သြစိတ်ပျက်မိကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။

Ref; CNN
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


ပြီးခဲ့တဲ့ သီတင်းပတ်က တောင်တရုတ်ပင်လယ် အတွင်း ပြန်ပေးဆွဲထားခဲ့တဲ့ ရေနံတင် သင်္ဘောကို ပင်လယ်ဓားပြတွေက ပြန်လွှတ်ပေးလိုက်ပြီလို့ မလေးရှားရေတပ်က ပြောပါတယ်။

Orkim Harmony ဆိုတဲ့ အဲဒီ ရေနံတင် သင်္ဘောကနေ ပင်လယ်ဓားပြ
၈ ဦးဟာ အသက်ကယ်လှေနဲ့ ထွက်ပြေးသွားခဲ့ပြီးနောက် သင်္ဘောကို မလေးရှား ဆိပ်ကမ်းသို့ စောင့်ကြပ်ကာ ပြန်လည် မောင်းနှင်လာပြီလို့ ဆိုပါတယ်။

သင်္ဘောပေါ်ပါ သင်္ဘောသား ၂၂ ဦးအနက် ၁ ဦးသာ ဒဏ်ရာ အနည်းငယ် ရရှိပြီး ကျန်တဲ့သူတွေ အားလုံး အန္တရာယ်ကင်းရှင်းစွာ ရှိတယ်လို့လည်း မလေးရှား ရေတပ်အကြီးအကဲ Abdul Aziz Jaafar ရဲ့ Twitter မှာ ရေးသားထားပါတယ်။

အဆိုပါ သင်္ဘောဟာ ဇွန်လ ၁၁ ရက်နေ့က စင်ကာပူ ကမ်းရိုးတန်းနားမှာ ပျောက်သွားခဲ့တာဖြစ်ပြီး လက်နက်တွေ ကိုင်ဆောင်ထားတဲ့ အင်ဒိုနီးရှား ပင်လယ်ဓားပြတွေက ပြန်ပေးဆွဲသွားခဲ့တာလို့ သတင်းတွေမှာ ဖော်ပြပါတယ်။

ထွက်ပြေးလွတ်မြောက်သွားတဲ့ ပင်လယ်ဓားပြတွေကို အခုအခါ မလေးရှား ရေတပ်သင်္ဘောတွေနဲ့ လေယာဉ်တွေက လိုက်လံရှာဖွေနေတယ်လို့ မလေးရှား အာဏာပိုင်တွေက ပြောပါတယ်။

Orkim Harmony သင်္ဘောကို ပင်လယ်ဓားပြတွေက ပြန်ပေးဆွဲ ခေါ်ဆောင်သွားပြီးတဲ့နောက် သင်္ဘောကို Kim Harmon လို့ အမည်ပြောင်း ရေးသားခဲ့ကြောင်း၊ ဒါပေမယ့် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းမှာ မလေးရှား ရေတပ် စစ်သင်္ဘောက ဗီယက်နမ်ရေပြင်မှာ အဲဒီ အမည်ပြောင်းထားတဲ့ သင်္ဘောကို ရှာဖွေတွေ့ရှိခဲ့ပြီး ပင်လယ်ဓားပြတွေကို လက်နက်ချခိုင်းခဲ့ကြောင်း၊
ကြာသပတေးနေ့မှာတော့ ပင်လယ်ဓားပြတွေက Orkim Hamon သင်္ဘောကို စွန့်ပစ်ထွက်ပြေးသွားခဲ့ကြတာ ဖြစ်ကြောင်း မလေးရှား အာဏာပိုင်တွေက ပြောကြားပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese