06/22/15

မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER ရဲ့ ဒုတိယအကြိမ် ညီလာခံကို ဇွန်လ ၁၈ ရက်နေ့က ရန်ကုန်မြို့ ခဝဲခြံ မျက်မမြင်ကျောင်းမှာကျင်းပစဉ်
Photo: NNER

ပြည်ထောင်စုလွှတ်တော်က ဇွန်လ ၁၈ ရက်နေ့က အတည်ပြုလိုက်တဲ့ အမျိုးသားပညာရေးဥပဒေဟာ ကျောင်းသား ထု တောင်းဆိုထားတဲ့ အချက် ၁၁ ချက်နဲ့ မကိုက်ည်ီခဲ့ရင် သပိတ်တိုက်ပွဲပြန်စမယ်လို့ ဒီမိုကရေစီ ပညာရေးလှုပ်ရှား မူ ဦးဆောင်ကော်မတီ က RFA ကို ပြောဆိုပါတယ်။

ပြည်ထောင်စုလွတ်တော်မှာ အမျိုးသားပညာရေးဥပဒေမူကြမ်းကို ဆွေးနွေးရာမှာလည်း အစိုးရ၊ လွတ်တော် NNER အဖွဲ့နဲ့ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမူ ဦးဆောင်ကော်မတီစတဲ့ အဖွဲ့တွေရဲ့လေးပွင့်ဆိုင် သဘောတူညီချက်တွေနဲ့ မကိုက်ညီမူတာ တွေ့ရတယ်လို့ ဆိုပါတယ်။

ဗကသများအဖွဲ့ချုပ်က ဒီမိုကရေစီပညာရေး ဦးဆောင်ကော်မတီအဖွဲ့ဝင် ကိုအောင်နေပိုင်က အခုလို ပြောပါတယ်။

"ဒီလိုဗျာ၊ သပိတ်ကရှိနေတယ်၊ သပိတ်ကမှောက်ထားတုန်းဘဲ၊ ဒါသပိတ်မှောက်ထားဆဲ ဖြစ်တယ်ပေါ့လေ၊ ကျန်တဲ့ သပိတ်စစ်ကြောင်းတွေကို ကြည့်မယ်ဆို ရင်လည်း မြေလတ်သပိတ်စစ်ကြောင်းတို့၊ ဧရာဝတီ၊ ထားဝယ်စစ်ကြောင်းတွေ ကိုယ်တိုင်လည်း သပိတ်ကိုရပ်နားထားပြီးတော့ ၁၁ ချက်နဲ့ အညီဖြစ်မလာဘူး ဆိုရင် သပိတ်တွေဆက်လက်ထွက်ခွာမယ့် အခြေအနေတွေရှိတယ်၊ ကျနော်တို့ တောင်းဆိုတဲ့အတိုင်းဖြစ်မလာဘူး ဆိုရင် တစ်စုံတစ်ရာတုန့်ပြန်မှုအခြေအနေ ရှိလာပြီ၊ ကျောင်းသားတွေဘက်က လှုပ်ရှားမှုတွေဆက်ပြီးတော့ လုပ်သွားဖို့အခြေအနေဖြစ်လာပြီ"

တနိုင်ငံလုံးအတိုင်းအတာနဲ့ လှုပ်ရှားမူတွေ ပြန်လည်စတင်ဖို့ ဆွေးနွေးညှိနိုင်းဖွယ်ရှိတယ်လို့ ကိုအောင်နေပိုင် က ပြောပါတယ်။

အလားတူ NNER အဖွဲ့ကလည်း ဇွန်လ ၂၀ရက်နေ့က ကျင်းပပြီးစီးသွားတဲ့ အဖွဲ့ရဲ့ ညီလာခံအပြီးမှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီကြေညာချက် ထဲမှာ လေးပွင့်ဆိုင်သဘောတူညီချက်ကို အမြန်ဆုံး အကောင်အထည်ဖေါ် နိုင်ရေးအတွက်၊ နိုင်ငံတော် သမ္မတထံ စာတင်မှာဖြစ်သလို၊ လက်ပံတန်းမှာ ဖမ်းဆီး ခံနေရတဲ့ ကျောင်း သားတွေ ပြန်လွတ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

RFA

uparmaukkha-620.JPG မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခကို တွေ့ရစဉ်

ရွှေတိဂုံစေတီတော်ကြီးအနီးမှာ တည်ဆောက်မယ့် ဒဂုန်စီးတီး အိမ်ရာစီမံကိန်းကို ရပ်ဆိုင်းပေးမယ်လို့ ရန်ကုန် တိုင်း ဒေသကြီးအစိုးရအဖွဲ့က မဘသ ဆရာတော်တွေကို ကတိပေးပြောကြားလိုက်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီးတင်ဝင်းနဲ့ တိုင်းမှူး ဗိုလ်ချုပ် ထွန်းထွန်းနောင် တို့နဲ့ ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့တို့ ရန်ကုန်မြို့ အောင်ဆန်းတပ်ဦး ကျောင်းတိုက်မှာ မနေ့က တွေ့ဆုံခဲ့ပြီး ကတိပေးခဲ့တာ လို့ ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့က ဆရာတော် ဦးပါမောက္ခ က မိန့်ပါတယ်။

"ရွှေတိဂုံစေတီတော်ကြီး ပျက်ဆီးမယ့်အရေးဘာမှမလုပ်ပါဘူးလို့ ဒဂုံစီးတီးအိမ်ယာ ၁ ဆောက်လုပ်ခြင်းကို ယခုရပ်ပေးပါမယ်၊ တာဝန်နဲ့လာတာပါ၊ သူတို့ရဲ့ပြောစကားသည် အတည်ပါဘဲလို့ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဗိုလ်ချုပ် ထွန်းထွန်းနောင်ကပြောပါတယ်၊ ရန်ကုန်သမ္မတရုံးကနေပြီးတော့ ဒဂုံစီးတီးအိမ်ယာ ၁နဲ့ ပတ်သက် ပြီးတော့ လုံးဝပယ် ဖျက်ပေးပါမယ်ဆိုတဲ့ အမိန့်ကြေညာစာတောင်းတဲ့အခါမှာ စောင့်ကြည့်ကာလကို ၁၅ ရက်နဲ့ သဘောတူလိုက်ပါတယ်"

အလားတူ အိမ်ရာစီမံကိန်းကိစ္စနဲ့ ပတ်သက်ပြီး လက်ကမ်းစာစောင်တွေဝေတာ၊ လက်မှတ်ကောက်ခံတာစတဲ့ လှုပ်ရှားမှုတွေ ရပ်ဆိုင်းပေးဖို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ ကိုယ်စားလှယ်တွေဘက်က ဆွေးနွေးတာကို လည်း ရွှေတိဂုံစေတီကာကွယ် စောင့်ရှောက်ရေးအဖွဲ့က သဘောတူခဲ့တယ်လို့ သိရပါတယ်။

ဒဂုန်စီးတီးစီမံကိန်းကို ၁၅ ရက်အတွင်း နိုင်ငံတော်သမ္မတရုံးက လုံးဝပယ်ဖျက်ပေးပါမယ်ဆိုတဲ့အမိန့် ထုတ်ပြန်ပေး ဖို့ကိုလည်း ပြန်လည်တောင်းဆိုခဲ့တယ်လို့ ဆရာတော် ဦးပါမောက္ခ က မိန့်ကြားပါတယ်။

ဒဂုန်စီးတီးစီမံကိန်းဟာ ယခင်က တပ်မတော်စစ်ရုံးချုပ်ဟောင်းနဲ့ မော်တော်ယာဉ် တပ်ရှိတဲ့ မြေနေရာ ဖြစ်ပြီး ဧက ၂၀ ကျော်မှာ အထပ်မြင့်ကွန်ဒို အဆောက်အအုံတွေ ဆောက်လုပ်ဖို့ စီစဉ်ထားတဲ့ စီမံကိန်း ဖြစ်ပါတယ်။

RFA
http://www.rfa.org/burmese/news/gov-plight-suspend-dagon-city-project-06212015113428.html


အရှေ့အလယ်ပိုင်း အသက်ရှူ လမ်းကြောင်းဆိုင်ရာ MERS ကူးစက်မြန်ရောဂါကူးစက်ခံရသူ နောက်ထပ် ၃ ယောက် တိုးလာတယ်လို့ တောင်ကိုရီးယားက ဒီကနေ့တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။

အဲဒီထဲမှာ ဆရာဝန်တယောက်နဲ့ တခြား ကျန်းမာရေးဝန်ထမ်းတယောက်တို့ ပါဝင်တယ်လို့ ပြင်သစ်သတင်းဌာနက ဆိုပါတယ်။ မနေ့က စနေနေ့တုန်း ကတော့ နောက်ထပ် MERS ရောဂါကူးစက်ခံရသူမရှိဘူးလို့ ကြေညာခဲ့တာကြောင့် ဒီရောဂါကူးစက်မှုကို ထိန်းချုပ်လိုက်နိုင်ပြီလို့ မျှော်လင့်ခဲ့ကြတာပါ။ MERS ရောဂါကူးစက်ခံရသူ တဦး သေဆုံးသွားတယ်လို့ တောင်ကိုရီးယား ကျန်မာရေးဝန်ကြီးဌာနက ကြေညာခဲ့တာကြောင့် အခုဆိုရင် သေဆုံးသူ အရေအတွက် ၂၅ ဦးရှိသွားပြီ ဖြစ်ပါတယ်။

ဆေးဝါးနဲ့ ရောဂါကုသထိန်းချုပ်ဖို့ မဖြစ်နိုင်သေးတဲ့ ဒီ MERS ရောဂါ ကူးစက်ခံရသူပေါင်း ၁၇ဝ နီးပါးအထိ ရှိနေတာပါ။ အခုအခါမှာ အသက်ရှူ လမ်းကြောင်းနဲ့ဆိုင်တဲ့ ရောဂါ ဖြစ်ပွါးသူတွေကို DNA စမ်းသပ်စစ်ဆေးတာတွေ လုပ်နေတယ်လို့ တောင်ကိုရီးယား ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ အရှေ့တောင်အာရှ ဒေသတွင်း ထိုင်းနိုင်ငံမှာလည်း လွန်ခဲ့တဲ့သီတင်းပတ်အတွင်း MERS ရောဂါကူးစက်ခံထားရသူတယောက်ကို တွေ့ရှိထားတဲ့ သတင်း ထွက်ပေါ်လာပြီးနောက် လူထုတွေအနေနဲ့ မစိုးရိမ်ကြဖို့ ဝန်ကြီးချုပ် Prayuth Chan-ocha က တိုက်တွန်းထားပါတယ်။

ထိုင်းကျန်းမာရေးဝန်ကြီး Rajata Rajatanavin က ကြိုတင်ကာကွယ်ရေး ပြင်ဆင်ထားမှုတွေပြုလုပ်ထားတဲ့ လေဆိပ်ကို သတင်းထောက်တွေကို ခေါ်ဆောင်သွားပြီး ပြသခဲ့ပါတယ်။ ထိုင်းနိုင်ငံက MERS ရောဂါကူးစက်ခံရသူအခြေအနေဟာလည်း တိုးတက်လာတဲ့ အရိပ်လက္ခဏာတွေ့ရတယ်လို့ သူက ဆိုပါတယ်။ MERs ရောဂါကူးစက်ပြန့်ပွါးမှုနဲ့ သက်ဆိုင်တဲ့ လူထုကျန်းမာရေး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ထိုင်းနိုင်ငံအနေနဲ့ အစွမ်းကုန် ဆောင်ရွက်ထားတယ်လို့လည်း အာဏာပိုင်တွေက ပြောဆိုပြီး ဒီ MERS ရောဂါရှင်နဲ့ ထိတွေ့ဆက်ဆံခဲ့တဲ့ လူ ၆၀ လောက်ကိုလည်း ဆေးရုံ ဒါမှမဟုတ် သူတို့နေအိမ်တွေမှာ စောင့်ကြည့်နေတယ်လို့ ပြောပါတယ်ခင်ဗျာ။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.