06/28/15

ကျောင်းသားတွေကို ရန်သူ သဖွယ် သဘောထားတာ

_____ တည်ငြိမ်ရေး၊ မတည်ငြိမ်ရေးဆိုတာက တကယ်တမ်း ပြောမယ် ဆိုလို့ရှိရင် နိုင်ငံရေးလမ်းစဉ်ကြီး တစ်ခုလုံး ကောင်းမွန်မှ တည်ငြိမ်မှာ . . . ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ ဘယ်တော့မှ တည်ငြိမ်မှာ မဟုတ်ပါဘူး … ရွေးကောက်ပွဲ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လူတွေ ဒုက္ခရောက်နေတယ်၊ ငတ်နေတယ်ဆိုရင် တည်ငြိမ်မှာ မဟုတ်ဘူး …

____ သမဂ္ဂကျောင်းသား ဆိုတာက ကျောင်းသားတွေ အားလုံးဟာ သမဂ္ဂကို ၀င်ခွင့်ရှိတယ်။ ဘယ်ကျောင်းသားကိုမှ သမဂ္ဂထဲ မ၀င်ရဘူးလို့ ကန့်သတ်ထားတာ မဟုတ်ဘူး။ သမဂ္ဂအမှုဆောင် ကော်မတီမှာ ၀င်ရောက် ယှဉ်ပြိုင်ချင်လည်း လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်ရှိတယ်။ လူတိုင်းမှာ မဲပေးပိုင်ခွင့်ရှိသလို ရွေးချယ်ခံပိုင်ခွင့်လည်း ရှိတယ် . . . အဲဒါဒီမိုကရေစီပဲ။ ဒီ,ဒီမိုကရေစီ အလေ့အထကို တက္ကသိုလ်တွေ၊ ကျောင်းတွေထဲမှာ လွတ်လွတ် လပ်လပ် ကျင့်သုံးဖို့အတွက် သမဂ္ဂဆိုတာ ပေါ်ပေါက်လာတာ …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အမျိုးသားပညာရေး ဥပဒေကို ပြန်လည် ပြင်ဆင်သည့် ဥပဒေ တွင် လေးပွင့်ဆိုင် ကတိက၀တ်များ ကို ဖောက်ဖျက်ကာ အတည်ပြုမည်ဆိုပါက ရပ်နားထားသည့် သပိတ်စစ်ကြောင်းများကို ပြန်လည် စတင်မည် ဖြစ်ကြောင်း ဒီမိုကရေစီ ပညာရေး ဦးဆောင်ကော်မတီဝင် ကိုအောင်နေပိုင်က ဇွန်လ ၂၀ ရက်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် ဒုတိယအကြိမ် ညီလာခံ နောက်ဆုံးနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။

ဇွန်လ ၁၈ ရက်က ပြည်ထောင်စု လွှတ်တော်၌ ယင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ပြင်ဆင်ချက် ၅၁ ချက်ဖြင့် အတည်ပြုလိုက်ရာ ယင်းဥပဒေထဲတွင် တက္ကသိုလ် ကောင်စီ၌ ကျောင်းသားသမဂ္ဂကိုယ်စားလှယ် ဆိုသည့်စကားရပ်အား ကျောင်းသား ကိုယ်စားလှယ်ဆိုသည့် စကားရပ်ဖြင့် အတည်ပြုကာ ကျောင်းသားသမဂ္ဂ ၏ အခန်းကဏ္ဍအား ချန်လှပ်ထားခဲ့သည်။ လတ်တလော အစိုးရဘက်က ၄ ပွင့်ဆိုင် အကြို သဘောတူညီ ချက်တွင် ပါရှိသော ကတိက၀တ်များကို ချိုးဖောက်၍ ကျောင်းသားနှင့် ၀န်းရံပြည်သူ ၁၀၀ ကျော်ကို အကြမ်းဖက် ဖြိုခွင်းကာ တရားစွဲဆိုထားပြီး အချို့သော ကျောင်းသား ခေါင်းဆောင်များမှာ ဖမ်းဝရမ်း ထုတ်ခံထားရသည့်အတွက် တိမ်းရှောင်နေရသည်။

ယင်းသို့ တိမ်းရှောင်နေရသူများထဲမှ ဗမာနိုင်ငံလုံးဆိုင် ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် – (ဗကသ)ဥက္ကဋ္ဌ ကိုကျော်ကိုကိုအား လက်ရှိဖြစ်ပျက်နေသည့် အမျိုးသားပညာရေး ဥပဒေနှင့် သပိတ်တိုက်ပွဲ ပြန်စလာနိုင်သည့် အခြေအနေ၊ အစိုးရက ကျောင်းသားများအား သပ်လျှိုသွေးခွဲနေမှု၊ လက်ပံတန်း အကြမ်းဖက် ဖြိုခွဲခံရမှုတွင် ကျောင်းသားများ ရလိုက်သည့် အတွေ့အကြုံနှင့် ဗကသဥက္ကဋ္ဌ၏ သဘောထားများကို ဇွန်လ ၂၃ ရက်တွင် ဖုန်းဖြင့် ဆက်သွယ်မေးမြန်းကာ ဖော်ပြလိုက်ပါသည်။

ဝိုင်းမော်

မေး – အချက်အလက်တွေပြင်ဖို့ ပြောဆိုခဲ့တဲ့ အမျိုးသားပညာရေး ဥပဒေကို အခုအမျိုးသား လွှတ်တော်မှာလည်း ဒါကိုပြန်ပြီးတော့ ပြင်ပြီးတော့ အတည်ပြုပြီးသွားပြီပေါ့။ ဒီ အပေါ်မှာ နဂိုပြောဆို ခဲ့တာတွေနဲ့ ဘယ်လောက် အတိုင်းအတာအထိ ပြောင်းလဲထားတယ်လို့ ထင်သလဲ။

ဖြေ – ကျွန်တော်တို့ ပြောင်းလဲဖို့၊ ပြင်ဆင်ဖို့ပြောခဲ့တဲ့ ပညာရေးဥပဒေနဲ့ သူတို့လွှတ်တော်မှာ အတည်ပြုလိုက်တဲ့ ပညာရေးဥပဒေနဲ့က ကွာခြားတယ်ဗျ။ ကျွန်တော်တို့ ပြောင်းလဲပြင်ဆင်ဖို့ ဆိုတဲ့နေရာမှာ ဒီမိုကရေစီပညာရေး ကို ဦးတည်သွားဖို့အတွက် အချက်အလက်တွေနဲ့ ပြောခဲ့တာရှိတယ်။ ပြီးတော့ပညာရေး ပုံစံတွေ အကုန်လုံး၊ တစ်ခုလုံးကို ပြောင်းလဲပစ်ဖို့အတွက် ကျောင်းသားသမဂ္ဂရဲ့ အရေးပါတဲ့ အခန်းကဏ္ဍတွေ လိုအပ်တယ် ဆိုတာကို ပြောခဲ့တယ်။ ဒါပေမဲ့လက်တွေ့ပိုင်းမှာ အဲဒီအတိုင်း ဖြစ်မလာတာကို တွေ့ရတယ်။

နောက် ကျွန်တော်တို့ ပြောတဲ့ဆိုတဲ့ ပညာရေးဥပဒေဟာ အခုရေးဆွဲပြီး အတည်ပြုလိုက်တဲ့ ဥပဒေနဲ့ကြားထဲမှာ အင်မတန်မှ ကွာဟချက်တွေ ရှိနေတယ်။ အနှစ်သာရချင်း ခြားနားနေတယ် ဆိုတာကို တွေ့ရပါတယ်။

မေး – အရင်တုန်းက အမျိုးသားပညာရေး ဥပဒေကို စဆွေးနွေးတဲ့အခါမှာ ၄ ပွင့်ဆိုင်နဲ့ သွားမှသာလျှင် အဆင်ပြေမယ်ပေါ့။ လွှတ်တော်ကတစ်ဆင့် ဒါမျိုးသွားမယ်ဆိုလို့ရှိရင် ကျောင်းသားတွေ လိုချင်တဲ့ပုံစံအတိုင်း ဖြစ်မလာနိုင်ဘူးလို့ သုံးသပ်တာတွေ ရှိတယ်ပေါ့။ အခုလည်း အဲဒီလိုပုံစံမျိုး ဖြစ်လာတယ်ပေါ့။ အဲဒီ အယူအဆကိုကော ဘယ်လိုမြင်သလဲ ခင်ဗျ။

ဖြေ – ၄ ပွင့်ဆိုင်ဆိုတာက ကျွန်တော်တို့ လိုအပ်လို့ ပြောခဲ့ တာ၊ တောင်းဆိုခဲ့တာ။ ၄ ပွင့်ဆိုင်ဆိုတာက လွှတ်တော်ပြင်ပမှာ ညှိနှိုင်းပြီးတော့ အကောင်းဆုံး ဖြစ်ဖို့အတွက် နည်းမျိုးစုံနဲ့ တောင်းဆိုပြီးတော့မှ ဖြစ်မြောက်အောင်လို့ ဆောင်ရွက်ခဲ့တယ်။ ဒါပေမဲ့ ကျောင်းသားတွေ ရေးဆွဲထားတဲ့ ၄ ပွင့်ဆိုင် တောင်းဆို ချက်တွေ၊ ၄ ပွင့်ဆိုင် သဘောတူညီချက်တွေကို လက်ပံတန်းမှာ ရိုက်နှက်ဖြိုခွဲပြီး နောက်ပိုင်းမှာ တွေ့ရတာက လက်နဲ့ရေးခဲ့သမျှကို ခြေနဲ့ဖျက်ခဲ့တယ်လို့ ကျွန်တော်တို့က သဘောထားတယ်။ နောက် အခုအနေအထားက လေးပွင့်ဆိုင် ဆိုတဲ့အနေအထားနဲ့ ဆွေးနွေးထားတာတွေကို လျစ်လျှူရှုပြီးတော့ လွှတ်တော်ထဲမှာ သူတို့ အလိုကျ ပုံစံမျိုး ပြန်ပြီးရေးဆွဲတယ် ဆိုတာတစ်နည်းအားဖြင့် ပြောရရင် လွှတ်တော်ရယ်၊ အစိုးရရယ်၊ တရားရေးဆိုတဲ့ မဏ္ဍိုင် ၃ ခုပေါ့။ မဏ္ဍိုင် ၃ ရပ်ကို လက်ရှိ အုပ်ချုပ်နေတဲ့ စစ်တစ်ပိုင်း အစိုးရ လက်ထဲမှာပဲ ဆုပ်ကိုင်ထားဖို့သူတို့ အဓိက ထားတယ်။ အပြင်မှာ ကျွန်တော်တို့ တောင်းဆိုတဲ့ ၄ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေး ပွဲကို အသိအမှတ်မပြုရာ ရောက်နေတယ်လို့ တွေ့ရှိရတယ်။

မေး – ဒီဥပဒေနဲ့ ပတ်သက်ပြီး ကျောင်းသားသပိတ်စစ်ကြောင်းတွေက သပိတ်ပြန်စဖို့ ကြေညာချက်တွေ ထွက်လာပါတယ်။ ဒီတော့ သပိတ်တိုက်ပွဲ ပြန်စလာမယ်ဆိုရင် ဘယ်လိုပုံစံမျိုး တိုက်ပွဲဝင်တာက ပိုသင့် တော်မယ်လို့ ထင်ပါသလဲ။ ဒီလိုမျိုး သပိတ်တိုက်ပွဲ ပြန်စဖို့ ဆိုတဲ့အပေါ်မှာကော ဗသက ဥက္ကဋ္ဌအနေနဲ့ ဘာများ ပြောချင်သလဲ။

ဖြေ – တိုက်ပွဲဝင်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့က ရှေ့မှာ သင်ခန်းစာတွေကော၊ အတွေ့အကြုံတွေကော အများကြီးရထားတယ်။ အဲဒီတော့ ကျွန်တော်တို့ အနေနဲ့က ဒါ ကမူးရှူးထိုး လုပ်လို့တော့ မရဘူးလေ၊ ဒါတစ်ခုက တိုက်ပွဲလုပ်မယ်ဆိုရင် စနစ်တကျ ပြင်ဆင်ထားဖို့တော့ လိုတယ်။ အရင်တစ်ခါက ကျွန်တော်တို့ ရန်ကုန်မြို့ ၄ ရက် သပိတ်ဆန္ဒပြပွဲတွေ၊ နောက်ပြီးတော့ မန္တလေးက ရန်ကုန်ချီတက်ခဲ့တဲ့ လမ်းလျှောက် ချီတက်ပွဲတွေမှာ ကျွန်တော်တို့ အနေနဲ့ ပြည်သူတွေပါတယ်။ တစ်နည်းအားဖြင့် ပြောရင် အားပေးထောက်ခံ ၀န်းရံသူတွေပါတယ်။ ဒါပေမဲ့ လိုအပ်ချက်တွေတော့ ရှိနေတယ်။ ဆိုတော့ ဒီတစ်ခေါက်မှာ လိုအပ်ချက်တွေ မရှိအောင် လိုလေသေးမရှိ အရာရာ ပြည့်စုံအောင် လုပ်ဖို့တော့ လိုတယ်။ ဆိုတော့တိုက်ပွဲကို အလောတကြီး တိုက်လို့မရပါဘူး။ တိုက်ပွဲတိုက်တယ်ဆိုတာ ပုံသဏ္ဌာန် ကြွယ်ဝဖို့လည်း လိုတယ်၊ နည်းနာကြွယ်ဝဖို့လည်း လိုတယ်။ နည်းပရိယာယ်တွေ ကြွယ်ဝဖို့လည်း လိုတယ်လို့ မြင်တယ်။

တိုက်ပွဲတိုက်ဖို့ ကိစ္စကို အလောသုံးဆယ်တော့ ကျွန်တော့်အနေနဲ့ အားမပေးနိုင်ဘူး။ စနစ်တကျ ပြင်ဆင် ပြီးတော့ လုပ်ဖို့လိုတယ်။ ဒီကိစ္စဟာ ထောက်ခံတဲ့၊ ၀န်းရံတဲ့ ပြည်သူနဲ့တင်မပြီးဘဲနဲ့ အဖွဲ့အ စည်းပေါင်းစုံ ကနေပြီးတော့ တစ်သမတ်တည်း ဒီအပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်တဲ့ အနေအထားအထိ ဆွဲတင်ဖို့လိုတယ် ဆိုတာကို ပြောချင်ပါတယ်။

မေး – လက်ရှိ နိုင်ငံရေး အနေအထားမှာ ဒီိမိုကရေစီ အသိုင်းအ၀ိုင်းဘက်က လူတွေကပါ ရွေးကောက်ပွဲ နီးလာတဲ့ အတွက်ကြောင့်မို့လို့ ကြားကာလ နိုင်ငံရေး တည်ငြိမ်မှုဆိုတာကို အဓိကထား ပြော လာကြတာ တွေ့ရတယ်။ ဒီအပေါ်မှာ အစိုးရအနေနဲ့ ပညာရေး ဥပဒေ အတွက် တိုက်ပွဲဝင်တဲ့အခါမှာ နိုင်ငံရေး အမြတ်ထုတ်ပြီးတော့ ကျောင်း သားတွေဘက်ကို အပြစ်ပုံချလာနိုင်မလား။

ဖြေ – အစိုးရကတော့ အခုဟာက ကျောင်းသားကော၊ လယ်သမား၊ အလုပ်သမားကော ဘယ်လှုပ်ရှားမှုပဲ လုပ်လုပ် အားလုံးအပေါ် အပြစ်ပုံချဖို့ ဒါအမြဲတမ်း အဆင်သင့် ပြင်ဆင်ထားတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့သွားချင်တဲ့ လမ်းကြောင်းကို ထိခိုက်မယ်၊ အနှောင့်အယှက် ပေးမယ်လို့ သူတို့ယူဆလို့ပဲ။ သူတို့ သွားချင်တဲ့လမ်းကြောင်း က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်မှာ ဘယ်ရွေးကောက်ပွဲပဲ လုပ်လုပ် လက်ရှိ အစိုးရက အမြဲတမ်းနိုင်အောင်လို့ သူတို့ ဖန်တီးထားတယ်။ လက်ရှိအစိုးရ မနိုင်၊ နိုင်အောင်လို့ လုပ်မယ့် နည်းလမ်းတွေလည်း သူတို့မှာ အပြည့်အစုံရှိတယ်။ အဲဒီတော့ အဲဒီလို အခြေအနေမျိုးကို တိမ်းစောင်းသွား စေနိုင်တဲ့ ဘယ်သူ့လုပ်ရပ်မျိုးမဆို သူတို့ လက်သင့်ခံမှာ မဟုတ်ဘူး၊ ဖြိုခွဲမှာပဲ။ အဲဒီတော့ ကျွန်တော်တို့ ကျောင်းသားတွေကော၊ လယ်သမား အလုပ်သမားတွေကော ဒီအချိန်မှာ တိုက်ပွဲဝင်တယ်ဆို ဖြိုခွဲဖို့ ကြိုးစားမယ်။ ဖြိုခွဲပြီးသွားရင် ဒါဘယ်သူတွေ၊ ဘယ်ဝှါတွေ နောက်ကွယ်က သွေးထိုးပါတယ်၊ လှုံ့ဆော် ပါတယ် ဆိုတာမျိုး အပြစ်ပုံချမယ်။ ကျောင်းသားတွေရဲ့ ကြီးကျယ်တဲ့၊ ကြီးမြတ်တဲ့ လှုပ်ရှားမှု မှန်သမျှကိုလည်း သေးသိမ် သွားအောင် ဖန်တီးမယ်။ နာမည်ဖျက်ဖို့ အမျိုးမျိုး ပြင်ဆင်ထားကြတာကို တွေ့ရတယ်။ အဲဒီတော့ ကြားကာလ တည်ငြိမ်ရေးဆိုတာသည် ကျွန်တော်သိပ်တော့ စိတ်မ၀င်စားဘူး။ တည်ငြိမ်ရေး၊ မတည်ငြိမ်ရေး ဆိုတာက တကယ်တမ်း ပြောမယ်ဆိုလို့ ရှိရင်နိုင်ငံရေး လမ်းစဉ်ကြီး တစ်ခုလုံးကောင်းမွန်မှ တည်ငြိမ်မှာ။ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ ဘယ်တော့မှ တည်ငြိမ်မှာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လူတွေ ဒုက္ခရောက်နေတယ်၊ ငတ်နေတယ်ဆိုရင် တည်ငြိမ်မှာ မဟုတ်ဘူး။ အဲဒီတော့ တည်ငြိမ်ရေးလို့ ဆိုတာ ထက်ကို အဓိက ဘာကိုစဉ်းစားရမလဲဆိုရင် ကျွန်တော်တို့ လုပ်တဲ့ လုပ်ရပ်မှန်သမျှ အောင်မြင်ဖို့ စဉ်းစားရမယ်။ အကျအရှုံး နည်းနည်းနဲ့ ထိထိရောက်ရောက်နဲ့ လိုချင်တဲ့ရလဒ်တွေ၊ ရည်မှန်းချက်တွေ ရောက်ဖို့ ကျွန်တော်တို့ စဉ်းစားရမယ်။ အဲဒါကိုပဲ ကျွန်တော်တို့ အဓိကထား စဉ်းစားသင့်တယ်လို့ ထင်တယ်။ အစိုးရက ပုံဖျက်တာတော့ ပုံမှန်လုပ်မှာပဲ။ ကျွန်တော်တို့အနေနဲ့က အဲဒီလို ပုံဖျက်တဲ့ဟာကို မခံရအောင် ဘယ်နည်းဘယ်ပုံနဲ့ အကောင်းဆုံး ဖန်တီးမလဲဆိုတာပဲ စဉ်းစားသင့်တယ်လို့ ထင်တယ်။

မေး – နောက်တစ်ခုက အစိုးရက ဗကသကို ဆိုလို့ရှိရင်ခါးခါးသီးသီး ကို ဖြစ်နေတယ်ပေါ့။ ခါးခါးသီးသီး ဖြစ်တဲ့အပြင်ကို မှိုင်းတိုက်တာတွေပါ လုပ်လာတယ်ပေါ့။ အဲဒီမှာ တချို့လူတွေပါဆိုရင် အဲဒီမှိုင်းတိုက်တာကို မိသွားတာမျိုးတွေရှိတယ်။ ဒီအပေါ်မှာ အစိုးရက အခုလိုလုပ်တာဟာ ဘာကြောင့်လို့ ပြောနိုင်မလဲ။

ဖြေ – အစိုးရက ခါးခါးသီးသီး ဖြစ်နေတာနဲ့ တချို့လူတွေ မှိုင်းတိုက်ခံနေတာ နှစ်ခုက ခွဲပြောမှရမယ်။ အစိုးရက ခါးခါးသီးသီး ဖြစ်နေတာကတော့ ဒါနှစ်ပရိစ္ဆေဒပေါင်း များစွာကြာမြင့်ပြီး ဗကသနဲ့ စစ်အာဏာရှင် အစိုးရ ကြားထဲမှာ ရှိတဲ့ ပြဿနာတွေဗျ။ တစ်နည်းအားဖြင့်ပြောရင် အစိုးရက ကျွန်တော်တို့အပေါ် အငြိုးအတေး ထားပြီး တိုက်ခိုက်တဲ့သဘောပဲ။ ဘာကြောင့်လဲဆိုရင် အာဏာရှင်စနစ် သမိုင်းက အမြစ်တွယ်လာပြီ ဆိုကတည်းက ကျောင်းသားသမဂ္ဂက စတင်ကန့်ကွက်ခဲ့တယ်။ ဒီလိုမျိုး အာဏာကို ပြည်သူ့လက်ထဲကနေ လုယူသိမ်းပိုက်ပြီး အုပ်ချုပ်တာကို မသင့်တော်ဘူးဆိုတာကို ၁၉၆၀ ခုနှစ် မတိုင်ခင် ကတည်းကကော၊ ၁၉၅၈ ခုနှစ် လောက်ကတည်းကကော ကန့်ကွက်ခဲ့တယ်။ အိမ်စောင့်အစိုးရ လက်ထက်ပေါ့။ ၆၂ မှာလည်း ကျောင်းသားတွေက ကန့်ကွက်တယ်။ အဲဒီလို ကန့်ကွက်တဲ့ အတွက် ကျောင်းသားသမဂ္ဂကို ဖြိုခွဲဖျက်ဆီး၊ ဒိုင်းနမိုက်နဲ့ ဖြိုခွဲပြီး ကျောင်းသားပေါင်း ၁၀၀ ကျော်ကို သတ်တယ် ဆိုကတည်းက အငြိုးအတေးကသူတို့မှာ တော်တော်ကြီးမားတယ် ဆိုတာကို ပြသနေတာ။ လာမယ့် ၇ လပိုင်းဆို ၅၃ နှစ် ပြည့်တော့မယ်။ ဒီလို အခြေအနေမျိုးမှာ ဆိုလို့ရှိရင်တော့ အခုအချိန်အထိ အငြိုးအတေး မပြေသေးဘူး။ အခုအချိန်အထိ ကလဲ့စား ချေချင်တဲ့ စိတ်တွေက ရှိနေတုန်းပဲလို့ ကျွန်တော်တို့က ဒီလိုပဲသွားတွေ့ရတယ်။ အဓိကက အာဏာ ပြဿနာပဲ။ ကျောင်းသားတွေဟာ အစိုးရအနေနဲ့၊ စစ်အာဏာရှင်တွေ အနေနဲ့ အာဏာကို ဖြတ်လမ်းက ယူထားတာကို လက်သင့်မခံဘူး။ အဲဒီအပေါ်မှာ ဝေဖန်လို့ အငြိုးအတေးထားတာ၊ ကျောင်းသားတွေကို ရန်သူသဖွယ် သဘောထားတာ။

မှိုင်းတိုက်တာကတော့ခုနက ပြောသလို ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုတွေကို အင်အား ချည့်နှဲ့သွားအောင် ဖန်တီးတာ။ သူတို့ အာဏာဆက်လက် တည်မြဲရေး၊ သူတို့ဆက်လက် ဗိုလ်ကျစိုးမိုးဖို့အတွက်၊ ပြည်သူလူထု ကိုလုပ်ချင်တာ လုပ်ဖို့ ထင်တိုင်းကျဲဖို့အတွက် ထွက်လာမယ့် အညွန့်အတက်တွေကို ဖျက်ပစ်တာပဲ။ အဲဒီအပေါ်မှာ မှိုင်းတိုက်ခံရတဲ့ လူတချို့ဆိုတာဟာ သမိုင်းကို သေချာ နားမလည်တဲ့ သူတွေပဲဖြစ်မယ်။ ဆိုတော့ နိုင်ငံရေးပါတီ တချို့လည်းပါမယ်၊ နိုင်ငံရေး အင်အားစုတချို့လည်း ပါမယ်၊ သာမန်ပြည်သူ တချို့လည်းပါမယ်။ အဲဒီ တချို့တချို့သော သူတွေဟာ နိုင်ငံရေး နယ်ပယ်ထဲမှာ ရှိကောင်းရှိနေလိမ့်မယ်။ သမိုင်းကို စနစ်တကျ လေ့လာထားဖို့ လိုအပ်တယ်။ သမိုင်းကို စနစ်တကျ မလေ့လာဘဲနဲ့ အဆင်ပြေရေးနဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးဆိုတဲ့ ဘက်ကိုပဲ ဦးတည်ပြီးသွားမယ် ဆိုလို့ရှိရင် ကျောင်းသားသမဂ္ဂရဲ့ အခန်းကဏ္ဍကို ပစ်ပယ်ရာ ရောက်လိမ့်မယ်။ ပြီးတော့ ကျဆုံးသွားတဲ့ ကျောင်းသား ရဲဘော်တွေနဲ့ အပြစ်မဲ့ ပြည်သူတွေရဲ့ အနစ်နာခံမှု အပေါ်မှာလည်း လျစ်လျှူရှုရာ ရောက်လိမ့်မယ်။ ကျွန်တော်တို့အနေနဲ့ မဖြစ်စေချင် ဘူး။ အသွင်ကူးပြောင်းမှု ကာလမှာ ကျွန်တော်တို့ တရားမျှတရေးကို အမြဲတမ်း ထည့်စဉ်းစားပါတယ်။ တရားမျှတရေးကို ထည့်မစဉ်းစားဘဲနဲ့ အသွင်ကူးပြောင်းရေးကို ဇွတ်လုပ်မယ် ဆိုလို့ရှိရင် ခုနကပြောသလို ရန်သူနဲ့ ပူးပေါင်းတာပဲ ဖြစ်လိမ့်မယ်။ အနှစ်သာရရှိတဲ့ တွေ့ဆုံဆွေးနွေးပွဲရမှာ မဟုတ်ဘူး။ အနှစ်သာရပြည့်ဝတဲ့ အသွင် ကူးပြောင်းမှုဆိုတာ လည်း ဖြစ်လာမှာ မဟုတ်ဘူး။ အနှစ်သာရပြည့်ဝတဲ့ ဒီမိုကရေစီဆိုတာလည်း ရှိလာမှာ မဟုတ်ဘူး။ အဲဒီတော့ တစ်နည်းအားဖြင့် ပြောမယ်ဆိုလို့ ရှိရင် ကျောင်းသားသမဂ္ဂရဲ့ အခန်းကဏ္ဍကို လုံးဝ လျစ်လျှူရှုပြီးတော့ အစိုးရနဲ့အဆင်ပြေရေး တစ်ခုတည်း သွားတယ်ဆိုတာ တစ်နည်းအားဖြင့် ပြောမယ် ဆိုရင် လက်နက်ချတာ၊ ရန်သူနဲ့ပူးပေါင်းတာ၊ အညံ့ခံတာပဲ ဖြစ်တယ်လို့ ကျွန်တော်တို့က မြင်တယ်။

မေး -နောက်တစ်ခုက ဗကသနဲ့ တကသကို ဆိုလို့ရှိရင် အစိုးရက ထုံးစံအတိုင်း သပ်လျှိုသွေးခွဲရေး လုပ်လာတဲ့ အနေအထား မျိုးတွေ တွေ့ရတယ်ပေါ့။ နောက်တချို့သူတွေရဲ့ တွေးခေါ်မှုအပိုင်းမှာ ကွဲလာတာတွေလည်း တွေ့နေရတယ်။ အဲဒီတော့ အစိုးရရဲ့ သပ်လျှိုသွေးခွဲမှုလုပ်ရပ်ဟာ အောင်မြင်တယ်လို့ကော သုံးသပ်နိုင်မလား။

ဖြေ – ဗကသနဲ့ တကသကို သွေးခွဲတာဟာ အခုမှမဟုတ်ဘူးဗျ။ ဗကသ၊ တကသ ဆိုတဲ့ အခုခေတ်မတိုင်ခင် ၁၉၈၈ တုန်းကလည်း ဗကသနဲ့မကသဆိုပြီး သွေးခွဲခဲ့တယ်။ ဒီလိုပဲ ဟိုးအရှေ့တွေမှာလည်း တပ်ဦးနဲ့ DSO ကို သွေးခွဲခဲ့တယ်။ အစိုးရ အဆက်ဆက်ကတော့ ကျောင်းသားသမဂ္ဂရဲ့ အင်အား ကောင်းလာမှာကို စိတ်ပူတဲ့ အတွက်ကြောင့်မို့လို့ အတိုက်အခံ ဖြစ်လာနိုင်တဲ့ ကျောင်းသားတွေ အလားအလာ ကောင်းတွေကို ဖြိုခွဲဖို့ အတွက်ကို အမြဲတမ်း ကျောင်းသားလောကထဲမှာ သပ်လျှိုသွေးခွဲမှုတွေ လုပ်မှာပဲ။ လုပ်လေ့လုပ်ထလည်း ရှိတယ်။ အဲဒီတော့ ကျွန်တော်တို့တွေဟာ ကျောင်းသားစိတ်နဲ့ ကျောင်းသားအသိနဲ့ ဒီသပ်လျှိုသွေးခွဲမှုကို ဖယ်ရှားပစ်ရမယ်။ ကျွန်တော်တို့ ရင်ဆိုင် တွန်းလှန်ပစ်ရမယ်။ ကျွန်တော်တို့ တညီတညွတ်တည်း ရပ်ရမယ်။ ကျွန်တော်တို့ တောက်လျှောက် ပြောခဲ့တယ်။ အလံတစ်လံတည်း အောက်မှာ အသံတစ်သံတည်း ထွက်ရမယ် ဆိုတဲ့ အနေအထားကို ပြောခဲ့တယ်။ သံပြိုင်ဆိုတဲ့ သီချင်းသံဟာ လောကတစ်ခွင်လုံး ဟိန်းထွက်လာတယ်လို့ ဆောင်းပါးတစ်ပုဒ်လည်း ရေးဖူးတယ်။ ကျွန်တော်တို့ ညီညွတ်ဖို့ လိုတယ်လို့ ပြောတာ အဓိကကတော့။ ဒါပေမဲ့ အခု မညီညွတ်ဘူး။ Ideology အခြေခံကွဲတယ်ဆိုတာ ဘာဖြစ်လာတာလဲ ဆိုတော့ အဓိက,ကတော့ ဖြတ်သန်း လာရတဲ့ဘ၀တွေ မတူတဲ့ အနေအထားနဲ့ ရရှိလာနိုင်တဲ့ အခွင့်အရေး အပေါ်မှာထားတဲ့ စိတ်နေ သဘောထားတွေ ကွာခြားတဲ့သဘောပဲ။ တချို့တွေက ဥပမာ အခွင့်အရေးအပေါ် သာယာတာမျိုး ရှိနိုင်တယ်။ ဥပမာဗျာ…လက်ရှိအစိုးရရဲ့ ပါလီမန် ဒီမိုကရေစီ လမ်းကြောင်းကို သွားပြီး လွှတ်တော် အမတ်ဖြစ်ချင်တဲ့ သူတွေလည်း ကျောင်းသားလောကမှာ ရှိကောင်းရှိနေမယ်။ အဲဒီလိုလူငယ်တွေကို သွေးဆောင်ဖြား ယောင်းတဲ့ အခါကျတော့ သူတို့ကနေပြီးတော့ ကျွန်တော်တို့ သွားနေတဲ့ တိုက်ပွဲလမ်းကြောင်း ဆိုတဲ့ဟာကို ရှောင်ဖယ် ရှောင်ဖယ် လုပ်လာလိမ့်မယ်။ သူတို့သွားမှာမဟုတ်ဘူး၊ အဲဒီလိုလမ်းကြောင်းအတိုင်း လျှောက်မှာ မဟုတ်ဘဲနဲ့ အဆင်ပြေရေး လမ်းကြောင်း ဒလိမ့်ကောက်ကွေး ပါသွားနိုင်တယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ကျောင်းသားထု ထဲမှာ သွေးခွဲဖို့အတွက်က မက်လုံးပေးပြီး ဖြိုခွဲတာနဲ့ ခုနကပြောသလို ညီညွတ်ရေးကိုဖြိုခွဲဖို့ အတွက် ကြောက်ခမန်းလိလိဖြစ်အောင် ကျွန်တော်တို့ ဗကသကို ပုံဖျက်ပြီးတော့မှ သွေးခွဲတာ နှစ်မျိုးရှိတယ်ဗျ။ အဲဒီနှစ်ခုစလုံးက အစိုးရက ကျွမ်းကျွမ်းကျင်ကျင် ပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်တဲ့ အတွက်ကြောင့်မို့လို့ ကျောင်းသား ညီညွတ်ရေးဟာ ကျွန်တော်တို့ ထင်သလို တည်ဆောက်လို့ မရဘူး ဆိုတာကို သွားတွေ့ရတယ်။ သူတို့ဘက်က အောင်မြင်သလား ဆိုရင်တော့ အတိုင်းအတာ တစ်ခုအထိတော့ အောင်မြင်တယ်။ အပြည့် အ၀တော့ အောင်မြင်တာ မဟုတ်ဘူး။

မေး – တချို့ကျောင်းသားတွေ ကြားထဲမှာ အတွေးအခေါ်တစ်ခုက အစိုးရနဲ့ ပေါင်းပြီး တစ်စတစ်စနဲ့ ပြုပြင်ရေး လမ်းစဉ်နဲ့ သွားချင်တာမျိုး ရှိတယ်။ အဲဒါကိုကော ဗကသ ဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ လက်ခံသလား။

ဖြေ – ကျွန်တော်တို့ဟာ အစိုးရနဲ့ပူးပေါင်းပြီး တစ်စတစ်စ ပြုပြင်ရေးဆိုတဲ့ လမ်းကြောင်းကို လေ့လာ ကြည့်တယ်။ လေ့လာကြည့်တဲ့ အခါမှာ နိုင်ငံတကာ အခြေအနေကိုလည်း လေ့လာရမယ်၊ ပြည်တွင်း အခြေအနေကိုလည်း လေ့လာရမယ်။ ကျွန်တော်တို့ သိသလောက်ကတော့ ပြည်တွင်း အခြေအနေကို လေ့လာတဲ့အခါမှာ အစိုးရနဲ့ ပူးပေါင်းပြီး တစ်စတစ်စ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းဟာ ဘယ်တော့မှ မအောင်မြင်ခဲ့ဘူး ပြည်တွင်းမှာ။ မအောင်မြင်ဘူးဆိုတာ နိုင်ငံရေးအရ မအောင်မြင်ခဲ့ဘူး လို့ပြောတာ။ ဒေါက်တာဘမော်ခေတ်က ညွန့်ပေါင်းအစိုးရတွေ ဖွဲ့တယ်၊ အင်္ဂလိပ် ကိုလိုနီနယ်ချဲ့နဲ့ ပူးပေါင်းပြီးတော့၊ ၅၀၀၀ စားအမတ်တွေ ပူးပေါင်းပြီးတော့ ၀င်ပူးသတ်ရေးဆိုပြီး သွားတယ်။ အဲဒီလူတွေ အကုန်လုံး ရှုံးနိမ့်သွားတယ်။ တစ်နည်းအားဖြင့် ပြောရင် တော်လှန်တဲ့၊ တိုးတက်တဲ့ ကျောင်းသားတွေပဲ၊ သမဂ္ဂထဲက ကျောင်းသားတွေလိုမျိုး ဗိုလ်အောင်ဆန်းတို့လို၊ သခင်ဗဟိန်းတို့လို လူငယ်တွေပဲ အောင်မြင်လာခဲ့တယ်၊ နိုင်ငံရေးအရမှာ။ ပူးပေါင်း ဆောင်ရွက်တဲ့ လမ်းကြောင်းက ရှုံးနိမ့်တယ်။ ဒါက ပြည်တွင်း အခြေအနေ။ နိုင်ငံတကာက အခြေအနေကို ကြည့်မယ် ဆိုလို့ရှိရင်လည်း နိုင်ငံတကာမှာ အခုလိုမျိုးပေါ့။ ဖိနှိပ်တဲ့ အစိုးရကို တော်လှန်တဲ့ နိုင်ငံတွေလည်း ရှိတယ်။ အဲဒီနိုင်ငံတွေကို ကြည့်လိုက်လေ။ အနီးစပ်ဆုံးဆို တောင်အာဖရိကလို နိုင်ငံမျိုးမှာ အစိုးရနဲ့ စေ့စပ် ဆွေးနွေးတယ် ဆိုတဲ့နေရာမှာလည်း မင်ဒဲလားတို့ရဲ့ ANC အားကောင်းပြီးတော့ သူတို့လှုပ်ရှားမှုတွေ လုပ်နိုင် လို့သာလျှင် တောင်အာဖရိက လူဖြူအစိုးရကတွေ့ဆုံ ဆွေးနွေးတာဗျ။ တစ်ချိန်လုံး ကပ်ဖားရပ်ဖားလုပ် နေမယ်၊ ပူးပေါင်းဆောင်ရွက်ရေး လုပ်နေမယ်ဆိုရင် အခုအချိန်အထိ လူမဲတွေ လွတ်လပ်ခွင့်ရမှာ မဟုတ်ဘူး။ ဆိုလိုတာက နိုင်ငံတကာ အခြေအနေမှာလည်း တိုက်ရဲတယ်၊ တော်လှန်ရဲတယ် ဆိုတဲ့သူတွေသာ လွတ်မြောက်တာကို တွေ့ရတယ်။ ကျောင်းသား လှုပ်ရှားမှုတွေ မှန်သမျှ အင်ဒိုနီးရှားမှာလည်း ဖြစ်ခဲ့တာပဲ၊ ထိုင်းမှာလည်း ဖြစ်ခဲ့တာပဲ၊ ဖိလစ်ပိုင်မှာလည်း ဖြစ်ခဲ့တာပဲ။ နေရာတိုင်းမှာ ကျောင်းသား လှုပ်ရှားမှုတွေ၊ လူထုလှုပ်ရှားမှုတွေ ဖြစ်ခဲ့တယ်။ မားကို့စ်တို့ ဘာတို့ဖြုတ်ချတာလည်း လူထုလှုပ်ရှားမှုနဲ့ပဲ ဖြုတ်ချတာပဲ။

အစိုးရက ဘယ်လိုအစိုးရလဲ၊ ဒီနိုင်ငံကို အုပ်ချုပ်နေတာ။ ဖိနှိပ်တဲ့ အာဏာရှင် အစိုးရဆိုလို့ရှိရင် ကျွန်တော်တို့ အနေနဲ့လူထု လှုပ်ရှားမှုလိုကို လိုအပ်တယ်။ တိုက်ပွဲလိုကို လိုအပ်တယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ ပူးပေါင်း ဆောင်ရွက်ရေး၊ တစ်စတစ်စပြုပြင် ပြောင်းလဲရေးဆိုတာဟာ စိတ်ကူးယဉ်မှု သက်သက်ပဲ ဖြစ်လိမ့်မယ်။ ဘယ်တော့မှ အဲဒီလမ်းကြောင်းက အောင်မြင်မှာ မဟုတ်ဘူး။ အဲဒီလမ်းကြောင်းအတိုင်း သွားမယ်ဆိုလို့ရှိရင် တစ်နည်းအားဖြင့် ပြောမယ်ဆိုရင်အစိုးရရဲ့ ကြိုက်သလို ဆောင်ရွက်မှု၊ သူတို့ရဲ့ ထင်တိုင်းခြယ်လှယ်မှု အောက်မှာပဲ ပြားပြားဝပ် ကျရောက်သွားမှာပဲလို့ မြင်တယ်ဗျ။

မေး – အခုဆိုသမဂ္ဂနဲ့ ပတ်သက်လို့ တက္ကသိုလ် ကောင်စီမှာ ကျောင်းသား တိုင်းဟာ သမဂ္ဂအဖွဲ့ဝင် ဟုတ်ချင်မှ ဟုတ်မယ် ဆိုတဲ့ ပြောတာမျိုးနဲ့ ပတ်သက်ပြီး သဘောထား တော်တော်ကွဲလွဲကြတယ်။ ဒီအပေါ် နှစ်ဖက်ကွဲလွဲမှု တွေလည်း ရှိတယ်။ ဒီလိုမျိုး ကွဲလွဲရခြင်းရဲ့ အဓိက အကြောင်းအရင်းက ဘာလို့ ထင်ပါသလဲ။

ဖြေ – အဲဒါက သမိုင်းကြောင်းဆိုင်ရာ ပြဿနာပဲ။ သမဂ္ဂဆိုတာကို အစိုးရအဆက်ဆက်က လုံးဝနားထဲမှာကို မကြားချင်လောက်အောင် မုန်းတီးပြီး မြင်ပြင်းကပ်တယ်။ သမဂ္ဂဆိုတဲ့ အသုံးအနှုန်း ဝေါဟာရက ဥပဒေထဲ ရောက်လာမှာကို အကြောက်ဆုံးဖြစ်တယ်။ အဲဒီတော့တစ်ဖက်က အစိုးရက ကြောက်နေတဲ့ဟာကို ဖိတဲ့ အခါကျတော့ အစိုးရ လက်သင့်ခံနိုင်လောက်အောင် ပူးပေါင်းဆောင်ရွက်ချင်တဲ့သူတွေက သမဂ္ဂဆိုတဲ့ စကားလုံး ဝေါဟာရနဲ့ သမဂ္ဂရဲ့ အနှစ်သာရကို ဖြုတ်ချလိုက်မယ်။ ဒီဥပဒေမှာ ဖြုတ်ချလိုက်ရင် အောင်မြင် သွားလိမ့်မယ်လို့ တွေးပုံရတယ်။ တကယ်တမ်းကျတော့ အဲဒီကိစ္စက လွယ်လင့်တကူ လျှော့ပေးရမယ့်ကိစ္စ မဟုတ်ဘူး။ သမဂ္ဂကျောင်းသားဆိုတာက ကျောင်းသားတွေ အားလုံးဟာ သမဂ္ဂကို ၀င်ခွင့်ရှိတယ်။ ဘယ် ကျောင်းသားကိုမှ သမဂ္ဂထဲ မ၀င်ရဘူးလို့ ကန့်သတ်ထားတာ မဟုတ်ဘူး။ သမဂ္ဂ အမှုဆောင် ကော်မတီမှာ ၀င်ရောက် ယှဉ်ပြိုင်ချင်လည်း လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်ရှိတယ်။ လူတိုင်းမှာ မဲပေးပိုင်ခွင့်ရှိသလို ရွေးချယ် ခံပိုင်ခွင့်လည်းရှိတယ်။ အဲဒါဒီမိုကရေစီပဲ။ ဒီ ဒီမိုကရေစီ အလေ့အထကို တက္ကသိုလ်တွေ၊ ကျောင်းတွေထဲမှာ လွတ်လွတ်လပ်လပ် ကျင့်သုံးဖို့ အတွက် သမဂ္ဂဆိုတာ ပေါ်ပေါက်လာတာ။ ဒီမိုကရေစီကို လိုလားပါတယ် ဆိုတဲ့လူတွေက သမဂ္ဂနဲ့ သမဂ္ဂ မဟုတ်တဲ့ ကျောင်းသားနဲ့ ခွဲခြားတယ်ဆိုတာ ဒါ ဒီမိုကရေစီ မဟုတ်တော့ဘူး။ ကျောင်းသားအားလုံး ကျောင်းသားသမဂ္ဂမှာ လွတ်လွတ်လပ်လပ် ဆောင်ရွက်ပိုင်ခွင့် ရှိသည်ဆိုတဲ့ လမ်းကြောင်းပေါ်က ရပ်ပြီးတော့ ပြောရလိမ့်မယ်။ ကျောင်းသားအားလုံးကို သမဂ္ဂက ကိုယ်စားပြုသည်ဆိုတဲ့ ရှုထောင့်ကနေပြီးတော့ ချဉ်းကပ်ရလိမ့်မယ်။ အဲဒီလို မဟုတ်ဘဲနဲ့ ကျောင်းသားကသပ်သပ်၊ သမဂ္ဂကသပ်သပ် ခွဲမယ်ဆိုလို့ရှိရင် ဒါဟာတစ်နည်းအားဖြင့် ဒီမိုကရေစီကိုပါ ငြင်းပယ်ရာ ရောက်သွားပြီ။ ဒီမိုကရေစီဆိုတာ မရှိတော့ဘူး အဲဒီကျလို့ရှိရင်။ အဲဒါဆိုလို့ရှိရင် သမဂ္ဂလုပ်တာလည်း အပိုပဲ ဖြစ်လိမ့်မယ်။ ကျောင်းတက် တာလည်း အဓိပ္ပာယ်မရှိ

ဗိုလ်ချုပ်မှူးကြီးက နိုင်ငံတော်အာဏာကို ပါတီကို လွှဲခဲ့တာ … အစိုးရကိုပေးတာမှ မဟုတ်ဘဲ … လျှို့ဝှက်ချက် ဘယ်သူမှ မသိသေး

၂၀၁၅ ရွေးကောက်ပွဲအလွန် နီးကပ်လာသော အချိန်ဖြစ်သည့် ယခုလတွင် အာဏာရ ပြည်ခိုင်ဖြိုးပါတီ ထိပ တန်း ဗဟိုကော်မတီဝင်များနှင့် သမ္မတဦးသိန်းစိန်၏ နိုင်ငံရေးအာဏာ ဆက်လက်ဖက်တွယ်ထား လိုသူများ အကြား အပြန်အလှန် သဘောသက်ရောက်သည့် စောင်းပါးရိပ်ခြည်ပြော ဆိုသည်များ တွေ့လာရ သည့်နည်း တူ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်စေနိုင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အဓိကလုပ်ပိုင် ခွင့်ရှိသော ပြည်ထောင်စုလွှတ်တော်တွင်လည်း လွှတ်တော်ကိုယ်စားလှယ်ပိုင်းမှ ကြံ့ခိုင်ရေးပါတီတည်ထောင်ခဲ့သူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ နိုင်ငံရေးသြဇာကို တစ်စိတ်တစ်ဒေသ ဖော်ပြလိုက်သည့် ပြောကြားမှုများ ထွက်ပေါ် လာခဲ့သည်။…

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လက်ရုံးတစ်ဆူအဖြစ် စစ်အစိုးရ သက်တမ်းတစ်လျှောက် သြဇာအာဏာကြီးမားခဲ့ သူ အာဏာရပြည်ခိုင် ဖြိုးပါတီဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်း က တောင်တွင်းကြီးမြို့နယ်၊ ပြည်ခိုင်ဖြိုး ပါတီ ၀င်များနှင့် ဇွန်လ ၂၀ ရက်နေ့တွေ့ဆုံစဉ်က ““တိုင်းပြည်တည်ဆောက်ရေးနဲ့ပတ်သက် ပြီးအတွေ့အကြုံများတဲ့ သူတွေ များတယ်။ အရည်အချင်းရှိတဲ့ သူတွေများတယ်။ တိုင်းပြည်ကို တည်ဆောက်ရမှာလား၊ ဘယ်လိုလုပ်ရ မှာလဲ၊ ကဏ္ဍအသီးသီးကို ပိုင်နိုင်တဲ့ အတွေ့အကြုံရှိတဲ့သူတွေ အများကြီးရှိတယ်။ ဘယ်သူနဲ့ယှဉ်ယှဉ် သမ္မတ လုပ်မလား ရှိတယ်။ သမ္မတထက်ကြီးတဲ့ ရာထူးလုပ်ဦးမလား၊ လုပ်နိုင်တဲ့သူတွေရှိတယ်။ ၀န်ကြီး အလုပ်လုပ်ဦး မလား၊ လုပ်နိုင်တဲ့သူ ရှိတယ်။ ဌာနတွေကို သွားဦးမလား အကုန်လုပ်နိုင်တယ်။ အရည်အချင်း လုပ်ရည်ကိုင် ရည် ပြည့်ဝသောပါတီဖြစ်တယ်။

ဒီလိုအင်္ဂါရပ်နဲ့ ပြည့်စုံတယ် —– အဲလိုပါတီ မျိုးဖြစ်တယ်။ နောက်ပြည်ခိုင်ဖြိုး ပါတီက ဘယ်သူမှ ကျွန်မခံဘူး။ ဘယ်တိုင်းပြည်၊ ဘယ်အဖွဲ့အစည်းနဲ့မှ ကျွန်လည်းမဟုတ်ဘူး။ အဲဒါလေးသိဖို့လိုတယ်။ ဘယ်သူ့ကိုမှ မမှီခိုဘူး။ အယူဝါဒအရ၊ ငွေကြေး အရ၊ နည်းနာနိဿယျအရ ဟုတ်လား။ အကူအညီတောင်းစရာလည်း မလိုဘူး။ ကျေးဇူးတင်ခံစရာလည်း မလိုဘူး။ ဒီလိုမျိုး ပြည့်စုံတဲ့ ပါတီဖြစ်တယ်။ နောက်ပြီးတော့မှ ဘယ်ဝါဒရဲ့ကျေးကျွန်မှ မဟုတ်ဘူး။ နောက်ပြီးတော့ သူများနိုင်ငံရဲ့ ၀ါဒကျွန်လည်းမဟုတ်ဘူး။ နောက် ကျွန်တော်တို့ပါတီဟာ ဘဏ္ဍာ ငွေလုံလောက်သောပါတီ ဖြစ်တယ်။ ပြည်သူနဲ့ အနှစ်နှစ်ဆယ် လွတ်ခဲ့တယ်ဆိုတာ မရှိဘူး။ ပြည်သူ့အကျိုးကို အဆက်မပြတ်လုပ်နိုင်တာ ဒီတစ်ပါတီပဲရှိတယ်။ ပြည်သူနဲ့အထိ တွေ့ဆုံး၊ ပြည်သူလူထုရဲ့ အကျိုးကို အလုပ် နိုင်ဆုံးပါတီဖြစ်တယ်””ဟု ဦးအောင်သောင်းက ပြောကြားခဲ့ကြောင်း USDP myanmar ၏အင်တာနက် သတင်း၌ ဖော်ပြခဲ့သည်။

ထို့ပြင် သမ္မတဦးသိန်းစိန်၏ နိုင်ငံရေးအာဏာသြဇာ ထိပါးစေသော ပြောဆိုဝေဖန်မှုများအတွက်လည်း သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်၏ အင်တာနက်ဖေ့စ်ဘုတ်တွင် တရားစွဲ မည်ဖြစ်ကြောင်း စောင်းပါးရိပ် ခြည် တုံ့ပြန်ပြောဆိုမှုများ ရေးသားလာခဲ့သည်။ ထိုကဲ့သို့တုံ့ပြန်မှုသည် မည်သူမည်ဝါကို တိကျစွာ ဖော်ပြထားခြင်း မရှိသည့်အတွက် သမ္မတနှင့် အစိုးရရုံးမှလွဲ၍ ကျန်သည့်နယ်ပယ် အသီးသီးမှ ပုဂိ္ဂုလ်များကို ခြိမ်းခြောက်ကြိမ်းမောင်းပြောဆိုသည့် သဘောဖြစ်ကြောင်းတွေ့ရသည်။

ထို့ပြင် စစ်ဝါဒီများ မလိုလားသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်သမ္မတ တာဝန်ထမ်း ဆောင်ခွင့်ရရန် ပိတ်ပင်ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အတွက်လည်း ပြည်ထောင်စု လွှတ် တော်တွင် အချေအတင် ဆွေးနွေးနေကြရာ ဇွန် ၂၄ ရက်၊ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ဖွဲ့စည်း ပုံအခြေခံ ဥပဒေကိုပြင်ဆင်သည့် ဥပဒေမူ ကြမ်းပုဒ်မ ၄၃၆၊ ပုဒ်မခွဲ(က)နှင့် စပ်လျဉ်း၍ ချင်းပြည်နယ် မဲဆန္ဒ နယ်အမှတ်(၁)၊ အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးကျွန်ခဲန်းက တပ်မတော်အကြီးအကဲသည် ဗိုလ်ချုပ် မှူးကြီးသန်းရွှေဖြစ်ကြောင်း၊ အရေးကြီးသောပုဒ်မ ၄၃၆(က)ကို ပြင်ဆင်ရန် အခြေခံမူပိုင်ဖြစ်သော ဗိုလ်ချုပ် မှူးကြီးသန်းရွှေထံသွား၍ တင်ပြပြီး နည်းနာခံယူရန်နှင့် ၎င်း၏နှုတ်မိန့်ခံယူပြီးမှ ပြင်ဆင်ရမည် ဟုယုံကြည် ကြောင်း လွှတ်တော်အတွင်းဆွေးနွေးခဲ့ခြင်း၊ ပြည်ခိုင်ဖြိုး ပါတီတွင်း ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သည့် ဗဟိုအတွင်းရေး မှူး သူရဦးအောင်ကိုကလည်း သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့၊ တစ်ဖွဲ့စီက ဒုတိယ သမ္မတတစ်ဦးစီကို လွှတ်တော်ကိုယ်စားလှယ်များထဲမှ ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများထဲ မှဖြစ်စေ ရွေးချယ် တင်မြှောက်ရမည်ဆိုသည့် ပြဋ္ဌာန်းချက်ကိုပယ်ဖျက်သင့်ကြောင်း၊ ပြည်သူက ရွေးကောက် တင်မြှောက် ပြည်ထောင် စုလွှတ်တော် ကိုယ်စားလှယ်များထဲမှသာ သမ္မတ၊ ဒုတိယသမ္မတများကို ရွေးချယ် တာဝန်ပေးအပ် သင့်ကြောင်း ပြည်ထောင်စုလွှတ်တော် ၌ ဆွေးနွေးခဲ့ကြသည်။

မီဒီယာများနှင့် နိုင်ငံရေးစိတ် ၀င်စားသူများအကြား ပွက်လော ရိုက်နေသည့် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေးနှင့် သမ္မတဦးသိန်းစိန်ပြောရေးဆိုခွင့်ရှိသူများ ဘက်မှ မောဟကြီးမားစွာ တုံ့ပြန် ပြောဆိုပုံများ သည် ရွေးကောက်ပွဲ နီးလာချိန်တွင် နိုင်ငံရေး အာဏာကို လက်လွတ်ဆုံးရှုံး မခံနိုင်သော၊ ပြည်သူ့ ဆန္ဒကိုကျော ခိုင်းပြီး မိမိတို့အာဏာတည်မြဲရေးနှင့် မိမိတို့နှင့် သဘောထား မတိုက်ဆိုင်သူများကို တိုင်းရင်းသားချင်းပင်ဖြစ်စေ အာ ဏာလက်ကိုင် အနိုင်ကျင့်လိုသော သဘောထားများတွေ့မြင်လာရပြီ ဖြစ်ကြောင်း၊ မြန်မာ့နိုင်ငံရေးသည် စစ်ဝါဒီ ရှိသော ပုဂိ္ဂုလ်များကြောင့် အရုပ်ဆိုးအကျည်းတန်ရကြောင်း၊ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်အဂ္ဂ မဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တပညာသာမိနှင့် ၀ါရင့်သတင်းစာဆရာများက မြန်မာသံတော် ဆင့်သို့ သုံးသပ်ပြော ဆိုသည်။

သမ္မတဦးသိန်းစိန်အပါအ၀င် ကြံ့ခိုင်ရေးအစိုးရကို ပါတီဦးဆောင်မှုပေးနေရသည့် သဘောထားအမြင်များ အတွက်လည်း ““ ဟုတ်တယ်လေ။ အခုလည်း ဒီအတိုင်းပဲလေ။ ဒီလိုဆိုရင်လိုက်နာမလားလို့ ဆက်မေး လိုက် ပေါ့။ ပြည်ခိုင်ဖြိုးပါတီက အာဏာရပဲ။ နိုင်ငံတော်အလံကို ပါတီကို ပေးထားတာပဲ။ အစိုးရကို ပေးတာမှ မဟုတ်ဘဲ။ အစိုးရကို ရော့ဒါလုပ်ဆိုပြီးတော့ ပါတီကလွှဲထားတာ။ နောက်ဆုံးနယက အစည်းအဝေးမှာ ဗိုလ်ချုပ် မှူးကြီးက နိုင်ငံတော်အာဏာကို ပါတီကိုလွှဲခဲ့တာ””ဟု ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းက မြန်မာသံတော် ဆင့်နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ ““န၀တထဲမှာ ကျွန်တော် န၀တ၀န်ကြီးက ကျွန်တော် န၀တအုပ်စု ကပဲ ကျန်ခဲ့တယ်။ ကျန်တာတွေ အားလုံးက နာယကပဲ။ ကျွန်တော်တို့ သက်တော်ရှည်မူနဲ့ လုပ်လို့ရ တာပေါ့။

ဒီမိုကရေစီကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့က အစပျိုးပေးခဲ့တယ်ဆိုတာ မှန်ပါတယ်။ ပြောလို့လည်း ရပါတယ်။ ပြောလို့ရတာက ပြည်သူလူထု အခြေအနေ၊ နိုင်ငံတကာ အခြေအနေကြောင့်ပါ။ အဲဒီအခြေအနေ အရပ်ရပ်အရ နှစ်ကာလကလည်း အထိုက် အလျောက်ကြာလာတော့ ပြောင်း ဖို့ သင့်တယ်ပေါ့။ လျှို့ဝှက်ချက်ကတော့ ရှိတယ်။ အဲဒါဒီနေ့ထိ ဘယ်သူမှမသိသေးတဲ့ ကိစ္စ။ ပေါ်လည်းမပေါ်ဘူး။ ကျွန်တော် မနေ့တစ်နေ့ကစဉ်းစားတယ်။ ဒါလေးကိုရေးမယ်လို့ စိတ်ကူးတယ်။

တစ်ခုတော့ရှိတာပေါ့။ နောက်နှစ်အနည်းငယ်ကြာတဲ့အခါ ခင်ဗျားနဲ့ ကျွန်တော် အဲဒီကိစ္စကို ဆွေးနွေးမယ်။ အရင် နာယကကချမှတ်ပေး ခဲ့တယ်ဆိုတာ မှန်ပါတယ်။ ဒါစဉ်း စားကြည့်လေ။ ညီလာခံမှာမူကြမ်းတွေဖတ် ကြည့် လိုက်ရင် ဒီမိုကရေစီအကောင် အထည် ဖော်ဖို့သွားမယ်ဆိုတာ၊ ပါတီစုံစနစ်ကို လုပ်မယ်။ လူတိုင်းပါဝင်ခွင့် ရှိရ မယ်။ ဒီမိုကရေစီဖော်ဆောင်သွားမယ်။ ပြည်သူ့ ကိုအခြေပြုရမယ်။ ပြည်သူလူထုအခြေပြုသောစနစ်တွေနဲ့ အုပ်ချုပ်မှုတွေ၊ တရားစီရင်မှုတွေ လုပ်ရမယ်လို့ ပါတယ်။။ အဲဒါတွေ မပါဘဲနဲ့ အခြေခံဥပဒေဘယ်လိုမှ မဖြစ်နိုင် ဘူး။အဲဒါတွေပါလို့ အခြေ ခံဥပဒေ ဒီနေ့ဖော်ဆောင်ခြင်း ဖြစ်တယ်။ ဗိုလ်ချုပ်မှူးကြီးတစ်ယောက် တည်းတော့ မဟုတ်ပါဘူး။ ဒီခေတ် ဒီအခါတော့ ဖြစ်ကိုဖြစ်ရမယ်။ ဘာကြောင့်ဖြစ်ရမယ်ဆိုတာတော့ အသေးစိတ်ရှိတယ်။ ဘယ်သူမှ လည်းမပြော၊ ကျွန်တော်လည်း ပြောလို့မဖြစ်ဘူး””ဟု ဦးအောင်သောင်းက ပြောကြားခဲ့သည်။

ယင်းအခြေအနေများကြောင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင် နိုင်ရန်မှာ လက်ရှိ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံများ လက်ဝယ်ရှိနေသော နိုင်ငံရေးအာဏာကို ထုတ်သုံးမှ သာ ဖြစ်နိုင်ကြောင်း တွေ့ရှိရပေသည်။ လွှတ်တော်ကိုယ်စား လှယ် ဆွေးနွေးသကဲ့သို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ပါဝင်၍လည်း နိုင်ငံရေးကိစ္စဆောင်ရွက် နိုင်မည်မဟုတ်တော့ဘဲ အမှန်တကယ်အာဏာ ရှိနေ သည့် ပြည်ခိုင် ဖြိုးပါတီဘက်မှ အမှန်တကယ်မလှုပ်ရှားသရွေ့ ယနေ့မြန်မာ့နိုင်ငံရေး အပြောင်းအလဲသည် ခက်ခဲနေမည် သာ ဖြစ်ကြောင်း သုံးသပ်ရပေသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ၎င်း၏ ဘ၀နောက်ဆုံးအချိန်များကို ယုံကြည်စိတ်ချရသော ၀ါရင့်နိုင်ငံရေးသမား တပည့်ကျော်များနှင့် ခိုင်မာသောဖွဲ့စည်းပုံအခြေခံ ဥပဒေကိုချမှတ်ထားပြီး စိတ်ချလက်ချ အနားယူ လျက် နိုင်ငံ ရေးသြဇာ ထူထောင်ထားပြီးဖြစ်ကြောင်း လည်း သေချာစွာလေ့ လာကြည့် လျှင် တွေ့ နိုင်မည်ဖြစ်ပေ သည်။ ပြည် ထောင်စု အစိုးရအဖွဲ့ဝင်များကို လိုအပ်ပါက ခေါ်ယူ၍ လမ်းညွှန် တာဝန်ပေးနိုင်ကြောင်း ပြောကြား ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီဗဟိုအတိုင်ပင်ခံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကို မြန်မာသံတော် ဆင့်နှင့်တွေ့ ဆုံစဉ် က ယင်းကိစ္စရပ်များ ထည့် သွင်းမေးမြန်းခဲ့ရာ-

““ဗိုလ်ချုပ်မှူးကြီးကလည်း ဒါ နဲ့ပတ်သက်ပြီးတော့ ဘယ်လောက် ကြာရှည်နားမယ်ဆိုတာမျိုးလည်း မရှိပါဘူး။ သူက အလွန်စိတ်ပြတ်တယ်။ လွှဲသွားတဲ့အခါမှာ နယက ကိုဖျက်သိမ်းလိုက်ပြီဆိုတာ အဘ ကြေညာရတာ။ ပြည်ထောင်စု လွှတ်တော်မှာ အဘကြေညာရတာ။ (ဗိုလ်ချုပ်မှူးကြီးသန်းရွှေ) မလာဘူး။ လုံးဝပြတ်သွားတာ။ စိတ်ကို ပြတ်သွားတာ။ ငါလုပ်ပေးခဲ့ပြီ။ အခု ဖြစ်နေတဲ့ ဒီမိုကရေစီက အဲဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးတဲ့ အခွင့်အရေးတွေပဲ။ အဲဒီမှာ မပေးခဲ့ရင် ဘာမှလုပ်လို့မရဘူး”” ဟူ၍ လည်းကောင်း၊

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်စေ၊ ဦးသိန်းစိန်သမ္မတဖြစ်စေ လုပ်ပိုင်ခွင့်မှာ အပြည့်အ၀မရှိဘဲ အများထိန်းညှိ၍ ဒီမိုကရေစီနည်း လမ်းကျကျသာ လုပ်ဆောင်၍ရကြောင်း –

““ဒီလိုခေတ်မျိုး သမ္မတ ဘာလို့လုပ်ရမလဲ။ သမ္မတလုပ်ရင် ငရဲကျမှာပေါ့။ လောဘတွေ၊ ဒေါသတွေ၊ မောဟ တွေ —”” ဟူ၍ လည်းကောင်း၊

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ပြည်သူလူထုသည်းသည်း လှုပ်ဖြစ်နေသော ဒေါ်အောင်ဆန်းစုကြည် အတွက် နိုင်ငံရေးနေရာစဉ်း စားမှုအခြေအနေများကိုလည်း –

““၄၃၆ကတော့ တိုင်းရင်းသားအရေးနဲ့ ပတ်သက်ပြီး ဒီအတွက်ပဲ အဘတို့စဉ်းစားတယ်။ တိုင်းရင်း သားအရေးနဲ့ ပတ်သက်ပြီး တိုင်းရင်းသားတွေရဲ့တောင်းဆိုချက်တွေ ဘာတွေပါလာမလဲ။ ပါလာတဲ့ အပေါ်မူတည်ပြီးတော့ စဉ်းစားမယ်။ စဉ်းစားတယ်ဆိုတာက ပရမ်းပတာကြီးပြင်ဖို့ မဟုတ်ဘူး။ ပြင်သင့်တဲ့ အတိုင်းအတာပေါ့။ ၅၉(စ) လည်း ပြည်သူလူထုက တကယ်လိုလားတယ်ဆိုရင် ပြင်သင့်တဲ့ အတိုင်းအတာတော့ ပြင်ရမယ်။ ဒေါ်အောင် ဆန်းစုကြည်အတွက်ပဲဆိုရင် တချို့လည်း ပြောနေကြတယ်။ သူလွန်သွားရင် ဘယ်လိုလုပ်မလဲ။ တိုင်းပြည် အတွက် စဉ်းစားတယ်ဆိုတာ လူတစ်ဦးတစ်ယောက်ရဲ့ သက်တမ်းတစ်ခုတည်း အတွက် စဉ်းစားလို့မရဘူး။ ဒါ အဘတစ်ဦးတည်းရဲ့ခံယူချက်ပေါ့။ ပြင်သင့်ပြင်ထိုက်တာကိုတော့ ပြင်ရမှာပဲ။ သူ(ဒေါ်အောင်ဆန်းစုကြည်) လည်း လူတော်တစ်ယောက်ပဲ။ image လည်း ကောင်းတယ်။ ပါသင့်တယ်။ အားလုံးပါသင့်တယ် လို့ထင် တယ်။ မပါလို့ လည်းမဖြစ်ဘူး။ ဒီနိုင်ငံမှာ အကုန်ပါမှရမယ်။ မပါသမျှကတော့ ခုနပြောသလို ငြိမ်သက်မှာ မဟုတ်ဘူး။ ညင်သာ ချောမွေ့မှာမဟုတ်ဘူး။ အကုန်ပါပြီးတော့ အကုန်လုံးညီညီညွတ်ညွတ်နဲ့ ဖြစ်စေချင် တယ်။

လွှတ်တော်ဥက္ကဋ္ဌကတော့ သူ (ဒေါ်အောင်ဆန်းစုကြည်) ရွေးထားလား၊ မရွေးထားလား မသိဘူး ပေါ့နော်။ အခုအချိန်အထိ ၅၉(စ) မပြင်ရင်တော့ သူမရနိုင်သေးဘူးပေါ့။ ၅၉(စ)ပြင်သင့်ပါတယ်။ မေးတဲ့အခါမှာ ပြင် သင့်တယ်။ ဘယ်လောက် အတိုင်းအတာအထိ ပြင် ဖို့တော့မပြောလိုဘူး။ ဒါက အများဆုံးဖြတ်မယ်။ ဒါပေမဲ့ ၇၅ ရာခိုင်နှုန်းကျော်ဆိုတာကြီးကတော့ ကျွန်တော်မကြိုက်ဘူးလို့ အဘကတော့ ဒီလိုပဲပြောလိုက်တယ်။ မကြိုက် ဘူး။ ၅၉(စ)လည်း သားသမီးအထိ ထားရင်တော့တစ်မျိုးပေါ့။ ချွေးမရော၊ သမက်ရောဆိုတော့ ဘယ် ကြိုက်မ လဲ။ ဒီလောက်ကြီးကတော့ လွန်တယ်။ မဖြစ်သင့်၊ မဖြစ်ထိုက်ဘူး။ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အတိုင်း ဥပဒေပြင်ဖို့ ဆုံးဖြတ်ရတာပေါ့။ ဒါကတော့ မတတ်နိုင်ဘူး ကြုံလာတော့လည်း တိုင်းပြည်ကံကြမ္မာပေါ့။ လုပ်တတ်လို့ရှိရင် လုပ်ပေါ့၊ မလုပ်တတ်လို့ရှိရင်နေပေါ့။ သူကလည်း ပြန်ပြီးတော့ ဒီလူတွေကို ပြန်သုံးမယ်ဆိုရင်လည်း သုံးပေါ့။ သူ့အောက်မှာသုံးရင်လည်းသုံးပေါ့။ တစ်ခုရှိတာက သူက ခေါင်းမာတယ်။ သူကိုယ်တိုင်ကလည်းပြော တယ်။ ကျွန်မက ခေါင်းမာတယ် ဦးခင်အောင်မြင့်ရဲ့တဲ့။ အဲဒီတစ်ခုပဲ အားနည်းချက်က အဲဒါပဲ။ သူများ ပြောလို့မရဘူး။ အဘကတော့ ပြောစရာရှိလည်းပြောတယ်။ အဘပုံစံ အတိုင်းပဲပြောတယ်။ အဘကို ပြောလည်း လက်ခံတယ်။ နည်း နည်း သူ့ပါတီကလည်း ပြောလို့မရ ဘူး။အဲလိုဖြစ်နေတယ်။ အဲဒီတစ်ခုပဲ။ နောက်တစ်ခုက သူကလည်း သူ့ရဲ့ Imgae ကို ယုံကြည်ပုံရတယ်လေ။ icon ကို ယုံကြည်ပုံရတဲ့အခါ ကျတော့ ပရိယာယ်သိပ်မသုံးဘူး ပေါ့”” ဟူ၍ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အဓိကလက်ရုံးကြီးဟု နိုင်ငံရေးနယ်ပယ်တွင် လူသိများသော ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က မြန်မာသံတော်ဆင့်သို့ ထုတ်ဖော်ပြောကြားခဲ့သည်။

ဦးသိန်းစိန်အပါအ၀င် သမ္မတဖြစ်လိုသူများအတွက် လည်း ရွေးကောက်ပွဲအောင်နိုင်ရေးသာ ရိုးရိုးသားသားဝင် ရောက် ယှဉ်ပြိုင်ရန်သာ အရေးကြီးကြောင်း –

““အခုဟာက ဒီမိုကရေစီစနစ်အရ ရွေးကောက်ပွဲနိုင်မှလေ။ ဗြိတိန်ကအဖွဲ့တွေ ပါလီမန်ဥက္ကဋ္ဌတို့လာတယ်။ သူတို့မေးတယ်။ ရွေးကောက်ပွဲနိုင်ရင် ဘာလုပ်မလဲ။ လွှတ်တော်ကိုယ်စားလှယ်လုပ်မယ်။ ခင်ဗျား ဥက္ကဋ္ဌ မလုပ်တော့ဘူးလားတဲ့။ ဥက္ကဋ္ဌ ကျွန်တော် လုပ်ချင်တိုင်းလုပ်လို့မှ မရဘဲလို့။ ရွေးကောက်တင် မြှောက်ခြင်းခံရ ရင် မလွှဲသာရင် လုပ်ရင်လုပ်မှာပေါ့။ လွှဲသာရင်တော့လည်း လွှတ်တော်ကိုယ်စားလှယ် ကပိုကောင်းမယ်ထင် တယ်။ ဥက္ကဋ္ဌက ဘာမှလည်းပြောလို့မရ၊ ဆိုလို့ မရ၊ အဆိုလည်းတင်လို့မရ၊ ဆွေးနွေးလို့လည်း မရဘူးလေ။ သူက In Proper Order ဖြစ်အောင် ထိန်း ရတော့မယ်။ ဥပဒေ၊ နည်းဥပဒေနဲ့ ထိန်းရတော့မယ်။ သမ္ဘာနဲ့ ထိန်း ရမယ်၊ ၀ါနဲ့ထိန်းရမယ်။ ကိုယ်က ပြောချင်တယ်။ မျိုချလိုက်ရတယ်။ ဒီလွှတ်တော်က ငါ့လွှတ်တော် မဟုတ်ဘူး ဆိုတဲ့စိတ်ကိုမွေးတယ်။ အဲဒါလည်း တချို့မှားတာရှိတယ်။ တချို့က ကိုယ့်ကိုယ်ကိုယ် ငါ့လွှတ်တော်လုပ်တာ ရှိတယ်။ ကော်မတီကို ဟိုဟာလုပ်လိုက်၊ ဒီဟာ လုပ်လိုက်။ ငါလုံးဝမပြောဘူး၊ မေးကြည့်ပါလား ငါ့ကော်မတီ တွေကို။ ကိုယ့်ဟာနဲ့ကိုယ်လုပ်။ In Proper Order ဖြစ်အောင်ပဲထိန်းပေးတယ်။

အဘက စာဖတ်တာလောက်ပဲ စိတ်ဝင်စားတာကိုး။ ကျန်တာက အင်တာနက်လည်း မကြည့်၊ ဖေ့စ် ဘုတ်လည်း မကြည့်။ ပါတီထဲမှာ ဆွေးနွေးရင်တော့လည်း စည်းရုံးရေးပုံစံ၊ စည်းရုံးရေးနည်းလမ်းလေး တွေတော့ဆွေးနွေး တယ်။ ကျန်တဲ့ သတင်းတွေဘာတွေတော့ မသိတဲ့ အခါကျတော့ မပြောနိုင်ဘူးပေါ့။ ရွေးကောက်ပွဲက တအား အရေးကြီးတယ်။ လုပ်နည်းလုပ်ဟန်တွေ တအားအရေးကြီးတယ်””ဟူ၍ ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က မြန်မာ သံတော်ဆင့်သို့ ပြောကြားခဲ့သည်။

ယင်းအခြေအနေများကြောင့် စစ်အုပ်စုဝင်များဖြင့် ရပ်တည်နေသော ပြည်ခိုင်ဖြိုးပါတီသည် ပြည်သူလူထု သည်း သည်းလှုပ်ဖြစ်နေသော ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်စိတ် တစ်ဒေသကို ပြင် လိုက်ခြင်းဖြင့် ရွေးကောက်ပွဲ နီးကပ်ချိန်တွင် လူထုထောက်ခံမှု ပြန်လည်ရရှိမည်ဖြစ်ပြီး အများ ယူဆသလို နိုင်ငံတော်အာဏာအလုံးစုံသည် သမ္မတထံတွင်မရှိ၍ ထိုကဲ့သို့ အခြေခံဥပဒေကို အဓိကပြုပြင် နိုင်သည့်နိုင်ငံရေး အာဏာ ပြည်ခိုင်ဖြိုးပါတီဗဟိုမှ သုံးစွဲမည်ကိုလည်း ကြိုတင်အကွက်ချ ထားခဲ့ပြီး နိုင်ငံရေး သြဇာ ကြီးလျက်ရှိနေသော ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စိတ်ချလက်ချလျစ်လျူရှုနေကာ နိုင်ငံရေး စွက်ဖက်မှု တစ်စုံတစ်ရာပြုမည် မဟုတ်ကြောင်း တွေ့ရှိသုံးသပ်ရပေသည်။

MH-0011

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ရပ်ကို ပြင်ဆင်ရာတွင် အခြေခံသဘောတရားဆိုင်ရာ နည်းလမ်း (၂) ရပ်ရှိသည်။ ယင်းတို့မှာ -

(၁) သတ်မှတ်နည်းလမ်းအတိုင်း ပြင်ဆင်ခြင်း (Formal Way) နှင့်

(၂) သတ်မှတ်နည်းလမ်းအတိုင်းမဟုတ်ဘဲ ပြင်ဆင်ခြင်း (Informal Way) ဟူ၍ ဖြစ်ပါသည်။
သတ်မှတ်နည်းလမ်းအတိုင်း ပြင်ဆင်ခြင်းနှင့် စပ်လျဉ်း၍ ဥပမာပြရလျှင် မြန်မာနိုင်ငံ လက်ရှိ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တရပ်ရပ်ကို ပြင်ဆင်လိုလျှင် မည်သို့ပြင်ဆင်ရမည်ကို အခြေခံဥပဒေ၏ အခန်း (၁၂) (ပုဒ်မ ၄၃၃ မှ ၄၃၆ ထိ) တွင် အတိအကျ ပြဋ္ဌာန်းသတ်မှတ်ထားသည်ဖြစ်ရာ သတ်မှတ်ထားသည့် ထိုနည်းလမ်းအတိုင်း ပြင်ဆင်ရန် လုပ်ဆောင်ခြင်းကို သတ်မှတ်နည်းလမ်းအတိုင်း ပြင်ဆင်ခြင်းဟု ဆိုလိုပါသည်။
ယခု သတ်မှတ်ထားသည့် နည်းလမ်းအတိုင်း ပြည်ထောင်စုလွှတ်တော်တွင် ပြင်ဆင်ရန် ကြိုးပမ်းခဲ့ကြရာတွင် ၂၅-၆-၂၀၁၅ နေ့ မဲခွဲဆုံးဖြတ်ချက်အရ မအောင်မြင်ဘဲ ရှုံးနိမ့်သွားခဲ့သည်ကို အများ သိကြပြီးဖြစ်ပါသည်။ မဲပေးသည့် ကိန်းဂဏန်းများကို လေ့လာကြည့်ရာ -

- ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပေးသည့်ဆန္ဒမဲများကို လေ့လာပါက
- မဲပေးခွင့်ရှိသူ - ၅၈၃ ဦး
- ထောက်ခံမဲပေးသူ - ၃၈၈ ဦး
- ကန့်ကွက်သူ - ၁၉၅ ဦး ရှိကြောင်း တွေ့ရသည်။

# ဆန္ဒမဲပေးသည့် အရပ်သားအမတ်အရေအတွက်မှာ (၅၈၃-၁၆၆) ၄၁၇ ဦးဖြစ်ရာ၊ ကန့်ကွက်သူအရပ်သားအမတ်အရေအတွက်မှာ (၄၁၇-၃၈၈) ၂၉ ဦး ရှိကြောင်း တွေ့ရသည်။
# တစ်နည်းအားဖြင့် ကန့်ကွက်သူ ၁၉၅ ဦးမှ မှ တပ်မတော်သားကိုယ်စားလှယ် ၁၆၆ ဦး ကို နုတ်လိုက်ပါက ကန့်ကွက်သူအရပ်သားအမတ် အရေအတွက်မှာ (၁၉၅-၁၆၆) ၂၉ ဦးဖြစ်သည်။
# ကန့်ကွက်သူအရပ်သားအမတ်များအား ရာနှုန်း(%) ဖွဲ့လျှင် ၁၀ဝ ÷ ၄၁၇ x ၂၉ = ၇% ရှိကြောင်း တွေ့ရသည်။
# ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ အရပ်သားအမတ် ၉၃% က ထောက်ခံသည့်တိုင်အောင် ပြင်ဆင်ခွင့်မရကြောင်း တွေ့နိုင်သည်။
(တစ်နည်းအားဖြင့် ပြည်သူ ၉၃% က ပြင်ဆင်လိုပါလျှက် ပြင်ဆင်ခွင့်မရသည့် သဘောဖြစ်ကြောင်း တွေ့နိုင်ပေသည်။)
အထက်ပါ ကိန်းဂဏန်းများနှင့် အခြေအနေအရပ်ရပ်အရ ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို သတ်မှတ်နည်းလမ်း (Formal Way) အတိုင်း ပြင်ဆင်၍မဖြစ်နိုင်ဆိုသည့်အချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူများ လက်တွေ့ကျကျ နားလည်သဘောပေါက်အောင် (၂၅-၆-၂၀၁၅) နေ့က အခိုင်အမာ သက်သေထူပြခဲ့ပြီးဖြစ်ပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ကို သတ်မှတ်နည်းလမ်း (Formal Way) အတိုင်း ပြင်ဆင်၍ မရနိုင်တော့လျှင် ဒုတိယနည်းလမ်းဖြစ်သော “သတ်မှတ်နည်းလမ်းအတိုင်း မဟုတ်ဘဲ ပြင်ဆင်ခြင်း” ဆိုသည့် (Informal Way) ကို ရွေးချယ်အသုံးပြုရပါသည်။

သတ်မှတ်နည်းလမ်းအတိုင်း မဟုတ်သော ပြင်ဆင်နည်း (Informal Way) ဆိုသည့် အဓိပ္ဗာယ်မှာ အကျဉ်းအားဖြင့် “ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖော်ပြသတ်မှတ်ထားသည့် နည်းလမ်းမှအပ အခြားနည်းလမ်း တစ်ရပ်ရပ်ကို အသုံးပြု၍ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ခြင်း သို့မဟုတ် ပြောင်းလဲခြင်းတို့ကို ဆိုလိုပါသည်။”

(Informal Way နှင့်စပ်လျဉ်း၍ နယ်သာလန်နိုင်ငံ The Hague မြို့တွင် ၃−၆−၂၀၁၅ ရက်နေ့က IDEA နှင့် နယ်သာလန် နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ ကြီးမှူးကျင်းပခဲ့သည့် နိုင်ငံတကာမှ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပါရဂူများပါဝင်သော ဆွေးနွေးပွဲတွင် အချိန်များစွာပေး၍ ဆွေးနွေးခဲ့ကြပါသည်။ မြန်မာနိုင်ငံအတွက် အထူးပြုဆွေးနွေးပေးရန် စာရေးသူမှ မေတ္တာရပ်ခံတောင်းဆိုခဲ့သည့်အတွက် အချိန်ပေး ဆွေးနွေးခဲ့ကြခြင်း ဖြစ်ပါသည်။)

“သတ်မှတ်နည်းလမ်းအတိုင်းမဟုတ်သော ပြင်ဆင်ခြင်း” ဟု ဆိုထားသည့်အတွက် စည်းမဲ့၊ ကမ်းမဲ့၊ ပရမ်းပတာပြင်ဆင်ခြင်းမျိုးဟု အဓိပ္ပာယ်မထွက်ပါ။ တရားဝင်သောနည်းလမ်းတစ်မျိုးပင် ဖြစ်ပါသည်။ သတ်မှတ်နည်းလမ်းဖြင့် အလုပ်မဖြစ်၍ အလုပ်ဖြစ်အောင် အခြားနည်းလမ်းကို ရွေးချယ်အသုံးပြုသည့် သဘောပင် ဖြစ်ပါသည်။

- အချို့က “သတ်မှတ်နည်းလမ်းအတိုင်းပြင်ဆင်ခြင်း” ကို ဥပဒေကြောင်းအရ ပြင်ဆင်ခြင်း ဟု ဖွင့်ဆိုကြပြီး၊
- “သတ်မှတ်နည်းလမ်းအတိုင်းမဟုတ်ဘဲ ပြင်ဆင်ခြင်း” ကိုမူ နိုင်ငံရေးနည်းလမ်းဖြင့် ပြင်ဆင်ခြင်းဟုလည်း ဆိုကြသည်။
မည်သို့ပင်အဓိပ္ပာယ်ဖွင့်ဆိုကြစေကာမူ “သတ်မှတ်နည်းလမ်းအတိုင်းမဟုတ်ဘဲ ပြင်ဆင်သည့်နည်း” သည် အလွန်ကျယ်ပြန့်ပြီး ပညာရှင်တို့၏ အတွေးအမြင်အယူအဆကိုလိုက်၍လည်းကောင်း၊ အခြေအနေကို လိုက်၍လည်းကောင်း ပုံစံအမျိုးမျိုး ရှိနိုင်ပေသည်။

ပြည်သူများ စဉ်းစားနိုင်ရန် နည်းလမ်းတစ်ရပ်
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲပြီးနောက် ပေါ်ပေါက်လာမည့် လွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အများစုအနေအထားရသည်ဆိုပါစို့ (သို့မဟုတ်) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသားပါတီများ၊ ပူးပေါင်း၍ အများစုအနေအထားရသည်ဆိုပါစို့ -
ထိုအခြေနေမျိုးတွင် ၂၀၀၈ ခုနှစ်ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် မကြိုးပမ်းတော့ဘဲ

(၁) လွှတ်တော် အမတ်တစ်စုက အရေးကြီး အဆိုတစ်ရပ် တင်မည်။
(၂) ယင်းအဆိုတွင် ၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံ အခြေခံဥပဒေသည် ဒီမိုကရေစီ စံနှုန်းများ မညီကြောင်း၊ အကိုးအကားများတင်ပြမည်။
(၃) ထို့နောက် ၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံ အခြေခံဥပဒေဖြင့် ဒီမိုကရေစီနိုင်ငံ မည်သည့် အခါမျှ ထူထောင်၍မရနိုင်ကြောင်း ပြည်သူတို့ ၏ အခွင့်အရေးလည်း အပြည့်အ၀မရနိုင်ကြောင်း အကျိုးအကြောင်း ဖော်ပြမည်။
(၄) ထို့ နောက် အထက်ဖေါ်ပြပါ အကြောင်းများကြောင့် အနာဂါတ်မြန်မာနိုင်ငံတော်၏အကျိုး အလို့ငှာ ဒီမိုကရေစီစံနှုန်းများနှင့် ကိုက်ညီသော ဖွဲ့ စည်းပုံ အခြေခံဥပဒေသစ်တစ်ရပ်ကို ပြည်သူ့ဆန္ဒနှင့်အညီ ရေးဆွဲအတည်ပြုပြီး၊ ဖွဲ့ စည်းပုံ အခြေခံဥပဒေသစ်နှင့်အညီ ရွေးကောက်ပွဲများ ပြန်လည်ကျင်းပ ရွေးကောက်တင်မြှောက်၍ နိုင်ငံတော်အား ဆက်လက်စီမံ အုပ်ချုပ်သွားရန် အရေးကြီးအဆို တင်သွင်းမည်။
(၅) (ဖွဲ့ စည်းပုံ အခြေခံဥပဒေသစ် ရေးဆွဲနေစဉ်ကာလအတွင်း လက်ရှိဖွဲ့ စည်းပုံအခြေခံဥပဒေဖြင့် လက်ရှိလွှတ်တော်နှင့် လက်ရှိအစိုးရတို့ က နိုင်ငံအား စီမံအုပ်ချုပ်သွားမည်ဖြစ်သည်။ ဖွဲ့ စည်းပုံအသစ် ရေးဆွဲအတည်ပြုပြီးမှ အစိုးရက လွတ်လပ်သော ရွေးကောက်ပွဲကော်မရှင်တစ်ရပ် ဖွဲ့ စည်းကာ လွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲအသစ်ပြုလုပ်ရန် ဖြစ်သည်။)
(၆) အထက်ဖေါ်ပြပါအဆိုကို ပြည်ထောင်စုလွှတ်တော်တွင် အခြေအတင် ဆွေးနွေးပြီးနောက် မဲခွဲဆုံးဖြတ်မည်။
(၇) အကယ်၍ အများစုထောက်ခံ၍ အဆိုအတည်ဖြစ်လျှင် လွှတ်တော်၏ အဆိုပါဆုံးဖြတ်ချက်သည် ပြည်သူ့ ဆုံးဖြတ်ချက်ဖြစ်၍ သက်ဆိုင်သူအားလုံးက ဆုံးဖြတ်ချက်အတိုင်းလိုက်နာ အကောင်အထည် ဖေါ်ကြမည်ဆိုလျှင်
ဒီမိုကရေစီနိုင်ငံသစ် တစ်ခုပေါ်ပေါက်လာနိုင်ခြေ ရှိ-မရှိ ပြည်သူများစဉ်းစား နိုင်ရန်တင်ပြအပ်ပါသည်။

မှတ်ချက်။   ။
(၁) အထက်ဖေါ်ပြပါ စာရေးသူ၏တင်ပြချက်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ အယူအဆနှင့် မူဝါဒ မဟုတ်ပဲ ပုဂ္ဂလအမြင်သာဖြစ်ကြောင်း နှင့် ပြည်သူအများစဉ်းစာနိုင်ရန် “ သတ်မှတ်နည်းလမ်းအတိုင်းမဟုတ်ဘဲ ပြင်ဆင်ခြင်း” အတွက် ဥပမာသဘော တင်ပြခြင်းသာဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။ စာရေးသူ၏ တင်ပြချက်ထက် ပိုမိုကောင်းမွန်သော အခြားနည်းလမ်းများစွာ ရှိနိုင်ပါကြောင်းကိုလည်း ကြိုတင်၍ဝန်ခံပါသည်။
(၂) စာရေးသူ၏ ဤဆောင်းပါးကို စိတ်ဝင်စားသည့် ဂျာနယ်သတင်းစာများ အနေဖြင့်ကူးယူဖော်ပြ နိုင်ပါသည်။

မောင်ကိုနီ (တရားရုံးချုပ်ရှေ့နေ)


ဇွန် ၂၇ရက်၊ ၂၀၁၅ခုနှစ်။

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ရေတွင်းကုန်းကျေးရွာအုပ်စုရှိ လယ်သမား ၁၇ဦးပိုင်၊ လယ်ဧက ၁၈၀ကို အစိုးရ က မူလပိုင်ရှင်လယ်သမားများထံ ပြန်ပေးထားခဲ့သော်လည်း အစိုးရတပ်ရင်း ၅ရင်းမှ သီးစားချ ကိုယ်စားလှယ်များက ပြန်မ အပ်ဘဲ လယ်အတွင်း ၀င်ရောက်ထွန်ယက်စိုက်ပျိုးခဲ့သလို သတ်မှတ်နစ်နာကြေးလည်း မပေးသည့်အတွက် တရားစွဲသွား မည်ဟု မူလပိုင်ရှင်လယ်သမားများက ကေအိုင်စီသို့ ယနေ့ ပြောသည်။

တွံတေးမြို့နယ်၊ ရေတွင်းကုန်းကျေးရွာအုပ်စု၊ အဘေရွာနေ မူလပိုင်လယ်သမားတစ်ဦးဖြစ်သူ စောမြစိန်က “စစ်တပ်သိမ်း ထားတဲ့ အတီးလယ် ၁၀ဧကမှာ ၈ဧကပဲ ပြန်ရတယ်၊ ၂၀၁၄ နှစ်လယ်ပိုင်းက ပြန်ရတာပါ။ ဒါပေမဲ့ စစ်တပ်သီးစားချထားတဲ့ ကိုယ်စားလှယ်က ပြန်မပေးဘဲ အတင်းဝင်စိုက်တယ်။ ဒါကို ဌာနဆိုင်ရာတွေနဲ့ ညှိနှိုင်းတော့ ဒီနှစ် လယ်လုပ်ခွင့်ပေးလိုက် ပါ။ အဲဒီအတွက် နစ်နာကြေးတစ်ဧကကို ၁၅တင်းနှုန်းနဲ့ သီးစားချ ကိုယ်စားလှယ်က လျော်ကြေးပေးရမယ်လို့ ပြောတယ်။ အခု မရဘူး။ ဒါကြောင့်တရားစွဲမှာပါ”ဟု ပြောသည်။

မူလပိုင်ရှင်လယ်သမား ၁၇ဦး ပြန်ရသည့်လယ် ၁၈၀ဧကကို အစိုးရတပ် ခမရ(၇၀၃)၊ ခလရ(၁၁၆)၊ (၄၃၆)၊ (၄၃၅)နှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ သီးစားချ ကိုယ်စားလှယ်များက ပြန်မပေးဘဲ ဝင်ရောက်စိုက်ပျိုးခဲ့သည်။ ထိုကိစ္စနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များ၊ တွံတေးမြို့နယ်မှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မူလပိုင်ရှင်လယ်သမားများ၊ မြို့နယ်အတွင်းရှိ နိုင်ငံရေးပါတီ အချို့မှ ကိုယ်စားလှယ်များနှင့် သီးစားချ ကိုယ်စားလှယ်တို့ ၂၀၁၅ခုနှစ်၊ ဇန်နဝါရီ ၈ရက်နေ့တွင် တွေ့ဆုံညှိ နှိုင်းခဲ့သေးသည်။

ထိုသို့ ညှိနှိုင်းရာတွင် စစ်တပ် သီးစားချ ကိုယ်စားလှယ်များက တစ်ရာသီ လယ်စိုက်ခွင့်ရရှိသွားပြီး မူလပိုင်ရှင်များကို နစ်နာ ကြေး တစ်ဧကလျင် စပါး ၁၅တင်းပေးချေရန် ဆုံးဖြတ်ပေးခဲ့ပြီး ယင်းနစ်နာကြေး မရရှိသည့်အတွက် စစ်တပ်သီးစားချကိုယ် စားလှယ်များကို တရားစွဲရန် ၂၀၁၅ခုနှစ်၊ ဧပြီလတွင် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဝင်းက ပြောဆို ထားသည်ဟု မူလပိုင်ရှင်လယ်သမားများအတွက် ကူညီလုပ်ကိုင်ပေးနေသည့် တွံတေးခရိုင်၊ ကရင်ပြည်သူ့ပါတီ ဥက္ကဋ္ဌ မန်း အုန်းမြင့်သိန်းက ပြောသည်။

“တပ်ရင်း ၅ရင်းက သီးစားကိုယ်စားလှယ်တွေကို တစ်ရင်းကို လယ်သမားတစ်ဦးနှုန်းနဲ့ တာဝန်ခံပြီးတော့ လာမဲ့ ဇွန် ၃၀ ရက်နေ့မှာ တရားသွားစွဲမယ်။ ပြီးခဲ့တဲ့ ဧပြီ ၂၂ရက်နေ့မှာလုပ်တဲ့ မြို့နယ်ဌာနဆိုင်ရာ ဦးစီးမှူးတွေ၊ လွှတ်တော်ကိုယ်စားလှယ် တွေ၊ ပါတီတွေပါတဲ့ အစည်းအဝေးမှာ တရားစွဲချင်စွဲလို့ ဆုံးဖြတ်ထားတယ်။ တရားစွဲဖို့ နောက်ကျတာကတော့ မြို့နယ် လယ်စည်းရဲ့ ခွင့်ပြုချက်မူရင်းကို တောင်းထားတာ စောင့်နေရလို့ပါ။ ပြီးခဲ့တဲ့ အပတ်ကမှ မူရင်းရတယ်။ ဒါကြောင့် တရား စွဲတာ စလုပ်တော့မယ်”ဟု မန်းအုန်းမြင့်သိန်းက ပြောသည်။

အဆိုပါ တွံတေးမြို့နယ်၊ ရေတွင်းကုန်းကျေးရွာအုပ်စုရှိ လယ်သမား ၅၅ဦးပိုင် လယ်မြေဧက ၆၀၀ကျော်ကို ၁၉၉၄ခုနှစ်တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ တပ်ရင်းများက သိမ်းယူခဲ့ပြီး လက်ရှိ လယ်မြေဧက ၃၉၀ကျော်သာ ပြန်ရရှိသေး သလို စစ်တပ် သီးစားချကိုယ်စားလှယ်များလည်း လယ်မြေများ အပိုင်ရရှိသွားသူများရှိနေသည်ဟု ခရိုင် ကရင်ပြည်သူ့ ပါတီက ပြုစုထားသော စာရင်းများအရ သိရသည်။

 စောထွန်းလင်း
ကေအိုင်စီ - KIC News
http://kicnews.org


မြန်မာနိုင်ငံသားများ မဲပေးခွင့် မဆုံးရှုံးရေးအတွက် မနေ့က
ကျနော်ရေးဆိုတင်ခဲ့တဲ့ သီချင်းက NLD ပါတီကိုဇောင်းပေးခဲ့ပါတယ်။
အခု...Election / Voting Awareness. အနေနဲ့အားလုံးနဲ့သက်ဆိုင်အောင် ပြန်လည်ပြုပြင်ရေးသားသီဆိုလိုက်ပါတယ် ။သံစဉ်ကတော့ ၁၉၆၀
လက်သမားများပါ။ စာသားသစ်ကို သေသေချာချာ နားဆင်ကြည့်တော်မူကြပါ။အများပြည်သူအတွက်စေတနာနဲ့ရေးဆိုထားတာဖြစ်လို့ ခွင့်မတောင်းပဲ စိတ်ကြိုက်ရှယ်ကြပါခင်ဗျား (ပို့စ်မှာ မုရင်းစာသားကို အပြုအပြင်
မလုပ်ရင်တော်ပါပြီ) ရန်ကုန်က အသံလွှင့်ဌာနများ လွှင့်ပေးစေချင်ပါတယ်။


ပါတီတိုင်းအတွက်...မဲဆန္ဓရှင်တိုင်းအတွက် တရားမျှတစွာ====================================မြန်မာနိုင်ငံသားများ မဲပေးခွင့် မဆုံးရှုံးရေးအတွက် မနေ့က ကျနော်ရေးဆိုတင်ခဲ့တဲ့ သီချင်းက NLD ပါတီကိုဇောင်းပေးခဲ့ပါတယ်။အခု...Election / Voting Awareness. အနေနဲ့အားလုံးနဲ့သက်ဆိုင်အောင် ပြန်လည်ပြုပြင်ရေးသားသီဆိုလိုက်ပါတယ် ။သံစဉ်ကတော့ ၁၉၆၀ လက်သမားများပါ။ စာသားသစ်ကို သေသေချာချာ နားဆင်ကြည့်တော်မူကြပါ။အများပြည်သူအတွက်စေတနာနဲ့ရေးဆိုထားတာဖြစ်လို့ ခွင့်မတောင်းပဲ စိတ်ကြိုက်ရှယ်ကြပါခင်ဗျား (ပို့စ်မှာ မုရင်းစာသားကို အပြုအပြင်မလုပ်ရင်တော်ပါပြီ) ရန်ကုန်က အသံလွှင့်ဌာနများ လွှင့်ပေးစေချင်ပါတယ်။
Posted by Min Aung Khaing on Sunday, June 28, 2015
Min Aung Khaing


မြန်မာ့နည်း မြန်မာ့ဟန် ဒီမိုကရေစီ ဆိုတာ
ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော် အမတ် ၇၅ ရာခိုင်နှုန်းနဲ့
ပြည်သူကလည်း မတင်မြှောက်ပဲ ကိုယ့်သဘောနဲ့ကိုယ် လွှတ်တော်ထဲမှာ
ဝင်ရောက်နေရာယူထားတဲ့ ၂၅ ရာခိုင်နှုန်းတို့
လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်ကြတဲ့အခါ
မဲများတဲ့ ဘက်ကို အနိုင်မပေးပဲ
၂၅ ရာခိုင်နှုန်း ဘက်ကိုသာ အနိုင်ရစေတဲ့ စနစ် ဖြစ်ပြီး
အဲဒီ စနစ်ကိုပဲ မြန်မာနည်း မြန်မာ့ဟန် ဒီမိုကရေစီလို့ ခေါ်ပါတယ်။.

ဒီလို မြန်မာနည်း မြန်မာ့ဟန်
ဒီမိုကရေစီ စနစ်ကို ကျင့်သုံးရင်း
နောက်ဆက်တွဲ အဖြစ်တွေကတော့..
သမ္မတရာထူးထက် ကြီးတဲ့ တာဝန်ရှိရင်တောင်
လုပ်နိုင်တဲ့သူတွေအများကြီးပဲ ရှိတယ်လို့
လေတစ်လုံး မိုးတစ်လုံး
အရှက်မရှိတိုင်း ပြောခွင့်ရပြီးတဲ့နောက်မှာ
တကယ်တမ်း ..
လုပ်ကြည့်ကြတဲ့အခါမှာတော့.
မဲစာရင်းတစ်ခုကိုတောင် နိုင်နင်းအောင် မလုပ်တတ်တာလဲ
မြန်မာနည်း မြန်မာ့ဟန် ဒီမိုကရေစီစနစ်ရဲ့ ပြကွက်တစ်ခုပါပဲ။

မြန်မာဆိုတာ မာနရှိတယ် ။ ဟုတ်တယ်။
ခုတော့ ..
ငါ့အိမ်က မြန်မာအိမ်ဖော်က ငါ့အတွင်းခံ ဘောင်းဘီတွေလျှော်နေရတယ်လို့
စက်ာပူနိုင်ငံသား တစ်ယောက်က ရေးခဲ့တဲ့ ကွန်မန့်တစ်ခုဟာ
မြန်မာလူမျိုးအားလုံးရဲ့ နှလုံးသွေးတွေ ပွက်ပွက်ဆူပြီး
ယူကျုံးမရဖြစ်မှု့ ခံပြင်းနာကျည်းမှု့တွေနဲ့
မြန်မာလူမျိုးလူမျိုးအားလုံး သိက္ခာကျခဲ့ ရတဲ့ အဖြစ်ဟာ မကြာသေးပါဘူး။
ဒါတွေဟာ..
မြန်မာနည်း မြန်မာဟန် ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်ရင်း
နိုင်ငံလည်း တိုးတက်မှု့ မရှိ၊
ပြည်သူတွေကလည်း ဆင်းရဲတွင်းကနက်နဲ့
နောက်ဆုံး ....
လုပ်မိလုပ်ရာတွေကို ကြံရာမရ လုပ်ကြရင်း
စက်ာပူနဲ့ ဟောင်ကောင်ကို တရားဝင် အိမ်ဖော်တွေ စေလွှတ်ခဲ့ခြင်းရဲ့ အဖြေတွေပါ။

ဒီလို ရလာဒ်ကောင်းတွေ ရှိတဲ့
မြန်မာနည်း မြန်မာဟန် ဒီမိုကရေစီကို ဆုပ်ကိုင်ထားရင်းနဲ့
မဲများသူက ရှုံးပြီး
မဲနည်းသူက နိုင်စေတဲ့စနစ်ကို ဆက်လက်ကျင့်သုံးနေဦးမယ်
ပြီးတော့..
ပြည်သူကို မုသာဝါဒတွေသာ ပြောပြီး
မဲစာရင်းလေးတစ်ခုကိုတောင် နိုင်နင်းအောင် မလုပ်တတ်တဲ့သူတွေက
ဆက်လက်အုပ်ချုပ်နေဦးမယ်ဆိုရင်..
မြန်မာပြည်သူတွေလည်း ဒီ့ထက်မွဲပြီး
အလုပ်အကိုင်တွေလည်း ရှားပါးသထက် ရှားပါးရင်းနဲ့
နိုင်ငံနဲ့ လူမျိုးအားလုံး သိက္ခာကျစေတဲ့ အိမ်ဖော်အဖြစ်သာမက..
ဘာတွေတောင် ဖြစ်ကုန်နိုင်တယ်ဆိုတာ
ကိုယ်တိုင်ပဲ စဉ်းစားကြည့်ကြပါတော့လို့ ရေးသားရင်း

ဘုန်းထက်ကြယ်

တရုတ်နိုင်ငံသားများ တရားမ၀င် ဆေးခန်းဖွင့်မှုဖြင့် အမှုဖွင့်ခံထားရသည့် တော်ဝင်နှင်းဆီ ဆေးရုံပိုင်ရှင် ဂရိတ်ဝေါ ဦးတင်မောင်အား ပုဂ္ဂလိက ကျန်းမာရေး ဥပဒေ ချိုးဖောက်မှု တရားစွဲဆိုခံရခြင်းမှ ကင်းလွတ်ခဲ့သော်လည်း ယင်း၏ ဇနီးဖြစ်သူ ဒေါ်နန်းလှစိန်နှင့် အခန်းငှါးရမ်းပြီး အထူးကု ဆေးခန်း ဖွင့်လှစ်ခဲ့သော တရုတ်နိုင်ငံသား လုပ်ငန်းရှင် Mr.CIAGUOSEN အပါအ၀င် တရုတ်နိုင်ငံသား ခြောက်ဦးကို ၀ရမ်းထုတ်ဆင့် အမှုဖွင့်စစ်ဆေးမည်ဖြစ်ကြောင်း ချမ်းအေးသာစံ မြို့နယ် တရားရုံးမှ သိရှိရသည်။

တော်ဝင်နှင်းဆီ ဆေးရုံပိုင်ရှင် ဂရိတ်ဝေါ ဦးတင်မောင်၏ ဇနီးဖြစ်သူ ဒေါ်နန်းလှစိန်သည် ပြစ်မှုဆိုင်ရာ ပုဒ်မ ၂၉၂ (က) /၁၀၉/ကျင့်၅၁၂ အရ အမှုတွင် ငြိစွန်းပေါ်ပေါက်ခဲ့သဖြင့် ဇွန်လ ၃ရက်နေ့က ၀ရမ်းအမိန့် ချမှတ်ခဲ့ပြီး ဒေါ်နန်းလှစိန်သည် ချမ်းအေးသာစံမြို့နယ် တရားရုံးသို့ ဇွန်လ ၁၁ရက်နေ့က လာရောက် အဖမ်းခံခဲ့ကြောင်း သိရသည်။

ဒေါ်နန်းလှစိန်အား ဇွန်လ ၁၈ရက်နေ့က စတင်စစ်ဆေးမည် ဖြစ်သော်လည်း တရားလိုပြ သက်သေ နှစ်ဦးအား ဆင့်ခေါ်စာ အတည်မဖြစ်သေး၍ ဇူလိုင်လ၂ရက်နေ့တွင် စတင်စစ်ဆေးမည် ဖြစ်ကာ မန္တလေးမြို့ ချမ်းအေးသာစံ မြို့နယ် ဘူတာကြီး အနီးရှိ တော်ဝင်နှင်းဆီ ဆေးရုံ သုံးလွှာတွင် Health News ဆေးခန်းဖွင့်လှစ် ကုသခဲ့သည့် တရုတ်နိုင်ငံသား လုပ်ငန်းရှင် Mr.CIA GUOSEN အပါအ၀င် တရုတ်နိုင်ငံသား ခြောက်ဦးကို ချမ်းအေးသာစံမြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ဦးစီးမှူး ဦးသန်းနိုင်က တရားလိုပြုလုပ်၍ အမှတ်(၈) ရဲစခန်းတွင် ပြစ်မှုသေး အမှတ် ၂၃/၂၀၁၅ လ၀က အက်ဥပဒေ၁၃(၁)/ကျင့် ၅၁၂အရ ဇွန်လ ၃ရက်က ၀ရမ်းထုတ်ဆင့်ထားကြောင်း ချမ်းအေးသာစံ မြို့နယ် တရားရုံးမှ သိရှိရသည်။

တော်ဝင်နှင်းဆီ ဆေးရုံပိုင်ရှင် ဒေါ်နန်းလှစိန်သည် တရုတ်နိုင်ငံသား Mr.CIA GUOSEN, Mr. Lim Jimguoတို့အား အမှတ်၈ ရဲစန်းမှ ပြစ်မှုသေး အမှတ် ၂၄/၂၀၁၅ ပြစ်မှုဆိုင်ရာ ပုဒ်မ၂၉၂(က)/၁၀၉/ ကျင့်၅၁၂ အရ တရားစွဲဆိုခဲ့ပြီး ဇွန်လ ၃ရက်နေ့က တရုတ်နိုင်ငံသား နှစ်ဦးက ကြေငြာ ၀မ်းထုတ်ခဲ့ကြောင်း သိရသည်။

ချမ်းအေးသာစံမြို့နယ် ကျန်းမာရေး ဦးစီးဌာန ဦးစီးမှူး ဒေါက်တာ လင်းလင်းချစ်က တရားလို ပြုလုပ်ကာ အမှတ်(၈) ရဲစခန်းတွင် တရုတ်နိုင်ငံသား လေးဦးကို မြန်မာနိုင်ငံ ဆေးကောင်စီ ဥပဒေ ပုဒ်မ ၄၁/၄၂/ ကျင့် ၅၁၂ အရ တရားစွဲဆိုထားသော အမှုမှာ ဆက်လက် စစ်ဆေးဆဲဖြစ်ကြောင်း သိရသည်။

တော်ဝင်နှင်းဆီ ဆေးရုံအမှု ကိစ္စတွင် ဆေးရုံပိုင်ရှင်ဖြစ်သော ဂရိတ်ဝေါ ဦးတင်မောင်သည် ကျန်းမာရေး ကိစ္စဖြင့် ခရီးထွက်နေရကြောင်းကို ဆေးစာ အထောက်အထားနှင့် ဓာတ်ပုံများ တင်ပြ မေတ္တာရပ်ခံခဲ့ကြောင်းနှင့် ယင်းအမှုတွင် ဦးတင်မောင်သည် တရားစွဲဆိုခြင်း ကင်းလွတ်ခဲ့ပြီး ဇနီးဖြစ်သူ ဒေါ်နန်းလှစိန်သည် ဇူလိုင် ၂ရက်နေ့တွင် ချမ်းအေးသာစံမြို့နယ် တရားရုံးတွင် အစစ်ဆေး ခံရမည်ဖြစ်ကြောင်း သိရသည်။

ဆွေနိုင်စစ်

http://tomorrow.com.mm/?q=articles/1719

ရခိုင်ပြည်နယ်၊ သံတွဲမြို့မှာ မိုးဆက်တိုက်ရွာသွန်းပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် လျှပ်စစ်ဓာတ်အားပြတ်တောက်ကာ အဝေးပြေးကားလိုင်းတွေ၊ ရုံးတွေနဲ့ စာသင်ကျောင်းတွေလည်း ပိတ်ထားခဲ့ရပါတယ်။

သံတွဲဒေသခံ ဦးသိန်းဇံက “မီးပြတ်နေတာက ရေမကြီးခင် ၁ ရက်လောက်ကတည်းက ပျက်နေတာပါ။ သံတွဲမှာက ရေကြီးရင် ရေကြီးပြီးတာနဲ့ ရွှံ့တွေ၊ နုန်းတွေတင်ကျန်နေခဲ့တော့ ဈေးတွေ၊ ကျောင်းတွေရုံးတွေ အကုန်ပိတ် ထားရတယ်” လို့ ပြောပါတယ်။

ရေကြီးရေလျှံဖြစ်မှုကြောင့် လျှပ်စစ်ဓာတ်အားလိုင်းတွေ ၃ ရက်ဆက်တိုက် ပြတ်တောက်ခဲ့သလို သံတွဲ-ရန်ကုန် အဝေးပြေးကားလိုင်း ခရီးစဉ်တွေလည်း ဖျက်သိမ်းထားပါတယ်။

သံတွဲမြို့၊ အောင်သစ္စာ အဝေးပြေးကားဂိတ်မှ ဦးမောင်မောင်က “ရေကြီးရေလျှံမှု တွေ ဖြစ်တဲ့အတွက် ကျနော်တို့ သံတွဲ-ရန်ကုန် အဝေးပြေးခရီးစဉ်တွေ ဖျက်ထားတာ သုံးရက်လောက်ရှိပြီ။ သံတွဲကနေ ၂၇ မိုင်အကွာ ပုစွန်ဖြေရွာနဲ့ ကြေးပင်ရွာကြားမှာ တံတားနှစ်စင်းပျက်နေတော့ သွားလို့မရဘူး။ မီးကလည်း ခုထိတမြို့လုံး ပျက်နေတုန်းပဲ” လို့ ပြောပါတယ်။

ရေကြီးရေလျှံဖြစ်မှုကြောင့် အသေအပျောက်ရှိတယ်လို့ သတင်းတွေထွက်ပေါ်ပေမယ့် သံတွဲမြို့နယ်၊ ရဲတပ်ဖွဲ့ ရဲအုပ် ဦးအောင်နိုင်ကတော့ အခုချိန်ထိ အသေအပျောက်သတင်း မရသေးဘူးလို့ ပြောပါတယ်။

“သံတွဲမြို့နယ်အနေနဲ့ အသေအပျောက်တော့ ကျနော်တို့ ခုထိသတင်းမရသေးပါဘူး။ ပြီးခဲ့တဲ့ရက်တွေက ရေကြီးတဲ့အတွက် ကယ်ဆယ်ရေးစခန်းတွေအနေနဲ့ အမှတ် ၄ ရပ်ကွက်အ တွက် ဆံတော်တောင်ခြေစခန်း၊ အမှတ် ၆ ရပ်ကွက်အတွက် မဟာဗောဓိဘုန်းကြီးကျောင်းစခန်း၊ အမှတ် ၇ ရပ်ကွက်အတွက် မြို့တော်ဦး ဘုန်းကြီးကျောင်းစခန်းနဲ့ မြို့သစ်ရပ်ကွက်အတွက် အံ တော်ဘုန်းကြီးကျောင်းစခန်းတွေမှာ ယာယီရွှေ့ပြောင်းထားခဲ့ရတယ်။ ဒီနေ့ကတော့ ရေကျသွား ပါပြီ” လို့ပြောပါတယ်။

မိုးသည်းသည်းထန်ထန် ဆက်တိုက်ရွာသွန်းမှုကြောင့် ရခိုင်ရိုးမတောင်ကျချောင်းရေတွေ က မြို့ထဲကို စီးဝင်လို့ သံတွဲမြို့ဟာ နှစ်စဉ်နှစ်တိုင်း ရေကြီးရေလျှံလေ့ရှိပါတယ်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇွန် ၂၄ ရက် မိုးကြီးမယ့်သတိပေးချက် ထုတ်ပြန်ပြီးနောက် မိုးဆက်တိုက်ရွာသွန်းခဲ့ပြီး ခုလို ရေကြီးရေလျှံမှုတွေ ဖြစ်ခဲ့တာပါ။

ဓာတ်ပုံ – ရခိုင်လူမှုကွန်ရက် သံတွဲကမ်းခြေ

DVB

ဆွေးနွေးပွဲ ပြုလုပ်စဉ် (ဓာတ်ပုံ - MOI) ဆွေးနွေးပွဲ ပြုလုပ်စဉ် (ဓာတ်ပုံ - MOI)

မြန်မာ့အသံရုပ်မြင်သံကြားနဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ ရုပ်သံလွှင့်မီဒီယာများ ရွေးကောက်ပွဲကာလအတွင်း ဘက်လိုက် ထုတ်လွှင့်ရင် ရုပ်သံထုတ်လွှင့်မှု ချက်ချင်းပိတ်သိမ်းမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက သတိပေးပြောကြားလိုက်ပါတယ်။

နေပြည်တော်မှာ ဇွန် ၂၇ ရက်က ပြုလုပ်တဲ့ ရုပ်သံလုပ်ငန်းများ လိုက်နာရမယ့် ကျင့်ဝတ်နဲ့ ရွေးကောက်ပွဲဆိုင်ရာ လိုက်နာရမယ့် ကျင့်ဝတ်များ ရှင်းလင်းဆွေးနွေးပွဲကနေ အခုလို သတိပေး လိုက်တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ လိုက်နာရမယ့် ကျင့်ဝတ်များအဖြစ် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် ပါတီတခု၊ ကိုယ်စားလှယ် တဦးအတွက် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း စည်းရုံးလှုံ့ဆော်ပေးရာရောက်သည့် ထုတ်လွှင့်မှုမျိုး မပြုလုပ်ရန်၊ ပါတီများ၊ ကိုယ်စားလှယ်များ၏ စည်းရုံး လှုံ့ဆော်သည့် ကြော်ငြာများ (Campaign Advertisement) ထည့်သွင်းခြင်း မပြုရန်တို့ ဖော်ပြပါရှိပါတယ်။

ဒါ့အပြင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားတဲ့ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များ၊ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)မှ ရေးသားထုတ်ဝေထား တဲ့ မြန်မာသတင်း မီဒီယာများအတွက် ရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်စာအုပ်ပါ ဆောင်ရန်၊ ရှောင်ရန် အချက်များအား သိရှိလိုက်နာရန်တို့ ပါဝင်ပါတယ်။

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင် ဦးဇော်သက်ထွေးကတော့ ရုပ်သံတွေက ရွေးကောက်ပွဲသတင်း မဖော်ပြဘူးလို့ ဝေဖန်လာမယ့်အပေါ် ကြိုကာလိုက်တာဖြစ်မယ်လို့ ပြောပါတယ်။

“ရုပ်သံမှာက အစိုးရရယ်၊ အစိုးရနဲ့ ဆက်စပ်ပတ်သက်နေတဲ့ ပုဂ္ဂလိကရုပ်သံရယ် ၂ ခုပဲ ရှိတယ်။ အဲ့ဒီတော့ ဒီရုပ်သံတွေက အစိုးရ စိတ်ဆိုးအောင် အစိုးရ ငြိုငြင်အောင် ဆောင်ရွက်ပြီး ရွေးကောက်ပွဲသတင်းတွေ ဖော်ပြဖို့ဆိုတာ အရမ်း အခက်အခဲရှိတာပေါ့။ အဲ့ဒါမျိုးကို ဒီဘက်က ဝေဖန်ထောက်ပြရှုတ်ချမှာစိုးလို့ ကြိုပြီးတော့ စည်းကမ်းထုတ် သတိပေးလိုက်တဲ့ သဘောပါ။”

ဒီနေ့ ဆွေးနွေးပွဲကို ဦးဆောင်တက်ရောက်ခဲ့တဲ့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က လာမယ့် ရွေးကောက်ပွဲမှာ နိုင်ငံပိုင်ရုပ်သံနဲ့ ဖက်စပ်ရုပ်သံလုပ်ငန်းဌာနများအနေနဲ့ ဘက်လိုက်မှု မရှိအောင် တင်းတင်းကြပ်ကြပ် ထိန်းသိမ်းလုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

By ရွှေအောင်/DVB

၂၀၁၅ ခုနှစ် အောက်တိုဘာလကုန် (သို့) နိုဝင်ဘာလဆန်းမှာ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ မဲပေးနိုင်ရေးအတွက် စာရင်းပေးကြဖို့ အမေရိကန် အခြေစိုက် မြန်မာ သံရုံးက ထုတ်ပြန်ကြေညာပါတယ်။
-
ဇွန် ၂၅ ရက်စွဲနဲ့ အမေရိကန်အခြေစိုက် မြန်မာသံရုံးရဲ့ ထုတ်ပြန်ချက်မှာ မဲပေးခွင့်ရှိတဲ့သူတိုင်း မဲပေးနိုင်တဲ့ အခွင့်အရေး မဆုံးရှုံးစေဖို့ ကျန်နေသေးတဲ့ ၂၀၁၅ အောက်တိုဘာ လကုန်မှာ အသက် ၁၈ နှစ်ပြည့်မယ့်သူတွေကို သက်ဆိုင်ရာ ကောင်စစ်ဝန်ချုပ်ရုံး၊ မြန်မာသံရုံးနဲ့ အဖွဲ့ရုံးတွေမှာ စာရင်းပေးသွင်းဖို့ နှိုးဆော်ထားပါတယ်။
-
မြန်မာအစိုးရရဲ့ ခွင့်ပြုချက် (သို့) အမေရိကန်ပြည်ထောင်စုမှာ တရားဝင် ၀င်ရောက်နေထိုင်တဲ့ မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားတဲ့ အသက် ၁၈ နှစ်ပြည့်ပြီး ဖြစ်တဲ့ မြန်မာနိုင်ငံသား စာရင်းကို ၂၀၁၄ သြဂုတ်လကုန်ပိုင်းကတည်းက ပြုစုခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
-
မြန်မာတွေ သိန်းနဲ့ချီ အလုပ်လုပ်နေကြတဲ့ စင်ကာပူမှာတော့ မြန်မာသံရုံးက တရားဝင် ထုတ်ပြန်ကြေညာတာမျိုး မရှိသေးဘဲ မြန်မာတွေအချင်းချင်း သံရုံးဝက်ဘ်ဆိုဒ်ကယူပြီး ပုံစံဖြည့်နေတာမျိုးပဲ ရှိတယ်လို့ စင်ကာပူ
မှာအလုပ်လုပ်တဲ့ ဦးအောင်ခိုင်က ပြောပါတယ်။
-
“သံရုံးက ကြေညာချက် မထုတ်ပါဘူး၊ ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ ၀က်ဘ်ဆိုဒ်ကမြင်လို့ လူတွေက ရှယ်ကြတာ၊ မြန်မာသံရုံးဝက်ဘ်ဆိုဒ်မှာ တဆင့်တဆင့် ၀င်လိုက်ရင် ၂၀၁၅ ရွေးကောက်ပွဲဆိုတာလေးရှိတယ်၊ အဲ့ဒါကို လူတွေက မိတ္တူဆွဲ ဖြည့်ပြီးတော့ ပို့တာတို့ ဘာတို့လုပ်ကြတာ။”
-
အလားတူ မြန်မာအများစု သန်းနဲ့ချီ အလုပ်လုပ်နေကြတဲ့ ထိုင်းနိုင်ငံ၊ မြန်မာသံရုံးကလည်း မဲပေးဖို့ကိစ္စ ခုချိန်ထိ တစုံတရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
==========
By ဒီဗွီဘီ


ကုသိုလ်ပြုတယ်ဆိုတာ အချိန်ရာသီနဲ့ လိုက်ပြီးလည်း ပြုတတ်ရတယ်။ ဒါမှ ကာလဒါန ဖြစ်တော့မပေါ့။ ကုသိုလ်ပြုသည့်နေ့တိုင်း မိမိ လိုက်ပါသွားခဲ့ ဖူးသည်။

ဒကာမကြီးကား သံဃာတော်များကို ခုတုန်းလုပ်၍ နိုင်ငံရေးအကြောင်း မပြော။

သူမ လျှောက်ထားသည်က ဆရာတော်ဘုရားကြီးထံမှ တပည့်တော် အကြွေးရစရာ ရှိပါသည်ဘုရားတဲ့။ ဒီတော့ ဆရာတော်ဘုရားကြီးက ဘာတုန်း သမီးရဲ့ဟု မေးတော်မူသည်။ တို့တော့ ဘာမှ ပေးရန်မရှိပါဘူးဟု ခက်ပြုံးပြုံးလေး မိန့်လေသည်။

အရင်တစ်ခေါက်က အခွင့်ကြုံရင် အင်္ဂုလိမာလ အကြောင်း ဟောပြောပေး မယ်လို့ မိန့်ထားတာ။ ခုထိ မဟောရသေးဘူးလေဘုရား။ အဲဒါ အကြွေးပေါ့။ တပည့်တော် နာယူချင်ပါသည်ဘုရားတဲ့။

အော် မြတ်ဗုဒ္ဓ၏ တရားတော်ကို တကယ်မြတ်နိုးတာပါလား။

အော် ဒီက သမီးကို စိတ်ပူလို့ပါ။ ဒေါသအမျက်တွေ ထားပြီး သူတစ်ပါးကို ထိခိုက်စေမည့် အလုပ်တွေ မလုပ်ရအောင် မြတ်စွာဘုရားရှင်၏ မေတ္တာ၊ ကရုဏာတော် ကြီးမားပုံလေးတွေ ပြောပြဖို့ ရည်မှန်းထားတာပါ။
အကျယ်ချုပ်က လွတ်ပြီးနောက်ရက်မှာ ဦးဇင်းတို့ ရိပ်သာသို့ ဒကာမကြီး တိုက်ရိုက်ရောက်လာ ပါသည်။ အစိုးရခေါင်းဆောင်ပိုင်းအပေါ်မှာ အမျက်ဒေါသ မထားဘဲ မိမိလုပ်စရာ ရှိသည်များကိုသာ သတိထား ပြုလုပ် သွားဖို့ ဆရာတော်ကြီးက တိုက်တွန်းတော်မူခဲ့သည်။

အကျယ်ချုပ်အတွင်းကာလတုန်းကလည်း သတိပဋ္ဌာန် ဘာဝနာတရား ရှုမှတ် ပွားများနေခဲ့သည်ဟု လျှောက်ထားခဲ့သည်။ ဒါဆို အားလပ်ရင် တရားလာ ဝင်ပါဟု မိန့်တော့ မှန်ပါဘုရား ဝန်ခံကတိပြုသွားသည်။

မကြာလိုက်ပါ။ တရားလာဝင်ပါသည်။ အချိန်မှန် တရားမှတ်ပါသည်။ ညနေတိုင်း ဆရာတော်ကြီးကိုယ်တိုင် တရားဆွေးနွေးသည်။
ဆရာတော်ကြီးက ရိုးရိုးသားသားနဲ့ မေတ္တာရှေ့ထားပြီး အများအကျိုးပြုဖို့၊ အမျက်ဒေါသမထားဖို့ တိုက်တွန်းခဲ့သည်။ ဒကာမကြီးကလည်း လိုက်နာ ခဲ့သည်။ အတူလက်တွဲ လုပ်ဆောင်ခဲ့သည်။ ခွင့်လွှတ်သည်းခံခဲ့သည်။

ဒကာမကြီးလျှောက်ထားသည်မှာ သူမနဲ့ ထိုင်နေသည့် လွှတ်တော် အမတ် ဆိုသူသည် သူမကို အကျယ်ချုပ်ချခဲ့သည့် သူဖြစ်နေသည်။ သူမက ပျော်ပျော် ပဲ နှုတ်ဆက် ပြောဆိုပါသည်။ ထိုသူကလည်း အစ်မ ဟု ခေါ်ပြီး စကားပြောဖြစ်ကြသည်ဟု ဆိုသည်။ ဒါကိုပဲ တပည့်တော်မက ဝမ်သာရပါသည် ဘုရားတဲ့။

ကဲဗျာ အတုယူစမ်း။ ခွင့်လွှတ်တတ်လိုက်တာ။

ဤကဲ့သို့သော ဆရာတော်ကြီးများ၏ အဆုံးမများကို ပိုင်ပိုင်နိုင်နိုင်ရရှိထားသော၊ သူ့အသက်အရွယ်နဲ့သူ ရင့်ကျက်ပြည့်စုံနေသော ဒကာမကြီးတစ်ယောက်က ဘယ်လိုလုပ်ပြီး ဗုဒ္ဓသာသနာဝင်များကို ရက်ရက် စက်စက် လုပ်မည်ဆိုတာကို တွေးကြည့်တိုင်း မိမိ နားမလည် ဖြစ် ရပေ သည်။

ဒါပေမဲ့လည်း ပြောတဲ့သူက ပြောသလို ယုံတဲ့သူကလည်း ယုံနေကြတော့ ဦးဇင်းတို့တစ်တွေ ကမ္ဘာ့အလည်မှာ မျက်နှာငယ် အထင်သေးခံကြ ရအုန်း မယ်ပေါ့လေ။

သိပ်တော့ မထူးပါဘူး။ နှစ် (၆ဝ)ကျော်ကျော် အတွေ့အကြုံ ရှိထားတော့ နည်းနည်းခံသာသေးတာပေါ့။

ဒကာမကြီးရေ့ ဘဝအဆက်ဆက်၊ သံသရာအဆက်ဆက်မှာ အဲဒီလို ဝဋ်ကြွေးတွေ မပါလာရအောင်၊ အခုဘဝမှာပဲ ဆင်းရဲတွေ အဆုံးသတ်ဖို့၊ မဟုတ်တရား ပြောဆိုစွပ်စွဲခြင်းဘေးက လွတ်ဖို့၊ ညစ်ပတ်မှု အရှုပ်အထွေးကြား ကနေ ဦးဇင်းတို့ ရိပ်သာဆီသို့ ဒုတိယတစ်ခေါက် အပြီးသာ လာရောက်လှည့်ပါ။

အကျိုးခုနှစ်ပါးနဲ့ပြည့်စုံနေသည့် သတိပဋ္ဌာန်ဘာဝနာတရားကိုသာ အားထုတ် လှည့်ပါတော့။

ဒါမှလည်း ဘဝအမောတွေ ပြေမည်လေ-----။

Su Da (မြစ်သား)

The Ladies News Journal

စိုက်ပျိုး ပြီး သီးနှံ တွေ အဖျက် ခံရ၊ လယ်တဲ တွေ မီးရှို့ခံ ရတာ တွေ ကြောင့် လယ် သမား ၁၀ဝ ကျော် ထွန်တုံး တိုက်ပွဲ ဝင်။
ပဲခူးတိုင်း ဒေသကြီး ဖြူးမြို့နယ် ထဲ မှာ ပုဂ္ဂလိက ကုမ္ပဏီ တစ်ခု က အာဏာပိုင် တွေ ဆီ က နေ လက်လွှဲ ရယူထား တဲ့ လယ်မြေ တွေ နေရာ မှာ ဒေသခံ လယ်သမား တွေ ဟာ ထွန်တုံး တိုက်ပွဲ ဆင်နွှဲ ပြီး ဝင်ရောက် စိုက်ပျိုး နေ ကြ ပါတယ်။

၁၉၈၀ ပြည့်ကျော် နှစ် တွေ ကတည်း က လယ်သမား တွေ ကိုယ်တိုင် အဲဒီ့ မြေနေရာ တွေ မှာ ခုတ်ထွင် ရှင်းလင်း ပြီး စိုက်ပျိုး မြေ တွေ အဖြစ် ဖော်ဆောင် ခဲ့တဲ့ ဓားမဦးချ မြေ တွေ ဖြစ် တယ် လို့ လယ်သမား အရေး ကူညီ သူ ကိုမြင့်စိုး က ဘီဘီစီ ကို ပြောပါတယ်။

မြတ်ဣနြေ္ဒ အမည်ရှိ တဲ့ ကုမ္ပဏီ ဟာ ဧက ၅၀ဝ ကို အစိုးရ ဆီ က ရယူ ကာ တချို့ နေရာ တွေ ကို စက်ရုံ ဆောက် ဖို့ လုပ်ဆောင် နေပြီး မြေ တချို့ ကို ရောင်းစား တာမျိုး၊ တချို့ ကို လယ်မြေ တွေ အဖြစ် ပဲ ပြန်လည် သီးစား ချ ငှားတာ မျိုး တွေ လုပ် ဆောင် နေတယ် လို့ ကိုမြင့်စိုး က ဆိုပါတယ်။

စိုက်ပျိုး ပြီး သီးနှံ တွေ အဖျက် ခံရပြီး လယ်တဲ တွေ မီးရှို့ခံ ခဲ့ ရတာ ကြောင့် လယ် သမား ၁၀ဝ ကျော် ဟာ အခု လို ကိုယ့် လယ် မြေ ကိုယ် ပြန်ရရေး ထွန်တုံး တိုက်ပွဲ ဝင် နေတာ ဖြစ်တယ် လို့လည်း ကိုမြင့်စိုး က ပြောပါတယ်။

ဒီလို ထွန်တုံး တိုက်ပွဲ လုပ်နေချိန် မှာပဲ ရဲ နဲ့ ကုမ္ပဏီ ဘက် က သူ တွေ လာရောက် ဟန့်တား ခဲ့တာ တွေ ရှိခဲ့ ပြီး လယ်သမား တွေ က ဥပဒေ ကြောင်း အရ ဖြေရှင်း သွားမယ့် အကြောင်း တုန့်ပြန် ခဲ့တယ် လို့ ကိုမြင့်စိုး က ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှာ နေထိုင်သူတွေကို မဲစာရင်း မှန်ကန်မှု ရှိ မရှိ ဇွန်လ ၂၇ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် သွားရောက်ကြည့်ရှု စစ်ဆေးစဉ် Photo: Win Ko Ko Latt/RFA
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှာ နေထိုင်သူတွေ ကို မဲစာရင်း မှန်ကန်မှု ရှိ မရှိ သွားရောက်ကြည့်ရှု စစ်ဆေးကြဖို့ တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်လံတိုက်တွန်း ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော် ကိုယ်စားလှယ်တွေနဲ့အတူ ပုဗ္ဗသီရိ မြို့နယ်ကို သွားရောက်ပြီး မဲစာရင်းတွေကို သွားရောက်စစ်ဆေးကြဖို့ တိုက်တွန်းပြောကြားခဲ့တာဖြစ်ပါတယ်။

"ရွေးကောက်ပွဲဟာ အရေးကြီးတယ်နော်၊ လူငယ်တွေအတွက်အရေးကြီးတယ်၊ လူကြီးတွေအတွက်လည်း အရေးကြီးတယ် ဒါပေမယ့် လူငယ်တွေက ဒီနိုင်ငံမှာနေသွားရမှာ နှစ်ပေါင်းပိုပြီးတော့ ကြာကြာနေသွား ရမှာပေါ့၊ အဲ့ဒီတော့ အဲ့ဒါကြောင့်မို့လို့ ဒီနိုင်ငံက ဘယ်လမ်းသွားမလဲဆိုတာကို အခုရွေးကောက်ပွဲက အဆုံးအဖြတ်ပေးမှာ အဲ့ဒါကြောင့်မို့လို့ ရွေးကောက်ပွဲမှာ မဲပေးဖို့ကအားလုံးရဲ့တာဝန်ဖြစ်တယ်၊ သားတို့ ကျလို့ရှိရင် ကိုယ်တိုင်မဲမပေးနိုင်ပေမယ့် သားတို့ကိုယ်စားပေါ့နော် မဲပေးနိုင်တဲ့ အစ်ကိုတွေ အစ်မတွေ မိဘတွေကပေးနေတယ်လို့ အဲ့ဒီလိုစိတ်ထဲမှာထားရမယ်၊ အဲ့ဒါကြောင့်မို့လို့ မဲစာရင်းထဲမှာ မဲပေးနိုင်တဲ့ လူတွေပါဝင်ရေးဟာ ကလေးတွေကလည်း စိတ်ဝင်စားရမယ်၊ ငါတို့နဲ့မဆိုင်ဘူးဆိုပြီးတော့ မနေပါနဲ့"

အခြေခံမဲစာရင်းတွေ ထုတ်ပြန်ထားရာမှာ နေရပ်လိပ်စာနဲ့ မွေးသက္ကရာဇ်မှားယွင်းတာတွေ ၊ သေဆုံးသူတွေရဲ့ အမည်တွေပါနေတာတွေ ၊ မဲစာရင်းမှာလုံးဝ အမည်တောင်မပါတာတွေ ရှိနေပါတယ်။

နေပြည်တော်ကောင်စီက မြို့နယ်တွေမှာလည်း အမှားတွေရှိနေတာကြောင့် သက်ဆိုင်ရာ မဲပေးပိုင်ခွင့်ရှိသူတွေ အနေနဲ့ အမှားတွေတွေ့ရှိရင် ပြင်ဆင်နိုင်ဖို့ အသိပညာပေး အချက်အလက်ပါတဲ့ စာရွက်စာတမ်းတွေကို လည်း ဒေါ်အောင်ဆန်းစုကြည်က ဝေငှခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese

_ Protocols အရတော့ ဘယ်အစည်းအဝေးမှာမဆို ဖုန်းတွေ မဖွင့်ထားရဘူး။ သံတမန်ကျင့်ဝတ် အရမလုပ်ရဘူး။ နိုင်ငံခြားရေး ၀န်ကြီးဌာနက ဒုသမ္မတကို မပြောပြလို့လား၊ ဒုသမ္မတက အရေးမစိုက်လို့လားတော့ မသိဘူးပေါ့။ ဗမာပြည်ကတော့ လုပ်ချင်တာလုပ်တာပဲ။ ဖုန်းတွေ ဖွင့်ထားတယ်၊ ဖုန်းတွေ ပွတ်နေတယ် ဆိုရင်တော့ သံတမန်ကျင့်ဝတ်အရ မညီဘူး . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ရန်ကုန်၊ ဇွန် ၂၂

ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် သွားနိုင်မည့် အခွင့်အလမ်း၊ အလား အလာများနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ရုရှားနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး Mr. Alexei V.Ylyukaev ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ တို့ တွေ့ဆုံခဲ့သည့် သတင်းအား ဇွန်လ ၁၉ ရက်ထုတ် နိုင်ငံပိုင် အစိုးရအာဘော် သတင်းစာများတွင် ဖော်ပြခဲ့ရာ သတင်းဓာတ်ပုံတွင် မြန်မာကိုယ်စားလှယ် များဘက်မှ ဆွေးနွေးနေစဉ်အတွင်း လက်ကိုင်ဖုန်းများ အသုံးပြုနေကြပုံ ကို ဖော်ပြထားရာ ယင်းဓာတ်ပုံအရ သံတမန်ကျင့်ဝတ်ကို ဖောက်ဖျက်ခြင်း ပင် ဖြစ်ကြောင်း နိုင်ငံ တကာ အတွေ့အကြုံရှိ လူမှုအဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များက ဝေဖန်လိုက်သည်။

ဒုသမ္မတ ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ရုရှား ကိုယ်စားလှယ်အဖွဲ့မှာ ဇွန်လ ၁၈ ရက်က ရုရှားနိုင်ငံ၊ စိန့်ပီတာစဘာ့ဂ်မြို့ရှိ Len Expo အဆောက်အအုံရှိ ဆွေးနွေးပွဲခန်းမတွင် တွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီး ယင်းတွေ့ဆုံမှု သတင်းနှင့်အတူ ဖော်ပြထားသော သတင်းဓာတ်ပုံတွင် ဒုသမ္မတ ဦးဉာဏ်ထွန်းနှင့်အတူ ပါရှိသော မြန်မာကိုယ်စားလှယ် အဖွဲ့ဝင်များက ဆွေးနွေးမှု ပြုလုပ်နေစဉ်အတွင်း လက်ကိုင်ဖုန်းများ အသုံးပြု နေကြခြင်းဖြစ်သည်။

““ဆွေးနွေးပွဲတွေမှာ တစ်ယောက်နဲ့တစ်ယောက် ပြောတာမပြောနဲ့၊ အရေးကြီးတဲ့ ဆွေးနွေးပွဲ တွေမှာတောင် ဖုန်းတွေ ပိတ်ထားရတယ်။ Protocols (သံတမန်ကျင့်ဝတ်များ) အရတော့ တော်တော်ရိုင်း တယ်။ ပြောနေ တုန်းမှာ အကယ်၍ ခဏနေပါဦးဆိုပြီး ဖုန်းပြောတာတို့က Protocols နဲ့ မညီဘူး။ Protocols အရတော့ ဘယ် အစည်းအဝေးမှာမဆို ဖုန်းတွေ မဖွင့်ထားရဘူး။ သံတမန်ကျင့်ဝတ်အရ မလုပ်ရဘူး။ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒုသမ္မတကို မပြောပြလို့လား၊ ဒုသမ္မတက အရေးမစိုက်လို့လားတော့ မသိဘူးပေါ့။ ဗမာပြည်ကတော့ လုပ်ချင်တာ လုပ်တာပဲ။ ဖုန်းတွေ ဖွင့်ထားတယ်၊ ဖုန်းတွေ ပွတ်နေတယ်ဆိုရင်တော့ သံတမန် ကျင့်ဝတ်အရ မညီဘူးလို့ ပြော ရမှာပဲ။ နိုင်ငံခြားရေး ၀န်ကြီးဌာနကနေ ဒုသမ္မတရုံးကို သော်လည်းကောင်း၊ ဒုသမ္မတကို သော်လည်းကောင်း ပြောရမယ့်ကိစ္စ၊ အသိပေးရမယ့် ကိစ္စ””ဟု နိုင်ငံတကာ ဆွေးနွေးပွဲများစွာ တက်ရောက် ခဲ့ဖူးသည့် မြန်မာ့ အရေး လေ့လာသုံးသပ်သူ ဦးဘိုဘိုကျော်ငြိမ်းက ပြောသည်။

ယင်းသို့ နှစ်နိုင်ငံ တာဝန်ရှိသူများ တွေ့ဆုံမှုအတွင်း နှစ်နိုင်ငံကြား ဖွဲ့စည်း တည်ထောင်ထားပြီးဖြစ်သော နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင် အနေဖြင့် ကော်မရှင်၏ ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များ အတိုင်း စီးပွားရေးကဏ္ဍ အသီးသီးတွင် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု များဖြင့် ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန် မြှင့်တင်သွားရေးအတွက် ဆွေးနွေးခဲ့ကြသည်။

အဆိုပါသတင်းတွင်ပင် ရုရှားနိုင်ငံ စီးပွားရေးရာ ဒုဝန်ကြီးချုပ် Mr. Arkady Dvorkovich နှင့်တွေ့ဆုံ ဆွေးနွေး သည့် သတင်းဓာတ်ပုံကိုလည်း ဖော်ပြ ထားသေးရာ အဆိုပါ ဓာတ်ပုံတွင်မူ မြန်မာ ကိုယ်စားလှယ်များဘက်မှ စာရွက်ဖြင့် မှတ်တမ်းယူနေသည့် မှတ်တမ်းဓာတ်ပုံသာဖြစ်ပြီး ဖုန်းအသုံးပြုနေခြင်းများ မပါရှိပေ။

““ဒီလိုဟာမျိုးမှာ မလုပ်သင့်ဘူးလေ။ နိုင်ငံတကာ ကိစ္စတွေ ဆွေးနွေး တဲ့အခါမှာ ဒီလိုတွေ လျှောက်လုပ် နေတယ်ဆိုတာ စိတ်မ၀င်စားမှု ကို ပြသလို ဖြစ်နေတာပေါ့။ ဒီအစည်းအဝေးဟာ အလကားနေရင်း စိတ်မ၀င်စားသလို ဖြစ်နေတာပေါ့။ တွေ့ဆုံပွဲတွေမှာ ဒီလိုမျိုး ဖုန်းပွတ်နေတယ်ဆိုတာ ဘယ်တော့မှ မရှိခဲ့ဘူး””ဟု ယခင်စင်ပြိုင်အစိုးရ NCGUB နိုင်ငံခြားရေးဝန်ကြီးအဖြစ် လုပ်ဆောင်ခဲ့ဖူးသူနှင့် ၁၉၉၀ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ဝင် ဦးပီတာလင်းပင်က သုံးသပ်ပြောဆိုသည်။

ယခုကဲ့သို့သော ဖြစ်ရပ်မျိုးကို ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း အား ဒုသမ္မတ အဖြစ် ခန့်အပ်ပြီးနောက် ကာချုပ် (ရေ)အဖြစ် ခန့်အပ်ခံရသူ ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် သူရသက်ဆွေနှင့် ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ရှိတ်ဟာဆီနာတို့ ၂၀၁၄ခုနှစ် မေလ က တွေ့ဆုံမှုသတင်းအား ဘင်္ဂလားဒေ့ရှ် အခြေစိုက် Bangladesh Chronicle အင်တာနက် စာမျက်နှာ၌ ဖော်ပြစဉ်က လည်း ဝေဖန်ခံခဲ့ရဖူးသည်။

အဆိုပါ တွေ့ဆုံမှုနှင့် ပတ်သက်၍ ဖော်ပြထားသော သတင်းဓာတ်ပုံတွင် ကာချုပ်(ရေ) ဗိုလ်ချုပ်သူရသက်ဆွေ မှာ နှစ်ဖက်တွေ့ဆုံနေစဉ်အတွင်း ဖုန်းကိုင်ထားသည့်အတွက် ယင်းမှာ သံတမန်ဆက်ဆံရေးနှင့် ပတ်သက်ပြီး မပြုလုပ်သင့်သည့် ပုံစံဖြစ်ကြောင်း ဝေဖန်ခဲ့ကြခြင်းဖြစ်သည်။

ဝိုင်းမော်

- ၂၀၁၅ ဇွန်လ ၁၉ ရက်ထုတ် အစိုးရအာဘော်သတင်းစာ တွင် ဖော်ပြခဲ့သည့် ရုရှားနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီး ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာနိုင်ငံ ဒုသမ္မတ ဦးဉာဏ်ထွန်းနှင့် ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံရာ တွင် မြန်မာ ကိုယ်စားလှယ်အဖွဲ့ဝင်များ စမတ်ဖုန်း အသုံးပြုနေကြပုံ

- ယခင်က ဝေဖန် ခံခဲ့ရဖူးသည့် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေနှင့် ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ရှိတ်ဟာဆီနာ တို့ တွေ့ဆုံခဲ့သည့် မှတ်တမ်းဓာတ်ပုံ

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

မဲ စာ ရင်းများ၏ အမှားများက တဖြေးဖြေး နှင့် ပို၍ ဆိုးဝါးလာနေပြီ ဖြစ်သည်။

စစ်တပ်
၏ လက်ချက် ဖြင့် အသက်ဆုံးပါးခဲ့ ရသော သတင်းထောက် ကိုပါကြီးပင် အခုအခါ သေရွာမှ ထ၍ မဲပေးနိုင် ရန် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ မှ မေတ္တာဖြင့် စီစဉ်ပေးခဲ့မှုဖြင့် မဲစာရင်းတွင် ပါဝင်လာနေပြီ ဖြစ်သည်။

ယင်းပြသာနာက ထင်ထားသည်ထက် ပို၍ နက်နဲလာသည်။ သို့ ဖြစ်၍ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပင် မနေနိုင်တော့၊ နေပြည်တော်တွင် တအိမ်တက်ဆင်း လိုက်လံ ရှင်းပြနေရပေသည်။

အမေရိကန် USAID ၏ ထောက်ပံမှုဖြင့် The International Foundation For Electoral System (IFES) မှ ၂၀၁၄ မေလ မှ သြဂုတ်လအထိ ၄ လ တာ ကာလတလျောက်လုံး ရွေးကောက်ပွဲ ကော်မရှင်သို့ မဲဆန္ဒရှင် စာရင်းများ update လုပ်နိုင်ရန် software များ တီထွင်၍ ကဏ္က ၃ ခု ခွဲ၍ ပေးအပ်ခဲ့ပြီး ဖြစ်သည်။

ယင်းတို့မှာ လူနေထူထပ်သည် မြို့ပြဒေသများ၊ လူနေကျဲသည့် ကျေးလက်ဒေသများ နှင့် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားနေသော ဒေသများဟူ၍ ဖြစ်သည်။
ထို့အပြင် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပ၍ အဆိုပါ ဆော့်ဝဲယားများမှ တဆင်ရရှိလာသော အတွေ့အကြုံများကို မူတည်၍ သင်တန်းများ ပို့ချပေးခဲ့ပြန်သည်။ ထိုအပြင် ကုလသမဂ အစီအစဉ်ဖြင့် ကောက်ယူထားသော သန်းခေါင်စာရင်းကလည်း ကိုးကားအဖြစ် ရှိနေပြီ ဖြစ်သည်။

သို့သော်လည်း အမှားများက လျော့မသွား၊ ကိုယ့်ထမင်း ကိုယ်စား လုပ်နေရ၍ မှားနေရပါသည် ဆိုသော ကော်မရှင် ဥက္ကဌ ၏ အပြောကလည်း တိုင်းပြည်အတွက် သေရေးရှင်ရေး ဖြစ်လာနေသော အဆိုပါ ရွေးကောက်ပွဲ၏ အရေးပါပုံကို အလေးအနက်ထားရကောင်းမှန်းမသိသည့် သဘောဆောင်နေပြန်သည်။

လူဝင်မှု ကြီးကြပ်ရေးမှ ပို့ပေးသော စာရင်းကို အထွေထွေ အုပ်ချုပ်ရေးမှုးရုံးမှတဆင့် ပို့ပေးလာသည်ကို မဲဆန္ဒရှင်များ စာရင်းအဖြစ် ထုတ်ကပ်လိုက်ကြခြင်းသာ ဖြစ်သည်။ လွယ်ကူလွန်းလှပေသည်။ မည်မျှအထိ မှားလဲဆိုက အဆိုပါ မဲဆန္ဒနယ်မြေ၏ လွှတ်တော်ကိုယ.်စားလှယ်ပင် မဲစာရင်းတွင် မပါရှိသည်ကို တွေ့ရပေသည်။ ရန်ကုန်တိုင်း ထန်းတပင် မြို့နယ်ရှိ ရွာများတွင် မဲဆန္ဒပေးသူများက မွေးနေရက်များ အတူတူ ဖြစ်နေကြခြင်းကိုလည်း တွေ့ရပေသည်။

ထို့အတွက်လည်း ကွန်ပြူတာ ကိုင်သော ၀န်ထမ်းများအဖို့ကလည်း အပိုဝင်ငွေ မရသော လုပ်ငန်းအတွက် တော်ရှိလျော်ရိ လုပ်ကိုင်နေသည်မှာ မဆန်းလှပေ။ မဲစာရင်းများ မှန်မှန်ကန်ကန် ဖြစ်ရေးသည် နိုင်ငံတော် အစိုးရများအတွက် ထိတ်တန်း ဦးစားပေး စာရင်းတွင် မပါမှန်းသိ၍ အောက်ခြေမှလည်း ပျော်ပျော်ကြီး လုပ်ချင်တိုင်း လုပ်လာလျက် ရှိသည်။

ယင်းကိစ္စအား နာဂစ် ဖွဲ့စည်းပုံ အတည်ပြုသကဲ့သို့ ယူဆနေ၍ မရမှန်း သိသင့်သည်။ မြို့နယ်ပေါင်း ၃၃၀ ရှိ မဲဆန္ဒရှင် ပေါင်း ၂၅ သန်း အမည်မှန်များ ရရှိရန် စိတ်ရင်းကောင်းဖြင့်ပြုလုပ်လိုပါက ဘာမျှ ခက်ခဲသော ကိစ္စ မဟုတ်၊ အချိန်ကလည်း လုံလောက်စွာပေးထားခဲ့ပြီး နိုင်ငံတကာမှ အကူအညီများလည်း ရခဲ့ပြီး ယုံမက ပြင်ဆင်လုပ်ကိုင်နေသည်မှာလည်း ကြာလှပြီ၊

ဤကဲ့သို့သော ကိစ္စကိုပင် ဒေါ်စိန်အေး ကျောင်းတော်သားကြီးများ မကိုင်တွယ်နိုင်သည်ကိုကြည့်က တိုင်းပြည်၏ ၀န်ကြီးဌာနများကို တက်ရောကင်စီမံခန့်ခွဲနေကြသည့် အဖြစ်က မြန်မာနိုင်ငံ ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေး အနေအထား စာရင်းတွင်စုစုပေါင်း ၂၁၅ တွင် အမှတ်စဉ် ၂၀၃ ရောက်နေသည်မှာလည်း အံသြစရာမဟုတ်ပေ။

အရာရာကို သိကျွမ်းနားလည်သော ဒေါ်စိန်အေး ကျောင်းဆင်းများ ၀န်ကြီးဌာနများ စီမံခန့်ခွဲ၍ သောက်သောက်လဲ အရှုံးပေါ်သည်က ခံနိုင်သေးသည်။ ယခုကိစ္စက တတိုင်းပြည်လုံး၏ ဘ၀များစွာကို အဆုံးအဖြတ်ပေးမည့်ပွဲ၊ ဒေါ်စိန်အေး ကျောင်းထွက်များ အဖို့ က မှားနေလျင်တောင် သတ္တိရှိရှိ ၀န်ခံ တောင်းပန်ရဲသူများမဟုတ်ကြရလေကာ ယခုကိစ္စတွင်လည်း မလုပ်နိုင်၍ ထွက်သွားမည်ကတော့ မဟုတ်၊ မလုပ်နိုင်ဟု ၀န်ခံမည်လဲ မဟုတ်၊ ၎င်း တို့၏ အ ဘိဓါန် တွင်လည်း အဆိုပါ စကားလုံးက မရှိ၊ ဒီတိုင်ကြီး ပေခံနေပြီး ရွေးကောက်ပွဲ အထိ သွားမည့်ပုံပင်။

ယခုပင် အဆိုပါ မဲစာရင်းများ ပြန်လည် စီစစ်ရေးအတွက် ကျောင်းဆရာ ဆရာမများကို အသုံးမပြုပဲ အငြိမ်းစား တပ်မတော်အရာရှိများ သုံးမည်ဆိုသည့် ကလည်း စဉ်းစားဆရာပင်။

ဂျူလိုင် လ အလယ်တွင် အပြီးသတ် မဲစာရင်း ကပ်ပြီးပါက မှန် မ မှန် စစ်ရန် ၁၄ ရက် အချိန်ပေးထားသည်ဟုလည်း ဆို၍ အချိန်လေး အနည်းငယ် ဖဲ့ပေးကာ သွားရောက်စစ်ဆေးကြည့်ကြပါရန် အလေးအနက် တိုက်တွန်းပါသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က မဲစာရင်း ၈၀%သည် မှန်ကန်မှုမရှိဟု တရားဝင် အိပ်ဖွင့်ပေးစာဖြင့် ကော်မရှင် နှင့် လူထုကို အသိပေးခဲ့ပြီး ဖြစ်သည်။
ယင်းကိစ္စကို အကြောင်းပြု၍ ရွေးကောက်ပွဲ ရွှေ့ဆိုင်းရန် ခိုင်လုံသော အကြောင်းတခု ဖြစ်လာနိုင်သဖြင့် နီးမှ ငါမဲမထည့်ရ သူမဲမထည့်ရ ဆူညံစွာ အော်ဟစ်လာကြပါက ရရှိပြီးလား ရလာဒ်များကို တရားမ၀င်ဟု ဖျက် သိမ်း ပြစ်နိုင်သည်။

ရှုံးသူ ကြံ့ဖွတ်များကလည်း မဲခိုး၍ အခွင့်ကောင်းဟု ဆိုကာ မည်သို့မျှ မကန့်ကွက်သေးသော်လည်း ရှုံးသည့်အခါ မဲစာရင်းများ မမှန်ကန်မှုကြောင့် တရားမျှတခြင်း မရှိဟု တိုင်တန်းက ကော်မရှင်အနေဖြင့် နိုင်သူကို တရားဝင် မကြေငြာနိုင် ပြန်လည် စီစစ်ရအုန်းမည်ဆိုကာ လွှတ်တော်အသစ်ပင် ကျင်းပခွင့် မရပဲ နောက်ထပ် လပေါင်း များစွာ ရေစုံမျောသွားနိုင်သည်ကို သတိချပ်ပါလေ။

သို့အတွက် မဲဆန္ဒရှင်များအနေဖြင့် မိမိတို့ မဲစာရင်းများ မှန်မှန်ကန်ကန် နှင့် ပါဝင်မဲပေးခွင့်ရရေးအတွက် မဲစာရင်းများ သွားရောက်ကြည့်ရှု့ခြင်း။ မှားနေက ထောက်ပြခြင်း၊ ပြောင်းရွှေ့လာသူများ အနေဖြင့်လည်း သက်ဆိုင်ရာသို့ အချိန်မှီ အကြောင်းကြား ရေး၊ နိုင်ငံသားမှတ်ပုံတင်ကဒ် အချိန်မှီ ရရှိထားအောင် ဆောင်ရွက်ခြင်းဖြင့် ကိုယ့်တာဝန် ကိုယ်ကျေအောင် ပြုလုပ်ကြဘို့ပဲ ရှိတော့သည်။

ပြီးခဲ့သည့် ဖွဲ့စည်းပုံပြင်ဆင်ရေး လွှတ်တော် မဲခွဲရေးတွင် ရွေးကောက်တင်မြှောက်ခြင်း မခံရသူများက ၀င်ရောက်မဲပေးကာ လူထု၏ မျှော်လင့်ချက်များကို လက်ခုတ်ခက်ဝါးတီး နင်းခြေခဲ့ကြပြီး ဖြစ်၍ မိမိတို့ ပြည်သူများမှလည်း မိမိတို့ ၏ ရခဲလှစွာသော မဲတပြားကို ထည့်နိုင်ကြရေး သေချာအောင် ပြုလုပ်ခြင်းဖြင့် အဆိုပါ ပြည်ဖျက်များကို ဘင်္ဂလား ပင်လယ်အော်အတွင်း မောင်းချနိုင်ရန် ပထမ ခြေလှမ်းဟု ယူဆကြရန် တိုက်တွန်းအပ်ပါသည်။

ယခုအခါ အဆိုပါ အန္တရာယ်များကို ကောင်းစွာနားလည်ပြီး ဖြစ်သော မြို့ပြ လူမှု အဖွဲ့အစည်းများမှလည်း တက်တက်ကြွကြွဖြင့် ၀င်ရောက် ၍ လူထုအား အကူအညီပေးလျက်ရှိသည်။

BrainWave ဉာဏ်လှိုင်း

UWSA ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ထိန်းချုပ်နယ်မြေတွင်းက ဝပြည်သူများကို တွေ့ရစဉ်။
UWSA ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ထိန်းချုပ်နယ်မြေတွင်းက ဝပြည်သူများကို တွေ့ရစဉ်။

မြန်မာအစိုးရတပ်တွေနဲ့ UWSA ဝပြည်သွေးစည်းညီညွတ်ရေးတပ်တွေကြား တင်းမာမှုဖြစ်နေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းတုံ၊ မိုင်းဆတ်ဒေသမှာ အစိုးရတပ်တွေ အင်အားတိုးချထားပြီး နှစ်ဘက်တပ်တွေ အသင့်အနေအထားရှိပေမယ့် စစ်ပွဲတွေ ပြန်ဖြစ်မှာကိုမလိုလားဘူးလို့UWSA က ပြောပါတယ်။ မြန်မာအစိုးရ ငြိမ်းချမ်းရေးဖေါ်ဆောင်မှုအဖွဲ့ အကြီးအကဲတွေနဲ့ UWSA တောင်ပိုင်းတပ် ဆက်ဆံရေးတာဝန် ခံတို့ ဒီသီတင်းပတ်ထဲ နေပြည်တော်မှာ တွေ့ဆုံအပြီး အခုလို ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။

မြန်မာအစိုးရတာဝန်ရှိသူတွေက ဖိတ်ခေါ်တာကြောင့် UWSA တောင်ပိုင်းတပ် ဆက်ဆံရေးတာဝန်ခံနဲ့အဖွဲ့ဟာ ဇွန်လ၂၅ ရက်နေ့က နေပြည်တော်ကို သွားရောက်ပြီး မြန်မာအစိုးရ ငြိမ်းချမ်းရေးဖေါ်ဆောင်မှုအဖွဲ့ ဒုဥက္ကဋ္ဌ ဦးသိန်းဇော်နဲ့တွေ့ဆုံ ဆွေးနွေးခဲ့ကြတာပါ။ ဆွေးနွေးမှု အသေးစိတ်ကို နှစ်ဘက်စလုံးက သတင်းမထုတ်ပြန်ပေမယ့် ရှမ်းပြည်နယ်တောင်ပိုင်းမှာ ထိပ်တိုက်ဖြစ်နေတဲ့ နှစ်ဘက်တပ်တွေရဲ့အနေအထားကို ညှိနှိုင်းတာမျိုး ဖြစ်နိုင်တယ်ဆိုတဲ့ စစ်ရေးသုံးသပ်ချက်တွေလည်း ထွက်ပေါ်နေပါတယ်။ အစိုးရတပ်တွေနဲ့ တင်းမာမှုဖြစ်နေတယ်ဆိုပေမယ့် စစ်ပွဲတွေ ပြန်ဖြစ်လာမှာကို မလိုလားဘူးလို့UWSA ပြောခွင့်ရသူ ဦးအောင်မြင့်က ပြောပါတယ်။

“ကျနော်တို့ကတော့ ငြိမ်းချမ်းရေးကိုလိုလားတယ်။ ဒါကြောင့်မို့လို့ တင်းမာမှုတွေ တခါပြီးတခါ၊ တခါပြီးတခါ ဒီလို မတော်တဆ ဖြစ်သွားမှာကိုလည်း စိုးရိမ်တယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ကလည်း သတိနဲ့တော့ ရှိပါတယ်။ တိုက်ပွဲတွေက မဖြစ်ချင်ဘူး၊ သေနတ်သံလည်း မကြားချင်ဘူး။ သေနတ်သံ မကြားလို့လည်း ကျနော်တို့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့နေလာတာ ၂၆ နှစ် ရှိလာပြီလေ။”

သစ်ခိုးထုတ်မှုကြောင့်ဆိုပြီး အစိုးရတပ်တွေက ဒေသခံတွေကိုဖမ်းဆီးခဲ့သလို သစ်တွေကိုလည်း သိမ်းဆည်းခဲ့ပြီးနောက် အစိုးရတပ်နဲ့ UWSA တပ် တွေကြား ကျိုင်းတုံမြို့နယ် ပုံပါကျင်ဒေသမှာ ဇွန်လ ဒုတိယအပတ်လောက်ကစလို့ တင်းမာမှုတွေပြန်ဖြစ်လာရတာပါ။ ဒါပေမယ့် ဖမ်းဆီး ထားသူတွေကိုရော သစ်တွေကိုပါ ဒဏ်ငွေနဲ့ ပြန်ရွေးလို့ရခဲ့တယ်လို့ ဦးအောင်မြင့်က ပြောပါတယ်။

“တောင်ပိုင်းက မိုင်းတုံ၊ မိုင်းဆတ်ဒေသက ဒုတိယအကြိမ် ထပ်ပြီးတော့ တင်းမာမှုဖြစ်လာတဲ့ ကိစ္စတွေပါ။ ဆွေးနွေးတယ်ဆိုတာလည်း နိုင်ငံတော် လူကြီးက ခေါ်လို့ပါ။ ကိုယ်စားလှယ်နှစ်ယောက်ကနေပြီး ဟိုသွားတာဖြစ်ပါတယ်။။ ပထမအကြိမ်ကတော့ သစ်ကိစ္စနဲ့ပတ်သက်ပြီးတော့ ဖြစ်တဲ့ကိစ္စ၊ ဖြစ်တဲ့ကိစ္စကို သမ္မတကြီးရဲ့ညွှန်ကြားချက်နဲ့ လက်ခံတယ်။ လက်ခံတော့ ကျနော်တို့လည်း တပ်ကိုပြန်ဆုတ်တယ်။
မြန်မာနဲ့ နယ်ချင်းထိနေတဲ့ ယူနန်ပြည်နယ်အတွင်းက ပရိဘောဂစက်ရုံကို ရောက်သွားတဲ့ မြန်မာ့သစ်မာတွေကို တွေ့ရစဉ်။မြန်မာနဲ့ နယ်ချင်းထိနေတဲ့ ယူနန်ပြည်နယ်အတွင်းက
ပရိဘောဂစက်ရုံကို ရောက်သွားတဲ့ မြန်မာ့သစ်မာတွေကို တွေ့ရစဉ်။

တပ်မတော်ဘက်ကလည်း ဆုတ်သွားပြီးပြီ။ ဆုတ်သွားပြီးတော့ သမ္မတကြီးရဲ့ညွှန်ကြားချက်အရ သစ်တွေကို သိမ်းမယ်။ သိမ်းပြီးတော့ သူတို့ သစ်တောရဲ့လုပ်ထုံးလုပ်နည်းအရ ဒီသစ်တွေကို ဒဏ်ငွေရိုက်ပြီးတော့ ကျနော်တို့ကို ပြန်ရောင်းပေးတယ်။ ဖမ်းထားတဲ့ ၁၆ ယောက်ကိုလည်း အားလုံး ပြန်လွှတ်ပေးမယ်၊ ဒါကလည်း ဒဏ်ငွေနဲ့ပဲ။ အယောက် ၅၀ ပြန်လွှတ်မယ်။ ဒါတွေကိုလည်း ကျနော်တို့က အားလုံးလက်ခံပါတယ်။ ဒီတော့ ကျနော်တို့တပ်လည်းဆုတ်တယ်။ တပ်မတော်ကလည်း ဆုတ်သွားတယ်။”

သစ်ခိုးထုတ်မှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံရသူ ၁၆ ယောက်ထဲမှာ တဘက်နိုင်ငံက တရုတ်နိုင်ငံသားတွေပါဝင်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့တာပါ။ ဒီအချက်ကိုတော့ UWSA ဦးအောင်မြင့်က ငြင်းဆိုပါတယ်။

“တရုတ်နိုင်ငံသားဆိုတာ တရုတ်နိုင်ငံထဲက နိုင်ငံသားမဟုတ်ပါဘူး။ ဗမာဆယ်ယောက်ပါတယ်ဗျာ၊ အလုပ်သမားပါ။ နောက် လားရှိုးက ပလောင် တိုင်းရင်းသား တယောက်ပါတယ်။ သူလည်း အလုပ်သမားပါပဲ။ နောက် ဝ တယောက်ပါတယ်။ ပြီးတော့ တရုတ်က လေးယောက်ဆိုပြီးတော့ ပြောတယ်။”

အစိုးရတပ်တွေနဲ့ UWSA တပ်တွေကြား ပြေလည်မှု ရခဲ့ပေမယ့် ဇွန်လလယ်ပိုင်းမှာ နှစ်ဘက်တပ်တွေ အပြန်အလှန်ပိတ်ဆို့တဲ့အထိ တင်းမာမှုတွေ ပြန်ဖြစ်လာခဲ့တယ်လို့ ဦးအောင်မြင့်က ပြောပါတယ်။

“တပ်မတော်ဘက်က လုံခြုံရေးအရဆိုပြီးတော့ ဟိုဘက်ကို ပြန်ဝင်တယ်။ ကျိုင်းတုံရဲ့အောက်က ပုံပါကျင်အောက်က လွယ်ပုံ…လား၊ ဒီဒေသမှာ ဖြစ်ပါတယ်။ ပြန်ဝင်လာတာနဲ့ ကျနော်တို့နဲ့ ပြန်ပြီးတော့ သူ့လမ်းပိတ်၊ ကိုယ့်လမ်းပိတ်ပေါ့ဗျာ။ သူတို့တပ်တွေကတော့ တိုးတယ်။ တင့်ကားပါ အမြောက်တွေ ဘာတွေ အားလုံး တိုးတာပဲ။ တပ်မ ၅၅ က တပ်လည်းပါတယ်။ … တပ်ရင်း ၅ ရင်း- ၆ ရင်းတော့ တိုးတယ်။”

အင်အား ၃ သောင်းလောက်ရှိမယ်လို့ ခန့်မှန်းနေကြတဲ့ UWSA ဝတပ်ဖွဲ့ဟာ သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို ၂ဝ၁၃ ခုနှစ်ကစလို့ အရေးကြီး ကာလအဖြစ် သတ်မှတ်ပြီး သူ့ရဲ့ လက်အောက်ခံတပ်တွေနဲ့ မိသားစုဝင်တွေကို စစ်ရေးသတိ အသင့်ပြင်ထားဖို့ အမိန့်ထုတ် ထားပါတယ်။

ကိုဉာဏ်ဝင်းအောင်/VOA
http://burmese.voanews.com/content/wa-armed-group-does-not-desire-to-fight-against-myanmar-army-again-/2839747.html

နေပြည်တော် ပုဗ္ဗသီရိမြို့နယ်အတွင်း တအိမ်တက်ဆင်း မဲဆန္ဒပေးမှု ပညာပေးနေတဲ့ ဒေါ်အောင်ဆန်း
နေပြည်တော် ပုဗ္ဗသီရိမြို့နယ်အတွင်း တအိမ်တက်ဆင်း မဲဆန္ဒပေးမှု ပညာပေးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်


မဲဆန္ဒရှင်စာရင်းမှန်ကန်မှုရှိစေရေးနဲ့ နိုင်ငံသားအခွင့်အရေးမဆုံးရှုံးကြစေဖို့အတွက် အတိုက်အခံပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် နေပြည်တော်မှာ တအိမ်တက်ဆင်း မဲစာရင်းဆိုင်ရာ ပညာပေးမှုတွေလုပ်နေပါတယ်။ အလားတူ မဲဆန္ဒရှင်ပြည်သူတွေဘက်ကလည်း မဲစာရင်းအမှန် ထွက်ပေါ်လာနိုင်ရေး ပူးပေါင်းပါဝင်ကြဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဘက်က ဆော်သြလိုက်ပါတယ်။ အသေးစိတ်ကို ဆက်သွယ် မေးမြန်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

၂၀၁၅ ခုနှစ်အတွင်း အောက်တိုဘာလကုန် နိုဝင်ဘာလဆန်းမှာ ကျင်းပနိုင်ခြေရှိတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်ပြီး နောက်မှာ တတိုင်းပြည်လုံး အတိုင်းအတာနဲ့ မဲဆန္ဒရှင်စာရင်းတွေကို ကြိုတင်ကြေညာ ထုတ်ပြန်နေပြီဖြစ်ပါတယ်။ ဒီလိုမျိုး ထုတ်ပြန်ကြေညာချိန် စာရင်းထဲမှာ အချက်အလက်လွဲမှားမှုတွေ၊ မဲစာရင်းမှာ အမည်မပါဝင်မှုတွေနဲ့အတူ မှားယွင်းမှုတွေရှိနေတဲ့အတွက် မဲဆန္ဒရှင်စာရင်း မှန်ကန်မှုရှိစေရေး ပြည်သူတွေ ဆန္ဒမဲပေးပိုင်ခွင့် နိုင်ငံသားအခွင့်အရေးမဆုံးရှုံးရအောင် အတိုက်အခံပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲစာရင်းတွေကို စိစစ်စစ်ဆေးမှုတွေ လုပ်နေပါတယ်။

ဒီနေ့ ဇွန်လ ၂၇ ရက်နေ့မှာလည်း လွှတ်တော်နားချိန် နေပြည်တော် ပုဗ္ပသီရိမြို့နယ်တွင်းက ပြည်သူတွေကို အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သွားရောက် မဲစာရင်းမှန်ကန်ရေး ပညာပေးဆောင်ရွက်မှုတွေ လုပ်နေပါတယ်လို့ NLD ဗဟို မဲစာရင်းပြုစုရေးအဖွဲ့ခေါင်းဆောင် ဦးထွန်းထွန်းဟိန်က ပြောပါတယ်။

“မဲစာရင်းစိစစ်ရေးကို ကျနော်တို့က လုပ်နေတယ်။ ကျနော်တို့ဥက္ကဋ္ဌကဆင်းပြီးတော့ သူတို့က မဲစာရင်းစိစစ်ရေးကို သူ လုပ်ပြပေးနေတာပေါ့လေ။ ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေအားလုံးကတော့ မဲစာရင်းစိစစ်ရေးကို အင်တိုက်အားတိုက် လုပ်ဆောင်မယ်ဆိုပြီးတော့ ဗဟို ကော်မတီ အစည်းအဝေးကလည်း ဆုံးဖြတ်ထားတာတွေ ရှိပါတယ်ခင်ဗျာ။ အဲဒီတော့ အဖွဲ့ချုပ်ရဲ့မူကိုလိုက်နာပြီးတော့ အန်တီ ဒေါ်အောင်ဆန်းစုကြည် ကလည်း မဲစာရင်းစိစစ်ရေးမှာ Door to Door ဆင်းရတာပေါ့နော်။ မဲစာရင်းစိစစ်တယ်ဆိုတာ။ ဥပမာ ကျနော်က ကျနော့်သမီး၊ သားသမီးတွေ ပြောလို့ရှိရင်တောင် သူတို့မှတ်ပုံတင်တွေကိုကျနော်က အလွတ် မှတ်မိတာ မဟုတ်ပါဘူး။ သူတို့ကို သေချာမေးရတာပါ။ ကျနော်တို့ Door to Door ဆင်းရတယ်ဆိုတာကလည်း အဲဒီသဘောပါပဲ။ သူတို့သေချာမေးလိုက်မှ ဘယ်နေရာမှားနေတယ်၊ ဘယ်ဥစ္စာမှားနေတယ်ဆိုတာ သိတာပါ။ မဲစာရင်းက မှားနေတာတော့ သေချာတယ်လေ။ မှားနေတာသေချာတော့ မဲစာရင်းမှာ ပြင်ဆင်တဲ့နည်းတွေ ရှိပါတယ်။ မဲစာရင်းပြင်ဆင်တဲ့နည်းတွေကို ကျနော်တို့ဆင်းပြီးတော့ လုပ်ပေးနေတာပါခင်ဗျာ။”

၂၀၁၅ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းတွေကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဘက်က တိုင်းဒေသကြီး အလိုက် ရပ်ကွက်မြို့နယ်တွေက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနဲ့ ကော်မရှင်ရုံးခွဲတွေမှာ ကြိုတင်ကြေညာ ထုတ်ပြန်နေချိန်လည်း ဖြစ်ပါတယ်။ မဲဆန္ဒရှင် ပြည်သူ လူထုအနေနဲ့ အသက် ၁၈ နှစ်ပြည့်ပြီးသူ နိုင်ငံသားတိုင်း မဲပေးခွင့်၊ အိမ်ထောင်စုစာရင်းအတိုင်း မဲဆန္ဒရှင်တွေရဲ့စာရင်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဘက်က စိစစ်ပြီးထုတ်ပြန်နေတယ်လို့ ရွေးကောက်ပွဲကော်မရှင်ကပြောပါတယ်။

ဒီလိုထုတ်ပြန်နေတဲ့အချိန်မှာ မဲဆန္ဒရှင်ပြည်သူတွေဘက်က ကြိုတင်ထုတ်ပြန်ထားတဲ့ စာရင်းတွေကို သေချာကြည့်ရှုစစ်ဆေးပြီး မှားယွင်းလွဲချော်မှုတွေ တွေ့တဲ့အခါ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေကို အသိပေးခြင်းအားဖြင့် မဲဆန္ဒရှင်စာရင်း တရားဝင်ထုတ်ပြန်တဲ့အခါ အမှားအယွင်း နည်းနိုင်မှာဖြစ်တယ်လို့လည်း နေပြည်တော်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ မဲစာရင်းပြုစုရေးတာဝန်ခံ ဦးဝင်းကြည်က ပြောပါတယ်။

“အားလုံးဖိတ်ခေါ်ထားတာပဲနော်၊ မှားလို့ရှိရင်ပြင်ပါ။ မပါတဲ့ ပုံစံသုံးပြီးတော့ လျှောက်ပါလို့ အကုန်လုံး ဖိတ်ခေါ်ထားတာပဲ။ သွားကြည့်ပါ။ မပါလို့ရှိရင် လျှောက်ပါ။ မှားရင် ပြင်ဖို့လျှောက်ပါ၊ ကိုယ့်အိမ်ထောင်စုထဲမှာ သေတဲ့လူတွေပါနေရင် ကိုယ်ကပဲ ပြန်ပြီး ပြင်ပေးပါ-နော်၊ သေတဲ့လူတွေပါတယ်ဆိုတာ မဲစာရင်းရိုက်တဲ့လူတွေကလည်း အလကားနဲ့ ရိုက်လို့မရပါဘူး။ အိမ်ထောင်စုစာရင်းမှာ ကိုယ့်မိသားစုထဲက တယောက်ယောက်သေလို့ရှိရင် အိမ်ထောင်စု စာရင်းမှာသွားပြီး၊ လဝကရုံးမှာ သေစာရင်းပြပြီး ဖျက်ရပါတယ်။ ဆိုချင်တာကတော့ အခု မဲစာရင်းတွေစပြီးကပ်ပြီ။ အားလုံး စတုတ္ထအသုတ်နဲ့ ပြီးတော့ မယ်။ သွားကြည့်ပါ။ ကြည့်ပြီးတော့ မပါလို့ရှိရင်လုပ်ပါ။ တကယ်လို့ အချိန်ကျော်သွားရင်လည်း အခု ပြန်ပြီးတော့ လက်ခံပေးဖို့ အားလုံး ပြောထားတယ်။ အချိန် - ကိုယ့်ရပ်ကွက်က ကပ်ပြီးသွားပြီ။ ပြီးသွားပေမယ့်လို့ အခုမှ ကြည့်ပြီးတော့ လုပ်ချင်တယ်ဆိုရင်လည်း လုပ်လို့ရသေးတယ်။ သွားပြီးတော့ ပြင်ပါ။ ရွေးကောက်ပွဲရက် ကြေညာပြီးလို့ရှိရင်တခါ တလ နှစ်လနေရင် မဲစာရင်းဖိုင်နယ် ကပ်အုံးမယ်။ အခုမှားတာတွေကို ပြင်ပြီးတဲ့အခါကျတော့ တခါကပ်အုံး မယ်။ အဲဒီအခါကျလို့ရှိရင်လည်း ၁၄ ရက် အချိန်ပေးအုံးမယ်။ အဲဒီကျရင် အခု မကြည့်ဖြစ်ရင်လည်း အဲဒီမှာသွား ကြည့်၊ အဲဒီမှာသွားကြည့်ပြီးတော့ မဲစာရင်းထဲမှာ ကိုယ့်နာမည်မပါရင် ပါအောင်လုပ်။ ပါပြီဆိုလို့ရှိရင်တော့ ရွေးကောက်ပွဲ ၂၅ ရက်ဆို- ဒိလိုနေ့မှာ မဲစာရင်းကပ်မယ်။ ကပ်လို့ကိုယ့်နာမည်ပါရင် ပေးလို့ရပီ။ အဲဒီအချိန်ကျမှ မပါရင်တော့ ဘာမှ လုပ်လို့မရတော့ဘူး။ ဘယ်သူမှ မတတ်နိုင်တော့ဘူး။”

အခုလို ရွေးကောက်ပွဲကော်မရှင်ဘက်က မဲဆန္ဒရှင်စာရင်းတွေကို ကြိုတင်ထုတ်ပြန်ပေးနေချိန်မှာ တိကျမှန်ကန်မှုရှိမရှိဆိုတာကို ပြည်သူတွေဘက်က စိတ်ပါဝင်စားမှု အပြည့်နဲ့ နိုင်ငံ့အပြောင်းအလဲလုပ်မယ့်ရွေးကောက်ပွဲမှာ ပါဝင်မဲဆန္ဒပေးခွင့် နိုင်ငံသားအခွင့်အရေးမဆုံးရှုံးရအောင် အထူးအလေးထား ပူးပေါင်းဆောင်ရွက်ဖို့ အရေးကြီးတယ်လို့လည်း ဦးထွန်းထွန်းဟိန်က တိုက်တွန်းပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဘက်က ပထမအကြိမ် မဲဆန္ဒရှင်စာရင်းကို မတ်လကုန် ဧပြီလဆန်းတုန်းက ရန်ကုန်တိုင်း (၁၀) မြို့နယ်မှာ စတင် ကြေညာခဲ့ပြီး ဒုတိယအကြိမ်ကိုတော့ မေလ ၂၅ ရက်နေ့မှာ ရန်ကုန်တိုင်း မြို့နယ် (၁၄) မြို့နယ်နဲ့ နေပြည်တော် (၈) မြို့နယ်မှာ ကြေညာနေတာပါ။ တတိယအကြိမ်မဲစာရင်းကိုတော့ ဇွန်လ (၈) ရက်မှာကြေညာခဲ့ပြီး စတုတ္ထအကြိမ်မဲစာရင်းကိုတော့ ဇွန်လ(၂၃) ရက်နေ့က ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။ စစ်အုပ်ချုပ်ရေးနောက်ပိုင်းမြန်မာနိုင်ငံမှာ အရပ်သားအစိုးရလက်ထက် ရွေးကောက်ပွဲတွေ ပထမဆုံးအကြိမ် ကျင်းပမှာဖြစ်လို့ လွတ်လပ်ပြီး တရားမျှတမှု ရှိတဲ့ ရွေးကောက်ပွဲဖြစ်ပေါ်လာနိုင်ဖို့ ရွေးကောက်ပွဲကော်မရှင်သာမက နိုင်ငံရေးပါတီတွေ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေ၊ သတင်း မီဒီယာတွေနဲ့အတူ ပြည်သူတွေဘက်က ပူးပေါင်းဆောင်ရွက်ကြဖို့ နိုင်ငံတော်အစိုးရနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက တိုက်တွန်းနေချိန်လည်းဖြစ်ပါတယ်။

မဆုမွန်/VOA
http://burmese.voanews.com/content/daw-aung-san-suu-kyi-start-educating-over-voting-/2839739.html

နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်မှာ မဲပေးပိုင်ခွင့်ရှိသူ စာရင်းတွေလိုက်လံစိစစ်နေတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီဝင် ၂ ဦးကို ဇဗ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက် ရာအိမ်မှူးက ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇ နဲ့ တရားစွဲဆိုလိုက်ပါတယ်။

တရားဝင်ခွင့်တောင်းပြီးမှ အိမ်ထဲဝင်ရောက်ပြီး မဲစာရင်းစိစစ်ခဲ့တာကို ပိုင်နက်ကျူးလွန်မှုနဲ့ အမှုဖွင့်ခံရတာ လို့ နေပြည်တော်ကောင်စီ NLD ပါတီဝင် ကိုညီညီဇော်က ပြောပါတယ်။

"ရာအိမ်မှူးရဲ့သမက်အိမ် အဲ့ဒီအိမ်က သူတို့ဝင်ခွင့်ပေးလို့ဝင်ခဲ့တာ ဘာမှပြဿနာမရှိဘူး၊ ၃ ယောက်ကို မဲစာရင်းစိစစ်ပေးခဲ့တယ်၊ နောက်ရက်ကျတော့အမှုဖွင့်တယ်ဆိုတဲ့ သတင်းကိုကြားရပါတယ်၊ အဲ့ဒီက အိမ်ရှင်ကပေါ့လေ ပိုင်နက်ကျူးလွန်မှုနဲ့ ရဲစခန်းနေပြီးတော့ အမှုဖွင့်တာ"

ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်နေ့က NLD ပါတီဝင် ဦးတင်ဌေးနဲ့ ဦးစိန်မြမောင်တို့ဟာ မဲစာရင်းတွေ သွားရောက်စိစစ် ခဲ့စဉ်က ဇဗ္ဗူသီရိမြို့နယ် ရွှေကြာပင်ရက်ကွက် ရာအိမ်မှူးက ပိုင်နက်ကျူးလွန်မှုနဲ့ နေပြည်တော် အမှတ် (၁) ရဲစခန်းမှာ ဇွန်လ ၂ဝ ရက်နေ့က အမှုဖွင့်လိုက်တာဖြစ်ပါတယ်

မဲစာရင်းစီစစ်မှုတွေကို NLD ပါတီက တနိုင်ငံလုံးအတိုင်းအတာနဲ့ တစ်အိမ်တက်တစ်အိမ်ဆင်း ဆောင်ရွက် နေကြ တာ ဖြစ်ပါတယ်။

RFA
http://www.rfa.org/burmese/news/vote-list-nld-party-2people-occurred-06272015110137.html


အမေစုကိုယ်တိုင် ဆောင်ရွက်နေတဲ့ မဲစာရင်းစိစစ်ရေး Door to door

နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန်ရပ်ကွက် အတွင်း မဲစာရင်းစိစစ်ရေး လုပ်ငန်းများကို
ကိုယ်တိုင် တစ်အိမ်တက် တစ်အိမ်ဆင်းဆောင်ရွက်နေတဲ့ အမေစု

၂၇.၆.၂၀၁၅ နေ့လည် ၂ နာရီ

Ko Min Thu

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ မြို့မရပ်ကွက်မှာ မဲပေးပိုင်ခွင့်ရှိသူ စာရင်းမှာ မိမိတို့ အမည်တွေ ပါ မပါ မှန်ကန်မှု ရှိ မရှိ သွားရောက်ကြည့်ရှုစစ်ဆေးကြဖို့ တိုက်တွန်း ပြောကြားခဲ့ပါတယ်။ရိုက်ကူး - ၀င်းကိုကိုလတ်/RFA

Posted by RFA Burmese on Saturday, June 27, 2015

dassk-examine-620
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှာ နေထိုင်သူတွေကို မဲစာရင်း မှန်ကန်မှု ရှိ မရှိ ဇွန်လ ၂၇ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် သွားရောက်ကြည့်ရှု စစ်ဆေးစဉ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှာ နေထိုင်သူတွေ ကို မဲစာရင်း မှန်ကန်မှု ရှိ မရှိ သွားရောက်ကြည့်ရှု စစ်ဆေးကြဖို့ တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်လံတိုက်တွန်း ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော် ကိုယ်စားလှယ်တွေနဲ့အတူ ပုဗ္ဗသီရိ မြို့နယ်ကို သွားရောက်ပြီး မဲစာရင်းတွေကို သွားရောက်စစ်ဆေးကြဖို့ တိုက်တွန်းပြောကြားခဲ့တာဖြစ်ပါတယ်။

"ရွေးကောက်ပွဲဟာ အရေးကြီးတယ်နော်၊ လူငယ်တွေအတွက်အရေးကြီးတယ်၊ လူကြီးတွေအတွက်လည်း အရေးကြီးတယ် ဒါပေမယ့် လူငယ်တွေက ဒီနိုင်ငံမှာနေသွားရမှာ နှစ်ပေါင်းပိုပြီးတော့ ကြာကြာနေသွား ရမှာပေါ့၊ အဲ့ဒီတော့ အဲ့ဒါကြောင့်မို့လို့ ဒီနိုင်ငံက ဘယ်လမ်းသွားမလဲဆိုတာကို အခုရွေးကောက်ပွဲက အဆုံးအဖြတ်ပေးမှာ အဲ့ဒါကြောင့်မို့လို့ ရွေးကောက်ပွဲမှာ မဲပေးဖို့ကအားလုံးရဲ့တာဝန်ဖြစ်တယ်၊ သားတို့ ကျလို့ရှိရင် ကိုယ်တိုင်မဲမပေးနိုင်ပေမယ့် သားတို့ကိုယ်စားပေါ့နော် မဲပေးနိုင်တဲ့ အစ်ကိုတွေ အစ်မတွေ မိဘတွေကပေးနေတယ်လို့ အဲ့ဒီလိုစိတ်ထဲမှာထားရမယ်၊ အဲ့ဒါကြောင့်မို့လို့ မဲစာရင်းထဲမှာ မဲပေးနိုင်တဲ့ လူတွေပါဝင်ရေးဟာ ကလေးတွေကလည်း စိတ်ဝင်စားရမယ်၊ ငါတို့နဲ့မဆိုင်ဘူးဆိုပြီးတော့ မနေပါနဲ့"

အခြေခံမဲစာရင်းတွေ ထုတ်ပြန်ထားရာမှာ နေရပ်လိပ်စာနဲ့ မွေးသက္ကရာဇ်မှားယွင်းတာတွေ ၊ သေဆုံးသူတွေရဲ့ အမည်တွေပါနေတာတွေ ၊ မဲစာရင်းမှာလုံးဝ အမည်တောင်မပါတာတွေ ရှိနေပါတယ်။

နေပြည်တော်ကောင်စီက မြို့နယ်တွေမှာလည်း အမှားတွေရှိနေတာကြောင့် သက်ဆိုင်ရာ မဲပေးပိုင်ခွင့်ရှိသူတွေ အနေနဲ့ အမှားတွေတွေ့ရှိရင် ပြင်ဆင်နိုင်ဖို့ အသိပညာပေး အချက်အလက်ပါတဲ့ စာရွက်စာတမ်းတွေကို လည်း ဒေါ်အောင်ဆန်းစုကြည်က ဝေငှခဲ့ပါတယ်။

RFA


ထိုင်း-မြန်မာနယ်စပ် မဲဆောက်မှတဆင့် ချစ်ကြည်ရေး တံတားကို ကျော်ဖြတ်ကာ မြတီဘက်သို့ သဘာဝဓါတ်ငွေ့ (ဂက်စ်) များ သွားရောက်ပို့ဆောင်သည့် ၁၈ ဘီးကား ၇ စီးကို သတ်မှတ်တန်ချိန်ကို ကျော်လွန်ကာ တန်ပိုတင်ဆောင်သည့်အတွက် မြန်မာဘက်က ဖမ်းဆီးထိန်းသိမ်းလိုက်သည်ဟု ယနေ့ထုတ် ထိုင်းမီဒီယာ အချို့ ကတွင် ဖော်ပြထားသည်။

အဆိုပါကားကြီး ၇ စီးသည် ယမန်နေ့က မြ၀တီမြို့တွင် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ယာဉ်မောင်းနှင့်ယာဉ်အကူ အပါအ၀င် ထိုင်းနိုင်ငံသား (၁၀) ဦးမှာ ယနေ့တွင် ထိုင်းဘက်ခြမ်းမဲဆောက်သို့ ပြန်လည်ရောက်ရှိလာသော်လည်း ကား ၇ စီးကိုမူ မြန်မာဘက်က ဆက်လက်ဖမ်းဆီးထားဆဲဟု ထိုင်းဘက်ကပြောသည်။

သဘာဝဓာတ်ငွေ့ တင်ဆောင်လာသည့်ကားများမှာ ထိုင်းနိုင်ငံ SIAM GAS ကုမဏီမှဖြစ်ပြီး ထိုင်းနိုင်ငံမှတဆင့် မြ၀တီမြို့သို့ သဘာဝဓါတ်ငွေ့ (ဂက်စ်) များကို တရားဝင်တင်သွင်းနေသည်ဟုလည်း ဆိုသည်။

၎င်းကိစ္စနှင့်ပတ်သက်၍ ထိုင်းဘက်မှတာဝန်ရှိသူများနှင့်မြန်မာဘက်မှတာဝန်ရှိသူများ ဆွေးနွေးကာ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမည်ဟုလည်း ထိုင်းဘက်က တာဝန်ရှိသူတဦးကပြောသည်။

မြန်မာဘက်မှတာဝန်ရှိသူတဦးက" ဒီနေ့မဲဆောက်ကိုပြန်သွားတဲ့ ထိုင်းကားသမား (၁၀) ယောက်ကို မြန်မာဘက်က သူတို့ကိုဖမ်းဆီးထားခြင်းမရှိပါဘူး သူတို့အားလုံးကို ဟော်တယ်မှာဘဲထားတာဖြစ်တယ်"ဟု ကရင်အမျိုးသား(မီဒီယာ) ကို ပြောသည်။

သဘာဝဓါတ်ငွေ့တင်ကားများ ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ မြန်မာဘက်ခြမ်းတွင် မည်သည့်အဖွဲ့အစည်းက ဖမ်းဆီးထိန်းသိမ်းထားသည်ကိုမူ ထိုင်းမီဒီယာများက အတိအကျ ရေးသားထားခြင်းမရှိပေ။

မြန်မာကုန်သည်တဦးက" မဲဆောက်ကနေမြ၀တီကို ဒီကားကြီးတွေ ချစ်ကြည်ရေးတံတားကိုဖြတ်ပြိးသွားရတယ် ထိုင်းကာစတန်ရဲ့ စစ်ဆေးမှုကိုခံရသလို မြန်မာဘက်မှာလည်း ကာစတန်ရဲ့စစ်ဆေးမှုပြီးမှ မြ၀တီမြို့ထဲဝင်ရတာပါ အခုဖြစ်ပုံက မြ၀တီမြို့ထဲရောက်မှ ဒီကားကြီးတွေအဖမ်းခံရတယ်ဆိုတော့ အခြားကိစ္စတခုခုတော့ရှိမယ်လို့ထင်တယ် "ဟု သုံးသပ်ပြောဆိုသည်။

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့များကို ၀ယ်ယူပြီး ပြန်လည်သန့်စင်ပြီးသော မီးဖိုချောင်သုံး သဘာဝဓာတ်ငွေ့အချို့ကို မြန်မာနိုင်ငံသို့ ပြန်လည်တင်ပို့ရောင်းချသည့် နိုင်ငံဖြစ်သည်။

ထိုင်းတနိုင်ငံလုံး သုံးစွဲနေသည့် စွမ်းအင်များထဲမှ ၁၅ ရာခိုင်နှုန်းသည် မြန်မာနိုင်ငံမှ ၀ယ်ယူသည့် သဘာဝဓာတ်ငွေ့များဖြစ်သည်။

သတင်း - ကရင်အမျိုးသား(မီဒီယာ)
ဓာတ်ပုံ - မြ၀တီသား

ပုံစာ - မြ၀တီမြို့တွင် သောင်တင်နေသည့် ထိုင်းသဘာဝဓာတ်ငွေ့တင်ကား ၇ စီးအနက် အချို့ကို ယမန်နေ့က တွေ့ရစဉ်။

သံတွဲတွင် အံတော်ရေမြုပ်နေစဉ် (ဓာတ်ပုံ- သားလေးရခိုင်)
ရန်ကုန်၊ ဇွန် ၂၇

ရခိုင်ပြည်နယ် သံတွဲမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးနေသဖြင့် အိမ်ထောင်စု ၁၀၆ စု၊ လူဦးရေ ၄၀၀ ကျော်ကို ယာယီဖွင့်လှစ်ထားသော ကယ်ဆယ်ရေး စခန်းများသို့ ပို့ဆောင်ထားရသည်ဟု သံတွဲမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးက ယနေ့ နေ့လယ် ၁၂ နာရီအချိန်က နိရဉ္စရာသို့ ပြောဆိုသည်။

“ သံတွဲမှာ ကယ်ဆယ်ရေး စခန်းတွေ သတ်မှတ်ထားတဲ့ နေရာတွေရှိပါတယ်။ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံတွေပေါ့။ အခု ယာယီကယ်ဆယ်ရေး စခန်း ၄ ခု ဖွင့်ပြီးတော့ လက်ခံထားပါတယ်။ စုစုပေါင်း အိမ်ထောင်စု ၁၀၆ စု၊ လူဦးရေအားဖြင့် ၄၀၀ ကျော်ရှိပါတယ်” ဟု ဆိုသည်။

သူတို့၏ စားရေးသောက်ရေးကိုလည်း သက်ဆိုင်ရာမှ တာဝန်ယူ ဖြေရှင်းပေးနေကြောင်း သိရသည်။

မိုးနှင့် လေပြင်းတိုက်ခတ်မှုများ ရှိသဖြင့် အိမ်ခြေ ၁၂၀ နီးပါးခန့်လည်း အမိုးများလန်ကာ၊ ဘေးထရံများကွာကျ သွားခဲ့သည်ဟု သိရသည်။

“ လောလောဆယ်တော့ ရေကျသွားပါပြီ။ ငါးပေလောက်ထိတော့ ကျသွားပါပြီ” ဟု နောက်ဆုံး အခြေအနေနှင့် ပတ်သက်ပြီး မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောသည်။

ဒေသခံ အမျိုးသမီး တစ်ဦးကလည်း ရေကျသွားခြင်းမှာ ဟုတ်မှန်ကြောင်း၊ သို့သော်လည်း နောက်ထပ် ရေပြန်တက်လာသည်ဟု ကြားရသဖြင့် အထူးစိုးရိမ်မိကြောင်း ပြောဆိုသည်။

Narinjara
https://www.facebook.com/pages/Narinjara

ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ပန်းဆိုးတန်း အလယ်ဘလောက်တွင် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်က အမျိုးသမီး အခွင့်အရေး ချိုးဖောက်မှုတခု ဖြစ်ပွားခဲ့သည်။

ဖြစ်ပွားပုံမှာ အမျိုးသမီးတဦးအား အရပ်ဝတ် လူသုံးလေးဦးက ၀န်းဝိုင်းချုပ်နှောင်ဖမ်းဆီးကာ အတင်းအဓ္ဓမ လက်ထိပ်ခတ်၍ တက္ကစီတစီးပေါ်သို့ ခေါ်ဆောင်သွားခဲ့သည်။ ဥပဒေအရ အမျိုးသမီး (တရားခံ) တဦးကို ဖမ်းဆီးမည်ဆိုလျှင် အမျိုးသမီးရဲမေ အနည်းဆုံးတဦး ပါရှိရမည်ဖြစ်သလို လက်ထိတ်ခတ်ပိုင်ခွင့်လည်း မရှိပေ။ ယခုကဲ့သို့ ယောက်ျား(အရပ်ဝတ်ရဲများ) လေး၊ ငါးဦးက အမျိုးသမီးတဦးအား မိုးထဲရေထဲ၌ အတင်းအဓ္ဓမ ဖမ်းဆီးချုပ်နှောင်သွားခြင်းမှာ အမျိုးသမီးအခွင့်အရေးချိုးဖောက်မှု ဖြစ်သည်။

ယင်းသို့ အရပ်ဝတ်များဖြင့် ဖမ်းဆီးခြင်း၊ အရပ်ဝတ်များဖြင့် လူစုလူဝေး ဖြိုခွင်းခြင်းများသည် အများပြည်သူအတွက် စိုးရိမ်ဖွယ်ရာဖြစ်ပြီး ယခုဖြစ်စဉ်တွင်လည်း အနီးပတ်ဝန်းကျင်မှ ပြည်သူများ အထိတ်တလန့် ဖြစ်ခဲ့ရသည်။

“မိန်းကလေး၊ အမျိုးသမီးတဦးကို ဖမ်းဆီးတဲ့အခါမှာ အမျိုးသမီးရဲမေ တဦးပါဝင်ရမယ်။ အမျိုးသမီးရဲမေ မပါဝင်ရင်တောင် အနီးနာမှာရှိတဲ့ အသက်အရွယ်ကြီးတဲ့ အမျိုးသမီးရဲ့အကူအညီနဲ့ ဖမ်းဆီးရတာပါ။ ဒါကြောင့် အမျိုးသမီးတယောက်ကို စောစောက ပြောတဲ့ ရဲမေလည်း မပါ၊ ပတ်ဝန်းကျင်က အမျိုးသမီးရဲ့ အကူအညီလည်း မပါဘဲနဲ့ ဖမ်းရင် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၅၄ အမျိုးသမီးတဦးကို ကာယိနြေ္ဒ ပျက်ပြားအောင်လုပ်တဲ့ ဥပဒေနဲ့ ညှိစွန်းပါတယ်။ နောက်ပြီးတော့ ဥပဒေ ကိုကျူးလွန်တဲ့သူကို ဖမ်းဆီးတဲ့သူတွေကလည်း ဥပဒေအတိုင်း လိုက်နာပြီးဖမ်းဆီးရမှာပါ။”

“နောက်တခု အမျိုးသမီးတဦးကို ဖမ်းဆီးတဲ့အခါမှာ ရဲလက်စွဲ အပိုဒ် ၁၃၈၂ အရ ဖမ်းဆီးတဲ့အခါမှာ လက်ထိပ်ခတ်ပိုင်ခွင့် မရှိဘူး။ ရဲမှန်း သိသာအောင် မလုပ်ထားဘဲနဲ့ အရပ်ဝတ်တွေနဲ့ အဲဒီလို လက်ထိပ်နဲ့ ၀င်ဖမ်းရင် အခြားပတ်ဝန်းကျင်ကို အထိန့်တလန့် ဖြစ်စေပါတယ်။ တခြားသော အတုအယောင်တွေက အရပ်ဝတ် ၀တ်ပြီး အဲဒီလို လက်ထိပ်နဲ့ ၀င်ဖမ်းပြီး ဒုစရိုက်မှုကျူးလွန်ရင် ဘယ်သူမှ မသိနိုင်ဘူး။”ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင် က News Watch သို့ ပြောသည်။

ကျောက်တံတားမြို့နယ်အတွင် မတ်လအတွင်းကလည်း လှိုင်သာယာမြို့နယ်နေ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးကို ပြည့်တန်ဆာပုဒ်မဖြင့် ဖမ်းဆီးခြင်း၊ တောင်ဒဂုံမြို့နယ်နေ အမျိုးသမီးတဦးမှ သူမ၏အမျိုးသား အလုပ်လုပ်ရာသို့ လိုက်လာစဉ် ပန်းဆိုးတန်းမီးပွိုင့်အနီး ပြည့်တန်ဆာပုဒ်မဖြင့် ဖမ်းဆီးခံရမှုဖြစ်စဉ်များ ဖြစ်ပွားခဲ့ပြီး တရားစွဲဆိုခံရကာ ယခုအထိ အမှုမပြီးသတ်သေးကြောင်းလည်း သိရသည်။ ကျောက်တံတားမြို့နယ်မှ ပြည့်တန်ဆာအမှုတိုင်းတွင် အရပ်သားသက်သေ တဦး၊ နှစ်ဦးကသာ အမြဲတစေ တရာလိုပြသက်သေအဖြစ် လိုက်ပါဆောင်ရွက်လေ့ရှိသည်ကိုလည်း ကြားသိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ကျောက်တံတားမြို့မရဲတပ်ဖွဲ့စခန်းသို့ ဆက်သွယ်မေးမြန်းရာ ဇွန် ၂၆ တာဝန်ကျ အရာရှိတဦးက“ဟုတ်ပါတယ်။ ပြည့်တန်ဆာဖမ်းတာပါ။ မြို့ထဲမှာဆိုပေမယ့် မဖမ်းလို့လဲ မရဘူး။ တိုင်တဲ့လူတွေကလည်း ဟိုကတိုင် ဒီကတိုင်ဆိုတော့ ကျနော်တို့မှာ မဖမ်းလို့လည်း မရဘူး။ ဒါကြောင့်ပါ။ အဖမ်းခံရတဲ့သူက ငြင်းဆန်တော့ အထိတ်တလန့်ဖြစ်တာပေါ့။ ပုဒ်မ ၃(က)(ခ)ပါ။”ဟု ပြောသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal