06/30/15




လွှတ်တော်ထဲ စစ်တပ်ကိုယ်စားလှယ် ၂၅% ပါဝင်ခွင့် ပေးထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန့်ကျင်တဲ့ ဆန္ဒပြလှုပ်ရှားမှုကို ကျောင်းသားတွေ ဦးဆောင်ပြီး ရန်ကုန်မှာ ဒီကနေ့ ပြုလုပ်ခဲ့ကြပါတယ်။

ဖွဲ့စည်းပုံပြင်ရေး အဆိုပြုချက် လွှတ်တော်မှာ မအောင်မမြင် ဖြစ်ခဲ့တဲ့နောက်၊ အခုလို ကျောင်းသားဆန္ဒပြမှုတွေ ဖြစ်လာတာပါ။ အသေးစိတ်ကို မခင်ဖြူထွေးက တင်ပြထားပါတယ်။

လွှတ်တော်တွင်းမှာ လူထုက ရွေးကောက် တင်မြှောက်တာမဟုတ်တဲ့ စစ်တပ်ကိုယ်စားလှယ် ၂၅% ပါဝင်ခွင့်ပေးထားတဲ့ လက်ရှိ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟာ ပြည်သူ့ဆန္ဒနဲ့အညီ ရေးဆွဲထားတာ မဟုတ်ဘဲ လူတစု၊ တဖွဲ့ရဲ့ ကောင်းစားရေးကို အခြေခံ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ ဖြစ်လို့ ဒါကို လက်မခံနိုင်ဘူးလို့ ဒီကနေ့ ရန်ကုန်မြို့မှာ လမ်းလျှောက်ဆန္ဒြုပကြတဲ့ ဦးဆောင် ကျောင်းသားတွေက ပြောပါတယ်။ ပြည်သူ့ဆန္ဒ၊ ဒီမိုကရေစီ စံနှုန်းစံညွှန်းတွေနဲ့ မညီသ၍ ဒီဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆက်လက် တောင်းဆိုသွားမယ်လို့ ဦးဆောင် ဆန္ဒပြ ကျောင်းသားလူငယ်တဦးဖြစ်တဲ့ ကိုရဲဇာနည်က ပြောပါတယ်။

“အဓိကကဗျာ - ဖွဲ့စည်းပုံပြင်ဆင်ရေးကာလမှာ ကျနော်တို့က ပြည်သူ့ဆန္ဒ၊ ပြည်သူကလည်း ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ ပြောနေတယ်ဗျာ။ အဲဒီကာလမှာ ကျနော်တို့က တပ်မတော်သား ၂၅ ရာခိုင်နှုန်းပေါ့ဗျာ ပြည်သူ့ဆန္ဒနဲ့အညီ မပြင်ဘဲနဲ့ လွှတ်တော်တခုလုံးကနေ ကန့်ကွက်နေတယ်ဗျာ။ အထူးသဖြင့် ရွေးကောက်ခံ မဟုတ်ဘဲနဲ့၊ ပြည်သူ့ကိုယ်စားလှယ် မဟုတ်ဘဲနဲ့ ဥပဒေအရ ၂၀၀၈ ဖွဲ့စည်းပုံအရ မတရားယူထားတဲ့ တပ်မတော် ၂၅% က ပြည်သူ့ဆန္ဒနဲ့အညီ မဟုတ်ဘဲနဲ့ တဦးတယောက်၊ တဖွဲ့တစည်းရဲ့၊ သူတို့အားထားရမယ့် အဖွဲ့အစည်းရဲ့ အကျိုးစီးပွားကို ကြည့်ပြီးတော့ ပြည်သူ့ဆန္ဒကို ငြင်းပယ်နေတာကိုတော့ ကျနော်တို့ လက်သင့် မခံနိုင်ဘူးလေ။ အဲဒီတော့ ကျနော်တို့က ဖွဲ့စည်းပုံ ပြင်ဖို့အတွက်ကို ကြိုးစားတာပေါ့။ ရုန်းကန်ကြတာပေါ့။”

ညနေ ၃ နာရီလောက်ကစပြီး သိမ်ကြီးဈေးကနေ ဆူးလေအထိ ကျောင်းသားတွေနဲ့ ပြည်သူတွေ ပါဝင်ပြီး လမ်းလျှောက် ချီတက်ခဲ့ကြတာမှာ အာဏာပိုင်တွေဘက်က အင်အားသုံး ဟန့်တားတာတွေ ရှိခဲ့တယ်လို့လည်း ကိုရဲဇာနည်က ပြောပြပါတယ်။

“လမ်းမှာကျနော်တို့ သုံးခါလောက် အပိတ်ခံရတယ်။ လမ်းမှာဆိုရင် ဒိုင်းတွေနဲ့ ရဲတွေက အင်အားသုံးပြီးတော့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အင်အားသုံးပြီးတော့ အကြမ်းဖက်ပုံစံမျိုး ပြုလုပ်တယ်ဗျာ။ ဒါပေမဲ့ ကျနော်တို့ ဖောက်ထွက်လာခဲ့တယ်ပေါ့ဗျာ။ ကျနော်တို့ ပြတဲ့အချိန်မှာ ကျောင်းသူတွေ အများကြီး ပါတယ်ဗျာ။ ကျနော်တို့က ငြိမ်းချမ်းစွာ ဆန္ဒပြတာလို့ ပြောတဲ့အခါမှာ ကျနော်တို့ ထွက်မယ်ဆိုတော့ တွန်းထားတယ်ဗျာ။ ရုန်းရင်းဆန်ခတ်ပဲဗျ။ ကိုယ်ထိလက်ရောက် ရှိလား မရှိလားတော့ စဉ်းစားသာကြည့်တော့။ ကျနော်တို့ အမျိုးသမီးတွေ ပါတယ်ဗျာ။ ကျောင်းသူတွေ။ ကျနော် ပြောချင်တာကတော့ အင်အားသုံးတာပေါ့ဗျာ။ ရဲအင်အား နှစ်တန်း သုံးတန်းလောက်ကို ထားပြီးတော့လေ။ ဒိုင်းက တတန်း၊ လူက တတန်း၊ နောက်မှာ လူနောက်တတန်း။ နှစ်တန်း သုံးတန်းလောက်ကို ထားပြီး ဒီလိုမျိုး အင်အားသုံးပြီးတော့ ကျနော်တို့ကို လုပ်တာ နိုင်ငံသား အခွင့်အရေးကို ချိုးဖောက်တာဗျာ။ ကျနော်တို့ကတော့ ဒီလိုပဲ ခံစားရတယ်။”

ဆန္ဒမပြခင်တုန်းကရော ဒီဆန္ဒပြပွဲအတွက် အာဏာပိုင်တွေဆီမှာ ကြိုတင်ပြီးတော့ ခွင့်ပြုချက် ယူခဲ့တာမျိုးတွေ ရှိသလား။

“ကျနော်တို့က အဲဒီခွင့်ပြုမိန့် ယူရမယ်ဆိုတဲ့ကိစ္စကို ကျနော်တို့က အယုံအကြည် မရှိဘူးဗျ ပွင့်ပွင့်လင်းလင်း ပြောရရင်။ ဘာလို့လဲဆိုတော့ ကျနော်တို့ နိုင်ငံသားအခွင့်အရေးဆိုတာ ဒါတွေလုပ်လို့ရပါတယ်။ ငြိမ်းချမ်းစွာ စုဝေးလို့ရပါတယ်။ ငြိမ်းချမ်းစွာ ဟောပြောလို့ရပါတယ်။ ငြိမ်းချမ်းစွာ ဖွဲ့စည်းပိုင်ခွင့် ရှိတယ်ဆိုတာ ဒါ နိုင်ငံသားအခွင့်အရေးဗျ။ မူလအခွင့်အရေးဗျ။ အဲဒါကို ကျနော်တို့က စုဖွဲ့ပါမယ်ဆိုပြီး သွားပြီးတော့ ခွင့်ပြုမိန့် တောင်းပြီးမှ လုပ်ရတယ်ဆိုတာ ကျနော်တို့ နိုင်ငံသား အခွင့်အရေးကို အဲဒီလိုမျိုး လုပ်ရမယ့်အရာ မဟုတ်ဘူးလို့ ကျနော်ကတော့ ထင်တယ်။ အဲဒီအတွက် ကျနော်တို့ ကျောင်းသားတွေ တောက်လျှောက်လုပ်ခဲ့တဲ့ ဆန္ဒပြပွဲမှန်သမျှ ကျနော်တို့ ခွင့်ပြုချက်တင်တယ်ဆိုတာ အယုံအကြည်မရှိတဲ့အတွက် တင်မှာမဟုတ်ဘူးလေ။”

ဆန္ဒပြပွဲမှာ ဦးဆောင် ပါဝင်ခဲ့သူတဦးဖြစ်တဲ့ ကိုရဲဇာနည် ပြောသွားတာပါ။ လောလောဆယ်မှာတော့ ဒီဆန္ဒပြပွဲနဲ့ ပတ်သက်လို့ ကျောင်းသားဆန္ဒပြသူတွေကို အရေးယူတာမျိုး၊ ဖမ်းဆီးတာမျိုး မကြားရသေးပါဘူး။

လက်ရှိ ဖွဲ့စည်းပုံ အခြေဥပဒေမှာ လူထုက ရွေးကောက်တင်မြှောက်တာ မဟုတ်ဘဲ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တိုက်ရိုက်ခန့်အပ်တဲ့ စစ်သားကိုယ်စားလှယ် ၂၅% ပါဝင်ခွင့် ပေးထားတာကြောင့် စစ်တပ်ရဲ့ ပါဝင်ချုပ်ကိုင်မှု အခန်းကဏ္ဍကို ဖယ်ရှားပေးဖို့ နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေ၊ တက်ကြွလှုပ်ရှားသူတွေက တောင်းဆိုနေကြတာ ဖြစ်ပါတယ်။ စစ်အစိုးရ ဦးဆောင် ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ စစ်တပ်က လွှတ်တော်မှာ ၂၅% နေရာယူထားတာအပြင် တခြား ဒီမိုကရေစီ စံနှုန်းတွေနဲ့ မကိုက်ညီတဲ့ ပြဌာန်းချက်တွေ၊ ကန့်သတ်ချက်တွေ ရှိနေတာကြောင့် ဒါကို ပြင်ဆင်ဖို့ ကြိုးပမ်းမှုတွေ ရှိနေသလို ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း လွှတ်တော်တွင်းမှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အဆိုပြုချက်နဲ့ ပတ်သက်လို့ မဲခွဲ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါပေမဲ့ လွှတ်တော်အမတ် ၇၅% ထောက်ခံချက် မရခဲ့တာကြောင့် ဒီအဆိုပြုချက် လွှတ်တော်တွင်း မအောင်မမြင် ဖြစ်ခဲ့ရပါတယ်။

မခင်ဖြူထွေး / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးနေရာမှာတပ်မတော်သား ကိုယ်စားလှယ်တွေက ကန့်ကွက်နေတာကြောင့်
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ကို လွှတ်တော်ထဲကနှုတ်ထွက်ပေးဖို့ ကျောင်းသား ကျောင်းသူ ၃၀ ကျော်က ဒီနေ့ရန်ကုန်မြို့မှာ
ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

RFA/Photo..Eleven media group


မြန်မာနိုင်ငံမှာ ရှိတဲ့ အလုပ်သမားတွေ အတွက် အနိမ့်ဆုံး လုပ်ခကို တစ်နာရီ ကျပ် ၄၅၀ နှုန်းနဲ့၊ ပုံမှန် အလုပ်ချိန် ၈ နာရီ အတွက် ၃၆၀၀ ကျပ် သတ်မှတ်လိုက်ပါတယ်။

အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသား ကော်မတီ ကနေ အခုလို သတ်မှတ်ကြောင်း တနင်္လာနေ့မှာ ထုတ်ပြန် ကြေညာလိုက်တာပါ။ အကြံပြု လိုသူတွေနဲ့ ကန့်ကွက်လိုသူတွေ အနေနဲ့ နှစ်ပတ်အတွင်း စာနဲ့ ရေးသား တင်ပြနိုင်တယ် လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီသတ်မှတ်ချက်ဟာ အလုပ်သမား ၁၅ ဦး အောက် ရှိတဲ့ တနိုင်တပိုင် လုပ်ငန်းငယ်တွေနဲ့ မိသားစု လုပ်ငန်းတွေမှ အပ မြန်မာ တစ်နိုင်ငံလုံးမှာ ရှိတဲ့ အလုပ်သမားတွေ အတွက် လုပ်ငန်း အမျိုးအစား နေရာဒေသ မခွဲခြားဘဲ သတ်မှတ်လိုက်တာပါ။

အခု သတ်မှတ်ချက်ကို အများစုက ကန့်ကွက်ခဲ့ရင်တော့ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြန်လုပ်ရမယ့် သဘော ရှိတယ်လို့ အလုပ်သမား အလုပ်အကိုင်နဲ့ လူမှုဖူလုံရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်က ပြောပါတယ်။

အနိမ့်ဆုံး လုပ်ခ အတွက် ကန့်ကွက်သူ မရှိဘူး ဆိုရင်တော့ ဒီသတ်မှတ်ချက်ဟာ ထုတ်ပြန်ပြီး ရက်ပေါင်း ၆၀ အတွင်းမှာ အတည်ဖြစ်လာမှာ ဖြစ်ပါတယ်။

အခုလို အနိမ့် ဆုံးလုပ်ခ သတ်မှတ်နိုင်တာဟာ အခု အစိုးရလက်ထက်မှာ ဆောင်ရွက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အစိုးရ၊ အလုပ်ရှင်နဲ့ အလုပ်သမား ကိုယ်စားလှယ်တွေ၊ ပညာရှင်တွေ စုပေါင်းပြီး ၂ နှစ်ကျော် အချိန်ယူ ဆွေးနွေးခဲ့ပြီး အခုလို ထုတ်ပြန်နိုင်တာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

ဂျပန်ကာကွယ်ရေးဆိုင်ရာဥပဒေနဲ့ ပတ်သတ်ပြီး ကန့်ကွက်တဲ့ အနေနဲ့ အထက်တန်းကျောင်းသားများအပါအ၀င် တက္ကသိုလ်ကျာင်းသားတွ လူမှုအင်တာနက် ဆက်သွယ်ရေးကတဆင့် လှုံ့ဆော်ပြီး ဇွန်လ ၂၇ ရက်နေ့က တိုကျိုမြို့ လူစည်ကားတဲ့နေရာဖြစ်တဲ့ ရှိဘူရာ (shibuya) စုဝေးဆန္ဒပြခဲ့ ကြပါတယ်။
Sealds လို့ ခေါ်တဲ့ ဂျပန်ကျောင်းသားများအရေးပေါ်လှုပ်ရှားမှုကော်မတီ က ဦးဆောင်ခဲ့ပြီး ဂျပန်နိုင်ငံတ၀ှမ်းက ကျောင်းသားစုစုပေါင်း ၂၅၀ ကျော် လာရောက်ပူးပေါင်းခဲ့ကြပါတယ်။
အိုဆာကာ၊နာဂိုယာ မြို့ ကြီးတွေနဲ့  ဟော်ကိုင်းဒိုးပြည်နယ်တွေမှာပါပြသခဲ့ ကြပါတယ်။
ရှင်ဇိုအာဘေးဦးဆောင်တဲ့ ဂျပန်အစိုးရဟာ အုပ်စုလိုက် ကာကွယ်ခွင့်ကာကွယ်ရေးဥပဒေနဲ့ ပတ်သတ်ပြီး အသက်ဝင်အောင် ကြိုးစားနေတာကို ပြည်သူတွေက နိုင်ငံတကာစစ်ပွဲတွေမှာ ဂျပန်အနေနဲ့ ဝင်ရောက်မှာကို စိုးရိမ်နေကြတာလည်း ဖြစ်ပါတယ်။
Tsukuba တက္ကသိုလ်က တတိယနှစ်ကျောင်းသားလှုပ်ရှားမှုခေါင်းဆောင် တဦးက “မိမိတို့အနေနဲ့ အေးအေးဆေးဆေး နေလို့ မရတော့ပါဘူး။ ကိုယ့်အခွင့်အရေးအတွက် ကိုယ်တိုင်ထုတ်ဖော်ပြောဆိုဖို့ အချိန်ရောက်လာလို့ပါ။ ဆက်လက်အရှိန်မြှင့် လှုပ်ရှားမယ်”လို့ ပြောကြားပါတယ်။

DVB

နယူးယောက် အကျဥ်းထောင်ကနေ ထောင်ဖောက်ထွက်ပြေးသွားတဲ့ ဒေးဗစ်ဆွပ်ကို ကနေဒါနယ်စပ်မှာ ရဲက ပစ်ခတ်ဖမ်းဆီးစဉ် သေမလောက် ဒဏ်ရာရခဲ့တဲ့အတွက် ဆေးရုံတင်ထားရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဇွန် ၂၈ ရက်နေ့က နယ်ခံဆေးရုံတရုံကို အရေးပေါ် ပို့လိုက်ပြီးနောက် အယ်ဘန်နီ ဆေးရုံကို ဆက်ပို့လိုက်ရာ အရေးပေါ် အခြေအနေမှာ ရှိနေတယ်လို့ ဆိုပါတယ်။

ဒေးဗစ် ဆွပ်ကို ဖမ်းမမိခင် ၂ ရက်ကတော့ သူနဲ့ ထောင်ဖောက်ပြေးဘက် ရစ်ချတ် မတ်ကို ရဲက အသေဖမ်းမိခဲ့ပါတယ်။

နှစ်ရှည်အကျဥ်းသား ၂ ယောက်ဟာ နယူးယောက်ပြည်နယ် ဒန်နီ မိုလာမြို့မှာရှိတဲ့ ကလင်တန် အကျဥ်းထောင်ကနေ ဇွန်လ ၆ ရက်နေ့ကတည်းက ထွက်ပြေးလွတ်မြောက်ခဲ့ကြတာပါ။

သူတို့ လွတ်မြောက်သွားခဲ့ပြီးနောက် သုံးပတ်လုံးလုံး ရဲက ပိုက်စိပ်တိုက် ရှာဖွေခဲ့ပြီး နောက်ဆုံးမှာတော့ နယူးယောက်ပြည်နယ် မြောက်ပိုင်းက တောအုပ်တွေထဲမှာ ရဲအင်အား ၁၃၀၀ လောက်က တောနင်းရှာခဲ့ရတာပါ။

ဇွန်လ ၂၈ ရက်နေ့ မနက် ၃ နာရီ ၂၀ လောက်မှာ ရဲတပ်ကြပ်ကြီး ဂျေးကွပ်က ဒေးဗစ်ဆွပ်ကို တွေ့ရှိခဲ့တယ်လို့ရဲအဖွဲ့က ပြောပါတယ်။

တရားခံက ထွက်ပြေးတဲ့အတွက် ကိုယ်ပိုင်းကို သေနတ်နဲ့ ၂ ချက် ပစ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် သေနတ်ဒဏ်ရာနဲ့ ဒေးဗစ်ဆွပ်ကို လက်ရဖမ်းဆီးမိပြီး အချုပ်ကနေတဆင့် နယ်ခံဆေးရုံကို ပို့ခဲ့ရတယ်လို့ ဆိုပါတယ်။

ထောင်ပြေး ၂ ယောက်ကို ခြေရာခံ ဖမ်းဆီးနိုင်ဖို့ ရဲအဖွဲ့ဟာ ဝေးလံခေါင်ဖျားပြီး တောတောင်ထူတဲ့ နယ်မြေတွေမှာ ၂၄ နာရီ မနားမနေ ကြိုးပမ်းခဲ့ရတာ ဖြစ်ပါတယ်။

ထောင်ပြေး ၂ ယောက်စလုံးကို ပြန်မမိခင်ကတည်းက ထောင်ဝန်ထမ်း အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်တို့ကို ထောင်ဖောက်မှုမှာ အားပေးကူညီမှုနဲ့ တရားစွဲထားပါတယ်။

ရွှေဝါရောင်တော်လှန် ရေးကိုအစပြုပြီး ဘာသာရေးနှင့်ပတ် သက်လျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(NLD)အနေဖြင့် တာဝန်ကျေ ကြောင်း ရဲရဲကြီးအာမခံနိုင်သည်ဟု လူရွှင်တော်အနုပညာရှင် ဇာဂနာက ထုတ်ဖော်လိုက်သည်။

အဖွဲ့ချုပ်၏ ပါတီဝင်တစ်ဦး မဟုတ်သော်လည်း လူမှုကွန်ရက်နှင့် သတင်းမီဒီယာများတွင် ''မဟုတ်တာ တွေပြော၊ မမှန်တာတွေရေးသားနေ ကြတာတွေကို ကြည့်မနေနိုင်တော့''ဟုဆိုကာ သူ၏ဖေ့စ်ဘွတ်ခ်စာမျက်နှာ တွင်ထုတ်ဖော်ရေးသားခဲ့ခြင်းဖြစ်သည်။

ရွှေဝါရောင်တော်လှန်ရေး စတင်ခဲ့သည့် ၂ဝဝ၇ခုနှစ် စက်တင်ဘာ ၂၅ရက် ညပိုင်းတွင် NLD ပါတီဝင် ၃၁ဦးနှင့်အတူ ¤င်းလည်းအဖမ်းခံခဲ့ရ သည်ဟုဆိုပါသည်။

နိုင်ငံအရေးအရာ ပြက်လုံး၊ ပြ ကွက်များဖြင့် နာမည်ကျော်ခဲ့သော လူရွှင်တော်ဇာဂနာက ''သံဃာတော် တွေကို နေ့စဉ်ဆွမ်းကပ်၊ လမ်းတစ် လျှောက်လုံခြုံရေးယူပေးခဲ့တဲ့အပြင် မူးမော်လဲသွားတဲ့သံဃာတော်တွေကို ဆေးလိုက်ကုပေးတာ NLD တွေပါပဲ။ ဘယ်တစည၊ ဘယ်ကြံ့ခိုင်ရေးမှ မပါ ဘူး။ အခုမှ သံဃာနဲ့ NLD တွေ ထိပ် တိုက်မတွေ့စေနဲ့လို့ ပြောနေကြတာ တွေကို နားမလည်ပါဘူး။ ပြောနေတဲ့ သူအားလုံးကိုမေးချင်တယ်။ ရွှေဝါရောင် တုန်းက ခင်ဗျားတို့ဘာတွေလုပ်နေခဲ့ ကြသလဲ။

NLD ကတော့ သူ့တာဝန် သူကျေပွန်ခဲ့တယ်လို့ ရဲရဲကြီးအာမခံ တယ်''ဟုက သူ့ဖေ့စ်ဘွတ်ခ်တွင်ရေး သားခဲ့သည်။ ထို့ပြင် အကျဉ်းထောင် အတွင်း သံဃာတော်များအပေါ်ဆက် ဆံခဲ့ပုံများကိုလည်း ရှင်းပြထားသည်။

Yangon Media Group

မနေ့က အစိတ်သားတွေ လက်ခုတ်လက်ဝါးတီး လွှတ်တော်ထဲမှာ အောင်ပွဲခံခဲ့တယ် ကိစ္စနဲ့ ပါတ်သက်ပြီး ရန်ကုန်မှာ ရှိတဲ့ အမေရိကန် သံရုံးက ပြောရေးဆိုခွင့်ရှိသူက အခုလို ဝေဖန်ထောက်ပြ သွားပါတယ်။

မြန်မာ ဖွဲ့စည်းပုံမှာ အရပ်ဘက်က စစ်ဘက်ကို ထိန်းချုပ်နိုင်မှု မရှိ၊ ဖွဲ့စည်းပုံ ပြင်ဆင်ရာမှာ စစ်တပ်က ဗီတိုအာဏာနဲ့ ပါယ်ချနိုင်မှု အစရှိတာတွေ ပါနေခြင်းကြောင့် အခြေခံ ဒီမိုကရေစီ မူဝါဒတွေနဲ့ ကွဲပြားနေတဲ့အတွက် ဒီမိုကရေစီ နိုင်ငံတခုနဲ့ လျော်ညီစွာ ဖြစ်ပေါ်လာရေး ပြင်ဆင်ရန် လိုအပ်နေဆဲဟု ဆိုပါတယ်။

၇၀% သဘောတူမှ ပြင်ရန်ဆိုတဲ့ အပိုဒ်တောင် စစ်တပ်ဘက်က စစ်စစ်ထိ မခံ ပါယ်ချတာတွေ့ရပါတယ်။ သဘောတူလိုက်တဲ့ “စစ်ရေးအမြင်’ မှ ‘ကာကွယ်ရေးအမြင်’ လို့ ပြောင်းလဲလိုက်တာအတွက် တနိုင်ငံလုံးမှာ ငွေကုန်ကြေးကြ အချိန်တွေ အကုန်ခံပြီး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကြီး လုပ်ပေးရအုန်းမှာ ဖြစ်ပါတယ်။

အရေးကြီးတဲ့ ပုဒ်မ ၅၉ (စ) ကို စစ်တပ် ကိုယ်စားလှယ်က ဝေဖန်ရာမှာ နိုင်ငံခြားသား သြဇာ လွှမ်းမိုးခံရဘို့ ရှိတယ် လို့ လုပ်ပြန်ပါတယ်။ ဒီကိစ္စက မသိနားမလည်တဲ့ သူတွေ ပြောရင် အံ့သြစရာ မရှိပါဘူး၊ ဒါပေမယ့် ဒီလို စစ်တပ်က လွှတ်တော်မှာ လူသိရှင်ကြား ပြောဆိုလာတာက အတော်ကို နားမလည်စရာပါ၊ တမင် ညစ်ပြော ပြောနေတာလား၊ မသိလောက်အောင် ဦးနှောက်သန့်စင် ခံခဲ့ရလား ပြောသူကိုယ်တိုင်ပဲ သိမှာပါ၊

ဒီနေရာမှာ အိန္ဒိယ ဖွဲ့စည်းပုံနဲ့ ပါတ်သက်ပြီး အနည်းငယ် ဆွေးနွေးလိုပါတယ်။ အိန္ဒိယ ဖွဲ့စည်းပုံဟာ ၁၉၅၀ ဂျန်န၀ါရီလ ၂၆ ရက်နေ့မှာ စတင် အာဏာသက်ရောက်ခဲ့ပြီး ယခုအကြိမ်အထိ အကြိမ်ပေါင်း ၉၈ ကြိမ် ပြင်ဆင်ခဲ့ပြီး ဖြစ်ပါတယ်။

အဓိက ပြောလိုတာက ဆိုနီယာ ဂန္ဒီရဲ့ အခန်းကဏ္ကပါ၊ မစ္စက်စ် ဂန္ဒီဟာ လုပ်ကြံခံရပြီး ကွယ်လွန်သွားတဲ့ ၀န်ကြီးချုပ် ရာဂျစ်ဂန္ဒီရဲ့ ဖနီး အီတလီ နိုင်ငံသူ စစ်စစ် ဖြစ်ပါတယ်။ အီတလီ နိုင်ငံ တူရင် (Turin) မြို့ အနီးမှာ ကြီးပြင်းခဲ့ပြီး ၁၉၆၈ မှာ ရာဂျစ် နဲ့ လက်ထပ်ခဲ့ပါတယ်။ သားတယောက် သမီးတယောက် ထွန်းကားခဲ့ပါတယ်။

အိန္ဒိယ နိုင်ငံသား အဖြစ် ပြောင်းလဲ ခံယူခဲ့ပါတယ်၊ ၁၉၉၁ မှာ ရာဂျစ် လုပ်ကြံ သတ်ဖြတ်ခံရပြီးနောက် အိန္ဒိယ ကွန်ဂရက် ပါတီမှာ ခေါင်းဆောင်မဲ့လူ ကင်းမဲ့လာတာကြောင့် ၀န်ကြီးချုပ် အဖြစ် တာဝန်ယူဘို့ ပါတီခေါင်းဆောင်တွေက မည်မျှပင် တောင်းပန်တိုးသျှိုးကြသော်လည်း ငြင်းပါယ်ခဲ့ပြီး ၁၉၉၇ မှ အိန္ဒိယ ကွန်ဂရက် ပါတီရဲ့ ဥက္ကဌ တာဝန်ကို ယူလာခဲ့တာ အခုထိပါပဲ၊

ဒီနေရာမှာ ဘာတွေ့ရလဲ ဆိုတော့ ဆိုနီယာ ဂန္ဒီဟာ အီတလီ နိုင်ငံသူ စစ်စစ် ဖြစ်ပေမယ့် အိန္ဒိယ မှာ သြဇာ အရှိဆုံး ရာထူး ဖြစ်တဲ့ ၀န်ကြီးချုပ် ရာထူးကို အချိန်မရွေး ယူနိုင်တယ် ဆိုတဲ့ အချက်ပါ၊ ဒါပေမယ့် ယူဘို့ ငြင်းပါယ်ခဲ့ပြီး မာမိုဆင်းကိုပဲ ၀န်ကြီးချုပ် အဖြစ်တင်မြှောက်ခဲ့ပြီး အိန္ဒိယရဲ့ အဓိက နိုင်ငံခြားရေး စီးပွားရေး မူဝါဒတွေကို နောက်ကွယ်က ကြိုးကိုင် စီမံခန့်ခွဲခဲ့တာ တကမ္ဘာလုံး အသိပါ၊

ဘယ်လောက်ထိလဲ ဆိုရင် အိန္ဒိယမှာ နိုင်ငံရေး အကြပ်အတည်း ကြုံလာတိုင်း သူမရဲ့ အိမ်ကို ကားကြီးကားငယ် အသွယ်သွယ်နဲ့ နိုင်ငံရေးသမားတွေ ခြေရှုပ်နေကြတာ မြင်မကောင်းဘူးလို့ သတင်းထောက်တွေ ရေးယူရတဲ့ အထိပါ၊

သူမလို အီတလီ နိုင်ငံသူ ရေမရော စစ်စစ်ကြီးကို အိန္ဒိယ ဖွဲ့စည်းပုံက ၀န်ကြီးချုပ် ဖြစ်လာအောင် ဘယ်လို ရေးဆွဲထားခဲ့သလဲ လေ့လာကြည့်တဲ့ အခါမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရဲ့ အပိုဒ် ၇၄ မှာ အခုလို သွားတွေ့ရတာကို ကူးယူ တင်ပြပါတယ်။

To eligible for the position of Prime Minister of India a person should:
(1) Be a citizen of India
(2) Be a member of either the Lok Sahha or the Rajya Sabha
(3) Complete 25 years of age if he is a member of the Lok Sabha or 30 years if he is a member of the Rajya Sabha

ဒါပါပဲ ခပ်တိုတိုပါ၊ ဘာသာပြန်ရရင် (၁) အိန္ဒိယ နိုင်ငံသား ဖြစ်ရမယ် (၂) Lok Sabha လို့ ခေါ်တဲ့ အိန္ဒိယ အောက်လွှတ်တော် ဒါမှမဟုတ် Rajya Sabha လို့ ခေါ်တဲ့ အထက်လွှတ်တော်ရဲ့ အမတ် ဖြစ်ရမယ်။ (၃) အောက်လွှတ်တော် အမတ်ဆိုရင် အသက် ၂၅ နှစ် ပြည့်ပြီး ဖြစ်ရမယ်၊ အထက်လွှတ်တော် အမတ်ဆိုရင် အသက် ၃၀ ပြည့်ပြီး ဖြစ်ရမယ်။

စာဖတ်သူတွေ စဉ်းစား ဆင်ခြင်နိုင်အောင် တင်ပြလိုက်ပါတယ်။ အိန္ဒိယ နိုင်ငံလောက် လူမျိုးရေး ဘာသာရေး ရှုပ်ထွေးပြီး ပြသာနာ ပေါင်းစုံ နိုင်ငံမှာတောင် ဒီလို ရှိနေသေးရင် စဉ်းစားသာ ကြည့်ပါဗျာ၊ ဘယ်သူက ဘယ်လို အာဃာတ နဲ့ တိုင်းပြည်အတွက် ခေါင်းဆောင်ကောင်း ရဘို့ ညစ်ပါတ် ယုတ်မာတဲ့ အကြံနဲ့ ကြံစည်ခဲ့လည်း ဆိုတာကိုပါ။

အားရစရာ ကောင်းတဲ့ အချက်ကတော့ အစိတ်သား ကိုယ်စားလှယ်တွေ ဖယ်ပြီး ကျန်တဲ့ ရွေးချယ်ခံ ကိုယ်စားလှယ် ၉၀% က ထောက်ခံတာကို ကြည့်ရင် လူမိုက်နဲ့ လျှောင်သွေလွှဲလာတာကို ပြနေပါပြီ။

အသိညဏ် မဲ့ပြီး နိုင်ငံတကာက ပညာရှင်တွေ ကြား ချပြောလို့ မရတဲ့ စကားတွေ ပြောဆိုသုံးနှုန်းပြီး တိုင်းပြည်ကို ထင်တိုင်းလုပ်နေကြတဲ့ သူတွေကို တော့ ဝေးဝေးက လျောင်လို့ မရတော့တာ ကို တဖြေးဖြေး သိသာလာပါတယ်။

HSW

BrainWave ဉာဏ်လှိုင်း

ခြေ/ဥ ပြင်ရေး မပြင်ရေးကို လွှတ်တော်မှာ မဲခွဲဆုံးဖြတ်တဲ့အခါ ဘယ်သူတွေ ဘယ်လိုပဲ ပြင်ချင်သည်ဖြစ်ပစေ တပ်မတော်က မပြင်လိုတဲ့အတွက် အဆိုရှုံးနိမ့်သွားတယ်၊ ပြင်ဆင်ခွင့်မရနိုင်ဘူး ဆိုလို့ တပ်မတော်သားကိုယ်စားလှယ်တွေခမျာ ဝမ်းသာအားရ လက်ခုပ်လက်ဝါးတီးပြီး “ရိုက်လိုက်ပါဦး ရိုက်လိုက်ပါဦး” လုပ်တဲ့သူကလုပ်၊ “ကြေနပ်တယ် အားရတယ် ဝမ်းသာတယ် ပီတိဖြစ်တယ်” ဆိုပြီး ဖနောင့်သံစူး မြောက်ကြွမြောက်ကြွဖြစ်တဲ့သူကဖြစ်။ “ကိုင်း အခုတော့ နင်တို့အမေ သမ္မတ မဖြစ်နိုင်တော့ဘူး။ ဘယ့်နှယ်ရှိစ” ဆိုပြီး အောင်ပွဲကြီးတွေ ခံနေကြပါတယ်။ သနားဖို့ကောင်းတာတောင် ဘယ်လိုသနားရမှန်း မသိတော့ပါဘူး။

သူတို့မြင်တာ သည်ပုဒ်မတွေ ပြင်ခြင်း မပြင်ခြင်းဟာ ဒေါ်စုအတွက်၊ မင်းအောင်လှိုင်အတွက်၊ ဦးရွှေမန်းအတွက်၊ ဦးသိန်းစိန်အတွက် လို့ပဲ တွေးတတ်ကြတယ်။ တကယ်တော့ နောက် ဆယ်နှစ် အနှစ်နှစ်ဆယ်ဆိုရင် အဲသည်လူတွေ တစ်ယောက်မှ မရှိလောက်တော့ဘူး။ နိုင်ငံတစ်ခုရဲ့ အခြေခံဥပဒေဆိုတာက ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ရည်ရွယ်ပြီး ခွင့်ပြုထားခြင်း တားဆီးထားခြင်း ရှိရတာ မဟုတ်။ ဘယ်နိုင်ငံသားတိုင်းမဆို အကျုံးဝင်ပြီး နိုင်ငံသားတိုင်းကို တန်းတူအခွင့်အရေးခံစားစေရမှာ။ ဥပဒေကို ဥပဒေလို မမြင်ပဲ လူတွေကို အာရုံထားနေတဲ့အတွက် သည်ဥပဒေဟာ ဘာအတွက်ကြောင့် ပြင်ဖို့လိုသလဲ သူတို့ဥာဏ်မမီဘူး ဖြစ်နေတယ်။

ကဲ။ အဲ့တော့ သားတို့ နားလည်အောင် ကလေးတန်းဆင်းပြီး သူငယ်တန်းဘာသာနဲ့ ရှင်းပြမယ်။ ကလေးတို့ရေ လာကြ လာကြ။ ကြားလိုက်အောင် နားစိုက်ထောင်ကြ။ ပထမဦးဆုံးအချက်ကတော့ သည်အခြေခံဥပဒေကို ပြင်ချင်ရင် ၇၅% အထက် ထောက်ခံမှုကိုရမှ ပြင်နိုင်မယ်တဲ့။ လွှတ်တော်မှာ လူတစ်ရာရှိရင် ၇၆ ယောက် သဘောတူမှ ပြင်လို့ရမယ် လို့ ပြောတာ။ ဒါပေမယ့် လွှတ်တော်ထဲမှာ အရေခွံချွတ်မထားတဲ့ တပ်မတော်သားက တစ်ရာမှာ ၂၅ ယောက်နှုန်း ဝင်ထိုင်နေကြတယ်။ ဆိုလိုတာက တပ်မတော်သား အနည်းဆုံး တစ်ယောက်က မထောက်ခံရင် မြန်မာတစ်ပြည်လုံး ကျန်တဲ့အရပ်သား သန်း ၅၀ မကျေနပ်ရင် လဲသေကြ။ ဘယ်လိုမှ ပြင်လို့မရနိုင်ဘူး ပေါ့နော်။ ဒီအထိ လက်ခံပြီလား။

အဲ့ဒီတော့ ပြင်ချင်သပဆိုရင် တပ်မတော်ကြီးကို အလိုတူအောင် မြှူဆွယ်ချေဦး လို့ အဓိပ္ပါယ်ထွက်တာပေါ့။ အမလေး ဘာခက်တာလိုက်လို့။ အနှစ် ၅၀ ကျော်အောင် ပေါင်းလာတာ။ တပ်ထဲကလူတွေ ဘာကြိုက်တုန်း သိလွန်လွန်းလို့။ စိန်လိုချင်ရင် စိန်ဖြစ်ရမယ်။ အိမ်လိုချင်ရင် အိမ်ဖြစ်ရမယ်။ ဇိမ်လိုချင်ရင် ဇိမ်ခန်းကြီးပါ စပွန်ဆာပေးပလိုက်မှာပေါ့။

တို့တပ်မတော်သားတွေကို သည်လို သွေးခွဲရင် မှားသွားမှာပေါ့ မောင်ရင်။ သူတို့ဟာ တစ်ကျိပ်ပဲ ရှိသည်ဖြစ်စေ၊ အစိတ်ပဲ ရှိသည်ဖြစ်စေ။ တစ်စိတ်တည်း တစ်ဝမ်းတည်း တစ်ကျိတ်တည်း တစ်ဥာဏ်တည်းမို့ အစိတ်သားမဲပေးဖို့လိုလာရင် “တိတ်နှိပ်သုံ တိတ်နှိပ်သုံ တိတ်နှိပ်သုံ တိတ်” လို့ တညီတညာတည်း အော်ပြီးတော့ကို တစ်မဲတည်းကို လူဦးရေနဲ့ မြှောက်ပြီး ပေးကြတယ်။ သူတို့ကို တစ်သွေးတစ်သံတစ်မိန့် နဲ့ ချုပ်ထားပြီးသား။ ဟိုတလောက ကာချုပ်ကြီးက “သူတို့သဘောနဲ့သူတို့ စဉ်းစားဆုံးဖြတ်ခွင့်ပေးထားပါတယ်” ဆိုလို့ ဟိုက “ဟတ်လား။ ဝမ်းသာပါတယ်။ ဒါဆို အိမ်အလည်လာကြပါဦး။ နိုင်ငံရေးအကြောင်း လုံးဝမပြောပါဘူး။ အလွတ်သဘော ထမင်းလေးဘာလေး လက်ဆုံစားရအောင်။” လို့ ကစ်ထည့်လိုက်သေးတာ မှတ်မိသေးလား။ အဲ့ကတည်းက သူတို့ခမျာ ပြုံးတောင် မပြရဲတော့ဘူး။ (ထမင်းစားဖိတ်လို့တောင် အိမ်လည်မလာရဲပါဘူးဆိုနေ။ လာခဲ့ရင် ရန်တွေ့မှာမို့လားနော့။)

တပ်က တပ်အထာနဲ့ မှန်သော်လည်းပဲ တပ်ကလူတွေ လွှတ်တော်ထဲလာထိုင်ပြီး စစ်ရေးပြလုပ်သလို မဲပေးတဲ့အခါ မမှန်တော့ဘူး။ ဒီမိုကရေစီဆိုတာ လူတစ်ဦးချင်း တစ်ဦးချင်းရဲ့ဆန္ဒကို အရှိအတိုင်း တင်ပြပြီး အများသဘောနဲ့ အဆုံးအဖြတ်ပေးတာ။ တပ်မတော်သားကိုယ်စားလှယ်များ အားလုံးရဲ့ ဆန္ဒမဲဟာ ကာချုပ်ကြီး တစ်ဦးတည်းရဲ့ ဆန္ဒကို ကိုယ်စားပြုတဲ့အတွက် အဲသည်မှာတင် ဒီမိုကရေစီရေခဲတုံးကြီး အငွေ့ပျံသွားပြီ။

ကာချုပ်ကြီးရဲ့ ဆန္ဒမဲဟာ လွှတ်တော်မှာ ဗီတိုအာဏာအဖြစ် ကိုင်စွဲထားတဲ့အတွက် လွှတ်တော်ကြီးကလည်း ဒီမိုကရေစီ အနှစ်သာရပျောက်သွားတယ်။ နောက်ဆုံးတော့ ရုပ်လုံးပေါ်လာတာက သူတို့တတွေ တဖွဖွ ကြွေးကြော်နေတဲ့ မြန်မာနည်းမြန်မာ့ဟန် ဒီမိုကရေစီဆိုတာကြီးဟာ ဒီမိုကရေစီအရေခြုံထားသော အာဏာရှင်စံနစ်ကြီးပါ ဆိုတာ ဘွားဘွားကြီး ပေါ်လာတယ်။ နိုင်ငံသားအများစုရဲ့ သဘောဆန္ဒအပေါ်မှာ လူတစ်ဦးတစ်ယောက်က အတင်းအဓမ္မချုပ်ကိုင်လွှမ်းမိုးထားရင် အဲ့ဒါ အာဏာရှင်စံနစ် မဟုတ်လို့ ဘယ်လိုခေါ်ချင်သေးသတုန်း ပြော။ သိသာသိစေ မမြင်စေနဲ့ဆိုတဲ့ အဲသည်အမှန်တရားကြီးဟာ အခုလို ပြတ်ပြတ်သားသား မဲခွဲပြလိုက်မှပဲ လယ်ပြင်မှာ ဆင်သွားသလို အထင်အရှားကြီး ပေါ်လာတော့တယ်။ (ပေါ်ပလေ့စေအေ။ တို့က မရှက်တတ်ပေါင်။)

အရေးကြီးတာ နင်တို့ဘွားတော်ကြီး သမ္မတ မဖြစ်ပြီးရောဆိုပြီး ပွဲခံနေတဲ့သူတွေ ရင်ဆို့သွားအောင် ဆက်ဘေးတီးလိုက်ပါဦးမယ်။ “အခုအဆို ရှုံးသွားပေမယ့် ပြင်ဆင်ဖို့အဆို တင်သွင်းခဲ့ကြောင်း မှတ်တမ်းတင်ပေးပါ” လို့ ပြောတာကို ထကတော့မတတ် ပျော်နေတဲ့ မျက်နှာပေးကြီးနဲ့ “အိုခေ အိုခေ” လုပ်လိုက်ပါရောလား။ အဲ့ဒါ ခများတို့ကို သမိုင်းတင်လိုက်ပါပြီလို့ပြောတာ။ သဘောလည်း မပေါက်ဘူး။ အခုအချိန်မှာ ဘယ်လိုမှ ပြင်မပေးနိုင်ပါဘူးဆိုတဲ့ ၄၃၆ ကြီးဟာ နောင်ကျတော့ အဲသည် အပြိန်း အတုံးကြီးတွေ သေကုန်တဲ့အခါ ဘယ်အစိုးရပဲတက်တက် ပြင်ကို ပြင်ပေးရမယ့်အချက်ကြီး။ မပြင်ရင် သူလည်း အာဏာရှင်ခြေမန်းကွင်းကြီးအောက်မှာ ငုတ်တုတ်မေ့နေရမှာလေ။ ဒီအခါမှာ နောင်လာနောက်သားတွေဟာ ဒီလောက် အဓိပ္ပါယ်မရှိ လက်တွေ့မကျတဲ့ဟာကြီးကို ဘယ်သူတွေကများ အရှက်မရှိ ရေးဆွဲသွားပါလိမ့်ဆိုရင် ညောင်နှစ်ပင်က လက်ညှိုးထောင် ခေါင်းငြိမ့်တွေက တစ်တရားခံ။ အာဏာရပါတီရော အတိုက်အခံပါတီရော လက်တွေ့မကျလို့ ပြင်ဆင်ရန် အဆိုတင်သွင်းခဲ့ပေမယ့် ပုဂ္ဂိုလ်ရေးအာဃာတတွေရော၊ အာဏာရှင်ဟောင်းကို အကာအကွယ်ပေးလိုစိတ်နဲ့ရော အပြင်းအထန် ကန့်ကွက်သွားတာက လက်ရှိ ကာချုပ်ကြီးအမှူးပြုသော ရုပ်သေးကိုယ်စားလှယ်တော်များ ဖြစ်တယ်ဆိုတာ ဘယ်လိုမှ မငြင်းနိင်အောင် လက်ပူးလက်ကြပ် မိတော့တာကိုး။

ဖေဖေ့တပ်မတော်မို့ မောင်နှမတော်ပါတယ်လို့ ဘယ်လိုပင် အမျိုးစပ်သော်ငြား သူတို့ကတော့ ဦးစောခြေရာနင်းကြတာပါ မေမေ။ ဒါကိုမှ ရာဇဝင်ရိုင်းတယ် မခေါ်ရင် ဘယ်လိုခေါ်ကြမလဲ။

နေဝင်ရီတရော မှိုးမှိုးမှောင်မှောင် အချိန်ရောက်လာရင် နွားရိုင်းသွင်းချိန် လို့ ခေါ်သတဲ့။ အဲ့လိုအချိန်ဆိုရင် မကောင်းဆိုးဝါး တစ္ဆေမိစ္ဆာများ မြူးတူးလူးလာကြတယ်တဲ့။ အခုလည်း နိုင်ငံရေးဆည်းဆာချိန်ရောက်ပြီဆိုတော့ အာဏာအပမှီတဲ့သူတွေမှာ အငမ်းမရ အိနြေ္ဒမဆည်နိုင် ဖြစ်ကုန်ကြပြီလေ။ ရွှေတိဂုံဖျားကြီး ပြန်ပေးဆွဲသလိုလုပ် မဲဆွယ်တဲ့သူဆွယ်၊ မဘသတွေ ၉၆၉တွေနဲ့ တစ်အိမ်တက်ဆင်း မဲထည့်နည်းရှင်းပြမယ် ဆိုလိုဆို။ ဘယ်လိုနည်းနဲ့ပဲ အာဏာရရ အာဏာရသွားတဲ့အခါ လုပ်သမျှ တင့်တယ်လိမ့်မယ် လို့ ထင်တာကိုး။ မဲတွေခိုးပြီး ဝန်ကြီးတက်လုပ်နေတဲ့သူကလည်း ပြည်သူတွေကသာ မမေ့သေးတာ။ သူခိုးထားတဲ့မဲ သူကိုယ်တိုင် မေ့ပလိုက်လို့ မမှတ်မိတော့ဘူး။ ဘယ်တုန်းက ခိုးဖူးလို့လဲ။ မဟုတ်တာပြောရင် တရားစွဲမှာနော် လို့ ဖြစ်ကုန်ပြီ။ ဟုတ်တယ်လေ။ အပမှီတဲ့သူဆိုတာ သူ့ဘာသူ ဘာလုပ်လို့ လုပ်ခဲ့မှန်း မှတ်မိတာ ဟုတ်ဘူးရယ်။

စစ်တုရင် ကစားပွဲ ကစားဖူးသလား။ ကိုယ်တိုင် မကစားတတ်ပဲနဲ့ သူများ နောက်ကွယ်က ကြိုးဆွဲရာပဲ ကတတ်ရင် အရုပ်ကြိုးပြတ်ဖြစ်တဲ့တစ်နေ့ ပုံလျက်သားကလေး ဖြစ်ရုံအပြင် မရှိဘူး။ ပါးစပ်ကြီးနဲ့ ပြောရတာတော့ လွယ်သပေါ့လေ။ သမ္မတ မကလို့။ သမ္မတထက်ကြီးတာ တက်လုပ်ရလည်း ဖြစ်ပါတယ် ဘာတယ်။ လက်တွေ့ကျတော့ ဝန်ကြီးလေး တစ်ဌာနလုပ်တုန်းကတောင် သူသာကျိကျိတက်ချမ်းသာသွားတာ၊ သူ့လက်အောက်က စက်ရုံအလုပ်ရုံတွေ သည်နေရာမှာ ရပ်လိုက်ရင် ဘယ်လောက်ပေးမလဲ လွှတ်တော်ထဲတင်ယူရတယ်။ အခုဆို အခွံတောင် မကျန်ဘူး။ ရောင်းစား ငှားစားလို့ ကုန်ပေါ့။ သူ့လက်ထဲ သည်နိုင်ငံကြီး ယုံယုံကြည်ကြည် အပ်လိုက်ရမယ်ဆိုရင် စဉ်းစဉ်းစားစားလည်း ပြောပါကွယ်။

ဟိုဘွားတော်မှာ သူ့လက်ထဲ သူ့အသက်ကာကွယ်ဖို့ စစ်သားတစ်ယောက်တောင် မရှိဘူး။ ဒါပေမယ့် ရှိသမျှ စစ်အင်အားနဲ့ အသေအလဲတိုက်နေရတဲ့ ကိုးကန့်စစ်မီးဟာ ပီကင်းကို သူ့ခြေတစ်ဘက်ချလိုက်ရုံနဲ့ ဟုတ်ကနဲ ငြိမ်းသွားတယ်။ “တိုက်ဆိုင်လိုက်တာများကွာ။ ဖေဖော်ဝါရီလ ကိုးရက်” လို့ ဆိုကြတာနဲ့ ဖုန်ကျားရှင်ကြီးကတောင် “တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်အစိုးရ၏ မေတ္တာရပ်ခံချက်အရ..” လို့ အတိအလင်း သတင်းထုတ်ပြန်ရတယ်။ သူများတကာလို အခန်းဝ ငုတ်တုတ်ထိုင်စောင့်ရတဲ့အစား မဟုတ်ဘူး။ ကော်ဇောနီခင်းပြီး နိုင်ငံတော်အခမ်းအနားနဲ့ ကြိုရတဲ့သူ။

စစ်တပ်မှအပဖြစ်သော မြန်မာနိုင်ငံသားအားလုံးက တခဲနက်ထောက်ခံထားပြီး မြန်မာပြည်နဲ့ ဆက်ဆံသမျှ နိုင်ငံတကာအစိုးရတိုင်းက တလေးတစား အရေးထားရတဲ့ ခေါင်းဆောင်တစ်ယောက်၊ ဦးနှောက်သုံးပြီး အဆုံးအဖြတ်ပေးရမယ့် အခြင်းအရာတိုင်းမှာ ဘယ်သူနဲ့မှ ပြန်တိုင်ပင်စရာမလို၊ ဘယ်သူ့အမိန့်မှ ပြန်လည်နာခံစရာ မလိုပဲ တမဟုတ်ချင်း မှန်မှန်ကန်ကန် တုန့်ပြန်နိုင်စွမ်းရှိတဲ့သူ။ သူများက ဖြစ်စေဆိုမှ ဖြစ်လာရတာ မဟုတ်ဘူး။ သူ့အရည်အချင်းနဲ့သူ ဘယ်သူကမှ တားဆီးဆို့ပိတ် လို့ မရတာကြောင့် ဖြစ်လာတဲ့သူ။ အဲ့ဒါကြောင့် သူဟာ စစ်တပ်ကရော ဖွဲ့စည်းပုံအခြေခံဥပဒေကရော ဘယ်လိုပင် အသိအမှတ်မပြုစေသော်ငြား တစ်နိုင်ငံလုံးရဲ့ အမျိုးသားခေါင်းဆောင် ဖြစ်နေပြီးသား။ သမ္မတ ထပ်လုပ်ရင် တိုင်းပြည်အတွက်ပဲ အကျိုးရှိချင်ရှိမယ်။ သူ့အတွက်တော့ ချီးထုပ်ကြီး ခေါင်းပေါ်ရွက်ရမှာ။ ငါးတကာ ယိုသမျှချေး ပုဇွန်ဆိတ်ခေါင်းပေါ်စု ဆိုတာ ကြားဖူးတယ် မဟုတ်လား။

အဲသည် ညောင်နှစ်ပင် ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကို နိုင်ငံသား ၉၂%က တခဲနက် ထောက်ခံထားပါတယ် ဆိုတာကြီးကို မျက်စိစှုံမှိတ်ပြီး အော်နေတာကိုက သူတို့ဥာဏ်တိမ်တာ တကမ္ဘာလုံးသိကုန်ပြီ။ သူတို့ကသာ မသိတာ။ ဖင်လှန် ခေါင်းမြီးခြုံပြီး ငါ့ဘယ်သူမှ မမြင်ဘူးလို့ ထင်နေတဲ့သူလိုပဲ။ ဘယ်ဒီမိုကရေစီနိုင်ငံမှာမှ ဆန္ဒခံယူပွဲကို အဲ့သလောက် အပြတ်အသတ်ဖြစ်တယ်ဆိုတာ မရှိသေးဘူး။ တစ်ရာနား ကပ်လေလေ။ အာဏာရှင် ဆိုတဲ့ ရုပ်လုံးပေါ်လာလေလေပဲ။ ရှိပါတယ်။ အဲ့လိုနိုင်ငံတွေ။ ဇင်ဘာဘွေတို့၊ မြောက်ကိုရီးယားတို့။ တကယ်တမ်းကျတော့ အဲ့သည်ပွဲတုန်းက ကိုယ်ကိုယ်တိုင် ဘာတွေဘယ်လိုလုပ်ခဲ့တယ်ဆိုတာ အာဏာအပမှီနေတာနဲ့ မမှတ်မိတော့ဘူး။ မေ့ကုန်ပြီ။ ကိုယ်တွေကတော့ ဘယ်မေ့မလဲ။

တစ်ညလုံး ကျောင်းဆရာမတွေနဲ့ ငုတ်တုတ်ထိုင် ထောက်ခံမဲစာရင်းဖြည့်ခဲ့ကြရတာကိုး။ နောက်တစ်နေ့ကျတော့ အရပ်ဝတ်ထားသော စစ်သားတွေနောက်က တို့အရေး တို့အရေး နဲ့ အော်ပြီး လမ်းလျှောက်ထွက်ရတာ လောက်ကိုင်က တရုတ်တွေမှာ အထူးအဆန်းဖြစ်လို့။ “နီစောစမော နီစောစမော” နဲ့ လိုက်မေးကြတယ်။ နောက်ဆုံးတော့ အဲ့ဒါကြီးကို ယုံတဲ့သူဆိုတာ သူတို့ကလွဲရင် ဘယ်သူမှ မရှိတော့ဘူး။ သူများကိုလိမ်ရင်းကနေ ကိုယ့်ကိုယ်ကိုယ် လိမ်တာ ဖြစ်သွားတာလေ။ အခုကြည့်ပါလား။ တကယ့်ကို ဘုရားစူး မိုးကြိုးပစ်၊ ၉၈% ကြီးပါ လို့ ကျမ်းကျိမ်နေတုန်း။ (ပြိတ်သတ်ကြီး။ ယုံလား။ ယုံရင် ပျော့ပြဖို့ စိတ်ကူးပြီးသားကွယ်။)

စစ်အစိုးရဟာ ကိုယ်တို့တိုင်းပြည်ကြီးတစ်ခုလုံးကို သူ့စိတ်တိုင်းကျ လက်ခုပ်ထဲကရေလို သွန်လိုသွန် မှောက်လိုမှောက် အုပ်ချုပ်နိုင်တာဟာ သူ့မှာ လက်နက်ရှိလို့။ တို့က လက်နက်မရှိလို့ သူလုပ်သမျှခံရတာ လို့ ထင်နေတာ မှားပါတယ်။ ကိုယ်ကိုယ်တိုင်လည်း အစက အဲ့သလိုပဲ ထင်ခဲ့တယ်။ မတတ်သာလို့ အားမတန် မာန်လျှော့ရတိုင်း “လုပ်ထားဦးပေါ့ရှင်။ ရှင်တို့က ရဲတွေကိုး။” လို့ အောင့်မေ့ခဲ့တယ်။ ဒါပေမယ့် အခု လွှတ်တော်ထဲ မဲခွဲပြီး ဘွားတော်ကြီး ကစားသွားတဲ့ အကွက်ကို မြင်ရတဲ့အခါ ကိုယ့်ခေါင်းထဲမှာ ဥာဏ်အလင်းပွင့်သွားသလို ပွင့်သွားတယ်။

တကယ်တော့ စစ်တပ်က ကိုယ်တို့ကို လက်နက်နဲ့ အုပ်ချုပ်နိုင်တာဟာ ကိုယ်တို့က သူတို့ထက် ဥာဏ်ရည်မသာလို့ အုပ်ချုပ်လို့ရတာ။ သူတို့ထက် ဥာဏ်ရည်သာရင် ကိုယ်တို့က ပြန်အုပ်ချုပ်လို့ရတယ်။ ဆင်မြင်းကျွဲနွား သားရဲတိရိစ္ဆာန်မှန်သမျှ လူကခိုင်းစားတာချည့်ခံရစမြဲပဲ။ မွေးကတည်းက ကိုယ်စွမ်းကိုယ်စ မရှိအောင် ဖိနှိပ်ထားတဲ့ နိုင်ငံအတွင်းမှာ ငါ့မိဘ ဘာမှ မဟုတ်ရင် ငါ ဘာမှ မဖြစ်နိုင်ဘူး ဆိုတဲ့အသိက အရိုးစွဲသလို စွဲနေလို့သာပါ။ လူမစွမ်းရင်သာ နတ်မဖို့လိုတာ။ လူစွမ်းကောင်းမှန်ရင် နတ်က ပြန်စောင့်ရှောက်ရသတဲ့။ အရပ်ဘက် လူ့အဖွဲ့အစည်းမှာ ဥာဏ်ရည်သာတဲ့ လူစွမ်းကောင်းများများပေါ်လာရင် ဟိုဘက်က သူများခိုင်းမှ ထိုင်ဆိုထိုင် ထဆိုထ လုပ်ရတဲ့သူတွေကို အပြန်အသတ် ကျော်တက်သွားမှာ။ ဘော်ဒါတို့။ မထိုင်းကြနဲ့။ မမှိုင်းကြနဲ့။ မျက်စိမမှိတ်နဲ့။ မျက်တောင် မခတ်နဲ့။ အဆင့်မြင့်သိုင်းကွက်တွေကို မြင်အောင်ကြည့်ပြီး အတုယူလိုက်ရအောင်။

တစ်ကမ္ဘာလုံးက လက်ဖျားခါရတဲ့ ဘွားတော်အနေနဲ့ သည်အဆိုကို လွှတ်တော်ထဲမဲခွဲရင် နိုင်မလား ရှုံးမလားဆိုတာ ဗေဒင်မေးစရာ မလိုပါဘူး။ ကိုယ်လို နလပိန်းတုံးကောင်တောင် နိုင်မှာ မဟုတ်မှန်း သိတယ်။ ပြောခဲ့ဖူးသားပဲ။ မဝေနိုင်လို့ လုထားပါတယ်ဆိုမှ ပြန်ပေးစရာလား။ သူလိုချင်တာ “သည်မှာ မတွေ့ဘူးလား။ ရှုံးတယ်” ဆိုတဲ့အဖြေပါ။ နောင်ကျ လွှတ်တော်အဆက်ဆက် သည်ဥပဒေကို သည်လို မပြင်ပဲထားသ၍ သည်လိုပဲ ပြည်သူ့ဆန္ဒသဘောထားတွေ မျက်ကွယ်ပြုခံရလိမ့်မယ် ဆိုတာကို အားလုံးသဘောပေါက်အောင် သက်သေပြသွားတာ။ ဘယ်လိုမှ မငြင်းနိုင်ဘူး။

သူတို့မှာသာ ဥာဏ်မမီလို့၊ အတ္တမောဟတွေ ဖုံးနေလို့ သဘောမပေါက်တာ။ ဝမ်းသာစရာကောင်းတာကတော့ အဲသည်အဖြေကို ကိုယ်တစ်ယောက်တည်း သဘောပေါက်လိုက်တာ မဟုတ်ဘူး။ ဖေ့စ်ဘုတ်ပေါ်မှာ အရေမရ အဖတ်မရ ကိုယ့်ထမင်းကိုယ်စားပြီး လမ်းသလားနေတဲ့လူငယ်တွေ တော်တော်များများ သဘောပေါက်ကြတယ်။ ကိုယ်ရေးတဲ့စာက သူတို့ရေးထားတာထက် အများကြီး နောက်ကျတာ။ သူတို့က ချက်ဆို နားခွက်က တောက်နှင့်ပြီးသား။ လွှတ်တော်ထဲ ဆယ်သိန်းယူ ထိုင်ငိုက်နေတဲ့ မီးကျိုးမောင်းပျက်တွေကသာ “နိုင်ပြီ။ ဖေကြီး။ သားတို့နိုင်ပြီ။” နဲ့ ကျောချလို့ ဓါးပြမှန်း မသိအောင် ပိန်းနေကြတာ။ ဖေ့စ်ဘုတ်ပေါ်ကလူတွေဖြင့် မအပေါင်။ သည်အိုင်ကျူနဲ့ သည်အိုင်ကျူ ဆက်ကစားရရင်ဖြင့် ရေရှည်မှာ ဘယ်သူက ဘယ်သူ့ကို အသာရမလဲ စိတ်ပူစရာ မရှိလှပါဘူး။

သူတို့ဘက်က ၂၀၁၅ လောက်ကို မျက်မွှေးတဆုံး အသည်းအသန် ကာကွယ်ခုခံနေချိန်မှာ ကိုယ်တို့ဘက်ကတော့ နောင်လာမယ့် လူငယ်မျိုးဆက်သစ်တွေကို ဟိုမှာကြည့်စမ်း။ မင်းတို့ အဲ့သလို မဖြစ်စေနဲ့ လို့ သွန်သင်လေ့ကျင့်ပေးထားရမယ်။ သူတို့လိုမျိုး အခွင့်အရေး မျှော်ကိုး၊ အရှင်မွေးမှ နေ့ချင်းကြီး၊ လူကြီးခိုင်းရင် ဘာပဲလုပ်ရလုပ်ရ၊ အမိန့်နာခံမှု အားနည်းမစိုးလို့ ကိုယ်ပိုင်စဉ်းစားဆင်ခြင်ဥာဏ်ကို အညွန့်တုံးအောင်နှိမ်ထားရင် မြင်တဲ့အတိုင်းပဲ အရင်းလဲတိုင်း အဖျားတွေ ထင်းဖြစ်ဖြစ်ကုန်တာ တွေ့တယ် မဟုတ်လား။ ကိုယ့်မှာ ဦးနှောက်မရှိရင် ဦးနှောက်ရှိတဲ့သူက ကိုယ့်လာခိုင်းမှာ အသေအချာပဲ။ နောက်ကွယ်က ကြိုးကိုင်ခံထားရတဲ့ ရုပ်သေးအစိုးရနဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်စွမ်းရှိတဲ့ အစစ်အမှန်အစိုးရ ဘယ်လိုတွေ ကွာသလဲဆိုတာ သက်သေပြချင်တဲ့အတွက် ကိုယ်တစ်ချိန်က ရေးခဲ့ဖူးတဲ့ “ဘာပဲပြောပြော ရာဇဝင်ရှိတယ်” စာအုပ်ထဲက တရုတ်ရာဇဝင်ကလေးကို ပြန်ထုတ်နှုတ်ပြပါ့မယ်။

ပထမမြောက်ဧကရာဇ်ကြီး နတ်ရွာစံတဲ့အခါ အရည်အချင်းမရှိတဲ့ သူ့သားအငယ်ကောင်ကို မိန်းမထိန်းလူလည်ကြီးက နောက်ကွယ်က ကြိုးကိုင်ပြီး ရှင်ဘုရင်အဖြစ် နန်းတင်ပေးပါတယ်။ သူကိုယ်တိုင် ဘာလို့ ဘုရင် မလုပ်သလဲဆိုတော့ ထီးရိုးနန်းရိုး မဟုတ်မှ မဟုတ်တာ။ အရည်အချင်းမရှိတဲ့သူကို အထွဋ်အထိပ်တင်ချင်ရင် အရင်ဆုံး လုပ်ရတဲ့အလုပ်က အရည်အချင်းရှိတဲ့သူတွေ အားလုံးကို ကောက်ကျစ် ယုတ်မာတဲ့နည်းနဲ့ သုတ်သင်ရှင်းလင်းပစ်ရပါတယ်။ ကြားနေသလိုလို၊ ကိုယ်နဲ့မဆိုင်သလိုလို နေတဲ့သူတွေကိုတော့ ကိုယ့်ဆူးညှောင့် ခလုတ်တွေကို ရက်ရက်စက်စက် နှိမ်နှင်းပြလိုက်ရင် အလိုလို ဦးကျိုးသွား တာပါပဲ။ နောက်ဆုံးတော့ အရည်အချင်း မရှိတဲ့သူဟာ ရှင်ဘုရင်ဖြစ် သွားလည်း တိုင်းပြည်အုပ်ချုပ်ဖို့တော့ မတတ်ပါဘူး။ စည်းစိမ်ခံစားဖို့၊ ပြည်သူ့ဘဏ္ဍာကို မကုန်ကုန်အောင်ဖြုန်းဖို့သာ တတ်ပါတယ်။

အဲ့ဒါကြောင့် တကယ့်အုပ်ချုပ်ရေးအာဏာကို သူ့အကျိုးကို လိုလားတဲ့ ကောက်ကျစ်ယုတ်မာသူကိုသာ လွှဲအပ်ထားပါတယ်။ ဒါပေမယ့် အာဏာဆိုတာ ကိုင်မိသူကို အယုတ်အလတ် အမြတ်မရွေး ယစ်မူးစေတယ် မဟုတ်လား။ အိမ်စောင့်အစိုးရ ပေးလုပ်လိုက်မိတာ တသံသရာလုံးမှောက်သွားမှန်း ဘဘကြီးဦးနုလောက် သိတဲ့သူ ဘယ်ရှိမလဲ။ (သူ့သမီး ဒေါ်သန်းသန်းနု ရှိသေးတယ်လေ။ မေးကြည့်ပါလား) အခုလည်း မိန်းမစိုးကြီးကို အာဏာအပ်မိတော့ ဟိုကသူ့လက်ထဲ အာဏာမြဲအောင် ဆင်ကြံကြံပါတော့တယ်။

အဲသည်လိုကြံဖို့ ပထမဦးဆုံး အားစမ်းတဲ့အလုပ်က အခုလိုပဲ လွှတ်တော်ထဲမှာ မဲခွဲတာနဲ့ စရတာပေါ့။ နန်းရင်ပြင်ထဲ သမင်တစ်ကောင်ခေါ်လာပြီး “မြင်းရိုင်းတစ်စီး ဆက်ပါရစေ။” လို့ လျှောက်တယ်။ သမင်ကြီး မြင်လျက်သားနဲ့ မြင်းလို့ ပြောတာဟာ ရယ်စရာမှတ်လို့ မိန်းမစိုးကြီးကို ငြင်းတဲ့အခါ ဟိုက သမင်လား မြင်းလား လွှတ်တော်မှာရောက်နေတဲ့အမတ်တွေကို မဲခွဲကြည့်ပါလားလို့ အကဲစမ်းပါသတဲ့။ ဒါပေမယ့် လွှတ်တော်ထဲက မူးမတ်တွေအကုန်လုံးက သမင်ကို မြင်လျက်နဲ့ပဲ မြင်းပါ လို့ ထွက်ဆိုသွားပါတယ်။ သည်အဖြေကို မြင်တဲ့အတွက် နိုင်ငံရဲ့အာဏာဟာ ရှင်ဘုရင်ဆီမှာလား မိန်းမစိုးဆီမှာလားဆိုတာ ပရိသတ်ဗိုလ်ပုံ အကုန်သဘောပေါက်သွားခဲ့တာပေါ့။ ငါတို့တိုင်းပြည်ကလည်း လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင်ကျော်လောက်က တရုတ်ပြည်က ကျားကျားမီးယပ် ဇာတ်လမ်းဟောင်းကြီးကို အခုထက်ထိ တုကနေသေးတာ သိပ်အံ့သြဖို့ကောင်းတာပဲ။

သူတို့ထက် ပိုအ တာကတော့ “အဲ့ဒါ သမင် မဟုတ်ဘူး။ မြင်းလေ။ ဘယ်မှာပဲတွေ့တွေ့ မြင်းလို့ခေါ်ရမယ် မှတ်ထား” လို့ ငယ်ငယ်ကတည်းက အသင်ခံထားရတဲ့သူတွေပေါ့။ “မိမိ ဘဝရှေ့ရေးနှင့် ကိုယ်ကျိုးစီးပွားအတွက် ယနေ့မှစ၍ သမင်ကိုမြင်စေကာမူ အမိန့််အရ မြင်း ဟု မှတ်ယူပါတော့အံ့။” လို့ သစ္စာ အဓိဋ္ဌာန် ပြုထားသူများ ဖြစ်ပါလိမ့်မယ်။ တစ်လ ဆယ်သိန်း ရနေမှတော့ သမင် မြင်းလုပ်စီးရတာ ဘာအပန်းကြီးတာလိုက်လို့။ အိမ်း ... သည်လူတွေကို ရန်လုပ်မနေပဲ သူတို့ကို “ဆင်လို့ခေါ်လိုက်စမ်း မြင်းလို့ခေါ်လိုက်စမ်း” အမိန့်ပေးနိုင်တဲ့သူ ဖြစ်အောင် ကြိုးစားကြရုံရှိတာပေါ့လေ။ သူတို့ကိုတော့ သည်အတိုင်းပဲ ထားတာ ကောင်းပါတယ်။ နို့မို့ အထွန့်တက်နေရင် ဘယ်လိုအုပ်ချုပ်မလဲနော့။ မြင်းလှည်းသမားများဟာ သူတို့မြင်းကို ဘာဖြစ်လို့ သားရေပြားအမည်းလေးနဲ့ ကာပေးထားသလဲ သိလား။ လိုချင်တဲ့ဆီကို ကြိမ်တို့လို့ မရမှာစိုးလို့ဗျ။ စစ်ရေးအမြင် အဲလေ ကာကွယ်ရေးအမြင်ရှိတဲ့သူဆိုတာ ကိုယ့်လက်အောက်က တပ်ကို ဘာမှ ပေးမသိတာ ကောင်းတယ်။

ဟိတ်ကောင်တွေ။ ဘီဘီစီ နားမထောင်နဲ့။ ဗီအိုအေ နားမထောင်နဲ့။ ငါတို့ ခွင့်ပြုထားတာမဟုတ်ပဲ ဖေ့စ်ဘုတ် မသုံးနဲ့။ မင်းတို့ဖတ်ချင် လုပ်သား ကြေးမုံ ဖတ်ကြ။ မင်းတို့ကြည့်ချင် မြဝတီလိုင်းတွေ ကြည့်ကြ။ မင်းတို့ရေးချင် စရဏတို့၊ အာရောဂျံတို့ထဲ ဝင်ရေးကြ။ အင်တာနက်သုံးချင် ရဲမိုးတို့ ရောင်နီဦးတို့ ရှိတယ်။ ကျုပ်ဆိုရင်တော့ အဲ့သလို ဆက်အုပ်ချုပ်ထားမှာပဲဗျား။ ကိုင်း တွေ့လား။ သံသရာကိုလည်လို့။

ငွေစန်းရောင်

The Ladies News Journal ပါ သရော်စာဆောင်းပါး


ကမ္ဘာပတ် ခရီးစဉ် ပျံသန်းနေတဲ့ နေစွမ်းအင်သုံး ဆိုလာ လေယာဉ်ဟာ အရှည်ဆုံး ခရီးပိုင်း ဖြစ်တဲ့ ပစ္စိဖိတ် သမုဒ္ဒရာ ဖြတ်ပျံတဲ့ ခရီးကို ဒုတိယမြောက် ကြိုးပမ်းမှု အဖြစ် ပျံသန်းခဲ့ရာမှာ အခုတော့ ပြန်လှည့်ဖို့ မဖြစ်နိုင်တော့တဲ့ အကွာအဝေးကို ရောက်ရှိ ကျော်ဖြတ်ခဲ့ပြီလို့ သိရပါတယ်။

Solar Impulse လေယာဉ်ဟာ ဂျပန်နိုင်ငံ နာဂိုယာ မြို့ကနေ ဒေသ အချိန် တနင်္ဂနွေနေ့ ညနေပိုင်းက စတင် ထွက်ခွာ ခဲ့တာ ဖြစ်ပြီး ဟာဝိုင်ယီကို ရောက်ရှိဖို့ ၅ ရက်ကြာ ပျံသန်းရမှာ ဖြစ်ပါတယ်။

ဒီခရီးပိုင်းမှာ အရေးပေါ် အခြေအနေ ကြုံခဲ့ရင် ဆင်းသက်စရာ ကုန်းမြေ မရှိတဲ့ အတွက် လေယာဉ်မှူး အနေနဲ့ စွန့်စွန့်စားစား ပျံသန်းနေရတာ ဖြစ်ပါတယ်။

အရေးပေါ် ဆင်းသက်စရာ ကုန်းမြေ မရှိတဲ့အတွက် လေယာဉ်မှူး အတွက် စွန့်စားရတဲ့ ခရီးဖြစ်။ 
ဒါပေမယ့် မိုးလေဝသ ခန့်မှန်းချက်တွေ ကောင်းမွန် နေတဲ့အတွက် လေယာဉ်မှူး André Borschberg အနေနဲ့ ခရီးပန်းတိုင်ကို ရောက်ရှိ နိုင်မယ်လို့ ယုံကြည်ကြောင်း ခရီးစဉ် စီစဉ်သူတွေက ပြောကြပါတယ်။

ဆိုလာ လေယာဉ်ဟာ အခုလ အစောပိုင်းက မိုးလေဝသ အခြေအနေ ဆိုးရွားမှုကြောင့် ကြိုတင် စီစဉ်မထားဘဲ ဂျပန်နိုင်ငံမှာ အရေးပေါ် ဆင်းသက် ခဲ့ရတာ ဖြစ်ပြီး ဒီခရီးပိုင်းကို ဆက်ဖို့ သီတင်း ၃ ပတ်ကျော်ကြာ စောင့်ဆိုင်းနေခဲ့ရတာ ဖြစ်ပါတယ်။

လေယာဉ်မှူး André Borschberg ဟာဝိုင်ယီကို ချောချောမွေ့မွေ့ ရောက်ရှိခဲ့မယ် ဆိုရင်တော့ လေယာဉ် ပျံသန်းမှု သမိုင်းမှာ တစ်ဦးတည်း အချိန်အကြာဆုံး ပျံသန်းမှု ဖြစ်လာမှာ ဖြစ်သလို နေစွမ်းအင် တစ်ခုတည်းနဲ့ ခရီးအရှည်ဆုံး ပျံသန်းမှုလည်း ဖြစ်လာမှာ ဖြစ်ပါတယ်။

ပစ္စိဖိတ် သမုဒ္ဒရာ ဖြတ်ပျံတဲ့ ခရီးဟာ ဆိုလာ လေယာဉ်ရဲ့ ကမ္ဘာပတ် ခရီးစဉ် အတွင်း ၈ ခုမြောက် ခရီးပိုင်း ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese


‘ပြည်သူလူထုအများစုကြီးဟာ အနာဂတ်နိုင်ငံရေးမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍရှေ့တန်းမှ ပါဝင်ရမယ်ဆိုတဲ့ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေပါပြဋ္ဌာန်းချက်ကို မကြိုက်ပါဘူး။ ဒါဟာ ပြည်သူ့အကျိုး၊ ပြည်သူ့အခွင့်အရေးကို နောက်တန်းပို့ရာရောက်တယ်။’
------ ------ ------ ------

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေနဲ့ မမှန်မကန်လုပ်ဆောင်နေတဲ့ လူနည်းစုရဲ့ အမုန်းခံမလား၊ ပါတီကို အဆုံးခံမလား ရွေးချယ်ရတော့မည့် အချိန်အခါကျရောက်ပြီဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ ဦးတင်ထွတ်က ဝေဖန် သုံးသပ်ကြောင်း သိရပါတယ်။

''ပါတီတွင်း အားနည်းချက်များမှာ ပါတီဝင်များတွင် အာဏာငန်းဖမ်းနေသူများ၊ နေရာလိုချင်သူများ၊ ထင်ပေါ်လိုသူများ၊ ပြည်သူက အမြင်မကြည်သူများ ရောထွေးနေကြောင်း၊ ကြံ့ခိုင်ရေးပါတီဝင်များကိုယ်တိုင် အခြားပါတီသို့ မဲပေးကြောင်း၊ ရပ်ကျေး၊ မြို့နယ်၊ ခရိုင်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ပါတီကော်မတီများတွင် ပါတီကေဒါနဲ့မတူဘဲ လခစား ၀န်ထမ်းဆန်ဆန် ပြုမူခြင်း၊ ထောက်ပံ့ကြေးနှင့် ကုန်ကျစရိတ်မရလျှင် အလုပ်မလုပ်ခြင်း၊ စစ် အလေ့အထရောဂါ၊ အာဏာငန်းရူးရောဂါ၊ အချောင် သမားရောဂါ၊ သူလှျိုဒလန်ရောဂါ၊ အကျင့်ပျက်ရောဂါတည်းဟူသော သူငယ်နာငါးမျိုး စွဲကပ်နေခြင်း၊ ၀န်ကြီးဌာနအများစုသည် တပ်မတော် အရာရှိ ကြံ့ခိုင်ရေးပါတီဝင်များ၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြပြီး ထိုသူများအပေါ် မကျေနပ်၊ မနှစ်သက်၊ မကြည်ညိုမှုများသည်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပေါ် မကောင်းသောဆိုးကျိုးများ ကျရောက်စေခဲ့ပါတယ်''ဆိုပြီး ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ရှုံးနိမ့်ရခြင်းနှင့်ပတ်သက်ပြီး ပြည်ခိုင်ဖြိုးဗဟိုအတိုင်ပင်ခံ ဦးတင်ထွတ်က သုံးသပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပြင် ''အစိုးရအုပ်ချုပ်ရေးအဆင့်ဆင့်ရဲ့ အကျင့်ပျက်လာဘ်စားမှု၊ အနိုင်ကျင့်မှု၊ ကိုယ်ကျိုးရှာမသမာမှုများရှိနေခြင်း၊ အထက်မှအောက်သို့ အမိန့်ပေး၊ အမိန့်စီးဆင်းသည့် 'စစ်အလေ့ထရောဂါ'ကို ပြည်သူများရော၊ ၀န်ထမ်းများပါ ကြုံတွေ့စားနေရ၍ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် အပြောင်းအလဲကို တမ်းတမျှော်လင့်နေကြောင်း တွေ့ရှိရပါသည်။ ပြည်ခိုင်ဖြိုးပါတီသည် လက်ရှိအစိုးရအပေါ် မိမိတို့ တင်မြှောက်ထားသည့် မိမိတို့၏အစိုးရဟုလည်းကောင်း၊ အဖွဲ့ဝင်များကို ရဲဖော်ရဲဖက်များ၊ လုပ်ဖော်ကိုင် ဘက်များဟုလည်းကောင်း၊ သဘောထားပြီး သက်ညှာသော၊ ကြင်နာသော၊ ကူညီပံ့ပိုးလိုသဖြင့် အစိုးရ၏ ငြိုငြင်မှုခံရမှာကို စိုးရိမ်သောစိတ်ထားဖြင့် အစိုးရအပေါ် ဝေဖန်ခြင်း၊ ထောက်ပြခြင်းပြုလုပ်ရန် တုံ့နှေးလျက် ရှိကြောင်း တွေ့ရှိရပါသည်။ ယင်းလုပ်ရပ်များအပေါ် ပြည်သူများက အားမလို အားမရဖြစ်လျက်ရှိပါသည်''လို့ ဦးတင်ထွတ်က သုံးသပ်ထားပါတယ်။

ဆက်လက်ပြီး ဦးတင်ထွတ်က ''ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်နှင့် သန့်ရှင်းသောအစိုးရဖြစ်ပေါ်ရေးကို ပါတီကဦးဆောင်၍ ပြုပြင်ပေးမှသာလျှင် ပါတီ၏အနာဂတ်အရေး ကောင်းမွန်လှပမည်ဖြစ်သည်။ ထို့ကြောင့် ပုဂ္ဂိုလ်ရေးသံယောဇဉ်၊ အဖွဲ့အစည်းသံယောဇဉ်များကို ဖြတ်တောက်လျက် တိုင်းပြည်နှင့်လူမျိုးအကျိုးတခုတည်းကိုသာ ကြည့်ရှုထောက်ထားပြီး ရဲရဲဝံ့ဝံ့ သတ္တိရှိရှိ ဆောင်ရွက်သွားရန်မှတပါး အခြားနည်းလမ်းမရှိကြောင်း ထင်မြင်ယူဆပါသည်။ မမှန်မကန်လုပ်နေသော လူနည်းစု၏ အမုန်းခံမလား၊ ပါတီကို အဆုံးခံမလား၊ ရွေးချယ်ရတော့မည့် အချိန်အခါဖြစ်ကြောင်း တင်ပြအပ်ပါသည်''ဆိုပြီး ဝေဖန်ရေးလုပ်ထားပါတယ်။

အမှန်ဆိုရရင် ပြည်ခိုင်ဖြိုးပါတီဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဥုံဖွ မန်းမှုတ်ပြီး ဖန်တီးမှုကြောင့် ပေါ်ပေါက်လာတဲ့ နိုင်ငံရေးပါတီဖြစ်ပါတယ်။ ပါတီမဖြစ်မီ အသင်းဘ၀က အသင်းရဲ့ ဗဟိုအလုပ်အမှုဆောင်အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေ၊ ဌာနဆိုင်ရာအကြီးအကဲတွေဟာ အသင်းအမှုဆောင် သင်တန်းဆင်းပွဲကိုမှ မှန်မှန်ကန်ကန် မတက်ရောက်တာမို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုယ်တိုင် ခေါ်ယူသတိပေးခဲ့ကြောင်း သိရပါတယ်။ အမှန်တော့ နိုင်ငံရေးသမားမဟုတ်သူများ၊ နိုင်ငံရေးအပေါ် စိတ်မ၀င်စားသူများကို တာဝန်ပေးလို့၊ တာဝန်ပေးခံရပြီး မတတ်၍ ၀င်ရောက်လုပ်ကိုင်သူများ ပေါင်းစည်းရာမှာ ဖြစ်ပေါ်လာတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်စတဲ့ ပြည်ခိုင်ဖြိုးစည်းရုံးမှုအချို့ဟာ နိုင်ငံရေးကို စိတ်ဝင်စားလို့၊ အများအကျိုး၊ တိုင်းပြည်အကျိုး သယ်ပိုးချင်လို့မဟုတ်ဘဲ အခွင့်အရေးလိုချင်လို့ လူရာဝင်ချင်လို့ ပြည်ခိုင်ဖြိုးအသင်းကြီးကို ၀င် ရောက်ခဲ့ကြသူများ ဖြစ်ကြပါတယ်။ ဒါကြောင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းကြီးဘ၀မှာ နိုင်ငံရေးပါတီအဖြစ် အသွင်ပြောင်းခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီဟာ မျိုးစေ့မမှန်ဘူးလို့ ဆိုပါတယ်။

ဒီလိုပါတီမျိုးမှာ အာဏာငန်းဖမ်းသူတွေ၊ နေရာလိုချင်သူတွေ၊ ထင်ပေါ်လိုသူတွေ၊ ပြည်သူ အမြင်မကြည်လင်သူတွေ ပေါများနေတာဟာ ထူးပြီးမဆန်းတဲ့ကိစ္စဖြစ်ပါတယ်။ ဒါ့ပြင် ပြည်ခိုင်ဖြိုးပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်များဟာ စစ်ဗိုလ် လူထွက်တွေဖြစ်တာမို့ စစ်အလေ့အထရောဂါ၊ အမိန့်ပေးအမိန့်ခံရောဂါ၊ အာဏာငန်းရူးရောဂါ စွဲကပ်နေတယ်ဆိုတဲ့ ဦးတင်ထွတ်ရဲ့ သုံးသပ်ချက်ဟာ ရာနှုန်းပြည့်မှန်ဖို့ များပါတယ်။
မြန်မာ့အရေး လေ့လာသူ သုတေသီတဦးက ပြည်သူလူထုရဲ့ ရင်ထဲမှာဖြစ်ပေါ်နေတဲ့ စစ်တပ်အပေါ်အမုန်း၊ အစိုးရအပေါ်အမုန်း၊ အာဏာရ ပြည်ခိုင်ဖြိုးပါတီအပေါ် အမုန်းတရားများကြောင့် လာမည့် ၂၀၁၅ ရွေး ကောက်ပွဲမှာ ပြည်သူလူထုရဲ့အမုန်းမဲများဟာ အတိုက်အခံအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် အခြားသော ဒီမိုကရေစီအင်အားစုများ၊ တိုင်းရင်းသားပါတီများထံ ရောက်သွားနိုင်ကြောင်း သုံးသပ်ပါတယ်။

ပြည်သူလူထုအများစုကြီးဟာ အနာဂတ်နိုင်ငံရေးမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍရှေ့တန်းမှ ပါဝင်ရမယ်ဆိုတဲ့ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေပါပြဋ္ဌာန်းချက်ကို မကြိုက်ပါဘူး။ ဒါဟာ ပြည်သူ့အကျိုး၊ ပြည်သူ့အခွင့်အရေးကို နောက်တန်းပို့ရာရောက်တယ်။ တပ်မတော်ဟာ လုပ်ပိုင်ခွင့်အာဏာနဲ့ ပတ်သက်ပြီး မိမိတို့သာရယူဖို့ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို အကွက်ကျကျ ရေးဆွဲခဲ့တယ်လို့ ပြည်သူလူထုအများစုကြီးက ယူဆကြပါတယ်။ ဒါ့ပြင် ရွေးချယ်ခံမဟုတ်တဲ့ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း လွှတ်တော်အဆင့်ဆင့်မှာ အခန့်သား ၀င်ထိုင်နေတာကို ပြည်သူလူထုက မကြိုက်ကြပါဘူး။ တပ်မတော်ဟာ တိုင်းပြည်ကာကွယ်ရေးသက်သက် တာဝန်မထမ်းဆောင်ဘဲ ကိုယ်တိုင်စီးပွားရေးဝင်လုပ်တယ်။ အထူးသဖြင့် နိုင်ငံတ၀န်း မြေသိမ်းယာသိမ်းကိစ္စအများစုတွင် စစ်တပ်မှပါဝင်ပတ်သက်နေတာကို ပြည်သူအများစုက မနှစ်သက်ကြပါဘူး။

ပြည်ခိုင်ဖြိုးပါတီဟာ တပ်ခေါင်းဆောင်များကိုဗဟိုပြုပြီး ဖွဲ့စည်းထားပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီ အနိုင်ရပြီး သမ္မတဦးသိန်းစိန် အစိုးရပေါ်လာပါတယ်။ ဒီအစိုးရဟာ တပ်မတော်အပေါ် ကျောထောက်နောက်ခံပြုထားတယ်လို့ ပြည်သူလူထုက ယူဆတာမို့ ဒီယူဆချက်ဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးအတွက် ဆိုးကျိုးသက်ရောက်နိုင်ပါတယ်။

၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းမှာ သမ္မတဦးသိန်းစိန်အစိုးရ တက်လာပါတယ်။ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲမှာ ဦးသိန်းစိန်က ပြည်သူဗဟိုပြုတဲ့ မူဝါဒ၊ သန့်ရှင်းတဲ့ အစိုးရ၊ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစကားလုံးတွေ မိန့်ကြားခဲ့တဲ့အတွက် ပြည်သူလူထုဟာ အားတက်ပြီး မျှော်လင့်ချက်ထားခဲ့ကြပါတယ်။ အထူးသဖြင့် သမ္မတဦးသိန်းစိန်က NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးပြီး တိုင်းပြည်အတွက် လက်တွဲ လုပ်မယ့် အရိပ်အယောင်ပြတဲ့အခါ ပိုပြီး ၀မ်းမြောက်ဝမ်းသာဖြစ်ခဲ့ကြပါတယ်။ ဒါပေမဲ့ သမ္မတဦးသိန်းစိန်အစိုးရရဲ့ သက်တမ်းကုန်ခါနီးပါပြီ။ ပြည်သူလူထုအများစုကြီးဟာ သမ္မတကြီးပြောတဲ့ ပြုပြင်ပြောင်းလဲမှုရဲ့ အကျိုးကျေးဇူးများကို ဘာတခုမျှ မခံစားရပါဘူး။ ဆင်းရဲချမ်းသာ ပိုပြီး ကွာဟလာပါတယ်။ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေ၊ လယ်သိမ်းခံ လယ်သမားတွေ၊ လုပ်ခတိုးတောင်းတဲ့ အလုပ်သမားတွေ၊ အမျိုးသားပညာရေးဥပဒေပြင်ဆင်ပေးဖို့ ဆန္ဒဖော်ထုတ်တဲ့ ကျောင်းသားတွေ အများအပြား သမ္မတဦးသိန်းစိန်အစိုးရလက်ထက်မှာ ထောင်ထဲရောက်နေကြပါတယ်။ နေစရာမရှိတဲ့ ကျုးကျော်သူတွေကို အာဏာပိုင်များက အင်အားသုံး ဖယ်ရှားနေပါတယ်။ ဒီလို ပြည်သူလူထုတွေရဲ့ အမုန်းတရားတွေ၊ အမုန်းမဲတွေ ၂၀၁၅ ရွေးကောက်ပွဲမှာ ဘယ်သူတွေဆီ ရောက်မယ်လို့ ထင်ပါသလဲ။

ရွေးကောက်ပွဲနီးခါမှ ''ဒံပေါက်တထုပ်ကျွေးရုံနှင့် သည်လူကတော့ ကျေးဇူးရှင်ထင်မည် မဟုတ်။ ရာဇ၀င်အူပေါက်ကို သိသူချည်း ဖြစ်သည်။ ရွေးကောက်ပွဲနီးမှ ငွေလာချေးရုံနှင့်လည်း ထောက်ခံမည် မဟုတ်။ သည် ပိုက်ဆံတွေသည် လူထုပိုက်ဆံတွေဆိုတာ လူထုသိပြီးဖြစ်တယ်လို့ ဆရာဖေမြင့်က 'အတ္တနောမတိများ'ဆောင်းပါး၌ ဖော်ပြထားပါတယ်။

အာဏာရပြည်ခိုင်ဖြိုးပါတီအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ သန့်သန့်ရှင်းရှင်း တရားမျှတစွာ ယှဉ်ပြိုင်ပါ့မလားဆိုပြီး ပြည်သူလူထုအတွင်း သို့လောသို့လော ဖြစ်ပေါ်နေပါတယ်။ ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်တဦးက ပါတီဟာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ရှုံးနိမ့်မှုမှ သင်ခန်းစာယူပြီး ပြင်ဆင်ပြောင်းလဲမှုတွေ လုပ်ထားတယ်။ ပြည်သူ့ဗဟိုပြုစည်းရုံးရေးမဟာဗျုဟာတွေ ချမှတ်ထားတယ်လို့ ပြောပါတယ်။

အာဏာရပါတီဟာ ငွေကြေးအင်အား တောင့်တင်းပါတယ်။ ရွေးကောက်ပွဲအတွက် တလလျှင် သိန်းပေါင်းသောင်းချီပြီး သုံးစွဲနေတယ်လို့ ဆိုပါတယ်။ အာဏာလက်ရှိဖြစ်လို့ ခရီးသွားဟန်လွဲ စည်းရုံးနိုင်ပါ တယ်။ ဒါပေမဲ့ ပါတီဟာ စစ်အစိုးရလက်ထက်က နိုင်ငံပိုင်အဆောက်အအုံတွေ၊ ငွေကြေးတွေကို ဆက်ခံသုံးစွဲနေတယ်လို့ ပြည်သူလူထုက ယူဆပါတယ်။ ဥပမာတခုပြရရင် ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၂ ကြား ဖြတ်ရွေးကောက်ပွဲများက ရန်ကုန်မြို့တွင်းရပ်ကွက်တွေမှာ စည်ပင်က လမ်းခင်းပေးပြီး ပြည်ခိုင်ဖြိုးပါတီက လုပ်အားထည့်ဝင်သည်ဆိုပြီး နာမည်ကောင်းဝင်ယူခဲ့တာတွေ ရှိပါတယ်။ နောက်ပြီး လ၀ကမြို့နယ်ရုံးတွေ၊ ရပ်ကွက်ဝတ်အသင်းတွေဆီက ဓာတ်ပုံတွေယူ၊ ကာယကံရှင်မသိဘဲ ပါတီဝင်ကတ်ပြားမှာကပ်ပြီး ပါတီဝင်အဖြစ် အင်အားပြတာမျိုးတွေ ပြည်ခိုင်ဖြိုးရွာ၊ ပြည်ခိုင်ဖြိုးမြို့၊ ရခိုင်တိုင်းရင်းသားများရဲ့ ပြည်ခိုင်ဖြိုးပါတီ၊ ချင်းတိုင်းရင်းသားများရဲ့ ပြည်ခိုင်ဖြိုးပါတီဆိုပြီး မလိမ့်တပတ်လုပ်တာတွေ ရှိပါတယ်။ ဒီလို ပွင့်လင်းမြင်သာမှုမရှိ၊ ရိုးသားမှုမရှိတဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ လုပ်ရပ်အမှားများကို ပြည်သူလူထုက မုန်းတီးကြပါတယ်။

အာဏာရအုပ်စုဝင်များဟာ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးနဲ့အာဏာတို့အကြားမှာ နက်နက်ရှိုင်းရှိုင်းဆက်နွယ် ပတ်သက်နေကြပါတယ်။ ဒါကြောင့် သူတို့အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ဘယ်နည်းလမ်းနဲ့မဆို အနိုင်ရအောင်လုပ်ကြမှာဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာပြည်သူလူထုဟာ ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံဥပဒေ ပြည်သူ့ဆန္ဒခံယူပွဲကျင်းပတုန်းက လူထုမဟုတ်တော့ပါဘူး။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတုန်းက ကြိုတင် မဲအထုပ်လိုက်နဲ့ ပြည်ခိုင်ဖြိုးပါတီ အနိုင်ရစဉ်က မြန်မာပြည်သူလူထု မဟုတ်ကြတော့ပါဘူး။ နိုင်ငံရေးအသိ၊ နိုင်ငံရေးခံယူချက် နိုးကြားလာကြပါပြီ။ ဒီအစိုးရ၊ ဒီအာဏာရပါတီ အာဏာရနေသမျှကာလပတ်လုံး ငါတို့တတွေရဲ့ဘ၀တွေ ဘယ်လိုမှတိုးတက်မှာ မဟုတ်ဘူး။ မြန်မာနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံများရဲ့ ဖွံ့ဖြိုးတိုးတက်မှုအဆင့်ကို ဘယ်တော့မှ အမီလိုက်နိုင်မှာ မဟုတ်ဘူး။ အရာရာကို ပြုပြင်ပြောင်းလဲမှ ဖြစ်တော့ မယ်။ လူရော မူရော ပြောင်းလဲရမယ်ဆိုပြီး ပြည်သူလူထုတရပ်လုံးက အားခဲထားကြပါတယ်။

ဒါကြောင့် အာဏာရပါတီ၊ အစိုးရနဲ့ တပ်မတော်အပေါ်ထားရှိတဲ့ ပြည်သူလူထုရဲ့ အမုန်းမဲပြားတွေဟာ အဓိကအတိုက်အခံပါတီ၊ ဒီမိုကရေစီအင်အားစုများ၊ တိုင်းရင်းသားပါတီများထံ ရောက်သွားပြီး ၉၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းကလိုမျိုး 'သမိုင်းတကျော့ပြန်လည်လာနိုင်တယ်' ဆိုပြီး နိုင်ငံရေးပညာရှင်များ၊ သုတေသီများက ဟောကိန်းထုတ်နေကြ ကြောင်းပါဗျာ။

ဝိုင်းတော်သားတဦး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

 ရန်ကုန်တိုင်းဒေသကြီး ရပ်ကွက်တစ်ခုမှာ မဲစာရင်း လာရောက်ကြည့်ရှုဖို့ နှိုးဆော်ကြော်ငြာထားစဉ် Photo: Aung Thain Kha/ RFA

အခုလာမယ့် အောက်တိုဘာလကုန် ဒါမှမဟုတ် နိုဝင်ဘာလဆန်းမှာ ကျင်းပဖို့ရှိတဲ့ ရွေးကောက်ပွဲ မှာ ပြည်ပရောက်မဲဆန္ဒရှင်တွေ မဲဆန္ဒပေးနိုင်ဖို့ စာရင်းပေး သွင်းနိုင်တယ်လို့ အမေရိကန် ပြည်ထောင်စု ၀ါရှင်တန် ဒီစီမြို့တော်မှာ အခြေစိုက်တဲ့ မြန်မာသံရုံးက ကြေငြာချက်ထုတ်ပြန်ထားပါတယ်။

မြန်မာအစိုးရရဲ့ ခွင့်ပြုချက် ဒါမှမဟုတ် သက်ဆိုင်ရာနိုင်ငံတွေကို တရားဝင်ရောက် ရှိနေပြီး မြန်မာနိုင်ငံကူး လက်မှတ် ကိုင်ဆောင်ထားတဲ့ အသက် ၁၈ နှစ်ပြည့်ပြီး သူတွေ စာရင်းပေးသွင်းနိုင်တယ်လို့ ဖော်ပြထားပါတယ်။ ဒီနှစ် အောက်တိုဘာလကုန်မှာ အသက် ၁၈ နှစ်ပြည့်မယ့် သူတွေပါ စာရင်းသွင်းနိုင်တယ်လို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေဟာ အရှေ့ဘက်ခြမ်း ၀ါရှင်တန်ဒီစီမြို့တော်မှာ ရှိတဲ့ မြန်မာသံရုံး၊ နယူးယောက်မြို့မှာရှိတဲ့ မြန်မာ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ အနောက်ဘက်ခြမ်း ကယ်လီ ဖိုးနီးယားပြည်နယ် လော့အိန်ဂျလိစ်မြို့မှာရှိတဲ့ မြန်မာကောင်စစ်ဝန်ရုံးတွေကို စာရင်းပေးသွင်းနိုင်တယ်လို့ ပြော ပါတယ်။

အသေးစိတ်ကို သံရုံးအင်တာနက် စာမျက်နှာ www.mewashingtondc.com မှာ ၀င်ရောက် ကြည့်ရှုနိုင်ပါတယ်။

RFA Burmese
http://www.rfa.org/burmese


ခတ္တမန္ဒူ ဇွန် ၂၈

နီပေါနိုင်ငံ အနောက်ပိုင်း တွင် မိုးသည်း ထန်စွာ ရွာသွန်းပြီး ရေကြီးမှု များဖြစ်ပေါ် ခဲ့ခြင်းကြောင့် အနည်းဆုံး လူလေးဦး သေဆုံးပြီး နေအိမ် အများအပြား ရေနစ်မြုပ် လျက်ရှိကြောင်း ဒေသတွင်း သတင်း ဌာနကြီး တစ်ခု က ဇွန် ၂၈ ရက်တွင် ဖော်ပြ ထားသည်။ နိုင်ငံ အတွင်း၌ လွန်ခဲ့သည့် သုံးရက်မှ စ၍ မိုးသည်း ထန်စွာ ရွာသွန်းမှု ကြောင့် ကာအီ လာလီ၊ ဒိုတီနှင့် ကန်ချာပူရ စသည့်ခရိုင် သုံးခုတွင် ဇွန် ၂၇ ရက်က လူ သေဆုံးမှုများ ဖြစ်ခဲ့ပြီး ဒေသ အတွင်းရှိ နေအိမ် ၂၅ဝဝ ကျော် မှာ ရေနစ်မြုပ်မှု ဒဏ်နှင့် ကြုံတွေ့ ရလျက်ရှိ ကြောင်း ဒေသတွင်းရှိ ရဲတပ်ဖွဲ့က ပြောကြား ထားသည်။

 အလားတူ ရေကြီးမှု ကြောင့် နိုင်ငံ အနောက်ပိုင်း နှင့် ဆက်သွယ် ထားသည့် လမ်းမကြီးများ မှာ ရေလွှမ်းမိုး ခြင်းခံခဲ့ရပြီး မဟာကာလီ မြစ်မှ လျှံတက်လာ သည့် မြစ်ရေများ ကြောင့် ဘန်းဂါ ဘာဂါ ဒေသရှိ နေအိမ် သုံးလုံးမှာ ရေစီးနှင့် မျောပါ သွားခဲ့ကြောင်း သိရသည်။

ထို့အပြင် မြို့တော် ခတ္တမန္ဒူ ၏ အနောက် ဘက် ကီလိုမီတာ၂ဝဝ အကွာရှိ ဂေါကာ ခရိုင် တွင် မြေပြိုမှုများ ဆက်လက် ဖြစ်ပွားလျက်ရှိ သောကြောင့် မြစ် ကမ်းပါးနှင့် နီးစပ်သည့် ဒေသများရှိ ဒေသခံ ပြည်သူ များကို ဘေးလွတ် ရာသို့ အာဏာပိုင် များက ပြောင်းရွှေ့ ပေးထားကြောင်း နှင့် ယင်း ဒေသရှိ ဗောဓိဂန် ဒါကီ မြစ်မှာလည်း မြင့်တက် လျက်ရှိကြောင်း အာဏာပိုင် များက ပြောကြား ခဲ့သည်။ မြေပြို မှုများကြောင့် ယာယီ ကယ်ဆယ်ရေး စခန်း ၂ဝ ခန့် ပြိုကျ ခဲ့ကြောင်း ထုတ်ပြန် ချက်များ အရ သိရသည်။

Pyi Chit thar
http://www.pyichitthar.com


 သမ္မတဦးသိန်းစိန် လက်မှတ်ရေးထိုး အတည်ပြု ပြဌာန်း လိုက်တဲ့ အမျိုးသား ပညာရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကို ဗကသများ အဖွဲ့ချုပ်က ဆန့်ကျင် ကန့်ကွက်လိုက်ပါတယ်။ ပညာရေးမှာ အစိုးရရဲ့ဗဟိုချုပ်ကိုင်မှု စနစ် လျော့ချရေး ဆိုတဲ့ ကျောင်းသားတွေ အဓိကတောင်းဆိုထားတဲ့ အနှစ်သာရ ဒီပြင်ဆင်တဲ့ ဥပဒေမှာ လုံးဝမပါဝင်ခဲ့ဘူးလို့ ဗကသများအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ်က ဗွီအိုအေကိုပြောပါတယ်။မအင်ကြင်းနိုင်က အပြည့်အစုံ တင်ပြပေးထား ပါတယ်။

ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်လိုက်တဲ့ အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်တဲ့ဥပဒေကို သမ္မတဦးသိန်းစိန်က ဇွန်လ (၂၅) ရက်နေ့ ရက်စွဲနဲ့ လက်မှတ်ရေးထိုးပြီး ပြဌာန်းလိုက်တာပါ။ အဲဒီ ပြင်ဆင်တဲ့ ဥပဒေထဲက အခန်း (၄) ဟာ အဓိကအငြင်းပွားစရာဖြစ်နေပြီး အရင် မူလဥပဒေ အတိုင်း ပညာရေးလွတ်လပ်ခွင့်ကို ထိန်းချုပ်ထားတဲ့အချက်တွေပါဝင်နေဆဲဖြစ်တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် ဗကသ ဒုဥက္ကဋ္ဌ ကိုလင်းထက်နိုင်က ပြောပါတယ်။

“အမျိုးသားပညာရေးကော်မရှင်ရဲ့လုပ်ပိုင်ခွင့်နဲ့ ဖွဲ့စည်းပုံအရ တော်တော်ကြီးကို၊ တနိုင်ငံလုံးရဲ့ပညာရေးကို အဲဒီကော်မရှင်က ပြန်ပြီး ထိန်းချုပ်လိုက်တယ်။ အဲဒီကော်မရှင်က ဘယ်လိုတွေ ဖွဲ့စည်းလဲဆိုရင် အဲဒီဥပဒေမှာ သမ္မတကခန့်အပ်တာ၊ ပြည်သူ့လွှတ်တော်ကခန့်အပ်တာ၊ အမျိုးသားလွှတ်တော်က ခန့်အပ် တာ၊ ဝန်ကြီးဌာနကခန့်အပ်တာ စသည်ဖြင့် ခန့်အပ်မှုတွေပါပြီးတော့ ဒီသဘောအရ အောက်ခြေ ပြည်သူနဲ့ကျောင်းသားဘက်ကနေ ပြန်ပြီး ကိုယ်စားလှယ် ထည့်ခွင့်မပါဘူး။ အစိုးရဘက်က ကိုယ်စားလှယ်တွေနဲ့ပဲ ကော်မရှင်ကို ပြန်ပြီးတော့ ဖွဲ့မယ်။ အဲဒီကော်မရှင်ကပဲ သင်ရိုးညွှန်းတမ်းကို လည်းကောင်း၊ ပညာရေး၊ တက္ကသိုလ်တွေရဲ့ပေါ်လစီတွေကိုသော်လည်းကောင်း မူဝါဒတွေကို ပြန်ပြီးတော့ ထိန်းချုပ်မယ်ဆိုပြီးတော့ ဥပဒေမှာ အခိုင်အမာ နေရာပြန်ယူသွားတယ်။”

ဒါ့အပြင် လေးပွင့်ဆိုင်ဆွေးနွေးပွဲသဘောတူညီချက်အရ ပညာရေးအသုံးစရိတ်ကို (၅) နှစ်အတွင်း နိုင်ငံရဲ့ဘဏ္ဍာငွေ (၂ဝ%) ထိသုံးစွဲဖို့ ဆိုတဲ့ အချက်နဲ့ ပတ်သက်လို့ ပြင်ဆင်လိုက်တဲ့ပညာရေးဥပဒေမှာ ၂ဝ % အထိ ရောက်ရှိရေး ရည်မှန်း သုံးစွဲမယ်ဆိုပေမယ့် နှစ်ကာလနဲ့ပတ်သက်လို့ အတိအကျ ဖေါ်ပြထားခြင်း မရှိဘူးလို့ ကိုလင်းထက်နိုင်ကပြောပါတယ်။

“ဥပဒေမှာ ယေဘုယျဆန်တယ်ပေါ့နော်၊ သုံးချင်လည်းသုံးမယ်၊ တနှစ်ထက်တနှစ် တိုးချင်လည်းတိုးမယ်၊ နည်းချင်လည်းနည်းသွားမယ်ဆိုတဲ့ ဥပဒေမျိုးနဲ့ ပြဌာန်းလိုက်တာဖြစ်တဲ့အတွက် ကျနော်တို့နိုင်ငံရဲ့ပညာရေးက ထိထိရောက်ရောက်ဖြစ်စေနိုင်တဲ့ အပြောင်းအလဲမျိုး မဖြစ်ဘဲနဲ့ ဒုံရင်း ဒုံရင်းပဲ ဖြစ်နေအုံးမယ့် အနေအထားမျိုး ပြန်ရောက်သွားတယ်လို့ ကျနော်ယူဆပါတယ်။”

အခန်း (၄) မှာ အရင်က အမျိုးသားပညာရေးကော်မရှင်ဆိုတဲ့အမည်ကို အမျိုးသားပညာရေးမူဝါဒကော်မရှင်ဆိုပြီး ပြောင်းလဲထားတာ တွေ့ရပါတယ်။ ဒါ့အပြင် ပြင်ဆင်ထားတဲ့ဥပဒေမှာ အရင်ကလက်မခံခဲ့တဲ့ သမဂ္ဂဆိုတဲ့အသုံးအနှုန်းကို ဖေါ်ပြထားပါတယ်။ အဲဒီမှာ ကျောင်းသားသမဂ္ဂများနဲ့ ဆရာသမဂ္ဂများကို သက်ဆိုင်ရာ တက္ကသိုလ်ပဋိညာဉ်စာတမ်းနဲ့အညီ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရသည်လို့ ရေးသားထားပါတယ်။

အခုလို ကော်မရှင်နာမည်ပြောင်းပြီး သမဂ္ဂတွေဖွဲ့စည်းခွင့်ရှိတယ်လို့ ဖေါ်ပြထားပေမယ့် တက္ကသိုလ်ပဋိဥာဉ်စာတမ်းဆိုတာကို မေးခွန်း ထုတ်စရာ ဖြစ်နေတဲ့အပြင် လွတ်လပ်စွာ သမဂ္ဂတွေဖွဲ့စည်းခွင့်ဆိုတဲ့ ကျောင်းသားတွေတောင်းဆိုထားချက်နဲ့ ကိုက်ညီမှုမရှိဘူးလို့ ကိုလင်းထက်နိုင်က ပြောပါတယ်။

“ကျနော်တို့တောင်းဆိုတာနဲ့တော့ ကွာပါတယ်။ အဓိပ္ပာယ်ကလည်းကွာသလို အနှစ်သာရလည်း ကွာပါတယ်။ ကျနော်တို့တောင်းဆိုတာက အခြေခံပညာ ကျောင်းတွေအထိ တောင်းဆိုတာဖြစ်ပါတယ်။ နောက်တချက်က တက္ကသိုလ်ပဋိဉာဉ်ဆိုတဲ့နေရာမှာ ပြဿနာက တက္ကသိုလ်ပဋိဉာဉ်ကို ဘယ်သူဆွဲမှာလဲ ဆိုတာ ရှိလာပါတယ်။ အစောက ပြောသလို အမျိုးသားပညာရေးပေါ်လစီကော်မရှင်ဆိုပြီးတော့ ဗဟိုကဖွဲ့စည်းမှု၊ ဗဟိုဆိုတာကတော့ အစိုးရတို့ လွှတ်တော်တို့ကနေ ဖွဲ့စည်းတဲ့ကော်မရှင်က ဒီပဋိဉာဉ်ကိုဆွဲမယ်ဆိုရင်တော့ သူတို့ဥပဒေက ဘယ်လိုပဲ လွတ်လပ်စွာလို့ ပြောပေမယ့် ဒါက လုံးဝ လွတ်လပ်မှုဖြစ်စေမှာ မဟုတ်ဘူး။ ကျောင်းသားတွေအနေနဲ့ကတော့ ကျေနပ်စရာတခုမှ မရှိဘူး။ မှန်ကန်တဲ့ပြုပြင်ပြောင်းလဲမှုအတွက် လမ်းပေါ်ထွက်ပြီး ဆန္ဒပြခဲ့ကြတာပဲ။ ဒါကို အားလုံးလည်း သိပြီးသားပါ။ ရလဒ်က ပြင်မယ်ဆိုပြီးတော့ လေးပွင့်ဆိုင်ဆွေးနွေးခဲ့ကြတယ်။ လေးပွင့်ဆိုင်ဆွေးနွေးတုန်းကတော့ ကျနော်တို့တောင်းဆိုတဲ့ အချက် (၁၁)ချက်ပေါ့။ ကျောင်းသားသမဂ္ဂ၊ ဆရာသမဂ္ဂစတဲ့ဖွဲ့စည်းခွင့်ရရှိရေးတို့၊ ပညာရေး ဗဟိုချုပ်ကိုင်မှုလျှော့ချရေးတို့ စသဖြင့် အစိုးရကော၊ လွှတ်တော် ကိုယ်စားလှယ်ကောက သဘောတူညီခဲ့တဲ့၊ ပြင်ပါမယ်ဆိုပြီး ကတိကဝတ်လက်မှတ်ထိုးပြီးတော့မှ အခုအချိန်မှာ ပြန်ပြီးတော့ ဥပဒေပြင်ဆင်တဲ့ အခါကျတော့ ပြင်ဆင်တဲ့သဘော မသက်ရောက်ဘဲနဲ့ ယေဘုယျဆန်တဲ့ စကားလုံးအပြောင်းအလဲတွေ၊ ဘာမှ အနှစ်သာရမပြောင်းလဲဘဲနဲ့ သူတို့အနေနဲ့ ဥပဒေပြင်ဆင်တယ်ဆိုပြီးတော့ ပြန်ထုတ်တယ်။ နောက်မျိုးဆက် နှစ်ဆက်လောက်အထိ ဒီဥပဒေအတိုင်းဆက်သွားမယ်ဆိုရင် နောက် မျိုးဆက် နှစ်ဆက်လောက်အထိ အစိုးရရဲ့စစ်အုပ်ချုပ်ရေး ယန္တယားရဲ့ပညာရေးကျွန်ဖြစ်နေအုံးမှာပဲ။ ကျနော်တို့တိုင်းပြည်က ပညာမတတ်ပဲ ဘွဲရဆိုတဲ့ နွံထဲမှာဆက်ပြီး နစ်နေအုံးမှာပဲ။”

အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး ငြိမ်းချမ်းစွာ တောင်းဆိုလှုပ်ရှားခဲ့ကြတဲ့ ကျောင်းသားကျောင်းသူတွေကို မတ်လအစောပိုင်းက အစိုးရကနေ အကြမ်းဖက်နှိမ်နင်းခဲ့ပြီး ဗကသများအဖွဲ့ချုပ် ခေါင်းဆောင်တွေအပါအဝင် ကျောင်းသူကျောင်းသားတွေနဲ့ ထောက်ခံတဲ့ပြည်သူ (၇ဝ) ကျော်ကို သာယာဝတီထောင်မှာ ထိန်းသိမ်းထားပါတယ်။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

 လားရှိုးမြို့ "ဝ"အမျိုးသား စည်းလုံးညီညွှတ်ရေးပါတီဗဟိုဌာနချုပ်ရုံးကို တွေ့ရစဉ် photo: Kan Thar/RFA
 သတင်းမီဒီယာတွေအနေနဲ့ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေနဲ့ ပတ်သက်ပြီး ရေးသားရာမှာ သမိုင်းကြောင်းကို နားမလည်ဘဲ ရေးသားကြတဲ့အတွက် နစ်နာမှုရှိကြောင်း ဝ အမျိုးသားစည်းလုံး ညီညွတ်ရေးပါတီက ပြောပါတယ်။

လားရှိုးမြို့"ဝ"အမျိုးသား စည်းလုံးညီညွှတ်ရေးပါတီဗဟိုဌာနချုပ်ရုံးမှာ စနေနေ့ က ဒေသခံမီဒီယာတွေနဲ့ တွေ့ ဆုံစဉ် ပါတီဒုတိယဥက္ကဌ ဦးဆန်ဆောင်းကားက ပြောကြားလိုက်တာဖြစ်ပါတယ်။

"တချို့မီဒီယာတွေက ဘယ်လိုရေးလဲဆိုတော့ "ဝ"တွေမနေ့တစ်နေ့ကမှ မြန်မာပြည်ကနေ ပေါ်လာတယ် ပြီးတော့မှ သူတို့က လက်နက်အင်အားကောင်းလို့ သူတို့အဲ့ဒါ အခွင့်ကောင်းယူပြီးတော့မှ သူတို့ပြည် နယ်တောင်းတယ်၊ ကိုယ်ပိုင်အုပ်ချုပ်ရေး တိုင်းအဆင့်ပေးတာတောင်မှ သူတို့မကျေနပ်ပဲနဲ့ ကိုယ်ပိုင် အုပ်ချုပ်ရေး ပြည်နယ်အဆင့်အထိတောင်မှ သူတို့တိုးပြီးတောင်းလာခြင်းဟာ မလွန်လွန်းဘူးလား ဆိုပြီးတော့မှ တချို့တွေက ထင်ကြေးတွေပေးကြတာ၊ ကျနော်တို့ လူမျိုးနဲ့ပတ်သက်ပြီးတော့မှ ရေးတဲ့အခါမှာ ကျနော်တို့ရဲ့ သမိုင်းကြောင်းကိုလည်း အပြည့်အဝလေ့လာစေချင်ပါတယ်၊ ကျနော်တို့က မွန်ခမာအနွယ်ကနေ မြန်မာပြည်ကို အဦးဆုံးရောက်လာတယ်၊ မွန်ခမာအနွယ် ကျနော်တို့ အစဉ်အလာကြီးမားတဲ့ လူမျိုးစုတစ်စုဖြစ်တယ်ဆိုတာ မီဒီယာကို ကျနော်အသိပေး ပြောကြားချင်ပါတယ်ခင်ဗျ"

လက်ရှိမှာ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းမှာ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်း၊ နားဖန်း၊ မက်မန်း၊ ပန်ဆန်း စတဲ့ ခြောက်မြို့နယ်ကို ခရိုင်နှစ်ခုဖွဲ့ပြီး "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် ၂ဝဝ၈ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ထည့်သွင်းသတ်မှတ်ပေးထားပါတယ်။

ကျိုင်းတုံမြို့ အပါအဝင် သံလွင်အရှေ့ခြမ်းဒေသတွေကိုပါ စုပေါင်းပြီး "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်အဖြစ် ပြန် လည်သတ်မှတ် ပေးဖို့တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပဲခူးတိုင်းဒေသကြီး ပါတီ ရုံးခွဲဖွင့်ပွဲတွင် အောက်တိုဘာ ၇ ရက်နေ့က ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေ မိန့်ခွန်းပြော ကြားနေပုံ Photo: AFP
အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) ဟာ၂၀၁၅ ရွေးကောက်ပွဲအတွက် ၀င်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၇၀ ကို ရွေးချယ် လိုက်ပါတယ်။

တိုင်းနဲ့ ပြည်နယ် ၁၁ ခုအတွက် ကိုယ်စားပြုဖို့ ရွေးချယ်ထားတာဖြစ်ပြီး အပြီးသတ်စာရင်း မဟုတ်သေးကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ  ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောပါတယ်။

လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်ရာမှာ နိုင်ငံနဲ့ ပြည်သူအကျိုးကို အမှန်တကယ် စိတ်ဝင်စားတဲ့ သူတွေ၊ ပါတီအပေါ်သစ္စာရှိသူတွေ၊ နိုင်ငံရေး အမြင်ရှိသူတွေနဲ့ ဖက်ဒရယ်ပြည်ထောင်စုလမ်းကြောင်းကို လက်ခံ သူ စတဲ့ သတ်မှတ်ချက်တွေအပြင် အသက် ၆၀ ထက်မကြီးသူတွေအဖြစ် ကန့်သတ်ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပညာရှင်တွေ ၊ ပြည်သူလူထုလက်ခံသူတွေကိုလည်း လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ် သတ်မှတ်ထားတယ်လို့ ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအင်အားစု ပါတီဟာ ၂၀၁၀ခုနှစ်မှာနိုင်ငံရေးပါတီအဖြစ် စတင်တည်ထောင်ခဲ့တာ ဖြစ်ပြီး လက်ရှိပြည်သူနဲ့ အမျိုးသားလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ၇ ဦး နေရာ ရရှိထားပါတယ်။

RFA Burmese
http://www.rfa.org/burmese

သစ်တွေ ဖမ်းတာ ကနေ တင်းမာမှု တွေ စတင် လာတဲ့ စီးပွားရေး ကိစ္စ ဖြစ်တယ်လို့ သုံးသပ်နေ။
ဝ တောင်ပိုင်း ဒေသမှာ UWSA ဝ တပ် တွေ နဲ့ အစိုးရ စစ်တပ် ကြား တင်းမာ မှု တွေ လျှော့ချ နိုင်ဖို့ ဝ ဘက်က ခရိုင်မှုး အဆင့် ကိုယ်စားလှယ် တွေ နေပြည်တော် ကို လာပြီး ဆွေးနွေး ခဲ့ ကြ ပေမယ့် လက်တွေ့ မြေပြင် မှာ တော့ နှစ်ဘက် တပ်တွေ အင်အား တိုးမြှင့် ချထား ဆဲ ဖြစ် ပါတယ်။

နေပြည်တော် အစည်းအဝေး တုန်း ကတော့ အစိုးရ ရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ ရဲ့ ဒုဥက္ကဌ ဦးသိန်းဇော် နဲ့ ဝ ကိုယ်စားလှယ် တွေ တွေ့ဆုံ ခဲ့ပြီး နှစ် ဘက် တပ်တွေ အကြား ခြေလွန်လက်လွန် တွေ ဖြစ်မလာ အောင် ထိန်းသိမ်း နိုင်ရေး ဆွေးနွေး ခဲ့တယ် ဆိုပြီး ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း က အမျိုးသား လွှတ်တော် အမတ် ဦး စိုင်းပေါင်းနပ် က ဘီဘီစီ ကို ပြောပါတယ်။

ဒါပေမယ့် တင်းမာမှု တွေ ဖြစ်နေတဲ့ နေရာ မှာတော့ နှစ် ဘက် ဆွေးနွေး တာမျိုး မရှိသေး ပဲ နှစ်ဘက် လုံးရဲ့ တပ် အင်အားတွေ အများအပြား ရှိနေ တယ် လို့လည်း ဦး စိုင်းပေါင်းနပ် က ဆိုပါတယ်။

သစ်တွေ ဖမ်းတာ ကနေ တင်းမာမှု တွေ စတင် လာတဲ့ စီးပွားရေး ကိစ္စ ဖြစ်လို့ နှစ်ဦးနှစ်ဘက် မနစ်နာ အောင် ညှိနှိုင်း ဆောင်ရွက် မယ်ဆိုရင်တော့ ပြေလည် သွားနိုင်တယ် ဆိုပြီး ဦး စိုင်းပေါင်းနပ် က ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese

(တောင်ကုတ်တွင် အဆိုးရွားဆုံး ရေကြီးနေစဉ်- ဓာတ်ပုံ- ရက္ခ)
ဇွန်လ ၂၈

တောင်ကုတ်မြို့နယ်တွင် မကြုံစဖူး ရေကြီးမှုကြောင့် လူနှစ်ဦးသေဆုံးကာ နှစ်ဦးပျောက်ဆုံးနေသည်ဟု သတင်းရကြောင်း PSC ပြည်သူ့အကျိုးဆောင် ကော်မတီ (တောင်ကုတ်)မှ ကိုဇေယျာကျော်က ပြောကြားသည်။

“ အဖိုးကြီးတစ်ဦးနဲ့ ကလေးမလေး တစ်ဦး အလောင်းတော့ ရပြီ။ ကျန် နှစ်ဦးကတော့ ရေစီးနဲ့ မျောပါသွားပြီး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်” ဟု သူက ပြောသည်။

တောင်ကုတ်မြို့နယ် ရဲစခန်းသို့ နိရဉ္စရာမှ ဇွန်လ ၂၇ ဆက်သွယ်မေးမြန်းရာ သေဆုံးသူ တစ်ဦးသာ သတင်းရသေးကြောင်း၊ ယင်းသေဆုံးသူ အမျိုးသမီးငယ်မှာ ကိုင်းရှည်ရွာမှ မရတနာစိုး ဖြစ်ကြောင်း အတည်ပြု ပြောကြားသည်။

ယနေ့တောင်ကုတ် ရဲစခန်းသို့ ဆက်သွယ်ရာ ဖြေကြားမည့်သူ မရှိသဖြင့် တောင်ကုတ်၏ နောက်ဆုံး အခြေအနေကို မေးမြန်းတင်ပြနိုင်ခြင်းမှာ မရှိပါ။

ကိုဇေယျာကျော်မှ တောင်ကုတ်တွင် ရေကျသွားပြီ ဖြစ်သော်လည်း တင်ကျန်နေရစ်သော ရွံ့နွံများကို ရှင်းထုတ်နေရကြောင်း၊ လူအများအပြား ၀မ်းရောဂါ ခံစားနေရကြောင်း၊ ဆေးဝါး၊ သောက်သုံးရေ၊ ဓာတ်ဆားထုတ်၊ အစားအစာများ အပူတပြင်းလိုအပ်နေကြောင်း ပြောဆိုသည်။

တောင်ကုတ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးသို့ ဆက်သွယ်ရာ အုပ်ချုပ်ရေးမှူးမှာ ခရီးထွက်သွားကြောင်း ပြောဆိုပြီး တာဝန်ကျ အရာရှိမှာလည်း မရှိဟု ပြောဆိုသဖြင့် အဆက်အသွယ် ရရှိခြင်း မရှိခဲ့ပါ။

 Narinjara
https://www.facebook.com/pages/Narinjara

လိင်မှတစ်ဆင့်ကူးစက်တတ် တဲ့ရောဂါရှိတယ်ဆိုရင် အရောင် ပြောင်းသွားမယ့် ကွန်ဒုံးတစ်မျိုး ကို ဆယ်ကျော်သက်ကျောင်းသားသုံးဦး က ပူးပေါင်းတီထွင်ခဲ့ကြတယ်လို့ သိရပါ တယ်။

အဆိုပါကွန်ဒုံးအသုံးပြုသူဟာ ကာလသားရောဂါလိုမျိုး လိင်ကတစ်ဆင့် ကူးစက်နိုင်တဲ့ရောဂါ ရှိနေမယ်ဆိုရင် ကွန်ဒုံးက အလွယ်တကူသိရှိပြီး အရောင် ပြောင်းသွားမှာဖြစ်ပါတယ်။

လန်ဒန်အရှေ့ပိုင်း အီစက်နယူ တန်အကယ်ဒမီမှာ တက်ရောက်နေကြတဲ့ ဆက်ကျော်သက် ကျောင်းသားသုံးဦးက ယင်းကွန်ဒုံးကိုတီထွင်ဖို့ စိတ်ကူးရခဲ့တာ ဖြစ်ပါတယ်။ မော့စ်နာဝက်ဇ်(၁၃နှစ်)၊ ချီ ရက်ဆက်ရှ်(၁၄နှစ်)နဲ့ အလီ(၁၄နှစ်)
တို့ ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံမှာ လိင်မှတစ်ဆင့် ကူးစက်တဲ့ရောဂါ ပြန့်ပွားလျက်ရှိကြောင်း သူတို့သိလိုက်ရချိန်မှာ ဒါကိုတီထွင်ဖို့စိတ် ကူးညဏ် ရသွားခဲ့ကြတာဖြစ်ပါတယ်။ ဒီ ဆန်းသစ်မှုက ရာပေါင်းများစွာသောလူ တွေရဲ့အသက်ကို ကယ်နိုင်မယ်လို့ ယူဆ ပြီး ကွန်ဒုံးကို ဖန်တီးခဲ့ကြတာဖြစ်တယ်လို့ ကျောင်းသားတစ်ဦးဖြစ်တဲ့ ဆက်ရှ်က ပြော ဆိုခဲ့ပါတယ်။

ယင်းကွန်ဒုံးကို အသုံးပြုတဲ့သူ တွေမှာ ရောဂါရှိတာ သိနိုင်ရုံတင်မကဘဲ သူ့ရဲ့အဖော်မှာပါ ရောဂါရှိမရှိကို ကွန် ဒုံးက သိနိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။

Ref: DailyMail, BBC, TIME

Yangon Media Group