07/02/15


ကိုပိုင်ရဲသူ (ဓာတ်ပုံ - အောင်ကျော်ကျော်ဖေ့်စဘွတ်ခ်) ကိုပိုင်ရဲသူ (ဓာတ်ပုံ - အောင်ကျော်ကျော်ဖေ့်စဘွတ်ခ်)

တပ်မတော်သားအမတ် ၂၅ ရာခိုင်နှုန်း လွှတ်တော်တွင်းက ထွက်သွားဖို့ ရန်ကုန်မြို့မှာ ဇွန်လ ၃၀ ရက်နေ့က ဆန္ဒပြတောင်းဆိုခဲ့ကြတဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂ (တကသ) ကျောင်းသားခေါင်းဆောင်တွေကို အာဏာပိုင်တွေက ဖမ်းဆီး အရေးယူလိုက်ပါတယ်။

တကသ ကျောင်းသားခေါင်းဆောင် တဦးဖြစ်တဲ့ ကိုပိုင်ရဲသူကို မြောက်ဥက္ကလာပက လမ်း ပေါ်မှာ အမည်မသိအဖွဲ့တဖွဲ့က ဒီကနေ့ ဖမ်းဆီးသွားတယ်လို့ တကသ ကျောင်းသားခေါင်း ဆောင်တဦးဖြစ်တဲ့ ကိုရဲဇာနည်ထွန်းက ပြောပါတယ်။

“ဟိုနေ့တုန်းက ကျနော်တို့ ဆန္ဒပြကြတယ်လေ။ အဲဒီနောက်ပိုင်းမှာ တချို့မီဒီယာ ကနေပြီးတော့ ရဲစခန်းကို လှမ်းမေးတော့ တရားစွဲထားတယ်ပေါ့ ၅ ဦးပေါ့။ ဒါပေမယ့် ကျနော်တို့ ဆီကို တရားဝင် အကြောင်းကြားတာ မရှိဘူး။ ဒါပေမယ့် ဒီကနေ့ ကျနော် တို့ ဆီက ဦးဆောင်ပါဝင်သူတယောက် ဖြစ်တဲ့ ကိုပိုင်ရဲသူကို မြောက်ဥက္ကလာမှာပဲ။ ဖမ်းသွားတယ်ပေါ့။ လမ်းပေါ်မှာပဲပေါ့။ အိမ်နားမှာပေါ့။ အရပ်ဝတ်တွေနဲ့ ဖမ်းသွားတယ်လို့ ပြောတာပဲလေ။ အခု ရန်ကုန်တိုင်း ရဲရုံးကို ပို့လိုက်ပြီလို့ ပြောတယ်။”

အခြေခံဥပဒေ ပြင်ဆင်ပေးရေး ဆန္ဒပြမှုမှာ ပါဝင်တဲ့ ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုနန်းလင်း၊ ကိုရဲဇာနည်ထွန်းနဲ့ ကိုမင်းသူကျော်ကို ပန်းဘဲတန်းမြို့နယ် ရဲစခန်းနဲ့ ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့တို့က တရားစွဲဆိုထားတယ်လို့ သိရပေမယ့် သူတို့ တရားဝင်အကြောင်းကြားတာ မရှိဘူးလို့လည်း ပြောပါတယ်။

ကျောင်းတံတားရဲစခန်းကို မေးမြန်းရာမှာတော့ ကျောင်းသားတွေကို အရေးယူထားတာမရှိဘူးလို့ တာဝန်ကျရဲအရာရှိတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့က တကသ ကျောင်းသားတွေ အပါအ၀င် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေက အခြေခံဥပဒေ ပြင်ဆင်ပေးရေး၊ လွှတ်တော်တွင်းက တပ်မတော်သားအမတ် ၂၅ ရာခိုင်နှုန်း ထွက်ခွာပေးရေး စတဲ့ အချက်တွေကို ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

By နော်နိုရင်း/dvb
http://burmese.dvb.no/archives/100700


ကရင်ပြည်နယ် ကော့ကရိတ်မြို့အနီး တောင်ပတ်လမ်းသစ်မှာ ဒီနေ့မနက် အစောပိုင်းက အစိုးရတပ်နဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (ဒီကေဘီအေ) တို့အကြား တိုက်ပွဲဖြစ်ပွားပြီး နှစ်ဘက် ထိခိုက်ဒဏ်ရာရမှု ရှိခဲ့တယ်လို့ ဒီကေဘီအေက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားမှုနဲ့ ပတ်သက်လို့ ဒီကေဘီအေတပ်က ဗိုလ်မှူးဆန်းအောင်က “ဒီမနက် အစောကြီး သေနတ်ပေါက်သံကြားတော့ သူတို့ ကျနော်တို့ကို ပစ်တယ်ဆိုတာ သိရတယ်။ ၈ နာရီ ၉ နာရီလောက်မှာတော့ ကျနော်တို့ လူ ၂ ယောက်ကို ထိတယ်။ ထိတဲ့အချိန်မှာ ကျနော်တို့ ပြန်ပစ်တယ်။” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒီတိုက်ပွဲမှာ ဒီကေဘီအေတပ်ဘက်က ၂ ဦးနဲ့ အစိုးရတပ်ဘက်က ၃ ဦး ထိခိုက်ဒဏ်ရာရရှိတယ်လို့ ဒီကေဘီအေက ဗိုလ်မှူးဆန်းအောင်က ပြောပါတယ်။ တိုက်ပွဲနဲ့ပတ်သက်ပြီး အစိုးရတပ်ဘက်ကိုတော့ ဆက်သွယ်လို့ မရသေးပါဘူး။

လတ်တလော ဒီကေဘီအေနဲ့ အစိုးရ ဖြစ်ပွားတဲ့တိုက်ပွဲကြောင့် မြ၀တီ-ကော့ရိတ် ကားလမ်းမသစ်ကို ခရီးသွားသွားလာမှု ပိတ်ထားလိုက်တယ်လို့ မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ကော့ကရိတ်မြို့ခံ ဦးမြင့်ဌေးက “တိုက်ပွဲဖြစ်တဲ့ အသံတော့ကြားတယ်။ မနက်က ကျနော် မြ၀တီတက်ဖို့ ကျနော်ကားနဲ့သွားတော့ ကော့ကရိတ်အထွက် စစချင်းတွေ့တဲ့ ဂိတ်ကနေ မပေးသွားတော့ဘူး။ အဲမှာ ကားတွေတားထားလိုက်တယ်။ သွားလို့မရသေးဘူးတဲ့။ အရှေ့မှာလည်း တိုက်ပွဲဖြစ်တဲ့ အသံကြားတော့ ကျနော်တို့ မသွားဘူး ပြန်လာလိုက်တယ်။”

ဇူလိုင်လအတွင်းမှာ မြ၀တီ-ကော့ကရိတ် အာရှလမ်းမကြီးအသစ်ကို ဖွင့်လှစ်ဖို့ရှိနေပြီး အစိုးရတပ်တွေ လုံခြုံရေး ပိုမိုတိုးမြှင့် ချထားသလို ဖွင့်ပွဲအတွက် နေရာပြင်ဆင်မှု ရှိနေချိန်မှာ ခုလို တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

ဒီလိုလမ်းဖွင့်ပွဲလုပ်ဖို့ နေရာပြင်ဆင်နေသူတွေကို ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ဒီကေဘီအေ တပ်ဖွဲ့က နှင်ထုတ်ခဲ့တယ်လို့ ကော့ကရိတ်မြို့ခံ ဦးမြင့်ဌေးက ပြောပါတယ်။

“ကော့ကရိတ်က အင်ဂျင်နီယာက ညီနောင်ဟိုဘက်အထွက်မှာ မဏ္ဍပ်လုပ်ပေးရမယ်။ ယိုးဒယားဘက်က လူအင်အား ၁၅၀၊ ဗမာပြည်ဘက်က ၁၅၀၊ ကျနော်တို့ ဒု-သမ္မတ ဦးဉာဏ်ထွန်း ကိုယ်တိုင်လာပြီး ဖွင့်ပွဲလုပ်မယ်လို့ ပြောတယ်။ သူက အဲမှာ သူ့ကိုခိုင်းတဲ့အတိုင်း မဏ္ဍပ်လုပ်မယ့်နေရာကို သွားလုပ်တော့ ဒီကေဘီအေက သူတို့ အမိန့်မရဘဲ လုပ်တယ်ဆိုပြီးတော့ မောင်းထုတ်တဲ့သဘောရှိတယ်။ ကျနော်သိသလောက် တပ်မတခုက ကော့ကရိတ်ရောက်နေတယ်။ ဒီလမ်းကို သူတို့ လုံခြုံရေးယူတော့မယ်။ ဘာလို့လဲဆိုတော့ ဒု-သမ္မတ တယောက်က လာပြီးဖွင့်ပွဲလုပ်မယ်ဆိုတော့ ဒီလမ်းကို သူတို့ ရှင်းရမယ့် သဘောတော့ရှိတယ်။”

ဒီတိုက်ပွဲနဲ့ပတ်သက်ပြီး အစိုးရနဲ့ ညှိနှိုင်းနေတယ်လို့ ဒီကေဘီအေတပ်က ဗိုလ်မှူး စောလုံ့လုံက ပြောပါတယ်။

“အခု ကျနော်တို့ ဒါကို ညှိနေတယ်။ ကျနော်တို့ ဒီ ဗိုလ်မှူးကြီးမောင်လေးလည်း ရန်ကုန်မှာ ရောက်နေတယ်လေ။ ကရင်အမျိုးသား အကြိုညီလာခံသွားရင်းနဲ့ပေါ့။ ကျနော်တို့ ဒု-ချုပ်ကလည်း လှမ်းပြောတယ်ပေါ့လေ။ သွားပြီးညှိဖို့၊ အခု အမ်ပီစီ (မြန်မာငြိမ်းချမ်းရေးစင်တာ) မှာ ရောက်နေတယ်လို့ ကြားတယ်။ တွေ့ကြတယ်ထင်တာပဲ။ ပြဿ နာ ပိုပြီးမကြီးအောင်လို့ပေါ့။ မဟုတ်ဘူးဆိုရင် ကြီးသွားနိုင်တယ်။ သေးသေးမွှားမွှားကိစ္စကနေ ကျယ်ပြန့်သွားမယ်ဆိုလို့ ရှိရင်တော့ မကောင်းဘူးပေါ့နော်။ ဒါကြောင့် ကျနော်တို့က ကြိုးစားညှိနေတယ်။”

ပြီးခဲ့တဲ့ မတ်လအတွင်းကလည်း ကရင်ပြည်နယ် ကော့ကရိတ်မြို့အနီးနားမှာ အစိုးရတပ်တွေနဲ့ ဒီကေဘီအေ ကလိုထူးဘော တပ်ဖွဲ့က ဗိုလ်မှူးဆန်းအောင်ရဲ့ တပ်တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

သတင်းဓါတ်ပုံ-DVB

ကချင်ပြည်နယ် ဖားကန့်ဒေသက ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းခွင်။
ကချင်ပြည်နယ် ဖားကန့်ဒေသက ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းခွင်။

အမည်မသိလက်နက်ကိုင်အဖွဲ့တဖွဲ့ကနေ ကချင်ပြည်နယ်ဖါးကန့်မြို့နယ်က စိုင်းရတနာအောင် ကျောက်စိမ်းတူဖေါ် ရေးကုမ္ပဏီကို ၀င်ရောက်စီးနင်းပြီး ယာဉ်ယန္တယားတွေကို မီးရှို့ဖေါက်ခွဲဖျက်စီးခဲ့လို့ ပျက်စီးဆုံးရှုံးမှုများပြားခဲ့ တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီတိုက်ခိုက်မှုမှာ ဘယ်အဖွဲ့ရဲ့ လက်ချက် ဆိုတာ မသိရှိဘူးလို့လည်း ဆိုပါတယ်။ ဒီအခြေ အနေကိုတော့ ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက်နိုင်ကွန်းအိန်ကနေ ဆက်သွယ်မေးမြန်းပြီး အခုလိုသတင်း ပေးပို့ထားပါတယ်။

ကချင်ပြည်နယ်ဖါးကန့်မြို့နယ်ထဲမှာ အစိုးရနဲ့အကျိုးတူ ပူးပေါင်းလုပ်ကိုင်နေတဲ့ စိုင်းရတနာအောင် ကျောက်စိမ်းတူး ဖော်ရေးကုမ္ပဏီကို အမည်မသိ လက်နက်ကိုင် အဖွဲ့တဖွဲ့ကနေ ၀င်ရောက်ဖေါက်ခွဲ ဖျက်စီးခဲ့တယ်လို့ ဒေသခံ တဦးလဲ ဖြစ် ကချင်ရိုးရာယဉ်ကျေးမှုကော်မတီ တဦးလဲဖြစ်တဲ့ ဦးလမောင်းလတောင်က ဗွီအိုအေကိုအခုလိုပြောပါတယ်။ ဖါးကန့်မြို့နယ်နဲ့ လုံးခင်းမြို့နယ် အကြား မှော်စီ စာရွာ အနီးမှာ ရှိတဲ့ စိုင်းရတနာအောင်ကျောက်စိမ်း တူးဖော်ရေးကုမ္ပဏီ ပိုင် မြေတူးစက်ယန္တယား(၄)စီးနဲ့ မော်တော်ယာဉ်(၆)စီးကို အမည်မသိ လက်နက်အဖွဲ့ကနေ ယမန်နေ့ညဘက်မှာ မီးရှို့ဖျက်စီးခဲ့တာပါ။

အခုလို ယာဉ်ယန္တယားတွေကို မီးရှို့ဖျက်စီးလိုက်တဲ့အတွက် ပျက်စီးဆုံးရှုံးမှုပမာဏ တန်ဖိုးများပြားတယ်လို့ ဦးလမောင်းလတောင်က အခုလိုပြောပါတယ်။

“အခွန်မထည့်လို့ဆိုလား အဲ့တာကြောင့် လာပြီးဖောက်ခွဲတယ်လို့ ပြောတယ်။ ပြီးတော့ လာတာလည်း ဆယ်ယောက်လောက် လာပြီးတော့ အဲ့မှာ ရှိတဲ့လူတွေကို ဘေးဖယ်ခိုင်းပြီးတော့ ရှို့ပစ်လိုက်တာပေါ့။ ဘက်ဖိုးကတော့ လေးစီးပေါ။ ကားကတော့ ခြောက်စီးလို့ပြောတယ်။ ဒီကျောက်စိမ်းနယ်မြေမှာက လက်နက်ကိုင်တဲ့သူက အများကြီးရှိတယ်လေ။ ဘယ်သူ ဘယ်ဝါရယ်လို့တော့ တိတိကျကျ ပြောဖို့တော့ ခက်တယ်။ တန်ဖိုးကတော့ တော်တော်လေး ဆုံးရှုံးသွားမယ်လို့ထင်တယ်လေ။ ဥပမာ ဘက်ဖိုးတစီးကို ကျနော်တို့ တွက်ကြည့်လို့ရှိရင် အမေရိကန်ဒေါ်လာ တစ်သိန်းပေါ့ဗျာ။ အနည်းဆုံးပေါ့။ ပြီးတော့ အဲ့မီးထဲ ပါသွားတဲ့ကားက တစ်စီးကို ဒီမြန်မာငွေနဲ့တောင် သိန်းက ငါးထောင် ခြောက်ထောင် အဲ့လောက် တန်တယ်လို့ ပြောတာပဲ အဲ့တာကြောင့် ပိုတန်ဖိုးကြီးသလိုဖြစ်နေတယ်။”

ဒါ့အပြင် လက်နက်ကိုင်အဖွဲ့တွေပြန်လည်ထွက်ခွါရာမှာ တခြားကျောက်စိမ်း ကုမ္ပဏီကို လုံခြုံရေးယူနေတဲ့ ရဲတပ်ဖွဲ့တွေနဲ့ ပစ်ခတ်မှုဖြစ်ပွါးခဲ့တယ်လို့လည်း ဦးလမောင်းလတောင်က ပြောပါတယ်။

“ နောက်ပြီး အဲ့မှာ ကျောက်စိမ်း တောင်ဆိုတဲ့ ကုမ္ပဏီရှိတယ်။ အဲ့ဒီ့မှာကျတော့ ရဲတွေရှိတာကိုး။ အဲ့မှာ မီးလာရှို့လိုက်တဲ့ ကုမ္ပဏီရဲ့ ရှေ့မျက်နှာစာမှာ ကုမ္ပဏီတခုရှိတယ်လေ။ အဲ့မှာ ရဲစောင့်ပေးနေတဲ့အခါကျတော့ အဲ့မှာ ပစ်ခတ်မှုဖြစ်သွားတာပေါ့။ ထိခိုက်မှုတော့ ဘာမှ မရှိဘူး။”

ဖါးကန့်မြို့နယ်က စိုင်းရတနာအောင်ကျောက်စိမ်း တူးဖော်ရေးကုမ္ပဏီ ဖေါက်ခွဲ ဖျက်စီးခံရမှုနဲ့ပတ်သက်ပြီး ဖါးကန့်ရဲ တပ်ဖွဲ့မှူးရုံးကို ဆက်သွယ်မေးမြန်းရာမှာတော့ အခုလိုပြောပါတယ်။

“ ဟုတ်ကဲ့။ ကျနော်တို့ကြားတာကတော့ ဒီမှာ လာပြီး မိုင်းဝင်ခွဲတယ်။ အဲ့လောက်ပဲ ကြားတယ်ခင်ဗျ။ “

ကျောက်စိမ်း တူးဖေါ်ရေးကုမ္ပဏီကို ဗုံးခွဲဖျက်စီးသွားကြောင်း အတည်ပြုပြောဆို ခဲ့ပေမဲ့ လုံခြုံရေးရဲတပ်ဖွဲ့တွေနဲ့ပစ်ခတ် မှု ဖြစ်ခဲ့တယ် ဆိုတာကိုတော့ ဖြေကြား ခဲ့ခြင်းမရှိပါဘူး။

ဖါးကန့်မြို့နယ်ဒေသအတွင်းမှာလက်နက်ကိုင်အဖွဲ့တွေအများအပြားရှိနေသလို ကျောက်စိမ်းနဲ့ ရွှေတူးဖေါ်ရေးကုမ္ပဏီ လုံခြုံရေး ၀န်ထမ်းတွေကလည်း လက်နက်ကိုင်ဆောင်မှုတွေ ရှိနေတာကြောင့် ဘယ်အဖွဲ့ရဲ့လက်ချက်ဆိုတာ ခန့်မှန်းရ ခက်ခဲကြောင်း တခြားဒေသခံတဦးဖြစ်သူ ကိုဘရမ်နန်ကပြောပါတယ်။

ဇွန်လနောက်ဆုံးအပါတ်အတွင်း ဖါးကန့်မြို့နယ်က ကျောက်စိမ်းတူးဖေါ်ရေး ကုမ္ပဏီတွေဖေါက်ခွဲခံရတာ (၃)ကြိမ်ထက် မနည်း ဖြစ်ပွါးခဲ့တယ် လို့ ဒေသခံတဦးဖြစ်တဲ့ ဦးလမောင်းလတောင်က အခုလိုပြောပါတယ်။

“ ဒီကျောက်စိမ်းတွင်းမှာ ရှိတဲ့ ကုမ္ပဏီတွေမှာ အခုလို မီးလာရှို့တာတို့ မိုင်းလာပစ်တာတို့ စသဖြင့်ရှိတယ်။ ဒီတပတ်အတောအတွင်းမှာကို ကုမ္ပဏီက သုံးလေးခုလောက် ရှိသွားပြီ။ ဥပမာ လွန်ခဲ့တဲ့ လေးငါးရက်လောက်က အဲ့မှာရှိတဲ့ ထူးကုမ္ပဏီ အဲ့မှာလည်း ကားတော်တော်လေး မီးထဲပါသွားတယ်။ အဲ့မှာ သူတို့ရဲ့ခန့်မှန်းခြေ အဲ့မှာ ဆုံးရှုံးသွားတာက သန်းခြောက်ရာ နီးနီးရှိတယ်။ အဲ့လိုခန့်မှန်းကြတယ်။”

လက်ရှိကချင်ပြည်နယ် ဖားကန့်ဒေသတွေမှာ မြန်မာအစိုးရ စစ်တပ်နဲ့ ကေအိုင်အိုခေါ် ကချင် လွတ်လပ်ရေးအဖွဲ့တို့ စစ်ရေးပဋိပက္ခ တင်းမာနေသေး သလို တခြားလက်နက်အဖွဲ့တွေလဲ လှုပ်ရှားမှုရှိနေပြီး ကျောက်စိမ်း တူးဖော်ရေး ကုမ္ပဏီတွေ၊ လမ်းတံတားတွေနဲ့ အစိုးရရုံးတွေကို ပစ်မှတ်ထား တိုက်ခိုက်ဖျက်စီးနေတာကြောင့် ဒေသအတွင်းလုံခြုံရေး စိုးရိမ်နေရတဲ့ အခြေအနေမှာရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

VOA
http://burmese.voanews.com/content/unknown-group-attack-jade-mining-company/2846236.html

( ဘင်္ဂလာဒေ့ရှ် အထူးမူခင်း နှိမ်နှင်းရေးတပ်ဖွဲ့ RAB အဖွဲ့ဝင်များ)
ရန်ကုန်၊ ဇူလှိုင် ၂

မြန်မာကို ပါတိုက်ခိုက်မည်ဟု ယမန်နှစ် စက်တင်ဘာလ အတွင်းက ခြိမ်းခြောက်ခဲ့သော အယ်လ်ကိုင်းဒါး အဖွဲ့၏ ဆက်သွယ် ညှိနိုင်းရေးမှူး တစ်ဦးအပါအ၀င် အဖွဲ့ဝင် ၁၂ ဦးကို ဘင်္ဂလာဒေ့ရှ် အာဏာပိုင်များက ဖမ်းဆီးလိုက်သည်။

ယင်းသတင်းကို The Daily Star သတင်းစာက Rapid Action Battalion (RAB) တပ်ဖွဲ့မှ ပြောခွင့်ရသူ လက်ထောက် ညွှန်ကြားရေးမှူး Maksudul Alam ကိုကားပြီး ယနေ့ သတင်းဖော်ပြရာတွင် ဖမ်းဆီးခံရသူ ၁၂ ဦးထဲတွင် ဘင်္ဂလာဒေ့ရှ်ဆိုင်ရာ ဆက်သွယ် ညှိနိုင်းရေးမှူး တာဝန်ခံ မူဖ်တီ မိုင်နှုရ် အစ္စလာမ်နှင့် ယင်းအဖွဲ့၏ အကြံပေးအရာရှိ မော်လနာ ဇာဖား အာမင်တို့ ပါဝင်ကြောင်း ဖော်ပြသည်။

ယင်းတို့အား အထူးမူခင်းနှိမ်နှင်းရေး RAB တပ်ဖွဲ့မှ ဒက္ကားမြို့တော်ရှိ နေရာ အတော်များများကို ယမန်နေ့ ညဉ့်က နှိမ်နှင်းရေး လုပ်စဉ် ဖမ်းမိခြင်း ဖြစ်ကြောင်း ပြောဆိုသည်။

သူတိုနှင့် အတူ သိုဝှက်ထားသော ပေါက်ကွဲပစ္စည်း အများအပြား အပါအ၀င် ဗုံးလုပ်ရာတွင် အသုံးပြုသော ပစ္စည်းများ၊ ဓါးများ၊ သင်တန်းပြုလုပ်ရာတွင် ပို့ချသော ဂျီဟတ်ဒီး စာအုပ်များကို ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

အိန္ဒိယ တိုက်ငယ် ရှိ အယ်လ်ကိုင်းဒါး အဖွဲ့ခွဲတစ်ခုမှ ယခုနှစ်စောစောပိုင်းက ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် စာရေးဆရာ Avijit Roy ကို သတ်ဖြတ်ခြင်းမှာ သူတို့အဖွဲ့မှ ဖြစ်ကြောင်း ဗီဒီယို ကလစ်မှ တဆင့် ထုတ်ဖော်ဝန်ခံထားသည်။

လွန်ခဲ့သောနှစ် စက်တင်္ဘာလ က အယ်လ်ကိုင်းဒါး အဖွဲ့သည် တောင်အာရှတွင် ဂျီဟတ် စစ်ပွဲဆင်နွှဲရန် ကျေညာခဲ့ပြီး Al-အယ်လ်ကိုင်းဒါးခေါင်းဆောင် Ayman al-Zawahiri ကလည်း ဘင်္ဂလာဒေ့ရှ်၊ မြန်မာနှင့် အိန္ဒိယတို့တွင် သူတို့တိုက်ပွဲကို မြင့်တင်ရန် အခန်းကဏ္ဍသစ်တစ်ခုကို ဖွင့်လှစ်ကြောင်း ဗီဒီယိုမှ ပေးပို့သော မိန်းခွန်း တစ်ခုတွင် ဖော်ပြထားခဲ့သည်။

Narinjara
https://www.facebook.com/pages/Narinjara

မင်းသား အာလ်ဝါလိဒ်
မင်းသား အာလ်ဒါလိဒ်ပိုင် ဘိုးရင် ၇၄၇ လေယာဉ်ပေါ်မှ ရွှေပလ္လင်
 ကမ္ဘာ့အချမ်းသာဆုံး လူပုဂ္ဂိုလ်စာရင်းဝင်(နံပါတ် ၂၀) ဆော်ဒီမင်းသား အာလ်ဝါလိဒ်ဘင်တာလာ က ၎င်း၏ပိုင်ဆိုင်မှု ၃၂ ဘီလီယံဒေါ်လာ အကုန်အစင်ကို ပရဟိတ လုပ်ငန်းများ အတွက် လှူဒါန်းမည်ဟု ဇူလိုင် ၁ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲတွင် ကြေငြာခဲ့သည်။

ဆော်ဒီအာရေးဘီယားနိုင်ငံမြိ့တော် ရီယာ့ဒ်တွင် သတင်းထောက်များကကို ပြောကြားရာတွင် မင်းသားအာလ်ဝါလိဒ်က ဘီလ်ဂိတ်၏ Bill and Melinda ဖောင်ဒေးရှင်းပုံစံကိုနာမူနာယူ၍ တည်ထောင်မည်ဖြစ်သော အာလ်ဝါလိဒ်အကျိုးပြုလုပ်ငန်းများဖောင်ဒေးရှင်းမှတဆင့် ၎င်း၏ကြွယ်ဝမှုများကို ကျန်းမာရေးမြှင့်တင်ရေး၊ ရောဂါဘယတိုက်ဖျက်ရေး၊ ကျေးလက်ဒေသ လျှပ်စစ်မီးရရှိရေး၊ မိဘမဲ့ဂေဟာများဆောက်လုပ်ရေး၊ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးနှင့် အမျိုးသမီးအခွင့်အလမ်း ပိုမိုရရှိရေးတို့အတွက် အသုံးပြုသွားမည်ဟု ပြောသည်။

“ဒီအကျိုးပြုလုပ်ငန်းတွေကနေပြီးတော့ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ဖို့၊ အမျိုးသမီးတွေ လူ့အဖွဲ့အစည်းတွင်း ပိုမိုနေရာရလာဖို့၊ လူငယ်တွေအတွက် အခွင့်အလမ်းတွေ ပွင့်လန်းလာစေဖို့၊ အရမ်းအရေးကြီးတဲ့ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးတွေ ထောက်ပံ့ပေးနိုင်ဖို့၊ မတူကွဲပြားတဲ့ ယဉ်ကျေးမှုတွေအကြား တဦးနဲ့တဦး ပိုမိုနားလည်လာပြီး လက်ခံပေးနိုင်ဖို့ဆိုတာတွေအတွက် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးပါလိမ့်မယ်။”ဟု ၎င်းက ပြောသည်။

မင်းသား အာလ်ဝါလိဒ်သည် ၎င်း၏ စီးပွားရေးလုပ်ငန်းများနှင့် ပွင့်လင်းစွာ ပြောဆိုတတ်မှုများကြောင့် နိုင်ငံတကာတွင် လူသိများသူဖြစ်သည်။ Twitter နှင့် Apple စသော နည်းပညာကုမ္ဗဏီများတွင်လည်း ရင်းနှီးမြှပ်နှံထားသူ ဖြစ်သည်။

“လူမှုအကျိုးပြုလုပ်ငန်းကို လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်လောက်ကတည်းက လုပ်ခဲ့တာပါ။ ကျနော့် ဘာသာယုံကြည်မှုရဲ့ အဓိကကျတဲ့ အစိတ်အပိုင်းဖြစ်ပြီး ပုဂ္ဂလိကတာဝန်လို့လည်း ခံယူထားပါတယ်။ ကျနော့် တဘ၀တာလုံးပေးဆပ်ခဲ့တဲ့ ပိုမို ငြိမ်းချမ်းသော၊ ပိုမို သာတူညီမျှမှုရှိသော၊ နောင်လာမယ့် မျိုးဆက်ပေါင်းများစွာအတွက် ရေရှည်တည်တံ့နိုင်သော လူ့ဘောင်လောကဖြစ်ထွန်းရေးစတဲ့ အရေးအကြီးဆုံးကိစ္စရပ်တွေ ဆောင်ရွက်နိုင်ဖို့ ဖြစ်ပါတယ်။”ဟုလည်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

မင်းသား အာလ်ဝါလိဒ်သည် ၁၉၈၀ က တည်ထောင်ခဲ့သော Kingdom Holding ကုမ္ဗဏီ၏ပိုင်ရှင်အဖြစ် ဆက်လက် ရပ်တည်သွားမည်ဖြစ်ပြီး လှူဒါန်းမှုအတွက် ရက် အတိအကျ မသတ်မှတ်ထားကြောင်းကို အလေးထား ပြောကြားခဲ့သည်။

Ref; The Independent
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

ကျွန်ပြုခဲ့ရတဲ့ ရေလုပ်သား ကိုမြင့်နိုင် မိသားစုနဲ့ပြန်ဆုံ။

ငါးဖမ်းလှေတွေ ပေါ်မှာ ကျွန်တွေလို ဖမ်းဆီးချုပ်နှောင်ပြီး အတင်းအဓမ္မ ခိုင်းစေခံခဲ့ ရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၈၀၀ လောက် အင်ဒိုနီးရှား ကနေ မြန်မာပြည် ကို ပြန်ပို့ခဲ့ပြီးဖြစ်ပါတယ်။ အဲဒီထဲက အနှစ် ၂၀ ကျော် ငါးဖမ်းကျွန် ဘဝ နဲ့ လှုပ်ရှား ရှောင်တိမ်းခဲ့ရတဲ့ ကိုမြင့်နိုင်အကြောင်း အေပီ သတင်းဆောင်းပါးကို အခြေခံပြီး ကိုငြိမ်းချမ်းက ပြောပြပါမယ်။

အင်ဒိုနီးရှားနိုင်ငံက ကျွန်းစုတွေပေါ်မှာ မြန်မာရေလုပ်သားတွေ အပါအဝင် အိမ်နီးချင်း နိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေကို ကျွန်တွေလို ဖမ်းဆီးချုပ်နှောင်ပြီး အတင်းအဓမ္မ ခိုင်းစေထားတဲ့ သတင်းကို အေပီ သတင်းဌာန က ဖော်ထုတ်ပြီးတဲ့နောက်မှာ မြန်မာ ရေလုပ်သား ၈၀၀ နီးပါး လောက်ဟာ ကျွန်ဘဝက လွှတ်မြောက်ပြီး မြန်မာပြည်ကို ပြန်ရောက်လာကြပြီ ဖြစ်ပါတယ်။

အဲ့ဒီ အထဲ က အနှစ် ၂၀ ကျော် လောက် ကျွန်ပြုတာနဲ့ အဲဒါကို ပုန်းရှောင်ခဲ့တဲ့ ကိုမြင့်နိုင် အကြောင်းကို ပြောပြပါမယ်။ မြန်မာနိုင်ငံမှာ ဆင်းရဲကြပ်တည်းမှု ကို ဖြေရှင်းဖို့ အတွက် ထိုင်းကို အလုပ်ရှာဖို့ ထွက်ခဲ့တဲ့ အသက် ၁၈ နှစ်အရွယ် ကို မြင့်နိုင်ဟာ ထိုင်း ငါးဖမ်းလှေပေါ် ရောင်းစားခံရပြီး လခမပေးပဲ ကျွန်လို ခိုင်းခဲ့ရတာပါ။ သူ့အတွေ့အကြုံကို အခုလို ပြောပါတယ်။

" အဲ့ဒီ့တော့ စဉ်းစားကြည့် အစ်ကို၊ နွားလောက်တောင် တန်ဖိုး မရှိဘူးဖြစ်သွားတာပေါ့။ လှိုင်းကြား လေကြားထဲမှာ စိုရွှဲနေတဲ့ အဝတ်အစားကို ပြန်ဝတ် ပြန်ခြောက် နဲ့ အအေးတွေ ဘာတွေ ပတ် ဖျားနာ အဲ့လိုဖြစ်တာပေါ့။ နောက်ပြီးတော့ အစားအသောက် ပုံမှန် မကျွေးဘူး။ ညဆိုလည်း မအိပ်ရဘူး။ နေ့ဆိုလည်း မအိပ်ရဘူး။ "

ပထမအခေါက် ကျွန်ပြုခံခဲ့ရတာ ငါးနှစ်လောက်ကြာခဲ့ပြီး အဲဒီ လှေပေါ်က နေခုန်ချ ထွက်ပြေးခဲ့ပါတယ်။ အင်ဒိုနီးရှားက ကျွန်းစုတွေ ပေါ်မှာ ပုန်းအောင်းနေပြီး ငါးနှစ်အကြာမှာတော့ မြန်မာပြည်ကို ပြန်ခွင့်ရမလားဆိုတဲ့ မျှော်လင့်ချက် နဲ့ အင်ဒိုနီးရှား ငါးဖမ်းလှေပေါ် ပြန်လိုက်ခဲ့ပါတယ်။ အဲဒီလှေပေါ်မှာလည်း ကျွန်လိုခိုင်းစေ နှိပ်စက်မှုတွေကို ၈ နှစ်လောက်ခံခဲ့ရပြီး သူကို အိမ်ပြန်ပို့ ဖို့ တောင်းပန်ခဲ့ပေမဲ့လည်း သဘောင်္ကပ္ပတိန်ကတော့ သူ့ကို သံကြိုးခတ်ပြီး ဖမ်းဆီးခဲ့တယ်လို့ ပြောပါတယ်။

" အကြိမ်ကြိမ်တောင်းပန်တာပေါ့ဗျာ။ ခြေသလုံးဖက်တယ်။ စကားမတတ်ဘူး။ စကားတတ်တဲ့သူကို ပြောခိုင်းတယ်။ ပေးပြန်ဖို့ပေါ့လေ။ ပိုက်ဆံ မပေးရင် နေပေါ့လေ။ ထိုင်းပြန်ရောက်ရင် ကျေနပ်ပြီပေါ့။ ကျနော့် ကိုသံကြိုးခတ်ထားတယ်။ မိုးရေထဲမှာ သံကြိုးခတ်တယ်။ "

သံကြိုးအချုပ်အနှောင်ကို ရတဲ့ သံချောင်းလေးနဲ့ ဖွင့်ပြီး လွတ်မြောက်ဖို့ အတွက် ပင်လယ် ထဲကို ခုန်ချခဲ့ပါတယ်။ အဲဒီနောက် အင်ဒိုနီးရှားက ကျွန်းတွေ ပေါ်မှာ အခြား မြန်မာပြည်က ဘဝတူ ငါးဖမ်းကျွန်နှစ်ယောက်နဲ့ အတူ ဟင်းသီး ဟင်းရွက်တွေ စိုက်ပြီး ပုန်းအောင်းနေခဲ့ပါတယ်။ အသီးအနှံတွေ သွားရောင်းတဲ့ သူငယ်ချင်းတစ်ယောက်ကိုလည်း အင်ဒိုနီးရှား ရဲက ဖမ်းပြီး ငါးဖမ်းလှေတွေ ပေါ် ပြန်ရောင်းစားခဲ့လို့ အဲဒီ သူငယ်ချင်းကတော့ ငါးဖမ်းလှေပေါ်မှာ ပဲ ဖျားနာ သေဆုံးခဲ့ရပါတယ်။

ဒီလို နဲ့ နေလာလိုက်တာ တနေ့မှာ အေပီ သတင်းကြောင့် အင်ဒိုနီးရှားအစိုးရ က သူတို့လို ငါးဖမ်းလုပ်သားတွေကို ကယ်တင်ပြီး အိမ်ပြန်ပို့နေပြီ ဆိုတဲ့ သတင်းကို သူငယ်ချင်း တစ်ယောက်ဆီက ကြားခဲ့ပါတယ်။ အဲဒါ နဲ့ တာဝန်ရှိသူတွေ နဲ့ ဆက်သွယ်ပြီး ကိုယ်နိုင်ငံကိုယ် ပြန်ဖို့ လုပ်ဆောင်ခဲ့တာပါ။ သူ့အနေနဲ့ အမေ နဲ့ ညီမကို ပြန်တွေ့ရတဲ့ အတွက် ဝမ်းသာကြောင်း  ပြောပါတယ်။

 ငြိမ်းချမ်း  / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ဂျပန်အသင်း ဗိုလ်လုပွဲ တက် (သတင်းဓာတ်ပုံ- FIFA)

ကနေဒါနိုင်ငံ Edmonton မြို့မှာ ဒီကနေ့ ကန်ခဲ့တဲ့ (၇)ကြိမ်မြောက် အမျိုးသမီး ကမ္ဘာ့ဘောလုံး အကြိုဗိုလ်လုပွဲမှာ လက်ရှိချန်ပီယံ ဂျပန်အသင်းက အင်္ဂလန်အသင်း ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲတက်သွားပြီဖြစ်ပါတယ်။

ကစားပွဲစပြီး (၃၂) မိနစ် မှာ ဂျပန် အသင်း ကပ္ပတိန် Aya Miyama ကpenalty (၁)ဂိုးသွင်းခဲ့ပြီးနောက် (၄၀)မိနစ်မှာ အင်္ဂလန်အသင်းက အလယ်တန်းလူ Fara Williams က ပင်နယ်လ်တီ (၁) ဂိုးပြန်သွင်းလိုက်တာဖြစ်ပါတယ်။ ပွဲပြီးခါနီး မိနစ် (၉၀) နားထိ ၁ ဂိုးစီ သရေနဲ့ရှိနေချိန်မှာ အင်္ဂလန်အသင်း နောက်တန်းလူ Laura Bassett က ကိုယ့်ဂိုး ကိုယ်ပြန်သွင်းလိုက်တဲ့အတွက် ဂျပန်က (၂)ဂိုး (၁)ဂိုးနဲ့အနိုင်ရရှိသွားတာဖြစ်ပါတယ်။

ဒီအကြိုဗိုလ်လုပွဲမှာ အနိုင်ရရှိတဲ့ ဂျပန်အသင်းဟာ တနင်္လာနေ့က အကြိုဗိုလ်လုပွဲမှာ ဂျာမနီကို အနိုင်ရရှိလိုက်တဲ့ အမေရိကန်အသင်းနဲ့ ဗိုလ်လုပွဲမှာ ဆုံကြမှာဖြစ်ပါတယ်။ ဒါဟာ အမျိုးသမီး ကမ္ဘာ့ဘောလုံးသမိုင်းမှာ ဒီအသင်း (၂)သင်းတို့ ဒုတိယအကြိမ် ဗိုလ်လုပွဲမှာ ဆုံကြခြင်းဖြစ်ပါတယ်။

လွန်ခဲ့တဲ့ လေးနှစ်ဖြစ်တဲ့ ၂၀၁၁ ခုနှစ်က ဂျပန်အသင်းဟာ အမေရိကန်အသင်းနဲ့ ဗိုလ်လုပွဲမှာ ၂ ဂိုးသရေနဲ့ အချိန်ပိုကစားခဲ့ရပြီး penalty shoot out ကန်ကြရာမှာ ဂျပန်က ၃ ဂိုးစလုံးဝင်အောင် ကန်နိုင်ခဲ့ပြီး အမေရိကန်က ၃ ဂိုးအနက် ၁ ဂိုးသာ ၀င်ခဲ့တဲ့အတွက်ကြောင့် ထိုစဉ်က ဂျပန်အသင်းက ချန်ပီယံဆု အနိုင်ရရှိသွားတာဖြစ်ပါတယ်။

လက်ရှိဗိုလ်လုပွဲကို အမေရိကန်နဲ့ ဂျပန်အသင်းတို့ ဇူလိုင် ၅ ရက်နေ့မှာ Vancouver မြို့မှာ ကန်ကြရမှာဖြစ်ပါတယ်။ တတိယနေရာအတွက် အင်္ဂလန်နဲ့ ဂျာမနီအသင်းတို့ ဇူလိုင် ၄ ရက် စနေနေ့မှာ ကန်ကြမှာဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

အမျိုးသား ရင်ကြားစေ့ ရေး ကို ဦးတည်ပြီး လျှော့မယ်ဆို
လွှတ်တော် ထဲမှာ ရှိတဲ့ စစ်သား ကိုယ်စားလှယ် ၂၅ ရာနှုန်း ကို ဖယ်ရှားရေး ဟာ အမျိုးသား ရင်ကြားစေ့ ရေး ကို ဦးတည် ပြီး တဆင့်ချင်း တဆင့်ချင်း လျှော့သွား မယ် လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌဌ ဒေါ်အောင်ဆန်း စုကြည် က ပြော ပါတယ်။

NLD အနေနဲ့ ပြုပြင် ပြောင်းလဲရေး တွေ ဆောင်ရွက် ရာမှာ ပြည်သူတွေ အသက်သာဆုံး နည်းလမ်း ကို ရွေးမှာ ဖြစ်လို့ ဒီလို တဆင့်ချင်း ဆောင်ရွက်ဖို့ အစထဲက စီစဉ် ထားတာလို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မကွေးတိုင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦး အောင်ကြည်ညွန့် က ပြော ပါတယ်။

စစ်သား ကိုယ်စားလှယ် တွေကို နှစ်အလိုက် ရာခိုင်နှုန်း အချိုးအစားနဲ့ လျှော့ချ သွားအောင် လုပ်နိုင်ဖို့ စောလွန်းတယ် လို့လည်း သူက ဆိုပါတယ်။

ဒါပေမဲ့ တဘက် ကလည်း ကမ်းထားတဲ့ လက်ကို ချိတ်ဆက်ဖို့ လိုတယ်လို့ ဦး အောင်ကြည်ညွန့် က ပြော ပါတယ်။

သမ္မတလောင်း၊ ဒုတိယ သမ္မတ လောင်း အရည်အချင်း မှာ စစ်ရေး အမြင် ရှိသူ အစား ကာကွယ်ရေး အမြင်ရှိသူ လို့ ပြောင်းလဲ သတ်မှတ် မယ့် အပေါ် ပြည်လုံးကျွတ် ဆန္ဒ ခံယူ ဖို့ နဲ့ အဲဒီ ဆန္ဒ ခံပွဲ ကို လွှတ်တော် ရွေးကောက်ပွဲ နဲ့ တပြိုင်တည်း လုပ်ဖို့ ပြည်ထောင်စု လွှတ်တော် နာယက ဦးရွှေမန်း က ပြောခဲ့ပါတယ်။

ဒါဟာ တိုင်းပြည် ဘဏ္ဍဍာငွေ သက်သာအောင် စီစဉ်တာ လို့လည်း ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese


 ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်စီစာရွာအနီးမှာ အစိုးရနဲ့အကျိုးတူ ပူးပေါင်းလုပ်ကိုင်နေတဲ့ စိုင်းရတ နာအောင် ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီကို မနေ့ညက လူတစ်စုက ဖောက်ခွဲဖျက်ဆီးခဲ့တာကြောင့် မြေတူးစက် ၅ စီးနဲ့ ယာဉ် ၃ စီး၊ ကျောက်စိမ်းဂိုဒေါင်တစ်ခု ပျက်စီးခဲ့ပါတယ်။

လက်နက်ကိုင်ဆောင်ထားတဲ့ အမည်မသိ လူ နှစ်ဆယ်လောက်က ဖောက်ခွဲဖျက်ဆီးခဲ့တာလို့ မှော်စီစာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းထိန်က ပြောပါတယ်။

"ဖောက်ခွဲပြီးမှ မီးလောင်သွားတာပေါ့၊ မနေ့ညက ၇ နာရီခွဲအချိန်မှာ လူ ၂၀ ဝန်းကျင်လောက်ရှိတဲ့ အဖွဲ့ဝင်လာ ပြီးမှ သေနတ်တွေ ၃ ချက်၊ ၄ ချက်လောက် ဖောက် တယ်ပြောတာဘဲ၊ သူတို့ပြောတာတော့ ၁၀ ယောက်လောက်က ကုမ္ပဏီထဲ ဝင်သွားပြီးတော့မှ ကုမ္ပဏီထဲမှာ ရှိတဲ့သူတွေအကုန်အပြင်ထွက်ခိုင်းပြီး ဝမ်းလျားမှောက်ခိုင်းထားတယ်လို့ ပြောပါတယ်၊ ပြီးတော့မှ ပါလာတဲ့ ဓာတ်ဆီပုန်းနဲ့ လောင်းပြီးမီးရှို့သွားတယ် လို့ ပြောပါတယ်"

အဲဒီဖောက်ခွဲမှုကို လုံးခင်းကျေးရွာအုပ်စု ရဲစခန်းက သွားရောက်စစ်ဆေးခဲ့ပြီး ဘယ်အဖွဲ့အစည်းက ဖောက်ခွဲသွား တယ်ဆိုတာကို ပြောလို့မရသေးကြောင်း ဖားကန့်မြို့နယ်ရဲမှူးက ပြောပါတယ်။

ဖားကန့်ကျောက်စိမ်းတွင်းဒေသက ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီတွေ၊ လမ်းတံတားတွေနဲ့ အစိုးရရုံးတွေကို အမည်မသိလက်နက်ကိုင်တွေက ပြီးခဲ့တဲ့ရက်ပိုင်း အတွင်း မကြာခဏဖောက်ခွဲဖျက်ဆီးတာတွေ ရှိနေပါတယ်။

RFA Burmese
http://www.rfa.org/burmese

ဆရာတော်အရှင်ဆန္ဒဓိက ဗွီအိုအေ အသံလွှင့်အစီအစဉ် ကြည့်ရှုလေ့လာနေစဉ်။
 ဒီတပတ် မြန်မာ့ မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ ရွေးကောက်ပွဲမှာ အများပြည်သူ ကောင်းကျိုးကို ရည်ရွယ်ပြီး ဆန္ဒမဲပေးခြင်းဟာ ကောင်းမှုကုသိုလ်ဖြစ်ပြီး၊ မတရားသဖြင့် မဲလိမ်ခိုးခြင်းဟာ မကောင်းတဲ့အကုသိုလ် ဖြစ်တယ်လို့ ဆရာတော်အရှင်ဆန္ဒဓိက က မိန့်ကြားလိုက်ပါတယ်။ ဝါရှင်တန်မြို့  VOA မြန်မာဌာနကို ကြွရောက်လာတဲ့ ဆရာတော်ကို ဦးကျော်ဇံသာက တွေ့ဆုံမေးမြန်းထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံး လျှောက်ထားချင်တာကတော့ အခု မြန်မာနိုင်ငံမှာ တိုင်းပြည်ကလည်း အပြောင်းအလဲဖြစ်လာတယ်။ (၂၁) ရာစုမှာ လူထုရဲ့  နေမှုထိုင်မှုတွေလည်း ပြောင်းလဲလာတယ်လို့ ထင်ပါတယ်။ အထူးသဖြင့် လူငယ်ထုကြားမှာ။ ဗုဒ္ဓဘာသာရဲ့  မူရင်းအနှစ်သာရကတော့ အဘိဓမ္မာတို့ကတော့ ဒီအတိုင်းပဲ ရှိမှာပေါ့ဘုရား။ ဒါပေမဲ့ ဗုဒ္ဓသာသနာကို မြန်မာလူ့အဖွဲ့အစည်းက ယဉ်ကျေးမှုတရပ်အနေနဲ့ မြန်မာလူ့အဖွဲ့အစည်းထဲမှာ ရှင်သန်နေတယ်ဆိုရင် မှားမှာမဟုတ်ပါဘူး ဘုရား။ ပြောင်းလဲလာတဲ့ ခေတ်နဲ့အညီ မြန်မာနိုင်ငံမှာ ရှိလာခဲ့တဲ့ ဗုဒ္ဓသာသနာဟာ ဘယ်လိုများ လိုက်လျောညီထွေ ပြောင်းလဲလာတယ်လို့ သုံးသပ်မိပါလဲဘုရား။

ဆရာတော် ။ ။ ဗုဒ္ဓအဆုံးအမကတော့ မပြောင်းလဲဘူးပေါ့။ ဒါပေမဲ့ ဗုဒ္ဓအဆုံးအမကို ခေတ်လူငယ်တွေ နားလည်အောင် ရေးသားပေးရမယ်။ ဟောပြောပေးရမယ်။ အဲဒီလိုဆိုရင်တော့ လူငယ်တွေလည်း ဗုဒ္ဓအဆုံးအမကို သိပြီးတော့ လိုက်နာကျင့်သုံးနိုင်မှာပေါ့။ ကျင့်ရတဲ့ကျင့်စဉ်အနေနဲ့တော့ အတူတူပါပဲ။ အဲဒီတော့ တကယ့်လက်တွေ့ဘဝထဲမှာ ဘုရားရဲ့  အဆုံးအမတွေကို လိုက်နာကျင့်သုံးလို့ရအောင် ဘာသာရေးခေါင်းဆောင်တွေက ပြောပေးရေးပေးဖို့ လိုအပ်တာပေါ့။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဆရာတော်ဘုရားအနေနဲ့ စာအုပ်တွေ အမြောက်အမြားရေးနေတာ တွေ့ရပါတယ်။ ဆရာတော်ကြီးတွေ ရေးခဲ့တဲ့ စာအုပ်တွေက သိပ်ပြီးတော့ ဖတ်ရခက်ပါတယ်။ မနည်းစဉ်းစားဖတ်ရတယ်။ စာအုပ်ထူကြီးတွေ။ မိုးကုတ်ဆရာတော်ဘုရား၊ အရှင်ဇနကဘိဝံသတို့ရဲ့  စာအုပ်ကြီးတွေက ကျမ်းလေးတယ်လို့ ပြောရမှာပေါ့ဘုရား။ ဆရာတော်ဘုရားတို့ရေးတဲ့ စာအုပ်တွေက ပေါ့ပေါ့ပါးပါးဖြစ်တယ်။ လူငယ်တွေရဲ့  တုံ့ပြန်မှုသဘောထားတွေက ဆရာတော် ပြန်ကြားမိပါလား။ သူတို့ ဘယ်လိုသဘောထားပါလဲဘုရား။

ဆရာတော် ။ ။ ကြားပါတယ် ဒကာကြီး။ ဦးပဉ္ဖင်း ရေးလိုက်တဲ့ စာအုပ်ကိုဖတ်ပြီးတော့ စာကြောင်းလေးတကြောင်းကြောင့်၊ စာပိုဒ်လေးတပိုဒ်ကြောင့်၊ စကားလုံးလေးတလုံးကြောင့်၊ အသုံးအနှုန်းလေးတခုကြောင့် သူတို့ရဲ့  စိတ်ဓါတ်နဲ့ ဘဝတွေ ပြောင်းလဲသွားတယ်အကြောင်း အများကြီး လာပြောကြပါတယ်။ ဦးပဉ္ဇင်း ရေးတဲ့အကြောင်းအရာကလည်း အကြောင်းအရာစုံတဲ့အတွက်ကြောင့်မို့ ခံစားချက်နဲ့ မတိုက်ဆိုင်တဲ့ လူတွေအတွက်တော့ တချို့ အကြောင်းအရာတွေဟာ သူတို့နဲ့ ဘာမှမထူးသလိုပဲပေါ့။ မထူးရုံအပြင် ဦးပဉ္ဇင်းကလည်း တကယ့်လက်တွေ့ဘဝထဲမှာ ရှိနေတဲ့ စကားလုံးလေးတွေနဲ့ ရေးတဲ့အခါမှာ တချို့ ကလည်း ပေါ့ပျက်သလိုလို၊ ကလက်သလိုလို ဝေဖန်တာမျိုးလည်း ရှိတာပေါ့။ ဦးပဉ္ဇင်း ရေးတဲ့စာအုပ်တအုပ်ဆိုရင် “လမ်းခွဲတာ ဝမ်းနည်းစရာလား” စာအုပ်လေး ရှိတယ်။ အဲဒါဆိုရင် အကြောင်းတခုခုကြောင့် လမ်းခွဲခြင်းတခုခုနဲ့ ကြုံဆုံနေရတဲ့ လူတယောက်အတွက်တော့ ခေါင်းစဉ်လေး ကြားလိုက်ရတာနဲ့ စိတ်ထဲမှာ အေးချမ်းသွားတာပေါ့။ အဲဒီလို အေးချမ်းသွားတဲ့အကြောင်းလည်း လာပြောတာတွေ ရှိပါတယ်။ တခါ အသေးစိတ် ဖတ်ကြည့်လိုက်တဲ့အခါမှာလည်း ဒီလမ်းခွဲရတဲ့အပေါ်မှာ ဘယ်လိုစိတ်ထားရမလဲ။ နှလုံးသွင်းရမလဲ၊ ဘယ်လို ကျင့်သုံးရမယ်ဆိုတာကို သိသွားတဲ့အတွက်ကြောင့်မို့ သူတို့ရဲ့  စိတ်ဓါတ်နဲ့ သူတို့ရဲ့ ဘဝတွေ အများကြီး ပြောင်းလဲသွားပါတယ်။ ဗုဒ္ဓအဆုံးအမဆိုတာလဲ ဝိပဿနာတခုတည်း မဟုတ်ဘူးလေ။ ဗုဒ္ဓဘာသာရဲ့  ဘာသာတရားဆိုတာ အမှန်တရားပဲပေါ့။ အဲဒီတော့ ဗုဒ္ဓဘာသာရဲ့  ဘာသာရေးဆိုတာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ နောက်ဆုံး အချစ်ရေး၊ အိမ်ထောင်ရေး အရေးအရာအားလုံးနဲ့ သက်ဆိုင်တာပေါ့။ အရေးအရာအားလုံးနဲ့ သက်ဆိုင်တဲ့အတွက် ဦးပဉ္ဇင်း ရေးလိုက်တဲ့ အကြောင်းအရာထဲမှာလည်း တချို့ အကြောင်းအရာတွေဆိုရင် အချစ်နဲ့ ပတ်သက်တာလည်းပါတယ်။ ဥပမာ စာအုပ်ခေါင်းစဉ်တခုဆိုရင် “အချစ်ကံ ခေပေမယ့် အနှစ်ကျန်စေရမယ်” ပေါ့။ ဝိပဿနာနဲ့ ပတ်သက်တဲ့ စာအုပ်လေးတွေလည်း ရေးထားတဲ့အတွက် တချို့ ဆိုရင် တရားစခန်းသွားမယ်ဆိုရင် ဝိပဿနာနဲ့ ပတ်သက်တဲ့ ဦးပဉ္ဇင်းစာအုပ်လေး ရွေးပြီးယူသွားတာပေါ့။ တရားအားထုတ်ရင်နဲ့ ဒီစာအုပ်လေးကို ဖတ်ဖတ်ပြီးတော့ အားထုတ်တဲ့အတွက် ကိုယ့်လိုအပ်ချက်လေးတွေ ဖြည့်ပြီးတော့ အားထုတ်သွားတဲ့အတွက် ဝိပဿနာအလုပ်မှာလည်း ထူးထူးခြားခြား ကောင်းကျိုးတွေ ရသွားကြတာပေါ့။ ဦးပဉ္ဇင်းရဲ့  စာအုပ်တွေကို ဖတ်ပြီးတော့ ကောင်းကျိုးရကြတယ်ဆိုတဲ့ အကြောင်းတွေပြောကြတဲ့ တုံ့ပြန်မှုတွေတော့ အများကြီးရပါတယ် ဒကာကြီး။

ဦးကျော်ဇံသာ ။ ။ အခုပြောင်းလဲလာတဲ့ လူနေမှုဘဝထဲမှာ ပကာသနတွေ၊ ဂုဏ်တွေလည်း ပိုပြီးတော့ များလာတယ် ထင်ပါတယ်။ အဲဒီ ဂုဏ်ပကာသနတွေ။ လောကီကိစ္စတွေက ဗုဒ္ဓအဆုံးအမနဲ့ သိပ်မသက်ဆိုင်ဘူးလို့ တပည်တော် ထင်ပါတယ်။ အဲဒီကိစ္စတွေကို ဘယ်လို ရှောင်လွှဲပါလဲဘုရား။ အဲဒါတွေ နည်းနည်းပါးပါး ဆရာတော် မကြုံရဘူးလားဘုရား။

ဆရာတော် ။ ။ ဘာသာရေးနဲ့ ပတ်သက်တဲ့ ပကာသနကိစ္စတွေကို မေးတာလား။

ဦးကျော်ဇံသာ ။ ။ တင်ပါ့ .. ဘာသာရေးမှာ ပကာသနကို ဦးစားပေးပြီးတော့ လုပ်လာတဲ့ကိစ္စတွေ။ တကယ့် အနစ်သာရအပိုင်း မဟုတ်ဘဲနဲ့။

ဆရာတော် ။ ။ ဒါကတော့ ဘာသာရေး အဆုံးအမရဲ့  အနစ်သာရကို နားမလည်ကြလို့၊ သဘောမပေါက်ကြလို့ ဖြစ်မှာပေါ့။ ဥပမာ ဓနဆိုရင်ပဲ ဓနရဲ့  အနစ်သာရကတော့ တဖက်သားရဲ့  လိုအပ်ချက်ကို ဖြည့်ဆည်းပေးတဲ့ အလုပ်။ တချို့ က တဖက်သားမှာ လိုအပ်ချက်တွေ ရှိနေတယ်။ ဆင်းရဲဒုက္ခရောက်နေတယ်ဆိုတာကို သိတယ်။ သိရဲ့ သားနဲ့ အဲဒီလိုအပ်ချက်ကို ဖြည့်ဆည်းမပေးဘဲနဲ့ ထင်ပေါ်ကျော်ကြားဖို့တွေ၊ အများရဲ့  အချီးမွမ်းခံရမှုတွေကိုပဲ ကြည့်ပြီးလုပ်ကြတာတွေ ရှိတာပေါ့။ ဥပမာ ဘုရားတည်၊ ကျောင်းဆောက်တဲ့ အလုပ်ဆိုတာလည်း ကောင်းတဲ့အလုပ်ပါပဲ။ ဒါပေမဲ့ အဲဒီလိုမျိုး အဆောင်အယောင်သဘောမျိုး၊ အခမ်းအနားသဘောမျိုး ဖြစ်နေတဲ့ ဘာသာရေးကိစ္စတွေမှာတော့ ပါဝင်ဆောင်ရွက်နေပြီးတော့ ဒီဘာသာရေးရဲ့  တကယ့်အနှစ်သာရက စိတ်ဓါတ်ဖြူစင်ဖို့ အဓိက။ ဘုရားအဆုံးအမ လိုရင်းနှစ်ချက်က “မကောင်းမှုရှောင် ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကူးထား” ဆိုထားတယ်။ ကုသိုလ်ကိစ္စလို့ နံမည်တပ်ထားတဲ့ ကိစ္စတွေ၊ ခမ်းနားကြီးကျယ်တဲ့ အလုပ်တွေကို လုပ်နေပေမယ့် နောက်ဆုံး တကယ့်အနှစ်သာရဖြစ်တဲ့ ဝိပဿနာအလုပ်ကို လုပ်တယ်ပဲထားအုံး။ တချို့ ဆိုရင် တနေ့ကုန် လေးငါးခြောက်နာရီ တရားထိုင်တဲ့အတွက်ကြောင့် ဘာသာရေး ကိုင်းရှိုင်းပါတယ်ဆိုပြီး ပြောကြတာရှိတယ်။ လေးငါးခြောက်နာရီ တရားတော့ ထိုင်နေပါရဲ့  ဒါပေမဲ့ ကိုယ့်ကြောင့် တဖက်သား စိတ်ဆင်းရဲမယ့်အလုပ်တွေ၊ ကိုယ့်ကြောင့် တဖက်သား ဆိုးကျိုးဖြစ်မယ့်အလုပ်တွေ။ ကျယ်ကျယ်ပြန့်ပြန့် ပြောရရင် ကိုယ့်ကြောင့် တိုင်းသူပြည်သား ဆင်းရဲဒုက္ခ ရောက်ရမယ့်အလုပ်တွေ၊ ကိုယ့်ကြောင့် တိုင်းပြည်မဖွံ့ဖြိုး မတိုးတက်မယ့် အလုပ်တွေကို လုပ်နေမယ်ဆိုရင်တော့ ဘာသာတရားကိုင်းရှိုင်းတယ်လို့ ပြောလို့မရဘူး။

ဦးကျော်ဇံသာ ။ ။ တချို့  နိုင်ငံရေးသမားတွေ၊ နိုင်ငံရေး အင်အားစုတွေက ဘာသာတရားကို အသုံးချကြပြီးတော့ မဲနိုင်ဖို့ ကြိုးစားကြနေတယ်ဆိုပြီးတော့ ပြောဆိုသုံးသပ်ချက်တွေ အများကြီး ကြားနေရပါတယ်ဘုရား။ အဲဒီကိစ္စတွေကို သံဃာထုအနေနဲ့ ဘယ်လို ဆောင်ရွက်နိုင်မယ် ထင်ပါလဲ။ ဆောင်ရွက်နိုင်ကြပါလား ဘုရား။

ဆရာတော် ။ ။ ဆောင်ရွက်နိုင်အောင် ကြိုးစားကြရမှာပေါ့။ ဘာသာရေးအလုပ်ကို နိုင်ငံရေးရဲ့  အသုံးချစရာ မဖြစ်အောင်။ လက်ကိုင်တုတ် မဖြစ်အောင် ရှောင်ကျဉ်နိုင်ရမှာပေါ့။ ဘာသာရေးဆိုတာတော့ အရေးအားလုံးနဲ့ သက်ဆိုင်တဲ့အတွက် အသုံးချတယ်လို့ ပြောလို့မရပေမယ့်လို့ ဆက်စပ်မှုတော့ ရှိပါတယ်။ ဘယ်လို ဆက်စပ်သလဲဆိုရင်တော့ နိုင်ငံရေးနယ်ပယ်မှာ ကျင်လည်နေကြတဲ့ ပုဂ္ဂိုလ်တွေကို နိုင်ငံရေးအလုပ်ကို မှန်မှန်ကန်ကန်၊ တရားမျှမျှတတ လုပ်ပါဆိုတဲ့ အဆိုအမမျိုးတော့ ပေးရမှာပေါ့။ တရားမမျှတတဲ့ အလုပ်တွေကို လုံးဝရှောင်ကျဉ်ပါ။ တရားမျှတတဲ့ အလုပ်ကို လုပ်ပါ။ တရားမျှတအောင် လုပ်ချင်တဲ့ စိတ်ဓါတ်မျိုး မွေးမြူးပါဆိုတဲ့ တရားအဆုံးအမမျိုးကိုတော့ ပေးရမှာပါ။ အဲဒီတော့ မမှန်မကန် လုပ်တာတွေရှိရင် မှန်မှန်ကန်ကန်လုပ်အောင် လမ်းညွှန်ပေးတဲ့အလုပ်၊ ဆုံးမသြဝါဒ ပေးတဲ့အလုပ်ကတော့ ဆရာတော် သံဃာတော်တွေ၊ ဘာသာရေးခေါင်းဆောင်တွေအနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ပါ။

ဦးကျော်ဇံသာ ။ ။ အခု မြန်မာနိုင်ငံ လက်ရှိ ပြောင်းလဲလာတဲ့ အစိုးရရဲ့  သံဃာတွေအပေါ်မှာ၊ သာသနာအပေါ်မှာ သဘောထားကို ဘယ်လို သုံးသပ်ပါလဲဘုရား။

ဆရာတော် ။ ။ ဒါကတော့ လူအမျိုးမျိုး စိတ်အထွေထွေလို့ပဲ ပြောရမှာပေါ့လေ။ ကာယကံရှင်တွေရဲ့  စိတ်ထားကတော့ ဘယ်လိုလဲမသိဘူး။ တနည်းပြောရရင်တော့ ဗုဒ္ဓရဲ့ ဝါဒကိုက ဒီမိုကရေစီဝါဒပါပဲ။ လွတ်လပ်မှုကို တန်းဖိုးထားတယ်။ သတိပဌာန် ဝိပဿနာကို အားထုတ်တယ်ဆိုရင်တောင်မှ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိတယ်။ ကိုယ်ဘယ်အရှူခံအာရုံကို အဓိကထား ရှူမှတ်မလဲ စသည်ဖြင့်။ ဓနနဲ့ ပတ်သက်လို့ရှိရင်လဲ မြတ်စွာဘုရားကိုယ်တိုင် ဟောကြားပြီးထား ကိုယ်စိတ်ကြည်လင်တဲ့နေရာမှာပဲ လှူပါ။ ဘယ်နေရာပဲ လှူရမယ်၊ ဘယ်နေရာတော့ မလှူရဘူး။ ကိုယ်စိတ်ဆန္ဒရှိတဲ့အတိုင်း ကိုယ့်ရဲ့ အလှူခံပုဂ္ဂိုလ်ကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိတယ်။ နိုင်ငံခေါင်းဆောင်လို့ အမည်ခံထားတဲ့ ပုဂ္ဂိုလ်တွေကလည်း ဒီဗုဒ္ဓဘာသာကို တကယ်ကိုင်းရှိုင်းတယ်။ ဆရာတော်သံဃာတွေကို ကြည်ညိုတယ်ဆိုရင်တော့ ဗုဒ္ဓရဲ့  အဆုံးအမအတိုင်း ကိုယ့်ရဲ့  နိုင်ငံရေး လုပ်ရပ်တွေ၊ နိုင်ငံရေး စိတ်ဓါတ်တွေကို အကောင်းအဆိုး၊ အကျိုးအကြောင်း ဝေဖန်သုံးသပ်တယ်အပေါ်မှာ ကျေကျေနပ်နပ် လက်ခံဖို့ လိုတာပေါ့။ ကိုယ့်ကို အကောင်းပြောတဲ့လူတွေကို လက်ခံမယ်၊ ထောက်ခံမယ်။ ကိုယ့်ကို အကောင်းမပြောတဲ့လူ။ အကောင်းမပြောတဲ့လူဆိုတာ ကိုယ့်က မကောင်းလို့ မကောင်းတဲ့အကြောင်း၊ မှန်မှန်ကန်ကန် ဝေဖန်သုံးသပ်တဲ့ လူတွေကြတော့ ကိုယ့်ရန်သူလို သဘောထားမယ်ဆိုရင်တော့ ဘုန်းကြီးလုပ်ပြီး နိုင်ငံရေးလုပ်တယ်လို့ သတ်မှတ်ရင်တာ့လဲ ဒါကတော့ ဘာသာတရားနဲ့ ဆန့်ကျင်နေတယ်လို့ ပြောရမှာပေါ့။

ဦးကျော်ဇံသာ ။ ။ အခု မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ပြလုပ်ဖို့ဆိုပြီး စီစဉ်နေပါတယ်။ ရွေးကောက်ပွဲကာလကို ဘယ်လို မှန်ကန်တဲ့ သဘောထားမျိုးထားပြီးတော့ ဖြတ်သန်းရမယ်လို့ အရှင်ဘုရား ထင်ပါလဲဘုရား။

ဆရာတော် ။ ။ အခုလောလောဆယ် အရေးကြီးဆုံးကတော့ နိုင်ငံသူနိုင်ငံသားအားလုံး တယောက်မကျန် မဲစာရင်း ကြည့်ဖြစ်အောင် ကြည့်ပါလို့ မှာကြားချင်ပါတယ်။ ဒီမဲစာရင်းမှာ အမှားအယွင်းတွေကို သိပ်ကိုများလွန်အားကြီးနေတယ်ဆိုတာ သိရတဲ့အတွက်ကြောင့် ကိုယ့်ရဲ့  မဲပေးပိုင်ခွင့် မဆုံးရှုံးဖို့အတွက် မဲစာရင်းကြည့်ဖြစ်အောင် ကြည့်ပါလို့ ပြောချင်ပါတယ်။ ဒီလူတစု ကောင်းကျိုးကိုပဲ ဦးစားပေးတဲ့လူတွေ၊ တိုင်းပြည်ကို ဦးမဆောင်ဘဲနဲ့ လူထုကောင်းကျိုးကို ဦးစားပေးတဲ့လူတွေကို ဦးဆောင်စေချင်တယ်ဆိုရင် အခုလောလောဆယ် မဲစာရင်း ကြည့်ဖြစ်အောင်ကြည့်ပါ။ မဲပေးရမယ့် ရွေးကောက်ပွဲရောက်တဲ့အချိန်မှာလည်း မဲပေးခွင့်ရှိသူတွေ မဲပေးဖြစ်အောင် မဲပေးပါလို့ ဦးပဉ္ဇင်းက ပြောချင်ပါတယ်။ ဒီလို ပြောလိုက်လို့ နိုင်ငံရေးစကားထင်မယ်။ ဘာသာရေးစကားဖြစ်အောင် ဘာသာရေးနယ်ပယ်က စကားလုံးပါမှ လက်ခံနိုင်မယ်ဆိုရင်တော့ နိုင်ငံသားတယောက် ဖြစ်နေပြီးတော့ မဲစာရင်းသွားမကြည့်ဘူး။ မဲမပေးဘူးဆိုရင် အဲဒါ အကုသိုလ်ပဲ။ မဲစာရင်း သွားကြည့်တယ်။ မဲပေးတယ်ဆိုရင် ကုသိုလ်ပါပဲလို့ ပြောချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ မဲလိမ်တဲ့လူတွေရဲ့  အကုသိုလ်လည်း ဘာသာရေးစကားနဲ့ ပြောပါအုံးဘုရား။

ဆရာတော် ။ ။ မဲလိမ်တဲ့လူတွေ၊ မဲခိုးတဲ့လူကတော့ အင်မတန်ကြီးကျယ်တဲ့ အကုသိုလ်ကြီး ဖြစ်သွားပါလိမ့်မယ်။ လူတယောက်ကို လိမ်တယ်ဆိုရင် တယောက်ပဲ ဆိုးကျိုးဖြစ်တယ်ဆိုရင် တယောက်စာ အကုသိုလ်ဆိုးကျိုးကို ခံစားရပါမယ်။ လူပေါင်း သန်း (၅၀) ကျော်ကို လိမ်လည်တယ်ဆိုရင်တော့ ဒီ မဲလိမ်ခြင်းကြောင့် လူပေါင်း သန်း (၅၀) ဆိုးကျိုးတွေ ဖြစ်တဲ့အတွက်ကြောင့်မို့ ကိုယ့်ရဲ့  လိမ်လည်အကုသိုလ်ကလည်း အဆပေါင်းများစွာသော အင်္သချေအနန္တ
အကုသိုလ်တွေ ဖြစ်ပါလိမ့်မယ်။ ကုသိုလ် အကုသိုလ်ဆိုတာ အများပြောတာ သူများအသတ်သတ်တာ၊ သာမန်ဟာမျိုးတွေတင် မဟုတ်ပါဘူး။ နိုင်ငံရေး နယ်ပယ်မှာလည်း မလုပ်သင့် မလုပ်ထိုက်တဲ့အလုပ်၊ တရားမမျှတတဲ့ အလုပ်ကိုလုပ်ရင် အကုသိုလ်ပဲ။ လုပ်သင့်လုပ်ထိုက်တဲ့အလုပ် တရားမျှတတဲ့အလုပ်ကို မှန်မှန်ကန်ကန်လုပ်ရင် ကုသိုလ်ပါပဲလို့ ပြောချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ သံဃာအဖွဲ့အစည်းကို ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံမှာ သံဃာတော်တွေဟာ ကျေးလက်မိသားစုက ပေါက်ဖွားလာကြတာတယ်ဆိုတာကို သိရပါတယ်။ အခု တဖြည်းဖြည်း မြို့ ပေါ်လူတန်းစား များလာတယ်။ အဲဒီက ခေတ်ပညာတတ်တွေ ဖြစ်လာတယ်။ ဆရာတော်ဘုရားဆိုရင် ခေတ်ပညာတတ် မိသားစုက ပေါက်ဖွားလာတယ်။ ခေတ်ပညာတတ်တယ်။ ကျောင်းပညာလည်း ထူးချွန်ပြီးတော့ သံဃာလောကထဲ ရောက်လာတယ်ဆိုတာ အင်မတန် ပါရမီထူးလို့ပေါ့ဘုရား။ ဒါပေမဲ့ အခု ရှေ့ ကို မျှော်ကြည့်မယ်ဆိုရင် ဆရာတော်တို့လို ပုဂ္ဂိုလ်တွေ ခေတ်ပညာတတ် အသိုင်းအဝိုင်းက ပေါ်ထွန်းလာမယ်လို့ ထင်ပါသလား။ သမာရိုးကျ ကျေးလက်က ငယ်ငယ်ကတည်းက ဘုန်းကြီးကျောင်းပညာရေးနဲ့ ကြီးပြင်းလာပြီးတော့ ကပ္ပိယလေး၊ ကိုရင်လေးက ဖြစ်လာတဲ့ ရဟန်းတွေ ပိုများလာမလား။ ဘယ်လို အပြောင်းအလဲ ဖြစ်လာမယ်လို့ သုံးသပ်ပါလဲ။

ဆရာတော် ။ ။ အခုနောက်ပိုင်းကတော့ ဘာသာရေးကလည်း နိုင်ငံရေးနဲ့ ဆက်စပ်နေသလို။ နိုင်ငံရေးစနစ်ရဲ့  အားနည်းမှုတွေကြောင့် ကျေးလက်တောရွာမှာရှိတဲ့ လူတွေ တိုင်းတပါးသွားပြီးတော့ အလုပ်လုပ်ကြတယ်။ အမှန်တရားနဲ့ ပြောမယ်ဆိုရင်တော့ သူ့တပါးဆီမှာ ကျွန်ခံရတဲ့သဘောမျိုး အလုပ်ကြမ်းတွေ သွားလုပ်ကြရတယ်။ အဲဒီတော့ နည်းနည်းလေး အရွယ်ရောက်လာတာနဲ့ တခြားတိုင်းတပါးကို ရောက်သွားကြတာ များတဲ့အတွက်ကြောင့် ဒီကျေးလက်ဒေသတွေမှာတော့ ကိုရင်၊ ဦးပဉ္ဇင်း ဆိုတာတော့ အင်မတန် ရှားပါးသွားပြီပေါ့။ ဗုဒ္ဓအဆုံးအမမှာ သက်ဝင်ပြီးတော့ သာသနာ့ဘောင်ဝင်လာတဲ့ ခေတ်ပညာတတ် ပုဂ္ဂိုလ်တွေတော့ ဒီခေတ်ပိုင်းမှာ နည်းနည်းများလာတယ်လို့ ပြောလို့ရပါတယ်။ နောင်တချိန်မှာလဲ အခုလို လောကီနယ်ပယ်မှာလည်း အနည်းဆုံး အခြေခံပညာအဆင့်လောက်အထိ အောင်မြင်ပြီးနောက် အခြေခံအဆင့်လောက်အထိ အောင်မြင်ပြီးနောက် လေ့လာပြီးနောက်ပြီးမှ သာသနာဘောင် ဝင်လာမယ်ဆိုရင်တော့ သိပ်ကောင်းပါတယ်။ ဦးပဉ္ဇင်းရဲ့  သဘောအရတော့ ကလေးကတည်းက သာသနာဘောင်ဝင်တာထက် အနည်းလောက် ဆယ်တန်းလောက်အောင်အောင် လောကီနယ်ပယ်မှာ လေ့လာပြီးမှ ဗုဒ္ဓအဆုံးအမကို တဖက်က လေ့လာပြီးမှ အတိုင်းအတာတခု ရင့်ကျက်ပြီးတဲ့အချိန်ရောက်မှ သာသနာဘောင်ဝင်တာကို ပိုတောင်သဘောကျပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံး လျှောက်ထားချင်တာကတော့ အနာဂတ် ဗုဒ္ဓသာသနာပေါ်မှာ ဆရာတော်ဘုရား ဘယ်လို မြင်ပါလဲ။ ဘုရားဟောတရားနဲ့ ကိုက်ညီတဲ့ဘက်ကို ပိုသွားမလား။ ဘုရားဟောတရားနဲ့ ကိုက်ညီတဲ့ဘက်ကို ပိုသွားမလား။ အဆောင်အယောင် ပကာသနတွေဘက်ကို မျှောပါသွားနိုင်တဲ့ အခြေအနေ ပိုများသလားဘုရား။

ဆရာတော် ။ ။ အဲဒီလိုတော့ ဦပဉ္ဇင်းက ရှေ့ ဖြစ်မဟောတတ်တော့ မပြောတတ်ဘူး။ ဒါပေမဲ့လို့ ဗုဒ္ဓဘာသာ ပြန့်ပွားရေးအတွက်ဆိုတာ ဗုဒ္ဓအဆုံးအမကို တကယ်သိဖို့၊ တကယ်ကျင့်ဖို့က အဓိကပဲ။ ဗုဒ္ဓဘာသာ ပြန့်ပွားရေးကို တကယ်လုပ်ချင်တယ်ဆိုရင် ဗုဒ္ဓအဆုံးအမကို သိတဲ့လူတွေ များသထက်များလာအောင် လုပ်ဖို့က အဓိကပဲ။ အဲဒီလို ဗုဒ္ဓဘာသာ ကာကွယ်ချင်တဲ့သဘော၊ တိုးတက်ချင်တဲ့သဘော ရှိတယ်ဆိုရင်လဲ ကိုယ်ကိုယ်တိုင်က ဗုဒ္ဓအဆုံးအမနဲ့အညီ လိုက်နာကျင့်သုံးဖို့ လိုတာပေါ့။ ဥပမာ ဗုဒ္ဓအဆုံးအ မေတ္တာတရားကို ဦးထိပ်ထားတယ်။ ဗုဒ္ဓအဆုံးအမ တကယ်ပြန့်ပွားစေချင်တယ်ဆိုရင် ကိုယ်ကိုယ်တိုင်ကလည်း မေတ္တာလမ်း လွှမ်းတဲ့စကားမျိုး ပြောဖို့။ မေတ္တာသဘော သက်ရောက်တဲ့ စကားလုံး အသုံးအနှုန်းလေးတွေ ပြောဖို့။ မေတ္တာစကားတွေပဲ ဖြန့်ဝေဖို့ အရေးကြီးတာပေါ့။ ကိုယ်ကိုယ်တိုင်က ဒေါသသံလွှမ်းတဲ့ စကားတွေ၊ ဒေါသသံလေသံတွေနဲ့ ဒေါသစကားတွေ ပြောနေမယ်ဆိုရင်တော့ ဗုဒ္ဓအဆုံးအမပေါ် အထင်သေးလာမယ်။ အဲဒါဆိုရင် ခေတ်လူငယ်တွေ၊ ကိုယ်နိုင်ငံအတွင်းမှာရှိတဲ့ ဗုဒ္ဓဘာသာဝင် မိရိုးဖလာ ဗုဒ္ဓဘာသာ သာသနာဝင်ဖြစ်တဲ့ လူငယ်တွေတောင်မှ ဗုဒ္ဓအဆုံးအမအပေါ် သံသယရှိလာမယ်။ ဘာသာရေးခေါင်းဆောင်တွေအပေါ် သံသယ ရှိလာမယ်။ ဒါကြောင့်မို့ ဘာသာတရား ပြန့်ပွားမှုကို တကယ်လုပ်ချင်တယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေက ဗုဒ္ဓအဆုံးအမနဲ့အညီ နူးနူးညံ့ညံ့၊ သိမ်သိမ်မွေ့မွေ့၊ ယဉ်ယဉ်ကျေးကျေး၊ ဥာဏ်ပညာပါပါ ပြောဆိုတတ်ဖို့၊ စဉ်းစားတွေးခေါ်တတ်ဖို့၊ ဖြန့်ဝေတတ်ဖို့ အရေးကြီးတာပေါ့။

ဦးကျော်ဇံသာ ။ ။ အထူးကျေးဇူးတင်ပါတယ် ဘုရား။

ဦးကျော်ဇံသာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

 ၂ဝဝ၈ ဖွဲ့စည်းပုံ ပြင်ဆင်ပေးရေးနဲ့ လွှတ်တော်ထဲက တပ်မတော်သား ၂၅ ရာခိုင်နှုန်း နှုတ်ထွက်ပေးဖို့ ဟောပြောနေတဲ့ တကသအဖွဲ့ဝင် ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူကို ဇွန်လ ၃ဝ ရက်နေ့က တွေ့ရစဉ် Photo: Aung Thain Kha/RFA
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ဖို့နဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းလွှတ်တော် ထဲက နှုတ်ထွက်သွားဖို့အတွက် တောင်းဆို ဆန္ဒပြခဲ့တဲ့ အထဲက ကျောင်းသား ၅ ဦးကို ပန်းပဲတန်းနဲ့ ကျောက် တံတား ရဲစခန်းတွေက ပုဒ်မ ၁၈ နဲ့အမှုဖွင့်လိုက်ပါတယ်။

ကျောင်းသားတွေကို တရားမဝင်စီတန်းလှည့်လည်မှုဆိုင်ရာပုဒ်မ ၁၈ နဲ့ တရားစွဲဆိုလိုက်ပြီလို့ ရန်ကုန်တိုင်း ဒေသ ကြီးရဲတပ်ဖွဲ့မှူးရုံးက အမည်မဖော်လိုတဲ့ ရဲအရာရှိတစ်ဦးက အတည်ပြုပြောပါတယ်။

"ကျောက်တံတားရယ်၊ ပန်းဘဲတန်းရယ် တစ်မှုစီ၊ ငြိမ်းချမ်းစွာ စုဝေးခြင်းနဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေပုဒ်မ ၁၈၊ ကျောင်းသားအရေအတွက် က ၅ ဦး"

တက္ကသိုလ်ကျောင်းသားများသမဂ္ဂ တကသအဖွဲ့ဝင် ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုနန်းလင်း၊ ကိုရဲဇာနည်ထွန်းနဲ့ ကိုမင်းသုကျော်တို့ ၅ဦးကို ပုဒ်မ ၁၈ နဲ့အမှုဖွင့် လိုက်တာဖြစ်ပါတယ်။

မနေ့က တကသအဖွဲ့ဝင်တွေအပါအဝင် ကျောင်းသူကျောင်းသား ၃၀ ကျော်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်ရေး၊ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တွေ လွှတ်တော်ထဲက နှုတ်ထွက်သွားရေးအတွက် ရန်ကုန်မြို့ သိမ်ကြီးဈေးရှေ့ကနေ ဆူးလေမြို့တော်ခန်းမရှေ့အထိ ချီတက်ဆန္ဒပြခဲ့ကြ တာဖြစ်ပါတယ်။

ဒါ့အပြင် မန္တလေးတိုင်းဒေသကြီးရတနာပုံတက္ကသိုလ်က ဗကသ ကျောင်းသား ကိုနိုင်ရဲဝေ၊ ကိုအောင်ဆန်းဦးနဲ့ ကိုဂျစ်တူးတို့ကို အမရပူရရဲစခန်းက ဒီနေ့ညနေ ၃နာရီခန့်မှာ တရားမဝင်စီတန်းလှည့်လည်မှုပုဒ်မ ၁၈၊ ဥပဒေ နှင့်ဆန့်ကျင်သော အစုအဝေးတွင်ပါဝင်မှုပုဒ်မ ၁၄၃ ၊ ရုတ်ရင်းဆန်ခတ်မှု ပုဒ်မ ၁၄၇နဲ့ နိုင်ငံတော် အကြည်ညို ပျက်စေမှုပုဒ်မ ၅၀၅ (ခ) စတဲ့ အမှု ၄ခုနဲ့ ဖမ်းဆီးခေါ်ဆောင်သွားပြီး အိုးဘိုထောင်မှာ ဖမ်းဆီးလိုက် ပါတယ်။

ကိုနိုင်ရဲဝေ၊ ကိုအောင်ဆန်းဦးနဲ့ ကိုဂျစ်တူးတို့ဟာ လက်ပံတန်းကျောင်းသားသပိတ်မှာ ပါဝင်ခဲ့သလို ပြီးခဲ့တဲ့ ၂၆ ရက်နေ့က ရတနာပုံ တက္ကသိုလ်ကျောင်းအုတ်နံရံ မှာ ကျောင်းသားတွေကိုအကြမ်းဖက်မှုကို ရှုံ့ချကြောင်း မှုတ်ဆေး နဲ့ရေးသားခဲ့တာကြောင့် ထိန်းသိမ်းလိုက်တာလို့လည်း သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

military-presentatives-620.jpg တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေ ဇူလိုင်လ ၁ ရက်နေ့က လွှတ်တော်အစည်းအဝေးကျင်းပနေစဉ်

ဒီမိုကရေစီစနစ်ဆိုတာ ရွေးကောက်ခံမဟုတ်သူတွေ လွှတ်တော်မှာ ကိုယ်စားပြုခွင့် မရှိကြောင်းနဲ့ အမျိုးသားရင် ကြားစေ့ရေးအတွက် တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းပါဝင်မှုကို တဖြည်းဖြည်းလျှော့ချရ မှာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်ထဲက နှုတ်ထွက်ပေးဖို့ မနေ့က ရန်ကုန်မြို့မှာ ဆန္ဒပြတောင်းဆိုခဲ့တဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို သတင်းထောက်တွေက ဒီနေ့မေးမြန်း ရာ ဖြေကြားခဲ့တာဖြစ်ပါတယ်။

"ဒီမိုကရေစီစနစ်မှာတော့ ပြည်သူတွေက ရွေးချယ်တင်မြှောက်ထားတာမဟုတ်တဲ့ ကိုယ်စားလှယ်တွေ ပါဝင်လေ့မရှိပါဘူး၊ ဒါနဲ့ ပတ်သက်လို့ အမျိုးသားဒီမိုကရေ စီ အဖွဲ့ချုပ်ကပြောထားပြီးသားပါ၊ အမျိုးသား ရင်ကြားစေ့ရေးကို ဦးတည်ပြီးတော့ တစ်ဆင့်ချင်းတစ်ဆင့်ချင်းညှိနှိုင်းပြီးတော့ လျှော့သွားသင့်တဲ့ကိစ္စဆိုတာ အရင် နှစ်ထဲကတင်ပြပြီးသားဖြစ်ပါတယ်"

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ကန့်ကွက်ခဲ့ကြတဲ့ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တွေကို နှုတ် ထွက်ပေးဖို့ ကျောင်းသူ ကျောင်းသားတွေက ရန်ကုန် မြို့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

အဲဒီဆန္ဒပြပွဲဟာ ခွင့်ပြုချက်မယူဘဲ ပြုလုပ်ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဝင်အင်အား ၁၀၀ လောက်က နှစ်ကြိမ်တားမြစ် ခဲ့ပါတယ်။

အဲဒီအပေါ် ဒေါ်အောင်ဆန်းစုကြည်က ဆန္ဒပြတာကို ဥပဒေဘောင်အတွင်းက ဆောင်ရွက်စေချင်ကြောင်းနဲ့ တစ်ချိန်တည်းမှာလည်း ဥပဒေတွေဟာလည်း မျှတမှု ရှိဖို့လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ ပါတယ်။

RFA
http://www.rfa.org/burmese/news/dassk-says-cut-down-army-representatives-07012015115636.html


ဓာတ်ပုံ - ပြည်သူ့လွှတ်တော်  
ဓာတ်ပုံ - ပြည်သူ့လွှတ်တော်

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉-ဃ ပြင်ဆင်နိုင်ရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲနဲ့ ပူးတွဲပြုလုပ်ဖို့ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ဆုံးဖြတ်လိုက်ပါတယ်။

ဇူလိုင် ၁ ရက် ကျင်းပပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော် စည်းဝေးပွဲမှာ သူက အချိန်၊ လုပ်အားနဲ့ ဘဏ္ဍာငွေကြေး ကုန်ကျမှုကို လျှော့ချနိုင်မှာဖြစ်လို့ ခုလို ဆုံးဖြတ်လိုက်တာဖြစ်ကြောင်း လွှတ်တော်ထဲ ဖတ်ကြားခဲ့ပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉၊ ပုဒ်မခွဲ (ဃ) ပြင်ဆင်နိုင်ရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ယခုနှစ် ကျင်းပပြုလုပ်မယ့် ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ပူးတွဲပြုလုပ်နိုင်ဖို့အတွက် ပြည်ထောင်စုလွှတ်တော်နာယကထံမှ ပြည်ထောင်စုရွေးကောက်ပွဲကျင်းပရေး ကော်မရှင် ဥက္ကဋ္ဌထံသို့ အကြောင်းကြားစာပေးပို့၍ အဆိုပြု ဆောင်ရွက်သွားမှာဖြစ်ကြောင်း အသိပေးကြေညာပါတယ်။”

ဇွန်လအတွင်း ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်မှာ ၂၀၀၈ ဖွဲ့စည်းပုံပါ ပုဒ်မ ၅၉(ဃ) ပါ “စစ်ရေး” အမြင် ရှိရမယ်ဆိုတဲ့နေရာမှာ “ကာကွယ်ရေး” အမြင် ရှိရမယ်လို့ မဲခွဲဆုံးဖြတ်ခဲ့တာဖြစ်ပြီး လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို ပြည်သူ့ဆန္ဒခံယူပွဲလုပ်ပြီး အတည်ပြုရမှာ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံပြင်ဖို့ သိပ်မထူးလှတဲ့ ဒီ ၅၉(ဃ) ပုဒ်မ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ပြည်သူ့ဆန္ဒခံယူပွဲလုပ်ရင် ပိုက်ဆံကုန်ပြီး ပြည်သူကလည်း စိတ်ဝင်စားမှုရှိမှာ မဟုတ်ဘူးဆိုတဲ့ ဝေဖန်ချက်တွေ ထွက်ပေါ်ခဲ့ပြီးတဲ့နောက် အခု လွှတ်တော်နာယကရဲ့ ဆုံးဖြတ်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

လွှတ်တော်ကို စောင့်ကြည့်လေ့လာနေတဲ့ မြန်မာ့ရှေ့ဆောင်အဖွဲ့ခေါင်းဆောင် ဦးအေးကျော်က ရွေးကောက်ပွဲနဲ့ ဆန္ဒခံယူပွဲ သဘောသဘာဝ မတူတာကြောင့် ရှုပ်ထွေးသွားနိုင်တယ်လို့ ပြောပါတယ်။

“မဲပေးရတဲ့အကြိမ်တွေ များလာမယ်။ မဲထည့်ရတဲ့ သဘောသဘာဝကလည်း မတူဘူးဗျ။ ရွေးကောက်ပွဲ အတွက်ကျ ကိုယ်စားလှယ်တွေ အများကြီးထဲက တယောက်ကိုပဲ ရွေးရတာမျိုး၊ ဆန္ဒခံယူပွဲကျတော့ ထောက်ခံမှာလား၊ ကန့်ကွက်မှာလား ဆိုတာကို ဆန္ဒပြုရမှာ ဖြစ်တယ်။ နည်းနည်း ရှုပ်ထွေးသွားမယ့်သဘောရှိတယ်လို့ မြင်တယ်။”

၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲကို လာမယ့် အောက်တိုဘာလကုန် ဒါမှမဟုတ် နိုဝင်ဘာလဆန်းမှာ ပြုလုပ်မယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြောထားပြီး ရွေးကောက်ပွဲမတိုင်မီ အနည်းဆုံး ၃ လ ကြိုတင်ကြေညာမှာ ဖြစ်ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/100470

ထိုင်းနိုင်ငံထဲ ထွက်ပြေးတိမ်းရှောင်သွားတဲ့ ကိုးကန့်အဖွဲ့ခေါင်းဆောင် ဖုန်ကြားရှင်ကို ဖမ်းဆီးပြီး မြန်မာဘက်ပြန်ပို့ပေးဖို့ ထိုင်း-မြန်မာ နယ်ခြားပူးတွဲကော်မတီအစည်းအဝေးမှာ မြန်မာဘက်က တောင်းဆိုလိုက်ပါတယ်။

ဇွန် ၃၀ ရက်နေ့က တာချီလိတ်ခရိုင် တာချီလိတ်မြို့မှာ ကျင်းပတဲ့ ထိုင်း-မြန်မာနယ်ခြားပူးတွဲကော်မတီရဲ့ ၈၃ ကြိမ်မြောက် အစည်းအဝေးမှာ အခုလို တောင်းဆိုလိုက်တာလို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

မြန်မာဘက်က နယ်ခြားကော်မတီဥက္ကဋ္ဌ အမှတ် ၅၂၆ ခြေမြန်တပ်ရင်း တပ်ရင်းမှူး ဗိုလ်မှူး အောင်တင်နဲ့ ထိုင်းဘက်က နယ်ခြား ကော်မတီဥက္ကဋ္ဌ တပ်မဟာ ၃ သံချပ်ကာတပ် တပ်မဟာမှူး ဗိုလ်မှူးကြီး ပရဖတ် ဖုန်းဆုဝမ်းတို့က ဦးဆောင်ဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲမှာ ထိုင်းဘက်ခြမ်း မယ်ဆိုင်ထဲ ၀င်ရောက်ပြီး ကိုးကန့်တပ်ဖွဲ့အတွက် ရန်ပုံငွေလိုက်ရှာနေတဲ့ ခေါင်းဆောင် ဖုန်ကြားရှင်နဲ့ လူယုံ ကိုဒါကျူန်းတို့ကို ဖမ်းပေးဖို့နဲ့ ပြီးခဲ့တဲ့ ဧပြီလအတွင်း ထိုင်းဘက်ခြမ်းမှာ မြန်မာနိုင်ငံသားတွေဆီက လက်နက်၊ စိတ်ကြွဆေး ၂ သန်းကျော်နဲ့ အိုက်စ် ၁၄ ကီလိုဂရမ် ဖမ်းဆီးရရှိမှု နောက်ဆက်တွဲအခြေအနေ သိရဖို့နဲ့ တောင်းဆိုခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီဗွီဘီက ထိုင်းနယ်ခြားစောင့် တပ်ဖွဲ့ဝင်တဦးကို မေးမြန်းစုံစမ်းကြည့်ရာမှာ ဖုန်ကြားရှင်နဲ့ သူ့ရဲ့ လူယုံတို့ဟာ ချင်းရိုင်းခရိုင်ထဲမှာ စီးပွားရေးလုပ်ငန်း တခုကို တရားမ၀င် ၀င်ရောက်လုပ်ကိုင်နေပြီး သူရှိရာနေရာကို အတိ အကျသိရဖို့ ထိုင်းရဲတပ်ဖွဲ့ စုံစမ်းနေတယ်လို့ ပြောပါတယ်။

အစည်းအဝေးမှာ ထိုင်းနိုင်ငံထဲ ထွက်ပြေးတိမ်းရှောင်သွားတဲ့ ကိုးကန့်အဖွဲ့ခေါင်းဆောင် ဖုန်ကြားရှင်ကို ဖမ်းဆီးပြီး မြန်မာဘက်ပြန်ပို့ပေးဖို့ကိစ္စအပြင် ထိုင်းဘက်ကို ကျောင်းလာတက်ရင်း လူကုန်ကူးခံရဖွယ်ရှိသူတွေကိစ္စ၊ မယ်ဆိုင်ချောင်းရေ သန့်ရှင်းတည်တံ့ရေး၊ လွိုင်လန်းနယ်မြေကျူးကျော်မှု ပြဿ နာ၊ မြန်မာနဲ့ဝတပ်ဖွဲ့ တင်းမာမှု အခြေအနေ အစရှိတဲ့ နှစ်နိုင်ငံနယ်စပ်ဆိုင်ရာ ပြဿ နာတွေကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာနယ်နိမိတ် မိုင်းဆတ်ခရိုင် လွိုင်လန်းဒေသထဲ ၀င်ရောက်စခန်းချထားတဲ့ ထိုင်းစပ်တပ်စခန်း ၂၉ ခုကို ရုပ်သိမ်းပေးဖို့ မြန်မာဘက်က တောင်းဆိုခဲ့ပါတယ်။

ထိုင်းဘက်ကလည်း ထိုင်းနယ်နိမိတ် ချင်းမိုင်ခရိုင်က နေရာ ၇ ခုမှာ ၀ လက်နက်ကိုင်တပ်ဖွဲ့က ၀င်ရောက်စခန်းချနေတာကို နယ်စပ်ထိဆုတ်ခွာသွားဖို့ တောင်းဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ထိုင်းနိုင်ငံသားတဦး တာချီလိတ်မြို့မှာ ဆောက်လုပ်ရေးကန်ထရိုက်ယူရင်း ရိုက်နှက်ခံရပြီး သေဆုံးခဲ့ရတဲ့အမှုနဲ့ ပတ်သက်လို့ တရားခံတွေဖမ်းဆီးရမိရေး၊ ထိုင်းဘက်ခြမ်းမှာ မူးယစ်ဆေးကုန်ကူးပြီး ထိုင်းမူးယစ်ရဲအရာရှိတဦးကို ပစ်သတ်သွားတဲ့ မြန်မာနိုင်ငံသား ၂ ဦးကို ဖမ်းဆီးပေးဖို့ တောင်းဆိုပါတယ်။

နှစ်နိုင်ငံ နယ်ခြားကော်မတီဟာ ထိုင်း-မြန်မာ နယ်စပ်ဖြတ်ကျော် ခရီးသွားလာရေးကိစ္စတွေလည်း ဆွေးနွေးခဲ့ပါတယ်။

မြန်မာနိုင်ငံသားတွေအနေနဲ့ ထိုင်းနိုင်ငံထဲကို ဘော်ဒါပတ်စ်လို့ ခေါ်တဲ့ နယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ်ကိုင်ဆောင်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်ထိ သွားလာခွင့်ရဖို့နဲ့ အလားတူ ထိုင်းနိုင်ငံသားတွေကလည်း ဘော်ဒါပတ်စ်နဲ့ မြန်မာနိုင်ငံ ကျိုင်းတုံမြို့ထိ သွားလာခွင့်ရဖို့ ၂၀၀၇ ခုနှစ်ကတည်းက သဘောတူခဲ့ပေမယ့် မြန်မာနိုင်ငံသားတွေဟာ ချင်းမိုင်ကို သွားဖို့ နိုင်ငံကူးလက်မှတ် ဒါမှမဟုတ် ယာယီနိုင်ငံကူးလက်မှတ် လိုအပ်နေတုန်းပဲလို့ မြန်မာဘက်က ပြောပါတယ်။

ထိုင်းဘက်ကလည်း ထိုင်းဘက်ခြမ်း မယ်ဆိုင်မြို့နယ်ထဲကို စာလာသင်တဲ့ ကျောင်းသားနဲ့ မိဘအုပ်ထိန်းသူ စုစုပေါင်း လူ ၁၁၀၀ ဦး၊ မှန်လုံယာဉ် ၂၉ စီးကို နားလည်မှုနဲ့ ခွင့်ပြုပေးခဲ့ပေမယ့်လည်း မြန်မာပြည်ကို အကုန်ပြန်မလာကြောင်း၊ အဲဒီလူတွေဟာ လူကုန်ကူးမှုခံရတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတဲ့အတွက် နယ်စပ်ဂိတ်တွေ ပိုမိုတင်းကြပ်ဖို့ ဆွေးနွေးခဲ့ပါတယ်။

နှစ်ဘက်နယ်ခြားကော်မတီတွေဟာ မယ်ဆိုင်ချောင်းကို ပျက်စီးစေမယ့် မြေတူးတာ၊ သဲတူးတာ၊ အဆောက်အဦ တိုးချဲ့ဆောက်လုပ်တာကို ဆန့်ကျင်ကြောင်း၊ ရေပိုက်လိုင်းတွေ ဖောက်ခြင်းတာ အနီးနားဝန်းကျင်ရှိ လယ်ယာမြေတွေ ပျက်စီးစေတာကြောင့် ကြိုတင်တားဆီးရေး၊ မယ်ဆိုင်ချောင်းကို ၁၅ ကီလိုမီတာအထိ ဆယ်ယူသန့်စင်ဖို့နဲ့ ရေကြီးသတိပေးကိရိယာ နေရာ ၃ ခုမှာ တပ်ဆင်ရေးကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/100523

 parliament-pyitaungsu-620.jpg ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပနေစဉ်

တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကို သက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ ပြည်နယ် အလိုက်လွှတ်တော်တွေက တင်မြှောက်ရမယ်ဆိုပြီး ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၆၁ (ခ) ကို ပြင်ဆင်ထားတာကို ကိုယ်စားလှယ်တွေ ဒီနေ့ ဆွေးနွေးရာမှာ သဘောထားကွဲလွဲခဲ့ကြပါတယ်။

တပ်မတော်သားကိုယ်စားလှယ်တွေက မူရင်းပြဌာန်းထားတဲ့ နိုင်ငံတော်သမ္မတက ခန့်အပ်ပိုင်ခွင့်ရှိတယ်ဆိုတဲ့ အတိုင်းသာထားချင်ပြီး တိုင်းရင်းသား ကိုယ်စားလှယ်တွေက ပြင်ဆင်ချက်ကို ထောက်ခံကြပါတယ်။

တပ်မတော်သား ကိုယ်စားလှယ်တွေအနေနဲ့ ဒီအတိုင်းဆက်လက်ကန့်ကွက်နေမယ်ဆိုရင် တပ်နဲ့ပြည်သူတွေ အကြား ယုံကြည်မှုတည်ဆောက်ဖို့ ခက်ခဲမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ် ဦးသိန်းဆွေ က ဆွေးနွေးခဲ့ပါတယ်။

"ဒီအချိန်မှာ တပ်မတော်နဲ့ ပြည်သူကြား ယုံကြည်မှု ပိုမိုခိုင်ခံ့အောင် တည်ဆောက်နိုင်ဖို့ အခွင့်အလမ်းကြီးတစ် ခုဖြစ်ပါတယ်၊ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ လက်ရှိလွှတ်တော် အတွင်းမှာ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်မှ သဘောတူမှ ပြင်လို့ရမှာဖြစ်ပါတယ်၊ တစ်ကယ်ပြောင်းလဲချင်ရင် စေတနာမှန်မှန် သတိရှိရှိနဲ့ ပြောင်းလဲ ဖို့လိုအပ်ပါတယ်၊ ပြည်သူလူထုရဲ့လိုလားတောင်းတချက်တွေကို ဆောင်ရွက်အကောင်အထည်ဖော်ပေးဖို့ တိုင်းပြည်နဲ့ ပြည်သူ့ အကျိုးအတွက် ဒီမိုကရေစီ ယဉ်ကျေးမှုနဲ့အညီ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နိုင်ပါရန် တိုက်တွန်းနှိုးဆော်ပါတယ်"

တိုင်းရင်းသားကိုယ်စားလှယ်တွေက ပြည်နယ်နဲ့တိုင်းဒေသကြီးတွေကို လုပ်ပိုင်ခွင့် ပေးထားတာကို လိုလားကြ တာဖြစ်ပါတယ်။ ဒီပုဒ်မကို မပြင်ဘူးဆိုရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ယုံကြည်မှုတည်ဆောက်နေ တာတွေ ပျက်ပြားသွား နိုင်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက လွှတ်တော် ကိုယ်စားလှယ် ဦးစံပြည့်က ဆွေးနွေးခဲ့ပါတယ်။

လက်ရှိ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးနေတဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ချက် ပုဒ်မ ၃၀ လောက်ကို ရှေ့အပတ် လွှတ်တော်အစည်းအဝေးမှာ အတည်ပြုမှာဖြစ် တယ်လို့ သိရပါတယ်။

RFA

ushwemann-parliament-620.jpg ပြည်ထောင်စု လွှတ်တော် နာယကသူရဦးရွှေမန်းကို တွေ့ရစဉ်

နိုင်ငံတော်သမ္မတ အရည်အချင်းသတ်မှတ်ချက်တွေထဲက ပုဒ်မ ၅၉ (ဃ)ကို အတည်ပြုဖို့အတွက် ပြည်လုံးကျွတ်ဆန္ဒ ခံယူပွဲကျင်းပရမှာဖြစ်ပြီး အဲဒီဆန္ဒခံယူပွဲကို ၂၀၁၅ ရွေးကောက်ပွဲနဲ့အတူ ပူးတွဲကျင်းပပေးဖို့ ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင်ထံ အကြောင်းကြားသွားမှာဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေ မန်းက ဒီနေ့ ပြောပါတယ်။

ပုဒ်မ ၅၉(ဃ) တစ်ခုတည်းအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပမယ်ဆိုရင် နိုင်ငံတော်ဘဏ္ဍာငွေ အကုန်အကျ များမှာဖြစ်ပြီး အချိန်ကုန်မှာဖြစ်တဲ့ အတွက် ရွေးကောက်ပွဲနဲ့အတူ ပူးတွဲကျင်းပပေးဖို့ အကြောင်းကြားမှာဖြစ်တယ် လို့ ပြည်ထောင်စုလွှတ်တော် နာယကသူရဦးရွှေမန်းက ပြောပါတယ်။

"ပုဒ်မ ၅၉(ဃ) ကို ပြင်ဆင်နိုင်ရေးဆက်လက်ဆောင်ရွက်ရာမှာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ သီးခြားလုပ်မယ် ဆိုရင် အချိန်၊ လုပ်အား၊ ဘဏ္ဍာငွေ အားလုံးထပ်မံ လိုအပ်ပါတယ်၊ ဒီကိစ္စကို ယခုနှစ် အောက်တိုဘာလကုန် သို့မဟုတ် နိုဝင်ဘာလ ဆန်းမှာ ကျင်းပပြုလုပ်မယ့် ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲမှာ ပူးတွဲ ပြီး ဆောင်ရွက်ရင် အချိန်၊ လုပ်အား၊ ဘဏ္ဍာငွေ ကုန်ကျမှုတွေကို လျှော့ချနိုင်တဲ့အပြင် ဥပဒေအရ အကျိုး သက်ရောက်မှုကိုလည်း ထိခိုက်တဲ့ အခြေအနေ မရှိကြောင်း သုံးသပ်တွေ့ရှိရပါတယ်"

အရင်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉(ဃ) မှာ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးနဲ့ စစ်ရေးအမြင်ရှိရ မယ်လို့ ပြဌာန်းထားတာကို ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့က ကာကွယ်ရေးအမြင်ဆိုတဲ့ စကားလုံးအဖြစ် ပြင်ဆင် ဖို့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်တာဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အဲဒီပြင်ဆင်ချက်ကို လွှတ်တော်က အတည်ပြုတဲ့အပြင် လူထုဆန္ဒခံယူပွဲကျင်းပရမှာဖြစ်ပြီး မဲပေးခွင့်ရှိသူ အားလုံးရဲ့ ထက်ဝက်ကျော် က ထောက်ခံမှ ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။

RFA

၂၀ဝ၈ အခြေခံဥပဒေပြင်ဖို့ တကသ ကျောင်းသားတွေ ဆန္ဒပြခဲ့ 
မြန်မာနိုင်ငံအစိုးရ စနစ်မှာ ဒုတိယသမ္မတ နှစ်ဦး အစား တစ်ဦးပဲ ထားဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်ထောင်စုလွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်တဲ့ ပုဒ်မ ၄၃၆ (ခ) နဲ့ပတ်သက်ပြီး ဇွန်လ ၃၀ရက်နေ့က ပြည်ထောင်စု လွှတ်တော်မှာ ဆွေးနွေးခဲ့ရာ အခုလို တင်ပြခဲ့တာဖြစ်ပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကတော့ နိုင်ငံတော် သမ္မတနဲ့ ဒုတိယသမ္မတတွေ အနေနဲ့ ရွေးချယ် တင်မြှောက်ခံရတဲ့ နေ့ကစပြီး လွှတ်တော်ကိုယ်စားလှယ်ဖြစ်ရင် လွှတ်တော်ကိုယ်စားလှယ်အဖြစ်က နှုတ်ထွက်ရမှာဖြစ်ပြီး၊ ပါတီဝင်ဖြစ်ရင် ပါတီလုပ်ငန်းတွေကို မလုပ်ရဘူးဆိုတဲ့ ပြဋ္ဌာန်းချက်ကို ပယ်ဖျက်ဖို့ ဆွေးနွေးခဲ့ပါတယ်။

တပ်မတော်သား ကိုယ်စားလှယ်တွေကတော့ အဲဒီအချက်တွေကို ပြင်ဆင်ဖို့ အချိန်မကျသေးဘူးလို့ ပြန်လည် ဆွေးနွေးခဲ့ပါတယ်။

ဒီနေ့မှာပဲ အခြေခံဥပဒေကို ပြင်ဆင်ဖို့ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂက ကျောင်းသာတွေ ဦးဆောင်ပြီး ရန်ကုန်မြို့ သိမ်ကြီးဈေးရှေ့ကနေ ဆူးလေ မြို့တော်ခန်းမကို လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

၂၀၀၈ အခြေခံဥပဒေကို ပြင်ပေးဖို့နဲ့ လွှတ်တော်ထဲမှာ တပ်မတော်သား ၂၅ရာခိုင်နှုန်းကို ဖယ်ပေးဖို့ ကျောင်းသားတွေဘက် တောင်းဆို ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese


တရားရုံးမှအပြန် ထောင်အာဏာပိုင်များ နှင့် ရုန်းရင်းဆန်ခတ်ဖြစ် ပွားသဖြင့် ထိန်းသိမ်းခံ ကျောင်းသား နှင့်ဝန်းရံပြည်သူ ၇ဦးသာယာ ၀တီထောင် တွင်တိုက်ပိတ်ခံရကြောင်း ဗကသ ဗဟိုလုပ်ငန်းကော်မတီမှ ကိုရှိုန်း ကThe Ladies သို့ပြောသည်။

ဇွန် ၃၀ရက် က သာယာဝတီတရားရုံးချိန်းအပြီး သာယာဝတီ အကျဉ်းထောင်ပြန်အရောက်တွင် ထိန်းသိမ်းခံကျောင်းသား များနှင့် ထောင် အာဏာပိုင်များအကြား ရုန်းရင်းဆန် ခတ်ဖြစ်ပွား သဖြင့် ဖြစ်ပွားရာတွင် ပါဝင်သူ ၇ဦးကို တိုက် ပိတ်ခြင်းဖြစ်ကြောင်း ပြောပြချက်အရ သိရသည်။

ကိုရှိုန်းက``အဲ့ဒါက သာယာဝတီထောင်မှာ ၇ယောက်တိုက် ပိတ်ခံရတယ်။သူတို့မနေ့က တရားရုံးကအပြန်မှာ ထောင်အာဏာပိုင်တွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်တဲ့အတွက် တိုက်ပိတ်ခံရတာဖြစ်တယ်´´ဟု ပြောသည်။

တိုက်ပိတ်ခံရ ရာတွင်ပါဝင်သူ များမှာ ကိုအောင်မြင့်ဟန်၊ ကိုသန်းထိုက်၊ကိုဟိန်းဇော်ဝင်း၊ ကိုခန့်အောင်၊ ကိုကျော်ဇောလင်း၊ ကိုရန်နိုင်စိုးနှင့် ကိုကျော်ကျော်ထွန်းတို့ဖြစ်ပြီး မည်မျှတိုက်ပိတ်ခံရ မည်ကိုမသိရသေးကြောင်း သိရသည်။

လက်ရှိတွင် ထိန်းသိမ်းခံကျောင်းသားနှင့် ၀န်းရံပြည်သူများမှာ မတ်၁၀ရက်အကြမ်းဖက်ဖြိုခွဲစဉ် ကရရှိထားသည့် ဒဏ်ရာများ အား ကောင်း စွာကုသခွင့်မရခဲ့သည့် အတွက် ယခုအခါတွင် ကျန်းမာရေးအခြေအနေ စိုးရွာစွာ တွေကြုံနေရပြီး ဇွန် ၃၀ရက်ရုံးချိန်းတွင် ၀န်းရံပြည်သူ တစ်ဦးဖြစ်သည့် ကိုခင်လှိုင်မှာ ရန်ကုန်ဆေးရုံကြီးသို့ အရေးပေါ်ကုသရန် ပို့ဆောင်ခြင်းခံရကြောင်း သိရသည်။

ကိုရှိုန်းက``မနေ့က ကိုခင်လှိုင်ရန်ကုန်ဆေးရုံကိုရောက်လာတယ်။ အရင်အရိုက်ခံရတဲ့ ဒဏ်ကြောင့် ဟောင်းတွေပြန်ပေါ်လာလို့ဖြစ်တာတွေ များတယ်။ တစ်ချို့ပြန်လွှတ်လာတဲ့ ရဲဘော်ဒဏ်ရာ တစ်ချို့ဆေးစစ် တာတွေပြန်လုပ်ရတယ်။ရိုက်ခံရတဲ့ဒဏ်တွေက အတွင်း ဒဏ်တွေ ဖြစ်ပြီးတော့ ကျန်တာကြောင့် ဒဏ်ရာပေါ်ပြီး ဖြစ်လာ တယ်။အပြင်ကလူတွေက စိုးရိမ်စရာမရှီဘူး။ ဆေးစစ်တာတွေ လိုအပ်တဲ့ဆေးကုသမှုတွေလုပ်နိုင်တာတွေကြောင့် အဆင်ပြေ ပါတယ်။ အထဲကလူ တွေသာကောင်းကောင်းဆေးကုသခွင့်မရလို အကြိမ်ကြိမ် အခုလိုဖြစ်နေရတာပါ´´ဟု ပြောသည်။

သတင်း-စိုင်းဟန်
The Ladies News Journal
https://www.facebook.com/News.TheLadies

သက်ဆိုင်ရာက လေယာဉ်ပျက်ကျတဲ့ နေရာတဝိုက်မှာ အလုပ်လုပ်နေစဉ် (Credit: AFP) 
အင်ဒိုနီးရှားနိုင်ငံ ​ဆူမားတြား ​မြောက်ပိုင်းမှာ ​အင်ဒိုနီးရှား ​စစ်တပ်ပိုင် ​လေယာဉ် ​တစ်စင်း ​ပျက်ကျခဲ့ရာက ​လူပေါင်း ​၁၄၀ ​ကျော် ​သေဆုံးခဲ့ရပါတယ်။

အခုဆိုရင် ​လူပေါင်း ​၁၄၂ ​ယောက်ရဲ့ ​အလောင်းကို ​သယ်ထုတ်နိုင်ပြီလို့ ​ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ​ပြောပါတယ်။

မီဒန်းမြို့ ​လူနေထူထပ်တဲ့ ​နေရာဟာ ​လေယာဉ် ​ပျက်ကျသွားပြီး ​လေယာဉ်ပေါ် ​လူပေါင်း ​၁၁၃ ​ယောက် ​လိုက်ပါခဲ့ပါတယ်။

သေဆုံးသူ ​တချို့ဟာ ​အင်ဒိုနီးရှား ​စစ်သားတွေရဲ့ ​မိသားစုဝင်တွေ ​ဖြစ်ကြပါတယ်။

စစ်သားတွေကို ​စခန်းတစ်ခုကနေ ​နောက်တစ်ခုကို ​ပြောင်းရာမှာ ​လေယာဉ်တွေကို ​စစ်တပ်က ​အသုံးပြုလေ့ရှိပါတယ်။

အဲဒီလေယာဉ်ဟာ ​လူနေအိမ်တွေအပြင် ​ဟိုတယ်တစ်လုံးကိုပါ ​ဝင်တိုက်မိပြီးနောက် ​ပေါက်ကွဲသွားတယ်လို့ ​မျက်မြင်သက်သေ ​တစ်ဦးက ​ပြောပါတယ်။

အဲဒီ ​လေယာဉ်ပျက်ကျမှု ​ဖြစ်ခဲ့တဲ့ ​လမ်းပေါ်မှာပဲ ​လွန်ခဲ့တဲ့ ​၁၀ ​နှစ် ​နီးပါးတုန်းကလည်း ​လေယာဉ်တစ်စင်း ​ပျက်ကျရာက ​လူပေါင်း ​ဒါဇင်နဲ့ချီ ​သေဆုံးခဲ့ရပါတယ်။

အဲဒီလေယာဉ်ပေါ်မှာ ​ပျံသန်းမှု ​မှတ်တမ်းတင်ပေးတဲ့ ​black ​box ​လည်း ​မရှိတာကြောင့် ​လေယာဉ်က ​ဘာကြောင့် ​ပျက်ကျသလဲ ​ဆိုတာ ​သိနိုင်ဖို့ ​ခက်ခဲသွားပြီ ​ဖြစ်ပါတယ်။

အင်ဒိုနီးရှား ​ကာကွယ်ရေးတပ်မှာ ​ရှိနေသေးတဲ့ ​လေယာဉ်အဟောင်းတွေ ​အားလုံးကို ​ပြန်လည် ​စစ်ဆေးမှုတွေ ​လုပ်ဖို့ ​အင်ဒိုနီးရှား ​သမ္မတ ​ဂျိုကို ​ဝီဒိုဒိုက ​ညွှန်ကြား ​ခဲ့ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese


သရပါမဂ္ဂဇင်း မှ လက်ထောက်အယ်ဒီတာ ဖြစ်သူ မတေးနုယဉ်အ သတ်ခံရမှုတွင် လူသတ် တရားခံအဖြစ်စွဲချက်တင်ခံထားရသည့် ရုပ်ရှင်သရုပ်ဆောင်နှင့်ဒါရိုက်တာ မင်းအုပ်စိုး သည် ငွေကိုရေလိုသုံးနိုင်သည့် ဌာနက လူနှင့်ပတ်သက်နေသည်ဟု သတင်းရသဖြင့် တရားရုံးသို့ မျက်နှာ လာပြရခြင်းဖြစ်ကြောင်း ဂန့်ဂေါ်မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေကဆိုသည်။

ဇူလိုင်လ၁ရက်နေ့က၇န်ကုန် အနောက်ပိုင်းခရိုင် တရားရုံးတွင်ချိန်းဆိုထား သည့် မင်းအုပ်စိုး၏ တရားရုံးချိန်းသို့ လာရောက်ခဲ့သည့် လွှတ်တော် အမတ်ဦးလှဆွေ ကထိုသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

သရပါမဂ္ဂဇင်း မှ လက်ထောက်အယ်ဒီတာ ဖြစ်သူ မတေးနုယဉ်အသတ်ခံရမှု သည် အမှန် အတိုင်းဖြစ်ရန် လိုအပ် ကြောင်း တရားခံဟု စွပ်စွဲခံရသည့် ပုဂ္ဂိုလ်၏ တရားရုံးတွင် ထွက်ဆို ချက်များကိုကြည့်ရ သည်မှာ နောင်တရ ပုံမပေါ်သည်ကိုတွေ့ရသည်ဟု မင်းအုပ်စိုး၏ ဇူလိုင် ၁ ရက်ရုံးချိန်း သို့လာရောက်ခဲ့သည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ က ပြောသည်။

“နောင်တရတဲ့ပုံ မပေါ်ဘူး ဗျ အဲဒါတော်တော်စိတ်မကောင်းစရာပဲ သူလုပ်တာ မှန်တယ်လို့သူက ထင်နေ တာ နောက်ဟိုကောင်မလေး က နိုင်လွန်ဝေဖာနဲ့လုပ် ထားလို့ ကောင်မလေးရဲ့အပြစ်” ဟု ဦးလှဆွေကပြောသည်။

ယခုကိစ္စကို ဥပဒေဘာင်အတွင်း ဥပဒေအတိုင်း အမှန်အတိုင်းဖြစ်ဖို့ရန် လာရောက်ခြင်းဖြစ်ပြီး ၊ အမှန်တိုင်းဆုံးဖြတ်လိမ့်မည်ဟုယုံကြည်သည် တရားကို နတ်စောင့်သည်ဟုလည်း ၎င်းကဆက်လက်ပြောသည်။

“သူဟာသာမန် စိတ်ကူးစိတ်သန်းရှိတဲ့ သူတစ်ယောက် မဟုတ်ဘူးလို့ ကျွန်တော်ထင်တယ် မကြာခဏပြစ်မှု ကျူးလွန်တက်သူတစ်ယောက်လို့ကျွန်တော်မြင်တယ်”ဟု မင်းအုပ်စိုးအပေါ် ၎င်း၏ အမြင်ကိုလည်း ပြောသည်။

ထို့အတူ လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသည့် ပုဂ္ဂိုလ်တစ်ဦးနှင့် ပတ်သက်နေသည်ဟု သတင်းများ ထွက်ပေါ်နေမှုကိုလည်းဦးလှဆွေက “လက်ရှိ တာဝန်ထမ်းဆောင်ဆဲ ပုဂ္ဂိုလ် တစ်ယောက်ရဲ့ ပတ်သက်နေတဲ့ တစ်ယောက် ကကူညီနေတယ်လို့ ကျွန်တော်ကြားတယ် ဒါကတော့ ကောလာဟလလား တကယ်လားတော့ ကျွန်တော်လဲ မသိဘူး အဲဒါကိုတော့ ကျွန်တော်လဲကြားတယ် ငွေကိုရေလိုသုံးနိုင်တဲ့ဌာန ကလို့သိရတယ် ဒါကြောင့်မိုလို့ ကျွန်တော်မျက်နှာလာပြတာ ကျွန်တော် တို့က တော့ ငွေမရှိဘူး မျက်နှာပဲရှိတယ်” ဟု ဦးလှဆွေကပြောသည်။

“ယောလူငယ်ကွန်ယက်က သတင်းပေးတယ် သူကကျွန်တော့် ကိုအမြဲတမ်းပြောပြတယ် ဒီက အခြေအနေက အရင်တစ်ခါတုန်း ကလည်းလွှတ်ဖူးတယ် တဲ့ အရင်တစ်ခါတုန်း ကလည်း ဘာမှမဟုတ်ဘဲနဲ့ နဲနဲပါးပါးပဲအပြစ်ပေးခံရတယ် ဒီတစ်ခါလည်း လွတ်မလား မသိဘူးတဲ့ သူ့နောက်က ပါဝါကြီးကြီး ပုဂ္ဂိုလ်ရှိတယ်တဲ့ အဲလိုပတ်သက်နေတယ်တဲ့ သဲသဲလှုပ် ပတ်သက်နေတယ်တဲ့ ဘာညာ အဲလိုပြောတော့ ငါသွား နားထောင်ပေးမယ် လို့ပြောလိုက်တယ်”ဟု ဦးလှဆွေကဆိုသည်။

သရုပ်ဆောင်မင်းအုပ်စိုးသည် ၂၀၁၄ နိုဝင်ဘာ ၁၆ ရက် ညက ပြုလုပ်သော အဆိုတော် စိုးပိုင်၏ အသက်(၇၀)ပြည့် ဖျော်ဖြေပွဲတွင် ပရိသတ်အဖြစ် လာရောက်ခဲ့သော မင်းအုပ်စိုး၏ အပြုအမူများကြောင့် အခြားပရိသတ်များ စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရသည်။

၂၀၁၃ ဖေဖော်ဝါရီ ၁၅ ရက်တွင် ၎င်းနေထိုင်သော ဖိုးစိန်လမ်းရှိ အမှိုက်ပုံကို မီးရှို့ခဲ့ပြီး လမ်းမတွင် ရမ်းကားကာ ယာဉ်ကြော ပိတ်ဆို့အောင် ပြုလုပ်ခဲ့သည်။ အမှိုက်ပုံ မီးရှို့သောကြောင့် လာရောက် မီးငြှိမ်းသတ်သော မီးသတ်တပ်ဖွဲ့ဝင်များအား ဆဲဆိုခဲ့ပြီး ရဲတပ်ဖွဲ့မှ ကားတစ်စီးကို ဖျက်ဆီးခဲ့သော်လည်း ထောင်ဒဏ်သုံး လနှင့် ဒဏ်ငွေ ကျပ်ခြောက်သိန်း သာချမှတ်ခံခဲ့ရသည်။

၂၀၁၁ ဒီဇင်ဘာ ၇ ရက်တွင် ဖိုးစိန်လမ်းရှိ လုံခြုံရေးဝန်ထမ်း နှစ်ဦးနှင့် ခိုက်ရန်ဖြစ်ပွား ခဲ့သည်။ ၂၀၁၂ တွင် နေပြည်တော်၌ ကျင်းပသော အကယ်ဒမီပေးပွဲတွင်လည်း အခြားသူများ အနှောင့်အယှက်ဖြစ်အောင် ပြုမူခဲ့သည်။ ၂၀၀၅ တွင် သန်လျင်မြို့၊ ညောင်သုံးပင်ရပ်ကွက်ရှိ သမကောလိပ်ကျောင်းလမ်း၌ ၎င်းရိုက်ကွင်းသို့ လာရောက်ကြည့်ရှုသော လူငယ်များနှင့် စကားများကာ ဓားဖြင့် လိုက်လံခုတ်သောကြောင့် လူငယ်နှ စ်ဦး ဒဏ်ရာရရှိခဲ့သည်။

ယခုအမှု၏ နောက်တစ်ကြိမ် ရုံးချိန်းကို အမှုအား ဇူလိုင် ၈ ရက် သို့ထပ်မံ ချိန်းဆို ထားသည်။

သတင်းနှင့် ဓာတ်ပုံ - ဇော်မင်းထွန်း

The Ladies News Journal
https://www.facebook.com/News.TheLadies


 မြောက်ကိုရီးယားတွင် အသစ်ဖွင့်လှစ်လိုက်သော လေဆိပ်အဆောင်သစ်၏ပုံစံကို မကြိုက်သဖြင့် အဓိက ဒီဇိုင်းရေးဆွဲသူအင်ဂျင်နီယာကို ခေါင်းဆောင် ကင်ဂျုံအန်းက ကွက်မျက်လိုက်သည်ဆိုသောသတင်းများ ထွက်ပေါ်နေသည်။

ယခင်သီတင်းပတ်က သစ်လွင်တောက်ပသော လေဆိပ်အဆောက်အအုံနှင့် ခေါင်းဆောင် ကင်ဂျုံအန်း၏ဓါတ်ပုံများ ထွက်ပေါ်လာခဲ့ပြီးနောက် ယခုကဲ့သို့ ချောက်ချားဖွယ်ရာသတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။


၂၀၁၂ က ကင်ဂျုံအန်း အာဏာရရှိပြီးနောက် နိုင်ငံခြားသားဧည့်သည်များကို မြောက်ကိုရီးယားနိုင်ငံသို့ ဆွဲဆောင်ရန်ကြိုးပမ်းမှုများရှိခဲ့ပြီး ယခုလေဆိပ်သစ်တွင် ကျောက်မျက်ရတနာဆိုင်များ၊ ကော်ဖီဆိုင်များ၊ ဆေးဝါးဆိုင်များအပြင် ဇိမ်ခံအဆောင်ခန်းမများလည်း ပါဝင်သည်။ ယင်းလေဆိပ်သစ်ကို ယခုသီတင်းပတ်အတွင်းဖွင့်လှစ်မည်ဖြစ်ပြီး တရုတ်နှင့် ရုရှားမှ လေယာဉ်များ အဓိက ၀င်ထွက်သွားလာကြမည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားကာကွယ်ရးကော်မရှင်၊ ဒီဇိုင်းဌာနမှ ဒါရိုက်တာ မာဝမ်ချွန်းကို သတင်းဓါတ်ပုံများတွင် မမြင်တွေ့ရဘဲ ၎င်းသည် ယမန်နှစ်မှစ၍ ပျောက်ကွယ်နေသည်ဟု ဆိုသည်။

ချွန်သည် မြောက်ကိုရီးယား၏ နိုင်ငံတော်စီမံကိန်းကြီးများတွင် ဗိသုကာပိုင်း တာဝန်ယူပေးရသူဖြစ်ပြီး ကင်ဂျုံအန်းက ၎င်းမနှစ်မြို့သူအဆင့်မြင့်အရာရှိများကို တဦးပြီးတဦးကွပ်မျက်ခဲ့ရာ ချွန်သည်လည်း သုတ်သင်ဖယ်ရှားခြင်းခံခဲ့ရကြောင်း သတင်းများထွက်ပေါ်နေသည်။

မာဝမ်ချွန်သည် ၂၀၁၄ နိုဝင်ဘာလအတွင်းက ကွက်မျက်ခံခဲ့ရကြောင်း အာရှပစိဖိတ်အရေး အလေးပေးသော The Diplomat မဂ္ဂဇင်းက သတင်းဖော်ပြသည်။ ကင်ဂျုံအန်းက လေဆိပ်ဆောက်လုပ်မှုအခြေအနေကို မကြိုက်သောကြောင့် ရပ်ဆိုင်းခိုင်းခဲ့သည်ဆိုသောဖြစ်ရပ်နှင့် ချွန်သေဆုံးမှု တိုက်ဆိုင်လျက်ရှိသည်။

“အဆောင် ၂ ဆောက်လုပ်ရေး နောက်ဆုံးအဆင့်မှာ ချို့ယွင်းချက်တွေ တွေ့ရတယ်။ ဘာလို့လဲဆိုတော့ ဒီဇိုင်းအဖွဲ့က မြောက်ကိုရီးယားရဲ့ အသက်ဝိဥာဏ်ကို ပေါ်လွင်စေမယ့် ဗိသုကာအလှ ပါဝင်ရမယ်ဆိုတာကို သူတို့မေ့သွားလို့ပဲ။ ဒီလေဆိပ်ဟာ မြောက်ကိုရီးယားရဲ့ပြယုဂ်၊ မျက်နှာစာလည်းဖြစ်သလို ပြုံယမ်းမြို့ရဲ့ ၀င်ပေါက်ဂိတ်တံခါးလည်း ဖြစ်တယ်”ဟု ကင်ဂျုံအန်းက မြောက်ကိုရီးယားအစိုးရမီဒီယာမှတဆင့် မိန့်ခွန်းပြောကြားခဲ့သည်။

Ref ; The Independent
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


လာမယ့် ရွေးကောက်ပွဲ အတွက် ထုတ်ပြန် ထားတဲ့ မဲဆန္ဒရှင် စာရင်း တွေ မှာ အမှား အယွင်း တွေ များနေတာ ကို တင်ပြဖို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ကို တွေ့ခွင့် တောင်းထား ပါတယ်။

ဇွန်လ ဆန်း က ကော်မရှင် ဥက္ကဋ္ဌနဲ့ NLD တို့ ဒီကိစ္စ အတွက် တကြိမ် တွေ့ဆုံ ခဲ့ပြီး ဖြစ်ပြီး အမှား အယွင်း တွေ ဆက်တွေ့ နေရတဲ့ အတွက် NLD က ထပ်တွေ့ခွင့် တောင်းတာ လို့ သိရပါတယ်။

အမှားနည်းတဲ့ မြို့နယ် တွေမှာ ၃ဝ ရာခိုင်နှုန်း ကနေ အမှား များတဲ့ နေရာမှာ ၈ဝ ရာခိုင်နှုန်း ထိ မှားနေတာ တွေ ရှိတယ် ၊ ဒီမဲစာရင်းတွေ ပြင်ဆင်ဖို့ အချိန် မမီတာ အပြင် မဲစာရင်း စစ်သူ တွေကို တချို့ မြို့နယ် တွေ မှာ တရားစွဲ မယ် လို့ ခြိမ်းခြောက် ခံရတဲ့ အထိ ဖြစ်တယ် လို့ NLD ဗဟို အလုပ် အမှုဆောင် ဦးဝင်းထိန်က ပြောပြ ပါတယ်။

မဲစာရင်း မှားယွင်းမှု ကြောင့် လွတ်လပ် ပေမယ့် မမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မှာ စိုးရိမ်တယ် လို့ NLD က ပြောပါတယ်။

သန်းခေါင် စာရင်း ကို အခြေခံ ပြီး မဲစာရင်း ကောက်တာ မဟုတ်ဘဲ အိမ်ထောင်စု စာရင်း ကို အခြေခံပြီး မဲစာရင်း ပြုစု တာလား သေချာ မပြောနိုင်ဘူး ဖြစ်နေပါတယ်။

အရင် ရွေးကောက်ပွဲ တွေမှာ မဲပေးခွင့် ရသူတွေ ပြန်မရတာ တွေ ရှိနေပါတယ်။

အမှား ပြင်ဆင်တဲ့ ပုံစံတွေ လွယ်ကူစွာ မရတာ၊ အာဏာပိုင် တွေက ပူးပေါင်း ဖြေရှင်းတာ တွေ မလုပ်တာ တွေကို တွေ့ရကြောင်း NLD က ပြောပါတယ်။

BBC Burmese

http://www.bbc.com/burmese


 ကနေဒါနိုင်ငံမှာ ကျင်းပနေတဲ့ ၇ ကြိမ်မြောက် အမျိုးသမီး ကမ္ဘာ့ဖလားဖိုင်နယ် ပထမ အကြိုဗိုလ်ပွဲအဖြစ် အမေရိကန်နဲ့ ဂျာမနီနိုင်ငံတို့ ဒေသစံတော်ချိန် အင်္ဂါနေ့က ကစားကြတာမှာ အမေရိကန် အသင်းက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး နောက်ဆုံး ဗိုလ်လုပွဲကို တက်သွားပြီ ဖြစ်ပါတယ်။

အမေရိကန်အသင်းဟာ အမျိုးသမီး ကမ္ဘာ့ဖလားချန်ပီယံဆုကို ၁၉၉၁ နဲ့ ၁၉၉၉ ခုနှစ်တို့က ၂ ကြိမ် ရခဲ့ဖူးပြီး ဖြစ်ပါတယ်။  အမျိုးသမီးဘောလုံးမှာ ကမ္ဘာ့ နံပတ် (၁) အဖြစ် သတ်မှတ်ထားတဲ့  ဂျာမနီအသင်းကို အမေရိကန်က အပြတ်အသတ် အနိုင်ရလိုက်တာလည်း ဖြစ်ပါတယ်။

ဂျာမနီအသင်းအနေနဲ့ ဒုတိယပိုင်း စပြီးသိပ်မကြာခင် ပွဲချိန် ၆၁ မိနစ်မှာ ပင်နယ်တီကန်ခွင့်ရပြီး ပထမဂိုးသွင်းခွင့် ရခဲ့ပေမဲ့ ကန်လိုက်တဲ့ ပင်နယ်တီ ဘောလုံးဟာ ဂိုးတိုင်ကိုထိပြီး အပြင်ကို ထွက်သွားခဲ့တဲ့အတွက် ဂိုးမရရှိဘဲ ဖြစ်ခဲ့တာပါ။

အမေရိကန်အသင်းအတွက် ပထမဂိုးကိုတော့ ပွဲချိန် ၆၉ မိနစ်မှာ Carli Lloyd က ပင်နယ်တီကန်ပြီး ရယူပေးလိုက်တာ ဖြစ်ပါတယ်။ အမေရိကန်အသင်းအတွက် ဒုတိယဂိုးကိုတော့ ပွဲချိန် ၈၉ မိနစ်မှာ Carli Lloyd က ဘယ်တောင်ပံကနေ ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို Kelly O’Hara က ကန်သွင်းလိုက်တာ ဖြစ်ပါတယ်။

လက်ရှိကမ္ဘာ့ချန်ပီယံ ဂျပန်အသင်းနဲ့ အင်္ဂလန်အသင်းတို့ကတော့ Edmonton မြို့မှာ ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် ညနေ ၅ နာရီမှာ အကြိုဗိုလ်လုပွဲ ကစားကြမှာဖြစ်ပါတယ်။ အင်္ဂလန်အသင်းကတော့ ပထမဆုံးအကြိမ် အကြိုဗိုလ်လုပွဲစဉ်ကို တက်ရတာဖြစ်ပါတယ်။

ဂျပန်နဲ့ အင်္ဂလန်ပွဲစဉ်မှာ နိုင်မယ့်အသင်းနဲ့ အမေရိကန် အသင်းတို့ လာမယ့် ဇူလိုင် ၅ ရက်နေ့ကျရင် Vancouver မြို့မှာ ဗိုလ်လုရမှာဖြစ်ပါတယ်။

တတိယနေရာအတွက်ကတော့ ဇူလိုင် ၄ ရက် စနေနေ့မှာ ကစားကြမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် အမျိုးသမီး ကမ္ဘာ့ဖလား နောက်ဆုံး ဗိုလ်လုပွဲမှာ အမေရိကန်နဲ့ ဂျပန်အသင်းတို့ တွေ့ခဲ့ကြတာမှာ ဂျပန်အသင်းက အနိုင်ရသွားခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


ခုဆိုရင် ရွေးကောက်ပွဲ ကော်မရှင် အသီးသီးက ထုတ်ပြန်တဲ့ အခြေခံ အကြို မဲစာရင်းမှာ အမှားအယွင်းတွေ အလွန်များနေတာ တိုင်းသိပြည်သိ ဖြစ်လာပါပြီ။ တကယ်တော့ ဒါဟာ ရွေးကောက်ပွဲ လုပ်ငန်းစဉ် တစ်ခုလုံးရဲ့ အစဦး အဆင့်ပဲလို့တောင် ပြောနိုင်ပါတယ်။ ဒီလို အဆင့်မှာတောင် ခုလောက် ဖြစ်ပျက်နေရင် နောင်လာမယ့် ရွေးကောက်ပွဲ အဆင့်တွေအတွက် အလွန်ရင်လေးစရာ ကောင်းနေပါတယ်။ အခြေခံ အကြို မဲစာရင်းတွေကိစ္စ ဘာဖြစ်နေသလဲ၊ အဲဒီအပေါ် ပြည်သူတွေ၊ နိုင်ငံရေးပါတီက တာဝန်ရှိသူတွေ ဘယ်လို သဘောထားနေကြသလဲ၊ အချိန် သိပ်မရတော့တဲ့ အခြေအနေအောက်မှာ ပြသနာကို ဘယ်လို ဖြေရှင်းရင် ရနိုင်မလဲဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြပါ့မယ်။

အခု ထုတ်ပြန်လိုက်တဲ့ အခြေခံ အကြိုမဲစာရင်းတွေမှာ မပါဝင်တဲ့သူတွေ၊ ပါဝင်ပြီးတော့ မဲစာရင်းထဲ ဖော်ပြရာမှာ အချက်အလက် မှားနေသူတွေ၊ မပါသင့်ပဲ ပါနေတဲ့သူတွေ အလွန်များနေတယ်လို့ ဆိုပါတယ်။ မဲစာရင်းထဲ မပါတဲ့သူတွေ အနေနဲ့ မဲစာရင်းထဲ ပြန်ပါရအောင် သွားပြီး ဖြည့်ပါလို့တော့ ဆိုပါတယ်။ ဒါပေမယ့် အဲလို သွားဖြည့်ထားပြီးရင် နောက်တစ်ကြိမ် မဲစာရင်း ထုတ်ပြန်ရာမှာ၊ ဒါမှမဟုတ် မဲစာရင်း အတည်ထုတ်ပြန်ရာမှာ ပါလာမယ်၊ မပါလာဘူး ဆိုတာကိုလည်း အာမ မခံကြတာကြောင့် ပြသနာ မအေးနိုင်သေးပါဘူး။
အချက်အလက် မှားနေသူတွေအတွက်ကတော့ ပြသနာ နည်းနည်း လျော့ပါတယ်။ ပြန်ပြင်ဖို့ သွားတင်ပြထားတယ်၊ တကယ့်တကယ် မဲစာရင်း အစစ်ထုတ်ပြန်ရာမှာ ပြင်မပေးသည် ထားဦး၊ မဲစာရင်းထဲ နာမည်ပါနေပြီမို့ တကယ်မဲပေးတဲ့နေ့မှာ မဲပေးခွင့် ရကောင်းရနိုင်ပါသေးတယ်။ စစ်ရ ဆေးရလည်း ခက်နေပြီး ဘယ်လောက် မှားယွင်းနေမှန်း မသိနိုင်တာက မဲစာရင်းထဲမှာ မပါသင့်တဲ့သူတွေ ပါဝင်နေတဲ့ ကိစ္စပါ။ ရွေးကောက်ပွဲ ကော်မရှင် ဘက်ကတော့ သေဆုံးသွားပြီးသူတွေ၊ အခြား မပါသင့်ပဲ ပါနေတဲ့သူတွေ တွေ့ခဲ့ရင် ကန့်ကွက်နိုင်တယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် အဲဒီ အခြေအနေ သိနိုင်ဖို့ တစ်အိမ်တက်ဆင်း လိုက်ပြီး မစစ်ဆေးရင် မသိနိုင်ပါဘူး။ တစ်အိမ်တက်ဆင်း လိုက်စစ်ဆေး ခဲ့ပြီး အိမ်တစ်အိမ်မှာ မနေတော့တဲ့သူတွေ စာရင်းထဲ ပါနေရင်တောင် ဘာမှ လုပ်လို့ မရပါဘူး။ အကြောင်းကတော့ အဲဒီလူတွေဟာ အရင်ကတည်းက အဲဒီအိမ်မှာပဲ စာရင်းပေါက်နေ၊ အခြား ဘယ်နေရာမှာမှ စာရင်း မပေါက်ဘူး ဆိုတာမျိုး ဟုတ်မဟုတ် ဘယ်သူမှ မသိနိုင်ကြလို့ ဖြစ်ပါတယ်။ ဒီ ပြသနာဟာ မသမာမှုတွေ ဖြစ်ပေါ်လာနိုင်ဖို့ လမ်းစ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

အခုဆိုရင် မဲစာရင်း စစ်ဆေးတဲ့သူတွေ အခက်တွေ့နေရတယ် ဆိုတဲ့ သတင်းလည်း ကြားနေရပါတယ်။ နေပြည်တော်မှာ မဲစာရင်း လိုက်စစ်ဆေးတဲ့ အင်န်အယ်လ်ဒီ ပါတီက လူတွေ ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲခံရတယ်လို့ ဆိုပါတယ်။ ဒီအတွက် ဒေါ်အောင်ဆန်းစုကြည်ကတောင် လွှတ်တော်နားချိန်မှာ ရပ်ကွက်အတွင်း တစ်အိမ်တက်ဆင်း အသိပေး ပြောဆို ရှင်းပြတာ လုပ်ခဲ့ပါသေးတယ်။ ဒါနဲ့ ပါတ်သက်ပြီး တိုင်းရင်းပါတီတွေရဲ့ အတွေ့အကြုံကလည်း တစ်မျိုးပါ။ မဲစာရင်းတွေ လိုက်ပြီး စစ်ဆေးဖို့ ဆိုတာဟာ တစ်ရွာနဲ့ တရွာ ဝေးကွာတာကြောင့် မစစ်ဆေးနိုင်တဲ့အကြောင်း၊ အဲလို တစ်ရွာပြီး တစ်ရွာ၊ တစ်အိမ်ပြီး တစ်အိမ် လိုက်စစ်ဆေးရင် ငွေကုန်ကြေးကျ များမှာမို့ မတတ်နိုင်လို့ လက်လျော့လိုက်ရတဲ့ အကြောင်းတွေ ဖြစ်ပါတယ်။
မဲစာရင်းနဲ့ ပတ်သက်ရင် ကော်မရှင်ရဲ့ သဘောထားကတော့ ပြည်သူတွေ ကိုယ့်ဟာကိုယ်စစ်၊ ပါတီတာဝန်ရှိသူတွေ ကူညီစစ်၊ အင်န်ဂျီအိုတွေ ကူစစ်၊ မစစ်လို့၊ လုပ်စရာရှိတာ မလုပ်လို့ ကျန်ခဲ့ရင်၊ မှားခဲ့ရင် ကိုယ့်ဖာသာကိုယ်ခံ ဆိုတဲ့ မူဖြစ်ပါတယ်။ သူတို့ကိုတော့ လာ အပစ်မတင်နဲ့လို့ ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခုလို မဲစာရင်း အမြောက်အများ မှားနေတဲ့ ကိစ္စ သံသယ ရှိစရာ အလွန်ကောင်းပါတယ်။ ဒီအတွက် အချိန်မီ အရေးအကြီးဆုံး လုပ်ဖို့ လိုတာက အောက်ခြေက မဲစာရင်းပြုစုတဲ့သူတွေဟာ သူတို့ကိုးကားရတဲ့ မူရင်း လ၀က စာရင်းတွေအတိုင်း မှန်မှန်ကန်ကန် ဖြည့်သွင်းခဲ့ကြတာမျိုးလား၊ ဒါမှမဟုတ် မသမာမှုတွေ လုပ်ခဲ့သလား ဆိုတာ စစ်ဆေးဖို့ လိုလာပါပြီ။

အဲဒီလို စစ်ဆေးနိုင်ဖို့အတွက် နိုင်ငံရေးပါတီတွေမှာ အခွင့်အရေး ရှိသင့်ပါတယ်။ အထက်အဆင့် ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူတွေနဲ့ ပြိုင်ပွဲဝင်မယ့် နိုင်ငံရေးပါတီ ပူးပေါင်းပြီး စစ်ဆေးဖို့ဖြစ်ပါတယ်။ နိုင်ငံတကာမှာ ဆိုရင်တော့ ရွေးကောက်ပွဲ ဖြစ်စဉ်တစ်ခုလုံးကို ဘယ်နေရာမှာမဆို ပွင့်လင်းမြင်သာမှု ရှိရှိ လုပ်ကိုင်ကြတာချည်း ဖြစ်ပါတယ်။ မဲစာရင်း စစ်လိုရင် စစ်ခွင့်ရှိသလို၊ မှန်မှန်ကန်ကန် မလုပ်သူတွေကိုလည်း အပြစ်ပေး အရေးယူဖို့ စည်းမျဉ်းစည်းကမ်း ဥပဒေ ရှိတာပါပဲ။ နောက်ပိုင်း မဲလက်မှတ်တွေ ရိုက်နှိပ်တဲ့ ကိစ္စ၊ ဖြန့်ဝေတဲ့ ကိစ္စ၊ အသုံးပြုတဲ့ ကိစ္စတွေ လာပါဦးမယ်။ အဲဒီ အခါလည်း ကော်မရှင်ဟာ ပုံနှိပ်စက်မှာ ရိုက်နှိပ်တာက အစ ဖြန့်ဝေ မဲပေးတာ အဆုံး အဆင့်အားလုံးမှာ နိုင်ငံရေးပါတီတွေက စစ်ဆေးနိုင်ဖို့ စီစဉ်ပေးသင့်ပါတယ်။
နောက်ထပ် ပြသနာတစ်ခုက အောက်ခြေ ကော်မရှင်တွေဟာ ကော်မရှင်က လုပ်ရမယ့် တာဝန်တွေကို ၀တ်ကျေတန်းကျေ လုပ်ပြပြီး နိုင်ငံရေးပါတီနဲ့ ပြည်သူတွေကို ပညာပြနေတဲ့ ကိစ္စပါ။ မဲစာရင်းကို လူတွေ ဖတ်လို့မရတဲ့ အမြင့်ကြီးမှာ ကပ်ထားတာ၊ မဲစာရင်းကို စာအုပ်လို ချုပ်ထားပြီး ကြည့်ရခက်အောင် လုပ်ထားတာ၊ တိုင်ကီပုံး ပတ်လည်မှာ ကပ်ထားတာ၊ အဆောက်အဦ အတွင်းမှာ ကပ်ပြီး ပိတ်ထားချိန်များတာ စသဖြင့် နည်းလမ်းပေါင်းစုံနဲ့ ပညာပြနေတဲ့ ကိစ္စ ဖြစ်ပါတယ်။ ဒါတွေနဲ့ ပတ်သက်ရင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဟာ တိကျတဲ့ လုပ်ငန်းလမ်းညွှန် ထုတ်ပြန်သင့်ပြီး မဲစာရင်းကို ငွေကုန်ခံပြီး ကူးလိုသူ ဘယ်သူ့ကိုမဆို အလွယ်တကူ ကူးယူနိုင်ခွင့်ပြုပေးဖို့လည်း လိုပါတယ်။

နောက်ပိုင်း ရွှေ့ပြောင်းနေထိုင်ကြသူတွေဟာ သူတို့ နေထိုင်ရာ နေရာမှာ မဲပေးခွင့် ရဖို့ ကိစ္စတွေ လုပ်ကြရပါဦးမယ်။ အဲဒီမှာလည်း အောက်ခြေ ကော်မရှင် အဖွဲ့ဝင်တွေရဲ့ အခန်းကဏ္ဍ အရေးကြီးပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ တိကျတဲ့ ညွှန်ကြားချက် မရှိရင် ပြသနာတွေ အများကြီး ပေါ်ပေါက်လာပါဦးမယ်။
အရေးအကြီးဆုံးကတော့ မဲစာရင်းတွေ ဒီလို အများအပြားမှားနေတဲ့ ကိစ္စ ပြည်သူတွေ၊ နိုင်ငံရေးပါတီတွေက အောက်ခြေ ရွေးကောက်ပွဲ ကော်မရှင်တွေကို သံသယ ၀င်လာတဲ့ ကိစ္စ ဖြစ်ပါတယ်။ ဒီ သံသယ ပြေပျောက်သွားအောင် မဲစာရင်းပြုစုတဲ့သူတွေဟာ မူလ လ၀က စာရင်းတွေကနေ မှန်မှန်ကန်ကန် ကိုးကားပြီး မဲစာရင်း ပြုစုခဲ့တာ ဟုတ်ရဲ့လား ဆိုတာ စစ်ဆေးရပါမယ်။ ဒါတင်မက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဟာ အောက်ခြေ ကော်မရှင် အဖွဲ့ဝင်တွေ အနေနဲ့ နိုင်ငံရေးပါတီတွေနဲ့ ပူးပေါင်း လုပ်ကိုင် ဆောင်ရွက်ကြဖို့၊ အကူအညီ ပေးကြဖို့ ညွှန်ကြားချက် ထုတ်ပြန်ပေးသင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်။
မဇ္ဈိမ ဒီဂျစ်တယ် သတင်းစာ၊ ၃၀-၆-၁၅။