07/08/15


ထိုင်းနိုင်ငံကို အားလပ်ရက် ခရီးထွက်လာတဲ့ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရမှုနဲ့ အဖမ်းခံနေရတဲ့ မြန်မာနိုင်ငံသား ၂ ဦးဟာ ဒီကနေ့ ဇူလိုင် ၈ ရက်နေ့ ရုံးချိန်းအတွက် ကော့စမွေခရိုင် တရားရုံးကို ရောက်လာပြီ ဖြစ်ပါတယ်။ ဒီလူသတ်မှုအတွက် ဗြိတိန်နိုင်ငံမှာ ဒေါသထွက်နေကြပြီး ဒီလူသတ်မှုကနေ ထိုင်းရဲတွေရဲ့ အရည်အချင်းနဲ့ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း အလုပ်သမားတွေအပေါ် သူတို့ရဲ့ဆက်ဆံမှုတွေနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာတွေ ဖြစ်လာတာပါ။

ဗြိတိန်နိုင်ငံသားတွေ ဖြစ်တဲ့ အသက်၂၄ နှစ်အရွယ် David Miller နဲ့ အသက် ၂၃ နှစ်အရွယ် Hannah Witheridge တို့ဟာ ထိုင်းနိုင်ငံ တောင်ပိုင်းက နိုင်ငံခြားခရီးသွားတွေ အလာများတဲ့ လိပ်ကျွန်းလို့ ခေါ်တဲ့ ကော့ထောင်ကျွန်းမှာ မနှစ်က အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေ ဖြစ်တဲ့ ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့ ၂ ယောက်ဟာ သူတို့ သတ်ခဲ့ကြောင်း ဝန်ခံခဲ့တယ်လို့ အောက်တိုဘာလတုန်းက ထိုင်းရဲတွေက ပြောခဲ့ပါတယ်။ ဒီလူသတ်မှုအတွက် သီတင်းပတ်နဲ့ချီပြီး ခန့်မှန်းပြောဆိုမှု တွေလုပ်နေတာမို့ ထိုင်းရဲတွေ ဖိအားအပေးခံခဲ့ရတဲ့ နောက်မှာ အခုလို ဝန်ခံကြောင်း ရဲကပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် DNA စစ်ဆေးရာမှာလည်း အသတ်ခံရသူ ၂ ဦးဆီကရတဲ့ DNA ဟာ အခုသံသယရှိသူ ၂ ဦးနဲ့ ကိုက်ညီနေတယ်လို့ ရဲက ပြောခဲ့တာပါ။

ဒါပေမဲ့ နောက်ပိုင်းမှာတော့ သူတို့ကို နှိပ်စက်ပြီး သတ်မိကြောင်း ဝန်ခံခိုင်းခဲ့တယ်လို့ သူတို့ ၂ ဦးက ပြောကြားခဲ့ပါတယ်။ သူတို့ ၂ ဦးအတွက် လိုက်ပါဆောင်ရွက်ပေးနေတဲ့ ထိုင်းရှေ့နေအဖွဲ့ကတော့ သူတို့ကို  ဒီလို ဝန်ခံလာအောင် ရဲတွေကနှိပ်စက်ခဲ့တယ်ဆိုတာကို တွေ့ရတာမို့ ဒီလူသတ်မှုနဲ့ ပါတ်သက်ပြီး အထောက်အကူရအောင် ကျနော်တို့အဖွဲ့က ဒီကိစ္စကို ထိုင်းရှေ့နေများကောင်စီကို တင်သွင်းခဲ့တယ်လို့ ပြောပါတယ်။

ပြစ်မှုကျူးလွန်ကြောင်း တွေ့ခဲ့ရင်တော့ သူတို့ ၂ ဦးဟာ သေဒဏ်အကျခံရဖို့ ရှိပါတယ်။ ဒီလူသတ်မှုဟာ အိမ်နီးချင်းဆင်းရဲတဲ့ နိုင်ငံတွေကလာပြီး ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေကြတဲ့ ရွှေ့ပြောင်းအလုပ်သမား ၂ သန်းခွဲလောက်ပေါ် ထိုင်းနိုင်ငံရဲ့ ဆက်ဆံမှုကို စမ်းသပ်လိုက်တဲ့ အမှုလို့ လူ့အခွင့်ရေး အဖွဲ့တွေက ပြောပါတယ်။ တရားရင်ဆိုင်တဲ့ အခါမှာ ငွေမတတ်နိုင်တဲ့ ဆင်းရဲသားတွေ အမှုနိုင်ဖို့ မလွယ်တဲ့ ထိုင်းနိုင်ငံမှာ  ဒီ လူငယ် ၂ ဦးအတွက် မျှတတဲ့ တရားစီရင်မှုမျိုး မရပဲ ထိုးအကျွေးခံရတဲ့အဖြစ်မျိုး ရောက်မှာကိုလည်း စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

မနှစ်က စက်တင်ဘာ ၁၅ ရက်နေ့က ကော့ထောင်ကမ်းခြေမှာ သေဆုံးနေတဲ့ Witheridge ဟာ အဓမ္မပြုကျင့်ပြီး အရိုက်နှက်ခံရတာ တွေ့ရသလို ခေါင်းဒဏ်ရာနဲ့ Miller ကိုတော့ နောက်ပိုင်း ဆေးစစ်ချက်တွေအရ ဒီခေါင်းဒဏ်ရာနဲ့ ရေထဲပစ်ထားတဲ့အတွက် ရေနစ်သေဆုံးခဲ့ကြောင်း တွေ့ခဲ့ရတာပါ။ ဒီလူသတ်မှုအတွက် စုံစမ်းစစ်ဆေးမှုတွေနဲ့ ပတ်သက်ပြီး စိုးရိမ်စရာတွေ တွေ့လာရတဲ့နောက်ပိုင်း သီတင်းပတ် အတော်ကြာချိန်မှာ ဗြိတိန်အစိုးရက လန်ဒန်က ထိုင်းသံရုံးတာဝန်ခံကို ဆင့်ခေါ် ပြောဆိုခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ ထိုင်းနိုင်ငံသားတွေ မလုပ်ချင်တဲ့ လုပ်အားစိုက်ထုတ်ရတဲ့ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေးနဲ့ ငါးဖမ်းလုပ်ငန်းတွေ အပြင် အိမ်ဖေါ်အလုပ်နဲ့ ဟော်တယ်တွေ စားသောက်ဆိုင်တွေမှာ ရွှေ့ပြောင်းအလုပ်သမား အများအပြား ဝင်ရောက်လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။ ဒီအမှုအတွက် အောက်တိုဘာလလောက်မှာ စီရင်ချက်ချမယ်လို့ ခန့်မှန်းရပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


တရုတ်နိုင်ငံမှာ အစုရှယ်ယာဈေးနှုန်းတွေ ဒီကနေ့ထိ ဆက်ပြီးကျနေတဲ့အတွက် ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ စိုးရိမ်ကြီးစွာ လုပ်တာမျိုးတွေကို တာဝန်ရှိသူတွေက သတိပေးနေရပြီး သီတင်းသုံးပတ်ကြာ ဈေးကျနေတာကိုရပ်ဖို့ လုပ်ဆောင်ချက်အသစ်တွေ ကြေညာပါတယ်။

အစုရှယ်ယာ စံဈေးနှုန်းဖြစ်တဲ့ Shanghai Composite Index ဟာ ၆ ရာခိုင်နှုန်း နီးပါး ကျဈေးနဲ့ ပိတ်သွားပြီး Shenzhen Composite Index က ၂.၅ ရာခိုင်နှုန်း ကျဈေးနဲ့ ပိတ်ပါတယ်။ အဲဒီလိုဈေးနှုန်း ဆက်ကျနေတာကြောင့် ဇွန်လအလယ်ကတည်းကဆိုရင် ဈေးကွက် တန်ဖိုး ဒေါ်လာ ၃.၂ ထရီလီယံလောက် ဆုံးရှုံးသွားပြီးပါပြီ။

အစုရှယ်ယာတွေ ကျဈေးနဲ့ ရောင်းထုတ်ရတာမျိုး မဖြစ်စေဖို့ ကြိုးစားတဲ့အနေနဲ့ တရုတ်ကုမ္ပဏီ ရာပေါင်းများစွာက သူတို့ရဲ့ အစု ရှယ်ယာတွေ အရောင်းအ၀ယ်လုပ်တာကို ဆိုင်းငံ့ထားပေးဖို့ ဒီကနေ့ လျှောက်ထားကြပါတယ်။ စုစုပေါင်းဆိုရင် ပြည်မကြီးက ကုမ္ပဏီပေါင်း ၁၃၀၀ ကျော်၊ တနည်းအားဖြင့် ဈေးကွက်ထဲကကုမ္ပဏီ ၄၀ ရာခိုင်နှုန်း ထက်မနည်းဟာ အစုရှယ်ယာ အရောင်းအ၀ယ် လုပ်တာကို ရပ်ထားကြတာပါ။

အစုရှယ်ယာဈေးကွက်ထဲမှာ စိုးရိမ်ထိတ်လန့်စိတ်တွေ ပေါ်လာပြီး ကျိုးကြောင်းမဲ့ ရောင်းထုတ်တာတွေကြောင့် ဈေးနှုန်းတွေ ကျသွားတာလို့ တရုတ်နိုင်ငံရဲ့ အစုရှယ်ယာ လုပ်ငန်းကို ကြီးကြပ်တဲ့ တရုတ် Securities Regulatory ကော်မရှင်ရဲ့ ထုတ်ပြန်ချက် တခုမှာ ဖော်ပြထားပါတယ်။

ဈေးကွက်အခြေအနေ ပြန်ကောင်းလာအောင် ကြိုးစားတဲ့အနေနဲ့ နိုင်ငံပိုင်ကုမ္ပဏီကြီးတွေကို ကြီးကြပ်တဲ့ အစိုးရဌာနက အစုရှယ်ယာတွေကိုမရောင်းဘဲ ဈေးကွက်တည်ငြိမ်ရေး ထိန်းသိမ်းဖို့ ပိုဝယ်ကြပါလို့ ညွှန်ကြားထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


ဂျူလိုင် ၈ ရက် ၂၀၁၅

 သျှမ်းပြည် တောင်ပိုင်း လဲချား မြို့နယ်တွင် အသက် ၂၀ ခန့်ရှိ ရွာသူ အမျိုးသမီး တဦးအား နေအိမ်ရှိ မိဘများ ရှေ့တွင်ပင် ဒုတပ်ရင်းမှူးက သေနတ် ထောက်၍ ၎င်း နောက်လိုက်၍ ဆွဲရမ်းခဲ့ကြောင်း ဒေသတွင်း သတင်း ရပ်ကွက်က ပြောသည်။

ဂျူလိုင်လ ၆ ရက် ည ၈ နာရီခန့်က တပ်မ ၅၅ လက်အောက်ခံ အမှတ် ၅၁၂ ခြေမြန်တပ် ရင်း မှ ဒုတပ်ရင်းမှူး အဆင့်ရှိ စိန်မင်း ဆိုသူသည် ၀မ့်ဖိုင်အုပ်စု ဟိုနောင်ရွာသူ နန်းလိန်အား မိဘများရှေ့တွင် လက်ဆွဲကာ သေနတ်ဖြင့် ခြိမ်းခြောက်ခဲ့ကြောင်း ရပ်ကွက် လူထုကပြော သည်။ နန်းလိန်လည်း ဖခင်အား အားကိုး တကြီး လှမ်းဆွဲ ခဲ့ကြောင်း ဆိုပါသည်။

ဒုတပ်ရင်းမှူးက နန်းလိန်ကို သေနတ်နဲ့ ထောက်တော့ နန်းလိန်ရဲ့ အမေက လန့်ပြီး မေ့လဲ သွား တယ်။ သူ့အမေကို ဆေးရုံ တင် လိုက်ရတယ်။ ဒုတပ်ရင်းမှူးက ပိုက်ဆံ ၃ သိန်းပေး တယ်။ ကျေအေးရမယ်။ သူ့အမေက မယူဘူး။ ပိုက်ဆံ မယူရင် ဆေးရုံ ပေးမတက်ဘူး လို့တောင် ခြိမ်းခြောက် သေးတယ်။ သူ့အမေ မူးမေ့လဲကျ သွားတာလည်း ဟန်ဆောင် လုပ်ယူ တာဘဲတဲ့ အဲဒီလိုမျိုး စွပ်စွဲသေးတယ် ဟု အမည် မဖေါ်လိုသည့် ရွာသားတဦးက ပြောသည်။

ထိုည သန်းခေါင်ယံ အချိန်တွင်လည်း အဆိုပါ ဒုတပ်ရင်းမှူးနှင့် နောက်လိုက် တချို့ နန်းလိန် တို့အိမ်ရှိရာ ရွာလမ်းအတွင်း သေနတ်ပစ်ဖောက် ခြိမ်းခြောက် ခဲ့သေးကြောင်း ရွာသား စိုင်းယု က ပြောသည်။

အဆိုပါ ဒုတပ်ရင်းမှူးနှင့် အဖွဲ့သည် အရက် မူးနေသဖြင့် ထိုသို့ ရမ်းကားခြင်း ဖြစ်ကြောင်း လည်း ဟိုနောင်ရွာသားများ ကပြောသည်။

၎င်းနှင့် ပတ်သက်ပြီး လဲချားမြို့နယ် ကျားခေါင်းပါတီ ပြည်နယ် လွှတ်တော် အမတ် စိုင်းကျော်ဇေယျက - နိုင်ငံရေး ပြောင်းလဲ လာပြီဘဲ။ ဒါမျိုးတွေ ရှိနေသေးတယ်။ တကယ် တော့ အဲလိုမျိုးမရှိသင့် တော့ဘူး။ ဒီလို ကိစ္စရပ် တွေဟာ လူထု အမြင်မှာကော ကမ္ဘာ့ အမြင်မှာကော လက်သင့် မခံနိုင်တဲ့ ကိစ္စရပ်မျိုး ဖြစ်တယ်။ နောက် ဒါမျိုး မဖြစ်သင့်ပါဘူး။ - ဟုပြောသည်။

အဆိုပါ ခမရ ၅၁၂ တပ်သည် ပြီးခဲ့သည့် ဂျွန်လကလည်း ဟိုနောင်ရွာသားများအား ရိုက်နှက် ခဲ့သေးကြောင်း ရွာသားများအား တပ်အတွက်လုပ်အားပေးခိုင်းစေခြင်းလည်း ပြုလုပ်ခဲ့ သေးကြောင်း ဒေသခံများကပြောသည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese


ပြည်ထောင်စုလွှတ်တော်တွင် တပ်မတော်သားကိုယ်စားလှယ်တစ်ဦး တင်ပြခဲ့သည့် နိုင်ငံသားများ၏ အသိပညာနှင့် တန်ဖိုးထားမှုစစ်တမ်းအရ ဒီမိုကရေစီ၏ အဓိပ္ပါယ်ကိုသိသူ ၃%၊ မဏ္ဍိုင် ၃ ရပ်ကို မှန်ကန်စွာဖြေကြားနိုင်သူ ၁၄%၊ ဥပဒေပြုရေးကိုသိသူ ၃%၊ တရားစီရင်ရေး တွင် ၂% သာရှိသည်ဟု တင်ပြခဲ့ကြောင်း ယင်းရာခိုင်နှုန်းများသည်လူထုကိုအထင်သေးသည်ဟုထင်မြင်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ဇူလိုင် ၈ ရက်ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် ထည့်သွင်းပြောဆိုခဲ့သည်။

“ဒီစစ်တမ်းကို ဘယ်လိုပုံစံနဲ့ ကောက်ခဲ့တာလဲ။ ပြည်သူတွေနားလည်အောင် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြီးမှ ဒီစစ်တမ်းကို ကောက်ခဲ့တာလား။ ဒါဆိုရင် ကျွန်မတို့ ပြည်သူတွေ ဘာကြောင့်ဒီလောက် နှစ်ပေါင်းကြာရှည်စွာ အသိပညာနိမ့်ကျခဲ့ရတာလဲ၊ ဘယ်သူ့မှာ တာဝန်ရှိတာ လဲဆို တာ မေးစရာဖြစ်လာပါတယ်။ သို့သော်လည်း အံ့သြစရာကောင်းတာက ဒီလောက်အသိပညာနိမ့်ကျနေရင်းကနေ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကြီးကို ထောက်ခံသော ရာခိုင်နှုန်းမှာ ၉၂.၄ % ရရှိခဲ့တယ် ဆိုတာ မေးခွန်းထုတ်စရာဖြစ်ခဲ့ရပါတယ်။”ဟု ဒေါ်စန္ဒာမင်းက ပြောသည်။

ထို့အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပြောင်းလဲရန် ၊ ၄၃၆ ကို ပြင်ဆင်နိုင်ရန် ပြည်သူများ သိအောင် Website များ ထောင်ခဲ့ကြောင်း ၊ကြေညာချက်များထုတ်၊ ပညာပေးလုပ်ငန်း များ ကို ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း အဖွဲ့နှင့် ပူးပေါင်းကာ တစ်စိုက်မတ်မတ် လုပ်ဆောင်ခဲ့သည်ဟုလည်း ၎င်းကဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ၏ နောက်ဆက်တွဲဇယားများ ၂၊ ၃၊ ၅ ကို ပြင်ဆင်ရခြင်းမှာ တိုင်းရင်းသားများ၏ အကျိုးအ တွက် ရှေ့ရှု၍ကို ထောက်ခံဆွေးနွေးရခြင်းဖြစ်ကြောင်း၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

သတင်း - ဇော်မင်းထွန်း
The Ladies News Journal
https://www.facebook.com/News.TheLadies


 မြန်မာအစိုးရစစ်တပ်နဲ့ ဒီကေဘီအေတပ်တွေ ဇူလိုင်လ ၇ ရက်နေ့က ကော့ကရိတ်မြို့အထွက် လမ်းဟောင်းတဝိုက်မှာ မနက်ကတည်းက အနီးကပ်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ကြပါတယ်။

မြန်မာအစိုးရစစ်တပ်က အဝေးပစ်မော်တာတွေနဲ့ ဒီကေဘီအေ ကလို့ထူးဝါးဌာနချုပ်ကို လှမ်းပစ်နေတယ်လို့ ဒီကေဘီအေဘက်က ပြောခွင့်ရ ဗိုလ်ကြီးစောသရီးတူးက ပြောပါတယ်။

တချိန်ထဲမှာပဲ ကော့ကရိတ်မြို့ကအထက (၄) စာသင်ကျောင်းကို မော်တာကျည်တလုံးကျပြီး ပေါက်ကွဲခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ ကျောင်းသားတွေ မရောက်သေးတဲ့အတွက် အပျက်အစီးကလွဲပြီး လူကို ထိခိုက်မှုမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒီကေဘီကေဘက်ကတော့ သူတို့ဆီမှာ အဲဒီလောက်အဝေးကို ပစ်လို့ရတဲ့လက်နက်မရှိကြောင်းနဲ့ သူတို့ကို လူထုက အထင်လွဲအောင်လုပ်တာဖြစ်တယ်လို့ ဗိုလ်ကြီးစောသရီးတူးက ပြောပါတယ်။

အဲဒီနေ့မှာပဲ မြန်မာအစိုးရတပ်နဲ့ ဒီကေဘီအေတပ်ကြား တိုက်ပွဲတွေနဲ့ပတ်သက်လို့ ကရင်ခေါင်းဆောင်တွေနဲ့ မြန်မာအစိုးရကိုယ်စားလှယ်တွေ ဘားအံမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese

၅၃နှစ်မြောက် 7 july အထိမ်းမှတ်အခမ်းနားကို ကယားပြည်နယ် ကျောင်းသားများသမဂ္ဂ ရုံးတွင်ပြုလုပ်ခဲ့စဉ် (ဓါတ်ပုံ-ကေတီ)
၅၃ နှစ်မြောက် 7 july နေ့အခမ်းနားကို တစ်နိုင်ငံလုံးရှိ ကျောင်းသားအဖွဲ့စည်းများတွင် ကျင်းပခဲ့ကြသလို ကယားပြည်နယ်တွင်လည်း ကယားပြည်နယ်ကျောင်းသားများ သမဂ္ဂ (kssu) ရုံးချုပ်တွင် ဇူလိုင်လ ၇ ရက်နေ့ ကကျင်းပခဲ့ပြီး အစိုးရအနေဖြင့် ကျောင်းသားများအပေါ် အကြမ်းဖက်ဖမ်းဆီးမှုများ ရပ်တန့်ပေးရန် နှင့် ကျောင်းသား သမဂ္ဂများအပေါ် ဖြိုခွင်းမှုများ မပြုလုပ်ရန် တောင်းဆိုလိုက်သည်။

ဇူလိုင်လ ၇ ရက်နေ့ ကဖြစ်ပေါ်ခဲ့သည့် ကျောင်းသား သမဂ္ဂ အဆောက်အဦး ဖြိုးခွဲခံရပြီး ကျဆုံးခဲ့သော ကျောင်းသားများအား မမေ့နိုင်သော အထိမ်းအမှတ် ပြုလုပ်ရခြင်းဖြစ်သလို လက်ရှိ အစိုးရအနေဖြင့်လည်း ကျောင်းသားများအပေါ် အကြမ်းဖက် ဖမ်းဆီးမှုများ မပြုလုပ်ရန် နှင့် ဆဲဗင်းဇူလိုင်ကဲ့သို့ ကျောင်းသားသမဂ္ဂ များကို ဖြိုးခွဲဖို့ မပြုလုပ်ရန် လိုအပ်ကြောင်း ကယားပြည်နယ်ကျောင်းသားများ သမဂ္ဂဥက္ကဌ ခွန်ရဲမင်းကျော်က ပြောသည်။

ခွန်ရဲမင်းကျော်က “ကျနော်တို့ ဒီ ဆဲဗင်းဇူလိုင် နေ့ကိုအားလုံး မမေ့ကြဖို့ရယ် ကျောင်းသားတွေက ဒါတွေကို အမြဲရင်ဘက်ထဲ ထည့်ထားပြီး ကျနော်တို့က အလေးပြုကြတာပါ ဒီနေ့မှာ စစ်အစိုးရက ဖမ်းဆီးထားတဲ့ ကျောင်း သားကို ပြန်လွှတ်ပေးဖို့၊ အကြမ်းမဖက်ဖို့ ဖမ်းဆီးခြင်းတွေ မပြုလုပ်ဖို့ ကျနော်တို့ ကျောင်းသား သမဂ္ဂတွေကို ဖြိုခွမှုတွေ မပြုလုပ်ဖို့ ဒီနေ့မှာကျနော်က ဒါတွေကို တောင်းဆိုလိုက်တယ် လို့ပြောချင်ပါတယ် ” ဟု ကန္တာရဝတီတိုင်း(မ်)သို့ပြောသည်။

7 july အောက်မေ့ဖွယ် အခမ်းနားကို ကယားပြည်နယ် ကျောင်းသားများသမဂ္ဂ (kssu) ရုံးချုပ်ရှိရာ လွိုင်ကော်မြို့တွင် နံနက် ၈ နာရီခန့်က စတင်ပြုလုပ်ခဲ့ပြီး သမဂ္ဂအလံအားအလေးပြုခြင်း ၊ ကျဆုံးသွားသော ကျောင်းသား အာဇာနည်များအား အလေးပြုခြင်း နှင့် ကမ္ဘာမကြေဘူး ဆိုသည့်သီချင်းအား သီဆို၍ အခမ်းနားကို ပြုလုပ်ခဲ့သည်။

လက်ရှိ စစ်အစိုးရအနေဖြင့် ကျောင်းသားများအပေါ် အကြမ်းဖက် ဖမ်းဆီးမှုများကို မပြုလုပ်သင့်တော့ဘူး ဟု ကျောင်းသားတစ်ဦးက ပြောဆိုလိုက်သည်။

“ကျနော်တို့က ကျောင်းသားပါ ကျောင်းသားတွေအပေါ် အကြမ်းဖက် ဖမ်းဆီးတာတွေ ၊အရေးယူတာတွေ ဆက်မလုပ်ပါနဲ့တော့ ဖမ်းဆီးထားတဲ့ ကျောင်းသားတွေကိုလည်း ပြန်လွှတ်ပေးပါတော့လို့ပဲ တောင်းဆိုချင်တယ် ”ဟု ကန္တာရဝတီတိုင်း(မ်)သို့ပြောသည်။

7 ဇူလိုင်အခမ်းနားအား ကယားပြည်နယ်ကျောင်းသား သမဂ္ဂအပြင် ကရင်နီပြည်လူငယ်များသမဂ္ဂ (uksy) တွင်လည်းပြုလုပ်ခဲ့ပြီး ဟောပြောပွဲ သမိုင်းကြောင်းများ ဟောပြောခဲ့ကြောင်းသိရသည်။

တော်လှန်ရေးကောင်စီ အစိုးရလက်ထက် ဗိုလ်ချုပ်နေဝင်းအစိုးရသည် ၁၉၆၂ ဇွန်လ ၁၈ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်ကျောင်းသားများအား ချုပ်ချယ်ထားသော ကျောင်းဆောင်စည်းကမ်း ၂၂ ချက်ကိုထုတ် ပြန်ခဲ့သောကြောင့် ကျောင်းသားများက ဆန္ဒပြတောင်းဆိုခဲ့ကြပြီး အစိုးရက လိုက်လျောမပေးဘဲ ဇူလိုင်လ ၈ ရက်နေ့တွင် ကျောင်းသားသမဂ္ဂအဆောက်အဦးများကိုပါ ဗုံးခွဲဖျက်ဆီးခဲ့ခြင်း ၊ သေနတ်နှင့်ဝင် ရောက်ပစ်ခတ်ခဲ့ခြင်း ပြုလုပ်ခဲ့ရာ ကျောင်းသားများအသေအပျောက်များ ရှိခဲ့ခြင်းဖြစ်သည်။

Written by ဆန်းဖြိုးထွန်း
ကန္တာရဝတီတိုင်း(မ်)
http://www.ktimes.org

ကျောက်စိမ်းနှင့် ကျောက်မျက်လေလံပွဲတစ်ခုတွင် ကျောက်ရိုင်းတုံးများကို အကဲဖြတ်နေသူတစ်ဦးကို မြင်ရစဉ် Photo: AFP

နေပြည်တော်မှာ ၁၃ ရက်ကြာကျင်းပခဲ့တဲ့ ကျောက်မျက်ရတနာအရောင်းပြပွဲမှာ ဒီနှစ်အတွက် အမေရိကန် ဒေါ်လာ သန်း ၁ ထောင်ဖိုး ရောင်းချခဲ့ရပေမဲ့၊ ဒီပမာဏဟာ မနှစ်က ရောင်းအားထက် ၃ ဆခွဲလောက် ထိုးကျသွားတာဖြစ်တယ်လို့သိရပါတယ်။

အခုလိုရောင်းအားထိုးကျသွားတာဟာ ဒီနှစ်မှာ ပုလဲနဲ့ပတ်သက်လို့ လေလံတင်ရောင်းချတာ မရှိသလို၊ ကျောက် စိမ်းရောင်းအားကျတာလည်း ပါဝင်တယ်လို့ မြန်မာ့ကျောက်မျက်ရတနာအသင်း တာဝန်ရှိသူတစ်ဦးက ပြော ဆိုကြောင်း ဘန်ကောက်ပို့စ်သတင်းက ဖေါ်ပြပါတယ်။

မနှစ်ကကျင်းပခဲ့တဲ့ ၅၁ ကြိမ်မြောက် ကျောက်မျက်ရတနာအရောင်းပြပွဲမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၃ ထောင့် ၄ ရာဖိုး ရောင်းချခဲ့ရပါတယ်။ ဒီနှစ်မှာ တရုတ်၊ ဟောင်ကောင်၊ ထိုင်းနဲ့ ဂျပန်က ကုန်သည် ၄ ထောင်ဝန်းကျင် ရောက် လာခဲ့တယ်လို့ သိရပါတယ်။

ကျောက်မျက်ရတနာအရောင်းပြပွဲကို ၁၉၆၄ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့ ဖမ်းဆီးခံရစဉ် (Credit: Reuters)
ထိုင်းနိုင်ငံ ​လိပ်ကျွန်း ​လူသတ်မှုနဲ့ ​ပတ်သက်ပြီး ​ဒီကနေ့ ​တရားရုံးမှာ ​အမှုကြားနာဖို့ ​ရှိပါတယ်။

မြန်မာနိုင်ငံသား ​ဇော်လင်းနဲ့ ​ဝင်းဇော်ထွန်းတို့က ​ဗြိတိန်နိုင်ငံသား ​David ​Miller ​နဲ့ ​Hannah ​Witheridge ​ကို ​သတ်ပစ်တယ်လို့ ​စွပ်စွဲခံနေရပါတယ်။

လူသတ်မှုက ​အရင်နှစ် ​စက်တင်ဘာလတုန်းက ​ဖြစ်ပွားခဲ့တာပါ။

ဒီကနေ့မှာ ​စတင်တဲ့ ​လိပ်ကျွန်းလူသတ်မှု ​ကြားနာပွဲကို ​ကွယ်လွန်သူ ​ဗြိတိန်နိုင်ငံသား ​နှစ်ဦးရဲ့ ​ကျန်ရစ်သူ ​မိသားစုဝင် ​တချို့ ​တက်ရောက်နားထောင်ဖို့ ​ရှိပါတယ်။

ထိုင်းရဲတွေကတော့ ​မြန်မာ ​နှစ်ဦးက ​လူသတ်မှု ​ကျူးလွန်တယ်လို့ ​ပြောဆိုပြီး ​DNA ​အထောက်အထား ​ရှိတယ်လို့ ​ပြောပါတယ်။

မြန်မာနှစ်ဦးကတော့ ​လူမသတ်ရဘူးလို့ ​ပြောဆိုထားပြီး ​ထိုင်းရဲက ​ဖိအားပေးပြီး ​အတင်းဝန်ခံခိုင်းလို့ ​ဝန်ခံခဲ့ရတာလို့ ​ဆိုပါတယ်။

ဒီအမှု ​ကြားနာမှုက ​စက်တင်ဘာလအထိ ​ကြာမှာဖြစ်ပြီး ​တရားရုံးက ​အောက်တိုဘာလမှာ ​စီရင်ချက် ​ချမှာ ​ဖြစ်ပါတယ်။

ဇော်လင်းနဲ့ ​ဝင်းဇော်ထွန်းဘက်က ​လိုက်ပေးတဲ့ ​ရှေ့နေတွေကတော့ ​ထိုင်းတရားရုံးက ​သူတို့ကို ​DNA ​ကို ​သီးသန့်လွတ်လပ်စွာ ​စစ်ဆေးခွင့် ​ပေးခဲ့ပေမယ့် ​စစ်ဆေးခွင့် ​မရသေးဘူးလို့ ​ပြောပါတယ်။

ဒီကိစ္စနဲ့ ​ပတ်သက်ပြီး ​တရားခံဘက်က ​ပွင့်လင်းမြင်သာစွာ ​မသိရတဲ့အပေါ် ​စိုးရိမ်မိတယ်လို့လည်း ​မြန်မာတွေကို ​ကိုယ်စားပြုတဲ့ ​Andy ​Hall ​က ​ပြောပါတယ်။

သေဆုံးသူ ​ဗြိတိန်နိုင်ငံသား ​မိသားစုတွေကတော့ ​ထိုင်းရဲတွေရဲ့ ​ပြောဆိုချက်နဲ့ ​ဗြိတိန်နိုင်ငံက ​စစ်ဆေးရေးသမားတွေရဲ့ ​ပြောပြချက်အရ ​မြန်မာ ​နှစ်ဦးမှာ ​အပြစ်ရှိတယ်လို့ ​ယူဆကြောင်း ​အရင်နှစ်က ​ပြောဆိုခဲ့ဖူးပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese


ဇူလိုင် ၈ ရက် ရန်ကုန်အနောက် ပိုင်းခရိုင် တရားရုံး၌ တရားပြိုင်သက်သေများအား စစ်ဆေးရာ သေဆုံးသူ တေးနုယဉ်သည် အိမ်ထောင်ရှိ စာရေးဆရာတဦးနှင့် ဟိုတယ်သို့သွားခဲ့ကြောင်း မင်းအုပ်စိုး၏မန်နေဂျာ ဦးစံတိုး က တဆင့်ကြားစကားများကို ကိုးကား၍ ထွက်ဆိုခဲ့သည်။

တေးနုယဉ်နှင့် အခင်းမဖြစ်မီညက မင်းအုပ်စိုး၏ ခြံအတွင်းပါတီပွဲတခုကျင်းပခဲ့ကြောင်း၊ ယင်းပွဲတွင် အနုပညာရှင်များ စာရေးဆရာများ၊ ကိုလူချောအဖွဲ့သားများ တက်ရောက်ခဲ့သည်ဟု ထွက်ဆိုခဲ့သည်။ ယင်းပွဲ၌ မင်းအုပ်စိုး၏ ၀န်ထမ်းများနှင့် ကိုလူချောအဖွဲ့တို့ စကားပြောအပြီး မင်းအုပ်စိုးအပြင်ထွက်လာစဉ် စာရေးဆရာ တဦးမှာ မပြန်သေးဘဲ ရှိနေသည်ဟု ဆိုသည်။ ယင်းအချိန် မင်းအုပ်စိုးမှ စာရေးဆရာအား ''သူငယ်ချင်း မင်းဘယ်ပြန်မှာလဲ''ဟုမေးခဲ့ရာ အဆိုပါ စာရေးဆရာက ''ငါမပြန်ဘူး၊ ဒီည တာဝန်ခံအယ်ဒီတာ တေးနုယဉ်နဲ့ အိပ်မှာ''ဟု ပြန်လည်ပြောဆိုရာ မင်းအုပ်စိုးမှ နောက်ပြောင်သည်ဟုထင်၍ မနောက်ရန် ပြောခဲ့သည်ဟု ထွက်ဆိုခဲ့သည်။

ထိုစာရေးဆရာမှ ''ငါနောက်နေတာ မဟုတ်ဘူး၊ မင်း မယုံဘူးလား''ဟု ပြန်ပြောစဉ် မင်းအုပ်စိုးက ၎င်းစာရေးဆရာအား ခြံအပြင်သို့ထွက်သွားရန် ၎င်း၏ ၀န်ထမ်းများအား မျက်ရိပ်ပြ၍ ၀န်ထမ်းများက စာရေးဆရာအား ခြံပြင်သို့ ထုတ်ခဲ့သည်ဟု ဆိုသည်။

ပါတီပွဲအပြီး နောက်နေ့တွင် မင်းအုပ်စိုးမှ ၎င်းအား တေးနုယဉ်၏ ဖိုင်တွဲကိုယူခိုင်းပြီး တေးနုယဉ်နှင့် စာရေးဆရာအကြောင်း သိသလောက်ပြောပြရန် စေခိုင်းခဲ့သည်ဟု ထွက်ဆိုခဲ့သည်။ ယင်းနှင့်ပတ်သက်ပြီး ဦးစံတိုးမှ ''လွန်ခဲ့တဲ့ ခြောက်လလောက်ကတည်းက တေးနုယဉ်ဟာ အဲဒီစာရေးဆရာနဲ့ လုပ်ငန်း အကြောင်းပြပြီး အပြင်ထွက်တာတို့၊ စာရေးဆရာကားနဲ့ လိုက်သွားတာမျိုး ကျောက်မြောင်းက ဟိုတယ်တခုမှာ စာရေးဆရာနဲ့ တေးနုယဉ်တို့အတူ တည်းခိုခဲ့တယ်''ဟု မင်းအုပ်စိုးအား ပြန်ပြောပြခဲ့သည် ထွက်ဆိုခဲ့သည်။

ယင်းအပြင် ဦးစံတိုးမှာ ယုဇနပလာဇာမှနေ၍ အလုပ်ဆင်းသောကြောင့် တာမွေဗလီတွင်ဆင်း၍ ဖိုးစိန်လမ်းသို့ ခြေလျင်သွားရာ တေးနုယဉ်နှင့် စာရေးဆရာတို့ သျှင်ပါကူလက်ဖက်ရည်ဆိုင်တွင် အတူထိုင်နေသည်အား တကြိမ်၊ နှစ်ကြိမ် မကတွေ့ဆုံဖူးသည်ဟု ထွက်ဆိုခဲ့သည်။ ယင်းကိစ္စအား မင်းအုပ်စိုးထံပြောပြရာ မင်းအုပ်စိုးမှ ''သိရဲ့သားနဲ့ ဘာလို့ပြန် မပြောလဲ''ဟု ပြန်အမေးခံရသဖြင့် ''မင်းက မေးမှမမေးတာ၊ မမေးဘဲ ပြောရင်လဲ မင်းက မကြိုက်လို့ အခုမှ ပြောရတာ''ဟု ပြန်လည်ပြောဆိုခဲ့ကြောင်း ထွက်ဆိုခဲ့သည်။

တေးနုယဉ်နှင့် စာရေး ဆရာတို့ပတ်သက်မှုအား ဦးစံတိုးမှ လက်ဖက်ရည်ဆိုင် ထိုင်ခြင်းကိုသာ ကိုယ်တိုင်မြင်တွေ့ခဲ့ဖူးခြင်း ဖြစ်ပြီး စာရေးဆရာကားပေါ်သို့တေးနုယဉ် လိုက်ပါသွားခြင်းအား ခြံထိပ်ရှိ ကွမ်းယာ ဆိုင်မှ အမျိုးသမီးပြော၍ သိရှိခြင်း၊ ကျောက်မြောင်းဟိုတယ်သို့ သွားခြင်းအား ခြံထိပ်ရှိ Taxi ဂိတ်မှ လှမ်း၍ ဖုန်းဆက် ပြောခြင်းမှ သိရှိခဲ့ခြင်းဖြစ်ကြောင်း ထွက် ဆိုခဲ့သည်။

ဦးစံတိုးသည် လွန်ခဲ့သည့်အနှစ် ၂၀ ခန့် ဆန်စပါးလုပ် ငန်းလုပ်ကိုင်စဉ်ကတည်းက မင်းအုပ်စိုးအတွက် အလုပ် လုပ်လာခဲ့သူဖြစ်ပြီး လွန်ခဲ့သည့် ၉ နှစ်ကျော်ခန့်မှစ၍ မင်းအုပ်စိုး၏ ခေါ်ယူမှုကြောင့် ဧရာဝတီတိုင်းမှ ရန်ကုန်သို့ရောက်ရှိလာသူဟု ထွက်ဆိုခဲ့သည်။ ယင်းအပြင် လွန်ခဲ့သည့် ၇ နှစ်ကျော်ခန့် သရပါမဂ္ဂဇင်းထုတ် ဝေခဲ့ပြီးမကြာမီ တေးနုယဉ် အလုပ် ၀င်ရောက်လာရာမှစ၍ သိကျွမ်းခဲ့သည်ဟု ထွက်ဆိုခဲ့သည်။

ယင်းအပြင် ဦးစံတိုးမှ တေးနုယဉ်အား အဆိုပါ စာရေးဆရာနှင့်ပတ်သက်၍ သတိပေးစကားပင် ပြောခဲ့ဖူးကြောင်း၊ တေးနုယဉ်မှ ၀န်ခံခြင်းမရှိကြောင်းနှင့် တေးနုယဉ် သေဆုံးမှုဖြစ်စဉ်ည၌ ဦးစံတိုးသည် မွေးနေ့ခွင့် (၂) ရက်ယူထားသည်နှင့် ကြုံကြိုက်၍ မသိရှိကြောင်း ထွက်ဆိုခဲ့ပြီး တရားရုံးမှ ရုံးချိန်းအား ဇူလိုင် ၁၅ ရက်သို့ ထပ်မံချိန်း ခဲ့သည်။

ကိုခက်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

၀၈-၀၇-၂၀၁၅

သက်တော် ၃၉ နှစ်ရှိ နကော်စီဌာမရ ခရိုင် ချအိုရ မြို့ နယ် တွင် သီတင်း သုံးနေသည့် ဆရာတော်တပါးမှာ ကိုယ်တွင်းမှ ထွက်လာသည့် ချွေးနှင့် သွေး တို့ မှ ကျောင်းလုံးလေးများအဖြစ် ပြောင်းသွား ခဲ့ရာ တရာတော်အား ကိုးကွယ်ကြသည့် ဒကာဒကာမ များ မှတဆင့် တနိုင်ငံလုံးပြန့် နှံ့ သွားခဲ့သည်။

ဆရာတော် အနမ်တာ မှာ တရားကျင့်စဉ် စခန်းဝင်ရန် ခရီးထွက်ရာမှာ ( မြန်မာနှင့် တိဘက်ဟုယူဆရပါသည် ဘုန်းကြီးဝတ်ထားသည့် သင်္ကန်း အရောင်မှာ ထိုင်းဘုန်းကြီး အရောင်မဟုတ်ပါ ) ပြန်ရောက်လာခဲ့ပြီးနောက် စာသင်းသားများကို ပုံမှန် စာပေကျမ်းခံများအား သင်ကြားပေးနေရာမှ တနေ့ တွင် ဆရာတော်ဦး၏ ခေါင်းထိခိုက် ဒဏ်ရာရလာတဲ့အခါမှာ ထွက်လာသည့် သွေးများမှာ မာကြောသည့် ကြောက်လုံးလေးများ အဖြစ် ထူးဆန်းစွာ မြင်တွေကြရသဖြင့် စတင်သတင်းကြီးလာခဲ့ပါသည်။


ယခုအခါ သောင်းနှင့်ချီသည့် အနယ်နယ်အရပ်ရပ်မှ ပြည်သူများ လာရောက်ဖူး မျှော်နေကြပါပြီး၊ သာမန် ဆရာတော်တပါးကဲ့သို့  သတင်းသုံးနေပြီ သွေးမှ ကျောက်လုံး လေးများ ဖြစ်သွားသည့် ဖြစ်ရပ်အား မည်သူမှမပြောကြရန် ဆရာတော်က မှာကြားသော်လည်း ပိတ်မရသည် လူ့ ပါးစပ် က တနိုင်ငံလုံးပြန့် သွားပါရော၊
ယခုသတင်းဌာနများ အများပြားလာရောက် စစ်ဆေးမေးမြန်း၍ သက်သေပြပါရန် တောင်ဆို သည့် အခါ သဘာဝက ဖြစ်လာသည်ကို လုပ်ယူ၍ မရနိုင်ပါ ယုံကြည်ခြင်း - မိမိအားကိုးကွယ်စေလိုမှု အတွက် မိမိအစွမ်းပြရန်မဟုတ်ဟု ဗုဒ္ဓမြတ်စွာဘုရား တားမြစ်ခဲ့ကြောင်းသာ မိန့် ကြားခဲ့သည်။


ဆရာတော်သတင်းသုံးရာ နကော်စီဌာမရခရိုင်တွင် မူဆလင် သူပုန်များ ကြီးစိုးထားသည့် နယ်မြေဖြစ်သည်။

ဆရာတော် နှစ်ကြိမ်တိုင် လုပ်ကြံရခဲ့ရပြီး စီးလာသည့်ကားအား သေနတ်များဖြင့် ၀ိုင်းပစ်ခြင်းခံခဲ့ရသော်လည်း ဆရာတော်မှာ ပွန်းပဲ့ ဒဏ်ရာများ သာရခဲ့သည်။

"ထိုင်းနိုင်ငံအတွက် နှစ်နှစ်နဲ့ လေးလအတွင်းမှာ ကပ်ကြီးသုံးခုရင်ဆိုင်ရမယ်"
(၁)နိုင်ငံရေး တိုက်ပွဲများမှ စစ်ပွဲအသွင်ကူးပြောင်း၍ ပြင်းထန်မည်။
(၂)ဘန်ကောက်မြို့ ကြီး ပြိုကျ ပျက်စီးသည့် ဘေး ရင်ဆိုင်ရမည်။
(၃)ထိုင်းနိုင်ငံ တောင်ပိုင်း တခုလုံး ပင်လယ်ပြင်အောက်ရောက်မည်။
ကျောက်သွေးဆရာတော် အရှင် အနမ်ဒါ မိန့် ကြားခဲ့တာဖြစ်ပါသည်။

ကိုးကားး kaosod
TNN24
raponsan
Social Action for Women - SAW
https://www.facebook.com/pages/Social-Action-for-Women-SAW


ကော့စ်ဘဇား၊ ဇူလှိုင် ၈

မြန်မာနှင့် နယ်ချင်းထိစပ်နေသည့် စစ်တကောင်း တောင်တန်းဒေသတွင် ဘင်္ဂလာဒေရှ့် စစ်တပ်မှ အင်အား ၄၀၀ ကျော်ဖြင့် စစ်ဆင်ရေး တစ်ရပ်ကို ပြုလုပ်နေကြာင်း Cox’sbazarnews တွင် ဖော်ပြသည်။

ယခု ပြုလုပ်နေသည့် စစ်ဆင်ရေးကို တနင်္ဂနွေနေ့က စတင်ခဲ့ပြီး ဇူလိုင် ၁၄ ရက်နေ့ထိ ပြုလုပ်သွားမည်ဟု သိရသည်။

ယခုပြုလုပ်သည့် စစ်ဆင်းရေးမှာ နယ်စပ်တလျှောက်တွင် တရားမ၀င် လက်နက်ကိုင်တပ်ဖွဲ့များ အခြေစိုက် မလှုပ် ရှားနိုင်ရေး၊ လက်နက်မှောင်ခိုသမားများကို နှိမ်နှင်းရေးနှင့် နယ်စပ်ဖြတ်ကျော်ပြီး မူးယစ်ဆေးဝါး မှောင်ခိုလုပ်ငန်းများကို တိုက်ဖျက်ရေးတို့ အတွက် ဖြစ်သည်ဟု မြန်မာ နယ်စပ်ရှိ ဘော်လီပါရာအခြေစိုက် နယ်ခြားစောင့်တပ်ဖွဲ့မှ ဗိုလ်မှူးကြီး ကာမရုမ် အစ္စလာမ်မှ ပြောသည်။

မြန်မာ- ဘင်္ဂလာဒေ့ရှ် နယ်စပ်အနီးရှိ ဘင်ဒရိုဘင် (ရွာတော်) ခရိုင်ရှိ တန်းဆိပ်၊ ရုံမော်နှင့် အလယ်ခွာတောင်ဒေသတို့တွင် အဓိက စစ်ဆင်ရေးကို ပြုလုပ်နေပြီး ယင်းဒေသတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့များ ခိုအောင်းနေခဲ့ကြသည်ဟု သူက ဆိုသည်။

ယခု စစ်ဆင်ရေးကို မြန်မာ- ဘင်္ဂလာဒေ့ရှ်နယ်စပ်မှ အိန္ဒိယ နယ်စပ်ထိ ကီလိုမီတာ ၁၃၅ တလျှောက်တွင် ပြုလုပ်နေသည်ဟု ဗိုလ်မှူးကြီး ကာမရုမ်က ပြောသည်။ ယခု စစ်ဆင်ရေး ပြုလုပ်နေသောနေရာများသည် မြန်မာဘက်ကမှ ပလက်ဝ၊ ကျောက်တော်နှင့် ဘူးသီးတောင်မြို့နယ် များနှင့် ထိစပ်နေသော နယ်စပ်များဖြစ်ကြသည်။

ယခု စစ်ဆင်ရေးတွင် စစ်တပ်နှင့် နယ်ခြား စောင့် ဘီဂျီဘီ တပ်ဖွဲ့ဝင် စုစုပေါင်း ၄၀၀ ခန့် ပူးပေါင်းပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

မောင်အေး
Narinjara
https://www.facebook.com/pages/Narinjara


စစ်တပ်အာဏာသိမ်းယူတာကို ကန့်ကွက်ဆန္ဒပြခဲ့တဲ့ ထိုင်းကျောင်းသား ၁၄ ဦးကို ထိုင်းစစ်ဘက်တရားရုံးက ချုပ်နှောင်ထားရာကနေ ယာယီပြန်လွှတ်ပေးလိုက်ပါတယ်။

မနှစ်က ထိုင်းနိုင်ငံရေးမှာ ၀န်ကြီးချုပ် ယင်လတ်အစိုးရနဲ့ အတိုက်အခံတွေအကြား နိုင်ငံရေး မငြိမ်သက်မှုတွေဖြစ်ခဲ့ပြီး ပြည်သူတွေရဲ့ ထောက်ခံမှုကျဆင်းလာချိန်မှာ ထိုင်းစစ်တပ်က မေလ ၂၂ ရက်နေ့မှာ အာဏာသိမ်းခဲ့တာဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းတာကို ထောက်ခံသူတွေများပေမယ့် လူတစ်ဦးချင်းစီရဲ့ လွတ်လပ်ခွင့်တွေ ဆုံးရှုံးသွားတာကြောင့် ကန့်ကွက်သူတွေလည်း ရှိပါတယ်။

အဲဒီမှာ တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေက ဆန္ဒပြကြရာမှာ ပြီးခဲ့တဲ့လ ၂၆ ရက်နေ့က ထိန်းသိမ်းလိုက်တာဖြစ်ပြီး ရက်ပေါင်း ၁၂ ရက်ကြာ ယာယီချုပ်နှောင်ခံခဲ့ရတာပါ။

လွတ်မြောက်လာတဲ့ ကျောင်းသားတွေက အာဏာသိမ်းမှုဆန့်ကျင်ရေးကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ပြောကြောင်း ဘန်ကောက်ပို့စ်သတင်းစာက ရေးသားပါတယ်။

Photo: AFP
RFA Burmese
https://www.facebook.com/pages/RFA-Burmese


၂၀၁၅ရွေးကောက်ပွဲကိုလာမဲ့   နိုဝင်ဘာလ၈ရက် နေ့ ကျင်းပမယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က အတည်ပြု လိုက်ပါတယ် အသေးစိတ် ကိုနိုင်ငံပိုင်မီဒီယာတွေ ကနေ ဒီနေ့ညနေ ထုတ်ပြန်ဖို့ရှိပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese


 အမျိုးသား ပညာရေး ဥပဒေ ပြန်လည်ပြင်ဆင်ပေးဖို့ ခရီးရှည်ချီတက်ဆန္ဒပြရင်း လက်ပံတန်းမြို့မှာ အကြမ်းဖက်ဖမ်းဆီးခံရပြီး သာယာဝတီထောင်ထဲ ထိန်းသိမ်းခံခဲ့ရတဲ့ သပိတ်မှောက် ကျောင်းသားတွေနဲ့ ဝန်းရံပြည်သူပေါင်း ၁၁ ဦးကို ဒီကနေ့ သာယာဝတီခရိုင် တရားရုံးက အာမခံပေးကြောင်း အမိန့် ထုတ်ပြန်လိုက်ပါတယ်။

ဒါပေမဲ့ အာမခံရခဲ့တဲ့သူတွေကိုတော့ လာမယ့်ဇူလိုင်လ ၁၄ ရက်နေ့ တရားရုံးချိန်းထုတ်တဲ့အချိန်မှာ သာယာဝတီမြို့နယ်တရားရုံးက အာမခံနဲ့ လွှတ်ပေးမှာ ဖြစ်ပါတယ်။ အသေးစိတ်ကို မဆုမွန်က တင်ပြထားပါတယ်။

ဒီကနေ့ ဇူလိုင်လ ၇ ရက်နေ့ အင်္ဂါနေ့မှာ သာယာဝတီခရိုင် တရားရုံးကနေ သပိတ်မှောက် ကျောင်းသူကျောင်းသားတွေနဲ့ သပိတ်ကို ဝန်းရံခဲ့တဲ့ ဝန်းရံပြည်သူတွေထဲက အာမခံရရှိနိုင်ရေး လျှောက်ထားခဲ့ကြသူ ၁၅ ဦးအနက် အဝေးသင်ကျောင်းသား အများစုပါဝင်တဲ့ ကျောင်းသား ၉ ဦးနဲ့ ဝန်းရံပြည်သူ ၂ ဦးကို ခရိုင်တရားရုံးက အာမခံပေးလိုက်တာပါ။ သူတို့ ဒီနေ့အာမခံရရှိကြောင်း ခရိုင်တရားရုံးက အမိန့်ချခဲ့ပေမဲ့ အခု အာမခံရသူတွေဟာ လက်ရှိ သာယာဝတီ အကျဉ်းထောင်ထဲမှာ အထိန်းသိမ်းခံနေရဆဲဖြစ်ပြီး လာမယ့် ဇူလိုင်လ ၁၄ ရက်နေ့ မြို့နယ် တရားရုံးထုတ်ချိန်မှာ ပြန်လွှတ်ပေးမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်က ဦးသိန်းသန်းဦးက ပြောပါတယ်။

“ပုံမှန် procedure ကတော့ ခရိုင်တရားရုံးရဲ့အမိန့်နဲ့ အမှုတွဲကို သူက မူလမြို့နယ်တရားရုံးကို ပြန်ပေးမှာ။ ပြန်ပေးတဲ့အခါကျတော့ အဲဒီအမှုတွဲနဲ့အတူရောက်တဲ့ အမိန့်အရ မူလတရားရုံးက အာမခံပေးရမယ်။ ကနေ့မှ အမိန့်ချလိုက်တာ။ အဲဒီချလိုက်တဲ့အမိန့်နဲ့အတူ အမှုတွဲမှာ အမိန့်ကိုကပ်ပြီးတော့ ခရိုင်တရားရုံးက မြို့နယ်တရားရုံးကို ပြန်ပေးမှာ။ အဲဒါရတော့မှ မြို့နယ်တရားသူကြီးက အဲဒါအရ သူက ဆက်ဆောင်ရွက်မှာလေ။ ဒါက အထက်ထပ်နဲ့ အောက်ထပ်ဖြစ်နေလို့ ၁၄ ရက်နေ့ကို ကပ်ပြီးတော့ လုပ်လို့ရမှာ။ မဟုတ်ရင်တော့ မရဘူး။ အမှုတွဲ အဲဒီလောက်နဲ့ ပြန်မရောက်ဘူး။”

အာမခံရသူကျောင်းသားတွေနဲ့ ဝန်းရံပြည်သူတွေကို ၁ ဦးချင်းဆီအတွက် သိန်း ၅၀ တန် ခံဝန်နဲ့ အာမခံပေးမည့်သူ ၂ ဦးက ခံဝန်လက်မှတ်ရေးထိုးမှ ပြန်လွှတ်ပေးမှာဖြစ်ပြီး၊ သူတို့ကို ပုဒ်မတွေတပ်ပြီး စွဲဆိုထားတဲ့ အမှုတွေကို ဆက်လက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အာမခံလျှောက်ခဲ့တဲ့သူ ၁၅ ဦးထဲက အပယ်ခံခဲ့ရတဲ့ ကျန်ခဲ့တဲ့ကျောင်းသား ၄ ဦးကတော့ တက္ကသိုလ်ကျောင်းသားတွေ ဖြစ်တယ်ဆိုတဲ့ လုံလောက်တဲ့ အထောက်အထားမရှိဘူးဆိုပြီး အာမခံကို ပယ်ချခဲ့တာပါ။ ဒါ့အပြင် ဖမ်းဆီးခဲ့စဉ်က ဒဏ်ရာတွေကြောင့် အခု ကျန်းမာရေးအခြေအနေ ဆိုးရွားနေလို့ အရေးပေါ် ဆေးရုံတက ကုသခံယူနေရတဲ့ ဝန်းရံပြည်သူ ကိုတင်ဝင်းနဲ့ ကိုခင်လှိုင် ၂ ဦးတို့ကို အာမခံပေးဖို့ လျှောက်ထားခဲ့ပေမဲ့ တရားရုံးက အာမခံမပေးခဲ့ဘူးလို့လည်း ကျောင်းသားသပိတ် အထောက်အကူပြုကော်မတီက ဦးဇော်ရမ်းက ဗွီအိုအေကို ပြောပါတယ်။

“၂ ရက်နေ့ကရယ်၊ ၉ ရက်နေ့ကရယ်၊ ၁၆ ရက်နေ့ကရယ် လျှောက်ထားတာလေ အခု ကျနော်တို့ ဒီဥစ္စာက လျှောက်လှဲချက်တွေပေါ့နော်။ လျှောက်လှဲချက်တွေကို ပြန်ပြီးတော့ ကြားနာပြီးတော့ အပေါ်ရုံးကနေ ချပေးတာ။ ၁၅ ယောက်မှာ ၄ ယောက်ကတော့ အာမခံပယ်ချခံရတယ်။ သူက စာရွက်စာတမ်း မပြည့်စုံလို့လို့ အကြောင်းပြတယ်ပေါ့နော်။ ၁၁ ယောက်ကတော့ ကျနော်တို့ အာမခံရပါတယ်။ လာမယ့် ၁၄ ရက်နေ့ ရုံးချိန်းကျမှ လွတ်မှာပါ။ အဲဒီမှာ ကျနော်တို့က အာမခံကျပြီဆိုတော့ သူတို့အတွက် အာမခံက ရုံးလုပ်ထုံးလုပ်နည်းအရ အာမခံ ၂ ယောက်ဆီ ရှာရမယ်။ ထုံးစံအတိုင်းပေါ့ဗျာ ကျနော်တို့ ငွေရေးကြေးရေးနဲ့ တင်ရတာတွေ ဘာတွေ ရှိပါတယ်။ ပိုင်ဆိုင်မှုတွေနဲ့ ဂရံတွေ ဘာတွေနဲ့ အဲဒါတွေအားလုံး ကျနော်တို့ လုပ်ရဦးမှာပါ။ ဒီဥစ္စာတွေက မလွဲမရှောင်သာလို့ ဖြေးဖြေးချင်း ဖြေးဖြေးချင်း ဖြေလျှော့နေလို့လို့ပဲလို့ ထင်ပါတယ်။ ဒါက အာမခံပေးတာပါ။ ကွင်းလုံးကျွတ် လွတ်မြောက်တာ မဟုတ်ပါဘူး။ နောက်တခုက သူတို့ လွတ်လွတ်လပ်လပ် စီရင်ဆုံးဖြတ်တယ်လို့လည်း ကျနော်တို့ မထင်ပါဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့ အခု လျှောက်လွှာတင်ထားတဲ့အထဲမှာ ဆေးရုံက အတွင်းလူနာအဖြစ် ကုသနေတဲ့ ကိုခင်လှိုင်နဲ့ နောက်တခါ ကိုတင်ဝင်းတို့ကို လုံးဝ အာမခံမရသေးပါဘူး။ ဒါက အောက်ရုံးကဟာက အပေါ်ကို မရောက်သေးလို့ဆိုပြီးတော့။ အခု အပေါ်ရုံးကို ရောက်တဲ့ဟာပဲ ချလိုက်တာပါ။ ပိုဆိုးတာက ဒီနေ့ဆိုရင် ကိုတင်ဝင်းကို သာယာဝတီဆေးရုံကို ပြန်ပို့ဖို့ရာ လုပ်နေပါတယ်။ အဲဒါမျိုးပါ အခြေအနေကတော့ မကောင်းဘူး။”

ဒီနေ့ ခရိုင်တရားရုံးရဲ့ အာမခံရရှိသွားတဲ့ သပိတ်မှောက် ကျောင်းသား ၉ ဦးကတော့ ကိုဝေယံမင်းလွင်၊ ကိုရဲဝင့်အောင်၊ ကိုရဲဝင့်အောင် (ခ) ကိုရွှေကြယ်မိုး၊ ကိုမင်းချစ်သူ၊ ကိုမင်းသူရှိန်၊ ကိုမြတ်မင်းမော်၊ ကိုကျော်ဇောခန့်၊ ကိုတင်ကိုဦး၊ ကိုသက်ပိုင်ထွန်း တို့ဖြစ်ပြီး၊ ဝန်းရံပြည်သူများထဲက ကိုသန်းဆွေနဲ့ ဒေါ်သန်းအေးတို့ ရရှိခဲ့တာပါ။ အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေး ခရီးရှည်ချီတက် ဆန္ဒပြရင်း အကြမ်းဖက် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရတဲ့ သပိတ်မှောက် ကျောင်းသူကျောင်းသားတွေနဲ့ ဝန်းရံပြည်သူတွေကို ဒီလ ဇူလိုင်လ ၁၄ ရက်နေ့မှာ သာယာဝတီ အကျဉ်းထောင်ကနေ သာယာဝတီခရိုင် တရားရုံးမှာ တရားရုံးထုတ် စစ်ဆေးဖို့ ရှိနေပါတယ်။

မဆုမွန် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

နိုဝင်ဘာ ၈ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ပါဝင်အရွေးချယ်ခံမယ့်သူဖြစ်မယ်ဆိုရင် ဇူလိုင် ၈ရက် (ဒီကနေ့)ကစပြီး ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေးလုပ်ငန်း၊ နယ်မြေစည်းရုံးရေးလုပ်ငန်းတွေကို ပြည်ထောင်စုအစိုးရအဖွဲ့ဝင် တစ်ဦးဦးက ဆောင်ရွက်ခွင့်ရှိတယ်လို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်ချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ သမ္မတဦးသိန်းစိန်ကလည်း မနက်ဖြန်မနက် ၇နာရီမှာ ရေဒီယိုအသံလွှင့်မိန့်ခွန်းပြောမယ်လို့ ဆိုထားပါတယ်။

လာမယ့် ရွေးကောက်ပွဲကို ဝင်၊ မဝင်နဲ့ သမ္မတ ဒုတိယသက်တမ်းကို ပါဝင်ယှဉ်ပြိုင်မယ် မပြိုင်ဘူးဆိုတာကို သမ္မတဦးသိန်းစိန်က မိန့်ခွန်းထဲ ထည့်ပြောမယ်လို့ မျှော်လင့်လို့ရပါတယ်။ လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံပြင်ဆင်မှု နောက်ဆုံးအပြီးသတ် မဲခွဲတဲ့နေ့၊ ရွေးကောက်ပွဲကျင်းပမယ်လို့ ကော်မရှင်က ကြေညာလိုက်တဲ့အချိန်နဲ့အတူ သမ္မတဦးသိန်းစိန်ပြောမယ့် ရေဒီယိုမိန့်ခွန်းဟာ သူ့ရဲ့အနာဂတ် နိုင်ငံရေးမျှော်မှန်းချက်ကို ဖော်ပြနိုင်ဖို့ များပါတယ်။

NHK သတင်းဌာနကိုပြောဆိုခဲ့တုန်းက ပါတီနိုင်ငံရေးထက် တိုင်းပြည် ငြိမ်းချမ်းရေးနဲ့ တိုးတက်ရေးကို အဓိကထားလုပ်သွားမယ်လို့ဆိုထားတာကြောင့် သူဟာ ကြံ့ခိုင်ရေးပါတီရဲ့ လွှတ်တော်အမတ်လောင်းအဖြစ် ပြန်လည်အရွေးခံဖို့ထက် လက်ရှိသမ္မတရာထူးကို ဆက်လက်ကိုင်ထားဖို့ တစ်သီးပုဂ္ဂလအမတ်အဖြစ်နဲ့လည်း ရွေးချယ်ခံခွင့်ရှိနေပါတယ်။

ကော်မရှင်ကြေညာချက်အရဆိုရင် သမ္မတဦးသိန်းစိန်ဟာ ဒီကနေ့စလို့ မဲနယ်မြေစည်းရုံးရေးလုပ်ငန်းတွေကို စတင်ဆောင်ရွက်ခွင့်ရှိနေပြီဖြစ်ပါတယ်။

Kamayut Media

ပြီးခဲ့တဲ့ ဘောင်းဘီချွတ် သက်တမ်း ၅ နှစ်ကို ပြန်ကြည့်ရင် စစ်အာဏာရှင်ဟာ
အာဏာတည်မြဲရေးအတွက် နည်းပရိယာယ်မျိုးစုံ သုံးခဲ့တာကို တွေ့ ရမယ်။

နိုင်ငံခြားအစိုးရတွေ ကိုယ့်ဘက်ပါလာအောင် နည်းမျိုးစုံနဲ့ သိမ်းသွင်းခဲ့တယ်။
အမေရိကန်၊ ဥရောပ နိုင်ငံရေးသမားတချို့ ကို တရားဝင်နည်းရော၊ သွယ်ဝိုက်
နည်းလမ်းတွေပါ သုံးပြီး သိမ်းသွင်းစည်းရုံးခဲ့တယ်။ အမေရိကန်၊ ဥရောပတို့ နဲ့ 
ဘုံအကျိုးစီးပွား ထူထောင်နိုင်ဖို့  ကြိုးစားခဲ့တယ်။

နိုင်ငံတကာ ပညာရှင် အကြံပေးဆိုသူတွေကို ငွေပေးစည်းရုံးပြီး အကြံဥာဏ်
တောင်းခဲ့တယ်။ နိုင်ငံခြား လော်ဘီအဖွဲ့ ကို ငွေပေးငှားရမ်း အသုံးပြုခဲ့တယ်။

အနောက်နိုင်ငံတွေကို ပြစားနိုင်လောက်တဲ့ သစ္စာဖောက်တစုကိုလည်း
လာဘ်လာဘ ကောင်းကောင်းပေးပြီး MPC ထဲ ထည့်ထားခဲ့တယ်။

လူမျိုးစုလက်နက်ကိုင် တော်လှန်ရေးသမားတွေကိုလည်း စစ်ပွဲနဲ့ ခြိမ်းခြောက်
ပြီးတော့တမျိုး၊ အကျိုးစီးပွားပြ ဖျားယောင်းနည်းနဲ့ တဖုံ သွေးခွဲစည်းရုံးပြီး
အပစ်အခတ်ရပ်စဲရေးလက်မှတ် ရေးထိုးနိုင်ဖို့  ကြိုးစားခဲ့တယ်။

နိုင်ငံရေးပါတီတွေကို လွှတ်တော်ထဲရောက်အောင် ကျုံးသွင်းခေါ်ဆောင်ပြီး
နိုင်ငံရေးလှုပ်ရှားမှုအားလုံး အကြောသေအောင် ပိတ်ဆို့ ထားခဲ့တယ်။

စစ်အုပ်စုထဲမှာ အချင်းချင်း ကွဲပြဲနေသယောင်ယောင်၊ လွတ်လပ်စွာဘဲ
သဘောထား ကွဲနေကြလေသယောင်ယောင် ဇာတ်တိုက်ကပြခဲ့ကြတယ်။

အဲဒီဆောင်ရွက်ချက်အားလုံးရဲ့  ဦးတည်ချက်ကတော့ ၂၀၀၈ အခြေခံဥပဒေ
တည်မြဲရေးပါဘဲ။ ရန်သူမှန်သမျှကို ၂၀၀၈ အခြေခံဥပဒေဘောင်အောက်
သွတ်သွင်းရေး ဖြစ်ပါတယ်။ ၂၀၀၈ ဘောင်အောက် မ၀င်သူမှန်သမျှကိုတော့
ပြတ်ပြတ်သားသား ခြေမှုန်းခဲ့တယ်။ ကျောင်းသားလှုပ်ရှားမှု၊ လယ်သမားအရေး
လှုပ်ရှားမှု၊ အလုပ်သမားအရေး လှုပ်ရှားမှုတို့ ကို ဘယ်လောက်အထိ
ပြတ်ပြတ်သားသား ရက်ရက်စက်စက် ချေမှုန်းခဲ့သလဲဆိုတာကို ပြန်ကြည့်ပါ။

သတင်းမီဒီယာတွေကိုလည်း အခွင့်အရေးပေး၊ ငွေပေးစည်းရုံးခဲ့တယ်။
ငွေပေးစည်းရုံးလို့ မရသူတွေကို ထောင်ချ အပြစ်ပေးခဲ့တယ်။ သတင်းသမားတချို့ 
ကိုလည်း အခွင့်အရေးပေး လက်သပ်မွေးပြီး အဲသလို လက်သပ်မွေးထားတဲ့
သတင်းသမားတွေကို ပြည်တွင်းပြည်ပ သတင်းဌာနတွေထဲမှာ နေရာရအောင်
စနစ်တကျ သွတ်သွင်းခဲ့ကြတယ်။

လူမှုကွန်ရက်မှာလည်း ၀န်ထမ်းအများအပြားကို အလုံးအရင်းနဲ့  တာဝန်ပေး
ခိုင်းစေပြီး စစ်အုပ်စုအသံ ဖေ့စ်ဘုတ်အသံဖြစ်အာင် လူအားငွေအား ရင်းနှီးမြှုပ်နှံ
ဆောင်ရွက်ခဲ့ကြတယ်။ စစ်အုပ်စုထောက်ခံသူတွေ အများကြီးရပါလားလို့ 
လူအများထင်ယောင်ထင်မှား ဖြစ်လာအောင် စနစ်တကျ လုပ်ဆောင်ခဲ့ကြတယ်။

အတိုက်အခံအချင်းချင်းကိုလည်း စနစ်တကျ သွေးခွဲခဲ့တယ်။ လွှတ်တော်တွင်း
အတိုက်အခံတွေကို အသုံးပြုပြီး လွှတ်တော်ပ အတိုက်အခံတွေကို နှိမ်နင်းချေမှုန်း
ခဲ့တယ်။ တချက်ခုတ် နှစ်ချက်ပြတ်အောင် စီမံခဲ့တယ်။

အခုနောက်ဆုံးလုပ်ခဲ့တဲ့ လွှတ်တော်တွင်း ခြေဥပြင်ရေး ဆောင်ရွက်ချက်ဟာ
လှည့်ဖျားမှုအရာမှာ သရဖူဆောင်းခဲ့တယ်။

တကယ်တော့ ခြေဥပြင်ရေး ဥပဒေမူကြမ်းဟာ အကြိမ်ကြိမ်အခါခါ ဆန်ခါတိုက်
စစ်ဆေးပြီး သူတို့ အတွက် ဘာမှ အန္တရာယ်မဖြစ်နိုင်တော့တဲ့ အချက်တွေကိုသာ
ချန်ထားရေးဆွဲတဲ့ မူကြမ်းဖြစ်တယ်။ ကော်မတီအဆင့်ဆင့်က အချိန်အကြာကြီး
ဆွေးနွေးငြင်းခုံ ကြိုးစားလုပ်ဆောင်သမျှကို နောက်ဆုံးအချိန်ကျမှ
ဆန်ခါတိုက်ချပြီး သူတို့ အတွက် အန္တရာယ်အကင်းရှင်းဆုံး၊ စိတ်အချရဆုံး၊
လှည့်စားလို့ အကောင်းဆုံး အချက်တွေကိုသာ ဥပဒေကြမ်းထဲမှာ ထည့်ထားတာ
ဖြစ်တယ်။

အဲဒီဥပဒေကြမ်းပါ အချက်အားလုံး အတည်ဖြစ်သွားခဲ့ရင်လည်း စစ်အုပ်စု
အကျိုးစီးပွား တပြားတစေ့မှ ထိခိုက်စရာ အကြောင်းမရှိဘူး။ တနည်းပြောရရင်
အဲဒီအချက်အားလုံး အတည်ပြုနိုင်တဲ့တိုင်အောင်လည်း အများပြည်သူအတွက်
တိုးတက်ကောင်းမွန်လာစရာ တခုမှမရှိဘူး။

အဲသလို သေသေချာချာ ပြင်ပြီးမှ လွှတ်တော်ထဲချပြီး စိတ်ကြိုက်ကစားခဲ့တာ
ဖြစ်တယ်။ ကြံ့ဖွံ့ အမတ် အများအပြားကို ထောက်ခံမဲ ပေးခိုင်းခဲ့တယ်။
စစ်အမတ်တွေကို ကန့် ကွက်မဲ ပေးခိုင်းခဲ့တယ်။ ခြေချော်လက်ချော်ဖြစ်ပြီး
အားလုံး အတည်ဖြစ်သွားခဲ့ရင်လည်း နစ်နာစရာ တခုမှမရှိဘူး။

ဒီဆောင်ရွက်ချက် အစအဆုံးဟာ လူအများ ထင်ယောင်ထင်မှားဖြစ်အောင်
ကြံစည်တဲ့ ပရိယာယ်မျှသာ ဖြစ်တယ်။

လူတွေကို သူတို့ တွေးစေချင်သလို တွေးလာအောင် စီစဉ်တာ ဖြစ်တယ်။
လူတွေကို သူတို့ က ဒီလိုအထင်ရောက်စေချင်တယ်။

(၁) စစ်တပ်က အခြေခံဥပဒေကို အထိမခံဆိုတဲ့ အချက်ကို အများပြည်သူနဲ့ 
အတိုက်အခံတွေကို ထင်ထင်ရှားရှား သိစေချင်တယ်။

အဲသလို သိခြင်းအားဖြင့်၊ အဲသလို message ပေးခြင်းအားဖြင့် ဗမာ့နိုင်ငံရေးမှာ
စစ်တပ်ကို လွန်ဆန်လို့ မရဆိုတဲ့ အတွေးမျိုး ပေါ်ပေါက်လာစေချင်တာ
သူတို့ ဆန္ဒ ဖြစ်တယ်။ စစ်တပ်နဲ့  ထိပ်တိုက်ရင်ဆိုင်တိုးမယ့် ကိစ္စမှန်သမျှ
အတိုက်အခံတွေက ရှောင်ရှားရမယ်လို့  အသိစိတ် ဖြစ်ပေါ်စေချင်တာ
သူတို့ ဆန္ဒ ဖြစ်တယ်။

(၂) ကြံ့ဖွံ့ အမတ်တွေဟာ ခြေဥပြင်ဆင်ရေးကို လိုလားတယ်လို့ 
အထင်ရောက်စေချင်တယ်။ အဲသလို အထင်မှားစေခြင်းအားဖြင့် ကြံ့ဖွံ့ မဲရဖို့ 
သူတို့ မျှော်လင့်တယ်။ ကြံ့ဖွံ့ နဲ့ စစ်တပ် တသားတည်းမဟုတ်ဘူးလို့ 
ထင်လာစေချင်တယ်။ သူတို့ အချင်းချင်း ဇာတ်တိုက်ကပြနေတယ်ဆိုတဲ့
အတွေးမျိုး ပပျောက်စေချင်တယ်။ ကြံ့ဖွံ့ ထဲမှာလည်း ပြုပြင်ပြောင်းလဲရေးကို
အမှန်တကယ်လိုလားသူတွေ ရှိနေပါလားလို့  အထင်ရောက်စေချင်တယ်။

(၃) စစ်အာဏာရှင်တွေ အကြားမှာ အကွဲအပြဲတွေ ရှိနေပြီလို့  ထင်စေချင်တယ်။
အဲသလို ထင်ခြင်းအားဖြင့် စစ်အာဏာရှင်တချို့ ကို အတိုက်အခံတွေက
အားကိုးမှီခိုလာစေချင်တယ်။ ပူးပေါင်းလာစေချင်တယ်။ ၂၀၀၈ အခြေခံဥပဒေ
အောက်မှာ ၀င်ရောက်ဆောင်ရွက်ခြင်းအားဖြင့် စစ်အာဏာရှင်စနစ် ပြိုကွဲရေးကို
ဆောင်ရွက်နိုင်လိမ့်မယ်လို့  မျှော်လင့်ချက် ဆက်ရှိနေစေချင်တယ်။

သူတို့ ရည်ရွယ်ချက် တစုံတရာ အောင်မြင်ပါတယ်။

ခြေဥပြင်ရေးကို ပြတ်ပြတ်သားသား ပယ်ချသည့်တိုင် ပါတီတွေဟာ
ရွေးကောက်ပွဲအတွက် မျှော်လင့်ချက်များစွာနဲ့  အားတက်သရော ရုန်းကန်ကြိုးစား
နေသေးတာကို တွေ့ ရတယ်။ ဒေါ်စု သမ္မတဖြစ်ရေး အခြားနည်းလမ်းဆိုတာမျိုးတွေ
ဆက်ပြီး စဉ်းစားနေသေးတာကို တွေ့ ရတယ်။ အခြေခံဥပဒေကို လွှတ်တော်တွင်းက
ပြင်ဆင်ရေး အခြားနည်းလမ်းဆိုတာမျိုးတွေ ပြောလာနေသေးတာကိုလည်း
တွေ့ ရတယ်။

နည်းလမ်းတွေက မဆိုးပါဘူး။ ဒါပေမယ့် နည်းလမ်းအားလုံးဟာ စစ်တပ်လက်ထဲမှာ
လမ်းဆုံးနေပါတယ်။ နည်းလမ်းတွေ ဘယ်လောက်ကောင်းကောင်း ၂၀၀၈ အခြေခံ
ဥပဒေကို ပြင်မယ်ဆိုရင် စစ်တပ်က အလိုမကျနိုင်ဆိုတာ အသေအချာဘဲ
ဖြစ်ပါတယ်။ ဒီတော့ စစ်တပ်အလိုမကျရင် ဘာလုပ်မလဲ။ စစ်တပ်ကို အတိုက်အခံ
ပြုရဲသလား။ စစ်တပ်ကို အတိုက်အခံ မပြုရဲဘူးဆိုရင်တော့ ဘယ်လောက်ကောင်းတဲ့
နည်းလမ်းဘဲဖြစ်ဖြစ် အောင်မြင်နိုင်စရာ မရှိဘူး။ တချို့ ကလည်း စစ်တပ်ကို
အတိုက်အခံပြုဖို့ ရာ ကိုယ့်မှာ ဘာမှမရှိဘူးလို့  တွေးပုံရတယ်။ စစ်တပ်ကို
အတိုက်အခံပြု အောင်ပွဲခံနိုင်မယ့် တခုတည်းသော နည်းလမ်းဟာ လူထုအင်အားနဲ့ 
တိုက်တဲ့နည်းလမ်း ဖြစ်တယ်။

စစ်တပ်ကိုလည်း ရင်မဆိုင်ရဲ၊ ခေါင်းဆောင်လည်း အနာမခံချင်၊ လူထုကိုလည်း
တိုက်ပွဲထဲ မခေါ်ချင်၊ အာဏာကိုတော့လည်း ယူချင်တယ်ဆိုတာဟာ မဖြစ်နိုင်တာကို
စိတ်ကူးယဉ်တာသာ ဖြစ်ပါတယ်။

စစ်အုပ်စုကို ၂၅ ရာနှုန်း အကျောပေးထားတာတောင်မှ ရွေးကောက်ပွဲနည်းနဲ့ 
အနိုင်ရပြီး အစိုးရဖွဲ့ နိုင်လိမ့်ဦးမယ် ဆိုတာကလည်း စိတ်ကူးယဉ်ဆန်လွန်းလှတယ်။
စစ်အုပ်စုဟာ ဘယ်အရပ်သားကိုမှ အစိုးရဖွဲ့ ခွင့်ပေးမှာ မဟုတ်ဘူးဆိုတဲ့ အချက်ကို
သဘောမပေါက်သေးတာဟာ အတိုက်အခံရဲ့  နိုင်ငံရေး အဆင့်အတန်းကို ဖော်ပြ
နေတယ်။ သူတို့ အဆင့်ဟာ ၉၀ ခုနှစ် နောက်ပိုင်းမှာ ဘာမှ တိုးတက်မလာသေးဘူး
ဆိုတာကို ပြနေတာဘဲ။

သူတို့ စိတ်ကူးယဉ်ချက်မှာ ထည့်တွက်မထားတဲ့ အချက်တချက် ကျန်တယ်။

အဲဒါကတော့ စစ်အုပ်စုဟာ ၂၅ ရာနှုန်း အကျောယူထားပြီးတာနဲ့  ကျေနပ်နှစ်သိမ့်
နေမှာ မဟုတ်။ ကျန်တဲ့ ၇၅ ရာနှုန်းအတွက် ယှဉ်ပြိုင်ရာမှာလည်း နည်းမျိုးစုံနဲ့ 
ညစ်ပတ်လိမ့်ဦးမယ်ဆိုတဲ့ အချက်ပါဘဲ။

ကျော်ဇင်မင်း

(အရေးတော်ပုံဂျာနယ် အတွဲ ၂ အမှတ် ၃ မှ ကူးယူဖော်ပြပါသည်)

yaypu-monk-protest-620.jpg ရေပူဆရာတော် ဦးဣန္ဒက လွတ်မြောက်ရေးအတွက် ဇူလိုင်လ ၆ ရက်နေ့က မိုးကုတ်မြို့ခံတွေ ဆန္ဒပြတောင်းဆိုစဉ်
Photo: Hset Paing Toe/RFA


မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်တရားရုံးမှာ မိုးကုတ်မြို့ ရေပူဆရာတော် ဦးဣန္ဒကနဲ့ ဒကာ ၄ ဦးကို ဒီကနေ့ ပထမဆုံးအကြိမ်အဖြစ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

ဒီကနေ့ တရားရုံးမှာ ရဲလုံခြုံရေးတွေ တင်းကြပ်ထားပြီး တရားရုံးကို တခါးပိတ်စစ်ဆေးခဲ့တယ်လို့ အဲဒီတရားရုံးကို သွားရောက်ခဲ့တဲ့ ဆရာတော်ရဲ့ တပည့်ဖြစ်သူ ဦးစိုးဌေးက ပြောပါတယ်။

"ဆရာတော်နဲ့ ဒကာ ဒကာမတွေ တွေ့ခွင့် အခွင့်အရေးကိုပိတ်တယ်၊ နောက်တစ်ခု တရားရုံးတံခါးကို ဒီလိုပိတ်ထားတာ ဥပဒေရှိသလား၊ တရားရုံးမှာ ဆရာတော်ကို ဘယ်လိုပြောလိုက်တယ် ဘယ်နေ့ရုံးချိန်းတယ်ဆိုတာကို သိခွင့်မရဘူး၊ အခုကျနော်တို့ ဒါကိုသိချင်တယ်မေးတော့ တံခါးမဖွင့်ပေးဘူး၊ ဒါက လူတစ်ယောက်ရဲ့ ဥပဒေအကာအကွယ်ကို စနစ်တကျချိုးဖောက်တာပဲလို့ သုံးသပ်လို့ရတယ်၊ မြန်မာနိုင်ငံရဲ့ တရားဥပဒေစီရင်ရေးမဏ္ဍိုင်နဲ့ ပတ်သက်လို့ ဒီဆရာတော်က အကြမ်းဖက်ပြီးတော့ ဖောက်ခွဲရေးပစ္စည်းလုပ်တဲ့ ဆရာတော်လည်းမဟုတ်ဘူး၊ ဒီအပေါ်မှာ ဥပဒေကြောင်းအရ ရင်ဆိုင်ဖို့အတွက် ကျနော်တို့လာတယ်၊ ရှေ့နေကိုခေါ်ထားတယ်၊ ရှေ့နေနဲ့ ဆရာတော်လည်း တွေ့ခွင့်မရဘူး"

ဆရာတော်အပါအဝင် ၅ ဦးကို မြန်မာ့ကျောက်မျက်ရတနာ ဥပဒေပုဒ်မ ၄၁ (က၊ ခ) နဲ့ မိုးကုတ်မြို့မ ရဲစခန်းမှူးက တရားလိုလုပ်ပြီး တရားစွဲထားတာကို ဒီကနေ့ စတင်ရုံးထုတ်စစ်ဆေးခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဆရာတော်အတွက် ရှေ့နေလိုက်ပေးဖို့ စီစဉ်ထားပေမယ့်လည်း ရှေ့နေတွေဟာ ဆရာတော် နဲ့ တွေ့ဆုံခွင့်မရခဲ့ဘူးလို့ ပြောပါတယ်။

ခရိုင်တရားရုံးက ဒီအမှုနဲ့ပတ်သက်ပြီး နောက်ထပ် ၅ ဦးကိုလည်း ဖမ်းဝရမ်းထုတ်ထားတယ်လို့ ခရိုင်တရားရုံး ပြန်ကြားရေးအရာရှိရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဆရာတော်ဟာ သူ့ရဲ့ကျောင်းတိုက်ဝင်းထဲမှာ ကျောင်းဆောင်သစ်ဆောက်ဖို့နဲ့ ဓာတ်ပေါင်းစေတီတည်ဖို့ အတွက် မြေညှိတာကို တရားမဝင်ကျောက်တူးဖော်တယ်ဆိုပြီး မိုးကုတ်မြို့မရဲစခန်းက သာသနာတော် ညှိုးနွမ်းစေမှု၊ တရားမဝင် ကျောက်မျက်တူးဖော်မှု၊ တရားမဝင်သစ်တွေ သိမ်းဆည်းထားမှု စတဲ့ ပုဒ်မတွေနဲ့ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့က လူဝတ်လဲပြီး ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

မနေ့က မိုးကုတ်မြို့မှာ ဆရာတော်လွတ်မြောက်ရေးအတွက် မြို့ခံ ၅၀၀ လောက်က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

RFA

ကျွန်တော်တို့ မြန်မာ့နိုင်ငံရေးမှာ ထူးခြားတဲ့တစ်ချက်ကတော့ ပြည်သူများခမျာ တစ်ဖက်က အာဏာပိုင်များရဲ့ ညစ်ကွက်လှည့် ကွက်တွေကို မသိလို့မဟုတ်ဘဲ သိသိကြီးနဲ့ ကြိုမျှော်လင့်ထားတဲ့အတိုင်း ခံနေကြရတာ ဆိုတာ အရင်ကလည်း ကျွန်တော်ပြောဖူးပါတယ်။ ကျွန်တော်တို့တစ်တွေ နိုင်ငံရေးနယ်ထဲ ကိုယ့်ဘာသာတောင် မသိလိုက်ဘဲ အခြေအနေတွေက တွန်းပို့လို့ရောက်သွားရတဲ့ ကျောင်းသားဘ၀တုန်းကဆိုရင် အရေးအခင်းဖြစ်ပြီး မကြာခင်မှာ ကျောင်းတွေပိတ်မယ်၊ အရေးအခင်းဟာ ဝဲယာအဖျက်သမားတွေရဲ့ လက်ချက်လို့ပြောမယ်၊ အလွယ်တကူ နှိမ်နင်းလို့မရ ရင်သတ်မယ်ဖြတ်မယ်၊ ပြီးရင် ပစ်ခဲ့ခတ်ခဲ့တယ် ဆိုတာ မဟုတ်ပါဘူး၊ ကောလာဟလပါလို့ ငြင်းမယ်၊ ဒါက ဖြစ်နေကျ၊ လုပ်နေကျ။ ဒါပေမဲ့ ဒါကိုပဲ သိသိကြီးခံတဲ့ “သိခံ” ပါရမီဖြည့်ရင်း ဒီအခြေအနေကို ရောက်လာကြတာပါပဲ။

ဒီကြားထဲ အားလုံးမခံနိုင်လွန်းလို့ ၁၉၈၈ မှာ တစ်ပြည်လုံး အုံကြွမှုဖြစ်တော့လည်း နောက်ဆုံး ဘယ်လိုမှမနိုင်ဘူးဆိုရင် အာဏာသိမ်းမှာပဲဆိုတာ သိနေတာပါပဲ။ သိသိကြီးနဲ့ ခံကြရတာလေ။ ရိုးရိုးခံရတာမဟုတ်ဘဲ အဲဒီကာလက ဒီမိုကရေစီတောင်းသူများဟာ ကျွန်ဖြစ် ချင်သူများလို့ စွပ်စွဲတာလည်း ခံရသေးသဗျ။ (ဒါပေမဲ့ ဒီကနေ့ အဲဒီလို ထိပ်ဆုံးက စွပ်စွဲခဲ့သူ တချို့ကိုယ်တိုင် စနစ်ဆိုးရဲ့ဒဏ်နဲ့ ဘ၀ပျက်သည့်တိုင် “ဘယ်သူတွေက ဘယ်သူတွေရဲ့ ကျွန်” ဆိုတာတောင် သဘာပေါက်ပုံ မပေါ်ဘူး ခင်ဗျ။ ငါကတစ်ကွက်ညံ့လို့ ခံလိုက်ရတယ်လို့ မြင်နေသေးပုံပါပဲ)။ အဲဒီကနေ မလုပ်ချင်ဘဲ လုပ်ပေးရတဲ့ ၉၀ ခု ရွေးကောက်ပွဲကို သူတို့ နိုင်အောင်ညစ်မယ်။ ညစ်တဲ့ကြားကမနိုင်ရင် အာဏာလွှဲလိမ့်မယ် မဟုတ်ဘူးဆိုတာ အစောကြီးကတည်းက စဉ်းစားလို့ရပါတယ်။ ဒါပေမဲ့ တခြားရွေးစရာလမ်းမရှိဘဲ ဒ်ီလမ်းကိုပဲ လျှောက်ခဲ့ကြရတယ်။ ဒီနေ့ကျတော့ အုပ်ချုပ်သူ လူညစ်ကြီးများကိုတော့ ထားပါတော့။ ကြားနေပါတယ်ဆိုတဲ့ မီဒီယာထဲက လူကြီးသူကြီး တချို့ကိုယ်တိုင်က အဲဒီရွေးကောက်ပွဲမှာ ပြည်သူက အစိုးရကို အလဲအကွဲ ထိုးခဲ့တာကိုပဲ အပြစ်လို့ ဆိုနေပြန်သေးသဗျ။

ကဲ၊ ထားပါတော့။ ကျွန်တော်ပြောချင်တာက သိသိကြီးနဲ့ ခံလိုက်ကြလို့ ကံကြမ္မာက ကျွန်တော်တို့ကို ပြဋ္ဌာန်းထားတဲ့အချက်ပါပဲ။ ကျွန်တော်တို့ ပြည်သူများနဲ့ အခြားတစ်ဖက်က ပုဂ္ဂိုလ်ကြီးများနဲ့ ရင်ဆိုင်ကြရတဲ့ သမိုင်းကို ပြန်ကြည့်ရင် ကျွန်တော်တို့ဘက်က စဉ်းစားစရာတွေများပြီး ဘာလုပ်ရမှန်း၊ ဘယ်လမ်းရွေး ရမှန်း မဆုံးဖြတ်နိုင်ဖြစ်တတ်ပေမယ့် တစ်ဖက်ကတော့ အလွန်ပြတ်သားတာကို တွေ့ကြရသဗျ။ ဒါဘာဖြစ်လို့လဲ စဉ်းစားလိုက်တော့ ကျွန်တော်တို့တစ်တွေက အများပြည်သူဘက် ကမို့ အားလုံးအတွက်လည်း စဉ်းစား။ အရှည် ဘာဖြစ်မယ်ဆိုတာလည်းတွေး။ ပြည်သူ နစ်နာမှုမရှိအောင်လည်း တွက်ချက်ရနဲ့။

တစ်ဖက်ကတော့ ရှင်းတယ်လေ။ ဒါမလုပ်ရင် ငါ့ကုလားထိုင် လှုပ်နိုင်တယ်၊ ပြုတ်နိုင်တယ်။ ဒါမလုပ် ရင် ငါ့ချမ်းသာသမျှ ဝမ်းနာကျတဲ့အထဲပါသွားမယ်။ ဒါမလုပ်ရင် ငါ့အနာဂတ်က ကြမ္မာရဟတ်မှာ “ဗလာပါးစပ်” နဲ့ ငုတ်တုတ်ခံရတာ ဖြစ်သွားမယ် စသဖြင့် တွေးရင်းတွေးရင်း ဘာကိုမဆို လုပ်ရဲသွားတာကိုး။ ဒါကြောင့် ဘယ်လို ပုဂ္ဂိုလ်မျိုးကိုမဆို သတ်ရဲဖြတ်ရဲ၊ ဖမ်းရဲဆီးရဲ၊ နှိပ်စက်ရဲတယ်။ လုပ်ပြီးရင် တာဝန်မယူဘဲ မျက်နှာပြောင်ပြောင်နဲ့ ငြင်းဖို့ဝန်မလေးသလို ကိုယ်ကျိုးစီးပွားအတွက်ဆို ဘယ်သူတွေက ဘာတွေ လှောင်လှောင်၊ ဘာကောင်နဲ့နှိုင်းလို့ သမိုင်းဆိုး ဘယ်လိုကျန်ကျန်၊၊ မမှန်တာလည်း လုပ်ရဲ၊ မဟုတ်တာလည်းပြောရဲ ဖြစ်သွားတော့တာပါပဲ။

အခုလည်း ကျွန်တော်တို့တစ်တွေ “မကြာမတင် ရုံပြန်တင်လိမ့်မည်}လို့ မျှော်လင့်ပြီးသား ” ရန်ကုန်မြို့သစ်စီမံကိန်း (၂၀၁၅ ဗားရှင်းအ သစ်) ဇာတ်ကားကြီး} ဟာဖြင့် ရန်ကုန်တိုင်း ဒေသကြီး ပြည်သူ့လွှတ်တော် “ရုံတော်ကြီး” မှာ ထောက်ခံကြည့်ရှုသူ ပရိသတ်တစ်ရာနဲ့ အတူ ချောချောမောမော ပြန်လည် ဆန်းသစ်လိုက်နိုင်ပြီလေ။ ဒါကမျှော်လင့်ပြီးသား ဖြစ်တယ်ဆိုတာက အဆန်းတော့ မဟုတ်ပါဘူး။ ဖြစ်ခဲ့ပုံကို ပြန်တွေးကြည့်မယ်ဆိုရင် လွန်ခဲ့တဲ့ နှစ် ဩဂုတ်လ ၂၂ ရက်နေ့မှာ ရုတ်တရက်ကြီး မိုးပေါ်ကျ စီမံကိန်းအဖြစ် ရန်ကုန်တိုင်း ပြည်သူ့လွှတ်တော်မှာ ပေါ်လာခဲ့ပြီးမှ ဒီကွင်းမှာ ကစားဖို့ လက်ရွေးစင်အဖြစ် ရွေးချယ်ခံထားရတဲ့ “မြန်မာ့စေတနာ” အက်ဖ်စီ ဘောလုံးအသင်းကြီးကဖြင့် ရှေ့တန်းမှာ ကစားသူတွေက ငွေလည်းမရှိ၊ အတွေ့အကြုံလည်းမရှိ၊ ကုမ္ပဏီရုံးခန်းတောင် မရှိဖြစ်ပေမယ့် နောက်တန်းမှာ လူမမြင်အောင် တိတ်တိတ်ကစားနေတဲ့ ရှောက်ပန်း၊ ရှောက်စန်းတို့ ညီအစ်ကိုတို့လို တရုတ် လက်ရွေးစင်များ ပါဝင်နေကြောင်း၊ ဝန်ကြီးချုပ် မိသားစုများလည်း ကိုယ်တိုင်ပါဝင် ကစားပါကြောင်း၊ မီဒီယာက ဖော်ထုတ်လိုက်လို့ ပွဲပြီးအောင် ဆက်ကစားဖို့ အတော်ခက်သွားခဲ့ပုံ ပေါ်ပါတယ်။ ဒါပေမဲ့ ချက်ချင်းအလျှော့ပေး ရပ်ဆိုင်း

“ဟပ်ပဒိုင်း” ပေးခဲ့တာတော့ မဟုတ်ပါဘူး။

ဩဂုတ်လ ၂၂ ရက်နေ့က စခဲ့တဲ့ဒီကိစ္စကို မီဒီယာများက ဝိုင်းဖော်ထုတ်ပြီးတဲ့နောက်မှာ ဒေါက်တာညိုညိုသင်းက တင်ဒါခေပေးဖို့ ဩဂုတ်လ ၂၇ ရက်နေ့မှာ တောင်းဆိုခဲ့တော့ ပွင့်လင်းမြင်သာတဲ့ တင်ဒါစနစ်နဲ့လုပ်မယ့် အကြောင်း အစိုးရက လွှတ်တော်ကို စက်တင်ဘာ ၂၂ ရက်မှာ တင်ပြခဲ့ပြန်ပါသေးတယ်။ တစ်ခါ ဒီစီမံကိန်း ဆက်လုပ်ဖို့ကိစ္စကို စက်တင်ဘာ ၂၆ ရက်မှာ ကိုယ်စားလှယ်တွေ ဝိုင်းဆွေးနွေး ကြမယ်လို့ ဆိုခဲ့သေးပေမယ့် ဆွေးနွေးရာမှာ လွှတ်တော်တွင်း တိုက်ရိုက်ဆွေးနွေးမှုအစား အဲဒီကိစ္စကို စာနဲ့ပဲ ကြိုမေးရမယ်လို့ မကြုံစဖူး ကန့်သတ်လိုက်သဗျ။

အဲဒီမှာ ဒေါက်တာညိုညိုသင်းက မေးခွန်း ၁၇ ခု စာနဲ့ မေးလိုက်ရာမှာမှ ဖြေရမှာ သိပ်ကြောက်သွားလား၊ ဒီလိုမေးရမ လားလို့ စိတ်ကောက်သွားလားတော့မသိ။ တစ်ခါတည်း ဒီစီမံကိန်းကို “ဖိတ်ဒ်အောက်” လုပ်ပြီး ရုပ်သိမ်းသွားခဲ့တာပဲလေ။

အခုတလော နောက်ကြောင်း ပြန်တာတွေ မလုပ်နဲ့၊ အကျိုးမရှိဘူးဆိုတာ သတိပေးလိုက် မယ်တို့ ဘာတို့ ဝန်ကြီးချုပ်ဟောင်းရဲ့ ဟိန်းသံဟောက်သံတွေ သဲ့သဲ့ကြားနေတဲ့ကြားက ကျွန်တော်ကလည်း နောက်ကြောင်း ပြန်နေမိတယ်။ “ဝေဖန်တာဟာလည်း အကျိုးမရှိဘူးဆိုလား” ပြောသံလည်း ကြားလိုက်ရရဲ့။ ဒါလည်း ဝေဖန်နေမိတာပေါ့ ခင်ဗျာ။ တကယ်တော့ မြတ်စွာဘုရားသခင်က ဝေဖန်ရမယ်၊ ပိုင်းခြားရမယ်၊ ဘာကိုမှ အလွယ်မဆုံးဖြတ်ရဘူး၊ မယုံကြည်ရဘူးလို့ သွန်သင်ခဲ့တာ မဟုတ်လားခင်ဗျ။ ပြီးတော့ နောက်ကြောင်းပြန်တယ်ဆိုတာလည်း ဘုရားလောက် နောက်ကြောင်းပြန်ပြီး ဇာတ်တော်တွေ ဟောကြား သင်ခန်းစာပေးတာ ဘယ်ရှိပါ့မလဲ။ ကျွန်တော်တို့ ဗုဒ္ဓဘာသာ တွေ နားစွဲနေတဲ့ နိပါတ်တရားတော်တွေရဲ့ နိဒါန်းစကား ရှိပါတယ်။ ဥပမာ၊ “ဒေ၀ဒတ်ကား ယခုမှသာ ဤသို့ယုတ်မာသည်မဟုတ်၊ ယခင်ကလည်း ဤသို့ ယုတ်ယုတ်မာမာ ပြုကျင့်ခဲ့ဖူးလေပြီ” ဆိုတာမျိုးပေါ့ ခင်ဗျ။ အခုလည်းပဲ။ ဟဲ ...ဟဲ။

တကယ်တော့ အရင်က လုပ်ဖူးတာနဲ့ ဆက်စပ်ပြောမှသာ အခုကိစ္စရဲ့ အလျားအနံ၊ အမှားအမှန် စသည်တွေကို ချင့်ချိန်နိုင်မှာမို့ နောက်ကြောင်းမပြန်ချင်ဘဲ ပြန်နေရတာလို့ ဆိုချင်တာပါ။ အခုကိစ္စမှာဆိုရင် အရင်က ကြုံဖူးသမျှက ဘယ်လောက်များ ဆိုးလိုက်သ လဲဆိုရင် အဲဒီစီမံကိန်းမြေနေရာက တရားဝင် မကြေညာခင်မှာကို ရန်ကုန်တိုင်းအစိုးရနဲ့ နီး စပ်သူများက ဝယ်ယူထားနှင့်ရာကနေ ဈေးတွေ အတော်လေး တက်ခဲ့ပြီး လက်လွှဲရောင်းခဲ့တဲ့ ရှေးဦးဝယ်သူ တချို့တောင် အတော်မြတ်သွား ခဲ့ကြပါပြီ။ တကယ်တော့ စီမံကိန်းဆိုတာ ဒီလိုလုပ်လို့ မရပါဘူး။ လယ်မြေတွေကို အိုးအိမ်စီ မံကိန်းမြေ မလုပ်ခင် “လယ်မြေကို အခြား နည်းဖြင့် အသုံးပြုခွင့်” ဆိုတဲ့ လန ၃၉ လို လျှောက်ထားဖို့ လိုပါတယ်။ အဲဒါ မကျသေးဘဲ လယ်မြေအဆင့်မှာ စီမံကိန်းဖြစ်မှာ ကြိုသိထားသူက ကြိုဝယ်၊ ကြိုရောင်း၊ ကြိုမြတ်တာကတော့ အတော်လွန်ပါတယ်။ ဒီလိုဌာနဆိုင်ရာ အတွင်းစည်းပေါက်ပြီး အမြတ်ထုတ်တာမျိုးကို နိုင်ငံတကာမှာဆို ရာဇဝတ်ပြစ်မှုဖြစ်ပြီး “Insider Trading” လို့ခေါ်ကြောင်း ဥပဒေပညာ ရှင်တစ်ဦးက ပြောပြဖူးပါတယ်။

တကယ်တော့ ဥပဒေကြောင်းတို့၊ နိုင်ငံတကာလုပ်ထုံးတို့ ဆိုတာက နည်းနည်း မြင့် နေပါသေးတယ်။ ဒါက မရိုးမဖြောင့်တဲ့နည်းနဲ့ မမှန်မကန် လှည့်ဖြားယူတဲ့ငွေမို့ “ခိုးခြင်းတစ်မျိုး” ပဲဆိုတာ ဘာသာရေး လေးနက်သူတိုင်း သဘောပေါက်မှာပါ။ “ခိုးခြင်း” ဖြစ်တဲ့အတွက်လည်း လူအများရှေ့မှာ စစ်ဆေးမခံရဲဘဲ လွှတ်တော်တွင်းမှာ မေးခွန်းမမေးရတို့၊ဘာတို့ လုပ်ခဲ့တာပါပဲ။ သူတို့ သတ်မှတ်တဲ့အတိုင်း မေးခွန်း ၁၇ ခု မေးခဲ့တဲ့အခါမှာလည်း မဖြေရဲတဲ့အတွက် နောက်ဆုံးတော့ စီမံကိန်းကို ရုပ်သိမ်းခဲ့ရတာပါပဲ။ ဒီလို ထွက်ပေါက် မရှိတဲ့အတွက် မလွှဲမရှောင်သာ ဒီစီမံကိန်းကို ရုပ်သိမ်းခဲ့ပေမယ့် ဒါဟာ အနှေးနဲ့အမြန် ပြန်စမယ်ဆိုတာလည်း အဲဒီကတည်းက မျှော်လင့်ထားပြီးသားပါပဲ။ ဘာကြောင့်လဲဆိုတော့ ဒီစီမံကိန်းကြီးဟာ အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံတန် စီမံကိန်းဆိုတော့ တစ်ဒေါ်လာကို ၁၁၀၀ ဈေးနဲ့တွက် ရင်တောင် ၁၅,၀၀၀,၀၀၀,၀၀၀ × ၁၁၀၀ မို့ ဘယ်လောက်များတယ်ဆိုတာ စဉ်းစားကြည့်လို့ ရပါတယ်။ ဒီလောက်များတဲ့ စီမံကိန်းကြီး ထဲ ရင်းနှီးမြုပ်နှံထားပြီး “ဪ၊ အများသဘော မတူလည်း ထားလိုက်ကြတာပေါ့နော်” ဆိုပြီး လွယ်လွယ်နဲ့ အပြီးဖျက်သိမ်းပစ်ကြလိမ့်မယ်လို့ ဘယ်လိုများ ယုံရမှာလဲခင်ဗျား။

ဒီတော့ ဒါကြီးက အနှေးနဲ့အမြန် ပြန်ပေါ်လာမယ်ဆိုတာ သိပြီးသားပါပဲ။ ဘယ်လိုပုံစံနဲ့ ပေါ်လာမလဲ။ မျက်နှာ ပြောင်ပြောင်နဲ့လား၊ ယုတ္တိမဲ့လိမ်ဆင်ကြီးနဲ့လား၊ “ဒီမိုကရေစီနည်း ကျ အားလုံး လက်ညှိုးထောင် ခေါင်းညိတ်ပါ သဖြင့်” ဆိုတဲ့ နည်းနဲ့လားဆိုပြီး စောင့်ကြည့် နေခဲ့ရာမှာ အခုတော့ “မဟာရန်ကုန် မြို့ပြဖွံ့ ဖြိုးမှု မဟာဗျူဟာစီမံကိန်း ၂၀၄၀” ဆိုတဲ့နာ မည်ကြီးနဲ့ ထပ်ပွဲထုတ်လာပါတာပါပဲ။ မျက်နှာ လည်းပြောင်၊ ယုတ္တိလည်းမဲ့ပြီး လက်ညှိုးအချောင်းတစ်ရာ ထောင်၊ ခေါင်းတစ်ရာညိတ်ပြီး အတည်ပြုခဲ့တာ ဆိုတာလည်း မြင်ရပါတယ်။ တကယ်တော့ ဘာနာမည်တွေ ပြောင်းပြောင်း၊ ဘယ်လိုအကျယ်ချဲ့ပြီး ဖုံးကွယ်ထားပေမယ့် လည်း ဒီမဟာဗျူဟာ စီမံကိန်းကြီးထဲမှာ အ ဆင့် ၂ အဖြစ် ပါဝင်ပြီး ဦးစားပေး လုပ်ချင်လှ ချည်ရဲ့ဆိုတဲ့ နေရာက လွန်ခဲ့တဲ့ ကိုးလလောက်ကမှ အရှက်တကွဲနဲ့ ရုပ်သိမ်းသွားခဲ့တဲ့ စီမံကိန်းနေရာကြီးပဲဆိုတာ စာဖတ်တတ်တဲ့ မူလတန်းကလေးအဆင့် သုံးတန်းလေးတန်း လောက်ဆိုရင်ပဲ သိနိုင်ပါတယ်။ ဒါကို ကိုယ်စားလှယ်တော်ကြီး တစ်ရာကတောင် ထောက်ခံကြတယ် ဆိုတာဟာဖြင့် အံ့ဩကုန်နိုင်ဖွယ်လို့ ဆိုရမှာပါပဲ။ တကယ်တော့ ဒီစီမံကိန်းအသစ်ဆိုတာဟာ အရင်ဘောလုံးအသင်းက နောက်တန်းမှာ တိတ်တဆိတ်ကစားခဲ့တဲ့ ကို ရှောက်ပန်းတို့လို တရုတ်လက်ရွေးစင်များဟာ ကွင်းထဲကအပြီးထွက်သွားတဲ့ပုံမျိုး လုပ်ပြနေ တာပါပဲ။ ဧကသုံးသောင်းမှာ နှစ်သောင်းဝယ် ထားတယ်ဆိုတဲ့ လူက “ဒီလောက်ကြီး ဖြစ်နေ ကြရင် “၀”လည်းလုပ်ချင်ပါဘူး” ဆိုပြီး ဖုတ်ဖက်ခါပြီး ထသွားမယ်လို့တော့ အိပ်မက်မက်ကြည့်ဖို့တောင် ခက်နေတယ်ဗျာ။

ဒီအထဲမှာ ထူးခြားတာတစ်ခုက ဒီမဟာဗျူဟာ စီမံကိန်းကြီးဟာ ၂၀၄၀ လို့ အမည် တပ်ထားခြင်းပါပဲ။ ဒီတော့ ဒီစီမံကိန်းကြီးပြီး တဲ့အထိ ၂၀၄၀ တိုင်အောင် စီမံခန့်ခွဲသွားမယ့်ကိန်း မျှော်မှန်းချက်ရှိနေတယ်ဆိုတာ မြင်သာ ပါတယ်။၂၀၄၀ ဆိုတာက ဒီစီမံကိန်းစတင်ခဲ့တဲ့ ၂၀၁၄ ခုနှစ်က စတွက်ချက်မယ်ဆိုရင် “၂၆ နှစ်” ကြာဖို့ ရှိပါတယ်။ အင်း၊ နောက်ထပ် ၂၆ နှစ်တစ်ကြိမ်ကို မျှော်မှန်းနေတာလားလို့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ ကဲ၊ ဘာပဲဖြစ်ဖြစ် ဒီစီမံကိန်းကြီးဟာ ပထမစီမံကိန်းကြီးနဲ့ နည်းနည်းမှ မပတ်သက်ပါဘူးတဲ့။ ဒါဟာ အဆင့် ၇ ဆင့်ပါတဲ့ နောက်ထပ်အသစ်ကြီး တစ်ခုပါလို့ မြို့တော်ဝန်ကတော့ တင်ပြသွားပါ သေးသတဲ့။ အဲဒီအထဲမှာ အဆင့် ၂ အဖြစ် ပါဝင်နေတဲ့ဒေသက အရင်ဖျက်သိမ်းထားတဲ့ စီမံကိန်းနေရာနဲ့ ထူးခြားအံ့ဩဖွယ်ရာ မတော်တဆ တိုက်တိုက်ဆိုင်ဆိုင်ကို တိတိကျကျကြီး တူညီနေပုံပေါ်တာက မယုံနိုင်စရာကောင်းလှပြီး အဲဒါကိုပဲ ဦးစားပေး လုပ်ချင်ပါတယ်လို့ ဆိုနေပြန်ပါရောလား။

အင်း၊ ကျွန်တော်တို့ နိုင်ငံသားများအဖို့ ဝမ်းနည်းစရာ ကောင်းလှတာက ကျွန်တော်တို့ကို လိမ်လည်သူများက ကျွန်တော်တို့ကို ယုတ္တိရှိရှိ၊ ပညာသားပါပါနဲ့ ယုံလောက်အောင်တောင် လုပ်ပြစရာမလိုဘူးလို့ သဘောထားနေတာပါပဲ။ ယုံယုံ၊မယုံယုံ ကြိုက်ကြိုက်၊ မကြိုက်ကြိုက် ဇွတ်လုပ်မှာပဲဆိုတဲ့ အပေါက်ကို အစဉ်တစိုက် ကျင့်သုံးလာရာမှာ ဒီကနေ့ သူတို့ကိုယ် တိုင် ဒီမိုကရေစီပါလို့ ပြောနေတဲ့ ခေတ်ကြီးအထိ ဒီအကျင့်ဆိုးတွေကို သယ်ဆောင်လာတာက စိတ်မကောင်းစရာပါပဲ။

ဒါကလည်း ကျွန်တော်အထက်က ပြောခဲ့သလို ကိုယ်ကျိုးစီးပွား ကိစ္စဆိုတော့ ရှက်ဖို့ မလို၊ ကြောက်ဖို့မလို၊ မတွန့်မဆုတ် ရဲရဲကြီး ပြတ်သားနေတာပဲဆိုတာ ထင်ရှားပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ သတိထားရမှာက သူတို့တစ်တွေဟာ သူတို့ကိုယ်ကျိုးစီးပွား ရင်းနှီးမြုပ်နှံထားသမျှကို အလွယ်တော့ စွန့်လွှတ်ထွက်ခွာမှာ မဟုတ်ဘဲ မျက်နှာပြောင်ပြောင်နဲ့ လိမ်ဖို့ ဆက်လုပ်နေဦးမှာဆိုတာ သတိထားရမှာပါ။

ယခု စီမံကိန်းကိစ္စဟာ နောင်လာမယ့် ခြေလှမ်းတွေဟာလည်း “အရင်လိုပဲ အရင်အတိုင်းပဲ” ဖြစ်မယ် ဆိုတာကို သတိပေးလိုက်တဲ့ ခေါင်းလောင်းရယ်လို့ ပြည်သူအပေါင်းက ၂၀၁၅ မကုန်ခင်မှာ ကြုံရမယ် နိုင်ငံရေး အချိုးအကွေ့တိုင်းမှာ ဆင်ခြင်သတိ ရှိစေချင်တာပါခင်ဗျာ။။

ရီနေနိုင်



ဒီမိုကရေစီပညာရေး သပိတ်လှုပ်ရှားမှုမှာ ပါဝင်လို့ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေကို ပြန်လွှတ်ပေးဖို့နဲ့ လွှတ်တော်မှာ စစ်သားအမတ် ၂၅% နေရာယူထားတာကို အမြန်ဆုံးဖယ်ရှားပေးဖို့ ကျောင်းသားတွေက ထပ်ပြီးတောင်းဆိုလိုက်ပါတယ်။ 7 July အထိမ်းအမှတ်အတွင်း အခုလို တောင်းဆိုတာပါ။

7july-students-620.jpg ၅၃ နှစ်မြောက် ၇ ဇူလိုင် နှစ်ပတ်လည်နေ့ အခမ်းအနားကို တကသအဖွဲ့ဝင်တွေ ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာပြုလုပ်စဉ် Photo: Aung Thain Kha/RF

၅၃ နှစ်မြောက် ဆဲဗင်းဂျူလိုင် နှစ်ပတ်လည်နေ့ အခမ်းအနားကို တက္ကသိုလ်ကျောင်းသားများသမဂ္ဂ တကသအဖွဲ့ဝင်တွေက ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။

အဲဒီ အခမ်းအနားမှာ တကသခေါင်းဆောင် ကိုဇေယျာလွင်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ပေးဖို့နဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း လွှတ်တော်ထဲက ထွက်ခွာသွားဖို့ ထပ်မံတောင်းဆိုကြောင်း ပြောကြားခဲ့ပါတယ်။

"ကျနော်တို့တိုင်းပြည်ဟာ ဘယ်အစိုးရတက်တက် ဖွဲ့စည်းပုံထဲမှာ ဒီစစ်တပ်ကို အခွင့်ထူးခံပေးထားရင် လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်းပေးထားသရွေ့ ဘယ်အစိုးရတက်တက် တက်တဲ့အစိုးရ ကြိုက်ကြိုက် မကြိုက်မကြိုက် ကျနော်တို့ ၂၅ ရာခိုင်နှုန်းထွက်သွားဖို့ အော်နေရမှာပဲ"

အခမ်းအနားအပြီးအပြန်မှာ ကိုဇေယျာလွင်ကို ပန်းပဲတန်းရဲစခန်းက ဖမ်းဆီးသွားခဲ့ပါတယ်။ တကသခေါင်းဆောင် ကိုဇေယျာလွင် အဖမ်းခံရတဲ့အကြောင်း တကသအဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုဖိုးသားက အခုလို ပြောပါတယ်။

"ပထမ ကျနော်တို့က ကားတစ်စီး စီစဉ်ပေးတာ၊ အဲ့ကားက လုံခြုံမှုမရှိတော့လို့ဆိုပြီး ကျနော်တို့အသိ အငှားကားတစ်စီးနဲ့ စီစဉ်ပေးလိုက်တာ၊ ဒီကားကို အရှေ့ အနောက်ပိတ်ပြီးတော့ နောက်ကရဲကားတွေက လိုက်ရင်းနဲ့ အင်းလျားလမ်းမှာ မိသွားတာပေါ့၊ ဖမ်းတာက ပန်းပဲတန်းရဲစခန်းကဖမ်းတာ၊ တရားရုံးက ဝရမ်းနဲ့တရားဝင်ဖမ်းတာ"

ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာ တကသကျောင်းသားတွေ ဦးဆောင်ကျင်းပတဲ့ ဆဲဗင်းဂျူလိုင်နှစ်ပတ်လည် အခမ်းအနားဟာ ကြိုတင်ခွင့်ပြုချက်ရယူမှု မရှိခဲ့ဘူးလို့ သိရပါတယ်။

ကျောင်းဝင်းထဲက အဓိပတိလမ်းမှာ ရဲတပ်ဖွဲ့ဝင်အင်အား ၁၀၀ကျော်လောက်က ကျောင်းသားတွေရဲ့ လှုပ်ရှားမှုကို ပိတ်ဆို့တားမြစ်တာတွေရှိခဲ့ပါတယ်။ ဒီနေ့ ရန်ကုန်တက္ကသိုလ်က အောက်မေ့ဘွယ်အခမ်းအနားကို ဦးဆောင်ကျင်းပခဲ့သူတစ်ဦးဖြစ်တဲ့ တကသကျောင်းသား ကိုဇေယျာလွင်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်ထဲက ထွက်သွားရေးတွေအတွက် တောင်းဆိုဆန္ဒပြခဲ့တာကြောင့် ပန်းပဲတန်းမြို့နယ် တရားရုံးက နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) အခုလ ၄ ရက်နေ့က ဖမ်းဝရမ်းထုတ်ထားတာဖြစ်ပါတယ်။

ဇူလိုင် ၇ ရက် အခမ်းအနားတွေကို မန္တလေး ရတနာပုံတက္ကသိုလ်၊ မြစ်ကြီးနား နည်းပညာတက္ကသိုလ်၊ မုံရွာမြို့၊ ပုသိမ်မြို့နဲ့ မိတ္တီလာမြို့တွေမှာလည်း ကျင်းပခဲ့ပါတယ်။

ဒီအတောအတွင်း ABSDF ကျောင်းသားတပ်မတော် (မြောက်ပိုင်း) ဌာနချုပ်မှာလည်း ဆဲဗင်းဇူလိုင် အရေးအခင်း နှစ်ပတ်လည်အခမ်းအနားကို ဒီကနေ့ ကျင်းပခဲ့ပါတယ်။ တရုတ်-မြန်မာနယ်စပ်မှာရှိတဲ့ ABSDF (မြောက်ပိုင်း) ဂျန်ထုန်လခွမ်းဘွမ် ဗဟိုဌာနချုပ်မှာ ၅၃ နှစ်မြောက် ဆဲဗင်းဇူလိုင်အခမ်းအနားကို ဒီနေ့ နေ့လည်ပိုင်းက ကျင်းပခဲ့တာနဲ့ ပတ်သက်လို့ မြောက်ပိုင်း ကျောင်းသားခေါင်းဆောင် ရဲဘော်လဆိုင်းက ခုလို ပြောပြပါတယ်။

"အောက်မေ့ဘွယ် အခမ်းအနား နောက်ပြီးကျဆုံးသွားတဲ့ အာဇာနည်တွေကို ဦးညွှတ်အလေးပြုတဲ့ အခမ်းအနား အဓိကလုပ်ပါတယ်၊ ဒီကနေ့ မျိုးဆက်သစ်တော်လှန်ရေး တပ်ဖွဲ့ဝင်တွေအားလုံးလည်း ဒီနေ့ဟာ စစ်အာဏာရှင်ရဲ့ ရက်စက်ယုတ်မာတဲ့နေ့ဖြစ်တယ်၊ ဒါကိုအားလုံးသိဖို့လိုတယ်၊ စစ်အာဏာရှင်က ဒါကို ဒီကနေ့အထိကြောက်နေ တယ်၊ ကျောင်းသားအားလုံး ပြည်သူအားလုံး တညီတညွှတ်တည်း စစ်အာဏာရှင်စနစ်ကို ဝိုင်းဝန်းတော်လှန်ဖို့ အတွက် ဒီနေ့ ဒီအထိမ်းအမှတ် အခမ်းအနားလုပ်တာပေါ့"

ပြီးခဲ့တဲ့နှစ်တွေကလဲ ဇူလိုင် ၇ နေ့ရောက်တိုင်း အလားတူအခမ်းအနားတွေ လုပ်ခဲ့ပေမယ့် အခုလိုမျိုး ဟောပြောပွဲနဲ့ ပြိုင်ပွဲတွေကျင်းပတာတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

သာယာဝတီမြို့နယ် တရားရုံးကို တွေ့ရစဉ် Photo: Kyaw Zaw Win/RFA
သာယာဝတီ အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ၀န်းရံသူတွေထဲက အဝေးသင်ကျောင်းသူ ကျောင်းသားတွေနဲ့ ကျန်းမာရေးမကောင်းသူ စုစုပေါင်း ၁၅ ယောက်အတွက် အာမခံလျှောက်ထားရာမှာ သာယာဝတီခရိုင်တရားရုံးက ၁၁ ယောက်ကို အာမခံနဲ့ လာမယ့် ၁၄ ရက်နေ့မှာ လွှတ်ပေးဖို့ ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။

အဝေးသင်ကျောင်းသား ၉ ယောက်နဲ့ ၀န်းရံသူ ၂ ဦးကို အာမခံပေးလိုက်တာလို့ ကျောင်းသား ကျောင်းသူတွေရဲ့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးလှမျိုးမြင့်က ပြောပါတယ်။

"အာမခံ ၁၅ ယောက်မှာ ၁၁ ယောက်ခွင့်ပြုတယ်၊ ကလေးတွေက အဝေးသင်တက္ကသိုလ် ကျောင်းသားတွေဖြစ် တယ်ဆိုပြီးပေးတယ်၊ နောက်ဝန်းရံအမျိုးသမီးက ဒေါ်သန်းအေးက၊ အာမခံဆိုတာက သိန်း ၅ဝ တန် ခံဝန်နဲ့ အာမခံပေးတာ"

ကျန်၎ ယောက်ကတော့ အဝေးသင်ကျောင်းသားတွေဖြစ်တယ်ဆိုတဲ့ အထောက်အထား မခိုင်လုံတဲ့အတွက် ပယ်ချခံရတာဖြစ်ပြီး သပိတ်စစ်ကြောင်းတလျှောက်လုံးမှာ အသုံးပြုခဲ့တဲ့ မော်တော်ကားကိုလည်း အာမခံလျှောက် ထားခဲ့တာ ပယ်ချခံလိုက်ရတယ်လို့ သိရပါတယ်။

အာမခံရရှိတဲ့ အဝေးသင်ကျောင်းသား ၉ ဦးဟာ ကိုဝေယံမင်းလွင်၊ ကိုရဲဝင့်အောင်၊ ကိုမင်းချစ်သူ၊ ကိုမင်းသူရှိန်၊ ကိုမြတ်မင်းမော်၊ ကိုကျော်ဇောခန့်၊ ကိုတင်ကိုဦး ကိုသက်ပိုင်ထွန်း၊ ကိုရဲဝင့်အောင် ခေါ် ရွှေကြယ်မိုးတို့ဖြစ်ပြီး ၀န်းရံသူတွေထဲက ဒေါ်သန်းအေးနဲ့ ကိုသန်းဆွေ တို့ဖြစ်ပါတယ်။

သူတို့အတွက် အာမခံလျှောက်ထားတာဟာ ၂လ နီးပါးလောက်ကြာပြီဖြစ်ပြီး သာယာဝတီမြို့နယ်တရားရုံးက ပယ်ချထားတာ ဖြစ်ပါတယ်။

သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းသား၊ ကျောင်းသူနဲ့ ၀န်းရံသူ စုစုပေါင်း ၆၈ ဦးရှိပြီး ကျန်းမာရေးမကောင်းသူတွေကို အာမခံပေးဖို့ ဆက်လက်တင်ပြသွားမယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese


ဒီမိုကရေစီပညာရေး သပိတ်လှုပ်ရှားမှုမှာ ပါဝင်ခဲ့လို့ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေကို ပြန်လွှတ်ပေးဖို့နဲ့ လွှတ်တော်တွင်း နေရာယူထားတဲ့ စစ်သားအမတ် ၂၅ ရာခိုင်နှုန်းကို အမြန်ဆုံး ဖယ်ရှားပေးဖို့ ကျောင်းသားတွေက ထပ်မံတောင်းဆို လိုက်ပါတယ်။ ဒီမိုကရေစီစနစ်ကျတဲ့ ပညာရေးကို ဦးတည်နိုင်ဖို့ ကျောင်းသားတွေရဲ့ အမှန်တကယ် လိုလားချက်တွေကို အလေးထားဖို့ ကျောင်းသားတွေက တောင်းဆိုလိုက်တာပါ။

တက္ကသိုလ်ကျောင်းသားတွေကို ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ကျောင်းသားသမဂ္ဂ ဗုံးခွဲဖျက်ဆီးခဲ့တဲ့ 7 July အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်တက္ကသိုလ် ပရ၀ဏ်အတွင်း ပြုလုပ်ခဲ့စဉ်မှာ အခုလို တောင်းဆိုလိုက်တာပါ။ ဒီနေ့ကျရောက်တဲ့ 7 July အခမ်းအနားတွေအကြောင်း ကိုစည်သူက သတင်းပေးပို့ထားပါတယ်။

ဒီကနေ့ကျရောက်တဲ့ ၅၃ နှစ်မြောက် 7 July အခမ်းအနားကို ရန်ကုန်တက္ကသိုလ် ပရ၀ဏ်အတွင်းက သမဂ္ဂအဆောက်အအုံနေရာမှာ ပြုလုပ်ခဲ့ပါတယ်။ ခွင့်ပြုချက်တစုံတရာ ကြိုတင်မယူထားလို့ ရဲတပ်ဖွဲ့က သတိပေးခဲ့ပေမဲ့ ကျောင်းသားတွေကတော့ ရန်ကုန်တက္ကသိုလ် သမဂ္ဂအဆောက်အအုံ မြေနေရာရှေ့ထိ သွားရောက်ခဲ့ပါတယ်။ ရန်ကုန်မြို့ 7 July အခမ်းအနားကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂနဲ့ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂတို့က မနက်ပိုင်းနဲ့ ညနေပိုင်း သီးခြားစီခွဲပြီး ပြုလုပ်ခဲ့ကြတာပါ။

“ကျနော်တို့ ဒီနေ့ပွဲက ဦးနေ၀င်းလက်ထက်ကနေပြီးတော့ စခဲ့တဲ့ စစ်အာဏာရှင်စနစ်က ဒီနေ့အထိ မချုပ်ငြိမ်းသေးဘူးဆိုတာကို ကျနော်တို့ ပြချင်တယ်။ နောက်တခုက အဓိကအချက်ကတော့ ဒီ 7 ဇူလိုင်မှာ သမဂ္ဂအဆောက်အအုံကို တကသအဆောက်အအုံ ဗုံးခွဲဖျက်ဆီးလိုက်တဲ့ ကျနော်တို့ နောင်တော်ကျောင်းသားတွေ ကျဆုံးခဲ့တာကို ကျနော်တို့ မမေ့ဘူးဆိုတာကို သက်သေပြချင်တယ်။ အဲဒါပါပဲ အဓိကအချက်ကတော့။”

ဒီကနေ့ 7 July အခမ်းအနားအကြောင်း မြင်းခြံ ဗကသ ကျောင်းသားတဦးဖြစ်တဲ့ ကိုဇော်လင်းအောင် ပြောပြသွားတာပါ။ မနက်ပိုင်းမှာတော့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ (ဗကသ) က ကျောင်းသားတွေ ရန်ကုန်တက္ကသိုလ်ထဲကို လာရောက်ခဲ့ကြပြီးတော့ ပန်းခွေချတာ၊ အရေးအခင်းမှာ ကျဆုံးခဲ့တဲ့ ကျောင်းသားတွေကို ဂါရ၀ပြုတာတွေ ပြုလုပ်ခဲ့ကြတာပါ။ ညနေပိုင်းမှာတော့ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ) က ကျောင်းသားတွေ လာရောက်ခဲ့ကြပါတယ်။ ရန်ကုန်တက္ကသိုလ်ထဲ ၀င်ရောက်ဖို့အတွက် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်နဲ့ အနည်းငယ် အချေအတင် ဆွေးနွေးခဲ့ကြရတာကလွဲရင် ငြိမ်းငြိမ်းချမ်းချမ်း ရှိခဲ့ပါတယ်။

တကသကျောင်းသားတွေကတော့ လွှတ်တော်တွင်း နေရာယူထားတဲ့ စစ်သားလွှတ်တော်အမတ် ၂၅ ရာခိုင်နှုန်းကို ဖယ်ရှားပေးဖို့ ဆက်လက်တောင်းဆိုကြောင်း တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ခေါင်းဆောင် ဇေယျာလွင်က ပြောပါတယ်။

“၁၉၆၂ ခုနှစ်ကနေ ဒီကနေ့အထိ စစ်အာဏာရှင်တွေဟာ ပုံစံအမျိုးမျိုးနဲ့ ကျနော်တို့တိုင်းပြည်ကို ဒုက္ခပေးခဲ့တယ်။ ဒီကနေ့ထိလည်း လွှတ်တော်ထဲမှာရော ဖွဲ့စည်းပုံထဲမှာပါ အာဏာကို အတင်းအဓမ္မ သွတ်သွင်းပြီးတော့ တိုင်းပြည်ကို အာဏာသိမ်းထားတာ အားလုံး မျက်မြင်ပါပဲ။”

ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အအုံရှေ့ ဆန္ဒထုတ်ဖော် စုဝေးခဲ့ကြတဲ့ ကျောင်းသားတွေဟာ ခွင့်ပြုချက် ကြိုတင်တောင်းခံထားခြင်း မရှိတာကြောင့် ပုဒ်မ ၁၈ နဲ့ အရေးယူသွားဖို့ ရှိတယ်လို့ ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းက ပြောပါတယ်။

“ဟုတ်ကဲ့ ကျနော်တို့က သူတို့ကို တားမြစ်ပါတယ်။ ခွင့်ပြုချက်တောင်းဖို့လိုတယ်။ ခွင့်ပြုချက်ပါသလားလို့မေးတာ မပါဘူး။ ဒါကို ကျနော်တားမြစ်တဲ့အခါမှာ သူတို့က ဒါကို ပြီးအောင်တော့လုပ်မယ်။ ဥပဒေနဲ့အညီ နောက်မှပဲ သူတို့ရှင်းမယ်လို့ သူတို့ဘက်က တောင်းဆိုပြီး ပြောသွားတယ်ခင်ဗျ။ အဲဒါကို ကျနော်တို့ဘက်ကလည်း ဥပဒေနဲ့အညီပဲ ဆက်ပြီးတော့ အရေးယူဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

ကျောင်းသားသမိုင်းမှာ မေ့လို့မရနိုင်တဲ့ 7 July အမှတ်တရတွေဟာ အမြဲရှင်သန်နေဦးမယ်လို့ ကျောင်းသားတွေက ယုံကြည်ကြပါတယ်။

“7 ဇူလိုင် ဖြစ်စဉ်ကြီးတရပ်လုံးကတော့ ကျနော်တို့ ဟောဒီ မြန်မာနိုင်ငံကြီးရှိနေသ၍ ဒီဖြစ်စဉ်က ရှိနေမယ်။ ဒါပေမဲ့ ကျနော်တို့က ခုနကပြောတဲ့ ဒီမိုကရေစီရပြီဆိုတဲ့ အချိန်မှာတော့ ကျနော်တို့ ဒါတွေကို ခမ်းခမ်းနားနားနဲ့ကို ဂုဏ်ပြုရမယ်လို့ ကျနော်တို့ ခံယူထားပါတယ်။”

တကသကျောင်းသားခေါင်းဆောင် ဇေယျာလွင်ကို ဇွန်လ ၃၀ ရက်နေ့ ရန်ကုန်မြို့လယ် ဆန္ဒထုတ်ဖော်မှုမှာ ပါဝင်ခဲ့တဲ့အမှုနဲ့ ဖမ်းဝရမ်းထုတ်ထားခဲ့တာကြောင့် 7 July အထိမ်းအမှတ် ဆန္ဒပြပွဲအပြီးမှာပဲ ရန်ကုန်တက္ကသိုလ် ပရ၀ဏ်အနီးမှာ ပိတ်ဆို့ဖမ်းဆီးခဲ့ပါတယ်။ ၁၉၆၂ ဇူလိုင်လ ၇ ရက်နေ့ ဗိုလ်ချုပ်နေ၀င်းရဲ့ တော်လှန်ရေးကောင်စီလက်ထက် တက္ကသိုလ်ကျောင်းသားတွေ ဆန္ဒပြတာကို နှိမ်နင်းတဲ့အနေနဲ့ ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း ကျောင်းသားတွေကို ပစ်ခတ်သတ်ဖြတ်တာ၊ ကျောင်းသားသမဂ္ဂ အဆောက်အအုံကို ဗုံးခွဲဖျက်စီးခဲ့ရာကနေ ဆဲဗင်းဂျူလိုင် လှုပ်ရှားမှု ဖြစ်ပေါ်လာခဲ့တာပါ။

ဒီကနေ့ ၅၃ နှစ်မြောက် 7 July အမှတ်တရနေ့မှာ ရန်ကုန်မြို့အပြင် မန္တလေး၊ မိတ္ထီလာ၊ မုံရွာ၊ ပုသိမ်၊ ပြည် စတဲ့ နေရာအနှံ့မှာလည်း 7 July အထိမ်းအမှတ် အခမ်းအနားတွေကို ပုံစံအမျိုးမျိုးနဲ့ ပြုလုပ်ခဲ့ကြပါတယ်။

ကိုစည်သူ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


 စီမံကိန်းရပ်စဲကြောင်းကြေညာခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုအစိုးရအဖွဲ့
(အမိန့်ကြော်ငြာစာအမှတ်၊ ၆၆/၂၀၁၅)
၁၃၇၇ ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော် ၆ ရက်
(၂၀၁၅ ခုနှစ် ၊ ဇူလိုင်လ ၇ ရက်)

စီမံကိန်းရပ်စဲကြောင်းကြေညာခြင်း

၁။ ရန်ကုန်မြို့အား ခေတ်မီမြို့တော်အဖြစ် တည်ဆောက်ရာတွင် မြို့ပြစည် ပင်ဖွံ့ဖြိုးမှုလုပ်ငန်းများကို အထောက် အကူပြုရန် ရည်ရွယ်၍ ကာကွယ်ရေး ဝန်ကြီးဌာန အနေဖြင့် ဆက်လက်အသုံးပြုရန် အစီအစဉ်မရှိ တော့သည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ ယခင်နိုင်ငံတော်ကာ ကွယ်ရေး တက္ကသိုလ်နှင့် အမှတ် (၁) မော်တော်ယာဉ် တပ်ရင်း နေရာဟောင်း တို့အား ဖွံ့ဖြိုးမှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် တင်ဒါ ခေါ်ယူခဲ့ရာ အောက်ပါ ကုမ္ပဏီများမှ တင်ဒါအောင်မြင်ခဲ့ပါသည်-

(က) ရွှေတောင်ဖွံ့ဖြိုးမှု ကုမ္ပဏီလီမိတက်
(ခ) Adventure Myanmar Tours and Incentives Co.,Ltd.
(ဂ) သုခရတနာ ကုမ္ပဏီလီမိတက်
(ဃ) Marga Landmark Development Co.,Ltd.

၂။ အထက်ပါ တင်ဒါအောင်မြင်ခဲ့သည့် ကုမ္ပဏီများက ကုမ္ပဏီအလိုက် နိုင်ငံတကာအဆင့်မီ ဟိုတယ်များ၊ Service Apartment များ၊ ကုန်တိုက်ကြီး များ၊ စီးပွားရေးလုပ်ငန်းဌာနများ၊ လူနေအိမ်ခန်း အဆောက်အဦ များနှင့် ရုံးအဆောက်အဦများပါဝင်သည့် စီမံကိန်းများ ရေးဆွဲ၍ မြန်မာနိုင်ငံရင်းနှီးမြှပ်နှံ မှု ကော်မရှင်သို့ အဆိုပြု ချက်များတင်ပြခဲ့ရာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေဖြင့် နိုင်ငံခြား ရင်းနှီိးမြှုပ်နှံမှုဥပဒေ၊ မြန်မာနိုင်ငံ သားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေများနှင့်အညီ စိစစ်ကာ ခွင့်ပြုမိန့်များ ထုတ်ပေးခဲ့ပါသည်။

၃။ ဤသို့ ခွင့်ပြုမိန့်များ ထုတ်ပေးပြီးနောက် စီမံကိန်းများ အကောင်အထည်ဖော် မှုကြောင့် ရွှေတိဂုံ စေတီတော်ကြီးအား ထိခိုက်မှုရှိမည်ကို ရဟန်းရှင်လူပြည်သူ အချို့ စိုးရိမ်ပူပန်လာခြင်း၊ ပညာရှင် အချို့က ပညာရပ်ပိုင်းဆိုင်ရာ သုံးသပ်ချက်များ ကို နိုင်ငံတော်သမ္မတထံ ပေးပို့အကြံပြုခြင်း၊ စိုးရိမ်ပူပန်သူ အချို့က စီမံကိန်း ရပ်ဆိုင်းပေးရန် နိုင်ငံတော်သမ္မတထံသို့ မေတ္တရပ်ခံလာခြင်း စသည့်အခြေအနေများကြောင့် လည်းကောင်း၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကလည်း စီမံကိန်းအား ဆက်လက်ဆောင်ရွက်ရန် မသင့်ကြောင်း သုံးသပ် တင်ပြချက်အရ လည်းကောင်း၊ ကာကွယ်ရေး ဝန်ကြီးဌာနကလည်း စီမံကိန်းများရပ်ဆိုင်း ပေးပါရန် တင်ပြချက်အရလည်းကောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့်လည်း ရွှေတိဂုံစေတီတော် အပါအဝင် သိင်္ဂုတ္တရကုန်းတော်ရှိ စေတီပုထိုးများ၊ သာသနိက အဆောက်အအုံ များ၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် အဆောက်အအုံများအား မည်သည့် အကြောင်းကြောင့်မျှ ထိခိုက်မှု မဖြစ်ပေါ်ရေး ဦးစားပေး ဆောင်ရွက်ရန် လိုလားခြင်းကြောင့် လည်းကောင်း၊ ရင်းနှီးမြှုပ်နှံသူများနှင့် ညှိနှိုင်းရာတွင် ၎င်းတို့ကလည်း လိုလားစွာ လက်ခံခြင်းကြောင့်လည်းကောင်း၊ နှစ်ဦးနှစ်ဘက် သဘောတူညီ ချက်ဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ ယခင်နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်နှင့် အမှတ် (၁) မော်တော်ယာဉ်တပ်ရင်း နေရာဟောင်း တို့တွင် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် စီမံကိန်းအားလုံးကို ဤအမိန့်ကြော်ငြာ စာထုတ်ပြန်သည့် နေ့မှစတင်၍ အပြီးသတ် ရပ်ဆိုင်းလိုက်သည်။

၎။ ဤသို့ စီမံကိန်းအားအပြီးသတ် ရပ်ဆိုင်းလိုက်ခြင်းကြောင့် စီးမံကိန်းတွင် ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက် လျက်ရှိကြသည့် ရင်းနှီးမြှုပ်နှံသူများ ထိခိုက်နစ်နာမှု မရှိစေရေးအတွက် နိုင်ငံတော်အစိုးရ၏ အစီအစဉ်ဖြင့် ဆက်လက် ညှိနှိုင်းဆောင် ရွက်ပေးသွားမည်ဖြစ်သည်။

အမိန့်အရ
ဇော်သန်းသင်း
အတွင်းရေးမှူး
ပြည်ထောင်စုအစိုးရအဖွဲ့

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar


ရန်ကုန်တက္ကသိုလ်တွင် ပြုလုပ်သည့် ဇူလိုင်၇ရက် အခမ်းအနား အပြီးတွင် ပန်းပဲတန်းရဲစခန်းမှ တကသခေါင်းဆောင် ကိုဇေယျာ အပါအ၀င် ကျောင်းသား ခေါင်းဆောင်၃ဦးအား ထိန်းသိမ်းခေါ်ဆောင် သွားကြောင်း ကျောင်းသား သမဂ္ဂများထံမှ သိရသည်။

ဇူလိုင် ၇ရက်နေ့တွင် ကျရောက်သည့် ၅၃ကြိမ်မြောက်ကျောင်းသား သမဂ္ဂဖြိုခွဲခံရသည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အနေဖြင့် တက္က သိုလ်ကျောင်းသားသမဂ္ဂများမှ ဦးဆောင်းပြုလုပ်ပြီးအခမ်း အနားအပြီးတွင် ယခုကဲ့သို့ ထိန်းသိမ်းခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

တက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုထက်က ``သူတိုဝတ်လာတော့ အရပ်ဝတ်တွေနဲ့။ကိုဇေယျာလွင် စီးလာတဲ့ကား ကို အင်းလျားလမ်း ရွှေရှမ်းကန်စားသောက်ဆိုင်ရှေ့အရောက်မှာ ရှေ့တစ်စီး နောက် တစ်စီးပိတ်ပြီး ကားသောကိုဖြုတ်ပြီး ထိုးကျိတ်ကာ ဖမ်းဆီးသွားတယ်။ ကိုဇေယျာလွင်နှင့်အတူ ဒဂုံတကသ အဖွဲ့ဝင် ကိုပိုင်ဖြိုးမင်းကိုလည်း ဖမ်းဆီး ခေါ်ဆောင် သွားတယ်။ ကိုပိုင်ဖြိုးမင်းကိုတော့ပြန်လွှတ်ပေးပြီး ကိုဇေယျာလွင်ကို အင်းစိန်ထောင် ကိုခေါ်သွားပါတယ်ခင်ဗျား´´ဟု ပြောသည်။

ဇွန်၃၀ရက်နေ့က အခြေခံဥပဒေပြင်ဆင်ရေးအတွက် ကိုဇေယျာလွင် အပါအ၀င် တက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့မှ ကျောင်းသားခေါင်းဆောင် ၅ဦးသည် သိမ်ကြီးဈေးအရှေ့မှ မြို့တော်ခန်းမရှေ့အထိ ဆန္ဒပြရာတွင် ပန်းပဲတန်းရဲစခန်းနှင့်ကျောက်တံတားမြို့နယ်ရဲစခန်းတို့မှ ပုဒ်မ-၁၈၊ ပုဒ်မ-၅၀၅(ခ)ဖြင့် အမှုဖွင့်ခံထားရပြီ ဇူလိုင်၂ရက်နေ့တွင် ဒဂုံတက္က သိုလ်ကျောင်းသားသမဂ္ဂခေါင်းဆောင် ကိုပိုင်ရဲသူအား ဖမ်းဆီးခံရပြီးနောက် ဒုတိယအကြိမ်မြောက် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ပန်းပဲတန်းမြို့နယ်ရဲစခန်းအား ဆက်သွယ်မေးမြန်းရာ တာဝန်ကျရဲအရာရှိတစ် ဦးက``အခုလောလော ဆယ်တော့ဆောင်ရွက်ရှိတာဆောင်နေလိုပါ။ လောလောဆယ်တော့ ပြောလိုမရသေးပါဘူး။ ဘာတွေဆက်လုပ်ရမလဲဆိုတာမသိရသေးပါဘူးခင်များ။ ဟုတ်ကဲ့ပါ ကျွန်တော် ဘက်က တိကျတဲ့သတင်းတစ်ခုရရင် ထပ်မံစုံစမ်းလို ရပါတယ်။ ဘယ်ခေါ်သွားလဲဆိုတာ ကျွန်တော်တို့ မသိရသေးပါဘူးခင်များ လုပ်တုန်းကိုင်တုန်း ဆောင်ရွက်တုန်းဖြစ်တဲ့အတွက် အတိအကျပြော လိုမဖြစ်သေးဘူးလေ´´ဟု ဇူလိုင်၇ရက် ညနေ ၅နာရီ ၁၁မိနစ်က ပြန်လည်ဖြေကြားသည်။

တကသကျောင်းသားများအနေဖြင့် ဇူလိုင်၇ရက်ညနေ ၂ခွဲခန့်တွင် ကမာရွတ်မြိုနယ် စမ်းရိမ်ငြိမ်မှတ်တိုင်မှ ရန်ကုန်တက္ကသိုလ်သို့ စီတန်းလှည့်လည်ပြီး တက္ကသိုလ်အာဏာပိုင်များ ခွင့်ပြုချက်ဖြင့် တက္ကသိုလ်ကျောင်းသားသမဂ္ဂအဆောက်အဦးနေရာဟောင်းရှေ့တွင် အထိမ်းအမှတ်အခမ်းအနား ပြုလုပ်သည်။

ယင်းနောက်ရန်ကုန်တက္ကသိုလ်ဘွဲနှင်းသဘင်ခန်းမရှေ့ချီတက်ရာ ပင်းယဆောင်ရှေ့တွင် ရဲတပ်ဖွဲမှ အင်အားသုံးတားဆီးရာ တက္ကသိုလ် ပါမောက္ခချူပ် မှ ခွင်ပြုပေးခဲ့သဖြင့် ဆက်လက်ချီတက်ပြီး ခန်းမရှေ့တွင် အမှတ်တရ ဓာတ်ပုံစုရိုက်ကျပြီး အိမ်ပြန်ရာတွင် ယခုကဲ့သို့ ထိန်းခံ ရခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - စိုင်းဟန်
The Ladies News Journal
https://www.facebook.com/News.TheLadies


 ရန်ကုန်တက္ကသိုလ်ဝင်း အတွင်းမှာ ကျင်းပတဲ့ 7 July အောက်မေ့ဘွယ်အခမ်းအနား တက်ရောက်ခဲ့တဲ့ တကသခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဇေယျာလွင်ကို အခမ်းအနား အပြီးအပြန် အင်းယားလမ်းက ရွှေရှမ်းကန်စားသောက်ဆိုင်ရှေ့မှာ ကားနှစ်စီးနဲ့ ပိတ်ပြီး ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ကိုဇေယျာလွင်ကို ရန်ကုန်မြို့ထဲမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင် ဆန္ဒပြတာကို ဦးဆောင်ခဲ့တာကြောင့် ပန်းဘဲတန်းရဲစခန်းက ပုဒ်မ ၅၀၅ (ခ) နဲ့ ဖမ်းဝရမ်းထုတ်ထားတာ ဖြစ်ပါတယ်။

Photo: Aung Thain Kha/ RFA
RFA Burmese
https://www.facebook.com/pages/RFA-Burmese

အမေရိကန် သမ္မတ ဘာရက် အိုဘားမား (Credit: Reuters) 
 IS ​အစ္စလာမ်မစ် ​စစ်သွေးကြွအဖွဲ့ကို ​လွယ်လွယ်ကူကူနဲ့ ​တိုက်ဖျက်နိုင်မှာ ​မဟုတ်ဘူးလို့ ​အမေရိကန် ​သမ္မတ ​ဘာရက် ​အိုဘားမားက ​သတိပေးလိုက်ပါတယ်။

ဆီးရီးယားနဲ့ ​အီရတ်နိုင်ငံအတွင်းက ​စစ်သွေးကြွတွေကို ​ဝေဟင်ကနေ ​အကြိမ်ပေါင်း ​၅၀၀၀ ​ကျော် ​တိုက်ခိုက်လာပြီ ​ဖြစ်ပေမယ့် ​IS ​အဖွဲ့ဟာ ​အရင်အတိုင်းပဲ ​ရပ်တည်နိုင်ဆဲ ​ဖြစ်ပါတယ်။

တချို့နေရာမှာ ​IS ​က ​ရှုံးနိမ့်နေပေမယ့် ​ဒီပြဿနာက ​မျိုးဆက်အလိုက် ​ဖြေရှင်းရမယ့် ​ပြဿနာဖြစ်ပြီး ​ရေတိုမှာ ​ပြီးသွားမယ့် ​ကိစ္စမဟုတ်ဘူးလို့ ​ပြောလိုက်ပါတယ်။

စစ်အတွင်းမှာ ​အရှုံးအနိုင်ကို ​တွက်ရမှာ ​မဟုတ်ပဲ ​အစွန်းရောက်နေတဲ့ ​အတွေးအခေါ်တွေ ​ပပျောက်သွားအောင် ​လုပ်ဆောင်ရမှာ ​ဖြစ်တဲ့အတွက် ​အချိန်ယူရမှာ ​ဖြစ်တယ်လို့ ​ဘာရက် ​အိုဘားမားက ​ပြောပါတယ်။

လူတွေရဲ့ ​အတွေးအခေါ်ကို ​သေနတ်နဲ့ ​အနိုင်ယူလို့ ​မရပဲ ​ပိုကောင်းမွန်တဲ့ ​အတွေးအခေါ်တွေနဲ့သာ ​လွမ်းမိုးနိုင်မှ ​အောင်နိုင်မယ်လို့ ​ဆိုပါတယ်။

အမေရိကန်က ​အစ္စလာမ်နဲ့ ​တိုက်ပွဲဝင်နေတာ ​မဟုတ်ပဲ ​အစွန်းရောက် ​ဘာသာရေး ​အယူသည်းနေတဲ့ ​လူတွေနဲ့ ​တိုက်ပွဲဝင်ခြင်းသာ ​ဖြစ်တယ်လို့ ​ပြောပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese


 အသက်ရာကျော်ရှည်တဲ့ ကမ္ဘာ့ အသက်အကြီးဆုံး အမျိုးသား ဂျပန်အဖိုးအို Sakari Momoi အသက် ၁၁၂ နှစ်ဟာ တနင်္ဂနွေနေ့က ဂျပန်နိုင်ငံမှာ သေဆုံးသွားခဲ့ပါတယ်။

သားသမီး ၅ ယောက်ရဲ့ ဖခင်ဖြစ်သူ အထက်တန်း ကျောင်းဆရာဟောင်း မစ္စတာ Momoi ဟာ ကျောက်ကပ်ရောဂါနဲ့ စောင့်ရှောက်ရေးဂေဟာမှာ သေဆုံးခဲ့တာ
ဖြစ်ပါတယ်။

သူ့ကို အသက်အကြီးဆုံး အမျိုးသားကြီးအဖြစ် ပြီးခဲ့တဲ့ သြဂုတ်လမှာ Guinness World Records က ချီးမြှင့်လွာ ပေးအပ်ခဲ့ပါတယ်။

မစ္စတာ Momoi ကို Fukushima မြို့မှာ ၁၉၀၃ ခုနှစ်က မွေးဖွားခဲ့ပြီး သူဟာ ကျောင်းဆရာဘ၀ကနေ သူနေထိုင်ရာဒေသနဲ့ Saitama မြို့က ကျောင်းတွေမှာ အထက်တန်းကျောင်းအုပ်အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။

သူဟာ ခရီးသွားနဲ့ စာဖတ်ဝါသနာပါပြီး အထူးသဖြင့် တရုတ်ကဗျာတွေကို ကြိုက်နှစ်သက်တယ်လို့ သိရပါတယ်။

ကမ္ဘာ့ အသက်အကြီးဆုံးနဲ့ အမျိုးသမီး အသက်အကြီးဆုံးဖြစ်တဲ့ အသက် ၁၁၇ နှစ် အရွယ် ဂျပန်အဖွားအို Misao Okawa ဟာလည်း ပြီးခဲ့တဲ့ ဧပြီလက သေဆုံးခဲ့ပါတယ်။

အခု အဲဒီအဖွားအိုနေရာမှာ အသက် ၁၁၆ နှစ်ရှိပြီဖြစ်တဲ့ အမေရိကန်က Susannah Mushatt Jones က ဆက်ခံ ရရှိထားပါတယ်။

မစ္စတာ Momoi ရဲ့ နေရာမှာတော့ ကမ္ဘာ့ အသက်အကြီးဆုံး အမျိုးသားကို Guinness က ထုတ်ဖော် ကြေညာခြင်း မရှိသေးပါဘူး။

BBC Burmese
https://www.facebook.com/bbcburmese

အိန္ဒိယနိုင်​ငံအလယ်​ပိုင်း Madhya Pradesh ၌ စာ​မေးပွဲတွင်​ အကြီးစားစာခိုးချမှု ဖြစ်​ပွားပြီး​နောက်​ ထိုအမှုတွင်​ ပါဝင်​ပက်​သက်​​နေသူ အ​ယောက်​၄၀ခန့်​ ထူးဆန်းစွာ ​သေဆုံးခဲ့သည်​။ အိန္ဒိယနိုင်​ငံမီဒီယာများ၏ တင်​ပြချက်​များအရ ထိုအမှုကိုတိတိတဆိတ်​စုံစမ်း​နေ​သောသတင်း​ထောက်​တစ်​ဦးလည်း ​ဒေသစံ​တော်​ချိန်​ ဇူလိုင်​လ ၄ရက်​​နေ့က လျှို့ဝှက်​ထူးဆန်းစွာ​ သေဆုံးခဲ့သည်​ ဟုသိရှိရသည်​။

အသက်​ ၃၈နှစ်​ရှိပြီဖြစ်​​သောAkshay Singh သည်​ India Today TV Group မှဖြစ်​ပြီး "Today Channel" မှ စုံစမ်းစစ်​​ဆေး​ရေးသတင်း​ထောက်​ တစ်​ဦးဖြစ်​သည်​။ သူသည်​ လွန်​ခဲ့​သောရက်​ပိုင်းများအတွင်းတွင်​ အိန္ဒိယအလယ်​ပိုင်းရှိ Madhya Pradesh တွင်​ ​သေဆုံးသူများ၏ မိသားစုဝင်​များကို​ တွေ့ဆုံ​မေးမြန်းခဲ့သည်​။ ထို​နောက်​ ​ဒေသစံ​တော်​ချိန်​ ဇူလိုင်​လ ၄ရက်​ ​နေ့လည်​ ၂နာရီခန့်​တွင်​ သူသည်​ အမှုနှင့်​ပက်​သက်​​သော​သေဆုံးသူတစ်ဦး၏​မိသားစုဝင်​အား​တွေ့ဆုံ​မေးမြန်းပြီး​နောက်​ ရုတ်တရက် ပါးစပ်​မှ အဖြူမြှုပ်​များထွက်​လာသဖြင့်​ ​ဆေးရုံသို့ပို့​ဆောင်​ခဲ့ရာ ကယ်​တင်​၍မရနိုင်​​တော့​ပေ။ ​အ​​လောင်းဆေးစစ်​ချက်မှာမူ မသိရ​သေး​ပေ။

ယခုကိစ္စမှာ အိန္ဒိယအလယ်​ပိုင်းရှိ အကြီးစားစာခိုးချခြင်းအမှုမှာ တက္ကသိုလ်​ဝင်​ခွင့် စာ​မေးပွဲများသာမက အစိုးရဝန်​ထမ်းဝင်​ခွင့်​များအထိပါ သက်​​ရောက်​မှုရှိ​နေသည်​ဖြစ်​သည်​။ ဥပ​ဒေကိုမထိမဲ့မြင်​ပြုသူများက စာ​မေးပွဲကိုယ်​စားဝင်​​ဖြေ​ပေးခြင်း၊ စာ​မေးပွဲခန်းထဲရှိ​နေရာများ စီစဉ်​​ပေးခြင်းနှင့် ဖြေပြီးသားအဖြေလွှာကို လဲပေးခြင်းများကိုပါ ​လုပ်နိုင်​ကြ​လေသည်​။

ယခုကဲ့သို့ မ​ကောင်း​သောသတင်းများ​ပေါ်ထွက်​သွားပြီး​နောက်​ စာ​မေးပွဲအတွက်​ပါဝင်​ပက်​သက်​​နေ​သောသူ ၄၁ဦး မှာ​ အသက်​ဆုံးရှုံးခဲ့ရပြီး ၎င်းတို့အထဲမှ တော်​တော်​များများမှာ ​သေဆုံးရ​သောအ​ကြောင်းရင်း​ သေချာမသိရှိရ​ပေ။ အိန္ဒိယအစိုးရက ယင်း အမှုကို စုံစမ်းရန်​ စုံစမ်းစစ်​​ဆေး​ရေးအဖွဲ့ ဖွဲ့စည်းခဲ့​ပြီး အဖွဲ့ဥက္ကဋ္ဌက ယခုလက်​ရှိအထိ အနည်းဆုံးလူ​ပေါင်း၃၀ခန့်​ သေဆုံးပြီဖြစ်​​ကြောင်း အတည်ပြုခဲ့သည်​။ အထူးစုံစမ်းစစ်​​ဆေး​ရေးအဖွဲ့က ​မတ်လကထုတ်​ပြန်​ချက်အရ အမှုတွင်​ပါဝင်​ပက်​သက်​​နေသူ၁၈၀၀ခန့် ကို ဖမ်းဆီးထားပြီဖြစ်​​သော်​လည်း ယခုဖမ်းဆီးထားသူများမှာ ရာဇဝတ်​မှုကျူးလွန်​သူများ၏ ၂၀%သာရှိ​သေးသည်​ဟု သိရှိရသည်​။

china.com Myanmar
http://myanmar.china.com


ဇူလိုင် ၆ရက်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကောင်းမှုကျေးရွာအနီးရှိ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(ဒီကေဘီအေ)နှင့် အစိုးရ တပ်မတော်တို့ကြား ယနေ့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျှက်ရှိသည်ဟု ဒီကေဘီအေမှ ကလိုထူးဝါးဗျူဟာ ထောက်လှမ်းရေးမှူး ဗိုလ်ကြီးစောသရီးထူးက ပြောသည်။

၎င်းက “မနက် ၁၁နာရီလောက်က တခေါက်ဖြစ်တယ်။ မွန်းလွဲ ၂ ရီနာရီကစပြီး အခုထိ(၄နာရီခွဲ)ပစ်တုန်းပဲ။ ၄ နေရာကနေ ကျနော်တို့ကို ၀ိုင်းပစ်ကြတယ်။ မနက်ကတော့ ကျနော်တို့မပစ်ဘူး။ အခုက ထိပ်တိုက် တိုက်ပွဲပါ။ တိုက်ပွဲအရှိန်က မြှင့်သထက်မြှင့်လာပြီ၊ အရှိန်လျော့လာဖို့ အခြေအနေ မပေါ်သေးဘူး။ ဒီနေ့ ကျနော်တို့ ထိခိုက်တာမရှိဘူး״ဟု ကေအိုင်စီသို့ ပြောသည်။

၎င်းဒေသရှိ တောင်သုံးလုံး၊ တောင်ပြတ်၊ အောက်ဘိုတဲနှင့် ၉၇တပ်စခန်းမှ အစိုးရတပ်မတော် စစ်ဆင်ကွပ်ကဲမှုဋ္ဌာနချုပ်(စကခ-၁၂)လက်အောက်ခံ တပ်ရင်းများဖြစ်ကြသော ၂၃၁၊ ၂၉၀၊ ၂၇၅၊ ၅၄၁နှင့် ၅၄၉တို့က ၁၂၀ မမ၊ ၈၀ မမ၊ ၁၅၅ မမ၊ ၈၁ မမနှင့် ၆၀မမ စသည့်အမြှောက်လက်နက်များဖြင့် လှမ်းပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဗိုလ်ကြီး စောသရီးထူးက ပြောသည်။

ယခုလို တိုက်ပွဲဆက်လက်ဖြစ်ပွားမှုနှင့် ပတ်သက်၍ ထိုဒေသရှိ အစိုးရ တပ်မတော်အား ကေအိုင်စီမှ ဆက်သွယ်မေးမြန်း၍ မရရှိပါ။
ထို့အပြင် တိုက်ပွဲအရှိန်မြင့်လာမှုကြောင့် ကော့ကရိတ်နှင့် မြ၀တီဆက်သွယ်ထားသည့် တောင်ပတ်လမ်းနှင့် တောင်ပေါ်လမ်းတို့ကို အသုံးပြုသူ မရှိတော့သဖြင့် ကုန်သည်များနှင့် ခရီးသည်များအတွက် ဒုက္ခရောက်နေရသည်ဟု ကားမောင်းသူ တစ်ဦးဖြစ်သူ ကိုဇော်သူရက ပြောသည်။

သူက “လမ်းမပွင့်တော ခရီးသွားတွေမြဝတီမှာသောင်တင်နေတယ်။ ဘန်ကောက်ကပြန်လာတဲ့သူဆိုရင် စရိတ်တွေကများတော့ စားသောက်စရိတ်တွေ၊ တည်းခိုးခန်းတွေမြှင့်တက်လာတယ်။ ခွင့်ရလို့ပြန်လာတာ အိမ်ကမိဘတွေလည်းစိတ်မပူရအောင်လမ်းကို အမြန်ဆုံးပြန်ဖွင့်ပေးပြီးတော့ခရီးသွားတွေကို မတိုက်ခိုက်ပဲဘေးကင်းအောင်ကူညီပေးစေချင်ပါတယ်။״ဟု ပြောသည်။

ဇွန်လ ၂ရက်နေ့က ကော့ကရိတ်-မြ၀တီ အဝေးပြေးလမ်းမကြီး ကော့ကရိတ်အထွက် တတန်ကူးဂိတ်ရှိ ဒီကေဘီအေ တပ်မတော်နှင့် အရှေ့တောင်တိုင်း စစ်ဋ္ဌာနချုပ်တိုင်းမှူး ခရီးစဉ်အတွက် လမ်းကင်း လာယူကြသည့် အစိုးရတပ်မတော်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ရက်သတ္တပတ်နီးပါးခန့် ဖြစ်ပွားနေသည့် တိုက်ပွဲကို ရပ်တန့်ရန် ဒီကေဘီအေ ထိပ်ပိုင်း ခေါင်းဆောင်များနှင့် အစိုးရ တပ်ဘက်ဆိုင်ရာ တာဝန်ရှိသူတို့အကြား ညှိနှိုင်းအဖြေရှာရန် ကြိုးပမ်းလုပ်ဆောင်နေသည့်တပြိုင်နက် ယခုလို တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့်အပေါ် တကျော့ပြန် တိုက်ပွဲ ပြင်းထန်လာမည်ကို ဒေသခံပြည်သူက စိုးရိမ်နေကြသည်။

(ကေအိုင်စီ) - KIC News
http://kicnews.org


ဇူလိုင်လ ၂ ရက်နေ့တွင် မြန်မာကျပ်ငွေသည် ၁ ဒေါ်လာလျှင် ၁၁၂၇ ဒသမ ၈၄ ကျပ်အထိ စံချိန်တင် မြင့်တက်ခဲ့သည်။ ယင်းသည် မြန်မာအစိုးရက ၂၀၁၂ ဧပြီလမှစ၍ နိုင်ငံခြားငွေ လဲလှယ်နူန်းကို နူန်းရှင်အဖြစ် ပြောင်းလဲ ကျင့်သုံးခဲ့ပြီး နောက်ပိုင်း အမြင့်ဆုံး တရားဝင် ငွေလဲနူန်းဖြစ်သည်။ အမေရိကန် က အတိုးနူန်းကို မြှင့်လိုက်မည်ဆိုပါက မြန်မာ့စီးပွားရေးစနစ်သည် မုန်းတိုင်းထန်၍ ပျက်ကပ်ဆိုက်သွား နိုင်ခြေ ရှိသည်။

လွန်ခဲ့သော၉ လအတွင်း မြန်မာနိုင်ငံ၏ ကုန်သွယ်ရေးလိုငွေပြမှု၊ ငွေကြေးဖောင်ပွမှုများသည် ယခင်မျှော်မှန်းထားသည်ထက် ပိုမို မြင့်တက်ခဲ့သည်။

သွင်းကုန်ပမာဏအလွန်လျင်မြန်စွာတိုးမြင့်လာနေပြီးဒေါ်လာငွေ ၀ယ်လိုအားကို ဖြည့်ဆည်းပေးနိုင်မည့် ငွေအရင်းအနှီး စီးဝင်မှု(Capital inflow) မရှိ ဖြစ်လျက်ရှိသည်။ အကျိုးဆက်အနေဖြင့် ကျပ်ငွေတန်ဖိုး ကျဆင်းခဲ့သည်။

အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ IMF ၏ ကူညီထောက်ပံ့မှုဖြင့် နိုင်ငံခြားငွေ လဲလှယ်နူန်းကို လွန်ခဲ့သော ၃ နှစ်ခန့်က နူန်းရှင်အဖြစ် ပြောင်းလဲ ကျင့်သုံး ခဲ့သော်လည်း ယခုမူ ဗဟိုဘဏ်သည်အဆိုပါ စနစ်မှ ဖယ်ခွာနေခြင်းကြောင့် မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှု လမ်းကြောင်း လွဲချော်သွားခဲ့ရသည်ဟု IMF က ပြောသည်။

ထို့ကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေနှင့် ပတ်သက်၍ IMF ၏အမြင်သည် လွန်ခဲ့သော ၉ လခန့်က နှင့် များစွာ ခြားနားသွားပြီဖြစ်သည်။



IMF ၏ စိုးရိမ်မှုများတိုးပွားလာနေ
----- ----- -----

မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းခြင်းကို မြန်မာနိုင်ငံ ဗဟိုဘဏ်က အကြိမ်ကြိမ် ၀င်ရောက်ထိန်းသိမ်း ပေးခဲ့ပြီး ယင်းကြောင့် ဗဟိုဘဏ်၏ နိုင်ငံခြားငွေ အရန်ဘဏ္ဍာလျော့ကျခဲ့ရသည်။ အထူးသဖြင့် လောင်စာဆီနှင့် စားသုံးဆီတင်သွင်းသူများကို ဒေါ်လာငွေများ ထုတ်ချေးခဲ့သည့် ဗဟိုဘဏ်၏ ယခင်လက ဆုံးဖြတ်ချက်ကို နိုင်ငံခြားငွေ အရန်ဘဏ္ဍာအလျင်အမြန် လျော့နည်းသွားနိုင်ခြင်းကြောင့် IMF က သတိပေးခဲ့သည်။ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ပုဂ္ဂလိက လုပ်ငန်းများ၏ ဘဏ်မှငွေချေးယူမှု ပမာဏသည် ၃၆ ရာခိုင်နူန်းခန့် မြင့်တက်သွားခဲ့ရသည်။

“တကယ်လို့ အမေရိကန်က အတိုးနူန်းသာမြှင့်လိုက်မယ်ဆိုရင် ယူအက်စ်ဒေါ်လာအား ပိုကောင်းလာမှာ ဖြစ်တဲ့အတွက် မြန်မာကျပ်ငွေတန်ဖိုးပိုပြီးတော့ ကျဆင်းသွားမယ်။ ဒီကြားထဲ(သကြား၊ ကော်ဖီစသော) ကမ္ဘာ့လူသုံးကုန်ဈေးနူန်းတွေလည်း ကျဆင်းလာနေတာကြောင့် ကျပ်ငွေတန်ဖိုးကျဆင်းမှုရဲ့ အကျိုးဆက်ကပိုပြီးဆိုးရွားမယ်။ အလိုက်သင့်ပြောင်းလဲတဲ့ နိုင်ငံခြားငွေလဲလှယ်တဲ့စနစ်မရှိရင် စီးပွားပျက်ကပ် ဆိုက်သွားနိုင်တယ်”ဟုလေ့လာဆန်းစစ်မှုတခုကသုံးသပ်သည်။

IMF က ခန့်မှန်းချက်အရကျပ်ငွေတန်ဖိုးသည်မလွဲမသွေ ဆက်လက် ကျဆင်းနေဦးမည် ဖြစ်သည်။

“ဒီ IMF အစီရင်ခံစာရဲ့ တွေ့ရရှိချက်တွေအရ အပေါ်ယံစီးပွားရေးပြုပြင်ပြောင်းလဲမှုရဲ့နောက်ကွယ်မှာ စနစ်ဟောင်း၊ စိတ်နေသဘောထားဟောင်း၊ အစိုးရဟောင်းနဲ့ ယခင်အတိုင်း ယုတ္တိယုတ္တာမဲ့တဲ့ ချည်းကပ်ပုံဟောင်းတွေအတိုင်း ရှိနေသေးတယ်ဆိုတာကိုပေါ်လွင်စေပါတယ်”ဟု သြစတြေးလျနိုင်ငံ Macquarie တက္ကသိုလ်မှ စီးပွားရေးပညာရှင် Sean Turnell က ပြောသည်။

ကျပ်ငွေတန်ဖိုး၏စိုးရိမ်ဖွယ်ရာအခြေအနေများအပြင် မြန်မာအစိုးရ၏ ဘက်ဂျက်လိုငွေသည် ဂျီဒီပီ၏ ၅ ဒသမ ၅ ရာခိုင်နူန်းရှိနေရာမှ ပိုမိုမြင့်မားလာမည်ကိုလည်းစိုးရိမ်ဖွယ်ရာတွေ့မြင်ရကြောင်း IMF က အဆိုပါ အစီရင်ခံစာတွင် ဖော်ပြသည်။ မြန်မာအစိုးရအနေနှင့် ၎င်း၏ ငွေကြေးပေါ်လစီ၊ စီးပွားရေးပေါ်လစီများကို မဖြစ်မနေ တင်းကြပ်စွာကိုင်တွယ်ရန် လိုအပ်နေပြီဖြစ်ကြောင်းလည်း IMF က အလေးထား၍ ထောက်ပြထားသည်။

လက်ရှိဘက်ဂျက်လိုငွေပြမှုကိုလျှော့ချနိုင်ရန် အခွန်ကောက်ခံခြင်းကို ပိုမိုစနစ်ကျစွာ လုပ်ဆောင်ရန်လိုအပ်ကြောင်း၊ အစိုးရသုံးငွေကိုလည်း ပြန်လည်ဆန်းစစ်ပြီး စစ်သုံးစရိတ်ကိုလျှော့ချ၍ ကျန်းမားရေး၊ ပညာရေးကဏ္ဍများတွင် ပိုမိုသုံးစွဲရန် လိုအပ်နေကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

IMF ၏ အဆိုပါ အစီရင်ခံစာပါ ဆန်းစစ်မှုများကြောင့် ဗဟိုဘဏ်နှင့် အစိုးရအဖွဲ့အတွင်းမှ ပြုပြင်ပြောင်လဲလိုသူများနှင့် ရှေးရိုးစွဲကြီးများအကြား မူဝါဒဆိုင်ရာ အားပြိုင်မှု ဖြစ်ထွန်းလာစေနိုင်သည်။

ရည်ညွှန်း - investasian
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

ဗိုလ်ကြီးစောသရီးထူး
ဇူလိုင် - ၆ - ၂၀၁၅

ဒီနေ့မွန်းလွဲ ၂ နာရီ ၄၅ မီးနစ်မှာ မြန်မာစစ်တပ်က ကောင်းမှုစခန်းကို လက်နက်ကြီးငယ်တွေနဲ့ အဆက်မပြတ်တိုက်နေတာ ညနေ ၆ နာရီခွဲအချိန်ထိ ပြီးဆုံးခြင်းမရှိသေးဘူးလို့ ဒီကေဘီအေ က ဗိုလ်ကြီးသရီးထူးက ပြောပါတယ်။

" အခုချိန်ထိတိုက်နေတုံးဘဲ အခုရင်ဆိုင်တိုက်ပွဲ အဆင့်ကို ရောက်နေပါတယ် စကခ ၁၂ မှူးက ကလို့ထူးဝါး စစ်ဗျူဟာကို မရမကသိမ်းယူဘို့ သူ့တပ်တွေကို အမိန့်ပေးထားတယ် ကျနော်တို့ကို ၀ိုင်းတိုက်တဲ့အထဲမှာ ကရင်နယ်ခြားစောင့်တပ်လည်းပါတယ် တိုက်ပွဲကတော့ ကြာလေပြင်းထန်လေဘဲ နေရာက ကောင်းမှုနဲ့စော်ဟဲကြားမှာဖြစ်တယ် " လို့ ပြောပါတယ်။

မြန်မာစစ်တပ်ဟာ မြ၀တီနဲ့ ကော့ကရိတ်ကို ဆက်သွယ်ထားတဲ့ ပင်မလမ်းနှစ်သွယ်ကို ထိန်းချုပ်နိုင်ဘို့အတွက် (ဒီကေဘီအေ) ကလို့ထူးဝါးအခြေချစစ်ဗျူဟာ ကွပ်ကဲရေးဌာနချုပ်ကို အပြင်းအထန်ထိုးစစ်ဆင်နေတာဖြစ်တယ်လို့ (ဒီကေဘီအေ) က ပြောပါတယ်။

အခုနောက်ဆုံးရအချိန်ထိတော့ တိုက်ပွဲက အရှိန်ပြင်းထန်နေဆဲဖြစ်ပြီး လက်နက်ကြီးလက်နက်ငယ်အသံတွေကို အတိုင်းသားကြားနေရတယ်လို့ ကော့ကရိတ်မြို့ ခံတွေက ဆိုပါတယ်။

အခုတိုက်ပွဲဟာ မြန်မာစစ်တပ်နဲ့ ဒီကေဘီအေ တိုက်နေတဲ့တိုက်ပွဲဖြစ်ပြီး ဒီကေဘီအေကို အခြားကရင်လက်နက်ကိုင်အဖွဲ့တွေ ကူတိုက်ပေးတာ လုံးဝမရှိဘူးလို့ ဗိုလ်ကြီးစောသရီးထူးက ကရင်အမျိုးသား(မီဒီယာ) ကို ပြောပါတယ်။

သတင်း - ကရင်အမျိုးသား(မီဒီယာ)