07/17/15

yaypu-monk-protest-620.jpg ရေပူဆရာတော် ဦးဣန္ဒက လွတ်မြောက်ရေးအတွက် ဇူလိုင်လ ၆ ရက်နေ့က မိုးကုတ်မြို့ခံတွေ ဆန္ဒပြတောင်းဆိုစဉ်

မိုးကုတ်မြို့ ရေပူကျောင်းတိုက်ဆရာတော် ဦးဣန္ဒကကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့အတွက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ဆရာတော်ကြီးတချို့၊ မိုးကုတ်မြို့က သံဃာတော်တွေနဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်း ၂၀ ကျော်က နိုင်ငံတော်သမ္မတထံ လက်မှတ်ရေးထိုး တောင်းဆိုလိုက်ပါတယ်။

ဆရာတော်ကြီးတွေရဲ့ လက်မှတ်တွေနဲ့ တင်ပြထားတာဖြစ်တဲ့အတွက် အစိုးရအနေနဲ့ အလေးနက်ထား ပြီး ဆောင်ရွက်ပေးဖို့ တောင်းဆိုတာဖြစ်တယ်လို့ ရေပူဆရာတော်ရဲ့ ဒကာတစ်ဦးဖြစ်တဲ့ ဦးစိုးဌေးက ပြောပါတယ်။

"အဓိကကတော့ ဆရာတော်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ပေါ့နော် တောင်းဆိုတဲ့စာပါတယ်၊ မြန်မာနိုင်ငံမှာ တာဝန်အရှိဆုံးဖြစ်တဲ့ နိုင်ငံတော် သံဃမဟာနာယက ဒုတိယဥက္ကဌ ဆရာတော်ကြီး ကိုယ်တိုင်က လက်မှတ် ထိုးပြီး တောင်းဆိုတဲ့ကိစ္စကို အစိုးရအဖွဲ့အနေနဲ့ အလေးအနက်ထားဖို့ နောက်တစ်ခုက ရွေးကောက်ပွဲ နီးနေတဲ့အချိန်မှာ ငြိမ်ငြိမ်သက်သက်နဲ့ တိုင်းပြည်ကို ဖြတ်သန်းဖို့ကိစ္စကို ရည်ရွယ်ပြီးတော့ ရေပူဆရာတော်ကို အမြန်ဆုံးလွှတ်ပေးဖို့ ကျနော်တို့တောင်းဆိုတာပါ"

အဲဒီတောင်းဆိုစာမှာ သံဃာအပါး တစ်ရာကျော်နဲ့ လူမှုအဖွဲ့အစည်း ၂၀ကျော်ရဲ့ လက်မှတ်တွေပါဝင်ပြီး သမ္မတရုံးဝန်ကြီး ဦးအောင်မင်းထံ ပေးပို့လိုက်တယ်လို့ သိရပါတယ်။

ရေပူဆရာတော်ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၇ရက်နေ့က ပြင်ဦးလွင်ခရိုင်တရားရုံးမှာ တရားမ၀င်ကျောက်မျက် တူးဖော်မှုနဲ့ စွဲချက်တင်လိုက်ပြီး အိုးဘိုအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

ဒါ့အပြင် တရားမ၀င်သစ်တွေ သိမ်းဆည်းမှု၊ သာသနာညိုးနွမ်းစေမှု စတဲ့ ပုဒ်မ နှစ်ခု ထပ်မံစွဲချက်တင်ထားတယ် လို့လည်း သိရပါတယ်။

ရေပူကျောင်းတိုက်ဆရာတော်ဟာ ၂၀၀၇ ခုနှစ် သံဃာ့လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့အပြင် မိုးကုတ်မြို့ မုံအင်းမှာ ကျောက်မျက်အသင်းရုံးဆောက်တာနဲ့ ပတ်သက်ပြီး ကန့်ကွက်ရာမှာလည်း ဒေသခံတွေနဲ့အတူ ကန့်ကွက်ခဲ့တာဖြစ်ပါတယ်။

RFA

 dkba-620.jpg DKBA ကလို့ထူးဘော တပ်ဖွဲ့ဝင်တချို့ စစ်ရေးပြနေစဉ်

မွန်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်း အစိုးရဘက်က အဆက်မပြတ် လိုက်လံတိုက်ခိုက်နေမယ်ဆိုရင် အာရှလမ်းမကြီးဖွင့်ပွဲနေ့မှာ လက်တုန့်ပြန်ပစ်ခတ်မယ်လို့ ဒီမိုကရေစီအကျိုးပြုတပ်မတော် DKBA က ဗိုလ်မှူးကြီးစောဆန်းအောင်က RFA ကိုပြောပါတယ်။

အာရှလမ်းကြီးဖွင့်လှစ်ပွဲကို မူလက ဇူလိုင်လ ၂၀ရက်နေ့ဖွင့်လှစ်ဖို့ သတ်မှတ်ထားပေမယ့် အစိုးရတပ်တွေနဲ့ DKBA တပ်တွေ တိုက်ပွဲဖြစ်ပွားတာခဲ့တာကြောင့် ဖွင့်ပွဲကို ရက်ရွှေ့ဆိုင်းထားပြီး သြဂုတ်လအတွင်းမှ ဖွင့်လှစ်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

DKBA တပ်ဖွဲ့တွေဟာ အစိုးရတပ်တွေရဲ့တိုက်ခိုက်မူကြောင့် လမ်းနေရာက ရွှေ့ပေးခဲ့ပေမယ့် နောက်ကနေ လိုက်လံတိုက်ခိုက်တာခံနေရတယ်လို့ ဗိုလ်မှုးကြီးစောဆန်းအောင်က ပြောပါတယ်။ ဆက်ပြီးလိုက်လံတိုက်ခိုက်နေ ရင် လက်တုန့်ပြန်မှာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

"သူတို့က စစ်ဖြစ်အောင် ဖန်တီးနေတာတွေ့ရတယ်၊ ကျနော်တို့ကတော့ ကိုယ့်ကိုကိုယ် ခုခံကာကွယ်မယ်၊ ကိုယ့်ကိုယ်တိုက်ခိုက်ရင် ပြန်တုန့်ဖို့အသင့်ပါပဲ၊ ကျနော်တို့ KNU နဲ့လည်း ညှိနှိုင်းတယ်၊ ညှိနှိုင်းပေမယ့် နေ့စဉ် လက်နက်အင်အားတွေနဲ့ ပစ်ခတ်နေမယ်ဆိုရင် လမ်းဖွင့်ပွဲနေ့မှာ တုန့်ပြန်ပစ်သွားမယ်လို့ ဆုံးဖြတ်ချက်ရှိတယ်"

တိုက်ပွဲတွေ ရပ်ဖို့ KNU ကရင်အမျိုးသားအစည်းအရုံးက ညှိနှိုင်းပေးမယ်လို့ ဇူလိုင်လ ၁၅ရက်နေ့က ထုတ်ပြန်ကြေညာထားပါတယ်။ လက်ရှိမှာတော့ ကော့ကရိတ်နယ်အတွင်း တိုက်ပွဲတွေ ရပ်နေတာ ၂ရက်ရှိပြီလို့ ဆိုပါတယ်။ ဒါပေမဲ့ DKBA တပ်နောက်ကို အစိုးရတပ်တွေ ထပ်ခြပ်မကွာ လိုက်နေကြောင်း ပြီးခဲ့တဲ့ ရက်တွေက လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့ကြောင်း ဗိုလ်မှူးကြီးစောဆန်းအောင်က ပြောပါတယ်။

တိုက်ပွဲတွေဟာ ဇူလိုင်လ ၂ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး အာရှလမ်းသစ်ပေါ်မှာ တိုက်ပွဲအကြိမ် ၂၀ နဲ့ လမ်းဟောင်းမှာ ၁၉ ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ DKBA ဘက်က အလောင်းလေးလောင်းနဲ့ တပ်ဖွဲ့ဝင်သုံးဦး ဖမ်းဆီးရမိကြောင်း၊ တပ်မတော်ဘက်မှ အရာရှိ၊ စစ်သည်တချို့ ကျဆုံးကြောင်း တပ်မတော်ပိုင် မြဝတီ သတင်းဌာနက ဇူလိုင်လ ၁၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

RFA
http://www.rfa.org/burmese/news/government-army-attack-dkka-respon-07162015110437.html



မြန်မာနိုင်ငံ ရဲ့ ၀င်ငွေအကောင်းဆုံး အမျိုးသမီး စာရေးဆရာဟာ(ဒေါ်) အောင်ဆန်းစုကြည် ဖြစ်ပါတယ်။
-
သူမ ရေးသားထားတဲ့ စာအုပ်တွေဟာ ကမ္ဘာ့စာပေလောကမှာ
အကြိမ်ကြိမ် ထပ်မံပုံနှိပ်ထုတ်ဝေခဲ့ရတဲ့ စာအုပ်တွေဖြစ်ကြပါတယ်။
Letters from Burma (၅) ကြိမ်မြောက်
Freedom from Fear (၉) ကြိမ်မြောက်
The voice of Hope (၁၅) ကြိမ်မြောက် ထုတ်ဝေခဲ့ကြတာပါ။
-
ဒီစာရင်းဟာ Amazon.com လိုမျိုး၊ အွန်လိုင်းမှာ ရောင်းချတဲ့ အွန်လိုင်းဈေးကွက်မပါဝင်သေးပါဘူး။
-
ပြည်ပ Printed Media တွေဟာ တစ်ခါထုတ်ရင် အုပ်ရေ (၅) သောင်း ထုတ်လေ့ရှိကြပါတယ်။စာမူခကို ပထမဦးဆုံးအကြိမ် ဒေါ်လာ ၄,၀၀၀ မှ ဒေါ်လာ ၁၀,၀၀၀ ပတ်ဝန်းကျင် ပေးလေ့ရှိပြီး၊ စာအုပ်တစ်အုပ် ကို royalties ၁၀% ထပ်ပေးပါတယ်။ စာအုပ်ရဲ့တန်ဖိုးဟာ ဒေါ်လာ ၂၀ ဖြစ်မယ်ဆိုရင် တစ်အုပ်ရောင်းရတိုင်း ၂ ဒေါ်လာ ရရှိမှာပါ။
-
နမူနာ အနေနဲ့ တွက်ချက်ပြရမယ် ဆိုရင် ..
- Freedom from Fear
၂ ဒေါ်လာ x ၅၀,၀၀၀ အုပ်ရေ x ၉ ကြိမ် = ဒေါ်လာ ၉၀၀,၀၀၀
(၉ သိန်း)၀င်ငွေရှိပါတယ်။
-
(ဒေါ်) အောင်ဆန်းစုကြည် ဟာ စာအုပ်ရောင်းရတဲ့ ငွေတွေထဲ က
အများစုကို ပညာရေးရန်ပုံငွေအတွက် အသုံးပြုတယ် လို့ သိရပါတယ်။
-
ဇွန်လ ၁၉ ရက်၊ ၁၉၄၅ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ (ဒေါ်) အောင်ဆန်းစုကြည် ဟာ အသက် ၇၀ အရွယ်ရှိခဲ့ပြီဖြစ်ပြီး လက်ရှိမှာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါတယ်။
===========
Nine Nine

April MaungMaung

Eleven Media Group ၏ CEO လုပ်ကြံခံရမှုဖြစ်စဉ်မှ ကျူးလွန်သူနှစ်ဦး ဖမ်းမိစဉ်က ရဲတပ်ဖွဲ့မှ သတင်းများ အလျင်အမြန် ထုတ်ပြန်ခဲ့သော်လည်း နောက်ထပ် နာရီ ၃၀ ကျော်ကြာသည်ထိ ထပ်မံသတင်း ထုတ်ပြန်ခြင်း မရှိတော့ကြောင်း သိရသည်။

ဇူလိုင် ၁၄ ရက် ညနေ ၆ နာရီဝန်းကျင်တွင် ဖြစ်ပွားခဲ့သော အဆိုပါ လုပ်ကြံမှုဖြစ်စဉ်မှ ကျူးလွန်သူများ အသုံးပြုစီးနင်းခဲ့သည့် ယာဉ်နှင့် ယာဉ်မောင်းအား ဖမ်းမိမှုကို ယင်းည ၉ နာရီကျော်ခန့်တွင် လည်းကောင်း၊ ဇူလိုင် ၁၅ ရက် နံနက်အစောပိုင်းတွင် ကျူးလွန်မှု၌ ပါဝင်သူတစ်ဦးအား ထပ်မံဖမ်းဆီးရမိခြင်းအား ဇူလိုင် ၁၅ နံနက် ၉ နာရီခန့်နှင့် ပုဒ်မပြောင်းလဲခဲ့ခြင်းအား မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် လည်းကောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်များကို Yangon Police နှင့် ရဲဇာနည် Facebook စာမျက်နှာများတွင် ဖော်ပြခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဖမ်းမိထားသူ နှစ်ဦးအား ပုဒ်မ ၃၀၇ မှ ပုဒ်မ ၄၄၀ သို့ ပြောင်းလဲဖွင့်လှစ်ကြောင်း သတင်းထုတ်ပြန်မှုကိုလည်း ဇူလိုင် ၁၅ ရက် မွန်းလွဲ ၁၂ နာရီ ၂၆ မိနစ် အချိန်တွင် Yangon Police နှင့် ရဲဇာနည် Facebook တို့၌ သတင်းဖော်ပြခဲ့ပြီး နောက်ပိုင်း လက်ရှိအချိန်အထိ သတင်းထပ်မံ ထုတ်ပြန်ခဲ့ခြင်း မရှိကြောင်း သိရသည်။

“ကျွန်တော်တို့ CEO ကို လုပ်ကြံတဲ့ကိစ္စနဲ့ပတ်သက်ပြီး နှစ်ယောက်ဖမ်းမိပြီးနောက်ပိုင်း ခုထိ ဘာမှထပ်မထူးသေးတဲ့ အခြေအနေပါ။ ကျွန်တော်တို့ကို အမှုနဲ့ပတ်သက်တဲ့ အခြေအနေ သေသေချာချာ ဖြေကြားပေးမယ့်သူ မရှိတော့ဘူး။ သက်ဆိုင်ရာ ရဲတပ်ဖွဲ့တာဝန်ရှိသူတချို့ကို ဆက်သွယ်မေးမြန်းပေမယ့် အဆက်အသွယ် မရတာရယ်၊ အဆက်အသွယ် ရတဲ့သူတွေကလည်း အမှုစစ်ဆေးဆဲဖြစ်လို့ တိတိကျကျ မပြောနိုင်သေးဘူးလို့ပဲ ပြန်ပြောကြတယ်။ ဒါကြောင့် ဆက်လက်ဖော်ထုတ်နေတဲ့ အခြေအနေနဲ့ ရဲအမှုဖွင့်တဲ့ ပုဒ်မ အပြောင်းအလဲတွေကြောင့် အားမလို အားမရ ဖြစ်မိတာတော့ အမှန်ပါပဲ။ ဒီနေ့ထုတ် 7Day သတင်းစာမှာ ဒီအမှုကို သမ္မတရုံးက စိတ်ဝင်စားနေတယ်လို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောထားတာ ဖတ်ရတယ်။ ပြီးတော့ အစိုးရအပေါ် အထင်အမြင်လွဲစရာ ဖြစ်မှာစိုးလို့ လှမ်းမေးတာလို့လည်း သူကပြောထားတာ တွေ့ပါတယ်။ အဲဒီလို ပြောဆိုတာ 7Day မှာ ပါပြီးတဲ့နောက်ပိုင်း ရဲတပ်ဖွဲ့က ဘာမှထပ် မထုတ်ပြန်တော့ပါဘူး” ဟု The Daily Eleven သတင်းစာအယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောပါသည်။

Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင် ဇူလိုင် ၁၄ ရက်တွင် ကုန်းသီးဖြင့် ပစ်ခတ်လုပ်ကြံခံရသည့် သတင်းအား အခင်းဖြစ်ပြီး နောက်တစ်နေ့ ဇူလိုင် ၁၅ ရက်ထုတ် စံတော်ချိန် နေ့စဉ်သတင်းစာ၊ The Voice Daily သတင်းစာ၊ ပြည်မြန်မာသတင်းစာ၊ ပြည်ထောင်စုနေ့စဉ် သတင်းစာတို့မှ ရေးသားဖော်ပြခဲ့ကြသည်။ ယင်းနောက် တစ်ရက်ကျော်အကြာ ဇူလိုင် ၁၆ ရက်ထုတ် အစိုးရသတင်းစာများနှင့် 7Day Daily သတင်းစာတို့တွင် အဆိုပါ လုပ်ကြံမှုသတင်းအား ဖော်ပြခဲ့သည်။

“ဗဟန်းမြို့နယ်၌ ကိုယ်ပိုင်ယာဉ်တစ်စီးကို လေးခွ ကုန်းသီးဖြင့် ပစ်ခတ်ရာတွင် ပါဝင်ခဲ့သူများအား ဖမ်းဆီးရမိ ပြစ်မှုကျူးလွန်သူများအား တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိ” ဟူသည့် ခေါင်းစဉ်ဖြင့် ဇူလိုင် ၁၆ ရက်ထုတ် ကြေးမုံနေ့စဉ် သတင်းစာ၊ 7Day Daily တွင် “Eleven စီအီးအိုကို လုပ်ကြံသောအမှု သမ္မတရုံးက စိတ်ဝင်စား” ဟူသည့် ခေါင်းစဉ်တို့ဖြင့် သတင်းဖော်ပြခဲ့ခြင်းဖြစ်သည်။

ထို့ပြင် 7Day Daily သတင်းစာ၏ သတင်းဖော်ပြမှုတွင် အမှုပုဒ်မ ပြောင်းလဲဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ “---- ဗဟန်းမြို့မ ရဲတပ်ဖွဲ့မှူးက ဖြစ်စဉ်နှင့်ဆီလျော်သော ပုဒ်မကို တပ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည် ----“ ဟု လည်းကောင်း၊ “အကျိုးပျက်ဆီးမှုဖြစ်တဲ့ ပုဒ်မ ၄၄၀ ကို ဖြစ်စဉ်နဲ့ ကိုက်ညီအောင်ပေးလိုက်တာ။ ဖြစ်စဉ်နဲ့ မဆီလျော်လို့ တခြားပုဒ်မတွေကို မတပ်တော့ဘူး” ဟုလည်းကောင်း ဖော်ပြထားသည်။

ယင်းကဲ့သို့ ဖြေကြားမှုအပေါ် ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့မှူးထံ The Daily Eleven သတင်းစာက မေးမြန်းရာ “နောက်ဆုံးအခြေအနေကတော့ တရားခံတွေကိုစစ်ဆေးပါပဲ။ တရားခံကိုစစ်နေတဲ့ ကိစ္စကတော့ စစ်ဆေးဆဲကာလမှာ အကျယ်တ၀ံ့ ပြောလို့မရဘူးပေါ့။ ရဲလုပ်ငန်းမပြီးသေးလို့ ပြောလို့မရသေးပါဘူး။ အမှုပုဒ်မ ပြောင်းလိုက်တဲ့ ကိစ္စကလည်း ရာဇသတ်ကြီး ဥပဒေပုဒ်မထဲမှာ ပြဋ္ဌာန်းထားပါတယ်။ ကြည့်လို့ရရင် ကြည့်လိုက်ပါ။ ၃၀၇ ကလည်း အတိအလင်းပြပြီးသားပဲ။ ၄၄၀ ကလည်း အတိအလင်း ပြပြီးသားပဲ။ ဥပဒေနဲ့ အညီပဲလေ။ ဖြစ်စဉ်နဲ့ ကိုက်ညီတဲ့ပုဒ်မပါပဲ။ အဲဒီဖြစ်စဉ်နဲ့ ပုဒ်မနဲ့ ကိုက်ညီလို့ပေါ့” ဟု ဗဟန်း မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်ကြည်က ဇူလိုင် ၁၆ ရက် ညနေ ၄ နာရီခန့်တွင် ပြန်လည်ဖြေကြားသည်။

လုပ်ကြံမှုတွင် ပါဝင်ကျူးလွန်သူများနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က ထပ်မံသတင်းထုတ်ပြန်ခြင်း မပြုတော့သော်လည်း အွန်လိုင်းဝါဒဖြန့်ချိရေး စာမျက်နှာအချို့တွင် လုပ်ကြံမှုနှင့် ပတ်သက်၍ မဟုတ်မမှန် ရေးသားမှုများ ပြုလုပ်လာကြောင်း တွေ့ရှိရသည်။

“အမှုကျူးလွန်တဲ့ တရားခံတွေနဲ့ နောက်ကွယ်က ပတ်သက်သူတွေကို ဆက်လက်ဖော်ထုတ်နေဆဲ အခြေအနေမှာ ၀ါဒဖြန့်ချိရေး လုပ်ဆောင်တာတွေကို တွေ့လာရတယ်။ Myanmar Express အပါအ၀င် အာဏာရှင် လက်ကိုင်တုတ် ၀ါဒဖြန့်ချိရေးတွေ၊ အာဏာရှင်အားပေးတဲ့ ဂျာနယ်လစ်တချို့စတဲ့ ၀ါဒဖြန့်ချိရေး Facebook Account တွေမှာ လူမှုရေးအရ ဂုဏ်သိက္ခာချဖို့ ဇာတ်လမ်း၊ ဇာတ်ညွှန်းမျိုးစုံနဲ့ ထင်ယောင်ထင်မှားဖြစ်အောင် လုပ်လာကြတာကို တွေ့ရပါတယ်။ အခုဖြစ်စဉ်က လူသတ်ဖို့ ကြိုတင်အကွက်ချ စီမံတဲ့အပြင် လုပ်ကြံသူတွေနဲ့ ၀ါဒဖြန့်ချိသူတွေနောက်မှာ ကြိုးကိုင်သူတွေဟာ အတူတူပဲလို့တောင် သံသယဖြစ်စရာပါ။ ဒါ့အပြင် အခုလို မဟုတ်မမှန် ၀ါဒဖြန့်တာကိုပါ လုပ်လာတာဆိုတော့ နဂိုကတည်းက ဒါတွေအားလုံး စနစ်တကျ စီစဉ်ထားတယ်လို့ ပိုသုံးသပ်လို့ ရသွားပြီ။ တကယ်လို့ ဇူလိုင် ၁၄ ရက်က လုပ်ကြံမှုမှာ ကျွန်တော်တို့ CEO သေဆုံး၊ ဒါမှမဟုတ် ပြင်းထန်ဒဏ်ရာ ရခဲ့မယ်ဆိုရင် နောက်ဆက်တွဲအနေနဲ့ အသက်ကိုသာမက ဂုဏ်သိက္ခာကိုပါချဖို့ ကြိုပြင်ထားတဲ့ သဘောဖြစ်နေတယ်။ လုပ်ကြံမှုကြောင့် ဘာမှဖြစ် မသွားတဲ့အတွက် ဂုဏ်သိက္ခာ ကျဆင်းစေတာတွေ၊ ထင်ယောင်ထင်မှားဖြစ်အောင် သူတို့တွေ ဆက်လုပ်နေတဲ့ အနေအထားပါ။ ဒါကြောင့် CEO ဒေါက်တာသန်းထွဋ်အောင်ကို အသေသတ်ဖို့ လုပ်ကြံတဲ့သူတွေနဲ့ အခုလို ဂုဏ်သိက္ခာကျအောင် မဟုတ်မမှန် အပုပ်ချသူတွေဟာ အတူတူပဲ၊ ပတ်သက်ဆက်နွယ်သူတွေ ဖြစ်နိုင်တယ်လို့ ယူဆပါတယ်” ဟု The Daily Eleven သတင်းစာ အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောပါသည်။

ဇူလိုင် ၁၄ ရက်ဖြစ်စဉ်မှာ မသင်္ကာဖွယ်ရာ အခြေအနေ အများအပြား ရှိနေကြောင်း သိရသည်။ လူအများအပြား ရှိနေသော လူမြင်ကွင်းတွင် မှတ်ရလွယ်သည့် ကားနံပါတ်ဖြင့် (5D-3938) အခင်းဖြစ်မည့်နေရာ၌ အချိန်အတန်ကြာစောပြီး ရောက်ရှိနေကြောင်းလည်း သိရသည်။ ထို့ပြင် လုပ်ကြံမှုကျူးလွန်ရာတွင် ပါဝင်သူများအား ပတ်ဝန်းကျင်မှလူများ သတိထားမိနိုင်လောက်သည့် ပြုမူမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရှိရပါသည်။

“ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မသင်္ကာစရာတွေ၊ စဉ်းစားစရာတွေ ရှိနေပါတယ်။ ကျူးလွန်သူတွေဟာ သူတို့ရှိနေတဲ့ လူစည်ကားတဲ့ နေရာမှာ ပတ်ဝန်းကျင်က သတိပြုမိလောက်တဲ့ မှတ်မိလွယ်တဲ့ ပြုမူမှုတွေ လုပ်ခဲ့ကြတယ်လို့ သိရတယ်။ ပြီးတော့ သူတို့ကားနဲ့ ထွက်ပြေးသွားချိန်မှာလည်း တခြားလမ်းတွေက သွားလို့ရတဲ့ အနေအထား ရှိပေမယ့် မီးပွိုင့်ရှိတဲ့ ဗိုလ်စိန်မှန်လမ်းဘက်အထိ သွားခဲ့တယ်လို့ သိရပါတယ်။ ကျွန်တော်တို့ အထင်တော့ CEO အပြန်လမ်းအဖြစ် အသုံးပြုနိုင်တဲ့ အဲဒီ ဗိုလ်စိန်မှန်လမ်းဘက်မှာ ကျူးလွန်မှုမှာ ပါဝင်ပတ်သက်တဲ့လူတွေ ရှိနေနိုင်သေးလို့ အဲဒီလမ်းကို သွားခဲ့တာလို့ ယူဆပါတယ်။ ညနေ ၆ နာရီ ၀န်းကျင်မှာဖြစ်တဲ့ လုပ်ကြံမှုကို ကျွန်တော်တို့ EMG Facebook မှာ ချက်ချင်းတင်ခဲ့တယ်။ ကျူးလွန်သူတွေ စီးသွားတာ ဘယ်ကားနံပါတ် ဆိုတာလည်း ဖော်ပြခဲ့တယ်။ အချိန်သိပ်မကြာခင်မှာပဲ အဲဒီ Taxi နဲ့ ယာဉ်မောင်းကို အလွယ်တကူ ဖမ်းမိခဲ့တယ်။ ပြီးတော့ ကျူးလွန်သူထဲမှာပါတဲ့ ကားပေါ်ကနေ စေခိုင်းသူဆိုသူကို ရဲကထပ်ဖမ်းမိတယ်။ ဒါပေမဲ့ ဒီနှစ်ယောက်မိပြီး နောက်ပိုင်းမှာ ကျန်တဲ့အခြေအနေတွေ ဘာမှထပ်ပြီး တိတိကျကျ မသိရတော့ဘူး။ လုပ်ကြံမှုမှာ ပါဝင်သူတွေ၊ နောက်ကွယ်က စေခိုင်းသူတွေအားလုံးကို ဖော်ထုတ်ဖမ်းဆီး အရေးယူမှု မလုပ်နိုင်ခင်မှာ Eleven Media Group CEO ဒေါက်တာသန်းထွဋ်အောင်နဲ့ သူ့မိသားစုဝင်တွေရဲ့ လုံခြုံရေး၊ ကျွန်တော်တို့ EMG ရဲ့ လုံခြုံရေး အခြေအနေကိုတော့ စိုးရိမ်မိပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီလုပ်ကြံမှုမှာ ပါဝင်ပတ်သက်သူတွေနဲ့ ဆက်စပ်တဲ့ အချက်အလက်တွေ၊ အထောက်အထားတွေကိုလည်း ပြည်သူလူထု အကူအညီနဲ့ ဆက်လက်ဖော်ထုတ် သွားပါမယ်။ ပြည်သူကို အသိပေးသွားပါမယ်။ လူ့အသက်ကို ရန်ရှာတဲ့ လုပ်ကြံမှုကိုသာမက ဂုဏ်သိက္ခာချဖို့ပါ ထပ်ပြီးဝါဒဖြန့်လာတဲ့ ဘယ်သူ့ကိုမဆို ဥပဒေကြောင်းအရ ရင်ဆိုင်တုံ့ပြန် သွားပါမယ်” ဟု The Daily Eleven သတင်းစာ အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောပါသည်။

ဇူလိုင် ၁၄ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့သော ဖြစ်စဉ်နှင့်ပတ်သက်၍ “လူများစွာ အသုံးပြုပြီး ကြိုတင်စောင့်ဆိုင်း ကြံစည်တာ ဖြစ်နိုင်ပါတယ်။ ရုံးကအပြန်မှာ သွားမယ့်လမ်း နှစ်လမ်းလောက်ပဲ ရှိတဲ့နေရာမှာ စောင့်ဆိုင်းပြီးတော့ အထွက်မှာ တစ်ယောက်က သတင်းပို့ပြီး ကျန်တဲ့သူတွေက စောင့်ဆိုင်းလုပ်ကြံကြတာပါ။ လုပ်ကြံတဲ့ သူတွေထဲမှာ အသက် ၂၅ နှစ်နဲ့ ၃၀ ကျော် ၀န်းကျင်တွေပါနေတယ်။ အခုလိုမျိုး လုပ်ကြံတာတွေက ကျွန်တော်တို့ Eleven Media Group ရဲ့ ရပ်တည်ချက်နှင့် လုပ်ဆောင်ချက်တွေကို ဘယ်လိုမှ တားဆီးနိုင်မှာ မဟုတ်ပါဘူး။ ပြည်သူလူထု လိုလားတဲ့ နိုင်ငံ့အပြောင်းအလဲကိုလည်း ဘာမှအန္တရာယ် ပြုနိုင်မယ် မထင်ဘူး။ ကျွန်တော့်အတွက်လည်း ဘာမှစိုးရိမ်တာ မဖြစ်ပါဘူး။ တစ်ခုပါပဲ။ ဒါဟာ နိုင်ငံရေး လုပ်ကြံအကြမ်းဖက်မှု ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက် ကျွန်တော် အရမ်းစိုးရိမ်တယ်။ နိုင်ငံရေး အကြမ်းဖက်မှုတွေ ရှိလာရင်တော့ မကောင်းဘူး” ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားထားသည်။

Eleven Media Group

 military-representatives-620.jpg တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကို ဇူလိုင်လ ၁ ရက်နေ့က လွှတ်တော်အစည်းအဝေးမှာ တွေ့ရစဉ်

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကို တာဝန်ကနေ ပြန်လည်ရုပ်သိမ်းဖို့ ပြဌာန်းချက်အပေါ် ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့အကြား သဘောထားကွဲလွဲနေကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေ ကြမ်းကော်မတီက ဒီနေ့ အစီရင်ခံစာ တင်သွင်းရာမှာ ပြောကြားခဲ့ပါတယ်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို တာဝန်ကနေ ရုပ်သိမ်းပေးဖို့ နိုင်ငံသားတစ်ဦးက တိုင်ကြားရင် စစ်ဆေးရမှာဖြစ်ကြောင်း ပြည်သူ့လွှတ်တော်က တင်ပြထားပေမယ့် အမျိုးသားလွှတ်တော်က နိုင်ငံသားတစ်ဦးဟာ မဲဆန္ဒရှင် ၁၀ ဦးရဲ့ လက်မှတ်နဲ့ တိုင်ကြားရမယ်လို့ သဘောထားပေးထားတယ်လို့ ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ပြည်ထောင်စုလွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

"ပြည်သူ့လွှတ်တော်က တာဝန်ကပြန်လည်ရုပ်သိမ်းလိုသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်နဲ့ ပတ်သက်တဲ့ တိုင်တန်းချက်ကို နိုင်ငံသားတစ်ဦးဦးကလည်းကောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ တင်သွင်းရမည်လို့ အတည်ပြုထားပြီး၊ အမျိုးသားလွှတ်တော်က တာဝန်ကပြန်လည်ရုပ်သိမ်းလိုသော တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ်နဲ့ ပတ်သက်တဲ့ တိုင်တန်းချက်ကို နိုင်ငံသားတစ်ဦးဦးက ခိုင်လုံသောသက်သေ အနည်းဆုံး ၁ဝ ဦးရဲ့ လက်မှတ်ရေးထိုးထောက်ခံချက်ကို ပူးတွဲပြီးလည်းကောင်း ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ကို တင်သွင်းရမည်"

တစ်ချိန်တည်းမှာလည်း ရွေးကောက်တင်မြှောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို တိုင်တန်းချင်ရင် မဲဆန္ဒရှင်တွေရဲ့ ၁ ရာခိုင်နှုန်းရဲ့ လက်မှတ်နဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားရမှာဖြစ်တယ် ဆိုတဲ့ ပြဌာန်းချက်ကိုတော့ လွှတ်တော်နှစ်ရပ်က သဘောတူကြပါတယ်။ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကနေ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းဟာ လွှတ်တော်ထံ ရောက်ရှိနေတာ ၃နှစ်နီးပါးရှိနေပြီးဖြစ်ပြီး အတည်ပြုနိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တာဝန်ကနေ ရုပ်သိမ်းပေးဖို့အတွက် မဲဆန္ဒရှင် တစ်ရာခိုင်နှုန်းက တိုင်ကြားလာရင် အရပ်သားလွှတ်တော်ကိုယ်စားလှယ်တွေကို စတင်စစ်ဆေးရမှာဖြစ်တယ်ဆိုတဲ့ ပြဌာန်းချက်ဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ ပါတဲ့အချက်ဖြစ်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေးပါတီက အဲဒီပြဌာန်းချက်ကို ပယ်ဖျက်လိုတာဖြစ်ပါတယ်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကတော့ အဲဒီပြဌာန်းချက်ကို ဆက်လက်ထားရှိစေချင်သလို အင်န်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်တွေက မဲဆန္ဒရှင် ၂၀ ရာခိုင်နှုန်းဆိုတဲ့ အရေအတွက်ကို ပြင်ဆင်လို တာဖြစ်ကြောင်း ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးမူကြမ်းကို ဆွေးနွေးရာမှာ ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။

RFA
http://www.rfa.org/burmese/news/military-mps-parliament-07162015100642.html

သာယာဝတီမြို့နယ် တရားရုံးကို တွေ့ရစဉ် Photo: Kyaw Zaw Win/RFA
 သာယာဝတီ အကျဉ်းထောင်မှာ ထောင်အတွင်း ယူဆောင်ခွင့် တားမြစ်ထားတဲ့ ဆေးလိပ်နဲ့ ကွမ်းယာတွေ သယ်ဆောင်မှုနဲ့ ကျောင်းသားနဲ့ ဝန်းရံသူ ၇ ဦးကို တားမြစ်ပစ္စည်းသွင်းယူမှု ပုဒ်မ ၄၂နဲ့ သာယာဝတီမြို့နယ် တရားရုံးမှာ ဒီနေ့ တရားစွဲလိုက်ပါတယ်။

သာယာဝတီအကျဉ်းထောင်အရာရှိက တိုင်ကြားတဲ့အမှုဖြစ်ပြီး အဲဒီ ပုဒ်မ ၄၂ အရ ပြစ်မှုထင်ရှားရင် ဒဏ်ငွေ ၂ဝဝ သို့မဟုတ် ထောင်ဒဏ် ၆လ အထိ ကျခံရနိုင်တယ်လို့ ဖမ်းဆီးခံထားရသူတွေကို ကူညီပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးလှမျိုးမြင့်က ပြောပါတယ်။

"အင်္ဂလိပ်လက်ထက်က ပြဌာန်းတဲ့ဥပဒေ ပုဒ်မ ၄၂ တားမြစ်ထားတဲ့ပစ္စည်းကို အကျဉ်းထောင်ထဲကို သွင်းလာတဲ့ အတွက်ကြောင့် အကျဉ်းဦးစီးဌာနက အရာရှိကနေပြီးတော့ တရားလိုလုပ်ပြီးတော့ တရားစွဲခြင်းဖြစ်တယ်၊ ၆ လအထိ အပြစ်ဒဏ်ချနိုင်တယ်၊ ဒဏ်ငွေ ၂ဝဝ ချနိုင်တယ်၊ နှစ်ရပ်စလုံးလည်းချနိုင်တယ်၊ တစ်ရပ်ထဲလည်း ချနိုင်တယ်"

ပြီးခဲ့တဲ့ ဇွန်လ ၃ဝရက်နေ့က တရားရုံးချိန်းအပြန်မှာ ထောင်ဝန်ထမ်းတွေက စစ်ဆေးတဲ့အခါ ဆေးလိပ်နဲ့ ကွမ်းယာတွေ ယူဆောင်လာတဲ့ ကျောင်းသားနဲ့ ဝန်းရံသူ ၇ ဦးကို တွေ့ရှိခဲ့ရာ ဇူလိုင်လ ၁၃ရက်နေ့အထိ တိုက်ပိတ်ပြစ်ဒဏ်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

ကိုအောင်မြင့်ဟန်၊ ကိုရန်ပိုင်စိုး၊ ကိုသန်းထိုက်၊ ကိုခန့်အောင်၊ ကိုကျော်စွာလင်း၊ ကိုကျော်ကျော်ထွန်းနဲ့ ကိုဟိန်းဇော်လင်းတို့ဟာ ၁၄ရက်ကြာ တိုက်ပိတ်ခံခဲ့ရတဲ့အပြင် တားမြစ်ပစ္စည်းသွင်းယူမှု ပုဒ်မ ၄၂နဲ့ တရားစွဲခံရတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

 ကချင်ပြည်နယ်အတွင်းမှာ အစိုးရတပ်သားတချို့ ကင်းလှည့်နေစဉ် Photo: Kyaw Myo Min/ RFA
 ကချင်ပြည်နယ် ပူတာအိုခရိုင် ဆွမ်ပရာဘွမ်မြို့နယ်မှာ အစိုးရတပ်မတော်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် KIA တပ်မဟာ ၁ လက်အောက်ခံ တပ်ရင်း ၇ တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတစ်ထောင်ကျော်လောက် ထွက်ပြေး တိမ်းရှောင် နေကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်နေ့ကစပြီး ဒီနေ့အထိ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ကျေးရွာ ၅ရွာလောက်က ဒေသခံတွေဟာ မလိခမြစ်အရှေ့ဘက်ကမ်းကို ထွက်ပြေးသွားကြတယ်လို့ မြစ်ကြီးနားမြို့အခြေစိုက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ဝင် ဦးဆန်းအောင်က ပြောပါတယ်။

"တိုက်ပွဲဖြစ်နေတာ တစ်ပတ်ကျော်လောက်ရှိပြီ၊ လေယာဉ်တွေနဲ့လည်း တိုက်တယ်၊ နောက်ဆုံးအခြေအနေကတော့ ရွာသားတွေတော်တော်များများ လွတ်ရာကိုထွက်ပြေးရတယ်၊ အဲ့မှာကေအိုင်ကေဘက်က အုပ်ချုပ်ရေးပိုင်းကလူတွေက ကယ်ဆယ်ထားတယ်"

အစိုးရတပ်မတော်ဘက်က ခလရ ၂၉၊ ခလရ ၁၃၇၊ ခလရ ၁၃၈ စတဲ့ တပ်ရင်းတွေနဲ့ ကေအိုင်အေတပ်ရင်း ၇ ဟာ မလိခမြစ် အနောက်ဘက်ကမ်းမှာ တိုက်ပွဲတွေဖြစ်နေတာ မှန်ကန်ကြောင်း ကချင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနရုံးက တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောပါတယ်။ တိုက်ပွဲအတွင်း ကေအိုင်အေရှေ့တန်းစခန်း ၂ ခု ဆုတ်ခွာပေးလိုက်ရတယ်လို့လည်း သိရပါတယ်။ ဆွမ်ပရာဘွမ်မြို့နယ်မှာ လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေကြတဲ့ ဒေသခံတွေကို ကူညီပေးဖို့အတွက် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က စီစဉ်နေပါတယ်။

RFA Burmese
http://www.rfa.org/burmese


ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့ တွဲဖတ် တရားရုံး တွင် ၁၆ ၇ ၂၀၁၅ ရက်နေ့ တွင် အကျဉ်းထောင် အတွင်းသို့ ကန့်သတ်ပစ္စည်း တင်သွင်း မှုဖြင့် တရားစွဲဆို ခံရသူ ( ၇ )ဦး ကို စတင် ရုံထုတ်ခဲ့ အကျဉ်းထောင်အတွင်းသို့ ကန့်သတ်ပစ္စည်း တင်သွင်း မှုဖြင့် တရားစွဲဆို ခံရသူ ( ၇ )ဦး ကို စတင် ရုံထုတ်ခဲ့သည် ။

တွဖတ်တရားသူကြီး ဦးစိုးလင်းအောင် ၏ ရုံးခန်းတွင် စတင်စစ်ဆေးရာ တစ်ဦးခြင်းစီ အမည် များမေးမြန်းပြီး အကျဉ်ထောင်အတွင်းကန့်သတ်ပစ္စည်း တင်သွင်းမှုဖြင့် အကျဉ်းဦစီးဌာန မှ ကြီးကြပ်ရေးမှူး နန်းအောင်ကျော် မှ သာယာဝတီမြို့မ ရဲစခန်း သို့ ထောင်တွင်း ဥပဒေ ( ၄၂ ) ဖြင့် အရေးယူ ပေးပါရန် တိုင်ကြာခဲ့၏ ။

ယင်းတိုင်ကြားစာကို ဒု /ရဲအုပ် အုန်းခိုင် ပ / ၁၅၂ / ၂၀၁၅ ထောင်တွင်း ဥပဒေ ၄၂ ဖြင့် တရားစွဲဆိုရန် တရားရုံး သို့ တင်ပို့ သောအမှုဖြစ်တယ် ။တရားသူကြီး ဦးစိုးလင်းအောင် မှ ပြစ်တင် စွဲဆိုခံရသူ ကိုအပြစ် ရှိပါသလား ဟုတစ်ဦး ခြင်းစီမေးမြန်းရာ အပြစ်မရှိကြောင်း တညီတညွတ် တည်း ပြန်လည်ပြောကြားခဲ့တယ် ။ထို့နောက် ထောင်တွင်း ဥပဒေ ( ၄၂ )သည် အမြင့်ဆုံးထောင်ဒဏ် ( ၆ )လ ကျခံနိုင်ဟု ပြောကြားခဲ့ပြီး ။ပြန်လည်ချေပပြောဆိုပါ က ၂၃ ၇ ၂၀၁၅ ရက်နေ့ကိုထပ်မံချိန်းဆိုလိုက်သည် ။

ထို့နောက် တရားစွဲဆိုခံရသူ ကိုအောင်မြင့်ဟန် တွေ့ဆုံမေးမြန်ရာတွင် အောက်ပါအတိုင်းပြောဆိုခဲ့ပါတယ် ။
ကန့်သတ်ပစ္စည်း တင်သွင်းမှုဖြင့် ထောင်ထဲတွင် ( ၁၅ )ရက် တိုက်ပိတ်ပြီး ထောင် ဝင်စာ တွေ့ဆုံ မှုကိုပိတ်ပင်ခံရတယ် ။ယခုလိုတရားစွဲမှုသည်လည်း အပြစ် တစ်ခုကို ပြစ်ဒဏ် နှစ်ခု ကျခံနေတာဖြစ်တယ်။

ထောင်လက်စွဲ မှာ အကျဉ်းသားတစ်ဦးလျှင် ဆေးလိပ် လိုအပ်ပါက တစ်နေ့ကို သုံးလိပ်တင်သွင်းခွင့်ရှိတယ် ။သာယာဝတီထောင်ရောက်ပြီးတစ်လ လောက်တွင် ထောင်ပိုင်နှင့် နားလည်မှုယူ ထားတာဖြစ်တယ် ဆေးလိပ်ကိုတော့ပေါ်ပေါ်ထင်ထင် မသယ်နဲ့ သူနားလည်မှုပေးမယ် တွေ့ရင်တော့ ပြန်အပ်ပါ သောက်တဲ့အခါလဲ ပုန်းလျှိုးကွယ်လျှိုး သောက်ပါ လို့ပြောတယ် ။

ကိုအောင်မြင့်ဟန် ကို တစ်ခါမိ ပါတယ် Main Jail ထဲခေါ်ပြီး ပြောတယ် အရေးယူ ဖို့ပြောတာမဟုတ်ဘူး လို့ထောင်ပိုင်ကိုယ်တိုင် ပြောပြီး မှ အခုလိုအရေးယူလိုက်ခြင်းဖြစ်တယ် ။ထောင်ဝင်စာတွေပိတ်တယ် ၊ ယုတ်မာပြီးတရားစွဲတယ် ပြောခြင်တာက ထောင်ပိုင် ကတိပျက်တယ် ၊ တာဝန်ကြီးယူပြီး ယူထားတဲ့ လူတစ်ယောက် ကိုယ့်စကား ကိုယ်မတည်ဘူး ပြောဆိုသွားတယ် ။

ဆက်လတ်၍ မေးမြန်းရာ လူအခွင့်အရေးကော်မရှင် လာရောက်တွေ့ဆုံမှုကိုမေးမြန်းရာ

လူအခွင့်အရေးကော်မရှင် ကို မယုံကြည်ဘူး ၊ အားကိုးလို့တဲ့အဖွဲ့ လည်းမဟုတ်ဘူး ။

ဥပမာ ပြောရရင် ကျောင်းသားခေါင်းဆောင် ကိုသက်ပိုင်ထွန်း ကို မေးမြန်တာ လူအခွင့်အရေး ချိုးဖေါက်တယ်ဆိုတာဘယ်လိုတုန်း ကန့်လန့်မေးခွန်း တွေမေးတယ် ။လူအခွင့်အရေးလုပ်နေတဲ့ အဖွဲ့ က မေးရမဲ့မေးခွန်းမဟုတ်ဘူး နားမလည်ရင်တောင်မှ သူတို့ကိုယ်တိုင် ဒါဟာ လူအခွင့်အရေး ချိုးဖေါက်ခံနေရတယ် ၊ ငါတို့ဘယ်လို လုပ်ပေးရမယ် ဆိုတာ ဆိုတဲ့ ပြောရမဲ့မေးခွန်း ကို သူတို့ကိုယ်တိုင် က ကန့်လန့်မေးခွန်း တွေမေးတယ် လူအခွင့်အရေးမှာလုပ်နေတဲ့ လူတွေ ကိုယ်တိုင် နားမလည်တဲ့လူတွေကို နားလင်္ညအောင် ရှင်းပြဖို့မလုပ်ဘူး ။
ထောင်လက်စွဲဥပဒေ ပင်မ ဥပဒေ ကိုတော့ လွှမ်းမိုး လို့မရဘူး ။

ဆက်လတ်မေးမြန်ရာ

၁၄ ၇ ၂၀၁၅ ရက်နေ့ ညနေ. ကျောင်းသားများ နှင့်ဝိုင်းရံပြည်သူ ရုံးထုတ်အပြန်တွင် လူအခွင့်အရေးကော်မရှင်နဲ့ တွေ့ခဲ့သလားဟု မေးမြန်ရာ

လူအခွင့်အရေးကော်မရှင် အဖွဲ့ ကို အားကိုးလို့မရဘူး ဒါကြောင့် ကျောင်းသားခေါင်းဆောင် မင်းသွေးသစ် တို့က သွားရောက်တွေ့ဆုံခြင်းမရှိဘူး လို့ ကိုအောင်မြင့်ဟန် မှထပ်လောင်းပြောကြားခဲ့တယ်။

အောင်အောင် - သုံးဆယ်
The Street View
https://www.facebook.com/pages/The-Street-View


 ဇူလိုင် ၁၆ရက်၊ ၂၀၁၅ခုနှစ်။

 ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် အာရှလမ်းမကြီးအနီး၌် ပြီးခဲ့သည့် ဇူလိုင် ၂ရက်နေ့မှ လက်ရှိအချိန်ထိ ဖြစ်ပွားလျှက်ရှိသော ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်(ဒီကေဘီအေ)နှင့် အစိုးရစစ်တပ်တို့  တိုက်ပွဲများကြောင့် ယခုအချိန်ထိ နယ်မြေမတည် ငြိမ်သေးသည့်အတွက် ဒေသခံ ၁,၀၀၀ကျော်ခန့်မှာ နေအိမ်စွန့်၍ စစ်ဘေးရှောင်နေရသည်ဟု ဒေသခံများက ကေအိုင်စီသို့ ယမန်နေ့က ပြောသည်။

တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ခဲ့ရသူများမှာ ဒီကေဘီအေ တပ်စွဲထားသည့်နေရာအနီးရှိ ကော့ကရိတ်မြို့နယ် ကောင်းမှုကျေး ရွာ၊ စော်ဟဲကျေးရွာနှင့် သစ်ဝါးကျေးရွာများမှဖြစ်ကြပြီး ရွာလုံးကျွတ် တိမ်းရှောင်နေရသည်ဟု ကောင်းမှုကျေးရွာဥက္ကဋ္ဌ စောဒီ ကောင်ကူက ကေအိုင်စီသို့ ပြောသည်။

“အခု ကျနော်တို့ရွာက တစ်ရွာလုံးထွက်ပြေးရတယ်။ ရွာမှာလည်း ဒီကေဘီအေတွေ ရှိတယ်။ အခု ဘယ်သူမှ မနေရဲတော့ဘူး။ အိမ်က ထွက်လာတာ ဘာမှယူလို့မရဘူး။ ရွာမှာ ကျွဲနွားတွေလည်း ရှိသေးတယ်။ ပြန်ယူဖို့ကို အစိုးရစစ်တပ်က မပေးပြန်ဘူး။ ပြန်လည်း မရဲသေးဘူး။ ကျနော်တို့ အရမ်းဒုက္ခရောက်နေတယ်”ဟု စောဒီကောင်ကူက ပြောသည်။

ထို့အပြင် စစ်ဘေးတိမ်းရှောင်နေရသည့် ပြည်သူများကို လက်ရှိအချိန်ထိ ထောက်ပံ့မှု အနည်းငယ်သာရရှိပြီး စားဝတ်နေရေး အခက်အခဲရှိသည့်အပြင် ကလေးများ၏ ပညာရေးအတွက်လည်း ထိခိုက်လာသည်ဟု ကော့ကရိတ်မြို့နယ်၊ လှိုင်းစိမ်းကျေးရွာ၊ မိကျောင်းကုန်းဘုန်းကြီးကျောင်းမှ ဆရာတော်ဦးစန္တိမာက ကေအိုင်စီသို့ မိန့်ကြားသည်။

အဆိုပါ စစ်ပြေးရှောင်ပြည်သူများသည် ကော့ကရိတ်မြို့နယ်၊ လှိုင်းစိမ်းကျေးရွာ၊ မိဖာလဲကျေးရွာ၊ ရန်ကုတ်ကျေးရွာနှင့် နို့ကြောင် ကျေးရွာတို့အပြင် ကော့ကရိတ်မြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများ၌ လာရောက်ခိုလှုံနေကြသကဲ့သို့ အချို့က နီးစပ်ရာကျေးရွာများမှ ဆွေမျိုးအိမ်များသို့ သွားရောက်ခိုလှုံရသူများလည်းရှိသည်ဟု ကောင်းမှုကျေးရွာဥက္ကဌ စောဒီကောင်ကူက ဆက်ပြောသည်။ ၎င်း အပြင် စစ်ဘေးရှောင်ပြည်သူများကို ကော့ကရိတ်မြို့ပေါ်ရှိ ရပ်မိရပ်ဖ အလှူရှင်များက အလျင်းသင့်သလို သွားရောက်ကူညီမှုရှိ သော်လည်း လောက်ငှမှုမရှိကြောင်း သိရသည်။

ယခုလို တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေရခြင်းမှာ နယ်ခြားစောင့်တပ်-BGF က ဒီကေဘီအေ ထိန်းချုပ်နယ်မြေများကို လိုက် လံရှင်းလင်းနေသည့်အတွက် ပစ်ခတ်မှုများ ရှိနေရခြင်းဖြစ်ကြောင်း ဒီကေဘီအေမှ ဗိုလ်မှူးစောဆန်းအောင်က ဇူလိုင်လ ၁၄ရက် နေ့တွင် ကေအိုင်စီသို့ ပြောသည်။

“သူတို့(အစိုးရစစ်တပ်)က လက်နက်ကြီးနဲ့ စပစ်တယ်။ ပစ်ပြီး တက်လာတယ်။ အဲလိုတက်လာတော့ ကျနော်တို့တပ်နဲ့ ထိပ် တိုက်တွေ့တော့ ပစ်ခတ်မှုဖြစ်တယ်။ ဒါပေမယ့် ဘယ်တပ်က ပစ်တာလဲတော့ မသိဘူး။ အခုပြန်ဖြစ်တဲ့ တိုက်ပွဲမှာ ကျနော်တို့ ဘက်က ထိခိုက်မှု မရှိဘူး”ဟု စောဆန်းအောင်က ဆိုသည်။

ဒီကေဘီအေနှင့် အစိုးရတို့တိုက်ပွဲများ ဖြစ်ပွားနေမှုကို ရပ်တန့်ပေးရန် ရန်ကုန်မြို့၌ ဇူလိုင်လ ၂ရက်မှ ၄ရက်နေ့အထိ ပြုလုပ် သည့် ကရင်အမျိုးသားအကြိုညီလာခံတွင် တောင်းဆိုခဲ့သလို ပြီးခဲ့သည့် ဇူလိုင်လ ၇ရက်နေ့တွင် ဖားအံမြို့၌ ပြည်နယ်အတွင်းရှိ ကရင့်တော်လှန်ရေးလက်နက်ကိုင်အဖွဲ့စုံနှင့် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဆောင်သည့် အစိုးရကိုယ်စားလှယ်များ ဆွေးနွေးခဲ့ သော်လည်း လက်ရှိအချိန်ထိ ပစ်ခတ်မှုများ ရှိနေဆဲဖြစ်သည်။

“ဒီနေ့မနက် ၉နာရီအချိန်မှာ ကျုံဒိုးမြို့က (၅၄၇)တပ်က ၉တိုင်မှာ နေရာသွားယူတယ်။ အဲဒီက လူထုတွေကိုတော့ နေရာရွှေ့ခိုင်း တယ်။ လူထုတွေက ၅တိုင် တောင်ပြဘုန်းကြီးကျောင်းမှာ အခု သွားနေနေရတယ်။”ဟု ကော့ကရိတ်မြို့နယ်တောင်ပိုင်းမှ နယ်ခံ တစ်ဦးက ကေအိုင်စီသို့ ယနေ့ ပြောဆိုသည်။

ကရင်ပြည်နယ် မြ၀တီ-ကော့ကရိတ်ကားလမ်းဟောင်းနှင့် အာရှလမ်းသစ်တို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် တပ်မတော် နှင့် နယ်ခြားစောင့်တပ်-BGF တို့ ပူးပေါင်းပြီး နယ်မြေရှင်းလင်းခဲ့ရာ ကားလမ်းဟောင်းပေါ်တွင် ၁၉ကြိမ်နှင့် အာရှလမ်းသစ်ပေါ် တွင် အကြိမ် ၂၀ခန့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဇူလိုင် ၁၂ရက်နေ့တွင် အစိုးရမီဒီယာက ထုတ်ပြန်ကြေညာခဲ့သည်။

ကေအိုင်စီ - KIC News
နန်းဝေဖြိုးဇာ၊ စအိုင်စူး
http://kicnews.org

ဓါတ်ပုံ- ရဲတပ်သားထံမှ ဖမ်းမိ မူးယစ်ဆေးနှင့်ငွေသားတချို့
ဂျူလိုင်လ ၁၆ ရက် ၂၀၁၅

 သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်းရှိ မုံးစီးဒေသတွင် ဒေသ တွင်းသျှမ်းလူငယ် နှင့် ဒေသခံလူထုတို့ပူးပေါင်းကာ ကိုယ့်အားကိုယ်ကိုး မူးယစ်ဆေးဝါး ရှင်းလင်းရေး ပြုလုပ် ရာ အစိုးရ၏ ပြည်သူ့ရဲ တပ်ဖွဲ့မှရဲ တပ်သား တဦးကိုပါ မူးယစ်ဆေးနှင့်အတူဖမ်းဆီးရမိခဲ့ ကြောင်းသိရသည်။

မူးယစ်ဆေးဝါးရှင်းလင်းရေးအား ဂျူလိုင်လ ၂ ရက်မှ ၁၃ ရက်နေ့အထိ မုံးစီးဒေသတွင် ပြုလုပ်ခဲ့ပါသည်။

“မုံးစီး ရဲစခန်းက ရဲတပ်သား မျိုးနိုင်ဦး အသက် ၂၅ နှစ်ကို မူးယစ်ဆေးဝါး လက်ဝယ်ဖမ်းမိ တယ်။ ဘိန်းဖြူ ယာဘတွေအများအပြားနဲ့ မြန်မာကျပ်ငွေ ၁၄ သိန်းပါ။ ၂ ရက်နေ့ ညနေ ၅ နာရီခွဲမှာ ဖမ်းမိတာပါ” ဟု မုံးစီးလူငယ် တဦးကပြောသည်။

အဆိုပါရဲတပ်သားအပြင် ဦးလုံရှီ(တရုတ်လူမျိုး) ၊ ဒေါ်ရှောက်ဟွမ် (တရုတ် လူမျိုး) ၊ မောင်လိ ကျင်းအန်း (တရုတ်လူမျိုး) ၊ ဦးပရာနန် (ကချင်လူမျိုး) ၊ အိုက်ဆမ်( တအာင်း လူမျိုး) တို့ထံမှလည်း ဘိန်းဖြူနှင့် ယာဘ များဖမ်းဆီးရမိခဲ့သည်ဟု ဆိုပါသည်။

ဖမ်းမိမူးယစ်ဆေး ရောင်းဝယ်သူတို့အား မုံးစီးရဲစခန်းတွင်အပ်နှံထားကြောင်း သိရသည်။

ကွတ်ခိုင်မြို့နယ် မုံးစီးဒေသတွင် အစိုးရတပ်အပြင် ကချင်တပ်၊ တအာန်း တပ်ဖွဲ့၊ မုံးစီးပြည် သူ့စစ်တပ်ဖွဲ့တို့လှုပ်ရှားပါသည်။

သမ္မတဦးသိန်းစိန်က မူးယစ်ဆေးဝါး အမှန်တကယ်ပပျောက်ရေး အတွက် တိုးမြင့်လုပ် ဆောင်သော်လည်း ဘိန်းဖြူ ယာဘ အစရှိ မူးယစ်ဆေးများ ထုတ်လုပ်ရောင်းဝယ်ဖောက် ကားမှုမှာ အဆမတန်များပြားလာသည့်အပြင် တာဝန်ရှိသူတချို့ကိုယ်တိုင် ပါဝင် ပတ်သက် နေသည်။

ဂျန္နဝါရီ ၂၃ ရက် ၂၀၁၅ ကလည်း ဒေသခံတဦးနှင့် အတူ မူးယစ်ဆေးဝါးေ ရာင်း ဝယ်နေ သည့် နမ့်ခမ်းမြို့နယ် တာဝန်ရှိ ရဲသား သိန်းဌေးအောင် အား ကိုယ်ထူကိုယ်ထ လူထုမူး ယစ်တိုက်ဖျက်ရေးအဖွဲ့မှ ရာဘ ၉၇ ပြား၊ ဘိန်းဖြူ ရီပိုပုလင်း တဝက်၊ ဆိုင်ကယ် တစီး နှင့် အတူ တရုတ်ငွေ၊ မြန်မာငွေများ လက်ဝယ်မိ ဖမ်းဆီးကာ တာဝန်ရှိရဲတပ်ဖွဲ့ ရဲစခန်းသို့ ပြန်လည် အပ်နှံလိုက် သည့်အမှုလည်း ရှိခဲ့ဖူးသည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese

 NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို မေလ ၁၆ ရက်နေ့က မွန်ပြည်နယ် မော်လမြိုင်မြို့ လူထုတွေ့ဆုံပွဲမှာ တွေ့ရစဉ် Photo: Kyaw Zaw Win/RFA
 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က လာမယ့်ရွေးကောက်ပွဲမှာ သူတို့ပါတီအနေ နဲ့ နေရာတိုင်းမှာ အနိုင်ရအောင် ကြိုးစားမှာဖြစ်ပြီး အဲ့ဒီလို အနိုင်ရတဲ့အခါ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ဦးစားပေး ကိစ္စတရပ်အဖြစ် ဆက်လက်လုပ်ဆောင်မယ်လို့ ပြောကြားလိုက်ပါတယ်။

RFA က သီးသန့်တင်ဆက်နေတဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မနေ့က ဆက်သွယ်မေးမြန်းရာမှာ အခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

"အခြေခံဥပဒေပြင်ဆင်ရေးကတော့ အစ်မတို့ ဦးတည်ရမယ့်ကိစ္စဖြစ်ပါတယ်၊ ၂ဝ၁၂ ကတည်းက ဒီမူနဲ့ ကြားဖြတ်ရွေးကောက်ပွဲကိုဝင်ခဲ့တာ ဒါပေမယ့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြီးကတည်းက NLD က တောက်လျှောက်ကန့်ကွက်ခဲ့တာပဲ ဒါဒီမိုကရေစီစံနှုန်းစံထားတွေနဲ့ မညီတဲ့ဥပဒေဖြစ်တယ်"

တဆက်တည်းမှာပဲ လက်ရှိအစိုးရအဖွဲ့ဝင်တွေ အနာဂတ်မြန်မာ့နိုင်ငံရေးမှာ ဆက်လက်ပါဝင်ဖို့ လှုပ်ရှားနေ ကြတာဟာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုပါပဲလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။

"ဒါကတော့လည်း မထူးဆန်းပါဘူး အာဏာကရထားလို့ရှိရင် လိုလိုလားလားလွှတ်ချင်တဲ့ ပုဂ္ဂိုလ်တွေဆိုတာ အင်မတန်နည်းပါတယ်"

ဒါ့အပြင် သူရဦးရွှေမန်းနဲ့ ရင်းနှီးမှုအပေါ် မေးမြန်းခဲ့ရာမှာတော့ သူဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို လွှတ်တော် ထဲမှာ အတိုက်အခံပါတီအဖြစ် နှိမ့်ချခြင်းမရှိဘဲ တန်းတူရည်တူဆက်ဆံသူ တစ်ဦးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese

ဗိုလ်ချုပ် အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်များ လုပ်ကြံခြင်း ခံခဲ့ရသည့် ဝန်ကြီးများရုံး အဆောက်အအုံ အား မြင်တွေ့ရစဉ် (ဓာတ်ပုံ- Yangon Heritage Trust)
    ရန်ကုန်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ)

    ၆၈ ကြိမ်မြောက် အာဇာနည်နေ့၌ ဗိုလ်ချုပ် အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်များ လုပ်ကြံခြင်း ခံခဲ့ရသည့် ဝန်ကြီးများရုံး ကို ပြည်သူများ လေ့လာနိုင်ရန် ဖွင့်လှစ် ပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအ ဖွဲ့ထံမှ စုံစမ်းသိရရှိသည်။

အတွင်းဝန်ရုံးကို တပ်မတော် အစိုးရ လက်ထက်တွင် အများပြည်သူ လေ့လာခြင်းကို ခွင့်မပြုခဲ့သော်လည်း ယခုနှစ်တွင် ပထမဆုံးအကြိမ် ဖွင့်လှစ် လေ့လာ ခွင့်ပေးမည် ဖြစ်ပြီး ဝန်ကြီးများရုံးကို ပြတိုက်အဖြစ် ပြန်လည် ပြုပြင် မွမ်းမံရန် အနော်မာ ကုမ္ပဏီနှင့် ညှိနှိုင်း ထားကြောင်း သိရသည်။

၂ဝ၁၄ ခုနှစ်တွင် လက်ရှိ လုပ်ကိုင်ခွင့်ရသော ကုမ္ပဏီမှ တာဝန်ရှိသူများသည် အာဇာနည်နေ့၌ ကျဆုံးခဲ့ပြီးသော အာဇာနည် ခေါင်းဆောင်များအား ရည်စူးပြီး ဝန်ကြီးများရုံး ၌ သံဃာတော်များကို ဆွမ်းကပ်ခြင်းများ ပြုလုပ်ခဲ့ပြီး ပြည်သူများကို လေ့လာခွင့်ပြုခဲ့သည်။

အာဇာနည် ခေါင်းဆောင်များ အတွက် ဇူလိုင်လ ၁၉ ရက် နံနက် ၁ဝ နာရီ ၃၇ မိနစ်တွင် ကားဟွန်း တီးခြင်း၊ ကဗျာ ရွတ်ခြင်းများဖြင့် လွမ်းဆွတ် ဂုဏ်ပြုမည် ဖြစ်သည်။

 (Xinhua)
 http://www.xinhuamyanmar.com/myanmar

သမ္မတဟောင်း George Bush senior (Credit: AFP) 
 အမေရိကန်နိုင်ငံ ​သမ္မတဟောင်း ​ဂျော့ဂ်ျဘုရှ် ​ဆီနီယာ ​ဟာ ​နေအိမ်မှာ ​လဲကျရာက ​လည်ပင်းရိုး တစ်ချောင်း ​ကျိုးသွားတယ်လို့ ​ပြောခွင့်ရပုဂ္ဂိုလ်က ​ဆိုပါတယ်။

ကျန်းမာရေး ​အခြေအနေက ​ငြိမ်သက်နေပေမယ့် ​လည်ပင်းမှာ ​လည်ပတ်တော့ ​ဝတ်ထားရမယ်လို့ ​ဆိုပါတယ်။

အသက် ​၉၁ ​နှစ်အရွယ် ​ဂျော့ဂ်ျဘုရှ်ကို ​အခုလောလောဆယ် ​ဆေးရုံတင်ထားရပြီး ​သတိတွေ ​ကောင်းမွန်နေတဲ့အတွက် ​မကြာခင်မှာ ​ဆေးရုံကနေ ​ဆင်းလာမယ်လို့ ​မျှော်လင့်ရကြောင်း ​ပြောပါတယ်။

သမ္မတ ​ဘုရှ် ​ဆီနီယာဟာ ​၁၉၈၉ ​ခုနှစ်ကနေ ​၁၉၉၃ ​ခုနှစ်အထိ ​အမေရိကန် ​သမ္မတအဖြစ် ​အမှုထမ်းဆောင်ခဲ့ပြီး ​အီရတ် ​သမ္မတ ​ဆာဒန် ​ဟူစိန်ကို ​မုန်းတီးမှုနဲ့ ​၁၉၉၀ ​ပြည့်နှစ်တုန်းက ​ကူဝိတ်နိုင်ငံကို ​ဝင်ရောက်တိုက်ခိုက်မှုအတွက် ​ဝေဖန်ခံခဲ့ရသူ ​ဖြစ်ပါတယ်။

သမ္မတအဖြစ် ​ဒုတိယ ​သက်တမ်း ​ရရှိဖို့ ​ကြိုးစားပေမယ့် ​သမ္မတ ​ကလင်တန်က ​အနိုင်ရရှိသွားပါတယ်။

သူ့ရဲ့သား ​ဂျော့ဂ်ျဘုရှ် ​ဂျူနီယာကလည်း ​နောက်ပိုင်းမှာ ​သမ္မတ ​ဖြစ်လာသလို ​၂၀၁၆ ​ခုနှစ်မှာ ​ပြုလုပ်မယ့် ​သမ္မတ ​ရွေးကောက်ပွဲမှာလည်း ​သူ့ရဲ့သား ​Jeb ​Bush ​က ​ဝင်ရောက်ယှဉ်ပြိုင်မယ့်အတွက် ​သမ္မတ ​ဖြစ်ဖို့ ​အစဉ်အလာများတဲ့ ​မိသားစုလို့ ​တင်စားကြပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese

ဂရိပါလီမန် ပြင်ပမှာ ဆန္ဒပြခဲ့သူတွေကို ရဲတွေ လူစုခွဲစဉ် (Credit: Reuters)
ဂရိနိုင်ငံ ​ကြွေးမြီကိစ္စဖြေရှင်းဖို့အတွက် ​အသုံးစရိတ်တွေ ​သိသိသာသာ ​လျှော့ချမယ့် ​အစီအစဉ်ကို ​ဂရိလွှတ်တော်က ​အတည်ပြုလိုက်ပါတယ်။

လွှတ်တော် ​အတွင်းမှာ ​အတိုက်အခံ ​ပါတီရဲ့ ​ထောက်ခံမှုတွေနဲ့ ​ဂရိအစိုးရရဲ့ ​အသုံးစရိတ် ​လျှော့ချမယ့် ​အစီအစဉ် ​မဲအများစု ​ရရှိသွားတာပါ။

ဂရိ ​ဝန်ကြီးချုပ် ​Alexis ​Tsipras ​က ​အသုံးစရိတ်ကို ​မလျှော့ချဖို့ ​ကတိပေးခဲ့တဲ့အတွက် ​ပါတီဝင်တွေနဲ့ ​ပြည်သူတွေရဲ့ ​ထောက်ခံမှု ​ရရှိခဲ့ပါတယ်။

ဒါပေမဲ့ ​ဥရောပ ​အကြွေးရှင်တွေနဲ့ ​ဘယ်လိုမှ ​ညှိနှိုင်းလို့ ​မရတဲ့အဆုံး ​ဂရိနိုင်ငံကို ​ငွေကြေးကူညီရင် ​အသုံးစရိတ်ကို ​လျှော့ချမယ်လို့ ​သဘောတူခဲ့ရပါတယ်။

ဂရိဝန်ကြီးချုပ်က ​အကြွေးရှင်တွေရဲ့ ​အလိုအတိုင်း ​လိုက်နာခဲ့တာကို ​ပြည်သူတွေသာမက ​ပါတီတွင်းက ​လူတွေလည်း ​စိတ်ဆိုးပြီး ​တချို့အရာရှိတွေ ​ရာထူးက ​နှုတ်ထွက်တဲ့အထိ ​ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ ​တချိန်တုန်းက ​အတိုက်အခံ ​ပြုကြတဲ့လူတွေက ​ဂရိဝန်ကြီးချုပ်ဘက်က ​ပြန်လည် ​ရပ်တည်လာခဲ့တာ ​ဖြစ်ပါတယ်။

လွှတ်တော်အတွင်းမှာ ​အသုံးစရိတ်ကို ​လျှော့ချဖို့ ​အမတ် ​အများစုက ​မဲပေးကြပေမယ့် ​လွှတ်တော် ​ပြင်ပမှာတော့ ​အသုံးစရိတ် ​မလျှော့ချလိုတဲ့ ​ဂရိပြည်သူတွေ ​ဒေါသတကြီး ​ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြမှုအတွင်း ​ဂရိပြည်သူတွေ ​ဓာတ်ဆီဗုံးတွေ ​သုံးတဲ့အတွက် ​ရဲတွေ ​ထပ်ရောက်လာပြီး ​မျက်ရည်ယို ​ဓာတ်ငွေ့တွေနဲ့ ​လူစုခွဲခဲ့ရပါတယ်။

ဂရိအစိုးရက ​ပေးထားတဲ့ ​ကတိမတည်ပဲ ​သူတို့ကို ​သစ္စာဖောက်လိုက်ပြီလို့ ​ဂရိပြည်သူတွေက ​ယူဆပြီး ​ဒေါသထွက်နေကြတာ ​ဖြစ်ပါတယ်။

နောက်ပိုင်းမှာလည်း ​အခုလို ​ဆန္ဒပြမှုတွေ ​ထပ်ဖြစ်နိုင်သေးတယ်လို့ ​ဥရောပ ​အခြေစိုက် ​အေဘီစီ ​သတင်းထောက်က ​သုံးသပ်ထားပါတယ်။

ဂရိဝန်ကြီးချုပ်ကတော့ ​အသုံးစရိတ်လျှော့ချဖို့ ​အစီအစဉ်ကို ​သူ့အနေနဲ့ ​မလိုလားပေမယ့် ​မလုပ်ရင် ​မရတော့တဲ့ ​အခြေအနေ ​ရှိလာတာကြောင့် ​ဒီအသုံးစရိတ် ​လျှော့ချတဲ့ ​အစီအစဉ်ကို ​မကြိုက်ပေမယ့် ​အောင့်ကာနမ်းရတော့မယ်လို့ ​ပြောခဲ့ပါတယ်။

ဥရောပ ​အကြွေးရှင်တွေကတော့ ​ဂရိအနေနဲ့ ​စကားသက်သက် ​မဟုတ်ပဲ ​အစီအစဉ်အတိုင်း ​လိုက်နာ ​လုပ်ဆောင်ခြင်း ​ရှိမရှိ ​ဆိုတာကို ​အနီးကပ် ​စောင့်ကြည့်သွားဖို့ ​ရှိပါတယ်။

အစီအစဉ်အရ ​ဂရိအနေနဲ့ ​အခွန်တိုးမြင့် ​ကောက်ခံတာတွေ၊ ​ပင်စင်မှာ ​ပြောင်းလဲမှု ​လုပ်ရမှာ ​ဖြစ်တဲ့အတွက် ​နိုင်ငံတော် ​အသုံးစရိတ်ကို ​သိသိသာသာ ​လျှော့ချရမှာ ​ဖြစ်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese

ပြင်သစ်နိုင်ငံမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် လုံခြုံရေးတွေ တိုးမြင့်ထား (Credit: Reuters) 
 ပြင်သစ်နိုင်ငံ ​စစ်သားတစ်ဦးကို ​ခေါင်းဖြတ်သတ်ဖို့ ​ကြံစည်ခဲ့သူ ​လူ ​၄ ​ယောက်ကို ​ဖမ်းဆီးနိုင်ခဲ့ပြီလို့ ​ပြင်သစ်နိုင်ငံ ​ပြည်ထဲရေးရာ ​ဝန်ကြီးက ​ကြေညာလိုက်ပါတယ်။

ပြည်ထဲရေးရာဝန်ကြီး ​Bernard ​Cazeneuve ​က ​အကြမ်းဖက်ဖို့ ​ကြံစည်သူတွေထဲမှာ ​ရေတပ် ​အမှုထမ်းဟောင်းတစ်ဦးလည်း ​ပါဝင်ပြီး ​အဲဒီလူတွေက ​စစ်တပ်အဆောက်အဦးကို ​ဖျက်ဆီးဖို့နဲ့ ​ခေါင်းဖြတ်မှုတွေလုပ်ဖို့ ​ကြံစည်ခဲ့တယ်လို့ ​ဆိုပါတယ်။

အသက် ​၁၆ ​နှစ်ကနေ ​၂၃ ​နှစ်အကြားရှိတဲ့ ​လူ ​၄ ​ယောက်ကို ​ပြင်သစ်နိုင်ငံ ​တလွှားမှာ ​ဖမ်းဆီးခဲ့တာလို့ ​ဆိုပါတယ်။

အဲဒီ ​လူ ​၄ ​ယောက်ဟာ ​ပြင်သစ်စစ်သား ​တစ်ယောက်ကို ​ဖမ်းဆီးပြီး ​ခေါင်းဖြတ်သတ်ဖို့ ​ကြံစည်ပြီး ​အဲဒီလုပ်ရပ်တွေကို ​ဗီဒီယိုမှာ ​မှတ်တမ်းတင်ဖို့တောင် ​ကြိုးစားခဲ့ကြတယ်လို့ ​ဆိုပါတယ်။

အဲဒီ ​လေးယောက်ထဲက ​ခေါင်းဆောင်ဖြစ်သူက ​ဆီးရီးယားနိုင်ငံကို ​သွားဖို့ ​စီစဉ်နေတယ်လို့လည်း ​ပြောပါတယ်။

ပြီးခဲ့တဲ့ ​အင်္ဂါနေ့တုန်းကပဲ ​မြို့ငယ်တစ်ခုက ​ရေနံစက်ရုံတစ်ခုမှာ ​ပေါက်ကွဲမှု ​နှစ်ခု ​ဖြစ်ပွားခဲ့ပါတယ်။

ရေနံသိုလှောင်တဲ့ ​ကန်နဲ့ ​naphtha ​လို့ခေါ်တဲ့ ​ဓာတုတွေ ​လှောင်ထားတဲ့ ​ကန်မှာ ​ပေါက်ကွဲမှု ​ဖြစ်ခဲ့ပေမယ့် ​ထိခိုက် ​ဒဏ်ရာရမှုတွေ ​မရှိခဲ့ပါဘူး။

တတိယ ​သိုလှောင်ရုံတစ်ခုမှာ ​ဖောက်ခွဲရေး ​ပစ္စည်းတွေ ​တွေ့ခဲ့ပေမယ့် ​ကြီးကျယ်တဲ့ ​ပေါက်ကွဲမှုတွေ ​မဖြစ်ခဲ့ပါဘူး။

အရင်လတုန်းကပဲ ​IS ​အစ္စလာမ်မစ် ​အဖွဲ့နဲ့ ​ဆက်စပ်တဲ့ ​လူတစ်ယောက်က  ​သူ့အလုပ်ရှင်ရဲ့ ​ခေါင်းကို ​အမေရိကန်ပိုင် ​ဓာတ်ငွေ့စက်ရုံရဲ့ ​ခြံစည်းရိုးမှာ ​တင်ထားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ​ဇန်နဝါရီလတုန်းကလည်း ​သေနတ် ​သမားတချို့ရဲ့ ​လုပ်ရပ်ကြောင့် ​ပြင်သစ်နိုင်ငံသား ​၁၇ ​ယောက် ​သေဆုံးခဲ့ရပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese

လွှတ်တော်တွင်းမှာ တပ်မတော်သား ၂၅ % ပါဝင်မှုကို ကန့်ကွက်လို့ အဖမ်းခံရတဲ့ ကျောင်းသား ကိုဇေယျာလွင်ကို ပထမအကြိမ် ရုံးထုတ်စဉ်။ (ဓာတ်ပုံ- ကောင်းစံဟိန်း၊ ဗွီအိုအေ မြန်မာပိုင်း)
ဖမ်းဆီးခံထားရတဲ့ တကသ ခေါင်းဆောင်နှစ်ဦးကို မနေ့က ရန်ကုန်မှာ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပဖို့ နီးကပ်လာချိန် ငြိမ်းချမ်းစွာဆန္ဒပြလှုပ်ရှားသူတွေကို ဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နေတဲ့ အခြေအနေကို စိုးရိမ်မကင်းဖြစ်နေတယ်လို့ ရန်ကုန် အမေရိကန်သံရုံးက ပြောပါတယ်။ တချိန်တည်းမှာပဲ မြန်မာအစိုးရရဲ့ ဖိနှိပ်တဲ့လုပ်ရပ်တွေကြောင့် ရွေးကောက်ပွဲကို ထိခိုက်စေနိုင်တယ်လို့ HRW လူ့ အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးက သတိပေးပြော လိုက်ပါတယ်။ မအင်ကြင်းနိုင်က အကြောင်းစုံကို တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကဖမ်းဆီးခံခဲ့ရတဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂ (တကသ) ခေါင်းဆောင် ကိုဇေယျာလွင်နဲ့ကိုပိုင်ရဲသူတို့နှစ်ဦးကို မနေ့က ပန်းဘဲတန်းနဲ့ ကျောက်တံတား တရားရုံးတို့မှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ လွှတ်တော်တွင်း စစ်တပ်က ၂၅ % ပါဝင်နေသမျှ ဒီမိုကရေစီနည်း ကျတဲ့ လွှတ်တော်ဖြစ်လာမှာမဟုတ်တာကြောင့် အဲဒီအတွက် ဆက်ပြီး တောင်းဆိုသွားမယ်လို့ ကိုဇေယျာလွင်က သူ့ကို ရုံးထုတ်ချိန်မှာ သတင်းထောက်တွေကို ပြောသွားပါတယ်။

“လွှတ်တော်ထဲမှာ တပ်မတော်သား ၂၅ % ရှိနေတဲ့ အချိန်ကာလအားလုံးဟာ ကျနော်တို့ ကြိုက်တဲ့အစိုးရပဲဖြစ်စေ၊ မကြိုက်တဲ့အစိုးရပဲဖြစ်စေ၊ အဲဒါ ဒီမိုကရေစီမဟုတ်ဘူး။ ဒီလွှတ်တော်ဟာ ဒီမိုကရေစီမဖြစ်သေးဘူး။ အဲဒီတော့ ကျနော်တို့အားလုံးဟာ ဒီမိုကရေစီဆန်လာတဲ့လွှတ်တော်တခုဖြစ်ဖို့ အတွက် ကျနော်တို့ တောင်းဆိုတယ်။ ထပ်ပြီးတော့မှ ထပ်တောင်းဆိုနေအုံးမယ်။”

ကိုဇေယျာလွင်နဲ့ ကိုပိုင်ရဲသူတို့ဟာ လွှတ်တော်မှာ စစ်တပ်က ၂၅ % ပါဝင်နေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပေးဖို့ ဇွန်လ (၃၀) ရက် နေ့က ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဦးဆောင်ဆန္ဒပြခဲ့သူတွေလည်းဖြစ်ပါတယ်။ ဒါကြောင့် သူတို့ကို အာဏာပိုင်တွေက ဖမ်းဝရန်း ထုတ် ခဲ့တာပါ။ အဲဒီနောက် ဇူလိုင်လ (၇) ရက်နေ့က ရန်ကုန်တက္ကသိုလ်အတွင်း ကျင်းပခဲ့တဲ့ 7 July အခမ်းအနားကို တက်ရောက်လာတဲ့ ကိုဇေယျာလွင်ကို လုံခြုံရေးရဲတွေက အတင်းအကြပ်ဖမ်းဆီးခဲ့သလို အဲဒီနေ့မတိုင်ခင်မှာ ကိုပိုင်ရဲသူကို အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။ အာဏာပိုင်တွေက သူ့တို့ကို နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) အပြင် ပုဒ်မ (၁၈) နဲ့လည်း အာဏာပိုင်တွေက စွဲချက်တင်ထားပါတယ်။

နိုဝင်ဘာလ (၈) ရက်နေ့မှာ အထွေထွေရွေးကောက်ပွဲကျင်းပတော့မယ်အချိန် မြန်မာအရပ်သားတပိုင်းအစိုးရဟာ အခုလို လှုပ်ရှား တက်ကြွတဲ့ ကျောင်းသားလူငယ်တွေနဲ့ မြေယာအဓမ္မသိမ်းယူမှုကို ဆန့်ကျင်ဆန္ဒပြသူတွေကို အပြင်းအထန် ဖြိုခွဲဖိနှိပ်နေတယ်လို့ နယူးယောက် အခြေစိုက် HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကြီးက ပြောလိုက်ပါတယ်။ ဒီဖိနှိပ်မှုတွေဟာ ရွေးကောက်ပွဲမှာ အားလုံးပါဝင်ရမယ်ဆိုတဲ့အချက်ကို ထိခိုက်စေတယ်လို့ HRW ရဲ့ မြန်မာ့အရေး အကြီးတန်းသုတေသီ David Mathieson က ဗွီအိုအေကို ပြောပါတယ်။

“မြန်မာနိုင်ငံမှာ အဖမ်းခံရတဲ့ ဆန္ဒပြကျောင်းသား ကျောင်းသူအရေအတွက်မြင့်တက်နေတာ တကယ့်ကို စိုးရိမ်စရာကောင်းတဲ့အခြေအနေပါ။ အခုဆိုရင် ထိန်းသိမ်းခံထားရတဲ့ လှုပ်ရှားတက်ကြွသူကျောင်းသားဦးရေ (၁၀၀) ကျော်ရှိနေပြီး တရားစွဲဆိုချက်တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါဟာ ဘာကိုပြလဲဆိုတော့ အစိုးရအနေနဲ့ ကျောင်းသားတွေရဲ့လိုလားချက်၊ တောင်းဆိုချက်တွေကို နားထောင်ဖို့ သူတို့ သည်းမခံနိုင်တော့ဘူး ဆိုတာပါပဲ။ ဒါဟာ နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ အားလုံးပါဝင်ရမယ်ဆိုတဲ့အချက်ကို ထိခိုက်စေပါတယ်။ အစိုးရအနေနဲ့ ကျောင်းသား တွေကို အမြန်ဆုံးလွှတ်ပေးသင့်ပါတယ်။”

ဒါ့အပြင် ၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတမှုရှိမယ်လို့ HRW အနေနဲ့ ယုံကြည်မှု မရှိတဲ့အကြောင်း သူက အခုလို ဆက်ပြောပါတယ်။

“ရွေးကောက်ပွဲဟာ တရားမျှတပြီး လွတ်လပ်မယ်လို့ ကျနော်မထင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ရွေးကောက်ပွဲကျင်းပဖို့ ပြင်ထားတဲ့ အခင်းအကျင်းတွေကို ကြည့်ရင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်တာမျိုးလဲမရှိ၊ စစ်တပ်ကလည်း အခြေခံအားဖြင့် နိုင်ငံကို ထိန်းချုပ်ထားတာ ဖစ်ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲအတွက် မျှော်လင့်ချက် မြင့်မြင့်မားမား ထားဖို့မသင့်ဘူးလို့ ကျနော်မြင်ပါတယ်။”

အင်္ဂါနေ့က HRW ရဲ့ ထုတ်ပြန်ချက်မှာလည်း တကသခေါင်းဆောင် ကိုဇေယျာလွင်နဲ့ ကျောင်းသားအများအပြားကို အစိုးရအာဏာပိုင်တွေက အတင်း အကြပ် ဖမ်းဆီးခဲ့တာကိုလည်း ထောက်ပြထားပါတယ်။ အလားတူပဲ အစိုးရဆန့်ကျင်သူတွေကို ခြိမ်းခြောက်တဲ့အနေနဲ့ အခြားနေရာတွေမှာ ကျောင်းသားတွေကို ထောက်ခံပံ့ပိုးပေးနေသူတွေကို လုံခြုံရေးရဲတွေက ဖမ်းဆီးခဲ့တယ်လို့ HRW ရဲ့ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ ဇူလိုင် (၁၀) ရက်နေ့က မိတ္ထီလာတရားရုံးကနေ ဒေါ်မြင့်မြင့်အေး၊ ဒေါ်ခင်မေစီနဲ့ ဒေါ်မေသက်ဦးတို့သုံးဦးကို ဖိနှိပ်တဲ့ဥပဒေဖြစ်တဲ့ ပုဒ်မ (၁၈) နဲ့ ထောင်ဒဏ် ၄ လစီ ချမှတ်ခဲ့တယ်လို့ ရေးသားထားပါတယ်။ မတ်လတုန်းက လက်ပံတန်းမှာ ပညာရေးဥပဒေပြင်ဆင်ရေး ဆန္ဒပြကျောင်းသားတွေကို ထောက်ခံတဲ့အနေနဲ့ မေလက သူတို့ ၃ ဦးဟာ ခွင့်ပြုချက်မယူဘဲ ဆုတောင်းပွဲကျင်းပခဲ့ကြတာဖြစ်ပါတယ်။

ဒီအတောအတွင်းမှာပဲ ရွေးကောက်ပွဲတွေကျင်းပဖို့ လပိုင်းလောက်ပဲလိုတော့တဲ့ မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုတွေကို ဖိနှိပ်တဲ့ လုပ်ရပ်တွေ တွေ့မြင်နေရတဲ့အပေါ် အမေရိကန်က သတိပေးလိုက်ပါတယ်။ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ အရ တက်ကြွလှုပ်ရှားသူတွေကို ဆက်လက် ဖမ်းဆီးနေပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ် ခံနေရတဲ့အပေါ် စိုးရိမ်မိတဲ့အကြောင်း ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန်သံရုံးက မနေ့ကပဲ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်ရှင်။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

၂၀၁၀ပြည့်နှစ်ရွေးကောက်ပွဲမှာ ကရင်အမျိုးသမီး မဲပေးနေပုံ
ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဟာ လာမယ့် ၂၀၁၅ နိုဝင်ဘာ ၈ ရက်နေ့မှာ လွှတ်တော် အသီးသီးအတွက် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပပေးမယ်လို့ တရားဝင် ထုတ်ပြန်ကြေငြာပေးလိုက်ပါပြီ။ အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း နိုင်ငံ တစ်နိုင်ငံမှာ ရွေးကောက်ပွဲ တစ်ခု ကျင်းပတော့မယ်ဆိုရင် မီဒီယာ ကဏ္ဍဟာ အလွန်အရေးကြီးပါတယ်။ မြန်မာနိုင်ငံလို အသွင်ကူးပြောင်းရေး လုပ်နေရတဲ့၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပမှု မရှိတာ ကာလ ကြာမြင့်နေပြီဖြစ်တဲ့ နိုင်ငံတစ်နိုင်ငံအတွက် မီဒီယာ အခန်းကဏ္ဍဟာ ပိုလို့တောင် အရေးကြီးပါတယ်။ လက်ရှိ မြန်မာနိုင်ငံထဲက မီဒီယာတွေဟာ လာမယ့် ရွေးကောက်ပွဲကြီး အောင်အောင်မြင်မြင် ကျင်းပနိုင်ရေး အတွက် ဘယ်လောက် အဆင်သင့်ဖြစ်နေပြီလဲ ဆိုတာ ဒီတစ်ပါတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

          ရွေးကောက်ပွဲ တစ်ခု ကျင်းပတော့မယ် ဆိုတဲ့အခါ ဘယ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ ကျင်းပတာလဲ၊ ကိုယ်မဲပေး ရွေးချယ်လိုက်တဲ့ သူတွေဟာ ဘာတာဝန်တွေ ထမ်းဆောင်ခွင့်ရမှာလဲ၊ မဲပေး ရွေးချယ်ဖို့ ဖန်တီးထားတဲ့ စနစ်ဟာ လွတ်လပ်ပြီး တရားမျှတတဲ့ စနစ် ဟုတ်သလား မဟုတ်ဘူးလား၊ ကိုယ်မဲပေးရမယ့်သူတွေဟာ ဘယ်သူတွေလဲ၊ သူတို့ ဘယ်ပါတီကလဲ၊ သူတို့နဲ့ သူတို့ ပါတီနောက်ကြောင်း ဘယ်လိုရှိသလဲ၊ မဲပေးတဲ့အခါ လူဘယ်နှစ်ယောက်လောက်ကို မဲပေးရမှာလဲ၊ ဘယ်နည်းဘယ်ပုံ မဲပေးရမှာလဲ၊ မဲတွေကို ဘယ်လို ရေတွက်ကြမှာလဲ၊ မဲပေးပွဲတွေ ပြီးတဲ့နောက် လွှတ်တော်တွေ ဘယ်လို ပေါ်ပေါက်လာမှာလဲ၊ အစိုးရအဖွဲ့ ဘယ်လို ဖွဲ့ကြမှာလဲ စသဖြင့် ရွေးကောက်ပွဲ ဖြစ်စဉ် အားလုံး ပြည်သူတွေ သိသင့်ပါတယ်။ ဒီအတွက် မြန်မာနိုင်ငံလို ပညာရေး နိမ့်ကျနေပြီး သတင်းအချက်အလက် အလွယ်တကူ မရနိုင်တဲ့ တိုင်းပြည် တစ်ပြည်အတွက် မီဒီယာရဲ့ အခန်းကဏ္ဍဟာ ပိုပြီး အရေးကြီးပါတယ်။
ရွေးကောက်ပွဲ ပညာပေး လုပ်ငန်း ဘယ်လို လုပ်ကိုင်ကြမလဲ

    Playlist
    download ရယူရန်

ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်တွေကို ပြည်သူတွေဆီ ပို့နိုင်ဖို့ရာ ရုပ်သံ၊ ရေဒီယို၊ ပုံနှိပ် နဲ့ အင်တာနက် အွန်လိုင်း ဆိုပြီး မီဒီယာ အမျိုးအစား လေးမျိုး အသုံးပြုနိုင်ပါတယ်။ အားလုံး သိကြပြီးဖြစ်တဲ့အတိုင်း မီဒီယာထဲမှာ စွမ်းပကား အကြီးဆုံးလို့ ဆိုနိုင်တဲ့ ရုပ်သံ ထုတ်လွှင့်ခွင့် နဲ့ ရေဒီယို ထုတ်လွှင့်ခွင့် လုပ်ငန်း အားလုံးဟာ အစိုးရ၊ တပ်မတော်နဲ့ ခရိုနီ တစ်စုရဲ့ လက်ထဲမှာပဲ ရှိနေပါတယ်။ မြန်မာနိုင်ငံလို လမ်းပန်း ဆက်သွယ်ရေး ခက်ခဲ၊ ပုံနှိပ်မီဒီယာ သတင်းစာ၊ ဂျာနယ်တွေကို ငွေကုန်ကြေးကျ ခံပြီး ၀ယ်ယူဖို့ မတတ်နိုင်ကြသူတွေ များတဲ့ တိုင်းပြည်မှာ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးတဲ့ လုပ်ငန်းကို အလုပ်နိုင်ဆုံးဟာ ရုပ်သံ နဲ့ ရေဒီယိုပဲ ရှိပါတယ်။

          ဒါပေမယ့် ရုပ်သံနဲ့ ရေဒီယိုလုပ်ငန်းကို ဒီနေ့အချိန်ထိ ပုဂ္ဂလိက ပြည်သူတွေက လုံးဝ လုပ်ကိုင်ခွင့်မရှိ သလို အစိုးရထိန်းချုပ်မှုအောက်က ရုပ်သံနဲ့ ရေဒီယို တွေကလည်း ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးရေး လုပ်ငန်းကို ထိထိရောက်ရောက် လုပ်ကိုင်ကြမှာ မဟုတ်ပါဘူး။ လက်ရှိ အချိန်ထိလည်း လုပ်ကိုင်နေကြတာ မတွေ့ရပါဘူး။ ဥပမာအားဖြင့် တိုင်းပြည်ရဲ့ အထွတ်အထိပ် ရာထူးဖြစ်တဲ့ သမ္မတ ရွေးချယ်ရာမှာ ပြည်သူတွေရွေးကောက်တဲ့ အမတ် ၇၅ ရာခိုင်နှုန်းနဲ့ တပ်မတော်သား အမတ် ၂၅ ရာခိုင်နှုန်း ပေါင်းပြီး ရွေးကြလိမ့်မယ်၊ ဒါကြောင့် တပ်မတော်နဲ့ ပူးပေါင်းထားတဲ့ နိုင်ငံရေးပါတီ တစ်ခုခုဟာ ရွေးကောက်ပွဲမှာ အသာစီးရနိုင်တယ်၊ ဒါကြောင့် လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကျင်းပတဲ့ ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိနိုင်ဘူး ဆိုတာမျိုး ပွင့်ပွင့်လင်းလင်း အမှန်အတိုင်း အသိပေးတာမျိုး ဖြစ်ပါတယ်။

          ခုဆိုရင် ရွေးကောက်ပွဲ ကျင်းပဖို့ လပိုင်းပဲ လိုတော့တဲ့အချိန်ထိ မဲပေးခွင့်ရှိသူ စာရင်း ပြုစုတဲ့ ကိစ္စ အဆင်မပြေသေးပါဘူး။ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ စစ်ဆေး ထုတ်ပြန်ချက်အရ ၃၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းအထိသော မဲစာရင်းတွေ မှားယွင်းနေတယ်လို့ ဆိုပါတယ်။ ဒီလောက် ဆိုးဆိုးရွားရွား မှားယွင်းနေတဲ့ ပြသနာမျိုးကို တော်ရုံတန်ရုံ နည်းနဲ့ ပြုပြင်ဖို့ မလွယ်ကူပါဘူး။ စွမ်းအားထက်တဲ့၊ ပြည်သူတွေ အိမ်ထဲအထိ ရောက်သွားတဲ့၊ ငွေကုန်ကြေးကျ မရှိတဲ့ ရုပ်သံ၊ ရေဒီယိုကနေ တဆင့် မဲစာရင်းမှာ ဘာတွေ ပြသနာပေါ်နေသလဲ၊ ဘယ်လောက် ပြသနာ ပေါ်နေတယ်ဆိုတာ အောက်ခြေ မဲစာရင်းပြုစုသူတွေ အပါအ၀င် ပြည်သူတွေကို ရှင်းပြ၊ ပြည်သူတွေကိုယ်တိုင် မဲစာရင်းပြုပြင်ရာမှာ ပါဝင်လာအောင် တိုက်တွန်းနှိုးဆော်တာမျိုး လုပ်ဖို့ လိုအပ်ပါလိမ့်မယ်။

          အလားတူပါပဲ။ အခုဆိုရင် နိုင်ငံရေးပါတီ (၉၄) ခုတိတိ မှတ်ပုံတင်ထားပါပြီ။ အဲဒီ ပါတီတွေဟာ ဘယ်လိုပါတီ အမျိုးအစားတွေလဲ ဆိုတာ ပြည်သူတွေ သိနိုင်အောင် သတင်းအချက်အလက်တွေ ပို့ပေးရပါလိမ့်မယ်။ ရွေးကောက်ပွဲ ကော်မရှင်ဟာ မဲဆန္ဒနယ်မြေတွေလဲ သတ်မှတ်ပြီးပါပြီ။ မဲဆန္ဒနယ်မြေ စုစုပေါင်း ၁၂၀၀ နီးပါး ရှိပြီး ပျမ်းမျှ တစ်နေရာ (၅) ယောက်နှုန်း ပြိုင်ရင်တောင် အမတ်လောင်း စုစုပေါင်း ၆၀၀၀ နီးပါး ရှိနိုင်ပါတယ်။ ပြည်သူတွေဟာ အဲဒီ ပြိုင်မယ့် အမတ်တွေဟာ ဘယ်သူတွေလဲ ဆိုတာ သိသင့်ပါတယ်။ ဒါတင်မက အလုပ်သမား အဖွဲ့အစည်းတွေ၊ လယ်သမား အဖွဲ့အစည်းတွေ၊ စာရေးဆရာ အဖွဲ့အစည်းတွေ၊ ပညာရေး ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ အဖွဲ့အစည်းပေါင်းစုံဟာ သူတို့ ဘယ်လို အစိုးရမျိုး လိုချင်တယ် ဆိုတာမျိုး၊ သူတို့ လိုချင်တဲ့ အစိုးရတစ်ရပ် ရဖို့ ဘယ်ပါတီတွေကို မဲပေးဖို့ ဆန္ဒရှိနေတယ် ဆိုတာမျိုး အပြန်အလှန် ငြင်းခုံ ဆွေးနွေးတဲ့ အစီအစဉ်ပေါင်းများစွာ ပြည်သူတွေကို ထုတ်လွှင့်ပြသ သင့်ပါတယ်။

          ဒီလို များပြားလှတဲ့ မီဒီယာ လုပ်ငန်းတွေကို လုပ်နိုင်ဖို့ လက်ရှိ ပုဂ္ဂလိက ပြည်သူတွေ လက်ထဲမှာ ရှိနေတာက ပုံနှိပ်မီဒီယာ တစ်ခုတည်းပါ။ သတင်းစာ၊ ဂျာနယ်တွေလောက်ပဲ ထုတ်နိုင်ပြီး ပြည်သူတွေဆီ အရောက်ပို့နိုင်ဖို့ အလွန်ခက်ခဲပါတယ်။ ပြည်သူတွေဘက်က ကြည့်ရင်လည်း သတင်းစာ တစ်စောင် အနည်းဆုံး ကျပ် ၂၀၀ လောက်ပေးဝယ်မှ ရမယ့် အနေအထားမို့ ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက် ရဖို့ မလွယ်ကူဘူး ဆိုတဲ့ အဖြစ်မျိုး ရောက်နေပါတယ်။ ရွေးကောက်ပွဲဆိုင်ရာ ပညာပေးမှုတွေကို အင်တာနက် အွန်လိုင်းတွေကနေ တဆင့် လုပ်နိုင်တယ် ဆိုပေမယ့်၊ အင်တာနက် လက်လှမ်းမီတာကလည်း မြို့ကြီးပြကြီး တစ်ချို့လောက်မှာပဲ ရှိနေတာပါ။ အခြား တစ်ဖက်မှာလည်း ပြန်ကြားရေးဝန်ကြီးဌာနဟာ ဘက်လိုက်မှု ရှိနိုင်တယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ခရိုနီတွေပိုင် ရုပ်သံနဲ့ ရေဒီယိုတွေကို ရွေးကောက်ပွဲဆိုင်ရာ မဲဆွယ်စည်းရုံးမှုတွေ မထုတ်လွှင့်ဖို့ တားမြစ်နေပါတယ်။ ဒီလို အခြေအနေအတိုင်း ဆက်သွားရင် ၂၀၁၀ တုန်းကလိုပဲ ပြည်သူလူထုဟာ ရွေးကောက်ပွဲဆိုတာ ဘာမှန်း ရေရေရာရာ မသိလိုက်ရပဲ မဲပေးလိုက်ရမယ့် အဖြစ်မျိုး ရောက်သွားနိုင်ပါတယ်။

          ဒီနေရာမှာ ရွေးကောက်ပွဲ ကျင်းပဖို့ ခုလို အချိန်နီးကပ်လာတော့မှ ရုပ်သံ၊ ရေဒီယို လုပ်ငန်း လုပ်ခွင့်ရဖို့ ဥပဒေမြန်မြန်ပြဌာန်းဖို့ တောင်းဆိုတာမျိုး၊ ဥပဒေ၊ နည်းဥပဒေရှိပြီးနောက် ရုပ်သံ၊ ရေဒီယို လုပ်ငန်း ထူထောင်တာမျိုး လုပ်ကိုင်ဖို့ မဖြစ်နိုင်တော့ပါဘူး။ အချိန် အတော်နှောင်းသွားပါပြီ။ ခုအချိန် လုပ်နိုင်တာကတော့ ရွေးကောက်ပွဲဝင်မယ့် NLD နဲ့ ပါတီ တစ်ချို့ စုစည်းပြီး ပြည်သူတွေကို ဘယ်လို အသိပညာပေးရေးတွေ လုပ်သင့်သလဲ၊ ဘယ် မီဒီယာတွေကနေ တဆင့် လုပ်နိုင်မလဲ၊ လုပ်နိုင်မယ့် မီဒီယာတွေက လုပ်ကိုင်ပေးလာအောင် နည်းလမ်းရှာ ဆွေးနွေးရမှာဖြစ်သလို၊ အစိုးရဘက်က ခွင့်ပြုလာအောင်လည်း တောင်းဆိုကြရမှာ ဖြစ်ပါတယ်။ ဒါမှသာ လာမယ့် ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိတဲ့ ပြည်သူတွေ အနေနဲ့ သူတို့အကျိုးကို ဆောင်ကျဉ်းပေးမယ့် ကိုယ်စားလှယ်တွေကို မှန်မှန်ကန်ကန် မဲပေးရွေးချယ်နိုင်ကြမှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

ဦးစည်သူအောင်မြင့် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

အီရန် အနေနဲ့ နျူကလီယာ လက်နက် ထုတ်လုပ် နိုင် စွမ်း ရှိ မလာ ဖို့ ကို တော့ သေချာ စေတယ် လို့ သမ္မတ အိုဘားမား ပြော။ 
 အီရန် နျူကလီ ယာ အစီအစဉ် နဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ အင်္ဂါ နေ့ က အီရန် နိုင်ငံ နဲ့ အကြား သဘောတူ မှု တစ်ခု ရ အောင် ယူ ထား လိုက် နိုင် တာ ဟာ ပိုမို လုံခြုံ အေးချမ်း နိုင်တဲ့ ကမ္ဘာ ကြီး ဖြစ် လာ ဖို့ တစ်သက် မှာ တစ်ခါ ရခဲ့တဲ့ အခွင့် အရေး ဖြစ်တယ် ဆိုပြီး အမေရိကန် သမ္မတ အိုဘားမား က ပြောပါတယ်။

ရရှိ ခဲ့တဲ့ သဘော တူ ညီ မှု အရ အီရန် ရဲ့ နျူကလီ ယာ ရည်မှန်း ချက် ကို နိုင်ငံ တကာ ကန့်သတ် ထိန်းချုပ် နိုင် မှာ ဖြစ်ပြီး အပြန် အလှန် အနေနဲ့ အီရန် အပေါ် ချမှတ် ထားတဲ့ စီးပွားရေး အရေးယူမှု တွေ ကို ရုတ်သိမ်း ပေး မှာ ဖြစ် ပါတယ်။

အခု သဘော တူညီ မှု က ဒေသတွင်း နဲ့ ကမ္ဘာကြီး အပေါ် ကျရောက် နေတဲ့ အီရန် ရဲ့ ခြိမ်းခြောက်မှု အလုံးစုံ ကို ဖယ်ရှား မပေး နိုင် ပေမယ့် အီရန် အနေနဲ့ နျူကလီယာ လက်နက် ထုတ်လုပ် နိုင် စွမ်း မရှိ ဖို့ ကို တော့ သေချာ စေတယ် ဆိုပြီး တော့လည်း သမ္မတ အိုဘားမား က ဆိုပါတယ်။

အိုဘားမား အစိုးရ အနေနဲ့ အခုလို အီရန် နဲ့ သဘောတူ ညီချက် ရယူ ခဲ့တဲ့ အပေါ် အမေရိကန် ပြည် ထောင် စု အတွင်း အတိုက်အခံ ရီပတ်ဘလေကဲန် တွေ က အပြင်းအထန် ဝေဖန် နေသလို အစ္စရေး က လည်း အကြီးအကျယ် မှားယွင်း မှု တစ်ရပ် ပဲ ဆိုပြီး အပြစ်တင် နေပါတယ်။

BBC Burmese
http://www.bbc.com/burmese